ဉာဏ်စိုးဝင်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/51469 Covering Burma and Southeast Asia Tue, 18 Jul 2023 23:21:39 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဉာဏ်စိုးဝင်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/51469 32 32 ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး https://burma.irrawaddy.com/news/2020/03/21/218701.html Sat, 21 Mar 2020 06:19:26 +0000 https://burma.irrawaddy.com/lytbox/?p=218701 သံဖြူဇရပ်မြို့  / ဧရာဝတီမွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ ဆွေမျိုးအိမ်သို့ ခေတ္တလာရောက် လည်ပတ်သည့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး တဦးတွင် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ တွေ့ရှိရသော်လည်း ထိုကလေးသည် ဆေးကုသမှုမခံဘဲ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။ ]]> သံဖြူဇရပ်မြို့  / ဧရာဝတီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ ဆွေမျိုးအိမ်သို့ ခေတ္တလာရောက် လည်ပတ်သည့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး တဦးတွင် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ တွေ့ရှိရသော်လည်း ထိုကလေးသည် ဆေးကုသမှုမခံဘဲ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

ဆွေမျိုးအိမ်သို့ လာရောက် လည်ပတ်စဉ် ဖျားခြင်း၊ ချောင်းဆိုးခြင်းများကြောင့် ဆေးရုံတက်၍ စမ်းသပ်စစ်ဆေးရန် ညှိနှိုင်းမှုပြုလုပ်နေချိန် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ ဝတ်မှုံက ပြောသည်။

ဒေါက်တာ ဝတ်မှုံက “အနင်းရွာမှာ ဘုရားပွဲတခုရှိတယ်ဆိုပြီး အလည်ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ချောင်းဆိုးတယ်၊ ဖျားတယ်ပေါ့နော်၊ မသက်သာလို့ ၁၉ ရက်နေ့မှာ အနင်းတိုက်နယ်ဆေးရုံကို လာပြတယ်၊ လာပြတော့ ထိုင်းက ပြန်လာတာလည်းဖြစ်တယ်၊ ချောင်းဆိုးတယ်၊ ဖျားတယ်ဆိုတော့ ဆေးရုံတက်ပြီးတော့ စစ်ဆေးဖို့ပြောတော့ သူ့မိဘ ၂ ပါးက သဘောမတူဘူး” ဟု ပြောသည်။

၎င်းကဆက်၍ “လူကြီးတွေခေါ်ပြီးတော့ (ဆေးကုသရန်) ညှိနှိုင်းနေတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေကလည်း သူတို့အလုပ်တွေ သူတို့လုပ်နေတဲ့အချိန် သတင်းပြန်မရဘဲ ကြာလာလို့ သွားကြည့်တဲ့အခါမှာ ကလေးတွေက အိမ်ပြန်သွားပြီလို့ ပြောတယ်၊ အိမ်ထိလိုက်သွားတဲ့အခါကျတော့ မတွေ့တော့ဘူး” ဟု ရှင်းပြသည်။

ထိုသို့ ထွက်ပြေးသွားခဲ့သော ကလေးငယ်မှာ ထိုင်းနိုင်ငံ၊ လာလီမြို့နယ်ရှိ အစိုးရကျောင်း (ဖစ်စဘန်နွန်) တွင် ကျောင်းတက်နေသည့် ကျောင်းသားဖြစ်ပြီး မတ် ၈ ရက်နေ့ စာမေးပွဲဖြေဆိုပြီးချိန် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး အနင်းကျေးရွာရှိ ဆွေမျိုးတဦးနေအိမ်သို့ မတ် ၁၄ ရက်နေ့က အလည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရှိရသည်။

ဒေါက်တာ ဝတ်မှုံ က “အိမ်လိုက်သွားတော့ အိမ်မှာက သူ့အဖွားတယောက်ပဲကျန်ခဲ့တယ်၊ အဲ့မှာမေးကြည့်တော့ ဘုရားသုံးဆူမှာ ကားထားခဲ့တယ်၊ သူတို့က ထိုင်းမှာလည်း နေထိုင်ခွင့်တွေ ရှိပြီးသားလို့ပြောတယ်၊ ပြန်သွားပြီးပြောတော့ ကျမတို့ကလည်း ဒီပြည်နယ်အစိုးရအဖွဲ့ထံ ကလေးရဲ့ပုံရော၊ အိမ်ရှိတဲ့မြေပုံရော တင်ပြတယ်။ ကရင်ပြည်နယ်ကိုလည်း ဖုန်းဆက်လိုက်တယ်၊ အဲ့ဒါနဲ့ အုပ်ချုပ်ရေးတွေ လိုက်သွားတဲ့ အခါကျတော့ သူတို့က သူတို့နေထိုင်တဲ့ ထိုင်းနိုင်ငံထဲက မြို့နယ်ကို ပြန်ရောက်သွားပြီ” ဟု ဆိုသည်။

ထိုကလေးငယ်မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများကြောင့် အနင်းတိုက်နယ်ဆေးရုံသို့ မတ် ၁၉ ရက်နေ့ နံနက်က ပြသခဲ့ရာတွင် ကိုယ်အပူချိန် ၉၉ ံ F ရှိနေသည်။

သံဖြူဇရပ်ဒေသခံ ကိုမင်းလတ်က “သံသယ ဆိုတာနဲ့ နောက်ကြောင်းလိုက်သင့်တယ်။ သူ (ကလေး) က Positive ဆို ရောဂါဖြန့်တဲ့သူဖြစ်ပြီးသွားပြီးလေ။ သူသွားခဲ့တဲ့နေရာတွေကို ကျန်းမာရေးစစ်ဆေးစောင့်ကြည့်ဖို့ နောက်ကြောင်းလိုက်သင့်တယ်။ နောက်ကြောင်းလိုက်ဖို့က ကျန်းမာရေးဘက်က လိုက်နိုင်မှာမဟုတ်ဘူး၊ အုပ်ချုပ်ရေးပိုင်းကလုပ်ရမှာ” ဟု  ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာမှ အသက် ၃၂ နှစ်ရှိ အမျိုးသမီးတဦးသည်လည်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၉ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက်မတ် ၁၇ ရက်နေ့က ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုး နှာစေးခြင်း စသည့် ကိုရိုနာဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လက္ခဏာများကြောင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ မတ် ၁၉ ရက်နေ့တွင် သံဖြူဇရပ်ဆေးရုံသို့ ထားရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံအထိ ကူးစက်ပြန့်နှံ့နေပြီး ထိုရောဂါကြောင့် သေဆုံးသူ ၉၈၄၀ ဦးရှိပြီဖြစ်ကာ ကူးစက်ခံနေရသူ ၂၃၄၀၇၃ ဦး ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ ကူးစက်ခံရသူနှင့် သေဆုံးသူ တဦးမှ မရှိသေးသော်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယရှိသူ ၂ ဦး၊ စောင့်ကြည့်ခံထားသည့် လူနာပေါင်း ၁၈၇ ဦးရှိပြီး ဓာတ်ခွဲခန်း အဖြေစောင့်ကြည့်နေသူ ၁၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်း အထိ ထုတ်ပြန်ချက်အရသိရသည်။

You may also like these stories:

မြန်မာက နိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ဧပြီကုန်ထိ ယာယီရပ်ဆိုင်း

COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်

COVID-19 မကူးစက်ရေး ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ယာယီပိတ်မည်

]]>
ကိုရိုနာအန္တရာယ် နှင့် ကျိုက်ထီးရိုး စီးပွားရေးအကြပ်တည်း ဘယ်ဟာပို စိုးရိမ်လဲ (ရုပ်/သံ) https://burma.irrawaddy.com/video/2020/03/20/218629.html Fri, 20 Mar 2020 09:28:04 +0000 https://burma.irrawaddy.com/lytbox/?post_type=video&p=218629 ကမ္ဘာ့ကပ်လုံးဆိုင်ရာ ကပ်ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ရောဂါအန္တရာယ်ကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားဖူးရာသီကို မတ် ၂၁ ရက်နေ့တွင် ရပ်ဆိုင်းမည်ဖြစ်၍ ကျိုက်ထီးရိုးတောင်အား အမီပြု အလုပ်လုပ်ကိုင်နေကြသူများက ကိုရိုနာဗိုင်းရပ် ကူးစပ်ရောဂါကို စိုးရိမ်မိသော်လည်း လက်ရှိရင်ဆိုင်ရမယ့် မိသားစုစီးပွားရေး ကြပ်တည်းသွားမည်ကို ပိုမိုစိုးရိမ်မိတယ်လို့ ပြောဆိုကြပါတယ်။ ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း]]>

ကမ္ဘာ့ကပ်လုံးဆိုင်ရာ ကပ်ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ရောဂါအန္တရာယ်ကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားဖူးရာသီကို မတ် ၂၁ ရက်နေ့တွင် ရပ်ဆိုင်းမည်ဖြစ်၍ ကျိုက်ထီးရိုးတောင်အား အမီပြု အလုပ်လုပ်ကိုင်နေကြသူများက ကိုရိုနာဗိုင်းရပ် ကူးစပ်ရောဂါကို စိုးရိမ်မိသော်လည်း လက်ရှိရင်ဆိုင်ရမယ့် မိသားစုစီးပွားရေး ကြပ်တည်းသွားမည်ကို ပိုမိုစိုးရိမ်မိတယ်လို့ ပြောဆိုကြပါတယ်။

ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း

]]>
ကျိုက်ထီးရိုးသို့ ဘုရားဖူးဧည့်သည် လာရောက်မှု ပိတ်ရန် ပြည်နယ်အစိုးရ စီစဉ်နေ https://burma.irrawaddy.com/news/2020/03/18/218388.html Wed, 18 Mar 2020 08:27:55 +0000 https://burma.irrawaddy.com/lytbox/?p=218388 မတ်လ ၁၈ ရက်နေ့က တွေ့မြင်ရသည့် ကျိုက်ထီးရိုးတောင် / ဉာဏ်စိုးဝင်း / ဧရာဝတီကျိုက်ထီးရိုးတောင်ပေါ်သို့ မတ် ၁၆ ရက်နေ့က ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၆ ထောင်ကျော်နှင့် နိုင်ငံခြားသား ၁၀၀ ကျော် လာရောက်ခဲ့ကြပြီး မတ် ၁၇ ရက်နေ့က ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၃ ထောင်ကျော် ရှိခဲ့သည်ဟု သိရသည်။ ]]> မတ်လ ၁၈ ရက်နေ့က တွေ့မြင်ရသည့် ကျိုက်ထီးရိုးတောင် / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ရှိရာ တောင်ပေါ်သို့ နေ့စဉ်ထောင်ချီသော ပြည်တွင်း၊ ပြည်ပဘုရား ဖူးများ လာရောက်မှုများကို လာမည့် မတ် ၂၁ ရက်နေ့မှ စတင် ပိတ်ထားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ဦးမြင့်သန်းဝင်းက “ပွဲတော်ကာလကို ရပ်ဆိုင်းတာဖြစ်တဲ့အတွက် တောင်ပေါ်မှာရှိတဲ့ စျေးဆိုင်တွေ၊ ထမင်းဆိုင်တွေကို ရပ်ဆိုင်းလိုက်တာပေါ့၊ ဘုရားဖူးချင်တယ်ဆိုရင်တော့ မိမိအစီအစဉ်နဲ့ သွားဖူးလို့ရတယ်၊ ဒါပေမယ့် တောင်တက်ယာဉ်တို့ ဘာတို့ စီစဉ်ထားမှာ မဟုတ်တော့ဘူး”ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး အခြား အခြေအနေ အသေးစိတ်ကိုမူ အတိအကျ မသိရှိရသေးပါ။

ကျိုက်ထီးရိုး ဂေါပကအဖွဲ့ရဲ့ နာယကဖြစ်သူ ဒေါက်တာခင်နိုင်ဦးက “ကျိုက်ထီးရိုးလို နေရာမျိုးက ကားနဲ့ တက်ရတာ၊ လူစုပြီးတော့ တက်ရတာ၊ အကွာအဝေးက တယောက်နဲ့ တယောက် ကပ်ပြီးတော့ တက်ရတယ်၊ တောင်ပေါ်မှာလည်း ပြန်ကြည့်ရင် နေရာကျဉ်းတယ်၊ ကျဉ်းတဲ့အခါကျတော့ ရောက်လာတဲ့ ဘုရားဖူးဧည့်သည် အခြေအနေနဲ့ နေရာနဲ့ ပြန်ပြီ ချိန်ကြည့်ရင် ကျပ်ညပ်နေတဲ့ သဘောရှိတယ်၊ ကျိုက်ထီးရိုးက သေချာပေါက် ထိန်းချုပ်ရမယ့်ပုံစံလို့ ကျနော်တို့ မြင်တယ်”ဟု ပြောသည်။

ကျိုက်ထီးတောင်ပေါ်သို့ ဘုရားဖူး လာရောက်သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များကို တောင်ပေါ် မတက်မီ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်၍ လုပ်ဆောင်မည်ဖြစ်ပြီး ဘုရားဖူးရန် လာရောက်ခြင်းကို ပိတ်သိမ်းရန် အစီအစဉ် မရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မတ်လ ၁၄ ရက်က ပြောဆိုခဲ့သည်။

ထို့ပြင် ဘုရားရင်ပြင်တော်၊ တောင်တက်ကားများတွင် လူများ ပြည့်နှက်ကာ ကျန်းမာရေးစစ်ဆေးမှုမှာလည်း တိကျ ကောင်းမွန်သော စစ်ဆေးမှုမျိုး မဟုတ်သည့်အတွက် လူစုလူဝေးများ ခွင့်ပြုနေမှုများကို ပြည်သူများဘက်က ဝေဖန်မှု မြင့်တက်ခဲ့သည်။

သို့ဖြစ်ရာ မတ် ၁၆ ရက်နေ့က ကျင်းပသော မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရအနေဖြင့် ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်ကို လည်းကောင်း၊ သထုံ-ညောင်ချောင်း လက်ဝှေ့ပွဲ၊ ဇင်းကျိုက်ဘုရားပွဲ၊ အနင်းကျေးရွာရှိ ဘုန်းကြီးပျံပွဲတော်နှင့် ဆက်စပ်သည့် ဇာတ်ပွဲကပြမှုများ အစရှိသော ပွဲတော်များအား နိုင်ငံတော် သမ္မတရုံး၏ ကြေညာချက်နှင့်အညီ အမြန်ဆုံး ရပ်ဆိုင်းထားသင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ မတ် ၁၆ ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ကျိုက်ထီးရိုးတောင်ပေါ်သို့ မတ် ၁၆ ရက်နေ့က ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၆ ထောင်ကျော်နှင့် နိုင်ငံခြားသား ၁၀၀ ကျော် လာရောက်ခဲ့ကြပြီး မတ် ၁၇ ရက်နေ့က ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၃ ထောင်ကျော် ရှိခဲ့သည်ဟု သိရသည်။

အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID – 19) ကို ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါ အဖြစ် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၁ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီးနောက် မတ် ၁၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးကလည်း လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်( သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ကျင်းပခြင်း အပါအဝင်) များကို ဧပြီ ၃၀ ရက်နေ့ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို သက်ဆိုင်ရာဌာနများသို့ ညွှန်ကြား ထားကြောင်းနှင့် လိုအပ်ပါက ရပ်ဆိုင်းကာလ တိုးမြှင့်သတ်မှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်လင့်

ကျိုက်ထီးရိုး ဘုရားဖူး မပိတ်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကို ဖိတ်ခေါ်နေသလား

ကျိုက်ထီးရိုးစေတီ ခြေလျင် တောင်တက်လမ်း ပြန်လည် ဖော်ဆောင်မည်

]]>
မော်လမြိုင်ထောင်တွင်း မူးယစ်ဆေးဝါး သွင်းသည့် အကျဉ်းသားကို အမှုဖွင့် https://burma.irrawaddy.com/news/2020/03/04/216995.html Wed, 04 Mar 2020 07:49:56 +0000 https://burma.irrawaddy.com/lytbox/?p=216995 မော်လမြိုင်မြို့ရှိ အကျဉ်းထောင် / ဉာဏ်စိုးဝင်း / ဧရာဝတီအကျဉ်းသား အောင်အောင် ဆိုသူထံမှ မတ်လ ၂ ရက်နေ့ ညနေက WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြားကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က) အရ မတ် ၃ ရက်နေ့က အမှုဖွင့်ထားကြောင်း မော်လမြိုင် မြို့မရဲစခန်းထံမှ သိရသည်။]]> မော်လမြိုင်မြို့ရှိ အကျဉ်းထောင် / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ်၊ မော်လမြိုင် အချုပ်ထောင်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေရသော အသက် ၃၉ နှစ်အရွယ် အကျဉ်းသား အောင်အောင် ဆိုသူထံမှ မတ်လ ၂ ရက်နေ့ ညနေက WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြားကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က) အရ မတ် ၃ ရက်နေ့က အမှုဖွင့်ထားကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။

မော်လမြိုင်အချုပ်ထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ချိုကလည်း “ဒီအကျဉ်းသားက ထောင်ထဲကို မူးယစ် ဆေးဝါးသွင်းလို့ ကျနော်တို့ အမြဲ စောင့်ကြည့်နေတဲ့ အကျဉ်းသားပါ။ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျပြီးတော့ ထောင်ထဲ ကို မူးယစ်ဆေးသွင်းတာ ၃ ကြိမ်မြောက်ပါ၊ နှစ်အကန့်အသတ် မရှိ အမိန့်ချခံထားရတဲ့သူပါ”ဟု ရှင်းပြသည်။

ဖြစ်စဉ်အရ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် မော်လမြိုင်အချုပ်ထောင်တွင်း အိမ်ဆောင်ဝင်း (အိပ်ဆောင် ၁/၂/၃/၄/၅) အတွင်းရှိ အကျဉ်းသားများအား ရေချိုးရန်အတွက် အိပ်ဆောင်ပြင်ပသို့ ထုတ်ပေးစဉ် အိပ်ဆောင်ဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော အကျဉ်းထောင် ဒုတပ်ကြပ် လွမ်းငြိမ်းမှ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဉ်း သား အောင်အောင်အား မသင်္ကာသဖြင့် ရှာဖွေမှုပြုလုပ်ခဲ့ရာမှ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီတို အိတ်ကပ်အတွင်းမှ ၅ ထောင်တန် ငွေစက္ကူဖြင့် ထုပ်ထားသော WY စိတ်ကြွရူးသွပ်ဆေးပြားများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မော်လမြိုင်ြ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တရားခံ အောင်အောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူရပ်ကွက်တွင် နေထိုင်စဉ်က မူးယစ် ဆေးဝါး အမှုဖြင့် တရားရုံးက အမိန့် ချမှတ်ခံခဲ့ရပြီးနောက် မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး ထိုမှတစ်ဆင့် မော်လမြိုင်အချုပ်ထောင်သို့ ၂၀၁၉ ခုနှစ်က ထပ်မံ ပို့ဆောင်ခံထားရသူ ဖြစ်သည်။

ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းကျနေစဉ်ကလည်း ထောင်ဝန်ထမ်း ၁ ဦး နှင့်ပူးပေါင်း၍ WY စိတ်ကြွ ရူးသွပ် ဆေးပြား အပြား ၄၀၀ ကို အကျဉ်းထောင်တွင်း သွင်းခဲ့သဖြင့် တရားရုံးက နှစ်အကန့်အသတ်မရှိ အမိန့်ချမှတ် ခံထားရသူဟုလည်း စုံစမ်းသိရှိရသည်။

“ဝန်ထမ်းရော သူ (အောင်အောင်) ရော အရေးယူခံထားရတာ”ဟု ဦးတင်ချိုက ဆိုသည်။

အောင်အောင်သည် အကျဉ်းထောင်ထဲသို့ WY စိတ်ကြွရူးသွပ်ဆေးပြား ဒုတိယအကြိမ် သွင်းမှုကို လူငယ် ၁ ဦး၏ အကူအညီဖြင့် ထပ်မံ လုပ်ဆောင်ခဲ့ပြီး WY စိတ်ကြွရူးသွပ်ဆေးပြား အပြား ၃၈၀ ဖြစ်ကာ လက်ရှိတွင် တရား ရင်ဆိုင် နေသည့် ကာလ ဖြစ်သည်။

ယခု ၁ ကြိမ်တွင်လည်း ထိုရုံးထုတ်ရက်မှာပင် ရင်းနှီးသူ ၁ ဦးနှင့် ချိတ်ဆက်မိခဲ့ပြီး မူးယစ်ဆေးဝါးများကို ကွမ်းယာထုပ်နှင့် ထည့်ယူခဲ့ကာ တတိယအကြိမ် ထပ်မံ သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်ရန် ဆောင်ရွက်နေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျရေးကိုလည်း နှစ်ရှည် စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်လင့်

မူးယစ်ဆေးဝါးမှုကြောင့် ထောင်တွင်းအကျဉ်းသားမဆန့် ဖြစ်နေဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်ထောင်ရှိ အကျဉ်းသား ထက်ဝက်ခန့်သည် မူးယစ်ဆေးမှုနဲ့ အကျဉ်းကျနေ

]]>
မွန်ပြည်နယ်ရှိ တရားမဝင် ငါးဖမ်းမှုများ တပ်မတော်(ရေ)နှင့် ပူးပေါင်း အရေးယူမည် https://burma.irrawaddy.com/news/2020/02/21/216107.html Fri, 21 Feb 2020 07:59:26 +0000 https://burma.irrawaddy.com/lytbox/?p=216107 မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလုပ်ငန်းများကို စစ်ဆေးနေစဉ် / ဉာဏ်စိုးဝင်းမွန်ပြည်နယ် ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းနေသည့် ကျားဖောင်များနှင့် ငါးဖမ်းစက်လှေများအား ဖမ်းဆီးရန် တပ် မတော် (ရေ) နှင့် ပူးပေါင်း၍ ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သောအဖွဲ့ဖြင့် ပင်လယ်ပြင် ထွက်ခွာရန် မွန်ပြည် နယ် အစိုးရအဖွဲ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ညှိနှိုင်းထားကြောင်း သိရသည်။]]> မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလုပ်ငန်းများကို စစ်ဆေးနေစဉ် / ဉာဏ်စိုးဝင်း

မွန်ပြည်နယ် ရေပိုင်နက် အတွင်း တရားမဝင် ငါးဖမ်းနေသည့် ကျားဖောင်များနှင့် ငါးဖမ်းစက်လှေများအား ဖမ်းဆီးရန် တပ် မတော် (ရေ) နှင့် ပူးပေါင်း၍ ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သောအဖွဲ့ဖြင့် ပင်လယ်ပြင် ထွက်ခွာရန် မွန်ပြည်နယ် အစိုးရအဖွဲ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ညှိနှိုင်းထားကြောင်း သိရသည်။

ဧရာတီတိုင်း ဒေသကြီးမှ မွန်ပြည်နယ် ရေပိုင်နက်ထဲသို့ ရေပိုင်နက် ကျော်လွန် လုပ်ကိုင်နေကြသည့် တရားမဝင် ကျား ဖောင်များကို ဖမ်းဆီးမှုများ ဆောင်ရွက်ပြီးပါက ဒေသခံ တရားမဝင် ကျားဖောင်များကို ဆက်လက် ကိုင်တွယ် ဖြေရှင်း သွားမည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြော သည်။

ဦးထွန်းဌေးက “မွန်ပြည်နယ်ရဲ့ ရေပိုင်နက်ထဲမှာရှိတဲ့ တရားမဝင် ကျူးကျော် ဝင်ရောက်နေတဲ့ ကျားဖောင်ကိစ္စကို အမြန် ဆုံး ကိုင်တွယ်သွားဖို့ ရှိပါတယ်။ ဒီကိစ္စ ကို ကိုင်တွယ် ဆောင်ရွက်ပြီးရင်တော့ ကိုယ့် (မွန်ပြည်နယ်) ရဲ့ နယ်နိမိတ်ထဲမှာ ရှိတဲ့ ကျန်ရှိနေသေးတဲ့ လိုင်စင်ကိစ္စတွေ၊ အလွန်အကျွံ ဖမ်းဆီးရေး ကိစ္စတွေ၊ နောက်ပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီဖို့ ကိစ္စတွေ ကိုင်တွယ်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ပါဝင်သော ဌာနဆိုင်ရာ အဖွဲ့များက မွန်ပြည်နယ်ရှိ ငါးဖမ်း ကွက် ၁၄ ကွက်ထဲမှ ဧရာဝတီတိုင်း ဒေသကြီးနှင့် နယ်နိမိတ် ဆက်စပ်နေသော ငါးဖမ်းကွက် ၃ ကွက်ကို စစ်ဆေးခဲ့ရာ နယ်ကျော် လုပ်ကိုင်ကြသည့် ကျားဖောင် အရေအတွက်မှာ ၁၂၂ ၄ ဖောင်ထိ ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့သည်။

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလုပ်ငန်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဉာဏ်စိုးဝင်း)

ရေးမြို့နယ်အတွင်း အချို့လုပ်ငန်းရှင်များမှာ ငါးဖမ်းလိုင်စင်ကို စက်လှေ တစီးအတွက်သာ လိုင်စင်ရယူထားပြီး စက်လှေ များစွာဖြင့် တရားမဝင် လုပ်ကိုင်နေကြသဖြင့် လိုင်စင်မဲ့ ငါးဖမ်းခြင်းများကို အရေးယူမှု ပြုလုပ်ပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ကျင်းပသော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ရေးမဲဆန္ဒနယ် အမှတ်၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင်က ပြောဆိုထားသည်။

မွန်ပြည်နယ် ရေပိုက်နက်အတွင်း တရားဝင် ခွင့်ပြုထားသည့် ဒေသခံ ကမ်းဝေး ကျားဖောင် အရေအတွက်မှာ ၁၅၄ ဖောင် နှင့် ကမ်းနီး ကျားဖောင် အရေအတွက်မှာ ဖောင် ၁၀၀၀ သာ ရှိသည်ဟု ဆိုသော်လည်း ဒေသခံများ မှန်းဆချက်အရ ထို ထက် အဆမတန်သော ကျားဖောင်များ ရှိနိုင်ကြောင်း မှန်းဆနေကြသည်။

ချောင်းဆုံ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဖေဖော်ဝါရီ ၆ ရက် က မွန်ပြည်နယ် လွှတ်တော်ထံ တင်သွင်းခဲ့သော ကျားဖောင်၊ ငါးဖမ်းလုပ်ငန်းခွင်များတွင် ရေလုပ်သားနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မရှိစေရေးနှင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုး တက်ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်း အဆိုကိုလည်း ပြည်နယ်လွှတ်တော်က အတည်ပြုပြီး ဖြစ်သည်။

တရားမဝင် ကျားဖောင်များကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးခြင်း၊ လူကုန်ကူးမှု ဖြစ်လာနိုင်ခြင်း၊ အလုပ်သမား အလုပ်ရှင်ကြား မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်နှင့် အလုပ်သမား အခွင့်အရေးများ ထိပါးခြင်းအပြင် ငါးသယံဇာ တ မျိုးသုဉ်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက မွန်ပြည်နယ် လွှတ်တော်အတွင်း ဆွေးနွေး တင်ပြခဲ့ကြသည်။

ဆက်စပ်ဖတ်ရှုရန်

ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ငါးအလွန်အကျွံဖမ်းဆီးမှုများ အရေးယူရန် စီစဉ်နေ

ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ

]]>
မိန်ဘလာတောင်မှ ဂျပန်ခေတ် စစ်လက်ကျန်ပစ္စည်းများ ရှာဖွေတူးဖော်မှု ပိတ်သိမ်း https://burma.irrawaddy.com/news/2020/02/12/215367.html Wed, 12 Feb 2020 09:48:59 +0000 https://burma.irrawaddy.com/lytbox/?p=215367 မိန်ဘလာတောင်တွင် ပြုလုပ်နေသည့် ရှာဖွေတူးဖော်မှုများ/ / ဉာဏ်စိုးဝင်း / ဧရာဝတီမိန်ဘလာတောင်နေရာတွင် ယခုနှစ်ပိုင်းအစ ဇန်နဝါရီ ၄ ရက်လောက်က ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုက မြေတူးဖော်မှုတွေ လုပ်ဆောင်နေကြတာ သိရတယ်။ မြေတူစက် ၅ စီး၊ ဘူဒိုဇာ ၁ စီးတို့နဲ့ တူးဖော်နေကြတာလို့ သိရတယ်]]> မိန်ဘလာတောင်တွင် ပြုလုပ်နေသည့် ရှာဖွေတူးဖော်မှုများ/ / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီး ဝယ်ကဝါကျေးရွာအုပ်စုရှိ မိန်ဗလာတောင်တွင် မွန်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် Royal Eagle Myanmar Development ကုမ္ပဏီမှ ဂျပန်ခေတ် စစ်ကျန်ပစ္စည်းဖြစ်သော ရတနာသိုက် ရှာဖွေမှုအတွက် ကနဦးစူးစမ်းလေ့လာခွင့်မှာ ရလာဒ်ကောင်း မရရှိခဲ့သဖြင့် ပိတ်သိမ်းလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

၎င်းက “ရှေးဟောင်းပစ္စည်းဆိုတာ သေချာဖို့ လိုပါတယ်၊ မိမိ (မွန်ပြည်နယ်အစိုးရအဖွဲ့) တို့ ဦးစီးဦးဆောင်ဖွဲ့တဲ့ ဝန်ကြီးချုပ်ကနေ ဥက္ကဋ္ဌဖြစ်ပြီးတော့ ကျနော်က အတွင်းရေးမှူးအနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ ကျနော်တို့ အခုအချိန်ထိ ထူးခြားတဲ့ ရလာဒ်ကောင်းတွေ မရှိတဲ့အတွက် ကျနော်တို့ဟာ ပြန်လည်ပိတ်သိမ်းဖို့အတွက် အစီအစဉ်တွေ ဆောင်ရွက်ပြီးပြီ” ဟု ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် ချောင်းဆုံ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက မိန်ဘလာတောင်၌ မြေတူးနေသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းသည့် အပေါ် ဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦး က “မိန်ဘလာတောင်နေရာတွင် ယခုနှစ်ပိုင်းအစ ဇန်နဝါရီ ၄ ရက်လောက်က ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုက မြေတူးဖော်မှုတွေ လုပ်ဆောင်နေကြတာ သိရတယ်။ မြေတူးစက် ၅ စီး၊ ဘူဒိုဇာ ၁ စီးတို့နဲ့ တူးဖော်နေကြတာလို့ သိရတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ထံ တင်ပြပြောဆိုခဲ့သည်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်စစ်စခန်းအဖြစ် အသုံးပြုခဲ့ရာ မိန်ဘလာတောင်ရှိ ဂူများတွင် ဂျပန်စစ်စခန်း ပစ္စည်းလက်ကျန်များရှိ၊ မရှိ ရှာဖွေဖော်ထုတ်ရေး ဟုဆိုကာ တူးဖော်နေမှုများကို ၂၀၁၈ ခုနှစ်က Golden Geo Myanmar ကုမ္ပဏီမှ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာမှ သိရှိကာ ပိတ်သိမ်းခဲ့ရသည်။

ထို့နောက် Royal Eagle Myanmar Development ကုမ္ပဏီက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ် အဆောက်အဦ တည်နေရာများအား စစ်သမိုင်းပြတိုက် ဖော်ဆောင်မည့် ရှေ့ပြေးစီမံကိန်းဟုဆိုကာ ဆိုင်းဘုတ်ထောင်၍ မိန်ဘလာတောင် တောင်ခြေတွင် မြေတူးဖော်မှုများ ထပ်မံ ပြုလုပ်ခဲ့သည်။

သို့ဖြစ်ရာ မိန်ဘလာတောင် ရှာဖွေတူးဖော်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့ က ကျင်းပသည့် မွန်ပြည်နယ်အစိုးရ အဖွဲ့ အစည်း အဝေးအရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံမှ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး ရတနာသိုက်ရှာဖွေရန် Royal Eagle Myanmar Development ကုမ္ပဏီကို ကနဦး စူးစမ်းလေ့လာခွင့်ကို ၁ လတာ ခွင့်ပြုပေးခဲ့သည်။

ယခုသည် သက်မှတ်အချိန်ကာလ ပြည့်သွားပြီဖြစ်၍ မြေတူးခဲ့သော မြေသားများကို နဂိုမူလအတိုင်း ပြန်လည်မြေဖို့ရန် ညွှန်ကြားထားပြီး မြေပြန်မပြုပြင်ပါက ကုမ္ပဏီကို တရားစွဲသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယခုက ၇ ရက်နေ့က လွှတ်တော်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

၎င်းက “အထောက်အထား ပြနိုင်ပါက ပြည်ထောင်စုကိုတင်၊ ပြည်ထောင်စုကိုတင်ဖို့ အထောက်အထားလည်း မပြနိုင်ဘူး၊ အခု သူတို့ (ကုမ္ပဏီ) ပိတ်လိုက်ပြီ၊ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ နဂိုအတိုင်းပြန်ထား၊ မထားရင် တရားစွဲမယ်” ဟု ဆိုသည်။

တောင်တွင် တူးဖော်သည့် ကုမ္ပဏီသည် တူးဖော်မှုပြုလုပ်ခြင်း လုပ်ဆောင်ရာတွင် ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြပေးမှုများ မရှိခဲ့သည့်ပေါ် မရိုးသားမှုများ ရှိနေသည်ဟု ပြည်သူများဘက်က ပြောဆိုမှုများလည်း ရှိသည်။

]]>
သံဖြူဇရပ်တွင် လက္ခဏာဆရာက ကျောင်းသူ ၃ ဦးအား အဓမ္မပြုကျင့် https://burma.irrawaddy.com/news/2020/02/05/214800.html Wed, 05 Feb 2020 08:11:45 +0000 https://burma.irrawaddy.com/lytbox/?p=214800 သံဖြူဇရပ်မြို့ / ဉာဏ်စိုးဝင်း / ဧရာဝတီထိုဖြစ်စဉ်များနှင့်ပတ်သက်၍ သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ကို သံဖြူဇရပ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုဖွင့်၍ ဇန်နဝါရီ ၃ ရက်နေ့ ည ၁၀ နာရီတွင် ဖမ်းဆီးခဲ့ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး ဇော်မင်းဦးက အမှုစစ်ဆေးနေကြောင်း သိရသည်။ ]]> သံဖြူဇရပ်မြို့ / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းနေ လက္ခဏာဆရာ ၁ ဦးမှ အသက်မပြည့်သေးသည့် သတ္တမ တန်း ကျောင်းသူ ၃ ဦးကို တည်းခိုခန်းသို့ အလှည့်ကျ ခေါ်ကာ အဓမ္မပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း သံဖြူ ဇရပ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

လက္ခဏာဆရာ အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၂၈နှစ်ရှိ သီဟအောင်(ခ) သီဟဆိုသူမှာ ၃၈နှစ်ရှိ ဒေါ်အေးမြင့်ဆိုသူနှင့် ချစ်သူဖြစ်နေကြောင်း၊ ၎င်းက ဒေါ်အေးမြင့်မှာ ကံနိမ့်နေ၍ ယတြာချေရမည် ဖြစ်ကြောင်း၊ ထို့အတွက် အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ဦးကို သူ့ထံသို့ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ဒေါ်အေးမြင့်အား စေခိုင်းခဲ့ပြီးနောက် ထိုမိန်းကလေးငယ်များကို အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက် သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ကို သံဖြူဇရပ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၃၆၃/၁၁၄ တို့ဖြင့် အမှုဖွင့်၍ ဇန်နဝါရီ ၃ ရက်နေ့ ည ၁၀ နာရီတွင် ဖမ်းဆီးခဲ့ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး ဇော်မင်းဦးက အမှုစစ်ဆေးနေကြောင်း သိရသည်။

သံဖြူဇရပ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သန်းက “အဓမ္မကျင့်ခံရသော မိန်းကလေးငယ် ၃ ဦးက ဇန်နဝါရီ ၃၀ ရက်မှာ လက္ခဏာဆရာဆိုသူ ဦးသီဟအောင်ကို အမှုဖွင့် တိုင်ကြားခဲ့လို့ နစ်နာခဲ့သော မိန်းကလေးငယ် ၁ ဦးချင်းစီကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ ခုစီဖြင့် အမှုဖွင့်ပေးခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းလက္ခဏာဆရာ၏ စေခိုင်းချက်အရ ဒေါ်အေးမြင့်သည် သူ၏တူမဖြစ်သူ အသက် ၁၂နှစ် မိန်းကလေးငယ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မုဒုံမြို့ရှိ မဟာနန္ဒာ တည်းခိုခန်း အခန်းနံပါတ် ၃ သို့ စည်းရုံးခေါ်ဆောင်လာသဖြင့် ၁ ကြိမ် အဓမ္မပြုကျင့်ပြီး နောက် ပြန်လွှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် သံဖြူဇရပ်မြို့၊ ဝယ်သွန်ချောင်ရွာ၊ ဗိုလ်နေဝင်းလမ်းရှိ မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ် ၃၀၄ ၌ ဒုတိယ အကြိမ် ထပ်မံ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ မိန်းကလေး၏ သူငယ်ချင်းများကိုလည်း ယတြာချေရမည်ဟုဆိုကာ ဒေါ်အေးမြင့်က စည်းရုံးခဲ့သဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အသက် ၁၂ အရွယ် မိန်းကလေးကို လည်းကောင်း လက္ခဏာဆရာဆိုသူက မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ် ၃၀၄ တွင် ၁ ကြိမ်စီ အဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အပတ်စဉ် အဓမ္မ ပြုကျင့်သည့် ကိစ္စကို ကလေးများအကြားမှ သတင်းထွက်ပေါ်လာခဲ့ရာမှ ကာယကံရှင် မိန်းကလေး ငယ်များရဲ့ မိဘအုပ်ထိန်းသူများက သိရှိသွားကြောင်း သံဖြူဇရပ်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က “လက္ခဏာဆရာ ဆိုသူက သူ့ရည်းစား အပျိုကြီးကို ယတြာချေရမယ်ဆိုပြီး မိန်းကလေးငယ် တွေကို ၁ ပတ် ၁ ယောက်နှုန်းနဲ့ ပို့ခိုင်းတယ်လို့ ကြားတယ်။ ဒီလို ၁ ပတ် ၁ ကြိမ် ဖြစ်ရာကနေ ၄ ယောက်မြောက် ကလေး ကို အရှေ့က ကလေး ၃ ဦးက အခြေအနေကို ပြောပြတော့ ၄ ယောက်မြောက်ကလေးက ကြောက်လန့်သွားပြီး သူမိဘ တွေကို ပြောပြလို့ ဒီအဖြစ်အပျက် ပေါ်လာတာ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ၂၀၁၉ ခုနှစ်၊ မတ် ၂၆ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြု ပြဌာန်းထားသည်။

ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်သည့်အတွက် အသက် ၁၂ အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀မှ ထောင်ဒဏ် တသက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

You may also like these stories:

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အရှိန်အဟုန်မြှင်ရန် လိုအပ်နေသေး

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို

အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့

]]>
မွန်ပြည်နယ်ရေပိုင်နက်အတွင်း ငါးအလွန်အကျွံဖမ်းဆီးမှုများ အရေးယူရန် စီစဉ်နေ https://burma.irrawaddy.com/news/2020/01/31/214373.html Fri, 31 Jan 2020 07:08:05 +0000 https://burma.irrawaddy.com/lytbox/?p=214373 -မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ အင်္ဂလန်ကျားဖောင်အချို့ / ဉာဏ်စိုးဝင်း / ဧရာဝတီကျနော်တို့ အခုသွားရောက်တဲ့အခါမှာ တွေ့ရှိချက်ကတော့ အလွန် ဆိုးဆိုးဝါးဝါး တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါးလုပ်ငန်းဦးစီးဌာနကနေ သတ်မှတ်ပေးထားတဲ့ လိုင်စင်မပါတာနဲ့ ရေလုပ်သားတွေမှာလည်း ရေလုပ်သားကဒ် မပါတာတွေ အများဆုံးတွေ့ရတယ်]]> -မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ အင်္ဂလန်ကျားဖောင်အချို့ / ဉာဏ်စိုးဝင်း / ဧရာဝတီ

မွန်ပြည်နယ် ရေပိုက်နက်အတွင်းရှိ ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် အလွန်အကျွံ ငါးဖမ်းဆီးနေမှုများကို ပြည်နယ်အစိုးရ အနေဖြင့် အရေးယူ ဆောင်ရွက်သွားရန် အစီအစဉ် ရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဇန်နဝါရီ ၂၄ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ငါးဖမ်းကွက် အချို့တွင် လုပ်ငန်းရှင်များသည် ငါးလုပ်ငန်း ဦးစီးဌာနက သတ်မှတ်ထားသည့် အရေအတွက်ထက် အဆပေါင်းများစွာသော အင်္ဂလန်ကျားဖောင်များဖြင့် လုပ်ကိုင်နေကြောင်း၊ ထိုသို့ လုပ်ကိုင်မှုကြောင့် ပင်လယ်ပြင်တွင်း ငါးသယံဇာတ ရှားပါးလာသည့် ပြသနာကို ရင်ဆိုင်နေရသဖြင့် အရေးယူမှုများ စတင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့က မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ပါဝင်သော စစ်ဆေးရေးအဖွဲ့က မွန်ပြည်နယ် ငါးဖမ်းကွက်ဖြစ်သော D 6၊ D 11 နှင့် D 12 များကို စစ်ဆေးမှုပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ရှိ ရေလုပ်ငန်းရှင် ၆ ဦး၏ အင်္ဂလန် ကျားဖောင်တန်း ၃ တန်း၊ စိန်ပိုက်ငါးဖမ်းစက်လှေ ၃ စင်းနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေလုပ်ငန်းရှင် ၂၄ ဦး၏ အင်္ဂလန် ကျားဖောင်တန်း ၂၄ တန်း တို့မှ ကျားဖောင်အရေအတွက်မှာ ၁၂၂၄ ဖောင်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုပြည်နယ်မှူး ဦးစိုးမင်းက “ကျနော်တို့ သတ်မှတ်ထားတဲ့ လိုင်စင် ငါးဖမ်းကိရိယာဆို ရေလုပ်ငန်းရှင် ၁ ဦးကို ၈ ဖောင်ပေါ့နော်။ သို့သော်လည်း လုပ်ငန်းရှင် ၁ ဦးကို အနည်းဆုံး ဖောင် ၅၀၊ ၆၀၊ ၇၀၊ ၁၀၀ အဲဒီလောက်ထိ ရေပြင်မှာ လုပ်ကိုင်နေတာကို တွေ့ရှိရတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ ရေပိုင်နက် ဆက်စပ်နေသည့် မုတ္တမပင်လယ်အော်ဒေသ

မွန်ပြည်နယ် ရေပိုက်နက်အတွင်း တရားဝင် ခွင့်ပြုထားသည့် ဒေသခံ ကမ်းဝေး ကျားဖောင်အရေအတွက်မှာ ၁၅၄ ဖောင် နှင့် ကမ်းနီးကျားဖောင် အရေအတွက်မှာ ဖောင် ၁၀၀၀ သာရှိရမည်ဖြစ်ရာ စစ်ဆေးမှုအရ ဧရာဝတီတိုင်း ဒေသကြီး ဘက်မှ အင်္ဂလန်ကျားဖောင် ၁၀၀၀ ကျော်မှာ ရေလုပ်ငန်းလိုင်စင် အထောက်အထား မပြသနိုင်ဘဲ နယ်ကျော် လုပ်ကိုင် နေကြ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဒုပြည်နယ်မှူး ဦးစိုးမင်းက “ကျနော်တို့ အခုသွားရောက်တဲ့အခါမှာ တွေ့ရှိချက်ကတော့ အလွန် ဆိုးဆိုးဝါးဝါး တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါးလုပ်ငန်းဦးစီးဌာနကနေ သတ်မှတ်ပေးထားတဲ့ လိုင်စင်မပါတာနဲ့ ရေလုပ်သားတွေမှာလည်း ရေလုပ်သားကဒ် မပါတာတွေ အများဆုံးတွေ့ရတယ်”ဟု ရှင်းပြသည်။

ထိုသို့ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့လည်း တင်ပြသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ထိုသို့ ကျားဖောင်အရေတွက် များပြားလွန်းနေသဖြင့် ရေသယံဇာတကို ထိခိုက်လာပြီ ဖြစ်ကြောင်း၊ ပင်လယ်ပြင်ရှိ အင်္ဂလန်ကျားဖောင်တန်း ၁ ခုနှင့် ၁ ခုမှာ ၃ မိုင် ဝန်းကျင်သာ ကွာဝေးကြသဖြင့် ငါးများ အသက်ရှင်နေထိုင်ရန် အခက်အခဲများရှိပြီး အင်္ဂလန်ကျားဖောင်များ၏ ငါးဖမ်းပိုက်ကွက်သည် ပုဇွန်ဆိတ်နှင့် ငါးသားပေါက်များမကျန် သတ်ပစ် ဖမ်းနိုင်ခြင်းကြောင့် ငါးမျိုးသုဉ်းမှုကို ဖြစ်ပေါ်စေကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေလှေကျင်းကျေးရွာမှ မွန်ပြည်နယ်လုပ်ကွက်များအထိ ဝင်ရောက် လုပ်ကိုင်နေသူ ကျားဖောင် ဦးစီးချုပ် ဦးအောင်ကျော်မင်းက “ဖောင်တန်းတွေ ကျပ်လို့ လည်း ဒီဘက်ဝင်လာရိုက်တာ၊ ဖောင်တန်းတွေကတော့ ထောင်ချီနေတာပဲ၊ ဖောင်တွေက များလာတဲ့ အခါကျတော့ နေရာယူရတာပဲ၊ ဧရာဝတီဘက်ပါဆို သောင်းနဲ့ချီပြီး ရှိတယ်”ဟု ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ပင်လယ်ပြင် ရေလုပ်သား ကိုပေါက်စက “သိသိသာသာ လျော့လာတာက ပုဇွန်တို့ ငါးတံခွန် တို့ကတော့ မပါတာကြာပြီ။ ဟိုအရင်က ဒီအချိန်ဆို ငါးတံခွန်တို့ဆို ၃၊ ၄ ခြင်းလောက်ရတယ်၊ အခုဆိုရင် မတွေ့ဘူး၊ ပုဇွန်တွေ ဘာတွေလည်း ဟိုတုန်းက ဆိုရင် တခါဖော်ရင် ၃၊ ၄၊ ၅ ခြင်း ပါတယ်၊ အခုကတော့ ၁ ခြင်း၊ ခြင်းဝက် အဲဒီလောက်ပဲ ရတယ်”ဟု ရှင်းပြသည်။

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်စုစုပေါင်း ၁၂၅ ကွက်တွင် တနင်္သာရီတိုင်းဒေသကြီး ၄၅ ကွက်၊ ဧရာဝတီတိုင်းဒေသကြီး ၄၀ ကွက်၊ ရခိုင်ပြည်နယ် ၂၆ ကွက်နှင့် မွန်ပြည်နယ် ၁၄ ကွက်ဖြင့် သတ်မှတ်ထားကာ မွန်ပြည်နယ်သည် ရေလုပ်ကွက် အနည်းဆုံးဖြစ်သည်။

You may also like these stories:

ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ

ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု

ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်

]]>
လမိုင်းမြို့မှ အွန်လိုင်းစုမဲငွေ လိမ်လည်ပြီး တိမ်းရှောင်နေသူ ဖမ်းဆီးရမိ https://burma.irrawaddy.com/news/2020/01/22/213586.html Wed, 22 Jan 2020 06:54:20 +0000 https://burma.irrawaddy.com/lytbox/?p=213586 မေ ၂၂ ရက်ည လမိုင်း ဆေးရုံရောက်နေသည့် မိကျဲလာနှင့် ကိုတင်ဇော်ဦးတို့အား စောင့်ဆိုင်းနေသူများ  / ဉာဏ်စိုးဝင်း  / ဧရာဝတီမွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သော အွန်လိုင်း လေလံစုမဲငွေ လိမ်လည်မှုနှင့် တဆက် တည်း အမှုဖွင့် တိုင်ကြားခံထားရသူ မငြိမ်းချမ်းကို လမိုင်းနယ်မြေ ရဲစခန်းက ဇန်နဝါရီ ၂၀ ရက်တွင် ဖမ်းဆီးရမိပြီ ဖြစ် ကြောင်း သိရသည်။ ]]> မေ ၂၂ ရက်ည လမိုင်း ဆေးရုံရောက်နေသည့် မိကျဲလာနှင့် ကိုတင်ဇော်ဦးတို့အား စောင့်ဆိုင်းနေသူများ  / ဉာဏ်စိုးဝင်း  / ဧရာဝတီ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သော အွန်လိုင်း လေလံစုမဲငွေ လိမ်လည်မှုနှင့် အမှုဖွင့် တိုင်ကြားခံ ထားရသူ မငြိမ်းချမ်း အား လမိုင်းနယ်မြေ ရဲစခန်းက ဇန်နဝါရီ ၂၀ ရက်တွင် ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ မငြိမ်းချမ်း ဦးဆောင်သည့် (NCCC Group)နှင့် မိခိုင်ရည်မွန် ဦးဆောင်သည့် (IC Group) တို့သည် လမိုင်းမြို့တွင် အွန်လိုင်း လေလံစုမဲဆိုကာ လုပ်ဆောင်ခဲ့ရာ မေလ ၂၂ ရက်နေ့တွင် လေလံစုမဲများ ပြန်ထုတ်မပေးသဖြင့် မိခိုင်ရည်မွန်နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် မငြိမ်းချမ်းသည်လည်း ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် ဒေသခံများက မငြိမ်းချမ်းအား ငွေကြေး လိမ်လည်မှုဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ အပြင် ဆက်သွယ် ရေး ကွန်ရက်ကို အသုံးပြု၍ ငွေလိမ်လည်ခြင်းကြောင့် ၆၆ (ဂ) ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

လမိုင်းနယ်မြေ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် မျိုးဝင်းက “ပုဒ်မ ၄၂၀ နဲ့ကတော့ အရင်ကတည်းက ဖွင့်ထားတာ။ ဖွင့်ထားတဲ့ အချိန်မှာ ထွက်ပြေး တိမ်းရှောင်နေလို့ ကျနော်တို့က စုံစမ်းနေတယ်။ မနေ့ကမှ ပြန်ပြီးတော့ ဒီဘက်ကို ရောက်လာတယ်။ သတင်းအရ ကျနော်တို့ သွားပြီး ဖမ်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ဒုရဲအုပ် မျိုးဝင်းက ဆက်လက်၍ “မငြိမ်းချမ်းကို ဆက်သွယ်ရေး ပုဒ်မနဲ့ တိုင်တာက တရားလိုပါ ၁၃ ဦး တဖွဲ့၊ တရားလိုပါ ၁၇ ဦး တဖွဲ့ ရှိတယ်။ ပုဒ်မ ၄၂၀ နဲ့ တိုင်ကြားသူများက တရားလို တဦးစီနဲ့ တိုင်ကြားထားတာပါ” ဟု ရှင်းပြသည်။

အလားတူ အွန်လိုင်း လေလံစုမဲ လုပ်ဆောင်သည့် (IC Group) မှ မိခိုင်ရည်မွန်ကို ဆက်သွယ်ရေး ကွန်ရက် အသုံးပြု၍ ငွေကြေး လိမ်လည်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။

ထွက်ပြေး တိမ်းရှောင်နေသည့် မငြိမ်းချမ်း(NCCC Group)သည်၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်တွင် စုငွေအရင်းများကို အကြေ ပြန်လည် ပေးသွားမည်ဟု မငြိမ်းချမ်းက ရပ်မိရပ်ဖများ ရှေ့၌ ကတိဝန်ခံစာချုပ် ချုပ်ပေးခဲ့သော်လည်း လက်တွေ့တွင် စုငွေ ထည့် ငွေအရင်းကို အကြေမပေးဘဲ ငွေစုထားသည့် ငွေအရင်း၏ ၈ ရာခိုင်နှုန်းကိုသာ ပြန်လည် ပေးခဲ့သဖြင့် သိန်းထောင် နှင့် ချီ၍ အလိမ်ခံရခြင်းကြောင့် နစ်နာခဲ့ရသည့် မပန်းအိဖြိုးက ရှင်းပြသည်။

မပန်းအိဖြိုးက “ငွေအရင်းကို အကြေပြန်ပေးမယ် ဆိုပြီး ၈ ရာခိုင်နှုန်းပဲ ပေးတယ်။ ကျန်တဲ့ ၉၂ ရာခိုင်နှုန်းကို ပြန်မပေးလို့ ကျမတို့ မကျေနပ်လို့ တိုင်ထားတယ်။ အဖွဲ့လိုက် တိုင်ထားကြတယ်” ဟု ဆိုသည်။

အွန်လိုင်းလေလံစုမဲကို လိမ်လည်ခံရမှုကို လမိုင်း အပါအဝင် ပတ်ဝန်းကျင် ကျေးရွာပေါင်း ၃၂ ရွာမှ ဒေသခံများမှာ ငွေလိမ် လည်ခံခဲ့ရပြီး ငွေကျပ်သိန်းပေါင်း သိန်း ၇ သိန်း ဝန်းကျင် လိမ်လည်ခံခဲ့ရကြောင်း မပန်းအိဖြိုးက ဆိုသည်။

လေလံစုမဲကို ငွေကျပ် ၅ သိန်း ဝန်းကျင်မှ ငွေကျပ်သိန်းရာ၊ ထောင်ချီ၍ စုငွေထည့်ခဲ့ကြရာ အွန်လိုင်းလေလံ စုမဲဒိုင် အဖွဲ့ ထဲမှ ၁ ဦးမှာ စတင် ထွက်ပြေးသွားသည်ဟု သတင်း ထွက်ပေါ်ပြီးနောက် လေလံစုမဲငွေ ထည့်ဝင်ထားသော ဒေသခံများ ၂၀၁၉ ခုနှစ် မေ ၁၈ ရက်တွင် (IC Group) ၏ မိခိုင်ရည်မွန်ထံမှ စုမဲငွေများ ထုတ်ယူရန် သွားရောက် စောင့်ဆိုင်းရာ လေ လံစုမဲငွေများ မထုတ်ပေးနိုင်ခဲ့သဖြင့် ပြဿနာ စတင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

You may also like these stories:

အွန်လိုင်း စုမဲ မသမာမှု စုမဲဒိုင်ကို အမှုပေါင်း ၃၀ ဖြင့် အမှုဖွင့် အရေးယူ

]]>
ရေး ဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပြီးနောက် အချိန်ပိုင်းဖြင့် လျှပ်စစ် ပြန်စပေးနိုင်ပြီ https://burma.irrawaddy.com/news/2020/01/07/212274.html Tue, 07 Jan 2020 13:08:42 +0000 https://burma.irrawaddy.com/lytbox/?p=212274 ရေးမြို့နယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် / အောင်နိုင်ဝင်းမွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မြို့ဟောင်းကုန်း ရပ်ကွက်မှ မြတ်သူရ ကုမ္ပဏီ၏ လျှပ်စစ် ဓာတ်အားပေး စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တပတ်အကြာတွင် ရေးမြို့ပေါ် ရပ်ကွက်များကို အချိန်ပိုင်းဖြင့် လျှပ်စစ် ဓာတ်အား ပြန်လည် ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရသည်။]]> ရေးမြို့နယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် / အောင်နိုင်ဝင်း

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ အုပ်စု မြို့ဟောင်းကုန်း ရပ်ကွက်မှ မြတ်သူရ ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တပတ်အကြာတွင် ရေးမြို့ပေါ် ရပ်ကွက်များကို အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရသည်။

မြတ်သူရကုမ္ပဏီ ပိုင်ရှင် ဦးကုလားကြီးက “ရပ်ကွက်လိုက် မီးစပေးတာက ၂ ရက်၊ ၃ ရက်လောက် ရှိပြီ။ ရွာဘက်ခြမ်းကို အခုထိတော့ မပေးနိုင်သေးဘူး။ နောက်ထပ် အင်ဂျင်တွေ ရောက်လာပြီးရင်တော့ ရွာဘက်ခြမ်းကို ပေးနိုင်ဖို့ ကြိုးစားနေ တယ်” ဟု ရှင်းပြသည်။

အစိုးရ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးသော ရေးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ ၁၄ ခုအား မြတ်သူရ ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ၂၈ ရက်က ယင်းစက်ရုံရှိ 300 KVA စွမ်းအင် မီးစက်အင်ဂျင် အပူလွန်ကဲ၍ အနီးအနားရှိ ဒီဇယ်ပိုက်ထံ မီးကူးစက်ကာ စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ လျှပ်စစ်မီး ပြတ်လပ်မှု ကြုံခဲ့ရကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံ မီးလောင်မှုမှာ နံနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်မှ စတင် လောင်ကျွမ်းကာ ညနေ ၄ နာရီ ခွဲမှသာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့သဖြင့် မီးလောင်မှု ကြာမြင့်ချိန် ၅ နာရီခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ် လောင်စာများကို ငြှိမ်းသတ်သည့် ဓာတုအမြုပ်ဆေးရည်မှာ မြို့နယ် မီးသတ်စခန်း၌ အလုံအလောက် မရှိသည့် သဘောမျိုးလည်း တွေ့ရကြောင်း ရေးမြို့အရပ်ဘက် အဖွဲ့အစည်းမှ ဦးအောင်နိုင်ဝင်းက ပြော သည်။

ထို့ပြင် ရေးမြို့နယ်ရှိ ဒေသခံများမှာ ပုဂ္ဂလိက လျှပ်စစ်ကို ၁ ယူနစ် ၅၀၀ ကျပ်နှုန်းဖြင့် သုံးစွဲနေရသည်မှာ အစိုးရနှုန်းထား ထက် မီးတာခ ဈေးမြင့်သည်ဟု ဆိုနိုင်သော်လည်း မိမိကိုယ်ပိုင် မီးစက်ငယ်များဖြင့် သီးခြား သုံးစွဲသည်ထက်စာလျှင် သက် သာခြင်းကြောင့် တွက်ခြေကိုက်ကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုးအေးက “ရေးမြို့ဟာ နဂိုကတည်းက မဟာဓာတ်အားလိုင်း မရှိတဲ့မြို့၊ အစိုးရ လျှပ်စစ် ဖြန့်ဝေမှု မရှိတဲ့ အရပ်ဖြစ်တဲ့ အခါကျတော့ ဒီလိုမျိုး တခုတည်းသော ပုဂ္ဂလိတွေကို အားကိုးနေ မယ်ဆိုရင်၊ ဒီလိုမျိုး အရေးပေါ် အခြေအနေမျိုးတွေ ဖြစ်လာရင် နောက်နောင် ဘယ်လို ကုစားမလဲဆိုတဲ့ အစီအမံတွေ ပြည်နယ် အစိုးရက စီမံထားသင့်တယ်” ဟု သုံးသပ် ပြောဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်သည် ပုဂ္ဂလိက ဆုံးရှုံးမှု မဟုတ်ဘဲ ရေးတမြို့လုံး နီးပါး ထိခိုက်သွားသည့် သဘာဝဘေး ဖြစ်စဉ် တခုဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဦးကျော်မိုးအေးက ဆက်လက်၍ “၂၄ နာရီလုံး လျှပ်စစ်မီး မပြတ်ဘဲနဲ့ နေနေရတဲ့ ဘဝကနေပြီးတော့ ဟိုအရင် ၁၀ နှစ် ကျော် ပတ်ဝန်းကျင်က အခြေအနေမျိုးကို ရုတ်တရက်ကြီး ပြန်ရောက်သွားတော့ ကျနော်တို့မှာ နေမထိ ထိုင်မသာတွေ ဖြစ်ပြီး အကုန်လုံးမှာ စိတ်ဆင်းရဲနေရတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “ပုဂ္ဂလိက လျှပ်စစ်မီးတွေ မှန်နေတာပဲ။ ရေးမြို့ကလူတွေကလည်း ပိုက်ဆံ ရှိတယ်၊ ပေးနိုင်နေတာပဲ ဆိုပြီးတော့ ဒီလိုမျိုး ခွဲခြားပြီးတော့ ကျနော်တို့ဘက်ကို အခုအချိန်ထိ မဟာဓာတ်အားလိုင်း မရောက်သေးတာကိုတော့ အားမလို၊ အားမရ ဖြစ်မိတယ်ပေါ့” ဟု ဆိုသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ကုမ္ပဏီအနေဖြင့် ငွေကျပ်သိန်း ၁ သောင်းခွဲဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း မြတ်သူရ ကုမ္ပဏီဘက်က ဆိုထားသည်။

မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြတ်သူရ ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေး စက်ရုံတာဝန်ခံ ကိုရဲသီဟ (ခ) အန်း ကူကို ရေးမြို့မ ရဲစခန်းတွင် (ပ) ၂၈၇၅/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားကြောင်း ရေး မြို့နယ် မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

You may also like these stories:

နမ့်ဆန်တွင် RCSS တပ်ဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ဖမ်းဆီး

မွန်နှင့် ကရင် ငြိမ်းချမ်းရေး သဘောတူညီမှုအပြီး နောက်နေ့တိုက်ပွဲ ပြန်ဖြစ်

မွန်ပြည်နယ်တွင် ရေကြီးမှု၊ လယ်ဧက ၈၇၀၀၀ ကျော် ရေနစ်မြုပ်ခဲ့

]]>
မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ကားမှောက်မှု ၁၀ ဦးသေ၊ ၅ ဦး ဒဏ်ရာရ https://burma.irrawaddy.com/news/2019/12/26/211561.html Thu, 26 Dec 2019 15:12:04 +0000 https://burma.irrawaddy.com/lytbox/?p=211561 လူ ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သော ယာဉ်တိုက်မှု မြင်ကွင်း / Sun Min Ooမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ် အဝေးပြေးလမ်းပေါ်မှာ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့သော ကားမှောက်မှုတွင် ၁၀ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ]]> လူ ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သော ယာဉ်တိုက်မှု မြင်ကွင်း / Sun Min Oo

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ် အဝေးပြေးလမ်းပေါ်မှာ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့သော ကားမှောက်မှုတွင် ၁၀ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ 

သဲတင်လာသော ခြောက်ဘီးကားကို ကျော်တက်သည့် ဘုရားဖူး ဟိုက်ဂျက်ကား တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထိုကားထဲတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦး လိုက်ပါလာပြီး ယာဉ်တိုက်မှုဖြစ်စဉ်နေရာ၌ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။ 

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုး က “ပွဲချင်းပြီးသေဆုံးသူ အလောင်း ၉ လောင်းကိုတော့ မုဒုံဆေးရုံကြီးကို ပို့ထားတယ်၊ ကျန်လူနာတွေကိုတော့ မော်လမြိုင်ဆေးရုံကြီး တင်ထားတာ၊ မော်လမြိုင် အတင်မှာ တယောက်ထပ်ဆုံးတယ်” ဟု ပြောသည်။

ဒဏ်ရာရလူနာ ၆ ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်းလည်း သိရသည်။ 

ခြောက်ဘီး သဲတင်ကားနှင့် ဟိုက်ဂျက်ကားတို့မှာ မော်လမြိုင်ဘက်မှ သံဖြူဇရပ်ဘက်သို့ လာရာတူ မောင်းနေရာမှ ဟိုက်ဂျက်ကားမှာ ခြောက်ဘီးကားကို ကျော်တက်ပြီး ညာဘက်ယာဉ်ကြောသို့ ရုတ်တရက်ပြန်ဝင်စဉ် နောက်မှ သဲကားက ဝင်တိုက်မိကြောင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ကိုဇင်မိုး က “သဲကားကို ကျော်ပြီး လမ်းကြောထဲပြန်ဝင်တော့ သဲကားနဲ့ ချိတ်ပြီးတော့ ဖြစ်တာလို့ ပြောတယ်၊ ကျနော်တို့ ရောက်တော့ သဲကားအောက်မှာ ဟိုက်ဂျက်ကားက ပက်လက်လန်နေတဲ့ အနေထားတွေ့ရတယ်” ဟု ဆိုသည်။

သေဆုံးခဲ့သူများမှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှ ဟိုက်ဂျက်ယာဉ်မောင်း ဦးတင့်နိုင်စိုး (၄၆ နှစ်) နှင့် ၎င်း၏သား မောင်ကောင်းပြည့်စုံ (၆ နှစ်)၊ ဒေါ်မြင့်ကြည် (၅၀ နှစ်)၊ ဘားအံမြို့နယ်၊ ကော့လှိုင်ကျေးရွာမှ ဒေါ်စန်းစန်းဌေး (ခ) မမိချို (၅၀ နှစ်)၊ မန္တလေးတိုင်းဒေသကြီး၊ ငါးသရောက်မြို့မှ ကိုအောက်ပြည့်ဖြိုး (၂၀ နှစ်)၊ ဦးသန်းကို (၃၈ နှစ်)၊ နေရပ်မသိ ဦးကျော်ခန့် (၃၀ နှစ်) တို့ဖြစ်ပြီး ကျန်သေဆုံးသူများရဲ့ အမည်နှင့် နေရပ်လိပ်စာများကို စုံစမ်းနေစဲဖြစ်ကြောင်း မုဒုံရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ကျန်ရှိဒဏ်ရာရ လူနာများမှာ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့မှ ၃ ဦးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့မှ ၂ ဦးဖြစ်သည်။

ဟိုက်ဂျက် ခေါင်းခန်းတွင် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်သည် အသက်မသေဘဲ ညှပ်နေတာကြောင့် ကလေးအား ကယ်ဆယ်ရန် အောက်ဆီဂျင်ပေးထား၍ သဲကားကို ကရိန်ဖြင့် ဖယ်ရှားပြီးမှ ကလေးအား ကယ်ခဲ့ရကြောင်း ကိုဇင်မိုးက ရှင်းပြသည်။

၎င်းက “ကရိန်းကခေါ်ပြီးဆွဲဖို့က ကရိန်းကားက ၃ တန်ပဲနိုင်တယ်ဆိုတော့ သဲကားကို ဆွဲတင်လို့ နိုင်ရင်တော့ အကြောင်း မရှိဘူး။ မနိုင်ဘဲ ပြန်ပြုတ်ကျရင် ဟိုက်ဂျက်ထဲက ကလေးက ဒုက္ခရောက်မယ်၊ အဲ့ဒါနဲ့ ကျနော်တို့ ကားပေါ်ကာ သဲတွေ အကုန်ချပြီးမှ မီးသတ်အဖွဲ့က ဟိုက်ဂျက်ခေါင်းခန်းကို ကတ်တာနဲ့ဖြတ်ပြီး ကလေးကို ကယ်ရတယ်” ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဟိုက်ဂျက်ယာဉ်မောင်း ဦးတင့်နိုင်စိုးကို မုဒုံမြို့မရဲစခန်းတွင် ယာဉ် (ပ) ၆၃/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉၊ ၃၃၈၊ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားသည်။

You may also like these stories:

ရပ်ထားသည့် ၁၀ ဘီးယာဉ်ကို တိုက်မိ သဖြင့် ဆရာဝန် ၃ ဦး သေဆုံး

ရေကြည် လွှတ်တော်ကိုယ်စားလှယ်၏ ကားနှင့်တိုက်မိသူ ဒဏ်ရာပြင်းထန်

ဆိုင်းအဖွဲ့ ကားမှောက်မှု သေဆုံး၊ ဒဏ်ရာရသူများအား ငွေကြေး ထောက်ပံ့မည်

]]>
မွန်တွင် ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးနှင့် ဆရာမ ၁ ဦး အစာအဆိပ်သင့်မှုဖြစ် https://burma.irrawaddy.com/news/2019/11/07/207946.html Thu, 07 Nov 2019 14:34:22 +0000 https://burma.irrawaddy.com/lytbox/?p=207946 ဆေးရုံတွင် တက်ရောက်ကုသနေသည့် အစာအဆိပ်သင့်သူများ၏ အခြေအနေကို သတင်းမေးမြန်းနေသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့  / ဒေါ်ခိုင်ခိုင်လဲ့ / FB မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ အ.မ.က ငါးပြေမကျောင်းမှ ကျောင်းသား ၅၈ ဦးနှင့် ဆရာမ ၁ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။]]> ဆေးရုံတွင် တက်ရောက်ကုသနေသည့် အစာအဆိပ်သင့်သူများ၏ အခြေအနေကို သတင်းမေးမြန်းနေသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့  / ဒေါ်ခိုင်ခိုင်လဲ့ / FB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ အ.မ.က ငါးပြေမကျောင်းမှ ကျောင်းသား ၅၈ ဦးနှင့် ဆရာမ ၁ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အစာအဆိပ်သင့်မှုမှာ နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သိမ်ဆိပ်ဆေးရုံနှင့် သထုံခရိုင်ဆေးရုံသို့ တင်ပို့ကုသနေရကြောင်း သထုံမဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

သထုံခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာသင်းသင်းအေး က “ဆရာ၊ ဆရာမတွေရော ကျောင်းသား၊ ကျောင်းသူတွေရော အရင်ဆုံး သိမ်ဆိပ်တိုက်နယ် ဆေးရုံကြီးဆီ အရင်ရောက်တာပေါ့၊ တိုက်နယ်ဆေးရုံးမှာက လူအင်အားနည်းတော့လေ သထုံဆေးရုံကို လွှဲတာလည်း ရှိတာပေါ့” ဟု ဆိုသည်။

အ.မ.က ငါးပြေမကျောင်းမှာ ပြုလုပ်သည့် မွေးနေ့အလှူတွင် ကျောင်းသား၊ ကျောင်းသူ ၈၇ ဦး၊ ဆရာ၊ ဆရာမ ၇ ဦးနှင့် မွေးနေ့်ပွဲ ဝိုင်းလုပ်ပေးသူ ၂၀ ဦးတို့က မွေးနေ့ကိတ်နှင့် ရေခဲမုန့်များ စားသောက်ခဲ့ကြပြီးနောက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေခဲမုန့်နှင့် မွေးနေ့ကိတ် စားထားသူဦးရေမှာ ၁၀၀ ကျော်ဖြစ်ခြင်းကြောင့် ဆေရုံသို့ထပ်မံ ရောက်ရှိလာမည့် လူနာများလည်း ရှိနိုင်သေးသဖြင့် လူနာဦးရေကို နိုဝင်ဘာ ၈ ရက်မှသာ အတိအကျ သိနိုင်မည်ဟု ဒေါက်တာ သင်းသင်းအေးက ရှင်းပြသည်။

ဆေးရုံသို့ တက်ရောက်ကုသနေရသော လူနာများအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်းရအခြေနေမျိုး မရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ဒေါက်တာ သင်းသင်းအေး က “သူတို့ရဲ့ အန်ဖက်တွေ၊ သူတို့စားထားတဲ့ ရေခဲမုန့် လက်ကျန်တို့ မွေးနေ့ကိတ် လက်ကျန်တို့ကို ကျမတို့က ဓာတ်ခွဲခန်းပို့ရတာပေါ့နော်၊ ရန်ကုန်ကို ပို့ထားပါတယ်” ဟု ဆိုသည်။

ယခင်နှစ်တုန်းကလည်း စာသင်ကျောင်း အလှူတခုမှ ကျွေးသော ခေါက်ဆွဲကြော် စားသုံးပြီးနောက် ကျောင်းသား၊ ကျောင်းသူများမှာ အစာအဆိပ်သင့်မှု ဖြစ်ခဲ့ဖူးကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ဓမ္မဒူတ ဘုန်းကြီးကျောင်းမှ သံဃာတော်နှင့် သာမဏေ ၆၁ ပါးမှာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။

]]>
ကျိုက်ထီးရိုးစေတီ ခြေလျင် တောင်တက်လမ်း ပြန်လည် ဖော်ဆောင်မည် https://burma.irrawaddy.com/news/2019/10/18/206417.html Fri, 18 Oct 2019 11:36:35 +0000 https://burma.irrawaddy.com/lytbox/?p=206417 ကျိုက်ထီးရိုး စေတီတော်ကို လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများ / ဉာဏ်စိုးဝင်း / ဧရာဝတီ တောတောင် သဘာဝ အလှများဖြင့် အပန်းဖြေရင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီအား ဖူးမြော်နိုင်ရန် ကင်မွန်း စခန်းမှ ကျိုက်ထီးရိုးတောင်ပေါ် အထိ ခြေလျင်တောင်တက်လမ်းကို ပြန်လည် ဖော်ဆောင်သွားမည်ဟု]]> ကျိုက်ထီးရိုး စေတီတော်ကို လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများ / ဉာဏ်စိုးဝင်း / ဧရာဝတီ

တောတောင် သဘာဝ အလှများဖြင့် အပန်းဖြေရင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီအား ဖူးမြော်နိုင်ရန် ကင်မွန်း စခန်း မှ ကျိုက်ထီးရိုးတောင်ပေါ် အထိ ခြေလျင်တောင်တက်လမ်းကို ပြန်လည် ဖော်ဆောင်သွားမည်ဟု မွန် ပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာ အေးဇံက ပြောသည်။

အောက်တိုဘာ ၁၃ ရက်နေ့က (သီတင်းကျွတ် လပြည့်နေ့) ကျိုက်ထီးရိုးတောင် ဖွင့်ပွဲအပြီးတွင် ဒေါက်တာ အေးဇံက “ကျနော်တို့ ပြည်နယ်အနေနဲ့ ဆောင်ရွက်တယ် ဆိုပေမယ့်လည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပြည်ထောင်စု ဝန်ကြီးဌာန ဝန်ကြီးနဲ့ ကျနော်တို့ ညှိနှိုင်းပြီး ဆောင်ရွက်မယ်လို့ ဆုံးဖြတ် ထားတယ်”ဟု သတင်း မီဒီယာ များသို့ ပြောပြသည်။

တောင်တက်လမ်းရှိ ရေမြောင်ကြီး နေရာတွင် ရေတံခွန် ၂ ခု ရှိသဖြင့် တောင်ပေါ်သို့ ခြေလျင်တက်ရင်း အပန်းဖြေ နိုင် ရန် သင့်လျော်ကြောင်းလည်း ဒေါက်တာ အေးဇံက ရှင်းပြသည်။

ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင် ဦးကျော်ဝင့်လှိုင်ကလည်း“ကျနော်တို့ ဂေါပက အနေနဲ့ကတော့ ရေမြောင်ကြီး စခန်း ပြန် ပြီးတော့ စည်ကားရေး အတွက် အခမဲ့ တည်းခိုဆောင်တွေ တည်ဆောက်ပေးဖို့ရယ်၊ အရင်တုန်းက ရှိပြီးသား ဖြစ်တဲ့ စမ်းချောင်းတွေမှာ လူအများ ရေကူးနိုင်အောင် ပြန်ဖော်ထုတ်ပေးဖို့၊ အဲဒီကနေ တောက်လျှောက် လမ်းတွေ မကောင်း တဲ့ နေရာတွေ ပြန်ပြီးတော့ ပြုပြင်ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်”ဟု ပြောသည်။

လမ်းပြုပြင်ခြင်း၊ အခမဲ့ တည်းခိုဆောင်များ တည်ဆောက်ခြင်းများကို ကျိုက်ထီးရိုးဘုရား အလှူငွေဖြစ်သည့် ဂေါပက အဖွဲ့ ရန်ပုံငွေဖြင့် အကောင်းအထည် ဖော်မည်ဖြစ်ပြီး ဩဝါဒ စရိယ ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့မှ ဘုရားဖူး လာသည့် လူငယ် တဦးက“ကျနော်တို့ ငယ်စဉ်ကတော့ ကျိုက်ထီးရိုးတောင်တက်ရင် ခြေလျင် လမ်းကနေ သွားခဲ့ကြတာ။ သူငယ်ချင်း အစုလိုက် သွားလာကြတော့ တောတောင် အလှလည်း ကြည့်ရင်း စကား တပြောပြောနဲ့ပေါ့။ ဘုရား စေတီတော်ကြီးကို ခြေလျင်လမ်းကနေ မြင်ရချိန် ရင်ပြင်တော်ကို ရောက်တော့မယ် ဆိုတဲ့ စိတ်နဲ့ သွားတာ အရမ်း စိတ်လှုပ်ရှားစရာ ကောင်း တယ်။ နောက်ပိုင်း ကားတွေနဲ့ပဲ အသွားအလာ များလာတော့ ခြေလျင်လမ်းက သိပ် မသွားကြတော့သလို ဖြစ်လာ တာ။ သေချာ ပြုပြင်ပေးရင်တော့ အကောင်းဆုံးပေါ့။ စိတ်ကြိုက် ရွေးပြီး သွားနိုင်တာပေါ့”ဟု ပြောပြသည်။
ကင်မွန်းစခန်းမှ ကျိုက်ထီးရိုး တောင်ပေါ်ထိ ကားလမ်း ပေါက်နေပြီး ရသေ့တောင်မှ ရင်ပြင်တော်ပေါ်သို့ ကေဘယ် ကား လည်း ရှိနေပြီ ဖြစ်သောကြောင့် ၁၂ လရာသီပတ်လုံး ကျိုက်ထီးရိုး စေတီတော်အား ဘုရားဖူး သွားရောက်နိုင်ပြီ ဖြစ်ရာ ယခင်ရှိခဲ့သော ခြေလျင် တောင်တက်လမ်းမှာ သွားလာမှု နည်းပါးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ကျိုက်ထီးရိုး ခြေလျင်လမ်းကို ဖော်ဆောင်နိုင်ပါက တောတောင် သဘာဝကို ခံစားချင်သူများအတွက် ပိုမို အဆင်ပြေနိုင်ကြောင်း၊ ခြေလျင်တက်ရခြင်းကို လူငယ်အများစုက ပိုမိုစိတ်ဝင်စားနိုင်ကြောင်းလည်း ဘုရားဖူးများက ပြောပြကြသည်။

မော်လမြိုင်မြို့မှ တိုးဂိုက် တဦး ဖြစ်သည့် ကိုမျိုးမင်းကလည်း ကျိုက်ထီးရိုးသို့ လာရောက်ကြသည့် နိုင်ငံခြားသား အများ စုသည် ကျိုက်ထီးရိုးတောင်ပေါ်သို့ ခြေလျင်တက်ရန် စိတ်ဝင် တစား ပြောဆိုလေ့ ရှိကြသော်လည်း လက်ရှိ လမ်းကြောင်း တလျှောက်တွင် ၎င်းတို့အတွက် လုံခြုံမှု မရှိသေးခြင်း ကြောင့် တောင်တက်ကားဖြင့်သာ သွားရောက်ရန် တိုးဂိုက်များက လမ်းညွှန်နေကြရကြောင်း ပြောပြသည်။

“နိုင်ငံခြားသားတွေက တောင်တက်ကားကို တိုးဝှေ့ စီးရတာ မနှစ်သက်ကြဘူး၊ တောင်တက်ကား မစီးချင်ကြဘူး၊ သူတို့ နိုင်ငံတွေမှာက ဒီလို တိုးဝှေ့ မစီးရဘူးလေ၊ အဲ့ဒါကို စိတ်ညစ်ကြတယ်၊ သူတို့က ၄၊ ၅ နာရီကြာ လမ်းလျှောက် တက်ချင် ကြတဲ့ သဘောရှိတယ်”ဟု ကိုမျိုးမင်းက ပြောသည်။

ခြေလျင်တောင်တက်လမ်းကို အကောင်ထည်ဖော်ပါက လမ်းခရီးတလျှောက် လုံခြုံရေး ကောင်းမွန်စေရန် စီစဉ်ထား သည့် စနစ်တခုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ခြေလျင် တောင်တက်လမ်း အကောင်ထည် ဖော်နိုင်ပါက နိုင်ငံခြားသား များ အတွက် ပိုမိုစိတ်ဝင်စာဖွယ် လမ်းကြောင်းတခု ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထိုပြင် ကျိုက်ထီးရိုး ရင်ပြင်ပေါ်တွင်လည်း ညမရောက်သေးခင် ရင်ပြင်တော်ပေါ်တွင် အိမ်မည့်သူများက နေရာဦးထား မှုများကြောင့် လမ်းကြောင်း ပိတ်ဆို့မှုများ ရှိသဖြင့် ဝင်ပေါက်၊ ထွက်ပေါက်နှင့် အရေးပေါ် ထွက်ပေါက်များကို သတ်မှတ် ထားသင့်ကြောင်း ကိုမျိုးမင်းက ဆက်လက် ပြောဆိုသည်။

နှစ်စဉ် ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည် သန်းနှင့် ချီ၍ လာရောက်သော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီ ၏ ဘုရားဖူးရာသီ ကာလမှာ သီတင်းကျွတ် လပြည့်နေ့ (အောက်တိုဘာလ) မှ ကဆုန် လပြည့်နေ့ (မေလ)အထိ ၇ လ တာ သတ်မှတ်ထားသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့၌ တည်ရှိသည့် Golden Rock ဟု နိုင်ငံတကာမှ တင်စား ခေါ်ဝေါ် ကြသည့် ကျိုက်ထီးရိုး ဘုရားသည် ကျိုက်ထီးရိုး သဘာဝ ကြိုးဝိုင်းတော မြေဧရိယာ ၃၈၆၀၆ ဧက ပေါ်တွင် တည်ရှိပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ စီမံပိုင်ခွင့် သစ်တော မြေပေါ်တွင် တည်ရှိသည်ဟု ဆိုသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာ အမှတ် (၄/၉၉) ဖြင့် ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် “ကာကွယ် ထိန်းသိမ်းထားသောဇုန်” အဖြစ် တရားဝင် သတ်မှတ် ကြေညာ ခဲ့ပြီးနောက် လက်ရှိ၌ ထိုအတိုင်းပင် ဆက်လက် သတ်မှတ် ထားကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်

ကျိုက်ထီးရိုးတောင်အား ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ရန် ခက်ခဲနေ 

ကျိုက်ထီးရိုး ရှိ စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့်အညီဖြစ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန် 

]]>
မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ https://burma.irrawaddy.com/news/2019/08/10/200515.html Sat, 10 Aug 2019 06:04:17 +0000 https://burma.irrawaddy.com/lytbox/?p=200515 ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေသည့် မြင်ကွင်း  /  Myanmar Fire Services Departmentမွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလက်တောင်ပြိုကျမှုမှ သေဆုံးသူ ရုပ်အလောင်း ၃၀ လောင်းအထိ ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ]]> ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေသည့် မြင်ကွင်း  /  Myanmar Fire Services Department

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလက်တောင်ပြိုကျမှုမှ သေဆုံးသူ ရုပ်အလောင်း ၃၀ အထိ ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။  

တောင်ပြိုကျခဲ့သော ဧရိယာအတွင်း လူဦးရေ တရာကျော်နေထိုင်မည်ဟု ခန့်မှန်းထားပြီး ပျောက်ဆုံး နေသူများစာရင်းကို လက်တလော အတည်ပြု ပြောဆို၍ မရနိုင်သေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးထွန်းမင်းအောင်က ရှင်းပြသည်။

သဲဖြူကုန်းကျေးရွာ တောင်ပြိုသည့် ဧရိယာဘေးနေထိုင်သူ ဦးတင်ရွှေ က “တချို့အိမ်တွေက ၁၀ ယောက်ကျော်တဲ့ အိမ်တွေလည်းရှိတယ်၊ ဟိုဘက်က ဦးကရင်တို့အိမ်ဆို မိသားစုလိုက် မရသေးဘူး၊ ကျန်တဲ့ဟာတွေက မတွေ့ကြသေးဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ အရေအတွက်မှာ ယနေ့ မွန်းတည့် ၁၂ နာရီအထိ ရှာဖွေတွေ့ရှိမှုဖြစ်သည်။ မွန်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သူ ၄၁ ဦးရှိသည်ဟု သိရသည်။ 

တောင်ပြိုသည့်နေရာသည် မော်လမြိုင် – ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅ နှင့် ၁၈၄/၆ အကြား တွင်ရှိပြီး သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်။ 

တောင်ပြိုကျမှုကြောင့် ပြန်လည်ရရှိခဲ့သော သေဆုံးအလောင်းများမှာ ကျား ၁၀ ဦးနှင့် မ ၈ ဦးဖြစ်ပြီး လမ်းမကြီးပေါ်တွင် ပိတ်ဆို့လျက်ရှိသည့် တောင်မြေများအား မြေတူးစက် (Backhoe/ Dozer) ၁၀ စီးဖြင့် ဖယ်ရှားရှင်းလင်းနေကြောင်းလည်း ယင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သဲဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ကလည်း မလတ်တောင် ပြိုကျသည့် ဧရိယာအတွင်း ခန့်မှန်း အိမ်ခြေ ၁၆ လုံးဝန်းကျင် ရှိနိုင်ပြီး လူဦးရေ ၉၆ ဦးဝန်းကျင်နေထိုင်ကြောင်းနှင့် မလတ်တောင် ပြိုကျစဉ် လူဦးရေ မည်မျှပါရှိသွားသည်ကိုတော့ လက်တလော မသိရှိနိုင်သေးကြောင်း ပြောသည်။

ပြိုကျခဲ့သည့် မလတ်တောင်ခြေရင်းတွင် ဥတ္တရာရာမ ဘုန်းကြီးကျောင်းလည်း တည်ရှိနေပြီး တောင်ပြိုမှု ဖြစ်စဉ်ကြောင့် သံဃာတော်တပါး ပါရှိသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

သြဂုတ် ၈ ရက်နေ့ညပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားခြင်းကြောင့် မြေနိမ့်ပိုင်းနေသူအချို့မှာ ရေဘေးရှောင်ရန် ဆွေမျိုးများနေအိမ်သို့ လာရောက်ရှားနေထိုင်ရာမှ တောင်ပြိုမှုဖြစ်စဉ်ထဲ ပါသွားသည့် မိသားစုများလည်း ရှိသည်ဟု သဲဖြူကုန်း ဒေသခံများက ပြောဆိုနေကြသည်။

သဲဖြူကုန်းကျေးရွာရှိ ရန်ကုန်–မော်လမြိုင် အဝေးပြေးလမ်းမကြီး ကားလမ်းကျော်မှု ဖြစ်နေခြင်းကြောင့် အဝေးပြေးလမ်းပေါ်တွင် ခရီးသွားကားများနှင့် ကုန်တင်တွဲကားများမှာ ရေကျချိန်စောင့်ဆိုင်း ရပ်နားထားစဉ် တောင်ပြိုကျမှုကြောင့် ယင်းကားများပါ တောင်မြေဖုန်းပိသွားခဲ့ရကြောင်း တောင်ပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရန်ကုန်–မော်လမြိုင် ကုန်တင်ကားမှ လွတ်မြောက်လာသူ ယာဉ်နောက်လိုက် ကိုအောင်သီဟဦးက ပြောပြသည်။

အဆိုပါကျေးရွာမှာ အစ္စလာမ်အများစု နေထိုင်ကြပြီး အစ်နေ့အတွက် ဝယ်ယူထားသည့် နွားများလည်း ပါရှိသွားကြောင်း ဒေသခံများက ပြောပြသည်။

ယင်းတောင်ခြေနေထိုင်သူများနှင့် ယင်းတောင်ခြေမှ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင် အချို့မှာ တောင်ခြေရင်းကို ဖြတ်ထုတ်၍ တညီတည်းဖြစ်ရန် အောက်ခြေမြေညှိထားကြသဖြင့် မိုးရေများချိန်တွင် တောင်အပေါ်ပိုင်းက ပြတ်ကျခြင်းလည်း ဖြစ်နိုင်သည်ဟု သဲဖြူကုန်းဒေသခံ ကိုညီညီဝင်းက သုံးသပ် ပြောဆိုသည်။

You may also like these stories:

ပေါင်မြို့နယ်တွင် မြေပြိုမှုကြောင့် လူ ၁ဝ ဦးသေဆုံး၊ ၃၀ ခန့် ပျောက်ဆုံးနေ

ပင်လယ်ရေ တိုက်စား၍ အလှပ်ကမ်းခြေက နေအိမ် ၃၇ လုံးပြို

မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်

]]>
ဆိုင်ကယ်ကို ရဲက ခြေထောက်ဖြင့် ကန်ဖမ်းရာမှ ကလေးပြုတ်ကျဟု မိခင်ပြော https://burma.irrawaddy.com/news/2019/07/21/198472.html Sun, 21 Jul 2019 07:51:46 +0000 https://burma.irrawaddy.com/lytbox/?p=198472 ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ ဒဏ်ရာရခဲ့သော ကလေး  / ဉာဏ်စိုးဝင်း /  ဧရာဝတီမွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ် တက္ကစီ တစီးအား ခြေထောက်ဖြင့် ကန်ဖမ်းဆီးရာမှ ဆိုင်ကယ်ပေါ်တွင် ပါသည့် မိခင်နှင့် ကလေး ပြုတ်ကျကာ ကလေးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။]]> ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ ဒဏ်ရာရခဲ့သော ကလေး  / ဉာဏ်စိုးဝင်း /  ဧရာဝတီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ် တက္ကစီ တစီးအား ခြေထောက်ဖြင့် ကန်ဖမ်းဆီးရာမှ ဆိုင်ကယ်ပေါ်တွင် ပါသည့် မိခင်နှင့် ကလေး ပြုတ်ကျကာ ကလေးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်မရောမြို့နယ် အောင်သုခ ရပ်ကွက်တွင် ဇူလိုင် ၁၈ ရက်နေ့က စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးနေ သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်ကြောင့် အသက် ၃ နှစ် အရွယ်ကလေး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်အေးအေး က ပြောသည်။

မအေးအေး က “ရဲတွေကပြောတယ် Taxi သမားကို ‘ရပ်ပေး၊ ရပ်ပေး’ Taxi သမားက ပြောတယ်၊ ‘ဘရိတ်က ချောင်နေတယ်၊ ရပ်ပေးမယ်’ လို့ အော်တယ်။ ကျမကလည်းပြောတယ်။ ရပ်ပေးမယ်လို့ အော်တယ်။ သူ (ရဲ) တို့က မရပ်ဘူး ထင်ပြီးတော့ ဆိုင်ကယ်ကို ကန်လိုက်တယ်။ ကန်လိုက်တော့ ကျမရယ် ကလေးရယ် ပြုတ်ကျသွားတယ်” ဟု ဆိုသည်။

ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသော ကလေးငယ်မှာ ဘယ်ဘက်မျက်ခွံ ညိုမဲဖူးရောင်ဒဏ်ရာ၊ ပါးပြင်နှင့် မေးစေ့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိထားပြီး လက်တလောတွင် ကလေးဦးခေါင်းကို ပြင်ပဆေးခန်း၌ ဓာတ်မှန်ရိုက်ထားကာ ဓာတ်မှန်အဖြေတော့ မသိရှိရသေးကြောင်း ၎င်းက ပြောဆိုသည်။

ကျိုက်မရောမြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲတပ်ကြပ် ထူးရဲဟန် က “ကျနော်တို့က လုပ်ပေးတာ အသက်အန္တရာယ် မရှိအောင် လုပ်ပေးတာ၊ အသက်အန္တရာယ် ဖြစ်အောင်တော့ အဲ့လောက်ထိ လုပ်စရာ မရှိဘူးလေ၊ ကျနော်တို့လည်း လူသားထဲက လူသားတွေပဲ ကိုယ်အသားနာမှာ ကြောက်သလို သူ့အသားနာမှာ ကျနော်တို့လည်း ကိုယ်ချင်းစာပါတယ်” ဟု ထိုဖြစ်စဉ်အပေါ် ပြောဆိုသည်။

ဆိုင်ကယ်မောင်းလာသူမှာ ဆိုင်ကယ်ဦးထုပ် ဆောင်းလာသော်လည်း ဆိုင်ကယ်အနောက် လိုက်ပါလာသည့် ထိုအမျိုးသမီးမှာ ဆိုင်ကယ်ဦးထုပ် မဆောင်းလာသဖြင့် ပထမဆင့်မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ရပ်ပေးရန် ဟန့်တားစဉ် ရပ်ပေးမည်ဟု ပြောဆိုမှုနှင့် ကလေးပါခြင်းတို့ကြောင့် ထိုအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးက ရှောင်ပေးခဲ့ကြောင်း ၎င်းက ဧရာဝတီမေးမြန်းချက်ကို ရှင်းပြသည်။

ထိုနောက် ဆိုင်ကယ်မှာ မရပ်ဘဲ ဆက်လက်မောင်းသွားသဖြင့် ပေ ၅၀ ကျော်မှ ဒုတိယအဆင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ဘယ်ဘက်အခြမ်းမှ ထပ်မံဟန့်တားစဉ် ဆိုင်ကယ်သမားမှာ ညာဘက်အခြမ်းသို့ ယိမ်းချ၍ ရှောင်ပြေးရာမှ ကလေးနှင့် ကလေးမိခင်မှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်က ဆိုင်ကယ်ကို ကန်ခဲ့ခြင်းကြောင့် ကလေးနှင့် မိခင် ဆိုင်ကယ်ပေါ်က ပြုကျခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည်နှင့် ဆိုင်ကယ်သမား မောင်းပြေးသွားခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်မှုတော့ မဖြစ်ခဲ့ကြောင်း မအေးအေးက ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ရပ်ကွက် (၃) ရှိ နေအိမ်ပြန်ရန် ထိုနေ့မွန်းလွဲပိုင်းက ကျိုက်မရော ရေတွင်းကုန်း အလွန်တွင် တရားဝင် အဖွဲ့အစည်း Taxi မဟုတ်သော ဆိုင်ကယ်တစီးကို တားစီးမိခဲ့ကြောင်း ၎င်းက ပြောပြသည်။

မအေးအေးနှင့် ကလေးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ထိုရပ်ကွက် နေအိမ်တအိမ်တွင် ကလေးဆေးထည့်၍ ကြာအင်းဆိပ်ကြီးသို့ ပြန်လာခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်တွင် ကြာအင်းဆိပ်ကြီးမှ ကျိုက်မရောမြို့မရဲစခန်းသို့ သွားရောက်ပြောပြပြီး ကလေးဆေးကုသရန် ဆေးဖိုးတောင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်တဦးက ကျပ် ၁ သိန်း ပေးခဲ့ကြောင်း မအေးအေး၏ မိခင် ဒေါ်သီတာက ဆိုသည်။

ကလေးဒဏ်ရာအပေါ် ဆေးကုသရန် ငွေကြေးမရှိခြင်းဟု ပြောဆိုခြင်းကြောင့်သာ ကရုဏာဖြစ်၍ ထောက်ပံ့ ပေးခဲ့ခြင်းသာ ဖြစ်ပြီး ရဲတပ်ဖွဲ့က မှားယွင်းမှုကြောင့် နစ်နာကြေးပေးခဲ့ခြင်းမဟုတ်ကြောင်း ရဲတပ်ကြပ် ထူးရဲဟန်က ရှင်းပြသည်။

ရဲတပ်ကြပ် ထူးရဲဟန်က “မနေ့ (ဇူလိုင် ၁၉) က အဲ့ဒီ အဲ့အမတွေ လာတယ်၊ လာတော့ ဒီလို၊ ဒီလို ဖြစ်စဉ် ရှိတယ်ပေါ့၊ ကျနော်တို့က ပြောတယ်၊ ရဲတပ်ဖွဲ့က အမတို့အပေါ် မတရား အဲ့လို့ လုပ်မယ်ဆိုရင်တော့ အမတို့ ဒီမှာ အမှုဖွင့်ချင် ဖွင့်လို့ ရတယ်ပေါ့၊ ဒါပေမယ့် သူက အဲ့လိုမဟုတ်ဘူး၊ ကလေးထိခိုက် ဒဏ်ရာရသွားတယ်ပေါ့၊ ကျိုက်မရော ဆေးရုံ ပို့ပေးမယ်ဆိုလည်း မသွားဘူး၊ အဲ့ဒါ ကျနော်က နေပြီးတော့ ကိုယ်လည်း သမီးလေး မွေးထားတော့ ကျနော်ဆီက ပိုက်ဆံရော အခြားသူတွေဆီက ပိုက်ဆံရော ဆေးခန်းသွားပြဆိုပြီး ၁ သိန်း ပေးလိုက်တယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်တဦးက ဆိုင်ကယ်ကို ကန်ခဲ့ခြင်းကြောင့် ဆိုင်ကယ်ပေါ်မှ ကျခဲ့သည်ဆိုသော မအေးအေး ပြောဆိုသော အောင်သုခရပ်ကွက်ရှိ ဆိုင်ကယ်ပေါ်မှကျရာနေရာမှ နေအိမ်များအား ဧရာဝတီသတင်းဌာနမှ သွားရောက်၍ မေးမြန်းကြည့်ရာ တွေ့မြင်မိခဲ့ခြင်း မရှိဟုသာ ဖြေကြားကြသည်။

ထိုရပ်ကွက်အတွင်း နေထိုင်သူ အချို့ကတော့ ဆိုင်ကယ်သမားမှာ ရဲတပ်ဖွဲ့ဖမ်းဆီးခြင်းအပေါ် မောင်းပြေးခြင်းကြောင့် ဆိုင်ကယ်ပေါ်မှ ပြုကျသည်ဟုလည်း ပြောဆိုမှုများရှိနေသည်။

အောင်သုခရပ်ကွက်မှ ဦးလှသိန်း က “ဆိုင်ကယ်ကို ကန်လိုက်လို့ ဆိုင်ကယ်မှောက်သွားတယ်ဆိုပြီး ကျနော်တို့က ကြားပဲကြားတာပဲ ကိုယ်တွေ့ လက်တွေ့တော့ ကျနော်တို့ မမြင်ဘူး” ဟု ဆိုသည်။

နေအိမ်ထဲ ထမင်းစားနေစဉ် ဆိုင်ကယ်မှောက်သည်ဟု အသံကြားခြင်းကြောင့် နေအိမ်ထဲမှ ထွက်ကြည့်ရာ ကလေးတွင် ဒဏ်ရာတွေ့ခြင်းကြောင့် ဆေးထည့်ပေးခဲ့သော်လည်း မည်သို့ဖြစ်ခဲ့သည်ကို မသိရှိခဲ့ရကြောင်း ကလေးအား ဆေးထည်ပေးခဲ့သည့် အောင်သုခရပ်ကွက်မှ ဦးတင်နိုင်ထွန်းက ပြောသည်။

]]>