Shivaji Das နှင့် Yolanda Yu, Author at ဧရာဝတီ https://burma.irrawaddy.com/author/339259 Covering Burma and Southeast Asia Sun, 16 Jul 2023 18:48:29 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Shivaji Das နှင့် Yolanda Yu, Author at ဧရာဝတီ https://burma.irrawaddy.com/author/339259 32 32 ရှမ်းမှာ စစ်ရှောင်၊ ထိုင်းမှာ လိင်အလုပ်သမ https://burma.irrawaddy.com/article/2022/12/27/256905.html Tue, 27 Dec 2022 06:19:23 +0000 https://burma.irrawaddy.com/lytbox/?p=256905 ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ ပတ်တယားမြို့ လမ်းဘေးရှိ နိုက်ကလပ်တခု/AFPအုမ်းဆင်သည် အသက် ၂၀ ကျော်အရွယ်ရှိ လိင်အလုပ်သမတဦး ဖြစ်သည်။ သူက သူ့ ဘဝဇာတ်ကြောင်းကို ပြန်ပြောပြသည်။]]> ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ ပတ်တယားမြို့ လမ်းဘေးရှိ နိုက်ကလပ်တခု/AFP

(မြန်မာမှ အုမ်းဆင်သည် အသက် ၂၀ ကျော်အရွယ်ရှိ လိင်အလုပ်သမတဦး ဖြစ်သည်။ သူ၏ ဘဝဇာတ်ကြောင်းကို ရွှေ့ပြောင်းလုပ်သားများ၏ ပုဂ္ဂိုလ်ရေးသမိုင်းများဖြစ်သည့် The Visible Invisibles: Stories of Migrant Workers ကိုရေးသားသည့် စာရေးဆရာ ရှီဗဂျီ ဒက်စ် နှင့် ယိုလန်ဒါယု တို့ကို ပြန်ပြောပြခဲ့သည်။ ထိုဇာတ်လမ်းများသည် လုပ်အားခနည်းသည့် အာရှမှ အလုပ်သမားများ၏ ရုပ်ပုံလွှာများကို သရုပ်ဖော်ထားသည့် ဇာတ်လမ်းများ ဖြစ်သည်။)

ကျမကို ရှမ်းပြည်နယ်မှာ မွေးတာ။ ကျမတို့က ညီအစ်ကို သုံးယောက်၊ ညီအစ်မ သုံးယောက်ရှိတယ်။ မိဘတွေက လယ်သမားတွေ။ ဒါပေမယ့် အဖေ့ကို မြန်မာစစ်တပ်က ပေါ်တာဆွဲပြီး သူတို့အတွက် အထမ်းသမားအဖြစ် ခေါ်သွားတယ်။ သူက ထိုင်းကို ထွက်ပြေးပြီး အဲဒီမှာပဲ အလုပ်လုပ်တော့တာ။ ကျန်တဲ့ မိသားစုတွေက နောက်မှ လိုက်သွားကြတာ။ ထိုင်းမှာ မိဘတွေက လယ်တွေမှာ နေ့စားအလုပ်သမား လုပ်ကြတယ်။ တခါတခါ လိုင်ချီးစိုက်ခင်းတွေမှာ လုပ်တယ်၊ တခါတခါ ကြက်သွန်ဖြူ ကြက်သွန်နီ စိုက်ခင်းတွေမှာ လုပ်တယ်။

၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါကာလ လော့ဒေါင်းများကြောင့် ညအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ကြ/AFP

ကျမ ထိုင်းကိုလာတဲ့အခါ အသက် ၈ နှစ်ရှိပြီ။ နယ်စပ်ကို သုံး၊ လေးရက်လောက် လမ်းလျှောက်ရပြီး လူတချို့က ထရပ်ကားပေါ် တင်ပေးလိုက်တယ်။ ထရပ်ကားပေါ်မှာ ဂေါ်ဖီထုတ်တွေထည့်ထားတဲ့ သေတ္တာတွေ ရှိတယ်။ ဒါကြောင့် ကျမတို့လည်း ဂေါ်ဖီထုတ်တွေနဲ့ အတူတူပဲ။ အဲဒီကားနဲ့လိုက်လာဖို့ ကျမတို့ မိသားစုက ငွေတွေအများကြီး ပေးရတယ်။ သူတို့က ကျမတို့ကို ညလယ်ကြီး တောင်တခုထိပ်မှာ ချထားခဲ့တယ်။ ကျမတို့ အဲဒီမှာ တညလုံးပုန်းနေပြီး မနက်ကျမှ မြို့ထဲဝင်ဖို့ နည်းလမ်းရှာဖို့ ဆင်းလာရတယ်။

သူငယ်ချင်းတွေက ပြောတယ်။ ကာရာအိုကေဆိုင်မှာ ဒီအလုပ်ပဲလုပ်ရင် လစာငွေ အများကြီးရမယ်တဲ့။ အဲဒါကြောင့် ကာရာအိုကေဘားကို ပြောင်းလုပ်တယ်။ အဲဒီမှာလည်း အခြေအနေတွေက သိပ်မကောင်းဘူး။

ကျမက သာမန်ကလေးတယောက်ပဲ။ စားတယ်။ ဆော့တယ်။ အိပ်တယ်။ မြန်မာမှာတုန်းက ကျောင်းတက်ခဲ့တယ်။ ထိုင်းကိုရောက်တော့ အလယ်တန်းရောက်တဲ့အခါ အလုပ်စလုပ်တယ်။ ကျမ စာသင်ချင်ပေမယ့် ဘဝက အဲဒီလို မဖြစ်နိုင်တော့ဘူး။ လူတိုင်းလူတိုင်း အခြေခံပညာ တတ်သင့်တယ်လို့ ကျမ ယုံကြည်တယ်။ နောက်နှစ်ပေါင်းများစွာ ကြာတော့ ပညာရေးအစီအစဉ်တွေ ပြုလုပ်ပေးနေတဲ့ ကျမတို့ လိင်အလုပ်သမားအဖွဲ့အစည်းဖြစ်တဲ့ Empower ကို ကျမ ဝင်ရောက်တယ်။ အဲဒီမှာ ကျမ အထက်တန်းပညာ ပြီးဆုံးတယ်။ ဘဝကို ပိုမိုကောင်းမွန်အောင်လို့ ကျမ ပညာသင်ယူတယ်။

ကလေးဘဝတုန်းက အိမ်မှာပဲအမြဲနေပြီး ညီအစ်ကိုမောင်နှမတွေကို စောင့်ရှောက်၊ အိမ်အလုပ်လုပ်တယ်။ ရက်သတ္တပတ်ကုန်တွေမှာ အလုပ်ကိုသွားပြီး ကြက်သွန်ဖြူအခွံနွာတယ်။ နောက်တော့ ခေါက်ဆွဲဆိုင် မီးဖိုချောင်မှာ အလုပ်လုပ်တယ်။ အရမ်းဆိုးတယ်။ သူတို့က ကျမကို လုပ်အားခ အလကားနီးပါးနဲ့ တနေ့ ၁၂ နာရီကနေ ၁၄ နာရီအထိ အလုပ်ခိုင်းတယ်။ ဒါကြောင့် အလုပ်ထွက်ပြီး သက်ကြီးရွယ်အိုတယောက်ကို စောင့်ရှောက်တဲ့အလုပ် လုပ်တယ်။ နောက်တော့ အဲဒီသက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့ မိသားစုတွေဆီမှာ အိမ်အကူလုပ်တယ်။ အဲဒီအလုပ်က ကောင်းတယ်။ ဒါပေမယ့် ကျမ အစ်မရဲ့ ဘန်ကောက်က စားသောက်ဆိုင်မှာ အလုပ်သမားလိုလို့ ကျမ အဲဒီမှာ သွားလုပ်တယ်။

လိင်အလုပ်သမများကို အကာအကွယ်ပေးပြီး အကျိုးအမြတ်မယူသည့် ဖောင်ဒေးရှင်းတခု ဖြစ်သော Empower ၏ ဘန်ကောက်မြို့မှ Can Do ဘားရှိ ပိုစတာတခု / vice.com

အဲဒါက ၂၄ နာရီ လုပ်ရတဲ့သဘောပဲ။ စားသောက်ဆိုင်အလုပ်သာမက အိမ်အလုပ်လည်း လုပ်ရတယ်။ အဲဒါကြောင့် အိမ်ပြန်လာပြီး တို့ဟူးဆိုင်မှာ အလုပ်လုပ်တယ်။ အဲဒီမှာလည်း အလုပ်ချိန်ကများပြီး လုပ်အားခက အရမ်းနည်းတယ်။ အဲဒါကြောင့် ဘီယာဆိုင်အသေးလေးတခုမှာ စားပွဲထိုးလုပ်တယ်။ အဲဒီတော့ သူငယ်ချင်းတွေက ပြောတယ်။ ကာရာအိုကေဆိုင်မှာ ဒီအလုပ်ပဲလုပ်ရင် လစာငွေ အများကြီးရမယ်တဲ့။ အဲဒါကြောင့် ကာရာအိုကေဘားကို ပြောင်းလုပ်တယ်။ အဲဒီမှာလည်း အခြေအနေတွေက သိပ်မကောင်းဘူး။

နောက်နည်းနည်းကြာတော့ Go Go ဘားမှာ သွားလုပ်ရာက လိင်အလုပ်သမ ဖြစ်သွားတယ်။

လိင်အလုပ်သမ လုပ်ရတာ ပိုလွတ်လပ်ပြီး အလုပ်ချိန်နည်းတယ်။ ဖောက်သည်အများစုက အလုပ်အကိုင် ကောင်းတဲ့ လူကောင်းတွေဖြစ်ပြီး အရမ်းယဉ်ကျေးတယ်။ အဲဒီလိုမဟုတ်တဲ့ ဖောက်သည်တွေနဲ့တွေ့ရင် ကျမတို့ လိင်အလုပ်သမတွေကြားမှာ စကားအမြန်ဖြန့်ရတယ်။ “အဲဒီလူနဲ့မလိုက်နဲ့။ အရမ်းဂျီးများတယ်။ သေးသိမ်တယ် ဒါမှမဟုတ် တခုခုပြောလိုက်တယ်”။

ရှမ်းပြည်နယ်မှာ အိမ်တလုံးဝယ်ဖို့ တခါက စဉ်းစားခဲ့ဖူးတယ်။ နောက်တော့ ထိုင်းမှာ အိမ်တလုံး၊ ရှမ်းပြည်နယ်မှာ အိမ်တလုံးရှိရမယ်လို့ စဉ်းစားမိတယ်။ အခုကျတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီး စစ်တွေဖြစ်နေလို့ အဲဒီကိစ္စကို မစဉ်းစားတော့ဘူး။

အရင်တုန်းက ကျမက အိမ်မှာအဓိက ဝင်ငွေရှာရတယ်။ ကျမသူတို့ကို အိမ်တလုံး ဆောက်ထားပေးတယ်။ မောင်တွေနှမတွေ ပညာရေးအတွက် ထောက်ပံ့တယ်။ အခုတော့ အဲဒါတွေ မလုပ်နိုင်တော့ဘူး။ မိသားစုကို လစဉ်ပေးတဲ့ငွေ လျှော့ချလာရတယ်။ ကိုဗစ်နိုင်တင်းဖြစ်ပွားပြီးနောက် မပေးနိုင်တော့ဘူး။ Go Go ဘားတွေ အားလုံးက ပိတ်ထားရတယ်။ ကမ္ဘာလှည့်ခရီးသည်တွေလည်း မလာတော့ဘူး။ ထီရောင်းရင်း၊ စားပွဲထိုးလုပ်ရင်း၊ တတ်နိုင်တာ တခုခုလုပ်ပြီး ရပ်တည်ဖို့ ကြိုးစားရတယ်။ တခါတခါကျရင် ကျမတို့လှုပ်ရှားမှုအတွက် ကွင်းဆင်းလုပ်ငန်း၊ အခြားလုပ်ငန်းတွေလုပ်ရင်း ဝင်ငွေရတယ်။ ဒါပေမယ့် ကျပ်တည်းတယ်။ ကျမ စုထားတဲ့ငွေတွေ အမြန် ကုန်ဆုံးကုန်တယ်။ ကျမမှာ ကျမစောင့်ရှောက်ရမယ့် မိသားစုရှိတယ်။

ရှမ်းပြည်နယ်မှာ အိမ်တလုံးဝယ်ဖို့ တခါက စဉ်းစားခဲ့ဖူးတယ်။ နောက်တော့ ထိုင်းမှာအိမ်တလုံး၊ ရှမ်းပြည်နယ်မှာ အိမ်တလုံးရှိရမယ်လို့ စဉ်းစားမိတယ်။ အခုကျတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီး စစ်တွေဖြစ်နေလို့ အဲဒီကိစ္စကို မစဉ်းစားတော့ဘူး။ ကျမတို့က ထိုင်းအစားအစာကို ကြိုက်တယ်။ ထိုင်းမှာ အလုပ်လုပ်တယ်။ အရာရာ ဒီမှာပဲလုပ်တယ်။ ဒါပေမယ့် ကျမဟာ ရှမ်းတယောက်လို့ ခံစားရတယ်။ တခါတခါကျတော့လည်း ထိုင်းတယောက်လို ခံစားလာမိတယ်။

Shivaji Das နှင့် Yolanda Yu တို့ ရေးသားသည့် The Visible Invisibles: Stories of Migrant Workers

အနာဂတ်အကြောင်း ဘာတွေပြောနိုင်မှာလဲ။ ကျမက သာမန်လူတယောက်ပါပဲ။ အားလပ်တဲ့အချိန်တွေမှာ ရုပ်ရှင်ကြည့်တယ်၊ အိပ်တယ်၊ သီချင်းနားထောင်တယ်၊ အိမ်ပြန်တယ်၊ မိဘတွေဆီကို သွားလည်တယ်၊ ဒါမှမဟုတ် ဈေးဝယ်ထွက်တယ်၊ အဝတ်အစားတွေ၊ ရွှေလက်ဝတ် ရတနာဝယ်တယ် (ရယ်မောလျှက်)။

အဲဒီတော့ သာမန်လူတွေလိုပဲ ကျမကိုယ်ပိုင်မိသားစုတခု လိုချင်လာမယ်။ အဲဒီကိစ္စက ကျမမျှော်လင့်နေတဲ့ကိစ္စ မဟုတ်သလို ရှောင်ရှားနေတဲ့ကိစ္စလည်း မဟုတ်ဘူး။ ကျမ ငွေတွေရွှေတွေ မလိုအပ်တော့တဲ့ အချိန်အထိ အလုပ်ဆက်လုပ်နေဖို့ လိုတယ်။ ဒါပေမယ့် အလုပ်ပြောင်းလုပ်ရင် လုပ်မယ်။

အလုပ်မလုပ်တော့ရင် ဘဝက ငြီးငွေ့စရာ အရမ်းကောင်းမယ်။ ငွေတွေရွှေတွေ မလိုတော့ရင်တောင်မှ ကျမ တခုခုလုပ်နေမှာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အလုပ်မရှိဘဲ အရမ်းငြီးငွေ့စရာ ကောင်းတယ်။ အရမ်းရှည်လျားတဲ့ အလုပ်နားရက်လိုပဲ။

အလုပ်မလုပ်တော့ရင် ဘဝက ငြီးငွေ့စရာ အရမ်းကောင်းမယ်။ ငွေတွေရွှေတွေ မလိုတော့ရင်တောင်မှ ကျမ တခုခုလုပ်နေမှာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အလုပ်မရှိဘဲ အရမ်းငြီးငွေ့စရာ ကောင်းတယ်။ အရမ်းရှည်လျားတဲ့ အလုပ်နားရက်လိုပဲ။

ကျမမှာ အိပ်မက်တခုရှိတယ်။ လတလရဲ့ထီထွက်တဲ့ ၁ ရက်နေ့နဲ့ ၁၅ ရက်ထီဖွင့်တိုင်း ကျမ ထီပေါက်မယ်။ ကျမ အိမ်အကြီးကြီးဝယ်မယ်၊ မြေလည်း ထပ်ဝယ်မယ်။ နောက်တော့ စင်ကာပူကို သွားချင်တယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် ကျမက နိုင်ငံမဲ့ဖြစ်နေတယ်။ ဒါကြောင့် ကျမအိပ်မက်တွေ ဖြစ်မလာခင် ကျမမှာ ခရီးသွားလာခွင့် အထောက်အထား စာရွက်စာတမ်း လိုအပ်တယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ အရမ်းဝေးတယ်။ နိုင်ငံမရှိတဲ့သူတွေက ဘာထောက်ပံ့ကြေးမှမရဘဲ သေတဲ့အထိ အလုပ်လုပ်ရတယ်။ ဟုတ်တယ် မဟုတ်လား။

ကျမကတော့ မသေချာဘူး၊ ကျမ အနာဂတ်ကို ကျမ မသိဘူး။ ရှင်တို့ရော၊ ကိုယ့်အနာဂတ်ကို သိကြလား။

(The Diplomat မှ Shivaji Das နှင့် Yolanda Yu ၏ One Woman’s Journey From Persecution in Myanmar to Sex Work in Thailand ကို ဘာသာပြန် ဖော်ပြသည်။ ၂၀၂၂ ခုနှစ်ထုတ် The Visible Invisibles: Stories of Migrant Workers စာအုပ်ထဲမှ အုမ်းဆင်အကြောင်း ဆောင်းပါးကို Penguin Random House SEA ၏ ခွင့်ပြုချက်ဖြင့် The Diplomat က ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။)

You may also like these stories :

မိုင်းလားမြို့က ညနတ်သမီးလေးတွေ

ကမ္ဘာပေါ်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံများ

စက်မချုပ်ချင်ဘူး၊ ပြည့်တန်ဆာပဲ လုပ်ချင်တယ်

ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း

]]>