စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ‘နေပြည်တော်တွင် ပွဲပျက်နေပြီ’ ဟူသော စကားတခွန်း ခေတ်စားလာခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။
ဝန်ထမ်းအိမ်ရာ ၄,၀၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့် ပျက်စီးခဲ့ရပြီး ကျန်တဝက်လောက်မှာ လူနေထိုင်ရန် မသင့်လျော်သည့် အခြေအနေ ဖြစ်ခဲ့သည်။ သေဆုံးသူ ရာနှင့်ချီရှိခဲ့ပြီး ဒဏ်ရာရသူ ထောင်နှင့်ချီ ရှိခဲ့သည့်အတွက် နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံကြီးတွင် မနိုင်မနင်း ဖြစ်နေသည်။ အချို့သော ဝန်ထမ်းများ၏ မိသားစုဝင်များ အသက်ဆုံးရှုံးခဲ့ရသည်။
အသက်မသေဘဲ ကျန်ခဲ့သည့် ဝန်ထမ်းများမှာ နေစရာ မရှိသည့်အတွက် သစ်ပင်များအောက် ယာယီ ရွက်ဖျင်တဲများထိုး၍ နေထိုင်ရသည်။ မီးမလာ၊ ရေမရသည့် အခြေအနေဖြင့် နေထိုင်နေကြရသည်။ ထိခိုက်ပျက်စီးမှုများ၍ အလုပ်မဆင်းသော ဝန်ထမ်းများအား အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခံနေရသည်။
ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် အရာရှိကြီးများမှလွဲ၍ ကျန်ဝန်ထမ်းများနှင့် ပြည်သူများမှာ တကယ်ပဲ ပွဲပျက်နေသည့်အလား ဖြစ်နေလေသည်။ မိုးမကျမီ ဝန်ထမ်းများ အမိုးအကာအောက် ရောက်ရေးသည်ပင် စိန်ခေါ်မှုကြီး ဖြစ်နေပေသည်။
ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော နိုင်ငံများတွင် အုပ်ချုပ်ရေး အဆောက်အဦများ တည်ဆောက်သည့်အခါ ငလျင်ဒဏ်ခံနိုင်ရည်ရှိရန် စနစ်တကျ တွက်ချက်တည်ဆောက်ကြသည်။ နိုင်ငံတခုတွင် သဘာဝဘေး ကျရောက်သည့်အခါ အစိုးရဝန်ထမ်းများ၊ ရုံးအဆောက်အဦများ ထိခိုက်မှု မရှိမှသာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သို့သော် နေပြည်တော် တည်ဆောက်ရေးတွင် ထိုကဲ့သို့ အစိုးရ အဆောက်အဦများအား စနစ်တကျ တွက်ချက်ဆောက်လုပ်ခဲ့ခြင်း မရှိခဲ့ပေ။
အာဏာရှင်ဟောင်း သန်းရွှေ အနေဖြင့် ငွေလိုရေလိုသုံး ဆောက်ခဲ့သည့် နေပြည်တော်ကြီးမှာ အခုကဲ့သို့ နှစ် ၂၀ အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည်မှာ အံ့သြစရာဖြစ်သည်။
အာဏာရှင်ဟောင်း သန်းရွှေ အနေဖြင့် ငွေလိုရေလိုသုံး ဆောက်ခဲ့သည့် နေပြည်တော်ကြီးမှာ အခုကဲ့သို့ နှစ် ၂၀ အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည်မှာ အံ့သြစရာဖြစ်သည်။
သဘာဝဓာတ်ငွေ့မှရသည့် ငွေများ ဗုံးပေါလအောသုံး တည်ဆောက်ခဲ့သော နေပြည်တော်မြို့တော်ကြီးအား နှစ်ပေါင်း ၂၀ ခန့်နှင့် ပျက်စီးသွားမည်ဟု ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွက်ထားလိမ့်မည် မထင်။
အနောက်နိုင်ငံများ၏ ရန်ကို စိုးရိမ်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်ရုံးချုပ်အပါအဝင် အုပ်ချုပ်ရေးနှင့်ဆိုင်သော ရုံးများအား ၂၀၀၆ ခုနှစ်တွင် နေပြည်တော်သို့ စတင် ရွှေ့ပြောင်းခဲ့သည်။ သဘာဝဓာတ်ငွေ့မှရသော ငွေများဖြင့် ငွေကို အလျှံပယ်သုံးကာ နေပြည်တော်မြို့ကြီးအား တည်ဆောက်ခဲ့သည်။

နေပြည်တော် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အဆောက်အဦများအား ထိုအချိန်က စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးက တာဝန်ယူခဲ့ပြီး အရပ်ဘက် အဆောက်အဦများအား သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန်ဖြစ်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးသိန်းညွန့်က တာဝန်ယူခဲ့သည်။
နေပြည်တော် တည်ဆောက်ရေးတွင် လုပ်ပိုင်ခွင့်ရသည့် အဓိက အဖွဲ့အစည်း သုံးခုရှိသည်။ ပထမ အဖွဲ့အစည်းမှာ စစ်အင်ဂျင်နီယာတပ် (GE) ဖြစ်ပြီး GE တပ်အောက်တွင်ရှိသော အထူးဆောက်လုပ်ရေးတပ်များမှာ နေပြည်တော် တည်ဆောက်ရေးတွင် စစ်ဘက်ဆိုင်ရာ အဆောက်အဦများ၊ လမ်းနှင့်တံတားများ တည်ဆောက်ခွင့် ရခဲ့သည်။
နေပြည်တော် တည်ဆောက်ရေးဖြင့် မီလျံနာဖြစ်သွားသည့် GE အထူးဆောက်လုပ်ရေးတပ်အရာရှိ များစွာထဲမှ လူသိများသူတဦးမှာ အဆိုတော်ပိုးထသူ နေရဲမာန် ဖြစ်သည်။ အဆိုတော် နေရဲမာန်၏ အမည်အရင်းမှာ ဗိုလ်မှူး ဌေးဝင်းဖြစ်ပြီး အထူးဆောက်လုပ်ရေးတပ်ရင်း (၃) မှ တပ်မှူးဖြစ်သည်။
နေပြည်တော် တည်ဆောက်ရေးဖြင့် မီလျံနာဖြစ်သွားသည့် GE အထူးဆောက်လုပ်ရေးတပ်အရာရှိ များစွာထဲမှ လူသိများသူတဦးမှာ အဆိုတော်ပိုးထသူ နေရဲမာန် ဖြစ်သည်။ အဆိုတော် နေရဲမာန်၏ အမည်အရင်းမှာ ဗိုလ်မှူး ဌေးဝင်းဖြစ်ပြီး အထူးဆောက်လုပ်ရေးတပ်ရင်း (၃) မှ တပ်မှူးဖြစ်သည်။
နေပြည်တော် တည်ဆောက်ရေးတွင် ဗိုလ်မှူး ဌေးဝင်း (ခေါ်) နေရဲမာန်သည် လမ်းနှင့်တံတားများကို တည်ဆောက်ရသူ ဖြစ်သည်။ သမ္မတအိမ်တော် အဝင်တံတားမှာ နေရဲမာန် တည်ဆောက်ခဲ့သည့် တံတားများစွာထဲမှ တခုဖြစ်သည်။
“လမ်းတွေ အဆောက်အဦတွေမှာ အဓိကတော့ ဘိလပ်မြေဖျော်တဲ့နေရာမှာ ဘိလပ်မြေအိတ် အရေအတွက်ကို လျှော့ပြီး ထည့်ကြတာ၊ တခါဖျော်ရင် ငါးအိတ်ပဲ လျှော့ထည့်ရင်ကိုပဲ ရတဲ့ဟာက မနည်းဘူး” ဟု နေပြည်တော် ဆောက်လုပ်ရေးတွင် အလုပ်လုပ်ခဲ့သည့် အင်ဂျင်နီယာတဦးက ပြောသည်။ ထို့ကြောင့် ငလျင်လှုပ်သည့်အခါ အပျက်အစီးနှင့် အသေအပျောက် များရခြင်းဖြစ်သည်ဟုလည်း အဆိုပါ အင်ဂျင်နီယာက ပြောသည်။
နေပြည်တော် တည်ဆောက်ရေးကြောင့် ဗိုလ်မှူး ဌေးဝင်းမှာ မီလျံနာဖြစ်လာခဲ့ပြီး နေရဲမာန် နာမည်ဖြင့် တေးစီးရီးများစွာ ထွက်ခဲ့သည်။ မြန်မာပြည်တွင် သူနှင့်တွဲကာ VCD နှင့် MTV မရိုက်ဖူးသည့် အနုပညာရှင် မရှိသလောက် ဖြစ်ခဲ့သည်။

နေပြည်တော် တည်ဆောက်ရေးတွင် နောက်ထပ် လုပ်ပိုင်ခွင့်ရသည့် အုပ်စုတစုမှာ စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်သည်။ နေပြည်တော် တည်ဆောက်ရေးတွင် လုပ်ပိုင်ခွင့်ရသူများအနက် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး Nandar Aye ကုမ္ပဏီ၊ ဒုဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏သား တေဇစောဦး ကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏သား ကုမ္ပဏီ၊ ဝန်ကြီး ဦးသိန်းညွန့်၏ သားသမီးများပိုင်သော TZTM ကုမ္ပဏီနှင့် စစ်အင်ဂျင်နီယာတပ်၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တင်ထွန်း၏ သမီး ဒေါ်နီနီတင်ထွန်းတို့ ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့်ရခဲ့ကြသည်။
အဆိုပါကုမ္ပဏီများသည် စစ်ဘက် အဆောက်အဦများအပြင် ဝန်ထမ်းအိမ်ရာများ၊ အစိုးရရုံးများပါ လုပ်ပိုင်ခွင့်ရခဲ့သည်။ ဝန်ကြီး ဦးသိန်းညွန့် မိသားစုပိုင်သော TZTM ကုမ္ပဏီသည် အစိုးရရုံးများနှင့်ဈေးများ ဆောက်လုပ်ခွင့် ရခဲ့သည်။
မြို့မဈေးအနီးရှိ ဘူးကွဲဝန်ထမ်းအိမ်ရာမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီမှ ဆောက်လုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်လေဆိပ်အား အေးရှားဝေါကုမ္ပဏီနှင့် ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၏သား ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အရပ်ဘက် ခရိုနီကုမ္ပဏီများထဲမှ နေပြည်တော် တည်ဆောက်ရေးတွင် အဓိက လုပ်ပိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ ဝန်ကြီး ဦးတင့်ဆန်း ပိုင်သည့် ACE ဆောက်လုပ်ရေးကုမ္ပဏီ၊ သရုပ်ဆောင် သျှားညို (ဦးသာဌေး၏ သား) မိသားစု ပိုင်သော Original Group ဆောက်လုပ်ရေးကုမ္ပဏီ၊ အေးရှားဝေါကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ၊ ဧဒင်ဆောက်လုပ်ရေး ကုမ္ပဏီ၊ A-1 ဆောက်လုပ်ရေးကုမ္ပဏီ၊ ဦးအိုက်ထွန်း ပိုင်သော ရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဦးဇော်ဝင်းရှိန် ပိုင်သော ဧရာဟင်္သာကုမ္ပဏီတို့မှာ အဓိက လုပ်ပိုင်ခွင့်ရခဲ့သော ကုမ္ပဏီများ ဖြစ်သည်။
အရပ်ဘက် ခရိုနီကုမ္ပဏီများထဲမှ နေပြည်တော် တည်ဆောက်ရေးတွင် အဓိက လုပ်ပိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ ဝန်ကြီး ဦးတင့်ဆန်း ပိုင်သည့် ACE ဆောက်လုပ်ရေးကုမ္ပဏီ၊ သရုပ်ဆောင် သျှားညို (ဦးသာဌေး၏ သား) မိသားစု ပိုင်သော Original Group ဆောက်လုပ်ရေးကုမ္ပဏီ၊ အေးရှားဝေါကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ၊ ဧဒင်ဆောက်လုပ်ရေး ကုမ္ပဏီ၊ A-1 ဆောက်လုပ်ရေးကုမ္ပဏီ၊ ဦးအိုက်ထွန်း ပိုင်သော ရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဦးဇော်ဝင်းရှိန် ပိုင်သော ဧရာဟင်္သာကုမ္ပဏီတို့မှာ အဓိက လုပ်ပိုင်ခွင့်ရခဲ့သော ကုမ္ပဏီများ ဖြစ်သည်။
ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ခဲ့သည့် လွှတ်တော် အဆောက်အဦမှာ ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်ကို ဧဒင်ဆောက်လုပ်ရေးကုမ္ပဏီ၊ ဒုတိယ သမ္မတအိမ်နှင့် လွှတ်တော် ဥက္ကဋ္ဌ နေအိမ်များကို ထူးကုမ္ပဏီတို့က ဆောက်လုပ်ခွင့်ရခဲ့သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပခဲ့သည့် နေပြည်တော်ရှိ အားကစားရုံကြီးမှာ ဦးဇော်ဇော်ပိုင်သည့် Max Myanmar ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သည့် အဆောက်အဦများထဲမှ ထင်ရှားသည့် အဆောက်အဦးတခုဖြစ်သည်။

နေပြည်တော်လေဆိပ်နှင့် MICC ခန်းမအနီးရှိ ဝန်ထမ်းအိမ်ရာများမှာ အေးရှားဝေါကုမ္ပဏီက ဆောက်လုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာတဦးက ပြောသည်။
ဝန်ထမ်းအိမ်ရာတွေနဲ့ ရုံးတွေက အေးရှားဝေါရယ်၊ ထူးရယ်၊ ACE ရယ်၊ ဦးသိန်းညွန့် ကုမ္ပဏီရယ်၊ Max Myanmar ရယ်က အဓိက ဆောက်ခဲ့တာဟုလည်း အမည်မဖော်လိုသည့် အင်ဂျင်နီယာတဦးက ပြောသည်။
“ဘာစနစ်မှ မရှိဘူး၊ မြန်မြန်ပြီးရေးပဲ လုပ်ခဲ့တာ။ ကွာလတီကွန်ထရိုး မရှိခဲ့ဘူး၊ ဘယ်တော့ပြီးမလဲပဲ မေးတာ” ဟု နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခဲ့သည့် အင်ဂျင်နီယာတဦးက ပြောသည်။ ထို့ပြင် အဆောက်အဦ မဆောက်ခင်မှာပင် ပိုက်ဆံကို သံသေတ္တာများဖြင့် ပေးခဲ့ပြီး အများစုမှာ ကျပ်တထောင်တန်များ ဖြစ်သည်။
ထို့ကြောင့်လည်း နေပြည်တော် တည်ဆောက်ရေးတွင် လုပ်ပိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများ၊ တဆင့်ခံကုမ္ပဏီများ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး သူဌေးကြီးများ ဖြစ်လာခဲ့ကြသည်။
နေပြည်တော် တည်ဆောက်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငွေ ဗုံးပေါလအော သုံးခဲ့သော်လည်း တည်ဆောက်ရေးတွင် စနစ်တကျ မလုပ်ခဲ့ပေ။ ဗိုလ်ချုပ်များ နေထိုင်သည့်အိမ်များကိုသာ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သည့်အခါ နဝတခေတ်က ထိပ်သီး ဗိုလ်ချုပ်ကြီး ခြောက်ဦးနေသော ခြောက်လုံးတန်း အိမ်ရာမှာ ခြံစည်းရိုးအနည်းငယ် အုတ်တံတိုင်းပြိုပျက်မှုသာ ဖြစ်ခဲ့သည်။
နေပြည်တော် တည်ဆောက်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငွေ ဗုံးပေါလအော သုံးခဲ့သော်လည်း တည်ဆောက်ရေးတွင် စနစ်တကျ မလုပ်ခဲ့ပေ။ ဗိုလ်ချုပ်များ နေထိုင်သည့်အိမ်များကိုသာ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သည့်အခါ နဝတခေတ်က ထိပ်သီး ဗိုလ်ချုပ်ကြီး ခြောက်ဦးနေသော ခြောက်လုံးတန်း အိမ်ရာမှာ ခြံစည်းရိုးအနည်းငယ် အုတ်တံတိုင်းပြိုပျက်မှုသာ ဖြစ်ခဲ့သည်။

ထို့ပြင် ဒုဗိုလ်ချုပ်ကြီးများ နေထိုင်သည့် ရာဇသင်္ဂဟ အိမ်ရာ (၁) နှင့် ရာဇသင်္ဂဟ အိမ်ရာ (၂) တို့တွင် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။ အရပ်ဘက်ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးများ၊ လမ်းများ၊ ဆေးရုံးဆေးခန်းများ ပျက်စီးမှု များခဲ့ပြီး လူထိခိုက်သေဆုံးမှု များခဲ့သည်။
ငွေကိုခင်း၍ ဆောက်ခဲ့သော နေပြည်တော်မြို့တော်ကြီးမှာ နှစ်ပေါင်း ၂၀ အတွင်း မြို့ပျက်ကြီးတခု ဖြစ်သွားခဲ့လေသည်။ သဘာဝဓာတ်ငွေ့မှရသော ငွေများ လေလွင့်ဆုံးရှုံးသွားခဲ့ရလေပြီ။
မူလအခြေအနေသို့ ပြန်လည် ရောက်ရှိရန် အချိန်အတော်ကြာ ပြန်လည် တည်ဆောက်ရမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် နေပြည်တော်သည် ပွဲပျက်နေလေပြီ။
You may also like these stories:
ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်
စစ်ကိုင်းငလျင်ကြီးမှာ စစ်တပ် ဘယ်လောက် ထိသလဲ
နေပြည်တော် ရေပေါ်ဆီရပ်ကွက်တွေကိုလည်း ငလျင်က ချမ်းသာမပေး
ငလျင်ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်သလား
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား