• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
in ဆောင်းပါး
A A
ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”
27.1k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် ခြောက်လုံးတန်းကို မြန်မာ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သိကြပါသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ နေထိုင်သော အိမ်ရာများ ဖြစ်ကြသည်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
390
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
3.5k
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
320

ပင်စင်စား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ၏ Villa Mansion များကို မြန်မာပြည်၏ ထိပ်တန်း ခရိုနီကြီးများ ဖြစ်သော ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် တို့က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုနေရာကိုတော့ ရာဇသင်္ဂဟ အဝိုင်းဟု တရားဝင် ခေါ်ပြီး ဦးသန်းရွှေ အိမ်ဘေးမှာတော့ ဦးတင်အေး၊ ဦးမောင်အေး နှင့် သီဟ သူရ တင်အောင်မြင့်ဦး အိမ်တို့ အစဉ်လိုက် ရှိပါသည်။

ဦးသန်းရွှေ အိမ်ကတော့ A1 ဖြစ်ပြီး ဦးမောင်အေး အိမ်အမှတ်ကတော့ A2 ဖြစ်သည်။

ထိုအိမ်များသည် ဧကနှင့်ချီ ကျယ်ဝန်းပြီး ရေကူးကန်၊ ဂေါက်ကွင်း နှင့် အခြား စိတ်အပန်းဖြေ ဇိမ်ခံ ပစ္စည်းများကိုလည်း မိသားစုများ အကြိုက် ထည့်သွင်း တည်ဆောက်ပေးရခြင်း ဖြစ်သည်။

ငလျင်ကြီး လှုပ်သော ကာလ အတွင်းမှာတော့ ခြောက်လုံးတန်းလည်း ငလျင်ဒဏ် ခံခဲ့ရသည်။ အထိအခိုက် ကတော့ သိပ်မများဟု ဆိုသည်။

မျက်နှာကျက်များ ပြိုကျခြင်း၊ နံရံများ ကွဲအက်ခြင်းများ ဖြစ်ခဲ့သည်ကိုတော့ သိခဲ့ရသည်။ စစ်အင်ဂျင်နီယာများက သွားရောက် ပြင်ဆင် ပေးခဲ့ရသည်ဟု ဆိုသည်။

နေပြည်တော် ရာဇသင်္ဂဟ လမ်းထောင့်တွင် တည်ရှိသော အမှတ် ၃၇ အစိုးရ ရုံး အဆောက်အအုံ တခု / ဧရာဝတီ

ငလျင်လှုပ်ပြီးနောက် ဗိုလ်ချုပ်ကြီး သိန်းစိန် မိသားစုနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုတို့ ရန်ကုန်ကို ပြောင်းရွှေ့ နေထိုင်ကြကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့သေးသည်။

ခြောက်လုံးတန်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိရဖို့က ခက်သည်။

ယခင် နိုင်ငံရေး ရာသီဥတု ကောင်းစဉ်တုန်းကတော့ တရုတ်၊ စင်ကာပူ၊ ထိုင်း သံအမတ်များ၊ စီးပွားရေး သမားကြီးများ၊ ထိုင်း ခရိုနီကြီးများ အပါအဝင် ဗိုလ်ချုပ်ဟောင်းများ သီတင်းကျွတ် နှင့် သင်္ကြန် ကာလများတွင် သွားရောက် ဂါရဝပြု တွေ့ဆုံကြသည်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အသွားအလာတွေ ကျဲသွားသည်။

နောက်ပိုင်းတွင် ခြောက်လုံးတန်း လုံခြုံရေး အစောင့်အကြပ်တွေကို လဲပစ်လိုက်သည်။

တရုတ် ကွန်မြူနစ် ပါတီ နှင့် တရုတ် အစိုးရ အဆင့်မြင့် အရာရှိကြီးများ လွန်ခဲ့သော ၂ နှစ်ခန့်က ဘဝရှင် မင်းတြားကြီးကို သွားရောက် တွေ့ဆုံခဲ့သည်ကိုတော့ သတင်းများမှာ ဖတ်ရသည်။

၂၀၂၄-၂၀၂၅ မှာတော့ ခြောက်လုံးတန်းက ကြီးကြီးမာစတာ မိသားစုများ အကြောင်းက စုံးစုံးမြုပ်သွားတာကို တွေ့ရသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုတော့ တပ်မတော်နေ့ အခမ်းအနား များတွင် အကန်တော့ခံ အနေဖြင့် တွေ့မြင် ရသည်။ ဗိုလ်ချုပ်ကြီး တင်အေးကိုလည်း မနှစ်က တွေ့ရသည်။

ခြောက်လုံးတန်းက ၇၀ ကျော် ၈၀ တန်းဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ အနေအထား၊ ကျန်းမာရေး ဘယ်လို ရှိနေသလဲ။

စိတ်ဝင်တစား ဖြစ်စေမယ့် မေးခွန်းပင် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ပင်စင်စား ဗိုလ်ချုပ်ကြီးများ စစ်ကောင်စီ ထံမှာ “ခွင့်တိုင်” နေရသည် ဆိုသည့် သတင်းပင် ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်အေး မကြာသေးခင်က ရန်ကုန်ရှိ ပန်းလှိုင် ဆေးရုံကြီးမှာ ဆရာဝန်နှင့် ချိန်းဆိုထားချိန် သူသွားခွင့်မရ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေ့လယ်စာ စားရန် နှစ်သက်သည် ဆိုသော နေပြည်တော်က ရေကူးကန် ပါသည့် Mt.Pleasant Hotel ကို တွေ့ရစဉ် /ဧရာဝတီ

ဆေးရုံ ဆရာဝန်နှင့် တွေ့ဆုံခွင့်ကို စာရေးပြီး တင်ရသည်။

“ခွင့်တိုင်စာ” ကို စစ်ကောင်စီ ဘက်မှ စိစစ်ပြီး ခွင့်ပြုချက် ရဖို့အတွက် ၇၂ နာရီ စောင့်လိုက်ရသည်ဟု မိသားစုဝင်များက ပြောဆိုခဲ့သည်။

ခွင့်ပြုချက် ရပြီးတော့မှ ရန်ကုန်ကို ဆင်းပြီး ဆရာဝန်ကို တွေ့ရသည်။

ထိပ်တန်း ခရိုနီ သူဌေးကြီးများလည်း နိုင်ငံခြားကို သွားမည် ဆိုလျှင် “ခွင့်တိုင်” နေရသည်ဟု နေပြည်တော် သတင်း ရပ်ကွက် က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုလည်း “ခွင့်တိုင်” နေရသည်။ ဧည့်သည် အဝင်အထွက် များကိုလည်း စိစစ် ခံနေရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် ဒေါက်တာ နေစိုးမောင်ကိုလည်း စစ်ကောင်စီက ယခု နှစ်ဆန်း ဇန်နဝါရီလ အတွင်းက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ထားသေးသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၁ ခုနှစ်တွင် အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း နှင့် သူ၏ သမီး ဒေါ်ခင်စန္ဒာဝင်းကို နေအိမ် အကျယ်ချုပ် ချခဲ့သည်။ ဗိုလ်ချုပ်ကြီး နေဝင်း မြေးများကိုတော့ နရသိန် အကျဉ်းထောင်သို့ ပို့ခဲ့သူ ဖြစ်သည်။

ခြောက်လုံးတန်းတွင် ခွင့်တိုင်စရာ မလိုသူ ဗိုလ်ချုပ်ကြီး တဦးတော့ ရှိသည်ဟု သိရသည်။

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးပင် ဖြစ်သည်။

တပ်မတော် ကြည်းချုပ် တာဝန်ကို ယူခဲ့ပြီး နဝတ ၊ နအဖ ဒုဥက္ကဌ တာဝန်ကို နှစ်ပေါင်း ၂၀ ခန့် တာဝန်ယူခဲ့သူ ဖြစ်သည်။

နေပြည်တော် လွှတ်တော် အဆောက်အအုံ မြင်ကွင်း / Wikimedia

DSA အမှတ်စဉ် (၁) ဆင်းလည်း ဖြစ်သည်။

ဦးမောင်အေးက ယခုအခါမှာတော့ လေဖြတ် ရောဂါကြောင့် လူနာတင် လက်တွန်းလှည်း နှင့် နေထိုင်နေရသူ ဖြစ်သည်။

သူသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ နေရာ) နေရာကို ယခု လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ပေးဖို့ အတွက် မှတ်ချက် ပေးခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ရာဇသင်္ဂဟ အဝိုင်းအနီးရှိ ထိုခြောက်လုံးတန်းမှာပင် သူ့အတွက် အိမ်တော် တလုံးကို လွန်ခဲ့သော နှစ်များ အတွင်းက စတင်ပြီး တည်ဆောက်နေပြီ ဖြစ်သည်။

ထို့ပြင် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ လူယုံတော်များသည် (ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း အပါအဝင်) ယနေ့တွင် မြန်မာ စစ်တပ်၏ ထိပ်ပိုင်း နေရာများကို ရယူထားကြပြီ ဖြစ်သည်။

လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒု ဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည်လည်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တူ တော်စပ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်းက အဂတိ လိုက်စားမှုဖြင့် အရေးယူ ခံရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညာလက်ရုံး ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည်လည်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူ ဖြစ်သည်ဟု ဆိုသည်။

ယခု စစ်ခေါင်းဆောင် အပေါ်မှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကျေးဇူးတွေ အများကြီး ရှိခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေက ဒီအကွက်တွေကို နောင်ကျမှ သိရှိ သဘောပေါက် သွားခဲ့သည်ဟု ဆိုသည်။ ဦးမောင်အေးက သူ့ကို တကွက် ကြောသွားတာကို နောက်မှ သိလိုက်ရခြင်း ဖြစ်သည်။

ခြောက်လုံးတန်းမှာ ဗိုလ်ချုပ်ကြီး အေး ဟု တပည့် သာဝကများက ချစ်စနိုးနှင့် ခေါ်ဆိုသူ တဦးသည် “ခွင့်တိုင်” စရာ မလိုသော စာရင်း ပေါက်သူဖြစ်ပြီး ကျန်သူများကတော့ “ခွင့်တိုင်” ရသည့် စာရင်းဝင်များ ဖြစ်သွားခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ။

Your Thoughts …
Tags: ခရိုနီခြောက်လုံးတန်းနေပြည်တော်နေဝင်းမင်းအောင်လှိုင်မောင်အေးရာဇသင်္ဂဟသန်းရွှေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.1k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.3k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.3k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

Next Post
ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ

မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

21 hours ago
3.5k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate