Sun Narin နှင့် Mike Ives, Author at ဧရာဝတီ https://burma.irrawaddy.com/author/340863 Covering Burma and Southeast Asia Sun, 16 Jul 2023 18:21:39 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Sun Narin နှင့် Mike Ives, Author at ဧရာဝတီ https://burma.irrawaddy.com/author/340863 32 32 နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ် https://burma.irrawaddy.com/article/2023/05/27/335227.html Sat, 27 May 2023 04:30:16 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be-%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8.html မိုးသည်းထန်စွာ ရွာသွန်းနေကာ ပရိသတ်များ စိတ်ဝင်စားမှု လျော့နည်းနေချိန်တွင်ပင် မစ္စ ဘောင်ဆမ်နန်း ဆက်ပြေးနေခဲ့သည် / AFP"ကျမ မနိုင်ဘူးဆိုတာ ကျမသိတယ်။ ဒါပေမယ့် ကျမ မရပ်သင့်ဘူးလို့ ကိုယ့်ကိုကိုယ် ပြောလိုက်တယ်"]]> မိုးသည်းထန်စွာ ရွာသွန်းနေကာ ပရိသတ်များ စိတ်ဝင်စားမှု လျော့နည်းနေချိန်တွင်ပင် မစ္စ ဘောင်ဆမ်နန်း ဆက်ပြေးနေခဲ့သည် / AFP

အပြေးမယ် နံပါတ် ၄၀၁ သည် သွေးပေါင်ချိန်ကျပြီး သေလုနီးပါး မောပန်းနေသည်။ သူသည် မီတာ ၅,၀၀၀ ပြေးပွဲတွင် အခြားသူများထက် များစွာနောက်ကျပြီး နောက်ဆုံးမှ ပန်းဝင်ကာ လူသူကင်းမဲ့လုနီးပါး ဖြစ်နေသည့် အားကစားရုံပြေးလမ်းတွင် ကျယ်လောင်ပြင်းထန်စွာ မိုးများရွာနေစဉ် တဦးတည်း ခက်ခက်ခဲခဲ ပြေးနေခဲ့သည်။

မည်သို့ဆိုစေကာမူ အသက် ၂၀ အရွယ် အပြေးမယ် ဘောင်ဆမ်နန်းသည် ပြိုင်ပွဲပြီးဆုံးသည်အထိ ယှဉ်ပြိုင်နေခဲ့သည်။

သူ၏ ကမ္ဘောဒီယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ယခုနှစ် အရှေ့တောင်အာရှအားကစားပွဲတွင် မိုးရေရွှဲနေသည့် ကြားက သူ၏ စွမ်းဆောင်မှုသည် ဒေသပြင်ပ ပရိသတ်များအကြား လူသိနည်းသည့် ထိုအားကစားပွဲ၌ အောက်ခြေမှတ်စုမျှသာ ဖြစ်နိုင်ခဲ့သည်။ သို့သော် လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည့် ဗီဒီယိုတခုကြောင့် သူသည် မျှော်လင့်မထားဘဲ တနိုင်ငံလုံးတွင် ကျော်ကြားသူဖြစ်လာသည်။

“ကျမ မနိုင်ဘူးဆိုတာ ကျမသိတယ်။ ဒါပေမယ့် ကျမ မရပ်တန့်သင့်ဘူးလို့ ကိုယ့်ကိုကိုယ် ပြောလိုက်တယ်” ဟု တွေ့ဆုံမေးမြန်းခန်းတခုတွင် အပြေးမယ်က ပြောသည်။

ရုန်းကန်ပြေးနေရချိန်တွင် သူ့ကိုထောက်ခံသည့် လူအနည်းငယ်သာ ပါဝင်သည့် အုပ်စုကလေးတခုက သူ့ကို အပြင်းအထန် အားပေးနေသောကြောင့် အထောက်အကူပြုကြောင်း၊ သူသည် နိုင်ငံကို ကိုယ်စားပြုနေသောကြောင့် ပြိုင်ပွဲပြီးဆုံးသည်အထိပြေးရန် တာဝန်ရှိသည်ဟု ခံစားရကြောင်း ပြောသည်။

ရုန်းကန်ပြေးနေရချိန်တွင် သူ့ကိုထောက်ခံသည့် လူအနည်းငယ်သာ ပါဝင်သည့် အုပ်စုကလေးတခုက သူ့ကို အပြင်းအထန် အားပေးနေသောကြောင့် အထောက်အကူပြုကြောင်း၊ သူသည် နိုင်ငံကို ကိုယ်စားပြုနေသောကြောင့် ပြိုင်ပွဲပြီးဆုံးသည်အထိပြေးရန် တာဝန်ရှိသည်ဟု ခံစားရကြောင်း ပြောသည်။

ပန်းဝင်ပြီးနောက် စတင်ငိုကြွေးကာ ကမ္ဘောဒီးယားအလံတွင် မျက်နှာအပ်ထားမိကြောင်း ပရိသတ်များကို သူကဝန်ခံသည်။

အပြေးမယ် နံပါတ် ၄၀၁ မစ္စ ဘောင်ဆမ်နန်းသည် နောက်တွင် အကြီးအကျယ် ပြတ်ကျန်ခဲ့ပြီး သူ့ကို ရုပ်သံတွင် မတွေ့ရတော့ပေ / AFP

လွန်ခဲ့သောနှစ်က အထက်တန်းပညာရေး ပြီးဆုံးခဲ့သော မစ္စ ဘောင်ဆမ်နန်းသည် မြို့တော်နှင့်ဇာတိမြေ ဖနွမ်းပင်သို့ မီတာ ၅,၀၀၀ အပြေးပြိုင်ပွဲအတွက် မေလ ၈ ရက်နေ့က ရောက်လာသောအခါ နိုင်ငံတကာ အာရုံစိုက်မှု ရလာမည်ဟု မမျှော်လင့်ခဲ့ပေ။ ယှဉ်ပြိုင်ခွင့်ရသည်ကိုပင် သူကျေးဇူးတင်နေသည်။

ပြိုင်ပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ် အလိုတွင် မစ္စ ဘောင်ဆမ်နန်းသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကူမင်းတွင် လေ့ကျင့်နေစဉ်အတွင်း နာတာရှည် သွေးအားနည်းရောဂါကြောင့် ဆိုးရွားလှသော သွေးပေါင်ချိန် ကျဆင်းမှုကို ခံစားခဲ့ရသည်။ ခဏတာမျှ အပြေးရပ်ထားရန် ဆရာဝန်ကပြောပြီး သူ၏နည်းပြ မစ္စတာ ကီအန် ဆမ်မွန်ကလည်း ထိုသို့မလုပ်ရန် အတင်းအကျပ် တောင်းဆိုခြင်း မရှိပေ။

“သူ့မှာ ကျန်းမာရေး ပြဿနာရှိနေတယ်။ ကျနော်တို့ သူ့ကို အတင်းအကျပ် လုပ်လို့ မရဘူး” ဟု မစ္စတာ ကီအန်ဆမ်မွန်က ပြောသည်။

သို့သော် မစ္စ ဘောင်ဆမ်နန်းက သူ၏ပထမဆုံး နိုင်ငံတကာကစားပွဲဖြစ်သည့် အရှေ့တောင်အာရှ အားကစားပွဲတွင် ပြေးရန် စိတ်အားထက်သန်ကြောင်းပြောပြီး နည်းပြကလည်း သူ့ကို တားဆီးခြင်း မပြုခဲ့ပေ။

အမျိုးသမီး မီတာ ၅,၀၀၀ ပြေးပွဲ နောက်ဆုံးနေ့ကို လူ ၆ သောင်းခန့် ကြည့်ရှုနိုင်သည့် အားကစားရုံတွင် ကျင်းပခဲ့ပြီး မစ္စ ဘောင်ဆမ်နန်းသည် ဒေသတွင်းမှ အကောင်းဆုံး အပြေးသမားများနှင့်အတူ စုရုံးနေခဲ့သည်။ ထိုအပြေးပြိုင်ပွဲတွင် အနိုင်ရသူမှာ ယခင် အရှေ့တောင်အာရှ အားကားစားပြိုင်ပွဲများတွင် ဆုအများအပြား ရရှိခဲ့သည့် ဗီယက်နမ်မှ အိုလံပစ်ပြိုင်ပွဲဝင် ငုယင် သီအောင်း ဖြစ်သည်။

ပြိုင်ပွဲဝင်ရန် သေနတ်ဖောက်ကာ စပြေးပြီး အပြေးသမားများ နေရာယူချိန်တွင် မစ္စ ဘောင်ဆမ်နန်းသည် ပြိုင်ပွဲဝင်များ၏ နောက်ဘက်တွင် ရှိနေသည်။ တမိနစ်ခန့်အတွင်း သူသည် အခြားသူများ၏ နောက်တွင် အကြီးအကျယ် ပြတ်ကျန်ခဲ့ပြီး သူ့ကို ရုပ်သံတွင် မတွေ့ရတော့ပေ။

သို့သော် ဗီယက်နမ်မှ မစ္စ အောင်းနှင့် အခြားပြိုင်ပွဲဝင်များ ပန်းဝင်ချိန်၊ မိုးသည်းထန်စွာ ရွာသွန်းလာကာ ပရိသတ်များ စိတ်ဝင်စားမှု လျော့နည်းနေချိန်တွင်ပင် သူ ဆက်လက်ပြေးနေခဲ့သည်။

မစ္စ ဘောင်ဆမ်နန်းသည် ထိုပြိုင်ပွဲတွင် ၂၂ မိနစ် ၅၄ စက္ကန့်ဖြင့် ပန်းဝင်ပြီး မစ္စ အောင်းထက် ခြောက်မိနစ် နောက်ကျကာ တနိုင်ငံတည်းသူ ရမ်းရွမ်ဒူး ထက် စက္ကန့် ၉၀ နောက်ကျသည်။ ထိုအချိန်တွင် အားကစားရုံအတွင်း ရေလွှမ်းမိုးသည့် အချက်ပြမီးများ လင်းလာပြီး ပြေးလမ်းတွင် ရေကြီးနေသလို သူ၏ပန်းရောင်နှင့် အနီရောင်ဝတ်စုံသည် မိုးရေဖြင့် ရွှဲနစ်နေသည်။

သူ၏ ဇွဲလုံ့လကြီးမားမှုကြောင့် လွန်ခဲ့သော နှစ်နှစ်က တိုကျိုအိုလံပစ်၏ မီတာ ၁,၅၀၀ အပြေးပြိုင်ပွဲတွင် လဲကျခဲ့သည့်တိုင် အနိုင်ရသော ဇွဲရှိသည့် နယ်သာလန်နိုင်ငံမှ ဆီဖန်ဟက်ဆန် အပါအဝင် အပြေးသမားများကို သတိရစေသည်။

အပြေးသမားများသည် အပြတ်အသတ် ရှုံးနိမ့်သောအခါ ချီးကျူးမခံကြရပေ။ သို့သော် ချွင်းချက်တခုမှာ တာဝေးအပြေးပြိုင်ပွဲများတွင် နောက်ဆုံးမှ ပန်းဝင်သူများကို ချီးကျူးဂုဏ်ပြုသည်ကို မကြာခဏ တွေ့ရသည်ဟု ဟောင်ကောင် ပြေးလမ်းအပြေးသမားများအသင်း အတွင်းရေးမှူးချုပ် မစ္စတာ စတိဗ် ဘရမ်မာက ပြောသည်။ သူစီစဉ်သည့် မဟာမာရသွန်ပြေးပွဲတွင် “နောက်ဆုံးပန်းဝင်ဆု” ကို ထိုရည်ရွယ်ချက်ဖြင့် စီစဉ်ထားကြောင်း ပြောသည်။

မစ္စ ဘောင်ဆမ်နန်း၏ “ဇွဲသည် စိတ်အားတက်ကြွစေပြီး နှလုံးသားကို နွေးထွေးစေကာ စိတ်အာရုံကို ဖမ်းစားကြောင်း” မစ္စတာ ဘရမ်မာက အီးမေးလ်မှတဆင့် ပြောသည်။

မစ္စ ဘောင်ဆမ်နန်း၏ “ဇွဲသည် စိတ်အားတက်ကြွစေပြီး နှလုံးသားကို နွေးထွေးစေကာ စိတ်အာရုံကို ဖမ်းစားကြောင်း” မစ္စတာ ဘရမ်မာက အီးမေးလ်မှတဆင့် ပြောသည်။

ယခုလတွင် ကျင်းပသည့် မီတာ ၅,၀၀၀ ပြေးပွဲတွင် နောက်ဆုံးမှ ပန်းဝင်ပြီးနောက် စီစဉ်ထားသည့် မီတာ ၁,၅၀၀ ပြေးပွဲတွင် မစ္စ ဘောင်ဆမ်နန်း၏ ကျန်းမာရေးအခြေအနေအရ ပါဝင်စေနိုင်တော့မည် မဟုတ်ကြောင်း သူ၏နည်းပြက ပြောသည်။

အခုဆိုလျှင် မစ္စ ဘောင်ဆမ်နန်းနှင့် လူတိုင်းနှင့် ဆယ်လဖီတွဲရိုက်ချင်နေကြပြီ/AFP

သို့သော် သူ၏ပြတ်သားသော စွမ်းဆောင်ရည်သည် အွန်လိုင်းတွင် ပျံ့နှံ့ပြီးနောက် ကမ္ဘောဒီးယားဘုရင်၏ လူသိရှင်ကြား ချီးကျူးဂုဏ်ပြုမှုခံရကာ ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဇနီးက ဒေါ်လာ ၁ သောင်း ဆုငွေ ချီးမြှင့်သည်။ ထိုငွေသည် သာမန် ကမ္ဘောဒီးယားနိုင်ငံသားများ၏ နှစ်များစွာဝင်ငွေနှင့် ညီမျှသည်။

ဖခင်ကို ၂၀၁၈ ခုနှစ်က ဆုံးရှုံးခဲ့သော မစ္စ ဘောင်ဆမ်နန်းသည် မွေးချင်း လေးဦးအနက် တတိယမြောက်ဖြစ်ပြီး ထိုဆုငွေကို ကမ္ဘောဒီးယား တက္ကသိုလ်တခုခုတွင် ဥပဒေပညာ တက်ရောက်သင်ကြားရန် အသုံးပြုမည်ဖြစ်ကာ ဆက်လက်ယှဉ်ပြိုင် အပြေးပြိုင်ရန် ကြိုးစားမည်ဟု ပြောသည်။

မိခင် မိုင်မက်က သမီးဖြစ်သူသည် မီတာ ၅,၀၀၀ အပြေးပြိုင်ပွဲတွင် နောက်ဆုံးမှ ပန်းဝင်သည့် သတင်းကို ကြားသိပြီး ငိုရသည်ဟု ပြောသည်။ သို့သော် ထိုဝမ်းနည်းကြေကွဲမှုသည် နောက်ပိုင်းတွင် ဖြစ်လာသည့် ကြီးမားသော လူထုထောက်ခံမှုကြောင့် လျော့ပါးသွားသည်။

“ကျမ ဝမ်းသာတယ်” ဟု အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့နေသည့် အသက် ၄၄ နှစ် ရှိပြီဖြစ်သော မစ္စ မိုင်မက်က ပြောသည်။

သူမ၏ ဆုံးဖြတ်ချက်ပြတ်သားသော ပန်းဝင်ခြင်းသည် “အားကစားစိတ်ဓာတ် စံနမူနာ” ကို ပြသနေသည်ဟု အရှေ့တောင်အာရှတလွှားမှ အားကစားသမားများနှင့် လုပ်ကိုင်နေသည့် စင်ကာပူမှ အားကစား စိတ်ပညာရှင် အဂ္ဂါ ကေ သမ်က ပြောသည်။

သူမ၏ ဆုံးဖြတ်ချက်ပြတ်သားသော ပန်းဝင်ခြင်းသည် “အားကစားစိတ်ဓာတ် စံနမူနာ” ကို ပြသနေသည်ဟု အရှေ့တောင်အာရှတလွှားမှ အားကစားသမားများနှင့် လုပ်ကိုင်နေသည့် စင်ကာပူမှ အားကစား စိတ်ပညာရှင် အဂ္ဂါ ကေ သမ်က ပြောသည်။

ကမ္ဘောဒီးယား အားကစားသမားများသည် ဒေသတွင်းပြိုင်ပွဲများတွင် အပြေးပြိုင်ပွဲများထက် တိုက်ခိုက်သည့် အားကစားများတွင် အားသာသောကြောင့် မစ္စ ဘောင်ဆမ်နန်းကို အာရုံစိုက်ခြင်းသည် ထူးခြားကြောင်း ၎င်းကပြောသည်။

သို့သော် မစ္စ ဘောင်ဆမ်နန်း ပြသခဲ့သည့် ဥပမာသည် အရှေ့တောင်အာရှကို ကျော်လွန် ပဲ့တင်ထပ်မည်ဟု အဂ္ဂါ ကေ သမ်က ပြောသည်။

“ဘဝဆိုတာ ဒါပဲ။ ရှေ့ကို ဆက်လက်ချီတက်ဖို့နဲ့ မအောင်မြင်မှုတွေကို သင်ခန်းစာအဖြစ် ပြန်လည် နာလန်ထရာမှာ အသုံးပြုဖို့ပဲ။ အဲဒီလိုစိတ်ဓာတ်မျိုးနဲ့ ဒီဖြစ်ရပ်ကို ကြည့်ရင် စိတ်အားတက်ကြွစရာ တခုဖြစ်တယ်” ဟု ၎င်းကပြောသည်။

(New York Times ပါ Sun Narin နှင့် Mike Ives တို့၏ This Runner Finished Last, but Her Perseverance Won Over a Nation ကို ဘာသာပြန်သည်။)

You may also like these stories:

“အာဏာရှင်စနစ်ကို အနိုင်ယူချင်တယ်” ဆိုတဲ့ လက်ဝှေ့မယ် ဘရော်နီကာ

စစ်ကောင်စီ လက်အောက် တိုကျိုအိုလံပစ်ကို ယှဉ်ပြိုင်မှာ မဟုတ်တဲ့ မြန်မာ့ရေကူးကစားသမား

အိုလံပစ်ပြိုင်ပွဲဝင်နိုင်ဖို့ ကြိုးစားနေတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

]]>