ဘာတီး(လ် )လင့်တနာ, Author at ဧရာဝတီ https://burma.irrawaddy.com/author/801 Covering Burma and Southeast Asia Sat, 06 Sep 2025 12:02:26 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဘာတီး(လ် )လင့်တနာ, Author at ဧရာဝတီ https://burma.irrawaddy.com/author/801 32 32 ရွှေတြိဂံက အခြားဒုစရိုက်လုပ်ငန်းများ https://burma.irrawaddy.com/organized-crime-guide/2023/01/18/257425.html Wed, 18 Jan 2023 14:07:05 +0000 https://burma.irrawaddy.com/lytbox/?p=257425 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။တရားမဝင် လုပ်ငန်းများ အနက် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဝ ဒေသနှင့် ကချင်ပြည်နယ် တရုတ်နယ်စပ် အနီးတွင် မြေရှားသတ္တု တူးဖော်မှုသည် အမြတ်အစွန်း အများဆုံး လုပ်ငန်းဖြစ်သည်။]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
အခန်း (၆) အခြား ဒုစရိုက်လုပ်ငန်းများ
ရွှေတြိဂံဒေသသည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်းနှင့် တရားမဝင် လူရွှေ့ပြောင်းမှုများ အပြင် ဥပဒေနှင့် မညီသည့် သတ္တု တူးဖော်မှု၊ သစ်ခုတ်မှု၊ ရှေးဟောင်းပစ္စည်း ရောင်းဝယ်မှုနှင့် လက်နက် ထုတ်လုပ်မှုများ ရှိနေသည့် ကမ္ဘာ့ထိပ်တန်းဒေသများအနက် တခုဖြစ်လာပါသည်။
အဆိုပါ တရားမဝင် လုပ်ငန်းများ အနက် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဝ ဒေသနှင့် ကချင်ပြည်နယ် တရုတ်နယ်စပ် အနီးတွင် မြေရှားသတ္တု တူးဖော်မှုသည် အမြတ်အစွန်း အများဆုံး လုပ်ငန်းဖြစ်သည်။ အီလက်ထရောနစ်ပစ္စည်းများဖြစ်သည့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားနှင့် ကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် ပဲ့ကိုင်ဆစ်ဆတမ်၊ လေဆာ၊ ရေဒါ၊ ဆိုနာ အသံလှိုင်းပဲ့တန်ပြန်မှုဖြင့် ရေအောက်ရှိ အရာဝတ္တုများရှာဖွေသည့် ကိရိရာများ ထုတ်လုပ်မှုတွင်  မြေရှားသတ္တုသည် မရှိမဖြစ်လိုအပ်သည့် အရာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဤမြေရှားသတ္တု တူးဖော် တင်ပို့ရန် တရားဝင် လိုင်စင်များ ထုတ်ပေးခြင်း မရှိသောကြောင့် တရားမဝင် တူးဖော်ကြခြင်းဖြစ်သည်။ သို့သော် မြေရှားသတ္တုမိုင်း အများစုကို ထိန်းချုပ်ထားသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် လက်မှတ်ရေးထိုးထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကြောင့် မြန်မာစစ်တပ်က မျက်နှာလွှဲထားခဲ့သည်။ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းသည် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အတွက် အဓိက ဝင်ငွေတခု ဖြစ်လာပြီး အမြတ်ရရှိမှု အနေအထားနှင့် ဆိုရလျှင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကိုပင် ပုခုံးချင်းယှဉ်လာနိုင်ပြီ ဖြစ်သည်။ ဤသတ္တုများအား တရုတ်နိုင်ငံသို့ အဓိကဦးတည်တင်ပို့ကာ အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းတွင် အသုံးပြုပါသည်။ နိုင်ငံခြားသားအနေဖြင့် ဤသတ္တုများ ဘယ်က လာသည်ကို မသိကြပါ။ ကျောက်စိမ်းကိုလည်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဆယ်စုနှစ်ပေါင်းစွာ ကတည်းက မှောင်ခိုခိုးထုတ်နေကြခြင်း ဖြစ်သည်။ သို့သော် အချို့ ကုမ္ပဏီများနှင့် ကုန်သည်များသည် ကျောက်စိမ်းတင်ပို့ခွင့် လိုင်စင်များရှိကြသဖြင့် ဤလုပ်ငန်းသည် တပိုင်းတစ တရားဝင်သည့် လုပ်ငန်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သူပုန်အဖွဲ့ဟောင်းများ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တည်ထောင်ပေးခြင်းသည် … ရွှေတြိဂံဒေသအား စိတ်ကူးလို့ရသမျှ ဒုစရိုက်မှု အမျိုးအစားတိုင်း လုပ်ကိုင်လို့ ရမည့်နေရာတခု အဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပေသည်။
ဘုရားပုထိုးကျောင်းကန်များမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများအပြင် ရှေးဟောင်း ဒင်္ဂါးများ၊ လက်ဝတ်တန်ဆာများနှင့် လက်မှုအနုပညာလက်ရာများ အစရှိသည့် ရှေးဟောင်းပစ္စည်းများအား မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ခိုးထုတ်ကြပါသည်။ နိုင်ငံတကာမှ အထူးသဖြင့် အနောက်နိုင်ငံများက ကြီးကြပ်ကာ ၎င်းတို့နိုင်ငံများသို့ တင်သွင်းရန် တားမြစ်လာသောကြောင့် ရှေးဟောင်းပစ္စည်း တရားမဝင် ရောင်းဝယ်ရန် ပိုမိုခက်ခဲလာသည်။ သို့သော် တရုတ်နိုင်ငံမှ ဝယ်ယူသည့် ပမာဏ ဖြည်းဖြည်းချင်း တိုးတက်လာသည်။ အထူးသဖြင့် ရှေးဟောင်းနှင့် အလှဆင် ပုတီးကုံးများကို ဝယ်ယူလိုကြသည်။
၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းတို့တွင် ဒေသတွင်း၌ သစ်ကုန်သွယ်မှု အကြီးအကျယ် ထွန်းကားခဲ့သောကြောင့် မြန်မာနိုင်ငံ အတွင်းရှိ သစ်တောဧရိယာများ ပြောင်းတလင်းခါ သလောက် ဖြစ်သွားရသည်။ တရားမဝင် သစ်များကို အဓိက ဝယ်ယူနေသည့် တရုတ်နိုင်ငံဘက်မှ ပို့ကုန်ကန့်သတ်ချက်များ ချမှတ်လိုက်သောကြောင့် တရားဝင်လုပ်ကိုင်နေသည့် သစ်လုပ်ငန်းနှင့်အတူ တရားမဝင် လုပ်ကိုင်နေသည့် သစ်လုပ်ငန်းသည်လည်း ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း လျော့နည်းလာခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းမှ သစ်တောများ ပြောင်တလင်းခါသွားသည်လည်း အကြောင်းရင်း တခုဖြစ်သည်။ အထက်ဖော်ပြပါ ကုန်စည်များအားလုံး၏ ကုန်သွယ်မှု ပမာဏ အတိအကျကိုဖြင့် မသိနိုင်ပါ။ အားလုံးကို စုစည်းကာ တွက်ချက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိပေလိမ့်မည်။
သေနတ်များကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ လျှို့ဝှက်စက်ရုံများမှ ထုတ်လုပ်နေကြပြီး ဒေသတွင်း၌ အသုံးပြုကြရုံသာမက ရောင်းချကြသေးသည်။ သေနတ်ထုတ်လုပ်ခြင်းသည် ကချင်ပြည်နယ် အတွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်း သူပုန်အဖွဲ့၏ အဓိက အရေးပါသော ဝင်ငွေ တခု ဖြစ်နေဆဲပင်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့သည်လည်း တရုတ်နိုင်ငံမှ ကုန်ကြမ်းများကို မှောင်ခိုတင်သွင်းကာ တရုတ်အင်ဂျင်နီယာများ အကူအညီဖြင့် သေနတ်များ ထုတ်လုပ်ကာ ၎င်းတို့တပ်ဖွဲ့များကို လက်နက်တပ်ဆင်ကြသည်။ အဆိုပါ ဒေသတွင်း၌ ထုတ်လုပ်သော သေနတ်များသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ နာဂလန်းနှင့် မဏိပူရရှိ လူမျိုးစု သူပုန်အဖွဲ့များထံသို့ပင် ရောက်ရှိနေသောကြောင့် ဤသေနတ် ထုတ်လုပ်မှုများသည် ဒေသတွင်း၌ စိုးရိမ်စရာ ကိစ္စ တခု ဖြစ်လာခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် ရွှေတြိဂံဒေသတွင်း၌ ဥပဒေကင်းမဲ့သည့် အနေအထားဖြစ်လာခဲ့သည့်အပြင် မြန်မာစစ်တပ်က သူပုန်အဖွဲ့များစွာနှင့် ၁၉၈၉ ခုနှစ် ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် အကျိုးဆက်ကြောင့်လည်း ကောင်းမွန်လာမည့် အစား ပိုမိုဆိုးဝါးလာစေသည်။ သူပုန်အဖွဲ့ဟောင်းများ အနေဖြင့် ၎င်းတို့ဘာသာ ရပ်တည်နိုင်ရန်အတွက် စိတ်ကြိုက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည် ဆိုသည့် ကတိများနှင့်အတူ ၎င်းတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တည်ထောင်ပေးခြင်းသည် ရွှေတြိဂံဒေသအား စိတ်ကူးလို့ရသမျှ ဒုစရိုက်မှု အမျိုးအစားတိုင်း လုပ်ကိုင်လို့ ရမည့်နေရာတခု အဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပေသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ရုတ်ချည်းမြင့်တက်လာသည်။ ပထမတော့ ဘိန်း၊ နောက်တော့ ဘိန်းဖြူနှင့် ယခုအခါ မက်သဖက်တမင်းများ အထိ ထုတ်လုပ်ကြသည့်အပြင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် သတ္တုတွင်းထွက်များကိုလည်း ရောင်းချကြတော့သည်။
သွေးစွန်းသည့် ကျောက်စိမ်း ကုန်သွယ်မှု
​ ယခုခေတ်အခါ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ရောင်းဝယ်နေကြသည့် တွင်းထွက်ပစ္စည်းများ အားလုံးအနက်  ကျောက်စိမ်းကုန်သွယ်မှုသည် ရှေးအကျဆုံး လုပ်ငန်း ဖြစ်သည်။ အရည်အသွေးမြင့် တော်ဝင်စံထိုက်သည့် ကျောက်စိမ်းများကို ကချင်ပြည်နယ် အနောက်ပိုင်း ဖားကန့်ဒေသတွင်သာ တွေ့ရှိနိုင်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၁,၀၀၀ ကျော်ကတည်းက တူးဖော်လာခဲ့ကြသည်။ ကျောက်စိမ်းသည် တရုတ်ယဉ်ကျေးမှုတွင် ယုံကြည်ကိုးကွယ်မှုအရ အရေးပါဆုံး အရာ တခုဖြစ်ကာ “ကောင်းကင်ဘုံ ကျောက်မျက်ရတနာ” ဟု တင်စားခေါ်ဝေါ်ကြသည်။ ကျောက်စိမ်းအား အဓိက ဝယ်ယူသည့် ဈေးကွက်မှာလည်း တရုတ်နိုင်ငံသာ ဖြစ်သည်။ စစ်ပွဲများနှင့် တော်လှန်ရေးများ ဖြစ်ပွားနေချိန်ကလွဲ၍ ကုန်သွယ်မှု ပြတ်တောက်သွားခြင်း မရှိခဲ့။ နယ်စပ်များကို ဖွင့်လှစ်ထားသည့်အခါတွင် ကျောက်စိမ်း ကုန်သွယ်မှုသည် တရားဝင် လုပ်ငန်း ဖြစ်သည်။ သို့သော် နယ်စပ်များကို ပိတ်ထားသည့်အခါ ဥပမာအားဖြင့် စစ်တပ်၏ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ခေတ် (၁၉၆၂−၁၉၈၈) တွင် ကျောက်စိမ်း ကုန်သွယ်မှုသည် တရားမဝင် လုပ်ငန်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်သည့် စစ်တပ်၏ အကျင့်ပျက်ခြစားမှုကြောင့် တရားမဝင် ခိုးထုတ်နေကြဆဲပင် ဖြစ်သည်။ ကျောက်စိမ်းများအား တရုတ်နိုင်ငံသို့ နေ့စဉ် တင်ပို့နေကြရာတွင် အခွန်နှင့် အခြား အဖိုးအခများကို ရှောင်နိုင်ရန် ခိုးထုတ်ကြသည်။
တရုတ်နိုင်ငံ ပြည်တွင်းစစ် ပြီးဆုံး၍ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်လိုက်ပြီးသည့်နောက် နယ်စပ် ကုန်သွယ်ရေးများ ရပ်တံ့သွားခဲ့သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် လွတ်လပ်သည့် ဈေးကွက်အဖြစ် စတင်ပြောင်းလဲခဲ့ကြသည့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတွင် ပြန်လည် စတင်နိုင်ခဲ့သည်။ ထိုအချိန်အထိ မြန်မာနိုင်ငံမြောက်ပိုင်းမှ ကျောက်စိမ်းများကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်သို့ မှောင်ခိုခိုးထုတ်ကြသည့်။ ကျောက်စိမ်းသည် ထိုင်းနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည့် ကုန်စည် မဟုတ်သည့် အတွက်ကြောင့် ကုန်ပစ္စည်းတင်ပို့သူတို့ အနေဖြင့် ကျောက်များအား ဟောင်ကောင်၊ ထိုင်ဝမ်နှင့် စင်္ကာပူရှိ ဝယ်လက်များဆီသို့ တရားဝင် ရောင်းချနိုင်ပေသည်။
ချင်းမိုင်မြို့တွင် ထွင်းထုရန် ပြင်ဆင်ထားသည့် ကျောက်စိမ်းတုံးကြီး။ မြန်မာနိုင်ငံတွင် တရားမဝင် တူးဖော်သည့် ကျောက်စိမ်းများအား မကြာခဏဆိုသလို နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ ခိုးထုတ်ကြလေ့ရှိသည်။ ပုံ− Flickr (Creative Commons 2.0)
ကချင်ပြည်နယ်မှ မြို့နယ်တခုဖြစ်သည့် ဖားကန့်သည် သတ်မှတ်ချက်များအရ ရွှေတြိဂံဒေသ အတွင်း ပါဝင်ခြင်း မရှိပေ။ သို့သော် ဖားကန့်မှ ထွက်သည့် တရားမဝင် ကျောက်စိမ်းများအား အမျိုးမျိုးသော သူပုန်အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များက ရောင်းဝယ်ကြသည်။ ၎င်းတို့အနက် အချို့အဖွဲ့များသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင်လည်း ပါဝင်ပတ်သက်ကြသည်။ ကေအိုင်အေသည် ကျောက်စိမ်းတွင်းပတ်ဝန်းကျင် ဒေသများကို ထိန်းချုပ်ထားသည် (ကျောက်စိမ်းတွင်းများအား ထိန်းချုပ်ထားခြင်း မဟုတ်)။ ထို့ကြောင့် ကျောက်စိမ်း ရောင်းဝယ်မှု အပေါ် အခွန်ကောက်နိုင်ကြသည်။ ဆယ်စုနှစ်များစွာပင် မြန်မာနိုင်ငံ ဥပဒေအရ ကျောက်စိမ်း တူးဖော်ခြင်းသည် တရားဝင်ခြင်း မရှိပေ။ သို့သော် ဒေသတွင်းရှိ အကျင့်ပျက် အစိုးရအရာရှိများ အတွက် ကြီးမားသည့် ဝင်ငွေ တခုဖြစ်သောကြောင့် မသိကျိုးကျွံ့ပြုထားခြင်းခံရသည်။ ကေအိုင်အေကလည်း ကျောက်စိမ်းများအား လားဝန်တင်တန်းဖြင့် တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန် စခန်းများရှိသည့် ထိုင်းနယ်စပ်အရောက် သယ်ယူပို့ဆောင်ပေးသည်။
ကူမင်တန်တို့၏ စခန်းများသည်လည်း ခိုးကြောင်ခိုးဝှက် စခန်းများ မဟုတ်။ ထိုင်းအစိုးရက ကူမင်တန်များအား အထူး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုထားပြီး ၎င်းတပ်ဖွဲ့များ လုပ်ကိုင်သည့် မူးယစ်ဆေးဝါးနှင့် ကျောက်စိမ်း အစရှိသည့် စီးပွားရေး လုပ်ငန်းများအား လစ်လျူရှုထားသည်။ ထင်ရှားသည့် ကူမင်တန် အရာရှိကြီး တဦးဖြစ်သည့် လီဝင်ဟွမ် သည် မြန်မာနယ်စပ်အနီးရှိ ထမ်ငေါ့ပ်တွင် စခန်း တခုရှိပြီး ချင်းမိုင်မြို့တွင် စံအိမ်ကြီး တလုံးရှိသည်။ ၎င်းသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပတ်သက်နေသကဲ့သို့ ကျောက်စိမ်းလုပ်ငန်းတွင်လည်း ပါဝင်နေသူ ဖြစ်သည်။ ထမ်ငေါ့ပ် အနီးတွင် ကေအိုင်အေ စခန်း တခု ရှိခဲ့ဖူးသည်။ ကျောက်စိမ်း သယ်ယူပို့ဆောင်ပေး၍ ရရှိလာသော ဝန်ဆောင်ခများဖြင့် ထိုင်းနိုင်ငံအတွင်း၌ သေနတ်များ ဝယ်ယူကာ ကျောက်စိမ်းများအား နယ်စပ်သို့ သယ်ယူလာရန် အသုံးပြုသည့် လားဝန်တင်များဖြင့်ပင် ကချင်ပြည်နယ်သို့ ပြန်သယ်ယူသွားကြသည်။ အခြား ကူမင်တန် ဗိုလ်ချုပ်ကြီး တဦး ဖြစ်သည့် တွမ့်ရှီးဝင် သည်လည်း အလားတူ စခန်းမျိုးတခု ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းမြို့ အနောက်မြောက်ဘက်ရှိ မယ်ဆလောင်း အနီးတွင်ရှိခဲ့သည်။ ရွှေတြိဂံဒေသ၏ ဘိန်းဘုရင်များ ဖြစ်ကြသည့် လော်စစ်ဟန်နှင့် ခွန်ဆာ တို့သည်လည်း ကျောက်စိမ်းကုန်သည်လုပ်ဖူးကြသည်။ ကျောက်စိမ်း ကုန်ကူးမှုသည် ဘိန်းနှင့် ဘိန်းဖြူ ကုန်သွယ်မှုများနှင့် အင်မတန် နီးစပ်လှသည့် အဖြစ်သို့ ရောက်ခဲ့သည်။
ယနေ့ခေတ်တွင် ကျောက်စိမ်း တရားမဝင် ကုန်ကူးမှုသည် ဒေါ်လာ ဘီလီယံနှင့်ချီသည့် လုပ်ငန်းဖြစ်လာသည်။ ကျောက်စိမ်းများအား နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံဘက်သို့ တိုက်ရိုက်သယ်ယူပို့ဆောင်နေကြပြီ ဖြစ်သလို မြန်မာနိုင်ငံအတွင်း တရားဝင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံပွဲဖြစ် ရှိနေပြီ ဖြစ်သောကြောင့် ချင်းမိုင်သည် ကျောက်စိမ်းကုန်ကူးမှု၏ အဓိက ဗဟိုအချက်အခြာနေရာ မဟုတ်တော့ပေ။ ဖားကန့်ဒေသ အနီးတဝိုက်၏ မြေမျက်နှာသွင်ပြင်သည်လည်း လကမ္ဘာပေါ်က မြင်ကွင်းကဲ့သို့ ဖြစ်နေလေပြီ။ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ အပါအဝင် ပုဂ္ဂလိက စွန့်စား စီးပွားရှာဖွေသူများကလည်း ကျောက်စိမ်းလုပ်ငန်းမှ အမြတ်အစွန်းများစွာ ရရှိခဲ့သော်လည်း ကျောက်စိမ်းတွင်း လုပ်ငန်းခွင် အခြေအနေမှာ ဆိုးဝါးလှပြီး လူပေါင်းများစွာလည်း သေဆုံးခဲ့ရသည်။ အချို့သော ဂျာနယ်လစ်များနှင့် စာရေးဆရာများ  ကျောက်စိမ်းလုပ်ငန်းအကြောင်းကို စတင်ရေးသားရာတွင် “သွေးစွန်းသည့် ကျောက်စိမ်း” အတွက် တိုက်ပွဲ အဖြစ် ပုံဖော်ရေးသားကြသည်။
မြေရှားသတ္တု တူးဖော်ရေး
၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်း အကြား၌ မြန်မာစစ်တပ်နှင့် သူပုန်အဖွဲ့များအကြား လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကြောင့် အခြား တရားမဝင်နှင့် အလွတ်သဘော တွင်းထွက်ပစ္စည်းများ တူးဖော်ရေးလုပ်ငန်းများကို အစပျိုးစေခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်း ထုတ်ပြန်သည့် အစီရင်ခံ တစောင်တွင် လူသုံးကုန်ပစ္စည်း သုတေသန လုပ်ငန်း တခုဖြစ်သည့် ရိုစကေး (Roskill) က ၂၀၂၀ ခုနှစ် အတွင်း မြေရှားသတ္တု (Heavy Rare Earth Element) အသုံးပြုရသည့် တရုတ်နိုင်ငံထုတ် အီလက်ထရောနစ် ပစ္စည်းများအနက် အနည်းဆုံးထက်ဝက် အတွက် မြန်မာနိုင်ငံမှ သတ္တုများကို တင်သွင်းခဲ့ရကြောင်း ခန့်မှန်းတွက်ချက်ပြခဲ့သည်။ အမှန်တွင် “အပေါ့စား မြေရှားသတ္တုများ အပေါ် အာရုံစိုက်ခြင်းမှလွဲ၍ တရုတ်အစိုးရပိုင်လုပ်ငန်းများ အားလုံးသည် လွန်ခဲ့သည့်လေးနှစ်တာကာလမှ စ၍ မြန်မာနိုင်ငံမှ သယံဇာတများအား မှီခိုလာရပြီး ယခုအခါ မြေရှားသတ္တု ရောင်းပေးနိုင်သူ အနည်းငယ်သာ ရှိသောကြောင့် ကုန်ကြမ်းထပ်မံရရှိရန် ခက်လဲလျက်ရှိနေသည်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် …  နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသမှ မှောင်ခို မြေရှားသတ္တုများ အပါအဝင် မြန်မာနိုင်ငံမှ တင်သွင်းသည့် မြေရှားသတ္တုများကိုလည်း အလွန်အမင်း မှီခိုနေရသည်။
မြေရှားသတ္တု အများစုကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ဒီမိုကရေစီသစ် တပ်မတော်−ကချင် New Democratic Army-Kachin (NDA-K) တို့ ထိန်းချုပ်သည့် ဒေသများတွင် တွေ့ရှိရသည်။ NDA-K သည် ဗကပ တပ်ဖွဲ့ဟောင်း တခုသာဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။ ဗကပ တပ်မှူးဟောင်း ဇခုံတိန့်ယိမ်းက ခေါင်းဆောင်ပြီး ၎င်းတပ်ဖွဲ့၏ ဌာနချုပ်သည် တရုတ်နယ်စပ်အနီးရှိ ပန်ဝါတွင် တည်ရှိသည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ တဖွဲ့ အဖြစ် အသွင်ပြောင်းခဲ့သည်။ တရုတ်နယ်စပ်အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း၌လည်း မြေရှားသတ္တုတွင်း နှစ်ခုရှိသော်လည်း ၎င်း၏ တူးဖော်နိုင်မှုမှာ ပန်ဝါဒေသတွင် တူးဖော်သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက အကန့်အသတ်ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အခြားဒေသများတွင်လည်း မြန်မာအစိုးရ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်နေသောကြောင့် တရားဝင်ဟု ယူဆနိုင်သော မြေရှားသတ္တုတွင်းများ ရှိပါသေးသည်။ အမှန်မှာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုထုတ်လုပ်မှု တတိယအများဆုံး နိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ နောက်တွင် ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည် မြေရှားသတ္တု အမြောက်အမြား တူးဖော်ထုတ်ယူနေသည့် နိုင်ငံဖြစ်သော်လည်း နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသမှ မှောင်ခို မြေရှားသတ္တုများ အပါအဝင် မြန်မာနိုင်ငံမှ တင်သွင်းသည့် မြေရှားသတ္တုများကိုလည်း အလွန်အမင်း မှီခိုနေရသည်။
သစ်ခိုးထုတ်မှု
၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းအတွင်း အပစ်အခတ်ရပ်စဲပြီးနောက် လက်နက်ကိုင်အဖွဲ့များအား လွတ်လပ်ခွင့် ပေးလိုက်ခြင်း၏ အကျိုးဆက် တခုသည် တရားမဝင် သစ်ခိုးထုတ်မှု ဖြစ်သည်။ ရွှေတြိဂံဒေသ မြန်မာနိုင်ငံဘက် အခြမ်းမှ တရုတ်နိုင်ငံဘက်သို့ နေ့စဉ် သစ်တင်ထရပ်ကား ရာပေါင်းများစွာ ဦးတည်သွားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဂလိုဘယ်ဝစ်တနက်စ် အဖွဲ့က ဤလုပ်ငန်း အကြောင်းအား မှတ်တမ်းတင်ကာ တရားမဝင် သစ်ထုတ်လုပ်မှု တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိသည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်များ၏ ၉၅ ရာခိုင်နှုန်းမှာ လိုင်စင်မရှိသည့် အပြင် ပေးဆောင်ရမည့် အခွန်အခများ ပေး ဆောင်ခြင်း မရှိဟုဆိုသည်။ ထိုအချိန်မှစ၍ သစ်တင်ပို့မှု သိသိသာသာ ကျဆင်းသွားသော်လည်း ရွှေတြိဂံဒေသ အတွင်းရှိ သူပုန်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ အတွက်မူ ကြီးမားသည့် ဝင်ငွေရပေါက် တခု ဖြစ်နေဆဲ ဖြစ်သည်။
လက်နက်ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး
လွန်ခဲ့သည့် နှစ်များအတွင်း စတင်လာသည့် တရားမဝင် လုပ်ငန်းတခုမှာ လက်နက်ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ သူပုန်အဖွဲ့များသည် သေနတ် အဟောင်းများကို ပြုပြင်နိုင်ကြသည့် အပြင် ၎င်းတို့ကိုယ်တိုင် သေနတ်ကျည်ဆံများ၊ မြေမြှုပ်မိုင်းများကို ထုတ်လုပ်နိုင်ကြသည်။ မကြာသေးခင် နှစ်များအတွင်း ရွှေတြိဂံဒေသနှင့် ဆက်စပ်ဒေသများ အတွင်း၌သေနတ်စက်ရုံများ တည်ထောင်လာကြသည်။ ပထမဆုံး ပေါ်ပေါက်လာသည့် စက်ရုံအဖြစ် လူသိများသည်မှာ ၂၀၀၆ ခုနှစ် စက်တင်ဘာအတွင်း စတင် တည်ဆောက်ခဲ့သည့် ခွန်းမာ အနီးရှိ စက်ရုံ ဖြစ်သည်။ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ဌာနချုပ် ပန်ဆန်း၏ မြောက်ဘက် ၁၂၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ တရုတ်မှ ဒီဇိုင်းထုတ်ထားသည့် အမ်−၂၂ ခြေမှုန်းရေးရိုင်ဖယ် (ကလာရှနီကော့ဗ် ခေါ် ရုရှားလုပ် အေကေ−၄၇ ကို အခြေခံထားသည့် တရုတ်ဒီဇိုင်း) နှင့် အမ်−၂၃ စက်လတ် အစရှိသည့် ပုံတူ သေနတ်များနှင့် အဆိုပါ သေနတ်များတွင် အသုံးပြုနိုင်သည့် ၇.၆၂ မီလီမီတာ ကျည်များကို ထုတ်လုပ်ကြောင်း သိရသည်။ လက်နက်ထုတ်လုပ်မှု အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် အပိုပစ္စည်းများ အပြင် နည်းပညာပိုင်းတို့မှာလည်း တရုတ်ဘက်မှ လာကြသည်။ ထို့ကြောင့် ဤသေနတ် ကုန်သွယ်မှုများတွင် တရုတ်အာဏာပိုင်များ မည်သည့်အတိုင်းအတာ အထိ ပါဝင်သည်မှ မသေချာလှပေ။ သို့သော် ခြေလျင်တပ်သုံး လက်နက်များ၊ အမြောက်များ၊ အပေါ့စား သံချပ်ကာကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် လက်နက်တပ်ဆင်နိုင်သည့် ဒရုန်းများ အစရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ လက်နက်တိုက်တွင် ရှိသည့် လက်နက် အများစုမှာ တရုတ်နိုင်ငံဘက်က ဝယ်ယူထားခြင်းသာ ဖြစ်သည်။
အေကေ−၄၇ သေနတ်များ။ ပုံ−Shutterstock
ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကဲ့သို့ တရုတ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် ကချင် လွတ်လပ်ရေး တပ်မတော်တွင်လည်း ကိုယ်ပိုင် လက်နက်စက်ရုံရှိပြီး တရုတ်ဒီဇိုင်းများနှင့် တရုတ်နိုင်ငံမှ ရရှိသည့် ကုန်ကြမ်းနှင့် အပိုပစ္စည်းများ အခြေခံကာ ခြေမှုန်းရေးရိုင်ဖယ်များ ထုတ်လုပ်နိုင်သည်။ အဆိုပါ သေနတ်များကို ကေအိုင်အေ တပ်ဖွဲ့များကသာ အသုံးပြုပြီး အခြား သူပုန်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်များအား ရောင်းချပေးခြင်း မရှိပေ။ ကေအိုင်အေ သည် ၁၉၉၄ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် ဂျွန်လတွင် အပစ်အခတ် ရပ်ဆဲရေး ပျက်ပြားကာ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ပန်ဝါတွင် ဌာနချုပ် အခြေစိုက်ထားသော NDA-K သည်လည်း ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် အဓိက ပါဝင်သည့် အဖွဲ့ ဖြစ်လာသည်။ သစ်တောများ ပြုန်းတီးလာပြီးသည့်နောက် အမြတ်အစွန်းများစွာ ရရှိသည့် တရားမဝင် သစ်လုပ်ငန်းများ၏ အခြေအနေမှာလည်း ဆိုးဝါးလာသည့်အလျောက် ၎င်းအဖွဲ့သည် ဘိန်းစိုက်ပျိုးရေးနှင့် ဘိန်းဖြူ ထုတ်လုပ်ရေးဘက်သို့ ဦးလှည့်ခဲ့သည်။ ယခုအချိန်တွင် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းလိုက်ပြီးသည့်နောက်တွင်လည်း NDA-K သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပြင် အော်တိုမက်တစ် ရိုင်ဖယ်၊ ပစ္စတို၊ ခြောက်လုံးပြူးနှင့် ရန်ပုံခွင်းသေနတ်များ ထုတ်လုပ်နိုင်သည့် လက်နက်စက်ရုံ တခုကို ပန်ဝါ အနီး၌ တည်ထောင်ထားခဲ့သည်။ ၎င်းတို့ ထုတ်လုပ်သည့် သေနတ်များအား မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဘက် အခြမ်း၌ လာရောက် အခြေစိုက်ကြသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသက နာဂ၊ အာသံနှင့် မဏိပူရ လူမျိုးစု သူပုန်များက ဝယ်ယူကြသည်။ ၎င်းတို့ထုတ်လုပ်သည့် သေနတ်များနှင့် မူးယစ်ဆေးဝါးများအပေါ် အခွန်ကောက်ခံခြင်းမှ ကင်းလွတ်နိုင်စေရန် အတွက် ကချင်ပြည်နယ် အတွင်း ကေအိုင်အေ မထိန်းချုပ်ထားသည့် ဒေသများကို ဖြတ်သန်းကာ စစ်ကိုင်းတိုင်းဒေသကြီး ဆင်ကလိန်း ခန္တီးနှင့် အိန္ဒိယနယ်စပ် အနီးရှိ အဆိုပါ သူပုန်စခန်းများသို့ အရောက် သယ်ယူပို့ဆောင်ကြသည်။
ထို့အပြင် တရုတ်နိုင်ငံမှ သေနတ်များကို ရွှေလီမှ တဆင့် မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူစယ်နှင့် လားရှိုး မြို့များသို့ မှောင်ခိုတင်သွင်းကြသည်။ ထိုမှတဆင့် မန္တလေး၊ မုံရွာမှ တဆင့် အိန္ဒိယနယ်စပ်သို့ ပို့ကြသည်။ ထိုင်းနိုင်ငံဘက်က လက်နက်များကိုလည်း ရွှေတြိဂံဒေသနှင့် အခြား နယ်စပ်ဒေသ အနှံ့အပြားတွင် တွေ့နိုင်သည်။
ရှေးဟောင်းပစ္စည်း ခိုးယူမှုနှင့် တရားမဝင် ရောင်းဝယ်မှု
မြန်မာနိုင်ငံမှ ရွှေတြိဂံဒေသနှင့် အခြားဒေသများကို ဖြတ်သန်းကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံဘက်သို့ မှောင်ခိုခိုးထုတ်သည့် အခြားပစ္စည်းများ အနက် ရှေးဟောင်းပစ္စည်းများလည်း ပါဝင်သည်။ ချင်းမိုင်နှင့် ဘန်ကောက် မြို့များတွင် မြန်မာရှေးဟောင်းပစ္စည်းများအား ရောင်းချသည့် ဆိုင်များကို တွေ့ရသည်။ မြန်မာနိုင်ငံ အတွင်း ရှေးဟောင်းပစ္စည်းများ ခိုးယူလုယက်မှုမှာ (၁၉၄၈ ခုနှစ်တွင် အဆုံးသတ်သွားသည့်) ဗြိတိသျှခေတ် ကတည်းက ရှိခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း အမြတ်အစွန်း ကြီးမားသည့် လုပ်ငန်းတခု ဖြစ်လာသည်။ အဆိုပါ လုပ်ငန်းကို တိုက်ဖျက်ရန် နိုင်ငံတကာမှ ကြိုးပမ်းခဲ့ရာ အတိုင်းအတာ တခုအထိ အောင်မြင်ခဲ့သော်လည်း ရွှေတြိဂံဒေသ ဒုစရိုက်ဂိုဏ်းများ အတွက်မူ အမြတ်အစွန်းကြီးမားသည့် လုပ်ငန်း တခု ဖြစ်နေဆဲဖြစ်သည်။
အကြံပေးချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
ကျောက်စိမ်းနှင့် မြေရှားသတ္တု တူးဖော်မှု၊ သစ်ခိုးထုတ်မှု၊ လက်နက်ထုတ်လုပ် ရောင်းဝယ်မှုနှင့် ရှေးဟောင်း ပစ္စည်း တရားမဝင် ရောင်းဝယ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းမည် ဆိုပါက မူးယစ်ဆေးဝါး ကုန်သွယ်မှု အကြောင်း စုံစမ်းသည့်အတိုင်း သတိကြီးစွာ ထားရမည် ဖြစ်သည်။ မိမိကိုယ်တိုင်လည်း သတိကြီးစွာ ထားရမည့် အပြင် ဒေသခံ သတင်းရင်းမြစ်များကိုလည်း အကာအကွယ်ပေးနိုင်ရမည် ဖြစ်သည်။
အကောင်းဆုံး နည်းလမ်းမှာ အင်တာနက်ပေါ် ရှိနေသည့် အသင်းအချက်အလက်များကို လေ့လာသုံးသပ်ပြီးပါက ထုံးစံအတိုင်း ယုံကြည်စိတ်ချရသည့် ဒေသခံ ဂျာနယ်လစ်များ၊ အန်ဂျီအို ဝန်ထမ်းများနှင့် ဆွေးနွေးကြည့်သင့်သည်။
သတင်းရေးသားရန် အတွက် စတင်ရန် အကောင်းဆုံး နည်းလမ်းမှာ အင်တာနက်ပေါ်ရှိနေသည့် အရင်းအမြစ်များကို အသုံးပြုခြင်းဖြစ်သည်။ အဆိုပါ တရားမဝင် လုပ်ငန်းများအနက် သစ်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ အများဆုံး မှတ်တမ်းတင်ထားကြသည်။ မြန်မာနိုင်ငံ အတွင်းရှိ တရားမဝင် သစ်လုပ်ငန်းများနှင့် ပတ်သက်၍ ဂလိုဘယ် ဝစ်တနက်စ် မှ အစီရင်ခံစာပေါင်းများ ထုတ်ပြန်ခဲ့ဖူးပြီး ၎င်းတို့ကို ဤနေရာ၊ ဤနေရာ နှင့် ဤနေရာ တို့တွင် ကြည့်ရှုနိုင်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ သုတေသီများ ဦးဆောင်ပြီး ဥရောပသစ်တောအင်စတီကျု (EFI)၊ ဥရောပသမဂ္ဂ၏ သစ်တော ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု အေဂျင်စီ (FLEGT) နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း သစ်တော တက္ကသိုလ်တို့ ပူးပေါင်းလေ့လာချက်တွင် အဆိုပါ ကုန်သွယ်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို တွေ့နိုင်သည်။
မြေရှားသတ္တု ကုန်သွယ်မှုအကြောင်း၊ ၎င်းကုန်သွယ်မှုက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို မည်သို့ထိခိုက်စေသည့် အကြောင်းနှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်နေသည့် ပြည်သူ့စစ်များ မည်သို့မည်ပုံ ပါဝင်ပတ်သက်နေသည့် အကြောင်းတို့နှင့် ပတ်သက်၍လည်း ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က အစီရင်ခံစာ အတော်များများ ထုတ်ပြန်ထားသည်။ ကမ္ဘာတလွှားရှိ တွင်းထွက်ပစ္စည်းတူးဖော်မှုများကို စောင့်ကြည့်နေသည့် ရီဆို့စ် ပေါ်လစီ မဂ္ဂဇင်းကလည်း တရားမဝင် နည်းလမ်းမျိုးစုံဖြင့် တရုတ်နိုင်ငံသို့ သတ္တုမျိုးစုံ ရောင်းဝယ်ဖောက်ကားနေသည့် အကြောင်း သတင်းတပုဒ် ဖော်ပြခဲ့သည်။
သေနတ် ရောင်းဝယ်မှု အကြောင်းနှင့် ပတ်သက်ကာ ပြည့်စုံသည့် အစီရင်ခံစာများ မရှိပေ။ စုံစမ်း ထောက်လှမ်းရေး ဂျာနယ်လစ်များ ရေးသားသည့် ဆောင်းပါး အချို့သာ ရှိသည် (လေ့လာရန် ဥပမာများ အပိုင်းတွင် ကြည့်နိုင်သည်)။ ရှေးဟောင်းပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ ယူနက်စ်ကို က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင် ရှိသည်။ ခိုးယူလုယက်ခံရသည့် ပစ္စည်းများကို ဒေသတွင်း၌ ရောင်းဝယ်ကြသည့် အကြောင်းနှင့် စပ်လျဉ်း၍ အင်္ဂလန်နိုင်ငံ အောက်စဖို့ အခြေစိုက် တီးဆိုင်ကယ် ဆိုသည့် အုပ်စုက ထုတ်ဝေသည့် အစီရင်ခံစာကောင်း တစောင်လည်း ရှိသေးသည်။
အကောင်းဆုံး နည်းလမ်းမှာ အင်တာနက်ပေါ် ရှိနေသည့် အသင်းအချက်အလက်များကို လေ့လာသုံးသပ်ပြီးပါက ထုံးစံအတိုင်း ယုံကြည်စိတ်ချရသည့် ဒေသခံ ဂျာနယ်လစ်များ၊ အန်ဂျီအို ဝန်ထမ်းများနှင့် ဆွေးနွေးကြည့်သင့်သည်။ တရုတ်နိုင်ငံအတွင်း အထူးသဖြင့် ယူနန်ကဲ့သို့သော နယ်စပ်ဒေသ ပြည်နယ်များ၌ နိုင်ငံခြားသား ဧည့်သည်များ အပေါ် ကန့်သတ်ချက် အသစ်များ ချမှတ်ထားပြီး တိုးမြှင့် စောင့်ကြည့်နေသောကြောင့် ကွင်းဆင်းဆောင်ရွက်ရန် အတွက် ပိုမိုခက်ခဲလာပြီး အန္တရာယ်လည်း များလှပါသည်။ နယ်စပ်ဖြတ်ကျော်သည့် နေရာများတွင် တရုတ်ဘက်က ကင်မရာများ တပ်ဆင်ထားပြီး နိုင်ငံခြားသားများအား စောင့်ကြည့်ရန် အတွက် ရွှေလီ၊ ထိန်ချုံးနှင့် ယူနန်ပြည်နယ်ရှိ အခြား နယ်စပ်မြို့များတွင် အထူးရဲတပ်ဖွဲ့များ ထားရှိပါသည်။ ဆယ်နှစ်စုများကြာအောင် နိုင်ငံခြားသားများ သွားလာခွင့်ကို ပိတ်ပင်ထားကာ မကြာသေးမီကမှ ပြန်လည်ဖွင့်ပေးလိုက်သည့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ်များဖြစ်သည့် နာဂလန်း၊ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသို့လည်း ထိုင်းနိုင်ငံ မြောက်ပိုင်း ကဲ့သို့ အလွယ်တကူ သွားရောက်နိုင်ပါသည်။ အရုဏာချာ ပရာဒေ့ရှ်ပြည်နယ်သို့ သွားရောက်ရန် အတွက်မူ အထူးခွင့်ပြု တောင်းခံရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံက ဒေသခံ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များသည် ယုံကြည်ရလောက်ဖွယ် မရှိသောကြောင့် ရှောင်ရှားသင့်သော်လည်း အိန္ဒိယနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များထံမှမူ တိကျသည့် သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။
လေ့လာရန် ဥပမာများ
မြန်မာနိုင်ငံအတွင်း မြေရှားသတ္တု တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကြောင်း နှင့် အနောက်နိုင်ငံများ ချီးကျူးကြသည့် အစိမ်းရောင် စွမ်းအင်အတွက် ဤတိုင်းပြည်က ပေးဆပ်လိုက်ရသည့် တန်ဖိုးအကြောင်းတို့နှင့် စပ်လျဉ်း၍ အချက်အလက်များစွာ ပါဝင်သည့် ဆောင်းပါး တပုဒ်ကို အေပီ သတင်းဌာနက ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် “ကမ္ဘာကြီး ကောင်းစားရေး” အတွက် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေသည့် “ယဇ်ပူဇော်သည့်ဇုန်” ဖြစ်လာသည်ဟု အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားသည်။
ငွေကြေးခဝါချမှုနှင့် လက်နက်ထုတ်လုပ်မှု အကြောင်းနှစ်ခုစလုံးအား ရေးသားထားချက်ကို မြန်မာဝက်ဆိုက် တခုဖြစ်သည့် မဇ္ဈိမ၌ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း ဖော်ပြထားသည်။  “မြန်မာနိုင်ငံတွင် ဆင်နွှဲနေသည့် ကြောက်စရာကောင်းလှသော လက်နက်ကိုင် ပဋိပက္ခ သံသရာတွင် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ခြင်းသည် တစိတ်တပိုင်း ပါဝင်နေပြီ ဖြစ်ကြောင်း”၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ထုတ်လုပ်သည့် သေနတ်အချို့ကို မြန်မာနိုင်ငံနှင့် အိန္ဒိယ အရှေ့မြောက်ဒေသမှ လူမျိုးစု သူပုန်များထံ ရောင်းချနေကြောင်း ဖော်ပြထားသည်။
သေနတ် ထုတ်လုပ်မှုအကြောင်းနှင့် လက်နက် ကုန်ကူးမှုအကြောင်း စုံစမ်းထောက်လှမ်းရေးသားသည့် အခြား အစီရင်ခံစာများကို ဤနေရာ၊ ဤနေရာ နှင့် ဤနေရာ တို့တွင် ကြည့်ရှုနိုင်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပန်ဝါမှ ပြည်သူ့စစ် အရာရှိဟောင်းများနှင့် တွေ့ဆုံမေးမြန်းထားချက်များနှင့် ၎င်းတို့ ပေးအပ်သည့် စာရွက်စာတမ်း အထောက်အထားများ အပြင် ၎င်းဒေသရှိ သေနတ်စက်ရုံ နှင့် ဘိန်းဖြူချက်စခန်းတို့၏ ဓာတ်ပုံများအပေါ် အခြေခံကာ ဤအစီရင်ခံစာ သုံးစောင်ကို ရေးသားထားခြင်း ဖြစ်သည်။
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု
ရွှေတြိဂံက လူကုန်ကူးမှု
ရွှေတြိဂံက တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှု
]]>
ရွှေတြိဂံက တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှု https://burma.irrawaddy.com/organized-crime-guide/2023/01/17/257381.html Tue, 17 Jan 2023 09:58:54 +0000 https://burma.irrawaddy.com/lytbox/?p=257381 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။မိုင်းလားမြို့သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လောင်းကစားမှုတို့၏ ဗဟိုချက် တခုဖြစ်လာပြီးနောက် ယခုအခါ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု၏ အချက်အခြာ နေရာ တခု ဖြစ်လာပြန်သည်။]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
အခန်း (၅) တောရိုင်းတိရစ္ဆာန် ကုန်ကူးမှု
တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနယ်စပ်ရှိ တကြိမ်တခါက အိပ်မောကျခဲ့သော မိုင်းလားမြို့သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လောင်းကစားမှုတို့၏ ဗဟိုချက် တခုဖြစ်လာပြီးနောက် ယခုအခါ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု၏ အချက်အခြာ နေရာ တခု ဖြစ်လာပြန်သည်။
ဤအကြောင်းအား တောရိုင်း တိရစ္ဆာန်များနှင့် အပင်များ တရားမဝင် ကုန်သွယ်မှု အကြောင်း ခြေရာခံ ဖော်ထုတ်နေသည့် အန်ဂျီအို အဖွဲ့ တဖွဲ့ဖြစ်သည့်  Traffic ထရက်ဖစ် အဖွဲ့က ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ပြုစုခဲ့သည့် အစီရင်ခံစာ တစောင်တွင် အသားပေး ဖော်ပြခဲ့သည်။ ထရက်ဖစ် အဖွဲ့က ၎င်းတို့ စုံစမ်းထောက်လှမ်းခဲ့သည့် အချက်အလက်များ အပေါ် အခြေခံ၍ ရွှေတြိဂံဒေသအတွင်း၌ တောရိုင်းတိရစ္ဆာန် ၁၀ မျိုး၏ ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ကုန်ကူးနေကြကြောင်း၊ ၎င်းတို့မှာ ကျားရေ၊ ကျားခြေနှင့် အရိုးများ၊ ဆင်စွယ်၊ သွား၊ အမွှေး၊ အရိုး၊ အမြီးနှင့် နှာမောင်း အစရှိသည့် ဆင်၏ အစိတ်အပိုင်းများ၊ သင်းခွေချပ်၏ အသားနှင့် ကြေးခွံများ၊ ဝက်ဝံများ၊ အထူးသဖြင့် ဝက်ဝံ၏ သည်းခြေ၊ ကြံ့ချို၊ တောဆိတ်၊ အောက်ချင်းငှက်၊ ပြောင်၊ ကျားသစ်ရေနှင့် လိပ်အမျိုးမျိုးတို့ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထိုသို့ စုံစမ်းထောက်လှမ်းရာတွင် မိုင်းလားမြို့ အထိပင် သွားရောက်ခဲ့ကြသည်။ အဓိကဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ကြံ့ချိုကို ကာမအားတိုးဆေး အဖြစ် ယုံကြည်ကြပြီး ဝက်ဝံသည်းခြေနှင့် သင်းခွေချပ်သားကိုမူ စားကောင်းသောက်ဖွယ်အဖြစ် မှတ်ယူကြသည်။ သင်းခွေချပ်ကြေးခွံသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တိုင်းရင်းဆေးလောကတွင် ကျော်ကြားလှသည်။ မိုင်းလားတွင် ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများသည် မြန်မာနိုင်ငံမှ လာသည့်အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ (ကြံ့ချိုနှင့် ကျားထွက်ပစ္စည်းများ) နှင့် ဝေးလံလှသည့် အာဖရိကတိုက် (ကြံ့ချိုများ) မှပင် လာပေသည်။
လာအိုနိုင်ငံ ဘော်ကျောက်ပြည်နယ်ရှိ ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) တွင်လည်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို ရောင်းချကြသည်။ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ၏ အဆိုအရ ထိုအထူးစီးပွားရေးဇုန်အတွင်း၌ ဒုစရိုက်သမားများ လုပ်ကိုင်နေသည့် ကျား “မွေးမြူရေးခြံများ” ရှိကြောင်း၊ ကျားများကို သားဖောက် မွေးမြူကာ ရောင်းချကြကြောင်း သိရသည်။ အီးအိုင်အေ ရေးသားခဲ့သည့် ၂၀၁၅ ခုနှစ်ထုတ် အစီရင်ခံစာ တစောင်တွင် “အထူးစီးပွားရေးဇုန်အတွင်း၌ ကာစီနို လောင်းကစားရုံ တရုံ၊ ဟိုတယ်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ သေနတ်ပစ်ကွင်း တကွင်းနှင့် အနှိပ်ခန်းများရှိသည်။ ထို့အပြင် ဧည့်သည်များ အနေဖြင့် ကျား၊ ကျားသစ်၊ ဆင်၊ ကြံ့၊ သင်းခွေချပ်၊ အောက်ချင်းငှက်၊ မြွေနှင့် ဝက်ဝံများ အစရှိသည့် မျိုးတုံးလုလု တိရစ္ဆာန်မျိုးစိတ်ထွက် ပစ္စည်းများကို လွတ်လပ်စွာ ဝယ်ယူနိုင်သည်။ အားလုံးကို အာရှနှင့် အာဖရိကတိုက်တို့မှ မှောင်ခိုခိုးထုတ်လာခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် အီးအိုင်အေ က ရွှေတြိဂံ အထူးစီးပွားရေးဇုန်မှ တဆင့် ကျားများနှင့် ကျားထွက်ပစ္စည်းများ တရားမဝင် တင်သွင်း/တင်ပို့သည့်လမ်းကြောင်းများကို ခြေရာခံခဲ့သည်။ ပုံ− EIA
မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုများတွင် ပါဝင် ပတ်သက်နေသည့် နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းများက ဤတောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုကို လုပ်ကိုင်ကြသည်။ ရွှေတြိဂံဒေသ အတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းဝယ်မှု ပမာဏ အတိအကျကို မသိနိုင်သော်လည်း တကမ္ဘာလုံးနှင့်ချီလျှင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံလောက်ရှိသည်ဟု သတင်းများတွင် ဖော်ပြကြသည်။ ဥရောပကော်မရှင်၏ အဆိုအရ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုသည် မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူကုန်ကူးမှုများပြီးလျှင် စတုတ္တမြောက် အကျိုးအမြတ် အများဆုံး နိုင်ငံဖြတ်ကျော် မှုခင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း သိရပါသည်။ ရွှေတြိဂံဒေသသည် ဥပဒေမဲ့ဒေသ ဖြစ်သည့် အလျောက် ဒေသတွင်းသာမက တကမ္ဘာလုံးတွင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု အကြီးအကျယ် ဖြစ်ထွန်းနေသည့် နေရာတခုဖြစ်နေသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။
မည်သို့မည်ပုံ အလုပ်လုပ်ကြသနည်း
၂၀၂၁ ခုနှစ် အုပ်စုဖွဲ့ ရာဇဝတ်မှု အလားအလာ တွင် ဖော်ပြထားသည့် အစီရင်ခံစာ တစောင်တွင် ရွှေတြိဂံဒေသအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင် ရောင်းဝယ်မှုများ လုပ်ကိုင်ပုံ အကြောင်း အသေးစိတ် ရေးသားထားသည်။ ရွှေတြိဂံဒေသနှင့် ဆက်စပ်နယ်မြေများတွင် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲခြင်း၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ရုတ်ချည်း တိုးတက်လာခြင်း အစရှိသည့် ကြီးမားသည့် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုလည်း ကြီးထွားလာခဲ့သည်။ လူတန်းစား အသစ် အဖြစ် တရုတ်လူမျိုး စွန့်စား စီးပွားရှာသူများ ပေါ်ပေါက်လာခဲ့ပြီး စီးပွားရေး အခွင့်အလမ်းများ ရှာဖွေကြခြင်း၏ ရလဒ်လည်း ဖြစ်သည်။ ဗကပ တပ်ဖွဲ့ဟောင်းများသည် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိပြီးနောက် တရုတ်နယ်စပ်တလျှောက်တွင် ၎င်းတို့ဘာသာ အုပ်ချုပ်သည့် နယ်မြေများ တည်ထောင်ခဲ့ပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ကြသည်။ ဥမဒေနှင့် မညီသည့် အခြားလုပ်ငန်းများကိုလည်း လုပ်နိုင်သည့် အခွင့်အလမ်းများ ရလာသည်။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ကုန်ကူးခြင်းသည် အမြတ်အစွန်း အများအပြား ရရှိနိုင်သည့် လုပ်ငန်းများတွင် တခုအပါအဝင် ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အင်ဗက်စ်မန့် မော်နီတာ (Investment Monitor) က ရွှေတြိဂံ အထူးစီးပွားရေးဇုန် သည် “ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အထူးစီးပွားရေးဇုန်” ဖြစ်ကြောင်း တံဆိပ်ကပ်လေတော့သည်။
အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်−ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA-ESS) ထိန်းချုပ်ထားသည့် မိုင်းလားသည် အဆိုပါ ကုန်သွယ်မှု၏ ဗဟိုချက်မ ဖြစ်လာသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်များသည် နယ်စပ်တဖက်တွင် ရှိကြသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဒေသခံ အာဏာပိုင်များနှင့် ကောင်းမွန်သည့် အဆက်အသွယ် ရှိသကဲ့သို့ တရုတ်လူမျိုး ဒုစရိုက်အဖွဲ့အစည်းများနှင့်လည်း အဆက်အသွယ် ရှိကြသည်။ တချိန်တည်းတွင် လာအိုနိုင်ငံတွင် ပွင့်လင်းသည့် ဈေးကွက်ကို ဦးတည်သည့် စီးပွားရေး မူဝါဒများ တသီတတန်းကြီး အစပြုခဲ့သည်။ ပုဂ္ဂလိက ကုန်သည်များကို နိုင်ငံပိုင်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး မူဝါဒအသစ်များကြောင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးသည် အလျင်အမြန် တိုးတက်ခဲ့သည်။ အုပ်စုဖွဲ့ ဒုစရိုက်မှု အလားအလာ တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်များက “ဤသည်မှာ … တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ မြောက်ပိုင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်းတို့အကြား ရှေးယခင်ကတည်းက အဆက်အသွယ် ရှိခဲ့သည်ကို အားဖြည့်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ ပိုမို အလုပ်ဖြစ်စေသည့်အပြင် ဒုစရိုက်အုပ်စုများ အတွက် ရွှေတြိဂံ နယ်စပ်ဒေသများ အတွင်း တရားမဝင် ဈေးကွက်သစ်များ ဖြန့်ကျက်ရန် အခွင့်အလမ်း ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေကြောင်း” ထောက်ပြကြသည်။
ဤကဲ့သို့သော လာအိုစီးပွားရေးပေါ်လစီ အပြောင်းအလဲကြောင့် ၂၀၀၇ ခုနှစ်တွင် ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို တည်ထောင်ခြင်းကို ဦးတည်စေခဲ့သည်။ အထူးစီးပွားရေးဇုန်တွင် ဥပဒေ ကင်းမဲ့လျက် ရှိသည်ကို လူသိများလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အင်ဗက်စ်မန့်မော်နီတာ က “ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အထူးစီးပွားရေးဇုန်” ဖြစ်ကြောင်း တံဆိပ်ကပ်လေတော့သည်။ ဤကဲ့သို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ရွှေတြိဂံအထူးစီးပွားရေးဇုန်မြေကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ တခုဖြစ်သော ကင်းရိုမန်အုပ်စုအား ငှားရမ်းပေးရန် လာအို အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအထူးစီးပွားရေးဇုန်သည် လာအိုအစိုးရ၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိတော့ပေ။ ၉၉ နှစ်ကြာ မြေငှားရမ်းခွင့်ကို ၂၀၀၇ ခုနှစ်တွင်ချုပ်ဆိုခဲ့ခြင်း ဖြစ်သောကြောင့် ဤစီမံမှုသည် အမြဲတမ်း ငှားရမ်းလိုက်ရသကဲ့သို့ ဖြစ်နေပါသည်။
အဆိုပါ အထူးစီးပွားရေးဇုန် အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တခု တည်ဆောက်ရန်အတွက် အစီအမံများရှိကြောင်း ၂၀၂၁ ခုနှစ် ဂျွန်လ ၂၅ ရက်တွင် ထုတ်လွှင့်ခဲ့သည့် လွတ်လပ်သည့်အာရှအသံ (RFA) သတင်းတပုဒ် တွင် ဖော်ပြခဲ့သည်။ ကင်းရိုမန်နှင့် ဆက်စပ်နေပြီး ကာစီနို လောင်းကစားရုံကို အမှန်တကယ် စီမံခန့်ခွဲနေသည့် ကုမ္ပဏီ၏ဥက္ကဋ္ဌသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု အပြင် မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုများနှင့် ဆက်နွှယ်ကြောင်း” အာအက်ဖ်အေ ကပင် သတင်းဖော်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရွှေတြိဂံဒေသ၌ ကျော်ကြားလှသည့် ကင်းရိုမန် ကာစီနို အပါအဝင် ဤစီးပွားရေးကွန်ရက်အား “နိုင်ငံဖြတ်ကျော် ဒုစရိုက်အဖွဲ့အစည်း” (Transnational Criminal Organization-TCO) အဖြစ် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနကက ကြေညာခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် ဆက်နွှယ်နေသည့် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်ရှိ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ချမှတ်ခဲ့ကြောင်း ထိုသတင်း၌ပင် ဖော်ပြထားသည်။
တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေး မူလအစနှင့် ဈေးကွက်များ
လူမျိုးစု အခြေပြု ပြစ်မှုများ အကြောင်း သတင်းရေးသားသည့်အခါ လူမျိုးစု တခုလုံးအား ပုတ်ခတ်ခြင်း၊ ဒုစရိုက်သမားများ အဖြစ်သတ်မှတ်ခြင်းများ မပြုလုပ်မိစေရန် အလွန် အရေးကြီးလှပါသည်။ လူမျိုးစုတူသည့် ဒုစရိုက်သမားများသည် တူညီသည့် လူ့အသိုင်းအဝန်းမှ လူအချင်းချင်း အလွယ်တကူ အလုပ်လုပ်နိုင်ကြပြီး ပိုမိုယုံကြည်နိုင်ကြသည်။ ဤကား “လူမျိုးစု အခြေပြု ပြစ်မှု” ဖြစ်သည်။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ကိစ္စတွင် ပိုသိသာပေသည်။ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများသည် ကမ္ဘာတလွှား ပြန့်နှံ့နေသည့် တရုတ်လူမျိုးများ အပေါ် အခြေခံကာ အရှေ့တောင်အာရှ၊ မြောက်နှင့် တောင် အမေရိကတိုက်တလွှားနှင့် တောင်အာဖရိက အထိပင် ကျယ်ပြန့်စွာ လှုပ်ရှား ဆောင်ရွက်ကြသည်။
ကမ္ဘာအနှံ့ ကျားအရေခွံများ ရောင်းဝယ်ဖောက်ကားရန်အတွက် ကျားများ ခိုးယူဖမ်းဆီးခြင်းကိုမူ ဒေသခံ အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းများအား ငှားရမ်းထားပုံရသည်။ ပုံ−Shutterstock
တရုတ်ဒုစရိုက်ဂိုဏ်းများသည် တောင်အာဖရိကနိုင်ငံအား ဒေသတွင်း အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ ဒေသခံ အဆက်အသွယ်များ အပေါ် အားထားပြီး အာဖရိကတိုက် တောင်ပိုင်းတလွှားမှ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို မိုင်းလား ကဲ့သို့သော နေရာသို့ ပို့ဆောင်ကြသည်။ မိုင်းလားသည် တကမ္ဘာလုံးတွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည့် အနည်းငယ်သာရှိသော နေရာများအနက် တနေရာဖြစ်သည်။ ဤကုန်သွယ်မှုသည် ဒီထက်ပိုမိုရှုပ်ထွေးလှသည်။ Trends in Organized Crime ၏ အဆိုအရ “အုပ်စုဖွဲ့ဒုစရိုက်အုပ်စုများသည် တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်ရန် ဒေသခံ ဒုစရိုက်အဖွဲ့များကို ငှားရမ်းထားပုံရသည်။ ဥပမာအားဖြင့် ကျားရေခွံ ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ဒုစရိုက်အဖွဲ့ တခုသည် ကျားခိုးဖမ်းခြင်း၊ ပစ္စည်း အရောင်းမြှင့်တင်ခြင်း၊ ပစ္စည်းပို့ဆောင်ခြင်း အစရှိသည့် လုပ်ငန်းများကို ဒေသခံ ဒုစရိုက်အဖွဲ့များကို အပြတ်ငှာရမ်းလုပ်ကိုင်စေသည်” ဟု သိရသည်။ မိုင်းလားနှင့် ရွှေတြိဂံ အထူးစီးပွားရေးဇုန် တွင် ရောင်းချသည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား အဓိက ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ အပြင် ဗီယက်နမ်သို့လည်း ခိုးသွင်းကြသည်။ ထိုနိုင်ငံများတွင် “တိုင်းရင်းဆေးဝါး” ဟု အမည်တပ်ကာ ဝယ်ယူမှု မြင့်မားကြသည်။
မကြာသေးခင်က အထူးသဖြင့် ကိုဗစ်နိုင်တင်းကာလ အလွန် ဖြစ်ပေါ်တိုးတက်မှုများကို မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးစင်တာမှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှုကို ဒီဂျစ်တယ်နည်းလမ်းဖြစ်သည့် လမ်းကြောင်းသစ်ဖြင့် ဆောင်ရွက်လာကြပုံ ရှိသဖြင့် အဆိုပါ ပြစ်မှုအား တိုက်ဖျက်ရန် ပိုမိုခက်ခဲသည့်အပြင် ထိုအကြောင်းများကို ဖော်ထုတ်ရေးသားရန်မှာလည်း ပိုမိုခက်ခဲလာပါသည်။
အကြံပြုချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
လာအိုနိုင်ငံ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ရှိ ကာစီနို လောင်းကစားရုံသို့ ထိုင်းနိုင်ငံ ချင်းဆဲန်ဘက်မှ စပိဘုတ်များဖြင့် မဲခေါင်မြစ်ကို ဖြတ်ကူးကာ အလွယ်တကူ သွားရောက်နိုင်သည်။ (လာအိုနိုင်ငံဘက် အခြမ်းသို့ ရောက်ရှိပါက နိုင်ငံအတော်များများမှ နိုင်ငံသားများအား အမေရိကန်ဒေါ်လာ ၃၀ ခန့်ဖြင့် ရက် ၃၀ ဗီဇာထုတ်ပေးပါသည်။) ဒါပေမယ့် မြန်မာနိုင်ငံ မိုင်းလားကိုတော့ သွားရောက်ဖို့ ပိုခက်ခဲပါသည်။ ယခင်ကဆိုလျှင် မြန်မာနိုင်ငံ အရှေ့ပိုင်း ကျိုင်းတုံမှတဆင့် နိုင်ငံခြားသားများ သွားရောက်နိုင်သော်လည်း မကြာခဏဆိုသလို လမ်းကိုပိတ်ထားလေ့ရှိသည်။ အနောက်နိုင်ငံသားများနဲ့ မတူသည့် အာရှနိုင်ငံသား ခရီးသွားများအနေဖြင့် အစစ်အဆေး သိပ်မရှိလှသဖြင့် သွားရလွယ်ကူပါသည်။ ကျိုင်းတုံသည် အစိုးရ ထိန်းချုပ်သည့် နယ်မြေဖြစ်ပြီး ကျိုင်းတုံနှင့် NDAA-ESS မှ ထိန်းချုပ်သည့် နယ်မြေအကြားတွင် “နယ်နိမိတ်” တခု ရှိသည်။ အဆိုပါ “နယ်နိမိတ်” သို့ ရောက်ရှိလာသူများအား NDAA-ESS နှင့် မြန်မာစစ်တပ်က စစ်သားများက ၎င်းတို့သက်ဆိုင်ရာ အခြမ်းမှ စောင့်ဆိုင်း စစ်ဆေးကြပါသည်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်နှင့် မိုင်းလားသို့ သွားရောက်ရာတွင် ဓာတ်ပုံရိုက်ယူသည့်အခါ အထူး သတိထားရပါလိမ့်မည်။ အဆိုပါ နေရာများသည် ရက်စက်သည့် ဒုစရိုက်သမားများ ကြီးစိုးသည့် နေရာဖြစ်သောကြောင့် ၎င်းတို့၏ အလုပ်များကို ချောင်းမြောင်းစပ်စုသည့် နိုင်ငံခြားသား ဂျာနယ်လစ်များအား အန္တရာယ်ပေးရန် ဝန်လေးကြသူများ မဟုတ်ကြောင်း အမှတ်ရပါ။ သို့သော် ကာစီနို လောင်းကစားရုံများ၊ ဈေးများနှင့် ဖျော်ဖြေရေးနေရာများသို့ လှည့်လည်သွားလာရုံမျှဖြင့် ထိုနေရာများသည် မည်သို့ နေရာများ ဖြစ်သည်ကို သိရှိခံစားနိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ လင့်ခ်များအပြင် အင်တာနက်ပေါ်တွင် ရရှိနိုင်သည့် သတင်းအချက်အလက်များစွာ ရှိသေးသည်။ ရွှေတြိဂံဒေသအတွင်း တောရိုင်းတိရစ္ဆာန်နှင့်ဆိုင်သည့် ပြစ်မှုများ တိုက်ဖျက်ရာတွင် တရားဥပဒေ စိုးမိုးရေး အဖွဲ့ဝင်များအား အထောက်အကူဖြစ်စေရန် အလွန်ပြည့်စုံသည့် တောရိုင်းတိရစ္ဆာန်များ ခွဲခြားရေး လမ်းညွှန် နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အတွင်း ကြောင်မျိုးနွယ် သတ္တဝါကြီးများ ကုန်ကူးမှုနှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာ တစောင် တို့ကို ထရက်ဖစ် အဖွဲ့က ပြုစုထားပါသည်။ ၂၀၂၁ ခုနှစ် အတွင်း ဖရန်တီယာ က ထုတ်ဝေသည့် စာတမ်း တစောင်တွင် ကမ္ဘာ့အကြီးမားဆုံး တောရိုင်းတိရစ္ဆာန်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအကြောင်း အကျဉ်းချုပ် ဖော်ပြထားသည်။ သဘာဝပတ်ဝန်းကျင် အရေး အဓိက တင်ဆက်လေ့ရှိသည့် မွန်ဂါဘေး သတင်းဝက်ဆိုက်ကလည်း ရွှေတြိဂံဒေသ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု အကြောင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ အချို့ကို ပြုစုထုတ်ပြန်ထားရာ ဤနေရာ၊ ဤနေရာ နှင့် ဤနေရာ တို့တွင် ဖတ်ရှုနိုင်ပါသည်။ ပထမ အစီရင်ခံစာတွင် ယေဘုယျဆန်ဆန် ဖော်ပြထားပြီး ဒုတိယအစီရင်ခံစာတွင်မူ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခံနေရသည့် တိရစ္ဆာန်များ စာရင်းကို ဖော်ပြထားသည်။ နောက်ဆုံး ထုတ်ပြန်ထားသည့် တတိယ အစီရင်ခံချက်တွင် လာအိုနိုင်ငံအတွင်း “အုပ်စုဖွဲ့ ဒုစရိုက်အဖွဲ့ တဖွဲ့က လုပ်ကိုင်နေသည့်” ကျားမွေးမြူရေးခြံကို လျှို့ဝှက်ရိုက်ကူးလာသည့် ဗီဒီယိုပါရှိသည်။
ထိုင်းနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်နေမှုကို စုံစမ်းထောက်လှမ်းနေသည့် အန်ဂျီအိုအဖွဲ့များ ရှိသည့်အနက် အကောင်းဆုံး သတင်းအချက်အလက် ထုတ်ပြန်နိုင်သည့် အဖွဲ့မှာ ထရက်ဖစ် ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအေဂျင်စီ နှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ တို့တွင်လည်း အသုံးဝင်လှသည့် အချက်အလက်များရှိသည်။
လေ့လာရန် ဥပမာများ
မြန်မာအစိုးရက ထိရှလွယ်သည့် ဒေသများသို့ နိုင်ငံခြားသားများ သွားလာရန် ခက်ခဲအောင် မပြုလုပ်မီ ယခင်အခါက ဂျာနယ်လစ် အတော်များများ မိုင်းလားသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထိုအချိန်အခါက ရေးသားခဲ့သည့် အပြည့်စုံဆုံး ဆောင်းပါးတပုဒ်ကို ၂၀၁၆ ခုနှစ် ဂျွန်လထုတ် ခရော့စ်ကားရန့် အရှေ့အာရှ သမိုင်းနှင့် ယဉ်ကျေးမှု ရီဗျူး တွင် ဖော်ပြခဲ့သည်။ ဆောင်းပါးရှင်များ ဖြစ်ကြသည့် အလက်ဇန္ဒရိုး ရစ်ပါ နှင့် မာတင် ဆက်ဆာ တို့က မိုင်းလားမြို့၏ သရုပ်သဏ္ဌာန်၊ ၎င်းတွင်ရှိသည့် တရားမဝင် လုပ်ငန်းများ၊ တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် မြန်မာနယ်စပ် တလျှောက်တွင် ရှိနေသည့် ယှဉ်ပြိုင်ဘက်မရှိ၊ ဥပဒေကင်းမဲ့သည့် ဒေသ တခု ပေါ်ထွန်းလာသည့် နောက်ခံသမိုင်းကြောင်း စသည်တို့ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးပြနိုင်ခဲ့သည်။ “မိုင်းလား၏ အောင်မြင်မှုသည် … လောင်းကစားသမားများ၊ မှောင်ခိုသမားများ၊ ကွန်မြူနစ်ဟောင်းများ၊ သူပုန်တပ်ဖွဲ့ခေါင်းဆောင်များနှင့် မူးယစ်ရာဇာများ၏ ကွန်ရက် တခုပေါ်တွင် တည်ရှိနေသည်” ဟု ၎င်းတို့က ရေးသည်။ ဆောင်းပါးရှင်များအနေဖြင့် နယ်စပ်ဒေသ၏ တရုတ်နိုင်ငံဘက်ခြမ်းမှ အကျင့်ပျက် အရာရှိများ အပြင် NDAA-ESS ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့်ဒေသ တောင်ဘက်ရှိ မြန်မာအစိုးရ ထိန်းချုပ်ဒေသမှ အကျင့်ပျက် အရာရှိများကိုလည်း အဆိုပါ ကွန်ရက်တွင် ထည့်သွင်းရေးသားနိုင်ပါသေးသည်။
မြန်မာနိုင်ငံ မိုင်းလားသို့ သွားရောက်သည့် ဂျာနယ်လစ်များသည် အထူးသဖြင့် ဓာတ်ပုံရိုက်ယူသည့် နေရာတွင် အထူးသတိထားဖို့ လိုအပ်သည်။ ပုံ−Shutterstock
ပြည်ပရောက် မြန်မာများ ထုတ်လွှင့်သည့် မဇ္ဈိမ ဝက်ဆိုက် က ၂၀၂၀ ခုနှစ်တွင် မိုင်းလား အကြောင်း ရှမ်းလူမျိုး တဦးဖြစ်သူ စိုင်းဝမ်းဆိုင် ရေးသားထားပြီး အတော်ကောင်းမွန်သည့် ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီ မြန်မာပညာရှင်များ ရေးသားခဲ့သည့် လေ့လာမှုများကို ၎င်းဆောင်းပါးတွင် အကျယ်တဝင့် ကိုးကားဖော်ပြခဲ့သည်။ စိုင်းဝမ်းဆိုင် သည် မိုင်းလားတွင် ဖြစ်ပေါ်တိုးတက်လာသည့် အကြောင်းကို အကျဉ်းချုပ် ဖော်ပြထားရုံသာမက မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် အတွင်းရှိ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်ကူးမှု အကြောင်းကိုလည်း တင်ပြထားသည်။ NDAA-ESS ထိန်းချုပ်ထားသည့် နယ်မြေ အတွင်း ဝင်ရောက်ရန် ခက်ခဲသည့်အလျောက် မိုင်းလား အကြောင်း အချိန်နှင့် တပြေးညီ တင်ဆက်ထားသည့် ဆောင်းပါးများလည်း ထွက်ပေါ်လာခြင်း မရှိတော့ပေ။
မှောင်ခိုသမားများအား ဖမ်းဆီးရရှိသည့် သတင်းများအား နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြနေကြဖြစ်ပြီး အယ်လ်ဂျာဇီးယားက ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း ဖော်ပြခဲ့သည့် သတင်း တပုဒ်သည် နောက်ဆုံး ဥပမာ တခု ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၇၂၅,၀၀၀ ပေါက်ဈေးရှိ ကြံ့ချို အလေးချိန် ၇၀ ကီလိုဂရမ်ကို မှောင်ခိုတင်သွင်းရာမှာ ပါဝင်သည်ဟု စွပ်စွဲခံထားရသည့်အမှုကို ရင်ဆိုင်ရန် အတွက် မလေးရှားနိုင်ငံသား တျိုဘွန်ချင်း အား အမေရိကန်ပြည်ထောင်စု သို့ လွှဲပြောင်းပေးလိုက်သည့် သတင်းဖြစ်သည်။ တျို သည် “အာဖရိကတိုက်မှ ကြံ့ချို၊ ဆင်စွယ်နှင့် သင်းခွေချပ်များကို သယ်ယူပို့ဆောင်ပေးရာတွင် ကျွမ်းကျင်ကြောင်း၊ များသောအားဖြင့် မလေးရှားနှင့် လာအိုနိုင်ငံ တို့ကို ဖြတ်သန်းကာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ရှိ စားသုံးသူများထံ ပို့ဆောင်ပေးကြောင်း” အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ဆိုသည်။ ဤအမှုတွင် ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ဂိုဏ်းများ သေချာပေါက် ပါဝင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ တလွှား ဖြန့်ကျက်ထားသည့် ကွန်ရက်များ ရှိသောကြောင့် ဖြစ်သည်။
ရွှေတြိဂံဒေဿရှိ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုအား ပိတ်ပင်တော့မည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဩဂုတ်လတွင်လာအိုအစိုးရက ကြေညာခဲ့သည်။ သို့သော် ၂၀၂၀ ခုနှစ် အတွင်း လိုက်ဖ်ဂိတ် ဝက်ဆိုက်တွင် ဖော်ပြထားသည့် စုံစမ်းထောက်လှမ်းရေး သတင်းတပုဒ်အရ တောင်ရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုများ ရပ်တံ့သွားခြင်း မရှိသေးဘဲ “တရားမဝင် ကုန်သည်များနှင့် တောရိုင်းတိရစ္ဆာန်လုပ်ငန်း လုပ်ကိုင်ကြသည့် ဒုစရိုက်သမားများသည် လူမှုကွန်ရက်များမှတဆင့်သာ သိုသိုသိပ်သိပ် အရောင်းအဝယ် လုပ်ကြသည့် ပုံစံအဖြစ်သို့သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ မက်ဆေ့၊ လူမှုကွန်ရက်နှင့် ငွေပေးချေသည့် တရုတ်နိုင်ငံလုပ် အက်ပ် တခုဖြစ်သည့် ဝီချက် အား တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုတွင် အသုံးပြုခြင်းမှာ တရိပ်ရိပ်နှင့် တိုးမြင့်လာသည်” ဟု သိရပါသည်။
၂၀၂၂ ခုနှစ် အတွင်း သည်ဒီပလိုမက် တွင် ဖော်ပြထားသည့် ဆောင်းပါး တပုဒ်တွင် အိန္ဒိယနိုင်ငံသည်လည်း ၎င်းတို့ ပြည်တွင်းတွင်မရှိသော မျိုးတုံးလုလု တိရစ္ဆာန်မျိုးစိတ်များ ဝယ်ယူလိုမှု တိုးတက်မြင့်မားလာသော နိုင်ငံ တခု ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့ပစ်မှတ်ထားသော တိရစ္ဆာန်များမှ ချင်ပန်ဇီ၊ သင်းခွေချပ်၊ မြွေ၊ ဖွတ် အစရှိသည့် တွားသွားတိရစ္ဆာန်များနှင့် တောကြောင်တို့ ဖြစ်ကြသည်။ ဤတိရစ္ဆာန်များအား မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ်များ ဖြစ်ကြသည့် မီဇိုရမ်နှင့် မဏိပူရ သို့ မှောင်ခိုတင်သွင်းကြသည်။ ယခုလို မှောင်ခိုတင်သွင်းရာတွင် မြန်မာနိုင်ငံ တောများတွင် မတွေ့ရှိနိုင်သည့် ချင်ပန်ဇီများလည်း ပါဝင်သဖြင့် ကမ္ဘာနှင့် ချိတ်ဆက် အလုပ်လုပ်နေကြသည့် မှောင်ခိုလုပ်ငန်း ဖြစ်ကြောင်း သိနိုင်ပေသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသ ဂူဝါဟာတီ အခြေစိုက် စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ် တဦးဖြစ်သူ ရာဂျစ် ဘတ်တာချာရိယ က “အိန္ဒိယနိုင်ငံက တရားမဝင် တောရိုင်းတိရစ္ဆာန်နှင့် တောရိုင်းထွက် ပစ္စည်းတွေ ထွက်တဲ့နိုင်ငံလည်း ဟုတ်သလို၊ တထောက်နားတဲ့နိုင်ငံလည်း ဟုတ်တယ်။ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်တဲ့  ထိပ်တန်း နိုင်ငံ ၂၀ မှာ အိန္ဒိယလည်းပါတယ်” ဟု ဆိုပါသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံက လူကုန်ကူးမှု
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု
]]>
ရွှေတြိဂံက လူကုန်ကူးမှု https://burma.irrawaddy.com/organized-crime-guide/2023/01/16/257361.html Mon, 16 Jan 2023 14:05:36 +0000 https://burma.irrawaddy.com/lytbox/?p=257361 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။ရွှေတြိဂံဒေသမှ တဆင့် လူများကို မှောင်ခိုခိုးထုတ်နေသည့် ကွန်ရက်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ အရေးပါလှပါသည်။]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
အခန်း (၄) လူကုန်ကူးမှု
ရွှေတြိဂံဒေသမှ တဆင့် လူများကို မှောင်ခိုခိုးထုတ်နေသည့် ကွန်ရက်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ အရေးပါလှပါသည်။ အကြောင်းပြချက်ကတော့ ရှင်းပါသည်။ လမ်းကြောင်းကို သိပြီး လိုအပ်သည့် အဆက်အသွယ်ရှိကြသော ဂိုဏ်းများကသာ လုပ်နိုင်သောကြောင့် ဖြစ်သည်။ ဤဒေသတွင် ပထမဦးဆုံး လူကုန်ကူးခံရသူများသည် တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။ ၎င်းတို့၏ အိပ်မက်များကို အကောင်အထည် ဖော်ရန်နှင့် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စု အပြင် ဂျပန်၊ ထိုင်ဝမ်၊ ဩစတေးလျ သို့မဟုတ် ဥရောပ အစရှိသည့် နေရာများသို့ သွားရောက်လိုကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ တရုတ်နိုင်ငံတွင် လူနေမှု အဆင့်အတန်း မြင့်မားလာသောကြောင့် ထွက်လာကြသူများ နည်းပါးသွားပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်မှုနှင့် ဆိုးဝါးလာသည့် စီးပွားရေး အခြေအနေတို့ကြောင့် တိုင်းပြည်မှ လူအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာသူ ပိုမိုများပြားလာပါသည်။
နောက်ထပ် အလုံးအရင်း ထွက်ခွာကြသူများမှာ မြောက်ကိုရီးယား နိုင်ငံသားများ ဖြစ်သည်။ ၎င်းတို့သည် အန္တရာယ်ကြီးမားလှသည့် တရုတ်နိုင်ငံကို ဖြတ်သန်းကာ လာအိုမှတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ သွားကြသည်။ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလာသည့် ၎င်းတို့ကို ထိုင်းနှင့် တောင်ကိုရီးယား အာဏာပိုင်များက စိစစ်ကာ တောင်ကိုရီးယားနိုင်ငံသို့ ဆက်လက်သွားခွင့်ပြုပါသည်။ တနည်းအားဖြင့် ရွှေတြိဂံဒေသသို့ ခိုးထုတ်လာခံရသည့် အခြားလူများကဲ့သို့ ၎င်းတို့အား ဆက်ဆံခြင်းမပြုပေ။ မြောက်ကိုရီးယား နိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ လာနေကြဆဲ ဖြစ်သော်လည်း ထိန်းချုပ်မှု ပိုမိုများပြားလာသောကြောင့် တရုတ်နိုင်ငံကို ဖြတ်သန်းကာ လူများကို ခိုးထုတ်ဖို့လည်း ပိုမိုခက်ခဲလာပါသည်။ ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြောင့်လည်း ပို၍ပင် ခက်ခဲစေပါသည်။ ယခုအခါ နောက်ထပ် အလုံးအရင်းနှင့် ပြောင်းရွှေ့လာကြသူများမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။ အမျိုးသားများသာမက အမျိုးသမီးများလည်း ပါကြသည်။ ၎င်းတို့တိုင်းပြည်တွင် ကျပ်တည်းလှသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန် ထွက်ပြေးလာကြခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်မှုနှင့် ဆိုးဝါးလာသည့် စီးပွားရေး အခြေအနေတို့ကြောင့် တိုင်းပြည်မှ လူအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာသူ ပိုမိုများပြားလာပါသည်။
ရွှေတြိဂံဒေသ အတွင်းမှ လူကုန်ကူးမှု
မြန်မာနိုင်ငံ (အနီရောင်ဖြင့် ပြထားသည့်) ရှမ်းပြည်နယ်မှ ရွှေ့ပြောင်းသူများသည် အလုပ်အကိုင် ရှာဖွေရန် နိုင်ငံ၏ တောင်ဘက် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဝင်သွားကြသည်။ ပုံ− Wikipedia/Creative Commons
မြန်မာနိုင်င်ငံတွင် နိုင်ငံရေး အခြေအနေ ဝရုန်းသုန်းကား ဖြစ်နေခြင်း၊ စီးပွားရေး ကပ်ဆိုက်နေခြင်း အပြင် အရာရာ အောက်ကျနောက်ကျ ဖြစ်နေခြင်းတို့ကြောင့် လူသန်းနှင့်ချီ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ထွက်လာကြရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာ တွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၂ ဒသမ ၉ သန်းရှိပြီး လုပ်သား အင်အား စုစုပေါင်း၏ ၇ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်ဟု ဆိုပါသည်။
မှတ်ပုံမတင်ထားကြသည့် ရွှေ့ပြောင်းအလုပ်သမားများကိုပါ ထည့်သွင်းရေတွက်ပါက ဒီ့ထက် နှစ်ဆထက် မနည်း ရှိနိုင်ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း၏ မြို့တော် ချင်းမိုင်တွင်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ရှမ်းများဖြစ်ကြသည်။ ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းကနေ၍ တောင်အထပ်ထပ်ကို ဖြတ်ကျော်ကာ ရောက်လာကြခြင်းဖြစ်သည်။ အခကြေးငွေယူကာ ထိုင်းနိုင်ငံအတွင်းသို့ လူခိုးသွင်းပေးကြသည့် ဂိုဏ်းများက ၎င်းတို့ကို စောင့်ကြပ်ခေါ်လာကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများ အနက် လူဦးရေ အများဆုံးဖြစ်သည့် ရှမ်းလူမျိုးများသည် ဘာသာစကားအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော်လည်းကောင်း ထိုင်းလူမျိုးများနှင့် နီးစပ်လှသည် (ရှမ်းလူမျိုးတို့သည် ၎င်းတို့ကို၎င်းတို့ တိုင်း ဟု ခေါ်ပြီး ထိုင်းလူမျိုးများကမူ ၎င်းတို့အား ထိုင်းယိုင် ဟု ခေါ်ကြသည်)။ ဤကား ရှမ်းလူမျိုးများအား ထိုင်းနိုင်ငံသို့ သွားလိုစိတ်ရှိအောင် ဆွဲဆောင်နိုင်သည့် အချက် တချက်ပင် ဖြစ်သည်။ ချင်းမိုင်ရှိ ဆောက်လုပ်ရေး လုပ်သားများတွင် မြန်မာနိုင်ငံမှ လာသည့် ရွှေ့ပြောင်းအလုပ်သမားများကသာ ကြီးစိုးထားကြသကဲ့သို့ ရှမ်းလူမျိုး အများစုသည် စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် ထိုင်းလူမျိုးများ လုပ်ကိုင်ချင်စိတ် မရှိသည့် လုပ်ခနည်းပါးသော အခြား အစေအပါး အလုပ်များကို လုပ်ကိုင်ကြရသည်။ ဤရွှေ့ပြောင်း အလုပ်သမားများသည် မကြာခဏ ဆိုသလို လုပ်ခလစာကို ခေါင်းပုံဖြတ်လိမ်လည်ခံရသည့်အပြင် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ခံကြရသည်။ ၎င်းတို့အား ထိုင်းရဲများက အသေးအဖွဲ  ပြစ်မှုများဖြင့် ဖမ်းဆီးကာ လာဘ်ငွေများ တောင်းခံကြလေ့ရှိသည်။ ရှမ်းတို့သည် ထိုင်းများနှင့် နီးစပ်လှသော်လည်း ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဒေသခံ လူထု၏ မလိုမုန်းထားမှုကို ရင်ဆိုင်နေကြရသည်။
ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား အများစုသည် ၎င်းတို့ နယ်စပ်ကို ဖြတ်ကျော်နိုင်အောင် သယ်ယူပို့ဆောင်ပေးခဲ့သည့် ဂိုဏ်းများအပေါ် အကြွေးများစွာ တင်နေကြသည်။ ၂၀၂၂ ခုနှစ် ဂျူလိုင်အတွင်း ဖော်ပြခဲ့သည့် Deutsche Welle သတင်းဌာန၏ သတင်းတပုဒ်တွင် “လွန်ခဲ့သည့် ဆယ်နှစ်က ထိုင်းနိုင်ငံ၏ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းခွင်အတွင်း အကြွေးနွံနစ်ကာ ကျေးကျွန်ဖြစ်နေကြသူများအကြောင်း ထိတ်လန့်ဖွယ် သတင်းများကြောင့် အံ့အားသင့်ကုန်သည့် စာသုံးသူများက ထိုင်းနိုင်ငံ၏ ထိပ်တန်းလုပ်ငန်း တခုဖြစ်သည့် ငါးလုပ်ငန်း ထုတ်ကုန်များကို ဆက်လက် စားသုံးသင့်မသင့် ပြန်လည်သုံးသပ်ကုန်ကြသည်“ ဟု ရေးသားထားသည်။ ထိုကဲ့သို့ လူကုန်ကူးခြင်းများတွင် ရွှေတြိဂံဒေသတွင် လှုပ်ရှားနေကြသည့် ဒုစရိုက်ဂိုဏ်းများလည်း ပါဝင်နေကြသည်။
လာအိုနိုင်ငံအတွင်းမှ ကင်းရိုမန် ကာစီနိုရုံရှိသည့် ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်သည် ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ရေး လုပ်ငန်းများ၏ အချက်အခြာ တခုဖြစ်နေသည့်အပြင် လူကုန်ကူးမှုများ၏ ဗဟိုချက်မလည်း ဖြစ်လာသည်။ ၂၀၂၂ ခုနှစ် မတ်လအတွင်းက လွတ်လပ်သည့်အာရှအသံ သတင်းတပုဒ်တွင် လူကုန်ကူးမှု၏ သားကောင်အများစုမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ဖြားယောင်းခံထားရသည့် လာအို အမျိုးသမီးများ ဖြစ်ကြောင်း ဖော်ပြထားသည်။ နိုမိုခရိုင် လာအိုအမျိုးသမီးသမဂ္ဂ အဖွဲ့ဝင် တဦးက “လူကုန်ကူးမှုမှာ သားကောင်အဖြစ် ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးနှင့် မိန်းကလေးတွေ အတော်များပါတယ် “ ဟု လွတ်လပ်သည့်အာရှအသံကို ပြောပြပါသည်။ “သူတို့မိသားစုတွေက ဆင်းရဲကြတယ်၊ ပညာမတတ်ကြဘူး၊ အန္တရာယ်ကိုလည်း သတိမထားမိကြဘူး၊ ဒါ့ကြောင့် ရောင်းစားခံကြရတယ်”။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည့် တောင်ကြီးမြို့။ နိုင်ငံရေး အခြေအနေ ဝရုန်းသုန်းကား ဖြစ်နေခြင်း၊ စီးပွားရေးကပ်ဆိုက်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး လူနည်းစု တိုင်းရင်းသားဖြစ်သည့် ရှမ်းများအပေါ် များစွာ ရိုက်ခတ်ခဲ့သောကြောင့် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်သွားကြရသည်။ ပုံ− Shutterstock
ဘန်ကောက်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာတွင် တည်ရှိသည့် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် မြန်မာ အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လုပ်နေကြပါသည်။ ဘန်ကောက် အနီးရှိ မဟာချိုင် တွင် အဓိက အခြေစိုက်သည့် ငါးဖမ်းလုပ်ငန်းတွင်လည်း ရွှေ့ပြောင်းမြန်မာ အလုပ်သမား ထောင်နှင့်ချီ လုပ်ကိုင်လျက်ရှိသည်။ မဲဆောက်တွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများသည် သမဂ္ဂများ ဖွဲ့စည်းဖို့ ကြိုးစားခဲ့သော်လည်း ထိုင်းနိုင်ငံဥပဒေအရ တရားဝင်ခြင်း မရှိပေ (ထိုင်းနိုင်ငံသားများ သာလျှင် သမဂ္ဂများသို့ ဝင်ရောက်နိုင်ခွင့်ရှိသည်)။
၂၀၂၀ ခုနှစ် အတွင်း ကိုဗစ်နိုင်တင်း ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက တရုတ်လူမျိုး အနည်းငယ်သာ ထိုင်းနိုင်ငံသို့ လာရောက်နိုင်တော့သည်။ သို့သော် ယခင်က လာရောက်ကြသူများသည် ဒုံပေနာပေခံသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် အမျိုးအစား ကွာခြားလှသည်။ အများအားဖြင့် ခဏတဖြုတ် လာရောက် လည်ပတ်သူများ ဖြစ်ကြသော်လည်း အချို့မှာမူ နေထိုင်ရန် လာကြခြင်းဖြစ်ကာ ၎င်းတို့သည် ထိုင်းနိုင်ငံ သက်သေခံ စာရွက်စာတမ်း တမျိုးမျိုးကို ဝယ်ယူရန် ငွေကြေးရှိသူများ ဖြစ်ကြသည်။ စာရွက်စာတမ်း ရရှိရန် အတွက် ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဘက်အခြမ်းတွင်ရှိသည့် ကူမင်တန် အဆက်အနွယ်များ နေထိုင်ရာ ဖြစ်သည့် (မယ်စလောင်း၊ ထမ်ငေါ့ပ်၊ ဘန်မိုင်နောင်ဘို၊ ဖာတန်နှင့် အခြား)  နေရာများတွင် အရင်ဆုံး ဝင်ရောက် နေထိုင်ကြရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူများကုန်ကူးနေခြင်းကို ထိထိရောက်ရောက် စုံစမ်းထောက်လှမ်းရန်အတွက် တခုတည်းသော နည်းလမ်းမှာ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ မြို့များသို့ သွားရောက်ရပေမည်။
အသစ်ရောက်ရှိလာသော တရုတ်လူမျိုး အနေဖြင့် ထိုင်းနိုင်ငံတွင် အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယခုအခါ နိုင်ငံသားဖြစ်နေသည့် တရုတ်မိသားစုများ၏ အိမ်ထောင်စုစာရင်းတွင် အခကြေးငွေပေးကာ ၎င်းတို့၏ အမည်စာရင်းကို ထည့်သွင်းနိုင်သည်။ ပိုမိုတရားဝင်ခိုင်မာသည့် အဆင့်အတန်းကို ရရှိရန်အတွက် ၎င်းတို့ရရှိထားသည့် ဒေသတွင်း အသိအမှတ်ပြု သက်သေခံကတ်ပြားကို ဘတ် ပရာချာချုံး ခေါ် နိုင်ငံသားကတ်ပြားအဖြစ် တရားမဝင်သော နည်းလမ်းဖြင့် အဆင့်မြှင့်နိုင်ကြသည်။ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ဤကဲ့သို့ လိုက်လုပ်ရန် ခက်ခဲပါသည်။ ဒေသခံ “အင်အားကြီးသော” တရုတ်လူမျိုးများအပြင် အကျင့်ပျက် ဒေသခံ ထိုင်းအရာရှိများ ပါဝင်ပတ်သက်နေသောကြောင့် ဤအကြောင်းများကို စုံစမ်းထောက်လှမ်းရန်မှာလည်း စွန့်စားရပေလိမ့်မည်။
အကြံပေးချက်များနှင့် အသုံးပြုနိုင်သည့် အကြောင်းအရာများ
လူကုန်ကူးမှုအကြောင်း ယေဘုယျအားဖြင့် သတင်းရေးသားမည် ဆိုပါက GIJN ၏ ဤသတင်း နှင့် GIJN ၏ အရင်းအမြစ်စင်တာ တွင် ယေဘုယျ အကြံပေးချက်များရှိပါသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူများကုန်ကူးနေခြင်းကို ထိထိရောက်ရောက် စုံစမ်းထောက်လှမ်းရန်အတွက် တခုတည်းသော နည်းလမ်းမှာ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ မဲဆောက်၊ ချင်းမိုင်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင်နှင့် ဆမွတ်ဆခုံ အစရှိသည့် မြို့များသို့ သွားရပေမည်။ ဒေသခံ ဂျာနယ်လစ်များ၊ သမဂ္ဂ စည်းရုံးရေးမှူးများနှင့် အန်ဂျီအိုများသည် အကောင်းဆုံး သတင်းရင်းမြစ်များ ဖြစ်ကြသည်။
အရှေ့တောင်အာရှ အတွင်း သီးခြား အခြေအနေနှင့် ပတ်သက်သည့် နောက်ခံ သတင်းအချက်အလက်များ ရရှိရန် အတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်သည့် နေရာများမှာ−
  • ဤ ၂၀၂၂ ခုနှစ် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန အစီရင်ခံစာ တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ လာအို အစိုးရအား အကြံပြုချက်များ ပါဝင်သည့်အပြင် တရားစွဲဆိုမှုများ၊ အကာအကွယ်နှင့် တားဆီးရေးနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေများကိုလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြထားသည်။
  • ဟောင်ကောင် မြို့တော်တက္ကသိုလ်၏ အရှေ့တောင်အာရှသုတေသနဌာန (SEARC) မှ ထုတ်ပြန်သည့် အစီရင်ခံတွင် ထိုင်းနိုင်ငံ မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခြေအနေကို အကဲဖြတ်ထားသည်။ ဤစာတမ်းအား အခမဲ့ကြည့်ရှုနိုင်သည့် အွန်လိုင်း ဘားမားလိုင်ဘရီ ဝက်ဆိုက်တွင် တင်ထားပါသည်။ ဤဝက်ဆိုက်သည် ဂျာနယ်လစ်များ အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း အချက်အလက် အများဆုံးရရှိနိုင်သည့် တခုတည်းသော အရင်းအမြစ် ဖြစ်သည်ဟု ဆိုနိုင်သည်။
  • ဤဒေသအတွင်းရှိ အလုပ်သမားများ အကြောင်း စုံစမ်းထောက်လှမ်းမည် ဆိုပါက ရွှေ့ပြောင်း အလုပ်သမားများအား အကူအညီပေးရန် ကြိုးစားနေကြသည့် မက်ပ်ဖောင်ဒေးရှင်း ကဲ့သို့သော ဒေသခံ အန်ဂျီအို အဖွဲ့များ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် အစရှိသည့် Union Aid Abroad APHEDA တို့အား ဆက်သွယ်သင့်သည်။
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကထုတ်ပြန်သည့် ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ငါးလုပ်ငန်း ကဏ္ဍကို လေ့လာထားသည့် စာတမ်း တစောင်တွင် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအနက် ၁၄ ရာခိုင်နှုန်းသည် အတင်းအကျပ် ခိုင်းစေခံနေရသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။ အခြေအနေများ တိုးတက်လာပြီ ဖြစ်သော်လည်း အိုင်အယ်လ်အို၏ အဆိုအရ “ငါးဖမ်းနှင့် ပင်လယ်စာ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ၂၀၁၉ ခုနှစ် အတွင်း ကွင်းဆင်းမေးမြန်းခဲ့ အလုပ်သမား လေးပုံသုံးပုံနီးနီးသည် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများမှ တဆင့် ဤအလုပ်ကို ရှာတွေ့ခြင်း သို့မဟုတ် အစုဆောင်းခံရခြင်း ဖြစ်ကြောင်းသိရသည်။ မှတ်ပုံတင်ထားသည့် အေးဂျင့်များနှင့် ပွဲစားများမရှိတော့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အလုပ်သမားရှာဖွေပေးရခများ လျော့နည်းသွားပုံရသော်လည်း အလုပ်သမားများ အထူးသဖြင့် ငါးဖမ်းလုပ်သားများသည်  ၎င်းတို့ ပြောင်းရွှေ့လာရသည့် ကုန်ကျစရိတ်နှင့် ပတ်သက်၍ အလုပ်ရှင်များထံ အကြွေးတင်လျက် ရှိကြပြီး လုပ်ခလစာ ထုတ်မပေးဘဲထားခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် အတင်းအကျပ် အလုပ်ခိုင်းစေခံရခြင်းများ ရှိသေးသည်” ဟု ဆိုပါသည်။
ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီကို ချိတ်ဆက်ထားသည့် ထိုင်း−မြန်မာ ချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းလာကြသူများ နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြစဉ်။ မဲဆောက်ရှိ ဒေသခံ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီရှိပေသည်။ ပုံ− Shutterstock
လေ့လာရန် ဥပမာများ
ရွှေတြိဂံဒေသနှင့် အနီးအပါး ဒေသများအား ဖြတ်သန်းသွားသည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအကြောင်း သတင်းအချက်အလက်များ အနည်းအကျဉ်းသာ ရရှိပါသေးသည်။ ခြွင်းချက် အနေဖြင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမားများ အကြောင်း ဖော်ပြထားသည့် အယ်လ်ဂျာဇီးယား သတင်းတပုဒ် ဖြစ်သည်။ ဤသတင်းတွင် ၎င်းတို့အား အသိအမှတ် မပြုသည့် နိုင်ငံတွင် နေထိုင်နေရသည့်အကြောင်း၊ အလုပ်သမား အခွင့်အရေးအနည်းငယ်သာ ရရှိပြီး သမဂ္ဂဖွဲ့စည်းခွင့် မရသည့်အကြောင်းများ ဖော်ပြထားသည်။
ဤအကြောင်းအရာနှင့် ပတ်သက်၍ သည်ဒီပလိုမက် ကလည်း ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဆောင်းပါး တပုဒ် ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် တရုတ်စကားပြောသည့် လူများ မည်သို့မည်ပုံ ပြန်ပေး အဆွဲခဲခံရပြီး မြန်မာနိုင်ငံ အတွင်းရှိ ဒုစရိုက်ဂိုဏ်းများတွင် အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရသည့်အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဆိုင်ဘာမှုခင်းကျူးလွန်ရန်၊ အွန်လိုင်း ကာစီနို လုပ်ကိုင်ရန် အတွက် အင်္ဂလိပ်စကားပြောတတ်သည့် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံသားများလည်း လူကုန်ကူးခံကြရသည်။ အဆိုပါ လူကုန်ကူးခံရသူ အရေအတွက်မှာ ၃၀၀ ထက်မနည်းရှိသည်ဟု ယုံကြည်ရကြောင်း အိန္ဒိယနိုင်ငံ မီဒီယာများ က ဖော်ပြသည်။
နေသန် ပေါလ် ဆောက်သန်း နှင့် လင်းဆေး ကနေဒီ တို့ ရေးသားသည့် ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန် အတွင်းမှ ခေတ်သစ် ကျွန်စနစ် အကြောင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့ပြီး ကာစီနိုရုံများ၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် ပြည့်တန်ဆာခန်းများတွင် အတင်းအကြပ် အလုပ်ခိုင်းစေခံရသည့် လူကုန်ကူးခံရသူများ၏ ဘဝများ အကြောင်းများ ဖော်ပြထားသည်။ ဆစ်ဒနီ မောနင်း ဟယ်ရာ ပါ ဆောင်းပါး တပုဒ်တွင်မူ ဆောက်သန်းနှင့် ကနေဒီ တို့က ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ အကြောင်း အထူးပြု ရေးသားခဲ့ရာတွင် “အရှေ့တောင်အာရှ တလွှားတွင် အစောင့်အကြပ် ထူထပ်စွာချထားသည့် အော့နှလုံးနာစရာ ကောင်းလှသည့် ခြံဝင်းကြီးများတွင် ကြီးမားကျယ်ပြန့်လှသည့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းကြီးများ လုပ်ကိုင်နေကြပုံနှင့် ကြောက်စရာကောင်းလှသည့် အခြေအနေတွင် လူများကို ပိတ်လှောင်ထားပြီး ၎င်းတို့အတွက် အတင်းအကြပ် အလုပ်ခိုင်းစေကြပုံ” များကို ရှင်းလင်းပြထားပါသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု
]]>
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု https://burma.irrawaddy.com/organized-crime-guide/2023/01/13/257281.html Fri, 13 Jan 2023 11:28:23 +0000 https://burma.irrawaddy.com/lytbox/?p=257281 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။ငွေမည်းများ ဖြတ်သန်းရသွားသည့် အလွှာများလေလေ တရားဥပဒေစိုးမိုးရေးအာဏာပိုင်များက ငွေကြေးများသည် ရာဇဝတ်မှုများနှင့် ပတ်သက်ခြင်း ရှိ မရှိ ခြေရာခံရန် ခက်ခဲလေလေ ဖြစ်သည်။]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
အခန်း (၃) ငွေကြေးခဝါချမှု
ငွေကြေးခဝါချမှု၏ ရည်ရွယ်ချက်သည် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့သော တရားမဝင် လုပ်ငန်းများမှ ရရှိလာသည့် ငွေကြေးများကို ဘဏ်အပ်ငွေ ကဲ့သို့သော တရားဝင်ပိုင်ဆိုင်မှု အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ရွှေတြိဂံဒေသ အတွင်းရှိ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် အခြား တရားမဝင် လုပ်ငန်းများမှ ရရှိလာသော ငွေကြေးများကို ထိုင်း၊ ဟောင်ကောင်နှင့် စင်္ကာပူ နိုင်ငံများရှိ ဘဏ်များမှ တဆင့် အစဉ်အဆက် ခဝါချခဲ့ကြသည်။ ငွေကြေးများကို ဒေသတွင်းဘဏ်စာရင်းများ၊ နိုင်ငံတကာဘဏ်စာရင်းများမှ တဆင့် အဆင့်ဆင့် လွှဲပြောင်းကာ နောက်ဆုံးတွင် ကမ္ဘာပေါ်ရှိ လူတဦးတယောက် သို့မဟုတ် စီးပွားရေးလုပ်ငန်း တခု၏ ဘဏ်စာရင်းထဲသို့ ရောက်ရှိသွားသည်။ ၎င်းငွေကြေးများ မည်သည့်နေရာက ထွက်ပေါ်လာသည်ကို ခြေရာခံနိုင်ရန် မဖြစ်နိုင်တော့ပေ။
ငွေကြေးခဝါချမှု အလုပ်လုပ်ပုံ
နိုင်ငံတကာ ဘဏ္ဍာရေး ကျွမ်းကျင်သူများ၏ အဆိုအရမူ ငွေကြေးခဝါချရန် အတွက် နေရာချထားခြင်း (placement)၊ ကြားခံအလွှာများထားခြင်း (layering) နှင့် ပေါင်းစပ်ခြင်း (integration) အစရှိသည့် အဓိကအဆင့် သုံးဆင့် ကို ဖြတ်သန်းရသည်ဟု ဆိုသည်။ အလုပ်လုပ်မှာကား−
ယေဘုယျအားဖြင့် ငွေမည်းများ ဖြတ်သန်းရသွားသည့် အလွှာများလေလေ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက ငွေကြေးများသည် ရာဇဝတ်မှုများနှင့် ပတ်သက်ခြင်း ရှိ မရှိ ခြေရာခံရန် ခက်ခဲလေလေ ဖြစ်သည်။
၁။    နေရာချထားခြင်း (Placement)။ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် လက်လီဖြန့်ဖြူးသူများသည် မူးယစ်ဆေးဝါး ထုတ်ပေးသူထံသို့ ငွေသားဖြင့် ပေးသွင်းကြသည်။ ၎င်းတို့လက်ခံရရှိသည့် ငွေစက္ကူ အမျိုးမျိုးကိုမူ ဘဏ်စာရင်းများထဲသို့ စတင် သွင်းကြသည်။ “နေရာချထားသည်” ဟုလည်း သုံးနှုန်းကြသည်။ ဤအလုပ်ကို ငွေသား အဓိကဝင်သည့် ဘား၊ နိုက်ကလပ်၊ စားသောက်ဆိုင်၊ စူပါမားကတ်နှင့် စက်သုံးဆီ အရောင်းဆိုင် အစရှိသည့် စီးပွားရေးလုပ်ငန်းများမှ တဆင့် ဒေသတွင်း၌ပင် ဆောင်ရွက်နိုင်သည်။ ဤနည်းလမ်းဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများတွင်သာမက လာအိုနှင့် မြန်မာနိုင်ငံများရှိ ဘဏ်များတွင် ငွေသားများ သွားရောက်အပ်နှံနိုင်သည်။ အကယ်၍ မေးခွန်းများ မေးမြန်းခံရပါက ငွေသွင်းသူသည် ၎င်းတို့ပိုင်ဆိုင်သည့် smurfing အထက်ဖော်ပြပါ လုပ်ငန်းတခုခုကို ပြနိုင်ပေသည်။ မူးယစ်ဆေးဝါးများအား ဒေသပြင်ပ အခြားနိုင်ငံများသို့ မှောင်ခိုတင်ပို့ပြီး အဆိုပါ နိုင်ငံများရှိ မူးယစ်ဆေးဝါး သုံးစွဲသူများထံ ရောင်းချ၍ ရရှိလာသည့် ငွေမည်းများကို ခဝါချသည့်အခါ “ဝိတ်လျှော့ခြင်း/ smurfing” ဆိုသည့် ငွေလွှဲသွင်းရာတွင် လွှဲသွင်းငွေပမာဏကို လျှော့ချသည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ “လူပုကလေးများ/smurfs” ဟု အမည်ပြောင် ပေးထားသည့် လူငှားများဖြင့် ဘဏ်တကာသို့ လှည့်လည်ကာ နာမည်အမျိုးမျိုးဖြင့် ဖွင့်ထားသည့် ဘဏ်စာရင်းများသို့ တရားမဝင် ရရှိလာသည့် ငွေများကို သွင်းကြသည်။ ဩစတေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် အခွန် အာဏာပိုင်များထံ မတင်ပြဘဲ ဘဏ်စာရင်း တခုသို့ သွင်းနိုင်သည့် ငွေကြေးပမာဏကို ကန့်သတ်ထားသည်။ ထို့ကြောင့် “လူပုကလေးများ” က ဘဏ်တကာသို့ လှည့်ကာ ကန့်သတ်ထားသည့် ပမာဏထက် နည်းသည့် ငွေများကို သွင်းကြသည်။ ဤနည်းလမ်းဖြင့် ငွေများသည် အစိုးရဌာနများ သို့မဟုတ် ဘဏ္ဍာရေး စောင့်ကြည့်သူများ သတိမထားမိစေဘဲနှင့် ဘဏ္ဍာရေးယန္တရား အတွင်းသို့ ဝင်ရောက်သွားကုန်ကြတော့သည်။
၂။    ကြားခံအလွှာများထားခြင်း (Layering)။ ဤဒုတိယအဆင့်တွင်မူ ငွေကြေး ခဝါချသူများက ငွေကြေး ပမာဏ အမြောက်အမြားကို တဘဏ်မှ တဘဏ်သို့ လွှဲမည်ဆိုပါက အနောက်တိုင်း ဘဏ္ဍာရေး အဖွဲ့အစည်းများက သတင်းပို့ရန် သတ်မှတ်ထားသည့် ပမာဏ ထက်လျှော့၍ အလီလီခွဲကာ အကြိမ်ကြိမ် လွှဲကြသည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ ကနေဒါနှင့် ဩစတေးလျ တွင် အစိုးရ အခွန် အာဏာပိုင်များထံ တင်ပြရန် မလိုသည့် ဘဏ်ငွေသွင်းငွေထုတ် ပမာဏသည် အမေရိကန်ဒေါ်လာ တသောင်း ပတ်လည်တွင် ရှိသည်။ ငွေများအား ခွဲလွှဲခြင်းအားဖြင့် တရားမဝင် လုပ်ငန်းများမှ စီးဆင်းလာသော ငွေများနှင့် ၎င်းတို့၏ မူလဇစ်မြစ် အစစ်အမှန် အကြား အဆက်အစပ် မရှိစေတော့ပေ။ ယေဘုယျအားဖြင့် ငွေမည်းများ ဖြတ်သန်းသွားရသည့် အလွှာများလေလေ ငွေကြေးများကို ရာဇဝတ်မှုများနှင့် ပတ်သက်ခြင်း ရှိ မရှိ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက ခြေရာခံရန် ခက်ခဲလေလေ ဖြစ်သည်။ ကြားခံ အလွှာများထားခြင်း ဆိုရာတွင် ရွှေရောင်းချခြင်း၊ မကာအို ကဲ့သို့သော နေရာမျိုးတွင် တရားဝင် ကာစီနိုရုံ တခုတွင် အနိုင်ရရှိခြင်း၊ တရားဝင် အိမ်ခြေမြေ အရောင်းအဝယ်နှင့် အခြား အထက်တန်းစားလုပ်ငန်းများ အစရှိသည့် ငွေရရှိရာ မူလဇစ်မြစ် အမျိုးအစား အဖြစ်သို့ ပြောင်းလဲခြင်းလည်း ပါဝင်သည်။ နိုင်ငံရပ်ခြားရှိ “အခွန်ကင်းလွတ်ရာနေရာများ” နှင့် “ဘဏ္ဍာရေး ဝန်ဆောင်မှု စင်တာများ” မှ တဆင့် ကမ္ဘာအနှံ့အပြားသို့ ငွေကြေးများလွှဲပို့ကြသည်။ နိုင်ငံများများကို ဖြတ်သန်းလေလေ ငွေကြေးဇစ်မြစ် အစစ်အမှန်ကို ဖော်ထုတ်ရန် အာဏာပိုင်များအတွက် ခက်ခဲလေလေ ဖြစ်ပါသည်။
မကာအိုရှိ ကာစီနိုရုံများတွင် အနိုင်ရလာသည်ဟု ဆိုရုံမျှဖြင့် မူးယစ်ဆေးဝါး လုပ်ငန်းမှ ရရှိသည့် ငွေမည်းများကို ဖုံးကွယ်နိုင်ပြီး မူလဇစ်မြစ်ကို ခြေရာခံရန် ခက်ခဲပေသည်။ / Shutterstock
၃။    ပေါင်းစပ်ခြင်း (Integration)။ နေရာချထားခြင်း၊ ကြားအလွှာခံထားခြင်းများ ပြီးဆုံးပါက နောက်ဆုံး အဆင့်တွင်မူ ငွေကြေးများကို တရားဝင် စီးပွားရေးလုပ်ငန်းများ နောက်ကွယ်တွင် ဝှက်ထားခြင်း၊ ဘဏ်တွင် အပ်နှံထားခြင်း စသည်ဖြင့် တရားဝင် ဘဏ္ဍာရေး ယန္တရားအတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ငွေကြေး ဝင်ရောက်သည့် တရားဝင် အရင်းအမြစ်များမှ တဆင့် အဆိုပါ ငွေများ မည်သည့်နေရာမှ ရသည် ဆိုသည့် ယုတ္တိရှိသော ရှင်းလင်းချက်များ ဖန်တီးရသည်။ ထိုငွေကြေးများကို ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု အခြား တရားမဝင် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည့် ဒုစရိုက် အဖွဲ့အစည်းများတွင် ပါဝင်သည့် လူပုဂ္ဂိုလ်များထံ ပြန်လည်ပေးပို့ရပါသည်။ ယခု တတိယ အဆင့် ဆောင်ရွက်ပြီးသည့် နောက်တွင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ အနေဖြင့် မည်သည့်ဝင်ငွေသည် တရားဝင် ဖြစ်သည်နှင့် မဖြစ်သည်ကို မခွဲခြားနိုင်သောကြောင့် ငွေကြေး ခဝါချသည့် ဒုစရိုက် အဖွဲ့အစည်းများသည် အဆိုပါ ငွေကြေးများကို အဖမ်းအဆီး ကင်းကင်းနှင့် စိတ်ချလက်ချ သုံးစွဲနိုင်ကြပေတော့သည်။ ယခင်က “မသန့်ရှင်းသည့်” ငွေကြေးများကို ခဝါချပြီးသည့်နောက် ပင်မစီးပွားရေးလောကအတွင်း အောင်မြင်စွာ ထည့်သွင်းနိုင်ပြီး အိမ်ခြံမြေ သို့မဟုတ် အခြား တရားဝင် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ ထို့အပြင် ထိုငွေကြေးများကို ဒုစရိုက်သမားက ဖောဖောသီသီသုံးဖြုန်းကာ ခမ်းခမ်းနားနား နေထိုင်ကြတော့သည်။
ပမာဏများပြားလှသည့် ငွေကြေးများကို ဘဏ်စာရင်းတခုသို့ ထည့်သွင်းကာ အစစ်အဆေး အမေးအမြန်းမရှိ နိုင်ငံခြားဘဏ် တခုခုသို့ လွှဲပို့နိုင်သည့် ထိုင်းနိုင်ငံကဲ့သို့သော အချို့နိုင်ငံများတွင်မူ အထက်ဖော်ပြပါ အဆင့်သုံးဆင့် စလုံး လုပ်ဆောင်ရန် မလိုအပ်ချေ။ သို့သော် ပေးပို့မည့် ဘဏ်စာရင်းဖွင့်ထားရာ နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေးလျ သို့မဟုတ် ဥရောပနိုင်ငံများ ဖြစ်ပါက အာဏာပိုင်များထံ သတင်းပို့ရမည့် အနည်းဆုံး ပမာဏထက် မကျော်လွန်စေရန် ငွေလွှဲများကို အလီလီခွဲ၍ လွှဲပို့ရမည် ဖြစ်သည်။
ထို့အပြင် မျက်စိဒေါက်ထောက်ကြည့်နေကြသည့် နိုင်ငံတကာမှ ဘဏ္ဍာရေး အာဏာပိုင်များ အန္တရာယ်မှ လွတ်ကင်းနိုင်ရန် ဒေသတွင်း၌ပင် ၎င်းတို့နည်း၎င်းတို့ဟန်ဖြင့် ဖန်တီးထားသော ငွေမည်းများကို သိုဝှက်ထားနိုင်သည့် နည်းလမ်း တခု ရှိသည်။ မြေအောက် ဘဏ်စနစ်များ ဖြစ်သည်။ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ ဤကဲ့သို့သော မြေအောက်ကွန်ရက်ကိုဟာဝါလာ ဟုခေါ်သည်။ အရှေ့တောင်နှင့် အရှေ့ အာရှတွင်မူ ဟိုင်ဝိုင် (“နိုင်ငံရပ်ခြား”)၊ ဟွေကွမ်း (“ငွေလွှဲ”) သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုငွေကြေး (သို့) ဈေးကစားခြင်းဟု အဓိပ္ပာယ်ရသည့် ချောင်ဟွေ ဟု ခေါ်ကြသည်။ အချို့ကလည်း မည်သည့်နေရာက စတင် အပ်နှံလိုက်သည့် အကြောင်းကို မသိနိုင်သည့် အဓိပ္ပာယ်ဖြင့် ဖေးချန် သို့မဟုတ် “ပျံသန်းလာသောငွေ” ဟု ခေါ်ကြသေးသည်။ ဟာဝါလာ ကဲ့သို့ပင် ဂွတီးဂွကျ စကားလုံး တလုံးပင်ဖြစ်သည်။ ဤ “မြေအောက်ဘဏ်များ” သည် ကမ္ဘာအနှံ့သို့ ငွေများ လွှဲပို့ရာတွင် ဗျူရိုကရေစီ ယန္တရားနှင့် ဥပဒေ ကန့်သတ်ချက်များ ရှိသော သာမန်ဘဏ်များထက်ပင် မြန်ဆန်တိကျလှပေသည်။ တရားမဝင်နှင့် တဝက်တပျက် တရားဝင်သည့် “မီးခိုးရောင်” ငွေများ (ဥပမာအားဖြင့် “အခွန်ရှောင်ခြင်း” သို့မဟုတ် မျှတမှု မရှိသည့် စီးပွားရေး လုပ်နည်းများဖြင့် ရရှိလာသော ငွေများ) ကမ္ဘာ့နှင့်ချီ စီးဆင်းနေမှုကို ခြေရာခံရန် ကြိုးစားနေကြသည့် ဒေသတွင်းရှိ အခွန် အာဏာပိုင်များနှင့် ထောက်လှမ်းရေး အဖွဲ့များ ခြေရာခံနိုင်သည့် စာရွက်စာတမ်းများကို ဤဘဏ်များနှင့် လုပ်ကိုင်လျှင် တွေ့နိုင်မည် မဟုတ်ချေ။
ဘန်ကောက်မြို့ ယောင်ဝရတ်ရှိ ရွှေဆိုင်တဆိုင်။ “ဖေးချန်” သို့မဟုတ် “ပျံသန်းလာသည့်ငွေ” လုပ်ငန်း လုပ်ကိုင်သူများသည် ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ၊ ရွှေဆိုင်၊ လုပ်ငန်းတခုမှ တခုသို့ ငွေချေးခြင်း စသည့်လုပ်ငန်းများကိုလည်း တွဲလျက် လုပ်ကိုင်ကြသည်။ / Koonsiri Boonnak/iStock
၎င်းတို့အလုပ်လုပ်မှာကား− ဟာဝါလာဒဟာ သို့မဟုတ် ဖေးချန် လုပ်ငန်း လုပ်ကိုင်သူ တဦးသည် များသောအားဖြင့် ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ သို့မဟုတ် ရွှေဆိုင် စသည့်လုပ်ငန်းများကိုလည်း တွဲလျက် လုပ်ကိုင်ကြသည်။ ဥပမာအားဖြင့် ဒုစရိုက်သမား တဦးသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ စင်္ကာပူ သို့မဟုတ် ဒူဘိုင်း သို့ ငွေလွှဲလိုပါက သူအနေဖြင့် အထက်ဖော်ပြပါ လုပ်ငန်း တခုခုတွင် ငွေပမာဏ မည်မျှကိုမဆို သွားသွင်းနိုင်သည်။ အခြားသူ သို့မဟုတ် သူကိုယ်တိုင်ပင် အခြားနိုင်ငံရှိ  ချိတ်ဆက်ထားသည့် ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ သို့မဟုတ် ရွှေဆိုင်များတွင် အဆိုပါ လွှဲထားသည့် ငွေကို ထုတ်ယူနိုင်သည်။ အပြန်အလှန်အားဖြင့် တရုတ် စီးပွားရေးသမား တဦးသည် ထိုင်းနိုင်ငံသို့ ငွေလွှဲလိုပါက တရုတ် ရန်မင်ဘီဖြင့် ကူမင်း သို့မဟုတ် ဟောင်ကောင် ရှိ ခရီးသွားအေးဂျင့် သို့မဟုတ် ရွှေဆိုင် တခုခုတွင် ငွေသွင်းထားပြီးပါက ချင်းမိုင်ရှိ ငွေလဲကောင်တာ တခု သို့မဟုတ် ဘန်ကောက်ရှိ ရွှေဆိုင်တဆိုင်တွင် ပမာဏ တူညီသည့် ထိုင်းဘတ်ငွေကို ထုတ်ယူနိုင်ပေသည်။ ယခင်ကမူ ငွေစက္ကူတရွက်ကို နှစ်ပိုင်းဖြစ်အောင် ဆုတ်ဖြဲကာ တပိုင်းကို ငွေထုတ်ယူမည့်သူကိုလည်းကောင်း၊ တပိုင်းကို ငွေလွှဲပို့သူအားလည်းကောင်း ပေးအပ်ခြင်းဖြင့် ငွေလွှဲပို့သူနှင့် လက်ခံသူတို့ကို စိစစ်နိုင်သည်။ ယနေ့ခေတ်တွင်မူ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်း သို့မဟုတ် အီးမေး စသည်တို့ကို အားလုံးက အသုံးပြုနေကြပြီ ဖြစ်သည်။
နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသည် အာရှတိုက်ရှိ မြေအောက်ဘဏ်များမှ တဆင့် ငွေကြေးများ စီးဆင်းနေမှုကို ဟန့်တားရန် ကြိုးပမ်းကြသော်လည်း ဟုတ်တိပတ်တိ အောင်မြင်ခြင်း မရှိသေးပေ။
မြေအောက်ဘဏ်လုပ်ငန်း လုပ်ကိုင်သူ တဦးသည် ကုန်ပစ္စည်းများကို မူလတန်ဖိုးထက် ပိုပေး၍ တင်သွင်းခြင်း၊ လျှော့ရန် တင်သွင်းခြင်းအားဖြင့် ငွေများကို တိုင်းပြည်တခု အပြင်ဘက်သို့ ရွှေ့ထုတ်နိုင်သည်။ ဤငွေကြေး ခဝါချသည့်နည်းလမ်းကို ဖုံးကွယ်ရန် အတွက် အီလက်ထရောနစ် ပစ္စည်းများ၊ အဝတ်အထည်များ၊ တန်ဖိုးကြီး ကော်ဇော်များ၊ အစားအသောက်များ သို့မဟုတ် အိမ်ဆောက်ပစ္စည်းများ အစရှိသည့် ကုန်ပစ္စည်းများကို အသုံးပြုနိုင်သည်။ မည်သည့်နည်းကို သုံးသည်ဖြစ်စေ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများ အနေဖြင့် တဖက်က လိုငွေပြပြီး ကျန်တဖက်က ပိုငွေပြနေမည် ဖြစ်သောကြောင့် ၎င်းတို့၏ စာရင်းများကို ရှင်းလင်းရမည်သာ ဖြစ်သည်။ ယခုကဲ့သို့သော ငွေလက်ကျန် ပြဿနာကို အလွတ်သဘော ငွေလွှဲခြင်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင် ဘဏ်သို့သွားပြီး ဒေသတွင်းသုံး ငွေကြေး သို့မဟုတ် အမေရိကန်ဒေါ်လာနှင့် ငွေသားထုတ်ယူခြင်းဖြင့်လည်းကောင်း ရှင်းလင်းနိုင်သည်။ မူးယစ်ဆေးဝါး ကွန်ရက် အဖွဲ့ဝင်များ အချင်းချင်း တနှစ်လျှင် တကြိမ်မှ လေးကြိမ် အထိ ဆက်သွယ်ကြကာ ကျန်ရှိသည့် စာရင်းများကို ရှင်းလင်းပေးချေကြသည်။
သို့သော် ၎င်းတို့စနစ်ကြီး တခုလုံးသည် ယုံကြည်မှု အပေါ်တွင် တည်ဆောက်ထားသည်။ ယုံကြည်မှု ပျက်ပြားခဲ့သည်ရှိသော် ငွေဘုံးပြီး ထွက်ပြေးသွားသူများအတွက် နောက်ဆက်တွဲ အကြောင်းမလှနိုင်တော့ပေ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသည် အာရှတိုက်ရှိ မြေအောက်ဘဏ်များမှ တဆင့် ငွေကြေးများ စီးဆင်းနေမှုကို ဟန့်တားရန် ကြိုးပမ်းကြသော်လည်း ဟုတ်တိပတ်တိ အောင်မြင်ခြင်း မရှိသေးပေ။ အကြမ်းဖက် လုပ်ရပ်များကို ဘဏ္ဍာရေး အကူအညီပေးခဲ့သည့် ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသရှိ ဟာဝါလာဒဟာများကို ၉/၁၁ အဖြစ်အပျက်နောက်ပိုင်း အမေရိကန် ပြည်ထောင်စုက ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ ဖေးချန် လုပ်ငန်း လုပ်ကိုင်သူများကိုလည်း ပစ်မှတ်ထားခဲ့သည်။ နှစ်ပေါင်း နှစ်ဆယ်ကြာပြီးနောက်ပိုင်းတွင်မူဖေးချန် လုပ်ကိုင်သူများနှင့် ဟာဝါလာဒဟာများသည် ရွှေတြိဂံဒေသ အပါအဝင် အာရှတလွှားတွင် ၎င်းတို့စက်ကွင်းကို ဖြန့်ကျက်ကာ ဘေးမသီရန်မခံနှင့် လွတ်လွတ်လပ်လပ်ကြီး လုပ်ကိုင်နေကြပြီ ဖြစ်သည်။
နောက်ခံသမိုင်းကြောင်း
၁၉၈၉ ခုနှစ် မတ်လနှင့် ဧပရယ်လများအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အောက်ခြေရှိ တောင်တန်းသား အရာရှိစစ်သည်များက အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သည့် ရှေးရိုးစွဲ ဗမာအများစုဖြစ်သည့် ခေါင်းဆောင်များကို ပုန်ကန်ကာ တရုတ်နိုင်ငံဘက်သို့ မောင်းထုတ်လိုက်သည့် အချိန်မှ စ၍ ရွှေတြိဂံဒေသ၏ စီးပွားရေးသည် ဝုန်းခနဲ တိုးတက်လာခဲ့သည်။ ဗကပမှ လူမျိုးစု လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ကွဲထွက်လာချိန်သည် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများ မြို့ကြီးပြကြီးများကနေ နယ်စပ်ဒေသများသို့ ထောင်နှင့်ချီ၍ ထွက်ပြေးလာကြချိန်နှင့်လည်း တိုက်ဆိုင်နေလေသည်။ ၎င်းတို့သည် မြို့တော်ဟောင်း ရန်ကုန်နှင့် အခြားမြို့ကြီးမြို့ငယ်များတွင် ဖြစ်ပွားခဲ့သည့် လူသတ်ပွဲများမှ ထွက်ပြေးလာကြပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရသစ်ကို လူမျိုးစု သူပုန်အဖွဲ့များနှင့် ပူးပေါင်းကာ ပြန်လည် တိုက်ခိုက်ရန် အားသန်နေကြသည်။ သို့သော် မြို့ပြမှ ရောက်လာသည့် တက်ကြွလှုပ်ရှားသူများအား ထုတ်ပေးနိုင်ရန် လူမျိုးစုတပ်ဖွဲ့များတွင် လက်နက်အရေအတွက် မဖြစ်စလောက်သာ ရှိသည်။ ၁၉၆၈−၁၉၇၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ထောက်ပံ့ထားသည့် လက်နက်များမှာ ဗကပလက်ထဲတွင် ဂိုဒေါင်လိုက် ရှိနေဆဲ ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ လူမျိုးစု သူပုန်အဖွဲ့များသာ ရှိကြသော်လည်း ထိုအချိန်အခါကမူ ယခုအခါ လူမျိုးစုတပ်ဖွဲ့များ ဖြစ်သွားကြသည့် ဗကပနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ရှိနေကြသည်သဖြင့် ဆယ်နှစ်စုများစွာ ကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ ပြည်တွင်းစစ်သည်လည်း တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည့် အခြေအနေ ရှိခဲ့သည်။ အဆိုပါ အန္တရာယ်ကို ဖယ်ရှားနိုင်ရန်အတွက် ရန်ကုန်တွင် အသစ်တက်လာသည့် အာဏာသိမ်း စစ်အုပ်စုသည် ဗကပမှ ခွဲထွက်လာသည့် အုပ်စုများကို ချဉ်းကပ်ကာ မိမိတို့ သက်ဆိုင်ရာ နယ်မြေများကို ဆက်လက် ထိန်းချုပ်ရန်၊ မိမိတို့လက်နက် မိမိဆက်ကိုင်ထားရန်၊ တပ်မတော်နှင့် မတိုက်ခိုက်သရွေ့ မိမိတို့ ကြိုက်နှစ်သက်ရာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်နှင့် မိမိတို့ လက်နက်များကို တခြားသူပုန်အဖွဲ့များဆီ မျှဝေမပေးရန် စသည်ဖြင့် ကမ်းလှမ်းခဲ့သည်။ အဆိုပါ ကမ်းလှမ်းချက်ကို ရွှေတြိဂံဒေသအတွင်း ဘိန်းစိုက်ပျိုးရာ ဒေသများကို ထိန်းချုပ်ထားသည့် ဗကပ ခွဲထွက် အဖွဲ့များက လက်ခံခဲ့ပြီး ဗကပမှ ခွဲထွက်ခဲ့ပြီး တနှစ်အတွင်းမှာပင် ဘိန်းထုတ်လုပ်မှု နှစ်ဆ ထိုးတက်သွားခဲ့သည်။
တောင်သူများသည် ကို အသုံးပြု၍ ဘိန်းစေးများ စိမ့်ထွက်နေသည့် ဘိန်းသီးများ လိုင်းများပေါ်အောင် ခြစ်ယူကာ ဘိန်းစိမ်းများကို ရယူကြသည်။/ Shutterstock
အာဏာသိမ်း စစ်အုပ်စုအပေါ် ခြိမ်းခြောက်နေသည့် ရန်မီး တခုငြိမ်းသွားပြီ ဖြစ်သော်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကြောင့် ရွှေတြိဂံဒေသ ဘိန်းကုန်သွယ်မှုကို တခေတ်ဆန်းစေတော့သည်။ ရရှိလာသည့် ငွေမည်း အမြောက်အမြားကို ငွေဖြူအဖြစ် ပြောင်းလဲရန် လိုအပ်လာသည်။ အဆိုပါ ငွေမည်းများကို အသစ်တည်ထောင်ကာစ ဖြစ်သည့် ကာစီနိုလောင်းကစားရုံများမှတဆင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဘဏ်များမှ တဆင့်လည်းကောင်း ငွေဖြူအဖြစ် ပြောင်းလဲကြသည်။
ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ဘိန်းတမျိုးတည်းကိုသာ ထုတ်လုပ်သည့်ခေတ်မှ မက်သဖက်တမင်းများကိုပါ ထုတ်လုပ်လာနိုင်ကြသောအခါ ကာစီနိုလောင်းကစားရုံများ မှိုလိုပေါက်လာကာ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် အခြားသော တရားမဝင်လုပ်ငန်းများမှ ရရှိလာသော ငွေများကို အလွယ်တကူ ခဝါချနိုင်ကြသည်။ လာအိုနိုင်ငံ အနောက်မြောက်ဘက်နှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ မြောက်ပိုင်းဒေသများရှိ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန် တည်ထောင်ထားသည့် အထူးစီးပွားရေးဇုန် ဆိုသည့် စီမံကိန်းများသည်လည်း မိုးဦးကျမှိုများကဲ့သို့ ပေါများလာသည့် လောင်းကစားရုံများကို အားဖြည့်ပေးသကဲ့သို့ ရှိနေသည်။ အဆိုပါ ကာစီနိုလောင်းကစားရုံများအား အုပ်စုဖွဲ့ရာဇဝတ်ဂိုဏ်းများက ရင်းနှီးမြှုပ်နှံထားကြခြင်း ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အဆိုအရ “မဲခေါင်ဒေသခွဲအတွင်းရှိသည့် အထူးစီးပွားရေးဇုန် ၁၂၀ တွင် ခန့်မှန်းချက်အရ ကာစီနိုလောင်းကစားရုံ ၂၄၀ ခန့်ရှိနိုင်ပြီး အချို့ဒေသများသည် ကြီးမားကျယ်ပြန့်လှသည့် ဒုစရိုက်လုပ်ငန်းများ၏ အချက်အခြာများ ဖြစ်လာကြကြောင်း” သိရသည်။
ပထမဦးဆုံးသော ကာစီနို လောင်းကစားရုံများကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်− ရှမ်းပြည်နယ် အရှေ့ပိုင်း the National Democratic Alliance Army-Eastern Shan State (NDAA-ESS) ထိန်းချုပ်နယ်မြေ အတွင်းတွင် စတင်တည်ထောင်ခဲ့သည်။ အဆိုပါ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဗကပ ပြိုလဲပြီးနောက် ထွက်ပေါ်လာသည့် တပ်ဖွဲ့များထဲက တဖွဲ့ဖြစ်ပြီး ၎င်း၏ ဗဟိုဌာနချုပ်မှာ တရုတ်နယ်စပ်အနီးရှိ မိုင်းလားတွင် ရှိသည်။ မိုင်းလားသည် ဝါးထရံကာတဲအိမ်ကလေးများ အများစုဖြစ်သည့် ရွာကလေး အဖြစ်မှ ဇိမ်ခံဟိုတယ်များ၊ ထူးခြားလှသည့် စားသောက်ဆိုင်ကြီးများ၊ ပြည့်တန်ဆာခန်းများ၊ ကာစီနို လောင်းကစားရုံများရှိသည့် ခေတ်မီမြို့တမြို့ အဖြစ် ပြောင်းလဲလာသည်။ NDAA-ESS သည်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရွှေတြိဂံဒေသရှိ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သည့် အခြားအုပ်စုများနှင့်လည်း လက်တွဲ အလုပ်လုပ်ခဲ့သည်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါ မဖြစ်ခင်နှင့် ယခုအထိ ကျင့်သုံးနေဆဲ ဖြစ်သည့် တရုတ်နိုင်ငံ၏ “ဇီးရိုး−ကိုဗစ်” ပေါ်လစီ မပြဋ္ဌာန်းခင်တုန်းက ဆိုလျှင် တရုတ်နိုင်ငံမှ ခရီးသွားပေါင်းထောင်နှင့်ချီ နေ့စဉ် နယ်စပ်ကို ဖြတ်ကျော်ကာ မိုင်းလားရှိ ဖျော်ဖြေမှုများကို ခံစားကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် လောင်းကစား လုပ်ငန်းကို ပိတ်ပင်တားမြစ်ထားသောကြောင့် ကာစီနိုလောင်းကစားရုံသို့ လာကြခြင်းဖြစ်သည်။ ယခုကဲ့သို့ နယ်စပ်ကို ဖြတ်ကျော်သွားလာနေကြခြင်းဖြင့် တရုတ်နိုင်ငံမှ ငွေကြေးအမြောက်အမြား စီးဆင်းထွက်သွားသောကြောင့် တရုတ် အာဏာပိုင်များကလည်း မိုင်းလားရှိ ခရီးသွားလုပ်ငန်းအား ထိန်းချုပ်ရန် အခွင့်သင့်တိုင်း ကြိုးစားခဲ့သည်။ သို့သော် NDAA-ESS ခေါင်းဆောင်ပိုင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်များဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ခေတ်ကတည်းကပင် တရုတ်နိုင်ငံ လုံခြုံရေး အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသောကြောင့် ရေရေရာရာ အောင်မြင်မှု မရခဲ့ပေ။ ဗကပ ပြိုကွဲသွားပြီးနောက် ထွက်ပေါ်လာသည့် လူမျိုးစုတပ်ဖွဲ့များတွင် အင်အားအကြီးဆုံး အဖွဲ့ဖြစ်သည့် “ဝ” ပြည်  သွေးစည်းညီညွတ်ရေး တပ်မတော် (United Wa State Army – UWSA) ကထိန်းချုပ်ထားသည့် တရုတ်−မြန်မာနယ်စပ် ဒေသများတွင်လည်း ကာစီနို လောင်းကစားရုံများ ဖွင့်လှစ်ထားသည်။ သို့သော် ဘိန်း၊ ဘိန်းဖြူနှင့် ယခုအခါ မက်သဖက်တမင်း ကုန်သွယ်မှုမှ UWSA က ရရှိသော ဝင်ငွေမှာ ပိုများပြားပေသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ မိုင်းလားမြို့။ တရားမဝင်သည့် ငွေကြေးများနှင့် တရုတ် ခရီးသွားများ၏ ကျေးဇူးကြောင့် မိုင်းလားသည် အိပ်မောကျနေသည့် ရွာကလေး အဖြစ်မှ ဇိမ်ခံဟိုတယ်များ၊ အထက်တန်းစား စားသောက်ဆိုင်ကြီးများ၊ ပြည့်တန်ဆာခန်းများ၊ ကာစီနို လောင်းကစားရုံများရှိသည့် ခေတ်မီမြို့ တမြို့အဖြစ် ပြောင်းလဲလာခဲ့သည်။/ Shutterstock
အကြံပေးချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
ဤအကြောင်းအရာများကို ရေးသားခြင်းသည် စိန်ခေါ်မှု တခုဖြစ်သည်။ ပထမအချက်မှာ တရားမဝင် ငွေများအား ခြေရာခံ၍ မရစေရန် ရည်ရွယ်ကာ လုပ်ဆောင်ထားသည့် အချက်တချက်ကြောင့်ပင် အဆိုပါ ငွေများကို ခဝါချထားခြင်း ဖြစ်ကြောင်း သက်သေပြရန် ခဲယဉ်းသည်။ အဆိုပါ လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသူများသည် သူတို့အကြောင်း ထုတ်ဖော်ရေးသားသည့် ဂျာနယ်လစ်များအား တရားစွဲဆိုရန် ဝန်လေးကြသူများ မဟုတ်ပေ။ ဤပြဿနာအား ရင်ဆိုင်ရန် အကောင်းဆုံးနည်းမှာ တရားဝင် စာရွက်စာတမ်းများ အခိုင်အ မည်သူ တဦးတယောက်ကိုမျှ ရည်ညွှန်းခြင်းမရှိဘဲ ၎င်းတို့ယန္တရားကြီး အလုပ်လုပ်ပုံကို ဖော်ထုတ်ရေးသားရန်သာ ဖြစ်ပါသည်။
ဂျာနယ်လစ် တဦးအနေဖြင့် ကာစီနိုလောင်းကစားရုံ အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ရန်မှာ အင်မတန် စွန့်စားရာကျပါသည်။ လောင်းကစားမည့်သူ တဦးအနေဖြင့် ဟန်ဆောင် အသွင်ယူကာ ဝင်ရောက်ရန် နည်းလမ်း တခုသာ ရှိပါသည်။ ဓာတ်ပုံရိုက်သည့်အခါတွင်လည်း အတတ်နိုင်ဆုံး သတိကြီးစွာ ထားရပါမည်။ (လျှို့ဝှက် သတင်းစုံစမ်းတင်ပြခြင်းအတွက် အကောင်းဆုံး နည်းလမ်းများ အကြောင်းကို GIJN ၏ အသွင်ယူ သတင်းစုံစမ်းတင်ပြခြင်း လမ်းညွှန် တွင်လည်း ဖတ်ရှုနိုင်ပါသည်။)
ထိုင်းနိုင်ငံ အပြင် မြန်မာ၊ လာအို၊ တရုတ်နှင့် ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများမှ ဒေသခံရဲများသည် ဒုစရိုက်သမားများထံမှ လစဉ်ကြေး ရယူထားကြလေ့ ရှိသောကြောင့် အဆိုပါ ဒေသများသို့ စွန့်စား၍ မသွားရောက်မီ အတွေ့အကြုံရှိသည့် ဂျာနယ်လစ်များနှင့် အန်ဂျီအိုဝန်ထမ်းများ အစရှိသည့် ယုံကြည်စိတ်ချရကာ လက်တွဲဆောင်ရွက်နိုင်သော ဒေသခံများကို ငှားရမ်းသင့်ပါသည်။
တချိန်တည်းတွင် ရွှေတြိဂံဒေသရှိ ကာစီနိုလောင်းကစားရုံများသို့ မသွားရောက်မီ အင်တာနက်ပေါ်ရှိ အောက်ပါလင့်ခ်များကို ရှာဖွေဖတ်ရှုလေ့လာသင့်ပါသည်−
လေ့လာရန် ဥပမာများ
ငွေကြေးခဝါချမှုများ မည်သို့မည်ပုံ အလုပ်လုပ်သည်ကို ဖိုင်းနန့်အေးရှား၌ ၂၀၁၀ ခုနှစ် မတ်လအတွင်း ဆောင်းပါး တပုဒ် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ရေးသားခဲ့သည့် ဆောင်းပါးဖြစ်သော်လည်း ငွေကြေးခဝါချလုပ်ငန်းတွင် လုပ်ပုံလုပ်နည်းများ အကြောင်း ရှင်းပြချက်နှင့် စုံစမ်းသိရှိရသည့် အကြောင်းအရာတို့မှာ မတိန်းမယိမ်းသာ ဖြစ်ပေလိမ့်မည်။ GIJN ကလည်း ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် ဘဏ္ဍာရေး ပြစ်မှု စုံစမ်းထောက်လှမ်းရေး လမ်းညွှန် ကို ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
မူလ ရွှေတြိဂံဒေသ၏ တောင်ဘက်ခြမ်း ထိုင်း−မြန်မာနယ်စပ်တွင် ပေါ်ပေါက်လာသည့် “တရုတ်မြို့” နှစ်နေရာထဲမှ တခုဖြစ်သည့် ရွှေကုက္ကို။/ ကိုးကား− Wikipedia
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းလိုက်သော်လည်း ရွှေတြိဂံဒေသ၏ လက်ရှိ မြေပြင် အခြေအနေသည် အပြောင်းအလဲ မရှိချေ (နယ်စပ်ရေးရာဝန်ကြီးဌာနသည် အရပ်သား အုပ်ချုပ်ရေးအောက်တွင် မရှိဘဲ အမြဲတမ်း စစ်တပ် ထိန်းချုပ်မှုအောက်တွင်သာရှိသည်)။ ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း အေးရှားတိုင်းမ်စ် တွင် ဖော်ပြခဲ့သည့် စုံစမ်းထောက်လှမ်းရေး ဆောင်းပါး တပုဒ်ကို ဖတ်နိုင်သည်။ အဆိုပါ ဆောင်းပါးတွင် ရွှေတြိဂံဒေသ၏ တောင်ဘက်ခြမ်း ထိုင်း−မြန်မာနယ်စပ်တွင် “တရုတ်မြို့ သို့မဟုတ် တရုတ်တန်း” နှစ်ခု ပေါ်ထွက်လာကြောင်း၊ နှစ်မြို့စလုံးကို မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ထားပြီး ယခုအခါ “နယ်ခြားစောင့်တပ်” ဟု အမည်တွင်သည့် ကရင်လူမျိုးစု သူပုန်ဟောင်းများက ထိန်းချုပ်ထားသည်။ ပထမတမြို့မှာ ရွှေကုက္ကို ဖြစ်ပြီး ထိုင်း−မြန်မာနယ်စပ်တွင် မေးတင်လျက်ရှိသည်။ ဘန်ကောက်မြို့၏ အနောက်မြောက်ဘက် ၅၀၀ ကီလိုမီတာ၊ မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်၏ အရှေ့ဘက် ၄၂၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ရှိသည်ဟု ဆိုသော်လည်း သောင်ရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းက ဝင်ရောက်ရန် ပိုမိုလွယ်ကူသည်။ ကြီးမားလှသည့် အဆောက်အဦး အသစ်များကို တည်ဆောက်ထားသည်။ တချို့မှာ ဟိုတယ်များနှင့် တိုက်ခန်းများ ဖြစ်ကြပြီး တချို့မှာ စားသောက်ဆိုင်ကြီးများ၊ ကာရာအိုကေခန်းမများ၊ အလှပြင်ခန်းမများနှင့် ကာစီနို လောင်းကစားရုံများ ဖြစ်ကြသည်။ မြေအကျယ် ဧက ၂,၀၀၀ (ဟက်တာ ၈၀၀ ကျော်) ပေါ်တွင် တရုတ်က တည်ဆောက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တရားဝင် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ အေးရှားတိုင်းမ်စ် တွင် ဖော်ပြထားသည့် ဆောင်းပါးတွင် “တရုတ်နိုင်ငံပိုင် ကုမ္ပဏီ တခုဖြစ်သည့် ကျိလင်ယထိုက်အုပ်စု (Jilin Yatai Group) က နောက်ခံပြုထားပြီး မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာယထိုက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကုမ္ပဏီ အမည်ဖြင့် မှတ်ပုံတင်ခဲ့သည်။ ထို့ကြောင့် တရားဝင် စီးပွားရေးလုပ်ငန်းတခုဖြစ်သည်။ စီမံကိန်းပြီးစီးသွားလျှင် ရှော့ပင်းမောများ၊ ကုန်သွယ်ရေးစင်တာများ၊ ဂေါက်ဖ်ကွင်းများအပြင် လေယာဉ်ကွင်းပင် ပါဝင်နိုင်သည်” ဟု ရေးသားထားသည်။
အလားတူ စီမံကိန်း တခုကိုလည်း မယ်ဆောက်မြို့၏တောင်ဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် အကောင်အထည် ဖော်လျက်ရှိသည်။ မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် ကရင်လူမျိုးစုသူပုန် တဖွဲ့ ထိန်းချုပ်ရာ ဒေသ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများမှာ မကြာသေးခင်ကာလက ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည့် တရုတ်လူမျိုးများ ဖြစ်ကြသည်။ ဖနွမ်ပင်ရှိ ဟွန်ဆင် အစိုးရက ၂၀၂၀ ခုနှစ် အတွင်း ဥပဒေအသစ် ပြဋ္ဌာန်းကာ ဆီဟာနုဗီးလ်တွင် ရှိသည့် ကာစီနိုလုပ်ငန်းများကို ကန့်သတ်လိုက်သည့်နောက်ပိုင်း မြန်မာနိုင်ငံကို ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ ဒုတိယ ကာစီနိုဇုံ၏ အဓိက ကြိုးကိုင်သူမှာ ဝမ်ကုတ်ကွိုင် ဆိုသူဖြစ်သည်။ “သွားကျိုး” ဟူသည် နာမည်ပြောင်လည်း ရှိသည်။ “တရားမဝင် အဖွဲ့အစည်း” တခုဖြစ်သည့် 14-K အမည်ရှိ တရုတ် လျှို့ဝှက် ဒုစရိုက်ဂိုဏ်း၏ ဒေသခံ ဂိုဏ်းခွဲတွင် ပါဝင် ပတ်သက်မှုဖြင့် မကာအိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၃ နှစ်ကျခံခဲ့ရသည့် လူဆိုးဂိုဏ်းဝင် တဦးဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ဖော်ပြခဲ့သည့် ဧရာဝတီ သတင်းဌာန၏ သတင်းတပုဒ်အရဆိုလျှင် ၂၀၁၂ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီး တရားဝင်သည့် ဟန်ပန်ပေါက်သည့် ရုပ်ပြ အုပ်စုများ၊ လုပ်ငန်းများစွာကို တည်ထောင်သည်။ အင်အားကြီးမားသည့် တရုတ်စီးပွားရေး အကျိုးစီးပွားများ၏ အကူအညီ တစုံတရာ မပါဘဲ ဤကဲ့သို့ တည်ထောင်နိုင်မည် မဟုတ်ပေ။ မယ်ဆောက်တောင်ဘက်တွင် တည်ဆောက်မည့် စီမံကိန်းသည်လည်း ငွေကြေးခဝါချရန် နေရာတခုဖြစ် သံသယဖြစ်ဖွယ် ရှိပါသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လတွင် တရားမဝင် အွန်လိုင်း ကာစီနို လောင်းကစားလုပ်ငန်း တခု လုပ်ကိုင်မှုဖြင့် ဝမ်ကုတ်ကွိုင်၏ လုပ်ဖော်ကိုင်ဖက် တဦး ဘန်ကောက်တွင် အဖမ်းခံရသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ နယ်စပ်ရွာကလေးဖြစ်သည့် ရွှေကုက္ကိုရှိ လောင်းကစား လုပ်ငန်းများအပြင် ဖိလစ်ပိုင်နိုင်ငံမှ ထီလုပ်ငန်းတခုတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်ဟု သတင်းများ တက်လာသည်။ ရွှေကုက္ကိုနှင့် မယ်ဆောက် တောင်ဘက်ရှိ လောင်းကစားဇုန်တို့တွင် အွန်လိုင်းနှင့် အစဉ်အလာ ကာစီနိုလောင်းကစားများ ဆက်လက်လုပ်ဆောင်နေကြသည်။
လာအိုနိုင်ငံတွင် ကင်းရိုမန် ကာစီနိုရုံ တည်ဆောက်နေသည်ကို မဲခေါင်မြစ် တဖက်ကမ်း ထိုင်းနိုင်ငံမှ မြင်တွေ့ရစဉ်။ အခွန်ကင်းလွတ်ခွင့်ရရှိသည့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် တခုဖြစ်ကာ တရုတ်စီးပွားရေးသမားများက ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်ထားသော အထူးစီးပွားရေးဇုန် တခု အတွင်း၌ ဤကာစီနိုရုံ တည်ရှိသည်။/ Shutterstock
တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်အတူ စုံစမ်းထောက်လှမ်းရေး သတင်းထောက်များအား ဆွဲဆောင်နေသည့် အခြားနေရာတခုမှာ လာအို၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံနယ်စပ် အနီးရှိ လာအိုနိုင်ငံရှိ ကင်းရိုမန် ကာစီနို လောင်းကစားရုံကြီး ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ရသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ အနက် တခု ဖြစ်သည့် ရွှေတြိဂံအထူးစီးပွားရေးဇုန် (GTSEZ) ၏ အစိတ်အပိုင်း တခု ဖြစ်သည်။ အဆိုပါ အထူးစီးပွားရေးဇုန်တွင် တရုတ် စီးပွားရေးသမားများက ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံထားသည်။ ကင်းရိုမန် ကာစီနိုရုံကို လုပ်ကိုင်ခွင့် ၉၉ နှစ် ချထားပေးပြီး သက်တမ်းကုန်ဆုံးပါက လာအို အစိုးရထံသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ ကင်းရိုမန်တွင် ကာစီနိုရုံ၏ အတွင်းအပြင်မှာ ချထားနိုင်သည့် ကိုယ်ပိုင် လုံခြုံရေးတပ်ဖွဲ့ ရှိသည်။ အဆိုပါ ကာစီနိုရုံများသို့ လာရောက်ကစားသူများ အနေဖြင့် စလော့စက်များ အပြင် ဘက်ကရတ်၊ ဘလက်ဂျက်နှင့် ရူးလက် အစရှိသည့် ဂိမ်းများကိုလည်း ကစားနိုင်သည်။ ၂၀၁၇ ခုနှစ်အတွင်း နယူးယောက်တိုင်းမ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတပုဒ်တွင်မူ အဆိုပါ ကာစီနို လောင်းကစားရုံတွင် တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများ ရှိနေကြောင်း မီးမောင်းထိုးပြထားသည်။ ၎င်းနေရာတွင် ရှိသည့် တိရစ္ဆာန်ရုံ ဆိုသည်မှာ ကျားများနှင့် အခြား မျိုးတုံးလုလု တိရစ္ဆာန်မျိုးစိတ်များကို သတ်ဖြတ်သည့် နေရာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ကင်းရိုမန် သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက သတ်မှတ်ထားသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကိုးကားအသုံးပြုနိုင်သည့် နောက်ခံအကြောင်းအရာ အမြောက်အမြား ရှိနေသော်လည်း ရွှေတြိဂံဒေသရှိ ကာစီနိုလောင်းကစားရုံများနှင့် ငွေကြေးခဝါချခြင်းအကြောင်းများ စုံစမ်းရေးသားမည် ဆိုပါက အကြောင်းအရာ အသစ်များကိုသာ ဖော်ထုတ်ရေးသားရန်သာ သတိပြုသင့်သည်။ သတင်းကိုတော့ ရေးရမည်သာဖြစ်ပြီး လုပ်နိုင်သည့် တခုတည်းသော နည်းလမ်းမှာ “ပိုက်ဆံနောက်သို့ အနံ့ခံလိုက်ကာ” မည်သူ့ အိတ်ထဲ အဆုံးသတ် ဝင်ရောက်သွားသည်ကို ရှာဖွေ ဖော်ထုတ်ရန်သာ ဖြစ်ပေသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
]]>
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု https://burma.irrawaddy.com/organized-crime-guide/2023/01/12/257257.html Thu, 12 Jan 2023 11:50:02 +0000 https://burma.irrawaddy.com/lytbox/?p=257257 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။ယနေ့ခေတ် မူးယစ်ရာဇာများသည် လောစစ်ဟန်နှင့် ခွန်ဆာ တို့ကဲ့သို့ လူသိထင်ရှား ဟန်တလုံးပန်တလုံး မရှိတော့ပေ။]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
အခန်း (၂) မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
​ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး လုပ်ငန်းများတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု ပုံစံ နှစ်မျိုး ရှိသည်။ ပထမ တမျိုးမှာ အကျင့်ပျက်ခြစားခြင်း ဖြစ်ပြီး အခြားတမျိုးမှာ ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည့် ဂိုဏ်းများနှင့် အဆိုပါ ဒေသအတွင်းရှိ အစိုးရစစ်တပ်များ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ကြခြင်း ဖြစ်သည်။ အကျင့်ပျက် ခြစားသူများ ပါဝင်ပတ်သက်ခြင်းအား နားလည်ရန်၊ ရှင်းပြရန် လွယ်ကူပါသည်။ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ပမာဏ မည်ရွေ့မည်မျှ ရှိသည်၊ ၎င်းနှင့် ပတ်သက်၍ နှစ်စဉ် ဒုစရိုက်လုပ်ငန်းများ မည်မျှ ဖြစ်ပေါ်နေသည်တို့ကို မည်သူမျှ အတိအကျ ပြောနိုင်ခြင်း မရှိပေ။ သို့သော် အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီနိုင်သည်ဟု ယုံကြည်ရပေသည်။ ငွေကြေးပမာဏ ကြီးမားစွာ လည်ပတ်နေသည့် လုပ်ငန်းဖြစ်သည့် အလျောက် ဥပမာအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လစာငွေ နည်းပါးလှသည့် ဥပဒေစိုးမိုးရေး ဝန်ထမ်းများနှင့် အစိုးရ အရာရှိများက လာဘ်ထိုးသည့်ငွေကြေးများကို ငြင်းဆန်ရန် ခက်ခဲသည်မှာ အံ့ဩစရာ ကောင်းလှသည်တော့ မဟုတ်ချေ။ ထိုင်းစစ်တပ်မှ ဂုဏ်သိက္ခာရှိ အဆင့်မြင့် အရာရှိကြီး တဦး ကျွန်ုပ်အား “မြောက်ပိုင်းဆီကို ကျနော်တို့ထဲက အကောင်းဆုံးနဲ့ အရိုးသားဆုံး ဆိုတဲ့ အရာရှိကို လွှတ်နိုင်တယ်။ ဒါပေမယ့် ခြောက်လပြည့်ရင် သူ့ကို တခြားပြန်ပြောင်းပေးရတယ်။ ပြဿနာကတော့ ရှင်းရှင်းလေးပါ။ မှောင်ခိုသမားတွေက လက်တဖက်မှာ သေနတ်ကိုင်ထားပြီး နောက်တဖက်မှာ ငွေထုပ်ပိုက်ထားတယ်။ အဲဒီ အရာရှိ အနေနဲ့ ခေါင်းထဲ ကျည်ဆံ ပစ်သွင်းတာ ခံမလား၊ ဒါမှမဟုတ် ငွေကိုလက်ခံပြီးတော့ မှောင်ခိုလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေမလား၊ ဒီနှစ်လမ်းပဲ ရွေးစရာရှိတယ်” ဟု ပြောပြဖူးသည်။
မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများသည် တရားဝင်စီးပွားရေး လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြသူများလည်း ဖြစ်ပြီး ထောက်လှမ်းရေး သတင်းပေးများ အဖြစ်လည်း အသုံးဝင်ခဲ့ကြောင်း သက်သေ သာဓကဟောင်းများရှိပြီး ဖြစ်သည်။
How the Corruption Works အကျင့်ပျက်မှု ဖြစ်ပေါ်လာပုံ
အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများနှင့် အတော်အသင့် ချိတ်ဆက် လုပ်ကိုင်ကြသည့် ရာဇဝတ်ဂိုဏ်းများသည် ဥပဒေပြင်ပတွင် နေကြသည် ဆိုသော်လည်း လူ့အဖွဲ့အစည်း အပြင်ဘက်တွင် ရှိကြသူများ မဟုတ်ကြောင်းကို သတိချပ်သင့်သည်။ အာရှတိုက်၏ အစိတ်အပိုင်း အချို့တွင် ပြစ်မှု၊ စီးပွားရေး၊ အစိုးရနှင့် ထောက်လှမ်းရေး အဖွဲ့တို့ ထွေးရောယှက်တင် ဖြစ်နေကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများသည် တရားဝင်စီးပွားရေး လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြသူများလည်း ဖြစ်ပြီး ထောက်လှမ်းရေး သတင်းပေးများ အဖြစ်လည်း အသုံးဝင်ခဲ့ကြောင်း သက်သေ သာဓကဟောင်းများလည်း ရှိပြီးဖြစ်သည်။ တန်ဖိုးကြီး ကုန်စည်များအား အန္တရာယ်များသည့် ဒေသများကို ဖြတ်သန်းကာ ပို့ဆောင်ရလေ့ ရှိသည်ဟူသည့် ရိုးရှင်းသော အကြောင်းပြချက် တခုနှင့်ပင် ဒေသတွင်း အခြေအနေကို သိရှိရာတွင် ၎င်းတို့အား ယှဉ်ပြိုင်နိုင်သူ မရှိတော့ကြောင်း သိသာပေသည်။ အချို့သော စာရေးဆရာများ ရေးသားကြသကဲ့သို့ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အင်ဒိုချိုင်းနား စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုသည် မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးများကို လျှို့ဝှက်စစ်ဆင်ရေးလုပ်ငန်းများ၌ အသုံးပြုသည်ဟူသည့် အချက်ကို လက်ညှိုးထိုးပြ စရာ တခုမှ မရှိချေ။ အဆိုပါ စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် လုံလောက်သော လျှို့ဝှက် ရန်ပုံငွေများ ရှိပြီးဖြစ်သည်။ သို့သော် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများက အမေရိကန်များ ရှိနေစဉ်အတွင်း အမြတ်ထုတ်ကြသည်။ အဖိုးတန် သတင်းအချက်အလက်များကို အမေရိကန်ထံ ပေးကာ အတုံ့အလှည့် အနေဖြင့် ၎င်းတို့၏ ဘိန်းကုန်သွယ်မှုနှင့် အခြား တရားမဝင် လုပ်ငန်းများကို အကန့်အသတ်မရှိ လုပ်ကိုင်ခွင့် ရရှိကြသည်။ ထိုအထဲတွင် တရုတ်အမျိုးသားရေးဝါဒီတပ်ဖွဲ့များ အပြင် ကွန်မြူနစ်များ ဖြစ်ကြသည့် ပသက်လာအိုနှင့် မြောက်ဗီယက်နမ်ကို တိုက်ခိုက်ရာမှာ ပါဝင်သည့် လာအိုနိုင်ငံအတွင်းရှိ တောင်ပေါ်နေ လူမျိုးစု တပ်ဖွဲ့များလည်း ပါဝင်သည်။
မြန်မာ့တပ်မတော်၏ ကာကွယ်ရေးတပ်ဖွဲ့ စီမံကိန်းသည်လည်း အစိုးရ အာဏာပိုင်များက လက်နက်ကိုင် အဖွဲ့များအား အသုံးပြုကာ အစိုးရဆန့်ကျင်ရေး သူပုန်များကို တိုက်ခိုက်စေသည့် ဗြောင်ကျလှသည့် ဥပမာ တခုဟု ဆိုနိုင်လိမ့်မည်။ ၁၉၇၃ ခုနှစ်တွင် အဆိုပါ တပ်ဖွဲ့များအား ဖျက်သိမ်းလိုက်သော်လည်း အဆိုပါ မူဝါဒကို နဂိုအတိုင်း ဆက်လက်ကျင့်သုံးခဲ့သည်။ ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် လော်စစ်ဟန်အား ၎င်းနှစ်တွင်ပင် ဖမ်းဆီးခဲ့ရာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် မဟုတ်ဘဲ အစိုးရက ခွင့်မပြုနိုင်သည့် ကိစ္စများကို ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ကို ပုန်ကန်မှု တို့ဖြင့် စွဲချက်တင်ခံရသည်။ ရန်ကုန်ရှိ အစိုးရအား နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေသည့် လူမျိုးစု တပ်မတော် တခုဖြစ်သည့် ရှမ်းပြည်တပ်မတော် (Shan State Army -SSA) နှင့် ၁၉၇၃ ခုနှစ်တွင် မဟာမိတ်ပြုရန် စီစဉ်ဆောင်ရွက်သောကြောင့် ဖြစ်သည်။
လော်စစ်ဟန်သည် သေဒဏ်ချမှတ်ခြင်း ခံရသော်လည်း ၁၉၈၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့ရှိ ၎င်း၏ နေရပ်ဟောင်းကို ပြန်ကာ ပြည်သူ့စစ်တပ်ဖွဲ့ အသစ် ထပ်မံ ဖွဲ့စည်းပြီး နောက်ပိုင်း ထင်ရှားသည့် စီးပွားရေးသမား တဦး ဖြစ်လာခဲ့သည်။ ၎င်းပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီးများထဲမှ တခုဖြစ်လာခဲ့ပြီး နိုင်ငံတဝှမ်းရှိ ဆောက်လုပ်ရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ လော်စစ်ဟန်နှင့် ၎င်း၏သား စတီဖင်လော တို့သည် “မြန်မာစစ်အစိုးရ၏ အဓိက ဘဏ္ဍာရေး ထောက်တိုင်များ” ဖြစ်သည်ဟု အမေရိကန်အစိုးရက တခါ ဖော်ပြခဲ့ဖူးသည်။ လော်စစ်ဟန် သည် ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ် ဂျူလိုင်လ ၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ မြို့တော်ဟောင်းတွင် ၎င်း၏ ဈာပနကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။ ဒေသခံ ဗီဒီယို သတင်းထောက် တဦးက လော်စစ်ဟန်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဗီဒီယိုရိုက်ကူးဖို့ ကြိုးစားရာတွင် လော်စစ်ဟန်၏ ကိုယ်ပိုင် လုံခြုံရေးများက တားဆီးခဲ့သည်။ နေအိမ်၏ အပြင်ဘက် လမ်းပေါ်တွင်မူ ရဲတပ်ဖွဲ့ဝင်များက ချထားကာ လုံခြုံရေးယူထားသည်ကို တွေ့ရသည်။
ရွှေတြိဂံဒေသ၏ အခြား အဓိက ဘိန်းဘုရင် တဦးဖြစ်သူ ခွန်ဆာ သည် ရှမ်းပြည်တပ်မတော် (SSA) နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၁၉၆၉ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်း၏ ကာကွယ်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း ၎င်း၏နောက်လိုက်များက တောခိုသွားကြပြီး တောင်ကြီးမြို့ရှိ ဆေးရုံ တရုံမှ ဆိုဗီယက် ဆရာဝန် နှစ်ဦးကို ပြန်ပေးဆွဲကာ ခွန်ဆာနှင့် အလှဲအလှယ်လုပ်ရန် တောင်းဆိုခဲ့ကြသည်။ ၁၉၇၇ မှ ၁၉၈၀ ခုနှစ် အထိ ဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သည့် ဩဇာကြီးမားလှသည့် ထိုင်းဗိုလ်ချုပ်ကြီး တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကရိုင်ဆတ် ချိုမာနန် က ဤကိစ္စ၌ ကြားဝင်ခဲ့သည်။ ထို့ကြောင့် ၁၉၇၄ ခုနှစ်တွင် ဆရာဝန် နှစ်ဦးအား ထိုင်းနိုင်ငံတွင် ပြန်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံ အကျဉ်းထောင် အတွင်းရှိ ခွန်ဆာ အားလည်း ပြန်လွှတ်ပေးခဲ့ရသည်။ ခွန်ဆာလည်း ထိုင်းနယ်စပ်သို့ ဆင်းလာပြီး ရှမ်းညီညွတ်ရေးတပ်မတော် (Shan United Army -SUA) အမည်ဖြင့် တပ်ဖွဲ့ အသစ် ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မြန်မာနယ်စပ်နှင့် ကီလိုမီတာ အနည်းငယ် ဝေးသည့်နေရာရှိ ဘန်ဟင်တက် တွင် အခြေစိုက်ခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ခွန်ဆာ သည် ကရိုင်ဆတ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ၁၉၈၁ ခုနှစ် အတွင်း ဗိုလ်ချုပ်ကြီး ရွေးကောက်ပွဲဝင်ရန် အတွက် မဲဆွယ်စရိတ် အဖြစ် ဘိန်းဘုရင်ကြီးက အမေရိကန် ဒေါ်လာ ငါးသောင်း လျှို့ဝှက်စွာ ထောက်ပံ့ခဲ့သည်ဟု ထိုအချိန်က ခွန်ဆာ၏ အနီးကပ် လူယုံ တဦးက ကျွန်ုပ်အား ပြောပြဖူးပါသည်။
ထိုင်း−မြန်မာ နယ်စပ်တလျှောက် ဘိန်းချက်စခန်းများ အစီအရီ တည်ရှိနေပြီး ဘိန်းဖြူ ပမာဏ အမြောက်အမြား ထွက်ရှိလာခြင်းကြောင့် ခွန်ဆာ တည်ရှိနေခြင်းသည် ထိုင်းနိုင်ငံအဖို့ နိုင်ငံတကာတွင် အရှက်ရစေခဲ့သည်။ ထို့ကြောင့် ၁၉၈၂ ခုနှစ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ခွန်ဆာနှင့် ၎င်း၏ SUA တပ်ဖွဲ့အား မြန်မာနိုင်ငံဘက်သို့ တိုက်ထုတ်ခဲ့ကြသည်။ ဘန်ဟင်တက်နှင့် အနီးအနားတွင် အခြေစိုက်သည့် ထိုင်းတပ်ဖွဲ့များအား ခွန်ဆာ က လစဉ် ပေးကမ်းထားပြီး ဖြစ်သောကြောင့် ၎င်းအား တိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံ အခြားဒေသမှ တပ်ဖွဲ့များကို အသုံးပြုခဲ့ရသည်။ သို့သော် အချိန်တိုအတွင်း၌ပင် ခွန်ဆာက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နှင့် မျက်နှာချင်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ဟိုမိန်းတွင် ဌာနချုပ်အသစ် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ခဲ့သည်။ ခွန်ဆာ၏ အဖွဲ့သည် ထိုင်းအာဏာပိုင်များ အတွက် မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ကြားဒေသများမှ ထောက်လှမ်းရေးသတင်းများယူပေးသည်။ ထို့အပြင် ၎င်း၏အဖွဲ့သည် ထိုင်းနိုင်ငံ အတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံကာ စီးပွားရေး လုပ်ငန်းများကို တည်ဆောက်ခဲ့သည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုကို စုံစမ်းထောက်လှမ်းရန်မှာ တရားတဘောင် ရင်ဆိုင်ရဖွယ်ရှိသည့်အပြင် တာဝန်အလွဲသုံးစား လုပ်မှုများ မှန်ကန်ကြောင်း တရားရုံးတွင် သက်သေပြရန် ခက်ခဲသောကြောင့် အတော်စွန့်စားရပါလိမ့်မည်။
တချိန်တည်းတွင် ခွန်ဆာ သည် မြန်မာစစ်တပ်၊ မြန်မာထောက်လှမ်းရေးတပ်ဖွဲ့ တို့နှင့်လည်း ဆက်သွယ်ခဲ့သည်။ မြန်မာစစ်တပ်သည် လူမျိုးစုနှင့် ကွန်မြူနစ် သူပုန်များအား တိုက်ခိုက်ရန် အတွက် ခွန်ဆာ မြန်မာနိုင်ငံတွင် တည်ရှိနေမှုကို အောက်အီးသည်းခံခဲ့ကြသည်။ ထို့ကြောင့် ဟိုမိန်းဌာနချုပ်ကို မြန်မာစစ်တပ်က တိုက်ခိုက်ခြင်း မရှိဘဲနှင့် ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ခွန်ဆာ က လက်နက်ချကာ ရန်ကုန်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ သူ့တပ်ဖွဲ့ကို ဖျက်သိမ်းပြီး ငွေကြေး ပမာဏ အမြောက်အမြားကို မြန်မာဘဏ်များသို့ လွှဲပြောင်းကာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ခွန်ဆာ သည် ရန်ကုန်မြို့၌ပင် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ယနေ့ခေတ် မူးယစ်ရာဇာများသည် လောစစ်ဟန်နှင့် ခွန်ဆာ တို့ကဲ့သို့ လူသိထင်ရှား ဟန်တလုံးပန်တလုံး မရှိတော့ပေ။ မျိုးဆက်သစ် မှောင်ခိုသမားများသည် တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေထိုင်ကြပြီး ဘိန်း၊ ဘိန်းဖြူတို့ အစား မက်သဖက်တမင်းကဲ့သို့သော မူးယစ်ဆေးဝါးများကိုသာ ထုတ်လုပ် ရောင်းချကြတော့သည်။ သို့သော် ၎င်းတို့နှင့် မြန်မာစစ်တပ်ကြားရှိ ဆက်ဆံရေးမှာမူ မပြောင်းမလဲ နဂိုအတိုင်းသာ ဆက်လက် တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုသူပုန်တပ်များကို တိုက်ခိုက်ပေးရမည်။ အပြန်အလှန်အားဖြင့် မူးယစ်ဆေးဝါး ကုန်သွယ်ခွင့်ကို ရရှိပါသည်။ ရရှိလာသည့် အကျိုးအမြတ်များကို နိုင်ငံတွင်း စီးပွားရေး လုပ်ငန်းများ တည်ထောင်ပါတော့သည်။
အကြံပြုချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ရုတ်ချည်းတိုးပွားသည်ဟု သတင်းများ တက်လာပါသည်။ သို့သော် ဝေဖန်သူတို့မှာလည်း မသေချာလှပါ။
မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုကို စုံစမ်းထောက်လှမ်းခြင်းသည် တရားတဘောင် ရင်ဆိုင်ရဖွယ်ရှိသည့်အပြင် အဆိုပါ တာဝန်အလွဲသုံးစား လုပ်မှုများ မှန်ကန်ကြောင်းအား တရားရုံးတွင် သက်သေပြရန် ခက်ခဲသောကြောင့် အလွန်စွန့်စားရပါလိမ့်မည်။ အကျင့်ပျက်ခြစားမှုနှင့် ကြံရာပါမှုများ အကြောင်း စုံစမ်းထောက်လှမ်းမည် ဆိုပါက သတိကြီးကြီး ထားရမည့် အပြင် ရှေ့နေရှေ့ရပ်များနှင့်လည်း တိုင်ပင်ရပါလိမ့်မည်။ ဤသတင်းမျိုး စုံစမ်းမည် ဆိုပါက အင်မတန် ခိုင်လုံကာ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များ လိုအပါသည်။ သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ကာကွယ်ပေးရပါမည်။ သို့သော် အွန်လိုင်းပေါ်တွင် ရရှိတဲ့ အကြောင်းအရာများနှင့်ပင် ဆောင်းပါးကောင်း အချို့ ရေးနိုင်ပါသည်။
အမေရိကန် ပညာရှင် ဂျွန် ဗျူခါနန် သည် ၂၀၁၆ ခုနှစ် အတွင်း ရွှေတြိဂံဒေသရှိ အစိုးရ အသိအမှတ်ပြု ပြည်သူ့စစ်များ အကြောင်း  ရွှေတြိဂံဒေသရှိ အစိုးရ အသိအမှတ်ပြု ပြည်သူ့စစ်များ အကြောင်း အသေးစိတ် သုတေသနလုပ်ခဲ့သည်။ အဆိုပါ ပြည်သူ့စစ်များ၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားရာ ဒေသ၊ မြန်မာစစ်တပ်၊ အခြားအစိုးရ အာဏာပိုင်များနှင့် မည်သို့ ဆက်ဆံရေးရှိပုံတို့ ဖြစ်သည်။ ထရန်စ်နေရှင်နယ် အင်စတီကျုကလည်း အသုံးဝင်လှသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့သည်။
ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက်အခြမ်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသများအတွင်း အခြေအနေများ အမြဲပြောင်းလဲနေတတ် သဖြင့် အွန်လိုင်း အရင်းအမြစ်များမှ ရရှိလာသည့် သတင်းအချက်အလက်များကို ပြန်လှန် တိုက်ဆိုင် စိစစ်ကာ မွမ်းမံသင့်သည်။ မဟာမိတ်များ ကွဲပြဲကြခြင်း၊ အသစ်ဖွဲ့ကြခြင်း ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးနိုင်ငံရေး၏ သဘောသဘာဝ ဖြစ်၍ ဒေသတွင်း တရားဥပဒေစိုးမိုးမှုထက် နိုင်ငံရေးကို ပိုဂရုစိုက်ကာ လုပ်ကိုင်ရသည်ကိုလည်း သတိပြုသင့်ပေသည်။
ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ရုတ်ချည်းတိုးပွားသည်ဟု သတင်းများ တက်လာပါသည်။
အာဏာသိမ်းပြီးနောက် တရားမဝင် ရောင်းဝယ်မှုများ မြင့်တက်လာခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ လူထုအုံကြွမှုများအား နှိမ်နင်းရန် အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုသည့် နယ်စပ်ဒေများရှိ တပ်ဖွဲ့များအား နိုင်ငံ၏အလယ်ပိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးနှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းများက ဆိုကြပါသည်။ သို့သော်လည်း ဝေဖန်သူများ၏ ရှုထောင့်မှာ တမျိုးဖြစ်သည်။ မြန်မာစစ်တပ်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပေါ် စစ်ဆင်ရေး ဟုတ်တိပတ်တိ လုပ်ဖူးသည့် သမိုင်းကြောင်း မရှိဟု ၎င်းတို့က ဆိုကြသည်။ အခြား တဖက်တွင်လည်း ငွေကြေး အကျိုးအမြတ်သော်လည်းကောင်း၊ သူပုန်များကို တိုက်ခိုက်ရာတွင် အသုံးဝင်သည့် အတွက်ကြောင့်လည်းကောင်း မူးယစ်ဆေးဝါး ရောင်းဝယ်ကြသည့် ပြည်သူ့စစ်များက စစ်တပ်သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများနှင့် တနည်းမဟုတ် တနည်းဖြင့် နားလည်မှုယူထားကြသည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ရုတ်ချည်းတိုးပွားသည်ဟု သတင်းများ တက်လာပါသည်။ သို့သော် ဝေဖန်သူတို့မှာလည်း မသေချာလှပါ။/ Shutterstock
ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး အမှန်တကယ် ပိုမို ထုတ်လုပ်နေကြခြင်း ရှိမရှိနှင့် ပတ်သက်၍လည်း ငြင်းခုံရဖွယ်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါး ဖမ်းဆီးရမှု မြင့်တက်လာခဲ့ရခြင်းသည် အခြားအကြောင်းရင်းများကြောင့် ဖြစ်နိုင်ပြီး ထုတ်လုပ်မှု မြင့်တက်လာသောကြောင့် ဖြစ်သည်ဟု အလွယ်တကူ အဓိပ္ပာယ်ကောက်ယူရန် မသင့်ကြောင်း ထရန်စ်နေရှင်နယ် အင်စတီကျု (TNI) က သတိပြုမိသည်။ ထို့ကြောင့် ထုတ်လုပ်မှု အဆမတန် တိုးမြင့်လာခြင်းကို သတိနှင့် စောင့်ကြည့်သင့်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထုတ် အစီရင်ခံစာ တစောင် တွင် TNI က ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဂျွန်လတွင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂ၏ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကျင်းပ၍ အမေရိကန်ဒေါ်လာ ၆၄၂ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဟုဆိုကာ မီးရှို့ဖျက်ဆီးပြခဲ့သည်။ သို့သော် ဤသို့သော အများမြင်သာအောင် လုပ်ပြသည့်ပွဲသည် “ဆယ်စုနှစ်များစွာ လုပ်ခဲ့လေ့ရှိသည့် လှည့်ကွက်” သာ ဖြစ်ကြောင်း လွတ်လပ်သည့် သုတေသီ တဦးဖြစ်သူ ဒေးဗစ် မက်သီဆန် က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
“စစ်တပ်ကလည်း မူးယစ်ဆေးဝါးကို ပပျောက်ရေးကို အလေးပေး လုပ်နေချင်ယောင်ဆောင်တယ်။ ဒါကို အနောက်နိုင်ငံတွေကလည်း ယုံချင်ယောင်ဆောင်ကြတယ်” ဟု မက်သီဆန် က အေအက်ဖ်ပီ သတင်းဌာနအား ပြောကြားခဲ့သေးသည်။ “[မြန်မာနိုင်ငံ] ပဋိပက္ခဒေသတွေမှာ တည်ငြိမ်မှု အာမခံနိုင်ဖို့အတွက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်နေတာကို အကာအကွယ် ပေးနေတဲ့ နေရာမှာ စစ်တပ်က အမြဲတမ်းလိုလို ပါဝင် ပတ်သက်နေတယ်” ဟုလည်း သူက ထောက်ပြခဲ့သေးသည်။
လေ့လာရန် ဥပမာများ
ထိုင်းနိုင်ငံ အတွင်း အကျင့်ပျက်ခြစား လာဘ်ပေးလာဘ်ယူမှုများ အကြောင်းကို သိရှိလိုလျှင် ထိုင်းပညာရှင်များ ဖြစ်ကြသည့် ဖာဆွတ် ဖုံဖိုင်ကျစ်နှင့် ဆွန်ဆစ် ပီရီယရန်ဆန် တို့ ရေးသားသည့် “ထိုင်းနိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုနှင့် ဒီမိုကရေစီ (Corruption and Democracy in Thailand)” ကို ဖတ်ရှုသင့်သည်။ ၂၀၀၅ ခုနှစ်က ထုတ်ဝေခဲ့သည် ဆိုသော်လည်း အခြေခံ စိစစ်တွေ့ရှိချက်နှင့် သုံးသပ်ချက်များမှ အသုံးဝင်နေဆဲ ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြဿနာတွင် ပါဝင်ပတ်သက်မှုနှင့် ၎င်းက ဆက်လက်တည်တံ့စေသည့် ယုံတမ်းများအကြောင်းကို ဘာတီး(လ်) လင့်တနာ က အဝေးရောက် မြန်မာနိုင်ငံသားများ စီမံလုပ်ကိုင်နေသည့် ဧရာဝတီ, ဝက်ဆိုက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဆောင်းပါး တပုဒ် တွင်လည်း “အမှန်မှာမူ အစိုးရ တာဝန်ရှိသူများ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ကို ယူအန်အိုဒီစီက နှစ်ရှည်လများ ဖုံးကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများကိုသာ အပြစ်ပုံချခဲ့သည်” ပါရှိပါသည်။
မြန်မာ စာရေးဆရာ ကျော်လင်းထွန်း ကလည်း ပန်းဆေး ပြည်သူ့စစ်အကြောင်း စုံစမ်းထောက်လှမ်းကာ မြန်မာနိုင်ငံက အပတ်စဉ်ထုတ် စာစောင် တခုဖြစ်သည့် ဖရန်တီယာ မှာ ရေးသားဖော်ပြခဲ့သည်။ ဤပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိပြီး မြန်မာစစ်တပ်နှင့် လက်တွဲ လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။ “လောင်းကစား၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုနှင့် လိင်လုပ်ငန်းများ ပွင့်လင်းစွာ တည်ရှိနေသည့် (နယ်စပ်မြို့ဖြစ်သော) မူစယ်မြို့နှင့် အနီးတဝိုက်အပြင် မြန်မာနှင့် တရုတ် နိုင်ငံအကြား တရားဝင် နယ်စပ်ဂိတ် သုံးခုနှင့်လည်း နီးစပ်လျက်ရှိသည့် ဒေသများတွင် “ အခြေစိုက် လှုပ်ရှားလျက် ရှိသည်။ ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့များက အစိုးရ၏ အသိအမှတ်ပြုမှုကိုလည်း ခံကြရသေးသည်။ ဥပမာအားဖြင့် ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည့် ကျော်မြင့် သည် ၂၀၁၀−၂၀၁၅ ခုနှစ် အတွင်း (မြန်မာနိုင်ငံ အတွင်းက ပြည်နယ်လွှတ်တော် တခုဖြစ်သည့်) ရှမ်းပြည်နယ် လွှတ်တော်၌ မူစယ် ကိုယ်စားပြု ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးလေသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
]]>
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း https://burma.irrawaddy.com/organized-crime-guide/2023/01/11/257230.html Wed, 11 Jan 2023 11:50:41 +0000 https://burma.irrawaddy.com/lytbox/?p=257230 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို လာအိုမှ တဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ တဆင့် ဖြတ်သန်းသွားပါသည်။]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
အခန်း (၁) မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံဒေသ၌ မြန်မာနိုင်ငံဘက် အခြမ်းသည် မူးယစ်ဆေးဝါး အများစု ထုတ်လုပ်ရာ နေရာဖြစ်ပြီး နိုင်ငံအတွင်း ရောင်းချရုံသာမက နိုင်ငံတကာဈေးကွက်သို့လည်း မှောင်ခိုတင်ပို့ကြပါသည်။ ထိုင်းနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု လုံးဝ ရပ်စဲလိုက်သည့် နိုင်ငံဖြစ်သော်လည်း မူးယစ်ဆေးဝါး ဈေးကွက်၊ ငွေကြေးခဝါချသည့် နေရာ၊ မူးယစ်ဆေးဝါးများကို ကမ္ဘာ၏ အခြားအရပ်ဒေသများ ပို့ဆောင်ရန် ကြားစခန်း အစရှိသည့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်ပါသည်။ လာအိုသည်လည်း အဓိက ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံ အဖြစ်မှ ရပ်စဲလိုက်သော်လည်း နိုင်ငံ၏ ဝေးလံခေါင်သီသည့် ဒေသများတွင် မက်သဖက်တမင်း ထုတ်လုပ်သည့် ဓာတ်ခွဲခန်းများ ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို လာအိုမှ တဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ တဆင့် ဖြတ်သန်းသွားပါသည်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ ရရှိလာသော ငွေမည်းများကို မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ မြောက်ပိုင်းဒေသတွင် ရှိသော ကာစီနို လောင်းကစားရုံများတွင် ငွေဖြူဖြစ်အောင် ခဝါချကြပါသည်။
မည်သို့လုပ်ကိုင်ကြသနည်း
ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက်အပိုင်းတွင် အဓိကအားဖြင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပြင် အခြားသော တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ ရှိပါသည်။ ပါဝင်သူ အမျိုးအစား အများအပြားရှိပြီး သူတို့၏ အခန်းကဏ္ဍများကို အောက်ပါအတိုင်း အဆင့်ဆင့် ဖော်ပြနိုင်ပါသည်−
  • တောင်သူများ သည် ဘိန်းစိုက်ပျိုးရန် လပေါင်းများစွာ လုပ်အား စိုက်ထုတ်ရသော်လည်း မဖြစ်စလောက် တပဲခြောက်ပြားသာ ရကြပါသည်။ ၎င်းတို့သည် အများအားဖြင့် ကချင်၊ လားဟူ၊ ဝ၊ လီဆူ၊ ပလောင်၊ အာခါ အစရှိသည့် တောင်ပေါ်နေ လူမျိုးစုများ ဖြစ်ကြသည်။ ထို့အပြင် ကိုးကန့်ဒေသနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ တောင်တန်းထူထပ်သော ဒေသများမှ ဆင်းရဲသည့် တရုတ်လူမျိုး တောင်သူများလည်း ဘိန်းစိုက်ကြသည်။ ကချင်ပြည်နယ် ဘက်တွင်လည်း အနည်းငယ် ရှိသည်။ ဝမ်းစာဖုံလှုံရုံသာ ရှိသော်လည်း သူပုန်အဖွဲ့ မျိုးစုံနှင့် မြန်မာစစ်တပ်နှင့် နှီးနွှယ်နေသည့် ပြည်သူ့စစ်များက တောင်းဆိုသည့် “အခွန်များ” ကို ၎င်းတို့က ပေးဆောင်ရသည့် အပြင် ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်သည့် ဥပဒေအရ ဆောင်ရွက်ဖို့ ဟန်ဖြင့် လာကြသည့် အစိုးရ အရာရှိများကိုလည်း လာဘ်ထိုးကြရသေးသည်။
နိုင်ငံအတော်များများမှ ထောက်လှမ်းရေးအဖွဲ့များသည် မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်သူများအား သတင်းပေးများအဖြစ် အသုံးပြုကြသည့် ရှည်လျားသည့် အစဉ်အလာ ရှိပါသည်။
  • ကုန်သည်များ သည် တောင်သူများထံမှ ဘိန်းများကို ဝယ်ယူကာ သူပုန်နှင့် ပြည်သူ့စစ်များကို အခွန်ပေးဆောင်ကြသည့်သူများ ဖြစ်ကြပြီး အစိုးရထိန်းချုပ်သည့် ဈေးမြို့များတွင် အများ လေးစားလောက်သည့် ဒေသခံ စီးပွားရေးသမားများ အဖြစ် မြင်မြင်ထင်ထင် နေထိုင်ကြသူများ ဖြစ်ကြသည်။ သူတို့က အဝယ်တော်များကို တောင်တန်းများပေါ် စေလွှတ်ကာ ဘိန်းစိမ်းများကို ဝယ်ယူပါသည်။ အမျိုးမျိုးသော လက်နက်ကိုင်အဖွဲ့များကို အသုံးပြုကာ မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ် တလျှောက်ရှိ ဘိန်းချက်စက်ရုံများသို့ ပို့ဆောင်သည်။ ဤကဲ့သို့ ကြားလူအဖြစ် ဆောင်ရွက်ရာတွင် စူပါမားကတ် တခု၊ နေရာအနှံ့ ဖွင့်လှစ်ထားသော ဓာတ်ဆီဆိုင်များ သို့မဟုတ် သာမန်ပွဲရုံများကို ဘန်းပြပြီး တရားဝင် လူသုံးကုန်များကို လက်ကားဖြန့်ဖြူးသူ အဖြစ် ဟန်ဆောင်ထားကြသည်။ ဤကုန်သည်များသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံများတွင် အခြေစိုက်နိုင်သည်။ မက်သဖက်တမင်း ကုန်သွယ်မှုတွင်မူ အခြား ရင်းနှီးမြှုပ်နှံသူ အမျိုးအစားများလည်း ပါဝင်လာသည်။ သို့သော် မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်သည်ကို ဖုံးကွယ်ထားရန်အတွက် သေချာရေရာသည့် တရားဝင် စီးပွားရေး လုပ်ငန်းများလည်း တည်ထောင်ထားကြသည်။
  • မြန်မာနိုင်ငံမှ လူမျိုးစုသူပုန်များနှင့် ပြည်သူ့စစ်များ သည် ဘိန်းစိုက်ပျိုးသည့် ဒေသများကို ထိန်းချုပ်ကာ လှုပ်ရှားနေသည့် အဖွဲ့များ ဖြစ်ကြသည့် အလျောက် ဘိန်းစိုက်တောင်သူများနှင့် ဘိန်းကုန်သည်များထံမှ အခွန်ဟု အမည်တပ်ကာ ငွေကြေးများ ကောက်ခံကြသည်။ အခကြေးငွေ ရရှိပါက ဘိန်းစိမ်းများကို ဘိန်းဖြူအဖြစ် ချက်လုပ်သည့် စခန်းများ၊ မက်သဖက်တမင်းနှင့် အခြား ဓာတုဆေးဝါးများ ထုတ်လုပ်သည့် စခန်းများကိုလည်း အကာအကွယ်ပေးကြသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စခန်းများ၏ ပိုင်ရှင် အစစ်အမှန်များသည် များသောအားဖြင့် အပြင်မှ တရားမဝင် အရောင်းအဝယ်လုပ်ကိုင်သူများသာ ဖြစ်ကြပြီး ကျွမ်းကျင် ဓာတုဗေဒ ပညာရှင်များကို ငှားရမ်းကာ မူးယစ်ဆေးဝါးများကို သန့်စင် ထုတ်လုပ်ကြသည်။ ဒေသတွင်းရှိ လူမျိုးစု သူပုန်အဖွဲ့များတွင် နိုင်ငံရေး ရည်မှန်းချက်များ ရှိကြသည် ဖြစ်၍ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် မပါဝင်ပတ်သက်သည့် အဖွဲ့များ ရှိကြသလို အနည်းအကျဉ်း ပါဝင်ပတ်သက်ကြသည့် အဖွဲ့များလည်း ရှိကြသည်။ သို့သော်လည်း အစိုးရ လက်အောက်ခံ ပြည့်သူ့စစ်များ အနေဖြင့် ငွေကြေးရရှိဖို့ တခုတည်းအတွက် ဤလုပ်ငန်းများတွင် ပါဝင်ကြသည်။ အစိုးရကို ဆန့်ကျင်သည့် သူပုန်များကို တိုက်ခိုက်ရန် အတွက် ၁၉၆၀ ပြည့်လွန်နှစ်များတွင် စတင်ဖွဲ့စည်း ၁၉၇၃ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည့် အစိုးရ လက်အောက်ခံ ကာကွယ်ရေးအဖွဲ့များလိုပင် ယခု ပြည်သူ့စစ်များသည်လည်း လူမျိုးစု သူပုန်အဖွဲ့များကို တိုက်ခိုက်ပေးခြင်းအားဖြင့် အပြန်အလှန် အဖြစ် မူးယစ်ဆေးဝါး ကုန်သွယ်ခွင့် ရရှိထားကြသည်။
  • နိုင်ငံပေါင်းစုံမှ ထောက်လှမ်းရေးအဖွဲ့များ သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများအား သတင်းပေးများ အဖြစ် အသုံးပြုခဲ့သော ရှည်လျားသည့် သမိုင်းကြောင်း ရှိသည်။ အချို့သော စာရေးဆရာများ ရေးသားကြသလို ထောက်လှမ်းရေးအဖွဲ့များက မူးယစ်ဆေးဝါးက ရရှိသည့် ငွေများကို အများမသိအောင် ဖုံးဖုံးဖိဖိလုပ်ရသည့် သူတို့လှုပ်ရှားမှုများ အတွက် အသုံးပြုကြသည်ဟု မဆိုလိုပေ။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အင်ဒိုချိုင်းနား စစ်ပွဲ အတွင်း အမေရိကန်များက တရုတ် ကူမင်တန်များ (၁၉၄၉ ခုနှစ် တရုတ် ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီး မြန်မာနိုင်ငံ အရှေ့မြောက် ဒေသသို့ ဆုတ်ခွာလာခဲ့ကြသည့် တရုတ် အမျိုးသားရေးဝါဒီ တပ်ဖွဲ့များ) ကို မြန်မာနိုင်ငံ မြောက်ပိုင်း၊ လာအိုနိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ တောင်ပိုင်း နယ်ခြားဖြတ်ကျော် ထောက်လှမ်းရေး သတင်း စုဆောင်းပေးရန် အသုံးပြုခဲ့ကြသည်။ ယခုအခါ ဤဆက်နွှယ်မှုမျိုး မရှိတော့သော်လည်း ထိုင်းထောက်လှမ်းရေးအဖွဲ့ အနေဖြင့် ရွှေတြိဂံ ဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းက လူအမျိုးမျိုးနှင့် အချိတ်အဆက်များကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်။ တရုတ် လုံခြုံရေး အဖွဲ့ကလည်း မြန်မာနိုင်ငံ အတွင်းရှိ လက်နက်ကိုင် အဖွဲ့များကို အသုံးပြုကာ ထောက်လှမ်းရေး သတင်းများ စုဆောင်းခြင်း၊ မြန်မာ့ ပြည်တွင်းရေး အပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
  • မူးယစ်ဆေးဝါး လုပ်ငန်းစုကြီးများ (ဆင်ဒီကိတ်များ) သည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြား နေရာများတွင် အခြေစိုက်ကာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ နယ်စပ် တလျောက်တွင် ရှိသည့် ဘိန်းဖြူချက်စခန်းများ၊ မက်သဖက်တမင်း ထုတ်လုပ်သည့် စခန်းများ အတွက် ငွေကြေး ထောက်ပံ့သည့် အပြင် ကျွမ်းကျင် ဓာတုဗေဒ ပညာရှင်များကိုလည်း စေလွှတ်ပေးကြပါသည်။ ဤလုပ်ငန်းစုကြီးများသည် ဒေသတွင်းနှင့် နိုင်ငံတကာသို့ မူးယစ်ဆေးဝါးများ ဖြန့်ချိရန်လည်း စီမံခန့်ခွဲကြပါသည်။ သူတို့သည် အချို့သော စာရေးဆရာများ ယုံကြည် သကဲ့သို့ ဟောင်ကောင်၊ မကာအို အခြေစိုက် တရုတ် လျှို့ဝှက် ဒုစရိုက် အဖွဲ့အစည်းများ သို့မဟုတ် ထိုအဖွဲ့အစည်းများ၏ အဆွယ်အပွားများ မဟုတ်ကြပါ။ အမေရိကန် ပြည်ထောင်စု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန (DEA) က အများသိအောင် ပြောဆိုလေ့ရှိသည့် မူးယစ်ဆေးဝါး ကုန်သွယ်မှု အတော်များများကို ချုပ်ကိုင်ထားသည့် ကုန်သည် အရေအတွက် အနည်းငယ် ရှိသည်ဟူသည့် ယုံကြည်ချက် “ဆရာကြီး” သီအိုရီ သည် လက်တွေ့မကျဘဲ ရုပ်ရှင်ဆန်လျက်ရှိပါသည်။ ရွှေတြိဂံ မူးယစ်ဆေးဝါး ကုန်သွယ်မှု အကြောင်းနှင့် ပတ်သက်၍ ထိပ်တန်း ကျွမ်းကျင်သူ တဦးဖြစ်သည့် ကိုလင် ချင် က မူးယစ်ဆေးဝါး ကွန်ရက်များသည် အလျားလိုက် ဖွဲ့စည်းထားကြပြီး ပုံသေကားကျ မရှိဘဲ အမြဲပြောင်းလဲနေလေ့ရှိကာ သာရာစီးတတ်သည့် သဘောရှိသည်ဟု ထောက်ပြပါသည်။ တရုတ် လျှို့ဝှက် ဒုစရိုက် အဖွဲ့ကြီးများသည် သူတို့ပိုက်နက် ဒေသများအတွင်း၌ မူးယစ်ဆေးဝါးများ ရောင်းချရုံမျှသာ လုပ်နိုင်ကြပြီး ထိုကဲ့သို့သော ကုန်သွယ်ရန်တော့ မလုပ်နိုင်ကြချေ။
  • သယ်ယူပို့ဆောင်သူများ သည် မကြာခဏ အဖမ်းဆီးခံရပြီး မီဒီယာများတွင် ဖော်ပြခံရသူများ ဖြစ်သောကြောင့် မူးယစ်ဆေးဝါး လုပ်ငန်းစဉ်တွင် အတွေ့ရ အများဆုံး ကွင်းဆက်များ ဖြစ်ကြသည်။ မူးယစ်ဆေးဝါးများကို တနေရာမှ တနေရာသို့ ပို့ဆောင်ရန် အတွက် ဆင်ဒီကိတ်များက သယ်ယူပို့ဆောင်သူ သို့မဟုတ် “လား” ဟု တင်စား ခေါ်ဝေါ်ခံရသူ တဦးကို ငှားရမ်းလေ့ ရှိသည်။ မီဒီယာများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက အဆိုပါ သယ်ယူပို့ဆောင်သူများအား “မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးသူများ” အဖြစ် တံဆိပ်တပ်ကြလေ့ရှိသည်။ ဤကဲ့သို့သော အောက်ခြေအဆင့်တွင် လှုပ်ရှားသူများအား ယခုလို တံဆိပ်ကပ်ခြင်းအားဖြင့် ဥပဒေ၏ အထက်တွင် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်သည့် အင်အားကြီးလှသော ဆင်ဒီကိတ်များအပေါ် အာရုံ မရောက်သလို ဖြစ်စေသည်။
  • ဆေးစွဲသူများ သည် မူးယစ်ဆေးဝါးများကို သုံးစွဲသူများ ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုဝင်များသည် ဘိန်းစိုက်တောင်သူများ နည်းတူ မူးယစ်ဆေးဝါး လုပ်ငန်း၏ ဆိုးကျိုးကို အများဆုံး ခံစားကြရသူများ ဖြစ်သည်။ ရွှေတြိဂံဒေသတွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါး အများစုကို နိုင်ငံခြား ဈေးကွက်များသို့ တင်ပို့ကြသည် ဆိုကြသော်လည်း ရွှေတြိဂံဒေသ အတွင်းရှိ တောင်ပေါ်နေ လူမျိုးစု ကျေးရွာများတွင်လည်း မူးယစ်ဆေးဝါး အလွဲသုံးမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ဒေသတွင်း၌ လူမှုပြဿနာများ အလွန့်အလွန် ကြီးထွားနေသည်ကိုမူ အများအားဖြင့် မေ့လျော့နေကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းလိုက်သော်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနည်းလမ်းများ၊ လုပ်ဆောင်သည့်နည်းလမ်းများ ပြောင်းလဲသွားခြင်း မရှိပေ။ အလုပ်လုပ်ပုံ အဆင့်ဆင့်မှာလည်း နဂိုအတိုင်းပင် ဖြစ်သည်။
ထိုင်း၊ လာအိုနှင့် မြန်မာ သုံးပွင့်ဆိုင် နယ်နိမိတ် “ရွှေတြိဂံ” ရှုခင်းသာ။/ Shutterstock
အကြံပြုချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ Tips and Tools
အရေးကြီးဆုံးသော အချက်မှာ မြေပြင်ပေါ်မှ သတင်းရင်းမြစ်များ ဖြစ်ကြသည့် ဒေသခံ ဂျာနယ်လစ်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ နိုင်ငံခြားသားနှင့် တိုင်းရင်းသား လုပ်သားများ၊ ကျောင်းဆရာ/ဆရာမများနှင့် အခြား လူထုအခြေပြုလုပ်သားများ အပြင် သတင်းအချက်အလက် ဝေမျှပေးလိုစိတ်ရှိသည့် ဒေသခံ စီးပွားရေးသမားများနှင့် ယုံကြည်စိတ်ချရသည့် ကွန်ရက် တခု တည်ဆောက်ရန် ဖြစ်သည်။ သို့သော် ၎င်းတို့သည် အဆိုပါ ဒေသတွင် နေထိုင် အလုပ်လုပ်နေကြသူများ ဖြစ်သဖြင့် ၎င်းတို့၏ အမည်ကို လျှို့ဝှက်ထားလိုပါက လိုက်လျောပေးရမည် ဖြစ်သည်။ အစိုးရပိုင်း သတင်းရင်းမြစ်များမှ ပေးသည့် သတင်းအချက်အလက်များကိုလည်း အသုံးပြုနိုင်သည်။ ၎င်းတို့က ဂျာနယ်လစ်များအား ရွှေတြိဂံဒေသ မြေအောက် ဒုစရိုက်လောက အတွင်းက အခြေအနေမှန်ကို ထင်ဟပ်စေသည့် အချက်အလက်များ ပြောပြခဲလှသဖြင့် သတိကြီးစွာ ထားရမည် ဖြစ်သည်။ သို့သော်လည်း တခြားသတင်းရင်းမြစ်များမှာ ၎င်းတို့၏ အမည်ရင်းဖြင့် အများသိအောင် ထုတ်ဖော်ပြောဆိုရန် ဝန်လေးတတ်ကြသဖြင့် အစိုးရ တာဝန်ရှိသူများ၏ ပြောဆိုချက်များကို တရားဝင် ပြောဆိုချက်များ အဖြစ် ကိုးကားဖော်ပြရန် အကောင်းဆုံးဖြစ်သည်။
ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ပတ်သက်သည့် အသုံးဝင်မည့် အကြောင်းအရာများနှင့် သတင်းရင်းမြစ် အချို့ကို အင်တာနက်ပေါ်တွင်လည်း ရရှိနိုင်ပါသည်။ သို့သော်လည်း ၎င်းတို့အားလုံးကို အပြည့်အဝ အားထား၍ မရနိုင်ဘဲ ဒေသခံ သတင်းရင်းမြစ်များက သိထားသည့် အချက်အလက်များနှင့် ပြန်လည် တိုက်ဆိုင် စိစစ်ရန် လိုအပ်ပါလိမ့်မည်။
အသုံးဝင်နိုင်မည့် အခြား စာအုပ်စာတမ်းများ
ကုလသမဂ္ဂမှ ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာများသည် အိမ်ရှင် နိုင်ငံ အစိုးရများ၊ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရက ကောက်ယူထားသည့် အချက်အလက်များ အပေါ် အခြေခံ ရေးသားထားသောကြောင့် အများအားဖြင့် ယုံကြည်အားထားလောက်စရာ မရှိပေ။ ဤကား ပြဿနာကြီး တခုပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ငါးဆယ်လောက်ကတည်းက ရေးသားထုတ်ဝေခဲ့ခြင်း ဖြစ်သော်လည်း အဲဖရက် မက်ကွိုင်၏ “အရှေ့တောင်အာရှမှ ဘိန်းဖြူနိုင်ငံရေး (The Politics of Heroin in Southeast Aisa)” ဆိုသည့် ပြောင်မြောက်လှသော စာအုပ်သည် ရွှေတြိဂံဒေသအကြောင်း ရေးသားကြမည့်သူတိုင်း မဖတ်မဖြစ် ဖတ်သင့်သည့် စာအုပ် တအုပ် ဖြစ်သည်။ မက်ကွိုင်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် နိုင်ငံရေးလောက ဆက်စပ်နေပုံ ပထမဆုံး တင်ပြခဲ့သူဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ပြဿနာအဖြစ် ၎င်းက မှတ်ယူခြင်း မရှိချေ။ ၁၉၇၂ က မူလ ထုတ်ဝေခြင်းကို ထပ်မံဖြည့်စွက်ကာ ၁၉၉၁ နှင့် ၂၀၀၃ ခုနှစ်များတွင် “ဘိန်းဖြူနိုင်ငံရေး− ရွှေတြိဂံ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် စီအိုင်အေ ပါဝင်မှု (The Politics of Heroin: CIA Complicity in the Global Drug Trade)” ဟု ထပ်မံထုတ်ဝေခဲ့ပါသည်။
ရစ်ချတ် ဂစ်ဘ်ဆန်နှင့် ဝင်ဟွာချန် ရေးသားပြီး ၂၀၁၁ တွင် ထုတ်ဝေခဲ့သည့် “လျှို့ဝှက်တပ်မတော်၊ ချန်ကေရှိတ်နှင့် ရွှေတြိဂံမှ ဘိန်းဘုရင်များ (The Secret Army: Chiang Kai-shek and Drug Warlords of Golden Triangle” ဆိုသည့် စာအုပ်တွင်လည်း ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြီးထွားလာပုံနှင့် ပတ်သက်သည့် နောက်ခံအကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါဝင်ပါသည်။
ကိုးကားစရာ အခြား စာအုပ်စာတမ်းများမှာ ဘာတီး(လ်) လင့်တနာ ရေးသားကာ ၁၉၉၄၊ ၁၉၉၉၊ ၂၀၀၃ နှင့် ၂၀၁၁ ခုနှစ်များ တွင် အကြိမ်ကြိမ် ထုတ်ဝေခဲ့ရသည့် ”တော်လှန်ရေးထဲက မြန်မာပြည်− ၁၉၄၈ ကတည်းက စတင်ခဲ့သည့် ဘိန်းနှင့် ပုန်ကန်မှု (Burma in Revolt: Opium and Insurgency Since 1948)” ၊ “သွေးသောက်ညီနောင်များ− အာရှတိုက် ရာဇဝတ်မှု၊ စီးပွားရေးနှင့် နိုင်ငံရေး (Blood Brothers: Crime, Business and Politics in Asia)” (၂၀၀၂၊ ၂၀၀၃ ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသောအခါ “သွေးသောက်ညီနောင်များ− အာရှတိုက်၏ မြေအောက် ဒုစရိုက်လောက (Blood Brothers: The Criminal Underworld of Asia” ဟု အမည်တပ်ခဲ့သည်)၊ “ရူးသွပ်မှု ကုန်သည်များ− ထိန်းသိမ်း၍ မရနိုင်တော့သော ရွှေတြိဂံဒေသမှ မက်သဖက်သမင်း (Merchants of Madness: The Methamphetamine Explosion in the Golden Triangle)” (၂၀၀၉)၊ “မြန်မာနိုင်ငံမှ ‘ဝ’ နှင့် တရုတ်နိုင်ငံ၏ ကမ္ဘာနှင့်ချီ စိုးမိုးလိုမှု (The Wa of Myanmar and China’s Quest for Global Dominance)” (၂၀၂၁) နှင့် “ရွှေတြိဂံဒေသတွင်း နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု (Cross-Border Drug Trade in the Golden Triangle)”(၁၉၉၁) တို့ ဖြစ်ကြသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် စိုက်ပျိုးထားသည့် ဘိန်းပင်များ။/ Shutterstock
ကိုလင် ချင် ရေးသားသည့် “ရွှေတြိဂံ− အရှေ့တောင်အာရှ မူးယစ်ဆေးဝါး ကုန်သွယ်မှု အတွင်း (The Golden Triangle: Inside Southeast Asia’s Drug Trade)” (၂၀၀၉) နှင့် ကိုလင် ချင် က Sheldon X. Zhang နှင့် ပူးတွဲ ရေးသားသည့် “တရုတ် ဘိန်းဖြူ ကုန်သွယ်မှု− အရှေ့တောင်အာရှနှင့် အတွင်း နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု (The Chinese Heroin Trade: Cross-Border Drug Trafficking in Southeast Asia and Beyond)” (၂၀၁၅) တို့သည်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှု အကြောင်းနှင့် ၎င်းတို့ အလုပ်လုပ်ပုံအကြောင်းများကို ပညာရှင်များ အနေဖြင့် လေ့လာကာ ရေးသားထားခြင်း ဖြစ်သဖြင့် အင်မတန် ပြောင်မြောက်လှသည့် စာတမ်းများ ဖြစ်ပါသည်။
ပီယာ−အာနိုး ချူဗီနှင့် ဂျိုး မာဇိုးနီယာ တို့ရေးသားသည့် “ယာဘ− မက်သဖက်သမင်း ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် သုံးစွဲမှု (Yaba: Production, Traffic and Consumption of Methamphetamines) (၂၀၀၂) နှင့် ပီယာ−အာနိုး ချူဗီ ရေးသားသည့် “ဘိန်း− ဘိန်းနိုင်ငံရေး၏ မျက်နှာဖုံးကို ခွာချခြင်း (Opium: Uncovering the Politics of the Poppy)” (၂၀၀၉) တို့သည်လည်း ပီယာ−အာနိုး ချူဗီ တည်းဖြတ်သည့် “အရှေ့တောင်အာရှမှ တရားမဝင် ကုန်သွယ်မှုပြမြေပုံ− အရှေ့တောင်အာရှ ကုန်းမကြီး အတွင်း လက်နက်၊ မူးယစ်၊ လူ၊ ရွှေအတုနှင့် သဘာဝ သယံဇာတ တရားမဝင် ကုန်သွယ်မှု (An Atlas of Trafficking in Southeast Asia: The Illegal Trade in Arms, Drugs, People, Counterfeit Goods and Natural Resources in Mainland Southeast Asia)” (၂၀၁၃) ကဲ့သို့ ဖတ်သင့်သည့် စာအုပ်များထဲပါဝင်သည်။
ကုလသမဂ္ဂမှ ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာများသည် အိမ်ရှင် နိုင်ငံ အစိုးရများ၊ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရက ကောက်ယူထားသည့် အချက်အလက်များ အပေါ် အခြေခံ ရေးသားထားသောကြောင့် အများအားဖြင့် ယုံကြည်အားထားလောက်စရာ မရှိပေ။ ဤကား ပြဿနာကြီး တခုပင် ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်၌ ကချင်ပြည်နယ် အတွင်း လှုပ်ရှားနေသည့် အစိုးရဆန့်ကျင်ရေး သူပုန်အဖွဲ့ ကို နိုင်ငံရေးအရ တိုက်ခိုက်သည့် သဘောဆောင်သော “ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army-KIA) ထိန်းချုပ်နယ်မြေ အတွင်း၌ [ယမန်နှစ်ထက်] ဘိန်းစိုက်ခင်းများ ပိုမိုများပြားလာသည်” စာသားကို ထည့်သွင်း ဖော်ပြထားသည်။ အမှန်စင်စစ်မှာမူ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးက ကိုယ်တိုင်ရေးဆွဲထားသည့် မြေပုံများတွင်ပင် ကချင်ပြည်နယ် အတွင်းရှိ ဘိန်းစိုက်ခင်းများကို မြန်မာ့တပ်မတော် ကွပ်ကဲမှုအောက်ရှိ ဒေသခံ ပြည်သူ့စစ်များ ထိန်းချုပ်နယ်မြေ အတွင်း၌ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုအစီရင်ခံစာကြောင့် နယ်သာလန် အခြေစိုက် လွတ်လပ်သော အစိုးရမဟုတ်သည့်အဖွဲ့အစည်း တခုဖြစ်သည့် ထရန်စ်နေရှင်းနယ် အင်စတီကျု (TNI) က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးကို ဝေဖန်သည့် ကြေညာချက် တစောင် ထုတ်ပြန်ကာ အဆိုပါ အစီရင်ခံစာကို “အမှန်တရားကို ဖျက်စီးသည့် အစီရင်ခံစာ” အဖြစ် စွပ်စွဲခဲ့သည်။
တချို့နေရာတွင် အမေရိကန်ပြည်ထောင်စု ဒီအီးအေက ယူအန်အိုဒီစီ ထက် ပိုပြီးတော့ စိတ်ချရသေးသည်။ သို့သော် ဒီအီးအေ၏ အစီရင်ခံစာများသည်လည်း မကြာခဏ ဆိုသလို အထင်အမြင်မှားစေသော အကြောင်းအရာများ ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် အမေရိကန်လုပ် ပခုံးထမ်း လေကြောင်း ကာကွယ်ရေး စနစ် (US-made man-portable air-defense systems – MANPADS) များကို မြန်မာနိုင်ငံ အတွင်းရှိ လူမျိုးစု သူပုန် သုံးဖွဲ့ကို ရောင်းချပေးရာမှာ ပါဝင်ခဲ့သည့် “အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်း ယာကူဇာ ခေါင်းဆောင်” တဦးနှင့် စစ်မှုထမ်းဟောင်းများ ဖြစ်သည်ဟုဆိုသော ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးနိုင်သည့် သက်သေ ကို ၎င်းတို့၏ လျှို့ဝှက်အေးဂျင့်များက ရရှိထားကြောင်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဒီအီးအေ က ဆိုပါသည်။ ငွေပေးချေရာမှာ တချို့တဝက်ကို မူးယစ်ဆေးဝါးဖြင့် ပေးချေခဲ့သည်ဟုလည်း ဆိုပါသည်။ သို့သော် ဂျာနယ်လစ်များက စုံစမ်းထောက်လှမ်းကြသောအခါ သူပုန်သုံးဖွဲ့စလုံးက အဆိုပါ အရောင်းအဝယ်ကိစ္စမျိုးကို ကြားပင် မကြားဖူးကြကြောင်း ဆိုပါသည်။ ထို့အပြင် “ယာကူဇာခေါင်းဆောင်ကြီး” ဟု ဆိုသူသည် တိုကျိုမြို့ ဆင်ခြေဖုံးရှိ အတော်အသင့် တိုက်ခန်း တခန်းတွင် နေထိုင်သည့် အောက်တန်းစား လူလိမ် တယောက်သာ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးတွင်မူ ထိုကိစ္စနှင့် ပတ်သက်၍ ပါးစပ်ဖွာသည့် ဂျပန် လူလိမ် တယောက်နှင့် ထိုင်းသုံးယောက်ကို ဒီအီးအေက ဖမ်းဆီးလိုက်ခြင်းဖြင့် အဆုံးသတ်သွားပုံရပြီး ထိုအကြောင်းကို မြန်မာနိုင်ငံက တဦးတယောက်မှ ကြားသိလိုက်ပုံ မရေချေ။ သို့သော်လည်း ဤအမှုကို “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ” အတွင်း အောင်မြင်မှုကြီးတခု အဖြစ် ဒီအီးအေက အမွှမ်းတင်ခဲ့လေသည်။
လေ့လာစရာ ဥပမာများ
မူးယစ်ဆေးဝါး၊ လက်နက်နှင့် အရှေ့မြောက်ဒေသမှ သတင်းလေးပုဒ်၊ အောက်လွတ် (Outlook) အိန္ဒိယ (၂၀၂၀)
ရွှေတြိဂံမှ မူးယစ်ဆေးဝါးများအား အရှေ့တောင်အာရှသို့ မှောင်ခိုခိုးထုတ်ကြသည်သာမက အနီးအနားရှိ အိန္ဒိယသို့ ရောက်အောင် ပို့ဆောင်ကြပါသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ အရုဏာချာပရာဒေ့ရှ်၊ နာဂလန်း၊ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြပြီး မူးယစ်ဆေးဝါး စွဲလန်းမှုသည် အဆိုပါပြည်နယ်များ အားလုံးတွင် ကြီးမားသော ပြဿနာ တခု ဖြစ်နေပါသည်။ ပထမတော့ ဘိန်းနှင့် ဘိန်းဖြူ၊ ယခုအခါမှာတော့ မက်သဖက်သမင်း အမျိုးမျိုးနှင့် အခြား ဓာတုဆေးဝါး ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အပတ်စဉ်ထုတ် အောက်လွတ် ကနေ အရှေ့မြောက်ဒေသတွင်းက မူးယစ်ဆေးတွး ပြဿနာအကြောင်း စုံစမ်းထောက်လှမ်းရေး ဆောင်းပါး တပုဒ် ထည့်သွင်းဖော်ပြလိုက်သည်။ မူးယစ်ဆေးစွဲနေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် တရားဥပဒေစိုးမိုးရေး အရာရှိများအား တွေ့ဆုံမေးမြန်းထားကာ ရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည် (အများအားဖြင့် ဖြေဆိုသူများ၏ အမည်ကို ဖော်ပြထားခြင်း မပြုသော်လည်း ဆောင်းပါးမှာ ကောင်းမွန်စွာ မှတ်တမ်းတင်ထားပြီး ယုံကြည်စိတ်ချရလောက်စရာ ဖြစ်ပါသည်)။ ဆောင်းပါးရှင်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး စွဲလန်းမှု သမိုင်းကြောင်းကို ခြေရာခံပြီး ဒေသခံ သူပုန်အဖွဲ့များ၊ အဆိုပါ ဒေသတွင်းမှ အကျင့်ပျက် စစ်တပ်အရာရှိများနှင့် အစိုးရအရာရှိများ ပါဝင်ပတ်သက်မှုကို ကောက်ကြောင်းဆွဲပြသည်။ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် အဓိက မှောင်ခိုလမ်းကြောင်းများကို စာရင်းလုပ်ပြထားသည်။ ဤစုံစမ်းထောက်လှမ်းရေး ဆောင်းပါး၏ အားသာချက်မှာ (မဏိပူရ) ဒေသခံ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦးက ဤဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပြီး အရှေ့မြောက် ပြည်နယ်များရှိ လူမျိုးစုဒေသများတွင် ဖြစ်ပျက်ခဲ့သည့် နမူနာကို ကျန်အိန္ဒိယနိုင်ငံတဝှမ်းလုံးက သိမြင်နိုင်အောင် ဖော်ပြနိုင်ခဲ့ပေသည်။ ဤအကြောင်းကို ရေးသားလိုပါက အရုဏာချာပရာဒေ့ရှ်ပြည်နယ်၏ လူသူအရောက်အပေါက်နည်းသည့် ဒေသများတွင် တရားမဝင် ဘိန်းများစိုက်ပျိုးသည့် အကြောင်းကိုလည်း မမေ့လျော့သင့်ပေ။ (တရားမဝင် စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းပမာဏ အတိအကျကို မသိကြသော်လည်း) ဘိန်းစိုက်ပျိုးသည့် ပမာဏ တရိပ်ရိပ် မြင့်တက်နေသည်ဟု သတင်းရင်းမြစ် အတော်များများက ဆိုကြသည်။ အဆိုပါ ဘိန်းအများစုကို ဒေသတွင်းမှာပင် အသုံးပြုကြပုံရပြီး တချို့တဝက်ကိုဖြင့် အိန္ဒိယနိုင်ငံ၏ အခြားဒေသများသို့ ပို့ဆောင်ကြပါသည်။
မြန်မာနိုင်ငံ ဘိန်းကုန်သွယ်မှု နောက်ကွယ်မှ တွန်းအား အစစ်အမှန်များကို ဖော်ထုတ်ခြင်း၊ အေးရှားတိုင်းမ်စ် (၂၀၁၉)
ရွှေတြိဂံဒေသတွင် မြန်မာနိုင်ငံသည် ဘိန်းနှင့် ဘိန်းဖြူ အပြင် အခြား ဓာတုဆေးဝါး အမျိုုးမျိုး ထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေသေးသည်မှာ ယုံမှားဖွယ် မရှိချေ။ သို့သော် မကြာသေးမီကာလ အတွင်း မည်သို့မည်ပုံ တိုးတက်ပြောင်းလဲသွားကြောင်းကို ၂၀၁၉ ခုနှစ် ဧပရယ်လ ၂ ရက်နေ့တွင် အေးရှားတိုင်းမ်က ဖော်ပြလိုက်သည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး လုပ်ငန်း အကြောင်း စုံစမ်းထောက်လှမ်း ရေးသားထားသော ဆောင်းပါး တပုဒ်တွင် ဖတ်ရှုရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် ကာလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရာ အဓိက ဈေးကွက်ကြီး တခုဖြစ်ကြောင်း အဆိုပါ စုံစမ်းထောက်လှမ်း ရေးသားထားသည့် ဆောင်းပါးတွင် ဖော်ညွှန်းထားသည်။ ဆောင်းပါးရှင်သည် ဈေးနှုန်းဖွဲ့စည်းပုံကို လေ့လာကာ တရုတ်နိုင်ငံ အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုပုံစံ အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံတွင် လူလတ်တန်းစား အရေအတွက် များပြားလာသည်နှင့်အမျှ ဘိန်းဖြူကို ရွေးချယ်သုံးစွဲခြင်း မပြုကြတော့ပေ။ တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါး သုံးစွဲသူများသည် ပါတီပွဲများတွင် အသုံးပြုကြသော ဒေသတွင်း၌ ထုတ်လုပ်သည့် “အိုက်စ်” (မက်သဖက်တမင်း) နှင့် ဖန်တနိုင်း အပြင် တောင်အမေရိကမှ တင်သွင်းလာသည့် ကိုကင်း အစရှိသည့် မူးယစ်ဆေးဝါးများဘက်သို့ လှည့်လာကြသည်။ အကျိုးဆက်အရ မြန်မာနိုင်ငံမှ ဘိန်းတောင်သူများ ဒုက္ခရောက်ကြရပြိး ၎င်းတို့ဘာသာ ရှင်သန်နေထိုင်နိုင်ရေးအတွက် အခြားနည်းလမ်း ဖန်တီးပေးခြင်းများ မရှိပေ (၎င်းတို့သည် ဖွံ့ဖြိုးရေး စီမံကိန်းများ နည်းပါးရာနှင့် ဝေးကွာရာ စစ်မက်ဇုန်အတွင်း နေထိုင်ကြသူများ ဖြစ်သည်။) ချွင်းချက်အနေဖြင့် ကချင်ပြည်နယ် အတွင်း မြန်မာ့တပ်မတော် ကွပ်ကဲမှုအောက်မှ ပြည်သူ့စစ်များ ထိန်းချုပ်နယ်မြေတွင်မူ လျော့နည်းသွားခြင်း မရှိဘဲ ဘိန်းစိုက်ခင်းများ၊ ဘိန်းဖြူထုတ်လုပ်မှုကို ထောက်ကန်ထားပေးဆဲ ဖြစ်သည်။ ထို့အတူ ဘိန်းဖြူစွဲမှုသည်လည်း ကချင်ပြည်နယ်တွင် အထူးသဖြင့် လူငယ်များ အကြားတွင် ပျံ့နှံ့လျက်ရှိသည်။ ဆေးစွဲသူများ တနေ့တခြား များပြားလာသောကြောင့် မူးယစ်ဆေးစွဲမှုသည် ဒေသတွင်း၌ အထူးသဖြင့် စစ်ဒဏ်ခံရသည့် မြန်မာနိုင်ငံ လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် ကြီးမားသည့် လူမှု ပြဿနာ ဖြစ်လာသည်။
“ရူးသွပ်မှု ကုန်သည်များ− ထိန်းသိမ်း၍ မရနိုင်တော့သော ရွှေတြိဂံဒေသမှ မက်သဖက်သမင်း”၊ ဘာတီး(လ်) လင့်တနာနှင့် မိုက်ကယ် ဘလက် တို့ ရေးသည် (၂၀၀၉)
လာအိုနိုင်ငံသည် မပါဝင်သည့် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု အတွင်းက လူသိသူသိနည်းပါးလှသည့် ကွင်းဆက်တခု ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် အင်ဒိုချိုင်းနား စစ်ပွဲ ပြီးဆုံးသွားကတည်းက ဒေသတွင်း မူးယစ်ဆေးဝါး လုပ်ငန်းများ အကြောင်း သတင်းရေးသား ဖော်ပြကြသည့်အခါ လာအိုနိုင်ငံ အကြောင်း ပါလေ့ပါထ မရှိတော့။ အကြောင်းရင်း တခုကား လာအိုနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းပမာဏမှာ လောက်လောက်လားလား မရှိတော့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဒေသတွင်း၌ မက်သဖက်တမင်း ထုတ်လုပ်ကြောင်းကိုလည်း သိသူ အင်မတန် နည်းလှသည်။ သို့သော် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လာအို လုံခြုံရေးတပ်ဖွဲ့များက ထရပ်ကားတစီးကို တားဆီးစစ်ဆေးရာတွင် မက်သဖက်တမင်း ဆေးပြား ၅၅ သန်းနှင့် မက်သဖက်တမင်း ပုံဆောင်ခဲ ၁ ဒသမ ၅ တန်ကို သိမ်းဆည်းရမိခဲ့သည်။ မက်သဖက်တမင်း ပုံဆောင်ခဲ ဆိုသည်မှာ ပေါင်းခံထားပြီး အာနိသင် ပိုမိုပြင်းထန်သည့် မူးယစ်ဆေးဝါး ပုံစံ တမျိုးဖြစ်သည်။ ရွှေတြိဂံဒေသ၏ လာအိုနိုင်ငံဘက် အခြမ်း ဖြစ်သည့် ဘော်ကယောက် ပြည်နယ်၌ပင် တပတ်အတွင်း လာအိုရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အမ်ဖက်တမင်း ဆေးပြား ၁၆ သန်း ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုလို အချီကြီး ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ဖမ်းဆီးရမိသည့်သတင်းအား အရှေ့တောင်အာရှ အတွင်းရှိ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသော်လည်း မူးယစ်ဆေးဝါးများ ထွက်ပေါ်လာသည့် အရင်းအမြစ်ကို ရှာဖွေရေးသားတင်ပြခြင်း နည်းပါးလှသည်။ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ် တဦးက အတိအကျ ရေးသားဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ပြီး လာအိုနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ရန် ဖြစ်ကြောင်း၊ လာအို တရားဥပဒေစိုးမိုးရေး အဖွဲ့များ၏ အရည်အချင်းနှင့် နိုးကြား သတိဝိရိယရှိမှုသည် အိမ်နီးချင်း နိုင်ငံများက တရားဥပဒေ စိုးမိုးရေးအဖွဲ့များထဲ လျော့နည်းနိုင်သည်ဟု ယူဆခြင်းကြောင့်  လာအိုနိုင်ငံ လမ်းကြောင်းကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်လည်း ရွှေတြိဂံဒေသ၏ လာအိုနိုင်ငံဘက် အခြမ်းရှိ ကာစီနို လောင်းကစားရုံ တခု ဖြစ်သည့် ကင်းစ်ရိုမန် အနီးတွင် မက်သဖက်တမင်း ဆေးပြားပေါင်း ၃၃ သန်းကို လာအိုက အကြီးအကျယ် ထပ်မံ ဖမ်းဆီးရမိလိုက်ပြန်သည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
]]>
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန် https://burma.irrawaddy.com/organized-crime-guide/2023/01/10/257204.html Tue, 10 Jan 2023 10:23:21 +0000 https://burma.irrawaddy.com/lytbox/?p=257204 GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။ဤလမ်းညွှန်အား ဘာတီး(လ် )လင့်တနာ က ရေးသားပြီး နီကိုလီယာ အပေါ့စတိုလို၊ ရိ ရစ်ချတ်ဆန် နှင့် အလက်ဇာ ဗန် ဆစ်ကယ် တို့က တည်းဖြတ်ပါသည်။ ]]> GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။
ဤလမ်းညွှန်အား ဘာတီး(လ်)လင့်တနာ က ရေးသားပြီး နီကိုလီယာ အပေါ့စတိုလို၊ ရိ ရစ်ချတ်ဆန် နှင့် အလက်ဇာ ဗန် ဆစ်ကယ် တို့က တည်းဖြတ်ပါသည်။ သရုပ်ဖော်ပုံများသည် နိုဂျာဒေါင်း ဘွန်ပရာဆတ် ၏ လက်ရာဖြစ်သည်။
နိဒါန်း
မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံ နယ်နိမိတ် ဆုံရာနေရာ ဖြစ်သည့် ရွှေတြိဂံဒေသနှင့် ပတ်သက်၍ ယုံတမ်းဒဏ္ဍာရီကြီး သုံးခု ရှိပါသည်။ ပထမ တခုမှာ ဤဒေသ၏ အမည်မှာ ရွှေနှင့် ပတ်သက်နေ သယောင်ယာင် ရှိပါသည်။ အမှန်တကယ်လည်း ဤဒေသမှ ထွက်ရှိသည့် မူးယစ်ဆေးဝါးများကို ရွှေဖြင့် ပေးချေရလေ့ရှိပါသည်။ ဒုတိယ တခုမှာ အရှေ့တောင်အာရှ၏ ဘိန်းကုန်သွယ်မှုသည် သမိုင်းနှင့်ချီ နက်ရှိုင်းစွာ တည်ရှိနေပြီး ဘိန်းပင်များကို စိုက်ပျိုးလာကြသည်မှာလည်း ရာစုနှစ်နှင့်ချီနေသည်ဆိုသည့် အကြောင်း ဖြစ်ပါသည်။ တတိယ “လူဆိုးများ” (မှောင်ခိုသမားများနှင့် ၎င်းတို့၏ ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ဖော်ကိုင်ဖက်များ) နှင့် “ဇာတ်လိုက်များ” (နိုင်ငံတကာနှင့် ဒေသတွင်း ဥပဒေစိုးမိုးရေးအဖွဲ့များသည် ဘိန်းကုန်သွယ်ရေး ရပ်တန့်သွားရန်နှင့် နောက်ကွယ်မှ ရာဇဝတ်ကောင်များကို ဖမ်းဆီးနိုင်ရန် အလို့ငှာ ၎င်းတို့ အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိသည်) အကြား စစ်ပွဲ တခု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည် ဆိုသည့် အကြောင်းပင် ဖြစ်ပါသည်။ သို့သော်လည်း မြေပြင်တွင်မူ ဤထူးခြားချက်များမှာ ရှင်းရှင်းလင်းလင်း မရှိလှချေ။
GIJN ၏ ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်တွင် အကြောင်းအရာ အစုံအလင် ပါရှိပါသည်။ 
 ရွှေတြိဂံ ဟူသည့် အမည်သည် လူအများယုံကြည်ထားသကဲ့သို့ အရှေ့တောင်အာရှက ဘိန်းထွက်ရှိရာ ဒေသ၏ ရှေးခေတ်ကတည်းက တွင်သည့် အမည်ဟောင်း မဟုတ်ပေ။ ၁၉၇၁ ခုနှစ် ဂျူလိုင်လ ၂၄ ရက်ထုတ် အာရှတိုက်၏ နာမည်ကျော် အရှေ့ဖျားစီးပွားရေးရီဗျူး အပတ်စဉ်ထုတ် မဂ္ဂဇင်း (ယခုအခါ ဆက်လက် ထုတ်ဝေခြင်း မပြုတော့) တွင် မျက်နှာဖုံးတွင် “ထူးဆန်းထွေလာ ဘိန်းကမ္ဘာ” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတပုဒ်တွင် ဤအမည်ကို စတင် ပုံနှိပ်ဖော်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုဆောင်းပါးကို အမေရိကန်နိုင်ငံသား စာရေးဆရာ၊ သမိုင်းပညာရှင်၊ ဂျာနယ်လစ် ဖြစ်သည့် တီ ဒီ အယ်မန် က ရေးသားခဲ့ခြင်း ဖြစ်သည်။ ဘိန်းအများစုကို တချိန်က အမေရိကန် စွပ်စွဲသလို တရုတ်နိုင်ငံမှာ စိုက်ပျိုးတာ မဟုတ်ကြောင်း၊  မြန်မာနိုင်ငံ အရှေ့မြောက်ဒေသကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံ အနောက်မြောက်ပိုင်း အထိ ကျယ်ပြန့်သည့် “ရွှေတြိဂံ” ဒေသတွင် စိုက်ပျိုးတာသာ ဖြစ်ကြောင်း ထိုအချိန်က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မာရှယ် ဂရင်းက ပြောဆိုသည့် စကားကို ဖော်ပြထားသည်။ အမေရိကန်အစိုးရက တရုတ်အစိုးရနှင့် ပုလဲပနံသင့်အောင် ကြိုးပမ်းနေသည့် ထိုအချိန်ကာလတွင် ဂရင်း၏ ပြောဆိုချက်နှင့် အယ်မန်၏ ဆောင်းပါးတို့လည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် နောက်လတွင် နစ်ဆင်က တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မှာဖြစ်ကြောင်းလည်း ကြေညာထားလေသည်။
နောက်ကွယ်တွင် မည်သို့သော အကြောင်းများ ရှိစေကာမူ လူအများစု၏ စိတ်အာရုံကိုလည်း အတော်လေး ဖမ်းစားထားနိုင်သလို ဘိန်းကုန်သွယ်မှု၏ ဥပဒေကင်းမဲ့သည့် သဘောသဘာဝကိုလည်း အမှတ်ရစေသည်။ နှစ်အနည်းငယ် အတွင်းမှာပင် ရွှေတြိဂံသည် အရှေ့တောင်အာရှ၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြဿနာအားလုံး၏ သင်္ကေတ ဖြစ်လာသည်။ အင်္ဂလိပ် အက္ခရာ အကြီး “G” နှင့် “T” လို့လည်း ရေးကြသည်။ ရွှေတြိဂံကို တရုတ်ဘာသာဖြင့် (ကျင်းဆန်းကျောင်)၊ ထိုင်းဘာသာဖြင့် (ဆမ်လျမ်ထောင်းခမ်း) ဟူ၍ ခေါ်ကြသည်။ အဘယ်ကြောင့် ဆိုသည်ကို အလွယ်တကူ နားလည်နိုင်ပေသည်။ ဤဒေသတွင် ငွေကြေး နှစ်မျိုးနှစ်စားသာ အစဉ်တည်တံ့လျက်ရှိသည်။ ထိုနှစ်မျိုးမှာ မူးယစ်ဆေးဝါးနှင့် ရွှေ တို့သာ ဖြစ်ကြသည်။ ယခင်ကဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဘိန်းခင်းများမှ ဘိန်းစိမ်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် မျက်နှာချင်းဆိုင်က နယ်စပ်မြို့ ဖြစ်သည့် တာချီလိတ်မြို့သို့ အစောင့်အကြပ် အင်အားကြီးကြီးမားမားပါသည့် လားဝန်တင်တန်းဖြင့် သယ်ထုတ်လာကြသည်။ တာချီလိတ်တွင်ပင် ထိုင်း၊ လာအိုနှင့် တခြားနိုင်ငံများမှ လာကြသည့် ဘိန်းအဝယ်တော်များထံ ရောင်းချကြသည်။ ရွှေချောင်းများဖြင့်သာ ငွေချေကြသည်။ ရွှေဖြင့် ဘိန်းကို ဝယ်ယူရသည့် အဖြစ်သည် ထိုဒေသ၏ အမည် တွင်လာပုံပင် ဖြစ်ပေသည်။
ရွှေတြိဂံဒေသသည် နယ်နိမိတ် အတိအကျ မရှိဘဲ နိုင်ငံအတော်များများကို လွှမ်းခြုံထားသည့် အတွက် မည်ရွေ့မည်မျှ ကျယ်ဝန်းသည်ဟု အတိအကျဆိုရန် မဖြစ်နိုင်ပေ။ ခန့်မှန်းချေအားဖြင့် စတုရန်း ကီလိုမီတာ ၂၀၀,၀၀၀ ခန့် (၇၇,၂၂၀ စတုရန်းမိုင်ခန့်) ရှိနိုင်ပြီး ယူကေနိုင်ငံ အကျယ်အဝန်းထက် အနည်းငယ် သေးငယ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ မြေမျက်နှာပြင် ကြမ်းတမ်းကာ တောင်ထူထပ်ပြီး လူဦးရေ ကျဲပါးသည့် ဒေသ ဖြစ်သည်။ လူဦးရေ ခြောက်သန်းမှ ခုနစ်သန်းခန့်ထက် မပိုနိုင်ဘဲ လူနည်းစု လူမျိုးစုများဖြစ်သည်။ အများအားဖြင့် တောင်ပေါ်နေ လူမျိုးစုဖြစ်ကြသော်လည်း မြစ်ဝှမ်းများမှာ နေထိုင်ကြသည့် လူမျိုးစုများလည်း ရှိသည်။ ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းသည် အကျယ်ဝန်းဆုံးနှင့် အဆင်းရဲဆုံးဒေသဖြစ်ပြီး ဘိန်းကို အမြဲတမ်းနှင့် အများဆုံး စိုက်ပျိုးသည့် ဒေသလည်း ဖြစ်သည်။ ထိုင်းနိုင်ငံဘက် အခြမ်းသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အများအားဖြင့် မြို့ပြပုံစံ ဖြစ်နေကြပြီ။ ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းလည်း မရှိတော့ပေ။ လာအိုနိုင်ငံတွင်မူ ဘိန်းစိုက်ပျိုးထုတ်လုပ်သူများ ရှိနေဆဲဖြစ်သော်လည်း ယခင်ကလို မများပြားတော့ပေ။
မြန်မာ၊ ထိုင်းနှင့် လာအို နယ်စပ်ဒေသများကို လွှမ်းခြုံထားသည့် “ရွှေတြိဂံ” ၏ ခန့်မှန်းမြေပုံ။
ယနေ့ခေတ် မြန်မာနိုင်ငံနှင့် မကြာသေးခင် ကာလအထိ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးသည့် တောင်တန်းသားများသည် ဆန်စပါး စိုက်ပျိုးရန် မဖြစ်နိုင်သည့် မြင့်မားသော တောင်ပေါ်တွင် နေထိုင်ကြသည်။ ထို့ကြောင့် တောင်ခြေမြေနိမ့်ဒေသမှ ဆန်နှင့် အခြားပစ္စည်းများ ဝယ်ယူရန်အတွက် ငွေဖြစ်နိုင်သည့် သီးနှံအပေါ် မှီခိုအားထားကြရသည်။ သို့သော် အများထင်ကြသကဲ့သို့ ဘိန်းသည် ရွှေတြိဂံဒေသတွင် ငွေဖြစ်နိုင်သည့် အဓိက သီးနှံ အဖြစ် အမြဲ တည်ရှိနေခြင်း မဟုတ်။ ဘိန်းရောင်းချခြင်းနှင့် သုံးစွဲခြင်းသည် တရားမဝင်ဟု အမြဲတမ်း သတ်မှတ်ထားသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အရှေ့တောင်အာရှ နိုင်ငံများ အားလုံးတွင် ဘိန်းလုပ်ငန်းကို အစိုးကသာလျှင် လက်ဝါးကြီးအုပ် လုပ်ကိုင်သည်။ ယနေ့ခေတ် ဆေးလိပ်နှင့် အရက်လုပ်ငန်းများအား လက်ဝါးကြီးအုပ် ထိန်းချုပ်ပုံနှင့် ခြားနားမှု မရှိပါ။
၁၉ ရာစုအတွင်း၌ပင် ဗြိတိသျှတို့သည့် တရုတ်နိုင်ငံနှင့် ၁၈၃၉−၁၈၄၂ တွင် တကြိမ်၊ ၁၈၅၆−၁၈၆၀ တွင် တကြိမ်ဖြင့် ဘိန်းစစ်ပွဲ နှစ်ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့ပြီး ဟောင်ကောင်ကို သိမ်းယူခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ ဘိန်းများ အတွက် တရုတ်နိုင်ငံတွင် ဈေးကွက်ဖွင့်နိုင်ခဲ့သည်။ အိန္ဒိယတိုက်ငယ်၏ အရှေ့ဘက်ပိုင်းဖြစ်သည့် ဘင်္ဂလားပြည်နယ်နှင့် အခြားဒေသများရှိ ကျယ်ပြန့်လှသည့် ဘိန်းခင်းများကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက ထိန်းချုပ်ထားသည်။ ထိုခေတ်က ဘင်္ဂလားပြည်နယ်သည် ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ ကာကတ္တား (ယနေ့ခေတ် ကိုလ်ကတ္တား)၊ ဘုံဘေ (ယနေ့ခေတ် မွန်ဘိုင်) နှင့် အခြားမြို့ကြီးများတွင် ဘိန်းသိုလှောင်ရုံများ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဘိန်းအနည်းငယ် ထုတ်လုပ်နိုင်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ရှမ်းပြည် တောင်တန်းဒေသများ (ယနေ့ခေတ် ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်း) တွင် စိုက်ပျိုးကာ တနှစ်လျှင် တန် ၃၀ ခန့်ထွက်သည်။ ဘိန်းခွန်သည် ရှမ်းစော်ဘွားများအတွက် ဝင်ငွေရပေါက်ရလမ်း တခုဖြစ်သည်။ ကိုလိုနီ အာဏာပိုင်များသည် ၁၉၁၀ ဘိန်းအက်ဥပဒေနှင့် နောက်ပိုင်းတွင် ပြဋ္ဌာန်းသည့် ၁၉၃၈ ဘိန်းစည်းမျဉ်းများဖြင့် ဘိန်းကုန်သွယ်မှုကို တင်းကြပ်စွာ ချုပ်ကိုင်ထားသည်။
ယိုးဒယား (ယခု ထိုင်းနိုင်ငံ) သည် ဥရောပနိုင်ငံများ၏ လက်အောက်ခံအဖြစ် ကျရောက်ဖူးခြင်း မရှိပေ။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံများက နိုင်ငံခြားအုပ်ချုပ်သူများ ချုပ်ကိုင်သည့် ဘိန်းကုန်သွယ်ရေး ဘေးဆိုးကြီးမှ ကင်းလွတ်နိုင်ခြင်း မရှိပါ။ ယိုးဒယားဘုရင် မောင်းကွတ် (စတုတ္ထမြောက် ရာမမင်း) သည် ဘိန်းသုံးစွဲမှုကို ပိတ်ပင်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ဗြိတိသျှတို့၏ ဖိအားပေးမှုကို အညံ့ခံလိုက်ရပြီး ၁၈၅၂ ခုနှစ်တွင် အိန္ဒိယမှ ဘိန်းအမြောက်အမြား စတင်တင်သွင်းခဲ့ရသည်။ မောင်းကွတ်ဘုရင်သည် ဘုရင်ပိုင်ဘိန်းလုပ်ငန်း တခုကို တည်ထောင်ပြီး ကြွယ်ဝချမ်းသာသည့် တရုတ်လူမျိုး ကုန်သည်ကြီး အများစု ဖြစ်သည့် နိုင်ငံတွင်းက လုပ်ငန်းရှင်များအား ဘိန်းလုပ်ကိုင်ခွင့်များ ချပေးခဲ့သည်။ ဘိန်း၊ ထီ၊ လောင်းကစားနှင့် အရက် လုပ်ကိုင်ခွင့်များကို မည်သူမဆို လျှောက်ထားနိုင်သည်။ ၁၉ ရာစုအကုန်ကာလတွင် အဆိုပါ လက်ဝါးကြီးအုပ်ထားသည့် လုပ်ငန်းများမှ ရရှိသော အခွန်အတုတ်များသည် ယိုးဒယားအစိုးရ ဝင်ငွေ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရှိသည်ကို တွေ့ရပါသည်။
အစောပိုင်းကာလတွင် ပြင်သစ်တို့ကလည်း အင်ဒိုချိုင်းနားကို သိမ်းပိုက်သည့် စရိတ်ကာမိရန် အတွက် ဘိန်းလုပ်ငန်းဘက်ကို ဦးလှည့်ခဲ့ဖူးသည်။ အာဖဂန်နစ်စတန်နှင့် အိန္ဒိယမှ ဘိန်းများကို အဆိုပါဒေသသို့ တင်သွင်းခဲ့ပြီး ပြင်သစ်၏ ဘိန်းလုပ်ငန်း အားလုံးကို အစိုးရက စီမံခန့်ခွဲသော တစ်ဦးတည်းပိုင် ဘိန်းလုပ်ငန်းဖြစ်သည့် Régie de l’opium ဟုခေါ်သော တန်ခိုးထွားသည့် အေဂျင်စီအောက်တွင် စုစည်းထားသည်။ ရရှိသည့်အမြတ်မှာ များပြားလှပြီး အရောင်းအဝယ်လည်း ဖြစ်ထွန်းလှပေသည်။ ၁၉၀၀ ပြည့်နှစ်ခန့်တွင် ပြင်သစ်ပိုင် အင်ဒိုချိုင်းနား အစိုးရ ဝင်ငွေ၏ ထက်ဝက်ကျော်သည် ဘိန်းမှ ရရှိသည့် အခွန်အတုတ်များသာ ဖြစ်သည်။ ၁၉၃၀ တွင်မူ အင်ဒိုချိုင်းနားတွင် လိုင်စင်ရ ဘိန်းခန်းပေါင်း ၃၅၀၀ ရှိ၍ အရွယ်ရောက် အမျိုးသား ၁၅၀၀ လျှင် ဘိန်းခန်း တခန်းနှုန်းပင် ဖြစ်လေသည်။ အရှေ့အိန္ဒိယကျွန်းစု (ယနေ့ခေတ် အင်ဒိုနီးရှားနိုင်ငံ) ရှိ ဒတ်ချ်တို့သည်လည်း တူရကီနိုင်ငံနှင့် ပါရှားနိုင်ငံ (ယနေ့ခေတ် အီရန်နိုင်ငံ) မှ ဘိန်းများကို အလားတူ တင်သွင်းလုပ်ကိုင်ခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ဆုပ်ရုတ်ရှိ ဘိန်းပြတိုက်ခန်းမတွင် ခင်းကျင်းပြသထားသည့် ဘိန်းခန်း ပုံစံ။
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိခြင်းသည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး တိုက်ကြီးရှိ ကိုလိုနီ အုပ်စိုးမှုကို ချုပ်ငြိမ်းသွားစေသည့် လမ်းစဖြစ်သည့် အလျောက် ဒုတိယကမ္ဘာစစ်ကြီးသည် အာရှတိုက်၏ နိုင်ငံရေးမြေပုံကို ပြောင်းလဲပစ်လိုက်ရုံသာမက အရှေ့တောင်အာရှ၏ ဘိန်းကုန်သွယ်ရေးကိုပါ အကြီးအကျယ် ထိခိုက်စေပါသည်။ အိန္ဒိယနှင့် အနောက်အာရှဘက်မှ လာသည့် ပင်လယ်ရေကြောင်းသည် စစ်ကြီးကြောင့် မလုံခြုံတော့သည့်အတွက် ပြင်သစ်တို့သည် တုံကင် အနောက်မြောက်ဘက် (ယနေ့ ဗီယက်နမ် အနောက်မြောက် ဒေသ) နှင့် လာအိုရှိ တောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးရန် အားပေးခဲ့သည်။ ဘိန်းကို အကြီးအကျယ် ထုတ်လုပ်သည့် နိုင်ငံ မဖြစ်ခဲ့ဖူးသည့် ထိုင်းနိုင်ငံတွင်လည်း နိုင်ငံ၏ မြောက်ပိုင်းတွင် ဘိန်းကို တိုးချဲ့ စိုက်ပျိုးလာသည်ကို တွေ့ရသည်။
ခေတ်ဟောင်း ကိုလိုနီအစိုးရများကလည်း ဘိန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းကို တဖြည်းဖြည်းနှင့် စွန့်လွှတ်လာကြသည်။ အိန္ဒိယနိုင်ငံတွင် ဘိန်းကို ဆက်လက် ထုတ်လုပ်နေသော်လည်း ဆေးဘက်ဆိုင်ရာ အသုံးပြုရန် အတွက် မော်ဖင်းနှင့် အခြားဆေးဝါးများကိုသာ ထုတ်လုပ်ရန်အတွက် စိုက်ပျိုးခြင်းသာ ဖြစ်သောကြောင့် ထုတ်လုပ်သည့် ပမာဏများစွာ လျော့နည်းသွားသည်။ အခြားနည်းလမ်းဖြင့် ဘိန်းသုံးစွဲမှုများသည် ရာဇဝတ်သင့်ပြီး တရားဝင်မှု နည်းပါးလှသည်။ အကျင့်ပျက်ခြစားမှုသည် အဓိက ပြဿနာဖြစ်ပြီး ပြည်တွင်းပြဿနာများကလည်း အထူးသဖြင့် မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု ပိုမိုတိုးတက်လာရန် တွန်းအားပေးခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ တရုတ် အမျိုးသားရေးဝါဒီ ကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်လာခြင်းသည် အလှည့်အပြောင်းကြီး ဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်၌ ရှုံးနိမ့်ခဲ့သည့် တရုတ်အမျိုးသားရေးဝါဒီတပ်ဖွဲ့များသည့် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ဝေးလံသည့် ဒေသများသို့ ဆုတ်ခွာလာခဲ့ကြပြီး လျှို့ဝှက်စစ်စခန်းများ တသီတတန်းကြီး တည်ဆောက်ခဲ့ကြသည်။ ရည်ရွယ်ချက်ကတော့ မော်စီတုန်း၏ ကွန်မြူနစ်လက်အောက် ကျရောက်သွားသည့် တရုတ်နိုင်ငံကို ပြန်လည်သိမ်းပိုက်ရန် ဖြစ်သည်။ ကူမင်တန်များ ဘိန်းကုန်သွယ်မှုတွင် ပါဝင်လာခြင်းနှင့် ပတ်သက်၍ နာမည်ကျော် ကူမင်တန် ဗိုလ်ချုပ်များထဲမှ တဦးဖြစ်သည့် တွမ့်ရှီးဝင် က “ကျုပ်တို့ အနေနဲ့ ကွန်မြူနစ် မကောင်းဆိုးဝါးတွေကို ဆက်တိုက်ရမယ်။ ဒီလိုတိုက်တဲ့အခါ စစ်တပ်ရှိရမယ်။ စစ်တပ်မှာလည်း လက်နက်ရှိရမယ်။ လက်နက်တွေဝယ်ဖို့ ဆိုတာ ငွေရှိရမယ်။ ဒီတောင်တန်းတွေပေါ်မှာ ငွေဖြစ်နိုင်တာ ဆိုလို့ ဘိန်းပဲရှိတယ်” ဟု ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့ဖူးသည်။
ရွှေတြိဂံဒေသသည် ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော တရားမဝင်လုပ်ငန်းများ အားလုံး၏ ဗဟိုချက်မများထဲမှ တခု ဖြစ်နေသည်။
 ဤပြောဆိုချက်သည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ အများအပြား – ဗဟိုအာဏာပိုင်များကို ဆန့်ကျင်ရန် အတွက် ၁၉၅၀ ပြည့်လွန်နှစ်များ ကတည်းက လက်နက်ကိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် မြန်မာအစိုးရ တပ်မတော်အပါအဝင် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များ – ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ ရှုပ်ထွေးသော နိုင်ငံရေးထဲ ပါဝင်ပတ်သက်လာသည့် အကြောင်းကို နိမိတ်ဖတ်သကဲ့သို့ ဖြစ်နေပေသည်။
ကူမင်တန်များက တောင်ပေါ်နေ လူမျိုးစု တောင်သူများကို ဘိန်းပိုမိုစိုက်ပျိုးရန် မက်လုံးပေးခဲ့သည်။ နောက်ပိုင်းတွင် တောင်သူများ ဘိန်းပိုမိုစိုက်ပျိုးရန် ဖိအားပေးသည့် အနေဖြင့် ကူမင်တန်များက ဘိန်းခွန် အဆမတန် ကောက်ခံခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်လယ်ပိုင်းတွင် ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းတွင် ဘိန်းထုတ်လုပ်မှု ၁၀ ဆ၊ အဆ ၂၀ အထိ ထိုးတက်လာခဲ့ပြီး တနှစ်လျှင် တန်ချိန် ၃၀၀ မှ ၆၀၀ အထိ ထွက်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်ပွဲကြောင့် မြေနိမ့်ဒေသ ဈေးကွက်များသို့ သွားရောက် ရောင်းချရန် စိုက်ပျိုးနေကြ ငွေဖြစ် သီးနှံများ ဖြစ်ကြသည့် လက်ဖက် သို့မဟုတ် ဆေးရွက်ကြီးများ စိုက်ပျိုးရန်မှာ အလွန်အမင်း စွန့်စားရာကျပေသည်။ ကုန်သည်များက ရွာအရောက် ဘိန်းစိမ်းများကို လာဝယ်သောကြောင့် ဘိန်းကိုသာ လုံခြုံစိတ်ချစွာ စိုက်ပျိုးနေပြီဖြစ်သည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလည်း ပြိုလဲသွားခဲ့သည်။ ဆုံးဝါးလှသော မူဝါဒဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း စတင်ခဲ့သည်။ ရှမ်းနှင့် အခြားသူပုန်များအား တိုက်ခိုက်ရန် အတွက် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းက ဒေသခံ ကာကွယ်ရေးအဖွဲ့များကို ၁၉၆၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကာကွယ်ရေးအဖွဲ့များသည် သူပုန်များကို တိုက်ခိုက်ရသည့်အတွက် အပေးအယူ အဖြစ် ရှမ်းပြည်နယ် အတွင်းရှိ အစိုးရထိန်းချုပ်ရာ လမ်းမကြီးများ၊ မြို့များ အားလုံးကို ဖြတ်သန်းသွားလာပြီး ဘိန်းမှောင်ခိုလုပ်ခွင့် ရထားကြသည်။ ဤအခြေအနေတွင် သူပုန်နှိမ်နင်းရေးအတွက် ရန်ကုန်ရှိ ဗဟိုဘဏ္ဍာတိုက်တွင်းမှ ငွေများဖြင့် ထောက်ပံ့ရန် ခက်ခဲနေသောကြောင့် ဘိန်းကုန်သွယ်ခွင့်ပေးထားခြင်းဖြင့် ကာကွယ်ရေးအဖွဲ့များသည် ကိုယ့်စားရိတ်ကိုယ်ရှာကာ ရပ်တည်နိုင်ကြလိမ့်မည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။ ထို့ကြောင့် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အတော်များများ ချမ်းသာ ကြွယ်ဝလာကြသည်။ ရွှေတြိဂံဒေသ၏ နာမည်ကျော် ဘိန်းဘုရင်များ ဖြစ်ကြသည့် လော်စစ်ဟန်နှင့် ကျန်းချီဖူ (နောက်ပိုင်းတွင် ခွန်ဆာ ဟူသည့် အမည်ဖြင့် ကျော်ကြားသည်) တို့သည် ထိုအချိန်က အစိုးရ လက်အောက်ခံ ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်များအဖြစ် ဘိန်းလုပ်ငန်းကို စတင်ခဲ့ကြသည်။ လော်စစ်ဟန် က ဘိန်းစိုက်ပျိုးသည့် ကိုးကန့်ဒေသတွင် အခြေပြုကာ ခွန်ဆာ က မြန်မာစစ်တပ် အခြေစိုက်သည့် တန့်ယန်းမြို့ အနီးက ဘိန်းစိုက်ပျိုးသည့် လွယ်မော် တောင်ကြောတွင် အခြေပြုသည်။
၂၀၁၆ ခုနှစ်ခန့်က ရွှေတြိဂံဒေသ မြန်မာနိုင်ငံ အရှေ့မြောက်နှင့် လာအိုနိုင်ငံ မြောက်ပိုင်းက တရားမဝင် ဘိန်းစိုက်ပျိုးသည့် နေရာပြ မြေပုံ။/ UNODC
ဒေသတွင်းနှင့် ကမ္ဘာတဝှမ်းတွင် ဘိန်းဝယ်လိုအားနှင့် ဘိန်းမှ တဆင့်ထုတ်လုပ်သည့် ဘိန်းဖြူ ဝယ်လိုအား လျော့နည်းလာသည့်အလျောက် ယနေ့ခေတ် ရွှေတြိဂံဒေသ၏ ဘိန်းထုတ်လုပ်မှုသည်လည်း လျော့နည်းလာခဲ့ရသည်။ ထို့ကြောင့် ဆင်းရဲလှသည့် တောင်ပေါ်လူမျိုးစု ဘိန်းစိုက်တောင်သူများကိုသာ ထိခိုက်စေပြီး ၎င်းတို့၏ ဝင်ငွေလည်း ဆုံးရှုံးခဲ့ရသည်။ ဘိန်းဘုရင်များမှာမူ မက်သဖက်တမင်း (ဒေသတွင်းတွင်မူ ထိုင်းဘာသာဖြင့် “ရူးသွပ်စေသည့်ဆေး” ဟု အဓိပ္ပာယ်ရသည့် ယာဘ ဟုသာ လူသိများသည်) နှင့် အခြား ဖန်တီးထုတ်လုပ်ရသည့် မူးယစ်ဆေးဝါးများဘက်သို့ ခြေဦးလှည့်သွားကြသည်။ ၎င်းမူးယစ်ဆေးဝါးများ ထုတ်လုပ်ရန်အတွက် ဓာတုပစ္စည်းများသာ လိုအပ်ပြီး ဈေးကွက်အသစ်မှာလည်း အသင့်ဖြစ်နေပြီး ဖြစ်သည်။ ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက်အခြမ်းတွင် ဥပဒေ ဆိတ်သုဉ်းနေမှုကြောင့် လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု၊ မြေရှားသတ္တု တူးဖော်မှုနှင့် ရှေးဟောင်းပစ္စည်း မှောင်ခို အစရှိသည့် တခြားသော တရားမဝင် လှုပ်ရှားမှုများ၏ ဗဟိုချက်မ တခု ဖြစ်လာသည်။ အတော်အသင့် ကောင်းမွန်သော် သေနတ်များကို ရွှေတြိဂံဒေသအတွင်းရှိ စက်ရုံများ၊ အလုပ်ရုံများတွင်ပင် ထုတ်လုပ်ကာ အရှေ့တောင်အာရှ အတွင်းရှိ သူပုန်များ၊ ရာဇဝတ်ဂိုဏ်းများသို့ ရောင်းချလျက်ရှိကြသည်။ လာအိုနိုင်ငံ မြောက်ပိုင်း အပြင် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်တွင် ကာစီနို လောင်းကစားရုံ ၂၀ ထက်မနည်း တည်ဆောက်ထားပြီး ဖြစ်သည်။ ထိုနေရာများကို ငွေကြေးခဝါချဖို့အတွက် အသုံးပြုကြသည်။
တနည်းအားဖြင့် ရွှေတြိဂံဒေသသည် ကမ္ဘာ့ပေါ်ရှိ အမျိုးမျိုးသော တရားမဝင်လုပ်ငန်းများ အားလုံး၏ ဗဟိုချက်မများထဲမှ တခု ဖြစ်နေသည်။ ဒီဒေသအတွင်းရှိ လျှို့ဝှက် အမှောင်ကမ္ဘာ စီးပွားရေး အပြင် ၎င်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လည်ပတ်နေသည့် ငွေပမာဏသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ရှိပေသည်။
ရွှေတြိဂံဒေသတွင် “မူးယစ်ဆေး တိုက်ဖျက်ရေးစစ်ပွဲ” တခု ရှိသည်ဟု ထင်စရာ ဖြစ်လာသည်။ “မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲ” ဆိုသည့် ဝေါဟာရသည် ၁၉၇၁ ဂျွန်လ အတွင်း ကျင်းပခဲ့ပြီး မူးယစ်ဆေး အလွဲသုံးစွဲမှုကို “ပြည်သူ့ရန်သူ နံပါတ်တစ်” အဖြစ် ထိုအချိန်က သမ္မတ ရစ်ချက် နစ်ဆင် က ကြေညာခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခုနောက်ပိုင်း မီဒီယာများအကြား ရေပန်းစားခဲ့သည့် ဝေါဟာရ ဖြစ်သည်။ အခုထိလည်း ထိုစစ်ပွဲကို ဆင်နွှဲနေဆဲ ဖြစ်သည်။
သိုသော် ရွှေတြိဂံဒေသ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲသည် နိုင်ငံတကာအဖွဲ့အစည်းများက ပြင်မကမ္ဘာကို ယုံကြည်စေချင်သလို ရှင်းလင်းပြတ်သားမှု မရှိပေ။ မြန်မာနိုင်ငံမှ လူမျိုးစု တော်လှန်ပုန်ကန်မှုသည် လည်းကောင်း၊ အစိုးရဘက်မှ ပုန်ကန်မှုနှိမ်နင်းရေး အစီအမံများသည်လည်းကောင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် နီးကပ်စွာ ဆက်နွှယ်လျက် ရှိနေသည်။ ၁၉၇၃ ခုနှစ်တွင် ကာကွယ်ရေးအဖွဲ့များအား ဖျက်သိမ်းလိုက်သော်လည်း အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့များကို အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ်များသည် ကာကွယ်ရေးများ၏ နေရာကိုယူကာ တရားဥပဒေအရ တားမြစ်ထားသည့် ပြစ်မှုမကင်းသည့် အလုပ်များစွာကို လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံတကာ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများရှိ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအတွင်း၌ အကျင့်ပျက်ခြစားမှု အကြီးအကျယ်ပျံ့နှံ့ သောင်းကြမ်းလျက်ရှိသည်။ ထို့ကြောင့် အစိုးရတာဝန်ရှိသူများ ကုန်သွယ်မှုတွင် ပတ်သက်နေသည့် အကြောင်းကို နိုင်ငံခြား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာတွင် ဖော်ပြခဲလှပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အစီရင်ခံစာတွင် လုံးဝ ဖော်ပြခဲ့ဖူးခြင်း မရှိပေ။
ရွှေတြိဂံဒေသအတွင်းရှိ မူးယစ်ဆေးဝါးနှင့် အခြား ကုန်ပစ္စည်း ကုန်သွယ်မှု အကြောင်းများကို ရေးသားမည် ဆိုပါက နောက်ခံ သမိုင်းကြောင်းကို လေ့လာရန် အရေးကြီးသည်။
ထို့အပြင် ရွှေတြိဂံဒေသ ဘိန်းကုန်သွယ်မှု၏ ရှေ့ဆောင်ဖြစ်သည့် ကူမင်တန်တို့သည် အမေရိကန် ပြည်ထောင်စု၊ ထိုင်း၊ ထိုင်ဝမ် အစရှိသည့် နိုင်ငံများမှ သူလျှိုအဖွဲ့အစည်းများနှင့် နီးကပ်စွာ လုပ်ကိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ထောက်လှမ်းရေး လုပ်ငန်းများတွင် အသုံးဝင်နေသရွေ့ ကူမင်တန် အရာရှိများ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ကို မမြင်ချင်ဟန်ပြုထားကြပေသည်။ ယနေ့ခေတ်တွင်လည်း တရုတ်နိုင်ငံ ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါး မှောင်ခိုများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်။ အကြောင်းပြချက် အတူတူပင် ဖြစ်သည်။ “မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲ” ၏ နောက်ဆုံးရလဒ်မှာ ဖမ်းဆီးခံရသူများဖြစ်ပြီး အများစုမှာ မူးယစ်ဆေးဝါးများအား တနေရာမှ တနေရာသို့ သယ်ယူပို့ဆောင်သူများသာ ဖြစ်ကြပြီး အလွယ်တကူ အစားထိုးနိုင်သူများသာ ဖြစ်ကြသည်။ ဘိန်းရာဇာကြီးများ အဖမ်းခံရသည်မှာ ရှားရှားပါးပါးသာဖြစ်သည်။ သူတို့အနေဖြင့် အစိုးရနှင့် အပေးအယူလုပ်နိုင်ရန် စီမံကြသည်။  လော်စစ်ဟန်နှင့် ခွန်ဆာ တို့သည် သူတို့၏ နောက်ဆုံးနေ့ရက်များကို မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်တွင် စည်းစိမ်ချမ်းသာဖြင့် နေထိုင်ကာ ကြွယ်ပိုးကြွယ်ဝ စီးပွားရေးသမားများ အဖြစ် အဆုံးသတ်သွားနိုင်ကြသည်။
ဒေသတွင်းရှိ တရားမဝင် ဈေးကွက်များ၊ ချမ်းသာကြွယ်ဝသည့် သမိုင်းကြောင်း၊ စိတ်ဝင်စား စွဲမက်ဖွယ်ကောင်းသည့် ယဉ်ကျေးမှုများကြောင့် ရွှေတြိဂံဒေသသည် ကမ္ဘာတဝှမ်းမှ ဂျာနယ်လစ်များကို ဆယ်စုနှစ်များစွာကြာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ မှုခင်း သတင်းထောက် တဦး၏ ကင်မရာမှန်ဘီလူးမှ တဆင့် ဤဒေသ၏ စိတ်ဝင်စားစရာကောင်းလှသည့် အမျိုးမျိုးသော ဇာတ်ကြောင်းများကို မြင်တွေ့နိုင်သည်။ သို့သော် မြေအောက်ကမ္ဘာ ဈေးကွက်များမှ ဖြစ်ရပ်မှန် အချက်အလက်များ ရရှိရန် အလွန်ခက်ခဲသောကြောင့် ဂျာနယ်လစ်များ အနေဖြင့် သတိသမ္ပဇဉ်ကြီးကြီးဖြင့် အဆိုပါ သတင်းများကို ချဉ်းကပ်သင့်သည်။
အမြဲမှတ်သားထားသင့်သည့် အကြံပေးချက်အချို့မှာမူ−
ရွှေတြိဂံဒေသ အတွင်းရှိ မူးယစ်ဆေးဝါးနှင့် အခြား ကုန်ပစ္စည်း ကုန်သွယ်မှု အကြောင်းများကို ရေးသားမည် ဆိုပါက နောက်ခံ သမိုင်းကြောင်းကို လေ့လာရန် အရေးကြီးသည်။ အများက ယုံကြည်ထင်မှတ်ထားသလို လုံးဝ မရှင်းလင်းပါဘူး။ တရားဝင်ရော၊ တရားမဝင်ရော၊ ကြားသမားတွေရော အပါအဝင် ပါဝင်ပတ်သက်သူတွေ အများကြီးဖြစ်ပါသည်။ ထို့ကြောင့် ဂျာနယ်လစ်များအနေဖြင့် သတိကြိးကြီးထားကာ ဓမ္မဓိဋ္ဌာန်ကျကျနှင့် အကြောင်းအရာကို ချဲ့ကားခြင်းမပြုဘဲ ဆောင်ရွက်ရပါမည်။ နောက်ဆုံးအချက်မှာမူ ဒေသတွင်း တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်သူ အများစုမှာ သူတို့နိုင်ငံများတွင် လူအများ လုံးဝလေးစားကြရသည့် စီးပွားရေးသမားများ သို့မဟုတ် အစိုးရ အာဏာပိုင်များ ဖြစ်နေကြသဖြင့် ဖော်ထုတ်ရေးသားချက် တခုခုက ၎င်းတို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါက တရားစွဲကြမည့်လူများသာ ဖြစ်ပါသည်။ ထို့ကြောင့် တရားတဘောင် ရင်ဆိုင်ရမည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားသင့်ကာ မည်သို့ပင် အရေးကြီးသော သတင်းတိုင်းကို ထုတ်ဝေခြင်း မပြုမီ ရှေ့နေရှေ့ရပ်များနှင့် တိုင်ပင်စိစစ်သင့်ပေသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
]]>
မြောက်ကိုရီးယားနှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး ဆက်ရှိဆဲလား https://burma.irrawaddy.com/article/2018/02/13/151812.html Tue, 13 Feb 2018 12:28:55 +0000 https://burma.irrawaddy.com/lytbox/?p=151812 ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်မြောက်ကိုရီးယားသည် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ပြီး မြန်မာနှင့် ဆီးရီးယားသို့ ပို့ကုန်များမှ အမေရိကန်ဒေါ်လာ ရရှိသည် ဟူသော အတွင်းရေး အစီရင်ခံစာ ပေါက်ကြားခဲ့သည်]]> ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်
နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှ မြန်မာသံအမတ်၏ ပြောကြားချက်ကို ယုံကြည်ရမည် ဆိုပါက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျှ မရှိဘဲ နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ်များကြောင့် လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို လိုက်နာနေသည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှု အများအပြားကို ချိုးဖောက်သော ပြည်ပပို့ကုန်များမှ အမေရိကန်ဒေါ်လာ ရရှိသည် ဟူသော ကုလသမဂ္ဂ၏ အတွင်းရေး အစီရင်ခံစာ ပေါက်ကြားသွားခဲ့ပြီးနောက် မြန်မာ သံအမတ်က ထိုသို့ ငြင်းဆိုခြင်း ဖြစ်သည်။
ထို အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သော ပို့ကုန်များတွင် ကျောက်မီးသွေး၊ သံ၊ ခဲ၊ ချည်ထည်၊ ပင်လယ်စာနှင့် မြန်မာနှင့် ဆီးရီးယားသို့ တင်ပို့သည့် ဒုံးကျည် သို့မဟုတ် ဒုံးကျည် နည်းပညာများ ပါဝင်သည်။
နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး ဖြတ်တောက်ထားသည် ဟု နေပြည်တော်က အကြိမ်ကြိမ် ပြောနေသော်လည်း တပ်မတော် ၂ ခုကြား ဆက်ဆံရေးသည် ရှင်သန်ကောင်းမွန်နေဆဲဖြစ်ကြောင်း မြောက်ကိုရီးယားထံမှ ဒုံးကျည်နှင့် ပတ်သက်သော ဆက်လက် တင်သွင်းမှုများ ပေါ်ပေါက်လာခြင်းက ပြသနေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်သော ကိစ္စများ အားလုံးတွင် လျှို့ဝှက်မှုများဖြင့် လွှမ်းမိုးနေသည်မှာ ရွေးကောက်ခံ အရပ်သားအစိုးရ မဟုတ်ဘဲ သီးခြား ရပ်တည်နေသည့် ဩဇာကြီးမားလှသော တပ်မတော် ဖြစ်ကြောင်းလည်း ၎င်းအချက်တို့က ပြသနေသည်။
ကုလသမဂ္ဂ အစီရင်ခံစာပါ စွပ်စွဲချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအား ပိုမိုများပြားလာစေမည် ကို သံသယရှိရန် မလိုပေ။ မြန်မာနိုင်ငံသည် ယခုပင် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းတွင် လုံခြုံရေး တပ်များ၏ ကိုင်တွယ်မှု အတွက် စုံစမ်းစစ်ဆေးမှုများ၊ အရေးယူခံနိုင်ရခြေများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
ကီလိုမီတာ ၃၂၀ မှ ၅၀၀ အထိ ပစ်နိုင်သော မြောက်ကိုရီးယား ၏ ဟွာဆောင် ၅ စကဒ် ဒုံးကျည်များ
မြောက်ကိုရီးယားနှင့် ဆက်ဆံခြင်းကြောင့် အိုဘားမား ချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးမူကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့် အတွက် အချက်အလက် ရရှိသွားစေနိုင်သည်။ အိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေးမူသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအကြား မဟာဗျူဟာကျသော ဆက်ဆံရေးကို မဖြတ်တောက်နိုင်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာပါ စွပ်စွဲချက်များက သက်သေပြနေသည်။
အဓိကအားဖြင့် ထို ဆက်ဆံရေးကြောင့်ပင် အမေရိကန်သည် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံကို အထီးကျန်ထား ပိတ်ဆို့ အရေးယူရေးမှ ထိုစဉ်က အာဏာရ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံရေး မူကို ပြောင်းလဲ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ရသည်။
“အရေးယူ ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံကို တရုတ်လက် ဝကွက်အပ်တာက လွဲပြီး ဘာသက်ရောက်မှုမှ မရှိဘူးလို့ အဲဒီတုန်းက ယုံကြည်ခဲ့ကြတယ်။ ဒီမှာတင် စိုးရိမ်စရာ ကောင်းနေပြီ။ ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ကလည်း ချိန်ခွင်လျှာ ညှိဖို့ လုပ်ရဦးမှာ။ တခုခု လုပ်မှရမယ်လို့ သူတို့ တွက်ခဲ့ကြတယ်” ဟု အရှေ့တောင်အာရှ အခြေစိုက် အနောက်တိုင်း သုတေသီတဦးက ဆိုသည်။
ဆယ်စုနှစ်များစွာ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အမေရိကန် အဆင့်မြင့် အရာရှိ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံ ခရီးအတွင်း မြောက်ကိုရီးယားနှင့် မြန်မာ ဆက်ဆံရေးသည် ထိပ်တန်းမှ ပါခဲ့သည်။
ထိုစဉ်က မြောက်ကိုရီးယား ပညာရှင်များသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက်လိုဏ်ခေါင်းများ၊ မြေအောက် ကတုတ်ကျင်းများ တူးရာတွင် ပါဝင်ပတ်သက်ကြပြီး မကွေးတိုင်း မင်းလှအနီးနှင့် အခြားနေရာများရှိ စစ်ဘက် ထိပ်တန်းလျှို့ဝှက် နေရာများတွင် ဒုံးကျည် ထုတ်လုပ်ရေး အတွက် မြန်မာ့တပ်မတော် ကို ကူညီနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဒေသတွင်းရှိ ထောက်လှမ်းရေး သတင်းရင်းမြစ်များ ကလည်း မြန်မာ ဆိပ်ကမ်းများတွင် မြောက်ကိုရီးယား သင်္ဘောများ မကြာခဏ ဆိုက်ကပ်သည်ကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုသင်္ဘောများသည် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး ပစ္စည်းဟု ခေါ်သောအရာများ တင်သွင်းလာပြီး မြောက်ကိုရီးယားသို့ ဆန်များ ပြန်လည် သယ်ဆောင်သွားသဖြင့် ကုန်စည်ဖလှယ်မှု ပြုနေသည့် သဘောဆောင်သည်။
ထိုစဉ်က အရေးယူ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသည် သွင်းကုန်များအတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများမှ ငွေပေးချေ၍ မရအောင်ဖြစ်နေပြီး မြောက်ကိုကိုရီးယားမှာ ယခုတိုင် ထိုအခြေအနေတွင်သာ ရှိသေးသည်။
မြောက်ကိုရီးယားက အစားအစာ လိုနေပြီး မြန်မာ့တပ်မတော်ကလည်း ပိုမိုပြင်းအားကောင်းသော လက်နက်များကို အမြဲ ရှာဖွေနေသည်။ မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် အစောပိုင်းက အမြောက်များနှင့် ထရပ်ကားတွင် တင်ပြီး အတွဲလိုက် ပစ်သည့် ၂၄၀ မီလီမီတာ ဒုံးကျည်စနစ်များကို မြောက်ကိုရီးယားထံမှ ဝယ်ခဲ့ သို့မဟုတ် ကုန်စည်ဖလှယ်ခဲ့သည်။
ဒုံးကျည်များနှင့် ပတ်သက်လျှင် မြောက်ကိုရီးယားသည် အသင့်ပြုလုပ်ပြီး လက်နက်များကို ရောင်းခဲလှပြီး နည်းပညာနှင့် အပိုပစ္စည်းကို ရောင်းသည်သာ များသည်။ မြန်မာနိုင်ငံနှင့် ကိစ္စမှာ ကီလိုမီတာ ၃၂၀ မှ ၅၀၀ အထိ ပစ်နိုင်သော မြောက်ကိုရီးယား ၏ ဟွာဆောင် ၅ နှင့် ၆ ကဲ့သိုသော စကဒ် ဒုံးကျည်များ ထုတ်လုပ်ရေး ဖြစ်သည်။
ထို သဘောတူညီချက်များသည် ဆယ်စုနှစ်ပေါင်းများစွာ အေးစက်နေသော ဆက်ဆံရေးများ ပြန်လည် နွေးထွေးစေရန် အကြောင်းရင်များတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ၁၉၈၃ ခု အောက်တိုဘာလ ထိုစဉ်က မြို့တော်ရန်ကုန်တွင် တောင်ကိုရီးယား အရာရှိ ၁၇ ဦး အပါအဝင် လူ ၂၁ ဦးသေဆုံးစေသော မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်မှု အပြီးတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး၊ သံတမန်ရေး အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ခဲ့သည်။ ဖမ်းဆီးရမိသော မြောက်ကိုရီးယား သူလျှို ၂ ဦးအနက် တဦးကို ကြိုးပေးသတ်ခဲ့ပြီး ကျန်တဦး ကိုလည်း သေဒဏ်ချမှတ်ထားသည်။
တောင်ကိုရီးယား အရာရှိ ၁၇ ဦး အပါအဝင် လူ ၂၁ ဦးသေဆုံးစေသော မြောက်ကိုရီးယား သူလျှိုများ၏ ရန်ကုန် အာဇာနည်ကုန်း ဗုံးခွဲတိုက်ခိုက်မှု
ခုတ်တခြား ရှရာတလွဲ ဖြစ်ခဲ့သော ဖြစ်ရပ်မှာ ထိုရန်ကုန်တွင် ဗုံးခွဲတိုက်ခိုက်မှုသည် နှစ် နိုင်ငံအကြား ပိုမိုနီးကပ်သော စစ်ဘက် ဆက်ဆံရေး အတွက် ကြားခံဖြစ်ခဲ့သည်။ ၁၉၉၀ ခုနှစ်များ အလယ်တွင် ထိုစဉ်က ဘန်ကောက်ရှိ မြောက်ကိုရီးယား သံအမတ် ရီဒိုဆုပ် (Ri Do-sop) အား ဘန်ကောက်ရှိ မြန်မာသံအမတ်ကို ဆက်သွယ်စေပြီး ဗိုလ်ကြီး ကင်မင်ချူး (Captain Kang Min Chul) ကို လွဲပြောင်းပေးရေး ညှိနှိုင်းရန် မြောက်ကိုရီးယားက ညွှန်ကြားသည်။
ကင်မင်ချူးသည် ရန်ကုန်ဗုံးခွဲ တိုက်ခိုက်မှုတွင် ဖောက်ခွဲရေး ပါရဂူဖြစ်ပြီး မြောက်ကိုရီးယားတွင် နိုင်ငံတော် သစ္စာဖောက်မှု အတွက် ဖမ်းဆီးရန် လိုအပ်နေသူ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် အသည်းကင်ဆာဖြင့် အင်းစိန်ထောင်တွင် သေဆုံးသည်အထိ သူ့ကို လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။
သို့သော် ထို အပစ်ပယ်ခံ ၂ နိုင်ငံသည် ဘန်ကောက်ရှိ ထိုလျှို့ဝှက် ဆွေးနွေးပွဲ အတွင်း တဦးနှင့် တဦး ပိုမိုနားလည်ကာ ရိက္ခာနှင့် လက်နက် လဲလှယ်ရေး အစီအစဉ် ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားမှ မြန်မာသို့ လက်နက်တင်ပို့မှု ပထမ အသုတ်သည် ၁၉၉၈ ခုနှစ် နှောင်းပိုင်းတွင် ဖြစ်ပြီး ၁၃၀ မီလီမီတာ စစ်မြေပြင်သုံး အမ် ၄၆ (ပုံစံ ၅၉) အမြောက်များ ပါဝင်သည်။
၂၀၀၃ ခုနှစ် ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၂၀ ခန့်ကို သံလျက်စွန်းရှိ ရေတပ်စခန်းဌာနချုပ်နှင့် ရန်ကုန်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန ဧည့်ရိပ်သာတွင် တွေ့ရသည်ဟု ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေး စာစောင်က ဖော်ပြခဲ့သည်။
သံလျက်စွန်းသည် မြန်မာရေတပ်၏ တရုတ်လုပ် Houxin အတန်းအစား ဒုံးကျည်တင် သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်း ၆ ခု အနက်တခု ဖြစ်သည်။ ထို သင်္ဘောများကို ၁၉၉ဝ ခုနှစ်များ အလယ်တွင် မြန်မာနိုင်ငံက ဝယ်ယူခဲ့သည်။ ထို သင်္ဘောများတွင် ရေပြင်မှ မြေပြင်ပစ် ဒုံးကျည်များကို မြောက်ကိုရီးယားက ကူညီတပ်ဆင်ပေးနေသည် သို့မဟုတ် အလားတူ ဒုံးကျည်စနစ်များကို ပြည်တွင်းထုတ် မြန်မာ ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များတွင် တပ်ဆင် ပေးနေသည် ဟု ယုံကြည်ရသည်။
မြောက်ကိုရီးယား ပညာရှင်များကို မြန်မာနိုင်ငံတွင် နောက်တကြိမ် တွေ့ရသည်မှာ ၂၀၀၃ ခုနှစ် နိုဝင်ဘာလက ဖြစ်သည်။ နိုင်ငံခြားငွေ ရှာဖွေရန် တာဝန်ပေးထားသော အာဏာရ ကိုရီးယား အလုပ်သမားပါတီ၏ ဗျူရို ၃၉ အောက်မှ ဒေဆောင် စီးပွားရေးအုပ်စု၏ ကိုယ်စားလှယ်များ ရန်ကုန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
တချိန်တည်း လောက်မှာပင် မြန်မာနိုင်ငံ အလယ်ပိုင်း မြို့သစ်တွင် မြောက်ကိုရီးယား ပညာရှင်များသည် ကြီးမားလှသော ဆောက်လုပ်ရေး စက်ယန္တရားကြီးများကို ရထားပေါ်မှ ချနေသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် သံတမန်များက ဆိုသည်။ မြောက်ကိုရီးယား လိုဏ်ခေါင်း ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ ရောက်ရှိနေကြောင်း နေပြည်တော်မှ သတင်းကို ၂၀၀၆ ခုနှစ် ဇွန်လတွင် အာရှထောက်လှမ်းရေး အေဂျင်စီများ ကြားဖြတ်ရရှိခဲ့သည်။
၂၀၀၅ ခုနှစ်နှောင်းပိုင်းတွင် စတင် ဖွင့်လှစ်သော ထိုမြို့တော်သစ်မှ အရေးအကြီးဆုံး စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များသည် မြေအောက်တွင် ရှိသည်ဟု ပြည်ပ ထောက်လှမ်းရေး ဌာနများက ယုံကြည်ကြသည်။ မြောက်ကိုရီးယားနှင့် မြန်မာ အကြား ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းမှာ မြောက်ကိုရီးယား၏ လိုဏ်ခေါင်း တည်ဆောက်ရေး ကျွမ်းကျင်မှု ဖြစ်သည်။
မြောက်ကိုရီးယားသည် အရေးပေါ် ထိုးစစ်အတွက် တောက်ကိုရီးယား နယ်စပ်တလျှောက်တွင် ကျယ်ပြန့်သော လိုဏ်ခေါင်းများ တူးထားသည် ဟု သိထားကြသည်။ မြောက်ကိုရီးယား၏ ကာကွယ်ရေး ပစ္စည်း စက်ရုံ အများအပြားသည် မြေအောက်တွင် ရှိသကဲ့သို့ ထို ဆယ်စုနှစ် အတွင်း တည်ဆောက်သည့် မြန်မာ စစ်လက်နက်ပစ္စည်း စက်ရုံများသည်လည်း မြေအောက်တွင်သာ ရှိသည်။
၂၀၀၈ ခုနှစ် မြောက်ကိုရီးယားခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးရွှေမန်း နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားတပ်မတော်မှ လက်ဆောင်ပေးစဉ်
၂၀၀၇ ခုနှစ် ဧပြီလတွင် မြောက်ကိုရီးယားနှင့် မြန်မာတို့ သံတမန်ဆက်ဆံရေး တရားဝင် ပြန်လည် ထူထောင်သည်။ ထိုနှစ် နိုဝင်ဘာလတွင် ထိုစဉ်က အုပ်ချုပ်နေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ပြုံယမ်းသို့ လျှို့ဝှက်သွားရောက်လည်ပတ်ပြီး ကာကွယ်ရေး စာချုပ်များ ချုပ်ဆိုသည်။ ဒုံးကျည်များ ချထားသော နေရာများနှင့် လေကြောင်း ကာကွယ်ရေး ရေဒါများကိုလည်း ဗိုလ်ချုပ်ကြီးရွှေမန်း နှင့် ကိုယ်စားလှယ်များ သွားရောက် စစ်ဆေးခဲ့သည်။
မကျေမနပ် ဖြစ်နေသော အရာရှိတဦးက ဖွင့်ချလိုက်သည့် ထိုမြောက်ကိုရီးယား ခရီးစဉ် သတင်းသည် အင်တာနက်တွင် ဓာတ်ပုံများနှင့် တကွ ပါလာသောအခါ နေပြည်တော်တွင် အရှက်ကွဲခဲ့ရသည်။ ၂၀၁၀ နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ပြီးသောအခါ သူရဦးရွှေမန်းသည် အောက်လွှတ်တော် ဥက္ကဌ ဖြစ်လာပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အထိ ထိုရာထူးတွင် ရှိနေခဲ့သည်။
ယခု သူသည် ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ဝင် ၃၅ ဦးပါ ဥပဒေနှင့် အထူးကိစ္စရပ်များ ဆိုင်ရာ ဆန်းစစ်ရေး ကော်မရှင် ဥက္ကဌ တာဝန်ယူပြီး ဥပဒေများကို ဆန်းစစ်ပြီး လွှတ်တော်ကော်မတီများကို ကူညီနေသည်။ သူ၏ သား၂ ဦးမှာ ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်လာသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့ ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်သော ကာလနှင့် နောက်ပိုင်း ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတပိုင်း အစိုးရတက်လာသောကာလ အတွင်း မြောက်ကိုရီးယား မြန်မာ စစ်ဘက်ဆက်ဆံရေး အဆုံးသတ် သွားသည် ဟု ယူဆရသည်။ ဦးသိန်းစိန်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ၏ နောက်ဆုံးအချိန်များတွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည်။
နှစ်နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး မရှိဟု အကြိမ်ကြိမ် ပြောသော်လည်း ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းတွင် မြောက်ကိုရီးယား သင်္ဘောများ တွေ့ရခြင်း ကဲ့သို့သော ဆက်ဆံရေး အထောက်အထားများမှာမူ ဆက်လက် ရှိနေသည်။
မြန်မာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် စစ်လက်နက် တရားမဝင် ကုန်သွယ်သောကြောင့် ဟုဆိုကာ ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် အမေရိကန်ဘဏ္ဍာရေး ဌာနက အရေးယူပိတ်ဆို့သော အခါ ထို အကြိမ်ကြိမ် ငြင်းဆိုနေမှုများ မမှန်ကန်ကြောင်း သိလာရသည်။
မည်သည့် အမေရိကန်နိုင်ငံသားမျှ ထိုဗိုလ်ချုပ်နှင့် ရောင်းဝယ်ပတ်သက်ခြင်းကို မဆို အမေရိကန်ဘဏ္ဍာရေး ဌာနက ပိတ်ပင်ပြီး သူ၏ ပိုင်ဆိုင်မှုများ အမေရိကန်တွင် ရှိလျှင် ထိန်းသိမ်းထားမည် ဖြစ်သည်။
ထိုစဉ်က အမေရိကန်သည် ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ရန် လုပ်ဆောင်နေပြီး မြောက်ကိုရီးယားနှင့် လက်နက်အရောင်းအဝယ် မရှိတော့သည့် အထောက်အထားများ ရှိသကဲ့သို့ သံတမန်စကား ဆိုသည်။
သို့သော် သမားရိုးကျ လက်နက်များသာမက ဒုံးကျည်များ အဓိက တင်ပို့သော ကိုရီးယား သတ္တုတူးဖော်ရေးနှင့် ဖွံ့ဖြိုးမှု ကုန်သွယ်ရေး ကော်ပိုရေးရှင်း (KOMID) က ကင်ချိုနမ် (Kim Chol-nam) ဆိုသူကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်သောအခါ ဒေသတွင်း လေ့လာစောင့်ကြည့်သူများ သံသယဖြစ်လာသည်။
မြို့တော်ဟောင်း ရန်ကုန်တွင် မြောက်ကိုရီးယား အဆက်အသွယ်များ အထင်အရှား ရှိနေသည်။ ရန်ကုန်၏ ဗဟန်းမြို့နယ်တွင် ပြုံယမ်းကော်ရို စားသောက်ဆိုင် ရှိသည်။ ထိုဆိုင်သည် ဒေသတွင်းမှ ဘန်ကောက်၊ ဖနွမ်ပင်နှင့် ဂျကာတာရှိ အလားတူဆိုင်များနှင့် ဆက်စပ်နေပြီး နိုင်ငံခြားငွေ ပြတ်လပ် အထီးကျန်နေသော မြောက်ကိုရီးယားအစိုးရ အတွက် ငွေရှာပေးနေသည်။
ထို စားသောက်ဆိုင်များသည် အရေးပါသော နိုင်ငံခြားငွေ ရင်းမြစ်များ ဖြစ်သည်မှာ သေချာသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်က ကုလသမဂ္ဂ အစီရင်ခံစာ အကြောင်း မည်သို့ ဆိုစေကာမူ မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားမှ ပိတ်ဆို့မှု ချိုးဖောက် သွင်းကုန်စာရင်းတွင် အဓိကကျသော ကုန်စည်များမှာ ကင်ချီ မဟုတ်ဘဲ ဒုံးကျည်နည်းပညာနှင့် လက်နက်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်သည်။
(www.atimes.com တွင် ဖော်ပြထားသည့် Bertil Lintner ၏ North Korea, Myanmar in a sanctions-busting embrace ကို ဘာသာပြန်သည်။)
]]>
တရုတ်က မြန်မာ အပေါ် မီးတဖက် ရေတဖက် ဆက်ဆံရေး ကျင့်သုံးနေသည် https://burma.irrawaddy.com/opinion/viewpoint/2017/03/02/131219.html Thu, 02 Mar 2017 06:11:15 +0000 https://burma.irrawaddy.com/lytbox/?p=131219 ၂၀၁၅ ဇွန်လတွင် ဘေဂျင်းမြို့တွင် တွေ့ရသော တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / ReutersUWSA သို့ လေကြောင်း ကာကွယ်ရေး စနစ်များ၊ သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များ၊ အမြောက်ကြီးများနှင့် အဆင့်မြင့် စစ်သုံးကိရိယာများ တရုတ်က ရောင်းချခဲ့သည်။]]> ၂၀၁၅ ဇွန်လတွင် ဘေဂျင်းမြို့တွင် တွေ့ရသော တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / Reuters
တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် Sun Guoxiang က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း လူသိရှင်ကြား အကြိမ်ကြိမ် ဖော်ပြခဲ့သည်။ “တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ နိုင်ငံခြားရေး မူဝါဒ ချမှတ်ထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်။ ကျနော်တို့ဟာ မိတ်ဆွေကောင်း ပီသတဲ့ အိမ်နီးချင်း အဖြစ်နဲ့ပဲ တာဝန်ယူ ဆောင်ရွက်နေပါတယ်” ဟု ပြောကြောင်း ဖေဖော်ဝါရီလ နှောင်းပိုင်းက Sun နှင့် တွေ့ဆုံခဲ့သည့် မြန်မာလူမျိုးစု လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အဖွဲ့ ၂ ဖွဲ့မှ ကိုယ်စားလှယ်များကို ပြောကြောင်း အစည်းအဝေး မှတ်တမ်း တခုအရ သိရသည်။
အထူးသံတမန် Sun Guoxiang ၏ နွေးထွေးသော လေသံမှာ တရုတ် ကျောထောက်နောက်ခံပြု ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (United Wa State Army’s-UWSA) က အခြားလူမျိုးစု လက်နက်ကိုင် အုပ်စု ၇ စုနှင့် အတူ ထုတ်ပြန်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆန့်ကျင်သည့် စစ်မာန်ပါသော သတင်းစကား နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုကြေညာချက် လေ့လာသူ အများအပြားကို အငိုက်မိသွားစေပြီး လက်ရှိတွင် ဦးဆောင်နေသည့် နိုင်ငံ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေး အစီအစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထား အစစ်အမှန်ကို မေးခွန်းသစ်များ ထုတ်စရာ ဖြစ်စေခဲ့သည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အလွှာစုံဆက်ဆံရေး မူဝါဒသည် မကြာခဏ ဆိုသလို ဝိရောဓိသဘော ဆောင်သော် လည်း အသေအချာ လေ့လာကြည့်လျှင် ယုတ္တိရှိသည်။ အထူးသံတမန် Sun Guoxiang ၏ အပြုသဘော ဆောင်သော သတင်းစကားမှာ ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး အဖြစ် အမြဲပုံဖော်ထားသည့် တရုတ်နိုင်ငံ၏ သံတမန်ရေးရာ၏ အပေါ်ယံအလွှာ ဖြစ်သည်။
ဒုတိယ အလွှာတွင်မူ တရုတ်ပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဌာန (International Liaison Department of the Central Committee of the Communist Party of China (ILD/CPC) ပါဝင်သည်။ အခြားသော ကွန်မြူနစ်ပါတီများ ဆက်သွယ်ရန်နှင့် ကမ္ဘာတဝှမ်း တော်လှန်ရေးများကို ထောက်ခံရန် ထိုဌာနကို ၁၉၅၀ ခုနှစ်များက တည်ထောင်ခဲ့သည်။
သို့သော် ယနေ့တွင်မူ ထိုဌာနမှ ကိုုယ်စားလှယ်များကို ညီလာခံများ၊ အတွေးအခေါ်အယူအဆ အမျိုးမျိုး ရှိကြသော နိုင်ငံရေး ပါတီများနှင့် ပူးတွဲနေသည်ကို တွေ့ရပြန်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားကို ရှည်ကြာစွာ အကျိုးဆောင်ခဲ့သည့် UWSA ကဲ့သို့သော အစိုးရမဟုတ်သည့် လက်နက်ကိုင် ခုခံရေး အုပ်စုအမျိုးမျိုးကိုလည်း ထောက်ပံ့ကြသည်။
တတိယအလွှာမှာ ကမ္ဘာတဝန်းမှ အခြား စစ်တပ်များနှင့် ဆက်ဆံနေသော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (People’s Liberation Army – PLA) ဖြစ်သည်။ အစိုးရများ၊ အစိုးရမဟုတ်သော ဖောက်သည်များကို တိုက်ရိုက် ဖြစ်စေ၊ အမည်ခံကုမ္ပဏီမှ တဆင့် ဖြစ်စေ လက်နက်ရောင်းခြင်း အပြင် UWSA ကဲ့သို့သော အဖွဲ့များကိုလည်း လက်နက်မျိုးစုံ ထောက်ပံ့သည်။ ထိုနောက် ထိုလက်နက်ကိုင် အဖွဲ့များ အနက်အချို့ကို အစိုးနှင့် တိုက်ခိုက်နေကြ သည့် လက်နက်ကိုင်အဖွဲ့များနှင့် ခွဲဝေယူကြသည်။
တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးစနစ်ကို တင်းကျပ်သော ဆိုရှယ်လစ်စနစ်မှ ပြည့်ဝသော အရင်းရှင်စနစ်သို့ ပြောင်းလဲခဲ့ပုံ ရသည်။ သို့သော်နိုင်ငံရေးအရမူ ၎င်းသည် ကွန်မြူနစ်ပါတီက စစ်တပ်နှင့် အစိုးရ၏ အထက်တွင် ရှိနေသော အာဏာရှင် တပါတီနိုင်ငံ ဖြစ်သည်။ အစိုးရချင်း ဆက်ဆံရေး၊ ပါတီချင်း ဆက်ဆံရေး မူဝါဒဟောင်းသည် ပြောင်းလဲခြင်း မရှိပေ။
ထို့ကြောင့် မြန်မာနိုင်ငံမှ နိုင်ငံရေး ဇာတ်ကောင် အများအပြားနှင့် ဆက်ဆံရေးတွင် တရုတ်ဘက်မှ အဓိကလူမှာ Sun မဟုတ်ဘဲ ILD/CPC အကြီးအကဲ Song Tao ဖြစ်သည်။ Song Tao သည် ဝါရင့်နိုင်ငံရေးသမားနှင့် သံတမန်ဖြစ်ပြီး သြစတြေးလျနိုင်ငံ Song Tao တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ သည်။ သူကိုယ်တိုင် ဖိလစ်ပိုင်နှင့် ဂူယာနာတို့တွင် သံအမတ် ဖြစ်မလာမီ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် Song မြောက်ကိုရီးယားသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး နောက် ILD/CPC အကြီးအကဲရာထူးကို Wang Jiarui ထံမှ လွှဲပြောင်းရယူသည်။ Wang Jiarui သည် မြောက်ကိုရီးယား၊ ကျူးဘားနှင့် ဗီယက်နမ်တို့ကဲ့သို့သော ကွန်မြူနစ်နိုင်ငံများနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရသော ဝါရင့်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်သည်။
Song သည် Sun ကဲ့သို့ လူသိမျာေးသာ ခေါင်းဆောင် မဟုတ်သော်လည်း သူသည် နောက်ကွယ်တွင် တက်ကြွစွာ လုပ်ကိုင်သူ အဖြစ် သိကြပြီး မြန်မာနိုင်ငံရေး ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များကို နေပြည်တော်တွင် တွေ့ဆုံ ရခြင်းထက် ဘေ့ဂျင်းတွင်သာ တွေ့ဆုံလိုသူ ဖြစ်သည်။ Song သည် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သော သြဂုတ်လက သူမ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မစတင်မီ ရက်သတ္တပတ် အနည်းငယ် အလို၌ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
တရုတ် နိုင်ငံခြားဝန်ကြီးဌာနက ကျင့်သုံးသော အစိုးရချင်း ဆက်ဆံရေးနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီချင်း ဆက်ဆံရေးကို ခြားနားကြည့်ခြင်းသည် UWSA ကဲ့သို့သော အဖွဲ့များနှင့် ချိတ်ဆက်နေသည်။ တရုတ် ကွန်မြူနစ် ပါတီသည် အစိုးရနှင့် စစ်တပ်၏ အထက်တွင် ရှိနေသောကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လူသိရှင်ကြား တဘက်တွင် ချီးကျူးပြီး တခြားဘက်တွင် UWSA ကဲ့သို့ လက်နက်ကြီးများ လျှို့ဝှက် ထောက်ပံ့သည်ကို ရှင်းပြနိုင်သည်။
UWSA သို့ မကြာသေးမီက လက်နက်တင်ပို့မှုတွင် လူဖြင့် သယ်ဆောင်ရွှေ့ပြောင်းနိုင်သော လေကြောင်း ကာကွယ်ရေး စနစ်များ၊ သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များ၊ အမြောက်ကြီးများနှင့် အဆင့်မြင့် စစ်သုံးကိရိယာများ ပါဝင်သည်။ “အဲဒီ ပစ္စည်းတွေဟာ ထရပ်ကားနဲ့ သယ်ပြီး ချပေးလို့ရတဲ့ လက်နက်တွေ မဟုတ်ဘူး၊ ယူနန်ပြည်နယ် အဆင့်လောက် အရာရှိတွေက ပေးလို့ရတဲ့ ဟာတွေ မဟုတ်ဘူး” ဟု စစ်ရေးလေ့လာသုံးသပ်သူ တဦးက ပြောကာ ထိုကိစ္စမှာ ဘေ့ဂျင်းမှ အမြင့်ဆုံး အာဏာပိုင်များ၏ ညွှန်ကြားချက် ဖြစ်သည် ဟု မှတ်ချက်ချသည်။
နိုင်ငံ၏ မြောက်ပိုင်းတွင် UWSA က ပံ့ပိုးထားသော လက်နက်ကိုင်လူမျိုးစု တပ်ဖွဲ့များနှင့် မြန်မာစစ်တပ် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံသည် ၎င်း၏ တောင်ဘက်နယ်စပ်တွင် မတည်ငြိမ်မှုများကို တရုတ်နိုင်ငံအနေဖြင့် လိုလားမည် မဟုတ်ပေ။ သို့သော် တခါတရံ ၎င်းကို တရုတ်နိုင်ငံက ထောက်ပံ့သော လက်နက်များကို အခြားလူမျိုးစု လက်နက်ကိုင် မဟာမိတ်အုပ်စုများနှင့် ခွဲဝေသော အင်အားကြီးမားလှသည့် UWSA သည် တရုတ်နိုင်ငံ၏ မြန်မာနှင့် ဆက်ဆံရေးတွင် ပြစ်ဒဏ်ခတ်ခြင်း ဖြစ်ပြီး သံတမန်ရေးရာများ၊ အကူအညီကတိကဝတ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာ ဆုပေးခြင်း ဖြစ်သည်။
ထူးခြားသည်မှာ ပန်ဆန်းအစည်းအဝေးတွင် ပါဝင်သူများက တရုတ်နိုင်ငံအနေဖြင့် အစိုးရနှင့် ဆွေးနွေးခြင်းနှင့် ရှေ့ခရီးစဉ် အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် တောင်းဆိုကြသည်။ ၎င်းတို့က တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် တရုတ်နိုင်ငံမှ အာရှဥရောပတိုက်တခုလုံးသို့ ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်မည့် ဖွံ့ဖြိုးရေး ဗျူဟာ ဖြစ်သည့် ဒေသတခု၊ လမ်တလမ်း “One Belt, One Road” အစီအစဉ်ကိုလည်း ထောက်ခံသည် ဟု ကြေညာကြသည်။
တရုတ်နိုင်ငံ၏ တောင်နှင့် အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာသို့ အဓိက ချဉ်းကပ်လမ်း ဖြစ်သော မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံအတွက် ဗျူဟာအရ လွန်စွာ အရေးပါလှသောကြောင့် မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းကို သြဇာလွှမ်းမိုးရန် ၂၀၁၁ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံသို့ အုံလိုက်ကျင်းလိုက်ေ ရာက်လာကြသော အနောက်တိုင်း၏ ငြိမ်းချမ်းရေး တည်ဆောက်သူများကို လက်မခံနိုင်ပေ။
တရုတ်နိုင်ငံသည် ယခင်က လူ့အခွင့်အရေး ချိုးဖောက်သော စစ်အစိုးရကို မကြာခဏ ဆိုသလို နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုမှ အကာအကွယ် ပေးပြီး ထိုအစီအစဉ်မှာ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံတွင် နက်ရှိုင်းသော စီးပွားရေး နိုင်ငံရေး ထိုးဖောက်မှုများ ပြုလုပ်နိုင်စေခဲ့သည်။ စစ်ဘက် တိုက်ရိုက်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ တပိုင်း အစိုးရသို့ အကူးအပြောင်း ခဏတာကာလ အတွင်းတွင် ဘေ့ဂျင်းသည် ခေတ္တမျှ တုံ့ဆိုင်း နေခဲ့ပြီး မြန်မာနိုင်ငံအပေါ် ၎င်း၏ သြဇာကို ခေတ်အဆက်ဆက် စမ်းသပ်ထားသော အလွှာစုံနည်း ပရိရာယ်ဖြင့် ပြန်လည်ထူထောင်နေပြီ ဖြစ်သည်။           ။
(Asia Times ပါ Bertil Lintner ၏ China uses carrot and stick in Myanmar  ကို ဘာသာပြန်ဆိုသည်)
]]>
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်သွေးကြွများ သမိုင်း https://burma.irrawaddy.com/article/2016/12/19/127630.html Mon, 19 Dec 2016 10:06:53 +0000 https://burma.irrawaddy.com/lytbox/?p=127630 မောင်တောမြို့အတွင်း လုံခြုံရေးကင်းလှည့်နေသော တပ်မတော်သားများ / သော်ဟိန်းထက် / ဧရာဝတီရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များသည် နိုင်ငံတကာ မီဒီယာများက ဖော်ပြကြသကဲ့သို့ ကမ္ဘာ့အဖိနှိပ် အခံရဆုံးသော လူမျိုးစုဖြစ်သည် ဟူသော အချက်ထက်ပို၍ နက်ရှိုင်းသည့် ဝိရောဓိ ရှိနေသည်]]> မောင်တောမြို့အတွင်း လုံခြုံရေးကင်းလှည့်နေသော တပ်မတော်သားများ / သော်ဟိန်းထက် / ဧရာဝတီ
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံရှိ အခြားသော လူမျိုးစု ပဋိပက္ခ များထက် တမူထူးခြားနေပြီး ပြင်ပနိုင်ငံများ၏ အာရုံစိုက်မှုကို ရရှိစေသည်။ မြန်မာနိုင်ငံ အနောက်မြောက် အစွန်အဖျားမှ မွတ်စလင် အသိုက်အဝန်းများသည် “မျိုးတုန်းသတ်ဖြတ်မှု” နီးပါးဖြစ်နေသော “လူမျိုးသန့်စင်မှု”ကို ကြုံတွေ့ နေရခြင်း လား၊ သို့မဟုတ် နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေး အုပ်စု (International Crisis Group – ICG) မှ စာရေးဆရာ ၂ ဦးတို့က တိုင်းမ်မဂ္ဂဇင်းနှင့် ၎င်းတို့၏ ပိုမိုရှည်လျားေသော စာတမ်းတွင် ရေးသားထား သကဲ့သို့ “ကမ္ဘာ့ နောက်ဆုံးပေါ် မွတ်စလင် သူပုန်လက်သစ်” ဖြစ်ပါသလား။
မည်သို့ဆိုစေ ၂၀၁၂ ဇွန်လက စတင်ခဲ့သော ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များသည် ကြေကွဲစရာတခု ဖြစ်ပြီး အုံကြွမှု နှိမ်နှင်းရေး စစ်ဆင်မှုများ အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့များက ကျူးလွန်သော ပြင်းထန်သည့် လူ့အခွင်အရေး ချိုးဖောက်မှုဆိုင်ရာ ကျယ်ပြန့်သော စွပ်စွဲချက်များမှာလည်း ပျံ့နှံ့နေသည်။ ထိုနေရာကို ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများကမူ ရွာလုံးကျွတ် မီးရှို့ခံထားရသည်များကို ပြသနေပြီး အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်ရဲကင်းများကို စစ်သွေးကြွတို့က တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်က ကြားဝင်ဟန့်တားခဲ့ရာ ထောင်ချီသော ပြည်သူများမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြရသည်။
ရဲတပ်ဖွဲ့ဝင် ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ရဲကင်းများမှ လက်နက် ၅၀ ကျော်ကို လုယူသွားခဲ့ကြသော စစ်သွေးကြွများမှာ လက်နက် အပြည့်အစုံ မရှိသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများမှာမူ ကောင်းစွာချိတ်ဆက် လှုပ်ရှားကြခြင်း ဖြစ်ပြီး အခြေခံစစ်ရေး ပရိယာယ်များကို ကောင်းစွာ နားလည်ကြောင်း ပြသသည့် ရှင်းလင်းသည့် လက္ခဏာများ ရှိသည်။ ထိုကြောင့် ရိုဟင်ဂျာဟု သိကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များသည် နိုင်ငံတကာ မီဒီယာများက မကြာခဏ ဖော်ပြကြသကဲ့သို့ ကမ္ဘာ့အဖိနှိပ် အခံရဆုံးသော လူမျိုးစုဖြစ်သည် ဟူသော အချက်ထက်ပို၍ နက်ရှိုင်းသည့် ဝိရောဓိ ရှိနေသည်ဟု ယူဆလျှင် ဆီလျှော်သည်။
ဒေသခံများခံစားနေရသော ဒုက္ခများကို လျှစ်လျှူ မရှုသော်လည်း ဤဒေသတွင် စနစ်ကျသည့် အစ္စလမ်မစ် စစ်သွေးကြွမှု ပေါ်ပေါက်လာနေသည် ဟူသည့် ပိုမိုများပြားသော အထောက်အထားများ ထွက်ပေါ်လာနေပြီ။ စစ်တပ်၏ ပြင်းထန်သော တုံ့ပြန်မှုသည် ကျယ်ပြန့်သော အကျိုးဆက်များ ရှိလာနိုင်သည်။ “အာဏာပိုင်တွေက မီးနဲ့ ကစားနေကြတယ်” ဟု ဤကိစ္စနှင့် အကျွမ်းတဝင်ရှိသော သံတမန်တဦးက ပြောသည်။ “မွတ်စလင်လောကမှာ ဒီစစ်သွေးကြွတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကရုဏာသက်နေကြတယ်” ဟုလည်း ၎င်းက ပြောသည်။ တဖန် ICG ၏ အဆိုအရ ပြောရလျှင် စနစ်တကျ မကိုင်တွယ်ပါက ပြင်ပထောက်ခံမှုဖြင့် ဘာသာရေး အုံကြွမှုသစ်၏ နိဒါန်းဖြစ်လာနိုင်သည်။
ဤပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကခေါင်းဆောင်မှာ ပါကစ္စတန်ဖွား Abdus Qadoos Burmi ဖြစ်သည်ဟု ဆိုသည်။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် အခြေစိုက်ပြီး သူသည် လူမှုကွန်ယက်တွင် လွန်စွာပျံ့နှံ့နေသော ဗီဒီယိုတွင် ပါဝင်သလို သူ၏ အဖွဲ့ Harkat ul Jihad Islami-Arakan (HUJI-A) မှ ထုတ်ဝေသော စာစောင်တွင်လည်း ပါဝင်သည်။ ထိုအဖွဲ့သည် အာရဗီဘာသာဖြင့် ယုံကြည်ကိုးကွယ်ရေး လှုပ်ရှားမှု ဟုခေါ်သော Harakah al-Yaqin အမည်ရှိ ပိုမို အင်အားကြီးသည့် အဖွဲ့၏ အစိတ်အပိုင်း ဖြစ်နိုင်သည်။ ရခိုင်ပြည်နယ်မှ မိဘများက ပါကစ္စတန်တွင် မွေးဖွားသော Qadoos Burmi သည် Lashkar-e-Taiba (LeT) မှန်ကန်သူတို့၏ တပ်ဖွဲ့နှင့် ၎င်း၏ နိုင်ငံရေး အဖွဲ့အစည်း Jamat ud Dawah (JuD) တို့နှင့် နီးစပ်သူဟု ဖော်ပြကြသည်။ ထို ၂ ဖွဲ့လုံးကို ပါကစ္စတန်တွင် ပိတ်ပင်ထားသော်လည်း အနည်းနှင့် အများဆိုသလို ပြောင်ကျကျပင် ဆက်လက် လှုပ်ရှားနေကြသည်။ ဝီကီလိက ဖွင့်ချခဲ့သော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ အမေရိကန် သံတမန် ကြေးနန်းတွင်ပင် LeT နှင့် ၎င်း၏ အခြားအမည် JuD တို့သည် နိုင်ငံတကာ အကြမ်းဖက် ကွန်ရက် al-Qaida ၏ လက်အောက်ခံ ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများ အတွက် ရန်ပုံငွေကို ဆော်ဒီအာရေးဗီးယာမှ အလှူဒါန အဖွဲ့ဟု ခေါ်သော အဖွဲ့များမှ ရရှိသည်ဟု ပါရှိသည်။
၂၀၁၂ ခုနှစ် ဇွန်လ ပထမ အကြိမ် အကြမ်းဖက်မှုများ အပြီး မကြာမီတွင် LeT နှင့် JuD တို့သည် ရိုဟင်ဂျာ ပြဿနာကို မီးမောင်း ထိုးပြရန် Difa-e-Musalman e-Arakan Conference ခေါ် လှုပ်ရှားမှုတခု ပြုလုပ်သည်။ ထိုနှစ် သြဂုတ်လတွင် ထောက်လှမ်းရေး သတင်းများက Shahid Mahmood နှင့် Nadeem Awan ဟု ဖော်ပြသော JuD မှ ထိပ်တန်းလှုပ်ရှားသူ နှစ်ဦးတို့သည် မြန်မာနယ်စပ်ရှိ စခန်းများမှ ရိုဟင်ဂျာများနှင့် ဆက်သွယ်ရန် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ကြသည်။ ဘာသာရေးနှင့် စစ်ပုံစံ သင်တန်းအချို့ ပေးခဲ့သည်ဟု ဆိုသည်။ တချိန်တည်းမှာပင် LeT နှင့် ဆက်စပ်သော လှုပ်ရှားသူများသည် ထိုင်းနိုင်ငံ မဲဆောက်ဒေသသို့ သွားရောက်ကာ စစ်သွေးကြွ ဖြစ်နိုင်သူများကို လေ့ကျင့်သင်တန်း ပေးခဲ့သည်။
ရိုဟင်ဂျာ ထောက်ခံရေး လှုပ်ရှားမှုများသည် လူမှုကွန်ရက် ဆိုရှယ်မီဒီယာကို အသုံးပြုကာ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့များက ကျူးလွန်သည်ဟု စွပ်စွဲသော ရက်စက်သည့် ကျူးလွန်မှုများကို ပြသည့် ဓာတ်ပုံများ၊ ဗီဒီယိုများကို ဖြန့်ချိရင်း မအားလပ်နိုင်တော့ပေ။ ရက်စက်ကြမ်းကြုတ်မှုများ ရှိသည်ကို မငြင်းဆန်သော်လည်း ဝါရင့် လူ့အခွင့်အရေး လေ့လာသူ များမှာ ထိုဒေသမှ လာသော ဓာတ်ပုံအတုများ အကြီးအကျယ် ဖြန့်ချိနေခြင်းကြောင့် အံ့သြတုန်လှုပ်ခဲ့ကြရသည်။ မကြာသေးမီကပင် ကမ္ဘောဒီယား ကလေးငယ်တဦးကို ဒတ်ချ်တဦးနှင့် ကမ္ဘောဒီးယား နှစ်ဦးတို့ နှိပ်စက်နေသောပုံကို ဗြိတိန်သတင်းစာ ဒေးလီးမေးလ် (the Daily Mail) က ရိုဟင်ဂျာကလေးငယ်ကို မြန်မာစစ်သားများ နှိပ်စက်နေပုံ အဖြစ် ဖော်ပြခဲ့သည်။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းတွင် သေဆုံးသူများ၊ ၂၀၀၈ ခုနှစ် မေလက တရုတ်နိုင်ငံ စီချွမ်ငလျင်တွင် သေဆုံးသူများ၏ ဓာတ်ပုံများကိုလည်း ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်မှု အထောက်အထားများ အဖြစ် ဖြန့်ချိကြသည်။ နိုင်ဂျီးရီးယား စစ်သွေးကြွများက ကွင်းပြင်တွင် ထားပြီး သတ်ဖြတ်ခံသော ခရစ်ယာန်များ၏ ပုံကိုလည်း ရိုဟင်ဂျာများ သေဆုံးနေပုံဟု ပြောကြသည်။ ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသော မွတ်စလင်တဦး၏ ပုံကိုပင် ရခိုင်ပြည်နယ် အကြမ်းဖက်မှု၏ သားကောင်ဟု ဆိုကြသည်။
ရခိုင်ပြည်နယ်မှ မီးရှို့ခံရသော ရွာများ၏ ဓာတ်ပုံအစစ်များကို ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) နှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ခိုင်မာသော သတင်းများမှာ လုပ်ကြံ ဇာတ်လမ်းများနှင့် မှန်ကန်သော အချက်အလက်ကို ခွဲခြားရန် လွန်စွာ ဂရုစိုက်လာခဲ့ရသည်။ ၎င်းတို့ထံ ပေးပို့နေသော ဓာတ်ပုံနှင့် ဗီဒီယို အများအပြားမှာ သိသာသော အတုများ ဖြစ်သည်ဟု ၁၅ နှစ်မျှ HRW အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများ လိုက်ပေးနေသော David Mathieson ၏ အဆိုအရ သိရသည်။ အချို့သော ရိုဟင်ဂျာ ထောက်ခံရေး အုပ်စုများသည် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် HRW ကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့်အရေး အဖွဲ့များ၏ လုပ်ငန်းများကို လက်တွေ့တွင် ထိခိုက်စေသည်ဟု ၎င်းက ဆိုသည်။ “ လေးနက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာတခုကို ပုတ်ခတ်ပြောဆိုဖို့၊ ပညာရှင်တွေရဲ့ အစီရင်ခံစာကို အယုံအကြည် ကင်းမဲ့စေဖို့ သတင်းမှားတွေက မီးထိုးပေးတယ်” ဟုလည် David Mathieson က ဆက်ပြောသည်။ “ရှုပ်ထွေးတဲ့ လူ့အခွင့်အရေး သတင်းအချက်အလက်တွေ ထုတ်လွှင့်ဖို့ ဆိုရှယ်မီဒီယာကို စင်မြင့် အဖြစ် အလွဲသုံးစား လုပ်လို့ ရတာကို ပြနေပြီး အသုံးပြုသူတွေ အနေနဲ့ သတင်းတွေ၊ ပုံတွေတွေ့တာနဲ့ ချက်ခြင်း ထိခိုက်တုံ့ပြန်မယ့် အစား မှန်-မမှန် စိစစ် မေးခွန်းထုတ်ဖို့ လိုတယ်။ လူတွေက အကျပ်အတည်း ကြုံရင် သူတို့ရဲ့ စိတ်ခံစားမှုက တဖက်သတ် ပေါက်ကွဲ ကြပြီး မျှတတဲ့ သတင်းအချက်အလက် အပေါ်မှာ အခြေမခံ ကြတော့ဘူး” ဟုလည်း ၎င်းက ပြောသည်။
တိကျသော သတင်းနှင့် ကောလာဟလ အပါအဝင် ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတကာ မီဒီယာ၏ အဓိက အာရုံစိုက်ရာ ဖြစ်နေသဖြင့် ပြည်ပ သတင်းထောက် အများအပြားမှာ မြန်မာ၏ လူမျိုးစု ပဋိပက္ခများနှင့် ရိုဟင်ဂျာ ပြဿနာကို တန်းတူ ထားလာကြစဉ် တချိန်တည်းမှာပင် နိုင်ငံမြောက်ပိုင်း၌ အစိုးရတပ်များနှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အများ အပြား ကြားတွင် ပိုမိုပြင်းထန် ကြီးမားသော ပြည်တွင်းစစ် မီးဟုန်းဟုန်း တောက်နေသည်။ ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုခဲ့သော ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှာ ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ခိုက်ခံနေရသည်။ လူ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရပြီး ကချင်ပြည်နယ် ရှိ ယာယီတဲ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရသည်။ KIA စခန်းများနှင့် အရပ်သားကျေးရွာများမှာ ဗုံးကြဲတိုက်ခိုက် ခံနေရသည်။ ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အစိုးရတပ်များနှင့် KIA ၊ ပလောင်၊ ကိုးကန့်၊ ရှမ်းတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ ၁၉၈၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်သော ထိုစစ်ပွဲတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ အမြောက်ကြီးများကို အသုံးပြု တိုက်ခိုက်နေသည်။ တချိန်တည်းတွင် အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ကြေညာထားသည်။ မြန်မာသတင်းထောက်များက မိတ်ဆွေ နိုင်ငံခြား သတင်းထောက်များအား ၎င်းတို့သည် နိုင်ငံ၏ ဆယ်စုနှစ် များစွာကြာပြီဖြစ်သော လူမျိုးစုပြဿနာကို သတင်းယူနေသည် ဟု ပြောလျှင် နိုင်ငံခြားသတင်းထောက်များက “ဒါဆို ခင်ဗျား ရိုဟင်ဂျာကိစ္စ ရေးနေတာလား” ဟု ပြန်မေးတတ်ကြ သည်။
ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် မြောက်ပိုင်းကိစ္စ ကဲ့သို့ တင်းပြည့်ကျပ်ပြည့် ပုန်ကန်မှု ဖြစ်လာမည်မှာ မသေချာသေး သကဲ့သု့ိ ထိုကိစ္စသည် ဒေသခံစစ်သွေးကြွများ အနေဖြင့် ပြည်ပမဟာမိတ်များထံမှ မည်သို့သော အကူအညီ ရယူနိုင်မည် ဆိုသည့် အချက်ပေါ်လည်း မှီတည်နေသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင် လွှမ်းမိုးသော မြို့နယ်များတွင် စစ်သွေးကြွ လှုပ်ရှားမှုများမှာ ထူးထူးခြားခြား အောင်မြင်မှု မရှိလှပေ။ ဤဒေသတွင် ပထမဆုံးသော မွတ်စလင် ခုခံရေးတပ်ဖွဲ့ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံလွတ်လပ်ရေး မရမီ ၁၉၄၇ ခုနှစ်သြဂုတ်လ ၂၀ ရက်နေ့တွင် ဘူးသီးတောင်၌ ဖွဲ့စည်းခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ Jafar Hussain ခေါ် Jafar Kawwal သည် ဒေသခံ လူသိများသော အဆိုတော် ဖြစ်ပြီး သူသည် ထိုဒေသကို ထိုစဉ်က လွတ်လပ်ရေး ရကာစက ပါကစ္စတန်နှင့် ပေါင်းလိုသည်။ အန္ဒိယက ပိုင်းခြားထားသော အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်တို့ ပါဝင်သည့် ပါကစ္စတန် နိုင်ငံသည် ၁၉၄၇ ခုနှစ်သြဂုတ်လ ၁၄ ရက်တွင် လွတ်လပ်ရေး ရသည်။ အန္ဒိယသည် သြဂုတ်လ ၁၅ ရက်နေ့တွင် လွတ်လပ်ရေး ရသည်။ ယခင်က အန္ဒိယ၏ အရှေ့ဘင်္ဂလား ပြည်နယ်ဖြစ်သော အရှေ့ပါကစ္စတန်သည် ၁၉၇၁ ခုနှစ်တွင် ခွဲထွက်ပြီးဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖြစ်လာသည်။
ပထမဆုံး ပုန်ကန်မှုသည် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ သို့သော် ပါကစ္စတန်က ထိုသူပုန်တို့၏ တောင်းဆိုမှုကို လက်မခံကြောင်း သေချာသောအခါ ၎င်းတို့က ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုကြသည်။ မြန်မာမွတ်စလင် ခေါင်းဆောင်များကလည်း ၎င်းတို့သည် အနောက်ဘက် နယ်စပ်မှ သူပုန်များကို မထောက်ခံကြောင်း ကြေညာကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရသော အမျိုးသားခေါင်းဆောင်တဦး ဖြစ်သူ မွတ်စလင်ဘာသာဝင် ဦးရာဇတ် ကလည်း ၁၉၄၆ ခုနှစ်မေလ ၂၀ ရက်နေ့ကပင် စာနယ်ဇင်းများ၌ ထိုအဆိုပြု ပါကစ္စတန်ပြည်နယ်ကို မထောက်ခံဘဲ နိုင်ငံရှိ မွတ်စလင်အသိုင်းအဝိုင်းကို သတိပေးချက် တစောင်ရေးသား ထုတ်ဝေသည်။ ဦးရာဇတ်က မြန်မာမွတ်စလင်များသည် ၎င်းတို့ မွေးဖွားရာ နိုင်ငံတွင် ခိုင်မာလေးစားစရာ အသိုင်းအဝန်း ဖြစ်စေလိုသည်။ ထိုမှစ၍ ဤအယူအဆသည် မြန်မာမွတ်စလင်များ၏ ရပ်တည်ချက် ဖြစ်လာသည်။ ယခုရခိုင်ပြည်နယ်တွင် ဖြစ်လာသော မွတ်စလင်ခွဲထွက်ရေးနှင့် လက်နက်ကိုင် အုံကြွမှုမှာ ထိုဒေသမှ မြို့နယ်များတွင်သာ ဖြစ်ခဲ့သည်။
အုံကြွမှု၏ခေါင်းဆောင် Jafar Hussain မှာ ၁၉၅၀ တွင် လုပ်ကြံခံရပြီး Cassim ဆိုသူက သူ့ကို ဆက်ခံသည်။ ထိုအုံကြွမှုမှာ ၁၉၅၄ ခုနှစ် မုတ်သုန် စစ်ဆင်ရေး အပြီး ၁၉၅၀ ခုနှစ်များ အလယ်လောက်တွင် ငြိမ်သက်သွားသည်။ ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးလက်ကျန် သူပုန်အနည်းငယ်သည် အစိုးရနှင့် သဘောတူညီချက် ရပြီး လက်နက်ချသည်။ ၎င်းတို့သည် မေယုနယ်ခြား အုပ်ချုပ်ရေးဒေသဟု ခေါ်သော ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ရရှိတော့မည် ဖြစ်သည်။
ထိုအစောပိုင်း သူပုန်များသည် ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာများဟု မခေါ်ကြဘဲ မူဂျာဟစ်များဟု ခေါ်ကြသည်။ ၁၉၅၀ ခုနှစ်များ နှောင်းပိုင်းအထိ ရိုဟင်ဂျာဟူသော အမည်ကို မသုံးသေးဘဲ အစိုးရကလည်း ထိုသတ်မှတ်ချက်ကို အသိအမှတ် မပြုသေးပေ။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်အိမ်စောင့်အစိုးရကို ၁၉၅၈ ခုနှစ်က အာဏာလွှဲပေးရန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားခဲ့သော ဦးနုက ၁၉၆၀ ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံသောအခါ မွတ်စလင်မဲ လိုချင်သော ကြောင့် မေယုနယ်ခြား အုပ်ချုပ်ရေးဒေသကို ဖန်တီးခဲ့ပြီး ရိုဟင်ဂျာဟူသော အမည်ကိုလည်း အသိအမှတ် ပြုခဲ့သည်။
ရိုဟင်ဂျာ ဟူသော စကားလုံး၏ အစမူရင်းနှင့် အဓိပ္ပာယ်မှာလည်း မရေရာချေ။ ရိုဟင်ဂျာ ထောက်ခံရေး အုပ်စုများကမူ စကော့လူမျိုး ပထဝီ၊ ရုက္ခဗေဒနှင့် သတ္တဗေဒပညာရှင် Francis Buchanan-Hamilton ၏ စာပေများကို ကိုးကားကြသည်။ သူက ယခုရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒေသတွင် Rooinga ဟုခေါ်သော သူများ နေထိုင်ကြောင်း ၁၇၉၉ ခုနှစ်တွင် ရေးသားခဲ့သည်။ ထို Rooinga များသည် ယနေ့ ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟု ခေါ်ကြသော သူများ ဟုတ် မဟုတ်မှာလည်း သေချာရန် အလှမ်း ဝေးလှသည်။ ယနေ့တိုင် မြန်မာမွတ်စလင်များနှင့် ပတ်သက်၍ အကောင်းဆုံး ကျမ်းရင်းများ အနက် တခု ဖြစ်နေသေးသော ၁၉၇၂ ခုနှစ်က ဂျာမဏီတွင်ထုတ်ဝေသည့် မြန်မာနိုင်ငံမှ မွတ်စလင်များ- လူမျိုးစုတခုကို လေ့လာခြင်း The Muslims of Burma: A Study of a Minority Group ကိုု ရေးသားသူ Moshe Yegar ၏ အဆိုအရ ရိုဟင်ဂျာဟူသော စကား၏ အဓိပ္ပာယ်မှာ မေတ္တာပြည့်ဝသူများ “the compassionate ones” ဟူ၍ ဖြစ်နိုင်သည်၊ သို့မဟုတ် ရွာဟောင်းက ကျား “rwa-haung-ga-kyar” ဟူသော စကားက အဆင့်ဆင့် ပြောင်းလဲလာခြင်း ဖြစ်နိုင်သည် ဟု ဆိုသည်။ ရွာဟောင်းက ကျား ဟူသော စကားမှာ ရဲရင့်သူများဟု အဓိပ္ပာယ်ရပြီး ၁၇၈၀ ခုနှစ်က ထိုဒေသကို ဗမာသိမ်းပိုက်ပြီးနောက် ဒေသခံ မွတ်စလင် စစ်သားများကို ပေးထားသော အမည် ဖြစ်သည်။ ၁၇၈၄ ခုနှစ်အထိ ရခိုင်သည် သီးခြား လွတ်လပ်သော ဘုရင့်နိုင်ငံ ဖြစ်ပြီး ဗမာဘုရင်ဘိုးတော်ဘုရားသည် ထိုဒေသကို သိမ်းရန် သူ၏ မွတ်စလင်စစ်သားများကို သုံးခဲ့သည်။ ထိုအယူအဆ မှန်ကန်ပါက ၁၇၉၉ ခုနှစ်က Rooinga များနှင့် ဘင်္ဂလီစကား၏ စစ်တကောင်း ဒေသိယစကား ပြောသော ယနေ့ ရိုဟင်ဂျာများကြား ဆက်စပ်မှု မရှိပေ။ ထိုဒေသတွင် ကျန်ခဲ့သော ထိုမွတ်စလင်စစ်သားများသည် မကြာမီ မြန်မာအမည်များ သုံးလာကြပြီး ၎င်းတို့မှ ဆင်းသက်လာသူများသည် ၎င်းတို့၏ ဘာသာကို ဆက်လက်ကိုးကွယ်စေကာမူ မြန်မာစကား သို့မဟုတ် ရခိုင်ဒေသိယစကားကို သုံးကြသည်။
စစ်တွေနှင့် စစ်တကောင်းကြား ဒေသသည် ထုံးစံအားဖြင့် အန္ဒိယတိုက်ငယ် အဆုံး အရှေ့တောင်အာရှဒေသ စတင်ရာ နယ်စပ်ဒေသ ဖြစ်ကာ ယခုမြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် နှစ်ဖက်စလုံးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ ယခင်ပင် နေထိုင်ကြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဗုဒ္ဓဘာသာများက ရခိုင်ဒေသိယစကားကို ပြောကြပြီး ၎င်းတို့ို ၁၉၄၀ ခုနှစ်များ နှောင်းပိုင်းတွင် Bohmong စော်ဘွား မောင်ရွှေဖြူ ထွင်သည့် စကားအတိုင်း မာရ်မ Marma ဟုခေါ်သည်။ မာရ်မ ဆိုသည်မှာ မြန်မာကို ရခိုင်သံဖြင့် ခေါ်သော အသံဖြစ်သည်။ ရခိုင်စကားတွင် မြန်မာစံဘာသာစကားနှင့် မတူ၊ ယပက်လက်သံ (Ya) ကို ရကောက်သံ (R) ဖြင့် အသံထွက်ကြသည်။ ပါကစ္စတန်နှင့် မြန်မာတို့ လွတ်လပ်ရေး ရပြီးနောက် နှစ်နိုင်ငံ နယ်ခြားမှာ နိုင်ငံတကာ နယ်ခြားမျဉ်း ဖြစ်လာပြီး လူမျိုးစုအမည် စရိုက်လက္ခဏာများ အရေးပါလာသည်။ အရှေ့ပါကစ္စတန်မှ ရခိုင်ဗုဒ္ဓဘာသာများက ၎င်းတို့သည် မာရ်မ ဖြစ်သည်ဟု ဆုံးဖြတ်ကြပြီးနောက် ဆယ်စုနှစ် ၁ ခု ကြာသောအခါ ဗြိသိသျှခေတ် တလျှောက်လုံး စစ်တကောင်းသား Chittagonians ဟု သတ်မှတ်ခံရသော ရခိုင် အနောက်မြောက်ပိုင်းမှ မွတ်စလင်များက ရိုဟင်ဂျာအမည်ကို ပြန်လည် အသက်သွင်းကြကာ အဓိပ္ပာယ်သစ် ဖွင့်ကြသည်။ အရှေ့ပါကစ္စတန်/ဘင်္ဂလားဒေ့ရှ်မှ မာရ်မ များသည် ထိုနိုင်ငံ၏ နိုင်ငံသားများ ဖြစ်လာကြသော်လည်း ရိုဟင်ဂျာများမှာ ၎င်းတို့ နေသော နေရာတွင် ထိုအဆင့်အတန်း မရခဲ့ပေ။ ၎င်းတို့ အများစုသည် ဗြိသိသျှခေတ် တလျှောက်လုံး ထိုနေရာတွင် အခြေချခဲ့ကြသော်လည်း ရခိုင်နှင့် မြန်မာတက်ကြွလှုပ်ရှားသူ အများစုက ၎င်းတိုကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် လာရောက်ခြေချသူ ဘင်ဂါလီများဟု ခေါ်ကြသည်။
လူ့အဖွဲ့အစည်း နှစ်ခုအကြား ကာလရှည်ကြာစွာ ဖြစ်ပေါ်နေခဲ့သော ပွတ်တိုက်မှုများသည် ၁၉၄၀ ခုနှစ်များက ဂျပန်ခေတ် အတွင်း လွန်စွာ ပြင်းထန်လာသည်။ ရခိုင်ဗုဒ္ဓဘာသာများက ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့လွတ်မြောက်ရေး တပ်မတော်နှင့် ဂျပန်ဘက်မှ ရပ်ပြီး စစ်တကောင်းသား မွတ်စလင် အားလုံးနီးပါးကမူ ၎င်းတို့ကို Mugh ခေါ် ရခိုင်ဖိနှိပ်မှုမှ အကာအကွယ် ပေးသော ဗြိသိသျှတို့ကို သစ္စာခံကြသည်ဟု C.E. Lucas Phillips ရေးသားသည့် The Raiders of Arakan စာအုပ်အရ သိရသည်။ ထို အသိုင်းအဝိုင်း နှစ်ခုလုံးတို့သည် တဖက်နှင့် တဖက် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြပြီး စစ်ကြီးပြီးသော အခါ ၅၀၀၀၀ သို့မဟုတ် ၈၀၀၀၀ အထိ ရှိသော စစ်တကောင်းသားများသည် အရှေ့ဘင်္ဂလားသို့ ထွက်ပြေးကြကာ ၎င်းတို့ကို စခန်းများတွင် ချုပ်နှောင်ထားသည်။ လွတ်လပ်ရေး ရပြီးသောအခါတွင်လည်း ပြန်မလာကြတော့ဘဲ အများအပြားသည် အနောက်ပါကစ္စတန်သို့ ဆက်သွားပြီး ကရာချိမြို့တွင်းနှင့် အနီးအပါးတွင် အခြေချသည်။ နောင် ၁၉၅၀ ခုနှစ်များတွင် အချို့သည် ယနေ့ စစ်သွေးကြွများကို ထောက်ခံအားပေးနေသည့် ကြီးမားသော ပြည်ပြေး အသိုင်းအဝိုင်း၏ နိဒါန်းဖြစ်သော ယခု အာရပ်စော်ဘွားများနိုင်ငံဟုခေါ်သော Sharjah သို့ ဆက်သွားကြသည်။
ဗိုလ်ချုပ်နေဝင်းကို အာဏာနောက်တကြိမ်နှင့် အပိုင်စား ရသွားစေသော ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုသည် မေယုနယ်ခြား ဒေသအုပ်ချုပ်ရေး အဖွဲ့၏ နိဂုံးပင် ဖြစ်သည်။ ရိုဟင်ဂျာ ကျောင်းသားများ သမဂ္ဂနှင့် ရိုဟင်ဂျာ လူငယ်အဖွဲ့ချုပ် အပါအဝင် ရိုဟင်ဂျာ အဖွဲ့အစည်းအားလုံး မတရားသင်း ကြေညာခံရသည်။ ထို ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင် Mohammad Jafar Habib အပါအဝင် အချို့သော တက်ကြွလှုပ်ရှားသူများက ၁၉၆၃ မေလတွင် မြေအောက်သို့ ဝင်ရောက်သွားကြပြီး ရိုဟင်ဂျာလွတ်လပ်ရေး တပ်ဖွဲ့ (Rohingya Independence Force – RIF) ကို ထူထောင်ကာ ရိုဟင်ဂျာအမည်ကို ပထမဆုံး သုံးသော သူပုန်အဖွဲ့ ဖြစ်လာသည်။ ၎င်းအဖွဲ့သည် ၁၉၇၄ ခုနှစ်တွင် ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (Rohingya Patriotic Front – RPF) ဖြစ်လာသော်လည်း ယခင် RIF ကဲ့သို့ပင် မြန်မာနိုင်ငံတွင် သိပ်မလှုပ်ရှားနိုင်ခဲ့ဘဲ စစ်တကောင်းတွင် အခြေစိုက်ပြီး ရိုဟင်ဂျာတိုက်ပွဲနှင့် ပတ်သက်သော စာအုပ်စာတမ်းများ ထုတ်ဝေခဲ့သည်။
မြန်မာအစိုးရက တရားမဝင် လာရောက် နေထိုင်သူများကို စစ်ဆေးရန် ၁၉၇၈ ခုနှစ် မတ်လတွင် နဂါးမင်း စစ်ဆင်ရေးကို ပြုလုပ်သောအခါ ဤပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာက စိတ်ဝင်စားမှု ရရှိလာသည်။ ဇွန်လအရောက်တွင် အနည်းဆုံး ရိုဟင်ဂျာ ၂ သိန်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး နိုင်ငံတကာကန့်ကွက်မှုနှင့် ရင်ဆိုင်ရသည်။ နောက်ဆုံးတွင် ၎င်းတို့၏ အများစုကို ပြန်လည် ဝင်ရောက်ခွင့် ပေးရသော်လည်း ထောင်နှင့် ချီသော သူများမှာ ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်တွင် နေရခြင်းသည် ပိုမိုအန္တရာယ်ကင်းသည် ဟု ယူဆကြသည်။ အလွန်အမင်း ကြွယ်ဝချမ်းသာသော ဆော်ဒီအာရေးဗီးယား အလှူဒါနအဖွဲ့ Rabitat-al-Alam-al-Islami က ၁၉၇၈ ခုနှစ် အကျပ်အတည်းများ အတွင်း အကူအညီများ စတင်ပို့ပေးခဲ့ပြီး Cox’s Bazar ၏ တောင်ဘက် Ukhia တွင် ဆေးရုံတရုံ၊ ဗလီတခုနှင့် အစ္စလမ်ဘာသာရေး ကောလိပ်တခု ဆောက်ပေးခဲ့သည်။
ရလဒ်မှာ အဖွဲ့၏ ပိုမိုစစ်သွေးကြွသော အစိတ်အပိုင်းများသည် RPF မှ ခွဲထွက်ကြပြီး ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ (Rohingya Solidarity Organization – RSO) ကို ထူထောင်ကြသည်။ ရခိုင်ပြည်နယ်မှ ဆေးဆရာဝန် Muhammad Yunus ဦးဆောင်ပြီးနောက် ၎င်းအဖွဲ့သည် မကြာမီ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ အဖွဲ့အစည်းများ အနက် အဓိက အကျဆုံးနှင့် စစ်သွေးအကြွဆုံး အဖွဲ့အစည်း ဖြစ်လာသည်။ ၎င်း၏ ပိုမိုတင်းကျပ်သော ဘာသာရေးရပ်တည်မှုကြောင့် RSO သည် မကြာမီမှာပင် မွတ်စလင်လောကမှ အလားတူအဖွဲ့အစည်းများ၏ ထောက်ခံမှု ရလာသည်။ ထိုသို့ ထောက်ခံသော အဖွဲ့များတွင် ဘင်္ဂလားဒေ့ရှ်မှ အခြေခံဝါဒီ Jamaat-e-Islami နှင့် ၎င်းထက် ပိုမို အစွန်းရောက်သော လူငယ်အဖွဲ့ Islami Chhatra Shibir ၊ အာဖဂန်မှ Gulbuddin Hekmatyar ၏ Hizb-e-Islami အဖွဲ့၊ ကက်ရှ်မီးယားမှ Hizbe-ul Mujahideen နှင့် မလေးရှားမှ အစ္စလာမ်လူငယ်အဖွဲ့ Angkatan Belia Islam sa-Malaysia တို့ ပါဝင်သည်။ Ukhia အနီးရှိ RSO စခန်းများတွင် အာဖဂန် နည်းပြများကို တွေ့လာရပြီး RSO စစ်သွေးကြွ ၁၀၀ နီးပါး အာဖဂန်နစ္စတန်နိုင်ငံ Khost ပြည်နယ်တွင် Hizb-e-Islami စစ်သင်တန်း တက်ရန် သွားကြသည်။
RSO ခေါင်းထောင်ထလာခြင်းသည် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် ဒေသခံများကို နယ်စပ်ဖြတ်ကျော် ပြေးစေသော မြန်မာစစ်တပ်၏ အခြားသော စစ်ဆင်ရေးတခု ပြုလုပ်ချိန်နှင့် တိုက်ဆိုင်နေပြန်သည်။ ၁၉၉၂ ခုနှစ်ဧပြီလတွင် ရိုဟင်ဂျာ ၂၅၀၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေပြီး ဖြစ်ကာ ထိုစဉ်က ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ၏ ဆော်ဒီအာရေးဗီးယား တပ်မှူး ဖြစ်သူ မင်းသား Khaled Sultan Abdul Aziz သည် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒက္ကာသို့သွား ရောက်လည်ပတ်ပြီး ကူဝိတ်တွင် ပြုလုပ် သကဲ့သို့ သဲကန္တာရမုန်တိုင်း စစ်ဆင်ရေး (အမေရိကန်ဦးဆောင်သော ကူဝိတ်မှ အီရတ်များကို မောင်းထုတ်သည့် စစ်ဆင်ရေး အမည်) ပုံစံ စစ်ဆင်ရေးမျိုး မြန်မာနိုင်ငံတွင် ပြုလုပ်ရန် ပြောကြားသည်။ ထိုကိစ္စသည် လက်တွေ့ဖြစ်မလာဘဲ ကုလသမဂ္ဂ၏ ဖိအားကြောင့် မြန်မာသည်ဒုက္ခသည် အများစုကို ပြန်ခေါ်ရန် သဘောတူရသည်။
RSO သည် ဒေသမှောင်ခိုဈေးကွက်မှ အော်တိုမစ်တစ် ရိုင်ဖယ်များ၊ စက်သေနတ်များကဲ့သို့သော လက်နက်များနှင့် ရော့ကက် လောင်ချာများကဲ့သို့သော လက်နက်များလိုပြီး ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ် မီဒီယာများသည် နယ်စပ်အနီး သူပုန်အင်အား တည်ဆောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ သို့သော် RSO စခန်းများတွင် သင်တန်းတက်ကြသူများမှာ ရိုဟင်ဂျာများသာမကကြောင်း ထင်ရှားလာသည်။ အများအပြားမှာ ၎င်းတို့၏ စစ်သွေးကြွ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် RSO စခန်းများသို့ ရောက်လာသော Islami Chhatra Shibir အဖွဲ့ဝင်များ၊ စစ်တကောင်း တက္ကသိုလ်မှ လူများ ဖြစ်ကြသည်။ လက်တွေ့တွင် RSO သည် မြန်မာပြည်တွင် တိုက်ခိုက်မှုများတွင် မပါသလောက်ပင် ဖြစ်သည်။ ထိုစခန်းများမှ ဗီဒီယိုတိပ်များမှာ နောက်ပိုင်းတွင် ကဘူးရှိ အယ်လ်ကိုင်ဒါအဖွဲ့တွင် ပေါ်လာပြီး ၂၀၀၁ ခုနှစ်တွင် အမေရိကန်က အာဖဂန်ကို သိမ်းပြီးနောက် အမေရိကန် ကေဘယ်သတင်းရုပ်သံ CNN က ရရှိသည်။ ထိုဗီဒီယိုများကို အာရဗီဘာသာဖြင့် Burma ဟု အမှတ်အသားပြုပြီး ၂၀၀၂ သြဂုတ်လတွင် ကမ္ဘာတလွှားသို့ ပြသသည်။ ၎င်းတို့ကို တဖက်နယ်စပ် Ukhia တွင်ထက် မြန်မာနိုင်ငံအတွင်း ရိုက်ကူးသည်ဟု ပိုမိုယူဆရဖွယ် ရှိသည်။
ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အခြားနေရာများမှ စစ်သွေးကြွများသည် အခွင့်အရေး ဆုံးရှုံးနေသော ရိုဟင်ဂျာများကို အမြတ်ထုတ်ကြပြီး ၎င်းတို့ကို အာဖဂန်နှင့် ကမ္ဘာအနှံ့မှ အယ်ကိုင်ဒါများ အတွက် အသုံးတော်ခံ အဖြစ် ပြုလုပ်ခဲ့သည်မှာ သံသယ ရှိစရာမလိုပေ။ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကရာချိ အခြေစိုက် Ummat သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာတွင် အိုစမာဘင်လာဒင် ကိုယ်တိုင်က “ကမ္ဘာတဝှန်း နေရာအနှံ့ ဘော့စနီးယားက ဆူဒန်အထိ၊ မြန်မာနိုင်ငံကနေ ကက်ရှ်မီးယားအထိမှာ စိတ်ဓာတ် ပြင်းထန်တဲ့ ဂျီဟတ်ဝါဒီတွေ ရှိနေကြတယ်” ဟုပြောခဲ့သည်။ သူသည် Ukhia မှ RSO များကို ရည်ညွန်းပြောပုံရသည်။
ရိုဟင်ဂျာတပ်သားသစ် အများအပြားမှာ စစ်မြေပြင်တွင် အန္တရာယ် အများဆုံးအလုပ်များ၊ မိုင်းရှင်းခြင်းနှင့် ပေါ်တာအဖြစ် အခိုင်းခံကြရသည်။ ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုအရ ရိုဟင်ဂျာတပ်သားသစ်များကို ကနဦးတွင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၃ သောင်း (အမေရိကန်ဒေါ်လာ ၅၂၅ ဒေါ်လာ) ပေးပြီး တလလျှင် တာကာ ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၇၅၀ ဒေါ်လာ) ပေးသည်။ လူသစ်များကို နိပေါမှ ပါကစ္စတန်သို့ ပို့ဆောင်ပြီး လေ့ကျင့်ပေးကာ အာဖဂန်ရှိ စစ်စခန်းများသို့ ပို့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများတွင် ပိုမိုအလယ်အလတ်ကျသူ အုပ်စုများလည်း ရှိပြီး ထိုသူများတွင် ရခိုင်ရိုဟင်ဂျာ အစ္စလမ်မစ် တပ်ဦး (Arakan Rohingya Islamic Front – ARIF) လည်း ပါဝင်သည်။ ၎င်းကို ၁၉၈၆ ခုနှစ်တွင် RPF ဟောင်း အကြွင်းအကျန်များနှင့် RSO မှ ထွက်ပြေးလာသူ လက်တဆုပ်စာကို စုစည်း တည်ထောင်ပြီး ရန်ကုန်တွင် ပညာသင်ကြားခဲ့သူ Nurul Islam က ဦးဆောင်သည်။ သို့သော် ထိုအဖွဲ့တွင် လက်နက်ဟောင်းများ တပ်ဆင်ထားသည့် တပ်ဖွဲ့လက်တဆုပ်စာထက် မည်သည့်အခါကမျှ ပိုမရှိခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်တွင်လည်း ကောင်းစွာ ခြေကုပ် မရခဲ့ပေ။ ၁၉၉၈ ခုနှစ်တွင်မူ ၎င်းသည် ရခိုင်ရိုဟင်ဂျာ အမျိုးသားအဖွဲ့ (Arakan Rohingya National Organization – ARNO) ဖြစ်လာပြီး အလယ်အလတ် ရပ်တည်မှုကို ထိန်းသိမ်းကာ စစ်တကောင်းနှင့် ကော့ဘဇားတွင် ပြည်ပြေးအဖြစ် ရပ်တည်ရုံသာ ရပ်တည်နိုင်သည်။
ယနေ့ခေတ်တွင်မူ ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ကို ပိုမိုထိန်းချုပ်လာသောကြောင့် RSO နှင့် ARIF/ARNO တို့မှာ အနည်းနှင့် အများ ဆိုသလို အလုပ်မဖြစ်တော့သော အဖွဲ့အစည်းများ ဖြစ်နေသည်။ သို့သော် မကြာသေးမီက ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုများသည် ပိုမိုစစ်သွေးကြွသော ရခိုင်ပြည်နယ်မှ စစ်သွေးကြွမျိုးဆက်တခု ပေါ်ပေါက်နေ ကြောင်း အထောက်အထား ပြသနေပြီး အောက်တိုဘာလက အကြီးအကျယ် လူထုလှုံ့ဆော်တိုက်ခိုက်မှုသည် မြန်မာနိုင်ငံသို့ လက်နက်ကိုင်များဖြင့် ပထမဆုံးဝင်ရောက်ရန် ကြိုးစားမှု မဟုတ်ကြောင်း ပြသနေသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလက စစ်သွေးကြွအုပ်စုများသည် မောင်တောရှိ နယ်ခြားစောင့် ရဲစခန်းများကို အသေအပျောက် များသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကို ပြည်တွင်း မီဒီယာများက ဖော်ပြခြင်း မရှိသလောက်ပင် ဖြစ်သည်။ အနည်းဆုံး ၄ ဦးနှင့် ထိုထက်ပိုသော ရဲတပ်ဖွဲ့ဝင်များ ထိုစဉ်က သေဆုံးခဲ့ကြသည်။
နောက်ထပ် စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ၏ လူသူအရောက်အပေါက် နည်းသော နယ်စပ် ဒေသများတွင် လေ့ကျင့်ပေးနေသည်။ ထို့အပြင် ဂျီဟတ် သို့မဟုတ် ဘာသာရေးစစ်ပွဲ အတွက် ရန်ပုံငွေများမှာလည်း အဓိက အားဖြင့် ကာတာနှင့်ချမ်းသာကြွယ်ဝသော ဆော်ဒီအာရေးဗီးယားနှင့် ပင်လယ်ကွေ့ နိုင်ငံများမှ ငွေကြေး ထောက်ပံ့သူများ ထံမှ ရောက်ရှိလာနေကြသည်။ ထိုအုပ်စုများသည် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အစ္စလမ်မစ် အစွန်းရောက် အခြေခံဝါဒီများနှင့် အဆက်အစပ် ရှိကြသည်ဟု သတင်းများ ထွက်နေသည်။ စစ်သွေးကြွ၊ လက်နက်တပ်ဆင် လေ့ကျင့် သို့မဟုတ် အခြားတနည်းနည်းဖြင့် စည်းရုံးထားသော သူ မည်မျှရှိသည်ကိုမူ အတိအကျ မသိရ သလို အဖွဲ့အစည်းများ၏ အမည်ကိုလည်း မသိရပေ။ ၎င်းတို့၏ ခေါင်းဆောင်များ၏ အမည်မှာလည်း ပဟေဠိ ဖြစ်နေဆဲ ဖြစ်ပြီး ၎င်းတို့၏ အများစုက အမည်အမျိုးမျိုး သုံးနေကြသည်။
ယနေ့ခေတ် စစ်သွေးကြွများသည် သတင်းများ အတိုင်း ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် အစ္စလမ်မစ်နိုင်ငံတော် ထူထောင်လို/မလို၊ သို့မဟုတ် အန္ဒိအပါအဝင် ဖြစ်နိုင်သော ဒေသတွင်း စစ်ဆင်ရေးများ အတွက် နယ်မြေသစ် ရှာဖွေနေခြင်း ဟုတ်/မဟုတ်လည်း အသေအချာ မသိရပေ။ သို့သော် ၎င်းသည် နိုင်ငံတကာလေ့လာသူများ ယခုမှသာ စိတ်ဝင်စားလာသော ကြီးထွားနေသည့် လှုပ်ရှားမှုဖြစ်သည်မှာ သေချာသည်။ ထို့အပြင် ICG ၏ အဆိုလည်း မှန်ကောင်း မှန်နိုင်သည်။ ၎င်းသည် ဒေသတွင်း အခြားနိုင်ငံများတွင် တည်ငြိမ်ငြိမ်းချမ်းမှုကို အကြီးအကျယ် ထိခိုက်သော မြန်မာနိုင်ငံမှ အစ္စလမ်မစ်လှုံ့ဆော်သော အုံကြွမှု၏ နိဒါန်းလည်းဖြစ်နိုင်သည်။
(ဘာတေးလင့်တနာသည် Far Eastern Economic Review ၏ သတင်းထောက်ဟောင်း တဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ စာအုပ် အများအပြား ရေးသားပြုစုခဲ့သူ ဖြစ်သည်။ သူ၏ Militancy in Arakan State ကို ဘာသာပြန်ဆို ဖော်ပြသည်)
]]>
ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါ ကျဆင်းပြီလား https://burma.irrawaddy.com/article/2016/11/22/126523.html Tue, 22 Nov 2016 02:48:22 +0000 https://burma.irrawaddy.com/lytbox/?p=126523 ဒေါ်အောင်ဆန်းစုကြည်သည် တပ်နှင့် ပိုမိုနီးကပ်သွားပုံရသည်  / သော်ဟိန်းထက် / ဧရာဝတီဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို ရွေးချယ်လိုက်သော ပြည်သူများနှင့် စစ်တပ်အကြား ကြိုးတန်းပေါ်လမ်းလျှောက်နေရသည်]]> ဒေါ်အောင်ဆန်းစုကြည်သည် တပ်နှင့် ပိုမိုနီးကပ်သွားပုံရသည်  / သော်ဟိန်းထက် / ဧရာဝတီ
လွန်ခဲ့သော တနှစ်က မြန်မာနိုင်ငံ၏ အဓိကမြို့ဖြစ်သော ရန်ကုန်တွင် ပြည်သူများ လမ်းမပေါ်ထွက် ကခုန်ခဲ့ကြသည်။ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှ မဲများကို ရေတွက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်မည်မှာ ထင်ရှားနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အပြတ်အသတ် အနိုင်ရရှိသော်လည်း အုပ်ချုပ်သော စစ်ဘက်က ရလဒ်ကို လျစ်လျူ ရှုခဲ့သော ၁၉၉၀ နောက်ပိုင်းတွင် ခေတ်ပြောင်းလာခဲ့သည်။ ယခုတကြိမ်တွင် ပြည်ပမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူများလည်း လာရောက်ကြပြီး နိုင်ငံမှာ အသိအမှတ်ပြုခံရရေးအတွက် ပြင်ပကမ္ဘာ အထူးသဖြင့် အနောက်နိုင်ငံများနှင့်ထိတွေ့နေသည်။ ထို့ကြောင့် ကလိမ်ကကျစ်လုပ်ရန် အခွင့်မသာတော့ပေ။
စစ်တပ်၏ကြီးကြပ်မှုဖြင့် ၂၀၀၈ ခုနှစ်တွင် ရေးဆွဲပြီး ပုံစံမမှန်သော ဆန္ဒခံယူပွဲဖြင့် ပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံခြားသားနှင့် အိမ်ထောင်ကျသူ၊ မြန်မာနိုင်ငံသားမဟုတ်သော သားသမီးရှိသူ မည့်သူကိုမဆို နိုင်ငံ့အကြီးအကဲဖြစ်ခွင့် ပိတ်ပင်ထားသဖြင့် NLD ၏ ခေါင်းဆောင်နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသစ်ဖြစ်လာမည်မဟုတ်သည်ကို လူတိုင်းသိကြသည်။ (ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်သည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး ၎င်းတို့၏သားနှစ်ဦးမှာ ဗြိတိန်နှင့်အမေရိကန်နိုင်ငံသားများဖြစ်ကြသည်)
သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟူသော ရာထူးတခုကို သူ့အတွက် ဖန်တီးပြီး ယခုနှစ်ဧပြီလတွင် အာဏာရလာသော အစိုးရသစ်၏ ဥပဒေအရ အသိအမှတ်ပြုမခံရသော ခေါင်းဆောင်ဖြစ်လာစေခဲ့သည်။ ယနေ့တွင်မူ စိတ်ပျက်စရာများ အထူးသဖြင့် တိုင်းပြည်လူဦးရေ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်း အထိရှိသော များပြားလှစွာသော လူမျိုးစုလူနည်းစုများအကြား စတင်လာခဲ့ပြီဖြစ်သည်။ သူတို့သည်လည်း NLD ကို မဲပေးခဲ့ကြသူများဖြစ်သည်။
ထိုပါတီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းသက်သက်ကြောင့်သာမက ၎င်းတို့အတွက် မြန်မာနိုင်ငံသား အများစုအတွက်၂၀၁၅ ရွေးကောက်ပွဲသည် ရွေးကောက်ပွဲထက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသဖွယ် ဖြစ်နေသောကြောင့် ဖြစ်သည်။
NLD သည် စနစ်သစ်ကို ကိုယ်စားပြုခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံရေးရှုခင်းကို ဖွင့်ပြီး အခြားပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့စေကာမူ စနစ်ဟောင်းကို ကိုယ်စားပြုခဲ့သည်။ ဤပွဲမှာ အပြောင်းအလဲအတွက် ရွေးကောက်ပွဲဖြစ်သည်။ အပြောင်းအလဲမှာ အစိုးရသစ်ထံမှ ပြည်သူတို့မျှော်လင့်ထားသော အရာ ဖြစ်ခဲ့သည်။
သို့သော် ယခု အများမြင်တွေ့နေရသောအရာမှာ ယခင်အခြေအနေများ ထပ်မံဖြစ်ပေါ်နေခြင်းသာဖြစ်သည်။ မြောက်ဘက်တွင် ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများနှင့် တိုက်ပွဲမှာ လျော့ကျသွားခြင်းမရှိပေ။ တပ်က ပစ်ခတ်ရေး ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များ၊ အမြောက်ကြီးများ အကူဖြင့် ချီတက်လာသောကြောင့် လူတသိန်းခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြ ရသည်။ (ယခု တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ မူဆယ်နှင့် ကွတ်ခိုင်ကို စစ်ထိုးပြီး စစ်မျက်နှာသစ် ဖွင့်တိုက်ခဲ့ကြပြီ ဖြစ်သည်။ အရပ်သားများလည်း ထိခိုက်သေကြေမှုများ ရှိပြီး ကုန်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်နေသည်။)
သြဂုတ်လကုန်တွင် မြို့တော်သစ်နေပြည်တော်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအနေဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသော အစိုးရ၏တောင်းဆိုချက်ထက် အနည်းငယ်သာ ပိုမိုသော ရလဒ် ဖြစ်လာခဲ့သည်။
ထိုအပစ်အခပ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးခြင်းသည် အစိုးရက ပြောသကဲ့သို့ တိုင်းပြည်၏အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ၏လမ်းစအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အများစုက မမြင်ဘဲ လက်နက်ချခြင်းနှင့်သာ တူညီသည်ဟု ၎င်းတို့က သတ်မှတ်ထားသည်။
အစိုးရတပ်များနှင့် အစ္စလာမ်မစ်စစ်သွေးကြွများကြား သွေးထွက်သံယိုပဋိပက္ခများကြုံတွေ့နေရသော ရခိုင်ပြည်နယ်တွင်လည်း တင်းမာမှုမြင့်မားနေသည်။
အလွန်မျှော်လင့်ထားသော စီးပွားရေးတိုးတက်မှုလည်း ထူးထူးခြားခြား အကောင်အထည်ပေါ်လာခြင်းမရှိပေ။
စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ပြီး ယခုလ ဂျပန်သို့သွားရောက်သောအခါ ဂျပန်အစိုးရက သူ့ကို ၅ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံ ထောက်ပံ့ရန် ကတိပြုသည်။ သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အရူးအမူးမဖြစ်ကြဘဲ အကြောင်းရင်းများမှာလည်း ထင်ရှားလှပါသည်။
နိုင်ငံတကာဖွံ့ဖြိုးရေးကို အထူးပြုသော ဂျာမန်ကုမ္ပဏီတခုဖြစ်သည့် Deutsche Gesellschaft für Internationale Zusammenarbeit က ၎င်း၏ ၂၀၁၅ ဖေဖော်ဝါရီလ အစီရင်ခံစာတခုတွင် အချို့သောဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုသော်လည်း “လတ်တလောပြုပြင်ပြောင်းလဲမှုများ ရှိစေကာမူ ဥပဒေရေးရာ မူဘောင်နှင့် ဘဏ်လုပ်ငန်း၏ ဘဏ္ဍာရေးအခြေခံအဆောက်အအုံမှာ နိုင်ငံတကာအဆင့်မမီဘဲ ထိုစနစ်မှာ အရှေ့တောင်အာရှ၏ဖွံ့ဖြိုးမှု အနည်းဆုံးတွင် ဆက်ရှိနေကာ ၎င်း၏ဘဏ္ဍာရေးကြားခံတာဝန်ကို ဖြည့်ဆည်းနိုင်ခြင်းမရှိ”ဟု ဆိုသည်။
မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ သယ်ယူပို့ဆောင်ရေးညံ့ဖျင်းမှုနှင့် အိမ်ခြံမြေဈေးလွန်စွာမြင့်မားခြင်းတို့သည် လွန်စွာလိုအပ်နေသောဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသည်။
NLD ၏၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအောင်မြင်ပြီးနောက် မျှော်မှန်းချက်များမှာ မဖြစ်နိုင်လောက်အောင် မြင့်မားနေသည်ဟု ခုခံဆွေးနွေးနိုင်သေးသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ ဒီမိုကရေစီစနစ်သစ်တခုကို စတင်ရေးအတွက် ရေးဆွဲထားသော ဖွဲ့ စည်းပုံမဟုတ်ဘဲ စနစ်ဟောင်း သက်ဆိုးရှည်ရန်ရေးအတွက် ဖြစ်နေသည်။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍကို ရယူထားသည်။ တပ်က အရေးအပါဆုံး ဝန်ကြီး ၃ဦးဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို ခန့်အပ်သည့်အပြင် နိုင်ငံနှင့်ဒေသဆိုင်ရာ လွှတ်တော်များ၏ ၄ ပုံ တပုံကိုလည်း ခန့်အပ်သည်။
ဖွဲ့စည်းပုံမှ အရေးပါသောပြဌာန်းချက်များကို ပြင်ဆင်ရန် လွှတ်တော်အမတ် လေးပုံသုံးပုံကျော်၏ထောက်ခံမဲ လိုအပ်ပြီး လက်ရှိစနစ်ကို ဒီမိုကရေစီကျအောင် ပြင်ဆင်ရန် မည်သည့်အားထုတ်မှုကိုမဆို တပ်က ဗီတို အာဏာဖြင့် ပယ်ချနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ တပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေပြီး အစိုးရ သို့မဟုတ် မည်သည့်ရွေးကောက်ခံအဖွဲ့ အစည်း၏အမိန့်ကိုမျှ မနာခံဘဲ ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကိုသာ နာခံခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို ရွေးချယ်လိုက်သော ပြည်သူများနှင့် စစ်တပ်အကြား ကြိုးတန်းပေါ်လမ်းလျှောက်နေရကာ သူ့ဖခင်၏ တပ်ကို မည်မျှချစ်ကြောင်း ဗိုလ်ချုပ်ကြီးများ ကျေနပ်စေရန် ပြောပြနေရသည်။
သူ့ဖခင်လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ၏ပထမဆုံးလက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သော်လည်း ထိုတပ်ဖွဲ့သည် ယနေ့မြန်မာ့တပ်မတော်နှင့် တူညီသည့်အချက် မရှိသလောက်ပင်ဖြစ်သည်။ လုံးဝကွဲပြား ခြားနားသောအခြေအနေတရပ်မှာ ယနေ့မြန်မာ့တပ်မတော်သည် ပြည်တွင်းစစ်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး လွတ်လပ်ရေးတိုက်ပွဲမှ မွေးဖွားပေးသော တပ်မတော် မဟုတ်တော့ပေ။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်ကို အလွန်အကျွံ ချော့မော့နေရသည်ဟူသော ခံစားချက်မျာကို လူမျိုးစု များ ခံစားနေရသည်။ “ကျမ သူ့ကို ဝေဖန်ရတာ စိတ်ကုန်လာပြီ” ဟု ဗုဒ္ဓဘာသာလွှမ်းမိုးသော မြန်မာနိုင်ငံမှ ခရစ်ယာန်ဘာသာဝင်လူငယ်တဦးဖြစ်သည့် မစတယ်လာနော် က ပြောသည်။
“သူ့ကို စစ်တပ်ကြိုးကိုင်ထားတာ၊ သူအရင်က ရခဲ့တဲ့လူမျိုးစုတွေနဲ့ နိုင်ငံရေးအရ တိုးတက်တဲ့မြန်မာတွေရဲ့ထောက်ခံမှုကို ဆုံးရှုံးနေပြီ”ဟု သူက ပြောသည်။
တိုးတက်သောမြန်မာများက သူ့ကို ကျော်ကြားလှသော “ဗိုလ်အောင်ဒင်” ရုပ်ရှင်မှ မမြဝင်းနှင့် နှိုင်းယှဉ်ကြသည်။ မမြဝင်းမှာ ဓားပြဗိုလ်တဦးက ပြန်ပေးဆွဲခံထားရပြီး သူ့ကိုကယ်တင်နေသော ရဲများဘက်မှ မရပ်တည်ဘဲ ထိုဓားပြဗိုလ်ဘက်မှ ရပ်တည်သော အမျိုးသမီးတဦးဖြစ်သည်။ တနည်းဆိုရပါက မြန်မာပုံစံ စတော့ဟုမ်းရောဂါ (Stockholm syndrome) ဟု ဆိုနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်လွှမ်းမိုးသော အုပ်ချုပ်ရေးကို အဆုံးသတ်လိုသော လူထုထက် သူ့ကို ၁၅ နှစ်မျှ နေအိမ်အကျယ်ချုပ်ချထားခဲ့သော တပ်နှင့် ပိုမိုနီးကပ်နေပုံရသည်။
ဤသည်မှာ ပြင်းထန်သော ဝေဖန်မှုများဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါမှာ ကျဆင်းနေသည်။ “ကျမတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်းလွတ်တဲ့ အသစ်ကနေ ပြန်စရမယ်” ဟု စတယ်လာနော်က ပြောသည်။
NLD ပါတီ၏ အောင်ပွဲသည် ရန်ကုန်မြို့၏ လမ်းများနှင့် နေရာတကာသို့ ရောက်ခဲ့ပြီး နောက်တနှစ်အကြာတွင် ခါးသီးသောအမှန်တရားမှာ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ ဒီမိုကရေစီသူရဲကောင်းလုပ်ရသည်မှာ ပြည်တွင်းစစ်၊ လူမျိုးစုနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် တစစီဖြစ်နေသောနိုင်ငံကို အုပ်ချုပ်ရသည်ထက် များစွာပိုမိုလွယ်ကူလှပါသည်။
မြန်မာနိုင်ငံသည် ၁၉၆၀ ခုနှစ်များအစောပိုင်းမှစ၍ ပထမဆုံးအကြိမ် အရပ်သားအစိုးရတရပ်ရလာခဲ့သော်လည်း စစ်တပ်သည် မောင်းနှင်သူနေရာတွင် ရှိနေဆဲပင်ဖြစ်သည်။
(South China Morning Post ပါ Bertil Lintner ၏ One year on in Myanmar, Is Suu Kyi’s halo slipping? ကို ဘာသာပြန်ဆိုသည်။)
]]>
ဟီလာရီ သမ္မတဖြစ်လာသော် မြန်မာနှင့် နီးပြီး ထိုင်းနှင့် ဝေးမည် https://burma.irrawaddy.com/article/2016/10/26/125368.html Wed, 26 Oct 2016 05:04:59 +0000 https://burma.irrawaddy.com/lytbox/?p=125368 ၂၀၁၁ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်သို့ ဟီလာရီ လာရောက်စဉ် / Reutersဟီလာရီ ကလင်တန်သာ အိမ်ဖြူတော်သို့ ရောက်လာခဲ့လျှင် ကျနော်တို့ အနေဖြင့် ဝါရှင်တန် နှင့် နေပြည်တော်ကြားတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့ရမည် ဖြစ်သည်]]> ၂၀၁၁ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်သို့ ဟီလာရီ လာရောက်စဉ် / Reuters
အမေရိကန် သမ္မတရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ရွေးကောက်ပွဲ ရလဒ်က အရေးပါသည့် နောက်ဆက်တွဲများ ရှိနိုင်သည့် နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ (ရွေးကောက်ပွဲအကြို စစ်တမ်းများအဆို ဟီလာရီ ကလင်တန်က ဒေါ်နယ်လ်ထရမ့်ကို အပြတ်အသတ် အနိုင်ရနေခြင်းကြောင့် ဟီလာရီ သမ္မတရွေးကောက်ပွဲ နိုင်ရန် အလားအလာများနေသည်။)
ဒေါ်နယ်လ်ထရမ့်က အရှေ့တောင် အာရှနှင့် ပတ်သက်၍ မှတ်သားလောက်စရာ တစုံတရာ ပြောဆိုခြင်း မရှိသော်လည်း အကြို ဆန္ဒကောက်ယူမှုများတွင် ဦးဆောင်နေသော ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ဟီလာရီ အနေဖြင့်လည်း အမေရိကန်၏ အစဉ်အလာ မဟာမိတ် ဖြစ်သည့် ထိုင်းနိုင်ငံကို လက်ရှိ အုပ်ချုပ်နေသော ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရသည် ထက်စာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးက ပို သက်တောင့်သက်သာ ရှိမည်မှာ သံသယ ရှိ ရန် မလိုပါ။
မြန်မာနိုင်ငံက ယခင်ရှိခဲ့သော တံခါးပိတ်စီးပွားရေး၊ တရုတ်နိုင်ငံနှင့် နိုင်ငံရေး စီးပွားရေး ဆက်ဆံမှုများမှ ခွဲထွက်လာ ပြီး ဒေသတွင်းတွင် အမေရိကန်၏ ဗျူဟာမြောက်မိတ်ဖက်ဖြစ်ရန် လမ်းပွင့်လာသည့် အချိန်တွင် ထိုင်းနိုင်ငံက တရုတ်အစိုးရ နှင့် အနီးကပ်ဆက်သွယ်မှု တိုးတက်လာနေသည်။
ဟီလာရီ၏ ကမ္ဘာအနှံ့မှ တိုင်းပြည်များသို့ သွားရောက်ခဲ့သော ခရီးစဉ်များကို ပြန်ပြောင်း ပြောပြထားသည့် စာမျက်နှာ ၆၅၆ မျက်နှာရှိ “Hard Choices” စာအုပ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အခန်း တခန်းလုံး နီးပါးဖော်ပြထားရာ အာရှ-ပစိဖိတ် ဒေသတခုလုံးတွင် တရုတ်နိုင်ငံမှလွဲ၍ ထိုစာအုပ်တွင် အလွှမ်းမိုးဆုံး ဖြစ်ခဲ့ကြောင်း ရေးသားခဲ့သည်။
ဟီလာရီက “အရှေ့အလယ်ပိုင်း၌ အာရပ်နွေဦး၏ အရှိန်အဝါ ကျဆင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံက အာဏာရှင်စနစ်မှ ဒီမိုကရေစီ သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ကြောင်း ကမ္ဘာသို့ မျှော်လင့်ချက် အသစ် ပေးခဲ့သည်” ဟု ရေးသည်။
စစ်တပ်က အရေးပါသည့် ဝန်ကြီးဌာနများကို ဆက်လက်ထိန်းချုပ်ထားပြီး ဒီမိုကရေစီ နည်းမကျသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရေးတွင် ဆက်လက်ပိတ်ဆို့ ထားနိုင်သည့် အတွက် အသွင်ကူးပြောင်းရေးက ပြီးပြည့်စုံရန် ဝေးကွာနေသေးသည်ဟု အများစုက စောဒက တက်ခဲ့ကြသော်လည်း ဟီလာရီက မြန်မာနိုင်ငံကို သူ၏ နိုင်ငံ ခြားရေးဝန်ကြီး သက်တမ်းအတွင်းတွင် အဓိက အကျဆုံး အောင်မြင်မှု အဖြစ် ရှုမြင်ခဲ့သည်။ အမေရိကန် နိုင်ငံက အ ကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလက ပေါ်ပေါက်ခဲ့သည့် စစ်တပ်က အာဏာသိမ်းယူမှု နောက်ပိုင်း အမေရိကန် အနေဖြင့် ထိုင်း အစိုးရနှင့် ဆက်ဆံရာတွင် အကန့်အသတ်များ ထားရှိရန် ဖြစ်လာသည်။ နိုင်ငံခြား အထောက်အကူ ဥပဒေ (Foreign Assistance Act) အရ အမေရိကန် အနေဖြင့် ရွေးကောက်ခံ အစိုးရတခုကို အင်အားသုံး ဖယ်ရှားခဲ့သည့် နိုင်ငံများသို့ အကူအညီပေးခြင်းကို ရပ်ရမည် ဖြစ်သည်။
ဥပဒေအရ အမေရိကန်နိုင်ငံက အာဏာသိမ်းမှုကို ပြစ်တင်ရှုံ့ချရမည် ဖြစ်သော်လည်း သိသာမြင်သာလောက်သည့် လှုပ်ရှားမှု အနေဖြင့် ထိုင်းနိုင်ငံသို့ ပေးရမည့် စစ်ရေးဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၃.၅ သန်းကို ဆိုင်းငံ့ခြင်း၊ အကောင်အထည်ဖော်နေသည့် ရေတပ်လေ့ကျင့်ရေး အစီအစဉ် တခုကို ဖြတ်တောက်ခြင်းနှင့် ရဲတပ်ဖွဲ့ လေ့ကျင့်ရေး အစီအစဉ်တခုကို ဆိုင်းငံ့ခြင်းများလောက်သာ ဆောင်ရွက်ခဲ့သည်ကိုသာ တွေ့ရသည်။
ထိုင်းနိုင်ငံက အမေရိကန်အနေဖြင့် လုံးလုံးလျားလျား ဥပေက္ခာပြု၍ မရသည့် နိုင်ငံတခု ဖြစ်ပါသည်။ သူတို့ ၂ နိုင်ငံက အရှေ့တောင် အာရှ စုပေါင်း ကာကွယ်ရေး စာချုပ် အဖွဲ့ (Southeast Asia Treaty Organization – SEATO) ဖွဲ့ခဲ့သည့် ၁၉၅၄ ခုနှစ်မှ ဖျက်သိမ်းခဲ့သည့် ၁၉၇၇ အထိ တရားဝင် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။
အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် မြောက်ဗီယက်နမ်ကို ဗုံးကျဲ တိုက်ခိုက်ရန်အတွက် အမေရိကန်က ထိုင်းနိုင်ငံကို အခြေ စိုက် စခန်းတခုအဖြစ် အသုံးပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ၁၉၇၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် စခန်းရှိခဲ့သည်။ အာဏာ သိမ်းယူမှု ဖြစ်ပွားခဲ့သော်လည်း အမေရိကန်က ထိုင်းနိုင်ငံကို စစ်ရေး မဟာမိတ်အဖြစ် မြင်ထားဆဲဖြစ်သည်။ ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများမှ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များပါဝင်ပြီး နှစ်စဉ်ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှု အစီအစဉ်ကိုလည်း ယခုနှစ်တွင် ဦးဆောင် ပြုလုပ်ခဲ့သည်။
သို့သော်လည်း တချိန်တည်းမှာပင် ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာနေသည်။ ဥပမာ အားဖြင့် ယခုနှစ် မေလ အတွင်းတွင် ထိုင်းနှင့် တရုတ် ရေတပ်များ ပူးပေါင်း၍ Blue Strike အမည်ရှိ ပူးတွဲ စစ်ရေးလေ့ ကျင့်မှု တခုကို ထိုင်းကမ်းရိုးတန်း တွင် ပြုလုပ်ခဲ့သည်။ ဟောင်ကောင်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Joshua Wong ကို ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ညင်းပယ်ခဲ့ခြင်းက တရုတ်အစိုးရ အတွက် ကျေနပ်စရာ ဖြစ်ခဲ့သည်။
ထိုင်း စစ်တပ်က တရုတ်နိုင်ငံနှင့် ပိုမို နီးကပ်သွားနေပြီး ယခင်က လှိုက်လှဲနွေးထွေးသော ဆက်ဆံရေး ရှိခဲ့သည့် အမေရိ ကန်နှင့် ဝေးကွာလာသည်ဟု သံသယဖြစ်နိုင်ပါသည်။ တိုင်းပြည်၏ အသွင်ကူးပြောင်းရေး ကာလနှင့် အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းဘုရင် ဘူမိဘောအဒူလျာဒတ် ကွယ်လွန်ခဲ့ပြီး နောက်ပိုင်း မရေရာမှုများထဲတွင် စစ်တပ်က အာဏာအရှိဆုံး နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။
မြန်မာနိုင်ငံမှ တိုးတက်မှုများက (ထိုင်းနိုင်ငံနှင့်) ဆန့်ကျင်ဘက် လားရာသို့ ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံက Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပါဝင်ခဲ့သည်။ အမေရိကန် စစ်ဘက် အရာရှိကြီးများကလည်း မြန်မာနိုင်ငံမှ စစ်ကျောင်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။ ယခုနှစ် မေလ ၉ ရက်နေ့တွင် အရှေ့တောင်အာရှ ဒေသ ဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Patrick Murphy က အမေရိကန် နိုင်ငံ အနေဖြင့် မြန်မာ စစ်တပ်နှင့် ပုံမှန် အပြန်အလှန် ဆက်ဆံရေး ထူထောင်မည် မဟုတ်သော်လည်း ဆက်ဆံရေးတခုကို ဖွင့်လှစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
၁၉၈၈ ခုနှစ်တွင် မြန်မာစစ်တပ်က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသည့် အရေးအခင်းကို အကြမ်းဖက်ဖြိုခွဲခဲ့၍ လူပေါင်း ထောင်နှင့် ချီ၍ သေဆုံးခဲ့ရပြီး နောက်ပိုင်းတွင် ဆက်ဆံရေး ဆိုးရွားသွားခဲ့သည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် သံ တမန် ဆက်ဆံရေးကို အဆင့်လျှော့ချ၍ အကူအညီ အားလုံးကို ဖြတ်တောက်ခဲ့သည်။ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ မှုများလည်း ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံလည်း အပယ်ခံ နိုင်ငံတခု ဖြစ်လာပြီး အမေရိကန်နှင့် အနောက်နိုင်ငံ အများစု နှင့် အပြန်အလှန် ဆက်ဆံရေးက အနည်းဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်။
သို့သော်လည်း ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ် ကြီးဟောင်း တယောက် ဖြစ်သည့် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတပိုင်း အစိုးရဖွဲ့စည်းပြီးနောက် သူက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ယခင်က ငြင်းပယ်ခံခဲ့ရသော ပြည်သူတို့၏ အခွင့်အရေးများ ပြန်ပေးခြင်းကဲ့သို့ သော ပြုပြင်ပြောင်းလဲရေးများ စတင်ပြုလုပ်ခဲ့သည်။ အရေးအပါဆုံးမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သမ္မတသစ် ဦးသိန်းစိန်က မြန်မာနိုင်ငံမြောက်ပိုင်းမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဘိုးရှိ တရုတ်-မြန်မာ ဖက်စပ် ဆောင်ရွက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အဆိုပါ စီမံကိန်း ပြီးမြောက်ခဲ့လျှင် ကမ္ဘာပေါ်တွင်ပဉ္စမမြောက် အကြီးဆုံးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဖြစ်ပြီး စတုရန်း ကီလိုမီတာ ၆၀၀ ရှိသည့် သစ်တောများ ရေးဖုံးလွှမ်းသွားမည် ဖြစ်သည်။ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည် ဖြစ်သည်။
နောက် ၂ လကြာသည့် အခါ မြန်မာနိုင်ငံသို့ ဟီလာရီ ရောက်လာခဲ့ပြီး ရာစုနှစ်ဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စိတ်လှုပ်ရှားဖွယ်ရာ တွေ့ဆုံခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း ဆွေးနွေးခဲ့ခြင်းကလည်း ၂ နိုင်ငံ ဆက်ဆံရေး ပြန်လည်ရှင်သန်စေရန် ကြိုးပမ်းမှုတခု အဖြစ်မြင်ခဲ့ကြသည်။ ထိုခရီးစဉ်ကြောင့် ပင် ၂၀၁၂ ခုနှစ် နိုဝင် ဘာလတွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ် အဖြစ်လာရောက်ခဲ့ပြီး ဟီလာရီလည်း အတူ လိုက်ပါလာခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ၂၀၁၄ ခုနှစ် မတ်လတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတို့၏ ကျန်းမာရေးနှင့် ပညာရေး အဆင့်မြှင့် တင်ပေးရန် ရည်ရွယ်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်သည့် စု ဖောင်ဒေးရှင်းကို တည် ထောင်ခဲ့သည်။ ပါဝင်သူများအနက် အထင်ရှားဆုံး ပုဂ္ဂိုလ်များမှာ ဟီလာရီနှင့် အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ်နှင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီးနောက် ဆယ်ကျော်သက် အရွယ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ လာကာ ယခုအခါ ဟာဝိုင်အီမှ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဦးစီးသည့် Asia-Pacific Centre for Security Studies တွင် ပါမောက္ခအဖြစ် ဆောင်ရွက်နေသော မီမီဝင်းဘာ့ဒ်တို့ ဖြစ်သည်။
ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပါက အရှေ့တောင်အာရှ အတွက် မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိသော်လည်း ဟီလာရီ ကလင်တန်သာ အိမ်ဖြူတော်သို့ ရောက်လာခဲ့လျှင် ကျနော်တို့ အနေဖြင့် ဝါရှင်တန် နှင့် နေပြည်တော်ကြားတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့ရမည် ဖြစ်သည်။ ယခင် မဟာမိတ်ဟောင်း ထိုင်းနိုင်ငံ နှင့် အမေရိကန် ကြားတွင် ဆက်ဆံရေး အေးစက်သွားခြင်းမျိုးကိုပင် ကျနော်တို့ တွေ့ကောင်းတွေ့ရနိုင်ပါသည်။
(South China Morning Post ပါ Bertil Lintner ၏ What Myanmar Stands To Gain – And Thailand Lose – From A President Clinton ကို ဘာသာပြန်ဆိုသည်)
]]>
လမ်းလွဲနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နည်းလမ်းသစ်နဲ့ ပြန်စရန် လို https://burma.irrawaddy.com/article/2016/10/21/125202.html Fri, 21 Oct 2016 11:09:52 +0000 https://burma.irrawaddy.com/lytbox/?p=125202 အောက်တိုဘာ ၈ ရက် ရန်ကုန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြစဉ်  / မျိုးမင်းစိုး / ဧရာဝတီဝမ်းနည်းစရာ ကောင်းသည်မှာ ၂၀၁၅ နိုဝင်ဘာလက အထွေထွေ ရွေးကောက်ပွဲများတွင် လူထုက ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် အာဏာရခဲ့သော လက်ရှိအစိုးရသည် ယခင်အစိုးရ၏ ဝါဒများကို ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်သည်]]> အောက်တိုဘာ ၈ ရက် ရန်ကုန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြစဉ်  / မျိုးမင်းစိုး / ဧရာဝတီ
ပြီးခဲ့သည် သြဂုတ်လကုန် နေပြည်တော်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံဟု ခေါ် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး မပြီးသေးသည့် အချိန်မှာပင် တပ်မတော်က ထိုးစစ် စတင်သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲသတင်းများ ကြားလာရပြီး ကရင်ပြည်နယ်တွင် ဒေသခံ လက်နက်ကိုင် အုပ်စုများ အကြား ပဋိပက္ခများ ဖြစ်ပွားကာ ရှမ်းပြည်အရှေ့ပိုင်းတွင်မူ အင်အား ကြီးမားလှ သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က တချိန်က အနီးကပ်ဆုံး မဟာမိတ် အဖြစ် သတ်မှတ်ခဲ့ သည့် မိုင်းလားအုပ်စု ခေါ် အမျိုးသာဒီမိုကရေစီ မဟာမိတ်တပ်မတော် National Democratic Alliance Army (Eastern Shan State) (NDAA[ESS]) ကို ဆန့်ကျင်လှုပ်ရှားပြီး ၎င်းတို့၏စခန်း အများအပြားကို သိမ်းယူသည်။
“ဒါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မဟုတ်ဘဲ ပဋိပက္ခ လုပ်ငန်းစဉ် ဖြစ်နေတယ်” ဟု လေ့လာသူ တဦးက ပြောသည်။
ငြိမ်းချမ်းရေးနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသော အချက်မှာ ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် သမ္မတဖြစ်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟု ခေါ်သော အစီအစဉ်ကို စတင်ပြီးနောက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို တွေ့ရခြင်း ဖြစ်သည်။ တိုက်ပွဲ အများစုမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ဖြစ်ပွားပြီး ရခိုင်နှင့် ကရင်ပြည်နယ်များတွင် တိုက်ပွဲများ နေရာကျဲကျဲ ဖြစ်ပွားသည်။ ၁၉၈၀ ခုနှစ်များ နောက်ပိုင်း တပ်မတော်က ကွန်မြူနစ်တပ်များနှင့် ကရင်တပ်များကို ထိုးစစ်များ ဆင်ခဲ့သည့်နောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်သည် ယခုအချိန်တွင် အပြင်းထန်ဆုံးဖြစ်နေသည်။
ပြည်ပမှ ငြိမ်းချမ်းရေး တည်ဆောက်ပေးသူများ ရှိသော်လည်း သို့မဟုတ် ထိုသူများ ရှိနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်မည်၊ ပဋိပက္ခသည် ဘယ်အခါမျှ ပြီးဆုံးမည့်ပုံ မပေါ်ပေ။ လူသိများသော နည်လမ်းမှာ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို မြောက်ပိုင်း အိုင်ယာလန်၊ ကိုလံဗီယာနှင့် တောင်အာဖရိက အပါအဝင် ကမ္ဘာတဝန်းရှိ အခြားသော ပဋိပက္ခ ဒေသများသို့ လေ့လာရေး ခရီး စေလွှတ်ခြင်း ဖြစ်သည်။ ထိုခရီးစဉ်များကို အဓိက စီစဉ်သူမှာ ဗြိတိန် အခြေစိုက် Intermediate ဟု ခေါ်သော အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကို ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ အောက်တွင် ၁၉၉၇ မှ ၂၀၀၇ အထိ ရုံးအဖွဲ့ အကြီးအကဲ တာဝန်ယူခဲ့သူ Jonathan Powell က ထူထောင်ဦးဆောင် ခဲ့သည်။
သို့သော် ထိုလေ့လာရေး ခရီးစဉ်များ၏ အကျိုးမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ရန်ကုန်တွင် အခြေစိုက်သော ပြည်ပ သုတေသီတဦးက ထိုလေ့လာရေး ခရီးစဉ်များကို “လက်တွေ့ ဆွေးနွေပွဲများ ရှေ့မတိုးနိုင်ချိန်တွင် လူမျိုးစု ခေါင်းဆောင်များ၏ စိတ်ကို လွှမ်းမိုးစေသော မဆုံးနိုင်သော ကမ္ဘာ့ ငြိမ်းချမ်းရေးပြသမှု ပြည်သူ့ဘဏ္ဍာသုံး အပျော်ခရီး များ” ဟု ထုတ်ဖော်ခဲ့သည်။ တဆက်တည်း “ဆက်လက် ဖြစ်ပွားနေသော ပြဿနာကို ဖြေရှင်းရေးမှာ တိုးတက်မှုကို ပျက်စီးစေသော အရာ အဖြစ်” ပုံဖော်သည်။
ဆွစ်ဇာလန် ကန်တုန်စနစ် Canton system သည် မြန်မာနိုင်ငံအတွက် မည်သို့မည်ပုံ နမူနာကောင်း ဖြစ်နိုင်သည်ကို စဉ်းစား ကြည့်ရန်ပင် ခက်ခဲလှသော်သည်း ဆွစ်ဖက်ဒရယ်စနစ် မည်သို့အလုပ်လုပ်သည်ကို မြန်မာနိုင်ငံမှ လူမျိုးစုခေါင်းဆောင် များအား ဖိတ်ကြားပြသရာတွင် ဆွစ်ဇာလန် အစိုးရကလည်း တက်ကြွသည်။ ဖိတ်ကြားခံရသူများမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ Restoration Council of Shan State (RCSS) ၏ ကိုယ်စားလှယ်များ ဖြစ်သည်။ ထိုအဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement (NCA) ခေါ် စာချုပ်တွင် အစိုးရနှင့် ပါဝင်လက်မှတ်ထိုးသော အဖွဲ့ ၈ တွင် ပါဝင်သည်။ (၎င်းတို့ အနက် ၃ ဖွဲ့တွင်သာ အမှန်တကယ် လက်နက်ကိုင် တပ်ဖွဲ့ ရှိပြီး ကျန် ၅ ဖွဲ့မှာ လူတဒါဇင်သာသာခန့် စီသာ ရှိသော လက်မှတ်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။)
IHS Jane စာစောင်မှ သုတေသီ Anthony Davis က ယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုလို ရေးသားခဲ့သည်။ “နောက်ဆုံးတွင် မြန်မာကို တရားဝင် စီပွားရေး လုပ်ရန်နေရာ အဖြစ် ကြေညာရန် စိတ်အား ထက်သန်နေသော အနောက်နိုင်ငံ အစိုးရများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပုံအောခဲ့သော ဒေါ်လာသန်း ဆယ်ပေါင်းများစွာ၏ ရုပ်ပုံလွှာ အသေးအဖွဲ အပြောင်းအလဲမျှသာ ဖြစ်သည်မှာ သံသယ ဖြစ်ရန် မရှိသော်လည်း ဤစရိတ်ခံ စိတ်ကူးယဉ် ခရီးများသည် ဆွစ်အခွန်ထမ်းများကို ငွေကြေး ကုန်ကျစေသည်”။
RCSS ကိုယ်စားလှယ်များကို ဆွစ်ဇာလန်တွင် ဖျော်ဖြေနေသည့် တချိန်တည်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင် ထရပ်ကား အစီးပေါင်းများစွာကို ရှမ်းပြည်မြောက်ပိုင်းသို့ စေလွှတ်ပြီး NCA လက်မှတ် မထိုးသည့် ပလောင်လူမျိုးစု တပ်ဖွဲ့ ဖြစ်သော တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (Ta’ang National Liberation Army) ကို တိုက်ခိုက်စေ ခဲ့သည်။ အစိုးရနှင့် ငြိမ်းချမ်းရေးသည် RCSS အဖွဲ့အား ရှမ်းပြည်နယ်တွင် တပ်များလှုပ်ရှားခွင့် ရစေပြီး Davis အဆိုအရ လက်ဝေခံ တိုက်ပွဲဟု ခေါ်သော မြန်မာစစ်တပ်အစား တိုက်ပေးသော စစ်ကို ဆင်နွဲနိုင်စေသည်။
NDAA (ESS) အပေါ် UWSA က စစ်ရေးအရ အရေးယူ ဆောင်ရွက်ခြင်းမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ သွေးခွဲသော အကျိုးဆက် တခု ဖြစ်သည်။ NDSS(ESS) သည် NCA လက်မှတ်ထိုးသော အုပ်စုများနှင့် ပူးပေါင်းမည်ဟု UWSA က သံသယဝင်သည် ဟု ဆိုသည်။ သြဂုတ်လက နေပြည်တော် ဆွေးနွေးပွဲများတွင် ၎င်းတို့၏ ကိုယ်စားလှယ်များ အနက်တဦးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံရန် အဖွဲ့အားလုံးကို တိုက်တွန်း ခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ကို နိုင်ငံတော်အာဏာ ပေးထားပြီး တိုင်းရင်းသား လူမျိုးစုများ တိုက်ပွဲဝင် တောင်းဆိုနေသော ဖက်ဒရယ် စရိုက်လက္ခဏာ မရှိသောကြောင့် ဒီမိုကရေစီ မကျသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသော ဖွဲ့စည်းပုံ ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သော ပြည်ပအစိုးရများ အနေဖြင့် ၎င်းတို့ ပါဝင်ရန် လိုအပ်လျှင်ပင် သေနင်္ဂဗျူဟာများကို အလေးအနက် ပြန်လည် စဉ်းစားရန် လိုသည်။ မြန်မာနိုင်ငံ အခြေစိုက် သုတေသီ၏ အဆိုအရ “၎င်းတို့၏ လေ့လာသုံးသပ်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲများသည် ဆယ်စုနှစ် ၆ စုကြာ ခံစားနေရသော လူထုအသံကို နားထောင်ခြင်းထက် ပို၍ အခွင့်အလမ်းသာသင့်သည်ဟု ထင်ကြသော သူရဲဘောကြောင်သော အချောင်သမားများကို မွေးဖွားပေးနေသည်။ ယင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မဟုတ်၊ ယင်းသည် တခြားနိုင်ငံတွေမှာ မအောင်မြင်တဲ့ သမိုင်းရှိသူတွေ ပါဝင်အရိပ်မိုးနေတဲ့ စင်ပြိုင်အရှိတရားတခုပဲ” ဟု သူက ပြောသည်။
မြန်မာ့လူ့အခွင့်အရေး လုပ်သားတဦးကလည်း မကြာသေးမီက ဖြစ်ရပ်များကို ငြိမ်းချမ်းရေး သံစုံ ပြဇာတ်ဟု သံသယဖြင့် ခေါ်သည်။ ထိုထက် ပိုပြောရလျှင် ဤပြဇာတ်မှာ အများအပြားက ခေါင်းဆောင်မင်းသားသာ လုပ်လိုကြပြီး သီချင်းဆိုအဖွဲ့တွင် သီဆိုမည့်သူ မည်သူမျှ မရှိသော ပြဇာတ်ဖြစ်သည် ဟု ဆိုသည်။
ဆယ်စုနှစ်များစွာ ကြာသော မြန်မာနိုင်ငံ၏ လူမျိုးစုနှင့် နိုင်ငံရေးပဋိပက္ခ အနေအထားနှင့် မည်သည့်နေရာတွင်မျှ မတူသော အခြားနိုင်ငံများ၏ ဖြစ်စဉ်များကို လေ့လာမည့်အစား မြန်မာနိုင်ငံ၏ အတိတ်က ငြိမ်းချမ်းရေးဖော်ဆောင်မှု (မည်သို့သော အကြောင်းများကြောင့် မည်သူမျှ စစ်ကို အဆုံမသတ်နိုင်ခဲ့ကြသည်) ကို လေ့လာလျှင်ပင် များစွာ အသုံးဝင်ပါသေးသည်။
၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက ဦးနု ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူပြီး စစ်တပ်က ထိန်းချုပ်သည့် အိမ်စောင့် အစိုးရကို ဖွဲ့စည်းသောအခါ တရားဝင် ကြေညာခြင်း မရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကွန်မြူနစ် အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့တို့ လက်နက်ချခဲ့သည်။ မည်သည့်နိုင်ငံရေး အပေးအယူမျှ မပြုလုပ်ခဲ့ပေ။ အချို့မှာ စီးပွားရေးလုပ်သော ဒေသခံလက်နက်ကိုင်များ ဖြစ်လာကြသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်က နောက်တကြိမ်ပြန်လာပြီး ဦးနု ဦးဆောင်သည့် အရပ်သားအစိုးရသစ်တက်ပြီး ခဏအကြာ အာဏာကို အပြီးအပြတ် သိမ်းသောအခါ စစ်အစိုးရသစ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု အလေးအနက် ကတိပြုခဲ့သည်။ ထိုဆွေးနွေးပွဲများသည် ၁၉၆၃ တွင် စတင်ပြီး လူမျိုးစုနှင့် နိုင်ငံရေး သူပုန် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။သို့သော် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဘဝပြန်လည် ထူထောင်ရေးမှ လွဲ၍ ဘာမျှ မပေးဘဲ လက်နက်ချရန် တောင်းဆိုသည်။
ဆွေးနွေးပွဲများ ပြိုကွဲသွားသည်မှာ အံ့သြစရာ မဟုတ်ပါ။ လက်နက်ကိုင်အုပ်စု အသစ်အဟောင်းအချို့ကို ကာကွယ်ရေး ဟု ခေါ်သော ပြည်စောင့်တပ် ဖွဲ့စည်းပေးသည်။ သို့သော် ၎င်းတို့ကို ပေးရန် ဘဏ္ဍာငွေ အလုံအလောက် မရှိသောကြောင့် ဘိန်းကုန်ကူးခွင့် ပေးပြီး ရန်ပုံငွေ ရှာခွင့်ပြုသည်။ လော်စစ်ဟန်နှင့် ခွန်ဆာတို့ နှစ်ဦးလုံးသည် ကာကွယ်ရေး တပ်မှူးများ အဖြစ် ဘဝကို စတင်ခဲ့ကြပြီး ထိုကြောင့်ပင် ထင်ရှားသော ဘိန်းကုန်သည်များ ဖြစ်လာကြသည်။ ၎င်းတို့ ဘိန်းသယ်ဆောင်သည့် ယာဉ်တန်းများကို ထိုင်းနယ်စပ် အထိ ပို့နိုင်ရန် ရှမ်းပြည်နယ်ရှိ အခြားသော သူပုန်များနှင့် အဆက်အသွယ် ထူထောင်သောအခါမှသာ ၎င်းတို့ကို ဖမ်းခဲ့သည်။
၁၉၇၃ ခုနှစ် ဇန်နဝါရီလတွင် ကာကွယ်ရေး တပ်ဖွဲ့ စီမံကိန်းကို ရပ်စဲသည်။ ၎င်းတို့အစား ပြည်သူ့စစ်ဟု ခေါ်သော အဖွဲ့များ ဖွဲ့စည်းသည်။ ၎င်းတို့သည် ကာကွယ်ရေး တပ်ဖွဲ့များထက် အင်အားနည်းသဖြင့် စစ်တပ်က ပိုမိုထိမ်းချုပ်ရန် လွယ်ကူသည်။
၁၉၈၀ ခုနှစ်တွင် သူပုန်များနှင့် နိုင်ငံရေးအကျဉ်းသားများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုုးရက ကြေညာသည်။ သူပုန် ၁၄၃၁ ဦး တရားဝင် လက်နက်ချသည်။ ထိုကိန်းဂဏန်းမှာ အလွန်အကျွံချဲ့ကားထားခြင်း ဖြစ်နိုင်သည်။ သို့သော် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သည် ထိုင်းနယ်စပ်မှ ဦးနုဦးဆောင်သည့် လက်ယာဗမာ သူပုန်များကို ပြိုကွဲသွားစေခဲ့သည်။တချိန်တည်းတွင် ဗမာပြည် ကွန်မြုနစ်ပါတီ (CPB) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့နှင့် သီးခြား ဆွေးနွေးပွဲများ ကျင်းပသည်။ ဆွေးနွေးပွဲများသည် လပေါင်းများစွာ ကြာသည်။ သို့သော် အစိုးရ၏ ကမ်းလှမ်းမှုမှာ လက်နက်ချခြင်း အတွက် ဘဝပြန်လည် ထူထောင်ပေးခြင်းသာ ဖြစ်နေသည်။ ထို ဆွေးနွေးပွဲများလည်း ပြိုကွဲသွားသည်မှာ ပြောရန်ပင် မလိုပါချေ။
၁၉၈၈ ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများ အပြီးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration Council – SLORC) က အာဏာသိမ်းယူအပြီးတွင် ထောင်ပေါင်းများစွာသော မြို့ပြမှ အစိုးရ ဆန့်ကျင်သူများသည် ကရင်အမျိုးသား အစည်အရုံး (Karen National Union-KNU) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အခြားသော လူမျိုးစု လက်နက်ကိုင်များနှင့် ချိတ်ဆက်ကြသသည်။ သို့သော် တရုတ်ထံမှ ၁၉၆၈ မှ ၇၈ အတွင်း ရရှိထားသော လက်နက်များ ဂိုဒေါင်များစွာ ရှိသော CPB ကဲ့သို့ မဟုတ်ဘဲ ထိုအုပ်စုများတွင် မြန်မာ တက်ကြွလှုပ်ရှားသူများ အတွက် လက်နက်အပို အနည်းငယ်မျသာ ရှိသည်။ သို့သော် ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူအချို့လည်း CPB ဒေသများသို့ သွားခဲ့ကြသည်။
၁၉၈၉ မတ်၊ ဧပြီတွင် တောင်ပေါ်လူမျိုးစုများ ရာထူး အဆင့်ဆင့်က CPB နှင့် အသက်အရွယ် ကြီးရင့်သော မြန်မာ ပါတီခေါင်းဆောင်မှုကို ပုန်ကန်ကြသောအခါ အခြေအနေ ပြောင်းလဲသွားသည်။ CPB သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ၄ စု ဖြစ်သွားသည်။ UWSA ၊NDAA (ESS)၊ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အခြေစိုက် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army) နှင့် ကချင်ပြည်နယ်မှ ဒီမိုကရေစီ တပ်မတော်သစ် (New Democratic Army-Kachin) တို့ ဖြစ်လာသည်။
ထိုအခါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ညီညွတ်ရေး တပ်ပေါင်းစုတခု၏ အန္တရာယ်ကို ရင်ဆိုင် လာရသည်။ သို့သော် မြန်မာစစ်တပ်သည် ထိုစဉ်က လျော့တိလျော့ရဲသာ ရှိနေသော လူမျိုးစု လက်နက်ကိုင်များနှင့် မြို့ပြမှ အစိုးရဆန့်ကျင်သူများ၏ မဟာမိတ်အဖွဲ့ကို လက်ဦးမှုရယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင်သည်။ CPB ကို ပုန်ကန်ခဲ့သော တပ်ဖွဲ့များကို အပစ်အခတ် ရပ်စဲရေးကမ်းလှမ်းပြီး အကန့်အသတ်မရှိသော စီးပွားရေး အခွင့်အလမ်းများ ပေးသည်။ ထို့ကြောင့် CPB တပ်ဖွဲ့ဟောင်း အားလုံး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ကြသည်။
နယ်စပ်မှ ခြိမ်းခြောက်မှုကို ငြိမ်အောင်လုပ်ထားသော်လည်း တိုင်းပြည်အတွက် အကျိုးဆက်မှာ လွန်စွာ ဆိုးရွား လှသည်။ အရှေ့မြောက် နယ်ခြားဒေသတွင် စီးပွားရေး ဆိုသည်မှာ ဘိန်းနှင့် ဘိန်းထုတ်ကုန် ဘိန်းဖြူထုတ်လုပ်ရေးဟု အဓိပ္ပာယ်ရသည်။ ထိုအကျိုးဆက်မှာ ဘိန်း စိုက်ဧကသည် ၁၉၈၈ တွင် ၁၀၃,၂၀၀ ဟက်တာ ရှိရာမှ ၁၉၉၁ တွင် ၁၆၁, ၀၁၂ ဟက်တာသို့ တိုးလာသည်။ အမေရိကန်နိုင်ငံ၏ တရားဝင် စာရင်းများအရ အလားတူ ကာလအတွင်း ဘိန်းထုတ်လုပ်မှုမှာ နှစ်စဉ် ၆၈ တန်မှ ၁၈၅ တန်သို့ ထိုးတက်သွားသည်။ ၎င်းတို့ အနက် ၁၈၁ ဒသမ ၅ တန်မှာ ပြည်ပပို့ရန် ဖြစ်သည်။
ကွန်မြူနစ်ပါတီ ပြိုကွဲခြင်း၊ မဟာမိတ်အဖွဲ့သစ် မဖွဲ့စည်းနိုင်ခြင်းတို့နှင့် အတူ အရွယ်အစား အမျိုးမျိုးသော ၂ ဒါဇင်ခန့် ရှိသော လူမျိုးစု လက်နက်ကိုင်များသည် ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များ အစောပိုင်းတို့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုကြသည်။ ထိုအုပ်စု အများအပြားက သစ်ထုတ်လုပ်ကြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ကျယ်ပြန့်သော နယ်ပယ်များမှာ လွင်တီးခေါင် ဖြစ်ကုန်ပြီး သစ်ကို တရုတ်ပြည်သို့ ရောင်းကြသည်။
ထို့ကြောင့် လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခြင်းမှာ အသစ်အဆန်း မဟုတ်ပါ။ ဖျက်သိမ်းလိုက်သည်မှာ ကြာမြင့်ပြီ ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ မူဝါဒကို ဆက်လက် အကောင်အထည် ဖော်ခြင်းသာ ဖြစ်သည်။ သို့သော် ထိုစဉ်က ပြုလုပ်ခဲ့သော အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အားလုံးကို လေးစား လိုက်နာကြသည်တော့ မဟုတ်ချေ။ ၁၉၉၄ ခုနှစ်က လက်တွေ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော (ယခင်က သဘောတူ စာချုပ်မရှိဘဲ နှုတ်ဖြင့်သာ သဘောတူခဲ့သည်) KIA သည် ၂၀၁၁ တွင် အကြီးအကျယ် အတိုက်ခံရပြီး တိုက်ပွဲများ ယခုထိ ဆက်လက်ဖြစ်ပွားနေသည်။ အစိုးရနှင့် ၁၉၈၉ တွင် ငြိမ်းချမ်းရေး ယူခဲ့သော ရှမ်းပြည် တပ်မတော်ကိုလည်း မကြာမီတွင် တိုက်ခိုက်ခဲ့သည်။
ဤဆွေးနွေးပွဲများနှင့် ယခုကျင်းပနေသော ဆွေးနွေပွဲများ၏ တူညီသော လက္ခဏာမှာ စစ်တပ်နှင့် အစိုးရက လက်နက်ချရေး ပြီးလျှင် ဘဝပြန်လည်ထူထောင်ရေး လုပ်ပေးမည်ဟု တောင်းဆိုသည် သို့မဟုတ် မအောင်မြင်သော အခါ မည်သည့် စီးပွားရေးမဆို လုပ်ကိုင်ခွင့် ပေးပြီး အကျင့်စာရိတ္တပျက်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့ အပစ်အခတ် ရပ်စဲရေး စာချုပ်အပြီးတွင် RCSS နှင့် KNU ခေါင်းဆောင်များသည် သစ်ထုတ်လုပ်ရေးနှင့် ဆီအုန်းစိုက်ခင်းများ အပါအဝင် အကျိုးအမြတ်များသော စီးပွားရေး အခွင့်အလမ်းများ ရခဲ့ကြသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ၂၀၁၅ နိုဝင်ဘာလက အထွေထွေ ရွေးကောက်ပွဲများတွင် လူထုက ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် အာဏာရခဲ့သော လက်ရှိအစိုးရသည် ယခင်အစိုးရ၏ ဝါဒများကို ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်သည်။ ၎င်းမှာ တနိုင်ငံလုံး အကျုံးမဝင် သကဲ့သို့ ငြိမ်းချမ်းရေးလည်း မရ ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ဗဟိုနိုင်ငံတော် အဆောက်အအုံ ခေါ် နိုင်ငံအတွက် ချမှတ်သင့်သည့် အုပ်ချုပ်ရေး စနစ်သစ်ကိုု ဆွေးနွေမည့် အဓိပ္ပာယ်ရှိသော ဆွေးနွေးပွဲများလည်း ဖြစ်မလာသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို အားလုံး မည်သူမဆို လက်မှတ်ရေးထိုးရမည်ဟု တောင်းဆိုခြင်း ဖြစ်သည်။ ထိုစဉ်အတွင်း ပဋိပက္ခတွင် ပါဝင်သူ အားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၍ လက်နက်ချပြီး ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်လာကာ စီးပွားရေး အကျိုးခံစားရန် စစ်တပ် ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပြန်သည်။
ဘိန်းမှောင်ခိုချသော ပြည်သူ့စစ် တပ်မှူးများသည် ၂၀၁၀ ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လက်မှတ်ဖြင့် ဒေသဆိုင်ရာနှင့် အမျိုးသားအဆင့် လွှတ်တော်များသို့ ရွေးကောက်ခံခဲရသည်မှာလည်း လျှို့ဝှက်ချက် မဟုတ်ပေ။ ယနေ့ ဘိန်းကုန်ကူးလုပ်ငန်းကို ထိန်းချုပ်ထားသူများမှာ ထိုပုဂ္ဂိုလ်များနှင့် အုပ်စုများသာ ဖြစ်ပြီး UWSA၊ MNDAA သို့မဟုတ် NDAA(ESS) တို့ မဟုတ်ကြပေ။ ထိုအဖွဲ့များသည် မူးယစ်ကုန်သွယ်မှုများဖြင့် စီးပွားရေး လုပ်ငန်းများ တည်ဆောက်ခဲ့ပြီးနောက် ကာစီနို၊ လူသုံးကုန်၊ နယ်စပ်ကုန်သွယ်ရေးနှင့် သံဖြူနှင့် ရှားပါးသတ္တု တရုတ်သို့ ရောင်းခြင်းစသည့် လုပ်ငန်းများသို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြသည်။
ယခင်က မအောင်မြင်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ယခုအကြိမ် ကွာခြားချက်မှာ ရန်ပုံငွေနှင့် အာရုံစိုက်ခံရခြင်း များကို အပြင်းအထန် ဆွေးနွေးနေသော ပြည်ပမှ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ပါဝင်လာခြင်းသာ ဖြစ်သည်။ သို့သော် ရန်ကုန်အခြေစိုက် ပြည်ပသုတေသီက “ပြည်ပမှ ဆွေးနွေးသူများသည် တပ်မတော်၏ ခေါင်းမာသော အယူအဆကိုသာ လက်တွေ့အကောင်အထည် ဖော်ပြီး အရာရာသည် စီးပွားရေး အကျိုးစီးပွားသာ ဖြစ်သည်ဟု ဆိုကာ လူမျိုးစုများ၏ နစ်နာချက်များကို နားလည်အောင် ကြိုးစားရန် လျစ်လျူရှု နေကြသည်၊ ဤအယူအဆမှာ ရန်ကုန်ရှိ အနောက်တိုင်း သံတမန်များ၏ အပ်ကြောင်းထပ်နေသော အယူအဆ ဖြစ်သည်” ဟု ဆိုသည်။
ပြည်ပမှ အကြံဉာဏ် ရယူခြင်းနှင့် အခြားနိုင်ငံများ၏ အတွေ့အကြုံကို လေ့လာခြင်းမှာ လုံးလုံး အလဟသ ဖြစ်သည်တော့ မဟုတ်ပေ။ သို့သော် ပြည်ပထည့်ဝင်မှုကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထည့်သွင်းပုံမှာ ငြိမ်းချမ်းရေးနှင့် အနည်းငယ်မျပင် မနီးစပ်စေပါ။ ပို၍ ဆိုးသည်မှာ ဤလုပ်ရပ်သည် လက်နက်ကိုင်နှင့် လက်နက် မကိုင်သော လူမျိုးစု အုပ်စုများနှင့် ရပ်ရွာများကို စတေးပြီး တပ်မတော်ကို ယခင်က သူတို့တွင် မရှိသည့် လေးစားခံရမှုနှင့် တရားဝင်မှု ပေးလိုက်ခြင်းပင် ဖြစ်သည်။
အကြွင်းမဲ့ လက်နက်ချ၊ ပြန်လည်ထူထောင်ပေးမည်၊ စီးပွားရေးအခွင့်အရေး ပေးမည်ဟူသော သံသရာကို ချိုးဖျက်ရန် ဆိုလျှင် လုံးဝသစ်လွင်သော ချဉ်းကပ်ပုံသစ် လိုအပ်နေသည်မှာ အားလုံး အတွက် ထင်ရှားလွန်းလှပေသည်။ ဤနည်းလမ်းသစ်တွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများ ပါဝင်ရမည်။ လွန်ခဲ့သော သြဂုတ်လက နေပြည်တော်တွင် ပြုလုပ်သကဲ့သို့သော ခန်းမကျယ်ကြီး အတွင်း တောက်ပသော ဝတ်စုံများဖြင့် ထိုင်ပြီး မိန့်ခွန်းများ နာခံနေကြသော လူမျိုးစုကိုယ်စားလှယ် ဒါဇင်များစွာ ပါဝင်သော အစည်းအဝေးမျိုးဖြင့် မလုံလောက်ပါ။
စစ်မျက်နှာ အားလုံးတွင် တိုက်ပွဲများ ရပ်ရမည်။ ၁၉၅၀ မှ ၁၉၉၀ ခုနှစ်များ အတွင်း ဖြစ်ရပ်များ တပတ် ပြန်မလည် မှသာ အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်နိုင်မည်။ မြန်မာ့လူမျိုးစု ပဋိက္ခသည် နိုင်ငံရေး အဖြေလိုသော နိုင်ငံရေးပြဿနာ ဖြစ်သည်။ လက်ရှိငြိမ်းချမ်းရေး ပြဇာတ်ကြီးမှာ အနာဂတ် ကပ်ဆိုးကြုံမည့် ပုံသေနည်း ဖြစ်နေတော့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ Burma’s Misguided Peace Process Needs a Fresh Start ကို ဘာသာပြန်သည်)
]]>
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ NLD ၏ ကတိကဝတ်များ https://burma.irrawaddy.com/article/2016/05/03/113289.html Tue, 03 May 2016 11:01:24 +0000 https://burma.irrawaddy.com/lytbox/?p=113289 ငြိမ်းချမ်းရေး, NLD အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို သွေးဆောင် စည်းရုံးခြင်း ကဲ့သို့သော သွေးခွဲသည့် မူဝါဒဖြင့် ရှေ့ဆက်သွားရန် ခက်ခဲနိုင်ပါသည်]]> ငြိမ်းချမ်းရေး, NLD
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းစစ် ပြဿနာအတွက် အဖြေရှာရေးက သူတို့၏ ထိပ်တန်း ဦးစားပေးများ ထဲမှ တခုဖြစ်သည်ဟု မြန်မာအစိုးရသစ်က ကြေညာထားခဲ့သည်။ အဆိုပါ အချက်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စတင် တည်ထောင်သည့် အချိန်တွင် ထုတ်ပြန်ခဲ့သည့် မူဝါဒများနှင့်လည်း ကိုက်ညီမှုရှိပါသည်။
“တိုင်းရင်းသားအရေးနှင့် ပတ်သက်သော နှစ် ၄၀ ကြာ သမိုင်းသည် ဝမ်းနည်းစရာ ကိစ္စတခု ဖြစ်နေခဲ့သည်။ နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေး အတွက် သုံးစွဲခဲ့ရသဖြင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးမားစွာ ထိခိုက်နစ်နာစေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့က တိုင်းရင်းသားလူနည်း စုများအတွက် ရေရှည်အကျိုးရှိမည့် အဖြေတခုကို ရှာဖွေရမည် ဖြစ်သည်။ လူနည်းစုများ၏ မွေးရာပါ အခွင့်အရေး၊ ပြည်ထောင်စုတခုလုံး အေးချမ်းသာယာစေရေး တို့နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိစေရေးမှာ အဖွဲ့ချုပ်၏ ရည်မှန်းချက် ဖြစ်သည်” ဟု သူတို့က ဖော်ပြခဲ့သည်။
သို့သော်လည်း ငြိမ်းချမ်းရေး ရရှိရန်မှာ အစိုးရသစ်အနေဖြင့် ဆန်းသစ်သည့် ချဉ်းကပ်မှုတခုကို ရှာဖွေရမည် ဖြစ်ကြောင်း ထင်ရှားနေသည်။
၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်က MPC ခေါ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) အမည်ရှိ အဖွဲ့အစည်းတခုကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသော ဘဏ္ဍာရေး အထောက်အပံ့ဖြင့် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဆွေးနွေးမည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်ပါသည်။
သို့သော်လည်း ပြဿနာမှာ MPC က အဆင့်ကျော်၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အရင်လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုများကို နောက်ပိုင်းမှ ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်မှာ အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိသည့် အဖွဲ့များကို အကျိုးအမြတ် များပြားသည့် စီးပွားရေး အခွင့်အလမ်းများ ပေးအပ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ နောက်ပိုင်းကျမှသာ နိုင်ငံရေး ဆွေးနွေးမှု တချို့ ပြုလုပ်ကောင်းပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါ မူဝါဒ အပြည့်အ၀ ကျရှုံးသွားခဲ့ခြင်းက အံ့အားသင့်ဖွယ်ရာ မဟုတ်ပါ။ သဘောတူခဲ့သူ တချို့တော့ ရှိပါသည်။ ရာထူး သက်တမ်း မကုန်ဆုံးမီ ၁၁ နာရီ အလိုတွင် သမ္မတဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကို နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့သေးသည်။ ရွေးကောက်ပွဲ မကျင်းပမီ တလပင် မလိုတော့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရင်နေ့က နေပြည်တော်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့ခြင်းက အတော်ပင်ထူးခြားသော တိုက်ဆိုင်မှုတခု ဖြစ်သည်။
လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ၈ ဖွဲ့ ရှိ သော်လည်း ၅ ဖွဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့ မရှိသည့် အဖွဲ့များ ဖြစ်ကြသည်။ တဖွဲ့ အပါအဝင် ဖြစ်သည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှာ ၁၉၉၄ ခုနှစ် ဒီဇင်ဘာဘတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက် လာပြီးကတည်းက အစိုးရနှင့် မဟာမိတ်ပြုထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ ထို့ကြောင့် လက်မှတ်ထိုးခဲ့သည့် အဖွဲ့များထဲတွင် အစိုးရနှင့် အမှန်တကယ် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းဟူ၍ KNU နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သာ ပါဝင်သည်ဟု ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများ ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ရှမ်းပြည်နယ် အရှေ့ပိုင်း)၊ ရှမ်းပြည်တပ်မတော် (SSA) တို့ အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့ကြပါ။ အဆိုပါ အဖွဲ့များသည် မြန်မာနိုင်ငံ တွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အင်အား စုစုပေါင်း၏ ၅ ပုံ ၄ ပုံ ရှိနေသည့် အဖွဲ့များ ဖြစ်ကြပါသည်။
နောက်ပိုင်းတွင် အဆိုပါ သဘောတူညီချက်ကြောင့် လက်မှတ်ထိုးခဲ့သည့် အဖွဲ့အစည်းများနှင့် မထိုးသည့် အဖွဲ့အစည်းများ ကြားတွင် ကွဲပြားမှုများဖြစ်စေခဲ့သည်။ အစိုးရတပ်၏ အသိအမှတ်ပြုမှုကို ရရှိထားသော RCSS က ထိုင်းနိုင်ငံ နယ်စပ် တလျှောက် ၎င်း၏ စခန်းများမှ တပ်သား ၂၀၀၀ ခန့်ကို ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ရွှေ့ပြောင်း၍ ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် TNLA နှင့် တိုက်ခိုက်ခဲ့သည်။ TNLA မဟာမိတ်များ ဖြစ်သည့် UWSA၊ KIA ၊ ရှမ်းပြည်တပ် မတော် နှင့် MNDAA တို့က လည်း RCSS ကို တိုက်ခိုက်ရန် ကတိပြုခဲ့ကြသည်။
KNU က တရားဝင် ကွဲပြားခြင်း မရှိခဲ့ပါ။ သို့သော်လည်း အစိုးရနှင့် ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ်ရာ သဘောတူညီချက် များကို အကြောင်းပြု၍ အဖွဲ့အစည်း အတွင်းတွင် ကွဲပြားမှုများ နက်ရှိုင်းစွာ ဖြစ်စေခဲ့သည်။ နေပြည်တော်တွင် လက်မှတ်ထိုးပြီး ၃ ပတ်ပင် မကြာသည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် UWSA ၏ ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးသို့ KNU ထိပ်တန်းခေါင်းဆောင် ၂ ဦး တက်ရောက် လာခဲ့သည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိရသည်။ သို့သော်လည်း သူတို့က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကို ကိုယ်စား ပြု၍ တက်ရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကရင် တော်လှန်ရေး လှုပ်ရှားမှုတွင် အက်ကြောင်း တခုရှိနေကြောင်း ဖော်ပြသလို မဖြစ်ခဲ့ပါ။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို သွေးဆောင် စည်းရုံးခြင်း ကဲ့သို့သော သွေးခွဲသည့် မူဝါဒဖြင့် ရှေ့ဆက်သွားရန် ခက်ခဲနိုင်ပါသည်။ အကောင်းဆုံးမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရရှိခဲ့သည့် သဘောတူညီချက်ကို ဘေးဖယ်ထားလိုက်ရန် ဖြစ်သည်။
တခြားဘက်မှ ကြည့်လျှင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တခြားသော သိသာမြင်သာသည့် နည်းလမ်းတခုဖြင့် ပါဝင်ရန် ပျက်ကွက်ခဲ့ကြပါသည်။ ထို့အပြင် သူတို့သည် ဖြစ်လာနိုင်သည့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းထက် ဖြစ်လာမှသာ တုံ့ပြန်ခဲ့ကြသည်။ ယခု အခါတွင်လည်း အစိုးရသစ်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းထက် အနည်းငယ်မျှသာ ပို၍ လုပ်နေခဲ့ကြသည်။ အရာရာတွင် အပြစ်မြင်တတ်သူများကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် တချို့သည် သူတို့ကို အစိုးရသစ်က ကမ်းလှမ်းလာမည့် အကျိုးအမြတ်များသော သဘောတူညီချက်များကို (အကယ်၍ ကမ်းလှမ်းမှုများသည် ယခင် အစိုးရက KNU ၊ RCSS နှင့် တခြား အဖွဲ့များကို ပေးခဲ့သည့် စီးပွားရေး သဘောတူညီချက်များ ထက်ပင် ပို၍ ကောင်းခဲ့လျှင်) စောင့်ဆိုင်း နေကြသည်ဟု ပြောနိုင်ပါသည်။
မြန်မာနိုင်ငံအတွင်းမှ အခြေအနေသည် နိုင်ငံခြားသား ပွဲစားများကြောင့် ရှုပ်ထွေးနေသည်ဟု ဆိုလျှင်ပင် ငြိမ်းချမ်းရေး အတွက် ကျယ်ပြန့်သည့် လမ်းပြမြေပုံတခု ပေါ်ထွက်လာရေးက မခက်ခဲသင့်ပါ။ သူတို့ကိုယ်သူတို့ ငြိမ်းချမ်းရေး အကျိုးဆောင်များဟု ရည်ညွှန်းခဲ့သူများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြဿနာများနှင့် ပတ်သက်၍ လုံးဝနားမလည်သူများ သို့မဟုတ် အနည်းငယ်မျှသာ သိထားသူများ ဖြစ်ကြောင်း တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ သူတို့၏ အဓိက စိတ်ဝင်စားမှုမှာ နိုင်ငံခြားမှ ရန်ပုံငွေများ စီးဝင်နေသည့် ငြိမ်းချမ်းရေး ရတနာသိုက် အတွင်းမှ ငွေရှာနိုင်ရန် ဖြစ်သည်။ ဝေးလံခေါင်ဖျားသည့် နေရာများမှ ပြည်သူတို့၏ နာကျင်ခံစားမှုများကို ဖယ်ထုတ်ရန် မဟုတ်ပါ။
ရှေ့ဆက်သွားနိုင်မည့် ရိုးစင်းသော နည်းလမ်းတခုမှာ ပထမ အဆင့်အနေဖြင့် အစိုးရက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တခုကို ကြေညာသင့်ပါသည်။ ထိုအဆင့်တွင် မည်သူမျှ လက်မှတ်ထိုးရန် မလိုပါ။ သို့သော်လည်း မြေပြင်လက်တွေ့ အခြေအနေကို စောင့်ကြည့်မှု အချို့ လိုအပ်လာပါလိမ့်မည်။
ထို့နောက် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် ဘာသာရေး အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ရှေ့ဆက်သွားမည့် လမ်းကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးသင့်ပါသည်။
တတိယ အဆင့်မှာ ပြည်ထောင်စုကို ခိုင်မာစေပြီး တိုင်းရင်းသား ပဋိပက္ခများအတွက် ရေရှည်တည်မြဲသည့် အဖြေများပေးမည့် ဖက်ဒရယ်ပုံစံများကို လေ့လာခြင်း ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ ပြဿနာ ဖြစ်နေခဲ့သည့် ပြည်တွင်းစစ်ပွဲကို ဆက်နေခြင်းက အမျိုးသား ညီညွတ်ရေးကို ထိခိုက်နစ်နာမှုသာ ဖြစ်စေပါလိမ့်မည်။
ထို့နောက် ဖက်ဒရယ်ပုံစံမှာလည်း ဗမာမဟုတ်သည့် ပြည်သူများ၏ ရည်မှန်းချက်နှင့် NLD ၏ ၁၉၈၈ ခုနှစ် ကြေညာချက်တွင် ကတိပြုထားသည်များ နှင့် ကိုက်ညီသော သဘောတူညီမှု ပုံစံတခု ဖြစ်သင့်ပါသည်။
ပဉ္စမမြောက်နှင့် နောက်ဆုံးမှာ နိုင်ငံရေး သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖျက်သိမ်း၍ ဒေသခံရဲတပ်ဖွဲ့များ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်း နှင့် အစိုးရ အစရှိသဖြင့် ပြောင်းလဲသွားခြင်း သာလျှင် အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မည်။ ထိုသဘောတူညီချက်ကို ၁၉၄၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားခေါင်းဆောင်များ နှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံကို မည်သို့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် သမိုင်းဝင်ပင်လုံ စာချုပ်ကို ဆက်ခံသည့် သဘောတူညီချက် တခုဟု စဉ်းစားနိုင်ပါသည်။ သို့သော်လည်း ပထမ ပင်လုံစာချုပ်ကဲ့သို့ပင် မြန်မာနိုင်ငံတွင် မည့်သို့သော နိုင်ငံရေး တည်ဆောက်ပုံ တခုရှိသင့်သည် ဆိုသည်ကို အားလုံး တစိတ်တဝမ်းတည်း သဘောတူညီသည့် အနေအထားကို ရောက်ရှိပြီးမှ လက်မှတ်ရေးထိုး သင့်ပါသည်။
ထိုသို့ ဖြစ်လာရန် လွယ်ကူမည်တော့ မဟုတ်ပါ။ သို့သော်လည်း ဆယ်စုနှစ်များစွာ ရှိခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းခြင်းက မည်သည့် အချိန်တွင်မှ မရှိခဲ့ပါ။ အနည်းဆုံးတော့ ထိုသို့ ပြုလုပ်ခြင်းသည် ယခင်အစိုးရနှင့် ၎င်းကို ထောက်ပံ့နေသည့် နိုင်ငံ တကာအလှူရှင်များ၏ မူဝါဒများထက်တော့ ပို၍ အပြုသဘော ဆောင်ပါလိမ့်မည်။ အဓိက တာဝန်မှာ ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး လူမျိုးစု စစ်ပွဲများထဲမှတခုကို အဆုံးသတ်ပေးရန် ဖြစ်ပါသည်။ အဓိပ္ပါယ်မရှိသော ငြိမ်းချမ်းရေး စီမံကိန်း အမျိုးမျိုးတို့၏ ရန်ပုံငွေမှ အကျိုးအမြတ်ရယူရန် မဟုတ်ပါ။ NLD က ၁၉၈၈ ခုနှစ်တွင် ပြောကြားခဲ့သလို ဆယ်စုနှစ်များစွာ ကံဆိုးမိုးမှောင် ကျခဲ့ရသော မြန်မာပြည်သူများသည် လူမျိုးဘာသာ မခွဲခြားဘဲ ငြိမ်းချမ်းစွာ၊ တဦးနှင့် တဦး သဟဇာတဖြစ်စွာ နေထိုင်ရန် အလွန်ထိုက်တန်လှပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Linter ၏ How the NLD Can Fulfill Its Promise of Peace ကို ဘာသာပြန်ဆိုသည်။)
]]>
“The Chinese Heroin Trade: Cross-Border Drug Trafficking in Southeast Asia & Beyond” အမည်ရှိ စာအုပ်ကို ထုတ်ဝေလိုက်ခြင်းက အချိန်ကိုက် ထွက်ပေါ်လာခြင်းတော့ မဟုတ်နိုင်ပါ။ သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အများအပြားက နေပြည်တော်တွင် အစိုးရ ဝန်ကြီးနေရာ အများစုကို ယူကြသည့်အချိန်တွင် မြန်မာနိုင်ငံ၏ နယ်စပ်များကို ဖြတ်ကျော်၍ တရားမဝင် မူးယစ်ဆေးများ စီးဆင်းနေခြင်းနှင့် ပြည်တွင်းတွင်လည်း မူးယစ်သုံးစွဲမှု အလျှင်အမြန် တိုးလာခြင်းက သူတို့ ရင်ဆိုင်ရမည့် အခက်ခဲဆုံး ကိစ္စများထဲမှ တခုဖြစ်လာပါလိမ့်မည်။ ပြီးခဲ့သည့်နှစ်က ထုတ်ဝေခဲ့သည့် ယင်းစာအုပ်တွင် နယူးဂျာစီ ပြည်နယ် Rutgers တက္ကသိုလ် School of Criminal Justice မှ ပါမောက္ခတဦး ဖြစ်သည့် မြန်မာနိုင်ငံဖွား တရုတ်လူမျိုး Ko-Lin Chin နှင့် San Diego ပြည်နယ်တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခ Sheldon X. Zhang တို့က မြန်မာနိုင်ငံတွင် ဘိန်းဖြူနှင့် မက်သဖက်တမင်းကဲ့သို့သော မူးယစ်ဆေးများ ကုန်သွယ်မှုနှင့် ပကတိနိုင်ငံရေး အခြေအနေတို့ကို ထင်ထင်ရှားရှား ဖော်ပြနိုင်ခဲ့ကြသည်။
နိုင်ငံတကာ၏ အားထုတ်မှုများနှင့် ကုလသမဂ္ဂက ထောက်ပံ့သည့် အစီအစဉ်အမျိုးမျိုးဖြင့် ဒေါ်လာငွေ သန်းနှင့် ချီသုံးစွဲ၍ ဆယ်စုနှစ်များစွာ ဆောင်ရွက်ခဲ့သည်တိုင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးထုတ်လုပ်မှု၌ ကမ္ဘာပေါ် တွင် ဒုတိယမြောက် အများဆုံးနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ဘိန်းခင်းများ စိုက်ပျိုးကြပြီး ဒေသတွင်းမှာပင် ဘိန်းဖြူအဖြစ်သို့ ချက်လုပ်ကြသည်။ ပြီးခဲ့သည့် နှစ်များအတွင်းတွင် မက်သဖက်တမင်း စိတ်ကြွဆေးပြားဘက်သို့ ပြောင်းသွားကြသော်လည်း ဘိန်းဖြူထုတ်လုပ်မှုက အရေးပါနေဆဲဖြစ်သည်။ တရုတ်နိုင်ငံသို့လည်း အမြောက်အမြား တင်ပို့နေသည်။ မြန်မာနိုင်ငံ၏ အခြားအိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ လာအို၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ မှောင်ခိုတင်ပို့နေခြင်း ဖြစ်သည်။
Ko-Lin Chin နှင့် Sheldon X. Zhang တို့က ယခုစာအုပ်တွင် ဘိန်းဖြူကုန်သွယ်မှုကို အလေးပေးသည်။ သူတို့၏ ရှာဖွေ တွေ့ရှိမှုများက ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် ၎င်းတို့၏ ပြည်တွင်း လုပ်ဖော်ကိုင်ဖက် ဖြစ် သော (မူးယစ် ဗဟိုဟု သိကြသည့်) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) တို့၏ ထုတ်ပြန်သည့် စံနှုန်းများနှင့် စဉ်းစားချင်စရာ ကွဲလွဲမှုများရှိနေသည်ကို တွေ့ရ သည်။ ဝါရှင်တန်အခြေစိုက် East-West Center မှ ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော Tom Kramer ၏ “The United Wa State Party: Narco-Army or Ethnic Nationalist Party?” အမည်ရှိ စာအုပ်တွင် ထိုစဉ်က CCDAC ၏ အကြီးအကဲ ရဲမှူးကြီး ခမ်းအောင်က “မူးယစ်ဆေးဝါးကုန်သွယ်မှုကို အင်အားကြီးသည့် ဂိုဏ်းများက ထိန်းချုပ်ပြီး အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း၊ သူတို့သည် အဆက်အသွယ်ကောင်းပြီး နိုင်ငံခြားမှ ငွေကြေး ထောက်ပံ့နေကြောင်း၊ သူတို့၏ စည်းဝိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
သို့သော်လည်း Ko-Lin Chin နှင့် Sheldon X. Zhang တို့က“မူးယစ်ဆေး ကုန်သွယ်မှုနှင့် သမရိုးကျ ရာဇဝတ်ဂိုဏ်းများ ကြားတွင် စနစ်တကျ ဆက်သွယ်မှုရှိနေသည်ဟု ပြသသည့် သက်သေအထောက်အထား အနည်းငယ်မျှသာ တွေ့ရှိရသည်။ သို့သော်လည်း Triad (ဟောင်ကောင်၊ မကာအို နှင့် ထိုင်ဝမ် တို့တွင် အခြေစိုက်သော ရာဇဝတ်ဂိုဏ်းများ) မှ အဖွဲ့ဝင်များက မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ဤလေ့လာမှုက ဆိုခြင်းမဟုတ်ပါ။ “မျှတစွာပြောရလျှင် ဟောင်ကောင်၊ ထိုင်ဝမ် သို့မဟုတ် အမေရိကန်မှ triad ပုံစံ ဂိုဏ်းများက နိုင်ငံဖြတ်ကျော် မူးယစ်ဆေးကုန်သွယ်မှုများတွင် အဓိက နေရာမှ ပါဝင်နေသူများ မဟုတ်ကြပါ” ဟု ဆိုသည်။
Triad ဂိုဏ်းများသည် မူးယစ်ဆေးလုပ်ငန်းထက်စာလျှင် တရုတ်နိုင်ငံတွင် ပိုမို၍ အကျိုးအမြတ်များသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည့် နိုက်ကလပ်များ၊ ရုပ်ရှင်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပို၍ အားသန်ကြလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ မူးယစ်ဆေးကုန်သွယ်မှုနှင့် တရုတ်နိုင်ငံကို ဖြတ်ကျော်၍ မူးယစ်ဆေးကုန်သွယ်မှုများကို တဦးနှင့် တဦး ဆက်စပ်မှု သိပ်မရှိသူများက အဓိက လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု Ko-Lin Chin နှင့် Sheldon X. Zhang တို့က ပြောသည်။ သူတို့က ဂိုဏ်းများနှင့် မသက်ဆိုင်ဘဲ လွတ်လပ်စွာ လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။
လက်တွေ့တွင်လည်း အဆိုပါ ပုဂ္ဂိုလ်များကို ရှာဖွေရန် ဝေးဝေးလံလံ သွားကြည့်နေစရာ မလိုပါ။ အချို့မှာ အများပြည်သူက သိကြသူများပင် ဖြစ်နေနိုင်သည်။ ယခုနှစ် အစောပိုင်းက ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့(Pat Jasan ) နှင့် ဦးစခုန်တိန့်ယိန်း ဦးဆောင်သည့် ဒေသခံပြည်သူစစ်အဖွဲ့တို့ ထိပ်တိုက် တွေ့ခဲ့သည့် အခြေအနေက ဖော်ပြနေသည်။ ဦးစခုန်တိန့်ယိန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ(CBP) မှ တပ်မှူးဟောင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်ရပ်ပြီး သူ၏ တပ်ဖွဲ့ကို ဒီမိုကရေစီတပ်မတော်သစ် (ကချင်) ဟု အမည်ပြောင်းလဲခဲ့သည်။ ယခုအခါတွင် အဆိုပါတပ်ဖွဲ့က အစိုးရက အသိအမှတ်ပြုသော နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်လာသည်။ ထို့ပြင် ဦးစခုန်တိန့်ယိန်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း ပြန်လည် အနိုင်ရရှိခဲ့သည်။ မဲဆွယ်ကာလအတွင်းတွင် NLD ပါတီကို သူ၏ နယ်မြေအတွင်းတွင် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် တားမြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဦးစခုန်တိန့်ယိန်းနှင့် သူ၏ နောက်လိုက်များ ကို မည်သည့်လုပ်ငန်းမျိုးကိုမဆို လုပ်ကိုင်ခဲ့ပြီး အစပိုင်းတွင် တရုတ်နိုင်ငံသို့ သစ် အကြီးအကျယ် တင်ပို့ခဲ့ကြသည်။ သူတို့၏ ဒေသအတွင်းတွင် သစ်တောများ ကုန်သွားသည့်အခါ ဘိန်းပင်များ စိုက်ပျိုး၍ ဘိန်းဖြူ စတင်ထုတ်လုပ် လာခဲ့သည်။ တရုတ်နိုင်ငံမှ စက်ပစ္စည်းများ ဝယ်ယူ၍ သူတို့ဒေသအတွင်း လက်နက်စက်ရုံတခု တည်ထောင်ခဲ့ကြသည်။ မောင်းပြန် သေနတ်များအပါအဝင် လက်နက်များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များသို့ အဓိက ရောင်းချခဲ့သည်။
ပြီးခဲ့သည့် နှစ်များအတွင်း မူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကချင်ပြည်နယ်တွင် လူထုအခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့(Pat Jasan )၏ လှုပ်ရှားမှုက မူးယစ်စီးပွားရေးတွင် အာဏာပိုင်တို့ ပါဝင်ပတ်သက်မှုကို ပြသနိုင်ခဲ့သည့် သင်္ကေတဖြစ်သည်။ မူးယစ်ဆေးဝါး စီးပွားရေးတွင် ပါဝင်ပတ်သက်နေသည့် လွှတ်တော်ကိုယ်စားလှယ်က ဦးစခုန်တိန့်ယိန်း တဦးတည်းမဟုတ်ပါ။ နောက်တယောက်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်မြင့် ဖြစ်သည်။ မူးယစ်ဆေးကုန်သွယ်မှုများ လုပ်ကိုင်နေသည့် ပန်ဆေး ပြည်သူစစ် အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်သည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ပါ။
ပန်ဆေးအဖွဲ့ကဲ့သို့ ပြည်သူ့စစ်များနှင့် အစိုးရတပ်ကြားမှ ဆက်ဆံရေးကို ဥရောပ သံတမန်များနှင့် အနောက်တိုင်း လေ့လာစောင့်ကြည့်သူများက ဂရုမမူမိခဲ့ကြပါ။ သူတို့က တိုင်းရင်းသား လက်နက်ကိုင်များသည် သက်ဆိုင်ရာ စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်နေသောကြောင့် ပြည်တွင်းစစ် ဆက်ဖြစ်နေရသည်ဟု ယုံကြည်ကြပုံပေါ်သည်။ ထို့ကြောင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရန် စိတ်မဝင်စားခဲ့ ကြခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
လက်တွေ့တွင်မှု အခြေအနေက ဆန့်ကျင်ဘက်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သော အဖွဲ့ များသည် စီးပွားရေး အလားအလာကောင်းများ ရရှိနိုင်ရန် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နောက်ပိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် နောက်ပိုင်းတွင် အကျိုးအမြတ် များပြားသည့် စီးပွားရေး အခွင့်အလမ်းများ ရရှိခဲ့ကြသည်။
အင်အားကြီးမားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ဦးစခုန်တိန့်ယိန်း၏ ဒီမိုကရေစီ တပ်မတော်သစ် (ကချင်) ကဲ့သို့ပင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ခဲ့သည့်အတွက် မူးယစ်ဆေး အင်ပါယာတခုကို ထူထောင်နိုင်ခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည်လည်း အစိုးရနှင့် ၁၉၉၄ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် ရရှိခဲ့သည့် အချိန်တွင် ၎င်းတို့၏ အရာရှိ အများအပြား ကြွယ်ဝချမ်းသာလာခြင်းနှင့် အကျင့်ပျက် ခြစားမှုများကို မြင်တွေ့ခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရပ်ဆိုင်းပြီး KIA ကို ကြီးမားစွာ ထိုးစစ်ဆင်လာသည့် အချိန်မှစ၍ အဆိုပါ တပ်မှူးအများအပြား ဘေးရောက်သွားခဲ့ပြီး ငွေကြေး အကျိုးအမြတ် ရှာဖွေရေးကို ဦးစားမပေးသည့် လူငယ်မျိုးဆက်ခေါင်းဆောင်များ ရှေ့တန်းသို့ ရောက်လာခဲ့ကြပါသည်။
Ko-Lin Chin နှင့် Sheldon X. Zhang တို့က ဆက်စပ်ပတ်သက်မှုများကို အသေးစိတ် ဖော်ပြခြင်း မပြုနိုင်သော်လည်း မူးယစ်ကုန်သည်များ၏ လူမှုရေး အဖွဲ့အစည်းများ၏ ငွေစာရင်းများ၊ တရုတ်နိုင်ငံ အတွင်းမှ လက်လီဈေးကွက်နှင့် ဘိန်းဖြူ ကုန်သွယ်မှုအတွင်းမှ အမျိုးသမီးများအကြောင်းကိုပင် ဖော်ပြခဲ့ပါသည်။ တခုတည်းသော အားနည်းချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် မူးယစ်ဆေးကုန်သွယ်ရေး၏ အရေးပါမှုကို စာရေးသူများက လျှော့တွက်ခဲ့ပုံရသည်။ တိုင်းပြည်၏ စီးပွားရေးတွင် မူးယစ်ဆေးကုန်သွယ်မှုမှ ရရှိသည့် ဝင်ငွေက ရာခိုင်နှုန်း အတော်များများ ပါဝင်နေသည့် သက်သေ အထောက်အထား သူတို့ မဖော်ထုတ်ခဲ့ကြပါ။
ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ကဏ္ဍများစွာ စုံလင်လာပြီ ဖြစ်သော်လည်း ၁၉၉၀ နှစ်များကဆိုလျှင် စစ်အစိုးရ၏ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှု၊ သပိတ်မှောက်မှုများကြောင့် ချွတ်ခြုံကျနေသည့် စီးပွားရေးကို ရှင်သန်ရပ်တည်နိုင်စေရန် မူးယစ်ဆေး ကုန်သွယ်မှုက သိသိသာသာ အထောက်အကူပြုခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် အစိုးရက ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ မရေရာသည့် အရင်းအမြစ်များမှ ရရှိလာသည့် နိုင်ငံခြားငွေများ နှင့် ဘဏ်အပ်ငွေများကို ပြည်သူပိုင်သိမ်းခြင်း မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့သည်။ သိမ်းယူမည့်အစား အခွန်ကောက်ခံ၍ တရားဝင်ငွေဖြစ်စေသည့် နည်းလမ်းကို ကျင့်သုံးခဲ့သည်။ အစပိုင်းတွင် ၄၀ ရာခိုင်နှုန်း အခွန်ကောက်ယူခဲ့သော်လည်း နောက်ပိုင်းတွင် ၂၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ ယခင်က ထိုင်း၊ စင်္ကာပူနှင့် ဟောင်ကောင်တို့တွင် ရှိနေသော မူးယစ်ဆေးမှ ရရှိသည့် ငွေကြေးများက မြန်မာနိုင်ငံ အတွင်း ဝင်လာခဲ့ပြီး လက်လီအရောင်းလုပ်ငန်းများ၊ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်သည့် ပြည်တွင်းကုမ္ပဏီများ ဖွဲ့စည်းနိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။
NLD အစိုးရက ပြည်တွင်းပြည်ပ မူးယစ်ဆေးကုန်သွယ်ရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ဆိုသည်ကို စောင့်ကြည့် ရတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဘိန်းဖြူများကို အဓိက လက်ခံနေသည့် တရုတ်နိုင်ငံနှင့်လည်း သက်ဆိုင်နေပါသည်။ Ko-Lin Chin နှင့် Sheldon X. Zhang တို့က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားမှ၊ ပြည်သူများ ကြားမှ ဆက်ဆံရေးကို မတည့်လိုက် တည့်လိုက်နှင့် အမြဲတမ်းပြောင်းလဲနေတတ်သည့် ဆက်ဆံရေး ဟုဖွင့်ဆိုခဲ့ကြသည်။ တရုတ်နိုင်ငံသည် ရွေးကောက်ပွဲမတိုင်မီကရော ရွေးကောက်ပွဲနောက်ပိုင်းမှာပါ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မိတ်ဆွေ ဖြစ်လိုကြောင်း အရိပ်လက္ခဏာ အများအပြား ပြသခဲ့ပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မူးယစ်ဆေးကုန်သွယ်ရေးကို တိုက်ဖျက်နိုင်ပါမည်လား။ လက်တွေ့တွင် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကို စစ်တပ်က တိုက်ရိုက်ခန့်အပ်ပြီး ရွေးကောက်ခံပုဂ္ဂိုလ်များ မဟုတ်ကြ၍ ဖြစ်ပါသည်။
ထိုကဲ့သို့ ဖြစ်နေခြင်းက အနာဂါတ် အတွက် နိမိတ်ကောင်းတခု မဟုတ်ပါ။ ရာစုနှစ်ဝက်ခန့်ကာလအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရ တွင် အာဏာ အကန့်အသတ်ဖြင့်သာ ရှိနေကြောင်းကို မူးယစ်ဆေး ကုန်သွယ်ရေး ပြဿနာက ထင်ရှားလာစေလိမ့်မည် ဖြစ်သည်။ အာဏာပိုင်များ နှင့် အစိုးရ သစ် အပေါ် ယုံကြည်လက်ခံမှုကို အားနည်းအောင် စစ်တပ်က ပြုလုပ်နိုင်လာမည့် ကိစ္စတခုလည်း ဖြစ်လာနိုင်ပါသည်။ တရုတ်နိုင်ငံသာမက အခြား အိမ်နီးချင်းနိုင်ငံများသို့ မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံနယ်စပ်များကို ဖြတ်သန်း၍ စီးဆင်းနေ သည်ကို ကျနော်တို့ စောင့်ကြည့် ရုံသာတတ်နိုင်ပါသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ ၏ Book Details Coming Struggle to Kick Burma’s Drug Habit ကို ဘာသာပြန်ဆိုသည်)
]]>