ထက်ဝေ, Author at ဧရာဝတီ https://burma.irrawaddy.com/author/89306 Covering Burma and Southeast Asia Mon, 03 Apr 2023 14:06:13 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ထက်ဝေ, Author at ဧရာဝတီ https://burma.irrawaddy.com/author/89306 32 32 တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2020/07/24/226887.html Fri, 24 Jul 2020 11:58:13 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=226887 ]]> ]]> လားရှိုးမြို့က ဆေးဖြတ်စခန်း (သို့) “ဘဝသစ်”မှာ ဘဝသစ်ကို စကြမည့်သူများ https://burma.irrawaddy.com/multimedia/photo-essay/2020/07/13/226167.html Mon, 13 Jul 2020 06:00:37 +0000 https://burma.irrawaddy.com/lytbox/?p=226167 ဘဝသစ်တွင် လာရောက် ဆေးဖြတ်နေသူတစ်ဦးအဲဒီအထဲက တစ်ခုက “ဘဝသစ်” ဆေးဖြတ် စခန်းပါ။ “ဘဝသစ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီပြန်လည်ထူထောင်ရေးစင်တာကို ၂၀၀၀ ပြည့်နှစ်မှာ ဦးရန်လီရွှေဆိုသူက တည်ထောင်ပါတယ်။ သူဟာ တစ်ချိန်က ဆေးစွဲခဲ့ဖူးပြီး ကိုယ်တိုင် ဒုက္ခတွင်းက ပြန်လည်ရုန်းထွက်နိုင်ခဲ့ချိန်မှာ ဘဝတူ ညီအစ်ကိုတွေကို ကူညီလိုတဲ့ ဆန္ဒနဲ့ ဒီစင်တာကို တည်ထောင်ခဲ့တာလို့သိရပါတယ်။ အခုဆိုရင်တော့ ဘဝသစ်ရဲ့ သက်တမ်းက နှစ် ၂၀ တိတိ ရှိနေပါပြီ။]]> ဘဝသစ်တွင် လာရောက် ဆေးဖြတ်နေသူတစ်ဦး

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့အကြောင်းပြောကြရင် လာရှိုးရေပူစမ်း၊ မန်ဆူရှမ်းကျောင်းစတဲ့ အထင်ကရနေရာတွေနဲ့ လူတွေက တွဲသိကြပေမယ့် လူသိနည်းပြီး အရေးပါတဲ့ နေရာအချို့လည်း လားရှိုးမှာ ရှိနေပါတယ်။

အဲဒီအထဲက တစ်ခုက “ဘဝသစ်” ဆေးဖြတ် စခန်းပါ။ “ဘဝသစ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီပြန်လည်ထူထောင်ရေးစင်တာကို ၂၀၀၀ ပြည့်နှစ်မှာ ဦးရန်လီရွှေဆိုသူက တည်ထောင်ပါတယ်။ သူဟာ တစ်ချိန်က ဆေးစွဲခဲ့ဖူးပြီး ကိုယ်တိုင် ဒုက္ခတွင်းက ပြန်လည်ရုန်းထွက်နိုင်ခဲ့ချိန်မှာ ဘဝတူ ညီအစ်ကိုတွေကို ကူညီလိုတဲ့ ဆန္ဒနဲ့ ဒီစင်တာကို တည်ထောင်ခဲ့တာလို့သိရပါတယ်။ အခုဆိုရင်တော့ ဘဝသစ်ရဲ့ သက်တမ်းက နှစ် ၂၀ တိတိ ရှိနေပါပြီ။

နှစ်ပေါင်း ၂၀ သက်တမ်းအတွင်း “ဘဝသစ်”ကနေ ဘဝသစ်ပြန်စခဲ့သူပေါင်း ၁၀၀၀ ကျော်ရှိပြီလို့ ဦးရန်လီရွှေက ဆိုပါတယ်။ လတ်တလောမှာတော့ စခန်းမှာ လာရောက်ဆေးဖြတ်နေသူ ၇၀ ကျော်ရှိပြီး အရက်ဖြစ်သူအချို့လည်း ရှိနေတာပါ။

“ဘဝသစ်”မှာ ဆေးဖြတ်သူတွေဟာ မက်သဒုံးမသုံးဘဲ အစိမ်းနည်းနဲ့ ဖြတ်ကြပြီး ဧက ၃၀ ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ စုပေါင်းစိုက်ပျိုးရေးလုပ်တာ၊ ကျန်းမာရေးအတွက် အလေးမ၊ ခြင်းခတ် စတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ကြရပါတယ်။

နံနက် ၅ နာရီခွဲအိပ်ယာထရပြီး ၉ နာရီခွဲ အိပ်ယာဝင်ရတဲ့ ဒီစင်တာမှာ နေ့လည်စာနဲ့ ညစာကို ဆေးလာဖြတ်သူတွေထဲက ဟင်းချက်နိုင်သူတွေက တာဝန်ယူ ချက်ပြုတ်ပေးပါတယ်။

ဒီစင်တာမှာ ဆေးဖြတ်သူတချို့ကို တရုတ်စာလည်း သင်ပေးပါတယ်။ ရည်ရွယ်ချက်ကတော့ ဆေးဖြတ်နေချိန်မှာ တရုတ်ဘာသာနဲ့ရေးထားတဲ့ ကျမ်းစာဖတ်နိုင်ပြီး ဘုရားသခင်နဲ့ ပိုမို နီးစပ်နိုင်ဖို့လို့ ဦးရန်လီရွှေက ဆိုပါတယ်။

“ဘဝသစ်”မှာ ဆေးလာဖြတ်သူတွေအနေနဲ့ စင်တာမှာ ၁ နှစ်နေဖို့ လိုအပ်ပါတယ်။ ပြီးတော့ ၁ သိန်းပေးသွင်းရတာပါ။ စင်တာရဲ့ စည်းမျဉ်းအတိုင်း ၁ နှစ်အချိန်ပြည့်ရင် ငွေ ၁ သိန်းကို ပြန်ပေးပြီး ၁ နှစ်မပြည့်ခင် ထွက်သွားခဲ့ရင်တော့ ဒီငွေ ၁ သိန်း ပြန်မရပါဘူး။

တချို့ ဆေးဖြတ်သူတွေဟာ “ဘဝသစ်”မှာ ၂ နှစ်၊ ၃ နှစ်လောက်အထိ နေကြပြီး ဆေးဖြတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ သက်တမ်း နှစ် ၂၀ ထဲရောက်လာပြီဖြစ်တဲ့ “ဘဝသစ်”ဟာ ဒီစင်တာကထွက်သွားတဲ့ ညီအစ်ကိုဟောင်းတွေ ပြန်လည်လှူဒါန်းတဲ့ အလှူငွေတွေနဲ့ အဓိက ရပ်တည်ပြီး စင်တာရဲ့ အစိတ်အပိုင်းတွေဟာလည်း ညီအစ်ကိုစိတ်ဓာတ်အခြေခံနဲ့ လည်ပတ်နေတာလို့ ဦးရန်လီရွှေက ဆိုခဲ့ပါတယ်။

]]>
မျှစ်ချိုးသူများနှင့်အတူ တောလည်ထွက်ခြင်း https://burma.irrawaddy.com/multimedia/photo-essay/2019/09/14/203795.html Sat, 14 Sep 2019 02:30:35 +0000 https://burma.irrawaddy.com/lytbox/?p=203795 မျှစ်ချိုးရန် ကိုဖိုးလ တောအတွင်း လှည့်လည်သွားလာနေစဉ်။မျှစ်ချိုးသမားများ တောတွင်းလှည့်လည်သော အခါ ၎င်းတို့ကို ဒုက္ခအပေးဆုံးမှာ သားရိုင်းတိရစ္ဆာန်များ မဟုတ်ဘဲ ခြင်များသာ ဖြစ်ကြောင်း ကိုဖိုးလ ပြောသည်။]]> မျှစ်ချိုးရန် ကိုဖိုးလ တောအတွင်း လှည့်လည်သွားလာနေစဉ်။

မျှစ်သည် မြန်မာနိုင်ငံတွင် လူကြိုက်များသော ဟင်းလျာဖြစ်သည်။ မျှစ်သည် မိုးရာသီတွင် ပေါ်ပြီး မိုးရေသည် ၎င်းတို့ကို အညှောင့် အလွန်ပေါက်စေသောကြောင့် ဇွန်လ အစောပိုင်းမှ စက်တင်ဘာလ နှောင်းပိုင်းအထိ တရာသီလုံး ရနိုင်သည်။

တို့စရာဖြင့် စားသော မျှစ်ပြုတ်သည် မြန်မာအိမ်ထောင်စု အများအပြား၏ ထမင်းစားပွဲတွင် ပြီးပြည့်စုံသော အရန်ဟင်းလျာ ဖြစ်သည်။ ပုဇွန်ခြောက်နှင့် သို့မဟုတ် စားတော်ပဲပြုတ်နှင့် ကြော်သော မျှစ်သည်လည်း လူကြိုက်များသော ဟင်းလျာဖြစ်သည်။ ဝက်သားနှင့် ချက်သော မျှစ်ချဉ်ဟင်းရည်နှင့် ဟင်းလျာများသည် မြန်မာ စားသောက်ဆိုင်များတွင် လူကြိုက်များလှသည်။

သို့သော် မျှစ်ချိုးသူများ၏ ဘဝမှာမူ ဆန့်ကျင်ဖက် ဖြစ်နေသည်။ ကိုဖိုးလ သည် ဧရာဝတီတိုင်း ကျီးပင် ကျေးရွာမှ မျှစ်ချိုးသူ တဦးဖြစ်သည်။ ထိုကျေးရွာသည် ပုသိမ် – မုံရွာလမ်း၏ အနောက်ဖက် ရခိုင်ရိုးမအနီး အင်္ဂပူ ကျေးရွာတွင် တည်ရှိသည်။

အချို့သော ကျေးရွာသားများသည် လယ်တောများတွင် လုပ်ကိုင်ကြသော်လည်း အများစုမှာ ထင်းကောက်ခြင်း၊ မျှစ်ချိုးခြင်း တို့ကိုသာ လုပ်ကိုင်ကြရသည်။ ကိုဖိုးလသည် မြေငှား လယ်သမား အဖြစ်လည်း လုပ်ကိုင် သော်လည်း မိုးရာသီတွင် စပါးစိုက်ပြီးသောအခါ ဝင်ငွေ လုံလောက်ရေးအတွက် မျှစ်ချိုးရသည်။

မိုးရာသီ အစောပိုင်းနေ့များတွင် မျှစ်ကို ရွာမှ မဝေးသော နေရာတွင် တွေ့နိုင်သော်လည်း မုတ်သုန်မိုး အရှိန်အဟုန် ရလာသောအခါ ကိုဖိုးလ သည် ရောင်းတန်းဝင်သော မျှစ်များရရှိရန် ရခိုင်ရိုးမ တောနက်အတွင်း အထိ သွားရသည်။

မျှစ်ချိုးသမားများ တောတွင်းလှည့်လည်သော အခါ ၎င်းတို့ကို ဒုက္ခအပေးဆုံးမှာ သားရိုင်းတိရစ္ဆာန်များ မဟုတ်ဘဲ ခြင်များသာ ဖြစ်ကြောင်း ကိုဖိုးလပြောသည်။

ကောင်းကင်ထက်တွင် နေမြင့်လာလေလေ ခြင်တပ်ဖွဲ့ကြီးသည် ကြီးမားလာလေလေပင် ဖြစ်သောကြောင့် မျှစ်ချိုးသူများသည် နံနက်ခင်းတွင် မျှစ်များနိုင်သမျှ များများရအောင် အချိန်လု လုပ်ကိုင်ကြရပြီး မွန်လွဲပိုင်းတွင် အလုပ်သိမ်းကြသည်။ ခြင်များအပြင် မြွေများသည်လည်း ၎င်းတို့အတွက် မကြာခဏဆိုသလို ခြိမ်းခြောက်မှု ဖြစ်တတ်ကြောင်း ကိုဖိုးလ က ပြောသည်။

မျှစ်ချိုးသူများသည် ခြေလျှင်မပြန်ကြဘဲ ၎င်းတို့၏ မျှစ်များကို ရခိုင်ရိုးမတွင် မြစ်ဖျားခံသည့် နန်ကသူ ချောင်းအတိုင်း ရေတွင်မျှောကာ တောင်ခြေရှိ ၎င်းတို့ရွာသို့ ရေလမ်းမှ ပြန်ကြသည်။

၎င်းတို့သည် တကြိမ်မျှစ်ချိုးထွက်လျှင် ထုံးစံအားဖြင့် မျှစ် ၁၀ ပိဿာမှ ၂၀ ပိဿာအထိ ချိုးကြသည်။ သူသည် ပျှမ်းမျှအားဖြင့် တကြိမ်လျှင် မျှစ် ၁၅ ပိဿာ ချိုးနိုင်ရန် ကြိုးစားသည်ဟု ကိုဖိုးလ က ပြောသည်။ အိမ်သို့ ရောက်သောအခါ ထိုမျှစ်များကို ရောင်းရန်အသင့် ဖြစ်စေရန် ရေနှင့်ပြုတ်ရသည်။

မျှစ်များကို ပုသိမ်-မုံရွာ လမ်းတလျှောက်ရှိ ဝယ်ယူသူများကို တပိဿာလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း ကျီးပင်ရွာနှင့် အနီးဆုံး ကွင်းကောက်ဈေးတွင် မျှစ်တပိဿာလျှင် ၈၀၀ ကျပ် ဈေးရှိသည်။

]]>
ကွမ်းသီးပင်၏ အဖက်အလက်များ ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်း အဖြစ်ဖန်တီး https://burma.irrawaddy.com/multimedia/photo-essay/2019/06/25/196014.html Tue, 25 Jun 2019 12:03:47 +0000 https://burma.irrawaddy.com/lytbox/?p=196014 --ဒီပစ္စည်းတွေကို လူများအတွက် ကျန်းမားရေး အန္တရယ် နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများ ဖြစ်ပေါ် စေသည့် ပလတ်စတစ် ပစ္စည်းနေရာတွင် အစားထိုးအသုံးပြုစေလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခြင်းပြီး ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်က သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံကိုယ်စားလှယ်ပြု လုပ်ငန်းရှင်တဦးအနေဖြင့် ရွေးချယ်ခံခဲ့ရကာ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ လုပ်ငန်းရှင် ၁၅ ဦးကို ရွေးချယ်ခဲ့တာပြီး ဦးမင်းကျော်ဇင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ရွေးချယ်ခံခဲ့ရခြင်းခံရသည်။]]> --

ယခင်က အသုံးမဝင်ခဲ့သော ကွမ်းသီးပင်များ၏ ကွမ်းဖတ်များသည် ယခုတွင်တော့ ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်း အဖြစ်  ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ ထုတ်ကုန်များကိုတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တဦးဖြစ်သော Nature Myanmar ကုမ္ပဏီ တည်ထောင်သူ ဦးမင်းကျော်ဇင်က အိုင်ဒီယာရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးနေရသည့် ကွမ်းဖတ်ကို  ယခုလို ပြောင်းလဲထုတ်လုပ်ခြင်းဖြစ်သည်။

ဒီပစ္စည်းတွေကို လူများအတွက် ကျန်းမားရေး အန္တရယ် နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများ ဖြစ်ပေါ် စေသည့် ပလတ်စတစ် ပစ္စည်းနေရာတွင် အစားထိုးအသုံးပြုစေလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခြင်းပြီး ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်က သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံကိုယ်စားလှယ်ပြု လုပ်ငန်းရှင်တဦးအနေဖြင့် ရွေးချယ်ခံခဲ့ရကာ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ လုပ်ငန်းရှင် ၁၅ ဦးကို ရွေးချယ်ခဲ့တာပြီး ဦးမင်းကျော်ဇင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ရွေးချယ်ခံခဲ့ရခြင်းခံရသည်။

လက်ရှိအချိန်တွင် တခါသုံး ကွမ်းဖတ်ပစ္စည်းပေါင်း ၁၅ မျိုး အထိ ထုတ်လုပ်လျက်ရှိပြီး ယင်းပစ္စည်းများမှာ ထမင်းစားပန်းကန်အမျိုးမျိုး၊ ဇွန်းများ၊ ပန်းကန်လုံးများ၊  ဖော့ဘူးပုံစံ ဗူးများ၊ အချဉ်ထည့်သည့် ခွက်ငယ်လေးများ ဖြစ်ပြီး  နောက်ပိုင်းတွင် တခါသုံး ထမင်းဗူများ နှင့် ရေခွက်များကိုလည်း ထုတ်လုပ်သွားရန် ရှိသည်ဟုသိရသည်။

]]>
တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2019/02/08/182910.html Fri, 08 Feb 2019 11:27:33 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=182910 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/11/09/174424.html Fri, 09 Nov 2018 09:53:07 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=174424 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/10/26/173278.html Fri, 26 Oct 2018 09:34:18 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=173278 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/09/21/170525.html Fri, 21 Sep 2018 10:05:32 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=170525 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/08/17/167123.html Fri, 17 Aug 2018 11:51:04 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=167123 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/08/03/165734.html Fri, 03 Aug 2018 12:18:11 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=165734 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/06/22/161862.html Fri, 22 Jun 2018 11:14:05 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=161862 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/06/01/160089.html Fri, 01 Jun 2018 10:53:31 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=160089 ]]> ]]> တပတ်အတွင်းသတင်းဓာတ်ပုံ https://burma.irrawaddy.com/photo/2018/05/25/159541.html Fri, 25 May 2018 11:38:16 +0000 https://burma.irrawaddy.com/lytbox/?post_type=photo&p=159541 ]]> ]]>