Marwaan Macan-Markar, Author at ဧရာဝတီ https://burma.irrawaddy.com/author/90314 Covering Burma and Southeast Asia Wed, 19 Aug 2026 04:45:29 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Marwaan Macan-Markar, Author at ဧရာဝတီ https://burma.irrawaddy.com/author/90314 32 32 မြန်မာတပ်ချုပ်သစ်အား ထိုင်းက ဧည့်ခံခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာ https://burma.irrawaddy.com/news/2026/08/19/415608.html Wed, 19 Aug 2026 04:45:29 +0000 https://burma.irrawaddy.com/?p=415608 မြန်မာတပ်ချုပ်သစ် ဗိုလ်ချုပ် ရဲဝင်းဦး ထိုင်းစစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် "ထိပ်သီးဆွေးနွေးပွဲ" ပြုလုပ်ရန် ဘန်ကောက်သို့ ဗုဒ္ဓဟူးနေ့တွင် ရောက်လာသည်။]]>

အခက်အခဲများနှင့် ရင်ဆိုင်နေရသော အိမ်နီးချင်း မြန်မာနိုင်ငံအား အဖက်လုပ်ရန် ထိုင်းနိုင်ငံ၏ အလျင်အမြန် ကြိုးပမ်းမှုသည် မြန်မာတပ်ချုပ်သစ် ဗိုလ်ချုပ် ရဲဝင်းဦး ထိုင်းစစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် “ထိပ်သီးဆွေးနွေးပွဲ” ပြုလုပ်ရန် ဘန်ကောက်သို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာချိန်၌ ပိုမို အရှိန်မြင့်တက်လာသည်။ ၎င်းနှင့် တွေ့ဆုံဆွေးနွေးမည့် သူများအနက် ၎င်း၏ ထိုင်းဘက်မှ ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဥကရစ် ဘူတာနွန် သည် အဓိကနေရာတွင် ပါဝင်မည်ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ ရေတပ်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာ့တပ်မတော်၏ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းသည်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ လိုက်ပါလာမည်ဖြစ်သည်။

လွန်ခဲ့သည့် မတ်လအတွင်းက စစ်တပ်၏ ထိပ်သီးခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသော စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ရဲဝင်းဦး၏ ဤပထမဆုံး ခရီးစဉ်သည် ဘန်ကောက်၏ သဘောထားကို အာဆီယံထံ ရှင်းလင်းစွာ အချက်ပြအကြောင်းကြားပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း အရှေ့တောင်အာရှ ဒေသတွင်းအဖွဲ့အစည်း၏ သီးခြားခွဲထုတ်ထားခြင်းကို ခံခဲ့ရသူ မြန်မာ့အာဏာရှင် သမတ မင်းအောင်လှိုင်အား ဘန်ကောက်က ဧည့်ခံပွဲ ပြုလုပ်ပေးခဲ့သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့၏ ဇူလိုင်လ အစဉ်အလာ ထိပ်သီးအစည်းအဝေးတွင် နေပြည်တော် စစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အာဆီယံ၏ “တူညီဆန္ဒ ၅ ချက်” ကို စတင်အကောင်အထည်မဖော်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံရေး ခေါင်းဆောင်မှုအား သပိတ်မှောက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် သဘောတူညီခဲ့ကြသော်လည်း ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် က ဩဂုတ်လ ၆ ရက်နေ့တွင် မင်းအောင်လှိုင်အား ဧည့်ခံတွေ့ဆုံခဲ့ခြင်းဖြင့် မူဝါဒသစ် ရေးဆွဲလိုသော ထိုင်း၏ ဆန္ဒမှာ ထင်ရှားခဲ့သည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ရှည်လျားပြီး အကဲဆတ်သည့် ကီလိုမီတာ ၂,၄၀၀ ရှိသော နယ်စပ်ဒေသ လုံခြုံရေးအပေါ်၌ အဓိက အာရုံစိုက်ထားသည်။ “ဖေဖော်ဝါရီလ အထွေထွေရွေးကောက်ပွဲမှာ ခိုင်မာတဲ့ ပြည်သူ့ဆန္ဒမဲ ရရှိခဲ့တဲ့ ဘန်ကောက်က ကွန်ဆာဗေးတစ် အစိုးရသစ်နဲ့ ထိုင်းစစ်တပ်ဟာ မြန်မာရေးရာနဲ့ ပတ်သက်ရင် သဘောထားချင်း ထပ်တူကျနေတာကို တွေ့ရတဲ့အတွက် မင်းအောင်လှိုင်က လက်ရှိ ထိုင်းအစိုးရကို ယုံကြည်လို့ရတယ်ဆိုတာ သိပါတယ်” ဟု ထိုင်းနိုင်ငံခြားရေး အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။

ထိုင်းလုံခြုံရေး သတင်းရင်းမြစ်များက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အနောက်ဘက် တာ့ခ် ခရိုင်အတွင်း ရဲတပ်ဖွဲ့၏ လတ်တလော ဝင်ရောက်စီးနင်း ရှာဖွေမှုသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဘန်ကောက်၏ ထိတွေ့ဆက်ဆံမှု၏ နောက်ဆက်တွဲ ရလဒ်တခုဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ကြသည်။ အဆိုပါ စီးနင်းမှုအတွင်း မြန်မာစစ်တပ်ကို အစဉ်အဆက် အာဏာဖီဆန် တိုက်ခိုက်လာခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပေးပို့မည့် ဒရုန်းထုတ်လုပ်ရေး စက်ပစ္စည်း ၂၄ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့က Nikkei Asia သို့ ပြောကြားခဲ့သည်။

ထိုင်း၏ ဤနှိမ်နင်းမှုကို ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသုံးသပ်သူများက လျစ်လျူမရှုကြဘဲ မင်းအောင်လှိုင် သို့မဟုတ် မြန်မာစစ်တပ်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ထိုင်းနိုင်ငံ၏ လှုပ်ရှားမှုအဖြစ် ရှုမြင်ကြသည်။ “ဒါဟာ ပြောင်းလဲလာတဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးကို KNU ဆီ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျတခုပါပဲ” ဟု ဝါရင့် လေ့လာသူတဦးက ပြောသည်။ “ဗိုလ်ချုပ် ရဲဝင်းဦးရဲ့ ခရီးစဉ်ဟာ အရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်တဲ့ ထိုင်းဘက်ခြမ်းကနေ KNU အပေါ် ဖိအား ပိုမိုတိုးမြင့်လာစေနိုင်ပါတယ်”

မြန်မာစစ်တပ်ကို တိုက်ခိုက်နေသည့် မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သည့် KNU အတွင်းပိုင်း သတင်းရင်းမြစ်များကမူ အဆိုပါ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆင်ရေးကို သိရှိခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ အမေရိကန်အခြေစိုက် ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော ACLED ၏ စာရင်းများအရ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုပြီးနောက် အရှိန်မြင့်တက်လာသည့် မြန်မာ့ပြည်တွင်းစစ်ကြောင့် သေဆုံးသူဦးရေမှာ ၁၀၀,၀၀၀ နီးပါး သို့ ရောက်ရှိလာပြီဖြစ်သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူဦးရေ ၃.၆ သန်း အိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင်နေကြရသည်။

စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူများ၏ အဆိုအရ ရဲဝင်းဦး၏ ဘန်ကောက်ခရီးစဉ်သည် နိုင်ငံ၏ ဒုတိယမြောက် အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် ၎င်း မြင့်တက်လာမှုနှင့် အချိန်ကိုက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခုနှစ်အစပိုင်းတွင် အာဆီယံက အသိအမှတ်ပြုရန် ငြင်းဆန်ထားသည့် အပေါ်ယံ ဟန်ပြ ရွေးကောက်ပွဲအပြီးတွင် မင်းအောင်လှိုင်က အမည်ခံ သမတ ရာထူးကို ရယူခဲ့ပြီးနောက် ရဲဝင်းဦးသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ရာထူးနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။

“စစ်တပ်ရဲ့ အဓိက ဒေါက်တိုင်ဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အဖြစ် တာဝန်ယူထားတာကြောင့် ရဲဝင်းဦးဟာ မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေးအတွက် အထူးပဲ အရေးပါပါတယ်” ဟု မြန်မာစစ်တပ်၏ အတွင်းရေးများကို သိရှိသည့် လေ့လာသုံးသပ်သူတဦးက ပြောကြားခဲ့သည်။ “စစ်အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံမှာ မင်းအောင်လှိုင်က နံပါတ် ၁ ဖြစ်ပြီး ရဲဝင်းဦးက ထိရောက်တဲ့ နံပါတ် ၂ ဖြစ်လာပုံရပါတယ်”

သို့သော် လက်ရှိတွင် ရုရှားနိုင်ငံသို့ သွားရောက်နေသည့် မင်းအောင်လှိုင်သည် ရဲဝင်းဦးအား ၎င်း၏ အောက်တဆင့်တွင်သာ ရာထူးတဆင့်နိမ့် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း အဆိုပါ လေ့လာသူက ထောက်ပြသည်။ “ရဲဝင်းဦးကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကနေ ဗိုလ်ချုပ်ကြီး သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ တိုးမြှင့်ပေးခြင်း မရှိသေးပါဘူး။ ဒါဟာ မင်းအောင်လှိုင်အနေနဲ့ အထက်စီးက ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားချင်ပြီး ကွပ်ကဲရေးမှူးချုပ်အဖြစ် ဆက်လက် ရပ်တည်လိုကြောင်း ပြသနေတာဖြစ်ပါတယ်”

ရဲဝင်းဦး၏ ရာထူးတိုးမြင့်လာမှုသည် မင်းအောင်လှိုင်က အာဏာကို ဆုပ်ကိုင်ထားရန် အသုံးပြုနေသည့် အခြားသော နည်းဗျူဟာတခုကို မီးမောင်းထိုးပြနေကြောင်း ထိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) မှ သုတေသီများက ပြောကြားသည်။ ဟန်ပြ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ အများစု အနိုင်ရရှိခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ခေါင်းဆောင်များကို ဘေးဖယ်၍ မင်းအောင်လှိုင်က အစိုးရသစ်တွင် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် အစားထိုး နေရာယူစေခဲ့ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

မင်းအောင်လှိုင်၏ အစိုးရသစ်တွင် USDP ခေါင်းဆောင် ၃ ဦးသာ ပါဝင်ပြီး ယခင် စစ်အစိုးရတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်အရာရှိဟောင်း ၂၀ ဦး ပါဝင်ကြောင်း ISP-Myanmar မှ သုတေသီ နိုင်မင်းခန့်က ပြောကြားခဲ့သည်။ “ဝန်ကြီးတွေဟာ မင်းအောင်လှိုင်ရဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်တွေဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ သူ့ရဲ့ သစ္စာရှိတဲ့ အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းအားဖြင့် USDP ပါတီကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ရွေးကောက်ပွဲပြီးကတည်းက USDP ကို ဘေးဖယ်ထားတာဟာ တချက်အားဖြင့် မင်းအောင်လှိုင်က သူတို့ကို မယုံကြည်ဘူးဆိုတာကို ပြသနေတာပါ” ဟု ရန်ကုန်အခြေစိုက် သံတမန်တဦးက ပြောကြားခဲ့သည်။ “ဒါဟာ သူ့ရဲ့ အာဏာသစ်နဲ့အတူ ကိုယ်ပိုင် အဖွဲ့အစည်းပုံစံတခုကို တည်ဆောက်ချင်နေသလိုပါပဲ”

ကိုးကား။ ။ Nikkei Asia သတင်း Thailand hosts Myanmar military chief, deepening bilateral ties

]]>
တရုတ်လုပ် ဒရုန်းများ အားကိုးပြီး စစ်အုပ်စု ပြန်ခေါင်းထောင် https://burma.irrawaddy.com/article/2025/10/15/406843.html Wed, 15 Oct 2025 03:40:27 +0000 https://burma.irrawaddy.com/?p=406843 ခြိမ်းခြောက်မှုသစ်သည် မြန်မာစစ်အုပ်စုက ဖြန့်ကြက်ထားသည့် တရုတ်လုပ် ဒရုန်းများပင်ဖြစ်သည်။]]>

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှ ဆယ်စုနှစ်များစွာကြာပြီဖြစ်သော လူမျိုးစု တော်လှန်ရေးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်များသည် ယခုနှစ်မိုးရာသီတွင် ခြိမ်းခြောက်မှုသစ်အဖြစ် မီးခိုးရောင်ကောင်းကင်ကို ဂရုတစိုက် စောင့်ကြည့်နေရသည်။ ထိုခြိမ်းခြောက်မှုသစ်သည် မြန်မာစစ်အုပ်စုက ဖြန့်ကြက်ထားသည့် တရုတ်လုပ် ဒရုန်းများပင်ဖြစ်သည်။

KNU ရှေ့တန်းတပ်များမှ တပ်မှူးများကလည်း ဟန့်တားမရသည့် အဆင့်မြင့်ဒရုန်းများကို စစ်အုပ်စုက ပိုမို အသုံးပြုလာကြောင်းပြောသည်ဟု KNU အဆင့်မြင့် ခေါင်းဆောင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက Nikkei Asia သို့ ပြောသည်။

“အဲဒီကိစ္စဟာ ရှေ့တန်းစစ်မျက်နှာမှာ သူတို့တွေ့လာတဲ့ ပုံစံသစ်ဖြစ်တယ်လို့ပြောပြီး စစ်အုပ်စုဟာ ပြင်ပအကူအညီ မပါဘဲ အဲဒီလို စွမ်းရည်ရှိဖို့ မလုပ်နိုင်ဘူးလို့ ပြောတယ်” ဟု ထိုသတင်းရင်းမြစ်က ဆက်လက် ပြောကြားသည်။

စစ်အုပ်စု၏ ဒရုန်းစစ်ဆင်ရေး အဆင့်မြင့်လာခြင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကိုသာမက အလယ်ပိုင်း ဒေသများကိုပါ သိမ်းပိုက်ထားသည့် အခြား တိုင်းရင်းသားတပ်မတော်များကိုလည်း ရိုက်ခတ်စေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် အများအပြားက ပြောသည်။

စစ်အုပ်စု၏ ဒရုန်းစစ်ဆင်ရေး အဆင့်မြင့်လာခြင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကိုသာမက အလယ်ပိုင်း ဒေသများကိုပါ သိမ်းပိုက်ထားသည့် အခြား တိုင်းရင်းသားတပ်မတော်များကိုလည်း ရိုက်ခတ်စေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် အများအပြားက ပြောသည်။

“စစ်အုပ်စုဟာ စက်တင်ဘာလနှောင်းပိုင်းမှာ ကချင်ပြည်နယ်မြောက်ပိုင်းက နေရာ သုံးခုမှာ တန်ပြန်ထိုးစစ်တွေ ဆင်နေပြီး လေကြောင်းအကူနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို သုံးတယ်” ဟု ပြင်းထန်နေသော ပြည်တွင်းစစ်၏ ထိခိုက်သေဆုံးမှုများကို မှတ်တမ်းတင်နေသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းတခုမှ ညှိနှိုင်းရေးမှူးတဦးက ပြောသည်။

ဒေးဗစ် စကော့ မက်သီဆန်ကဲ့သို့ ဝါရင့်လေ့လာသူများက စစ်အုပ်စု၏ ဒရုန်းဖြန့်ကြက်မှုကို မြှင့်တင်ပေးသည့် တရုတ်နည်းပညာသည် လွန်ခဲ့သောနှစ်က စတင်သည့် တရုတ်၏ ဘက်စုံသုံး နည်းဗျူဟာ အစိတ်အပိုင်းအဖြစ် ထောက်ပြသည်။

ထိုသို့သိသာသော ဘက်ပင်းမှုသည် မြန်မာ၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြုတ်ချသည်မှ စတင်သည့် တရုတ်၏ ခြံစည်းရိုး ခွထိုင်သောသေနင်္ဂဗျူဟာကို အဆုံးသတ်လိုက်သည်ဟု သူကပြောသည်။

ထိုကာလတွင် တရုတ်သည် ဇဝေဇဝါဖြစ်နေပြီး စစ်အုပ်စုသစ်၊ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ရွေးချယ်ကာ ထောက်ခံမှုပေးသည်။

တရုတ်က စစ်အုပ်စု ပိုမိုလိုလားသည့် အခြားနယ်ပယ်များမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ရေးထောက်ပံ့မှု ဖြတ်တောက်ရန် အားထုတ်မှုများ၊ စစ်ဘက်နည်းပညာအတွက် စစ်အုပ်စုကို အကူအညီပေးခြင်း၊ အပစ်အခတ်ရပ်စဲရေး လိုက်လျောရန် တိုင်းရင်းသားတပ်မတော်များကို ဖိအားပေးခြင်းနှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပိုမို ထိတွေ့ဆက်ဆံခြင်းတို့ဖြစ်ကြောင်း ဒေးဗစ် စကော့ မက်သီဆန်က ပြောသည်။

“တရုတ်ရဲ့ နည်းပညာလွှဲပြောင်းပေးတာဟာ ပဋိပက္ခရဲ့လမ်းကြောင်းကို လိုသလို ပြောင်းလဲစေတယ်” ဟု မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အစီရင်ခံစာ အများအပြားကို ရေးသားသူ မက်သီဆန်က ပြောသည်။ “တရုတ်နယ်စပ်အနီး မြန်မာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် တရုတ်ရဲ့ဖိအားက အရင်က အဲဒီလောက်တခါမှ မပြင်းထန်ဖူးဘူး”

“တရုတ်ရဲ့ နည်းပညာလွှဲပြောင်းပေးတာဟာ ပဋိပက္ခရဲ့လမ်းကြောင်းကို လိုသလို ပြောင်းလဲစေတယ်” ဟု မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အစီရင်ခံစာ အများအပြားကို ရေးသားသူ မက်သီဆန်က ပြောသည်။ “တရုတ်နယ်စပ်အနီး မြန်မာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် တရုတ်ရဲ့ဖိအားက အရင်က အဲဒီလောက်တခါမှ မပြင်းထန်ဖူးဘူး” ဟု ၎င်းကပြောသည်။

မြန်မာ၏ သယံဇာတကြွယ်ဝသည့် မြောက်ဘက်စွန်း ကချင်ပြည်နယ်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း တရုတ်ဖိအားကို ခံရသည်။ “KIA နှင့် အခြား တော်လှန်ရေး အင်အားစုများကို တရုတ်က မကြာသေးမီက ကန့်သတ်ချက်များသည် ဒရုန်းထုတ်လုပ်ရန် ကိရိယာများ ရရှိရန် ပိုမိုခက်ခဲစေသည်” ဟု ဒေသခံအွန်လိုင်းသတင်းဌာန Kachin News Group က ဖော်ပြခဲ့သည်။

ဇွန်လက စတင်သည့် စိုစွတ်သော ရာသီသည် မြန်မာ၏ပြည်တွင်းစစ်လမ်းကြောင်း ပြောင်းလဲနေကြောင်း မီးမောင်းထိုးပြနေသည်ဟု Janes ကာကွယ်ရေးနှင့်လုံခြုံရေးအုပ်စုမှ သုတေသီ အန်ထော်နီ ဒေးဗစ်က ပြောသည်။

“ကျနော်တို့ မြင်တွေ့နေတာက ၂၀၂၃ ခုနှစ်နှောင်းပိုင်းက ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်ရဖို့ စစ်အုပ်စုရဲ့ နိုင်ငံတဝန်း ထိုးစစ်ဖြစ်တယ်” ဟု စစ်အုပ်စု၏ စစ်ရေးဖြန့်ကြက်မှု၊ ယခင်ကထက် အင်အားကောင်းလာသော ခြေလျင်တပ်၊ အမြောက်များ၊ သံချပ်ကာများ အကန့်အသတ်ဖြင့် အသုံးပြုမှု၊ လေယာဉ်နှင့် မောင်းသူမဲ့လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို သုံးသပ်ပြီး သူကပြောသည်။

“ဒရုန်းစစ်ရေးဟာ စစ်အုပ်စုအတွက် အောင်မြင်တဲ့အဖြေလို့ ယူဆရင် မှားလိမ့်မယ်။ ဒါပေမဲ့ ဒရုန်းတွေကို နည်းဗျူဟာ အဆင့်မြင့်မြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးလာတာဟာ စစ်အုပ်စုရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေတာကို သံသယဖြစ်စရာ မလိုဘူး” ဟု အန်ထော်နီ ဒေးဗစ်က ပြောသည်။

စစ်ကောင်စီ၏ ကံကြမ္မာကို ၂၀၂၄ ခုနှစ် အစောပိုင်းက စတင်သည့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကလည်း ကျားကန်ပေးသည်။ ထိုသို့လုပ်ခြင်းကြောင့် စစ်အုပ်စုသည် လေ့ကျင့်ထားသည့် စစ်သားသစ် ၇၀,၀၀၀ ကျော်ကို ရှေ့တန်းသို့ ပို့နိုင်ခဲ့ကြောင်း ခန့်မှန်းချက် အချို့က ဖော်ပြသည်။ စစ်အုပ်စုကို ဝေဖန်သူများက လူငယ်များ နိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ပြေးခြင်းနှင့် စစ်မှုမထမ်းရစေရန် လာဘ်ထိုးခြင်းတို့ကို ထောက်ပြပြီး အခြားအရာများကို မျှော်လင့်နေသည်။

“မြန်မာ့စီးပွားရေးက ပြိုလဲနေပြီ။ အလုပ်အကိုင် မရှိတော့ဘူး။ ဒါကြောင့် စစ်တပ်ထဲဝင်တာဟာ ဘာမှမရှိတာထက် ပိုကောင်းတယ်” ဟု လူသားချင်းစာနာမှု လုပ်သားတဦးက ပြောသည်။

မိုးရာသီ ထိုးစစ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ တန်ပြန်ထိုးစစ်ထက် အင်အားသာလွန်သည်ဟု အမည်မဖော်လိုသည့် မြန်မာစစ်ရေးကျွမ်းကျင်သူတဦးက ပြောသည်။

မိုးရာသီ ထိုးစစ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ တန်ပြန်ထိုးစစ်ထက် အင်အားသာလွန်သည်ဟု အမည်မဖော်လိုသည့် မြန်မာစစ်ရေးကျွမ်းကျင်သူတဦးက ပြောသည်။

“ပွင့်လင်းရာသီကို ရောက်တဲ့အခါ စစ်အုပ်စုဟာ နယ်စပ်တလျှောက်က တော်လှန်ရေးအင်အားစု စခန်းတွေကို ပိုပြီး ထိုးစစ်ဆင်လိမ့်မယ်။ အဆင့်မြှင့်တင်ထားတဲ့ တရုတ်ဒရုန်းတွေနဲ့ ကြားဖြတ်ပစ်ခတ်တဲ့ နည်းပညာက အထောက်အကူဖြစ်စေမယ်” ဟု Nikkei Asia သို့ ၎င်းကပြောသည်။

ဒုက္ခရောက်နေသော စစ်အုပ်စုကို ဗြောင်ကျကျ ထောက်ခံရန် တရုတ်၏ သေနင်္ဂဗျူဟာ ဗဟိုပြုမှုသည် တခုတည်းသော အဓိက မဟာမိတ် ရုရှားထက် ကျော်လွန်ပြီး အားကိုစေနိုင်ရန် မင်းအောင်လှိုင်ကို အခွင့်ပေးလိုက်သည့် ပထဝီနိုင်ငံရေး အစီအစဉ် ပြန်လည်ချမှတ်ခြင်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) ၏ ဇူလိုင်လ အစီရင်ခံစာက ဖော်ပြသည်။

“စစ်အုပ်စုပြိုလဲခြင်းကို တားဆီးရန် တရုတ်သည် စစ်အုပ်စုကို အသက်ဆက်ပေးလိုက်သည်။ စစ်အုပ်စုပြိုလဲခြင်းကို တားဆီးရန် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုသည် ဒေသတွင်းမှ အခြားနိုင်ငံများအနေဖြင့် သံတမန်ရေးဟန်ပန် ပြောင်းလဲစေပြီး စစ်အုပ်စုပြိုလဲမှုအန္တရာယ်ကို လျှော့တွက်ကာ ဗိုလ်ချုပ်များနှင့် ပိုမို အစီအစဉ်ရှိရှိ ထိတွေ့ဆက်ဆံစေသည်” ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။

တရုတ်၏ နောက်ကွယ်မှ စေ့ဆော်မှုသည် စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စီစဉ်ထားသည့် ပိုမိုတရားဝင်သော ရွေးကောက်ပွဲ ကျင်းပနိုင်စေရေး ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောသည်။

“စစ်အုပ်စုကို ဘယ်သူမှ မကြိုက်ဘူးဆိုတာနဲ့ နှစ်ဖက်လုံးက တရုတ်ထောက်ခံမှုအပေါ် မှီခိုမှုဟာ မြန်မာမှာ တရုတ်အနေအထားကို ခိုင်မာစေတယ်ဆိုတာကို တရုတ်ကသိလို့ စစ်အုပ်စုနဲ့ အတိုက်အခံတွေကို ချိန်ခွင်လျှာတခုမှာ ထိန်းထားချင်တယ်လို့ ကျနော်ထင်တယ်” ဟု အနောက်တိုင်း သံတမန်ရေး ရင်းမြစ်တခုက Nikkei Asia သို့ ပြောသည်။

“စစ်အုပ်စုရဲ့ထိုးစစ်က ရွေးကောက်ပွဲမတိုင်မီ နယ်မြေတချို့ ပြန်လည်သိမ်းယူဖို့ အစီအစဉ် တစိတ်တပိုင်းဖြစ်ကြေင်း ထင်ရှားတယ်” ဟု ၎င်းကပြောသည်။

(Nikkei ပါ Marwaan Macan-Markar ၏ China’s tilt boosts regime in Myanmar’s civil war ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်ဟာ ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို ထောက်ပံ့နေတာလို့ နယူးဇီလန်အမတ်ပြော (ရုပ်/သံ)

စက်တင်ဘာ တလလုံး မြန်မာဗိုလ်ချုပ်တွေ တရုတ်ကို သွား

တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင်

မြန်မာစစ်အုပ်စုကို တရုတ်က မျက်နှာသာ ပြန်ပေးလိုက်သည်

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်

]]>
တရုတ်သြဇာကို ဖယ်ရန် ရုရှားလက်နက်များ မြန်မာဝယ် https://burma.irrawaddy.com/article/2021/02/18/238237.html Thu, 18 Feb 2021 06:46:59 +0000 https://burma.irrawaddy.com/lytbox/?p=238237 ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွေ့ရသော ဘရင်းကယ်ရီယာ သံချပ်ကာယာဉ်နှင့် ဆန္ဒပြသူများ / ဟိန်းထက် / ဧရာဝတီမြန်မာ့တပ်မတော်သည် ကာကွယ်ရေးနှင့် သံတမန်ရေးလုပ်ငန်းများ ကျယ်ပြန့်အောင် ရုရှားသေနင်္ဂဗျူဟာကို သုံးကြောင်း အရှေ့တောင်အာရှ သံတမန်တဦးက ပြောသည်။]]> ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွေ့ရသော ဘရင်းကယ်ရီယာ သံချပ်ကာယာဉ်နှင့် ဆန္ဒပြသူများ / ဟိန်းထက် / ဧရာဝတီ

မြန်မာ့စစ်အာဏာမသိမ်းမီ အစောပိုင်းနာရီများက ရုပ်သံကင်မရာများဖြင့် ရိုက်ကူးခဲ့သည့် စစ်ယာဉ်တန်းများသည် မြန်မာ့တပ်မတော်နှင့် သစ္စာရှိသောမိတ်ဆွေ မော်စကိုအကြား နက်ရှိုင်းသော ဆက်ဆံရေးကို ပြသနေသည်။

လမ်းမများတွင်တွေ့ရသည့် အပေါ့စား သံချပ်ကာယာဉ် အများအပြားမှာ ရုရှားမှထုတ်လုပ်သော သံချပ်ကာယာဉ်များဖြစ်သည်။ ထိုသံချပ်ကာယာဉ် သွင်းကုန်များသည် မြန်မာ့တပ်မတော်နှင့် မော်စကို ကာကွယ်ရေးအသိုင်းအဝန်းကြား ဆက်ဆံရေးကို နက်ရှိုင်းစေသော ထောက်ပံ့ရောင်းချမှုများတွင် ပါဝင်ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျုမှ သုတေသီများက ပြောသည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံသည် ထိုဆယ်စုနှစ်အတွင်း ရုရှားထံမှ စစ်လက်နက် ခန့်မှန်းခြေ ဒေါ်လာ ၈၀၇ သန်းဖိုး ဝယ်ခဲ့သည်ဟု အထက်ပါသုတေသနဌာနက ဆိုသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုတွင် အသုံးပြုသော ရုရှားသံချပ်ကာယာဉ်များကို လွန်ခဲ့သော ၂ နှစ်နှင့် ၃ နှစ်အတွင်းက ပေးပို့ခဲ့ခြင်းဖြစ်နိုင်ပြီး တရားဝင်မြန်မာသတင်းရင်းမြစ်များက မှတ်တမ်းတင်ထားခြင်း မရှိကြောင်း ကမ္ဘာ့လက်နက်နှင့် ကာကွယ်ရေးလုပ်ငန်များကို လေ့လာနေသည့် အထက်ပါ ဆွီဒင် သုတေသနဌာနမှ ဝါရင့်သုတေသီ ဆီးမင်း ဝီဇီမင် ကပြောသည်။

မြန်မာနိုင်ငံမှ တတိယအကြိမ် အာဏာသိမ်းမှုတွင် ရုရှားခြေရာလက်ရာများ ပါနေခြင်းကို မအံ့သြကြောင်း မြန်မာနိုင်ငံမှ အရှေ့တောင်အာရှ သံတမန်များက မကြာသေးမီက ရေးသားဖေါ်ပြခဲ့ကြသည်။ တပ်မတော်အကြီးအကဲ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အဓိကလက်နက်ရောင်းချသော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချရန် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မော်စကိုနှင့် ကာကွယ်ရေးဆက်ဆံမှုကို ထူထောင်ခဲ့ကြောင်း ထိုသံတမန်များပြောသည်။

မြန်မာ့တပ်မတော်သည် ကာကွယ်ရေးနှင့် သံတမန်ရေးလုပ်ငန်းများ ကျယ်ပြန့်အောင် ရုရှားသေနင်္ဂဗျူဟာကို သုံးကြောင်း အရှေ့တောင်အာရှ သံတမန်တဦးပြောသည်။

“စစ်ရေးဆက်စပ်မှုအရပြောရရင် မြန်မာစစ်တပ်က ရုရှားနဲ့ ပိုမိုဘက်စုံဆက်ဆံရေး ရှိပုံရတယ်။ သံတမန်ရေးအရ ကျပြန်တော့လည်း ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုမဲတမဲကိုင်ထားတော့ အကျိုးရှိပြန်ရော” ဟု ထိုသံတမန်ပြောသည်။

စစ်အာဏာမသိမ်းမီ ရက်များက မော်စကိုနှင့် ဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြနေသည်။ ရုရှားသည် တရုတ်နှင့်ပူးပေါင်းပြီး သံတမန်ရေးရာ အင်အားပြကာ အာဏာသိမ်းမှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာကို နိုင်ငံတကာပြစ်တင်ဝေဖန်ခြင်းမှ အကာအကွယ်ပေးခဲ့သည်။

အာဏာမသိမ်းမီ ရက်အနည်းငယ်က ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျေ ရွှိုင်ဂုသည် မြန်မာနိုင်ငံသို့လာရောက်ပြီး လက်နက်များရောင်းချရန် သဘောတူခဲ့သည်။ ထိုလက်နက်များတွင် ရေပြင် မြေပြင်မှ ဝေဟင်ပစ် Pantsir-S1 ဒုံးကျည်စနစ်၊ Orlan-10E ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်များနှင့် ရေဒါများ ပါဝင်သည်။

“သစ္စာရှိတဲ့ မိတ်ဆွေတယောက်လိုပဲ ရုရှားဟာ မြန်မာနိုင်ငံအခက်အခဲရှိတိုင်းထောက်ခံတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာထောက်ခံခဲ့တယ်” ဟု ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြောင်း ရုရှားမီဒီယာများက ဖေါ်ပြသည်။

အာဏာသိမ်းမှုမတိုင်မီ ဗိုလ်ချုပ်ကြီး နှစ်ယောက်အကြား ထိုသို့ရင်းနှီးသော ဆက်ဆံရေးကို ပြည်တွင်းမီဒီယာများကလည်း မှတ်သားထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သောဇွန်လက ကျင်းပသည့် ၇၅ ကြိမ်မြောက် အောင်ပွဲနေ့သို့ တက်ရောက်ခြင်းအပါအဝင် ရုရှားသို့ ၆ ကြိမ် သွားရောက်ခဲ့သည်ဟု သတင်းများကဆိုသည်။ ထိုအောင်ပွဲနေ့သည် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားက နာဇီဂျာမဏီကို အနိုင်ရသောနေ့ အထိမ်းအမှတ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူထုထောက်ခံမှုအများဆုံးရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလက ကျင်းပသည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်သော်လည်း ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်အောင် ထိုစစ်အာဏာသိမ်းမှုက တားဆီးလိုက်သည်။ စစ်တပ်လိုလားသော ပါတီတခုကို အလွယ်တကူ အနိုင်ရလိုက်ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်ကို ဗြောင်ကျကျမေးခွန်းထုတ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခြင်းကို ဝင်ရောက်စွက်ဖက်မည့် အရိပ်အမြွက်များ ပေးလာသည်။

နှစ်ပေါင်း ၅၀ ကြာသည့် ဖိနှိပ်သော စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကာလစတင်ချိန် ၂၀၁၁ ခုနှစ်တွင် သူသည် ရုရှားလက်နက်များရရှိရေး စတင်လုပ်ကိုင်ကြောင်း မြန်မာစစ်ရေးသုတေသီများပြောသည်။ သူသည် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်နေသည့် သူပုန်နှိမ်နင်းရေးတပ်မှ စံချိန်မီ စစ်တပ်အဖြစ်ပြောင်းလဲရန် ကြိုးစားသည်။

“စစ်ခေါင်းဆောင်တွေက သူတို့စစ်တပ်ကို အဆင့်မြှင့်တင်ချင်တာ ကြာပြီ။ ဒါပေမယ့် ခေတ်မီရေးလုပ်ဆောင်မှုကတော့ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာမှ ပိုမို အရှိန်ရလာတယ်” ဟု ရန်ကုန်အခြေစိုက် သုတေသီ ဦးနေယံဦးက မြန်မာနှင့် ထိုင်းစစ်တပ်များအကြောင်း မကြာသေးမီက ရေးသားထုတ်ဝေသည့် စာအုပ်မှ စရိုက်လက္ခဏာဟောင်းများနှင့် တပ်မတော်သစ် အမည်ရှိ အခန်းတွင်ရေးသားသည်။ ခေါင်းဆောင်မှုသစ်သည် တပ်ကို ကာကွယ်ရေးနယ်ပယ်သို့ ပြန်လည်မောင်းနှင်ပြီး စံချိန်မီ စစ်တပ်တည်ဆောက်ရေးတွင် စစ်ရေးခေတ်မီခြင်း၊ စွမ်းရည်တည်ဆောက်ခြင်းနှင့် တက်ကြွသော စစ်ဖက်ထိတွေ့ဆက်ဆံမှုတို့ ပါဝင်သည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက တင်သွင်းသော လေယာဉ်၊ လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်များ၊ သံချပ်ကာကားများနှင့် လေကြောင်းကာကွယ်ရေးစနစ်များအပါအဝင် လက်နက်များ၏ ၅၀ ရာခိုင်နှုန်းမှာ တရုတ်မှဖြစ်ကြောင်း စတော့ဟုမ်း အင်စတီကျုမှ ဝီဇီမင်ပြောသည်။ ရုရှားမှ တင်သွင်းသော လက်နက်များမှာ ၁၇ ရာခိုင်နှုန်းသာရှိပြီး အဓိကအားဖြင့် တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြစ်သည်။

၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လက်နက်တင်သွင်းမှုသည် ဒေါ်လာ ၂.၄ ဘီလျှံဖိုးရှိကြောင်း အထက်ပါသုတေသနအင်စတီကျု၏ စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် စစ်လက်နက်သစ်များမှ ရုရှားတိုက်လေယာဉ်များတွင် MiG-29၊ SDu-30MK နှင့် JF-17 တိုက်လေယာဉ်များ ပါဝင်ပြီး အမောင်းသင်လေယာဉ်များတွင် K-8၊ Yak-130 နှင့် G 120TP တို့ပါဝင်သည်။

မြန်မာ-ရုရှားလက်နက်ကုန်သွယ်ရေးသည် ၂၀၀၁ ခုနှစ်က စတင်သည့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးမှ စတင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသည်။ ၂၀၁၆ ခုနှစ်တွင်မူ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ချုပ်ဆိုသည်။

ထိုပူးပေါင်းဆောင်ရွက်မှုကြောင့် ထောင်ပေါင်းများစွာသော မြန်မာစစ်အရာရှိများကို အဆင့်မြင့်သိပ္ပံနှင့် အင်ဂျင်နီယာ ဘွဲ့သင်တန်းများတက်ရန် ရုရှားသို့ စေလွှတ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် စုစုပေါင်း ၆ ထောင်အထိ ရှိလာသည်။ မြန်မာစစ်အရာရှိများသည် ရုရှားစကားကိုကောင်းစွာပြောတတ်ကြကြောင်း မကြာသေးမီက ရုရှားကာကွယ်ရေး ရုပ်သံလိုင်းက ထုတ်လွှင့်သည့် ရုပ်သံတွင်ဖေါ်ပြထားကြောင်း ဦးနေယံဦးက ပြောသည်။

တရုတ်သြဇာကို ချိန်ခွင်လျှာညှိရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားမဟာမိတ်ဖွဲ့ခြင်း ကို မြန်မာစစ်ရေးလေ့လာသူများ မျက်ခြေမပြတ်ကြပေ။ ထိုဆက်ဆံရေး အလှည်အပြောင်းသည် ၁၉၈၀ ခုနှစ်များနှောင်းပိုင်းအထိ တရုတ်-မြန်မာစစ်ဘက်ဆက်ဆံရေး တင်းမာမှုသမိုင်း၊ တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် အပြစ်အနာအဆာမကင်းသော တရုတ်စစ်လက်နက်များတို့ကြောင့်ဖြစ်ကြောင်း အမည်မဖေါ်လိုသော သုတေသီ တဦးပြောသည်။

“တရုတ်နဲ့မတူတာက ရုရှားက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်ခြင်းမရှိသလို မြန်မာနိုင်ငံမှာ ကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှုလည်း မရှိဘူး။ ရုရှားက ပထဝီသေနင်္ဂဗျူဟာ အရ စိတ်ဝင်စားမှုကင်းမဲ့တဲ့အတွက် ဆွဲဆောင်မှုရှိတဲ့ မိတ်ဆွေဖြစ်နေတယ်” ဟု သူပြောသည်။

အာရှ သံတမန်တဦးကလည်း သဘောတူသည်။ မြန်မာနိုင်ငံ အရှေ့ဖက်နယ်စပ်မှ တပ်မတော်နှင့်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်များသို့ တရုတ်က လက်နက်ထောက်ပံ့နေသည့် သတင်းများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂရုမစိုက်ပေ။ ထိုလက်နက်များတွင် 107-mm မြေပြင်မှ မြေပြင်မှလက်နက်များနှင့် မြေပြင်မှ ဝေဟင်ပစ် လက်နက်များ ပါဝင်သည်။

“သူက ပုဂ္ဂိုလ်ရေးအားဖြင့် တရုတ်ကို မယုံဘူး၊ တရုတ်ဟာ မြန်မာနိုင်ငံကို ပြည်ပခြိမ်းခြောက်မှုအဖြစ်မြင်တယ်။ ရုရှားကို တော့ ဒီလိုမမြင်ဘူး” ဟု ထိုသံတမန်ပြောသည်။

(Nikkei Asia ပါ Myanmar embraces Russian arms to offset China’s influence ကို ဘာသာပြန်သည်။)

You may also like these stories:

အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့နေတာတွေ ရပ်လိုက်ပါ

လူထုကို အကြမ်းမဖက်ဘဲ အခြေခံအခွင့်အရေး ကာကွယ်ပေးဖို့ တရုတ်သံအမတ်ပြော

တရုတ်နှင့် ရုရှား ဆန့်ကျင်ရေး မြန်မာတွင် အရှိန်မြင့်လာ

ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်

]]>
ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ https://burma.irrawaddy.com/article/2019/07/24/198708.html Wed, 24 Jul 2019 02:21:38 +0000 https://burma.irrawaddy.com/lytbox/?p=198708 ဘုရင်၏ အကြီးဆုံးသားတော် အသက် ၁၄ နှစ်အရွယ်ရှိ မင်းသား ဒီပန်ကွန်း Dipangkorn ၏ ရုပ်ပုံ ရင်ထိုးနှင့် ဗိုလ်ချုပ်ကြီး အပီရတ် ကွန်ဆွန်ပေါင် (ယာ) / Reutersလာမည့် ဆယ်စုနှစ်တွင် ဘုရင့်အစောင့်တပ်ဖွဲ့က ထိုင်းတပ်မတော်ကို ကြီးစိုးချုပ်ကိုင်တော့မည့် အသွင် ဖြစ်သည်။ ]]> ဘုရင်၏ အကြီးဆုံးသားတော် အသက် ၁၄ နှစ်အရွယ်ရှိ မင်းသား ဒီပန်ကွန်း Dipangkorn ၏ ရုပ်ပုံ ရင်ထိုးနှင့် ဗိုလ်ချုပ်ကြီး အပီရတ် ကွန်ဆွန်ပေါင် (ယာ) / Reuters

သံတမန်များ ဘန်ကောက်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံသည့် အချိန်တွင် သူတို့က အရာရှိများ ရာထူး အစီအစဉ်အတိုင်း ရပ်ကြသည့် အပေါ်တွင် သဲလွန်စရှာကြသည်။ အလွယ်တကူမြင်နိုင်သည့် အမှတ်အသား တခုမှာ ဘုရင်၏ အကြီးဆုံးသားတော် အသက် ၁၄ နှစ်အရွယ်ရှိ မင်းသား ဒီပန်ကွန်း Dipangkorn ၏ ရုပ်ပုံ ဖြစ်ပါသည်။ ၎င်းကို စစ်ဘက်ခေါင်းဆောင် အနည်းငယ်တို့၏ အစိမ်းရောင်ရင့်ရင့် စစ်ဝတ်စုံများ ဘယ်ဘက်ရင်အုံပေါ်တွင် ထိုးထားကြသည်။

လတ်တလော အဆိုပါရုပ်ပုံကို ဆင်မြန်းထားကြသူများထဲမှ တဦးမှာ ခက်ထန်၍ စစ်သွေးစစ်မာန် အပြည့်ရှိသော ကြည်း တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကွန်ဆွန်ပေါင် Apirat Kongsompong ဖြစ်သည်။ “လူအနည်းငယ်ပဲ ပါဝင်တဲ့ ကွန်ရက်ကလေးတခုပဲ အဲဒါကို ဝတ်ဆင်ခွင့် ရှိပါတယ်” ဟု အနောက်တိုင်း သံတမန်တဦးက ဘုရင်အပေါ် အလွန်အမင်း သစ္စာစောင့်သိသူအဖြစ် နိုင်ငံခြားကိုယ်စားလှယ် အများအပြားက သရုပ်ဖော်ခြင်း ခံရသော ဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ပြောသည်။

ရင်ထိုးများနှင့် ၎င်းကို ဝတ်ဆင်ကြသူများစာရင်းက သစ္စာခံယူမှုကိုသာမက ဘုရင် ဗာဂျီရာလောင်ကွန်း၏ အုပ်ချုပ်ရေး အစောပိုင်းတွင် ထိုင်းနိုင်ငံ၏ သြဇာအာဏာ အကြီးဆုံး အဖွဲ့အစည်း ၂ ခု ဖြစ်သည့် တော်ဝင်မိသားစု နှင့် တပ်မတော် တို့ကြားမှ ဆက်ဆံရေး၌ အဓိက အပြောင်းအလဲတခုကိုလည်း ဖော်ပြနေသည်။ အဆုံးမရှိဟု ထင်ရသည့် အာဏာသိမ်းယူခြင်း သံသရာ နောက်ပိုင်းတွင် တိုင်းပြည်က မည်သည့် အရပ်သို့ ဦးတည်မည်ဆိုသည်ကို ချိန်တွက်ရာတွင် အဆိုပါ အပြောင်းအလဲကို နားလည်ခြင်းက အရေးကြီးပါသည်။

ဘုရင်အသစ်က ချမ်းသာကြွယ်ဝသည့် စစ်ဘက်အထက်တန်းလွှာ မျိုးနွယ်တခုအဖြစ် ဝင့်ကြွားကြသော ဘန်ကောက် အခြေစိုက် ဂိုဏ်းခွဲတခု ဖြစ်သည့် ဘုရင့်အစောင့်တပ်ဖွဲ့မှ အကြီးတန်း ဗိုလ်ချုပ်ကြီးများ အပေါ်တွင် ယုံကြည်မှု ထားရှိကြောင်း အတွေ့အကြုံရင့်ကျက်သည့် လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးလောကမှ အတွင်းလူများက ပြောကြသည်။ သေချာသည်မှာ ထိုဂိုဏ်းခွဲက ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းယူမှုကို ဦးဆောင်ခဲ့သော၊ ၈ နှစ် အတွင်းတွင် ပထမဆုံးသော အထွေထွေရွေးကောက်ပွဲ ပြီးသည့်နောက် ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် မကြာသေးမီကမှ သေချာသွားခဲ့သော ပရာရွတ် ချန်အိုချာ၏ ဂိုဏ်းခွဲ မဟုတ်ပါ။

ထိုင်းဘုရင်သစ် ဗာဂျီရာလောင်ကွန်း နန်းတက်အခမ်းအနား/Reuters

သစ္စာစောင့်သိမှုကို ဖော်ပြသည့် မင်းသားပုံ ရင်ထိုးကို ဝတ်ဆင်သူ နောက်တဦးမှာ ပထမ စစ်ဒေသ၏ တပ်မှူးဖြစ်သော ဗိုလ်ချုပ်ကြီး နရုန်ဖန် ဂျစ်ကီယိုးသဲ Narongphan Jitkaewthae ဖြစ်သည်။ သူက ၂၀၂၀ တွင် ထိုင်းတပ်မတော်၌ နှစ်စဉ် နေရာ အပြောင်းအလဲများ ပြုလုပ်သည့် အချိန်တွင် ဗိုလ်ချုပ်ကြီး အပီရတ် နေရာကို ဆက်ခံဖွယ်ရာရှိသူ အဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။ သူတို့ ၂ ဦးလုံးက ဘုရင့် အစောင့်တပ်ဖွဲ့မှ ဖြစ်ကြသည်။ ဗိုလ်ချုပ်ကြီး နရုန်ဖန်၏ နေရာကို ရရှိလိမ့်မည်ဟု မျှော်လင့်ကြသည့် ဘန်ကောက်အခြေစိုက် ပထမခြေလျင်တပ်မ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဆွန်ဝစ် နွန်းဖတ်ဒီး Songwit Noongpakdee သည်လည်း ထိုနည်းတူ ပင်ဖြစ်သည်။

ရှင်းအောင်ဆိုရလျှင် လာမည့် ဆယ်စုနှစ်တွင် ဘုရင့်အစောင့်တပ်ဖွဲ့က ထိုင်းတပ်မတော်ကို ကြီးစိုးချုပ်ကိုင်တော့မည့် အသွင် ဖြစ်သည်။

ယုံကြည်စိတ်ချရသည့် လက်ထောက်များရွေးချယ်မှုက ဘုရင့် ကိုယ်ပိုင် စစ်ရေးမှတ်တမ်းပေါ်တွင် အခြေခံသည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူများက ပြောကြသည်။ အိမ်ရှေ့မင်းသားအနေဖြင့် လက်ရှိ ဘုရင်က ဘုရင့်အစောင့်တပ်ဖွဲ့သို့ ၁၉၇၀ နှစ်များ အတွင်းက ဝင်ရောက်ခဲ့သည်။ ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် သစ္စာစောင့်သိသူများ၏ နောက်ထပ်အရင်းအမြစ်တခု ဖြစ်ပြီး ယခုအခါ ဘုရင်၏ ကိုယ်ရေး အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် လေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဆထစ်ဖုံ ဆတ်ဝီမိုး Sathitpong Sukwimol ဦးဆောင်သည့် လေတပ်သို့လည်း ဝင်ရောက်ခဲ့သေးသည်။

တိုင်းပြည်က ၅ နှစ်ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်မှ အရပ်သားတပိုင်း အစိုးရအဖြစ်သို့ အသွင်ကူးပြောင်းနေသည့်အတွက် ထိုအချက်အားလုံးက ကျယ်ပြန့်သော ဂယက်ရိုတ်ခတ်မှုများ ရှိနေသည်။ တပ်ဖွဲ့များအပေါ် ဘုရင့်အစောင့်တပ်ဖွဲ့၏ သြဇာကို ပြိုင်ဘက် ဘုရင်မအစောင့်တပ်ဖွဲ့က ဆယ်စုနှစ် တခုကျော်ကြာ လွှမ်းမိုးထားခဲ့ပြီးနောက်တွင် စစ်အင်္ဂါစဉ်အသစ်တခုကို အတည်ပြုပေးခဲ့သည်။

ဘုရင်မ အစောင့်တပ်ဖွဲ့ လွှမ်းမိုးမှု၏ ဗိသုကာမှာ ၂၀၀၄ ခုနှစ်တွင် စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးပေးခြင်း ခံခဲ့ရသော ဗိုလ်ချုပ်ကြီး ပရာဝတ် ဝေါင်ဆူဝမ် Prawit Wongsuwan ဖြစ်သည်။ စစ်တပ်တွင်းနှင့် နိုင်ငံရေးအလွှာမှ ကျယ်ပြန့်သော သူ၏ အဆက်အသွယ်များကို အသုံးပြု၍ သူ၏ ဂိုဏ်းမှ ဗိုလ်ချုပ်များ ရာထူးတိုးမြှင့်ခံရရေး အခြေခံအလုပ်များကို သူက ချမှတ်ခဲ့သည်။

ဘုရင်မ အစောင့်တပ်ဖွဲ့မှ စစ်သားများမှာ ဒုတိယ ခြေလျင်တပ်မမှ ၂၁ ခြေလျင်တပ်ရင်း လက်ရွေးစင် တပ်ဖွဲ့များ ဖြစ်ကြသည်။ အရှေ့ပိုင်း ကျားများဟုလည်း ခေါ်ကြသည်။ သူတို့က ဘန်ကောက် အရှေ့ဘက်ရှိ ပရာချင်ဘူရီ Prachin Buri ပြည်နယ်တွင် အခြေစိုက်သည်။ ပရာရွတ် ချန်အိုချာသည် ဘုရင်မ အစောင့်တပ်ဖွဲ့၏ အလံကိုင်စစ်သည်များထဲမှ တဦးဖြစ်ပြီး ပြီးခဲ့သည့် ၁၂ နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဦးစီးချုပ် ၆ ယောက်အနက်မှ ၄ ဦးသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

စစ်အစိုးရ၏ ၅ နှစ်ကြာကာလအတွင်းတွင် ပရာဝတ် ဝေါင်ဆူဝမ်က ပရာရွတ် ချန်အိုချာ၏ လူယုံတော်အဖြစ် ဆက်လက်၍ ရှိနေခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဘုရင်မ အစောင့် တပ်ဖွဲ့မှ နောက်ထပ် စစ်ဦးစီးချူပ် ဟောင်းတဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီး အနုပုံ ပေါင်ချင်ဒါ Anupong Paochinda ကလည်း ပရာရွတ်၏ အာဏာသိမ်းယူမှုနှင့် စစ်အစိုးရတွင် အရေးပါသည့် ပုံရိပ်တခု ဖြစ်ခဲ့သည်။

သို့သော်လည်း “ဘုရင်က စစ်ဘက်အာဏာကို မောင်းနှင်တဲ့ အချက်အချာနေရာမှာ သူပါဝင်တဲ့ ဂိုဏ်းဖြစ်တဲ့ ဘုရင့် အ စောင့် တပ်ဖွဲ့ကို အစားထိုးခြင်းအားဖြင့် စစ်တပ်ရဲ့ အနာဂတ်ကို ပုံဖော်ဖို့ ကြိုးစားနေပုံရပါတယ်” ဟု ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နရိန်စွန် Naresuan တက္ကသိုလ်မှ ထိုင်းအမျိုးသားလုံခြုံရေး ကျွမ်းကျင်သူတဦး ဖြစ်သည့် ပေါလ်ချန်ဘာ Paul Chambers က ပြောသည်။ “ဒါက ဘုရင်ရဲ့ အုပ်ချုပ်မှုအောက်က စစ်တပ်ဆိုတာကို ဘုရင်မ အစောင့်တပ်ဖွဲ့ရဲ့ သြဇာ အစား ဘုရင့်အစောင့်တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုကနေတဆင့် ရောင်ပြန်ဟပ်ပြထားပါတယ်။”

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦး ဖြစ်သော ကဆစ် ပီရုံယ Kasit Piromya က ဘုရင့်မ အစောင့်တပ်ဖွဲ့နှင့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ကြီးသော ဗိုလ်ချုပ်ကြီးများကို ထိထိရောက်ရောက် အစွမ်းမဲ့စေခဲ့သည့် လုပ်ရပ်ကြောင့် အံ့သြ၍ မနေပါ။ “ဘုရင်က စစ်တပ်တွင်းမှာ ကွဲပြားမှုတွေ ဖြစ်စေနိုင်တဲ့ အနှောက်အယှက်တွေ၊ အဖွဲ့ကွဲနေတာတွေ မရှိတဲ့ ဒေါင်လိုက် အဆင့်ဆင့်ဖွဲ့စည်းပုံ တခုကို လိုချင်တာ ထင်ရှားပါတယ်” ဟု သူက Nikkei Asian Review သို့ ပြောကြားခဲ့သည်။ “သူက ဘုရင်မ အစောင့်တပ်ဖွဲ့ကို ဖောက်ပြန်မှုတခု၊ ပုံမှန်မဟုတ်တဲ့ တစုံတရာလို့ မြင်တယ်။ အဲဒါက သူ အိမ်ရှေ့မင်းသား ဘဝကတည်းက သတိပြုမိခဲ့တဲ့ ကိစ္စပါ။”

စစ်တပ်တွင်းမှ ဂိုဏ်းဂဏ ပြိုင်ဆိုင်မှုများက အကြိမ်ကြိမ် အာဏာသိမ်းယူခဲ့မှုများနှင့် ပတ်သက်နေခဲ့သည်ဟု ထိုင်းစစ်တပ် နှင့် ပတ်သက်၍ ကျွမ်းကျင်သူများက ပြောကြသည်။

၁၉၃၂ ခုနှစ်တွင် သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်၍ စည်းမျဉ်းခံ ဘုရင်စနစ် စတင်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် အစိုးရကို ဖြုတ်ချရန် ကြိုးစားမှု ၂၂ ကြိမ်ရှိခဲ့ရာတွင် ၁၃ ကြိမ် အောင်မြင်ခဲ့သည်။ ဘုံဖြစ်နေသည့် စရိုက်လက္ခဏာမှာ အောင်ပွဲ၏ အကျိုးအမြတ်ကို ခွဲဝေခဲ့ကြသည့် နည်းလမ်းဖြစ်သည်။ အနိုင်ရရှိသည့် ဂိုဏ်းက အဖွဲ့ဝင်မဟုတ်သူများကို ဘေးဖယ်၍ အဖွဲ့ဝင် ဗိုလ်ချုပ်များကို နေရာကောင်းများ ဆုအဖြစ်ပေးကြသည်။

ယခုအခါ အစဉ်အလာဟောင်းက နန်းတော်မှ ထွက်လာသည့် အပြောင်းအလဲ ဗုံသံတခု၏ အောက်တွင် ပျက်စီးလာနေသည်ဟု သြစတြီးယားနိုင်ငံသား ပညာရှင် တဦးဖြစ်သည့် ဂရီဂိုရီ ဗင်းဆင့် ရေမွန် Gregory Vincent Raymond က ဆိုသည်။ သူက “Thai Military Power: A Culture of Strategic Accommodation” အမည်ရှိစာအုပ်ကို မကြာသေးမီက ရေးသားခဲ့သည်။

“ကျနော်တို့က လုံးဝကို အသစ်ဖြစ်တဲ့ ခေတ်တခုထဲကို ဝင်လာနေပါတယ်။ စစ်တပ်က သူတို့နဲ့ ဘုရင်နဲ့ ဆက်ဆံရေးကို အခြေခံအားဖြင့် ပြန်လည်စေ့စပ် ညှိနှိုင်းနေရတဲ့အတွက် ဂိုဏ်းတွေရဲ့ အရေးပါမှုက ပျောက်ကွယ်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

ထိုဆက်ဆံရေးက ထိုင်းနိုင်ငံ၏ ထူးခြားသော ဖွဲ့စည်းတည်ဆောက်ပုံ၏ အဓိက အချက်အချာနေရာတွင် ရှိနေသည်ဟု အချို့သော လေ့လာစောင့်ကြည့်သူများက ပြောကြသည်။ “ထိုင်းနိုင်ငံတွင် ဘုရင်နှင့် စစ်တပ်တို့က သူတို့၏ ကိုယ်ပိုင် အခွင့်အရေးအတွက် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုကြပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ရည်ညွှန်း ကိုးကားခြင်းမပါဘဲ ပြုလုပ်လေ့ရှိကြသည်” ဟု ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း ဂျိမ်းဝှိုက် James Wise က မကြာသေးမီက ထုတ်ဝေခဲ့သော သူ၏ “Thailand: History, Politics and the Rule of Law” စာအုပ်တွင် ရေးသားခဲ့သည်။

သို့သော်လည်း သူ၏ ဂိုဏ်းဟောင်းနှင့် အပီရတ် အပေါ် ဘုရင်သစ် ဗာဂျီရာလောင်ကွန်း၏ ယုံကြည်မှုက စစ်တပ်၏ အခွင့်အာဏာကို ပေါင်းစည်းခြင်းထက် များစွာ ကျော်လွန်၍နေသည်။

စစ်တပ် အကြီးအကဲက ဘန်ကောက်တွင် စစ်တပ် ချထား တည်ရှိမှုဖြင့် အဓိက အပြောင်းအလဲတခုကို ဆောင်ရွက်နေသည်။ နောက်လာမည့် ၁၅ လ တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။ သူ၏ လုပ်ရပ်များထဲတွင် မြို့တော်မှ တပ်ဖွဲ့များကို အိမ်နီးချင်း ခရိုင်များသို့ ပြောင်းရွှေ့ချထားခြင်းလည်း ပါဝင်သည်။ အာဏာသိမ်းပွဲများ ဆင်နွဲရာတွင် အဓိက တပ်ဖွဲ့များ ဖြစ်သည့် အမှတ် ၁၁ ခြေလျင်တပ်ရင်းနှင့် အမှတ် ၄ သံချပ်ကာ ယန္တယားတပ်ကဲ့သို့သော တပ်ဖွဲ့များ ဖြစ်သည်။

အဆိုပါတပ်များအစား ဘန်ကောက်မြို့၏ လုံခြုံရေးက ဘုရင်ကို တိုက်ရိုက် အစီရင်ခံရသည့် လက်ရွေးစင် တော်ဝင် အစောင့်တပ်ဖွဲ့တခုဆီသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။ ထိုအဖွဲ့က လူအင်အား ၅၀၀၀ အထိ တိုးပွားလာသည်။ သူ အိမ် ရှေ့မင်းသားအဖြစ်နှင့် ရှိနေစဉ်က ဘုရင်အတွက် ကိုယ်ရေးကိုယ်တာ သက်တော်စောင့်များ ထောက်ပံ့ပေးခဲ့သော Rachawallop ၉၀၄ မှ တပ်သားများကို ယူလိုက်ခြင်းကြောင့်ဖြစ်သည်။ အမှတ် ၁ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို လည်း တော်ဝင်အစောင့် ၉၀၄ ဟု တရားဝင် ရည်ညွှန်းသည့် တော်ဝင် တပ်ဖွဲ့သစ်တွင် တာဝန်ချထားမည် ဖြစ်သည်။

“အဲဒီ တော်ဝင်အစောင့်တွေက အခမ်းအနားနဲ့ပဲ ဆိုင်တဲ့ တပ်ဖွဲ့တခု အဖြစ်ကနေ တိုက်ပွဲအတွက် အသင့်ရှိတဲ့ တပ်ဖွဲ့တခု ဖြစ်သွားခဲ့ပါပြီ” ဟု နိုင်ငံရေး လောကမှ အတွင်းလူတဦးက ပြောသည်။ “သူတို့က အလျှင်အမြန် တပ်ဖြန့်နေရာချထားမှု တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးတွေအတွက် အမှတ် ၁ ခြေလျင်တပ်မနဲ့ အမှတ် ၂ ခြေလျင်တပ်ရင်းက တပ်ဖွဲ့တွေနဲ့ အတူ လေ့ကျင့်နေပါပြီ”

အပီရတ် ကလည်း သူ၏ စစ်တပ်ဖွဲ့စည်းတည်ဆောက်ပုံ ချဲ့ထွင်ရေး တစိတ်တပိုင်း အနေဖြင့် ဘန်ကောက် အရှေ့ဘက် ခရိုင်တခု ဖြစ်သော ချာ့ချင်ဆောင် Chachoengsao မှ စစ်စခန်းတခုကို အားဖြည့်ရန် ကြိုးစားနေသည်။ ဥပက္ခောပြုထားခြင်း ခံထားရလေ့ရှိသည့် အဆိုပါပြည်နယ်အတွင်းမှ အမှတ် ၁၁ ခြေမြန်တပ်မကို ပိုမို အင်အားတောင့်တင်းစေရန် ဘန်ကောက်မှ တပ်ဖွဲ့များ ပြောင်းရွှေ့ချထားခြင်းအပြင် ထိုင်းစစ်တပ်က အသစ်မှာယူထားသည့် အမေရိကန်လုပ် M1126 Stryker သံချပ်ကာယာဉ် ၃၇ စီးကို ချာ့ချင်ဆောင်သို့ ပေးပို့မည် ဖြစ်ကြောင်း သူက မကြာသေးမီက ကြေညာခဲ့သည်။

“ချာ့ချင်ဆောင် ကို အားဖြည့်ဖို့က စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်မှုပါ။ အဲဒါက အဓိက နိုင်ငံတကာ လေဆိပ်နဲ့ အဓိက ပင်လယ်ဆိပ်ကမ်းတွေနဲ့ နီးတာကြောင့် ဗျူဟာအရ တန်ဖိုးရှိပါတယ်” ဟု ထိုင်း စစ်ထောက်လှမ်းရေး သတင်းရင်း မြစ်တခုက သုဝဏ္ဍဘူမိ Suvarnabhumi လေဆိပ်နှင့် လမ်ချဘန် Laem Chabang ဆိပ်ကမ်းတို့ကို ရည်ညွှန်း၍ ပြောသည်။ “တပ်ဖွဲ့သစ်တခု ထူထောင်ဖို့ အခြေစိုက် စခန်းကောင်းတခုပါ။”

စစ်တုရင် ရုပ်များကို ရွှေ့နေခြင်းက ချာ့ချင်ဆောင်နှင့် အိမ်နီးချင်း Prachin Buri ပရာချင်ဘူရီ ခရိုင်ရှိ စစ်ခံတပ်တခုမှ သြဇာ အာဏာရှိနေဆဲ ဖြစ်သော ဘုရင်မအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ လက်အောက်ခံများကို စောင့် ကြည့် ထိန်းချုပ်သည့် နည်းလမ်းဖြစ်သည်ဟု အချို့က မြင်ကြသည်။

“တပ်ဖွဲ့တွေကို ဘန်ကောက်မြို့ပြင်က စခန်းတွေဆီ ပြောင်းရွှေ့ချထားတာက ကာကွယ်ရေး အဝန်းအဝိုင်း အသစ်တခုကို ဖန်တီးနေခြင်း ဖြစ်ပါတယ်။ ဘုရင်ရဲ့ တော်ဝင် အစောင့်တပ် ၉၀၄ က အလယ်ဗဟိုမှာ ရှိတဲ့ စစ်ရေးလမ်းစဉ် အသစ်တခုရဲ့ အစိတ်အပိုင်း ဖြစ်ပုံရပါတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ကမ္ဘာအဆင့် အဖွဲ့အစည်းတခု ဖြစ်သော Human Rights Watch မှ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီတယောက်ဖြစ်သည့် စူနိုင်းဖစွတ် Sunai Phasuk က ပြောသည်။ “အရင်က အစွမ်းရှိခဲ့တဲ့ ပလေယာတွေ အထူးသဖြင့် အရေးကြီးတဲ့ ခြေလျင်တပ်တွေ၊ သံချပ်ကာနဲ့ အမြောက်တပ်မတွေကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ပြန်လည်နေရာချခဲ့တယ်။”

၂၀၀၄ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံရေးတွင် အရိပ်မိုးနေခဲ့သော (၂၀၁၄ တွင် စစ်အာဏာသိမ်းယူမှုတခု ပြုလုပ်ခဲ့ပြီး ၂၀၀၆ ခု နှစ်တွင်လည်း နောက်တခုကို ထောက်ခံခဲ့သည့်) စစ်တပ်ဂိုဏ်းသို့ ပေးသည့် သတင်းစကားက ထင်ရှားပါသည်။ “အဲဒါက ဘုရင်မ အစောင့်တပ်က အရှေ့ပိုင်းကျားတွေရဲ့ သြဇာကို စစ်ရေးနဲ့ နိုင်ငံရေး အခင်းအကျင်းမှာ နေရာ လုံးဝ မရှိအောင် ဖယ်ရှားဖို့ အားထုတ်မှုတခုပါ” ဟု စူနိုင်းဖစွတ်က ပြောသည်။

ပြန်လည် ဟန်ချက်ညှိခြင်းက တစုံတရာသော အချိန်အတွင်း ကြိုတင်စီစဉ် ထားခဲ့ပြီး ဖြစ်သည်။ အစောပိုင်း အရိပ်အမြွက် များ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပေါ်ထွက်ခဲ့သည်။ လက်ရှိ ဘုရင်က ကာလရှည်ကြာစွာ အုပ်စိုးခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကွယ်လွန်သွားခဲ့သည့် ဖခင် ဘုရင် ဘူမိဘော အဒူလ်ယာဒတ်၏ အရိုက်အရာကို ဆက်ခံခဲ့သောအချိန်တွင် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ကို ကျားကန်ပေးသော ထိုင်းတပ်ဖွဲ့များကို ယခု ဘုရင်သစ်က ပစားမပေးတော့/Reuters

ဘုရင်သစ်၏ ပထမဆုံး လှုပ်ရှားမှုများထဲတွင် တော်ဝင် အကြံပေးများ၏ အဖွဲ့တခုဖြစ်သည့် အတိုင်ပင်ခံကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သော သူ့ဖခင်၏ မဟာမိတ် ၈ ဦးကို အနားပေးရန် ဖြစ်သည်။ သူက ဘုရင့် အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး ၂ ဦး အပါအဝင် အစားထိုးရန် ၅ ဦးကို ရွေးချယ်ခဲ့သည်။

ယခုအချိန်တွင် အတိုင်ပင်ခံ ကောင်စီ၌ ဘုရင့် အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် အထူးတပ်ဖွဲ့များမှ ဗိုလ်ချုပ်ကြီး ၂ ဦး တို့ ပါဝင်နေကြသည်။ ဘုရင်မ အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ် တယောက်မှ မပါခြင်းကို နန်းတော်ကို စောင့်ကြည့်လေ့လာနေသူ များက သတိမပြုမိဘဲ မနေကြပါ။ “ဒါက သမိုင်းမှာ ဘုရင်တွေ လုပ်လေ့လုပ်ထ ရှိတဲ့ ပုံစံပါပဲ။ ဘုရင်တွေက အုပ်ချုပ်မှုကို သူတို့ရဲ့ ကိုယ်ပိုင် မဟာမိတ်တွေနဲ့ စတင်လေ့ရှိကြပါတယ်” ဟု နိုင်ငံရေး အဆက်အသွယ်ကောင်းသည့် လေ့လာစောင့် ကြည်သူ တဦးက ပြောသည်။

ဘုရင် ဗာဂျီရာလောင်ကွန်း၏ လုပ်ပုံကိုင်ပုံထဲတွင် သူ့ဖခင်နှင့် နှိုင်းယှဉ်လျှင် ကွဲပြားခြားနားမှုတခုကိုလည်း ဝါရင့် ထိုင်းဂျာနယ်လစ်တဦးက သတိပြုမိခဲ့သည်။ ဖခင်ဖြစ်သူက သူ၏ တော်ဝင်နန်းတော်တွင် နိုင်ငံရေး အာဏာပွဲစားများနှင့် ကြားခံလူများကို မှီခိုခဲ့သည်။ “ဘုရင် ဘူမိဘောက သူ့ရဲ့ အစီအစဉ်ကို အထောက်အကူဖြစ်ဖို့ ကိုယ်စားလှယ်တွေကနေ တဆင့် အလုပ်လုပ်တယ်။ သူနဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးကို တောင်မှပဲ အဲဒီလို လုပ်ခဲ့တယ်။ ဒါပေမယ့် ဘုရင်သစ်ကတော့ ကြားခံလူတွေ အပေါ်မှာ မှီခိုတဲ့ အဲဒီပုံစံနဲ့ အလုပ်မလုပ်ချင်ဘူး” ဟု အဆိုပါ ဂျာနယ်လစ်က ပြောသည်။

အလားတူပင် ဘုရင်က ဘဏ္ဍာရေးနှင့် အခြားသော ကိစ္စများအတွက် လက်တွေ့ကျသော ချဉ်းကပ်မှုတခုကို သုံးစွဲသည်။

၂၀၁၇ ခုနှစ် အလယ်ပိုင်းတွင် သူက Crown Property Bureau က စီမံခန့်ခွဲသည့် ပိုင်ဆိုင်မှုများ၏ ပုဂ္ဂလိထိန်းချုပ်မှုကို ရယူလိုက်သည်။ ထိုပိုင်ဆိုင်မှုများက လွန်ခဲ့သော ၃ နှစ်က ခန့်မှန်း တွက်ချက်မှုများအရ ထိုင်းဘတ်ငွေ ၁.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ) ရှိပြီး ဘန်ကောက်မှ အဆင့်မြင့် အိမ်ခြံမြေများမှသည် Siam ဘိလပ်မြေ၊ Siam ကူး သန်း ရောင်းဝယ်ရေး ဘဏ်တို့ကဲ့သို့ စတော့ဈေးကွက်တွင် နာမည်ကောင်းရသည့် ကုမ္ပဏီများ၏ အဓိက အစုရှယ်ယာများ အထိ ပါဝင်ပါသည်။ သို့သော်လည်း သူ (ဘုရင်)က အစုပေါ် အမြတ်ငွေများကို အခြားသော မည်သည့်နိုင်ငံသား ကဲ့သို့မဆို အခွန်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘုရင်က တိုက်ရိုက် ထိတွေ့ ဆောင်ရွက်ခြင်းကို ပိုသဘောကျသည်ဟု အဆိုပါ ဂျာနယ်လစ်က ပြောသည်။ “စစ်တပ်နဲ့ ပတ်သက်လို့ သူလုပ်ခဲ့သလိုပေါ့။”

စစ်ဘက်ဆိုင်ရာ အစီအစဉ်သစ်များနှင့် ပတ်သက်၍မူ ဗိုလ်ချုပ်ကြီး အပီရတ်က အခရာဖြစ်သည်။ ဘုရင့် အစောင့်တပ်ဖွဲ့ကို လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်တွင် ပြန်လည်ရောက်ရှိစေခြင်းနှင့် ဘန်ကောက်မြို့က တော်ဝင် အစောင့်တပ် ၉၀၄ ၏ စောင့်ကြည့်မှုအောက်သို့ ရောက်လာခြင်းနှင့် တွဲလိုက်သည့် အခါ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကဆစ် အတွက် လတ်တလော အနာဂါတ် အတွက် အလွန်တရာမှ ထိုင်းမဆန်သော အလားအလာကို ခန့်မှန်းရန် ဖြစ်လာစေခဲ့သည်။

“အာဏာ သိမ်းတာတွေ မဖြစ်တော့ဘူး။”

(Nikkei Asian Review ပါ All the king’s men: Thai military power shifts away from Prayuth ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

ထိုင်းလက်နက်ဈေးကွက် စိန်ခေါ်မှုများ

ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ

ထိုင်းနိုင်ငံ ကန်ကရာချန် သစ်တောကို ယူနက်စကို အသိအမှတ်ပြုရေး မအောင်မြင်

]]>
တရုတ်ပိုးလမ်းမသစ် တောင်အာရှမှ အတားအဆီးများ ကြုံရ https://burma.irrawaddy.com/article/2019/02/09/182893.html Sat, 09 Feb 2019 03:30:58 +0000 https://burma.irrawaddy.com/lytbox/?p=182893 ခေတ်သစ်ပိုးလမ်းမ(BRI) အခြေခံ အဆောက်အဦး စီမံကိန်းများအတွက် တောင်အာရှသို့ ဒေါ်လာဘီလီယံများစွာနှင့်အတူ အသည်းအသန် ဝင်ရောက်ခဲ့ကြသည် / Reutersယခင်ပုံစံအတိုင်း အလုပ်လုပ်၍ မရနိုင်တော့ကြောင်း တောင်အာရှ နိုင်ငံများက တရုတ်အစိုးရကို အရိပ်အယောင်ပြနေကြသည်။ ]]> ခေတ်သစ်ပိုးလမ်းမ(BRI) အခြေခံ အဆောက်အဦး စီမံကိန်းများအတွက် တောင်အာရှသို့ ဒေါ်လာဘီလီယံများစွာနှင့်အတူ အသည်းအသန် ဝင်ရောက်ခဲ့ကြသည် / Reuters

ဒေသတွင်းတွင် အသေးငယ်ဆုံးနိုင်ငံဖြစ်သည့် မော်လ်ဒိုက်က တရုတ်နိုင်ငံသို့ပေးဆပ်ရန် ကြွေးမြီ အတိအကျ မည်မျှရှိပါ သနည်း ဆိုသည့် အရေးတကြီး မေးခွန်းတခုကို ဖြေဆိုရန် မော်လ်ဒိုက် သမ္မတ Ibrahim Solih ၏ လူယုံတော်များသည် မြို့တော် Male ရှိ ပင်လယ်ကမ်းစပ်မှ အဆောက်အဦးတခုတွင် ၃ လခန့် နေထိုင်ရင်း တောင်လိုပုံနေသည့် စာရွက်စာတမ်းများကို စစ်ဆေးခဲ့ကြရသည်။

ခေတ်သစ်ပိုးလမ်းမ(BRI) အခြေခံ အဆောက်အဦး စီမံကိန်းများအတွက် တောင်အာရှသို့ ဒေါ်လာဘီလီယံများစွာနှင့်အတူ အသည်းအသန် ဝင်ရောက်လာပြီး နှစ်များကြာသည့်အခါ တရုတ်နိုင်ငံ အနေဖြင့် အမှန်တကယ် ဆန့်ကျင်တုန့်ပြန်မှုများ ကြုံတွေ့နေရသည်။ ပိုကြီးသည့် နိုင်ငံများကလည်း အခြားနည်းလမ်းစဉ်းစားမှုများ ရှိနေကြပြီး ယခင်ပုံစံအတိုင်း အလုပ်လုပ်၍ မရနိုင်တော့ကြောင်း တရုတ်အစိုးရကို အရိပ်အယောင်ပြနေကြသည်။

မော်လ်ဒိုက်နိုင်ငံတွင် ပေးဆပ်ရန် ရှိသည်များနှင့် ပတ်သက်သည့် မရေရာမှုများက တရုတ်သံအမတ် Zhang Lizhong နှင့် ယခုအခါ လက်ရှိသမ္မတ Ibrahim Solih ၏ အကြံပေးတဦးအဖြစ် ဆောင်ရွက်နေသည့် သမ္မတဟောင်း Mohamed Nasheed တို့ကြားမှ အေးစက်သော ဆက်ဆံရေးကို အခြေခံနေသည်။ နိုဝင်ဘာလအတွင်းက Ibrahim Solih ရာထူး လက်ခံယူခြင်းမပြုမီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ထိုသို့ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ Ibrahim Solih က တရုတ်ကို လိုလားသည့် (ထိုစဉ်က) လက်ရှိသမ္မတ Abdulla Yameen ကို ရွေး ကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရာ အနိုင် ရရှိခဲ့သည်။

Mohamed Nasheed က ပြောသည့်အတိုင်းဆိုလျှင် တရုတ်သံအမတ် Zhang Lizhong က ရာထူးဆက်ခံမည့် ခေါင်းဆောင်သစ်များကို မော်လ်ဒိုက်နိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ ပေးဆပ်ရန် ရှိနေကြောင်း ဖော်ပြထားသည့် ပေးစာတစောင်ကို တင်ပြခဲ့ကြောင်း သိရသည်။ တရားဝင်စာရင်းများတွင် ဖော်ပြထားသည့် ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိသော တရုတ်ချေးငွေများ၏ ၂ ဆ ကျော်ဖြစ်နေသည်။

အဆိုပါ ဇာတ်ကြောင်းတခုလုံးက အဖြစ်မှန်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချခဲ့သည်။ မည်သို့ပင် ဖြစ်စေ ထိုပမာဏသည် ဒေါ်လာ ၃.၆ ဘီလီယံသာတန်သည့် စီးပွားရေးတခုအတွက် အလွန်ပင် ထိတ်လန့်စရာဖြစ်သည်။

“သူတို့မှာ စစ်ဆေးဖို့အတွက် တပေလောက်မြင့်တဲ့ စာရွက်ပုံတွေ အများကြီးရှိတယ်” ဟု ငွေကြေးကိစ္စ စုံစမ်းစစ်ဆေးရေး နှင့် နီးစပ်သည့် မော်လ်ဒိုက် သတင်းရင်းမြစ်တဦးက ပြောသည်။ လေ့လာသုံးသပ်နေသည့် စီမံကိန်းများထဲတွင် အထိမ်းအမှတ် တံတားတခု၊ နိုင်ငံတကာ ဆေးရုံတခု နှင့် လမ်းများ တိုးချဲ့ရေးတို့ ပါဝင်သည်။ အားလုံးက တောက်ပသည့် အပြာရောင် ရေပြင်နှင့် အဆင့်မြင့် အပန်းဖြေစခန်းများကြောင့် ထင်ရှားသည့် မော်လ်ဒိုက်ကျွန်း နိုင်ငံမှ အလွန်ဖွံ့ဖြိုးနေသည့် တရုတ် ဘဏ္ဍာရေး အထောက်ပံ့ခံ အခြေခံအဆောက်အဦးများထဲတွင် အပါအဝင် ဖြစ်သည်။

ငွေကြေးပမာဏ အစစ်အမှန်ကို ဆုံးဖြတ်ရခြင်း၏ စိန်ခေါ်မှုကို ဖော်ပြနေသည်မှာ မော်လ်ဒိုက် ရှေ့နေချုပ်က အစိုးရအနေ ဖြင့် မှတ်တမ်းများကို စစ်ဆေးရန် နိုင်ငံခြားအကူအညီ ရယူရန် ကြိုးစားနေခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက သမ္မတဟောင်း Abdulla Yameen လက်မှတ်ထိုးခဲ့ သော ကန်ထရိုက်စာချုပ်များကို စုံစမ်းစစ်ဆေးရန် ၎င်းတို့၏ ကိုယ်ပိုင် အဖွဲ့တခုကို ဖွဲ့စည်းခဲ့သည်။ Abdulla Yameen ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် မဲဆန္ဒရှင်များက ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။

Abdulla Yameen ရာထူးမှ ပြုတ်ကျသွားခြင်းက တောင်အာရှတွင် တရုတ်ကို ဆန့်ကျင်သည့်ဘက်သို့ ဒီရေက ပြောင်းလဲ တက်လာ နေကြောင်း ပြသသော သင်္ကေတတခု ဖြစ်သည်။

ဒေသတွင်းတွင် အကြီးဆုံး BRI စီမံကိန်းများ တည်ရှိရာဖြစ်သည့် ပါကစ္စတန်တွင်လည်း ပြည်တွင်း ပဋိပက္ခများ၊ တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုတခုနှင့် ဒေါ်လာဘီလီယံနှင့် ချီသော အကြွေးများက ယခင် ခန့်မှန်းထားသည်ထက် များနေကြောင်း ပေါ်ထွက်လာခြင်းများ အားလုံးတို့က တရုတ်အစိုးရ၏ လမ်းကြောင်းပေါ်သို့ ဝင်ရောက်လာကြသည်။

ပြင်ပကြွေးမြီ အကျပ်အတည်း တခုအတွင်းတွင် ပိတ်မိနေပြီး တရုတ်ကျောထောက်နောက်ခံပေးသည့် အဓိက စီမံကိန်း ၂ခု အပေါ် ဆန့်ကျင်မှုများကို တစိတ်တပိုင်း အခြေခံ၍ အစိုးရတခု ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော သီရိလင်္ကာနိုင်ငံက ယခုအခါတွင် အိန္ဒိယနှင့် ဂျပန်မှ အကူအညီများကို ဆွဲဆောင်ရန် တက်တက်ကြွကြွ ကြိုးစားနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် BRI စီမံကိန်းများအတွက် (ယခုအချိန်အထိ ထုတ်မပေးရသေးသော) ဒေါ်လာ ၂၄ ဘီလီယံတန် ကတိနှင့် ပတ်သက်၍ လူရှင်ကြားမဟုတ်သည့် စိတ်မကျေနပ်မှုများ တိတ်ဆိတ်စွာ ရှိနေသည်။ တရုတ်နိုင်ငံထံမှ ငွေချေး ခြင်းနှင့် ပတ်သက်၍ သတိထားရန် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေသည်ဟု အချို့သတင်းရင်း မြစ်များက ပြောကြသည်။ အခြားသူများကမူ ဆန့်ကျင်ကန့်ကွက်မှုများက တိုင်းပြည်၏ ပြင်ပ ကြွေးမြီ ဖောင်းပွသွားမည်ကို သဘောမကျသည့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်းမှ ဘဏ္ဍာရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီများထံမှ လာသည်ဟု ဆိုသည်။

ပါကစ္စတန်မှ ဆန့်ကျင်ကန့်ကွက်မှုက ကျယ်လောင်ပြင်းထန်မှု အရှိဆုံး ဖြစ်သည်။ ဘလူချီစတန် ပြည်နယ် ဝန်ကြီးချုပ် Jam Kamal က တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္ကံ (CPEC) အဖြစ် သိကြသည့် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန် အခြေခံ အဆောက်အဦး စီမံကိန်းများ၏ စ မှတ်ဖြစ်သည့် ဆိပ်ကမ်းမြို့တခု ဖြစ်သော ဂွာဒါတွင် တရုတ်ကုမ္ပဏီများသို့ မြေ ရောင်းချခြင်းကို ရပ်တန့်ရန် ဥပဒေများကို ပြင်ဆင်ခဲ့သည်။

လူဦးရေ ကျဲပါးသည့် တောင်ပိုင်းဧရိယာကို ဖြတ်သန်းသွားမည့် CPEC အကြောင်း ဘလူချီစတန် ပြည်နယ် အစိုးရသို့ ရှင်း ပြခဲ့ပြီးနောက် ဒီဇင်ဘာလအတွင်းတွင် ပြဿနာပေါ်ပေါက်ခဲ့သည်။ ဒေသခေါင်းဆောင်များမှာ သူတို့ဒေသသည် တရုတ် နိုင်ငံ၏ မဟာစီမံကိန်းကြီးမှ အကျိုးအမြတ် အနည်းငယ်မျှကိုသာ ရရှိလိမ့်မည်ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ထိတ်လန့် တုန်လှုပ်ခဲ့ကြရသည်။

“ဂွာဒါက ရောင်းဖို့ မဟုတ်ပါဘူး” ဟု ဆိပ်ကမ်းမြို့မှ နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သည့် Aslam Bhootani က ဒေါသ တကြီးနှင့် ပြောသည်။

ပါကစ္စတန် အစိုးရတပ်ဖွဲ့များကို ခွဲထွက်ရေး စစ်ပွဲတခုဆင်နွဲနေသည့် ဘလူချီစတန် လက်နက်ကိုင်များကလည်း အခြေခံအားဖြင့် CPEC ကို စစ်ကြေညာခဲ့ပြီး ဖြစ်သည်။ သူတို့က ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တရုတ်ပစ်မှတ်များကို ဦးတည်သည့် အသေအပျောက် များသော တိုက်ခိုက်မှု ၂ ခုကို ပြုလုပ်ခဲ့ကြသည်။ ပထမတခုမှာ တရုတ်အင်ဂျင်နီယာများကို အသေခံတိုက်ခိုက်ခြင်း ဖြစ်ပြီး နောက်တခုမှာ တရုတ် ကောင်စစ်ဝန်ရုံးတခုကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက သူတို့၏ အားထုတ်မှုအပေါ်တွင် ကြီးမားစွာ လောင်းကြေးတင်ခဲ့သည်။ ကောင်းသော အကြောင်းပြချက် အရ ဆိုလျှင် ကားလမ်း ရထားလမ်းများ၏ ကွန်ရက်၊ ဓာတ်အားပေးစက်ရုံများနှင့် ဆိပ်ကမ်းတခုတို့က ၎င်းတို့ကို အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ရောက်ရှိခွင့်ကို ပေးသည်။ သို့သော်လည်း တရုတ်အစိုးရက လက်တွေ့မြေပြင်မှ အခြေအနေများကို ကောက်ယူမှုလွဲမှားခဲ့ပြီး သူတို့၏ စီမံကိန်းက အစ္စလာမ်မာဘတ်မှ ဗဟိုအစိုးရနှင့် ဘလူချီစတန် ပြည်နယ် အာဏာပိုင်များကြားမှ ရှိနှင့်ပြီးသော တင်းမာမှုကို မည်ကဲ့သို့ မီးလောင်ရာလေပင့် စေနိုင်ကြောင်း မမြင်ခဲ့ကြဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။ ယခုအခါတွင် ဘေးရောက်နေသည့် ဘလူချီစတန်သားများက သူတို့၏ တန်ဖိုးကို တောင်းနေကြပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ Wilson Center မှ အာရှအစီအစဉ်၏ ဒုတိယဒါရိုက်တာ Michael Kugelman က ပါကစ္စတန် နှင့် တရုတ် နိုင်ငံတို့ အနေဖြင့် ဘလူချီစတန်နှင့် ဆင်း Sindh ရှိ အားနည်းသော အသိုင်းအဝိုင်းများနှင့် အခြားသော အမေ့လျော့ခံ ဧရိယာများသည် အလုပ်အကိုင် အခွင့်အလမ်း၊ အခြေခံ ဝန်ဆောင်မှုများနှင့် စီမံကိန်းများကို အခြေခံသော သဘာဝအရင်းအမြစ်များမှတဆင့် အကျိုးကျေးဇူးခံစားခွင့် သေချာအောင် ပြုလုပ်ရမည်ဟု ပြောသည်။

“CPEC အပေါ် ဆန့်ကျင်တုန့်ပြန်မှုတွေကို ဖြေရှင်းဖို့အတွက် ပါကစ္စတန် အစိုးရနဲ့ တရုတ်အစိုးရက ခိုင်မာပြီး ထိရောက်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုပါလိမ့်မယ်” ဟု သူက ပြောသည်။

ထိုအချိန်တွင် သီရိလင်္ကာက ခက်ခဲသော ဟန်ချက်ညီမျှရေး ဆောင်ရွက်မှုတခုကို ပြုလုပ်ရန်ကြိုးစားနေသည်။

၂၀၁၅ ခုနှစ် ပါလီမန်ရွေးကောက်ပွဲသည် BRI လုပ်ငန်းကြီး ၂ ခုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသော အလွန်ပွဲဆူသည့် လှုပ်ရှားမှုတခု ဖြစ်ခဲ့သည်။ အကြွေးအတွက် အစုရှယ်ယာကို အညင်းပွားဖွယ်ရာ ပိုင်ဆိုင်ခွင့်ပေးလိုက်ရပြီး ယခုအခါ တရုတ် လက်သို့ ရောက်နေသည့် တောင်ဘက်ကမ်းရိုးတန်းမှ ဒေါ်လာ ၁.၅ ဘီလီယံတန် Hambantota ဆိပ်ကမ်းနှင့် ပင်လယ်ရေပြင်တွင် အကျယ် ၂၆၉ ဟက်တာ(၆၆၄ ဧက) ရှိသော ဧရိယာကို မြေဖို့တည်ဆောက်မည့် ဒေါ်လာ ၁.၄ ဘီလီ ယံတန်ဖိုးရှိ ကိုလံဘိုဆိပ်ကမ်း မြို့တော် တို့ ဖြစ်သည်။

လွန်ခဲ့သော ၄ နှစ်တွင် သီရိလင်္ကာနိုင်ငံသားများက လမ်းများပေါ်သို့ တက်၍ စီမံကိန်းများကို ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဒေါသလှိုင်းက လက်ရှိညွှန့်ပေါင်း အစိုးရကို အာဏာရ ရှိစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။ ယခုအချိန်တွင် ကမ်းရိုးတန်း အသိုင်းအဝိုင်းများနှင့် သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်းများ၏ ဆန့်ကျင်မှု အနည်းငယ် ရှိနေဆဲဖြစ်သော်လည်း အစိုးရသည်ပင် ၎င်း၏ ရပ်တည်ချက်ကို ပျော့ပျောင်းစေခဲ့သည်။

သီရိလင်္ကာနိုင်ငံက ၎င်း၏ ဖွံ့ဖြိုးရေး မိတ်ဖက်များကို စုံလင်ကွဲပြားအောင် ပြုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံကို ထိန်းထားရန် ကြိုးစားနေသည့် အသွင်ရှိပါသည်။

မြို့တော်တွင် အမေရိကန် ဒေါ်လာ ၁.၈၅ ဘီလီယံတန် အပေါ့စားရထားစနစ်တခု တည်ထောင်မည့် အစီအစဉ်ကို သီရိ လင်္ကာ အစိုးရက ဇန်နဝါရီလ အစောပိုင်းတွင် ကျေညာခဲ့သည်။ ဂျပန်အထူးချေးငွေဖြင့် ဂျပန်နိုင်ငံက တည်ဆောက် မည်ဖြစ်သည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည့်အခါ အိန္ဒိယ နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ တန် ဘဏ္ဍာ ရေးထောက်ပံ့မှု အစီအစဉ်မှတဆင့် သီရိလင်္ကာနိုင်ငံ၏ ရထားလမ်းများကို အဆင့်မြှင့်တင်ပေးရန် ကတိတခု၏ အစိတ် အပိုင်းအနေဖြင့် ရထားအသစ်များ ပေးခြင်းအားဖြင့် ဝင်ရောက်လာခဲ့သည်။

အဆိုပါ ဆောင်ရွက်ချက်များက တရုတ်နိုင်ငံကို တုန့်ပြန်သည့် အဓိပ္ပါယ်မဟုတ်ကြောင်း သီရိလင်္ကာနိုင်ငံက တရားဝင် ငြင်းသည်။ ဖွံဖြိုးရေးဗျူဟာနှင့် နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး Malik Samarawickrama က အဆိုပါ ကိစ္စများ သည် (တရုတ်အပေါ်) မလိုလား၍ တုန့်ပြန်ခြင်းမဟုတ်ကြောင်း၊ ဘဏ္ဍာရေး အရင်းအမြစ် ပိုမိုကျယ်ပြန့်စေရေးအတွက် သီရိလင်္ကာ နိုင်ငံ၏ ကြိုးပမ်းမှုတခုသာ ဖြစ်ကြောင်းပြောသည်။

“အခြေခံ အဆောက်အဦးအတွက် ငွေကြေးက အာရှမှာပဲ ရနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က အရင်းအမြစ် အားလုံးကို အသုံးပြုချင်ပါတယ်” ဟု သူကပြောသည်။ အရင်းအမြစ်တခုတည်းကိုသာ မှီခိုအားထားရခြင်းကို ရှောင်ရှားရန် လိုအပ် သည်ဟုလည်း ရှင်းပြခဲ့သည်။

သို့သော်လည်း အမြတ်ကြီးစားသည့် တရုတ်နိုင်ငံက သီရိလင်္ကာကို အကြွေးထောင်ချောက်တခု အတွင်းသို့ သိမ်းသွင်းခဲ့ သည်ဆိုသည့် အယူအဆက သီရိလင်္ကာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်သည်။ တရုတ် အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး ချေးငွေများက သီရိလင်္ကာနိုင်ငံ အပေါ်တွင် ဒေါ်လာ ၉.၂ ဘီလီယံ အထိ ရှိနေသည်။

“ဝေဖန်မှုဆိုတာကတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမယ့် အဲဒါက အဓိပ္ပါယ်မရှိပါဘူး” ဟု ကိုလံဘိုမြို့ရှိ သီရိလင်္ကာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးဌာန အကြီးအကဲ Luo Chong က ပြောသည်။ တရုတ်နိုင်ငံ အပေါ် အထင်လွဲမှားခြင်းသာ ဖြစ်ပြီး တရုတ် ထုတ်ကုန်-သွင်းကုန်ဘဏ်မှ အခြေခံအဆောက်အဦး ရံပုံငွေ အဖြစ် အတိုး ၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေး ခဲ့ခြင်း ဖြစ်သည်ဟု သူက အခိုင်အမာပြောသည်။

သို့သော်လည်း အတိုးနှုန်း ၂ ရာခိုင်နှုန်းဆိုခြင်းနှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍမှ အတွင်းလူအချို့က Luo Chong နှင့် ကွဲပြားမှု ရှိနေသည်။ သီရိလင်္ကာ အစိုးရ၏ တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုများနှင့် နီးစပ်သည့် သတင်းရင်း မြစ်များ က အခြေခံအဆောက်အဦး စီမံကိန်းများအတွက် ချေးငွေများ၏ အတိုးနှုန်းသည် လန်ဒန်ရှိ နိုင်ငံတကာ ဘဏ်များ အချင်းချင်း ငွေချေးငှားရာတွင် စံအဖြစ် သတ်မှတ်သည့် အတိုးနှုန်း သို့မဟုတ် LIBOR ထက်ပင် များ၍ ၆ ရာခိုင်နှုန်း အထိရှိ သည်ဟု ပြောကြသည်။ (၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ အထိ LIBOR မှာ ၃.၀၃ ရာခိုင်နှုန်းဖြစ်သည်)

မည်သို့ပင် ဆိုစေကာမူ သီရိလင်္ကာနှင့် ၎င်း၏ တောင်အာရှမှ အိမ်နီးချင်းများမှာ မရေရာမသေချာသော အနေအထားတခု တွင် ရှိနေကြသည်။ သူတို့အနေဖြင့် တရုတ်နိုင်ငံနှင့် လက်တကမ်းအကွာတွင်သာ နေလိုကြမည်မှာသေချာပါသည်။ သို့သော်လည်း သူတို့က ဖွံ့ဖြိုးရေး ဘဏ္ဍာငွေနှင့် BRI မှ အကျိုးကျေးဇူးများကိုလည်း လိုအပ်နေဆဲဖြစ်ပါသည်။

အလွန်တရာ လိုအပ်နေသည့် စီမံကိန်းရံပုံငွေများက အာရှသို့ စီးဝင်မှု တိုးလာနေခဲ့သည်။ BRI ၏ နောက်ထပ်နယ်မြေတခု ဖြစ်သော အာဖရိကထက် ကျော်လွန်သွားခဲ့သည်။ BRI တွင် တနည်းမဟုတ ်တနည်း အကျုံးဝင်နေသည့် နိုင်ငံ ၁၁၅ ခုထဲ တွင် ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် မတ်လအတွင်း ကန်ထရိုက်တန်ဘိုးအရဆိုလျှင် အာရှက ၃၉ ရာခိုင်နှုန်း ရရှိ ထား၍ အာဖရိက၏ ၃၀ ရာခိုင်နှုန်းထက် မြင့်မားကြောင်း Moody’s Investors Service ၏ အဆိုအရသိရသည်။

BRI ၏ အကျိုးကျေးဇူးများက ထင်ယောင်ထင်မှားဖြစ်စရာတခု မဟုတ်ကြောင်း အာရှမှလေ့လာဆန်းစစ်သူ အချို့က အခိုင်အမာ ပြောကြသည်။ နောက် ၅ နှစ်ကြာပြီးမှ အောင်မြင်မှုကို တိုင်းတာနိုင်ဖွယ်ရာ ရှိသည့် ရင်းနှီးမြှုပ်နှံမှု ရှာဖွေရေးနှင့် ပတ်သက်သော ဝေဖန်မှုများတွင် အနောက်တိုင်းအစိုးရများနှင့် ကုမ္ပဏီများ၏ ဒဿနက ပုံဖော်သော ဘက်လိုက်မှုတခုကို သူတို့က မြင်သည်။

“ကြီးမားပြီး စွန့်စားရမှုများတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ရင် ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရဖို့အတွက် အချိန်ကန့်သတ်ချက်ကို ၃ နှစ်ကနေ ၅ နှစ်အတွင်း ထားမယ့် အစား ဆယ်စုနှစ် ၁ ခု သို့မဟုတ် ၂ ခုထားပြီး စဉ်းစားသင့်ပါတယ်” ဟု ဟောင်ကောင် ရှိ Polytechnic တက္ကသိုလ်မှ BRI အစီအစဉ်ဆိုင်ရာ အထူးပြုလေ့လာသည့် ပညာရှင် တဦးဖြစ်သော Yan Hairong က ပြောသည်။ “တရုတ်ကုမ္ပဏီတွေက ပိုရှည်ကြာတဲ့ ကာလကို စဉ်းစားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှယ်ယာ တန်ဖိုးကို အမြင့်ဆုံးဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ လိုအပ်ချက်က သူတို့ကို ဖိအားပေး မထားလို့ပါ။”

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Luo Chong ကလည်း အလားတူ ကာကွယ်မှု ပြုလုပ်ခဲ့သည်။ “စီမံကိန်းတွေက ဆယ်စုနှစ်ပေါင်းများစွာအတွက် ရေရှည်အမြင်နဲ့ စီစဉ်ထားတာဖြစ်ပါတယ်” ဟု သူကပြောသည်။

တရုတ်နိုင်ငံက အစိုးရပိုင် ကုမ္ပဏီများက ရှေ့မှ ဦးဆောင်နေခြင်းနှင့် အတူ အခြေခံအဆောက်အဦး မြှင့်တင်မှုမှနေ၍ ဘဏ္ဍာရေး အကျိုးအမြတ်သာမက နိုင်ငံရေးအကျိုးအမြတ်ကိုလည်း ရယူရန် ကြိုးစားနေသည်ဟု သံသယထားသူ များက ပြောကြသည်။ ထို့အပြင် တရုတ်ကုမ္ပဏီအချို့၏ လုပ်ရပ်များ(စီးပွားရေးလုပ်ကိုင်ရာတွင် မရိုးသားသော အပြုအမူ များကြောင့် ကန်ထရိုက် ကုမ္ပဏီကြီး ၂ ခုကို ကမ္ဘာ့ဘဏ်က နာမည်ပျက်စာရင်းသွင်းခဲ့သည်) ကြောင့် သံသယများကို အပြည့်အဝ မပယ်ဖျက်နိုင်ခဲ့ပါ။

အဆိုပါ ခြေလှမ်းမှားများက မော်လ်ဒိုက်ကဲ့သို့သော နိုင်ငံများမှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူများအတွက် အလွန် အသုံးတည့်သော အချက်များ ဖြစ်စေခဲ့သည်။ တရုတ် ဘဏ္ဍာရေးနောက်ခံဖြင့် ပြုလုပ်သည့် စီမံကိန်းများနှင့် ပတ်သက်၍ ပိုမို ပွင့်လင်းမြင်သာမှုရှိရေး သူတို့၏ အစိုးရများကို ဖိအားပေးရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။

သို့သော်လည်း တရုတ်စီမံကိန်းများ အပေါ်ဆန့်ကျင်မှုထက် အခြေခံအဆောက်အဦးလိုအပ်ချက် ဖိအားများရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သိသာမြင်သာသည့် အားသာချက်များက အလေးသာနေသည်ဟု ပါကစ္စတန်မှ လေ့လာ ဆန်းစစ် သူများက ပြောကြသည်။

၎င်းအပေါ် သဘောကျသည့် အမြင်ဖြစ်စေရန် နည်းလမ်း ၃ ခုဖြင့် ဆွဲဆောင်နေသည်ဟု သူတို့ကပြောသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးခြင်းတို့ ဖြစ်သည်။ တရုတ်ကျောထောက်နောက်ခံပေးသည့် လျှပ်စစ်ဓာတ်အား စီမံကိန်းများက တချိန်က မှောင်မဲနေခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ အစိတ်အပိုင်းများကို အလင်းရောင် ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ BRI နှင့် ဆက်နွယ်နေသည့် နိုင်ငံများအတွက် စိန်ခေါ်မှုမှာ စီမံကိန်း၏ အမှောင်ဘက်ခြမ်းကို ရှောင်ရှားရင်း အလင်းဘက်ခြမ်းကို ရယူနိုင်ရေးပင် ဖြစ်ပါသည်။

(Nikkei Asian Review ပါ Marwaan Macan-Markar ၏ China runs into Belt and Road barriers in South Asia ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

]]>
အကြွေးထောင်ချောက်ထဲက သီရိလင်္ကာ ငွေလှည့် ချေးရပြီ https://burma.irrawaddy.com/business/2019/02/04/182302.html Mon, 04 Feb 2019 03:30:47 +0000 https://burma.irrawaddy.com/lytbox/?p=182302 သီရိလင်္ကာနိုင်ငံသည် ပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၅၃.၁ ဘီလျံ ရှိနေပြီး ငွေပေးငွေယူရှင်းတမ်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ / Reutersတရုတ်နိုင်ငံသည် သီရိလင်္ကာ၏ နောက်ဆုံး အားကိုးစရာ မြီရှင်နိုင်ငံဖြစ်နေသည်။]]> သီရိလင်္ကာနိုင်ငံသည် ပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၅၃.၁ ဘီလျံ ရှိနေပြီး ငွေပေးငွေယူရှင်းတမ်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ / Reuters

သီရိလင်္ကာနိုင်ငံသည် ငွေပေးငွေယူရှင်းတမ်း အကျပ်အတည်းနှင့် ရင်ဆိုင်ရန် နီးကပ် လာသောကြောင့် ဒေသတွင်းအဓိက မဟာမိတ်များထံမှ ဘဏ္ဍာရေး အကူအညီများ တောင်းခံနေရသည်။

ယခင် မကြုံဖူးလောက်အောင် များပြားသော ပြည်ပကြွေးမြီ ပေးဆပ်ရမည့် တာဝန်များကို ဖြည့်ဆည်းနိုင်ရန် အားထုတ်သည့် အနေဖြင့် သီရိလင်္ကာနိုင်ငံသည် တရုတ်၊ အိန္ဒိယ နိုင်ငံများနှင့် ဆွေးနွေးနေကြောင်း သိရသည်။

အိန္ဒိယ ဗဟိုဘဏ်သည် သီရိလင်္ကာဗဟိုဘဏ်သို့ ငွေလဲလှယ်မှု အစီအစဉ်တခုအရ ဒေါ်လာ သန်း ၄၀၀ ထုတ်ပေးရန် ယခုလ အစောပိုင်းက သဘောတူခဲ့သည်။

“အိန္ဒိယ ဗဟိုဘဏ်၏ လျင်မြန်ပြီး ကာလအကန့်အသတ်မဲ့သော အကူအညီသည် သီရိလင်္ကာနိုင်ငံ၏ ပြည်ပ အရန်ငွေကို လုံလောက်သော အဆင့်တွင် ထိန်းသိမ်းထားရန် အထောက်အကူပြုခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ပေးမည်” ဟု သီရိလင်္ကာ ဗဟိုဘဏ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

တချိန်တည်းတွင် တရုတ်နိုင်ငံဘဏ်ကလည်း သီရိလင်္ကာနိုင်ငံသို့ ချေးငွေ ဒေါ်လာ သန်း ၃၀၀ ထုတ်ပေးသည်ဟု သတင်းများက ဆိုသည်။

အိန္ဒိယ ဗဟိုဘဏ်နှင့် တရုတ်နိုင်ငံဘဏ်တို့သည် ၎င်းတို့၏ အကူအညီများကို ဒေါ်လာ ၁ ဘီလျံစီအထိ စဉ်းစားနေကြောင်း ကိုလံဘိုတွင် ကျင်းပသည့် ညီလာခံတခုတွင် သီရိလင်္ကာဗဟိုဘဏ် ဥက္ကဋ္ဌ အင်ဒရာဂျစ် ကွန်မာရာဆွာမိက ပြောသည်။

“သီရိလင်္ကာရဲ့ မိတ်ဆွေတွေဖြစ်တဲ့ နိုင်ငံကြီးနှစ်ခုက ကျနော်တို့နိုင်ငံ ပိုမိုကြီးမားတဲ့ အကျပ်အတည်း ကြုံရချိန်မှာ အကူအညီတွေကို မြှင့်တင်ပေးကြပါတယ်” ဟု ၎င်းက သီဟိုဠ် ကုန်သည်ကြီးများအသင်းက စီစဉ်သော အစည်းအဝေးတွင် ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ကုန်က နိုင်ငံ၏ အကြွေး ပေးဆပ်နိုင်သည့်နှုန်းကို ကျသွားစေသော နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများကို ထိတ်လန့်စေသောအခါ သီရိလင်္ကာ၏ အရန် နိုင်ငံခြားသုံးငွေသည် ဒေါ်လာ ၆.၉ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာ ငွေချေး စာချုပ်ဈေးကွက်ကို မြှင့်တင်ရန် အားထုတ်မှု မအောင်မြင်သောအခါ နိုင်ငံခြားသုံး အရန်ငွေကို သုံးပြီး နိုင်ငံတကာ အစိုးရငွေချေးစာချုပ် ဒေါ်လာ ၁ ဘီလျံဖိုးကို ပြန်လည် ပေးဆပ် ခဲ့ကြောင်း သီရိလင်္ကာ ဗဟိုဘဏ်က လွန်ခဲ့သောတပတ်က ကြေညာခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ပြန်လည်ပေးဆပ်ရမည့် ပြည်ပအကြွေးမှာ စံချိန်တင်ပြီး ဒေါ်လာ ၅.၉ ဘီလျံရှိနေကာ နိုင်ငံအနေဖြင့် ထိုနည်းအတိုင်း ဆက်လက်သွားပါက နိုင်ငံခြားအရန်ငွေကြေး ကုန်ခမ်း သွားမည်ဖြစ်သည်။

စုစုပေါင်းတန်ဖိုး ဒေါ်လာ ၈၇ ဘီလျံရှိသော သီရိလင်္ကာ စီးပွားရေးတွင် ကြွေးမြီ မကြုံစဖူး များပြားနေသည်။ သီရိလင်္ကာနိုင်ငံသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီမှာ ဒေါ်လာ ၂၀.၉ ဘီလျံရှိသည်ဟု ဘဏ်လုပ်ငန်း သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်နိုင်ငံသည် သီရိလင်္ကာ၏ နောက်ဆုံး အားကိုးစရာ မြီရှင်နိုင်ငံဖြစ်နေသည်။ တရုတ်နိုင်ငံဘဏ်သည် ကိုလံဘိုတွင် လွန်ခဲ့သော နှစ်က ရုံးခန်းဖွင့်ခဲ့ပြီး သီရိလင်္ကာက နိုင်ငံတကာ ငွေရင်းဈေးကွက်မှ ဒေါ်လာရှာရန် ကြိုးစားသောအခါ တရုတ်က ၎င်းတို့တွင် ငွေကြေးများစွာရှိသောကြောင့် အစိုးရငွေချေးစာချူပ်များ အားလုံးကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်ဟု အတွင်းသတင်းများအရ သိရသည်။

သို့သော် မြီရှင်နိုင်ငံ အများအပြား ခွဲထားလိုသောကြောင့် ထိုကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု သိရသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်ဘဏ်များသည် အဓိက အခြေခံအဆောက်အအုံ စီမံကိန်း အများအပြားကို ငွေကြေး စိုက်ထုတ်ခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ ၂၀၁၈ ခုနှစ်ကုန်အထိ ပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၅၃.၁ ဘီလျံ၏ ၁၅ ရာခိုင်နှုန်းနီးပါးကို တရုတ်ကပိုင်သည်ဟု ကိုလံဘိုအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Verite သုတေသန လုပ်ငန်းက ခန့်မှန်းသည်။ နိုင်ငံ၏ ဒေါ်လာဖြင့် သတ်မှတ်သော ပြည်ပကြွေးမြီအများစုကို နိုင်ငံတကာ အစိုးရငွေချေးစာချုပ်များဖြင့် ရယူထားပြီး ၅၀ ရာခိုင်နှုန်းရှိကာ ကျန်ငွေများမှာ ဂျပန်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်များမှ ရယူထားသည်။

လွန်ခဲ့သောနှစ်က သီရိလင်္ကာနိုင်ငံသည် တရုတ်ဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်လာ ၁ ဘီလျံချေးငွေရယူထားပြီး တရုတ်ဗဟိုဘဏ်ကလည်း ဒေါ်လာ သန်း ၂၅၀ နှင့် ညီမျှသော ငွေချေးစာချုပ်များ ပေးအပ်ထားသည်။

“တရုတ်နိုင်ငံကနေ ငွေချေးတဲ့အခါ အတိုးနှုန်းက ၂ ရာခိုင်နှုန်းဆိုတော့ နိုင်ငံတကာ ငွေချေး စာချုပ်တွေနဲ့ ယှဉ်ရင် သီရိလင်္ကာအတွက် အကျိုးပိုရှိတယ်။ နိုင်ငံတကာ ငွေချေးစာချုပ်တွေက အတိုးနှုန်း ၆.၂၉ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု လွန်ခဲ့သောတပတ်က ကိုလံဘိုတွင် ကျင်းပသည့် တရုတ်ကြွေးမြီများ ဆွေးနွေးပွဲတခုတွင် Verite ၏ အမှုဆောင်ဒါရိုက်တာ နီရှန် ဒီ မယ်လ်က ပြောသည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယ ဗဟိုဘဏ်သည် သီရိလင်္ကာ၏ ငွေဖော်နိုင်မှုနှင့် ငွေပေးချေမှု အကျပ်အတည်း များတွင် ဝင်ရောက်ကူညီလာသည်။ ၂၀၁၆ ခုနှစ်က ထိုဘဏ်သည် သီရိလင်္ကာ ဘဏ်ကို ဒေါ်လာ သန်း ၇၀၀ ခန့် ၃ လကြာ အကူအညီပေးခဲ့သည်။ နောက်ဆုံးပေးခဲ့သည့် ဘဏ္ဍာရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ သည် အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ကာကွယ်လိုကြောင်း ပြသနေသည်။

တရုတ်နှင့် အိန္ဒိယတို့မှ ဘဏ္ဍာရေး အကူအညီများသည် အိန္ဒိယ သမုဒ္ဒရာမှ အချက်အခြာကျသော သီရိလင်္ကာအပေါ် သြဇာလွှမ်းမိုးရန် အားပြိုင်မှုကိုလည်း ပြသနေသည်။ နှစ် ၃၀ ကြာ ပြည်တွင်းစစ် ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးပြီးနောက် တရုတ်နိုင်ငံသည် အိန္ဒိယ၏ အနီးကပ် အိမ်နီးချင်း သီရိလင်္ကာသို့ ထိုးဖောက် လာသည်။

သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး ပြဿနာများကို ၎င်း၏ နိုင်ငံရေးပြဿနာများက ပိုမိုဆိုးရွားစေခဲ့သည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် သမ္မတ မိုင်သရီပါလာ ဆီရီဆန်နာ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှုမှာ နိုင်ငံရေး အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။ သမ္မတက ဝန်ကြီးချုပ်ကို သူ၏ ညွန့်ပေါင်းအစိုးရမှ အကျဉ်းနည်းဖြင့် ဖြုတ်ချလိုက်ပြီး နိုင်ငံရေးအရ ပိုမိုလူကြိုက်များသူကို အစားထိုး လိုက်သည်။ သို့သော် ထိုသူကို ပါလီမန်က ထောက်ခံခြင်း မရှိပေ။

ချေးငွေပြန်လည် ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်သည့် ထိပ်တန်းလုပ်ငန်းကြီး ၃ ခုဖြစ်သော Fitch Ratings, Standard & Poor’s နှင့် Moody’s Investor Services တို့က သီရိလင်္ကာ၏ အဆင့်ကို နှိမ့်ချလိုက် သောကြောင့် နိုင်ငံတကာချေးငွေများကို ပိုမိုကုန်ကျစရိတ် များစေခဲ့သည်။ Fitch က သီရိလင်္ကာကို B+ အဆင့်မှ အကြွေးဆုံးအဆင့်အထက် ၄ မှတ်သာ မြင့်တော့သော B သို့ လျှော့ချလိုက်သည်။

သီရိလင်္ကာ နိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စတော့နှင့် ချေးငွေ သက်သေခံ လက်မှတ် ဈေးကွက်တွင် ဒေါ်လာ ၁ ဘီလျံခန့် ဆုံးရှုံးရသည်။ နှစ်စဉ် ၄ ရာခိုင်နှုန်းကျဆင်းနေသော သီရိလင်္ကာ ရူပီးငွေသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး စွမ်းဆောင်မှု မကောင်းသောကြောင့် လွန်ခဲ့သော နှစ်ကုန်တွင် ဒေါ်လာနှင့်ယှဉ်လျှင် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ၂၀၁၆ ခုနှစ်က ဘဏ္ဍာရေးအကူအညီ ဒေါ်လာ ၁.၅ ဘီလျံ၏ နောက်ဆုံးအသုတ်ကို ဆိုင်းငံ့ပြီး သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတကာ ငွေရင်းဈေးကွက်မှ ငွေရှာနိုင်သော အလားအလာကို လျှော့ချလိုက်သည်။ သီရိလင်္ကာအစိုးရ ကိုယ်စားလှယ်များက ဝါရှင်တန်မှ အရာရှိများကို သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ယခုတပတ်အတွင်းတွင်မူ IMF ဆိုင်းငံ့ထားသော အစီအစဉ်ကို ပြန်လည် သုံးသပ်ရန် သဘောတူခဲ့သည်။

“ထိုကဲ့သို့သော အားထုတ်မှုများတွင် သီရိလင်္ကာ အာဏာပိုင်များကို ကူညီရန် IMF က အသင့်ရှိနေပြီး အစီအစဉ် ဆွေးနွေးမှုများ စတင်ရန်အတွက် IMF ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ဖေဖော်ဝါရီလလယ်တွင် ကိုလံဘိုသို့ သွားရောက်ရန် စီစဉ်ထားသည်” ဟု မန်နေဂျင်းဒါရိုက်တာ ခရစ်စတင်း လာဂတ်က အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် လက်ရှိတွင် လွန်စွာအားနည်းနေသော ပို့ကုန်မြှင့်တင်ခြင်းနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းတို့ဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်ကို မြှင့်တင်ရန်လိုကြောင်း သုတေသီများကပြောသည်။

“ဒေါ်လာကြွေးမြီတွေကို ပြန်ပေးဖို့ ဒေါ်လာဝင်ငွေမရှိဘူး” ဟု သုတေသီတဦးက ထောက်ပြသည်။

ပို့ကုန်သည် လွန်ခဲ့သော နှစ် ၂၀ က စုစုပေါင်း အမျိုးသားထုတ်လုပ်မှု၏ ၃၃ ရာခိုင်နှုန်းရှိနေရာမှ ယခု ၁၃ ရာခိုင်နှုန်းသာ ရှိတော့ကြောင်းလည်း သူက ပြောသည်။

“တကယ်တော့ သီရိလင်္ကာ ရင်ဆိုင်နေရတာက ဒေါ်လာအကျပ်အတည်းပဲ” ဟု သူက ဆိုသည်။

( Nikkei Asian Review ပါ Marwaan Macan-Markar ၏ Sri Lanka seeks regional bailout as balance of payments crisis looms ကို ဘာသာပြန်ဆိုသည်။)

]]>
ထိုင်းကို ဖောက်လုပ်လာသော ဂျက်မ၏ “မဟာ ဒူးရင်းသီး လမ်းမ” https://burma.irrawaddy.com/business/2018/05/31/159902.html Thu, 31 May 2018 01:50:05 +0000 https://burma.irrawaddy.com/lytbox/?p=159902 ဧပြီလအတွင်း ဘန်ကောက်သို့ ရောက်လာသူ ဂျက်မကို ထိုင်းဒူးရင်းသီး လက်ဆောင်ပေးကြစဉ် / Nikkei Asian Reviewထိုင်းဈေးကွက်သို့ ဂျက်မ ဝင်လာနေခြင်းက အွန်လိုင်းစီးပွားရေး လုပ်ငန်းတွင် ယှဉ်ပြိုင်မှုများ တိုးလာနေကြောင်း ဖော်ပြနေသည်။ ]]> ဧပြီလအတွင်း ဘန်ကောက်သို့ ရောက်လာသူ ဂျက်မကို ထိုင်းဒူးရင်းသီး လက်ဆောင်ပေးကြစဉ် / Nikkei Asian Review

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ၂ လမ်းသွား ကုန်သွယ်ရေး နှင့် ပတ်သက်၍ ယခုလအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တခုတွင် ထိုင်းနိုင်ငံကုန်သွယ်ရေး ဝန်ကြီး ဆွန်သီရတ်ဆွန်သီဂျီရာဝေါင် Sonthirat Sonthijirawong က e-commerce (အွန်လိုင်း ကုန်သွယ်ရေး) သည် တိုင်းပြည်ကို နောက်ထပ်မြင့်မားသည့် နေရာတခုသို့ ပို့ဆောင်ပေးမည့် စီးပွားရေး မိုဒယ် တခုအဖြစ် ချီးကျူး ပြောဆိုသည်။

e-commerce ကိုသာ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့လျှင် အွန်လိုင်း စီးပွားရေးက ထိုင်းနိုင်ငံနှင့် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံတို့ကြားမှ အပြန်အလှန် ကုန်သွယ်ရေး၌ ၂၀၂၀ တွင် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ အထိ ရောက်လာမည်ဟု မျှော်လင့်ရသည်ဟု ကုန်သွယ်ရေး ဝန်ကြီးက ပြောသည်။ ယမန်နှစ်က ဒေါ်လာ ၇၃ ဘီလီယံ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်သွားခြင်း ဖြစ်သည်။

e-commerce ကို ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခြင်းမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်း လက်လီအရောင်း လုပ်ငန်း ဖြစ်သည့် အလီဘာဘာ အုပ်စု ဦးပိုင် Alibaba Group Holding ၏ ပူးတွဲတည်ထောင်သူ နှင့် အမှုဆောင် ဥက္ကဌ ဂျက်မ Jack Ma ရောက်လာပြီး နောက်ပိုင်းတွင် ဖြစ်သည်။

မကြာသေးမီက ဘန်ကောက်သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် Jack Ma က Alibaba ကို တိုးချဲ့ရန် အမေရိကန် ဒေါ်လာ ၃၅၂.၄ သန်း တန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းအားဖြင့် ထိုင်းနိုင်ငံမှ လက်ရှိ စစ်အစိုးရကို သဘောကျ ကျေနပ်စေခဲ့သည်။ အဆိုပါ သဘောတူညီချက်များတွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများကို ဆက်သွယ်ပေးသည့် အကြီးဆုံး ပလက်ဖောင်း ဖြစ်သော Alibaba ၏ Tmall မှ တဆင့် တရုတ်နိုင်ငံ ဈေးကွက်သို့ ထိုင်းလယ်သမားများနှင့် သီးနှံစိုက်ပျိုးသူများ ဝင်ရောက်နိုင်အောင် ဆွဲဆောင်မည့် အစီအစဉ် တခုလည်း ပါဝင်သည်။

ပိုမို ထင်ရှားရန် Jack Ma က ထိုင်းနိုင်ငံမှ ကျော်ကြားသော ဒူးရင်းသီးများကို သိန်းနှင့် ချီ၍ ရောင်းချရန် Tmall တွင် တင်ခဲ့သည်။

တရုတ်အစိုးရပိုင် ဆင်ဟွာ Xinhua သတင်းဌာနက နောက်ပိုင်းတွင် မည်သို့ ဆက်ဖြစ်ခဲ့သည်ကို “အလုံးရေ ၈၀၀၀၀၊ တန်၂၀၀ အလေးချိန်ရှိသော ဒူးရင်းသီးများကို Alibaba ၏ Tmall တွင် စက္ကန့် ၆၀ အတွင်း တရုတ်စားသုံးသူများက ဝယ်ယူသွား ကြသည့် အခါ တရုတ် e-commerce ၏ ဂုဏ်ရည်ကို ထိုင်းနိုင်ငံတွင် အလွန် အံ့အားသင့်သွားခဲ့ကြသည်” ဟု ဖော်ပြခဲ့သည်။

Jack Ma ၏ ကမ်းလှမ်းမှုများကလည်း ထိုင်းစစ်အစိုးရကို ကျေနပ် နှစ်သိမ့်စေခဲ့သည်။ နောက်လာမည့် ၅ နှစ်အတွင်းတွင် သူက ထိုင်းနိုင်ငံမှ သူ၏ ရင်းနှီးမြှုပ်နှံမှုများကို ဒေါ်လာ ၃ ဘီလီယံ အထိ တိုးချဲ့ရန် မျှော်လင့်ထားပြီး ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးများ၊ ခရီးသွားလုပ်ငန်းနှင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ကို သူ၏ အွန်လိုင်း ကုန်တိုက်ကြီးသို့ ခေါ်ယူရန် အစီအစဉ်များ ရှိသည်။

“မကြာတော့မယ့် အနာဂတ်မှာ ၈၀ ရာခိုင်နှုန်းသော SMEs တွေက အွန်လိုင်း ပလက်ဖောင်းတွေက တဆင့် ကမ္ဘာနဲ့ ချီပြီး အလုပ်လုပ်ကြလိမ့်မယ်” ဟု Jack Ma က ပြောသည်။ ထိုသို့ မထင်ထားသည့်သူများ ဒေသတွင်းတွင်သာ အလုပ်လုပ်သည့် ကုမ္ပဏီများသည် အောင်မြင်မှုရရန် အလွန်ခက်ခဲကြောင်း တွေ့ကြရလိမ့်မည်ဟုလည်း သူက သတိပေးခဲ့သည်။

ဈေးကွက်တခု အတွင်းသို့ Jack Ma ဝင်လာနေခြင်းက အွန်လိုင်းစီးပွားရေး လုပ်ငန်းတွင် ယှဉ်ပြိုင်မှုများ တိုးလာနေ ကြောင်း ဖော်ပြနေသည်။ အွန်လိုင်းနှင့် ပို၍ နီးစပ်ကျွမ်းဝင်သည့် ထိုင်းဈေးဝယ်သူများက ဖက်ရှင်မှသည် အချဉ်ရည် အထိ အရာရာတိုင်းကို ဒီဂျစ်တယ် ပလက်ဖောင်းမှ တဆင့် ဝယ်ယူနေကြသည်။

လူဦးရေ ၆၉ သန်းနီးပါး ရှိ၍ အင်တာနက် အသုံးပြုသူ ၅၇ သန်းရှိသော ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ၌ အွန်လိုင်း အသုံးပြုချိန် အများဆုံး အဖြစ် ရပ်တည်နေသည်။ နယူးယောက် အခြေစိုက် အွန်လိုင်း ပလက်ဖောင်းတခု ဖြစ်သည့် We Are Social က ဇန်နဝါရီလ အတွင်းတွင် ထုတ်ပြန်ခဲ့သော “Digital 2018 Global Overview” အမည်ရှိ အစီရင်ခံစာတွင် ထိုင်းနိုင်ငံသားများက ပြီးခဲ့သည့် နှစ်အတွင်း တနေ့လျှင် အင်တာနက် အသုံးပြုချိန် ၉.၃၈ နာရီ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ နောက်တွင် ဖိလစ်ပိုင်က ၉.၂၉ နာရီ နှင့် အင်ဒိုနီးရှားက ၈.၅၁ နာရီဖြင့် ရှိနေသည်။

ထိုကဲ့သို့ အွန်လိုင်း ထိုးဖောက်မှုကောင်းခြင်းက ထိုင်းနိုင်ငံ၏ e-commerce ဈေးကွက်ကို အားကောင်းစေခဲ့သည်။ ထိုင်း အစိုးရ အဖွဲ့အစည်းတခု ဖြစ်သည့် Electronic Transactions Development Agency ၏ အဆိုအရ ဈေးကွက်၏ တန်ဖိုး က ၂၀၁၆ ခုနှစ်တွင် ဘတ်ငွေ ၂.၅၆ ထရီလီယံ(ဒေါ်လာ ၇၉.၇၂ ဘီလီယံ) ရှိခဲ့သည်။ နယ်စပ်ဖြတ်ကျော် e-commerce ဈေးကွက်က အရေးပါသည့် မောင်းနှင်အားတခု ဖြစ်လာနေခြင်းနှင့် အတူ လာမည့်နှစ်တွင် ဘတ်ငွ ၃ ထရီလီယံ အထိ ရောက်ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ၏ စာတိုက်လုပ်ငန်းကို လုပ်ကိုင်နေသည့် ထိုင်းစာတိုက်(Thailand Post) ၏ ဥက္ကဌ စမွန်းဓာတုပီဘွန်း Smorn Terdthumpiboon က “နယ်စပ်ဖြတ်ကျော် e-commerce က SMEs တွေနဲ့ အွန်လိုင်းကုန်သည်တွေ သူတို့ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ နည်းလမ်းကို အသွင်ပြောင်းပေးနေပါတယ်” ဟု ပြည်တွင်း သတင်းစာတစောင်သို့ ပြောကြခဲ့သည်။

Alibaba က ရှယ်ယာ အများစုကို ပိုင်ဆိုင်ထားသည့် စင်ကာပူနိုင်ငံ အခြေစိုက် e-commerce လုပ်ငန်းတခု ဖြစ်သည့် Lazada Group က ထိုင်းနိုင်ငံ အွန်လိုင်း ဈေးကွက်ကို ဦးဆောင်နေသည်။ ၎င်းက ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းများ ဖြစ်သည့် Shopee၊ Amazon.com၊ 11street နှင့် မကြာသေးမီက ထိုင်းနိုင်ငံမှ အဖျော်ယမကာ နှင့် လက်လီ အရောင်း လုပ်ငန်းကြီး တခုဖြစ်သည့် TCC Group က ဝယ်ယူခဲ့သော ထိုင်းနိုင်ငံ၏ ပထမဆုံး e-commerce ဝက်ဘ် ဆိုက် ဖြစ်သည့် Tarad.com တို့ နှင့် ယှဉ်ပြိုင်နေသည်။

ထိုင်းနိုင်ငံသို့ Jack Ma ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ တိုင်းပြည်က Alibaba ၏ အင်အား ကြီးမားမှုကို စီမံခန့်ခွဲရန် အသင့်ဖြစ်/မဖြစ် နှင့် တရုတ်အွန်လိုင်းကုမ္ပဏီကြီးက ပြည်တွင်း ပြိုင်ဖက်များကို နင်းချေသွားနိုင်သည့် ဖြစ်နိုင်ချေများ အပါအဝင် မေးခွန်းထုတ်မှုများကိုလည်း မြင့်တက်စေခဲ့သည်။

Tarad ကို တည်ထောင်သူ ပါဝတ် ပွန်ဝိထရပနူ Pawoot Pongvitayapanu က သတိပေးခြင်းဖြင့် ပါဝင်လာခဲ့သည်။ Alibaba ပလက်ဖောင်းက ထိုင်းဈေးကွက်အတွင်းသို့ တရုတ်ကုန်စည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာစေနိုင်ပြီး တရုတ်ပွဲစားများက ထိုင်းကုန်သည်များ၏ နေရာသို့ အစားထိုး ဝင်ရောက်လာအောင် တံခါးဖွင့်ပေးလိမ့်မည်ဟု ပြည်တွင်း သတင်းဌာနများကို ပြီးခဲ့သည့် လအတွင်းတွင် သူက ပြောကြားခဲ့သည်။

လက်ရှိ အစိုးရက အဆိုပါ ဒီရေကို နှေးကွေးစေရန် ခြေလှမ်းအချို့ ပြုလုပ်ခဲ့သည်။ Jack Ma ရောက်မလာမီ ထိုင်း အစိုးရက ယှဉ်ပြိုင်မှု သေချာရေး စိန်ခေါ်မှုများနှင့် ပတ်သက်၍ ကိုင်တွယ်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ စီးပွားရေး ပညာရှင်များက ပြောသည်။

“ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှု မူဝါဒ တခုနဲ့ ဒီဂျစ်တယ် စီးပွားရေးကို ရောယှက်ဖို့အတွက် စဉ်းစားဖို့ လိုအပ်တဲ့ ကိစ္စ ၂ ခုရှိ ပါတယ်။ ထိုင်းနိုင်ငံက ပထမတခုကို ဖြေရှင်းနေခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် ကစ်တီဖုန် အရိယာပရူချာယာ Kiatipong Ariyapruchaya က ပြောသည်။ “ဒါပေမယ့် ဒီဂျစ်တယ် ခေတ်မှာ မျှတတဲ့ ပြိုင်ကွင်းတခု သေချာစေဖို့ ထိုင်းနိုင်ငံမှာ ခိုင်မာအားကောင်းတဲ့ အမျိုးသား အချက်အလက် ဗျူဟာ တခု လိုအပ်ပါတယ်။”

ကမ္ဘာ့ဘဏ်က ဧပြီလတွင် ထုတ်ဝေခဲ့သော “Thailand Economic Monitor: Beyond the Innovation Paradox.” အမည်ရှိ အစီရင်ခံစာတွင် ထိုကိစ္စကို ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် ယှဉ်ပြိုင်မှု ဥပဒေက ယှဉ်ပြိုင်မှုတခုကို အုပ်ချုပ်စီမံခြင်းမှသည် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် ပေါင်းစည်းခြင်း သဘောတူညီချက်များအထိ ကဏ္ဍအများအပြားကို ဖြေရှင်းထားသည်။ သို့သော်လည်း ယခင် ၁၉၉၉ ခုနှစ် ယှဉ်ပြိုင်မှု ဥပဒေ၏ အားနည်းချက် သမိုင်းများအရ ဆိုလျှင် လက်ရှိ ဥပဒေ အကောင်အထည်ဖော်မှုကို စမ်းသပ်ရလိမ့်မည် ဖြစ်သည်။ “တိုင်ကြားမှု ၁၀၀ ရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ် ဥပဒေက တမှုတည်းကိုသာ အောင်မြင်မြင် စွဲချက်တင်နိုင်ခဲ့ပါတယ်” ဟု အဆိုပါ အစီရင်ခံစာက မှတ်ချက်ပြုခဲ့သည်။

ဂရုစိုက် စောင့်ကြည့်ရမည့် ပုဂ္ဂလိက ကဏ္ဍမှ အချက်အလက်များ အပါအဝင် ပိုမို၍ ကျယ်ပြန့်သော အချက်အလက် သုံး သပ်မှုတခု ပြုလုပ်ရန် ကမ္ဘာ့ဘဏ်က တောင်းဆိုထားသည်။ အစိုးရတွင်ရှိသည့် အချက်အလက်များနှင့် ပေါင်းစပ်ထား သော အချက်အလက်များကို မြှင့်တင်ပေးမည့် အစီအစဉ်တခုက ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ပိုမို ကောင်းမွန်စေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။ လူနှင့် ကောက်ယူမှတ်သားခြင်း မဟုတ်ဘဲ စက်က ထုတ်ပေးသော အချက်အလက်များ သို့မဟုတ် အချက်အလက်များကို ယူ သုံးစွဲနိုင်သော၊ လွှဲပြောင်းနိုင်သော အခြေအနေများနှင့် ပတ်သက်၍ အမျိုးသား အဆင့် မူဝါဒများ ကင်းမဲ့နေသည် ဟုလည်း သတိပေးထားသည်။

Jack Ma ၏ လမ်းကြောင်းက ထိုင်း-တရုတ် ကုန်သွယ်ရေး၏ အနာဂတ်အတွက် အပြောင်းအလဲများကို ယူဆောင် လာခဲ့သည်။ ပေါ်ထွက်လာနေသည့် အမြင်တခုမှာ သူ၏ အွန်လိုင်း ကုန်တိုက်ကြီး အတွက် ပစ္စည်းပေးသွင်းသူများ အဖြစ် Jack Ma က ဆွဲဆောင်ချင်နေသည့် ထိုင်း လယ်သမားများနှင့် သီးနှံစိုက်ပျိုးသူများက အကျိုးအမြတ် ရရှိရန် ရှိနေသည်ဟု ဘန်ကောက်မြို့ Kasem Bundit တက္ကသိုလ် မှ Institute of Digital Media Law ၏ ဒါရိုက်တာ ကနာတစ် ထုံဂရာဝီဝန် Kanathip Thongraweewong က ပြောသည်။

သို့သော်လည်း ထိုင်းစားသုံးသူများက အရည်အသွေးနိမ့်သော သစ်သီးများ၊ မြင့်မားသော ဈေးနှုန်းများဖြင့် ကျန်ခဲ့မည်ကို စတင် စောဒက တက်နေခဲ့ကြပြီ ဖြစ်သည်ဟု သူက ပြောသည်။ “ဒီနှစ် ဒူးရင်း ရာသီအတွင်းမှာ အဲဒါက စိုးရိမ်စရာ ပါပဲ။”

(Nikkei Asian Review ပါ Marwaan Macan-Markar ၏ Thai e-retailers brace for Jack Ma’s ‘great durian road’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

]]>