စမ်းယမင်းအောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/805 Covering Burma and Southeast Asia Mon, 17 Jul 2023 04:14:52 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png စမ်းယမင်းအောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/805 32 32 မဲမသမာမှု ဖြစ်နိုင်ကြောင်း တပ်မတော် ပြောဆိုချက် ကော်မရှင်ခွဲ အဖွဲ့ဝင်များက ပယ်ချ https://burma.irrawaddy.com/news/2020/12/26/235541.html Sat, 26 Dec 2020 09:38:45 +0000 https://burma.irrawaddy.com/lytbox/?p=235541 ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ မန္တလေးရှိ မဲရုံတရုံတွင် မဲရုံဝန်ထမ်းများ မဲရေတွက်စဉ် / ဇော်ဇော် / ဧရာဝတီတပ်မတော်၏ စွပ်စွဲချက်များသည် ချဲ့ကားပြောဆိုခြင်းနှင့် မဆီမဆိုင်များကို ပြောဆိုခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲအဖွဲ့ဝင်များက ပြောကြသည်။]]> ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ မန္တလေးရှိ မဲရုံတရုံတွင် မဲရုံဝန်ထမ်းများ မဲရေတွက်စဉ် / ဇော်ဇော် / ဧရာဝတီ

လွန်ခဲ့သောလက ကျင်းပသည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲံသည့် မြို့နယ် ၄ မြို့နယ်မှ မဲပေးမှုများကို စုံစမ်းစစ်ဆေးရာတွင် မဲလိမ်လည်မှုဖြစ်စေနိုင်သော မဲစာရင်းမသမာမှုပေါင်း ၇၀၀၀၀ ကျော်တွေ့ရှိကြောင်း တပ်မတော်က ပြောကြားလိုက်သည်။ သို့သော် ထိုစွပ်စွဲချက်များသည် ချဲ့ကားပြောဆိုခြင်းနှင့် မဆီမဆိုင်များကို ပြောဆိုခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲအဖွဲ့ဝင်များက ပြောကြသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သုံးသပ်ရန် တပ်မတော်၏ လုပ်ဆောင်မှုသည် မဆီမဆိုင် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် ရှေ့နေများက ဝေဖန်ပြီး တပ်မတော်သည် နိုင်ငံရေးပါတီတခုကဲ့သို့ လုပ်ဆောင်နေပြီး ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲသည်။

တပ်မတော်လက်ဝေခံဟု အများက မြင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ကို အကြီးအကျယ် ရှုံးနိမ့်ခဲ့သည့် န်ိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲသည် တရားမမျှတကြောင်း ပြည်ခိုင်ဖြိုးပါတီက ပြောဆိုပြီးနောက်တွင် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်းပခြင်း ရှိ မရှိ သိရန် တပ်မတော်သားများနှင့် ၎င်းတို့မိသားစုများ မဲပေးခဲ့သည့် မြို့နယ်ပေါင်း ၂၁၈ ခုမှ ရွေးကောက်ပွဲဖြစ်စဉ်များကို တပ်မတော်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်သုံးသပ်ခဲ့သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို သုံးသပ်ရန် တပ်မတော်၏ လုပ်ဆောင်မှုသည် မဆီမဆိုင် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် ရှေ့နေများက ဝေဖန်ပြီး တပ်မတော်သည် နိုင်ငံရေးပါတီတခုကဲ့သို့ လုပ်ဆောင်နေပြီး ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲသည်။

ရွေးကောက်ပွဲကို သုံးသပ်ရာတွင် အဆင်ပြေစေရန် တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ခွဲများထံမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ တောင်းခံရန်ညွှန်ကြားခြင်းသည် ဥပဒေနှင့်မညီကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကလည်း ကန့်ကွက်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ဗုဒ္ဓဟူးနေ့ညနေတွင်ကြေညာချက်တစောင် ထုတ်ပြန်ပြီး တပ်မတော်သည် အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် တနိုင်းမြို့နယ်များမှ မဲထည့်ပိုင်ခွင့်ရှိသူများ စာရင်းများကို အသေးစိတ် စုံစမ်းစစ်ဆေးခဲ့ကြောင်းပြောသည်။ ထိုမြို့နယ်များတွင် ယှဉ်ပြိုင်သည့် နေရာပေါင်း ၁၆ နေရာတွင် USDP က NLD ကို ရှုံးနိမ့်သည်။

တကြိမ်မက မဲပေးနိုင်သွားစေမည့် မဲပေးခွင့်ရှိသူစာရင်းတွင် နာမည် အကြိမ်ကြိမ် ပါဝင်နေခြင်း၊ အသက်မပြည့်သေးသူများ ပါဝင်နေခြင်းနှင့် မှတ်ပုံတင်မရှိခြင်း အပါအဝင် မဲစာရင်းများတွင် မသမာမှုပေါင်း ၇၄၃၀၆ ခုတွေ့ကြောင်း တပ်မတော်ကပြောသည်။ ထိုအပြစ်အနာအဆာများကြောင့် ထိုမြို့နယ်များတွင် မဲလ်ိမ်မှုများ ဖြစ်ခဲ့နိုင်ကြောင်း တပ်မတော်က စွပ်စွဲသည်။

အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲလိမ်မှုနှင့် တဦးတည်းက အကြိမ်ကြိမ်မဲပေးမှု ဖြစ်နိုင်ခြေရှိသည်ဆိုသည့် တပ်မတော်၏ စွပ်စွဲချက်များကို ပယ်ချသည်။

“ကျနော်တို့ မြို့နယ်မှာ လူတယောက်တည်း မဲစာရင်းတွေမှာ အကြိမ် ၄၄၀ ပါတာ မရှိဘူး။ မှတ်ပုံတင်နံပါတ်က မဲဆန္ဒရှင် ၆၂၄ ဦးမှာတူနေတာလည်း မရှိဘူး”

အခြားသော မှားယွင်းမှုများအပြင် အောင်မြေသာစံတွင် လူတဦးသည် မဲပေးပိုင်ခွင့်ရှိသူစာရင်းများတွင် အကြိမ်ပေါင်း ၄၄၀ ပါနေကြောင်း၊ လူပေါင်း ၆၂၄ ဦးသည် မှတ်ပုံတင်နံပါတ်တူနေကြောင်း၊ မှတ်ပုံတင်မရှိသူ ၄၀၄၆ ဦး မဲပေးခဲ့ကြောင်း တပ်မတော်က ဆိုပြီး ထိုကိစ္စများသည် မဲလိမ်မှုဖြစ်စေနိုင်ကြောင်း ပြောသည်။

“ကျနော်တို့ မြို့နယ်မှာ လူတယောက်တည်း မဲစာရင်းတွေမှာ အကြိမ် ၄၄၀ ပါတာ မရှိဘူး။ မှတ်ပုံတင်နံပါတ်က မဲဆန္ဒရှင် ၆၂၄ ဦးမှာတူနေတာလည်း မရှိဘူး”ဟု ဦးကိုကိုကြီးပြောသည်။

တပ်မတော်က ထိုမဲစာရင်းများကို မည်သည့်နေရာက ရသည်နှင့်ပတ်သက်ပြီး ဦးကိုကိုကြီးက မေးခွန်းထုတ်လိုက်ပြီး တပ်မတော်၏ စွပ်စွဲချက်များတွင် ကျိုးကြောင်း ဆီလျှော်မှု မရှိသော အမှားအယွင်းများစွာ ပါနေကြောင်း ပြောသည်။ ၎င်းတို့ ကော်မရှင်အဖွဲ့ခွဲထံမှ မဲစာရင်းများကို တပ်မတော်က တောင်းခံခဲ့ခြင်း မရှိကြောင်းလည်း သူပြောသည်။

မှတ်ပုံတင်မရှိသူများ မဲစာရင်းများတွင် ပါနေခြင်းနှင့်ပတ်သက်ပြီး ဦးကိုကိုကြီးက ရွေးကောက်ပွဲ မတိုင်မီကပင် မှတ်ပုံတင်မရှိသူများအပါအဝင် နိုင်ငံသားအားလုံးအား မဲပေးခွင့်ကို UEC ကအာမခံခဲ့ကြောင်းနှင့် မဲပေးခွင့်ရသူများသည် မဲစာရင်းတွင် ၎င်းတို့ကိုယ်ရေးအချက်များကို သက်သေပြရန် အခြားစာရွက်စာတမ်း အမျိုးမျိုးကို အသုံးပြုနိုင်ကြောင်း သူပြောသည်။

“မှတ်ပုံတင် မရှိသူတွေက မရိုးမသား မဲလိမ်ဖို့ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကြားရတော့ စိတ်မကောင်းတောင် ဖြစ်မိတယ်” ဟု သူပြောသည်။

တဦးတည်း အကြိမ်ကြိမ်မဲပေးခြင်းအပါအဝင် မဲလိမ်လည်မှု မဖြစ်ရေးအတွက် မဲရုံအရာရှိများသည် ရွေးကောက်ပွဲနေ့ကို ပွင့်လင်းမြင်သာစွာနှင့် ဂရုတစိုက် ကြီးကြပ်ကြောင်း ဦးကိုကိုကြီးပြောသည်။ ရွေးကောက်ပွဲကို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် USDP အပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် ကျင်းပခြင်းဖြစ်ကြောင်းလည်း သူပြောသည်။

ကော်မရှင်သို့ မည်သည့် နိုင်ငံရေးပါတီကမျှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကန့်ကွက်မှု၊ တိုင်ကြားမှု မရှိကြောင်းလည်း သူပြောသည်။

“ဘယ်မဲစာရင်းကို အခြေခံပြီး စွပ်စွဲနေမှန်းကို ကျနော်တို့မသိတော့ဘူး”

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို တပ်မတော်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ တောင်းခံသော်လည်း ထိုစာရွက်စာတမ်းများကို ပေးခြင်းသည် ဥပဒေနှင့်မညီသောကြောင့် ခွင့်မပြုခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦး စိုးမြင့်ပြောသည်။

“ဘယ်မဲစာရင်းကို အခြေခံပြီး စွပ်စွဲနေမှန်းကို ကျနော်တို့မသိတော့ဘူး”ဟု သူပြောသည်။

မသမာမှုဖြစ်စေနိုင်သည့် မဲပေးခွင့်ရှိသူစာရင်းတွင် မသမာမှု စုစုပေါင်း ၄၃၈၆၀ ခု ပျော်ဘွယ်မြို့နယ်တွင် တွေ့ကြောင်း တပ်မတော်ကပြောသည်။ ဦးစိုးမြင့်က ထိုစွပ်စွဲချက်များသည် ချဲ့ကားပြောဆိုချက်များဖြစ်ကြောင်း ပယ်ချသည်။

မဲစာရင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့့အင်အား ဝန်ကြီးဌာနတို့မှ စာရင်းများကို အခြေခံပြုစုကြောင်းနှင့် ရွေကောက်ပွဲမတိုင်မီ မဲစာရင်းများကို နှစ်ကြိမ်ထုတ်ပြန်ပြီး အမှားအယွင်းများနှင့် မတိကျမှုများကို ပြင်ဆင်ကြောင်းပြောသည်။

တပ်မတော်ပြောသကဲ့သို့ သောင်းနှင့်ချီသည့် စွပ်စွဲမှုများကို မတွေ့ဘဲ နိုင်ငံရေးပါတီများက တိုင်ကြားသည့် မဲတကြိမ်မကပေးခြင်း ၂ ခုနှင့် အသက်မပြည့်မီ မဲပေးမှု ၂ ခုကိုသာ ကော်မရှင်က သိကြောင်းလည်း ဦးစိုးမြင့်ပြောသည်။

(San Yamin Aung ၏ Myanmar Military Claims to Find Over 70,000 Irregularities on Voter Lists ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရွေး‌ကောက်ပွဲ အချက်အလက်ကူးခွင့် UEC နှင့် တပ်မတော်ကြား အငြင်းပွားနေ

ပြည်ခိုင်ဖြိုးကို မဲအတင်းပေးခိုင်းကြောင်း ပြောသူ တပ်မတော်အရာရှိ သမီး ထောင်ချခံရ

ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ကြံ့ခိုင်ရေး ဥက္ကဌ ကန့်ကွက်ခံရ

မဲတံဆိပ်တုံးအတု ဖမ်းမိမှုများ ပါတီနှင့်မသက်ဆိုင်ဟု ကြံ့ခိုင်ရေး ငြင်းဆို

]]>
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဘာလဲ ဘယ်လဲ https://burma.irrawaddy.com/opinion/interview/2020/12/21/235252.html Mon, 21 Dec 2020 06:56:10 +0000 https://burma.irrawaddy.com/lytbox/?p=235252 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း / မျိုးမင်းစိုး / ဧရာဝတီဧရာဝတီကို ဦးဝင်းမျိုးသူက ဝန်ကြီးဌာန၏ ပြီးခဲ့သည့်ငါးနှစ်အတွင်း အားနည်းချက်များနှင့် အစိုးရသစ်အတွက် အဓိက ဦးစားပေးရမည့် ပြဿနာများကို ပြောကြားထားပါသည်။]]> သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း / မျိုးမင်းစိုး / ဧရာဝတီ

ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် နောက်တကြိမ် အနိုင်ရရှိခဲ့ပြီးနောက် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အစိုးရသစ်၏ ဝန်ကြီးအဖွဲ့ အတွက် သင့်လျော်သူများအား ရွေးချယ်နေချိန် လာမည့် အစိုးရသစ်သက်တမ်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသော့ချက် ပြဿနာများကို မည်သို့ ဆောင်ရွက်သွားမည်ဆိုသည်က စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မည်။

NLD ပါတီ အနေဖြင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် လေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံထိန်းသိမ်းရေးနှင့် အားနည်းသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများပြင်ဆင်ရေး စသည့် အဓိက ကျသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် ကတိကဝတ်များ ထည့်သွင်းရန် ပျက်ကွက်ခဲ့ပါသည်။ အဆိုပါ ကြေညာစာတမ်းက လာမည့် မတ်လတွင် တာဝန်ယူမည့် အစိုးရသစ်အတွက် လမ်းပြမြေပုံ ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အထက်ပါ ပြသနာများကို ဖြေရှင်းဆောင်ရွက်ရန် ကိစ္စရပ်များတွင် အခွင့်အာဏာ အရှိဆုံး ဖြစ်ပါသည်။

ပြီးခဲ့သော ၄ နှစ်ခွဲခန့်အတွင်းတွင် ထိုဌာန၏ ဝန်ကြီး ဦးအုန်းဝင်းသည် လူကြိုက်မများသော ပြည်ထောင်စုဝန်ကြီးများထဲမှ တဦး ဖြစ်ခဲ့ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြည်သူများက စိတ်တိုင်းမကျခဲ့ကြပါ။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာတစောင် အရ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၌ လေထုညစ်ညမ်းမှုက သေစေနိုင် လောက်သော အကြောင်းရင်းရှိသည့် ထိပ်တန်း အန္တရာယ်တခု ဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သေဆုံးမှု ၄၅၀၀၀ ကျော်ရှိခဲ့သည်ဟု ခန့်မှန်းကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည့် EcoDev နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း -ALARM ကို ပူးတွဲ တည်ထောင်သူနှင့် မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သော ဦးဝင်းမျိုးသူက မကြာသေးမီ ရက်များအတွင်း အစိုးရ၏ သယံဇာတ တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်စာတမ်းများ အများပြည်သူကို ချပြရန် ကြေညာချက်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုလျှော့ချရေး အပါအဝင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ ဆောင်ရွက်မည့် ကတိကဝတ်များ ပြောဆိုလာမှုအပေါ် ကြိုဆိုထားသည်။

ဧရာဝတီ သတင်းဌာနနှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် ဦးဝင်းမျိုးသူက ဝန်ကြီးဌာန၏ ပြီးခဲ့သည့်ငါးနှစ်အတွင်း အားနည်းချက်များနှင့် အစိုးရသစ်အတွက် အဓိက ဦးစားပေးရမည့် ပြဿနာများကို ပြောကြားထားပါသည်။

သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တရုတ်နိုင်ငံသို့ ဦးအုန်းဝင်း (အလယ်) သွားရောက်လေ့လာခဲ့စဉ်

မေး။ ။ ပြီးခဲ့တဲ့ လေးနှစ်ခွဲတာကာလအတွင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ ဝန်ကြီးဌာနက သစ်တောမှာ သစ်ထုတ်လုပ်ခြင်းကို သူရပ်တယ်။ ပြီးတော့ ပြန်ထုတ်တယ်။ သစ်တောပြန်လည်စိုက်ပျိုးရေးစီမံကိန်းတွေ လုပ်တာရှိတယ်။ တချို့ အခြေခံလုပ်ရမယ့်ကိစ္စတွေကို သူတို့လုပ်တယ်လို့ ပြောနိုင်ပါတယ်။ သို့သော် သစ်တောဌာန တိုးတက်ရာတိုးတက်ကြောင်းမှာတော့ ထူးထူးခြားခြား ဆောင်ရွက်နိုင်တာ မရှိဘူး။ တကယ်ဖြေရှင်းရမယ့် အခက်အခဲတွေကိုလည်း သေချာ မဖြေရှင်းနိုင်ခဲ့ဘူး။

သတ္တုကဏ္ဍမှာတော့ တွင်းထွက်သယံဇာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် Extractive Industries Transparency Initiative (EITI) (သဘာဝ သယံဇာတများကို ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှုရှိစွာ စီမံခန့်ခွဲမှုမြှင့်တင်ရန် ကမာ္ဘလုံးဆိုင်ရာ စံသတ်မှတ်ချက် တခု ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လမှ စတင်ပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်) နဲ့ပတ်သက်ပြီး လုပ်နေတာတွေ အများကြီးရှိပါတယ်။ ဝန်ကြီးဌာနက တွင်းထွက် နဲ့ ကျောက်မျက် ရတနာလိုင်စင် ချထားပေးရာမှာ ပွင့်လင်းမြင်သာမှုရှိအောင် mining cadastral လို့ခေါ်တဲ့ သတ္တုလုပ်ကွက်ပြမြေပုံ ရေးဆွဲဖို့ လုပ်တာတွေတော့ လုပ်တယ်။ ဒါပေမယ့် ထင်သလောက်တော့ မအောင်မြင်ဘူးပေါ့။ နှေးနေတယ်။ လုပ်တော့လုပ်တယ် မအောင်မြင်ဘူးဆိုတဲ့အပိုင်းတွေ ရှိတယ်။

ဥပမာ ရေထုညစ်ညမ်းမှုတွေ ဆိုးလာတယ်။ လေထုညစ်ညမ်းမှုတွေလည်း ဆိုးလာတာတွေ့ရတယ်။ တရားဥပဒေ စိုးမိုးရေးအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခတွေနဲ့ ရာဇဝတ်မှုတွေ သစ်ခိုးထုတ်တာ သတ္တုခိုးထုတ်တာတို့ပေါ့ အဲ့ဒါတွေက ဆက်လက် များပြားနေဆဲ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပိုင်းကတော့ ဝန်ကြီးဌာနအနေနဲ့ အားနည်းနေတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတွေကို မပြင်နိုင်ဘူး။ ဥပဒေအတိုင်း ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမယ့်ကိစ္စတွေကို စက်ရုံ အလုပ်ရုံတွေ လိုက်နာအောင်လည်း တွန်းအားမပေးနိုင်ဘူး။ အဲ့တော့ ပတ်ဝန်းကျင်အညွှန်းကိန်းတွေ ကြည့်ရင် ပတ်ဝန်းကျင်က ပိုဆိုးလာတယ်။

ဥပမာ ရေထုညစ်ညမ်းမှုတွေ ဆိုးလာတယ်။ လေထုညစ်ညမ်းမှုတွေလည်း ဆိုးလာတာတွေ့ရတယ်။ တရားဥပဒေ စိုးမိုးရေးအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခတွေနဲ့ ရာဇဝတ်မှုတွေ သစ်ခိုးထုတ်တာ သတ္တုခိုးထုတ်တာတို့ပေါ့ အဲ့ဒါတွေက ဆက်လက် များပြားနေဆဲ ဖြစ်ပါတယ်။

ဒီနှစ်တွေအတွင်း ကောင်းတဲ့အချက်တချက်ကတော့ သစ်တောပြုန်းတီးမှု အရင်ကထက်စာရင် လျော့လာတယ်။ အဲဒါက သစ်ထုတ်လုပ်မှု လျှော့ချတာအတွက်ရော အထူးသဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း (VFV) တွေကို စိုက်ပျိုးရေးအတွက် ပြောင်းလဲခြင်းလိုမျိုး စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဖြစ်ပါတယ်။ VFV မြေများကို အသုံးပြုခြင်းက သစ်တောကို အပြောင်ရှင်းပြီးတော့ လယ်ယာမြေ ချဲ့ထွင်မှုကို လျော့နည်းစေပါတယ်။

ဒါပေမယ့် ဇီဝမျိုးကွဲတွေနဲ့ ပတ်သက်လို့တော့ ထူးခြားတဲ့ပြောင်းလဲမှု မတွေ့ရဘူး။ အဲ့အထဲမှာ အရေးကြီးဆုံး ဝန်ကြီးဌာနလက်အောက်က မြန်မာ့ သစ်လုပ်ငန်း ဖြစ်ပါတယ်။ အမြတ်အစွန်း ရှာဖွေနိုင်တဲ့ အဲဒီအဖွဲ့အစည်းက တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သာမက ပြည်နယ်များအပေါ် ဘတ်ဂျက် ခွဲဝေမှုအတွက်လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ခုထိတော့ ဒီလုပ်ငန်းမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရသေးပါဘူး။

မေး။ ။ ဆရာ့ရဲ့ သုံးသပ်ချက်တွေကိုခြုံပြောရရင် ဝန်ကြီးဌာနဟာ လုပ်နေတာတွေတော့ရှိပေမယ့် အားနည်းပြီး စွမ်းဆောင်ရည်မရှိဘူးလို့ ကောက်ချက်ချလို့ ရလား။

ဖြေ။ ။ စွမ်းဆောင်ရည်ပိုင်းကို ပြောရင်တော့ အားလုံးကို စွမ်းဆောင်နိုင်မှ ဖြစ်တာကို။ မူဝါဒတွေကို အကောင်အထည်ဖော်ရမယ့် ဟိုးအောက်ခြေဝန်ထမ်းကအစ ဟိုးထိပ်ဆုံးအထိ အကုန်လုံး လုပ်တာနဲ့ သက်ဆိုင်တာဖြစ်လို့ ဒါက အချိန်ကြာတတ်တယ်လေ။ သို့သော် ဒီငါးနှစ်ဆိုတဲ့ အချိန်ကာလမှာ လုပ်သင့်တာက မူဝါဒလမ်းကြောင်းမှန်ပေါ် တက်သွားအောင် မူဝါဒတွေ၊ မဟာဗျူဟာတွေ ချဖို့ လိုတာပေါ့။ အဲ့ဒါတွေကို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့တာတွေကို တွေ့ရပါတယ်။

မေး။ ။ လာမယ့် အစိုးရသက်တမ်းအသစ်မှာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေအတွက် ဘယ်လိုဖြစ်စေချင်ပါသလဲ။

ဖြေ။ ။ NLD ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ကြည့်တဲ့အခါ တကယ်အပြင်မှာ အရေးကြီးနေတဲ့ ဖြေရှင်းဖို့ လိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို သူတို့ ဘာလုပ်မယ်ဆိုတာ မထည့်ထားတာအတွက် အံအားသင့်မိပါတယ်။ ပြည်သူ့ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ဘာလုပ်မယ်ဆိုတာ လုံး၀ ပြောထားတာမျိုး မရှိဘူး။

ဒါပေမယ့် အဲ့ပြသနာက ဒီနှစ်အတွင်းမှာ စည်ပင်ကပဲ လုပ်မလိုလို၊ ကျန်းမာရေးကပဲ လုပ်မလိုလို၊ စိုက်ပျိုးရေးကပဲ လုပ်မလိုလိုနဲ့ ဘာမှ ရေရေရာရာ အဖြေမရှိခဲ့ဘူး။ ဥိးဆောင်မှုအခန်းကဏ္ဍက ပျောက်နေတာပေါ့။

ပြီးခဲ့တဲ့ ငါးနှစ်ကို ပြန်စဉ်းစားကြည့်ပါ။ လူတိုင်း အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမှာ နေထိုင်သူတွေရဲ့ နေ့စဉ်ဘ၀တွေမှာ လေထုညစ်ညမ်းမှုကို သိသိသာသာ ခံစားခဲ့ရပါတယ်။

ဒါပေမယ့် အဲ့ပြသနာက ဒီနှစ်အတွင်းမှာ စည်ပင်ကပဲ လုပ်မလိုလို၊ ကျန်းမာရေးကပဲ လုပ်မလိုလို၊ စိုက်ပျိုးရေးကပဲ လုပ်မလိုလိုနဲ့ ဘာမှ ရေရေရာရာ အဖြေမရှိခဲ့ဘူး။ ဥိးဆောင်မှုအခန်းကဏ္ဍက ပျောက်နေတာပေါ့။

အမှန်တကယ်တော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အဲ့ဒါကို ဦးဆောင်ပြီး အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းဖို့ လိုပါတယ်။

နောက်ပြဿနာတခုက ကိုဗစ်-၁၉ ကိစ္စပေါ့။ မကြာသေးခင်က လုပ်ထားတဲ့ သုတေသနအရဆိုရင် Coronavirus နဲ့ အလားတူတဲ့ ဗိုင်းရပ်စ်အသစ်ကို မြန်မာနိုင်ငံက လင်းနို့တွေမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါက အခုရောဂါအနေနဲ့သာ outbreak မဖြစ်သေးတာ။ ရာသီဥတုပြောင်းတယ် ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ ပတ်ဝန်းကျင်ပျက်စီးမှုတွေ များလာရင် သူလည်း ကိုဗစ်လိုမျိုး ဆိုးနိုင်တာတွေ ရှိတယ်။ ဒါကြောင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးက အရမ်း အရေးကြီးတယ်။ ဒါပေမယ့် ဇီဝမျိုးကွဲနဲ့ ပတ်သက်ရင်လည်း ဘာမှ အလေးပေးထားတာ မတွေ့ဘူး။

နောက်တခုက ပြဿနာအားဖြင့် ကြည့်ရင်လည်း ပြီးခဲ့တဲ့ငါးနှစ်မှာ သစ်တောဌာနက အမျိုးသားဥယျာဉ်ထောင်ဖို့ ကြိုးစားတယ်။ ထားဝယ်တို့ မြစ်ကြီးနား ကချင်ပြည်နယ် ပူတာအိုဘက်တို့ နာဂတို့။ ဒါပေမယ့် ဒေသခံတွေက လက်မခံဘူးလေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မှန်တယ်။ ဒါပေမယ့် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေ ဖြစ်နေတော့ အဲ့မှာလည်း သူကသွားပီးတော့ ပဋိပက္ခဖြစ်တယ် ။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လူထုနဲ့ နားလည်မှုလွဲတာတွေ တိုးလာကို ဖြေရှင်းဖို့ လိုပါတယ်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးမှာ တရားဥပဒေစိုးမိုးရေးကို ခိုင်မာအားကောင်းစေဖို့ လိုအပ်သလို တရားမဝင် သစ်ထုတ်လုပ်ခြင်းနဲ့ သတ္တု တူးဖော်ခြင်းလိုမျိုး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

ပတ်ဝန်းကျင်ဥပဒေက တော်တော်လေးကို အခြေအနေဆိုးနေတာ။ စက်ရုံတွေက မလိုက်နာဘူး။ ရေဆိုးတွေဖြစ်တယ်။ ဘာမှ အရေးယူလို့ မရဘူး။ ဥပဒေအားနည်းချက်ကြောင့် ဖြစ်တဲ့ကိစ္စ။ အဲ့ဒါတွေမှာလည်း ထပ်ပြီးတော့ ပြင်ဆင်ပြီး လုပ်ဖို့လိုပါတယ်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးမှာ တရားဥပဒေစိုးမိုးရေးကို ခိုင်မာအားကောင်းစေဖို့ လိုအပ်သလို တရားမဝင် သစ်ထုတ်လုပ်ခြင်းနဲ့ သတ္တု တူးဖော်ခြင်းလိုမျိုး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

EcoDev နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း -ALARM ကို ပူးတွဲ တည်ထောင်သူနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူ/ဧရာဝတီ

သတ္တုတွင်းနဲ့ သစ်တောကဏ္ဍ အကောင်အထည် မဖော်နိုင်ဘဲ တိုးလို့တန်းလန်း အများကြီး ကျန်နေတာတွေကို လာမယ့်ငါးနှစ်မှာ လုပ်စေချင်တယ်။

အထူးသဖြင့် ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆက်စပ်တဲ့လုပ်ငန်းတွေ။ လေထုညစ်ညမ်းတာ၊ ပိုးသတ်ဆေးတွေရဲ့ သက်ရောက်မှုနဲ့ ရာသီဥတု ပြောင်းလဲခြင်းလိုမျိုး ပြည်သူ့ကျန်းမာရေး အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကို လျှော့ချရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒါတွေ အားလုံးက အများပြည်သူရဲ့ ကျန်းမာရေးနဲ့ အသက်ကို တိုက်ရိုက်ထိခိုက်စေလို့ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆယ်စုနှစ်ကျော်အောင် အခြေတည်ပြီး ဖြေရှင်းရမှာ။ အဲဒါကြောင့် ကျနော်တို့က ဒါတွေကို အခုပဲ စတင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မေး။ ။ လာမယ့် သက်တမ်းမှာ အစိုးရသစ်က ဒီကိစ္စတွေကို အလေးမထားပဲ မဖြေရှင်းနိုင်ခဲ့ရင် ဘယ်လောက် ဆိုးရွားသွားနိုင်မလဲ။

ဖြေ။ ။ ကမာ္ဘ့ဘဏ်ရဲ့ အစီရင်ခံစာတခုအရ လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံမှာ (၂၀၁၇ ခုနှစ်က) သေဆုံးမှု ၄၅၀၀၀ ကျော် ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ အသက် ၅ နှစ်မှ ၁၄ နှစ်ကြားမှာ ရှိတဲ့ လူငယ်တွေ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်း တခုလည်း ဖြစ်လာခဲ့ပါတယ်။ နောင်ဖြစ်လာမယ့် ကပ်ရောဂါဆိုးကို ရှောင်ရှားနိုင်ဖို့ အတွက် ဇီဝမျိုးကွဲတွေကို ကာကွယ်စောင့် ရှောက်ရေးက အလွန်အရေးကြီးပါတယ်။ ကျန်တာတွေ မလုပ်ဘူးထားဦး၊ အသက်အန္တရာယ်ဖြစ်စေပြီး လူသေစေတဲ့ကိစ္စတွေကို ဦးစားပေးလုပ်သင့်တယ်လို့ မြင်ပါတယ်။

You may also like these stories:

သယံဇာတ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်စာတမ်းများ အများပြည်သူကို ချပြရတော့မည်

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး ကတိကဝတ်များ ဒေါ်အောင်ဆန်းစုကြည် ကြေညာ

နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်

]]>
ပြည်ခိုင်ဖြိုးကို မဲအတင်းပေးခိုင်းကြောင်း ပြောသူ တပ်မတော်အရာရှိ သမီး ထောင်ချခံရ https://burma.irrawaddy.com/news/2020/12/10/234611.html Thu, 10 Dec 2020 05:31:38 +0000 https://burma.irrawaddy.com/lytbox/?p=234611 ပြီးခဲ့သည့် သောကြာနေ့ ပခုက္ကူမြို့နယ် တရားရုံးရှေ့က မသဉ္ဇာသန်းမင်ပြီးခဲ့သည့် သောကြာနေ့တွင်မူ ပခုက္ကူမြို့နယ် တရားရုံးက သူမသည် နှစ်နှစ်အထိ ထောင်ကျနိုင်သည့် ပုဒ်မ ၅၀၅ (က) ကို ချိုးဖေါက်သည်ဟု ဆုံးဖြတ်လိုက်သည်။]]> ပြီးခဲ့သည့် သောကြာနေ့ ပခုက္ကူမြို့နယ် တရားရုံးရှေ့က မသဉ္ဇာသန်းမင်

သူနှင့် မိသားစုသည် စစ်ဖက်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP ) ကို မဲပေးရန် လွန်ခဲ့သောလ ရွေးကောက်ပွဲမတိုင်မီ ဖိအားပေးခံရကြောင်း စက်တင်ဘာလက Facebook တွင် ရေးသားသောကြောင့် တပ်မတော် အရာရှိ တဦး၏ သမီး အလုပ်ကြမ်းနှင့် ထောင် ၉ လ ချမှတ်ခံရသည်။

ဖခင်သည် စစ်သားဖြစ်သောကြောင့် သူ၏ မိသားစုသည် USDP  ကို မဲပေးရန် ပြောကြားခံရကြောင်း မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျှင်တပ်ရင်းမှ ဆေးလက်ထောက်တဦး၏ အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ မသဉ္ဇာသန်းမင်းက သူ၏ Facebook တွင် ရေးသားခဲ့သည်။

သို့သော် သူသည် ရွေးချယ်ရာပါတီဖြစ်သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးမည်ဖြစ်ကြောင်း ဆက်လက်ရေးသားခဲ့သည်။ NLD ကို လူသိရှင်ကြားထောက်ခံခြင်းကြောင့် ဖခင်ဖြစ်သူ၏ ရာထူးကို အန္တရာယ်ကျရောက်စေမည်ဆိုသည့် ခြိမ်းခြောက်မှုများခံရကြောင်း Facebook တွင် ရေးသားသောကြောင့် တရားစွဲခံရမည်ကိုလည်း စိုးရ်ိမ်နေရကြောင်း ဖေါ်ပြထားသည်။

ပခုက္ကူမြို့နယ် NLD ရုံးခွဲ၏ အဆိုအရ သူ ထိုသို့ရေးသားပြီး နောက်တရက်ကြာ ဒေသခံတပ်ရင်း စစ်တန်းလျားတွင် မသဉ္ဇာသန်းမင်းကို စုံစမ်းစစ်ဆေးခဲ့ပြီး တပ်မတော်ကို ကိုယ်စားပြုကာ ဒုဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက အာမခံ မရသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ထိုပုဒ်မအရ သူ၏ လုပ်ရပ်သည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပုန်ကန်ရန် သို့မဟုတ် တာဝန်ပျက်ကွက်ရန် ဖြစ်စေသော၊ ဖြစ်စေရန် ရည်ရွယ်သော ဥပဒေချိုးဖေါက်မှုဖြစ်သည်။

တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ၆၈ (က) အရ အသရေဖျက်မှုနှစ်ခု ဖြင့်လည်း ထပ်မံတရားစွဲဆိုရန် ကြိုးစားသည်။

တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ၆၈ (က) အရ အသရေဖျက်မှုနှစ်ခု ဖြင့်လည်း ထပ်မံတရားစွဲဆိုရန် ကြိုးစားသည်။

သို့သော် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အတည်ပြုချက်ရမှာသာ ရှေ့ဆက်ဆောင်ရွက်နိုင်သည်။

ပါတီက မသဉ္ဇာသန်းမင်းကို ဥပဒေ အထောက်အကူပေးရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့် လုံးဝမရခဲ့ကြောင်း ပခုက္ကူမြို့နယ် NLD ရုံးခွဲမှ ထိုအမှုကို လေ့လာစောင့်ကြည့်သူ ကို ကျော်ကျော် ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့တွင်မူ ပခုက္ကူမြို့နယ် တရားရုံးက သူမသည် နှစ်နှစ်အထိ ထောင်ကျနိုင်သည့် ပုဒ်မ ၅၀၅ (က) ကို ချိုးဖေါက်သည်ဟု ဆုံးဖြတ်လိုက်သည်။

မသဉ္ဇာသန်းမင်းက တပ်မတော်သို့ တရားခွင်အတွင်း တောင်းပန်ခဲ့ကြောင်းကို ထောင်ဒဏ်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားခဲ့ကြောင်း တရားသူကြီးက တရားရုံးတွင်ပြောကြောင်း ပြည်တွင်း သတင်းဌာနတခုက ရေးသားသည်။

သောကြာနေ့က တရားခွင်တွင် မသဉ္ဇာသန်းမင်း၏ မိခင်သည် လဲပြိုလုနီးပါးဖြစ်နေပြီး တရားရုံးက သမီးဖြစ်သူကို သက်ညှာသောကြောင့် ကျေးဇူးတင်ကြောင်းနှင့် သမီးဖြစ်သူကို ထောက်ခံအားပေး ရပ်တည်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောသည်။

သောကြာနေ့က တရားခွင်တွင် မသဉ္ဇာသန်းမင်း၏ မိခင်သည် လဲပြိုလုနီးပါးဖြစ်နေပြီး တရားရုံးက သမီးဖြစ်သူကို သက်ညှာသောကြောင့် ကျေးဇူးတင်ကြောင်းနှင့် သမီးဖြစ်သူကို ထောက်ခံအားပေး ရပ်တည်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောသည်။

သူ၏ အမှုသည်သည် အမှုကို ရင်ဆိုင်ရန် စိတ်ဝင်စားခြင်း မရှိသကဲ့သို့ အထောက်အထား မရှိ၍ အခိုင်အလုံ ကာကွယ်ရန် ခက်ခဲကြောင်း မသဉ္ဇာသန်းမင်း၏ ရှေ့နေက သတင်းမီဒီယာများတွင် ပြောခဲ့သည်။

တရားရုံးက ထောင်ချလိုက်ပြီးနောက် မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားစာရင်းတွင် ထည့်သွင်းထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကကြေညာသည်။ ယုံကြည်ချက်ကို ဆုပ်ကိုင်ဖေါ်ပြ အကောင်အထည်ဖေါ်ခြင်း အပါအဝင် န်ိုင်ငံရေး အကြောင်းများကြောင့် ဖမ်းဆီးခံရသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ထောင်ချခြင်းသည် နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မရှိကြောင်း ပြသသည့် နောက်ထပ် အထောက်အထားဖြစ်ကြောင်း AAPP မှ ကိုအောင်မျိုးကျော်ပြောသည်။

“ဥပဒေဆိုတာ နိုင်ငံသားတွေကို အကာအကွယ်ပေးရမှာ။ အခုတော့ ဥပဒေတွေက သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ဖို့ ကိရိယာဖြစ်နေတယ်။ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေလည်း အာဏာပိုင်တွေကို ဝေဖန်လို့ တရားစွဲထောင်ချခံနေရတယ်”

“ဥပဒေဆိုတာ နိုင်ငံသားတွေကို အကာအကွယ်ပေးရမှာ။ အခုတော့ ဥပဒေတွေက သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ဖို့ ကိရိယာဖြစ်နေတယ်။ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေလည်း အာဏာပိုင်တွေကို ဝေဖန်လို့ တရားစွဲထောင်ချခံနေရတယ်” ဟု သူပြောသည်။

လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိပါးသည့် ဖိနှိပ်သော ဥပဒေအားလုံးကို အမြန်ဆုံး ပြင်ဆင်ပယ်ဖျက်သင့်ကြောင်းလည်း သူတိုက်တွန်းသည်။

AAPP ၏ အဆိုအရ လတ်တလောမြန်မာနိုင်ငံတွင် မသဉ္ဇာသန်းမင်းအပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၆ ဦးရှိသည်။

( San Yamin Aung ၏ Army Officer’s Daughter Jailed for Claiming Pressure to Vote for Military Proxy Party ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်

ဧရာဝတီတိုင်းမှ ကျားဖောင်လုပ်သား ၈ ထောင်ကျော် မဲပေးခွင့်ဆုံးရှုံး

ရွေးကောက်ပွဲအပြီး အခြေအနေ ပိုကောင်းရန် မြန်မာမွတ်ဆလင်များ မျှော်လင့်

]]>
အစိုးရသစ်မှာ လူရွေးမှန်ဖို့ ဖိအားတွေ NLD ရင်ဆိုင်နေရ https://burma.irrawaddy.com/article/2020/11/30/234097.html Mon, 30 Nov 2020 04:50:39 +0000 https://burma.irrawaddy.com/lytbox/?p=234097 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ (ယာ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ (ဝဲ) တို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ မြင်ရစဉ် / ဧရာဝတီရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရသစ်တွင် မည်သူတို့ကို ခန့်မည်အား အားလုံးကစောင့်ကြည့်နေသည်။]]> နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ (ယာ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ (ဝဲ) တို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ မြင်ရစဉ် / ဧရာဝတီ

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရသစ်တွင် အရည်အချင်းရှိသူများ ခန့်မည် သို့မဟုတ် ၂၀၁၆ ခုနှစ်က အမှားမျိုး ထပ်မံကျူလွန်မည် နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အားလုံးကစောင့်ကြည့်နေသည်။

၂၀၁၆ ခုနှစ် မတ်လတွင် NLD ပထမဆုံးအကြိမ် အာဏာရလာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် အစိုးရအဖွဲ့ ဝန်ကြီးဌာနအများစုတွင် လူမှန်မရွေးနိုင်သောကြောင့် ဝေဖန်ခံခဲ့ရသည်။

၂၀၁၆ ခုနှစ်က ဝန်ကြီးနေရာများအတွက် လူရွေးရာတွင် အလျှင်စလိုဖြစ်သောကြောင့် ခန့်အပ်ခံများ အရည်အချင်း မမီကြောင်း NLD ခေါင်းဆောင်များ ဝန်ခံပြီးဖြစ်သည်။

ပထမ ရာထူးသက်တမ်းအတွင်း အစိုးရကို ထိခိုက်စေသည့် အစိုးရ ရာထူးခန့်အပ်မှု ညံ့ဖျင်းဖြင်း ပြဿနာကို ဖြေရှင်းရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း NLD ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က လွန်ခဲ့သော ရက်များအတွင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တခုတွင်ပြောသည်။

ပထမ သက်တမ်းအတွင်း NLD ဦးဆောင်သော အစိုးရ၏ စွမ်းဆောင်ရည်ကို ကြည့်ပါက ဝန်ကြီးဌာန ၂၁ ခုမှ ဝန်ကြီးများ၏ သုံးပုံနှစ်ပုံသည် စွမ်းဆော်ရည် ညံ့ခြင်းနှင့် စွမ်းရည်ကင်းမဲ့ခြင်းတို့ကြောင့် လူထုကို စိတ်ပျက်စေခဲ့သည်။

လက်ရှိ ဝန်ကြီးများကို ဆက်လက်ခန့်အပ်မည် သို့မဟုတ် ဖယ်ရှားမည်နှင့် ပတ်သက်ပြီး တိတိကျကျ NLD ကပြောကြားခြင်း မရှိသော်လည်း NLD ခေါင်းဆောင်များသည် ရွေးချယ်မှုပြုလုပ်ရာတွင် လွန်ခဲ့သော ၅ နှစ်အတွင်း လက်ရှိ အစိုးရအဖွဲ့ဝင်များ၏ စွမ်းဆောင်မှုနှင့်ပတ်သက်ပြီး လူထုထံမှ အကြံဉာဏ်များကို အလေးအနက် စဉ်းစာမည်ဖြစ်ကြောင်း ပါတီ ပြောခွင့်ရသူ ဒေါက်တာ မျိုးညွန့်ကလည်း ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ပထမ သက်တမ်းအတွင်း NLD ဦးဆောင်သော အစိုးရ၏ စွမ်းဆောင်ရည်ကို ကြည့်ပါက ဝန်ကြီးဌာန ၂၁ ခုမှ ဝန်ကြီးများ၏ သုံးပုံနှစ်ပုံသည် စွမ်းဆော်ရည် ညံ့ခြင်းနှင့် စွမ်းရည်ကင်းမဲ့ခြင်းတို့ကြောင့် လူထုကို စိတ်ပျက်စေခဲ့သည်။

(ထိုသို့ဆိုရာတွင် ဖွဲစည်းပုံ အခြေခံ ဥပဒေအရ ခန့်အပ်သည့် ဝန်ကြီး သုံး ဦးဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများကို ထည့်သွင်းစဉ်းစားခြင်း မရှိပါ။)

လွန်ခဲ့သော ၅ နှစ်အတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်ဖြင့် လူထုကို သဘောကျအောင်လုပ်နိုင်သော ဝန်ကြီး နှစ်ဦးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးတို့ဖြစ်ပြီး ထိုနှစ်ဦးလုံးကို ဒေါ်အောင်ဆန်းစုကြည်က တကြိမ်မက လူသိရှင်ကြား ချီးကျူးဖူးသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့သည်လည်း အစိုးရအဖွဲ့အတွင်း ဒေါ်အောင်ဆန်းစုကြည် အနှစ်သက်ဆုံး ဝန်ကြီးများတွင် ပါဝင်ကြောင်း ထင်ရှားလှသည်။ ယခင်က တပ်မတော် ထိန်းချုပ်ထားသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြုပြင်ပြောင်းလဲရန် ဦးမင်းသူကို တာဝန်ပေးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးအပြင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သမ္မတရုံး ဝန်ကြီးဌာနတို့ကို ဦးဆောင်ပြီး ဝန်ကြီးရာထူး နှစ်ခု ယူထားသည်။

အချို့သော လေ့လာသူများကလည်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးတို့ကိုလည်း အမှတ် ကောင်းကောင်းပေးကြသည်။

ယခင်စစ်အစိုးရအဖွဲ့ဝင်တဦးဖြစ်သော်လည်း သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုသည်ယခုအခါ ဖျက်သိမ်းလိုက်ပြီးဖြစ်သော မဘသ ကဲ့သို့ အမျိုးသားရေး အစွန်းရောက်အဖွဲ့များကို ဖြိုခွဲပြီး ထိန်းသိမ်းခံ အစွန်းရောက် အမျိုးသားရေး ဘုန်းတော်ကြီး ဦးဝီရသူကို ဥပဒေအရ အရေးယူရာတွင် အရေးပါကြောင်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည်။

 အဆိုးဆုံး ဂုဏ်သတင်းရရှိသူများတွင် ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး နိုင်သက်လွင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ တို့ပါဝင်သည်။

ဦးအောင်ကိုကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သော အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေမှာမူ ၎င်း၏ ဝန်ကြီးဌာနအောက်တွင် ကာလကြာမြင့်စွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုများကို ဖြေရှင်းရန် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်ခဲ့ပေ။

အဆိုးဆုံး ဂုဏ်သတင်းရရှိသူများတွင် ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး နိုင်သက်လွင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ တို့ပါဝင်သည်။

၎င်းတို့သည် အစိုးရအဖွဲ့အတွင်း အရည်အချင်းမရှိဆုံး သို့မဟုတ် တက်ကြွမှု အနည်းဆုံးသူများအဖြစ် ဝေဖန်ခံကြရသည်။

“ပြန်ကြားရေး ဝန်ကြီးဌာနက အဆိုးဆုံးလို့ ပြောချင်တယ်။ အတက်ကြွဆုံး ဖြစ်သင့်တဲ့ အဲဒီဝန်ကြီးဌာနက အသံအတိတ်ဆုံး ဖြစ်နေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းပြောသည်။

ထိပ်တန်း စာရေးဆရာနှင့် တက်ကြွလှုပ်ရှားသူ မသီတာ (စမ်းချောင်း) ကလည်း ထိုအချက်ကို သဘောတူပြီး လွန်ခဲ့သော ၅ နှစ်အတွင်း အစိုးရနှင့် နိုင်ငံသာမက အစိုးရကိုယ်တိုင်သည်ပင်လျှင် ပြန်ကြားရေး ဝန်ကြီးဌာန ဆက်လက်တည်ရှိနေခြင်း၏ အကျိုးကျေးဇူးကို ခံစားရခြင်း မရှိကြောင်း ပြောသည်။ ထိုဝန်ကြီးဌာနက မီဒီယာနှင့် တက်ကြွလှုပ်ရှားသူ အများအပြားက ထိုဝန်ကြီးဌာနကို ဖျက်သိမ်းရန် တောင်းဆိုနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။

“ ဒီဝန်ကြီးဌာနက အကျပ်အတည်းကာလအတွင်းမှာ နိုင်ငံပုံရိပ်ကို ဒါမှမဟုတ် အစိုးရ ပုံရိပ်ကို တိုးတက်အောင် မလုပ်နိုင်ဘူး။ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်မပေးနိုင်သလို အများပြည်သူသိရှိခွင့်ကိုလည်း အထောက်အကူမပြုခဲ့ဘူး” ဟု သူပြောသည်။

ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦး အုန်းမောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ သဘာ၀ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းတို့သည်လည်း အများပြည်သူကျေနပ်အောင် မလုပ်နိုင်ခဲ့ဘဲ အားနည်းသည်ဟု သတ်မှတ်ခံရသည်။

ပညာရေး ဝန်ကြီးဖြစ်မည်ဟု မူလက သတင်းထွက်နေပြီးမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး အဖြစ် ခန့်အပ်ခံရသည့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူသည် ပြဿနာများကို နားမလည်ဘဲ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း ထိုကဏ္ဍတွင် လုပ်ကိုင်သူများ၏ ဝေဖန်မှုကို ခံနေရသည်။ ခန့်အပ်ခံရပြီးနောက် မကြာမီတွင် ထိုဝန်ကြီးသည် သူ၏ ဒုတိယ ဝန်ကြီး နှစ်ပေါင်း ၄၀ လုပ်ငန်းအတွေ့အကြုံရှိသော စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ပြဿနာဖြစ်သည်။ ဒုတိယဝန်ကြီး၏ တိုင်းပြည်စ်ိုက်ပျိုးရေး ကဏ္ဍနှင့်ပတ်သက်သော အဆိုပြုချက်များကြောင့် ထိုသို့ အငြင်းပွားမှု ဖြစ်ရသည်ဟု ဆိုသည်။ ထိုအငြင်းပွားမှုသည် ဒုတိယဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ပြီးဆုံးသွားသည်။

ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦး အုန်းမောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ သဘာ၀ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းတို့သည်လည်း အများပြည်သူကျေနပ်အောင် မလုပ်နိုင်ခဲ့ဘဲ အားနည်းသည်ဟု သတ်မှတ်ခံရသည်။

အချို့သောသူများသည် အများပြည်သူ ဘဏ္ဍာငွေများကို ကိုင်တွယ်ရာတွင်နှင့် စီမံကိန်း အတည်ပြုရာတွင် အငြင်းပွားဖွယ်ကိစ္စများနှင့် ပတ်သက်နေသည်။

သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒ ပြုပြင်ပြောင်းလဲရေးကိုပင် အောင်မြင်အောင် မလုပ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီ ဦးဝင်းမျိုးသူက ပြောသည်။ သစ်တောများ ပြန်လည်ထိန်းသိမ်းရေးနှင့် တိုးတက်ရေး၊ သတ္တုတူးဖေါ်ရေး လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖေါ်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် နယ်ပယ်များတွင် ထိုဝန်ကြီးဌာန၏ အားထုတ်မှုများသည် အရာမထင်ကြောင်း သူပြောသည်။

NLD သည် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်သော ထိုအမှားများကို ထပ်မံမပြုလုပ်လိမ့်မည် မဟုတ်ဟု အများအပြားက မျှော်လင့်နေကြသည်။

ယခု တကြိမ်တွင် လူမှန်နေရာမှန် ရွေးချယ်ရန် NLD ၏ ကတိကဝတ်ကို ချီးကျူးနေကြသော်လည်း ဝေဖန်သူများကမူ NLD အနေဖြင့် ယခု သက်တမ်းသစ်တွင် ခန့်အပ်မှု အမှားအယွင်းများ အထင်အရှားဖြစ်သည်နှင့် တပြိုင်နက် အလျင်အမြန် ပြုပြင်နိုင်သော စွမ်းရည်ရှိရန်လည်း အရေးပါကြောင်း ထောက်ပြကြသည်။

(San Yamin Aung ၏ After Election Victory, Myanmar’s Ruling Party Under Pressure to Get Cabinet Picks Right ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာဏာရ NLD ပါတီရဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ပါမှာလဲ

ရွေးကောက်ပွဲသတင်း မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် ဖော်ပြမှုအားနည်းဟု ဝေဖန်

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

]]>
ရွေးကောက်ပွဲအပြီး အခြေအနေ ပိုကောင်းရန် မြန်မာမွတ်ဆလင်များ မျှော်လင့် https://burma.irrawaddy.com/article/2020/10/23/232218.html Fri, 23 Oct 2020 12:51:18 +0000 https://burma.irrawaddy.com/lytbox/?p=232218 ၂၀၁၅ ရွေးကောက်ပွဲ ရန်ကုန်မြို့တွင် မဲပေးရန်စောင့်ဆိုင်းနေသော မြန်မာမွတ်ဆလင်များ /  မျိုးမင်းစိုးနိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၈ သန်းရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား မွတ်ဆလင်များလည်း ပါဝင်သည်။]]> ၂၀၁၅ ရွေးကောက်ပွဲ ရန်ကုန်မြို့တွင် မဲပေးရန်စောင့်ဆိုင်းနေသော မြန်မာမွတ်ဆလင်များ /  မျိုးမင်းစိုး

ပြီးခဲ့သည့် နှစ်များအတွင်း ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒ မြင့်တက်လာမှုတခုနှင့် အတူ မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများ တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များသည် (ရံဖန်ရံခါတွင် အသက် အန္တရာယ် ရှိသည့်) ပဋိပက္ခ၏ ပစ်မှတ်များ ဖြစ်ခဲ့ရသည်။

လူဦးရေ ၂.၆ သန်း ရှိသော ဘာသာရေး လူနည်းစု (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တိုင်းပြည်ရှိ လူဦးရေ ၅၁ သန်း၏ ၅ ရာခိုင်နှုန်းခန့်) သည် တိုင်းပြည်အတွင်းတွင် သွေးထွက်သံယို မတည်ငြိမ်မှုကို လှုံ့ဆော်ရန် ကြိုးစားနေသည့် အမျိုးသားရေးဝါဒီများ၏ ခုတုံးလုပ်ခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သည့် မွတ်ဆလင်ဆန့်ကျင်ရေး ပြောဟောမှုများကို အသုံးပြု၍ သူတို့က ဗုဒ္ဓဘာသာ၏ အခြေခံ အုတ်မြစ်များသည် တိုက်ခိုက်ခြင်းခံနေရကြောင်းနှင့် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ကဲ့သို့သော “အစွန်းရောက်ဝါဒီ” ဘာသာတရားများ၏ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ရာတွင် နိုးနိုးကြားကြား ရှိရမည် ဖြစ်ကြောင်း ပြောကြသည်။

နိုင်ငံရေးအရလည်း ဗုဒ္ဓဘာသာဝင် သဘောထား ပြင်းထန်သူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကာလတွင် မွတ်ဆလင် လိုလားသော ပါတီအဖြစ် သရုပ်ဖော်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တိုက်ခိုက်ရာတွင် မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများကို လှုံ့ဆော်ခဲ့သည်။ တိုင်းပြည်၏ ဗုဒ္ဓဘာသာ လူများစုက မဲမပေးသင့်သည့် ပါတီတခုအဖြစ် မှားယွင်းစွပ်စွဲခြင်း ခံရမည်ကို စိုးရမ် သတိပြုမိကြောင်း သိသာထင်ရှားစွာဖြင့် NLD က ထိုရွေးကောက်ပွဲအတွက် မွတ်ဆလင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ရှောင်ရှားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ မွတ်ဆလင် အများအပြားက ပြည်သူလူထု အားလုံးအတွက် တန်းတူညီမျှ အခွင့်အရေးရရှိစေသည့် ဒီမိုကရေစီကို ယူဆောင်ပေးရန် မျှော်လင့်ချက်ဖြင့် NLD ကို မဲပေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် အာဏာရရှိလာသောအခါ မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို ထိန်းသိမ်းရန် NLD ဦးဆောင်သော အစိုးရက ဗုဒ္ဓဘာသာ အစွန်းရောက်အုပ်စုဖြစ်သော မဘသ အဖွဲ့အား တရားမဝင် အသင်းအဖွဲ့အဖြစ် ကြေညာခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုနှင့် သွေးထိုးလှုံ့ဆော်မှု ကျူးလွန်သူများကို တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဘာသာရေး လွတ်လပ်ခွင့် သို့မဟုတ် နိုင်ငံသား ဖြစ်ခွင့်မှ နှောင့်နှေးမှုများနှင့် အတားအဆီးများကို ဖယ်ရှားခြင်း စသည့် မွတ်ဆလင်များ၏ မျှော်လင့်ချက်များက မပြည့်ဝသေးပါ။ ယခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရိုဟင်ဂျာ ခေါ် ရခိုင်ပြည်မြောက်ပိုင်းနေနှင့် ပြည်တွင်းနေ မွတ်စလင်အချို့ ၏ လျှောက်ထားခြင်း များသည် ၎င်းတို့၏ မိဘများသည် မြန်မာနိုင်ငံသားများမဟုတ် ဆိုသည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။

ရန်ကုန်မြို့လည် ဆူးလေ စေတီအနီးရှိ ဗလီကျောင်း/ ထက်ဝေ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေများအရ ကိုယ်စားလှယ်လောင်း၏ မိဘများသည် နိုင်ငံသားများ ဖြစ်ရန် လိုအပ်သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၈ သန်းရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား မွတ်ဆလင်များလည်း ပါဝင်သည်။

ရွေးကောက်ပွဲများ ကျင်းပရန် တလပင် မလိုတော့သည့် အချိန်၌ ဧရာဝတီက မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား သူတို့ အသိုင်းအဝိုင်း၏ မဲပေးလိုသော ဆန္ဒ၊ ရွေးကောက်ပွဲအတွက် သူတို့မျှော်လင့်ချက်၊ အထွေထွေရွေးကောက်ပွဲအပြီးတွင် သူတို့ မြင်တွေ့ချင်သည့် အပြောင်းအလဲများနှင့် ယခင်ရွေးကောက်ပွဲမှ သူတို့၏ မျှော်လင့်ချက်များ ပြည့်ဝခြင်းမရှိသည့်အတွက် စိတ်ပျက်မှုကြောင့် မွတ်ဆလင် အများအပြားက မဲပေးခြင်းမှ ရှောင်ရှားရန် အစီအစဉ် ရှိ မရှိတို့ကို မေးမြန်းခဲ့ပါသည်။

စနစ် ပြောင်းလဲခြင်းက မပြည့်စုံသေးပါ

ဟာဂျီ ဦးအေးလွင်သည် မြန်မာနိုင်ငံ အစ္စလာမ်ဓမ္မဗိမာန်၏ အကြီးအကဲနှင့် မြန်မာငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို တည်ထောင်သူတဦး ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပဋိပက္ခမှ အသွင်ကူးပြောင်းရေး လုပ်ငန်းများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ သူက ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သူက …

“မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဒီရွေးကောက်ပွဲမှာ ကျနော်တို့ မြန်မာ မွတ်ဆလင်တွေအနေနဲ့ အရင်ကလိုပဲ တာဝန်သိသိ သစ္စာရှိရှိနဲ့ ပါဝင်သွားမှာပါ။ အာဏာရှင်စနစ်ဆီကို ပြန်မသွားဘဲ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ အင်အားစုကို ကျနော်တို့ ထောက်ခံလိမ့်မယ်လို့ ပြောပါရစေ။”

“အဲဒီ အင်အားစုက မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ (စစ်) အာဏာရှင် အုပ်ချုပ်ရေး အောက်က ဆွဲထုတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မြင့်မြင့်မားမား မျှော်လင့်ချက်ထားခဲ့ပါတယ်။ တကယ်တော့ အဆောက်အဦဟောင်းက လုံးဝ ပျောက်ကွယ်မသွားခဲ့ပါဘူး။ အဲဒါက (သူတို့ကိုယ်တိုင်၂၀၀၈ ခုနှစ်မှာ ဖန်တီးခဲ့တဲ့) ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာ ဆက်လက်တည်ရှိနေပါတယ်။ ဒီအချက်ကို အလေးအနက်မထားဘဲ (၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ) အပြောင်းအလဲတွေ ချက်ချင်းဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် မဲပေးလည်း ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတဲ့ ခံစားချက်နဲ့ အတူ မကျေနပ်မှုတွေ တိုးပွားလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ (မြန်မာ မွတ်ဆလင်များ) နားလည်ကြပါတယ်။ စနစ်ပြောင်းလဲခြင်း လုပ်ငန်းစဉ်က မပြီးသေးပါဘူး။ အခြေခံကျကျ ပြောင်းလဲမှုက လိုအပ်နေတဲ့အတွက် ဘာသာရေး လူနည်းစုတွေ မဲပေးကြပါလိမ့်မယ်။”

ကိုဖီအာနန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သူ ဟာဂျီဦးအေးလွင်

လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုနှင့် ဘာသာရေး ပဋိပက္ခ အပေါ် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဦးအေးလွင်က NLD အစိုးရသည် ဘာသာရေးအရ စော်ကားမှု ပြုလုပ်သူများကို လျှင်လျှင်မြန်မြန်နှင့် ပြတ်ပြတ်သားသား အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းက စစ်တပ် ကျောထောက် နောက်ခံရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ယခင်အစိုးရထက်စာလျှင် သိသာသော ပြောင်းလဲမှုဖြစ်ကြောင်း ပြောသည်။ USDP သည် မွတ်ဆလင်များကို ဆန့်ကျင်သည့် အမုန်းတရား လှုံ့ဆော်မှုနှင့် ဘာသာရေး အဓိကရုဏ်းများကို တားဆီးရန် ဘာမျှ မပြုလုပ်ခဲ့ ဟု စွပ်စွဲခံခဲ့ ရသည်။ သို့သော်လည်း NLD ကို မွတ်ဆလင် လိုလားသော ပါတီအဖြစ် ဆန့်ကျင်ဝါဒဖြန့် လှုပ်ရှားမှုကြောင့် မွတ်ဆလင်များအတွက် တန်းတူညီမျှ အခွင့်အရေး သေချာစေရန်အတွက်ပင် ပါတီက သတိထားချဉ်းကပ်မှု ပြုလုပ်ခဲ့ရသည် ဟု ဦးအေးလွင်က ပြောသည်။ NLD ပါတီက ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သော်လည်း မွတ်ဆလင်များကို မျက်နှာသာပေးသည်ဟုလည်း အမြင်မခံလိုကြောင်း သူက ဆိုသည်။

“NLD ပါတီဝင်တွေက အစ္စလာမ် ဘာသာရေး အခမ်းအနား တခုကို ရိုးရိုးသားသား တက်ရောက်တာကိုတောင်လျှင်ပင် (အမျိုးသားရေးဝါဒီတွေရဲ့) ဝါဒဖြန့်မှုက ပါတီကို မွတ်ဆလင် ပါတီတခု အနေနဲ့ အစွန်းအထင်း ဖြစ်စေတာကြောင့် လှုပ်ရှားမှုတိုင်းကို သူတို့ကြိုတင်ပြီး ခက်ခက်ခဲခဲ စဉ်းစားဖို့ ဖြစ်လာတယ်။”

ပိုလည်း မပို လျော့လည်း မလျော့တဲ့ တန်းတူ အခွင့်အရေး

ဘာသာရေး လွတ်လပ်ခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့် အပါအဝင် အခြေခံ နိုင်ငံသား အခွင့်အရေးများ ဆက်လက်ဆုံးရှုံးနေရခြင်းကို သူတို့ အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များ ရင်ဆိုင်နေရဆဲဖြစ်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်က ပြောသည်။ အဖွဲ့ဝင်အများစုမှာ နိုင်ငံသားပြုခွင့် လျှောက်ထားရာတွင် အတားအဆီးများ၊ နှောင့်နှေးမှုများနှင့် ရင်ဆိုင်ရပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပတ်သက်လျှင်လည်း မွတ်ဆလင် ကိုယ်စားလှယ်လောင်း အများအပြားမှာ လျှောက်ထားသူ၏ မိဘများ၏ နိုင်ငံသား အဆင့်အတန်းကြောင့် ရွေးကောက်ပွဲကော်မရှင်၏ ပယ်ချခြင်းကို ခံခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်မှာ သူတို့၏ လျှောက်လွှာများ ပယ်ချခြင်းခံခဲ့ရပြီး အများစုမှာ မွတ်ဆလင်များဖြစ်သည်။ ရွေးကောက်ပွဲတွင် မွတ်ဆလင် ၂၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မည်သူမျှ ရွေးကောက် တင်မြှောက်ခြင်း မခံခဲ့ရပါ။ နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၂၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

NLD နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) အပါအဝင် အဓိက နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် မွတ်ဆလင် ကိုယ်စားလှယ်လောင်းများ ပါဝင်နေမှုကို ဦးအေးလွင်က ကြိုဆိုခဲ့သည်။ NLD က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၂ ဦး ကို ရန်ကုန်နှင့် မန္တလေးတို့တွင် တဦးစီ နေရာပေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် သူတို့ လျှောက်ထားခဲ့ရာ ပါတီက ပယ်ချခဲ့သည်။

ငြိမ်းချမ်းလုလင်ဟုလည်း သိကြသည့် လူသိများသော မွတ်ဆလင် စာရေးဆရာ ဒေါက်တာမြင့်သိန်း

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း မွတ်ဆလင်အသိုင်းအဝိုင်းအတွက် မည်သည့် အပြောင်းအလဲများကို မြင်ချင်သနည်းဟု မေးမြန်းသောအခါ “ကျနော်တို့က မျက်နှာသာ ပေးတာကို လိုချင်တာ မဟုတ်ပါဘူး။ သာမန် နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုပဲ ရချင်တာပါ” ဟု သူက ဖြေသည်။

ငြိမ်းချမ်းလုလင်ဟုလည်း သိကြသည့် လူသိများသော မွတ်ဆလင် စာရေးဆရာ ဒေါက်တာမြင့်သိန်းကလည်း ရွေးကောက်ပွဲနောက်ပိုင်းတွင် သူ၏ အသိုင်းအဝိုင်းက နိုင်ငံသားများအနေနှင့် တန်းတူအခွင့်အရေးများ ရရှိစေချင်သော အလားတူ ဆန္ဒကို ပြောသည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မငြင်းနိုင်ပါဘူး။ လူတဦးချင်းစီရဲ့ ဘာသာရေး သို့မဟုတ် ယုံကြည်မှုတွေကို ခွဲခြားဆက်ဆံမှု ရှိတယ်။ မြန်မာနိုင်ငံသား တယောက် ဖြစ်တဲ့အတွက် နိုင်ငံသားတယောက်အနေနဲ့ ပိုလည်း မပို လျော့လည်း မလျော့တဲ့ တန်းတူ ညီမျှ အခွင့်အရေးကို လိုချင်ပါတယ်။”

ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းများကို ကျူးလွန်သူများနှင့် လှုံ့ ဆော်သူများအား အာဏာပိုင်များက မျက်ကွယ်ပြုထားခဲ့ ပြီး ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများကို လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုခဲ့ကာ ဘာသာရေး ပဋိပက္ခများအတွင်း ကြားဝင် ကာကွယ်ရန် ပျက်ကွက်ခဲ့သောကြောင့် မွတ်စလင်များ ပိုမိုခံစားခဲ့ရသည်ဟု စာရေးဆရာက ပြောသည်။ ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းခဲ့သည့် ဝတ်ပြုနေရာများနှင့် နေအိမ်များကို အပြည့်အဝ ပြန်လည် မတည်ဆောက်ရသေးကြောင်း သူက ထပ်ပြောသည်။

သွေးထိုးလှုံ့ဆော်မှုများအပေါ် အစိုးရ၏ လျှင်မြန်သော တုန့်ပြန်မှုများနှင့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုအပေါ် ဘာသာပေါင်းစုံ မိတ်ဆွေများ၏ ဆန့်ကျင်မှုများကြောင့် NLD လက်ထက်တွင် အခြေအနေက အတိုင်းအတာ အချို့ အထိ တိုးတက်ခဲ့သည်ဟု သူက ပြောသည်။

သူက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမှုကို ဥပမာ ပြသည်။ ထိုဖြစ်ရပ်မှာ ၂၀၁၉ ခုနှစ် မေလက မွတ်ဆလင်တို့၏ ယာယီဝတ်ပြုသော နေရာ ၃ ခုကို အမျိုးသားရေးဝါဒီ လူစုက အတင်းအကျပ် ပိတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရက မွတ်ဆလင်တို့၏ မြင့်မြတ်သော ရာမဒမ် ဥပုတ်လအတွင်း အသုံးပြုရန် အဆောက်အဦးများကို ခွင့်ပြုချက် ပေးခဲ့သည်။

အမျိုးသားရေးဝါဒီများကို အများပြည်သူက ကန့်ကွက်ပြောဆိုခြင်းကလည်း နောက်ထပ် အကြမ်းဖက်မှုများ ဖြစ်မလာအောင် တားဆီးနိုင်ခဲ့ကြောင်း စာရေးဆရာက ပြောသည်။ ရက်အနည်းငယ်အတွင်း ဝတ်ပြုရန် နေရာများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လူအုပ်ကို ဦး ဆောင်သူများ ထောင်ချခံခဲ့ရသည်။

ပဲခူးတိုင်း အခြေစိုက် မြန်မာမွတ်ဆလင် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ အဖွဲ့ဝင် တယောက်ဖြစ်သည့် မရိုစီ

‘ဥပဒေအရ တန်းတူညီမျှ အကာအကွယ်ပေးမှုကို ရချင်တယ်

“NLD က အရင်ကထက် အသိုင်းအဝိုင်းကို (ပိုပြီး) အကာအကွယ်ပေးဖို့ ကြိုးစားခဲ့တယ် ဆိုတာ ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် (NLDက) ယာယီဖြေရှင်းနည်းတွေ သုံးတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက စနစ်ကို ပြောင်းဖို့နဲ့ ဥပဒေရဲ့ အကာအကွယ်ပါ။”

ဥပမာအားဖြင့် ယာယီဝတ်ပြုရန် နေရာပေးခြင်းသည် ဝတ်ပြုရန် နေရာမရှိခြင်းအတွက် ဖြေရှင်းနည်း မဟုတ်ကြောင်း ဒေါက်တာမြင့်သိန်းက ထပ်ပြောသည်။

“စနစ်တကျ အပြောင်းအလဲတွေ မရှိတဲ့အတွက် မကျေနပ်မှုတွေ ရှိနေတယ်။ ဒါပေမယ့် သူတို့ (အစိုးရ) က အဲဒါကို (သူတို့ မလုပ်ချင်လို့ပဲ ဖြစ်စေ သို့မဟုတ် သူတို့လုပ်ဖို့ အတွက် အခြေအနေတွေက မပေးလို့ ဖြစ်စေ) အောင်မြင်အောင် မလုပ်နိုင်ခဲ့ ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုအပ်ပါတယ်။”

No Vote က ပို ဆိုးရွားသွားစေနိုင်သည်

“ပြည်သူအများအပြားက စိတ်ပျက်လို့ သူတို့ မဲပေးမှာ မဟုတ်ဘူးလို့ စိတ်ခံစားချက် အရ ပြောကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ မဲ မပေးရေး လှုပ်ရှားမှု မရှိသင့်ပါဘူး။ အဲဒါက ကျနော်တို့ ကျင့်သုံးနိုင်တဲ့ အခွင့်အရေး တခုကို စွန့်လွှတ်လိုက်တာပါပဲ။ မဲမပေးရေး လှုပ်ရှားမှုက အမှန်တကယ် ထိရောက်မှာလား သို့မဟုတ် ဆိုးကျိုးဆီကိုပဲ ဦးတည်သွားမှာလား ဆိုတာကို ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လေ့လာသူအဖြစ် လုပ်ကိုင်ခဲ့ပြီး ပဲခူးတိုင်း အခြေစိုက် မြန်မာမွတ်ဆလင် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ အဖွဲ့ဝင် တယောက်ဖြစ်သည့် မရိုစီကလည်း လူအများအပြားက သူတို့၏ စိတ်ပျက်မှုကြောင့် မဲပေးတော့မည် မဟုတ်ဟု အစောပိုင်းက ပြောနေကြသည်ကို သူကြားသိခဲ့ရကြောင်း၊ သို့သော်လည်း ယခုအခါ သူတို့၏ မဲများ၏ အရေးပါမှုကို နားလည်လာသည့်အတွက် သူတို့၏အခွင့်အရေးကို အသုံးချရန် စိတ်အားထက်သန်နေကြသောကြောင့် သူတို့ စိတ်ပြောင်းသွားကြကြောင်း ပြောသည်။

‘လူနည်းစုအခွင့်အရေး ထုတ်ဖော်မယ့် ကိုယ်စားလှယ်တွေကို မြင်ချင်တယ်’

ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု ခေါင်းဆောင်နှင့် ‘၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့’ မှ ခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြအေး

“မြန်မာမွတ်ဆလင် တယောက်အနေနဲ့ (၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ) အပြောင်းအလဲတွေကို ပိုမြင်ချင်ပါတယ်။ အထူးသဖြင့် လွှတ်တော်မှာ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ထုတ်ဖော်ပေးမယ့် ကိုယ်စားလှယ်တွေ ရှိလာဖို့ပါ။ ပြီးတော့ ကျမတို့ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တခု လိုချင်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ မွတ်ဆလင် အသိုင်းအဝိုင်းအတွက် လုံခြုံရေး အကာအကွယ်ပေးမှု အတိုင်းအတာ တချို့အထိ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ (မွတ်စလင်တွေအပေါ်) အကြမ်းဖက်မှုတွေ လျော့နည်းလာတာကို ကျမတို့ မြင်ခဲ့ကြရပါတယ်။ အရင်ကဆိုရင် အကြမ်းဖက်မှု ဖြစ်စဉ်တခုက နောက်ထပ် အကြမ်းဖက်မှုတွေကို ဖြစ်စေတဲ့ တုံ့ပြန်မှုတွေကို စတင်ပေးတတ်ပြီး ရလဒ်အနေနဲ့ သေဆုံးမှု အရေအတွက် အမြောက်အများရှိခဲ့ပါတယ်။ အခုတော့ အဲဒီလို အမှုတွေကို တားဆီးထားပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ဒေသတွေနဲ့ မွတ်ဆလင်အသိုင်းအဝိုင်း အပေါ် အကြမ်းဖက်မှုတွေကို ကျမတို့ ဆက်လက် ရင် ဆိုင်နေရတုန်းပါပဲ။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကျမတို့ရဲ့ အခွင့်အရေးတွေက ဖိနှိပ် ခံနေရဆဲပါပဲ။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုနဲ့ အသက်ဆုံးရှုံးမှုတွေကို တွေ့ရတာ ဝမ်းနည်းစရာပါ။ ”

ရွေးကောက်ပွဲသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှတ်တိုင်တခု

ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု ခေါင်းဆောင်နှင့် ‘၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့’ မှ ခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြအေးက …

“လာမယ့် ရွေးကောက်ပွဲမှာ “မဲမပေးဖို့ ” လူအများအပြားက တောင်းဆိုနေကြပေမယ့် လက်တွေ့မှာတော့ ရွေးကောက်ပွဲနေ့ကျရင် ကွဲပြားသွားပါလိမ့်မယ်။ သူတို့ နိုင်ငံရေးအသိအမြင်ကြောင့် လူအများအပြားက မဲပေးကြပါလိမ့်မယ်။ မဲပေးသူ အရေအတွက်က COVID-19 အခြေအနေပေါ် မှာပဲ မူတည်ပါလိမ့်မယ်။ တကယ်လို့ အဲဒါကို ထိန်းချုပ်ထားနိုင်ပြီ ဆိုရင် မဲဆန္ဒရှင် အရေအတွက်က များပါလိမ့်မယ်။”

(San Yamin Aung ၏ Despite Some Progress by NLD on Rights, Myanmar Muslims Hope for More After Election ကို ဘာသာပြန်ဆိုသည်။ )

You may also like these stories:

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေး ရင်လေးဖွယ်

NLD ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးမှု အမေရိကန်နှင့် ပြင်သစ်သံရုံးတို့ ရှုတ်ချ

အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား

]]>
NLD ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးမှု အမေရိကန်နှင့် ပြင်သစ်သံရုံးတို့ ရှုတ်ချ https://burma.irrawaddy.com/news/2020/10/20/232045.html Tue, 20 Oct 2020 12:31:08 +0000 https://burma.irrawaddy.com/lytbox/?p=232045 AA လက်နက်ကိုင် အဖွဲ့၏ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသော ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချော၊ ဦးမင်းအောင် / ULA/AAပြင်သစ်သံရုံးက ထိုကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးခြင်းအား ရှုတ်ချလိုက်ပြီး ချက်ခြင်း ချွင်းချက်မရှိ ဘေးကင်းစွာ လွှတ်ပေးရေးကို တောင်းဆိုသည်။]]> AA လက်နက်ကိုင် အဖွဲ့၏ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသော ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချော၊ ဦးမင်းအောင် / ULA/AA

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း သုံးဦးကို ရက္ခိုင် စစ်တပ် (AA) က ဖမ်းဆီးထားခြင်းအား မြန်မာနိုင်ငံရှိ အမေရိကန်နှင့် ပြင်သစ်သံရုံးများက ရှုတ်ချလိုက်ပြီး ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများတွင် တောင်ကုတ်မြို့နယ်မှ ယှဉ်ပြိုင်မည့် ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင်တို့ ဗုဒ္ဓဟူးနေ့မွန်းတည့်ချိန်တွင် မဲဆွယ်နေစဉ် ရက္ခိုင် စစ်တပ် (AA) လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဒေါ်နီနီမေမြင့်နှင့် ဦးမင်းအောင်တို့သည် ထိုမြို့နယ်မှ လက်ရှိ လွှတ်တော်က်ိုယ်စားလှယ်များလည်း ဖြစ်သည်။ ၎င်းတို့၏ပါတီနှင့် မိသားစုဝင်များသည် ၎င်းတို့နှင့် အဆက်အသွယ်မရသေးပေ။

ရက္ခိုင် စစ်တပ် (AA)အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သော အစိုးရနှင့် တပ်မတော်က ဖမ်းဆီးအကျဉ်းချကာ တရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်နိုင်ငံရေးသမား၊ အရပ်သားများ နှင့် ကျောင်းသားများကို ပြန်လွှတ်ပေးမှ တောင်ကုတ်မြို့နယ်မှ ဖမ်းဆီးထားသည့် ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးမည် ဟု ထုတ်ပြန်ကြေညာသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် သတင်းကြောင့် မိမိတို့ စိုးရိမ်မိပါသည်။ ဒီမိုကရေစီစနစ်တစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး လုံခြုံဘေးကင်းစွာ မဲဆွယ် စည်းရုံးရေးဆောင်ရွက်နိုင်သင့်ပါသည်” ဟု မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက အောက်တိုဘာလ ၁၅ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ပြင်သစ်သံရုံးကလည်း ထိုကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးခြင်းအား ရှုတ်ချလိုက်ပြီး ချက်ခြင်း ချွင်းချက်မရှိ ဘေးကင်းစွာ လွှတ်ပေးရေးကို တောင်းဆိုသည်။

ထိုကိုယ်စားလှယ်လောင်းများနှင့်အတူ မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါပြီး လွတ်မြောက်လာခဲ့သည့် ၅ ဦးအနက် တဦးဖြစ်သော ပါတီဝင် ကိုဖိုးထောင်၏အဆိုအရ ထိုအရပ်သားအဝတ်အစားနှင့် AA လက်နက်ကိုင်များသည် တောင်ကုတ်မြို့နယ် ဖေါင်းခါးကျေးရွာရှိ နေအိမ်တအိမ်တွင် ၎င်းတို့အဖွဲ့ နေ့လည်စာစားနေစဉ် ဝိုင်းထားခဲ့ကြောင်း သိရသည်။ သူတို့ကို ရိုက်နှက်ကန်ကျောက်ခဲ့ပြီး အမျိုးယုတ်များ၊ သစ္စာဖေါက်များ ဟု ဆဲဆို ခဲ့ကြောင်း၊ ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် ဦးမင်းအောင်တို့ပါ အရိုက်ခံခဲ့ရကြောင်း သိရသည်။

“ပါတီတံဆိပ်ပါတဲ့ အင်္ကျီတွေကို ကျနော်တို့ဝတ်ထားတာကို ချွတ်ခိုင်းတယ်။ ဒီတံဆိပ်ကိုမမြင်ချင်ဘူး ပြောပါတယ်” ဟု ကိုဖိုးထောင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

တောင်ကုတ်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် NLD ၏ အမာခံဒေသဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD သည် ရခိုင်ပြည်နယ်မှ နေရာအများအပြားတွင် ရှုံးနိမ့်သော်လည်း တောင်ကုတ်တွင် အနိုင်ရခဲ့သည်။

NLD က ဖမ်းဆီးခံ ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လွှတ်ပေးရေး တိုက်တွန်းထားပြီး ထိုသို့လက်နက်ပြဖမ်းဆီးမှုသည် အကြမ်းဖက်ဖမ်းဆီးမှုဖြစ်သဖြင့် ရှုတ်ချကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ်ပြုလုပ်သော လုပ်ရပ်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ယခုအကြိမ် NLD အဖွဲ့ဝင်များဖမ်းဆီးခံရသည့် တတိယမြောက် ဖြစ်သည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလက NLD မှ ချင်းပြည်နယ် ပလက်၀မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့ထင်း အဖမ်းခံရသည်။ ထိုစဉ်က ဒေသတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဗဟိုအစိုးရကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော AA က ထိုဖမ်းဆီးမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ အစိုးရတပ်များကို သတင်းပေးလုပ်နေခြင်းကြောင်း ဖမ်းဆီးကြောင်း စွပ်စွဲခဲ့သည်။ သူ့ကို ၇၉ ရက်ကြာဖမ်းဆီးထားပြီးနောက် ဇန်နဝါရီလအတွင်းက ပြန်လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာလတွင် ဘူးသီးတောင်မြို့နယ်မှ NLD မြို့နယ်တာဝန်ရှိသူ ဦးရဲသိန်း AA က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည်။ ဂမ်ဘီယာနိုင်ငံက စွဲဆိုသည့် လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံတကာ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွက် ခုခံချေပသည်ကို ထောက်ခံသည့် လူထုအစည်းအဝေးကျင်းပရန် ပြင်ဆင်နေချိန်တွင် သူအဖမ်းခံရခြင်းဖြစ်သည်။ ဦးရဲသိန်းကို ဖမ်းဆီးထားစဉ် စစ်တပ်ကပစ်ခတ်သောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း AA ကပြောသော်လည်း စစ်တပ်က ထိုအချက်ကို ငြင်းဆိုသည်။

ယခုနှစ်အစောပိုင်း ဖေဖေါ်ဝါရီလကလည်း ရမ်းဗြဲမြို့နယ် NLD အမှုဆောင်နှင့် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို အမည်မသိလက်နက်ကိုင်များက ဖမ်းဆီးခဲ့သည်။ သူ့ကို ဇွန်လတွင် ပြန်လည်လွှတ်ပေးသည်။

You may also like these stories:

အပေးအယူလုပ်မှ NLD ကိုယ်စားလှယ် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု AA ခြိမ်းခြောက်

လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေး ရင်လေးဖွယ်

]]>
မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက် https://burma.irrawaddy.com/article/2020/09/29/230656.html Tue, 29 Sep 2020 04:29:36 +0000 https://burma.irrawaddy.com/lytbox/?p=230656 စက်တင်ဘာလ ၁၆ ရက် နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံး အင်အားပြပွဲတခု / USDP Facebookအမှုအရေအတွက်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလထက် များစွာ ပိုမိုများပြား နေခဲ့သည်။]]> စက်တင်ဘာလ ၁၆ ရက် နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံး အင်အားပြပွဲတခု / USDP Facebook

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန် စက်တင်ဘာ ၈ ရက်နေ့တွင် စတင်ခဲ့သော မဲဆွယ်စည်းရုံးရေး ကာလ၏ ပထမပိုင်း ရက်သတ္တပတ် အနည်းငယ်အတွင်း ရွေးကောက်ပွဲနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုဖြစ်ရပ် သတင်းများ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) တို့ကြား ပြင်းထန်သော မဲဆွယ်တိုက်ပွဲများ ရင်ဆိုင်နေရသော နေရာများတွင် ဖြစ်သည်။ အမှုအရေအတွက်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလထက် များစွာ ပိုမိုများပြား နေခဲ့သည်။

စက်တင်ဘာ ၈ ရက်နေ့ နောက်ပိုင်း ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုဖြစ်စဉ်များထဲတွင် ခြိမ်းခြောက်မှုများ၊ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ဖျက်ဆီးခြင်း၊ အဓိကရုဏ်းများနှင့် ရွေးကောက်ပွဲ တာဝန်ရှိသူ တဦးကို ခြိမ်းခြောက်ရန် လက်ပစ်ဗုံးများ အသုံးပြုခြင်းတို့ ပါဝင်သည်။

စက်တင်ဘာလ ၂၄ ရက် မန္တလေးမြို့ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူများ လှည့်လည်အင်အားပြစဉ်/ဇော်ဇော်/ဧရာဝတီ

NLD မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း

မဲဆွယ်စည်းရုံးရေး၏ ပထမပိုင်း ရက်အနည်းငယ်အတွင်း မှာပင် နိုင်ငံတလွှားရှ်ိ နေရာ ၇ ခုတွင် NLD ရွေးကောက်ပွဲ စည်းရုံရေး ဆိုင်းဘုတ် အနည်းဆုံး တဒါဇင်ခန့် ဖျက်ဆီးခံခဲ့ရသည်။

ရန်ကုန်တိုင်းမှ ကိုကိုးကျွန်း၊ မန္တလေးတိုင်းရှိ မဟာအောင်မြေနှင့် ပုသိမ်ကြီးမြို့နယ်များ၊ နေပြည်တော်မှ ဇေယျာသီရိ မြို့နယ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မွန်ပြည်နယ်ရှိ ပေါင်၊ ချောင်းဆုံနှင့် ကျိုက်မရော မြို့နယ်များ နှင့် ရခိုင်ပြည်နယ် တောင်ကုတ် မြို့ နယ်တို့ ရှိ မဲဆွယ် ဆိုင်းဘုတ်များကို ပစ်မှတ်ထား ဖျက်ဆီးခြင်းခံခဲ့ရ ကြောင်း ပါတီ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။ အခြားနေရာများတွင်လည်း ဖြစ်ပွားမှု အနည်းငယ်ရှိ ခဲ့ကြောင်း သိရ သည်။

အစောဆုံး ပေါ်ပေါက်ခဲ့သည့် အဖြစ်အပျက်က ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၏ ပထမဆုံး နေ့တွင် ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၈ ရက်ညတွင် ဟားခါးမြို့နယ်ရှိ ဆိုင်းဘုတ်တခု ပေါ်မှ ပါတီ ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများကို တစုံတဦးက ဓားကို သုံး၍ ဖျက်ဆီးခဲ့ကြောင်း NLD ၏ ချင်းပြည်နယ် ပြန်ကြားရေး ကော်မတီမှ Biak Kung က ပြောသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ နှင့် ၅၈ အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်ရောက်နှောက်ယှက်ပါက ထောင်ဒဏ် တနှစ် ချမှတ်ခံရနိုင်သည်။

နေပြည်တော် ဇေယျာသီရိနှင့် ရခိုင်ပြည်နယ် တောင်ဂုတ်က ဆုတ်ဖြဲခံထိ NLD ဆိုင်းပုတ်များ

ထိပ်တန်း ဗိုလ်ချုပ်ကြီးများက တပ်မတော် ကျောထောက်နောက်ခံပြု USDP ကို ကိုယ်စားပြု၍ ဝင် ရောက်ယှဉ်ပြိုင်ကြသည့် နေရာ ဖြစ်သော ကိုကိုးကျွန်းတွင် စိုက်ထူခဲ့သော မဲဆွယ် ဆိုင်းဘုတ် ၆ ခု အနက် ၄ ခုက စက်တင်ဘာလ ၁၀ ရက်နေ့ညတွင် ဖျက်ဆီးခံခဲ့ရသည်ကို NLD က တွေ့ရှိခဲ့ကြောင်း ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများထဲမှ တဦး ဖြစ်သည့် ဦးဝင်းကိုကိုဝင်းက ပြောသည်။

ကိုကိုးကျွန်းမြို့နယ်၏ လူဦးရေမှာ များသောအားဖြင့် စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုများ အရပ်ဘက်ဝန်ထမ်းများ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီ က ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ ၂ ခုလုံးတွင် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲတွင် တပ်မတော်၏ နောက်ထပ် အမာခံနေရာတခု ဖြစ်သည့် နေပြည်တော်၏ ဇေယျာသီရိမြို့နယ် ကြို့ပင် ကျေးရွာတွင် NLD ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများ ပါဝင်သည့် ဆိုင်းဘုတ်များ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရသည်။ ထိုအမှုအတွက် သံသယ ရှိသော အသက် ၁၉ နှစ် အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားကြောင်း မြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောသည်။

ဖျက်ဆီးခြင်းများ မပေါ်ပေါက်မီမှာပင် စက်တင်ဘာ ၈ ရက်နေ့ တွင် ပါတီအလုပ်သမားများက ဆိုင်းဘုတ်များ စိုက်ထူရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဦးသက်ထွေးက ဆိုသည်။

နေပြည်တော် ရန်ပွဲမှာ ဒဏ်ရာရသွားတဲ့ လူငယ်လေးများ

“ဆိုင်းဘုတ်ကို သူ့အိမ်နားမှာ ထောင်ဖို့ ခွင့်ပြုခဲ့တဲ့ အိမ်ပိုင်ရှင်က သူ့ကို ရွာလူကြီး ၃ ယောက်က ခြိမ်းခြောက်ခဲ့တယ်လို့ ကျနော်တို့ကို ပြောပါတယ်။ သူက ကျနော်တို့ကို လက်ခံမယ်ဆိုရင် သူ့ကို ကန်ထုတ်ပစ်မယ်လို့ ပြောတယ်တဲ့” ဟု သူက ပြောသည်။ ပါတီက ရွေးကောက်ပွဲ ဥပဒေအရ အဆိုပါ ၃ ဦးကို အမှုဖွင့် တိုင်ကြားခဲ့သည်။

NLD သီချင်းဖွင့်သည့် လူငယ် အရိုက်ခံရခြင်း

စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သာကေတမြို့နယ်ရှိ လမ်းတခုတွင် NLD တံဆိပ်ပါသော အနီ ရောင်ရှပ် အင်္ကျီဝတ်ပြီး ပါတီစည်းရုံးရေးသီချင်း ဖွင့်၍ စက်ဘီးဖြင့် စံပယ်ပန်းများရောင်းသော ၁၃ နှစ် အရွယ် လူငယ်တယောက်ကို အမျိုးသားတဦးက ရိုက်နှက်ခဲ့သည်။

လူငယ်ဈေးသည်မှာ ဝါးတုတ်ဖြင့် ရိုက်နှက်ခြင်း ခံခဲ့ရပြီး သူ၏ အသံချဲ့စက်မှာလည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။ အဆိုပါပြစ်မှုကျူးလွန်သူက လူငယ်၏ အသံချဲ့စက်မှ ဆူညံသံများက စိတ်အနှောက်အယှက် ဖြစ်စေခဲ့ ကြောင်း ပြည်တွင်း မီဒီယာများသို့ ပြောခဲ့သည်။

အမှုအား ကျူးလွန်သူက လူငယ်၏ ဒဏ်ရာများကို ကုသရေး ကုန်ကျစရိတ်ကို လျော်ကြေးအဖြစ်ပေးရန် သဘောတူခဲ့ပြီး အမှု ပြေလည်သွားခဲ့သည်။

နေပြည်တော် ရန်ပွဲမှာ ဖျက်ဆီးခံရတဲ့ ကြံ့ခိုင်ရေးစတစ်ကာကပ် မော်တော်ဆိုင်ကယ်တစီး

နေပြည်တော်က ရန်ပွဲ

စက်တင်ဘာ ၁၆ ရက်နေ့က နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်မှ မဲဆွယ် စည်းရုံးလှုံ့ဆော်ရေးလှည့်လည်မှု တခုတွင် ယာဉ်တန်း၌ ဆိုင်ကယ်ဖြင့် လိုက်ပါလာသော ကြံ့ခိုင်ရေး ပါတီဝင်အချို့နှင့် လူငယ် ၄ ဦး ခိုက်ရန် ဖြစ်ပွားခဲ့သည်။ ကြံ့ခိုင်ရေး ပါတီမှ မဲဆွယ်စည်းရုံးသူအချို့က ဆိုင်ကယ်များကို ရပ်တန့်၍ လူငယ်များကို ဆဲဆိုရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လူငယ်များထဲမှ တဦး၏ ဦးလေးတော်စပ်သူက ပြောသည်။ ကြံ့ခိုင်ရေး ပါတီကလည်း လူငယ်များက ယာဉ်တန်းကို လေးခွများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ သည်ဟုဆိုသည်။

လူငယ် ၄ ဦး အနက် မှ ၂ ဦး နှင့်ကြံ့ခိုင်ရေး ပါတီယာဉ်တန်းမှ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ၂ ဖက် လုံးက ဆဲဆိုမှု၊ နာကျင်စေမှုများ ဖြင့် အပြန်အလှန် အမှုဖွင့် တိုင်ကြားခဲ့ကြသည်။

မိတ္ထီလာက အဓိကရုဏ်း

ကြံ့ခိုင်ရေး အမာခံနယ်မြေ တခုဖြစ်သည့် မန္တလေးတိုင်း မိတ္ထီလာရှိ ညောင်ကိုင်း ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ရာပေါင်းများစွာက စက်တင်ဘာလ ၂၀ ရက် နေ့ မွန်းလွဲပိုင်းတွင် ဆူပူအကြမ်းဖက်ခဲ့ကြသည်။

မိတ္ထီလာက ရန်ပွဲမှာ တွေ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများ

Facebook တွင် ပျံ့နှံ့ သွား သော ဗီဒီယိုတခုတွင် ပါတီ၏ အမှတ်တံဆိပ်ပါသော အစိမ်းရောင်အင်္ကျီများ ဝတ်ဆင်ထားကြသည့် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးသူများက ပဋိပက္ခ ဖြစ်ပွားနေစဉ်အတွင်း NLD ထောက်ခံသူတဦး၏ အိမ်ကို ခဲလုံးများဖြင့် အော်ဟစ်ပစ် ပေါက် နေကြသည်ကို တွေ့ရသည်။

အကြမ်းဖက်သူများကို အိမ်ပိုင်ရှင်က အမှုဖွင့်ခဲ့သည်။ ကြံ့ခိုင်ရေး ပါတီမှ စည်းရုံးရေးမှူး အနည်းဆုံး ၆ ဦး ကို နာကျင်စေမှု၊ ဆဲဆိုမှုများ ကျူးလွန်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။

ကျေးရွာရှိ NLD ထောက်ခံသူများက ၎င်းတို့၏လှုပ်ရှားမှုများကို ဟန့်တားခဲ့ခြင်းကြောင့် ပဋိပက္ခ စတင်ခဲ့ရသည်ဟု ကြံ့ခိုင်ရေး ပါတီက ပြောသည်။

နေပြည်တော်က လက်ပစ်ဗုံး

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အတိုက်အခံပါတီအချို့၏ တောင်းဆိုချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပယ်ချလိုက်ပြီး နောက်ပိုင်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး၏ နေအိမ်ကို လက်ပစ်ဗုံး ၂ လုံး ပစ်ပေါက်ခံ ထိခဲ့သည်။

တွေ့ရှိခဲ့ပြီး များမကြာမီမှာပင် ရဲတပ်ဖွဲ့နှင့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့တို့က လက်ပစ်ဗုံးများကို ရှင်းလင်း ဖယ်ရှားခဲ့ကြသည်။ ပထမဆုံး လက်ပစ်ဗုံးကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ဒုတိယတခုကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည်တွင်တွေ့ရှိခဲ့သည်။ ဗုံး၂ ခုလုံးကို လမ်းပေါ်မှ နေ၍ ခြံဝင်းထဲပစ်ချခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ နေအိမ်ဝင်းအတွင်း လက်ပစ်ဗုံး ၂ လုံး တွေ့ရသည်

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခင်းဖြစ်ပွားနေရာကို စစ်ဆေးခဲ့သော စစ်လက်နက်ပစ္စည်း ကျွမ်းကျင်သူများနှင့် ဒေသခံရဲများက လက်ပစ်ဗုံးများသည် အိမ်နီးချင်းနိုင်ငံ တခုတွင် ထုတ်လုပ်ခဲ့သည့် ဗုံးများ ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ မည်သည့်နိုင်ငံ ဖြစ်သည်ကို သူက ပြောကြားခဲ့ခြင်း မရှိဘဲ ဖြစ်စဉ်ကို လုံခြုံရေး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း ထပ်မံပြောကြားခဲ့သည်။

အာဏာရ ပါတီဟောင်းဖြစ်ပြီး တပ်မတော်၏ ကျောထောက်နောက်ခံရရှိထားသော ကြံ့ခိုင်ရေး ပါတီ နှင့် မဟာမိတ်ပါတီ ၂၃ ခုတို့က COVID-19 ကပ်ရောဂါ ပိုးကူးစက်နှုန်းနှင့် လူသေနှုန်း မြင့်တက်လာမှုကို အကြောင်းပြု၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ အခြားပါတီ အနည်းငယ်ကလည်း တောင်းဆိုရာတွင် ပါဝင်ခဲ့ကြသော်လည်း NLD နှင့် တိုင်းရင်းသားပါတီများ အပါအဝင် ပါတီအများစုက သူတို့နှင့် ပူးပေါင်းခဲ့ခြင်း မရှိပါ။

(San Yamin Aung ၏ Violence Erupts Shortly After Myanmar Political Parties Hit Campaign Trail ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ပါတီကို ဝန်းရံသူများကို တားမရဟု NLD ဆို

မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများ လက်ရှိ မိမိနေထိုင်ရာနေရာ၌ တာဝန်ထမ်းရမည်

သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ

မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

]]>
တပ်တွင်းမဲရုံတွေ တပ်ပြင်ထုတ်လို့ ရွေးကောက်ပွဲမြင်ကွင်း ပြောင်းသွားမလား https://burma.irrawaddy.com/article/2020/08/06/227555.html Thu, 06 Aug 2020 08:05:04 +0000 https://burma.irrawaddy.com/lytbox/?p=227555 ၂၀၁၉ ခုနှစ် နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြပွဲ / မျိုးမင်းစိုးဇူလိုင်၂၅ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ပြောရေးဆိုခွင့်ရှိသူက တပ်တွင်းမဲရုံအားလုံးကို အပြင်ထုတ်မပေးနိုင်ဘဲ တချို့ကို တပ်တွင်းမှာ ဆက်ထားရမည်ဟု ပြောသည်။]]> ၂၀၁၉ ခုနှစ် နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြပွဲ / မျိုးမင်းစိုး

လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် သူတို့၏မိသားစုဝင်များသည် ပထမဆုံးအကြိမ် တပ်ရင်းတပ်ဖွဲ့ ပြင်ပတွင် မဲထွက်ပေးရတော့မည်ဖြစ်သည်။ လွှတ်တော်က တပ်တွင်းမဲရုံများကို ပယ်ဖျက်လိုက်ခြင်းက တပ်တွင်းမဲဆန္ဒရှင်တွေအနေဖြင့် သူတို့ကြိုက်နှစ်သက်သည့် ပါတီကို တပ်ပြင်ပမဲရုံများတွင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိလာလိမ့်မည်ဟု မျှော်လင့်ချက်များ မြင့်စေခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်၏ ခန့်မှန်းခြေ အင်အား လူ ၅၀၀၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် တပ်မတော်နှင့် ဆက်နွယ်နေသည့် မဲဆန္ဒရှင် ၁ သန်းကျော် ရှိသည်ဟု ခန့်မှန်းရသည်။ ၂၀၁၈ ခုနှစ်အထိ သူတို့သည် တပ်စခန်းများရှိ မဲရုံများ၌ သူတို့ အထက်လူကြီးများ၏ စောင့်ကြည့်မှု အောက်တွင်သာ မဲပေးခဲ့ရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုနီးပါး အတွင်း မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်၊ ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့ တွင် အထွေထွေရွေးကောက်ပွဲ ၃ ခု ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် တို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၃ ခု ကျင်းပခဲ့သည်။

ရုတ်တရက် ကြည့်မည်ဆိုလျှင် တပ်မတော်မှ မဲဆန္ဒရှင်များက စစ်တပ်ဝင်းအတွင်းရှိ မဲရုံ တခုတွင် မဲပေးနေခြင်းက ကြီးမားသော ကိစ္စတခု မဟုတ်ဟု ထင်ရပါသည်။

သို့သော်လည်း တပ်မတော်က ကြားခံပါတီများမှ တဆင့် နိုင်ငံရေးတွင် ကြာရှည်စွာနှင့် နက်ရှိုင်းစွာပါ ဝင်ပတ်သက်မှုကို ထိန်းသိမ်းထားခဲ့သော မြန်မာနိုင်ငံတွင် တပ်စခန်းများ၌ မဲရုံများ ထားရှိခြင်းက ကြီးမားသော သက်ရောက်မှုများ ရှိနေသည်။ တပ်မတော် တပ်ဖွဲ့ဝင်များ၏ ဆန္ဒမဲက တပ်မတော်ကျောထောက်နောက်ခံပြုထားသော ပါတီ အကျိုးအမြတ်အတွက် အသုံးချခံနေရနိုင်သည် ဆိုသော သံသယများက ကြာမြင့်စွာကတည်းက ရှိနေခဲ့သည်။ နိုင်ငံအဝှမ်းရှိ တပ်မတော် မဲဆန္ဒရှင် အရေအတွက်က အတော်အတန် ကြီးမားပြီး ၎င်းတို့၏ ဆန္ဒမဲများကို ချယ်လှယ်ခြင်းက ရွေးကောက်ပွဲတခု၏ ရလဒ်ကို သက်ရောက်စေနိုင်ပါသည်။ ထို့အပြင် တပ်စခန်းများရှိ မဲရုံအများစုသည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ရွေးကောက်ပွဲလေ့လာသူများအတွက် အကန့်အသတ်ဖြစ်နေသောကြောင့် ပွင့်လင်းမြင်သာမှုကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

ထိုသို့သော စိုးရိမ်မှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများက ယခင် ရွေးကောက်ပွဲများမတိုင်မီကတည်းက တပ်တွင်းမဲရုံများကို ပယ်ဖျက်ရန် တောင်းဆိုခဲ့ကြသည်။ ၎င်းက မေလအတွင်းတွင် အကောင်အထည် ပေါ်လာခဲ့သည်။ လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ များအား ပြင်ဆင်ခြင်းကို အတည်ပြုသည့်အခါ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ စံနှုန်းများနှင့် ကိုက်ညီစေရန် တပ်တွင်းမှ မဲရုံများကို တပ်ပြင်ထုတ်ရန် ရလဒ် ထွက်ပေါ်လာခဲ့သည်။

မန္တလေးတိုင်း သပိက်ကျင်းမြို့နယ်ရှိ တပ်စခန်းဝင်းအတွင်း မဲထည့်ရန် တန်းစီနေကြစဉ်/ ဇော်ဇော်

“တပ်အပြင်ဘက်ကို ထုတ်လိုက်တဲ့အတွက် NLD နိုင်မယ်လို့ ကျနော်တို့ ယူဆလို့ မရဘူး။ ဒါပေမယ့် တပ်မတော်သားတွေအတွက်ကတော့ အခွင့်အရေးတခုတော့ ရမယ်။ သူတို့နှစ်သက်တဲ့ပါတီကို သူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမယ်” ဟု နေပြည်တော်၌ ပြုလုပ်သော ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီး NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဇူလိုင်လ ၂ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခင်က တပ်တွင်းတွင် တပ်မတော်ကျောထောက်နောက်ခံပါတီကို မဲထည့်ဖို့ ပြောဆိုမှုများရှိခဲ့ကြောင်း တပ်မတော်အရာရှိဟောင်း ဦးကျော်စွာဝင်းက ဧရာဝတီသို့ ပြောသည်။

၂၀၁၄ ခုနှစ်တွင် NLD က ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုသည့် လက်မှတ်ရေးထိုးသော လှုပ်ရှားမှုတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သောကြောင့် ရာထူးမှ ထုတ်ပယ်ခံရပြီး ထောင်ပါကျခဲ့သည့် ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းက ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် တပ်တွင်း မဲရုံတခု၌ မဲရုံမှူးအဖြစ် တာဝန်ယူခဲ့ရသည်။

သူ တာဝန်ကျသည့် တပ်တွင်းမဲရုံတွင် တပ်မတော်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ရွေးချယ်ထားခြင်း မရှိသော မည်သည့်ဆန္ဒမဲ လက်မှတ်ကိုမဆို ပယ်မဲ လုပ်ခဲ့ကြောင်း သူက ပြန်ပြောပြသည်။

“ကျနော်တို့မဲရုံအနေနဲ့က USDP တခုတည်းယူတာ။ ကျန်တဲ့ပါတီပါလာရင် နောက်တခု ထပ်ကောက်ခြစ်ပြီး ပယ်မဲလုပ်ပလိုက်တာ” ဟု ဦးကျော်စွာဝင်းက ပြောသည်။ ထိုစဉ်က သူ့အထက်အရာရှိ၏ အမိန့်အတိုင်းလိုက်နာ၍ ထိုသို့လုပ်ခဲ့ရသည်ဟု သူက ဝန်ခံခဲ့သည်။ မဲပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအရ ရွေးချယ်မှုတခုထက် ပို၍ ရွေးချယ်ထားသော မဲကို ပယ်မဲအဖြစ် သတ်မှတ်ရသည်။

“ဒါကြောင့် ကျနော်တို့မှာ မဲ ၂ မျိုးပဲရှိတယ်။ USDP နဲ့ ပယ်မဲပဲ။ ကျန်တဲ့ပါတီ တမဲမှမရဘူး။ ကျနော်တို့လုပ်တဲ့ မဲရုံမှာတုန်းက” ဟုသူကဆက်ပြောသည်။ “အခုတော့ တပ်တွင်းမဲရုံတွေမရှိတော့ အဲ့ပြသနာမျိုး မရှိလောက်တော့ဘူး။”

ထို ၂၀၁၀ ရွေးကောက်ပွဲတွင် အံ့အားသင့်စရာမကောင်းစွာပင် USDP က အပြတ်အသတ် အနိုင်ရခဲ့ပြီး အာဏာရပါတီဖြစ်လာခဲ့သည်။ ထိုရွေးကောက်ပွဲကို NLD နှင့် တိုင်းရင်းသားပါတီများက အကြည်မရှိသဖြင့် ဝင်ရောက်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့ကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ အနေဖြင့် သူတို့တပ်မှူးများ၏ စောင့်ကြည့်မှုအောက်၌ ဆန္ဒမဲပေးရာတွင် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိ မရှိဆိုသည်မှာ မေးခွန်းထုတ်စရာ အမြဲဖြစ်ခဲ့ကြောင်းဖြစ်သည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွ အချို့တပ်တွင်းမဲရုံများ၌ တပ်မတော်သားများကိုယ်စား အကြီးပိုင်းများကသာ ဆန္ဒမဲထည့်လိုက်ခြင်းမျိုးရှိသည်ဟု အသိတပ်သားအချို့က ပြောပြခဲ့ကြောင်း သူကပြောသည်။

တပ်မတော်သားအင်အား အများအပြားရှိသည့်နေရာများတွင် တပ်တွင်းမဲရုံများမှ ဆန္ဒမဲများက USDP ပါတီ မဲရလဒ်ကို မြင့်တက်စေမှုများရှိပြီး အချို့နေရာတွင် အနိုင်ရလဒ်ကိုပင် သေချာစေခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရခဲ့ပြီး သမ္မတဖြစ်ရန် နှင့် အစိုးရဖွဲ့စည်းရန် ကိုယ်စားလှယ် နေရာ အလုံအလောက် ရရှိခဲ့သော်လည်း USDP က တပ်ရင်းတပ်ဖွဲ့ အင်အား ကြီးမားစွာ ရှိနေသည့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရခဲ့သည်။ ဒေသတွင်းတွင် လူကြိုက်များသော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုပင် အနိုင်ယူခဲ့၏။

သို့သော်လည်း USDP ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က တပ်တွင်းမဲများနှင့်ပတ်သက်ပြီး စွပ်စွဲချက်များကို ပယ်ချလိုက်သည်။ မဲရုံများက စစ်တန်းလျားအတွင်း၌ ရှိသည်ဖြစ်စေ အပြင်ဘက်တွင် ရှိသည်ဖြစ်စေ ရွေးကောက်ပွဲတွင် ပါတီ၏ စွမ်းဆောင်နိုင်မှုနှင့် လုံးဝ မသက်ဆိုင်ကြောင်း ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ ပါတီက NLD ကို တပ်စခန်းမြို့များ ဖြစ်သည့် မန္တလေးတိုင်းမှ ပြင်ဦးလွင်နှင့် ရန်ကုန်တိုင်းမှ မင်္ဂလာဒုံနှင့် မှော်ဘီကဲ့သို့သော နေရာများတွင် ရှုံးနိမ့်ခဲ့ရကြောင်း သူက ထောက်ပြသည်။

“တပ်တွင်းမှာ မဲရုံထားတာက တပ်မတော်ရဲ့ လုံခြုံရေးအခြေအနေအတွက် ထားတယ်လို့ပဲ မြင်ပါတယ်။ တပ်ပြင်မှာထားထား တပ်တွင်းမှာထားထား ကျနော်တို့ကို ပေးမယ့်သူက ပေးမှာပါပဲ။ မပေးတဲ့သူက မပေးပါဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။

သို့သော် သူ၏မှတ်ချက်များကို မကြာသေးမီက ကချင်ပါတီများ ပေါင်းစည်း ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒုတိယ ဥက္ကဋ္ဌ ဦးကွမ်ဂရောင် အောင်ခမ်းက လက်မခံပါ။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးကွမ်ဂရောင်အောင်ခမ်းက ဒေသတွင်းတွင် လူကြိုက်များသော ကချင် ဖွံ့ဖြိုးရေးပါတီမှနေ၍ ကချင်ပြည်နယ်၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော်လည်း မဲရလဒ်တွင် USDP ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ကာ ဒုတိယသာ လိုက်ခဲ့သည်။ တပ်မတော်၏ ကြိုတင်မဲများ အားလုံးက USDP ကို မဲပေးခဲ့ပြီး ထို့ကြောင့်ပင် USDP ကအနိုင်ရခဲ့သည် သဘောရှိသည်ဟု သူကပြောသည်။

တပ်တွင်း မဲရုံများကို ဖယ်ရှားလိုက်ခြင်းက အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟု သူ က မျှော်လင့်ထားသည်။

“ဒီမိုကရေစီစနစ်မှာ တပ်တွင်းဆိုတာထက် အပြင်မှာပေးသင့်တယ်။ ပေးဖို့လည်း လိုတယ်။ ဒါမှ တပ်တွင်းမိသားစုတွေလည်း လွတ်လွတ်လပ်လပ် ပေးပိုင်ခွင့်ရှိမယ်” ဟု သူက ပြောသည်။

မဲဆန္ဒရှင်များအတွက် မိမိတို့ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းကို လွတ်လပ်စွာ မဲပေးခွင့်သည် ဒီမိုကရေစီ အခွင့် အရေးဖြစ်သည်ဟု သူက ထပ်ပြောသည်။

“အခုက စစ်တပ်က မဲအကုန်လုံးက ပါတီတခုထဲကို ပေးတဲ့ဟာကတော့ တရားမျှတမှု မရှိဘူးလို့ ပြောလိုပါတယ်” ဟု သူကပြောသည်။

NLD ဗဟို သတင်း ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် ကလည်း USDP ပါတီကပြောဆိုသည့် အထက်တွင် ဖော်ပြခဲ့သော တပ်စခန်းမြို့များ၌ သူတို့ပါတီ အနိုင်ရခဲ့ခြင်းမှာ တပ်နယ် အပြင်ဘက်တွင် နေထိုင်သော မဲဆန္ဒရှင်များ၏ မဲများကြောင့်ဟု ပြောကြားခဲ့သည်။ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပေးထားသော ပါတီ (ထိုအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) က တပ်နယ်မြေများမှ မဲရုံများတွင် အပြတ်အသတ် အနိုင် ရပြီး အခြားပါတီများက မဲအနည်းငယ်သာရရှိခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း သူကပြောသည်။

သူက ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ၌ အထူးသဖြင့် ကချင် နှင့် ရှမ်းပြည်နယ်များနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်များမှ တပ်တွင်းရှိ မဲရုံများနှင့် ပတ်သက်သော ပြဿနာများကိုလည်း ထောက်ပြခဲ့သည်။ ထိုနေရာများရှိ တပ် နယ်မြေများတွင် NLD က ၁ မဲပဲရပြီး အချို့နေရာများတွင် ၁ မဲမျှ မရရှိခဲ့ဟု သူက ဆိုသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် USDP က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ပြည်နယ်လွှတ်တော် တနေရာ အနိုင်ရခဲ့ပြီး ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ၁ နေရာနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ အနိုင်ရရှိခဲ့သည်။ ထိုနေရာများတွင် တပ်ဝင်း အတွင်း၌ ထားရှိသည့် မဲရုံအများအပြား ရှိခဲ့သည်။

“လာမယ့်ရွေးကောက်ပွဲမှာ တပ်မဲဆန္ဒရှင်တွေ တပ်ပြင်ထွက်ပေးမယ့်အတွက် NLD က မဲ ပိုရနိုင်ပါတယ် ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

တပ်တွင်းမှ မဲရုံများအပြင် ကြိုတင်မဲက နောက်ထပ်စိုးရိမ်စရာတခု ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်သားတဦးက နှုတ်ဆက်စဉ်/ဧရာဝတီ

ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းက ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တပ်မတော်သားများ၏ ကြိုတင်မဲကိစ္စကိုလည်း ပွင့်လင်းမြင်သာမှုရှိစေရန် သေချာလုပ်ဆောင်ရန် လိုအပ်ကြောင်း တောင်းဆိုသည်။

ယခင်ရွေးကောက်ပွဲများတွင် တပ်မတော်၏ ကြိုတင်မဲများနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ မသမာမှု သတင်းများ ရှိခဲ့သည်။ ထိုစဉ်က USDP မှ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သူ၏ မဲဆန္ဒနယ်ဖြစ်သော ရှမ်းပြည်နယ် လားရှိုးတွင် ကြိုတင်မဲများဖြင့် ခြယ်လှယ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ထိုစဉ်က ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး ၎င်းရရှိသည့်မဲများသည် တရားဝင်မဲများဖြစ်သည်ဟု ပြောသည်။

ကြိုတင်မဲပေးခြင်းက အကောင်းဆုံး အဆင်အပြေဆုံး အနေအထား ရှိလျှင်ပင် စောင့်ကြည့်ရန် ခဲယဉ်းပြီး တပ်မတော်၏ ကြိုတင်မဲများက ပို၍ပင် ပွင့်လင်းမြင်သာမှု နည်းသည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ပြောသည်။ အချို့ ဖြစ်ရပ်များတွင် မဲများက ကြိုတင်မဲပေးရန် စီစဉ်ရေး တပ်မှူးများတွင်သာ တာဝန်ရှိသည့် အလွန်ဝေးလံခေါင်ဖျားသော တပ်စခန်းများမှ တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်ပြီး မဲစာရင်းကိုလည်း ကြိုတင် မသိရှိရပါ။ ဆန္ဒမဲများကို ခြိမ်းခြောက်မှု မပါဝင်ဘဲ လျှို့ဝှက်စွာ ပေးရခြင်း ဟုတ် မဟုတ် နှင့် မဲဆန္ဒရှင်များက အမှန်တကယ် ကိုယ်တိုင် ပေးခြင်း ဟုတ် မဟုတ် ကဲ့သို့သော တရားဝင် ဖြစ်မှုဆိုင်ရာ ပြဿနာများလည်း ပေါ်ထွက်စေခဲ့သည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တဦး ဖြစ်သည့် ဒေါ်မြနန္ဒာသင်းက တပ်စခန်းများရှိ မဲရုံများတွင် အရပ်ဘက်မဲရုံများထက် မဲဆန္ဒနယ်ပြင်ရောက် ကြိုတင်မဲအရေအတွက်က အမြဲတမ်း ပိုမိုများပြားသည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနေ့၌ တပ်တွင်းမဲရုံများကို စောင့်ကြည့်လေ့လာဖို့ စစ်စခန်းများသို့ ဝင်ရောက်ရန် အခက်အခဲအချို့ ရှိခဲ့သော်လည်း သူ၏အဖွဲ့က ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင်တော့ တပ်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုက အနည်းငယ် ပိုအဆင်ပြေကြောင်း သူကပြောသည်။

“ဒါပေမယ့် ကြိုတင်မဲနဲ့ပတ်သက်ပြီး လေ့လာနိုင်မှုက နည်းခဲ့တယ်။ တပ်တွင်းကို မလုပ်နိုင်ခဲ့ဘူး” ဟု သူက ဆိုသည်။

သို့သော်လည်း မေလက အတည်ပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်များအရ ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲပေးရန် တောင်းဆိုထားသည့် မဲဆန္ဒရှင်များ စာရင်းကို ထုတ်ပြန်မည် ဖြစ် သောကြောင့် တပ်မတော်၏ ကြိုတင်မဲပေးခြင်းက ပိုမို ပွင့်လင်းမြင်သာလာလိမ့်မည်ဟု သူက မျှော်လင့်သည်။ ထိုသို့ ထုတ်ပြန်သည့်အတွက် လေ့လာစောင့်ကြည့်သူများနှင့် အခြားသူများအနေဖြင့် ထိုနေရာတွင် ကြိုတင်မဲ မည်မျှရှိသည် ဆိုသည်ကို သိရှိရန် ပိုမိုလွယ်ကူစေလိမ့်မည် ဖြစ်သည်။

မဲရုံများကို တပ်နယ်မြေ အပြင်ဘက်သို့ ထုတ်ရန် ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား ပြင်ဆင်ရာတွင် လွှတ်တော်၏ အောင်မြင်မှုသည် တပ်မတော်၏ ခုခံမှုကို ကျော်ဖြတ်ခဲ့ရသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြီးခဲ့သည့်နှစ် နှောင်းပိုင်း၌ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ တပ်ဖွဲ့ဝင် များရော ၎င်းတို့၏ မိသားစုဝင်များပါ မဲပေးရန် သူတို့၏ အခြေစိုက်စခန်းများမှ ထွက်ခွာရန် မလွယ်ကူကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူတို့မှာ တနေ့လျှင် ၂၄ နာရီ တာဝန် ထမ်းဆောင်နေကြရသောကြောင့် ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

လွှတ်တော်၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေများအား ပြင်ဆင်ရန် အဆိုပြုထားသော အပြောင်းအလဲများကို ဆွေးနွေးနေချိန်တွင် ဗိုလ်မှူးချုပ် မောင်မောင်က အချို့နေရာများတွင် စစ်သည်များနှင့် ၎င်းတို့၏မိသားစုဝင်များ မဲပေးရန် ၎င်းတို့၏ စစ်တန်းလျားများမှ ထွက်ခွာရေးတွင် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ပြဿနာများ ဖြစ်စေလိမ့်မည်ဟု နေပြည်တော်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ရှိ တပ်စခန်းတွင်း မဲထည့်ရန် မဲဆန္ဒရှင်များအား ကားများဖြင့် ခေါ်ဆောင်ခဲ့သည်/ANFRA

“အဲဒါ မှားတယ်လို့ ကျနော် ထင်ပါတယ်။ ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွေမှာ တပ်တွင်း မဲရုံတွေနဲ့ ပတ်သက်ပြီး ပြဿနာ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲတွေက လွတ်လပ်ပြီး မျှတမှုရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အာဏာရပါတီက ဒီနေ့မှာ အာဏာရှိနေတာပေါ့။ အဲဒီအတွက် အကြောင်းပြချက် မရှိပါဘူး” ဟု သူက ပြောခဲ့သည်။

သူတို့ခုခံခဲ့ကြသည့်တိုင် လွှတ်တော်က တပ်တွင်းမှ မဲရုံများကို ဖျက်သိမ်းရေးက အောင်မြင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဇူလိုင်၂၅ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်တွင်းမဲရုံအားလုံးကို အပြင်ထုတ်မပေးနိုင်ဘဲ တချို့ကို တပ်တွင်းမှာ ဆက်ထားရမည်ဟု ပြောခဲ့သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားသည့် ဥပဒေများနှင့် စည်းမျဉ်းများအတ်ိုင်း ဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောခဲ့သည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တခု ဖြစ်သော New Myanmar Foundation မှ ဒေါ်မြနန္ဒာသင်းက တပ်မတော်သားများ တပ်ပြင်ပ မဲရုံများတွင် မဲပေးခြင်းက ရွေးကောက်ပွဲစံနှုန်းအရ ပွင့်လင်းမြင်သာမှုရှိရေးကို သေချာစေလိမ့်မည်ဟု ဆိုသည်။

“တပ်တွင်းမဲရုံတွေကို အပြင်ထုတ်မှ ရွေးကောက်ပွဲဖြစ်စဉ်ကို ပိုပွင့်လင်းမြင်သာမှု ရှိလာစေမယ်။”

(San Yamin Aung ၏ Will Outlawing of Polling Stations on Military Bases Change Myanmar’s Electoral Landscape?  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော

ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ

မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

No Vote ကမ်ပိန်း ရိုးသားရဲ့လား

]]>
နိုင်ငံရေးတွင် ဝင်နိုင်ခြေ တပ်ချုပ် ရုရှားမီဒီယာတွင် အရိပ်အမြွက်ပြော https://burma.irrawaddy.com/news/2020/07/01/225587.html Wed, 01 Jul 2020 11:38:00 +0000 https://burma.irrawaddy.com/lytbox/?p=225587 ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည် / Reuters ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည်။]]> ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည် / Reuters 

နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ရုရှားသို့ သွားရောက်လည်ပတ်စဉ်အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားခဲ့သည်။

ရုရှားမီဒီယာ Arguments and Facts နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် လာမည့်ရွေးကောက်ပွဲကာလတွင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဆိုသည်ကို မေးမြန်းသောအခါ ယခင်ရွေးကောက်ပွဲများကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်မှာ နံပတ်တစ်အရေးကြီးဆုံးဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်အောင် တပ်မတော်က ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေသည်။ ဆက်လက်၍ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာသည့်အချိန်ကျမှ သက်ဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ခဲ့သည့်ပါတီများ၊ နောက်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်ကာ သူ့အနေဖြင့် ဆက်လက်လုပ်ဆောင်မည် ဟုပြောကြောင်းကို မြန်မာဘာသာဖြင့်ပြန်လည်ပြန်ဆိုပြီး သူ၏အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် အထက်ပါမေးမြန်းမှုကိုဖြေကြားချက်အရ သိရသည်။

အသက် ၆၄ နှစ်ရှိနေပြီဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဖြစ်ရန် စိတ်ကူးနေသည်ဟု မြန်မာ့နိုင်ငံရေး ဝေဖန်လေ့လာသူ တော်တော်များများက ယုံကြည်ကြသည်။ ဗိုလ်ချုပ်မှူးကြီးသည် ၂၀၁၆ ခုနှစ်ဇူလိုင်လက ပြည်သူ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက် ၆၀ ပြည့်ပြီး ၎င်းဆန္ဒအလျှောက် အငြိမ်းစားယူလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ကာကွယ်ရေးဦးစီးချုပ် သက်တမ်းကို တိုးခဲ့သည်။

သူ့တွင် နှစ်ပေါင်း ၄၀ ကျော် နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြုံများရှိကြောင်း Arguments and Facts ၏ ရွေးကောက်ပွဲကာလအတွင်း သူ၏အခန်းကဏ္ဍကိုမေးမြန်းမှုကို ဖြေကြားချက်တွင် ထည့်ပြောခဲ့သည်။

နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း တိုင်းပြည်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ခဲ့သလို ဆက်လက်ပြီးလည်း လိုအပ်သည့် မည်သည့်အခန်းကဏ္ဍအတွက်မဆို လုပ်ပေးသွားမည်ဟု ပြောသည်။

“ဒီအတွေ့အကြုံတွေက တပ်မတော်အတွက်ကော၊ တိုင်းပြည်အတွက်ကော၊ ပြည်သူ့အတွက်ကော ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့်ဟာလို့ ကျနော် ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးစသည့်အမြင်များ ရှိရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် အရည်အချင်းလိုအပ်ချက်တရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်မှု လုပ်ငန်းစဉ်အရ သမ္မတနှင့် ဒုတိယသမ္မတများကို အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများက တိုက်ရိုက်မရွေးချယ်ဘဲ ပြည်ထောင်စုလွှတ်တော်ကရွေးချယ်သည်။ ထိုလုပ်ငန်းအဆင့်ဆင့်အရ ပြည်သူ့လွှတ်တော်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအုပ်စု၊ အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအုပ်စုနှင့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်များအုပ်စု စသည့်အုပ်စု ၃ စု က ဒုတိယသမ္မတ အသီးသီးကို ရွေးချယ်သည်။ ထိုနောက် အုပ်စု ၃ ခု ပူးပေါင်းပြီး ဒုတိယသမ္မတ ၃ ဦးအနက်တဦးကို သမ္မတအဖြစ် မဲခွဲရွေးချယ်ကြသည်။

ထိုစနစ်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံရန်အတွက် ရွေးကောက်ပွဲဝင်ရန် မလိုပေ။ လွှတ်တော်တွင် သူခန့်အပ်ထားသော ကိုယ်စားလှယ်များက သူ့ကို ဒုတိယ သမ္မတတဦးအဖြစ်ရွေးချယ်ရန် ညွှန်ကြားလိုက်ရန်သာ လိုသည်။

မြန်မာနိုင်ငံ၏ ယခင် အထွေထွေရွေးကောက်ပွဲနှစ်ခုကို ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ကျင်းပခဲ့သည်။ ယခင် စစ်အစိုးရက ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်ခဲ့ကြပြီး ပြည်သူအများစုကလည်း လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲအဖြစ်လက်ခံခြင်းမရှိပေ။ ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည်ထိုရွေးကောက်ပွဲအပြီးတွင် အာဏာရလာသည်။ ၂၀၁၅ ခုနှစ်တွင်မူ NLD က USDP ကို အနိုင်ရပြီး အာဏာရလာသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို တနင်္လာနေ့နှောင်းပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။ ထိုကြေညာချက်အရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ပေါင်း ၃၃၀၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်ပေါင်း ၁၆၈ နယ်၊ ပြည်နယ်နှင့်တိုင်းလွှတ်တော်များအတွက် မဲဆန္ဒနယ်ပေါင်း ၆၄၄ နယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် မဲဆန္ဒနယ်ပေါင်း ၂၉ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၇၁ နေရာအတွက် တနိုင်ငံလုံးတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ကြေညာသွားရန်ရှိသည်။

လွှတ်တော်မှ ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်များ မည်သည့်အချိန်တွင် အနားယူသွားမည်ကိုသိလိုကြောင်း Arguments and Facts က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မေးရာ နိုင်ငံရေးအတိုက်အခိုက်များကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် မရင့်ကျက်သေးမှုကြောင့် တပ်မတော်က လွှတ်တော်အတွင်းရှိနေရခြင်းဖြစ်ပြီး အကယ်၍သာ တည်ငြိမ်မှုရှိသွားပြီဆိုလျှင် တပ်မတော်အနေနှင့် ထွက်ခွာသွားမည်ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

( San Yamin Aung ၏ Myanmar Military Chief Hints at Political Role in Interview With Russian Media ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မည်သည့်ပါတီ မဆို ဗိုလ်ချုပ်ပုံ သုံး၍ မဲဆွယ်ခွင့် ရှိဟု NLD ပြော

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင် ကိုဗစ် ဗိုင်းရပ်စ်ပိုး မတွေ့ ဟု ဆို

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး

]]>
ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ကျပ်ငွေ ၄၁ ဘီလျံ ဘာကြောင့်ဖြတ်တောက်ခံရသလဲ
 https://burma.irrawaddy.com/article/2020/06/19/224928.html Fri, 19 Jun 2020 06:45:58 +0000 https://burma.irrawaddy.com/lytbox/?p=224928 ရန်ကုန်တိုင်းအစိုးရ ဌာနများက တောင်းခံသော အသုံးစရိတ်များအနက် စုစုပေါင်း ကျပ်ငွေ ၄၁ ဘီလျံကို ရန်ကုန်တိုင်း လွှတ်တော်က မကြာသေးမီက ဖြတ်တောက်ခဲ့သည် / ထက်ဝေရန်ကုန်တိုင်းအစိုးရ ဌာနများက တောင်းခံသော အသုံးစရိတ်များအနက် စုစုပေါင်း ကျပ်ငွေ ၄၁ ဘီလျံကို ရန်ကုန်တိုင်း လွှတ်တော်က မကြာသေးမီက ဖြတ်တောက်ခဲ့သည်။
]]> ရန်ကုန်တိုင်းအစိုးရ ဌာနများက တောင်းခံသော အသုံးစရိတ်များအနက် စုစုပေါင်း ကျပ်ငွေ ၄၁ ဘီလျံကို ရန်ကုန်တိုင်း လွှတ်တော်က မကြာသေးမီက ဖြတ်တောက်ခဲ့သည် / ထက်ဝေ

ရန်ကုန်တိုင်းအစိုးရ ဌာနများက တောင်းခံသော အသုံးစရိတ်များအနက် မိုးပျံလမ်းနှစ်ခုစာနှင့်ညီမျှသည့် စုစုပေါင်း ကျပ်ငွေ ၄၁ ဘီလျှံသည် ပိုလျှံစွာတောင်းခံထားမှုများနှင့် မသုံးစွဲသင့်သည့် အသုံးစရိတ်များဟု ယူဆသောကြောင့် ရန်ကုန်တိုင်း လွှတ်တော်က မကြာသေးမီက ဖြတ်တောက်ခဲ့သည်။

ဇွန်လ ပထမပတ်၌ လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် အစိုးရဌာန ၂၃ ခုက တင်ပြသော ဘဏ္ဍာငွေအသုံးစရိတ် အဆိုပြုချက်ဆိုင်ရာ ဆွေးနွေးမှုများအတွင်း ပြည်သူ့ဘဏ္ဍာ အလေအလွင့် ဖြစ်နိုင်ခြေရှိသော အသုံးစရိတ်အဆိုပြုမှုများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက တွေ့ရှိခဲ့သည်။

ထိုအသုံးစရိတ်ဆွေးနွေးချက်များတွင် အထင်ရှားဆုံး အကြောင်းအရာမှာ ပိုလျှံပြီး ဈေးနှုန်းမြင့်မားစွာ တွက်ချက်တောင်းခံထားသည့် အသုံးစရိတ် အဆိုပြုချက်များဖြစ်နေသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အများဆုံး ဝေဖန်ခံရသော မူမမှန်မှုများထဲတွင် အမှန်တကယ်လိုအပ်သည်ထက် ပိုတောင်းခံထားသော သယ်ယူပို့ဆောင်ရေးနှင့် လုပ်အားခစရိတ်များ၊ အချို့ပစ္စည်းများတွင် ခန့်မှန်းခြေနှင့် ပြင်ပပေါက်ဈေးများနှင့် လက်တွေ့ကုန်ကျနိုင်သည့်စရိတ်များ များစွာကွာဟနေခြင်း၊ အများပြည်သူ လိုအပ်ချက်များ များစွာ ရှိနေစဉ် မလိုအပ်သော ပစ္စည်းများဝယ်ယူရန် အဆိုပြုခြင်းတို့ ပါဝင်သည်။

၎င်းတို့အနက်တခုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC ပြန်ကြားရေးဌာနက အခမ်းအနားများတွင် အသုံးပြုရန် သံစုံတီးဝိုင်းတခု ဝယ်ယူရေးအတွက် ကျပ် ၁၃၇.၃၄၅ သန်း တောင်းခံခြင်းဖြစ်သည်။

“ဒီတီးဝိုင်းက မြို့တော်အတွက် ဘယ်လောက်အကျိုးရှိမလဲ။ ဒီထက်ပိုပြီး အရေးကြီးတာတွေ လုပ်ဖို့မရှိတော့ဘူးလား” ဟု ကျောက်တန်းမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က လွှတ်တော်တွင် မေးသည်။

ထိုသို့မြင်သည်မှာ သူတဦးတည်းသာမကပဲ လွှတ်တော်ကိုယ်စားလှယ် အများအပြားကလည်း ထို သံစုံတီးဝိုင်းဝယ်ယူရေး တောင်းဆိုမှုကို ပယ်ချကြသည်။

YCDC က ဈေးများနှင့် ကုန်စည်ပွဲရုံများစီမံခန့်ခွဲရေးအတွက် တောင်းခံမှုတွင် ဈေးအဝင်လမ်းများကို ကွန်ကရစ်ခင်းရန် ၆ လက်မထု ၁ပေဈေးနှုန်းအား သတ်မှတ်ချက်ဖြစ်သော ၁၈၅၀ ကျပ်အစား ၂၂၀၀ ကျပ်ဖြင့် တင်ပြတောင်းခံထားခြင်း၊ ဈေးခြံစည်းရိုးကာရံခြင်းကို သတ်မှတ်ထားသည့် ၁ပေဈေးနှုန်း ၁၅၀၀၀ ကျပ်အစား ၂၀၀၀၀ ကျပ်ဖြင့် ပိုမိုတောင်းခံခြင်းများရှိခဲ့ကြောင်း လွှတ်တော်က စိစစ်တွေ့ရှိခဲ့သည့်အတွက် လျှော့ချခဲ့ရသည်။

တချိန်တည်းတွင် YCDC ရေပေးဝေရေးနှင့်ရေရရှိရေးဌာနက လုပ်ငန်းများအတွက်တောင်းခံသည့် ပုတ်ပြတ်လုပ်သားခများမှာပြင်ပပေါက်ဈေးနှင့် ဆီလျော်ခြင်းမရှိခြင်းနှင့် အဆမတန် ပိုမိုတောင်းခံခြင်းတို့ကြောင့် ကျပ် ၆၅၃ သန်းကျော် လျှော့ချဖြတ်တောက်ခဲ့သည်။

အထက်ပါဖော်ပြချက်များသည် လွှတ်တော်က စိစစ်တွေ့ရှိခဲ့သည့် ပိုလျှံ၍ဈေးနှုန်းမြင့်မားစွာတောင်းခံထားမှုများအနက်မှ အနည်းငယ်မျှသာဖြစ်သည်။

လွှတ်တော်၏ တွေ့ရှိချက်အရ ဝန်ထမ်း ၁၀ ဦးသာရှိသော ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ထမ်း ၁၁ ဦးစာအတွက် ပြည်တွင်းခရီးစရိတ်တောင်းခံသည်။ ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြို့နယ်အများစုတွင် ချုံရှင်းမြက်ခုတ်လုပ်ငန်းကို အများဆုံး တမိုင် ၅သိန်းနှုန်းဖြင့် အများဆုံးတွက်ချက်ထားသော်လည်း တိုက်ကြီးမြို့နယ်တွင် ကျပ် ၁၂ သိန်းနှုန်းဖြင့် တွက်ချက်တောင်းခံထားသောကြောင့် စိစစ်လျှော့ချခဲ့ရကြောင်းသိရသည်။

သို့သော် ထိုတောင်းခံမှုနှစ်ခုသည် လမ်းဦးစီးဌာန၏ အရာရှိများစီးသည့် ကား ၃၁ စီးအတွက် တနှစ်စာစက်သုံးဆီအတွက် ကျပ်သန်း ၁၀၇ သန်းကျော် တောင်းခံထားခြင်းနှင့် နှိုင်းယှဉ်လျှင်အသေးအဖွဲ့သာဖြစ်သည်။ ဌာနတွေက အရာရှိတွေကို ခွင့်ပြုထားသည့်ဆီဂါလံထက် များစွာပိုမိုတောင်းခံထားသည့်အတွက် ကျပ် သန်း ၅၀ ကျော်ကို လွှတ်တော်က ဖြတ်တောက်ခဲ့သည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်အများစု စိတ်ပျက်ရသည်က အဆိုပါဌာနက ထိုသို့ပိုမိုတောင်းခံနေမှုသည် ယခုနှစ်မှ မဟုတ်ဘဲ ယခင်နှစ်များမှာလည်း ထိုကဲ့သို့တောင်းခံခဲ့ခြင်းဖြစ်သည်။

“ဘတ်ဂျက်ဆိုတာ စားဖို့ ဝါးဖို့ ခင်းကျင်းပေးထားတဲ့ ဘူဖေးမဟုတ်ပါဘူး။ အခွန်ဆောင်ပြည်သူတွေရဲ့ချွေးနည်းစာဖြစ်ပါတယ်။ အလေ့အလွင့်နည်းအောင် လုပ်သင့်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

နောက်ထပ်အငြင်းပွားမှု တခုမှာ ဒဂုံမြို့နယ်တွင် ဓါတ်လှေခါး တပ်ဆင်ထားသော လမ်းဦးစီဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ၉ ထပ် အဆောက်အအုံ တည်ဆောက်ရန် အသုံးစရိတ် တင်သွင်းခြင်းဖြစ်သည်။ ထိုတောင်းခံမှုကို လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန်ဝေဖန်သည်။

ယခင်နှစ် အသုံးစရိတ်ဆွေးနွေးပွဲများအတွင်း ၉ ထပ် အဆောက်အအုံတခု တည်ဆောက်ရန် စီမံကိန်းကို ရန်ကုန်တိုင်းလွှတ်တော်က ကန့်ကွက်ခဲ့ပြီး ၆ ထပ်သာ တည်ဆောက်စေရန် ငွေ ၈၈၈ သန်း ချပေးခဲ့ပြီးဖြစ်သည်။

သို့သော် ထိုဌာနသည် လွှတ်တော်ကို အသိပေးခြင်းမရှိဘဲ လျာထားချက်အတိုင်း ဆောက်လက်စဖြစ်နေပြီဖြစ်သည့်အတွက် ခြောက်ထပ်အဆောက်အအုံအတွက် မလိုအပ်သည့် ဓါတ်လှေကားလိုအရာမျိုးတွက် နောက်ထပ် သန်း ၈၅၀ ခွင့်ပြုပေးခဲ့ရကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဝင် ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာပြောသည်။

“ဒီလုပ်ရပ်က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အလေးမထားရာရောက်တဲ့အပြင် တိုင်းပြည်ရဲ့ဘဏ္ဍာငွေကိုလည်း လက်လွတ်စပယ်အသုံးပြုရာရောက်ပါတယ်… ရုံးအဆောက်အအုံတခုအတွက် မလိုအပ်ပဲ တိုင်းပြည်ဘဏ္ဍာ ကျပ် သန်း ၁၇၀၀ အသုံးပြုလိုက်ရတဲ့သဘောပါ” ဟု သူရှင်းပြသည်။

အများပြည်သူ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ဘဲ ကောင်းမွန်နေဆဲဖြစ်သောလမ်းကို တိုးချဲ့ပြုပြင်ရန် အသုံးစရိတ်တောင်းခံသောကြောင့်လည်း ဘဏ္ဍာငွေ အသုံးစရိတ်ဆွေးနွေးပွဲများအတွင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

အချို့မြို့နယ်များတွင် လမ်းများကောင်းနေဆဲဖြစ်သော်လည်း ထိုလမ်းများကို ကွန်ကရစ် ထပ်ပိုးလွှာများ မြှင့်တင်ခြင်းနှင့် ကားရပ်ရန် လမ်းချဲ့ရေးအတွက် အသုံးစရိတ်တောင်းခံသည်ကို တွေ့ရကြောင်း YCDC လမ်းနှင့်တံတားဌာန၏ တောင်းခံမှုနှင့်ပတ်သက်ပြီး သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် သက်ထားနွယ်ဝင်းပြောသည်။

ထိုမြို့နယ်များတွင် ရေလွှမ်းမိုးမှု ကာကွယ်ရန် လမ်းမြှင့်တင်မည့်အစား ရေနုတ်မြောင်းစနစ် ကောင်းအောင် ဦးစားပေးသင့်ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။

ယခုနှစ်တွင် ဌာနအများစုသည် အသုံးစရိတ်တောင်းခံရာတွင် ယခင်နှစ် အသုံးစရိတ်အဆိုပြုစဉ်ကအတိုင်း ပြည်သူလူထု လိုအပ်ချက်ကို အကြီးအကျယ် လျစ်လျူရှုနေကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌ လွှတ်တော်က်ိုယ်စားလှယ် ဦးတင့်လွင် က ဧရာဝတီသို့ ဇွန်လ ၅ ရက်နေ့ကပြောသည်။

လွှတ်တော်က ဖြတ်တောက်ခဲ့သော ကျပ်ငွေ ၄၁ ဘီလျံကို လွှတ်တော်ကိုယ်စားလှယ်များတောင်းဆိုသည့် ပစ်ပယ်ခံထားရသော မြို့နယ်များမှ ဖွံ့ဖြိုးရေး စီမံကိန်းများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သူပြောသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တောင်းဆိုမှုများကို သမ္မတဦးဆောင်သည့် ဘဏ္ဍာရေး ကော်မရှင်သို့ ဆက်လက်တင်ပြရမည်ဖြစ်သည်။

ထိုကော်မရှင်က သုံးသပ်ပြီးနောက် နောက်ဆုံး မဲခွဲရန် တိုင်းလွှတ်တော်သို့ ပြန်လည်ပေးပို့မည်ဖြစ်သည်။

လက်ရှိအချိန်အထိ လွှတ်တော်က ကျပ် ၉၂၀ ဘီလျံတန်ဖိုးရှိ အဆိုပြုချက်များကို အတည်ပြုထားပြီးဖြစ်သည်။

You may also like these stories:

ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း အဖြတ်ခံရ

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှု ရှုံးနိမ့်

လူရွေးမှားတဲ့ အားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြင်ဖို့လို

]]>
မိုးကြိုးပစ်လို့ ဇွန်လ ပထမပတ်ထိ ၆၂ ဦး သေဆုံး https://burma.irrawaddy.com/news/2020/06/11/224437.html Thu, 11 Jun 2020 05:57:09 +0000 https://burma.irrawaddy.com/lytbox/?p=224437 ရန်ကုန်မြို့ ကောင်းကင်တွင် မိုးကြိုးပစ်ခတ်မှုတခု / အောင်ကျော်ထက်ယခုနှစ်တွင် မိုးကြိုးပစ်သည့် ဖြစ်ရပ် ၅၄ ခု ကြောင့် သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရသူ ၂၆ ဦး ရှိသည်]]> ရန်ကုန်မြို့ ကောင်းကင်တွင် မိုးကြိုးပစ်ခတ်မှုတခု / အောင်ကျော်ထက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (MSWRR) မှ ထုတ်ပြန်သည့် ပြင်းထန်သော ရာသီဥတု အခြေအနေများနှင့် ပတ်သက်သည့် သတိပေးချက် တခုအရ မိုးကြိုးပစ်ခြင်းကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၆ ရက်အတွင်း မြန်မာနိုင်ငံတွင် လူ ၆၂ ဦး သေဆုံးခဲ့ရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မိုးကြိုးပစ်မှုများက မကြာခဏဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မုတ်သုန်ရာသီမတိုင်မီ မေလလယ်မှ ဇွန်လ ကုန်အထိ နှင့် မုတ်သုန်နှောင်းပိုင်း စက်တင်ဘာလမှအောက်တိုဘာလလယ်အထိ ဖြစ်ပွားလေ့ရှိသည်။

ရေကြီးခြင်းနှင့် မြေပြိုခြင်းများကဲ့သို့ပင် မိုးကြိုးပစ်ခြင်းက မြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာ၀ ဘေးအန္တရာယ်များထဲတွင် အပါအဝင် ဖြစ်ပြီး လတ်တလော နှစ်များအတွင်း နှစ်စဉ် လူ ၁၀၀ ခန့် သေဆုံးခဲ့ရသည်။ မိုးကြိုးပစ်ခြင်းက အခြား သဘာဝ ဘေးအန္တရာယ်များထက် ပျက်စီးမှုနည်းပါးသော်လည်း၊ မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးမှုက ယေဘုယျ အားဖြင့် မြေငလျင်နှင့် မုန်တိုင်းများထက် ပိုမိုများပြားပြီး အချို့ နှစ်များတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများထက်ပင် ပိုမိုများပြားခဲ့သည်။

MSWRR ၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၃၃ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရခဲ့သည်။ ယခုနှစ်တွင် မိုးကြိုးပစ်သည့် ဖြစ်ရပ် ၅၄ ခု ကြောင့် သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရသူ ၂၆ ဦး ရှိသည် ဟု MSWRR ၏ သဘာဝဘေးစီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး တဦးက ပြောကြားခဲ့သည်။

မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးရမှုများထဲတွင် လယ်ကွင်းများထဲ၌ အလုပ်လုပ်နေသော လယ်သမားများနှင့် မိုးရွာသွန်းနေချိန် ပြင်ပ၌ လမ်းလျှောက် သို့မဟုတ် အလုပ်လုပ်နေသောသူများ ပါဝင်ပြီး အိမ်တွင်း၌ ရှိနေသော်လည်း ဖုန်း သို့မဟုတ် ရေဒီယို အသုံးပြုသူများသည်လည်း မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့ကြောင်း MSWRR က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တခု၌ ဖော်ပြထားသည်။

မိုးကြိုးမုန်တိုင်းကျစဉ်အတွင်း ပြည်သူများကို အိမ်တွင်းမှာနေရန်၊ ပြတင်းပေါက်များ၊ တံခါးများနှင့် ဝေးဝေးနေရန်နှင့် လျှပ်စစ်ပစ္စည်းကိရိယာ သို့မဟုတ် ကြိုးများကို ထိတွေ့ခြင်းမှ ရှောင်ရှားရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (MSWRR) က တိုက်တွန်းထားသည်။

ရာသီဥတုပြောင်းလဲခြင်းက ရာသီဥတု ဆိုးရွားခြင်းကို ပိုမို၍ မကြာခနဆိုသလို ဖြစ်စေပြီး ပိုမိုပြင်းထန်လာစေသည့် အချိန်တွင် မိုးကြိုးပစ်ခြင်းက ဒေသတွင်းရှိ အခြားနိုင်ငံများတွင်လည်း ရာသီဥတုကြောင့် သေဆုံးရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။

မိုးကြိုးပစ်ခြင်းကို မြန်မာနိုင်ငံ ဥပဒေတွင် သဘာဝ ဘေးအန္တရာယ် တခုအဖြစ် သတ်မှတ်ထားသည်။ အစိုးရက မိုးကြိုးပစ်ခံရခြင်းကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုများ သို့ နစ်နာကြေး အဖြစ် ကျပ် ၃၀၀၀၀၀ နှင့် မိုးကြိုးပစ်ခံရခြင်း အပါအဝင် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဒဏ်ရာရသူများသို့ ကျပ် ၅၀၀၀၀ ထောက်ပံ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။

(San Yamin Aung ၏ Lightning Strikes Have Killed 62 in Myanmar This Year ကို ဘာသာပြန်သည်။)

You may also like these stories:

မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး

ဧရာဝတီတိုင်း၌ မေလအတွင်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီး

သန္တာကျောက်တန်းတွေ ပျက်စီးရင် အဖိုးတန် ဇီဝမျိုးကွဲတွေ ဆုံးရှုံးနိုင်တယ်

]]>
ကူးစက်နှုန်း ကျဆင်းသော်လည်း ကိုဗစ်-၁၉ သတိ မပေါ့ရန် ကျန်းမာရေးဝန်ကြီး သတိပေး https://burma.irrawaddy.com/news/2020/06/09/224297.html Tue, 09 Jun 2020 07:43:19 +0000 https://burma.irrawaddy.com/lytbox/?p=224297 ကွာရင်တင်းစင်တာတခုတွင် ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ စစ်ရန် နှာခေါင်းတို့ဘတ် ထုတ်ယူစဉ် / ထက်ဝေကိုဗစ်-၁၉ ကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ပြီးဖြစ်သော်လည်း အပြီးအပြတ် ဟန့်တားနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမြင့်ထွေးက အများပြည်သူသို့ ထုတ်ပြန် ပြောဆိုခဲ့သည်။]]> ကွာရင်တင်းစင်တာတခုတွင် ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ စစ်ရန် နှာခေါင်းတို့ဘတ် ထုတ်ယူစဉ် / ထက်ဝေ

မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းကျဆင်းနေသော်လည်း ပြည်သူများအနေဖြင့် သတိပေါ့လျှော့ပါက နေရာအမျိုးမျိုးတွင် အစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုကို မတ်လ ၂၃ ရက်နေ့က ပထမဆုံးတွေ့ရပြီး လက်ရှိအချိန်တွင် ကူးစက်မှု ၂၄၃ ခုအထိရှိလာပြီး သေဆုံးသူ ၆ ဦးရှိသည်။ မေလလယ်မှစတင်ပြီး ပြည်တွင်း ကူးစက်မှု တခုသာရှိပြီး ထိုသူမှာ တရုတ်နယ်စပ်တွင် တာဝန်ချထားခံရသည့် ကျန်းမာရေး ဝန်ထမ်းတဦးဖြစ်သည်။ ထိုအချိန်နောက်ပိုင်း ကူးစက်မှုများမှာ ပြည်ပမှတင်သွင်းလာသော ကူးစက်မှုများဖြစ်သည်။

ကူးစက်မှုနှုန်း ကျဆင်းလာသောကြောင့် ပြည်သူအများအပြားသည် သတိပေါ့ဆလာပြီး ပြင်ပတွင် သွားလာသောအခါ နှာခေါင်းစည်း ဝတ်ဆင်ခြင်းနှင့် လူထူထပ်သော နေရာများကို ရှောင်ကျဉ်ခြင်းကဲ့သို့သော ကာကွယ်ရေး အစီအမံများကို လိုက်နာမှု အားနည်းလာသည်။

ကိုဗစ်-၁၉ ကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ပြီးဖြစ်သော်လည်း အပြီးအပြတ် ဟန့်တားနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမြင့်ထွေးက အများပြည်သူသို့ ထုတ်ပြန် ပြောဆိုခဲ့သည်။

ကာလကြာမြင့်စွာ ရောဂါကူးစက်မှု ကျဆင်းပြီးနောက်တွင်ပင် အကြီးအကျယ် ကူးစက်မှုဖြစ်နိုင်ကြောင်း သူပြောသည်။

“လက္ခဏာ မပြသူတွေ၊ ပိုးရှိနေမှန်း မသိသူတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ နေရာအမျိုးမျိုးမှာ တပြိုင်တည်း အကြီးအကျယ် ကူးစက်မှုတွေ ရှိလာနိုင်တယ်။ အဲဒီလိုဖြစ်လာရင် ထိန်းချုပ်ရတာ ခက်ခဲတယ်” ဟု သူပြောကြားပြီး ပြည်သူများအနေဖြင့် ကာကွယ်ရေး အစီအမံများ ဆက်လက်လိုက်နာရန် သူတိုက်တွန်းသည်။

ပြည်သူများအနေဖြင့် ကာကွယ်ရေး အစီအမံများကို မစွန့်လွှတ်သင့်ကြောင်းနှင့် လူမှု ခွဲခြားနေထိုင်ခြင်းကို ဆက်လက်ပြုလုပ်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားသည်။

“ခပ်ခွာခွာ နေထိုင်ရေးကို ဆက်လက်ထိန်းသိမ်းပါ။ အထူးသဖြင့် ဈေးသွားတဲ့အခါ ထိန်းသိမ်းပါ။ နှာခေါင်းစည်းဝတ်ပြီး လက်ဆေးဖို့ မမေ့ပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်ရေးသားပြီး အကြိမ်ကြိမ်လည်း ဆက်လက် သတိပေးနေမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

(San Yamin Aung ၏ Myanmar’s Health Minister Warns of COVID-19 Outbreak Threat Despite Infection Decline  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်း ဖြစ်ဖို့ လမ်းညွှန်ချက်တွေ ရှိတယ်

ကျောင်းဖွင့်ရာသီ နှာခေါင်းစည်း သန်း၂၀ ကျော် ဝေရန် ပညာရေးဝန်ကြီးဌာန ပြင်ဆင်

ရန်ကုန်မြို့ရှိ ဟိုတယ်များကို လမ်းညွှန်ချက်များနှင့် ညီ မညီ စစ်ဆေးမည်

]]>
ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း အဖြတ်ခံရ https://burma.irrawaddy.com/news/2020/06/05/224106.html Fri, 05 Jun 2020 11:41:29 +0000 https://burma.irrawaddy.com/lytbox/?p=224106 ရန်ကုန်တိုင်းလွှတ်တော်မှ တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၁၃၁.၈ ဘီလီယံကို သောကြာနေ့တွင် အတည်ပြုခဲ့သည်ယခုတကြိမ် ဖြတ်တောက်ခံရမှုသည် ထပ်တိုးအသုံးစရိတ် တောင်းခံမှုများတွင် ၅ နှစ်အတွင်း အများဆုံး ဖြတ်တောက်ခံရခြင်းဖြစ်သည်]]> ရန်ကုန်တိုင်းလွှတ်တော်မှ တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၁၃၁.၈ ဘီလီယံကို သောကြာနေ့တွင် အတည်ပြုခဲ့သည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ လက်ကျန် ၄ လအတွက် ရန်ကုန်တိုင်း အစိုးရက တောင်းခံသော ထပ်တိုး အသုံးစရိတ် ၁၈၁.၂ ဘီလီယံကျပ်၏ ၄ ပုံ ၁ ပုံကျော် ကို ပြည်ထောင်စုအစိုးရက  ဖြတ်တောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထပ်တိုးအသုံးစရိတ်များအတွက် ပြည်ထောင်စုအစိုးရထံမှ ဖြည့်စွက်ခွင့်ပြုငွေအတည်ပြုချက် တောင်းခံရာတွင် လျှော့ချခဲ့ခြင်းဖြစ်သည်။ သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ဘဏ္ဍာရေး ကော်မရှင်က တောင်းခံမှုများကို ပြန်လည်သုံးသပ်ပြီးနောက် ကျပ် ၄၉.၄ ဘီလီယံကျော် ဖြတ်တောက်ကာ ၁၃၁.၈ ဘီလီယံကျပ် ကို သာ ခွင့်ပြုခဲ့သည်ဟု ရန်ကုန် တိုင်း ပြည်သူ့ငွေစာရင်းကော်မတီ မှ သိရသည်။

ဖြည့်စွက်ခွင့်ပြုငွေ (supplementary budget) သည် အသုံးစရိတ်တခုအတွက် မူလခွင့်ပြုထားသည့် ဘတ်ဂျက်နှင့် လုံလောက်မှုမရှိသည့်အချိန်တွင် လိုအပ်သည့် ငွေရပ်ကို တောင်းခံရခြင်းဖြစ်သည်။ ပြည်နယ်နှင့်တိုင်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ဦးစွာ စိစစ်သည်။

ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ယခုတကြိမ် ဖြတ်တောက်ခံရမှုသည် ထပ်တိုးအသုံးစရိတ် တောင်းခံမှုများတွင် ၅ နှစ်အတွင်း အများဆုံး ဖြတ်တောက်ခံရခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။

အောက်တိုဘာလမတိုင်မီ အထူးသဖြင့် မိုးရာသီအတွင်း အပြီးမသတ်နိုင်သည့် အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် အဆောက်အအုံအသစ် ဆောက်လုပ်ခြင်းများ၊ ကွန်ကရစ်လမ်းခင်းခြင်းများ စသည်တို့အတွက် အသုံးစရိတ်တောင်းထားမှုများကို လျှော့ချထားကြောင်း သိရသည်။ ထို့အပြင် ဝန်ထမ်းသစ်ခန့်အပ်ခြင်းများ၊ မြေနှင့် ပရိဘောဂဝယ်ယူခြင်းများနှင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများအတွက် ထပ်တိုးအသုံးစရိတ်များသည်လည်း လျှော့ချခံခဲ့ရသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့် လမ်းညွှန်ချက်များအရ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် ဘဏ္ဍာနှစ်တနှစ်၏ ကျန်သည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့်ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် မူလခွင့်ပြုချက်ရရှိပြီးသည့် လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့်ငွေရပ်ကိုသာ ဖြည့်စွက်ခွင့်ပြုငွေတွင် တောင်းခံရမည်ဖြစ်သည်။

ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ်တောင်းခံမှုများအပေါ် ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို လွှတ်တော်သို့ ဇွန်လ ၂ ရက်နေ့က တင်သွင်းရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

လမ်းဦးစီးဌာန၏ ထပ်တိုးအသုံးစရိတ်တွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့အတွက် ဓါတ်ဆီဖိုး ကျပ်သိန်း ၅၀ တောင်းထားခြင်း၊ ခန်းမတခု အတွင်းအပြင် ပြန်လည်ပြင်ဆင်ခြင်းအတွက် ၂.၈ ဘီလီယံကျပ် နှင့် မြို့တော်၏ အမှိုက် စွန့်ပစ်ရာနေရာ ၂ခု အဆင့်မြှင့်တင် ခြင်း အတွက် ၁ ဘီလီယံကျပ် တောင်းခံခြင်း အပေါ် တိုင်းလွှတ်တော် ကိုယ်စားလှယ်များက မေးခွန်း ထုတ်ခဲ့ကြသည်။

ရန်ကုန်တိုင်းလွှတ်တော်မှ တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၁၃၁.၈ ဘီလီယံကို သောကြာနေ့တွင် အတည်ပြုခဲ့သည်။

You may also like these stories:

တပ်မဲစာရင်းကောက်ရန် ကော်မရှင် ပြင်ဆင်

မန္တလေးဝန်ကြီးချုပ် Home Quarantine ပြီးပါက တာဝန်ပြန်ထမ်းဆောင်မည်

၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်

]]>
ကိုဗစ်လူနာ ၆၂ ရာခိုင်နှုန်း ရောဂါလက္ခဏာ မပြ https://burma.irrawaddy.com/news/2020/05/18/222871.html Mon, 18 May 2020 10:19:22 +0000 https://burma.irrawaddy.com/lytbox/?p=222871 ရန်ကုန်ဆေးရုံကြီးရှိ ကိုဗစ်လူနာကုသဆောင်တွင် တွေ့ရသော ဆရာဝန်များ / မျိုးမင်းစိုး ပြည်သူလူထုအတွင်း ရောဂါပိုးကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသသူများ (သို့မဟုတ်) သာမာန်ရောဂါလက္ခဏာများသာ ရှိသူများ (silent carriers) ရှိနေနိုင်သည်။]]> ရန်ကုန်ဆေးရုံကြီးရှိ ကိုဗစ်လူနာကုသဆောင်တွင် တွေ့ရသော ဆရာဝန်များ / မျိုးမင်းစိုး

ကိုဗစ်-၁၉ ရောဂါ စမ်းသပ်နိုင်မှုက အကန့်အသတ်ရှိနေဆဲဖြစ်သည့်အချိန်တွင် နိုင်ငံတွင်း ရောဂါပိုးရှိလျက်နှင့် လက္ခဏာမပြသခြင်း (asymptomatic cases of COVID-19) များနေခြင်းက ကျန်းမာရေးအာဏာပိုင်များအတွက် ရောဂါထိန်းချုပ်ရေးတွင် အဓိက စိုးရိမ်စရာတခု ဖြစ်လာနေသည်။

မေလ ၁၅ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အတည်ပြုလူနာများထဲတွင် ၆၂ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရောဂါပိုးရှိနေသူများဖြစ်သည်။ အဓိပ္ပါယ်မှာ မေလ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ ၁၈၁ ဦး တွင် ၁၁၂ ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိုင် ရောဂါလက္ခဏာ မပြသူများဖြစ်သည်။ လက္ခဏာ မပြသည့် အဆိုပါ လူနာများကို စစ်ဆေးခဲ့ဖြစ်ခြင်းမှာ သူတို့က ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့သူများဖြစ်သောကြောင့် ဖြစ်သည်။

“ရောဂါလက္ခဏာ မပြသတဲ့သူတွေက ဆေးရုံကို သွားမှာမဟုတ်တဲ့အတွက် မစစ်ဆေးနိုင်ပါဘူး။ အဲ့ဒါက စိန်ခေါ်မှု တခုပါ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မေလ ၇ ရက်နေ့က “COVID-19 တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ ပြုလုပ်သည့် ဆွေးနွေးခန်း တခုတွင် ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး ကလည်း ပြည်သူလူထုအတွင်း ရောဂါပိုးကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသသူများ (သို့မဟုတ်) သာမာန်ရောဂါလက္ခဏာများသာ ရှိသူများ (silent carriers) ရှိနေနိုင်ကြောင်း မကြာခဏဆိုသလို သတိပေးစကားပြောသည်။

ရောဂါကူးစက်မှုများကို ပိုမို ဖော်ထုတ်နိုင်ရန်နှင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်မှုက အရေးကြီးသော်လည်း တိုင်းပြည်တွင် ကိုဗစ်-၁၉ အတွက် ဗိုင်းရပ်စ် စစ်ဆေးမှု ပြုလုပ်ရန် ထောက်ကူ ပစ္စည်းများ မထုတ်လုပ်နိုင် ခြင်းကြောင့် ဓာတ်ခွဲစစ်ဆေးမှု စွမ်းရည်က အကန့်အသတ် ရှိသည်ဟု ဒေါက် တာ ခင်ခင်ကြီးက ပြောသည်။

“ကျန်းမာရေးစနစ်ကောင်းတယ်ဆိုတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ကိုဗစ်-၁၉ ကို ရင်ဆိုင်တာမှာ အခက်အခဲတွေတွေ့နေရချိန်မှာ ကျမတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေက စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေကို ပိုမို ရင်ဆိုင်နေရပါတယ်” ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် အတည်ပြုပြီးဖြစ်သော ကိုဗစ်-၁၉ လူနာများနှင့် အနီးကပ်ထိတွေ့မှုရှိသူများ၊ ပြည်တွင်းပြည်ပခရီးသွားလာထားခြင်း ရာဇဝင်ရှိသည့်အတွက် quarantine စင်တာများတွင် သီးခြားထားရှိပြီး အသွားအလာကန့်သတ်ထားသူများ၏ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း အတွင်းကိုသာ စစ်ဆေးပေးနိုင်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးခန်းတွင် ပါဝင်ခဲ့သူတဦးက မြန်မာနိုင်ငံ၏ လူဦးရေ မည်မျှ ကိုဗစ်-၁၉ ကူးစက်မည်၊ မည်မျှ သေဆုံးသွားနိုင်သည်ဟု ခန့်မှန်းထားတာ ရှိပါသလားဟု မေးမြန်းသည့်အခါတွင် ဒေါက်တာခင်ခင်ကြီးက ကြိုတင်ခန့်မှန်းသည့် စာရင်းဇယားများကို တွက်ချက်ရန် ပုံသေနည်းများ ရှိသော်လည်း ၎င်းတို့သည် အတိအကျမမှန်နိုင်ဟု ပြောသည်။ ထို့ပြင် ထိုသို့ပုံသေနည်းဖြင့် တွက်ချက်နိုင်ရန် စမ်းသပ်မှု များများလုပ်နိုင်ရန် လိုပြီး နိုင်ငံ၏ စမ်းသပ်နိုင်မှုက အကန့်အသတ်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံတွင် ထိုပုံသေနည်းများ အသုံးပြု၍ မရနိုင်ဟု သူက ပြောသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ၏လူဦးရေ ၅၄.၄ သန်းအနက် ၁၀၀၄၂ ဦး ကိုသာ COVID-19 အတွက် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဒေါက်တာ ခင်ခင်ကြီးက မေလ ၇ ရက်နေ့ ဆွေးနွေးမှုတွင် ပြောသည်။

“ကျမတို့က အခုအချိန်မှာ လူ ၁ သန်းမှာ ၁၈၈ ဦးကိုသာ စမ်းသပ်နိုင်ပါသေးတယ်” ဟု သူက ဆိုသည်။ မေလ ၇ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ၁၀ ရက်အတွင်း နောက်ထပ် ၃၉၅၇ ဦးကို စစ်ဆေးခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကို ယခင်ကထက် တိုးမြှင့်စစ်ဆေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ ထို့အပြင် မန္တလေးမြို့၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းများတွင် ရောဂါပိုးစစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

မိမိတွင်လည်းကောင်း အခြားသူတွင်လည်းကောင်း ရောဂါလက္ခဏာမပြသဘဲ ရောဂါပိုးရှိနိုင်ပြီး ကူးစက်နိုင်ခြင်းများကြောင့် မိမိမှတဆင့် ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် အိမ်ပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း mask များ တပ်ဆင်ဖို့ကိုလည်း တိုက်တွန်းထားသည်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုအတွင်း mask တင်ဆင်သွားလာမှုများပြားလာရေးအတွက် ပညာပေး လှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိသည်။

တိုင်းနဲ့ ပြည်နယ်အစိုးရများကလည်း mask မပါဘဲ အိမ်ပြင်ထွက်သူများကို ဒဏ်ငွေ ၅၀၀၀ ရိုက်ကာ တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်။

မေလ ၁၇ ရက် နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ် လူနာ ၁၈၂ ယောက် ရှိပြီး ၎င်းတို့ အနက်မှ အခြားရောဂါ များနှင့်လည်း ဆက်နွယ်နေသည့် အခြေအနေရှိသူ လူနာ ၆ ဦး သေဆုံးခဲ့ပြီး ပြန်လည်သက်သာလာပြီး ရောဂါပိုးကင်းစင်သူ ၉၅ ဦးရှိသည်။

ဒေါက်တာခင်ခင်ကြီးက ကြိုတင်ကာကွယ်မှု အစီအစဉ်များကို လိုက်နာ ဆောင်ရွက်ခြင်းသည် ရောဂါကိုထိန်းချုပ်ရန် ပြည်သူများ ပြုလုပ်နိုင်သည့် အရေးအပါဆုံး အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လူအများစုက ရောဂါကို မကြောက်ကြတော့တဲ့ ပုံမျိုး ရှိပါတယ်။ အလွန်အမင်း မကြောက်ရွံ့ဖို့ အရေးကြီးပေမယ့် ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာရေးက ဒါကိုထိန်းချုပ်ရာမှာ အထူး အရေးကြီးပါတယ်။”

You may also like these stories:

အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်

ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ ဘယ်လိုဖွင့်မှာလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စိတ်ကျန်းမာရေး အကျပ်အတည်းဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

မေ့ဆေးဆရာဝန်တွေက ကျမကိုသင်ခန်းစာယူပြီး အတတ်နိုင်ဆုံး ပြင်ဆင်နေကြပါတယ်

]]>
ဒေါ်မြင့်မြင့်စိန်ဖြစ်ရပ်က ကျန်းမာရေးလုပ်သားများဘဝကို မီးမောင်းထိုးပြနေ https://burma.irrawaddy.com/article/2020/05/02/221863.html Sat, 02 May 2020 10:07:00 +0000 https://burma.irrawaddy.com/lytbox/?p=221863 မေ့ဆေးဆရာဝန် ဒေါ်မြင့်မြင့်စိန်“ကျမကို အင်အားပေးတာက ကျမ ကုသပေးခဲ့တဲ့ လူနာတွေပါ … ကျမ ကျိန်းသေတယ်။ ပြန်ကောင်းလာမှာပါ”]]> မေ့ဆေးဆရာဝန် ဒေါ်မြင့်မြင့်စိန်

သေဆုံးနိုင်သည့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်သည်ကို သိသော်လည်း ရောဂါပြင်းထန်သော အခြေအနေရောက်နေသည့် လူနာကို ကယ်တင်ရန် အသက် ၅၈ နှစ်အရွယ် မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မျက်နှာအကာအကွယ်ကို ချွတ်လိုက်ပြီး အသက်ရှူပိုက်ထည့်ဖို့ ကြိုးစားခဲ့သည်။ သိုသော် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါအမျိုးအစားကို ခံစားနေရသည့် အဆိုပါလူနာသည် နောက်ပိုင်းတွင်သေဆုံးခဲ့ပြီး ဒေါက်တာမြင့်မြင့်စိန်သည်လည်း ကိုဗစ်-၁၉ တိုက်ပွဲအတွင်း ပထမဆုံးကူးစက်ခံခဲ့ရသည့်ဆရာဝန် ဖြစ်လာခဲ့သည်။

“လူနာ အသက်ရှူပိုက်ထည့်ဖို့ လိုအပ်ချိန်မှာ Video laryngoscope (လေပြွန်တွင်းကြည့်ကိရိယာ) မရှိ၊ PPE (တကိုယ်ရည်ကာကွယ်ရေးဝတ်စုံ) ကလည်း ဝတ်ထားရတော့ အသက်ရှူပိုက်ထည့်ဖို့ မမြင်ရတဲ့အတွက် ကျမ eye shield ကိုဖယ်ပြီး ကြိုးစားပါတယ်”  ဟု မေ့ဆေးဆရာဝန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဧပြီလ ၂၈ ရက် အင်္ဂါနေ့က ပြုလုပ်သည့် ဗီဒီယို ကွန်ဖရင့်တွင် သူ ရောဂါကူးစက်ခံခဲ့ရပုံကို ပြောပြသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်တိုင်း အသီးသီးမှ ကိုဗစ်-၁၉ ကာကွယ်ကုသတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများနှင့် ဗီဒီယိုကွန်ဖရင့်များကို ပုံမှန်ပြုလုပ်ခဲ့သည်။ အင်္ဂါနေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာဒေါ် မြင့်မြင့်စိန်နှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်ကောင်းမွန်လာပြီဖြစ်သည့် ချင်းပြည်နယ်မှ တဦးနှင့် မန္တလေးတိုင်းမှ တဦးတို့နှင့် ဆွေးနွေးခဲ့သည်။ ဒေါက်တာမြင့်မြင့်စိန်က သူမ ယခု တက်ရောက်ကုသခံလျက်ရှိသည့် ရန်ကုန် ဝေဘာဂီဆေးရုံ လူနာအခန်းကနေ ပါဝင်ဆွေးနွေးခဲ့သည်။

ထိုဗီဒီယို ဆွေးနွေးပွဲအတွင်း ဒေါက်တာမြင့်မြင့်စိန်သည် ပဲခူးတိုင်း ပြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို သူ၏အဖွဲ့ငယ်လေးက ကုသပေးရာတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်တိုက်ပွဲအတွက် သူ၏ အကြံဉာဏ်များကို ပြောပြခဲ့သည်။ သူသည် ကျန်းမာရေးဝန်ထမ်းများ လက်တွေ့တွင် အမှန်တကယ် လိုအပ်နေသည့်အချက်များကို မီးမောင်းထိုးပြနိုင်ခဲ့သည်။

အခြား တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ ကို ရှေ့တန်းက တိုက်ပွဲဝင်နေသည့် သူ၏လုပ်ဖော်ကိုင်ဖက်များ ဆေးပစ္စည်းအထောက်အပံ့ လိုအပ်ချက်ကြောင့် သူ့လို ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ကြောင်းပြောခဲ့သည်။

“Video laryngoscopes က ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာ မရှိမဖြစ်ပစ္စည်းပါပဲ။ အဲ့ဒါမရှိရင်တော့ လက်နက်မရှိပဲ စစ်တိုက်ရတာနဲ့တူပါတယ်” ဟု ယခု ကိုဗစ်-၁၉  အတည်ပြုလူနာတဖြစ်လဲ ဒေါက်တာ ဒေါ်မြင့်မြင့်စိန်က နိုင်ငံတော် အတိုင်ပင်ခံကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံနှင့် ဗီဒီယိုကွန်ဖရင့်ဆွေးနွေးဝိုင်းတွင် တွေ့ရသော ဒေါက်တာဒေါ်မြင့်မြင့်စိန်

ပဲခူးတိုင်းတွင် အကြီးဆုံး ဆေးရုံများအနက်တခုဖြစ်သော်လည်း ပြည် ကုတင် ၅၀၀ ဆေးရုံတွင် မေ့ဆေးဆရာဝန် နှစ်ဦးသာရှိပြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်နှင့် လက်ထောက်တဦးတို့သာ ဖြစ်သည်။ ထိုဆေးရုံသည် ၎င်း၏ အထူးကြပ်မတ်ကုသဆောင်အတွက် စနစ်တကျ လေ့ကျင့်ပေးထားသည့် ဝန်ထမ်းလည်း မရှိသည့်အတွက် သူ၏လက်ထောက်နှင့် သူနာပြုအနည်းငယ် ပါသော အဖွဲ့ငယ်ကသာ ထိုဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများကို ကုသရန် ရုန်းကန်ခဲ့ကြရသည်။

N 95 နှာခေါင်းစည်းနှင့် PPE ဝတ်စုံ လိုအပ်တဲ့စစ်ဆေးမှုတွေအပါအဝင် အသုံးပြုပုံများကို ကျန်းမာရေးဝန်ထမ်းများကို “ပွဲမဝင်ခင် အပြင်က ကျင်းပ” သည့်အနေနှင့် ကောင်းကောင်း လေ့ကျင့်ပေးမှုများ လိုအပ်ကြောင်း ဒေါက်တာမြင့်မြင့်စိန်က ထောက်ပြသည်။

အရေးကြီးသည့် လေ့ကျင့်မှုများ လုံလောက်စွာ မရှိခဲ့ခြင်းက ကျန်းမာရေးဝန်ထမ်းများ တကယ်လုပ်ဆောင်ရာတွင် ထိုအကာအကွယ်ပစ္စည်းများက အကာအကွယ်ပေးခြင်းထက် ဒုက္ခရောက်စေနိုင်ကြောင်း သူက ပြောသည်။ ဆွေးနွေးပွဲတလျှောက် ဖျားနာနေသေးသည့် ဒေါက်တာမြင့်မြင့်စိန်သည် မကြာခဏဆိုသလို ချောင်းဆိုးနေသည်။

နိုင်ငံတဝန်းရှိဆေးရုံများတွင် ဆေးဝါးပစ္စည်းနှင့် ဝန်ထမ်းလိုအပ်ချက်များ ရှိနေသည်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားသည်။ ရေရှည်တွင် ကျန်းမာရေးပညာရှင်များ လုံလောက်စွာ ခန့်ထားနိုင်ရေးနှင့် လေ့ကျင့်ပေးရေးအပါအဝင် ဆေးရုံများကို လိုအပ်သည့် အဆင့်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ သို့သော် ယခုလတ်တလော ကိုဗစ်-၁၉  တိုက်ပွဲအတွက်မူ နိုင်ငံ၏ ရှိသည့်အရင်းအမြစ်ကို အကောင်းဆုံး အသုံးချနိုင်ရန် ကြိုးစားနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါက်တာမြင့်မြင့်စိန်က ဆေးပစ္စည်းအထောက်အပံ့နှင့် ဝန်ထမ်းအင်အား မလုံလောက်မှုများအပါအဝင် အခက်အခဲ စိန်ခေါ်မှုများကို ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားချစ်ခင်မှုမှုဖြင့် ခွန်အားယူကာ အမှာစကားများကို အမှန်တကယ် လိုက်နာနိုင်ရန် အမြဲကြိုးစားခဲ့ကြောင်း ပြောသည်။ နိုင်ငံခေါင်းဆောင်သည် လေးလံသော ဝန်ကို ထမ်းနေချိန်တွင် မိမိကလည်း အကောင်းဆုံး လုပ်ဆောင်ရမည်ဟု ကိုယ့်ကိုယ်ကို အမြဲပြောခဲ့ကြောင်းပြောသည်။

သို့သော် ပွင့်လင်းမှုနှင့် ပညာရှင်ပီသမှုကြောင့် လုပ်ဖေါ်ကိုင်ဖက်များအကြား လေးစားခံရသည့် မေ့ဆေးဆရာဝန်သည် အစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကိုလည်း ဝေဖန်ရန် တုံ့ဆိုင်းနေခြင်း မရှိခဲ့။

ပြည်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပြင်းထန်လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်(ICU) ကို အသင့်ပြင်ထားရန် သက်ဆိုင်ရာ အာဏာပိုင်များအား ဖေဖေါ်ဝါရီလကတည်းက စတင်တွန်းအားပေးခဲ့သော်လည်း ခပ်ကျဉ်းကျဉ်းနှင့် အလင်းရောင် အားနည်းသည့် ကြပ်မတ်ကုသဆောင်ကို ဧပြီလအစောပိုင်းက ပြည်ဆေးရုံသို့ ပထမဆုံး ကိုဗစ်-၁၉ လူနာရောက်မလာမီ ညကမှသာ တတ်သုတ်ရိုက်၍ ပြင်ဆင်မှုပြီးခဲ့ကြောင်း သူ ပြောသည်။

၂၀၁၉ မတ်လအတွင်း ပြည်ဆေးရုံရောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာဒေါ်မြင့်မြင့်စိန်

ကိုဗစ်-၁၉ လူနာများနှင့်ပတ်သက်သည့် ကျန်းမာရေးအာဏာပိုင်များ၏ ညွှန်ကြားချက်အချို့သည်လည်း ရှင်းလင်းမှုမရှိသောကြောင့် လက်တွေ့အောက်ခြေတွင် ကုသနေရသူများအတွက် အခက်အခဲများဖြစ်စေကြောင်း ပြောသည်။

“အုပ်ချုပ်ရေးပိုင်းမှာလည်း ဗဟိုဦးစီးစနစ်ကြောင့် ICU တည်ဆောက်တာမှာ နှောင့်နှေးရတာတွေရှိသလို ကုသမှုပိုင်းမှာလည်း meeting ဖွဲ့လိုက်တဲ့အတွက် တဦးကို တဦးစောင့်ပြီး အောက်ခြေမှာ လုပ်ရတဲ့သူတွေက ဘာဆက်လုပ်ရမလဲ မသိဖြစ်တာတွေ ရှိပါတယ်” ဟုလည်း သူ ပြောသည်။ အထက်မှ အောက်သို့လာသော နိုင်ငံ၏ ကျန်းမာရေးစနစ်သည် လေးစားမှုထက် အထက်ကိုကိုးကွယ်နေရသည့် သဘော ပိုမိုသက်ရောက်နေကြောင်းလည်း သူထောက်ပြသည်။ ကုသမှုအပိုင်းတွင် ပိုမိုကျစ်လစ်သည့်အဖွဲ့နှင့် လွတ်လွတ်လပ်လပ် အလျင်အမြန် ဆုံးဖြတ်ချက်များ ချခွင့်ရှိရန် အရေးကြီးကြောင်း အကြံပေးခဲ့သည်။

ရန်ကုန်ဝေဘာဂီဆေးရုံကို ဧပြီလ ၁၂ရက်နေ့တွင် ပို့ခံရပြီး ပထမအပတ်တွင် အသက်ရှူကြပ်သည်မှလွဲ၍ ကိုဗစ်-၁၉  ရောဂါလက္ခဏာများအားလုံး ခံစားခဲ့ရကြောင်းလည်း ဒေါက်တာဒေါ်မြင့်မြင့်စိန်ပြောသည်။ စကားမပြောနိုင်ဘဲ အကူအညီမပါလျင် မတ်တပ်မရပ်နိုင်ခဲ့ကြောင်း ပြောသည်။ ဆေးရုံတွင် သုံးပတ်နေပြီးသည့်တိုင် ရောဂါပိုးတွေ့ရှိနေသေးကြောင်း စမ်းသပ်မှုများက ပြသနေဆဲဖြစ်သည်။

သို့သော် မေတ္တာစိတ်၊ အကောင်းမြင်စိတ်များကို မွေးမြူခြင်းက အင်အားဖြစ်ကာ သက်သာစေကြောင်း၊ ထို့ကြောင့် ယခု သီချင်းဆိုနိုင်၊ ယောဂလုပ်နိုင်၊ ယခုကဲ့သို့ စကားပြောလာနိုင်လာခဲ့သည်ဟု ဝေမျှခဲ့သည်။

“ကျမကို အင်အားပေးတာက ကျမ ကုသပေးခဲ့တဲ့ လူနာတွေပါ … ကျမ ကျိန်းသေတယ်။ ပြန်ကောင်းလာမှာပါ” ဟု ဒေါက်တာဒေါ်မြင့်မြင့်စိန်ပြောသည်။

(San Yamin Aung ၏ Doctor-Turned-COVID-19 Patient Sheds Light on Myanmar Health Care Workers’ Struggle  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ

ကိုဗစ်-၁၉ အတွက် တရုတ်က ကမ္ဘာကို လျော်ကြေးပေးရန် မြန်မာကက်သလစ်သာသနာပိုင် ပြော

ဒီပိုးကူးစက်မှုက အတော်လေးကြောက်ဖို့ ကောင်းတယ်

]]>