ဟင်္သာနီ (မွန်မြေ), Author at ဧရာဝတီ https://burma.irrawaddy.com/author/8452 Covering Burma and Southeast Asia Sun, 16 Jul 2023 18:06:15 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဟင်္သာနီ (မွန်မြေ), Author at ဧရာဝတီ https://burma.irrawaddy.com/author/8452 32 32 ကျိုက်ထီးရိုးဘုရား အလှူငွေရရှိမှု ၄ ဘီလီယံခန့် တိုးလာ https://burma.irrawaddy.com/news/2017/10/28/145165.html Sat, 28 Oct 2017 01:30:42 +0000 https://burma.irrawaddy.com/lytbox/?p=145165 ကျိုက်ထီးရိုး စေတီတော်သို့ လာရောက် ဖူးမြော်ကြသူများ (ဓာတ်ပုံ- ဟင်္သာနီ (မွန်မြေ)/ဧရာဝတီ)တောင်ဖွင့် ရာသီ ၂၀၁၇ - ၂၀၁၈ ၌မူ ဘုရားဖူး ဦးရေပေါင်း သိန်း ၄၀ ကျော် လာရောက် နိုင်မည်ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့တို့မှ ခန့်မှန်း ထားသည်။]]> ကျိုက်ထီးရိုး စေတီတော်သို့ လာရောက် ဖူးမြော်ကြသူများ (ဓာတ်ပုံ- ဟင်္သာနီ (မွန်မြေ)/ဧရာဝတီ)

ကျိုက်ထီးရိုး တောင်တက်လမ်း တလျှောက် ကန်ထရိုက်စနစ်ဖြင့် ချထားပေးသည့် ပုဂ္ဂလိက အလှူခံများက ဘုရားဖူး များထံမှ အဓမ္မ အလှူခံမှုကြောင့် ကျိုက်ထီးရိုး ဘုရား ပုံရိပ်အား ထိခိုက်၍ ယင်းစနစ်အား ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အလှူငွေ ရရှိမှု ကျပ် ၄ ဘီလီယံ ခန့် တိုးလာကြောင်း သိရသည်။

“အရင်တုန်းက ကန်ထရိုက် ပေးထားတာ။ မုဆိုးတောင်တို့ ဘာတို့မှာ ပြင်ပကို လေလံ ပေးထား တာပေါ့ အလှူခံတွေ ကောက်ခံတာတွေ တအား များတယ် ဆိုတဲ့ ပုံရိပ်ကြောင့် တနိုင်ငံလုံးက စိတ်ညစ်နေရတယ် ၊ အခုတော့ အဲဒါ တွေကို ဖျက်သိမ်း လိုက်ပြီး သဒ္ဓါတရား ရှိသလောက်ပဲ လှူကြဖို့ ရွှေဆိုင်းတို့ ၊ ပင်မတို့၊ ခေါင်းလောင်းတို့ ဒီအလှူခံ တွေပဲ ထားတော့တယ်” ဟု ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျိုက်ထီးရိုး ဘုရား ဂေါပကဟောင်းအား ဖျက်သိမ်း၌ ဂေါပက အသစ်အား စတင် ဖွဲ့စည်းခဲ့စဉ်က ဂေါပကဟောင်းမှ စာရင်းအပ်သည့် ကျိုက်ထီးရိုး ဘုရား ဘဏ္ဍာငွေမှာ ၁ ဘီလီယံ ကျော်သာ ရှိခဲ့သည်။

ဂေါပကသစ် တာဝန်စတင် ယူခဲ့ချိန် ၂၀၁၆ ခုနှစ် စက်တင်ဘာမှ ၂၀၁၇ ခုနှစ် တောင်ပိတ်ရာသီ မေလ အထိ ဘဏ္ဍာငွေ ၄ ဘီလီယံကျော် တိုးတက် ရရှိခဲ့ပြီး လက်ရှိတွင် စုစုပေါင်း ဘဏ္ဍာ ၅ ဘီလီယံကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုး ဘုရား ဘဏ္ဍာတော် အတွက် ထိုအလှူခံဌာနများနှင့် ဇုန်ဝင်ကြေး များမှ အဓိက ဘဏ္ဍာငွေ ရရှိနေရာ လက်ရှိ ၂၀၁၇-၂၀၁၈ တောင်ဖွင့်ရာသီ အစ၌ပင် ဘဏ္ဍာငွေ ကျပ် ၅ ဘီလီယံကျော် ရှိနေပြီ ဖြစ်ကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ဆိုပါသည်။

“ခရီးသွားလာတဲ့ လူတွေ အတွက်ကတော့ အတင်း အလှူခံ တာကတော့ သဒ္ဓါတရား ရှိတဲ့ အခါလည်း ရှိတာပေါ့၊ မရှိတဲ့ အခါလည်း မရှိဘူးပေါ့။ သဒ္ဓါတရား ဆိုတာ အမြဲတမ်း မရှိနိုင်ဘူးလေ။ အလှူခံတွေကိုတော့ အပြစ် ပြောလို့တော့ မရဘူး ပေါ့။ ဒါပေမယ့် ဘုရားဖူးတွေ ရှေ့မှာ အတင်း ခွက်ထိုးပြီး အလှူခံ တာတို့ ဘာတို့ ကျတော့ အနှောင့်အယှက်တော့ ဖြစ်တာပေါ့” ဟု ကျိုက်ထီးရိုး ဘုရားအား နှစ်တိုင်း နီးပါး လာရောက် ဖူးမြော်သည့် ရန်ကုန်တိုင်း သာကေတ မြို့နယ်နေ ဒေါ်အေးမြင့်က ပြောသည်။

ကျိုက်ထီးရိုး ဘုရား ဂေါပက အသစ် လက်ထက်တွင် ကြည်ညိုဖွယ် မရှိသည့် အလှူခံပုဂ္ဂိုလ် ရသေ့၊ ရဟန်း ၊ ဖိုးသူတော် များအားလည်း တောင်ပေါ် ပရဝုဏ်၌ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ပြီးခဲ့သည့် တောင်ဖွင့် ရာသီ အစ၌ပင် ထိုကဲ့သို့ အလှူခံသည့် ရသေ့၊ ရဟန်း၊ ဖိုးသူတော် စုစုပေါင်း ၁၄ ဦးအား ခံဝန် ကတိရေးထိုး စေ၍ သင်္ကန်း ချွတ်ခြင်း၊ နေရပ် ပြန်ပို့ ခြင်းတို့ လုပ်ဆောင် ခဲ့ပြီး ဖြစ်သည်။

“မနှစ်က တောင်ဖွင့် ရာသီနဲ့ ဒီနှစ် တောင်ဖွင့် ရာသီ ဘုရားဖူး လူဦးရေ နှိုင်းယှဉ် ရင် ဒီနှစ် သီတင်းကျွတ် လပြည့်နေ့ည တောင်ဖွင့် ရာသီမှာ ဘုရားဖူး လူဦးရေ မတရားများတယ်၊ အောက်မှာလည်း ကားလမ်းတွေ ပိတ်သလို အပေါ်မှာလည်း လူတွေ ပိတ်ကျပ် နေတယ်။ တောင်ဖွင့်ရာသီ ရက်မှာတင် ဘုရားဖူးပေါင်း မရှိဘူး ဆိုရင် ၃ သိန်းလောက် ရှိမယ်” ဟု ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

ကျိုက်ထီးရိုး ဘုရား၏ တောင်ဖွင့် ရာသီသည် နှစ်စဉ်၏ သီတင်းကျွတ် လပြည့်နေ့တွင် စတင်ကာ ကဆုန်လပြည့်နေ့၌ အဆုံးသတ်လေ့ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ – ၂၀၁၇ ခုနှစ် စာရင်းအရ ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းနှင့် နိုင်ငံခြားသား ဦးရေ စုစုပေါင်း ၂၈ သိန်းခန့် လာရောက် လည်ပတ် ခဲ့ကြောင်း၊ ယခု တောင်ဖွင့် ရာသီ ၂၀၁၇ – ၂၀၁၈ ၌မူ ဘုရားဖူး ဦးရေပေါင်း သိန်း ၄၀ ကျော် လာရောက် နိုင်မည်ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့တို့မှ ခန့်မှန်း ထားသည်။

]]>
အဓမ္မ ခိုးယူ ပေါင်းသင်းမှုဖြင့် “ခွန်တန်” ကို အမှုဖွင့် https://burma.irrawaddy.com/news/2017/10/25/145060.html Wed, 25 Oct 2017 12:57:47 +0000 https://burma.irrawaddy.com/lytbox/?p=145060 လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ခွန်တန် ဆိုသူ၏ ပုံ“ခွန်တန်” ခေါ် “ဇာတ်လိုက်” အား အလံတရာ သာသနာ့ နယ်မြေ၊ ဗုဒ္ဓ သစ္စာ ရပ်ကွက်နေ ဦးဝင်းညွန့်က တရားလိုပြု လုပ်၍ ၎င်း၏သမီး ၂ဦးကို အလိုမတူဘဲ အဓမ္မခိုးယူ ပေါင်းသင်းမှုဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မွန် ပြည်နယ် သထုံမြို့မ ရဲစခန်း၌ အမှုဖွင့်လိုက်သည်။]]> လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ခွန်တန် ဆိုသူ၏ ပုံ

“ခွန်တန်” ခေါ် “ဇာတ်လိုက်” အား အလံတရာ သာသနာ့ နယ်မြေ၊ ဗုဒ္ဓ သစ္စာ ရပ်ကွက်နေ ဦးဝင်းညွန့်က တရားလိုပြု လုပ်၍ ၎င်း၏သမီး ၂ဦးကို အလိုမတူဘဲ အဓမ္မခိုးယူ ပေါင်းသင်းမှုဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မွန် ပြည်နယ် သထုံမြို့မ ရဲစခန်း၌ အမှုဖွင့်လိုက်သည်။

ဦးဝင်းညွန့်၏ သမီး ၂ဦးအား မိဘများ အလို မတူဘဲ အဓမ္မခိုးယူ ပေါင်းသင်းခဲ့သည့် စွဲချက်ဖြင့် ခွန်တန် အပါအဝင် ၇ ဦး တို့ကို ဦးဝင်းညွန့်က အမှုဖွင့်ခြင်း ဖြစ်ပြီး ခွန်တန် လက်ချည် (လက်ထပ်) ခဲ့သည့် အမျိုးသမီးများ၏ မိဘများ အနေ နှင့် ပထမဆုံး အကြိမ်အဖြစ် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နစ်နာ သူက တိုင်ကြားရင်တော့ ရဲကျင့်ထုံး ဥပဒေ ပုဒ်မ ၁၅၄ အရ ကျနော်တို့ ဖွင့်ပေးရတယ်၊ ကျင့်ထုံး ဥပဒေ ၁၅၄ မှာ ကာလ စည်းကမ်းသတ် မရှိဘူးဗျ၊ သူတို့ကို ပုဒ်မ ၃၆၃ ၊ ၃၆၆၊ ၁၁၄ (အားပေးကူညီမှု) ဒီ ပုဒ်မ ၃ ခုနဲ့ ဖခင်ဖြစ်တဲ့ ဦးဝင်းညွန့် က မနေ့ ညနေက လာဖွင့်ထားတယ်” ဟု သထုံမြို့မ ရဲစခန်းမှ ဒုရဲမှူး မောင်မောင်က ဧရာဝတီသို့ ပြော သည်။

ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ လူခိုးမှုသည် အများဆုံး ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၆၆ အဓမ္မ ခိုးယူ ပေါင်းသင်း ထိမ်းမြား ခြင်းသည် အများဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံရနိုင်ကြောင်းလည်း သိရှိရသည်။

ရဲစခန်း တိုင်ချက်တွင် ဦးဝင်းညွန့်၏ သမီးအငယ် မ ——— ၁၅ နှစ်အား “ခွန်တန်” ၏ နိဗ္ဗာန်ဆော် အောင်မြတ်စိုး ၊ လူပျိုခေါင်း ဝင်းဗိုလ် (ဇာတ်လိုက်၏ ညာလက်ရုံးဟု ဆိုသူ) တို့က “ ခင်ဗျား ထီပေါက်ပြီ ခွန်တန် ၊ ဇာတ်လိုက် က ခင်ဗျား သမီး မ —— ကို လက်ထက်မယ်” ဟု ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လာရောက် ပြောဆိုခဲ့စဉ် ဦးဝင်းညွန့်က ၎င်း၏ သမီးသည် အသက် ၁၅ နှစ်သာ ရှိသဖြင့် လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ပါရှိသည်။

သို့သော် နောက် ၃ ရက် အကြာတွင် ခွန်တန်၏ မွေးစာ ဖခင် အိမ်၌ ထိုဦးညွန့်ဝင်း၏ သမီးအား ခေါ်ယူ ထားသည်ဟု သိရှိခဲ့ရာ ဦးဝင်းညွန့်မှ ဇရစ်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ထံသို့ သွားရောက် ပြောကြား ပြီးနောက်မှသာ ၎င်း၏ သမီးကို အိမ်ပြန် ပို့ပေးခဲ့သည်ဟုလည်း ရဲစခန်း တိုင်ချက်တွင် ဖော်ပြထားသည်။

နောက်တနေ့၌မူ မ—– ပအို့ဝ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက် ချိန်၌ ခွန်တန်နှင့် အပေါင်း အပါ များက မ ———- ကို ကားဖြင့် တောင်ကြီးသို့ ခေါ်ဆောင် သွားခဲ့ကာ ရက် ၂၀ ကြာမှ အလံတရာသို့ ပြန်လည် ရောက်ရှိလာပြီး ၎င်း၏ သမီး မ ————-နှင့် လက်ချည် (လက်ထပ်) ပွဲ ပြုလုပ် ခဲ့ရကြောင်းလည်း ဦးဝင်းညွန့် ၏ ရဲစခန်း တိုင်ကြားချက်များအရ သိရှိရသည်။

၂၀၁၄ ခုနှစ် အတွင်းကလည်း ဦးဝင်းညွန့် ၏ သမီးအကြီး ဖြစ်သူကို မိဘများ အလိုမတူဘဲ အဓမ္မ ခိုးယူ ပေါင်းသင်းမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒုရဲမှူး မောင်မောင်က “အမှု တည်ဆောက်ဖို့ လိုသွားပြီ၊ သက်သေ အထောက်အထားတွေ ရှာဖွေပြီးတော့ ဆက်လက် စုံစမ်း ဖမ်းဆီးပြီး တရားစွဲတင် သွားဖို့ ဆက်လက် လုပ်ဆောင် နေတယ်၊ တရားလိုရဲ့ တိုင်တန်းချက်ကို ထောက်ခံ ထွက်ဆိုမယ့် သက်သေ အားနည်းခြင်း အားသာခြင်း ကတော့ တိုင်တန်းသူ အပိုင်း ဖြစ်သွားပြီ”ဟု ပြောသည်။

“ခွန်တန်” ထိုကဲ့သို့ လက်ထပ် ပေါင်းသင်း ခဲ့သည့် အမျိုးသမီးငယ် ၈ ဦး၊ ၉ ဦးခန့် ရှိကြောင်း ဇရစ်ချောင် အုပ်ချုပ်ရေး မှူး ဦးသန့်ဇင်က အောက်တိုဘာ ၂၄ ရက်နေ့၌ ဧရာဝတီက သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အမျိုးသမီးငယ်များအား တလ ခန့်သာ နေထိုင် ပေါင်းသင်းကြောင်းလည်း ဇရစ်ချောင် အုပ်ချုပ်ရေးမှူးက ဆိုသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ဧရာဝတီက အလံတရာ နယ်မြေ အတွင်း ၆ ရပ်ကွက်ရှိ ခွန်တန်နှင့် လက်ချည် ခဲ့ သည့် တခြားသော အမျိုးသမီး နှစ်ဦးနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ရာတွင် ၎င်းတို့ လက်ချည်ပြီးနောက် ခွန်တန်နှင့် လင်မယား အရာမြောက် ပေါင်းသင်း နေထိုင်ခဲ့ရခြင်းမရှိဟု ပြောကြားသည်။

ခွန်တန်နှင့် ပတ်သက်ပြီး ရဲစခန်းသို့ သွားရောက်၍ ပထမဆုံး အမှုဖွင့်ခဲ့သည့် ဦးဝင်းညွန့်အား အောက်တိုဘာ ၂၄ ရက် နေ့တွင် ဧရာဝတီက ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပါ။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့၌ ဦးဝင်းညွန့်က “ခွန်တန် ခေါ် ဇာတ်လိုက်ကို ကျနော့် သားမယားတွေက အသက်ရော အရှက်ရော ပေးထားတယ် ဆိုတော့ ဖြစ်လာရင် သူတို့က မသိဘူး ပြောမယ်၊ အသားကိုတောင် လက်နဲ့ မထိဘူး ပြောမယ်၊ သူတို့က ထုတ်မပြောတော့ ကျနော်က အမှုဖွင့်ဖို့ မလွယ်ဘူး”ဟု ဧရာဝတီကို ထုတ်ဖော် ပြောကြား ထားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကလည်း အလံတရာ နယ်မြေ အတွင်း၌ အမျိုးသမီးငယ်များအား အဓမ္မ လက်ထပ် ထိမ်းမြားခြင်း ပြုလုပ်နေသည့် အဆိုပါ “ခွန်တန်” ခေါ် “ဇာတ်လိုက်” ကျူးလွန်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ကာယကံရှင်များ ကိုယ်တိုင် ထုတ်ဖော် ပြောကြား နိုင်ခြင်း မရှိသဖြင့် ကိုင်တွယ်ရန် ခက်ခဲနေကြောင်း မွန်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ မျာအား အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။

]]>
“ခွန်တန်” ခေါ် “ဇာတ်လိုက်” အား ဖမ်းဝရမ်း ထုတ်ထားခြင်း မရှိသေး https://burma.irrawaddy.com/news/2017/10/23/144919.html Mon, 23 Oct 2017 11:03:18 +0000 https://burma.irrawaddy.com/lytbox/?p=144919 ခွန်တန် ခေါ် ဇာတ်လိုက် ခေါ် ဓမ္မရာဇာသည် ထွက်ပြေးတိမ်းရှောင်နေသည်။ခွန်တန်အား ဖမ်းဝရမ်း ထုတ်ခြင်း မရှိသေးဘဲ အလံတရာ စေတီဂေါပက အဖွဲ့ဝင် ၅ ဦး ကိုသာ ဖမ်းဝရမ်း ထုတ်ထားပြီး ရဟန်း ၂ ပါးအား ထပ်မံ၍ ဝရမ်းထုတ် ဖမ်းဆီးနိုင်ရေး စီစဉ်နေ]]> ခွန်တန် ခေါ် ဇာတ်လိုက် ခေါ် ဓမ္မရာဇာသည် ထွက်ပြေးတိမ်းရှောင်နေသည်။

ခွန်တန် ခေါ် ဇာတ်လိုက် အား ဖမ်းဝရမ်း ထုတ်ခြင်း မရှိသေးဘဲ အလံတရာ စေတီဂေါပက အဖွဲ့ဝင် ၅ ဦး ကိုသာ ဖမ်းဝရမ်း ထုတ်ထားပြီး ရဟန်း ၂ ပါးအား ထပ်မံ၍ ဝရမ်းထုတ် ဖမ်းဆီးနိုင်ရေး စီစဉ်နေကြောင်း မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မီတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ဧရာဝတီသို့ ပြောသည်။

“အခု လက်ရှိ အစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့ အထဲမှာ ခွန်တန် မပါဘူး၊ ဘာဖြစ်လို့ ကျမ ပြတ်ပြတ် သားသား ပြောနိုင်လဲ ဆိုတော့ တိုင်ကြားတဲ့ သူတွေက စတင်ပြီးတော့ တိုင်ကြားတဲ့ အချိန်မှာ ဂေါပက အဖွဲ့ကိုပဲ တိုင်တာ၊ ခွန်တန် မပါဘူး” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဧရာဝတီ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

အလံတရာ သာသနာ့ နယ်မြေ အတွင်း၌ အမျိုးသမီး ငယ်များအား အတင်း အဓမ္မ ဖြားယောင်းလက်ထပ်ခြင်း ပြုလုပ် နေသည့် အဆိုပါ “ခွန်တန်” ခေါ် “ဇာတ်လိုက်” ကျူးလွန် ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ကာယကံရှင်များ ကိုယ်တိုင် ထုတ်ဖော် ပြောကြားခြင်း မရှိသဖြင့်လည်း အမှုဖွင့် နိုင်ရန် ခက်ခဲနေသည်။

“ကျနော် အမှုဖွင့်ဖို့ ဆိုတာ မိဘ အုပ်ထိန်းသူ တယောက်အနေနဲ့ပဲ အမှုကို တည်ဆောက်လို့ မရဘူး၊ ခွန်တန် ခေါ် ဇာတ်လိုက်ကို ကျနော့် သားမယားတွေက အသက်ရော အရှက်ရော ပေးထားတာ။ ဖြစ်လာရင် သူတို့က မသိဘူး ပြောမယ်၊ အသားကိုတောင် လက်နဲ့ မထိဘူး ပြောမယ်။ သူတို့က ထုတ်မပြောတော့ ကျနော်က အမှုဖွင့်ဖို့ မလွယ်ဘူး” ဟု မိမိ၏ သမီး ၂ ဦးအား ခွန်တန်နှင့် လက်ချည်၍ ပေးစားခဲ့သည့် ကာယကံရှင်များ၏ ဖခင် ဖြစ်သူ ဦးဝင်းညွှန့်က ဧရာဝတီသို့ ရှင်းပြသည်။

ထိုသို့ လက်ချည် ပြီးနောက်တွင် ခွန်တန်သည် ၎င်း၏ သမီး နှစ်ဦးအား ရှမ်းပြည်နယ်သို့ ၁၀ ရက်ခန့် ခေါ်ဆောင် သွားကြောင်းနှင့် ၎င်းနေထိုင်သည့် ရပ်ကွက် တခုတည်း၌ပင် ထိုသို့ ခွန်တန်နှင့် လက်ချည်၍ လက်ဆက်ခဲ့သူပေါင်း ၇ ဦး ရှိကြောင်း ဦးဝင်းညွှန့်က ဧရာဝတီကို ရှင်းပြသည်။

“တချို့မိဘ တွေဆိုရင် သူတို့ သမီးတွေကို ခွန်တန်က တော်မကောက်လို့ ဆိုပြီး စိတ်တောင်ဆိုးကြတယ်” ဟု ဦးဝင်းညွှန့်က ဆက်ပြောသည်။

လူမိုက်ဂိုဏ်း ဆန်ဆန် ပြုမူ နေထိုင် လာသည့် ခွန်တန်

သထုံမြို့မ ရဲစခန်း စခန်းမှူး ရဲအုပ် မောင်မောင် ကလည်း “ဒီကိစ္စနဲ့ ပတ်သက်လို့ အမှုဖွင့်ရင် ကျနော်တို့ မြို့မ ရဲစခန်းကိုပဲ လာပြီး အမှုဖွင့် ရမှာပါ၊ ကျနော် စတင်ပြီး ဒီကို ပြောင်းလာတဲ့ အခု အချိန် ၂ လ အတွင်းမှာ ဒီလို ကိစ္စ အတွက် လာရောက် အမှုဖွင့်တာ တခုမှ မရှိသေး ပါဘူး၊ ပြီးခဲ့တဲ့ မှတ်တမ်းတွေ အရလည်း မရှိ ခဲ့ပါဘူး၊ အကယ်၍ သူတို့ အမှုဖွင့်ရင် ကျနော်တို့က ဖွင့်ပေး ရမှာပေါ့” ဟု ရဲအုပ်မောင်မောင်က ဧရာဝတီသို့ ပြောကြားသည်။

သာသနာရေး ဦးစီးဌာန၏ ခွင့်ပြုချက် မရှိဘဲ ပြီးခဲ့သည့် မေလခန့်မှ စ၍ အလံတရာ စေတီတော်အား ရွှေတိဂုံ စေတီတော် ပုံစံတူ စေတီ အဖြစ် ပြန်လည် ပြုပြင်ခြင်းများကို လုပ်ဆောင်ခဲ့သည့် အတွက် ပြည်နယ် အစိုးရနှင့် သာသသနာရေး ဦးစီးဌာနတို့က တားမြစ် ခဲ့သော်လည်း အလံတရာ စေတီ ဂေါပကများက ဆက်လက် ပြင်ဆင် ခဲ့ကြသည်။

ထို့ကြောင့် သြဂုတ်လက သာသနာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဓမ္မစက်ဖြင့် တားဆီး၍ မရသည့် အပေါ် အာဏာစက် ဖြင့် တားဆီးရန် လုပ်ဆောင်ခဲ့ပြီး ထိုဘုရား ပြုပြင်မည့် ခွန်တန်အား ထောက်ခံသည့် ဂေါပက အဖွဲ့ ၇ ဦးအား အရေးယူနိုင်ရန် စတင် လုပ်ဆောင် ခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ သြဂုတ်လ အစည်အဝေး ဆုံးဖြတ်ချက်ဖြင့် ထိုဂေါပက အဖွဲ့ဝင် ၇ ဦးအား ဖမ်းဆီးရန် ဖမ်းဝရမ်း ထုတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဂေါပက အဖွဲ့ဝင် ၅ ဦးအား လက်ရှိတွင် သထုံထောင်၌ ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း၊ ရသေ့ ဦးစံသိန်းနှင့် ရဟန်း တပါးအား ဆက်လက် ထိန်းသိမ်းရန် သာသနာရေး ဝန်ကြီးဌာန ထံမှ ခွင့်ပြုချက် တောင်းခံထားဆဲ ဖြစ်ကြောင်း သိရသည်။

သာသနာရေး ဦးစီးဌာန၏ ခွင့်ပြုချက် မရှိဘဲ အလံတရာ စေတီတော်အား ရွှေတိဂုံ စေတီတော် ပုံစံတူ စေတီ အဖြစ် ပြန်လည် ပြုပြင်ခဲ့

ထိုအချိန်မှ စ၍ အလံတရာ သာသနာ့ နယ်မြေ အတွင်း ၆ ရွာမှ လူများက အလံတရာ ဆရာတော် ဝင်စားသည် ဟု ဆိုသူ၊ သူ့ကိုယ်သူ ဘုရားအလောင်း ဖြစ်သည်ဟု ဆိုသူ ခွန်တန် ခေါ် ဇာတ်လိုက် ခေါ် ဓမ္မရာဇာသည် ထွက်ပြေးတိမ်းရှောင်နေပြီး ရှမ်းပြည်နယ်၊ ဟိုပုံး မြို့သို့ ထွက်ပြေးနေသည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့က ယူဆ ထားသည်။

အလံတရာ သာသနာ့ နယ်မြေ အတွင်းရှိ ဇရစ်ချောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အားလည်း မုဒိန်းမှု တခုကို လူမှုရေး အရ ကြားဝင် ညှိနှိုင်း ပေးခဲ့ခြင်း၊ သက်သေခံပစ္စည်း ဖျက်ဆီးမှု တခု၌ သက်ဆိုင်ရာ အာဏာပိုင်များသို့ အစီရင်ခံခြင်း မရှိဘဲ ကြိတ်၍ ဖြေရှင်း ပေးခဲ့ခြင်း စသည့် အချက် များဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ဇရစ်ချောင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှာ ယခင်က ကတိ ခံဝန်ချက် ရေးထိုး၍ သတိပေးခံထားရသူ ဖြစ်သည်။

]]>
ထွက်ပြေးသွားသည့် “ခွန်တန်” ကို ဖမ်းဆီးနိုင်ရန် ရှမ်းပြည်နယ်အစိုးရနှင့်ညှိနှိုင်းနေ https://burma.irrawaddy.com/news/2017/10/20/144710.html Fri, 20 Oct 2017 05:59:14 +0000 https://burma.irrawaddy.com/lytbox/?p=144710 "ခွန်တန်" ဟု ဆိုသူအား တွေ့ရစဉ်  ( / အောင်လေးအသိပညာ နည်းကြတော့ ဒေသခံ တွေကလည်း သူက ဘုရားလောင်းမို့ အဲဒီလို ပန်းဦး ဆက်ရင် သိန္ဓိမြောက်တယ် ဆိုပြီး ယုံကြည် နေကြတယ်၊ မိဘများသည် လည်းပဲ ယုံကြည်မှု မလွန်ကဲ ပါစေနဲ့၊ ခြိမ်းခြောက်တိုင်း မကြောက်ပါနဲ့လိုတော့ မှာချင်တယ်]]> "ခွန်တန်" ဟု ဆိုသူအား တွေ့ရစဉ်  ( / အောင်လေး

အလံတရာ ဆရာတော် ပြန်လည် ဝင်စားသူဟု ဆိုပြီး မိမိကိုယ်ကိုယ် ဘုရားလောင်းဟု သတ်မှတ် ထားသူ “ခွန်တန်” အား ဖမ်းဆီး နိုင်ရန် အတွက် ပြည်နယ် အစိုးရမှ ဆောင်ရွက် နေစဉ် ထွက်ပြေး တိမ်းရှောင် သွားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုပါသည်။

လက်ရှိတွင် “ခွန်တန်” ခေါ် “ဇာတ်လိုက်” ဆိုသူသည် ရှမ်းပြည်နယ် ဟိုပုံးသို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟု သတင်း ရရှိထားပြီး ၎င်းအား ဖမ်းဆီး ရမိနိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ် ဆောင်ရွက် နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

“မွန်ပြည်နယ် အစိုးရ အဖွဲ့ ကက်ဘိနက် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သာသနာ ညှိးနွမ်းစေမှု ပုဒ်မနဲ့ ဖမ်းခိုင်းတာ၊ ခွန်တန် ထွက်ပြေး လွတ်မြောက် သွားတယ်၊ ကျန်တဲ့လူတွေ မိထားတယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

“ခွန်တန်” ဆိုသူသည် ၎င်းကိုယ်ကို ဘုရားလောင်း အဖြစ် ခံယူ ထားပြီး ဒေသခံများအားလည်း ၎င်းအား ဘုရားလောင်း ဖြစ်ကြောင်း ကိုးကွယ် ယုံကြည် လာစေရန် အမျိုးမျိုး ပြုမူ ပြောဆိုပြီး တချိန်ချိန်တွင် တောထွက်မည် ဖြစ်၍ တောမထွက် မှီတွင် အမျိုးသမီး ငယ်များနှင့် ပေါင်းသင်း ဆက်ဆံ နေထိုင်ခြင်းသည် သိန္ဓိတင်သည်ဟု ဒေသခံများအား ယုံကြည် စေခဲ့သည်။

အရွယ် မရောက်သေးသည့် အမျိုးသမီးငယ် များအား သားမယား အဖြစ် ပေါင်းသင်း နေထိုင်ပြီး ဒေသခံများ အခေါ်အဝေါ် အရ ပန်းဦးဆက်ပေးရကာ ထိုသို့ ပြုလုပ် နေသည်မှာလည်း ၅ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်ကလည်း ပြောသည်။

“ကျမတို့ကို လာရောက် တိုင်ကြားတဲ့ တိုင်ကြားစာ တွေထဲမှာ မိဘ ကိုယ်တိုင် တိုင်တာ ပါတယ်။ ဒါကြောင့်မို့လည်း ဒီအကြောင်းအရာကို ရဲရဲတင်းတင်း ကိုယ်တွယ်တာပါ” ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။

အလံတရာ ဆရာတော် ဝင်စားသူ ဖြစ်၍ အလံတရာ သာသနာ့နယ်မြေသည် ၎င်းပိုင်မြေ ဖြစ်၍ ဤမြေပေါ်တွင် နေထိုင် လိုပါက မိမိအား ပန်းဦး ဆက်စေရန် လည်းကောင်း၊ ဆင်းရဲ နွမ်းပါး သူများအား အခကြေးငွေ မက်လုံး ပေး၍ ပန်းဦး ဆက်စေရန် လည်းကောင်း ၊ ပန်းဦး မဆက်နိုင်ပါက သာသနာ့ နယ်မြေအတွင်း နေထိုင်ခွင့် မပြုဟု ခြိမ်းခြောက်၍ လည်းကောင်း အမျိုးမျိုး ပြုလုပ်ကာ အရွယ် မရောက်သေးသည့် အမျိုးသမီး ငယ်များအား အဓမ္မ ပေါင်းသင်း နေထိုင် ခဲ့ကြောင်း သိရသည်။

“အသိပညာ နည်းကြတော့ ဒေသခံ တွေကလည်း သူက ဘုရားလောင်းမို့ အဲဒီလို ပန်းဦး ဆက်ရင် သိန္ဓိမြောက်တယ် ဆိုပြီး ယုံကြည် နေကြတယ်၊ မိဘများသည် လည်းပဲ ယုံကြည်မှု မလွန်ကဲ ပါစေနဲ့၊ ခြိမ်းခြောက်တိုင်း မကြောက်ပါနဲ့လိုတော့ မှာချင်တယ်” ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။

ထိုကဲ့သို့ အမျိုးသမီးငယ်များအား အဓမ္မ ပေါင်းသင်း နေထိုင် နေသည့် “ခွန်တန်” အား ဖမ်းဆီးရမိ နိုင်ရေး အတွက် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ သံဃာများ ပါဝင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့၍ ကနဦး လေ့လာ စုံစမ်း ခဲ့ပြီးနောက် ဓမ္မစက်ဖြင့်လည်း နှစ်ကြိမ် တိုင်တိုင် သတိပေး ခဲ့ပြီး မလိုက်နာသည့် အဆုံး၌ အာဏာစက် သုံး၍ ဖမ်းဆီး နိုင်ရန်အတွက် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီး နိုင်ရန် ကြိုတင် ဆောင်ရွက် နေစဉ်၌ ကြိုတင် သတင်းပေါက်ကြားမှုကြောင့် ခွန်တန်မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးဇံက ရှင်းပြသည်။

ခွန်တန်၏ လှုပ်ရှားမှု များအား လေ့လာ စုံစမ်း ခဲ့သည့် သထုံ မဲဆန္ဒနယ်မှ နယ်မြေခံ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်၊ မွန်ပြည်နယ် လွှတ်တော်၏ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မီတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့မှလည်း ၎င်းတို့အား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများ ခံခဲ့ရကြောင်း ပြောသည်။

“သတ်မယ်ဖြတ်မယ် ဆိုပြီး အွန်လိုင်းကနေ ခြိမ်းခြောက်တယ်၊ ကျမ တယောက်တည်း မဟုတ်ပါဘူး ၊ ပအိုဝ့်တိုင်းရင်းသား ရေးရာ ဝန်ကြီးဆီကိုလည်း ခြိမ်းခြောက် တာတွေ ရှိနေပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ခွန်တန်” အား ပန်းဦး ဆက်ရသည့် ဓလေ့သည် မရှိသင့်တော့သည့် မကြားဝံမနာသာ ဓလေ့ တခု ဖြစ်ကာ ၎င်းကိစ္စအား မွန်ပြည်နယ် အစိုးရနှင့် ညှိနှိုင်း၍ သေချာပေါက် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု သာသနာရေးရာ ဝန်ကြီး သူရ ဦးအောင်ကိုက ဧရာဝတီ၏ နေပြည်တော်၌ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြား ပေးခဲ့သည်။

“ခွန်တန်” သည် သထုံ ဒေသခံ မဟုတ်ပဲ ရှမ်းပြည်နယ်မှ လာရောက်သူ ဖြစ်ပြီး အလံတရာ ဆရာတော် ပျံလွန် တော်မူပြီးနောက် ၎င်းကိုယ်ကို ဆရာတော် ဘုရား ဝင်စား သူဟု အလံတရာ သာသနာ့ နယ်မြေတွင်း နေထိုင်သူများအား အယုံသွင်းခဲ့သည်။

၎င်းသည် ဘုန်ကြီးဝတ် ၊ လူဝတ် အမျိုးမျိုးဖြင့် နေထိုင် နေပြီး အလံတရာ နယ်မြေမှ အရွယ် မရောက် သေးသည့် အမျိုးသမီး ငယ်မျာအား ပေါင်းသင်း နေထိုင်ခြင်း ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါး မှီဝဲခြင်း ၊ ရောင်းဝယ် ဖောက်ကားခြင်း များကို လူငယ် များဖြင့် ဂိုဏ်းဖွဲ့ကာ ဆောင်ရွက် နေသည်ဟု စုံစမ်း သိရှိ ခဲ့သဖြင့် ပြည်နယ် အစိုးရမှ ဖမ်းဆီး နိုင်ရန် စတင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

]]>
မွန်ပြည်နယ် အကြောင်းပြပြီး ထိုင်းမှာ ငွေလိမ်မှုတွင် “နိုင်ဝိမွန်”ဆိုသူ ပါဝင် https://burma.irrawaddy.com/news/2017/10/19/144630.html Thu, 19 Oct 2017 02:30:56 +0000 https://burma.irrawaddy.com/lytbox/?p=144630 ထိုင်းနိုင်ငံသားများကို မိမိသည် ထိုင်းတော်ဝင် မျိုးနွယ်မှ ဖြစ်သည်ဟု နိုင်ဝိမွန်က အယုံသွင်းခဲ့သည်လက်ရှိတွင် နိုင်ဝိမွန်သည် မြန်မာနိုင်ငံ၌ ပုန်းအောင်း ခိုလှုံနေဆဲ ဖြစ်သည်ဟု ယူဆနေကြသည်။]]> ထိုင်းနိုင်ငံသားများကို မိမိသည် ထိုင်းတော်ဝင် မျိုးနွယ်မှ ဖြစ်သည်ဟု နိုင်ဝိမွန်က အယုံသွင်းခဲ့သည်

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံရန် အကြောင်းပြပြီး ထိုင်းနိုင်ငံတွင် ငွေအကြီးအကျယ် လိမ်ညာမှု၌ ပါဝင်ကာ ယခုအခါ မြန်မာပြည်ထဲတွင် ပုန်းအောင်းနေသည်ဟု ယူဆရသော ဗမာအမည် ကျော်မြင့်ဦး၊ ထိုင်းအမည် ချောင် ထပ်ယိုထင် မဟာထုံဆိုသူသည် “နိုင်ဝိမွန်”ပင် ဖြစ်ရမည်ဟု ၎င်းနှင့် နီးစပ်သူ မွန်တိုင်းရင်းသားများက ယုံကြည်ယူဆနေကြသည်။

မြန်မာနိုင်ငံ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဘတ် ၅၀၀ ဘီလီယံ တန်ဖိုးရှိ အကြီးစား စီမံကိန်းကြီး တည်ဆောက်မည်ဆိုကာ ဘတ် ၃၀၀ မီလီယံ ရင်းနှီးမြှုပ်နှံရန် လိမ်လည်ခြင်းခံရသောကြောင့် စုံစမ်း စစ်ဆေးပေးပါရန် ထိုင်းစီးပွားရေးသမားများက ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ဌာန(DSI) ထံ ဝိုင်းဝန်းတိုင်ကြားခဲ့ကြောင်း အောက်တိုဘာလ ၁၁ ရက် ဘန်ကောက်မှ လာသော သတင်းများက ဆိုခဲ့သည်။ ငွေလိမ်မှုမှာ ပြီးခဲ့သည့် ၂ နှစ်ကတည်းက စတင်ခဲ့ပြီး ယင်းတို့အထဲတွင် လေဆိပ်တခုနှင့် အစိုးရ အဆောက်အဦ တခု အပါအဝင် အသေးစား စီမံကိန်းပေါင်း ၇၈ ခု ရှိကြောင်း၊ ထိုင်းကုမ္ပဏီ ၁၂၀၀ ကျော်ကို ပါဝင်ရင်းနှီးမြှုပ်နှံရန် ဆွယ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ဗမာအမည် ကျော်မြင့်ဦး၊ ထိုင်းအမည် ချောင် ထပ်ယိုထင် မဟာထုံ၊ မွန်နာမည် နိုင်ဝိမွန်

ယင်းအရှုပ်တော်ပုံတွင် ပါဝင် ပတ်သက်သည်ဟု သံသယ ရှိသောကြောင့် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ငွေကြေးခဝါချမှုနှင့် ရာဇဝတ်ဂိုဏ်း တခု ထူထောင်လုပ်ကိုင်မှု စွဲချက်သစ်များဖြင့်ပင် ထပ်မံ တရားစွဲဆို လိုက်ကြောင်း အောက်တိုဘာ ၁၂ ရက် ဘန်ကောက်ပို့စ် သတင်းတရပ်က ဖော်ပြခဲ့သည်။ ဘန်ကောက်အခြေစိုက် Hujjee အမည်ရှိ စီးပွားရေးအုပ်စု၏ အမျိုးသမီး ဥက္ကဋ္ဌ အသက် ၆၈ နှစ် အရွယ်ရှိ ဆူပက်သာ ချန်တာရန်စီ (Supattha Chantarangsi) သည် လိမ်လည်မှုနှင့် ကွန်ပျူတာစနစ်တွင် သတင်းအချက်အလက်မှားများ ထည့်သွင်းမှုတို့ဖြင့် စွဲဆိုထားခံရရာမှ အထက်ပါ စွဲချက်သစ်များနှင့် ထပ်မံရင်ဆိုင်ရခြင်း ဖြစ်သည်။

ဆူပက်သာကို ထိုင်းနိုင်ငံ အမှတ် ၁၁ တပ်မတော်က ဖမ်းဆီးမိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရန် အတွက် DSI သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဆူပက်သာသည် ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သံသယရှိသူ အဆင့်မြင့် ရဲအရာရှိများ၊ စစ်ဘက် အရာရှိများနှင့် မီဒီယာများ ပါဝင်သည့် နိုင်ငံစုံ ရာဇဝတ်ဂိုဏ်းကို ဦးဆောင်ခဲ့သည် ဟု ယူဆရကြောင်း ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ဒုညွန်မှူး ရဲမှူး ဆူရီယာ စင်ဟာကမို (Suriya Singhakamol) က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။

မွန်ဘုရင်မ ရှင်စောပု မျိုးဆက်ဟု နိုင်ဝိမွန်က လက်မှတ်ထိုးထားသည်

အထက်ပါ ရင်းနှီးမြှုပ်နှံမှု အရှုပ်တော်ပုံမှာ သူ့ကိုယ်သူ မွန်ဘုရင်မ ရှင်စောပုထံမှ ဆင်းသက်လာသူ မင်းမျိုးမင်းနွယ်ဟု လိမ်ညာခဲ့သော ကျော်မြင့်ဦး ခေါ် ချောင် ထပ်ယိုထင် မဟာထုံက Hujjee အုပ်စုနှင့် ပူးပေါင်းပြီး အမှန်တကယ် မရှိဘဲ မြန်မာ အာဏာပိုင်များက ၎င်းတို့အား ချထားပေးခဲ့သည်ဆိုသော စီမံကိန်း ၇၈ ခုတွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်ကို လိမ်လည် လှည့်စားခဲ့ကြောင်း ထိုင်းနိုင်ငံ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (CSD) ယာယီ အကြီးအကဲ ရဲမှူးကြီး မိုင်ထရီ ချင်းချာတ်က ပြောသည်။

ကျော်မြင့်ဦး ခေါ် ချောင် ထပ်ယိုထင် မဟာထွန်းကို မြန်မာအာဏာပိုင်များက လိုက်လံရှာဖွေနေသည် ဟု ထိုင်းရဲအရာရှိများက ပြောသော်လည်း ဧရာဝတီက ယင်းအမှုနှင့်ပတ်သက်၍ စုံစမ်းသောအခါ နေပြည်တော်ရဲတပ်ဖွဲ့က မည်သည့်အကြောင်းကြားချက်မျှ ထိုင်းဘက်က ဆက်သွယ်မှု မရရှိသေးကြောင်းနှင့် မွန်ပြည်နယ် ရေးမြို့နယ်တွင် ဖြစ်ပွားသဖြင့် ရေးမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရန် ပြောဆိုသည်။ သို့သော် ရေး မြို့နယ် ရဲတပ်ဖွဲ့ထံမှလည်း အထက်ပါ ငွေလိမ်လည်မှုနှင့် ပတ်သက်ပြီး မည်သည့် သဘောထားမှတ်ချက်မျှ မရနိုင်ခဲ့ပါ။

ထိုင်းအရာရှိများဝတ်ဆင်သော ယူနီဖောင်းများဖြင့် မွန်ဘုန်းတော်ကြီးများအား တွေ့ဆုံနေသော နိုင်ဝိမွန်

ဧရာဝတီမှ စုံစမ်းသိရှိရသမျှ မွန်လူမျိုးစု တိုင်းရင်းသားအသိုင်းအဝိုင်းက အဆိုပါ လိမ်လည်မှုတွင် အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ဆူပက်သာ ချန်တာရန်စီနှင့် အတူ ပူးတွဲပါဝင်နေသူ ကျော်မြင့်ဦး ခေါ် ချောင် ထပ်ယိုထင် မဟာထုံ ဆိုသူမှာ မွန်အမည် နိုင်ဝိမွန်ဆိုသူပင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။

၂၀၁၃ ခုနှစ် ဇွန်လ အတွင်း ကင်ဆာ ရောဂါဖြင့် ကွန်လွန်သွားသည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ရော့စ၏ ဈာပန အခမ်းအနားအား ဘုရားသုံးဆူမြို့ အနီးရှိ ဂျပန်ရေတွင်း ကျေးရွာ၌ ကျင်းပခဲ့စဉ် အဆိုပါ နိုင်ဝိမွန် ဆိုသူသည် ထိုင်းတော်ဝင် မျိုးနွယ်မှ ဗိုလ်ချုပ် အဆင့်ရာထူးရှိ ဝတ်စုံကို ဝတ်ဆင်၍ လာရောက် ဂါရဝ ပြုရာ မွန်ပြည်သစ် ပါတီ၏ တပ်ဖွဲ့ဝင် များက မောင်းထုတ် ခဲ့ဖူးကြောင်း ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မီတီဟောင်း နိုင်တလညီက ဧရာဝတီကို ပြောသည်။

“နိုင်ဝိမွန် ခင်ဗျား ဘယ်သူလဲ ဆိုတာ လူတိုင်း သိတယ်၊ ခင်ဗျား လာပြီး လိမ်လည် ဟန်ဆောင် နေဖို့ မလိုဘူး ဆိုပြီး ကျနော်တို့ လူတွေက သူ့ကို မောင်းထုတ်လိုက်တယ်” ဟု နိုင်တလညီက ပြောသည်။

နိုင်ဝိမွန်အား မွန်လူမျိုးများ ရန်ကုန် လေဆိပ်တွင် လာရောက် ကြိုဆိုသည့် အွန်လိုင်းတွင် ပျံ့နှံ့ နေသည့် ဓာတ်ပုံမှာလည်း တမင်တကာ ထိုသို့ ထင်မြင် စေရန် အခကြေးငွေ ပေး၍ ရေးမြို့နယ် အတွင်းရှိ လူခံများအား စီစဉ် ခိုင်းခဲ့ကြောင်း ပြောဆိုမှုများ ရှိနေရာ လေဆိပ်သို့ သွားရောက် ကြိုဆိုသည့် လူငယ် မောင်မယ်များ၊ ရာမည ဟိုတယ်သို့ လာရောက်၍ ၎င်းအား ဝန်းရံသည့် အင်အား အဖြစ် ပြသ ထားသည့် လူငယ် မောင်မယ် များအား အခကြေးငွေ ပေးခဲ့ခြင်း ရှိမရှိ ဧရာဝတီက စုံစမ်းရာ ပွဲအား ကမကထပြု စီစဉ်ပေးသူတို့က ၎င်းတို့၏ ဖုန်းများကို ပိတ်ထားကြသည်။ နိုင်ဝိမွန်နှင့် သိကျွမ်းသော အခြားမိတ်ဆွေများကလည်း နိုင်ဝိမွန်အကြောင်း ဖြေကြားရန် ဧရာဝတီ၏ မေးမြန်းစုံစမ်းမှုကို ငြင်းဆိုခဲ့ကြသည်။

ထိုင်းရဲတပ်ဖွဲ့ အရာရှိကြီးများ၏ ယူနီဖောင်းဖြင့် နိုင်ဝိမွန်ကို တွေ့ရစဉ်

ထိုင်းနိုင်ငံရောက် မွန်လူမျိုးများနှင့် လုပ်ငန်းရှင်များကိုလည်း မိမိသည် ထိုင်းတော်ဝင် မျိုးနွယ်မှ ဖြစ်သည်ဟု လိမ်လည်တတ်သော နိုင်ဝိမွန်သည် တနင်္သာရီတိုင်း ရေဖြူ မြို့နယ် အတွင်းရှိ ကျောက်တောင်း ကျေးရွာ၌ မွေးဖွားခဲ့သူ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောကြသည်။ နိုင်ဝိမွန်၏ မိခင်သည် ဗုဒ္ဓဘာသာဝင် မွန်လူမျိုးတဦး ဖြစ်ကာ သံဖြူဇရပ် မြို့နယ် အတွင်းရှိ ဝါခရူ ကျေးရွာမှ ဖြစ်ပြီး ၎င်း၏ ဖခင်မှာ အစ္စလာမ် ဘာသာဝင် တဦး ဖြစ်ကြောင်း၊ မိခင်ဘက်မှ မိဘအသိုင်းအဝိုင်းက သဘောမတူသဖြင့် ၎င်း၏ မိခင် ဖခင် နှစ်ဦးမှာ တနင်္သာရီတိုင်း ရေဖြူ မြို့နယ် အတွင်းရှိ ကျောက်တောင်း ကျေးရွာသို့ ပြောင်းရွှေ့ အခြေချကြောင်း၊ ၎င်းအား ထိုကျောက်တောင်း ကျေးရွာ၌ပင် မွေးဖွားခဲ့ကြောင်း မွန်နိုင်ငံရေးသမားများနှင့် ရပ်ရွာရှိ လူကြီးသူမများက ပြောဆိုကြကာ ထိုင်းအာဏာပိုင်များ၏ နိုင်ဝိမွန်အကြောင်းနှင့် စပ်လျဉ်းသည့် မှတ်တမ်း၌လည်း ထိုအတိုင်းပင် ဖော်ပြထားသည်။

နိုင်ဝိမွန်သည် ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူနှင့် ထိုင်းဘက်ကမ်း နယ်စပ်မြို့ စံခလပူရီ အကြားတွင် လှုပ်ရှားတတ်ပြီး တခါတရံ ထိုင်းနိုင်ငံ ဗန်ကောက် ၊ မဟာချိုင် ၊ ဖစ်ပူရီ ၊ ဟတ်ယိုင်၊ ဖူးကက် စသည့် မွန်လူမျိုး ရွှေ့ပြောင်း လုပ်သားများ နေထိုင်တတ်သည့် မြို့များသို့လည်း သွားရောက်တတ်ကာ ၎င်းကိုယ်ကို ထိုင်းတော်ဝင် မျိုးနွယ်မှ ဖြစ်သည်ဟု ပြောဆို လိမ်လည်တတ်ကြောင်း မွန်သတင်းရင်းမြစ်များက ပြောဆိုသည်။ ထိုင်းနိုင်ငံရောက် မွန်လူမျိုးများ ကျင်းပသည့် တပို့တွဲ လဆုတ် ၁ ရက်နေ့ မွန်အမျိုးသားနေ့ အခမ်းအနား များအားလည်း ထိုင်းတော်ဝင် မိသားစုများ ဝတ်ဆင်တတ်သည့် ဝတ်စုံ အဖြူကို စမတ်ကျစွာ ဆင်မြန်း၍ တက်ရောက်ကြောင်း ဓာတ်ပုံမှတ်တမ်းများက ပြနေသည်။

ထိုင်းလုံခြုံရေးယူနီဖောင်းများဖြင့် ရောက်လာသူများကို ရန်ကုန်လေဆိပ်တွင် မွန်ရွာသားများက ကြိုဆိုနေပုံ

၎င်းသည် စီးပွားရေး လုပ်ငန်းများ မယ်မယ်ရရ လုပ်ကိုင်ခြင်း မရှိပဲ လိမ်လည် လှည့်ဖျား၍သာ နေထိုင် ခဲ့ပြီး ရှေးဟောင်း ပစ္စည်းများ ရှာဖွေခြင်း၊ ဖိုထိုးခြင်း၊ သိုက်တူးခြင်း ၊ ဂါထာ မန္တာန် ဗေဒင် ဟူရားများ လေ့လာခြင်း ၊ လောကီ အတတ်ပညာဖြင့် ဆေးကု ခြင်းများသာ လုပ်ဆောင်သည်ဟု နီးစပ်သူများက ဆိုသည်။ ထိုင်းနန်းတွင်း တော်ဝင်မျိုးဆက်မှ မွန်သွေးပါသူ မိမိကိုယ် မိမိ အမြဲ ပြောဆို တတ်သူ နိုင်ဝိမွန်သည် ဤမျှလောက် နိုင်ငံကျော်အောင် လိမ်လည်သည့် အမှု၌ ပါဝင် ပတ်သက် နေကြောင်းကို ၎င်းနှင့် နီးစပ်သူများက မယုံချင် ယုံချင်နှင့် လက်ခံခဲ့ကြရသည်။

နိုင်ဝိမွန် ဘုရားသုံးဆူမြို့သို့ ရောက်လျှင် သွားရောက် ထိုင်နေကြ လက်ဖက်ရည်ဆိုင်မှ ဆိုင်ပိုင်ရှင် အဘိုင်မှာ ဤသတင်းကို တအံ့တသြ ဖြစ်ရကြောင်း ဧရာဝတီကို ပြောသည်။

“သတင်းထဲမှာ တွေ့ပြီး အဲလိုတွေ ပြောနေတော့ ကျနော်တို့ အံသြ နေကြတယ်ပေါ့နော်။ သူက ဘုရားသုံးဆူ ရောက်ရင် ကျနော့်ဆိုင်မှာ လက်ဖက်ရည် လာသောက်တယ်။ သူ့သူငယ်ချင်း မိတ်ဆွေ တွေနဲ့ လာတယ်၊ သူ့မိန်းမနဲ့ ကလေး တွေလည်း တခါတလေ ပါတယ်။ သူ့လာတာ ကားအကောင်းစား ကြီးတောင် မဟုတ်ဘူး ဝီဂိုး (Toyota Vigo) တံခါး တပေါက်ခွဲ နဲ့ပဲ လာတာ” ဟု ကိုအဘိုင်က ပြောသည်။

လက်ရှိတွင် နိုင်ဝိမွန်သည် မြန်မာနိုင်ငံ၌ ပုန်းအောင်း ခိုလှုံနေဆဲ ဖြစ်သည်ဟု ယူဆနေကြပြီး အချို့က ရန်ကုန်ု၌ဟု လည်းကောင်း ၊ မွန်ပြည်နယ် အတွင်းရှိ မုဒုံမြို့၌ ဟူ၍ လည်းကောင်း ပုန်းရှောင်နေသည်ဟု ထင်ကြေးပေးနေကြသည်။

နိုင်ဝိမွန် ယခင်က နှစ်လ ရှည်ကြာ ကျင်လည် ကျက်စား ဖူးသည့် ဘုရားသုံးဆူ၌မူ နယ်မြေကျဉ်းပြီး လူတိုင်းက သူ့ကို သိရှိ နိုင်သည့် အနေအထားဖြစ်နေ၍ ပုန်းအောင်း နိုင်ဖွယ် မရှိဟု ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ကြသူများက ဧရာဝတီသို့ သုံးသပ် ပြောဆိုထားပါသည်။

]]>
တနင်္သာရီ ဝန်ကြီးချုပ်နှင့် ဝန်ကြီးနှစ်ဦး နှုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲ ဖျက်သိမ်း https://burma.irrawaddy.com/news/2017/10/18/144620.html Wed, 18 Oct 2017 09:26:08 +0000 https://burma.irrawaddy.com/lytbox/?p=144620 ဆန္ဒပြရန် လူစုဝေး နေမှုအား ရဲများမှ လာရောက်၍ တားဆီး နေစဉ်  (ဓာတ်ပုံ - ဉာဏ်လှိုင်း)ထားဝယ်မြို့ ဆန်းချီနှင့် ကမြောကင်း ကြား ပြုလုပ်မည့် ထားဝယ် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ဧရိယာ၌ အကျုံးဝင်နေသည့် လယ်ယာမြေကိစ္စ ကျေလည်အောင် ဖြေရှင်းမပေးနိုင်သည့် အတွက် လူစုကာ ဆန္ဒပြရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။]]> ဆန္ဒပြရန် လူစုဝေး နေမှုအား ရဲများမှ လာရောက်၍ တားဆီး နေစဉ်  (ဓာတ်ပုံ - ဉာဏ်လှိုင်း)

တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ၊ စည်ပင် သာယာရေးဝန်ကြီးတို့ နှုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြမည့် အစီအစဉ်အား လူစုပြီးမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။

ထားဝယ်မြို့ ဆန်းချီနှင့် ကမြောကင်း ကြား ပြုလုပ်မည့် ထားဝယ် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ဧရိယာ၌ အကျုံးဝင်နေသည့် လယ်ယာမြေကိစ္စ ကျေလည်အောင် ဖြေရှင်းမပေးနိုင်သည့်အတွက် လူစုကာ ဆန္ဒပြ ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ မရီရီထွေးက “နောက်ဆုံးအခြေအနေမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူ တဦး အနေနဲ့ အဲဒီလို လုပ်ရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ် ၊ ဆူပူမှု ဖြစ်မယ် ၊ ဒေသလုံခြုံရေး ပျက်ပြားနိုင်တယ်ဆိုတာကြောင့် ကျမတို့ ခေါင်း ဆောင်တွေ ဆုံးဖြတ်ချက် ပြည်သူလူထုတွေနဲ့ ညှိနှိုင်းမှုအရ ဒီအတိုင်း ဆိုင်းဘုတ်ကိုင်ပြီး မထွက်ရရင် မထွက်တော့ ဘူး ဆိုပြီး ဆုံးဖြတ် လိုက်တယ်” ဟု မရီရီ ထွေးက ဧရာဝတီကို ပြောသည်။

ယနေ့နံနက်တွင် ဆန္ဒပြရန် လူ ၂၀၀ ကျော်ခန့် စုဝေးခဲ့ပြီးမှ ကိုင်ဆောင်သည့် ဆိုင်းဘုတ်နှင့် ကြွှေးကြော်သံများသည် ဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ကိုင်ဆောင်ခြင်းမပြုပဲ ဆန္ဒပြရန် ရဲတပ်ဖွဲ့က ညှိနှိုင်းသော်လည်း ဆန္ဒပြသူများက လက်မခံခဲ့ပေ။

နှစ်ဘက် အခြေအတင် ညှိနှိုင်း ခဲ့ကြပြီး ဆန္ဒပြသူများဘက်မှ မိမိတို့ လယ်သမားများနှင့် ပြည်သူလူထု ၏ အသံကို ထင်ဟပ် ဖော်ပြနိုင်သည့် ဆိုင်းဘုတ်များနှင့် ကြွှေးကြော်သံများ အသုံးပြုခွင့် မရပါက ဆန္ဒမပြကြရန် ဆုံးဖြတ်ကာ မိမိတို့ ကိုယ်တိုင် ပင် ဆန္ဒပြပွဲအား ဖျက်သိမ်းခဲ့ကြောင်းလည်း မရီရီ ထွေးက ဆက်ပြောသည်။

ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေး ဧရိယာဝင်း အတွင်းရှိ မြေဧက ၃၅၀ ဧကကို ပြီးခဲ့သည့် ၁၉၉၀ခုနှစ် ကတည်းက အစိုးရမှ သိမ်း ဆည်းထားသည်ဟု ဆိုနေသော်လည်း လယ်သမားများကမူ ၎င်းမြေပေါ် တွင် ၂၀၁၁ ခုနှစ် အထိ သီးစားခပေး၍ စိုက်ပျိုး လုပ်ကိုင်ခဲ့ကြောင်း နှစ်ဖက် အပြန်အလှန် အငြင်းပွားနေခြင်းဖြစ်သည်။

ဆန္ဒပြရန် လူစုဝေး နေမှုအား ရဲများမှ လာရောက်၍ တားဆီး နေစဉ် (ဓာတ်ပုံ – ဉာဏ်လှိုင်း)

ထိုမြေ ပေါ်၌ ဦးသိန်းစိန် အစိုးရ လက်ထက်မှစ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်၍ ပုဂ္ဂလိက ကုမ္ပဏီများအား လုပ်ပိုင်ခွင့် အစိုးရဌာနဆိုင်ရာ အဆောက်အဦးများ ၊ ဈေးဝယ်စင်တာ များနှင့် လူနေ အိမ်ခန်းများ ဆောက်လုပ်ခွင့် ပြုခဲ့ ရာမှ ထိုမြေပေါ်၌ ကာလရှည်ကြာ လုပ်ကိုင် စားသောက်နေသည့် လယ်သမား များနှင့် အစိုးရအဖွဲ့ တို့ကြား ထိပ်တိုက်တွေ့ ခဲ့ခြင်းဖြစ်သည်။

မြို့ပြ စီမံကိန်းအား အကောင်အထည် ဖော်ရာ၌ စီမံကိန်း ဧရိယာတွင် ပါဝင်နေသည့် လယ်သမား (၇၀) ဦးတို့၏ မြေများကို တဦးလျှင် ပေ ၄၀ x ပေ ၆၀ မြေကွက် တကွက်နှုန်းဖြင့် လယ်သမား (၆၃) ဦးတို့အား မြေလျော်ကြေး ပြန်လည် ပေးအပ် ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ (၁၇) ရက်နေ့ ရက်စွဲဖြင့် စာထုတ်၍ ရှင်းလင်းခဲ့သည်။

ထို့ပြင် ကျန်ရှိသည့် လယ်သမား (၇) ဦး အတွက်လည်း မြေကွက်ပေါင်း (၂၀) အား မြေလျော်ကြေး အဖြစ် ပေးအပ်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စာတွင် ဖော်ပြထား သော်လည်း ကျန်လယ်သမား များကမူ ထိုမြေကွက်များအား မြေလျော်ကြေး ပေးအပ်မှုကို လက်မခံပဲ (၅) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ရေးကို ဆက်လက် တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။

လက်ရှိ NLD အစိုးရလက်ထက်တွင်လည်း လယ်မြေများပေါ်၌ ထပ်မံဆောက်လုပ်ခွင့် ဆက်လက်ချ ပေးနေသဖြင့် အဓိက ဖြေရှင်းပေးရန် တာဝန်ရှိသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးတို့ နှုတ်ထွက်ပေးရန် ဆန္ဒပြခြင်းဖြစ်ကြောင်း မရီရီထွေးက ဆက်ရှင်းပြသည်။

ထားဝယ် မြို့ခံ ဦးထွန်းကျော်မောင်ကလည်း “တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်တာကိုင်တာ အားနည်းတယ်၊ လယ်သမား တွေ ဘက်က ပြတ်ပြတ်သားသား လိုချင်တာပေါ့ ၊ အစိုးရအဖွဲ့က အဲဒီမြေပေါ်မှာ ဟိုဟာ မလုပ်နဲ့၊ဒါမလုပ်နဲ့ တားတာ ကို ကုမ္ပဏီ တွေက နားမထောင်တော့ ထိပ်တိုက် တွေ ဖြစ်ကုန်တာပါ”ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားသည်။

ထားဝယ် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း ဧရိယာ ထိုမြေ ၃၅၀ ဧကပေါ်တွင် ထားဝယ် အများပိုင် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီက အများစု လုပ်ပိုင်ခွင့်ရထားပြီး ဝန်ကြီးအိမ်ရာ၊ လွှတ်တော် အဆောက်အဦး ဝန်ထမ်း အိမ်ရာများနှင့် လူနေတိုက်ခန်းများ ဆောက်လုပ်လျက် ရှိနေကာ ထိုမြေကိစ္စကြောင့်လည်း လက်ရှိတွင်လယ်သမား (၂၀) ဦးခန့် တရားစွဲဆို ခံထား ရပြီး ဖြစ်ကြောင်း မရီရီထွေးက ဆိုသည်။

ယနေ့ ဆန္ဒပြပွဲနှင့် စပ်လျဉ်း၍ မြို့နယ် ရဲစခန်း၊ တိုင်းဒေသကြီး ရဲမှူး ၊ ရွေးကောက်ခံ ထားဝယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် လက်ရှိ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တို့အား ဧရာဝတီမှ ကြိုးစား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

]]>
ကြိုတင်ညှိနှိုင်းမှု အဆင်မပြေ၍ NCA နှစ်ပတ်လည်ပွဲအား မတက်ရောက်ခဲ့ဟု မွန်ပြည်သစ်ပါတီပြော https://burma.irrawaddy.com/news/short-news/2017/10/17/144520.html Tue, 17 Oct 2017 06:02:44 +0000 https://burma.irrawaddy.com/lytbox/?p=144520 အောက်တိုဘာ ၁၅ ရက်နေ့ကနေပြည်တော်တွင် ပြုလုပ်သည့် NCA ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ- မျိုးမင်းစိုး/ဧရာဝတီ)တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်း အနားသို့ တက်ရောက်ရန် အတွက် ဖိတ်ကြားခြင်း ခံခဲ့ရ သော်လည်း ထိုအခမ်းအနား၌ UNFC ကိုယ်စားပြု၍ မိန့်ခွန်း ပြောကြားခွင့် ပေးရန် ညှိနှိုင်းမှု အဆင် မပြေ ခဲ့သဖြင့် UNFC တပ်ပေါင်းစုနှင့် အဖွဲ့ဝင်များ မတက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း]]> အောက်တိုဘာ ၁၅ ရက်နေ့ကနေပြည်တော်တွင် ပြုလုပ်သည့် NCA ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ- မျိုးမင်းစိုး/ဧရာဝတီ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်း အနားသို့ တက်ရောက်ရန် အတွက် ဖိတ်ကြားခြင်း ခံခဲ့ရ သော်လည်း ထိုအခမ်းအနား၌ UNFC ကိုယ်စားပြု၍ မိန့်ခွန်း ပြောကြားခွင့် ပေးရန် ညှိနှိုင်းမှု အဆင် မပြေ ခဲ့သဖြင့် UNFC တပ်ပေါင်းစုနှင့် အဖွဲ့ဝင်များ မတက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ သိရသည်။

မွန်ပြည်သစ် ပါတီ ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှက “သိရ သလောက်က အဲဒီ အခမ်း အနားမှာ UNFC ကိုယ်စားပြု အချိန် အနည်းငယ်လောက် ပေးပြီး မိန့်ခွန်း ပြောကြားခွင့် ပေးဖို့ UNFC ဘက်က ညှိနှိုင်းတာ ၊ ဒါပေမယ့် အဲဒီလို မိန့်ခွန်း ပြောဖို့ အခွင့်အရေး မရှိဘူး ဆိုတော့ UNFC ကလည်း တက်ရောက်ဖို့ ဖိတ်ကြား ချက်ကို ငြင်းဆို လိုက်တယ်” ဟု ပြောသည်။

အစိုးရမှ UNFC တပ်ပေါင်းစုနှင့် အဖွဲ့ဝင် လက်နက်ကိုင် အဖွဲ့များအား သီးခြားစီ ဖိတ်ကြား တက်ရောက် နိုင်ရန် အတွက် အောက်တိုဘာ ၁၁ ရက်နေ့က ဖိတ်ကြား ခဲ့သော်လည်း ထိုညိနှိုင်းမှု အဆင်မပြေ၍ တပ်ပေါင်းစု အနေဖြင့် သော်လည်းကောင်း တစ်ဖွဲ့ချင်း စီသော်လည်းကောင်း တက်ရောက် ခဲ့ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

UNFC တပ်ပေါင်းစု အတွင်း အားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့သည် NCA လမ်းကြောင်းမှ တဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတို့ တက်ရောက်ရန် အတွက် လက်ခံ ထားကြသည်ဟု အသီးသီး ထုတ်ဖော် ပြောကြား ထားကြသည်။

ထို့ပြင် NCA စာချုပ်အား ပြုစု ခဲ့သည့် ၂၀၁၂ မှစ၍ ၂၀၁၅ အထိ ၃ နှစ်တာ ကာလ တောက်လျှောက် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ခဲ့သည့် အဖွဲ့များ ဖြစ်သည်။

မွန်ပြည်သစ် ပါတီ အနေဖြင့် လာမည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗဟို အလုပ် အမှုဆောင် ကော်မီတီ အစည်း အဝေး ခေါ်ယူ သွားရန် ရှိနေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA အပေါ် သုံးသပ် ဆွေးနွေး နိုင်ရန် အတွက်လည်း ယခုနှစ် မကုန်မီ၌ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး တရပ်အား ခေါ်ယူ သွားရဖွယ်လည်း ရှိကြောင်း နိုင်ဝင်းလှက ပြောဆိုသည်

]]>
သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် လုပ်ငန်း ၉ မျိုး EMP အစီအစဉ် တင်ပြရမည် https://burma.irrawaddy.com/news/2017/10/14/144409.html Sat, 14 Oct 2017 07:20:04 +0000 https://burma.irrawaddy.com/lytbox/?p=144409 မော်လမြိုင် စက်မှုဇုန်တွင်းရှိ စက်ရုံ များအား တွေ့ရစဉ်  / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီသဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP) ဆိုသည်မှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများကို ပြန်လည်ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်ရန် စီမံခန့်ခွဲမှု အစီအစဉ်များ ချမှတ်လုပ်ဆောင်ခြင်း ဖြစ်သည်။]]> မော်လမြိုင် စက်မှုဇုန်တွင်းရှိ စက်ရုံ များအား တွေ့ရစဉ်  / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

သဘာဝ ပတ်ဝန်းကျင် ထိခိုက် မှုကို ဖြစ်ပေါ် စေနိုင်သည့် တနိုင်ငံလုံးရှိ လုပ်ငန်း အမျိုးအစား ၉ မျိုး တို့အား ဦးစားပေး သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာ အစီအစဉ် (EMP) တင်ပြ ပေးရန် အမျိုးသား အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မီတီ အစည်း အဝေးက ချမှတ်လိုက်ကြောင်း သိရသည်။

“အဲဒီ ၉ ခုက သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာ အစီအစဉ် (EMP) ကို မဖြစ်မနေကို ဆွဲပေး ရမယ်၊ ဒီအကြောင်းကို လုပ်ငန်း ရှင်တွေ မသိသေးဘူး၊ ဒီလုပ်ငန်းရှင်တွေ သိအောင် ဆိုရင် ကိုယ်တိုင်သွား ဒါမှမဟုတ် စာနှင့် လှမ်းပို့ ပေးရ မှာပေါ့” ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP) ဆိုသည်မှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများကို ပြန်လည်ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်ရန် စီမံခန့်ခွဲမှု အစီအစဉ်များ ချမှတ်လုပ်ဆောင်ခြင်း ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင် စီမံခန့်ကွဲမှု ဆိုင်ရာ အစီအစဉ် (EMP) တင်ပြ ပေးရမည့် လုပ်ငန်း အမျိုးအစား ၉ မျိုးမှာ အစားအစာနှင့် အဖျော် ယမကာ ထုတ်လုပ်ရေး လုပ်ငန်း၊ ပိုးသတ်ဆေး အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းနှင့် ထည့်သွင်း ထုပ်ပိုးခြင်း လုပ်ငန်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်း လုပ်ငန်း၊ အဝတ်အထည် ဆေးရိုး ပန်းရိုက် လုပ်ငန်း၊ သတ္တု အရည်ကြို ပုံလောင်းခြင်း လုပ်ငန်း၊ သားရေနယ် စက်ရုံ လုပ်ငန်း၊ ပျော့ဖတ်နှင့် စက္ကူ ထုတ်လုပ်ရေး လုပ်ငန်းနှင့် သကြားစက် လုပ်ငန်း စသည့် လုပ်ငန်းများ ဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ စက်ရုံအချို့အား မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများက ရှောင်တခင် သွားရောက် စစ်ဆေး ခဲ့ပြီး စက်ရုံ အများ စုမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဥပဒေအား လိုက်နာမှု အားနည်း နေကြောင်း ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ထောက်ပြ ပြောဆိုသည်။

ထိုစက်ရုံများ၏ လုပ်ငန်း လုပ်ပိုင်ခွင့်ကို စက်မှုကြီးကြပ်ရေး ဦးစီးဌာနက ခွင့်ပြုချက် ချပေးထားပြီး ထိုကဲ့သို့ ချပေး ထားသည့် စက်ရုံ အရေအတွက် စာရင်းများအား ရယူ၍ ဌာနအချင်းချင်းကြား ညှိနှိုင်း ဆောင်ရွက် ရာတွင်လည်း အားနည်း ချက်များ ရှိနေကြောင်း ၎င်းက သုံးသပ်သည်။

လက်ရှိတွင် စက်ရုံများအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အလေးပေး ဆောင်ရွက်ရန် လမ်းညွှန်မှုများ ပြုလုပ် ထားပြီး လိုက်လံ လုပ်ဆောင်ခြင်း မရှိသည့် စက်ရုံများကိုလည်း ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်က ပြောသည်။

“သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဖို့ စက်ရုံကနေပြီးတော့ ဒါတွေ ပြုပြင်ဖို့ လိုတယ်၊ ဒီကာလ အတွင်းမှာ စက်ရုံကို ပြုပြင်ဖို့ ညွှန်ကြား ခဲ့တယ်၊ အဲဒီ ကာလ ကျော်လွန်လို့ မပြုပြင်ဘူး ၊ မလိုက်နာဘူး ဆိုရင်တော့ ဥပဒေအရ ကျွန်တော်တို့ လုပ်ဆောင် ရမယ့် အပိုင်းတွေ ပါလာပြီပေါ့နော်” ဟု ဦးစိုးနိုင်က ပြောသည်။

ထို့ပြင် သဘာဝ ပတ်ဝန်းကျင် မြေ၊ ရေ ၊ လေ ၊ အသံ၊ တုန်ခါမှု ၊ ဖုန်မှုန့် စသည်တို့ကို စစ်ဆေးနိုင်ရန် အတွက် ခေတ်မီ စက်ပစ္စည်း များနှင့် ဝန်ထမ်းများလည်း လိုအပ်နေကာ ဝန်ကြီးဌာနမှ စက်ရုံ အလုပ်ရုံ များကို ကြပ်မတ် ပေးနိုင်ခြင်း အားနည်း နေသေး ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း၌ ကျင်းပ ခဲ့သည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမ ပုံမှန် အစည်း အဝေး၌လည်း မော်လမြိုင် မုဒုံ ကားလမ်းမကြီးပေါ်ရှိ အနံ့ဆိုးများ ထွက်နေသည့် ခရမ့်ခ် ရာဘာ စက်ရုံများအား လူနေ ရပ်ကွက် များနှင့် ဝေးသည့် နေရာများသို့ ရွှေ့ပြောင်းပေးရန် ပြည်နယ် လွှတ်တော် များက မေးခွန်း မေးမြန်းခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ၎င်းရာဘာ စက်ရုံများကို သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာ အစီအစဉ် (EMP) ရေးဆွဲ တင်ပြပြီးမှ စက်ရုံအား ပြန်၍ လည်ပတ်ခွင့် ပြုရန် ညွှန်ကြား ထားကြောင်း ပြောဆိုထားသည်။

]]>
သရုပ်ဆောင်လွင်မိုးရဲ့ ကျိုက်ထိုမြေ အငြင်းပွားမှု ပြည်နယ်တရားလွှတ်တော် ရောက် https://burma.irrawaddy.com/news/2017/10/12/144237.html Thu, 12 Oct 2017 10:32:32 +0000 https://burma.irrawaddy.com/lytbox/?p=144237 ကျိုက်ထိုမြို့ မြေကွက်ကိစ္စ ၂၀၁၇ ဇန်နဝါရီ ၃ရက် Orchid Hotelတွင် သရုပ်ဆောင် လွင်မိုး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်  /  ချမ်းစွန်း / ဧရာဝတီ ဦးလွင်မိုးနှင့် ဒေါ်မေသူတို့ ဝယ်ယူ ထားသည့် မြေကွက် ကိစ္စနှင့် ပတ်သက်၍ ဦးစောနေဗလုမှ ဦးတိုက်လျှောက်ထားခဲ့သော နစ်နာကြေးရလိုမှုကို မွန်ပြည်နယ် တရားလွှတ်တော်၌ ယနေ့ စတင်ကြားနာသည်။]]> ကျိုက်ထိုမြို့ မြေကွက်ကိစ္စ ၂၀၁၇ ဇန်နဝါရီ ၃ရက် Orchid Hotelတွင် သရုပ်ဆောင် လွင်မိုး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်  /  ချမ်းစွန်း / ဧရာဝတီ

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကင်မွန်းချောင်းကျေးရွာရှိ ရုပ်ရှင် သရုပ်ဆောင် ဦးလွင်မိုးနှင့် ဒေါ်မေသူတို့ ဝယ်ယူ ထားသည့် မြေကွက် ကိစ္စနှင့် ပတ်သက်၍ ဦးစောနေဗလုမှ ဦးတိုက်လျှောက်ထားခဲ့သော နစ်နာကြေးရလိုမှုကို မွန်ပြည်နယ် တရားလွှတ်တော်၌ ယနေ့ စတင်ကြားနာသည်။

ယနေ့ရုံးချိန်းအား ဦးလွင်မိုးမှ တက်ရောက်ခဲ့ခြင်း မရှိပဲ ယင်း၏ ရှေ့နေကိုသာ အာဏာ လွှဲ၍ တက်ရောက် စေခဲ့သည်။ ဦးစောနေဗလုသည် ကျိုက်ထို့မြို့နယ် တရားရုံးတွင်လည်း ပိုင်နက်ကျူးကျော်မှုနှင့် ဖျက်ဆီးမှုတို့ဖြင့် ဦးလွင်မိုးကို တရားစွဲဆိုထားသေးကြောင်းလည်း သိရသည်။

“ကိုလွင်မိုးကတော့ ဒီအောက်တိုဘာလ ၁၇ ရက်နေ့မှာ ကျိုက်ထို တရားရုံးမှာ ကျူးကျော်ရယ် ဖျက်ဆီးမှုရယ် စတဲ့ ဥပဒေနဲ့ ကျိုက်ထို တရားသူကြီးက လက်ခံ ဆွေးနွေးမယ်၊ ဒီဘက် မွန်ပြည်နယ် တရားလွှတ်တော် မှာတော့ တရားမ မှုပေါ့နော်” ဟု ယနေ့တွင် မွန်ပြည်နယ် တရားလွှတ်တော်၌ လာရောက်၍ ရုံးချိန်း သက်သေ ထွက်ဆိုခဲ့သည့် ယခင် KNU တပ်ဖွဲ့ဝင် ယခု Kaw K’ Mu Khu Co.Ltd ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးစောနေဗလုက ပြောသည်။

ကျိုက်ထို မြို့နယ် ကင်းမွန်ချောင် ကျေးရွာ ကဒတ်ချောင်းကွင်း ဦးပိုင်အမှတ် (၁၈) မြေဧရိယာ အကျယ်အဝန်း ၂ ဒသမ ၃ ဧကရှိ မြေအား မူလမြေပိုင်ရှင် ဦးသန်းအောင်သည်က ဦးစောနေဗလုထံမှ ပိုက်ဆံ ချေးယူထားပြီး ပြန်မဆပ် နိုင်ခဲ့သဖြင့် သိန်း ၂၀၀ ဖြင့် တန်ဖိုး ဖြတ်၍ ဦးစောနေဗလုထံသို့ ရောင်းချ ပေးခဲ့ကြောင်း၊ ၂၀၁၆ အောက်တိုဘာလတွင် ယင်းမြေကွက်ကို သရုပ်ဆောင် လွင်မိုးက တခြားသူတဦးထံမှ ဝယ်ယူခဲ့သည်ဆိုကာ ခြံခတ်ခဲ့ကြောင်း၊ သရုပ်ဆောင် လွင်မိုးနှင့် BGF တို့ ပူးပေါင်းကာ ၎င်းအပါအဝင် ခြံစောင့် ၃ ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း ဦးစောနေဗလုက ဆိုသည်။

ယင်းကိစ္စကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇန်နဝါရီလ ၅ ရက်နေ့က ဦးစောနေဗလုက စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုခဲ့ကာ ဦးလွင်မိုးကလည်း ဂုဏ်သိက္ခာကို ကာကွယ်သည့်အနေဖြင့်ဟုဆိုကာ ရန်ကုန်မြို့ Orchid Hotel တွင် ရှင်းလင်းခဲ့သေးသည်။

ယနေ့ မွန်ပြည်နယ် တရားလွှတ်တော်တွင် ဦးစောနေဗလုက ထိုမြေကွက်အား ကင်းမွန်ချောင် အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်မှ ပုံစံ (၇) မြေပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်ထုတ်ယူ၍ ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် သရုပ်ဆောင် လွင်မိုး၏ ဇနီး ဒေါ်မေသူမှ သိန်း ၁၁၅၀ ဖြင့် ဝယ်ယူကြောင်း လက်မှတ် ထိုးခဲ့ကာ ဦးလွင်မိုးမှ ဝယ်သူ အသိသက်သေ၊ ဦးကျော်သူရလှိုင်မှ ရောင်းသူ ၊ ဦးကျော်သူရလှိုင် အမျိုးသမီးမှ ရောင်းသူ သက်သေ နေရာတွင် အသီးသီး လက်မှတ် ရေးထိုး၍ အရောင်းအဝယ် ပြုခဲ့ကြောင်း ထွက်ဆိုသည်။

၎င်းပိုင် ခြံစည်းရိုးများအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ ခန့်တွင် ဦးကျော်သူရလှိုင်နှင့် ဦးလွင်မိုးတို့မှ ဖျက်ဆီး၍ သွပ်အစိမ်းပြားများဖြင့် ခြံစည်းရိုးအား ပြန်လည် ကာရံ ခဲ့ပြီး မူလ ဦးစောနေဗလု ပစ္စည်း များကို ဖျောက်ဖျက်ခဲ့ကြောင်း၊ ပစ္စည်းများ ပြန်လည် ရလိုမှု နစ်နာကြေး သိန်း ၅၀၀၀ ရလိုကြောင်း မွန်ပြည်နယ် တရား လွှတ်တော်တွင် ဦးတိုက်စွဲဆို ထားခြင်း ဖြစ်ကြောင်း ဦးစောနေဗလုက ဧရာဝတီကို ပြောသည်။

ထို့ပြင် ယင်းမြေကွက် ကိစ္စနှင့် စပ်လျဉ်း၍ ကင်းမွန်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှူးဟောင်း ဦးမြင့်ဝေတို့အားလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဦးစောနေဗလု ဦးတိုက် လျှောက်ထား ချက်ကို ၂၀၁၇ ခုနှစ် မေလ (၅) ရက်နေ့တွင် လက်ခံခဲ့ပြီး ပြည်နယ်အစိုးရအား နိုင်ငံတော်က တရားလိုပြု၍ တရားစွဲဆိုရန် အကြံပြုခဲ့၍ ဦးကျော်သူရလှိုင်နှင့် ဦးမြင့်ဝေတို့အား ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ မ (၁၆) အရ မွန်ပြည်နယ် တရားလွှတ်တော်တွင် အမှုဖွင့် တရားစွဲဆိုထားကြောင်းလည်း သိရသည်။

မွန်ပြည်နယ် တရား လွှတ်တော်မှ အဆိုပါ အမှုအတွက် နောက်ထပ် ရုံးချိန်းအား အောက်တိုဘာ ၂၆ ရက်နေ့သို့ ထပ်မံ ချိန်းဆို ထားပြီး ထိုရုံးချိန်းသို့ ရုပ်ရှင် သရုပ်ဆောင် ဦးလွင်မိုး လာရောက်ထွက်ဆိုရန် ရှိနေသည်။

ဆက်စပ်ကြည့်ရှုရန် – ကျိုက်ထိုမြို့မြေကွက်ကိစ္စ သရုပ်ဆောင်လွင်မိုးရှင်းလင်း 

]]>
အလှူ အုန်းနို့ခေါက်ဆွဲကြောင့် အစာအဆိပ်သင့်ခဲ့သူ ၁၀၀ ကျော် ဆေးရုံ ဆင်းပြီ https://burma.irrawaddy.com/news/short-news/2017/10/11/144129.html Wed, 11 Oct 2017 05:14:42 +0000 https://burma.irrawaddy.com/lytbox/?p=144129 အစာအဆိပ်သင့် သူများအား သိမ်ဇရပ် တိုက်နယ်ဆေးရုံ၌ တွေ့ရစဉ် / စိုးသက်ဦးမွေးနေ့ အလှူတွင် ကျွေးသည့် အုန်းနို့ ခေါက်ဆွဲအား စားမိ၍ ဆေးကုသမှု ခံယူနေရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ကျေးရွာ အုပ်စု ရွာလေး ရပ်ကွက်မှ အစာ အဆိပ်သင့် ခဲ့သူ ၁၀၀ ကျော် ပြန်လည် ကောင်းမွန်လာသဖြင့် ယမန်နေ့ မနက် ၁၁ နာရီက ဆေးရုံဆင်းသွားပြီးဖြစ်ကြောင်း]]> အစာအဆိပ်သင့် သူများအား သိမ်ဇရပ် တိုက်နယ်ဆေးရုံ၌ တွေ့ရစဉ် / စိုးသက်ဦး

မွေးနေ့ အလှူတွင် ကျွေးသည့် အုန်းနို့ ခေါက်ဆွဲအား စားမိ၍ ဆေးကုသမှု ခံယူနေရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ကျေးရွာ အုပ်စု ရွာလေး ရပ်ကွက်မှ အစာ အဆိပ်သင့် ခဲ့သူ ၁၀၀ ကျော် ပြန်လည် ကောင်းမွန်လာသဖြင့် ယမန်နေ့ မနက် ၁၁ နာရီက ဆေးရုံဆင်းသွားပြီးဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ဧရာဝတီ သတင်း ဌာနသို့ ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီ ခန့်က အလှူတွင် ကျွေးမွေးသည့် အုန်းနို့ခေါက်ဆွဲကို စားသုံးခဲ့သူ ၁၀၀ ကျော်မှာ အစာ အဆိပ်သင့်မှု စတင် ဖြစ်ပွား ခဲ့ပြီး ညနေ ၃ နာရီအထိ လူပေါင်း ၁၃၅ ဦးခန့် သိမ်ဇရပ် တိုက်နယ် ဆေးရုံသို့ ပို့ဆောင်၍ အရေးပေါ် ကုသမှု ခံယူ ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

အစာအဆိပ် သင့်သူများမှာ ၅ နှစ်အောက် ကလေးမှ စ၍ သက်ကြီးပိုင်း အထိ ပါဝင်ပြီး မူးဝေ အော့အန်ခြင်း၊ ဝမ်းသွားခြင်း စသည့် လက္ခဏာများကို ခံစား ခဲ့ရ သော်လည်း ပြင်းထန်မှု မရှိ သဖြင့် ဆေးရုံဆင်းခွင့်ရခဲ့ပြီးဖြစ်သည်။

“သူတို့ကို အလှူရှင်က ခေါက်ဆွဲ ကျွေးတာ ၊ အဲဒါကို စားပြီးတော့ အစာ အဆိပ်သင့် တာပေါ့” ဟု သိမ်ဇရပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဦးက ပြောသည်။

မည်သည့် အကြောင်းရင်းကြောင့် အစာအဆိပ်သင့်ခဲ့သည်ကို သိရှိနိုင်ရန် အတွက် အလှူတွင် ကျွေးသည့် အစား အသောက် နမူနာ များအား အောက်တိုဘာလ ၉ ရက်နေ့တွင် မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက ပုံစံ ယူဆောင်၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် ယူဆောင်သွားပြီး လတ်တလောတွင် အဖြေမသိရှိရသေးကြောင်း၊ ခန့်မှန်းချက်အရ ခေါက်ဆွဲမှ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆကြောင်း သိရသည်။

မွေးနေ့ အလှူရှင်သည် ဝါတွင်း ၃ လ တောက်လျှောက် ထိုသို့ ကျွေးမွေး ခဲ့ပြီး ယခင်က စက်ရုံမှ ထုတ်လုပ်သည့် ခေါက်ဆွဲအသားကို အသုံးပြု ခဲ့သော်လည်း ယခုအကြိမ်၌မူ ပြည်တွင်းမှ ထုတ်လုပ်ကာ ထုပ်ပိုး ထားသည့် ခေါက်ဆွဲခြောက်အား ပြုတ်၍ အသုံးပြုခဲ့ရာမှ ရက်လွန်ပြီး မလတ်ဆတ်သဖြင့် ဖြစ်နိုင်ဖွယ် ရှိကြောင်းလည်း သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က သုံးသပ်သည်။

]]>
မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ရန် တရုတ် မျက်စိကျနေ https://burma.irrawaddy.com/news/2017/10/10/144057.html Tue, 10 Oct 2017 06:00:29 +0000 https://burma.irrawaddy.com/lytbox/?p=144057 မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မွန်ပြည်နယ်အစိုးရအဖွဲ့အား လာရောက်တွေ့ဆုံခဲ့စဉ် / ဧရာဝတီ မွန်ပြည်နယ်သို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန်အတွက် တရုတ် သံအမတ် ဟောင်လိုင် ၏ ပမာဏ လေ့လာရေး ခရီးစဉ်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ် (၁၅) ဦး ပါဝင်ခဲ့ပြီး ၎င်းကိုယ်စားလှယ်အဖွဲ့အား မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။]]> မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မွန်ပြည်နယ်အစိုးရအဖွဲ့အား လာရောက်တွေ့ဆုံခဲ့စဉ် / ဧရာဝတီ

သစ်သီးဝလံ၊ သဘာဝ သယံဇာတနှင့် ရာသီဥတု ရေခံမြေခံ ကောင်းမွန်သည့် မွန်ပြည်နယ်၌ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု လုပ်ကိုင်ရန် တရုတ်နိုင်ငံက စိတ်ဝင်စားလျက် ရှိကြောင်း တရုတ်သံအမတ်ကြီးက မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မနေ့က လာရောက်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟောင်လိုင်နှင့်အဖွဲ့ မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ တွေ့ဆုံရာတွင် ရာဘာကုန်ချောလုပ်ငန်း၊ သစ်သီးဝလံလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများအား လုပ်ကိုင်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားလျက် ရှိကြောင်း တရုတ်သံအမတ်ကြီး ကပြောဆိုခဲ့သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

“သံအမတ်ကြီး မြင်တာကတော့ ရှေ့အလားအလာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ မွန်ပြည်နယ်က အလားအလာကောင်း တယ်၊ တရုတ်ကုမ္ပဏီတွေ ဒီမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ကြဖို့ ဆိုတဲ့ အမြင်နဲ့ သူက ဆွေးနွေးတာပေါ့၊ ကျနော်တို့ ပြည်နယ် အစိုးရကလည်း welcome လုပ်ထား တယ်ပေါ့” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြား ကုမ္ပဏီများထဲတွင် PTTEP International ကုမ္ပဏီသည် မုတ္တမကမ်းလွန်ဒေသ၌ အမေရိကန် ဒေါ်လာ (၂၁၄၆) သန်းကို စွမ်းအင်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံထားသည်။

၎င်းကုမ္ပဏီသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ ၁၈ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထား သည့်အပြင် မွန်ပြည်နယ်၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွင်လည်း အများဆုံး ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ MCL ဘိလပ်မြေစက်ရုံသည် မွန်ပြည်နယ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၄၁၄) သန်းကို ရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ ဖြစ်သည်။

တရုတ် သံအမတ်ကြီး ဟောင်လိုင် ၏ စီးပွားရေးအရ မွန်ပြည်နယ်သို့ ပဏာမ လေ့လာရေးခရီးစဉ် လာရောက်ခြင်းသည် NLD အစိုးရ လက်ထက်၌ ပထမဆုံးလည်း ဖြစ်သည်။

မွန်ပြည်နယ်ထွက် သစ်သီးဝလံများအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်နှင့် အထူးသဖြင့် မွန်ပြည်နယ်ထွက် ကျွဲကောသီးများ အား အလုံးလိုက်သော်လည်းကောင်း ၊ အရည် (Juice) ထုတ်လုပ်၍ လည်းကောင်း အခြောက်အခြမ်း ပြုလုပ်ရန် တရုတ် နိုင်ငံက စိတ်ဝင်စားလျက် ရှိသည်ဟု တွေ့ဆုံစဉ်၌ တရုတ်သံအမတ်ကြီးက ထုတ်ဖော် ပြောကြားခဲ့ကြောင်း မွန်ပြည်နယ် အစိုး ရ အ ဖွဲ့ဝင်ဝန်ကြီး ဒေါ်စံဝင့်ခိုင်ကလည်း ဆိုသည်။

“အန်တီတို့ လိုလားတာက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာထက်ကို ဈေးကွက်စီးပွားရေးစနစ်ပေါ့နော်၊ သူတို့ရဲ့ ဝယ်သူ ဈေး ကွက် မဟုတ်ဘဲနဲ့ အန်တီတို့က Upper Hand ရတဲ့ ရောင်းသူ ဈေးကွက်ဖြစ်အောင် ဖန်တီးလုပ်ကိုင် ကြိုးပမ်းရမှာပဲ” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။

မွန်ပြည်နယ်သို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန်အတွက် တရုတ် သံအမတ် ဟောင်လိုင် ၏ ပမာဏ လေ့လာရေး ခရီးစဉ်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ် (၁၅) ဦး ပါဝင်ခဲ့ပြီး ၎င်းကိုယ်စားလှယ်အဖွဲ့အား မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံပွဲအပြီးတွင် တရုတ်သံအမတ်ကြီး ဟောင်လိုင်မှ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အား တရုတ်နိုင်ငံသို့ လာရောက် လေ့လာရန်လည်း တရုတ်သံအမတ်က ဖိတ်ခေါ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်များ ဖွဲ့စည်းရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ပြီးခဲ့သည့် ၂၀၁၇ နှစ်ဆန်း၌ ကြေငြာချက် အမှတ် ၁၁/ ၂၀၁၇ ဖြင့် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။

ထိုညွှန်ကြားချက်အရလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၅) သန်းထက် မပိုသည့် ရင်းနှီးမြှုပ်နှံမှုများကို တိုင်းနှင့် ပြည် နယ်အဆင့်၌ ဆုံးဖြတ်နိုင်ပြီး ထိုထက် ပိုမိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆုံးဖြတ်မည်ဖြစ်သည်။

ထိုတိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ ဝန်ကြီးချုပ်များက ဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနမှ ဦးစီးမှူး၊ ဒုဦးစီးမှူးများက အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် တာဝန်ယူရကာ အစိုးရအဖွဲ့ဝင် ဝန်ကြီး (၅) ဦး ပါဝင်၍ စုစုပေါင်း (၇) ဦးဖြင့် ဖွဲ့စည်းရန် ညွှန်ကြားထားသည်။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၂၂ နှစ်အတွင်း နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိ ကန် ဒေါ်လာ သန်း ၅၄၃၃ ကျော်ရှိကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှတ်တမ်းများ အရ သိရှိရသည်။

]]>
သံလွင်မြစ်၌ ရေနစ်နေသူအား လက်ပစ်ကူး ကယ်ဆယ်ခဲ့သူများကို ဂုဏ်ထူးဆောင်ဆုချီးမြှင့် https://burma.irrawaddy.com/news/2017/10/09/144002.html Mon, 09 Oct 2017 06:09:39 +0000 https://burma.irrawaddy.com/lytbox/?p=144002 ဂုဏ်ထူးဆောင်ဆု ရရှိသူများကို ဆုချီးမြင့်စဉ်  / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ၁၉၇၇ ခုနှစ်က စိုင်းအောင်လှိုင်မြင့် အမည်ရှိ ကြက်ခြေနီအဖွဲ့ဝင် တဦးသည် ဧရာဝတီ မြစ်အတွင်း ကျသွားသည့် ကားတစီးထဲမှ လူများကို အသက်စွန့်ကယ်ဆယ်ခဲ့သည့်အတွက် ဟင်နရီ ဒူးနန့်ဘွဲ့ ရရှိခဲ့ဖူးသည်။ ]]> ဂုဏ်ထူးဆောင်ဆု ရရှိသူများကို ဆုချီးမြင့်စဉ်  / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

သံလွင်မြစ် အတွင်း ရေနစ် နေသူအား လက်ပစ်ကူး၍ ကူညီ ကယ်ဆယ်ခဲ့သည့် မော်လမြိုင် လူမှု ကယ်ဆယ်ရေး အဖွဲ့ဝင် နှစ်ဦးအား အောက်တိုဘာလ ၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင် မြို့တွင် ကျင်းပသည့် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေး အဖွဲ့ချုပ် ညီလာခံ၌ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ချီးမြှင့် ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က မော်လမြိုင် ကမ်းနားလမ်း သံလွင်မြစ်အတွင်း ရေနစ် နေကြောင်း ရုံးသို့ သတင်းရောက်လာပြီးနောက် ရေစီးသန်သည့် သံလွင်မြစ် အထက်ပိုင်းမှ အစုန်ကူး၍ ရေနစ်နေသူအား လက်ပစ် ကူး၍ ကူညီ ကယ်ဆယ် ခဲ့သူ မောင်ကျော်ညီညီလွင် (ခ) ဂျိုးနှင့် လွင်မျိုးအောင် တို့အား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဝေဠုကျော်က ဂုဏ်ထူးဆောင်ဆု ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဆုရရှိ ခဲ့သည့် ကိုလွင်မျိုးအောင်က “ကျနော်တို့ ရေလယ် ရောက်သွားပြီးမှ သူမြုပ်သွားရင် ဘာမှ လုပ်လို့ မရဘူး။ အဲဒါကြောင့် သူမမြုပ်ခင် အမြန် သူ့ဆီ ကူးသွားရတယ်၊ ရေစီးကလည်း တော်တော် သန်တယ်။ သူ့ဆီ ရောက်အောင် မနည်း ကူးသွား ရတယ်။ တည့်တည့် ကူးလို့ မရလို့ အပေါ်ကနေ မျောချပြီး ကူးရတယ်၊ သူ့ဆီကို ရောက်အောင် မနည်း ကူးသွား၊ လှိုင်းကလည်း ရိုက်တယ်”” ဟု ရှင်းပြသည်။

ကိုကျော်ညီညီလွင်ကလည်း “ကျနော်တို့ စိုးရိမ်တာက သူ့အသက်ကိုပဲ စိုးရိမ်တယ်။ သူ့ကိုယ်လုံးက နည်းနည်း ဝတယ်၊ နည်းနည်း ဆွဲရခက်တယ်၊ လွင်မျိုးအောင်က အနောက် ကတွန်း ကျွန်တော်က အရှေ့ကနေဆွဲ ဖြည်းဖြည်း ဖြည်းဖြည်းချင်း ကမ်းပေါ် ဆွဲတင် ခဲ့ရတယ်” ရေနစ်သူအား ဆင်း၍ ကယ်ဆယ်ခဲ့ စဉ်က အခြေအနေကို ပြန်လည် ပြောပြသည်။

ထိုသို့ သက်စွန့်ဆံဖျား သံလွင်မြစ် အတိုင်း မိနစ် ၃၀ ခန့် အကြာ ရေကူး၍ ရေနစ်နေသူအား အသက် ရှင်လျက် ပြန်၍ ကူညီ ကယ်ဆယ် နိုင်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အဖွဲ့ချုပ် ညီလာခံမှ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ချီးမြှင့် ခဲ့ခြင်းလည်း ဖြစ်သည်။

ရေနစ်နေသူအား မြစ်ထဲသို့ လက်ပစ်ကူး၍ သွားရောက် ကူညီခဲ့သူ ၂ ဦးအား မော်လမြိုင် မြို့နေ ကိုရဲထွဋ်နောင်က အလှူငွေ ၄ သောင်းကျပ်၊ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေး အဖွဲ့ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က ဂုဏ်ပြုငွေ ၁ သိန်းကျပ် ဆက်သွယ် ပေးအပ် ခဲ့ကြောင်း မော်လမြိုင် လူမှု ကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။

“ကျနော် အရမ်းပျော်ပါတယ်၊ သူများ အသက်ကို ကယ်လိုက် ရလို့၊ ဒီဆုကို ရတာ ပီတိ ဖြစ်ပါတယ်။ ဝမ်းလည်း ဝမ်းသာ ပါတယ်” ဟု ကိုကျော်ညီညီလွင်က ပြောသည်။

ထို့အတူ ကိုလွင်မျိုးအောင်ကလည်း “ပီတီဖြစ်ပါတယ် ဒီဆုကို ရတာ။ ကျနော်တို့နဲ့ ထိုက်လို့ ရတာမို့” ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှု ကယ်ဆယ်ရေး အဖွဲ့ချုပ်၏ တတိယ အကြိမ် ညီလာခံအား မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပြီး ပထမနှင့် ဒုတိယ အကြိမ် ညီလာခံ တို့အား ရန်ကုန်နှင့် ပြင်ဦးလွင် တို့၌ ကျင်းပ ခဲ့ပြီး ဖြစ်သည်။

၁၉၇၇ ခုနှစ်က စိုင်းအောင်လှိုင်မြင့် အမည်ရှိ ကြက်ခြေနီအဖွဲ့ဝင် တဦးသည် ဧရာဝတီ မြစ်အတွင်း ကျသွားသည့် ကားတစီးထဲမှ လူများကို အသက်စွန့်ကယ်ဆယ်ခဲ့သည့်အတွက် ဟင်နရီ ဒူးနန့်ဘွဲ့ ရရှိခဲ့ဖူးသည်။

]]>
ရောင်းအား မပြည့်၍ ဝန်ထမ်းများ ခေါင်းတုံးတုံး ရခြင်းမဟုတ်ဟု Oppo တာဝန်ရှိသူများ ရှင်းလင်း https://burma.irrawaddy.com/news/2017/09/29/143566.html Fri, 29 Sep 2017 07:03:25 +0000 https://burma.irrawaddy.com/lytbox/?p=143566 ရန်ကုန် Oppo ရုံးချုပ်မှ တာဝန်ရှိသူ များ မော်လမြိုင်သို့ လာရောက် ရှင်းလင်းခဲ့စဉ် / ဟင်္သာနီ / ဧရာဝတီမွန်ပြည်နယ် လွှတ်တော်တိုင်စာ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ စုံစမ်းရေး ကော်မီတီဆီသို့လည်း မော်လမြိုင် Oppo ရုံးမှ တာဝန်ရှိသူများ အနေဖြင့် အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ခြင်း၊ အလုပ်ချိန် အကန့်အသစ် မရှိဘဲ ခိုင်းစေနေခြင်း၊ ဝန်ထမ်းများအား အလုပ်သမား စာချုပ်ချုပ် ဆိုထားခြင်း မရှိခြင်း၊ အရောင်းအား မပြည့်၍ ခေါင်းတုံးတုံး စေခြင်း စသည့်အချက်များကို ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့၌ တိုင်ကြား ထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။]]> ရန်ကုန် Oppo ရုံးချုပ်မှ တာဝန်ရှိသူ များ မော်လမြိုင်သို့ လာရောက် ရှင်းလင်းခဲ့စဉ် / ဟင်္သာနီ / ဧရာဝတီ

Oppo ဖုန်းကုမ္ပဏီအနေဖြင့် သတ်မှတ်ရောင်းအား မပြည့်၍ ယောက်ျားလေး ဝန်ထမ်းများအား ခေါင်းတုံးတုံး အပြစ်ပေးခဲ့သည် ဆိုခြင်းမှာ မဟုတ်ကြောင်း ရန်ကုန်ရုံးမှ တာဝန်ရှိသူများက ယမန်နေ့က မော်လမြိုင်မြို့သို့ လာရောက် ရှင်းလင်း ပြောဆိုသည်။

“ကျနော်ကနေ တိုက်ရိုက်ညွှန်ကြားပြီး မင်းတို့ ဒါလုပ်ရမယ် ၊ မင်းတို့ ခေါင်းတုံးတုံး ရမယ်ဆိုတဲ့ဟာမျိုး လည်း မရှိဘူး၊ ခေါင်းတုံး တုံးတယ်ဆိုတဲ့ အဖြစ်ကတော့ ရှိတယ်၊ Oppo ရုံးချုပ်ကနေ မင်းတို့ ဒါလုပ်ရ မယ်လို့ ပေးတာ မဟုတ်သလို သူ့တို့ကိုလည်း သူတို့ အကြီးအကဲက ဒါလုပ်ပါလို့ ခိုင်းစေတာလည်း မဟုတ်ဘူး” ဟု Oppo မြန်မာရုံးချုပ်မှ ပြင်ပဆက်ဆံရေး တာဝန်ခံ (PR Specialist ) ကိုဝေဖြိုးအောင် က မော်လမြိုင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံး၌ လာရောက်၍ ရှင်းလင်းပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်နေ့က Oppo မြန်မာ မော်လမြိုင်ရုံး အရောင်းမြှင့်တင်ရေး ဝန်ထမ်း မခင်ထက်ထက်လွင် မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ရုံးသို့ လာ ရောက် ပြောဆိုခဲ့သည့်အပေါ် ကုမ္ပဏီတာဝန်ရှိသူများက ယခုကဲ့သို့ ပြန်လည်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မခင်ထက်ထက်လွင်က “အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တယ်၊ အလုပ်ထုတ်ခံရတဲ့အထဲမှာ ညီမအပါအဝင် ၁၄ ဦး ပါတယ်၊ သူတို့ အကြောင်းပြချက်ပေးတာက ရောင်းအားကျလို့ တခုပဲ ပြောတယ် တခြား ဘာတခုမှ မပြောဘူး၊ လွှတ်တော် တိုင်ထားတာကတော့ အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တာ ၊ သတ်မှတ်ချက် မပြည့်ရင် ခေါင်းတုံးတုံးတာ စတဲ့ အချက် ၄ ချက်နဲ့ တိုင်ထားတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ် လွှတ်တော်တိုင်စာ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ စုံစမ်းရေး ကော်မီတီဆီသို့လည်း မော်လမြိုင် Oppo ရုံးမှ တာဝန်ရှိသူများ အနေဖြင့် အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ခြင်း၊ အလုပ်ချိန် အကန့်အသစ် မရှိဘဲ ခိုင်းစေနေခြင်း၊ ဝန်ထမ်းများအား အလုပ်သမား စာချုပ်ချုပ် ဆိုထားခြင်း မရှိခြင်း၊ အရောင်းအား မပြည့်၍ ခေါင်းတုံးတုံး စေခြင်း စသည့်အချက်များကို ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့၌ တိုင်ကြား ထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ရန်ကုန် Oppo ရုံးချုပ်မှ တာဝန်ရှိသူ များ မော်လမြိုင်သို့ လာရောက် ရှင်းလင်းခဲ့စဉ်

Oppo ကုမ္ပဏီ၏ မွန်ဒေသ အရောင်းတာဝန်ခံ ကိုဖြိုးအောင်နှင့် ရန်ကုန်ရုံး ဝန်ထမ်းရေးရာ တာဝန်ခံ ကိုကျော်မင်းကိုတို့ ကမူ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဆိုနိုင် သေးခြင်းမှာ ၃လ အစမ်းခန့် ကာလ၌ ထွက်သွားကြသည့် ဝန်ထမ်းဦးရေများသဖြင့် စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးခြင်းကြောင်း ပြန်လည်၍ ရှင်းလင်းခဲ့သည်။

ခေါင်းတုံးတုံးခဲ့သည်ဆိုခြင်းမှာလည်း သက်ဆိုင်ရာနယ်မြေ အရောင်းတာဝန်ခံ ခေါင်းဆောင်များမှ မိမိတို့ သဘောဆန္ဒ အလျောက် ရောင်းအား မပြည့်ခြင်းအပေါ် တာဝန်ခံလို၍ တုံးခဲ့ခြင်းသာဖြစ်ပြီး အချို့နယ် များ၌မူ ရောင်းအား မပြည့်သည့် အပေါ် ပိုက်ဆံပြန်လျော်ခဲ့ကြကြောင်း ကိုယ်တိုင် ခေါင်းတုံးတုံးခဲ့သူ မော်လမြိုင် Oppo ရုံးမှ ခေါင်းဆောင်ကိုအေးမင်းက ပြောသည်။

“ကျနော်တို့ ခေါင်းဆောင်ပိုင်းက ညှိနှိုင်းပြီးတော့ မော်လမြိုင်ကို ရောင်းအားတက်အောင် ဘယ်လိုလုပ် မလဲ၊ ကျနော်တို့ ဘာသာ လုပ်ချင်လို့ လုပ်တယ်၊ ဒိုက်ထိုးမယ်ဆိုရင် ထိုးမယ်၊ ဖားခုန်မယ်ဆိုရင် ခုန်မယ်၊ ခေါင်းတုံးတုံးမယ်ဆိုရင် တုံးမယ် ၊ ဒါဟာ ကျနော်တို့ ဘာသာ ကျနော်တို့ လုပ်တာပါ” ဟု ကိုအေးမင်းက ပြန်၍ ရှင်းပြသည်။

သို့သော်လည်း ဝန်ထမ်းမှ စွပ်စွဲပြောဆိုထားသည့်အတိုင်း အလုပ်သမားများအား အလုပ်မှ ထုတ်ပယ် ထားခြင်း မရှိ ကြောင်းနှင့် ၎င်းတို့ဆန္ဒအလျောက်သာ အလုပ်မဆင်းခြင်းသာ ဖြစ်ကြောင်း မော်လမြိုင် Oppo ရုံးမှ မွန်ဒေသ အရောင်း တာဝန်ခံနှင့် ရန်ကုန် ရုံးချုပ်မှ ဝန်ထမ်းရေးရာ မန်နေဂျာတို့က ပြန်၍ ရှင်းလင်း ပြောကြားခဲ့သည်။

မော်လမြိုင် Oppo ရုံးမှ မွန်ဒေသ အရောင်းတာဝန်ခံ ကိုဖြိုးအောင်က “ဒီလမကုန်ခင် သူတို့ဘာသာ သူတို့ နားသွားတယ်၊ ဝန်ထမ်းအကျႌဝတ်ပြီးတော့ လျှောက်သွားနေတယ်၊ ဒါပေမယ့် အလုပ်မဆင်း ကြဘူး၊ နောက်အစည်းအဝေး ခေါ်တော့ လည်း မလာကြဘူး၊ ထုတ်လိုက်တာ မဟုတ်ဘူး ၊ သူတို့ ဘာသာ သူတို့ မလာတော့တာ” ဟု ကိုဖြိုးအောင်က ပြောသည်။

Oppo မြန်မာ ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းရေးရာ မန်နေဂျာ ကိုကျော်မင်းကိုက “သတ်မှတ်ထားတဲ့ ဝန်ထမ်းအင်္ကျီဝတ်တယ် ၊ ရုံးမလာဘူး၊ အပြင်မှာ ပန်းခြံတွေ သွားတယ်၊ လျှောက်လည်တယ်၊ အလုပ် မလာဘူးလား ဆိုတော့ ထွက်သွားပြီတဲ့၊ ဒီ အတိုင်းပဲ စုပြီး ပြောသွားတယ်၊ စာလည်း မတင်ထားဘူး” ဟု ကိုကျော်မင်းကိုက ပြောသည်။

ထိုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုခံထားရသည်နှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်သို့ တိုင်ကြား ထားသည့် တိုင်ကြားစာအား လက်ခံ ရရှိထားပြီး ဖြစ်ကြောင်း တိုင်ကြားစာ ကော်မီတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဆိုပါသည်။

၎င်းကိစ္စအား လွှတ်တော် ဥက္ကဋ္ဌက မွန်ပြည်နယ်လွှတ်တော်၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထိုအမှုတွင် တိုင်ကြား ခံထားရသူများအား ဆင့်ခေါ်နိုင်ရန် ညွှန်ကြားထားပြီး ဌာနဆိုင်ရာများနှင့် ပူးတွဲ၍ ဆင့်ခေါ်ရမည် ဖြစ်သဖြင့် လာ မည့် အောက်တိုဘာ ပထမအပတ်ခန့်၌ ထိုတိုင်စာအား စစ်ဆေးသွားရန် ရှိကြောင်း ၎င်းက ဆိုပါသည်။

Oppo မြန်မာမှ မော်လမြိုင် မြို့တွင်း၌ အရောင်းဝန်ထမ်း ၂၈ ယောက်ခန့် ရှိပြီး မွန်ပြည်နယ် တခုလုံး၌ အရောင်းဝန်ထမ်း ၇၃ဦး ရှိသည်။

]]>
မွန်ပြည်နယ် အတွက် ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်းရန် စီစဉ် https://burma.irrawaddy.com/news/2017/09/28/143488.html Thu, 28 Sep 2017 02:00:19 +0000 https://burma.irrawaddy.com/lytbox/?p=143488 စိန်တုံး မိဖုရား အလှူတော် ရတနာဘုံမြင့် ဘုန်းကြီးကျောင်း အတွင်းမှ ရုပ်ကြွှများအား တွေ့ရစဉ်။ / ခိုင်ခိုင်လဲ့မွန်ပြည်နယ် အတွင်းရှိ ကိုလိုနီခေတ် အဆောက်အအုံများနှင့် စိန်တုံးမိဖုရား၏ ကျောင်းဆောင်ကဲ့သို့ ရှေးဟောင်း အဆောက်အအုံများအား ထိန်းသိမ်းရန် အတွက် Yangon Heritage Trust ကဲ့သို့ အဖွဲ့ တဖွဲ့ကို ၂၀၁၇ နှစ် မကုန်ခင် ဖွဲ့စည်း နိုင်ရန် ကြိုးပမ်းနေကြောင်း]]> စိန်တုံး မိဖုရား အလှူတော် ရတနာဘုံမြင့် ဘုန်းကြီးကျောင်း အတွင်းမှ ရုပ်ကြွှများအား တွေ့ရစဉ်။ / ခိုင်ခိုင်လဲ့

မွန်ပြည်နယ် အတွင်းရှိ ကိုလိုနီခေတ် အဆောက်အအုံများနှင့် စိန်တုံးမိဖုရား၏ ကျောင်းဆောင်ကဲ့သို့ ရှေးဟောင်း အဆောက်အအုံများအား ထိန်းသိမ်းရန် အတွက် Yangon Heritage Trust ကဲ့သို့ အဖွဲ့ တဖွဲ့ကို ၂၀၁၇ နှစ် မကုန်ခင် ဖွဲ့စည်း နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ယင်းအဖွဲ့ ဖွဲ့စည်း နိုင်ရေး အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က Yangon Heritage Trust အား နည်းပညာ အထောက်အကူ ပေးရန် ဖိတ်ခေါ်ထားရာ Yangon Heritage Trust မှ တာဝန်ရှိသူ များက စက်တင်ဘာ ၂၆ ရက်နေ့တွင် မော်လမြိုင်ရှိ ရှေးဟောင်း အဆောက်အအုံများအား လာရောက် လေ့လာခဲ့ကြောင်း အဖွဲ့ ဖြစ်မြောက် ရေး ကြိုးပမ်းသူ တဦးဖြစ်သော ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“Yangon Heritage Trust လိုပဲ မွန်မှာ တခု ဖြစ်ကို ဖြစ်ရမယ်၊ မော်လမြိုင်မှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းချင်တယ်၊ နည်းပညာ အကူအညီ လိုတယ်၊ ပညာရှင်တွေ လိုတယ်၊ ဘယ်လိုလူမျိုးကို ချိတ်ဆက်ရမလဲ၊ ဘယ်နိုင်ငံက ပညာရှင်တွေကို ချိတ်ဆက်ရမလဲ၊ ဒီလိုပုံစံမျိုး မွန်ပြည်နယ်မှာ ဖြစ်ချင်တယ်လို့ ဝန်ကြီးချုပ်က ပြောလိုက် တယ်” ဟုလည်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပြသည်။

ထိုအဖွဲ့ကို မည်သို့ အမည်ပေး၍ ဖွဲ့စည်းမည်ကို မွန်ပြည်နယ် အစိုးရ အဖွဲ့က စဉ်းစားနေပြီး အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းအနေဖြင့် ဖွဲ့စည်းသွားရန် လျာထားကြောင်း၊ ထိုအဖွဲ့၌ အစိုးရ ဌာနဆိုင်ရာများ အပါအဝင် တတ်သိ ပညာရှင် များ ဖြင့်လည်း ပါဝင်၍ ဖွဲ့စည်းနိုင်ရန် လိုလားလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး အတွင်းရှိ ရှေးဟောင်း နာရီစင်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် Yangon Heritage Trust မှ ပညာရှင်များနှင့် ပြည်နယ် အစိုးရ အဖွဲ့၊ ရှေးဟောင်း သုတေသန အဖွဲ့မှ ပုဂ္ဂိလ်များ လိုက်ပါ၍ မွန်ပြည်နယ် အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ များအား အတူ သွားရောက် လေ့လာခဲ့သည်ဟု ဆိုသည်။

ကတိုးရွာရှိ ဦးနာအောက် ဘုန်းကြီးကျောင်း၊ မော်လမြိုင်ရှိ စိန်တုံး မိဖုရား၏ အလှူတော် ရတနာဘုံမြင့် ဘုန်းတော်ကြီး ကျောင်း၊ သီပေါမင်း စတုတ္ထ သမီးတော် အုတ်ဂူ နှင့် စံအိမ် အဆောင်တော်၊ ယုဒသန် ပထမဆုံး နှစ်ခြင်း ဘုရား ကျောင်း၊ ၁၈၉၇ ကတည်းက ဆောက်လုပ်ခဲ့သည့် ဘုံဘေဘားမား သစ်ကုမ္ပဏီ၏ သစ်တောရုံး၊ ၁၈၂၇ ခုနှစ် အက်ဒ်ဝပ် ဘုရင်၏ တံဆိပ်၊ အမြောက်၊ ၁၉၁၂ ခုနှစ် အစိုးရ အဖွဲ့ရုံးမှ နာရီစင် စသည့် ရှေးဟောင်း အဆောက်အအုံ များအားလေ့လာ ခဲ့ကြောင်း သိရသည်။

၁၈၂၇ ခုနှစ် ဘုရင် အက်ဒ်ဝပ် တံဆိပ်နဲ့ ရှေးဟောင်း အမြောက်အား မြင်တွေ့ရစဉ်။

“ပျူ၊ မြန်မာ ၊ မွန် စတဲ့ ယဉ်ကျေးမှု လက်ရာတွေက ဒီမှာ အများအပြား ရှိတယ်၊ ကိုလိုနီ အဆောက်အအုံတွေ ဆိုရင် တချို့ဆို ရန်ကုန် ထက်တောင် စောတယ်၊ ဦးနာအောက် ကျောင်းမှာ ဆိုရင် ရုပ်ကြွှ ပန်းပု၊ ပြဒါးမှင် နံရံဆေးလုံး၊ ပွတ်လုံး ပန်းချီ စတဲ့ အထောက်အထားတွေ တနေရာတည်းမှာ လေ့လာ နိုင်တယ်”ဟု ပြည်နယ် လွှတ်တော် အမတ် လည်း ဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထို့အပြင် Yangon Heritage Trust အဖွဲ့အား မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် အစည်းအဝေး ခေါ်ယူ၍ မွန်ပြည်နယ် အစိုးရက လုပ်ဆောင် လိုသည့် အခြေအနေများကို တင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဘုံဘေဘားမား သစ်ကုမ္ပဏီက တည်ဆောက်ခဲ့သည့် သစ်တောရုံးအား တွေ့ရစဉ်။

လက်ရှိ လေ့လာထားချက် များအား အခြေခံ၍ လုပ်ဆောင်သည့် အကြံပြုချက်များအား ဤစက်တင်ဘာလ မကုန်ခင် မွန်ပြည်နယ် အစိုးရ ထံသို့ အစီရင်ခံစာ ဆက်လက် တင်သွင်း ပေးသွားမည် ဖြစ်ကြောင်း Yangon Heritage Trust အဖွဲ့ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ပြောသည်။

“ဘယ်လိုကနေ စကိုင်ပြီးတော့ လုပ်ကြမလဲပေါ့နော်၊ ဟိုမှာလည်း လုပ်မယ့် အတွေ့အကြုံနဲ့ယှဉ်ပြီး လုပ်ရမယ့် Producer မျိုးကို အကြံပေးဖို့၊ ဒေသခံတွေကို နားအလည်ဆုံး ဆိုတော့ ဒေသခံတွေလည်း ပါဝင် လုပ်ဆောင် ရမှာပေါ့ နော်၊ အခု အန်တီတို့က ပြန်သွားပြီး ဒါနဲ့ပတ်သက်ပြီး ဘယ်လို လုပ်နိုင်မလဲ ဆိုတာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ဆီကို အစီရင်ခံ ရေးပေး ရမယ်”ဟုလည်း ဒေါ်မို့မို့လွင်က ပြောပြသည်။

ဂျပန် ကင်ပေတိုင် ရုံးဟောင်းအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံဟောင်းအား တွေ့ရစဉ်။

မွန်ပြည်နယ် မော်လမြိုင်မြို့သည် အောက်မြန်မာနိုင်ငံ၏ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့စဉ် အုပ်ချုပ်ရေး အတွက် ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့ဖြစ်ခဲ့ဖူးသည့် အတွက် ကိုလိုနီခေတ် အဆောက်အအုံများနှင့် ရှေးဟောင်း သာသနိက အဆောက်အအုံများ ပေါများသည့် မြို့တမြို့ ဖြစ်သည်။

မွန်ပြည်နယ် အတွင်းတွင် ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေသည့် ရှေးဟောင်း အဆောက်အအုံပေါင်း (၁၀၀) ကျော် ရှိကြောင်း သိရသည်။

]]>
NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနှစ်သာရအားဖြင့် တိုးတက်မှုမရှိဟု မွန် ပါတီ ပြော https://burma.irrawaddy.com/news/2017/09/27/143442.html Wed, 27 Sep 2017 04:00:27 +0000 https://burma.irrawaddy.com/lytbox/?p=143442 ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်အမျိုးသား ပါတီ ကိုယ်စားလှယ်များ / မွန်အမျိုးသား ပါတီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အစိုးရ လက်ထက် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှစ်သာရ အားဖြင့် တိုးတက်မှု မရှိကြောင်း မွန်အမျိုးသား ပါတီ က ပြောဆိုသည်။ ]]> ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်အမျိုးသား ပါတီ ကိုယ်စားလှယ်များ / မွန်အမျိုးသား ပါတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အစိုးရ လက်ထက် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှစ်သာရ အားဖြင့် တိုးတက်မှု မရှိကြောင်း မွန်အမျိုးသား ပါတီ က ပြောဆိုသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ၂ ကြိမ်တိုင် ခေါ်ယူခဲ့ပြီ်း ဖြစ်သော်လည်း အနှစ်သာရ အားဖြင့် တိုးတက်မှု မရှိခဲ့ဟု မွန် အမျိုးသား ပါတီ ဗဟိုကော်မီတီ အစည်းအဝေး၌ သုံးသပ်ခဲ့ကြောင်း တွဲဖက် အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြော သည်။

“ပါတီက သုံးသပ်တာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုးတက်မှု ဆိုတာကတော့ အနှစ်သာရ အားဖြင့် သိပ်မရှိဘူး လို့ ကျနော်တို့ မြင်တယ်၊ တိုင်းရင်းသားတွေဘက်က ၄၇ ပင်လုံကို အခြေခံတဲ့ တောင်းဆိုချက်တွေ တင်ပြချက်တွေ အများကြီး တင်ပြ ကြတယ်၊ ပြီးသာ ပြီးသွားတယ်၊ အနှစ်သာရ အားဖြင့် ဖြစ်မလာဘူး”ဟုလည်း နိုင်စိုးမြင့်က ဧရာဝတီ သို့ ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင် မြို့တွင် စက်တင်ဘာ ၂၄ နှင့် ၂၅ ရက်နေ့ နှစ်ရက် ကျင်းပခဲ့သည့် မွန်အမျိုးသား ပါတီ၏ ဗဟိုကော်မီတီ အစည်းအဝေးတွင် အထက်ပါ အတိုင်း သုံးသပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မီတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ ကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်း၌ အတက်အကျရှိပြီး လက်ရှိလည်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ဆက် သွားနေကာ တိုးတက်မှုများလည်း အထိုက်အလျောက်ရှိပြီး ဆက်၍လည်း တိုးတက်လာဦးမည်ဟု သုံးသပ်ကြောင်း ပြောသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာ ကျနော် နားလည် သလောက်တော့ သူလည်း အတက်အကျ ရှိတာပါပဲ၊ ကျနော်တို့ လုပ်သင့်တာက ငြိမ်းချမ်ရေး ဖြစ်စဉ် အတက်မှာ ဝိုင်းပြီး ခပ်တင် လိုက်တယ်၊ တခါတခါ အကျဘက် ရှိတဲ့အခါ ကျတော့လည်း ဒါကို ရုန်းထွက်နိုင်အောင် လုပ်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

ဦးလှမောင်ရွှေသည် ၂၀၁၀ ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းကပင် ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးပွဲများတွင် ဦးဆောင် ပါဝင်ခဲ့ဖူးသူလည်း ဖြစ်ပြီး လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံး ဖွင့်လှစ်စဉ်က ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်၍ အကောင်အထည် ဖော်နိုင်ရန် အတွက် ဝိုင်းဝန်း ကြိုးပမ်း ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆို ထားသည်။

သို့သော် ယခု စက်တင်ဘာလ အထိ ယခင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားပြီး ဖြစ်သည့် အဖွဲ့များမှအပ ထပ်မံ၍ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် NCA စာချုပ် လက်မှတ် ရေးထိုး နိုင်ခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် အစိုးရ ဖွဲ့စည်းပြီး ဒုတိယ အကြိမ် ပင်လုံ ပထမနှင့် ဒုတိယ အစည်းအဝေးများကို ၂၀၁၆ သြဂုတ်နှင့် ၂၀၁၇ မေလ များတွင် ကျင်းပခဲ့ပြီး ဖြစ်ကာ လာမည့် တတိယ အကြိမ် အစည်းအဝေးအား ဒီဇင်ဘာလ ဒုတိယ အပတ်ခန့်တွင် ကျင်းပနိုင်ရေး အတွက် လျာထားကြောင်း ဦးလှမောင်ရွှေက ပြောသည်။

သို့သော် ထိုကျင်းပခဲ့ပြီး ဖြစ်သည့် ၂၁ ရာစု ပင်လုံ ညီလာခံ ပထမနှင့် ဒုတိယ အစည်းအဝေး များတွင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင် ပတ်သက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး မပါဝင်နိုင်ခြင်း၊ နိုင်ငံရေး ပါတီများ အားလုံး မပါဝင်နိုင်ခြင်း၊ အစိုးရနှင့် တပ်မတော်တို့ လိုချင်သည့် ရလဒ်များ အတိုင်း ပြည်ထောင်စု သဘော တူညီ ချက် ရရှိရန် ဆောင်ရွက်ခဲ့ခြင်းများ ရှိခဲ့သည်ဟု မွန်အမျိုးသား ပါတီ ဗဟိုကော်မီတီ အစည်းအဝေး၌ သုံးသပ် ကြောင်း နိုင်စိုးမြင့်က ပြောဆိုသည်။

ဦးလှမောင်ရွှေကမူ ၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်ခဲ့သည့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်သည် ၆ နှစ်တာ အတွင်း ငြိမ်းချမ်းရေး လမ်းပြ မြေပုံအတိုင်း အဆင့်လိုက် အကောင်အထည် ဖော်နိုင်ခဲ့ပြီး အားနည်းချက်များ ရှိနေသော်လည်း တိုးတက်မှု ရှိနေကြောင်း ပြောသည်။

မွန်အမျိုးသား ပါတီ အနေဖြင့် လာမည့် ဒုတိယအကြိမ် ပင်လုံညီလာခံ တတိယ အစည်းအဝေးအား ဆက်လက် တက်ရောက်ရေး မတက်ရေး နှင့် အားလုံး ပါဝင်ရေးမူ၊ ၄၇ ပင်လုံ အနှစ်သာရများ မပေါ်ပေါက်နိုင်ပါက ညီလာခံ ဆက်၍ တက်ရေးကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီ များနှင့် အတူ စည်းစားသွားမည် ဖြစ်ကြောင်း နိုင်စိုးမြင့်က ထုတ်ဖော် ပြောကြားသည်။

မြန်မာ့ ငြိမ်းချမ်ရေး လုပ်ငန်းစဉ် အတွက် အထောက်အကူ ဖြစ်စေရန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း NRPC အတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ ကော်မီတီ (JMC) အတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ သန်း သုံးစွဲရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ (JCB) ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သည့် အစည်းအဝေး၌ ဆုံးဖြတ်ထားကြောင်း သိရ သည်။

]]>