မစ်ကီ, Author at ဧရာဝတီ https://burma.irrawaddy.com/author/60248 Covering Burma and Southeast Asia Mon, 17 Jul 2023 01:27:41 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မစ်ကီ, Author at ဧရာဝတီ https://burma.irrawaddy.com/author/60248 32 32 မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော https://burma.irrawaddy.com/lifestyle/sport/2021/04/29/241258.html Thu, 29 Apr 2021 06:28:26 +0000 https://burma.irrawaddy.com/lytbox/?p=241258 မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championshipအောင်လက "စိတ်မကောင်းဖြစ်ရပါတယ်။ ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်တာကို ခံနေရပါတယ်။ ဘာနဲ့မှ နှိုင်းယှဉ်မရနိုင်အောင်ပါပဲ။]]> မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championship

ONE Light ဟဲဗီးဝိတ် ချန်ပီယံဖြစ်ခဲ့သူ မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ ဧပြီလ ၂၈ ရက် ညပိုင်းမှာပဲ Reinier de Ridder နဲ့ ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်သွားတာကြောင့် နောက်ထပ် ချန်ပီယံ ခါးပတ်တခုကို လက်လွှတ်လိုက်ရပါတယ်။ အဲဒီ ပွဲမတိုင်မီ သူ့စိတ်ထဲမှာ လမ်းနှစ်ခု ကွဲနေတယ်လို့လည်း ဆိုပါတယ်။

Reinier de Ridder ကို ရှုံးကြွေးဆပ်ဖို့အတွက် အခွင့်အရေးနဲ့အတူ ပွဲအတွက် တဖက်မှာ အာရုံစိုက်ထားပေမယ့် တဖက်မှာတော့ သူ့ရဲ့မွေးရပ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဘယ်တော့မှ မေ့ထားလို့ မရဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပါလီမန်လွှတ်တော်ကို ၈၃ ရာခိုင်နှုန်း ထိန်းချုပ်ဖို့အထိ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီးတဲ့နောက် စစ်တပ်က အာဏာအရပ်ရပ်ကို ပြန်လည် ထိန်းချုပ်လိုက်ပါတယ်။

၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံဟာ စစ်တပ် အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးအောက်ကို ပြန်လည် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတဝန်း ဆန္ဒပွဲတွေဟာ ချက်ချင်း ပေါ်ပေါက်လာခဲ့ပေမယ့် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဖြိုခွင်းရေးတွေအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၇၀၀ ကျော်အထိ သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မိသားစုနဲ့အတူ နေထိုင်ခဲ့ဖူးတဲ့ အောင်လဟာ လက်ရှိ သူလေ့ကျင့်နေတဲ့ Sanford MMA ရှိရာ ဖလော်ရီဒါပြည်နယ်ကနေ အတော့်ကို ဝေးကွာတဲ့ သူ့ရဲ့မွေးရပ်နိုင်ငံမှာ ဖြစ်နေတာတွေကို သိရှိထားတယ်လို့လည်း ဆိုပါတယ်။ သူဟာ လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်နေဆဲဖြစ်တဲ့ မိသားစုနဲ့ သူငယ်ခချင်းတွေကို တွေ့ဖို့သာမက မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး အားကစားသံတမန် တဦးအနေနဲ့ပါ သူဟာ ပုံမှန် မွေးရပ်မြေကို ပြန်လေ့ရှိသူလည်း ဖြစ်ပါတယ်။

အခုတော့ သူဟာ နေ့စဉ် မြန်မာနိုင်ငံကနေ ထွက်လာတဲ့ ပိုဆိုးသထက်ဆိုးတဲ့ သတင်းတွေကို ကြားသိလာရပြီး မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ အသိပညာပေးမျှဝေဖို့ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အောင်လက “ခက်ခဲပါတယ်။ မနက်တိုင်း ကျနော့် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဆီကနေ စိတ်မကောင်းဖွယ် သတင်းတွေကို ရနေတာက တော်တော်လေးကို ခက်ခဲပါတယ်။ အထူးသဖြင့် အာဏာသိမ်းချိန် အစပိုင်းကစလို့ တော်တော်လေးကို ခက်ခဲပင်ပန်းခဲ့ပါတယ်။ ကျနော့် နှလုံးတွေ ထိခိုက် ကြေကွဲရပါတယ်။ စိတ်မချမ်းမသာ ဖြစ်ရပါတယ်”လို့ ဆိုပါတယ်။

အောင်လက “Follower အများကြီးရှိတဲ့ လူတယောက်အနေနဲ့ ကျနော် လုပ်သင့်တာကို လုပ်ရမယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ ကျနော့်က ကျနော် လုပ်ဆောင်နိုင်တဲ့ စွမ်းအားထက် ကျော်လွန်ပါတယ်။ ကျနော့် ပရိသတ် တော်တော်များများက အဲ့ဒါကို နားမလည်ကြပါဘူး။ ကျနော်ဟာ ဖခင်တယောက်နဲ့ ခင်ပွန်းတယောက် ဖြစ်ပါတယ်။ ကျနော် နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ ဒါကြီးကို ဖယ်ရှားရှင်းလင်းဖို့ ကျနော် မစွမ်းသာပါဘူး”

“ပရိသတ်တချို့က အထူးသဖြင့် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ ကျနော် ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်ဆိုပြီး ပြောလာကြတယ်။ လူတွေ အမုန်းတရားဘက် လှည့်သွားတာကို မြင်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါ ကျနော် လွှမ်မိုးထိန်းချုပ်နိုင်တဲ့အရာလည်း မဟုတ်ပါဘူး။ သူတို့တွေ ဒေါသထွက်နေမယ်ဆိုတာ၊ အကူအညီမဲ့နေမယ်ဆိုတာ ကျနော် သိပါတယ်။ အဲဒီ အရာတွေကို သူတို့လိုချင်သလို ကျနော် အဆုံးသတ်ပေးချင်ပါတယ်”လို့ ဆိုပါတယ်။

သူကဆက်ပြီး “အားကစားသမားတယောက်အနေနဲ့ ကျနော် လုပ်နိုင်တာတွေ အားလုံးကတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို ပြောပြပေးဖို့ပဲ ဖြစ်ပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိကြတဲ့ လူတွေကိုလည်း ပြောပြပေးဖို့ ဖြစ်ပါတယ်။ ကျနော့်ထက် ပိုကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်မယ့် လူတချို့ရဲ့ နှလုံးသားကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”

“ဘာကြောင့်လဲဆိုတော့ ကျနော်က ရမ်ဘို မဟုတ်ပါဘူး။ ကျနော် အဲဒီကို သွားပြီး စစ်တပ်ကို တိုက်ခိုက်လို့မရပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံသားတဦးအနေနဲ့ ကျနော် ပြောနိုင်တာကတော့ သူတို့လုပ်နေတာတွေက မမှန်ဘူး ဆိုတာပါပဲ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ အောင်လဟာ မြန်မာနိုင်ငံမှာ ပွဲကစားဖို့ အခွင့်အရေးရခဲ့ပြီး သူ့ရဲ့နိုင်ငံကပါ သူ့ရဲ့အောင်မြင်မှုတွေအတွက် ပွဲအခမ်းအနားတွေနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ လက်ရှိ အာဏာသိမ်းယူထားတဲ့ စစ်တပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း သူ့ရဲ့နာမည်နဲ့ ဆုတွေတက်ရောက် ချီးမြှင့်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

အခုတော့ သူဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို အာဏာရယူခွင့် ရပ်တန့်စေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်ကနေ လုပ်ဆောင်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

အောင်လက “စိတ်မကောင်းဖြစ်ရပါတယ်။ ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်တာကို ခံနေရပါတယ်။ ဘာနဲ့မှ နှိုင်းယှဉ်မရနိုင်အောင်ပါပဲ။ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီမနက်မှာ ကျနော့် အစ်ကိုက ကျနော့်ဆီ မက်ဆေ့ချ်ပို့ပြီး ကျနော့် ဝမ်းကွဲ ညီမလေးရဲ့ ခင်ပွန်းက နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှု အသုံးမပြုချင်လို့ အထိန်းသိမ်းခံရလိုက်ရတယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီမှာ ရဲတပ်ဖွဲ့ဝင် ဖြစ်ပါတယ်။ တကယ့်ကို စိတ်မကောင်းဖြစ်ဖွယ် အခြေအနေပါ”လို့ ဆိုပါတယ်။

သူက “ကျနော့်မိသားစုက နိုင်ငံရေးမှာ ထဲထဲဝင်ဝင် မပါကြပါဘူး။ သူတို့ဟာ နိုင်ငံရေးသမားတွေ မဟုတ်တာကြောင့် သူတို့က ဘေးကင်းပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေအပေါ် အကြမ်းမဖက်ချင်တဲ့ ရဲအရာရှိ ရှိနေပြီး ထိန်းသိမ်းခံထားရပါတယ်။ အဲဒီအတွက် အဖမ်းခံရပါတယ်။ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်”လို့ ဆိုပါတယ်။

စစ်တပ်က မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုကို ပထမဆုံး ရယူခဲ့ပြီးတဲ့နောက် အောင်လဟာ ကမ္ဘာတဝန်းက သူ့ရဲ့ ပရိသတ်တွေ ရှိနေတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတော်တော်များများကို ဝေမျှတာအပါအဝင် ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို အသိပညာပေးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သူက “အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကျနော်တို့ဆီမှာရှိနေတဲ့ လွတ်လပ်မှုနဲ့ တခြားအရာတွေအတွက် ကျေးဇူးတင်သင့်တယ်လို့ ထင်ပါတယ်။ တခါတလေ ကျနော်တို့မှာကတော့ သေချာပေါက်ပိုင်ဆိုင်ထားပေမယ့် ကမ္ဘာ့နေရာ တော်တော်များများမှာ ကျနော်တို့ဆီမှာ ရှိနေတဲ့ လွတ်လပ်မှု မရှိကြဘူး။ အဲဒီအတွက် ကျနော်တို့ ကျေးဇူးတင်သင့်တယ်။ ဆက်ပြီးတော့ အကောင်းမြင်တွေးကြရမယ်”လို့လည်း ဆိုပါတယ်။

Ref: mmafighting , asia.nikkei

You may also like these stories:

စစ်ကောင်စီ လက်အောက် တိုကျိုအိုလံပစ်ကို ယှဉ်ပြိုင်မှာ မဟုတ်တဲ့ မြန်မာ့ရေကူးကစားသမား

တိုကျိုအိုလံပစ်ပြိုင်ပွဲကို နိုင်ငံတကာ အားကစား ပရိသတ် မပါဘဲ ကျင်းပမည်

]]>
“Running Man” အစီအစဉ်ကနေ နုတ်ထွက်တော့မယ့် လီဂွမ်ဆူ https://burma.irrawaddy.com/lifestyle/entertainment/2021/04/27/241193.html Tue, 27 Apr 2021 12:10:14 +0000 https://burma.irrawaddy.com/lytbox/?p=241193 "Running Man" ရဲ့ ပင်တိုင်အဖွဲ့ဝင် လီဂွမ်ဆူတင်ဆက်သူ လီဟာ လာမယ့် မေလ ၂၄ ရက်နေ့မှာ အဲဒီ အစီအစဉ်အတွက် နောက်ဆုံးအပိုင်းကို ရိုက်ကူးမှာဖြစ်တယ်လို့ KingKong by Starship အေဂျင်စီက ဆိုပါတယ်။]]> "Running Man" ရဲ့ ပင်တိုင်အဖွဲ့ဝင် လီဂွမ်ဆူ

ကာလကြာရှည် ပြနေဆဲဖြစ်တဲ့ နာမည်ကျော် ကိုရီးယား ရသစုံအစီအစဉ် “Running Man” ထဲက ပင်တိုင်အဖွဲ့ဝင် လီဂွမ်ဆူဟာ ၁၁ နှစ်ကြာခဲ့ပြီးတဲ့နောက် အဲဒီ အစီအစဉ်ကနေ နုတ်ထွက်တော့မယ်လို့ သူ့ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီက ဧပြီလ ၂၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မင်းသားနဲ့ တင်ဆက်သူ လီဟာ လာမယ့် မေလ ၂၄ ရက်နေ့မှာ အဲဒီ အစီအစဉ်အတွက် နောက်ဆုံးအပိုင်းကို ရိုက်ကူးမှာဖြစ်တယ်လို့ KingKong by Starship အေဂျင်စီက ဆိုပါတယ်။

အေဂျင်စီရဲ့အဆိုအရ လီဟာ လွန်ခဲ့တဲ့ နှစ်တုန်းက ကားမတော်တဆမှုကနေ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အဲဒီ အစီအစဉ်မှာ ပါဝင်ဖို့ အခက်အခဲဖြစ်ခဲ့တာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကုထုံးကိုလည်း ခံယူခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အစီအစဉ်မှာ ပါဝင်တဲ့ တခြားအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သက်သာဖို့ အချိန်တချို့ နားမယ်လို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အေဂျင်စီက “လီဟာ ၁၁ နှစ်လောက် ရှိခဲ့တဲ့ အဲ့ဒီ အစီအစဉ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်း အစီအစဉ်မှာ ပိုမိုကောင်းမွန်တဲ့ တင်ဆက်မှုတွေ ပြသနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ အနားယူဖို့ အချိန်လိုအပ်တယ်ဆိုတာကို ကျနော်တို့ သဘောတူခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

“Running Man” အစီအစဉ်ကနေတဆင့် ရရှိခဲ့တဲ့ အချစ်နဲ့ အားပေးမှုတွေအတွက် တကယ့်ကိုပဲ ကျေးဇူးတင်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်နေ့နှောင်းပိုင်းမှာတော့ အစီအစဉ်ရဲ့ ဝန်ထမ်းတဦးက သူတို့ဟာ လီရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး အစီအစဉ်ရဲ့ အဖွဲ့ဝင်တဦးအနေနဲ့ အားပေးထောက်ခံ၊ အမှတ်ရနေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဟာ SBS ရုပ်သံလိုင်းကနေ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လနေ စတင်ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီရသစုံအစီအစဉ်မှာ မူရင်းအဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

ရသအစုံ ပါဝင်တဲ့ ပုံစံကြောင့် အဲ့ဒီအစီအစဉ်ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ လူကြိုက်များပြီး တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့အပါအဝင် နိုင်ငံရပ်ခြားဒေသတွေအထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီ အစီအစဉ်ရဲ့ နာမည်ကြီးလာမှုနဲ့အတူ လီဟာ သူ့ရဲ့ ဟာသဉာဏ်ရွှင်ပြီး ဖော်ရွေတတ်တဲ့ ပုံရိပ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ ပရိသတ်အင်အား ကောင်းကောင်း ရရှိတဲ့အပြင် “အာရှရဲ့ မင်းသားလေး” ဆိုတဲ့ နာမည်ပြောင်ကိုလည်း ရရှိခဲ့ပါတယ်။ ကျန်ရှိတဲ့ အဖွဲ့ဝင်တွေကတော့ အဲဒီ အစီအစဉ်မှာ ဆက်လက် ပါဝင်သွားမယ်လို့ဆိုပါတယ်။

Ref: Yonhap

You may also like these stories:

အော်စကာဆုရ ပထမဆုံး ကိုရီးယားသရုပ်ဆောင် ဖြစ်လာတဲ့ Youn Yuh-jung

အော်စကာဆုရ Chloe Zhao ရဲ့ အောင်မြင်မှုကို တရုတ် ဆင်ဆာ ဖြတ်တောက်

]]>
အော်စကာဆုရ Chloe Zhao ရဲ့ အောင်မြင်မှုကို တရုတ် ဆင်ဆာ ဖြတ်တောက် https://burma.irrawaddy.com/lifestyle/entertainment/2021/04/27/241165.html Tue, 27 Apr 2021 05:44:37 +0000 https://burma.irrawaddy.com/lytbox/?p=241165 အော်စကာဆု ရရှိခဲ့တဲ့ Chloe Zhaoဧပြီလ ၂၆ ရက် မနက်ပိုင်းမှာတော့ Zhao ကို ချီးကျူးတဲ့ပို့စ်တွေ Weibo မှာ ကနဦးပျံ့နှံ့ခဲ့ပေမယ့် တခြားပုဂ္ဂိုလ်တွေကတော့ ဆင်ဆာဖြတ်တောက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။]]> အော်စကာဆု ရရှိခဲ့တဲ့ Chloe Zhao

ပေကျင်းမြို့မှာ မွေးဖွားခဲ့တဲ့ Chloe Zhao ဟာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တဲ့ ပထမဆုံး အသားအရောင် ကွဲပြားမှုရှိသူ အမျိုးသမီးအဖြစ် အောင်မြင်မှုအကြောင်း အမျိုးသားရေးဝါဒီတွေရဲ့ ရှုတ်ချမှုကို ခံခဲ့ရပြီး၊ ဧပြီလ ၂၆ ရက်နေ့၊ တရုတ်ဆိုရှယ်မီဒီယာပေါ်မှာ သူ့အကြောင်း ဖယ်ရှား ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zhao ဟာ လော့စ်အင်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ အဲ့ဒီကမ္ဘာကျော် ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ ဒုတိယမြောက် အမျိုးသမီးဖြစ်လာခဲ့ပြီး သူ့ရဲ့ရုပ်ရှင် “Nomadland” ဟာ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့သလို အဓိကခေါင်းဆောင် မင်းသမီး Frances McDormand ဟာ အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့နာမည်နဲ့ “Nomadland” ရုပ်ရှင်အကြောင်း ပါဝင်တဲ့ ပို့စ်အားလုံးကို Weibo ဆိုရှယ်မီဒီယာပေါ်မှာ ဧပြီလ ၂၆ ရက်နေ့ ပေကျင်းစံတော်ချိန် မွန်းတည့်ချိန်ကစလို့ ဖယ်ရှားခံခဲ့ရတယ်လို့ဆိုပါတယ်။ အခုလိုမျိုး သူ့ရဲ့ အောင်မြင်မှုကိုလည်း တရုတ်မီဒီယာတွေမှာ ဖော်ပြခံခဲ့ရတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လထဲမှာ ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ့ရုပ်ရှင်ရဲ့ အောင်မြင်မှုအကြောင်းကို နိုင်ငံပိုင်မီဒီယာက ကနဦးမှာဂုဏ်ယူကြောင်း ဖော်ပြခံခဲ့ရပေမယ့် Zhao ဟာ အရင်တုန်းက သူမွေးဖွားခဲ့ရာ နိုင်ငံအကြောင်း ဝေဖန်မှုတွေ လုပ်ခဲ့တဲ့ အင်တာဗျူးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ပြန်လည် ဖော်ပြခဲ့ကြပြီးတဲ့နောက် အမျိုးသားရေးအရ ပစ်မှတ်ထား ရှုတ်ချတာကို ခံခဲ့ရပါတယ်။

အဆိုပါ ရုပ်ရှင် ပြသမယ့် အချိန်ဇယားကိုလည်း တရုတ်ရုပ်ရှင်ရုံတွေက ပယ်ဖျက်ခဲ့ကြပါတယ်။ အဲဒီ အခက်အခဲတွေနဲ့ ပတ်သက်လို့ အော်စကာဆုပေးပွဲမှာ Zhao က “ဒီကစ္စတွေ ခက်ခဲကြမ်းတမ်းလာတာကို ကျမ ဘယ်လို ကိုင်တွယ်ရမလဲဆိုပြီး မကြာသေးခင်တုန်းက ကျမ တော်တော်လေး စဉ်းစားနေမိခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။

သူဟာ “လူတွေဟာ မွေးဖွားစဉ်မှာ အခြေခံအရ ကောင်းမွန်ခဲ့ကြတယ်” လို့ အဓိပ္ပါယ်ရတဲ့ တရုတ် ဂန္တဝင်ကဗျာ တပုဒ်ထဲမှ စာကြောင်းတခုကို ရွတ်ဆိုခဲ့ပြီး အဲဒီလုပ်ရပ်နဲ့ ပတ်သက်လို့ တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတော်တော်များများက ချီးကျူးခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီပို့စ်တွေကို ဖျက်ပစ်ခဲ့ကြပါတယ်။

ဧပြီလ ၂၆ ရက် မနက်ပိုင်းမှာတော့ Zhao ကို ချီးကျူးတဲ့ပို့စ်တွေ Weibo မှာ ကနဦးပျံ့နှံ့ခဲ့ပေမယ့် တခြားပုဂ္ဂိုလ်တွေကတော့ ဆင်ဆာဖြတ်တောက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Follower ၈ ဒသမ ၉ သန်းရှိတဲ့ ဖျော်ဖြေရေးဘလော့ဂါတဦးက “Chloe Zhao ဟာ အော်စကာသမိုင်းမှာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တဲ့ ပထမဆုံးအာရှနဲ့ တရုတ်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်” လို့ ဖော်ပြရေးသားခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီ ပို့စ်ကို ဖျက်ပစ်ခဲ့ပါတယ်။

အမျိုးသမီး အင်ဂျင်နီယာတဦးဖြစ်သူ Yan Ying က “သူဟာ တရုတ်လူမျိုးတွေအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ တရုတ်လူမျိုးတဦးအတွက် အခုလို အော်စကာရတာ တော်တော်လေးကို ရှားပါးပါတယ်” လို့ ဆိုပါတယ်။

အသက် ၃၈ နှစ်အရွယ် တရားရေးဆိုင်ရာလုပ်သား Yuan Min က “တရုတ် ရုပ်ရှင်တွေက ပိုကောင်းသထက်ကောင်းလာမယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ တရုတ်ပြည်မကြီး ဒါရိုက်တာတွေအတွက် အရမ်းကောင်းတဲ့ ဥပမာတခု ဖြစ်လာမှာပါ” လို့ဆိုပါတယ်။ Zhao ဟာ နာမည်ကျော်မင်းသမီး Song Dandan ရဲ့ ဖအေပါသမီး ဖြစ်တာကြောင့် တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

Ref: Bangkokpost

You may also like these stories:

အော်စကာဆုရ ပထမဆုံး ကိုရီးယားသရုပ်ဆောင် ဖြစ်လာတဲ့ Youn Yuh-jung

ဗြိတိန်မှာ လူဦးရေ ထောင်ကျော် ပါဝင်မယ့် ဂီတဆုပေးပွဲ မေလထဲ ကျင်းပမည်

]]>
အော်စကာဆုရ ပထမဆုံး ကိုရီးယားသရုပ်ဆောင် ဖြစ်လာတဲ့ Youn Yuh-jung https://burma.irrawaddy.com/lifestyle/entertainment/2021/04/26/241116.html Mon, 26 Apr 2021 04:44:42 +0000 https://burma.irrawaddy.com/lytbox/?p=241116 မင်းသမီးကြီး Youn Yuh-jungမင်းသမီးကြီးဟာ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ တတိယမြောက် အသက်အကြီးဆုံး မင်းသမီးလည်း ဖြစ်လာခဲ့ပါတယ်။]]> မင်းသမီးကြီး Youn Yuh-jung

မင်းသမီးကြီး Youn Yuh-jung ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ အော်စကာ ဆုပေးပွဲမှာ နေရာရွှေ့ပြောင်း နေထိုင်သူတွေအကြောင်း ရိုက်ကူးထားတဲ့ “”Minari” ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုကို ရရှိခဲ့ပြီး ပထမဆုံး သရုပ်ဆောင် အော်စကာဆုကို ရရှိခဲ့တဲ့ ကိုရီးယား အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့က Union Station မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ မင်းသမီးကြီး Youn ဟာ “Borat Subsequent Moviefilm” ထဲက မင်းသမီး Maria Bakalova ၊ “Hillbilly Elegy” ထဲက မင်းသမီး Glenn Close၊ “The Father” ထဲက မင်းသမီး Olivia Colman နဲ့ “Mank” ထဲက မင်းသမီး Amanda Seyfried တို့ကို ကျော်တက်ပြီး အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ အော်စကာဆုပေးပွဲမှာ သရုပ်ဆောင်ပိုင်းဆိုင်ရာ ဆုအတွက် ပထမဆုံး ဆုရခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့တဲ့ “Parasite” ရုပ်ရှင်ကတော့ ဆန်ခါတင် ဆု ၆ ခု ဝင်ခဲ့ပေမယ့် သရုပ်ဆောင် ဆန်ခါတင် ဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုနဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆု အပါအဝင် ဆု ၄ ခု ရရှိခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီးကြီး Youn ဟာ အော်စကာ ဆုပေးပွဲသမိုင်းမှာ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရတဲ့ ဒုတိယမြောက် အာရှမင်းသမီး ဖြစ်လာခဲ့ပါတယ်။ ပထမဆုံး အာရှမင်းသမီးကတော့ ၁၉၆၇ ခုနှစ်တုန်းက “Sayonara” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဂျပန်မင်းသမီး Miyoshi Umeki ဖြစ်ပါတယ်။

မင်းသမီးကြီးဟာ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ တတိယမြောက် အသက်အကြီးဆုံး မင်းသမီးလည်း ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အရှေ့မှာ ၁၉၈၅ ခုနှစ်တုန်းက “A Passage to India” ထဲက အသက် ၇၇ နှစ်အရွယ် မင်းသမီးကြီး Peggy Ashcroft နဲ့ ၁၉၅၁ ခုနှစ်ရဲ့ “Harvey” ရုပ်ရှင်ထဲက အသက် ၇၄ နှစ်အရွယ် မင်းသမီးကြီး Josephine Hull တို့ ရှိနေပါတယ်။

“Minari” ရုပ်ရှင်ထဲမှာ မင်းသမီးကြီးဟာ သမီးဖြစ်သူရဲ့မိသားစုကို ကူညီဖို့ အမေရိကန်နိုင်ငံဆီကို လာခဲ့ပြီး အာကန်ဆတ်ပြည်နယ်မှ ဘဝသစ် ထူထောင်တဲ့ သမာရိုးကျ မဟုတ်တဲ့ အဖွားကြီး ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်မှာ ပေါက်နိုင်တဲ့ ရေကြိုက်ပင် “မီနာရီ” မျိုးစေ့လေးတွေကို ယူလာခဲ့ပြီး အမေရိကန်အိပ်မက် မက်ဖို့အတွက် သူတို့မိသားစုရဲ့ သည်းခံမှုနဲ့ ကြိုးပမ်းမှုတွေကို ပမာပြု ဖော်ပြထားပါတယ်။

ကိုရီးယားနွယ်ဖွား အမေရိကန်ဒါရိုက်တာ Lee Isaac Chung ကိုယ်တိုင် ရေးသား ရိုက်ကူးထားတဲ့ “Minari” ရုပ်ရှင်ဟာ အခုနှစ်အော်စကာ ဆုပေးပွဲအတွက် အကောင်းဆုံး ထုတ်လုပ်သူဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု၊ အကောင်းဆုံး မင်းသားဆု၊ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု၊ အကောင်းဆုံး မူရင်းဂီတဆုတို့အတွက် ဆန်ခါတင် စာရင်းဝင်ထားပါတယ်။

Ref:Yonhap

]]>
ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ် မင်းသားကြီး ကွယ်လွန် https://burma.irrawaddy.com/lifestyle/trend/2021/04/09/240623.html Fri, 09 Apr 2021 12:46:39 +0000 https://burma.irrawaddy.com/lytbox/?p=240623 မင်းသားကြီး ဖိလစ်မြို့စားကြီးဟာ အဲလိဇဘက် ဘုရင်မကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်က လက်ထပ်ခဲ့တာဖြစ်ပြီး ဗြိတိသျှသမိုင်းမှာ အရှည်ကြာဆုံး တော်ဝင် အကြင်လင်မယား ဖြစ်ခဲ့ပါတယ်။]]> မင်းသားကြီး ဖိလစ်

အီဒင်ဘာ့ဂ်မြို့စားကြီး ခေါ် မင်းသားကြီး ဖိလစ်ဟာ ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ဧပြီလ ၉ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။

နန်းတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ဘုရင်မကြီးဟာ သူ့ရဲ့ချစ်လှစွာသော ခင်ပွန်း အီဒင်ဘာ့ဂ်မြို့စားကြီး၊ မင်းသားကြီး ဖိလစ် ကွယ်လွန်မှုကို ဝမ်းနည်း ထိခိုက်စွာနဲ့ ကြေညာလိုက်ပါတယ်။ မင်းသားကြီးဟာ ဒီနေ့မနက်မှာပဲ ဝင်ဆာနန်းတော်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။

မြို့စားကြီးဟာ အဲလိဇဘက် ဘုရင်မကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်က လက်ထပ်ခဲ့တာဖြစ်ပြီး ဗြိတိသျှသမိုင်းမှာ အရှည်ကြာဆုံး တော်ဝင် အကြင်လင်မယား ဖြစ်ခဲ့ပါတယ်။ သက်တော် ၉၀ ကျော်လွန်ခဲ့တဲ့အထိ မင်းသားကြီးဟာ သူ့ရဲ့ ပရဟိတ လုပ်ငန်းတွေအတွက် အများပြည်သူ ရှေ့မှောက် တက်ရောက်ရတဲ့ အစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

သူဟာ ဘုရင်မကြီးရဲ့ ထောက်ခံအားပေးမှုနဲ့ နိုင်ငံတော် ခရီးစဉ်ရော၊ တော်ဝင် ခရီးစဉ်တွေမှာပါ နိုင်ငံတဝန်း ခရီးနှင်ခဲ့ပါတယ်။ သူ့လို အသက်အရွယ် ရောက်နေတဲ့ အမျိုးသားတယောက်အနေနဲ့ ကျန်းမာရေး ကောင်းမွန်တာကိုလည်း သဘောကျနှစ်ခြိုက်သူ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ ခရစ်စမတ်ကာလတုန်းက သူဟာ နှလုံးသွေးကြောပိတ်တဲ့ ဝေဒနာနဲ့ ဆေးရုံတက်ခဲ့ရပါသေးတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ ဘုရင်မကြီးရဲ့ နန်းသက် စိန်ရတု နှစ်ပတ်လည် ကာလမှာ ဆီးအိမ်ပိုးဝင်မှုနဲ့ ဆေးရုံတက်ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာလည်း ရောဂါရှာဖွေရေး ဝမ်းဗိုက် ခွဲစိတ်မှုကိုလည်း ခံခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ် မေလအထိ အများပြည်သူရှေ့မှောက် တက်ရောက်ရတဲ့ တကိုယ်တော်ပွဲပေါင်း ၂ သောင်းကျော်ကို တက်ရောက်ခဲ့ပြီး သက်တော် ၉၆ နှစ် ရောက်ကာမှ တော်ဝင်နန်းတွင်း တာဝန်တွေကနေ အနားယူလိုက်ပြီး အခါအားလျော်စွာ ကျင်းပတဲ့ ပွဲကြီးတွေမှသာ ဘုရင်မကြီးနဲ့အတူ ပွဲထွက်ခဲ့တာကို တွေ့ရပါတယ်။

မင်းသားကြီးရဲ့ ဈာပနနဲ့ ပတ်သက်လို့ တရားဝင် အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် သူ့ရဲ့ဆန္ဒအရ နိုင်ငံတော်ဈာပနထက် တော်ဝင်အခမ်းအနားနဲ့ ကျင်းပတဲ့ ဈာပနအဖြစ်သာ လုပ်ဆောင်မယ်လို့ နားလည်ရပါတယ်။ မင်းသားကြီးဟာ ကွန်လွန်ချိန်မှာ ဇနီးသည် ဘုရင်မကြီး၊ သားသမီးလေးဦး၊ မြေး ၈ ဦးနဲ့ မြစ် ၁၀ ဦး ကျန်ရစ်ခဲ့ပါတယ်။

Ref: skynews

You may also like these stories:

Facebook အသုံးပြုသူ ၅၃၃ သန်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြား

ထိုင်ဝမ်မှာ ရထားလမ်းချော်မှုကြောင့် လူ ၅၀ ကျော် သေဆုံး

မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက်

]]>
Milk Tea Alliance လှုပ်ရှားမှုကို emoji အသစ်ဖြင့် Twitter ဂုဏ်ပြု https://burma.irrawaddy.com/lifestyle/trend/2021/04/08/240562.html Thu, 08 Apr 2021 11:45:31 +0000 https://burma.irrawaddy.com/lytbox/?p=240562 Milk Tea Alliance လှုပ်ရှားမှုအဲ့ဒီ emoji ကိုတော့ အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယား၊ တခြား အာရှဘာသာစကားတချို့နဲ့ hashtag တွဲတင်တဲ့ Twitter က ပို့စ်တိုင်းမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။]]> Milk Tea Alliance လှုပ်ရှားမှု

လူမှုကွန်ရက် မီဒီယာ ကုမ္ပဏီ Twitter ဟာ အာရှတလွှားက တက်ကြွလှုပ်ရှားသူတွေကြား ချိတ်ဆက်လုပ်ဆောင်ကြတဲ့ အွန်လိုင်းဆန္ဒပြလှုပ်ရှားမှု Milk Tea Alliance ကို အလေးပေးဖော်ပြတဲ့ emoji တခုကို မိတ်ဆက်လိုက်ကြောင်း ဧပြီလ ၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအပေါ် ကြောက်ရွံ့စိုးမှုအား မျှဝေပြီး နယ်စပ်ဖြတ်ကျော် စည်းလုံညီညွှတ်မှုကို ပြီးခဲ့တဲ့နှစ်က စလို့ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ထိုင်းတို့မှာ သကြားနို့ဆီ ထည့်သောက်ရတဲ့ လက်ဖက်ရည်ပုံစံ ဥပမာပြုကာ မဟာမိတ်ပုံစံ ပြုလုပ်လာခဲ့ကြခြင်း ဖြစ်ပါတယ်။

အဲဒီ ကမ်ပိန်းလှုပ်ရှားမှုဟာ လပေါင်းများစွာကြာမြင့်ခဲ့တဲ့ ဟောင်ကောင် ဆန္ဒပြမှုတွေကနေ ဘန်ကောက်မြို့က မြို့ပြလူငယ် လှုပ်ရှားမှုတွေအလယ် စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ တခြားအခွင့်ရေးတွေကို ပြောင်းလဲရေး တောင်းဆိုကြရင်း ထိုင်းနိုင်ငံမြို့တော်တော်များများမှာ အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက် တွေ့မှုတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။

Milk Tea Alliance လှုပ်ရှားမှု

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာ့အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးတဲ့နောက် မနက်စာအဖြစ် နို့ထည့် ရောရတဲ့ လက်ဖက်ရည် သောက်သုံးရာ မြန်မာနိုင်ငံဆီကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

Twitter က “Milk Tea Alliance ရဲ့ ပထမဆုံး နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ဟာမဟာမိတ်အဖွဲ့ ပထမဆုံး အွန်လိုင်းမှာ စုဖွဲ့ဖြစ်တည်ခဲ့တဲ့ ဒေသတွေရဲ့ မတူညီတဲ့ နို့လက်ဖက်ရည်အရောင် ၃ မျိုးကို ဖော်ပြမယ့် emoji တခုကို ဒီဇိုင်းရေးဆွဲခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ emoji ကိုတော့ အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယား၊ တခြား အာရှဘာသာစကားတချို့နဲ့ hashtag တွဲတင်တဲ့ Twitter က ပို့စ်တိုင်းမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဟောင်ကောင်အရေး တက်ကြွလှုပ်ရှားသူ Joshua Wong ရဲ့ Twitter အကောင့်က ပို့စ်တခုမှာတော့ “ဘယ်လောက်ပဲ ခက်ခဲတဲ့အချိန်တွေပဲဖြစ်ဖြစ် အမြဲတမ်း စည်းလုံးညီညွှတ်ကြပါတယ်” လို့ ရေးသားခဲ့ပြီး Milk Tea Alliance ဆိုတဲ့စာသားကို အင်္ဂလိပ်လိုရော တရုတ်လိုပါ hashtag နဲ့ ရေးသားခဲ့ပါတယ်။

Wong ကတော့ လက်ရှိ ထောင်ထဲမှာရှိနေပြီး သူ့ရဲ့အကောင့်ကို သူငယ်ချင်းတွေက အသုံးပြုနေတာဖြစ်တယ်လို့ Twitter ပရိုဖိုင်အရ သိရပါတယ်။ အဲ့ဒီစကားလုံး အသုံးအနှုန်းကို ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ အကြိမ်ပေါင်း ၁၁ သန်းကျော် သုံးစွဲခဲ့ကြတယ်လို့ Twitter က ဆိုပါတယ်။

အဲ့ဒီနောက် မြန်မာအာဏာသိမ်းမှုနောက်ပိုင်း အသုံးပြုမှု တဖန်ပြန်လည် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့စစ်အစိုးရဟာ ညဘက်တွေမှာ အင်တာနက်တွေကို ပိတ်ချထားပြီး ဆန္ဒပြမှုတွေ လျော့ကျသွားစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်တွေကိုပါ ပိတ်ပင်ထားဖို့ ဒေသတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီတွေထံ ညွှန်ကြားထားလို့ ဆန္ဒပြသူတွေဟာ သီးသန့်ကွန်ရက်တွေ၊ နိုင်ငံခြား ဆင်းမ်ကတ်တွေကနေတဆင့် ရယူ သုံးစွဲနေရပါတယ်။

Twitter က “အင်တာနက်ကို လွတ်လွတ်လပ်လပ် ရရှိသုံးစွဲနိုင်ဖို့ဟာ ရပိုင်ခွင့် အခွင့်အရေးဖြစ်တာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခွင့်နဲ့ ထောက်ခံခွင့် ဆက်ရှိစေရမယ်လို့ ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အင်တာနက်တွေ ပိတ်ထားတာကိုလည်း ရှုတ်ချပါတယ်”လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း Twitter ဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အမြတ်ထုတ်မှု MeToo နဲလူမျိုးရေးရာ တရားမျှတမှုရှိစေရေး Black Lives Matter ဆိုရှယ် လှုပ်ရှားမှုတွေမှာလည်း အလားတူအသိအမှတ်ပြုတဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

Ref: CNA

You may also like these stories:

မြန်မာလူထုနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ Milk Tea Alliance အဖွဲ့ဝင်နိုင်ငံများ

လက်သုံးချောင်းထောင်မိလို့ Selangor II ကလပ်မှ ဟိန်းထက်အောင် ပွဲပယ် ပြစ်ဒဏ်ပေးခံရ

]]>
ဆန္ဒပြပွဲတွေအတွက် ရန်ပုံငွေ ရှာဖွေလာကြတဲ့ မြန်မာ့အွန်လိုင်း ဈေးကွက် https://burma.irrawaddy.com/lifestyle/trend/2021/04/06/240423.html Tue, 06 Apr 2021 10:17:39 +0000 https://burma.irrawaddy.com/lytbox/?p=240423 စစ်အာဏာရှင်စနစ်ကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြလျက်ရှိပါတယ်။  / AP အဝတ်အထည်မှသည် အရုပ်တွေအထိ၊ ဂီတသင်ခန်းစာတွေမှသည် ပြင်ပစွန့်စားခန်း လုပ်ဆောင်မှုတွေအထိ အရာခပ်သိမ်း ရောင်းချလာကြပါတယ်။]]> စစ်အာဏာရှင်စနစ်ကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြလျက်ရှိပါတယ်။  / AP

 

လွန်ခဲ့တဲ့ ၂ လအတွင်း မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေနဲ့ လမ်းသွားလမ်းလာ ၅၇၀ ကျော်ကို ပစ်သတ်နေခဲ့နေချိန်မှာ မြန်မာနိုင်ငံသား တော်တော်များများဟာ အခုလို လမ်းပေါ်ထွက်ဆန္ဒပြခြင်းဟာ သတ္တိရှိသော်လည်း လုံခြုံရေးကင်းမဲ့သော လုပ်ရပ်အဖြစ် ရှုမြင်လာကြပါတယ်။

ပိုမို ဘေးကင်းလုံခြုံတဲ့ နေရာတခုအဖြစ် အများက ရှုမြင်လာကြတဲ့ အွန်လိုင်းပေါ်မှာ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဆန့်ကျင်ကာကွယ်ဖို့ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုလာကြပါတယ်။ အဲ့ဒီအထဲမှာ ထုတ်ကုန်ပစ္စည်းများရောင်းချပြီး ပြည်သူတွေ ထောက်ခံတဲ့ ယာယီအစိုးရရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ တခြားဆက်စပ်သော နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ပေးအပ်မယ့် အစီအစဉ်တွေ ထွက်ပေါ်လာပါတယ်။

အဝတ်အထည်မှသည် အရုပ်တွေအထိ၊ ဂီတသင်ခန်းစာတွေမှသည် ပြင်ပစွန့်စားခန်း လုပ်ဆောင်မှုတွေအထိ အရာခပ်သိမ်း ရောင်းချလာကြပါတယ်။ နိုင်ငံရပ်ခြားမှ သူငယ်ချင်းတွေကိုလည်း လှူဒါန်းဖို့ တိုက်တွန်းလာကြပြီး မြန်မာနိုင်ငံတွင်း ရန်ပုံငွေ ကောက်ခံခြင်းဟာ ဖြုတ်ချခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စိန်ခေါ်နေတဲ့ နိုင်ငံရေးသတိရှိမှု ရေချိန်ကို မြင့်တက်လာစေခဲ့ပါတယ်။

Facebook အသုံးပြုသူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ရောင်းချတာ၊ အဲ့ဒီပစ္စည်းတွေကို ကြော်ငြာတာတွေကနေ ရရှိလာတဲ့ ငွေတွေအားလုံးကို အာဏာသိမ်းမှုကြောင့် ပိတ်ပင်ခံလိုက်ရတဲ့ ရွေးကောက်ခံ ပါလီမန် လွှတ်တော်အဖွဲ့ဝင်တွေ ထူထောင်ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ထံ ရန်ပုံငွေအဖြစ် ထည့်ဝင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)

အဲဒီ ကော်မတီက နိုင်ငံရဲ့ တရားနည်းလမ်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရဖြစ်ပြီး တရားရေးခိုင်မာမှု မရှိတဲ့ အာဏာရ စစ်အစိုးရကို ငြင်းပယ်ထားပါတယ်။ အပြန်အလှန်အားဖြင့် အဲဒီ စစ်အစိုးရကလည်း ကော်မတီကို တရားမဝင်အဖွဲ့ဖြစ်ကြောင်းနဲ့ သစ္စာဖောက်အဖွဲ့ဖြစ်ကြောင်း ကြေညာထားပြီး အဲ့ဒီကော်မတီ အဖွဲ့ဝင်တွေကိုသာမက ထောက်ခံနေသူကိုပါ ထောင်ချပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အာဏာရှင် ဆန့်ကျင်ရေး မိုးပျံပူဖောင်း သပိတ် (ဓာတ်ပုံ – AP)

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး မကြာမီ ဖွဲ့စည်းခဲ့တဲ့ CRPH ဟာ နိုင်ငံတွင်းမှာ လုပ်ငန်းတွေ စီမံဆောင်ရွက်ဖို့နဲ့ နိုင်ငံပြင်ပမှာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ငွေကြေး လိုအပ်လာပါတယ်။ အာဏာပိုင်တွေက အင်တာနက်ကို အနည်းကျဉ်းပဲ ပေးထားချိန် ဖြစ်ပေမယ့် ဖိုင်ဘာကြိုးနဲ့ ဆက်သွယ်ထားတဲ့ အနည်းငယ်သော အိမ်အရေအတွက်ဟာ အင်တာနက်ကို ရရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူငယ်အမျိုးသမီးတဦးဟာ K-pop ဂီတပစ္စည်းတွေနဲ့ အထူးသဖြင့် EXO အဖွဲ့ရဲ့ အမှတ်တရပစ္စည်းတွေကို ရောင်းချဖို့ ပြင်ခဲ့ပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ CRPH ထံလှူဒါန်းထားမှု ပြေစာကို သူ့ထံ ပြသရမှာဖြစ်ပြီး အများဆုံးလှူဒါန်းသူ မည်သူ့ကိုမဆို အဲ့ဒီပစ္စည်းတွေ ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် (ဓာတ်ပုံ – AP)

နောက်တဦးကတော့ LEGO Marvel Super Heroes ပစ္စည်းတွေကို ရောင်းချခဲ့ပါတယ်။ သူ့ရဲ့ သတင်းစကားမှာတော့ “အရမ်းတော့ ဈေးမကြီးပါဘူး။ ဒါပေမဲ့ အဲ့ဒါတွေက စုရတာ ခက်ပါတယ်။ တကယ်လို့ ခင်ဗျားက CRPH ထံ လှူဒါန်းထားတဲ့ ဖြတ်ပိုင်းကို ကျနော့်ဆီ ပြမယ်ဆိုရင် တခုခု ရွေးပေးပါ။ ပြီးရင် ကျနော် ခင်ဗျားကို ပေးပါ့မယ်” လို့ ရေးသားထားပါတယ်။

နောက်ထပ် သူငယ်ချင်းအဖွဲ့တခုကတော့ သူတို့ရဲ့ ဝတ္ထု၊ ကဗျာနဲ့ စိတ်ခွန်အားရဖွယ် စာအုပ် စုစည်းမှုတွေကို ကြော်ငြာတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရရှိတဲ့ ငွေတွေကတော့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသူတွေအတွက်ဖြစ်ပြီး အခြေအနေတွေ တည်ငြိမ်လာတဲ့အခါ အဲ့ဒီ ရောင်းချထားတဲ့ ပစ္စည်းတွေကို ဝယ်သူထံ ပို့ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Easter Egg Strike (ဓာတ်ပုံ – AP)

တခြားရောင်းချ လှူဒါန်းမှုတွေထဲမှာတော့ ၂၅ ဒေါ်လာ အထက် လှူဒါန်းသူတွေအတွက် မြန်မာ့ရိုးရာဝတ်စုံ အခမဲ့ ချုပ်ပေးတာ၊ ဘဝ တသက်တာလုံး တီးလာတဲ့ခဲ့တဲ့ ဂစ်တာနဲ့ ဂစ်တာ သင်ခန်းစာတွေကို ဂီတပညာရှင်က ရောင်းချတာ၊ ပိတ်ရက်မှာ လူ ၅ ဦး စွန့်စားခရီးထွက်ဖို့ ပြင်ပစွန့်စားခရီး ခေါင်းဆောင်က ခေါ်ဆောင်ပေးမယ့် အစီအစဉ်တွေ ပါဝင်ကြပါတယ်။

အဲဒီ စွန့်စားခရီးသွားခွင့်ကိုတော့ CPRH၊ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုထဲက တခုခုထံ လှူဒါန်းမှုဆိုင်ရာ ဖြတ်ပိုင်းရှိသူတွေထဲက ကံစမ်းမဲပေါက်သူက ရရှိမှာဖြစ်ပြီး အဲဒီ စွန့်စားခရီး အစီအစဉ်မှာ နေရပ် ရွှေ့ပြောင်းလာသူ ထောင်ပေါင်းများစွာကို ကူညီဖို့နဲ့ နေ့စဉ် ထောက်ပံ့ရေး အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ ပါဝင်ပါတယ်။

Ref: AP

You may also like these stories:

“အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွတ်ဖို့ ခက်မယ်”

တရုတ်ပစ္စည်းထက် ပြည်တွင်းဖြစ်ကို ပိုအားပေးကြဖို့ ထိုက်ထိုက် တိုက်တွန်း

ရဲတိုက် အဖမ်းခံရမှုအတွက် အမှန်တရား ပေါ်ပေါက်ဖို့ မင်းမော်ကွန်း တောင်းဆို

]]>
Facebook အသုံးပြုသူ ၅၃၃ သန်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြား https://burma.irrawaddy.com/business/it/2021/04/05/240364.html Mon, 05 Apr 2021 07:29:10 +0000 https://burma.irrawaddy.com/lytbox/?p=240364 Insider မီဒီယာက ပေါက်ကြားလာတဲ့ မှတ်တမ်း တော်တော်များများကို အတည်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုမျိုး အချက်အလက် ပေါက်ကြားမှုဟာ ၂၀၁၉ ခုနှစ်က ပြင်ဆင်ခဲ့တဲ့ အားနည်းချက်တခု ကြောင့်သာဖြစ်တယ်လို့ Insider ထံ Facebook က အကြောင်းပြ ပြောဆိုထားပါတယ်။]]> Insider မီဒီယာက ပေါက်ကြားလာတဲ့ မှတ်တမ်း တော်တော်များများကို အတည်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Facebook အကောင့်ပေါင်း ၅၅၃ သန်းမှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ အွန်လိုင်းပေါ်မှာ အတားအဆီးမရှိ ပေါက်ကြားလာခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာ သုတေသီ Alon Gal က ပြောဆိုလိုက်ပါတယ်။ Insider မီဒီယာကတော့ ပေါက်ကြားလာခဲ့တဲ့ မှတ်တမ်း တော်တော်များများကို အတည်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Insider မီဒီယာက “အဲဒီ ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲမှာ အမေရိကန်မှ အသုံးပြုသူ ၃၂ သန်း၊ ယူကေမှ အသုံးပြုသူ ၁၁ သန်း၊ အိန္ဒိယမှ အသုံးပြုသူ ၆ သန်း အပါအဝင် နိုင်ငံပေါင်း ၁၀၆ ခုမှ Facebook အသုံးပြုသူ ၅၃၃ သန်းကျော်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပါဝင်ပါတယ်”

“အဲ့ဒီအထဲမှာ ဖုန်းနံပါတ်တွေ၊ Facebook အိုင်ဒီတွေ၊ နာမည် အပြည့်အစုံတွေ၊ တည်နေရာတွေ၊ မွေးနေ့တွေ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိတွေ၊ အီးမေးလ် လိပ်စာတွေအထိ ပါဝင်ပါတယ်” လို့ ဆိုပါတယ်။

အခုလိုမျိုး အချက်အလက် ပေါက်ကြားမှုဟာ ၂၀၁၉ ခုနှစ်က ပြင်ဆင်ခဲ့တဲ့ အားနည်းချက်တခု ကြောင့်သာဖြစ်တယ်လို့ Insider ထံ Facebook က အကြောင်းပြ ပြောဆိုထားပါတယ်။

Facebook က “ဒါဟာ ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့ဖူးတဲ့ အချက်အလက် အဟောင်းသာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ အဲဒီ ပြဿနာကို ကျနော်တို့ တွေ့ရှိပြီး ပြင်ဆင်ခဲ့ပြီးပါပြီ” လို့ BleepingComputer မီဒီယာကို ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုသတင်းကို ဖော်ပြတဲ့ The Verge မီဒီယာက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ Facebook က တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

“Have I Been Pwned” ဆိုတဲ့ ဒေတာ အခြေစိုက်စနစ် ဖန်တီးသူ Troy Hunt ကတော့ “အခုလို ပေါက်ကြားမှုဟာ တရားဥပဒေ ဘောင်ဝင်၊ မဝင် ပြောနိုင်ဖို့အရာကို မတွေ့သေးပါဘူး”လို့ ဆိုပါတယ်။ အချက်အလက်တွေထဲမှာတော့ အီးမေးလ်ပေါင်း ၂ ဒသမ ၅ သန်းလောက် တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ထိခိုက်မှု အဖြစ်ဆုံးက ဖုန်းနံပါတ်တွေ ပါဝင်လာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

Hunt ကတော့ “Have I Been Pwned” မှာ ပေါက်ကြားထားတဲ့ အီးမေးလ် လိပ်စာတွေကို တင်ထားပြီးဖြစ်တာကြောင့် အခုပေါက်ကြားမှုဖြစ်စဉ်မှာ မိမိရဲ့ အီးမေးလ် ပါဝင်ခြင်း ရှိ၊ မရှိ သွားရောက် စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ဝန်ဆောင်မှုကတဆင့် အခုလို ပေါက်ကြားထားတဲ့ ဖုန်းနံပါတ်တွေကို တင်သင့်၊ မတင်သင့် စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

Ref: theverge

You may also like these stories:

မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက်

အင်တာနက် ပိတ်ခံထားရတဲ့ ကာလမှာ နှစ်စဉ်လိုင်စင်ကြေး တယ်လီနော သက်တမ်းထပ်တိုး

Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ

]]>
ကိုဗစ် ကူးစက်ခံထားရတဲ့ မင်းသား Akshay Kumar ဆေးရုံမှာ ကုသမှုခံယူ https://burma.irrawaddy.com/lifestyle/entertainment/2021/04/05/240357.html Mon, 05 Apr 2021 06:56:27 +0000 https://burma.irrawaddy.com/lytbox/?p=240357 မင်းသား Akshay Kumarကိုဗစ် ကူးစက်ခံခဲ့ရကြောင်း ကြေညာခဲ့ပြီး တရက်အကြာမှာ မင်းသား Akshay ဟာ သူဆေးရုံတက် နေရတယ်ဆိုတာကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။]]> မင်းသား Akshay Kumar

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ COVID-19 ပိုးတွေ့ အဖြေထွက်ထားတဲ့ နာမည်ကျော် ဘောလိဝုဒ် မင်းသား Akshay Kumar ဟာ ဆေးရုံကို တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို Twitter မှာ တင်ခဲ့ပြီး အဆင်ပြေတဲ့အကြောင်း ပရိသတ်တွေထံ သတင်းစကား ပါးခဲ့ပါတယ်။

ကိုဗစ် ကူးစက်ခံခဲ့ရကြောင်း ကြေညာခဲ့ပြီး တရက်အကြာမှာ မင်းသား Akshay ဟာ သူဆေးရုံတက် နေရတယ်ဆိုတာကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ အကြံပေးလမ်းညွှန်ချက် အောက်မှာ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်အနေနဲ့ ဆေးရုံတက်ခဲ့ရတာလို့လည်း သူက ဆိုပါတယ်။

မင်းသားက “ကျနော့်အတွက် နွေးနွေးထွေးထွေး ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော် အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆေးပညာဆိုင်ရာ လမ်းညွှန်ချက်ရဲ့အောက်မှာ ကြိုတင်ကာကွယ်မှု လုပ်ဆောင်ချက်အနေနဲ့ ကျနော် ဆေးရုံတက်လိုက်ရပါတယ်။ မကြာခင် ကျနော် အိမ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မကြာခင် အလုပ်ပြန်လုပ်နိုင်တော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့တုန်းကတော့ မင်းသားက “ဒီမနက်အစောပိုင်းမှာမှာ အားလုံးကို ကျနော်သတင်းပေးချင်ပါတယ်။ ကျနော် COVID-19 ပိုးတွေ့ အဖြေထွက်ထားပါတယ်။ အစီအမံ အားလုံးအတိုင်း လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကျနော် ချက်ချင်းပဲ သီးခြားခွဲနေခဲ့ပါတယ်”

“ကျနော်ဟာ အိမ်မှာပဲ Quarantine နေထိုင်နေရပြီး လိုအပ်တဲ့ ဆေးကုသမှုတွေကိုလည်း ခံယူခဲ့ပါတယ်။ ကျနော်နဲ့ ထိတွေ့ခဲ့တဲ့သူတွေအနေနဲ့လည်း ဆေးစစ်မှု ခံယူပြီး ဂရုစိုက်ကြဖို့ ကျနော် တလေးတစား တောင်းဆိုလိုပါတယ်။ အမြန်ဆုံး လုပ်ဆောင်ကြပါ” လို့ ရေးသားခဲ့ပါတယ်။

မင်းသား Akshay ဟာ အိန္ဒိယမှာ COVID-19 ပိတ်ဆို့ကန့်သတ် တားမြစ်ချက်တွေကို ဖယ်ရှားပေးခဲ့ပြီးတဲ့နောက် အနုပညာလုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်နေတဲ့ နာမည်ကျော် ဘောလိဝုဒ်စတားတယောက်လည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက စကော့တလန်နိုင်ငံမှာ ရိုက်ကူးနေတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် “Bellbottom” ကိုလည်း ဆက်လက် ရိုက်ကူးနေပြီး ၄၅ ရက်ကြာ ရိုက်ကူးရေးကာလအတွင်း ရုပ်ရှင်ရိုက်ကူးရေး ပြီးမြောက်စေဖို့ အဆိုင်း ၂ ဆိုင်းခွဲပြီး အလုပ်လုပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ မင်းသား Akshay ဟာ မင်းသမီး Jacqueline Fernandez, မင်းသမီး Nushrratt Bharuccha တို့နဲ့အတူ “Ram Setu” ရုပ်ရှင်ရိုက်ကူးရေးကို လုပ်ဆောင်ခဲ့ပါတယ်။ သတင်းတွေရဲ့အဆိုအရ အဲဒီရုပ်ရှင်အတွက် အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်း ၄၅ ယောက်လောက်လည်း ကိုဗစ်ပိုးတွေ့ အဖြေထွက်ထားတယ်လို့ သိရပါတယ်။

မင်းသားဟာ ကိုဗစ် ဒုတိယလှိုင်းကာလမှာ ရောဂါကူးစက်ခံခဲ့ရတဲ့ ဘောလိဝုဒ်စတားတွေထဲက နောက်ဆုံး မင်းသား ဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်တုန်းကလည်း Alia Bhatt, Aamir Khan, Kartik Aaryan, Fatima Sana Shaikh နဲ့ Govinda တို့လည်း ကိုဗစ် ကူးစက်ခံခဲ့ရပါတယ်။

Ref: hindustantimes

You may also like these stories:

ကိုဗစ် ကာကွယ်ဆေး ထိုးတဲ့ အတွေ့အကြုံ ဝေမျှခဲ့တဲ့ ဥက္ကာမင်းမောင်

“အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ”လို့ သန္တာလှိုင် ဆို

စစ်ဘေးရှောင်ဒေသများအတွက် လှူဒါန်းဖို့ သီချင်းရောင်းမယ့် Key Lashi

]]>
မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက် https://burma.irrawaddy.com/business/it/2021/04/01/240223.html Thu, 01 Apr 2021 12:31:38 +0000 https://burma.irrawaddy.com/lytbox/?p=240223 Facebook က မိတ်ဆက်လိုက်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုကို ယနေ့အထိ ပိတ်ပင်ထားဆဲ ဖြစ်ပေမယ့် သုံးစွဲသူအများစုက VPN များကို အသုံးပြုကာ ရယူသုံးစွဲနေကြဆဲ ဖြစ်ပါတယ်။]]> Facebook က မိတ်ဆက်လိုက်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ နာမည်ကျော် လူမှုကွန်ရက် ကုမ္ပဏီ Facebook ဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ကွန်ရက်ကို အသုံးပြုနေသူ အကောင့်ပိုင်ရှင်တွေအနေနဲ့ ဘေးကင်းလုံခြုံမှု ရရှိနိုင်စေမယ့် လုပ်ဆောင်ချက်တခုကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်ရပ်အတွင်း အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံမှု ရှိစေနိုင်ဖို့အတွက် ဆောင်ရွက်ပေးလိုက်ရတာဖြစ်တယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို မိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်အရ Facebook ကို အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ရေး အချက်အလက် ဒေတာ (Profile) ကို သူငယ်ချင်း ပြုလုပ်မထားသူ အများသူငါ ကြည့်မရအောင် ပိတ်ပင်ထားနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေက မိမိတို့ရဲ့ အတွေးအကြံ အစီအစဉ်ကို ထုတ်ဖော် ပြောဆိုတဲ့နေရာမှာ လုံခြုံမှုရှိတဲ့ ပလက်ဖောင်းတခု ဖြစ်စေဖို့နဲ့ ပြည်သူတွေ ဘေးကင်းမှု ရှိစေဖို့ ထပ်တိုး နည်းလမ်းတခု အနေနဲ့ ရှာဖွေလုပ်ဆောင်ပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ မကြာသေးမီ သီတင်းပတ်တွေအတွင်း တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေနဲ့ လူမှုအသိုက်အဝန်း အဖွဲ့နဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုအကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ထပ်တိုးလုပ်ဆောင်ချက်တခု လိုအပ်နေတယ်ဆိုတာကို နားလည် သဘောပေါက်ခဲ့တယ်လို့ Facebook က ဆိုပါတယ်။

အခုလို အသစ် ထပ်တိုးလိုက်ရတဲ့ လုပ်ဆောင်ချက်အရ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ Profile ကို အများသူငါ ကြည့်ရှုနိုင်ခြင်း မရှိအောင် ပိတ်ထားနိုင်သလို Facebook သုံးစွဲနိုင်မှုအပေါ် ထိန်းချုပ်မှု ပိုလိုချင်သူတွေအတွက် လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Facebook က မိတ်ဆက်လိုက်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်

အခုလို ထပ်တိုး လုပ်ဆောင်ချက်ဖြင့် Profile ကို ပိတ်ထားသူတွေဟာ မိမိရဲ့ Profile ဓာတ်ပုံနဲ့ မျက်နှာဖုံးဓာတ်ပုံ (Cover Photo) ကို မိမိနှင့် သူငယ်ချင်းဖြစ်မထားသူက ပုံကြီးချဲ့ခြင်း၊ ဝေမျှခြင်းနဲ့ ဒေါင်းလုဒ် ရယူခြင်းတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ အချိန်နှင့်အမျှ ဖော်ပြမှု (Timeline) ပေါ်က ဓာတ်ပုံနဲ့ ပို့စ်တွေကိုလည်း မိမိနှင့် သူငယ်ချင်း မဟုတ်သူများက မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အဲဒီလို ထပ်တိုးလုပ်ဆောင်ချက် အသစ်ကို ရယူလိုသူတွေ အနေနဲ့ Facebook မှာရှိတဲ့ မိမိ Profile ဓာတ်ပုံအောက်မှ အစက် ၃ စက်ကို နှိပ်ပါ။ Lock Profile ကို နှိပ်ပြီး အတည်ပြုကြောင်း ထပ်မံနှိပ်ပေးပါက သုံးစွဲလို့ရနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုကို ယနေ့အထိ ပိတ်ပင်ထားဆဲ ဖြစ်ပေမယ့် သုံးစွဲသူအများစုက VPN များကို အသုံးပြုကာ ရယူသုံးစွဲနေကြဆဲ ဖြစ်ပါတယ်။ သတင်းအမှားတွေ ထုတ်ဖော် ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုကာ အာဏာသိမ်း စစ်ကောင်စီ၊ တပ်မတော်နဲ့ ဆက်စပ်တဲ့ အကောင့်တွေ၊ လူပုဂ္ဂိုလ် အကောင့်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Facebook က ပိတ်ပင်ခဲ့ပါတယ်။

Ref: Facebook

You may also like these stories:

အင်တာနက် ပိတ်ခံထားရတဲ့ ကာလမှာ နှစ်စဉ်လိုင်စင်ကြေး တယ်လီနော သက်တမ်းထပ်တိုး

Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ

]]>
ကုလသမဂ္ဂထံ အကူအညီ တောင်းခံလိုက်တဲ့ မြန်မာ့အလှမယ် ဟန်လေး https://burma.irrawaddy.com/lifestyle/entertainment/2021/04/01/240182.html Thu, 01 Apr 2021 06:18:47 +0000 https://burma.irrawaddy.com/lytbox/?p=240182 “Miss Grand Myanmar 2020” အလှမယ် ဟန်လေး / Bangkok Post“Miss Grand Myanmar 2020” အလှမယ် ဟန်လေးဟာ မြန်မာနိုင်ငံက ပြည်သူတွေကို ရက်စက်မှုတွေကနေ ကယ်တင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းဆီ မတ်လ ၃၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။]]> “Miss Grand Myanmar 2020” အလှမယ် ဟန်လေး / Bangkok Post

“Miss Grand Myanmar 2020” အလှမယ် ဟန်လေးဟာ မြန်မာနိုင်ငံက ပြည်သူတွေကို ရက်စက်မှုတွေကနေ ကယ်တင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းဆီ မတ်လ ၃၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလှမယ် ရွေးချယ်ပွဲ နောက်ဆုံး ဖိုင်နယ်မှာ ဆန်ခါတင် အယောက် ၂၀ စာရင်းအထိ ပါဝင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲ အခြေအနေတွေကို ပြိုင်ပွဲ စင်မြင့်ထက်မှာ ကမ္ဘာသိအောင် ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် လူပြောများလာခဲ့သူ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ အသုံးချနေတာတွေကို ရပ်သင့်တယ်လို့ အလှမယ် ဟန်လေးက ပြောဆိုခဲ့ပြီး၊ အဲဒီ ပြောခဲ့တဲ့ စကားတွေကြောင့် သူမြန်မာပြည်ကို ပြန်တဲ့အခါ သူကိုယ်တိုင်နဲ့ သူ့ရဲ့ မိသားစု ပြစ်ဒဏ် ပေးခဲ့ရနိုင်ချေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

အလှမယ် ဟန်လေးက နောက်ဆုံးပြိုင်ပွဲ စင်ပေါ်ကို မတက်ခင်မှာ သူ့ရဲ့နိုင်ငံသားတွေက မြန်မာနိုင်ငံကို ကူညီရန် နိုင်ငံတကာ အသိုက်အဝန်းထံ အကူအညီ တောင်းခံပေးဖို့ အဲဒီ အချိန်အခါကို အသုံးချသင့်တယ်လို့ တောင်းဆိုမှုတွေ ရှိခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ ပြန်ပြောပြခဲ့ပါတယ်။

“Miss Grand Myanmar 2020” အလှမယ် ဟန်လေး (ဓာတ်ပုံ – Voice TV)

ဟန်လေးက “သူတို့က မင်းစင်ပေါ်ကို ရောက်တဲ့အချိန်မှာ ဒီမိုကရေစီအတွက် ကျေးဇူးပြုပြီး တောင်းဆိုပေးနိုင်မလားလို့ မေးကြတယ်။ ကျမက ဟုတ်ကဲ့ ကျမ တောင်းဆိုပေးပါ့မယ်။ ကျမက စင်ပေါ်မှာရပ်ပြီး ကျမ ထုတ်ဖော်ပြောဆိုပေးပါ့မယ်” လို့ မျက်ရည်သုတ်ရင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲမှာ သူ့ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ သူ့ရဲ့ မိသားစု အခြေအနေကို လူတော်တော်များများက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် သူ့ရဲ့ မိသားစုနဲ့ မတ်လ ၃၀ ရက်နေ့မှာ ဆက်သွယ်နိုင်ခဲ့ပြီး သူတို့တွေ ဘေးကင်းကြတယ်လို့ ဟန်လေးက ဆိုပါတယ်။

“Miss Grand Myanmar 2020” အလှမယ် ဟန်လေး (ဓာတ်ပုံ – Voice TV)

ဟန်လေးက “အရေးယူလုပ်ဆောင်ဖို့ ဘာတွေ စောင့်ဆိုင်းနေတာလဲလို့ ကုလသမဂ္ဂကို ကျမ ပြောချင်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ လူတော်တော်များများ သေခဲ့ရပါပြီ။ လုပ်ဖို့အတွက် အရေးအကြီးဆုံး အရာကတော့ လူသားဆန်မှုအကြောင်း စဉ်းစားပြီး ကျေးဇူးပြုပြီး ချက်ချင်း အရေးယူပေးဖို့ပါပဲ” လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပါဝင် ပတ်သက်မှုကို မျှော်လင့်နေပါသလားလို့ အမေရိကန် ဂျာနယ်လစ်တဦးရဲ့ မေးမြန်းမှုကိုတော့ ဟန်လေးက “လူတော်တော်များများ သေခဲ့ရပြီးပါပြီ။ နိုင်ငံတကာ အသိုက်အဝန်းက အရေးတကြီး ကြားဝင်ပေးသင့်ပါတယ်”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Ref: BangkokPost

You may also like these stories:

ထိုင်းရောက် မြန်မာတွေ စုပေါင်းပြီး အလှမယ် ဟန်လေးကို ဂုဏ်ပြု

အလှမယ် ဟန်လေးကို အနုပညာရှင်များ ဂုဏ်ပြုစကားဆို

သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်

]]>
အင်တာနက် ပိတ်ခံထားရတဲ့ ကာလမှာ နှစ်စဉ်လိုင်စင်ကြေး တယ်လီနော သက်တမ်းထပ်တိုး https://burma.irrawaddy.com/lifestyle/trend/2021/03/31/240140.html Wed, 31 Mar 2021 06:06:01 +0000 https://burma.irrawaddy.com/lytbox/?p=240140 တယ်လီနော မြန်မာ / ဧရာဝတီအခုလို ဆုံးဖြတ်ချက်ချလိုက်ရတာဟာ မြေပြင်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ တရားဝင်ဖြစ်မှု အပါအဝင် ကျယ်ပြန်တဲ့ အကဲဖြတ်မှုတွေအပေါ်လည်း အခြေခံထားတယ်လို့ ဆိုပါတယ်။]]> တယ်လီနော မြန်မာ / ဧရာဝတီ

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း မိုဘိုင်းကွန်ရက်မှ တဆင့် အင်တာနက်ရယူ အသုံးပြုမှုကို ပိတ်ပင်ထားချိန်မှာ ဖုန်းအော်ပရေတာ ကုမ္ပဏီတခုဖြစ်တဲ့ တယ်လီနောက နှစ်စဉ် ပေးဆောင်နေရတဲ့ လိုင်စင်ကြေးကို ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြမှုတွေအတွင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရချိန်မှာ အခုလိုမျိုး လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ဒေတာကွန်ရက်ကို ချက်ချင်း ပြန်ဖွင့်ပေးပြီး နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံက အပြုသဘော မဆောင်တဲ့ တိုးတက်မှုတွေ၊ မတ်လ ၁၅ ရက်နေ့ကစလို့ မိုဘိုင်းဒေတာ ကွန်ရက်တွေ မရရှိတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ အတွေးအမြင် ဖလှယ်ခွင့် ရှိစေဖို့၊ ချိတ်ဆက်ဆက်သွယ် ဆောင်ရွက်နိုင်ဖို့ အင်တာနက် ကွန်ရက်ကို အချိန်ပြည့် ဖွင့်သွားပေးသင့်တယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီတခုအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ချိန်ကစလို့ တရားဝင် လိုင်စင်ဝင်ဖို့ ကိစ္စတွေအပါအဝင် အခက်အခဲ အကျပ်အတည်း တော်တော်များများကို ရင်ဆိုင်ခဲ့ရပြီး တချိန်တည်းမှာပဲ ပြည်သူ သန်းပေါင်းများစွာဟာလည်း အချင်းချင်းကြား ဆက်သွယ်မှုတွေ ရှိစေနိုင်ဖို့ တယ်လီနော မြန်မာအပေါ် အားထားနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ကုမ္ပဏီအနေနဲ့ ၂၀၁၃ ခုနှစ်ကစလို့ နှစ်စဉ်ကြေး ပေးသွင်းရမယ့် အစီအစဉ် ပါဝင်တဲ့ လိုင်စင်ကို ရယူထားပြီး ဆက်သွယ်ရေး ကွန်ရက်တခုကို လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လအကုန်မှာတော့ တယ်လီနောဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ကိုယ်စားပြုတဲ့ တယ်လီကွန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ နှစ်စဉ်လိုင်စင်ကြေး ပေးသွင်းရမှာဖြစ်ကြောင်း၊ အခုလိုမျိုး လိုင်စင်ကြေးပေးသွင်းတဲ့ တာဝန်ကို ဆောင်ရွက်လိုက်ရတာကတော့ မြန်မာပြည်သူတွေအတွက် မိုဘိုင်း ဆက်သွယ်မှုကို ဆက်လက် ထောက်ပံ့ပေးနိုင်ဖို့ တယ်လီနောအနေနဲ့ လိုအပ်လို့ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုလို ဆုံးဖြတ်ချက်ချလိုက်ရတာဟာ မြေပြင်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ တရားဝင်ဖြစ်မှု အပါအဝင် ကျယ်ပြန်တဲ့ အကဲဖြတ်မှုတွေအပေါ်လည်း အခြေခံထားတယ်လို့ ဆိုပါတယ်။ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ မြန်မာပြည်သူတွေရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုအတွက် ဆယ်သွယ်ရေးနဲ့ သတင်းအချက်အလက် ရယူမှုဟာ အရေးကြီးတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

တယ်လီနောအုပ်စု အနေနဲ့ လက်ရှိ ဒေတာကွန်ရက်ကို ဖြတ်တောက် ပိတ်ချထားတာဟာ သူတို့ရဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးနိုင်ခွင့်နဲ့ ပတ်သက်လို့ အနှောင့်အယှက် ဖြစ်ရကြောင်း ဝန်ကြီးဌာနထံ အလေးပေး ပြောကြားထားတယ်လို့လည်း ဆိုပါတယ်။

ဒ့ါအပြင် မိုဘိုင်းအင်တာနက် ပိတ်ချထားမှုကို ချက်ချင်း ဖယ်ရှားပေးရေး၊ တရားဥပဒေ စိုးမိုးစေရေး၊ လူ့အခွင့်အရေး စံနှုန်းများ အပါအဝင် နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ တယ်လီကွန်း လုပ်ငန်းအတွက် ခိုင်မာတဲ့ စည်းကမ်းထိန်းသိမ်းရေး မူဘောင်နဲ့ ဥပဒေများ ဖြစ်ထွန်းစေရေးကိုလည်း မြန်မာအာဏာပိုင်တွေထံ တယ်လီနော မြန်မာက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စစ်အာဏာသိမ်းကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စတင်ပြီး မိုဘိုင်းဖုန်း ဒေတာကွန်ရက်နဲ့ ဖိုင်ဘာအင်တာနက် ကွန်ရက်ရယူ သုံးစွဲမှုတွေကို အချိန်ပိုင်းနဲ့ ကန့်သတ် ပိတ်ပင်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်း နိုင်ငံအတွင်းရှိ ဒေသတချို့မှာ မာရှယ်လော ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတဝန်းလုံးမှ မိုဘိုင်းဖုန်းမှတဆင့် အင်တာနက် သုံးစွဲခွင့်ကို အချိန်ပြည့် ဖြတ်တောက်ခဲ့ပါတယ်။

Ref: TelenorMyanmar

You may also like these stories:

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ဒုတိယအကြိမ် သဲမုန်တိုင်း တိုက်ခတ်

လက်သုံးချောင်းထောင်မိလို့ Selangor II ကလပ်မှ ဟိန်းထက်အောင် ပွဲပယ် ပြစ်ဒဏ်ပေးခံရ

Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ

]]>
လက်သုံးချောင်းထောင်မိလို့ Selangor II ကလပ်မှ ဟိန်းထက်အောင် ပွဲပယ် ပြစ်ဒဏ်ပေးခံရ https://burma.irrawaddy.com/lifestyle/trend/2021/03/28/239986.html Sun, 28 Mar 2021 11:29:50 +0000 https://burma.irrawaddy.com/lytbox/?p=239986 Selangor II FC အသင်းရဲ့ တောင်ပံကစားသမား ဟိန်းထက်အောင်မတ်လ ၆ ရက်၊ ကစားပွဲပြီးတဲ့နောက် Selangor II အသင်းရဲ့ တရားဝင် Twitter အကောင့်မှာ လက်သုံးချောင်းထောင်နေတဲ့ ဟိန်းထက်အောင်ရဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။]]> Selangor II FC အသင်းရဲ့ တောင်ပံကစားသမား ဟိန်းထက်အောင်

မလေးရှားပရီးမီးယားလိဂ်ရဲ့ Selangor II FC အသင်းမှ မြန်မာနိုင်ငံသား တောင်ပံကစားသမား ဟိန်းထက်အောင်ဟာ ကစားပွဲတပွဲအတွင်းမှာ နိုင်ငံရေး သင်္ကေတ တခုကို ဖော်ပြခဲ့မိတဲ့အတွက် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) ရဲ့ ထုတ်ပြန်ချက်ထဲမှာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အသက် ၁၉ နှစ်အရွယ် ဟိန်းထက်အောင်ရဲ့ လုပ်ရပ်ဟာ အားကစားသမား မပီသဘူးဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

FAM ရဲ့ အဆိုအရ ဟိန်းထက်အောင်ဟာ ကွာလာလမ်ပူ ဘောလုံး အားကစားကွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ Selangor အသင်းနဲ့ PDRM FC အသင်းတို့ရဲ့ ပွဲအတွင်း FAM ရဲ့ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်း အပိုဒ် ၅၉ ကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။

FAM ရဲ့ စည်းကိမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်း အပိုဒ် ၅၉ မှာတော့ တစုံတဦးကို စော်ကားရန် နည်းလမ်းတမျိုးမျိုးဖြင့် ဒေါသတကြီး တုံ့ပြန်ဖော်ပြသော ကိုယ်နေဟန်ထားနဲ့ ဘာသာစကားကို အသုံးပြုခြင်း (သို့မဟုတ်) အားကစားသမား မဆန်သော အပြုအမူကို နည်းလမ်းတမျိုးမျိုးဖြင့် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဟိန်းထက်အောင်ဟာ လာမယ့် ဧပြီလ ၂ ရက်နေ့မှာ Perak FC II အသင်းနဲ့ ကစားမယ့် Selangor II အသင်းရဲ့ M-League ကစားပွဲတပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ FAM ကတော့ ဟိန်းထက်အောင်ကို ပြင်းပြင်းထန်ထန် သတိပေးထားပြီး နောက် အလားတူ လုပ်ရပ်မျိုး လုပ်ဆောင်ခြင်းမပြုစေရန် ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ထားတယ်လို့ ဆိုပါတယ်။

Selangor II FC အသင်းရဲ့ တောင်ပံကစားသမား ဟိန်းထက်အောင်
ဟိန်းထက်အောင်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင် တုံ့ပြန်တဲ့နေရာမှာ ဆန္ဒပြသူတွေ ဖော်ပြလေ့ရှိတဲ့ သင်္ကေတတခုဖြစ်တဲ့ လက်သုံးချောင်းထောင် သင်္ကေတကို ကစားပွဲအတွင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သင်္ကေတဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့သူတွေကြားမှာ ထင်ရှားတဲ့ လက္ခဏာတရပ်လည်း ဖြစ်လာခဲ့ပါတယ်။

မတ်လ ၆ ရက်၊ ကစားပွဲပြီးတဲ့နောက် Selangor II အသင်းရဲ့ တရားဝင် Twitter အကောင့်မှာ လက်သုံးချောင်းထောင်နေတဲ့ ဟိန်းထက်အောင်ရဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဓာတ်ပုံ ပါဝင်တဲ့ ပို့စ်ကို ပြန်လည် ဖြုတ်ချခဲ့ပါတယ်။

PDRM FC အသင်းဘက်ကို ဂိုးကန်သွင်းယူခဲ့ပြီးတဲ့နောက် အောင်ပွဲခံတဲ့ နေရာမှာ အခုလိုမျိုး ကစားသမားရဲ့ လက်သုံးချောင်းထောင် ဖော်ပြမှုကို ရှင်းချက် ထုတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပြီးတဲ့နောက် Selangor II အသင်းက သူတို့ရဲ့ ပို့စ်ကို ပြန်လည် ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဟိန်းထက်အောင်ရဲ့ ပွဲပယ် ပြစ်ဒဏ်ဖြစ်စဉ်ကို နယ်စပ်ဖြတ်ကျော် လူငယ်လှုပ်ရှားမှုဖြစ်တဲ့ “Milk Tea Alliance” မှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိကြောင်းနဲ့ ကစားသမားနဲ့အတူ ရပ်တည်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Twitter မှာတော့ အဲဒီ လှုပ်ရှားမှုရဲ့ မလေးရှားနိုင်ငံဆိုင်ရာ အဖွဲ့ကတော့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း၊ မလေးပြည်နယ်အသင်းအတွက် ကစားနေတဲ့ မြန်မာနိုင်ငံသားတယောက်က တပ်မတော်အတွက် သူ့ရဲ့ အပြစ်တင်မှုကို ပြသခွင့် မရှိဘူးလို့ စောဒက တက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှ ဂျာနယ်လစ်တဦးကလည်း ဘောလုံးအသင်း စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်လို့ ပြစ်ဒဏ်ပေးခံရကြောင်းနဲ့ လူသားတယောက်ရဲ့ ကျင့်ဝတ်နဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားထားတဲ့ ဟိန်းထက်အောင်ရဲ့ ထုတ်ပြန်ချက်ကို Twitter မှာ ပြန်လည် ဝေမျှခဲ့ပါတယ်။

Ref: Says

You may also like these stories:

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

]]>
စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိအောင် ထုတ်ပြောတဲ့ အလှမယ် ဟန်လေး https://burma.irrawaddy.com/lifestyle/entertainment/2021/03/28/239965.html Sun, 28 Mar 2021 06:56:33 +0000 https://burma.irrawaddy.com/lytbox/?p=239965 Miss Grand Myanmar 2020 အလှမယ် ဟန်လေးဒါ့အပြင် ဟန်လေးဟာ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ “Heal The World” သီချင်းစာသားကို သီဆိုရင်း သူ့ရဲ့ ပြောဆိုမှုကို အဆုံးသတ်ခဲ့ပါတယ်။]]> Miss Grand Myanmar 2020 အလှမယ် ဟန်လေး

ထိုင်းနိုင်ငံမှာ မတ်လ ၂၇ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ အလှမယ် ဟန်လေးက မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေအကြောင်း ပြိုင်ပွဲ စင်မြင့်ထက်မှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဒီမိုကရေစီ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေဟာလည်း ထိန်းသိမ်းခံထားရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အချိန်ကစလို့ မြန်မာနိုင်ငံသားတွေဟာ စစ်တပ်ကို လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး အခုအချိန်အထိ လူ့အသက်ပေါင်း ၄၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကလေးငယ်တဦး အပါအဝင် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြောင့် လူ ၆၄ ဦး သေဆုံးခဲ့တဲ့ မတ်လ ၂၇ ရက် တရက်တည်းမှာပဲ အလှမယ် ရွေးပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ အလှမယ်ပြိုင်ပွဲရဲ့ အရေးအကြီးဆုံး အချိန်အခိုက်အတန့်မှာ အလှမယ် ဟန်လေးက “ဒီည ဒီစင်မြင့်ထက်မှာ ကျမ ရပ်နိုင်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။ ကျမ အခု ဒီစင်မြင့်ပေါ်မှာ စကားပြောနေရတဲ့ အကြောင်းအရင်းကတော့ ဒီနေ့ ကျမရဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူတော်တော်များများ သေဆုံးခဲ့ကြရလို့ပါပဲ”လို့ မျက်ရည်ကျပြီး ပြောဆိုခဲ့ပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး

ဟန်လေးက “အသက်တွေ ဆုံးရှုံးခဲ့ကြရတဲ့လူတိုင်းအတွက် ကျမ တကယ့်ကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူတိုင်းဟာ လမ်းတွေပေါ်မှာ ဒီမိုကရေစီကို တောင်းဆို ဆန္ဒပြနေစဉ်မှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ကျမက ဒီညမှာ ဒီမိုကရေစီအတွက် ဒီစင်မြင့်ထက်မှာ ရှိနေတာပါ။ နိုင်ငံတကာအနေနဲ့လည်း ကျမတို့နိုင်ငံရဲ့ အခြေအနေကို ကျေးဇူးပြုပြီး စောင့်ကြည့်ပေးကြပါ”

“အခုလိုမျိုး ပြောခွင့်ပြုတဲ့အတွက်လည်း ကျမ ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံကို ကူညီပေးကြပါ။ လူငယ်မျိုးဆက်သစ်တွေအတွက် မြန်မာနိုင်ငံဆီ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးကြပါ”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဟန်လေးဟာ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ “Heal The World” သီချင်းစာသားကို သီဆိုရင်း သူ့ရဲ့ ပြောဆိုမှုကို အဆုံးသတ်ခဲ့ပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး

အလှမယ် ဟန်လေးအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအကြောင်း အများသိရှိစေဖို့ ပြောဆိုမှုက ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာလည်း ပို့စ်တွေ တင်ခဲ့ဖူးသလို မြန်မာနိုင်ငံရဲ့ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM အတွက် ရန်ပုံငွေ ကောက်ခံမှုအကြောင်းလည်း မျှဝေခဲ့ပါတယ်။

ဟန်လေးဟာ သေဆုံးခဲ့ကြရသူတွေအတွက် ဂုဏ်ပြုစကားဆိုခဲ့ပြီး ရန်ကုန်တက္ကသိုလ်က သူနဲ့ ကျောင်းတူတဲ့ ကျောင်းသားတချို့ အပါအဝင် ဆန္ဒပြသူတွေ အဖမ်းခံခဲ့ရတဲ့အကြောင်းကိုလည်း တင်ခဲ့ပါတယ်။ “Miss Grand International 2020” ဖိုင်နယ်ပြိုင်ပွဲမှာ အလှမယ်ဟန်လေးဟာ Top 20 အထိ ဝင်ခဲ့ပြီး သရဖူကိုတော့ အမေရိကန်အလှမယ် Abena Appiah က ရရှိခဲ့ပါတယ်။

Ref: Rappler

You may also like these stories:

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ

]]>
Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ https://burma.irrawaddy.com/lifestyle/trend/2021/03/22/239759.html Mon, 22 Mar 2021 12:10:35 +0000 https://burma.irrawaddy.com/lytbox/?p=239759 Moonton Technology ကုမ္ပဏီဟာ Mobile Legends အွန်လိုင်းဂိမ်းနဲ့ အရှေ့တောင်အာရှမှာ နာမည်အကျော်ကြားဆုံး နည်းပညာကုမ္ပဏီလည်း ဖြစ်ပါတယ်။အခုလို ဝယ်ယူ ပိုင်ဆိုင်လိုက်တဲ့ အနေအထားနဲ့ အရွယ်အစားကိုတော့ ByteDance ကုမ္ပဏီက မှတ်ချက်ပေး ပြောဆိုတာ မရှိခဲ့ပါဘူး။ ]]> Moonton Technology ကုမ္ပဏီဟာ Mobile Legends အွန်လိုင်းဂိမ်းနဲ့ အရှေ့တောင်အာရှမှာ နာမည်အကျော်ကြားဆုံး နည်းပညာကုမ္ပဏီလည်း ဖြစ်ပါတယ်။

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီက ရှန်ဟိုင်းမြို့မှာ အခြေစိုက်တဲ့ ဂိမ်းစတူဒီယို Moonton Technology ကို ဝယ်ယူဖို့ သူတို့ရဲ့ ဗီဒီယိုဂိမ်းအဖွဲ့ခွဲ Nuverse က သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပြီး၊ ဒါဟာ သူတို့ ကုမ္ပဏီအတွက် ဗီဒီယိုဂိမ်း လုပ်ငန်းတွေကို နောက်ထပ် တိုးချဲ့ဖို့ လုပ်ဆောင်လာတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

Mobile Legends ဂိမ်းကို ပိုင်ဆိုင်တဲ့ အဲဒီ ဂိမ်းစတူဒီယိုအတွက် အရောင်းအဝယ် တန်ဖိုးကတော့ ဒေါ်လာ ၄ ဘီလီယံ ဝန်းကျင်လောက် ရှိတယ်လို့ သတင်းရင်းမြစ် နှစ်ခုက ရိုက်တာ သတင်းဌာနကို ပြောဆိုထားပါတယ်။

အဲဒီ ဗီဒီယိုဂိမ်း စတူဒီယိုကို ပိုင်ဆိုင်လိုက်ရတာကြောင့် TikTok နဲ့ တရုတ်ဗီဒီယို ပလက်ဖောင်း Douyin တို့ကို ပိုင်ဆိုင်တဲ့ ByteDance အတွက် ဗီဒီယိုဂိမ်း လုပ်ငန်းမှာ ပိုမို နယ်ပယ် ကျယ်ပြန့်သွားစေမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ Tencent ကုမ္ပဏီနဲ့ အပြိုင်ဖြစ်လာမှာပါ။ ဒါပေမဲ့ အခုလို ဝယ်ယူ ပိုင်ဆိုင်လိုက်တဲ့ အနေအထားနဲ့ အရွယ်အစားကိုတော့ ByteDance ကုမ္ပဏီက မှတ်ချက်ပေး ပြောဆိုတာ မရှိခဲ့ပါဘူး။

ကုမ္ပဏီတွင်း ထုတ်ပြန်ချက်မှာတော့ Moonton ရဲ့ စီအီးအို Yuan Jing ကတော့ အခုလိုမျိုး အရောင်းအဝယ် ကိစ္စပြီးတဲ့နောက် ကုမ္ပဏီက ByteDance နဲ့ အမှီအခို မရှိဘဲ လုပ်ငန်းတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောဆိုထားတဲ့အကြောင်း အမည် မဖော်လိုသူသတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

Tencent ရဲ့ ဝန်ထမ်းဟောင်းတဦး တည်ထောင်ထားတဲ့ Moonton Technology ကုမ္ပဏီဟာ Mobile Legends အွန်လိုင်းဂိမ်းနဲ့ အရှေ့တောင်အာရှမှာ နာမည်အကျော်ကြားဆုံး နည်းပညာကုမ္ပဏီအဖြစ် ရောက်ရှိထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဗီဒီယိုဂိမ်းနဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီ Tencent ဟာ Moonton ကို လေလံပေးဝယ်ယူဖို့ ပြင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သူတို့ရဲ့ ကမ်းလှမ်းချက်ဟာ ByteDance အပြိုင်ဖြစ်လာခဲ့တယ်လို့ သတင်းရင်းမြစ် နှစ်ခုက ဆိုပါတယ်။

အခုလိုမျိုး ByteDance ရဲ့ ပိုင်ဆိုင်မှုအသစ်ကြောင့် MOBA ဂိမ်းတခုကို သူတို့ရဲ့ ပိုင်ဆိုင်မှုအောက်ထဲ ထည့်သွင်းနိုင်ခဲ့ပြီး Tencent အတွက် ငွေရှာပေးနေတဲ့ “Honor of Kings” နဲ့ ”League of Legends” တို့ကို ယှဉ်ပြိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ Tencent နဲ့ Riot Games ကုမ္ပဏီတို့ဟာ မူပိုင်ခွင့် ချိုးဖောက်မှုတွေအတွက် Moonton ကုမ္ပဏီအပေါ် တရားစွဲဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Ref: Reuters

You may also like these stories:

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဆယ်စုနှစ်တခုကြာ အဆိုးဆုံး သဲမုန်တိုင်း တိုက်ခတ်

Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်

ဆန္ဒပြပွဲအတွင်း သေဆုံးသူများကို စာရင်းပြုစုထားတဲ့ “Heroes of Myanmar” ဝက်ဘ်ဆိုက်

]]>