အီရန်ဘာသာရေးခေါင်းဆောင်ကြီးသည် လွန်စွာလုံခြုံသောနေရာတခုသို့ ပြောင်းရွှေ့သွားပြီး ထိပ်တန်းလှို့ဝှက် အဆင့်မြင့်တပ်တခု၏ အကာအကွယ်အောက်တွင် ရှိနေသည်ဟု The Telegraph သတင်းစာက ရေးသည်။
အီရန်နိုင်ငံကို ၁၉၈၉ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သော အယာတိုလာ အလီ ခါမေနီသည် အစ္စရေး၏ ပိုမိုပြင်းထန်လာသည့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများအကြား သူ ဆက်လက်ရှင်သန်ရေး ယခင်က မည်သူမျှမသိသည့် အထူးလက်ရွေးစဉ် သက်တော်စောင့်များကို တာဝန်ပေးထားရသည်ဟု တီဟီရန်မှ အရာရှိများ၏ ပြောကြောင်း သတင်းက ဆိုသည်။
အီရန်အစိုးရထဲ အစ္စရေး ထောက်လှမ်းရေးက ကျယ်ပြန့်စွာ ထိုးဖေါက် စိမ့်ဝင်ထားသည်ဟု ယူဆပြီး ထိုတပ်ဖွဲ့ကို လွန်စွာ လျှို့ဝှက်ထားသောကြောင့် အီရန်စစ်တပ် အစ္စလမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ထိပ်တန်းအရာရှိများပင် ထိုတပ်ဖွဲ့တည်ရှိကြောင်း မသိကြပေ။
“သူ သေဘေးက ပုန်းအောင်နေတာ မဟုတ်ဘူး၊ သူ ဘန်ကာထဲ နေနေတာ မဟုတ်ဘူး” ဟု အီရန် အရာရှိတဦး ပြောသည်။ “ဒါပေမဲ့ သူအသက်အန္တရာယ် ရှိနေပြီး ထိုးဖေါက်ထောက်လှမ်းတာကို ရှောင်ရှားဖို့ အရင်ကရှိမှန်း ဘယ်သူမှမသိတဲ့ တပ်ဖွဲ့တခု သူ့လုံခြုံရေးအတွက် ရှိနေတယ်” ဟု သူပြောသည်။
ကျရောက်လာတော့မည့် အာဇာနည်ဖြစ်ခြင်းအကြောင်း ခါမေနီ ပြောကြားနေသည်မှာ ကာလ ကြာမြင့်ပြီဖြစ်ပြီး အစ္စရေးက တနေ့နေ့တွင် သူ့ကို လုပ်ကြံသတ်ဖြတ်မည်ဟု မျှော်လင့်ထားကြောင်း ယူဆရသည်။ သို့သော် အစ္စရေးက လွန်ခဲ့သောအပတ် ပစ်မှတ်ထား တိုက်ခိုက်မှုတွင် ထိပ်တန်း စစ်အရာရှိ အနည်းဆုံး ၁၁ ဦးနှင့် နျူကလီးယား သိပ္ပံပညာရှင် အနည်းဆုံး ၁၄ ဦးကို သတ်ဖြတ်လိုက်သောအခါ သူ့အတွက် အန္တရာယ်က ပိုမိုဆိုးရွားစေသည်။
ကျရောက်လာတော့မည့် အာဇာနည်ဖြစ်ခြင်းအကြောင်း ခါမေနီ ပြောကြားနေသည်မှာ ကာလ ကြာမြင့်ပြီဖြစ်ပြီး အစ္စရေးက တနေ့နေ့တွင် သူ့ကို လုပ်ကြံသတ်ဖြတ်မည်ဟု မျှော်လင့်ထားကြောင်း ယူဆရသည်။ သို့သော် အစ္စရေးက လွန်ခဲ့သောအပတ် ပစ်မှတ်ထား တိုက်ခိုက်မှုတွင် ထိပ်တန်း စစ်အရာရှိ အနည်းဆုံး ၁၁ ဦးနှင့် နျူကလီးယား သိပ္ပံပညာရှင် အနည်းဆုံး ၁၄ ဦးကို သတ်ဖြတ်လိုက်သောအခါ သူ့အတွက် အန္တရာယ်က ပိုမိုဆိုးရွားစေသည်။
ဘီရာရှီဘားမှ ဆေးရုံတရုံကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှု နောက်ပိုင်းတွင် အစ္စရေးအစိုးရသည် ခါမေနီကို သတ်ဖြတ်ရန် တောင်းဆိုရာတွင် ပိုမိုဗြောင်ကျလာသည်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟုသည် ခါမေနီကို မသတ်ဖြတ်ဟုပြောရန် ငြင်းဆန်ပြီး ထိုသို့သတ်ဖြတ်ပါက “ပဋိပက္ခပြီးဆုံးသွားမည်”ဟုသာ ပြောသည်။ သူ၏ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် ထိုထက်ပင် ပြင်းပြင်းထန်ထန်ပြောပြီး အလီခါမေနီကို ဆက်လက်ရှင်သန်စေရန် ခွင့်မပြုနိုင်သည့် “ခေတ်သစ်ဟစ်တလာ”ဟု ခေါ်သည်။
ခါမေနီကို လုပ်ကြံသတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်ကို ဒေါ်နယ်ထရမ့်က ပယ်ချသည်ဟု ဆိုသော်လည်း အမေရိကန် သမ္မတသည် မကြာသေးမီ ရက်များအတွင်း ပိုမိုခြိမ်းခြောက်သည့် လေသံပြောင်းလာပြီး “ဘာသာရေး ခေါင်းဆောင်ကြီးလို့ ခေါ်တဲ့ အဲဒီလူ ပုန်းနေတဲ့နေရာကို ကျနော်တို့ အတိအကျ သိတယ်” ဟု ပြောသည်။
အမေရိကန် ပြည်ထောင်စုက ခါမေနီကို ပစ်မှတ်ထားရန် အစီအစဉ်မရှိကြောင်း ထရမ့်ပြောပြီး “အနည်းဆုံးတော့ လောလောဆယ် အစီအစဉ်မရှိဘူး” ဟု ပြောသည်။ သူစိတ်ပြောင်းသွားပါက “လွယ်ကူသော ပစ်မှတ်တခု”ဟုလည်း ပြောသည်။

အယာတိုလာ ပုန်းနေလဲ
ခါမေနီကို လုပ်ကြံသတ်ဖြတ်ရန် အစ္စရေးကဖြစ်စေ အမေရိကန် ပြည်ထောင်စုကဖြစ်စေ ဆောင်ရွက်ပါက ၎င်းတို့သည် ခါမေနီကို ပထမဦးစွာ ရှာဖွေရမည်ဖြစ်သည်။
အီရန်အစိုးရအရာရှိများ မော်စကိုသို့ ပြေးရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများ ထွက်နေသော်လည်း ခါမေနီ အီရန်မှ ထွက်ခွာရန် စီစဉ်နေသည့် အထောက်အထား မရှိပေ။ ဆီးရီးယားအစိုးရ ဒီဇင်ဘာလတွင် ပြိုကွဲသောအခါ ရုရှားသို့ ထွက်ပြေးသည့် နီးကပ်သော မဟာမိတ် ဘာရှားအယ်လ်အာဆတ်၏ ဥပမာကို သူလိုက်မည်ဟု မျှော်လင့်သူ အနည်းငယ်သာရှိသည်။
“သူ အီရန်မှာပဲရှိနေပြီး ဘယ်ကိုမှမသွားဘူး။ သူရဲဘောကြောင်တဲ့ အာဆတ်လို့ သူပြေးမှာ မဟုတ်ဘူး။ ဒီပြည်ပကျူးကျော်မှု ကာလမှာ နိုင်ငံရဲ့စိတ်ဓာတ်က သူ ဆက်လက်ရှင်သန်မှုအပေါ် မူတည်တယ်”
“သူ အီရန်မှာပဲရှိနေပြီး ဘယ်ကိုမှမသွားဘူး” ဟု အထက်ပါအရာရှိပြောသည်။ “သူရဲဘောကြောင်တဲ့ အာဆတ်လို့ သူပြေးမှာ မဟုတ်ဘူး။ ဒီပြည်ပကျူးကျော်မှု ကာလမှာ နိုင်ငံရဲ့စိတ်ဓာတ်က သူ ဆက်လက်ရှင်သန်မှုအပေါ် မူတည်တယ်” ဟု သူပြောသည်။
အသက် ၈၆ နှစ်ရှိပြီဖြစ်သော ခါမေနီသည် အစဉ်အလာအားဖြင့် တီဟီရန်၏ ခရိုင် ၁၁ မှ ခေါင်းဆောင်ပိုင်းနေထိုင်သော အဆောက်အအုံ အစုအဝေးတွင် နေထိုင်သည်။ သို့သော် မကြာသေးမီက ဗီဒီယိုအရ သူနေရာပြောင်းသွားကြောင်း ပြသနေသည်။
ယခုအခါ သူသည် အညိုရောင် ကန့်လန်ကာ နောက်ခံဖြင့် စကားပြောသည်။ ထို နောက်ခံတွင် ၁၉၇၉ ခုနှစ် အီရန်မင်းဆက်ကို ဖြုတ်ချခဲ့သည့် တော်လှန်ရေး ခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီ၏ ကိုယ်အထက်ပိုင်း ပုံကို ချိတ်ထားတတ်သည်။ ထိုအနေအထားသည် သူ့ထုံးစံ မိန့်ကြားရာ နေရာနှင့် သိသိသာသာ ကွဲပြားခြားနားသည်။
ယခု မိန့်ကြားချက်ကို တီဟီရန် မြို့လယ်ရှိ IRGC ၏ မီဒီယာ လုပ်ငန်းဌာနတွင် ရိုက်ကူးသည့် သဘောရှိကြောင်း ဗီဒီယို သရုပ်ခွဲလေ့လာမှုက ပြသနေသောကြောင့် ထိုအနီးတွင် သို့မဟုတ် ထိုအဆောက်အအုံ အောက်တွင် သူ နေထိုင်ခြင်းဖြစ်နိုင်သည်။
မကြာသေးမီက တီဟီရန်မှ ထူးဆန်းသော ကားဗုံးကွဲမှု အများအပြားနှင့် လုပ်ဖေါ်ကိုင်ဘက် အများအပြား သေဆုံးသွားသောကြောင့် ခါမေနီသည် မြို့တွင်းတွင် မော်တော်ယာဉ်ဖြင့် သွားလာခြင်း မလုပ်ဟု ယူဆရသည်။

မော့ဆက်၏ လက်တံရှည်
ခါမေနီ၏ ကြိုတင်ပြင်ဆင် သတိထားခြင်းကို နားလည်နိုင်သည်။ အစ္စရေး ထောက်လမ်းရေးသည် များစွာဝေးကွာသော နေရာများတွင် လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းစသည့် ရှည်လျားသော သမိုင်းရှိသည်။ ထိုသို့လုပ်ဆောင်နေသည်မှာ ဂျူးလူမျိုးတုံး သတ်ဖြတ်မှု၏ အဓိက ဗိသုကာ အဒေါ့ အိုက်ခမန်းကို ၁၉၆၀ ခုနှစ်က အာဂျင်တီးနားမှ ဖမ်းဆီးခေါ်ဆောင်ချိန်ကပင် စတင်သည်။
အရင်ဆုံး ထ သတ်ရေးမူသည် မော့ဆက်၏ယဉ်ကျေးမှုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ထိုကိစ္စသည် စစ်ရေးအယူအဆ သက်သက်မျှသာ မဟုတ်ဘဲ ဂျူးရိုးရာ ဘာသာရေးသင်ကြားမှုများတွင် အမြစ်တွယ်လာသည့် ကိစ္စဖြစ်သည်။
၎င်းတို့၏ စစ်ဆင်ရေးများ ဝန်ခံမှု ရှားပါးသော မော့ဆက်သည် ဥရောပနိုင်ငံအများအပြား အပါအဝင် နိုင်ငံအနည်းဆုံး တဒါဇင်တွင် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး အများအားဖြင့် တုန်လှုပ်စရာ ကျွမ်းကျင်ပါးနပ်စွာ သတ်ဖြတ်သည်။
၎င်းတို့၏ စစ်ဆင်ရေးများ ဝန်ခံမှု ရှားပါးသော မော့ဆက်သည် ဥရောပနိုင်ငံအများအပြား အပါအဝင် နိုင်ငံအနည်းဆုံး တဒါဇင်တွင် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး အများအားဖြင့် တုန်လှုပ်စရာ ကျွမ်းကျင်ပါးနပ်စွာ သတ်ဖြတ်သည်။ ၁၉၉၆ ခုနှစ်တွင် ဟားမတ်စ်ဗုံးပြုလုပ်သူ ယာဟာ အေးယက်ရှ်ကို ပေါက်ကွဲသွားသော မိုဘိုင်းဖုန်းဖြင့် သတ်ဖြတ်သည်။ ယင်းသည် လက်ဘနွန်မှ ဟစ်ဇဘိုလာ ထောင်ပေါင်းများစွာကို ဒဏ်ရာရစေသည့် ပေ့ဂျာများနှင့် လမ်းလျှောက်စကားပြောစက်များ ပေါက်ကွဲမှုများ၏ ရှေ့တော်ပြေးဖြစ်သည်။
အစောပိုင်းဆယ်စုနှစ်များတွင် ထိုထောက်လှမ်းရေးဌာနသည် အီဂျစ်မှ ဂျာမန် နျူကလီးယား သိပ္ပံပညာရှင်များကို သတ်ဖြတ်ရန် စာအိတ်ဗုံးကို သုံးခဲ့ပြီး အရှေ့ ဂျာမဏီမှ ပါလက်စတိုင်းစစ်သွေးကြွခေါင်းဆောင်၏ သွားတိုက်ဆေးတွင် အဆိပ်ခတ်ကာ ဂျော်ဒန်မှ အခြားတဦးကို လုပ်ကြံသတ်ဖြတ်ရန် သူ၏ အာရုံကြောစနစ်ကို တိုက်ခိုက်ရန် နားအတွင်းသို့ ဆေးဖြန်းခဲ့သည်ဟု ယူဆကြသည်။
အီရန်၏ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖက်ကရီဇာဒါးကို ၂၀၂၀ ခုနှစ်တွင် အဝေးထိန်းစက်ရုပ်ဖြင့် သတ်ဖြတ်ခဲ့သောကြောင့် ခါမေနီ နက်ရှိုင်းစွာ တုန်လှုပ်သွားသည်ဟု ဖေါ်ပြကြသည်။
ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို လွန်ခဲ့သောနှစ်က လုပ်ကြံသတ်ဖြတ်ခြင်းသည် မတူညီသော တီထွင်မှု ဖြစ်သည်။
အသေးစိတ်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း အီရန် သမ္မတ မာဆော့ဒ် ပီဇက်ရှိကီယန် ရာထူးလက်ခံသည့် အခမ်းအနားတက်ရန် အီရန်သို့ သူရောက်မလာမီ အပတ်ပေါင်းများစွာ ကြိုတင်ပြီး ဖေါက်ခွဲပစ္စည်းတခု သူ၏ တိုက်ခန်းအတွင်း (ရေအိမ်အတွင်း) ဝှက်ထားခဲ့နိုင်သည်ဟု ယူဆရသည်။

ယိုစိမ့်နေသော ဆန်ကာ
ထိုသို့သော လုပ်ကြံသတ်ဖြတ်မှုများသည် အီရန်၏ အလုံခြုံဆုံး အသိုက်အဝန်းများအတွင်း အစ္စရေးထိုးဖေါက်မှု အတိုင်းအတာကို မီးမောင်းထိုးပြနေသည်။
မည်သည့် သတ်ဖြတ်မှုကမျှ ဟစ်ဇဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလားကို သတ်ဖြတ်မှုလောက် ခါမေနီကို မတုန်လှုပ်စေဟု ဆိုကြသည်။ သူသည် ဘေရွတ်ရှိ တာဝါအဆောက်အအုံအောက်မှ သူ၏မြေအောက်ဌာနချုပ်ကို အစ္စရေးက လွန်ခဲ့သောနှစ်က ဘန်ကာဖျက်ဗုံးချသောအခါ သေဆုံးသည်။
ခါမေနီသည် ယုံကြည်ရသော မဟာမိတ်နှင့် မိတ်ဆွေတဦးဆုံးရှုံးသောကြောင့် စိုးရိမ်ပူပန်သည် သာမက သံသယဖြစ်ဖွယ် အစ္စရေး ထောက်လှမ်းရေး၏ ရင်းမြစ်ကြောင့်လည်း စိုးရိမ်ပူပန်သည်။ နာဆရာလား မည်သည့်နေရာတွင် ရှိမည်ဆိုသည့် သတင်းသည် ဟစ်ဇဘိုလာ ထံမှမလာဘဲ တီဟီရန်မှ လာသည်ဟု ယူဆကြသည်။ ထိုကဲ့သို့သော အသေးစိတ်များ၏ အလွန်အမင်းအရေးပါမှုကြောင့် ထိုပေါက်ကြားမှုသည် ထိပ်တန်းသတင်းများကို တိုက်ရိုက်သိနိုင်သည့် တစုံတဦးထံမှ ဖြစ်သည်ဟု ယူဆနိုင်သည်။
အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ယာကော့အမစ်ဒရာ၏ စကားအရ ခါမေနီသည် ကမ္ဘာတွင် အထူးသတိအထားဆုံးလူများအနက် တဦးဖြစ်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ယာကော့အမစ်ဒရာ၏ စကားအရ ခါမေနီသည် ကမ္ဘာတွင် အထူးသတိအထားဆုံးလူများအနက် တဦးဖြစ်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
“သူဟာ နောက်လာမယ့် ပစ်မှတ်ဖြစ်မယ်ဆိုတာကို သူ နားလည်တယ်” ဟု ဗိုလ်ချုပ်ကြီး အမစ်ဒရာ ပြောသည်။ “သူ အခု စိတ်လုံခြုံတဲ့နေရာတခုကို ရှာဖို့ ကြိုးစားရင်း တနေရာကနေ တနေရာကို ပြောင်းနေတာ သေချာတယ်” ဟုလည်း သူပြောသည်။
မည်သည့်အချိန်တွင် မည်သို့တိုက်မည်နည်း
အစ္စရေးသည် လူသား၊ စစ်ဆင်ရေးနှင့် ဉာဏ်ရည်တု ပေါင်းစုံသုံးပြီး ခါမေနီ၏ လှုပ်ရှားမှု သတင်းအချက်အလက် စုဆောင်းခြင်းကို နှစ်ပေါင်းများစွာ လုပ်ခဲ့သည်မှာ သေချာသလောက်ဖြစ်သည်။
မော့ဆက်သည် စိတ်ပျက်နေသော အရာရှိများ၊ မုန်းတီးနေသည့် အစောင့်များ သို့မဟုတ် သူ၏ ဌာနချုပ်များသို့ ဝင်ရောက်နိုင်သည့် အဆင့်နိမ့်ဝန်ထမ်းများကို လူသစ်စုဆောင်းခြင်းဖြင့် သူ၏ အတွင်းစည်းအတွင်း ထောက်လှမ်ရေးများ ထည့်သွင်းရန် ကြိုးစားခဲ့ဖွယ် ရှိသည်။
ဆက်သွယ်ရေး ထောက်လှမ်းမှုသည်လည်း အရေးပါသည်။ ခါမေနီသည် အီလက်ထရွန်းနစ် ကိရိယာများ သူကိုယ်တိုင် အသုံးပြုခြင်းကို ရှောင်ရှားသော်လည်း သူ့ပတ်ဝန်းကျင်မှ လူများသည် ထိုသို့မဟုတ်ပေ။ ကြားဖြတ်ခံရသည့် ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် သင်္ကေတပြုလုပ်ထားသည့် ဆက်သွယ်မှုများကို အစ္စရေး ခွဲခြမ်းစိတ်ဖြာလေ့လာသူများက စောင့်ကြည့်မည်ဖြစ်သည်။
ထိုနောက် ဉာဏ်ရည်တု စနစ်များသည် ဖြစ်နိုင်ခြေရှိသော နေရာများကို ဖေါ်ထုတ်ပြီး သူ၏ လှုပ်ရှားမှု ပုံစံများကို ခြေရာခံရန် အချက်အလက်များကို စိစစ်မည်ဖြစ်သည်။
အတည်ပြုပြီးသောအခါ သတ်ဖြတ်မှုစစ်ဆင်ရေးသည် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ ဒရုန်းတိုက်ခိုက်မှု၊ လမ်းမပေါ် လုပ်ကြံသတ်ဖြတ်မှု သို့မဟုတ် လေတပ်တိုက်ခိုက်မှု စသည်တို့ဖြစ်သည်။ ၂၀၁၁ ခုနှစ်က အိုဆမာ ဘင်လာဒင်ကို သတ်ဖြတ်သည့် စီးနင်းမှုကဲ့သို့ အထူးတပ်များ ရဟတ်ယာဉ်ဖြင့် ရောက်လာခြင်းပင် လုပ်နိုင်သည်။
“ကျနော်တို့ ဘယ်လိုလုပ်မယ်ဆိုတာက ထောက်လှမ်းရေးသတင်းအပေါ် မူတည်တယ်” ဟု ဗိုလ်ချုပ်ကြီး အမစ်ဒရာပြောသည်။ “သူက ဘန်ကာထဲမှာဆို လေတပ်ကိုသုံးမယ်။ သူက တိုက်ခန်းတခုမှာဆို ဒရုန်းသုံးမယ်။ သူက ကားထဲမှာဆိုရင် လမ်းမပေါ်က ထောက်လှမ်းရေးတယောက်ကို သုံးမယ်” ဟု သူပြောသည်။
( The Telegraph ပါ Guarded by a unit no one knew existed, Khamenei lives in fear ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံတွေ ပျက် မပျက်
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)