• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
in ဆောင်းပါး
A A
ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

၂၀၁၉ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ကျန်းရှီခရိုင်၊ ဂွမ်ကျိုးမြို့ရှိ JL MAG Rare-Earth ကုမ္ပဏီသို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သွားရောက် လည်ပတ်စဉ် / Xinhua

5.2k
VIEWS
Share on FacebookShare on Twitter

ဒေါ်နယ် ထရမ့် အမေရိကန်သမ္မတ ပထမသက်တမ်း တရုတ်နှင့် ကုန်သွယ်ရေးစစ် တနှစ်မပြည့်မီ တရုတ် သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံအရှေ့တောင်ပိုင်းမှ တောင်တန်းထူထပ်သည့်ဒေသမှ စက်မှုမြို့ဖြစ်သည့် ဂွမ်ကျိုးမှ လူသိနည်းသည့် စက်ရုံတခုသို့ ခမ်းခမ်းနားနား သွားရောက်သည်။

ထိုစက်ရုံ၏ပြခန်းကို ၂၀၁၉ ခုနှစ်တွင် လှည့်ပတ်ကြည့်ပြီးနောက် သမ္မတ ရှီကျင့်ဖျင်သည် မထူးခြားလှသည့် မီးခိုးရောင် သတ္တုတုံးများ အထပ်လိုက် ပုံထားသည်ကို စစ်ဆေးပြီး သူ၏ခရီးဖော် ကွန်မြူနစ်ပါတီ အရာရှိများအား “မြေရှားသတ္တုတွေဟာ အရမ်းကို သေနင်္ဂဗျူဟာကျတဲ့ သယံဇာတတွေဖြစ်တယ်” ဟု ပြောသည်။

RelatedPosts

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
976
မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
320
ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

22 May 2025
774

ထို့နောက် ခြောက်နှစ်နီးပါး ကြာသောအခါ မြေရှားသတ္တုများ ဖြန့်ချိရေးကွင်းဆက်ကို တရုတ်လွှမ်းမိုးမှုသည် အမေရိကန် သမ္မတနှင့် အသစ်တဖန် ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲတွင် စွမ်းအားပြင်းသည့် ဝှက်ဖဲအဖြစ် ပါဝင်လာသည်။ အိုင်ဖုန်းမှ လျှပ်စစ်မော်တော်ယာဉ်အထိ အရာရာကို ဓာတ်အားပေးရန် အသုံးပြုသည့် ထိုတွင်းထွက်များသည် အနာဂတ်ကို ပုံဖော်မည့် အဆင့်မြင့်နည်းပညာ အမျိုးမျိုးအတွက် အဓိကကျသော အစိတ်အပိုင်းများဖြစ်သည်။

သွင်းကုန်ခွန်များနှင့် မတူဘဲ ထိုကိစ္စသည် သမ္မတ ထရမ့်အနေဖြင့် လက်တုံ့ပြန်ရန် အခွင့်သာမှု နည်းသည့် ထိပ်တိုက်တွေ့မှု ဖြစ်သည်။

မြေရှားသတ္တုများသည် ရွှေထက် ပိုမိုပေါများပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားတွင် တွေ့ရသည့် ဒြပ်စင် ၁၇ ခု၏ အုပ်စုဖြစ်သည်။ သို့သော် ၎င်းတို့ကို တူးဖော်ရန်နှင့် သန့်စင်ရန် ခက်ခဲ၊ အကုန်အကျများပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည်။

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ တရုတ်အစိုးရသည် ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ ၆၁ ရာခိုင်နှုန်းသာ ထုတ်လုပ်သော်လည်း ယင်းထုတ်လုပ်မှု၏ ၉၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ပြောသည်။

ထိုသို့ နှစ်ပေါင်းများစွာ သွယ်ဝိုက် သတိပေးပြီးနောက် ဧပြီလ ၄ ရက်နေ့တွင် တရုတ်အစိုးရသည် မြေရှားသတ္တု ၇ မျိုး တင်ပို့မှုအတွက် ကန့်သတ်ချက်များ ချလိုက်သည်။ ယင်းမှာ သမ္မတ ထရမ့်က တရုတ်ကုန်စည်များအပေါ် လက်တုံ့ပြန်အခွန် ၃၄ ရာခိုင်နှုန်း ချမှတ်ခြင်းကို လက်စားချေမှု တစိတ်တပိုင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တရုတ်နိုင်ငံ၊ ကွင်ဒေါင်တွင် ကုန်ချနေသည့် ကုန်တင်သင်္ဘောတစီး / Getty Images

ထိုစည်းမျဉ်းသစ်အရ ကုမ္ပဏီများအားလုံးသည် ထိုတွင်းထွက် ၇ မျိုးနှင့် သံလိုက်များ အပါအဝင် ဆက်စပ်ပစ္စည်းများကို ပြည်ပတင်ပို့ရန် အစိုးရ၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်။

မြေရှားသတ္တုဖြင့် ပြုလုပ်သည့် သံလိုက်များသည် စမတ်ဖုန်းများ၊ ကားများ၊ ဂျက်အင်ဂျင်များ၊ ရောဂါရှာဖွေရေး MRI ပုံရိပ်ဖော်စက်များတွင် သုံးသည့် မော်တာများနှင့် ဓာတ်အားပေးစက်များ၏ လုပ်ဆောင်မှုကို ပိုမိုပမာဏနည်းစေပြီး စွမ်းဆောင်ရည် ရှိစေသည်။ ထိုသတ္တုများသည် F-35 သူလျှို ဂျက်တိုက်လေယာဉ်မှသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများအထိ တန်ဖိုးမြင့် လက်နက်များတွင်လည်း မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းများ ဖြစ်သည်။

“ဒါဟာ တရုတ်က အမေရိကန် စက်မှုလုပ်ငန်းကို အမှန်တကယ် ထိခိုက်စေနိုင်တဲ့၊ မယုံနိုင်လောက်တဲ့ သေနင်္ဂဗျူဟာကျ၊ ထိုးဖောက် တိုက်ခိုက်နိုင်တဲ့ စီးပွားရေးအင်အားကို ပြသလိုက်တာပဲ” ဟု မီရှီဂန်တက္ကသိုလ်၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာမူဝါဒ ပါမောက္ခ ဂျပ်စတင် ဝုလ်ဖားစ်က ပြောသည်။

မြေရှားဒြပ်စင်များ အပါအဝင် အရေးပါသော တွင်းထွက်များအပေါ် အလားအလာရှိသော သွင်းကုန်ခွန်များသည် အမေရိက လုံခြုံရေး၊ ခံနိုင်ရည်နှင့် ပတ်သက်၍ သက်ရောက်မှုကို အကဲဖြတ် စုံစမ်းစစ်ဆေးရန် ဧပြီလ ၁၅ ရက်နေ့တွင် သမ္မတ ထရမ့်က ညွှန်ကြားသည်။

မြေရှားဒြပ်စင်များ အပါအဝင် အရေးပါသော တွင်းထွက်များအပေါ် အလားအလာရှိသော သွင်းကုန်ခွန်များသည် အမေရိက လုံခြုံရေး၊ ခံနိုင်ရည်နှင့် ပတ်သက်၍ သက်ရောက်မှုကို အကဲဖြတ် စုံစမ်းစစ်ဆေးရန် ဧပြီလ ၁၅ ရက်နေ့တွင် သမ္မတ ထရမ့်က ညွှန်ကြားသည်။

“သွင်းကုန်အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ မှီခိုမှုနဲ့ ကျနော်တို့ ကုန်စည်ဖြန့်ချိရေးဈေးကွက် ထိခိုက်လွယ်မှုက အမျိုးသား လုံခြုံရေး၊ ကာကွယ်ရေး အသင့်ရှိမှု၊ ဈေးနှုန်းတည်ငြိမ်မှုနဲ့ စီးပွားရေးကြွယ်ဝချမ်းသာမှုနဲ့ ခံနိုင်ရည်ရှိမှုကို အန္တရာယ်ကျရောက်စေနိုင်တဲ့ အလားအလာတွေ ဖြစ်စေတယ်” ဟု မစ္စတာ ထရမ့်က ပြောသည်။

မစ္စတာ ထရမ့်၏ ပထမ အစိုးရသက်တမ်းမှ စတင်ပြီး အမေရိကန် ပြည်ထောင်စုသည် ပြည်တွင်း မြေရှားသတ္တု ဖြန့်ချိရေးကွင်းဆက် အမီလိုက်ရန်နှင့် တည်ဆောက်ရန် ကြိုးစားသည်။ ၎င်းတို့သည် ထုတ်လုပ်ရေးစွမ်းရည် တိုးချဲ့ရန်၊ အမေရိကန် မဟာမိတ်များနှင့် မိတ်ဖက်နိုင်ငံများမှ ကုန်ကြမ်းများ ဝယ်ယူရန် ကြိုးစားနေကြောင်း အမေရိကန် မြေရှားသတ္တုလုပ်ငန်း ကုမ္ပဏီ သုံးခုက CNN သတင်းဌာနသို့ ပြောသည်။

သို့သော် ထိုအားထုတ်မှုများသည် အမေရိကန် အဓိကလုပ်ငန်းများ၏ အလွန်ကြီးမားသော ဝယ်လိုအားကို ဖြည့်ဆည်းရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။

ဆိုင်းငံ့လိုက်ရသော အမှာစာများ

လက်ရှိအချိန်တွင် တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများ သက်ရောက်မှုကို လက်တွေ့မြေပြင်တွင် အလျင်အမြန် ခံစားလိုက်ရသည်။

ထိုအမိန့်ကို ချမှတ်လိုက်သည့် အချိန်မှ စတင်ပြီး တရုတ်မှ မြေရှားသတ္တု သံလိုက်တင်ပို့မှုနှင့် သက်ဆိုင်သည့် အမေရိကန်နှင့် ဥရောပ ကုမ္ပဏီ အနည်းဆုံး ငါးခုသည် တင်ပို့မှု ရပ်ဆိုင်းလိုက်ကြောင်း မြေရှားသတ္တု သံလိုက် အတိုင်ပင်ခံ လုပ်ငန်း JOC ကို တည်ထောင်သူ ဂျွန် အော်မာရော့ဒ်က ပြောသည်။

“သူတို့က အငိုက်မိသွားတာတော့ သူတို့ဘက်မှာ ဖရိုဖရဲဖြစ်ကုန်ပြီး လိုအပ်တဲ့ ပို့ကုန်လိုင်စင်ရဖို့ ဘာတွေလိုလဲဆိုတာ အာဏာပိုင်တွေကို ပြန်မေးနေရတယ်” ဟု ၎င်းကပြောသည်။

ထိုအရေးပါသော ကုန်ကြမ်းများကို အဓိကကျသည့် အမေရိကန် လုပ်ငန်းများသို့ တင်ပို့ရန် ထိုကုမ္ပဏီများသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်တောင်းရမည့် အဓိပ္ပာယ်ဖြစ်သည်

ပို့ကုန်ထိန်းချုပ်မှုများသည် တရုတ်က ၉၈ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် သိပ်သည်းဆများသော မြေရှားသတ္တုများကို အဓိကထားသည်ဟု USA Rare Earth အမှုဆောင်အရာရှိချုပ် ဂျိုရွှာ ဘဲလတ်ဒ်က ပြောသည်။ (အက်တမ် အလေးချိန်များသော မြေရှားသတ္တုကို တွေ့ရနည်းပြီး သန့်စင်ရန် ပိုမိုခက်ခဲကာ ပိုမို အဖိုးတန်သည်။) ထိုအရေးပါသော ကုန်ကြမ်းများကို အဓိကကျသည့် အမေရိကန် လုပ်ငန်းများသို့ တင်ပို့ရန် ထိုကုမ္ပဏီများသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်တောင်းရမည့် အဓိပ္ပာယ်ဖြစ်သည်ဟု ၎င်းကပြောသည်။

“အခု လောလောဆယ် အဲဒီ ပို့ကုန်တွေကို ဆိုင်းငံ့ထားတယ်။ အဲဒီ ပစ္စည်းလက်ကျန်ကလည်း အမေရိကန် ပြည်ထောင်စုမှာ သိပ်မရှိဘူး။ တရုတ်အတွက် အခွင့်ကောင်းပဲ။ သူတို့မှာ အခွန်နဲ့ ပတ်သက်ရင် ကျနော်တို့အပေါ် သြဇာမရှိဘူး။ ဒါပေမယ့် ဒီနယ်ပယ်မှာတော့ သြဇာရှိတယ်” ဟုလည်း ဂျိုရွှာ ဘဲလတ်ဒ်က ပြောသည်။

ပို့ကုန်ထိန်းချုပ်မှုများသည် ကုန်ကြမ်းတခုချင်းစီကိုသာမက ထိုဒြပ်စင်များ အနည်းငယ်မျှသာပါသည့် သတ္တုစပ်များနှင့် ထုတ်ကုန်များကိုလည်း ပစ်မှတ်ထားသည်ဟု စင်ကာပူအခြေစိုက် တွင်းထွက်နှင့် သတ္တုဖြန့်ချိရေး ကွင်းဆက်လုပ်ငန်း Ginger International Trade and Investment ဒါရိုက်တာ သောမတ်စ် ကရူရန်းမားက ပြောသည်။ “ပို့ကုန်အများစုက လိုင်စင်စနစ်အောက်မှာ ပါဝင်ကုန်တာ” ဟုလည်း ၎င်းကပြောပြီး တင်ပို့သူများသည် စနစ်သစ်တွင် လမ်းကြောင်းရှာနေဆဲဖြစ်သောကြောင့် နှောင့်နှေးမှုအချို့ရှိမည်ဟု မျှော်လင့်ရသည်။

ဆယ်စုနှစ်များစွာ ကြိုတင်ပြင်ဆင်

တရုတ်နိုင်ငံသည် မြေရှားသတ္တုများတူးဖော်မှုကို စောစီးစွာ ၁၉၅၀ ပြည့်နှစ်များကပင် စတင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသော်လည်း ထိုလုပ်ငန်းသည် ၁၉၇၀ ပြည့်နှစ်များ နှောင်းပိုင်းမှသာ စတင် တိုးတက်လာသည်။

တရုတ်နိုင်ငံ၊ အန်ဟွေးခရိုင်၊ ဖူယန်မြို့ရှိ အလုပ်သမားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်က တွေ့ရစဉ် / Getty Images

ထိုကာလအတွင်း တရုတ်နိုင်ငံသည် လုပ်အားခ သက်သာခြင်းနှင့် ပြည်ပ နည်းပညာများ ချမှတ်ရာတွင် နှိုင်းယှဉ်ချက်အားဖြင့် လျော့ရဲသော စံနှုန်းများကို ပေါင်းစပ်ခဲ့သည်ဟု မြေရှားသတ္တုနှင့် သံလိုက်ပစ္စည်း အတိုင်ပင်ခံလုပ်ငန်း Spontaneous Materials ကို တည်ထောင်သူ စတန် ထရောက်က ပြောသည်။

“သူတို့ တင်သွင်းတဲ့ နည်းပညာအများစုက အမေရိက ဒါမှမဟုတ် ဂျပန်နဲ့ ဥရောပမှာ ဖော်ထုတ်ခဲ့တဲ့ နည်းပညာတွေပဲ။ နောက်တော့ နှစ်တွေကြာလာတဲ့အခါ သူတို့က အဲဒီနည်းပညာကို တိုးတက်အောင် လုပ်ခဲ့တယ်လို့ ကျနော်ထင်တယ်”

“သူတို့ တင်သွင်းတဲ့ နည်းပညာအများစုက အမေရိက ဒါမှမဟုတ် ဂျပန်နဲ့ ဥရောပမှာ ဖော်ထုတ်ခဲ့တဲ့ နည်းပညာတွေပဲ။ နောက်တော့ နှစ်တွေကြာလာတဲ့အခါ သူတို့က အဲဒီနည်းပညာကို တိုးတက်အောင် လုပ်ခဲ့တယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းကပြောသည်။

နိုင်ငံတွင် မြေရှားသတ္တုထုတ်လုပ်မှု တိုးတက်လာသောအခါ တရုတ်သည် ထိုတွင်းထွက်များ၏ သေနင်္ဂဗျူဟာအရ အရေးပါမှုကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ “ဒီနည်းပညာဟာ သူတို့တိုက ကျွမ်းကျင်အောင် လုပ်ရမယ့် အရေးကြီးတဲ့ နည်းပညာဖြစ်ကြောင်း အသိအမှတ်ပြုလာတယ်” ဟုလည်း ထရောက်က ပြောသည်။

၁၉၉၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ထုတ်လုပ်ရာ အချက်အချာများအနက် တခုဖြစ်သော အတွင်းပိုင်း မွန်ဂိုလီးယားသို့ သွာရောက်စဉ် နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့သည့် တိန့်ရှောင်ဖိန်က “ရေနံက အရှေ့အလယ်ပိုင်းမှာ ရှိပေမယ့် တရုတ်မှာ မြေရှားသတ္တုတွေ ရှိတယ်” ဟု လူသိရှင်ကြား ပြောခဲ့သည်။ ယနေ့တွင် တရုတ်နိုင်ငံသည် ထိုကုန်ကြမ်းများ ဖြန့်ချိရေးကွင်းဆက်တခုလုံးကို လွှမ်းမိုးခြင်းဖြင့် ခေါင်းဆောင် တိန့်ရှောင်ဖိန်၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်သည်။

ယခုအခါ အလုပ်သမား လုပ်အားခများ မြင့်တက်လာသော်လည်း တရုတ်သည် အရင်းအနှီးများသော ထိုလုပ်ငန်းတွင် နည်းပညာ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အလိုအလျောက်စနစ်များတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အား ထက်သန်သောကြောင့် ထိုလုပ်ငန်းကို တရုတ်၏ ထိန်းချုပ်မှုသည် ခိုင်မာလာသည်ဟု ဂျွန် အော်မာရော့ဒ်က ပြောသည်။

တချိန်က ထိုမြေရှားသတ္တုသံလိုက်များ ထုတ်သည့် အမေရိကန် ကုမ္ပဏီများရှိသော်လည်း ၎င်းတို့သည် ကုန်ကျစရိတ် နည်းသည့် တရုတ်လုပ်ငန်းများ ပေါ်ထွက်လာသောအခါ ထိုလုပ်ငန်းမှ တဖြည်းဖြည်း စွန့်ခွာသွားကြသည်ဟု အော်မာရော့ဒ်က ပြောသည်။

“ကျနော်တို့က နည်းပညာ ဆုံးရှုံးသွားတယ်။ လူသားရင်းမြစ်စွမ်းရည် ဆုံးရှုံးသွားတယ်။ ဒီလုပ်ငန်းက အရင်းအနှီးကြီးမားတဲ့ လုပ်ငန်းဖြစ်တယ်” ဟု ၎င်းကပြောသည်။

ယခုအခါ တရုတ်၏ ပိုမိုကြီးလာသော ထုတ်လုပ်နိုင်စွမ်းနှင့် အားသာချက်ဖြစ်စေသည့် အစိုးရ၏ မက်လုံးပေးမှုကြောင့် တရုတ်ဈေးနှုန်းကို ယှဉ်နိုင်ရန် ခက်ခဲကြောင်းလည်း အော်မာရော့ဒ်က ပြောသည်။

ယခုအခါ တရုတ်၏ ပိုမိုကြီးလာသော ထုတ်လုပ်နိုင်စွမ်းနှင့် အားသာချက်ဖြစ်စေသည့် အစိုးရ၏ မက်လုံးပေးမှုကြောင့် တရုတ်ဈေးနှုန်းကို ယှဉ်နိုင်ရန် ခက်ခဲကြောင်းလည်း အော်မာရော့ဒ်က ပြောသည်။

၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၃ ခုနှစ်အကြားတွင် အမေရိကန် ပြည်ထောင်စုသည် မြေရှားသတ္တုဒြပ်ပေါင်း တင်သွင်းမှု၏ ၇၀ ရာခိုင်နှုန်းအတွက် တရုတ်ကို မှီခိုရကြောင်း အမေရိကန် ဘူမိတိုင်းတာရေး၏ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စုအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်း

ယခု နောက်ဆုံး ပို့ကုန် ထိန်းချုပ်မှုများသည် တရုတ်အစိုးရက ပထမဆုံးအကြိမ် အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်သည် နယ်မြေအငြင်းပွားမှုတခုအတွက် ဂျပန်သို့ မြေရှားသတ္တုများ တင်ပို့မှုကို နှစ်လနီးပါး ရပ်ဆိုင်းခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တရုတ်သည် မြေရှားသတ္တု ထုတ်ယူခြင်းနှင့် အမျိုးအစားခွဲခြားခြင်း နည်းပညာများ မျှဝေမှုကို ပိတ်ပင်ခဲ့သည်။

တရုတ်အစိုးရသည် စီးပွားရေးနှင့် ကမ္ဘာ့ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များအတွက် အရေးပါသည့် အခြားတွင်းထွက်များ တင်ပို့မှုကိုလည်း ထိန်းချုပ်ထားသည်။

တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုကြောင့် ကျန်တကမ္ဘာလုံးအတွက် အခြားရွေးစရာ အလွန်နည်းသွားကြောင်း ကျွမ်းကျင်သူများ၊ ထိုလုပ်ငန်းနှင့် ပတ်သက်သည့် အတွင်းလူများက ပြောသည်။ သို့သော် အမေရိကန် ပြည်ထောင်စုသည် ထိုလစ်ဟာမှုကို ဖြည့်ဆည်းရန် ကြိုးစားနေသည်။

၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး အမေရိကန် ကာကွယ်ရေးဌာနသည် ပြည်တွင်း မြေရှားသတ္တု ဖြန့်ချိရေးကွင်းဆက်များ ထူထောင်ရန် ဒေါ်လာ ၄၃၉ သန်း ပေးခဲ့သည်။ အမေရိကန် ကာကွယ်ရေး လိုအပ်ချက်များ အားလုံးကို ထောက်ပံ့နိုင်သည့် ရေရှည်တည်တံ့သော သတ္တုတွင်းမှ သံလိုက်အထိ ဖြန့်ချိရေးကွင်းဆက် ၂၀၂၇ ခုနှစ်တွင် ထူထောင်ရန် အမေရိကန် ကာကွယ်ရေးဌာနက ရည်မှန်းထားသည်။

တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများသည် ပြည်တွင်းတွင် ထုတ်လုပ်မှုအတွက် နည်းလမ်းရှာရန်နှင့် တရုတ်နိုင်ငံ ပြင်ပတွင် ပိုမို ခိုင်မာသည့် ဖြန့်ချိရေး ကွင်းဆက်တည်ဆောက်ရန် အခွင့်အလမ်းဖြစ်သည်ဟု အမေရိကန် ကုမ္ပဏီအချို့က မြင်သည်။

တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများသည် ပြည်တွင်းတွင် ထုတ်လုပ်မှုအတွက် နည်းလမ်းရှာရန်နှင့် တရုတ်နိုင်ငံ ပြင်ပတွင် ပိုမို ခိုင်မာသည့် ဖြန့်ချိရေး ကွင်းဆက်တည်ဆောက်ရန် အခွင့်အလမ်းဖြစ်သည်ဟု အမေရိကန် ကုမ္ပဏီအချို့က မြင်သည်။

ကယ်လီဖိုးနီးယားရှိ Mountain Pass မြေရှားသတ္တုတူးဖော်ရေး မိုင်းတွင်းတတွင်း/ MP Materials

သူ၏ ကုမ္ပဏီသည် ပြည်တွင်းနှင့် ကနေဒါနှင့် သြစတြေးလျမှ သတ္တုရိုင်းများဖြင့် မြေရှားသတ္တုများကို သတ္တုစပ်များအဖြစ် အလေအလွင့် မရှိ၊ ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိဘဲ မြေရှားသတ္တုများ သန့်စင်သည့် နည်းပညာကို ဖော်ထုတ်ထားကြောင်း မက်ဆာချူးဆက် အခြေစိုက် မြေရှားသတ္တုသန့်စင်သည့် လုပ်ငန်းသစ် Phoenix Tailings အမှုဆောင်အရာရှိချုပ် နီကိုလပ်စ် မိုင်ယာက ပြောသည်။

သူ၏ကုမ္ပဏီသည် လက်ရှိအချိန်တွင် မြေရှားသတ္တုများနှင့် သတ္တုစပ်များကို တနှစ်လျှင် တန်ချိန် ၄၀ ထုတ်လုပ်နေပြီး နယူးဟမ့်ရှိုင်းယားမှ စက်ရုံသစ်တွင် တန်ချိန် ၄၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။

“ဒါက ပြည်တွင်းသန့်စင်တဲ့ လုပ်ငန်းပဲ။ တရုတ်ဆီက ဘာကိုမှ မှီခိုစရာ မလိုဘူး” ဟု ၎င်းကပြောသည်။

“အမေရိကန် ပြည်ထောင်စုဟာ မြေရှားသတ္တုလိုတဲ့အချိန်မှာ ထုတ်လုပ်နိုင်တဲ့စွမ်းရည် အပြည့်အဝရှိတယ်။ ဝယ်ယူသူ အားလုံးနဲ့ မူဝါဒချမှတ်သူအားလုံးက ဒီလုပ်ငန်းကိုအရှိန်မြှင့်တင်ဖို့ ထောက်ပံ့ရေးကို အာရုံစိုက်ဖို့ လိုတယ်” ဟု မိုင်ယာက ပြောသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများသည် ကုန်စည်ဖြန့်ချိရေးကွင်းဆက်၏ အစိတ်အပိုင်းများသို့ ထိုးဖောက်ဝင်ရောက်နေကြသည်။

USA Rare Earth သည် တက္ကဆက်တွင် သံလိုက်စက်ရုံ တည်ဆောက်နေပြီး နှစ်စဉ် သံလိုက် တန် ၅,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းသည်။ ထိုလုပ်ငန်းသည် အနောက် တက္ကဆက်တွင်လည်း တရုတ်က နောက်ဆုံး ပို့ကုန်ထိန်းချုပ်စာရင်းပါ အက်တမ် အလေးချိန်မြင့်မားသည့် မြေရှားသတ္တု ကြွယ်ဝသော သတ္တုသိုက်တခုကိုလည်း ပိုင်ဆိုင်သည်ဟု အမှုဆောင်အရာရှိချုပ် ဘဲလတ်က ပြောသည်။ (ထိုသတ္တုသိုက်တွင် တရုတ်က ဒီဇင်ဘာလတွင် အမေရိကသို့ တင်ပို့မှု ပိတ်ပင်လိုက်သည့် ဂယ်လီယံ သတ္တုလည်း ကြွယ်ဝသည်။)

သို့သော် သူ၏ ကုမ္ပဏီသည် ကျောက်များအတွင်း တွင်းထွက်ထုတ်ယူသည့် သန့်စင်နည်းပညာအတွက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဘဲလတ်က ပြောသည်။

“ကျနော်တို့ ဒါကို ဘယ်လောက်မြန်မြန် လုပ်နိုင်မလဲ မေးစရာရှိတယ်။ အမေရိကမှာရှိတဲ့ ကျနော်တို့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ပဲ နည်းနေပါစေ ဒါတွေကို ကျနော်တို့ ဘယ်လို အသုံးချမလဲ။ ကျနော်တို့မှာ ရှိတာတွေကို ဖော်ထုတ်ပြီး အမြန်ဆုံး တည်ဆောက်ရမယ်”

“ကျနော်တို့ ဒါကို ဘယ်လောက်မြန်မြန် လုပ်နိုင်မလဲ မေးစရာရှိတယ်။ အမေရိကမှာရှိတဲ့ ကျနော်တို့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ပဲ နည်းနေပါစေ ဒါတွေကို ကျနော်တို့ ဘယ်လို အသုံးချမလဲ။ ကျနော်တို့မှာ ရှိတာတွေကို ဖော်ထုတ်ပြီး အမြန်ဆုံး တည်ဆောက်ရမယ်” ဟု ၎င်းကပြောသည်။

နှစ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် အမေရိကန်ကုမ္ပဏီများသည် တရုတ်နှင့် ပညာပြိုင်ပွဲ အနိုင်ရရေးသော့ချက်ဖြစ်သော ကုန်ကြမ်းများ ထုတ်လုပ် သန့်စင်သည့် လုပ်ငန်း ပြန်လည် ထူထောင်ရေးအတွက် ခက်ခဲသောအလုပ်ကို လုပ်ရန် လိုအပ်သော တွန်းအား ရလာနိုင်သည်။

(CNN ပါ Nectar Gan နှင့် John Liu တို့၏ China has a powerful card to play in its fight against Trump’s trade war ကို ဘာသာပြန်သည်။)

You may also like these stories:

ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)

မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”

တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ

နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား

မြေရှားသတ္တုရဲ့ အရေးပါမှုနဲ့ အန္တရာယ် (ရုပ်/သံ)

မြန်မာ့မြေရှားသတ္တုက ရတနာသိုက်လား ကျိန်စာလား (ရုပ်/သံ)

Your Thoughts …
Tags: ကုန်သွယ်ရေးစစ်ပွဲစီးပွားရေးတရုတ်မြေရှားသတ္တုရင်းနှီးမြှုပ်နှံမှုသဘာဝပတ်ဝန်းကျင်သယံဇာတအမေရိကန်
Nectar Gan နှင့် John Liu

Nectar Gan နှင့် John Liu

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ

မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ

စစ်တပ်ဗုံးကြဲခဲ့တဲ့ ရေထွက်ရွာ (ရုပ်/သံ)

စစ်တပ်ဗုံးကြဲခဲ့တဲ့ ရေထွက်ရွာ (ရုပ်/သံ)

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.5k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate