ခိုင်ရိုးလ, Author at ဧရာဝတီ https://burma.irrawaddy.com/author/290586 Covering Burma and Southeast Asia Mon, 17 Jul 2023 02:27:08 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ခိုင်ရိုးလ, Author at ဧရာဝတီ https://burma.irrawaddy.com/author/290586 32 32 ဘူးသီးတောင်၌ စစ်ကျန်ဗုံးသီးပေါက်၊ ကျောင်သား ၁ ဦးသေ ၂ ဦး ဒဏ်ရာရ https://burma.irrawaddy.com/news/2021/02/04/237659.html Thu, 04 Feb 2021 14:53:16 +0000 https://burma.irrawaddy.com/lytbox/?p=237659 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ / Aung Chay / Facebookကျောင်းသား ၃ ဦးမှာ ကျေးရွာ၏ မြောက်ဘက်ရှိ၂ မိုင်ခန့်အကွာ ဟိန္ဒူပြင်ဟု ခေါ်ဆိုသောနေရာ၌ နွား ကျောင်းနေကြစဉ် ကောက်ရသည့် ဗုံးသီးဟောင်းတလုံးကို သစ်ပင်တွင် ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ သေဆုံး ဒဏ်ရာရရှိခဲ့]]> ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ / Aung Chay / Facebook

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၄ ရက် နေ့လယ်၂ နာရီကျော် အချိန်ခန့်က စစ်ကျန် ဗုံးသီးတလုံး ပေါက်ကွဲမှုကြောင့် ကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း သတင်း ရရှိသည်။

ပြည်ရှည်ကျေးရွာမှ အသက် ၁၅ နှစ်အောက် ကျောင်းသား ၃ ဦးမှာ ကျေးရွာ၏ မြောက်ဘက်ရှိ၂ မိုင်ခန့်အကွာ ဟိန္ဒူပြင် ဟု ခေါ်ဆိုသောနေရာ၌ နွားကျောင်းနေကြစဉ် ကောက်ရသည့် ဗုံးသီးဟောင်းတလုံးကို သစ်ပင်တွင် ထုခွဲကြည့်ရာမှ ပေါက် ကွဲမှုဖြစ်ကာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောသည်။

ဒဏ်ရာရရှိသွားသူ မောင်သန်းအေးနှင့် ဦးလေးတော်စပ်သူ ဦးမောင်ထွန်းလှိုင်က “သူတို့ ၃ ဦးက လက်ဗစ်ဗုံးတလုံး ကောက်ရတာကို ဆော့ကစားကြရင်းနဲ့ ပေါက်ကွဲသွားတာ။ အဲဒီမှာ တယောက်ကတော့ ပွဲချင်းပြီး သေတယ်။ နောက်၂ ယောက်ကတော့ ဒဏ်ရာရှိသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ရွှေသိန်းမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားပြီ၊ အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်သန်းအေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝင်းထွန်း တို့တွင် ခြေ၊ လက်ကိုယ်ခန္ဓာတို့၌ ဒဏ်ရာ အသီးသီး ပြင်းထန်စွာ ရရှိခဲ့ကြသည့်အတွက် ၎င်းတို့ကို ဘူးသီးတောင်ဆေးရုံသို့ ဆေးကုမှုခံယူရန် ခေါ်ဆောင်သွားကြောင်းလည်း ဦးမောင်ထွန်းလှိုင်က ရှင်းပြသည်။

အဆိုပါ နေရာတွင် ယခင်က တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သည့်အတွက် ပေါက်ကွဲခဲ့သည့် ဗုံးသီးမှာ စစ်ကျန်အကြွင်းအကျန်များ ဖြစ်ကြောင်းလည်း ရွာသားများက ပြောဆိုကြသည်။

အဆိုပါကလေးငယ်တို့မှာ ကျောင်းပိတ်ထားသည့်အတွက်ရွာအပြင် တောနားတောင်နားသို့ သွားရောက်ကာ၊ ထင်းခုတ်၊ နွားကျောင်းခြင်းများ နေ့စဉ်ရှိနေပြီး ယနေ့တွင် ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ပြင်ရှည် ကျေးရွာအုပ်ချုပ်ရေး မှူး ဦးရွှေလှဖြူက ပြောဆိုသည်။

ဆက်လက်ပြီး ဦးရွှေလှဖြူက “လက်ရှိမှာတော့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် ကျေးရွာသားတွေအတွက် ရွာ အပြင်ဘက်သို့ နွားကျောင်း၊ ထင်းခုတ်၊ ဟင်းရှာသွားတဲ့အခါ အသက်အန္တရာယ် စိုးရိမ်နေရတယ်။ ဒီကလေးတွေကလည်း မသွားနဲ့ဆို သွားကြတယ်။ ပြောမရဆိုမရ ဖြစ်ကြတယ်ပေါ့” ဟု ဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်ကလည်း မင်းပြားမြို့နယ် စပါးထားကျေးရွာတွက် ကောက်ရသည့် စစ်ကျန် ဗုံးသီးပေါက် ကွဲမှုဖြစ်ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၅ ဦးအပါဝင် ရွာသားစုစုပေါင်း ၉ ဦး ဒဏ်ရာရှိခဲ့ကြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ပွဲ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူအားလုံး မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များကြောင့် ကလေးငယ်များ သေဆုံးမှုအပေါ်တွင် ကလေးသူငယ်များ၏ လုံခြုံဘေးကင်းမှုကို ဦးစားပေးဆောင်ရွက်ကြရန် ယူနီဆက် မြန်မာက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်စဉ်များမှာ လက်ရှိတွင် နှစ်ဖက် အပစ်အခတ် ရပ်စဲထားသော်လည်း ဒေသခံတို့မှာ ကျေးရွာအနီးတောတောင်တို့တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများ၊ စစ်ကျန် လက် နက်ခဲယမ်း အန္တရာယ်တို့ကို ရှင်းလင်းပေးရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ရခိုင်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ခံထား သော စာရင်းများအရ ရခိုင်တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရ ၇၆ ဦးရှိကြောင်းလည်း သိရသည်။

You may also like these stories:

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ANP ခေါင်းဆောင် ဒေါ်အေးနုစိန်ကိုခန့်

ပြည်သူတင်သည့် အစိုးရ ပြန်လာနိုင်ရေး ကြိုးစားသွားမည်ဟု NLD အမတ်များပြော

ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ယနေ့ထိ ပြန်မလွတ်သေး

]]>
ရခိုင်ပြည်နယ်၌ စပါးဝယ်သူမရှိ၍ တောင်သူများ အခက်ကြုံ https://burma.irrawaddy.com/news/2021/01/30/237344.html Sat, 30 Jan 2021 03:43:55 +0000 https://burma.irrawaddy.com/lytbox/?p=237344 မြောက်ဦးမြို့နယ်အတွင်းမှ လယ်သမားကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီစစ်ပွဲ ဧရိယာများဖြစ်နေခြင်း တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသည့်အတွက် လယ်သမားများမှာ ဆန်စပါးများကို နေအိမ်တွင် အများအပြား မသိုလှောင်ရဲတော့ဘဲ ရောင်းချချင်နေကြခြင်း ဖြစ်သည်။]]> မြောက်ဦးမြို့နယ်အတွင်းမှ လယ်သမားကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွင် လက်ရှိ စစ်ပွဲများ ရပ်တန့်နေသော်လည်း စပါးပေါ်ရာသီ၌ လယ်သမားများမှာ ရောင်းချရန် ဈေးကွက်၌ ဝယ်ယူသူ မရှိခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းများ ဖြစ်ပေါ်နေသဖြင့် ဒေသခံ တောင်သူများ အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ရခိုင်၏ ဆန်စပါး အဓိကထွက်ရာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်တို့တွင် စစ်ပွဲ ဧရိယာများဖြစ်နေခြင်း တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသည့်အတွက် လယ် သမားများမှာ ဆန်စပါး များကို နေအိမ်တွင် အများအပြား မသိုလှောင်ရဲတော့ဘဲ ရောင်းချ ချင်နေကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ် ပြောင်းဆိပ်ကျေးရွာမှ တောင်သူ ဦးအောင်ကျော်မြက “လက်ရှိမှာ ဝယ်ယူသူတွေ နည်းပြီးတော့ ရောင်းလိုတဲ့ သူတွေများနေတာ။ ဘာကြောင့်လဲဆိုရင် စစ်ရေးပဋိပက္ခ ဆက်ဖြစ်မှာစိုးလို့ လယ်သမားတွေက အိမ်တွေမှာ စပါးတွေကို မသိုလှောင်ရဲတော့ဘူး။ ရတဲ့ ဈေးနဲ့ ချရောင်းကြမယ်ပေါ့။ ဒီမှာ ၃ သိန်းတန်မယ့်ဟာကို ၂ သိန်းလောက်နဲ့ လည်း ချရောင်းကြတာပဲလေ” ဟု ဆိုသည်။

လက်ရှိတွင် တောင်သူများ၏ စပါးများကို ဆန်ကုန်သည်၊ ဆန်စက် လုပ်ငန်းရှင် အနည်းငယ်တို့က ဝယ်ယူမှုအချို့ ရှိနေ သော်လည်း ၎င်းတို့က စပါးအရည်အသွေးကို တိုင်းတာပြီး ဈေးနှိမ်ကာ ဝယ်ယူမှုတို့ ရှိနေကြောင်း သိရသည်။

ရခိုင်တောင်သူတို့မှာ စစ်ရေးပဋိပက္ခကြောင့် စပါးစိုက်ခင်းများတွင် ပေါင်းသင်၊ မြက်နုတ်လုပ်ငန်းများကို ဂရုတစိုက် မလုပ် ခဲ့ရခြင်းတို့ ရှိခဲ့သလို စပါးရိတ်သိမ်းချိန်၌ အခါလွန်မိုး ရွာသွန်းခဲ့မှုတို့ကြောင့်လည်း ထွက်ရှိသော စပါး၊ ဆန်အရည်အသွေး မပြည့်မီသည့်အတွက်လည်း ဈေးကောင်းမရ၍ အရှုံးပေါ်နေခြင်း ဖြစ်ကြောင်းလည်း တောင်သူများ ပြောပြချက်အရ သိရ သည်။

ဆက်လက်ပြီး ဦးအောင်ကျော်မြက “ဝယ်ယူသူ တချို့ထံ စပါးရဲ့အရည်အသွေး နမူနာတွေကို ပေးရတာပေါ့။ ဒီတော့ စပါး ကို ကြည့်ပြီး ဆန်သား ဘယ်လောက်ရနိုင်လည်းလို့ ဝယ်ယူတွေက စက်မှာတင်ပြီး ခန့်မှန်းကြတယ်။ အဲဒီမှာ ဆန်သား ၅၀ လောက်ရှိရင်၂ သိန်း ၈ သောင်းပေးတယ်။ ဆန်သား ၇၀ လောက်ရှိရင် ၃ သိန်းလောက်ပေးကြတယ်ပေါ့။ အဲဒီလို ဖြစ်နေ တာ” ဟု ရှင်းပြသည်။

မြောက်ဦးမြို့နယ်အတွင်းမှ လယ်သမားကို တွေ့ရစဉ်/ ဓာတ်ပုံ- မင်းအောင်ခိုင်/ဧရာဝတီ

လက်ရှိအချိန်တွင် ဒေသ စပါးဈေးနှုန်းများမှာ ဒေသအခေါ် အိန္ဒီယာချေ၊ သီရိဒုံ စသည့် အရည်အသွေးညံ့စပါး တင်း ၁၀၀ ကို ၁ သိန်းခွဲ မှ၂ သိန်းကျပ်နှင့် အရည်အသွေးကောင်းများဖြစ်သော ပေါ်ဆန်းမွှေး၊ ဒေသအခေါ် ငါးရာပို စသည်တို့မှာ ကျပ်၂ သိန်းခွဲ ၃ သိန်းခန့်သာ ပေါက်ဈေး ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လယ်သမားများမှာ လယ်ယာလုပ်ငန်းတွင် ဓာတ်မြေသြဇာ၊ စရိတ်စခများ အရင်းများခြင်း သီးနှံအထွက်မကောင်း ခြင်းတို့ကြောင့် ယခုနှစ်တွင် အစိုးရမှ ချေးယူထားသည့် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေတို့ကို ပြန်ဆပ်ရမည့် အချိန် ဖြစ်သည့်အတွက် စပါးများကို ထုတ်ရောင်းကြသလို စပါးဝယ်ယူသူ မရှိသည့်အတွက် ချေးငွေဆပ်ရန် အခက်အခဲ ရှိနေ ကြောင်းလည်း တောင်သူတို့က ဆိုသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ တောင်သူ ဦးမောင်စောဝင်းက “လက်ရှိမှာ စပါးဝယ်ယူမယ့်သူ မရှိသလောက်ပဲ တချို့တလေလောက်ပဲ တွေ့ရတယ်။ လယ်သမားတွေ ဒီနှစ် အရှုံးတွေ့ရတာကတော့ စပါးအထွက်မကောင်းဘူး။ ဒီလို အခြေအနေဆိုရင် ဘဏ်ချေးငွေဆပ်ဖို့ တော်တော် ခက်လာမယ်။ အခုကတော့ ချေးငွေပြန်ဆပ်ဖို့ ရောင်းချင်ကြပေမယ့် ရောင်းမထွက်ဘူး ဖြစ်နေတယ်” ဟု ဆိုသည်။

ထို့အတူ ယခင်နှစ်များကလည်း တိုက်ပွဲ ပြင်းထန်ခဲ့သည့် ဒေသတို့မှ တောင်သူအချို့မှာ ဘဏ်ချေးငွေ မဆပ်နိုင်ခဲ့သည့် ဖြစ် စဉ်တချို့လည်း ရှိခဲ့ကြောင်းနှင့် လက်ရှိ တောင်သူများကြုံနေရသည့် အခက်အခဲတို့ကို အစိုးရအပြင် အခြား အဖွဲ့ အစည်းတို့မှလည်း ဝိုင်းဝန်းကူညီပေးရန် မျှော်လင့်နေကြသည်။

ယင်းသို့ တောင်သူတို့၏ အခက်အခဲများနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအနေဖြင့် ယခင်နှစ်က ရခိုင်တောင်သူများ၏ အခက်အခဲတို့ကို ဖြေရှင်းနိုင်ရေးအတွက် စပါးတင်း ၁၀၀ ကို ၅ သိန်းနှုန်းဖြင့် အစိုးရ သတ်မှတ်ချက်အတိုင်း သတ်မှတ်ကာ ပြည်နယ် စီမံ၊ ဘဏ္ဍာရေးဝန်ကြီးနှင့် ရခိုင်ဆန်စပါး လုပ်ငန်းရှင်တို့နှင့် ညှိနှိုင်းပြီး ဝယ်ယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်တွင် ဒေသပေါက်ဈေးများနှင့် စပါးဈေးနှုန်းတို့ကို ဒေသခံ ဆန်စပါးလုပ်ငန်းရှင်တို့နှင့် ညှိနှိုင်းကာ ဖြေရှင်း ပေးရန် အစီအစဉ်များ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတို့က ဧရာဝတီသို့ ပြောသည်။

ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “ဒီကိစ္စတွေကို အရင်နှစ်တွေကတော့ စီမံ/ ဘဏ္ဍာနဲ့ ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းတွေနဲ့ ညှိနှိုင်းဝယ်ယူပေးတာ ရှိခဲ့တယ်။ ဒီနှစ်လည်း ဒီလိုပါပဲ ညှိနှိုင်း ဝယ်ယူမှာပေါ့။ ဆန်စပါး လုပ်ငန်းရှင် ဆန်စက်လုပ်ငန်းရှင် အသင်းတွေနဲ့ ဒေသပေါက်ဈေး ဘယ်လောက်ရှိတယ်။ ကာလ သတ်မှတ်ဈေး ဘယ်လောက်ရှိတယ် ဆိုတာကို ညှိနှိုင်းပြီးတော့ လုပ်ပေးဖို့ ရှိတယ်” ဟု ဆိုသည်။

သို့သော်လည်း လက်ရှိတွင် အစိုးရမှ သတ်မှတ်ထားသည့် စပါးဈေးနှုန်းတို့ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို အသေး စိတ် အစီအစဉ်တို့ကို ပြောမရသေးကြောင်းလည်း ဝန်ကြီး ဦးဝင်းမြင့် ကဆိုသည်။

လက်ရှိတွင် အစိုးရအနေဖြင့် စပါးဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူခြင်းမျိုး မတွေ့ရသေးသလို ယခင်နှစ်က အစိုးရက စပါးကုန် သည်များနှင့် ပူးပေါင်းကာ စပါးဝယ်ယူခြင်း လုပ်ငန်းများမှာလည်း တောင်သူများအတွက် အကျိုးမဖြစ်ခဲ့ကြောင်း ဒေသခံ လယ်သမားက ပြောဆိုကြသည်။

တောင်သူများအတွက် စပါးဝယ်ယူရန် ဘတ်ဂျက်ငွေကို အစိုးရက တိုက်ရိုက် ချမပေးဘဲ ကုန်သည်ကြီးများနှင့် ချဉ်းကပ် ကာ ဆောင်ရွက်ခဲ့သော်လည်း ကုန်သည်များအနေဖြင့် ဘတ်ဂျက်ငွေနှင့် လုပ်ငန်းဆောင်ရွက်ချက်များတွင် အစိုးရအား သံသယ ရှိသဖြင့် ပေါ်တွင် ထိုအစီစဉ်များမှာ မအောင်မြင်ဖြစ်ခဲ့ကြောင်း တောင်သူအရေး လှုပ်ရှားသူများက ထောက်ပြ ကြသည်။

ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက “ပြီးခဲ့တဲ့ နှစ်က စပါးကိစ္စမှာ အစိုးရဘက်က ပေးတဲ့ ၅ သိန်းကိစ္စမှာ အစိုးရက ကုန်သည်ကြီးတွေကို လွှဲချတယ်။ ကုန်သည်ကြီးတွေလည်း အဲဒီလို ဝယ်လိုက်ခြင်းအားဖြင့် အစိုး ရသို့ တိုက်ရိုက်ဆက်သွယ်တဲ့အခါ အဆင်ပြေမပြေ၊ စတဲ့ သံသယစိတ်တွေရှိတဲ့ အတွက် လက်ခံခဲ့ဘူး။ ဒီတော့ အစိုးရရဲ့ အရောင်းအဝယ် အစီအစဉ်တွေဟာ လယ်သမားဆီသို့ သက်ရောက်မှု မရှိခဲ့ဘူး။ ဝယ်ယူနိုင်မှု မတွေ့ခဲ့ရဘူး ” ပြောသည်။

ယင်းကြောင့် ယခုနှစ်တွင် ထိုသို့ ဆန်စပါးဝယ်ယူမည့် အစီအစဉ်များကို အစိုးရအနေဖြင့် ဒေသခံတောင်သူတို့ အကျိုးကို ထိရောက်စွာ လုပ်ဆောင်ပေးရန် ရခိုင်တောင်သူတို့က မျှော်လင့်နေကြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းသည် လယ်ယာလုပ်ငန်းကို အဓိက အခြေခံကာ လုပ်ကိုင်နေသည့် ဒေသတခုဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၂၀ စပါးစိုက်ရာသီက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA) တို့၏ ပြင်းထန် သော တိုက်ပွဲဖြစ်စဉ်များကြောင့် တောင်သူအချို့မှာ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။

လယ်မထွန်ယက်နိုင်ခဲ့သော နေရာတို့မှာ ဘူးသီးတောင်၊ ရသေ့တောင် ကျောက်တန်းဒေသ၊ ပုဏ္ဏားကျွန်း အထက်ပ်ိုင်း၊ ကျောက်တော်မြို့နယ် အထက်ပိုင်း ပလက်ဝနယ်စပ်အထိနှင့် မြောက်ဦး လင်းမြွေတောင်ဝန်းကျင်၊ မင်းပြား၊ မြေပုံမြို့နယ် တို့တွင် စပါးလုံးဝ မစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်ယာမြေ ဧက ၅ သောင်းကျော်ခန့် ရှိခဲ့ကြောင်းလည်း ရခိုင်ပြည်နယ် တောင်သူ လယ်သမား သမဂ္ဂအဖွဲ့ထံက သိရသည်။

You may also like these story:

ဟိုတယ် ၁၀၀၀ ခန့် ယာယီပိတ်၊ ဝန်ထမ်း ၃ သောင်းခန့် အလုပ်လက်မဲ့ဖြစ်

]]>
တပ်မတော်မှ အမှုဖွင့်ခံထားရသည့် စစ်တွေ သတင်းထောက်၂ ဦး အာမခံရ https://burma.irrawaddy.com/news/2021/01/27/237191.html Wed, 27 Jan 2021 13:58:10 +0000 https://burma.irrawaddy.com/lytbox/?p=237191 ယမန်နေ့က စစ်တွေနယ်မြေရဲစခန်းသို့ DMG သတင်းထောက်နှင့် တာဝန်ရှိသူတို့ လာရောက်စဉ် / ခိုင်ရိုးလ / ဧရာဝတီ၎င်းတို့မှာ တရားဥပဒေတိုင်း အမှုကိုရင်ဆိုင်ရန်အတွက် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက စစ်တွေ နယ်မြေ ရဲစခန်းသို့ သွားရောက် အစစ်ဆေးခံရာတွင် ရဲစခန်း တာဝန်ရှိသူတို့က တဦးလျှင် ကျပ် ၁၅ သိန်းဖြင့် အာမခံပေး လိုက်]]> ယမန်နေ့က စစ်တွေနယ်မြေရဲစခန်းသို့ DMG သတင်းထောက်နှင့် တာဝန်ရှိသူတို့ လာရောက်စဉ် / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာနှင့် သတင်း ထောက်တို့ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော် အရာရှိ ဗိုလ်မှူးဘုန်းမြင့်ကျော်မှ အမှုဖွင့်ထားခြင်းကို သက်ဆိုင်ရာ ရဲစခန်းမှ အာမခံပေးလိုက်သည်။

အမှုဖွင့်ခံထားသူ ၂ ဦးမှာ DMG သတင်းဌာနမှ ဒု တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် နှင်းနွယ် တို့ ဖြစ်ကြပြီး ၎င်းတို့မှာ တရားဥပဒေတိုင်း အမှုရင်ဆိုင်ရန်အတွက် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက စစ်တွေနယ်မြေ ရဲစခန်းသို့ သွားရောက် အစစ်ဆေးခံရာတွင် စခန်းတာဝန်ရှိသူတို့က တဦးလျှင် ကျပ် ၁၅ သိန်းဖြင့် အာမခံပေးလိုက်ခြင်း ဖြစ်ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။

အမှု ရင်ဆိုင်ရသူ တဦးဖြစ်သည့် ကိုနေဝင်းစံက “ကျနော့်ကို ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါမှာ သတင်းနဲ့ ပတ် သက်ပြီး အသေးစိတ်ကို မေးတာ။ သတင်းရေးတဲ့အခါ ဘယ်သူ့ကို ဆက်သွယ်၊ အတည်ပြုလို့ ဘယ်လို ရေးခဲ့တယ်ပေါ့။ ပြီးတော့ ဆက်သွယ်ခဲ့တဲ့ သက်သေခံဖုန်းနဲ့ ကွန်ပျူတာ တလုံးကို အပ်ထားခဲ့ရတယ်။ နောက်ပြီး ရွာသားတွေနဲ့ ဆက်သွယ် ခဲ့တဲ့ ဖုန်းနံပတ်ကိုလည်း ပေးခဲ့ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က “ကျောက်တော်မြို့နယ် မာလာ (ရခိုင်) ကျေးရွာတွင် ရွာသားများ စစ်ဘေးရှောင်နေကြချိန် ကျေးရွာအနီးတောင်တန်းတွင် ယာယီ တပ်စွဲနေထိုင်ကြသော တပ်မတော်သားများမှ စပါးတောင်း (၇၀၀) ကို ယူဆောင် သွားသည်” ဟု ကျေးရွာသားများ ပြောကြားချက်ကို DMG သတင်းဌာန ဝက်ဆိုက်နှင့် Facebook စာမျက်နှာတို့တွင် ဖော် ပြခဲ့ခြင်း ဖြစ်သည်။

ယင်းအကြောင်းအရာများနှင့် ပတ်သက်ပြီး မဟုတ်မမှန် ရေးသားသည် ဟုဆိုကာ တပ်မတော်က အရာရှိတဦးက တရားလို လုပ်ကာ စစ်တွေနယ်မြေ ရဲစခန်း၌ ဇန်နဝါရီ ၂၃ ရက်က အမှုဖွင့်ခဲ့ရခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံရသူတို့က ပြောသည်။

အဆိုပါ သတင်းကို မနှင်းနွယ်က ရေးသားခဲ့ပြီး ကျေးရွာသားများ ပြောဆိုချက်အတိုင်းရေးသားခဲ့သလို သက်ဆိုင်ရာ တပ်မ တော်ဘက်မှ ရခိုင်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတို့ကို ဆက်သွယ်ခဲ့ရာတွင် အဆက်အသွယ် မရခဲ့သော်လည်း သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု ကာယကံရှင်များက ပြောဆိုကြသည်။

လက်ရှိတွင် ထိုအမှုအား သက်ဆိုင်ရာ ရဲစခန်းမှူးနှင့် အမှုစစ်အရာရှိတို့ စစ်ဆေး၍ မပြီးသေးသဖြင့် တရားရုံးသို့ မတင်ရ သေးကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ခံ အယ်ဒီတာကိုလည်း ဆက်လက် စစ်ဆေးမေးမြန်းရန် ကျန်ရှိနေသည် ဟုဆိုကာ ရဲစခန်းမှ စာဖြင့် ဆင့်ခေါ်ထားကြောင်းလည်း ကိုနေဝင်းစံက ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “နောက်တခုက တာဝန်ခံကို စာနဲ့ ဆင့်ခေါ်လိုက်တယ်။ တာဝန်ခံကို မေးမြန်းပြီး စစ်ဆေးမယ်ဆိုတဲ့ သဘောပေါ့။ အခု အမှုအခြေအနေက စစ်ဆေးလို့ မပြီးသေးဘူးပေါ့။ စစ်ဆေးလို့ပြီးမှပဲ တရားရုံးက ခေါ်မယ်ပေါ့။ ဘယ်နေ့ မှ စစ်ဆေးလို့ ပြီးမလဲ မပြောရသေးဘူး” ဟု ဆိုသည်။

ယင်းသို့ စစ်ဆေးမှု၊ တာဝန်ခံ အယ်ဒီတာကို ဆက်လက် စစ်ဆေးမည့် အကြောင်းအပါဝင် အမှုနှင့် ပတ်သက်သည့် ဆက် လက် လုပ်ဆောင်သွားမည့် ကိစ္စကို သိလိုသည့်အတွက် စစ်တွေ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းထိုက်ကို ဧရာ ဝတီက မေးမြန်းရာတွင် ထိုကိစ္စများအား သူ့အနေဖြင့် ပြောမရ၍ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကိုသာမေးမြန်းရန် တုံ့ပြန် ပြောဆို သည်။

DMG အနေဖြင့် အဆိုပါ အမှုကို ရုပ်သိမ်းပေးနိုင်ရေးအတွက် သတင်းမီဒီယာ ဥပဒေအရ ကြားဝင်ဖြေရှင်း ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) ထံသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က တိုင်းကြားထားခဲ့ကြောင်းလည်း သိရ သည်။

ထိုသို့ DMG မှ တိုင်ကြားစာအား သတင်းမီဒီယာ ကောင်စီအနေဖြင့်အမှုကို ကြားဝင်ညှိုနှိုင်း ဖြေရှင်းနိုင်ရေးအတွက် သက် ဆိုင်ရာ တပ်မတော်ထံသို့ ပို့ထားပြီး ဖြစ်သော်လည်း တပ်ဘက်မှ တစုံတရာ အကြောင်းပြန်လာခြင်း မရှိသေးသလို ပြေ လည်မှုရရန် မျှော်လင့်ထားကြောင်း MPC တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က “DMG ကလည်း တိုင်ထားတဲ့ စာရောက် တယ်။ အဲဒါကိုလည်း တပ်ဘက်ကို ပို့လိုက်ပြီ။ အကြောင်းပြန်တာတော့ မလားသေးဘူးပေါ့။ ဒီကိစ္စတွေကိုကတော့ ကျနော် တို့လည်း အကြိမ်ကြိမ် မေတ္တာရပ်ခံထားတယ်။ တချို့သော ကိစ္စတွေမှာလည်း ကောင်စီကိုတိုင်တဲ့ သာဓကတွေလည်းရှိခဲ့ တယ်။ ဖြေရှင်းပေးလို့ အောင်မြင်သွားတာလည်း ရှိတယ်။ အဲဒီလိုမျိုး အခုလည်း ဖြေရှင်းလို့ အောင်မြင်ဖို့ မျှော်လင့်ထား တယ်ပေါ့” ဟု ပြောသည်။

ယခင်ကလည်း ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်၊ မန္တလေးအခြေစိုက် Voice of Myanmar သတင်း ဌာနနှင့် ရန်ကုန်ခေတ်သစ် သတင်းဌာနတို့မှ အယ်ဒီတာချုပ်တို့ကို ရက္ခိုင်စစ်တပ် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို သတင်း ရေးသားရာတွင် ဆက်သွယ် မေးမြန်းမှုကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)တို့ဖြင့် အမှုဖွင့်ခံခဲ့ရပြီး သတင်းမီဒီယာ ကောင်စီက ကြားဝင် ဖြေရှင်းပေးခဲ့မှုကြောင့် ပြေလည်မှုများ ရှိခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေတွင် သတင်းထောက်တဦးကို ဥပဒေအရ အရေးယူမည် ဆိုပါက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (MPC) ထံသို့ ရှေးဦးစွာ တိုင်ကြားရမည် ဖြစ်သည်။

ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ “နစ်နာသော ဌာန အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာတဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ် သိက္ခာတရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင် ကြားနိုင်သည်” ဟု ပါရှိသည်။

သို့သော်လည်း တပ်မတော်က MPC ကတဆင့် ရှေးဦးစွာ ညှိနှိုင်းဆောင်ရွက်မှု မပြုလုပ်ခဲ့ဘဲ သတင်းသမားနှင့် အယ်ဒီတာ တို့ကို တိုက်ရိုက်အမှုဖွင့်လှစ်ခြင်းသည် သတင်းမီဒီယာဥပဒေနှင့် လွဲချော်နေကြောင်း DMG ဘက်က ဝေဖန်ပြောဆိုသည်။

ကိုနေဝင်းစံ က “ဒီကိစ္စမှာ သတင်းမီဒီယာတွေ၊ သတင်းကိစ္စနဲ့ ပတ်သက်လို့ တရားစွဲမယ်ဆိုရင် MPC (မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ) ကို အကြောင်းကြားပါလို့ ပြောထားတယ်။ တခြား အမှုတွေမှာလည်း အဲဒီလို ပြောထားတာ။ အခုတော့ တိုက်ရိုက် အမှုသွားဖွင့်တယ် ဆိုတာကတော့ သတင်းမီဒီယာကောင်စီကို အလေးမထားသလို ဖြစ်နေတယ်ပေ့ါ” ဟု ဧရာ ဝတီသို့ ပြောသည်။

ယင်းသို့ DMG သတင်းထောက်၂ ဦးကို အမှုဖွင့်ရခြင်း အကြောင်းအရင်း၊ သတင်းမီဒီယာ ကောင်စီထံမှ တဆင့်မသွားဘဲ တိုက်ရိုက် အမှုဖွင့်ခြင်း အပါအဝင် သတင်းမီဒီယာကောင်စီမှ ကြားဝင်ဖြေရှင်းပေးရန် လုပ်ဆောင်နေမှုတို့အပေါ် တပ်မ တော်၏ သဘောထားကို သိလိုသည့်အတွက် ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း တို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော် လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ထိုသို့ ရခိုင်စစ်ရေးပဋိပက္ခနှင့် ပတ်သက်ပြီး သတင်း ဖော်ထုတ်ရေးသားခြင်း အပေါ် MPC ထံ အကြောင်မကြားဘဲ တပ်မ တော်မှ ယခုလို တိုက်ရိုက် အမှုဖွင့်ခြင်းမှာ ကျန်ရှိနေသည့် ရခိုင် သတင်းသမားများအတွက် တပ်နှင့်ဆိုင်သည့် သတင်းများ ရေးသားရာတွင် စိုးရိမ်စရာ ဖြစ်လာကြောင်း ရခိုင်အခြေစိုက် သတင်းထောက် အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

ရခိုင် အခြေစိုက် Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကတော့ “DMG က သတင်းထောက်တွေကို အမှုဖွင့်ထားတဲ့ကိစ္စကတော့ လုံဝမဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံ သတင်းသမားတွေက ရခိုင်စစ်ရေး ပဋိပက္ခ ကြားမှာ အကျပ်တွေ့ နေရတယ်။ သူတို့ကလည်း မှန်မှန်ကန်ကန် သတင်းတွေ တင်ပြနေကြတာဖြစ်တယ်။ ဟိုဘက်ဒီဘက် စွပ်စွဲချက်တွေကို မျှတအောင် သက်ဆိုင်တဲ့ သူတွေကို ကြိုးစားပြီးဆက်သွယ်ကာ သတင်းရေးနေကြတာ။ ဒီလို လုပ်တာ ဟာ သတင်းသမားတွေကို စိုးရိမ်မှုပို ကြီးထွားစေတယ်” ဟု ပြောသည်။

DMG သတင်းဌာနသည် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခသတင်းများ အပါအဝင် ဒေသတွင်း ဖြစ်စဉ် သတင်းများကို အချိန်နှင့် တပြေးညီ ရေးသားဖော်ပြနေသည့် သတင်းဌာနတခုဖြစ်ပြီး စစ်ရေးပဋိပက္ခသတင်းများ ဖော်ပြ မှုကြောင့် DMG သတင်းဌာန၏ ဝက်ဘ်ဆိုက်မှာ ပြီးခဲ့သည့် မတ်လအတွင်းမှ စပြီး ယနေ့အချိန်ထိ မိုလ်ဘိုင်းဒေတာများမှ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်း ခံနေရသည်ဟု သိရသည်။

DMG သတင်းထောက် ၂ ဦး အမှုရင်ဆိုင်နေရသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ဒဏ်ငွေ ကျပ် ၁၀ သိန်းမှ အမြင့်ဆုံး ထောင်ဒဏ်၂ နှစ်နှင့်၊ သို့မဟုတ် ပြစ်ဒဏ်၂ ခုစလုံး အပြစ်ပေး ချမှတ်နိုင် သော ပုဒ်မ ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

စစ်တွေ အခြေစိုက် DMG သတင်းထောက် ၂ ဦး ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခံရ

]]>
ကိုဗစ်ဒုတိယလှိုင်း စတင်ရာ ရခိုင်မှာ ကျန်းမာရေးဝန်ထမ်း ၄ ထောင်ကျော် ကာကွယ်ဆေး ထိုးမည် https://burma.irrawaddy.com/news/2021/01/26/237112.html Tue, 26 Jan 2021 13:41:20 +0000 https://burma.irrawaddy.com/lytbox/?p=237112 အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD / Getty Image စစ်တွေဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးရန် ပြင်ဆင်ထားပြီး ဖြစ်သည်။]]> အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD / Getty Image 

ကိုဗစ်ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံဆေးခန်းတို့၌ တာဝန်ထမ်းဆောင်လျက်ရှိ သော ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်တို့အား ပထမဦးစားပေးအဖြစ် ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၇ ရက်တွင် ထိုးပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဌာနက သိရသည်။

ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “ကိုဗစ် ကာကွယ်ဆေးက လောလောဆယ် ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးမယ်ဆိုပြီးတော့ စာရင်း ကောက်ထားတယ်။ အကုန်လုံးက ၄၄၀၀ ကျော် ရှိတယ်။ ကျနော်တို့ကလည်း၂၇ ရက်မှာ ထိုးမယ်လို့ စီစဉ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အိန္ဒိယနိုင်ငံ Serum Institute of India မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁ သန်းခွဲသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီလ၂၂ ရက်က Air India လေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ထို ဆေးများကို တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးသို့ ဖြန့်ဝေခဲ့သည်။

လက်ရှိတွင် စစ်တွေဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဆိုသည်။

ကာကွယ်ဆေး စတင် ထိုးနှံပေးမည့် အုပ်စုတွင် ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်ကုသတိုက်ဖျက်ရေးတွင် ပါဝင်နေသည့် စေတနာ့ ဝန်ထမ်းများ၊ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရယန္တရား ပုံမှန်လည်ပတ်နိုင်ရန်အတွက် အဓိကကျသည့် အစိုးရ ဝန်ထမ်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအပြင် COVID-19 ရောဂါ ကူးစက်လွယ် သည့် အုပ်စုနှင့် ကူးစက်ခံရပြီးနောက် အသေအပျောက်များနိုင်သည့် အုပ်စုများ ပါဝင်ကြောင်းလည်း နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ၂၁ ရက်တွင် COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဇန်နဝါရီ ၂၄ ရက်ကရခိုင်ပြည်နယ်သို့ ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၄၄၀၀ ကျော်အတွက် ရောက်ရှိနေပြီး မြို့နယ်အသီးသီးကိုလည်း ပြန်လည် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျန်းမာရေး ဝန်ထမ်းများကို ဆေးထိုးပြီးသည့် နောက်ပိုင်းတွင် တခြားအုပ်ချုပ်ရေးပိုင်း၊ သက်ကြီးပိုင်း ပြည်သူ စသည့် တို့ကိုလည်း ထိုးပေးသွားရန် အုပ်ချုပ်ရေးပိုင်းက စာရင်း ကောက်ယူနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ဆက်လက်ပြီး ဒေါက်တာစိုးဝင်းပိုင်က “ကျန်တဲ့ လူတွေကိုတော့ ထွေအုပ်ကနေ စာရင်းကောက်ယူနေတယ်။ အဲဒီစာရင်းတွေ ပြည့်စုံပြီဆိုရင် ဗဟ်ိုကော်မတီကနေ ဆေးရရှိမှုအပေါ်မူတည်ပြီးတော့ ဘယ်အုပ်စုကို ထိုးမယ်လို့ ပြောလာမှ ထိုးရမှာ။ တဆင့်ချင်း သွားမှာပေါ့ ” ဟု ရှင်းပြသည်။

အလားတူ ဆက်လက်ပြီး ကာကွယ် ဆေးရရှိမှုအပေါ် မူတည်ပြီး ရခိုင်ရှိ ဒုက္ခသည်တို့ကိုလည်း အဆင့်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ရောက်ရှိနေသော ကာကွယ်ဆေး ၁ သန်းခွဲသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့သော လက်ဆောင် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသံရုံးက ထုတ်ပြန်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးသန်း ၃၀ ဝယ် ယူရန် သဘောတူထားပြီး ၁၅ သန်းအတွက် ငွေပေးချေပြီး ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

ကိုဗစ် ကာကွယ်ဆေးထိုးရန် တိုင်းနှင့် ပြည်နယ်များတွင် စာရင်းကောက်ယူ

ကိုဗစ်ကာကွယ်ဆေးများ တိုင်းနှင့်ပြည်နယ်များသို့ မနက်ဖြန်မှစ၍ ဖြန့်ဝေမည်

]]>
စစ်တွေ အခြေစိုက် DMG သတင်းထောက် ၂ ဦး ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခံရ https://burma.irrawaddy.com/news/2021/01/24/236969.html Sun, 24 Jan 2021 13:43:15 +0000 https://burma.irrawaddy.com/lytbox/?p=236969 ယနေ့တွေ့ရသော DMG သတင်းဌာန ရုံးခန်း  / ခိုင်ရိုးလအမှုဖွင့်ခံထားရသူ ၂ ဦးမှာ DMG သတင်းဌာန၏ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ် တို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ် မာလာရွာသား စစ်ဘေးရှောင်နေစဉ် ရွာတွင်ကျန်ခဲ့သည့် စပါးများကို တပ်မတော် သားအချို့က ယူဆောင်ခဲ့သည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။ ]]> ယနေ့တွေ့ရသော DMG သတင်းဌာန ရုံးခန်း  / ခိုင်ရိုးလ

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာနှင့် သတင်း ထောက်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် စစ်တွေ နယ်မြေရဲစခန်းတွင် တပ်မတော်မှ အမှုဖွင့်ထားသည်။

အမှုဖွင့်ခံထားရသူ ၂ ဦးမှာ DMG သတင်းဌာန၏ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ် တို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ် မာလာရွာသား စစ်ဘေးရှောင်နေစဉ် ရွာတွင်ကျန်ခဲ့သည့် စပါးများကို တပ်မတော် သားအချို့က ယူဆောင်ခဲ့သည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

DMG သတင်းဌာနမှ အမှုဖွင့်ခံထားရသူ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံက “နှင်းနွယ်ရေးတဲ့ သတင်း အကြောင်း အရာက မာလာကျေးရွာက စပါးတွေကို တပ်မတော်သားတချို့က ယူဆောင်သွားတယ်လို့ ရွာသားတွေပြောတာကို ရေးတာ။ ဒါကို ဟိုဘက်ကို ဆက်သွယ်ဖို့ ကျနော်တို့ကြိုးစားခဲ့တယ်။ ဆက်သွယ်လို့မရခဲ့ဘူး။ နယ်လုံဝန်ကြီးရော၊ တပ်မတော်ဘက်၊ ပြည်နယ်အစိုးရကိုလည်း ဆက်သွယ်ဖို့ကြိုးစားခဲ့တယ်။ အဓိက တပ်နဲ့ပတ်သက်တဲ့ သတင်းကို ရေးလို့ အမှုဖွင့်တာပေါ့ ” ဟု ဧရာဝတီကို ပြောသည်။

ယင်းသို့ အမှုဖွင့်ခံထားရသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ်ကို အတိအကျ မသိရသေး ကြောင်း နှင့် သက်ဆိုင်ရာ အာဏာပိုင်များကလည်း ၎င်းတို့ထံသို့ ယနေ့အထိ တစုံတရာ အကြောင်းကြားလာခြင်း မရှိသေး ကြောင်း ကိုနေဝင်းစံက ဆိုသည်။

သတင်းထောက် ၂ ဦးကို တပ်မတော်က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စစ်တွေနယ်မြေ ရဲစခန်းတွင် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ယင်းစခန်းမှူး ရဲအုပ် သိန်းထိုက် ဧရာဝတီသို့ အတည်ပြုပြောသည်။

သို့သော်လည်း တရာလိုမည်သူ၊ မည့်သည့်အကြောင်းအရာစသည့် အသေးစိတ် အချက်အလက်များကို ဖြေကြား ခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချူပ်ဇော်မင်းထွန်းတို့ကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ်မရခဲ့ပါ။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က “ ကျောက်တော်မြို့နယ်၊ မာလာ (ရခိုင်) ကျေးရွာတွင် ရွာသားများ စစ်ဘေး ရှောင် နေကြချိန် ကျေးရွာအနီးတောင်တန်းတွင် ယာယီတပ်စွဲနေထိုင်ကြသော တပ်မတော်သားများမှ စပါးတောင်း (၇၀၀) ကို ယူဆောင်သွားသည် ” ဟု ကျေးရွာသားများ ပြောကြားချက်ကို DMG သတင်းဌာနတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသတင်းဖော်ပြရာတွင် ရွာသားများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တပ်မတော်ဘက်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ဖြစ်ကြောင်း၊ ယခုလို အမှုဖွင့်ခံရမှုမှာ တပ်နှင့်ပတ်သက်သည့် ရခိုင် သတင်းများကို မရေးဝံ့အောင် ပြုလုပ်ရာရောက်ကြောင်းနှင့် ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း DMG က ပြောသည်။

ကိုနေဝင်းစံက “ ရှေ့ဆက် သတင်းလုပ်ငန်းတွေကို တွန့်ဆုတ်သွားအောင် လုပ်တာ။ ဒီကိစ္စဟာ ရခိုင် ဒေသအခြေစိုက် သတင်းတိုက်တွေကို မရေးဝံ့အောင် လုပ်ဆောင်လိုက်တာလည်းဖြစ်တယ်” ဟု ဆိုသည်။

DMG သတင်းဌာနသည် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခသတင်းများ အပါဝင် ဒေသတွင်း ဖြစ်စဉ် သတင်းများကို အချိန်နှင့် တပြေးညီ ရေးသားဖော်ပြနေသည့် သတင်းဌာန တခုဖြစ်ပြီး စစ်ရေးပဋိပက္ခ သတင်းများ ဖော်ပြမှုကြောင့် DMG သတင်းဌာန၏ ဝက်ဘ်ဆိုက်မှာ ပြီးခဲ့သည့် မတ်လအတွင်းမှ စပြီး ယနေ့အချိန်ထိ မိုလ်ဘိုင်း ဒေတာများမှ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းခံနေရသည်ဟု သိရသည်။

ထို့အပြင် အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှာလည်း ၂၀၁၉ ခုနှစ် မေလက သတင်းတပ်ဖွဲ့(SB)မှ တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်းကို ခံထားရသည့်အတွက် လက်ရှိတွင် တိမ်းရှောင်နေသည်။

အလားတူ DMG သတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က မောင်တောဒေသရှိ တံတားပျက်စီးနေမှု သတင်းကို ဖော်ပြမှုနှင့် ပတ်သက်ပြီး လမ်း တံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မောင်တော မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားခြင်းခံနေရသည်။

]]>
မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို https://burma.irrawaddy.com/news/2021/01/22/236916.html Fri, 22 Jan 2021 13:14:54 +0000 https://burma.irrawaddy.com/lytbox/?p=236916 မောင်တော ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အောင်သုခကျေးရွာသား၂ ဦး / ဒေသခံတဦးရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စုမှ အောင်သုခကျေးရွာသား ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့မှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။]]> မောင်တော ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အောင်သုခကျေးရွာသား၂ ဦး / ဒေသခံတဦး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စုမှ အောင်သုခကျေးရွာသား ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့မှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ရိုက်နှက်ခံရသူများမှာ ဦးကျော်ဇောအောင် အသက် ၅၃ နှစ်နှင့် ကိုမင်းသန်းထွန်း အသက် ၃၆ နှစ်တို့ဖြစ်ပြီး ယခုလ ၂၁ ရက်နေ့က နေအိမ် ခြံစည်းရိုးကာရန် မေယုတောင်ကြောတွင် ဝါးသွားခုတ်နေကြစဉ် အဆိုပါလက်နက်ကိုင် အဖွဲ့နှင့် တွေ့ပြီး ဖမ်းဆီးရိုက်နှက်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။

ကိုမင်းသန်းထွန်းက “သူတို့ လူ ၅ ယောက်က ဝိုင်းရိုက်ကြတာ။ ခင်ဗျားတို့ကို သေအောင် သတ်ပြီး ငါတို့ ဘင်္ဂလားကို ပြေး သွားရင် လွတ်ပြီလို့ ပြောကြတယ်။ သတ်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်ကြတာ။ သူတို့ အချင်းချင်း မွတ်စလင် စကားပြောနေကြတာ။ ကျနော်တို့ ဆီကိုတော့ ဗမာစကားနဲ့ ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။

၎င်းတို့ ၂ ဦးအား နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီခန့်အထိ မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်ကာ သေနတ်၊ ဝါးချွန်အပြင် ခြေလက်တို့ဖြင့် ထုထောင်း၊ ထိုးနှက်မှုများရှိခဲ့ကြောင်း ထို့နောက် ၃ နာရီခန့်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ တဦးထံမှ ဖုန်းဆက်လာမှုကြောင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကိုမင်းသန်းထွန်းက ရှင်းပြသည်။

ကိုမင်းသန်းထွန်း က “သူတို့ပြောတာက မင်းတို့က အိုးအိမ်တွေနဲ့ နေရတယ်။ ငါတို့က အိုးအိမ်တွေနဲ့ မနေရလို့ ပြောပြီး၊ ဘာလို့ တောနက်ထဲကို လာကြတာလဲလို့ ပြောတယ်။ အစက သူ့ဆရာက သေအောင် သတ်ခိုင်းရင် သတ်မယ်လို့ ပြော ကြတာ နောက်မှ သူတို့ဆီကို ဖုန်းခေါ်လာတော့ သွားတော့ ဆိုပြီး ပြန်လွှတ်လိုက်တာ” ဟု ဆိုသည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ကိုမင်းသန်းထွန်းတွင် နံရိုးများ ကျိုးသွားခြင်း၊ ဘယ်ဘက်ခြေထောက်တွင် ဝါးချွန်ဖြင့် ထိုးခံရ သည့်ဒဏ်ရာအပြင် ဘယ်လက်ကျိုးသွားခဲ့သလို၊ ဦးကျော်ဇောအောင်တွင်လည်း ရင်ဘတ်နှင့် ခန္ဓာကိုယ်အပြင် နံရိုးများ ကျိုးခြင်း စသည့် ဒဏ်ရာများ ပြင်းထန်သည့်အတွက် လက်ရှိတွင် အသက်ရှုကျပ်နေပြီး အောက်စီဂျင်သွင်းပေးကာ ဆေး ကုမှု ခံယူနေကြရသည်။

ရိုက်နှက်ခံရသူတို့မှာ မိမိကျေးရွာအတွင်း မည်သည့် အဖွဲ့အစည်းနှင့်မှ ဆက်သွယ်မှုမရှိဘဲ အေးချမ်းစွာ ကြုံရာကျပန်း လုပ် ကိုင်စားသောက်နေသူများ ဖြစ်ပြီး အပြစ် တစုံတရာ မရှိကြောင်း ဒေသခံများက ပြောသည်။

ကိုမင်းသန်းထွန်း ယောက္ခမ ဦးမောင်စိန်နုက “အဲဒီဘက်မှာ အရင်တုန်းကလည်း မွတ်ဆလင် လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်လို့တော့ ကြားတယ်။ အာဆာအဖွဲ့လို့လည်း သတ်မှတ်လို့ ရတယ်။ သူတို့ မဟုတ်ရင် ရခိုင်ကို ရခိုင်အဖွဲ့တွေ ဘာမှ အပြစ် မရှိဘဲ မရိုက်လောက်ဘူး။ ဗမာတွေလည်း မရိုက်ဘူး။ ဒါကြောင့် အာဆာပဲ ဖြစ်တယ်။ အရင်တုန်းကလည်း ရွာသားတွေကို ဖမ်းပြီး တောထဲကို မလာနဲ့ ဆိုပြီး ပြောတာတွေရှိတယ်” ဟု ပြောသည်။

ယင်းသို့ တောထဲဝင်ကာ ဟင်းရှာ၊ သစ်ခုတ်သည့် ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီး ရိုက်နှက်ခြင်းများ ထပ်မံဖြစ်လာမည်ကို ရွာသူ၊ ရွာသားများက စိုးရိမ် ကြောက်လန့်မှုများ ရှိနေကြောင်းလည်း သိရသည်။

သို့သော်လည်း လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ရှိ ကျေးရွာတို့တွင် တည်ငြိမ်လျက်ရှိပြီး တောတောင်များတွင်သာ ယင်းကဲ့သို့ဖြစ်စဉ် အချို့ ရှိနေခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ ARSA ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်းလည်း ဒေသ အုပ်ချုပ်းရေးအဖွဲ့ဝင် များကလည်း ထင်မြင်ချက်ပေးကြသည်။

မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “အဲဒီဘက်မှာ မွတ်ဆလင် လက်နက်ကိုင်ဆိုတော့ ARSA ဖြစ်မှာပေါ့။ အဲဒီ နေရာ မောင်တောတောင်ပိုင်း အင်းဒင်နား မေယုတောင်ကြောတွေမှာ အရင်တုန်းကလည်း ရှိခဲ့တယ်။ ကတုတ်ကျင်းတွေ တူးပြီး၊ ဂူတွေတူးထားတာတွေ ရှိခဲ့တယ်လေ။ ဒီမှာတော့ မြို့တို့ရွာတို့မှာကျတော့ ဒေသအခြေအနေတွေ အေးချမ်းပါတယ်။ တောထဲတောင်ထဲ ဆိုတော့ ပြောမရဘူးပေါ့” ဟု ဆိုသည်။

အောင်သုခ ကျေးရွာသား ၂ ဦးကို ရိုက်နှက် နှိပ်စက်ခဲ့သူတို့မှာ အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံများက ထင်မြင်နေကြသော်လည်း ယင်းအဖွဲ့အစည်းအား မည်သူမည်ဝါ ဖြစ်သည်ကို ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပေ။

သို့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်ကလည်း မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာသား ၁ ဦးမှာ ကျေးရွာ အနီး ဝေလာတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အာဆာအဖွဲ့နှင့် တွေ့၍ ထွက်ပြေးလာခဲ့ရပြီး ဆိုင်ကယ်မှာ မီးရှို့ခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။

ယင်းပြင် နိုဝင်ဘာလ ၁၇ ရက်ကလည်း မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာသားများသည် သာယာကုန်းကျေးရွာတွင် ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားကာ ကလေးငယ် တဦး အပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အပြင် ဘူးသီးတောင်၊ ရသေ့ တောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် ARSA အဖွဲ့ဝင်များသည် လူအင်အား၊ လက်နက်အင်အားဖြင့် မကြာခဏ ဆိုသလို ချောင်းမြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်လျက် ရှိသည်ကို တွေ့နေရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

You may also like these stories:

မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်

သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်

]]>
ဒုတိယလှိုင်း စခဲ့သည့် ရခိုင်တွင် ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာလျော့ကျ https://burma.irrawaddy.com/news/2021/01/21/236852.html Thu, 21 Jan 2021 14:29:56 +0000 https://burma.irrawaddy.com/lytbox/?p=236852 စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာ ကုသဆောင်  /  ခိုင်ရိုးလ /  ဧရာဝတီ ကိုဗစ်ရောဂါ ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ကူးစက်မှုနှုန်း သိသိသာ လျော့ကျလာနေပြီး ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မြို့နယ်အသီးသီး၌ ဆေးကုမှုခံယူနေရသူ ၁၉ ဦးသာရှိတော့ကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ ]]> စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာ ကုသဆောင်  /  ခိုင်ရိုးလ /  ဧရာဝတီ

ကိုဗစ်ရောဂါ ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ကူးစက်မှုနှုန်း သိသိသာ လျော့ကျလာနေပြီး ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မြို့နယ်အသီးသီး၌ ဆေးကုမှုခံယူနေရသူ ၁၉ ဦးသာရှိတော့ကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ရှိ မြို့နယ် အသီးသီးတွင် သြဂုတ် ၁၆ ရက်မှ အခုအချိန်ထိ ကိုဗစ်ရောဂါ ပို့တွေ့လူနာပေါင်း ၄၁၁၆ ဦးရှိပြီး ယင်းအထဲမှ ရောဂါအခံရှိပြီး ရောဂါ ပြင်းထန်သည့်အတွက် သေဆုံးသူ ၃၆ ဦးရှိခဲ့သလို ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၀၆၁ ဦးရှိကာ၊ လက်ရှိ ဆေးရုံတွင် ကုသနေရသူ ၁၉ ဦးသာ ကျန်နေသေးခြင်းဖြစ်သည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင် က “အခု ရက်ပိုင်းတွေမှာတော့ တယောက်စ၊ နှစ်ယောက်စတွေ့တယ်။ လုံးဝမတွေ့တဲ့ ရက်တွေလည်းရှိတာပေါ့။ ဒီတပတ်လုံးမှာ ၈ ယောက်ပဲတွေ့ထားတယ်။ ဟိုးအရင်တုန်းက ကူးစက်မှုများတာ။ အခုကတော့ ကျဆင်းသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ၁၉ ဦးအနက် ၇ ဦးမှာအရပ်ဘက် ဆေးရုံများတွင် ကုသမှု ခံယူနေပြီး ကျန် ၁၂ ဦးမှာ တပ်မတော်ဆေးရုံတွင် ကုသမှုပေးနေကြောင်းလည်း သိရသည်။

ရခိုင်တွင် ရောဂါကူးစက်နှုန်းလျော့နည်းသော်လည်း ပြည်သူများအနေဖြင့် မပေါ့ဆရန်၊ တတ်နိုင်သမျှ Stay at Home နေထိုင်ကြရန်၊ အပြင်ထွက်လျှင် Mask တပ်ရန် စသည့် ကျန်းမာရေးဌာမှ ချမှတ်ထားသည့် ကိုဗစ်စည်းကမ်းများကို လိုက်နာကြရန် ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှ ကူးစက် နှုန်း မြန်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်တွေမြို့တွင် ပိုးတွေ့လူနာများလည်း နေ့စဉ် ကူးစက်မှု များပြားလာခဲ့ပြီး ထိုမှတဆင့် မြောက်ဦး၊ ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ် မြို့နယ်များအားလုံး၌ပါ ပိုးတွေ့လူနာ ဆက်တိုက်တိုးလာခဲ့သည့် အတွက် စိုးရိမ်ရသည့် အနေအထား ဖြစ်ခဲ့သည်။

အစိုးရအနေဖြင့် စစ်တွေမြို့မှ တခြားမြို့နယ်များကို ကူးစက်မှု မရှိစေရေးအတွက် ထိန်းချုပ်ရန် စစ်တွေမှ နေ့စဉ်ပြေးဆွဲ နေသော ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းခရီးစဉ်များကို ပိတ်ထားခဲ့ရသည်။ တမြို့နယ်နှင့်တမြို့သို့ ကူးလူးသွား လာမှုကို ချက်ချင်း တားမြစ်ခဲ့ရပြီး ပိုးတွေ့သူများပြားလာခဲ့မှုကြောင့် လူနာများကို ကုသနိုင်ရန် ရခိုင်ရှိမြို့နယ်တိုင်း၌ Quarantine စင်တာများကို ဆေးရုံ အပါဝင်၊ စာသင်ကျောင်း တို့တွင် ပြင်ဆင်ခဲ့ရသည်။

လက်ရှိအချိန်တွင် ကိုဗစ်ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ယခင်က စီစဉ် ဖွင့်လှစ်ခဲ့ရသော ကိုဗစ် ကုရေးစင်တာတို့မှာလည်း အလိုအလျောက် ပိတ်သွားပြီဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရတာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သူ ဦးဝင်းမြင့်က “ပိုးမတွေ့တဲ့ နေရာတွေမှာတော့ ကုသရေးစင်တာလို့မရှိတော့ဘူး။ ပိုးရှိတဲ့နေရာတွေမှာတော့ ရှိသေးတယ်။ ကျနော်တို့ကတော့ လူမဆံ့တုန်းက စစ်တွေမြို့မှာ တက္ကသိုလ်လို၊ တိုင်းရင်းဆေးရုံလို နေရာမျိုးမှာ လုပ်ခဲ့တယ်။ အခုက ပိုးတွေ့လူတွေပါးသွားတော့ အလိုလိုပိတ်ပြီးသားဖြစ်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့အတူ ရခိုင်တွင် စစ်ရေးပဋိပက္ခငြိမ်သက်သွားခြင်း၊ ကိုဗစ်ကူးစက်နှုန်း ကျဆင်းသွားခြင်းတို့ကြောင့် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်တို့ရှိ အထင်ကရနေရာများသို့ ဘုရားဖူးသွားလာခြင်း၊ ပျော်ပွဲစားထွက်ခြင်းစသည့် ခရီးသွားများလည်း နေတိုင်းရှိနေသည်ကို တွေ့နေရသည်။

ယင်းကြောင်း ထိုသို့ ခရီးသွားများအနေဖြင့် အစိုးရမှ တရားဝင်သွားခွင့်လာခွင့်၊ ပွဲကျင်းပခွင့် မပြုထားသည့်အတွက် ကိုဗစ်စည်းကမ်းချက်များနှင့် အညီသွားလာမှု လုပ်စေလိုကြောင်းလည်း အစိုးရက သတိပေးထားသည်။

ဦးဝင်းမြင့်က “Stay at Home ပယ်ဖျက်ထားတာ မရှိသေးဘူး။ ဒါကြောင့် စည်းကမ်းလေးတွေနဲ့တော့ နေထိုင်ရမှာ။ ကျနော်တို့ကတော့ ဘုရားပွဲတွေ ဘာတွေ တရားဝင် ခွင့်ပြုထားတာ မရှိသေးဘူး” ဟုဆိုသည်။

ရခိုင်တပြည်နယ်အတွင်း ၂၀၂၀ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် မလိုအပ်ဘဲ အပြင်သို့ မထွက်ကြရန် မြို့တွင်း လှည့်လည်ဆော်သြခြင်း၊ ပိုးတွေ့လူနာရှိသည့် ရပ်ကွက်များကို Lockdown ချခြင်းများ၊ မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်ပါသော ကတ်ပြားများဖြင့် သွားခွင့်ပြုရန် ထိန်းချုပ်ခဲ့ရသည်။

ယင်းသို့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်နှုန်း အချိန်မီထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းများကို လိုက်နာမှု မရှိသူများကို ဝန်ခံကတိများ၊ ဒဏ်ငွေရိုက်ခြင်းများ ရခိုင်ပြည်နယ် အစိုးရက ပြုလုပ်ခဲ့ရသည်။

]]>
စစ်ဘေးရှောင် နေရပ်ပြန်ရေး တပ်စခန်းများ ရုပ်ပေးရန် ဆန္ဒထုတ်ဖော် https://burma.irrawaddy.com/news/2021/01/20/236740.html Wed, 20 Jan 2021 09:41:59 +0000 https://burma.irrawaddy.com/lytbox/?p=236740 ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲ / ခိုင်ရိုးလ / ဧရာဝတီကျေးရွာအနီးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်ကြသည့်အတွက် ကျောက်တော် ကုလားတန် မြစ်အထက် ပိုင်းရှိ မာလာရွာ အပါအဝင် တင်းမ၊ ပြိုင်းတိုင်း၊ မီးဝ စသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်တို့မှာ နေရပ်ပြန်ရန် အခက်အခဲ ရှိနေကြခြင်း ဖြစ်သည့်အတွက် တပ်စွဲ နေထိုင်မှုတို့ကို ဆုတ်ခွာပေးရန် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။]]> ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲ / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ မြို့ပေါ်ရောက် စစ်ဘေးရှောင် မာလာရွာသားများက ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီလ ၁၉ ရက် နေ့လယ်၂ နာရီကျော်က မဟာကံကြီးရှင် ဘုရား စစ်ဘေး ရှောင်စခန်းတွင် ပြုလုပ်ခဲ့ကြသည်။

တပ်မတော်မှ ကျေးရွာအနီးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်ကြသည့်အတွက် ကျောက်တော် ကုလားတန် မြစ်အထက် ပိုင်းရှိ မာလာရွာ အပါအဝင် တင်းမ၊ ပြိုင်းတိုင်း၊ မီးဝ စသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်တို့မှာ နေရပ်ပြန်ရန် အခက်အခဲ ရှိနေသည်ဟု ဆိုကာ ဆုတ်ခွာပေးရန် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဒေါ်ဖြူဖြူက “အခုလို စစ်ပွဲတွေ ငြိမ်နေတော့ ကျမတို့ကတော့ ရွာကို အရမ်းပြန်ချင်တယ်။ ပြန်ဖို့တွေးကြည့်တော့ ရွာနဲ့ နီးနီးလေးမှာ တပ်မတော်သားတွေ ရှိနေတယ်။ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ ရှိမယ်။ ရွာနားမှာလည်း မပေါက်သေးတဲ့ လက်နက်တွေလည်း ရှိနေတယ်။ ပြန်ဖြစ်ရင်လည်း အဲဒီမိုင်းတွေ ကြောင့် အသက်အန္တရာယ် ဒုက္ခရောက်မှာ စိုးရိမ်တဲ့အတွက် ကျမတို့ မပြန်ရဲကြပါ” ဟု ဆိုသည်။

ယင်းသို့ မာလာရွာသားများ အိမ်ပြန်နိုင်ရန် ကျေးရွာအနီးတွင် ယာယီ တပ်စွဲထားသည့် တပ်မတော် စခန်းများကို ပြန်လည် ရုပ်သိမ်းပေးစေလိုကြောင်း ဆန္ဒ ထုတ်ဖော်သူများက တောင်းဆိုနေကြသည်။

ဦးမောင်ဝင်းလှိုင် “စစ်သားတွေက ရွာနားမှာရှိတော့ သူတို့ကို ကျနော်တို့ ကြောက်တယ်။ ရွာကိုလာရင် ရွာသားတွေကို ခေါ်တယ်။ ရိုက်ပုတ်တယ်။ ဖမ်းတယ်။ ရှိတဲ့ပစ္စည်း ကြက်ငှက်တွေကို သတ်စားတယ်။ ဒါကြောင့် အိမ်မပြန်ရဲတာ” ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကျေးရွာသား ၇၀ ခန့်တို့က တပ်မတော် တိုးချဲ့စစ်အင်အားနှင့် စစ်စခန်းများ ချက်ချင်း ရုပ် သိမ်းပေး၊ ရွာသားပိုင် ပစ္စည်းများအား လွတ်လပ်စွာ သယ်ယူခွင့် ချက်ချင်းပေး၊ ရွာသားများအား ရွာသို့လွတ်လပ်စွာ သွား လာခွင့် ချက်ချင်းပေး၊ တပ်မတော်သားများ ယူဆောင်သွားသော ကျေးရွာသားပိုင် ပစ္စည်းများအား ချက်ချင်းပြန်ပေး၊ ရွာနှင့် အနီးဝန်းကျင်၌ မြှုပ်ထားသော မြေမြှုပ်မိုင်းများအား ချက်ချင်း ဖယ်ရှားပေး စသည့်အချက် စာတမ်းပါ ဗီနိုင်းများ ကိုင် ဆောင်ကာ တောင်းဆိုခဲ့ကြသည်။

သို့သော် မာလာရွာ အပါအဝင် တင်းမ၊ ပြိုင်တိုင်း၊ မီး၀ စသည့် ကျေးရွာများသည် ရခိုင်စစ်ပွဲအတွင်း တပ်မတော်နှင့် AA တို့ အတွက် မဟာဗျူကျသည့် နေရာများ ဖြစ်သည့်အပြင် တိုက်ပွဲများ ဖြစ်ပွားခဲသည့် နေရာများဖြစ်သည်။

မာလာရွာသားများ နေရပ်ပြန်နိုင်ရေး၊ ကျေးရွာအတွင်းကျန်ခဲ့သည့် ပစ္စည်းများကို သယ်ယူခွင့်ရရှိရေးအတွက် ရွာသူရွာသား များက ပြည်နယ် အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံသို့ ဒီဇင်ဘာလ ၃၀ ရက်က အသနားခံစာ တင်ခဲ့ကြောင်း သိရ သည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦး ဇော်ဝင်းက “ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရဆီမှာ ရွာသားတွေရွာမှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို ခွင့်ပြုပေးဖို့ အသနားခံစာ တစောင်ပေးပို့ခဲ့တယ်။ အဲဒါအဆင်မပြေလို့ ဆန္ဒဖော်ထုတ်ကြတာ။ တပ်မတော် က ရွာမှာရှိတဲ့ ပစ္စည်းတွေကို ယူပြီး စားသောက်နေကြတယ်။ သယ်ယူသွားကြတယ်။ ဒါကြောင့် ကြာလာရင် ဘာမှကျန်ဖြစ် လာမယ်။ ပြည်နယ် အစိုးဟာ အဲဒီလိုဖြစ်နေတာကို သိသိရက်နဲ့ ဖုံးဖို့ကြိုးစားနေလို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ် ” ဟု ပြောသည်။

မာလာကျေးရွာသားတို့မှာ ပြီးခဲ့သည့် နှစ်ဖက် တိုက်ပွဲ ဖြစ်စဉ်များကြောင့် AA နှင့် ဆက်နွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရမှုများ ရှိနေမှု၊ ရက်ပေါင်း ၄၀ ကျော်ကြာ မီးဝ တိုက်ပွဲ ပြင်းထန်လာမှု တို့ကြောင့် ကြောက်လန့်ကာ ထွက်ပြေး လာကြသည်မှာ တနှစ်ခန့်ကြာမြင့်လာနေပြီ ဖြစ်သလို လက်ရှိ စစ်ရှောင်စခန်းတွင် စားဝတ်နေရေး ကျပ်တည်း လာမှုတို့ ကြောင်း အိမ်ပြန်ချင်နေကြခြင်း ဖြစ်သည်။

ဦးမောင်ဝင်းလှိုင် “ကျနော်တို့မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်။ ပထမကတော့ ဆန်၊ ဆီ၊ ပဲတွေ ရတယ်။ အခုကတော့ အရမ်း အခက်အခဲ ဖြစ်လာတယ်။ ကိုယ့်ရွာကို ဆန်စပါးတွေ သွားယူမယ်ဆိုရင်လည်း လမ်းပိတ်ထားတဲ့ အတွက် သွားမရဘူး” ပြောသည်။

ယင်းသို့ ကျေးရွာအနီးတွင် တပ်မတော်သားများ၏ ယာယီစခန်းများ ပြန်ရုပ်သိမ်းပေးရေး အပါအဝင် ကျေးရွာသားများ၏ ပစ္စည်းများကို တပ်မတော်သားများက ယူဆောင်သွားသည်ဆိုသည့် မာလာကျေးရွာသားများ၏ ပြောဆိုချက်၊ တောင်း ဆိုချက်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

သို့သော်လည်း စစ်ဘေးရှောင်များ အိမ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးကိစ္စမှာ လက်ရှိတွင် တပ်မတော်နှင့် AA တို့မှာ အပစ်အခတ် ရပ်စဲထားသော်လည်း နှစ်ဖက်ဆိုင်ထားသည့်အနေထားတွင် ရှိသဖြင့် လက်ရှိတွင် အခက်အခဲများ ရှိနေ ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လွှတ်တော်တွင် ပြောဆိုထားသည်။

အလားတူ မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် နှစ်ဖက်တပ်များ အနေဖြင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကဲ့သို့ တပ်နေရာချထားရေး စသည့် အချက်များ သဘောတူညီမှုတစုံတရာ ရရှိမှသာ လျှင် အဆင်ပြေမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးမင်းသန်းက ဖေဖော်ဝါရီလ ၁၅ ရက်က ရခိုင်ပြည်နယ်လွှတ်တော် အစည်း အဝေးတွင် ရှင်းပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့မှာ အပစ်အခတ် တိုက်ခိုက်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဆက် လက် ဆောင်ရွက်နေပြီး တပ်မတော် အနေဖြင့် စစ်အင်အား ဖြည့်တင်းနေခြင်းမျိုး မရှိကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာများ ကို ပြောဆိုထား သည်။

လက်ရှိ ရခိုင်နှင့် ချင်းဒေသတချို့တို့တွင် စစ်ပွဲငြိမ်သက်နေသော်လည်း နှစ်ဘက်တပ်အပြန်အလှန် လျော့ချရေးကိစ္စများ မရှိသေးခြင်းကြောင့် လတ်တလောတွင် ကျောက်တော်၊ ပလက်ဝနယ်စပ်ဒေသတို့မှ စစ်ဘေးရှောင်တို့မှာ မိုင်းအန္တရာယ် များရှိနေသည့်အတွက် အိမ်ပြန်ရန်ခက်ခဲနေသေးခြင်းဖြစ်ကြောင်း နိုင်ငံရေး သုံးသပ်သူတို့ ပြောဆိုမှုများလည်းရှိနေသည်။

တိုင်းရင်းသားအရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “အခု အပစ်အခတ် ရပ်စဲထားတယ်ဆိုတာ နားလည် မှုနဲ့ ရပ်ထားရုံပဲ။ အခိုင်အမာ တပ်နေရာချထားရေး ဘာတို့ကတော့ မခွဲခြားရသေးဘူးပေါ့။ နောက်တခုက နှစ်ဘက်အပြန် အလှန် မိုင်းမြှုပ်တာတို့ ဘာတို့ ကိစ္စတွေကို မဖြေရှင်းရသေးဘူး။ အဲဒီအချိန်မှာ အရပ်သားပြန်ဖို့ ဆိုတာကတော့ နည်းနည်း ခက်တယ်ဗျ။ ဥပမာဆိုပါတော့ ကချင်ပြည်နယ်မှာ ဆိုရင် ၂၀၁၁ ကဖြစ်တာ အခု ၈ နှစ် ၉ နှစ်လောက်က အိမ်မပြန်ရသေး ဘူး။ နောက်ပိုင်း သဘောတူညီချက်မရသေးတဲ့ အချိန်ခါမှာတော့ ဒီလိုအခြေအနေမျိုးလေးရှိပါတယ်။ ” ဟု ထောက်ပြ သည်။

လက်ရှိ ရခိုင်တွင် ရခိုင်ပြည်နယ်အတွင်း အပစ်ခတ်ရပ်ထားသည့် ကာလ ၃ လခန့် အတွင်း စစ်ဘေးရှောင်တချို့မှာ မိမိ နေရပ်သို့ တဖြည်းဖြည်း ပြန်နေကြသည်။

ရခိုင်တွင် စစ်ဘေးဒုက္ခသည် လူဦးရေမှာ ပြီးခဲ့သည့် နိုဝင်ဘာက ၂၃၄၉၁၅ ရှိခဲ့ရာကနေ ယနေ့ စစ်ဘေးရှောင်ဦးရေမှာ ၁၈၅၆၃၁ ဦးသာ ရှိတော့သည့် အတွက် အပစ်ခတ် ရပ်စဲနေသသည့် ကာလအတွင်း စစ်ဘေးရှောင် ၅၀၀၀၀ ခန့် နေရပ်ပြန် ခဲ့ကြပြီ ဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များကို စာရင်း ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး ထံက သိရသည်။

You may also like these stories:

ရခိုင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက နပခ တိုင်းမှူးထံ စာပို့

ရခိုင်တွင် မိုင်းရှင်းလင်းရေး အခက်အခဲရှိဟု နယ်/လုံ ဝန်ကြီးပြော

]]>
ရခိုင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက နပခ တိုင်းမှူးထံ စာပို့ https://burma.irrawaddy.com/news/2021/01/18/236609.html Mon, 18 Jan 2021 07:09:18 +0000 https://burma.irrawaddy.com/lytbox/?p=236609 စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း တခု  / ဧရာဝတီတိုင်းမှူးဆီသို့ စာပို့ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးလုပ်ကာ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သလို မြို့နယ်ကျေးရွာအလိုက် နေရပ်ပြန်မည့်သူများ စာရင်းကိုလည်း ပေးထားကာ ၎င်းတို့ပြန်လျှင် အကူအညီ အထောက်အပံ့များ ပေးသွားမည် ဟုလည်း သိရသည်။]]> စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း တခု  / ဧရာဝတီ

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ အပစ်အခတ် ရပ်စဲနေသည့်အတွက် ရခိုင်စစ်ဘေးရှောင်များကို လုံခြုံစွာနေရပ်သို့ ပြန်နိုင်ရေး ပြည်နယ်အစိုးရက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ စာပို့ တင်ပြ ထားကြောင်း သိရသည်။

လက်ရှိ အပစ်ရပ်နေသည့် ကာလအတွင်း စခန်းအသီးသီးသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလက မြို့နယ် စခန်းအလိုက် လူဦးရေစာရင်းများ ကောက်ခံခဲ့ရာတွင် စစ်ဘေးရှောင်များကဘက်မှ လုံခြုံစိတ်ချမှု ရှိရေးဆောင်ရွက်ပေးရန် တင်ပြမှုများရှိသည့်အတွက် ယင်းသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရထံက သိရ သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက “တိုင်းစစ်ဌာနချုပ်ကနေ သွားလို့ ရတဲ့ မြို့နယ်တွေ၊ ရွာတွေ ရပ်ကွက်စတဲ့ နေရာတွေကို သူတို့ စိစစ်မယ်။ စိစစ်တယ်ဆိုတာ အန္တရာယ်ကင်းအောင်ပေါ့။ အန္တရာယ်ကင်းလို့ရှိရင် ပြန်မယ်။ တိုင်းမှူးကြီးနဲ့တော့ နှုတ်နဲ့ အလွတ်သဘော ပြောထားတာ ရှိပါတယ်။ သူခရီးသွားနေလို့ သူပြန်လာရင် လုပ်ပေးမယ်ပေါ့။ စာကတော့ ပို့ပြီးပြီ” ဟု ဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယကြိမ်မြောက် ရခိုင် ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုင်းမှူးဆီသို့ စာပို့ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သလို မြို့နယ်ကျေးရွာအလိုက် နေရပ်ပြန်မည့်သူများ စာရင်းကိုလည်း ပေးထားကာ ၎င်းတို့ပြန်လျှင် အကူအညီ အထောက်အပံ့များ ပေးသွားမည် ဟုလည်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး မင်းသန်းက “လက်ရှိ တိုက်ပွဲရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက်ကို တိုက်ပွဲငြိမ်သွားတဲ့ နိုဝင် ဘာပေါ့။ ဒီဇင်ဘာလမှာ ပိုပြီး ငြိမ်သွားတယ်ဆိုတော့ ဝန်ကြီးချုပ်နဲ့ တိုင်ပင်ပြီးတော့ တိုက်ပွဲရှောင်တွေ ပြန်လို့ရအောင်ဆိုပြီး စီမံချက် ချရမယ်ဆိုပြီး လုပ်တယ်ပေါ့။ အဓိကတော့ သူတို့ပြန်ရင် ကျနော်တို့ဘက်က ဆန်ဘယ်လောက်ပေးမလဲ။ နောက် ထပ်ပြီးတော့ နောက်ဆက်တွဲ အကူအညီတွေ ဘယ်လို လိုက်လုပ်မလဲ။ ဒါမျိုးတွေပေါ့” ဟု ပြောကြားသည်။

အစိုးရ အဖွဲ့ထံသို့ နေရပ်ပြန်ရန် စာရင်းပေးထားသည့် စစ်ဘေးရှောင်များမှာ စစ်တွေမြို့နယ်တွင်၂၀၁ ဦး၊ ပုဏ္ဏားကျွန်း မြို့ နယ်တွင် ၁၁၇ ဦး၊ ကျောက်တော်မြိုနယ်တွင် ၉၈၉၃ ဦးနှင့် အမ်းမြိုနယ်တွင် ၂၂၀၂ ဦး စုစုပေါင်း လူဦးရေ ၁၂၄၁၃ ဦး ရှိ ကြောင်းလည်း ဗိုလ်မှူးကြီးမင်းသန်း ပြောကြားချက်အရ သိရသည်။

၂၀၁၈ နိုဝင်ဘာလကုန်ပိုင်းမှာ စတင်ကာ ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တိုက်ပွဲများ ဆက် တိုက် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည့် တပ်မတော်နှင့် AA တို့မှာ နိုဝင်ဘာလကနေ ယနေ့အချိန်ထိ နှစ်ဖက်တပ်များ ရွေး ကောက်ပွဲ ဖြစ်စဉ်များကြောင့် အပစ်အခတ် ရပ်စဲထားကြသည့်အတွက် စစ်ဘေးရှောင်တို့မှာ အိမ်ပြန်ချင်နေကြခြင်း ဖြစ် သည်။

စစ်ဘေးရှောင်များအနေဖြင့် အပစ်ရပ်နေသည့် ကာလအတွင်း အစိုးရ စာရင်းကောက်ခြင်းကို စာရင်းမပေးတော့ဘဲ မိမိ အစီစဉ်ဖြင့် အိမ်ပြန်နေသူတို့လည်း ရှိနေကြသည်။

ရသေ့တောင်မြို့ ရွှေပါရမီ စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ညောင်ပင်လှကျေးရွာမှ ဦးဦးထွန်းလှိုင်က “ကျနော်က ရွာမှာ အိမ်တွေက အကုန်လုံး ပြိုပျက်နေတယ်ဆိုတော့ သွားလုပ်တာ။ စပါးရိတ်သိမ်းကြတာပေါ့။ တခြားလူတွေလည်း စခန်းက နေ ရွာကိုသွားလိုက်လာလိုက် လုပ်နေကြတယ်။ ရွာမှာတော့ အခု အေးဆဲတည်ငြိမ်နေတယ် ဆိုပေမယ့် အတည်တကျ နေဖို့ အတွက်ကတော့ စိုးရိမ်စိတ်တွေ ရှိတယ်” ဟု ဆိုသည်။

လက်ရှိ နေရပ်ပြန်မည့်သူတို့အား ၎င်းတို့ လွတ်စွာနေထိုင်ရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းများ၊ စီးပွားရေး အခွင့် အလမ်းများကိုပါ ဖန်တီးရမည် ဖြစ်သလို ကျေးရွာအတွင်း လက်နက်ကိုင် တပ်စွဲနေထိုင်မှုကိုလည်း ထွက်ခွာပေးရန် အစိုးရ က အဓိက လုပ်ပေးရမည်ဖြစ်ကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြနေကြသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “သူတို့အိမ်ပြန်မယ့် လမ်းကြောင်းက ဖြောင့်တန်းဖို့ လိုတယ်။ တချို့နေရာတွေမှာ စစ်ဆေးမှုတွေ ထူပြောတယ်။ အဲဒီမှာ လမ်းကြောင်းက တခါသွား ရှင်းနေလို့မရသေးဘူး။ အမြဲတမ်း ကျန်းမာရေး၊ လူမှုရေးဖြစ်စဉ်တွေအတွက် လွတ်လပ်စွာ သွားလာခွင့် ရဖို့လိုတယ်။ နောက်ပြီးတော့ တချို့ကျေးရွာအတွင်း လက်နက်ကိုင် တပ်စွဲနေထိုင်မှုတွေရှိတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ကနေ ထွက်ပေးရေးတို့ လုပ်ပေးရမယ်” ဟု ဆိုသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က လက်ရှိ စစ်ဘေးရှောင်တို့မှာ နေရပ်ပြန်သွား ကြသော်လည်း တချို့မှာ ကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသည့်အတွက် မသွားရဲသည့် အခြေအနေ ရှိနေ ကြောင်း ဆိုသည်။

ဦးရွှေဘော်စိန်က “တိုက်ပွဲငြိမ်နေတာ ကောင်းတဲ့လက္ခဏာ ဆိုပေမယ့်လည်း လုံးဝ ငြိမ်းချမ်းသွားပြီလို့ ပြောမရသေးဘူး ပေါ့။ နှစ်ဖက် လက်နက်ကိုင်တွေက သူတို့ရဲ့ နယ်မြေထဲမှာ ရှိနေတာ။ ပဋိပက္ခ ပြန်ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေ ရှိနေကြတယ်။ ဒါကြောင့် နှစ်ဖက်စလုံး ခေါင်းဆောင်ပိုင်းတွေက ပြေလည်မှု၊ ခိုင်မာတဲ့ သဘောတူညီမှု တခုကို မတည် ဆောက်သမျှ ကာလပတ်လုံး ပြဿနာတွေ ရှိနေဦးမယ်” ဟု ဆိုသည်။

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေမှာ ပြီးခဲ့သည့် နိုဝင်ဘာက ၂၃၄၉၁၅ ရှိခဲ့ရာမှ ယနေ့ စစ်ဘေးရှောင် ၁၈၅၆၃၁ ဦးသာ ရှိ တော့သည့်အတွက် အပစ်ခတ် ရပ်စဲနေသည့် ကာလအတွင်း စစ်ဘေးရှောင် ၅၀၀၀၀ ခန့် နေရပ်ပြန်ခဲ့ကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်စာရင်းကောက်ယူနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး က သိရသည်။

You may also like these stories:

စစ်ဘေးရှောင် နေရပ်ပြန်ရေး အစိုးရကူညီပေးဖို့ လွှတ်တော်တွင် အဆိုတင်

ရခိုင်စစ်ပွဲကြား မိုင်းထိသွားသော အပြစ်မဲ့ ပြည်သူများ

နေရပ်စွန့်ခွာသူများ ပြန်လက်ခံရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ကို မြန်မာသတိပေး

ရခိုင်တွင် မိုင်းရှင်းလင်းရေး အခက်အခဲရှိဟု နယ်/လုံ ဝန်ကြီးပြော

]]>
4G အင်တာနက်လိုင်း ပြန်ဖွင့်ရန် ရခိုင်လွှတ်တော်၌ အဆိုတင် https://burma.irrawaddy.com/news/2021/01/14/236433.html Thu, 14 Jan 2021 11:01:57 +0000 https://burma.irrawaddy.com/lytbox/?p=236433 ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တယ်လီဖုန်း တာဝါတိုင်တတိုင် / မင်းအောင်ခိုင်အင်တာနက် ဖြတ်တောက်ခဲ့ရခြင်းမှာ မိုဘိုင်းလ် အင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ AA အဖွဲ့က လက် လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများကြား အမုန်းတရားများ လှုံ့ဆော်ခြင်း တို့ ရှိနေသဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ် တားဆီးနိုင်ရန် အင်တာနက်ကို ယာယီ ဖြတ်ရခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လ ၈ ရက်က အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုထားသည်။ ]]> ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တယ်လီဖုန်း တာဝါတိုင်တတိုင် / မင်းအောင်ခိုင်

ရခိုင်ပြည်နယ်၌ တည်ငြိမ်မှု ရှိလာသဖြင့် မြောက်ပိုင်း ၇ မြို့နယ်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်၀ မြို့နယ် တို့တွင် ပိတ်ထားသည့် 4G အင်တာနက်လိုင်းများ အစိုးရမှ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ယနေ့ ပြည်နယ်လွှတ်တော်တွင် အဆိုတင်သည်။

အဆိုတင်သူမှာ ကျောက်တော် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ဖြစ်ပြီး လက်ရှိ ယင်းဒေသများတွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA)အကြား စစ်ပွဲများ ရပ်တန့်နေသလို ဒေသခံပြည်သူ များ ဗဟုသုတ၊ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ သိနိုင်ရန် 2G အင်တာနက်အဆင့်မှ မြန်နှုန်းမြင့် 4G အဆင့်ရရှိရန် လိုအပ်နေသဖြင့် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ပွဲတွေကို အကြောင်းပြ၊ အမုန်းစကားတွေဖြန့်ချိတယ် ဆိုပြီး အင်တာနက်ပိတ်ခဲ့တာ။ ဒါတွေကို ပယ်ဖျက်ပြီး အခုကတော့ တပ်မတော်နဲ့ AA ကလည်း အပစ်အခတ် ရပ်စဲထားတာ ၂ လ ကျော်နေပြီ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေလည်း ရောင်နီသန်းလာနေပြီ။ ဒါကြောင့် အခုကာလမျိုးမှာ အင်တာနက်အပြည့်အဝ အသုံးပြုခွင့်ရှိဖို့ ပြန်လည် ဖွင့်ပေးဖို့လိုတယ်” ဟု ဦးမောင်သန်းစိန်က ဆိုသည်။

၎င်း၏ အဆိုတွင် “သတင်းအချက်အလက်များ တိကျမြန်ဆန်ရေး အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာမှု ရှိစေရေး အတွက် 2G Network အဆင့်မှ ယခင်အသုံးပြုခဲ့သော 4G Network အဆင့်သို့ ပြန်လည်အသုံးပြုခွင့်ပေးရန် ရခိုင် ပြည်နယ်အစိုးရမှ တဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း ပါရှိသည်။

ယင်းအပြင် လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရန်နှင့် ဒေသတွင်းရှိ ကျောင်းသားလူငယ်များအတွက် နည်းပညာဗဟုသုတ၊ လေ့လာရန် အင်တာနက်လိုင်းကောင်းမွန်မှုမှာ လွန်စွာ အရေး ပါကြောင်းလည်း ၎င်းက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ဇွန်လ ၂၀ ရက်မှ စ၍ တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား တိုက်ပွဲများကြောင့် အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်တို့နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း များ ဖြတ် တောက်ခဲ့သည်။

အင်တာနက် ဖြတ်တောက်ခဲ့ရခြင်းမှာ မိုဘိုင်းလ် အင်တာနက် နည်းပညာများကို တလွဲအသုံး၍ AA အဖွဲ့က လက်လုပ် မိုင်းနှင့် အဝေးထိန်းမြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများကြား အမုန်းတရားများ လှုံ့ဆော်ခြင်းတို့ ရှိ သဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ်တားဆီးရန် အင်တာနက်ကို ယာယီ ဖြတ်ရခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လ ၈ ရက်က အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြောထားသည်။

အင်တာနက် ပိတ်ထားမှုကြောင့် ဒေသခံ ၁ သန်းကျော်မှာ အင်တာနက်သုံးခွင့် ဆုံးရှုံးခဲ့ပြီး ၂၀၁၉ခုနှစ် ဩဂုတ်တွင် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ် အပါအဝင် ၅ မြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေး ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် တိုက်ပွဲများ ပြင်းထန်လာ၍ အင်တာနက်ကို ထပ်မံယာယီ ဖြတ်တောက် ခဲ့ပြန်သည်။

သို့သော် ၂၀၂၀ မေလ ၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို အင်တာနက် သုံးစွဲခွင့် ပြန်လည် ဖွင့်ပေးခဲ့ သည်။ ၂၀၂၀ သြဂုတ် ၁ ရက်နေ့ကစတင်၍ ရခိုင်မြောက်ပိုင်းရှိ မြို့နယ်နှင့် ချင်း၊ ပလက်ဝဒေသတို့တွင် 2G အဆင့်သာ ရှိသည့် အင်တာနက် ပြန်ဖွင့်ပေးထားခြင်းဖြစ်သည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်မူ အင်တာနက် အမြန်နှုန်း လျော့ချထားရခြင်းမှာ အစိုးရ၏ ညွှန်ကြားချက်အတိုင်း ဆက်သွယ်ရေး ဥပဒေအရ လုပ်ဆောင်နေရခြင်းသာ ဖြစ်ပြီး ပြည်ထောင်စုအစိုးရမှ အကြောင်းကြားလာမှသာ ပြန်လည် ဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက “ ဒါကို ပိတ်တာလည်း ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်ပေါ့နော်။ ဆိုလိုတာက ရခိုင်လွှတ်တော်တ ို့ဘာတို့က ဒီလို တိုက်တွန်းထားရင်တော့ ပြည်ထောင်စု အစိုးရဆီ ရောက်မယ်။ အစိုးရက ပြန်ဖွင့်သင့်တယ်လို့ သုံးသပ်ပြီး ကျနော်တို့ဆီကို အကြောင်းကြားလာရင် လုပ်ပေး လို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။

၂၀၂၀ ဖေဖော်ဝါရီ ၂၂ ရက်က အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရေး စစ်တွေတွင် ရခိုင် ကျောင်း သားလူငယ်တို့ ဆန္ဒထုတ်ဖော်ခဲ့ကြပုံ / ဓာတ်ပုံ – မင်းအောင်ခိုင်

ယင်းအပြင် ဆက်သွယ်ရေး ဦးစီးဌာနအနေဖြင့် အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် အော်ပရေတာ များအား ယာယီဆိုင်းငံ့ခြင်း၊ ပိတ်ထားခြင်းများ လုပ်ဆောင်ထားရခြင်းဖြစ်သလို အင်တာနက်အပြည့်အဝ ဖွင့်ပေးမည့် အချိန်ကို ပြောမရသေးကြောင်း ဦးမျိုးဆွေက ဆက်ပြောသည်။

ဆက်လက်ပြီး ၎င်းက “ ကျနော်တို့ ဦးစီးဌာန ရပ်တည်ချက်က အော်ပရေတာတွေကို ကြီးကြပ်တဲ့ အဖွဲ့အစည်းဆို တော့။ ဒီဒေသတွေမှာ ဆက်သွယ်ရေးကို ဝန်ဆောင်မှု ပေးနေတာကတော့ အော်ပရေတာတွေ ပေါ့နော်။ အဲဒါကိုပဲ လိုအပ်သလို ကြီးကြပ်နိုင်ဖို့ ဆက်သွယ်ရေး ဥပဒေအတိုင်း ပြဌာန်းထားတာပေါ့နော်။ ကျနော်တို့က ဆက်သွယ်ရေး တခုကို ယာယီဆိုင်းငံ့လို့ ရတယ်။ ပိတ်ထားလို့ရတယ် ” ဟု ရှင်းပြသည်။

ယင်းသို့ ဦးမျိုးဆွေ ဖြေကြားချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ယနေ့တင်သည့် 4G အင်တာနက် ပြန်ရရေး အဆိုကို ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ထောက်ခံပြီး လွှတ်တော်အတွင်း အဆိုကို ကန့်ကွက်သူ မရှိသဖြင့် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

လတ်တလော ရခိုင်နှင့် ချင်းတွင် ဒေသ တည်ငြိမ်လာနေခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရေး အင်တာနက်လိုင်းများ အပြည့်အဝ အသုံးပြုခွင့် ရရန် ဒေသခံများက လိုလားနေကြသည်။

စစ်ဘေးရှောင်အရေးကို ကူညီနေသည့် ရခိုင်အခြေစိုက် သံဃကမ်းလက်ရက္ခိတ အဖွဲ့ ဥက္ကဋ္ဌ ကို အမ်းသားကြီးက
“အခုတော့ တိုက်ပွဲမရှိတော့ပဲ ဒေသတွေလည်း တည်ငြိမ်လာပြီ။ တပ်နဲ့ AA တို့ဘက်ကလည်း ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနေတယ်လေ။ ဒါကြောင့် အစိုးရ အနေနဲ့ 4G အင်တာနက် ပြန်ဖွင့်ပေးသင့်ပြီ” ဟု ပြောသည်။

အဆိုပါ ဒေသများရှိ ပြည်သူတို့မှာ 2G အဆင့်သာ ရှိသည့်အတွက် အင်တာနက်လိုင်း ဖွင့်ပါက ကွန်နက်ရှင် နှေးကွေး ခြင်း၊ တချို့နေရာများတွင်မူ ဖွင့်၍ လုံးဝမရခြင်း၊ Post တင်၍ မရခြင်း စသည့် ပြဿနာများဖြင့် ကြုံတွေ့နေရသည်။

ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင် “ 2G အင်တာနက် အဆင့်နဲ့ ဓာတ်ပုံတပုံကို မြင်ရဖို့ တရက်လုံး လိုင်းဖွင့် ထားပြီး တော့ နေ့လည်က ပို့တဲ့ ပုံကို ညပိုင်း နောက်နေ့ မနက် ၃ နာရီလောက်မှာမှ မြင်ရတယ်။ Post တင်လို့ ဓာတ်ပုံတင် လို့လည်း လုံးဝမရဘူး။ စာတိုတကြောင်းလောက် တင်လိုက်ရင် အနည်းဆုံး ၃ နာရီလောက်ကြာမှ တတ်တယ်” ဟု ပြောသည်။

ရခိုင်စစ်ပွဲနှင့် ပတ်သက်ပြီး အစိုးရမှ အင်တာနက်ဖြတ်တောက်ထားမှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ် အပေါ်တွင် ရခိုင်ပြည်နယ်ရှိ၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်နှင့် ရန်ကုန်တို့ရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ ကျောင်းသား၊ လူငယ်တို့က ဆန္ဒဖော်ထုတ်မှုများရှိခဲ့သလို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှလည်း ဝေဖန်မှုများရှိနေသည်။

You may also like these stories:

အင်တာနက်ပိတ်သဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေပြရန် ခက်ခဲဟုဆို

ရခိုင်မှာ အင်တာနက် 4G ပြန်ဖွင့်ပေးပါ

ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝ 4G အင်တာနက်လိုင်း ပြန်ပွင့်တော့မလား

ရခိုင်နှင့်ချင်းတွင် အင်တာနက် ပြန်ဖွင့်သော်လည်း အသုံးပြုမရ ဟုဆို

]]>
အမှုနိုင်သော်လည်း မျက်နှာမပြဝံ့သူ https://burma.irrawaddy.com/article/2021/01/14/236394.html Thu, 14 Jan 2021 03:21:45 +0000 https://burma.irrawaddy.com/lytbox/?p=236394 တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး  / မင်းအောင်ခိုင်  /  ဧရာဝတီ သူ့နေရင်းရပ်ရွာနှင့် ဝေးရာ စစ်တွေမြို့ပေါ်က ကူညီစောင့်ရှောက်သူတဦး၏ အိမ်ပေါ်တွင် တည်းခိုရင်း သူ၏ အမှုကို အနိုင်တိုက်ခဲ့ရသည်။]]> တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး  / မင်းအောင်ခိုင်  /  ဧရာဝတီ 

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ အနောက်ဘက် ရပ်ကွက်ထဲရှိ သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် ၃၈ နှစ်အရွယ် အမျိုးသမီးမှာ ညှိုးငယ်သော မျက်နှာဖြင့် ခြံပြင်ဘက်ကို ငေးမော ကြည့်နေသည်။ ခြံပြင်ဘက်တွင် ကလေးအချို့ အပူအပင်ကင်းစွာ ဆော့ကစားနေကြသည်။ ဒီဇင်ဘာလ၏ ဆောင်းရာသီကြောင့် အပြင်တွင် အေးနေသော်လည်း သူမ၏ ရင်ထဲတွင် အပူကို မငြှိမ်းနိုင်။ သူ့မျက်နှာတွင် ထင်ဟပ် ပေါ်လွင်နေသည်။

“ကျမကတော့ အမှုနိုင်တယ်လို့ မသတ်မှတ်ဘူး။ သူ့တို့က ကိုယ်တိုင်ကျူးလွန်တဲ့ လုပ်ရပ်အပေါ် အပြစ် ပေးခြင်းကို ခံရတာ။ ကျမမှာသာ အမဲစက်နဲ့ ကျန်ခဲ့တဲ့အတွက် ဖြေဖျောက်ဖို့ မလွယ်ကူတော့ဘဲ နစ်နာတာပေါ့။ ရှေ့ဆက် ဖြတ်သန်းဖို့ဟာကလည်း ဘယ်ကိုပဲသွားသွား မျက်နှာ မပြရဲတော့ပါဘူး” ဟု သူက လေးလေးလံလံ ပြောသည်။

သူ့နေရင်းရပ်ရွာနှင့် ဝေးရာ စစ်တွေမြို့ပေါ်က ကူညီစောင့်ရှောက်သူတဦး၏ အိမ်ပေါ်တွင် တည်းခိုရင်း သူ၏ အမှုကို အနိုင်တိုက်ခဲ့ရသည်။ သူ၏ အမှုသည် ရခိုင်စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပထမဆုံးအကြိမ် ဖြစ်သည်။

သူ့နေရင်းရပ်ရွာနှင့် ဝေးရာ စစ်တွေမြို့ပေါ်က ကူညီစောင့်ရှောက်သူတဦး၏ အိမ်ပေါ်တွင် တည်းခိုရင်း သူ၏ အမှုကို အနိုင်တိုက်ခဲ့ရသည်။ သူ၏ အမှုသည် ရခိုင်စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပထမဆုံးအကြိမ် ဖြစ်သည်။

ဇွန်လ၂၉ ရက်က သူ၏ နေထိုင်ရာ ဦးဂါကျေးရွာသို့ ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းတခုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ ထိုနေ့ ည ၁၁ နာရီ အချိန်ခန့်တွင် မိသားစုနှင့် နေအိမ်အတွင်း ပုန်းခိုနေသည့် သူမအား မှတ်ပုံတင် စစ်ဆေးစရာ ရှိသည်ဟု အကြောင်းပြခေါ်ယူကာ အခြား တအိမ်သို့ ခေါ်ဆောင်ပြီး သေနတ်ထောက် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြသည်။

ငြင်းဆိုမှု၊ ဥပေက္ခာပြုမှုများကို ကနဦး တွေ့ကြုံပြီး နောက်ဆုံး အမှုကို တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်း ပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်က စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်နိုင်ခဲ့သည်။

ထိုသို့ သက်ဆိုင်ရာတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်က စစ်တွေတပ်နယ် လေးဝတီပညာရေး ရိပ်သာရှိ စစ်ဘက်ဆိုင်ရာ တရားခုံရုံးတွင် ထိုအမှုကို အပြီးသတ် အမိန့် ချခဲ့သည်။

ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးမှာ ကျူးလွန်ကြောင်း ဝန်ခံသည့်အတွက် ၎င်းတို့အား ၁၉၅၉ ခု တပ်မတော်အက် ဥပဒေ ပုဒ်မ ၇၁၊ ၃၅ (င)၊ ၄၇(၁)နှင့် အရပ်သား ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၆၆၊ ၃၇၆၊ ၁၄၄ ပုဒ်မတို့နှင့် တဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်၂၀ စီ အသီးသီး အမိန့်ချ စီရင်လိုက်ပြီဖြစ်သည်။

ယင်းသို့ စစ်တရားရုံးက ကာယကံရှင်အပါအဝင် တခြား ကူညီလိုက်ပါသူ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူတို့၏ ရှေ့မှောက်တွင် အဆိုပါ အမှုကို ကြီးလေးသော ပြစ်ဒဏ်များနှင့် စီရင်အမိန့် ချမှတ်ခဲ့သည့်အတွက် အမှုတွင် အနိုင်ရခဲ့သည်ဟု ပြောဆိုနိုင်သည်။

အမှုပြီးဆုံးခဲ့သော်လည်း မိမိဇာတိရွာတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးခြင်း မိမိတို့ဘဝ လုံခြုံမှု မရှိသလို ခံစားရခြင်းအပြင် အချိန်မရွေး စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာသည့်အတွက် ရွာတွင် အခြေချနေထိုင်ရန် သူမအတွက် မလွယ်ကူတော့သည့် စိုးရိမ်စိတ်များကလည်း ရှိနေသည်။

သို့သော်လည်း ထိုဖြစ်ရပ်ကြောင့် ရှေ့ဆက် ဖြတ်သန်းရမည့် အနာဂတ် ခရီးလမ်းတွင် ပတ်ဝန်းကျင်ကို ပြန်လည် ရင်ဆိုင်ရန် အားငယ်စိတ်၊ ကြောက်ရွံ့မှုများက အဆုံးမသတ်နိုင်အောင် ဝင်ရောက်နေသည်ကို ခံစားနေရသည်ဟု သူမကဆိုသည်။

အမှုပြီးဆုံးခဲ့သော်လည်း မိမိဇာတိရွာတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးခြင်း မိမိတို့ဘဝ လုံခြုံမှု မရှိသလို ခံစားရခြင်းအပြင် အချိန်မရွေး စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာသည့်အတွက် ရွာတွင် အခြေချနေထိုင်ရန် သူမအတွက် မလွယ်ကူတော့သည့် စိုးရိမ်စိတ်များကလည်း ရှိနေသည်။

“ရွာကိုပြန်ရင်လည်း အားငယ်စိတ်တွေက ရှိနေတယ်။ သူများတွေ ကဲ့ရဲ့မှာကို ကြောက်နေတယ်။ လတ်တလောမှာ ရှေ့ဆက်လို့ ဘယ်လို ရပ်တည်သွားမယ်၊ ဘာလုပ်မယ်ဆိုတာလည်း ပြောမရသေးဘူး” ဟု သက်ပြင်းမောများကြားက သူက ဧရာဝတီကို ဖွင့်ဟပြောသည်။

သူ နေထိုင်ရာ ဦးဂါကျေးရွာသည် စစ်တွေ- ပါတလိပ်- ရသေ့တောင် ကားလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသော ရွာကြီးတရွာဖြစ်သလို လယ်ယာနှင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်ကြသော ကျေးရွာတရွာ ဖြစ်သည်။

ထိုကျေးရွာတွင် သူမတို့ မိသားစုမှာ မိမိနေရပ်၌ ဆင်းရဲချို့တဲ့ပြီး ကြုံရာကျပန်း ဈေးရောင်း၊ ဟင်းသီးဟင်းရွက် ရောင်း ချခြင်း၊ မုန့်တီရောင်းခြင်း စသည့် အလုပ်ကိုင်စားသောက် နေသူများ ဖြစ်သည်။

သို့သော်လည်း အခင်းဖြစ်ပွားပြီးနောက်ပိုင်းမှ ယနေ့အချိန်အထိ အမျိုးသားထံမှ တစုံတရာ ဆက်သွယ် မေးမြန်းခြင်းများ မရှိတော့ခြင်းမှာလည်း သူမ ဘဝအတွက် ပိုပြီး စိတ်အားငယ်စရာတခု ဖြစ်လာသည်။

သူ၏ အမျိုးသားမှာ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်ကိုင်နေသူတဦးဖြစ်ပြီး အမှုမဖြစ်ပွားခင် ကာလက မိသားစုထံသို့ လစဉ် ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်။ ထို့ကြောင့် သူမမှာ ဦးဂါကျေးရွာတွင် မိသားစု ၆ ဦး နှင့်အတူ ကြုံရာကျပန်း လုပ်ကိုင်နေချိန်တွင် အထိုက်အလျောက် စားဝတ်နေရေး အဆင်ပြေခဲ့သည်။

အသက် ၁၆ နှစ်အရွယ် သားဖြစ်သူက လယ်ယာ အငှားလုပ်ကိုင်ခြင်း၊ သူမမှာလည်း ကျပန်းလုပ်ကိုင်နေခြင်းကြောင့် မိသားစု ဝမ်းရေးကိစ္စ အနည်းငယ် အဆင်ပြေနေခြင်း ဖြစ်သည်။

သို့သော်လည်း အခင်းဖြစ်ပွားပြီးနောက်ပိုင်းမှ ယနေ့အချိန်အထိ အမျိုးသားထံမှ တစုံတရာ ဆက်သွယ် မေးမြန်းခြင်းများ မရှိတော့ခြင်းမှာလည်း သူမ ဘဝအတွက် ပိုပြီး စိတ်အားငယ်စရာတခု ဖြစ်လာသည်။

“အခု ဖြစ်သွားတာကလည်း ကျမဘက်က သစ္စာဖောက်တာ မဟုတ်။ အားမတန်လို့ လျော့ပေးလိုက်ရပဲ ရှိတယ်လေ။ ဒါကြောင့် ကျမအပေါ်မှာ တနေ့နေ့ နားလည်လာလိမ့်မယ်လို့ မျှော်လင့်နေမိတယ်” ဟု သူမ၏ မျှော်လင့်ချက်ကို ပြောပြသည်။

ယင်းသို့ သူ၏ အမျိုးသားထံမှ အကူအညီကို မရတော့ခြင်း၊ ရခိုင်တွင် စစ်ရေးပဋိပက္ခများ အပြီးဆုံးသေးခြင်းတို့ကြောင့် အိမ်မပြန်နိုင်သေးသည့်အတွက် စစ်တွေမြို့တွင် ဆက်လက် နေထိုင်ခွင့်ပြုထားရကြောင်း လက်ရှိ စောင့်ရှောက်ထားသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

ဒေါ်ညိုအေးက “ဒီမှာ လင်ယောက်ျားရဲ့ အကူအညီ အမှီအတင်း မရရှိတော့ဘူး။ နောက်တခုက သူက ရွာပြန်နိုင်ဖို့အတွက် စစ်ပွဲတွေပြီးဆုံးသွားတာ မရှိသေးတော့ ဘယ်အာမခံချက်ကလည်း မပေးနိုင်ဘူး။ ဒါကြောင့် ကျမကတော့ သူတို့မိသားစု အိမ်မပြန်နိုင်ရင် တာဝန်ယူထားရဦးမှာပဲ” ဟု ဆိုသည်။

လက်ရှိ ဒေါ်ညိုအေးနေအိမ်၌ ခိုလှုံနေသည်မှာ ၆ လကျော်အချိန်ထိ ကြာမြင့်နေပြီဖြစ်သလို လက်ရှိ ကိုဗစ်ရောဂါကြောင့် အလုပ်အကိုင် ရှားပါးနေသည့်အတွက် အလုပ်အကိုင်မရှိဘဲ အမှုပြီးသည့် အချိန်မှစ၍ ကူညီထောက်ပံ့မှု မရှိတော့သည့်အတွက် အရပ်ဘက် အဖွဲ့အစည်းများက သူမ၏ ဘဝရှေ့ရေးအတွက် တစုံတရာ ကူညီပေးသင့်နေပြီ ဖြစ်ကြောင်းလည်း ဒေါ်ညိုအေးက ရှင်းပြသည်။

“အခုကတော့ သူ့ရဲ့ အမှုကတော့ ပြီးသွားတော့ ပွဲပြီး မီးသေသလိုဖြစ်နေပြီ။ ကျမကတော့ ဘာမှ သူတို့အတွက် ပြောစရာမရှိဘဲ ထားထားတာ။ ဒါကြောင့် ရခိုင့်အရပ်ဘက် အဖွဲ့အစည်းတွေကလည်း စုပေါင်းပြီး တော့ သူ့ဘဝအတွက် တခုခု ကူညီပေးသင့်နေပြီ” ဟု အကူအညီ တောင်းခံလိုက်သည်။

ယခင် အမှု ရင်နေရသည့် အချိန်တွင် သူမတို့ မိသားစုအတွက် ရခိုင်အရပ်ဘက် အဖွဲ့များဖြစ်ကြသော ရခိုင်အမျိုးသမီးများ အဖွဲ့အစည်း (RWU)၊ ရခိုင်ရှေ့နေများအဖွဲ့၊ ရခိုင်မျိုးနွယ်များ အစည်းအရုံး (REC) ၊ ရခိုင်သဘာဝ သယံဇာတ ထိန်းသိမ်း ရေးအဖွဲ့၊ ဝံလက်ဖောင်ဒေးရှင်း၊ ရသေ့တောင် ပရဟိတ စသည့် လူမှုအဖွဲ့အစည်းများက ငွေကျပ် ၁ သိန်း၊ ၅ သောင်း အပြင် ဆန်၊ ဆီ၊ ဆား စသည့် ရိက္ခာများကို ကူညီထောက်ပံ့ပေးမှု အချို့ ရှိခဲ့သည်။

သို့သော်လည်း လက်ရှိတွင် ထောက်ပံ့မှုများ မရရှိသည်မှာ၂ လကျော်ကြာနေပြီး၊ အမှုပြီးဆုံးချိန်တွင် မည်သည့် အဖွဲ့ အစည်းတို့မှ လာရောက် ထောက်ပံ့ ကူညီပေးမှု မရှိတော့ခြင်း၊ သူမအနေဖြင့် အပြင်သို့ အလုပ်ထွက်လုပ်ရန် ကိုဗစ်ကာလ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် ပိုပြီးအခက်အခဲများနှင့် ကြုံတွေ့နေရခြင်း ဖြစ်နေသည်။

အခင်းဖြစ်ပွား၍ မိမ်ိကျေးရွာမှ ထွက်လာကာ အမှု ရင်ဆိုင်ချိန်နှင့် ယနေ့ အချိန်အထိ ၆ လကျော်အထိ ထိုအိမ်တွင် ၎င်းအပါအဝင် မိသားစု ၆ ယောက်ကို ခိုလှုံခွင့်ပြုထားခြင်းဖြစ်သော်လည်း လက်ရှိတွင် အမှု ပြီးဆုံးသွားသည့်အတွက် ၎င်းတို့ မိသားစု အခြေချ နေထိုင်မည့် နေရာသစ် မရရှိသေးပေ။

ထို့ကြောင့် အစိုးရနှင့် တပ်မတော်တို့ဘက်မှ ကာယကံရှင်အမျိုးသမီးအတွက် နစ်နာကြေး၊ လျော်ကြေး ပေးသင့်ကြောင်းလည်း ဒေါ်ညိုအေးက ထောက်ပြပြောဆိုသည်။

“ဒီလို နစ်နာကြေးတွေ တောင်းလိုက်ရင် ကျမဟာ တန်ဖိုးမရှိတဲ့ အမျိုးသမီးတဦး စတဲ့ အမြင်စောင်းသွားစေနိုင်တယ်။ ဒါကြောင့် အစိုးရဆီက နစ်နာကြေး မတောင်းတော့ပါဘူး။ အကူအညီပေးလာရင်တော့ လက်ခံသွားပါမယ်” ဟု ပြောသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ကူညီပေးရန်အတွက် နစ်နာသူဘက်က အကူအညီရရှိရန် တင်ပြလာလျှင် အစိုးရအဖွဲ့ မျက်နှာစုံညီ ဆွေးနွေးပြီးမှ လုပ်ပေး နိုင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

သို့သော်လည်း မိမိမှာ ယင်းသို့ အစိုးရထံမှ နစ်နာကြေး၊ လျော်ကြေးငွေ တောင်းလိုက်လျှင် ဂုဏ်သိက္ခာ ကျဆင်းမည်ဖြစ်သဖြင့် ယင်းသို့ တောင်းခံခြင်းမျိုးပြုလုပ်မည် မဟုတ်ဘဲ အကူအညီများ ပေးလာလျှင်သာ လက်ခံမည်ဟု သူမက ဆိုသည်။

“ဒီလို နစ်နာကြေးတွေ တောင်းလိုက်ရင် ကျမဟာ တန်ဖိုးမရှိတဲ့ အမျိုးသမီးတဦး စတဲ့ အမြင်စောင်းသွားစေနိုင်တယ်။ ဒါကြောင့် အစိုးရဆီက နစ်နာကြေး မတောင်းတော့ပါဘူး။ အကူအညီပေးလာရင်တော့ လက်ခံသွားပါမယ်” ဟု ပြောသည်။

ဖြစ်စဉ်အပေါ် ရှက်စရာတခုအဖြစ် သဘောမထားဘဲ ရဲဝံ့စွာ အမှုကို ရင်ဆိုင်ရဲသည့် သတ္တိရှိသည့်အတွက် ဦးဂါအမျိုးသမီး ဘဝရပ်နိုင်ရေးအတွက် အားပေးကူညီသွားမည်ဖြစ်ကြောင်း အမျိုးသမီးအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဆိုသည်။

၎င်းက “စစ်ရေး ပဋိပက္ခအတွင်းမှာ အမျိုးသားထက် အမျိုးသမီးတွေက ပိုပြီးတော့ နစ်နာတယ်။ အမျိုးသမီးတွေက အဘက်ဘက်က ဆုံးရှုံးစေတယ်။ အခု ဦးဂါ အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ကို လက်ရှိ တာဝန်ယူ အုပ်ထိန်း ထားသူနဲ့ ဆွေးနွေးပြီးတော့ သူ့ကို လူတောသူတော တိုးနိုင်အောင် သူ့ဘဝ ရပ်တည်မှု အတွက်လည်း ကူညီပေးဖို့ ရှိပါ တယ်” ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် အမှုပြီးဆုံးသွားသည့်အတွက် အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးမှု မရှိတော့ခြင်းမှာ သူမအား လျစ်လျူရှုထားသလို ဖြစ်နေပြီး ၎င်းအား မူလပတ်ဝန်းကျင် မဟုတ်ဘဲ တခြားနေရာသစ်တခုတွင် ရပ်တည်နိုင်ရေးအတွက် အကူအညီများ ဖန်တီးပေးပြီး ပစ်ပယ်မထားဘဲ သူမဘဝကို နားလည်ပေးရန် လိုအပ်ကြောင်းလည်း ထောက်ပြ ပြောဆို ကြသည်။

ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ (RWIO) ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက “ကျမတို့ လူမှုပတ်ဝန်းကျင်မှာ ဒီလို ကာအိန္ဒြေနဲ့ ဆိုင်တဲ့ ထိပါးနှောင့်ယှက်မှု ခံရတယ်ဆိုရုံလောက်နဲ့ ကဲ့ရဲ့ ရှုတ်ချ ပြစ်တင်တာတွေ ပစ်ပယ်တာ ရှိတယ်။ အခုကိစ္စတွေဟာ ကာယကံရှင် ကိုယ်တိုင်က ကျူးလွန်တဲ့ ကိစ္စ မဟုတ်တဲ့အတွက် ကျူးလွန်ခံရတဲ့ အမျိုးသမီးကို စိတ်ခွန်အားတွေ အများကြီးပေးဖို့ အရေးကြီးပါတယ်” ဟု ဆိုသည်။

“ကျမတို့ လူမှုအသိုင်းအဝိုင်းကြားထဲမှာ အခုလို ဖြစ်သွားတယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်မှုကို ခံရတတ်တယ်။ အဲဒါကြောင့် အဲဒီ အမျိုးသမီးတွေက၂ ဆ နစ်နာတယ်” ဟု ဒေါ်စောစံငြိမ်းသူက ပြောသည်။

You may also like these stories:

ဦးဂါ ရွာသူကို အဓမ္မကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ထောင် အနှစ်၂၀ စီချမှတ်

ဦးဂါရွာသူအမှု တရားမျှတမှုရရေး အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်

တင်းမရွာ ကြမ္မာဆိုးဝင်တဲ့နေ့

]]>
ရခိုင် ရွေးကောက်ပွဲ ပြန်ကျင်းပရန် လုံခြုံရေး အာမခံချက် မရှိသေး ဟု သမ္မတရုံး ပြော https://burma.irrawaddy.com/news/2021/01/09/236174.html Sat, 09 Jan 2021 06:22:23 +0000 https://burma.irrawaddy.com/lytbox/?p=236174 ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်အမျိုးသားပါတီ စစ်တွေတွင် မဲဆွယ်စည်းရုံးနေစဉ်  / ခိုင်ရိုးလ / ဧရာဝတီ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး လတ်တလောတွင် လုံခြုံရေးဆိုင်ရာ အာမခံချက် မရှိသေးကြောင်း နိုင်ငံတော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။]]> ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်အမျိုးသားပါတီ စစ်တွေတွင် မဲဆွယ်စည်းရုံးနေစဉ်  / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး လတ်တလောတွင် လုံခြုံရေးဆိုင်ရာ အာမခံချက် မရှိသေးကြောင်း နိုင်ငံတော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများကို ပြောသည်။

ဦးဇော်ဌေးက “သက်ဆိုင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေး အာမခံတယ် ဆိုတာမျိုး ပေးထားတာ မရှိဘူး။ ဒီကြေညာတဲ့အပိုင်းမှာ တပ်မတော်ဘက်က ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့ ကျနော်တို့ကို ပြောပြတာ ရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းတယ်ဆိုတဲ့ အပိုင်းကလည်း မပြီးသေးဘူး။ (တိုက်ပွဲ) က ခဏတာ နားလည်မှုနဲ့ ရပ်နေတာ” ဟု ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပရန် ကျန်ရှိသည့် ရခိုင် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ဆောလျင်စွာ အမြန်ဆုံး ကျင်းပပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း ဇန်နဝါရီ ၇ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်၌ “နိုင်ငံသူ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေး မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်နိုင်ရေးအတွက် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း” ဆိုထားသည်။

ထိုထုတ်ပြန်ချက်၌ “နိုင်ငံသူ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေး မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်နိုင်ရေးအတွက် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း” ဆိုထားသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုနိုင်ရန်၂၀၂၀ နိုဝင်ဘာ ၁၂ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် နှစ်ဖက်တပ်ဖွဲ့များ ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ထိုသို့ ရပ်ဆိုင်းနေသည့် ကာလ၌ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပနိုင်ရေး တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီနှင့် ရက္ခိုင် စစ်တပ် (ULA/AA) အဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ဆွေးနွေးနေစဉ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလ၌ AA အဖွဲ့က NLD ပါတီ ကိုယ်စားလှယ် သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ် လာခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် AA အဖွွဲ့နှင့် စတင်ဆွေးနွေးခဲ့စဉ်ကပင် လွှတ်တော် ကိုယ်စား လှယ် ၃ ဦးအား ပြန်လည် လွှတ်ပေးရန် ဆိုသည့်အချက် ပါဝင်ကြောင်းနှင့် ဆွေးနွေးပွဲရလဒ်အရ ထို ၃ ဦးအား ပြန်လည်လွှတ်ပေးရန် နှစ်ဖက် စီစဉ်ခဲ့ကြကြောင်းနှင့် ဇန်နဝါရီ ၁ ရက်တွင် တပ်မတော်မှတဆင့် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု ခေါင်းဆောင် ဦးမြအေးက “ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကို တော်တော် စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဒါကြောင့် အခြေအနေ အကြောင်းကြောင်းနဲ့ မကျင်းပဖြစ်တဲ့ နေရာတွေမှာ ပြန် လည် ကျင်းပနိုင်ရင် ကောင်းတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်က ထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ် စေ အခြေအနေပေးရင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပသင့်တယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲ ဖြစ်မြောက်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့်သာ သက်ဆိုင်သလို ပြည်နယ် ရွေးကော်အနေဖြင့် ပြည်ထောင်စု ရွေးကော်ဘက်မှ အကြောင်းကြားလာလျှင် ရွေးကောက်ပွဲ လုပ်ပေးရန် မဲရုံသုံးပစ္စည်းများ အဆင်သင့် ရှိသလို စစ်ဘေးရှောင်စခန်းများ၌ မဲရုံ ဖွင့်လှစ်ပြီး လုပ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ့) မှ တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)မှ ဦးစီးအရာရှိ ဦးသူရိန်ထွဋ် “ကျနော်တို့မှာတော့ လက်ရှိ မဲလက်မှတ်တွေ၊ အဆင်အသင့် ရှိတယ်။ ဘတ်ဂျက်တော့ မရှိသေးဘူး။ နောက်ပြီး တိုက်ပွဲရှောင်စခန်းဆီ ပြောင်းဖွင့်ဖို့ဆိုရင် အခု ကျနော်တို့ စာရင်းက သူ့တို့ရဲ့ နေရပ်ရွာတွေမှာပဲ ပါဝင်နေတယ်။ ဒါတွေကို တိုက်ပွဲရှောင် စခန်းတွေဆီသို့ ပြောင်းရမယ်။ ကျန်တဲ့ ရုပ် ဝတ္ထုပိုင်းဆိုင်ရာ၊ မဲရုံပစ္စည်းတွေတော့ အဆင်အသင့်ရှိနေတယ်” ဟု ဆိုသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို ရခိုင်မြောက်ပိုင်းရှိ မဲဆန္ဒရှင်ပြည်သူတို့က ကြိုဆိုကြပြီး ရခိုင်တွင် စစ်ရေးပဋိပက္ခ အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ပြည်သူ့ဆန္ဒကို အစိုးရ သိရှိစေရန် မိမိနှစ်သက်သည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် ဆန္ဒ ရှိနေကြသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို ရခိုင်မြောက်ပိုင်းရှိ မဲဆန္ဒရှင်ပြည်သူတို့က ကြိုဆိုကြပြီး ရခိုင်တွင် စစ်ရေးပဋိပက္ခ အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ပြည်သူ့ဆန္ဒကို အစိုးရ သိရှိစေရန် မိမိနှစ်သက်သည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် ဆန္ဒ ရှိနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ကျေးရွာမှ ကိုကျော်လှိုင်က “ဒီမိုကရေစီ အခွင့်အရေးအဖြစ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် တွန်းအား ပေးလာတာကိုတော့ ဝမ်းသာကြိုဆိုတယ်။ အမှန်တကယ် ရွေးကောက်ပွဲကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးအပိုင်းက အခု အစိုးရသစ် မဖွဲ့ခင် ရွေးကောက်ပွဲ အမြန် ကျင်းပပေးဖို့ တောင်းဆိုချင်တာပေါ့” ဟု ဆိုသည်။

ရခိုင်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ရခြင်းမှာ ရွေးကောက်ပွဲ ဥပဒေအတိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ခန့်အပ်ပြီးမှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း လက်ရှိတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားသည့် ကိစ္စကို အသစ်ဖွဲ့နိုင်မှသာလျှင် ရွေးကောက်ပွဲ ကျင်းပ၍ ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။

“လက်ရှိ ဥပဒေဘောင်ရဲ့ အကန့်အသတ်တွေကြောင့် လုပ်လို့မရတာ။ ရခိုင်မြောက်ပိုင်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ဆိုရင် မြေပုံ၊ မင်းပြား စတဲ့ ဒေသတွေမှာ အုပ်ချုပ် ရေးမှူးတွေ နုတ်ထွက်ကြတာရှိတယ်။ ဒါတွေက ဥပဒေနဲ့အညီ ပြန်ခန့်ရမယ်။ အုပ်ချုပ်ရေးမှူးကို မင်းသွားလုပ် ဆိုပြီး ပြောလို့ မရဘူး။ ဒါတွေ အမြန်ဆုံး လုပ်ဖို့လိုသေးတယ်” ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်တို့တွင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတို့မှာ စစ်ရေး ပဋိပက္ခ ပြဿနာများနှင့် ဆက်စပ်ကာ ဖမ်းဆီး စစ်ဆေးခံရသည့်အတွက် ပြီးခဲ့သည့်နှစ်များက နုတ်ထွက်စာ တင်ထားကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိစေရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် မေတ္တာရပ်ခံခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိစေရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် မေတ္တာရပ်ခံခဲ့သည်။

ကျင်းပ ပြီးစီးခဲ့သော၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ လုံးဝကျင်းပ နိုင်ခြင်း မရှိသလို တချို့မြို့နယ်များတွင်လည်း တစိတ်တဒေသလောက်သာ ကျင်းပနိုင်ခဲ့သည်။

You may also like these stories:

မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော

ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ

တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

AA တောင်းဆိုချက်ကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်မည်ဟု တပ်မတော်ပြော

]]>
ANP အစိုးရဖြစ်ရေး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက လိုလားဟုဆို https://burma.irrawaddy.com/news/2021/01/07/236083.html Thu, 07 Jan 2021 13:43:21 +0000 https://burma.irrawaddy.com/lytbox/?p=236083 ယနေ့ စစ်တွေမြို့တွင် ကျင်းပသည့် ANP ပါတီနှင့် တိုင်းရင်းသားမျိုးနွယ်စုများ တွေ့ဆုံပွဲ / ခိုင်ရိုးလ / ဧရာဝတီယနေ့ စစ်တွေမြို့ ရှိ ANP ပါတီဗဟိုရုံး၌ ပြုလုပ်သည့် "လက်ရှိ ရခိုင်နိုင်ငံရေး ပြဿနာများကို ဝိုင်းဝန်း အဖြေရှာရေး" ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင်ပြည်နယ်တွင်းရှိ တခြားသော တိုင်းရင်းသား မျိုးနွယ်စုပါတီများမှ တာဝန်ရှိသူများ အပါအဝင် မျိုးနွယ်စု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာမှ ထိုသို့ တောင်းဆိုချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။]]> ယနေ့ စစ်တွေမြို့တွင် ကျင်းပသည့် ANP ပါတီနှင့် တိုင်းရင်းသားမျိုးနွယ်စုများ တွေ့ဆုံပွဲ / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း အများဆုံးအနိုင်ရသည့် ရခိုင်အမျိုးသားပါတီ (ANP)ကို အစိုးရဖွဲ့ခွင့်ပေးရန် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော မြို၊ ခမီ၊ ဒိုင်းနက်၊ မရမာ၊ ကမန် စသည့် လူမျိုးစု ခေါင်းဆောင်များက ယနေ့ တောင်းဆို လိုက် သည်။

ယနေ့ စစ်တွေမြို့ ရှိ ANP ပါတီဗဟိုရုံး၌ ပြုလုပ်သည့် “လက်ရှိ ရခိုင်နိုင်ငံရေး ပြဿနာများကို ဝိုင်းဝန်း အဖြေရှာရေး” ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင်ပြည်နယ်တွင်းရှိ တခြားသော တိုင်းရင်းသား မျိုးနွယ်စုပါတီများမှ တာဝန်ရှိသူများ အပါအဝင် မျိုးနွယ်စု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာမှ ထိုသို့ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ANP ပါတီနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသား နိုင်ငံရေးပါတီများ တွေ့ဆုံရန် ပေါင်းစည်းညှိနှိုင်းရေး ဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးရွှေဘော်စိန်က “ရခိုင်မှာရှိတဲ့ အနိုင်ရပါတီကတော့ အစိုးရဖွဲ့ခွင့် ရသင့်တယ်။ ဒါပေမယ့် ဥပဒေ အရတော့ မရဘူးပေါ့။ ဒါတွေကိုတော့ ဘယ်လို လုပ်ရမယ်ဆိုတာတော့ စဉ်းစားရမယ်။ ရခိုင်ပြည်နယ်မှာ အားလုံးကို ကိုယ်စားပြုတဲ့ အနိုင်ရတဲ့ ပါတီကပဲ အစိုးရဖွဲ့ခွင့် ရသင့်တယ်။ ANP ပါတီက ရခိုင်မှာ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ ရှိ ပေမယ့် လက်ရှိ ဥပဒေအရဆိုရင် ANP က အစိုးရမဖွဲ့နိုင်တဲ့ အနေအထားမှာရှိတယ်” ဟု သတင်းထောက်များကို ပြော ဆိုသည်။

ရခိုင်ပြည်နယ်၏ အနာဂတ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ရခိုင်နှင့် အတူနေတိုင်းရင်းသားမျိုးနွယ်စုများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့် အတွက် နှစ်ဘက်အသိုင်းအဝိုင်းကြားတွင် ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု တည်ဆောက်ရန် လိုအပ်သလို လက်ရှိပဋိပက္ခများအား အပြုသဘောဆောင်သည့် တွေ့ဆုံမှုများ လိုအပ်သည့် အတွက် ရခိုင်အင်အားကြီးပါတီနှင့် လာရောက် တွေ့ဆုံရခြင်းဖြစ်ကြောင်းလည်း ဦးရွှေဘော်စိန်က ဆိုသည်။

ဦးရွှေဘော်စိန်မှာ ယနေ့ ANP နှင့်တွေ့ဆုံခဲ့သည့် ရခိုင် မျိုးနွယ်စုပါတီများဖြစ်ကြသည့် ကမန်အမျိုးသား တိုးတက်ရေး ပါတီ၊ ခမီအမျိုးသားပါတီ၊ ခမီ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီများ အားလုံး၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။

ယနေ့ တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဘက်မှ တာဝန်ရှိသူတို့က ၎င်းတို့၏ ရပိုင်ခွင့်အရေးများ၊ အခက် အခဲနှင့် စိန်ခေါ်မှုများ ဒေသဖွံ့ဖြိုးတိုးတက်မှု စသည့် အခြားအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပြီး ရခိုင်ပါတီမှ အစိုးရ ဖွဲ့ခွင့် ရပါက ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများမှာ ယခုထက် ဖွံ့ဖြိုးတိုးတက်မှုအများအပြား ရရှိနိုင်ကြောင်း ယုံကြည်နေကြခြင်းဖြစ်သည်။

ကမန်လူမျိုးစု ကိုယ်စားပြုခေါင်းဆောင် ဒေါ်ခင်မျိုးညွန့်က “ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီကပဲ အစိုးရ ဖွဲ့ခွင့် ရချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ရခိုင်တိုင်းရင်းသားမျိုးနွယ်စု တွေပဲလေ။ ဒါကြောင့် ကျမတို့ရဲ့ ရပိုင်ခွင့် တွေကို ရခိုင်ပါတီကပဲ အစိုးရ ဖွဲ့စည်းခွင့်ရရင် ပိုကောင်းတာပေါ့။ အစိုးရဖွဲ့ခွင့်ရရင် ကျမတို့ တိုင်းရင်းသားကျေးရွာ တွေ မှာ လမ်းပန်းဆက်သွယ်ရေး စတဲ့ တိုင်းရင်းသားအရေးတွေကို ဒီထက်လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်” ဟု ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က အနိုင်ရရှိသည့်အတွက် ပြည်ထောင်စု အစိုးရ ဖွဲ့ခွင့်ရသလို ပြည်နယ်များတွင်လည်း အနိုင်ရထားပြီး ပြည်သူအများအပြားထောက်ခံသည့် ရခိုင်ပါတီကို အစိုးရဖွဲ့ခွင့် ပေးသင့်ကြောင်း လည်း မရမာကြီးတိုင်းရင်းသားများကလည်း ဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် မရမာကြီး တိုင်းရင်းသား လူမျိုးစုခေါင်းဆောင် ဦးမောင်နုက “ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက မဲအများဆုံးဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီကို အစိုးရဖွဲ့ခွင့်ပေးပါ။ ဒါက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ဒုက္ခကို သိတယ်။ ကျနော်တို့က ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒလမ်းစဉ် အတိုင်းသွားမယ်။ ကျနော်တို့က တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးဟာ အားလုံး ညီအစ်ကိုတွေပဲ ” ဟု တောင်းဆိုသည်။

ယင်းသို့ ရခိုင်မျိုးနွယ်စုများနှင့် တွေ့ဆုံရန် ရခိုင်အမျိုးသားပါတီ ဖွဲ့စည်းပုံတွင် မူဝါဒချမှတ်ထားပြီးဖြစ်သလို လက်ရှိ မျိုးနွယ်စုများ ခံစားနေရသည့် ဒုက္ခများကို နိုင်ငံရေးအရ ဝိုင်းဝန်းအဖြေရှာရန် ယင်းသို့ ဆွေးနွေးရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ANP ကို အစိုးရဖွဲ့ခွင့် ပေးလျှင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုများကို လုပ်နိုင်ဟု ယုံကြည်ထားသည့်အတွက် အစိုးရဖွဲ့ခွင့် ရရှိရေး မျှော်လင့်နေသည်။

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီဝင်လည်းဖြစ် ယခုရွေးကောက်ပွဲ အနိုင်ရထားသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က “ NLD က နိုင်ငံရေးအရ သဟဇာတကျအောင် ကျနော်တို့နဲ့ တွဲပြီးတော့ လုပ် မယ်လို့ အခြေအနေတွေပေးလာမယ် ဆိုရင် ကျနော်တို့ အမြင့်ဆုံးမျှော်လင့်ထားတဲ့ ကိုယ့် ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ ပြီးတော့မှ ရခိုင်တပြည်နယ်လုံးရဲ့ ငြိမ်းချမ်းရေး တည်ငြိမ် ဖွံ့ဖြိုးတိုးတက်မှုကို ကျနော်တို့လုပ်နိုင်တယ်။ လုပ်နိုင်တဲ့သူ တွေလည်း ပါတီမှာ ရှိတယ်။ ဘေးက ဝန်းရံမယ့်သူတွေလည်း ရှိတယ်။ ဒါကြောင့် ကျနော်တို့ အစိုးရဖြစ်ချင်တယ်။ ဒါကျနော်တို့ နိုင်ငံရေးလမ်းပဲ ” ဟု ဆိုသည်။

ANP ပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တခုလုံး အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်အပါဝင် အစိုးရဦးဆောင်ဖွဲ့စည်းခွင့် မရရှိသောကြောင့် အတိုက်ခံပါတီအဖြစ်နှင့် နေခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ANP သည် ရခိုင်ပြည်နယ်လွှတ်တော် စစ်တွေမြို့နယ်တွင် ၂ နေရာ၊ ရမ်းဗြဲမြို့နယ်တွင် ၂ နေရာ၊ မာန်အောင်မြို့နယ်တွင် ၂ နေရာနှင့် တောင်ကုတ်မြို့နယ်တွင် ၁ နေရာ စုစုပေါင်း ၇ နေရာတို့ ဖြစ်ကြပြီး ပြည်သူ့လွှတ်တော်နေရာတွင် စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ် စုစုပေါင်း ၄ နေရာတို့ဖြစ်သလို အမျိုးသားလွှတ်တော်နေရာတွင် ကျောက်ဖြူနှင့် မာန်အောင် ၁ နေရာ၊ အမ်းနှင့် ရမ်းဗြဲ ၁ နေရာ၊ စစ်တွေ ၁ နေရာနှင့် တောင်ကုတ် ၁ နေရာ စုစုပေါင်း လွှတ်တော်နေရာ ၁၅ ခုတွင် အနိုင်ရရှိထားသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ မြို၊ သက်တိုင်းရင်းသား မျိုးစု ၇ မျိုးနေထိုင်ကြပြီး ယင်း အထဲတွင် မရမာကြီးနှင့် သက်လူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်း လူဦးရေ အနည်းငယ်သာရှိသဖြင့် နိုင်ငံရေးပါတီ ထူထားခြင်းမရှိသေးပေ။

သက်လူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြောက်ဦး စသည့် မြို့နယ်တို့ရှိ တောင်ပေါ်ဒေသတို့တွင် အများဆုံးနေထိုင်ကြပြီး လူဦးရေ ထောင်ဂဏန်းကျော် ခန့်သာရှိ ကြောင်းသိရသည်။

မရမာကြီးတိုင်းရင်းသားများကို စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ ၊ မင်းပြား စသည့်မြို့နယ် တို့တွင် လူဦးရေ စုစုပေါင်း ၁ သောင်းခန့် နေထိုင်ကြောင်းသိရသည်။

ခမီ တိုင်းရင်းသားများသည် လူဦးရေ ၈ သောင်းကျော် ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ ဘူးသီးတောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်ရှိ တောင်ပေါ်ဒေသနှင့် မြေပြန့်တို့တွင် နေထိုင်ကြသည်။

မြိုတိုင်းရင်းသားများမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြောက်ဦး စသည့်ဒေသတို့တွင်နေထိုင်ကြပြီး လူဦးရေ ၃ သောင်း ကျော်ရှိကြောင်းသိရသည်။

ဒိုင်းနက် တိုင်းရင်းသား လူမျိုးတို့မှာ ရခိုင်ပြည်နယ် မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်ဒေသ တောင်ပေါ်တို့တွင် နေထိုင်ကြပြီး လူဦးရေ သောင်းကျော် ရှိကြောင်း သိရသည်။

ယင်းသို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများထဲတွင် ခမီ၊ မြို၊ ဒိုင်းနက်၊ ကမန်တို့မှာ နိုင်ငံရေးပါတီ ထူထောင်ထားသော် လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်များတွင် ၎င်းတို့၏ မဲဆန္ဒနယ်များ ပါဝင်သွားသဖြင့် ရွေးကောက်ပွဲဝင်ခွင့် မရရှိခဲ့သလို ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့ခြင်းများ မရှိခဲ့ပေ။

You may also like these stories:

ဒေါက်တာ အေးမောင်နှင့် နိုင်ငံရေးဖြင့် ဆက်စပ်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို

NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေး ဘယ်လို ဆက်သွားမလဲ

မြောက်ဦးမြို့ စစ်ရှောင်စခန်းများကို တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမည်

]]>
ဝန်ကြီးချုပ်တာဝန် ထပ်မံခန့်အပ်လျှင် ဆက်၍ ထမ်းဆောင်မည် ဟု ဦးညီပုပြော https://burma.irrawaddy.com/news/2021/01/04/235920.html Mon, 04 Jan 2021 12:57:07 +0000 https://burma.irrawaddy.com/lytbox/?p=235920 စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ခိုင်ရိုးလ / ဧရာဝတီရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်အပ်လာလျင် တာဝန် ထမ်းဆောင်သွားမည်ဟု ဝန်ကြီးချုပ်ဦးညီပုက ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။ ]]> စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်အပ်လာလျင် တာဝန် ထမ်းဆောင်သွားမည်ဟု ဝန်ကြီးချုပ်ဦးညီပုက ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။

လက်ရှိဝန်ကြီးချုပ်က ၎င်းအနေဖြင့် အစိုးရသစ်ဖွဲ့စည်းလျှင် ဝန်ကြီးချုပ်နေရာကို မျှော်မှန်းထားခြင်း မရှိသော်လည်း ပါတီကနေ တာဝန်ပေးအပ်လာပါက ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးညီပုက “နောက်လာမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရည်မှန်းထားတာမရှိဘူး။ တာဝန်ပေးတဲ့ အပေါ်မှာတော့ ဆောင်ရွက်သွားပါ့မယ်။ တာဝန်ပေးတဲ့ အပေါ်မှာ မူတည်ပြီး ထမ်းဆောင်သွားမယ်” ဟု ဆိုသည်။

ယနေ့ လွှတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လိုက်လိုက်သည့် ရခိုင်ပြည်နယ်အတွက် လွပ်လပ်ရေးနေ့ သဝဏ်လွှာကို ဝန်ကြီးချုပ်ဦးညီပုက ဖတ်ပြခဲ့ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပါအဝင်ပြည်နယ် အစိုးရဝန်ကြီးများနှင့် အခြားအစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီး၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိခဲ့သည်။ ယင်းကြောင့် အနိုင်ရ NLD ပါတီက အစိုးရသစ်တရပ်ကို ဖွဲ့စည်တင်မြှောက် အုပ်ချုပ် ရတော့မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဦးညီပုသည် အနေအေးပြီး ရိုးသားသူဖြစ်သော်လည်း ၎င်းသက်တမ်းအတွင်း ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့မှုနည်းခဲ့ကြောင်း အကယ်၍ ဝန်ကြီးချုပ်အဖြစ် နောက်ထပ်ခန့်အပ်ခြင်းခံရပါက ဒေသအကျိုး စီးပွားကို မိမိ၏ လုပ်ပိုင်ခွင့်ဖြင့် ရဲဝံ့စွာ ဆုံးဖြတ်ချက်လုပ်ဆောင်စေလိုကြောင်း ရခိုင်အသိုင်းအဝိုင်း က ပြောဆိုကြသည်။

ရခိုင်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက “ဆက်လက် ဝန်ကြီးချုပ် ဖြစ်လာရင် ရဲရဲဝံ့ဝံ့လုပ်ဆောင်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သူက တောက်လျှောက် အာဏာရှင်ကို တော်လှန်ခဲ့တဲ့ နိုင်ငံရေး ကျဉ်းသားဟောင်း တယောက်လည်းဖြစ်တယ်။ နိုင်ငံရေးထဲမှာလည်း တစိုက်မတ်မတ်လုပ်လာခဲ့တယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ လုပ်ဆောင်သင့်တယ်။ မိမိပါတီအကျိုးထက် ရခိုင်ပြည်သူ၊ ပြည်နယ် အကျိုးကို ရှေ့ရှုပြီးတော့ ပြီးခဲ့တဲ့ သက်တမ်းထက် သတ္တိရှိရှိ ဆုံးဖြတ်ရဲဖို့လိုတယ်” ဟု ဆိုသည်။

လက်ရှိ သက်တမ်းတွင် အောက်ခြေပြည်သူတို့နှင့် တွေ့ဆုံမှုအားနည်းခဲ့သည်မှာ ဒေသမတည်ငြိမ်မှုများအပေါ်တွင် မူတည်သလို မြောက်ဦးမြို့နယ်တွင် ၎င်းခရီးစဉ်အတွင်းမိုင်းဆွဲတိုက်ခိုက်ခံရမှုများ ရှိခဲ့သည့်အတွက် ပို၍ အောက်ခြေ လူထုနှင့် အဆက်အသွယ် ပြတ်တောက်မှုများ ဖြစ်ခဲ့ရကြောင်းလည်း ခိုင်ကောင်းစံက ပြောသည်။

ထို့အပြင် လက်ရှိသက်တမ်း အတွင်း နိုင်ငံတကာ တရားရုံးထိ ရောက်ရှိသွားသော ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များ အရေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် အပြင်း အထန် တိုက်ပွဲ ဆင်နွှဲခဲ့သော ရက္ခိုင်စစ်တပ် (AA) တို့၏ ပဋိပက္ခများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အပါအဝင် အဖက်ဖက် ထိခိုက်ခဲ့ပြီး ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အဟန့်အတားများ ရှိခဲ့ကြောင်း စောင့်ကြည့် လေ့လာသူများက ဆိုကြသည်။

စစ်တွေဒေသခံ မဦးခင်သိန်းက “ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအရမ်း အားနည်းတဲ့ ဒေသတခုဖြစ်နေတဲ့အတွက် ကုန်သွယ်ရေး လုပ်ငန်းတွေနဲ့ လူငယ် တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးတဲ့ အစိုးရမျိုး ဝန်ကြီးချုပ်ကို ကျမတို့ လိုလားတယ်။ နောက်ပြီးတော့ ရခိုင်က မွတ်စလင်တွေကိုလည်း လွပ်လပ်ခွင့်တွေ၊ ပူးပေါင်း ပါဝင်ခွင့်တွေ ပေးရမယ်။ အဲဒီလို မပေးလို့ လူမျိုးစုတွေရဲ့နောက်ကွယ်မှာ လူမျိုးရေး၊ ဘာသာရေးတွေကို အခြေခံပြီးတော့ ပြဿနာတွေ ဖြစ်ခဲ့တာ ရှိတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြီးခဲ့သည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း ပြည်နယ် ကောင်းကျိုးအတွက် ကိုယ်လုပ်နိုင်သလောက် လုပ်ပေးနိုင်ခြင်းအပေါ် ကျေနပ်မှုရှိခဲ့ပြီး အားမရသည့်အပိုင်းများလည်း ရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ဝန်ခံပြောဆိုသည်။

ဝန်ကြီးချုပ် ဦးညီပုက “အားမရတဲ့ အပိုင်းကတော့ နိုင်ငံတော်က ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် မဆောင်ရွက်နိုင်ခြင်းကိုတော့ လိုအပ်ချက်တွေရှိမယ်။ ဒါတွေကိုလည်း ဆက်ပြီးတော့ ကြိုးစားရမှာပေါ့။ အခုက ၅ နှစ်သက်တမ်းပဲရှိတာကို။ ဆက်ပြီးတော့ လုပ်စရာအများကြီးကျန်ပါသေးတယ်။ ဒါတွေဟာလည်း သိတဲ့အတိုင်းပဲလေ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် လိုအပ်ချက်တွေ များစွာရှိပါတယ်” ဟု ဆိုသည်။

အဆိုပါ လုပ်ငန်းစဉ် ရည်မှန်းချက်များ အောင်မြင်အောင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို ထိုသို့ လုပ်ဆောင်ရာတွင် ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှုလိုအပ်ကြောင်းလည်း ဦးညီပုက ပြောဆိုခဲ့သည်။

]]>
ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းကို နေရာသစ်ချပေးရန် စီစဉ်နေ https://burma.irrawaddy.com/news/2020/12/22/235332.html Tue, 22 Dec 2020 12:32:48 +0000 https://burma.irrawaddy.com/lytbox/?p=235332 ကျောက်တလုံး ဒုက္ခသည် စခန်းဟောင်း  / ကိုဖြူချေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သမိုင်းဝင်ကျောက်တလုံး ဘုရားအနီးတွင် နေထိုင်ကြသည့် ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး ဂုံးချိန်ရွာအနီးရှိ နေရာသစ်တခုတွင် ရွာတည်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ စီစဉ် နေကြောင်း သတင်းရရှိသည်။ ]]> ကျောက်တလုံး ဒုက္ခသည် စခန်းဟောင်း  / ကိုဖြူချေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သမိုင်းဝင်ကျောက်တလုံး ဘုရားအနီးတွင် နေထိုင်ကြသည့် ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး ဂုံးချိန်ရွာအနီးရှိ နေရာသစ်တခုတွင် ရွာတည်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ စီစဉ် နေကြောင်း သတင်းရရှိသည်။

မွတ်စလင် ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလုံရာ စခန်းများကို ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်တလုံးစခန်းကို ပိတ်သိမ်းကာ လက်ရှိစခန်းနှင့် တဖာလုံခန့်အကွာတွင် မြေကွက်သစ်များ ဖော်ဆောင်ပြီးဖြစ်ကြောင်းနှင့် နေအိမ်အဆောက်အဦများကိုလည်း ဆောက်လုပ်ပေးတော့မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတို့က ဧရာဝတီသို့ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “လက်ရှိနေရာက သူတို့က Camp ပုံစံပဲ နေရတာ။ အခုကျတော့ ရွာပုံစံမျိုး လုံးချင်းအိမ်တွေဆောက်ပေးမှာ။ အခုကတော့ သူတို့က Camp တန်းလျားမှာပဲ နေရတယ်ပေါ့ဗျာ။ အခုလုပ် ပေးလိုက်တော့ လုံးချင်းအိမ်လေးနဲ့ ရွာသစ်ပုံစံမျိုး ဖြစ်သွားမယ်” ဟု ပြောသည်။

အဆိုပါ စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ယမန့်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ IDP စခန်း ကိုယ်စားလှယ်များနှင့်အတူ Online အစည်းအဝေး ဆွေးနွေးမှု တခုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ကျောက်တလုံး ဒုက္ခသည် စခန်းသစ် တည်ဆောက်ရန် ပြင်ဆင်နေမှု (ဓာတ်ပုံ – ကိုဖြူချေ)

ထိုအစည်းအဝေး ဆွေးနွေးမှုအရ မကြာမီကာလတွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်တော့ မည်ဖြစ်သလို အသစ်ဆောက်လုပ်ပေးမည့် စခန်းအနားတွင် ဒုက္ခသည်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အဝေးပြေး ကားဂိတ်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းကားဂိတ်ပြီးစီးပါက မွတ်ဆလင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်းလည်း ဦးဝင်းမြင့်က ရှင်းပြသည်။

ဆက်လက်ပြီး ဦးဝင်းမြင့်က “အဲဒီစခန်းအနားမှာပဲ သူတို့နေထိုင်ဖို့အတွက် အဆောက်အဦဆောက်ပေးဖို့ မြေကွက်တွေ လုပ်ထားပြီးပြီ။ ဒါပေမယ့် ကျနော်တို့ လုပ်ပေးထားတဲ့ နေရာမှာ သူတို့နေထိုင်ဖို့အတွက် ဆွေးနွေးနေကြတာပေါ့။ နောက်ပြီး သူတို့ အသက် မွေးဝမ်းကျောင်းဖို့အတွက် အဲဒီအနားမှာပဲ ကျောက်ဖြူ ကားဂိတ်သစ်တခု ဆောက်ဖို့လည်း ကျနော်တို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ထို ကျောက်တလုံး ဒုက္ခစခန်းပြောင်းရွှေ့ တည်ဆောက်ရန်အတွက် ကျပ်သန်းနှစ်ထောင်ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောခဲ့သည်။

ယင်းစခန်းအတွက် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေထဲမှ ရခိုင်ပြည်နယ်အစိုးရ၏ တွက်ချက်တင်ပြလာသည့် စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၀၉၉.၃၁ သန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သုံးစွဲခွင့်ရှိခဲ့ခြင်းဖြစ်ပြီး ထိုငွေများကို နေအိမ် ၃၆၃ လုံးနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စာသင်ကျောင်း၊ ရေလောင်းအိမ်သာ၊ ဂိုထောင်၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ တာဘောင်ဆည် ဖို့ခြင်း၊ ကျောက်ချောလမ်းနှင့် ပြန်လည်နေရာချထားမည့် မြေနေရာတို့အတွက် မြေရာလျော်ကြေး ပေးခြင်းများ အတွက်ပါ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိတွင် အစိုးရက ရွာသစ်တည်မည့် မြေနေရာမှာ ဒီရေတောများဖြစ်နေပြီး မိုးရာသီ ရေနစ်မြုပ်သဖြင့် ဒုက္ခသည်များမှာ ယင်းနေရာတွင် နေရာချပေးခြင်းကို ကန့်ကွက်ပြီး၊ မူလက နေခဲ့သော မြို့ပေါ်ရပ်ကွက်များတွင် အခြေချပေးရန် စခန်းနေ ဒုက္ခသည်များက တောင်းဆိုနေကြသည်။

စခန်းတာဝန်ခံ ကိုဖြူချေက “အခု အစိုးရက ပလန်ဆွဲထားတဲ့ နေရာဟာ လက်ရှိ စခန်းရဲ့ ၂ ဖာလုံလောက်ဝေးတဲ့ နောက်ကြောမှာ ပြန်လည် နေရာချထားရေးဖြစ်တယ်။ ဒါ့အတွက် ဘတ်ဟိုးတွေနဲ့ မြေတွေကို တာပတ်ထားတယ်။ ဒီနေရာက ဆားငံရည် ရွံ့တောနဲ့ ဒီရေတော နေရာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ အရှေ့ပိုက်ဆိပ်၊ အနောက်ပိုက်ဆိပ်၊ ပြင်ဖြူပေါ်စတဲ့ မိမိတို့ ဟိုအရင်က နေထိုင်ခဲ့တဲ့ နေရာကိုပဲ သွားချင်တယ်” ဟု ဆိုသည်။

ကျောက်တလုံး ဒုက္ခသည် စခန်းဟောင်း (ဓာတ်ပုံ – ကိုဖြူချေ)

ထို့အပြင် ပြောင်းရွေ့ရမည့် စခန်းမှာ ရေအခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာရှိကြောင်းလည်း ကိုဖြူချေက ရှင်းပြသည်။

၎င်းကဆက်၍ “ကျနော်တို့က အခုချပေးတဲ့ နေရာကို မသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာဟာ မိုးရွာတာနဲ့ ခါးလောက်အထိ ရေနစ်မြုပ်တယ်။ နောက်ပြီးတော့ အဲဒီမှာ ရေတွင်း ၉၀ ကျော်လောက်တူးကြည့်ပြီးပြီ။ ရေမထွက်ဘူး။ လမ်းမကြီးကို ထွက်ဖို့လည်း ၃ ဖာလုံလောက် ဝေးသလို လမ်းကလည်း မရှိဘူးဖြစ်နေတယ်။ ရှေ့မှာက စစ်တပ်ကပိုင်တဲ့ ဦးပိုင်လယ်ကွက်တွေပဲရှိတယ်။ လမ်းဖောက်မယ်ဆိုရင် ကျောက်တလုံးဘုရားကို ဖြိုထုရမယ့် အနေအထားရှိတယ်” ဟု ဆက်လက်ရှင်းပြသည်။

ထိုသို့ ဒုက္ခသည်များ မိမိမူလနေရပ်ဖြစ်သည့် ကျောက်ဖြူမြို့တွင်းသို့ ပြန်လည်နေရာချပေးရန် တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် နောက်ထပ် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြဿနာတစုံတရာ ဖြစ်လာမည်ကို တားဆီးသည့် အနေဖြင့် ယခုကဲ့သို့ လွတ်ကင်းအောင် ပြုလုပ်ရခြင်ဖြစ်ကြောင်း အစိုးရဘက်မှ တုံပြန်ပြောဆိုသည်။

ဝန်ကြီးဦးမြင့်က “ကျောက်ဖြူမြို့ပေါ်မှာ နေလိုတဲ့ ဆန္ဒကတော့ သူတို့တင်ပြ ကြတယ်။ ဒါပေမယ့် မြို့ပေါ်မှာထားလိုက်လို့ မြို့လူထုရဲ့ လက်ခံမှုအတိုင်းအတာ အပေါ်မှာလည်း မူတည်တယ်။ သူတို့နဲ့ ရောပြီးနေထိုင်တဲ့ အခါမှ မလိုလားအပ်တဲ့ ပြဿနာတွေ နောက်တခါ ဖြစ်လာရင်လည်း ပိုပြီးဆိုးသွားမယ်။ ဒါမျိုးတွေလည်း ကြည့်ရတာပေါ့။ ဒီလို နှစ်ဘက် လွတ်ကင်းတဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ဖို့ ပြုလုပ်ပေး ရတာဖြစ်တယ်” ဟု ရှင်းပြသည်။

ကျောက်တလုံး ဒုက္ခသည် စခန်းဟောင်း (ဓာတ်ပုံ – ကိုဖြူချေ)

ထို့သို့ မွတ်ဆလင် ဒုက္ခသည်များအား မူလနေရာမဟုတ်ဘဲ အသစ် ပြောင်းရွေ့နေရာချပေးခြင်းမှာ လူမျိုးစုနှစ်ခုအကြား မလိုလားအပ်သည့် ပြဿနာများကို ထိန်းချုပ်နိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုနေကြသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “အခု နေရာချထားပေးမယ့် နေရာကတော့ ကျောက်တလုံး ဘုရား အခု IDP Camp ရဲ့ အရှေ့ဘက် တဖာလုံလောက်မှာ နေရာချထားဖို့ အတွက် ပြုလုပ်နေကြတယ်။ ဂုံးချိန်ရွာနဲ့ နီးတယ်။ သူတို့ကို အဲဒီဘက် ပြောင်းမယ့် ကိစ္စကတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့လူထုနဲ့ သူတို့နဲ့ တခါ အတူနေဖို့ဆိုရင် တခြားမလိုအပ်တဲ့ တစုံတရာ ပြဿနာတွေမဖြစ်လာနိုင်လို့ အဲဒီမှာ နေရာချထားပေးတာကတော့ ပိုကောင်းပါတယ်” ဟုဆိုသည်။

လက်ရှိ ကျောက်တလုံးဒုက္ခသည်စခန်းတွင် အိမ်ထောင်စုပေါင်း ၃၆၀ ကျော်မှ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြပြီး ၎င်းတို့မှာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ဖြစ်သော အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက် တို့တွင်နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခအတွင်း နေရပ်စွန့်ခွာခဲ့ရပြီး အစိုးရက ယင်းစခန်းတွင် နေထိုင်ရန် နေရာချပေးထားခြင်းဖြစ် ကြောင်းသိရသည်။

You may also like these stories:

စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ

ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

]]>