အောင်ကျော်ထက်, Author at ဧရာဝတီ https://burma.irrawaddy.com/author/87090 Covering Burma and Southeast Asia Mon, 17 Jul 2023 03:34:36 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အောင်ကျော်ထက်, Author at ဧရာဝတီ https://burma.irrawaddy.com/author/87090 32 32 ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ https://burma.irrawaddy.com/multimedia/photo-essay/2020/08/28/228686.html Fri, 28 Aug 2020 08:03:05 +0000 https://burma.irrawaddy.com/lytbox/?p=228686 --စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။]]> --

ကမ္ဘာ့ကပ်ရောဂါ COVID 19 ကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် မတ်လမှ စတင်ကာ စီးပွားရေးလုပ်ငန်း ကဏ္ဍအမျိုးမျိုးအပေါ် နည်းလမ်းပေါင်းစုံဖြင့် ရိုက်ခတ်မှု ရှိခဲ့သည်။

အချိန်ကြာမြင့်လာသည့်နှင့်အမျှ အမေရိကန်ဒေါ်လာ သန်းနှင့် ချီဝင်ငွေရသော ပြည်ပပို့ကုန်လုပ်ငန်းများမှသည် အိမ်တွင်း တနိုင်တပိုင်စီးပွားရေး လုပ်ငန်းအထိ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေကြရသည်။

ထိုသို့ စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိပြီး နောက်ပိုင်း အစိုးရ၏ အသွားအလာကန့်သတ်မှုစည်းမျဉ်းစည်းကမ်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်သွားခြင်း အပါအဝင် ဈေးကွက်ဝယ်လိုအားကျဆင်းမှုများက သင်ဖြူး ဖျာလုပ်ငန်းများ အပေါ်ရိုက်ခတ်မှုက ကြီးမားခဲ့သည်။

ဈေးကွက်ဝယ်လိုအားကျဆင်းသွားမှုကြောင့် ယခင်က သင်ဖြူးဖျာတချပ် (အကြမ်း)ဈေးနှုန်းသည် ကျပ် ၁ သောင်းကျော်အထိ ရှိရာမှ ကိုဗစ်ကာလအတွင်းတွင် ကျပ် ၇၀၀၀ မှ ကျပ် ၆၀၀၀ ခန့်အထိ ဈေးနှုန်း ကျဆင်း သွားခဲ့သည်။

ဈေးကွက်ဝင် ဖျာအချော တချပ် ဈေးနှုန်းသည် အရွယ်အစားပေါ်မူတည်ပြီး ကျပ် တသောင်းကျော် မှ ကျပ်  လေးသောင်း ဝန်းကျင်အထိ ရှိသည်။

တချပ်ကို ကျပ် ၇၀၀၀ ခန့် ပေါက်ဈေးရှိသည့် ဖျာ(အကြမ်း) ၄ ချပ်ကို ထုတ်လုပ်ရန်အတွက် အသုံးပြုရသည့် သင်ပင်ကုန်ကြမ်း ဈေးနှုန်းသည် ကျပ် ၃၄၀၀၀ အထိ ကုန်ကျလျက်ရှိသည့်အတွက် လက်ရှိဈေးနှုန်းများအရ သင်ဖြူးဖျာ (အကြမ်း) ရက်လုပ်ကြသူများအတွက် လုပ်အားခပင်မဆိုထားနှင့် ရင်းနှီးလိုက်သည့်  ငွေသည်ပင်  ပြန်မရရှိ ကြသည့် အနေအထားဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ ကျုံးတုံးကြီးကျေးရွာ အုပ်စု  တော်တရလေး ကျေးရွာမှာ သင်ဖြူးဖျာ လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ထိုသို့ တွက်ချက်ကိုက်လာသည့် ဈေးကွက်အနေအထားကြောင့် အငှားဖျာရက်လုပ်သူများကို ယခင်က ငှားရမ်း လုပ်ကိုင်နိုင်ခဲ့ကြသည့် သင်ဖြူးဖျာ(အကြမ်း) လုပ်ငန်းရှင်များသည် ယခုဈေးကွက်အနေအထားကြောင့် လုပ်သားများကို လုပ်အားခ ပေးချေရန် အခက်အခဲရှိလာခြင်းကြောင့် လုပ်သားလျှော့ချခြင်း နှင့် ဖျာထုတ်လုပ် မှုကို လျှော့ချခြင်းများ ပြုလုပ်၍ လုပ်ငန်းရပ်တည်နိုင်ရန် လုပ်ဆောင်လျက်ရှိကြသည်။

အချိန် ၅ လခန့် ဈေးကွက်မရှိသည့်အတွက် ယခင်က သင်ဖြူးဖျာများကို ဒိုင်ခံ ဝယ်ပေးနေသော ဖျာကုန်သည် များ နှင့် ဖျာအချောထည် ထုတ်လုပ်သည့် ဒိုင်များထံတွင်လည်း ပစ္စည်းများ ပိုလျှံလာပြီဖြစ်သည့် ယခုကာလ ပိုင်းတွင် အဝယ်ရပ်တန့်လျက်ရှိနေသည်။

ဖျာအချောထည်ထုတ်လုပ်သည့် ဖျာအဝယ်ဒိုင်များ နှင့် ကုန်သည်များဘက်တွင်လည်း ယခုကိုဗစ်ကာလ အတွင်းတွင် ဝယ်ယူရင်းနှီးမြှုပ်နှံထားသော ဖျာများပင် အရောင်းမထွက်သေးခြင်း၊ ပုံမှန်အချိန်ကာလမှာပင်  ဈေးကွက်အေးလေ့ရှိသည့် မိုးတွင်းကာလဖြစ်ခြင်း နှင့် မည့်သည်အချိန်တွင် ပြီးဆုံးနိုင်မည်ကို ခန့်မှန်း၍ မရ သော ရောဂါဆိုးကြောင့် မရေရာသေးသည့် ဈေးကွက်ကို စိုးရိမ်နေကြရသည်။

ထိုအခြေအနေများကြောင့် ကျေးရွာနေ အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးထား သည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းထုတ်ကုန်လုပ်ငန်းများသည်လည်း ဆက်လက်ရပ်တည်နိုင်ရန်အတွက် အခက် အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေကြရသည်။

You may also like these stories:

ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ

လားရှိုးမြို့က ဆေးဖြတ်စခန်း (သို့) “ဘဝသစ်”မှာ ဘဝသစ်ကို စကြမည့်သူများ

မျှစ်ချိုးသူများနှင့်အတူ တောလည်ထွက်ခြင်း

]]>
တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2020/08/07/227726.html Fri, 07 Aug 2020 13:12:28 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=227726 ]]> ]]> နှစ်ပေါင်း ၁၂၀ ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တခုတည်းသော ဂျူးဘုရားကျောင်း https://burma.irrawaddy.com/multimedia/photo-essay/2019/09/28/205102.html Sat, 28 Sep 2019 03:00:45 +0000 https://burma.irrawaddy.com/lytbox/?p=205102 / အောင်ကျော်ထက် / ဧရာဝတီဂျူးဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ တိုရာကျမ်းပေါင်း ၁၂၆ စုံထိ ရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့ပေါ်မှာ တိုရာကျမ်းအများဆုံးရှိခဲ့ဖူးတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တိုရာကျမ်းနှစ်စုံသာရှိပါတော့တယ်။ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြတဲ့ ဂျူးလူမျိုးများဟာ ယင်းတိုရာကျမ်းများကို သယ်ဆောင်သွားကြပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျနှင့် အစ္စရေး နိုင်ငံတို့က ဘုရားကျောင်းတွေဆီသို့ ရောက်ရှိကုန်ပါတယ်။ယင်းအပြင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ ဂျူးလူမျိုး နှစ်ဆယ်ကျော်သာရှိတော့ကြောင်း ဘုရားကျောင်းမှတာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။]]> / အောင်ကျော်ထက် / ဧရာဝတီ

မတ်စ်မီးယား ရေရှူအာ ဂျူးဘုရားကျောင်း (Musmeah Yeshua Synagogue) ဟာ မြန်မာနိုင်ငံရဲပ တခုတည်းသော ဂျူးဘုရားကျောင်းဖြစ်ပါတယ်။ဒီဘုရားကျောင်းဟာ ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ရှိ ၂၆လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားမှာရှိပါတယ်။

ကုန်သည် အရောင်းအဝယ်ပြုလုပ်ရာမှာ ကျွမ်းကျင်ကြတဲ့ ဂျူးလူမျိုးများဟာ မြန်မာနိုင်ငံမှာ စတင်အခြေချနေထိုင်ခဲ့တာတော့ ၁၈ ရာစုထဲက ရောက်ရှိနေထိုင်ကြပြီး ဒုတိယကမ္ဘာစစ် မတိုင်မီ ရန်ကုန်မြို့တွင် ဂျူးလူမျိုး ၂၅၀၀ ခန့် နေထိုင်ခဲ့ကြကာ ၁၉၄၂ ခုနှစ် မြန်မာနိုင်ငံ ကို ဂျပန်စစ်တပ်များဝင်ရောက်ချိန်နှင့် ၁၉၆၂ စစ်အစိုးရအာဏာသိမ်းချိန်မှာတော့ ဂျုးလူမျိုးအများစုဟာ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြပါတယ်။ လက်ရှိ သိမ်ဖြူလမ်းလို့အမည်ရှိတဲ့လမ်းဟာ ဟိုယခင်က ဂျုးလူမျိုးကုန်သည်တစ်ဦးဖြစ်တဲ့ Judah Ezekiel ကို အစွဲပြုပြီး Judah Ezekiel street လို့ခေါ်တွင်ခဲ့ကြပါတယ်။

Musmeah Yeshua Synagogue (ဂျုးဘုးရားကျောင်း)ကို ၁၈၅၄ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး သစ်သားအဆောက်အဦးဖြစ်ပါတယ်။ ယင်းသစ်သားဘုရားကျောင်းဟာ ၁၈၉၃ ခုနှစ် -၁၈၉၆ ခုနှစ်ထိသာတည်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ထိုနောက် ၁၈၉၆ခုနှစ်မှာတော့ လက်ရှိတည်ရှိနေတဲ့ အဆောက်အဦးကိုပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။

ဒီဘုရားကျောင်းမှာ ဂျူးဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ တိုရာကျမ်းပေါင်း ၁၂၆ စုံထိ ရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့ပေါ်မှာ တိုရာကျမ်းအများဆုံးရှိခဲ့ဖူးတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တိုရာကျမ်းနှစ်စုံသာရှိပါတော့တယ်။ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြတဲ့ ဂျူးလူမျိုးများဟာ ယင်းတိုရာကျမ်းများကို သယ်ဆောင်သွားကြပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျနှင့် အစ္စရေး နိုင်ငံတို့က ဘုရားကျောင်းတွေဆီသို့ ရောက်ရှိကုန်ပါတယ်။ယင်းအပြင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ ဂျူးလူမျိုး နှစ်ဆယ်ကျော်သာရှိတော့ကြောင်း ဘုရားကျောင်းမှတာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။

ဘုရားကျောင်းကို တနင်္ဂနွေတစ်ရက်သာ ပိတ်ပြီး နေ့စဉ် မနက် ကိုးနာရီခွဲ မှ နေ့လည် ၂နာရီထိ ဖွင့်လှစ်ထားကာ အခြားဘာသာဝင်များအနေဖြစ်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှလည်း အဆိုပါ ဂျူးဘုရားကျောင်းကို မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြာကိုတပ်ဆင်ထားရှိခဲ့ပါတယ်။

]]>
၀င်္ဂဘော် ဆင်စခန်းမှ မိဘမဲ့ ဆင်ကလေးများ https://burma.irrawaddy.com/multimedia/photo-essay/2019/08/24/201735.html Sat, 24 Aug 2019 01:45:05 +0000 https://burma.irrawaddy.com/lytbox/?p=201735 --မိဘမဲ့ဆင်လေးများ အဖြစ်သတ်မှတ်ထားသောအကြောင်းမှာ မိဘနှင့်ကွဲကွာပြီး လမ်းပျောက်ကျန်နေခဲ့သည့်ဆင်ငယ်လေးများ၊ ဆင်မုဆိုးများ၏လက်ချက်ဖြစ် မိဘများသေဆုံးသွားသဖြစ် ခေါ်ယူထိန်းသိမ်းထားသောဆင်ငယ်များ၊ ကျော့ကွင်းမိပြီး မိမိအုပ်စုတွင် ကျန်ရစ်ကာ ဒဏ်ရာများဖြင့် ဆင်စခန်းသို့ ရောက်ရှိလာသော ဆင်ငယ်လေးများကို မိဘမဲ့ ဆင်ငယ်လေးများဖြစ်သတ်မှတ်ပြီး ဆင်စခန်းမှာ ထိန်းသိမ်းထားခြင်းဖြစ်သည်။]]> --

လက်ရှိအချိန်၌ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောဆင်ရိုင်း ၁၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃၀၀၀နှင့် ၅၀၀၀ ခန့်ထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆင်များအား အမဲလိုက်သတ်ဖြတ်သည့် ပြဿနာကို မကြုံစဖူး ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ဆင်သတ်ဖြတ်ခံရမှုပမာဏအနေဖြင့် တစ်ပတ်လျင် အနည်းဆုံးဆင်တစ်ကောင်နှုန်းအထိ အသတ်ခံနေရကြောင်းသိရသည်။

တောဆင်ရိုင်းများကိုသာမက အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးဆင်၊ မွေးမြူထားသောဆင်များကိုပါ သတ်ဖြတ်လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဆင်စခန်းများစွာရှိသည့်အနက် ဝင်္ဂဘော်ဆင်စခန်းဟာ မိဘမဲ့ဆင်လေးများကို အဓိကပြုစုထိန်းသိမ်းပေးသည့် တစ်ခုတည်းသော ဆင်စခန်းဖြစ်သည်။

ဒီဆင်စခန်းကို ဖွင့်လှစ်ခဲ့သည်မှာ ယခုဆိုရင် သုံးနှစ်ကျော်ခဲ့ပြီး စခန်းမှာ ဆင်ကြီး ၁၀ ကောင်၊ ဆင်ငယ် ၁၀ ကောင် ပေါင်း ၂၀ ကောင်ရှိကာ ထိုအထဲတွင် မိဘမဲ့ ဆင်ငယ် ၈ ကောင်လည်း ပါဝင်သည်။

မိဘမဲ့ဆင်လေးများ အဖြစ်သတ်မှတ်ထားသောအကြောင်းမှာ မိဘနှင့်ကွဲကွာပြီး လမ်းပျောက်ကျန်နေခဲ့သည့်ဆင်ငယ်လေးများ၊ ဆင်မုဆိုးများ၏လက်ချက်ဖြစ် မိဘများသေဆုံးသွားသဖြစ် ခေါ်ယူထိန်းသိမ်းထားသောဆင်ငယ်များ၊ ကျော့ကွင်းမိပြီး မိမိအုပ်စုတွင် ကျန်ရစ်ကာ ဒဏ်ရာများဖြင့် ဆင်စခန်းသို့ ရောက်ရှိလာသော ဆင်ငယ်လေးများကို မိဘမဲ့ ဆင်ငယ်လေးများဖြစ်သတ်မှတ်ပြီး ဆင်စခန်းမှာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

မိဘမဲ့ဆင်လေး ရှစ်ကောင်ကို ဧရာမေ၊ မေရီ၊ ဧရာမိုး၊ ယုယုထွေး၊ ဧရာမောင်၊ ပန်းနုမေ၊ နှင်းမေ နှင့် ဧရာစိန် ဟု အမည်အသီးသီးပေးထားသည်။

၎င်းဆင်ငယ်များထဲမှ ဧရာမောင် တစ်ကောင်သာ ဆင်ထီးလေးဖြစ်ပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကြိုးဝိုင်းအနီး၊ ဖိုးလွန်းချောင်း ကျာက်ဆောင်ကြားတွင်ညှပ်နေသည်ကို ဒေသခံများက တွေ့ရှိပြီး သွားရောက်ကယ်တင်ခဲ့ကြရသည်။

တွေ့ရှိစဉ်က မုဆိုးများ၏ ကိုင်းကြိုးမိခဲ့သောကြောင့် လက်တွင်ဒဏ်ရာရရှိခဲ့ပြီး ဆင်စခန်းရောက်မှ ကုသပေးခဲ့ရသည်။

ဧရာစိန်သည် မကြာသေးမီက ပုသိမ်သစ်ထုတ်လုပ်ရေးဒေသတွင် တွေ့ရှိခဲ့ပြီး လက်တွင်ဒဏ်ရာများရရှိထားသောကြောင့် ဆင်စခန်း၌ ဆင်ဆရာဝန်နှင့် ဝန်ထမ်းများမှ ကုသပေးလျက်ရှိသည်။

ဆင်စခန်းသို့ ရောက်ရှိလာသော မိဘမဲ့ဆင်ငယ်လေးများသည် အသက်အရွယ်ငယ်သေးသဖြင့် နို့အဓိက တိုက်မွေးမြုလျက်ရှိသည်။

မနက်ပိုင်းတွင် ဘေးမဲ့တောထဲလွှတ်ပေးကာ ရေချိုးဆင်းပြီးသောအချိန်မှသာ ဆင်စခန်းအတွင်းပြန်လည်ထိန်းသိမ်းကြရပြီး ညပိုင်းတွင် နို့အပြင် ထမင်းလုံးကျွေးရသည်။

ဆင်စခန်းမှ မိဘမဲ့ဆင်လေးများ၏ ပြုမူနေထိုင်ပုံနှင့် ဆင်ဝန်ထမ်းများစောင့်ရှောက်ပုံများကို ဧရာဝတီမှ ဓာတ်ပုံသတင်းထောက် အောင်ကျော်ထက်မှ ရိုက်ကူးဖော်ပြပါသည်။

]]>
ကမ်းရိုးတန်းသွား ငါးဖမ်းသဘောၤတို့၏ ပြင်ဆင်သောနေရာ https://burma.irrawaddy.com/multimedia/photo-essay/2019/08/03/199632.html Sat, 03 Aug 2019 02:45:27 +0000 https://burma.irrawaddy.com/lytbox/?p=199632 --လွန်းကျင်းကိုတော့ ရေလုံတံခါးဖြင့် ပြုလုပ်ထားပြီး ပြုပြင်ရန် ရောက်ရှိလာတဲ့ သဘောၤအား ရေလုံတံခါးအတွင်းသို့ပို့ဆောင်ပြီး ရေလုံတံခါးကို ပိတ်ကာ သဘောၤများပြုပြင်ရန်အတွက် အထိုင်ချပါတယ်။သဘောၤတစ်စီးပြင်ရန် အချိန်အားဖြင့် ၁၅ ရက်ခန့်ကြာနိုင်ပါတယ်။ရေကျပြီးတဲ့နောက်မှာတော့ ရေလုံတံခါးကိုပိတ်ကာ ပြုပြင်ခြင်းလုပ်ငန်းကို စတင်ပြုလုပ်ပါတယ်။ သင်္ဘောပြုပြင်ရာမှာတော့ အဓိကအားဖြင့် ဝရိန်ဆော်ခြင်း၊ သံချေးခေါက်ခြင်း၊ ဖာတေးခြင်း၊ သုံးမရတော့သည့် အပိုင်းအစများအား ဖျက်ထုတ်ကာ အသစ်ပြန်လည်တပ်ဆင်ခြင်း၊ စက်ပြင်ဆင်ခြင်းတွေကို လုပ်ပါတယ်။]]> --

မြန်မာကမ်းရိုးတန်းတွင် သွားလာနေသော ငါးဖမ်းသင်္ဘောများ ပြုပြင်သည့်နေရာတခုဖြစ်သော ရန်ကုန်မြို့တဖက်ကမ်းရှိ ဆိပ်ကြီးခနောင်တိုမြိုနယ်ရှိ လွန်းကျင်း ( သဘောၤကျင်း) လုပ်ငန်းအား ဧရာဝတီမှ ဓာတ်ပုံသတင်းထောက် အောင်ကျော်ထက်မှ ရိုက်ကူးပုံဖော်ခဲ့ပါတယ်။

ဆိပ်ကြီးခနောင်တိုမှာ နေကြသူအများစုဟာ ရန်ကုန်ဘက်ကမ်းသို့လာရောက် အလုပ်ဆင်းကြသူများပြီး တချို့ကတော့ ငါးဖမ်းခြင်း၊ သမ္ဗာန်အငှားလိုက်ခြင်း၊ သဘောၤပြုပြင်တဲ့ လွန်းကျင်းတွေမှာ လုပ်ကြပါတယ်။ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြို့တဖက်ကမ်းတွင်တည်ရှိပြီး ဝါးတန်းဆိပ်ကမ်းမှ သမ္̕ဗာန်နဲ့ ကူးသန်းသွားလာရတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။

ကမ်းရိုးတန်းတွင် ၃ လအထိဆက်တိုက်အသုံးပြုသည့် သဘောၤများနှင့် ၆ လအထိအသုံးပြုပြီး သဘောၤများ၏ ကြံခိုင်မှုများကိုစစ်ဆေးပြီး လိုအပ်သည်များကိုပြုပြင်သည့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းမှာရှိတဲ့ သင်္ဘောလွန်းကျင်းတွေဟာ အစိုးရပိုင်များလည်း ရှိသလို ပုဂ္ဂလိကပိုင်တွေ ရှိပါတယ်။

လွန်းကျင်းကိုတော့ ရေလုံတံခါးဖြင့် ပြုလုပ်ထားပြီး ပြုပြင်ရန် ရောက်ရှိလာတဲ့ သဘောၤအား ရေလုံတံခါးအတွင်းသို့ပို့ဆောင်ပြီး ရေလုံတံခါးကို ပိတ်ကာ သဘောၤများပြုပြင်ရန်အတွက် အထိုင်ချပါတယ်။သဘောၤတစ်စီးပြင်ရန် အချိန်အားဖြင့် ၁၅ ရက်ခန့်ကြာနိုင်ပါတယ်။ရေကျပြီးတဲ့နောက်မှာတော့ ရေလုံတံခါးကိုပိတ်ကာ ပြုပြင်ခြင်းလုပ်ငန်းကို စတင်ပြုလုပ်ပါတယ်။

သင်္ဘောပြုပြင်ရာမှာတော့ အဓိကအားဖြင့် ဝရိန်ဆော်ခြင်း၊ သံချေးခေါက်ခြင်း၊ ဖာတေးခြင်း၊ သုံးမရတော့သည့် အပိုင်းအစများအား ဖျက်ထုတ်ကာ အသစ်ပြန်လည်တပ်ဆင်ခြင်း၊ စက်ပြင်ဆင်ခြင်းတွေကို လုပ်ပါတယ်။

ဒီလုပ်ငန်းခွင်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေ တန်းတူအလုပ်လုပ်ကြပြီး၊ အများအားဖြင့် အမျိုးသမီးများသည် သံချေးခေါက်ခြင်းအပိုင်းကို ပြုလုပ်ကြပါတယ်။ပုဂ္ဂိလိက သဘောၤလွန်းကျင်းတွေမှာ အလုပ်သမားတွေမှာ နေ့စား၊ လခစား၊ ပုတ်ပြတ်ဟူ၍ ရှိကြပြီး လခစားတွေကို ပိုင်ရှင်က ထမင်းကျွေးတယ်လို့သိရပါတယ်။ နေ့စားသမားတွေအနေနဲ့ တစ်နေ့ကို လုပ်ခ အနိမ့်ဆုံး ၆၀၀၀ ကျပ် မှ အမြင့်ဆုံး ၁၅၀၀၀ ဝန်းကျင်ထိ ရရှိပါတယ်။ ဒီလိုကာလာတွေမှာတော့ ငါးဖမ်းသဘောၤတွေအများဆုံးလာပြင်တဲ့အချိန်အခါမို့ အလုပ်အကိုင်အဆင်ပြေကြောင်း သိရသည်။

]]>
တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2019/05/10/190918.html Fri, 10 May 2019 10:23:11 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=190918 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2019/03/01/185061.html Fri, 01 Mar 2019 10:47:54 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=185061 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/10/19/172953.html Fri, 19 Oct 2018 11:50:27 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=172953 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/07/20/164389.html Fri, 20 Jul 2018 10:24:23 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=164389 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/05/18/158952.html Fri, 18 May 2018 11:09:21 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=158952 ]]> ]]>