လျှပ်စီး, Author at ဧရာဝတီ https://burma.irrawaddy.com/author/340294 Covering Burma and Southeast Asia Tue, 07 Jul 2026 09:26:52 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png လျှပ်စီး, Author at ဧရာဝတီ https://burma.irrawaddy.com/author/340294 32 32 ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို ဆက်ပြီး စိတ်ကူးမယဉ်သင့်တော့ https://burma.irrawaddy.com/opinion/viewpoint/2026/07/03/414510.html Fri, 03 Jul 2026 06:40:35 +0000 https://burma.irrawaddy.com/?p=414510 ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် ဖြစ်နိုင်ဦးမလားမေးပါက “မဖြစ်နိုင်ပါဘူး” ဟုပဲ ဖြေပါရစေ။]]>

ဒီဆောင်းပါးကို ရေးသားရခြင်းသည် ပတ်သက်နေသော စီးပွားရေးလုပ်ငန်းရှင်များ၊ ရေးသားနေကြသော ပြည်တွင်းမီဒီယာများအနေနှင့် မျှော်လင့်ချက်တွေ၊ ပြင်ဆင်မှုတွေ၊ လေ့လာရေးသားနေရတာတွေနှင့် အချိန်ကုန် လူပန်းဖြစ်နေကြရတာ တွေ့မြင်နေရသည့်အတွက် ရှင်းပြရခြင်းဖြစ်ပါသည်။ သေချာစွာ ဖတ်ရှုစေချင်ပါသည်။

(၁) ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် ဖြစ်နိုင်ဦးမလားမေးပါက “မဖြစ်နိုင်ပါဘူး” ဟုပဲ ဖြေပါရစေ။

(၂) ဘာကြောင့်မဖြစ်နိုင်သလဲ ဆိုပါက “အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တဲ့ Italian-Thai ကုမ္ပဏီကိုပဲ ပထမဦးဆုံးမေးကြည့်သင့်သည်” ဟု ဆိုချင်ပါသည်။ အကြောင်းရင်းက ရင်းနှီးမြှုပ်နှံလိုသူတွေ၊ ငွေထုတ်ချေးမည့် ဘဏ်တွေ ရှာမရသောကြောင့် ဘဏ္ဍာငွေ မရှိသည့်အတွက် ရပ်ဆိုင်းသွားတာ ဖြစ်ပါသည်။

(၃) ဘာလို့ ရင်းနှီးမြှုပ်နှံလိုသူတွေ မရှိတာလဲ။ ရှင်းပါသည်။ စီမံကိန်းက စီးပွားဖြစ်နိုင်မည်ဟု မယုံကြည်ကြသောကြောင့် ဖြစ်ပါသည်။

(၄) ဘာကြောင့် စီးပွားမဖြစ်နိုင်ဟု ယူဆကြသလဲ။ ဒီမေးခွန်းအတွက် စီမံကိန်းရဲ့ ရည်ရွယ်ချက်ကို လေ့လာဖို့လိုပါတယ်။ စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၊ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဖောက်ထားသည့် အဝေးပြေးလမ်း စသည်ဖြင့် ပါဝင်ပါတယ်။

ပုံတွင်ပြထားသည့်အတိုင်း ရည်ရွယ်ချက်က အနောက်ကမ္ဘာမှလာသော ကုန်ပစ္စည်းများကို ထားဝယ်ရေနက်ဆိပ်ကမ်းမှာချ၊ ကားလမ်းဖြင့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အထိ ဆက်လက်သယ်ဆောင်။ ထိုနည်းတူ အနောက်နိုင်ငံတွေကို တင်ပို့မည့် ထုတ်ကုန်များကိုလည်း ထားဝယ်အထိ ကားလမ်းနှင့်သယ်ပြီး ဆိပ်ကမ်းကတင်ပို့၊ အချို့ ကုန်ပစ္စည်းတွေ ထားဝယ်စက်မှုဇုန်မှာ အချောသပ် လုပ်စရာရှိတာလုပ် ပြီးမှတင်ပို့ စသည့်ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤနည်းအားဖြင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာ မလိုသောကြောင့် အချိန်ကုန် ငွေကုန် သက်သာစေသည် ဆိုသည့် အတွေးအခေါ်ဖြစ်ပါသည်။

သို့သော် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့ဆိုသည်မှာ စုစုပေါင်းလူဦးရေ သန်း ၂၀၀ နီးပါးရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ပါသည်။ လက်ရှိအဆင်ပြေပြေ လည်ပတ်နေသော ၎င်းတို့ လူတွေ၊ ၎င်းတို့ဆိပ်ကမ်းတွေ၏ အလုပ်အကိုင်တွေကို မည်သည့်အကြောင်းကြောင့် ထားဝယ်ကို ခွဲဝေ ရွှေ့ပေးရမည်နည်း။ ရင်းနှီးမြှုပ်နှံသူက ဒေါ်လာဘီလျံချီ အကုန်ခံ တည်ဆောက်ပြီး ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့နှင့် ကုန်သွယ်ဖက် အနောက်နိုင်ငံတွေက ထားဝယ်ကို အသုံးမပြုပါက မည်သို့လုပ်မည်နည်း။ အင်မတန်ရိုးရှင်းသော စီးပွားရေးသဘာဝ ဖြစ်ပါသည်။

ထားဝယ်မှာ လာလုပ်ကို လုပ်မှရမည်ဆိုသည့် အကြောင်းပြချက် ကောင်းကောင်း ကြီးကြီးမားမားလည်း မရှိပါ။ ဥပမာ အဖိုးတန် သဘာဝသယံဇာတတွေ များများစားစား ထွက်ရှိခြင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားတွေ ပေါများခြင်း၊ အခြေခံအဆောက်အအုံကောင်းများရှိခြင်း၊ တည်နေရာ မဟာဗျူဟာကျခြင်း စသည့် မည်သည့်အကြောင်းပြချက်နှင့်မျှလည်း ကိုက်ညီခြင်းမရှိပါ။ ဒါ့ကြောင့် စီးပွားမဖြစ်နိုင်သော စီမံကိန်းဟု ယူဆကြခြင်း ဖြစ်ပါသည်။

ထိုင်းတောင်ပိုင်းက Land bridge စီမံကိန်းသည်လည်း မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာ မလိုသောကြောင့် အချိန်ကုန် ငွေကုန် သက်သာစေသည် ဆိုသည့် အတွေးအခေါ်ဖြစ်ပါသည်

အင်ဒိုနီးရှားမှ ကျောက်မီးသွေးကို ဝယ်ယူ၍ မဂ္ဂါဝပ် ၁,၀၀၀ ကျော်ခန့်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံတရုံ တည်ဆောက်ပြီး ထွက်လာသော လျှပ်စစ်ကို ထိုင်းသို့ရောင်းချရန်လည်း ရည်ရွယ်ခဲ့ကြပါသည်။ ထားဝယ်ဒေသအတွက် မဂ္ဂါဝပ် ၅၀ လောက်တော့ အလကား ပေးမည်မှန်းပါသည်။

၂၀၀၀ ခုနှစ် နောက်ပိုင်းကာလတွေမှာ ကမ္ဘာပေါ်မှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတရုံ တည်ဆောက်ဖို့ အင်မတန် ခက်ခဲသွားပြီ ဖြစ်ပါသည်။ ဘဏ်တွေက ကျောက်မီးသွေးဟေ့ဆိုရင် ငွေချေးဖို့ လက်တွန့်လာကြပါသည်။ အတူပူးပေါင်းရင်းနှီးမြှုပ်နှံလိုသူ ရှားလာပါသည်။ ထို့ကြောင့် နောက်ပိုင်းအသစ်တည်ဆောက်သည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အင်မတန် ရှားလာပြီး ရှိပါကလည်း ရှိပြီးသား စက်ရုံနားတဝိုက်မှာ အသစ်တည်ဆောက်ခြင်း၊ ဆန္ဒပြ ကန့်ကွက်ရန်မဖြစ်နိုင်သော လက်ဝဲအစိုးရတိုင်းပြည်များမှာ တည်ဆောက်ခြင်း၊ ကျောက်မီးသွေးလုပ်ငန်းနယ်ပယ်မှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာသူများက ၎င်းတို့ကိုယ်ပိုင် ငွေကြေးအများစုကိုသာ သုံး၍တည်ဆောက်ကြခြင်း စသည့် ထူးခြားသည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံသူအတွက် ပိုင်ပိုင်နိုင်နိုင် အခြေအနေတွေမှာသာ အသစ်တည်ဆောက်နိုင်ကြတာ ဖြစ်ပါသည်။

ထားဝယ်ကိုကြည့်ပါက ကျောက်မီးသွေးက အင်ဒိုနီးရှားက၊ စက်ရုံက မြန်မာပြည်၊ လျှပ်စစ်သုံးမှာက ထိုင်း၊ ရင်းနှီးမြှုပ်နှံမည့်သူက ကျောက်မီးသွေးလောကထဲကသူမဟုတ်၊ အတွေ့အကြုံမရှိသူ။ အဖက်ဖက်က မရေရာမသေချာ။ ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်မှာတွေ မပါသေး။

ထိုင်းကုမ္ပဏီတွေ သူတို့နိုင်ငံမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်တွေ တည်ဆောက်လို့မရလို့ အိမ်နီးချင်းနိုင်ငံတွေမှာ တည်ဆောက်ပြီး သူတို့ဆီကို လျှပ်စစ်ရောင်းသည့်လုပ်ငန်း လုပ်ကိုင်ရန် ကြိုးစားကြခြင်းဖြစ်ပါသည်။ လာအိုမှာ ထိုင်းရင်းနှီးမြှုပ်နှံမှုနဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရှိပါသည်။ လာအိုကျောက်မီးသွေးမိုင်းကထွက်တဲ့ ကျောက်မီးသွေးကို အသုံးပြုထားတာဖြစ်ပါတယ်။ မိုင်းနဲ့ စက်ရုံက လူနေကျဲသော ဒေသဖြစ်ပြီး လာအိုသည် ဆန္ဒပြကန့်ကွက်ရင် ဖမ်းသော ကွန်မြူနစ်နိုင်ငံဖြစ်ပါသည်။ ဤအချက်တွေကြောင့် အကောင်အထည်ဖော်၍ရခြင်း ဖြစ်ပါသည်။ ထားဝယ် စီမံကိန်းနှင့် တခြားစီ ဖြစ်ပါသည်။

(၅) ထားဝယ်ရေနက်ဆိပ်ကမ်းကို ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်က နောက်ဆုံးပိတ် အဆုံးသပ်စေခဲ့သည်။ ထိုင်းအစိုးရအသစ် ၂ ဆက်က Land bridge ဆိုသော စီမံကိန်းကို အကောင်အထည်ဖော်ရန် အသည်းအသန် ကြိုးစားလာကြတာ တွေ့ရပါသည်။ ပုံ ၂ တွင်လေ့လာကြည့်ပါ မုတ္တမပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ကို ကားလမ်းဖြင့် တံတားထိုးသကဲ့သို့ တည်ဆောက်မည့် စီမံကိန်းဖြစ်ပါသည်။

မုတ္တမဖက် ရနောင်းတွင် ရေနက်ဆိပ်ကမ်းတခု၊ ထိုင်းပင်လယ်ကွေ့ရှိ ချွန်ဖွန်မြို့တွင် ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ပြီး အရှေ့အနောက် သွားလာသည့် သင်္ဘောများ ထိုဆိပ်ကမ်းများမှာ ကုန်ချ၊ ကား၊ ရထားများဖြင့် ဟိုဖက်ဆိပ်ကမ်းကိုသယ်၊ ဟိုဖက်ဆိပ်ကမ်းမှာ ဟိုဖက်ထွက်မည့်သင်္ဘောပေါ်တင်၊ ဤနည်းဖြင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာ မလိုသောကြောင့် အချိန်ကုန် ငွေကုန် သက်သာစေသည် ဆိုသည့် အတွေးအခေါ်ဖြစ်ပါသည်။ ထားဝယ်စီမံကိန်းနှင့် အတွေးအခေါ် တထပ်တည်း တူပါသည်။

ဒေါ်လာ ဘီလျံ ၃၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံရမည့် Land bridge စီမံကိန်းကို ထိုင်းလွှတ်တော်မှာ အပြင်းအထန် ဆွေးနွေးနေကြဆဲဖြစ်ပြီး လုပ်ဖြစ် မလုပ်ဖြစ် မသေချာသေးသော်လည်း သေချာသည်ကတော့ ဤစီမံကိန်းနှင့် အတွေးအခေါ်တထပ်တည်း တူညီသော ထားဝယ်ရေနက်ဆိပ်ကမ်းကိုတော့ ထိုင်းတွေ စိတ်မဝင်စားတော့ပါ။ စီမံကိန်း၏ အတွေးအခေါ်ကိုက ထိုင်းဖက်က လိုလိုလားလား ပူးပေါင်းဆောင်ရွက်ပါမှ ထားဝယ်စီမံကိန်းက အကောင်အထည်ဖော်၍ ရမည်ဖြစ်သောကြောင့် ထိုင်းကမှ စိတ်မဝင်စားဘူး၊ သူတို့ကိုယ်ပိုင် Land bridge ကိုပဲ အားထည့်မည်ဖြစ်နေသောကြောင့် ထားဝယ်ဆိပ်ကမ်းက ပို၍မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်ပါသည်။

အင်မတန် ရိုးရှင်းသဘာဝကျသည့် အထက်ပါအကြောင်းများကြောင့် ထားဝယ်စီမံကိန်းကို ရုရှားပဲဖြစ်ဖြစ် ဂျပန်ပဲဖြစ်ဖြစ် မည်သူမှ လာရောက်ရင်းနှီး အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါ။ ကမ္ဘာပေါ်မှာ စီမံကိန်းကြီးများ ယခုလို ကနဦးအဆင့်မှာ၎င်း၊ တဝက်တပျက်မှာ၎င်း၊ ရာနှုန်းပြည့် ပြီးစီးမှသော်၎င်း ရပ်တန့်ခြင်းမျိုးစုံနှင့် ရပ်တန့်ခဲ့ဖူးပါသည်။ ဆက်လက် ဖြစ်နေဆဲလည်း ဖြစ်ပါသည်။

ထို့ကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ ထိုင်းကို ဓာတ်အားရောင်းမည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ စသည့် စီမံကိန်းအတွဲလိုက်သည်လည်း ကမ္ဘာပေါ်မှာ နည်းမျိုးစုံနှင့် ရပ်တန့်သွားသည့် စီမံကိန်းများစွာထဲက တခုမျှသာ ဖြစ်ပါသည်ဟု ပတ်သက်နေကြသူတွေ၊ စိတ်ဝင်စားကြသူတွေ လေ့လာသိရှိနိုင်ရန် တင်ပြလိုက်ရပါသည်။

]]>
တနင်္သာရီကမ်းလွန်မှာ ဓာတ်ငွေ့သိုက်ကြီး တွေ့ပြန်ပြီတဲ့လား https://burma.irrawaddy.com/opinion/viewpoint/2026/06/08/413857.html Mon, 08 Jun 2026 02:30:09 +0000 https://burma.irrawaddy.com/?p=413857 ယခု CFG က တွေ့ထားတယ်ဆိုသည်မှာ ပင်လယ်ရေမျက်နှာပြင်ပေါ်ကနေ သင်္ဘောဖြင့် စမ်းသပ်သော 3D Seismic တွေ့ရှိချက်ကို ကိုးကား၍ ပြောဆိုနေခြင်းဖြစ်ပါတယ်။]]>

တနင်္သာရီကမ်းလွန် Block အမှတ် M 15 မှာ အင်မတန်ကြီးမားတဲ့ ဓာတ်ငွေ့သိုက်ကြီး တွေ့ထားတယ် (တချို့ ပြည်တွင်းမီဒီယာတွေကဆို ကမ္ဘာ့အကြီးဆုံးလို့တောင် ဆိုကြပါတယ်)။ ဒီနှစ်ကုန်မှာ တူးဖော်ထုတ်လုပ်မှာ ဖြစ်တယ်လို့ တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံသည့်ပွဲမှာ လုပ်ကိုင်ခွင့်ရထားတဲ့ CFG ကုမ္ပဏီမှ ပြောကြားတယ်လို့ BBC မြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြတာ တွေ့ရပါတယ်။

ပထမဦးဆုံးအချက်က ကုမ္ပဏီသည် Total, Shell, Chevron တို့လို နိုင်ငံတကာ ကုမ္ပဏီကြီးမဟုတ်သလို Petronas, PTTEP တို့လို ဒေသတွင်း ကုမ္ပဏီကြီးလည်း မဟုတ်ပါ။

စင်ကာပူမှာ မှတ်ပုံတင်ထားသော Canadian Foresight Group (CFG) ဆိုတာ ဖြစ်ပါတယ်။ ကုမ္ပဏီ Website ကို ဝင်ရောက်လေ့လာကြည့်ရာ အဆန်းတနမူနာ အရေးအသားနဲ့ အချက်အလက်အရ ကုမ္ပဏီကြီးတခု၏ ဟန်ပန်မတွေ့ရပါ။ မှတ်သားစရာအချက်အလက် များများစားစားလည်း မတွေ့ရပါ။

ဒုတိယအချက်က M 15 လုပ်ကွက်က CFG မတိုင်မီ ကုမ္ပဏီတချို့ ရှာဖွေခွင့်ယူပြီး လုပ်ကိုင်ကြဖူးပါတယ်။ သူတို့ ပြန်အပ်သွားလို့ CFG ကုမ္ပဏီ ဝင်လာတာပါ။ အလားအလာကောင်းလျှင်တော့ ပြန်အပ်ပါ့မလား၊ စဉ်းစားစရာပါ။

ယခု CFG က တွေ့ထားတယ်ဆိုသည်မှာ ပင်လယ်ရေမျက်နှာပြင်ပေါ်ကနေ သင်္ဘောဖြင့် စမ်းသပ်သော 3D Seismic တွေ့ရှိချက်ကို ကိုးကား၍ ပြောဆိုနေခြင်းဖြစ်ပါတယ်။ စူးစမ်းရှာဖွေသည့်တွင်း၊ အစမ်းတွင်း စသည်ဖြင့် လက်တွေ့တူးကြည့်ရမည့် အဆင့် ၂ ဆင့် ကျန်ပါသေးတယ်။

စူးစမ်းရှာဖွေသည့် တွင်းတူးတာ အချိန် ၁ နှစ်အတွင်း ပြီးနိုင်ပါတယ်။ ယခုနှစ်ကုန်မှာ တူးမည်ဆိုသည်မှာ ဤစူးစမ်းရှာဖွေသည့်တွင်းလို့ပဲ ယူဆပါတယ်။

ရှာဖွေရေးတွင်းရလဒ်က အလားအလာရှိမှ အစမ်းတွင်းတွေ များစွာ တူးကြည့်ရပါတယ်။ ဒါမှသာ ဓာတ်ငွေ့သိုက်ပမာဏ၊ အကျယ်အဝန်း၊ အရည်အသွေးစတာတွေကို တိကျစွာ ပြောနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံရသော အင်မတန် စွန့်စားရသော လုပ်ငန်းကြီးဖြစ်သောကြောင့် အစမ်းတွင်း တူးဖော်သည့်အလုပ်ကို အဖြေအတိအကျမရမချင်း အချိန်ယူ လုပ်ကိုင်ရပါလို့ပဲ။ ဤကာလက ၃ – ၄ နှစ်ကနေ ၁၀ နှစ်အထိ ကြာနိုင်ပါတယ်။ ကုမ္ပဏီကြီးတွေကတော့ ဒီအဆင့်ပြီးမှ အချက်အလက်တွေကို တရားဝင်ထုတ်ပြောကြပါတယ်။ 3D Seismic data လောက်နဲ့ လူသိရှင်ကြား ပြောဆိုခြင်းမတာ မလုပ်တတ်ကြပါဘူး။

စီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်း ရလဒ်ထွက်တော့မှ အကျိုးတူပူးပေါင်းမည့်သူတွေ၊ ဝယ်မည့်သူတွေနှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စအဝဝကို လုပ်ကြရပါတယ်။ ပြီးတာနဲ့ ရေနံတူးစင်၊ ပိုက်လိုင်း၊ ထိန်းချုပ်ရေးစခန်း စသည်တို့အတွက် လုပ်ငန်းအပ်နှံတာတွေ ဆောင်ရွက်ပြီး ဒီနောက်ဆုံးအဆင့်ကလည်း အင်မတန် အရေးကြီးတာမို့ ညှိနှိုင်းဆောင်ရွက်ရတာများလို့ အချိန် ၅ နှစ်ထက်မနည်း ကြာတတ်ပါတယ်။

ယခုတင်ပြသည့်အချက်များကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) အပြင် ဤလုပ်ငန်းနယ်ပယ်က လူများအားလုံး ကောင်းမွန်စွာ သိကြပါတယ်။ မနှစ်က ဒီသတင်းထွက်ပေါ်လာချိန် MOGE မှ အငြိမ်းစားအရာရှိများက မဖြစ်နိုင်သေးကြောင်း၊ ‌အတိအကျ‌ပြောဖို့ စောသေးကြောင်း ၎င်းတို့ Facebook ပေါ်မှာ ဆွေးနွေးပြောဆိုနေကြတာ တွေ့ရပါတယ်။ အငြိုငြင်ခံရလျှင် အန္တရာယ်ရှိတာကြောင့် အားလုံးက နှုတ်ဆိတ်နေကြတာပါ။

ဒါကြောင့် M 15 ကို မောင်သာရ ဝတ္ထုခေါင်းစဉ်အတိုင်း “နက်ဖြန်မှ ဖြစ်မှာ လာမပြောနဲ့” ဟု မှတ်ချက်ပြုပါရ‌စေ။

]]>
စွမ်းအင်ဝန်ကြီး လုပ်ပုံက ဝမ်းသွားချင်လာမှ အိမ်သာရှာသလိုမျိုး https://burma.irrawaddy.com/opinion/viewpoint/2026/04/21/412726.html Tue, 21 Apr 2026 03:35:21 +0000 https://burma.irrawaddy.com/?p=412726 စွမ်းအင်ဝန်ကြီး လုပ်သမျှက ဖော်ရှိုးတွေသာဖြစ်ပြီး တကယ်လုပ်မယ့် အရာတွေကလည်း သူတို့ စစ်လေယာဉ်ဆီတွေအတွက်သာ ဖြစ်ပါတယ်။ ဒါလည်း ဝမ်းသွားချင်လာမှ အိမ်သာရှာသလိုမျိုး ဖြစ်နေပါတယ်။]]>

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး ပထမအပတ်မှာတင် မြန်မာ့လောင်စာဆီနဲ့ လျှပ်စစ်အခက်အခဲကို ဖြေရှင်းဖို့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကို ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီ အရေးပေါ် စေလွှတ်ခဲ့တဲ့ သတင်းတွေ ဖတ်ရပါတယ်။

ဧပြီ ၁၅ ရက်မှာ ရုရှားကိုသွားပြီး ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့ (LNG/LPG) နဲ့ ဓာတ်မြေသြဇာတွေ ထောက်ပံ့ပေးဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပါတယ်။ အဓိကကတော့ ရေနံတွေကို ရေရှည်ဝယ်နိုင်ဖို့ ရုရှားဆီကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေရဖို့ပါ ညှိနှိုင်းခဲ့တာပါ။

ရုရှားမသွားခင် ဧပြီ ၁၃ ရက်မှာ တရုတ်နိုင်ငံကို အရင်ဝင်ပြီး ရေနံချက်စက်ရုံသစ်တွေ ဆောက်ဖို့၊ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းတွေလုပ်ဖို့နဲ့ ရေနံသယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချရဖို့ တရုတ်ကုမ္ပဏီတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

စွမ်းအင်ဝန်ကြီး ကိုကိုလွင်က မင်းအောင်လှိုင် သဘောကျအောင် တရုတ်တွေ၊ ရုရှားတွေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင်တာ အသာထားပြီး လျှောက်ဆွေးနွေး၊ လျှောက်ပြောနေတဲ့ ဟန်ပြလုပ်ရပ်တွေသာ ဖြစ်တယ်လို့ ပထမဆုံး ပြောပါရစေ။

ဒါကြောင့်လည်း သူ့ကို သဘောကျပြီး လျှပ်စစ်ကိုပါ ပူးတွဲကိုင်ခိုင်းတာ ဖြစ်ပါတယ်။ လာအိုက လျှပ်စစ်ကို ဝယ်ပြီး ဓာတ်ကြိုးလိုင်းသွယ်မယ်ဆိုတာမျိုးတွေ လူကြားကောင်းအောင် လျှောက်ပြောသေးတယ်။ သူလုပ်ပြနေတာတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဖြစ်လာဖို့ မရှိပါဘူး။

ရုရှားက ဆီသင်္ဘောကြီး မနက်ဖြန်ပဲ မြန်မာပြည် လာကပ်တော့မလိုလို၊ နျူကလီးယား ဓာတ်အားပေးစက်ရုံပဲ ဆောက်တော့မလိုလို ‘မစားရ ဝခမန်း’ တွေ ပြောနေတာဖြစ်တဲ့အကြောင်း ရှေ့မှာ ကျနော် ရေးခဲ့ပြီးပါပြီ။

ဒီတခေါက် အသစ်က တရုတ်တွေကို မြန်မာ့ရေနံမြေမှာ လာပြီး ရေနံတွေ တူးဖို့နဲ့ လောင်စာဆီချက်စက်ရုံ တည်ဖို့ဆိုတာပါ။ ဆိုတော့ မြန်မာပြည်အလယ်ပိုင်းက ကုန်းတွင်းရေနံမြေမှာ တရုတ်တွေ ဝင်လာလုပ်နိုင်သလားဆိုတာ စဉ်းစားစရာပါ။

ပြောရရင် ကုန်းတွင်းရေနံလုပ်ကွက်တွေကို အရင်က အဖွဲ့တွေလည်း ဝင်ရောက်ရှာဖွေ စမ်းသပ်မှုတွေ အများကြီး လုပ်ပြီးပါပြီ။ စီးပွားဖြစ် ထုတ်လုပ်နိုင်ခြေ မရှိတဲ့အတွက် မလာကြတာပါ။ ဒါကြောင့် အခုလည်း အလုပ်ဖြစ်ဖို့ မလွယ်ပါ။

ထောက်ရှာပင် တွင်းဟောင်းကို ပြန်ပြင်မယ်၊ အနက်ထပ်နှိုက်ကြည့်မယ်ဆိုပြီး တရုတ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်တာကလည်း ပေးရတာနဲ့ ပြန်ရမှာ တွက်ခြေကိုက်၊ မကိုက် မသေချာပေမဲ့ မင်းအောင်လှိုင်ကတော့ သဘောကျမှာ သေချာပါတယ်။ သူက အဲဒီလို လူမျိုးဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ တိုင်းပြည်က ပေးရတာပါ။

သံလျင်ရေနံချက်စက်ရုံကို ပြန်လည်ပတ်ဖို့ ဆိုတာကလည်း မင်းအောင်လှိုင်ရဲ့ “အစိုးရပိုင်စက်ရုံတွေ ပြန်လည်ပတ်ရမည်” ဆိုတဲ့ အတွေးအခေါ်ကို အသက်သွင်းပေးရုံ သက်သက်သာ ဖြစ်ပါတယ်။

ဒီစက်ရုံကို နဝတ လက်ထက်ကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အများအပြား လာရောက်လေ့လာဖူးပါတယ်။ စီးပွားဖြစ် ထုတ်နိုင်ဖို့ မဖြစ်နိုင်သလို၊ ရန်ကုန်ဆိပ်ကမ်းကို ၃ ရက်အတွင်း အရောက်ပို့ပေးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံလုပ်ငန်းစုကြီးရှိရာ စင်ကာပူက ဝယ်တာက ပိုသက်သာမယ်ဆိုပြီး မလုပ်ဖြစ်ကြတာပါ။

ပြည်တွင်းမှာ ရေနံစိမ်း များများစားစား မထွက်ဘဲ ရေနံချက်စက်ရုံ တည်မယ်ဆိုရင် ပြည်ပက သင်္ဘောကြီးတွေနဲ့ ရေနံစိမ်း အလုံးအရင်း သယ်လာပြီး စက်ရုံကြီးကြီးမှာ ချက်မှ တွက်ခြေကိုက်တာပါ။ သံလျင်နေရာက သင်္ဘောကြီးတွေ ဝင်လို့မရသလို စက်ရုံအကြီးကြီးအတွက်လည်း နေရာကျဉ်းနေပါတယ်။

ရေနံစိမ်းကို နည်းနည်းချင်း ဝယ်ချက်ရင် စင်ကာပူလို အကြီးအကျယ်ချက်ပြီး ပတ်ဝန်းကျင်ကို ရောင်းနေတဲ့ ပရိုဖက်ရှင်နယ် ဈေးနှုန်းထက် ပိုကြီးမှာ သေချာပါတယ်။ သံလျင်စက်ရုံကို ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။

နောက်ဆုံး စဉ်းစားမိတာ တချက်တော့ ရှိပါတယ်။ အဲဒါက “လေယာဉ်ဆီ” ပါ။ အားလုံးက ဝိုင်းပိတ်ဆို့ချိန် လေယာဉ်ဆီကို အီရန်က မှောင်ခိုဝယ်ရပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း တန်ချိန် ၁၇၀၀၀၀ ကျော် စစ်တပ်က ဝယ်သွင်းခဲ့တယ်။

အခုလိုမျိုး အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်လို့ လေယာဉ်ဆီ ဝယ်မရတာတွေ ဖြစ်လာတော့ ပြည်တွင်းက ထွက်သမျှ ရေနံစိမ်းလေးတွေကို မူးစုပဲစု စုပြီး လေယာဉ်ဆီကိုပဲ ဦးစားပေး ထုတ်ဖို့ ပြင်ဆင်လိုတာလို့ ကောက်ချက်ချရမယ်။ ဒီအတွက် ကုန်ကျစရိတ်ကို ထည့်တွက်စရာမလိုဘူး၊ ဘယ်လောက်ပဲဖြစ်ဖြစ် ဆီရဖို့ကသာ အဓိက ဖြစ်ပါတယ်။

ဒီဖြစ်နိုင်ခြေက ကြည့်ရင် သံလျင်စက်ရုံ၊ ထောက်ရှာပင်နဲ့ အခြား ကုန်းတွင်းလုပ်ကွက်တွေကို လုပ်ဖို့ ကြိုးစားနေတာက အဓိပ္ပာယ် အများကြီး ရှိပါတယ်။ သာမန်စက်သုံးဆီဆိုရင်တော့ စင်ကာပူက ငွေပေးဝယ်ရင် အချိန်မရွေး ရပါတယ်။ အခုလည်း ရတယ်၊ နောက်လည်း ရဦးမှာပါ။ ပိုက်ဆံသာ ပေးနိုင်ဖို့ လိုပါတယ်။ သူတို့က ဒီအလုပ်ကို ဇောက်ချလုပ်နေတာ ဆယ်စုနှစ်ချီနေပါပြီ။

အချုပ်အားဖြင့် ဆိုရသော် စွမ်းအင်ဝန်ကြီး လုပ်သမျှက ဖော်ရှိုးတွေသာဖြစ်ပြီး တကယ်လုပ်မယ့် အရာတွေကလည်း သူတို့ စစ်လေယာဉ်ဆီတွေအတွက်သာ ဖြစ်ပါတယ်။ ဒါလည်း ဝမ်းသွားချင်လာမှ အိမ်သာရှာသလိုမျိုး ဖြစ်နေပါတယ်။ ပြည်သူလိုအပ်တဲ့ စက်သုံးဆီကတော့ သွင်းခွင့်ပြုဖို့ပဲ လိုပါတယ်၊ ဝန်ကြီး လုပ်နေသလို လျှောက်လုပ်နေစရာ မလိုပါဘူး။

(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

You may also like these stories:

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

မီးဇာကုန် ဆီခမ်းနေတဲ့ မြန်မာ့စွမ်းအင်

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

]]>
မီးဇာကုန် ဆီခမ်းနေတဲ့ မြန်မာ့စွမ်းအင် https://burma.irrawaddy.com/opinion/viewpoint/2025/11/11/407880.html Tue, 11 Nov 2025 01:00:32 +0000 https://burma.irrawaddy.com/?p=407880 ဆင်းရဲတွင်းက ပြန်လွတ်ဖို့ဆို လျှပ်စစ်မီး ပုံမှန်လာနေဖို့ လိုတာပေါ့။ ဒီလျှပ်စစ်မီး ပုံမှန်ရဖို့အတွက် လောင်စာစွမ်းအင် လုံလုံလောက်လောက် ရှိဖို့ လိုပြန်ရော။]]>

မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ် သတ်မှတ်ခံထားရခြင်းမှ လွတ်မြောက်ရေး ကော်မရှင်တရပ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဦးဆောင်ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။ ဆင်းရဲတွင်းက ပြန်လွတ်ဖို့ဆို လျှပ်စစ်မီး ပုံမှန်လာနေဖို့ လိုတာပေါ့။ ဒီလျှပ်စစ်မီး ပုံမှန်ရဖို့အတွက် လောင်စာစွမ်းအင် လုံလုံလောက်လောက် ရှိဖို့ လိုပြန်ရော။ ဆိုတော့ မြန်မာမှာ အများဆုံး ထွက်နေတဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍက ရှေ့ရောက်လာတာပါပဲ။

NLD အစိုးရက၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ခွင့်ပြုထားပြီး ဖြစ်တဲ့ ထိုင်း PTTEP ကုမ္ပဏီက မုတ္တမပင်လယ်ကွေ့အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M 3 မှာ တွေ့ရှိထားတဲ့ ဂက်စ်နဲ့ 600 MW ဓာတ်အားပေးစက်ရုံ တခု တည်ဆောက်ဖို့ ရေးစီမံကိန်းကို သတိရသွားတယ်။ တွင်းတူးစင်တွေဆောက်၊ ပိုက်လိုင်းသွယ်၊ ဓာတ်အားပေးစက်ရုံဆောက်၊ ဓာတ်အားထုတ်လုပ်ပြီး လျှပ်စစ်ကို မြန်မာအစိုးရကို ရောင်းရမှာ ဖြစ်ပါတယ်။ လျှပ်စစ်တယူနစ်‌ဈေး သတ်မှတ်ပြီး အစိုးရက ဒေါ်လာနဲ့ပေးချေရမှာ ဖြစ်ပါတယ်။ (ဂက်စ်ထုတ်လုပ်ရေးအပိုင်းမှာတော့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ PTTEP ဖက်စပ်ဖြစ်ပါတယ်။)

၂ ဘီလီယံတန် ဓာတ်အားပေးစက်ရုံ စီမံကိန်းလိုမျိုးကို ရွေးကောက်ခံအစိုးရ လက်ထက်မှာဆိုရင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF၊ JICA၊ UN စတဲ့နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ဝိုင်းဝန်းကူညီမှုတွေနဲ့ ကြိုးစားအကောင်အထည် ဖေါ်နိုင်မှာ ဖြစ်ပါတယ်။ ယခုတော့ စစ်အာဏာသိမ်းပြီး ဖြစ်ပျက်နေတဲ့ အခြေအနေဆိုးများကြောင့် အနှီ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုကို မည်သူမျှ မလုပ်ရဲသည့်အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ ကိစ္စဖြစ်နေတယ်။

ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၂ ဘီလီယံ ရှိမှာ ဖြစ်ပြီး အာဏာသိမ်းလိုက်တဲ့အတွက် ဘာမှဆက်မလုပ်နိုင်ပဲ ရပ်ဆိုင်းနေပါတယ်။ ၂ ဘီလီယံတန် ဓာတ်အားပေးစက်ရုံ စီမံကိန်းလိုမျိုးကို ရွေးကောက်ခံအစိုးရ လက်ထက်မှာဆိုရင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF၊ JICA၊ UN စတဲ့နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ဝိုင်းဝန်းကူညီမှုတွေနဲ့ ကြိုးစားအကောင်အထည် ဖေါ်နိုင်မှာ ဖြစ်ပါတယ်။ ယခုတော့ စစ်အာဏာသိမ်းပြီး ဖြစ်ပျက်နေတဲ့ အခြေအနေဆိုးများကြောင့် အနှီ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုကို မည်သူမျှ မလုပ်ရဲသည့်အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ ကိစ္စဖြစ်နေတယ်။

600 MW ဓာတ်အားပေးစက်ရုံဆိုတာကလည်း ခပ်သေးသေးသာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက စက်ရုံတွေဆို 2,400 MW ၊ 3,000 MW ကျော် စသဖြင့် အကြီးကြီးတွေ ဖြစ်ပါတယ်။ စက်ကြီးမှလည်း ဂက်စ်စားနှုန်းနည်းပြီး တွက်ခြေကိုက်တာ ဖြစ်ပါတယ်။ M 3 ကိုယ်နှိုက်ကိုက ဂက်စ်ပမာဏနည်းတဲ့အတွက် 600 MW စက်ရုံသာ တည်နိုင်တာဖြစ်ပါတယ်။

နာမည်ကျော် သူဌေးကြီး မိုက်ကယ်မိုးမြင့်နဲ့ ဩစတြေးလျကုမ္ပဏီ Woodside ၊ ပြင်သစ် Total တို့ပူးပေါင်းရှာဖွေတွေ့ရှိထားတဲ့ ဧရာဝတီကမ်းလွန် လုပ်ကွက်အမှတ် A 6 ကလည်း Ultra deep လို့ ခေါ်တဲ့ ပင်လယ်ကြမ်းပြင်အောက် အင်မတန်နက်တဲ့ နေရာမှာ တွေ့ရှိထားတာ ဖြစ်ပါတယ်။

တွေ့ရှိတဲ့ ဂက်စ်ပမာဏကလည်း သိပ်အများကြီးမဟုတ်လို့ သိရပါတယ်။ ပင်လယ်အောက် အနက်မှာ ထုတ်ယူရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်လည်း ပိုများပါမယ်။ မဂ္ဂါဝပ် ရာဂဏန်းအနည်းငယ်ရှိတဲ့ ဓာတ်အားပေးစက်ရုံတခုလောက်သာ ဖြစ်ဖြစ်မြောက်မြောက် တည်နိုင်မည့် သဘောပါ။

အာဏာသိမ်းလိုက်တဲ့အတွက် Woodside နဲ့ Total က မြန်မာပြည်မှ ထွက်ခွာသွားခဲ့ကြ‌တာကြောင့် မိုက်ကယ်မိုးမြင့်ရဲ့ ပြည်တွင်းကုမ္ပဏီတခုအနေနဲ့ ဒေါ်လာဘီလီယံချီအလုပ်ကို တဦးတည်းဆက်လုပ်ဖို့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ပါ။ စီမံကိန်းကိုယ်နှိုက်က အမြတ်အစွန်းအများကြီးရလောက်တဲ့ ကြီးကြီးမားမားမဟုတ်သည့်အပြင် ခုလို တိုင်းပြည်ပျက်နေတဲ့အခြေအနေနဲ့ မည်သည့်နိုင်ငံခြားအဖွဲ့မှလည်း မလာတော့ပါ။

အာဏာသိမ်းစစ်တပ်က ပွဲလမ်းပေါင်းများစွာ ကျင်းပခြင်း၊ ရွေးကောက်ပွဲ ကျင်းပတို့ခြင်းနဲ့ တိုင်းပြည် ကောင်းနေသလို ဟန်ရေးပြကောင်းနေပေမယ့် ဒေါ်လာသန်း ရာ ထောင်ချီ ရင်းနှီးမြှုပ်နှံသူများအမြင်မှာတော့ တိုင်းပြည်က ပျက်နှင့်နေပြီဖြစ်ပါတယ်။ မြန်မာပြည်စီမံကိန်းတွေအတွက် ဘယ်ဘဏ်မှ ငွေမချေးတော့ပါ၊ ဘယ် အာမခံကုမ္ပဏီမှ အာမခံ မပေးရဲတော့ပါ။ ဤလုပ်ငန်းနယ်ပယ်အတွင်းက အနောက်နဲ့ ဂျပန်မှ နာမည်ကြီး စက်ပစ္စည်းထုတ်လုပ်သူများကလည်း ဆန်ရှင်ကြောင့် ပစ္စည်းမရောင်းတော့ပါ။

မြန်မာနိုင်ငံ ကုန်းတွင်း၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများ နဝတခေတ်ကတည်းက ရှာဖွေနေခဲ့ကြတာဖြစ်ပြီး ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ စတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ နေရာ အချို့၌သာ ဂက်စ်တွေ့ရှိပြီး ထိုင်းနဲ့ တရုတ်ကို အကုန်ရောင်းစားခဲ့ပါတယ်။ ကျန်နေရာများမှာ မတွေ့ သို့မဟုတ် စီးပွားဖြစ်ထုတ်လုပ်နိုင်လောက်အောင် မတွေ့ပါ။ မတွေ့သေးပါ။

မြန်မာနိုင်ငံ ကုန်းတွင်း၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများ နဝတခေတ်ကတည်းက ရှာဖွေနေခဲ့ကြတာဖြစ်ပြီး ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ စတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ နေရာ အချို့၌သာ ဂက်စ်တွေ့ရှိပြီး ထိုင်းနဲ့ တရုတ်ကို အကုန်ရောင်းစားခဲ့ပါတယ်။ ကျန်နေရာများမှာ မတွေ့ သို့မဟုတ် စီးပွားဖြစ်ထုတ်လုပ်နိုင်လောက်အောင် မတွေ့ပါ။ မတွေ့သေးပါ။

ထိုနေရာတွေကလည်း အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှားတို့ရဲ့ ဂက်စ်တွင်းများနဲ့ ယှဉ်ပါက ခပ်သေးသေးသာ ဖြစ်ပါတယ်။ ဘရူနိုင်းနဲ့ အခြားရေနံထွက်နိုင်ငံာတွေနဲ့ နှိုင်းယှဉ်ဖို့ကား ဆိုဖွယ်ရာ မရှိတော့ပြီ။ ထို့ကြောင့် သဘာဝဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ မြန်မာပြည်ဆိုတာ ဂျင်းသာဖြစ်ပါတယ်။ အကော်ဒီယံ အုန်းကျော် ဖါးပြီး ဆိုထားတဲ့ “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ သယံဇာတတွေ ပေါတဲ့မြေ ” ဆိုတာ ဂျင်းပါ။

သယံဇာတ မထွက်ဘူး မဟုတ်ဘူး ထွက်ပါတယ်။ ရှိပါတယ်။ မျိုးစုံအောင်ကို ထွက်ပါတယ်။ သို့သော် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နစ်ကယ် စသဖြင့် တကယ်များများစားစားထွက်တဲ့ အာဆီယံတွင်းက အင်ဒိုနီးရှားကိုတောင် မမှီပါ။ အခြား ကမ္ဘာ့နိုင်ငံများနှင့်ကား ဆိုဖွယ်ရာမရှိ။ မြန်မာပြည်ထွက်တယ်ဆိုတာ လူတစု ချမ်းသာသွားအောင်သာ ထွက်တာပါ။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုအောင် သုံးမကုန်အောင် ထွက်တာ မဟုတ်ပါ။

ထွက်လာတာ‌လေးကို ရောင်းစား၊ ကျစ်ကျစ်ပါအောင် စု၊ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ လျှပ်စစ်၊ စက်မှုလုပ်ငန်းများအတွက် ဓာတ်ငွေ့၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံတွေ ဖွံ့ဖြိုးအောင်လုပ်ပြီး စီးပွားရေးကိုကောင်းမွန်လာအောင်၊ ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်ပြီး သယံဇာတအပေါ် မမှီခိုသော စီးပွားရေး ဖြစ်အောင် ကြိုးစားခဲ့ရမှာ ဖြစ်ပါတယ်။ သယံဇာတ အကြီးအကျယ်ထွက်ရှိ တင်ပို့နေတဲ့ တိုင်းပြည်များပင်လျင် ငါတို့မှာ သယံဇာတပေါတယ်၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဟု မယူဆကြပါ။

မီးဇာလည်းရှိ၊ ဆီလည်းရှိသည့် အချိန်မှာ မိုက်မဲစွာနှင့် တိုင်းပြည်အတွက် မကြည့်ပဲ ပေါက်ကရ စီမံကိန်းတွေ၊ စက်ရုံတွေ၊ နေပြည်တော်တွေ တည်ဆောက်ပြီး ဖြုန်းခဲ့ ဘုံးခဲ့ကြပါတယ်။ အာဏာရှိသူအပေါင်းပါတစုသာ ကျိကျိတက်ချမ်းသာသွားကြပြီး တိုင်းပြည်ကတော့ မီးဇာကုန်ဆီခမ်းကာ မှောင်ထဲမှာ ငုတ်တုတ်မေ့နေရပြီ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီက စခဲ့တဲ့ မြန်မာစစ်အစိုးရတွေဟာ တိုင်းပြည်တခု ဘယ်လိုတည်ဆောက်ရတယ်ဆိုတာထက် ခေါင်းဆောင်ကြီးတွေ အာဏာတည်မြဲပြီး စိတ်ကူးပေါက်ရာ ဖီလင်လာရာ စီမံကိန်းတွေကို ငွေတွေဖြုန်းပြီး လုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ခုထိလည်း ဒီအချက်ကို နားလည်ရကောင်းမှန်း မသိသေးတာ တွေ့ရပါတယ်။

ဒီလိုနဲ့ နဂိုကတည်းက ထွက်ရုံလေးထွက်တဲ့ သယံဇာတတွေလည်း ခမ်း၊ လူတွေကလည်း ဘာမှ မလုပ်တတ်၊ နောက်ကျကျန်ခဲ့တာကလည်း ကြာတော့ ရင်ဘောင်တန်းဖို့ အသာထား၊ ရှေ့နည်းနည်းတက်ဖို့ကို မဖြစ်နိုင်တော့သလောက်အောင် ခက်ခဲ၊ ကိုယ့်ထက်ရှေ့ရောက်နေတဲ့ အာဆီယံအဖွဲ့သားတွေတောင် ပြိုင်ဆိုင်မှု ပြင်းထန်၊ ပြောင်းလဲမှု မြန်ဆန်လွန်းတဲ့ ခေတ်ကြီးမှာ တိုင်းပြည်ကို မနည်းမကျသွားအောင် စိုးရိမ်တကြီး ထိန်းသိမ်းနေကြရတာမို့ မြန်မာပြည်လို အခြေအနေဆိုးနေတဲ့ တိုင်းပြည်အတွက် ဘာဆို ဘာမှ ကောင်းလာအောင် လျှပ်စစ်တွေ ပိုထွက်လာအောင် လုပ်နိုင်စွမ်း မရှိတော့တာ ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။

မီးဇာလည်းရှိ၊ ဆီလည်းရှိသည့် အချိန်မှာ မိုက်မဲစွာနှင့် တိုင်းပြည်အတွက် မကြည့်ပဲ ပေါက်ကရ စီမံကိန်းတွေ၊ စက်ရုံတွေ၊ နေပြည်တော်တွေ တည်ဆောက်ပြီး ဖြုန်းခဲ့ ဘုံးခဲ့ကြပါတယ်။ အာဏာရှိသူအပေါင်းပါတစုသာ ကျိကျိတက်ချမ်းသာသွားကြပြီး တိုင်းပြည်ကတော့ မီးဇာကုန်ဆီခမ်းကာ မှောင်ထဲမှာ ငုတ်တုတ်မေ့နေရပြီ ဖြစ်ပါတယ်။

(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

You may also like these stories:

ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

]]>
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား https://burma.irrawaddy.com/opinion/viewpoint/2025/05/20/401138.html Tue, 20 May 2025 09:42:00 +0000 https://burma.irrawaddy.com/?p=401138 သီလဝါနှင့် သာကေတမှာရှိတဲ့ ဓာတ်အားပေးစက်ရုံ ၂ ခုအတွက် ဂက်စ်ပေးမည့် LNG သင်္ဘောကြီး ပြန်လာနေပြီဟု သတင်းများက ဆိုနေကြပါတယ်။]]>

သီလဝါနှင့် သာကေတမှာရှိတဲ့ ဓာတ်အားပေးစက်ရုံ ၂ ခုအတွက် ဂက်စ်ပေးမည့် LNG သင်္ဘောကြီး ပြန်လာနေပြီဟု သတင်းများက ဆိုနေကြပါတယ်။ တရုတ်သင်္ဘောကုမ္ပဏီ Singhai Marine Services Yangon မှ သင်္ဘောသား ၁၄ ယောက်ဟာ ထိုသင်္ဘောကြီးကို သွားယူနေကြပြီ ဖြစ်သည့်အကြောင်း ထိုကုမ္ပဏီမှ ၎င်းတို့၏ Facebook စာမျက်နှာမှာ မေလ ၉ ရက်နေ့က တင်ထားခဲ့တာဖြစ်ပါတယ်။ ထိုသတင်းတခုတည်းကိုပဲ သတင်းဌာနပေါင်းများစွာက ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။

ထူးဆန်းသည်က အာဏာသိမ်း စစ်ကောင်စီဖက်မှ တရားဝင်ကော၊ တိုးတိုးတိတ်တိတ်ကော မည်သည့်သတင်းမျှ မထွက်ပေါ်ပဲ တရုတ်သင်္ဘောကုမ္ပဏီတခု၏ သတင်းကသာ အင်တာနက်ပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတာ ဖြစ်ပါတယ်။ ပို၍ ထူးဆန်းသည်က ထိုသင်္ဘောကုမ္ပဏီမှ ၎င်းတို့၏ ပို့စ်ကို နာရီပိုင်းအတွင်းမှာ ဖြုတ်ချသွားတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့၏ လျှပ်စစ်ဝန်ကြီးဌာနသည် လျှပ်စစ်နှင့်ပါတ်သက်၍ လေအား၊ ရေအား၊ နျူကလီးယား စသည်တို့ကို ရုရှားနှင့် ဘယ်လို၊ တရုတ်နှင့် ဘယ်ပုံ ထုတ်လုပ်မည် မဂ္ဂါဝပ်ဘယ်လောက်ထွက်မည် စသဖြင့် လက်တွေ့မဖြစ်နိုင်တာတွေကို မစားရဝခမန်း အမြဲပြောကြားတတ်ပေမည့် ကျသလောက် ဒေါ်လာနဲ့ပေးမည်ဟု သဘောတူလိုက်သည်နှင့် ရက်ပိုင်း လပိုင်းအတွင်း မီးရမည့် အနှီ LNG စီမံကိန်းအကြောင်းကိုတော့ တလုံးမှ မဟခဲ့ကြတာ တွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့၏ လျှပ်စစ်ဝန်ကြီးဌာနသည် လျှပ်စစ်နှင့်ပါတ်သက်၍ လေအား၊ ရေအား၊ နျူကလီးယား စသည်တို့ကို ရုရှားနှင့် ဘယ်လို၊ တရုတ်နှင့် ဘယ်ပုံ ထုတ်လုပ်မည် မဂ္ဂါဝပ်ဘယ်လောက်ထွက်မည် စသဖြင့် လက်တွေ့မဖြစ်နိုင်တာတွေကို မစားရဝခမန်း အမြဲပြောကြားတတ်ပေမည့် ကျသလောက် ဒေါ်လာနဲ့ပေးမည်ဟု သဘောတူလိုက်သည်နှင့် ရက်ပိုင်း လပိုင်းအတွင်း မီးရမည့် အနှီ LNG စီမံကိန်းအကြောင်းကိုတော့ တလုံးမှ မဟခဲ့ကြတာ တွေ့ရပါတယ်။

ဒီစီမံကိန်းဟာ ဟောင်ကောင်က V Power ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီကြီးဖြစ်သည့် CNTIC (China National Technical Import & Export Corporation) တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်ပြီး NLD လက်ထက်က LNG to power စီမံကိန်းအဖြစ် ခွင့်ပြုအကောင်အထည်ဖေါ်ခဲ့တာ ဖြစ်ပါတယ်။

စက်တပ်ဆင်အင်အား စုစုပေါင်း 750 MW ရှိပြီး ဓာတ်အားခ တယူနစ်ကို အမေရိကန် ၁၂.၅၀ ဆင့်ခန့် ပေးရတယ်ဟု ကြားသိရဖူးပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စကစဖက်က ဓာတ်အားခတွေ မပေးနိုင်တော့သည့်အတွက်ကြောင့်၎င်း၊ ကိုဗစ်အပြီးမှာ ဂက်စ်ဈေးတွေ အဆမတန်တက်သွားသည့်အတွက်ကြောင့်၎င်း ၂၀၂၃ မတ်လကုန်မှာ သင်္ဘောကြီး ပြန်လည်ထွက်ခွါသွားကာ စီမံကိန်းလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ ဒေါ်လာသန်း ရာချီတဲ့ V Power နှင့် CNTIC တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာလည်း မရေမရာအဖြစ်ကို ရောက်ရှိသွားပါတယ်။

နိုင်ငံရေးအနေအထားအရ ထိုအချိန်က တရုတ်အစိုးရက မြန်မာစစ်ကောင်စီကို အဆက်အဆံမလုပ်ပဲ ထားနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်အစိုးရက စကစကို ထိထိရောက်ရောက် မပြောပေးနိုင်သည့်အနေအထားဟု သုံးသပ်ရပါတယ်။ ဒီကြားထဲမှာ တရုတ်ကုမ္ပဏီကတော့ သူတို့ သန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံထားမှုတွေ မဆုံးရှုံးရလေအောင် စီမံကိန်းပြန်လည် လည်ပတ်နိုင်ဖို့ သက်ဆိုင်ရာ မြန်မာအဖွဲ့များထံ ဆက်သွယ်ကြိုးပမ်းနေမည်သာ ဖြစ်ပါတယ်။

အခုတော့ ကိုဗစ်အပြီး တက်သွားခဲ့သည့် ဂက်စ်ဈေးတွေလည်း ပုံမှန်ပြန်ဖြစ်တာကြာခဲ့ပြီ ဖြစ်သလို တရုတ်အစိုးရရဲ့ ဆက်ဆံရေးဟာလည်း အားလုံးသိကြသည့်အတိုင်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့တောင် လူချင်းလက်ဆွဲနှုတ်ဆက်ခဲ့ပြီးပြီဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်းမှာ တရုတ်သမ္မတက မြန်မာစစ်ခေါင်းဆောင်ကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အလေးထားပြောကြားထားတာ ရှိပါတယ်။

အခုတော့ ကိုဗစ်အပြီး တက်သွားခဲ့သည့် ဂက်စ်ဈေးတွေလည်း ပုံမှန်ပြန်ဖြစ်တာကြာခဲ့ပြီ ဖြစ်သလို တရုတ်အစိုးရရဲ့ ဆက်ဆံရေးဟာလည်း အားလုံးသိကြသည့်အတိုင်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့တောင် လူချင်းလက်ဆွဲနှုတ်ဆက်ခဲ့ပြီးပြီဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်းမှာ တရုတ်သမ္မတက မြန်မာစစ်ခေါင်းဆောင်ကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အလေးထားပြောကြားထားတာ ရှိပါတယ်။

ကာကွယ်ပေးဖို့ဆိုရာမှာ လုံခြုံရေးအရအပြင် ယခုလိုမျိုး စာချုပ်ချုပ်ဆိုပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီးမှ ရပ်ထားရသည့်အဖြစ်မျိုး မဖြစ်အောင်ဆိုတာလည်း ပါဝင်ပါတယ်။ ဒါကြောင့် စကစဖက်က မဖြစ်မနေ လုပ်ပေးရမည့် တာဝန်ဖြစ်လာပါတယ်။ တကယ်တော့ မြန်မာပြည်မီးမလောက်တာ ကြာခဲ့ပါပြီ။ ဒီစီမံကိန်းကို ပြန်စပြီး မီးပေးမည်ဆိုလျင် အကောင်းကျန်နေသေးသည့် မြို့များက ပြည်သူတွေလည်း အနည်းငယ်အသက်ရှူချောင်မှာ ဖြစ်ပါတယ်။

သို့သော် စကစရဲ့ ပြဿနာက နိုင်ငံခြားငွေ ဖြစ်ပါတယ်။ စစ်တိုက်ရာမှာ သုံးရသည့် အရာမှန်သမျှ လူကလွဲ၍ နိုင်ငံခြားက ဝယ်ရတာမို့ နိုင်ငံခြားငွေ လိုပါတယ်။ စစ်တိုက်တယ်ဆိုတာလည်း အင်မတန် အကုန်အကျများတာမို့ ရေနံသိုက်၊ ဂက်စ်သိုက်၊ သတ္တုသိုက်တွေပေါ် ဖင်ခုထိုင်ထားတဲ့ ပူတင်လို လူမျိုးသာ မိုက်မိုက်ကန်းကန်း လုပ်နိုင်တာ ဖြစ်ပါတယ်။

ဟိုတပတ်က ထချကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကိုကြည့်ပါ၊ ခေါင်းဆောင်တွေ အာသာပြေအောင်လေး၊ သဘောထားတင်းမာတဲ့ သူ့ပြည်သူတွေ ကြေနပ်သွားအောင်လေး ချကြတာ။ ပြီးတာနဲ့ ရပ်ပြီး ပါးစပ်နဲ့ပဲ ဆက်တိုက်နေကြတာပါ။ စစ်တိုက်တယ်ဆိုတာ တိုင်းပြည်ရဲ့ မွဲဆေးဆိုတာ သူတို့ခေါင်းဆောင်တွေ ကောင်းကောင်းသိကြပါတယ်။

ယခု LNG to power စီမံကိန်းပြန်လည်စတင်ပါက ပေးရမည့် ဓာတ်အားခကို တွက်ကြည့်ပါမည်။

စက်အင်အား၏ ၇၅ ရာခိုင်နှုန်းကို မောင်းနှင်မည်ဆို 750 MW x 75% = 562.5 MW ဖြစ်ပြီး တနာရီကို 562,500 ယူနစ် (kWh) ထုတ်လုပ်နိုင်ပြီး တနှစ်ကို ယူနစ်သန်းပေါင်း ၅,၀၀၀ နီးပါးဖိုး ပေးချေရမှာ ဖြစ်ပါတယ်။ တယူနစ်ကို အမေရိကန် ဆင့် ၁၂.၅၀ ဆင့်ဖြစ်သောကြောင့် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် ပေးရမည်ဖြစ်ပါတယ်။ နည်းလှ သန်း ၅၀၀ ပေါ့။ ဒိထက်နည်းရင် V Power ဖက်က တွက်ချေမကိုက်ပါ။

စကစက ပြည်သူတွေကို မီးပေးဖို့ တနှစ် အမေရိကန်ဒေါ်လာသန်း ၅၀၀- ၆၀၀ အကုန်အကျမခံပါ။ ဒါကြောင့်လည်း ဟိုက ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ မီးနဲ့ပတ်သက်ရင် မဖြစ်နိုင်တဲ့ စီမံကိန်းတွေကို သတင်းစာနဲ့ တီဗီမှာ မိုးတလုံးလေတလုံး လျှောက်ပြောထားပြီး ပြည်သူကို ဆိုလာနဲ့ ကိုယ့်ဖါသာ စီစဉ်ခိုင်းကာ စစ်တိုက်ဖို့ပဲ နိုင်ငံခြားငွေ သုံးမည်ဆိုတာ စကစရဲ့ လျှပ်စစ်စွမ်းအင်မူဝါဒ ဖြစ်ပါတယ်။

စကစက ပြည်သူတွေကို မီးပေးဖို့ တနှစ် အမေရိကန်ဒေါ်လာသန်း ၅၀၀- ၆၀၀ အကုန်အကျမခံပါ။ ဒါကြောင့်လည်း ဟိုက ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ မီးနဲ့ပတ်သက်ရင် မဖြစ်နိုင်တဲ့ စီမံကိန်းတွေကို သတင်းစာနဲ့ တီဗီမှာ မိုးတလုံးလေတလုံး လျှောက်ပြောထားပြီး ပြည်သူကို ဆိုလာနဲ့ ကိုယ့်ဖါသာ စီစဉ်ခိုင်းကာ စစ်တိုက်ဖို့ပဲ နိုင်ငံခြားငွေ သုံးမည်ဆိုတာ စကစရဲ့ လျှပ်စစ်စွမ်းအင်မူဝါဒ ဖြစ်ပါတယ်။ ရန်ကုန်တဝိုက်က စက်မှုဇုံတွေကို တယူနစ် ၈၀၀, တထောင် ကောက်မည်ဆိုပါက သဘောတူလား စသည့် စစ်တမ်းတွေကောက်နေသည်လည်း သိရပါတယ်။ သို့သော် ဒါတွေက ကျပ်ငွေတွေသာဖြစ်ပြီး ပေးရမည်က ဒေါ်လာ သို့မဟုတ် ယွမ် ဖြစ်ပါတယ်။

အခုတော့ သူတို့အားကိုးတဲ့ ရှီရဲ့ ဖိအားနဲ့ ဒီဟာကြီး ပြန်စရတော့မည့်အဖြစ် ဖြစ်နေပါတယ်။ သူတို့ မလုပ်ချင် လုပ်ချင်နဲ့ စမ်းတဝါးဝါး လုပ်နေရတာမို့ တကယ်လုပ်ဖြစ်မည်လား၊ စစ်ခေါင်းဆောင်က တကယ်တမ်း သဘောတူပါ့မလား စသည့် လက်တွေ့ အကောင်အထည်ဖေါ်ဖို့ ဆွေးနွေးနေကြရသည့် အဆင့်မှာ မရေရာ မသေချာမှုများကြောင့် ၎င်းတို့ဖက်က ဘာသတင်းမှ မထွက်၊ ဘာမှပြောစရာမရှိ ဖြစ်နေသည် ယူဆရပါတယ်။

သတင်းဌာနတခုကတော့ “LNG ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်ရေး ဆောင်ရွက်နေဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြော” ဆိုတဲ့ ဘာမှ အချက်အလက် မပါသည့် သတင်းတခုသာ တက်လာတာ တွေ့ရပါပါတယ်။ သူတို့လောက်ကြွားတာ သူတို့ပဲရှိတာမို့ တကယ်သာလုပ်နေရင် “နိုင်ငံတော်ရဲ့ စေတနာတွေ၊ နိုင်ငံတော်အကြီးအကဲရဲ့ စေတနာတွေ” ဆိုတဲ့ စကားတွေ စကစ တီဗီနဲ့ သတင်းစာတွေမှာ တချိန်လုံးတွေ့နေရမှာ ဖြစ်ပါတယ်။

ခုတော့ ဘာသတင်းမှ မကြားရတဲ့ ထူးဆန်းတဲ့ သင်္ဘောကြီး ဖြစ်လို့ နေပါတယ်။

(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

You may also like these stories:

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

ရန်ကုန်မြို့ခံတွေရဲ့ လျှပ်စစ်မီးဒုက္ခ (ရုပ်/သံ)

ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား

ဘာမှ ဖြစ်မလာမယ့် လေထဲက ထားဝယ်စီမံကိန်း

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

]]>
ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား https://burma.irrawaddy.com/opinion/viewpoint/2025/03/15/398593.html Sat, 15 Mar 2025 07:56:00 +0000 https://burma.irrawaddy.com/?p=398593 ထားဝယ် စက်မှုဇုန်စီမံကိန်း ဖြစ်လာရန် မရှိပါ။ ရုရှားနှင့်ဆိုလျှင် ပိုတောင် မရှိပါ။]]>

ထားဝယ် အထူးစက်မှုဇုန်ဆိုသည်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေတို့အဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး မန္တလေးလေဆိပ်ကြီးကို တည်ဆောက်ခွင့်ရခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development Co.,) က အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည့် စီမံကိန်းတခုဖြစ်ပြီး ရေနက်ဆိပ်ကမ်းတခု၊ စက်မှုဇုန်၊ မဂ္ဂါဝပ် ထောင်ကျော် ထုတ်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတခုနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) Terminal တခုတို့ ပါဝင်သည်။

သို့သော် စီမံကိန်းက စီးပွားရေးအရ အလုပ်မဖြစ်နိုင်ဟု အတူရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခံရသူများ၊ ငွေထုတ်ချေးမည့် ဘဏ်များက ယူဆကြသဖြင့် ဆက်လုပ်နိုင်စွမ်း မရှိဘဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

ဆိပ်ကမ်းနှင့် စက်မှုဇုန်

မူရင်းစိတ်ကူးကမူ ပုံတွင်ပြထားသည့်အတိုင်း ထားဝယ်နှင့် ဘန်ကောက်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို ကုန်သွယ်ရေးလမ်းကြောင်းများ ဆက်ရန်ဖြစ်သည်။ အနောက်တိုင်းမှ ရေကြောင်းဖြင့်လာသည့် ကုန်ပစ္စည်းများ ထားဝယ်တွင် ချ၊ ကုန်းလမ်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း ထိုနိုင်ငံများကို ခရီးဆက်၊ မလက္ကာရေလက်ကြားကို မဖြတ်ရတော့သည့်အတွက် ကုန်ကျစရိတ်သက်သာမည်။ ထိုနိုင်ငံများက အနောက်ကို ကုန်တင်ပို့လျှင်လည်း ထိုလမ်းကြောင်းအတိုင်း ပြောင်းပြန်လာ။ ကုန်ကြမ်း၊ တဝက်အချောသပ် ကုန်ကြမ်းများကို ထားဝယ်စက်မှုဇုန်တွင် ကုန်ချောများ ထုတ်လုပ်ပြီး တင်ပို့မည် စသည့် စိတ်ကူးဖြစ်ပါသည်။

၎င်းတို့ ဆက်သွယ်မည်ဆိုသည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကြည့်ပါက ကိုယ်စီ ဆိပ်ကမ်းများ ရှိကြပြီး ကုန်ထုတ်လုပ်ခြင်း၊ တင်သွင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဆင်ပြေပြေ ဆောင်ရွက်နေကြသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သောကြောင့် ထားဝယ်ဆိပ်ကမ်းက ၎င်းတို့အတွက် ရင်မခုန်ရသောအရာ ဖြစ်ပါသည်။

၎င်းတို့ ဆက်သွယ်မည်ဆိုသည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကြည့်ပါက ကိုယ်စီ ဆိပ်ကမ်းများ ရှိကြပြီး ကုန်ထုတ်လုပ်ခြင်း၊ တင်သွင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဆင်ပြေပြေ ဆောင်ရွက်နေကြသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သောကြောင့် ထားဝယ်ဆိပ်ကမ်းက ၎င်းတို့အတွက် ရင်မခုန်ရသောအရာ ဖြစ်ပါသည်။

နောက်တခုက စီမံကိန်းတည်ဆောက်မည့် ထားဝယ်ဒေသတွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဓာတ်သတ္တု စသည့် ထွက်ကုန်များ စီးပွားဖြစ် များများစားစား ထွက်ရှိခြင်းလည်း မရှိ၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားလည်း မရှိပါ။ ရာစုနှစ်နှင့်ချီ အဆင်ပြေပြေ အသုံးပြုလာသော မလက္ကာရေလက်ကြားကို စွန့်ပြီး ဤလမ်းကို အသုံးပြုကြရလောက်အောင် ခိုင်မာသည့် အကြောင်းပြချက် မရှိသည်ကို တွေ့ရပါသည်။

ဤတွင် ကျောက်ဖြူနှင့် ယှဉ်ကြည့်ပါက ပိုနားလည်နိုင်မည် ဖြစ်သည်။ ကျောက်ဖြူကမူ တရုတ်၏ ကုန်တွင်းပိတ် ယူနန်ပြည်နယ်အတွက် အလွန်ပင် အရေးပါ၊ အသုံးဝင်သည့် စီမံကိန်းဖြစ်ကြောင်း အားလုံးသိကြပြီး ထားဝယ်ကမူ ထိုသို့သော အခြေအနေမျိုး မဟုတ်ကြောင်း တွေ့ရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း နမူနာပြ သရုပ်ဖော်ပုံ / aurecongroup

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ

အင်ဒိုနီးရှားမှ ကျောက်မီးသွေးကို ဝယ်ယူပြီး ဓာတ်အားထုတ်လုပ်ကာ ထိုင်းနိုင်ငံကို ပေးမည်ဖြစ်ပြီး မြန်မာပြည်က ၁၀ ရာခိုင်နှုန့်ခန့် အလကားရမည် ခန့်မှန်းရပါသည်။ ထိုင်းလျှပ်စစ်ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကျော်သည် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်ရသည် ဖြစ်သောကြောင့် ဓာတ်ငွေ့ဈေး၊ သဘာဝဓာတ်ငွေ့ရည် ဈေးအတက်အကျ ကြမ်းသည့်ဒဏ်ကို ထိုင်းအစိုးရ ခံစားရပါသည်။

ထို့အတွက် လောင်စာဈေး တည်ငြိမ်ပြီး ဓာတ်အားပမာဏ များများစားစား၊ တည်တည်ငြိမ်ငြိမ်၊ အချိန်ကြာကြာ ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးနှင့် ပြည့်ဖြိုးမြဲထဲတွင်ပါသည့် ရေအားစွမ်းအင်တို့ကို ၎င်းတို့ ဓာတ်အားထုပ်လုပ်မှုအတွင်း ထပ်မံ ထည့်သွင်းချင်ကြခြင်း ဖြစ်သည်။

အင်ဒိုနီးရှားမှ ကျောက်မီးသွေး ဝယ်ယူပြီး ၎င်းတို့၏ကမ်းရိုးတမ်း ဒေသများတွင် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်ခဲ့ဖူးသော်လည်း ဒေသခံများ ကန့်ကွက်သောကြောင့် ဆက်မလုပ်ဘဲ ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ထိုဒေသနှင့် ကျောချင်းကပ်ဖြစ်သည့် ထားဝယ်တွင် စက်ရုံလာတည်ရန် အီတာလျံ-ထိုင်း ကုမ္ပဏီက ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သို့သော် ၂၁ ရာစုရောက်ကတည်းက ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် မလွယ်ကူတော့ပါ။ ဘဏ်အများစု ငွေချေးရန် လက်ရှောင်ကြသလို ရင်းနှီးမြှုပ်နှံသူများလည်း များစွာ စဉ်းစားကြတတ်ပါသည်။

သို့သော် ၂၁ ရာစုရောက်ကတည်းက ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် မလွယ်ကူတော့ပါ။ ဘဏ်အများစု ငွေချေးရန် လက်ရှောင်ကြသလို ရင်းနှီးမြှုပ်နှံသူများလည်း များစွာ စဉ်းစားကြတတ်ပါသည်။

အထူးသဖြင့် ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ရာ ပိုခက်ခဲသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ‘ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟေ့’ ဆိုသည်နှင့် ကိုယ်လုပ်နေကျနေရာဒေသ၊ ကိုယ်လုပ်နေကျ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း၊ ကိုယ်ပိုင်သည့်နေရာမှာသာ ဆက်လက်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။

နောက်တခုမှာ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ငွေရေးကြေးရေး အခြေအနေကလည်း ယခုကဲ့သို့ ဒေါ်လာဘီလီယံချီ ကုန်ကျမှုကို ဦးဆောင် ရင်းနှီးမြှုပ်နှံနိုင်လောက်အောင် မတောင့်တင်းကြောင်း ထိုင်းစတော့ဈေးကွက် သတင်းများတွင် လေ့လာတွေ့ရှိနိုင်သည်။ ဤသို့ဖြင့် ထိုကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆိုသည်ကလည်း အကောင်အထည်ဖော်ရန် မဖြစ်နိုင်ခဲ့ပေ။

အကယ်၍ ရုရှားက ရင်းနှီးမြှုပ်နှံပြီး ထိုင်းကို လျှပ်စစ်ရောင်းဖို့ ဆက်လုပ်လို့ရမည်လား မေးပါက (၁) ရုရှားများသည် ဤကဲ့သို့လိုက်ပြီး ရင်းနှီးမြှုပ်နှံမှု လိုက်လုပ်နေသူများ မဟုတ်ပါ။ တရုတ်များနှင့် မတူပါ။ (၂) ရုရှားက လုပ်မည်ဆိုလျှင်ပင် ထိုင်းဝယ်လက်က အတော်စဉ်းစားဦးမည့် သဘောရှိသည်။

အဘယ့်ကြောင့်ဆိုသော် အကောင်အထည်ဖော်မည်က လောလောဆယ် ကမ္ဘာ့နာမည်အပျက်ဆုံး ရုရှား၊ ခွင့်ပြုမည်က ကမ္ဘာ့ချဉ်ဖတ် အာဆီယံအမွှေ မြန်မာစစ်ကောင်စီ၊ သုံးမည့်သူက လေထုညစ်ညမ်းသဖြင့် လူအများစု နှာခေါင်းရှုံ့နေသည့် ကျောက်မီးသွေး။ ထို သုံးခုပေါင်းဆီမှ ထိုင်းကဝယ်ဖို့ အတော်ခက်ပါမည်။

နံပါတ် (၃) မှာ ပြောင်းလဲနေသော လောကနိယာမအတိုင်း အီတာလျံ-ထိုင်း ကုမ္ပဏီက စလုပ်ရန် စဉ်းစားသည့် အချိန်နှင့် ယခုအချိန် မတူတော့ပါ။ အများကြီး ပြောင်းလဲသွားပြီ ဖြစ်သည်။ ဉာဏ်ရည်တု နည်းပညာ (AI) ပေါ်လာသောကြောင့် ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးများက ကမ္ဘာအနှံ့ ၎င်းတို့၏ အချက်အလက် သိမ်းဆည်းသည့် ဒေတာ ဆာဗာများကို တည်ဆောက်ရန် ရွေးချယ်စဉ်းစားနေကြသည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည်တို့က သူတို့ဆီတွင် လာလုပ်ရန် အပြိုင်ဖိတ်ခေါ်နေကြသည်။ ထိုအခြေအနေတွင် နည်းပညာကုမ္ပဏီကြီးများ စဉ်းစားကြသည့် အချက်တခုမှာ ၎င်းတို့၏ ဆာဗာများကို လျှပ်စစ်ပေးမည့် တိုင်းပြည်က ကျောက်မီးသွေးကဲ့သို့သော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းသည့်နည်းဖြင့် လျှပ်စစ်ထုတ်လုပ်မှု အနည်းဆုံးဖြစ်သူကို ရွေးကြမည်ဆိုသည့်အချက် ဖြစ်သည်။

ဗီယက်နမ်ဆိုလျှင် ၎င်းတို့ ထုတ်လုပ်သည့် လျှပ်စစ်၏ ထက်ဝက်ခန့်က ကျောက်မီးသွေးမှ ဖြစ်နေသောကြောင့် ထည့်သွင်းစဉ်းစားခြင်း မခံရသလို ထိုင်းက ကျောက်မီးသွေးအသုံးပြုမှု အလွန်နည်းပြီး သန့်သည်ဟု ယူဆထားသည့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်မှု အများစုဖြစ်သည့်အတွက် ထည့်သွင်းစဉ်းစားခံနေရသည်။

ဤကဲ့သို့သော အခြေအနေတွင် ထိုင်းတို့က ၎င်းတို့ လျှပ်စစ်ထုတ်လုပ်သည့်ပမာဏထဲသို့ အထက်က နှစ်ဖွဲ့ပေါင်းလုပ်သည့် ညစ်ညမ်း လောင်စာသုံး လျှပ်စစ်ကို ဝယ်ရန် မလွယ်ပါ။

ရုရှားက ပြည်တွင်း တနင်္သာရီကမ်းရိုးတမ်း သုံးရန် ဓာတ်အားပေးစက်ရုံ လာတည်ဆောက်လျှင်ရောဆိုပါက တနင်္သာရီ ကမ်းရိုးတမ်းက မြို့များသည် တမြို့နှင့်တမြို့ ဝေးလံစွာတည်ရှိပြီး ဓာတ်အားအသုံးပြုမှုလည်း အနည်းငယ်သာ ရှိသည်။

ဤသို့ အခြေအနေမျိုးတွင် လျှပ်စစ်ကို အမြတ်အစွန်းရအောင်လုပ်ရန် ရင်းရတာနှင့် ပြန်ရတာ မကာမိနိုင်ပါ။ အစိုးရက ဦးဆောင်ပြီး အစဦး အရှုံးခံလုပ်ပေးကာ ဒေသဖွံ့ဖြိုးပြီး စက်မှုလုပ်ငန်းများ တိုးတက်လာပါမှ၊ အမြတ်ရနိုင်ခြေရှိမှ တခြားသူများက ရင်းနှီးမြှုပ်နှံမှု လာလုပ်မည်ဖြစ်သည်။ ဤသို့ ဖြစ်လာဖို့ဆိုလျှင် ပြည်သူက ကြည်ဖြူပြီး နိုင်ငံတကာ လက်ခံသည့် အစိုးရများမှသာ လုပ်နိုင်သည့်ကိစ္စမျိုး ဖြစ်သည်။ စစ်ကောင်စီ လုပ်နိုင်သည့် အဆင့်မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုပါသည်။

ထားဝယ်စီမံကိန်းက အပြောတွေသာ ကြာလာပြီး ဘာအခြေခံအဆောက်အဦမှ မပေါ်ထွက်လာ/ Getty Images

သဘာဝဓာတ်ငွေ့ရည် (LNG) Terminal

ရည်ရွယ်ချက်မှာ အရှေ့အလယ်ပိုင်းက သဘာဝဓာတ်ငွေ့ရည် သင်္ဘောကြီးများ ထားဝယ် သဘာဝဓာတ်ငွေ့ရည် (LNG) Terminal တွင် ဆိုက်ကပ်၊ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့အဖြစ် ပြောင်းပြီး ရတနာ ဂက်စ်ပိုက်လိုင်းမှတဆင့် ထိုင်းသို့ ဓာတ်ငွေ့ပို့မည် ဖြစ်ပါသည်။

ရတနာဂက်စ်ပိုက်လိုင်းနှင့် ဆက်စပ် အခြေခံအဆောက်အဦများကို ဆက်လက် အသုံးပြု၍ရအောင် ရည်ရွယ်သော်လည်း ၎င်းတို့ မစဉ်းစားမိသည်က Total နှင့် PTT က ရတနာတွင် ရင်းနှီမြှုပ်နှံသည်ဆိုသည်မှာ အရင်းအမြစ်ဖြစ်သည့် သဘာဝဓာတ်ငွေ့က ထိုနေရာတွင် ထွက်ရှိ၍ဖြစ်သည်။ သဘာဝအရင်းအမြစ်တို့ သဘာဝအတိုင်း ထွက်ရှိရာဒေသကို မည်သို့ပင်ဖြစ်စေ စွန့်စားပြီး သွားရောက် ရင်းနှီးမြှုပ်နှံကြရခြင်းဖြစ်သည်။

မြန်မာပြည်တွင် မထွက်သည့် အရင်းအမြစ်တခုအတွက် မြန်မာကဲ့သို့ စွန့်စားရမှုများသည့် နေရာတွင် မည်သူမှ စွန့်စားပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ကြပါ။ လုပ်စရာအကြောင်းကို မရှိပါ။

ထို့ကြောင့်လည်း ထိုင်းတို့က ရတနာဓာတ်ငွေ့များ ခမ်းတော့မည့်တနေ့အတွက် ရည်ရွယ်ပြီး ထိုင်းအရှေ့ဘက် ကမ်းရိုးတမ်းတွင် သဘာဝဓာတ်ငွေ့ရည် Terminal အနည်းဆုံး နှစ်ခုပင် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ လည်ပတ်နေသည်မှာပင် ဆယ်စုနှစ် တခုကျော်နေပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ထိုင်းတို့က ရတနာဓာတ်ငွေ့များ ခမ်းတော့မည့်တနေ့အတွက် ရည်ရွယ်ပြီး ထိုင်းအရှေ့ဘက် ကမ်းရိုးတမ်းတွင် သဘာဝဓာတ်ငွေ့ရည် Terminal အနည်းဆုံး နှစ်ခုပင် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ လည်ပတ်နေသည်မှာပင် ဆယ်စုနှစ် တခုကျော်နေပြီ ဖြစ်သည်။

မြန်မာမှထွက်တာ မဟုတ်သည့် သဘာဝဓာတ်ငွေ့ရည်က ဖြစ်လာသည့် ဓာတ်ငွေ့ထက် သူတို့ ကိုယ်တိုင်သွင်းသည့် ဈေးက ပိုနည်းနေမှာ သေချာပါသည်။

အထက်ပါ အကြောင်းများကြောင့် ထားဝယ် စက်မှုဇုန်စီမံကိန်း ဖြစ်လာရန် မရှိပါ။ ရုရှားနှင့်ဆိုလျှင် ပိုတောင် မရှိပါ။ ဝါဒဖြန့်ချိရေးကို အလေးထားသည့် နှစ်ဖက်ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦး လုပ်လေ့လုပ်ထ ရှိသည့်အတိုင်း လက်မှတ်များ ဟိုထိုး ဒီထိုး လျှောက်ထိုးပြနေခြင်းသာ ဖြစ်သည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးကတည်းက ရုရှားနှင့် ထိုးလိုက်ကြသည့် စီမံကိန်းလက်မှတ်များ ဘာတခုမှ အကောင်အထည် ဖော်သည်ကို မကြားမိပါ။ ရေအား၊ လေအား၊ နျူကလီးယား၊ ဓာတ်မြေဩဇာဆိုလား၊ အိမ်ရာစီမံကိန်းပင် ပါသေးသည်။ ဘာတခုမှ ဖြစ်မလာခဲ့ပါ။

(စာရေးသူ လျှပ်စီးသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်သူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်သည်။)

You may also like these stories:

ဘာမှ ဖြစ်မလာမယ့် လေထဲက ထားဝယ်စီမံကိန်း

ထားဝယ်စီမံကိန်းကို စိတ်ဝင်စားကြောင်း ရုရှား ထပ်မံအတည်ပြု

ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေက ဝယ်မှာလား

ရုရှားအတွက် ထားဝယ်အား အသင့်ပြင်ထားရန် ဒု စစ်ခေါင်းဆောင် ညွှန်ကြား

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

]]>
မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး https://burma.irrawaddy.com/opinion/viewpoint/2025/01/06/395481.html Mon, 06 Jan 2025 02:59:56 +0000 https://burma.irrawaddy.com/?p=395481 ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။]]>

မြန်မာပြည်မှာ လျှပ်စစ်မီးတွေ ပိုပျက်လာတဲ့ သတင်းတွေ ကြားလာရပြန်တယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား ဆိုးရွားလာတဲ့ တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား အခြေအနေကို ကုစားရန်ဆိုပြီး “လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်” ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ ဗိုလ်ချုပ်ကြီးတဦးက ဥက္ကဋ္ဌအဖြစ်နဲ့ ပါဝင်ပြီး လူ ၁၇ ဦး ပါဝင်တာ တွေ့ရပါတယ်။

အဲဒီကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဒု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒု ဥက္ကဋ္ဌ ၁ အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒု ဥက္ကဋ္ဌ ၂ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒု ဝန်ကြီးတို့ပါတဲ့ အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။ သူတို့ထဲမှာ လျှပ်စစ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးက စစ်အင်ဂျင်နီယာ ဗိုလ်ချုပ်တဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က တတိယမြောက် ခန့်အပ်ခဲ့တဲ့ ဝန်ကြီးဖြစ်ပါတယ်။

ဒု ဝန်ကြီးကလည်း လျှပ်စစ်ဝန်ကြီးဌာနကို မိုးကျရွှေကိုယ် အရာရှိကြီးအနေနဲ့ ပြောင်းလာခဲ့တဲ့ ဗိုလ်မှူးတဦးသာ ဖြစ်ပါတယ်။ ရှုပ်ထွေးခက်ခဲလှတဲ့ လျှပ်စစ်လုပ်ငန်းရဲ့ အခြေခံတွေကို သိသူမဟုတ်ပါ။

ဒု ဝန်ကြီးကလည်း လျှပ်စစ်ဝန်ကြီးဌာနကို မိုးကျရွှေကိုယ် အရာရှိကြီးအနေနဲ့ ပြောင်းလာခဲ့တဲ့ ဗိုလ်မှူးတဦးသာ ဖြစ်ပါတယ်။ ရှုပ်ထွေးခက်ခဲလှတဲ့ လျှပ်စစ်လုပ်ငန်းရဲ့ အခြေခံတွေကို သိသူမဟုတ်ပါ။

တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းဆိုတာ နည်းပညာ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ အရှုံးအမြတ်၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ၊ ဒေသန္တရပထဝီနဲ့ လူနေမှု၊ သဘာဝပတ်ဝန်းကျင် အခြေအနေ စသဖြင့် အကုန်ထည့်သွင်း တွက်ချက်စဉ်းစားရတဲ့ အတော်ခက်ခဲပြီး တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

မီးမလာလည်း မီတာခက အမြဲလာသည်

ဒီလောက်ခက်ခဲတဲ့ လုပ်ငန်းကြီးကို ဘာမှ နားမလည်သော လူ ၁၇ ယောက်နဲ့ ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်ဆိုသည်မှာ မျက်မမြင်ပုဏ္ဏားတွေကို စေလွှတ်ခိုင်းစေသည်နှင့်ပင် တူပါသည်။

တကယ်တော့ လက်ရှိ အာဏာသိမ်းထားသည့် အခြေအနေနှင့် မြန်မာပြည်၏ လျှပ်စစ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ သိကြားမင်းတောင် တတ်နိုင်ဖို့ မမြင်ပါ။

ယနေ့ တိုင်းပြည်ရဲ့ လျှပ်စစ် ထုတ်လုပ်နိုင်မှုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အမြင့်ဆုံး ထုတ်လုပ်နိုင်မှုပမာဏ ၃,၆၀၀ မဂ္ဂါဝပ်ကျော်ကျော်ရဲ့ ထက်ဝက်ခန့်သာ ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကလွဲပြီး ကျန် တိုင်းနဲ့ပြည်နယ်များမှာ လျှပ်စစ်မီး မမှန်သလို ရန်ကုန်မြို့ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေတဲ့ စက်မှုဇုန်များကိုတောင် တရက်လျှင် လျှပ်စစ်မီး လေးနာရီ ပြည့်အောင် မပေးနိုင်။

လျှပ်စစ် ထုတ်လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က ဒေါ်လာ သန်း ရာဂဏန်း၊ ထောင်ဂဏန်း ရင်းနှီးမြှုပ်နှံဖို့ ရှိရမယ်၊ မရှိရင် ချေးငှားမယ့်သူ ရှိရမယ်၊ မဟုတ်ရင် ပြင်ပက ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာရမယ်။

ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတွေတောင် ကိုယ်တိုင်ရင်းဖို့ ငွေမရှိလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် လုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် အခုလို အာဏာသိမ်းထားပြီး စစ်စရိတ်တွေကြောင့် နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေတဲ့ အခြေအနေနဲ့ဆိုရင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတွေတောင် ကိုယ်တိုင်ရင်းဖို့ ငွေမရှိလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် လုပ်ကိုင်ခဲ့ရတာဖြစ်တဲ့အတွက် အခုလို အာဏာသိမ်းထားပြီး စစ်စရိတ်တွေကြောင့် နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေတဲ့ အခြေအနေနဲ့ဆိုရင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ထို့အတူ ချေးငှားမည့်သူလည်း မရှိ။ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေနဲ့လည်း ဘယ်သူမှ ဒေါ်လာ သန်း ရာထောင်ချီ ရင်းရမည့်အလုပ်တွေ လာမလုပ်ရဲ။ လုပ်ကိုင်နေဆဲ လုပ်ငန်းလည်းဖြစ်၊ စစ်တပ်ကိုလည်း အပြည့်အဝ ထောက်ခံတဲ့ တရုတ်အစိုးရပိုင် (တရုတ်အစိုးရ + ဟောင်ကောင်ပုဂ္ဂလိက) V Power ရဲ့ LNG သင်္ဘောကြီးတောင် ထွက်ခွာသွားတာ ကြာပြီဖြစ်သလို သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ မီးစက်ကြီးတွေကို မိုးထဲရေထဲ ဒီအတိုင်း ပစ်ထားတာ ကြည့်ခြင်းအားဖြင့် အခြေအနေ ဘယ်လောက်ဆိုးနေတယ်ဆိုတာကို တွက်ဆလို့ ရပါတယ်။

တကယ်ဆို နိုင်ငံရေးအားဖြင့်လည်း စစ်တပ်ကို အားပေးတဲ့တိုင်းပြည်၊ လုပ်ငန်းကလည်း လက်ရှိ လည်ပတ်နေတဲ့လုပ်ငန်း၊ ရင်းထားတာလည်း သန်းရာဂဏန်း၊ နည်းပညာအားဖြင့်လည်း ခက်ခက်ခဲခဲ အချိန်ယူ လုပ်ထားရတဲ့ စီမံကိန်း၊ ဒီလိုအဖွဲ့တောင် ပြန်မလာနိုင်သေးတာ လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဘယ်ကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုအသစ်ကို မျှော်လင့်နိုင်ပါအံ့နည်း။

ဤသို့သော အခြေအနေမှာ ပုဏ္ဏားကြီးတွေ တောပြောတောင်ပြော မိုးပြောဂျိုးပြောနဲ့ အချိန်ကုန်အောင် ဟိုလုပ်ဒီလုပ်ပြနေရုံသာ တတ်နိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကတော့ မျှော်လင့်ချက် မဲ့ခဲ့ပြီဖြစ်ပါတယ်။

တခုတော့ရှိတယ်၊ လျှပ်စစ်ကတော့ ဆင်ကြီးလို ဟိုနားကိုင်လိုက် ဒီနားကိုင်လိုက် လုပ်လို့ မရဘူးပေါ့။ ကိုင်ရင်တော့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ။

(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

ရန်ကုန်မြို့ခံတွေရဲ့ လျှပ်စစ်မီးဒုက္ခ (ရုပ်/သံ)

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

]]>
ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေက ဝယ်မှာလား https://burma.irrawaddy.com/opinion/viewpoint/2024/05/20/383892.html Mon, 20 May 2024 08:24:51 +0000 https://burma.irrawaddy.com/?p=383892 ရုရှားတွေ မြန်မာတွေနဲ့ဆွေးနွေးနေတယ်ဆိုတာ အကုန် ဟန်ပြတွေသာဖြစ်ပါတယ်။]]>

အိန္ဒိယ သတင်းဝက်ဆိုက် Construction World က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ရုရှနဲ့ စစ်ကောင်စီက အလုပ်လုပ်ဖို့ စကားပြောနေတယ်လို့ ရေးခဲ့ပါတယ်။ တနေ့ကို ပေပါစည် တသိန်းထုတ်ပြီး ရေနံ တန် ၁၀ သန်း လှောင်မယ့် စီမံကိန်းလို့ ဆိုတယ်။

သတင်းက စစ်ကောင်စီဟာ တရုတ်နဲ့ မလုပ်ဘဲ ရုရှားကို ရွေးခဲ့တာမို့ တရုတ်တွေ ဒေါသထွက်နေကြတယ်၊ အိန္ဒိယအနေနဲ့ ထားဝယ်မှာ ရုရှ လုပ်မယ်ဆိုရင် ပို သဘောကျတယ် စသဖြင့်လည်း ရေးပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် မကြာသေးမီက မော်စကို သွားခဲ့ပြီး ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန် ထူထောင်ရေး၊ ရေနံချက်စက်ရုံ တည်ဆောက်ရေး၊ ၆၆၀ မဂ္ဂါဝပ် အပူဓာတ်အားပေးစက်ရုံနှင့် ၃၃၀ မဂ္ဂါဝပ်နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး “အခွင့်အလမ်းတွေ ရှာဖွေ”တယ်လို့ပါ ပြောထားတာကြောင့် ဒီဟာတွေ ဖြစ်လာနိုးနိုး လူတွေ မေးလာကြပါတယ်။

ကျနော့် အဖြေက ရှင်းတယ်၊ မဖြစ်နိုင်ပါ။ အကြောင်းအရင်းတွေက

၁) ရုရှားဆိုတဲ့အမျိုးက တရုတ်၊ ဂျပန်၊ ကိုရီးယား တို့လို သူများနိုင်ငံတွေမှာ အပြိုင်အဆိုင် ကြိုးကြိုးစားစားနဲ့ စက်မှုဇုံတွေ၊ ရေနက်ဆိပ်ကမ်းတွေ၊ ရေနံချက်စက်ရုံတွေ လိုက်ပြီးတည်ဆောက်ရင်းနှီးမြှုပ်နှံမှု လုပ်တတ်တဲ့ လူတွေမဟုတ်ပါဘူး။

သူများတွေလို အပြိုင်အဆိုင် ကြိုးစားစရာမလိုပဲ မိဘအမွေရထားသလို ကျယ်ပြောလှတဲ့ တိုင်းပြည်ကြီးက ထွက်ရှိတဲ့ ရေနံ သဘာဝဓာတ်ငွေ့ ကျောက်မီးသွေးနဲ့ သယံဇာတတွေ‌ကြောင့် အဓိက ချမ်းသာ‌နေကြသူတွေပါ။

သူတို့ကြိုးကြိုးစားစားလုပ်တာ အနောက်ကိုပြိုင်ဖို့ စစ်လက်နက်၊ အာကာသနည်းပညာ၊ နျူကလီးယားနည်းပညာတွေလောက်ပဲ ရှိပါတယ်။ ကျန်သည့်နေရာတွေမှာ များသောအားဖြင့် ပြည်တွင်းဖူလုံရုံထက် အနည်းငယ်သာတဲ့ ထုတ်လုပ်မှုသာ ရှိပါတယ်။

၂) ဆိုဗီယက်ခေတ်တုန်းက သူတို့ရဲ့ မဟာဗျူဟာ မဟာမိတ်တွေကို ပုံအောကူညီပေးတာ‌တွေ ရှိပေမယ့် မြန်မာပြည်ဟာ တည်နေရာအရကော၊ သမိုင်းကြောင်းအရကော ရုရှားအတွက် မဟာဗျူဟာ မကျပါ။

ပိုဆိုးတာက တရုတ်ရဲ့ အင်မတန်အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်လို့မို့ သူတို့ ပိုပြီး မလုပ်ပါ။ စကစဖက်က အတင်းလိုက်နေလို့ ပြန်ဆွေးနွေးတဲ့ သဘောပဲရှိပါတယ်။ တရုတ်ကလည်း ဒါကို သိပါတယ်။ ရှီကျင့်ဖျင်ကို အောက်ကျို့လိုက်ပေါင်းနေရတဲ့ အခုလို အခြေအနေမှာ ပူတင်ဟာ တရုတ်မကြိုက်တာ လုံးဝမလုပ်ဘူး၊ စိတ်ချ။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းက ဘာမှ ထူးထူးခြားခြား တိုးတက်လာမှု မရှိသေးပေ

၃) အခုလိုမျိုး ရုရှားတွေနဲ့ ဟိုစီမံကိန်း ဒီစီမံကိန်းတွေအတွက် ဆွေးနွေးနေတယ်ဆိုတာ စကစရဲ့ ဝါဒဖြန့်ဖို့အတွက်သာ ဖြစ်ပါတယ်။ တကယ်မဖြစ်နိုင်ပါ။ ရုရှားဖက်ကလည်း အခုလို မိတ်ဆွေနည်းနေတဲ့အချိန် အတင်းလိုက်ကပ်နေတဲ့ စကစကို ရှားပါးမိတ်ဆွေ အနေနဲ့သော်၎င်း၊ လက်နက်ဖေါက်သည်အနေနဲ့သော်၎င်း အလိုက်အထိုက် ပြန်ဆက်ဆံနေတာပါ။ ပူတင်က မအလကို အခုထိ နိုင်ငံခေါင်းဆောင်တစ်ယောက်လို မကြိုဆိုသေးပါဘူး။ ဆွေးနွေးပွဲတခုမှာ အများနဲ့အတူ လက်ခံတွေ့ဆုံတဲ့ အဆင့်ပဲ ရှိပါသေးတယ်။

ဒါကြောင့် ပြန်ကြည့်ရင် ရုရှားနဲ့ လုပ်မယ်ဆိုတဲ့ နျူကလီးယား၊ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ငပလီဖက်က အိမ်ယာစီမံကိန်းနဲ့ အခြားအရာတွေဟာ မြေပြင်မှာ ဘာတခုမှ မစပါ။ အဲ့ဒီစီမံကိန်း အချို့အတွက် MOU လက်မှတ်ဝင်ထိုးပေးသူတွေကလည်း စကစရဲ့ဒေါက်တိုင် ခရိုနီတွေသာဖြစ်ပြီး သူတို့သမိုင်းကြောင်း ကြည့်ရင် ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်အောင် လုပ်ထားဖူးသူတွေ မဟုတ်တာ တွေ့ရပါတယ်။ ဒါကြောင့် ရုရှားတွေ မြန်မာတွေနဲ့ဆွေးနွေးနေတယ်ဆိုတာ အကုန် ဟန်ပြတွေသာဖြစ်ပါတယ်။

၄) ထားဝယ်စီမံကိန်းဆိုတာ ထိုင်းနိုင်ငံဈေးကွက်အတွက် ရည်ရွယ်ပြီး ItalianThai က အကောင်အထည်ဖေါ်ဖို့ ဖြစ်ပါတယ်။ ထိုင်းဖက်က စိတ်ဝင်စားမှုနည်းသည့်အတွက် ရပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ထားဝယ်ဟာ ထိုင်းဖက်ကသာ မပါရင် မြန်မာပြည်သီးသန့်အတွက်ဆို စီးပွားရေးတွက်ခြေမကိုက်လို့ မည်သည့်နည်းနှင့်မှ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ပါ။

ဥပမာ ဓာတ်အားပေးစက်ရုံကြီးလုပ်ပြီး မည်သူ့ကို မီးပေးမည်နည်း၊ မီးလိုနေတာက ရန်ကုန်တဝိုက်။ ထားဝယ်တဝိုက်က လိုအပ်လှ မဂ္ဂါဝပ် ၁၀၀ အလွန်ဆုံးပေါ့။ ItalianThai ရဲ့မူလအစီအစဉ်မှာပါတဲ့ မဂ္ဂါဝပ်ထောင်ဂဏန်း ဓာတ်အားပေးစက်ရုံဆိုတာ ထိုင်းကိုပေးဖို့ အဓိက၊ မြန်မာအတွက် နည်းနည်းပဲ ရမယ်။

အလားတူပဲ ရေနံချက်စက်ရုံကြီးဆောက်ပြီး ဘာလုပ်ဖို့တုန်း။ ဈေးကွက်က ပြည်မဖက်မှာ။ ရေနံချက်စက်ရုံဆိုတာမျိုးက ဈေးကွက်နဲ့ နီးနီးမှာ ဆောက်ကြရတာ။ ဥပမာ သံလျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည်။

ခြုံပြောရယင် စကစပြောပြောနေတဲ့ ရုရှားနဲ့ လုပ်မယ်ဆိုတဲ့ဟာတွေ အကုန်လုံးက ဝါဒဖြန့်ဂျင်းတွေသာ ဖြစ်ပါတယ်။

၅) ဒီသတင်းအကြောင်း နိဂုံးချုပ်အနေနဲ့ပြောရရင် သတင်းတင်တဲ့ မီဒီယာက အိန္ဒိယက။ အိန္ဒိယ သတင်းမီဒီယာတွေကို လေ့လာကြည့်၊ တရုတ်မကောင်းကြောင်းနဲ့ တရုတ်ကို ကလိဖို့ ရိဖို့ အချက်တွေ့တာနဲ့ ဖြစ်နိုင်တာ မဖြစ်နိုင် အသာထား ထရေးကြတာဖြစ်တယ်။ ဒါကြောင့် ဒီသတင်းတွေ့တာနဲ့ ဘာမှမစောကြောပဲ တရုတ်ကို ကလိရရင်ပြီးရော ရေးကြတာ။ စိတ်ချ မြန်မာပြည်မှာ ရုရှားနဲ့ လုပ်မည်ပြောထားတဲ့ ဘာစီမံကိန်းမှ မဖြစ်ဘူး။

(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

You may also like these stories:

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

မီးပြတ်၊ ရေပြတ်နှင့် ပြည်သူတို့၏ အပူပေါင်းများစွာ

နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

]]>
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ https://burma.irrawaddy.com/opinion/viewpoint/2023/10/18/375515.html Wed, 18 Oct 2023 06:21:18 +0000 https://burma.irrawaddy.com/?p=375515 စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ]]>

အောက်တိုဘာလဆန်းတုန်းက စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ။

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏ၊ အတိမ်းအစောင်းမခံတဲ့ နည်းပညာ၊ ဖြတ်သန်းရမယ့် နိုင်ငံတကာ ခွင့်ပြုချက်၊ ၁၀ နှစ် ကျော် စီစဉ်တည်ဆောက်ရမယ့် ကာလ၊ မြန်မာပြည်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ နိုင်ငံတကာအရေး အခြေအနေ အရပ်ရပ် စသည်တို့နဲ့ လားလားမှ မအပ်စပ်ဘဲ ဘယ်လိုမှ အကောင်အထည်ဖော်ဖို့ မလွယ်ပါ။

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး နျူဓာတ်အားပေးစက်ရုံကို ကြည့်ပါ။ ရူပူး (Rooppur) နျူဓာတ်အားပေးစက်ရုံဟာ မဂ္ဂါဝပ် ၂၄၀၀ ထွက်ရှိမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလီယံကုန်ကျပါတယ်။ ၁ မဂ္ဂါဝပ်ကို ဒေါ်လာ ၅ သန်းကျော်နှုန်း ကုန်ကျတာပါ။ နျူဓာတ်အားပေးစက်ရုံဆိုတာကလည်း ခုလို မဂ္ဂဝပ် ထောင်ချီမှ တွက်ခြေကိုက်တာပါ။ ဒိထက်သေးယင် ကုန်ကျစရိတ်နဲ့ စီးပွါးဖြစ် လုပ်လို့ မရဘူး။ ကုန်ကျစရိတ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ရုရှားက ထုတ်ချေးတာဖြစ်ပြီး ၂၈ နှစ် အတွင်း အကြေဆပ်ရပါ့မယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ ခွင့်ပြုချက်ကို ၂၀၁၁ မှာ ရရှိခဲ့ပြီး ၂၀၁၆ မှာ စတင်တည်ဆောက်ခဲ့ကာ ၂၀၂၄ ခု နှစ်ဆန်းမှာ ပထမအလုံး မဂ္ဂါဝပ် ၁၂၀၀ ကို စတင်လည်ပတ်မှာ ဖြစ်ပါတယ်။ တည်ဆောက်သူကတော့ စစ်ကောင်စီနဲ့ ဖက်လှဲတကင်း အမြဲလုပ်နေတဲ့ ရုရှားအစိုးရပိုင် Rosatom ပါ။

တကယ်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နျူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရူပူးရွာမှာ ၁၉၆၃ ခုနှစ်ကတည်းက မြေယူထားပြီးပြီဖြစ်ပါတယ်။ အဲ့ဒီကတည်းက အမျိုးမျိုးသော နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းနေခဲ့တာ ဖြစ်ပါတယ်။

Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Alexey Likhachev နှင့် စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်တို့ MOU သဘောတူညီလက်မှတ်ထိုးခဲ့ကြစဉ် / Rosatom

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာပြည်ထက် နိုင်ငံရေးတည်ငြိမ်တယ်။ လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့ ကြီးကြီးမားမား မရှိဘူး။ အစိုးရက နိုင်ငံတကာအသိအမှတ်အပြု ခံရတယ်။ စီးပွါးရေး ပုံမှန် တက်လာနေတယ်။ ငွေကြေးတည်ငြိမ်တယ်။ မြန်မာပြည်က စစ်အစိုးရ အဆက်ဆက်လို စစ်ဗိုလ်တွေကို သူတို့ဘာမှ နားမလည်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီ စေလွှတ်တာဝန်ပေးထားတာမျိုး မရှိဘူး။

ခြုံပြောရယင် တိုင်းပြည်က အခြေအနေကောင်းတယ်။ ငွေထုတ်ချေးတဲ့ ရုရှားအတွက် ကိုယ့်ပိုက်ဆံပြန်ရနိုင်တယ်။ နောက်ပြီး အဲ့ဒီအချိန် ၂၀၀၅ ခုနှစ် ကာလတွေမှာ ရုရှားက ရေနံတွေ သဘာဝဓာတ်ငွေ့တွေရောင်းရငွေတွေနဲ့ ဝင်ငွေကောင်းတယ်၊ ခရိုင်းမီးယားအရေးလည်း မဖြစ်သေးတာမို့ နိုင်ငံတကာနဲ့လည်း အဆင်ပြေတယ်။ အဲတော့ ပေးနိုင် ချေးနိုင်တယ်။

ခုတော့ သူလည်း ယူကရိန်းစစ်စရိတ်နဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် မနည်းရုန်းကန်နေရပါပြီ။ မြန်မာပြည်ကလည်း လက်နက်ကိုင်တိုက်ပွဲတွေ နေရာအနှံ့ဖြစ်နေပြီး ဘယ်သူမှအသိအမှတ်မပြုတဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့အောက်မှာ၊ ကျပ်ငွေတန်ဖိုးကလည်း ၆၀ ရာခိုင်နှုန်း ကျသွားပြီး အစိုးရပိုင် လျှပ်စစ်ဌာနကလည်း သောက်သောက်လဲ ရှုံးနေပါတယ်။

အဖက်ဖက် စဉ်းစားကြည့်၊ ဘယ်သူချေးချေး ဆုံးဖို့များနေတဲ့ကြွေး ဘယ်သူအရဲစွန့်ချေးမှာလဲ။ ဒါကြောင့် နျူကလီးယားစွမ်းအင်ဆိုတာ စစ်ကောင်စီက သူ့လူ နလပိန်းတုံးတွေအတွက် မတန်မရာ ဟန်ပြလုပ်ပြနေတာသာ ဖြစ်ပါတယ်။

စွမ်းအင်ဝန်ကြီးအသစ်၏ စိတ်ကူးယဉ်ပြောကြားချက်များ

စွမ်းအင်ဝန်ကြီးအသစ် ကိုကိုလွင်ဟာ Mechanical အင်ဂျင်နီယာ တယောက်သာဖြစ်ပြီး ကိုယ့်လူမျိုးအချင်းချင်း သတ်ဖို့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့အလုပ်ပဲ တသက်လုံးလုပ်လာခဲ့သူပါ။ စွမ်းအင်နှင့်ပတ်သက်ပြီး နကန်းတလုံးမှ သိသူ မဟုတ်တာနှင့်အညီ ကာဇက်စတန်နှင့် ရုရှားခရီးစဉ်အတွင်း လူရယ်စရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့တွေ ပြောဆိုခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်း ကာဇက်စတန်ကိုရောက်တုန်းက သူတို့နိုင်ငံလိုမျိုး လျှပ်စစ်ကို ကျောက်မီးသွေးနဲ့ များများစားစား ထုတ်နိုင်အောင် မြန်မာပြည်ကို ကူညီဖို့ ပြောခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ ကာဇက်ဆီက ဘာအကူအညီများ လိုချင်တာပါလဲ။ နည်းပညာလား၊ အတွေ့အကြုံလား၊ ငွေကြေးလား၊ ကုန်ကြမ်းလား။

ကာဇက်စတန်နှင့် ရုရှားခရီးစဉ်အတွင်း စစ်ကောင်စီ စွမ်းအင်ဝန်ကြီး လူရယ်စရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့တွေ ပြောဆိုခဲ့တယ်

ကာဇက်စတန်ဆိုတာ ကမ္ဘာပေါ်မှာ အရည်အသွေးမြင့်ကျောက်မီးသွေး အထွက်ဆုံး ၁၀ နိုင်ငံထဲမှာ ပါပါတယ်။ မြန်မာပြည်မှာ သူတို့လို အမျိုးအစားကောင်းကောင်း ကျေက်မီးသွေး ထွက်ပါသလား။ ပြည်တွင်းထွက် ကျောက်မီးသွေးနဲ့ ဓာတ်အားပေးစက်ရုံ တည်ချင်ပါတယ်လို့ ခေတ်အဆက်ဆက် တင်ပြနေကြတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း မေးကြည့်ပါဦး။ သူတို့ ကျောက်မီးသွေးလို အရည်အသွေးနဲ့ တန်ဘယ်လောက် ထွက်ရှိနိုင်သလဲ၊ နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်းတွေနဲ့ သေသေချာချာ လေ့လာစူးစမ်းမှုတွေ လုပ်ထားပြီးပြီလားလို့။

ဆိုဗီယက်ခေတ်က တည်ဆောက်ထားခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေဆီက နည်းပညာကိုတော့ မလိုချင်ပါနဲ့တော့။ နည်းပညာဆိုယင်တော့ ခုချိန်မှာ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့မှာ ရှိပါတယ်။ အတွေ့အကြုံအနေနဲ့ဆိုလည်း လူသူမနီး ကန္တာရသာသာ ဗဟိုအာရှမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတခု တည်ဆောက်လည်ပတ်တာနဲ့ လူဦးရေ သန်း ၇၀၀ လောက်နေထိုင်တဲ့ လှုပ်လှုပ်ရှားရှား လူနေမှုစနစ်ဖြစ်ထွန်းနေတဲ့ အရှေ့တောင်အာရှမှာ တည်ဆောက်ရတာ လုံးဝ မတူပါဘူး။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ ကာဇက်ကိုခေါ်တယ်ဆိုတာလည်း သူတို့က ဒါမျိုးလုပ်တဲ့သူတွေမှ မဟုတ်တာ။ သူတို့အကြောင်း နည်းနည်းလေ့လာကြည့်ပါဦး။

ရုရှားရောက်တော့လည်း ရေနံချက်စက်ရုံဆောက်ဖို့နဲ့ ရေနံတင်သင်္ဘောတွေအတွက် ဆိပ်ကမ်းဆောက်ဖို့တွေ ဆွေးနွေးပြန်တယ်။ မြန်မာပြည်ရဲ့စက်သုံးဆီအသုံးက ရေနံချက်စက်ရုံတွေ ဆိပ်ကမ်းတွေကို ဒေါ်လာဘီလီယံချီအကုန်ခံပြီး ရင်းနှီးမြှုပ်နှံတည်ဆောက်ဖို့ အင်မတန်သေးနေသေးတာ ဘာလို့မသိတာပါလဲ။ ရင်းနှီးမြှုပ်နှံမည့်သူက ဒီအချက်ကို မစဉ်းစားပဲ ကိုယ်ခေါ်တာနဲ့ ပြေးလာမည့်အတိုင်းပဲ ပြောနေတာက ဟိုကလူတွေ အထက်ကခိုင်းလို့ ကြိတ်မှိတ် လက်ခံတွေ့နေပုံပါပဲ။

သည့်အတွက်ကြောင့် ရန်ကုန်နဲ့ ၃ ရက်ခရီးသာရှိတဲ့ စင်္ကာပူက ရေနံချက်စက်ရုံကြီးတွေကနေ ချက်ပြီးသား ဒီဇယ်၊ ဓာတ်ဆီတွေကို ပေါ့ပေါ့ပါးပါးနဲ့ တင်သွင်းနေကြတာဆိုတာ သိထားသင့်တယ်။ တိုင်းပြည်သာ စီးပွါးရေးကောင်းနေပြီး အုပ်ချုပ်သူကလည်း ရွေးချယ်ခံအစိုးရဆိုလို့ကတော့ တနေ့မှာ အဲ့စက်ရုံတွေ ရောက်လာမှာပါ။ ကိုယ်တောင်ခေါ်နေစရာ မလိုဘူး။

ခြုံပြောရယင် စွမ်းအင်ဝန်ကြီးရဲ့ နိုင်ငံခြားမှာ ပြောစကားများက အင်မတန်လည်း ရှက်ဖို့ကောင်းပါတယ်။ စွမ်းအင်နဲ့ စီးပွါးရေး အခြေခံလေးတွေတောင် နားမလည်ပဲ ခလေးအတွေးသာသာနဲ့ သူ့ဘော့စ် ကျေနပ်အောင် လုပ်ပြနေတာသာ ဖြစ်ပါတယ်။ သူတို့ဘက်က ထောက်ခံသူတွေ မစားရ ဝခမန်း ပြောလို့ရအောင် လုပ်ပြနေတာသာဖြစ်ပါတယ်။ တကယ်က စွမ်းအင်နဲ့ပတ်သက်ရင် စစ်ကောင်စီဟာ ပျောက်သောလမ်းမှာ စမ်းတဝါး ဆိုတာထက် ပိုဆိုးပြီး လုံးဝကို မျှော်လင့်ချက်မရှိ လမ်းပျောက်နေပြီ ဖြစ်ပါတယ်။

You may also like these stories:

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

မီးမပေးနိုင်ခြင်းက နိုင်ငံ့စီးပွားရေးကို ပိုဆိုးစေ

မီးပြတ်၊ ရေပြတ်နှင့် ပြည်သူတို့၏ အပူပေါင်းများစွာ

နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း

စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း

လေယာဉ်ဆီ ဆန်ရှင်လုပ်ခံရတဲ့အခါ

]]>
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ် https://burma.irrawaddy.com/article/2023/04/09/334270.html Sun, 09 Apr 2023 04:43:19 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%9d%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%98%e1%80%b2-%e1%80%9d%e1%80%ad%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%b1%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%85%e1%80%85%e1%80%ba.html လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့တွင် လမ်းဘေး၌ မိုဘိုင်းဖုန်း သုံးနေသူတဦးကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFPပြည်တွင်းကထွက်နိုင်တဲ့ ရေအားလျှပ်စစ်တွေဆိုတာလည်း လုပ်လက်စတောင် ပြီစီးအောင်လုပ်ဖို့ ငွေတတ်နိုင်ပါ့မလား သံသယရှိမိတယ်။]]> လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့တွင် လမ်းဘေး၌ မိုဘိုင်းဖုန်း သုံးနေသူတဦးကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFP

ဒါလုပ်ရင် ဒါတွေဖြစ်မယ်ဆိုတာ မသိခဲ့ဘူးလား မေးချင်မိတယ်။

အာဏာသိမ်းလိုက်တာနဲ့ လူထုက ဆန့်ကျင်မယ်၊ ထုံးစံအတိုင်း အကြမ်းနည်းနဲ့ နှိမ်နင်းမယ်၊ ဒါဆို စီးပွားရေးတွေ ရပ်မယ်၊ ငွေကြေးဈေးကွက် ကမောက်ကမဖြစ်မယ်၊ နဂိုကတည်းက ယိုင်နဲ့နဲ့ မြန်မာငွေဈေး ထိုးကျမယ်၊ နိုင်ငံတကာက ပိတ်ဆို့မယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ထွက်ခွာမယ်၊ ဒေါ်လာသန်း ရာ ထောင်ချီရင်းရတဲ့ လျှပ်စစ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံသူတွေ မလာရဲတော့ဘူး၊ သူတို့မှ မလာရင် ဓာတ်အားပေးစက်ရုံတွေ အသစ်မတည်နိုင်ဘူး၊ မီးတွေမလောက်မင ဖြစ်မယ်၊ နိုင်ငံတကာချေးငွေတွေ ရပ်ဆိုင်းလို့ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းတွေ ရပ်ဆိုင်းမယ် စတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ လူတိုင်းသိတဲ့ “စာမကြိုးစားရင် စာမေးပွဲကျမယ်။ အရက်သောက် အပျော်အပါးပဲ လိုက်ပြီး အလုပ်မကြိုးစားရင်  မွဲမယ်” ဆိုတဲ့ ရိုးရှင်းလှတဲ့ လော့ဂျစ်ပါ။

၈၈ တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက် အနည်းငယ်သာ ရှိရာက ၂၀၁၀-၂၀ မှာ အဖွဲ့ပေါင်း ရာကျော်ဖြစ်လာတယ်ဆိုတာ ဒီအလုပ်လုပ်နေသူတွေမို့ မသိတော့ မရှိလောက်ပါဘူးနော်။ လက်နက်ကိုင်အဖွဲ့ ဒီလောက်များနေတဲ့ တိုင်းပြည်မှာ အကြမ်းနည်းနဲ့ နှိမ်နင်းလိုက်ရင် လက်နက်ကိုင်တော်လှန်ကြပြီး နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုတာလည်း သာမန်ပညာတတ်တဲ့လူတိုင်း စဉ်းစားတတ်ကြပါတယ်။

စစ်ကောင်စီအနေနဲ့ ကိုယ့်လူတွေ လုပ်နေတဲ့ပုံကို ပြန်သုံးသပ်ကြည့်ရင်လည်း တဘက်အဖွဲ့က မရ ရတဲ့နည်းနဲ့ ပြန်တုံ့ပြန်ကြမယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရပါတယ်။ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေကို တိုက်ခိုက်လာတာက ဒီသဘောပါပဲ။ အရပ်သားအစိုးရတွေတုန်းက ဓာတ်အားလိုင်းတွေကို ဘယ်နှခါ အတိုက်ခံရဖူးလို့လဲ။

စစ်ကောင်စီအနေနဲ့ ကိုယ့်လူတွေ လုပ်နေတဲ့ပုံကို ပြန်သုံးသပ်ကြည့်ရင်လည်း တဘက်အဖွဲ့က မရ ရတဲ့နည်းနဲ့ ပြန်တုံ့ပြန်ကြမယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရပါတယ်။ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေကို တိုက်ခိုက်လာတာက ဒီသဘောပါပဲ။ အရပ်သားအစိုးရတွေတုန်းက ဓာတ်အားလိုင်းတွေကို ဘယ်နှခါ အတိုက်ခံရဖူးလို့လဲ။

နောက်တခုက လောပိတစက်ရုံကြီး မီးပေးနေတာ ၁၉၆၀ ကျော်ကတည်းက။ ကရင်နီရွာလေးတွေ မီးလင်းတာ ဘယ်လောက်ကြာသေးလို့တုန်း စုံစမ်းကြည့်လိုက်ဦး။ တရားလား၊ မတရားလား ကိုယ့်ဖာသာကိုယ် စဉ်းစားကြည့်ပေါ့။

၂၀၂၅ ခုနှစ်မှာ မီးလုံလောက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ မဟာဓာတ်အားလိုင်းနဲ့ ခွဲရုံတခု ဆောက်တာတောင် သုံးနှစ်လောက် ကြာပါတယ်။ မတည်ဆောက်ခင် ညှိရနှိုင်းရ ပြင်ဆင်ရတာတွေ မပါသေးဘူး။

မြန်မာပြည်မှာ လောလောဆယ် လိုအပ်နေတဲ့ မဂ္ဂါဝပ် ၁,၀၀၀ ကျော်ကို ဘယ်ကနေ ရမလဲ။ ဆိုလာတင်ဒါ အောင်ထားတဲ့ တရုတ်ကုမ္ပဏီတွေတောင် မြေပြင်မှာ ဘာမှကို မလုပ်နိုင်ပါ။ ဒီလောက် ဖြစ်ပျက်နေတဲ့ တိုင်းပြည်အခြေအနေနဲ့ ဘယ်သူက ဒေါ်လာသန်း ရာချီရင်းရပြီး နှစ် ၂၀ လောက် လည်ပတ်ရတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ရဲပါ့မလဲ။ ဘယ်ဘဏ်က ငွေထုတ်ချေးပါ့မလဲ။ ဘယ်အာမခံကုမ္ပဏီက အာမခံပေးရဲပါ့မလဲ။

အင်မတန် ဈေးသက်သာတဲ့ ဆိုလာစီမံကိန်းကိုတောင် ကိုယ်တိုင်လုပ်ဖို့ ငွေမရှိတာ၊ ကုန်ကျစရိတ်အကြီးဆုံးနဲ့ တည်ဆောက်ချိန် ၁၀ နှစ်လောက်ကြာတဲ့ နျူကလီးယားကတော့ အိပ်မက်တောင် မမက်သင့်ပါ။

အင်မတန် ဈေးသက်သာတဲ့ ဆိုလာစီမံကိန်းကိုတောင် ကိုယ်တိုင်လုပ်ဖို့ ငွေမရှိတာ၊ ကုန်ကျစရိတ်အကြီးဆုံးနဲ့ တည်ဆောက်ချိန် ၁၀ နှစ်လောက်ကြာတဲ့ နျူကလီးယားကတော့ အိပ်မက်တောင် မမက်သင့်ပါ။ အားကိုးတဲ့ ရုရှားကရော မဂ္ဂါဝပ် ၁,၀၀၀ နျူဓာတ်အားပေး စက်ရုံတရုံကို ဒေါ်လာ ၇ ဘီလီယံ၊ ၈ ဘီလီယံလောက် အကုန်ခံပြီး အလကား ဆောက်ပေးပါ့မလား။ လက်ရှိ ကိုယ့်အခြေအနေ သူ့အခြေအနေနဲ့ ချေးဖို့လည်း မဖြစ်နိုင်။ ချေးတယ်ဆိုတာ ပြန်ဆပ်နိုင်တဲ့ အခြေအနေရှိတဲ့သူကိုမှ ချေးကြတာအပြင် ထုတ်ချေးတဲ့သူက ငွေကြေးအဆင်ပြေနေချိန် ဖြစ်ဦးမှလေ။ ရုရှား ဘာဖြစ်နေလဲ လူတိုင်းသိနေတာပဲ။

ရန်ကုန်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ် / Cincds

လောလောဆယ် လက်မှတ်ထိုးထားတဲ့ရခိုင်က လေအားလျှပ်စစ်ကလည်း လက်မှတ်ထိုးတဲ့ မြန်မာကုမ္ပဏီနဲ့ ဘယ်ကမှန်းမသိတဲ့ ကုမ္ပဏီတခုရဲ့ သမိုင်းက ဘာလဲ။ လက်မှတ်ဝင်ထိုးတဲ့ ယူနန်ပြည်နယ်အစိုးရပိုင် Yunnan Machinery Import & Export Co., Ltd. (YMEC) ကရော လေအားလျှပ်စစ်မှာ ကိုယ်တိုင်ဘယ်လောက် ရင်းနှီးမြှုပ်နှံမှု လုပ်ထားပြီးပြီလဲ။ လက်မှတ်ထိုးကြတဲ့ ကုမ္ပဏီတွေက ဘယ်အခန်းကဏ္ဍတွေက ပါဝင်ကြမှာလဲ။ သူများတိုင်းပြည်တွေမှာဆို သတင်းတွေမှာ ပွင့်ပွင့်လင်းလင်း တင်ပြကြတယ်။ ဒါမှ အတူ ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ငွေချေးမယ့်ဘဏ်တွေရဲ့ ယုံကြည်မှုကို ရမှာလေ။

အခုက ဘယ်သတင်းဌာနမှ သူတို့ကို ဆက်သွယ်လို့မရ။ မေးတော့လည်း မရေမရာ ဖြေကြတာတွေ့ရတယ်။ သူများတိုင်းပြည်တွေမှာဆို အဲဒီလို ဘယ်ကမှန်းမသိ၊ သမိုင်းမရှိတဲ့သူတွေဆို အခုလို စီမံကိန်းကြီးမျိုးတွေ အနားတောင်ကပ်လို့မရဘူး။

သူတို့ပြောတဲ့ ၃၆၀ မဂ္ဂါဝပ် လေအားလျှပ်စစ်ဆိုတာ ဒေါ်လာ သန်း ၄၀၀၊ ၅၀၀ ကုန်ကျနိုင်တယ်။ အခု လက်မှတ်ထိုးတဲ့ မြန်မာကုမ္ပဏီနဲ့ ဘယ်ကမှန်းမသိတဲ့ ကုမ္ပဏီကတော့ သေချာတယ်၊ ဒီပမာဏကို ရင်းနိုင်တဲ့ သူတွေမဟုတ်ဘူး။ YMEC ကလည်း ဒီလိုအခြေအနေမှာ သန်းရာချီရင်းဖို့ လွယ်ပါ့မလား။ ဒါဟာ ထောက်ခံတာ မထောက်ခံတာနဲ့မဆိုင်၊ ငွေကြေးဆုံးရှုံးနိုင်သည် မနိုင်သည်နဲ့သာ ဆိုင်ပါတယ်။

သံလျင်၊ သီလဝါမှာ LNG သင်္ဘောကြီးနဲ့ ဓာတ်အားပေးတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China National Technical IMP & EXP Corp (CNTIC) ရဲ့ ဒေါ်လာ ၁ ဘီလီယံနီးပါးတန် စီမံကိန်းကိုတောင် ဘာမှပြန်လည် ညှိနှိုင်းခြင်းမပြုဘဲ ရပ်ပစ်လိုက်တဲ့သူတွေကို ဘယ်ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်ဦးမှာလဲ။

သံလျင်၊ သီလဝါမှာ LNG သင်္ဘောကြီးနဲ့ ဓာတ်အားပေးတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China National Technical IMP & EXP Corp (CNTIC) ရဲ့ ဒေါ်လာ ၁ ဘီလီယံနီးပါးတန် စီမံကိန်းကိုတောင် ဘာမှပြန်လည် ညှိနှိုင်းခြင်းမပြုဘဲ ရပ်ပစ်လိုက်တဲ့သူတွေကို ဘယ်ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်ဦးမှာလဲ။

နောက်ဆုံးတချက်က ကနဦး စမ်းသပ်လေ့လာမှုတွေအရ ရခိုင်ကမ်းရိုးတန်းဒေသဟာ မြန်မာပြည် တခြားဒေသတွေနဲ့ ယှဉ်ရင် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ခြေ ပိုရှိပေမည့် သူများနိုင်ငံတွေရဲ့ ပင်လယ်ထဲက လေအားလျှပ်စစ်တွေလို မက်မောဖွယ်ကောင်းလောက်တဲ့ လေတိုက်နှုန်းမရှိပါ။ ဒါကြောင့် မျိုးမျိုးမြက်မြက်ရနိုင်တဲ့ စီးပွားရေးလည်းမဟုတ်၊ Risk ကလည်း အရမ်းများသေး၊ ကိုယ့်ဆီက ဓာတ်အားဝယ်မယ့် ကိုယ့်ဖောက်သည် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာန ဆိုတာကလည်း အမြဲအရှုံးပေါ်တဲ့အဖွဲ့။ အဘက်ဘက်က မဖြစ်နိုင်တာချည်း။

မဟာဓာတ်အားလိုင်းနဲ့ ခွဲရုံတခု ဆောက်တာတောင် သုံးနှစ်လောက် ကြာပါတယ်/ AFP

လာအိုကဝယ်မယ့် လျှပ်စစ်ဆိုတာလည်း ရခိုင်မှာ လက်မှတ်ထိုးတဲ့ မြန်မာကုမ္ပဏီကပဲ ဆင်တူရိုးမှား နာမည်နောက်တခုနဲ့ ထိုးတာပါ။ လက်မှတ်ထိုးပွဲမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက လာအိုနဲ့ လျှပ်စစ်ကိစ္စ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၈ ကတည်းက ထိုးထားတယ်။ အဲဒီ ငါးနှစ်အတွင်း ဖြစ်နိုင်ခြေ စူးစမ်းမှုတွေကို ဒီမြန်မာကုမ္ပဏီက လုပ်ခဲ့တယ်လို့ဆိုတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှာကြည့်တော့ အဲဒီ မြန်မာကုမ္ပဏီက ၂၀၂၂ ခုနှစ်၊  မတ်လကမှ မှတ်ပုံတင်ထားတာ။ ဘယ်လိုလုပ်ပြီး ၂၀၁၉ ခုနှစ်လောက်က စပြီး အလုပ်တွေ လုပ်ပါလိမ့်နော်။

လျှပ်စစ်စွမ်းအားဝန်ကြီးကလည်း ပြောပြန်တယ်၊ လာအိုကလာတဲ့ ဓာတ်အားလိုင်းဟာ ကျိုင်းတုံကို ၂၀၂၄ ခုနှစ်မှာ ရောက်ပြီး မိတ္ထီလာကို ၂၀၂၆ ခုနှစ်မှာ ရောက်မယ်တဲ့။ နားလည်မှုစာချွန်လွှာနဲ့ ဖြစ်နိုင်ခြေစူးစမ်းမှု လက်မှတ်ထိုးကြတဲ့အဆင့်မှာ ပြီးစီးမည့်အချိန်ကို ဘယ်နည်းနဲ့မှ အတိအကျ မပြောနိုင်ပါ။

လာအိုနယ်စပ်က ကျိုင်းတုံကို မိုင်ရာကျော်ရှိပါတယ်။ ဓာတ်အားလိုင်းနဲ့ ဆက်စပ် ခွဲရုံတွေ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ပါမယ်။ အခု လက်မှတ်ထိုးထားတဲ့ မြန်မာကုမ္ပဏီကတော့ ဘယ်လိုမှ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပါ။ လာအိုဘက်ကလည်း သူ့ဘက်က လိုအပ်တာတွေကိုသာ သူရင်းမှာဖြစ်ပြီး ဒီဘက်က သူ့အပိုင်းမဟုတ်ပါ။ ဓာတ်အားလိုင်း တည်ဆောက်ချိန်ကလည်း သုံးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လာအိုနယ်စပ်က ကျိုင်းတုံကို မိုင်ရာကျော်ရှိပါတယ်။ ဓာတ်အားလိုင်းနဲ့ ဆက်စပ် ခွဲရုံတွေ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ပါမယ်။ အခု လက်မှတ်ထိုးထားတဲ့ မြန်မာကုမ္ပဏီကတော့ ဘယ်လိုမှ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပါ။ လာအိုဘက်ကလည်း သူ့ဘက်က လိုအပ်တာတွေကိုသာ သူရင်းမှာဖြစ်ပြီး ဒီဘက်က သူ့အပိုင်းမဟုတ်ပါ။ ဓာတ်အားလိုင်း တည်ဆောက်ချိန်ကလည်း သုံးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။

မိတ္ထီလာအထိဆို မိုင် ၃၀၀ ကျော် ထပ်ဆွဲရဦးမှာဖြစ်ပြီး နောက်ထပ် သန်း ၃၀၀၊ ၄၀၀ ထပ်ကုန်ဦးမှာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်အခြေအနေနဲ့ ဘယ်သူလာရင်းမှာလဲ။ ကျိုင်းတုံအထိ လက်ရှိဆွဲထားတဲ့ မဟာဓာတ်အားလိုင်းရဲ့ အခြေအနေ၊ တာလေ၊ တာချီလိတ်စတဲ့ မြို့တွေကို မီးပေးရမယ့် အခြေအနေတွေနဲ့ လာအိုဆီက  ဓာတ်အားဝယ်ရတာ ထင်သလောက် မလွယ်ပါ။ ညှိနှိုင်းဆုံးဖြတ်ရမှာတွေ အများကြီးရှိပါသေးတယ်။ ၂၀၂၄ ခုနှစ် ကျိုင်းတုံကို ရောက်မယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက နေပြည်တော်တွင် စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ လေအားလျှပ်စစ်စီမံကိန်း သဘောတူညီမှု လက်မှတ်ရေးထိုးနေစဉ်

နောက်တချက်က ၆၀၀ မဂ္ဂါဝပ်ဆိုတာ ဓာတ်အားပေးစက်ရုံ တရုံစာလောက်ရှိပါတယ်။ လာအိုလို တိုင်းပြည်အသေးလေးမှာ တနှစ်ကျော်အတွင်း ၂၀၂၄ ခုနှစ်မှာ မြန်မာကို အဲဒီပမာဏ ရောင်းပေးဖို့ အဆင်သင့် (ဒါမှမဟုတ်) အပိုမရှိပါဘူး။ တရုတ်လို တိုင်းပြည်ကြီးမျိုးဆိုရင် ဖြစ်နိုင်ပါတယ်။ လုပ်လက်စ ဓာတ်အားပေးစက်ရုံက ထွက်လာနိုင်ခြေရှိမယ် ဆိုတာလည်း မဖြစ်နိုင်ပါ။ ဘာလို့လဲဆိုတော့ ဒေါ်လာသန်း ရာ ထောင်ချီတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေဆိုတာ ဝယ်လက်နဲ့ တေ့တေ့ဆိုင်ဆိုင် စာချုပ်ချုပ်ပြီးမှသာ ဘဏ်ချေးငွေ ရကြတာဖြစ်ပါတယ်။ ဝယ်သူကြိုမချိတ်ထားဘဲ ဘယ်သူမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြပါ။ လုပ်လို့လည်း မရပါ။

ပြည်တွင်းကထွက်နိုင်တဲ့ ရေအားလျှပ်စစ်တွေဆိုတာလည်း လုပ်လက်စတောင် ပြီးစီးအောင်လုပ်ဖို့ ငွေတတ်နိုင်ပါ့မလား သံသယရှိမိတယ်။ တမံလိုဟာမျိုးကတော့ ပြည်တွင်းထွက် ဘိလပ်မြေသုံးရတာမို့ ပြီးအောင်လုပ်နိုင်မယ်။ နိုင်ငံခြားကသွင်းရတဲ့ စက်သုံးဆီနဲ့ သံချောင်းကလည်း မြန်မာငွေနဲ့ လုပ်ငန်းရှင်တွေဆီက ဝယ်လို့ရမယ်။ နောက်ပိုင်းတပ်ဆင်ရတဲ့ တာဘိုင်၊ ဂျင်နရေတာ၊ လျှပ်စစ်ပစ္စည်းတွေကတော့ နိုင်ငံခြားငွေ သန်းရာချီပေးဝယ်မှ ရမှာပါ။ လုပ်လက်စတွေ ပြီးစီးဖို့လည်း နောက် သုံးနှစ်လောက် ကြာဦးမှာဖြစ်သလို ထွက်လာမယ့် ဓာတ်အားကလည်း မဂ္ဂါဝပ် ရာဂဏန်းသာသာပဲ ရှိပါတယ်။ တင်ပြခဲ့ပြီးသလို လက်ရှိအခြေအနေနဲ့ ဘယ်သူမှလည်း လာရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ပါ။

နောက်တချက်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ တန်ဖိုးကျဆင်းသွားတဲ့ မြန်မာငွေကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ပိုအရှုံးပေါ်လာတာပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေရဲ့ မီတာခကို ဒေါ်လာနဲ့ တွက်ပေးရတယ်။ ကိုယ်က လူတွေဆီက မီတာခရတော့ ကျပ်ငွေနဲ့။ အဲ့ဒီမှာတင် အရှုံးက ၅၀ ရာခိုင်နှုန်းကျော်တယ်။

နောက်တချက်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ တန်ဖိုးကျဆင်းသွားတဲ့ မြန်မာငွေကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ပိုအရှုံးပေါ်လာတာပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေရဲ့ မီတာခကို ဒေါ်လာနဲ့ တွက်ပေးရတယ်။ ကိုယ်က လူတွေဆီက မီတာခရတော့ ကျပ်ငွေနဲ့။ အဲ့ဒီမှာတင် အရှုံးက ၅၀ ရာခိုင်နှုန်းကျော်တယ်။

များများစားစား ဆက်အရှုံးခံနိုင်လောက်အောင် တိုင်းပြည်က အာဏာမသိမ်းခင်ကတည်းက ယဲ့ယဲ့ပဲ ရှိတာ။ ရှုံးကလည်း ရှုံးနေသေး၊ အရန်ငွေကြေးကလည်း ခမ်းနေသေးတဲ့သူကို ဒေါ်လာသန်းရာနဲ့ချီရင်းပြီး ဈေးလာရောင်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင် ပဋိပက္ခပြဿနာတွေ ရှိနေသော်လည်း ဝယ်လက်က ငွေကြေးတောင့်တင်းရင်၊ သူ့စီးပွားရေး အမြတ်အစွန်းများတယ် (ဥပမာ အာဖရိက နိုင်ငံအချို့) ဆိုရင် လုပ်လို့ဖြစ်သေးတယ်။

ကြည့်ရတာ လျှပ်စစ်ကို လွယ်လွယ်နဲ့လုပ်လို့ရမယ် တွက်ထားပုံရတယ်။ အရပ်သားအစိုးရတွေ လက်ထက်ကတည်းက ဆင်ခြေဖုံးရပ်ကွက်ရှိ ဆင်းရဲသားမိသားစုတခုလို ဝင်ငွေနဲ့ထွက်ငွေမမျှဘဲ မနည်းရုန်းကန်နေရတာကို မသိလို့ဖြစ်မယ်။

နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်မိပြီး အကျိုးဆက်အနေနဲ့ စီးပွားတွေထိခိုက်၊ ငွေကြေးဈေးကွက်ပျက်၊ တရားဥပဒေစိုးမိုးမှု အားနည်း စသဖြင့် ဖြစ်ပြီဆိုရင်တော့ လျှပ်စစ်လုံလောက်ဖို့ အိပ်မက် မက်မနေပါနဲ့လို့ ဆိုချင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောရရင်တော့ လျှပ်စစ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ ရောစပ်ထားတဲ့လုပ်ငန်းပါ။ လုံခြုံရေးရှိဖို့၊ တရားဥပဒေစိုးမိုးဖို့လည်း လိုပါသေးတယ်။ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်မိပြီး အကျိုးဆက်အနေနဲ့ စီးပွားတွေထိခိုက်၊ ငွေကြေးဈေးကွက်ပျက်၊ တရားဥပဒေစိုးမိုးမှု အားနည်း စသဖြင့် ဖြစ်ပြီဆိုရင်တော့ လျှပ်စစ်လုံလောက်ဖို့ အိပ်မက် မက်မနေပါနဲ့လို့ ဆိုချင်ပါတယ်။

လျှပ်စစ်မှ မလုံလောက်၊ မတည်ငြိမ်ရင် ကုန်ထုတ်လုပ်မှုတိုးတက်ဖို့၊ တိုင်းပြည်တိုးတက်ဖို့ မျှော်လင့်မနေနဲ့တော့။

(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

မီးအပျက်များသည့် မန္တလေး အိမ်တွင်းလုပ်ငန်းများပါ ရပ်ဆိုင်းနေရ

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်မည် 

မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ

]]>