ဇာခြည်ညိမ်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/76684 Covering Burma and Southeast Asia Mon, 07 Jul 2025 03:50:18 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဇာခြည်ညိမ်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/76684 32 32 ‘စုန်းဖမ်းပွဲ’ မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ https://burma.irrawaddy.com/opinion/viewpoint/2025/07/04/402986.html Fri, 04 Jul 2025 02:58:37 +0000 https://burma.irrawaddy.com/?p=402986 တရားဝင်တိုင်ကြားတဲ့ နည်းလမ်းတွေ အလုပ်မဖြစ်လို့၊ အရေးယူပေးမယ့်သူ မရှိလို့၊ ကျူးလွန်သူရဲ့ ရန်ကနေ အကာအကွယ်ပေးမယ့် ယန္တရားတွေ မရှိလို့ပါ။ ]]>

မကြာခင်လများအတွင်းက လူမှုအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအသိုင်းအဝိုင်းတွေထဲက လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမြတ်ထုတ်မှု၊ လှည့်ဖြားမှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုတွေကို ခံစားခဲ့ကြရတဲ့ မိန်းမငယ်လေးတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ရဲရဲရင့်ရင့် ဖွင့်ပြောလာကြပါတယ်။

သူတို့အပေါ် ကျူးလွန်သူများဟာ သာမန် လူတွေတော့ မဟုတ်ကြပါဘူး၊ လူ့အခွင့်အရေး စောင့်ရှောက်ကာကွယ်သူ၊ လူနည်းစုအရေး ကျွမ်းကျင်သူတွေ၊ ပညာရေးအဖွဲ့အစည်းက ပညာတတ်တွေ၊ သုတေသီတွေ ပါဝင်သလို လူသိများကြသူတွေလည်း ပါဝင်ကြပါတယ်။

ဒီအမျိုးသမီးငယ်တွေဟာ သူတို့ ခံစားရတဲ့ မတရားစော်ကားမှုတွေကို ထုတ်ဖော်ပြောဆိုကြတယ်ဆိုတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ တရားစီရင်ရေးမဏ္ဍိုင် အားမကောင်းတဲ့ အခြေအနေမျိုးမှာ သူတို့အတွက် ရွေးချယ်စရာဟာ အများပြည်သူသိအောင် လူမှုကွန်ရက်မီဒီယာတွေကနေတဆင့်၊ အမျိုးသမီးအခွင့်အရေး စောင့်ရှောက်ကာကွယ်ပေးကြတဲ့ အဖွဲ့အစည်းတချို့ကနေတဆင့်သာ ထုတ်ပြောရတာပါ။

တရားဥပဒေအရ အရေးယူပေးနိုင်ခြင်း၊ အကာအကွယ်ပြုနိုင်ခြင်း မရှိတဲ့အခါ “မမှီဝဲနဲ့ ကင်းအောင်နေ” ဆိုတဲ့ ဝိုင်းကျဉ်တဲ့ လူမှုရေးပြစ်ဒဏ် (social punishment) ပဲ လုပ်ကြဖို့ နှိုးဆော်နိုင်ပါတယ်။ တွေးကြည့်ပါနော်၊ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ စော်ကား၊ အကြမ်းဖက်နေသူကို ထိုက်တန်တဲ့ပြစ်ဒဏ်အတွက် တရားစီရင်ရေးက မပေးနိုင်တဲ့အခါ အနိမ့်ဆုံးအဆင့် ဒီလူ … ဒီလူတွေသည် ဒီလို အကျင့်ရှိပါတယ်၊ ဝေးဝေးရှောင်ကြပါလို့ပဲ ပြောနိုင်ပါတယ်။

တရားဥပဒေအရ အရေးယူပေးနိုင်ခြင်း၊ အကာအကွယ်ပြုနိုင်ခြင်း မရှိတဲ့အခါ “မမှီဝဲနဲ့ ကင်းအောင်နေ” ဆိုတဲ့ ဝိုင်းကျဉ်တဲ့ လူမှုရေးပြစ်ဒဏ် (social punishment) ပဲ လုပ်ကြဖို့ နှိုးဆော်နိုင်ပါတယ်။ တွေးကြည့်ပါနော်၊ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ စော်ကား၊ အကြမ်းဖက်နေသူကို ထိုက်တန်တဲ့ပြစ်ဒဏ်အတွက် တရားစီရင်ရေးက မပေးနိုင်တဲ့အခါ အနိမ့်ဆုံးအဆင့် ဒီလူ … ဒီလူတွေသည် ဒီလို အကျင့်ရှိပါတယ်၊ ဝေးဝေးရှောင်ကြပါလို့ပဲ ပြောနိုင်ပါတယ်။

ဘာ့ကြောင့်လဲ၊ အဲဒီလူတွေဟာ လူရိုသေ ရှင်ရိုသေ အဖွဲ့အစည်းတွေထောင်၊ ဦးဆောင်ဦးရွက် နေရာတွေယူထားပြီး ဂေါပကများလို အကြည်ညိုခံတွေ ဆက်ဖြစ်နေဆဲမို့လို့ပေါ့။

နစ်နာသူဘက်က ရပ်တည်သူတွေ နည်းပါးချိန်မှာ ကျူးလွန်သူတွေဘက်က ရပ်တည်သူတွေကတော့ မနည်းလှပါဘူး။ စာတတ်ပေတတ် အသိုင်းအဝိုင်း၊ လူသိများအသိုင်းအဝိုင်းက ဖြစ်နေကြလေတော့ ပညာရှင်ဆိုသူများကိုယ်တိုင် လူရှေ့ထွက် မီဒီယာပလက်ဖောင်းကို သုံးပြီးတောင် အကာအကွယ်ပေးကြပါတယ်။

မကြာသေးမီကတော့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) ကနေ ဒေါက်တာ စိုင်းလတ်က ‘လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့’ ဆိုပြီး ရေးပါတယ်။ သူက ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပြုပြင်ခွင့်၊ သုံးသပ်ခွင့်မပေးဘဲ “စိတ်ဆိုးနေတဲ့လူအုပ်ဟာ နေ့ချင်းညချင်း စုန်းဖမ်းသူတွေ ဖြစ်လာပြီး တရားမျှတရေး တစုံလုံးကို အဆိပ်အတောက်ဖြစ်လိမ့်မယ်။ တရားမျှတရေးကို ပြန်ပြီး ရန်မူလာပါလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။

လူတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အုပ်စုလိုက် စွပ်စွဲမှုတွေနဲ့ လုပ်ထုံးလုပ်နည်း အကန့်အသတ်မဲ့တဲ့ လူမှုတရားမျှတမှု ရှာဖွေရေးတွေဟာ တရားမျှတမှုကို ထိခိုက်စေပါတယ်လို့ ဆိုပါတယ်။ ကျမအဖို့တော့ ကျိုးကြောင်းဆီလျော်သယောင်ယောင် အထင်မှားစေတဲ့ အရေးသားမျိုး၊ တရားမျှတမှုကို သေးသိမ်စေပြီး နစ်နာသူတွေ နောက်ထပ် ထုတ်ဖော်ပြောဆိုခြင်း မပြုရအောင်၊ သြဇာရှိသူ၊ ပါဝါရှိသူများကို အကာအကွယ်ပေးချင်တဲ့ ပုံဖော်မှုမျိုးပဲလို့ မြင်မိပါတယ်။

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတခု / ဧရာဝတီ

စုန်းဖမ်းပွဲ မဟုတ်ပါ

လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကို တိုင်ကြားကြတဲ့အခါ “စုန်းဖမ်းပွဲ” လုပ်တာပဲလို့ သုံးနှုန်းလိုက်တာဟာ သမိုင်းကြောင်းအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် အင်မတန် မလျော်ကန်တဲ့ စကားလုံးဖြစ်ပါတယ်။ အတိတ်က မဟာဖိုဝါဒကြီးစိုးတဲ့ ရွှေထီးဆောင်းခဲ့စဉ်ကာလက အတွေးအမြင်မျိုးကို သုံးပြီး လက်ရှိ ပြစ်မှုကျူးလွန်သူတွေကို သေးသိမ်အောင်၊ တရားမဝင်အောင်၊ လူအုပ်ကြီးနဲ့ မြင်မြင်ရာ တရားခံရှာနေတာပဲလို့ စွပ်စွဲတဲ့ အသုံးအနှုန်းသာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ အဲဒီ နစ်နာသူများဟာ သြဇာအာဏာရှိသူကို အကာအကွယ်ပေး၊ နစ်နာသူကို အသံတိတ်စေတဲ့ စနစ်ဆိုး၊ အသိုင်းအဝိုင်းဆိုးကြီးထဲမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ လက်စားချေဖို့ မဟုတ်ပါဘူး။ နစ်နာသူတွေဟာ လူမှုကွန်ရက်မီဒီယာမှာ ကျမတို့/ကျနော်တို့ ဒီလို အရှက်တကွဲ အလုပ်ခံရပါတယ်ရှင်/ခင်ဗျာလို့ ထုတ်ပြောရတာ သာယာချမ်းမြေ့စရာ မကောင်းပါဘူး။ ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး။

တကယ်တမ်းမှာတော့ အဲဒီ နစ်နာသူများဟာ သြဇာအာဏာရှိသူကို အကာအကွယ်ပေး၊ နစ်နာသူကို အသံတိတ်စေတဲ့ စနစ်ဆိုး၊ အသိုင်းအဝိုင်းဆိုးကြီးထဲမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ လက်စားချေဖို့ မဟုတ်ပါဘူး။ နစ်နာသူတွေဟာ လူမှုကွန်ရက်မီဒီယာမှာ ကျမတို့/ကျနော်တို့ ဒီလို အရှက်တကွဲ အလုပ်ခံရပါတယ်ရှင်/ခင်ဗျာလို့ ထုတ်ပြောရတာ သာယာချမ်းမြေ့စရာ မကောင်းပါဘူး။ ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး။

တရားဝင်တိုင်ကြားတဲ့ နည်းလမ်းတွေ အလုပ်မဖြစ်လို့၊ အရေးယူပေးမယ့်သူ မရှိလို့၊ ကျူးလွန်သူရဲ့ ရန်ကနေ အကာအကွယ်ပေးမယ့် ယန္တရားတွေ မရှိလို့ပါ။ အဖွဲ့အစည်းတွေက အပြစ်ကျူးလွန်ထားသူတွေကို အရေးယူရမယ့်အစား အကာအကွယ်ပေးနေတဲ့အခါ လူမှုရေးပြစ်ဒဏ်ကိုပဲ အားကိုးရပါတယ်ဆိုတာ နိုင်ငံတကာ ဥပမာတွေ အများကြီးရှိပါတယ်။

နစ်နာသူ ဗဟိုပြုရမယ်၊ ကျူးလွန်သူကို အကာအကွယ်မပေးရဘူး

နစ်နာသူတွေကို ထိရောက်တဲ့ အကာအကွယ်၊ စောင့်ရှောက်မှုနဲ့ နှစ်သိမ့်မှု မပေးနိုင်ဘဲနဲ့ ကျူးလွန်သူကိုပဲ “မင်းကိုမင်း ပြန်သုံးသပ်၊ အမှားတွေကနေ သင်ခန်းစာယူ နောက် မဖြစ်စေနဲ့နော်” လို့ တိုးတိုးတိတ်တိတ် လုပ်တာမျိုးဟာ တရားမျှတမှု ဖော်ဆောင်ခြင်း (restorative justice) မဟုတ်ပါ။ နစ်နာသူရဲ့ ဂုဏ်သိက္ခာကို ချနင်းခြင်းသက်သက်သာ ဖြစ်တယ်။

တရားမျှတမှု ဖော်ဆောင်ခြင်းဟာ ငြိမ်ခံခြင်းမဟုတ်၊ တိတ်ဆိတ်နေခြင်း မဟုတ်ဘူး။ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ မိမိအမှားကို ရိုးသားစွာ ဝန်ခံမှုတွေပါ။ ပါဝါ မညီမျှရင်၊ ယုံကြည်မှုမရှိရင် လုပ်လို့မရပါဘူး။

ဒီလိုဖြစ်စဉ်မျိုး အခုမှဖြစ်တာ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်က ဟေတီနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ Oxfam sexual abuse အမှုမှာဆိုရင် ရာထူးကြီးဝန်ထမ်းဖြစ်တဲ့အတွက် တိုးတိုးတိတ်တိတ် နေရာရွှေ့ခိုင်းလိုက်တယ်။ တိုင်ကြားသူတွေကို အသံတိတ်အောင် လုပ်ကြတယ်။

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားတချို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာလည်း အဖွဲ့အစည်းရဲ့သိက္ခာကို ဆယ်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြတယ်။

မြန်မာပြည်တွင်းက အမှုတွေမှာလည်း အဖွဲ့အစည်းတွေဟာ သူတို့ နာမည်ဂုဏ်သတင်းကို ဆယ်ဖို့ ကြိုးစားရင်း နစ်နာသူတွေကို ဝိုင်းထိုးချကြဖူးတယ်။

အဲဒီကိစ္စတွေမှာ နစ်နာသူတွေဟာ လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး သူတို့နစ်နာမှုကို ဖော်ထုတ်ပြီး တရားမျှတမှု ရှာဖွေခဲ့ကြရတာပါ။ သူတို့ရဲ့ နောက်ဆုံး ကောက်ရိုးမျှင်ဟာ လူထုခုံရုံးဖြစ်နေတာက အဖွဲ့အစည်းတွေနဲ့ တရားဥပေဒစိုးမိုးရေး ညံ့တာကြောင့်လို့ ပြောပါရစေ။ ဒါကို ပညာရှင်အမည်ခံပုဂ္ဂိုလ်များက ‘စုန်းဖမ်းပွဲ’ အမည်တပ်တာ အံ့သြစရာပါပဲ။

အဲဒီကိစ္စတွေမှာ နစ်နာသူတွေဟာ လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး သူတို့နစ်နာမှုကို ဖော်ထုတ်ပြီး တရားမျှတမှု ရှာဖွေခဲ့ကြရတာပါ။ သူတို့ရဲ့ နောက်ဆုံး ကောက်ရိုးမျှင်ဟာ လူထုခုံရုံးဖြစ်နေတာက အဖွဲ့အစည်းတွေနဲ့ တရားဥပေဒစိုးမိုးရေး ညံ့တာကြောင့်လို့ ပြောပါရစေ။ ဒါကို ပညာရှင်အမည်ခံပုဂ္ဂိုလ်များက ‘စုန်းဖမ်းပွဲ’ အမည်တပ်တာ အံ့သြစရာပါပဲ။

နာမည်ဂုဏ်သတင်း ထိပါးခြင်း

နစ်နာသူရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျစ်လျူရှုပြီး ကျူးလွန်သူရဲ့ နာမည်ဂုဏ်သတင်းကို ထိပါးစေတယ်လို့ စွပ်စွဲမှုဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာပါပဲ။ သူ့ဆောင်းပါးထဲမှာတော့ “ကျူးလွန်သူဘက်က တာဝန်ယူ/တာဝန်ခံရေးအတွက် သိသင့်သိထိုက်သူတွေကို အသိပေးရေးနဲ့ သူ့ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှု (privacy) ထိန်းသိမ်းရေး” လို့ သုံးသွားပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ ပြစ်မှုကျူးလွန်တာပါ၊ ခြေချော်လက်ချော် မှားမိတာ မဟုတ်ပါဘူး။ နာမည်ဂုဏ်သတင်းကို ပြန်တည်ဆောက်လို့ ရနိုင်ပေမယ့် နစ်နာသူခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာ၊ သိက္ခာကျဆင်းမှု၊ လူမှုဆက်ဆံရေးအရ ထိခိုက်မှုတွေကို လွယ်လွယ်ကူကူ ပြန်မကုစားနိုင်ပါဘူး။

ကျူးလွန်သူတွေရဲ့ နာမည်ဂုဏ်သတင်းကို အလေးထားသင့်တယ်ဆိုတဲ့ စကားဟာ နစ်နာသူများရဲ့ အဖြစ်အပျက်တွေကို ထပ်မံ စော်ကားတာပါပဲ။ အထူးသဖြင့် ဒီလိုစကားလုံးမျိုးကို ပညာတတ်တယောက်က စာထက်အက္ခရာတင်ပြီး မီဒီယာတခုကို အသုံးပြုပြီး ပြောတာ ကို အံ့အားသင့်မိတယ်။

လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်၊ လူ့အခွင့်အရေးအတွက် အလုပ်လုပ်နေပါတယ်ဆိုတဲ့ လူတွေက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားမှုတွေ လုပ်နေတာဟာ လူ့အခွင့်အရေးဆိုတဲ့ အခြေခံမူဝါဒကို ပြက်ရယ်ပြုလိုက်တာပါပဲ။

သူတို့ဘာသာသူတို့ တဖွဖွပြောပြီး နာမည်ဂုဏ်သတင်း တည်ဆောက်လာကြတဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို မြောင်းထဲပစ်ချလိုက်တာပါပဲ။ ဒါဟာ ဥပဒေချိုးဖောက်မှု သက်သက်မဟုတ်ဘဲ ကျင့်ဝတ်သိက္ခာမဲ့ခြင်း၊ ကျင့်ဝတ်သိက္ခာ အရေခြုံခြင်းပါ။

လူအုပ်စုကြီး၏ တရားစီရင်မှု

လူမှုကွန်ရက်မီဒီယာမှာ အားနည်းချက်တွေ ရှိပါတယ်။ ပျံ့နှံ့သွားပြီဆိုရင် ထိန်းချုပ်မရနိုင်တော့ဘူး။ လူတွေကို အလွယ်တကူ နာမည်ဖျက်နိုင်တယ်၊ အမှန်နဲ့အမှားကို ခွဲခြားဖို့ခက်တယ်။ တာဝန်ခံမှုနဲ့ လက်စားချေမှုကို ရောထွေးသွားစေနိုင်တယ်။

ဒါပေမယ့် အားကိုးအားထားစရာ အဖွဲ့အစည်းနဲ့ တရားဥပဒေ မရှိတဲ့အခါ လူထုကို သတင်းအချက်အလက် ပေးတာ၊ ကြိုတင်တားဆီး ကာကွယ်မှုပြုစေနိုင်တာတွေကို လူမှုကွန်ရက်ကပဲ လုပ်ပေးနေတာပါ။ အခြေခံ လူတန်းစားအတွက်၊ သာမန်လူထုအတွက် အားကိုးအားထားပြုရာ ပလက်ဖောင်းဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါပေမယ့် အားကိုးအားထားစရာ အဖွဲ့အစည်းနဲ့ တရားဥပဒေ မရှိတဲ့အခါ လူထုကို သတင်းအချက်အလက် ပေးတာ၊ ကြိုတင်တားဆီး ကာကွယ်မှုပြုစေနိုင်တာတွေကို လူမှုကွန်ရက်ကပဲ လုပ်ပေးနေတာပါ။ အခြေခံ လူတန်းစားအတွက်၊ သာမန်လူထုအတွက် အားကိုးအားထားပြုရာ ပလက်ဖောင်းဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

သို့သော် အင်စတီကျူးရှင်းကြီးများရဲ့ ပါဝါကို အသုံးပြုပြီး တဖက်သတ် တရားထူနေတဲ့ လူယုတ်မာများကို ဖော်ထုတ်နိုင်တဲ့ တခုတည်းသော ပလက်ဖောင်းဖြစ်တယ်ဆိုတာလည်း သတိပြုရပါမယ်။

‘နစ်နာသူ ဗဟိုပြုပါ’ ဆိုတာ ပြောရတာလွယ်ပါတယ်၊ လုပ်ကြဖို့ ခက်ပါတယ်။

၁) အသင်းအဖွဲ့တိုင်းမှာ လွတ်လပ်စွာ၊ လွယ်ကူစွာ၊ လုံခြုံစွာ တိုင်ကြားနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပြီလား။

၂) နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်မယ့် ပွင့်လင်းမြင်သာမှုရှိတဲ့ အရေးယူမှု နည်းလမ်းတွေရှိပြီလား။

၃) ပါဝင်ပတ်သက်သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့အညီ ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေရှိပြီလား။

၄) တရားမျှတမှု တောင်းဆိုလာတဲ့အခါ၊ သူတို့ဖြစ်စဉ်ကို ထုတ်ပြောကြတဲ့အခါ လက်စားချေတာလား၊ နာမည်ဖျက်ချင်လို့ လျှောက်ပြောနေတာလားဆိုပြီး ထုတ်ဖော်ပြောဆိုသူတွေကို တံဆိပ်ကပ်နေကြတုန်းပဲလား။

၅) ထုတ်ဖော်ပြောဆိုလာသူတွေကို “တော်လှန်ရေးကို မထိခိုက်စေနဲ့၊ တော်လှန်ရေးမှာ ပါတဲ့သူတွေကို သက်သက် နာမည်ဖျက်ပြီး တော်လှန်ရေးကို နှေးအောင်လုပ်တာ” ဆိုပြီး တားဆီးနေတုန်းပဲလား။

ကုလသမဂ္ဂ ရာဇဝတ်မှု ကျူးလွန်ခံရသူများနှင့် မလျော်သြဇာသုံးစွဲ၍ အနိုင်ကျင့်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်ရေးဆိုင်ရာ အခြေခံမူဝါဒများ ကြေညာစာတမ်း (the UN Declaration of Basic Principles of Justice for Victims of Crime and Abuse of Power) မှာ နစ်နာသူများရဲ့ သတင်းအချက်အလက် ရပိုင်ခွင့်၊ ပူးပေါင်းပါဝင်ခွင့်၊ အကာအကွယ် ရပိုင်ခွင့်နဲ့ နစ်နာမှုများကို ကုစားခွင့်တွေ အသေအချာ ဖော်ပြထားပါတယ်။ လူတဦးတယောက် စိတ်သာယာစေဖို့ တခြားသူများရဲ့ အခွင့်အရေးကို ချိုးဖောက်ခွင့် လုံးဝ (လုံးဝ) မရှိပါ။

ဒါဟာ ‘စုန်းဖမ်းပွဲ’ မဟုတ်ပါ။ အမျိုးသမီးများအနေနဲ့ သူတို့ ဘဝ၊ နစ်နာမှုတွေကို ထုတ်ဖော်ပြောဆိုတဲ့ အသံဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ ကြက်တူရွေး နှုတ်တိုက်ရွတ်တဲ့ ကဗျာမဟုတ်ပါ။ သူတို့အသံတွေကို မကြားယောင်ပြုတာ၊ သေးသိမ်စေတာဟာ နစ်နာသူများကို စော်ကားတာတင်မဟုတ်၊ တရားမျှတမှုကိုပါ အိုးမည်းသုတ်ခြင်း ဖြစ်ပါတယ်လို့ ထပ်လောင်း ပြောပါရစေ။

ဒါဟာ ‘စုန်းဖမ်းပွဲ’ မဟုတ်ပါ။ အမျိုးသမီးများအနေနဲ့ သူတို့ ဘဝ၊ နစ်နာမှုတွေကို ထုတ်ဖော်ပြောဆိုတဲ့ အသံဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ ကြက်တူရွေး နှုတ်တိုက်ရွတ်တဲ့ ကဗျာမဟုတ်ပါ။ သူတို့အသံတွေကို မကြားယောင်ပြုတာ၊ သေးသိမ်စေတာဟာ နစ်နာသူများကို စော်ကားတာတင်မဟုတ်၊ တရားမျှတမှုကိုပါ အိုးမည်းသုတ်ခြင်း ဖြစ်ပါတယ်လို့ ထပ်လောင်း ပြောပါရစေ။

(ဇာခြည်ညိမ်းသည် ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်း၊ လူထုပညာပေးနှင့် ကျားမရေးရာ တရားမျှတမှု တို့ကို ပညာပေးလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ ထိုနယ်ပယ်များကို အထူးပြုထားလေ့လာနေသော သုတေသီတဦးဖြစ်သည်။)

You may also like these stories:

အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) ကို လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်

အမျိုးသမီး အခွင့်အရေး အမျိုးသားများလည်း ပူးပေါင်းကာကွယ်ကြ

အမျိုးသမီးများ အခွင့်အရေးနှင့် အညီ တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

]]>
ဆေးလိပ်ငွေ့နှင့်အတူ လွင့်ပြယ်သွားသော ဖန်တီးမှု အနုပညာ https://burma.irrawaddy.com/women-in-media/2018/11/17/175034.html Sat, 17 Nov 2018 02:30:55 +0000 https://burma.irrawaddy.com/lytbox/?p=175034 မီရုပ်ရှင်ကားထဲမှ မင်းသမီးပိုင်ဖြိုးသု သရုပ်ဆောင်ကွက်တကွက်မီကို ကြည့်ပြီး ဆေးလိပ်စွဲရပေတော့မည် ဟူသော အတွေးအခေါ်သည် သိပ်ကို ရိုးစင်း ဘောင်ပိတ်လွန်းသည်ဟုသာ ဆိုချင်သည်။]]> မီရုပ်ရှင်ကားထဲမှ မင်းသမီးပိုင်ဖြိုးသု သရုပ်ဆောင်ကွက်တကွက်

မီ။ ဆရာမကြီး ကြည်အေး ၏ မီ။ ၁၉၄၈ ခုနှစ်က ရေးခဲ့သည့် မီ။

အနှီ မီသည် မြန်မာပြည် လွတ်လပ်ရေး ရကာစက နုသစ် ပျိုနုနေဆဲ စာရေးဆရာမလေး၏ ကလောင်ဖျားမှ ယိုစီးကျလာသည့် စိတ်ကူးပုံဖော်မှု ဖြစ်ပေသည်။ ထို မီသည် ဆယ်စုနှစ်ပေါင်း များစွာကို ကျော်ဖြတ်ပြီးသကာလ ယနေ့ ၂၀၁၈၊ နှစ်ပေါင်း ၇၀ အကြာတွင်မှ အရုပ်ဖြင့် ထင်ဟပ်ခြင်း ခံရပေသည်။ ထို မီသည် ယခုအခါ ဆေးလိပ်အစား အနီရောင် ကန့်လန့်ဖြတ် ပိုစတာတခုဖြင့် ဆင်ဆာ ဖြတ်ခံရပေသည်။ သေသည်အထိ ဆေးလိပ်မဖြတ်ခဲ့သော မီ ၂၀၁၈ မှ ဆင်ဆာ ထိလေသည် တကား။

အနုပညာ ဖန်တီးခွင့် ထက်သန် အားကောင်းစေရန် အနုပညာရှင်များ၊ စာပေသမားများသည် ဖြန့်ကျက် တွေးခေါ်နိုင်စွမ်းကို အစွမ်းကုန် ထုတ်သုံးရပေသည်။ အနုပညာရှင်သည် သူမြင်သမျှကို စာစီကုံး နေသည်မဟုတ်။ မြင်သမျှ၏ နောက်ကိုလွန်၍ စာဖတ်သူကို တွေးစေချင်သည်။ မြင်နိုင်သမျှ၏ ဟိုမှာဘက်အစွန်းအထိ ပရိသတ်ကို ကဆုန်စိုင်းစေချင်သည်။ ဤသည်ကိုပင် ဆင့်ပွား ဖန်တီး တွေးခေါ်နိုင်စွမ်းဟု ခေါ်ရပေမည်။

အနုပညာသည် ပုစ္ဆာတပုဒ်ကို ညီမျှခြင်းချ၍ ၂ နှင့် ၂ ပေါင်း ၄ ရသည်ဟု ပြောခြင်းမဟုတ်။ ၂ ဆိုသည့် ဂဏန်း၏ နောက်ကွယ်၊ ၄ ဟူသည့် ပညတ်၏ နောက်ကွယ်သို့ တံခါးဖွင့်လိုက်ခြင်းသာ ဖြစ်သည်။ အသင် ခံစားသူ စိတ်ကြိုက် ဆက်လက် ခံစားနိုင်ခွင့် ပေးထားသည်။ ယင်းအတွက် အနုပညာရှင်သည် ဤသို့ မယူလင့်၊ ဟိုသို့ မတွေးလင့်ဟု စာဖတ်သူ၊ ကြည့်ရှုသူအား လမ်းညွှန်နေလိမ့်မည် မဟုတ်ပါ။ လမ်းညွှန် နေပါကလည်း အနုပညာ မမြောက်တော့ပါ။

မီ ဆေးလိပ်သောက်သည်ပဲ။ မီကို ဖတ်မိသူတွေ ဆေးလိပ်စွဲရပေတော့မည် ဟူသော အတွေးအခေါ်သည် သိပ်ကို ရိုးစင်း ဘောင်ပိတ်လွန်းသည်ဟုသာ ဆိုချင်သည်။ မီသည် ယောက်ျားတကာကို ကစားသည်ပဲ။ မီကို ဖတ်မိသူများက လိုက်ကစားပါမည်လား။ မီသည် အရက်လည်း အလွန်သောက်နိုင်သည်တဲ့။ မီကို ဖတ်မိသူတွေ အရက်ကြိုက် ကုန်ရမည်တဲ့လား။

ရုပ်ရှင်ကားကြီးတွင်တော့ ဆင်ဆာတန်ခိုးဖြင့် မီ့ခမျာ ဖန်ခွက်သာ ကိုင်ရရှာသည်။ နှုတ်ခမ်းဖျားနှင့်ပင် မထိနိုင်ရှာ။ မီတို့ လုပ်ပြတိုင်းသာ တနိုင်ငံလုံး လိုက်လုပ်ကြကြေးဆိုလျှင် ဝါဒဖြန့် ဇာတ်ကားပေါင်း များစွာ၊ သန်းပေါင်းများစွာ အကုန်အကျခံ၍ ရိုက်ခဲ့လေသမျှ တနိုင်ငံလုံး လိုက်လုပ်ကြလေသလား။ အဲဒီလို ဇာတ်လမ်းတွေ အလကား လိုင်းတွေက လာနေလျှင်ပင် တီဗီလိုင်း ပြောင်းကြည့်ခဲ့ကြ ဖူးသူချည်း။
ပြည်သူက ပြသမျှ ကြည့်၊ ပြောသမျှ လိုက်လုပ်နေသည့် အတုခိုးတတ်သော မျောက်သာသာ သတ္တဝါလို့သာ ထင်ရှာသည်လား ဟု စတစ်ကာ ကပ်သူများကို မေးကြည့်ချင်မိသည်။

ဤကဲ့သို့ ကြပ်ကြပ်မတ်မတ် အနုပညာကို စည်းကြပ်ခဲ့သဖြင့် တို့မြန်မာနိုင်ငံ တနိုင်ငံလုံး လူကောင်း သူကောင်း၊ လူရိုးသူရိုးလေးတွေချည်း ဖြစ်နေကြပြီလား ဟုသာ မေးချင်ပါသည်။

အနုပညာ ဖန်တီးမှုနယ်မြေသည် ဆင်ဆာ တင်းကြပ်မှုများမှ မကင်းလွတ်သရွေ့ ဘယ်တော့မှ လူလား မြောက်မည် မဟုတ်ပါ။ မြန်မာ့မြန်မာ့ ရုပ်ရှင် နိုင်ငံ့ဂုဏ်အင်ဟု တနှစ်တခါ အကယ်ဒမီ ပွဲကြီး ဝှဲချီးကျင်းပကာ ဝါးလုံးခေါင်းထဲ လသာနေခဲ့သည်မှာ ကမ္ဘာကြီးသာ ရွာကြီး ဖြစ်ပြီး အရှေ့တောင် အာရှတခွင်က ရုပ်သံဇာတ်လမ်းတွဲတွေသာ မြန်မာနိုင်ငံသို့ ဝင်လာသည်၊ မြန်မာ့ မြန်မာ့ ရုပ်ရှင်ကတော့ မြန်မာ့ မြန်မာ့ ရုပ်ရှင်နေဆဲ။

တီထွင်ဖန်တီးမှုနှင့် ဘောင်ခတ်ထားခြင်းသည် ရန်ဘက်သာဖြစ်သည်။ ဉာဏ်ကွန့်မြူးစမ်းပါဟု တဖွဖွပြောပြီး ဟိုနားလောက် အထိပဲနော်ဟု စည်းကြပ်နေမှတော့ စည်းကြပ်သူ၏ ဉာဏ်ရည်နား လောက်တွင်သာ တလည်လည် ဖြစ်တော့မည်ပေါ့။

နောက်ထပ် ပြောချင်သည်မှာ အမျိုးသား၊ အမျိုးသမီးအပေါ် ထားရှိသည့် သဘောထား ဖြစ်သည်။ လူမိုက်ကားတွေ များစွာ ရိုက်ကူးကြပေသည်ပဲ။ မင်းသား အကျော်အမော်တို့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်၊ ဥပမာ ဆိုရလျှင် ပန်းမြိုင်လည်က ဥယျာဉ်မှူး၊ လူမိုက်ဇာတ်ကောင် ကျော်ဟိန်း အကယ်ဒမီတောင် ရသေးသည်။ မိုက်တီး၏ ရိုက်ချက်များ။ ဘယ် သကောင့်သား၊ သကောင့်သမီးမှ မြန်မာ့ ယဉ်ကျေးမှု ပျက်ရချေရဲ့ဟု အသံမထွက်။ ဘယ်ဌာနကမှ မင်းသားနဲ့ ဒါရိုက်တာ အရက် ကုမ္ပဏီက ငွေယူထားလို့ ကြော်ငြာတာနေမှာပေါ့ဟု မစွပ်စွဲ။ အုတ်ကြားမြက်ပေါက်မှာလည်း ကြည့်။ မြင့်မြတ်က ပုဆိုး ခြေမျက်စိဖုံးနဲ့ ယဉ်တစစ သရုပ်ဆောင်ခဲ့သည်မှ မဟုတ်တာပဲ။

မီ ဆေးလိပ်သောက်တော့မှ အသံကုန်ဖျစ်အော်ကြသည်။ မီ ဇာတ်လမ်းလေးမှ ဆုံးအောင် မဖတ်ဖူးမှန်း သိသာလွန်းလှသည်။

ဤအဖြစ်အပျက်သည် အနုပညာကို ခံစားတတ်သော နှလုံးသားတို့ ခမ်းခြောက်လာခြင်း၊ ဇာတ်လမ်း တခု၏ အစ၊ အလယ်၊ အဆုံး၊ အဆုံး၏ နောက်သို့ လှမ်းမျှော်ကြည့်နိုင်စွမ်း နည်းလာခြင်းကို ပြခြင်း ဖြစ်သည်။ အခုတော့ မီ့ခမျာ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါသည်ဟူသော စာတမ်း၊ စတစ်ကာ များ၏ အောက်တွင် ဖျော့တော့သော မီသည် မှိန်ဖျော့လေပြီ။

မီသည် ဆေးလိပ်တိုက်ဖျက်ရေး ဝါဒဖြန့်ကား မဖြစ်ဖြစ်အောင် ပုံဖော်ခံရလေပြီ။ မီသည် ဘဝကို ရေစုန် မျောသော၊ ကျားတကာတို့ကို လက်စားချေသော သွေးဆာသည့် ကျားသစ်မလေး အဖြစ်မှ ဆေးလိပ် တိုက်ဖျက်ရေး ကိုယ်စားလှယ် ဖြစ်ရလေပြီ။ မီသာ သက်ရှိထင်ရှားရှိလျှင် ကျားတွေကို လက်စားချေသည့် သွေးဆာသူလေး အဖြစ်မှ သူ့ဘဝကို သူ့စိတ်ကြိုက် ပြသခွင့်မရအောင် ပိတ်ပင်သူများကို အရွဲ့ တိုက်သည့် ဆေးလိပ် ကော်ပရေးရှင်းကြီးများ ထောင်လေမည်လား မသိ။ မိန်းမသား တယောက်၏ ဘဝ အလျဉ်ကိုတောင်မှ လွတ်လပ်စွာ နာကျည်းခွင့် မပေးတော့ပါလား။

ထို့ထက် အရေးကြီးသည့် တချက်မှာ အလုပ်အကိုင်နှင့် အမည်သညာတို့ကြားက ပြဿနာပင်ဖြစ်သည်။ သရုပ်ဆောင် ပိုင်ဖြိုးသုသည် သရုပ်ဆောင်ဖြစ်သည်။ သူ၏ ဩဇာသည် သူ့အနုပညာဈာန် စီးမျော နိုင်အားဖြစ်သည်။ သူ၏ အနုပညာဈာန် စီးမျောနိုင်အားကြောင့် ပရိသတ်ချစ်သည်။ ပရိသတ် ချစ်သည့်အတွက် သူ၏ ဩဇာကို အမှီပြု၍ ပညာပေးနိုင်အောင် ကျန်းမာရေး သံတမန် ခန့်ခြင်းဖြစ်သည်။

ပိုင်ဖြိုးသုသည် ဆေးပညာရှင် မဟုတ်ပါ။ သရုပ်ဆောင်သာ ဖြစ်သည်။ ကျရာ ဇာတ်ရုပ်ကို သရုပ် ဆောင်ရသည့် သရုပ်ဆောင်သာ ဖြစ်သည်။ ဇာတ်ကောင် အားကောင်းသည့် ရုပ်ရှင်များသည် သူ၏ ဩဇာကို ပိုမိုကြီးမားစေသည့် အထောက်အပံ့များ ဖြစ်သည်။ ကျန်းမာရေး သံတမန် အဖြစ် ခန့်အပ် သည်နှင့် ဆေးကြော်ငြာများပဲ ရိုက်နေရမည်လား။ ဒီလောက်လေးတော့ဖြင့် ခွဲခြားမြင်စေချင်သည်။

အထူးသဖြင့် မီ ဘာမှန်း သေချာမသိဘဲ ဆေးလိပ်သောက်တာ မြင်တာနဲ့ ပိုင်ဖြိုးသုကို ဝိုင်းဆဲ နေကြသူများ၊ ကန့်ကွက်ကြသူများသည် မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလို မီကို စမ်းနေကြရုံသာမဟုတ်၊ အနာဂတ် အနုပညာ ဖန်တီးမှုအားကို သေကွင်းပို့နေကြခြင်းသာ ဖြစ်သည်။

သရုပ်မှန်ကိုလည်း ပြလို့မရ၊ စိတ်ကူးဉာဏ် ကွန့်မြူးမှုကိုလည်း တားမြစ်နေသရွေ့တော့ မြန်မာ့ မြန်မာ့ ရုပ်ရှင်သည် ငတုံးများသာ အားပေးမည့် ပေါကား အဆင့်မှ ဘယ်တော့မှ တက်လာတော့မည် မဟုတ်ပေ။

(စာရေးသူသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။)

]]>
ပြည်တွင်း ငါးလုပ်ငန်းက ခေတ်သစ်ကျွန်ပြုမှုကို ကန့်ကွက်ကြပါ https://burma.irrawaddy.com/opinion/viewpoint/2018/11/05/173959.html Mon, 05 Nov 2018 01:30:33 +0000 https://burma.irrawaddy.com/lytbox/?p=173959 သင်နေ့စဉ် စားနေသည့် ငါး၊ ပုဇွန်များတွင် ခေတ်သစ်ကျွန်တို့၏ သွေးညှီနံ့ ကင်းပါရဲ့လား / Reutersလုပ်အား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းသည်လည်း ခေတ်သစ် ကျွန်ပြုခြင်းပင် ဖြစ်ပါသည်။]]> သင်နေ့စဉ် စားနေသည့် ငါး၊ ပုဇွန်များတွင် ခေတ်သစ်ကျွန်တို့၏ သွေးညှီနံ့ ကင်းပါရဲ့လား / Reuters

“ကျနော်တို့ အခုတော့ ဆိုင်ကယ် ကယ်ရီဆွဲနေပါတယ်”

တိုးတိတ်သော အသံဖြင့် ယင်းစကားကို ဆိုသူမှာ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုတွင် နေထိုင်သူ မောင်မောင် (အမည်လွှဲ) ဖြစ်ပါသည်။ သူနှင့် သူ့ယောက်ဖသည် ဧရာဝတီတိုင်း အတွင်းရှိ ငါးဖောင်များသို့ ပွဲစားမှတဆင့် ရောက်ရှိ သွားခဲ့ကြသည်။

ငါးဖောင်တွင် အလုပ်လုပ်ရန် ဖြစ်လာရသည့် အကြောင်းရင်းကို မေးကြည့်မိသည့်အခါ …

“ကျနော်က အရင်ကတည်းက ဆိုင်ကယ် ကယ်ရီဆွဲတာပါ။ သူများဆိုင်ကယ်ပေါ့။ တနေ့တော့ ဆိုင်ကယ် အခိုးခံရပါလေရော။ ၂ သိန်းခွဲ လျော်ရမယ်တဲ့”

၂ သိန်းခွဲဆိုသည့် ပမာဏသည် သူ့အတွက်တော့ အလွယ်တကူ ချေးငှား၍ မရသည့် ပမာဏဖြစ်သည်။ အကြံအိုက်နေတုန်း အလုပ်ပွဲစားဆိုသူ သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

“တလကို ၂ သိန်းခွဲနဲ့ ၃ လ လုပ်ရမယ်တဲ့။ သုံးလစာ တခါတည်း ထုတ်ပေးမယ်။ လမ်းစရိတ်ကိုလဲ ပွဲစားကပဲ ခံမယ်တဲ့။ အဲဒါနဲ့ပဲ ကျနော် သွားဖို့ ဆုံးဖြတ်လိုက်တယ်” ဟု သူက ပြောသည်။

သူ့ကို ယောက်ဖဖြစ်သူက ကားဂိတ်ကို လိုက်ပို့သည်။

“ကားဂိတ်ရောက်တော့ ကျနော်လည်း မထူးပါဘူး၊ ငါလည်း ငွေလိုနေတာပဲ။ သူ့ကိုလည်း စိတ်မချတာနဲ့ တခါတည်း ကားပေါ် တက်လိုက်သွားလိုက်တယ်”

ယင်းသို့ စကားကို ရယ်ကျဲကျဲပြောသူက မောင်မောင်၏ ယောက်ဖ ကျော်ကျော် (အမည်လွှဲ) ဖြစ်သည်။

ဖျာပုံမြို့နယ်မှတဆင့် ပင်လယ်ဝသို့ ထပ်သွားရသေးသည်။ ငါးဖောင်သို့ရောက်သောအခါ သူဌေးက သူတို့နှစ်ယောက်အတွက် တယောက်လျှင် ၆ သိန်းနှုန်းဖြင့် ၁၂ သိန်း ပွဲစားလက်ထဲသို့ ပေးလိုက်သည်။ ပွဲခအဖြစ် တယောက်လျှင် ၂ သောင်းကျပ်ကိုလည်း ပေးသေးသည်။

သို့ရာတွင် အမှန်တကယ် သူတို့ အလုပ်လုပ်ရသည်ကတော့ ၅ လနှင့် ရက် ၂၀ ဖြစ်သည်။ ကမ်းမမြင် လမ်းမမြင် ငါးဖောင်တွင် လေးနာရီတကြိမ် ပိုက်ဖော်ရသည်။ ရလာသည့် ငါးများကို အမျိုးအစားခွဲခြင်း၊ လှမ်းသင့်သည်ကို လှမ်း၊ ပုံးထဲထည့်သင့်သည်ကိုထည့် စသဖြင့် လုပ်ရပြီး ပိုက်နောက်တကြိမ်ဖော်သည့် ကာလမတိုင်ခင် ခဏသာ အိပ်ရသည်။ လေကြီးမိုးကြီး ကျသည့် ကာလနှင့် မုန်တိုင်းဝင်သည့် ကာလများတွင်လည်း ဖောင်မှာ ကမ်းသို့ ပြန်မကပ်သဖြင့် ကြောက်ရွံ့ခဲ့ရပုံကို ပြန်ပြောင်း ပြောပြကြသည်။

“အိမ်ပြန်ချင်တယ်လို့ ပြောပေမယ့် ပေးမပြန်ဘူး။ တချို့ဖောင်တွေက ရေကူးတတ်တဲ့ လူတွေ ရေထဲ ခုန်ချပြီး ထွက်ပြေးဖို့ ကြိုးစားတယ်။ သိတာနဲ့ ချက်ခြင်း စက်လှေနဲ့ လိုက်ဖမ်းပြီး အသားကုန် ရိုက်တာဗျာ။ ပြေးဖို့ မကြိုးစားရဲပါဘူး။ သေသွားတဲ့ လူတွေကို ဒီအတိုင်း ရေထဲ ပစ်ချလိုက်တာပဲ။ လူသေတွေ ကျနော်တို့ဖောင်မှာ လာညိလို့ တုတ်နဲ့ ထိုးလွှတ်ရတယ်”

အခုထိ ကျောထဲ စိမ့်လာသည့် ဟန်ဖြင့် ကိုယ်ကို အနည်းငယ်ကျုံ့၍ မောင်မောင်က ပြောသည်။

၅ လနှင့် ရက် ၂၀ ပြည့်ပြီး ငါးဖောင်များ သိမ်းသည့်အခါ လမ်းစရိတ် တယောက် ၁၀၀၀၀ ကျပ်ပေး၍ ပြန်လွှတ် လိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ မိခင်ဖြစ်သူမှာ အိပ်ယာထဲ လဲနေပေပြီ။ သူတို့နှစ်ယောက်အား အဆက်အသွယ် မရသည့်အတွက် ငါးဖောင်သို့ ရောင်းစားခံရသည်ဟု ရိပ်စားမိသည်နှင့် မိခင်မှာ ရဲစခန်းတွင် အမှု ဖွင့်သကဲ့သို့ ဖျာပုံအထိ အခေါက်ခေါက်အခါခါ လာရောက် ရှာဖွေခဲ့သည်။ နေအိမ်ကို ရောင်းချ၍ သားပျောက်၊ သားမက်ပျောက် ရှာသော မိခင်မှာ ၅ လကျော်သည့်အခါ ငါ့သားတွေတော့ သေပါပြီဟု လက်လျှော့၍ အိပ်ယာထဲ ဘုန်းဘုန်းလဲ လေတော့သည်။

ပွဲစားက အိမ်ကို ပိုက်ဆံ ပြန်ပေးလားဟု မေးတော့ “တယောက်ကို တသိန်းနှုန်းနဲ့ နှစ်သိန်း လာပေးတယ်လို့ ပြောတယ်။ တရားစွဲတော့ သူတို့ ထွက်ပြေးသွားတယ်။ အခုတော့ မိပြီ။ ပြီးခဲ့တဲ့ အပတ်ကပဲ အမိန့်ချလိုက်တယ်။ ၁၀ နှစ် ကျတယ်လို့ ကြားတယ်” ဟု ပြန်ဖြေသည်။

သူဌေးကိုရော တရားစွဲသေးလား ဟုမေးသည့်အခါ “သူဌေးက မလိမ်ဘူးလေ။ ကြားက ပွဲစားက လိမ်တာ” ဟု အရိုးခံ ပြောသည်။

သူတို့အပေါ် အမှန်တကယ် ရက်စက်စွာ ခိုင်းစေသည့်သူမှာ သူဌေးဖြစ်ကြောင်း သူတို့ သတိထားမိပုံမပေါ်။ လုပ်အားခ မတန်တဆ ဈေးနှိမ်၍ အကန့်အသတ်မရှိ အလုပ်ချိန်ဖြင့် လူမဆန်သော ခိုင်းစေမှုကို ပိုက်ဆံ ပေးသည်ဟူသည့် အချက်တခုတည်းဖြင့်ပင် တာဝန်ကျေပြီဟု သူတို့ယူဆပုံပေါ်သည်။

လုပ်အားခ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း

လုပ်အား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းသည်လည်း ခေတ်သစ် ကျွန်ပြုခြင်းပင် ဖြစ်ပါသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ယနေ့ကမ္ဘာပေါ်တွင် လူ သန်း ၄၀ ကျော်သည် ခေတ်သစ် ကျွန်ပြုခြင်း ခံနေရသည်။ ယင်းတို့အနက် ၂၅ သန်းခန့်မှာ အတင်းအဓမ္မ ခိုင်းစေခြင်း ခံနေရသူများ ဖြစ်သည်။ ယင်း ကျွန်ပြုခံနေရသူများ၏ ၇၃ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်။ ၂၇ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ကြသည်။

အဘယ်ကြောင့် ကျွန်ပြုမှုများ ဖြစ်ပွားနေရပါသနည်း။

တကမ္ဘာလုံး ကုန်သွယ်ရေး ဈေးကွက် ချိတ်ဆက်လာနေသည်နှင့်အမျှ ဈေးကွက်ယှဉ်ပြိုင်မှု ကြီးမားလာသည်။ ပိုမို ဈေးသက်သာ၍ အရည်အသွေး ကောင်းမွန်သော စားသောက်ကုန်နှင့် လူသုံးကုန်များကို ဈေးကွက်သို့ တင်သွင်းရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ ယင်းကပင် ဈေးသက်သာသည့်၊ ကုန်ထုတ်လုပ်မှု အမြင့်ဆုံး ထုတ်လုပ် နိုင်မည့် လုပ်သားအင်အား အများအပြားလိုအပ်လာသည်။ ဈေးပေါသည့် လုပ်သားများ ဘယ်က ရပါမည်နည်း။ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားသည့် ဒေသများမှ ထွက်ပါသည်။

ဈေးထဲတွင် ဈေးသက်သာသည့် ငါး၊ ပုဇွန်များကို အသဲအသန် ရှာဖွေနေကြသည့် အိမ်ရှင်မများစွာ ရှိသည်။ စူပါ မားကတ်ကြီး များတွင် လှပစွာ ထုတ်ပိုးထားသည့် ငါး၊ ပုဇွန်များကို မည်သည့် နေရာမှ ထုတ်လုပ်ပါသနည်းဟု သင်စဉ်းစားမိဖူး ပါသလား။

အင်ဒိုနီးရှားတွင် ကျွန်ပြုခြင်း ခံရသည့် မြန်မာရေလုပ်သားများ သတင်းက ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် အခိုက်အတန့် ကို မှတ်မိဦးမည် ထင်ပါသည်။ ယင်းအဖြစ်အပျက်ကြောင့်ပင် လူ့အခွင့်အရေးကို အလေးထားသည့် နိုင်ငံကြီးများ၌ စားသုံးသူများ တုန်လှုပ်ကုန်ကြသည်။ ကုန်ထုတ်လုပ်ရေး လုပ်ငန်းခွင်တွင် ကျွန်ပြုမှု ကင်းစင်သည့်၊ လုပ်အား ခေါင်းပုံဖြတ်မှု ကင်းစင်သည့် ကုမ္ပဏီများကို ပိုမို ရွေးချယ် အားပေးလာကြသည်။ လုပ်သားများအပေါ် ခေါင်းပုံ ဖြတ်သည်ဟု နာမည်ထွက်သည့် ကုမ္ပဏီမှ ကုန်ပစ္စည်းများကို သပိတ်မှောက်ကြသည်။

မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားသွားမှ ကျွန်ပြုခံရသည့် လုပ်ငန်းခွင်အခြေအနေသို့ ကျရောက်နိုင်သည် မဟုတ်ဘဲ၊ မိမိနိုင်ငံအတွင်း၌ပင် ကျွန်ပြုမှု၊ လုပ်အား ခေါင်းပုံဖြတ်မှု ဖြစ်ပွားနေသည်ကို အထက်ပါ အဖြစ်အပျက်က မီးမောင်း ထိုးပြနေပါသည်။

သူတို့ သွေးချွေးဖြင့် ရင်းနှီးလိုက်သည့် ငါး၊ ပုဇွန်များ မည်သို့ တင်ပို့ရောင်းချပါသလဲ။ သင်နေ့စဉ် စားနေသည့် ငါး၊ ပုဇွန်များတွင် သွေးညှီနံ့ ကင်းပါရဲ့လား။

ကျွန်ပြုမှု၊ လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်မှု ရပ်တန့်အောင် ကြားခံပွဲစားများကို အပြစ်ပေးနေရုံဖြင့် မရပါ။ အဓိက လုပ်ဆောင်နေသည့် ငွေရှင်ကြေးရှင် လုပ်ငန်းရှင်များကို ဥပဒေဖြင့် တားဆီးအရေးယူနိုင်မှ ဖြစ်ပေမည်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လုပ်ငန်းများသာ လည်ပတ်ခွင့်ရအောင် စည်းကမ်းကြပ်မတ် အရေးယူမှုများ ပြုသင့်ပါသည်။

အဆုံးသတ် တိုက်တွန်းလိုသည်မှာ စားသုံးသူ မိဘ ပြည်သူများကို ဖြစ်ပါသည်။

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော ကုန်ထုတ်လုပ်ငန်းများက ထုတ်လုပ်သည့် ပစ္စည်းများကိုသာ အားပေး ခြင်းဖြင့် မိမိ လူမျိုးအချင်းချင်း ကျွန်ပြုမှုနှင့် လုပ်အား ခေါင်းပုံဖြတ်မှုကို တားဆီးကြပါဟု အလေးအနက် တိုက်တွန်း လိုပါသည်။

(စာရေးသူသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။)

]]>
ခေါင်းဆောင်ခွင့် မရှိတဲ့ အမျိုးသမီးများစွာ https://burma.irrawaddy.com/women-in-media/2018/10/02/171397.html Tue, 02 Oct 2018 04:00:51 +0000 https://burma.irrawaddy.com/lytbox/?p=171397 ၂၀၀၇ ခုနှစ် လှုပ်ရှားမှုတွေအတွင်း ရှေ့တန်းက ပါဝင်ခဲ့တဲ့ မမီးမီးရဲ့ ဓာတ်ပုံဟာ ကမ္ဘာ့သတင်းစာနယ်ဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံခဲ့ရတယ်  / ခင်မောင်ဝင်း(ရွှေအင်းသား) အဲဒီ အမျိုးသမီးတွေကို တွေ့တိုင်း ကျမ သတိထား ကြည့်မိတာက သူတို့ ကျရာနေရာ ဆိုတာကိုပါပဲ။ အမျိုးသမီး အနည်းငယ်ကသာ ဂုဏ်ပြုခံ စင်မြင့်ကို ရောက်လာကြတယ်။ အမျိုးသမီး အနည်းငယ်ကသာ ခေါင်းဆောင် နေရာကို ရောက်လာကြတယ်]]> ၂၀၀၇ ခုနှစ် လှုပ်ရှားမှုတွေအတွင်း ရှေ့တန်းက ပါဝင်ခဲ့တဲ့ မမီးမီးရဲ့ ဓာတ်ပုံဟာ ကမ္ဘာ့သတင်းစာနယ်ဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံခဲ့ရတယ်  / ခင်မောင်ဝင်း(ရွှေအင်းသား)

နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်နှုန်း နည်းပါးတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီး ပါဝင်နှုန်းနည်းပါးတယ်၊ နိုင်ငံ တည်ဆောက်ရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ လိုတယ် စသဖြင့် စကားသံတွေ နေ့စဉ် ကြားရတတ်ပါတယ်။ အမျိုးသမီးတွေကမှ နိုင်ငံရေး စိတ်မဝင်စားတာ၊ အရည်အချင်း မပြည့်မီတာ ဆိုတဲ့ အသံတွေကိုလည်း ကြားရလေ့ရှိပါတယ်။

သို့သော် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းစဉ်ကို ပြန်ကြည့်ပါ။ မထင်မရှား မိန်းမသားတွေ အပုံအပင်။ ၈၈၈၈ အရေးတော်ပုံ ဓာတ်ပုံတွေ ပြန်ကြည့်ရင် အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူ လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတယ်။ အမျိုးသားများနဲ့ တန်းတူ အဖိအနှိပ်၊ အရိုက်အနှက်၊ အပစ်အခတ် ခံကြရတယ်။

ပိုမိုဆိုးရွားတဲ့ နေရာတွေမှာ ဆိုရင် အမျိုးသားတွေ မခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရတာတွေ ရှိပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နှုန်း နည်းပါးတာ အဲဒီလိုအခက်အခဲတွေ ကြောင့်ပါပဲ။ သို့သော်လည်း ဒီအချက် တွေက ထက်မြက်တဲ့ အမျိုးသမီးတွေကို မတားနိုင်ပါဘူး။ အိုးပစ်၊ အိမ်ပစ်၊ မိသားစုပစ်၊ မိမိ အရှက်ကို ပစ်ပြီး နိုင်ငံအတွက် ကျရာနေရာကနေ ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေ အများကြီးပါ။

စက်တင်ဘာ ၂၇ ရက်နေ့က မခင်ခင်ကျော်ကို မင်းလှမြို့နယ် တရားရုံးက တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် (၆) လ ချမှတ်လိုက်ပါတယ်။ ၂၀၁၅ ခုနှစ် ကျောင်းသား သပိတ်မှာ တရားစွဲဆိုခံရတဲ့ ကျောင်းသားတွေဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရင်း တရားရုံး မထီမဲ့မြင် ပြုမှုနဲ့ အစွဲဆိုခံရပါတယ်။ တရားရင်ဆိုင်ခဲ့ရတဲ့ ကာလ ၃ နှစ်နီးပါး ကြာမြင့်တဲ့အပြင် တရားခွင်မှာလည်း ဘောင်ထဲက စော်ကားမှု၊ ပညာပြမှုတွေ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။

ရှေ့နေတယောက်၊ အမျိုးသမီးတယောက် ဖြစ်ပေမယ့် ရာဇဝတ်ကောင် တရားခံတယောက်လို ဆက်ဆံခံရတာ အကြိမ်ကြိမ်ပါပဲ။ အဲဒီလောက် စိတ်ပိုင်းဆိုင်ရာ စော်ကားညှဉ်းပမ်းမှုတွေ၊ ကိုယ်ကာယပင်ပန်းအောင် အကြိမ်ကြိမ် ရုံးချိန်း တက်ရတာတွေ၊ ငွေကုန်ကြေးကျခံရတာတွေ ရှိပေမယ့် မခင်ခင်ကျော်နဲ့ ဆုံမိတိုင်း တခါမှ သူ့အမှု အကြောင်း ညည်းညူတာ မကြားမိပါ။

သူ့အမှုအကြောင်း စသိတာတောင် သူပြောလို့မဟုတ်ဘဲ ၂၀၁၇ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီနဲ့ တွေ့တဲ့ပွဲမှာ ရန်ဟီးလီက သူ့နာမည်ကြားတာနဲ့ အမှုပြီးသွားပြီလား ဆရာမလို့ ကျမရှေ့မှာ မေးလိုက် တော့မှ ကျမ သိတာပါ။ မပြီးသေးဘူး လို့ပဲ သူခပ်ပြုံးပြုံးပဲ ပြောပါတယ်။ ဘာမှ ဆက်မပြောခဲ့ဘူး။ သူဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာတွေကို လုံးဝ မပြောခဲ့ပါဘူး။

အဲဒီအချိန်က သူနဲ့ ကျမတို့တတွေ ၆၆ (ဃ) ပြင်ဆင်ဖျက်သိမ်းရေး အတွက် ပူးပေါင်းလုပ်ဆောင်နေတဲ့ အချိန်ပါ။ ကျမတို့နဲ့ တသားတည်းပဲ ခရီးတွေထွက်၊ အစည်းအဝေးတွေ မနားတမ်း ထိုင်၊ ပြောဆို ငြင်းခုန်နေပေမယ့် တခါမှ လူသိများအောင် မီဒီယာရှေ့ ထွက်တာမျိုး၊ ထင်ပေါ်အောင်လုပ်တာမျိုး မရှိခဲ့ပါဘူး။

ငြိမ်းစုစီ ဥပဒေအတွက် ဆန္ဒပြပွဲ မှာလည်း မခင်ခင်ကျော်နဲ့ ဆုံပါတယ်။ နေပူထဲမှာ ချွေးတလုံးလုံးနဲ့ ဆိုင်းဘုတ် ကိုင်ပြီး အပြုံးမပျက် ရှေ့တန်းကပါတာပါပဲ။ သို့သော် မီဒီယာတွေ ဓာတ်ပုံရိုက်တော့ သူက မထင်မရှား နေရာမှာသာ သွားနေပါတယ်။

၈၈ မျိုးဆက်ထဲကဆိုရင် ငယ်ငယ်နုနု ဆယ်ကျော်သက် အရွယ်ကတည်းက ဒီမိုကရေစီအရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုထဲကို ဝင်ရောက်လာကြတဲ့ အမျိုးသမီးငယ်လေးတွေဟာ ကနေ့အထိ နိုင်ငံအတွက် ကျရာနေရာကနေ ထမ်းဆောင်နေဆဲပါ။

အဲဒီ အမျိုးသမီးတွေကို တွေ့တိုင်း ကျမ သတိထား ကြည့်မိတာက သူတို့ ကျရာနေရာ ဆိုတာကိုပါပဲ။ အမျိုးသမီး အနည်းငယ်ကသာ ဂုဏ်ပြုခံ စင်မြင့်ကို ရောက်လာကြတယ်။ အမျိုးသမီး အနည်းငယ်ကသာ ခေါင်းဆောင် နေရာကို ရောက်လာကြတယ်။

မကြာသေးခင်က မမီးမီး ဆုံးသွားတော့မှ သူဟာ ဘယ်နိုင်ငံရဲ့ ဂုဏ်ပြုဆုတံဆိပ်ကိုမှ မရခဲ့ဖူးသလို၊ ဘယ်ပြည်တွင်း အဖွဲ့အစည်းရဲ့ ဂုဏ်ပြုဆုတံဆိပ်ကိုမှလည်း မရခဲ့ဖူးဘူးဆိုတာ သူ့ကိုယ်ရေးအကျဉ်းကို ဖတ်မိမှ သတိထား မိပါတယ်။ သူ စွန့်လွှတ်စွန့်စားခဲ့မှုဟာ ဘာကိုမှ မမျှော်ကိုးခဲ့ဘူးဆိုတာတော့ သူနဲ့ မကြာခဏ ဆုံဖူးလို့ သိပေမယ့်၊ သူ့လုပ်ဆောင်မှုတွေကိုရော ကျမတို့နိုင်ငံရဲ့ မည်သည့်အဖွဲ့အစည်း၊ ဘယ်သူကမှ အလေးထား ဂုဏ်ပြုဖို့ မကြိုးစားခဲ့ကြဘူးဆိုတာ ကျမအတွက်တော့ ဝမ်းနည်းစရာပဲ။ ဆုတံဆိပ်တွေရဲ့ သန့်ရှင်းမှုကလည်း တကဏ္ဍဖြစ်ပါတယ်။

တကယ်အရည်အချင်း ရှိသူတွေထက် ပတ်သက်ရာ ပတ်သက်ကြောင်း၊ မကင်းရာ မကင်းကြောင်းတွေကိုသာ ပေးနေခဲ့တာလည်း ကြာနေခဲ့ပါပြီ (အားလုံးကိုတော့ မဆိုလိုပါ။ သို့သော် အမျိုးသမီးတွေ ဆုရပြီဆိုရင်လည်း ဘယ်သူနဲ့ ပတ်သက်လို့ ဆိုတဲ့ သတင်းက ပျံ့နှံ့လာတတ်တာမို့ ဆုမရဘူးတဲ့ အမျိုးသမီးကသာ သန့်ရှင်း သိက္ခာရှိတဲ့ အမျိုးသမီးလို့ ယူဆရမလို အခြေအနေကလည်း ရှိနေပါသေးတယ်)။

ကွယ်လွန်သွားပြီဖြစ်တဲ့ မမီးမီး အဖြစ်ကနေတဆင့် ရှင်သန်ရုန်းကန်နေဆဲ အမျိုးသမီး သတ္တိခဲတွေကို ကြည့်မိတော့လည်း ဒီအတိုင်းပါပဲ။

လူဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ တွက်ချက် အလုပ်လုပ်တတ်တဲ့ သူမျိုးပါ။ စဉ်းစားဆင်ခြင်ဉာဏ်ရှိပါတယ်။ အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ဘယ်လို ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ အကျိုးကျေးဇူးများမယ့် နည်းလမ်းကိုသာ ရွေးချယ်တဲ့ လူတွေချည်းပါပဲ။ ချော်လဲမယ်ဆိုရင်တောင် အကျမနာမယ့် ပုံစံ ဟန်ထားမျိုးကို သတိထားတဲ့ အသိဉာဏ်ရှိသူတွေပါ။ လုပ်ဆောင်ချက်တိုင်းရဲ့ ရလဒ်နဲ့ ဆိုးကျိုးကို အမြဲ တွက်ချက်ကြည့်လေ့ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီး တက်ကြွလှုပ်ရှားသူ အများစုကတော့ အဲဒီလို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြပါရဲ့လားလို့ ကျမ မကြာခဏ စောကြောမိပါတယ်။ သူတို့ ရင်းလိုက်ရတဲ့ ဘဝက ပိုမိုအရင်းအနှီး ကြီးပါတယ်။ သာမန် မိသားစုဘဝ၊ အေးချမ်းစွာ နေထိုင်ခွင့်၊ လုံခြုံခွင့် စတာတွေ ဖြစ်ပြီး အမြင့်ဆုံး ပြန်ရနိုင်တာက ဘယ်အဆင့်ထိပါလဲ။ ၈၈ ကာလနောက်ပိုင်းမှာ ထောင်ကျခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ များစွာ ရှိပါတယ်။

ထောင်က လွတ်မြောက်ပြီး နောက်ပိုင်းမှာ သူတို့အတွက် အထောက်အပံ့ပေးတဲ့ အစီအစဉ်တွေ အလွန် နည်းပါးတာကို တွေ့ရတယ်။ ပညာဆက်လက် သင်ယူခွင့် အပြင် တခြားသော ဘဝနေထိုင်ရေး အထောက်အကူပြု သင်တန်းတွေ ရတာ နည်းပါးပါတယ်။ အမျိုးသားတွေနဲ့ မတူတဲ့ နောက်ထပ် အချက်ကတော့ ဘဝအဖော်မွန် ကောင်းနဲ့ တွေ့ရသူနည်းပါးတာပါ။

နိုင်ငံရေးသမား နောက်မှာ အထောက်အပံ့ပေးမယ့် ပါရမီဖြည့်ဘက် ဇနီး နိုင်ငံရေးကတော်တွေ တွေ့ရလေ့ ရှိတတ်ပေမယ့် နိုင်ငံရေးခင်ပွန်းတွေက လက်ချိုးရေလို့ ရပါတယ်။

အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ အတွက် အခက်အခဲ အသေးစိတ်က ပြောမကုန်သလို၊ အသိအမှတ်ပြုခံရဖို့၊ တန်းတူ အခွင့်အရေးရဖို့ဆိုတာလည်း အလှမ်းဝေးနေပါသေးတယ်။ သို့သော် ဒီအချက်ကြောင့်တော့ အမျိုးသမီးတွေ နိုင်ငံရေးလောကထဲ ဝင်မလာအောင် မတားနိုင်ဘူးဆိုတာ လက်ရှိနိုင်ငံရေးလောကက သတ္တိခဲ အမျိုးသမီးတွေကို ကြည့်ရင်သိနိုင်ပါတယ်။
ရဲရဲတောက် အမျိုးသမီး လှုပ်ရှားသူများအား ဦးညွှတ်လျှက် ….။

စာရေးသူ ဇာခြည်ညိမ်းသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။

]]>
အမျိုးစောင့်သည် ဆိုရာဝယ် https://burma.irrawaddy.com/women-in-media/2018/09/05/168788.html Wed, 05 Sep 2018 03:30:26 +0000 https://burma.irrawaddy.com/lytbox/?p=168788 --မြို့နယ်ရဲစခန်းမှ ရဲတပ်သားတယောက်နှင့် ချစ်ကြိုက်ပြီး ခိုးရာလိုက်သွားခဲ့သည်။ ၎င်း၏ ခင်ပွန်းက မူဆယ်တွင် အလုပ်သွားလုပ်ရအောင်ဟု အကြံပြုသည်ကို သဘောတူလိုက်ပါသွားရာမှ ပွဲစားမှတဆင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။]]> --

အမျိုးသားရေး ၊ အမျိုး၊ ဘာသာ ၊ သာသနာစောင့်ရှောက်ရေး စသည့်စကားလုံးများသည် မြန်မာပြည်သူအများစု၏ သည်းခြေကြိုက် စကားလုံးများဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် ၊ တန်းတူညီမျှခွင့် ၊ လူ့အခွင့်အရေး စသည့် စကားလုံးများ ပြောလိုက်သည်နှင့်
“လူ့အခွင့်အရေးဆိုတာတော့ ဟုတ်တယ်လေ ၊ ဒါပေမယ့် တို့နိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံလို နိုင်ငံကြီးနှစ်ရပ်ကြားမှာ ရှိတဲ့အပြင် ၊ လူဦးရေပေါက်ဖွားနှုန်း အရမ်းမြန်တဲ့ ဘာသာခြားတွေရန်ကရှိသေးတယ်။ ဗုဒ္ဓဘာသာ မပျောက်ရအောင် နောက်ဆုံး သာသနာခံတပ်က မြန်မာနိုင်ငံပဲ ရှိတော့တယ်။ အဲဒီတာ့ လူ့အခွင့်အရေးဆိုတာတွေ ဘေးချိတ် ၊ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် လုပ်ရမှာပဲ“ ဆိုတဲ့ ရဲရဲတောက် စကားတွေက လူထုကြားမှာ စီးဝင်နေဆဲ။ အမျိုးစောင့်သည် ဆိုရာတွင် မည်သို့စောင့်ကြမည်လဲ ဟူသော မေးခွန်းသည် ကျမခေါင်းထဲ အမြဲရှိနေသည့် မေးခွန်းဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့် ဥပဒေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့် အမျိုးပျောက်ခြင်း၊ စောင့်ခြင်းတို့အကြား ဆက်စပ်နေသည်များကို ရေးသားချင်ပါသည်။ ပထမဦးဆုံး တရုတ်နိုင်ငံက စပြောချင်ပါသည်။

ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံသည် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်ပါသည်။ လူဦးရေ များသည်ကို လည်း အမှန်တကယ် ဂုဏ်ယူသည့် နိုင်ငံဖြစ်သည်။ လူဦးရေ နှင့် စီးပွားရေး တိုးတက်ရန် မည်သို့ လုပ်ဆောင်ခဲ့ပါသလဲဟု အနည်းငယ်ဆွေးနွေးချင်ပါသည်။ ၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူဦးရေမှာ ၉၈၈.၉ သန်းရှိသည်။

စီးပွားရေး တိုးတက်ရန် မူဝါဒ စီမံကိန်းများ အဖုံဖုံ ကြံစည်ကြိုးစားစဉ်ကာလတခုတွင် တအိမ်ထောင် ကလေးတယောက်သာ ယူရမည့် စနစ်ကို ၁၉၇၉ ခုနှစ်က စတင်ကျင့်သုံးခဲ့သည်။ ထိုစနစ်ကို ၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ လက်ရှိ တရုတ်နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၁၄၁၆ ကျော်ရှိပါသည်။

ကလေးတယောက်သာယူရမည့် မူဝါဒကျင့်သုံးလိုက်သည့်အခါ သားယောက်ျားလေးသာလျှင် မိသားစုမျိုးဆက်အမွေကို ဆက်ခံနိုင်သည့် ယဉ်ကျေးမှုစနစ်တို့ကြောင့် ကလေး တဦးတည်းသာ ယူရမည်ဆိုလျှင် သားသာ လိုချင်ကြသည်။ သမီးမိန်းကလေး မွေးလာလျှင် စွန့်ပစ်ခြင်း ၊ သတ်ပစ်ခြင်း ၊ ကိုယ်ဝန်ဖျက်ချခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည့်အတွက် အနှစ် ၄၀ ကြာမြင့်သည့် ယနေ့အချိန်တွင် တရုတ်နိုင်ငံ၌ အိမ်ထောင်ပြုရခြင်းမရှိသေးသည့် လူပျိုလူလွတ် ဦးရေ သန်း ၂၀၀ ကျော် (စုစုပေါင်း လူဦးရေ၏ ၁၄.၆%) ရှိသည် ဟု wall street journal ကဆိုသည်။

၁၉၉၀ ခုနှစ်ကာလများက လူပျိုလူလွတ်အရေအတွက်သည် နိုင်ငံစုစုပေါင်းလူဦးရေ၏ ၄% သာရှိရာ နှစ်ပေါင်း ၃၀ နီးပါးကာလတွင် နှစ်ဆကျော်တိုးလာသည်။ ဆက်လက်တိုးပွားနေဆဲဟု ဆိုကြသည်။ သက္ကရာဇ် ၂၀၂၀ တွင် တရုတ်နိုင်ငံရှိအရွယ်ရောက် အိမ်ထောင်ပြုနိုင်သည့် အမျိုးသားအရေအတွက်သည် အမျိုးသမီးအရေအတွက်ထက် ၂၉ သန်းပိုမည်ဟု ခန့်မှန်းကြသည်။

သတို့သမီး လိုအပ်ချက် ကြီးမားလာသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို မှောင်ခိုသွင်းခြင်း ၊ လူကုန်ကူးခြင်း စသည့်ဈေးကွက်ကြီး ပေါ်ထွန်းလာသည်မှာ ဆယ်စုနှစ် ၃ ခုရှိပေပြီ။ အိမ်နီးချင်းနိုင်ငံဟု ဆိုရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်သည့် လာအို ၊ မြန်မာ ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံတို့မှ အများဆုံးဖြစ်သည်။

တရုတ်နိုင်ငံ၏ ပြဌာန်းဥပဒေအရ အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို တရားဝင်လက်ထပ်ခွင့်ရှိသော်လည်း ၎င်းအမျိုးသမီးများမှာ တရုတ်နိုင်ငံသား ဖြစ်ခွင့်မရှိပါ။ မွေးဖွားလာသည့် ကလေးကမူ မည်သည့် နိုင်ငံခြားသားကမွေးဖွားသည်ဖြစ်စေ ၊ ဖခင်က တရုတ်နိုင်ငံသား ဖြစ်ပါက အလိုအလျောက် တရုတ်နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသားတယောက်၏ အခွင့်အရေးကို အပြည့်အဝရပါသည်။

ယင်းသို့ သတို့သမီး ဝယ်ယူရာတွင် ချစ်ခြင်းမေတ္တာကို အခြေခံခြင်း သို့မဟုတ် လူသားတို့၏ သဘာဝလိုအပ်ချက်ဖြစ်သော ကြင်ဖော်ရှိလိုခြင်းတို့ထက် မျိုးဆက်ထိန်းသိမ်းရန်မှာ အဓိကဦးစားပေးဖြစ်သည်။ တင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကြောင့် နိုင်ငံခြားသူ ဇနီးတစ်ယောက်ကို ကြာရှည်လက်ခံထားရန်လည်း ခက်ခဲပါသည်။

အကျိုးဆက်အနေဖြင့် အမျိုးသမီးများကို သားဖွားရန် အတွက်သာ ရည်ရွယ်၍ တနှစ် သို့မဟုတ် တနှစ်ခွဲစာချုပ်ဖြင့် ဝယ်ယူလာကြသည်။ ကလေးမွေးဖွားပြီးလျှင် ကလေး သုံးလခန့်ရောက်သည်နှင့် ပြန်ပို့ကြသည်လည်းရှိသည်။

ကံဆိုးသူ အချို့ မိန်းကလေးတို့မှာမူ ပထမ လင်ယောက်ျားမိသားစုက နောက်ထပ်တအိမ်သို့ ထပ်ဆင့်ရောင်းချခြင်းခံကြရသည်။ မိမိတို့ ကုန်ကျသည့် ငွေကြေးပြန်ရစေရန် စီးပွားရေးပြန်လုပ်ကြခြင်းပင်။

ထိုသို့လုပ်ငန်းများကို မြို့ကြီးပြကြီးများတွင် ပွဲစားများက ထင်ထင်ပေါ်ပေါ် စည်းရုံးခြင်းမရှိသော်လည်း ကျေးလက်ဒေသတွင်တော့ လူကုန်သလောက်တောင်ရှိနေပါပြီ ဟုသာ ဝမ်းနည်းစွာ ပြောချင်ပါသည်။ တရုတ်နိုင်ငံရှိ စက်ရုံတွင် အလုပ်ရမည်ဆိုကာ မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ရောင်းစားခံရသူ ၊ ရွှေလီမှတစ်ဆင့် ရောင်းစားခံရသူများ ကို မြန်မာနိုင်ငံ လူကုန်တား ရဲတပ်ဖွဲ့က နေ့စဉ် စီမံချက်ဖြင့်ပင် ကယ်တင်ပေးနေရသည်။

ကယ်တင်ပေးခဲ့သည့် ဖြစ်ရပ်ပေါင်းများစွာအနက် အနည်းငယ်ကို တင်ပြချင်ပါသည်။

မသီ (အမည်လွဲ) သည် အသက် ၂၀ အရွယ် မိန်းမပျိုလေးတဦး ဖြစ်ပြီး ဧရာဝတီတိုင်းတွင်းရှိ မြို့နယ်လေးတခုမှဖြစ်သည်။ မြို့နယ်ရဲစခန်းမှ ရဲတပ်သားတယောက်နှင့် ချစ်ကြိုက်ပြီး ခိုးရာလိုက်သွားခဲ့သည်။ ၎င်း၏ ခင်ပွန်းက မူဆယ်တွင် အလုပ်သွားလုပ်ရအောင်ဟု အကြံပြုသည်ကို သဘောတူလိုက်ပါသွားရာမှ ပွဲစားမှတဆင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။ တရုတ်ခင်ပွန်းနှင့် သားလေးတယောက်ရသည်အထိ ပေါင်းသင်းပြီး သားလေး ၄ လသားအရွယ်တွင် ၎င်းကိုဝယ်ယူခဲ့သည့် ပွဲစားထံသို့ တရုတ်ခင်ပွန်းက ပြန်ပို့ပေးခဲ့သည်။

အဝတ်အစားအနည်းငယ်နှင့် အစားအသောက်အနည်းငယ် ဝယ်ခြမ်းပေးခဲ့သော်လည်း ပြန်ရန် လမ်းစရိတ်တပြားတချပ်မှ မပေးခဲ့သဖြင့် မူဆယ်ရဲတပ်ဖွဲ့မှတဆင့် အိမ်သို့ဆက်သွယ်ကာ မိသားစုက လာရောက်ခေါ်ယူခဲ့ရသည်။ မူလပထမ ရောင်းစားသူ ကိုအမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

မနီလာ (အမည်လွှဲ) သည် အသက် ၁၆ နှစ်အရွယ် မိန်းမပျိုလေးဖြစ်ပြီး ရန်ကုန်တိုင်း ဆင်ခြေဖုံးမြို့ငယ်တခုတွင် နေထိုင်သည်။ သူမ အသက် ၁၃ နှစ်ခန့်က မိခင်ဖြစ်သူသည် တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ဦးမည် ဆိုကာထွက်သွားသည်မှာ တစ်နှစ်ကျော်ခန့်ကြာမှ ပြန်ရောက်လာသည်။ ပွဲစားအလိမ်ခံရသဖြင့် ပိုက်ဆံမရခဲ့ဟုသည်မှ အပ မိခင်ဘာအလုပ်လုပ်ခဲ့သည်ကို ရေရေရာရာ မပြောတတ်ပါ။

မိခင်က ခရီးလမ်းကြောင်းသိပြီဖြစ်သည့်အတွက် ဒီတစ်ခါတော့ ဒုက္ခမရောက်နိုင်တော့ပါ။ တို့သားအမိ နှစ်ယောက် သွားအလုပ်လုပ်ရအောင် ဟုခေါ်ဆောင်သွားပြီး ရောင်းစားခံရသူဖြစ်သည်။ ပွဲစားများက တရုတ်နိုင်ငံအတွင်းသို့ အဆင့်ဆင့်ခေါ်ဆောင်သွားကြပြီး ရောက်သည့်အခါ သူမကို ဝယ်ယူသည့် ခင်ပွန်းမှာ စိတ်မနှံ့သူဖြစ်သည်။ သူမ မလိုက်ချင်ပါ ဟု ငြင်းဆိုသည်ကို ဆံပင်မှဆွဲက တရွတ်တိုက်ခေါ်သွားသည် ဆိုသည်။ စိတ်မထင်လျှင် မထင်သလို ရိုက်နှက်ခြင်း ၊ လည်ပင်းညှစ်ခြင်း စသည့် ဒဏ်များကိုလည်း ခံရသေးသည်။

လအတန်ကြာသည်အထိ ကိုယ်ဝန်မရသည့်အတွက် ဆရာဝန်နှင့် ပြကြရသည်ဟုလည်း ပြန်ပြောပြပါသည်။ တစ်နှစ်ကျော်ခန့်ကြာသည့်အခါ အိမ်ပတ်ဝန်းကျင်နှင့် လမ်းအခြေအနေတို့ကို အတော်အတန် သိလာသည်နှင့် လူအလစ်တွင် ထွက်ပြေးခဲ့သည်။ ရဲစခန်းကိုရောက်ရှိ အကူအညီတောင်းရာမှ နှစ်နိုင်ငံ လူကုန်တားရဲတပ်ဖွဲ့ခြင်း ချိတ်ဆက်၍ ပြန်လည်ရောက်ရှိလာသည်။ ရောင်းစားသူမှာ မိခင်အရင်းဖြစ်ပြီး ထွက်ပြေးနေဆဲဖြစ်သည်။

မကြည်ပြာ (အမည်လွှဲ) သည်အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး ရန်ကုန်တိုင်း ဆင်ခြေဖုံးမြို့နယ်တွင်နေထိုင်သည်။ အသားအရေ ဖြူဖြူစင်စင်နှင့် သေးသေးသွယ်သွယ်လေး ဖြစ်သည်။ ဦးလေးအရင်းက အိမ်အလည်ခေါ်သဖြင့် မြန်မာပြည်အလယ်ပိုင်းရှိ မြို့ငယ်လေးသို့ အလည်လိုက်ပါသွားရာမှ ဦးလေး နှင့် အဒေါ်က မူဆယ်တွင် အလုပ်သွားလုပ်ကြမည်။ အမ ဝမ်းကွဲတွေနှင့် အတူအလုပ်လုပ်ရမည်ဟု အယုံသွင်းကာ ရောင်းစားခံရခြင်းဖြစ်သည်။

ပြန်မလာသဖြင့် မိခင်က လိုက်လာသည့်အခါ ဦးလေးနှင့် အဒေါ်ဖြစ်သူက မန္တလေးရှိ စက်ရုံတွင် အလုပ်သွင်းပေးထားသည်ဟု ညာခဲ့ကြသည်။ သူမကို ဝယ်ယူခဲ့သည့် တရုတ်ခင်ပွန်းက ဖုန်းတစ်လုံးဝယ်ပေးသည့်အခါ မိခင်နှင့် ပြန်လည်ဆက်သွယ်နိုင်ခဲ့သည်။ မိခင်က အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် တရုတ်ရဲတပ်ဖွဲ့က သွားရောက်ကယ်တင်ပြီး မြန်မာပြည် ပြန်ပို့ခဲ့သည်။ ရောင်းစားသူ ဦးလေးအရင်းမိသားစုမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

မနီနီ (အမည်လွှဲ) သည် အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တရုတ်နိုင်ငံ ပီကင်းမြို့ရှိ မြန်မာ နိုင်ငံသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံလာသူဖြစ်သည်။ သူမကို တွေ့ရှိသည့်အချိန်တွင် ကိုယ်ဝန် ၆ လရှိနေပြီး ယင်းကိုယ်ဝန်မှာ ဒုတိယ ခင်ပွန်း၏ ကိုယ်ဝန်ဖြစ်သည်။ ပထမဝယ်ယူခဲ့သည့် ခင်ပွန်းဖြင့် ကလေးတယောက်မွေးဖွားပြီးသည့်အခါ နောက်တယောက်ထံသို့ လက်ဆင့်ကမ်းရောင်းခဲ့သည်။

ပထမရောင်းစားခံရစဉ်က အသက်အရွယ်ကို အတိအကျ မသိရသော်လည်း ၁၂ နှစ်ကျော် ၁၃ နှစ်ခန့်သာ ရှိမည်ဟု ခန့်မှန်းရပါသည်။ အိမ်အလုပ်များ နှင့် ခြံအလုပ်များကို ပင်ပန်းစွာလုပ်ရသည့်အပြင် ရိုက်နှက်နှိပ်စက်မှုကိုပါ ခံရပြီး ထွက်ပြေးလာရာ ရဲမှတစ်ဆင့် သံရုံးသို့ ဆက်သွယ်အကူအညီတောင်းလာခြင်းဖြစ်သည်။ သံရုံး၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အထက်ပါအဖြစ်အပျက်များသည် မြောက်များလှစွာသော အဖြစ်အပျက်များထဲမှ အချို့တဝက်သာဖြစ်ပါသည်။ ချရေးခြင်းငှာ မစွမ်းနိုင်သည့် ဝမ်းနည်းစရာ အဖြစ်အပျက်များ များစွာရှိနေပါသေးသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးရေး ဥပဒေကို ၂၀၀၅ ခုနှစ်က စတင်ပြဌာန်းခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှသည် တသက်တကျွန်းအထိ ချမှတ်နိုင်ပါသည်။ သို့ရာတွင် လူကုန်ကူးခြင်းမှာ တဦးတယောက်တည်းပါဝင်သည့် ရာဇဝတ်မှုမျိုးမဟုတ်ပဲ ပွဲစားအဆင့်ဆင့်ဖြင့်လုပ်ဆောင်သည့် လုပ်ငန်းဖြစ်သည်။

သားကောင်းကို စတင်ချဉ်းကပ်လာသူများမှာ များသောအားဖြင့် ရင်းနှီးခင်မင်သည့် မိတ်ဆွေ ၊ ဆွေမျိုးသားချင်းနှင့် မိခင် ၊ ဖခင် ၊ မောင်နှမ အရင်းအခြာများဖြစ်နေတတ်ပြီး အများစုမှာ အလုပ်အကိုင်အခွင့်အလမ်းဟုထင်၍ ရိုးသားစွာ ချိတ်ဆက်ပေးကြသူများဖြစ်သည်။ သို့ရာတွင် လူကုန်ကူးမှုဖြစ်ပွားပြီ ဆိုသည်နှင့် ဖြစ်စဉ်တစ်လျှောက်လုံးပါဝင်သည့် သူများကို ဖမ်းဆီးအရေးယူကြရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူရာတွင်လည်း ဝယ်ယူခဲ့သူ၊ ကလေးမွေးဖွားရန် အတင်းအကျပ်စေခိုင်းသူ များကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိပါ။ မြန်မာနိုင်ငံဖက်ခြမ်းမှ ပွဲစား သို့မဟုတ် မိဘဆွေမျိုးများကိုသာ အရေးယူနိုင်ပါသည်။ ဖြစ်စဉ်အတော်များများတွင် အသက်မပြည့်သည့် မိန်းကလေးများ ပါဝင်သော်လည်း တရားဝင် သွားရောက်ကြသူများ မဟုတ်သည့်အတွက် တရုတ်နိုင်ငံရှိ ဥပဒေများကလည်း ၎င်းတို့ကို အကာအကွယ်မပေးပါ။ မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးခြင်းသာရှိသည်။

ကံမကောင်းသည့် မိန်းကလေးများဆိုလျှင် ရဲစခန်းသို့ ထွက်ပြေးသော်လည်း ရဲက ၎င်းကိုဝယ်ထားသည့် တရုတ်အိမ်ရှင်နှင့် အမျိုးတော်သည့်အတွက် အိမ်ပြန်ပို့ပေးသည်ကိုပင် ကြုံကြရသည်။ ထိုသို့ဖြစ်ပါက အိမ်ပြန်ရောက်လျှင် အရိုက်အနှက်ခံရခြင်း၊ ထမင်းမကျွေးခြင်း ၊ ပိတ်လှောင်ထားခြင်းတို့ကို ကြုံတွေ့ရသည်။

ကလေးမွေးဖွားခဲ့သည့် မိန်းကလေးများသည်လည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည့်အခါ ကလေးခေါ်လာနိုင်ခြင်းမရှိပါ။ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ထိုကလေးများသည် နိုင်ငံသားဖြစ်ခွင့်မရပါ။ နိုင်ငံသားဖြစ်ခွင့်မရသည့်အတွက် ကျောင်းနေခွင့် အပါအဝင် အခြေခံအခွင့်အရေးများဆုံးရှုံးသည့်အပြင် လူ့အသိုင်းအဝိုင်း၏ ဖယ်ကျဉ်ခြင်း ခံရပါသည်။

တရုပ်နိုင်ငံဥပဒေအရမူ နိုင်ငံသားဖြစ်ခွင့်အပြည့်အဝရပါသည်။ အချို့ ရှားပါးဖြစ်စဉ်များတွင် အမျိုးသမီးများသည် တရားဝင်လက်ထပ်ထိမ်းမြားခွင့်ရကြလျှက် ၊ ပျော်ရွှင်သော အိမ်ထောင်တခုဖြစ်သွားသည်ကို တွေ့ရသည်။ သို့ရာတွင် ဇနီးသည် တရုတ်နိုင်ငံသားခံယူခွင့်မရှိပါ။ အမြဲနေထိုင်ခွင့် ရရန်ခက်ခဲပါသည်။ ယခုအခါ လူဝင်မှုဥပဒေကို ပြန်လည်ပြင်ဆင်၍ ဇနီးဖြစ်သူကို နိုင်ငံသားဖြစ်ခွင့် ပေးရန် စဉ်းစားနေသည်ဟုလည်းဆိုပါသည်။

ထိုသို့ ဖြေလျော့မှုများ ပြုလုပ်လာပါက နိုင်ငံဖြတ်ကျော် လက်ထပ်ထိမ်းမြားမှုများ ပိုမိုများပြားလာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ တဖက်က ကြည့်မည်ဆိုလျှင် အမျိုးသမီးလိုအပ်ချက်ကြီးမားနေသည့် နိုင်ငံသို့ အိမ်နီးနားချင်း နိုင်ငံများမှ အမျိုးသမီးများ ဝင်ရောက်မှုကို တားဆီးမရနိုင်ပါ။ တားဆီးမရနိုင်သည့်အတူတူ နိုင်ငံသားဖြစ်ခွင့်ရလျှင် ဥပဒေအရ အကာအကွယ်ရမည်ဆိုပါက ကောင်းသောအရွေ့တခုဖြစ်လာမည်ဟု ဆိုနိုင်ပေမည်။

သို့ရာတွင် လူဦးရေအရအပြောင်းအလဲ ဖြစ်သွားမည့် ပမာဏကို ကြိုတင်တွက်ချက်ရန်လိုအပ်နေပေသေးသည်။ သန်း ၂၀၀ ကျော်သော သတို့သားများအတွက် အဓိက သတို့သမီးများထွက်ရှိရာ ပေးပို့နိုင်ငံများ၏ လူဦးရေကိုကြည့်လျှင် ဗီယက်နမ် (၉၆ သန်း) ၊ မြန်မာ (၅၃ သန်း) ၊ ကမ္ဘောဒီးယား (၁၆ သန်း) ၊ လာအို (၆.၉ သန်း) ရှိသည်။ လက်ခံနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် ယင်းနိုင်ငံများအနက် နှစ်နိုင်ငံ နိုင်ငံသားခံယူခွင့်ကို ခွင့်ပြုသည့်နိုင်ငံမှာ ကမ္ဘောဒီးယား နိုင်ငံတခုသာရှိသည်။

ယခုကဲ့သို့ လူဦးရေ အချိုးအစား မညီမျှမှု၏ အကျိုးဆက်သည် အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေအချိုးအစား ကိုပါ ကြီးစွာ သက်ရောက်လာပါသည်။ ပြောင်းလဲလာသည့် အခင်းအကျင်းများအတွက် မိမိနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများကို လိုက်လျောညီထွေ ပြင်ဆင်သင့်သည့်အပြင် အသိပညာပေးမှုများပြုလုပ်ရန်လိုသည်။
ငါတို့ အရိုးစည်းရိုးထိုးရန် ချွန်တတ်ရုံနှင့်တော့ အလုပ်မဖြစ်တော့ပါ။

]]>
အရှိအတိုင်း လှပ ရှင်သန်ခွင့်ပေးပါ https://burma.irrawaddy.com/women-in-media/2018/06/06/160395.html Wed, 06 Jun 2018 03:30:15 +0000 https://burma.irrawaddy.com/lytbox/?p=160395 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ လှုပ်ရှားမှု တခု  / မျိုးမင်းစိုး / ဧရာဝတီမိန်းကလေးများသည် ကိုယ့်လှပမှု နှင့် လှပချင်စိတ်ကိုသာ ဖိနှိပ်အပြစ်တင်ရင်း ရှင်သန်ကြသူများ ရှိနေဆဲပါ။ သူတို့ ကို အရှိအတိုင်း လှပခွင့်၊ ရှင်သန်ခွင့်ပေးကြပါ။]]> အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ လှုပ်ရှားမှု တခု  / မျိုးမင်းစိုး / ဧရာဝတီ

“အမေကြီးတို့ ငယ်ငယ်က ဓာတ်မြေဩဇာ အိတ်ကို လည်ပင်း ရယ် ချိုင်းရယ် အပေါက်ဖောက်ပြီး အကျႌလုပ်ဝတ်ရတာပေါ့” လို့ အမေကြီး (ကျမအမေရဲ့အမေ)က ပြောသည့်အခါ “ဘာဖြစ်လို့လဲဟင်…. အမေကြီး။ အကျႌမဝယ်နိုင်လို့လား” ဟု မေးမိသည်။

“မဟုတ်ပါဘူးအေ…. ဂျပန်ရန်ကြောက်ရတာတမျိုး ၊ အလိုတော်ရိ ကြောက်ရတာတမျိုးနဲ့ ဂျပန်များ ရွာထဲဝင်ရင် ရွာပြင်ကောက်ရိုးပုံထဲ သွားပုန်းနေရတာ” ဟု အမေကြီးက ပြောသည်။

ကျမ၏ အိပ်ယာဝင် ပုံပြင်များတွင် အမေကြီး၏ ငယ်ဘဝ အတွေ့အကြုံများလည်း ပါဝင်သည်။ အင်္ဂလိပ်အပြေး ၊ ဂျပန်အဝင်ကို အပျိုဖော်ဝင်စ ၁၄ နှစ်သမီးတွင် ကြုံတွေ့ရသည့် အမေကြီး၏ အပျိုဘဝသည် မှုံနံ့သာ ချယ်ကာ မသနိုင်ပါ။ အပျိုပေါက် သမီး၏ အလှအပများကို ဖုံးကွယ်ပစ်ဖို့ ဆံပင်ကို ခေါင်းပေါင်း အမြဲပေါင်းထားရပြီး ပုံမကျ ၊ ပန်းမကျ အဝတ်အစားများကို အသုံးပြုခဲ့ရသည်။

ထို့ထက်မက စိတ်မချရသည့် အခြေအနေ ရောက်သည့်အခါ ကျမတို့ အမေကြီးကို တရွာတည်းသားဖြစ်သည့် အဖေကြီးနှင့် လူကြီးချင်း စပ်ဟပ်ပေးစားခဲ့ကြသည်။ ကံကောင်းထောက်မစွာ သူတို့ အိမ်ထောင်ရေးသည် ရိုးမြေကျ သစ္စာ ရှိပျော်ရွှင်အေးချမ်းစွာ တည်မြဲခဲ့ပါသည်။ အသက်ဘေးအန္တရာယ်ကို ကြောက်ရသည့် ခေတ်ပျက်ကြီးထဲ အချစ် ကိုတိတိပပ မသိရသေးခင် အိမ်ထောင်ကျ ၊ ကလေးတွေ မွေးခဲ့ရသည့် ဘဝမှာ အမေကြီး ပျော်ခဲ့သလား ဟုတော့ မမေးမိခဲ့ပါ။

ကျမ အရွယ်ရောက်တော့ နေတဲ့ရပ်ကွက်ထဲမှာ ဘွဲ့ရပညာတတ် အမတယောက်ရှိသည်။ အပျိုအရွယ်ပေမယ့် လူမမာ အမေ နှင့် လူမမမယ် မောင်ငယ်များကို လုပ်ကျွေးဖို့ သစ်သီးသည် ဖြစ်သွားသည်ကို မြင်ခဲ့ဖူးသည်။ မနက် ၃ နာရီမှာ ကုန်စိမ်းဈေးကို ဈေးကောက်ထွက်ရတော့ ရပ်ကွက်ထဲက သစ်သီးသည် ဦးလေးကြီးကို အဖော်ပြု၍ သွားရသည် ကိုတွေ့ရသည်။

သိပ်မကြာခင်ပင် ဟိုနှစ်ယောက်တော့ ဖြစ်နေကြပြီထင်တယ် ဆိုသည့် အရပ်သတင်းကြားရသည်။ ဘွဲ့ရပညာတတ် အသက် ၂၀ ကျော် မိန်းမငယ် နှင့် အသက် ၄၀ နီးပါး ဈေးရောင်းဖက် ယောင်္ကျားသားတယောက်တို့ အချိန်အခါမဲ့ သွားလာရသည့် အခါ ကဲ့ရဲ့ပြောဆိုသံများက ပတ်ဝန်းကျင်၏ ထုံးစံအတိုင်း ဖြစ်လာသည်။

ယင်းကဲ့ရဲ့သံများ ထွက်လာပြီးနောက် ထိုအမကို မျက်နှာ သနပ်ခါးဘဲကြား ၊ ရှပ်အကျႌဖားဖား နှင့် ဘီးစပတ်ကြီး ပတ်ပြီး အမယ်အို သဖွယ် ဝတ်စားပြင်ဆင်နေသည် ကို တွေ့ရတော့သည်။ ယနေ့အချိန်အထိ အပျိုကြီးဘဝဖြင့် အမည်းတစက်မစွန်းအောင် နေခဲ့သော ထိုအမသည် အရပ်စကားများကို အန်တုဖို့ သူ၏ လှချင်ပချင်စိတ်ကို ချိုးဖျက်ကာ ရုပ်မဆိုးဆိုးအောင် နေခဲ့ပါသည်။

လွန်ခဲ့သည့် တနှစ်လောက်က ကျမ ခင်မင်ရသော မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ ညီမငယ်တစ်ယောက်နှင့် စကားလက်ဆုံ ကျမိသည်။ သူက အဆီပြန်နေသာ ဘာမှ မလိမ်းမခြယ်သည့် မျက်နှာ ၊ တီရှပ်ပွပွ နှင့် ဂျင်းဘောင်းဘီကိုသာ အမြဲဝတ်သူ ၊ ဆံပင်တိုတိုနှင့် ယောင်္ကျားလေး တယောက်အလား ပြုမူနေထိုင်သူ ဖြစ်သည်။ သူ၏ အလုပ်သဘာဝကိုက အချိန်မရှိ ၊ အချိန်ရှိ ယောင်္ကျားလေးများနှင့် ရင်ဘောင်တန်း လုပ်ကိုင်ရသူဖြစ်သည်။

တနေ့တော့ အလုပ်ကအပြန် ည ၉ နာရီခန့် လုပ်ဖော်ကိုင်ဖက် အမျိုးသား တယောက်နှင့် ဓာတ်လှေကားထဲတွင် ဆုံသည်။ အိမ်ထောင်သည် ထိုအမျိုးသားကို သူက ဆွမျိုးသဖွယ် ရင်းနှီးခင်မင်သည် ဟု ယုံကြည်မိခဲ့သည်။

တနေ့မှာတော့ ထိုလူက သူ့ကို “ဇူး (အမည်လွှဲ) အိမ်လိုက်အိပ်ပါလား ။ ဒီနေ့ မိန်းမ မရှိဘူး။ သူ့အမေအိမ်သွားတယ်။” လို့ စကား စလာသည်။
ထိုလူ၏ ဆိုလိုရင်းကို ရုတ်တရက် နားမလည်ဖြစ်ပေမယ့် နောက်ပိုင်းမှ သူနှင့် အတူလိုက်အိပ်ရန် ခေါ်မှန်း သဘောပေါက်ခဲ့ရသည်။ ခင်မင်ရင်းနှီးမှု ကို မထောက်ထားပဲ ပြောထွက်သည် ဟု တွေးမိကာ ရှက်ကြောက်စိတ်၊ ယုံကြည်မှုများ ပျောက်ဆုံးသည့် စိတ်က သူ့ကို နှိပ်စက်ခဲ့သည်။

ထိုနောက်ပိုင်းတွင် သူသည် အလှမပြင်တော့ပဲ ယောင်္ကျားလေးတယောက်ကဲ့သို့ ပြုမူနေထိုင်တော့သည်။

” ငါ အလှပြင်မိလို့ သူတို့ ပြစ်မှားနိုင်တာ ၊ ငါလှလို့ ခုလို အပြောခံရတာ” ဆိုသည့် မိမိကိုယ်ကိုသာ အပြစ်တင်သည့် စိတ်က သူ၏ ပုံရိပ်ကို ပြောင်းလဲစေခဲ့သည့် အကြီးမားဆုံး အချက်တချက်ဖြစ်ခဲ့သည်။

လှပသော မိန်းကလေး များအနေဖြင့် ယောင်္ကျားများနှင့် ရင်ဘောင်တန်းရသည့် သက်မွေးဝမ်းကျောင်းလောကသို့ ဝင်ရောက်သည့်အခါ အနည်းနှင့် အများ ကဲ့ရဲ့ ဝေဖန် စကားတင်းဆိုမှုကို ခံရသည်မှာ အထင်အရှားဖြစ်ပါသည်ကဲ့ရဲ့ဝေဖန် တီးတိုးပြောခြင်းဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်အံ့ ဟူသာ ဆိုလိုရမည့် သဘောဖြစ်နေပါသည်။

ဂစ်တာကို အရူးအမူး ဝါသနာပါသော ချစ်သော အမတယောက်ရှိသည်။ သူက ဂစ်တာတီးကောင်းသူဆိုလျှင် လှိုက်လှိုက်လှဲလှဲ ခင်မင်တတ်၍ စကားလက်ဆုံ ပြောမကုန်အောင်ဖြစ်တတ်သည်။ ဂစ်တာတီးကောင်းသူများကလည်း ယောင်္ကျားသားအများစုမို့ သူ့ကို အမျိုးမျိုးပေးစား စကားတင်းဆိုသံများ ကြားဖူးပါသည်။

“မဟုတ်ပါဘူး။ သူက ဂစ်တာတီးကောင်းသူဆိုလျှင် ဝါသနာတူမို့ လှိုက်လှိုက်လှဲလှဲရှိတာပါ၊ အမက အဲဒီလို လင်စိတ် သားစိတ် ရှိတာ မဟုတ်ပါဘူး အန်တီရယ်” ဟု သူ့အကြောင်း အတင်းလာပြောသော အများက လေးစားရသည့် အန်တီကြီးတစ်ယောက်ကို ပြန်ပြောဖူးသည်။

“အမလေး၊ ဂစ်တာတီးဝါသနာပါရင်လည်း ယောင်္ကျားလိုနေလေ၊ ခုတော့ မိတ်ကပ်အဖွေးသား ၊ နှုတ်ခမ်းနီရဲရဲနဲ့ သူ့လောက် လှချင်တာလဲ မရှိဘူး။ ပြီးတော့ ယောင်္ကျားလေးတွေ တရုန်းရုန်းနဲ့ သူ့မှာ အဲဒီစိတ်မရှိဘူး လို့ဘယ်သူယုံမလဲ “ဟု ကိုယ့်တောင် ပြန်ဟောက်သွားသေးသည်။

ကျမစိတ်ထဲကတော့” ဪ၊ ယောင်္ကျားတွေနဲ့ ရင်းရင်းနှီးနှီး ဘော်ဒါလို ပေါင်းချင်ရင် ယောင်္ကျားလို နေမှ အဆင်ပြေမယ်လား” ဟု စိတ်မကောင်းဖြစ်မိသည်။

ထို့နောက်မှာတော့ ယောင်္ကျားလေးလို ဝတ်ဆင်နေထိုင်ကြသော မိန်းမငယ်လေးများ မြင်လျှင် တကယ်ပဲ ယောင်္ကျားလေးလို နေချင်လို့လား ၊ အများကဲ့ရဲ့လွတ်အောင် နေတာလား ဆိုသည့် စူးစမ်းချင်စိတ် ဖြစ်မိသည်။

မကြာသေးခင်က လုပ်ငန်းခွင်တွင် အင်မတန် အတွဲညီသော ဆရာ နှင့် တပည့် ညီမငယ်လေးကိုတွေ့တော့ မေးမိသည်။ သူတို့နှစ်ယောက်ကိုလဲ ညားနေကြပြီ ဟု သတင်းကြီးနေသည်။ ညီမငယ်လေးက ယောင်္ကျားလေးလို နေသည့်အပြင် မလှမပ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်သို့ ခပ်စိပ်စိပ်တင်တတ်သည်။

သူက အလုပ်လုပ်ရာတွင် အင်မတန် စေ့စပ်ပြီး အားကိုးရသူ၊ သူ၏ဆရာအပေါ်တွင်လည်း ချစ်ခင်လေးစားသူ ၊ သူတို့ အလုပ်ကလည်း သူတို့နှစ်ယောက်ပေါင်း အရည်အချင်းကြောင့် အလွန်အောင်မြင်နေသည်မှာ မျက်မြင်ပင်။ ဆိုလိုသည်မှာ အများက ကဲ့ရဲ့လို့ တွဲမလုပ်တော့ဘူး ဟု ရပ်ပစ်ရန် မဖြစ်နိုင်သည့် အခြေအနေ။ သူ့ပုံစံ ကြည့်တော့လည်း တမင်ပင် ရုပ်ဆိုးဆိုး ပေါတောတော ၊ ယောက်ျားလျာ ပုံစံ လုပ်နေသည်ဟု စိတ်ထဲမှာ ခံစားလာမိသည့်အတွက် ညီမလေး တကယ်ပဲ ယောင်္ကျားလေးလို နေချင်တာလား ၊ ဒါမှမဟုတ် ကဲ့ရဲ့လွတ်အောင်လား ဟုမေးမိသည်။

“မဟုတ်ပါဘူး” ဟု သူက ရယ်ကျဲကျဲဆိုပေမယ့် သူ့မျက်ဝန်းမှ ဒဏ်ရာကို ဖတ်တတ်လောက်အောင် အဖြစ်တူတွေ တွေ့ဖူးနေခဲ့ပြီးပါပြီ။

နောက်တော့မှ သူက လွတ်လွတ်လပ်လပ်နေရတာ ကြိုက်ပါတယ်။ အချိန်မရှိ ၊ အချိန် ရှိ ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ရတဲ့အခါ သူရဲ့ မိန်းကလေးဖြစ်မှု၊ ကိုယ်ခနာ အပေါ်မှာ အစအနောက်ခံရတာ ၊ စကား အတင်းဆိုခံရတာတွေကို စိတ်ပျက်လို့ ဒီလိုပဲ နေဖြစ်တော့တယ် အမရယ် ဟု သူ ဖြေသည့်အခါ ကျွန်မ ရင်မှာ စူးတစ်ချောင်းထပ်ပေါက်ပါသည်။

မိန်းကလေးတွေ လှချင်ပါသည်။

မိန်းကလေးတွေ ပညာတတ်မှ၊ ထက်မြက်မှ လုပ်ငန်းခွင်မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်တာ ကျမတို့ နိုင်ငံအတွက်အားပါ။

ဂျပန်ခေတ် ခေတ်ပျက်မှာ ကျမ အဖွားဟာ အလှပြင်ချင်စိတ်ကို တစွန်းတစမှ မပေါ်အောင် မိမိဘဝ လုံခြုံမှုအတွက် နေထိုင်ရင်း ဖြတ်သန်းခဲ့သည်။

မဆလ ခေတ်မှာ ဘွဲ့ရပညာတတ်ဖြစ်သော်လည်း အစိုးရအလုပ်က မိသားစုကို မထောက်ပံ့နိုင်သည့်အတွက် သစ်သီးသည် လုပ်ခဲ့ရတဲ့ အမဟာ လှပခြင်း ၊ လှချင်စိတ်ကို စွန့်လွှတ်ခဲ့သည်။

ဒီမိုကရေစီခေတ်တွင် ခေတ်မီပါသည် ၊ ကျားမ တန်းတူညီမျှ ရှိပါသည်ဆိုသည့် ခေတ်မှာ မိန်းကလေးတွေ လုပ်ငန်းခွင်ထဲ အင်နှင့် အားနှင့် ဝင်ရောက်လာကြသည်။

လုပ်ငန်းခွင်အဆင်ပြေစေရေး အတွက် မိန်းမဆန်မှု ၊ လှပလိုမှုကို စွန့်လွှတ်ရသူတွေ ရှိနေဆဲပါ။

ဒါတွေသည် ခေတ်ကြောင့် မဟုတ်ပါ၊ ဒါတွေသည် စနစ်ကြောင့် မဟုတ်ပါ၊
ဒါတွေသည် လူတွေကြောင့်သာ ဖြစ်ပါသည်။

အလွယ်တကူ သိမ်ဖျင်းသော စိတ်ဖြင့် မိန်းမပျိုလေးများကို ကဲ့ရဲ့စကားတင်းဆိုသော လူများကြောင့်သာ ဖြစ်ပါသည်။

“သူများပြောတာများ ဂရုစိုက်လို့ကွာ … ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ပါဘူး” ဟု ပြောတတ်ကြသည်။

ယင်းအပြောများကြောင့်ပင် မိန်းကလေးများသည် ကိုယ့်လှပမှု နှင့် လှပချင်စိတ်ကိုသာ ဖိနှိပ်အပြစ်တင်ရင်း ရှင်သန်ကြသူများ ရှိနေဆဲပါ။

သူတို့ ကို အရှိအတိုင်း လှပခွင့်၊ ရှင်သန်ခွင့်ပေးကြပါ။

ဘယ်သူနှင့် ဘယ်သူကတော့ အခြေအနေ ဘယ်လိုဟူသည့် လက်လွတ်စပယ် ပြောဆိုမယ် ကြံတိုင်း ခုလို အဖြစ်တွေ ရှိနေတယ် ဆိုတာ သတိရရင်ဖြင့် ရေးရကျိုးနပ်ပြီလို့ ယူဆမိပါတယ်။

]]>
လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို #MeToo လို့ပြောရဲပြီလား https://burma.irrawaddy.com/women-in-media/2018/05/09/157701.html Wed, 09 May 2018 02:30:32 +0000 https://burma.irrawaddy.com/lytbox/?p=157701 ချီကာဂိုနိုင်ငံတွင် ပြုလုပ်သည့် metoo လှုပ်ရှားမှု တခု  / chicagonow.com#MeToo လှုပ်ရှားမှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးမှုမြင့်မားသည့် တိုင်းပြည်များတွင် ပျံ့နှံ့အားကောင်းလာခဲ့သလောက် အာရှနိုင်ငံများသို့ ရောက်လာလေလေ တိုးတိတ်သွားလေ ဖြစ်သည်ကို တွေ့ရသည်။]]> ချီကာဂိုနိုင်ငံတွင် ပြုလုပ်သည့် metoo လှုပ်ရှားမှု တခု  / chicagonow.com

metoo – ငါလည်း အတူတူပါပဲ ဆိုတဲ့ စကားကို ကျမတို့ မိန်းကလေးတွေ ဆုံကြတဲ့အခါ တိုးတိုးတိတ်တိတ်ပြောဖြစ်ကြပါတယ်။ သူ့အတွေ့အကြုံ ၊ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြတိုင်း မကြုံဖူးသူ မရှိကြတဲ့ ထိပါးစော်ကားမှုကို တွေ့ရပါတယ်။ ဘယ်သူမှ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်မပြောကြဘူ။ ဘယ်သူမှ အရေးတယူ တားမြစ်ဖို့ မကြိုးစားကြဘူး။ ဒါဆို ခွင့်လွှတ်နိုင်လား။ မေ့ပျောက်နိုင်လား လို့မေးကြည့်ပါ။

နှစ်ပေါင်းများစွာ ကြာသွားမယ် မမေ့မလျော့ ပြောပြနိုင်ကြပါတယ်။ မိန်းကလေး ဆန်ဆန် အလှပြင်ဖို့ တွန့်ဆုတ်ကုန်ကြတဲ့ မိန်းကလေးတွေ၊ အလုပ်အကိုင်ပြောင်းသွားတဲ့ မိန်းကလေးတွေ၊ စိတ်ဒဏ်ရာတွေဟာ မျက်နှာလှလှလေးတွေအောက်မှာ ဖုံးကွယ်ထားပါတယ်။ ဒါတွေကို မြင်ရ ကြားရတိုင်း ဘာမှ မလုပ်နိုင်တဲ့ အဖြစ်ကို နာကျင်ရတဲ့ ဆူးတွေ ရင်ထဲမှာ ရှိပါတယ်။

#MeToo လှုပ်ရှားမှု ကမ္ဘာမှာ ကျယ်ပြန့်လာတော့ ဒီဆူးတွေ ခေါင်းထောင်ထလာပါတယ်။ #MeToo ဆိုတာ ဘာလဲလို့ ရှင်းပြပါရစေ။

metoo ဆိုတဲ့ လှုပ်ရှားမှုကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စတင်လုပ်ဆောင်ခဲ့သူကတော့ တာရနာဘာ့ခ် အမည်ရတဲ့ လူမှုဝန်ထမ်း တက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်ဖြစ်ပါတယ်။ မျက်နှာမွဲဆင်းရဲသား အမျိုးသမီးလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ထိပါးစော်ကားခံရခြင်းကို ကူညီဖို့ ၊ အသိပညာပေးဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တဲ့ လှုပ်ရှားမှုပါ။

၁၃ နှစ်အရွယ် လူမည်းကလေးမလေးက သူ့ကို ယုံကြည်စွာနဲ့ ရင်ဖွင့်ခဲ့စဉ်က သူ့ရင်ထဲမှာ ငါလည်း မင်းလိုခံစားခဲ့ဖူးပါတယ် ကလေးရယ်လို့ ပြောချင်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ အဲဒီ ဆူးဟာ သူ့ရင်ထဲမှာ နစ်ဝင်နေခဲ့ပြီး လူမည်း အမျိုးသမီးကလေးများ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်း ၊ အကြမ်းဖက်ခြင်း ခံရတာကို လူအများသိပြီး ကူညီထောက်ပံ့လာစေဖို့ metoo ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

#MeToo ဆိုပြီး ဟတ်ရှ်တဂ်ခံပြီး စတင်လူသိများလာခဲ့တာကတော့ ၂၀၁၇ ခုနှစ်အောက်တိုဘာလမှာဖြစ်ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင်လောကက နာမည်ကြီး ထုတ်ဝေသူ ဟာဗေးဝိန်စတိန်းဟာ တက်သစ်စ မင်းသမီးပေါင်းများစွာကို အမိဖမ်း ခဲ့သူ ကြီးပေါ့။ သူ့ရဲ့ အပုပ်နံ့ကို သိကြပေမယ့် အရေးတယူ မရှိခဲ့ကြဘူး။ စားနေကြ ကြောင်ဖားကြီး ဟာဗေးဝိန်စတိန်းရဲ့ အကြောင်းကို ပထမဆုံး လူသိထင်ရှား ဖွင့်ချခဲ့သူကတော့ နယူးယော့ခ်တိုင်းမ် သတင်းစာ ပဲဖြစ်ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာ ဝိန်စတိန်းရဲ့ ထိကပါး ရိကပါးပြုခြင်း၊ အဓမ္မကျင့်ခြင်းကို ခံခဲ့ရသူ သရုပ်ဆောင်တွေရဲ့အကြောင်းကို ပထမဆုံး စတင်ရေးသားခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးကို ထုတ်ဝေအပြီးမှာ အခြားသော မင်းသမီးများ ၊ သရုပ်ဆောင်များကလည်း သူတို့လဲ ကြုံခဲ့ရတယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဝိန်စတိန်းကို သူထူထောင်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီနဲ့ အသင်းအဖွဲ့တွေကနေ ထုတ်ပယ်ခဲ့ပြီး ၊ နိုင်ငံရေးသမားများကလည်း တရားဝင် ထုတ်ဖော်ရှုံ့ချခဲ့ကြသလို အခုအခါမှာ တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။

စွပ်စွဲမှုတွေကို ပြုလုပ်ခဲ့သူတွေကတော့ အနှစ် ၃၀ ကာလအတွင်း သူနဲ့ လက်တွဲအလုပ်လုပ်ခဲ့ရတဲ့ အမျိုးသမီး သရုပ်ဆောင်များဖြစ်ပါတယ်။ တစ်ယောက် နှစ်ယောက်က စတင် ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါ၊ အခြားသူများကပါ ထောက်ခံပြောဆိုခဲ့ကြပါတယ်။ ဒီလောက်များပြားတဲ့ အမျိုးသမီးတွေ ၊ ဒီလောက်နှစ်ကာလအတွင်း စော်ကားခံလာရတယ်ဆိုတာ လူသိရှင်ကြား ဖြစ်ပြီး ဟောလိဝုဒ်တွင်သာမက ကမ္ဘာတစ်ဝှမ်းလုံး တုန်လှုပ်သွားခဲ့ပါတယ်။ ဝိန်စတိန်းကတော့ လူမြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့ပြီး နယူးယော့ခ် ၊ လော့အိန်ဂျလိစ် နှင့် လန်ဒန်မြို့တွေမှာ တရားရင်ဆိုင်နေရပါတယ်။

#MeToo ကို အောက်တိုဘာ ၁၃ ရက်မှာ တွစ်တာစာမျက်နှာမှာ မိမိဇာတ်လမ်း အသေးစိတ်ကို ဖော်ပြစရာမလိုဘူး။ ဒါပေမယ့် မိမိ ဘဝမှာ တကြိမ်ကြိမ်တော့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ပြုခြင်း ခံရဖူးရင် #MeToo လို့ရေးပါ။ လူဘယ်လောက်များများက ဒီလိုကြုံတွေ့နေရတယ် ၊ ကြုံတွေ့နေခဲ့ရတယ်ဆိုတာ ထုတ်ဖော်ပြောဆိုလာပြီဆိုရင် ဒီလို လက်ခံနိုင်ဖွယ်ရာမရှိတဲ့ အမူအကျင့်ကို ခွင့်ပြုထားတဲ့ လူနေမှုစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုနိုင်ပါလိမ့်မယ်လို့ အမေရိကန် ရုပ်ရှင်သရုပ်ဆောင် အလစ္စာ ဂျိမ်း မလာနိုက စတင်ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ #MeToo ကိုထပ်ဆင့် ရေးသားလာကြပြီး မိမိတို့ အတွေ့အကြုံတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားတဲ့ ဒီလှုပ်ရှားမှုကြောင့် နှစ်ပေါင်းများစွာ အမြတ်ထုတ်လာကြတဲ့ ၊ မတော်တရော်ပြုမူလာကြတဲ့ သူတွေကို ဖော်ထုတ်အရေးယူမှုတွေ ၊ လူထုက ရှုံ့ချမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ဟောလိဝုဒ်ကနေ စတင်ခဲ့တဲ့ #MeToo ဟာ ကနေဒါနိုင်ငံ တော်ရန်တိုမှသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်အထိ ရုပ်ရှင်လောကမှ အမျိုးသမီးများသည် မိမိတို့ကိုယ်တွေ့ခံစားခဲ့ရသည့်အတွေ့အကြုံများကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ပြောင်းလဲမှုကို တောင်းဆိုခဲ့ကြသည်။

မိမိနိုင်ငံအလိုက် စကားလုံးများ ဖန်တီး သုံးစွဲလာခဲ့ကြမှုများလဲ ရှိသည်။ ဗြိတိသျှရုပ်ရှင်လောကတွင် #NoPredators ၊ ဆွီဒင်နိုင်ငံတွင် ယင်းတို့ဘာသာစကားဖြင့် ဟတ်ရှ်တဂ်ခံ၍ #tystnadtagning ဟူ၍ဖြစ်သည်။ (ဆွီဒင်ဘာသာစကားဖြင့် တိတ်ဆိတ်သောလှုပ်ရှားမှု ဟုအဓိပ္ပါယ်ရသည်) ပြင်သစ်တွင် #BalanceTonPorc ဟူ၍ဖြစ်ပြီး အဲ့ဒီဝက်ကောင်တွေကို ဖော်ထုတ်ကြဟု အဓိပ္ပါယ်ရသည်။

အမျိုးသမီးများသာမက အမျိုးသားများပါ ၎င်းတို့တွေ့ကြုံခဲ့ရသော လိင်အမြတ်ထုတ်မှုများကို ထုတ်ဖော်ပြောဆိုလာကြသည်။

အီတလီနိုင်ငံတွင် #quellavoltache ဖြစ်ပြီး စပိန်၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင်#YoTambien, #Gam Ani and وأنا_كمان# (Me Too ကိုစပိန် ၊ ဟီဘရူးနှင့် အာရဗစ်ဘာသာစကားတို့ဖြင့် ဖလှယ်သုံးစွဲသည်)။ ဟတ်ရှ်တဂ်များမည်သို့ ပြောင်းလဲစေကာမူ သတင်းစကားမှာ အတူတူပင်ဖြစ်သည်။ အမြတ်ထုတ်မှုကို ရပ်တန့်ပြီး ယင်းကို ခွင့်ပြုထားသည့် လူ့ပတ်ဝန်းကျင်ကို ပြောင်းလဲရန်ဖြစ်သည်။ ဘောလိဝုဒ် အမျိုးသမီး သရုပ်ဆောင်များကလည်း အမျိုးသားများကြီးစိုးထားသည့် ဘောလိဝုဒ်မှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ထုတ်ဖော်ပြောဆိုလာကြသည်။

ယင်းလှုပ်ရှားမှုသည် ရုပ်ရှင်နယ်ပယ်က စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်နယ်ပယ်များကိုပါ ပျံ့နှံ့ခဲ့သည်။ တောင်ကိုရီးယားတွင် နိုဗယ်ဆုစာရင်းဝင် ကဗျာဆရာ၊ တရုတ်တွင် ကျောင်းဆရာများ၊ ဆေးပညာလောက၊ အားကစား၊ နိုင်ငံရေးပါတီဝင်များ၊ အမတ်များ ၊ စသည့်နယ်ပယ်စုံသို့ ရိုက်ခတ်နေခဲ့သည်။

တရုတ်နိုင်ငံ တက္ကသိုလ်များတွင် ပါမောက္ခများကို စွပ်စွဲမှုများ ရှိလာခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ကျောင်းသားများက ရေးသားခဲ့ကြသော်လည်း အာဏာပိုင်များက ဖျက်ပစ်ခဲ့ကြသည်။ အထက်အောက် ရိုသေလေးစားမှု အားကောင်းသည့် လူမှုပတ်ဝန်းကျင်တွင် အစွပ်စွဲခံရသူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အားထုတ်ကြသည်ကို တွေ့ရသည်။

#MeToo လှုပ်ရှားမှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးမှုမြင့်မားသည့် တိုင်းပြည်များတွင် ပျံ့နှံ့အားကောင်းလာခဲ့သလောက် အာရှနိုင်ငံများသို့ ရောက်လာလေလေ တိုးတိတ်သွားလေ ဖြစ်သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံဖြစ်စဉ်တွင် ကျောင်းသူများက နာမည်ဝှက်ဖြင့်သာ ရေးသားရဲကြပြီး ပြည်ပရောက် ကျောင်းသူများကသာ မိမိအမည်ဖြင့် ထုတ်ဖော်ပြောဆိုရဲကြသည်ကို တွေ့ရသည်။ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မတွေ့ရသေးပါ။

မြန်မာနိုင်ငံတွင်လည်း #MeToo လှုပ်ရှားမှုကို စတင်ရန် ကြိုးပမ်းနေကြပြီး လူ့အဖွဲ့အစည်းက အဆင်သင့် ဖြစ်ရန် လိုအပ်နေသေးသည်ဟု ဆိုကြသည်။ မိန်းကလေးများ အနေအထိုင်မတတ်လို့သာ ယောက်ျားလေးက စော်ကားရဲတာ ဆိုသည့် အယူအဆ က မိန်းကလေးများကို ထုတ်ဖော်ပြောဆိုရန် အတားအဆီးဖြစ်နေသေးသည်။ ထုတ်ဖော်ပြောဆိုပါကလည်း အပြစ်တင်သည်က များနေသေးသည်။

ယင်းကဲ့သို့ ထိပါးစော်ကားမှုက လက်ခံသင့်သည့် အပြုအမူ ဟုတ်၊ မဟုတ် စောကြောဝေဖန်သည်ထက် ထုတ်ဖော်ပြောဆိုသူကို ဘာလို့ ခုမှပြောတာလဲ၊ သူ ကြိုက်တုန်းက ငြိမ်နေပြီး ခုမှ ဘာလိုချင်လို့ ထပြောတာလဲမှ မသိတာ စသဖြင့် စသဖြင့်သော အပြစ်တင်မှုပေါင်းများစွာကို မရိုးနိုင်အောင် ပြုနေကြဆဲပင်ရှိနေသေးသည်။

သို့သော် #MeToo သည် ရေစီးနေသည်နှင့် တူပါသည်။ လူငယ်လူရွယ်များက အရှိန်အဟုန်ဖြင့် ထုတ်ဖော်ပြောဆိုမှုများက ရှေးရိုးစွဲ အယူအဆဖြစ်သည့် ခံရသူကို ပြစ်တင်ဝေဖန်မှုများကို စတင် ရင်ဆိုင်နေပြီဖြစ်သည်။ ခေတ်၏ တွန်းတိုက်မှု၊ လူငယ်များ၏ တော်လှန်သော အမြင်များက ဘယ်အချိန်တွင် အောင်ပွဲခံမည်နည်း ဆိုသည်ကိုတော့ အချိန်ကသာ အဖြေဖြစ်ပေလိမ့်မည်။

မေးပါရစေ …. ကိုယ်တွေ့ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုကို ထုတ်ဖော်ပြောဆိုဖို့ အဆင်သင့်ဖြစ်ပါပြီလား။ ကျမတော့ အဆင်သင့်ဖြစ်ပါပြီ။

စာရေးသူ ဇာခြည်ညိမ်းသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။

]]>
အကြမ်းဖက်မှု ကင်းစင်သော ပိုမိုတောက်ပသည့် အနာဂါတ်ကို တည်ဆောက်ကြစို့ https://burma.irrawaddy.com/article/2018/04/04/155450.html Wed, 04 Apr 2018 02:30:02 +0000 https://burma.irrawaddy.com/lytbox/?p=155450 ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုတခု  / ဧရာဝတီ“အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသည် အနီးကပ်နေချစ်သူ၊ အိမ်ထောင်ဖက်တို့၏ အကြမ်းဖက် နှိပ်စက်ကလူပြုခြင်းကို ခံနေရပြီး အချို့ဆိုလျှင် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့”]]> ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှုများကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ တဝှမ်းလုံးရှိ နေရာ အတော်များများတွင် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေကြသည်ကို နေ့စဉ်နှင့်အမျှ တွေ့ရှိနေရသည်။

တချိန်တည်းမှာပင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုပ်ရှားမှုများ ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို ထုတ်ဖော်ပြောဆိုလာကြသည့်၊ ထုတ်ဖော်ပြောဆိုရန် အားပေးသည့် #MeToo လှုပ်ရှားမှု အားကောင်းလာသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသကဲ့သို့ တဖက်တွင်လည်း ယင်းသို့ ထုတ်ဖော်ပြောဆိုသူများကို ပုံကြီးချဲ့လွန်းသည်ဟု ပြစ်တင်မှုများ ကြားနေရပါသည်။ တကယ်ပဲ ကျမတို့တွေ ပုံကြီးချဲ့နေကြသလား။

မကြာသေးမှီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တင်သွင်းသည့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်များကို အကောင်အထည်ဖော်ခြင်း တိုးတက်မှုပြ စီရင်ခံစာတွင် မဟာဖိုဝါဒလွှမ်းမိုးသည့် လူမှုရေးစံနှုန်းများကြောင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ နှိမ့်ချမှုများမှာ ဓလေ့ထုံးစံများအဖြစ် အရိုးစွဲနေကြသည်ဟု ထောက်ပြခဲ့သည်။

ယင်းအစီရင်ခံစာတွင် ကိုးကားထားသည်မှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၂ နှစ်တာ ကာလအတွင်း နိုင်ငံပေါင်း ၈၇ နိုင်ငံရှိ အမျိုးသမီးများအား စစ်တမ်းကောက်ယူခဲ့ရာတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသည် အနီးကပ်နေချစ်သူ၊ အိမ်ထောင်ဖက်တို့၏ အကြမ်းဖက် နှိပ်စက်ကလူပြုခြင်းကို ခံနေရပြီး အချို့ဆိုလျှင် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ကြောင်းဆိုသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလက IMS/Fojo Media Institute နှင့် မြန်မာအမျိုးသမီးသတင်းထောက်များအသင်းတို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် မြန်မာ့သတင်းမီဒီယာများတွင် ကျားမရေးရာ သတင်းဖော်ပြမှု အခြေအနေ သုတေသန စာတမ်းအရ သတင်းများတွင် အမျိုးသမီးများကို သတင်းရင်းမြစ် သို့မဟုတ် သတင်းခေါင်းစဉ်အကြောင်းအရာအဖြစ် ဖော်ပြမှုမှာ ၁၆ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသားများကိုဖော်ပြမှုမှာ ၈၀ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများအကြောင်းကို ဖော်ပြရာတွင်လည်း အကြမ်းဖက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ် ဒဏ်ခံရသူအဖြစ် ပိုမိုဖော်ပြလေ့ရှိကြပြီး ကိစ္စ တစုံတရာအတွက် ပညာရှင်အမြင်ကို ထည့်သွင်းဖော်ပြရာတွင် အမျိုးသမီးပညာရှင်များ၏ စကားသံကို ထည့်သွင်းဖော်ပြမှုအလွန်နည်းသည်ကို တွေ့ရသည်။

အမျိုးသမီးများကို ကျား/မ ဖြစ်တည်မှုအပေါ်အခြေခံ၍ ကျူးလွန်ကြသည့် အကြမ်းဖက်မှုအမျိုးအစားကို ၆ မျိုး ခွဲခြားနိုင်သည်။

၁။ အမျိုးသမီး လိင်အင်္ဂါကို လှီးဖြတ်ခြင်း – ယင်းကို အာဖရိကတိုက်နိုင်ငံများတွင် ဓလေ့ထုံးစံအရ ပြုလုပ်ကြပြီး အမျိုးသမီးများအနေဖြင့် လိင်ဆက်ဆံခြင်း၏ သာယာမှုကို မခံစားနိုင်စေရန် အလို့ငှာ အမျိုးသမီးအင်္ဂါကို လှီးဖြတ်ပစ်ခြင်းပင် ဖြစ်သည်။ ယင်းကို ဥပဒေများပြဌာန်း၍ ထိထိရောက်ရောက်အရေးယူနေသော်လည်း ဥပဒေ လက်တံနှင့် ဝေးလံရာဒေသတွင် နေထိုင်သည့် အမျိုးသမီးငယ်လေးများမှာ ယနေ့အထိ ခံစားနေရဆဲဖြစ်သည်။

၂။ ချစ်သူ/ အိမ်ထောင်ဖက်၏ အကြမ်းဖက်မှု – မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ အမျိုးသမီးများကို သုတေသနပြုထားသည့် စာတမ်းများတွင် အိမ်ထောင်ဖက်၏ ရိုက်နှက်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စဖြစ်နေသည်ကိုတွေ့ရသည်။ ကြား သုံးကြားမဝင်ရ ဟူသော စကားပုံအရ လင်မယားအချင်းများ ရိုက်နှက်နေလျှင်ပင် ဝင်ရောက်ဖြန်ဖြေခြင်း ၊ တားမြစ်ခြင်း ပြုလေ့မရှိကြပေ။ မယားနေစ ကြောင်သေမှ ကဲ့သို့သော စကားပုံများကလည်း မယားကို ယူကာစကပင် နိုင်နင်းထားမှဟူသော ဓလေ့ကို အားပေးလေသည်။ ဥပဒေကြောင်းအရ အရေးယူနိုင်သော်လည်း တိုင်ကြားမှု နည်းပါးသေးကြောင်း တွေ့ရသည်။

၃။ အဓမ္မပြုကျင့်ခြင်း – အမျိုးသမီး အလိုမတူပါဘဲ ကာမရယူခြင်းကို ဆိုလိုသည်။ သက်ငယ်မုဒိမ်းမှုများနှင့် သမီးရည်းစားအကြား ကျူးလွန်သော မုဒိမ်းမှုများ တွေ့နိုင်သလို အိမ်ထောင်ဖက်ကကျူးလွန်သော မုဒိမ်းမှုအထိ အမျိုးအစားများစွာ ခွဲခြားနိုင်ပေသည်။

၄။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်း – မုဒိမ်းမှုအဆင့်ထိ မရောက်သော်လည်း အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို အလိုမတူပါဘဲ ထိကိုင်ခြင်း ၊ ဆွဲလွဲခြင်း ၊ ထိကပါး ရိကပါးပြုခြင်းကို ဆိုလိုသည်။

၅။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း – ယင်းကို နှုတ်ဖြင့် ၊ အပြုအမူဖြင့် ၊ အမူအရာဖြင့် ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ မိန်းကလေးများ ခြေလှမ်းပျက်အောင် ၊ အိနြေ္ဒမဲ့အောင် သံသေးသံကြောင်ပြုခြင်း ၊ စနောက်ခြင်း ၊ ယင်းတို့၏အသားအရောင် ၊ ကိုယ်ခန္ဓာအရွယ်အစား ၊ ဝတ်စားဆင်ယင်မှုပုံစံ ၊ လူနေမှုဘဝ ပုံစံတို့အပေါ် အခြေခံ၍ နှိမ့်ချပြောဆိုခြင်း၊ အမူအယာပြခြင်း ၊ မလျော်သည့် ရုပ်ပုံများ ပြသခြင်း ၊ မြင်အောင်ပြုခြင်း၊ တို့ထိခြင်း စသည်တို့ပါဝင်သည်။ နောက်မှတကောက်ကောက်လိုက်ခြင်း၊ ဓါတ်ပုံခိုးရိုက်ခြင်း မှအစ မောင်နှမလို၊ ဦးလေးသားချင်းလို သဘောထားတာပါဟု ခါးတို့ ခါးဖက်လိုက်၊ ပုခုံးကိုထိခြင်း စသည်တို့အားလုံး အကျုံးဝင်သည်။

၆။ အင်တာနက်၊ ဖုန်းတို့ အသုံးပြု၍ အကြမ်းဖက်နှောက်ယှက်ခြင်း – အင်တာနက် ၊ ဖုန်းတို့ကို အသုံးပြု၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်စေမည့် စာတိုများ၊ ရုပ်ပုံများ၊ အသံများပို့ခြင်း၊ ဓါတ်ပုံများတင်ခြင်း စသည်တို့ ပါဝင်သည်။

အထက်ဖော်ပြပါ အမျိုးအစား ၆ မျိုးအပြင် ထုံးတမ်းစဉ်လာများက ခွဲခြားဖိနှိပ်ထားမှု များစွာ ရှိနေပါသေးသည်။ ဥပဒေဖြင့် တားဆီးကာကွယ်ပေးရန် မလွယ်ကူသော မျိုးရိုးစဉ်ဆက် လက်ခံကျင့်သုံးလာနေသည့် ဓလေ့များအကြားတွင် ကူကယ်ရာမဲ့နေသော အမျိုးသမီးများစွာ ရှိပါသည်။

မြန်မာနိုင်ငံ၏ ကွဲပြားလှသော တိုင်းရင်းသား ဓလေ့ထုံးတမ်းများကို ကြည့်လျှင်လည်း အမျိုးသမီးများကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် ဓလေ့ထုံးတမ်းအချို့ရှိနေသေးသည်။ အထူးသဖြင့် မြေယာပိုင်ဆိုင်မှု၊ အမွေဆက်ခံမှု၊ စော်ကားအနိုင်ကျင့်မှုကို ဖြေရှင်းမှုစသည့် ဓလေ့ထုံးတမ်းအချို့တွင် အမျိုးသမီးကို ပြုလုပ်ခံရသူအဖြစ်သာ သတ်မှတ်ထားသည့် ဓလေ့များရှိသည်။

ယင်းတို့ကို ပြုပြင်ပြောင်းလဲရန် အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူများက ကြိုးစားနေကြပြီး ဥပမာ ဆိုရမည်ဆိုလျှင် Social Justice 4 Chin Women ဟူသည့် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ချင်းအမျိုးသမီးများ၏ လူမှုရေး တရားမျှတမှုမရှိသည့် ဓလေ့ထုံးတမ်းများအနက် အချို့ကို အောက်ပါအတိုင်းဖော်ပြထားသည်ကိုတွေ့ရသည်။

ချင်းရိုးရာစကားပုံအရ

“ဗုံဆိုတာက တီးဖို့ဖြစ်သလို မိန်းမတွေဆိုတာလည်း ရိုက်ဖို့ပါပဲ” ဆိုတာ ရှိသည်။

“သမီးတွေကို ဘာလို့အမွေမပေးကြတာလဲဆိုတော့ သူမက တနေ့လက်ထပ်ပြီး သူ့ယောက်ျားအမျိုးဖြစ်သွားမှာမို့လို့တဲ့။ သမီးကအဖေ့အိမ်မှာ ဧည့်သည်လေ။ အဲဒီသမီးအိမ်ထောင်ကျသွားလို့ ယောင်္ကျားအရင်သေပြီး မုဆိုးမ ဖြစ်သွားပြန်တော့လည်း ဘာအမွေမှဆက်ခံလို့မရပြန်။ ဖခင်၊ အစ်ကို၊ မောင်ဆီပြန်သွားရမည့် ဧည့်သည် ဘဝရောက်နေပြန်ရော” လို့ အိမ်ရှင်မတဦးကပြောပြသည်။

အိမ်ရှင်ဖြစ်ခွင့်မရှိသည့် ဧည့်သည်များ – ချင်းရိုးရာ ဓလေ့ထုံးတမ်းများကို အမျိုးသမီးရှုထောင့်မှ လေ့လာခြင်း

“ကျွန်မသိတဲ့ မုဆိုးမ တယောက်ရှိတယ်။ သူ့မှာကလေးမရှိဘူး။ သူပင်စင်ယူတာလည်း ကြာပြီ။ သူ့ယောက်ျား ဆုံးသွားတာလည်း တော်တော်ကြာပြီ။ သူက နောက်အိမ်ထောင်မပြုဘဲနဲ့ သူတို့လင်မယားအိမ်မှာပဲ ဆက်နေတာပေါ့နော်။ သူပင်စင် နည်းနည်းလေး ရထားတာ ရှိတယ်။ သူများအိမ်က ထမင်းကျန် ဟင်းကျန်တွေလိုက်စုပြီး ဝက်မွေးတယ်။

ဒီလိုပဲ အသက်ရှင်နေရတာပါ။ ဟိုတလောတုန်းက သူတို့အိမ်ကို အမွေဆက်ခံတဲ့ သူ့ယောက်ျားအမျိုးတွေက အဲဒီအိမ်အဟောင်းကို ဖြိုပြီး အသစ်ပြန်ဆောက်ချင်တယ်။ သူ့ကို ပိုက်ဆံပေးပြီး တခြားပြောင်းနေခိုင်းတယ်။ သူက အဲဒီအိမ်က မထွက်ချင်ဘူး။ သေတဲ့အထိနေချင်တာ ဖြစ်မှာပေါ့။

အဲဒါ သူတို့က ဖိအားပေးပြီး သူ့ကို မောင်းထုတ်ကြတာပေါ့နော်။ စိတ်ပျက်ဖို့ကောင်းတာက သူ့အမျိုးတွေကလည်း သူ့ဖက်ကနေ တယောက်မှ မရပ်တည်ပေးကြဘူး။ တကယ်ဆို အရမ်းသနားဖို့ကောင်းလေ။ အသက်လဲ ကြီးနေပြီ။ သူ့ကို ပြုစုစောင့်ရှောက်မယ့်သူလည်း မရှိဘူး။ သူ့ခမျာ သူ့အိမ်အဖြိုခံရတာကို မျက်ရည်ကျပြီး ထိုင်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး” မတူပီမြို့နယ်မှ အုပ်စုလိုက် ဆွေးနွေးပွဲတခုမှာ အမျိုးသမီးတဦးက ပြောပြသည်။

“သမီးသာ ဒီလိုမျိုးခံရမယ်ဆိုရင် ကျမတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်မယ် မထင်ဘူး။ ကျမဖြစ်စေချင်တာကတော့ မုဒိန်းမှုကျူးလွန်တဲ့ သူတိုင်းကို ထောင်ကျစေချင်တာပဲ။ အဲဒီလိုမှ တခြားယောကျ်ားတွေက ကြောက်ပြီး ထပ်မလုပ်ရဲကြမှာ။ ဒါပေမဲ့ ဖြစ်နေတဲ့ပုံက ကျူးလွန်သူမိသားစုက လာတောင်းပန်ပြီး ခံရတဲ့ မိသားစုဖက်ကခွင့်လွှတ်တယ်ချည်းပဲ ဖြစ်နေတော့ အဆင်မပြေဘူး။

အရင်တုန်းကဆိုရင် အဲဒါမျိုး ကျူးလွန်တဲ့သူတွေက ဒီလိုလွယ်လွယ်လေးနဲ့ မလွတ်ဘူးလေ။ ဓလေ့ထုံးတမ်းအရ သတ်မှတ်ထားတဲ့ ဒဏ်ကြေးတွေ ပေးခဲ့ရတာ။ ခုကျတော့ ဘာစည်းမျဉ်း စည်းကမ်း ဥပဒေမှလည်း မရှိ။ အားလုံး လျော့တိလျော့ရဲဖြစ်နေတယ်လို့ ခံစားရတယ်” လို့ ဖလမ်းမြို့နယ်မှ အသက် ၆၃ နှစ် အရွယ် မုဆိုးမတဦးက ပြောပြတယ်။

အထက်ဖော်ပြပါ အကြောင်းအရာများထဲတွင် မုဒိမ်းမှုများကို ရိုးရာဓလေ့အရ လျော်ကြေးပေးသည့်နည်းဖြင့် ကျေအေးနေမှုများသည် ဥပဒေလက်တံ၏ လက်လှမ်းမမှီရာ အရပ်များတွင် ရှိနေပေသေးသည်။ ထိုမျှသာမက ဥပဒေကိုယ်၌ကပင် ခွဲခြားဖိနှိပ်နေခဲ့သည့် အဖြစ်မျိုးများကိုလည်း တွေ့ရသည်။

အထူးသဖြင့် အိမ်ထောင်ကွဲသည့် ကိစ္စများတွင် အမျိုးသမီးများသည် ဥပဒေအရပင် ခွဲခြားနှိမ့်ချ ခံနေရဆဲဖြစ်သည်။ မကြာသေးမီက ခင်ပွန်း အိမ်ထောင်ရေး ဖောက်ပြန်သဖြင့် ကွာရှင်းရန် ကြိုးစားသူ ပညာတတ် အမျိုးသမီးတယောက်၏ အဖြစ်က အမျိုးသမီးများ၏ ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို မီးမောင်းထိုးပြနေခဲ့သည်။

မြန်မာအမျိုးသမီး ၊ ခရစ်ယာန်ဘာသာဝင် (ရိုမန်ကက်သလစ်) သူ့ အပြင် အခြား အမျိုးသမီး တယောက်ကို တရားဝင် လက်ထပ်ပေါင်းသင်းနေသည့် ဗုဒ္ဓဘာသာဝင် ခင်ပွန်းကို ကွာရှင်းပေးရန် တရားဥပဒေကြောင်းအရရော၊ ဘာသာရေးအရပါ ခွင့်မပြုသည့် သူ၏ နေ့စဉ်ဘဝသည် စိတ်ဆင်းရဲစရာ အတိဖြစ်သည်။

သူယုံကြည်သက်ဝင်သည့် ဘာသာရေးက ကွာရှင်းခြင်းအား ခွင့်မပြုသလို ၊ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်း ဥပဒေက ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများကိုသာ အကာအကွယ် ပေးထားသည့်အတွက် သူ့မှာ အားကိုးစရာ မရှိပေ။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုက်ဖျက်ရေးသည် လူ့အဖွဲ့အစည်းတခုလုံး၏ အသိဉာဏ်ရေချိန် မြင့်မားလာပြီး၊ ယဉ်ကျေးမှုနှင့် ကိုယ်ချင်းစာတရားများ အားကောင်းလာမှသာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာမည့် ဖြစ်စဉ်တခု ဖြစ်သည်။

လူတဦး၊ တယောက်၊ တစု၊ တဖွဲ့ကို ဦးတည် ကန့်သတ် ပြဌာန်းလိုက်ရုံဖြင့် ပြေလည်သွားနိုင်မည့် ပြဿနာ မဟုတ်ပါ။ အရိုးစွဲ ယုံကြည်ယူဆချက်များ ၊ အရိုးစွဲ ခွဲခြားဆက်ဆံမှုများ ကို သတိထားမိလာစေမည့် ပညာရေး စနစ်မျိုးလိုအပ်ပါသည်။ အရိုးစွဲ ယုံကြည်ယူဆချက်များကို တွန်းလှန်ထောက်ပြမည့် သတင်းမီဒီယာ အခင်းအကျင်းမျိုး လိုအပ်ပါသည်။

အကြမ်းဖက်ခံရခြင်းဆိုလျှင် ကိုယ်ခန္ဓာကို ထိပါးသော ဒဏ်ရာများကိုသာ မြင်နေကြသေးသည်။ စိတ်ကို ရိုက်သော၊ နှလုံးသားကို ရိုက်သော လက်များကိုလည်း သတိပြုမိစေချင်သည်။ တော်သော ထက်မြက်သော အမျိုးသမီးလေးများ၏ အရည်အချင်းကို အသိအမှတ်ပြုသည့် လူ့အဖွဲ့အစည်းမရှိသေးသရွေ့၊ ထိပ်ဆုံးနေရာသည် အမျိုးသားများအတွက်သာ သင့်တော်ပြီး ထက်မြက်သော အမျိုးသမီးများမှာ ထိုအမျိုးသားများအား ပံ့ပိုးပေးရသည့် ဒုတိယနေရာတွင်သာ နေရာပေးခြင်းမျိုးသည်လည်း စိတ်နှလုံးကို ရိုက်သော ဒဏ်ရာများဖြစ်သည်။

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ကို ကြည့်ပါ။ နိုင်ငံတော်သမ္မတ အပါအဝင် ရာထူး ၂၆ နေရာအနက် အမျိုးသမီးဆို၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင်သာ အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦးပါဝင်ပါသည်။

လွှတ်တော်တွင်း အမျိုးသမီး ပါဝင်မှုမှာ အမျိုးသား လွှတ်တော်တွင် ၂၃ ယောက်နှင့် ပြည်သူ့လွှတ်တော်တွင် ၄၄ ယောက် ရွေးကောက်တင်မြှောက်ခံခဲ့ရသဖြင့် ပေါင်း ၆၇ ယောက် ၊ ရာခိုင်နှုန်းအားဖြင့် ၁၃ ဒသမ ၇ ရာခိုင်နှုန်း ရှိသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များပါ ထည့်သွင်းရေတွက်ပါက စုစုပေါင်း ၆၉ ယောက် ၊ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား ကိုယ်စားလှယ်များတွင် အမျိုးသမီး ၂ ဦးသာ ပါဝင်သည်။

အကြမ်းဖက်မှု ကင်းစင်သော ပိုမိုတောက်ပသည့် အနာဂါတ်ကို တည်ဆောက်ကြစို့ဟုဆိုလျှင် အခန်းကဏ္ဍ ၂ ခုရှိသည်ဟု ဆိုချင်ပါသည်။ တခုမှာ ရှိရင်းစွဲ အမျိုးသမီးများကို ခွဲခြားဖိနှိပ်ထားသော လူမှုရေး ၊ နိုင်ငံရေး ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ဖယ်ရှားပေးရန်နှင့် နောက်တခုမှာ နှစ်ပေါင်းများစွာ ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အပိုးကျိုး အသားကျနေသော လူ့အဖွဲ့အစည်းတခုလုံးက တဦးကို တဦး အပြန်အလှန် ပံ့ပိုးပေးရန်တို့ ဖြစ်သည်။

အခန်းကျဉ်းတခုထဲတွင် ပိတ်လှောင်ထားပြီး လမ်းလျှောက်ခြင်းကို မေ့လျော့နေသည့် လူသားတဦးနှင့် ဥပမာပေးပါရစေ။

တံခါးတွေ ဖွင့်ပေးရုံနဲ့တော့ ရုတ်တရက် ချက်ခြင်း သူထလမ်းလျှောက်နိုင်မည် မဟုတ်ပါ။ လက်တွဲလှမ်းကူရင်း အစမှာတော့ တွဲခေါ်ဖို့လိုအပ်ပါသည်။ အားလုံးပါဝင်သည့် တန်းတူညီမျှ ဝါဒဖြူစင်သည့် မြေဖြစ်ဖို့ တဦးကို တဦးက လက်တွဲဖေးကူမှသာ ဖြစ်နိုင်မည်မို့ လက်ကမ်းပေးကြပါ။

]]>