မိုးစက်ငြိမ်းချမ်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/340421 Covering Burma and Southeast Asia Sat, 12 Sep 2026 04:04:34 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မိုးစက်ငြိမ်းချမ်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/340421 32 32 ဗန်းမော်စစ်မျက်နှာနှင့် ဧရာဝတီ ဒုတိယမြစ်ကျဉ်း https://burma.irrawaddy.com/article/2026/09/12/416210.html Sat, 12 Sep 2026 04:04:34 +0000 https://burma.irrawaddy.com/?p=416210 ဗန်းမော်ထောက်ပို့ရေး၌ ဧရာဝတီမြစ်ကြောင်းသည် အရေးပါ၏။ မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ပါက ပုံမှန် သုံးလေးရက်ခန့်ဆန်တက်လျှင်ရောက်သည်။]]>

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းတွင် စတင်ခဲ့၏။ ဗန်းမော်တွင် မြန်မာစစ်တပ်၏ စကခ ၂၁ ဌာနချုပ်၊ လက်အောက်ခံခြေလျင်/ခြေမြန်တပ်ရင်းများနှင့် သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ်ရင်းများ၊ လက်ရုံးတပ်၊ ဝန်ထမ်းတပ်များ အခြေစိုက်သည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်သည့်အချိန်တွင် ဗန်းမော်ဒေသ၌ စကခ ၂၁ အပြင် တပ်မ ၈၈ မှ တပ်များလည်းရှိ၏။ ဗန်းမော် မြောက်ဘက် မြို့သစ်၊ နားလုံ၊ ဒေါ်ဖုန်းယန်၊ ဗန်းမော် အရှေ့ဘက် မိုးမောက်၊ ဒေါ်ဖုန်းယန်၊ ဗန်းမော် တောင်ဘက် မန်စီ၊ မဒယန်၊ မန်ဝိန်းနှင့် ဗန်းမော်အနောက်ဘက် စင်းခန်း စသည့် ဗန်းမော်၏ အရပ်လေးမျက်နှာမှ မြန်မာစစ်တပ်များ ဗန်းမော်သို့ ဆုတ်၍ခုခံကြ၏။ ဤသို့ ဘေးပတ်လည်သို့ ဖြန့်ခွဲထားသည့် တပ်မ ၈၈၊ စကခ ၂၁ နှင့် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များအားလုံး ဗန်းမော်တွင်စုစည်း ခံစစ်ဆင်သဖြင့် စစ်အင်အားလျော့နေသောကာလတွင်ပင် ဗန်းမော်၌ မြန်မာစစ်တပ်အင်အား ၃၀၀၀ ခန့် စုစည်း ခံစစ်ဆင်ခဲ့သည်ကို တွေ့ရ၏။

မြန်မာစစ်တပ် အင်အားထောင်အချို့ စုစည်းခုခံသည့် ဗန်းမော်မြို့အား နှစ်နှစ်နီးပါးကြာသည်အထိ ကချင်လွတ်လပ်ရေးတပ်မတော်အင်အားစုများ အလွယ်တကူမသိမ်းနိုင်ခဲ့ပေ။ ယခုအချိန်ထိ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်တို့ကြား ဘတပြန်၊ ကျားတပြန် အားပြိုင်နေဆဲဖြစ်၏။

ထောက်ပို့ပြဿနာ

ဗန်းမော်တိုက်ပွဲတွင် ခံစစ်အား စစ်အင်အားထောင်အချို့ဖြင့် ခုခံထားသည့် မြန်မာစစ်တပ်အတွက် အဓိကပြဿနာမှာ စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးပို့ပေးသည့်ထောက်ပို့လမ်းကြောင်း ပြတ်တောက်နေခြင်းဖြစ်၏။ ဒဏ်ရာရလူနာများ နောက်တန်းပို့ဆောင်ရန်လည်း ခက်ခဲနေ၏။ ဗန်းမော်မြို့အား ခံစစ်ဆင်ထားနိုင်သော်လည်း ဗန်းမော်ပတ်လည်တွင် KIA ပူးပေါင်းတပ်များပိတ်ဆို့ထားသဖြင့် ကားလမ်းများအားလုံးပိတ်ဆို့နေ၏။

ဗန်းမော်တွင် လေယာဉ်ကွင်းရှိနေသော်လည်း နှစ်ဘက်တပ်များ လက်လှမ်းမီနေသဖြင့် စိတ်ချလက်ချသုံးရဲပုံမရပေ။ မြန်မာစစ်တပ်၏ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်အား ကချင်လွတ်လပ်ရေးတပ်မတော်က အသေခံဒရုန်းနှင့်တိုက်ခိုက်ပစ်ချပြီးနောက် လေကြောင်း ပို့ဆောင်ရေးကို လက်လွတ်စပယ်လုပ်ရဲပုံ မရတော့ပေ။ လေယာဉ်မဆင်းသက်နိုင်သော်လည်း လေထီးဖြင့် ရိက္ခာခဲယမ်းချပေးသည်ကိုတော့ ပုံမှန်လုပ်ပေးနေသည်ကို တွေ့ရ၏။ ဗန်းမော်ဒေသသို့ အလုံးအရင်းနှင့် ထောက်ပံ့ရန် အခြားရွေးစရာလမ်းကြောင်း တခုသာ မြန်မာစစ်တပ်တွင် ရှိနေ၏။

ဧရာဝတီမြစ်ကြောင်း

သို့ဖြစ်ရာ ဗန်းမော်ထောက်ပို့ရေး၌ ဧရာဝတီမြစ်ကြောင်းသည် အရေးပါ၏။ မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ပါက မြစ်ကြောင်းအကွာအဝေးအားဖြင့် ကီလိုမီတာ ၃၃၀ ကျော်ခန့် ဝေးကွာပါသည်။ ပုံမှန် သုံးလေးရက်ခန့်ဆန်တက်လျှင်ရောက်သည်။

သို့သော် နွေရာသီတွင် သောင်ထွန်းသဖြင့် ကုန်အပြည့်တင်ထားသည့် သင်္ဘောများအတွက် သောင်ထွန်းသဖြင့် မြစ်ကြောင်းကျဉ်းသွားသည့်အပြင် သောင်တင်သည့် အန္တရာယ်ရှိ၏။ မိုးရာသီရေပြည့်ချိန်တွင် သောင်တင်မည့်အန္တရာယ်မှ လွတ်သဖြင့် မြန်မာစစ်တပ်သည် ၂၀၂၅ တွင်လည်းကောင်း၊ ၂၀၂၆ တွင်လည်းကောင်း မိုးရာသီ ဩဂုတ်လ ဧရာဝတီမြစ်ရေ အမြင့်ဆုံးအချိန်တွင် ဗန်းမော်သို့ ထောက်ပို့သင်္ဘောများစေလွှတ်ပြီး တနှစ်စာ ထောက်ပို့လေ့ရှိ၏။

ထိုထောက်ပို့သင်္ဘောများအား စစ်သင်္ဘောများက ပစ်ကူပေး၍လည်းကောင်း၊ လေတပ်က မြစ်ဘေးဝဲယာအား ဗုံးကြဲအကာအကွယ်ပေး၍လည်းကောင်း ဗန်းမော်သို့ စေလွှတ်လေ့ရှိ၏။ မြစ်ရေတက်ချိန်တွင် ဧရာဝတီမြစ်၏ အကျယ်ဆုံးနေရာများမှာ ၆ ကီလို၊ ၇ ကီလိုမီတာခန့်အထိရှိ၍ ကမ်းဘေးမှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရန်လည်း အလှမ်းဝေး၏။ ထို့ပြင် သင်္ဘောများနှစ်မြှုပ်ရန် တော်လှန်ရေးတပ်ဖွဲ့များသည် ရေမြှုပ်မိုင်း၊ တိုက်ခိုက်ရေးရေပြင်ဒရုန်းခေါ် “Kamikaze Sea Drone” (အသေခံ ရေပြင်ဒရုန်း) များကို အသုံးပြုနိုင်ခြင်းမရှိသေးရာ ထိုအားနည်းချက်ကို အသုံးချ၍ မြန်မာစစ်တပ်သည် ဗန်းမော်စစ်မျက်နှာသို့ ဧရာဝတီမြစ်ရေကြောင်းမှ ထောက်ပို့ခြင်းအား အားစိုက်ပြုလုပ်လာ၏။

၂၀၂၅ ခုနှစ် သပိတ်ကျဉ်းအနီး စစ်ရေယာဉ်တန်းကို ပီဒီအက်ဖ်များက ဗုံးခွဲတိုက်ခိုက်စဉ်

ဒုတိယမြစ်ကျဉ်းနှင့် စင်းခန်းတံတား

ဗန်းမော်မှ ဧရာဝတီမြစ်အတိုင်းစုန်ပါက ၁၈ မိုင်ခန့်ဝေးသော စင်းခန်းရွာနှင့် စင်းခန်းတံတား အလွန်တွင် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း စပါသည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းခန်းရွာမှ ရွှေကူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။

ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းနေရာသည် ဆယ့်လေးမိုင်ခန့် ရှည်၍ ပုံမှန်အားဖြင့် ပျမ်းမျှ ပေ ၄၅၀ ခန့်သာ ကျယ်ဝန်းပြီး၊ အကျဉ်းဆုံးနေရာတွင် ပေ ၃၀၀ ခန့်သာ ရှိသော အလွန်ကျဉ်းမြောင်းသည့် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ မိုးရာသီ သို့မဟုတ် ရေတက်ချိန်များတွင် ကမ်းပါးနှစ်ဘက်လုံးသည် မြင့်မားသော ကျောက်တောင်ကုန်းများ ဖြစ်နေသည့်အတွက် မြစ်ပြင်သည် ဘေးဘက်သို့ ပိုမိုကျယ်ပြန့်သွားခြင်း မရှိဘဲ ၎င်း၏ ပုံမှန်အကျယ် ပေ ၃၀၀ မှ ၄၅၀ ဝန်းကျင် အတိုင်းသာရှိပါသည်။

သို့ဖြစ်ရာ မြစ်ရေတက်သော်လည်း ရေပြင်ကျယ်မလာသည့် ဧရာဝတီဒုတိယမြစ်ကျဉ်းနေရာသည် ဧရာဝတီမြစ်အတိုင်း ဗန်းမော်တက်လာသည့် သင်္ဘောအုပ်စုအား စောင့်ဆိုင်းတိုက်ခိုက်ရန် သဘာဝကပေးသည့် နေရာကောင်းဖြစ်နေ၏။ ဧရာဝတီမြစ်အားဆန်တက်ပါက ဒုတိယမြစ်ကျဉ်းအလွန်တွင် စင်းခန်းတံတားရှိ၏။ ထိုတံတားအားလည်း ကချင်လွတ်လပ်ရေးတပ်မတော်က ထိန်းချုပ်ထားရာ မြစ်ကြောင်းအတိုင်း တက်လာသည့် သင်္ဘောအုပ်စုအား စောင့်ဆိုင်းတိုက်ခိုက်ရန် စင်းခန်းတံတားသည်လည်း နေရာကောင်းဖြစ်နေခဲ့၏။

ဗျူဟာမြောက် ပိတ်ဆို့ခံထားရခြင်း

တကယ်တော့ မြန်မာစစ်တပ်သည် ဗန်းမော်မြို့ကွက်ကွက်လေးသာ ပိတ်ဆို့ခံနေရသည်မဟုတ်ပေ။ ၂၀၂၄ ခုနှစ်ကတည်းက ဗန်းမော်သည် ဗျူဟာမြောက် ပိတ်ဆို့ခံထားရ၏။ မန္တလေးမြောက်ဘက် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း လမ်းကြောင်းအများစုအား PDF တို့ စိုးမိုးထား၏။ ဗန်းမော်အနောက်ဘက် အင်းတော်ဒေသအား PDF များထိန်းချုပ်ထားပြီး ကသာ၊ ရွှေကူ၊ ထီးချိုင့် မြို့များအား PDF များ ဝိုင်းပတ်ထား၏။ ဗန်းမော်အရှေ့ဘက် နမ့်ခမ်းနှင့် ရှမ်းမြောက်နယ်မြေအများစုကို တိုင်းရင်းသားတပ်ဖွဲ့များက ထိန်းချုပ်ထား၏။ ဗန်းမော်မြောက်ဘက် ဝိုင်းမော်အနီးထိ ကေအိုင်အေက ထိန်းချုပ်ထား၏။

ဤသို့သောအခြေအနေတွင် မြန်မာစစ်တပ်သည် မြေပြင်၌ ဗန်းမော်သို့ သွားသည့် ထောက်ပို့လမ်းကြောင်းအားလုံးမှာ အရပ်လေးမျက်နှာမှ ပိတ်ဆို့ထားခံရသည်ကို တွေ့မြင်နိုင်၏။

ဗန်းမော် ထောက်ပို့လမ်းဖွင့်ခြင်း

၂၀၂၅ ခုနှစ်အတွင်း တရုတ်၏အကူအညီဖြင့် မြန်မာစစ်တပ်သည် မိုးမိတ်၊ မိုးကုတ်အား ပြန်လည်ထိန်းချုပ်လာနိုင်ပြီးနောက် မန္တလေးမြောက်ဘက်အား မြန်မာစစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာပြီး စဉ့်ကူး၊ သပိတ်ကျင်းမြို့ကိုပါ ပြန်လည်သိမ်းပိုက်လာနိုင်ခဲ့၏။ ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် တကောင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ တကောင်းရောက်ရှိလာသည့် မြန်မာစစ်တပ်စစ်ကြောင်းများသည် မတ်လ ၂၆ ရက်တွင် မြတောင်၊ ထီးချိုင့်မြို့သို့ ရောက်ရှိလာပြီး မြတောင်၊ ထီးချိုင့်ရှိ မြန်မာစစ်တပ်နှင့် ပူးပေါင်းမိပြီး လမ်းပွင့်သွား၏။

ဧရာဝတီမြစ်အရှေ့ခြမ်းတွင် ထီးချိုင့်အရှေ့ဘက် မြတောင်၏ မြောက်ဘက်တွင် ငါးအိုး၊ ရွှေကူနှင့် ဗန်းမော်သို့ သွားရာကားလမ်းရှိပြီး ငါးအိုးနှင့်ရွှေကူတို့တွင် မြန်မာစစ်တပ်၏အခြေစိုက်တပ်ရင်းများရှိရာ ထိုလမ်းကြောင်းကို ထိန်းချုပ်ပြီး ဗန်းမော်သို့ထောက်ပို့လမ်းကြောင်းဖွင့်ရန် စတင်၍ မြန်မာစစ်တပ်လှုပ်ရှားလာသည်ကို တွေ့ရ၏။

၂၀၂၆ ခုနှစ်မေလဆန်းမှစ၍ မြန်မာစစ်တပ် အင်အားထောင်ချီ၍ ငါးအိုးသို့ ဝင်ရောက်လာ၏။ စကခ ၄ ( တပ်မဟာ ၄ ) မှ တပ်များဟုသိရ၏။ ထိုတပ်များသည် မေလဆန်းမှစ၍ ငါးအိုးမှ ရွှေကူသို့ တပ်ဖြန့်ချီတက်ကြရာ ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်များ လမ်းတလျှောက် ပြင်းထန်စွာခုခံတိုက်ခိုက်ခဲ့သဖြင့် လမ်းကြောင်းပေါ်ရှိ ငို့စင်၊ မန်ကင်၊ မန်ဝိန်း လမ်းတကြောတွင် တိုက်ပွဲများ ရက်ပေါင်းများစွာ ပြင်းထန်စွာဖြစ်ပွားပြီး စကခ ၄ မှူးနှင့် ဒုစကခ မှူးလည်း ဒဏ်ရာရရှိသွားခဲ့သည်ဟုသိရ၏။

လေကြောင်းပစ်ကူများရယူထားသော်လည်း ထိခိုက်ကျဆုံးမှုများစွာကြုံတွေ့ပြီး စကခ ၄ တပ်များသည် တလခန့်အကြာ ဇွန်လဆန်းတွင် ရွှေကူမြို့သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် ဇွန်လ ၁၅ ရက်ခန့်မှစ၍ ရွှေကူမြို့ နှင့် မြို့အထွက်ရှိ ငါးလမ်းဆုံတို့တွင်ပါ တိုက်ပွဲများဖြစ်လာ၏။ ရွှေကူသို့ရောက်လာပြီး ရွှေကူမြို့နယ်ထဲသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းများသည် မြို့နယ်အတွင်းရှိ နယ်မြေအချို့အား ဦးစွာသိမ်းပိုက်ခဲ့သော်လည်း KIA/K PDF ပူးပေါင်းတပ်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် စခန်းများ ပြန်လည်စွန့်လွှတ်ပြီး ဇူလိုင်လဆန်းတွင် ရွှေကူမြို့ထဲသို့ ပြန်ဆုတ်သွားသည်ဟုသိရ၏။

မြန်မာစစ်တပ်အင်အားများ ငါးအိုးမှ ရွှေကူသို့ စစ်ဆင်ရေးဝင်လာခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိပုံရ၏။ အဓိကရည်ရွယ်ချက်မှာ မန္တလေး၊ တကောင်း၊ ငါးအိုး၊ ရွှေကူ၊ ဗန်းမော် ထောက်ပို့လမ်းကြောင်း ဖွင့်ရန်ရည်ရွယ်၍ စကခ တခုလုံး အသုံးပြုပုံရ၏။ ဒုတိယရည်ရွယ်ချက်မှာ လတ်တလော မိုးကာလ ရေကြောင်းမှ ထောက်ပို့ပါက လုံခြုံရေးယူပေးရန် ဖြစ်ပုံရ၏။

ဧရာဝတီ ဒုတိယမြစ်ကျဉ်းတိုက်ပွဲ

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် တပ်မ ၃၃ မှ အင်အား ၅၀၀ ခန့် ( တဗျူဟာခန့် ) သပိတ်ကျင်းမှတဆင့် ရွှေကူသို့ အင်အားထပ်ဖြည့်သည်ကိုတွေ့ရ၏။ ထို့နောက် ဩဂုတ်လ ၂၀ ရက်ခန့်မှစ၍ ရွှေကူမှ စစ်ကြောင်းလေးကြောင်းထွက်ပြီး ရွှေကူနှင့် ဗန်းမော်ကြားကားလမ်းနှင့် ဧရာဝတီဒုတိယမြစ်ကျဉ်းအား ထိန်းချုပ်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့သည်။ ဧရာဝတီမြစ်အရှေ့ခြမ်းမှ စစ်ကြောင်း ၃ ခုထိုးပြီး၊ ဧရာဝတီမြစ်အနောက်ခြမ်းသို့ စစ်ကြောင်း ၁ ခုကူးကာ ရွှေကူမှ KIA ထိန်းချုပ်ထားသည့် စင်းခန်းလမ်းဘက်ကို ထိုးစစ်ဆင်နေရာ တော်လှန်ရေးပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေသည်ဟုသိရ၏။

ဩဂုတ် ၂၄ ရက်နေ့က ဧရာဝတီမြစ်ကို ဖြတ်၍ ရွှေကူအရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းရှိ သင်္ဘောအင်းဘက်သို့ ကူးလာသည့် တပ်မ ၃၃ မှ တပ်သားများ တင်ဆောင်ထားသော စက်လှေ ၃ စီးကို ကချင်လွတ်လပ်ရေးတပ်မတော်ပူးပေါင်းတပ်ဖွဲ့က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲ ပျက်စီးသွားသည်ဟု သိရသည်။ ထို့ပြင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည်လည်း မြစ်ကမ်းဘေးတွင် ဝိုင်းပတ်ပိတ်ဆို့ခံနေရသည်ဟု သိရ၏။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များမှ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ရာ မြန်မာစစ်တပ်မှ အသေအပျောက်များပြားကြောင်း KIA ပြန်ကြားရေးမှ အတည်ပြုသည်ကို သိရ၏။

တချိန်တည်းတွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနဲ့ တွဲတွန်းသင်္ဘော ၈ စီးအပါအဝင် ရေယာဉ် ၁၅ စီးခန့်ပါသည့် ထောက်ပို့သင်္ဘောအုပ်စုသည် မန္တလေး ဂေါဝိန် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသည်ဟု သိရပြီး သင်္ဘောအုပ်စုသည် သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်းပြီး ဩဂုတ် ၂၅ ရက်၌ ကသာမြို့ကို ရောက်ရှိခဲ့ကာ တရက်ခန့် ရပ်နားပြီးနောက် ဩဂုတ်လ ၂၈ နံနက် ၄ နာရီဝန်းကျင်ရွှေကူမြို့ထဲရောက်လာခဲ့၏။

ဩဂုတ်လ ၂၉ ရက်တွင် ဗန်းမော်မြို့ဆီ ဦးတည်လာသည့် ရှေ့ပြေးစစ်သင်္ဘော ၃ စီးကို ကေအိုင်အေပူးပေါင်းတပ်များ စောင့်ကြိုတိုက်ခိုက်ရာ ၁ စီး မီးလောင်ပျက်စီးကာ သိမ်းဆည်းရမိခဲ့ပြီး ကျန်စစ်သင်္ဘော နှစ်စီး ဗန်းမော်ဘက်ကို မတက်နိုင်ဘဲ ရွှေကူအထက် ဇင်းဘုံမှ ပြန်လည် နောက်ပြန်သွားခဲ့၏။

တချိန်တည်းတွင် ဩဂုတ် ၃၀ ရက်က ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးရှိ စစ်တပ် ခြေကုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့၏။ သိမ်းရခဲ့သည့် စခန်းမှာ စစ်တပ်က ယာယီခြေကုပ်ယူထားသည့် စခန်းဖြစ်၏။ ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း ကြက်တူရွေးနှုတ်သီးအနီး မြစ်အရှေ့ဘက်ကမ်း ရွှေကူနှင့် စင်းခန်းတံတားကြားရှိ ဇင်းဘုံရွာ အနီးရှိစခန်းဖြစ်ပြီး ဒုတိယမြစ်ကျဉ်းအား ထိန်းချုပ်ရာတွင်အရေးပါ၏။

ဒုတိယမြစ်ကျဉ်းနှင့် စင်းခန်းတံတားပြ မြေပုံ

မြစ်ကျဉ်းနှစ်ဘက်အား မြေပြင်မှ စစ်ကြောင်းထိုး၍ ထိန်းချုပ်ရန်ကြိုးစားသည့် မြန်မာစစ်တပ်သည် လေယာဉ်အများအပြားအသုံးပြု၍ ဧရာဝတီကမ်းနှစ်ဘက်အား ဗုံးကြဲတိုက်ခိုက်ပြီး စက်တင်ဘာ ၂ ရက် မနက်စောစောတွင် ရွှေကူမှ ဗန်းမော်မြို့ဆီသို့ သင်္ဘောအုပ်စုအား ဒုတိယအကြိမ် ထပ်မံစေလွှတ်လိုက်ရာ KIA နှင့်ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁ စီးနစ်မြုပ်ကာ ၂ စီး ပျက်စီးခဲ့၏။ ထိုသို့ အထိအခိုက်အပျက်အစီး ရှိလာသည့်အတွက် သင်္ဘော ၂ စီးသည် အလံဖြူထောင်ကမ်းကပ်ပြီး လက်နက်ချခဲ့ကြသည်ဟုသိရ၏။

စက်တင်ဘာ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် စင်းခန်းတံတားကို ကျော်လာနိုင်သည့် သင်္ဘော ၇ စီးမှာလည်း KIA ပူးပေါင်းတပ်၏ ဆက်လက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးတစီးခန့်မှာ မီးလောင်ပျက်စီးမှုရှိသည်ဟုသိရ၏။ စုစုပေါင်း သင်္ဘော ၁၅ စီးခန့် ဗန်းမော်ဆန်လာရာမှ တဝက်ကျော်ပြုန်းတီးသွားသည်ကို တွေ့ရ၏။

မြန်မာစစ်တပ် ထောက်ပို့သင်္ဘောအုပ်စုသည် မန္တလေးမှ ဆန်တက်လာကတည်းက ကမ်းနှစ်ဘက်ကို လေယာဉ်နှင့် ဗုံးကြဲရှင်းလင်းပြီး ချီတက်လာခြင်းဖြစ်သကဲ့သို့ ဧရာဝတီမြစ်ကျဉ်းတွင် အထိနာသော စက်တင်ဘာ ၂ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုများကို လေယာဉ်အစီးရေများစွာ၊ ခေါက်ရေများစွာ (စီးရေ သုံးဆယ် သို့မဟုတ် ခေါက်ရေ သုံးဆယ်နှင့်အထက်) ပြုလုပ်ခဲ့သည်ဟု သိရ၏။

ရွှေကူ-ဇင်းဘုံ အနီး အလံဖြူထောင်၊ လက်နက်ချ၊ ဖမ်းဆီးရမိသူများမှာ အမျိုးသမီး ၁၆ ဦး၊ ကလေး ၆ ဦးအပါ စုစုပေါင်း ၁၉၀ ဦးရှိသည်ဟု ကနဦးသိရ၏။

၂၀၂၅ ခုနှစ် မြန်မာစစ်တပ်က ဗန်းမော်သို့ ထောက်ပို့သင်္ဘောအုပ်စု စေလွှတ်ခဲ့ဖူးပြီး ကချင်လွတ်လပ်ရေးတပ်မတော်နှင့်ပူးပေါင်းတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့သော်လည်း ပြောရလောက်အောင် ထိခိုက်ခြင်း မရှိပေ။ ၂၀၂၆ ခုနှစ် ထောက်ပို့အုပ်စုကတော့ တဝက်ကျော်ထိခိုက်သွားသဖြင့် အထိနာသည်ဟု ဆိုရမည်ဖြစ်၏။

ရွှေကူ၊ ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်း

သို့သော် ဧရာဝတီ ဒုတိယမြစ်ကျဉ်းအပါ ရွှေကူနှင့် ဗန်းမော်ကြား ဆက်သွယ်ရေးလမ်းကြောင်း (ကားလမ်းရော၊ ရေလမ်းပါ) သည် ဗန်းမော်စစ်မျက်နှာထောက်ပို့အတွက်၊ ဗန်းမော်တိုက်ပွဲအတွက် အရေးပါသော နယ်မြေဒေသဖြစ်ရာ ဤတိုက်ပွဲတပွဲတည်းနှင့် ပြီးသွားမည်မဟုတ်ပေ။ နောက်ထပ်ထောက်ပို့များရှိနေဦးမည်ဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ရှိနေဦးမည်ဖြစ်၏။

မြန်မာစစ်တပ်သည် လက်ရှိ ဗန်းမော်တွင် စကခ ၂၁ ၊ တပ်မ ၈၈ တို့အသုံးပြုထားပြီး ရွှေကူနှင့် ဗန်းမော်ကြား ထိန်းချုပ်နိုင်ရန် စကခ ၄ နှင့် တပ်မ ၃၃ မှ တပ်အချို့အား ၂၀၂၆ ခုနှစ် မေလမှစ၍ ထပ်မံဖြည့်တင်းပြီး စစ်ဆင်ရေးပြုလုပ်နေသော်လည်း ယခုတိုင်ထိန်းချုပ်နိုင်ခြင်းမရှိသေးရာ ရွှေကူနှင့် ဗန်းမော်ကြားလမ်းကြောင်းအား ထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတိုးမြှင့်ခြင်း၊ တပ်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်လာမည်ဖြစ်၏။ လက်ရှိ သင်္ဘောအုပ်စု ဗန်းမော်ရောက်သွားသော်လည်း မြေပြင်မှ စစ်ကြောင်းထိုးနေသော မြန်မာစစ်တပ် စစ်ကြောင်းများသည် ရွှေကူ၊ ဝဲမဆင်စခန်းနှင့် နောင်မိုရွာတို့တွင် အခြေပြုနေပြီး စင်းခန်းတံတားသို့ ဦးတည်နေသည်ဟု သိရ၏။

ကချင်လွတ်လပ်ရေးတပ်မတော်သည်လည်း ၂၀၂၅ ခုနှစ်မှစ၍ တပ်မဟာ ၁၁ ဟူသည့် တပ်မဟာ အသစ်တခု ဖွဲ့စည်းပြီး ဗန်းမော်နှင့် ရွှေကူကြားဒေသကို စိုးမိုးရန်လှုပ်ရှားနေပြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်လည်း KIA တပ်မဟာ ၈ လှုပ်ရှားနေ၏။ KIA နှင့်အတူ K PDF များသည်လည်း ပူးတွဲလှုပ်ရှားနေသည့်ဒေသဖြစ်၏။

သို့ဖြစ်ရာ ဗန်းမော်စစ်မျက်နှာတွင် ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသည့် ဧရာဝတီဒုတိယမြစ်ကျဉ်းရှိရာ ရွှေကူနှင့်ဗန်းမော်ကြားဒေသသည် စစ်ရေးအရ အရေးပါနေ၏။ ထိုဒေသအား မြန်မာစစ်တပ်က ချုပ်ကိုင်ရန် ကြိုးစားလာသဖြင့် တိုက်ပွဲများဖြစ်ပွားလာသည်ကို ၂၀၂၆ ခုနှစ်တွင် စတင်တွေ့ရပြီး လာမည့်ကာလများတွင်လည်း ပိုမိုပြင်းထန်သည့်တိုက်ပွဲများ မြင်တွေ့ရဖွယ်ရှိ၏။ ယခု သင်္ဘောအုပ်စုအားတိုက်ခိုက်ပြီးသော်လည်း ဧရာဝတီဒုတိယမြစ်ကျဉ်းဝဲယာ၊ စင်းခန်း၊ ဇင်းဘုံတဝိုက်တွင် မြေပြင်တိုက်ပွဲများ ဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး မြန်မာစစ်တပ်က စင်းခန်းတံတားအား ဗုံးကြဲဖျက်ဆီးနေသည်ကို တွေ့ရ၏။

]]>
အရှိန်ကုန်စပြုလာသည့် စစ်အုပ်စု၏ ထိုးစစ်များ https://burma.irrawaddy.com/article/2026/07/11/414703.html Sat, 11 Jul 2026 04:31:21 +0000 https://burma.irrawaddy.com/?p=414703 ၂၀၂၄ ခုနှစ် နှစ်ကုန်မှ ပြန်လည်စတင်ခဲ့သည့် စစ်အုပ်စု၏ ထိုးစစ်များသည် အင်အားအကန့်အသတ်များကြောင့်လည်းကောင်း၊ တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်ချေမှုန်းမှုကြောင့်လည်းကောင်း အရှိန်ကုန်လာသည်ကို စတင်မြင်တွေ့ရပြီဟု ဆိုရပါမည်။ ]]>

၂၀၂၃/၂၀၂၄ ခုနှစ် အကြီးအကျယ် အရေးနိမ့်ပြီး နယ်မြေအများအပြား ဆုံးရှုံးခဲ့သည့် စစ်အုပ်စုသည် ၂၀၂၄ ခုနှစ် နှစ်ကုန်မှစ၍ ပြန်လည်ထိုးစစ် စတင်နိုင်ခဲ့၏။ အဓိက တရုတ်၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကူအညီများနှင့် စစ်သားသစ် ပြန်လည်စုဆောင်းခြင်းကြောင့် စစ်အုပ်စု ပြန်လည်ခေါင်းထောင်နိုင်ခဲ့၏။

ယခင်က အရှေ့မြောက်တွင် ရမခ တိုင်းတပ်၊ တိုင်းနယ်မြေရှိ စကခ ၁၊ စကခ ၁၆ အပြင် အပြင်မှ တပ်မ/စကခ ၅ ခုနှင့်အထက် ပို့၍ အင်အားသုံးခဲ့ရ၏။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ၂၀၂၃ အထိ အရှေ့မြောက်၌ တိုက်ပွဲမရှိသော်လည်း စစ်အင်အား မလျော့ရဲပေ။ ဖော်ပြပါ နယ်ခံတပ်များအပြင် တပ်မ ၅၅၊ တပ်မ ၉၉၊ တပ်မ ၁၀၁၊ စကခ ၂၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၄၊ စကခ ၁၇ တို့ကိုပါ အရှေ့မြောက်တွင် အသုံးပြုခဲ့ရ၏။ ယခု တရုတ်၏ အာမခံချက်ကြောင့် အရှေ့မြောက်တွင် ရမခ လက်ကျန်တိုင်းတပ်၊ စကခ ၁ နှင့် လားရှိုး၌ ပြန်လည်ဖွဲ့စည်းနေဆဲ စကခ ၁၆ သာရှိပြီး ကျန်တပ်မ၊ စကခ ၆ ခု ၇ ခုခန့်ကို အခြားဒေသများသို့ ပေးပို့ထိုးစစ်ဆင်နိုင်ခဲ့၏။

ထို့ပြင် ရှမ်းပြည်တွင်ရှိသည့် SSPP/RCSS တို့သည်လည်း စစ်အုပ်စုအား တိုက်ခိုက်ခြင်းမရှိရာ ရလခ၊ တြိဂံတိုင်းမှ တိုင်းတပ်များနှင့် စကခ ၁၄၊ စကခ ၁၈ တို့ကို ထုတ်နှုတ်အသုံးပြုနိုင်ခဲ့၏။

တဖက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဒဏ်ကို ခံရပြီးနောက် စစ်အုပ်စုသည် ဒရုန်းတပ်ဖွဲ့အများအပြား ဖြည့်တင်းလာခဲ့ပြီး သူ၏ ထိုးစစ်တွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် ဒရုန်းနှင့် စက်တပ်လေထီးတို့ကိုပါ အသုံးပြုလာခဲ့သည်ကို တွေ့ရ၏။

တပ်သားသစ်စုဆောင်းနိုင်ခြင်းကြောင့် တိုက်ခိုက်ရေးတပ်ရင်းတရင်းလျှင် ပျမ်းမျှအင်အား ၁၅၀ မှ ၂၀၀ ထိ ပြန်လည်ဖြည့်တင်းနိုင်ခဲ့၏။ ထို့ကြောင့် စစ်အုပ်စုသည် တပြည်လုံးအနှံ့တွင် ထိုးစစ်ပြန်ဆင်နိုင်ခဲ့၏။ သို့သော် တပ်သားသစ်ဖြည့်တင်းခြင်းမှာ ၂၀၂၆ တွင် နှစ်နှစ် သက်တမ်းပြည့်ပြီဖြစ်ရာ ပြန်လည်ထွက်ခွင့်ပြုရ၍ တပ်သားတိုးမှု ရပ်တန့်သွားပြီး ဆက်လက်စုဆောင်းမှုကြောင့် မလျော့အောင် ထိန်းထားသည့် အနေအထား ဖြစ်သွား၏။

တပြည်လုံးအနှံ့ ထိုးစစ်ဆင်ရသည့်အပြင် သိမ်းပိုက်ရရှိသည့်ဒေသများတွင် နယ်မြေထိန်းသိမ်းရေး ပြုလုပ်ရ၍ ထိုးစစ်ဆင်၍ တနှစ်ခွဲခန့်အကြာတွင် စစ်အုပ်စု၏ တပ်အင်အား အကန့်အသတ် ဖြစ်လာသည်ကို တွေ့ရ၏။ ထို့ပြင် စစ်မြေပြင်တွင် ချေမှုန်းခံရမှုများ၊ စစ်သားပြုန်းတီးမှုများကြောင့် စစ်အုပ်စု၏ ထိုးစစ်သည် အကန့်အသတ်ရှိလာသည်ကို တွေ့ရ၏။

လက်ရှိ တပြည်လုံးအနှံ့တွင် နယ်ခံတိုင်းတပ်များ၊ ရဲများနှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ အသုံးပြုသည့် အခြေခံပေါ်တွင် တပ်မနှင့် စကခ များ ဖြည့်တင်း၍ ထိုးစစ်ဆင်နေသည့် အခြေအနေကို ကြည့်ပါက အောက်ပါအတိုင်း တွေ့ရ၏။

ကချင်ပြည်နယ်

ဖားကန့်ဒေသတွင် စကခ ၃၊ မြစ်ကြီးနားတွင် တပ်မ ၈၈ မှ ဗျူဟာတခု၊ ဗန်းမော်တွင် စကခ ၂၁ နှင့် တပ်မ ၈၈ မှ ဗျူဟာနှစ်ခု ဖြည့်တင်းထားရှိပြီး ၂၀၂၆ တွင် ငါးအိုး၊ ရွှေကူဒေသတွင် စကခ ၄ တခု ထပ်ထည့်ပြီး ထိုးစစ်ဆင်နေဆဲဖြစ်၏။

ချင်းပြည်နယ်

ချင်းမြောက်တွင် တပ်မ ၇၇၊ ချင်းတောင်တွင် တပ်မ ၉၉ အသုံးပြု ထိုးစစ်ဆင်နေ၏။

ရခိုင်ပြည်နယ်

ကျောက်ဖြူတွင် တပ်မ ၁၁၊ ပဒါန်းတွင် စကခ 17၊ မင်းတုန်းတွင် စကခ ၁၈ မှ ဗျူဟာတခု၊ ပြည်ညောင်ကျိုးတွင် စကခ ၁၀၊ စကခ ၂၀၊ ဧရာဝတီတိုင်းတွင် တပ်မ ၆၆ တို့ အင်အားဖြည့်တင်း ထိုးစစ်ဆင်နေ၏။

မန္တလေးတိုင်း

တိုင်းတပ်များအပြင် တကောင်း၊ သပိတ်ကျင်း၊ မတ္တရာတွင် စကခ ၁၈ ဗျူဟာနှစ်ခုနှင့် တပ်မ ၅၅ မှ တပ်ရင်းအချို့ ဖြည့်တင်းထားပြီး၊ မြင်းခြံ၊ ပုဂံညောင်ဦးတွင် စကခ ၁၄ မှ ဗျူဟာတခုနှင့်အထက် ဖြည့်တင်းထား၏။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းတွင် တပ်မ ၃၃၊ ကလေးဝဘက်တွင် စကခ ၁၄ မှ ဗျူဟာတခုဝန်းကျင်၊ ခမ်းပတ်တွင် ရပခ သို့မဟုတ် ရလခ မှ ဗျူဟာတခု ဖြည့်တင်းထား၏။

မကွေးတိုင်း

ပခုက္ကူ၊ မင်းဘူးဒေသတွင် တပ်မ ၁၀၁ ဖြည့်တင်း လှုပ်ရှား၏။

နေပြည်တော်

စကခ ၆ အရံထားရှိ၏။

ပဲခူးတိုင်း

တောင်ငူ၊ လိပ်သိုဘက်တွင် စကခ ၁၉ မှ တဗျူဟာခန့်နှင့် ပဲခူးတိုင်းအတွင်း တြိဂံတိုင်းမှ တပ်အချို့ ဖြည့်တင်းထား၏။ အနောက်ခြမ်းတွင် တပ်မ ၆၆ မှ တပ်အချို့ ရှိ၏။

ကရင်နီပြည်နယ်

တိုင်းတပ်များအပြင် ယခုအခါ စကခ ၇ တခုသာ ကျန်တော့သည်။

ကရင်ပြည်နယ်

ကရင်တွင် ဖလူး၊ ဝေါလေဒေသနှင့် ဖာပွန်ကို အဓိကထိုးနေပြီး ယခုအခါ ဘုရားသုံးဆူကိုပါ ထိုးစစ်ဆင်ရန် ပြင်နေ၏။ ကရင်တွင် တပ်မ ၂၂၊ တပ်မ ၄၄၊ စကခ ၈၊ စကခ ၁၂ နှင့် တပ်မ ၅၅ မှ တပ်အချို့ကို ဖြည့်တင်းအသုံးပြုနေသည်ကို တွေ့ရ၏။

တနင်္သာရီတိုင်း

မောတောင်ကို ပြန်လည်ထိုးစစ်ဆင်ရယူပြီး ထီးခီအား ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေပုံရ၏။ ကမ်းရိုးတန်းတိုင်းတွင် စကခ ၁၉ မှ တပ်အချို့အပြင် စကခ ၁၃ ကို ပြန်လည်ခေါ်ယူ ဖြည့်တင်းအသုံးပြုနေ၏။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တခုလုံး တိုက်ပွဲမရှိပါ။ ရမခ နယ်မြေတွင် တိုင်းတပ်အပြင် သီပေါ၊ ကျောက်မဲ၊ နန့်လန်တွင် စကခ ၁၊ လားရှိုးတွင် ပြန်လည်ဖွဲ့စည်းဆဲ စကခ ၁၆ ရှိ၏။ ရလခ နှင့် ရပခ မှ တပ်အချို့အား ကရင်နီနှင့် ကလေး၊ ခမ်းပတ်သို့ ပေးပို့ထားသည်။ တသခ မှ တိုင်းတပ်အချို့နှင့် စကခ ၁၄၊ စကခ ၁၈ တို့အား စစ်ဆင်ရေးပို့ထား၏။ ရလခ နယ်မြေ မိုင်းနောင်တွင် စကခ ၂ အား ပြန်လည်စုဖွဲ့လေ့ကျင့်နေ၏။

စစ်အုပ်စု ထိုးစစ်အတွက် တပ်အသုံးပြုမှု

လက်ရှိတွင် စစ်အုပ်စုသည် ရှမ်းပြည်နှင့် ရန်ကုန်တိုင်းမှအပ ကျန်ဒေသအားလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ နယ်မြေအားလုံးတွင် နယ်မြေခံတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများသည် စစ်ဆင်ရေးအခြေခံဖြစ်သည်။

ရှမ်းပြည်တွင် စစ်ပွဲမဖြစ်ပွားသော်လည်း ရှမ်းမြောက် နမခ နယ်မြေမှ တိုင်းတပ်တဝက်ခန့်မှာ စစ်ဆင်ရေး ၁၀၂၇ အတွင်း ပျက်စီးသွားသဖြင့် ပြန်လည်ဖွဲ့စည်းမှု မလုပ်နိုင်သေးရာ အခြားဒေသသို့ တိုင်းတပ်ထုတ်နှုတ် ပို့နိုင်ခြင်းမရှိပေ။ ပြင်ဦးလွင်၊ နောင်ချို တိုက်ပွဲကာလက ရန်ကုန်တိုင်းလက်အောက်ခံ တိုင်းတပ်အချို့ကို အရေးပေါ် ထုတ်နှုတ်ပေးပို့သည်ကို တွေ့ရ၏။ ယေဘုယျအားဖြင့် လိုအပ်သည့်နေရာများသို့ ဗျူဟာတခုခန့် အရေးပေါ် ပို့သည်ကို တွေ့ရ၏။

ထိုးစစ်များအတွက် တိုင်းများသို့ ‌တပ်မ၊ စကခ များ ထပ်မံပို့ပေးရာ တပ်မ ၁၀ ခုဖြစ်သည့် တပ်မ ၁၁/၂၂/၃၃/၄၄/၅၅/၆၆/၇၇/၈၈/၉၉/၁၀၁ အားလုံး စစ်ဆင်ရေးဝင်နေပြီး တပ်မအချို့မှ တပ်ရင်းအချို့သာ အလဲအလှယ်နှင့် နားခွင့်ရပြီး တပ်မတခုလုံး နားခွင့်မရသကဲ့သို့ နားခွင့်မရသည်မှာ ကြာမြင့်သည့် တပ်မများလည်း ရှိ၏။

စကခ ပေါင်း ၂၀ ရှိသည့်အနက် စကခ ၁/၃/၄/၆/၇/၈/၁၀/၁၂/၁၃/၁၄/၁၇/၁၈/၁၉/၂၀/၂၁ စသည့် ၁၅ ခုသည် စစ်ဆင်ရေးဝင်လျက်ရှိ၏။ စကခ ၁၆ ကို ပြန်လည်ဖွဲ့စည်းနေပြီး စကခ ၅ မှ လက်ကျန်တပ်ရင်းနှစ်ရင်းကို ကျောက်ဖြူ၌ တွေ့ရပြီး တောင်ကုတ်မှ ဆုတ်လာသည့် တပ်ရင်းတရင်းကို ပဒါန်း၌ တွေ့ရ၏။ စကခ ၅ တခုလုံး ပြန်လည်ဖွဲ့စည်း လှုပ်ရှားနိုင်သည်ကို မတွေ့ရပေ။ ထို့အတူ စကခ ၉ နှင့် စကခ ၁၅ ကိုလည်း ပြန်လည်ဖွဲ့စည်းနိုင်သည်ကို မတွေ့ရသေးပေ။ လက်ရှိ ရလခ နယ်မြေ မိုင်းနောင်အခြေစိုက် စကခ ၂ တခုလုံးသာ နောက်တန်းတွင် ပြန်လည်အနားယူစုဖွဲ့ပြီး လေ့ကျင့်နေသည်ကို တွေ့ရ၏။

လက်တွေ့တွင်လည်း ကချင်ပြည်နယ် ဖားကန့်တွင် ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်း မရှိသေး။ ဗန်းမော်တွင် ကေအိုင်အေ၏ တိုက်စစ်ကို ခုခံနိုင်ခဲ့သော်လည်း ပြန်လည်ထိုးစစ်ဆင်ရန် အကန့်အသတ်ရှိနေဆဲ ဖြစ်၏။ ရွှေကူတွင် ထိုးစစ်အသစ်ဝင်လာသည့် စကခ ၄ သည် အပိုင်းပိုင်း ဖြတ်တောက်ခံနေရပြီး ထင်တိုင်းမပေါက်သည့်အပြင် စကခမှူးလည်း ဒဏ်ရာရပြီး နောက်တန်းပြန်ပို့ထားရ၏။

စစ်အုပ်စုသည် မန္တလေးမြောက်ပိုင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးမိတ်၊ မိုးကုတ်နှင့် အင်းတော်၊ မော်လူး ဒေသများသို့ ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သော်လည်း ယခုအခါ မန္တလေးမြောက်ပိုင်းတွင် ပြောက်ကျားလှုပ်ရှားမှုများ ပြန်လည်တွေ့လာရသကဲ့သို့ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးလမ်းပိုင်းတွင်လည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အပြည့်အဝ မစိုးမိုးနိုင်ပေ။

ချင်းပြည်မြောက်ပိုင်းကို ၆ လကျော် ထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်သော်လည်း ထန်တလန်၌ ဆက်မတိုးနိုင်သည်ကို တွေ့ရ၏။ ချင်းတောင် ကန်ပက်လက်၊ မင်းတပ်ဒေသသို့ တလခွဲခန့်ကြာ ထိုးစစ်ဆင်နေသော်လည်း ပြန်လန်ကျနေ၏။

ရခိုင်စစ်မျက်နှာတွင် ကျောက်ဖြူ၊ နတ်ရေကန်၊ မင်းတုန်း၊ ညောင်ကျိုး၊ ဧရာဝတီ စစ်မျက်နှာများတွင် ထိုးစစ်ဆင်နေသည်မှာ တနှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သော်လည်း တိုးမပေါက်သည့်အပြင် စစ်တွေ၌ အာရက္ခတပ်တော်ကပင် ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။

ကရင်တွင် မြဝတီ၊ ကော့ကရိတ်လမ်းအား စစ်အုပ်စုက ထိုးစစ်ဆင် ပြန်လည်ထိန်းချုပ်သွားနိုင်သော်လည်း မြဝတီတောင်ပိုင်း ထိုးစစ်သည်လည်းကောင်း၊ ဖာပွန်ထိုးစစ်သည်လည်းကောင်း တိုးမပေါက်ဘဲ ရပ်တန့်နေသည်ကိုလည်းကောင်း၊ ဘီးလင်း၊ သထုံဒေသတွင် တော်လှန်ရေးအင်အားစု၏ တိုက်စစ်ကို ကာကွယ်နေရသည်ကိုလည်းကောင်း တွေ့ရ၏။

ကရင်နီဒေသတွင် လွိုင်ကော်၊ မိုးဗြဲ၊ ဒီမောဆိုး၊ ဖရူးဆိုး၊ ဘော်လခဲ၊ ဖာဆောင်း မြို့များကို ပြန်လည်ထိန်းချုပ်နိုင်သော်လည်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် ကျေးလက်ဒေသများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသကဲ့သို့ သံလွင်အရှေ့ခြမ်းရှိ မယ်စဲ့၊ ရှားတောနှင့် မော်ချီးဒေသအား ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။

တနင်္သာရီတွင် မောတောင်အား ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်သော်လည်း တနင်္သာရီတတိုင်းလုံး ဖြစ်ပွားနေသည့် ပြောက်ကျားစစ်အား တုံ့ပြန်နိုင်ခြင်းမရှိပေ။ ထီးခီအား ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်း မရှိသေးပေ။ အလားတူ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတောင်ပိုင်း၊ နေပြည်တော်နှင့် ပဲခူးတိုင်းအနှံ့ နွေဦးတပ်ဖွဲ့များအား ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းနိုင်သည့် အခြေအနေမရှိပေ။ တကြောင်းထိုး စစ်ဆင်ရေးများကိုသာ တွေ့ရ၏။

သို့ဖြစ်ရာ လောလောဆယ် စစ်အုပ်စုတွင် နေရာသစ်တခုတွင် ထိုးစစ်ဆင်ရန် သို့မဟုတ် နေရာတခုတွင် အင်အားထပ်မံဖြည့်တင်း ထိုးစစ်ဆင်ရန် မိုင်းနောင်အခြေစိုက် စကခ ၂ တခု (အင်အား ၁၅၀၀ မှ ၂၀၀၀ ခန့်) သာ အရံကျန်ရှိသည်ကို တွေ့ရ၏။ ဤတပ်မှာလည်း နေရာသစ်၌ ထိုးစစ်အသစ်ဆင်ခြင်း သို့မဟုတ် အထိနာနေသော စစ်မျက်နှာတခုတွင် ထပ်မံအင်အားဖြည့်တင်းခြင်း သို့မဟုတ် အနားမပေးရသည်မှာ ကြာသည့် စကခ/တပ်မနှင့် လဲလှယ်ခြင်းလည်း ဖြစ်နိုင်၏။

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်ကုန်မှစ၍ ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်အုပ်စုသည် ၎င်း၏ မြေပြင်စစ်အင်အားအကုန်နီးပါး ထုတ်နှုတ်သုံးစွဲထားခဲ့ပြီဖြစ်၍ မကြာခင် နေရာသစ်များတွင် ထိုးစစ်များ တိုးချဲ့ခြင်း၊ ထိုးစစ်အရှိန်မြှင့်ခြင်း ပြုလုပ်ရန် အင်အားအကန့်အသတ် ရှိလာသည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ် နှစ်ကုန်မှ ပြန်လည်စတင်ခဲ့သည့် စစ်အုပ်စု၏ ထိုးစစ်များသည် အင်အားအကန့်အသတ်များကြောင့်လည်းကောင်း၊ တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်ချေမှုန်းမှုကြောင့်လည်းကောင်း အရှိန်ကုန်လာသည်ကို စတင်မြင်တွေ့ရပြီဟု ဆိုရပါမည်။

]]>
မင်းတုန်းစစ်မျက်နှာသစ် အလားအလာ https://burma.irrawaddy.com/article/2026/06/13/413993.html Sat, 13 Jun 2026 05:18:56 +0000 https://burma.irrawaddy.com/?p=413993 မင်းတုန်း၌ စစ်မျက်နှာတခု ဖွင့်လာသည့် မြန်မာစစ်တပ်၏ ခြေလှမ်းမှ တွေ့ရသည့် သေချာသည့် အချက်တခုမှာ မြန်မာစစ်တပ်သည် ရခိုင်အား ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ရန် သဲကြီးမဲကြီးဖြစ်နေပြီး ရသမျှနည်းလမ်းနှင့် အသုံးပြုနိုင်သည့် စစ်အင်အားကို အားကုန်ထုတ်နေပုံရ၏။ ]]>

၂၀၂၆ ခုနှစ် ဧပြီလကုန် မေလဆန်းတွင် မြန်မာစစ်တပ်မှ စစ်အင်အားအများအပြား၊ လက်နက်ကြီးများအပါအဝင် မကွေးတိုင်း၊ မင်းတုန်းမြို့သို့ သရက်-မင်းတုန်းလမ်းအတိုင်း ဝင်ရောက်လာသည်ဟု သိရ၏။ စစ်အုပ်စုတပ်များက မင်းတုန်းမြို့နယ်အနောက်ခြမ်း တောင်ခြေရွာများဖြစ်သည့် ပြောင်းရွာနှင့် သဖန်ရောင်ရွာတို့တွင် အထိုင်ချတပ်စွဲပြီး စစ်ဆေးရေးဂိတ်များ တိုးမြှင့်ကာ ကုန်စည်နှင့် စားနပ်ရိက္ခာများ သယ်ယူမှုကို စတင်ပိတ်ဆို့ခဲ့သည်။

ထိုအချိန်မှစ၍ ရခိုင်ရိုးမဘက်သို့ ရိက္ခာနှင့် ကုန်စည်သယ်ယူခွင့် လုံးဝပိတ်ပင်လိုက်သည်။ ထိုသို့ ပိတ်ဆို့ပြီးနောက် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၄ ရက်အထိ ရခိုင်ရိုးမတောင်ပေါ်သို့ စစ်ကြောင်းထိုးခဲ့၏။ ထိုစစ်ကြောင်းသည် ရိုးမပေါ်သို့ တက်ရောက်စဉ် အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်ချေမှုန်းမှုကို ခံရပြီး အပြင်းအထန် အထိနာကာ တပ်ပျက်ပြီး တောင်ခြေဝန်းကျင်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်ဟု သိရ၏။

အစောပိုင်းသတင်းများအရ မင်းတုန်းသို့ ‌ရောက်ရှိလာသည်မှာ သရက်အခြေစိုက် ခလရ ၄၄ နှင့် ကပစ စက်ရုံများမှ ထုတ်နှုတ်အင်အားများဟု ယူဆရသော်လည်း နောက်ပိုင်းရရှိသည့် သတင်းများအရ မိုင်းဆတ်အခြေပြု စကခ ၁၈ လက်အောက်ခံ တပ်ရင်း သုံးရင်း၊ တြိဂံတိုင်းမှ တပ်ရင်းတရင်းပါ ပါဝင်သည့် ဗျူဟာတခုလည်း ပါဝင်သည်ကို တွေ့ရ၏။ ဒေသခံများက အင်အား တထောင်ခန့် စုစည်းဝင်ရောက်လာသည်ဟု ဆိုကြသည်။

မင်းတုန်းမြို့သို့ ရောက်ရှိတပ်စွဲလာသည့် မြန်မာစစ်တပ်အင်အားများသည် မင်းတုန်းမြို့ အနောက်ခြမ်း၊ ရခိုင်ရိုးမအစပ်သို့ စစ်ကြောင်းထိုးလာသည့်အတွက် တောင်ခြေရှိ ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာတို့တွင် PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းနှင့် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်သူ ၂၀ ကျော်ရှိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သူအချို့ရှိသည်ဟု PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်သည်ကို တွေ့ရ၏။

၂၀၂၆ ခုနှစ် မေလ ၃၀ ရက်မှစ၍ မင်းတုန်းမြို့နယ်အနောက်ရွာများမှ ရခိုင်ရိုးမပေါ်ကို တက်သွားသည့် အာဏာသိမ်းစစ်တပ်အင်အား ၄၀၀ ခန့်သည် အာရက္ခတပ်တော်၊ ပူးပေါင်းတပ်များနှင့် ဇွန်လ ၂ ရက်အထိ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်တပ် ၂၀၀ ကျော် သေဆုံးကာ ထွက်ပြေးသူ၊ အလံဖြူပြသူနှင့် အလင်းဝင်လာသူ ၁၀၀ နီးပါးရှိနေသည်ဟု၎င်း၊ အင်အား ၁၀၀0 ခန့်အနက် ကျန်အင်အား ၆၀၀ ခန့်မှာ မင်းတုန်းမြောက်ဘက်ခြမ်း၌ နေရာယူထားသည်ဟု၎င်း အချို့သတင်းများတွင် တွေ့ရသော်လည်း အတည်ပြု၍မရပါ။

၂၀၂၆ ခုနှစ် မေလကတည်းကပင် မင်းတုန်းမြို့နယ်အပိုင် သဖန်ရောင်၊ ဝက်ကော်၊ ပြောင်းစသည့် ကျေးရွာများအား မီးရှို့၊ ရမ်းကားနေသည့် စစ်ကြောင်းသည် ဇွန်လဆန်းပိုင်းက ရခိုင်ရိုးမပေါ် တက်လာရာတွင် အာရက္ခတပ်တော် ကွန်မန်ဒိုတပ်ဖွဲ့တခုနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားရာ ဗိုလ်အဆင့်ရှိသူအပါအဝင် ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော် ဖမ်းဆီးခံလိုက်ရသည်ဟု AA နှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်တခုကို ကိုးကားပြီး နိရဉ္စရာသတင်းတွင် ဇွန်လ ၅ ရက်၌ ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ မင်းတုန်းသို့ ‌ရောက်ရှိလာသည့် မြန်မာစစ်တပ်အင်အားစုများသည် မင်းတုန်းနယ်အား အခြေပြုပြီး ရခိုင်သို့ ဖြတ်လေးဖြတ်လုပ်သည်သာမက ရခိုင်ရိုးမအား တက်ရောက်စစ်ဆင်သည်ကိုပါ တွေ့ရ၏။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးစတင်ကတည်းက မင်းတုန်းမြို့တွင် စစ်အုပ်စုမှ အင်အား ထောင်ချီစုစည်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်၏။ ဤအခြေအနေအောက်တွင် မင်းတုန်း၌ အသစ်တွေ့ရသည့် မြန်မာစစ်တပ်၏ စစ်မျက်နှာသစ် အလားအလာကို မြေပြင်အခြေအနေများနှင့် ဆက်စပ်လေ့လာသုံးသပ်ကြည့်ရာ အောက်ပါအတိုင်း တွေ့ရ၏။

မင်းတုန်းမြို့ဝင်/Zalen

မင်းတုန်း – မအီလမ်းကြောင်း

မင်းတုန်းမြို့သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် ပါဝင်သော မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ မင်းတုန်းမြို့သည် ရခိုင်ရိုးမတောင်တန်းများနှင့် ၄/၅ မိုင်ခန့်အကွာတွင် တည်ရှိ၏။ သရက်မြို့နှင့် ၄၂ မိုင်ခန့်ဝေး၍ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ ပုသိမ်-မုံရွာ ကားလမ်းက မင်းတုန်းမြို့၏ အရှေ့ဘက်မှ ကပ်၍ ဖြတ်သန်းသွား၏။

ပဒေသရာဇ်ခေတ်က မင်းတုန်းကို မြို့ဝန်အုပ်ချုပ်၏။ မင်းတုန်းမြို့ဝန်သည် မင်းတပ်၊ တိုင်တား၊ မြို့သစ်၊ ပန်းတိမ်း၊ ငဖဲ၊ နန်းတော၊ မင်းတုန်းဟူသော တောင်စဉ်ခုနစ်ခရိုင်ကို စီရင်အုပ်ချုပ်ရသည်။ မင်းတုန်းမှ ရိုးမဖြတ်ကျော်သည့် တောလမ်းဟောင်းဖြစ်သည့် မင်းတုန်း-မအီ လမ်းကြောင်းသည် အင်းဝ၊ အမရပူရနှင့် ရတနာပုံခေတ်များကတည်းက တည်ရှိခဲ့သော ရှေးဟောင်းတောလမ်းတခု ဖြစ်သည်။ ရခိုင်နှင့် အညာဒေသကြား ကုန်စည်လဲလှယ်ရာ တောင်ကြားလမ်းအဖြစ် ဗျူဟာမြောက် အသုံးပြုခဲ့ကြ၏။

အဆိုပါရိုးမတောင်တန်းပေါ်ရှိ လမ်းကြောင်းတလျှောက်တွင် ရှေးယခင်ကတည်းက အရှိုချင်းလူမျိုးများ အခြေချနေထိုင်ခဲ့ကြ၏။ ဤလမ်းကြောင်းသည် ရခိုင်ကမ်းရိုးတန်း (မအီ၊ တောင်ကုတ်) နှင့် အညာမြေပြန့်ဒေသ (မင်းတုန်း၊ သရက်) တို့အကြား သဘာဝချင်းမတူသော ထွက်ကုန်များကို ဖလှယ်ရာ အဓိကလမ်းကြောင်း ဖြစ်ခဲ့သည်။ အဓိကကုန်သွယ်သည့် ကုန်စည်အမျိုးအစားများမှာ ရခိုင်ဘက်မှ ပင်လယ်စာနှင့် သစ်တောထွက်ပစ္စည်းများဖြစ်ပြီး အညာဘက်မှ လယ်ယာထွက်ကုန်များ၊ အညာဒေသထွက် ရက်ကန်းထည်များ၊ စောင်များနှင့် ကုန်ခြောက်မျိုးစုံ ကုန်သွယ်ခဲ့ကြသည့် ပဒေသရာဇ်ခေတ်ကတည်းက လမ်းကြောင်းဖြစ်၏။

ယနေ့ခေတ်သစ်တွင် အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကြားလမ်းများအား ပြုပြင်မွမ်းမံထားသဖြင့် လမ်းကောင်းပြီး လူသုံးများ၏။ မင်းတုန်း-မအီလမ်းမှာ ပြုပြင်ခြင်း မရှိသဖြင့် တောလမ်းအဖြစ် ကျန်ရစ်ပြီး ပုံမှန်အသုံးပြုခြင်းမရှိတော့ဘဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၏။ သို့သော် ယခင်ပဒေသရာဇ်ခေတ်ကတည်းက သွားလာနေသည့် လမ်းအူကြောင်းရှိသည်ဖြစ်သည့်အပြင် အုပ်ချုပ်သူများ၏ လက်လှမ်းမမီမှု အလှမ်းဝေးသော တောလမ်းဖြစ်သဖြင့် တရားမဝင်မှောင်ခိုကုန်စည်များ သယ်ယူသည့် လမ်းကြောင်းအဖြစ် အသုံးပြုခဲ့ကြသည်။

မင်းတုန်း-မအီ လမ်းကြောင်းဖြတ်သန်းရာ ရခိုင်ရိုးမတောင်တန်းကြီးသည် တောတောင်ထူထပ်သည်။ ပင်လယ်နှင့် နီးကပ်ပြီး မိုးရေချိန် အလွန်များသဖြင့် တနှစ်ပတ်လုံး စိမ်းလန်းသော အမြဲစိမ်းတောများနှင့် မိုးသစ်တောများ ထူထပ်စွာ ပေါက်ရောက်ပါသည်။ မတ်စောက်သော အမြင့်ပေ ၃,၀၀၀ မှ ၄,၅၀၀ ဝန်းကျင်အထိ ရှိသော တောင်ကုန်း၊ တောင်တန်းများ ကပ်လျက် တည်ရှိနေ၏။ လမ်းဘေးဝဲယာတွင် အလွန်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးများနှင့် တောင်ကျစမ်းချောင်းများစွာ တည်ရှိပြီး၊ တောထူထပ်လွန်းသဖြင့် ရခိုင်ရိုးမတောရိုင်းဆင်များနှင့် သားရဲတိရစ္ဆာန်များ ယနေ့တိုင် ကျက်စားနေထိုင်ကြဆဲ ဖြစ်ပါသည်။

ထိုကဲ့သို့သော ရခိုင်ရိုးမဖြတ်ကျော်တောလမ်းသည် မြေသားတောလမ်းဖြစ်ပြီး အလွန်မတ်စောက်သည့် တောင်တက်တောင်ဆင်းများ၊ ကျောက်ဆောင်ကျောက်ခဲများ၊ ကွေ့ကောက်လွန်းသည့် လမ်းကျဉ်းများဖြင့် ခက်ခဲကြမ်းတမ်းသည့် လမ်းကြမ်းဖြစ်၏။ တောင်ကြောပေါ် လမ်းလျှောက်ချိန်တွင် သောက်ရေရရှိရန် ခက်ခဲပြီး တောင်ကျစမ်းရေကိုသာ အဓိကအားကိုးရမည်ဖြစ်၏။ တောထူထပ်လွန်း၍ ခြင်၊ ကျွတ်၊ ဖြုတ်၊ မှက် အန္တရာယ်နှင့် တောရိုင်းတိရစ္ဆာန်အန္တရာယ်များလည်း ရှိသည်။

မင်းတုန်းမြို့မှ မအီမြို့အထိ ရခိုင်ရိုးမကို ဖြတ်သန်းဖောက်လုပ်ထားသည့် တောလမ်းကြောင်း၏ စုစုပေါင်းအကွာအဝေးသည် တောင်ပြတ်လမ်းအတိုင်း တိုက်ရိုက်တိုင်းတာလျှင် မိုင် ၅၀ မှ မိုင် ၆၀ ဝန်းကျင်သာ ရှိပါသည်။ မင်းတုန်းမြို့မှ တောင်ခြေ (ပြောင်းရွာ/သဖန်ရောင်) သို့ ကားလမ်းအတိုင်း ၁၅ မိုင်မှ မိုင် ၂၀ ခန့် ရှိပြီး သွားလာရ ပိုမိုလွယ်ကူပါသည်။ ရိုးမတောင်ကျော် တောလမ်းပိုင်း (သဖန်ရောင် – တလိုင်းတောင် – မအီတောင်ခြေ) တောင်ကြောများကို ပတ်၍ မတ်စောက်စွာ တက်ရသည့် မြေသားတောလမ်းဖြစ်ပြီး မိုင် ၃၀ ကျော် ရှည်လျားပါသည်။ မိုင် ၆၀ ခန့်သာ ဝေးသော်လည်း လမ်းအလွန်ကြမ်းတမ်းခြင်း၊ တောင်တက်တောင်ဆင်း ကွေ့ကောက်ခြင်းတို့ကြောင့် အချိန်ပေး၍ သတိထားမောင်းနှင်ကြရပါသည်။ ပွင့်လင်းရာသီတွင် လေးဘီးယက် လမ်းကြမ်းမောင်းကား သို့မဟုတ် ဆိုင်ကယ်ဖြင့် သွားလာလျှင်ပင် အချိန်အလွန်ပေးရသည့် ခရီးကြမ်းလမ်းပိုင်းတခု ဖြစ်ပါသည်။ ပွင့်လင်းရာသီမဟုတ်ပါက ကားသွားရန် မလွယ်ကူပေ။

ခြေလျင်ခရီးစဉ်ဆိုပါက မင်းတုန်းမှ သဖန်ရောင်/ပြောင်းရွာ (မြေပြန့်တောင်ခြေအပိုင်း) အကွာအဝေး မိုင် ၂၀ ဝန်းကျင်ခန့် လမ်းအတန်အသင့်ပြေသည်။ သဖန်ရောင်မှ ရိုးမတောင်ပေါ် တလိုင်းတောင်ရွာအထိ၊ အကွာအဝေး ၁၅ မိုင်ခန့်သာ ရှိသော်လည်း အလွန်မတ်စောက်သော တောင်တက်လမ်းဖြစ်၏။ တလိုင်းတောင်မှ မအီမြို့အထိ တောင်ဆင်းဖြစ်ပြီး ရခိုင်မြေပြန့်သို့ မိုင် ၂၀ ဝန်းကျင်ခန့် ဝေးကာ ဂျီဖြူတောင်ရွာကို ဖြတ်ပြီး မအီမြို့ထဲသို့ ရောက်ရှိမည် ဖြစ်သည်။

မင်းတုန်း-မအီ ရိုးမဖြတ်ကျော်လမ်းကြောင်းအတွင်း ခရီးသွားများ၊ ဆိုင်ကယ်သမားများနှင့် ခြေကျင်ခရီးသည်များသည် ပြောင်းရွာစခန်း (မင်းတုန်းတောင်ခြေ)၊ သဖန်ရောင်စခန်း (တောင်တက်အစပြုရာနေရာ)၊ ရိုးမရေစမ်းစခန်း / တောတွင်းယာယီစခန်းများ၊ တလိုင်းတောင်ရွာ၊ ဂျီဖြူတောင်ရွာ စခန်းစသည့် စခန်းငါးခုတွင် အခြေပြုနားခိုပြီး ခရီးသွားလေ့ရှိကြသည်။ ဂျီဖြူတောင်ရွာ ပြီးလျှင် မအီမြို့ထဲသို့ ရောက်ပြီဖြစ်၏။ ဤခရီးတွင် တောလမ်းကျွမ်းကျင်သည့် လမ်းပြလိုအပ်သကဲ့သို့ သောက်ရေ၊ ရိက္ခာခြောက်၊ လောင်စာဆီ လုံလောက်စွာ ဖြည့်တင်းရန်၊ ရေစမ်းနေရာများကို သိရန် လိုအပ်သည်။ ထိုလမ်းမှ ခြေလျင်သွားပါက ခြောက်သွေ့ရာသီဆိုလျှင် အနည်းဆုံး လေးရက်ခန့်ကြာပြီး မိုးရာသီဆိုလျှင် ဆယ်ရက်ခန့် ကြာနိုင်၏။ အလေးအပင်နှင့်ဆိုလျှင် ပို၍ခက်ခဲကြာမြင့်နိုင်သည်။

မင်းတုန်း – ပဒါန်း

မင်းတုန်းသည် နတ်ရေကန် ခံစစ်နှင့်ထိုးစစ်တွင် အရေးပါသည့် စစ်ဆင်ရေးကွပ်ကဲမှုနှင့် ထောက်ပို့စခန်းဖြစ်သည့် ပဒါန်း၏ တောင်ဘက် မိုင် ၆၀ ကျော်ခန့်အကွာတွင် ရှိ၏။ ပဒါန်းသည် ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင်ရှိပြီး မင်းတုန်းသည် ပုသိမ်-မုံရွာကားလမ်းမ၏ အနောက်ဘက်ကပ်လျက်တွင် ရှိ၏။ မင်းတုန်းနှင့် ပဒါန်းကားလမ်းပေါ်တွင် ရွာ ၂၀ ခန့်ရှိပြီး လမ်းမကြီးနှင့် ရိုးမတောင်ကြီးအကြား ချိုင့်ဝှမ်းများနှင့် တောင်စွယ်များတွင် ရွာငယ်လေးများ ၃၀ ကျော်ခန့် တည်ရှိနေသည်။

ထိုဒေသ၌ တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားပြီး ပဒါန်းမှ ရခိုင်ရိုးမကို ထိုးစစ်ဆင်သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဖြတ်တောက်တိုက်ခိုက်ချေမှုန်းနေရာ လက်ရှိ မင်းတုန်းအခြေပြုသည့် စစ်အုပ်စုမှ အင်အား ၆၀၀ ခန့်သည် မင်းတုန်းနှင့် ပဒါန်းကြားတွင် နယ်မြေရှင်းနိုင်ရန် စစ်ဆင်ရေးဝင်လျက်ရှိသည်ကို တွေ့ရ၏။

မင်းတုန်း-မအီ လမ်းကြောင်းဖြတ်သန်းရာ ရခိုင်ရိုးမတောင်တန်းကြီးသည် တောတောင်ထူထပ်သည်/Narinjara

မင်းတုန်းနှင့် စစ်ရေးအလားအလာ

လက်ရှိ မင်းတုန်းကို အခြေပြုနေသော မြန်မာစစ်တပ်အင်အားစုများ၏ စစ်ဆင်ရေးရည်ရွယ်ချက် သုံးခုကို တွေ့ရ၏။

ပထမအချက်မှာ မြန်မာစစ်တပ်သည် မင်းတုန်းတွင် အခြေပြု၍ မင်းတုန်း-မအီလမ်းမှ ရခိုင်သို့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာ စသည့် ကုန်စည်အားလုံး တင်ပို့မှု၊ ကုန်သွယ်မှု ပိတ်ဆို့ဖြတ်တောက်ပြီး ဖြတ်လေးဖြတ် ပြုလုပ်ခြင်းဖြစ်သည်။

ဒုတိယအချက်မှာ မင်းတုန်းနှင့် ပဒါန်းကြား ရခိုင်ရိုးမ အရှေ့ဘက်ခြမ်း နယ်မြေစိုးမိုးရေး၊ ရခိုင်ရိုးမကို ထိုးစစ်ဝင်သည့် တပ်များအား လမ်းကြောင်းတလျှောက် ဖြတ်တောက်တိုက်ခိုက်ခြင်း မခံရရေးအတွက် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဝင်ရောက်ခြင်းဖြစ်၏။

တတိယအချက်မှာ ရခိုင်ရိုးမသို့ ထိုးဖောက်ချီတက်သည့် စစ်မျက်နှာတခု အသစ်ဖွင့်လှစ်ခြင်းဖြစ်၏။

ဤရည်ရွယ်ချက် သုံးခုအနက် စစ်အုပ်စုသည် ပထမရည်ရွယ်ချက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်။ ဒုတိယရည်ရွယ်ချက် ဆောင်ရွက်ရာတွင် ရိုးမတောင်ခြေတွင်ဖြစ်၍ မြန်မာစစ်တပ်သည် ဒရုန်း၊ လေကြောင်း အားကိုးဖြင့် အသာစီးရယူနိုင်မည်ဖြစ်ပြီး လမ်းမကြီးနှင့် ရိုးမတောင်ကြီးအကြားတွင် ချိုင့်ဝှမ်းများနှင့် တောင်စွယ်များရှိသဖြင့် မြေအနေအထားအရ တော်လှန်ရေးတပ်ဖွဲ့များက အသာစီးရယူနိုင်၏။ တော်လှန်ရေးတပ်ဖွဲ့များသည် ပြောက်ကျားစစ်ဗျူဟာဖြင့် မြန်မာစစ်တပ် ဝင်လာလျှင် မိုင်းစစ်ဆင်၍ ဆုတ်ခွာပြီး မြန်မာစစ်တပ် ပြန်ထွက်သည်နှင့် ပြန်ဝင်လှုပ်ရှားကြမည်ဖြစ်ရာ မြန်မာစစ်တပ်သည် အလွယ်တကူ အချိန်တိုအတွင်း အောင်မြင်မှု မရရှိနိုင်ပေ။

တတိယရည်ရွယ်ချက် ဆောင်ရွက်ရန် မင်းတုန်းရှိ တောလမ်းသုံးကားများ၊ လေးဘီးယက်ကားများကို ချောဆွဲပြီး ရခိုင်ရိုးမကို တက်ရန် ကြိုးပမ်းခဲ့သည်ကို တွေ့မြင်ခဲ့ရသကဲ့သို့ အထိနာပြီး ပြန်ဆုတ်ခဲ့ရသည်ကိုလည်း တွေ့ရ၏။

မင်းတုန်း-မအီလမ်းသည် တောတောင်အလွန်ထူထပ်ပြီး သစ်ပင်ကြီးများနှင့် ဝါးတောများ လွှမ်းမိုးထားသည့် ရခိုင်ရိုးမကို ဖြတ်သန်းသည့်အပြင် လမ်းကြမ်းပြီး ကွေ့ကောက်မတ်စောက်သည်။ မြန်မာစစ်တပ်ကဲ့သို့ ပုံမှန်စစ်တပ်တခုသည် လက်နက်ခဲယမ်း၊ ရိက္ခာ သယ်ဆောင်ရန်အတွက် ခရီးရှည်ချီတက်ရာတွင် ဆက်သွယ်ရေးကောင်းသော လမ်းကြောင်းကို အသုံးပြုရန်လို၏။ ယခုကဲ့သို့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောလမ်းမှ ခရီးရှည်ချီတက်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်၏။ ထို့ပြင် ယခုအခါ မိုးရာသီကျရောက်ပြီဖြစ်ရာ မင်းတုန်းမှ ရခိုင်ရိုးမကို ဖြတ်သည့် စစ်ဆင်ရေးဝင်ရန် ပို၍ခက်ခဲသွားပြီဖြစ်၏။

ထို့ပြင် မြန်မာစစ်တပ်သည် မင်းတုန်းမှ ရခိုင်သို့ အင်အားထောင်အချို့ အသုံးပြုပြီး ဤလမ်းကြောင်းမှ ချီတက်ရန် မလွယ်ကူပေ။ မြေအနေအထားနှင့် လမ်းကြောင်းအနေအထားအရ ထိုလမ်းကြောင်းတွင် မြန်မာစစ်တပ်ဘက်မှ အင်အားအများအပြား ဖြည့်တင်းရန် ခက်ခဲသည်။ ဤလမ်းကြောင်းမှ ချီတက်ပါက မြန်မာစစ်တပ်အတွက် ရိက္ခာ၊ ဆေးဝါး၊ ခဲယမ်း ထောက်ပို့ခက်ခဲမည်။ ဤလမ်းကြောင်းမှ မိုးရာသီတွင် ချီတက်ပါက ဆယ်ရက်ခန့် သွားရနိုင်သည်။ ထိုးစစ်ဆင်သူများအတွက်မူ တောတွင်းသွားလာလှုပ်ရှားရမှုသည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲပင်ပန်းမည်။ လမ်းမကျွမ်းကျင်ဘဲ တောထဲတွင် လမ်းပျောက်ပြီး စစ်ကစားနိုင်ခြင်းမရှိ။ ထို့ပြင် ရိုးမအတွင်း တောထူထပ်၍ လေကြောင်းနှင့် ဒရုန်းပစ်ကူ အားကိုးနိုင်မှု လျော့ကျပြီး မြန်မာစစ်တပ် စစ်ကြောင်းတိုက်စွမ်းရည် သိသိသာသာ လျော့ကျသွားမည်ဖြစ်၏။

ရိုးမတောလမ်း အခြေအနေမှာ မြေပြင်စစ်ဆင်ရေးများတွင် ကာကွယ်ပုန်းခိုရန်၊ ဖြတ်တောက်ချေမှုန်းရန်၊ ပြောက်ကျားစစ်ပွဲဆင်နွှဲရန် အလွန်ကောင်းမွန်သော နယ်မြေဖြစ်ပါသည်။ လေကြောင်းရန်လည်း အတော်အသင့် ကာကွယ်နိုင်သည်။ ဤသည်မှာ ခုခံစစ်တိုက်သူများလည်းဖြစ်၊ နယ်မြေကျွမ်းကျင်သူများလည်းဖြစ်သည့် အာရက္ခတပ်တော်အတွက် အကျိုးရှိမှုဖြစ်၏။ ခုခံစစ်တိုက်သူများအတွက် ရန်သူထောင်ချီသည့် အင်အားကို မိမိအင်အား အနည်းငယ်ဖြင့် ခုခံနိုင်သည်။ ရခိုင်ရိုးမကဲ့သို့ မြင့်မားမတ်‌‌စောက်သည့် ရိုးမပေါ်တွင် တောလမ်းမှ ချီတက်ပါက လေ့ကျင့်သားမပြည့်သည့် စစ်သားသစ် ၈၀ ရာခိုင်နှုန်းခန့် ပါသည့် မြန်မာစစ်တပ်သည် နယ်မြေအနေအထားအရ၎င်း၊ လေကြောင်းပစ်ကူပေးရန် ခက်ခဲ၍၎င်း ကြီးစွာအထိနာမည်ဖြစ်၏။

မင်းတုန်း၌ စစ်မျက်နှာတခု ဖွင့်လာသည့် မြန်မာစစ်တပ်၏ ခြေလှမ်းမှ တွေ့ရသည့် သေချာသည့် အချက်တခုမှာ မြန်မာစစ်တပ်သည် ရခိုင်အား ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ရန် သဲကြီးမဲကြီးဖြစ်နေပြီး ရသမျှနည်းလမ်းနှင့် အသုံးပြုနိုင်သည့် စစ်အင်အားကို အားကုန်ထုတ်နေပုံရ၏။ ထိုအခြေအနေအောက်တွင် မြန်မာစစ်တပ်အား သတိထားရန် လိုအပ်သကဲ့သို့ နိုင်လိုစိတ်များနေခြင်း၊ လောကြီးနေခြင်း၊ လေ့ကျင့်သားမပြည့်ဝသည့် တပ်သားသစ်များအား ထိုးကျွေးနေခြင်း၊ မိုးတွင်းပါမနားပေးဘဲ တွန်းအားပေးနေသဖြင့် သူ၏စစ်တပ် တပ်ပန်းနေခြင်း စသည့် မြန်မာစစ်တပ်၏ အားနည်းချက်များ၊ အမှားများကို ရှာဖွေအသုံးချနိုင်မည်ဖြစ်သည်။

]]>
မိုင်းလားနှင့် စစ်တပ်၏ အာဃာတ https://burma.irrawaddy.com/article/2026/05/04/413046.html Mon, 04 May 2026 04:10:08 +0000 https://burma.irrawaddy.com/?p=413046 စစ်ဆင်ရေး ၁၀၂၇ တွင် စစ်အုပ်စု အထိနာသွားသည့်အခါ မိုင်းလားသည် ကိုးကန့်အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်အောင် ကူညီအားပေးသူအဖြစ် ပြန်လည် ကြည့်မြင်လာသည်။]]>

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က အရေခွံလဲ စစ်အုပ်စုက ပြည်နယ် ၆ ခု၊ တိုင်း ၃ ခုမှ မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်ကို တွေ့ရ၏။ အသစ်အဆန်းအနေဖြင့် ကြေညာသည်တော့ မဟုတ်ပေ။ ယခင် စကစ လက်ထက်က ကြေညာပြီးသားဖြစ်ပြီး ယခု အရေခွံလဲသည့် ကာလတွင် ထပ်မံအတည်ပြု ကြေညာခြင်းမျှသာ ဖြစ်၏။

စစ်တပ် မအုပ်ချုပ်နိုင်သော မြို့များ

ထိုမြို့ ၆၀ အနက် အချို့ကို မြို့ပေါ်၌ စစ်တပ်က ထိန်းချုပ်၍ ရသေးသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာ၍ ရသေးသည်ဟု ဆိုနိုင်သော်လည်း၊ မြို့နယ်အများစုမှာ မြို့ပေါ်တွင်လည်းကောင်း၊ တမြို့နယ်လုံးတွင်လည်းကောင်း စစ်တပ် အုပ်ချုပ်နိုင်ခြင်း မရှိသည်သာမက စစ်တပ် ခြေမချနိုင်သည့် ဒေသများ၊ ထိန်းချုပ်နိုင်ခြင်း မရှိသည့် ဒေသများ ဖြစ်၏။

ကချင်ပြည်နယ်။ ။ရွှေကူမြို့နယ် တစ်မြို့နယ်အား မြို့ပေါ်၌ စစ်တပ် ထိန်းချုပ်ထားနိုင်သော်လည်း ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဗွေ မြို့နယ် ၄ ခုအား စစ်တပ်က ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထို့ပြင် မြို့ပေါ်တွင်သာ ထိန်းချုပ်နိုင်သည့် ဗန်းမော်မြို့နှင့် မြို့ပေါ်ကိုပါ မထိန်းချုပ်နိုင်တော့သည့် မန်စီနှင့် မိုးမောက် မြို့နယ်နှစ်ခုကိုလည်း ထိုစာရင်းတွင် ထည့်သွင်းမထားပေ။

ကရင်နီပြည်နယ်။ ။ ဖားဆောင်း တမြို့နယ်အား မြို့ပေါ်၌ စစ်တပ်က ထိန်းချုပ်၍ ရသော်လည်း ရှားတောနှင့် မယ်စဲ့ မြို့နယ် ၂ ခုအား လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိပေ။

ကရင်ပြည်နယ်။ ။ မြို့ပေါ်တွင် ချုပ်ကိုင်နိုင်သည့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ် ၂ ခုအား ထည့်ထားသော်လည်း မြို့ပေါ်တွင် ထိန်းချုပ်နိုင်ခြင်း မရှိသည့် ဖားပွန်မြို့နယ်အား ထည့်သွင်းမထားပေ။

ချင်းပြည်နယ်။ ။ ထန်တလန်မြို့ပေါ်တွင် တပ်စွဲထားနိုင်သေးသော်လည်း အုပ်ချုပ်စရာ လူထုမရှိပေ။ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ၊ ဖလမ်းတို့ကို မြို့ပေါ်တွင်ပင် မထိန်းချုပ်နိုင်ပေ။ (ဧပြီလ ၂၅ ရက်နေ့ကတော့ ဖလမ်းမြို့ပေါ်ကို ပြန်လည် ထိန်းချုပ်နိုင်သည်ကို တွေ့ရသော်လည်း စစ်အုပ်ချုပ်ရေး မကြေညာသည့် ဟားခါး၊ တီးတိန်တို့ကိုလည်း မြို့ပေါ်တွင်သာ အုပ်ချုပ်နိုင်သည်ကို တွေ့ရ၏။)

ရခိုင်ပြည်နယ်။ ။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ် စသည့် ၁၄ မြို့နယ်အား စစ်တပ် အနားပင် မကပ်နိုင်တော့ဘဲ အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။

ရှမ်းပြည်နယ်။ ။ စစ်အုပ်ချုပ်ရေး ကြေညာသည့် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား စသည့် ၁၅ မြို့နယ်သည် စစ်တပ် လုံးဝ ထိန်းချုပ်နိုင်ခြင်း၊ ခြေချနိုင်ခြင်း မရှိသည့် မြို့နယ်များ ဖြစ်၏။

စစ်ကိုင်းတိုင်း။ ။ အင်းတော်နှင့် ပင်လည်ဘူး မြို့နယ်နှစ်ခုအား စစ်တပ် လုံးဝ မအုပ်ချုပ်နိုင်ဘဲ ကောလင်း၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ စသည့် ၆ မြို့နယ်တွင်သာ မြို့ပေါ်၌ ထိန်းချုပ်နိုင်သည်။

မကွေးတိုင်းနှင့် မန္တလေးတိုင်း။ ။ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို စသည့် ၅ မြို့နယ်နှင့် မန္တလေးတိုင်းမှ ငါးဇွန် တမြို့နယ်ကို မြို့ပေါ်၌ စစ်တပ်က ထိန်းချုပ်နိုင်သည်။

သို့ဖြစ်ရာ အရေခွံလဲ အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ် ၆၀ အနက် ၁၇ မြို့နယ်သာ မြို့ပေါ်၌ စစ်တပ်က အုပ်ချုပ်နိုင်ပြီး ကျန် ၄၃ မြို့နယ်သည် စစ်တပ်က လုံးဝ အုပ်ချုပ်နိုင်ခြင်း မရှိပေ။

မိုင်းလား

ရှမ်းပြည်နယ်တွင် စစ်အုပ်စုနှင့် အပစ်ရပ်ထားသည့် ကိုးကန့်၊ တအာင်းပလောင် အဖွဲ့များ ထိန်းချုပ်သည့် မြို့နယ်များကို အသိအမှတ်မပြုဘဲ စစ်အုပ်ချုပ်ရေး ကြေညာထားသည်ကို တွေ့ရသကဲ့သို့၊ လက်ရှိ UWSA က ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်အားလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်ကို တွေ့ရ၏။ သို့သော်လည်း UWSA က မူလကတည်းက ထိန်းချုပ်ထားသည့် ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင် စသည့် ၄ မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေးအတွင်း ထည့်သွင်းခြင်း မရှိပေ။

မိုင်းလား (NDAA) သည် ၁၉၈၉ ခုနှစ်ကတည်းက UWSA နှင့် မရှေးမနှောင်း ငြိမ်းချမ်းရေး ယူခဲ့သည့် အဖွဲ့ဖြစ်၏။ အပစ်ရပ်ပြီးကတည်းက စစ်တပ်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်းတွင် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးပွဲများကို မိုင်းလားတွင် ကျင်းပခြင်းဖြင့် မိုင်းလားအဖွဲ့အား ကြားလူအဖြစ် သဘောထားခဲ့သည်ကို မြင်တွေ့ခဲ့ရ၏။

မိုင်းလားနှင့် ကိုးကန့်

မိုင်းလားဒေသ၏ အဓိကခေါင်းဆောင် ဦးစိုင်းလင်းသည် ရှမ်းတရုတ်လူမျိုးဖြစ်ပြီး သူ၏ ဒုတိယဇနီးမှာ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်း၏ သမီး ဖုန်စစ်ချွမ် ဖြစ်၏။ သို့ဖြစ်ရာ မိုင်းလားအဖွဲ့သို့ ကိုးကန့်အနွယ်များ ပတ်သက်မှု၊ ရောက်ရှိလာမှုသည် ရှောင်လွှဲ၍ မရနိုင်ပေ။ ၂၀၀၉ ခုနှစ် ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်းနှင့် မိသားစုများ မိုင်းလားသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး စီးပွားရေးလုပ်ငန်းများပါ ထူထောင်ခဲ့၏။

လျှို့ဝှက်ချက်မှာ ကိုးကန့် MNDAA ၏ တပ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းတို့ကို မိုင်းလားဒေသတွင် လျှို့ဝှက်စွာ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ စစ်ဆင်ရေး ၁၀၂၇ တွင် စစ်အုပ်စု အထိနာသွားသည့်အခါ မိုင်းလားသည် ကိုးကန့်အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်အောင် ကူညီအားပေးသူအဖြစ် ပြန်လည် ကြည့်မြင်လာသည်။ ရှမ်းမြောက်တွင် ခံခဲ့ရသမျှ ဒေါသများကို မိုင်းလားအဖွဲ့ပေါ် ပုံချတော့၏။

အနှစ်ချုပ်

နှစ်ပေါင်း ၃၇ နှစ်ကြာ အပစ်ရပ် ငြိမ်းချမ်းရေး ယူခဲ့သည့် မိုင်းလားအား ရန်သူအဖြစ် ပြန်လည် သဘောထားသည်ကို ရှင်းလင်းစွာ ဖော်ပြခဲ့၏။ မိုင်းလားသည် UWSA ၏ စစ်ရေးအကာအကွယ် ရထားသလို တရုတ်နယ်စပ်တွင် ရှိသည်ဖြစ်ရာ စစ်အုပ်စုသည် မိုင်းလားအား စစ်ရေးအရ လက်တုံ့ပြန်ရန် မလွယ်ကူပေ။ သို့သော်လည်း စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြင့် ၎င်းတို့၏ အာဃာတကို ဖော်ပြပြီး တရုတ်အစိုးရမှတဆင့် ဖိအားပေးရမည့် စာရင်းအတွင်း မိုင်းလားအဖွဲ့အား ထည့်သွင်းထားပုံရသည်။

]]>
အာရက္ခတပ်တော် အပစ်ရပ်နိုင်လား https://burma.irrawaddy.com/article/2026/04/25/412858.html Sat, 25 Apr 2026 10:06:32 +0000 https://burma.irrawaddy.com/?p=412858 အာရက္ခတပ်တော်အနေနှင့် သိမ်းပိုက်ထားသည့် နယ်မြေများအား ဆက်လက် ထိန်းချုပ်နိုင်မည့် အာမခံချက်ရှိရန် ဆက်လက် မနားမနေ တိုက်ပွဲဝင်ရမည်ဟု အာရက္ခတပ်တော် စစ်ဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။]]>

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ အာရက္ခတပ်တော် ၁၇ နှစ်မြောက် မွေးနေ့တွင် ပေးပို့သည့် အာရက္ခတပ်တော် စစ်ဦးစီးချုပ်၏ သဝဏ်လွှာတွင်၎င်း၊ ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ – ICNCC တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည့် အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ်၏ အမှာစကားတွင်၎င်း အာရက္ခတပ်တော်၏ ခိုင်မာသော ရပ်တည်ချက်နှင့် သဘောထားများကို တွေ့မြင်ရ၏။

ပြတ်သားသည့် သဘောထား

အာရက္ခတပ်တော်အနေနှင့် သိမ်းပိုက်ထားသည့် နယ်မြေများအား ဆက်လက် ထိန်းချုပ်နိုင်မည့် အာမခံချက်ရှိရန် ဆက်လက် မနားမနေ တိုက်ပွဲဝင်ရမည်ဟု အာရက္ခတပ်တော် စစ်ဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထား၏။ ထို့အတူ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း မရပ်မနား တိုက်ပွဲဝင်ရမည်ဟု ဆိုသည်။

လက်ရှိကာလနှင့် ပတ်သက်၍ အခက်အခဲများ ကြုံနေရသည့် ကာလဖြစ်၏။ ရန်သူစစ်အုပ်စုက လက်နက်နည်းပညာ သာလွန်သည်။ သို့သော် ရန်သူသည် သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ ဉာဏ်ပညာတွင် အာရက္ခတပ်တော်နှင့် မယှဉ်နိုင်သဖြင့် အပြစ်မဲ့လူထုကို သူရဲဘောကြောင်စွာ တိုက်ခိုက်နေကြောင်း၊ အာရက္ခတပ်တော်အနေနှင့် နည်းပညာနဲ့ ရုပ်ဝတ္ထု လက်လှမ်းမမီသည့် ကြားကာလ တခု ဖြတ်သန်းနေရကြောင်း လက်ရှိအခြေအနေကို ညွှန်းဆိုသည်။

ရန်သူ၏ သတ်ဖြတ်ခြင်း ခံနေရသည့် အပြစ်မဲ့လူထု၏ တရားမျှတမှု ရရှိရန်အတွက် မရေရာသည့် နိုင်ငံတကာ တရားစီရင်ရေး ဆိုသည်ထက် ပို၍ လက်တွေ့ကျသည်မှာ ကိုယ့်အင်အားကို ကိုယ်တည်ဆောက်ပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ဆိုခဲ့သည်ကို တွေ့ရ၏။ “ငါတို့မှာ ငါတို့ပဲရှိတယ်” ဟု ဆိုခဲ့ပြီး ကိုယ့်အင်အားကို ကိုယ်ယုံကြည်ဖို့၊ ချွင်းချက်မရှိ စည်းလုံးညီညွတ်ပြီး ကိုယ့်ဘာသာကိုယ် ကြိုးစားဖို့ ဆိုခဲ့သည်ကို တွေ့ရ၏။ အပြစ်မဲ့လူထု တရားမျှတမှု ရရှိရန် စစ်ရေးအရ အနိုင်ယူပြီး စစ်ရာဇဝတ်ကောင်များကို ကိုယ်တိုင် တရားစီရင်နိုင်ရန် ရည်ညွှန်းသည်ဟု ဆိုရမည်။

လက်ရှိတွင် ကျန်ရှိ ရခိုင်နယ်မြေများကို သိမ်းပိုက်ရန် ၂၀၂၆/၂၀၂၇ ၌ လက်စသိမ်း အောင်ပွဲခံဖို့ လုံးဝ ယုံကြည်ချက်နှင့်အညီ ဆက်လက် လုပ်ဆောင်ရန် နှိုးဆော်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ချွင်းချက်အနေနှင့် ယင်းကာလရောက်၍ မပြီးနိုင်သေးပါကလည်း မိုးမြေဆုံးထိ ဆက်လက် ချီတက်ပြီး အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ၏ ပေးဆပ်ထားမှု တခုမှ အလဟဿ မဖြစ်စေဘဲ နိုင်ကို နိုင်ရမည်၊ အောင်ကို အောင်ရမည်ဆိုသည့် သန္နိဋ္ဌာန်နှင့် အပြတ်သားဆုံး တိုက်ပွဲဝင်ကြဖို့ နှိုးဆော်သွားသည်ကို တွေ့ရ၏။

ချင်းအမျိုးသားကောင်စီ၏ ငါးနှစ်မြောက် အခမ်းအနားတွင် အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ်က လက်နက်ကိုင်တပ်ကို ပိုမိုအားကောင်းအောင် တည်ဆောက်ဖို့ ပြောကြားသွားသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ အာရက္ခတပ်တော်၏ ခေါင်းဆောင်များသည် ၎င်းတို့ ပြည်သူများ လွတ်မြောက်ရေးနှင့် ပတ်သက်၍ လက်နက်ကိုင်တိုက်မှ ရမည့်အချက်ကို၎င်း၊ လက်နက်ကိုင်တပ်ကို တောင့်တင်းအောင် တည်ဆောက်ရန် လိုအပ်သည်ကို၎င်း ကောင်းစွာ သဘောပေါက်ပြီး အလေးအနက် ဆုပ်ကိုင်ထားကြသည်ကို တွေ့ရ၏။

မြောက်ပိုင်းသုံးဖွဲ့နှင့် အာရက္ခတပ်တော်

အာရက္ခတပ်တော်၏ ရည်မှန်းချက်များကို တွေ့မြင်နေရသော်လည်း မြောက်ပိုင်းသုံးဖွဲ့ထဲမှ MNDAA နှင့် TNLA တို့က စစ်အုပ်စုနှင့် အပစ်ရပ်သွားခြင်း၊ သိမ်းပိုက်ရရှိသော မြို့များအား စစ်အုပ်စုသို့ ပြန်လည် ပေးအပ်ခြင်း၊ လားရှိုးအား MNDAA ပြန်ပေးစဉ်က PDF တပ်ဖွဲ့များအား သိသာထူးခြားစွာ ထိခိုက်မှု မရှိသော်လည်း TNLA တောင်ခမ်း၊ နောင်ချိုမှ ဆုတ်ခွာရခြင်း၊ မိုးမိတ်၊ မိုးကုတ်တို့အား စစ်အုပ်စုသို့ ပြန်လည် ပေးအပ်ရခြင်းတို့ ဖြစ်ပေါ်သည့်အခါ ရွာငံ၊ ရေဦးနယ်မှ ဓနုတပ်ဖွဲ့များ၊ မန္တလေးမြောက်ပိုင်းမှ PDF တပ်ဖွဲ့များအား ကြီးမားသည့် ထိခိုက်မှုများ ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့၏။

ထိုအကြောင်းအချက်များအောက်တွင် အာရက္ခတပ်တော်၏ အလားအလာ မည်သို့ ဖြစ်လာနိုင်သည်ကို ချင့်ချိန်တွက်ဆလာသည်မှာ သဘာဝကျသည်ဟု ဆိုရမည်။ သို့သော်လည်း အာရက္ခတပ်တော်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် လက်တွဲ၍ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း အာရက္ခတပ်တော်တွင် MNDAA၊ TNLA တို့နှင့် မတူကွဲပြားသည့် အချက်များ ရှိသည်။

အာရက္ခတပ်တော် အပစ်ရပ်မလား

အာရက္ခတပ်တော်သည် ၂၀၂၀ က တကြိမ် အပစ်ရပ်ခဲ့ဖူးသည့်ပြင် ယခုအခါ KIA၊ KNU၊ KNPP၊ CNF နှင့် NUG တို့ စုစည်းသည့် SCEF ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီတွင်လည်း ပါဝင်ခြင်း မရှိ။ FNPCC ခေါ် မြောက်ပိုင်း နိုင်ငံရေး မဟာမိတ်အဖွဲ့မှာလည်း တရုတ်တို့ ကြားဝင်စွက်ဖက်မှုကြောင့် အသက်မဝင်တော့၊ မြောက်ပိုင်းသုံးဖွဲ့အနက် MNDAA နှင့် TNLA အပစ်ရပ်ပြီးနောက် အာရက္ခတပ်တော်ပါ အပစ်ရပ်မည်လောဆိုသည့် ပြဿနာကို လူအများ စိတ်ဝင်စားကြ၏။

ယခုကာလတွင် အပစ်ရပ်ပါက နွေဦးတော်လှန်ရေးအား အနည်းအများ ထိခိုက်နိုင်သည်ဖြစ်ရာ စိုးရိမ်မှုလည်း ရှိကြ၏။ ဤအချက်နှင့် ပတ်သက်၍ သုံးသပ်ကြည့်ပါက အောက်ပါအချက်များကို တွေ့ရ၏။

၁။ တရုတ်ဖိအားနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှု

အာရက္ခတပ်တော် လှုပ်ရှားရာ နယ်မြေနှင့် အဓိက နိုင်ငံရေး ဦးတည်ချက်ထားသည့် နယ်မြေဖြစ်သည့် ရခိုင်ပြည်သည် တရုတ်ပြည်နယ်စပ်တွင် တည်ရှိမနေရာ တရုတ်တို့သည် အာရက္ခတပ်တော်အား စစ်အင်အားဖြင့် ခြိမ်းခြောက်၍၎င်း၊ ဖြတ်ငါးဖြတ်ဖြင့် ခြိမ်းခြောက်၍၎င်း မရနိုင်ပေ။ ထို့ပြင် မြန်မာပြည်၏ အနောက်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေသည်သာမက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်လည်း နယ်နိမိတ်ချင်း ဆက်စပ်နေရာ တရုတ်အနေဖြင့် အာရက္ခတပ်တော်အား တရားလက်လွတ် ခြိမ်းခြောက်ဖိအားပေးရန် မဖြစ်နိုင်ပေ။ တရုတ်နှင့် ဆန့်ကျင်ဘက် နိုင်ငံကြီးများထံသို့ တရုတ်ကိုယ်တိုင် တွန်းပို့သကဲ့သို့ ဖြစ်မည်ကို လိုလားလိမ့်မည် မဟုတ်ပေ။ အာရက္ခတပ်တော်အား ကောင်းမွန်သော ဆက်ဆံရေး ထားရှိလိုပေလိမ့်မည်။ ထို့ကြောင့်လည်း မြောက်ပိုင်းသုံးဖွဲ့အနက် တရုတ်နယ်စပ်ရှိ MNDAA နှင့် TNLA တို့အား တရုတ်တို့က အပေါ်စီးက ခြိမ်းခြောက် ဟိန်းဟောက်၍ ဆက်ဆံသော်လည်း အာရက္ခတပ်တော်အား ပျော့ပြောင်းစွာ ဆက်ဆံသည်ကို တွေ့ရှိရ၏။

၂။ ရည်မှန်းချက် ပြည့်မြောက်မှု

MNDAA နှင့် TNLA အပစ်ရပ်ခြင်းမှာ တရုတ်ဖိအား သက်သက်ကြောင့်သာ မဟုတ်ပေ။ ၎င်းတို့၏ နယ်မြေပိုင်စိုးမှုနှင့် ပတ်သက်သည့် ရည်ရွယ်ချက် ပြည့်မြောက် ကျော်လွန်၍ ဖြစ်၏။ MNDAA ဆိုလျှင် ၎င်းတို့နယ်မြေထက် အဆများစွာ ထိန်းချုပ်နိုင်သကဲ့သို့ TNLA သည်လည်း သင့်တော်သည့် နယ်မြေထိန်းချုပ်မှု ရရှိထားပြီဖြစ်၏။ ၎င်းတပ်ဖွဲ့နှစ်ခု စစ်အုပ်စုအား ပြန်လွှဲပေးသည်မှာ ၎င်းတို့ ပိုမိုရရှိထားသည့် နယ်မြေများထဲမှ တစိတ်တပိုင်း ပြန်လည် စွန့်လွှတ် ညှိနှိုင်းခြင်းသာ ဖြစ်၏။ ထို့ပြင် ထိုနယ်မြေများနှင့် ပတ်သက်၍ စစ်အုပ်စုမှ အပစ်ရပ်ရန်၊ ထိုးစစ်မဆင်ရန်၊ ဗုံးကြဲတိုက်ခိုက်မှုများ မပြုလုပ်ရန် တရုတ်၏ ကြားဝင်အာမခံမှု ရရှိထားပြီး ဖြစ်၏။ ၎င်းတို့နှစ်ဖွဲ့အတွက် လိုအပ်သည်မှာ သူတို့၏ တရားဝင် နယ်မြေထိန်းချုပ်မှုအား၎င်း၊ အပစ်အခတ် ရပ်စဲရေးအား၎င်း စစ်အုပ်စုမှ ယနေ့တိုင် တရားဝင် အသိအမှတ်မပြုခြင်း ဖြစ်၏။

အာရက္ခတပ်တော်အတွက်မူ ရည်မှန်းချက် မပြည့်ဝသေးပေ။ စစ်တွေ၊ ကျောက်ဖြူ မြို့နှစ်မြို့နှင့် မာန်အောင်ကျွန်း ကျန်နေသေး၏။

၃။ အကယ်၍ အပစ်ရပ်ခဲ့သော်

ယခု မင်းအောင်လှိုင်က ရက်တရာ ငြိမ်းချမ်းရေးဆိုသည်မှာ ယုံကြည်ဖွယ်ရာ လုံးဝမရှိသော်လည်း တရုတ်က စစ်အုပ်စုနှင့် ဆွေးနွေးရန် တောင်းဆိုလာလျှင် အာရက္ခတပ်တော် ငြင်းပယ်မည် မဟုတ်ပေ။ ဆွေးနွေးမည်သာ ဖြစ်၏။ သို့သော် ယခု မင်းအောင်လှိုင် စစ်အုပ်စု တောင်းဆိုနေသကဲ့သို့ လက်နက်စွန့်ပြီး ၂၀၀၈ ဥပဒေတွင်း ဝင်ပါဆိုက လက်ခံကြလိမ့်မည် မဟုတ်ပေ။

သို့သော် ရောက်သည့်နေရာတွင် အပစ်ရပ်မည်ဆိုပါက အာရက္ခတပ်တော် အပစ်ရပ်နိုင်ပါသည်။ ၂၀၂၀ ကာလတုန်းကကဲ့သို့ အပစ်ရပ်ပြီး မိမိအင်အားကို တည်ဆောက်မည် ဖြစ်သကဲ့သို့ ယနေ့ကာလ ဆိုလျှင် နည်းပညာနဲ့ ရုပ်ဝတ္ထု လက်လှမ်းမမီသည့် အခြေအနေကို ဖြေရှင်းရန် အချိန်ရမည်။ ပင်ပန်းနေသော တပ်အား အနားပေးနိုင်မည်။ လူထုနှင့် နယ်မြေကို အချိန်တခု အေးချမ်းစွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

သို့သော် ပြဿနာမှာ စစ်အုပ်စုက အပစ်ရပ်၍ ဤအခွင့်အရေးကို အာရက္ခတပ်တော်အား ပေးရဲပါ့မလား ဆိုသည့်အချက် ဖြစ်၏။ ယနေ့ ရှမ်းမြောက်ကို စွန့်လွှတ်ထား၍ ရှမ်းမြောက်မှ စစ်အင်အားများစွာ ထုတ်နုတ်ထားနိုင်သကဲ့သို့ ရခိုင်နှင့် အပစ်ရပ်ပါက ရခိုင်စစ်မျက်နှာ စစ်အင်အားများစွာ ပြန်လည် ထုတ်နုတ်နိုင်မည်သာ ဖြစ်၏။ သို့သော် ယခု ရှမ်းမြောက်ကို တရုတ်အားကိုးနှင့် နယ်မြေအချို့ ပြန်တောင်းရသကဲ့သို့ ဆက်လက်ပြီး တောင်းရ၊ မရ မသေချာပေ။ ရခိုင်မှ နယ်မြေများကိုတော့ စစ်အုပ်စု ပြန်တောင်းရရန် မဖြစ်နိုင်ပေ။ ထို့ပြင် လက်ရှိ ရှမ်းမြောက်ပင်လျှင် နယ်မြေအများစု ပြန်တောင်းရရန် မလွယ်ကူပေ။

ထို့ပြင် ရခိုင်သည်လည်း အချိန်တချိန် အပစ်ရပ်ထားပြီးနောက် သူရည်မှန်းချက်နယ်မြေကို စားပွဲဝိုင်းတွင် မရပါက ပြန်လည် တိုက်ခိုက်လာမည်ကို ရှောင်လွှဲ၍ မရပေ။ သို့ဖြစ်ရာ စစ်အုပ်စုက ရခိုင်တွင် အပစ်ရပ်ပြီး အခြားအင်အားစုများကို ဖိမည်ဆိုသည့် ဖြစ်နိုင်ခြေ ၃၀% သာရှိပြီး အာရက္ခတပ်တော်နှင့် စစ်အုပ်စုက အပစ်ရပ်ရန် မဖြစ်နိုင်မှုက ၇၀% ရှိသည်။ အကြောင်းမှာ စစ်အုပ်စုက အာရက္ခတပ်တော်နှင့် ရခိုင်လူထုကို နောက်တကြိမ် အနားပေး၊ အားမွေးခွင့်ပြုလိုက်ပါက ရခိုင်ကို သူတို့ ရာသက်ပန် စွန့်လွှတ်ရတော့မည် ဖြစ်၏။

၄။ အာရက္ခတပ်တော်အင်အား

မြောက်ပိုင်းသုံးဖွဲ့တွင်၎င်း၊ တပြည်လုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင်၎င်း အာရက္ခတပ်တော်သည် အင်အား အတောင့်တင်းဆုံး ဖြစ်နေပြီ ဖြစ်၏။ လက်နက်တပ်ဆင်မှုနှင့် ဘဏ္ဍာအင်အားတွင် UWSA က သာလွန်နိုင်သော်လည်း စစ်အင်အားတွင် အာရက္ခတပ်တော်က အင်အား ၅၀၀၀၀ အထက်နှင့် အများဆုံးဖြစ်၏။

ဤအချက်သည် မြောက်ပိုင်းသုံးဖွဲ့တွင် ပါသည့် ကိုးကန့်၊ တအာင်းလူမျိုးများနှင့် ကွာခြား၏။ ကိုးကန့်သည် လူဦးရေ သိန်းဂဏန်းသာ ရှိပြီး တအာင်းပလောင်က လူဦးရေ နှစ်သိန်းခွဲခန့်သာ ရှိ၏။ ရခိုင်က လူဦးရေ နှစ်သန်းခွဲမှ သုံးသန်းကြားရှိပြီး အင်္ဂလိပ်ကိုလိုနီ အစောဆုံး ဖြစ်ခဲ့ရာ မြန်မာပြည်တွင် ခေတ်ပညာတတ်လည်း အစောဆုံး ထွက်ပေါ်ခဲ့၏။

လက်ရှိ ရခိုင်စစ်မျက်နှာများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ နတ်ရေကန်၊ ညောင်ကျိုး၊ ဧရာဝတီနှင့် ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာများတွင် စစ်အင်အား အလုံအလောက် ဖြန့်၍ တိုက်ပွဲဝင်နေနိုင်သည်။ ဂွ၊ သံတွဲ၊ ငပလီ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မောင်တော စသည့် စစ်အုပ်စုက ရေကြောင်းဖြင့် လာနိုင်သည့် နေရာများအားလည်း တပ်အင်အား လုံလောက်စွာ ချထားနိုင်ရာ စစ်အုပ်စု ကမ်းတက်တိုက်ပွဲ ဆင်နွှဲရန် ကြံရွယ်နေသော်လည်း အလွယ်တကူ စစ်ဆင်ရန် မဝံ့ရဲသေးသည်ကို တွေ့ရ၏။ ထို့ပြင် ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင်လည်း အာရက္ခတပ်တော်မှ အင်အား အလုံအလောက် ဖြန့်ခွဲထားသည်ကို တွေ့ရ၏။

အာရက္ခတပ်တော်၏ စစ်အင်အားအပြင် တိုက်ရည်ခိုက်ရည်နှင့် အပင်ပန်းဆင်းရဲ ခံနိုင်မှုများကို ယခုထိ ဖြစ်ပွားနေသော တိုက်ပွဲများတွင် တွေ့မြင်နိုင်၏။ လက်ရှိအချိန် အာရက္ခတပ်တော်က သိမ်းပြီးနယ်မြေ ပြန်လည် စွန့်လွှတ်ရခြင်း မရှိသေးသကဲ့သို့ နတ်ရေကန်၊ ညောင်ကျိုး၊ ဧရာဝတီ စစ်မျက်နှာများတွင် တတိတိဖြင့် ရှေ့တိုးပြီး အောင်ပွဲများ ရယူနိုင်သည်ကို တွေ့ရ၏။

ရခိုင်တွင် တိုက်ပွဲများသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းမှစ၍ ယခုချိန်ထိ နှစ်နှစ်ခွဲခန့် တောက်လျှောက် တိုက်ခိုက်နိုင်သည့် လက်နက်ခဲယမ်းအားသည်လည်း အံ့ဩဖွယ်ဖြစ်ပြီး ယခုတိုင် တိုက်အားကျသွားသည်ကို မတွေ့ရပေ။ အာရက္ခတပ်တော်သည် တရုတ်နယ်စပ်မှ လက်နက်ခဲယမ်း ရယူတပ်ဆင်သကဲ့သို့ စစ်မြေပြင်တွင် ရန်သူစစ်အုပ်စုထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိသည်။ ထို့ပြင် ၂၀၂၀ ခုနှစ်မှစ၍ လက်နက်ခဲယမ်း ထုတ်လုပ်မည်ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော်၏ ရည်ရွယ်ချက် အောင်မြင်ပြီ၊ မအောင်မြင်သေးဆိုသည်ကတော့ ပဟေဠိ ဖြစ်နေဆဲ ဖြစ်၏။ သို့သော် ယနေ့အထိ အာရက္ခတပ်တော် အဓိက တိုက်ပွဲဝင်နေသည့် စစ်မျက်နှာ ၆ ခုတွင် တိုက်အားရော၊ ပစ်အားပါ ကျသွားသည်ကို ယခုထိတော့ မတွေ့ရသေးပေ။

ပို၍ အရေးကြီးသည့်အချက်မှာ ရခိုင်လူထုဖြစ်၏။ ရခိုင်လူထုသည် စိတ်အားထက်သန်စွာ အာရက္ခတပ်တော်အား ထောက်ခံနေ၏။ စစ်အုပ်စုက အာရက္ခတပ်တော် ထိန်းချုပ်ဒေသများ တည်ငြိမ်မှုမရှိအောင် မြို့များ၊ ကျေးရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော်လည်း နောက်မတွန့်ဘဲ လက်ကျန်နယ်မြေ အားလုံးကို သိမ်းပိုက်ရန် ဆန္ဒဖော်ပြနေခြင်းဖြစ်၏။ ရခိုင်ရှိ လူထု၏ စိတ်ဓာတ်ပြင်းပြမှုနှင့် အာရက္ခတပ်တော်အား ထောက်ခံမှု၊ နိုင်ငံရေးရေချိန် မြင့်မားမှု၊ အမျိုးသား စိတ်ဓာတ်မြင့်မားမှုသည် ရှမ်းမြောက်နှင့် များစွာကွာခြားသည်ဖြစ်ရာ အာရက္ခတပ်တော်အတွက် အားဖြစ်၏။ ပွင့်လင်းစွာ နှိုင်းယှဉ်ရလျှင် MNDAA နှင့် TNLA သည် ရှမ်းမြောက်တွင် လူထုထောက်ခံမှု ရခိုင်ကဲ့သို့ မရပေ။

ထို့ပြင် အာရက္ခတပ်တော်သည် သူ့နယ်မြေအတွင်းရှိ မတူသော လူမျိုး၊ မတူသည့် ဘာသာဝင်များအတွက် မျှတသည့် သီးခြားပေါ်လစီ ကိုင်တွယ်ကျင့်သုံးမှုသည်လည်း ရှမ်းမြောက်ရှိ MNDAA၊ TNLA တို့နှင့် ကွာခြားပြီး လူထုစည်းရုံးရေးတွင်၎င်း၊ လူထုထောက်ခံမှုတွင်၎င်း အတိုက်အခံများကြားမှ အောင်မြင်မှုများ ရရှိထားသည်။

ယနေ့ မြန်မာပြည် နိုင်ငံရေးသည် အင်အားပေါ် အခြေပြုသည့် နိုင်ငံရေး ဖြစ်နေသည်ဖြစ်ရာ အင်အားတောင့်တင်းသည့် အာရက္ခတပ်တော်သည် တရုတ်ဖိအား ခံနေရပြီး အင်အားအကန့်အသတ်ရှိသည့် သူ၏ ညီနောင်မြောက်ပိုင်း နှစ်ဖွဲ့ကဲ့သို့ နိုင်ငံရေးအရ ချိနဲ့သည့် ပုံစံမျိုး ထွက်ပေါ်လာဖွယ်ရာ မရှိပေ။ မတူကွဲပြားသည့် ပုံစံထွက်လာမည်ဟု သုံးသပ်ရ၏။

မင်းအောင်လှိုင် စစ်အုပ်စုလည်း အနိုင်မတိုက်နိုင်၊ မြေပြင် နယ်နမိတ် အနေအထားအရ တရုတ်ကလည်း ဖိအားပေးရန် မလွယ်ကူသည့်ပြင် စစ်အင်အားနှင့် တိုက်ရည်ခိုက်ရည်လည်း အကောင်းဆုံး အနေအထားတွင် ရှိနေသည့် နိုင်ငံရေး ရည်မှန်းချက်ကြီးသည့် အာရက္ခတပ်တော်သည် စစ်အုပ်စု လိုချင်သည့် ပုံစံမျိုး ဖြစ်လာမည် မဟုတ်ပေ။ သီးခြားပုံစံမျိုး ပေါ်ထွက်လာနိုင်သည်ဟု သုံးသပ်ရပေသည်။

စစ်အုပ်စုအနေနှင့် အာရက္ခတပ်တော်နှင့် အပစ်အခတ် ရပ်စဲရေးထက် စစ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ခိုက်မည့် လမ်းကြောင်းကို ရွေးချယ်ဖွယ်ရှိပြီး ရခိုင်တွင် ပိုမိုပြင်းထန်သော တိုက်ပွဲများ တွေ့မြင်ရနိုင်သည်။

နိဂုံး

သတိပြုရန် အချက်မှာ အာရက္ခတပ်တော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေး ရည်မှန်းချက်သည် တပြည်လုံး အတိုင်းအတာ မဆောင်ဘဲ မိမိပြည်နယ်၊ မိမိလူမျိုး၊ မိမိနယ်မြေ စသဖြင့် အကန့်အသတ်ရှိသည်ကို သတိပြုရန်လိုသည်။ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်သည် တပြည်လုံးနှင့် ချိတ်ဆက်နေသည်ဟု လက်တွေ့ လက်ခံကြမှသာ တပြည်လုံး ပြဿနာဖြေရှင်းရေးနှင့် ချိတ်ဆက်ကြပေလိမ့်မည်။

ဧရာဝတီသတင်းဌာနနှင့် နောက်ဆုံး အင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပြည်လုံး အတိုင်းအတာအရ သူတို့ ပါဝင်ဆောင်ရွက်ရန် အဆင်သင့် မဖြစ်သေး၊ ပြင်ဆင်ရန် လိုအပ်သေးသည်ဟု ပွင့်လင်းစွာ ဖြေဆိုခဲ့ဖူးပါသည်။

]]>
စစ်ထောက်လှမ်းရေး၊ စရဖ သို့မဟုတ် စစ်အာဏာရှင်၏ လူယုံများ https://burma.irrawaddy.com/article/2026/03/14/411803.html Sat, 14 Mar 2026 02:00:49 +0000 https://burma.irrawaddy.com/?p=411803 ထောက်လှမ်းရေးရော၊ စရဖပါ စစ်အာဏာရှင်များ၏ နားနှင့်မျက်စိဖြစ်ကာ လူယုံများ၊ လက်ကိုင်တုတ်များ ဖြစ်၏။]]>

မြန်မာစစ်တပ်၏ စစ်ထောက်လှမ်းရေးတပ်ဖွဲ့ (Military Intelligence-MI) ကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်မှာ ၁၉၅၈ ခုနှစ်က ဖြစ်သည်။ ၁၉၅၈ ခုနှစ် စစ်တပ်က အိမ်စောင့်အစိုးရ တာဝန်ယူစဉ်ကာလတွင် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးကို ဖွဲ့စည်းခဲ့၏။ စစ်ထောက်လှမ်းရေးဖွဲ့စည်းသည့် အဓိက ရည်ရွယ်ချက်များမှာ စစ်ရေးအချက်အလက်များ စုဆောင်းခြင်း၊ ပြည်တွင်းလုံခြုံရေး စောင့်ကြည့်ခြင်း၊ ကွန်မြူနစ်နှင့် လက်နက်ကိုင်အဖွဲ့များ ထောက်လှမ်းခြင်း၊ ပြည်တွင်းနိုင်ငံရေးအခြေအနေအား စုံစမ်းခြင်း စသည်တို့ဖြစ်သည်ဟု ဆို၏။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီများအား ဖမ်းဆီးနှိပ်ကွပ်ခြင်း၊ စစ်အာဏာရှင်စနစ်နှင့် စစ်အစိုးရအား ဆန့်ကျင်သူများအား ထောက်လှမ်းဖမ်းဆီးခြင်းတို့အပြင်၊ စစ်တပ်အဖွဲ့အစည်းတွင်းမှ စစ်တပ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်သူများအား တန်ပြန်ထောက်လှမ်းခြင်း၊ ဖမ်းဆီးခြင်းတို့တွင် စစ်ထောက်လှမ်းရေးကို အသုံးပြုလာခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း စစ်ထောက်လှမ်းရေး၏ အခန်းကဏ္ဍနှင့် အရှိန်ဩဇာသည် မြင့်တက်လာခဲ့ပြီး စစ်ထောက်လှမ်းရေးသည် စစ်အာဏာရှင်များအတွက် နားနှင့်မျက်စိ ဖြစ်လာ၏။ လက်စွဲဖြစ်လာ၏။ ထို့အတူ စစ်ထောက်လှမ်းရေးခေါင်းဆောင်များသည်လည်း အာဏာဩဇာကြီးမားသူများ ဖြစ်လာသည်ကို တွေ့ရ၏။

ဗိုလ်နေဝင်းခေတ်ကာလက စစ်ထောက်လှမ်းရေးတွင် နာမည်ကြီးသူမှာ မျက်မှန်တင်ဦး ဖြစ်၏။ ထိုစဉ် စစ်တပ်တွင် နံပါတ်တစ်ခေါင်းဆောင်မှာ ဗိုလ်နေဝင်းဖြစ်ပြီး နံပါတ်နှစ် ခေါင်းဆောင်မှာ ဗိုလ်စန်းယု ဖြစ်၏။ စစ်ထောက်လှမ်းရေးမှ မျက်မှန်တင်ဦးအား “တစ်ခွဲ” ဟု ခေါ်ဝေါ်သုံးနှုန်းကြသည်ကို တွေ့ရ၏။ တရားဝင် နံပါတ်နှစ်ခေါင်းဆောင်ထက် ဩဇာအာဏာကြီးမားသည့် နံပါတ်တစ်နှင့် နှစ်ကြားတွင်ရှိသည့် “တစ်ခွဲ” ဟု ခေါ်ဆိုသမုတ်ကြခြင်း ဖြစ်၏။

ဗိုလ်သန်းရွှေခေတ်က နာမည်ကြီးစစ်ထောက်လှမ်းရေးမှာ ခင်ညွန့် ဖြစ်၏။ ခင်ညွန့်ခေတ်တွင် စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံသည် ယခင်ထက်များစွာ ကြီးမားလာခဲ့၏။ ဗိုလ်နေဝင်းခေတ်က ထောက်လှမ်းရေးတပ် ၉ ခုခန့်သာ ရှိခဲ့ရာမှ ထောက်လှမ်းရေး ၂၆ ခုခန့်အထိ တိုးချဲ့ခဲ့၏။ ယခင် ထောက်လှမ်းရေးညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးကြီးအဆင့်သာ ရှိရာမှ ဗိုလ်ချုပ်ကြီးအဆင့်အထိ တိုးမြှင့်ခဲ့သကဲ့သို့ စစ်ထောက်လှမ်းရေး အဆောက်အအုံလည်း ကြီးလာ၏။ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်များ ဆယ်ဂဏန်းအထိ ရှိလာသည်ကို တွေ့ရ၏။ ခင်ညွန့်သည်လည်း စစ်တပ်တွင် တရားဝင် နံပါတ်သုံးခေါင်းဆောင် ဖြစ်လာသည်ကို တွေ့ရ၏။

ဗိုလ်နေဝင်းခေတ်ကာလက စစ်ထောက်လှမ်းရေးမှူး မျက်မှန်တင်ဦးကို တစ်ခွဲဟု ခေါ်ကြသည်

ထောက်လှမ်းရေးအာဏာပါဝါသည်လည်း ယခင်ကာလထက် ပိုမြင့်လာခဲ့၏။ ထောက်လှမ်းရေးတပ်မှူးများ၏ အာဏာ၊ လုပ်ပိုင်ခွင့်များသည် တပ်မမှူး၊ တိုင်းမှူးများထက်ပင် ပို၍ လက်စောင်းထက်လာ၏။ ထို့ကြောင့်လည်း တပ်တွင်းပဋိပက္ခများ ဖြစ်လာပြီး ၂၀၀၄ ခုနှစ်တွင် စစ်ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံး ဖျက်သိမ်းခံခဲ့ရ၏။ ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် သုံးပုံနှစ်ပုံခန့် နှစ်ရှည်ထိန်းသိမ်းခံခဲ့ရ၏။

သို့သော်လည်း စစ်တပ်အတွက် စစ်ထောက်လှမ်းရေးသည် မရှိမဖြစ် ဖြစ်နေသည်ဖြစ်ရာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဖျက်သိမ်းခဲ့သော တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံး နေရာကို ပြန်လည်အစားထိုးရန် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးအမည်ဖြင့် ၂၀၀၄ ခုနှစ်ကုန်ပိုင်းတွင်လည်းကောင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်များ၊ စစ်ဘက်ရေးရာ လုံခြုံရေးသင်တန်းကျောင်းများနှင့် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့များကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွဲ့စည်းခဲ့သည်ကို တွေ့ရ၏။

ဤအကြိမ် စရဖအရာရှိချုပ် ခန့်အပ်ရာတွင် တိုင်းမှူးမှတဆင့် ရာထူးတိုးလာသူများကို ခန့်အပ်ရာ ဒုဗိုလ်ချုပ်ကြီးများအဆင့် ဖြစ်၏။ ယခင်က ထောက်လှမ်းရေးတပ်များကို တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသော်လည်း တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကို ပြန်လည်ဖွဲ့စည်းပြီးနောက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုနှင့် မလွတ်ကင်းစေရန် စစ်တိုင်းများတွင် စစ်ဦးစီးမှူး (ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေး) တနေရာ ထည့်သွင်းကာ ပြန်လည်ထိန်းညှိဖွဲ့စည်းခဲ့သည်။ သို့သော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တပ်စု၊ သီးသန့်တပ်ဖွဲ့၊ တန်ပြန်တပ်ဖွဲ့များလည်း ရှိသည်။

စစ်ထောက်လှမ်းရေးအား မည်သည့်ရည်ရွယ်ချက်နှင့် ဖွဲ့ခဲ့သည်ဖြစ်စေ၊ စစ်ထောက်လှမ်းရေးရော၊ အမည်ပြောင်း စရဖပါ တဖက်ရန်သူ၏ စစ်သတင်းထောက်လှမ်းသည့် တာဝန်ထက် ပြည်တွင်းရှိ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများအား ဖော်ထုတ်ဖမ်းဆီးနှိပ်ကွပ်ခြင်းနှင့် စစ်တပ်တွင်းမှ စစ်ခေါင်းဆောင်ကို ဆန့်ကျင်သူများကို ဖော်ထုတ်ဖမ်းဆီးနှိမ်နင်းခြင်းဆိုသည့် တာဝန်နှစ်ခုကို အဓိကထား ဆောင်ရွက်၏။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် ထိုအချက်နှစ်ချက်သည် လွန်စွာအရေးပါသည်ဖြစ်ရာ ထောက်လှမ်းရေးရော၊ စရဖပါ ပြည်တွင်း၊ တပ်တွင်း ပဋိပက္ခပြင်းထန်ချိန်တွင် အရေးပါသည့် နေရာရောက်လာလေ့ရှိပြီး ထိုသူများသည် စစ်အာဏာရှင်များ၏ နားနှင့်မျက်စိဖြစ်ကာ လူယုံများ၊ လက်ကိုင်တုတ်များ ဖြစ်လာလေ့ရှိ၏။

စစ်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ခင်ညွန့်ကို လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားတွေ့ခဲ့စဉ်

စရဖ ဖွဲ့စည်းပြီးနောက် စရဖချုပ်များထဲမှ မင်းအောင်လှိုင်ခေတ်တွင် နာမည်ရလာသူမှာ ရဲဝင်းဦး ဖြစ်၏။ ရဲဝင်းဦးသည် နတခတိုင်းမှူးမှ ၂၀၂၀ ပြည့်နှစ်တွင် စရဖချုပ် ဖြစ်လာပြီး ၂၀၂၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်၏။ ရဲဝင်းဦးမတိုင်မီက စရဖချုပ်များသည် ဒုဗိုလ်ချုပ်ကြီးအဆင့်သာ ရှိခဲ့သော်လည်း ရဲဝင်းဦးသည် ခင်ညွန့်ကဲ့သို့ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတိုးခဲ့သည့်အပြင် အများစုမထင်မှတ်သည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ်ပါ ၂၀၂၆ ခုနှစ်ဆန်းတွင် တိုးမြှင့်ခန့်အပ်ခြင်းခံရ၍ ဆက်လက်ပြီး ရာထူးတိုးရန် အခွင့်အလမ်းရှိသည်ဟု သတ်မှတ်ခံရသူဖြစ်သွား၏။

ရဲဝင်းဦးသည် မင်းအောင်လှိုင်အတွက် အရေးပါသည့်အချိန်တွင် စရဖချုပ် တာဝန်ယူရသူ ဖြစ်ခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး လူထုဆန့်ကျင်အုံကြွမှုများကို ဖမ်းဆီးနှိပ်ကွပ်ရာတွင် စရဖသည် အရေးပါခဲ့၏။ ပြည်တွင်း၌ နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်း ကြုံနေရသည်သာမက သူ၏ စစ်တပ်တွင်း၌လည်း မင်းအောင်လှိုင်အား ဆန့်ကျင်သူများစွာ ရှိနေချိန်တွင် ထိုအခြေအနေကို ထိန်းချုပ်နိုင်ရန် စရဖသည် စစ်ခေါင်းဆောင်အတွက် အရေးပါပြီး နားနှင့်မျက်စိ ဖြစ်လာ၏။ စရဖချုပ်သည်လည်း စစ်ခေါင်းဆောင်၏ လူယုံ ဖြစ်လာ၏။ မင်းအောင်လှိုင်အတွက် စရဖသည် အရေးပါသကဲ့သို့ စရဖချုပ်၏ သစ္စာစောင့်သိမှုကလည်း အရေးကြီးနေခဲ့၏။

ထို့ကြောင့်လည်း မင်းအောင်လှိုင်သည် အစဉ်အလာကိုဖောက်၍ စစ်ထောက်လှမ်းရေးတဖြစ်လဲ စရဖချုပ်အား တိုက်ခိုက်ရေးတပ်ကို ဦးစီးခိုင်းခြင်း၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ခန့်အပ်ခြင်းဖြစ်၏။ သူ့လူယုံလက်ထဲတွင် စစ်တပ်ကို အပ်ခြင်းဖြစ်၏။ ထို့ပြင် မင်းအောင်လှိုင်သည် အသက်အရွယ်အရဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ စစ်တပ်အာဏာကို မလွှဲမရှောင်သာ လွှဲပြောင်းပေးရတော့မည်ဖြစ်ရာ သူနှင့်သူ့မိသားစု လုံခြုံစိတ်ချရမှုအတွက် သူယုံကြည်ရသည့် စရဖချုပ်အား စစ်တပ်ကို တာဝန်ယူခိုင်းခြင်း ဖြစ်ပုံရ၏။

မြန်မာစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်နှင့် တွဲထားရာ စစ်တပ်တွင် နံပါတ်နှစ်ခေါင်းဆောင်နေရာ ဖြစ်၏။ မြန်မာစစ်တပ်၏ စစ်အင်္ဂါစဉ်အရ နံပါတ်တစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နံပါတ်နှစ်မှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ နံပါတ်သုံးမှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်ပြီး သူ့အောက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ နှင့် လေ) ရှိ၏။ ယခုအခါ စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်အား ရဲဝင်းဦးအား လွှဲပေးသော်လည်း ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်အား ဆက်လက်ယူထားဆဲဖြစ်ရာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ယူထားသည့် ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ် (ရေ နှင့် လေ) ကဲ့သို့ ညှိကွပ် ကျော်စွာလင်း အောက်တွင် ရှိနေသည့် အနေအထားဖြစ်၏။

သို့ဖြစ်ရာ မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ စစ်ဘက်တာဝန်မှထွက်ပြီး သမ္မတဖြစ်စေ၊ အတိုင်ပင်ခံကောင်စီတွင်ဖြစ်စေ တာဝန်ယူပါက ကာကွယ်ရေးဦးစီးချုပ် တာဝန်ပေးမည့်သူများမှာ အပြိုင်ဖြစ်လာသည်ဟု ဆိုရမည်။ ရဲဝင်းဦးကို ကာချုပ်ပေးပါက ညှိကွပ် ကျော်စွာလင်းကို ဖယ်ရှားရမည် သို့မဟုတ် စစ်အင်္ဂါစဉ်ကို ကျော်၍ပေးရမည်။ ဤသို့မဟုတ်ပါက ရဲဝင်းဦးအား ဒုချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အား တွဲကိုင်ခိုင်းသည်လည်း ဖြစ်နိုင်၏။ သို့မဟုတ်ပါက ဒုတိယကာကွယ်ရေးဦးစီးချုပ် တာဝန်ကို တဦး၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို တဦး ပေးသည်လည်း ဖြစ်နိုင်၏။

မင်းအောင်လှိုင်၏ လူယုံ စစ်ထောက်လှမ်းရေးချုပ်မှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာသူ ရဲဝင်းဦး

မင်းအောင်လှိုင်သည် စစ်တပ်ကို တာဝန်လွှဲရာတွင် သူ့အတွက် နောက်ကြောင်းလုံရန် တာဝန်ပေးမည့်သူများကို အပြန်အလှန် ထိန်းကျောင်းသည့် ပုံစံဖြစ်ရန် ကြိုးစားနေပုံရ၏။ ကာချုပ်၊ ဒုကာချုပ်၊ ညှိကွပ်၊ ကကကြည်း တို့ကို တဦးစီထားရန် စဉ်းစားကောင်း စဉ်းစားနိုင်၏။

ပြီးခဲ့သော ငါးနှစ်လုံးလုံး စစ်တိုက်ခဲ့ခြင်းမရှိဘဲ စရဖတာဝန်ယူသူတဦးအား ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ပေးခြင်းသည် မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရမှုကြောင့် ဖြစ်၏။ သူနှင့် သူ့မိသားစု လုံခြုံရေးအတွက် နောက်ကြောင်းလုံရန်အတွက် ဖြစ်၏။ သို့သော်လည်း ပြဿနာမှာ မျက်မှန်တင်ဦးဖြစ်စေ၊ ခင်ညွန့်ဖြစ်စေ၊ ရဲဝင်းဦးဖြစ်စေ ထောက်လှမ်းရေးတာဝန်ယူသူများ၏ လက်ချက်ကြောင့် ခြေလျင်တပ်မှ တာဝန်ရှိသူများ ဒုက္ခရောက်ခဲ့ရသည့် ဖြစ်စဉ်များစွာရှိရာ အညှိုးအတေး ရှိကြ၏။ သို့ဖြစ်ရာ အခွင့်အခါသင့်သည်နှင့် ပြန်လည်ထိုးနှက် တိုက်ခိုက်ခံကြရ၏။ ထို့ကြောင့်လည်း ထောက်လှမ်းရေးတွင် လက်သံပြောင်ခဲ့သည့် မျက်မှန်တင်ဦးသည်လည်းကောင်း၊ ခင်ညွန့်သည်လည်းကောင်း ဇာတ်သိမ်းမကောင်းခဲ့ပေ။

ယခုလည်း ပြီးခဲ့သည့် ငါးနှစ်လုံးလုံး စစ်တိုက်ခဲ့ရသည့် တပ်မှူးများစွာကို ဖြုတ်ထုတ်သတ်လုပ်ခဲ့ပြီး မင်းအောင်လှိုင်၏ လူယုံဖြစ်သည့် စရဖ ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ပေးခြင်းသည် စစ်ဆင်ရေးတာဝန်များ ယူခဲ့ရသည့် တပ်မှူးများအတွက် ခံပြင်းစရာ ဖြစ်၏။ စစ်ဆင်ရေးတာဝန်ယူခဲ့ကြရသူများသည် သေသူလည်းသေသည်။ ပြုတ်သူလည်းပြုတ်သည်။ သေဒဏ်၊ ထောင်ဒဏ် အပေးခံရသူလည်း ရှိ၏။ ထိုသူများကိုကျော်၍ စစ်မတိုက်ခဲ့သည့် မင်းအောင်လှိုင်လူယုံတယောက်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာခြင်းသည် စစ်ဆင်ရေးတာဝန်များ ယူခဲ့ရသူများအတွက် စိတ်ပျက်စရာဖြစ်သကဲ့သို့ အသည်းနာစရာလည်း ကောင်းသည်။

ထို့ပြင် စစ်ဆင်ရေးတာဝန်ယူခဲ့ရသည့် တပ်မှူးများစွာထဲတွင် ရဲဝင်းဦးထက် ပို၍ ယုံကြည်ရသည့် လူယုံတယောက်မျှ မင်းအောင်လှိုင်တွင် မရှိခြင်း၊ စစ်ဆင်ရေးတာဝန်ယူခဲ့သူများကို စရဖ ရဲဝင်းဦးလောက် မင်းအောင်လှိုင်က မယုံခြင်းမှာလည်း အံ့ဩဖွယ်ကောင်း၏။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် စစ်မြေပြင်တွင် ရင်ဆိုင်ရသည့် တော်လှန်ရေးတပ်ဖွဲ့များထက် သူ၏စစ်တပ်တွင်းမှ သူ့အား ဆန့်ကျင်ကြမည့် အန္တရာယ်ကို ပို၍စိုးရိမ်သောကြောင့် စစ်ဆင်ရေးတာဝန်ယူခဲ့ကြသည့် တပ်မှူးများကို ကျော်၍ သူ၏လူယုံ စရဖ ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ခန့်အပ်ခြင်း ဖြစ်ပုံရ၏။

ဤသို့သော အခြေအနေအောက်တွင် မင်းအောင်လှိုင်၏ လူယုံ စရဖ ရဲဝင်းဦး တယောက် မည်သည့်အချိန်အထိ ကံကောင်းမည်ဆိုသည်ကတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။

]]>
၂၀၂၅ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ ထူးခြားသည့် တိုက်ပွဲများ https://burma.irrawaddy.com/article/2025/12/03/408719.html Wed, 03 Dec 2025 02:07:22 +0000 https://burma.irrawaddy.com/?p=408719 နှစ်ဖက်စစ်သည် အကျအဆုံး ကွာခြားချက် ကြီးမားခြင်းသည် စကမစစ်တပ်၏ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် လွန်စွာ ကျဆင်းနေသည်ကို ပြသသည်။]]>

၂၀၂၅ ခုနှစ်အတွင်းတွင် မြန်မာပြည်အနှံ့ တိုက်ပွဲကြီးငယ်များစွာ ဖြစ်ပွားခဲ့ကြပါသည်။ ထိုများစွာသော တိုက်ပွဲများထဲမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလများအတွင်း ဖြစ်ပွားသည့် ထူးခြားသောတိုက်ပွဲ ခြောက်ပွဲကို ထုတ်နုတ်ဖော်ပြလိုပါသည်။ တိုက်ပွဲ သုံးပွဲမှာ စခန်းသိမ်းတိုက်ပွဲများဖြစ်ပြီး နောက်ထပ် တိုက်ပွဲ သုံးပွဲကမူ လှုပ်ရှားစစ်ကြောင်းကို ချေမှုန်းကြသည့်တိုက်ပွဲများ ဖြစ်သည်။

ဖော်ပြမည့် တိုက်ပွဲများကို ထူးခြားသည်ဟု ဆိုရသည့် ပထမအချက်မှာ ဤတိုက်ပွဲများမှာ ဝါရင့်တိုင်းရင်းသားတပ်ဖွဲ့များ တိုက်သည့် တိုက်ပွဲများ မဟုတ်ဘဲ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၊ PDF များ တိုက်ကြသည့်တိုက်ပွဲများဖြစ်ပြီး သူတို့၏ စစ်စွမ်းရည်ကို ပြောင်မြောက်စွာ ပြသနိုင်ခြင်းကြောင့် ဖြစ်၏။

ဒုတိယအချက်မှာ ထိုတိုက်ပွဲများတွင် အောင်မြင်မှုရရှိခဲ့ပြီး ရန်သူ့အလောင်း၊ လက်နက်၊ သုံ့ပန်းများ ဖမ်းမိခဲ့ရုံသာမက မိမိဘက်မှ ဆုံးရှုံးမှုမှာ ပြောပလောက်အောင် မရှိ၍ဖြစ်သည်။

၁။ ရွာသစ်တိုက်ပွဲ

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်းရှိ ရွာသစ်ရွာတွင် အခြေစိုက်ထားသည့် စစ်ကော်မရှင် (စကမ) တပ်စခန်းကို သိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်၏။ ရွာသစ်ကျေးရွာတွင် စစ်အင်အား ၆၀ ဝန်းကျင်နှင့် အထိုင်စခန်းချထားသည့် စစ်ကော်မရှင်တပ်ကို နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ခံ PDF တပ်ရင်းများ စုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး အပါအဝင် ၁၅ ဦး သေဆုံးပြီး သုံ့ပန်း နှစ်ဦးဖမ်းမိကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုတိုက်ပွဲတွင် လက်နက်မျိုးစုံ ခုနစ်လက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်သုံးပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့သည်။

ထိုတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး အပါအဝင် ၁၅ ဦး သေဆုံးပြီး သုံ့ပန်း နှစ်ဦးဖမ်းမိကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုတိုက်ပွဲတွင် လက်နက်မျိုးစုံ ခုနစ်လက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်သုံးပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားများ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရွာသစ်ကျေးရွာ အထိုင်စခန်းနှင့် ကျေးရွာတွင်းရှိ စစ်ကော်မရှင်တပ်၏ ကင်းစခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။

ရွာသစ်တိုက်ပွဲတွင် PDF ဘက်မှ အကျအဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးသာရှိသည်ကို တွေ့ရ၏။ စစ်ကော်မရှင်တပ်မှ သေဆုံး၊ ဖမ်းမိသူ စုစု ပေါင်း ၁၇ ဦး ရှိသော်လည်း PDF မှ အကျအဆုံး မရှိသည်မှာ ထူးခြားသည့် အံ့ဩဖွယ်ဖြစ်သည်ဟု ဆိုရမည်။

၂။ မောင်းမကန် တိုက်ပွဲ

မောင်းမကန်သည် ထားဝယ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ပင်လယ်ကမ်းခြေတွင် ရှိ၏။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲမှ ဖြစ်သည်။ တိုက်ပွဲမှာ မောင်းမကန်ရဲစခန်းကို စီးနင်းသိမ်းပိုက်သည့် တိုက်ပွဲဖြစ်သည်။ မောင်းမကန် ရဲစခန်းကို ချဉ်းကပ်တိုက်ခိုက်ပုံမှာလည်း ရဲရင့်သေသပ်သည်ကို တွေ့ရသကဲ့သို့ သတင်းထောက်လှမ်းမှု ပြည့်စုံတိကျပြီး နယ်မြေကျွမ်းကျင်မှု ပြည့်ဝသည်ကိုလည်း တွေ့ရသည်။

မောင်းမကန်နယ် မြေရဲစခန်းအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့၏။
(attachment 1) / MMK

မောင်းမကန်နယ် မြေရဲစခန်းအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့၏။ နောက်ခန်းတွင် သဲအိတ်ပတ်လည်စီ၍ ကနဦး စီးနင်းတိုက်ခိုက်မည့် တပ်ဖွဲ့ဝင်များ အသင့်နေအထား ပါလာသည့် ကုန်တင်ကားတစီးသည် ရဲစခန်းရှေ့သို့ ‌တဟုန်ထိုး မောင်းဝင်လာပြီး ရဲကင်းဂိတ်အား စီးနင်းတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထို့နောက် ရဲစခန်းတခုလုံးအား ဆက်လက် စီးနင်းတိုက်ခိုက်ခဲ့ရာ လေးနာရီအကြာ နံနက် ၉ နာရီခွဲတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။

မောင်းမကန် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စကမတပ်မှ ၁၂ ဦးသေဆုံးနှင့် ၁၀ ဦး ဒဏ်ရာရကာ အခြားသူများ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီး စခန်းအတွင်းမှ လက်နက်မျိုးစုံ ၂၁ လက်၊ ဒရုန်းတားဆီးရေး ဂျမ်မာ စက်နှစ်လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့၏၊၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တဦးသာ ကျဆုံးခဲ့ကြောင်း သိရသည်။

မောင်းမကန် ရဲစခန်းသိမ်းတိုက်ပွဲကို PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ ၃၃ နှင့် ဒေသခံ ကရင်၊ မွန်၊ ထားဝယ် မဟာမိတ်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ မောင်းမကန်တိုက်ပွဲတွင် စကမ ဘက်က ၁၂ ဦးသေ၊ ၁၀ ဦးဒဏ်ရာရပြီး လက်နက်မျိုးစုံ ၂၁ လက်ရရှိခဲ့ကာ တော်လှန်ရေးဘက်မှ တဦးသာ ကျဆုံးခြင်းသည် အံ့ဩကုန်နိုင်ဖွယ်ဖြစ်သည်။

စခန်းတွင်း ဘန်ကာ၊ ကတုတ်ကျင်းထဲ၌နေပြီး ခံစစ်ယူထားကြသူများအား ပြင်ပမှ ဝင်ရောက်စီးနင်း တိုက်ခိုက်သူများက အထိအခိုက်အကျအဆုံး မရှိသလောက် စီးနင်းတိုက်ခိုက်နိုင်မှုသည် ထူးခြားလှပေသည်။

စခန်းတွင်း ဘန်ကာ၊ ကတုတ်ကျင်းထဲ၌နေပြီး ခံစစ်ယူထားကြသူများအား ပြင်ပမှ ဝင်ရောက်စီးနင်း တိုက်ခိုက်သူများက အထိအခိုက်အကျအဆုံး မရှိသလောက် စီးနင်းတိုက်ခိုက်နိုင်မှုသည် ထူးခြားလှပေသည်။

၃။ ကန့်ဘလူမြို့နယ်၊ ယင်းတိုက် ချေမှုန်းရေးတိုက်ပွဲ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာ စစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းကို ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြ၏။

တိုက်ပွဲသည် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့် စစ်ကြောင်းမှူး အပါအဝင် ၅၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရရှိခဲ့သည်။ ၎င်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

ကန့်ဘလူနှင့် ခင်ဦးနယ်အစပ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ

အဆိုပါတိုက်ပွဲတွင် ကန့်ဘလူခရိုင်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်တို့မှ PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ စကမတပ် တိုက်ပွဲဖြစ်ရာသို့ လေကြောင်းပစ်ကူ ပေးခဲ့သော်လည်း PDF တပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း သိရသည်။

၄။ ဝက်လက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ တိုက်ပွဲ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ ထွက်လာသည့် စကမ၏ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၂၀ ခန့်ပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ပုဏ္ဏားကျေးရွာကို ဝင်ရောက်မီးရှို့နေချိန်တွင် PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခွဲခန့်မှ ညနေ ၆ နာရီခွဲခန့်အထိ ကြာမြင့်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စကမ စစ်ကြောင်းမှ ၃၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကြောင်းပျက်ပြီး စိုင်နိုင်ကွေ့စခန်းထဲ ပြန်လည် ဝင်ရောက်သွားခဲ့သည်ဟု သိရ၏။ အဆိုပါတိုက်ပွဲမှ လက်နက်မျိုးစုံ ၃၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စကမ စစ်ကြောင်းမှ ၃၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကြောင်းပျက်ပြီး စိုင်နိုင်ကွေ့စခန်းထဲ ပြန်လည် ဝင်ရောက်သွားခဲ့သည်ဟု သိရ၏။ အဆိုပါတိုက်ပွဲမှ လက်နက်မျိုးစုံ ၃၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါတိုက်ပွဲအား ရွေဘိုခရိုင် PDF နှင့် ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော် သုံးဦးသာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။

၅။ ခင်ဦးမြို့နယ်၊ မုံလှတိုက်ပွဲ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှ ပျဉ်ထောင် ပျူရွာသို့ ထွက်လာသည့် အင်အား ၁၈၀ ခန့်ပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို လမ်းတနေရာ၌ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၅၀ နှင့်အထက် သေဆုံးပြီး စစ်ကြောင်းတကြောင်းလုံး တပ်ပျက်သွားသည်ဟု သိရ၏။ စကမတပ်သည် ရုပ်အလောင်းများကို ချန်ထားပြီး ကစဉ့်ကလျားနှင့် မုံလှရွာသို့ ပြန်လည် ထွက်ပြေးသွားသည်ဟုသိရသည်။ ထိုတိုက်ပွဲမှ လက်နက် ၂၉ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

စကမတပ် အထိနာခဲ့သောကြောင့် ညနေပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်သော်လည်း အထိအခိုက် မရှိဟု သိရ၏။ ဤတိုက်ပွဲအား ရွှေဘိုခရိုင် PDF နှင့် ခင်ဦးမြို့နယ် ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

စကမတပ် စစ်ကြောင်းပျက်သွားပြီး မုံလှရွာတွင် ပိတ်မိနေရာ ကန့်ဘလူမှ စစ်ကြောင်းတကြောင်း စေလွှတ်ပြီး ခေါ်ထုတ်၍ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာသို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု သိရသည်။

အဆိုပါ လမ်းဖြတ်ချေမှုန်းရေး တိုက်ပွဲများတွင် သေဆုံးခဲ့သည့် စကမ စစ်သားအလောင်း အများအပြားအား ပြန်လည်ရှာဖွေ သင်္ဂြိုဟ်ခြင်း မပြုဘဲ စွန့်ပစ်ထားခဲ့၍ PDF တပ်များက နယ်မြေရှင်းလင်းပြီး သင်္ဂြိုဟ်ပေးခဲ့ရသည်ကို တွေ့ရှိရသည်။

၆။ တီးတိန်မြို့အဝင် စစ်တပ်ဂိတ်သိမ်း တိုက်ပွဲ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ကနေဒီတောင်တွင် တွေ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ/ PDF-Zoland

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် “ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီးတွင် ခလရ ၂၆၉ မှ အင်အား ၆၀ ခန့် တပ်စွဲထားသည့် မြို့အဝင်ဂိတ်ကို နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ နံနက် ၈ နာရီမှစ၍ ချင်းညီနောင်အဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။

စစ်တပ်က တီးတိန်မြို့အဝင်အထွက် ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းကြောင့် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တိုက်ပွဲတွင် စကမ တပ်ဖွဲ့ဝင် ငါးဦးသေ၊ နှစ်ဦး အရှင်ဖမ်းမိပြီး ကျန်သူများ ထွက်ပြေးသွားကြသည်။ လက်နက် သုံးလက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ချင်းညီနောင်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲ ခြောက်ပွဲလုံးသည် ချေမှုန်းရေးတိုက်ပွဲများဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲ သုံးပွဲမှာလည်း ရန်သူ‌ချေမှုန်းရေး ရည်ရွယ်ချက်နှင့်ဖြစ်ပြီး စခန်းထိုင်ထားခြင်း မရှိပေ။ တိုက်ပွဲ ခြောက်ပွဲလုံး ရန်သူကို ချေမှုန်းနိုင်ပြီး လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်၏။

အဆိုပါတိုက်ပွဲ ခြောက်ပွဲလုံးသည် ချေမှုန်းရေးတိုက်ပွဲများဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲ သုံးပွဲမှာလည်း ရန်သူ‌ချေမှုန်းရေး ရည်ရွယ်ချက်နှင့်ဖြစ်ပြီး စခန်းထိုင်ထားခြင်း မရှိပေ။ တိုက်ပွဲ ခြောက်ပွဲလုံး ရန်သူကို ချေမှုန်းနိုင်ပြီး လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်၏။

စခန်းသိမ်းတိုက်ပွဲ သုံးပွဲသည် စခန်းငယ်များဖြစ်သော်လည်း ဤသို့သော တိုက်ပွဲများကြောင့် စကမသည် စခန်းငယ်များ မဖြန့်ခွဲရဲဘဲ ပြန်လည် စုစည်းရနိုင်သည်။ လှုပ်ရှားစစ်ကြောင်း ချေမှုန်းရေးမှာလည်း တကြောင်းလုံး မဟုတ်သေးသည့်တိုင် အပိုင်းလိုက် ဖြတ်တောက်ချေမှုန်းနိုင်သည်ကို တွေ့ရ၏။

ဤအကျိုးဆက်ကြောင့် စကမသည် စစ်ကြောင်းငယ်များ ဖြန့်ခွဲလှုပ်ရှားရန် တွန့်ဆုတ်လာမည်ဖြစ်ပြီး စစ်ကြောင်းများ ပူးပေါင်းကာ လှုပ်ရှားမည်ဖြစ်၏။ ထိုနှစ်ချက်ကြောင့် စစ်တပ်ထိန်းချုပ်၊ လှုပ်ရှားစိုးမိုးနယ်မြေ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်သည့်နယ်မြေ ပိုကျယ်ပြန့်လာမည်ဖြစ်သည်။

ဤသို့ နှစ်ဖက်စစ်သည် အကျအဆုံး ကွာခြားချက် ကြီးမားခြင်းသည် စကမစစ်တပ်၏ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် လွန်စွာ ကျဆင်းနေသည်ကို ပြသသည်။ စစ်မှုထမ်း တပ်သားသစ်များအား အင်အားအများအပြား တပ်မလိုက် စုစည်းထားသည့် စစ်ဆင်ရေးများတွင် စိတ်ဓာတ်ရေးအရ မြှင့်တင်ပြီး စကမ အနေဖြင့် အသုံးပြု၍ရသော်လည်း အင်အား ၁၀၀၊ ၂၀၀၊ ၃၀၀ ဖြန့်ခွဲ့ကာ စစ်ကြောင်းလိုက်၊ တပ်ရင်းလိုက် ဖြန့်ခွဲလှုပ်ရှားပါက တပ်သားသစ်များ၏ တိုက်ရည်ခိုက်ရည်မှာ သုံး၍မရသည်ကို ပြသနေသည်။

ဤစခန်းငယ်များ သိမ်းပိုက်ခြင်း၊ စစ်ကြောင်းများကို ဖြတ်တောက်ချေမှုန်းခြင်း တိုက်ပွဲများသည် သက်ရှိရန်သူအင်အားကို ချေမှုန်းနိုင်သကဲ့သို့ ရန်သူ့လက်နက်ခဲယမ်းဖြင့်လည်း မိမိတပ်ဖွဲ့အား တပ်ဆင်နိုင်သည်။ မိမိစိုးမိုးနယ်မြေကို ချဲ့ထွင်နိုင်သကဲ့သို့ စကမ လှုပ်ရှားစစ်ကြောင်းများ ဖြန့်ခွဲမှုကို ကန့်သတ်ပစ်နိုင်၏။

လက်ရှိ PDF တပ်ဖွဲ့များအတွက် သင့်လျော်သည့် ချေမှုန်းရေးတိုက်ပွဲပုံစံများလည်း ဖြစ်သည်။ ထို့ပြင် အထက်ပါ တိုက်ပွဲ ခြောက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်က အကျအဆုံး မရှိသလောက် နည်းပါးခြင်းသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ထူးခြားပါသည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်

ကန့်ဘလူနယ်မှ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်း စစ်တပ် ပြန်ထိန်းချုပ်

မောင်းမကန်ရဲစခန်းကို PDF တွေ သိမ်းပိုက် (ရုပ်/သံ)

တပ်မ ၃၃ စစ်ကြောင်း ကြားဖြတ်တိုက်မှု စစ်ကြောင်းမှူးအပါ ၅၀ ခန့်သေ၊ ၁၅ ဦး အရှင်ဖမ်းမိ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

]]>
နိုင်ငံရေးအရပါ အားပြိုင်နေသည့် ဗန်းမောက်တိုက်ပွဲ https://burma.irrawaddy.com/article/2025/11/05/407636.html Wed, 05 Nov 2025 01:00:49 +0000 https://burma.irrawaddy.com/?p=407636 စကမ စစ်တပ်ကမူ ဗန်းမောက်ဒေသတွင် SNA အားကိုးဖြင့်သာ ရပ်တည်နေခြင်းဖြစ်ပြီး SNA အားကိုးအားထား မရှိပါက ဤဒေသတွင် ရပ်တည်နိုင်ဖွယ် မရှိပါ။]]>

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သိမ်းထားသည့် အင်းတော်မြို့၏ အနောက်မြောက်ဘက် ၂၈ မိုင်ကျော်အကွာ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဗန်းမောက်မြို့ရှိ စစ်တပ်ကာကင်းစခန်းအချို့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်များက စတင် တိုက်ခိုက်ခဲ့ကြသည်။

တိုက်ပွဲ ပထမနေ့၌ပင် မြို့ကို ကာထားသည့် စစ်ကော်မရှင် (စကမ) တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းစခန်း ကာကင်းနေရာ ခြောက်ခုကို သိမ်းပိုက်ရရှိသည်ဟု သိရသည်။

ရွှေအများအပြား ထွက်ရှိသကဲ့သို့ သစ်ထုတ်လုပ်မှုများ ရှိနေသည့် ဗန်းမောက်မြို့နယ်၌ SNA တပ်များက အဓိကလှုပ်ရှား၍ စကမတပ်မှ အင်အားအချို့လည်း ပူးပေါင်းထားပြီး စုစုပေါင်း အင်အား ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

ရွှေအများအပြား ထွက်ရှိသကဲ့သို့ သစ်ထုတ်လုပ်မှုများ ရှိနေသည့် ဗန်းမောက်မြို့နယ်၌ SNA တပ်များက အဓိကလှုပ်ရှား၍ စကမတပ်မှ အင်အားအချို့လည်း ပူးပေါင်းထားပြီး စုစုပေါင်း အင်အား ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဗန်းမောက်တမြို့နယ်လုံးတွင် လူဦးရေ ၁ သိန်းကျော်ရှိသော်လည်း မြို့ပေါ်တွင် နေထိုင်သူမှာ ၅,၀၀၀ ခန့်သာရှိပြီး မြို့နေလူဦးရေ၏ ထက်ဝက်ကျော်မှာ တိုက်ပွဲများဖြစ်လာပြီးနောက် အခြားဒေသများသို့ တိမ်းရှောင်သွားကြသည်။

တိုက်ပွဲစတင်သည့်နေ့ကတည်းက အင်းတော်မြို့နှင့် ဆက်သွယ်ထားသည့် အင်းတော်-ဗန်းမောက် လမ်းပိုင်းကို တော်လှန်ရေးတပ်များဘက်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

ဗန်းမောက်မြို့ကို NUG လက်အောက်ခံ ကသာခရိုင်တပ်ရင်းများဖြစ်သော ကသာ၊ ထီးချိုင့်၊ ဗန်းမောက်နှင့် အင်းတော်အခြေစိုက် PDF တပ်ရင်းများက ဦးဆောင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထူးတပ်ရင်းများလည်း ပါဝင်သည်။

ထို့ပြင် ကတူး (ကဒူး) တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် Kadu Army လည်း ပူးပေါင်းပါဝင်နေသည်ဟု သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ငါးရက်မြောက်နေ့တွင် အဓိက ကာကင်းတခုကို တော်လှန်ရေးတပ်များ ထပ်မံသိမ်းပိုက်ရရှိပြီး ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်များက စကမတပ်နှင့် ရှမ်းနီတပ်၏ ကာကင်းစခန်း ခုနစ်ခုထက်မနည်း သိမ်းပိုက်ထားနိုင်ခဲ့၏။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ ခြောက်ရက်မြောက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် နောက်ဆုံးလက်ကျန်စခန်းကို သိမ်းပိုက်ပြီး ဗန်းမောက်မြို့အား အလုံးစုံရရှိကာ ရှမ်းနီ SNA နှင့် စစ်ကောင်စီတပ်သားများအားလုံး ထွက်ပြေးသွားကြသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ ခြောက်ရက်မြောက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် နောက်ဆုံးလက်ကျန်စခန်းကို သိမ်းပိုက်ပြီး ဗန်းမောက်မြို့အား အလုံးစုံရရှိကာ ရှမ်းနီ SNA နှင့် စစ်ကောင်စီတပ်သားများအားလုံး ထွက်ပြေးသွားကြသည်။

ဗန်းမောက်မြို့၌ SNA တပ်မဟာ ၆၁၄၊ ၉၇၂၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင် အခြေချနေထိုင်သည့် မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်းများကို စက်တင်ဘာ ၁၅ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့ပေါ်နေရာတချို့ သိမ်းပြီးနောက် တွေ့ရသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ

မြို့အနီးရှိ ဒန်ဘိုဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက် မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး သင်တန်းကျောင်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှ ဆုတ်ခွာထွက်ပြေးသွားသည့် ရှမ်းနီ SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့နှင့် နှစ်မိုင်ကျော်အကွာ ဇလုံတောင်ဘက် သွားရာလမ်းပေါ်ရှိ ခမိုးရွာ တာဝါတိုင်ကုန်းတွင် အထိုင်စခန်းချပြီး ခံစစ်ပြင်နေခြင်းကြောင့် တော်လှန်ရေးအင်အားစုများက စက်တင်ဘာလ ၂၃ ရက် ခမိုးရွာအနီး တာဝါတိုင်ကုန်း၌ စီးနင်းတိုက်ခိုက်ရာတွင် သုံ့ပန်းတချို့ ဖမ်းဆီးရမိခဲ့သည်။

ဗန်းမောက်မြို့နယ်ကို တော်လှန်ရေးအင်အားစုများ မသိမ်းပိုက်ခင်အထိ မြို့ပေါ်နှင့် ဗန်းမောက်အနောက်ခြမ်း ကြောင်လည်ရွာတို့၌ SNA တပ်ဖွဲ့က စိုးမိုးထိန်းချုပ်နေခြင်းဖြစ်ရာ တော်လှန်ရေးအင်အားစုများက မြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းကြောင့် SNA သည် ဗန်းမောက်အနောက်ခြမ်း ဟုမ္မလင်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ကြောင်လည်ဘက်သို့ ဆုတ်သွားခဲ့၏။

ဗန်းမောက်တိုက်ပွဲတွင် စစ်အုပ်စုနှင့် SNA ဘက်က ဗိုလ်တဦးအပါအဝင် အလောင်း ခုနစ်လောင်း ရရှိခဲ့ပြီး စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့သည်ဟု PDF အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော်လည်း ဗန်းမောက် အနောက်ခြမ်းတခုလုံးကို SNA တပ်များက စိုးမိုးထားသေးသည့်အတွက် တိုက်ပွဲများ ဆက်ရှိနေသေးပြီး စကမ ဘက်ကလည်း ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စသည့်နေ့ကတည်းက လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် ပြုလုပ်နေသည်ကို တွေ့ရသည်။

ရှမ်းနီ SNA တပ်များ ဆုတ်ခွာသွားသည့် မြို့မြောက်ဘက်ခြမ်းနှင့် အနောက်ဘက်ရှိ ကာကင်းနေရာတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များက ဆုတ်ပြေးသွားသည့် SNA များကို လိုက်လံတိုက်ခိုက်ခဲ့၍ စက်တင်ဘာ ၂၅ ရက်နေ့အထိ ဗန်းမောက်အနောက်မြောက်ခြမ်း ခမိုးရွာနှင့် အနောက်ခြမ်းရှိ ပင်ဟင်းခါး၊ ရွှေချောင်းရွာများဘက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပြန်လည်ထိုးစစ်ဆင်ခြင်း

စက်တင်ဘာလ ၂၁ ရက်နေ၌ ဗန်းမောက်မြို့ပေါ်မှ ပင်းခါးကျေးရွာအထိ ဆုတ်ခွာသွားသည့် SNA တပ်များအား စကမတပ်က ဟုမ္မလင်းသို့ လေကြောင်းဖြင့်ပို့ပေးသည့် တပ်ရင်းတရင်း (ခမရ ၁၆ ဟု ယူဆရ) မှ စစ်အင်အားများ ထပ်ဖြည့်တင်းပြီး ဗန်းမောက်မြို့ကို ပြန်လည်ရယူရန် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြုပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှစ၍ ပြန်လည်ထိုးစစ်ဆင်သည်ကို တွေ့ရသည်။

တကယ်တမ်းတွင် ဗန်းမောက်မြို့အား ပြန်လည် ထိုးစစ်ဆင်ရာတွင်သာမက ဗန်းမောက်မြို့အား PDF များက တိုက်ခိုက်စဉ်ကလည်း စကမသည် လေကြောင်းပစ်ကူကို နေ့စဉ်နီးပါး အသုံးပြုခဲ့ကြောင်း သိရသည်။

တကယ်တမ်းတွင် ဗန်းမောက်မြို့အား ပြန်လည် ထိုးစစ်ဆင်ရာတွင်သာမက ဗန်းမောက်မြို့အား PDF များက တိုက်ခိုက်စဉ်ကလည်း စကမသည် လေကြောင်းပစ်ကူကို နေ့စဉ်နီးပါး အသုံးပြုခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ကစပြီး ဗန်းမောက်မြို့အနောက်ခြမ်း ၅ မိုင်အကွာတွင်ရှိသည့် စက်တောရွာအနီးသို့ စကမတပ်နှင့် SNA ပူးပေါင်းတပ်များ ထိုးစစ်ဆင်ရောက်လာသည့်အတွက် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ထိုးစစ် စတင်ပြီး နှစ်ပတ်အတွင်း ရွှေကျောင်း၊ ခိုပြင်၊ ညောင်သာယာ၊ ခမိုး၊ အလယ်ရွာ၊ ကံရွာ စသည့် ကျေးရွာများကို PDF တပ်ဖွဲ့များက ပြန်လည် လက်လွှတ်ခဲ့ရသည်ဟု သိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဗန်းမောက်မြို့နှင့် အနီးရှိကျေးရွာများဖြစ်သည့် စက်တော၊ နားယကာ၊ ခမိုး စသည့်ကျေးရွာများ၌ SNA နှင့် PDF တပ်ဖွဲ့တို့ကြားတွင် တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာသည်ဟု သိရသည်။

PDF တပ်ဖွဲ့ကလည်း SNA ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့၏ အနောက်ဘက်ခြမ်းဒေသဖြစ်သော ကြောင်လည်ကျေးရွာသို့ ထိုးဖောက်တိုက်ခိုက်သဖြင့် အောက်တိုဘာလ ၈ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

စကမနှင့် SNA ပူးပေါင်းတပ်များသည် အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ဗန်းမောက်မြို့နှင့် တမိုင်ကျော်အကွာတွင်ရှိသည့် ဗန်းမောက်အနောက်ခြမ်း နားယကာရွာအထိ ထိုးစစ်ဆင်လာသကဲ့သို့ ဗန်းမောက်မြို့မြောက်ပိုင်း ခမိုးရွာဘက်မှလည်း ထိုးစစ်ဆင်နေသဖြင့် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။

ကသာခရိုင် အမှတ် (၄) တပ်ရင်း

စကမနှင့် SNA တပ်များသည် ဗန်းမောက်မြို့အနီး စက်တောရွာအထိ ရောက်ရှိလာပြီးနောက် နားယကာရွာအထိ တဖြည်းဖြည်း ဆက်တိုးနေသည်ဟုသိရ၏။ စကမနှင့် SNA တပ်များသည် ဗန်းမောက်မြို့ကို ဦးတည်၍ အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသဖြင့် ဗန်းမောက်အနီးရှိ အလယ်ရွာ၊ ကံရွာ၊ ပင်ဟင်းခါး၊ ရွှေကျောင်း၊ စက်တောရွာနှင့် ခမိုးရွာများမှ PDF များက ဆုတ်ခွာပေးထားရသော်လည်း ဗန်းမောက်မြို့ကို ဆက်လက် ထိန်းထားနိုင်ဆဲဖြစ်သည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိနေခဲ့သည့် ဒေသခံမျာ၏ ကုန်စည်များကို ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပိုင်ရှင်များထံ ပြန်လည်လွှဲပေးနေပြီး ပွဲရုံများ၊ ကုန်စုံဆိုင်များနှင့် ဂိုထောင်များရှိ ကုန်ပစ္စည်းများကို ပိုင်ဆိုင်မှု အထောက်အထားများနှင့်အတူ ထုတ်ပေးနေသည်ဟု သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိနေခဲ့သည့် ဒေသခံမျာ၏ ကုန်စည်များကို ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပိုင်ရှင်များထံ ပြန်လည်လွှဲပေးနေပြီး ပွဲရုံများ၊ ကုန်စုံဆိုင်များနှင့် ဂိုထောင်များရှိ ကုန်ပစ္စည်းများကို ပိုင်ဆိုင်မှု အထောက်အထားများနှင့်အတူ ထုတ်ပေးနေသည်ဟု သိရသည်။

ကုန်ပစ္စည်းများ ပြန်လည်ထုတ်ယူလိုသူများအနေဖြင့် ပအဖနှင့် ပကဖ တာဝန်ခံများထံ ဆက်သွယ်နိုင်သည်ဟု ဗန်းမောက်မြို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက ပြောကြားသည်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်က တွေ့ရှိရပြီး လက်ရှိ စကမတပ်နှင့် SNA တပ်များက မြို့ပြင်နေရာအချို့အား တိုက်ခိုက်နေသော်လည်း ဗန်းမောက်မြို့ကို အပြည့်အဝ ထိန်းချုပ်ဆဲဖြစ်သည်ဟုသိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး နားယကာရွာ ဘုရားကုန်းနှင့် ခမိုး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ စကမစစ်တပ်နှင့် SNA အဖွဲ့က ဗန်းမောက်မြို့ပေါ်ကို ၁၂၀ မမ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဗန်းမောက်မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦအချို့ မီးလောင်ခဲ့သည်ဟု သိရှိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ သတင်းအရ ဗန်းမောက်မြို့တွင် နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဗန်းမောက်မြို့၏ အနောက်ဘက်ခြမ်း တမိုင်ခန့်အကွာက နားယကာကျေးရွာမှ နေအိမ်များကို စကမတပ်နှင့် ရှမ်းနီတပ် SNA တို့က မီးရှို့ဖျက်ဆီးနေပြီး မြစ်သေးချင်းကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

လက်ရှိ စကမတပ်နှင့် SNA တပ်သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းမှ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိသည်ဟု သိရသည်။ သို့သော် စကမတပ်နှင့် ရှမ်းနီ SNA တို့ ယခုအထိ ဗန်းမောက်မြို့အား ထိုးစစ်ဆင်သည့် သတင်းမကြားရသေးပေ။

ဗန်းမောက်၊ ရှမ်းနီများ၊ PDF နှင့် SNA

ဗန်းမောက် အနောက်ခြမ်းနှင့် ဗန်းမောက်မြောက်ဘက် ဟုမ္မလင်းနယ်များတွင် ရှမ်းနီရွာ အများအပြားရှိပြီး SNA စတင်အခြေပြုရာ အားကောင်းရာဒေသလည်းဖြစ်သည်။ SNA ဌာနချုပ်အခြေပြုရာဒေသလည်းဖြစ်သည်။ ထို့ပြင် ဗန်းမောက်ဒေသ SNA ထိန်းချုပ်ရာနယ်မြေ၊ အထူးသဖြင့် ဗန်းမောက်အနောက်ခြမ်းသည် ရွှေအလွန်ထွက်ပြီး SNA အတွက် အဓိက ဘဏ္ဍာအရင်းအမြစ်ဖြစ်သည်။

SNA သည် ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပဋိပက္ခရှိ၍ စစ်ကိုင်းတိုင်းအတွင်း စတင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတိုင်ခင်က စစ်တပ်အား တော်လှန်သည့်အဖွဲ့အစည်းဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီး KIA နှင့် ပဋိပက္ခအား အကြောင်းပြု၍လည်းကောင်း၊ လက်နက်ခဲယမ်း ရရှိရေးအတွက်လည်းကောင်း စကမနှင့် ပူးပေါင်းသွားသည့်အဖွဲ့ဖြစ်သည်။ ဗန်းမောက်ဒေသတွင် အခြေခံကောင်းသည့် အဖွဲ့အစည်းဖြစ်သည်။

SNA သည် ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပဋိပက္ခရှိ၍ စစ်ကိုင်းတိုင်းအတွင်း စတင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတိုင်ခင်က စစ်တပ်အား တော်လှန်သည့်အဖွဲ့အစည်းဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီး KIA နှင့် ပဋိပက္ခအား အကြောင်းပြု၍လည်းကောင်း၊ လက်နက်ခဲယမ်း ရရှိရေးအတွက်လည်းကောင်း စကမနှင့် ပူးပေါင်းသွားသည့်အဖွဲ့ဖြစ်သည်။ ဗန်းမောက်ဒေသတွင် အခြေခံကောင်းသည့် အဖွဲ့အစည်းဖြစ်သည်။

အလားတူပင် ဗန်းမောက်၊ အင်းတော်၊ ဟုမ္မလင်း၊ ခန္တီးဒေသမှ PDF များ၊ ပအဖ၊ ပကဖ များသည်လည်း ရှမ်းနီအများစုဖြစ်ကြသည်။ ဗန်းမောက်၊ အင်းတော်ဒေသတွင် ကတူးအင်အားစုများက PDF များနှင့် ပူးပေါင်းသည်ကို တွေ့ရသည်။ ဗန်းမောက်တိုက်ပွဲတွင် ရှမ်းနီလူထုကြား မတူသည့် နိုင်ငံရေးအင်အားစုများဖြစ်သော ဒီမိုကရက်များနှင့် အမျိုးသားရေးဝါဒီများကြား အားပြိုင်နေသည် အခြေအနေကို တွေ့ရသည်။

စကမ စစ်တပ်ကမူ ဗန်းမောက်ဒေသတွင် SNA အားကိုးဖြင့်သာ ရပ်တည်နေခြင်းဖြစ်ပြီး SNA အားကိုးအားထား မရှိပါက ဤဒေသတွင် ရပ်တည်နိုင်ဖွယ် မရှိပါ။

ဗန်းမောက် ပြန်လည်ထိုးစစ်

ဗန်းမောက်၏ အရပ်သုံးမျက်နှာကို တော်လှန်ရေးတပ်များ တိုးချဲ့ထိန်းချုပ်/IPSMyanmar

လက်ရှိ ဗန်းမောက်နယ်တွင် စကမ၏ တပ်မ ၇၇ နှင့် တပ်မ ၃၃ တို့မှ တပ်အင်အားအချို့ လက်ကျန်ရှိသော်လည်း အင်အားမများနိုင်ပါ။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအပြီး ဟုမ္မလင်းမှ လေကြောင်းဖြင့် ထပ်အင်အားဖြည့်သည်မှာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ တပ်ရင်းတရင်းခန့်သာရှိပြီး အင်အား ၁၅၀ မျှသာ ရှိနိုင်သည်။

စကမ တပ်ရင်းသည် SNA အင်အား ၄၀၀ ခန့်ကို အဓိက အားထားပြီး လက်နက်ခဲယမ်းပံ့ပိုးခြင်း၊ လေကြောင်းပစ်ကူပံ့ပိုးပေးခြင်း ပြုလုပ်ပြီး ဗန်းမောက်ထိုးစစ်ကို ပြုလုပ်နေပုံရ၏။ ဗန်းမောက်မြို့အား ခုခံကာကွယ်ရာတွင်လည်း စကမတပ်က အနာခံမတိုက်သကဲ့သို့ ယခု ပြန်လည် ထိုးစစ်ဆင်ရာတွင်လည်း အနာခံမတိုက်ဘဲ ရှမ်းနီတပ် SNA ကို အသုံးချနေပုံရသည်။

ဒေသခံများ၏ အဆိုအရ SNA ကလည်း ဗန်းမောက်မြို့ကို သိမ်းပိုက်ပါက စကမ သာ အုပ်ချုပ်ရေး ရယူမည်ဖြစ်ပြီး သူ့တို့အတွက် အကျိုးမရှိပေ။ SNA အတွက် အရေးကြီးသည်မှာ ဗန်းမောက်မြို့ အနောက်ဘက်နှင့် မြို့ပတ်လည်ရှိ ရွှေတွင်းများရှိသည့်အပြင် ဗန်းမောက်အနောက်ခြမ်း SNA ထိန်းချုပ်ရာဒေသရှိ ရွှေတွင်းများသည် ထိုဒေသတဝိုက်တွင် ရွှေထွက်ရှိမှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ကျော်ကြားသည်။

SNA ၏ စစ်ရေးရည်မှန်းချက်သည် ရွှေတွင်း ကာကွယ်‌ရေးက အဓိကဖြစ်သည်ဟု ဆိုကြ၏။ ရွှေတွင်းများသည် ဘဏ္ဍာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပြီး ဘာမဆိုရနိုင်သည့် နေရာများဖြစ်၍ SNA သည် ရွှေတွင်းကို ပိုအာရုံထားပြီး ဗန်းမောက်မြို့ကို အာရုံမထားဟု ဆိုကြသည်။

SNA ၏ စစ်ရေးရည်မှန်းချက်သည် ရွှေတွင်း ကာကွယ်‌ရေးက အဓိကဖြစ်သည်ဟု ဆိုကြ၏။ ရွှေတွင်းများသည် ဘဏ္ဍာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပြီး ဘာမဆိုရနိုင်သည့် နေရာများဖြစ်၍ SNA သည် ရွှေတွင်းကို ပိုအာရုံထားပြီး ဗန်းမောက်မြို့ကို အာရုံမထားဟု ဆိုကြသည်။

စကမ အတွက် အခက်အခဲမှာ တပ်အင်အားဖြည့်တင်းရန် အခက်အခဲရှိသဖြင့် တပ်အင်အား အများအပြား မဖြည့်တင်းနိုင်ခြင်း၊ SNA အား လက်နက်ခဲယမ်းထောက်ပံ့ခြင်း၊ လေကြောင်းပစ်ကူပေးခြင်းဖြင့် အသုံးပြုနေရခြင်း၊ ဗန်းမောက်သို့ ထောက်ပို့ရန် ရဟတ်ယာဉ်ဖြင့် တိုက်ရိုက် မဟုတ်ပါက လေကြောင်း၊ ရေကြောင်းဖြင့် ဟုမ္မလင်းသို့ ပို့ပြီး ဟုမ္မလင်းမှတဆင့်သာ ကုန်းလမ်း ထောက်ပို့နိုင်ပြီး ဟုမ္မလင်း၊ ဗန်းမောက်လမ်းမှာ မိုးတွင်း၌ ဆိုးဝါးခြင်းတို့‌ကြောင့် ဖြစ်သည်။

ထို့ကြောင့်လည်း စက်တင်ဘာလ ၁၅ ရက်နေ့တွင် PDF များက စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့က သိမ်းပိုက်ခဲ့သည့် ဗန်းမောက်မြို့အား စကမနှင့် ရှမ်းနီတပ် SNA များက စက်တင်ဘာလ ၂၇ ရက်မှ စတင်၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး မြို့အနီးသို့ ကပ်နိုင်ခဲ့သော်လည်း အောက်တိုဘာလ ၂၉ ရက်နေ့အထိ တလကျော်သည့်တိုင် အနာခံ၍ ထိုးစစ်ဆင်နိုင်ခြင်းမရှိ၊ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မပြီးမပြတ်သော တိုက်ပွဲဖြစ်နေသည်။

PDF နှင့် SNA တပ်များသည် ဗန်းမောက်မြို့သိမ်းတိုက်ပွဲ၌ စစ်ရေးအရသာ အားပြိုင်နေခြင်း မဟုတ်ဘဲ ဗန်းမောက်ဒေသ ရှမ်းနီလူထုကြားတွင်ပါ နိုင်ငံရေးအရ အားပြိုင်နေသည်ဟု ဆိုရမည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ဗန်းမောက်မြို့ပေါ် တော်လှန်ရေးတပ်များ ထိန်းချုပ်

ဗန်းမောက်ကို ဘာကြောင့် တိုက်နေတာလဲ (ရုပ်/သံ)

ဗန်းမောက်မြို့နယ်က ဆေးရုံ ၂ ရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ဗန်းမောက်တွင် ဆရာတော်တပါး အသတ်ခံရမှု ရှမ်းနီအရပ်ဘက်အဖွဲ့များ ရှုတ်ချ

]]>
PDF များ၏ စစ်ကိုင်းတိုင်း ပြောက်ကျားဒေသနှင့် လွတ်မြောက်ဒေသ https://burma.irrawaddy.com/article/2025/10/03/406405.html Fri, 03 Oct 2025 02:44:48 +0000 https://burma.irrawaddy.com/?p=406405 စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ များပြား၍ တတိုင်းလုံး ပြောက်ကျားဒေသ ဖြစ်နေသည်။]]>

စစ်ကိုင်းတိုင်းသည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် တိုင်းတတိုင်းလုံး အရှိန်အဟုန်ဖြင့် ပါဝင်လာသည့်ဒေသ ဖြစ်သည်။ စစ်ကိုင်းတိုင်းသည် ၉၃၇၀၄.၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ တိုင်း ခုနစ်တိုင်းတွင် အကြီးဆုံးတိုင်းဖြစ်ပြီး တပြည်လုံးအတိုင်းအတာအရ ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံးတိုင်း ဖြစ်၏။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၅ သန်းကျော် နေထိုင်သည်။

စစ်ကိုင်းတိုင်းအတွင်း ခရိုင် ၁၃ ခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ပါဝင်သည်။ ထို ၁၃ ခရိုင်ကို မြို့နယ် ၃၈ မြို့နယ်ဖြင့် ထပ်မံပိုင်းခြားသည်။ မြို့ပေါင်း ၅၀ ၊ ရွာပေါင်း ၅,၉၉၁ ရွာ တည်ရှိသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ

၁။ မုံရွာခရိုင် (မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်)
၂။ စစ်ကိုင်းခရိုင် (စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်)
၃။ ရွှေဘိုခရိုင် (ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်)
၄။ ရေဦးခရိုင် (ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်)
၅။ ခန္တီးခရိုင် (ခန္တီးမြို့နယ်)
၆။ ဟုမ္မလင်းခရိုင် (ဟုမ္မလင်းမြို့နယ်)
၇။ ကလေးခရိုင် (ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်)
၈။ ကသာခရိုင် (ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်)
၉။ ကောလင်းခရိုင် (ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ်)
၁၀။ ကန့်ဘလူခရိုင် (ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်)
၁၁။ တမူးခရိုင် (တမူးမြို့နယ်)
၁၂။ မော်လိုက်ခရိုင် (မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်)
၁၃။ ယင်းမာပင်ခရိုင် (ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်)
၁၄။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်) ဒေသအားလုံးတွင် လက်နက်ကိုင်ပုန်ကန်မှု ရှိနေသည်။ PDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နွေဦးအင်အားစုများ ရှိနေသည်မှာ စစ်ကိုင်းတိုင်း၏ ထူးခြားချက်ဖြစ်သည်။

နွေဦးအင်အားစုများ

တိုင်းတတိုင်းလုံး ပုန်ကန်နေသည့်ဒေသဖြစ်ပြီး အဓိကအင်အားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF၊ ပကဖ တပ်ဖွဲ့များ အများစု လှုပ်ရှား၏။ ကျန် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ပုလဲ ဗိုလ်နဂါး၊ 96 soldiers စသည့် မိမိဘာသာ ရပ်တည်ကြသည့် တော်လှန်ရေးတပ်ဖွဲ့များလည်းရှိသည်။

လက်နက်ကိုင်ပုန်ကန်မှု အားအနည်းဆုံးဒေသဟု ဆိုနိုင်သည့် နာဂတောင်တန်းတွင်ပင်လျှင် PDF တပ် ဖွဲ့စည်းထားသကဲ့သို့ မူလ နာဂတိုင်းရင်းသားတပ်ဖွဲ့များလည်း ရှိ၏။

စစ်ကိုင်းတိုင်း၏ ခရိုင်တိုင်း၊ မြို့နယ်တိုင်းတွင် PDF တပ်ရင်းများ၊ ပကဖများ ဖွဲ့စည်းထားရှိပြီး စစ်ကိုင်းတိုင်းသည် အမှတ် ၁ စစ်ဒေသတွင် ပါဝင်သည်။ ၂၀၂၂၊ ၂၀၂၃ ခုနှစ် စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း PDF တပ်ရင်း ၁၃၈ ရင်းအထိ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရပြီး ယခုအခါ တပ်ရင်းအချို့အား ပြန်လည်ပူးပေါင်းဖွဲ့စည်းသဖြင့် တပ်ရင်း ၁၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

စစ်ကိုင်းတိုင်း၏ ခရိုင်တိုင်း၊ မြို့နယ်တိုင်းတွင် PDF တပ်ရင်းများ၊ ပကဖများ ဖွဲ့စည်းထားရှိပြီး စစ်ကိုင်းတိုင်းသည် အမှတ် ၁ စစ်ဒေသတွင် ပါဝင်သည်။ ၂၀၂၂၊ ၂၀၂၃ ခုနှစ် စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း PDF တပ်ရင်း ၁၃၈ ရင်းအထိ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရပြီး ယခုအခါ တပ်ရင်းအချို့အား ပြန်လည်ပူးပေါင်းဖွဲ့စည်းသဖြင့် တပ်ရင်း ၁၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၃)

ရန်သူ့အင်အား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို ကွပ်ကဲ၏။ တိုင်းလက်အောက်ခံ ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၇ ရင်းရှိပြီး မင်းတပ်နှင့် မတူပီ အခြေစိုက် တိုင်းတပ်ရင်းသုံးရင်းကမူ ဖွဲ့စည်းပုံပျက်သွားပြီဖြစ်သည်။

တိုင်းတပ်များအပြင် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ နှင့် လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ ကလေးတွင် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀)၊ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဌာနချုပ်တို့ အသီးသီးအခြေအ‌စိုက်သည်။

နွေဦးတော်လှန်ရေးစကတည်းက တိုင်းအတွင်းရှိ စကခ ၁၀၊ တပ်မ ၃၃ တို့အား အခြားစစ်ဆင်ရေးသို့ ပို့သည်ရှိ‌သော်လည်း နောက်ချန်တပ်ရင်းများကမူ တိုင်းအတွင်း စစ်ဆင်ရေးဝင်ရသည်ကို တွေ့ရသည်။ ထို့ပြင် နမခ လက်အောက် စစ်ကိုင်းတိုင်းအတွင်း သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း စသည့် စစ်လက်ရုံးတပ်၊ ဝန်ထမ်းတပ်များ ရှိသေး၏။

စစ်ကိုင်းတိုင်း စစ်ဆင်ရေးတွင် တိုင်းတပ်များသာမက ဖူးကြီးအခြေစိုက် စကခ ၄ (တပ်မဟာ ၄)၊ အင်းတကော်အခြေစိုက် တပ်မ ၇၇ နှင့် တပ်မ ၈၈ မှ တပ်အချို့ကိုလည်း စစ်ဆင်ရေးအတွက် ခေါ်ယူသုံးစွဲသည်ကို တွေ့ရသည်။ ထိုတပ်များသည် အမြဲတမ်း အပြောင်းအလဲဖြစ်နေသည်ကို တွေ့ရသည်။

စစ်တပ်အတွက် အားကိုးအားထားအဖြစ် ကန့်ဘလူနယ်တွင် အမာခံ ပြူစောထီးရွာများ ရှိသည်။ အစောပိုင်းကာလက ပြူစောထီးရွာ ၂၀ နီးပါးခန့်ရှိသော်လည်း နောက်ပိုင်းတွင် အတင်းအကျပ် စည်းရုံးသိမ်းသွင်းမှုကြောင့် ပြူစောထီးရွာ ၄၀ ခန့် ရှိလာသည်ဟု သိရ၏။

ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီးနှင့် တမူးနယ်များတွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်များရှိ၏။ တမူးတွင် အိန္ဒိယအစိုးရအား ပုန်ကန်‌နေကြသော သူပုန်များဖြစ်ကြသည့် ကသည်းသူပုန်များ၊ အာသံသူပုန်များနှင့် နာဂသူပုန်အချို့အား မြန်မာစစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားပြီး အသုံးချနေသည်ကို တွေ့ရသည်။

ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီးနှင့် တမူးနယ်များတွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်များရှိ၏။ တမူးတွင် အိန္ဒိယအစိုးရအား ပုန်ကန်‌နေကြသော သူပုန်များဖြစ်ကြသည့် ကသည်းသူပုန်များ၊ အာသံသူပုန်များနှင့် နာဂသူပုန်အချို့အား မြန်မာစစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားပြီး အသုံးချနေသည်ကို တွေ့ရသည်။

ပြောက်ကျားဒေသ

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ များပြား၍ တတိုင်းလုံး ပြောက်ကျားဒေသ ဖြစ်နေသည်။ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို မြို့ကြီးများအပါအဝင် မြို့များတွင် မြို့တွင်းကိုသာ စစ်တပ်ထိန်းချုပ်နိုင်၏။ မြို့ပြင် ကျေးလက်ဒေသကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

မြို့များကိုပင် တော်လှန်ရေးတပ်ဖွဲ့များက အချိန်မရွေး ဝင်ထွက်နိုင်သည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေးလမ်းကြောင်း အများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းကတည်းက မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ဆက်သွယ်ရေး ပြတ်တောက်သွားပြီ ဖြစ်သည်။ ပြည်မနှင့် ကချင်ပြည်နယ် ကုန်းလမ်းဆက်သွယ်ရေးကို PDF များက ချုပ်ကိုင်ဖြတ်တောက်ထားသည်။

မုံရွာမြို့နှင့် အနီးရှိ မြို့နယ်များပြ မြေပုံ / ဧရာဝတီ

လွတ်မြောက်ဒေသ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ခါမ်းပါတ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ရွှေပြည်အေးမြို့၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်တွင် မော်လူးမြို့၊ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်တွင် မြို့သစ်မြို့၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် ပင်လည်ဘူးမြို့၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် အင်းတော်မြို့၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဗန်းမောက်မြို့တို့ကို PDF တပ်များက သိမ်းပိုက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ကောလင်းမြို့အား PDF များက သိမ်းပိုက်ခဲ့သော်လည်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်သဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်ရရှိသွားခဲ့၏။ သို့ဖြစ်ရာ စစ်ကိုင်းတိုင်းအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှစ၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့အထိ မြို့ ရှစ်မြို့ သိမ်းပိုက်ခဲ့ပြီး တမြို့ ပြန်လည် လက်လွှတ်ခဲ့ရသဖြင့် လက်ရှိတွင် ခုနစ်မြို့အား ပြန်ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရသည်။

တရုတ်က စစ်ကော်မရှင် (စကမ) တပ်အား ဘက်စုံက အကူအညီပေးနေပြီး တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကို ဖိအားပေး၍ နည်မျိုးစုံဖြင့် ဖြိုခွဲနေသည့် ၂၀၂၅ ခုနှစ်အတွင်းတွင်ပင် PDF တပ်များက အင်းတော်နှင့် ဗန်းမောက်မြို့နှစ်မြို့ကို ထပ်မံ သိမ်းပိုက်နိုင်သည်။

စစ်ကိုင်းတိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် မြို့ ခုနစ်မြို့အနက် မော်လူး၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ရွှေပြည်အေး ငါးမြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင်ရှိပြီး ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် တဆက်တစပ်တည်းရှိသော နယ်မြေဖြစ်၏၊

စစ်ကိုင်းတိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် မြို့ ခုနစ်မြို့အနက် မော်လူး၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ရွှေပြည်အေး ငါးမြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင်ရှိပြီး ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် တဆက်တစပ်တည်းရှိသော နယ်မြေဖြစ်၏၊

ခါမ်းပါတ်နှင့် မြို့သစ်ကမူ ချင်းတွင်းမြစ်အနောက်ဘက် အိန္ဒိယနယ်စပ်တွင်ရှိသည်။ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း လွတ်မြောက်ဒေသ ငါးမြို့နှင့် အနောက်ဘက်ခြမ်းမှ လွတ်မြောက် မြို့နှစ်မြို့မှာ ချင်းတွင်းမြစ်ခြားသကဲ့သို့ မော်လိုက်ခရိုင်ခြား၏။

သို့သော် လွတ်မြောက်ဒေသနှစ်ခုအကြားရှိ မော်လိုက်ခရိုင်အတွင်း ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ဖောင်းပြင်မြို့နယ်နှင့် ချင်းတွင်းအနောက်ဘက်ကမ်းရှိ မော်လိုက်မြို့နယ်တို့အား PDF များက ချုပ်ကိုင်ထားနိုင်သည်။

မော်လိုက်မြို့နှင့်အနီးရှိ ရွာသုံးရွာခန့်၊ ဖောင်းပြင်မြို့နှင့်အနီးရှိ ရွာသုံးရွာခန့်သာ စကမ တပ်များက ထိန်းချုပ်နိုင်တော့၏။ မော်လိုက်နှင့် ဖောင်းပြင်မြို့နယ်တွင်းရှိ နယ်မြေနှင့် ကျေးရွာအများစုအား PDF များက ထိန်းချုပ်ထားနိုင်သဖြင့် ချင်းတွင်းမြစ်အနောက်နှင့် ‌အရှေ့ရှိ လွတ်မြောက်ဒေသများသည် တဆက်စပ်တည်း ဖြစ်နေသည်။

စစ်ကိုင်းတိုင်းမြောက်ဘက်ရှိ လွတ်မြောက်ဒေသ မြို့ ခုနစ်မြို့နှင့် ဆက်စပ်ဒေသများမှာ ထူးခြားချက်များရှိ၏။ ထူးခြားချက်တခုမှာ တောင်တန်းထူထပ်သောဒေသ ဖြစ်သည်။ စစ်ကိုင်းတိုင်းတောင်ပိုင်း နယ်မြေအများစုမှာ မြေပြန့်လွင်ပြင်ဒေသများ ဖြစ်သည်။ ခင်တန်း၊ လျှို၊ ချပ် စသည်တို့သာရှိသည်။ တောတောင်ထူထပ်ခြင်း မရှိပေ။

အင်းတော်နှင့် ကသာကြားတွင် ဖက်လိပ်တောင်ကြောရှိပြီး ထိုတောင်ကြောသည် ထီးချိုင့်အထိ သွယ်တန်းနေ၏။ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်ကြားတွင် မိုင်းသုန်တောင်ရှိပြီး ပေ ၅,၀၀၀ ကျော်မြင့်သည်။ ဗန်းမောက်နှင့် ပင်လည်ဘူး အနောက်ဘက်တွင် မှန်တောင်ကြောရှိပြီး ချင်းတွင်းမြစ်နှင့် မူးမြစ်ကြားတွင် သွယ်တန်းနေကာ ပေ ၂,၀၀၀ ကျော်မှ ၃,၀၀၀ ကျော်အထိ မြင့်မားသည်။ ထိုတောင်ကြောသည် တန့်ဆည်အနောက်ဘက်၊ မုံရွာမြောက်ဘက်ရှိ မဟာမြိုင်တောရနှင့် တဆက်တည်းဖြစ်နေသည်။ ထို့ပြင် မြို့သစ်နှင့် ခါမ်းပါတ် နှစ်မြို့မှာလည်း ချင်းတွင်းနှင့် အိန္ဒိယနယ်စပ်ကြား တောင်တန်းတလျှောက်တည်ရှိ၏။

ထို့ပြင် မော်လူး၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူးဒေသသည် ကချင်လွတ်လပ်ရေးအဖွဲ (KIO)/ ကချင်လွပ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ ကချင်ပြည်နယ်ဒေသများနှင့် တဆက်တစပ်တည်းရှိ၏။ စစ်ကိုင်းတိုင်းအတွင်း၌ လက်ရှိ လွတ်မြောက်ဒေသ ခုနစ်မြို့သည် စစ်ကိုင်းတိုင်း၏ တောတောင် အထူထပ်ဆုံးဒေသတွင်ရှိသည့်အပြင် အထီးတည်းလည်း မဟုတ်ပေ။

ကချင်ပြည်တွင် KIO/KIA ထိန်းချုပ်ရာဒေသများနှင့် တဆက်တစပ်တည်း ဖြစ်သကဲ့သို့ ကုန်လမ်းဆက်သွယ်ရေးလည်း လျင်မြန် လွယ်ကူသည်။ ထို့ပြင် စစ်ကိုင်းအတွင်းတွင်လည်း မြောက်ဘက်ရှိ ဟုမ္မလင်း၊ ခန္တီး၊ နာဂဒေသများ၊ အရှေ့ဘက်နှင့် တောင်ဘက်ရှိ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ရေဦး၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ချင်းတွင်းအနောက်ဘက်ရှိ မော်လိုက်၊ တမူး၊ ယင်းမာပင် ခရိုင်များတွင်းရှိ PDF ၊ ပကဖများ စိုးမိုးရာ ပြောက်ကျားဒေသများနှင့် တဆက်စပ်တည်းဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ လွတ်မြောက်ဒေသများသည် မြေအနေအထားအရ စစ်ကိုင်းတိုင်းအတွင်း တောတောင်အထူထပ်ဆုံးဒေသ ဖြစ်သကဲ့သို့ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များနှင့် တဆက်စပ်တည်းရှိနေ၍ စကမ စစ်တပ်က ထိုးစစ်ဆင်လာပါကလည်း ခုခံစစ်၊ ပြောက်ကျားစစ်၊ လှုပ်ရှားချေမှုန်းစစ်များဖြင့် ကောင်းစွာ တုံ့ပြန်နိုင်သည့် အခြေအနေတွင်ရှိသည်။

စစ်ကိုင်းတိုင်းရှိ လွတ်မြောက်ဒေသများသည် မြေအနေအထားအရ စစ်ကိုင်းတိုင်းအတွင်း တောတောင်အထူထပ်ဆုံးဒေသ ဖြစ်သကဲ့သို့ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များနှင့် တဆက်စပ်တည်းရှိနေ၍ စကမ စစ်တပ်က ထိုးစစ်ဆင်လာပါကလည်း ခုခံစစ်၊ ပြောက်ကျားစစ်၊ လှုပ်ရှားချေမှုန်းစစ်များဖြင့် ကောင်းစွာ တုံ့ပြန်နိုင်သည့် အခြေအနေတွင်ရှိသည်။

လက်ရှိ စစ်ကိုင်းတိုင်း လွတ်မြောက်နယ်မြေသည် ရွှေသတ္တုထွက်ရှိပြီး သစ်ထုတ်လုပ်မှုရှိရာ၊ စီးပွားရေးကောင်းမွန်ရာ ဒေသဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအတွက် ရေခံမြေခံကောင်းခံသည့် ဒေသလည်းဖြစ်သည်။

စစ်ကိုင်းတိုင်း လွတ်မြောက်ဒေသအတွက် သတိပြုရန်မှာ ဗန်းမောက်မြို့နယ် အနောက်ဘက်နှင့် မြောက်ဘက်တွင် အခြေပြုလှုပ်ရှားဆဲဖြစ်သည့် စကမ စစ်တပ်နှင့် ပူးပေါင်းနေသော SNA တပ်ဖွဲ့ဖြစ်သည်။

ထို SNA တပ်ဖွဲ့များအား ထောက်ပို့အားဖြည့်ပေးနေသည်မှာ ဗန်းမောက်အနောက်မြောက်ဘက်ရှိ ဟုမ္မလင်းအခြေစိုက် စကမ စစ်တပ်နှင့် SNA တပ်ဖွဲ့များ ဖြစ်၏။ ဟုမ္မလင်းတွင် စကမတပ်၏ လေယာဉ်ကွင်းရှိပြီး လေယာဉ်ဖြင့် ထောက်ပို့နိုင်သကဲ့သို့ ချင်းတွင်းမြစ်ရိုးမှတဆင့် ရေကြောင်းမှ ထောက်ပို့နိုင်သည်ကို သတိပြုရန် လိုပါသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

နိဂုံး

ဤအခြေအနေကို စကမ စစ်ခေါင်းဆောင်များ မသိ၍မဟုတ်ပေ။ ပြဿနာမှာ စစ်အင်အား မလုံလောက်ခြင်းနှင့် တပ်သားသစ်အများစုဖြင့် တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် မပြည့်ဝခြင်းတို့ကြောင့် စကမ ဗိုလ်ချုပ်များ ထင်တိုင်းမပေါက်နိုင်ခြင်း ဖြစ်သည်။

ဥပမာ လက်ရှိ ကလေးမြို့အခြေစိုက် စကခ ၁၀ လက်အောက်ခံ ကလေး၊ မော်လိုက်၊ ဖောင်းပြင် အခြေစိုက် တပ်ရင်းလေးရင်းအား ပြည်-တောင်ကုတ် တောင်ကြားလမ်းရှိ ညောင်ကျိုးအား ပြန်လည် ထိုးစစ်ဆင်ရန် စေလွှတ်ထားသည်ဟုသိရ၏။ သို့ဖြစ်ရာ ဖောင်းပြင်၊ မော်လိုက်ဒေသတွင် နောက်တန်းဌာနချုပ်ရှိ နောက်ချန်အင်အားသည် မြို့နှင့်တပ်ရင်းဌာနချုပ်သာ လုံခြုံရေးယူပြီး မြို့နယ်တခုလုံးအား ထိန်းသိမ်းနိုင်ခြင်း မရှိပေ။

ထို့ကြောင့် စကမ စစ်တပ်အနေဖြင့် တနေရာတွင် ထိုးစစ်ဆင်ရန် တပ်ပို့ပါက တနေရာတွင် လစ်ဟာသည့် အခြေအနေကို ရှောင်လွှဲ၍ မရပေ။ စကမ စစ်တပ်အဖို့ ဦးနင်းပဲ့ထောင်သည့် အခြေအနေမျိုးကို ရှောင်လွှဲ၍ မရနိုင်ပေ။

သို့ဖြစ်ရာ စစ်ကိုင်းတိုင်းကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ၏ လွတ်မြောက်ဒေသ၊ ထိန်းချုပ်ဒေသများကို ပြန်လည် ထိန်းသိမ်းမည်ဟု ကြွေးကြော်နေသော်လည်း လက်တွေ့တွင် တပြည်လုံးအုံကြွမှုများ၊ တိုက်ခိုက်မှုများကြောင့် ထင်တိုင်းပေါက်လိမ့်မည် မဟုတ်ပေ။

သို့ဖြစ်ရာ စစ်ကိုင်းတိုင်းကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ၏ လွတ်မြောက်ဒေသ၊ ထိန်းချုပ်ဒေသများကို ပြန်လည် ထိန်းသိမ်းမည်ဟု ကြွေးကြော်နေသော်လည်း လက်တွေ့တွင် တပြည်လုံးအုံကြွမှုများ၊ တိုက်ခိုက်မှုများကြောင့် ထင်တိုင်းပေါက်လိမ့်မည် မဟုတ်ပေ။

စစ်ကိုင်းတိုင်းမြောက်ပိုင်းက လွတ်မြောက်ဒေသကဲ့သို့ မြေအနေအထား ကောင်းမွန်ပြီး ပတ်ဝန်းကျင်နယ်မြေများနှင့် အချိတ်အဆက်ကောင်းသည့် ဒေသများအား စကမ တပ်က ပြန်လည် ထိုးစစ်ဆင်ပါက ပို၍ခက်ခဲမည့်‌ဒေသများ ဖြစ်နေပေလိမ့်မည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

နွေဦးအင်အားစုများ လျှောက်ရမည့်လမ်း

ရွေးကောက်ပွဲလမ်းကြောင်း စစ်အုပ်စု အကြီးအကျယ် ကြိုးစားရှင်းနေသော်လည်း

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယား မလည်ပတ်နိုင်တော့ဘူး (ရုပ်/သံ)

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

ရခိုင်မှာ စကမစစ်တပ် လုံးဝ အသံမထွက်နိုင်

နွေဦးတော်လှန်ရေး လက်နက်ခဲယမ်းပြဿနာနှင့် မှောင်ခိုဈေးကွက်

]]>
စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ ၂ https://burma.irrawaddy.com/article/2025/08/02/404105.html Sat, 02 Aug 2025 03:01:55 +0000 https://burma.irrawaddy.com/?p=404105 အခြေအနေမှန်ကို ဖုံးကွယ်ပြီး အမြဲတစေ လိမ်ညာဝါဒဖြန့်ပြောဆိုခြင်းသည် စစ်တပ်၏ အကျွမ်းကျင်ဆုံး အလုပ်ဖြစ်သကဲ့သို့ လုပ်နေကျအလုပ်လည်းဖြစ်သည်။]]>

လက်ရှိတွင် တရုတ်၏ အကူအညီရသည့်အပြင် တပ်သားသစ်များ ဖြည့်တင်းနိုင်သဖြင့် စစ်ကောင်စီသည် ကျန်သည့်နေရာများတွင်လည်း ထိုးစစ်များ အကန့်အသတ်နှင့် တိုးချဲ့လာနိုင်သည်။ စစ်ကောင်စီ၏ ထိုးစစ်ရည်ရွယ်ချက်မှာ မြို့များနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ထိန်းချုပ်ရေးကို ဦးစားပေးမည်သာဖြစ်၏။ ရန်သူ့ထိုးစစ်ဆင်လာမှုကို စိုးရွံ့နေရန် မလိုသကဲ့သို့ ရန်သူ့စစ်အင်အားကိုလည်း ပိုမတွက်ရန်လိုသည်။

ရန်သူ့ထိုးစစ်ကို ရင်ဆိုင်ခြင်း

ဤနေရာတွင် စစ်ကောင်စီ၏ ထိုးစစ်ကို မည်သို့ တုံ့ပြန်မည်နည်းဆိုသည့်အချက်သည် အရေးပါ၏။ ခံစစ်သေဖြင့် တုံ့ပြန်မည်လော၊ လှုပ်ရှားခံစစ်ဖြင့် တုံ့ပြန်မည်လောဆိုသည်ကို ရွေးချယ်ကြရမည်ဖြစ်၏။

မြို့တမြို့၊ စခန်းတခုကို ထိန်းသိမ်းနိုင်ရန် ယေဘုယျ ခံစစ်သေဖြင့် ခုခံမှသာ အဆိုပါမြို့ကို လက်တွင်း ထိန်းသိမ်းနိုင်၏။ သို့သော် ခံစစ်သေဖြင့် ခံစစ်ဆင်ပါက လက်နက်ခဲယမ်း လိုအပ်ချက်မြင့်၏။ ရေရှည် လက်နက်ခဲယမ်းပြဿနာကို ဖြေရှင်းရန်လိုသည်။

ခံစစ်သေတွင် ခံစစ်စခန်းများသည် ပစ်မှတ်သေဖြစ်သဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို နေ့စဉ်ခံရမည်ဖြစ်၏။ လှုပ်ရှားခံစစ်ဖြင့် ခုခံပါက ထိုအခက်အခဲများက လွတ်ပြီး စစ်ကောင်စီကို စိတ်ကြိုက်တိုက်ခိုက်နိုင်မည်။ သို့သော် ယာယီဖြစ်စေ၊ အချိန်တခုဖြစ်စေ မြို့ကို လက်လွှတ်ပေးရန် လိုအပ်သည်။

ဤသို့ဆို၍ သိမ်းပိုက်ထားသော မြို့တိုင်းကို စွန့်လွှတ်ရန် လိုအပ်မည်မဟုတ်ပေ။ အဘယ်‌ကြောင့်ဆိုသော် စစ်တပ်၏ လက်ရှိအခြေအနေသည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့အများစုကို ထိုးစစ်ဆင်နိုင်စွမ်း မရှိ‌၍ဖြစ်၏။

စစ်ကောင်စီ၏ ထိုးစစ်ကို မည်သို့ ခုခံကာကွယ်မည်ဆိုသည့် စစ်ရေးနည်းပရိယာယ်ကို ရွေးချယ်ခွင့်သည် စစ်မြေပြင်တပ်မှူးများ လက်ထဲတွင် ရှိသည်။ ထိုးစစ်ဆင်လာသည့် ရန်သူ့စစ်အင်အား၊ စစ်ကူ၊ ပစ်ကူ၊ မြေအနေအထား၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်အင်အားနှင့် လက်နက်ခဲယမ်း သုံးစွဲနိုင်မှု၊ ဦးစားပေးရမည့် စစ်နေရာ စသည့် လိုအပ်သော အခြေအနေအချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး သုံးသပ်ချက် ချကြမည်သာဖြစ်သည်။

စစ်ကောင်စီ၏ ထိုးစစ်ကို မည်သို့ ခုခံကာကွယ်မည်ဆိုသည့် စစ်ရေးနည်းပရိယာယ်ကို ရွေးချယ်ခွင့်သည် စစ်မြေပြင်တပ်မှူးများ လက်ထဲတွင် ရှိသည်။ ထိုးစစ်ဆင်လာသည့် ရန်သူ့စစ်အင်အား၊ စစ်ကူ၊ ပစ်ကူ၊ မြေအနေအထား၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်အင်အားနှင့် လက်နက်ခဲယမ်း သုံးစွဲနိုင်မှု၊ ဦးစားပေးရမည့် စစ်နေရာ စသည့် လိုအပ်သော အခြေအနေအချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး သုံးသပ်ချက် ချကြမည်သာဖြစ်သည်။

မည်သည့်နိုင်ငံထံကမှ အထောက်အပံ့မရသည့် တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းရရှိရေးသည် စစ်ပွဲအတွက် အလွန်အရေးပါသည့်ပြဿနာဖြစ်၏။

ဤသို့သော အခြေအနေတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မည်သည့် စစ်ရေးပုံသဏ္ဍာန် ကျင့်သုံးသည်ဖြစ်စေ အဓိက ဦးတည်ရမည်မှာ သက်ရှိရန်သူ့အင်အားကို ချေမှုန်းရေးဖြစ်၏။ ရန်သူအားချေမှုန်းရေးနှင့်အတူ ရန်သူထံမှ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိရေးကိုလည်း ရည်ရွယ်ချက်ထားကြရန် လိုပေလိမ့်မည်။

အထက်တွင် ဖော်ပြထားသကဲ့သို့ နယ်မြေတစိတ်တပိုင်းတွင် ထိုးစစ်ဆင်နိုင်ခြင်းနှင့် စစ်ကောင်စီ၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူနိုင်ခြင်းအဆင့်တွင်သာ ရှိသေးရာ စစ်ကောင်စီ၏ ပြန်လှန်ထိုးစစ်များကို ကြုံတွေ့ရင်ဆိုင်ရဦးမည်ဖြစ်၏။

သို့သော် ဤသည်မှာ စစ်ကောင်စီက တဖက်သတ် အသာစီးယူနိုင်သည့်အခြေအနေ လုံးဝမဟုတ်ပေ။ တော်လှန်ရေးတပ်ဖွဲ့များကလည်း တမြို့ချင်း၊ တနယ်ချင်းအရ အသာစီးယူနိုင်၊ မြို့သိမ်းနိုင်၊ စခန်းသိမ်းနိုင်၊ စစ်‌ကြောင်းလိုက်‌ ချေမှုန်းနိုင်သည့် အခြေအနေမျိုးလည်းရှိရာ စစ်အင်အား၊ ခဲယမ်းစုစည်း၍ ပြန်လည် စစ်ဆင်နိုင်မည်ဖြစ်သည်။

ဖြည့်တင်းနိုင်သော စစ်ကောင်စီ တပ်အင်အား၊ စစ်လက်နက်ခဲယမ်းအင်အားအရ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အင်အားစုစည်းနိုင်မှု၊ ခဲယမ်းစုပုံနိုင်မှုအရ စစ်ကောင်စီ၏ ထိုးစစ်ကို တုံ့ပြန်ကြရမည်ဖြစ်ရာ မြို့တချို့၊ စခန်းတချို့ကို လက်လွှတ်ရသည့်အခြေအနေလည်း တွေ့ရမည်ဖြစ်သကဲ့သို့ ပြန်လည် သိမ်းပိုက်သည်ကိုလည်း တွေ့ရမည်ဖြစ်၏။ ဘတပြန် ကျားတပြန် အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။

ဖြည့်တင်းနိုင်သော စစ်ကောင်စီ တပ်အင်အား၊ စစ်လက်နက်ခဲယမ်းအင်အားအရ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အင်အားစုစည်းနိုင်မှု၊ ခဲယမ်းစုပုံနိုင်မှုအရ စစ်ကောင်စီ၏ ထိုးစစ်ကို တုံ့ပြန်ကြရမည်ဖြစ်ရာ မြို့တချို့၊ စခန်းတချို့ကို လက်လွှတ်ရသည့်အခြေအနေလည်း တွေ့ရမည်ဖြစ်သကဲ့သို့ ပြန်လည် သိမ်းပိုက်သည်ကိုလည်း တွေ့ရမည်ဖြစ်၏။ ဘတပြန် ကျားတပြန် အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။

၂၀၂၅ နှစ်ကုန် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုသဖြင့် ရွေးကောက်ပွဲကျင်းပမည့် နယ်မြေကျယ်ပြန့်ရေး၊ လုံခြုံရေးတို့အတွက် ရန်သူ့ထိုးစစ်များ၊ စစ်ရေးတိုက်ပွဲများကို နိုဝင်ဘာလအထိ တွေ့ရနိုင်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်/AFP

ရန်သူ့ထိုးစစ်ကို ပိုမတွက်ရန် လို

တဖန် ရန်သူ့ထိုးစစ်များသည် တမြို့ပြီးတမြို့ ဆက်တိုက် သိမ်းနိုင်စွမ်းမရှိပေ။ မိုးဗြဲကိုသိမ်းပြီး ဒီးမော့ဆိုဘက် ဆက်လက်ထိုးရန် တလခန့် အချိန်ယူရ၏။ နောင်ချိုကိုသိမ်းပြီး ကျောက်မဲဘက် ထိုးစစ်ဆင်ရန်သော်လည်းကောင်း၊ သပိတ်ကျင်းကိုသိမ်းပြီး နောက်တဆင့် ထိုးစစ်ဆင်ရန်သော်လည်းကောင်း အချိန်ယူရသည်သာဖြစ်၏။ တဆင့်ပြီးတဆင့် အချိန်ယူရမည်သာဖြစ်ရာ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အချိန်ယူ ပြင်ဆင်ချိန်ရသည်။

ထို့ပြင် စစ်ကောင်စီ စစ်အင်အားကို အရပ်သတင်းများနှင့် မှားယွင်းပြောဆို သုံးသပ်သည်များကို သတိထားရန်လိုသည်။ နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီက အင်အား ၆,၀၀၀ အသုံးပြုသည်၊ ၇,၀၀၀ အသုံးပြုသည်ဟူ၍ ပြောဆိုရေးသားခဲ့ကြသည်ကို တွေ့ရ၏။

တကယ်တမ်း တောင်ခမ်းဘက်မှ နောင်ချိုသို့ ထိုးသည့်စစ်အင်အားမှာ တပ်မ ၅၅ မှ ဗျူဟာတခု၊ တပ်မ ၁၁ မှ ဗျူဟာတခု၊ စကခ ၁ မှ ဗျူဟာတခု စုစုပေါင်း တပ်ရင်း ၁၀ ရင်း၊ စစ်သည်အင်အား ၁,၀၀၀ ခန့်သာရှိ၏။ ဝက်ဝံ၊ ဘန့်ဘွေးဘက်မှ နောင်ချိုသို့ ထိုးသည့်စစ်ကြောင်းမှာလည်း အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၈) မှ တပ်ရင်း ငါးရင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) မှ တပ်ရင်း နှစ်ရင်း စုစုပေါင်း ခုနစ်ရင်း၊ စစ်အင်အား ၇၀၀ ခန့်သာရှိ၏။ ထို့ကြောင့် နောင်ချိုထိုးစစ်တခုလုံးတွင် အသုံးပြုသည့် စုစုပေါင်း စစ်အင်အားမှာ ၁,၇၀၀ ခန့်သာရှိသည်။ နောင်ချိုစစ်ဆင်ရေးနယ်မြေတွင် တပ်အင်အား ၆,၀၀၀၊ ၇,၀၀၀ ခန့် တပ်ဖြန့်စရာ မြေအနေအထား မရှိပေ။

၂၀၂၄ ခုနှစ် လားရှိုးကျပြီးနောက်လည်း တန့်ယန်း၊ မိုင်းရယ်တွင် စစ်အင်အား အများအပြား ဖြည့်တင်းပြီး လားရှိုးကို ပြန်ထိုးမည်ဆိုသည့်သတင်းများ ထွက်ပေါ်သည်။ တကယ်တမ်းတွင် တန့်ယန်း၊ မိုင်းရယ်၌ မူလရှိပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပြင် လားရှိုးမှ ဆုတ်လာသည့် စကခ ၁၊ စကခ ၁၆၊ စကခ ၁၂၊ စကခ ၁၄၊ စကခ ၁၇ တို့သာရှိပြီး ပြန်လည် ပြင်ဆင်ဖွဲ့စည်းနေရ၏။ နောက်ပိုင်း မူဆယ်ရှိ တပ်မ ၉၉ အား မကွေးစစ်မျက်နှာပို့၍ စကခ ၁၄ အား မူဆယ်သို့ ပို့ပြီး စစ်အင်အားပင် လျော့သွားသေးသည်။

ပြဿနာမှာ အရပ်သားသတင်းများ လွဲ‌ချော်ကြခြင်းသည် စစ်တပ်၏ သဘောသဘာဝကို မသိကြ၍ဖြစ်သည်။ တန့်ယန်းအနီး မန်ကတ်တွင် အမှတ် (၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၈) ရှိ၏။ ထိုသင်တန်းကျောင်းတွင် တပ်သားသစ်များ စတင်လေ့ကျင့်နေပြီဖြစ်၍ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းရှူး၊ ခိုလန် ကားလမ်းတလျှောက် လစဉ် တပ်သားသစ် ၄၀၀ အတက်ရှိပြီး သင်တန်းဆင်းတပ်သားသစ် ၄၀၀ အဆင်းရှိသည်။

ဤသည်ကို အရပ်သားသတင်းများအရ စစ်အင်အား ဖြည့်တင်းသည့်ဟု မှားယွင်းထင်မြင်ကြ၏။ ထို့ပြင် ယူနီဖောင်းဝတ် စစ်သားများကို တစုတစည်းတည်းမြင်လျှင် အရပ်သားများက များသည်ဟုထင်ပြီး အရေအတွက် ပိုတွက်လေ့ရှိ၏။ စစ်သား ၁၀၀ တွေ့လျင် ၂၀၀ ဟု ထင်မှတ်ပြီး ၅၀၀ တွေ့လျှင် ၁,၀၀၀ ဟု ထင်မှတ်ကြ၏။

ယခုလည်း ‘ဖရဲသီးသတင်း’ ဟုဆိုကာ စစ်ကိုင်းတိုင်းကို စစ်အင်အား ၄,၀၀၀ ဖြင့် ထိုးစစ်ဆင်မည်ဟု ဆိုနေသည်။ သတင်းမှန်လား၊ မှားလား အတည်ပြု၍တော့ မရပါ။ သို့သော် အထိတ်တလန့်ဖြစ်ရန် မလိုအပ်ပါ။

ယခုလည်း ‘ဖရဲသီးသတင်း’ ဟုဆိုကာ စစ်ကိုင်းတိုင်းကို စစ်အင်အား ၄,၀၀၀ ဖြင့် ထိုးစစ်ဆင်မည်ဟု ဆိုနေသည်။ သတင်းမှန်လား၊ မှားလား အတည်ပြု၍တော့ မရပါ။ သို့သော် အထိတ်တလန့်ဖြစ်ရန် မလိုအပ်ပါ။

၂၀၂၁ နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်းရှိ PDF များကို ခြောက်လနှင့် အပြတ်ရှင်းမည်ဟုဆိုပြီး စစ်ဆင်ရေးဝင်စဉ်က အင်အားနှင့်အခြေအနေကို တွက်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရနိုင်၏။

ထိုစစ်ဆင်ရေး၌ စစ်ကိုင်းတိုင်းတွင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ် ၁၁ ရင်းအပြင် တပ်မ ၈၈၊ စကခ ၁၀၊ စကခ ၄ (တပ်မဟာ ၄) နှင့် တပ်မ ၃၃ မှ နောက်တန်းဌာနချုပ်တပ်ရင်းများ၊ အမြောက်၊ သံချပ်ကာတပ်ရင်းများ၊ လက်ရုံးတပ်များပေါင်းပါက အင်အား ၆,၀၀၀ အထက် အသုံးပြုခဲ့၏။ နောက်ပိုင်း တပ်မ ၇၇ ပင် ထပ်ဖြည့်သေး၏။

မန္တလေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် မန္တလေး PDF တပ်ဖွဲ့ဝင်များ/ AFP

ထိုကာလက PDF များမှာ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း အများစုအသုံးပြုနေချိန်ဖြစ်ပြီး မိုင်းခွဲ၊ ချောင်းပစ်ပြေး အဆင့်တွင်သာရှိ၏။ သို့သော်လည်း အပြတ်မရှင်းနိုင်သည့်အပြင် PDF များပင် ပိုမိုကြီးထွားလာ၏။

လက်ရှိတွင် စစ်ကိုင်းအတွင်း၌ တပ်မ ၈၈ မရှိတော့ဘဲ ဗန်းမော်ရောက်နေသည်။ နောက်ပိုင်းထပ်ဖြည့်သည့် တပ်မ ၇၇ တပ်မမှူးနှင့် တဗျူဟာ ချေမှုန်းခံရပြီး ကျန် တပ်မ ၇၇ တပ်များ ချင်းပြည်နယ်ရောက်နေသည်။ ကျန်ရှိသည့် စစ်အင်အားမှာ ၄,၀၀၀ အထက်ရှိ၏။ တပ်သားသစ်ဖြည့်တင်းမှုမှလွဲ၍ တပ်နံပါတ်သစ်ဖြည့်တင်းရန် မလွယ်ကူပါ။

စစ်ကိုင်းတိုင်း PDF များ၏အခြေအနေမှာ စစ်ရေးအတွေ့အကြုံ ကောင်းစွာရရှိပြီး လက်နက်တပ်ဆင်မှုမှာ ၂၀၂၁ ခုနှစ်ကထက် များစွာ ကွာခြားသွားပြီဖြစ်၏။ ထို့ပြင် စစ်ကိုင်းတိုင်း၏ အကျယ်အဝန်းမှာ တိုင်းများထဲတွင် အကျယ်ဆုံးဖြစ်ပြီး တပြည်လုံးတွင် ရှမ်းပြည်နယ်ပြီးလျှင် အကျယ်ဆုံးဖြစ်၏။ ၉၃၇၀၄.၅ စတုရန်းကီလိုမီတာ (၃၆၁၇၉.၅ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဤမျှ ကျယ်‌ပြန့်သည် ဧရိယာအတွင်း စစ်သည်အင်အား ၄,၀၀၀ ခန့်သာ သုံးနိုင်ပါက ဟာကွက်များစွာရှိ၏။

လက်ရှိအနေအထားတွင် ချီတက်တိုက်ခိုက်ရမည့် လမ်းကြောင်းရှည်သည့် အင်းတော်၊ ပင်လည်ဘူးသို့ ထိုးစစ်ဆင်ရန် မဆိုထားနှင့် မုံရွာနှင့် ခဲတပစ်အကွာရှိ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသို့ပင် ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်း မရှိသေးပေ။

ဆိုလိုသည်မှာ ရန်သူထိုးစစ်ကို အထင်မသေးဖို့ လိုပါသည်။ ပြင်ဆင်ရန်လည်း လိုအပ်ပါသည်။ သို့သော် အလေးထား သုံးသပ်ဖို့လည်း လိုသည်။ စစ်သတင်း ကောင်းစွာထောက်လှမ်းဖို့ လိုပါသည်။ အရပ်သတင်းများဖြင့် သတင်းမဖောင်းပွရန် လိုပါသည်။ အထူးသဖြင့် ဖောင်းပွနေသော၊ စိစစ်မှုမရှိသော သတင်းများနောက်လိုက်ပြီး ပြောဆိုနေပါက ကောလာဟလများဖြင့် ပြည့်နှက်နေပြီး “ငစကော” (ငါ့ဆန်ကော) တပ်ကြောင့် ပြည်ပျက်သည်များ ကြုံရနိုင်သည်ကို သတိပြုရန်လို၏။

ဆိုလိုသည်မှာ ရန်သူထိုးစစ်ကို အထင်မသေးဖို့ လိုပါသည်။ ပြင်ဆင်ရန်လည်း လိုအပ်ပါသည်။ သို့သော် အလေးထား သုံးသပ်ဖို့လည်း လိုသည်။ စစ်သတင်း ကောင်းစွာထောက်လှမ်းဖို့ လိုပါသည်။ အရပ်သတင်းများဖြင့် သတင်းမဖောင်းပွရန် လိုပါသည်။ အထူးသဖြင့် ဖောင်းပွနေသော၊ စိစစ်မှုမရှိသော သတင်းများနောက်လိုက်ပြီး ပြောဆိုနေပါက ကောလာဟလများဖြင့် ပြည့်နှက်နေပြီး “ငစကော” (ငါ့ဆန်ကော) တပ်ကြောင့် ပြည်ပျက်သည်များ ကြုံရနိုင်သည်ကို သတိပြုရန်လို၏။

ဆိုက်ဝါးစစ်ပွဲ

တကယ်တမ်းအားဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ အင်းတော်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲများပြီးသည်အထိ စစ်ကောင်စီသည် ခေါင်းမထောင်နိုင်သေးပေ။ စစ်ကောင်စီ ခေါင်းထောင်လာသည့် ပထမအကြောင်းအချက်မှာ တရုတ်တို့၏ ဖိအားနှင့် စွက်ဖက်မှုကြောင့် ဧပြီလကုန်ပိုင်းတွင်း လားရှိုးမြို့အား စစ်ကောင်စီလက်ထဲသို့ ပြန်လည် ထည့်ပေးလိုက်ရသည့်အချက် ဖြစ်သည်။

ဤအချက်သည် တော်လှန်ရေးတပ်ဖွဲ့များကိုရော၊ ထောက်ခံသည့် ပြည်သူများကိုပါ စိတ်ဓာတ်ရေးရာအရ ထိခိုက်စေ၏။ ဤအချက်ကို ကိုင်ပြီး ရှမ်းမြောက်အခြေအနေနှင့် ပတ်သက်၍ ဆိုက်ဝါးသတင်းမျိုးစုံ ထုတ်လွှင့်ခဲ့သည်။ နောင်ချိုမြို့ကို ဇူလိုင်လက သိမ်းနိုင်သည့်အခါ စစ်ကောင်စီက မြန်မာပြည်စစ်ပွဲ အချိုးအကွေ့ဖြစ်ပြီ၊ တမြို့ပြီးတမြို့ ပြန်လည်သိမ်းတော့မည်ဟူ၍ စိတ်ဓာတ်စစ်ဆင်ရေး ဆိုက်ဝါးပြုလုပ်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီ အသုံးချလာသည့် ဒုတိယအချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ပတ်သက်၍ ဒေါက်တာ တေဇာဆန်းတို့၏ ဝေဖန်မှု ထွက်လာချိန်တွင်ဖြစ်၏။ ဒေါက်တာ တေဇာဆန်းတို့က တော်လှန်ရေးအောင်ပွဲခံနိုင်ရန်အတွက် တော်လှန်ရေး၏ အတားအဆီးများကို ဖယ်ရှားရန်၊ လိုအပ်ချက်များကို ပြုပြင်ရန် အပြုသဘောဖြင့် သုံးသပ်ကြခြင်းဖြစ်သော်လည်း စစ်ကောင်စီသည် NUG နှင့် PDF များကို ထိုးနှက်နေသူများ၏ အားကိုယူ၍ စိတ်ဓာတ်စစ်ဆင်ရေးကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာခြင်းဖြစ်သည်။

သို့သော် ၂၀၂၅ ခုနှစ် မြေပြင်စစ်ရေးအခြေအနေသည် စစ်ကောင်စီဘက်သားများ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေသကဲ့သို့ မဟုတ်ပေ။ တော်လှန်ရေးအခြေအနေ၊ မြန်မာပြည်စစ်ပွဲ အခြေအနေကို တပြည်လုံး အတိုင်းအတာအရ မသုံးသပ်ဘဲ မြို့တမြို့၊ ဒေသတခုထဲကိုသာကြည့်၍ သုံးသပ်ရန် မဖြစ်နိုင်ပေ။

ထို့အတူ စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေသည်ကို သတိပြုပြီး တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း စစ်ရေးအရသာမက စိတ်ဓာတ်စစ်ဆင်ရေး ပြန်လည်ပြုလုပ် တုံ့ပြန်ကြရန် လိုပေလိမ့်မည်။

ထို့အတူ စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေသည်ကို သတိပြုပြီး တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း စစ်ရေးအရသာမက စိတ်ဓာတ်စစ်ဆင်ရေး ပြန်လည်ပြုလုပ် တုံ့ပြန်ကြရန် လိုပေလိမ့်မည်။

၂၀၂၄ ခုနှစ် ထိုင်းနယ်မြေထဲ ပြေးဝင်ခိုလှုံလာသော မြန်မာစစ်သားများအား ထိုင်းစစ်တပ်က လက်နက်ဖြုတ်အပြီး/Khaosod

နိဂုံး

-၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ စစ်ရေးအခြေအနေမှာ တပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီ အသာရသည့်အခြေအနေတွင် မရှိပါ။ ၂၀၂၅ အတွင်း စစ်ကောင်စီက မြို့သုံးမြို့ သိမ်းနိုင်သကဲ့သို့ တောက်လှန်ရေးတပ်ဖွဲ့များကလည်း မြို့သုံးမြို့ သိမ်းထားပြီး စစ်ပွဲ၏အောင်ပွဲအများစုမှာ တော်လှန်ရေးတပ်ဖွဲ့များက ရထားသည်ကို တွေ့မြင်နိုင်သည်။

-စစ်ကောင်စီတပ်များက ကျောက်မဲ၊ မိုးကုတ်၊ ဒီးမော့ဆို စသည့် သုံးနေရာသို့ အောင်မြေချဲ့မည်ဟု ဆိုနေသကဲ့သို့ လက်တွေ့လုံးပမ်းနေ၏။ တော်လှန်ရေးတပ်ဖွဲ့များသည် ဗန်းမော်၊ ဖားဆောင်း၊ ဝေါလေ မြို့သုံးမြိုကို တိုက်နေဆဲဖြစ်သကဲ့သို့ ကျောက်ဖြူနှင့် စစ်တွေကို အနီးကပ်ခြိမ်းခြောက်ထားသည်။

-ထို့ပြင် ရခိုင်၊ ချင်း၊ ကရင်တို့တွင် စစ်ကောင်စီထိုးစစ် တိုးမပေါက်သည့်အပြင် ကရင်၌ စခန်းအများအပြား လက်လွှတ်ရ၏။ မန္တလေးနှင့် အမြောက်တကမ်းအကွာ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စခန်းများကို မန္တလေး PDF က သိမ်းပိုက်ထားသည်ကို စစ်ကောင်စီဘက်က ခုခံနိုင်ခြင်းမရှိသကဲ့သို့ အလွယ်တကူ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ စစ်တောင်းမြစ်ဝှမ်းတွင်လည်း စစ်တပ်၏ရှေ့တန်းစခန်းများအား သိမ်းပိုက်ခဲ့၏။

-စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ကောင်စီသည် မြို့အချို့ ပြန်လည် သိမ်းပိုက်ရနိုင်သော်လည်း စစ်ပွဲ၏ အချိုးအကွေ့အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိပေ။ ထို့ပြင် လက်ရှိ စစ်ကောင်စီ ပြန်လည် ထိုးစစ်ဆင်နိုင်သည်ဆိုသည်မှာ သူ၏အမှန်တကယ်အင်အားနှင့် လုပ်နိုင်စွမ်းကြောင့် မဟုတ်ပေ။ တရုတ်တို့ ဘက်ပေါင်းစုံမှ အကူအညီပေး၊ မန်းမှုတ်ထား၍ဖြစ်သည်။

-စစ်ကောင်စီအား တရုတ်၏ကူညီမှု၊ အိန္ဒိယက မြန်မာအကျပ်အတည်းအပေါ်တွင် အမြတ်ထုတ်ရန် ကြိုးစားမှု၊ လက်ရှိ အမေရိကန်၏အစိုးရ၏ အမေရိကန်အကျိုးစီးပွားအပေါ် ကြည့်သည့် ပေါ်လစီများကြောင့် စစ်ကောင်စီ နိုင်ငံတကာဖိအားမှ သက်သာရာရနိုင်ပါသည်။ တော်လှန်ရေးအင်အားစုများ ပို၍အခက်အခဲများကို ရင်ဆိုင်ရနိုင်ပါသည်။

-တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် မည့်သည့်အခက်အခဲမဆို ကျော်လွှားရန် လိုအပ်သည်။ လက်တွေ့တွင်လည်း စစ်ကောင်စီသည် တရုတ်၊ ရုရှားတို့ထံမှ ဘက်ပေါင်းစုံ အကူအညီရနေသော်လည်း စစ်ရေးအသာစီးမရသည်ကို လက်တွေ့စစ်ပွဲရလဒ်များအရ ရှင်းလင်းစွာမြင်နေရသည်။

လောလောဆယ် အထူးသတိပြုရန်လိုသည်မှာ စစ်ကောင်စီ၏ ဆိုက်ဝါးဖြစ်၏။ ဝါဒဖြန့်စစ်ပွဲဖြစ်၏။ လားရှိုးမြို့ကို တရုတ်၏ဖိအားကြောင့် လက်လွှတ်ရသည့်အပေါ် လူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များ စိတ်ဓာတ်ရေးရာအရ ထိခိုက်မှုကိုနင်း၍ စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်၏။ ဤအချက်ကို အထူးသတိပြုရန် လိုအပ်သည်။ အခြေအနေမှန်ကို ဖုံးကွယ်ပြီး အမြဲတစေ လိမ်ညာဝါဒဖြန့်ပြောဆိုခြင်းသည် စစ်တပ်၏ အကျွမ်းကျင်ဆုံး အလုပ်ဖြစ်သကဲ့သို့ လုပ်နေကျအလုပ်လည်းဖြစ်သည်။

-လောလောဆယ် အထူးသတိပြုရန်လိုသည်မှာ စစ်ကောင်စီ၏ ဆိုက်ဝါးဖြစ်၏။ ဝါဒဖြန့်စစ်ပွဲဖြစ်၏။ လားရှိုးမြို့ကို တရုတ်၏ဖိအားကြောင့် လက်လွှတ်ရသည့်အပေါ် လူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များ စိတ်ဓာတ်ရေးရာအရ ထိခိုက်မှုကိုနင်း၍ စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်၏။ ဤအချက်ကို အထူးသတိပြုရန် လိုအပ်သည်။ အခြေအနေမှန်ကို ဖုံးကွယ်ပြီး အမြဲတစေ လိမ်ညာဝါဒဖြန့်ပြောဆိုခြင်းသည် စစ်တပ်၏ အကျွမ်းကျင်ဆုံး အလုပ်ဖြစ်သကဲ့သို့ လုပ်နေကျအလုပ်လည်းဖြစ်သည်။

မှတ်မိကြပါလိမ့်မည်။ အမိန့်သာပေးလိုက်ပါ၊ ဘန်ကောက်မြို့ထဲ တန်းစီပြီးဖြစ်စေရမည်ဟု မြန်မာစစ်တပ် ကြွားလုံးထုတ်၍ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ဖူးသည်။ ယနေ့လက်တွေ့တွင် ထိုင်းဘက်ခြမ်းကို အသက်လု၍ အရှက်မဲ့စွာ ထွက်ပြေးသွားပြီး ထိုင်းနိုင်ငံနယ်စပ် ရာဘာတောများအတွင်း ထိုင်းစစ်တပ်ရှေ့မှောက်တွင် မျက်နှာသေနှင့် လက်နက်အပ်နေရသော မြန်မာစစ်သားများကို ရာနှင့်ချီ၍ အကြိမ်ကြိမ်တွေ့နေရသည်မှာ မြန်မာစစ်တပ်၏ ဆိုက်ဝါးနှင့် တကယ့်လက်တွေ့ ကွာခြားချက်ဖြစ်သည်။

(ပြီးပါပြီ။)

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ ၁

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

သပိတ်ကျင်းနဲ့ နောင်ချို ပြန်သိမ်းပြီး စစ်ကောင်စီ ဘယ်ဆက်တိုက်မလဲ

စစ်ခေါင်းဆောင် ဆိုးမွေ ဘယ်သူတွေ ဆက်ခံမလဲ

မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်း လဲတော့မလား

နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်

]]>
စစ်ကောင်စီ၏ ဆိုက်ဝါးနှင့် ပကတိမြေပြင်စစ်ပွဲအခြေအနေ ၁ https://burma.irrawaddy.com/article/2025/07/31/404005.html Thu, 31 Jul 2025 02:44:34 +0000 https://burma.irrawaddy.com/?p=404005 မြို့များကို ဆက်တိုက် သိမ်းပိုက်ပြီး စစ်ရေးအလှည့်အပြောင်း ဖြစ်တော့မလို ဆိုက်ဝါးတွေ လွှင့်သည်။ နိုင်ငံရေးဇာတ်ပျက်များ၊ တန်ပြန် တော်လှန်ရေးအုပ်စုများကလည်း ဝင်ဖွသည်။]]>

၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကရင်နီပြည်နယ်မှ မိုးဗြဲ၊ ရှမ်းမြောက်မှ နောင်ချို၊ မန္တလေးတိုင်းမှ သပိတ်ကျင်း မြို့သုံးမြို့ကို တော်လှန်ရေးအင်အားစုများထံမှ စစ်ကောင်စီက သိမ်းပိုက်နိုင်ခဲ့၏။ ဤရလဒ်ကို အခြေပြု၍ စစ်တပ်က ဆိုက်ဝါး အကြီးအကျယ်ပြုလုပ်သည်။

ကျောက်မဲ၊ သီပေါ၊ မိုးကုတ်တို့ကဲ့သို့ သိမ်းပိုက်ထားသော မြို့များနှင့် ဆက်စပ်ထားသော မြို့များကို ဆက်တိုက် သိမ်းပိုက်ပြီး စစ်ရေးအလှည့်အပြောင်း ဖြစ်တော့မလို ဆိုက်ဝါးတွေ လွှင့်သည်။ နိုင်ငံရေးဇာတ်ပျက်များ၊ တန်ပြန် တော်လှန်ရေးအုပ်စုများကလည်း ဝင်ဖွသည်။ သို့နှင့် ပွဲဆူလာသည်။

တော်လှန်ရေးထောက်ခံသူ အချို့ကလည်း ဆုံးရှုံးမှုတခုတလေ တွေ့သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ အချို့ကလည်း တခုချင်းသာ မြင်သည်။ တခုလုံးကို မမြင်နိုင်ကြပေ။ အချို့ကလည်း အောင်မြင်မှုကို မြင်လိုကြသော်လည်း ဆုံးရှုံးမှုဒဏ်ကို မခံနိုင်ကြပေ။

တော်လှန်ရေးထောက်ခံသူ အချို့ကလည်း ဆုံးရှုံးမှုတခုတလေ တွေ့သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ အချို့ကလည်း တခုချင်းသာ မြင်သည်။ တခုလုံးကို မမြင်နိုင်ကြပေ။ အချို့ကလည်း အောင်မြင်မှုကို မြင်လိုကြသော်လည်း ဆုံးရှုံးမှုဒဏ်ကို မခံနိုင်ကြပေ။

မြို့သိမ်းတိုက်ပွဲ

၂၀၂၅ ခုနှစ် လက်တွေ့ စစ်မြေပြင်ရလဒ်များကို ကြည့်ပါက တော်လှန်ရေးအင်အားစုများက ကချင်ပြည်နယ် မံစီမြို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ကလည်းကောင်း၊ အင်းတော်မြို့အား၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်ကလည်းကောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ကလည်းကောင်း အသီးသီး သိမ်းပိုက်ခဲ့သည်။

ထို့ပြင် ဗန်းမော်၊ ဖားဆောင်း၊ ဝေါလေ မြို့သုံးမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်၏။ ကျောက်ဖြူနှင့် စစ်တွေကို နီးနီးကပ်ကပ် ခြိမ်းခြောက်သည့် စစ်ပွဲဆင်နွှဲနေ၏။ ထို့ပြင် ရန်ကုန်မြို့အပါအဝင် တပြည်လုံးရှိ မြို့အများအပြားအား ဝင်ရောက်၍ ပြောက်ကျားတိုက်ခိုက်နိုင်သည်။

သို့ဖြစ်ရာ မြို့သိမ်းတိုက်ပွဲသက်သက်ပြောလျှင်ပင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်က မြို့သုံးမြို့ သိမ်းနိုင်သည်ဆိုသော်လည်း လက်ရှိတိုက်နေဆဲ မြို့သိမ်းတိုက်ပွဲ မရှိပါ။ နီးနီးကပ်ကပ် ခြိမ်းခြောက်နိုင်သည့် တိုက်ပွဲများ မရှိသေးပါ။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို ပြောက်ကျားတိုက်ခိုက်ခြင်း၊ ထိုးဖောက်တိုက်ခိုက်ခြင်း လုံးဝ မပြုနိုင်ပါ။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၉၀ ကျော်အနက် အစွန်းထွက်ကိုသာ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲ လူထုထောက်ခံမှုအရပြောလျှင် တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းစဉ်က ပန်းစည်းနှင့်ကြိုကြ၊ အိုးစည် ဗုံမောင်းနှင့် ကြိုကြသော်လည်း စစ်ကောင်စီတပ် မြို့ပြန်သိမ်းသည့်အချိန်တွင် ကြိုမည့်သူပင် မရှိပါ။ ဒံပေါက်ထုပ်ဝေ၍ အတင်းခေါ်၊ အမိန့်ထုတ်ခေါ်နေရသည်ကို တွေ့ရသည်။

ထို့ပြင် မြို့သိမ်းတိုက်ပွဲ လူထုထောက်ခံမှုအရပြောလျှင် တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းစဉ်က ပန်းစည်းနှင့်ကြိုကြ၊ အိုးစည် ဗုံမောင်းနှင့် ကြိုကြသော်လည်း စစ်ကောင်စီတပ် မြို့ပြန်သိမ်းသည့်အချိန်တွင် ကြိုမည့်သူပင် မရှိပါ။ ဒံပေါက်ထုပ်ဝေ၍ အတင်းခေါ်၊ အမိန့်ထုတ်ခေါ်နေရသည်ကို တွေ့ရသည်။

တပြည်လုံးစစ်ပွဲ အခြေအနေ

လက်ရှိ တပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီ ထိုးစစ်ဆင်နေသည်မှာ ကချင်ပြည်နယ် ဖားကန့်၊ အင်းတော်ကြီး၊ ရှမ်းမြောက် နောင်ချို၊ ရှမ်းတောင်နှင့် ကရင်နီအစပ် မိုးဗြဲ၊ ချင်းပြည်နယ် သိုင်းငင်း၊ တီးတိန်၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ နတ်ရေကန်၊ ပဲခူးတိုင်း ဥသျှစ်ပင်၊ ညောင်ကျိုး၊ ပဲခူးရိုးမ အရှေ့ခြမ်းနှင့် အနောက်ခြမ်း၊ ဧရာဝတီတိုင်း ရေကြည်၊ အင်္ဂပူမြို့နယ်များ၊ မန္တလေးတိုင်း သပိတ်ကျင်းနှင့် ကရင်ပြည်နယ် ဒေါနတောင်ကြောတို့တွင် အလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်ကို တွေ့မြင်နိုင်၏။ ထို့ပြင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ တနင်္သာရီစသည့် ကျန်ဒေသများတွင်လည်း အကန့်အသတ်နှင့် စစ်ဆင်ရေးပြုလုပ်နေသည်ကို တွေ့မြင်ရသည်။

ဗန်းမော်လေဆိပ်အတွင်း အောင်ပွဲခံ မှတ်တမ်းဓာတ်ပုံရိုက်သည့် KIA အဖွဲ့ဝင်များ

တပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီက ထိုးစစ်ဆင်ရာတွင် နေရာအများစုကို အားထည့်နိုင်ခြင်း မရှိပေ။ ဦးစားပေးရွေးချယ်သည့် နေရာအချို့ကိုသာ အားစိုက်နိုင်သည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ ဧပြီလကတည်းက စတင်သည့် ကရင်ပြည်နယ်မှ အောင်ဇေယျစစ်ဆင်ရေးသည် ဒေါနတောင်ကို မကျော်နိုင်သော်လည်း အင်အားဖြည့်တင်းနိုင်ခြင်း မရှိပေ။ ထို့ပြင် ဧပြီလမှစ၍ ကော့ကရိတ်နှင့် ကျုံဒိုးကြား ကားလမ်းကိုပင် တော်လှန်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသဖြင့် ဇူလိုင်လကုန်မှ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။

သို့ဖြစ်ရာ လက်ရှိ စစ်ကောင်စီတပ်၏ ထိုးစစ်များကို ကြည့်ပါက မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း မြို့သုံးမြို့ကို ထိုးစစ်ဆင် သိမ်းပိုက်ထားနိုင်သော်လည်း ကရင်၊ ချင်း၊ ရခိုင်၊ မကွေး နတ်ရေကန်၊ ပဲခူးတိုင်း ညောင်ကျိုး၊ ဧရာဝတီတို့တွင် ပြန်လန်‌ကျနေ၏။ ကချင် ဖားကန့်တွင် တပ်မနှစ်ခုဖြင့် ထိုးစစ်ဆင်နေသော်လည်း အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ အင်းတော်ကြီးဒေသကိုသာ ရှမ်းနီနှင့် ကချင်ကြား လူမျိုးရေးမှိုင်းတိုက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို အသုံးချ၍ ပြန်လည် ထိန်းချုပ်သွားနိုင်သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ စစ်တပ်က တနိုင်ငံလုံးတွင် စစ်ရေးအရ အသာစီးယူပြီး ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မတွေ့ရသေးပေ။ အင်အားပြန်ဖြည့်လာနိုင်သည့် စစ်တပ်က နေရာအချို့ကို ပြန်လည် ထိုးစစ်ဆင်လာနိုင်သည်မှာ မထူးဆန်းသကဲ့သို့ ဆက်လက်လည်း နေရာအချို့အား ထိုးစစ်ဆင်နိုင်သည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း ခံစစ်သာမက လက်ဦးမှုယူသည့် တိုက်ပွဲများ ရှိလာနိုင်သည်သာဖြစ်သည်။

သို့ဖြစ်ရာ စစ်တပ်က တနိုင်ငံလုံးတွင် စစ်ရေးအရ အသာစီးယူပြီး ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မတွေ့ရသေးပေ။ အင်အားပြန်ဖြည့်လာနိုင်သည့် စစ်တပ်က နေရာအချို့ကို ပြန်လည် ထိုးစစ်ဆင်လာနိုင်သည်မှာ မထူးဆန်းသကဲ့သို့ ဆက်လက်လည်း နေရာအချို့အား ထိုးစစ်ဆင်နိုင်သည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း ခံစစ်သာမက လက်ဦးမှုယူသည့် တိုက်ပွဲများ ရှိလာနိုင်သည်သာဖြစ်သည်။

မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်လာခြင်း

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တပြည်လုံးအနှံ့ ပုန်ကန်တိုက်ခိုက်ခဲ့ကြစဉ်က လက်နက်လူသူ စည်းရုံးဖွဲ့စည်းပုံအသင့်ရှိသည့် စစ်တပ်က ထိုးစစ်အနေအထားတွင် ရှိခဲ့သည်သာဖြစ်၏။ နွေဦးတော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ ထိုးစစ်ကို ပြောက်ကျားစစ်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြ၏။

နွေဦးအင်အားစုများက စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်နိုင်ရန် ကြိုးပမ်းနေချိန်တွင် လက်နက်ကိုင်တော်လှန်ရေး သဘာရှိသည့် တိုင်းရင်းသားတပ်ဖွဲ့များသည် အင်အားဖြည့်တင်းပြီး အခွင့်အခါကောင်း စောင့်ဆိုင်းနိုင်ခဲ့ကြ၏။ နွေဦးတော်လှန်ရေးတွင် တပြည်လုံးအနှံ့ ပုန်ကန်ကြသည်ဖြစ်ရာ စစ်တပ်သည် တပြည်လုံးအနှံ့ မထိန်းသိမ်းနိုင်တော့ဘဲ စစ်ဆင်ရေးအရ၊ စစ်အင်အားအရ ဟာကွက်များစွာပေါ်လာ၏။

ထိုဟာကွက်များကို အခြေပြု၍ နွေဦးအင်အားစုများသည် ဟာကွက်ပေါ်သည့်နေရာများကို တိုက်ခိုက်ခဲ့သဖြင့် မြို့သိမ်းတိုက်ပွဲဆိုသည်များ စတင်ပေါ်ပေါက်လာခဲ့၏။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ မကွီအိမ်နူးမြို့ငယ်အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် တော်လှန်ရေးအင်အားစုများက စတင်သိမ်းပိုက်ခဲ့၏။ မြို့နယ်အဆင့်ရှိ မြို့အဖြစ် ကရင်နီပြည်နယ် မယ်စဲ့မြို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် အစောဆုံးသိမ်းပိုက်ခဲ့သည်။ ဤမြို့သိမ်းတိုက်ပွဲများသည် တပြည်လုံးအနေအထားအရ အရူးမီးဝိုင်းဖြစ်နေသည့် စစ်ကောင်စီ၏ အားနည်းချက်အပေါ် တော်လှန်ရေးတပ်ဖွဲ့များက အခွင့်ကောင်းရယူလိုက်ခြင်းသာဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ ကိုသိမ်းပိုက်ပြီးနောက်တွေ့ရသည့်ချင်းညီနောင်တပ်ဖွဲ့ဝင်များ / ချင်းညီနောင်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ရှမ်းမြောက်နှင့် ရခိုင်၌ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထိုးစစ်ဆင်လာသည်။ အဆိုပါ တိုင်းရင်းသားတပ်ဖွဲ့များသည် အချိန်ယူပြီး တပ်အင်အားနှင့် လက်နက်ခဲယမ်းများကို စုဆောင်းကာ စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်သကဲ့သို့ တပြည်လုံးအနှံ့ ပုန်ကန်တိုက်ခိုက်နေချိန်တွင် တွေ့မြင်နေရသည့် စစ်ကောင်စီ၏ အားနည်းချက်ကို အခွင့်အခါကောင်းယူပြီး နယ်မြေတခုချင်းအရ ပိတ်ဆို့ ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်။

တပြည်လုံးအရ အင်အားမလုံလောက်သည့် စစ်ကောင်စီတပ်သည် ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ခံစစ်သေဖြင့် ခုခံရ၏။ လှုပ်ရှားခံစစ်ပင် တွဲဖက်၍ ပြုလုပ်နိုင်ခြင်းမရှိ။ ထို့ပြင် ပြန်လှန်ထိုးစစ် ဆင်နိုင်ခြင်းမရှိပေ။

တပြည်လုံးအရ အင်အားမလုံလောက်သည့် စစ်ကောင်စီတပ်သည် ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ခံစစ်သေဖြင့် ခုခံရ၏။ လှုပ်ရှားခံစစ်ပင် တွဲဖက်၍ ပြုလုပ်နိုင်ခြင်းမရှိ။ ထို့ပြင် ပြန်လှန်ထိုးစစ် ဆင်နိုင်ခြင်းမရှိပေ။

သို့နှင့် ရှမ်းမြောက်နှင့် ရခိုင်တွင် စခန်းတခုပြီးတခု ကျသွားသည်ကို တွေ့ရ၏။ မြို့သိမ်းတိုက်ပွဲများ တိုက်နိုင်ပြီး လွတ်မြောက်ဒေသ၊ ထိန်းချုပ်ဒေသတခုရအောင် ထိုးစစ်ဆင်နိုင်သည်ကို တွေ့မြင်ခဲ့ရသည်။

၁၀၂၇ စစ်ဆင်ရေး၏ အကျိုးဆက်သည် တပြည်လုံးအတိုင်းအတာအရပါ စစ်ကောင်စီအား ထိခိုက်သည်။ ကျန်တပြည်လုံးအနှံ့တွင် စစ်ရေးအရ စစ်ကောင်စီတွင် ဟာကွက်များစွာ ပေါ်လာသည်။ ထိုအခါ ကောင်းစွာလေ့ကျင့်ပြင်ဆင်မှုရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ဧရာဝတီမြစ်အရှေ့ခြမ်းအား ထိုးစစ်ဆင်သိမ်းပိုက်၏။

အတွေ့အကြုံရှိသော်လည်း လက်နက်ခဲယမ်း စုဆောင်းရန် အချိန်လိုအပ်ပြီး ညီညွတ်ရေးတည်ဆောက်ရန် လိုအပ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း တတိတိဖြင့် ထိုးစစ်ဆင်ပြီး သူ့အတွက် မြို့များထက် အရေးပါသော စခန်းများ၊ နယ်မြေများကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်သည်။

စစ်ကောင်စီ၏ဟာကွက်၊ အားနည်းချက် ကြီးမားသည့်အတွက် ‌လက်နက်ကိုင်သက်တမ်း သုံးနှစ်သာရှိသေးသည့် အင်အားအများစုဖြစ်သည့် ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးတို့တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။

သို့ဖြစ်ရာ တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်သည်ကို ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း ရှမ်းမြောက်၊ ရခိုင်၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသများတွင် များစွာတွေ့ခဲ့ရ၏။ ရှမ်းမြောက်၊ ကချင်နှင့်ရခိုင်တို့တွင် ထိုးစစ်ဆင်မှုများ၊ မြို့သိမ်းတိုက်ပွဲများသည် တစုံတရာ ပြင်ဆင်မှု ပြည့်ဝခဲ့သည်ဟု ဆိုနိုင်သော်လည်း ကျန်ဒေသများတွင် ထိုးစစ်ဆင်နိုင်ခဲ့ခြင်း၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ခြင်းမှာ မိမိက အပြည့်အဝ ပြင်ဆင်နိုင်မှု ကောင်းသည်ထက် ရန်သူ၏ အားနည်းချက်က ပိုများ၍ အခွင့်ကောင်းယူနိုင်ခြင်း ဖြစ်၏။

အဓိကအားဖြင့် ရန်သူအင်အား မလုံလောက်ခြင်း၊ စခန်းများ၊ မြို့များတွင် အင်အားနည်းပါးခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေခြင်း၊ စစ်ကူမပို့နိုင်ခြင်း၊ လေကြောင်းထောက်ပို့နှင့် လေကြောင်းပစ်ကူမှအပ စစ်ကူပစ်ကူ မပေးနိုင်သည့်အခြေအနေတွင် ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခြင်းဖြစ်သည်။

အဓိကအားဖြင့် ရန်သူအင်အား မလုံလောက်ခြင်း၊ စခန်းများ၊ မြို့များတွင် အင်အားနည်းပါးခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေခြင်း၊ စစ်ကူမပို့နိုင်ခြင်း၊ လေကြောင်းထောက်ပို့နှင့် လေကြောင်းပစ်ကူမှအပ စစ်ကူပစ်ကူ မပေးနိုင်သည့်အခြေအနေတွင် ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်သားသစ်ဖြည့်တင်းခြင်း

ဤသို့သော အခြေအနေတွင် စစ်တပ်သည် ၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ တပ်သားသစ် စတင်စုဆောင်းသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပထမပတ် သင်တန်းဆင်းပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အပတ်စဉ် ၁၂ သင်တန်းဆင်းပြီး တပ်သားသစ် ၆၀,၀၀၀ ခန့် ဖြည့်တင်းနိုင်၏။ အဆိုပါ တပ်သားသစ်များကို ခြေလျင်၊ ခြေမြန်တပ်ရင်း ၅၀၀ ကျော်တွင် တရင်းလျှင် တပ်သားသစ် ၁၀၀ ခန့်စီ ဖြည့်တင်းသည်ဟု သုံးသပ်ရ၏။

စစ်မျက်နှာကျယ်ပြန့်၍ တပ်ရင်းများကို ယခင်ကဲ့သို့ စစ်ဆင်ရေးနယ်မြေတခုတည်းသာ မသုံးဘဲ နှစ်ခြမ်းခွဲသည်။ ရှေ့တန်းထွက် တပ်ရင်းများအား အင်အား ၁၀၀ မှ ၁၅၀ ဖြင့် ထွက်စေပြီး နောက်တန်းဌာနချုပ်တပ်ရင်းကို အင်အား ၇၀၊ ၈၀ ခန့်ဖြင့် နောက်တန်းဌာနချုပ်နယ်မြေတွင် အသုံးပြုသည်ကို တွေ့ရသည်။

ဥပမာ တပ်မ ၃၃ အား ရှေ့တန်းတပ်ရင်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးအဖြစ် ဖားကန့်တွင် သုံးသကဲ့သို့ နောက်တန်းတပ်ရင်းများအားလည်း အခြေစိုက်ရာ စစ်ကိုင်းတိုင်းအတွင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးတွင်လည်း အသုံးပြုသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်တပ်သည် စစ်အင်အားဖြည့်တင်းနိုင်ပြီး ပြန်လှန်ထိုးစစ်များ ပြုလုပ်နိုင်ခဲ့၏။ သို့သော် စစ်တပ်၏ စစ်အင်အားဖြည့်တင်းခြင်းသည် အကန့်အသတ်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် အပတ်စဉ် ၂၄ သင်တန်းဆင်းပြီး ပထမ သင်တန်းဆင်းများ စစ်မှုထမ်းသက် နှစ်နှစ်ပြည့်မည်ဖြစ်ရာ အနားပေးရမည်ဖြစ်၏။ အနားမပေးပါကလည်း တပ်တွင်းတွင် မငြိမ်မသက်ဖြစ်မည်။

၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့က အလံလွှင့်အောင်ပွဲခံနေစဉ် / The Kokang

ယခုအခါ တပ်မှ ထွက်မည့် ပြည်သူ့စစ်မှုထမ်းများကို အလုပ်အကိုင်ရှာပေးပြီး စစ်တပ်၏ အရန်အင်အား၊ သတင်းပေး ပြည်သူ့စစ်အဖြစ် ထားရန် ရည်ရွယ်ပုံရ၏။ စစ်မှုထမ်းတာဝန်ကျေပြွန်သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌတာဝန်ယူပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ဖွဲ့စည်းသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်တပ်၏ တပ်သားသစ်ဖြည့်တင်းခြင်းမှာ နှစ်နှစ်စာ အင်အား ၁၂၀,၀၀၀ အထိ ရည်မှန်းထားပြီး ဒရုန်း၊ ပါရာမော်တာ၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့ဖြင့် အားဖြည့်ရန် ရည်ရွယ်ပုံရ၏။

စစ်တပ်၏ တပ်သားသစ်ဖြည့်တင်းမှု အကန့်အသတ်ရှိခြင်း အကြောင်းအချက်တခုမှာ ဘတ်ဂျက်ကြောင့်ဖြစ်၏။ တပြည်လုံးအတိုင်းအတာအရ စစ်စားရိတ်ကုန်ကျမှု များပြားနေသည်။ လေကြောင်းပစ်ကူနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကို အများအပြား အသုံးပြုနေရ၍ စစ်စရိတ်ပိုထောင်းသည်။ ယခု တပ်သားသစ် ဖြည့်တင်းနိုင်ခြင်းသည်ပင် တရုတ်တို့ ငွေကြေးအကူအညီရ၍ ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် တပ်သားသစ် ဖြည့်တင်းခြင်းကို အလွန်အမင်း ပိုမိုတွက်ဆကြရန် မလိုပေ။

စစ်တပ်၏ တပ်သားသစ်ဖြည့်တင်းမှု အကန့်အသတ်ရှိခြင်း အကြောင်းအချက်တခုမှာ ဘတ်ဂျက်ကြောင့်ဖြစ်၏။ တပြည်လုံးအတိုင်းအတာအရ စစ်စားရိတ်ကုန်ကျမှု များပြားနေသည်။ လေကြောင်းပစ်ကူနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကို အများအပြား အသုံးပြုနေရ၍ စစ်စရိတ်ပိုထောင်းသည်။ ယခု တပ်သားသစ် ဖြည့်တင်းနိုင်ခြင်းသည်ပင် တရုတ်တို့ ငွေကြေးအကူအညီရ၍ ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် တပ်သားသစ် ဖြည့်တင်းခြင်းကို အလွန်အမင်း ပိုမိုတွက်ဆကြရန် မလိုပေ။

ထို့ပြင် တပ်သားသစ်ပြဿနာမှာ တွေ့ရသည့်အတိုင်း အဓမ္မသိမ်းသွင်းထားရသည်ဖြစ်ရာ တိုက်စိတ်ခိုက်စိတ် မရှိခြင်း၊ ထွက်ပြေးခြင်းတို့ကြောင့် စစ်တပ်အတွက် အပြည့်အဝ စိတ်ချလက်ချ အသုံးပြုရသည့် အင်အားများ မဟုတ်ပေ။ တနှစ်လျှင် အင်အားထောင်ဂဏန်း တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချပြီး လက်နက်ခဲယမ်းပင် ထောက်ပံ့နေသည်ကို တွေ့မြင်ရ၏။

လက်ရှိ တနှစ်စာ တပ်သားသစ်အင်အားသည် တပြည်လုံးအတိုင်းအတာအရ ထိုးစစ်ဆင်ရာတွင် ဟာကွက်များရှိသေးသကဲ့သို့ ခံစစ်စခန်းအတော်များများကိုလည်း အင်အားဖြည့်တင်းနိုင်ခြင်း မရှိသေးရာ ကရင်ပြည်နယ်နှင့်တနင်္သာရီတွင် ဗျူဟာမြောက် ခံစစ်စခန်းအများအပြား လက်လွှတ်ရသည်ကို တွေ့နိုင်၏။

သို့ဖြစ်ရာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းခြင်းမှာ အကန့်အသတ်ရှိ၏။ တနှစ်စာ စစ်အင်အား ဖြည့်တင်းခြင်းသည် စစ်မြေ ပြင်ရလဒ်တွင် သိသာသည့် ရလဒ်မရသကဲ့သို့ နှစ်နှစ်စာ ဖြည့်တင်းခြင်းသည် အင်အားအချိုးအစားအရ လုံးဝ အသာစီးရသည့် အခြေအနေတွင် ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တပ်သားသစ် ဖြည့်တင်းခြင်းနှင့် စစ်လက်နက်နည်းပညာကို အသုံးပြုပြီး နေရာအတော်များများသို့ ပြန်လည် ထိုးစစ်ဆင်လာမည်ကတော့ သေချာသည်။ သို့သော်လည်း ဤအခြေအနေသည် ရှောင်လွှဲ၍ မရသကဲ့သို့ စိုးရွံ့စရာ စိုးရမ်စရာလည်း မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် နွေဦးအင်အားစုများသည် ယခင်ကထက် ပိုမို၍ လက်နက်တပ်ဆင်လာနိုင်သကဲ့သို့ ယခင်ကထက် စစ်ရေးအတွေ့အကြုံ ကြွယ်ဝလာ၍ ဖြစ်၏။ မည်သို့ စစ်ရေးအရ ပြန်လည်တုံ့ပြန်မည်ဆိုသည်ကို စနစ်တကျ ပြင်ဆင်ရန်သာလိုသည်။

(ဆက်လက်ဖော်ပြပါမည်။)

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

ပုလဲမြို့သိမ်းတိုက်ပွဲကို နှိုင်းယှဉ်သုံးသပ်ခြင်း

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်

မိုးဗြဲ-နောင်ချိုကို စစ်ကောင်စီ ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ

]]>
ရှမ်းမြောက် ရမခ စစ်အင်အား ပြန်ဖြည့်နေသည် https://burma.irrawaddy.com/article/2025/06/27/402716.html Fri, 27 Jun 2025 02:22:30 +0000 https://burma.irrawaddy.com/?p=402716 လားရှိုးကို ပြန်လည်နေရာယူစဉ်က စစ်အင်အား ၅၀၀ ခန့်သာရှိသော်လည်း နောက်ပိုင်း တစတစ တိုးလာပြီး ဇွန်လအတွင် အင်အားထောင်ချီ စေလွှတ်ဖြည့်တင်းခဲ့သည်။]]>

၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်း လားရှိုးကျပြီးသည်အထိ စစ်ရေးအရှိန်တက်နေချိန်တွင် တရုတ်အစိုးရ ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီ ပြုတ်မကျရေး လုံးပန်းလာပြီးနောက် ရှမ်းမြောက်၏ စစ်ရေးအခြေနေမှာ ပြောင်းလဲသွားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ အပစ်ရပ်ပြီး လားရှိုးကို ဇွန်လခန့်တွင် စစ်ကောင်စီလက်ထဲ ပြန်အပ်မည်ဟု စတင် သတင်းထွက်သည်။ သို့သော် လက်တွေ့တွင် လားရှိုးမြို့အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီလက်သို့ ပြန်အပ်လိုက်ရ၏။ မတ်လ စစ်ကိုင်းငလျင်ကြီးကြောင့် မြန်မာလူထုအာရုံ ငလျင်ပေါ်ရောက်နေချိန် လားရှိုးကိစ္စ လူထုအာရုံမစိုက်မိစေရန် တရုတ်တို့ တက်သုတ်ရိုက် လုပ်ကိုင်ပုံရသည်။

တဖန် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ ၂၈ ရက်နှင့်၂၉ ရက်တို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဆွေးနွေးခဲ့သည်ဟု သိရသည်။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းအထိ TNLA တပ်ဖွဲ့အားလုံး ပြန်လည် ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များက သဘောမတူနိုင်ခဲ့ခြင်းကြောင့် နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဟု ဆိုပါသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် လာမယ့်ဩဂုတ်တွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု TNLA က အသိပေးသည်ကို တွေ့ရ၏။ TNLA အနေဖြင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်သည့်အတွက် တရုတ်အစိုးရက နယ်စပ်တလျှောက် ဖြတ်ငါးဖြတ် ဆက်လက် ပြုလုပ်ထားသည့်အတွက် တအာင်း/ပလောင်ဒေသတွင် အခက်အခဲများစွာရှိသည်ဟု TNLA က နောက်ဆက်တွဲ သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။

မြောက်ပိုင်း ညီ‌နောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် စစ်ကိုင်းငလျင်လှုပ်ပြီးနောက် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်၏။ သို့သော်လည်း စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်အင်အား ဖြည့်တင်းခြင်းနှင့် စစ်ဆင်ရေး ဆောင်ရွက်ခြင်းကို ရပ်တန့်ကြောင်း မတွေ့ရပေ။

မြောက်ပိုင်း ညီ‌နောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် စစ်ကိုင်းငလျင်လှုပ်ပြီးနောက် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်၏။ သို့သော်လည်း စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်အင်အား ဖြည့်တင်းခြင်းနှင့် စစ်ဆင်ရေး ဆောင်ရွက်ခြင်းကို ရပ်တန့်ကြောင်း မတွေ့ရပေ။

ရှမ်းမြောက်နှင့် ရမခ

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျပြီးနောက် ယခုအခါ စစ်ကောင်စီသည် ရမခ စစ်တိုင်းဌာနချုပ်အား တန့်ယန်းအနီး မန်ကတ်တွင် ပြောင်းရွှေ့အခြေပြုပြီး စစ်ဆင်ရေးကွပ်ကဲမှု ပြန်လည်ဖွဲ့စည်းမှုများ တောက်လျှောက် ပြုလုပ်နေသည်ကို တွေ့ရ၏။

တပ်သားသစ်များ စုဆောင်းပြီးနောက် ၁၀၂၇ စစ်ဆင်ရေးတွင် တပ်ရင်းဌာနချုပ် ပျက်သွားသည့် ခြေလျင်၊ ခြေမြန်တပ်ရင်းများအနက် ရမခ တိုင်းတပ်အချို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၊ စကခ ၁၆ မှ တပ်ရင်းများ၊ လားရှိုးအခြေစိုက် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များကို ပြန်လည် အင်အားဖြည့်ခြင်း၊ ပူးပေါင်းဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ပြီး လားရှိုးမြို့တွင် ပြန်လည် အခြေစိုက်ခဲ့သည်။

ရမခတပ်များအား ပြန်လည်အင်အားဖြည့် ဖွဲ့စည်းသည့်အပြင် အခြားဒေသမှ စကခများ၊ တပ်မများ၊ တိုင်းတပ်များကိုလည်း ရမခစစ်တိုင်းနယ်မြေအတွင်း အင်အားဖြည့်ထားသည်ကို တွေ့ရ၏။ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း လားရှိုးကို ပြန်လည်နေရာယူစဉ်က စစ်အင်အား ၅၀၀ ခန့်သာရှိသော်လည်း နောက်ပိုင်း တစတစ တိုးလာပြီး ဇွန်လအတွင် အင်အားထောင်ချီ စေလွှတ်ဖြည့်တင်းခဲ့သည်ကို တွေ့နိုင်သည်။

လက်ရှိ ရမခသည် တန့်ယန်း၊ မန်ကတ်တွင် အခြေပြုထားသည်။ မန်ကတ်တွင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) ၈ နှင့် အင်အား ၄၀၀ ခန့် ပုံမှန်ရှိ၏။ တန့်ယန်းတွင် တိုင်းလက်အောက်ခံ စစ်ဗျူဟာတခုနှင့် တိုင်းတပ်ရင်း သုံးရင်းရှိသည်။ မိုင်းရယ်တွင် စစ်ဗျူဟာ တခုနှင့် တိုင်းတပ် သုံးရင်းရှိသည့်အပြင် မိုင်းရယ်တွင် ရှေ့တန်း စကခ ၁၂ ဌာနချုပ်နှင့် တပ်ရင်း ခြောက်ရင်းခန့် ထားရှိသည်ကို တွေ့ရ၏။

တောင်းခမ်းဝန်းကျင် ပြ မြေပုံ / ဧရာဝတီ

စကခ ၁ နှင့် လက်အောက်ခံ တပ်ရင်းများကို နန့်လန်တွင် ပြန်လည်စုစည်း အင်အားဖြည့်ပြီး တပ်ရင်း လေးရင်းခန့်ပါသည့် ဗျူဟာတခုကို တောင်ခမ်းသို့ စေလွှတ်ထားသည်ကို တွေ့ရ၏။ နန့်လန်တွင် တြိဂံတိုင်းမှ တပ်ရင်းနှစ်ရင်း၊ စကခ ၇ မှ အနည်းဆုံး နှစ်ရင်းခန့် ထပ်မံ ဖြည့်တင်းထားသည်။ နန့်လန်၊ မန်စိမ်း၊ တောင်ခမ်းခွင်အား ထိန်းချုပ်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။

ထို့ပြင် ယခင် မူဆယ်ရှိ တပ်မ ၉၉ အား ဆွဲထုတ်ပြန်လည်ဖွဲ့စည်းပြီး မင်းဘူး-ပဒါန်း စစ်မျက်နှာသို့ စေလွှတ်ခဲ့၏။ မူဆယ်သို့ စကခ ၁၄ နှင့် လက်အောက်ခံ တပ်ရင်း ခြောက်ရင်းကို ပြန်လည်စေလွှတ်ပြီး ရမခ တိုင်းတပ် လေးရင်းခန့်နှင့်အတူ နေရာချထားသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် မှစ၍ လားရှိုး၌ တိုင်းတပ် ငါးရင်းနှင့် လက်ရုံးတပ်များ စတင်အခြေစိုက်သည်။ နောက်ပိုင်းတွင် တပ်အင်အား ဖြည့်တင်းမှုများ ထပ်မံပြုလုပ်ပြီး ဇွန်လတွင် စကခ ၁၇ နှင့် တပ်ရင်း ခြောက်ရင်း၊ အမြောက်တပ်ရင်း၊ သံချပ်ကာကား ငါးစီးပါ သံချပ်ကာတပ်ဖွဲ့နှင့် လက်ရုံးတပ်များကို လားရှိုးသို့ စေလွှတ်ပြီး အင်အားဖြည့်တင်းထားရာ လက်ရှိတွင် လားရှိုးတွင် စုစုပေါင်း စစ်အင်အား ၂,၅၀၀ ခန့် ရှိလာသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် မှစ၍ လားရှိုး၌ တိုင်းတပ် ငါးရင်းနှင့် လက်ရုံးတပ်များ စတင်အခြေစိုက်သည်။ နောက်ပိုင်းတွင် တပ်အင်အား ဖြည့်တင်းမှုများ ထပ်မံပြုလုပ်ပြီး ဇွန်လတွင် စကခ ၁၇ နှင့် တပ်ရင်း ခြောက်ရင်း၊ အမြောက်တပ်ရင်း၊ သံချပ်ကာကား ငါးစီးပါ သံချပ်ကာတပ်ဖွဲ့နှင့် လက်ရုံးတပ်များကို လားရှိုးသို့ စေလွှတ်ပြီး အင်အားဖြည့်တင်းထားရာ လက်ရှိတွင် လားရှိုးတွင် စုစုပေါင်း စစ်အင်အား ၂,၅၀၀ ခန့် ရှိလာသည်ကို တွေ့ရသည်။

တောင်ခမ်းတွင် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၂ ဌာနချုပ်နှင့် အမြောက်တပ်ရင်း (အမတ) သုံးရင်း၊ တပ်မ ၅၅ မှ နှစ်ရင်း၊ စကခ ၂ မှ တပ်ရင်းတရင်း၊ ရပခ တိုင်းမှ တပ်ရင်းနှစ်ရင်းအပြင် နန့်လန်အခြေစိုက် စကခ ၁ မှ တပ်ရင်းလေးရင်း တဗျူဟာခန့်ရှိ၏။ ထို့ပြင် တပ်မ ၁၁ မှ တပ်ရင်း နှစ်ရင်းခန့် (စိစစ်ဆဲ) ရှိနိုင်သည်ဟု ဆိုပါသည်။

အုမ္မသီးဘက်တွင် စကခ ၁၈ မှ တပ်ရင်း ငါးရင်းခန့် စုဖွဲ့ကာ နောင်ချိုသို့ ထိုးစစ်ဆင်နေပြီး ရမခ၏ ကွပ်ကဲမှုအောက်တွင် ရှိ၏။ ဝက်ဝံ၊ ဘန့်ဘွေး၊ သံဘို တို့တွင်မူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) က ကွပ်ကဲမှု ယူထားသည်။

သို့ဖြစ်ရာ လက်ရှိ ရမခ လက်အောက်တွင် တိုင်းတပ် ၁၅ ရင်းခန့်၊ စကခ ၁ မှ တပ်ရင်း ၁၀ ရင်း၊ စကခ ၁၄ မှ ခြောက်ရင်းခန့်၊ စကခ ၁၆ မှ အနည်းဆုံး နှစ်ရင်း၊ စကခ ၁၇ မှ ခြောက်ရင်းခန့်၊ စကခ ၁၂ မှ တပ်ရင်း ခြောက်ရင်းခန့်၊ စကခ ၁၈ မှ ငါးရင်းခန့်၊ ရပခ မှ တပ်ရင်း နှစ်ရင်း၊ စကခ ၇ မှ တပ်ရင်း နှစ်ရင်း၊ တပ်မ ၅၅ မှ တပ်ရင်း နှစ်ရင်း၊ စကခ ၂ မှ တပ်ရင်း တရင်း၊ တြိဂံတိုင်းမှ တပ်ရင်း နှစ်ရင်းအပြင်အပြင် တပ်မ ၁၁ မှ တပ်ရင်း နှစ်ရင်းခန့် ရှိနိုင်သဖြင့် ခြေလျင်/ခြေမြန်တပ်ရင်း ၆၀ နီးပါး ပြန်လည်စုဖွဲ့ထားသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ ရမခ စစ်တိုင်းအတွင်း စစ်အင်အား ၁,၂၀၀ ခန့် ပြန်လည် စုဖွဲ့လာခြင်းဖြစ်သကဲ့သို့ မူဆယ်မြို့တွင် စစ်အင်အား ၁,၀၀၀ ခန့်၊ လားရှိုးတွင် စစ်အင်အား ၂,၀၀၀ ကျော် စုစည်းထားသည်ကို တွေ့ရ၏။ ထို့ပြင် နောင်ချိုကိုလည်း စစ်အင်အား ၂,၀၀၀ ခန့်သုံးပြီး စစ်ဆင်နေသည်ကို တွေ့ရသည်။

လက်ရှိ ရမခသည် နောင်ချိုစစ်ဆင်ရေးကို ကွပ်ကဲလျက်ရှိ၏။ ဇွန်လအတွင်းတွင် ဝက်ဝံ၊ ဘန့်ဘွေးမှတဆင့် အုမ္မသီး၊ ဆမ္မဆယ်ဘက်သို့ ထိုးစစ်ဆင်လာသည်ကို တွေ့ရသကဲ့သို့ နောင်ချိုမြို့၏ တောင်ဘက်မှလည်း တောင်ခမ်း၊ ကံကြီး၊ နောင်ချိုလမ်းပိုင်းမှ စစ်ကြောင်းတ‌ကြောင်းနှင့် တောင်ခမ်း၊ မဲပုတ်၊ နောင်ချိုကြီး တောလမ်းပိုင်းမှ စစ်ကြောင်းတကြောင်းထိုးနေသည်မှာ သုံးလခန့် ရှိခဲ့ပြီဖြစ်၏။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ထိုးစစ်များ ကြာမြင့်နေသည်မှာ မြေပြင်မှ သူသေကိုယ်ရှင် တက်လုံးခြင်းမျိုး မရှိဘဲ ဒရုန်းနှင့်လေကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် TNLA နှင့် ပူးပေါင်းအင်အားများက ပစ်အားကို မခံနိုင်ဘဲ ဆုတ်ခွာမှ တက်ရောက် နေရာယူသည်ဟု စစ်မြေပြင်သတင်းများအရ သိရ၏။

စစ်ကောင်စီသည် တောင်ခမ်းဘက်မှ အင်အား ၁,၀၀၀ ခန့်၊ အုမ္မသီးဘက်မှ အင်အား ၁,၀၀၀ ခန့် စုစုပေါင်း အင်အား ၂,၀၀၀ ခန့် အသုံးပြုပြီး စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ ထိုးစစ်များ ကြာမြင့်နေသည်မှာ မြေပြင်မှ သူသေကိုယ်ရှင် တက်လုံးခြင်းမျိုး မရှိဘဲ ဒရုန်းနှင့်လေကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် TNLA နှင့် ပူးပေါင်းအင်အားများက ပစ်အားကို မခံနိုင်ဘဲ ဆုတ်ခွာမှ တက်ရောက် နေရာယူသည်ဟု စစ်မြေပြင်သတင်းများအရ သိရ၏။

အကယ်၍ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ တောင့်ခံနေပါက လူအားဖြင့် တက်ထိုးလောက်သည်အထိ တိုက်စိတ်ခိုက်စိတ် မရှိကြ၍ စစ်ကောင်စီ၏ထိုးစစ် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ဆိုကြ၏။

သို့ဖြစ်ရာ လောလောဆယ်တွင် ရမခတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း၌ တရုတ်၏ ကြားဝင်မှုကြောင့် အပစ်ရပ်ထားသည်ဟု ဆိုသော်လည်း စစ်တပ်သည် ဆက်တိုက်ဆိုသလို အင်အားများ ဖြည့်တင်းလျက်ရှိပြီး နောင်ချိုအား အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်ကို တွေ့ရသည်။

လက်ရှိ နောင်ချိုတွင် အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ရာ မည်သို့ရလဒ်ထွက်မည်ဆိုသည်ကို ပြောရန် ခက်ခဲနေဆဲဖြစ်သည်။ အကယ်၍ နောင်ချိုကို ရရှိသွားပါက စစ်ကောင်စီသည် နောင်ချိုတွင် ရပ်တန့်ဖွယ် မရှိပေ။ တမြို့ပြီးတမြို့ ထိုးစစ်ဆင်မည်သာ ဖြစ်၏။

မိုးမိတ် မိုးကုတ် ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည့် TNLA တပ်ဖွဲ့များ / The Ta’ang

စစ်ကောင်စီသည် MNDAA နှင့် အပစ်ရပ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ လက်လွှတ်ဆုံးရှုံးခဲ့သည့်မြို့များကို MNDAA နယ်မြေအဖြစ် ယခုအချိန်အထိ အသိအမှတ်ပြုခြင်း မရှိသကဲ့သို့ TNLA ဆွေးနွေးရာတွင်လည်း ၎င်းတို့ ဆုံးရှုံးထားသည့်မြို့များနှင့် ပတ်သက်၍ လက်လွှတ်မခံခြင်းကို မူအဖြစ် ကိုင်ထားသည်ကို တွေ့မြင်နိုင်သည်။

စစ်ကောင်စီသည် လက်ရှိ တရုတ်ကြားဝင်မှုနှင့် အပစ်ရပ်သည်ကို နည်းပရိယာယ်အဖြစ်သာ သဘောထားပြီး ရှမ်းပြည်မြောက်ပိုင်းအား စစ်ရေးအရ ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်ရန်သာ ဆုံးဖြတ်ချက်ချထားသည်ကို မြင်တွေ့နိုင်သည်။

လက်ရှိ စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် MNDAA အနေဖြင့် တရုတ်၏ ကြားဝင်မှုရှိသည်ဆိုကာ ယုံကြည်စိတ်ချနေ၍ မရပေ။ တရုတ်အစိုးရသည် တိုင်းရင်းသားတပ်ဖွဲ့များက စစ်ကောင်စီအား တိုက်ခိုက်ခြင်းကိုသာ တားမြစ်ဟန့်တားမှု ပြုလုပ်သော်လည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို ဟန့်တားခြင်း မရှိပေ။

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံတို့ကို လေကြောင်းမှ တိုက်ခိုက်ပြီး အရပ်သားလူထုအား တိုက်ခိုက်နေသည်ကိုပင် နှုတ်ဆိတ်နေသည်ကို တွေ့မြင်နိုင်သည်။

ကိုးကန့် MNDAA သည် စစ်တပ်က ကိုးကန့်နယ်တွင်း အင်အားသုံး၍ စစ်တပ်ချထားခြင်းကို ၁၉၉၂ ခုနှစ်ခန့်ကတည်းက ကြုံဖူးသကဲ့သို့ အင်အားသုံး၍ ကိုးကန့်မှ MNDAA အား တိုက်ခိုက်မောင်းထုတ်ခြင်းကိုလည်း ၂၀၀၉ ခုနှစ်က ကြုံဖူးခဲ့ပြီဖြစ်သည်။

အလားတူ TNLA သည်လည်း ၂၀၀၅ ခုနှစ်က လက်နက်စွန့်ခဲ့ပြီးနောက် ဒေသတခုလုံး ဒုက္ခရောက်ခဲ့သည့် အဖြစ်ဆိုးကို ကြုံခဲ့ရပြီဖြစ်၏။ MNDAA ရော TNLA ပါ အင်အားမရှိစဉ်ကာလတွင် စစ်ကောင်စီက လက်နက်ချရန်သာ ပြောဆိုသည်ကိုလည်း ကြုံဖူးခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီ စစ်အင်အားစုဖွဲ့လာသည်ကို သတိပြုရန်လိုသည်။ တရုတ်တို့သည် တော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီကို တိုက်သည်ကိုသာ တားဆီးနေသော်လည်း စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ၊ လူထုအား တိုက်ခိုက်သည်ကို တားဆီးခြင်း မပြုသည်ကို သတိပြုရန်လိုသည်။

သို့ဖြစ်ရာ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီ စစ်အင်အားစုဖွဲ့လာသည်ကို သတိပြုရန်လိုသည်။ တရုတ်တို့သည် တော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီကို တိုက်သည်ကိုသာ တားဆီးနေသော်လည်း စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ၊ လူထုအား တိုက်ခိုက်သည်ကို တားဆီးခြင်း မပြုသည်ကို သတိပြုရန်လိုသည်။

ထို့အတူ စစ်ကောင်စီ မပြုတ်မချင်း မြန်မာပြည်ရှိ မည်သည့်နယ်မြေမှ မလွတ်မြောက်နိုင်၊ မငြိမ်းချမ်းနိုင်ဆိုသည်မှာ ငြင်းမရသည့် အမှန်တရားဖြစ်ပြီး လက်ရှိ ရှမ်းမြောက်တွင် စစ်ကောင်စီ စုဖွဲ့မှုအရ စစ်ရေးတွင် သတိကြီးစွာထားရန် လိုအပ်ပေမည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် TNLA မြို့တွေ ပြန်ပေးရနိုင်လား (ရုပ်/သံ)

လားရှိုး အလှည့်အပြောင်း၊ တရုတ် စွက်ဖက်မှုနှင့် နွေဦးတော်လှန်ရေး (၁)

တောင်ခမ်းတိုက်ပွဲက နောင်ချိုကို ခြိမ်းခြောက်နိုင်လား

လားရှိုးအဝင် မယ်ဟန်ဂိတ် MNDAA သိမ်း

]]>
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ https://burma.irrawaddy.com/article/2025/06/11/402027.html Wed, 11 Jun 2025 03:14:56 +0000 https://burma.irrawaddy.com/?p=402027 AA နှင့် PDF ပူးပေါင်းတပ်များသည် စစ်ကြောင်းသုံးခုခွဲ၍ ဧရာဝတီတိုင်းတွင်းသို့ စစ်မျက်နှာဖွင့်လှစ် ဝင်ရောက်လာသည်ကို တွေ့ရ၏။]]>

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်နယ် တောင်ဘက်စွန်းက ဂွမြို့ကို အာရက္ခတပ်တော် (AA) သိမ်းယူခဲ့သည်။ ဂွမြို့မှ တပ်ဆုတ်လာသည့် စစ်တပ်သည် တောင်ဘက်ရှိ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ဘောမိတွင် ခုခံခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘောမိအား AA က သိမ်းပိုက်ပြီးနောက် တောင်ဘက် ရွှေသောင်ယံနှင့် ချောင်းသာဘက်သို့ ဆက်လက် ထိုးစစ်ဆင်ခြင်းမပြုဘဲ ဘောမိတွင် ရပ်တန့်သွား၏။

ထို့နောက် AA နှင့် PDF ပူးပေါင်းတပ်များသည် စစ်ကြောင်းသုံးခုခွဲ၍ ဧရာဝတီတိုင်းတွင်းသို့ စစ်မျက်နှာဖွင့်လှစ် ဝင်ရောက်လာသည်ကို တွေ့ရ၏။ ပထမတကြောင်းမှာ ဘောမိမှ အရှေ့တောင်ဘက် သာပေါင်းသို့ ဦးတည်သည်။

ဒုတိယစစ်ကြောင်းက အရှေ့ဘက် ဂွ-ငသိုင်းချောင်း ကားလမ်းအတိုင်း ရေကြည်မြို့နယ်၊ ငသိုင်းချောင်း၊ မြောက်စမ်း အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ ၃၄၄) သို့ ဦးတည်သည်။

တတိယစစ်ကြောင်းက အရှေ့မြောက်ဘက် အင်္ဂပူ၊ လေးမျက်နှာမြို့နယ်ဘက်သို့ ဦးတည်၏။ ရခိုင်ကမ်းရိုးတန်းအတိုင်း တောင်ဘက်သို့ တကြောင်းထိုး ချီတက်လာရာမှ ဘောမိ သိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာသောအခါ စစ်ကြောင်းသုံးကြောင်း ဖြန့်ခွဲလိုက်သည်ကို တွေ့ရသည်။

သာပေါင်း စစ်မျက်နှာ

ဘောမိမှ အရှေ့တောင်ဘက်သို့ ဦးတည်သည့် စစ်မျက်နှာသည် ခမရ ၃၀၈ အခြေစိုက်သည့် သာပေါင်းဘက်သို့ ဦးတည်သည်ကို တွေ့ရ၏။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သာပေါင်းသို့ ဦးတည်သည့်လမ်းပေါ်ရှိ ကျားခေါင်းရွာအား စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သိမ်းပိုက်ခဲ့၏။ ကျားခေါင်းမှ သာပေါင်းသွားရာ လမ်းကြောင်းပေါ်ရှိ ကြက်သွန်ကွင်း၊ သဲဖြူ၊ ဘုရားကုန်း၊ စက်ဒေါင့်ကြီး စစ်လမ်းကြောင်း ကျသွားပြီး တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။

သာပေါင်းမြို့နယ်၊ သဲဖြူအရှေ့ရွာမှ နှစ်ဖာလုံခန့်ကွာဝေးသော ကင်ပွန်းချဉ်တောင် အနီးတဝိုက်ရှိ ကင်ပွန်းချဉ်၊ သာပေါင်းလေး၊ ခွေးကုတ်၊ အနန်းကုန်းစသည့် ကျေးရွာအနီးတို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှ စတင်ပြီး AA အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ကို ကြားသိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတခုကို AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီးနောက် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်နှင့် သာပေါင်းမြို့နယ် ဆင်ကနီခုံရွာနှင့် ကွင်းကလေးကျေးရွာတို့ကို ပြန်လည် ထိုးစစ်ဆင် ဝင်ရောက်လာ၍ မတ်လ ၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။

မတ်လအတွင်း၌ သာပေါင်းမြို့နယ်ရှိ သာပေါင်းလေးရွာ၊ ကျွန်းလျားကြီးအုပ်စု၊ သဲဖြူအနီးရှိ ကမွန်းချဉ်ကုန်းနှင့် သစ်ဖြူအုပ်စု သစ်ဝမ်းပူ၊ ကျားခေါင်းတို့တွင် တိုက်ပွဲများဖြစ်ပွားသည်ကို တွေ့ရသကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ရေကြည်၊ ငသိုင်းချောင်းစစ်မျက်နှာ

ဒုတိယ စစ်မျက်နှာအနေဖြင့် ဂွမြို့မှ ငသိုင်းချောင်း ကားလမ်းအတိုင်း ချီတက်လာသည့် AA နှင့် ပူးပေါင်းတပ်များသည် ငါးသိုင်းချောင်းမြို့နှင့် ၃၁ မိုင်အကွာရှိ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် နယ်ခြားစစ်ဆေးရေးဂိတ်ဖြစ်သည့် ဗေဒါစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၆ ရက်တွင် ဗေဒါဂိတ်ကို သိမ်းပိုက်နိုင်သည်ဟု သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၄ ရက်တွင် AA နှင့် ပူးပေါင်းတပ်များသည် မြောက်စမ်းအခြေစိုက် အမတ ၃၄၄ ရှိရာသို့ ဦးတည်ချီတက်လာပြီး လမ်းတလျှောက်ရှိ စစ်တပ်နှင့် စတင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရ၏။ ထို့နောက် ရေကြည်မြို့နယ် အမတ ၃၄၄ အနီးနှင့် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် မတ်လ ၁၇ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်ဟု သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၄ ရက်တွင် AA နှင့် ပူးပေါင်းတပ်များသည် မြောက်စမ်းအခြေစိုက် အမတ ၃၄၄ ရှိရာသို့ ဦးတည်ချီတက်လာပြီး လမ်းတလျှောက်ရှိ စစ်တပ်နှင့် စတင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရ၏။ ထို့နောက် ရေကြည်မြို့နယ် အမတ ၃၄၄ အနီးနှင့် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် မတ်လ ၁၇ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းရှိ နဂါးရစ်တောင်ခြေအနီးတွင် စစ်ကောင်စီနှင့် AA ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ ဝန်းကျင်ခန့် သေဆုံးကြောင်း သိရသည်။ အမတ ၃၄၄ ၏ ကာကင်းစခန်းများ၊ သီတာကုန်းပြင်ရွာ ရဲစခန်း အနီးတဝိုက်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ငသိုင်းချောင်း-ဂွလမ်းပေါ်ရှိ အမတ ၃၄၄ ၏ ကာကင်းစခန်းအချို့ကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကာကင်းစခန်းအချို့မှ စစ်သားများ ဆုတ်ခွာသည်ဟု သိရသည်။ အမတ ၃၄၄ နှင့် ၂၂ မိုင်ခန့်အကွာ ဧရာဝတီနှင့် ရခိုင်ပြည်နယ်အစပ် နယ်ခြားကျောက်တိုင်အနီး စပြင်ကျေးရွာအနီးရှိ ကာကင်းစခန်းနှင့် ၁၇ မိုင်ခန့်အကွာ လက်ပံပင်ကျေးရွာအနီး၌ ကာကင်း စခန်းနှစ်ခုအား AA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည်။

ထို့နောက် အမတ ၃၄၄ နှင့် ခုနစ်မိုင်ခန့်အကွာ ကျောက်တိုင်ဗွေ၌ ကာကင်းစခန်းသို့ ဦးတည်လာသကဲ့သို့ AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အမတ ၃၄၄ အနီး မိတ်သလင်ကျေးရွာ အပြင်ဘက် တောင်ကုန်းပေါ်တွင် ရှိသည့် ကာကင်းစခန်းကို မေလ ၂၇ ရက်နေ့ ညက တိုက်ခိုက်သည်ကို တွေ့ရပြီး မေလ ၃၀ ရက်တွင် အမတ ၃၄၄ အား ဒုံးကျည်များဖြင့် ပစ်ခတ်သည်ကို တွေ့ရ၏။ ဇွန်လဆန်းတွင် နဂါးရစ်တောင်တဝိုက်၌ တိုက်ပွဲများ ပြင်းထန်နေသည်ကို တွေ့ရသည်။

AA, PDF နှင့် နွေဦး ပူးပေါင်းတပ်ဖွဲ့များ ရခိုင်ရိုးမအား ကျောပေး၍ ဧရာဝတီတိုင်းကို ဆင်းလာရာ လမ်းတွင် တိုက်ပွဲများ ဖြစ်ခဲ့သည် / မြေပုံ-ဧရာဝတီ

လေးမျက်နှာ၊ အင်္ဂပူ စစ်မျက်နှာ

တတိယ စစ်မျက်နှာအနေဖြင့် မတ်လ ၁၅ ရက်ဝန်းကျင်မှစ၍ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ရိုးမတောတွင်းနေရာအချို့နှင့် လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်း၊ ကွင်းကြီး၊ စက်စက်ယို၊ လဲခုံလေး၊ လဲခုံကြီး၊ ချင်းလယ်ရွာကျေးရွာနှင့် ကညင်တိုင်ကျေးရွာအနီး ကျားအောင်းတောင်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

လေးမျက်နှာနှင့် ရခိုင်ရိုးမအစပ်ရှိ ပုသိမ်-မုံရွာ ကားလမ်းဘေး စက်စက်ယိုရွာနှင့် တုံးတောရွာတို့တွင် မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက မတ်လ ၁၉ ရက်နေ့တွင် ၎င်းတို့ တပ်စွဲနေရာယူထားသည့် ‌တုံးတောကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မတ်လ ၂၃ ရက် ညနေပိုင်းအချိန်တွင် တုံးတောကျေးရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ရေကြည်‌မြို့နယ်၊ သရက်ပင်ကြီးစုကျေးရွာ၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာတို့တွင် ပိတ်မိနေသည့် ဒေသခံအချို့အား မတ်လ ၂၅ ရက်နေ့၌ AA နှင့် ပူးပေါင်းတပ်များက ကယ်ထုတ်ခဲ့သည်ဟု သိရ၏။

တိုက်ပွဲများ ပြင်းထန်နေသည့် ရေကြည်‌မြို့နယ်၊ သရက်ပင်ကြီးစုကျေးရွာ၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာတို့တွင် ပိတ်မိနေသည့် ဒေသခံအချို့အား မတ်လ ၂၅ ရက်နေ့၌ AA နှင့် ပူးပေါင်းတပ်များက ကယ်ထုတ်ခဲ့သည်ဟု သိရ၏။

ငလျင်မလှုပ်မီအထိ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်နှင့် ကွင်းကောက်မြို့ကြား ပုသိမ်-မုံရွာ လမ်းဘေးရွာများတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ငလျင်လှုပ်ပြီးနောက်ပိုင်း AA နှင့် ပူးပေါင်းတပ်များ တပ်ပြန်ဆုတ်သွားသကဲ့သို့ တိုက်ပွဲများ ခေတ္တငြိမ်သက်သွားခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်က AA နှင့် တော်လှန်ရေးတပ်ဖွဲ့များသည်က ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင်းရှိ ပန်းတောကြီးရွာကို စတင်တိုက်ခိုက်ခဲ့ကြသည့်။ ငလျင်လှုပ်ချိန် ခေတ္တ တိုက်ပွဲရပ်ထားသော်လည်း ဧပြီလ ၁၇ ရက် ညတွင် ပန်းတောကြီးအား ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ပန်းတောကြီးမှ ဆုတ်လာခဲ့ပြီး ဆီဆုံကုန်း၌ ပြန်လည် ခံစစ်ပြင်နေသည်ဟု သိရသည်။ ဆီဆုံကုန်းရွာသည် ပန်းတောကြီးရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့် အကွာအဝေးရှိပြီး လေးမျက်နှာမြို့နှင့် ပန်းတောကြီးကျေးရွာ ဆက်သွယ်ထားသည့် လမ်းပေါ်၌ ရှိပါသည်။

ပန်းတောကြီးရွာသည် ပုသိမ်-မုံရွာ လမ်း‌ပေါ်တွင်ရှိပြီး အရှေ့ဘက် ၁၂ ကီလိုမီတာခန့်အကွာတွင် လေးမျက်နှာရှိကာ မြောက်ဘက် ၁၅ ကီလိုခန့်အကွာတွင် ကွင်းကောက်ရှိ၏။ ကွင်းကောက်တွင် အမှတ် (၅) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၅) ရှိ၏။ AA နှင့် ပူးပေါင်းတပ်များက ပန်းတောကြီးအား သိမ်းပိုက်လိုက်သဖြင့် မြောက်ဘက် ကွင်းကောက်၊ အရှေ့ဘက် လေးမျက်နှာကိုသာမက တောင်ဘက် ပုသိမ်-မုံရွာလမ်းကို ဖြတ်သည့် ရေနံ့သာဂိတ်ကိုပါ ခြိမ်းခြောက်လာ၏။

စစ်ကောင်စီသည် ကွင်းကောက်နှင့် လေးမျက်နှာတွင် တပ်အင်အားဖြည့်တင်းပြီး ပန်းတောကြီးသို့ ပြန်လည် ထိုးစစ်ဆင်ရန် ကြိုးစားနေသည်ကို ကြားသိရပြီး ဇွန်လဆန်းတွင် ပန်းတောကြီးတဝိုက်၌ တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဧပြီလ ၁၈ ရက် ညပိုင်းမှစတင်ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည့်အပြင် လက်နက်ကြီးဖြင့်ပါ ဆက်တိုက် ပစ်ခတ်နေသောကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီး၊ ပန်းတောပေါက်၊ ဆီဆုံကုန်း၊ ဆင်သေ၊ အောင်ဘော်၊ လှည်းကူး၊ ကွမ်းခြံကုန်း စသည့်ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ မီးလောင်မှုများ ဖြစ်ပေါ်နေသောကြောင့် တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ဆိုပါသည်။

ရခိုင်ရိုးမနှင့် ထိစပ်နေသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစုနှင့် ပန်းတောကြီးကျေးရွာများကို AA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် လေးမျက်နှာမြို့မြောက်ဘက် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများအထိ တိုက်ပွဲများ ရောက်လာသည်။

အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီး မေလ ၁၅ ရက်မှ စတင်ပြီး AA, ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်နေသည်။ ပန်းတောကြီးနှင့် ပိန္နဲကွင်းရွာများ၌ တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့ရသကဲ့သို့ ကွင်းကောက်အခြေစိုက် တတက ၅ အနီးရှိ ဘန့်ဘွေးကုန်း တဝိုက်တွင်လည်း နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

AA, PDF နှင့် နွေဦး ပူးပေါင်းတပ်ဖွဲ့များ ရခိုင်ရိုးမအား ကျောပေး၍ ဧရာဝတီတိုင်းကို ဆင်းလာရာ လမ်းတွင် တိုက်ပွဲများ ဖြစ်ခဲ့သည် / မြေပုံ-ဧရာဝတီ

ကျယ်ပြန့်လာသည့် စစ်မျက်နှာ

မူလ ဘောမိမှ ရွှေသောင်ယံသို့ ဦးတည်သည့် စစ်ဦးသည် ဘောမိတွင် ရပ်တန့်သွားပြီး ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် သာပေါင်းသို့ ဦးတည်၍လည်းကောင်း၊ မတ်လလယ်မှစ၍ ရေကြည်မြို့နယ်၊ မြောက်စမ်းသို့ ဦးတည်၍လည်းကောင်း၊ မတ်လမှစ၍ လေးမျက်နှာသို့ ဦးတည်၍လည်းကောင်း၊ ဧပြီလနှောင်းပိုင်းမှစ၍ အင်္ဂပူ၊ ကွင်းကောက်ဘက်သို့ ဦးတည်၍လည်းကောင်း စစ်မျက်နှာဖွင့်လာသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ် ထိစပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။

ဧရာဝတီတိုင်းအတွင်း လူနေကျေးရွာများအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ကိုးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရှိခဲ့ကာ လူနေအိမ် ၃၀ ခန့် ပျက်စီးခဲ့သည်ဟု ဧရာဝတီတိုင်း AYA PDF အမှတ် (၂၉) ဗျူဟာနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့က မေလ ၁၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ကြသည်။ ဤတိုက်ခိုက်မှုများကို အကြမ်းဖက် စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၅ ရက်နေ့အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုပါသည်။

သုံးသပ်ချက်

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီဘက်ရော AA နှင့် PDF တပ်ဖွဲ့များကပါ သတင်းထုတ်ပြန်ခြင်း မရှိသဖြင့် တိုက်ပွဲအရေအတွက်၊ အကျအဆုံးသတင်းများ တိကျစွာ မသိရပေ။ အရပ်သားသတင်း၊ မြေပြင်သတင်းများကို အားပြုနေရ၏။ မြေပြင်သတင်းများအရ ဧရာဝတီစစ်မျက်နှာနှင့် ပတ်သက်၍ တွေ့ရှိရသည့် အချက်များကို ခြုံငုံသုံးသပ်ပါက အောက်ပါအတိုင်း တွေ့ရ၏။ အချို့အချက်များ ထပ်မံအတည်ပြုရန် လိုအပ်ပါမည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီဘက်ရော AA နှင့် PDF တပ်ဖွဲ့များကပါ သတင်းထုတ်ပြန်ခြင်း မရှိသဖြင့် တိုက်ပွဲအရေအတွက်၊ အကျအဆုံးသတင်းများ တိကျစွာ မသိရပေ။ အရပ်သားသတင်း၊ မြေပြင်သတင်းများကို အားပြုနေရ၏။ မြေပြင်သတင်းများအရ ဧရာဝတီစစ်မျက်နှာနှင့် ပတ်သက်၍ တွေ့ရှိရသည့် အချက်များကို ခြုံငုံသုံးသပ်ပါက အောက်ပါအတိုင်း တွေ့ရ၏။ အချို့အချက်များ ထပ်မံအတည်ပြုရန် လိုအပ်ပါမည်။

-၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဂွမြို့ကျခြင်းသည် ဧရာဝတီစစ်မျက်နှာအတွက် သတိပေးခေါင်းလောင်း ထိုးလိုက်ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် ဘောမိကျသွားပြီးနောက် ဧရာဝတီစစ်မျက်နှာ စတင်အသက်ဝင်သည်။

-ဂွမှ တောင်ဘက် ဘောမိအထိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ရွှေသောင်ယံတကြောတွင် ခံစစ်ပြင်သည်။ တော်လှန်ရေးတပ်ဖွဲ့များက ဆက်မတိုးသေးသော်လည်း အချိန်မရွေး ဆက်တိုးလာနိုင်သဖြင့် စစ်တပ်က ရွှေသောင်ယံတကြောတွင် ခံစစ်ပြင်နေဆဲဖြစ်သည်။

-ဘောမိသိမ်းပြီးနောက် ဇန်နဝါရီလကုန်မှစ၍ သာပေါင်းဘက်သို့လည်းကောင်း၊ ဇန်နဝါရီလ ၆ ရက်တွင် ဂွ-ငသိုင်းချောင်း ကားလမ်းပေါ်ရှိ ဗေဒါနယ်ခြားဂိတ်အား သိမ်းပိုက်ပြီး ဖေဖော်ဝါရီလအတွင်း အမတ ၃၄၄ ‌အခြေစိုက်ရာ ရေကြည်မြို့နယ်၊ မြောက်စမ်းသို့ ဦးတည်၍လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းပေါ်သို့ ဦးတည်၍လည်းကောင်း စစ်မျက်နှသုံးခု ဖွင့်လှစ်ခဲ့သည်။

-ဇွန်လဆန်း သတင်းများအရ AA နှင့် PDF ပူးပေါင်းတပ်များသည် သာပေါင်းစစ်မျက်နှာတွင် အတန်ငယ် ငြိမ်သက်နေသော်လည်း ရေကြည်၊ ငသိုင်းချောင်း စစ်မျက်နှာတွင် မြောက်စမ်းအခြေစိုက် အမတ ၃၄၄ အား ဦးတည်ပြီး နဂါးရစ်‌တောင်၊ မိတ်သလင်နှင့် စက်စက်ယိုရွာများတွင်လည်းကောင်း၊ အင်္ဂပူ၊ လေးမျက်နှာ စစ်မျက်နှာတွင် ပန်းတောကြီး၊ ပိန္နဲကွင်းနှင့် ကွင်းကောက်တဝိုက်တွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

-AA နှင့် PDF ပူးပေါင်းတပ်များသည် သာပေါင်း၊ ရေကြည်၊ ငသိုင်း‌ချောင်းနယ်မှစ၍ လေးမျက်နှာ၊ အင်္ဂပူနယ်များကိုဖြတ်၍ မြန်အောင်၊ ကြံခင်းဘက်အထိ ရခိုင်ရိုးမအတိုင်း တပ်ဖြန့်လှုပ်ရှားနေသည်ဟု ဒေသခံများက ဆိုကြပါသည်။

-ဧရာဝတီစစ်မျက်နှာတွင် AA နှင့်အတူ PDF အမှတ် (၂၉) ဗျူဟာ လက်အောက်ခံတပ်ရင်း နှစ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့ စစ်ဆင်ရေး ပူးပေါင်းဆင်နွှဲနေပြီး စစ်ဆင်ရေးကွပ်ကဲမှုအား AA က ယူထားပုံရ၏။ စုစုပေါင်းအင်အား အနည်းဆုံး ၁ ထောင်ကျော် ရှိနိုင်၏။ ထို့ပြင် စစ်တောင်းမြစ်အရှေ့ဘက်တွင် စုဖွဲ့နေသော ဧရာဝတီ PDF တပ်ဖွဲ့များ၊ မကွေးတိုင်းတွင် စုဖွဲ့လေ့ကျင့်နေသည့် ဧရာဝတီဒေသခံ PDF များသည်လည်း ဧရာဝတီတိုင်းတွင်းသို့ ချီတက်ပူးပေါင်းရန် ပြင်ဆင်နေကြသည်။

-လက်ရှိအချိန်တွင် ဘောမိမှ အင်္ဂပူနယ်အထိ AA နှင့် PDF ပူးပေါင်းတပ်များ၏ လှုပ်ရှားမှုကို တွေ့မြင်နေရပြီး စစ်ကောင်စီတပ်များသည် ရွှေသောင်ယံ၊ သာပေါင်း၊ မြောက်စမ်း၊ ကွင်းကောက်၊ မယ်စလီကုန်းနှင့် သာပေါင်း၊ အသုတ်၊ ရေကြည်မြို့နယ် သုံးခုလမ်းဆုံ တစ္ဆေချောင်းရွာတို့တွင် ခံစစ်ပြင်နေသည်ကို တွေ့ရသည်။

-၂၀၂၅ အတွင်း ပိုမိုကျယ်ပြန့်လာသည့် ဧရာဝတီစစ်မျက်နှာကို မြင်တွေ့ရနိုင်ပါသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီအတွက် တည်ငြိမ်သည့် နောက်တန်းဖြစ်ခဲ့သော ဧရာဝတီတိုင်း၏ အခြေအနေသည် ၂၀၂၅ ခုနှစ်တွင် ‌လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ဧရာဝတီတိုင်းမှာ AA နဲ့ ပူးပေါင်းတပ်တွေ စစ်ဆင်ရေးစတင် (ရုပ်/သံ)

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

AA ရဲ့ စစ်ဆင်ရေး ဧရာဝတီတိုင်း ကူးမှာကို စစ်ကောင်စီ စိုးရိမ် (ရုပ်/သံ)

လေးမျက်နှာမြို့နယ်မှ ရွာတချို့ AA တို့ ထိန်းချုပ်

ဧရာဝတီတိုင်း စစ်မျက်နှာ ကျယ်ပြန့်လာနေပြီ

ပြည်နယ်နဲ့ တိုင်း ၄ ခုမှာ ဖြစ်ပွားနေတဲ့ AA ရဲ့ စစ်ဆင်ရေး (ရုပ်/သံ)

ရခိုင်ရိုးမကိုကျော်လာတဲ့ AA ရဲ့တိုက်ပွဲတွေ (ရုပ်/သံ)

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

]]>
AA အသာစီးရနေသည့် ကျောက်ဖြူတိုက်ပွဲ https://burma.irrawaddy.com/article/2025/06/04/401696.html Wed, 04 Jun 2025 02:04:34 +0000 https://burma.irrawaddy.com/?p=401696 ၂၀၂၅ ခုနှစ်အတွင်း ကျောက်ဖြူမြို့သို့ ဦးတည်လာသည့် တိုက်ပွဲများကို ခပ်စိပ်စိပ်မြင်လာရသည်။]]>

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့သည် ရမ်းဗြဲကျွန်းပေါ်ရှိ ဆက်စပ်နေသော မြို့နယ်နှစ်ခုဖြစ်၏။ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူမြို့နယ်အတွင်း၌ တရုတ်သို့ ပို့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ အစပြုသည့်အပြင် တရုတ်တို့၏ ကျောက်ဖြူစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း လျာထားချက်များရှိ၍ အများစိတ်ဝင်စားကြ၏။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် နံနက်တွင် ရမ်းဗြဲမြို့၊ အောင်ချမ်းသာစေတီ တိုက်ပွဲမှ စတင်ခဲ့၏။ ရှည်လျားခဲ့သော မြို့တွင်းတိုက်ပွဲများလည်း ဖြစ်ခဲ့သည်။ သုံးလတာနီးပါး ၈၅ ရက်ကြာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရမ်းဗြဲမြို့အား အာရက္ခတပ်တော် (AA) က လုံးဝ အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့၊ စစ်ကောင်စီစခန်းများ၊ စစ်ကူလာသည့် ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ နှင့် အမ်းမြို့အခြေစိုက် ခမရ ၃၇၃ တပ်ရင်းတို့ကိုပါ ချေမှုန်းခဲ့သည်သာမက ကျောက်ဖြူမြို့နယ်မှ မြို့ချောင်း ရဲစခန်း၊ စနဲ ရဲစခန်း၊ ဇင်ချောင်း ရဲစခန်း၊ မင်းပြင် ရဲစခန်း၊ ကပိုင်ချောင်း ရဲစခန်း၊ ကွမ်းချောင်း ရဲစခန်း၊ ကျောက်ဖြူ ရေကြောင်းရဲတပ်ဖွဲ့ရုံး စုစုပေါင်း စခန်း ခုနစ်ခုကိုပါ သိမ်းပိုက်နိုင်ခဲ့၏။ ရခိုင်ရိုးမ အမ်း၊ မအီမှ ကျောက်ဖြူသို့ လာရာလမ်းရှိ တံတားများအား စစ်တပ်ကိုယ်တိုင် မိုင်းခွဲဖျက်ဆီး၍ ဆုတ်ခွာသွားသည်။

ရမ်းဗြဲမြို့ကို သိမ်းပိုက်ပြီးနောက် ရမ်းဗြဲကျွန်းပေါ်တွင် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့် ရွာများကို AA က ထိန်းချုပ်ပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ AA သည် ကျောက်ဖြူမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထား၏။ ရမ်းဗြဲကျွန်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို AA က ထိန်းချုပ်ထားနိုင်ပြီး ကျောက်ဖြူနှင့် အနီးတဝိုက်ကိုသာ စစ်တပ်က ထိန်းချုပ်နိုင်တော့သည်။

ရမ်းဗြဲမြို့ကို သိမ်းပိုက်ပြီးနောက် ရမ်းဗြဲကျွန်းပေါ်တွင် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့် ရွာများကို AA က ထိန်းချုပ်ပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ AA သည် ကျောက်ဖြူမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထား၏။ ရမ်းဗြဲကျွန်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို AA က ထိန်းချုပ်ထားနိုင်ပြီး ကျောက်ဖြူနှင့် အနီးတဝိုက်ကိုသာ စစ်တပ်က ထိန်းချုပ်နိုင်တော့သည်။

၂၀၂၄ ခုနှစ်ကုန်တွင် ရခိုင်ပြည်နယ်ရှိ ကျွန်းမြို့များဟုဆိုနိုင်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့သုံးမြို့အပ ကျန်မြို့အားလုံးကို သိမ်းပိုက်ပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း ကျောက်ဖြူမြို့သို့ ဦးတည်လာသည့် တိုက်ပွဲများကို ခပ်စိပ်စိပ်မြင်လာရသည်။

ကျောက်ဖြူ

ကျောက်ဖြူတွင် မြို့တွင်း ထောင်အနီး၌ တိုင်းတပ် ခလရ ၃၄၊ ကျောက်တလုံးနှင့် ဂုံးချွိန်တွင် စကခ ၅ လက်အောက်ခံ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့ ရှိပြီး ဒိုးတန်းတောင်တွင် ရဲတပ်ရင်း ၃၂ ရှိ၏။ ထို့ပြင် တပ်မ ၁၁ နှင့် တပ်မ ၂၂ မှ စစ်အင်အားများလည်း ဖြည့်တင်းထား၏။ သစ်ပုတ်တောင်တွင် အဓိက ဓညဝတီရေတပ်စခန်း ဌာနချုပ်ရှိသည်။ ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီး ရေတပ်စခန်းနှင့် အုန်းကျွိန် ရေတပ်စခန်းတို့ ရှိသည်။ ကျောက်ဖြူသည်လည်း စစ်တွေကဲ့သို့ ပင်လယ်ထွက်ပေါက်သာရှိပြီး စစ်ရေယာဉ် ၁၀ စီးခန့်ပါဝင်သည့် ရေတပ်နှင့် ရံပေးထားသည်ကို တွေ့ရသည်။

မေလ ၇ ရက်နေ့က စစ်တွေမြို့မှ စစ်ကောင်စီအင်အား ၃၀၀ ကျော်ကို ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ ရေကြောင်းမှ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောက်တလုံးဘုရားအနီးရှိ ခမရ ၅၄၂ နှင့် ဂုံးချွိန်တိုက်နယ်အနီးရှိ ခမရ ၅၄၃ တို့ထံသို့ မတ်လအတွင်းက လေကြောင်းမှ အင်အား ၂၀၀ ခန့် ဖြည့်တင်းခဲ့ကြောင်း သိရ၏။

ကျောက်ဖြူမြို့ ဆိုင်းဘုတ် / ဧရာဝတီ

ရမ်းဗြဲမှ ကျောက်ဖြူသို့

AA တပ်များသည် ဇင်ချောင်းအနီး ကျောက်ဖြူ ကားလမ်းမပေါ်ရှိ သစ်ပုတ်တောင် လမ်းခွဲအား အခြေပြု၍ ကျောက်ဖြူသို့ ဦးတည်ပြီး‌ ရှေ့သို့ တဖြည်းဖြည်းချင်း တိုက်ခိုက် ချီတက်လာသည်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်သာမက ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲမြို့နှင့်ရွာများ၊ စစ်စခန်းများကို သိမ်းပိုက်ထားသည့် AA တပ်များသည် ဇင်ချောင်းအနီး ကျောက်ဖြူ ကားလမ်းမပေါ်ရှိ သစ်ပုတ်တောင် လမ်းခွဲအား အခြေပြု၍ ကျောက်ဖြူသို့ ဦးတည်ပြီး‌ ရှေ့သို့ တဖြည်းဖြည်းချင်း တိုက်ခိုက် ချီတက်လာသည်ကို တွေ့ရသည်။

ဓညဝတီရေတပ်စခန်းသို့

သစ်ပုတ်တောင် လမ်းခွဲ၏ အရှေ့မြောက်ဘက်ရှိ ကျောက်ဖြူမြို့နယ်မှ အကြီးဆုံး ရေတပ်စခန်းတခုဖြစ်သည့် ဓညဝတီ ရေတပ်ဌာနချုပ် (ဒေသအခေါ် သစ်ပုတ်တောင် ရေတပ်စခန်း) ကို AA က ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင် တိုက်ခိုက်ခဲ့ပြီး မတ်လကုန်အထိ ဓညဝတီ ရေတပ်စခန်းအနီးရှိ ဦးကင်းရွာ၊ စိုင်ခြုံရွာ၊ ကာပီချောင်း၊ ပေါင်းနက်ချေ၊ ကြက်တောပြင်ရွာ၊ စည်မော်ရွာ၊ ကြတ္တိန်ရွာ၊ ရှောက်ချောင်းရွာ၊ ကုလားဘာတောင်ရွာတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ဦးကင်းရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးခဲ့ကာ အလောင်းများထားပြီး ပြန်ဆုတ်သွားကြောင်း၊ မတ်လ ၁၆ နှင့် ၁၇ တွင် ဖြစ်ပွားသည့် စည်မော်ရွာအနီး တိုက်ပွဲများအတွင်း သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား AA က ဖမ်းဆီးရမိထားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူသို့ စစ်မျက်နှာ သုံးခု

ဧပြီလ ၁ ရက်တွင် ဒိုးတန်းတောင် အမှတ် ၃၂ ရဲတပ်ရင်း အနောက်ဘက်ရှိ ပြင်ရှည်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား AA က စတင် ထိုးစစ်ဆင်တိုက်ခိုက်သည်ဟု သိရ၏။ စစ်ကောင်စီတပ်များသည် Offshore Gas Terminal (OGT) မှတဆင့် အနောက်ဘက် ပင်လယ်ကမ်းခြေအတိုင်း မလကျွန်းရွာ၊ လိပ်ခမော်နှင့် ပြင်ရှည်ကျေးရွာများကို ဝင်ရောက်နေရာယူ တပ်စွဲထားသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး ဒဏ်ရာအများအပြားနှင့် ဆုတ်ခွာနေရကာ စစ်ကောင်စီဘက်က ရေတပ်နှင့် ဒရုန်းတို့ဖြင့် ပစ်ကူပေးသည်ဟု သိရသည်။

သို့ဖြစ်ရာ ကျောက်ဖြူကားလမ်းပေါ်ရှိ သစ်ပုတ်တောင် လမ်းခွဲကို အခြေပြုထားသည့် AA သည် ဖေဖော်ဝါရီလ ၂၁ ရက်ခန့်တွင် သစ်ပုတ်တောင် လမ်းခွဲ၏ အနောက်မြောက်ဘက် သံစိုက်မြစ်ဘေးရှိ ဓညဝတီ ရေတပ်ဌာနချုပ်ဘက်အား ဦးတည်တိုက်ခိုက်ခဲ့ရာမှ မတ်လ ၁၆ နှင့် ၁၇ တွင် ရေတပ်ဌာနချုပ်သာမက သစ်ပုတ်တောင် လမ်းခွဲ၏ မြောက်ဘက် ကျောက်ဖြူ ကားလမ်းမပေါ်ရှိ ဒိုးတန်းတောင် အခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်းကို ဦးတည်ပြီး တပြိုင်တည်း စစ်မျက်နှာဖွင့်သည်။

ဧပြီလဆန်းမှစ၍ AA တပ်များသည် ကျောက်ဖြူမြို့သို့ စစ်မျက်နှာသုံးခု ဖြန့်ခွဲ ချီတက်တိုက်ခိုက်လာသည်ကို တွေ့ရသည်။

ထို့နောက် ဧပြီလ ၁ ရက်မှစ၍ ပြင်ရှည်၊ လိပ်ခမော်၊ မလကျွန်း စသည့်ရွာများရှိသည့် သစ်ပုတ်တောင် လမ်းခွဲ၏ အနောက်မြောက်ဘက် ပင်လယ်ကမ်းခြေဘက်တကြောသို့ပါ စစ်မျက်နှာဖွင့်ခဲ့၏။ သို့ဖြစ်ရာ ဧပြီလဆန်းမှစ၍ AA တပ်များသည် ကျောက်ဖြူမြို့သို့ စစ်မျက်နှာသုံးခု ဖြန့်ခွဲ ချီတက်တိုက်ခိုက်လာသည်ကို တွေ့ရသည်။

ဧပြီလ ၄ ရက်တွင် ကျောက်ဖြူမြို့နယ်၊ ပြင်ရှည်ကျေးရွာ၊ ပြိုင်းစေ့ကေရွာ၊ ဓညဝတီ ရေတပ်ဌာနချုပ်အနီးရှိ ရှောက်ချောင်းကျေးရွာ သုံးနေရာလုံးအနီးတွင် စစ်ကောင်စီတပ်နှင့် AA ကြား အပြန်အလှန် တိုက်ပွဲဖြစ်နေသည်ဟု မြေပြင်သတင်းများအရ သိရ၏။

ကျောက်ဖြူမြေပုံ

ပြင်ရှည်၊ လိပ်ခမော်မှ OGT သို့

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှ ၁၉ ရက်ခန့်အထိ စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေသည့်အတွက် ပြိုင်းစေ့ကေ၏ အနောက်ဘက် ပြင်ရှည်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရ၏။ မလကျွန်း၊ ပြင်ရှည်ဘက်သို့ စစ်ကောင်စီက ဧပြီလ ၂၇ ရက်မှစပြီး အင်အားအလုံးအရင်းနှင့် ထပ်မံ စစ်ကြောင်းထိုးသည့်အတွက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအနီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီစခန်းများအား ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နှင့် မေလ ၇ ရက်တို့တွင် AA က သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက် နံနက်ပိုင်းကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့ လိပ်ခမော်နှင့် မလကျွန်းကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြသည်ဟု မြေပြင်သတင်းများအရ သိရ၏။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ပါ စစ်ကြောင်းမှာ ထိခိုက် သေဆုံးမှုများပြီး တပ်ပျက် ထွက်ပြေးသွားရကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မေလ ၁၅၊ ၁၆ ရက်ခန့်တွင် AA နှင့် စစ်ကောင်စီတို့သည် လက်ရှိ ကျောက်ဖြူမြို့နယ်၊ မလကျွန်း၊ တရုတ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစီမံကိန်း အနီးအနား၌ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည်ဟု သိရရှိ၏။ OGT သဘာဝဓာတ်ငွေ့ သိုလှောင်ပို့ဆောင်စက်ရုံသည် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား သန့်စင်ပေးပြီး ပိုက်လိုင်း စတင် ဖြတ်သန်းရာနေရာလည်း ဖြစ်သည်။

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ နေ့စဉ် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေပြီး စစ်ကောင်စီ နှစ်စဉ် အကျိုးအမြတ်ရရှိနေသည့် လုပ်ငန်းဖြစ်သည်။ မေလ ၁၇ ရက်နေ့၌ OGT စက်ရုံအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ဆူညံနေသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် တရုတ် သဘာဝဓာတ်ငွေ့စက်ရုံရှိရာ မလကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ ရွှေသဘာဝဓာတ်ငွေ့ OGT စက်ရုံနားအထိ တပ်ဆုတ်လာရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ OGT နှင့် ဧရိယာဝန်းကျင်ကို စစ်ကောင်စီတပ်က အကာအကွယ်ယူ၍ အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းပြီး AA ကို ခုခံတိုက်ခိုက်နေသည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် တရုတ် သဘာဝဓာတ်ငွေ့စက်ရုံရှိရာ မလကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ ရွှေသဘာဝဓာတ်ငွေ့ OGT စက်ရုံနားအထိ တပ်ဆုတ်လာရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ OGT နှင့် ဧရိယာဝန်းကျင်ကို စစ်ကောင်စီတပ်က အကာအကွယ်ယူ၍ အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းပြီး AA ကို ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။

ဒိုးတန်းတောင် စစ်မျက်နှာ

ကျောက်ဖြူ ကားလမ်းမဘေးတွင်ရှိသည့် ဒိုးတန်းတောင်အခြေစိုက် ရဲတပ်ရင်း ၃၂ တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၇၀၀ ခန့် ဖြည့်တင်းထားကာ ခံစစ်ပြင်ဆင်စုဖွဲ့မှုများရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်အင်အားများကို အသုံးပြု၍ စစ်ကောင်စီတပ်သည် ရဲတပ်ရင်းဝန်းကျင်ရှိ ပြိုင်းစေ့ကေ၊ နှမ်းဖဲ့တောင်၊ မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်းတို့တွင် ကာကင်းများ ထုတ်ထား၍ သစ်ပုတ်တောင် လမ်းခွဲအား အခြေပြုထားသည့် AA ကို ပြန်လည် ထိုးစစ်ဆင်နေခဲ့၏။

မတ်လ ၂၇ ရက်တွင် ကျောက်ဖြူ-ရမ်းဗြဲ-ရန်ကုန် ကားလမ်းမပေါ်ရှိ အမှတ် ၃၂ ရဲတပ်ရင်းနှင့် အနီးဆုံးဖြစ်သည့် ပြိုင်းစေ့ကေရွာနား၌ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့ AA တို့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရ၏။ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိသည်။

မေလ ၁ ရက်တွင် ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းမပေါ်က မင်းတက်တောင် အထိုင်စခန်းကို AA က ထိုးစစ်ဆင်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရ၏။ မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်းတွင် စစ်ကောင်စီ အထိုင်ချထားပြီး အမှတ် ၃၂ ရဲတပ်ရင်း၏ ကာကင်းများဖြစ်‌၏။ မေလ ၄၊ ၅ ရက်များတွင် မင်းတပ်တောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ သေဆုံး ဒဏ်ရာရမှု များပြားခဲ့သည်။

AA ၏ ပြန်လည် ထိုးစစ်ဆင်မှုကြောင့် ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ခန့်တွင် မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်း၊ မေလ ၂၈ ရက်ခန့်တွင် နှမ်းဖဲ့တောင်တို့ကို AA က ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရ၏။ သို့သော်လည်း ရဲတပ်ရင်း ၃၂ တွင် အခြေပြုထားသည့် စစ်ကောင်စီတပ်ဖွဲ့များက မပြတ် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ကို တွေ့ရသည်။

ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်းဘက်သို့ တန်ပြန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းတခုနှင့် AA တို့ မေလ ၂၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုသိရသည်။ တချို့ကိုလည်း AA က ဖမ်းမိထားခဲ့၏။ မေလ ၂၅ ရက်ခန့်မှစ၍ အမှတ် ၃၂ တိုက်ခိုက်ရေးရဲတပ်ရင်း အနီးသို့ ရောက်ရှိလာနေသည့် AA တပ်ဖွဲ့များအား ထွက်တိုက်သဖြင့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် အချို့သေဆုံးခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်းဘက်သို့ တန်ပြန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းတခုနှင့် AA တို့ မေလ ၂၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုသိရသည်။ တချို့ကိုလည်း AA က ဖမ်းမိထားခဲ့၏။ မေလ ၂၅ ရက်ခန့်မှစ၍ အမှတ် ၃၂ တိုက်ခိုက်ရေးရဲတပ်ရင်း အနီးသို့ ရောက်ရှိလာနေသည့် AA တပ်ဖွဲ့များအား ထွက်တိုက်သဖြင့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် အချို့သေဆုံးခဲ့သည်။

မေလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်သည် AA ကို ထိုးစစ်ဆင်လာသည့်အတွက် စက်မှုလက်မှုသင်တန်းကျောင်း အနီးတွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ဦးစီး ပထမတန်း ဒုဗိုလ်မှူးကြီးတဦး အပါအဝင် စစ်သုံ့ပန်း အများအပြားကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ AA က ရဲတပ်ရင်း ၃၂ ကို ထိုးစစ်မဆင်နိုင်မီ စစ်ကောင်စီဘက်က ရှေ့ထွက်ပြီး လှုပ်ရှားခံစစ်ဆင်ရင်း အကျအရှုံး များပြားနေခြင်းဖြစ်သည်ဟု ဆိုကြ၏။

ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောတစီး ဆိုက်ကပ်ထားသည်ကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

ကျောက်ဖြူတိုက်ပွဲနှင့် တရုတ်

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာသည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ခန့်တွင် ကျောက်ဖြူ‌လေဆိပ်သို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး ရောက်ရှိလာပြီး အဆိုပါရက်များအတွင်း တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း ရောက်လာသည်ဟု သိရ၏။

ကျောက်ဖြူ၊ တရုတ်ဓာတ်အား‌ဖြန့်ဖြူးရေးစက်ရုံ OGT နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့မှ တရုတ်စစ်သား ၂၀ ခန့်က ဒရုန်းများနှင့် စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်ပေးနေသည်ဟု ကျောက်ဖြူဒေသခံများက ပြောကြောင်း အရပ်သတင်းများကို ၂ဝ၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့ဝန်းကျင်က စတင်တွေ့ရသော်လည်း အတည်ပြု၍ မရပါ။

ထို့ပြင် တရုတ်အစိုးရက ကျောက်ဖြူကို မတိုက်ခိုက်ရန် AA ခေါင်းဆောင်များအား ဖိအားပေးသည်ဟူသည့် သတင်းများလည်း ထွက်‌ပေါ်နေ၏။

ကျောက်ဖြူတိုက်ပွဲ သုံးသပ်ချက်

သစ်ပုတ်တောင် လမ်းခွဲ၌ ခြေကုပ်ယူထားသော AA သည် ဖေဖော်ဝါရီလ၊ မတ်လတို့တွင် အရှေ့မြောက်ဘက် သံစိုက်မြစ်ဘေးရှိ ဓညဝတီ ရေတပ်ဌာနချုပ်သို့ ဦးတည်လှုပ်ရှားမှုရှိသော်လည်း ဧပြီလနောက်ပိုင်းတွင် ၎င်းစစ်မျက်နှာ၌ အားထည့်သည်ကို မတွေ့ရပေ။ မေလ ၁၁ ရက်ခန့်တွင် ဓညဝတီ ရေတပ်ဌာနချုပ်ဘက်မှ ဌာနချုပ်တဝိုက်ရှိ ရွာများအား စစ်ကောင်စီတပ်က အင်အားစုပြီး စစ်ကြောင်းထိုးလာ၍ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ သို့သော် AA က အားထည့် ပြန်လှန်ထိုးစစ်ဆင်သည်ကို မတွေ့ရဘဲ ခံစစ်ဆင်သည်ကိုသာ တွေ့ရသည်။

ဒုတိယစစ်မျက်နှာအနေဖြင့် AA သည် ဧပြီလဆန်းမှစ၍ မေလကုန်ထိ သစ်ပုတ်တောင် လမ်းခွဲမှ ကျောက်ဖြူကားလမ်းအတိုင်း မြောက်ဘက် မင်းတက်တောင် စခန်း၊ အစိုးရစက်မှုလက်မှုသင်တန်းကျောင်း၊ နှမ်းဖဲ့တောင်တို့ကို သိမ်းပိုက်ပြီး အမှတ် ၃၂ ရဲတပ်ရင်းအား ဦးတည် ထိုးစစ်ဆင်နေ၏။

ကျောက်ဖြူ တတိယစစ်မျက်နှာအနေဖြင့် အနောက်မြောက်ဘက် ပင်လယ်ကမ်းစပ်အတိုင်း ပြင်ရှည်၊ လိပ်ခမော်၊ မလကျွန်းတို့အား သိမ်းပြီး OGT သို့ ဦးတည်ကာ OGT တွင် ခံစစ်ပြင်နေသော စစ်ကောင်စီတပ်ကို ရင်ဆိုင်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဒိုးတန်းတောင် အမှတ် ၃၂ ရဲတပ်ရင်းဌာနချုပ်၊ OGT, ဂုံးချွိန်အခြေစိုက် ခမရ ၅၄၊ ကျောက်တလုံးအခြေစိုက် ခမရ ၅၄၂၊ ကျောက်ဖြူထောင်အနီး အခြေပြုသည့် ခလရ ၃၄၊ သစ်ပုတ်တောင် အခြေပြု ဓညဝတီရေတပ်ဌာနချုပ်၊ ဓညဝတီ ရေတပ်စခန်းတဖက်ကမ်းရှိ အုန်းကျွိန်‌ရေတပ်စခန်းနှင့် မဒေးကျွန်း တောင်ဘက်ရှိ တောင်မော်ကြီး ရေတပ်စခန်းတို့တွင် စစ်အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်လျက်ရှိ၏။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဒိုးတန်းတောင် အမှတ် ၃၂ ရဲတပ်ရင်းဌာနချုပ်၊ OGT, ဂုံးချွိန်အခြေစိုက် ခမရ ၅၄၊ ကျောက်တလုံးအခြေစိုက် ခမရ ၅၄၂၊ ကျောက်ဖြူထောင်အနီး အခြေပြုသည့် ခလရ ၃၄၊ သစ်ပုတ်တောင် အခြေပြု ဓညဝတီရေတပ်ဌာနချုပ်၊ ဓညဝတီ ရေတပ်စခန်းတဖက်ကမ်းရှိ အုန်းကျွိန်‌ရေတပ်စခန်းနှင့် မဒေးကျွန်း တောင်ဘက်ရှိ တောင်မော်ကြီး ရေတပ်စခန်းတို့တွင် စစ်အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်လျက်ရှိ၏။

စစ်မျက်နှာသုံးခုဖွင့်၍ ထိုးစစ်ဆင်နေသည့် လက်ရှိ ကျောက်ဖြူတိုက်ပွဲတွင် အဆုံးအဖြတ်ပေးနိုင်သည့်အဆင့်သို့ မရောက်ရှိသေးဟု ဆိုနိုင်သော်လည်း AA ဘက်က အောင်မြင်မှုများရရှိပြီး အသာစီးရနေသည်ကို တွေ့မြင်နေရပေသည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

ကျောက်ဖြူမှာရော တရုတ် စွက်ဖက်လာနိုင်သလား (ရုပ်/သံ)

စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား

AA ဝိုင်းထားလည်း ကျောက်ဖြူစီမံကိန်း ဆက်လုပ်ရန် စစ်ကောင်စီ ပြော

AA တပ်တွေ ဝိုင်းထားတဲ့ ကျောက်ဖြူမြို့ (ရုပ်/သံ)

ကျောက်ဖြူတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး မလုံမလောက်ဖြစ်နေ

ကျောက်ဖြူ အရေး တရုတ် စိုးရိမ်နေရပြီလား (ရုပ်/သံ)

]]>
စစ်ကိုင်းငလျင်ကြီးမှာ စစ်တပ် ဘယ်လောက် ထိသလဲ https://burma.irrawaddy.com/opinion/viewpoint/2025/04/10/399755.html Thu, 10 Apr 2025 02:52:40 +0000 https://burma.irrawaddy.com/?p=399755 နေပြည်တော်ရှိ သမ္မတအိမ်၊ လွှတ်တော်၊ ဝန်ကြီးဌာနရုံးများ ဝန်ထမ်းအိမ်ယာများနှင့် အခြားအဆောက်အအုံများ ပျက်စီးမှုက မနည်းလှပေ။]]>

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ စစ်ကိုင်းငလျင်ကြီးသည် စစ်ကောင်စီ ထိန်းချုပ်ရာ မြန်မာပြည် အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ တံတားဦး၊ မန္တလေး၊ မြစ်သား၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်မြို့ရွာများတည်ရှိသည့် စစ်ကိုင်းပြတ်ရွေ့တလျှောက် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့သည်ကို တွေ့ရ၏။

အတည်ပြုဆဲ မပြည့်စုံသေးသော သတင်းများအရ လူထောင်နှင့်ချီ သေဆုံး၍ ထောင်နှင့်ချီ ဒဏ်ရာရခဲ့ပြီး အဆောက်အအုံ ထောင်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့သည်။ လမ်းတံတားများစွာ ပျက်စီးခဲ့သည်ကို တွေ့ရသည်။

ဤငလျင်သတင်းများတွင် အရပ်သား အိုးအိမ်များ၊ အထပ်မြင့်အဆောက်အအုံများ၊ ကွန်ဒိုများ၊ ဘာသာရေး အဆောက်အအုံများ၊ ရှေးဟောင်း အဆောက်အအုံများစွာ ပါဝင်ခဲ့သည်ကို သတင်းများနှင့် လူမှုကွန်ရက်များတွင် အများ တွေ့မြင်နိုင်ခဲ့ကြ၏။ ငလျင်သက်ရောက်သည့် ဒေသမှာ စစ်ကိုင်းမှ တောင်ငူအထိ ကီလိမီတာ ၃၅၀ ရှည်လျားသည့် နယ်မြေတလျှောက်ရှိ မြို့ရွာများတွင်ဖြစ်ရာ ထိပျက်စီးမှု များပြားခဲ့သည်။

အဆိုပါ စစ်ကိုင်းမှ တောင်ငူအထိ မြို့ရွာများသည် စစ်ကောင်စီ ထိန်းချုပ်ရာနယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီ၏ စစ်ရုံးအပါအဝင် တပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်ထားကြောင်း သိရသည်။ သို့သော်လည်း ယခုအချိန်ထိ စစ်ကောင်စီ၏ သတင်းများ၊ အခြားသတင်းဌာနများ၊ လူမှုကွန်ရက်များတွင် စစ်တပ်အဆောက်အအုံများ ပျက်စီးသည့် သတင်းဓာတ်ပုံများ မတွေ့ရပေ။ သတင်းအနေဖြင့် လွတ်လပ်သော သတင်းဌာနများတွင် သတင်းအချို့ ပါလာသည်ကို တွေ့ရ၏။

နေပြည်တော်တွင် အရပ်ဘက် အုပ်ချုပ်ရေးဌာနများဖြစ်သည့် သမ္မတအိမ်၊ လွှတ်တော်၊ ဝန်ကြီးဌာနနှင့် ဝန်ထမ်းအိမ်ယာ စသည်တို့ ပျက်စီးသည့်သတင်းများ လူမှုကွန်ရက်တွင် တွေ့ရ၏။ နေပြည်တော်စစ်ရုံးနှင့် ပတ်သက်၍ ငလျင်လှုပ်ချိန် စစ်ဗိုလ်ချုပ်များနှင့် အင်တာဗျူးနေသည့် အယ်လ်ဂျာဇီးယားရုပ်သံ၏ ဗီဒီယိုဖိုင်တိုတခုသာ လူမှုကွန်ရက်တွင် တွေ့ရသည်။ စစ်ဘက် အဆောက်အအုံများနှင့် ပတ်သက်၍ လုံခြုံရေး တင်းကျပ်ထားပုံရ၏။

နေပြည်တော်တွင် အရပ်ဘက် အုပ်ချုပ်ရေးဌာနများဖြစ်သည့် သမ္မတအိမ်၊ လွှတ်တော်၊ ဝန်ကြီးဌာနနှင့် ဝန်ထမ်းအိမ်ယာ စသည်တို့ ပျက်စီးသည့်သတင်းများ လူမှုကွန်ရက်တွင် တွေ့ရ၏။ နေပြည်တော်စစ်ရုံးနှင့် ပတ်သက်၍ ငလျင်လှုပ်ချိန် စစ်ဗိုလ်ချုပ်များနှင့် အင်တာဗျူးနေသည့် အယ်လ်ဂျာဇီးယားရုပ်သံ၏ ဗီဒီယိုဖိုင်တိုတခုသာ လူမှုကွန်ရက်တွင် တွေ့ရသည်။ စစ်ဘက် အဆောက်အအုံများနှင့် ပတ်သက်၍ လုံခြုံရေး တင်းကျပ်ထားပုံရ၏။

သို့သော် နေပြည်တော် တည်ခဲ့ချိန်က တပြိုင်တည်း တည်ဆောက်ခဲ့သည် စစ်ဘက် အဆောက်အအုံများသည် မပြိုပျက်ဘဲ နေမည်မဟုတ်ပေ။

တောင်ငူမှ စစ်ကိုင်းကြားတွင် အခြေစိုက်ထားသည့် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များကို တွက်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။

ငလျင်သက်ရောက်သည့် ဒေသမှာ စစ်ကိုင်းမှ တောင်ငူအထိ ကီလိမီတာ ၃၅၀ ရှည်လျားသည်

နေပြည်တော်

နေပြည်တော်တွင် အလွယ်ပြောရလျှင် စစ်ရုံးချုပ်ရှိ၏။ ဗိုလ်ချုပ်များစွာ ရုံးထိုင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒု ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်ရုံးများ၊ စစ်ရေးချုပ်၊ စစ်‌ထောက်ချုပ်၊ စစ်ဥပဒေချုပ်၊ စစ်ရာထူးခန့်ချုပ်၊ စစ်ဆေးရေးအရာရှိချုပ်၊ လေ့ကျင့်ရေး၊ လေကြောင်းရန်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး၊ စစ်ဆေးရေးနှင့် စာရင်းစစ်ရုံးချုပ် စသည့် ရုံးများရှိသည်။

ထို့ပြင် အမြောက်၊ ဒုံး၊ သံချပ်ကာ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးစသည့် စစ်ဦးစီး လက်ရုံးဝန်ထမ်းတပ်ရုံးများ၊ ဆေးဝန်ထမ်း၊ ပြန်လည်နေရာချထားရေး၊ တပ်ထိန်း၊ တပ်အင်အားဖြည့်တင်းရေး၊ ငွေစာရင်း စသည့် စစ်ရေးဝန်ထမ်းရုံးများ၊ စစ်အင်ဂျင်နီယာ၊ ထောက်ပို့၊ စစ်လက်နက် စသည့် စစ်ထောက်ဝန်ထမ်းရုံးများ ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကဦး)၊ ကာကွယ်‌ရေးဦးစီးချုပ်ရုံး – ကြည်း (ကကကြည်း)၊ ကာကွယ်‌ရေးဦးစီးချုပ်ရုံး – ရေ (ကကရေ)၊ ကာကွယ်‌ရေးဦးစီးချုပ်ရုံး – လေ (ကကလေ)၊ စစ်ရေးချုပ်ရုံး (ကကရေး)၊ စစ်ထောက်ချုပ်ရုံး (ကကထောက်)၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး (ကကစစ်)၊ စစ်ရာထူးခန့်ချုပ်ရုံး (ကကထူး)၊ စစ်ဥပဒေချုပ်ရုံး (ကကဥ)၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး (စရခ)၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး (လရခ)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး (လကခ)၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး (တစစ)၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး (ကကမ)၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး (ကကဒုံး)၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး (ကကဆက်)၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး (ကကသံ)၊ အထူးဆောက်လုပ်ရေးညွှန်ကြားရေးမှူးရုံး (ကကဆောက်)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပြည်) စသည့် ရုံးဌာနများစွာ ရှိသကဲ့သို့ ဝန်ထမ်းများနေထိုင်ရာ အဆောက်အဦ ထောင်ချီရှိမည်ဟု သိရ၏။

ထို့ပြင် နေပြည်တော်တွင် နေပြည်တော်စစ်တိုင်းဌာနချုပ်၊ စကခ ၆ ဌာနချုပ်၊ လေယာဉ်ကွင်းတခုနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) စက်ရုံနှစ်ရုံ ရှိ၏။ လေယာဉ်ကွင်းကမူ အဆောက်အဦများ ပျက်စီးသော်လည်း တပတ်အတွင်း ပြန်လည် အသုံးပြုနိုင်ပြီး ကပစ စက်ရုံများကမူ ယမန်နှစ် ရေကြီးစဉ်ကတည်းက ပြန်လည် လည်ပတ်နိုင်ရန် လုံးပမ်းနေဆဲဟု သိရသည်။

တောင်ငူ

တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ပြီး လေတပ်စခန်းတခု ရှိ၏။

မိတ္ထီလာ

မိတ္ထီလာတွင် တပ်မ ၉၉ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများအပြင် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များ အခြေစိုက်ပြီး တပ်နယ်အဖြစ် သတ်မှတ်ထားသည့် တပ်မြို့တမြို့ဖြစ်၏။ ရှမ်းတဲတွင် လေတပ်စခန်းဌာနချုပ် ရှိသည်။

မန္တလေး

မန္တလေးတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ ပင်မလက်နက်ခဲယမ်းတပ်နှင့် လပခ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်၏။ တံတားဦးတွင် ‌အရပ်ဘက်လေယာဉ်ကွင်းရှိပြီး စစ်လေယာဉ်တပ်ဖွဲ့များလည်း အခြေစိုက်ပြီး လေကြောင်းစစ်ဆင်ရေးပြုလုပ်သည်။

စစ်ကိုင်း

စစ်ကိုင်းတိုင်းတွင် တပ်မ ၃၃ ဌာနချုပ်နှင့် လက်အောက်ခံတပ်များ အခြေစိုက်သည်။

သို့ဖြစ်ရာ စစ်ကိုင်းငလျင် သက်ရောက်သည့်ဒေသတွင် စစ်ရုံးချုပ်နှင့် အဓိက စစ်ဘက်ဆိုင်ရာရုံးများ၊ တိုင်းစစ်ဌာနချုပ် သုံးခု၊ တပ်မဌာနချုပ် နှစ်ခုနှင့် စကခ ဌာနချုပ်တခုရှိ၏။ ထို့ကြောင့် ရုံးဌာနနှင့် ဝန်ထမ်းအိမ်ရာ ထောင်ဂဏန်းရှိမည်ဟု ခန့်မှန်းရသည်။

သို့ဖြစ်ရာ စစ်ကိုင်းငလျင် သက်ရောက်သည့်ဒေသတွင် စစ်ရုံးချုပ်နှင့် အဓိက စစ်ဘက်ဆိုင်ရာရုံးများ၊ တိုင်းစစ်ဌာနချုပ် သုံးခု၊ တပ်မဌာနချုပ် နှစ်ခုနှင့် စကခ ဌာနချုပ်တခုရှိ၏။ ထို့ကြောင့် ရုံးဌာနနှင့် ဝန်ထမ်းအိမ်ရာ ထောင်ဂဏန်းရှိမည်ဟု ခန့်မှန်းရသည်။

ငလျင်ကြောင့် ပြိုပျက်သွားသော နေပြည်တော်အစိုးရရုံးတရုံး

စစ်တပ် မည်မျှ ထိခိုက်ပျက်စီးမည်နည်း

လတ်တလော ငလျင်ဒဏ်ခံရဆဲ၊ ကယ်ဆယ်ရေး လုပ်ဆောင်နေရဆဲကာလဖြစ်သည့်အပြင် ဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ သတင်းအမှောင်ချခြင်းတို့ကြောင့် စစ်တပ်မည်မျှ ထိခိုက်မှုရှိသည်ကို အသေးစိတ် သိရှိရန် ခက်ခဲနေဆဲ ဖြစ်၏။

တပြည်လုံးအတိုင်းအတာအရ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ၃,၆၀၀ ဦး သေဆုံး၊ ၅,၀၁၇ ဦး ဒဏ်ရာရပြီး၊ ပျောက်ဆုံးသူ ၁၆၀ ဦးရှိသည်ဟု သိရသည်။

အဆိုပါ ငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ နေအိမ်အဆောက်အဦပေါင်း ၂ သောင်းကျော် ပြိုကျပျက်စီးခဲ့ရပြီး ထိုအဆောက်အအုံများထဲတွင် ဌာနဆိုင်ရာရုံးများလည်း ထောင်နှင့်ချီ၍ ပါဝင်ခဲ့သည်ဟု သိရ၏။ ထို့ပြင် ဆေးရုံဆေးခန်း ၅၀ နီးပါးလည်း ပျက်စီးသွားသည်။

သို့သော်လည်း နေပြည်တော်ရှိ သမ္မတအိမ်၊ လွှတ်တော်၊ ဝန်ကြီးဌာနရုံးများ ဝန်ထမ်းအိမ်ယာများနှင့် အခြားအဆောက်အအုံများ ပျက်စီးမှုက မနည်းလှပေ။

ငလျင်ကြောင့် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဥတ္တရသီရိဆေးရုံကြီး (ပင်လုံဆေးရုံအုပ်စု) အပါအဝင် ဟိုတယ်နှင့် ဈေးဝယ်စင်တာများကဲ့သို့ ကြီးမားသည့် အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့၏။ ဥတ္တရသီရိဆေးရုံကြီးဆိုလျှင် သုံးထပ်အဆောက်ဦ၏ အောက်ဆုံးအထပ်သည် မြေကြီးထဲအထိ နစ်ဝင်သွားခဲ့ပြီး နှစ်ထပ်သာ ကျန်တော့၏။

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ဝန်ကြီးဌာနရုံးများစွာ ပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့်အပြင် ဝန်ထမ်းများနှင့် မိသားစုဝင်များလည်း သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းများကြားသိရ၏။

စစ်တပ်အပျက်အစီးနှင့် ပတ်သက်၍ BBC သတင်းဌာနက နေပြည်တော်စစ်ရုံးအောက်တွင် လျှို့ဝှက်တည်ဆောက်ထားသည့် ကွပ်ကဲမှုရုံးနေရာလည်း ငလျင်ကြောင့် ထိခိုက်ခဲ့သည်ဟု ဖော်ပြခဲ့၏။ နေပြည်တော်၏ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းများဟု သိကြသည့် ထိုနေရာကို ငလျင်လှုပ်ပြီးသည့်နောက် ပြင်ပကနေသာ လုံခြုံရေးယူထားပြီး ဆက်သွယ်ရေးပစ္စည်းများကိုမူ ရသလောက် ထုတ်ထားလိုက်ကြောင်း BBC ၏ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သတင်းရရှိသည်ဟု ဆိုပါသည်။

မြေအောက်ဥမင်ထဲတွင် ရုံး ငါးရုံးစာအတွက် အဆင်သင့် ရုံးထိုင်နိုင်ပြီး တိုင်းစစ်ဌာနချုပ်များနှင့် ဆက်သွယ်ရေးကွန်ရက်များ ချိတ်ဆက်ထားသည်ဟု BBC က ဖော်ပြသည်။ စားနပ်ရိက္ခာ၊ ရေနှင့် အောက်ဆီဂျင်ပါ လူရာဂဏန်းအတွက် အသင့်ပြင်ထားသည့် လျှို့ဝှက်ကွပ်ကဲမှုဌာနချုပ်သည် မြေအောက်ဥမင်များမှတဆင့် စစ်ရုံးနှင့် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင် သုံးယောက်၏ နေအိမ်များကို ချိတ်ဆက်ထားသည်ဟု ဆိုပါသည်။

တရုတ်၊ မြောက်ကိုရီးယား နည်းပညာများ အသုံးပြုပြီး ငွေကြေးကုန်ကျခံ ဆောက်ထားသော မြေအောက်ဥမင်သာမက စစ်တပ်နှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများကို ကန်ထရိုက်ပေး၍ ဆောက်ခိုင်းထားသည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ စစ်အင်ဂျင်နီယာတပ်မှ ဆောက်လုပ်သည့် စစ်ဘက်ဆိုင်ရာ အ‌ဆောက်အအုံများသည်လည်း အရပ်ဘက် ဝန်ကြီးဌာန အဆောက်အအုံများကဲ့သို့ပင် အများအပြား ပြိုကျမည်မှာ သေချာသလောက်ရှိ၏။

တရုတ်၊ မြောက်ကိုရီးယား နည်းပညာများ အသုံးပြုပြီး ငွေကြေးကုန်ကျခံ ဆောက်ထားသော မြေအောက်ဥမင်သာမက စစ်တပ်နှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများကို ကန်ထရိုက်ပေး၍ ဆောက်ခိုင်းထားသည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ စစ်အင်ဂျင်နီယာတပ်မှ ဆောက်လုပ်သည့် စစ်ဘက်ဆိုင်ရာ အ‌ဆောက်အအုံများသည်လည်း အရပ်ဘက် ဝန်ကြီးဌာန အဆောက်အအုံများကဲ့သို့ပင် အများအပြား ပြိုကျမည်မှာ သေချာသလောက်ရှိ၏။

ထို့ပြင် ငလျင်ဒဏ်ကြောင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၏ အဆောက်အအုံများစွာ ပြိုကျခဲ့ပြီး သေဆုံး ဒဏ်ရာရသူ အများအပြားရှိသည့် သတင်းများလည်း ထွက်ပေါ်လာသည်။ ဒဏ်ရာရသူ ၂၀၀ ကျော်‌‌ခန့်ရှိသည်ဟူသည့် သတင်းများ ထွက်ပေါ်လာ၏။

လပခ ဌာနချုပ်ရှိရာ မန္တလေးနနန်းတွင်းထဲရှိ စစ်တပ်အဆောက်အအုံများအပြင် စစ်ကြောရေး အချုပ်ဆောင်များလည်း ပြိုကျခဲ့ပြီး နန်းတွင်းတွင်ရှိသည့် အဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့် ပြိုကျခဲ့သည်ဟု သတင်းများ ကြားသိရ၏။

ငလျင်ကြောင့် ပျက်စီးသွားသော နေပြည်တော်လွှတ်တော်အဆောက်အဦတနေရာ

ထို့ပြင် စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်၊ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတို့မှ အဆောက်အအုံများ ပြိုကျသကဲ့သို့ စစ်သည်များ ထိခိုက်ဒဏ်ရာရသည့်သတင်းများ၊ သေဆုံးသည့်သတင်းများ တစတစ ကြားသိလာရ၏။ စစ်တပ် CDM အရာရှိများ၏ ပြောကြားချက်အရ အဆိုပါ ငလျင်လုပ်သည့်နေ့သည် တပ်ရင်း တပ်ဖွဲ့ဌာနချုပ်များတွင် ဒါဘာပွဲပြုလုပ်ရန် လူစုထားသည့်နေ့ဖြစ်ရာ အဆောက်အဦးပြိုကျ၍ ထိခိုက် သေဆုံး ဒဏ်ရာရသူ များပြားမှုရှိသည်ဟု ဆိုကြ၏။

စစ်တပ်သည် သတင်းအမှောင်ချထားပြီး ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း စစ်ကိုင်းငလျင်ကြီးတွင် ကြီးကြီးမားမား ထိခိုက်မှုရှိသည်ကို ငြင်းပယ်၍ မရနိုင်ပေ။ အဆောက်အအုံ ပျက်စီးမှုမရှိသည့် စစ်လက်နက်ခဲယမ်း ထုတ်လုပ်သည့် ကပစ စက်ရုံများသည်ပင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စက်ရုံလည်ပတ်မှုများ ရက်အနည်းငယ် ရပ်တန့်ခဲ့ရသည်ဟု သိရ၏။

လတ်တလော ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်သည် စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသည့် နေရာများတွင် ဖြစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် ထိခိုက်မှုနည်းပါးခဲ့၏။ ထို့ကြောင့် ဒေသခံလူထုသာမက PDF နွေဦးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များပါ ထိခိုက်မှု နည်းပါးခဲ့သည်။

စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် လူထုထိခိုက်မှု ကြီးမားခဲ့သကဲ့သို့ ထိုဒေသများတွင် အခြေစိုက်ထားသည့် စစ်တပ်အဆောက်အအုံများစွာလည်း ထိခိုက်ခဲ့၏။ နေပြည်တော်တခုတည်းတွင်ပင် ဌာနဆိုင်ရာ အဆောက်အဦ ၂ ထောင်ကျော်နှင့် ဝန်ထမ်းအိမ်ယာ ၈၀၀ ကျော် ပျက်စီးသည်ဟုသိရသည်။

တိုင်းစစ်ဌာနချုပ်များ၊ မြို့များစွာ ဆုံးရှုံးအရေးနိမ့်ခဲ့ချိန်တွင် ဘာမှမဖြစ်သကဲ့သို့ ပွဲတက်ပြနေခဲ့သည့် စစ်ကောင်စီသည် ယခုလည်း အိန္ဒြေမပျက် ဂိုက်ထုတ်နေသော်လည်း ငလျင်ဒဏ်ကြောင့် စစ်ဘက်အဆောက်အအုံများ ထိခိုက်မှု၊ တပ်ဖွဲ့ဝင်များ သေကြေဒဏ်ရာရမှုကြောင့် အထိနာခဲ့မှုကို ရှောင်လွှဲ၍ မရနိုင်ပါ။

လက်ရှိ စစ်ကောင်စီနှင့် စစ်တပ်၏ ဝက်ဘ်ဆိုက်အချို့ ယခုတိုင် ပြန်လည် အလုပ်မလုပ်နိုင်သေးသည်ကို တွေ့နေရ၏။ ဤအချက်မှာ စစ်တပ်၏ အရေးပါသည့် ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်းများ ပြတ်တောက်ခြင်းကြောင့်ဖြစ်ပြီး စစ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်များကြား လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးလမ်းကြောင်းအား ထိခိုက်သည်ဟု ကျွမ်းကျင်သူများက ဆိုကြပါသည်။

သို့ဖြစ်ရာ စစ်တပ်သည် သတ်မှတ်ထားသည့် စစ်သုံးစရိတ် ဘတ်ဂျက်ထက် ကျပ်ငွေ ဘီလီယံပေါင်းများစွာ ပိုတိုး၍ သုံးစွဲရတော့မည် ဖြစ်သကဲ့သို့ နေပြည်တော် လုံခြုံရေးအတွက်လည်း ပိုမိုအားဖြည့်ရတော့မည်ဖြစ်၏။

ငလျင်ကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနုတ်လက္ခဏာပြမှုကို ရင်ဆိုင်ရမည့်အချိန်တွင် စစ်သုံးစရိတ် ထပ်တိုးရမည်ဖြစ်၍ ဘတ်ဂျက် အကျပ်အတည်း ကြုံရမည်မှာ သေချာသလောက်ဖြစ်သည်။

စစ်ကိုင်းငလျင်ကြောင့် စစ်တပ် မည်မျှထိခိုက်မှုရှိသည်ကို အတိအကျ တွက်ချက်ရန် ခက်ခဲသော်လည်း စစ်ကိုင်းငလျင်သည် စစ်တပ်အတွက် ထိုးနှက်ချက်တခု ဖြစ်ခဲ့သည်ဆိုသည်ကမူ ငြင်းပယ်၍မရသည့် အမှန်တရားဖြစ်ပေသည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ငလျင်ဘေးနှင့် စစ်ကောင်စီ၏ မရိုးသားသော အပစ်ရပ်

နေပြည်တော် ရေပေါ်ဆီရပ်ကွက်တွေကိုလည်း ငလျင်က ချမ်းသာမပေး

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ဗိုလ်ချုပ်များ အာဏာမြဲရေး သဘာဝဘေးကို အမြတ်ထုတ်

နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

]]>