ဇော်ဇော်, Author at ဧရာဝတီ https://burma.irrawaddy.com/author/3030 Covering Burma and Southeast Asia Wed, 19 Jul 2023 03:27:47 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဇော်ဇော်, Author at ဧရာဝတီ https://burma.irrawaddy.com/author/3030 32 32 ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ https://burma.irrawaddy.com/multimedia/photo-essay/2019/08/31/202503.html Sat, 31 Aug 2019 02:30:46 +0000 https://burma.irrawaddy.com/lytbox/?p=202503 ကွတ်ခိုင်မြို့ပေါ်က စစ်ရှောင်စခန်းမြင်ကွင်း / ဇော်ဇော် / ဧရာဝတီမြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA၊ AA၊ MNDAA)မှ တိုက်ခိုက်ခဲ့ပြီး နောက် ကျောက်မဲ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတလျှောက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သြဂုတ်လ ၂၄ ၇က်နေ့က နေပြည်တော် စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းပွဲ တွင် “ကျနော်အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက် မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလားတပ်မတော်အနေန ဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ” ဟု ပြောဆိုလိုက်သည်။]]> ကွတ်ခိုင်မြို့ပေါ်က စစ်ရှောင်စခန်းမြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တိုးဂိတ် အပါအဝင် နောင်ချိုမြို့အထွက် တိုးဂိတ်၊ မူးယစ်ဂိတ်၊ မြို့ရှောင်ဂိတ် စသည့် နေရာ ၆ နေရာကို တပြိုင် တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်နှင့် ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှု ပမာဏ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

တရုတ်မြန်မာ ကုန်သွဝ်ရေးလမ်းရှိ ဂုတ်တွင်းတံတားလည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။တိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ စစ်သားများနှင့် ရဲများအပါအဝင် လူ ၁၅ ဦးသေဆုံးပြီး နေက်ဆက်တွဲတိုက်ပွဲများကြောင့် လူထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယများတွင် ကျေးရွာများမှ ထွက်ပြေး လာကြသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၄၀၀ ကျော် ရှိပြီဟုသိရသည်။

သြဂုတ်လ ၁၇ ရက်က လားရှိုး-မူဆယ်လမ်း လားရှိုးမြို့အထွက် ၁၂ မိုင်ခန့်အကွာ နမ့်တွန်း ကျေးရွာအုပ်စု အတွင်းရှိ တိမ်ဖြူစက်သုံးဆီ ရောင်းဝယ်ရေး ဆီပန့် ပစ်ခတ်မှုဖြစ်သည့်အတွက် အကူအညီလို နေသူများကို လားရှိုး လူငယ်ကူညီ ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ဆယ်စဉ် ကားကို ပစ်ခတ်ခဲ့ခြင်း ကြောင့် ဥက္ကဋ္ဌ ဖြစ်သူ သေဆုံးခဲ့သည်။

တပ်မတော် နည်းပညာ တက္ကသိုလ် သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ပါဝင်သည်ဟု သံသယ ဖြစ်သူ ရှမ်းပရဟိတ ကျောင်းဆရာများဖြစ်သူ ညီအကို နှစ်ဦး ဖြစ်သည့် စိုင်းခွန်မိုင်းနှင့် စိုင်းလင်းစင့်တို့ ၂ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားရာ ကွတ်ခိုင်မြို့တွင် ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦးအား သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ကယ်ထုတ်လာခဲ့ပြီး ထိုမှတဆင့် ရန်ကုန်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ (FPNCC) ကို သြဂုတ် ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်နေသည့် စစ်ဆင်ရေး ရပ်တန့်ပေးရန် ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ခိုက်မှုများရပ်ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များမှ ဝါရင့်ခေါင်းဆောင်များက မေတ္တာရပ်ခံပြီး အစိုးရနှင့် ထိုတိုက်ခိုက်မှုများတွင်ပါဝင်သော သုံးဖွဲ့တို့အကြား အမြန်ဆုံး ညှိနှိုင်းသင့်ကြောင်း ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA၊ AA၊ MNDAA)မှ တိုက်ခိုက်ခဲ့ပြီး နောက် ကျောက်မဲ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတလျှောက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သြဂုတ်လ ၂၄ ၇က်နေ့က နေပြည်တော် စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းပွဲ တွင် “ကျနော်အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက် မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလားတပ်မတော်အနေန ဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ” ဟု ပြောဆိုလိုက်သည်။

သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး တံခါး ဖွင့်ထားပေးကြောင်း နေပြည်တော် သမ္မတ အိမ်တော်တွင် ပုံမှန် ပြုလုပ်သည့် သြဂုတ်လ ၁၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်ကိုတွေ့ရသည်။

]]>
တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2019/03/22/187328.html Fri, 22 Mar 2019 10:37:19 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=187328 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/09/14/169884.html Fri, 14 Sep 2018 11:36:25 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=169884 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/08/24/167818.html Fri, 24 Aug 2018 12:32:26 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=167818 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/08/10/166335.html Fri, 10 Aug 2018 11:35:24 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=166335 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/06/08/160650.html Fri, 08 Jun 2018 10:51:48 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=160650 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/05/04/157815.html Fri, 04 May 2018 11:32:10 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=157815 ]]> ]]> ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ၂ ဦးကို အဂတိလိုက်စားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ် https://burma.irrawaddy.com/news/2018/04/27/157211.html Fri, 27 Apr 2018 01:00:33 +0000 https://burma.irrawaddy.com/lytbox/?p=157211 အဂတိလိုက်စားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ / ဇော်ဇော် / ဧရာဝတီတရားရုံးများက ဧပြီလ ၂၆ ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACCM) က သတင်း ထုတ်ပြန်လိုက်သည်။]]> အဂတိလိုက်စားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ / ဇော်ဇော် / ဧရာဝတီ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုထားသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး (လက်ထောက် ညွန်ကြားရေးမှူး)၊ ဒုတိယ ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်း စာရေး ဦးအောင်စိုးမိုးတို့ကို သက်ဆိုင်ရာ တရားရုံးများက ဧပြီလ ၂၆ ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACCM) က သတင်း ထုတ်ပြန်လိုက်သည်။

စစ်ဆေးချက်များအရ ကျေးရွာနေပြည်သူများထံမှ ငွေကျေးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး ကို နှစ်မှုပေါင်း ထောင်ဒဏ် ၁၀ နှစ်၊ ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်ကို ၂ မှုပေါင်း ထောင်ဒဏ် ၁၀ နှစ်နှင့် အကြီးတန်း စာရေး ဦးအောင်စိုးမိုးကို ၂ မှုပေါင်း ထောင်ဒဏ် ၆ နှစ်ဖြင့် အသီးသီးချက်မှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မန်ကျည်းအင်းရွာသစ်အား ပြည်ထဲရေး အမည်ပေါက် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရာတွင် ငွေပေးခဲ့ရသော်လည်း ဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် ရွားရှိ နေအိမ်များအား နို့တစ်စာထုတ်၍ ဖျက်ဆီးခြင်း၊ ရွာဆိုင်းဘုတ်အားဖျက်ဆီးခြင်း စသည်များ ဆောင်ရွက်လာသဖြင့် စစ်ဆေးဖော်ထုတ် အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်းသိရသည်။

အဂတိလိုက်စားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ / ဇော်ဇော်/ ဧရာဝတီ

ထိုကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ ဒုတိယ ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်း စာရေး တို့သည် မန်ကျဉ်းအင်းရွာသစ်တွင် ရွာမြေတိုးချဲ့ပေးရန် ကိစ္စ၌ ကျေးရွာနေပြည်သူများထံမှ ငွေကြေးများယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ယင်းသို့ စစ်ဆေးပေါ်ပေါက်ချက်များအရ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယ ဦးစီးမှူး ဦးကျော်ကျော်နိုင် တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် ၂၈-၁၀-၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ တရားဆွဲဆို တင်ပို့ခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးမှု အမှတ် ၂/ ၂၀၁၆၊ ၃/ ၂၀၁၆၊ ၄/ ၂၀၁၆ ၅/ ၂၀၁၆ တို့ဖြင့် အသီးသီး လက်ခံစစ်ဆေးခဲ့ကြောင်းသိရသည်။

အဂတိလိုက်စားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ / ဇော်ဇော်/ ဧရာဝတီ

ထိုကဲ့သို့ လက်ခံစစ်ဆေးခဲ့ပြီးနောက် စွဲဆိုထားသည့် ပြစ်မှုများကို ကျူးလွန်ကြောင်း သုံးသပ်ကာ ၂၆-၄-၂၀၁၈ ရက်နေ့တွင် ဦးတင်နိုင်စိုးအား ရာဇဝတ်ကြီးမှုအမှတ်၊ ၂/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ရာဇဝတ်ကြီးမှု အမှတ်၊ ၄/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ဦးကျော်ကျော်နိုင်အား ရာဇဝတ်ကြီးမှု အမှတ်၊ ၃/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ရာဇဝတ်ကြီးမှု အမှတ်၊ ၅/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကို အသီးသီး ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

အလားတူ ထိုအမှုတွဲတွင် ပါဝင်သော အကြီးတန်းစာရေး ဦးအောင်စိုးမိုးအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ဖြင့် ၂၇-၁၀-၂၀၁၆ ရက်နေ့တွင် ပြင်ဦးလွင် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးမှု အမှတ် ၃၄၈၇/၂၀၁၆၊ ၃၄၈၈/၂၀၁၆ တို့ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီးနောက် စွဲဆိုထားသည့် ပြစ်မှုများကို ကျူးလွန်ကြောင်း သုံးသပ်ကာ ၂၆-၄-၂၀၁၈ ရက်နေ့တွင် ဦးအောင်စိုးမိုးအား ရာဇဝတ်ကြီးမှု အမှတ် ၃၄၈၇/၂၀၁၆ အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄၈၈/၂၀၁၆ အတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် အသီးသီး ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

]]>
တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/04/20/156663.html Fri, 20 Apr 2018 10:39:15 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=156663 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2017/11/17/146245.html Fri, 17 Nov 2017 11:16:51 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=146245 ]]> ]]> တပတ်အတွင်း သတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2017/09/15/142690.html Fri, 15 Sep 2017 10:02:35 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=142690 ]]> ]]> တပတ်အတွင်း သတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2017/09/01/141849.html Fri, 01 Sep 2017 10:17:24 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=141849 ]]> ]]> တပတ်အတွင်း သတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2017/07/14/138629.html Fri, 14 Jul 2017 11:57:50 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=138629 ]]> ]]> အိမ်အပြန်စောခဲ့ရတဲ့ ဖြူလေး (ရုပ်/သံ) https://burma.irrawaddy.com/video/2017/02/07/129939.html Tue, 07 Feb 2017 07:01:05 +0000 https://burma.irrawaddy.com/lytbox/?post_type=video&p=129939 မန္တလေးသို့ ပြန်လည်ရောက်လာသည့် Myanmar Idol Season2 ပြိုင်ပွဲဝင် ဖြူလေးကို မြို့ခံ ပရိတ်သတ်များက ဂရပ်ဖစ်တီရေး၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။]]>

မန္တလေးသို့ ပြန်လည်ရောက်လာသည့် Myanmar Idol Season2 ပြိုင်ပွဲဝင် ဖြူလေးကို မြို့ခံ ပရိတ်သတ်များက ဂရပ်ဖစ်တီရေး၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

]]>
ဧရာဝတီမြစ်ဘေးက အုတ်ဖုတ်သူများ https://burma.irrawaddy.com/multimedia/photo-essay/2017/01/19/128968.html Thu, 19 Jan 2017 07:04:39 +0000 https://burma.irrawaddy.com/lytbox/?p=128968 / ဇော်ဇော် / ဧရာဝတီ မိသားစု အများစုမှာ ဝင်ငွေက နည်းပါးပြီး စားစရိတ်က ကြီးမြင့်နေသည့်အတွက် မိသားစုဝင် အားလုံး အလုပ်လုပ် ကြရသည်။]]> / ဇော်ဇော် / ဧရာဝတီ]]>