လွန်ခဲ့သော နှစ်လအတွင်း နည်းပညာဘီလျံနာ မစ္စတာ အီလွန် မတ်စ်သည် ဂျာမနီ၏ လက်ယာစွန်း ပါတီကို သူ၏ လူမှုကွန်ရက် X မှ ပို့စ် အနည်းဆုံး နှစ်ဒါဇင်တွင် အားပေးလှုံ့ဆော်ပြီး ပါတီခေါင်းဆောင်နှင့် တွေ့ဆုံမေးမြန်းကာ ထိုပါတီသည် ဂျာမနီအတွက် “တခုတည်းသော မျှော်လင့်ချက်” ဖြစ်သည်ဟု သူ့ပို့စ်များကို လိုက်လံကြည့်ရှုသူ ၂၁၉ သန်းကို ပြောသည်။
သို့သော် Alternative fur Deutschland (AfD) ပါတီကို မတ်စ်၏ ထောက်ခံမှုသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရွေးကောက်ပွဲတွင် ထိုပါတီ၏ အံ့အားသင့်ဖွယ် ဒုတိယနေရာရသည့် ရလဒ်အပေါ် သက်ရောက်မှု အနည်းငယ်သာရှိကြောင်း သူ၏ ပို့စ်များနှင့် ရွေးကောက်ပွဲ အချက်အလက်များကို Reuters သတင်းဌာနက လေ့လာမှုများ၊ နိုင်ငံရေးသုတေသီများနှင့် တွေ့ဆုံမေးမြန်းမှုများအရ သိရသည်။
Tesla အမှုဆောင်အရာရှိချုပ် မစ္စတာ မတ်စ်သည် စိတ်ပျက်ပုံမရဘဲ ဥရောပတလွှားမှ လက်ယာစွန်းရေးရာများကို ဆက်လက် လှုံ့ဆော်အားပေးနေသည်။ လက်ရှိအချိန်အထိ အမြင်သာဆုံး သက်ရောက်မှုမှာ Tesla အမှတ်တံဆိပ်ကို ထိခိုက်ပျက်စီးစေခြင်းသာ ဖြစ်သော်လည်း သူ၏ စီးပွားရေးအင်ပါယာအတွက် ရေရှည် ရည်မှန်းချက်တခု ရှိနေနိုင်သည်ဟု သုတေသီများက ပြောသည်။
Tesla အမှုဆောင်အရာရှိချုပ် မစ္စတာ မတ်စ်သည် စိတ်ပျက်ပုံမရဘဲ ဥရောပတလွှားမှ လက်ယာစွန်းရေးရာများကို ဆက်လက် လှုံ့ဆော်အားပေးနေသည်။ လက်ရှိအချိန်အထိ အမြင်သာဆုံး သက်ရောက်မှုမှာ Tesla အမှတ်တံဆိပ်ကို ထိခိုက်ပျက်စီးစေခြင်းသာ ဖြစ်သော်လည်း သူ၏ စီးပွားရေးအင်ပါယာအတွက် ရေရှည် ရည်မှန်းချက်တခု ရှိနေနိုင်သည်ဟု သုတေသီများက ပြောသည်။ နည်းပညာ တီထွင်ဆန်းသစ်မှုကို တားဆီးသည်ဟု သူထင်သည့် လုပ်ထုံးလုပ်နည်းများကို ပြန်လည် ဖြေလျှော့ပေးရန် အလားအလာရှိသော နိုင်ငံရေးပါတီများကို ထောက်ခံခြင်းဖြစ်သည်ဟု ဆိုကြသည်။
ယခုဆောင်းပါးအတွက် မှတ်ချက်တောင်းသည်ကို မစ္စတာ မတ်စ်နှင့် Tesla ကုမ္ပဏီက အကြောင်းမပြန်ပေ။
ဇန်နဝါရီလတွင် မစ္စတာ အီလွန် မတ်စ်က ဥရောပ၏ လုပ်ထုံးလုပ်နည်းနှင့် ဗျူရိုကရေစီအတွက် ညည်းညူသည်။ ဥရောပသမဂ္ဂအရာရှိတဦးက သူ့ကို အရေးယူပိတ်ဆို့ရန် လွန်ခဲ့သောနှစ်က ခြိမ်းခြောက်သောအခါ မတ်စ်က X တွင် အက်ရှင်ဇာတ်ကား Tropic Thunder မှ စကားကို ကိုးကားပြီး “ခြေလှမ်းကြီးတလှမ်း နောက်ပြန်ဆုတ်ပြီး ကိုယ့်မျက်နှာကိုကိုယ် fuck ” ဟု တုံ့ပြန်ခဲ့သည်။
ဂျာမန် ပြည်တွင်းထောက်လှမ်းရေးဌာနက အစွန်းရောက်အုပ်စုဟု သံသယရှိသော AfD ပါတီသည် နိုင်ငံ၏ နာဇီအတိတ်ကြောင့် အစဉ်အလာအားဖြင့် သယ်ဆောင်လာသည့် စိတ်ဒဏ်ရာရှိသော်လည်း လွန်ခဲ့သောလက ရွေးကောက်ပွဲအပြီးတွင် ဂျာမနီ၏ အကြီးမားဆုံး အတိုက်အခံ ဖြစ်လာသည်။ ထိုပါတီမှ ထိပ်တန်းနိုင်ငံရေးသမားတဦးသည် နာဇီ၏ အဓိကကျသည့် SS တပ်ဖွဲ့မှ အဖွဲ့ဝင်တိုင်းသည် ရာဇဝတ်ကောင် မဟုတ်ကြောင်း ကြေညာပြီးနောက် ဘေးထွက်ပေးရသည်။ AfD ပါတီခေါင်းဆောင် အဲလစ် ဝိုင်ဒယ်လ်နှင့် မတ်စ် တွေ့ဆုံမေးမြန်းခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့ X တွင် ထုတ်လွှင့်သည်။
AfD ပါတီကို လူကြိုက်များမှု မြင့်တက်လာခြင်းသည် ဥရောပတလွှား အများကြိုက် လက်ယာစွန်း ပါတီများ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးအောင်မြင်မှုကို ပြသနေသည်။
နိုင်ငံရေးနယ်ပယ်တွင် ၎င်းတို့သည် အီတလီ၊ နယ်သာလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ဖင်လန်နှင့် ခရိုအေးရှားတို့တွင် အာဏာရ သို့မဟုတ် အာဏာရသည့် အသိုက်အဝန်းတွင် ပါဝင်နေသည်။ ၎င်းတို့သည် ဆွီဒင်၊ သြစတြီးယားနှင့် ယခု ဂျာမနီတွင် အကြီးဆုံး သို့မဟုတ် ဒုတိယအကြီးဆုံး ပါတီများဖြစ်ကြပြီး ပြင်သစ် ရွေးကောက်ပွဲတွင်လည်း ခေါင်းထောင်ထလာနေသည်။ ရိုမေးနီးယား၊ ဘယ်လ်ဂျီယံ၊ စပိန်နှင့် ပေါ်တူဂီတို့တွင် လက်ယာစွန်းများကို ထောက်ခံမှု ကြီးထွားလာနေသည်။
၎င်းတို့သည် မြင့်မားသော ရွှေ့ပြောင်းအခြေချခြင်း၊ စီးပွားရေးနှေးကွေးခြင်းနှင့် ၎င်းတို့ယူဆသည့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ချက်များကြောင့် ရေပန်းစားနေခြင်းဖြစ်ပြီး ထိုပြဿနာများ အားလုံးသည် မတ်စ်က ပုံကြီးချဲ့ထားသည့် ပြဿနာများ ဖြစ်သည်။ နိုဝင်ဘာလတွင် မစ္စတာ မတ်စ်က သမ္မတ ဒေါ်နယ် ထရမ့်ကို အိမ်ဖြူတော်ပြန်ရောက်စေရန် ကူညီပြီးနောက် ထိုပြဿနာများ ဥရောပနိုင်ငံရေးတွင် အာရုံစိုက်လာသည်ဟု မတ်စ်၏ ပို့စ်နှင့် ပြန်တင်သည့် ပို့စ် ၂၀,၀၀၀ ကျော်ကို Reuters က သုံးသပ်ချက်အရ သိရသည်။
မစ္စတာ မတ်စ်သည် ဗြိတိန်၊ အီတလီနှင့် ရိုမေးနီးယားတွင် လက်ယာစွန်းများကို အားပေးရန် X လူမှုကွန်ရက်မီဒီယာကို အသုံးပြုနေပြီး နိုင်ငံရေးခေါင်းဆောင်များနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ခေါင်းဆောင်များကို လှောင်ပြောင်နေသည်။
မစ္စတာ မတ်စ်သည် ဗြိတိန်၊ အီတလီနှင့် ရိုမေးနီးယားတွင် လက်ယာစွန်းများကို အားပေးရန် X လူမှုကွန်ရက်မီဒီယာကို အသုံးပြုနေပြီး နိုင်ငံရေးခေါင်းဆောင်များနှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ခေါင်းဆောင်များကို လှောင်ပြောင်နေသည်။
ဂျာမနီမှ AfD ပါတီကို မတ်စ်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြောင်ကျကျ စတင်လှုံ့ဆော်အားပေးစဉ်က ထိုပါတီသည် ထောက်ခံမှုနှုန်း ၁၉ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု Reuters polling aggregate အရသိရသည်။ ထိုပါတီသည် နောက်ဆုံးတွင် မဲ ၂၀ ဒသမ ၈ ရာခိုင်နှုန်းရသည်။
ထိုကိန်းဂဏန်းများအရ မတ်စ်သည် ထိုရွေးကောက်ပွဲအပေါ် သက်ရောက်မှု မရှိသလောက်ပင်ဖြစ်ကြောင်း Reuters က တွေ့ဆုံမေးမြန်းခဲ့သည့် နိုင်ငံရေး သုတေသီ သုံးဦးက ပြောသည်။ ထိုကာလအတွင်း ဂျာမနီတွင် အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်မှဟု ယူဆရသော သံသယရှိသူများ၏ အကြမ်းဖက်တိုက်ခိုက်မှု သုံးခုသည် ရွှေ့ပြောင်းအခြေချများကို ပြည်နှင်ဒဏ်ပေးရန် တောင်းဆိုသည့် AfD ကို ထောက်ခံမှု မြင့်တက်စေခဲ့နိုင်သည်။

မစ္စတာ မတ်စ်သည် ထိုပါတီကို မဲဆန္ဒရှင်အချို့ကြား၊ အထူးသဖြင့် လူငယ်များကြား ဆွဲဆောင်မှုရှိအောင် မြှင့်တင်ပေးခဲ့ပြီး နောက်တကြိမ် ရွေးကောက်ပွဲတွင် စွမ်းဆောင်မှု ကောင်းလာစေနိုင်သည်ဟု အထက်ပါ သုတေသီများအနက် နှစ်ဦးက ပြောသည်။
“သူက AfD ကို စွဲဆောင်မှုရှိရှိ တီထွင်ဆန်းသစ်အောင် ကူညီတယ်” ဟု ဂျာမနီမှ WHU–Otto Beisheim စီမံခန့်ခွဲရေးကျောင်းမှ သေနင်္ဂဗျူဟာနှင့်ဈေးကွက် ဥက္ကဋ္ဌ ပါမောက္ခ မာတင် ဖက်စ်နက်ချ်က ပြောသည်။
မစ္စတာ မတ်စ်က လက်ယာစွန်းများကို အားပေးခြင်းကြောင့် Tesla က တန်ဖိုးတခု ပေးဆပ်ရသည့်သဘော သက်ရောက်နေသည်။ ဥရောပတွင် Tesla ရောင်းအားသည် ဇန်နဝါရီလတွင် ယခင်နှစ်ကထက် ၄၅ ရာခိုင်နှုန်း ကျဆင်းပြီး ၎င်း၏ပြိုင်ဘက်များ၏ ရောင်းအားသည် ၃၇ ရာခိုင်နှုန်းကျော် တိုးတက်သည်ဟု အဓိကကျသည့် ကားထုတ်လုပ်သူများကို ကိုယ်စားပြုသော ဥရောပ ကားထုတ်လုပ်သူများအသင်း (EAMA) က ပြောသည်။
ထိုကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း ဖေဖော်ဝါရီလ အစောပိုင်း ဥရောပ အရောင်းကိန်းဂဏန်းများက ပြသနေသည်။ ၎င်းတို့၏ မော်တော်ယာဉ်အုပ်စုများတွင် Tesla အရေအတွက် နည်းပြီး ကျဆင်းနေသောကြောင့် နောင်တွင် ပိုမိုခက်ခဲလာမည့် သဘောရှိကြောင်း ကော်ပိုရိတ်လုပ်ငန်းကားအုပ်စု မန်နေဂျာ လေးဦးက Reuters သတင်းဌာနသို့ ပြောသည်။
နိုင်ငံတခုကို နိုင်ငံရေးအနေအထား ပြောင်းစေခြင်း
၂၀၂၄ ခုနှစ် စတင်ချိန်နောက်ပိုင်း X မှ မတ်စ်၏ ပို့စ်များနှင့် ပြန်တင်သောပို့စ်များကို Reuters သတင်းဌာန၏ လေ့လာမှုများအရ ထရမ့်ကို အိမ်ဖြူတော်ပြန်ရောက်စေရန် နိုဝင်ဘာလ မဲဆွယ်ပွဲအတွက် အလှူငွေ ဒေါ်လာသန်း ၂၅၀ ကျော် လှူပြီးနောက် သူ၏ အာရုံစိုက်မှုသည် ဥရောပသို့ ပြောင်းလာကြောင်း ပြသနေသည်။
၂၀၂၄ ခုနှစ် စတင်ချိန်နောက်ပိုင်း X မှ မတ်စ်၏ ပို့စ်များနှင့် ပြန်တင်သောပို့စ်များကို Reuters သတင်းဌာန၏ လေ့လာမှုများအရ ထရမ့်ကို အိမ်ဖြူတော်ပြန်ရောက်စေရန် နိုဝင်ဘာလ မဲဆွယ်ပွဲအတွက် အလှူငွေ ဒေါ်လာသန်း ၂၅၀ ကျော် လှူပြီးနောက် သူ၏ အာရုံစိုက်မှုသည် ဥရောပသို့ ပြောင်းလာကြောင်း ပြသနေသည်။
သူသည် ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာကို တိုက်ခိုက်ပြောဆိုပြီး ထောင်ချခံထားရသည့် လက်ယာစွန်း တက်ကြွလှုပ်ရှားသူတဦးကို လွှတ်ပေးရန် တောင်းဆိုကာ ရွှေ့ပြောင်းအခြေချမှု လျှော့ချရန်နှင့် ရာသီဥတုပြောင်းလဲမှု လျာထားချက်များ စွန့်လွှတ်ရန် ကတိပြုထားသော အများကြိုက် လက်ယာစွန်း Reform ပါတီကို ထောက်ခံသည်။
အီတလီတွင် မစ္စတာ မတ်စ်သည် ဝန်ကြီးချုပ် မစ္စ ဂျော်ရ်ဂျာ မယ်လိုနီနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ထားသည်။ ၎င်းတို့ နှစ်ဦးလုံးသည် ရွှေ့ပြောင်းအခြေချခြင်းနှင့် အနောက်နိုင်ငံများတွင် မွေးဖွားမှုနှုန်း ကျဆင်းခြင်းကို စိုးရိမ်ကြောင်း ဖော်ပြကြသည်။ မစ္စ မယ်လိုနီက မတ်စ်ကို “အဖိုးတန် ဉာဏ်ကြီးရှင်” ဟု မကြာသေးမီက ခေါ်ခဲ့သည်။
ရိုမေးနီးယားတွင် မစ္စတာ မတ်စ်သည် လက်ယာစွန်း နိုင်ငံရေးသမား ကာလင်း ဂျော်ရ်ဂျက်စ်ကူးနှင့် ပတ်သက်သည့်ပို့စ်များကို အားပေးပြီး လွန်ခဲ့သောနှစ်တွင် သံသယရှိသော ရုရှားစွက်ဖက်မှုကြောင့် ဂျော်ရ်ဂျက်စ်ကူး သမ္မတရွေးကောက်ပွဲဝင်ခြင်းကို ပယ်ဖျက်ခဲ့သည့် တရားသူကြီးများအနက် တဦးကို အပြင်းအထန် ဝေဖန်သည်။
X ကဲ့သို့သော နည်းပညာပလက်ဖောင်းများသည် ဥရောပတွင် အများပြည်သူထင်မြင်ချက်ကို ပုံသွင်းရာ၌ သြဇာအလွန်ကြီးမားကြောင်း လန်ဒန်စီးပွားရေးကျောင်း (LSE) မှ မီဒီယာနှင့်ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းနှင့်မူဝါဒ ကျွမ်းကျင်သူ ဒေါက်တာ ဒါမီယန် တမ်ဘီနီက ပြောသည်။
“နိုင်ငံတခုကို နိုင်ငံရေးအခြေအနေ ပြောင်းသွားအောင် လုပ်နိုင်တယ်ဆိုတာ မတ်စ်အတွက် မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး” ဟု ဒေါက်တာ တမ်ဘီနီက ပြောသည်။ “အဲဒီလို လုပ်လိုက်ရင် အခုတောင်မှ အက်ကြောင်းပေါ်နေတဲ့ ၂၇ နိုင်ငံ ဥရောပသမဂ္ဂအတွင်း လက်ယာစွန်းတွေ သြဇာကြီးလာပြီး အဖွဲ့အတွင်း အာဏာချိန်ခွင်လျှာ လုံးဝ ပြောင်းလဲသွားမယ်။ အဲဒီ အစိုးရတွေဟာ သူ မကြိုက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက် ဒါမှမဟုတ် အင်အားနည်းအောင်လုပ်ပြီး မတ်စ်ကို ကူညီနိုင်တယ်” ဟု ဒေါက်တာ တမ်ဘီနီက ပြောသည်။
အမေရိကန် ဖက်ဒရယ်ဝန်ထမ်းအင်အား ဖြတ်တောက်ရန် သမ္မတ ထရမ့်၏ အားထုတ်မှုများကို ဦးဆောင်နေသော မတ်စ်က ဥရောပ စီးပွားရေး လုပ်ထုံးလုပ်နည်းများကို လူသိရှင်ကြား ဝေဖန်ပြီး ထိုလုပ်ထုံးလုပ်နည်းများသည် တိုးတက်မှုအတွက် ဆိုးရွားကြောင်းနှင့် ဆင်ဆာဖြတ်တောက်မှု ပုံစံတမျိုးဖြစ်ကြောင်း ပြောသည်။
X ကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းက တရားမဝင်သော အကြောင်းအရာများကို ထိန်းကြောင်းကြီးကြပ်ရန် ရည်ရွယ်သည့် ဥရောပသမဂ္ဂ ဥပဒေတခုကို ချိုးဖောက်နိုင်ခြေ ရှိသောကြောင့် ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးနေသည်မှာ တနှစ်ကျော်ပြီဖြစ်သည်။ ထိုကိစ္စကို ဆုံးဖြတ်ချက် မချရသေးပေ။
X ကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းက တရားမဝင်သော အကြောင်းအရာများကို ထိန်းကြောင်းကြီးကြပ်ရန် ရည်ရွယ်သည့် ဥရောပသမဂ္ဂ ဥပဒေတခုကို ချိုးဖောက်နိုင်ခြေ ရှိသောကြောင့် ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးနေသည်မှာ တနှစ်ကျော်ပြီဖြစ်သည်။ ထိုကိစ္စကို ဆုံးဖြတ်ချက် မချရသေးပေ။
ဥရောပသမဂ္ဂ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အက်ဥပဒအရ X သည် တရားမဝင်သော အကြောင်းအရာများနှင့် သရုပ်ဖျက်သော သတင်းများကို ကိုင်တွယ်ရန် ပျက်ကွက်သောကြောင့် ၎င်း၏ နှစ်စဉ်ကမ္ဘာတဝန်း ဝင်ငွေ၏ ၆ ရာခိုင်နှုန်း ဒဏ်ငွေ ရင်ဆိုင်ရနိုင်သည် သို့မဟုတ် ပွင့်လင်းမြင်သာမှု စည်းကမ်းများကို လိုက်နာရနိုင်သည်။ ဥရောပသမဂ္ဂသည် တရားမဝင်သော အကြောင်းအရာများနှင့် ပုံဖျက်သည့် သတင်းများကို ကိုင်တွယ်ရန် ကြိုးစားနေချိန်တွင် ထိုအမှုသည် အမေရိကန် လူမှုကွန်ရက် ကုမ္ပဏီများအပေါ် ဥရောပသမဂ္ဂ၏ စည်းမျဉ်းများ ချမှတ်နိုင်သည့် စွမ်းရည်ကို အဓိကကျသည့် စမ်းသပ်မှုဖြစ်သည်။
ဥရောပတွင် မတ်စ်၏ လူမှုကွန်ရက် ပလက်ဖောင်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စိုးရိမ်ပူပန်မှု အခြားလက္ခဏာများလည်း ရှိသည်။
ဥရောပသမဂ္ဂ ဥပဒေများအရ ရွေးကောက်ပွဲကို ပြောင်းလဲစေနိုင်သော အချက်အလက်များ ပျံ့နှံ့မှုကို သုတေသီများ ခြေရာခံနိုင်ရေးအတွက် X က သတင်းအချက်အလက်များ ထုတ်ပေးရမည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဂျာမန်တရားရုံးတခုက အမိန့်ချသည်။ X သည် စကားလုံးအသုံးအနှုန်းများကို လိုသလို အသုံးချရန်အတွက် ၎င်း၏ စည်းကမ်းများအား ပုံဖျက်ထားသည်ကို စုံစမ်းစစ်ဆေးနေကြောင်း ထိုနေ့တွင်ပင် ပြင်သစ် တရားစွဲရှေ့နေများက ပြောသည်။
ဇန်နဝါရီလက Tesla ၏ ငွေရှင်းတမ်း ဆွေးနွေးပွဲတခုတွင် မစ္စတာ မတ်စ်က ဥရောပ၏ လုပ်ထုံးလုပ်နည်းများအား မကျေမနပ်ပြောသည်။ “ဒါက ဟာသပဲ။ အမေရိကက တီထွင်ဆန်းသစ်တယ်။ ဥရောပက စည်းကမ်းချမှတ်တယ်။ ကိုယ့်လူတို့၊ ကွင်းထဲမှာ ဒိုင်တွေအရမ်းများနေသလို ဖြစ်နေတယ်” ဟု ထိုအစည်းအဝေးတွင် ပြောသည်။
“လက်ယာစွန်း ရော့ခ်ကြယ်ပွင့်” အဖြစ် မတ်စ်၏ ကြီးထွားနေသည့်အဆင့်ကို ဥရောပ အရာရှိများ စိုးရိမ်နေကြသည်ဟု နည်းပညာလုပ်ငန်းများ၏ နိုင်ငံရေးကို အထူးပြုသည့် ပြင်သစ်နိုင်ငံရေးသိပ္ပံပညာရှင် မစ္စ အက်စ်မာ အမ်ဟယ်လာက ပြောသည်။ မတ်စ်၏ အန္တိမရည်မှန်းချက်မှာ ဥရောပ၏ လုပ်ထုံးလုပ်နည်းများကို အင်အားချိနဲ့သွားအောင်လုပ်ပြီး အမေရိကန်သြဇာ ချဲ့ထွင်ရန်ဖြစ်သည်ဟု သူက သံသယရှိသည်။ အထူးသဖြင့် မတ်စ်သည် ထရမ့်အစိုးရတွင် အဆင့်မြင့်အကြံပေးဖြစ်သောကြောင့် ထိုသို့သောသံသယ ဖြစ်ရခြင်းဖြစ်သည်။
“နောက်ကွယ်က အကြံအစည် အစစ်က လာမယ့်ရာစုနှစ်မှာ အမေရိကန်ကို သြဇာအကြီးမားဆုံး ဖြစ်အောင်လုပ်ဖို့ပဲ” ဟု ၎င်းကပြောသည်။
အမေရိကန်၏ ဥရောပမူဝါဒတွင် မတ်စ်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အိမ်ဖြူတော်က ငြင်းဆန်သည်။
ဝန်ထုတ်ဝန်ပိုးဖြစ်စေသည့် ဥရောပ လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းရန် တိုက်ပွဲဝင်ခြင်းသည် မတ်စ်ကိုသာမက စီးပွားရေးလုပ်ငန်း အားလုံးအတွက် အထောက်အကူပြုကြောင်း အဝေးရောက် ရီပတ်ဘလစ်ကန်များအတွက် ပံ့ပိုးရေး ကွန်ရက်ဖြစ်သော ရေခြားမြေခြား ရီပတ်ဘလစ်ကန်များ (ယူကေ) ဥက္ကဋ္ဌ ဂရက် ဆွန်ဆန်က ပြောသည်။ “မတ်စ်က ပိုကောင်းအောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။
နိုးကြားမှုကို စစ်ဆင်ခြင်း
ဥရောပကို ဝေဖန်မှုများတွင် မတ်စ်သည် သူ့ကို tag လုပ်သည့် အမည်မဲ့ အကောင့်များအပါဝင် အတည်မပြုနိုင်သော အချက်အလက်များကို X တွင် မျှဝေပြီး သတင်းတုဖြန့်ချိသည်ဟု ချဲ့ကားဖော်ပြကြောင်း သူ၏ပို့စ်များကို Reuters သတင်းဌာန၏ သုံးသပ်ချက်အရ သိရသည်။
မတ်စ်၏ပို့စ် အများစုသည် အစုလိုက်အပြုံလိုက် ပြောင်းရွှေ့အခြေချခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ကန့်သတ်ချက်များအဖြစ် သူမြင်သောကိစ္စများနှင့် သက်ဆိုင်သည်။ သူသည် ဥရောပတွင် မွေးဖွားမှုနှုန်း ကျဆင်းခြင်းနှင့် လိင်ပြောင်းထားသူများ၏ အခွင့်အရေးများကို ဝေဖန်သည်။ သူသည် အစဉ်အလာမီဒီယာ၊ နိုင်ငံရေးသမားများနှင့် ပညာရှင်များကို မကြာခဏ ရှောင်ရှားပြီး လူသိနည်း လက်ယာစွန်းအကောင့်များအား ဈာန်းတင်ပေးရသည်ကို ပိုမိုနှစ်သက်သည်။
မတ်စ်၏ပို့စ် အများစုသည် အစုလိုက်အပြုံလိုက် ပြောင်းရွှေ့အခြေချခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ကန့်သတ်ချက်များအဖြစ် သူမြင်သောကိစ္စများနှင့် သက်ဆိုင်သည်။ သူသည် ဥရောပတွင် မွေးဖွားမှုနှုန်း ကျဆင်းခြင်းနှင့် လိင်ပြောင်းထားသူများ၏ အခွင့်အရေးများကို ဝေဖန်သည်။ သူသည် အစဉ်အလာမီဒီယာ၊ နိုင်ငံရေးသမားများနှင့် ပညာရှင်များကို မကြာခဏ ရှောင်ရှားပြီး လူသိနည်း လက်ယာစွန်းအကောင့်များအား ဈာန်းတင်ပေးရသည်ကို ပိုမိုနှစ်သက်သည်။

ထိုသို့သော အကောင့်များအနက်တခုမှာ သတင်းသမားနှင့် နိုင်ငံရေးဆောင်းပါးရှင် ပီတာ အီမန်နျူရယ်ဆန် စီမံသည့် PeterSweden7 ဖြစ်သည်။ ထိုသူက ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်ကို အယ်လ်ကိုင်ဒါ တိုက်ခိုက်မှုသည် အတွင်းလူပါဝင်သော တိုက်ခိုက်မှုဖြစ်ပြီး လပေါ်ဆင်းသက်သည့် သတင်းများသည် သတင်းတုများဖြစ်သည်ဟု ပြောသည်။
မစ္စတာ မတ်စ်သည် အီမန်နျူရယ်ဆန်၏ လွဲမှားသော ပို့စ် အနည်းဆုံး ဒါဇင်ဝက်ကို အားပေးသည်။ Facebook ပို့စ်တခုအတွက် လူတယောက်ကို ထောင် လ ၂၀ ချသည်ဆိုသည့် အီမန်နျူရယ်ဆန်၏ ပြောကြားချက်ကို မတ်စ်က ပြန်လည်မျှဝေသည်။ ထို ထောင်ချခံရသူ၏ ပို့စ်မှာ ဒုက္ခသည်များကို လက်ခံထားသည့် ဟိုတယ်တခုကို တိုက်ခိုက်ရန် တိုက်တွန်းသည့် ပို့စ်ဖြစ်သည်ကို အီမန်နျူရယ်ဆန်က ရှင်းပြခြင်း မရှိပေ။
အသေးစိတ် အချက်အလက် အားလုံးကို ပို့စ်တခုတည်းတွင် ထည့်သွင်းရန် မဖြစ်နိုင်ကြောင်း အီမန်နျူရယ်ဆန်က Reuters သတင်းဌာနသို့ ပြောသည်။
ဥရောပပြဿနာများနှင့် ပတ်သက်ပြီး မတ်စ် ပုံမှန်ဆက်ဆံသည့် အခြားအကောင့်တခုမှာ တော်မီ ရော်ဘင်ဆင်၏ အကောင့်ဖြစ်သည်။ သူသည် လက်ယာစွန်း လှုံ့ဆော်သူဖြစ်ပြီး လိမ်လည်မှု၊ တိုက်ခိုက်မှုများဖြင့် တရားစီရင်ခံရဖူးကာ သူ၏ အမည်ရင်းမှာ စတီဖင် ယက်စလေ-လန်နွန် ဖြစ်သည်။ သူသည် လန်ဒန်တရားရုံးတခု၏ အမိန့်ကို အာခံပြီးနောက် ယခုအခါ ထောင်ထဲရောက်နေသည်။
ရော်ဘင်ဆင်ကို လွှတ်ပေးရန် မတ်စ်က တောင်းဆိုပြီး သူသည် “နိုင်ငံရေးအကျဉ်းသား” တဦး ဖြစ်သည်ဆိုသည့် မှားယွင်းသော ပြောဆိုချက်ကို ပြန်လည်မျှဝေသည်။ ဘီလျံနာ မတ်စ်သည် သူ၏ ဥပဒေကုန်ကျစရိတ်အချို့ကို ကျခံပေးနေသည်ဟု ရော်ဘင်ဆင်၏ အကောင့်က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖော်ပြသည်။
ရော်ဘင်ဆင်၏ ရှေ့နေထံ မှတ်ချက်တောင်းသော်လည်း တုံ့ပြန်ခြင်း မရှိပေ။
မစ္စတာ မတ်စ်အတွက် ထိုကဲ့သို့သော အကောင့်ပိုင်ရှင်များသည် “ကန့်သတ်ချုပ်ချယ်သော လက်ဝဲယိမ်းသမားများ”နှင့် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လက်ယာ တက်ကြွလှုပ်ရှားသူများအကြား စစ်ပွဲ”အဖြစ် ပုံဖော်ထားသောကိစ္စတွင် ခြေလျင်စစ်သားများ ဖြစ်ဖွယ်ရှိသည်ဟု မတ်စ်၏ လူမှုကွန်ရက်များကို လေ့လာနေသည့် ဝါရှင်တန်တက္ကသိုလ်မှ သုတေသီ မာတ် ကန် ဘေယာက ပြောသည်။
လူမှုကွန်ရက်တွင် သြဇာလွှမ်းမိုးသူများသည် “သူ၏ ကမ္ဘာ့အမြင်ကို ထူထောင်ရန် ကောင်းမွန်သော ကြားခံများဖြစ်ကြောင်း” ၎င်းကပြောသည်။
Tesla ကားရောင်းအားအပေါ် ရိုက်ခတ်မှု
ဥရောပနိုင်ငံရေးတွင် မစ္စတာ မတ်စ်၏ သြဇာလွှမ်းမိုးမှုကို ရှင်းလင်းစွာ မသိရသော်လည်း သူ၏ လှုပ်ရှားမှုသည် Tesla ကို ထိခိုက်စေပုံရသည်။ Tesla အရောင်းသည် ၂၀၂၄ ခုနှစ်တွင် ၁၀ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ရုန်းကန်နေရသည်။ ထိုကာလတွင် ဈေးကွက်တခုလုံး၏ ကျဆင်းမှု ၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်။
လျှပ်စစ်မော်တော်ယာဉ်များအရေးကို သုံးသပ်သည့် ဝက်ဆိုက် Electrifying.com က ဇန်နဝါရီလနှောင်းပိုင်းတွင် ကောက်ယူသည့် စစ်တမ်းတွင် EV ပိုင်ဆိုင်ရန် သို့မဟုတ် ဝယ်ယူရန် ဆုံးဖြတ်ထားသည့် ဗြိတိန်နိုင်ငံသားများ၏ ၅၉ ရာခိုင်နှုန်းက ၎င်းတို့သည့် မတ်စ်ကြောင့် Tesla ကားများကို ဝယ်မည်မဟုတ်ကြောင်း ပြောသည်။ Tesla ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် X တွင် #teslatakedown နှင့် #swasticars သင်္ကေတများဖြင့် တင်နေကြသည်။
လျှပ်စစ်မော်တော်ယာဉ်များအရေးကို သုံးသပ်သည့် ဝက်ဆိုက် Electrifying.com က ဇန်နဝါရီလနှောင်းပိုင်းတွင် ကောက်ယူသည့် စစ်တမ်းတွင် EV ပိုင်ဆိုင်ရန် သို့မဟုတ် ဝယ်ယူရန် ဆုံးဖြတ်ထားသည့် ဗြိတိန်နိုင်ငံသားများ၏ ၅၉ ရာခိုင်နှုန်းက ၎င်းတို့သည့် မတ်စ်ကြောင့် Tesla ကားများကို ဝယ်မည်မဟုတ်ကြောင်း ပြောသည်။ Tesla ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် X တွင် #teslatakedown နှင့် #swasticars သင်္ကေတများဖြင့် တင်နေကြသည်။
မတ်စ်၏ ထင်မြင်ယူဆချက်များသည် Tesla ၏ ခေါင်းကိုက်စရာများကို ပိုမိုဆိုးရွားစေသည်။ ၂၀၂၀ ပြည့်နှစ်တွင် Tesla က ၎င်း၏ Y မော်ဒယ်ကို စတင်ရောင်းချစဉ်က ဗြိတိန်တွင် အဓိကကျသည့် EV မော်ဒယ် ၂၅ ခုသာ ရှိသည်။
ယနေ့တွင် တရုတ် ကုန်အမှတ်တံဆိပ်များသည် ပိုမိုဈေးသက်သာသည့် EV အသစ်များဖြင့် ဈေးကွက်သို့ အလုံးအရင်း ဝင်ရောက်လာသောကြောင့် အဓိကကျသည့် မော်ဒယ် ၁၃၃ ခုအထိ ရှိလာသည်။
“ကျနော် အဲဒီကားတွေ မမှာရသေးဘူး။ ဒါပေမယ့် ပိုမိုသစ်လွင်တာတွေ လိုတယ်” ဟု ဥရောပ၏ အကြီးမားဆုံး ကားအငှားလုပ်ငန်း Ayvens ၏ အမှုဆောင်အရာရှိချုပ် တင်မ် အဲဘတ်ဆန်က ပြောသည်။ မတ်စ်၏ အမြင်များက ကားအရောင်းအပေါ် ရိုက်ခတ်မှုကို ဆွေးနွေးရန် သူက ငြင်းဆန်သော်လည်း Tesla မော်ဒယ်ကို ဖြန့်ချိမည့် အစီအစဉ်သည် အတော်အားနည်းကြောင်း ပြောသည်။
ဗြိတိန်တွင် ဆက်သွယ်ရေးနှင့် ဈေးကွက်ထောက်လှမ်းရေးလုပ်ငန်း လုပ်ကိုင်ပြီး Y မော်ဒယ်တစီး ပိုင်ဆိုင်သည်မှာ သုံးနှစ်ကြာပြီဖြစ်သော ဘန် ကယ်လ်ဘေးက မတ်စ်ကြောင့် ထိုကားကို မသုံးတော့ဟု ပြောသည်။
“Tesla ကို ကျနော် ကြိုက်တယ်။ နည်းပညာကို ကျနော် ချစ်တယ်။ ဒါပေမယ့် မတ်စ်ရဲ့ နိုင်ငံရေး ဒါမှမဟုတ် လူသိရှင်ကြား ပြောကြားချက်တွေနဲ့ ပတ်သက် မခံချင်ဘူး” ဟု ၎င်းက ပြောသည်။
(Reuters ပါ Andrew Macaskill, Andrew R.C. Marshall နှင့် Nick Carey တို့၏ Musk rallies the far right in Europe. Tesla is paying the price. ကို ဘာသာပြန်သည်။)
You may also like these stories:
အီလွန်မတ်စ် Twitter ရှယ်ယာ ဝယ်ယူခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲခံရ
ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ
တရုတ် Xiaomi က အီလွန်မတ်စ် ရဲ့ Tesla နဲ့ ပုံစံတူ SUV လျှပ်စစ်ကားကို ထုတ်ပြ
ထိုင်းမှာ Tesla စက်ရုံတည်ရေး အလားအလာ စာမလာ သတင်းမကြားရသေး