ဥရောပခေါင်းဆောင်များအတွက် အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။ ရန်လိုသော ရုရှားကို ၎င်းတို့ချည်းသက်သက် ရင်ဆိုင်ရတော့မည်။ ယူကရိန်းအတွက် အမေရိကန်စစ်ဘက်အကူအညီအားလုံး ဆိုင်းငံ့လိုက်ပြီ ဖြစ်သည်။
ဗလာဒီမာပူတင်၏ ယူကရိန်း ကျူးကျော်မှုကို ရှုတ်ချသည့် ကုလသမဂ္ဂ အဆိုကို ဆန့်ကျင်ရာတွင် အမေရိကန်ပြည်ထောင်စုသည် ရုရှားနှင့်အတူ ရပ်တည်လိုက်သောအခါ အတ္တလန္တိကမ်းခြေနိုင်ငံများ ဆက်ဆံရေးသည် အကြီးအကျယ် ဒုက္ခရောက်နေပြီဖြစ်ကြောင်း ဥရောပ အရာရှိအချို့ သိသည်။ ထိုနောက် ဒေါ်နယ်ထရမ့်က ဗိုလိုဒီမာ ဇယ်လန်းစကီးကို ဘဲဥပုံရုံးခန်းတွင် လူသိရှင်ကြား ဒေါသတကြီး ပြစ်တင်ဝေဖန်သည့်အခါ တစုံတခု ပျက်စီးသွားသည်ကို ၎င်းတို့ တုန်လှုပ်စွာမြင်တွေ့ရသည်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှ စတင်ကာ ဥရောပနှင့် အမေရိကကို စည်းနှောင်ထားသည့် ယုံကြည်မှုများနှင့် တန်ဖိုးများကို ဆက်လက် ခွဲဝေ ပိုင်ဆိုင်ခြင်း မရှိတော့
Bloomberg သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုများတွင် စစ်ပွဲများနှင့် ဘဏ္ဍာရေး အကျပ်အတည်းများတွင် ကိုယ်နှုတ်အမူအရာကို ထိန်းထိန်းသိမ်းသိမ်းနေခဲ့ကြသည့် အရာရှိဒါဇင်ဝက်ကျော်က ပြင်းထန်သော ခံစားချက်ကြောင့် ထွက်ပေါ်လာသည့် ဒေါသဖြင့် တုံ့ပြန်ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှ စတင်ကာ ဥရောပနှင့် အမေရိကကို စည်းနှောင်ထားသည့် ယုံကြည်မှုများနှင့် တန်ဖိုးများကို ဆက်လက် ခွဲဝေ ပိုင်ဆိုင်ခြင်း မရှိတော့ကြောင်း ထိုမြင်ကွင်းက ၎င်းတို့ကိုပြသသည်။
“သမ္မတ ထရမ့်နဲ့ သူ့အစိုးရက အတ္တလန္တိတ်ကမ်းခြေနိုင်ငံ မဟာမိတ်တွေ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးတဲ့ စိန်ခေါ်မှုတွေထက် ပိုအခြေခံကျတဲ့ စိန်ခေါ်မှု လုပ်လိုက်တယ်” ဟု ဟားဗတ်တက္ကသိုလ် အုပ်ချုပ်စီမံရေး ပါမောက္ခ ဂရေဟမ် အယ်စ်ဆန် ပြောသည်။ သူသည် ဟင်ရနီကစ်ဆင်ဂျာနှင့်အတူ လေ့လာခဲ့ပြီး ကလင်တန်အစိုးရနှင့် ရီဂင်အစိုးရများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတားမားနှင့် ဥရောပ ကော်မရှင်ဥက္ကဌ အာဆူလာ ဗွန် ဒါ လီယန်တို့ အားလုံးက ထိုကာလသည် ဥရောပအတွက် မျိုးဆက်တခုတွင် တခါသာကြုံရသည့် စိန်ခေါ်မှုဖြစ်သည်ဟု ဖေါ်ပြသည်။ ၎င်းတို့သည် ၎င်းတို့၏ ရှေ့ဆက်ရမည့်ခြေလှမ်းကို ဖေါ်ထုတ်ရန် ဇယ်လန်းစကီးနှင့် အခြားဥရော ပခေါင်းဆောင်များနှင့် တနင်္ဂနွေနေ့က လန်ဒန်တွင် တွေ့ဆုံသည်။
ဥရောပသမဂ္ဂသည် ယူကရိန်းအတွက် အရေးပေါ်စစ်ရေးအကူအညီ နောက်ဆက်တွဲ ယူရို ၂၀ ဘီလီယံ ( ဒေါ်လာ ၂၁ ဘီလီယံ) ကို ကြာသပတေးနေ့တွင် ဘရပ်ဆဲလ်တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် ပေးရန် ရည်ရွယ်သည်။ သို့သော် ၎င်းတို့လုံခြုံရေးကို ၎င်းတို့တာဝန်ယူရန် တာဝန်ကို နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုထံမှ လွှဲယူပြီးနောက် လာမည့်လများတွင် ၎င်းတို့ လိုအပ်မည့် ကာကွယ်ရေးအတွက် လိုအပ်မည့် ဘီလီယံ ရာပေါင်းများစွာအကြို စရံချခြင်းဖြစ်သည်။
“ဥရောပဟာ အဲဒီလစ်ဟာမှုကို ဖြည့်ဆည်းမယ်၊ အချိန်မီ ဖြည့်ဆည်းမယ်လို့ ကျနော်စိတ်ကူးယဉ်ပေမယ့် အဲဒီလို မဖြစ်ဘူးလို့ ၃ ဆ ၁ ဆ လောင်းရဲတယ်” ဟု အယ်လစ်ဆန်ပြောပြီး ယူကရိန်းသည် နွေရာသီ ကုန်သောအခါ ခါးသည်းသော ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်ခံမည်ဟု မျှော်လင့်ကြောင်း သူ ဆက်လက်ပြောကြားသည်။
အမေရိကန်က ယူကရိန်းတွင် မြေရှားသတ္တုတူးဖော်ခွင့်အပေါ် အခြေခံထားသော ငြိမ်းချမ်းရေးကို အဆိုပြုထားသည်။ သို့သော် ပြီးခဲ့သည့် သောကြာနေ့က အိမ်ဖြူတော်တွင် သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့ အခြေအတင်စကားများပြီးနောက် အမေရိကန်ဘက်က အကူအညီများ ရပ်ဆိုင်းသွားခဲ့သည်။
အမေရိကန်က ယူကရိန်းတွင် မြေရှားသတ္တုတူးဖော်ခွင့်အပေါ် အခြေခံထားသော ငြိမ်းချမ်းရေးကို အဆိုပြုထားသည်။ သို့သော် ပြီးခဲ့သည့် သောကြာနေ့က အိမ်ဖြူတော်တွင် သမ္မတထရမ့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့ အခြေအတင်စကားများပြီးနောက် အမေရိကန်ဘက်က အကူအညီများ ရပ်ဆိုင်းသွားခဲ့သည်။
အတ္တလန္တိတ်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု၏ ကျယ်ပြန့်သော မဟာမိတ်ကွန်ရက်သည် ဒုတိယကမ္ဘာစစ်အပြီးတွင် လွန်စွာထူးခြားသည်ကို အငြင်းပွားဖွယ်ရာ မရှိပေ။ တူညီသော တန်ဖိုးများနှင့် ယုံကြည်မှုများအပေါ် အခြေတည်ပြီး နိုင်ငံများအနေဖြင့် လျှို့ဝှက်ချက်များကို မျှဝေပြီး အရေးပါသော အချိန်များတွင် အပြန်အလှန် မှီခိုနိုင်စေခဲ့သည်။ ထိုဆက်ဆံရေး၏ အုတ်မြစ်ကို ဒုတိယကမ္ဘာစစ်အတွင်းက အုတ်မြစ်ချကြပြီး သံမဏိ ကန့်လန့်ကာများ ပြိုကွဲပြီး အရှေ့ဥရောပနိုင်ငံများကပါ NATO နှင့် EU ကို ကြိုဆိုသောအခါ ပိုမိုနက်ရှိုင်းလာသည်။
လက်ရှိအကျပ်အတည်းကို ပိုမို နာကျင်စေသည်မှာ ထိုသမိုင်းပင်ဖြစ်သည်။
ဥရောပသံတမန်အများအပြားသည် စစ်အေးတိုက်ပွဲအတွင်း လူလားမြောက်ခဲ့ကြသည်။ အချို့သည် ငယ်စဉ်ကလေးဘဝများကို ဆိုဗီယက်အုပ်ချုပ်ရေး သို့မဟုတ် သိမ်းပိုက်မှုအောက်များတွင် ဖြတ်သန်းခဲ့ကြသည်။ ဘူချာတွင် ကျူးလွန်သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ယူကရိန်း ကလေးငယ်ထောင်ပေါင်းများစွာကို ရုရှားသို့ ခေါ်ဆောင်သွာသည့် ကိစ္စများ၊ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်မှုများ စသည့် ယူကရိန်းအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့မြင်ရသောအခါ ၎င်းတို့မိသားစုများ၏ ဇာတ်လမ်းများ ပဲတင်ထပ်လာစေသည်။
အနောက်တိုင်းတစိတ်တပိုင်းနှင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများမှ သံသယရှိသော်လည်း အမေရိကန် ပြည်ထောင်စုသည် အရှေ့ဥရောပ လွတ်မြောက်ရေးသင်္ကေတဖြစ်ပြီး ၎င်းတို့သည် အမေရိကန် နိုင်ငံရေး စံတန်ဖိုးများကို ရည်မှန်းကြသည်။
ထရမ့်၏ ရီပတ်ဗလစ်ကန်များသည် ဥရောပလွတ်မြောက်ရေးအတွက် ဘာလင်တံတိုင်း ဖျက်သိမ်းရန် ဆိုဗီယက် ယူနီယံကိုပြောသည့် သမ္မတ ရီဂင်၏ ပါတီဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် ယူကရိန်းနိုင်ငံသားများ အသက်များနှင့် လွတ်လပ်မှုကို ရုတ်သိမ်းရန်ကြိုးစားသည့် ရုရှားကျူးကျော်သူများနှင့်အတူ ရပ်တည်ကြသည်။
သို့သော် ထရမ့်၏ ရီပတ်ဗလစ်ကန်များသည် ဥရောပလွတ်မြောက်ရေးအတွက် ဘာလင်တံတိုင်း ဖျက်သိမ်းရန် ဆိုဗီယက် ယူနီယံကိုပြောသည့် သမ္မတ ရီဂင်၏ ပါတီဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် ယူကရိန်းနိုင်ငံသားများ အသက်များနှင့် လွတ်လပ်မှုကို ရုတ်သိမ်းရန်ကြိုးစားသည့် ရုရှားကျူးကျော်သူများနှင့်အတူ ရပ်တည်ကြသည်။
သောကြာနေ့က ဘဲဥပုံရုံးခန်းတွင် စကားများပြီးနောက် EU ခေါင်းဆောင်များသည် ဇယ်လန်းစကီးကို ထောက်ခံပြီး မည်သည့်ဘက်တွင် ၎င်းတို့ ရပ်တည်သည်ကို ရှင်းလင်းစွာပြောသည်။ ထရမ့်သည် ဥရောပနိုင်ငံများကို အမေရိကန်ပြည်ထောင်စုဘက်တွင် သို့မဟုတ် ယူကရိန်းဘက်တွင် ရပ်တည်ရန် ရွေးချယ်ခိုင်းသည်ဟု အရာရှိအများအပြားပြောပြီး အများစုသည် ယူကရိန်းကို ရွေးချယ်သည်။ ဥရောပအတွက် ထိုကိစ္စသည် သေရေးရှင်ရေးဖြစ်သည်။
“လူရိုင်းခေတ်သစ်စတင်ပြီ” ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလန်နာ ဘားဘော့ က ဘာလင်မှသတင်းထောက်များအတွက် စနေနေ့က ထုတ်ပြန်ချက်တစောင်တွင် ပြောသည်။ “စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်နဲ့ တရားဥပဒေစိုးမိုးရေးက သူတို့ကိုယ်သူတို့ အင်အားကြီးသူရဲ့အာဏာကို အရင်ကထက် ပိုပြီး ကာကွယ်ရမယ့် လူရိုင်းခေတ်” ဟု သူပြောသည်။
၎င်းတို့ကိုယ် ၎င်းတို့သီးခြားကာကွယ်ရခြင်းသည် ဥရောပနိုင်ငံများအတွက် ယခင်မကြုံဖူးသည့် စိန်ခေါ်မှုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ ကြွယ်ဝချမ်းသာမှုနှင့် လုံခြုံရေးကိုလည်း ထိခိုက်စေမည့် အလားအလာရှိသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေး ဆက်ဆံမှုသည် ကမ္ဘာတွင် အရေးအပါဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ယူရို ၁.၆ ထရီလီယံအထိရှိကြောင်း ဥရောပကော်မရှင်၏ အဆိုအရ သိရပြီး ဥရောပသမဂ္ဂနှင့် အမေရိကန် လုပ်ငန်းများသည် ၂ ဘက်ဈေးကွက်များတွင် ယူရို ၅.၃ ထရီလီယံစီ မြှုပ်နှံထားသည်။ ဥရောပ သမဂ္ဂပို့ကုန်များကို အခွန်တိုးမြှင့်ရန် ခြိမ်းခြောက်မှုကို ထရမ့်အကောင်အထည်ဖေါ်ပါက ပစ်မှတ်ထားရမည့် ပစ္စည်းများစာရင်းကို ဥရောပကော်မရှင်ပြင်ဆင်နေသည်။
ဥရောပနှင့် အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်နှင့် အမေရိကန်၏ ကမ္ဘာ့သြဇာတိုးချဲ့ခြင်းသည် ယုံကြည်မှုအပေါ် အခြေခံပြီး မဟာမိတ်များက လက်ခံသောကြောင့် ထိုစနစ် လွန်စွာကြာမြင့်ခဲ့ပြီး ဖြစ်သည်။
ဥရောပနှင့် အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်နှင့် အမေရိကန်၏ ကမ္ဘာ့သြဇာတိုးချဲ့ခြင်းသည် ယုံကြည်မှုအပေါ် အခြေခံပြီး မဟာမိတ်များက လက်ခံသောကြောင့် ထိုစနစ် လွန်စွာကြာမြင့်ခဲ့ပြီး ဖြစ်သည်။
ယခုအခါ ဥရောပသမဂ္ဂသည် ထရမ့်၏ ပစ်မှတ်ထားခံရသည့် ကနေဒါကဲ့သို့ စိတ်တူကိုယ်တူနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်နေပြီး အာရှနှင့် လက်တင်အမေရိကမှ နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှုသစ်များကို ရှာဖွေနေသည်။ ဥရောပသမဂ္ဂသည် တရုတ်နှင့် အရှေ့ဖျားမှ ကိစ္စများတွင် အမေရိကန်နှင့် လုပ်ကိုင်ရန် စိတ်အားထက်သန်မှုလည်း နည်းလာနိုင်သည်။ အမေရိက၏ အခြားမဟာမိတ်များကလည်း ၎င်းတို့ကို နောက်တကြိမ်တွင် ပစ်မှတ်ထားမည်လားဟု သိလိုနေကြသည်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် ခါးသီးမှု နှစ်ပေါင်းအတန်ကြာပြီးနောက် အမေရိကန် အကျပ်အတည်းသည် ဗြိတိန်ကို ဥရောပသမဂ္ဂနှင့် ပြန်လည်နီးကပ်စေသည်။ ပထဝီနိုင်ငံရေး ရှုခင်းပြောင်းလဲခြင်းကြောင့် ဗြိတိန်နှင့် ဥရောပအကြား မဟာမိတ်သစ် လိုအပ်သည့် အဓိပ္ပါယ်ဖြစ်သည်ဟု အင်္ဂါနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် ပြောသည်။
ယူကရိန်းအပေါ် ထရမ့် ချဉ်းကပ်ပုံနှင့် ဥရောပတိုက်၏ ပိုမိုကျယ်ပြန့်သော လုံခြုံရေး စနစ်တောင့်တင်းရေး ညှိနှိုင်းရန် စတားမားသည် အခြားဥရောပ ခေါင်းဆောင်များနှင့် အနီးကပ်ဆက်သွယ်နေသည်။
ထိုသို့ လုပ်ဆောင်ရန် ဥရောပသမဂ္ဂနိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်ကို လာမည့်နှစ်မှစတင်ပြီး GDP ၏ ၃ ရာခိုင်နှုန်းသို့ တိုးမြှင့်သင့်သည်ဟု အဆင့်မြင့် ဥရောပအစိုးရ အရာရှိတဦးက Bloomberg သို့ ပြောသည်။ အဆိုးဆုံးအနေအထားသို့ ရောက်ပါက ကာကွယ်ရေး အသုံးစရိတ်သည် GDP ၏ ၇ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟု ၎င်းတို့ပြောသည်။
ထရမ့်က အကူအညီအားလုံး ပိတ်ပင်လိုက်ပါက ၎င်းတို့အနေဖြင့် ယူကရိန်းကို ထောက်ပံ့ရန် ရန်ပုံငွေနှင့် ထုတ်လုပ်မှုစွမ်းရည် စုစည်းနိုင်လျှင်ပင် ထောက်လှမ်းရေး၊ အာကာသနှင့် စစ်မြေပြင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အမေရိကန်ပြည်ထောင်စု၏စွမ်းရည်ကို အစားထိုးရန် မဖြစ်နိုင်သည် မဟုတ်လျှင်ပင် ခက်ခဲမည်ဖြစ်သည်။
ရေတိုတွင် ဥရောပ၏ စွမ်းရည်တွင် အမေရိကန် ပြည်ထောင်စုက ဖြည့်ဆည်းပေးထားသည့် လစ်ဟာသောနေရာများ ရှိမည်။ ထရမ့်က အကူအညီအားလုံး ပိတ်ပင်လိုက်ပါက ၎င်းတို့အနေဖြင့် ယူကရိန်းကို ထောက်ပံ့ရန် ရန်ပုံငွေနှင့် ထုတ်လုပ်မှုစွမ်းရည် စုစည်းနိုင်လျှင်ပင် ထောက်လှမ်းရေး၊ အာကာသနှင့် စစ်မြေပြင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အမေရိကန်ပြည်ထောင်စု၏စွမ်းရည်ကို အစားထိုးရန် မဖြစ်နိုင်သည် မဟုတ်လျှင်ပင် ခက်ခဲမည်ဖြစ်သည်။
ထို့ကြောင့် အီတလီဝန်ကြီးချုပ် ဂျီရိုဂျီယာ မယ်လွန်နီကဲ့သို့သော ခေါင်းဆောင် အချို့သည် ဆက်ဆံရေးကို ပြန်လည်ကယ်တင်ရန် အမေရိကန် ပြည်ထောင်စုနှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် တောင်းဆိုနေပြီး ဥရောပအရာရှိများသည် လာမည့် ၄ နှစ်အတွင်း အတ္တလန္တိတ် ကမ်းခြေနိုင်ငံများ မဟာမိတ် ရှင်သန်အောင် ထိန်းသိမ်းထားရေးအတွက် စိတ်တူကိုယ်တူ နိုင်ငံများနှင့် အလုပ်လုပ်ရန် တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်သင့်သည်ဟု ကျွမ်းကျင်သူများပြောသည်။
သို့သော် ဥရောပသည် ထရမ့်နှင့် ဆက်လက်ထိတွေ့ဆက်ဆံမည်ဖြစ်သော်လည်း ဥရောပ၏ အာရုံစိုက်မှုသည် အမေရိကန်မပါဘဲ မည်သည်တို့ကို လုပ်ဆောင်နိုင်မည်ဆိုသည့် အချက်သို့ ပြောင်းလာနေသည်။
(Bloomberg သတင်းဌာနမှ Alberto Nardelli ၏ Analysis: Europe’s nightmare is here — they have to fight Putin without the U.S. ကို ဘာသာပြန်သည်။)
You may also like these stories:
အိမ်ဖြူတော်ရန်ပွဲ အလွန် ယူကရိန်းစစ်ပွဲ (ရုပ်/သံ)
နှစ်နိုင်ငံ သမ္မတတွေအကြား ကွဲပြားတဲ့ စရိုက်တွေတွေ့ရတယ် (ရုပ်/သံ)
ဥရောပကို ဒေါ်နယ်ထရမ့် ကိုင်လှုပ်နေ
ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ