သီဟလွင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/3129 Covering Burma and Southeast Asia Mon, 17 Jul 2023 03:11:58 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သီဟလွင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/3129 32 32 ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှု ပုံစံသစ်က အဂတိလိုက်စားမှု လျှော့ချနိုင်မလား https://burma.irrawaddy.com/news/2021/01/19/236692.html Tue, 19 Jan 2021 12:30:35 +0000 https://burma.irrawaddy.com/lytbox/?p=236692 ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်များ အွန်လိုင်းမှ လျှောက်ထားနိုင်သည့် Myanmar Tradenetပို့ကုန်၊ သွင်းကုန်လိုင်စင်များလျှောက်ထားရာတွင် ယခင်ကလို လူကိုယ်တိုင်လာစရာမလိုတော့ဘဲ အွန်လိုင်းစနစ်ဖြင့် အသုံးပြုနိုင်ပြီဖြစ်သောကြောင့် အဂတိလိုက်စားမှုများ ရာနှုန်းပြည့်လျော့နည်းသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမျိုးခိုင်ဝင်းကပြောသည်။]]> ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်များ အွန်လိုင်းမှ လျှောက်ထားနိုင်သည့် Myanmar Tradenet

ပို့ကုန်၊ သွင်းကုန်လိုင်စင်များလျှောက်ထားရာတွင် ယခင်ကလို လူကိုယ်တိုင်လာစရာမလိုတော့ဘဲ အွန်လိုင်းစနစ်ဖြင့် အသုံးပြုနိုင်ပြီဖြစ်သောကြောင့် အဂတိလိုက်စားမှုများ ရာနှုန်းပြည့်လျော့နည်းသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမျိုးခိုင်ဝင်းကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနက ယနေ့တွင် ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်များအွန်လိုင်းမှ လျှောက်ထားနိုင်သည့် Myanmar Tradenet 2.0 စနစ်ကို သတင်းမီဒီယာသို့ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို အွန်လိုင်းသတင်းစာရှင်းလင်းပွဲအဖြစ် ပြုလုပ်ရာတွင် ၎င်းက ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခင်က သက်ဆိုင်ရာဌာနအထိ လာရောက်လျှောက်ထားရသောကြောင့် ဌာဆိုင်ဆိုင်ရာဝန်ထမ်းများနှင့် ကုန်သည်၊ လုပ်ငန်းရှင်တို့ မျက်နှာချင်းဆိုင်တွေ့ရသည့်အနေထားများတွင်လည်း အဂတိလိုက်စားမှုကို ဌာနဆိုင်ရာများက တိုက်ဖျက်သည့် လုပ်ငန်းစဉ်များရှိခဲ့ပြီး ယခုအခါ ထိုစနစ်က အဂတိလိုက်စားမှုကို လျှော့ချပေးနိုင်မည်ဟု ဆိုသည်။

ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းက “လုပ်ငန်းရှင်နဲ့ ဌာနအကြားမှာ ထိတွေ့မှု လုံးဝမရှိတော့တဲ့အတွက် ဒါတွေကို ကျနော်တို့ဒါ ၁၀၀ ရာခိုင်နှုန်းပေါ့။ ဒါတွေအများကြီးလျှော့ချနိုင်တဲ့ အနေအထားဖြစ်ပါတယ်” ဟု ပြောသည်။

ထိုစနစ်ကြောင့် လူကိုယ်တိုင်လာရောက်လျှောက်ထားရသော ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် အသင်းဝင်ခွင့် လျှောက်ထားခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များ လျှောက်ထားခြင်း၊ ပို့ကုန်လိုင်စင် ပါမစ်လျှောက်ထားခြင်း၊ သွင်းကုန်လိုင်စင်ပါပါမစ်လျှောက်ထားခြင်း လုပ်ငန်းများကို အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများဖြေလျော့သည့်လုပ်ငန်းများ၊ ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါပြန့်နှံ့လာမှုကြောင့် လူချင်းထိတွေ့မှု လျော့ချရန်ဖြစ်လာသည့်အခြေအနေများကြောင့်လည်း ထိုစနစ်ကို မြန်ဆန်စွာ အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ကပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က “COVID-19 မှာတော့ စိန်ခေါ်မှုထဲကနေပြီးတော့ ရုံးထွက်နိုင်ဖို့အတွက်ဆောင်ရွက်ရတဲ့ စနစ်တခုဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီအခြေအနေတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်ကို Myanmar Tradenet 2.0 က မူလကတည်းက ရှိခဲ့ပေမယ့်လည်း ပိုပြီးတော့ ဒီကာလမှာမြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ယနေ့ရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောသည်။

ယခင်က လိုင်စင်များလျှောက်ထားရာတွင် ကြားခံအေးဂျင့်များမှတဆင့် ဆောင်ရွက်ခိုင်းရပြီး အေးဂျင့်များကို ပေးချေရသည့် ငွေကြေးကုန်ကျမှုများရှိသော်လည်း အခုအခါ အွန်လိုင်းမှ သက်ဆိုင်ရာဌာနသို့ အမှန်တကယ်ပေးသွင်းရသည့်ငွေကြေးသာကုန်ကျသလို ယခင်ကလို စာရွက်စာတမ်းဖြင့်မဟုတ်ဘဲ အင်တာနက်မှ တဆင့် အီလစ်ထရောနစ်ဒေတာအဖြစ် သိမ်းဆည်းပေးမှုများကြောင့် လုပ်ငန်းပိုမိုမြန်ဆန်လာကြောင်း ယင်းစနစ်ကိုအသုံးပြုနေသော ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကပြောသည်။

ဒေါက်တာစိုးထွန်း က “ဌာနတော်တော်များများက အွန်လိုင်းနဲ့သွားရင်တော့ ခုနကပြောတဲ့ လာဘ်ပေး လာဘ်ယူ ကိစ္စတွေ လျော့နည်းသွားမယ်လို့မြင်တယ်။ နောက်ပြီး ကျနော်တို့အတွက်လည်းပိုပြီး ငွေကုန်ကြေးကျနည်းသွားမယ်။ တဘက်ကလည်း မြန်ဆန်မှုပိုရှိလာမယ်လို့ကျနော်တို့မြင်တယ်” ဟု ပြောသည်။

ယခင်က လိုင်စင်စာရွက်ကို နေပြည်တော်မှတဆင့်ရယူပြီး နယ်စပ်ကုန်သွယ်မှုလုပ်ဆောင်ရာနေရာထိပို့ဆောင်ပေးရသည့် လုပ်ဆောင်မှုအဆင့်ဆင့်ရှိခဲ့ပြီး ယခုစနစ်ကြောင့် ထိုကဲ့သို့ အချိန်ကြန့်ကြာမှုများလည်း နည်းသွားသည်ဟု၎င်းက ဆိုသည်။

ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းလုပ်ငန်းများအပါအဝင် ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားမှု လုပ်ငန်းများကို ၂၀၀၄ နှစ်တွင် Manual စနစ်မှ Computerized စနစ်သို့ စတင်ပြောင်းလဲခဲ့သည်။

၂၀၁၈ ခုနှစ်သို့အရောက်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) အပါအဝင် ဆက်စပ်ကတ်များ၊ လိုင်စင်/ပါမစ်များကို အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထားထုတ်ယူနိုင်သည့် Myanmar Tradenet 2.0 စနစ်ကို USAID ၏အထောက်အပံ့ဖြင့် စတင်အကောင်အထည်ဖော်ခဲ့သည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် Tradenet Member လျှောက်ထားခြင်းလုပ်ငန်းများ၊ ပသကနှင့်ဆက်စပ်ကဒ်များလျှောက်ထားခြင်း၊ ပို့ကုန်လိုင်စင်ပါမစ်လျှောက်ထားခြင်း များကို ထိုစနစ်မှတဆင့် အွန်လိုင်းမှလျှောက်ထားနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် သွင်းကုန်လိုင်စင်ပါမစ် လိုင်စင်ပါမစ်လျှောက်ထားခြင်းလုပ်ငန်းများကို ထိုစနစ်ဖြင့် လျှောက်ထားနိုင်ရန် လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခုအခါ Myanmar Tradenet 2.0 စနစ်ဖြင့် Tradenet Member ၃၄၃၀ ခု၊ ပသကနှင့်ဆက်စပ်ကဒ်များ ၁၇၇၁ ကဒ်၊ ပို့ကုန်လိုင်စင်/ပါမစ် ၅၇၆ စောင်နှင့် သွင်းကုန်လိုင်စင်/ပါမစ် ၁၆၁၇ စောင်ထုတ်ပေးပြီးဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနကသိရသည်။

]]>
ထားဝယ်အထူးစီးပွားရေးဇုန်အရေး နှစ်ဖက် ပြေလည်စွာဖြေရှင်းနိုင်ရန် မြန်မာအစိုးရ မျှော်လင့် https://burma.irrawaddy.com/business/2021/01/18/236651.html Mon, 18 Jan 2021 13:45:18 +0000 https://burma.irrawaddy.com/lytbox/?p=236651 ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေဇုန် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား / သီဟလွင် / ဧရာဝတီလက်ရှိ အခြေအနေထိ အီတာလျံထိုင်းကုမ္ပဏီဘက်မှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ တစုံတရာ တုံ့ပြန်ထားခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပေါ်လာသည့် အခြေအနေများကို မူတည်ကာ ပြန်လည် တုံ့ပြန်မှုများ ပြုလုပ်သွားမည်]]> ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေဇုန် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား / သီဟလွင် / ဧရာဝတီ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရပ်ဆိုင်းခံလိုက်ရသည့် အီတာလျံထိုင်းကုမ္ပဏီနှင့် ပတ်သက်၍ နှစ်ဖက် ပြေ လည်စွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင် က ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ စာချုပ်ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ အီတာလျံထိုင်းကုမ္ပဏီက ဥပဒေကြောင်းအရ တုံ့ပြန်လာပါက မည်သို့ဆောင်ရွက်မည်နည်းဟု ဧရာဝတီက မေးမြန်းရာတွင် ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ထွန်းနိုင်က “ကျနော်တို့ရဲ့ လိုလားချက်ကတော့ အိမ်နီးချင်းနိုင်ငံ ကုမ္ပဏီလည်းဖြစ်ပြီးတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့တာဝန် ဝတ္တရားတွေ ပျက်ကွက်ပြီး ရပ်ဆိုင်းရတဲ့ အဖြစ်မှန် ပေါ်မှာ ၎င်းတို့အနေနဲ့ နှစ်ဖက် ပြေပြေလည်လည် ဖြေရှင်းဆောင်ရွက်သွားဖို့ကိုပဲ ရည်မှန်းမျှော်လင့်ပါတယ်” ဟု ပြော သည်။

အီတာလျံထိုင်းကုမ္ပဏီက ပျက်ကွက်ခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်အထောက်အထား ခိုင်ခိုင်မာမာ ရှိထားပြီးဖြစ်သလို သက်ဆိုင်ရာ ကုမ္ပဏီထံသို့လည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိ ဆိုသည့် အကြောင်းကို အကြိမ်ကြိမ်အကြောင်းကြားထားသည့် အထောက်အထားများလည်း ရှိကြောင်း ထားဝယ်အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်ထံက သိရသည်။

လက်ရှိ အခြေအနေထိ အီတာလျံထိုင်း ကုမ္ပဏီဘက်မှ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ တစုံတရာ တုံ့ပြန်ထားခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပေါ်လာသည့် အခြေအနေများကို မူတည်ကာ ပြန်လည် တုံ့ပြန်မှုများ ပြုလုပ် သွားမည်ဟု ယင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်းလုပ်ငန်း ၉ ခု အတွက် ချုပ်ဆိုထားသော စီမံကိန်း လုပ်ငန်း ဆောင် ရွက်ခွင့် စာချုပ်များ (Concession Agreement) အားလုံးကို၂၀၂၀ ဒီဇင်ဘာလ ၃၀ ရက်က ရပ်ဆိုင်းကြောင်း အီတာလျံ ထိုင်းကုမ္ပဏီထံသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုသို့ ရပ်ဆိုင်းလိုက်ရခြင်းမှာလည်း ကုမ္ပဏီက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေ အထောက်အထားများ မတင်ပြနိုင်ခြင်း စသည့် စွမ်းဆောင်ရည် အားနည်းချက်များကြောင့် ဖြစ်ကြောင်း ထားဝယ်အထူးစီး ပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ် အထူးစီးပွားရေးဇုံထဲက ရေနက်ဆိပ်ကမ်း စတင် တည်ဆောက်မည့်နေရာ (ဓာတ်ပုံ – ငြိမ်းငြိမ်း၊ ဧရာဝတီ)

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ စွပ်စွဲချက်များကို ရှင်းလင်းချေပမည့် စာတစောင်ကို ချက်ခြင်း ပြုစု ရန် ၎င်းတို့၏ ဥပဒေအတိုင်ပင်ခံများကို ပြောကြားထားကြောင်း အီတာလျံထိုင်း ကုမ္ပဏီ (Italian-Thai Development Public Company Limited (ITD) က ထုတ်ပြန် ပြောဆိုထားသည်။

ထားဝယ် အထူးစီးပွားရေး စီမံကိန်းတွင် ယခုအခါ ဂျပန်နိုင်ငံ ပါဝင်လာပြီး မြန်မာ၊ ဂျပန်၊ ထိုင်း သုံးနိုင်ငံ အစိုးရများ ပူး ပေါင်း၍ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲက သိရသည်။

အီတာလျံထိုင်း ကုမ္ပဏီကို ပါဝင်ခွင့် ရပ်ဆိုင်းလိုက်သောကြောင့် ယင်းကုမ္ပဏီလက်ထက်က လုပ်ဆောင်ခဲ့ရာတွင် ဒေသ ခံများ မြေယာလျော်ကြေး နစ်နာကြေး အပြည့်အ၀ မရရှိသေးသည့်ကိစ္စများ၊ စီမံကိန်းကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိ ခိုက်မှု အပိုင်းများကို မည်သူက တာဝန်ယူမည်ကိုမူ မေးခွန်း ထုတ်စရာရှိကြောင်း တနင်္သာရီမိတ်ဆွေများ အဖွဲ့ ဒါရိုက်တာ နော်ပီသလောက ပြောသည်။

နော်ပီသလောက “ကျမတို့ အနေနဲ့ မေးခွန်း ထုတ်စရာက နံပါတ်တစ် အရင်တုန်းက အီတာလျံထိုင်းကုမ္ပဏီနဲ့ လုပ်ခဲ့တဲ့ ပြဿနာတွေက ဘယ်သူ တာဝန်ယူလည်းပေါ့။ ဂျပန်က တာဝန်ယူမှာလား မြန်မာအစိုးရက တာဝန်ယူမှာလား အဲဒါ ကျမ တို့ မရှင်းနေတဲ့ ဟာပေါ့” ဟု ပြောသည်။

ယခုအခါ စီမံကိန်း ပြန်စတော့မည်ဆိုသည့် သတင်းများကြောင့်လည်း အောက်ခြေတွင် မြေပွဲစားများက မြေဈေးကစား သည့် အခြေအနေများလည်း ရှိနေသောကြောင့် ယင်းပြဿနာများကိုလည်း အစိုးရက တိတိကျကျ ဖြေရှင်းပေးရန် လိုအပ် သလို စီမံကိန်းနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီ မိတ်ဆွေများ အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသော စီမံကိန်းများကို လေ့ လာစောင့်ကြည့်နေသည့် အရပ်ဘက် အဖွဲ့အစည်း တခု ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်ကို လက်ရှိ အောင်မြင်လျက်ရှိသည့် ရန်ကုန်မြို့ရှိ သီလဝါစီမံကိန်း ကဲ့သို့ ဖြစ်စေလိုကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။

၎င်းက “ကျနော် သိရသလောက်တော့ အီတာလျံထိုင်းက မလုပ်နိုင်ဘူး။ စောင့်ရင်းစောင့်ရင်းနဲ့ အချိန်တွေကလည်း ကုန်နေပြီပေါ့။ မလုပ်နိုင်တဲ့ နောက်ဆုံးမှာ အခုလို ကြေညာလိုက်တာပေါ့။ ဒါပေမယ့် သူတို့ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ သိပ်တော့ ကျေနပ်တဲ့ပုံတော့ မပေါ်ဘူး” ဟု ပြောဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် ထားဝယ်အထူး စီးပွားရေးဇုန်ကြီး တခုလုံးကို တည်ဆောက်ရန် တပ်မတော် အစိုးရလက်ထက်၂၀၀၈ ခုနှစ်က အီတာလျံထိုင်းကုမ္ပဏီကို ၇၅ နှစ် လုပ်ပိုင်ခွင့် ချထားပေးခဲ့သည်။

သို့သော် အီတာလျံထိုင်း ကုမ္ပဏီက အချိန်မီ ပြီးစီးအောင် မလုပ်နိုင်သောကြောင့် မြန်မာနိုင်ငံအစိုးရနှင့် ယင်းကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန် တခုလုံး အကောင်အထည်ဖော်ရန်ချုပ်ဆိုသည့် စာချုပ်များ ရပ်စဲခဲ့ပြီး
ယခု ထပ်မံ ရပ်စဲသည်ဆိုသည့် ကနဦးအဆင့် စီမံကိန်း ၉ ခုအတွက် စာချုပ်များကို၂၀၁၅/၂၀၁၆ တွင် စာချုပ်ချုပ်ဆို၍ လုပ်ကိုင်စေခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦးအဆင့် စီမံကိန်းများတွင် စက်မှုဇုန် နယ်မြေ၊ ဆိပ်ကမ်းငယ်၊ သဘာဝဓာတ်ငွေ့ ဆိပ်ကမ်း (LNG Terminal) ၊ ဓာတ် အားပေး စက်ရုံ၊ မြို့ပြ စီမံကိန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ ရေလှောင်ကန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်သို့ ဖောက်လုပ်မည့်၂ လမ်းသွား ကားလမ်းနှင့် အခြား အခြေခံ အဆောက်အအုံ စီမံကိန်းများ ပါဝင်သည်။

တနင်္သာရီတိုင်းအတွင်း တည်ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန်သည် အက်ဒမန်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့တို့နှင့် နီးကပ်စွာ တည်ရှိပြီး အိန္ဒိယ သမုဒ္ဒရာနှင့်ပစိဖိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက် တည်နေရာအ နေအထားရှိကာ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိက တို့ကိုလည်း ဆက်သွယ်ပေးထားသည်။

You may also like these stories:

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ ပါဝင်ခွင့် မြန်မာ ရုတ်သိမ်း

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်မည်

]]>
ကိုအောင်ကြီးအမှု ညှိနှိုင်းမည် မဟုတ်ဟု ရဲတပ်ဖွဲ့ပြော https://burma.irrawaddy.com/news/2021/01/15/236476.html Fri, 15 Jan 2021 09:50:17 +0000 https://burma.irrawaddy.com/lytbox/?p=236476 တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် မီဒီယာများကိုဖြေကြားနေစဉ် / သီဟလွင် / ဧရာဝတီညှိနှိုင်းရေးအရာရှိ၏ ရှေ့မှောက်တွင် တရားလို ကိုအောင်ကြီးနှင့် တရားပြိုင် အခွင့်ရ ကိုယ်စားလှယ် ဒုတိယရဲမှုးကြီးဝင်းမြင့် တို့ကို နှစ်ဖက်ညိနှိုင်းရန် ဆန္ဒရှိ၊ မရှိ မေးမြန်းရာ နှစ်ဖက်လုံးမှ ညှိနှိုင်းရန်မရှိဟု သဘာထားပေးသည့်အတွက် အမှုကို တရားရုံးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး တရားမကြောင်းအရ နှစ်ဖက်ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။]]> တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် မီဒီယာများကိုဖြေကြားနေစဉ် / သီဟလွင် / ဧရာဝတီ

ဗစ်တိုရီးယားအမှုတွင် ဖမ်းဆီး ရုံးတင်ခံခဲ့ရသည့် ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲသည့် အမှုနှင့် ပတ်သက်၍ တရားရုံးတွင် နှစ်ဖက်ညှိနှိုင်းရန်မရှိဘဲ တရားဥပဒေကြောင်းအရဆက်လက် လုပ်ဆောင်သွားမည်ဟု ကိုအောင်ကြီး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ညှိနှိုင်းရေးအရာရှိ၏ ရှေ့မှောက်တွင် တရားလို ကိုအောင်ကြီးနှင့် တရားပြိုင် အခွင့်ရ ကိုယ်စားလှယ် ဒုတိယရဲမှုးကြီးဝင်းမြင့် တို့ကို နှစ်ဖက်ညိနှိုင်းရန် ဆန္ဒရှိ၊ မရှိ မေးမြန်းရာ နှစ်ဖက်လုံးမှ ညှိနှိုင်းရန်မရှိဟု သဘာထားပေးသည့်အတွက် အမှုကို တရားရုံးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး တရားမကြောင်းအရ နှစ်ဖက်ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

“ဒီရုံးချိန်းမှာတော့ သူတို့ဘက်ကအရောက်ပြလိုက်တာပေါ့၊ အရောက်ပြပြီးတော့ ဒီအမှုကိုငြင်းတယ်ပေါ့၊ ဒီအမှုကို ဝန်ခံ စရာမရှိဘူးလို့ ပြောလိုက်ပြီး ညှိနှိုင်းစရာလည်းမရှိဘူး။ အဲဒီသဘောထားကို လာပေးတာ၊ ရှေ့ အချိန်းကျရင် တရားမမှုရဲ့ ပုံစံအတိုင်း ဆက်သွားရမယ်” ကိုအောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးချိန်းအပြီး သတင်းထောက်များကိုပြောသည်။

မှုခင်းဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် Case Management Program (C.M.P) စနစ်အရ တရားမမှုများတွင် တရားလိုနှင့် တရားပြိုင်တို့က တရားရုံးမရောက်ခင် အမှုများမြန်ဆန်စွာ ပြီးမြောက်ရန် တရားရေးဌာန ညှိနှိုင်းရေးအရာရှိမှ နှစ်ဖက် ညှိနှိုင်းပေးသည့် စနစ်ကို စတင်ကျင်းသုံးလျက်ရှိသည်။

ကိုအောင်ကြီးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုရာတွင် ရဲချုပ်အား ဦးတည် တရားစွဲဆိုထားခြင်း ဖြစ်ပြီး၊ ရဲချုပ်ကိုယ်စား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေဌာနမှ ဒုတိယရဲမှူးကြီး ဝင်းမြင့်က လာရောက်ခဲ့ခြင်းဖြစ်သည်။

ကိုအောင်ကြီးကလည်း မမှန်မကန် တရားစွဲဆို ချုပ်နှောင်ခံရသဖြင့် နစ်နာမှုတွက် လျော်ကြေး ကျပ်သိန်းငါးထောင် ရလိုမှု ဖြင့် စတင်စွဲဆိုထားသည်မှာ မှန်သော်လည်း ငွေးကြေးအတွက် အဓိကမဟုတ်ဘဲ ၎င်း၏ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားနှင့် မိသားစု အစရှိသည့်အကြောင်းတရားများအတွက် အဓိကဆွဲဆိုခြင်းဖြစ်သောကြောင့် ညှိနှိုင်းမှုမလုပ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးမှပြန်အထွက်တွင် သတင်းထောက်များကို ပြောသည်။

“ကျနော့်ဘက်က မညှိနှိုင်းချင်ဘူး။ မညှိနှိုင်းချင်ဘူးဆိုတာက အဆုံးထိပဲသွားချင်တာ”ဟု တရားလို ကိုအောင်ကြီးကပြော သည်။

တရားရုံးက ယင်းအမှုအမျိုးအစားကို ရက်ပေါင်း ၅၄၀ အတွင်း အပြီးစစ်ဆေးရမည့်အမှုအဖြစ် သတ်မှတ်ပေးခဲ့ပြီးနောက် လာမည့် ရုံးချိန်းကို ယခုရက်နှင့် သီတင်းပတ် ၄ ပတ်ခွာ၍ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကို ပြန်ချိန်းဆိုခဲ့သည်။

ထိုရုံးချိန်းတွင် ရဲတပ်ဖွဲ့ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေက ကိုယ်စားလှယ်စာ ပါဝါလာ လာတင်ရမည်ဖြစ်ပြီး တရား လိုဘက်မှ တင်ထားသည့် အဆိုလွှာအတွင်းပါရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ မေးခွန်းမေးခြင်း၊ စာရွက်စာတမ်း တောင်းယူကြည့်ရှုခြင်းများ ပြုလုပ်နိုင်ပြီး တရားသူကြီးက ယင်းအတွက် တရားလိုဘက်သို့ အဆင်သင့်ဖြစ်စေရန် ပြင်ဆင် ခိုင်းထားကြောင်း ကိုအောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

ရဲတပ်ဖွဲ့ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေအတွက် ခရိုင်ဥပဒေရုံးသို့ အကူအညီတောင်းမည်ဖြစ်ကြောင်း ရုံးတော်ရှေ့ တွင် တရားပြိုင် အခွင့်ရ ကိုယ်စားလှယ်ဖြစ်သူ ဒုတိယရဲမှူးကြီး ဝင်းမြင့်က ပြောဆိုခဲ့ကြောင်း သိရသည်။

ရှေ့နေချုပ်ရုံး၏ မူဝါဒအရ အစိုးရက တရားလိုဖြစ်သည့်အမှု သို့မဟုတ် အစိုးရက တရားမမှုများတွင် တရားပြိုင်ဖြစ်သည့် အမှုများအတွက် အစိုးရဌာနများက အကူအညီတောင်းသည့်အခါ ဥပဒေရုံးဘက်မှ လိုက်ပါဆောင်ရွက်ပေးရသည့် မူဝါဒရှိသောကြောင့် ထိုသို့အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့ကို တရားစွဲဆိုခံရသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟထံ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ သဘောထားမှတ်ချက်ပေးရန်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားကို လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်က ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ရဲစခန်း၌ စတင်အမှုဖွင့်ခဲ့သည်။

အမှုတွင် စွပ်စွဲခံရသူ ကိုအောင်ကြီးကို တရားစွဲတင်ရန် ခိုင်လုံသည့် သက်သေ ထွက်ချက် များမရှိသဖြင့် တရားလိုပြ သက်သေများ စစ်ဆေး၍ မပြီးခင် တရားသူကြီးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲတွင် လွှတ်ပေးခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ တရားခံကို ယနေ့အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုရှင်းလင်းပွဲတွင် ပါဝင် သည့် ရဲအရာရှိကြီးများက နစ်နာသူ ကလေးငယ် ဗစ်တိုးရီးယား၏ အမည်အရင်း၊ မိဘအမည်များကို ထုတ်ဖော် ပြောဆိုခဲ့ သည့်အပြင် ရဲဇာနည် Facebook စာမျက်နှာတွင်လည်း ထိုအချက်အလက်များကို ထုတ်ဖော်ခဲ့ မှုကြောင့် ပြည်သူ များ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနက ရာထူးတိုးမြှင့်မှု ရပ်ဆိုင်း သည့် ပြစ်ဒဏ်ဖြင့် အရေးယူထားကြောင်း ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

You may also like these stories:

ဗစ်တိုးရီယားအမှုတွင် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦး အရေးယူခံရ

သမ္မတရုံး စောင့်ကြည့်မှုအောက်က ဗစ်တိုရီးယား အမှု တရားမျှတမှု ရမလား

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တရားစွဲဖို့ အဆင်သင့်ဖြစ်နေပြီ

အမေ့ခံ ဗစ်တိုးရီးယား

]]>
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ပြည်သူများ စိတ်ဝင်စားဖို့ သမ္မတရုံး တိုက်တွန်း https://burma.irrawaddy.com/news/2021/01/11/236281.html Mon, 11 Jan 2021 11:23:15 +0000 https://burma.irrawaddy.com/lytbox/?p=236281 သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး   / သီဟလွင် / ဧရာဝတီ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တက်လာမည့် အစိုးရအဖွဲ့ နှင့်အတူ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး များလည်း ပြန် လည်ရွေးချယ်ရတော့မည်ဖြစ်၍ နိုင်ငံအုပ်ချုပ်ရေး ယန္တရား၏ အဓိကကျသော အစိတ်အပိုင်း ဖြစ်သောကြောင့် ပြည်သူများ စိတ်ပါဝင်စားစေလိုကြောင်း ]]> သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး   / သီဟလွင် / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တက်လာမည့် အစိုးရအဖွဲ့ နှင့်အတူ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများလည်း ပြန် လည်ရွေးချယ်ရတော့မည်ဖြစ်၍ နိုင်ငံအုပ်ချုပ်ရေး ယန္တရား၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သောကြောင့် ပြည်သူများ စိတ်ပါဝင်စား စေလိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်တွင် ပြောသည်။

အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့်အတူတူဖြစ်ပြီး လာမည့် ဧပြီလ ၁ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အုပ်ချုပ်ရေးမှူးများ အသစ်ခန့်ရတော့မည်ဖြစ်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ဦးဇော်ဌေးက“ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို စိတ်ဝင်စားပါ။ ဒါက ကိုယ့်အခွင့်အရေးဖြစ်တယ်။ ကိုယ်တိုင်ရွေးချယ်တင်မြှောက်ရမယ့် အခွင့်အရေး ဖြစ်တဲ့အတွက် ဒါကိုလက်လွတ်မခံပါနဲ့ ကိုယ့်ရပ်ရွာကို ကောင်းတဲ့လူပဲ တက်လာစေချင်တယ်။ ကောင်းတဲ့သူပဲ အုပ်ချုပ်စေချင်တယ်။ အဲဒီအတွက်လည်း စိတ်ဝင်စားကြပါ”ဟု ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များကို လုပ်ငန်းစဉ် ၃ ရပ်ဖြင့်ဆောင်ရွက်နေပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ပြင်ဆင်ခြင်း၊ ယင်းနည်းဥပဒေနှင့်အညီ အချိန်ကာလသတ်မှတ်ချက်ကို စီမံချက် ရေးဆွဲခြင်းနှင့် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ပြီးပါက ၎င်းတို့ကို လုပ်ငန်းခွင်ဝင် သင်တန်းပို့ချခြင်းများကို ပြုလုပ်သွားမည်ဟု ဆိုသည်။

ထို့ပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ စိတ်ဝင်စားလာစေရန် သရုပ်ဖော် ပိုစတာ များကပ်ခြင်း၊ ဗီဒီယိုရုပ်သံဖိုင်များကို မီဒီယာများမှ တဆင့်ဖြန့်ဝေခြင်း၊ အွန်လိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း စသဖြင့် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမည်ဟု သမ္မတရုံးထံမှ သိရသည်။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က အုပ်ချုပ်ရေးမှူး ရွေးချယ်စဉ်က ဆယ်အိမ်စုမှူးအဆင့်တွင် အုပ်ချုပ်ရေးမှူး ဝင် အ ရွေးခံပိုင်ခွင့်ရှိပြီး ပြည်သူကတဦးချင်းမဲပေးရသည့်စနစ်မဟုတ်ခဲ့ကြောင်းနှင့် ဥပဒေပြင်ပြီးနောက်ပိုင်းတွင်မူ ပြည်သူ ကိုယ် တိုင် ရွေးချယ်နိုင်သည့်အခွင့်အလမ်း ပိုများလာကြောင်း ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ အင်းတ္တော်တလုပ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လှိုင်က ပြောသည်။

“အကောင်းဆုံးကတော့ ပြည်သူကဝိုင်းပြီး မဲပေးတဲ့ပုံစံ အကောင်းဆုံးပဲ။ သူဆန္ဒနဲ့သူဖြစ်သွားတာ။ ပြည်သူကိုသွားပြီး ထိန်း ချုပ်လို့ မရတော့ဘူး”ဟု ဦးအောင်မြင့်လှိုင်ကပြောသည်။

ထို့သို့အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှတက်လက်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသူများကို အစိုးရမှ ထောက်ပံ့ကြေး ၇ သောင်းကျပ်နှင့် ရုံးစားရိတ် ၅ သောင်းကျပ် လစဉ်ပေးသော်လည်း နေ့စဉ် ဆောင်ရွက်နေရသည့် ကိစ္စရပ်များနှင့် နှိုင်းယှဉ် လျှင် လောက်ငှမှုမရှိကြောင်း ၎င်းက ပြောသည်။

အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများကို ထိုက်တန်သည့်လစာအပါအဝင် ကွန်ပျူတာကဲ့သို့သော လိုအပ်သည့် အဆောင်အယောင်များ ဖြည့်ဆည်းပေးနိုင်ရန်လည်း ဆောင်ရွက်နေသည်ဟု ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးက ပြောဆိုထားသည်။

ယခင်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများကို ပြည်သူများက စိတ်ဝင်စားမှုများအားနည်းသော်လည်း ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ အစိုးရက ပုံမှန်ဝင်ငွေမရှိသူများကို ထောက်ပံ့ကြေးများ ပေးဝေရာတွင် ရပ်/ကျေး အုပ်ချုပ် ရေးမှူး ကတာဝန်ယူဆောင်ရွက်ရပြီး မမျှတမှုများရှိသည်ဟု ဝေဖန်မှုများ ထွက်လာပြီးနောက် အုပ်ချုပ်ရေးမှူး၏ အရေးပါမှု အခန်းကဏ္ဍကို ပြည်သူများက သတိထားမိလာသည်ဟု ဆိုကြသည်။

ကိုဗစ်ကာလထောက်ပံ့ကြေးများကြောင့် အုပ်ချုပ်ရေးမှူးများ၏ အရေးပါမှုကို သိရှိလာရသလို ရွေးကောက်ပွဲကာလ မဲစာ ရင်းများကို စတင်ပြုစုသူများမှာလည်း အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဖြစ်သောကြောင့် ပထမအကြိမ် မဲစာရင်း မှားယွင်း ခြင်းများသည် အုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိကြောင်း NLD ပါတီမှ မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ် ၁၂ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။

ထိုအချက်များကြောင့်လည်း ပြည်သူများက သတိထားမိကာ နောက်လာမည့် အုပ်ချုပ်ရေးမှူးများကို ပြည်သူများက သေချာစွာရွေးချယ်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟုလည်း ဆိုသည်။

ဦးမောင်မောင်ဆွေက“နိုင်ငံတော်သမ္မတတို့ လွှတ်တော်တို့ ကြိုက်တဲ့အစိုးရအဖွဲ့ကို ကြိုက်သလောက်ကောင်းအောင် ပြည် သူတွေတင်ထားပေမယ့်လည်း ကိုယ်နဲ့တကယ့် နဖူးတွေ့ ဒူးတွေ့ထိတွေ့ရတဲ့ အုပ်ချုပ်ရေးမှူးတွေကို မှန်မှန်ကန်ကန် မတင် နိုင်ဘူးဆိုရင် အနီးစပ်ဆုံး ခံစားရမှာက ပြည်သူတွေပဲ ဖြစ်တယ်။ ဒါကြောင့် တကယ့်ကို သမာသမတ်ကျတဲ့ အုပ်ချုပ်ရေးမှူး ကောင်းတွေကို ရွေးပေးကြဖို့လည်း တိုက်တွန်းပါတယ်”ဟု ပြောသည်။

အုပ်ချုပ်ရေးမှုးများ သမာသမတ်ကျမှုမရှိပါက ပြည်သူများနေစဉ်နှင့်အမျှ အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်းနှင့် ပြည်သူ များကလည်း အစိုးရသစ်ကို ရွေးချယ်ပေးရုံနှင့်မပြီးဘဲ မိမိတို့ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရက မည်သို့ပင် ကောင်း စေကာမူ အုပ်ချုပ်ရေးမှူးများ မကောင်းပါက လုပ်ငန်းမအောင်မြင်နိုင်ဆိုသည့် အသိကိုလည်း ပြည်သူများ အကြား ကျယ်ကျယ်ပြန့်ပြန့်သိလာရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကာလ အခြေခံစားသောက်ကုန်များဝေငှခြင်း၊ ထောက်ပံ့ကြေးပေးခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံနှင့်အဝှမ်း ပြဿနာများစွာကြုံတွေ့ခဲ့ရပြီး အစိုးရက တိုင်ကြားစာဌာနများ ဖွင့်လှစ်ပေးခဲ့ရသည်။

ထိုသို့တိုင်ကြားစာဌာန ဖွင့်လှစ်ရာတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလကုန်ထိ အုပ်ချုပ်ရေးမှူးများ နှင့်ပတ်သက်သော တိုင်ကြားစာ စုစုပေါင်း ၂ သိန်း ၁ သောင်းကျော် ရရှိခဲ့ပြီး အများစုမှာ အချက်အလက် အပြည့်အစုံနှင့် မှန်မှန်ကန်ကန် တိုင်ကြားထားသည့် စာများဖြစ်ပြီး မမှန်မကန် တိုင်ကြားစာများ ပါဝင်မှုမှာ တိုင်စာများအားလုံး၏ ၁၁ ရာနှု န်းခဲ့သာ ပါဝင်ကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ကိုင်ကွယ်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင်က ပြည်ထဲရေး ဝန်ကြီး ဌာနလက်အောက်တွင်ရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ ခဲ့သည်။

]]>
အဓမ္မမှုဖြင့် အမှုဖွင့်ခံရသည့် ဘုန်းကြီးဘက်မှ တိုင်ကြားသူ၏ ခင်ပွန်းကို အမှုပြန်ဖွင့် https://burma.irrawaddy.com/news/2021/01/07/236086.html Thu, 07 Jan 2021 14:04:29 +0000 https://burma.irrawaddy.com/lytbox/?p=236086 အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ကို တွေ့ရစဉ်  / သီဟလွင် / ဧရာဝတီဆရာမ၏ ခင်ပွန်းက၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်က ကျောင်းတိုက်သို့ လာရောက်၍ ဆဲဆိုကြိမ်း မောင်း ခြိမ်းခြောက်ကာ ခဲဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်သည် ဟုဆိုကာ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးအား တရားလို ပြုလုပ်စေကာ ပြန်လည် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ]]> အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်ကို တွေ့ရစဉ်  / သီဟလွင် / ဧရာဝတီ

နေပြည်တော် အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာကို ယင်းကျောင်းတွင် ဂျပန်စာ သင်ကြားပေးနေသည့် ဆရာမက မုဒိမ်းမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်ပြီး ၅ ရက်အကြာတွင် ဘုန်းကြီးဘက်မှ ထိုဆရာမ၏ ခင် ပွန်းဖြစ်သူကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ် ထုံးဘိုမြို့မ ရဲစခန်းက သိရသည်။

ဦးစန္ဒိမာက ၎င်း၏ ပရဟိတကျောင်းရှိ ကလေးများကို ဂျပန်စာ သင်ကြားပေးသည့် ဆရာမအား၂၀၂၀ စက်တင်ဘာနှင့် အောက်တိုဘာလများ အတွင်း၌ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့မှုများ ရှိခဲ့သည် ဟုဆိုကာ၂၀၂၀ ဒီဇင်ဘာလ ၃၁ ရက်တွင် ပုဗ္ဗသီရိမြို့နယ် ထုံးဘိုမြို့မ ရဲစခန်းသို့ ယင်းဆရာမ ကိုယ်တိုင် တရားလိုပြုလုပ်၍ လာရောက် အမှုဖွင့်တိုင်တန်း ခဲ့ရာ ရဲစခန်းက မုဒိမ်းမှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့်ပေးခဲ့သည်။

ထိုသို့ တိုင်ကြားမှု ဖြစ်စဉ်များအပြီး ဦးစန္ဒိမာက တိုင်းကြားသူ ဆရာမ၏ ခင်ပွန်းက၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်က ကျောင်းတိုက်သို့ လာရောက်၍ ဆဲဆိုကြိမ်းမောင်း၊ ခြိမ်းခြောက်ကာ ခဲဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်သည် ဟုဆိုကာ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးအား တရားလိုပြုလုပ်စေကာ ပြန်လည် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဘုန်းကြီးဘက်မှ ပြန်လည် တိုင်ကြားမှုနှင့် ပတ်သက်၍ ပုဒ်မ-၂၉၅ (ဘာသာသာသနာ ညှိုးနွမ်းစေမှု)၊ ၅၀၆ (ခြိမ်းခြောက် မှု)၊ ၃၃၆ (အခြားသူ၏ အသက်ကို (သို့မဟုတ်) လုံခြုံရေးကို ဘေးဖြစ်စေမှု) တို့ဖြင့် အမှုဖွင့်ပေးထားကြောင်း ထုံးဘိုမြို့မ ရဲစခန်းသို့ ဇန်နဝါရီလ ၅ ရက်၌ သတင်းထောက်များ လာရောက် မေးမြန်းစဉ် ထုံးဘိုရဲစခန်းမှူး ဖြစ်သူက အတည်ပြုပေး သည်။

“ဟုတ်ပါတယ်။ အဲဒါ လာတိုင်ထားတာ ဖွင့်ပေးလိုက်တယ်” ဟု စခန်းမှူး ဖြစ်သူက သတင်းထောက်များကို ပြောသည်။

ဘုန်းကြီးဘက်မှ တိုင်ကြားသော အမှုနှင့် ပတ်သက်၍ နစ်နာသူ အမျိုးသမီး၏ ခင်ပွန်းကို ဇန်နဝါရီလ ၅ ရက်က ခေါ်ယူ စစ်ဆေးခဲ့ပြီး ၎င်းကို တိုင်ကြားထားသည့် ပုဒ်မများမှာ အာမခံပေး၍ ရသည့် အမှုများဖြစ်သောကြောင့် အာမခံပေးခဲ့ ကြောင်း သိရသည်။

ဘုန်းကြီးကို မုဒိမ်းမှုဖြင့် တိုင်ကြားထားသော အမှုမှာမူ ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း စွပ်စွဲချက်မှာ တိကျသေချာမှု မရှိသေး ဟုဆိုကာ သင်္ကန်းဝတ်ဖြင့်သာ အမှုရင်ဆိုင်ရန် ပုဗ္ဗသီရိမြို့နယ် သံဃနာယက အဖွဲ့က ဆုံးဖြတ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

“အဓိက ကတော့ အမှန်အတိုင်း ဖြစ်ဖို့ပဲ ကြိုးစားသွားမှာပါ။ ရှေ့မှာ ခံခဲ့ရတဲ့သူတွေအတွက်ရော နောက်လူတွေ ထပ်မဖြစ်ဖို့ အတွက်ရော အဲဒီ စိတ်ကလေးနဲ့ အားတင်းနေရတာ”

အမှုနှင့်ပတ်သက်၍ ထုံးဘိုရဲစခန်းက နေ့စဉ်ဆိုသလို ခေါ်ယူ စစ်ဆေးမှုများပြုလုပ်နေပြီး သက်သေ အထောက်အထားများ အတိအကျ တင်ပြထားသော်လည်း ယနေ့ထိ ဘုန်းကြီးအား လူဝတ်လဲ ဖမ်းဆီးခြင်း မရှိသေးသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း အသက် ၃၃ နှစ်အရွယ် တိုင်ကြားထားသူ အမျိုးသမီးက ဧရာဝတီသို့ ပြောသည်။

“အဓိက ကတော့ အမှန်အတိုင်း ဖြစ်ဖို့ပဲ ကြိုးစားသွားမှာပါ။ ရှေ့မှာ ခံခဲ့ရတဲ့သူတွေအတွက်ရော နောက်လူတွေ ထပ်မဖြစ်ဖို့ အတွက်ရော အဲဒီ စိတ်ကလေးနဲ့ အားတင်းနေရတာ” ဟု တိုင်ကြားထားသူ အမျိုးသမီးက ဆိုသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မှာ အာမခံပေး၍ မရသော အမှုဖြစ်ကြောင်းနှင့် ဘုန်းကြီးကို အမှုဖွင့်သည်အခါ လူဝတ်လဲ ဖမ်း ဆီးရန်မှာမူ ဘုန်းကြီးဖြစ်နေသောကြောင့် သံဃာ့အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရသည့် လုပ်ထုံးလုပ်နည်းများ ရှိနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ရှင်းပြသည်။

ဘုန်းကြီးကို မုဒိမ်းမှုဖြင့် တိုင်ကြားထားသည့် အမျိုးသမီး၏ ခင်ပွန်းကို ဘုန်ကြီးဘက်မှ ပြန်လည် အမှုဖွင့်ထားသည်မှာ မှန်ကန်ကြောင်း ဘုန်းကြီးကျောင်းနှင့် နီးစပ်သူများက အတည်ပြုပေးသည်။

“သူ့ရဲ့ ရာဇဝတ်ကျင့်ထုံး နောက်ဆက်တွဲ ဇယားမှာ အဲဒီအမှုတွေက အာမခံပေးလို့မရတဲ့ အမှုတွေလို့ သတ်မှတ်တယ်။ အဲဒါကတော့ သူ့ရဲ့သဘာ၀ပေါ့။ အာမခံပေးလို့ မရဘူး။ စေ့စပ် ပြေငြိမ်းလို့ မရဘူး အဲဒါတွေပေါ့” ဟု ၎င်းက ပြောသည်။

ဘုန်းကြီးကို မုဒိမ်းမှုဖြင့် တိုင်ကြားထားသည့် အမျိုးသမီး၏ ခင်ပွန်းကို ဘုန်ကြီးဘက်မှ ပြန်လည် အမှုဖွင့်ထားသည်မှာ မှန်ကန်ကြောင်း ဘုန်းကြီးကျောင်းနှင့် နီးစပ်သူများက အတည်ပြုပေးသည်။

ယခုအမှုနှင့် ပတ်သက်၍ ဘုန်းကြီးကို ဆက်သွယ်ရာ ဆက်သွယ်၍ မရဘဲ ဘုန်းကြီးနှင့် နီးစပ်သော ဒကာရင်းများကို မေးမြန်းရာတွင်မူ မီဒီယာများကို ဖြေကြားလိုစိတ် မရှိသေးကြောင်း ပြောဆိုထားသည် ဟုဆိုသည်။

ဆရာတော် ဦးစန္ဒိမာ တည်ထောင်ထားသည့် အေးမေတ္တာစံ ပရဟိတ တောင်နီလေး ကျောင်းတိုက်မှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများမှ ကရင်၊ ကယန်း(ပဒေါင်)၊ ပလောင်၊ ရှမ်း၊ ပအိုဝ့်၊ လီဆူ၊ ကချင် အစရှိသည့် တိုင်းရင်းသား ကလေးနှင့်လူငယ်များကို ပြုစုပျိုးထောင်နေသော ဂေဟာတခုဖြစ်ပြီး လက်ရှိတွင် အမျိုးသမီး အမျိုးသားဦးရေ ၂၅၀ ခန့် ရှိနေသည်။

You may also like these stories:

လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ

သီပေါ၌ ကလေးငယ်ကို အဓမ္မကျင့် သတ်သူအား SSPP က လူထုရှေ့တွင် သေဒဏ်စီရင်

]]>
ရွေးကောက်ပွဲ ကန့်ကွက်လွှာ၂၀၀ နီးပါး ကြံ့ခိုင်ရေးပါတီက UEC သို့ တင်ထား https://burma.irrawaddy.com/news/2020/12/28/235656.html Mon, 28 Dec 2020 12:53:52 +0000 https://burma.irrawaddy.com/lytbox/?p=235656 ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတရုံတွင် မဲရေတွက်နေစဉ် / ဧရာဝတီဥပဒေကို ချိုးဖောက်သည့် အပြုအမူများ မပြုလုပ်မိရန် အဆင့်ဆင့်ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့သော ကြောင့် မည်သည့် တိုင်ကြားမှုကိုမဆို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောသည်။]]> ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတရုံတွင် မဲရေတွက်နေစဉ် / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက အမှုပေါင်း၂၀၀ နီးပါးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သို့ ကန့်ကွက်လွှာ တင်သွင်း ထားကြောင်း သိရသည်။

ထိုအမှုများ၏ အားလုံးနီးပါးမှာလည်း လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကန့်ကွက်သည့် အမှုများ သာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ယနေ့ UEC သို့ လာရောက်စဉ် သတင်း ထောက်များကို ပြောသည်။

ဒေါ်ယဉ်မင်းမြင့်ဆွေက “ကျမတို့က အရှုံးကို လက်မခံတာ မဟုတ်ဘူး။ ဒီ၂၀၂၀ ရဲ့ဖြစ်သွားခဲ့တဲ့ မဲစာရင်း အမှားအယွင်း တွေ၊ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်း ရွေးကောက်ပွဲတွေထက် ဆိုးဆိုးဝါးဝါးတွေ ဖြစ်ခဲ့တယ်။ ဒီဟာတွေဟာ ကျမ တို့ရဲ့ နောက်မျိုးဆက်သစ်တွေမှာ ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်းကွပ် မခံနိုင်လို့” ဟု ပြောသည်။

ထိုသို့ ကန့်ကွက်လွှာ တင်ရာတွင် ပြည်ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းကဲ့သို့ တိုင်းဒေသကြီးများရှိ မဲဆန္ဒ နယ်များအပြင် ပြည်နယ်များရှိ မဲဆန္ဒနယ်မြေများလည်း ပါဝင်ပြီး ယခု အမှု၂၀၀ နီးပါးအပြင် တရားမဲ့ ပြုကျင့်မှုများရှိသော် လည်း သက်သေ အခိုင်အလုံ မရရှိသောကြောင့် မတင်ဖြစ်သည့် အမှုများလည်း ရှိသည်ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက လူ မျိုးရေး ဘာသာရေး အကြောင်းပြ မဲဆွယ်သည် ဟုဆိုကာ ကန့်ကွက်လွှာ တင်သည့် အမှုအပါအဝင် ယင်းပါတီကို ကန့် ကွက်လွှာ အမှု ၅ ခု တင်ထားကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲကာလ ဖြစ်ပွားခဲ့သည့် အမှုများကို NLD ဘက်က ရဲစခန်းသို့ တိုင်ကြားထားသည့် အမှု ၁၇ မှု ရှိပြီး ယင်း နေရာများအနေဖြင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ဖြစ် သည်။

ကြံ့ခိုင်ရေး ပါတီဘက်မှ ကန့်ကွက်ထားသည့် အမှုများနှင့် ပတ်သက်၍လည်း၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ ဥပဒေများအကြောင်း သေချာစွာ နားလည်သိရှိရန် သင်တန်းများ ပို့ချ ခြင်းနှင့် ဥပဒေကို ချိုးဖောက်သည့် အပြုအမူများ မပြုလုပ်မိရန် အဆင့်ဆင့် ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့သောကြောင့် မည် သည့် တိုင်ကြားမှုကိုမဆို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြောသည်။

ဒေါက်တာ မျိုးညွှန့်က “ဘယ်လို တိုင်ကြားမှုမျိုးကိုမဆို ဥပဒေနဲ့အညီ ပြန်လည် ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည် တယ်” ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကာလတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် မဲစာရင်းများ၏ အလွဲအမှား ကိစ္စများ၊ မဲစာရင်း ခိုင်မာမှု အားနည်းခြင်း၊ မဲဆွယ်ကာလတွင် မဲဆွယ်သူများက သာသနိက အဆောက်အအုံများ အသုံးပြု မဲဆွယ်ခြင်း၊ လူမျိုးရေး၊ ဘာသာရေးကို အခြေခံ၍ မဲဆွယ်ခြင်း ကိစ္စရပ်များကြောင့် ယခုကဲ့သို့ အပြန်အလှန် ကန့်ကွက်မှု အရေအတွက်များ များပြားလာရခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့တခု ဖြစ်သည့် The Fifth Pillar အဖွဲ့မှ ပရိုဂရမ် ဒါရိုက်တာ ဦးနေဝင်းနိုင်က ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ (ဓာတ်ပုံ- သီဟလွင်/ဧရာဝတီ)

“UEC ကိုယ်တိုင်ကလည်း ပြဿနာက ဘာလဲဆိုတော့ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ အလွဲအမှားတွေကို ဘယ်လို တာဝန်ယူမလဲ ဘယ်လို တာဝန်ခံမလဲ ဆိုတဲ့ကိစ္စကလည်း ဒါနိုင်ငံရေးအတွက် မေးခွန်းတခုဖြစ်နေတဲ့ အနေထားမျိုး ရှိ တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲက ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၅ မှုသာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ယနေ့ထိ ပါတီအသီးသီးမှ အပြန်အလှန် ကန့်ကွက်လွှာများ ၂၈၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက နေရာပေါင်း ၉၂၀ တွင် အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၇၁ နေရာတွင်သာ အနိုင် ရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတချို့တွင် သတင်းစာ ရှင်းလင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်၍ ထိုရွေးကောက်ပွဲ ရလဒ်အား လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်နေရာ ယနေ့တွင်လည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အား အရေးယူပေးရန်နှင့် ရွေးကောက်ပွဲ ကော်မတီ ဖွဲ့စည်းပေးရန် ရန်ကုန်မြို့ တွင် လူ ၁၀၀ခန့်က ဆန္ဒပြ တောင်းဆိုခဲ့သည်။

ပြည်ထောင်စုံကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်က အရပ်သားအဖြစ် အသွင်ပြောင်း လာသည့် တပ်မတော် အငြိမ်းစား အရာရှိကြီးများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နေရာအများအပြား အနိုင်ရခဲ့ကာ အစိုးရဖွဲ့ နိုင်ခဲ့သည်။ ထိုစဉ်က NLD က ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်မူ NLD ပါတီ တကျော့ပြန် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သောကြောင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတိုက်အခံအဖြစ် ရပ်တည်ခဲ့ရသည်။

ထိုစဉ်က ကြံ့ခိုင်ရေးပါတီက NLD ပါတီကို ကန့်ကွက်သည့်အမှု ၁၉ ခု ရှိပြီး NLD က ကြံ့ခိုင်ရေးပါတီကို ကန့်ကွက်သည့် အမှု ၇ မှု ရှိခဲ့သည်။ ထိုသို့ ကန့်ကွက်မှုများတွင် NLD ပါတီက၂ မှု အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၁၉ မှုလုံး အနိုင်ရရှိခြင်း မရှိခဲ့ပေ။

You may also like these stories:

မဲမသမာမှု ဖြစ်နိုင်ကြောင်း တပ်မတော် ပြောဆိုချက် ကော်မရှင်ခွဲ အဖွဲ့ဝင်များက ပယ်ချ

ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ကြံ့ခိုင်ရေး ဥက္ကဌ ကန့်ကွက်ခံရ

TNP နိုင်သည့် မဲဆန္ဒနယ်တွင် တရားမဲ့ပြုကျင့်မှုရှိနေဟုဆိုကာ SNLD က ကန့်ကွက်လွှာတင်

]]>
ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ကြံ့ခိုင်ရေး ဥက္ကဌ ကန့်ကွက်ခံရ https://burma.irrawaddy.com/news/2020/12/24/235452.html Thu, 24 Dec 2020 12:29:54 +0000 https://burma.irrawaddy.com/lytbox/?p=235452 ကန့်ကွက်ခံနေရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး / သီဟလွင် / ဧရာဝတီဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသံဖိုင်များ၊ ရုပ်သံမှတ် တမ်း ဗီဒီယိုဖိုင် သက်သေ၊ အထောက်အထားများစွာကို ရရှိထားကြောင်း၊ ထို့ပြင် မဲဆွယ်စည်းရုံးရေး ကာလတွင် NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်ကိစ္စများ၊]]> ကန့်ကွက်ခံနေရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး / သီဟလွင် / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည့် ကြံ့ခိုင်ရေး ပါတီဥက္ကဌ ဦးသန်းဌေးသည် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့သည်ဟုဆိုကာ လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ယနေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းလိုက်သည်။

ယင်းမဲဆန္ဒနယ်အတွက် NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာမိုးဆွေ၏ ကိုယ်စားလှယ် ဦးသက် ထွေးက ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဦးသန်းဌေးက ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ သောကြောင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ကန့်ကွက်လွှာတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးသက်ထွေးက“ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ ဘာသာရေး၊ လူမျိုးရေးကိစ္စ လေးတွေ ထည့်ပြောတဲ့ဟာလေးတွေရယ်၊ တခြားဖြစ်စဉ်လေးတွေပေါ့၊ အသေးစိတ်တော့ ကျနော်တို့ မပြောတော့ပါဘူး။ အဲဒီ ဖြစ်စဉ်လေးတွေအပေါ်မှာ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ကန့်ကွက်တာပါ”ဟု ပြောသည်။

ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသံဖိုင်များ၊ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင် သက်သေ၊ အထောက်အထားများစွာကို ရရှိထားကြောင်း၊ ထို့ပြင် မဲဆွယ်စည်းရုံးရေး ကာလတွင် NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်ကိစ္စများ၊ အောင်နိုင်ရေးလှည့်သည့် ယာဉ်တန်းမှ ကားတစီးကို ခဲဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ NLD ပါတီဘက်မှ ကန့်ကွက်လွှာတင်ထားသည်ကို သိရှိပြီး ဥပဒေအတိုင်းသာ ရင်ဆိုင် ဖြေရှင်းသွားမည် ဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ပြောသည်။

ဒေါက်တာနန္ဒလှမြင့်က“ဒါကတော့ ဥပဒေအရပဲ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသန်းဌေးကို ကန့်ကွက်ရသည့်အကြောင်း ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်မှ ရှင်းလင်းနေစဉ် (ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယင်းကန့်ကွက်လွှာကို ကန့်ကွက်လွှာအမှတ် ၂၄၂ ဖြင့် လက်ခံခဲ့ပြီး ကန့်ကွက် လွှာ သဘောအရ ပြည်သူက ကန့်ကွက်ခြင်းနှင့် ကိုယ်စားလှယ် အချင်းချင်း ကန့်ကွက်ခြင်းဟူ၍ ၂ မျိုးရှိရာ ယခု ကန့်ကွက် ခြင်းမှာ ကိုယ်စားလှယ်အချင်းချင်း ကန့်ကွက်သည့် ပုံစံမျိုးဖြစ်သည်ဟု ယင်းအမှုတွင် NLD ပါတီဘက်မှ လိုက်ပါ ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

ဒေါ်စုဒါလီအောင်က“ကန့်ကွက်တဲ့အခါမှာတော့ ရွေးကောက်ပွဲကာလမှာ ဦးသန်းဌေးအပါအဝင် ဦးသန်းဌေးကို ကိုယ်စား လှယ် ဖြစ်အောင် လိုလားတဲ့လူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ် ကန့်ကွက်လွှာမှာ တင်သွင်းထား ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေး ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ၃၆၃၂၅ မဲဖြင့် မဲအများဆုံးရရှိခဲ့ပြီး NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သူ ဒေါက်တာမိုးဆွေက ၃၀၉၆၅ မဲဖြင့် ဒုတိယ မဲအများဆုံး ရရှိခဲ့ရာ မဲအရေအတွက်အားဖြင့် မဲ ၅၃၀၀ ကျော် ကွာခြားခဲ့သည်။

ယင်းမဲဆန္ဒနယ်တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၈၂၂၁၄ ဦးရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူဦးရေမှာ မဲရုံတွင် မဲပေးသူ ၅၃၄၆၀ ဦး၊ ကြိုတင်မဲပေးသူ ၁၈၆၀၃ ဦး၊ စုစုပေါင်း မဲပေးသူ ၇၂၀၆၃ ဦးရှိခဲ့သောကြောင့် မဲပေးသူမှာ ၈၇.၆၅ ရာခိုင်နှုန်း ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ပယ်မဲ ၁၈၉၉ မဲနှင့် ပျောက်မဲ ၆ မဲ စုစုပေါင်း ၁၉၀၅ မဲ ရှိကြောင်း သိရသည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးသန်းဌေး အနိုင်ရရှိခဲ့သည့် ဇေယျာသီရိ မြို့နယ်သည် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ရုံး အပါအဝင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ အများစု အခြေစိုက်ထားသည့် မဲဆန္ဒနယ်တခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်တခု ဖြစ်သည်။

ဦးသန်းဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၈ မှ ဖြစ်ပြီး တပ်မတော်တွင် အမှတ် ၇၇ ခြေမြန် တပ်မဌာနချုပ်၏ တပ်မမှူး ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စွမ်းအင် ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီး၊ ထို့နောက် ဝန်ကြီးနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ယင်းနေရာ၌ ထိုစဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပါဝင် ယှဉ်ပြိုင် အနိုင်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထိုစဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက နေရာပေါင်း ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၇၁ နေရာတွင်သာ အနိုင် ရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီက သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ ထိုရွေးကောက်ပွဲ ရလဒ်အား လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ကန့်ကွက်လွှာများ တင်သွင်းထားခြင်းများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲက ရွေးကောက်ပွဲကန့်ကွက်လွှာ ၄၅ မှုသာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ယနေ့ထိ ပါတီအသီးသီးမှ အပြန်အလှန် ကန့်ကွက်လွှာများ ၂၄၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

You may also like these stories:

TNP နိုင်သည့် မဲဆန္ဒနယ်တွင် တရားမဲ့ပြုကျင့်မှုရှိနေဟုဆိုကာ SNLD က ကန့်ကွက်လွှာတင်

မြန်မာ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြား မဟာအပေးအယူ ရမလား

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

]]>
TNP နိုင်သည့် မဲဆန္ဒနယ်တွင် တရားမဲ့ပြုကျင့်မှုရှိနေဟုဆိုကာ SNLD က ကန့်ကွက်လွှာတင် https://burma.irrawaddy.com/news/2020/12/23/235392.html Wed, 23 Dec 2020 12:50:33 +0000 https://burma.irrawaddy.com/lytbox/?p=235392 ကန့်ကွက်လွှာတင်သွင်းသူ ဦးမော်ထွန်းအောင် / သီဟလွင် / ဧရာဝတီရွေးကောက်ပွဲရက်တွင် အသက်မပြည့်ဘဲ မဲလာထည့်သည့်ဖြစ်စဉ်များ၊ ကြိုတင်မဲပေးရမည့်အရွယ်ဖြစ်သည့် သက်ကြီးရွယ်အိုများ မဲလာထည့်မှု များပြားနေခြင်းအပြင် မှင်တို့ပြီးသားလက်သန်းကို ပလပ်စတာကပ်၍ နောက်တကြိမ်မဲပေးခြင်း၊ မှင်တို့ပြီးသားလက်ကို ဆံပင်ချွတ်ဆေးဖြင့်မှင်ဖျက်က နောက်တကြိမ်လာပေးသည့် ဖြစ်စဉ်များကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ဦးမော်ထွန်းအောင် က ပြောပြသည်။ ]]> ကန့်ကွက်လွှာတင်သွင်းသူ ဦးမော်ထွန်းအောင် / သီဟလွင် / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲကာလ ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) နေရာတွင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများရှိခဲ့သည်ဟုဆိုကာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သူ ဦးမော်ထွန်းအောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)နေရာတွင် မူဆယ်ခရိုင်ရှိ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နန့်ခမ်းမြို့နယ်များ ပါဝင်ပြီး ရွေးကောက်ပွဲတွင် တအောင်း(ပလောင်)အမျိုးသားပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သူ ဦးအိုက်မွန်းက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲနေ့ရက်က ယင်းမဲဆန္ဒနယ်ရှိ ကျေးရွာတချို့ရှိမဲရုံများတွင် မဲပေးနိုင်သူဦးရေထက် ကျော်လွန်မဲထည့်ခြင်း၊ ၂ ခါပြန်မဲထည့်ခြင်း၊ အယောင်ဆောင်မဲပေးခြင်းနှင့် ဖိအားပေး မဲ့ထည့်ခိုင်းခြင်း စသည့် တရားမဲ့ပြုကျင့်မှုများကို တွေ့ရသောကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ကန့်ကွက်လွှာတင်ခဲ့သူ ဦးမော်ထွန်းအောင်ကပြောသည်။

ဦးမော်ထွန်းအောင်သည် ယင်းကန့်ကွက်လွှာတင်ရန် နေပြည်တော်သို့လာရောက်ခဲ့ပြီး ထိုသို့ကန့်ကွက်လွှာ တင်မည့်အကြောင်း နေပြည်တော်ရှိသတင်းထောက်များကိုရှင်းလင်းပြောဆိုခြင်း ထိုကန့်ကွက်လွှာတင်ရန်အတွက် ယနေ့တွင် လိုအပ်သည့် လုပ်ငန်းစဉ်တခုဖြစ်သည့် ငွေသွင်းခြင်း၊ ချလံဖြတ်ပိုင်းရယူခြင်းများကို လုပ်ဆောင်ခဲ့သည်။

ဦးမော်ထွန်းအောင် က “ကန့်ကွက်လွှာတွေတင်သွင်းတယ်ဆိုတာကလည်း ပါတီတခုကို ရည်ရွယ်ပြီး လုပ်နေတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီးလုပ်နေတာမဟုတ်ဘူး။ ကျနော်ဖြစ်စေချင်တာ အကောင်းဆုံးပေါ့နော် ဒါတွေက စီရင်ထုံးတွေဖြစ်လာမယ်၊ နောက်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ စနစ်ကြီးတခုလုံးကိုပြုပြင်ပြောင်းလဲဖို့အတွက် အထောက်အကူဖြစ်မယ်လို့ယူဆလို့ ကျနော်ကလုပ်နေတာ” ဟု ပြောသည်။

ရွေးကောက်ပွဲရက်တွင် အသက်မပြည့်ဘဲ မဲလာထည့်သည့်ဖြစ်စဉ်များ၊ ကြိုတင်မဲပေးရမည့်အရွယ်ဖြစ်သည့် သက်ကြီးရွယ်အိုများ မဲလာထည့်မှု များပြားနေခြင်းအပြင် မှင်တို့ပြီးသားလက်သန်းကို ပလပ်စတာကပ်၍ နောက်တကြိမ်မဲပေးခြင်း၊ မှင်တို့ပြီးသားလက်ကို ဆံပင်ချွတ်ဆေးဖြင့်မှင်ဖျက်က နောက်တကြိမ်လာပေးသည့် ဖြစ်စဉ်များကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ဦးမော်ထွန်းအောင် က ပြောပြသည်။

တအောင်း(ပလောင်)အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးအိုက်မွန်းကမူ ၎င်းရရှိသည့် မဲအရေအတွက်မှာ ၎င်းကို အမှန်တကယ်ထောက်ခံသူများကသာ ပေးသည့်မဲရလဒ်အစစ်အမှန်များသာဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲရှုံးသူများက မဲနိုင်သူကို ကန့်ကွက်သည်မှာ လုပ်လေ့လုပ်ထရှိသည့် ဖြစ်စဉ်တရပ်သာဖြစ်သည်ဟုဆိုသည်။

TNP ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ဦးအိုက်မွန်းက “ကိုယ်စားလှယ်လို့ပြောရုံနဲ့ အကုန်သိတယ် သူများမရောက်တဲ့နေရာ ဟိုးချောင်ကြိုချောင်ကြားပေါတဲ့ တောင်ထဲလည်း ကျနော်ကိုယ်တိုင် လမ်းတို့ရေတို့ အကုန်ရောက်ခဲ့တာကိုး ကျနော်တကယ် သူများလို လေနဲ့ အလုပ်မလုပ်ဘူး လက်တွေ့အလုပ်ပြတာကိုး အကုန်သိနေတယ် ဒါကြောင့်ကျနော်က အကုန်ရတာ” ဟု ပြောသည်။

မဲသမာမှုဟုဆိုရာတွင်လည်း ရွာတိုင်းတွင်မဲမသမာမှုများကိုမတွေ့ရဘဲ ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာတရွာတွင်သာ အသိပညာ အားနည်းသူ တဦးက နားလည်မှုလွဲမှား၍ ၎င်း၏ နာမည်ဖြင့်မဟုတ်ဘဲ အခြားတယောက်၏ နာမည်ဖြင့် မဲပြားကို ယူထည့်ခဲ့သည့် ဖြစ်စဉ်တခုသာ ကြားသိကြောင်း ၎င်းကပြောသည်။

ယင်းမဲဆန္ဒနယ်တွင် တအောင်း (ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် တအောင်း(ပလောင်)အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးအိုက်မွန်းက ၄၉၂၂၁ မဲဖြင့် မဲအများဆုံးရရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဝင်ရောက်ယှဉ်ပြိုင်သူ ဦးမော်ထွန်းအောင်က ၄၆၁၆၉ မဲဖြင့် ဒုတိယအများဆုံးရရှိခဲ့ရာ မဲအရေအတွက်အားဖြင့် ၃၀၀၀ ကျော်ကွာခြားသည်။

ယင်းဒေသသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ စသဖြင့် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ လှုပ်ရှားရာနေရာဒေသတခုဖြစ်ပြီး ဆန္ဒမဲပေးသည့်အခါများတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖိအားများလည်း ရှိနိုင်သည်ဟု ဦးမော်ထွန်းအောင်ကသုံးသပ်သည်။

ဦးမော်ထွန်းအောင် က “မဲဆန္ဒနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီစနစ်ကိုယုံတယ်ဆိုရင် ဘယ်လက်နက်ကိုင်မဆို ပြည်သူတွေကို သူတို့ရဲ့လွတ်လပ်တဲ့ဆန္ဒကို ကျင့်သုံးဖို့အခွင့်အရေး ပေးကိုပေးသင့်တယ်”ဟု ပြောသည်။

ယခုရွေးကောက်ပွဲ၍ရလဒ်ကို လက်မခံပဲ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သလို နန့်ခမ်းနှင့်ကွတ်ခိုင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တရားမဲ့ပြုကျင့်မှုတချို့ဖြစ်ရပ်များအတွက်လည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားသည့် အမှုပေါင်း ၈ မှုခန့်ရှိကြောင်း သိရသည်။

အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရရှိသည့်ပါတီမှာ လက်ရှိအာဏာရပါတီမဟုတ်သည့် အတွက် မသမာမှုများကို လုပ်ဆောင်သည်မှာ ရွေးကောက်ပွဲကော်မရှင်ကလုပ်ခြင်းမဖြစ်နိုင်ကြောင်းနှင့် အကယ်၍ မသာမှုများရှိခဲ့သော် သက်သေအထောက်အထားအခိုင်အမာဖြင့် တင်ပြရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကပြောသည်။

ဦးရဲထွန်းက “အဲဒီလိုမသမာမှုတွေရှိတယ်ဆိုရင် သက်သေအထောက်အထား အခိုင်အမာနဲ့ တင်ပြ၊ စစ်လို့ရှိရင် အဲဒီသက်သေတွေက လာပြီးတော့ ရဲရဲရင့်ရင့်ထွက်ပေးဖို့လိုတယ်”ဟုပြောသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၃၃၀၅၃၂ ဦးရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူဦးရေမှာ မဲရုံတွင်မဲပေးသူ ၁၄၂၈၆၄ှ ဦး၊ ကြိုတင်မဲပေးသူ ၄၄၇၁၁ ဦး၊ စုစုပေါင်း မဲပေးသူ ၁၈၇၅၇၅ ဦးရှိခဲ့သောကြောင့် မဲပေးသူမှာ ၅၆.၇၅ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ် ပြန်ထားသည်။

ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ပယ်မဲ ၇၇၁၃ မဲနှင့် ပျောက်မဲ ၈၆ မဲ စုစုပေါင်း ၇၇၉၉ မဲရှိကြောင်းသိရသည်။

၂၀၁၅ ရွေးကောက်ပွဲက ယင်းမဲဆန္ဒနယ်တွင် တအောင်း(ပလောင်)အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလ ၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တအောင်း (ပလောင်) အမျိုးသားပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

You may also like these stories:

မြန်မာ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြား မဟာအပေးအယူ ရမလား

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

မဲတံဆိပ်တုံးအတု ဖမ်းမိမှုများ ပါတီနှင့်မသက်ဆိုင်ဟု ကြံ့ခိုင်ရေး ငြင်းဆို

]]>
မန္တလေးတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လာ https://burma.irrawaddy.com/lifestyle/coronavirus/2020/12/17/235083.html Thu, 17 Dec 2020 14:02:08 +0000 https://burma.irrawaddy.com/lytbox/?p=235083 ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတဦးကို သဂြိုဟ်ရန် သယ်ယူလာစဉ် / ဇော်ဇော် / ဧရာဝတီမန္တလေးတိုင်းတခုလုံးတွင် ယနေ့ထုတ်ပြန်သည့်စာရင်းအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၄၃၃ ဦး၊ နှင့်သေဆုံးသူ ၁၄၁ ဦးထိရှိလာပြီး၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ တရက်တည်းပင် ပိုးတွေ့သူ ၃၆၃ ယောက်ရှိသဖြင့် ကိုဗစ်ကာလတလျှောက် တရက်တည်း ပိုးတွေ့သူ အများဆုံးစံချိန်တင်ခဲ့သည်။ ]]> ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတဦးကို သဂြိုဟ်ရန် သယ်ယူလာစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တသောင်းကျော်ရှိလာပြီး ရန်ကုန်တိုင်းပြီးပါက ဒုတိယအများဆုံးကူး စက်နေကြောင်း၊ သေဆုံးနှုန်းမှာလည်း နေ့စဉ်မြင့်တက်လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် သည့် စာရင်းဇယားများအရ သိရသည်။

မန္တလေးတိုင်းတခုလုံးတွင် ယနေ့ထုတ်ပြန်သည့်စာရင်းအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၄၃၃ ဦး၊ နှင့်သေဆုံးသူ ၁၄၁ ဦးထိရှိလာပြီး၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ တရက်တည်းပင် ပိုးတွေ့သူ ၃၆၃ ယောက်ရှိသဖြင့် ကိုဗစ်ကာလတလျှောက် တရက်တည်း ပိုးတွေ့သူ အများဆုံးစံချိန်တင်ခဲ့သည်။

မန္တလေးတိုင်းတွင် ခရိုင် ၇ ခုရှိသည့်အနက် အဖြစ်အများဆုံးမှာ မန္တလေးခရိုင်ဖြစ်ပြီး ကိုဗစ်ပိုးကူးစက်ခံရသူ ၈၄၆၉ ဦးထိရှိ ကာ၊ ဒီဇင်ဘာ ၁၆ ရက်နေ့ တရက်တည်းပင် သေဆုံးသူ ၁၃ ဦးရှိခဲ့ပြီး၊ ၁၀ ဦးမှာ Semi Lockdown လုပ်ထားသည့် မန္တလေးခရိုင်မှ ဖြစ်သည်။

ယနေ့တွင် ကိုဗစ်ရောဂါပိုးရှိ လူနာ သေဆုံးမှု ၁၀ ဦးထက် မနည်းရှိနေပြီး၊ မနက်ပိုင်း၌ ကိုဗစ်ဖြင့် သေဆုံးသူ ၂ ဦးကို သဂြိုဟ်မည့်နေရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မန္တလေးအခြေစိုက် ပရဟိတ မင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်တင့်ကပြောသည်။

၎င်းက “သေဆုံးနှုန်းက ဒီနေ့က အများဆုံးလို့တောင်မှထင်ရတယ်။ ဆေးရုံကြီးကလာတာ ၁၄ ယောက်၊ ဧရာစင်တာက ၂ ယောက်၊ နောက် ကုတင် ၃၀၀ က ၅ ယောက် ဒီနေ့သဂြိုဟ်ခဲ့ရတာ”ဟု ပြောသည်။

ထိုသဂြိုဟ်ခဲ့ရသူများထဲတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာမှ ဆေးကုသခံနေရင်း သေသူများပါဝင်သလို၊ ကိုဗစ်ရောဂါပိုး ရှိသူများနှင့် ထိတွေ့သောကြောင့် စောင့်ကြည်လူနာအဖြစ် ထားရှိရာမှ သေသူများလည်း ပါဝင်သည်ဟု ၎င်းကပြော သည်။

ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားလာသည့် ဒုတိယလှိုင်းကာလ အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အစိုးရ ကျန်းမာရေးဌာနပိုင် လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်း ပိုးတွေ့လူနာ အရေအတွက် များပြားလာသဖြင့် မန္တလေးအခြေစိုက် ပရဟိတအသင်းများမှ လူနာတင်ယာဉ်များဖြင့် ကိုဗစ်-၁၉ အတည်ပြု လူနာပို့ ဆောင်ခြင်း၊ သေဆုံးသူများကို သဂြိုလ်မည့်နေရာသို့ ပို့ဆောင်ခြင်းလုပ်ငန်းများကို ကူညီလုပ်ဆောင်ပေး လာကြသည်။

ကိုဗစ် ဒုတိယလှိုင်းအစ နိုင်ငံခြား၊ ရခိုင်နှင့် ရန်ကုန်မှ ပြန်သူများကိုသာ အလေးထားစောင့်ကြည့်ရသော်လည်း ရွေး ကောက်ပွဲ ကာလ လူစုလူဝေးများ ဖြစ်ပွားပြီးနောက် မန္တလေး၏ ကိုဗစ်ပိုးတွေ့ရှိရမှုမှာ ထိန်းမရအောင် ဖြစ်လာသည်ဟု ဦခင်မောင်တင့်ကဆိုသည်။

“နောက်ပိုင်းမှာ လူစုလူဝေးတွေရဲ့ ဒဏ်က ဘာဖြစ်သွားလည်းဆိုတော့ တရက်ကို တရာကျော် နှစ်ရာ ပတ်ဝန်းကျင်ဖြစ် သွား တယ်။ နေ့တိုင်းဖြစ်လာတယ် အဲဒီအချိန်မှာကျနော်တို့ကလည်း တချို့ရက်တွေဆို မနက် ၅ နာရီကနေ နောက်တရက် မနက် ၅ နာရီလောက်ထိမနားလိုက်ရတဲ့ရက်တွေရှိတယ်”ဟု ၎င်းကပြောသည်။

မန္တလေးဆေးရုံကြီးသို့ ကိုဗစ်-၁၉ အတည်ပြုလူနာ တက်ရောက်မှု များသဖြင့် နေရာမလောက်၍ အဆောင်သစ် ထပ်မံ တိုးချဲ့ထားသလို နောက်ထပ် အဆောင်တဆောင် ထပ်ဆောက်နေကြောင်းမန္တလေးပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ နွေးနွေးလှိုင်ကပြောသည်။

“လူနာကတော့တိုးလာတယ်၊ Mask တပ်ပါ လက်ဆေးပါ ခပ်ခွာခွာနေပါ ဆိုတာတွေကို မလိုက်နာတော့ တိုးလာတာပေါ့။ ရန်ကုန်မှာလိုပဲ တိုးရင်းတိုးရင်း ပြင်းထန်မှုက မြင့်လာတယ်။ အောက်စီဂျင်လိုအပ်တဲ့လူလည်းပိုပြီးတော့ များလာတယ်”ဟု ၎င်းက ပြောသည်။

တိုးချဲ့အဆောင်များတွင် အထူးစောင့်ကြည့်ကုသဆောင် (HDU)၊ အထူးကြပ်မတ်ကုသဆောင်(ICU) များထားခြင်း၊ လူနာ ကုတင်တိုင်းတွင် အောင်စီဂျင်များရရှိရရန် စီစဉ်လုပ်ဆောင်ထားကြောင်း၊ မန္တလေးဆေးရုံကြီး စာရင်းဇယားများအရ အောက်တိုဘာ၌ကိုဗစ်လူနာ ၂၄၇ ဦးသာရှိခဲ့ရာ နိုဝင်ဘာတွင် ၁၄၅၉ ဦးထိ တက်ရောက်ကုသလာခဲ့ပြီး ယခု ဒီဇင်ဘာလ ဝက်တွင် ၁၇၂၃ ဦးထိ တိုးလာကြောင်း သိရသည်။

ဆေးရုံကြီး၏ စုစုပေါင်းစာရင်းအရ ၎င်းတို့ထံတွင် တက်ရောက်ကုသသူ ကိုဗစ်-၁၉ လူနာမှာ ၃၅၃၇ ဦးထိရှိခဲ့ပြီး လက်ရှိ ကုသနေဆဲမှာ ၁၆၆ ဦးရှိနေသည်။

မန္တလေးတတိုင်းလုံးစာရင်းများအရ ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်သောင်းကျော်ရှိသည့်အနက် လူ ၃၀၀၀ နီးပါးမှာ သက်ဆိုင်ရာဆေးရုံများတွင် ကုသနေကြရပြီး လူ ၇၀၀၀ ကျော်မှာဆေးရုံဆင်းသွားကြပြီဖြစ်သည်။

မန္တလေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု မြင့်တက်လာမှုကြောင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ ၇ မြို့နယ်ကို Semi Lockdown အဖြစ် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ဆောင်ရွက်ခဲ့ပြီး တမြို့နယ်နှင့်တမြို့နယ် ဝင်ထွက်သွားလာမှုများကန့်သတ်ထားသော်လည်း ထိုမြို့နယ်များမှ ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိမှုများလည်း တိုးလာနေဆဲဖြစ်သည်။

ထိုကဲ့သို့ တိုးနေခြင်းမှာ ကန့်သတ်မှုများမလုပ်ခင်က ပုံမှန်တိုင်းနေကြသည့် လူစုလူဝေးများကြောင့် ဖြစ်နိုင်သလို အာဏာပိုင်များ၏ ပေါ့ပေါ့ဆဆကိုင်တွယ်မှု၏ အကျိုးဆက်ဖြစ်နိုင်သည်ဟု Semi Lockdown မြို့နယ်များတွင် တခုအပါအဝင်ဖြစ်သည့် မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ မြို့ခံ ဦးသိန်းအောင်မြင့်က ပြောသည်။

“မန္တလေးမှာက ပိုးတွေ့လူနာက နေ့စဉ်လိုလိုတိုးလာတယ်။ ရန်ကုန်ပြီးရင် မန္တလေးက ဒုတိယအများဆုံးလို့လည်း မြင်နေရ တယ် အဲဒီအပေါ်မှာလည်း စိုးရိမ်တယ်။ ကျနော်အပါအဝင် မိသားစုတွေတော်တော်များများရဲ့ စားဝတ်နေရေးတွေကလည်း ကြာလာတော့ ခက်ခဲလာတယ် အဲဒီပေါ်မှာလည်းစိတ်ပူရတာပေါ့၊ စိုးရိမ်ရတာရော စိတ်ပူရတာတွေရော အကုန်လုံးကတော့ ရှုပ်ထွေးနေတယ်” ၎င်းကပြောသည်။

မန္တလေးတွင် Semi Lockdown ကိုစတင်စဉ်က ဖြတ်သန်းသွားလာရန် အမှန်တကယ် လိုအပ်သူများက မြို့နယ်ဖြတ်ကျော် သွားလာခွင့်ကဒ်ပြား (နယ်ကျော်ကဒ်ပြား) များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လာရောက်ထုတ်ယူရာ တွင် ယင်းမြို့နယ်အုပ်ချုပ်ရေးရုံး ပရဝဏ်များအတွင်း လူစုလူဝေးများဖြစ်ပေါ်ခဲ့သောကြောင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ပြည်သူများက ကိုဗစ်စည်းကမ်းများကို လိုက်နာပါက ကူးစက်မှု ကိုထိန်းသိမ်းနိုင်မည်ဖြစ်၍ လိုက်နာပေးရန်လိုအပ်ကြောင်းနှင့် လာမည့်ပွဲတော် ၂ ခုဖြစ်သော ခရစ်စမတ်နှင့် နှစ်သစ်ကူး (New year) ပွဲများတွင် လူစုလူဝေးပြုလုပ်မှုတို့ကို မဖြစ်စေလိုကြောင်း ဒီဇင်ဘာ ၁ ရက်နေ့က မီဒီယာများကိုပြောဆိုထား သည်။

မန္တလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံ၊ ဧရာဝတီစင်တာ၊ ကုတင် ၃၀၀ ဆေးရုံ၊ အလုပ်သမားဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် သံဃာ့ဆေးရုံ စသည်တို့တွင် ကုသမှုများဆောင်ရွက် ပေးနေပြီး Quarantine ထားရှိရန်နှင့် ကုသမှုပေးရန်အတွက် စင်တာများ၊ ဆေးရုံများ ထပ်မံတိုးချဲ့လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၁၁၉၀၀ ဦး၊ သေဆုံး ၂၃၄၆ ဦးနှင့် ပြန်လည် သက်သာလာသူ ၉၀၄၅၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

]]>
“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်” https://burma.irrawaddy.com/opinion/interview/2020/12/15/234915.html Tue, 15 Dec 2020 09:08:55 +0000 https://burma.irrawaddy.com/lytbox/?p=234915 ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး (ဓာတ်ပုံ -  / သီဟလွင် / ဧရာဝတီ မြန်မာနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး ရရှိမှု အခြေအနေများ၊ ကာကွယ်ဆေးကို မည်သို့ ထိုးနှံပေးမည့် အခြေ အနေများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ]]> ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး (ဓာတ်ပုံ -  / သီဟလွင် / ဧရာဝတီ

ကိုဗစ် – 19 ဒုတိယလှိုင်း ဖြစ်ပွားမှုနှုန်းက မြန်မာပြည်တွင် ပြန်မကျသေးပေ။ ရန်ကုန်တွင် အခြေအနေ အလွန်ဆိုးနေပြီး နေ့စဉ် လူတထောင်နှင့် အထက် ရောဂါပိုး ကူးစက်နေပြီး ၂၀ ကျော် ပုံမှန် သေဆုံးနေရသည်။ ရန်ကုန်တွင် ရှေ့တန်းမှ ကျန်းမာရေး ဝန်ထမ်းများလည်း ပွဲပန်းနေပြီ ဖြစ်သလို နယ်အသီးသီးမှ ကျန်းမာရေး ဝန်ထမ်းများကပါ ဝိုင်းကူနေရသည်။

မနေ့က ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာ ၁၁၇၀ ဦး၊ သေဆုံးလူနာ ၂၄ ဦး ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ် – 19 ရောဂါ ဖြစ်ပွားသူ ၁ သိန်း ၉ ထောင် ကျော်သွားပြီ ဖြစ်သည်။ သေဆုံးလူနာ စုစုပေါင်းမှာလည်း ၂၂၉၂ ဦး ရှိနေပြီ ဖြစ်သည်။

မြန်မာအနေဖြင့် ထိန်းဖို့ မလွယ်သေးသည့် အခြေအနေတွင် ကာကွယ်ဆေး မြန်မြန် ရရှိရန် ပိုမျှော်လင့်နေရသည့် အခြေအနေ ဖြစ်သည်။ မြန်မာပြည်သူအားလုံး ကာကွယ်ဆေး ရရှိမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ကတိပြုထားသည်။

ယခုအခြေအနေတွင် မြန်မာနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး ရရှိမှု အခြေအနေများ၊ ကာကွယ်ဆေးကို မည်သို့ ထိုးနှံပေးမည့် အခြေအနေများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ဧရာဝတီ သတင်းဌာန၊ နေပြည်တော် သတင်းထောက် သီဟလွင်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ပြည်သူလူထုကြားမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိချင်နေကြပါတယ်။ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေး အမြန်ဆုံးရရှိဖို့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေလဲဆိုတာ အရင်ဆုံး သိပါရစေ။

ဖြေ ။ ။ ကာကွယ်ဆေးရရှိနိုင်ဖို့ဆိုတာ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစီမံချက်က တာဝန်ရှိပုဂ္ဂိုလ်များ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျမတို့မှာနောက်က NITAG ဆိုတဲ့ အဖွဲ့အစည်းလည်း ရှိတယ်။ အမျိုးသား ကာကွယ်ဆေး ထိုးနှံပေးရေး အကြံပေး အဖွဲ့ ။

NITAG ဆိုတဲ့ အဖွဲ့ကတော့ အဓိကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြံပေးအဖွဲ့ပေါ့နော်။ အဖွဲ့ဝင် ၁၄ ဦး ပါဝင် တယ်။ အဲဒီအဖွဲ့နဲ့ အကုန်လုံး တိုင်ပင်ညှိနှိုင်းပြီးတဲ့ အခါကျတော့ Proposal ပေါ့နော်။ ကာကွယ်ဆေး ဘယ်လိုဝယ်ယူမလဲ။ ကာကွယ်ဆေးရရင် ဘယ်လိုထိုးမလဲ ဒါကိုတော့ သက်ဆိုင်ရာ ဗဟိုအဆင့်ကြီးကြပ်ကွပ်ကဲရေး ကော်မတီကို တင်ပြထား ပါတယ်။

လောလောဆယ်ကတော့ ကာကွယ်ဆေးတွေ အမြန်ဆုံးရရှိဖို့ ကာကွယ်ဆေး ရရှိလာလို့ရှိရင်လည်း တကယ်ကို အန္တရာယ် ရှိနိုင်တဲ့ လူအုပ်စုပေါ့နော်။ ရောဂါကူးစက်လွယ် ဖြစ်ပွားလွယ် သေဆုံးလွယ်တဲ့ လူအုပ်စုတွေကို ထိုးနှံဖို့ ကျန်းမာရေး ဝန် ထမ်းတွေ COVID-19 မှာပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဦးစားပေးပေါ့နော်။ ပြီးလို့ရှိရင်တော့ COVID-19 မှာ ပါဝင်ဆောင်ရွက်နေတဲ့ တခြားသောသူတွေ၊ Volunteer တို့ဘာတို့ ဒါမျိုးတွေလည်း ပါဝင်ဖို့ ရည်ရွယ်တယ်။ ပြီးရင် အသက်ကြီးတဲ့လူတွေပေါ့ ၆၅ နှစ်အထက် အဲဒီလိုအသက်ကြီးတဲ့သူတွေ နောက်ခံရောဂါရှိတဲ့သူတွေ ဒါကတော့ လောလောဆယ် ဒီလိုမျိုးတော့ ရည်မှန်းထားပါတယ်။

WHO ဆိုရင် COVAX အဖွဲ့အစည်း ရှိပါတယ်။ ဒီ COVAX အဖွဲ့အစည်းကတော့ ဒီကာကွယ်ဆေးတွေရရှိလာလို့ရှိရင် ကာကွယ်ဆေးတွေ တင်မကပါဘူး။ ကျမတို့မှာ အဓိက အဖွဲ့ကတော့ WHO မှာ ဖွဲ့ထားတဲ့အဖွဲ့ ACT accelerator ဆိုတဲ့ အဖွဲ့ပေါ့နော်။ ACT accelerator အဖွဲ့က သူကဘာလုပ်ဖို့လဲဆိုလို့ရှိရင် ရောဂါကိုဖော်ထုတ်ဖို့၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ကိစ္စတွေ ကုသရေးပစ္စည်းကိစ္စတွေ ကာကွယ်ရေးကိစ္စတွေ ဒါတွေအကုန်လုံးကို ဒါနဲ့ပတ်သက်လို့ လိုအပ်တာတွေကို ထောက်ပံ့ပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲတာကို ACT accelerator လို့ ခေါ်ပါတယ်။

အဲဒီ ACT accelerator ထဲမှာမှ COVAX ဆိုတဲ့ Family ရှိပါတယ်။ COVAX Family ထဲမှာမှ ဒီဟာက COVID -19 အတွက် ကာကွယ်ဆေးတွေကို မြန်မြန်ဆန်ဆန်နဲ့ သင့်တော်တဲ့ဈေးနှုန်းနဲ့ အားလုံး ညီတူမျှတူနဲ့ရရှိနိုင်ဖို့ ဒါမျိုးအတွက် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီ COVAX အဖွဲ့အစည်းနဲ့အတူ ဦးဆောင်နေတာက GAVI (Global Alliance for Vaccines and Immunization) အဖွဲ့အစည်းပေါ့နော်။

အဲဒီအဖွဲ့အစည်းနဲ့အတူ EPI ကာကွယ်ဆေးထိုး စီမံချက်က ပါဝင်ပါတယ်။ WHO ပါဝင်ပါတယ်။ ပြီးရင် ကာကွယ်ဆေး ထုတ်လုပ်တဲ့ Partner တွေ အကုန်လုံး ပါဝင်ပါတယ်။ ဒါကနေပြီးတော့ ကာကွယ်ဆေးတွေရရှိလာလို့ရှိရင် ကာကွယ် ဆေးတွေကို တိုင်းပြည်ကို ညီတူညီမျှ သူ့ရဲ့အချိုးကျပေါ့နော်။ ရရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်ထားတာဖြစ်ပါတယ်။

ဒီ COVAX အဖွဲ့အစည်းကတော့ ရည်ရွယ်ချက်ကတော့ သန်း ၂၀၀၀ ပေါ့နော်။ ၂ ဘီလီယံ ကာကွယ်ဆေးကို ၂၀၂၁ မှာ ဆိုရင် အားလုံး ထိုးနှံနိုင်ဖို့အတွက် ဝေခြမ်းပြီးပေါ့နော် ဖြန့်ဖြူးဖို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ထားတဲ့အခါမှာ သူက ဘယ်လို ကာကွယ်ဆေးတွေကို ပေးမှာလည်းဆိုတော့ WHO Pre-Qualification WHO Approval ရတဲ့ ကာကွယ်ဆေး တွေကို ပေးမှာဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ ကာကွယ်ဆေးစုစုပေါင်း ၅ မျိုးပေါ့နော်။ ၅ မျိုးကတော့ Limited Approval ဆိုတာက အ ကန့်အသတ်နဲ့ အသုံးပြုခွင့်ပေးဖို့ Approval ရရှိထားပြီး ဖြစ်ပါတယ်။ ၂ မျိုးကတော့ Approve ရရှိထားပြီး ဖြစ်ပါတယ်။ ဒီ Approve သည် ကာကွယ်ဆေးအသုံးပြုဖို့အတွက် Approve ဖြစ်ထားတာ ဖြစ်ပါတယ်။ ဒီဥစ္စာက WHO Pre-Qualified မဟုတ်ပါဘူး။ သက်ဆိုင်ရာထုတ်လုပ်တဲ့နိုင်ငံကနေ ကာကွယ်ဆေးကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။

လက်ရှိ Phase – 1 ရောက်နေတဲ့ ကာကွယ်ဆေးက ၄၀ ရှိတယ်။ Phase – 2 ရောက်နေတဲ့ကာကွယ်ဆေးက ၁၇ မျိုး ရှိတယ်။ Phase – 3 က ၁၅ မျိုး ရှိတယ်ပေါ့။ ဒါကတွေကလည်း ဒီကာကွယ်ဆေးတွေကလည်း ပြောရမယ်ဆိုလို့ရှိရင် မကြာခင် အချိန်အတွင်းမှာ အလားအလာတွေလည်း ကောင်းလာမယ့် သဘော ရှိပါတယ်။

အခု Approve ရတဲ့ကာကွယ်ဆေးထဲမှာဆိုရင် အားလုံးသိတဲ့ Pfizer နဲ့ BioNTech ကထုတ်တဲ့ ကာကွယ်ဆေး ဒါက US ကနေပြီးတော့ Emergency Approve ဒါ Approve ဖြစ်လိုက်ပြီ။ နောက်တခုကကျတော့ ဆိုင်နိုဖန်း (Sinopharm) ပေါ့ နော်။ ဖိုင်နိုဖန်းကာကွယ်ဆေးကလည်း ယူအေအီးလို နိုင်ငံမှာ Approve ဖြစ်လိုက်ပြီပေါ့။ ဒါဆိုရင် လက်ရှိ အနေအထား အရ ဆိုရင် Approve ဖြစ်တဲ့ ကာကွယ်ဆေးက ၂ မျိုးပေါ့။

ဒီနေရာမှာ ကာကွယ်ဆေးတွေရဲ့ စိတ်ချရမှု ဘေးကင်းလုံခြုံမှု အာနိသင်ရှိမှုကလည်း ထပ်တူထပ်မျှ အရေးကြီးတာ ဖြစ်တဲ့ အတွက် တချို့ကကွယ်ဆေးတွေကတော့ Clinical Phase စမ်းသပ်တဲ့ အစမှာတင်ကို ဆက်မစမ်းတော့ဖို့ ကာကွယ်ဆေးကို လုံးဝကို တားမြစ်လိုက်တဲ့ ကာကွယ်ဆေးတခု ရှိပါတယ်။ ဒီကာကွယ်ဆေးကတော့ University of Queensland က ထုတ် မယ်ဆိုတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကတော့ ပြေးပွဲပြိုင်ပွဲ တလျှောက်မှာ ပထမဦးဆုံး ထုတ်ပယ်ခံရတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။

လက်ရှိလူတွေမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာဆိုလို့ရှိရင် အခြေအနေကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။ လူတွေ မှာ စမ်းသပ်တဲ့ ကာကွယ်ဆေးကတော့ ၅၈ ရှိသွားပါပြီ။ တိရစ္ဆာန်တွေမှာစမ်းသပ်တဲ့ ကာကွယ်ဆေးကလည်း ၈၅ မျိုး ရှိ နေတဲ့အတွက်ကြောင့် တိရစ္ဆာန်တွေမှာ စမ်းသပ်လို့အောင်မြင်တဲ့အခါ တဖြည်းဖြည်းနဲ့ လူတွေမှာစမ်းသပ်လာမယ်။ လူ တွေမှာစမ်းသပ်ရင်တော့ တဖြည်းဖြည်းနဲ့ Phase – 1 ရတော့ သူဟာနဲ့သူ အောင်မြင်မှုတွေ ရရှိပြီဆိုရင်တော့ လူတွေမှာ ထိုးနှံနိုင်တဲ့အဆင့်ရှိမှာ ဖြစ်ပါတယ်။

Phase – 1 ကတော့ လူနည်းနည်းလေး ဆယ်ကဏန်းမှာ စမ်းသပ်တာဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်ရှိမှုနဲ့ ကာ ကွယ်ဆေးရဲ့ စိတ်ချရမှု ကာကွယ်ဆေးရဲ့ dose ပေါ့နော်။ ဒါတွေကိုစမ်းသပ်တာဖြစ်ပါတယ်။ ဒုတိယ Phase ကတော့ လူရာ နဲ့ချီစမ်းသပ်တာ ဖြစ်ပါတယ်။ အဲဒီရာနဲ့ချီမှာဆိုရင်လည်း အဲဒီလိုပဲ ကလေးတွေရော လူကြီးတွေရော ဒါမျိုး စမ်းသပ်တာတွေ ပါဝင်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးရဲ့ စိတ်ချရမှုတွေ သူ့ရဲ့ ကာကွယ်ဆေးကနေ ကာကွယ်နိုင်မှု ရမရပေါ့။ ဒါတွေကို စမ်းသပ်တာဖြစ်ပါတယ်။ ပထမပိုင်းရဲ့ အကျယ်ပေါ့နော်။

တတိယပိုင်းမှာကျတော့ Clinical Phase – 3 Trial မှာကျတော့ လူထောင်နဲ့ချီ သောင်းနဲ့ချီကို စမ်းသပ်တာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော သောင်းနဲ့ချီစမ်းသပ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် ကြာလို့ရှိရင် ကာကွယ်နိုင်တဲ့ အာနိသင်ရသလဲ၊ ဘယ်နှကြိမ်ထိုးလို့ရှိရင် ကာကွယ်နိုင်မလဲ စသဖြင့် ဒါမျိုးတွေကို Volunteer လုပ်တဲ့ အုပ်စုတွေ ရှိပါတယ်။

ဒီအုပ်စုတွေနဲ့ အခုစမ်းသပ်တဲ့ ကာကွယ်ဆေးထိုးမယ်။ တချို့တွေကိုကျတော့ Placebo လို့ခေါ်တဲ့ ဘာမှ အာနိသင် မရှိတဲ့ ကာကွယ်ဆေးထိုးထားမယ်။ ဒါဆိုရင် ထိုးခံရတဲသူကရော ဒီဟာနဲ့ပတ်သက်လို့ရှိရင် ကာကွယ်ဆေးက သူ့ကိုတော့ စမ်း သပ်တဲ့သူတွေကတော့ သိမယ်။ သို့သော်ထိုးခံရတဲ့သူတွေအနေနဲ့ တကယ့်စမ်းသပ်နေတဲ့ ကာကွယ်ဆေးလား ဒါမှ မဟုတ် လည်း အာနိသင်မရှိဘဲနဲ့ တနည်းအားဖြင့်ဆိုလို့ရှိရင် Placebo ဆေးပေါ့နော်။ ဒီလိုနည်းအားဖြင့် စမ်းသပ်တဲ့ အတွက် ကြောင့် တိကျတဲ့ ရလဒ်တွေရရှိမှာ ဖြစ်ပါတယ်။ အခုလက်ရှိအနေအထားအရတော့ ကာကွယ်ဆေးကတော့ အခြေအနေ ကောင်းတဲ့ အလားအလာ ရှိနိုင်ပါတယ်။

ကျမတို့မြန်မာနိုင်ငံမှာတော့ ကာကွယ်ဆေးတွေကို COVAX အဖွဲ့အစည်းကနေပြီးတော့ ၂၀ ရာခိုင်နှုန်းကို ပေးမှာ ဖြစ်ပါ တယ်။ ဒါကတော့ ၂၀၂၁ ဒုတိယ သုံးလပတ်ပေါ့နော့် ဒုတိယသုံးလပတ်မှာတော့ ၃ ရာခိုင်နှုန်း ရောက်မယ်လို့ ရည်မှန်း ထားပါတယ်။ တတိယသုံးလပတ်မှတော့ ၁၇ ရာခိုင်နှုန်း ရောက်မယ်လို့ ရည်မှန်းထားပါတယ်။ ဒီကြားထဲမှာပဲ နိုင်ငံတော် အစိုးရကနေပြီးတော့ Global Fund ပေါ့နော်။ ကမ္ကာ့ဘဏ် World Bank ဘမ္ကာ့ဘဏ် ရန်ပုံငွေတွေနဲ့ဒါတွေနဲ့ နောက်ထပ် ကာကွယ်ဆေးတွေကို ဝယ်ဖို့လည်း ထားပါတယ်။ ရလာလို့ရှိရင်လည်း သက်ဆိုင်ရာ ဦးစားပေး အလိုက် ထိုးနှံပေးမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီလိုရောက်လာပြီဆိုရင် လာမယ့်နှစ် ၂၀၂၁ မှာ မြန်မာပြည်သူလူထုရဲ့ ဘယ်လောက်ရာခိုင်နှုန်းလောက်ထိ ကာကွယ်ဆေးထိုးပေးနိုင်မလဲ။

ဖြေ ။ ။ လေးဆယ်ရာခိုင်နှုန်းလောက် ဖြစ်ပါလိမ့်မယ်။

မေး ။ ။ တနိုင်ငံလုံး အပြီးဆိုရင် ဘယ်တော့လောက်ဖြစ်နိုင်မလဲ။

ဖြေ ။ ။ ဒါနဲ့ပါတ်သက်ပြီး ပြောမယ်ဆိုရင် လက်ရှိကာကွယ်ဆေးသည် ကလေးတွေမှာ လောလောဆယ် စမ်းသပ် ထားခြင်း မရှိသေးပါဘူး။ Pfizer-BioNTech ရော Montana ရော ဒီကာကွယ်ဆေးတွေဟာ ကလေးတွေမှာ စမ်းသပ်ဖို့ ဆိုပြီးတော့ လုပ်နေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ဗြိတိန်မှာဆိုရင်လည်း ၁၆ နှစ်အောက် ကလေးတွေကို မထိုးပေးပါဘူး။ US မှာလည်းပဲ ဒီကာကွယ်ဆေးတွေ ၁၆ နှစ်နဲ့အထက်ထိုးပေးဖို့ဆိုတဲ့သူရဲ့ သတ်မှတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်။

ဘာဖြစ်လို့လည်းဆိုရင် ကလေးတွေသည် COVID -19 ရဲ့ ရောဂါပိုး ကူးစက်မှုဖြစ်ပွားမှုက အလွန်နည်းပါတယ်။ သေဆုံးမှု လည်း နည်းပါတယ်။ ကလေးတွေမှာဆိုရင် သူတို့ရဲ့ Natural ကိုယ်ခံအားက သူတို့မှာ သဘာ၀ ကိုယ်ခံအားက ရှိနေပြီး ဖြစ် ပါတယ်။ ကလေးတွေကနေပြီးတော့ လူကြီးတွေကို ကူးစက်ဖို့ဆိုတာ အင်မတန်နည်းပြီးတော့ လူကြီးကသာ သူတို့ဆီကို ကူးစက်ချင်လည်း ကူးစက်နိုင်ပါတယ်။ သို့သော် ကလေးတွေမှာဖြစ်ရင် ဆိုးဆိုးရွားရွား မဖြစ်ဘူး။ ဒါကြောင့်မိုလို့ ကလေး တွေဟာဆိုရင် ကာကွယ်ဆေးထိုးတဲ့ ဦးစားပေးအုပ်စုထဲ မပါဘူး။

မြန်မာနိုင်ငံရဲ့ ၃၃ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်အောက် ဖြစ်ပါတယ်။ အဲဒီတော့ တကယ်ထိုးနှံဖို့ လိုအပ်တာက ၆၇ ရာ ခိုင်နှုန်းလောက်ပဲရှိမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် ကာကွယ်ဆေးသည် ကျမတို့ရဲ့ ဦးစားပေးအုပ်စုသည် ကျန်းမာရေး ဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်း ဆိုတာမှာ COVID – 19 ကုသရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်း၊ အဲဒီမှာလည်း ခုနကပြောသလို ထဲထဲဝင်ဝင် လုပ်ဆောင်တဲ့ ကျန်းမာရေး ဝန်ထမ်းအပြင်ကို သက်ဆိုင်ရာ ဝန်ထမ်းတွေ Volunteer (စေတနာ့ဝန်ထမ်း) တွေကိုလည်း ပါမယ့်အစီအစဉ်တွေလည်း ရှိပါတယ်။

ဒါ့အပြင်တော့ အသက်ကြီးတဲ့သူတွေပေါ့နော်။ ၆၅ နှစ်အထက် Senior Citizen (သက်ကြီးရွယ်အို)တွေ သူတို့တွေ ထိုးနှံမှာ ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ နောက်ခံရောဂါရှိတဲ့သူတွေပေါ့နော်။ ဒါတွေက ဦးစားပေး ဖြစ်ပါတယ်။ အဲဒီတော့ တ နိုင်ငံလုံးကို ထိုးနှံပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံကတော့ ပြောထားတာ ရှိပါတယ်။ သို့သော် တနိုင်ငံလုံးကို ဘယ်နှစ် နှစ် အတွင်းမှာ ထိုးနှံပေးမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ကာကွယ်ဆေးက ဘယ်ကာကွယ်ဆေးကို ရမှာလဲ။ ဘယ်လောက်ရမှာလဲ ဘယ်လောက်ထိရော ကာကွယ်ဆေးက ထုတ်နိုင်သလဲ နောက်တခုကကျတော့ ဒီကာကွယ်ဆေးကို သိုလောင်ဖို့အတွက် အအေးထိန်းစနစ် စသဖြင့် ဒါတွေ ဒါတွေ အများကြီးကလည်း လုပ်ရဦးမှာ ဖြစ်ပါတယ်။

မေး ။ ။ ကာကွယ်ဆေးတွေကလည်း နိုင်ငံအတော်များများမှာ ထုတ်နေကြတယ်။ အမေရိကန်၊ ဗြိတိန်၊ ရုရှားနဲ့ တရုတ် လည်း ပါတယ်။ ဝယ်မယ်ဆိုရင် ဘယ်လိုနိုင်ငံမျိုးက ဆေးကို ဦးစားပေးဝယ်မလဲ။

ဖြေ ။ ။ ကျမတို့ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ထားတဲ့ ကာကွယ်ဆေးသည် ၃ မျိုးပဲ ရှိပါတယ်။ ဒါကဘာလည်းဆိုရင် နံပါတ် ၁ ကတော့ WHO Pre-Qualified ပေးတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ ကျမတို့ရမယ့် ၂၀ ရာခိုင်နှုန်းဆိုတာ WHO Pre-Qualified ကာကွယ်ဆေး WHO Approve ဖြစ်တဲ့ ကာကွယ်ဆေးကိုရမှာ ဖြစ်ပါတယ်။

နံပါတ် ၂ ကတော့ ထုတ်လုပ်စမ်းသပ်တဲ့ နိုင်ငံကနေပြီးတော့ FDA သူတို့ရဲ့ FDA Approve ဖြစ်တာကို ဝယ်ယူမှာ ဖြစ်ပါ တယ်။ နံပါတ် ၃ ကတော့ ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံကနေပြီးတော့ Emergency Use အတွက် အသုံးပြုခွင့် ပေးတဲ့ ကာကွယ်ဆေးမျိုး။ ဒါမျိုးတွေကို ဝယ်မှာ ဖြစ်ပါတယ်။ ဒါနဲကိုက်ညီတဲ့ ကာကွယ်ဆေးတွေကို ဝယ်မှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကိုယ့်နိုင်ငံရဲ့ အအေးထိန်းစနစ်၊ အအေးစနစ်နဲ့ ကိုက်ညီတဲ့ကာကွယ်ဆေး အမျိုးအစား ဈေးနှုန်းကလည်း သင့်တင့် တယ်။

ကာကွယ်နိုင်တဲ့ အာနိသင်ကလည်း ကောင်းမွန်တယ်။ ဒါမျိုးတွေအဘက်ဘက်က စဉ်းစားပြီးတော့ ရွေးချယ်မှာ ဖြစ်ပါ တယ်။ ဒါကတော့ ခုနကပြောသလို လက်ရှိ အနေအထားအရ ကာကွယ်ဆေးတွေကတော့ အခြေအနေကောင်းတွေ ရရှိ နေပြီ ဖြစ်ပေမယ့်လို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မေး ။ ။ ကာကွယ်ဆေးတွေဝယ်ဖို့ ဘတ်ဂျက်လျာထားတာ ရှိပါသလား။ နိုင်ငံတကာချေးငွေတွေနဲ့ လုံလောက်မှု ရှိပါ သလား။

ဖြေ ။ ။ လက်ရှိကာကွယ်ဆေးတွေကို ဝယ်ယူဖို့အတွက် ကျမတို့လက်ရှိမှာ ဆိုလို့ရှိရင် ရည်မှန်းထားတဲ့ ဘတ်ဂျက်က တော့ ဒီဟာနဲ့ပတ်သက်လို့ အခုကျမတို့ ဘယ်လောက် ရာခိုင်နှုန်းတိုးမလဲပေါ့နော်။ ၂၀၂၁ မှာ ကျမတို့ ဒါ ၄၀ ရာခိုင်နှုန်း လောက် Cover လုပ်မယ်ပေါ့နော်။ အဲဒီအတွက် ၂၀ ရာခိုင်နှုန်းကတော့ WHO က ရမယ့် ၂၀ ရာခိုင်နှုန်းကတော့ ဝယ်မယ် ပေါ့နော်။ စသဖြင့် ဒါမျိုးတွေတော့ သက်ဆိုင်ရာ ဘတ်ဂျက်တွေ ခုနကပြောတဲ့ World Bank တို့ ကျမတို့ရဲ့ ရန်ပုံငွေတွေတို့ ဒါတွေနဲ့ ဝယ်မှာ ဖြစ်ပါတယ်။ ရှိပါတယ်။

မေး ။ ။ ကာကွယ်ဆေးတွေ ထိုးတဲ့အခါ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနကပဲ တာဝန်ယူမှာလား။ ပုဂ္ဂလိကတွေကိုရော ခွဲပေးဖို့ရှိလား။

ဖြေ ။ ။ ကာကွယ်ဆေးနဲ့ပတ်သက်လို့ ညှိုနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ပြောထားပြီး ဖြစ်ပါတယ်။ ဒီပုဂ္ဂလိ က ကျန်းမာရေးဌာနတွေကိုလည်း ကာကွယ်ဆေးဝယ်ယူခွင့်၊ ထိုးနှံ့ခွင့်တွေ ပေးသွားမှာလို့ ပြောထားပြီး ဖြစ်ပါတယ်။

မေး ။ ။ ကာကွယ်ရေးက ဝယ်ယူ၊ ဖြန့်ချီ၊ ထိုးနှံဆိုတဲ့ ပုံစံမျိုးတွေလုပ်တဲ့အခါမှာ မြန်မာအတွက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှု တွေက ဘာဖြစ်မလဲ။

ဖြေ ။ ။ ကျမတို့ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစီမံချက်ကတော့ ဒီကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ကတော့ နှစ်ပေါင်း ၁၉၇၈ ကတည်းကဆိုတော့ နှစ်ပေါင်းကတော့ ၃၀ ကျော် အတွေ့အကြုံတွေ ရှိပါတယ်။ ကာကွယ် ဆေးထိုးပေးနိုင်မယ့် Target အုပ်စုပေါ့။ ကလေးတွေကို ထိုးနှံပေးတဲ့ အစဉ်အလာတွေကလည်း ရှိပြီးသား ဖြစ်ပါတယ်။

အဲဒီတော့ ထိုးနှံပေးမယ့် လူတို့ လက်ရှိသုံးနေတဲ့ကာကွယ်ဆေး သိုလှောင်တဲ့စနစ်နဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေး ဖြစ်ရင် တော့ Cold Chain တွေ မတည်ဆောက်ရတဲ့အတွက် ဒါကတော့ ကုန်ကျမှုတွေ သက်သာမှာပေါ့နော်။ ဒီနေရာမှာတော့ စိန်ခေါ်မှုကတော့ ရှိမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အခါကျတော့ အခုလိုမျိုး Test တွေကို ကျမတို့ နိုင်ငံတော် အစိုး ရ အနေနဲ့ သေသေချာချာ လိုအပ်တဲ့သူတွေကို Test လုပ်တယ်။ Test လုပ်သင့်လုပ်ထိုက်တဲ့သူတွေကို ကျမတို့ အမြန် လုပ်တယ်။ လုပ်တဲ့အခါမှာဆိုလို့ရှိရင် ဒါတွေနဲ့ပတ်သက်ရင်တောင်မှ အောက်လမ်းကနေ တရားမဝင် နည်းလမ်းက နေပြီးတော့မှ နိုင်ငံအမျိုးမျိုးက Test အမျိုးမျိုးပေါ့နော်။ တချို့Test တွေဆိုလို့ရှိရင် တကယ့်ကိုမှန်ကန်မှု မရှိဘူး။ တော်တော်လေး မှားယွင်းတဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့နော်။

အဲတာမျိုးတွေလည်း ရှိလာတယ်။ ဒါ့အပြင်ကို ကိုယ့်ဟာကိုယ် Test စစ်မယ်ဆိုတဲ့ ဒါမျိုးတွေတောင် ရှိလာတယ် ဆိုတာက ကျတော့ ဘယ်သူမှ ခုနကပြောတဲ့ ဗဟိုအဆင့်ကြီးကြပ်ကွပ်ကဲရေး ကော်မတီရဲ့ အထက်မှာ မရှိပါဘူး။ အဲဒါဆိုတော့ မိမိ သဘောနဲ့ မိမိလုပ်ခွင့် မရှိပါဘူး။ ဒါကတော့ Test စစ်တာ ပြောတာပါ။ ဒီလောက်လွယ်ကူနေတာလည်း မဟုတ်ပါဘူး။ ဒီနောက်ကွယ်မှာ Test တွေ Positive ဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ Negative ဖြစ်ရင်ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ Contact တွေဘယ်လိုလုပ်မလဲ စသဖြင့် ဒါတွေက ကျမတို့သေသေချာချာ လုပ်ရမယ်။ ဒီသဘောပါပဲ။

ကာကွယ်ဆေးတွေရပြီဆိုရင်လည်း ကာကွယ်ဆေးတွေက နိုင်ငံအမျိုးမျိုး ကုမ္ပဏီအမျိုးမျိုးကနေပြီးတော့ နည်းလမ်း အ မျိုးမျိုးနဲ့ တရားဝင်လမ်းကြောင်းက ဝင်လာတာတွေရှိသလို တရားမဝင်လမ်းကြောင်းကနေပြီးတော့လည်း ဝင်လာတာတွေ ရှိတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ ကာကွယ်ဆေးအတုတွေ အရည်အသွေးအာနိသင့်မပြည့်တဲ့ ကာကွယ်ဆေးတွေ စမ်း သပ်နေဆဲဖြစ်တဲ့ ကာကွယ်ဆေးတွေ။

နောက်တခုကကျတော့ အာမခံချက် တကယ့်ကို မရှိဘူးပေါ့ Documented ပေါ့ သုသေတနပြုလုပ်ထားခြင်း မရှိတဲ့ ကာ ကွယ်ဆေးတွေ တကယ်လို့ကောင်းမွန်တဲ့ ကာကွယ်ဆေးဆိုရင်တောင်မှ ဒီကာကွယ်ဆေးကိုတုပပြီးလုပ်တဲ့ အတုတွေ ဒါမျိုးတွေကလည်း အများကြီး ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါကတော့အတုပြဿနာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကလည်း ဘယ်မှာမဆို Demand များတဲ့ လိုချင်တဲ့သူများတဲ့ ပစ္စည်းပစ္စယ မှန်သမျှ ဒီလိုအတု ပြဿနာကလည်း ဒါကလည်း ကျမတို့ ရင်ဆိုင်ရမယ့် အခက်အခဲ ဖြစ်ပါတယ်။

နောက်ရင်ဆိုင်ရမယ့်အခက်အခဲကတော့ ဦးတည်အုပ်စုတွေ တကယ့်ကိုအန္တရာယ်ရှိတဲ့အုပ်စုတွေကို ကာကွယ်ဆေး ထိုး ပေးတဲ့နေရာမှာ သူ့တော့ထိုးပေးတယ်၊ ငါတော့မရဘူး။ ကျမတော့ထိုးချင်တယ် စသဖြင့် ဒီလိုမျိုး ကာကွယ်ဆေးနဲ့ ပတ် သက်တဲ့အခါကျတော့ Demand တွေ အရမ်းများပြီးတော့ ဒီနေရာမှာ စိတ်ဝမ်းကွဲမှုတွေ။ ဒါမျိုးတွေလည်း ဖြစ်လာနိုင်ပါ တယ်။

တကယ့်တကယ်ကျလို့ ရှိရင်တော့ ကျမတို့အကုန်လုံးက နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောင်မှာ တစိတ်တဝမ်းတည်း လိုက်ပါပြီးတဲ့အခါကျတော့ ဒါကိုလုပ်ပါ။ ခုနကပြောသလိုပေါ့နော်၊ ဒီလိုစည်းကမ်းတွေကိုလိုက်နာပါ။ ရောဂါ မကူးစက် အောင် ဒီလိုစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကိုတော့ ဘယ်သူတွေကိုထိုးပေးမယ် ဦးစား ပေး ဘယ်သူတွေထိုးပေးတဲ့ဥစ္စာကို သဘောတူကြည်ဖြူပြီးတဲ့အခါကျတော့ ကိုယ့်အလှည့်ရောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့် ပြီးတော့ ဒီကြားထဲမှာ ထိုးပြီးတဲ့သူကော မထိုးရသေးတဲသူကော လုပ်ဆောင်နေရမယ့် ရောဂါ ကာကွယ်ရေး နည်းလမ်း တွေကို ဆက်လက်ကျင့်သုံးဖို့လိုပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးထိုးပြီးတိုင်း ၁၀၀ ရာခိုင်နှုန်းထိုးပြီးလို့ ၁၀၀ ကိုယ်ခံ အားရတာမဟုတ်ပါဘူး။ ဒါလေးကိုသိစေချင်ပါတယ်။

ကာကွယ်ဆေးထိုးတယ်ဆိုတာက လူကောင်းတွေ ထိုးတာဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့သူ ထိုးတာ မဟုတ်ပါဘူး။ အဲဒီတော့ ကျမတို့လူတွေကိုလည်း ကျမတို့က စိတ်ချရပြီးတော့ ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေး ချင်ပါတယ်။ ထိုးပေးဖို့လည်း ကျမတို့ ဆောင်ရွက်နေတဲ့အပိုင်းမှာဆိုလို့ရှိရင် မလောဖို့ လိုပါတယ်။ နောက်တခုက ရောဂါ ဖြစ်ပွားနိုင်ချေများ ရှိတဲ့အုပ်စုတွေ ဖြစ်ပွားရင် သေနိုင်တဲ့လူ အုပ်စုတွေကို ထိုးထားခြင်းအားဖြင့် သူတို့တွေ ရောဂါဖြစ်ပွား သေဆုံးမှုလျော့လို့ရှိရင် ကျမတို့နိုင်ငံကလည်း ပြန်ပြီးတော့ ရောဂါဖြစ်ပွားမှုတွေကို အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ထားပါတော့ လူငယ်ဖြစ်ရင် ရောဂါဆိုးဆိုးရွားရွား မဖြစ်ဘူး။ သာမန်လောက်ပဲဖြစ်မယ်ဆိုရင်သူတို့တွေက ဦးစားပေး အ ဆင့်ထဲမှာ မပါသင့်ပါဘူး။ အဲဒီတော့ ဖြစ်လို့ရှိရင် ကိုယ့်မိဘတွေ ကိုယ့်ဘိုးဘွားတွေ ဖြစ်လိုက်လို့ရှိရင် နောက်ခံရောဂါရှိ မယ်ဖြစ်ရင် သေနိုင်တဲ့သူတွေကို ထိုးပေးခြင်းအားဖြင့် သူတို့တွေရဲ့ တန်ဖိုးရှိလှတဲ့ အသက်တွေ အများကြီးကို ကယ်တင် နိုင်မှာ ဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဦးစားပေးထိုးရတာလည်း ကျန်းမာရေးဝန်ထမ်းတွေ ကျန်းမာနေမှ ရောဂါ ဖြစ်ပွားတဲ့ သူတွေကို ကုသပေးနိုင်မှာ ဖြစ်တယ်။

ဒါမျိုးတွေပေါ့နော်။ အနောက်ကနေပြီးတော့ ထိုးပေးနိုင်တဲ့ ဦးစားပေးအုပ်စုဆိုတာ ကျမတို့ဘာသာလုပ်ထားတာ မလုပ်ပါ ဘူး။ နိုင်ငံတကာ Guide Line တွေ ကျမတို့နိုင်ငံရဲ့ ရောဂါဖြစ်ပွားတဲ့ အသက်အရွယ်တွေ ရောဂါဖြစ်ပွားတဲ့ သူ့ရဲ့ နောက်ခံ ရောဂါတွေ အသက်အရွယ်အုပ်စု စသဖြင့် ဒါတွေအကုန်အလုံးမှာ အခြေပြု စဉ်းစားထားတာဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကာကွယ်ဆေးတကယ်လို့ရလာလို့ သက်ဆိုင်ရာ ဦးစားပေးအုပ်စုလိုက် ထိုးနှံတဲ့ကိစ္စမှာလည်း အားလုံးက ပူးပေါင်းပါဝင် ကူညီဖို့ လိုပါတယ်။ ဒါမှသာကျမတို့ စိန်ခေါ်မှုတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

You may also like these stories:

မြန်မာ့ ကိုဗစ်ကျရှုံးမှုက ထိုင်း အောင်ပွဲကို ခြိမ်းခြောက်နေ

အိုင်တီနည်းပညာဖြင့် ကိုဗစ် ၁၉ ကို တွန်းလှန်ခြင်း

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းတွင် ဒေသန္တရ အမိန့်ထုတ်

]]>
တပါတီတည်း အနိုင်ရသော်လည်း အစိုးရကို ထိန်းကျောင်းခွင့် ရှိကြောင်း NLD ဒုဥက္ကဋ္ဌ ပြော https://burma.irrawaddy.com/news/2020/12/02/234236.html Wed, 02 Dec 2020 11:33:37 +0000 https://burma.irrawaddy.com/lytbox/?p=234236 NLD ပါတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် / သီဟလွင် / ဧရာဝတီလွှတ်တော်တွင်း ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေများစွာရှိရာ ပြင်သင့်ပြင်ထိုက်သည့် ဥပဒေများကို အလုံးစုံ သုံးသပ်ပြီး ပြင်ဆင်ပါက ယခုအစိုးရနှင့် လွှတ်တော် အပိုင်းတွင် ကိုယ့်အချင်းချင်း ဖြစ်နေ၍ ဥပဒေများ ပြင်ဆင်မှု၌ ယခင် ထက် ပွတ်တိုက်မှု နည်းသွားမည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ထင်မြင်ယူဆသည်။]]> NLD ပါတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် / သီဟလွင် / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ တိုင်းဒေသကြီး ၅ ခုတွင် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကသာ လွှတ်တော်တွင်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး တပါတီတည်း ဖြစ်နေသော်လည်း အစိုးရကို ထိန်းကျောင်းခွင့် ရှိသည် ဟု NLD ဒု ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၁ ရက်က ပြန်လည် စတင်လိုက်သည့် မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များ နှင့်တွေ့ဆုံစဉ် ဒေါက်တာ ဇော်မြင့်မောင် က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော မန္တလေးတိုင်း အပါအဝင်၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း လွှတ်တော်များအတွက် ရွေးကောက်ခံရသည့် မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီ တခုတည်းကသာ အနိုင်ရရှိခဲ့သည်။

ထိုသို့ အတိုက်အခံ မရှိသည့် လွှတ်တော်များတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းများ အားနည်းလာနိုင်သည် ဟု ဝေဖန်မှုများလည်း ရှိနေခြင်းအပေါ် ဒေါက်တာ ဇော်မြင့်မောင်ကို သတင်းထောက်အချို့က မေးခွန်း ထုတ်ခဲ့သည်။

ဒေါက်တာ ဇော်မြင့်မောင်က “တပါတီထဲမှာလည်း ဒါ ထိန်းကျောင်းခွင့် ရှိတယ်။ အခု အဲဒီဟာကို ဇောင်းပေးနေကြတယ်။ အဲဒီတော့ လွှတ်တော်ရဲ့ မူလတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး။ ခေါ်တာကိုက ဥပဒေပြုရေးမဏ္ဍိုင်ကြီးလို့ ခေါ်တာ ဥပဒေပြုတဲ့ ဘက်ကို စဉ်းစားစေချင်တာ” ဟု ပြောသည်။

လွှတ်တော်တွင်း ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေများစွာရှိရာ ပြင်သင့်ပြင်ထိုက်သည့် ဥပဒေများကို အလုံးစုံ သုံးသပ်ပြီး ပြင်ဆင်ပါက ယခုအစိုးရနှင့် လွှတ်တော် အပိုင်းတွင် ကိုယ့်အချင်းချင်း ဖြစ်နေ၍ ဥပဒေများ ပြင်ဆင်မှု၌ ယခင် ထက် ပွတ်တိုက်မှု နည်းသွားမည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ထင်မြင်ယူဆသည်။

၎င်းက ဆက်၍ “နောက်တချက်က ဘာလဲဆိုရင် ကယားရဲ့ဟာကို ကျနော်တို့ သင်ခန်းစာ ယူထားတယ်။ ဒါတော့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ လွှတ်တော် အဖွဲ့အစည်းဆိုတာ အစိုးရအဖွဲ့ကို ဖြုတ်ချလို့ရတယ် ဆိုတဲ့ အတွေးမျိုး မရှိကို မရှိစေချင်ဘူး။ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဒါပဲ။ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွက် ဒီဟာကိုပဲ စဉ်းစားရမှာ” ဟု ဆို သည်။

၂၀၁၅ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာသည့် လွှတ်တော် သက်တမ်းတွင်း NLD ပါတီဝင် အများစု လွှမ်းမိုးထားသည့် ကယားပြည်နယ် လွှတ်တော်တွင် လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချသည့်ဖြစ်ရပ်များ၊ ရန်ကုန် တိုင်း လွှတ်တော်တွင်၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီအရင်ခံစာကို ဆွေးနွေးခဲ့စဉ်က ရန်ကုန်တိုင်း အစိုးရ၏ လုပ် ထုံးလုပ်နည်းနှင့် မညီညွတ်သည့် အားနည်းချက်များ ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သောကြောင့် လွှတ်တော်နှင့် တိုင်း အစိုးရကြား အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းခဲ့သည့် ဖြစ်ရပ်များ ဟု ဆိုကြသည်။

ထို့ပြင် မွန်ပြည်နယ် လွှတ်တော်တွင်လည်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ကျိုက်မရောမြို့နယ် ရာဘာနီ ကုန်းကျေးရွာရှိ မြေယာကိစ္စမေးခွန်း မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတဦးက လာရာက်ဖြေကြားရာ၌ မပြည့်စုံ၍ ဆက်စပ် မေးခွန်းများမေးမြန်းရာမှ အချေအတင်ဖြစ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့သည့် ဖြစ်စဉ်များရှိပြီး ထိုဆွေးနွေးချက်များကို ပြည်သူများက အားရကျေနပ်ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော်မှာမူ NLD ပါတီဝင်များလွှမ်းမိုးသော်လည်း မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှာ ပါတီ၏ အကြီးအကဲ ဖြစ်သောကြောင့် လွှတ်တော်နှင့်အစိုးရအဖွဲ့ အပြန်အလှန် ထိန်းကျောင်းမှု အားနည်းပြီး ဝန်ကြီးချုပ်က လွှတ်တော်အပေါ် လွှမ်းမိုးမှုများရှိနေသည် ဆိုသည့် ဝေဖန်ချက်များရှိနေရာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကမူ ထို အချက်ကို ငြင်းဆိုသည်။

ဒေါက်တာ ဇော်မြင့်မောင်က “ဒီမန္တလေးတိုင်း လွှတ်တော်ကို ကျနော် ပွင့်ပွင့်လင်းလင်းပြောမယ်။ တခါမှ ဝင်မစွက်ဖက် ဖူးဘူး။ ကြိုက်တာလုပ်၊ ဒါပေမယ့် ဥပဒေအတိုင်းပဲ ဖြစ်ရမယ်” ဟု ပြောသည်။

မန္တလေးတိုင်း လွှတ်တော်မှာ ရန်ကုန်၊ ကယား၊ မွန် စသည့် တိုင်းနှင့်ပြည်နယ်များကဲ့သို့ လှုပ်ခတ်မှု မရှိဘဲ ပုံမှန်သာသွားနေ ကြောင်း၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပါတီအကြီးအကဲ ဖြစ်သောကြောင့် လွှတ်တော်က စိုးရွံ့မှုများ ရှိနိုင်ပြီး လွှမ်းမိုးမှု မရှိ သော်လည်း လွှတ်တော်ဘက်မှ ဝန်ကြီးချုပ်ကို ဆန့်ကျင်သည့် အလုပ်များ လုပ်မည် မဟုတ်ကြောင်း မန္တလေးအခြေစိုက် သတင်းစာ ဆရာ ဦးစန်းယုကျော်က သုံးသပ်သည်။

ဦးစန်းယုကျော်က “ရိုးရိုးလေးပဲ စဉ်းစား။ သူတို့ကို မေးရင်တော့ မလွှမ်းမိုးဘူးလို့ ပြောမှာပေါ့” ဟု ပြောသည်။

လာမည့် လွှတ်တော် သက်တမ်းတွင်မူ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အပါအဝင် တိုင်းဒေသကြီး လွှတ်တော် ၅ ခု တွင် တပ်မတော်သား ကိုယ်စားလှယ်များ ရှိမည်ဖြစ်သော်လည်း ၎င်းတို့သည့် အတိုက်အခံ မဟုတ်ကြောင်း၊ ရွေးကောက်ခံ အတိုက်အခံများ မရှိသည့်အတွက် လွှတ်တော်အတွင်း ဒီမိုကရေစီအားလျော့နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“လာမယ့် ၅ နှစ် အဓိကကျမှာက အရပ်ဘက် အဖွဲ့အစည်းတွေ၊ လွှတ်တော် ပြင်ပ နိုင်ငံရေးပါတီတွေ မီဒီယာတွေ သူတို့က လွှတ်တော်ရော အစိုးရကိုရော ပိုပြီးတော့ ထိန်းကျောင်းဖို့ တာဝန်ရှိတယ်။ အဲဒါဆိုရင်တော့ Check and Balance တအား ကြီး ပျက်သွားတာမျိုးလောက်တော့ မရှိလောက်ဘူး” ဟု ဦးစန်းယုကျော်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိုလွှတ်တော်များတွင် တပ်မတော်သား၂၅ ရာခိုင်နှုန်းသည့် ရွေးချယ်ခံစရာ မလိုဘဲ အလိုအလျှောက် နေရာရကြမည် ဖြစ်သည်။

တပ်မတော်သည် နိုင်ငံရေး ပါတီ မဟုတ်သလို လွှတ်တော်တွင်း အတိုက်အခံအဖြစ်လည်း ရပ်တည်မည် မဟုတ်ဘဲ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းများနှင့် အပြုသဘောဆောင်သည့် ထောက်ပြချက်များကိုသာ ပြုလုပ်မည် ဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က နေ ပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်အရ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များက အစိုးရကို ရွေးချယ်ပေးရသည့် ပုံစံဖြစ်သောကြောင့် ရွေးကောက်ပွဲနိုင်သည့်ပါတီမှာ မည်သည့်ပါတီဖြစ်ပါစေ လွှတ်တော်က အစိုးရကို ထိန်းကျောင်းနိုင်သည့် အခြေအနေတွင် မရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦအောင်လှိုင် ဝင်းက ပြောသည်။

ဦးအောင်လှိုင်ဝင်းက “ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ ပြည်သူတွေကလည်း အစိုးရကို ရွေးပေးတယ်လို့ မြင်နေတာ။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့တာဝန်သည် ကျနော်တို့ဆိုရင် အစိုးရကို ဝေဖန်ထောက်ပြတာတွေ ပြောတဲ့အခါမှာ တချို့ ပြည်သူတွေက အဲဒါတွေပြောတယ်။ အစိုးရကို ထောက်ပံ့ပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ပြည်သူတွေက ထင်နေတာ” ဟု ပြောသည်။

ရွေးကောက်ပွဲ အနိုင်ရ၍ တက်လာသည့် အစိုးရသည် အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာကို ရရှိသလို နိုင်ငံ၏ အရေးကြီးဆုံး ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တက်လာသည့် အစိုးရက ခန့်အပ်သောကြောင့် တရားစီရင်ရေး အာဏာပါ ရရှိသလိုဖြစ်သွားပြီး အစိုးရက အာဏာ ၃ ရပ်လုံးကို ချုပ်ကိုင်ထားသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“NLD ကြောင့်လည်း မဟုတ်ဘူး။ ကြံ့ခိုင်ရေးကြောင့်လည်းမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီအတိုင်း ဖြစ်နေ တာ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ စုစုပေါင် ၉၂၀ အနိုင်ရရှိခဲ့ပြီး လာမည့် ငါးနှစ်သက်တမ်း အတွက် အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။

ယင်းပါတီနောက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၇၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုအဖွဲ့ချုပ်က ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာ စသဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

You may also like these stories:

အစိုးရသစ်မှာ လူရွေးမှန်ဖို့ ဖိအားတွေ NLD ရင်ဆိုင်နေရ

]]>
မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက် https://burma.irrawaddy.com/news/2020/11/25/233952.html Wed, 25 Nov 2020 13:38:44 +0000 https://burma.irrawaddy.com/lytbox/?p=233952 မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ကျောက်တိုင်(BP-125)အနီး နှစ်ဖက်ညှိနှိုင်းတိုင်းတာနေစဉ်  / ဦးငွေဒိုးတပ်မတော်က ကန့်ကွက်စာပေးပို့ခဲ့သလို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ကလည်း နယ်ခြား မှတ်တိုင် ၁၂၅ နှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်မှ ခရိုင်၂ ခုစလုံးသို့ ကန့်ကွက်စာများ ပေးပို့ခဲ့ပြီး ခြံစည်းရိုး ကာရံနေ သည့် နေရာသို့ ကွင်းဆင်း၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် တရုတ်ဘက်မှ လုပ်ငန်းများ ရပ်နားထားကြောင်း ]]> မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ကျောက်တိုင်(BP-125)အနီး နှစ်ဖက်ညှိနှိုင်းတိုင်းတာနေစဉ်  / ဦးငွေဒိုး

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ရှိ နယ်ခြားမှတ်တိုင်အနီး၌ တရုတ်ဘက်မှ ခြံစည်း ရိုးကာရံမှုကို ယင်းဒေသရှိ နယ်မြေခံတပ်ရင်းမှ တရုတ်နိုင်ငံဘက်သို့ ကန့်ကွက်လွှာ ပေးပို့ထားကြောင်း တပ်မတော် ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ၂၄ ရက်တွင် ဧရာဝတီသို့ ပြောသည်။

နယ်ခြားမှတ်တိုင် ၁၂၅ အနီး ခြံစည်းရိုးခတ်သည့် ဖြစ်စဉ်အပြင် နိုဝင်ဘာ ၁၇ ရက်ကလည်း နယ်ခြားမှတ်တိုင် ၁၂၁ နှင့် ၁၂၂ အကြားတွင်လည်း ခြံစည်းရိုးတိုင်၂၅ တိုင် စိုက်ကာ အလျားမီတာ ၁၀၀ နီးပါးကို တရုတ်ဘက်မှ ခြံစည်းရိုးကာရံသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်လွှာ ပေးပို့ရသည်ဟု ဆိုသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “အဲဒီဘက်မှာ ရှိနေတဲ့ နယ်မြေခံ တပ်ကနေ တရုတ်ဘက်ကို ကန့်ကွက်လွှာပေးပို့ခဲ့တာ ရှိတယ်။ ကန့်ကွက်လွှာထဲမှာတော့ ၁၉၆၁ ခုနှစ် မြန်မာ- တရုတ် နယ်နိမိတ် အခြေပြ စာချုပ်ပါ အတိုင်းပဲ ကန့်ကွက်ခဲ့တယ်” ဟု ပြောဆိုသည်။

၁၉၆၁ ခုနှစ် မြန်မာ-တရုတ် နယ်နိမိတ် အခြေပြစာချုပ်တွင် ပါဝင်သည့် အချက် တချက်ဖြစ်သော နယ်နိမိတ်မျဉ်းကြောင်း ၏ တဖက်တချက် ၁၀ မီတာပေါ်တွင် မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခြင်း မပြုရ ဆိုသည့် အချက်ကို အဓိက အခြေခံကာ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တပ်မတော်က ကန့်ကွက်စာ ပေးပို့ခဲ့သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကလည်း နယ်ခြားမှတ်တိုင် ၁၂၅ နှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်မှ ခရိုင်၂ ခုစလုံးသို့ ကန့်ကွက်စာများ ပေးပို့ခဲ့ပြီး ခြံစည်းရိုး ကာရံနေသည့် နေရာသို့ ကွင်းဆင်း၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် တရုတ်ဘက်မှ လုပ်ငန်းများ ရပ်နားထားကြောင်း သိရသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က “ကျနော်တို့ ကန့်ကွက်စာနဲ့ ပို့ထားတာက တော့ နောက်ဆက်တွဲတော့ သိပ်မရှိပါဘူး။ လုပ်ငန်းတွေကတော့ လောလောဆယ်တော့ ရပ်ထားပါတယ်။ သူတို့က ရပ် ထားပေးမယ်လို့ ပြောထားတယ်” ဟု ပြောဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ကျောက်တိုင်(BP-125)အနီး နှစ်ဖက်ညှိနှိုင်းတိုင်းတာနေစဉ် (ဓာတ်ပုံ-ဦးငွေဒိုး)

ယခုကဲ့သို့ နယ်ခြားကျောက်တိုင်များ အနီးရှိ နယ်စပ်မျဉ်းကြောင်း ဧရိယာများတွင် စည်းရိုးကာရံမှုများ ပြုလုပ်ရခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ရန်ဖြစ်ပြီး နှစ်နိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်သန်း ဝင်ရောက်မှုများ မပြုလုပ်နိုင်စေရန် ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ဘက်မှ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် ခြံစည်းရိုးကာရံသည့် လုပ်ငန်းများကို ပြုလုပ်မည်ဆိုပါက တဖက်သို့ ကြိုတင် အကြောင်းကြားပြီး ညှိနှိုင်းမှုများ ပြေလည်မှသာ လုပ်ဆောင်သင့်ကြောင်း၊ အင်းအားကြီး နိုင်ငံဖြစ်သောကြောင့် တဖက်နိုင်ငံကို လေးစာမှု မရှိ ဘဲ မိမိတို့ သဘောတခုတည်းဖြင့်သာ လုပ်ဆောင်သည့် လုပ်ရပ်များကို လက်မခံနိုင်ကြောင်း အမည်မဖော်လိုသော လောက်ကိုင် ဒေသခံတဦးက ပြောသည်။

“ဒါက ကျူးကျော်တဲ့ သဘောပေါ့။ ဒီအိမ်ရှင်တောင်မှ အသိမပေးဘဲနဲ့ သူတို့သဘောနဲ့သူတို့ ခတ်တယ် ဆိုတော့ ဒါက မကောင်းဘူး။ ဘယ်သူမှလည်း မကြိုက်ဘူး။ ဒီလို လုပ်ရပ်မျိုးကို ရှုတ်ချတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံမှာ ကမာ္ဘ့အင်အားကြီး နိုင်ငံတခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ အင်အားသေးငယ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်နေသော ကြောင့် အင်အားချင်း ကွာခြားသည့် သဘောရှိပြီး နှစ်နိုင်ငံ နယ်စပ်ပြဿနာများတွင် တရုတ်၏ အိမ်နီးချင်းကောင်း မပီသ သည့် လုပ်ရပ်မျိုးကို တွေ့ရကြောင်း ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး က သုံးသပ်သည်။

၎င်းက “အိမ်နီးချင်းကောင်း မပီသတာပေါ့။ ကျနော်တို့ နိုင်ငံက အဘက်ဘက်က အားနည်းနေတဲ့အခါကျတော့ အမြဲတမ်း အဲဒီလိုပဲ သူတို့ရဲ့ အနိုင်ကျင့်တဲ့ သဘောမျိုး တွေ့ရတယ်။ ဒီလိုမျိုး ပြဿနာတွေက နှစ်နိုင်ငံ ချစ်ကြည်ရေး ရင်းနှီးမှုနဲ့ ပထဝီ နိုင်ငံရေး ဆက်ဆံရေး ပြေလည်မှသာလျှင် ဒါတွေက ပြေလည်မယ်လို့ မြင်တယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ်ခန့်မှ စတင်က မြန်မာ-တရုတ် နှစ်နိုင်ငံကြား အလံတိုင် စိုက်ခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း စသည့် ၂ နိုင်ငံ နယ်နိမိတ်ပြဿနာများ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့ပြီး ၂ နိုင်ငံအစိုးရများက ပြေလည်အောင် ညှိနှိုင်း ဖြေရှင်းနေရ သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလလည်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်း မြေပုံညွှန်း (MF-824965) ရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄.၇) မီတာခန့် အကွာတွင် စိုက်ထူထားသော မြန်မာနိုင်ငံ အလံတိုင်နေရာသို့ တရုတ်နယ်ခြားစောင့် တပ်မှ ဝင်ရောက် ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ကျောက်တိုင်(BP-125)အနီး နှစ်ဖက်ညှိနှိုင်းတိုင်းတာနေစဉ် (ဓာတ်ပုံ-ဦးငွေဒိုး)

မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံထိစပ်သည့် နှစ်နိုင်ငံ နယ်နိမိတ်သည် မိုင်ပေါင်း ၁၃၇၀ ခန့် ရှိပြီး မြန်မာ-တရုတ်နယ်နိမိတ် ပြသနာဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ရက်နေ့ ပီကင်းမြို့ (ယခု ဘေဂျင်းမြို့)တွင် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့က စတင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး၊ နယ်နိမိတ်စာချုပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အာဏာကုန် လွှဲအပ်ခံရသည့် ကိုယ်စားလှယ် ဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ပြည်သူ့ သမတနိုင်ငံ အာဏာကုန်လွှဲအပ်ခံရသည့် ဝန်ကြီးချုပ် ချူအင်လိုင်းတို့မှ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ပီကင်းမြို့တွင် အတည်ပြုချုပ်ဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့် ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးထားခဲ့ကြောင်း သိရ သည်။

ထို သဘောတူစာချုပ်ပါ အခြေအနေများ အပါအဝင် လက်ရှိ မြန်မာ- တရုတ် နယ်စပ် အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆွေးနွေးနေသလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ် ပေါ်လာရေးအတွက် ပူးတွဲ ရည်မှန်းချက်တခုကို ဖော်ဆောင်ရန်လည်း မြန်မာအစိုးရက ကြိုးပမ်းလျက်ရှိသည်။

You may also like these stories:

မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်

မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့် သဘောတူညီမှု ရ
တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ

၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ

]]>
နေပြည်တော်တွင် ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျလာ https://burma.irrawaddy.com/news/2020/11/16/233457.html Mon, 16 Nov 2020 14:22:37 +0000 https://burma.irrawaddy.com/lytbox/?p=233457 ၂၀၂၀ စက်တင်ဘာလအတွင်းက နေပြည်တော်အဝင်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ဆေးစစ်ရန် ဆောင်ရွက်နေစဉ် / သီဟလွင် /  ဧရာဝတီကူးစက်မှုနှုန်း လျော့ကျသွားသော်လည်း နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ပင် နေထိုင်ပြီး ခရီးသွား ရာဇဝင် မရှိ၊ ကူးစက်သူများနှင့် ထိတွေ့ခဲ့သည့် ရင်းမြစ် (Source)ကို တိတိကျကျ မသိရဘဲ အခြားရောဂါဖြင့် ဆေးရုံ ဆေးခန်းများကို လာရောက် ပြသစဉ် ဆေးစစ်ရာမှ ရောဂါပိုးတွေ့ရှိသူများလည်း ရှိနေသေးသည် ]]> ၂၀၂၀ စက်တင်ဘာလအတွင်းက နေပြည်တော်အဝင်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ဆေးစစ်ရန် ဆောင်ရွက်နေစဉ် / သီဟလွင် /  ဧရာဝတီ

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် ကူးစက်မှုများ မလျော့ကျသေးသော်လည်း အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ လျော့ကျလာကြောင်း နေပြည်တော်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

နေပြည်တော်၌ ပြီးခဲ့သည် အောက်တိုဘာလ ၁ လလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၈၈ ဦးထိ ရှိခဲ့ပြီး ယခု နိုဝင်ဘာ လတွင် လတဝက် ဖြစ်သည့် ယနေ့(နိုဝင်ဘာ-၁၆)ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၃၇ ဦးသာ ရှိသေးသောကြောင့် ယခင် လနှင့် နှိုင်းယှဉ်ပါက ကူးစက်ခံရသူ လျော့ကျလာခြင်းဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒု ညွှန် ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး က ပြောသည်။

အောက်တိုဘာလက ရောဂါပိုး တွေ့ရှိခဲ့သည့် ၁၈၈ ဦးတွင် အသွားအလာ ကန့်သတ်ထားသူ(ကွာရန်တင်းစင်တာ)မှ ၁၅၂ ဦး၊ ယာဉ်မောင်းများကို စစ်ဆေးမှု(Check Up)မှ ၁၇ ဦး၊ ခရီးသွား ရာဇဝင်မရှိ၊ ရင်းမြစ် (Source) တိတိကျကျ မသိရဘဲ ကူး စက်ခံရသူ ၁၉ ဦး ပါဝင်သည်။

နိုင်ဝင်ဘာလတွင်မူ ကူးစက်ခံရသူ ၃၇ ဦးတွင် အသွားအလာ ကန့်သတ်ထားသူ (ကွာရန်တင်း)မှ ၃၁ ဦး၊ ယာဉ်မောင်း များကို စစ်ဆေးမှု (Check Up)မှ ၄ ဦးနှင့် ခရီးသွား ရာဇဝင်မရှိ၊ ရင်းမြစ် (Source) တိတိကျကျ မသိရဘဲ ကူးစက်ခံရသူ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ယင်းအချက်အလက်များအရ ရောဂါပိုး ကူးစက်ခံရမှု လျော့ကျလာသည်ကိုတွေ့နိုင်ပြီး ပိုးတွေ့ရှိသူ အများစုမှာလည်း အသွားအလာ ကန့်သတ်ထားသူများနှင့် နေပြည်တော်သို့ မြို့ဝင် စစ်ဆေးရေးဂိတ်များမှတဆင့် ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ခဲ့သူများမှ ပိုးတွေ့ရှိသူများဖြစ်သည်ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဆိုသည်။

ဒေါက်တာ မြတ်ဝဏ္ဏစိုးက “အခု အနေအထားထိ ဆိုရင်တော့ ကျနော်တို့က အတိုင်းအတာတခု အထိတော့ ထိန်းချုပ် နိုင်ပါတယ်။ အဲဒီလို ထိန်းချုပ်နိုင်တာရဲ့ အဓိကအကြောင်းအရင်း ကျနော်မြင်တာကတော့ နေပြည်တော်ကို ဝင်ရောက်တဲ့ အခါမှာ အားလုံးကို မဖြစ်မနေ ဆေးစစ်တဲ့ အစီအစဉ်ဆောင်ရွက်တဲ့အတွက် ထိန်းချုပ်နိုင်တယ်လို့ ပြောချင်ပါတယ်” ဟုပြောသည်။

ထိုကဲ့သို့ ပြင်ပမှလာရောက်သူများကို ကွာရန်တင်းစင်တာများကို ပို့ဆောင်မှု မလုပ်ခြင်း၊ ဆေးစစ်သည့် လုပ်ငန်းစဉ်များ မလုပ်ဘဲ လွှတ်ပေးလိုက်ပါက မိမိတို့၏ရပ်ရွာများတွင်အတွင်း စီးဝင်ပျံ့နှံ့သွားပြီ ဒေသတွင်းကူးစက်မှုအခြေအနေများထိ ရောက်နိုင်သည့် အခြေအနေများလည်းရှိကြောင်း ၎င်းက ပြောဆိုသည်။

ထိုသို့ ကူးစက်မှုနှုန်း လျော့ကျသွားသော်လည်း နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ပင် နေထိုင်ပြီး ခရီးသွား ရာဇဝင် မရှိ၊ ကူးစက်သူများနှင့် ထိတွေ့ခဲ့သည့် ရင်းမြစ် (Source)ကို တိတိကျကျ မသိရဘဲ အခြားရောဂါဖြင့် ဆေးရုံဆေးခန်းများ ကို လာရောက် ပြသစဉ် ဆေးစစ်ရာမှ ရောဂါပိုးတွေ့ရှိသူများလည်း ရှိနေသေးသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်သူ တဦးမှာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ လာ ရောက် ပြသစဉ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ထပ်မံ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၎င်း၏ မိသားစုဝင် ၃ ဦးတွင် လည်း ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်။

ထို့ကြောင့် ၎င်းတို့နှင့် ထိစပ်သူ လူ၂၀ ခန့်ကို အသွားအလာ အကန့်အသတ် ထားရှိခဲ့ပြီး ယင်း လူ ၂၀ ကို ပထမတကြိမ် စစ်ဆေးမှုတွင် Negative အဖြေ ထွက်ရှိထားကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ဒေသတွင်း ကူးစက်မှု ဖြစ် သောကြောင့် ပိုမို သတိထားရကြောင်း၊ ထိစပ်သူတချို့ကွာရန်တင်း ဝင်ရောက်နေသော်လည်း ကွာရန်တင်း ဝင်ရောက် သင့်သူတချို့ အပြင်တွင် ကျန်နိုင်သေးကြောင်းနှင့် ရောဂါပိုး၏ အခြေအနေ စောင့်ကြည့်ရမည် ဖြစ်သောကြောင့် တဦးချင်း အလိုက် ဂရုစိုက် ဆင်ခြင်စွာ နေသင့်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံမှုမှ ပြန်လည်ကျန်းမာလာသော နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင်နေထိုင်သူ အမျိုးသမီး တဦးက “လူစုလူဝေး ရှောင်နိုင်တာတော့ အကောင်းဆုံးပေါ့။ ညီမတို့လိုအလုပ်တွေ တခြားလူစုလူဝေးရှောင်လို့မရတဲ့ အလုပ်တွေဆိုရင်တော့ ကိုယ်ခံအားကောင်းအောင် လုပ်ပြီး တိုက်ထုတ်နိုင်ဖို့ အရေးကြီးတယ်၊ အခုက မစစ်လို့ မတွေ့ကြတာလေ” ဟု ပြောသည်။

ယခုအချိန် ရာသီအကူးအပြောင်းတွင် ဖျားနာမှုများဖြစ်လာပါကလည်း ဆေးရုံဆေးခန်းများသွားရန် ခက်ခဲကြောင်း၊ ဖျားနာ ချောင်းဆိုး လက္ခဏာများဖြစ်လာပါက ရပ်ကွက်ဆေးခန်းများက လက်မခံဘဲ အစိုးရဆေးရုံကြီးသို့သာ တိုက်ရိုက် စေလွှတ် ကြသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာရက် မနက်ပိုင်းအထိ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှာ ဇမ္ဗူသီရိမြို့နယ်တွင် ၁၀၆ ဦး၊ ဒက္ခိဏသီရိတွင် ၂၀ ဦး၊ ဥတ္ကရသီရိတွင် ၁၄ ဦး၊ ပုဗ္ဗသီရိ ၄၁ ဦး၊ ဇေယျာသီရိတွင် ၁၉ ဦး၊ ပျဉ်းမနားတွင် ၆၆ ဦး၊ လယ်ဝေးတွင် ၅၂ ဦး၊တပ်ကုန်းမြို့နယ်တွင် ၁၁ ဦးနှင့် နယ်မြေပြင်ပမှ ဝင်လာသူ ၃၀ ဦးတို့ဖြစ်ပြီးစုစုပေါင်း ၃၅၉ ဦး အထိ ရှိလာပြီဖြစ်သည်။

ယင်းလူနာ ၃၅၉ ဦးအနက် လက်ရှိ ဆေးရုံတွင်တက်ရောက်ကုသနေသူ ၄၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၀၉ ဦးနှင့် သေဆုံး ၅ ဦးတို့ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည်။

တကျော့ပြန် ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် နေပြည်တော်ကို စက်တင်ဘာ ၂ ရက်မှ စတင်ကာ အဝင် အထွက်များ တင်းကျပ်ခဲ့သည်မှာ ယနေ့ထိဖြစ်သည်။

အစိုးရဝန်ကြီး ဌာနရုံးလုပ်ငန်များတွင်လည်း လူအများစုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကျင့်သုံးခြင်း၊ ရုံးဌာနများတွင် ဧည့်သည်တွေ့ဆုံခြင်းမပြုရန်၊ ဝန်ထမ်းများ မလိုအပ်ဘဲ ပြင်ပခရီးများ မသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်း ကို ထိန်းချုပ်ရန်အတွက် စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

ထို့ပြင် ကာရာအိုကေများ၊ အနှိပ်ခန်းများ ဖွင့်လှစ်ခြင်း မပြုရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြား ချက်များလည်းရှိသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏခရိုင်နှင့်ဥတ္တရခရိုင်ဟူ၍ ခရိုင် ၂ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေငြာထားခြင်းမရှိသေးပါ။

အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။

ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်မှုတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက်များကိုထုတ်ပြန်ထားပြီး တချို့ တားမြစ်ချက်များကို ဖြေလျှော့၍ လအလိုက် တဖြည်းဖြည်း သက်တမ်းတိုးမြှင့်ခြင်းများ ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းအထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၆၈၉၉၄ ဦး၊ သေဆုံး ၁၅၇၇ ဦးနှင့် ပြန်လည် သက်သာလာသူ ၅၂၃၅၁ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ကိုဗစ်ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးပေးရန်ပြင်ဆင်

ကိုဗစ်ရောဂါ ကုသနိုင်မည့် ပုဂ္ဂလိက ဆေးရုံများ လျှောက်လွှာ စတင်ခေါ်ယူ

]]>
နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ https://burma.irrawaddy.com/news/2020/11/05/232850.html Thu, 05 Nov 2020 11:07:49 +0000 https://burma.irrawaddy.com/lytbox/?p=232850 နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ ရသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ / သီဟလွင် / ဧရာဝတီဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံရေးပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီတို့အကြား ပိုမို ပွတ်တိုက်မှုများ ရှိနေကြောင်း]]> နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ ရသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ / သီဟလွင် / ဧရာဝတီ

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့်အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ တို့အကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရဲစခန်းတွင် အမှုဖွင့်ခြင်း၊ နေပြည်တော်ကော်မရှင်ထံ အပြန်အလှန် တိုင်ကြားခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံရေးပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီတို့အကြား ပိုမို ပွတ်တိုက်မှုများ ရှိနေကြောင်း သိရသည်။

၎င်းတို့ ပါတီ ၂ ခု အပြင် အခြား ဝင်ပြိုင်မည့်ပါတီများမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။

ကြိုတင်မဲစတင်ပေးရသည့် အောက်တိုဘာ ၂၉ ရက်နေ့က NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ကော် မရှင်ဆိုင်ရာ စာရွက်စာတန်းများကို ဒက္ခိဏသီရိမြို့နယ်ရှိ ထန်းတပင် ကော်မရှင်ရုံးသို့ NLD ပါတီ တံဆိပ်ပါသည့်ကားနှင့် ပို့ဆောင်ခဲ့သည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး နေပြည်တော် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ ခွဲထံသို့လည်း တိုင်ကြားခဲ့သည်။

ဦးသန့်ဇင်ထွန်းကမူ ၎င်းတင်ဆောင်လာသော ပစ္စည်များမှာ ကော်မရှင်စာရွက်စာတန်းများ မဟုတ်ဘဲ နေပြည်တော် ကော်မရှင်သို့ လူဒါန်းမည့် နှာခေါင်းစည်း ပါကင်ထုပ်များသာ ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ ကြံ့ခိုင်ရေးပါတီက လူမှုကွန်ရက်တွင် ဖော်ပြခြင်းမှာ ပြည်သူလူထုအမြင်တွင် ၎င်းအပေါ် ယုံကြည်မှု ပျက်ပြားရန် နှင့် ရွေးကောက်ပွဲအပေါ် ပြည်သူယုံကြည်မှု ပျက်ပြားရန် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဦးသန့်ဇင်ထွန်းက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်းများပြုလုပ်ခဲ့သည်။

ဦးသန့်ဇင်ထွန်းက“မဟုတ်မမှန်ဘဲနဲ့မှ ရွေးကောက်ပွဲကော်မရှင်အပေါ် ပြည်သူလူထုက ယုံကြည်မှုပျက်အောင်၊ ကျနော့် အ ပေါ်လည်း ယုံကြည်မှုပျက်အောင် နောက်တခါ မဲပေးတဲ့သူတွေ မဲလာမပေးအောင်ပေါ့နော် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတဲ့ အခြေအနေမျိုး ပြည်သူလူထုတွေ ထင်မြင်သွားအောင် ဒီလိုမျိုးတွေလုပ်တယ်လို့ပဲ ပြော ချင်တယ်”ဟု ပြောသည်။

ဦးသန့်ဇင်ထွန်းကိုယ်တိုင်က မဲရုံအနီးအနားထိ ပါတီ တံဆိပ်ပါသည့်ကားနှင့်လာရောက်ပြီး လူကိုယ်တိုင်မဲရုံထဲသို့ ဝင် ရောက်လာသောကြောင့် ကြံ့ခိုင်ရေးပါတီက မဲရုံကိုယ်စားလှယ်က ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ အကြိုကာလတွင် အာဏာရပါတီက ပါတီတံဆိပ်များ၊ ပါတီအဆောင်အယောင်များကို မဲရုံများ အနီးအနားအထိ ထင်ထင်ပေါ်ပေါ် သုံးစွဲမှုများ ရှိနေသည်ဟု ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်က ပြောသည်။

ဦးမြင့်လှိုင်က“အကြိုရွေးကောက်ပွဲကာလမှာပဲ လက်ရှိအစိုးရကနေပြီးတော့မှ မဲရုံတွေကိုအနီးကပ်သွားတာတို့ ပါတီ အ ဆောင်အယောင်တွေသုံးပြီးတော့မှ ကားနဲ့သွားတာတို့၊ မဲရုံမှာ ဖြစ်စဉ်လေးတွေ ပွတ်တိုက်မှုလေးတွေ ကျနော်တို့ ကြား တွေ့ရပါတယ်”ဟု ပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ဒက္ခိဏသီရိမြို့ နယ်၊ ချိုင်းကျေးရွာတွင် ကော်မရှင်အဖွဲ့ဝင်ကို ကြံ့ခိုင်ရေးပါတီကိုယ်စားပြု မဲရုံကိုယ်စားလှယ်က ကိုယ်ထိလက်ရောက် လက်သီးနှင့်ထိုးသည့်ဖြစ်စဉ်ဖြစ်သွားသောကြောင့် ရဲစခန်းတွင် အမှုဖွင့် တိုင် တန်းထားသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု ဦးသန့်ဇင်ထွန်းက ဆိုသည်။

ယင်းနေ့ကဖြစ်စဉ်မှာ မဲလာပေးသူတဦးကို ကော်မရှင်တာဝန်ရှိသူတဦးက ပါတီနာမည်နှင့်လူနာမည်ကိုဖော်ပြပြီး ထိုပါတီကို မဲပေးရန်တိုက်တွန်းသောကြောင့် ကြံခိုင်ရေးပါတီ၏မဲရုံကိုယ်စားလှယ်က ထိုသို့မပြုလုပ်ရန်တားမြစ်ရာတွင် ရိုင်းစိုင်းစွာ ဆဲ ဆိုသောကြောင့် ပြန်လည်တုန့်ပြန်ခြင်းသာဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဦးမြင့်လှိုင်က ရှင်းပြ သည်။

ကြိုတင်မဲပေးခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်နေ့က ညောင်ကုန်းကျေးရွာမဲရုံတွင်လည်း မဲပေးရ သည့် UEC တံဆိပ်တုန်းခိုးယူခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ချိုင်းကျေးရွာမဲရုံတွင် ပါတီတခု၏ ဘေးတွင် အမှတ်ခြစ် အမှတ် အသားပါဝင်သော မဲလက်မှတ်စာရွက်တချို့ကို တွေ့ရှိရသည့်ဖြစ်စဉ်၊ ဒက္ခိဏရပ်ကွက်မဲရုံတခုတွင် မဲရုံဝန်ထမ်း ကျောင်း ဆရာမက အမျိုးသားလွှတ်တော်အတွက် မဲ ၂ ကြိမ်ပေးသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ မဲရုံကိုယ်စားလှယ်များအကြား ညှိုနှိုင်းမရသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

ထိုသို့ဖြစ်စဉ်များဖြစ်ပွားရာတွင် မဲရုံတွင်မဲပေးရသည့် တံဆိပ်တုံး ပျောက်သည့်ကိစ္စရပ်မျိုးသည် သာမာန် လုပ်မှား ကိုင်မှား ဖြစ်စဉ်မျိုး မဖြစ်နိုင်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သော ကိစ္စရပ်မျိုးဖြစ်နိုင်သည်ဟု NLD ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက သုံးသပ်သည်။

“ဘောပင်လိုမျိုး ပစ္စည်းမျိုးကိုယူသွားတယ်ဆိုရင် ဒါကသူ့အတွက်အသုံးဝင်တဲ့ ပစ္စည်းယူတာဖြစ်တဲ့အတွက် ယုတ္တိတန် တယ်။ တံဆိပ်တုန်းကို ခိုးတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ မကောင်းတဲ့ အခြားရည်ရွယ်ချက်ရှိလို့ ခိုးတယ်လို့ပဲ ကျနော်တို့က ယူဆတယ်”ဟု ၎င်းက ပြောသည်။

ကြိုတင်မဲပေးသည့်ရက်မှာ ရှည်ကြာပြီး ထိုရက်များအတွင်း မဲလာပေးရာတွင် ကော်မရှင်အပါအဝင် နှစ်ဘက်ပါတီ၏ မဲရုံ ကိုယ်စားလှယ်များက ၎င်းတို့လိုက်နာရမည့် ကျင့်ဝတ်၊ ဥပဒေ၊ နည်းပဒေနှင့်မညီသော လုပ်ဆောင်မှုများရှိသောကြောင့် အငြင်းပွားရသည့်ဖြစ်စဉ်များ၊ မဲလာပေးသည့်မဲဆန္ဒရှင်ပြည်သူများကို မဲရုံကိုယ်စားလှယ်များက ကူညီပေးမှုများတွင် မိမိတို့ပါတီကိုမဲပေးရန် မဲဆွယ်စည်းရုံးသည့်အသွင်သဏ္ဍန်ဆောင်သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲကမူ ရွေးကောက်ပွဲအကြိုကာလ အငြင်းပွားမှုများနှင့်ပတ်သက်၍ တက်လာသည့် အမှုကိစ္စတိုင်းကို ပြေလည်ဆောင် ဖြေရှင်းဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှဝင်းမောင်က “ကျနော်တို့ တက်လာသမျှ ပြေလည်အောင် ဖြေရှင်း လိုက်ပါတယ်။ ပြဿနာမဖြစ်အောင်ပေါ့။ ကြီးတဲ့အမှုငယ်အောင် သေးတဲ့ အမှုပပျောက်အောင် ကျနော်တို့ အဲလိုလေး ဖြေးရှင်းပေးပါတယ်”ဟု ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတခုလုံးတွင် မြို့နယ် ၈ ခုရှိပြီး မဲပေးနိုင်သူဦးရေ ၉ သိန်းကျော်၊ မဲရုံပေါင်း ၆၄၆ ရုံ ရှိသည့် အနက် ဒက္ခိဏသီရိမြို့နယ်မှာ မဲပေးနိုင်သူဦးရေ သုံးသောင်းတစ်ထောင်ကျော်နှင့် မဲရုံ ၂၀ သာရှိသောကြောင့် မဲပေးနိုင် သည့် ဦးရေ နည်းပါးသည့် မြို့နယ်တခုလည်း ဖြစ်သည်။

အခြားမြို့နယ်များနှင့်နှိုင်းယှဉ်လျှင် မဲပေးနိုင်သူဦးရေးနည်းပါးသော်လည်း မဲစာရင်းများမှန်ကန်ရေးနှင့်ပတ်သက်၍ NLD ပါတီက မြို့ပေါ်ရပ်ကွက်မဲစာရင်းများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိပြီး ကြံ့ခိုင်ရေးပါတီက ကျေးရွာများတွင်ရှိသော မဲစာရင်းများ နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြောင်း စုံစမ်း သိရှိရသည်။

မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဒက္ခိဏသီရိရပ်ကွက်တွင် ၂၀၁၅ ခုနှစ်က မဲပေးနိုင်သူဦးရေ ၂၁၀၀ ခန့်ရှိသော်လည်း ယခုအခါ မဲပေးနိုင်သူဦးရေ ၇၀၀၀ ကျော်ထိ တိုးလာသည်ကို သံသယရှိကြောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။

“တမြို့နယ်လုံးမဲစာရင်းရဲ့ သုံးပုံတပုံရှိနေတယ်။ အဲဒီမဲစာရင်းတွေက မှန်လားမမှန်လား ကျနော်စစ်ဖို့ လိုပါတယ်။ ဒါကို စစ် နိုင်ဖို့ဆိုတာလည်း တကယ်ကျတော့ မြေပြင်မှာ ကျနော်တို့ စစ်ဆေးနိုင်ဖို့ဆိုတာကလည်း ခက်ခဲတယ်”ဟု ဦးသန့်ဇင် ထွန်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီဘက်ကမူ အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်များကို မဲစာရင်းတွင် ထည့်သွင်းဖော်ပြခြင်း၊ လက်တွေ့ မြေပြင်တွင် လူမရှိပဲ မဲစာရင်းထဲ နာမည်ပါနေခြင်းတို့ကို ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း တချို့သောကျေးရွာများတွင် ထိုမဲစာရင်းအတိုင်းရှိနေသည့်အတွက် ဥပဒေကြောင်းအရဆောင်ရွက်ရမည့်နည်းလမ်းများ လမ်းညွှန်ပေးရန် ပါတီဌာနချုပ်ကို တင်ပြထားသည်ဟု ဦးမြင့်လှိုင်က ဆိုသည်။

“မဲစာရင်းတွေ မငြိမ်တာကတော့ စိုးရိမ်ဖွယ်ရာပဲ ဖြစ်ပါတယ်”ဟု ဦးမြင့်လှိုင်ကလည်း ပြောသည်။

ယင်းပါတီကြီး ၂ ခုမှ ယှဉ်ပြိုင်ကြမည့် ဦးသန့်ဇင်ထွန်းနှင့် ဦးမြင့်လှိုင်တို့သည် ၂၀၁၅ ရွေးကောက်ပွဲက ပြိုင်ဘက်ဟောင်း များဖြစ်ပြီး ထိုစဉ်က မဲပေးနိုင်သူဦးရေ ၂၂၀၀၀ ရှိသည့်အနက် ၁၇၀၀၀ ခန့်မဲလာပေးကြပြီး ဦးသန်စင်ထွန်းက မဲ ၂၁၀၀ ကျော်အကွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်လှိုင်သည် ဦးသိန်းစိန်အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန် ကြီးအဖြစ် တာဝန်ယူခဲ့သလို တပ်မတော်အစိုးရ လက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင် ခဲ့သူလည်းဖြစ်သည်။

ယခုအခါ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ကြံ့ခိုင်ရေးပါတီက မဲဆန္ဒရှင်ပြည်သူများကို ဆန်၊ ဆီများဝေငှကာ မဲထည့်ခိုင်း ခြင်း၊ ၁ မဲလျင် ငွေကျပ် ၁ သောင်းမှ ၄ သောင်းထိပေးမည်ဆိုကာ စည်းရုံးမှုများရှိနေသည်ဟု သတင်းစကားများ ကြား နေရသဖြင့် ယင်းကိစ္စများကိုလည်း ဖော်ထုတ်ရန် ကြိုးစားနေသည်ဟု ဦးသန့်ဇင်ထွန်းကပြောသည်။

ဦးမြင့်လှိုင်ကမူ မတရားသည့် နည်းလမ်းများကို အသုံးပြုမည် မဟုတ်ဘဲ အာဏာရပါတီဘက်က မတရားသည့်နည်းများကို အသုံးပြု အနိုင်ယူမည့်ဆိုပါကလည်း ဥပဒေဘောင်အတွင်းမှ အထောက်အထားခိုင်မာအောင် ပြုလုပ်သွားမည် ဖြစ် ကြောင်း၊ ၎င်း၏ ကိုယ်စားလှယ်များကိုလည်း မတရားသည့် နည်းလမ်းများဖြင့် အနိုင်ယူခြင်း လုံးဝမလုပ်ရန် တိတိကျကျ မှာကြားထားကြောင်း ပြောဆိုသည်။

“မတရားတဲ့နည်းလမ်းတွေ မသမာတဲ့နည်းလမ်းတွေနဲ့ အနိုင်ယူပြီးတော့မှ အစိုးရ ဖြစ်လာမယ်ဆိုရင်တော့ အကြပ်အတည်း တွေကို ကျော်လွန်ဖို့ ရင်ဆိုင်ရမှာ ဖြစ်သလို ပြည်သူတွေရဲ့ ခံစားချက် ပြင်းထန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အင်မတန် ရင်လေးစရာ ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။

နေပြည်တော်သည် သမ္မတတိုက်ရိုက်အုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေတခု ဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်များကဲ့သို့ မဟုတ်ဘဲ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ နေရာသာ ရှိသည့် နယ်မြေလည်း ဖြစ်သည်။

နေပြည်တော်တွင် ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ် ဟူ၍ ၈ ခု ရှိရာ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။

You may also like these stories:

ရွေးကောက်ပွဲနေ့ တည်ငြိမ်မှုရှိကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

မဲရုံ၌ NLD နှင့် USDP မဲရုံကိုယ်စားလှယ်များ ခိုက်ရန်ဖြစ်ပွားသဖြင့် အပြန်အလှန် အမှုဖွင့်

တချို့ မဲဆန္ဒနယ်ကို ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတာမျိုး တွေ ဖြစ်လာနိုင်တယ်

]]>
တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို https://burma.irrawaddy.com/news/2020/10/06/231091.html Tue, 06 Oct 2020 05:49:38 +0000 https://burma.irrawaddy.com/lytbox/?p=231091 ၇၃ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ / မျိုးမင်းစိုး / ဧရာဝတီဒုတိယအကြိမ်မဲစာရင်းများကပ်ထားမှုအရ တနိုင်းမြို့နယ် တမြို့နယ်လုံးတွင် ဆန္ဒမဲပေးနိုင်သူ ဦးရေ ၃၂၅၃၀ ဦးရှိပြီး ယင်းအထဲမှာ ၂၀၀၀ ကျော်မှာ တပ်မတော်သားနှင့် တပ်မိသားစုဝင်များဖြစ်ကြောင်း တနိုင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့မှ သိရသည်။ ]]> ၇၃ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ / မျိုးမင်းစိုး / ဧရာဝတီ

မဲပေးရမည့် လူဦးရေနည်းပါးသည့် တနိုင်းမြို့နယ်တွင် ကြိုတင်မဲပေးရန်အတွက် တပ်မတော်သားများနှင့် တပ်မိသားစု လူ ၉၀၀ နီးပါး စာရင်းတင်ထားခြင်းကို မှန်ကန်မှုရှိ၊ မရှိပြန်လည်စီစစ်ပေးရန် တနိုင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာတင်ထားကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ်မဲစာရင်းများကပ်ထားမှုအရ တနိုင်းမြို့နယ် တမြို့နယ်လုံးတွင် ဆန္ဒမဲပေးနိုင်သူ ဦးရေ ၃၂၅၃၀ ဦးရှိပြီး ယင်းအထဲမှာ ၂၀၀၀ ကျော်မှာ တပ်မတော်သားနှင့် တပ်မိသားစုဝင်များဖြစ်ကြောင်း တနိုင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့မှ သိရသည်။

ထိုသို့ ဆန္ဒမဲပေးရမည့် တပ်မတော်သားနှင့်တပ်မိသားစု ၂၀၀၀ ကျော်အနက်မှ ၈၉၂ ဦးမှာ မဲဆန္ဒနယ် ပြင်ပရောက် နေသောကြောင့် ကြိုတင်မဲပေးကြမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ လူဦးရေ ၉၀၀ နီးပါးထိ ကြိုတင်မဲပေးရမည့် လူများ အမှန်တကယ်ရှိမရှိ စစ်ဆေးပေးရန်နှင့် အမှန်တကယ် ရှိပါကလည်း ၎င်းတို့ ဆန္ဒအလျောက် ပွင့်လင်းမြင်သာမှုရှိရှိလွပ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလင်းလင်းဦးက ပြောသည်။

ဦးလင်းလင်းဦးက “ပြောချင်တာက ကျနော်တို့တနိုင်းက မဲဆန္ဒရှင်အရေအတွက်ကနည်းတယ်လေ။ ၃၂၀၀၀ ကျော်မှာ အဲဒီအရေအတွက် (တပ်နှင့်တပ်မိသားစု ဆန္ဒမဲပေးမည့်သူ) ၁၀ ရာခိုင်နှုန်း နီးပါးလောက်ရှိတာကိုး။ ရှိတဲ့အနက်မှာ ၈၉၂ မဲကိုတော့ ကြိုတင်မဲထည့်မယ်ဆိုတော့ ကျနော်တို့အနေနဲ့တော့ ပွင့်လင်းမြင်သာမှုမရှိမှာကို စိုးရိမ်တာပေါ့” ဟုဆိုသည်။

ဦးလင်းလင်းဦးမှာ လက်ရှိတနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဦးလင်းလင်းဦးက ၁၈၉ မဲအသာဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က တနိုင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ယခုကဲ့သို တပ်နှင့်တပ်မိသားစုများ၏ ကြိုတင်မဲအရေအတွက် ၅၀၀ ရောက်ရှိခဲ့ပြီး ရွေးကောက်ပွဲနေ့ မဲရေတွက်ရာတွင် ထိုမဲအရေအတွက် ၅၀၀ စလုံးမှာ ပါတီကြီးတခုတည်းကိုသာ စုပြုံထည့်ထားသည့်အနေအထားကို ထူးခြားစွာ မြင်တွေ့ရသည်ဟု ဦးလင်းလင်းဦးက ၎င်း၏အတွေ့အကြုံကိုရှင်းပြသည်။

စစ်ဆင်ရေးထွက်တာတွေ အပြောင်းအရွေ့ ရှိတာတွေ ကြိုတင်မဲ ပေးဖို့ ခွင့်ပြုထားပါတယ်။ ကျနနော်တို့ အဲဒီကို လူပို့တာတွေ ဘာတွေ မရှိပါဘူး

“၂၀၁၅ တုန်းကဆိုရင် အဲဒီလို တိုက်ရိုက်လျှောက်တာ ၅၀၀ ရှိတယ်။ အဲဒီ ၅၀၀ လုံးက ဘယ်နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းမှမရဘူး။ နိုင်ငံရေးပါတီ ၁ ခုရဲ့ ကိုယ်စားလှယ်လောင်းတွေဆီကိုပဲ အကုန်ရောက်သွားတယ်။ ထူးထူးခြားခြား အဲဒီလိုဖြစ်ခဲ့တာ” ဟု ဦးလင်းလင်းဦးကပြောသည်။

တနိုင်းတွင် တပ်မတော်သားနှင့်တပ်မိသားစုများ ကြိုတင်မဲပေးရမည့်ကိစ္စများကို ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုကာလတွင် တပ်များအပြောင်းအရွှေ့မရှိဘဲ စစ်ဆင်ရေးအတွက်ကြောင့် ကြိုတင်မဲပေးရခြင်းဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “စစ်ဆင်ရေးထွက်တာတွေ အပြောင်းအရွေ့ ရှိတာတွေ ကြိုတင်မဲ ပေးဖို့ ခွင့်ပြုထားပါတယ်။ ကျနနော်တို့ အဲဒီကို လူပို့တာတွေ ဘာတွေ မရှိပါဘူး” ဟု ပြောသည်။

တနိုင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကမူ ယခုကဲ့သို့ ကြိုတင်မဲပေးရန်အတွက်ဆောင်ရွက်ခြင်းမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၅၆ အပိုဒ်ငယ် ၄ အရဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် အဆင့်ဆင့်စိစစ်ထားပြီးဖြစ်သည်ဟုဆိုသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၅၆ အပိုဒ်ငယ် ၄ တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၏ အမည်စာရင်းရရှိရေးအတွက် သက်ဆိုင်ရာတပ်မှူးထံမှ တောင်းယူရမည်ဟုပါရှိသည်။

တနိုင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သက်ပိုင်က “ကျနော်တို့ သက်ဆိုင်ရာတပ်မှူးကနေမှ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကျနော်တို့ကို သူတပ်ထဲမှာရှိတဲ့ တပ်မတော်သားများနဲ့ အတူနေအိမ်ထောင်စုဝင်တွေကတော့ ဒီလူတွေကတော့ မဲဆန္ဒနယ်အပြင်မှာ ရောက်ရှိနေတဲ့အတွက် ကြိုတင်မဲတောင်းခံအပ်ပါသည်ဆိုပြီးမှ ကျနော်တို့ဆီကို စာရင်းရောက်တယ်။ ပြီးတာနဲ့ ကျနော်တို့က အဲဒီရလာတဲ့စာရင်းကို ပုံစံ ၁-၂ နဲ့ပြုစုတယ်”ဟုပြောသည်။

ထိုသို့ ရေးမှတ်ပြုစုထားသည့် ပုံစံ(၁-၂) စာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးရှိ မဲစာရင်းများတွင် ပါမပါ တိုက်ဆိုင်စစ်ဆေးပြီးနောက် ရရှိလာသည့်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေးရုံးများတွင်လည်း ကပ်ထားကြေငြာထားသည်ဟု ၎င်းကပြောသည်။

တနိုင်းမြို့နယ်တွင် တပ်နှင့်တပ်မိသားစုကပေးမည့်ကြိုတင်မဲသည် ၈၉၂ မဲဖြင့်အများဆုံးဖြစ်ပြီး အခြားကြိုတင်မဲပေးကြမည့် ပြည်ပရောက်မဲဆန္ဒရှင် ၃ ဦးနှင့် ပြည်တွင်းကြိုတင်မဲပေးရန်လျှောက်ထားသူ ၉ ဦးသာရှိကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စတင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တနိုင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)တို့ကသာ အဓိက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ပြည်နယ်လွှတ်တော်နေရာအားလုံးတို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရရှိခဲ့သည်။

တနိုင်းမြို့နယ် အမျိုးသားလွှတ်တော်နေရာတွင်မူ ကြံ့ခိုင်ရေးပါတီက ဝင်ရောက်မယှဉ်ပြိုင်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ် တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အနိုင်ရရှိခဲ့သည်။

ထိုစဉ်က ကြံ့ခိုင်ရေးပါတီမှ တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဦးလဂျွန်ငန်ဆိုင်းမှာ ကချင်ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကလည်း ၂၀၁၀ ရွေးကောက်ပွဲက တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွက် တသီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရခြင်းမရှိခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲအပြီးနောက်ပိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသာ ပထမဆုံးကြိမ် ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါ။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးရမည့် လူဦးရေနည်းပါးသည့် တနိုင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကချင်အမျိုးသားများဒီမိုကရေစီကွန်ကရက်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ကချင်ဒီမိုကရက်တီပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်မျိုးသားများ ဒီမိုကရေစီကွန်ကရက်ပါတီ တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထိုသို့ယှဉ်ပြိုင်ကြရာတွင် ထိုစဉ်ကအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD တို့က အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာများတွင် NLD ပါတီက မဲအနည်းငယ်အသာရရှိမှုဖြင့် အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်နေရာအတွက် NLD ပါတီက မဲရုံမဲ ၅၂၃၀ မဲ၊ ကြိုတင်မဲ ၅၀၁ မဲ၊ ပေါင်း ၅၇၃၁ မဲရရှိပြီး၊ USDP ပါတီက မဲရုံမဲ ၃၆၇၆ မဲ၊ ကြိုတင်မဲ ၁၃၇၆ မဲ ပေါင်း ၅၀၅၂ ရရှိခဲ့ခြင်းဖြစ်၍ မဲရလဒ်မှာ ၆၇၉ မဲသာ မဲအရေအတွက်ကွာခြားသည်။

ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီက မဲရုံမဲ ၄၅၉၈ မဲ၊ ကြိုတင်မဲ ၄၇၈ မဲ၊ ပေါင်း ၅၀၇၆ မဲရရှိပြီး၊ USDP ပါတီက မဲရုံမဲ ၃၅၅၈ မဲ၊ ကြိုတင်မဲ ၁၃၂၉ မဲ၊ ပေါင်း ၄၈၈၇ မဲ ရရှိခဲ့ခြင်းဖြစ်၍ မဲရလဒ်မှာ ၁၈၉ မဲသာ မဲအရေအတွက်ကွာခြားသည်။

တနိုင်းမြို့နယ်အတွက် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)တွင် USDP ပါတီက ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငံဆိုင်းကပင် ပြန်လည်အနိုင်ရရှိခဲ့ပြီးတ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)တွင် NLD ပါတီကအနိုင်ရရှိခဲ့သည်။

ဦးလဂျွန်ငံဆိုင်းအနိုင်ရရှိမှုတွင် မဲရုံမဲ ၂၁၉၇ မဲ၊ ကြိုတင်မဲ ၁၀၂၆ မဲ ပေါင်း ၃၂၂၃ မဲရရှိခဲ့ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းက မဲရုံမဲ ၁၈၂၃ မဲ၊ ကြိုတင်မဲ ၁၇၈ မဲ၊ ပေါင်း ၂၀၀၁ မဲသာ ရရှိခဲ့သည်။

ယင်းမဲဆန္ဒနယ်အမှတ် ၁ သည် တပ်ရင်းတပ်ဖွဲ့များအခြေစိုက်ထားပြီး ယခုမဲပေးခွင့်ရှိသည့်တပ်နှင့်တပ်မိသားစု မဲဆန္ဒရှင်လူဦးရေ ၂၀၀၀ ကျော်မှာလည်း မဲဆန္ဒနယ်မှတ် (၁)တွင်ပါဝင်နေသောကြောင့် အကြိတ်အနယ်ပြိုင်ဆိုင်မှုပြင်းထန်မည့် မဲဆန္ဒနယ်ဖြစ်လာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလင်းလင်းဦးကပြောသည်။

၂၀၁၅ တွင် ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့ မဲရလဒ်မကွာဘဲဖြစ်ခဲ့သည်မှာ တပ်မဲရုံများကလာသည့် မဲများကြောင့်ဖြစ်ပြီး ယခုကဲ့သို့ ကြိုတင်မဲများထပ်တိုးလာပါက NLD ပါတီအနေဖြင့် ရှုံးနိုင်ခြေရှိပြီး မြန်မာတနိုင်ငံလုံးရှိ လူဦးရေနည်းသည့် မဲဆန္ဒနယ်များ၊ အထူးသဖြင့် NLD ကပ်နိုင်ခဲ့သည် မဲဆန္ဒနယ်များကို သတိထားစောင့်ကြည့်ရန်လိုအပ်ကြောင်း NLD ပါတီဝင် ဦးမျိုးရန်နောင်သိမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

တနိုင်းမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)ကိုလည်းရုံးစိုက်ထားပြီး ယင်းဒေသ၏ လုံခြုံရေးနှင့်စစ်ဆင်ရေးကိစ္စရပ်များကို ကွပ်ကဲအုပ်ချုပ်သည်။ တနိုင်းမြို့နယ်အတွင်း ၎င်း၏ကွပ်ကဲမှုအောက်တွင်ရှိသော ခြေလျင် ခြေမြန် တိုက်ခိုက်ရေးတပ်များအပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်းမြို့ပေါ်ရှိ ဒူးကောင်းရပ်ကွက်၊ ကင်ဆားရာရပ်ကွက်၊ နမ်ဖျက်ယန်ကျေးရွာအုပ်စု၊ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)နယ်မြေအတွင်းရှိ ကျေးရွာအချုပ်တွင် တပ်မတော်သားနှင့် တပ်မိသားစုများ မဲပေးကြရ
မည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲကို တနိုင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ နာဂအမျိုးသားပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

You may also like these stories:

အသရေဖျက်မှုဖြင့် Mi Htaw Mon အကောင့်ပိုင်ရှင် အမှုဖွင့်ခံရ

မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား

အစိုးရ က သတင်းမီဒီယာကို ကျပ်သိန်း ၃၀၀ ပေးတာ ချွေးသိပ်တာလား

]]>