Aurora, Author at ဧရာဝတီ https://burma.irrawaddy.com/author/60614 Covering Burma and Southeast Asia Sun, 16 Jul 2023 23:46:37 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Aurora, Author at ဧရာဝတီ https://burma.irrawaddy.com/author/60614 32 32 Test kits အဟောင်း သုံးခဲ့တဲ့ အင်ဒိုနီးရှား ဓာတ်ခွဲခန်း ဝန်ထမ်းတွေကို ဖမ်းဆီး အရေးယူ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/29/241266.html Thu, 29 Apr 2021 10:37:26 +0000 https://burma.irrawaddy.com/lytbox/?p=241266 Test kits အဟောင်းတွေနဲ့ စစ်ဆေးပေးနေတယ်လို့ တိုင်ကြားလာခဲ့အပြီးမှာ တာဝန်ရှိသူတွေဟာ အဆိုပါ ဓာတ်ခွဲခန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။အခုချိန်ထိတော့ အဆိုပါ တခါသုံး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ Test kits အဟောင်းတွေနဲ့ ခရီးသည်ဘယ်နှဦးထိ ပြန်အသုံးပြုခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။]]> Test kits အဟောင်းတွေနဲ့ စစ်ဆေးပေးနေတယ်လို့ တိုင်ကြားလာခဲ့အပြီးမှာ တာဝန်ရှိသူတွေဟာ အဆိုပါ ဓာတ်ခွဲခန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

အင်ဒိုနီးရှား လေဆိပ်ရှိ ဓာတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ တခါသုံး ပစ္စည်းတွေကို ပြန်အသုံးပြုခဲ့တာကြောင့် ဓာတ်ခွဲခန်း ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေဟာ လေဆိပ်ရှိ ဓာတ်ခွဲခန်းမှာ ကုန်ကျစရိတ် လျှော့ချတဲ့အနေနဲ့ ခရီးသွားတွေကို Test kits အဟောင်း ပြန်အသုံးပြု စစ်ဆေးပေးနေတာကို တွေ့ရှိခဲ့အပြီးမှာ ဖမ်းဆီးခဲ့တာပါ။

ဆူမတြာကျွန်း မြောက်ဘက် Kualanamu နိုင်ငံတကာ လေဆိပ်ထဲမှာရှိတဲ့ Kimia Farma ဓာတ်ခွဲခန်းဝန်ထမ်းတွေဟာ အသုံးပြုပြီးတဲ့ Test kits အဟောင်းတွေနဲ့ စစ်ဆေးပေးနေတယ်လို့ တိုင်ကြားလာခဲ့အပြီးမှာ တာဝန်ရှိသူတွေဟာ အဆိုပါ ဓာတ်ခွဲခန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ ခရီးသည်တွေမှာ Test kits အဟောင်းတွေနဲ့ စစ်ဆေးခံခဲ့ရတာကြောင့် Positive ဆိုပြီး ရလဒ်အမှားတွေ ထွက်လာတယ်ဆိုကာ တိုင်ကြားခဲ့ကြတာပါ။

ရဲတဦးက ကျန်းမာရေးစစ်မယ့်သူအဖြစ် အသွင်ယူကာ နှာခေါင်းတို့ဖတ်ယူ စစ်ဆေးခဲ့ပြီးနောက် ၁၀ မိနစ် အကြာမှာပဲ အဆိုပါ လေဆိပ်ရှိ ဓာတ်ခွဲခန်းက Positive ရလဒ်ထွက်နေကြောင်း ပြသခဲ့ပါတယ်။ မကြာခင်မှာပဲ ရဲအရာရှိတွေဟာ ဓာတ်ခွဲခန်းမှာ အသုံးပြုနေတဲ့ နှာခေါင်းတို့ဖတ်စစ် ပစ္စည်းတွေကို စစ်ဆေးခဲ့ရာ ပြန်လည်ဆေးကြော သန့်စင် အသုံးပြုထားတာကို တွေ့ရှိခဲ့ပါတယ်။

အခုချိန်ထိတော့ အဆိုပါ တခါသုံး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ Test kits အဟောင်းတွေနဲ့ ခရီးသည်ဘယ်နှဦးထိ ပြန်အသုံးပြုခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ရဲအရာရှိတွေဟာ ဓာတ်ခွဲခန်းရှိ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၅ ဦးကို သက်သေခံပစ္စည်းနဲ့တကွ ဖမ်းဆီးမိခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး ဆေးဝါးကုမ္ပဏီကြီးတခုဖြစ်တဲ့ Kimia Farma ဘက်က Kualanamu နိုင်ငံတကာလေဆိပ်ရှိ ဓာတ်ခွဲခန်းက ဝန်ထမ်းတွေဟာ ကုမ္ပဏီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ဖော်ပြထားတဲ့ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ ရဲဌာနဘက်ကတော့ အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူတာတွေကို ထုတ်ဖော် ပြောဆိုသွားမှာမဟုတ်ကြောင်း ဆိုပါတယ်။

အင်ဒိုနီးရှားမှာ လေကြောင်းခရီး အပါအဝင် ပြည်တွင်းခရီးသွားမယ့်သူတိုင်းဟာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ Test kits နဲ့ စစ်ဆေးထားတဲ့ အထောက်အထားပြသရမှာ ဖြစ်ပါတယ်။ COVID-19 စစ်ဆေးတဲ့ Test kits တွေဟာ စစ်ဆေးမယ့်သူရဲ့ နှာခေါင်း၊ အာခေါင်ထဲထိ နမူနာယူ စစ်ဆေးရတာဖြစ်လို့ တခါသုံးအနေနဲ့ပဲ အသုံးပြုရတာပါ။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ COVID-19 ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှားမှာ ကူးစက်လူနာပေါင်း ၁ သန်းခွဲ ကျော်လွန်နေပြီး၊ သေဆုံးသူကတော့ ၄၅,၀၀၀ ကျော်ရှိပါတယ်။ အာရှမှာ ကူးစက်မှုအများဆုံး စတုတ္ထနေရာမှာ ရှိနေတာပါ။

Ref: Coconuts Indonesia

You may also like these stories:

သုံးမျိုးစပ် မျိုးကွဲသစ် ကူးစက်မှုနဲ့ အိန္ဒိယရဲ့ ကိုဗစ် ဒုတိယလှိုင်း အခြေအနေ

ဖိလစ်ပိုင်မှာ ကိုဗစ် ကူးစက်လူနာပေါင်း ၁ သန်း ကျော်ပြီ

Mask မတပ်တဲ့ ထိုင်းဝန်ကြီးချုပ် စည်းကမ်း ချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံရ

]]>
သုံးမျိုးစပ် မျိုးကွဲသစ် ကူးစက်မှုနဲ့ အိန္ဒိယရဲ့ ကိုဗစ် ဒုတိယလှိုင်း အခြေအနေ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/28/241226.html Wed, 28 Apr 2021 10:22:54 +0000 https://burma.irrawaddy.com/lytbox/?p=241226 အိန္ဒိယဟာ ကမ္ဘာမှာ နေ့စဉ် ကူးစက်မှုနှုန်း အဆိုးဆုံးဖြစ်နေတာ ၁၀ ရက်ကျော် ရှိပါပြီ။အိန္ဒိယမှာ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်ကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇကွဲ သုံးမျိုး ပေါင်းစပ်နေတဲ့ မျိုးကွဲသစ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။]]> အိန္ဒိယဟာ ကမ္ဘာမှာ နေ့စဉ် ကူးစက်မှုနှုန်း အဆိုးဆုံးဖြစ်နေတာ ၁၀ ရက်ကျော် ရှိပါပြီ။

ဖေဖော်ဝါရီလတုန်းကဆိုရင် အိန္ဒိယနိုင်ငံရဲ့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ စတင်ကူးစက်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ပထမလှိုင်းကထက် ၉၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး ကမ္ဘာမှာ ကူးစက်မှု အများဆုံး တတိယနေရာကိုတောင် ဆင်းသွားနိုင်ခဲ့တဲ့ထိ ထိန်းချုပ် အောင်မြင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ နေ့စဉ် ကူးစက်မှုနှုန်း အဆိုးဆုံးဖြစ်နေတာ ၁၀ ရက်ကျော်လာပြီး၊ စံချိန်တင် ၃ သိန်းခွဲကျော် မြင့်တက်လာခဲ့တာ တပတ်နီးပါး ရှိနေပါပြီ။ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်အရလည်း အိန္ဒိယမှာ ကိုဗစ် ကူးစက်လူနာပေါင်း ၃၆၀,၉၆၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကို ထားရှိပေးဖို့ ဆေးရုံ နေရာတွေ၊ ဆေးဝါးတွေ မလုံလောက်တော့တဲ့အပြင် အဓိက လိုအပ်တဲ့ အောက်စီဂျင် ရှားပါးနေတာကြောင့် သေဆုံးမှုအရေအတွက် ပိုများနေတာပါ။ သေဆုံးလူနာတွေကို အစုလိုက် မီးသင်္ဂြိုဟ် ပေးနေရသလို၊ မီးသင်္ဂြိုဟ်ဖို့အတွက် တန်းစီ စောင့်ဆိုင်းနေရတဲ့ မိသားစုဝင်တွေလည်း ရှိနေဆဲပါ။


ဆူနာမီ ရေလှိုင်းလို တရှိန်ထိုး မြင့်တက်လာတဲ့ ကူးစက်နှုန်းကြောင့် နိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြိုလဲကျမသွားအောင် ကမ္ဘာ့နိုင်ငံတွေကပါ အကူညီပေးဖို့ တောင်းခံထားရပါတယ်။ ဒါပေမဲ့လည်း လျော့ကျမသွားတဲ့အပြင် တရိပ်ရိပ် မြင့်တက်လာတာကြောင့် အခြေအနေ ပိုမိုဆိုးရွားလာမှာကို ပညာရှင်တွေ စိုးရိမ်နေပါတယ်။

အိန္ဒိယမှာ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်ကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇကွဲ သုံးမျိုး ပေါင်းစပ်နေတဲ့ မျိုးကွဲသစ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မဟာရာရှ်ထရာ၊ ဒေလီ၊ အနောက်ဘန်ဂေါလ်နဲ့ ချဟာတစ်ဂါ ပြည်နယ်လေးခုမှာ အဆိုပါ သုံးမျိုးစပ် ဗီဇကွဲသစ် ၂ မျိုးကို တွေ့ရှိထားတာပါ။


ပညာရှင်တွေကတော့ အဆိုပါ သုံးမျိုးစပ် ဗီဇကွဲသစ် ဘန်ဂေါလ် ဗီဇကွဲအကြောင်းကို လေ့လာ စုံစမ်းနေပြီး လက်ရှိ ကူးစက်မြန် ပျံ့နှံ့နေတဲ့ နှစ်မျိုးစပ် မျိုးဗီဇကွဲတွေထက် ကူးစက်နှုန်း ပိုမြန်နိုင်ချေရှိတယ်လို့ မှန်းဆထားပါတယ်။ ဒါ့အပြင် ထိုးနှံပေးထားတဲ့ ကာကွယ်ဆေးတွေအပြင် COVID-19 ကူးစက်ခံထားရဖူးသူတွေပင် ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံ National University of Singapore က ပါမောက္ခ Paul Tambyah ကတော့ အဆိုပါ သုံးမျိုးစပ် မျိုးကွဲသစ်ဟာ ကူးစက်မြန်ပြီး အသက်အန္တရာယ်ရှိတယ်ဆိုတဲ့ အချက်အလက်တွေအတွက် ခိုင်မာတိကျတဲ့ သက်သေ မရှိသေးဘူးလို့ ဆိုပါတယ်။

“လေ့လာထားတဲ့ အချက်အလက်တွေအရ ပဋိပစ္စည်းတင် မဟုတ်ဘဲ လူရဲ့ကိုယ်ခံအားစနစ်ကလည်း မျိုးဗီဇကွဲသစ် အမျိုးမျိုးကို တုံ့ပြန်နိုင်တာ တွေ့ရတယ်”လို့ ပါမောက္ခ Tambyah က ရှင်းပြသွားပါတယ်။ ဒါပေမဲ့လည်း အဆိုပါ သုံးမျိုးစပ် မျိုးကွဲသစ်တွေဟာ အိန္ဒိယရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ခြိမ်းခြောက်နေဆဲပါ။ လိုအပ်တဲ့ အောက်စီဂျင်အတွက် သင်္ဘောကျင်းတွေနဲ့ စတီးလ် စက်ရုံတွေကပါ ယူဆောင်နေရပါတယ်။


အိန္ဒိယမှာ ကိုဗစ် ဒုတိယလှိုင်း စတင်လာခဲ့တာကတော့ မတ်လဆန်းပိုင်းကပါ။ ကူးစက်နှုန်း တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး မတ်လကုန်ပိုင်းမှာ လဆန်းပိုင်းကထက် ၆ ဆထိ ခုန်တက်သွားခဲ့ပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဒုတိယလှိုင်းဟာ ပထမလှိုင်းလောက် ပြင်ဆင်မထားတာကြောင့် ပိုထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ စက်တင်ဘာမှာ ပထမလှိုင်း ကူးစက်မှု အမြင့်ဆုံးတက်သွားခဲ့ပြီး တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ကာ မတ်လဆန်း အစောပိုင်းလေးတင်မှာပဲ ကျန်းမာရေးဝန်ကြီးက COVID-19 ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံး နိုင်ငံကြီးဟာ COVID-19 ကာကွယ်ဆေး ထိုးနှံရေးကိုလည်း ဇန်နဝါရီလတည်းက စတင်လုပ်ဆောင်လာတာပါ။ မြို့တော်နေ ပြည်သူတွေကို တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေ ဖြေလျော့ပေးခဲ့တာကြောင့် ဒုတိယလှိုင်း ရိုက်ခတ်လာမှာကို ဘယ်သူမှ မမျှော်မှန်းထားခဲ့ကြပါဘူး။

အိန္ဒိယမှာ ကိုဗစ် ဒုတိယလှိုင်း အကျပ်အတည်း ပိုဆိုးရွားစေတာဟာ ဗဟိုအစိုးရပိုင်းက ကိုင်တွယ်မှုနောက်ကျခဲ့တာကြောင့်လို့ ဝေဖန်နေကြပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေထိ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေကို နှုတ်ဆိတ်နေခဲ့ပါတယ်။

ယခင်အပတ်ကမှ နိုင်ငံတွင်း အရေးပေါ်အခြေအနေ မိန့်ခွန်းကို ပြောကြားခဲ့ပြီး ဆေးရုံတွေမှာ အရေးပေါ်လူနာတွေအတွက် လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပေမယ့် ဝေဖန်သူတချို့ကတော့ နောက်ကျသွားခဲ့ပြီဖြစ်ကြောင်း ပြစ်တင်နေကြပါတယ်။

Ref: edition.cnn , Business Insider

You may also like these stories:

ဖိလစ်ပိုင်မှာ ကိုဗစ် ကူးစက်လူနာပေါင်း ၁ သန်း ကျော်ပြီ

Mask မတပ်တဲ့ ထိုင်းဝန်ကြီးချုပ် စည်းကမ်း ချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံရ

ဧဝရတ်တောင် တက်နေတဲ့ တောင်တက်သမားတဦး ကိုဗစ် ကူးစက်ခံရ

]]>
စစ်ကောင်စီ လက်အောက် တိုကျိုအိုလံပစ်ကို ယှဉ်ပြိုင်မှာ မဟုတ်တဲ့ မြန်မာ့ရေကူးကစားသမား https://burma.irrawaddy.com/lifestyle/sport/2021/04/28/241212.html Wed, 28 Apr 2021 05:13:25 +0000 https://burma.irrawaddy.com/lytbox/?p=241212 မြန်မာ့ရေကူးကစားသမား ဝင်းထက်ဦး  / Kyodo အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ]]> မြန်မာ့ရေကူးကစားသမား ဝင်းထက်ဦး  / Kyodo

မြန်မာ့ ရေကူးကစားသမားတဦးဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့နိုင်ငံရဲ့ စစ်ကောင်စီ လက်အောက်ကနေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ မဟုတ်ကြောင်း အသက် ၂၆ နှစ်အရွယ် မြန်မာ့ရေကူးကစားသမား ဝင်းထက်ဦးက Facebook စာမျက်နှာက တဆင့် ရေးသားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအတွင်းမှာ အားကစားသမားတချို့ အပါအဝင် လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်တိုက် လုပ်ဆောင် နေဆဲဖြစ်လို့ ရေကူး အလွတ်ကူးစတိုင် ကစားသမား ဝင်းထက်ဦးဟာ တိုကျိုအိုလံပစ် ပြိုင်ပွဲကြီးမှာ နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ဧပြီ ၁၀ ရက်က ဆိုရှယ်မီဒီယာပေါ်ကတဆင့် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ပြည်သူများ

“ပြည်သူတွေ သွေးမြေကျခဲ့ရတဲ့ နိုင်ငံအလံအောက်မှာ ကိုယ်စားပြု ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာအသိ အမှတ်ပြုရအောင် ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ရုပ်သေးအဖွဲ့အစည်း မြန်မာ့အိုလံပစ် ကော်မတီကိုလည်း နိုင်ငံတကာ အိုလံပစ် ကော်မတီဘက်က အသိအမှတ် မပြုပေးဖို့ ကျနော် မျှော်လင့်မိပါတယ်”လို့ မြန်မာ ရေကူးကစားသမား ဝင်းထက်ဦးက ဆိုပါတယ်။

မြန်မာ အိုလံပစ် ကော်မတီက တိုကျိုအိုလံပစ် ပြိုင်ပွဲကြီးဆီကို ယှဉ်ပြိုင်မယ့် အားကစားအဖွဲ့ စီစဉ်နေကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီဘက်က သူ့ကို ဆက်သွယ် ပြောကြားလာတယ်လို့လည်း ရေးသားထားပါတယ်။

မြန်မာ့ ရေကူးကစားသမား ဝင်းထက်ဦးဟာ အသက် ၆ နှစ်အရွယ်ကစလို့ ရေကူးအားကစားကို စတင်လေ့လာခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု ကစားသမား အကျော်အမော်တဦး ဖြစ်လာခဲ့တာပါ။ ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျီးနေရိုးမြို့ မှာကျင်းပခဲ့တဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကို မဝင်နိုင်ခဲ့ပေမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ဖို့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကို သွားရောက် လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်းထက်ဦးဟာ အိုလံပစ်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မီ ဖြစ်လာခဲ့ပါတယ်။ “မြန်မာတွေလည်း ရေကူးအားကစားနဲ့ အောင်မြင်မှု ရယူနိုင်တယ်ဆိုတာ မြန်မာပြည်သူတွေကို ပြသပေးချင်လို့ အကောင်းဆုံး ကြိုးစားသွားမယ်” လို့ ၂၀၁၉ ဆီးဂိမ်းအပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

မြန်မာအားကစားသမားတွေဟာ မန္တလေးမြို့မှာ အသက် ၁၉ နှစ်အရွယ် မကြယ်စင် သေဆုံးခဲ့ရအပြီးမှာ ဆန္ဒပြသပိတ်တွေဆီ ပူးပေါင်းပါဝင်လာခဲ့ကြတယ်လို့ ဝင်းထက်ဦးက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ မဲလ်ဘုန်းမြို့မှာ လေ့ကျင့်နေပေမယ့် အရပ်သားအစိုးရ အုပ်ချုပ်ခွင့် မရမချင်း တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာ့ရေကူးကစားသမား ဝင်းထက်ဦး

“ဆယ်စုနှစ် ၂ ခုကြာအောင် ရေကူးအားကစားမှာ ကြိုးစားယှဉ်ပြိုင်လာခဲ့ရင်း မက်ခဲ့ရတဲ့ အိုလံပစ်အိပ်မက်ကိုတော့ လက်လွှတ်ဆုံးရှုံးရတော့မယ်” လို့ ဝင်းထက်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကစလို့ အိုလံ ပစ်ပြိုင်ပွဲတွေကို ပါဝင်လာခဲ့ပြီး၊ ၁၉၈၈ ဆိုးလ်အိုလံပစ်ပြိုင်ပွဲတုန်းကလည်း ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေကြောင့် ပြည်သူ ရာနဲ့ချီ သေဆုံးနေတဲ့ကြားက ကိုယ်စားပြု အားကစားအဖွဲ့ စေလွှတ်ခဲ့ဖူးပါတယ်။

Ref: Kyodo News

You may also like these stories:

တိုကျိုအိုလံပစ်ပြိုင်ပွဲကို နိုင်ငံတကာ အားကစား ပရိသတ် မပါဘဲ ကျင်းပမည်

တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက် ကနဦး စည်းကမ်းချက်များ ထုတ်ပြန်

]]>
ဖိလစ်ပိုင်မှာ ကိုဗစ် ကူးစက်လူနာပေါင်း ၁ သန်း ကျော်ပြီ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/27/241182.html Tue, 27 Apr 2021 10:31:57 +0000 https://burma.irrawaddy.com/lytbox/?p=241182 ဖိလစ်ပိုင်မှာ ကိုဗစ် ကူးစက်လူနာပေါင်း ၁ သန်း ကျော်လွန်သွားပြီလို့ ထုတ်ပြန်လိုက်ပါတယ်။မနီလာမြို့က အစိုးရဆေးရုံဖြစ်တဲ့ အမျိုးသားကျောက်ကပ် အစားထိုးဌာနရှိ နေရာတွေကို အရေးပေါ် COVID-19 လူနာခန်းတွေအဖြစ် ယာယီအဆောင် ပြင်ဆင်ပေးထားရပါတယ်။]]> ဖိလစ်ပိုင်မှာ ကိုဗစ် ကူးစက်လူနာပေါင်း ၁ သန်း ကျော်လွန်သွားပြီလို့ ထုတ်ပြန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁ သန်း ကျော်လွန်သွားပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်ဟာ အာရှတိုက်မှာ ကူးစက်လူနာ ၁ သန်း ကျော်လွန်သွားတဲ့ ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ကိုဗစ် ဒုတိယလှိုင်းအတွင်း ကူးစက်လူနာတွေ ထားရှိဖို့ ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှု မြင့်တင်နိုင်အောင် ဆောင်ရွက်နေရပါတယ်။ COVID-19 ကူးစက်မှု မြင့်တက်လာတာကြောင့် မတ်လကုန်ပိုင်းက မနီလာမြို့တော်နဲ့ အနီးဝန်းကျင်ကို ၂ ပတ်ကြာ Lockdown ချထားခဲ့ပေမယ့် သိသိသာသာ လျော့ကျသွာတာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ နေ့စဉ် ကူးစက်မှုနှုန်းဟာ ပျမ်းမျှ ၉,၀၀၀ ကျော် ရှိနေပါတယ်။ ဒါဟာ မတ်လက ၅,၀၀၀ ကျော်ထက် မြင့်တက်နေသေးသလို၊ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခဲ့ရာ ၂၀၂၀ ဧပြီကဆိုရင် နေ့စဉ် ၂၁၃ ဦးဝန်းကျင်သာ ရှိခဲ့တယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၁၃ သန်း နေထိုင်ရာ မြို့တော်နဲ့ အနီးဝန်းကျင် ဒေသတွေက ဆေးရုံအရေးပေါ် (ICU) နေရာ ၇၀ ရာခိုင်နှုန်း၊ သီးသန့်ခန်း ၅၇ ရာခိုင်နှုန်းနဲ့ COVID-19 လူနာတွေအတွက် ရိုးရိုးလူနာခန်း ၆၄ ရာခိုင်နှုန်းဟာ ဧပြီ ၂၆ ရက်ထိ ထုတ်ပြန်ချက်အရ ပြည့်နေပြီ ဖြစ်ပါတယ်။

မနီလာမြို့က အစိုးရဆေးရုံဖြစ်တဲ့ အမျိုးသားကျောက်ကပ် အစားထိုးဌာနရှိ နေရာတွေကို အရေးပေါ် COVID-19 လူနာခန်းတွေအဖြစ် ယာယီအဆောင် ပြင်ဆင်ပေးထားရပါတယ်။ “အားလုံးလိုလို ၆ နာရီလောက် ဒုက္ခခံစောင့်ခဲ့ရတယ်” လို့ အရေးပေါ်လူနာဆောင် နေရာအတွက် အပြင်မှာ စောင့်ဆိုင်းခဲ့ရတဲ့ လူနာတွေက ဆိုပါတယ်။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Harry Roque က မြို့တော်မှာ အရေးပေါ်ကုသရေးအတွက် ခုတင်နေရာ ၂၈၉ ခု ထပ်မံတိုးချဲ့ထားတယ်လို့ ဧပြီ ၂၆ ရက်က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ကြီးကလည်း မစိုးရိမ်ရတဲ့ COVID-19 လူနာတွေ ထားရှိဖို့နေရာ ပိုထွက်လာအောင် အသုံးမပြုတော့တဲ့ စာသင်ခန်း အဟောင်းတွေ၊ အဆောက်အဦတွေနဲ့ အမိုးအကာတဲတွေမှာ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အစိုးရ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လေ့လာရေး အထူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ John Wong က တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံရေးကို အရှိန်မြင့်တင် ဆောင်ရွက်သင့်ပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်လည် ဖွင့်ခွင့်ပြုသင့်တယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာ အစိုးရ ရည်ရွယ်ထားတဲ့အတိုင်း လူဦးရေ သန်း ၇၀ ကျော် (သို့မဟုတ်) နိုင်ငံ့လူဦးရေ သုံးပုံ တပုံကို ရောဂါ ကာကွယ်ခုခံနိုင်အား ရရှိဖို့ဆိုရင် ကာကွယ်ဆေး တနေ့ကို လူဦးရေ ၃၅၀,၀၀၀ ထိုးနှံပေးရမှာဖြစ်တယ်လို့ ဒေါက်တာ Wong က ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မတ်လက စတင်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ လူဦးရေ ၁ ဒသမ ၅ သန်းကို ပထမတကြိမ် ထိုးပေးနိုင်ခဲ့ပြီး၊ ၂၃၀,၀၀၀ ကျော်ကတော့ ဒုတိယအကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်မှာ COVID-19 ကူးစက်လူနာပေါင်း ၁ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူကတော့ ၁၆,၈၅၃ ဦးရှိပြီ ဖြစ်ပါတယ်။

Ref: Reuters

You may also like these stories:

Mask မတပ်တဲ့ ထိုင်းဝန်ကြီးချုပ် စည်းကမ်း ချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံရ

ဧဝရတ်တောင် တက်နေတဲ့ တောင်တက်သမားတဦး ကိုဗစ် ကူးစက်ခံရ

အိန္ဒိယမှာ ကိုဗစ်ကူးစက်လူနာ ၃၃၀,၀၀၀ ကျော်နဲ့ ဒုတိယနေ့ စံချိန်တင် မြင့်တက်

]]>
Mask မတပ်တဲ့ ထိုင်းဝန်ကြီးချုပ် စည်းကမ်း ချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံရ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/27/241167.html Tue, 27 Apr 2021 05:53:13 +0000 https://burma.irrawaddy.com/lytbox/?p=241167 ထိုင်းဝန်ကြီးချုပ် Mask မတပ်ထားတဲ့ပုံ ပျံ့နှံ့သွားပြီးနောက် ဝေဖန်သံတွေ ထွက်လာအပြီးမှာ အရေးယူဖို့ ဖြစ်လာခဲ့တာပါ။“အဆိုပါ စည်းကမ်းချက် ချိုးဖောက်ခဲ့ရင် ကူးစက်ရောဂါ ထိန်းချုပ်ရေးအက်ဥပဒေ ၅၁ အရ အများဆုံး ထိုင်းဘတ်ငွေ ၂၀,၀၀၀ ထိ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။]]> ထိုင်းဝန်ကြီးချုပ် Mask မတပ်ထားတဲ့ပုံ ပျံ့နှံ့သွားပြီးနောက် ဝေဖန်သံတွေ ထွက်လာအပြီးမှာ အရေးယူဖို့ ဖြစ်လာခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာဟာ နှာခေါင်းစည်း Mask မတပ်ခဲ့တာကြောင့် ဒဏ်ငွေ ထိုင်းဘတ် ၆,၀၀၀ ဒဏ်ရိုက်ခံရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိရေးအတွက် အကြံပေးအဖွဲ့နဲ့ အစည်းအဝေး ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟာ ဘန်ကောက်မှာ Mask မတပ်သူတွေကို ဒဏ်တပ်မယ်လို့ကြေညာထားတဲ့ ပထမဆုံးနေ့မှာပဲ စည်းကမ်း ဖောက်ဖျက်ခဲ့တာပါ။

ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး Aswin Kwanmuang

ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး Aswin Kwanmuang က ဧပြီ ၂၅ ရက်ကပဲ အဆိုပါ စည်းကမ်းချက်အသစ်ကို ကြေညာခဲ့တာပါ။ ဘန်ကောက်မြို့ခံတွေ အကုန်လုံး အကာကွယ် နှာခေါင်းစည်း Mask တပ်ဆင်ရမှာဖြစ်ပြီး၊ ကားထဲမှာတောင် တဦးထက်ပိုနေမယ်ဆိုရင် တပ်ဆင်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ စည်းကမ်းချက်အသစ်ဟာ ဧပြီ ၂၆ က စတင်သက်ဝင်မှာဖြစ်ပြီး၊ ချိုးဖောက်ခဲ့ရင် ဒဏ်ကြေးပေးဆောင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရအိမ်တော်က တင်ထားတဲ့ ပုံထဲမှာ အခန်းတွင်းရှိ လူအကုန် နှာခေါင်းစည်း Mask တပ်ထားပေမယ့် အစည်းအဝေး စားပွဲထိပ်မှာ ကျောပေးထိုင်နေတဲ့ ဝန်ကြီးချုပ်ကတော့ Mask မတပ်ထားတဲ့ပုံ ပျံ့နှံ့သွားပြီးနောက် ဝေဖန်သံတွေ ထွက်လာအပြီးမှာ အရေးယူဖို့ ဖြစ်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဆိုပါ ဓာတ်ပုံကို Facebook ပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။

“Bangkok Metropolitan Administration (BMA) က မြို့တော်နေ ပြည်သူအားလုံး အိမ်ပြင်ထွက်တာနဲ့ တချိန်လုံး နှာခေါင်းစည်း Mask တပ်ရမယ်လို့ ထုတ်ပြန်ချက်ကို ဝန်ကြီးချုပ် ချိုးဖောက်ခဲ့ကြောင်း ကျနော် ပြောပြခဲ့တယ်” လို့ ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူးက Facebook စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

“အဆိုပါ စည်းကမ်းချက် ချိုးဖောက်ခဲ့ရင် ကူးစက်ရောဂါ ထိန်းချုပ်ရေးအက်ဥပဒေ ၅၁ အရ အများဆုံး ထိုင်းဘတ်ငွေ ၂၀,၀၀၀ ထိ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒဏ်ကြေးငွေ ပေးဆောင်ဖို့အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေအတိုင်း စုံစမ်းစစ်ဆေးချက်အရ ဝန်ကြီးချုပ် ပရာရွတ်ကို ထိုင်းဘတ်ငွေ ၆,၀၀၀ ဒဏ်တပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူးဟာ စုံစမ်းစစ်ဆေးရေး ရဲချုပ်တို့နဲ့အတူ အစိုးရအိမ်တော်ကို သွားရောက်ခဲ့ကာ ဒဏ်ကြေးငွေအတွက် အကြောင်းကြားခဲ့သလို၊ ဝန်ကြီးချုပ် ပရာရွတ်ကလည်း ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။

နှာခေါင်းစည်း Mask မတပ်ဆင်သူကို ဒဏ်ကြေးငွေ အမြင့်ဆုံး ၂၀,၀၀၀ လို့ သတ်မှတ်ထားပေမယ့် တာဝန်ရှိသူတွေဘက်က ပထမဆုံးအကြိမ် ချိုးဖောက်ခဲ့ရင် ထိုင်းဘတ်ငွေ ၆,၀၀၀ ၊ ဒုတိယအကြိမ်ဆိုရင် ၁၂,၀၀၀ နဲ့ နောက်ဆုံး တတိယအကြိမ်မှသာ ၂၀,၀၀၀ ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

မြို့တော် ဘန်ကောက်မှာ ယခင်က COVID-19 ကူးစက်သူ နေ့စဉ် ၃၀၀ အောက်သာ ရှိခဲ့ရာက မကြာခင် ရက်ပိုင်းကစပြီး နေ့စဉ်ကူးစက်နှုန်းဟာ ထောာင်ဂဏန်းထိ ရှိလာတာကြောင့် အိမ်ပြင်ထွက်သူတိုင်း မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ကြဖို့ ခရိုင် ၄၅ ခုမှာ ထုတ်ပြန် ကြေညာထားရပါတယ်။

Ref: Bangkok Post

You may also like these stories:

ဧဝရတ်တောင် တက်နေတဲ့ တောင်တက်သမားတဦး ကိုဗစ် ကူးစက်ခံရ

အိန္ဒိယမှာ ကိုဗစ်ကူးစက်လူနာ ၃၃၀,၀၀၀ ကျော်နဲ့ ဒုတိယနေ့ စံချိန်တင် မြင့်တက်

စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိဟုဆိုကာ ကိုဗစ် မစစ်ကြ

]]>
ဗြိတိန်မှာ လူဦးရေ ထောင်ကျော် ပါဝင်မယ့် ဂီတဆုပေးပွဲ မေလထဲ ကျင်းပမည် https://burma.irrawaddy.com/lifestyle/trend/2021/04/26/241132.html Mon, 26 Apr 2021 09:18:17 +0000 https://burma.irrawaddy.com/lytbox/?p=241132 Brit ဂီတဆုပေးပွဲဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ဇွန် ၂၁ ရက်နောက်ပိုင်း ကိုဗစ် မတိုင်ခင် အချိန်အတိုင်း ပြန်ရောက်စေရမယ်လို့ ပြောထားတဲ့ ကတိအတိုင်း စတင်စမ်းသပ် လုပ်ဆောင်နေတာပါ။]]> Brit ဂီတဆုပေးပွဲ

ယူကေမှာ လူဦးရေ ထောင်ဂဏန်းထိ ခွင့်ပြုပေးသွားမယ့် ဂီတဆုပေးပွဲ အခမ်းအနားကြီးကို မေလထဲ ကျင်းပသွားဖို့ ရှိပါတယ်။ ကပ်ရောဂါ ကာလအလွန် ခွင့်ပြုပေးထားတဲ့ Brit ဂီတဆုပေးပွဲမှာ နှာခေါင်းစည်း Mask တပ်ဆင်စရာ မလိုသလို၊ တယောက်နဲ့ တယောက် Social Distancing ထားရှိမှာ မဟုတ်ပါဘူး။

လန်ဒန်မြို့ရှိ O2 Arena မှာ မေလ ၁၁ ရက် ကျင်းပသွားမယ့် အဆိုပါပွဲတော်ကို ရှေ့တန်းက ကျန်းမာရေးဝန်ထမ်း ပရိသတ် ၂,၅၀၀ အပြင် တခြားဖိတ်ကြားထားသူ ၁,၅၀၀ တက်ရောက်သွားမှာဖြစ်ပါတယ်။ တက်ရောက်လာကြမယ့် အယောက် ၄,၀၀၀ ကျော်ဟာ တဦးနဲ့ တဦး သတ်မှတ်အကွာအဝေး Social Distancing အရ နေထိုင်စရာ မလိုပေမယ့် ပွဲမတိုင်ခင် COVID-19 စစ်ဆေးမှုမှာ Negative ဖြစ်ရမယ်လို့ ဆိုပါတယ်။

ပွဲကိုလာကြမယ့် ဧည့်ပရိသတ်တွေကြား ကူးစက်နိုင်ချေရှိတဲ့ မည်သည့် အကြောင်းရင်း ကိစ္စရပ်မဆို ခြေရာခံ စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ဗိုင်းရပ်စ် စစ်ဆေးမှုလည်း ခံယူရမယ်လို့ သတ်မှတ်ထားပါတယ်။ အဆိုပါပွဲဟာ ဗြိတိန်အစိုးရရဲ့ စမ်းသပ်စောင့်ကြည့် ပွဲစဉ်တွေထဲက တခု အပါအဝင် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ဇွန် ၂၁ ရက်နောက်ပိုင်း ကိုဗစ် မတိုင်ခင် အချိန်အတိုင်း ပြန်ရောက်စေရမယ်လို့ ပြောထားတဲ့ ကတိအတိုင်း စတင်စမ်းသပ် လုပ်ဆောင်နေတာပါ။

နောက်ထပ် လူအများနဲ့ စောင့်ကြည့် အခမ်းအနားတခုကတော့ လူဦးရေ ၃,၀၀၀ နဲ့ ဧပြီ ၃၀ ရက်မှာ Liverpool က နိုက်ကလပ်တခုမှာ ကျင်းပမယ့်ပွဲ၊ မေလ ၂ ရက်မှာ လူဦးရေ ၅,၀၀၀ နဲ့ လေဟာပြင် ဂီတဖျော်ဖြေပွဲ၊ လူဦးရေ ၂၁,၀၀၀ နဲ့ မေလ ၁၅ ရက်မှာ Wembley ကွင်းကြီးမှာ ကျင်းပသွားမယ့် FA Cup ဗိုလ်လုပွဲစဉ်တွေလည်း ရှိနေပါတယ်။

“လူတိုင်းအတွက် ခက်ခဲခဲ့တဲ့ နှစ်တနှစ်ပါ။ ကိုဗစ်ကာလနဲ့ လက်ရှိအချိန်ထိ ကျမတို့ကို ကူညီစောင့်ရှောက်ပေး နေတဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ဖျော်ဖြေခွင့်ရမှာဖြစ်လို့ ဂုဏ်ယူမိတယ်” လို့ အဆိုပါ ဆုပေးပွဲမှာ ဆန်ကာတင်စာရင်းဝင် အဆိုတော် Dua Lipa က ဆိုပါတယ်။

Brit ဂီတဆုပေးပွဲရဲ့ အကြီးအကဲ Geoff Taylor ကလည်း “ဒီပွဲကြီးမှာ ထူးချွန်တဲ့ အနုပညာရှင်တွေနဲ့ ဂီတတွေ အတွက်ပဲ ကျင်းပပေးဖို့ ဖြစ်လာတာ မဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ အနုပညာရှင်တွေ မျှော်လင့်တောင့်တနေတဲ့ အရင်လို Live ဂီတပွဲတွေ ပြန်ပေါ်လာဖို့ လမ်းကြောင်းအစလည်း ဖြစ်တယ်” လို့ ဆိုပါတယ်။

ဗြိတိန်လူမျိုး ဟာသပညာရှင် Jack Whitehall က ပွဲတော်မှာ အခမ်းအနားမှူးအဖြစ် တင်ဆက်သွားမှာဖြစ်သလို၊ Headie One နဲ့ Arlo Parks တို့ရဲ့ ဖျော်ဖြေမှုတွေပါ ပါဝင်သွားမှာပါ။ ဗြိတိန်မှာ တင်းကျပ်တဲ့ Lockdown စည်းကမ်းတွေနဲ့ ကာကွယ်ဆေး အလျင်မြန် ထိုးနှံနိုင်ခဲ့တာကြောင့် မကြာခင် ရက်သတ္တပတ်တွေမှာ လူအများစု ဝေးပါဝင်နိုင်မယ့် ပွဲတော်တွေ မြင်တွေ့လာရဖို့ ရှိနေပါတယ်။

ဘီယာဆိုင်၊ စားသောက်ဆိုင်နဲ့ တခြား ညဘက် အပြင်ထွက်စားနိုင်တဲ့ နေရာတွေကို အရင်ပတ်က စပြီး ဖွင့်ခွင့်ပြုခဲ့တာပါ။ နောက်တဆင့် စည်းကမ်း တင်းကျပ်ထားတာကိုတော့ မေလ ၁၇ ရက်မှာ ထပ်မံ ဖြေလျော့ပေးသွားမှာ ဖြစ်ပါတယ်။

Ref: edition.cnn

You may also like these stories:

Shopee မှာ မကြယ်စင်ပုံ အသုံးပြုပြီး တီရှပ် ရောင်းခဲ့တာကြောင့် ဝေဖန်ခံရ

အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး ပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG

]]>
ဧဝရတ်တောင် တက်နေတဲ့ တောင်တက်သမားတဦး ကိုဗစ် ကူးစက်ခံရ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/26/241121.html Mon, 26 Apr 2021 06:39:55 +0000 https://burma.irrawaddy.com/lytbox/?p=241121 ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်မြို့တော် ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံကလည်း ဧဝရတ်တောင်တက်သမားတဦးမှာ COVID-19 ကူးစက်ခံထားရတယ် ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။]]> ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်

နီပေါနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တက်ဖို့ ကြိုးစားနေတဲ့ နော်ဝေးနိုင်ငံသား တောင်တက်သမားတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်ရဲ့ တောင်တက်ရာသီမှာ လူဝင်များဖို့ နီပေါဘက်က မျှော်လင့်နေချိန်လည်း ဖြစ်ပါတယ်။

မနှစ်ကလည်း COVID-19 ကြောင့် တောင်တက်ရာသီမှာ လူမဝင်ခဲ့ရတဲ့ နီပေါမှာ ဒီနှစ်ထဲတော့ ဗိုင်းရပ်စ် ကူးစက်မှုရှိလာခဲ့ရင် ကုသပေးနိုင်ဖို့ အခက်အခဲရှိတဲ့ကြားက ကမ္ဘာအနှံ့ တောင်တက်သမားတွေကို လာရောက်ဖို့အတွက် Quarantine စည်းကမ်းချက်တွေကိုပါ ဖြေလျော့ပေးခဲ့တာပါ။

“ကျနော် COVID-19 ကူးစက်ခံထားရတယ်။ အခုတော့ အဆင်ပြေပါတယ်။ ဆေးရုံမှာလည်း ဂရုစိုက် ကုသပေးကြတယ်” လို့ COVID-19 ကူးစက်ခံထားရသူ နော်ဝေးနိုင်ငံသား Erlend Ness က ဆိုရှယ်မီဒီယာကတဆင့် ပြောပြပါတယ်။

ဧဝရတ်တောင်တက်လမ်းကြောင်းပေါ်က အခြေစိုက်စခန်းမှာ စောင့်နေတဲ့ Ness ကို ကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ သွားရောက် ခေါ်ဆောင်ပြီး နီပေါ နိုင်ငံမြို့တော် ခတ္တမန္ဒူရှိ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ နော်ဝေး မီဒီယာ NRK နဲ့ အင်တာဗျူးမှာတော့ Ness က သူနဲ့အတူ ပါလာတဲ့ ဒေသခံ Sherpa မှာပါ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

“ရေခဲတောင် အမြင့်နေရာတွေဆီ ရောက်နေတဲ့ တောင်သမား တဦးတယောက်ကိုမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာမျိုး မဖြစ်စေချင်ပါဘူး။ အမြင့်ပေ မီတာ ၈,၀၀၀ ကျော်နေရာတွေမှာဆို ကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ လာခေါ်ပေးဖို့ မလွယ်ဘူး” လို့ Ness က ပြောပြပါတယ်။

တောင်တက်သမားတွေမှာ တောင်ပေါ်အမြင့် ပိုရောက်လေ အသက်ရှုရခက်ခဲလေဖြစ်လို့ ဘယ်လို ဗိုင်းရပ်စ် ကူးစက်မှုမျိုးမှ မကူးစက်ဖို့ လိုပါတယ်။ “တောင်တက်မယ့်သူတွေ ရောဂါကူးစက် မခံရအောင် ပြင်ဆင်သွားဖို့ လိုပါတယ်။ ကျနော်ဆိုရင် ကြိုတင်ကာကွယ်မှုတွေ သေချာမလုပ်ခဲ့လို့ ကံမကောင်းခဲ့ဘူး” လို့ Ness က ဆိုပါတယ်။

မြို့တော် ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံကလည်း ဧဝရတ်တောင်တက်သမားတဦးမှာ COVID-19 ကူးစက်ခံထားရတယ် ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။ “အသေးစိတ်တော့ ပြောပြပေးလို့ မရဘူး။ ဧဝရတ်တောင်က ခေါ်လာတဲ့သူ တချို့ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုတာ မှန်ပါတယ်” လို့ ဆေးရုံရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးက ပြောပြပါတယ်။

နီပေါနိုင်ငံဟာ ယခုနှစ် တောင်တက်ရာသီမှာ တောင်တက်သမား ၃၇၇ ဦးကို ခွင့်ပြုပေးထားပြီး ၂၀၁၉ ခုနှစ်က ၃၈၁ ဦးထက် ကျော်လွန်နိုင်ဖို့ မျှော်မှန်းနေပါတယ်။ တောင်ခြေမှာ လူစုလူဝေး မဖြစ်အောင် နီပေါခရီးသွားဝန်ကြီးဌာနက စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို၊ စီစဉ်သူတွေဘက်ကလည်း တောင်ပေါ်တက်မယ့် တကြိမ်မှာ လူဦးရေ ကန့်သတ်သွားတာမျိုး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

Ref: Times of India

You may also like these stories:

အိန္ဒိယမှာ ကိုဗစ်ကူးစက်လူနာ ၃၃၀,၀၀၀ ကျော်နဲ့ ဒုတိယနေ့ စံချိန်တင် မြင့်တက်

ထိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ကာကွယ်ဆေး ရရှိရေး တိုးမြင့်

ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ သန်း ကျော်ပြီ

]]>
အိန္ဒိယမှာ ကိုဗစ်ကူးစက်လူနာ ၃၃၀,၀၀၀ ကျော်နဲ့ ဒုတိယနေ့ စံချိန်တင် မြင့်တက် https://burma.irrawaddy.com/lifestyle/coronavirus/2021/04/23/241026.html Fri, 23 Apr 2021 08:47:15 +0000 https://burma.irrawaddy.com/lytbox/?p=241026 နယူးဒေလီ အပါအဝင် နိုင်ငံအနောက်နဲ့ မြောက်ပိုင်းဒေသတွေမှာ ကူးစက်မှု အခြေအနေ ဆိုးရွားနေပါတယ်။မြို့တော် နယူးဒေလီ အပါအဝင် နိုင်ငံအနောက်နဲ့ မြောက်ပိုင်းဒေသတွေမှာ ကူးစက်မှု အခြေအနေ ဆိုးရွားနေပါတယ်။ ]]> နယူးဒေလီ အပါအဝင် နိုင်ငံအနောက်နဲ့ မြောက်ပိုင်းဒေသတွေမှာ ကူးစက်မှု အခြေအနေ ဆိုးရွားနေပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံး အိန္ဒိယနိုင်ငံမှာ ဒုတိယနေ့အဖြစ် စံချိန်တင် ၂၄ နာရီအတွင်း ကူးစက်လူနာပေါင်း ၃၃၀,၀၀၀ ကျော်လွန်သွားပါတယ်။ ယမန်နေ့က ပထမဆုံး ကမ္ဘာ့စံချိန်တင် ၃၁၀,၀၀၀ ကျော်ရှိခဲ့ရာက ဒုတိယမြောက်နေ့အဖြစ် ဆက်လက် စံချိန်တင် မြင့်တက်လာခဲ့တာပါ။

မြို့တော် နယူးဒေလီ အပါအဝင် နိုင်ငံအနောက်နဲ့ မြောက်ပိုင်းဒေသတွေမှာ ကူးစက်မှု အခြေအနေ ဆိုးရွားနေပါတယ်။ အထူးသဖြင့် ဆေးရုံ ခုတင်နေရာတွေ ပြည့်နေပြီး၊ ကူးစက်လူနာတွေအတွက်လိုအပ်တဲ့ အောက်စီဂျင် ပြတ်လပ်နေတာကြောင့် သေဆုံးလူနာ အရေအတွက်လည်း တိုးလာနေပါတယ်။

ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ အိန္ဒိယမှာ တနေ့တည်း COVID-19 ကူးစက်လူနာ ၃၃၂,၇၃၀ ဦးနဲ့ သေဆုံးသူ ၂,၂၆၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ ဧပြီတလလုံး ကူးစက်လူနာပေါင်းဟာ ၄ သန်း ကျော်လွန်သွားပါပြီ။

အိန္ဒိယမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေဟာ ဘရာဇီးနဲ့ အမေရိကန် မျိုးဗီဇ ၂ မျိုးလုံး ပါဝင်နေတာဖြစ်လို့ အန္တရာယ်များသလို၊ ကူးစက်မြန်ပါတယ်။ လက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေး တုံ့ပြန်ပုံကိုလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ကမ္ဘာတဝှမ်း ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေပေမယ့် တတိယလှိုင်း ရိုက်ခတ်မှုရဲ့ မျိုးဇီသစ်တွေအပေါ် ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိကိုတော့ သေချာတဲ့ အချက်အလက်တွေ မထုတ်ပြနိုင်သေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်တွေနဲ့ အိန္ဒိယအစိုးရရဲ့ လျော့ရဲတဲ့ စည်းမျဉ်းတွေဟာ အများပြည်သူသွားလာရာ နေရာတွေမှာ လူစုလူဝေးခွင့်နဲ့ ဘာသာရေးပွဲတော်တွေ ခွင့်ပြုခဲ့တာကြောင့် ကူးစက်မှုတွေ ဆူနာမီလှိုင်းလို တရှိန်ထိုး ရိုက်ခတ်လာတာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။

အိန္ဒိယ ကျန်းမာရေးစနစ် ထောက်ပံ့မှု လျော့ကျလာတာကြောင့် ကူးစက်လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင် ပြတ်လပ်နေတဲ့အပြင် ဆေးဝါး၊ ဆေးရုံခုတင် နေရာတွေအတွက်ပါ လစ်ဟာနေတယ်လို့ ဆိုပါတယ်။ နယူးဒေလီမြို့တော်မှာ အနည်းဆုံး ကူးစက်လူနာ ထားရှိရာ ဆေးရုံ ၆ ရုံလောက်ဟာ အောက်စီဂျင် ပြတ်လပ်နေသလို၊ တခြားဆေးရုံတွေမှာလည်း နာရီပေါင်းလောက်သာ ကျန်ရှိနေတော့တယ်လို့ ဆိုပါတယ်။

“၂၄ နာရီအတွင်း ကူးစက်လူနာ ၂၅ ဦးလောက် အောက်စီဂျင် ပြတ်လပ်တာကြောင့် သေဆုံးသွားနိုင်ပါတယ်။ နောက်ထပ်လည်း လူနာ ၆၀ လောက်က အခြေအနေ ဆိုးနေပါတယ်။ အရေးပေါ် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်” လို့ နယူးဒေလီရှိ Sir Gangaram ဆေးရုံရှိ ဆေးဘက်ဆိုင်ရာဒါရိုက်တာတဦးက ဆိုပါတယ်။

ကျန်းမာရေးပညာရှင်တွေရဲ့ အဆိုရ ဆောင်းရာသီကာလမှာ COVID-19 ကူးစက်မှုကို နေ့စဉ် ၁၀,၀၀၀ ဝန်းကျင်အထိ လျှော့ချနိုင်ခဲ့ပြီးနောက် ဖြေလျော့လိုက်တဲ့ စည်းကမ်းချက်တွေကြောင့် လူအများ စုဝေးခွင့်တွေ လုပ်လာကြပြီး ကူးစက်မှု တရှိန်ထိုး မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: CNA

You may also like these stories:

ထိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ကာကွယ်ဆေး ရရှိရေး တိုးမြင့်

ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ သန်း ကျော်ပြီ

အိန္ဒိယမှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၁၆၀,၀၀၀ ကျော် စံချိန်တင် မြင့်တက်

]]>
ထိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ကာကွယ်ဆေး ရရှိရေး တိုးမြင့် https://burma.irrawaddy.com/lifestyle/coronavirus/2021/04/22/240966.html Thu, 22 Apr 2021 06:27:20 +0000 https://burma.irrawaddy.com/lytbox/?p=240966 ထိုင်းမှာ နောက်ထပ် ကာကွယ်ဆေး ၃၅ သန်းကျော် ထပ်တိုးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ထိုင်းနိုင်ငံကို ဧပြီ ၁၀ ရက်က တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ပထမသုတ် ရောက်ရှိထားပြီး နောက်ထပ် ၅၀၀,၀၀၀ ကိုတော့ ဧပြီလကုန်မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။]]> ထိုင်းမှာ နောက်ထပ် ကာကွယ်ဆေး ၃၅ သန်းကျော် ထပ်တိုးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများလာတာဟာ ယူကေကနေ စတင်ခဲ့တဲ့ 1.1.7 ဗီဇကွဲ ပျံ့နှံ့လာတာကြောင့်ဖြစ်လို့ ကာကွယ်ဆေး ထိုးနှံရေးကို အရှိန်ဟုန်မြင့် ဆောင်ရွက်သွားဖို့လိုတယ်လို့ ပြော ဆိုလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ဒီနှစ်အတွင်း နောက်ထပ် ကာကွယ်ဆေး ၃၅ သန်းကျော် ထပ်တိုးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ ဒါဟာ ယခင်ရှိပြီး ၆၅ သန်းကျော်ကို နိုင်ငံတဝှမ်း ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် တိုးမြင့်လိုက်တာပါ။

ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ဧပြီ ၂၁ ရက် ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကူးစက်လူနာ ၁,၄၅၈ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဧပြီ ၁၈ ရက် ကူးစက်လူနာ ၁,၇၆၇ ဦး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြန်လည် လျော့ကျလာတာပါ။

ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ကူးစက်လူနာ ၄၈,၁၁၃ ဦးရှိတဲ့ထဲက ၃ ပုံ ၁ ပုံဟာ ဧပြီတလထဲမှာတင် ကူးစက်ခံရတာ ဖြစ်ပါတယ်။ လတ်တလော ကမ္ဘာတဝှမ်း COVID-19 ကူးစက်မှု တကျော့ပြန် မြင့်တက်လာရတဲ့ အကြောင်းရင်းကတော့ နိုင်ငံတော်တော်များများမှာ ယူကေကနေ စတင်ခဲ့တဲ့ ကူးစက်မြန် 1.1.7 ဗီဇကွဲကြောင့်လို့ အပြစ်ဖို့နေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလှိုင်းသစ်ကို ကမ္ဘာ့လူဦးရေ သန်း ၇၀ ကျော်နဲ့အတူ ရိုက်ခတ်ခံနေရတဲ့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ပရာရွတ်က စိတ်ချရတဲ့ ကာကွယ်ဆေး ရရှိရေးအတွက် AstraZeneca နဲ့ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ထိုးနှံပေးဖို့ လုပ်ဆောင်နေပါတယ်။

ဧပြီ ၁၉ ရက်ထိ ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။ ဧပြီ ၂၁ ရက်မှာ ဝန်ကြီးချုပ်ရဲ့ ဆိုရှယ်မီဒီယာကတဆင့် ဒီနှစ်ထဲမှာ ကာကွယ်ဆေး နောက်ထပ် ၃၅ သန်းကျော် ရရှိဖို့ ဆေးကုမ္ပဏီတွေ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

ချူလာလောင်ကွန်တက္ကသိုလ် ဆေးပညာဌာနရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားချက်အရ Sinovac ကာကွယ်ဆေး ထိုးထားသူ ၇ ဦးမှာ လေဖြတ်ရောဂါ လက္ခဏာမျိုး ခံစားနေရတယ်လို့ ရေးသားခဲ့ပြီးနောက် ကျန်းမာရေးဌာနကတော့ စိတ်ချယုံကြည်ရကြောင်း တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး Auntin Charnvirakul ကလည်း အစိုးရပိုင်းက Sinovac ကာကွယ်ဆေးထိုးနှံရေးကို ရပ်သွားမှာ မဟုတ်ဘဲ ထိုးနှံထားပြီးသူတွေရဲ့ ကျန်းမာရေး အခြေအနေကိုသာ အနီးကပ်စောင့်ကြည့် လေ့လာသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ဧပြီ ၁၀ ရက်က တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ပထမသုတ် ရောက်ရှိထားပြီး နောက်ထပ် ၅၀၀,၀၀၀ ကိုတော့ ဧပြီလကုန်မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝှမ်း COVID-19 ကူးစက်မှု မြင့်တက်လာတာကြောင့် ယခင်က ထုတ်ပြန် ကြေညာထားတဲ့ ဇူလိုင် ၁ ရက်ကစလို့ အပန်းဖြေကျွန်းတွေဆီ သွားရောက် လည်ပတ်ခွင့်ပေးမယ့် အစီအစဉ်ကို ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက နာမည်ကျော် ဖူးခက် ကမ်းခြေ

ဧပြီလထဲ ကူးစက်မှုအသစ်တွေကြောင့် နာမည်ကျော် ဖူးခက်ကမ်းခြေမှာ ယခင် စီစဉ်ထားတဲ့ ကာကွယ်ဆေး ထိုးပြီးသူတွေကို Quarantine ဝင်စရာ မလိုဘဲ လွတ်လပ်စွာ လည်ပတ်ခွင့်ဟာလည်း မရေရာ မသေချာဆဲ အခြေအနေမှာ ရှိနေပါတယ်။

Ref: Bangkok Post

You may also like these stories:

ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ သန်း ကျော်ပြီ

အိန္ဒိယမှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၁၆၀,၀၀၀ ကျော် စံချိန်တင် မြင့်တက်

စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ

]]>
Shopee မှာ မကြယ်စင်ပုံ အသုံးပြုပြီး တီရှပ် ရောင်းခဲ့တာကြောင့် ဝေဖန်ခံရ https://burma.irrawaddy.com/lifestyle/trend/2021/04/21/240944.html Wed, 21 Apr 2021 10:35:00 +0000 https://burma.irrawaddy.com/lytbox/?p=240944 Shopee ပေါ်မှာ မကြယ်စင်ရဲ့ ပုံကို အသုံးပြုပြီး ကြော်ငြာခဲ့တာကြောင့် ဝေဖန်ခံရတာပါ။အိန်ဂျယ် (ခေါ်) ကြယ်စင် ဝတ်ဆင်ခဲ့တဲ့ “EVERYTHING WILL BE OK” စာသားပါ တီရှပ်ကို ပုံနဲ့တကွ ကြော်ငြာခဲ့တာကြောင့် ဝေဖန်ခံရတာပါ။]]> Shopee ပေါ်မှာ မကြယ်စင်ရဲ့ ပုံကို အသုံးပြုပြီး ကြော်ငြာခဲ့တာကြောင့် ဝေဖန်ခံရတာပါ။

စင်ကာပူအခြေစိုက် E-commerce ဆိုဒ်တခုဖြစ်တဲ့ အွန်လိုင်းပစ္စည်း ရောင်းရာ Shopee ပေါ်မှာ မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြရင်း သေဆုံးခဲ့ရတဲ့ မကြယ်စင်ရဲ့ ပုံကို အသုံးပြုကြော်ငြာခဲ့ပါတယ်။ အိန်ဂျယ် (ခေါ်) ကြယ်စင် ဝတ်ဆင်ခဲ့တဲ့ “EVERYTHING WILL BE OK” စာသားပါ တီရှပ်ကို ပုံနဲ့တကွ ကြော်ငြာခဲ့တာကြောင့် ဝေဖန်ခံရတာပါ။

မြန်မာနိုင်ငံမှာ ဆန္ဒပြရင်း မတ်လက ကွယ်လွန်သွားခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးရဲ့ပုံကို အကျိုးစီးပွားအတွက် အသုံးပြုနေတာကြောင့် ဝေဖန်မှု အများအပြား မြင့်တက်လာပြီးနောက် ဖြုတ်ချသွားခဲ့ပါတယ်။ အမည်းရောင် တီရှပ်ပေါ်မှာ မကြယ်စင် နောက်ဆုံးအချိန်က ဝတ်ခဲ့တဲ့အတိုင်း စာသားပါ တီရှပ်ကို ရောင်းချတဲ့နေရာမှာ မကြယ်စင်ရဲ့ပုံကိုပါ ပူးတွဲ အသုံးပြုခဲ့တာပါ။

စင်ကာပူအခြေစိုက် E-commerce ဆိုဒ် “Shopee”

“အသုံးပြုတဲ့သူတွေ အခုလို အာရုံစိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ အဆင်မပြေတာ သိသိချင်းပဲ ပလက်ဖောင်းပေါ်က စာရင်းကနေ ပြန်ဖြုတ်လိုက်ပါတယ်။ အခုဖြစ်ရပ်အတွက်လည်း စုံစမ်းမှုတွေ လုပ်သွားမှာပါ” လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်္ကျီအရောင်းစာရင်းထဲမှာ အဆိုပါ စာသားပါ တီရှပ်ကို အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ရင်း သေဆုံးခဲ့ရတဲ့ မိန်းကလေးရဲ့ပုံကိုပါ အတူတွဲတင်ထားတာပါ။ ကုမ္ပဏီဘက်ကတော့ မည်သူမည်ဝါရောင်းချတယ်ဆိုတာကို ထုတ်ဖော်မပြောသွားခဲ့ပေမယ့် Screenshot တခုမှာတော့ BIGLION Men’s Clothing Wholesale နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ စာသားပါ တီရှပ်ကို စင်ကာပူဒေါ်လာ ၁၂ သတ်မှတ်ထားပါတယ်။

ဆန္ဒပြရင်း သေနတ်ထိမှန်ကာ ကွယ်လွန်ခဲ့တဲ့ မကြယ်စင်

“မြန်မာနိုင်ငံက ကြွေလွှင့်သွားခဲ့ရတဲ့ အာဇာနည်တွေထဲက မကြယ်စင်ဟာ အကျိုးမြတ်တခုအတွက် အသုံးပြုရမယ့် ကိုယ်ဟန်ပြမယ်တဦး မဟုတ်ပါဘူး။ ShopeeSG ကြော်ငြာက အရမ်းရိုင်းပျလွန်းတယ်” လို့ Twitter အသုံးပြုသူတဦးက တင်ထားပါတယ်။ အဆိုပါ Tweet မှာ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဘရားဇီးကနေ Shopee အသုံးပြုသူတွေရဲ့ Screenshot ပုံတွေပါ အတူတွဲတင်ထားတာပါ။

“Shopee” ရဲ့ ထုတ်ပြန်ချက်

Shopee ဘက်ကလည်း အဆိုပါ တီရှပ်ကို ရောင်းချခဲ့တဲ့ ရောင်းသူကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “Shopee ဘက်ကလည်း အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ရောင်းသူတွေနဲ့ အနီးကပ်ထိတွေ့ ဆောင်ရွက်သွားမှာပါ။ ပလက်ဖောင်းကတဆင့် အသုံးပြုသူအားလုံး စိတ်ကျေနပ်စေရုံမက ကျနော်တို့ရဲ့ တန်ဖိုးထားမှုကို မြင့်တင်သွားမှာပါ” လို့ ဖော်ပြထားပါတယ်။

မကြယ်စင်ဟာ မတ်လ ၃ ရက်မှာ မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးပါ။ သူမ သေဆုံးမှုအတွက် တနိုင်ငံလုံးက ဝမ်းနည်းကြောင်း ပြသခဲ့ကြသလို၊ သူရဲကောင်းတွေထဲက တဦးအဖြစ်လည်း သတ်မှတ်ဂုဏ်ပြုခဲ့ကြပါတယ်။

သူမရဲ့ သတင်းတွေ နိုင်ငံတကာသတင်း စာမျက်နှာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီးနောက် ဝတ်ဆင်ခဲ့တဲ့ “EVERYTHING WILL BE OK” စာသားပါ တီရှပ်ကို ကြယ်စင်ပုံ သုံးမထားပေမယ့် Lazada လို E-commerce ဆိုဒ်တွေမှာ ရောင်းချခဲ့ပါတယ်။

Ref: Coconuts Singapore

You may also like these stories:

အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး ပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG

တရုတ်အစိုးရက Alibaba ကို ကန်ဒေါ်လာ ၂.၇၈ ဘီလီယံ အမြင့်ဆုံး ဒဏ်ကြေးချမှတ်

]]>
အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး ပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ် https://burma.irrawaddy.com/lifestyle/trend/2021/04/21/240917.html Wed, 21 Apr 2021 06:37:45 +0000 https://burma.irrawaddy.com/lytbox/?p=240917 အင်္ဂါဂြိုဟ်ပေါ် ပျံသန်းခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်အဆိုပါယာဉ်ပေါ်မှာ Wright ညီနောင်ရဲ့ ၁၉၀၃ ခုနှစ်က ပထမဆုံး လေယာဉ်ပျံသန်းမှု ခရီးစဉ်က အမှတ်တရ ပိတ်စလည်း ပါသွားတယ်လို့ ဆိုပါတယ်။]]> အင်္ဂါဂြိုဟ်ပေါ် ပျံသန်းခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (NASA) ကနေ လွှတ်တင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်လေးဟာ သမိုင်းဝင် ပထမဆုံးအကြိမ် ပျံသန်းမှုကို ဧပြီ ၁၉ ရက် အစောပိုင်းက အင်္ဂါဂြိုဟ်ပေါ်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာက ထုတ်ပြန် ကြေညာပါတယ်။ ဒါဟာ ဂြိုဟ်ရဲ့မြေပြင်ပေါ်ကနေ လေထုထဲ ပထမဆုံးအကြိမ် ပျံသန်းမှုခရီးစဉ်လည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena က နာဆာရဲ့ Jet Propulsion Laboratory (JPL) မှာ ရှိနေတဲ့ ရဟတ်ယာဉ်ငယ် တည်ဆောက်ရေးအဖွဲ့ဟာ Ingenuity ယာဉ်ငယ်လေးရဲ့ ပျံသန်းမှုကနေ ပထမဆုံးသက်ဆိုင်ရာ အချက်အလက်တွေ လက်ခံရရှိခဲ့ကြပါတယ်။

မူလအစီအစဉ်မှာတော့ Ingenuity ရဟတ်ယာဉ်ငယ်လေးကို ဧပြီ ၁၁ ရက်မှာ ပျံသန်းဖို့ စီစဉ်ထားပေမယ့် ချို့ယွင်းမှုပြဿနာ ဖြေရှင်းဖို့အတွက် ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ယာဉ်ငယ်ဟာ ပါးလွှာတဲ့ Martian လေထုထဲမှာ လူလုပ်ရဟတ်ယာဉ်အဖြစ် ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။

“အခုတော့ လူသားတွေဟာ နောက်ထပ် ဂြိုဟ်တခုပေါ်မှာ ရဟတ်ယာဉ်ငယ်တစင်း စတင်ပျံသန်းပြနိုင်ခဲ့ပြီ” လို့ မြန်မာနိုင်ငံဖွား Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်က JPL ကနေ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံဖွား Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်နှင့် အဖွဲ့

“နောက်ထပ် ဂြိုဟ်တခုပေါ်မှာ Wright ညီနောင်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေအကြောင်းကို အကြာကြီးပဲ ပြောခဲ့ကြပါတယ်။ အခုတော့ တွေ့မြင်နေရပြီ” လို့ ဒေါ်မီမီအောင်က ဆိုပါတယ်။

အဆိုပါယာဉ်ပေါ်မှာ Wright ညီနောင်ရဲ့ ၁၉၀၃ ခုနှစ်က ပထမဆုံး လေယာဉ်ပျံသန်းမှု ခရီးစဉ်က အမှတ်တရ ပိတ်စလည်း ပါသွားတယ်လို့ ဆိုပါတယ်။ ယာဉ်ပျံလေးဟာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် အင်္ဂါ ဂြိုဟ်ပေါ်က အချက်အလက်တွေကို ပုံရိပ်တွေ၊ ဗီဒီယိုတွေ ပေးပိုခဲ့ပါတယ်။ Perseverance ကနေ ဖမ်းယူထားတဲ့ Ingenuity ရဲ့ ပထမဆုံး ပျံသန်းမှုခရီးစဉ် မှတ်တမ်းဗီဒီယိုကိုလည်း အဖွဲ့ကနေ ဝေမျှပေးခဲ့ပြီး ဖြစ်ပါတယ်။

ပထမဆုံး ပျံသန်းမှုကို စက္ကန့် ၄၀ နီးပါး ပျံသန်ခဲ့တဲ့ Ingenuity ယာဉ်ငယ်ဟာ အလေးချိန် လေးပေါင် သာသာပဲ ရှိတာပါ။ ဒလက် ၄ ခု ပါဝင်ပြီး မြေပြင်အထက် ၁၀ ပေ (၃ မီတာ) အမြင့်ကနေ ပျံသန်းနိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့် အပတ်ထဲမှာတော့ Ingenuity ယာဉ်ငယ်လေးဟာ ဒီ့ထက် အချိန်ကြာကြာ ပိုပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။

“အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ဖို့တင် မဟုတ်ပါဘူး၊ မြေပြင်ဝန်းကျင်မှာ ယာဉ်ငယ်တစီး ပျံသန်းပြဖို့ဆိုတာ ပိုတောင် မလွယ်ကူပါဘူး။ အင်္ဂါဂြိုဟ်ပေါ်က ပါးလွှာတဲ့ လေထုသိပ်သည်းဆတွေရယ်ကြောင့် ယာဉ်ငယ်တည်ဆောက်ရာမှာ သူ့နေရာနဲ့သူ မှန်ကန်နေဖို့ လိုပါတယ်” လို့ ဒေါ်မီမီအောင် ပြောပြသွားပါတယ်။

အဆိုပါယာဉ်ငယ်ကို သယ်ဆောင်သွားတဲ့ NASA ကနေ တည်ဆောက်ခဲ့တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်တွေထဲက အကြီးဆုံး Perseverance Rover ဟာ ယာဉ်ငယ်နဲ့ မြေပြင်ထိန်းချုပ်ရေးစင်တာကြား ချိတ်ဆက် ကူညီပေးခဲ့တာပါ။

Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်နှင့် အဖွဲ့

Perseverance ကိုတော့ ရဟတ်ယာဉ်ငယ်နဲ့ ၂၁၅ ပေ (၆၅ မီတာ) အကွာမှာ ရပ်ထားပြီး ပျံသန်းမှုတွေစောင့်ကြည့်ကာ ပုံရိပ်နဲ့ ဗီဒီယိုတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ပေးပို့တဲ့ အချက်အလက် အားလုံးကို နာဆာ မြေပြင်ထိန်းချုပ်ရေးစင်တာကနေ ရရှိဖို့ ၃ နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

NASA ဟာ အင်္ဂါဂြိုဟ်ခရီးစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃၀ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။ Ingenuity ရဟတ်ယာဉ်ငယ်ကို သယ်ဆောင်လာတဲ့ Perseverance Rover ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တချိန်က မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ခဲ့ဖူးတဲ့နေရာမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သက်ရှိတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အချက်အလက်တွေကို ရှာဖွေ မှာဖြစ်သလို ဂြိုဟ်ရဲ့ မြေသားနမူနာတွေနဲ့ ကျောက်သားတွေကိုပါ သုတေသန ပြုလုပ်သွားမှာပါ။

NASA ဟာ အဆိုပါခရီးစဉ်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိပြီး ပထမဆုံးပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ် တခုတည်းအတွက်တင် အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့် အကုန်ကျခံခဲ့တယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG

တရုတ်အစိုးရက Alibaba ကို ကန်ဒေါ်လာ ၂.၇၈ ဘီလီယံ အမြင့်ဆုံး ဒဏ်ကြေးချမှတ်

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ် မင်းသားကြီး ကွယ်လွန်

]]>
ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ သန်း ကျော်ပြီ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/19/240823.html Mon, 19 Apr 2021 06:40:06 +0000 https://burma.irrawaddy.com/lytbox/?p=240823 ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃ သန်း ကျော်လွန်ခဲ့ပါပြီ။ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်လူနာပေါင်း ၃၂ သန်းကျော်နဲ့ သေဆုံးသူ ၅၈၀,၀၀၀ ကျော် ရှိပါတယ်။]]> ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃ သန်း ကျော်လွန်ခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃ သန်းကျော်လွန်လာချိန်မှာ ကူးစက်လူနာပေါင်း ၁၄၂ သန်းကျော် ရှိပါပြီ။ နိုင်ငံအများအပြားမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပေမယ့် အိန္ဒိယ၊ ဘရာဇီးနဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ ဗိုင်းရပ်စ် ကူးစက်မှုဒဏ် ရိုက်ခတ်ခံနေရပါတယ်။

ဧပြီ ၁၇ ရက်မှာ ဂျွန်ဟော့ကင်းတက္ကသိုလ်ကနေ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ ယူကရိန်းနိုင်ငံ၊ ကီးယက်မြို့(သို့) ဗင်နီဇွဲလားနိုင်ငံ၊ ကရာကက်စ်မြို့ (သို့) ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ လူဦးရေတွေနဲ့ ညီမျှပြီး အမေရိကန်နိုင်ငံ၊ ချီကာဂို လူဦးရေ ၂ ဒသမ ၇ သန်းထက်တောင် များပြားနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သန်း ကျော်လွန်ခဲ့ချိန်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်ခဲ့ပါတယ်။ ဒီနေ့အချိန်ထိ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပြီဖြစ်တဲ့ နိုင်ငံ ၁၉၀ ကျော်လွန်လာပါပြီ။

ဒါပေမဲ့လည်း ဘရာဇီးနိုင်ငံမှာတော့ မျိုးကွဲသစ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူဟာ နေ့စဉ် ၃,၀၀၀ နီးပါးရှိနေဆဲပါ။ ဒါဟာ တကမ္ဘာလုံး အတိုင်းအတာရဲ့ ၄ ပုံ ၁ ပုံ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတိပေး ပြောဆိုလိုက်ပါတယ်။ နေ့စဉ် ကူးစက်နှုန်းဟာလည်း ၇၀,၀၀၀ နီးပါး ရှိပါတယ်။

အလားတူပဲ အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှုနှုန်း တရှိန်ထိုး ပြန်မြင့်တက်နေပါတယ်။ အမြင့်ဆုံးစံချိန်အဖြစ် ၂၄ နာရီအတွင်း ကူးစက်လူနာ ၂၆၁,၅၀၀ ကူးစက်ခံရတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ နေ့စဉ် သေဆုံးလူနာ အရေအတွက်ကလည်း ၁,၅၀၀ ဝန်းကျင် ရှိပါတယ်။ မြို့တော် နယူးဒေလီမှာတင် ၂၄ နာရီအတွင်း ကူးစက်လူနာ ၂၄၀,၀၀၀ ကျော် စံချိန်တင် ရှိနေတာပါ။

ဥရောပတိုက်က ပြင်သစ်နိုင်ငံမှာလည်း ဘရာဇီးနိုင်ငံကလာသူ ခရီးသွားအားလုံးကို ဧပြီ ၂၄ ရက်ကစလို့ တင်းကျပ်တဲ့ Quarantine ၁၀ ရက် ဝင်ရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဘရာဇီးအပြင် ချီလီ၊ တောင်အာဖရိကနဲ့ အာဂျင်တီးနားက ဝင်ရောက်လာမယ့်သူ အားလုံးဟာလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

၂၄ နာရီအတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးကို ပြန်တက်လာတဲ့ တူရကီနိုင်ငံမှာ ကူးစက်လူနာပေါင်း ၆၂,၆၀၆ ဦး နဲ့ စံချိန်တင် ကူးစက်နေပါတယ်။ သေဆုံးသူကတော့ နေ့စဉ် ၃၀၀ နီးပါး ရှိနေပါတယ်။ မွတ်စလင် ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လမှာ ကူးစက်မှုတွေ ပိုမြင့်တက်မလာအောင် သမ္မတက တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ၂ ပတ်ကြာ တစိတ်တပိုင်း Lockdown ချ ကန့်သတ်ထားရပါတယ်။

ကမ္ဘာပေါ်မှာ ကူးစက်မှု အနည်းဆုံးနိုင်ငံများ စာရင်းမှာ ပါခဲ့တဲ့ အရှေ့တောင်အာရှရှိ ကမ္ဘောဒီးယားနိုင်ငံမှာတော့ နေ့စဉ်ကူးစက်နှုန်း ၆၀၀ ကျော်လာတာကြောင့် မင်္ဂလာအခမ်းအနား ကျင်းပလေ့ရှိတဲ့ ခန်းမတွေမှာတောင် COVID-19 ကူးစက်လူနာတွေကို ကုသပေးနေရပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ကာ ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး၊ လက်ရှိအချိန်ထိ ကူးစက်လူနာပေါင်း ၆,၃၈၉ ဦးရှိကာ သေဆုံးသူကတော့ ၄၃ ဦး ရှိပါတယ်။

နိုင်ငံအများအပြားမှာ ကူးစက်မှုနှုန်းတွေ ပြန်မြင့်တက်နေပေမယ့် အစ္စရေးနိုင်ငံမှာတော့ အများပြည်သူနေရာ Outdoor တွေမှာ အကာအကွယ် နှာခေါင်းစည်း Mask တပ်ဆင်ရမယ်ဆိုတဲ့ တနှစ်ကျော်ကြာ ချမှတ်ထားတဲ့ စည်းကမ်းချက်ကို ပယ်ဖျက်ပေးလိုက်ပါပြီ။

နိုင်ငံတွင်းက လူဦးရေ အကုန်လုံးနီးပါးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီးချိန်မှာ အခုလို လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်တာပါ။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အလုံပိတ် Indoor နဲ့ လူစုလူဝေးများတဲ့ ပြင်ပနေရာတွေမှာတော့ တပ်ဆင်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်လူနာပေါင်း ၃၂ သန်းကျော်နဲ့ သေဆုံးသူ ၅၈၀,၀၀၀ ကျော် ရှိပါတယ်။ ဒုတိယနေရာက အိန္ဒိယမှာ ကူးစက်လူနာ ၁၅ သန်းကျော်နဲ့ သေဆုံးသူ ၁၈၀,၀၀၀ နီးပါး ရှိလာပါပြီ။ တတိယနေရာ ဘရာဇီးနိုင်ငံကတော့ ကူးစက်လူနာ ၁၃ သန်း ကျော်နဲ့ သေဆုံးသူ ၃၈၀,၀၀၀ နီးပါး ရှိပါတယ်။

Ref: Aljazeera

You may also like these stories:

အိန္ဒိယမှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၁၆၀,၀၀၀ ကျော် စံချိန်တင် မြင့်တက်

စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

]]>
အိန္ဒိယမှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၁၆၀,၀၀၀ ကျော် စံချိန်တင် မြင့်တက် https://burma.irrawaddy.com/lifestyle/coronavirus/2021/04/12/240716.html Mon, 12 Apr 2021 11:57:00 +0000 https://burma.irrawaddy.com/lytbox/?p=240716 အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်း သန်း ၉၀ ကျော်နဲ့ ၄၅ နှစ်နဲ့အထက် လူကြီးတွေကို ကိုဗစ် ကာကွယ်ဆေး တကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ တပတ်အတွင်း စံချိန်တင် ကူးစက်မှုပေါင်း ၈၇၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ မှတ်တမ်း တင်ထားပါတယ်။]]> အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်း သန်း ၉၀ ကျော်နဲ့ ၄၅ နှစ်နဲ့အထက် လူကြီးတွေကို ကိုဗစ် ကာကွယ်ဆေး တကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်သစ်အဖြစ် ၁၆၈,၉၁၂ ဦးရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်ဇယားမှာ ဖော်ပြထားပါတယ်။ ဒါဟာ တနေ့တည်း COVID-19 ကူးစက်မှု အမြင့်ဆုံး စံချိန်လည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယမှာ COVID-19 ကူးစက်လူနာပေါင်း ၁၃ သန်းခွဲကျော် ရှိသွားပါပြီ။ နေ့စဉ်ကူးစက်မှုနှုန်း တရှိန်ထိုး ပြန်မြင့်တက်လာတာကြောင့် ကမ္ဘာပေါ်မှာ ကူးစက်မှု အမြင့်ဆုံး ဒုတိယနေရာကို ပြန်ရောက်လာခဲ့ပါပြီ။ မတ်လ ၁၂ ရက်က ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၄ ဦး ရှိတာကြောင့် စုစုပေါင်း ၁၇၀,၀၀၀ ကျော်ရှိလာပြီလို့ ဖော်ပြထားပါတယ်။

ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယဟာ ကူးစက်လူနာပေါင်း ၁၃ သန်းခွဲကျော်နဲ့ ဒုတိယနေရာကို ပြန်ရောက်သွားပြီး တောင်အမေရိကတိုက်မှာ အဆိုးဆုံးကူးစက်နေတဲ့ ဘရာဇီးနိုင်ငံကတော့ ၁၃ ဒသမ ၄၈ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အမေရိကန်ကတော့ အခုချိန်ထိ ကူးစက်လူနာပေါင်း ၃၁ ဒသမ ၂ သန်းကျော်နဲ့ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေဆဲပါ။

အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ တပတ်အတွင်း စံချိန်တင် ကူးစက်မှုပေါင်း ၈၇၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ကူးစက်မှုနှုန်း ပြန်ကျဆင်းသွားစဉ်တုန်းကထက်စာရင် ၇၀ ရာခိုင်နှုန်းထိ ပြန်မြင့်တက်လာတာပါ။

ဘရာဇီးနိုင်ငံကတော့ လွန်ခဲ့တဲ့ တပတ်အတွင်း ကူးစက်လူနာ ၅၀၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်ဟုန်မြှင့်နေတဲ့ အမေရိကန်ကတော့ တပတ်အတွင်း ကူးစက်လူနာ ၄၉၀,၀၀၀ ကျော်နဲ့ ယခင်ကထက် ၉ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

မနှစ်က စက်တင်ဘာလမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး ဒုတိယနေရာ ရောက်လာခဲ့ပြီး၊ ၂၀၂၁ နှစ်ဆန်းပိုင်း ဇန်နဝါရီထိ ကူးစက်နှုန်း ပြန်ကျဆင်းသွားတာကြောင့် တတိယနေရာ ရောက်ခဲ့ပါသေးတယ်။ အခုတော့ လူစုလူဝေးနဲ့ ဘာသာရေးပွဲတော်တွေ၊ ပြည်နယ် ရွေးကောက်ပွဲတွေကြောင့် နေ့စဉ် ကူးစက်နှုန်းဟာ ပြန်မြင့်လာနေပါတယ်။

ဖက်ဒရယ်အစိုးရကတော့ ဒုတိယအကြိမ် နိုင်ငံတဝန်း Lockdown ချကန့်သတ်ဖို့ကို မထုတ်ပြန်သေးပါဘူး။ မနှစ်က တနိုင်ငံလုံး Lockdown ချ ကန့်သတ်ခဲ့စဉ်မှာ စီးပွားရေးကဏ္ဍကို ရိုက်ခတ်ခဲ့တာကြောင့် ပြည်နယ် အစိုးရတွေအလိုက် ရောဂါပျံ့နှံ့ ထိန်ချုပ်ရေးပိုင်းကို လုပ်ဆောင်ဖို့ ပြောဆိုထားပါတယ်။

ကာကွယ်ဆေး ထိုးနှံခဲ့တဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ

အိန္ဒိယမှာ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို အရှိန်ဟုန်မြင့် လုပ်ဆောင်နေဆဲမှာ ဝန်ကြီးချုပ် မိုဒီ လည်း COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံလိုက်ပါတယ်။ မတ်လ ၁ ရက်က ပထမဆုံးအကြိမ် ထိုးခဲ့ပြီး ဧပြီ ၈ ရက်မှာ ဒုတိယအကြိမ် ထိုးနှံခဲ့တာပါ။

ဇန်နဝါရီလကစလို့ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်ခဲ့တဲ့ အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်း သန်း ၉၀ ကျော်နဲ့ ၄၅ နှစ်နဲ့အထက် လူကြီးတွေကို တကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ အတွက် ရောဂါခုခံစွမ်းရရှိဖို့ ပြည့်မီအောင် လုပ်ဆောင်နေပေမယ့် ၁၁ သန်းကျော်သာ ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးထားနိုင်တာပါ။ ပြည်နယ်အများစုမှာတော့ ကာကွယ်ဆေး ပြတ်လပ်မှုနဲ့ လူငယ်တွေကိုပါ ထိုးပေးနိုင်ဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

Ref: Aljazeera

You may also like these stories:

စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ

AstraZeneca ကို သွေးခဲမှုနဲ့ ဆက်နွယ်နေပေမယ့် အကြောင်းရင်းမှန် အတည်မပြုနိုင်သေး

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

]]>
စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/12/240681.html Mon, 12 Apr 2021 07:25:13 +0000 https://burma.irrawaddy.com/lytbox/?p=240681 ဒီဖြစ်စဉ်ဟာ ကာကွယ်ဆေး ထိုးထားပြီးသူ တယောက်ချင်းစီမှာလည်း ရောဂါကူးစက်နိုင်သေးတာကို သတိပေးလိုက်တာပါ။အိန္ဒိယနိုင်ငံသားဟာ COVID-19 ကာကွယ်ဆေးကို ပထမတကြိမ် ဇန်နဝါရီ ၂၅ ရက်နဲ့ ဒုတိယတကြိမ် ဖေဖော်ဝါရီ ၁၇ ရက်က ထိုးနှံထားပြီး ဖြစ်ပါတယ်။]]> ဒီဖြစ်စဉ်ဟာ ကာကွယ်ဆေး ထိုးထားပြီးသူ တယောက်ချင်းစီမှာလည်း ရောဂါကူးစက်နိုင်သေးတာကို သတိပေးလိုက်တာပါ။

စင်ကာပူနိုင်ငံကို ပြောင်းရွှေ့လာရောက် လုပ်ကိုင်နေတဲ့ အဆောင်နေ အလုပ်သမားတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အိန္ဒိယနိုင်ငံသားဟာ COVID-19 ကာကွယ်ဆေး ထိုးထားပြီးသူ ဖြစ်ပေမယ့်လည်း တဦးချင်းစီမှာ ဗိုင်းရပ်စ် ကူးစက်နိုင်ချေရှိတယ်လို့ ကျန်းမာရေးဌာန (MOH) က သတိပေး ပြောဆိုလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ Seafront Support Company မှာ Lashing ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ကိုင်နေသူပါ။ Brani Terminal Avenue ရှိ အလုပ်သမားအဆောင်မှာနေထိုင်သူတယောက်လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၇ ရက်မှာ အဆောင်နေထိုင်သူ ရွှေ့ပြောင်းလုပ်သားတွေကို အလှည့်ကျ ဆေးစစ်မှု ပြုလုပ်ခဲ့ပြီး နောက်တနေ့ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း အဖြေထွက်လာချင်းချင်းပဲ တဦးတည်းသီးသန့် ပြောင်းရွှေ့ထားတယ်လို့ MOH ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဗိုင်းရပ်စ် ကူးစက်နေကြောင်း သိသာစေမယ့် ရောဂါလက္ခဏာ မပြဘူးလို့ သိရပါတယ်။

တဦးချင်းစီ သီးသန့် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိကြောင်း အဖြေထွက်ပြီးနောက် အဆိုပါ အမျိုးသားကို စင်ကာပူ National Centre for Infectious Diseases (NCID) သို့ လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားဟာ COVID-19 ကာကွယ်ဆေးကို ပထမတကြိမ် ဇန်နဝါရီ ၂၅ ရက်နဲ့ ဒုတိယတကြိမ် ဖေဖော်ဝါရီ ၁၇ ရက်က ထိုးနှံထားပြီး ဖြစ်ပါတယ်။

“သူဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးမှာ စမ်းသပ်မှုတွေအရ ကိုယ်တွင်း ပဋိပစ္စည်း ထွက်ရှိကြောင်း စစ်ဆေးတွေ့ရှိထားသလို၊ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ရောဂါလက္ခဏာ မပြဘူး” လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

“ဒီဖြစ်စဉ်ဟာ COVID-19 ကာကွယ်ဆေး ထိုးထားပြီးသူ တယောက်ချင်းစီမှာလည်း ရောဂါကူးစက်နိုင်သေးတာကို သတိပေးလိုက်တာပါ။ ဒါပေမဲ့လည်း ကာကွယ်ဆေးတွေကတော့ အဓိက ရောဂါလက္ခဏာတွေကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်”လို့ MOH က ဆိုပါတယ်။

COVID-19 ကူးစက်ခံထားရတဲ့ အဆိုပါ အမျိုးသားဟာ မတ်လ ၂၄ ရက် အလှည့်ကျ ဆေးစစ်တုန်းကတော့ Negative အဖြေထွက်ရှိထားတာပါ။

“ဒါကြောင့် နိုင်ငံတွင်း ချမှတ်ထားတဲ့ COVID-19 စည်းကမ်းတွေကို မဖြေလျှော့ပေးသေးတာပါ။ ပြည်တွင်း ကူးစက်မှုတွေ လျော့ကျအောင် ကျန်းမာရေးစည်းမျဉ်းတွေ၊ ပုံမှန် ဆေးစစ်မှုတွေနဲ့ ခြေရာခံစနစ်တွေကို မပြတ်လုပ်ဆောင်နေတယ်”လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

စင်ကာပူနိုင်ငံဟာ ဗိုင်းရပ်စ် ထိန်းချုပ် ကာကွယ်ရေး နည်းလမ်းကောင်းတွေကြောင့် ပြည်တွင်းကူးစက်မှု လျော့နည်းတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မူလအစကတည်းက ယခုအချိန်ထိ COVID-19 ကူးစက်လူနာပေါင်း ၆၀,၀၀၀ ကျော်ရှိပေမယ့် သေဆုံးသူကတော့ ၃၀ ဦးသာ ရှိပါတယ်။

Ref: CNA

You may also like these stories:

AstraZeneca ကို သွေးခဲမှုနဲ့ ဆက်နွယ်နေပေမယ့် အကြောင်းရင်းမှန် အတည်မပြုနိုင်သေး

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

ဖိလစ်ပိုင်မှာ ကိုဗစ်စည်းကမ်း ဖောက်သူကို အပြစ်ပေးရာက သေဆုံးမှုဖြစ်

]]>
စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG https://burma.irrawaddy.com/business/it/2021/04/12/240673.html Mon, 12 Apr 2021 05:00:14 +0000 https://burma.irrawaddy.com/lytbox/?p=240673 LG နည်းပညာ ကုမ္ပဏီနည်းပညာကုမ္ပဏီကြီးဟာ နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို စမတ်ဖုန်း ထုတ်လုပ်ရေးမှာ အရှုံးပေါ်ခဲ့ပြီးနောက် Android လောကကြီးကို နှုတ်ဆက်လက်ပြ ကျောခိုင်းသွားခဲ့ရပါပြီ။]]> LG နည်းပညာ ကုမ္ပဏီ

တောင်ကိုရီးယား LG လျှပ်စစ်ကုမ္ပဏီကြီးဟာ စမတ်ဖုန်းလောကရဲ့ အစောပိုင်းကာလ စွန့်ဦးတီထွင်သူထဲမှာ ပါဝင်ခဲ့ပါတယ်။ အခုတော့ မိုဘိုင်းဖုန်း ထုတ်လုပ်ရေးပိုင်းကို ရပ်ဆိုင်းတော့မယ့်အကြောင်း ဧပြီလဆန်းပိုင်းကပဲ ကြေညာသွားပါတယ်။

နည်းပညာကုမ္ပဏီကြီးဟာ နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို စမတ်ဖုန်း ထုတ်လုပ်ရေးမှာ အရှုံးပေါ်ခဲ့ပြီးနောက် Android လောကကြီးကို နှုတ်ဆက်လက်ပြ ကျောခိုင်းသွားခဲ့ရပါပြီ။

၂၀၁၉ ခုနှစ်တုန်းကလည်း မိခင် တောင်ကိုရီးယားနိုင်ငံ ဈေးကွက်မှာ အရှုံးပေါ်ခဲ့တာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။ ကုမ္ပဏီကနေ ထုတ်လုပ်ထားထားတဲ့ ကျန်ရှိနေသေးတဲ့ မော်ဒယ်တချို့ကိုတော့ ဆက်လက် ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းနယ်ပယ်မှာ တန်ဖိုးနည်း တရုတ်နိုင်ငံထုတ် ဖုန်းတွေအပြိုင်အဆိုင် ထွက်ပေါ်လာတာကြောင့် ဈေးကွက်ဝေစု ရဖို့ ရုန်းကန်နေချိန်မှာတောင် အမေရိကန်ဈေးကွက်မှာ အိုင်ဖုန်း၊ ဆမ်ဆောင်းဖုန်းတွေနဲ့အပြိုင် ရောင်းအားအကောင်းဆုံး စာရင်းထဲ ဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံး ၅ နှစ်အတွင်းမှာ ကုမ္ပဏီဟာ ဒေါ်လာ ၄ ဘီလီယံခွဲလောက် အရှုံးပေါ်ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကဆိုရင် ကမ္ဘာ့စမတ်ဖုန်းလောကရဲ့ ထိပ်ဆုံး အဆင့် ၃ ခုထဲ ဝင်ခဲ့ဖူးပေမယ့် ၂၀၂၀ မှာတော့ ထိပ်သီးအဆင့် ၇ အတွင်းတောင် မဝင်နိုင်တော့ပါဘူး။ ၂၀၂၁ နှစ်ဆန်းပိုင်းမှာတော့ LG ဟာ သူတို့ရဲ့ ဖုန်းလုပ်ငန်းကို နောက်ထပ် လုပ်ငန်းစုတခုဆီ ရောင်းချမယ့်အကြောင်း အရိပ်အမြွက် ထွက်လာခဲ့ဖူးပါတယ်။

LG ဘက်က စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းမယ့်အကြောင်း ကြေညာခဲ့အပြီးမှာပဲ အသုံးပြုခဲ့သူတွေက သူတို့ရဲ့ LG လက်ကိုင်ဖုန်းဟောင်းတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံရိုက်တင်ရင်း အမှတ်တရ ဝေမျှပေးခဲ့ကြပါတယ်။

ရွှေရောင်လွှမ်းခဲ့တဲ့ ၂၀၁၃ ခုနှစ်ကဆိုရင် LG ဟာ အဲဒီခေတ်အခါတုန်းက ကွေးညွတ်နေတဲ့ ဖုန်းမျက်နှာပြင်ကို ပထမဆုံး ချပြခဲ့တာပါ။ နောက်ထပ် ၂ နှစ်အကြာမှာ ပညာရှင်တွေကတောင် ချီးကျူးရတဲ့ အရည်အသွေးမြင့် ဓာတ်ပုံရိုက်ကူးနိုင်တဲ့ LG G4 ကို ထုတ်ပြခဲ့ချိန်မှာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး စမတ်ဖုန်းကင်မရာအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာလည်း LG ဟာ 5G network အသုံးပြုနိုင်ပြီး မျက်နှာပြင်နှစ်ခု ပါတဲ့အပြင် ၉၀ ဒီဂရီလှည့်နိုင်တဲ့ WING 5G ကို ဈေးကွက်ထဲ ရောင်းချခဲ့ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၃ လလောက်က စမတ်ဖုန်းကနေ Tablet အဖြစ် ပြောင်းလဲသုံးနိုင်မယ့် LG Rollable ကို ဒီနှစ်အတွင်း ထုတ်ပြသွားမယ့်အကြောင်း အတည်ပြု ပြောကြားခဲ့ပေမယ့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်အပြီးမှာ အဆိုပါ အမျိုးအစားသစ်ကို သုံးစွဲသူတွေ မြင်တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။

Ref: edition.cnn

]]>