နန်းလွင်နှင်းပွင့်, Author at ဧရာဝတီ https://burma.irrawaddy.com/author/989 Covering Burma and Southeast Asia Mon, 17 Jul 2023 01:48:09 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နန်းလွင်နှင်းပွင့်, Author at ဧရာဝတီ https://burma.irrawaddy.com/author/989 32 32 အာဏာသိမ်းမှုကို ရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းရန် SNLD တိုက်တွန်း https://burma.irrawaddy.com/opinion/interview/2021/02/04/237636.html Thu, 04 Feb 2021 12:22:15 +0000 https://burma.irrawaddy.com/lytbox/?p=237636 ဦးစိုင်းလိတ် (ပြောရေးဆိုခွင့်ရှိသူ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) )ဘယ်ဒီမိုကရက်တစ် အင်အားစုပဲ ဦးဆောင်ဦးဆောင်ပါ။ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီသွားတဲ့ လမ်းကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကို သွားနေတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက် အတားအဆီးတွေ ရှိလာတယ်ဆိုရင် သက်ဆိုင်ရာ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ အမြဲပဲ လက်တွဲမခွာ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းကိုပဲ ပြောချင်ပါတယ်။ ]]> ဦးစိုင်းလိတ် (ပြောရေးဆိုခွင့်ရှိသူ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) )

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် တပ်မတော်က အာဏာသိမ်းသည်ကို ကန့်ကွက်သလို တပ်မတော်၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲအသစ် ကျင်းပရန် ပြောဆိုမှုအပေါ်၌လည်း လက်ရှိရလဒ်ကိုသာ လက်ခံရန် တိုက်တွန်း တောင်းဆိုထားသည်။ 

တပ်မတော်က အာဏာသိမ်းယူထားသည့် ကာလအတွင်း အင်အားကြီး တိုင်းရင်းသားပါတီ တခုဖြစ်သည့် SNLD ၏ နိုင်ငံရေး ရပ်တည်ချက်၊ ပါတီ၏ ရှေ့ဆက်လုပ်ဆောင်မည့် အချက်များ မည်သို့ရှိသည်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကို ဆက်သွယ် မေးမြန်းထားသည်။ 

မေး။     ။ တပ်မတော်က အစိုးရအဖွဲ့ဝင်တွေ အားလုံးကို ဖမ်းဆီး ရာထူးဖြုတ်ချပြီး အာဏာသိမ်းတဲ့အပေါ် SNLD ရဲ့ ရပ် တည်ချက်ကို သိချင်ပါတယ်။ 

ဖြေ။      ။ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်တပ်က ဒီလိုမျိုး အဓမ္မ အာဏာသိမ်းတာကို ကျနော်တို့ လက်မခံပါဘူး။ ကန့်ကွက် ရှုတ်ချပါတယ်။

မေး။     ။ မဲစာရင်း မသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလောက်ထိ ဖြစ်သွားတဲ့ အပေါ်မှာရော SNLD ပါတီရဲ့ သဘော ထားက ဘယ်လိုရှိပါသလဲ။ 

ဖြေ။      ။ မဲစာရင်းနဲ့ ပတ်သက်လို့ အမှားအယွင်း ရှိကောင်း ရှိပါလိမ့်မယ်။ မဲမသမာမှုကလည်း ရှိတန်သင့်သလောက် ရှိမှာပေါ့။ ဒါပေမယ့် မှန်မှန်ကန်ကန် တရားနည်းလမ်းတကျနဲ့ ယှဉ်ပြိုင်အနိုင်ရထားတဲ့  လွှတ်တော် ကိုယ်စားလှယ်တွေ လည်း အများကြီးပဲ ရှိပါတယ်။ အများစုသဘော ပြောမယ်ဆိုရင် မဲစာရင်း မှန်ကန်မှုက ရာနှုန်းပြည့် မဟုတ်တောင် အများစု မှန်ကန်မှု ရှိတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်မို့  မှန်မှန်ကန်ကန်နဲ့ တရားနည်းလမ်းကျကျ ဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုမှုကိုတော့ လေးစား အသိအမှတ်ပြုဖို့ လိုအပ်တယ်။ 

မေး။     ။ SNLD က အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေရော ဒီအခြေအနေမှာ ဘာလုပ်ကြမလဲ။ 

ဖြေ။      ။ ကျနော်တို့က လူဦးရေအားဖြင့် ပြည်ထောင်စုလွှတ်တော်မှာ ၁၅ ဦးပဲ ရှိပါတယ်။ ကျန်တာက ပြည်နယ်မှာပဲ အများစု ဖြစ်တယ်။ ဆိုတော့ လက်ရှိ အာဏာရ NLD အစိုးရရဲ့ နောက်ထပ် ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောဆန္ဒက ပိုပြီး အရေးကြီးပါတယ်။ သူတို့တွေက နိုင်ငံရေးအရ ဘယ်လို ရပ်တည်စဉ်းစားသလဲ၊ ဘယ်လို ဦးဆောင်မှု အခန်းကဏ္ဍကနေ ပြန်ပြီး တုန့်ပြန်ဖြေရှင်းမလဲဆိုတာ ရှိတယ်။ ကျနော်တို့ကတော့ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း ကျောချင်းကပ်ပြီး လက်တွဲဆောင်ရွက်ဖို့ အနေအထားကို မူအားဖြင့် အမြဲတမ်း လက်ခံထားပြီး ဖြစ်ပါတယ်။ 

မေး။     ။ နေပြည်တော်မှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်ခိုင်းထားတော့ ဘယ်လို ဆုံးဖြတ် ထားပါသလဲ။ လူထုက မဲပေးပြီး ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒီအချိန်မှာ ဘာဆက်လုပ်ကြပါမလဲ။   

ဖြေ။      ။ ကိုယ်စားလှယ်တွေကို လူထုကိုယ်တိုင်က မဲပေးရွေးချယ်ထားတာဖြစ်လို့ လူထုကိုယ်စားလှယ်အဖြစ်ပဲ ရှိနေသေးတာပေါ့။ လူထုဆန္ဒကို ကိုယ်စားပြုခွင့် ရှိနေသေးတယ်။ ဒါပေမယ့် တဖက်မှာ အမိန့်အာဏာနဲ့ အတင်းအကျပ်  ပြန်ခိုင်းနေပြီလို့ ကြားတယ်။ ၂၄ နာရီအတွင်း စည်ပင်ဧည့်ရိပ်သာကနေ ထွက်ပါဆိုတာ ညွှန်ကြားချက်က လာနေပြီ။ မပြန် ဘူးမပြုဘူးဆိုရင် လုံခြုံရေးအရ အာမခံချက် မပေးနိုင်ဘူးလို့လည်း ပြောသံကြားပါတယ်။ ကျနော်တို့ဘက်ကတော့ ကျနော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောထားတယ်။  ပြန်ခွင့်ပြုပြီဆိုတာနဲ့ ပြန်ချင်တယ်ဆိုရင် ကျနော်တို့ မတားဘူး။ ဒါပေမယ့် နောက်ဆုံး အခြေအနေအထိ  စောင့်ကြည့်ချင်တယ်။ လုပ်နိုင်စရာရှိတာတွေ ရှိကောင်းရှိလာနိုင်တယ်လို့ ယူဆ ပြီး နေမယ်ဆိုရင်လည်း ကျနော်တို့က ခွင့်ပြုထားပါတယ်။

အားလုံးအဲဒီမှာ တသဘောတည်းတော့ မဟုတ်ဘူး။ တချို့ကလည်း ပြန်ဖို့ တာဆူနေကြတယ်။ တချို့ကလည်း ခဏစောင့် ကြည့်ရအောင်ဆိုပြီး ပြောတာလည်း ရှိပါတယ်။ 

မေး။     ။ SNLD အနေနဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်အပေါ်ပဲ ရပ်တည် မလား။ တပ်မတော်ပြောတဲ့ ၁ နှစ်အုပ်ချုပ်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ လမ်းကို ရွေးမလား။ 

ဖြေ။      ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲရလဒ်အတိုင်းပဲ ကျနော်တို့ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က တစုံလုံးကို ဦးစီးဦးဆောင် ဦးရွက်ပြုနိုင်တဲ့ အနေအထားမျိုးမှာ မရှိဘူး။ ဟိုတုန်းကလည်း အတိုက်အခံဘဝ ဆိုပေမယ့် အတိုက်အခံ ခေါင်းဆောင်ဆိုတဲ့ နေရာမျိုးမှာ ရှိမနေခဲ့ပါဘူး။ ကျနော်တို့ ရပ်တည်ချက်ကတော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ရပ်တည်ခဲ့တယ်။ အခုလည်း ထိုနည်းလည်းကောင်းပါပဲ။ အရွေးချယ်ခံရတဲ့ ၄၂ ယောက်သော ကျနော်တို့ ကိုယ်စားလှယ်များက လူထုရဲ့ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ထားပါတယ်။ 

မေး။     ။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပေးဖို့ရော တပ်မတော်ကို ပြောဖို့ ရှိပါသလား။ 

ဖြေ။     ။ ကျနော်တို့ ဒီနေ့ ထုတ်တဲ့ ထုတ်ပြန်ချက်နံပါတ် ၃မှာလည်း ရေးထားပါတယ်။ မှန်မှန်ကန်ကန် တရားနည်းလမ်း တကျနဲ့ အနိုင်ရရှိထားတဲ့ ပုဂ္ဂိုလ်တွေကို အသိအမှတ်ပြု လက်ခံဖို့ ဆိုတာပါ။ ဒါက လွှတ်တော် ကိုယ်စားလှယ်တွေတင်မက ပါဘူး။ လူထုရဲ့ ဆန္ဒကိုပါ အလေးအနက် ပြုရာရောက်တယ်။ လူထုဆန္ဒကိုပါ အလေးထားရာ ရောက်တယ်။ 

ဒါကြောင့် ဒီနေ့ ဒီအချိန်ထိ နောက်မကျသေးပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ စားပွဲဝိုင်း ပေါ်မှာ ဖြေရှင်းနိုင်တဲ့ အခင်းအကျင်းကို ပြန်လည်ဖန်တီးမယ်ဆိုရင် မပြေလည်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သက်ဆိုင်တဲ့ ဖမ်းဆီးခံ ခေါင်းဆောင်တွေ အကုန်လုံးကို လွှတ်ပေးပြီးတော့ တပ်မတော်နဲ့ ညှိနှိုင်းမယ်ဆိုရင် ပြေလည်စရာ အကြောင်းတွေ ပေါ်ပေါက်မှာပါလို့ ကျနော် ယုံကြည်ပါတယ်။ 

မေး။     ။ တပ်မတော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုလည်း အသစ်ဖွဲ့စည်းလိုက်တယ်။ ဒီကော်မရှင်ကိုရော ဘယ်လို မြင်မိပါသလဲ။ 

ဖြေ။      ။ အာဏာသိမ်း လုပ်ငန်းစဉ်အရ သူ လုပ်တာပါပဲ။ အာဏာသိမ်း အစိုးရတရပ်ရဲ့ လုပ်ဆောင်စရာ ရှိတာတွေကို သူလုပ်တာ ။ ဒါပေမယ့် ဒီကိစ္စတွေက မူမတူ လူနဲ့ညှိပေါ့။ အဲဒီလို ဖြစ်ရမှာပါ။ မူဆိုတာ လူက ကန့်ကွက်ထားတာပါ။ လူ အချင်းချင်း တွေ့ဆုံညှိနှိုင်းခြင်း ကိစ္စကပဲ ပြဿနာ အရပ်ရပ်ကို ပြေလည်စေနိုင်တယ်လို့ ကျနော် မြင်ပါတယ်။ အခု လုပ် ထားတယ်ဆိုတာက ပြန်ယူလို့ မရဘူးဆိုတဲ့ အနေအထား မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကြီးကိုတောင်မှ ပြင်ပိုင်ခွင့် ရှိ တယ်လို့  အားလုံးက ပြောနေတာပဲ။ Mother Law ကြီးကိုတောင် ပြင်ဆင်နိုင်တယ်၊ ပြင်ဆင်ခွင့်ရှိတယ်၊ ပြင်ဆင်ဖို့ လက်ခံ တယ်ဆိုရင် ကျန်တဲ့ တခြားသော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာလည်းပဲ ပြင်မယ်ဆိုရင် ပြင်လို့ရတဲ့ အနေ အထားလို့ မြင်ပါတယ်။ 

မေး။     ။ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်အတွင်း ဆက်တိုက်ဆိုသလို NLD ရုံးတွေ ချိတ်ပိတ်ခံရတယ်၊ ဝင်စီးခံရတယ်။ ဒီတော့ တပ်မတော်က အာဏာသိမ်းထားတဲ့ နှစ်ကာလတွေအတွင်း SNLD ရော ဘယ်လိုရပ်တည်ဖို့ ပါတီရဲ့ အနာဂတ်ကို ဘယ်လို တွေးထားပါသလဲ။ 

ဖြေ။      ။ ကျနော်တို့က ဥပဒေအရ ရပ်တည်နေတဲ့ နိုင်ငံရေးပါတီ ဖြစ်တယ်။ နိုင်ငံရေးပါတီ တရပ်ရဲ့ တာဝန်အရ ဖြစ်ပေါ် လာတဲ့ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို ပြည်သူလူထုကို တင်ပြရမယ်။ ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လူထု ရှင်းရှင်း လင်းလင်း သိအောင် သဘောထားတွေ ထုတ်ပြန်ရမယ်။ လူထုကို ထိခိုက်နိုင်စရာရှိတဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်မယ်ဆိုရင် လည်း ကန့်ကွက်သင့်တာ ကန့်ကွက်ဖို့၊ ထောက်ခံသင့်တာ ထောက်ခံဖို့ဆိုတာ နိုင်ငံရေးပါတီတရပ်ရဲ့ တာဝန်ပါပဲ။ အခု ထိတော့ ကျနော်တို့က တရားဝင်ပါတီအဖြစ် ရပ်တည်နေတဲ့ ပါတီဖြစ်လို့ ကျနော်တို့ လုပ်ဆောင်စရာရှိတဲ့ ကိစ္စတွေ ကိုတော့ နဂိုအတိုင်း ဆက်လက် လုပ်ဆောင်သွားပါ့မယ်။ 

မေး။     ။ NLD နဲ့ SNLD က ၁၉၉၀ ကတည်းက မဟာမိတ်တွေ ဖြစ်တယ်။ အခုချိန်မှာ ရင်ဆိုင်နေရတဲ့ အကျပ် အတည်းတွေကြား SNLD အနေနဲ့ NLD ကို ပြောချင်တာ ရှိပါသလား။ 

ဖြေ။      ။ အခုဖြစ်နေတဲ့ အခြေအနေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ စစ်ဘောင်ကို တမင်ချဲ့လိုက် သလို ဖြစ်တယ်။ NLD က ခေါင်းဆောင် ဖြစ်နေလို့ဆိုတဲ့ အနေအထားလည်း မဟုတ်ပါဘူး။ တခြား ဘယ်ဒီမိုကရက်တစ် အင်အားစုပဲ ဦးဆောင်ဦးဆောင်ပါ။ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီသွားတဲ့ လမ်းကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကို သွားနေတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက် အတားအဆီးတွေ ရှိလာတယ်ဆိုရင် သက်ဆိုင်ရာ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ အမြဲပဲ လက်တွဲမခွာ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းကိုပဲ ပြောချင်ပါတယ်။ 

မေး။ ။ အန်ကယ်ဆိုလည်း ခေတ်အဆက်ဆက် ဖြတ်သန်းလာသူ ဖြစ်တယ်။ ဒီတော့ တပ်မတော်က အာဏာသိမ်း လိုက်တာကြောင့် နိုင်ငံရဲ့ အနာဂတ် ဘယ်လို ဖြစ်မယ်လို့ မှန်းဆမိပါသလဲ။ 

ဖြေ။ ။ အာဏာသိမ်းပြီဆိုမှတော့ တိုင်းပြည်က တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ပြဿနာတွေ အရင်ထက်မက ပိုပြီး ကြုံတွေ့ရမှာပေါ့။ ကျနော်တို့ တိုင်းပြည်ကို အာဏာသိမ်းလိုက်တာ ၁၉၆၂၊ ၁၉၈၈၊ အခု (၂၀၂၁) တခါဆို ၃ ကြိမ် ရှိပြီ။ လက်ရှိ အခြေအနေမှာ ပိုပြီးဆိုးတာက ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ကိစ္စကလည်း ကြီးကြီးကြပ်ကြပ် ဆောင် ရွက်နိုင်တာ မရှိသေးဘူး။ ကိုဗစ်-၁၉ ကြောင့် ကျနော်တို့ စီးပွားရေးကလည်း ချွတ်ခြုံကျနေတဲ့ အနေအထားမျိုးမှာ ရှိတယ်။ 

ဒီလို စစ်တပ်ဘက်က အာဏာယူလိုက်တဲ့ အခါကျတော့ ကျနော်တို့ကို တလျှောက်လုံး ကူညီနေတဲ့ ဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီ အင်အားကြီး နိုင်ငံကြီးတွေကလည်း စီးပွားရေး ဖြတ်တောက်တာမျိုး တစုံတခု လုပ်လိမ့်မယ်။ အဲဒီ အခါကျ ကျနော်တို့ နိုင်ငံက ပိုပြီး အထီးကျန်ဆန်ပြီး ပြည်တွင်း မငြိမ်သက်မှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်။ အဲဒီအခါကျရင်  ပြည်ထောင်စုသား အချင်းချင်းကြားမှာလည်း ဒီထက် စိတ်ဝမ်းကွဲပြားစရာတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒါတွေက မလို လားအပ်တဲ့ ပြဿနာတွေပါ။ ကျနော်တို့ ပြည်ထောင်စုသား အချင်းချင်း၊ တိုင်းရင်းသားတွေ အချင်းချင်း စကားပြောလို့ မရတဲ့ အနေအထားမျိုးကို ဖန်တီးမိရာ မရောက်အောင် အမြန်ဆုံး ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ စောစောက ပြောသလို တွေ့ဆုံညှိနှိုင်းတဲ့ အလေ့အထ ပေါ်ပေါက်အောင် ပြန်ပြီးကြိုးပမ်းပါလို့ပဲ တိုက်တွန်း ချင်ပါတယ်။ 

မေး။     ။ အန်ကယ် ဆိုလိုတာက တပ်မတော်အနေနဲ့ အခု အာဏာသိမ်းတာကို ရပ်တန့်လိုက်ပြီး စေ့စပ်ညှိနှိုင်းတဲ့ လမ်းကြောင်းကို ပြန်သွားလို့ ရနိုင်တယ်လို့ ဆိုလိုတာလားရှင့်။ 

ဖြေ။      ။ သွားမယ်၊ သွားချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိရင် မလုပ်နိုင်စရာ မရှိပါဘူး။ အဲဒီလို ဆိုလိုတာပါ။ ဟုတ်ပါတယ်။ 

]]>
ပါတီရုံးများကို တပ်မတော်က တရားမဲ့ စီးနင်းနေကြောင်း NLD ထုတ်ပြန် https://burma.irrawaddy.com/news/2021/02/03/237570.html Wed, 03 Feb 2021 11:57:52 +0000 https://burma.irrawaddy.com/lytbox/?p=237570 မန္တလေးမြို့ မဟာအောင်မြေမြို့နယ် NLD မြို့နယ်ရုံးအား ဖေဖော်ဝါရီ ၂ရက်နေ့ညက ဝင်ရောက်ချိတ်ပိတ်ပုံ  / ဇော်ဇော် / ဧရာဝတီဝင်ရောက်စီးနင်း ကာ ပါတီရုံးပိုင်ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ရုံးကို ချိတ်ပိတ်ခြင်းပြုကာ တရားမဲ့ ပြုကျင့်နေခြင်းကို အမြန်ဆုံး တားမြစ်ပေးပါဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက်တစောင် ထုတ်ကာ ပြောဆို လိုက်သည်။ ]]> မန္တလေးမြို့ မဟာအောင်မြေမြို့နယ် NLD မြို့နယ်ရုံးအား ဖေဖော်ဝါရီ ၂ရက်နေ့ညက ဝင်ရောက်ချိတ်ပိတ်ပုံ  / ဇော်ဇော် / ဧရာဝတီ

တပ်မတော်က တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများကို ဝင်ရောက်စီးနင်း ကာ ပါတီရုံးပိုင်ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ရုံးကို ချိတ်ပိတ်ခြင်းပြုကာ တရားမဲ့ ပြုကျင့်နေခြင်းကို အမြန်ဆုံး တားမြစ်ပေးပါဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက်တစောင် ထုတ်ကာ ပြောဆို လိုက်သည်။

ထိုထုတ်ပြန်ချက်ထဲတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ် အပါအဝင် အခြား တိုင်းဒေသကြီးအချို့တွင် NLD ၏ ပြည်နယ်ရုံး နှင့် တိုင်းရုံးများကို တပ်မတော်က ဝင်ရောက်စီးနင်းကာ စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ ကွန်ပျူတာများ၊ လက်ပ်တော့များ သိမ်းဆည်းခြင်းတို့ကို တရားမဲ့ပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။

အချို့မြို့နယ်များတွင် တပ်မတော်က ဝင်ရောက်စဉ်က ရုံးသော့များကို ရိုက်ဖျက်ချိုးပြီး တရားမဲ့ပြုလုပ်ပါသဖြင့်
လေးနက်စွာ ကန့်ကွက်ကြောင်း၊ တရားမဲ့ပြုကျင့်မှုများကို သက်ဆိုင်ရာ တာဝန်ယူထားသူများက အမြန်ဆုံး တားမြစ်ပေးရန် တိုက်တွန်းသည်ဟုလည်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တပ်မတော်က အာဏာသိမ်းပြီး တပြိုင်တည်း တိုင်းနှင့် ပြည်နယ်အသီးသီးရှိ NLD ပါတီ တိုင်းရုံး၊ NLD ပါတီ ပြည်နယ်ရုံးများကို သော့ခတ် ပိတ်ပင်ကာ တပ်မတော်၊ တပ်ဖွဲ့ဝင်များက စောင့်ကြပ်ထားသည်။

တိုင်းနှင့် ပြည်နယ်တို့၏ မြို့နယ်အသီးသီးရှိ ပါတီရုံးများကို ချိတ်ပိတ်ခြင်း၊ ပါတီအလံများ၊ ပါတီ အကြီးအကဲ ဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ဖြုတ်ချခြင်း၊ ပါတီရုံးတွင်းရှိ စာရွက်စာတမ်းများကို သိမ်းဆည်းယူသွားခြင်းများ ပြုလုပ်ထားကြောင်း NLD ပါတီတာဝန်ရှိသူများထံမှ သိရှိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ NLD ပြည်နယ်ရုံးကို ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ ဝင်ရောက်ချိတ်ပိတ် စဉ် ပါတီဝင်တဦးမှ မရှိဘဲ သော့ပိတ်ထားသဖြင့် ပါတီရုံးကို သော့ရိုက်ဖွင့်ခြင်း၊ ပါတီဆိုင်းဘုတ်များ ဖြုတ်ချခြင်း တို့ကို လုပ်ဆောင်သွားသည်ဟု NLD ပါတီဝင်များက ပြောသည်။

မြစ်ကြီးနားမြို့နယ်၊ NLD ၏ မြို့နယ်အတွင်းရေးမှူး ဦးကျော်ကျော်ဦးက “မြို့နယ်ရုံးကိုလည်း ဆိုင်းဘုတ်တွေ အကုန်ဖျက်ဆီးပြီး ဖြုတ်ချပစ်လိုက်တယ်။ ပြည်နယ်ရုံးရော ဖျက်ဆီးလိုက်တယ်။ မြို့နယ်ရုံးထဲမှာဆို အခု တပ် အကုန်ဝင်ထားတယ်။ ပြည်နယ်ရုံးလည်း ဒီအတိုင်းပဲ။ ဘာအကြောင်းပြချက်မှလည်း မပေးဘဲ သော့တွေ ရိုက်ဖျက်ပြီး လုပ်တာ”ဟု ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၄ နာရီဝန်းကျင်တွင် NLD ပါတီတာဝန်ရှိသူများကို လိုက်လံဖမ်းဆီးရာ ဦးကျော်ကျော်ဦးကို နေအိမ်၌ မတွေ့သဖြင့် ၎င်း၏ နေအိမ်တံခါးများကို ရိုက်ဖွင့်ခြင်းများ ပြုလုပ်သွားသည် ဟု ပြောသည်။

ဦးကျော်ကျော်ဦးက “ကျနော်တို့ပါတီက နိုင်ငံတော်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီ၊ ကျနော်တို့ ပါတီကို ဖျက်ရင် ကြံ့ခိုင်ရေးအပါအဝင် ကျန်တဲ့ ပါတီတွေလည်း ဖျက်ရမယ်။ ဥပဒေအရ ဒီလိုဖျက်လို့လည်း မရဘူး။ သူတို့ ဖျက်မယ်ဆိုရင်လည်း အကုန်လုံးကို တန်းတူဖျက်ရမယ်။ ဖျက်ခွင့်မရှိဘဲလုပ်တယ်” ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် ပါတီဗဟိုရုံးချုပ်မှ တစုံတရာ ညွှန်ကြားထားခြင်း မရှိသေးကြောင်း၊ တစုံတရာ ညွှန်ကြား လာပါက ဗဟိုရုံးချုပ်၏ ညွှန်ကြားချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟုလည်း ဦးကျော်ကျော်ဦးက ပြော သည်။

ကချင်ပြည်နယ်တွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ နောင်မွန် စသည့် မြို့နယ်များတွင်လည်း ပါတီရုံးများ ချိတ်ပိတ်ခံထားရသည်။

ကယားပြည်နယ်၏ NLD ပါတီပြည်နယ် ဥက္ကဋ္ဌ ဦးသောင်းဌေးကလည်း တပ်မတော်မှ ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်နှင့် NLD ပါတီတာဝန်ရှိသူများကို ဖမ်းဆီးထားစဉ် ပြည်နယ်တွင်းရှိ ပါတီရုံးအားလုံးကိုလည်း ချိတ်ပိတ် လိုက်သည်ဟု ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် NLD မြို့နယ်ရုံးအား ဖေဖော်ဝါရီ ၂ရက်နေ့ညက ဝင်ရောက်ချိတ်ပိတ်ပုံ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

လက်ရှိတွင် လွိုင်ကော်မြို့ရှိ ပြည်နယ် NLD ရုံးကို သော့ခတ်ကာ တပ်မတော်၊ တပ်ဖွဲ့ဝင်များ စောင့်ကြပ် နေပြီး ကယားပြည်နယ်၏ မြို့နယ်အသီးသီးရှိ NLD ပါတီ ရုံးများအားလုံးကိုလည်း လာပိတ်သွားသည်ဟု ဦးသောင်းဌေး က ပြောသည်။

ဦးသောင်းဌေးက “အမေစုနဲ့ ပါတီကိုပါ သူတို့က အငြိုးထားတာကိုး။ ဒါက အငြိုးနဲ့လုပ်တာပါ။ အာဏာ သိမ်းရုံတင် မဟုတ်ဘဲ NLD ကိုပါ ဟိုးအရင်လို ဖျောက်ပစ်ချင်တာ။ ဒီခေတ်မို့လို့ ဒီလောက်ပဲ လုပ်တာပါ။ အရင်ခေတ်ကသာဆို အကုန်သွားပြီ။ သူတို့က သေနတ်ကိုင်ထားတဲ့သူတွေ တိုင်းပြည်အာဏာတောင် သိမ်းထားတာ ရုံးလောက်ကတော့ ဘာပြောလို့ ရမလဲ။ လူတောင် သူတို့ ပြန်လွှတ်လို့ ပြန်လာရတာပါ။ မလွှတ်ဘဲထောင်ချလည်း ခံရမှာပဲ” ဟု ပြောသည်။

ကယားပြည်နယ်တွင်း ပါတီရုံးအားလုံးကို လာပိတ်ထားသော်လည်း အခြား ပြည်နယ်များတွင် ဖြစ်သွားသကဲ့သို့ ရုံးအတွင်းမှ စာရွက်စာတမ်းများ၊ အလံများ၊ ဓါတ်ပုံများ ယူသွားခြင်း ရှိမရှိကို မစစ်ဆေးရသေးသဖြင့် ရုံး အခြေအနေများ မည်သို့ရှိနေသည်ကို အတည်ပြု ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဦးသောင်းဌေးက ဆိုသည်။

မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၈) တွင် အနိုင်ရထားသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲတင့်က “ကျနော်တို့ NLD က ၂၀၁၂ မှာ ရွေးကောက်ပွဲပြန်ဝင်မယ်ဆိုတည်းက တရားဝင် မှတ်ပုံတင်ထားတဲ့ တရားဝင်ပါတီ အဖွဲ့အစည်းပါ။ ကျနော်တို့ တိုင်းနဲ့ပြည်နယ် မြို့နယ်တွေက ရုံးချုပ်တွေကို ချိတ်ပိတ်တာ ဝင်စီးတာတွေက အကြမ်းဖက်မှု တရပ်လို့ပဲ ကျနော်တို့က သတ်မှတ်တယ်” ဟု ပြောသည်။

ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ပါတီရုံးများကို လိုက်လံပိတ်ပင်ခြင်းများ ပြုလုပ်နေခြင်းမှာ NLD ပါတီကို ဖျက်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သယံယရှိသည်ဟုလည်း ပါတီတာဝန်ရှိသူအချို့က ဧရာဝတီကို ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း(၃) ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း၊ ပုဒ်မ ၁၂ တွင် တည်ဆဲ ဥပဒေ တရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊ မတရားအသင်းအဖြစ် ကြေညာ ခံထားရသည့် အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း၊ နိုင်ငံတော်ပိုင် ငွေ၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းများကို ရယူသုံးစွဲကြောင်း တွေ့ရှိရခြင်း၊ ပုဒ်မ ၆ ပါဝန်ခံချက် တရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်းတို့ဖြစ်ကြောင်း ပြဌာန်းထားသည်။

ပုဒ်မ ၆ သည် နိုင်ငံရေးပါတီတရပ် တည်ထောင်ပါက စောင့်ထိန်းလိုက်နာပါမည်ဟု လျှောက်လွှာတွင် ဖော်ပြ ဝန်ခံချက် ပြုရသည့် အချက်များ ဖြစ်ပြီး ထိုထဲတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေးတို့ ပါရှိသည်။

ထို့ပြင် နိုင်ငံခြားတိုင်းပြည် တခုခု၏ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းတခုခု၊ ပုဂ္ဂိုလ် တဦးဦးတို့ထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊ ယင်းတို့၏ သြဇာခံယူခြင်း မပြုရေးဟူသည့် အချက်လည်း ပါဝင်သည်။

ထိုသို့ တနိုင်ငံလုံးရှိ NLD ပါတီရုံးများကို ချိတ်ပိတ်ခြင်း၊ ဝင်ရောက်ရှာဖွေခြင်း၊ စာရွက်စာတမ်းများ သိမ်းယူခြင်း၊ အလံများနှင့် ပါတီခေါင်းဆောင်များ၏ ဓါတ်ပုံကို ဖြုတ်သိမ်းခြင်းတို့နှင့် ပတ်သတ်၍ မည်သည့် အကြောင်းပြချက် ကြောင့် လုပ်ဆောင်သည်ကို တပ်မတော်ဘက်မှ ထုတ်ပြန်ထားခြင်း မရှိပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

၁၉၉၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်ကလည်း တနိုင်ငံလုံးတွင် NLD ပါတီက ၉၀ ရာခိုင်နှုန်းခန့် မဲအနိုင်ရရှိရာ တပ်မတော်က လက်မခံနိုင်သဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင် အားလုံးနှင့် ပါတီဝင်များကို ဖမ်းဆီး အကျဉ်းချကာ NLD ပါတီကိုလည်း ဖျက်သိမ်းခဲ့သည်။

၂၀၁၀ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်ကလည်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ချိန်ကလည်း NLD က ကိုယ်စားလှယ်လောင်းအမည် တင်သွင်းခြင်း မရှိသဖြင့် NLD ကို နိုင်ငံရေး ပါတီ တခုအဖြစ် ဆက်ရပ်တည်နိုင်ခွင့် မရှိသည့် တရားမဝင် ပါတီအဖြစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာခဲ့သည်။

NLD သည် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ကာ တရားဝင်မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် စတင်ယှဉ်ပြိုင် ခဲ့သည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း တနိုင်ငံလုံးအနှံ့ ဝင်ရောက်ယှဉ်ပြိုင်ရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီး အစိုးရဖွဲ့စည်းခွင့် ရရှိခဲ့သည်။

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း တနိုင်ငံလုံး၏ ၈၃ ရာခိုင်နှုန်းကျော်ကို NLD က အနိုင်ရရှိထားသည်။

You may also like these stories:

မြန်မာ့အာဏာသိမ်းပွဲ ဂျိုးဘိုင်ဒင် ဘာလုပ်လို့ရသလဲ

ရခိုင်တွင် ကာလရှည် ပိတ်ထားသည့် အင်တာနက် ပြန်ဖွင့်ပေး

]]>
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်လက်ခံရန် တပ်မတော်ကို နိုင်ငံရေးပါတီများတိုက်တွန်း https://burma.irrawaddy.com/news/2021/02/02/237501.html Tue, 02 Feb 2021 13:08:34 +0000 https://burma.irrawaddy.com/lytbox/?p=237501 ကိုဗစ်ကာလအတွင်း မဲထွက်ပေးခဲ့ကြသည့် ပြည်သူများ  /  ဟိန်းထက် / ဧရာဝတီရွေးကောက်ပွဲအသစ် ကျင်းပခြင်း မပြုလုပ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ အတည်ပြုပြီး သည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို တပ်မတော်အား လက်ခံစေလိုသည်ဟု နိုင်ငံရေးပါတီ များက ဧရာဝတီကို ပြောသည်။ ]]> ကိုဗစ်ကာလအတွင်း မဲထွက်ပေးခဲ့ကြသည့် ပြည်သူများ  /  ဟိန်းထက် / ဧရာဝတီ

ရွေးကောက်ပွဲအသစ် ကျင်းပခြင်း မပြုလုပ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ အတည်ပြုပြီး သည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို တပ်မတော်အား လက်ခံစေလိုသည်ဟု နိုင်ငံရေးပါတီ များက ဧရာဝတီကို ပြောသည်။

တပ်မတော်က ၎င်းတို့အာဏာသိမ်းကာ အုပ်ချုပ်နေသည့် တနှစ်တာအတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပ  ပေးမည်ဟု ထုတ်ပြန်ထားသည့်အပေါ်တွင် နိုင်ငံရေးပါတီများက တုန့်ပြန်ပြောဆိုကြခြင်း ဖြစ်သည်။

တအန်းအမျိုးသားပါတီ (TNP)၊ ဥက္ကဋ္ဌ ဦးအိုက်မုန်းက “ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာနဲ့ ပတ်သတ်လို့ ကတော့  အခုရရှိထားတဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေ  ရွေးကောက်ပွဲ အပေါ်မှာ သေသေချာချာ  ပြန်လည် သုံးသပ်ပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ သုံးသပ်ပါဆိုတာက ၂၀၂၀ ရလာဒ်ကို လက်ခံစေချင်တယ် လို့ ပြောတာပါ” ဟု ဆိုသည်။

TNP သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ကိုယ်စားလှယ် ၅ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ၅ နေရာ၊ မွန်ပြည်နယ်လွှတ်တော်တွင် ၆ နေရာ အနိုင်ရထားသည့် မွန်ညီညွတ်ရေးပါတီ မှ တွဲဖက်အတွင်းရေးမှူး- ၂၊ ဦးနိုင်စံတင်ကလည်း “ဒီအာဏာသိမ်းတဲ့ ကိစ္စကို ဘယ်အထိ သူသွားမှာလဲ။ ကျနော်တို့လည်း မသိတဲ့အခါကျတော့ ဒီ ၁ နှစ် အတွင်း ရွေးကောက်ပွဲကျင်းပပြီးတော့ နိုင်တဲ့ပါတီကို အပ်မယ်ဆိုတာ စဉ်းစားစရာ တမျိုးကြီးပေါ့ဗျာ။ သိပ်မဖြစ်နိုင်ဘူးလို့ ထင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်တွင် ၅ နေရာ၊ ကယားပြည်နယ်လွှတ်တော်တွင် ၃ နေရာ အနိုင်ရရှိထားသည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်ကလည်း ကျင်းပပြီးသည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ  ရွေးကောက်ပွဲ ရလာဒ်ကို မပယ်ဖျက်ဘဲ မဲမသမာမှုရှိသည့် နေရာများကိုသာ အရေးယူခြင်းများ လုပ်ကာ ဖြေရှင်း သင့်သည်ဟု ပြောသည်။

ဦးသဲရယ်က “တတိုင်းပြည်လုံး ရွေးကောက်ပွဲပြန်လုပ်ရမယ်ဆိုရင် လူထုလည်း ပင်ပန်းတယ်။  ငွေရေးကြေး ရေးလည်း ကုန်တယ်။ ဦးစီးဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေလည်း ပင်ပန်းတယ်။ လက်ရှိရွေးကောက်ပွဲအပေါ်မှာ သုံးသပ်ပြီး မဲမသမာမှုရှိတဲ့ နေရာမျိုးဆိုရင် ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်ပြီး ဆက်လက်ပြီး အစိုးရကို ဘယ်လိုဖွဲ့ကြမယ်ဆိုတာ စဉ်းစားရင် ပိုကောင်းလိမ့်မယ်”ဟု ဆိုသည်။

တပ်မတော်က မဲမသမာမှု စွပ်စွဲချက်ဖြင့် အာဏာသိမ်းသည်ကို ရှုတ်ချကြောင်း နှင့် တိုင်းပြည်အတွက် တပ်မတော်နှင့် NLD  ကြား ညှိနှိုင်းဆွေးနွေးကာ ဖြေရှင်းသင့်သည်ဟုလည်း ဦးသဲရယ်က ပြောဆိုသည်။

၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ကလည်း ထုတ်ပြန်ချက်တစောင် ထုတ်ထားပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးရန်၊  အတည်ပြုပြီးသည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုရန် ရေးသားထားသည်။

တပ်မတော်က အာဏာသိမ်းကာ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းသာမကဘဲ ပြည်နယ်နှင့် တိုင်း အသီးသီးရှိ မြို့နယ်များမှ NLD ပါတီ ဥက္ကဋ္ဌများ၊ တာဝန်ခံများကို ဖမ်းဆီးခြင်း၊ ပါတီရုံးတွင်း ဆိုင်းဘုတ်များ၊ အလံများ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ၊ စာရွက်စာတမ်းများကို ဖြုတ်သိမ်းယူသွားခြင်းများလည်း ပြုလုပ် ထားသည်။

ထို အခြေအနေများနှင့် ပတ်သတ်၍ NLD ၏ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအောင်ကြည်ညွှန့်က “မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်၊ သမိုင်းကြောင်းကို အမဲကွက် မစွန်းထင်းအောင် ပြည်သူလူထုအနေနဲ့ရော  နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ရော အလေးအနက်ထားပြီးတော့ စဉ်းစားဆောင်ရွက်ရမယ့် အခြေအနေရောက်နေပြီလို့ ပြောလိုပါတယ်” ဟု ဆိုသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ၊ ဒေါ်နှင်းနှင်းမွှေးကလည်း ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရလာဒ်မှာ လူထုပိုင်ဆိုင်သည့် အရာဖြစ်ပြီး လူထုပိုင်သည်ကို တပ်မတော်က မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းခြင်းမှာ မလုပ်သင့်သည့် လုပ်ရပ်ဟု ဝေဖန်ပြောဆိုသည်။

ဒေါ်နှင်းနှင်းမွှေးက “မနေ့က သူတို့ထုတ်ပြန်တာ ၂၀၀၈ ကို ကိုးကားပြီး ပြည်သူ့အာဏာက ပြည်သူ့ဆီက ဆင်းသက်တယ်ဆိုတဲ့ စကားကို သုံးတယ်။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်က ကျမတို့ အမြင်အရ လူထုကနေ အာဏာပေးလိုက်တာ၊ အာဏာလွှဲလိုက်တာပဲ။ ဒါကို မျက်ကွယ်ပြုပြီး ချေဖျက်လိုက်တယ်ဆိုတာ လုံးဝ မသင့်တော်ဘူး”ဟု ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ၏ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကလည်း တိုင်းပြည်  အေးချမ်းရန် ခေါင်းဆောင်များကြား ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု အကြံပြုသည်။

ထို့ပြင် ဦးမန်းအောင်ပြည်စိုးက “တပ်က ကရင်ပြည်နယ်မှာ မဲမသမာမှု ရာနှုန်းအများဆုံးဆိုပြီးတော့ ထုတ်ပြန်ထားတဲ့ အပေါ်မှာ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ မဲဆန္ဒရှင်တွေရော ပြည်သူပြည်သားတွေ အားလုံး နားလည်သဘောပေါက်ပြီး လက်ခံနိုင်အောင် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ရှင်းလင်းသင့်တယ်” ဟု ပြောသည်။

တပ်မတော်က အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉  ရက်ကလည်း မြန်မာနိုင်ငံ အခြေစိုက် သံတမန် အဖွဲ့အစည်း များက တပ်မတော်အနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းရန်၊ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေရန် မည်သည့် ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ပါသည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။

ပြည်တွင်း၌ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း တပ်မတော် နှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများက ရွေးကောက်ပွဲရလာဒ်ကို လက်ခံရန် ထုတ်ပြန်ချက်တစောင် ထုတ်ကာ တိုက်တွန်းထားသည်။

တပ်မတော်က ၎င်းတို့ အာဏာသိမ်းထားစဉ်  ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည် ဟု ပြောသည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကိုလည်း ပြန်လည်ဖွဲ့စည်းခြင်းများ လုပ်ဆောင်မည်ဟု ကြေငြာထားသည်။

တပ်မတော်က အာဏာသိမ်းသည့် ရက်၊ ဖေဖော်ဝါရီ ၁ ရက်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး စတင်တတ်မည့် ရက်ဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ထားပြီး ဖြစ်သည်။

ထိုသို့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပကာ သမ္မတ  ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းခြင်း၊ သမ္မတ အမည်စာရင်း တင်သွင်းကာ သမ္မတ  ရွေးချယ်ခြင်း၊  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ ဖွဲ့စည်းခြင်းများကို ပြုလုပ်မည် ဖြစ်သည်။

ထိုမှတဆင့် ဧပြီတွင် အစိုးရသစ်ကို အာဏာလွှဲပြောင်းခြင်းများ ပြုလုပ်မည်ဖြစ်ရာ  တပ်မတော်က လွှတ်တော်အစည်းအဝေးများ မစတင်ခင် အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

အမေရိကန် Pizza Hut နှင့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီးတို့ လုပ်ငန်း ယာယီရပ်ဆိုင်း

ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များ လွှတ်ပေးရန် KNU တိုက်တွန်း

အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ

]]>
တပ်မတော်၏ အာဏာသိမ်းလုပ်ရပ်အပေါ် RCSS ဆန့်ကျင် https://burma.irrawaddy.com/news/2021/02/01/237444.html Mon, 01 Feb 2021 12:58:23 +0000 https://burma.irrawaddy.com/lytbox/?p=237444 ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်  / ငြိမ်းငြိမ်းလူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းသည့် တပ်မတော်၏ လုပ်ရပ်ကို ဆန့်ကျင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ဧရာဝတီကို ပြောသည်။ ]]> ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်  / ငြိမ်းငြိမ်း

လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းသည့် တပ်မတော်၏ လုပ်ရပ်ကို ဆန့်ကျင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ဧရာဝတီကို ပြောသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကျနော်တို့ RCSS အနေနဲ့ ဆန့်ကျင်တယ်။ ကျနော်တို့ RCSS က ဖက်ဒရယ်နဲ့ ဒီမိုကရေစီစံနှုန်းပေါ် ရပ်တည်ထားတာဆိုတော့ ဒီမိုကရေစီ နည်းအရ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းတယ်ဆိုတော့ ဒါက ဒီမိုကရေစီစံနှုန်း နဲ့ မသွားတော့ဘူး။ ဒါ့ကြောင့် ကျနော်တို့ ဆန့်ကျင်တယ်” ဟု ပြောသည်။

တပ်မတော်က အာဏာသိမ်းလိုက်ခြင်းကြောင့် ယုံကြည်မှုပါ ထိခိုက်သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လည်း ထိခိုက်ပါသည်ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးပြီးနောက် ဆွေးနွေးနေသည့် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရက ဦးဆောင်ဆွေးနွေးနေကာ နိုင်ငံရေးဆွေးနွေးမှုများမှ ရရှိသည့် သဘောတူညီချက်များမှ တဆင့် အနာဂတ်တိုင်းပြည်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အပေါ်တွင် ဝိုင်းဝန်းတည်ဆောက်ကြရန် သဘောတူညီထားကြသည်။

ယခုအခါ အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး အာဏာသိမ်းကာ တပ်မတော်က အုပ်ချုပ်ရေးကဏ္ဍကို ဝင်ယူသဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အတွက်လည်း မျှော်လင့်ချက် ပျက်စေသည်ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ကြေငြာချက်အမှတ် (၁/၂၀၂၁) ကို ထုတ်ပြန်ရာ ထိုထဲတွင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင် ပါမည်ဟု ပါရှိသည်။

ဗိုလ်မှူးခမ်းစံက “အပစ်အခတ်ရပ်စဲရေးလုပ်တုန်းကတော့ တပ်မတော်နဲ့လုပ်တယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေး တယ်ဆိုတာက အစိုးရနဲ့ ဆွေးနွေးရတာပါ။ အဲ့ဒီ့ဆွေးနွေးလို့ရတဲ့ သဘောတူညီချက် Union Accord ကို လွှတ်တော်ထဲမှာ အတည်ပြုတာက နိုင်ငံရေးလမ်းစဉ်တခုပါ။ ဆွေးနွေးတာ အစိုးရနဲ့ ဆွေးနွေးတာပါ။ အခု အစိုးရကို အာဏာသိမ်းလိုက်ပြီဆိုတော့ ကျနော်တို့ ဘယ်လို ဆွေးနွေးမလဲ” ဟုလည်း ပြောသည်။

နိုင်ငံရေးသဘောတူညီချက်များ ရရှိရန် ဆွေးနွေးရာတွင် တပ်မတော်ဖြင့်သာ ဆွေးနွေးရခြင်း မဟုတ်ဘဲ အစိုးရက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၊ ရွေးကောက်ပွဲများမှ လူထုက ရွေးချယ် တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးပါဝင်ကာ ဆွေးနွေးရခြင်း ဖြစ်သဖြင့် အာဏာသိမ်းခြင်းက ငြိမ်းချမ်းရေးဆက်ဆွေးနွေးရန်လည်း ထိခိုက်စေသည်ဟု RCSS က ယူဆကြောင်း သိရသည်။

တပ်မတော်အနေဖြင့် လက်နက်ဖြင့် အာဏာသိမ်းယူခြင်း မလုပ်ဘဲ နိုင်ငံရေးအကျပ်တည်းကို တွေ့ဆုံညှိနှိုင်းကာ ငြိမ်းချမ်းစွာ ဖြေရှင်းရန်လည်း တိုက်တွန်းသည်ဟု RCSS က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ထားသည်။

RCSS/SSA သည် ရှမ်းလူမျိုးများ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးတို့အတွက် တော်လှန်ရေးလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။

RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး အစိုးရဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသည့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွ့ဲ တဖွဲ့ ဖြစ်သည်။

တပ်မတော်သည် ယနေ့မနက် ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရအဖွ့ဲဝင်များ၊ အစိုးရသစ် ဖွ့ဲစည်းရေးအတွက် လွှတ်တော် တတ်မည့် ၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို တနှစ်ရယူထားကာ ရွေးကောက်ပွဲပြန်ကျင်းပပေးပြီး တပ်မတော်မှ ကျင်းပပေးသည့် ရွေးကောက်ပွဲမှ အနိုင်ရမည့် ပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။

]]>
အာဏာသိမ်းလျှင် ငြိမ်းချမ်းရေးပျက်ပြီး လက်နက်ကိုင် ပဋိပက္ခ ပိုဆိုးမည်ဟု KNU သတိပေး https://burma.irrawaddy.com/news/2021/01/29/237334.html Fri, 29 Jan 2021 13:33:56 +0000 https://burma.irrawaddy.com/lytbox/?p=237334 ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)  / ဧရာဝတီတပ်မတော်က အာဏာသိမ်းမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းစပျောက်ပြီး လက်နက်ကိုင်ပဋိပက္ခများ ပြန်လည် ဖြစ်ပွားနိုင်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေးပြောဆိုလိုက်သည်။ ]]> ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)  / ဧရာဝတီ

တပ်မတော်က အာဏာသိမ်းမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းစပျောက်ပြီး လက်နက်ကိုင်ပဋိပက္ခများ ပြန်လည် ဖြစ်ပွားနိုင်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေးပြောဆိုလိုက်သည်။

KNU သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနက် စစ်ရေး၊ နိုင်ငံရေး သြဇာ ကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။

KNU၏ ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းက “ဒီမိုကရေစီနဲ့ ဖက်ဒရယ်လမ်းကြောင်းကနေ ပြောင်းပြီးတော့ အခြား သွေဖြည်ပြီး လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ အနာဂတ်က တော်တော်ဆိုးဝါးမယ့် အနေအထားလို့ ကျနော်က မြင်ယောင်မိတယ်။ တပ်မတော်က အာဏာသိမ်းတာနဲ့ ကျန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ အခု ကျနော်တို့ ပြောနေတဲ့ ငြိမ်းချမ်းရေးကတော့ လုံးဝ လမ်းစပျောက်သွားပြီး လက်နက်ကိုင်ပဋိပက္ခကို ပြန်ရောက်သွားမယ်။ ဒီလိုအနေအထားကို ကျနော်က စိုးရိမ်မိတယ်” ဟု ပြောသည်။

နိုင်ငံတွင်း ပြည်တွင်းစစ်ချုပ်ငြိမ်းရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ များကြား အပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုခြင်း၊ ဆွေးနွေးခြင်းများအပြင် အနာဂတ်ပြည်ထောင်စုကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နေစဉ် တပ်မတော်က အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေးအဖြစ် ပြောင်းလဲမည်ကို လုပ်ဆောင်ရန် မသင့်ပါဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

တပ်မတော်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအလွန် ကာလတွင် မဲမသမာမှုများရှိသည်ဟု အကြိမ် ကြိမ် ပြောဆိုလာခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကိုလည်း ပြစ်တင်ပြောဆို မှုများ ပြုလုပ်ထားသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းပွဲ၌ မဲမသမာမှု ၈.၆ သန်း ရှိခဲ့ကြောင်း ပြောကာ အဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း က “တပ်မတော်မှ အာဏာမသိမ်းဘူး” ဟု ယူဆ၍ မရကြောင်း ပြောဆိုခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား ပါက ဥပဒေကို ဖျက်ပစ်ရမည်ဟု ဇန်နဝါရီ ၂၇ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိများ၊ သင်တန်းသားအရာရှိများကို အမှာစကားပြောရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တပ်မတော်၏ စွပ်စွဲချက်များနှင့် ပတ်သတ်၍ UEC က ရွေးကောက်ပွဲ မဲမသမာမှု မရှိကြောင်း ပြန်တုန့် ပြန်ထားသည်။

တဖက်တွင်လည်း တပ်မတော်က မဲမသမာမှုကို အကြောင်းပြ၍ အာဏာသိမ်းရန် ပြင်ဆင်မှုများလုပ်နေသည်ဟု အတွင်းသတင်းများ ထွက်ပေါ်လာခဲ့သည်။

တပ်မတော်၏ ပြုမူပြောဆိုမှုများနောက်တွင် ရန်ကုန်မြို့၌ တင့်ကားများ အများပြည်သူသွား လမ်းမပေါ်တွင် မောင်းနှင်ခြင်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ၊ ထောက်ခံသူများက ပါတီ အလံများဖြင့် လူအုပ်စုလိုက် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ဆန္ဒပြခြင်း၊ လူစုဝေးခြင်းများ ဖြစ်ပေါ်နေသည်။

KNU ကတော့ စစ်အုပ်ချုပ်ရေးကို ပြန်အသက်သွင်းရန် ကြိုးစားပါက အနာဂတ် တိုင်းပြည် တည်ဆောက်ရေး အတွက် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလုံး ကျိုးပျက်သွားလိမ့်မည်ဟု သတိပေး ထောက်ပြသည်။

ပဒိုကွယ်ထူးဝင်းက “ကျနော်တို့နိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံး ချွတ်ခြုံကျပြီး ကမ္ဘာ့အလည်မှာ မျက်နှာငယ်လာခဲ့ရတယ်။ အခုမှစပြီး ဒီမိုကရေစီ၊ ဖက်ဒရယ် တည်ဆောက်မယ်လို့ ပြောဆိုကြတယ်။ တပ်မတော်က အာဏာသိမ်းမယ်ဖြစ်ဖြစ် အာဏာယူမှာဖြစ်ဖြစ် လုပ်ရင် မသင့်တော်တဲ့ အနေအထားပါ။ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်သလို လူထုရဲ့ လိုလားမှုလည်း မဟုတ်ဘူး” ဟု ပြောဆိုသည်။

တပ်မတော်က ထုတ်ပြလာသည့် မဲစာရင်းမသမာမှု ၈.၆ သန်း ရှိသည်ဟူသည်မှာ ဖြစ်နိုင်မဖြစ်နိုင်ကို တတ်သိပညာရှင်များဖြင့် စနစ်တကျ စီစစ်ရန်လိုအပ်သည်ဟုလည်း ပဒိုကွယ်ထူးဝင်းက ထောက်ပြသည်။

NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက
“တိုင်းပြည်အေးချမ်းအောင် အားလုံးလက်တွဲဆောင်ရွက်ကြဖို့ပဲ တိုက်တွန်းတယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ကို ပဲ လိုလားတယ်။ အားလုံးစိတ်ကောင်းစေတနာကောင်းနဲ့ အလုပ်လုပ်ကြဖို့အတွက်ကို အားလုံးကို မေတ္တာရပ်ခံ ပန်ကြားပါတယ်” ဟု ဆိုသည်။

အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်သည့် ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP)၏ ဒုဥက္ကဋ္ဌ ခူဦးရယ်ကလည်း နိုင်ငံရေးအခင်းအကျင်းကို စောင့်ကြည့်နေပြီး တိုင်းပြည်၏ အနာဂတ်အတွက် စိုးရိမ်သည်ဟု ပြောသည်။

ဦးခူဦးရယ်က “ရွေးကောက်ပွဲအလွန်မှာ အေးအေးဆေးဆေးဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားခဲ့တာ။ ဒီလောက်ထိ တင်းတင်းမာမာနဲ့ ဆူဆူပူပူ ဖြစ်လာမယ့်အနေအထားကို ရောက်မယ်လို့တော့ မမျှော်လင့် ထားပါဘူး။ အခုတော့ မှတ်ချက်ပေးဖို့က စောပါသေးတယ်။ ကျနော်တို့ ဆက်ပြီး စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။

အစိုးရနှင့် ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်သည့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က အစိုးရနှင့် တပ်မတော်ကြား တင်းမာနေသည့် အခြေအနေအပေါ် မှတ်ချက်ပြုရန် ငြင်းဆိုသော်လည်း TNLA သည် အာဏာရှင်ကို တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သဖြင့် အာဏာရှင်ကို မနှစ်သက်ကြောင်း ပြောသည်။

KNU ၊KNPP၊ ALP နှင့် TNLA တို့ ၄ဖွဲ့ လုံးသည် အစိုးရသစ်အကူးအပြောင်းကာလတွင် တိုင်းပြည်၏ အခြေအနေ တည်ငြိမ်ပြီး အစိုးရသစ်ကို အောင်အောင်မြင်မြင် အာဏာလွှဲပြောင်းနိုင်ရေးအတွက် မျှော်လင့်သည်ဟုလည်း ပြောဆိုကြသည်။

ယနေ့မနက်ပိုင်းကလည်း သြစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံများနှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးမျာ တပ်မတော်နှင့် နိုင်ငံတွင်းရှိ အခြားသော လူပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးက ဒီမိုကရေစီ စံနှုန်းများကို လိုက်နာ စောင့်ထိန်းကြရန် တိုက်တွန်းပြီး ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန် ကြိုပမ်းအားထုတ်မှုများကို ဆန့်ကျင်ကန့်ကွက်ပါသည်ဟု ရေးသားထားသည့် သဘောထားထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ထားသည်။

ပြည်တွင်း၌ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့သည့် အဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း တပ်မတော် နှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲရလာဒ်ကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းသိမ်းရန် အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် တိုက်တွန်း ပါသည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်းသားလူမျိုးများက တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရခြင်းကြောင့် လက်နက်ကိုင်တော်လှန်မှုများ ဖြစ်ပွားကာ ပြည်တွင်းစစ်မှာလည်း ယနေ့ထိ တနိုင်ငံလုံး ရပ်စဲနိုင်ခြင်း မရှိသေးပါ။

လွတ်လပ်ရေးရပြီးနောက် တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်နေချိန် စစ်အာဏာသိမ်း အုပ်ချုပ်မှု များကြောင့် လက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့သည်။

]]>
အစိုးရနှင့် မြောက်ပိုင်း ၄ဖွဲ့ တွေ့ဆုံရေး၊ နေရာညှိမရသေး https://burma.irrawaddy.com/news/2021/01/28/237255.html Thu, 28 Jan 2021 11:36:34 +0000 https://burma.irrawaddy.com/lytbox/?p=237255 ၂၀၁၉ ခုနှစ်အတွင်းက ကျိုင်းတုံမြို့၌ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် NRPC၊ တပ်မတော်တို့ Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေစဉ်  / ဇော်ဇော် / ဧရာဝတီအစိုးရဘက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့မဟုတ် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် တွေ့ဆုံရန် ကမ်း လှမ်းထားသော် လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဘက်မှ ထိုနေရာများတွင် မတွေ့လိုဘဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တနေရာတွင် တွေ့လိုသဖြင့် နေရာညှိနှိုင်း မရသေး]]> ၂၀၁၉ ခုနှစ်အတွင်းက ကျိုင်းတုံမြို့၌ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် NRPC၊ တပ်မတော်တို့ Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေစဉ်  / ဇော်ဇော် / ဧရာဝတီ

ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ချုပ်နိုင်ရေး ဆွေးနွေးရန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကြား တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍မရသေးကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA)တို့ ဖြစ်ပြီး၊ ၎င်းတို့ နှင့် ယခုလအတွင်း တွေ့ဆုံနိုင်ရန် အစိုးရမှ ဇန်နဝါရီ ပထမပတ်ကတည်းက ကမ်းလှမ်းထားသော်ညလ်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က ယနေ့ထိ အကြောင်းပြန်ကြားနိုင်ခြင်း မရှိသေးပါ။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား တွေ့ဆုံနိုင်ရေး ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက “လောလောဆယ် အကြောင်းမပြန်သေးပါဘူး။ ကျနော်ထင်တာ ဒီလကလည်း ကုန်တော့မယ်ဆိုတော့ နေရာ အဆင်မပြေသေးတော့ ဒီလတော့ မတွေ့ဖြစ်တော့ဘူး ထင်တယ်” ဟု ပြောသည်။

အစိုးရဘက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သို့မဟုတ် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် တွေ့ဆုံရန် ကမ်းလှမ်းထားသော် လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဘက်မှ ထိုနေရာများတွင် မတွေ့လိုဘဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တနေရာတွင် တွေ့ လိုသဖြင့် နေရာညှိနှိုင်း မရသေးခြင်း ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ဒါပေမယ့် သူတို့ ပြောတာ ဖေဖော်ဝါရီ ၃ ရက်လို့လည်း ပြောတော့ နေရာအဆင်ပြေရင်တော့ ချက်ချင်း ဖြစ်နိုင်ပါတယ်။ နေရာ အဆင်မပြေရင်တော့ ဆက်လက် ညှိနှိုင်း ရဦးမှာပေါ့” ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

အစိုးရ ချိန်းဆိုသည့်နေရာများကို မလာလိုသည်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ရှိနေခြင်းကြောင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဘက်မှ ပြောဆိုမှုများရှိနေသည် ဟုလည်း သိရသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တွေ့ဖို့က အခုထိ မဆုံးဖြတ်နိုင်သေးဘူးလို့ ဆွေးနွေး ရေး အဖွဲ့တွေက ပြောကြတယ်။ အစိုးရ ကမ်းလှမ်းလာတဲ့ မြစ်ကြီးနား၊ ကျိုင်းတုံမှာ အခု မြစ်ကြီးနားမှာ က ရောဂါကူးစက် ပျံ့နှံ့မှုက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ကျိုင်းတုံဘက်ကလည်း ဝဒေသ၊ မိုင်းလား ဒေသမှာက ကူးစက်တာ ရပ် တန့်တာ မရှိဘူး။ အဲဒီဘက်မှာလည်း များနေတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ ခေါင်းဆောင်များမှာ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြစ်ကြီးနား မြို့တွင် တွေ့ဆုံမည် ဆိုပါက KIA ခေါင်းဆောင်များက ၎င်းတို့ ဌာနချုပ်၊ လိုင်ဇာမြို့မှ လာမည် ဖြစ်သော်လည်း အခြား အဖွဲ့များ၏ ခေါင်းဆောင်များမှာ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှ မြစ်ကြီးနားမြို့သို့ လာကြရမည် ဖြစ်သည်။

ကျိုင်းတုံတွင် တွေ့ဆုံမည်ဆိုပါကလည်း KIA ခေါင်းဆောင်များမှာ တရုတ်နိုင်ငံမှ တဆင့် တရုတ်- မြန်မာနယ်စပ်၊ အထူး ဒေသ (၂) ဝ ဒေသ၊ မိုင်းလားဒေသမှ တဆင့် ကျိုင်းတုံသို့ လာရမည် ဖြစ်သည်။

TNLA ၊ MNDAA နှင့် AA ခေါင်းဆောင်များမှာလည်း ဝ ဒေသ၊ မိုင်းလားဒေသမှ တဆင့် ကျိုင်းတုံမြို့သို့ လာရမည် ဖြစ်သည်။

လက်ရှိ အခြေအနေတွင် မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေဆဲ ဖြစ်သည့် အပြင် ဝ နှင့် မိုင်းလားတို့ တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

မိုင်းလားမြို့တွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ ရှိသော်လည်း ဒေသအာဏာပိုင်များက ရောဂါ ကူးစက်ခံရသူ ဦး ရေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ ဝ ဒေသ အထူးဒေသ (၂) တွင် ၂၀၂၀ ဒီဇင်ဘာ ဒုတိယပတ်မှ စ၍ ယနေ့ထိ ရောဂါပိုး ကူးစက်ခံထားရသူ ၃၀၄ ဦး ရှိပြီး ထိုထဲမှ ၁၇၅ ဦးမှာ ရောဂါသက်သာသွားပြီ ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရသည် Bilateral စာချုပ်အတွက်၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ စတင်၍ ညှိနှိုင်းနေခြင်း ဖြစ်သည်။

ဝ နှင့် မိုင်းလားဒေသ တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအစမှာ တရုတ်နိုင်ငံဘက်မှ ဝင်လာသည့် တရုတ်နိုင်ငံသား များထံမှ ပိုးစတင်တွေ့ကာ ကူးစက်ပျံ့နှံ့သွားခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ နယ်စပ်မြို့များတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု များက ရှိနေဆဲ ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “ဆွေးနွေး တွေ့ဆုံရမယ့်နေရာ သတ်မှတ်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေတာ။ တခြားတော့ ဘာ မှ အခက်အခဲ မရှိပါဘူး။ ရောဂါကြောင့် နေရာ မသတ်မှတ်နိုင်တာလို့ ပြောဆိုချက်က ရှိပါတယ်” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရသည် Bilateral စာချုပ်အတွက်၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ စတင်၍ ညှိနှိုင်းနေခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ပြင်းထန်သဖြင့် ဆွေးနွေးမှုများမှာ ရှေ့မရောက်ခဲ့သော်လည်း ၂၀၂၀ နိုဝင်ဘာတွင် ဂျပန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် AA ကြား ပြေလည်လာကာ တိုက်ပွဲများ ကိုလည်း ယနေ့ထိ ယာယီရပ်တန့်ထားကြသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၂၀ အတွင်း ဆွေးနွေးမှုများ ပြုလုပ်ရန် လျာထားခဲ့သော်လည်း ၂၀၂၀ မတ် ၂၃ ရက်တွင် ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုရှိသဖြင့် တနှစ်လုံး တရားဝင် ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။

၂၀၂၁ ဇန်နဝါရီ ပထမပတ်တွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နှစ်သစ်၌ စတင်မည့် အစိုးရ သစ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို သတင်းစာ ရှင်းလင်းပွဲတွင် ချပြခဲ့ပြီး မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကိုလည်း ပြန်တွေ့ဆုံကြရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည်။

၄ ဖွဲ့အနက် KIA၊ AA ၊ MNDAA တို့မှာ တပ်မတော်နှင့် တိုက်ခိုက်မှုများ ရပ်တန့်နေသော်လည်း TNLA နှင့် တပ်မတော် သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲ ဖြစ်သည်။

အစိုးရက မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို Bilateral တစောင်ချုပ်ဆိုကာ အပစ်ရပ်ပြီးနောက် တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးရန် ဆက်လက် ညှိနှိုင်းလိုကြောင်း ပြောဆိုထားသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က NCA စာချုပ်ကို မပြည့်စုံသည့် အပစ်ရပ် စာချုပ်ဟု ရှုမြင်သဖြင့် NCA ကို လက်မှတ်ရေးထိုး လိုစိတ်မရှိကြောင်း ပြောဆိုထားကြပြီး Bilateral ကိုသာ ဦးစွာ ညှိနှိုင်းရေးထိုးမည်ဟု ပြောဆိုထားကြသည်။

You may also like these stories:

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ပဏာမ အပစ်ရပ်ရေး ဘယ်လိုညှိမလဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပုံစံသစ်နှင့် ပတ်သက်၍ သမ္မတရုံး ရှင်းလင်း

၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ်ဖြင့် သွားမည်ဟု အတိုင်ပင်ခံပြော

]]>
KIA ဖမ်းထားသည့် ပလောင်ရွာသားများကို လွှတ်ပေးရန် တောင်းဆို https://burma.irrawaddy.com/news/2021/01/27/237165.html Wed, 27 Jan 2021 10:29:08 +0000 https://burma.irrawaddy.com/lytbox/?p=237165 KIA ဖမ်းဆီးထားသည့် ၆ ဦးအနက် မိုင်းအိုက်မောင်မှာ ပြန်လွတ်လာပြီဖြစ်သည်။ဇန်နဝါရီ ၁၀ ရက်က မန်လွယ်(အထက်)ရွာမှ တအန်းအမျိုးသား ၆ ဦးကို တောတွင်း ထင်းခုတ်နေစဉ် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၃၄ က ဖမ်းဆီးသွားခဲ့သည်။ ]]> KIA ဖမ်းဆီးထားသည့် ၆ ဦးအနက် မိုင်းအိုက်မောင်မှာ ပြန်လွတ်လာပြီဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ဖမ်းဆီးထားသည့် ပလောင် (တအန်း) ရွာသားများကို ပြန်လွှတ်ပေးရန် တအန်းအရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်က မန်လွယ်(အထက်)ရွာမှ တအန်းအမျိုးသား ၆ ဦးကို တောတွင်း ထင်းခုတ်နေစဉ် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၃၄ က ဖမ်းဆီးသွားခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်တွင် ၆ ဦးအနက် ၁ ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

အဆိုပါ ရွာသားများကို လွှတ်ပေးရန် တအန်းအမျိုးသမီးအဖွဲ့အစည်း၊ တအန်းဥပဒေ အထောက် အကူပြုအဖွဲ့၊ တအန်းကျောင်းသားနှင့် လူငယ်များအဖွဲ့က KIA ၏ ဌာနချုပ်ရုံးသို့လည်း စာပို့ကာ တောင်းဆိုထားခြင်း ဖြစ်သည်။

တအန်းအမျိုးသမီးအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ မလွေးချီစငါးက “လောလောဆယ်တော့ KIA ထိန်းချုပ်တဲ့ ထဲမှာပဲ သူတို့ရှိနေတယ်။ ဘယ်နေရာမှာ ဆိုတာ ကျမတို့လည်း မသိရဘူး။ သူတို့ လက်ထဲမှာရှိနေတုန်းပဲ” ဟု ပြောသည်။

တအန်းရွာသားများ ဖမ်းဆီးခံရသည့် အဓိက အကြောင်းအရင်းမှာ တအန်းလူမျိုးများ နေထိုင်သည့် မန်လွယ် (အထက်) ရွာနှင့် ကချင်လူမျိုးများ နေထိုင်သည့် ဟိုဟုတ်ရွာကြား နယ်နိမိတ်စည်းပြဿနာဖြစ်ခြင်းကြောင့် ဖြစ်သည်။

မန်လွယ် (အထက်) ရွာမှ ရွာသားများက ဟိုဟုတ်ရွာ နယ်မြေဘက်သို့ ကျူးကျော်ကာ သစ်ခုတ်သည်ဟု ပြောဆိုမှုများကြောင့် ရွာနှစ်ရွာကြား အငြင်းပွားမှုများ ရှိနေပြီး ညှိနှိုင်းမရသဖြင့် ဟိုဟုတ်ရွာမှ KIA ကို ဖြေရှင်း ပေးရန် တိုင်ကြားခဲ့သည်။

ထို့ကြောင့် KIA က တောတွင်း၌ သစ်ခုတ်နေသည့် မန်လွယ် (အထက်) ရွာသားများကို ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။

ရပ်ရွာ နှစ်ခုကြား ဖြစ်သည့် ပြဿနာတွင် လက်နက်ကိုင်တပ်ဖွဲ့တခုက ကြားဝင်ကာ တဖက်ရွာသားကို ဖမ်းဆီးခြင်းမှာ မဖြစ်သင့်သည့် လုပ်ရပ်ဖြစ်ပြီး ပြဿနာအရင်းအမြစ်ကို ပြေလည်စေရန် နှစ်ဖက် အရပ်သား ခေါင်းဆောင်များကသာ ဖြေရှင်းသင့်ကြောင်း တအန်းအရပ်ဘက်အဖွဲ့အစည်းများက ရပ်တည်သည်ဟု မလွေးချီစငါးက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကချင်ဘက်က ခေါင်းဆောင်တွေ သင်းအုပ်ဆရာတွေ ရှိတယ်။ လက်နက်ကိုင် မဟုတ်တဲ့ ခေါင်းဆောင်တွေ အများကြီး ရှိကောင်း ရှိမယ်။ သူတို့နဲ့ပဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ညှိနှိုင်းသင့်တယ်။ ဒီလိုလက်နက်ကိုင်တခုက ဝင်ရောက် ဖမ်းဆီးတာကျတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုပြီး ဖြစ်လာမှာကို ကျမတို့ စိုးရိမ်တယ်” ဟုလည်း ဆိုသည်။

နေရာပြဿနာ အငြင်းပွားမှုဖြစ်ပွားခဲ့သည့် မန်လွယ် (အထက်) ရွာနှင့် ဟိုဟုတ်ရွာတို့ ပါရှိသည့် မြေပုံ (ဓာတ်ပုံ – နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန)

KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မန်လွယ် (အထက်) ရွာနှင့် ဟိုဟုတ်ရွာကြား ဖြစ်သည့် နယ်နိမိတ် ပြဿနာကြောင့် ရွာသားများကို ဖမ်းဆီးထားခြင်းမှာ မှန်ကန်ပြီး အောက်ခြေတပ်ရင်း ကလည်း ဌာနချုပ်သို့ အကြောင်းကြားထားသည်ဟု ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ကချင်တွေ ပိုင်တဲ့ နယ်မြေ၊ ရွာရဲ့ကြိုးဝိုင်းမှာ ပလောင်ရွာသားတွေက ထင်းခုတ် တယ်တဲ့။ အကြိမ်ကြိမ်အခါခါ ဖြေရှင်း ကြပေမယ့် ရပ်တန့်မှု မရှိဘဲ ဆက်လုပ်နေလို့ KIO အုပ်ချုပ်ရေးပိုင်း က ဖြေရှင်းပေးဖို့ ခေါ်တယ်ဆိုတဲ့ သတင်းတတ်လာပါတယ်။ ကျနော်တို့ KIO ကတော့ အချင်းချင်း ညှိနှိုင်းပြီး အဆင်ပြေအောင် ဖြေရှင်းကြပါဆိုပြီး အကြံပြုထားပါတယ်” ဟု ပြောသည်။

KIA အုပ်ချုပ်ရေးပိုင်းမှ ရွာ ၂ ရွာကြား နယ်နိမိတ်ပြဿနာ အငြင်းပွားမှုကို ဖြေရှင်းရန် ဆောင်ရွက်နေဆဲ ဖြစ်ကာ ပြဿနာ မပြီးပြတ်သေးသဖြင့် တအန်း ရွာသားများနှင့် ၎င်းတို့ ခုတ်ထားသည့် သစ်များကို သက်သေ အဖြစ် ဆက်ဖမ်းထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သို့သော် မြေပြင်တပ်ရင်းမှ ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်သဖြင့် ဌာနချုပ်ဘက်မှ အသေးစိတ်ကို သိရှိခြင်း မရှိဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ရွာသားများ ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် KIA ဘက်က တအန်းရွာသားများကို ၎င်းတို့ ဖမ်းဆီးထားကြောင်း အကြောင်းကြားခဲ့ပြီး မန်လွယ် (အထက်) ရွာ၏ ကျေးရွာလူကြီးများ၊ ရပ်မိရပ်ဖများက ဟိုဟုတ်ရွာသို့ သွားကာ ညှိနှိုင်းမှုများ ပြုလုပ်ထားသည်။

ဇန်နဝါရီ ၁၁ ရက်တွင် တကြိမ်၊ ဇန်နဝါရီ ၁၃ ရက်တွင် တကြိမ် ဟိုဟုတ်ရွာ၏ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ညှိနှိုင်းပြီး ဇန်နဝါရီ ၂၅ ရက်တွင် KIA အရာရှိများနှင့် ထပ်မံတွေ့ဆုံ ညှိနှိုှုင်းထားသည်ဟု သိရသည်။

မန်လွယ် (အထက်) ရွာဘက်မှ ၎င်းတို့ရွာသားများကို အရင်လွှတ်ပေးပြီးနောက်တွင် ရွာ ၂ ရွာ၏ နယ်နိမိတ်ကိစ္စ ကို ဆက်ဖြေရှင်းကြရန် ပြောဆိုထားပြီး KIA ဘက်က နယ်နိမိတ်ကိစ္စကို ဦးစွာ ဖြေရှင်းပြီးမှ ရွာသားများကို လွှတ်ပေးမည်ဟု ပြောကြောင်း တအန်း အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

ဇန်နဝါရီ ၂၆ ရက်က ပြန်လွတ်လာသည့် ရွာသား တဦးကို တအန်းအရပ်ဘက်အဖွဲ့အစည်းများမှ မေးမြန်းချက် အရ KIA က ဖမ်းဆီးထားသည့် မန်လွယ် (အထက်) ရွာ၊ ရွာသားများကို အစားအသောက်နှင့် ရေပုံမှန် ရရှိသော်လည်း ကြိုးတုတ်ခြင်း၊ ထိပ်တုံးခတ်ခြင်းများ ပြုလုပ်ကာ ချုပ်နှောင်ထားသည်ဟု သိရသည်။

မန်လွယ် (အထက်)ရွာ နှင့် ဟိုဟုတ်ရွာသည် နမ့်ဆန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာ အဖြစ် သတ်မှတ်ထားသည့် နယ်နိမိတ်ဖြစ်သော်လည်း အစိုးရအုပ်ချုပ်မှုယန္တရား သက်ရောက်မှု အားနည်းပြီး လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။

You may also like these stories:

NLD ခေတ် ထိုငါးနှစ်နှင့် ရခိုင်ပြည်နယ်

“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ

AA လက်က ပြန်မလွတ်သေးတဲ့ အမေ့ခံ နိုင်ငံ့ဝန်ထမ်းများ

]]>
ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ https://burma.irrawaddy.com/news/2021/01/27/237115.html Wed, 27 Jan 2021 02:38:55 +0000 https://burma.irrawaddy.com/lytbox/?p=237115 ၂၀၁၅ခုနှစ်က တွေ့မြင်ရသည့် ဘော်တွင်း သတ္တုတွင်း  / ဧရာဝတီBJV သည် စီမံကိန်းသစ်ကို အစိုးရထံမှ ခွင့်ပြုမိန့်ရရန်အတွက် ကြိုးပမ်းနေဆဲ ကာလဖြစ်ပြီး စီမံကိန်းခွင့်ပြု မိန့်ရပါက သတ္တု တူးဖော်မည့် ဧရိယာအတွင်း ပါဝင်နေသဖြင့် ဖယ်ပေးရမည့် ဒေသခံများကို ကြိုတင်ညှိနှိုင်းခြင်း၊ သဘော ထား ကောက်ခံခြင်းများ ပြုလုပ်နေ]]> ၂၀၁၅ခုနှစ်က တွေ့မြင်ရသည့် ဘော်တွင်း သတ္တုတွင်း  / ဧရာဝတီ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းဒေသတွင် ပြုလုပ်မည့် အကြီးစားသတ္တု တူးဖော်မည့် ဘော်တွင်း ဖက်စပ် စီမံကိန်းသစ် (BJV) အတွက် နေရာပြောင်းရွှေ့ပေးရန် ပြောဆိုမှုများကို လက်ခံမည် မဟုတ်ဟု ဒေသခံများက ဧရာဝတီကို ပြောသည်။

ဘော်တွင်း ဖက်စပ်စီမံကိန်း (BJV)ကို သြစတေးလျ အခြေစိုက်သတ္တုတူးဖော်သည့် ကုမ္ပဏီ Myanmar Metals Limited က ၅၁ ရာခိုင်နှုန်း၊ ပြည်တွင်း အခြေစိုက် EAP Global Mining Company Ltdက ၂၄.၅ ရာခိုင်နှုန်း၊ ဝင်းမြင့်မိုရ် စက်မှု လုပ်ငန်း ကုမ္ဗဏီ က ၂၄.၅ ရာခိုင် နှုန်း ရှယ်ယာ ပါဝင်ထားကြောင်းသိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ ဒေသအာဏာပိုင်နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများထံမှ မည်သည့် အကြောင်းကြား ပြောဆိုမှုများ မရှိသော်လည်း ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းများကို လုပ်ဆောင်ပေးနေသည့် Coffey-Valentis မှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၀ ရက် ဘော်တွင်းကျေးရွာ ဒေသခံများကို တွေ့ဆုံကာ စီမံကိန်း ဆောင်ရွက် ပါက ဒေသခံများ ပြောင်းရွှေ့ရမည်ဟု ပြောဆိုသွားခြင်း ဖြစ်သည်။

ထိုအတွက် ဒေသခံများက ၎င်းတို့ ကျေးရွာကို စီမံကိန်းအတွက် ဖျက်သိမ်းပြီး အခြားနေရာသို့ ပြောင်းရွှေ့ပေးရမည်ကို လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုကြခြင်း ဖြစ်သည်။

ဘော်တွင်း ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းက “ကျနော်တို့ ဒေသခံတွေကတော့ အတင်း အဓမ္မရွှေ့ရ မလားလို့တော့ မြင်နေတယ်။ ဒီမှာ နေလာတာ မျိုးဆက် တဆက်၊ နှစ်ဆက်မက အဖိုးအဘွားပါ ဒီမှာ ခေါင်းချသွားတဲ့ နေ ရာဒေသ ဖြစ်တယ်ဆိုတော့ ဒီဒေသကနေ မပြောင်းချင်ကြဘူး။ သူတို့က အထက်က အမိန့်နဲ့လာတဲ့ ပုံစံဆိုရင်တော့ ဖယ် ကို ဖယ်ရမှာပေါ့။ သူတို့က အခုအထက်ကို တင်ပြထားတယ်တဲ့ ကျခဲ့လို့ရှိရင် ဖယ်ပေးရမယ်လို့ ချပြပါတယ်” ဟု ပြော သည်။

လက်ရှိတွင် BJV စီမံကိန်းအတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း ပြုလုပ်နေသည့် Coffey – Valentis မှ လူထုနှင့် ဆွေးနွေးသည်ဟူသည့် ခေါင်းစဉ်ဖြင့်သာ လာရောက် ပြောဆိုသော်လည်း နောက်ပိုင်းတွင် နိုင်ငံ တော်မှ အမိန့်ဖြင့် ရွှေ့ပြောင်းခိုင်မည်ဆိုပါက ဒေသခံများက လိုက်နာရမည်သာ ဖြစ်သဖြင့် ရှေ့ရေးအတွက် စိုးရိမ်သည် ဟု လည်း ဦးအောင်ကျော်ဝင်းက ပြောသည်။

၂၀၁၅ခုနှစ်က နမ္မတူတွင် “မြန်မာ့အထွဋ်အထိပ်” ကုမ္ပဏီမှ စွန့်ပစ်ချော်ခဲများမှ တဆင့် ဇင့်သတ္တု ပြန်လည်ချက်လုပ်နေပုံ(ဧရာဝတီ)

ဆက်လက်ပြီး ဦးအောင်ကျော်ဝင်းက “ဖြစ်ချင်တဲ့ ဆန္ဒကတော့ ဒေသခံတွေကတော့ နိုင်ငံတော်ကမှ ကျနော်တို့ကို ဖယ်ကို ဖယ်ရပါမယ် ဆိုရင်တော့ ဒေသခံက ဘာမှ မတတ်နိုင်ဘူး။ ဖိအားနဲ့ဆိုရင်တော့ ဖယ်ရမယ်။ မဟုတ်ရင်တော့ မဖယ်ချင်ပါ ဘူး။ ဒီမှာပဲ ကျနော်တို့ ဆက်နေထိုင်ချင်ပါတယ်” ဟုလည်း ဆိုသည်။

နမ္မတူမြို့နယ်တွင် အကြီးစား သတ္တုတူးဖော်ရန် ပြင်ဆင်နေသည့် BJV Company Ltd ကို ၂၀၁၈ ခုနှစ်တွင် သြစတေးလျ ကုမ္ပဏီ Myanmar Metals Limited၊ ပြည်တွင်း အခြေစိုက် EAP Global Mining Company Ltd၊ ဝင်းမြင့်မိုရ် စက်မှု လုပ်ငန်း ကုမ္ဗဏီတို့ တည်ထောင်ထားခြင်း ဖြစ်ပြီး၊ လက်ရှိတွင် ဝင်းမြင့်မိုရ်ကုမ္ပဏီသည် အစိုးရထံမှ သတ္တုတူးဖော်ခွင့် ၁၅နှစ် ရရှိထားပြီး၊ သက်တမ်း မကုန်လွန်သေးသဖြင့် ဒေသတွင်း လုပ်ငန်း လုပ်ကိုင်နေဆဲ ဖြစ်သည်။

BJV အဖြစ် ပြုလုပ်မည့် စီမံကိန်းသစ်အတွက်လည်း စစ်တမ်းများ ကောက်ယူခြင်း၊ သတ္တုသိုက် တည်ရှိရာကို စမ်းသပ် မှတ် တမ်း ယူထားခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပြီး၊ စီမံကိန်းခွင့်ပြုမိန့်ရပါက သတ္တု တူးဖော်မည့် ဧရိယာအတွင်း ပါဝင်နေသဖြင့် ဖယ်ပေးရမည့် ဒေသခံများကို ကြိုတင်ညှိနှိုင်းခြင်း၊ သဘောထား ကောက်ခံ ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဘော်တွင်း ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းက ၎င်းတို့ထံသို့ BJV မှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံသည်မှာ ၃ ကြိမ် ရှိပြီဟု ပြောသည်။

၂၀၁၉ ခုနှစ်တွင် တကြိမ်၂၀၂၀ တွင် တကြိမ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ၂၀ ရက်တွင် တကြိမ် လာရောက် တွေ့ဆုံခြင်း ဖြစ် သည်ဟု သိရသည်။

ဇန်နဝါရီ ၂၀ ရက် တွေ့ဆုံမှုတွင် စီမံကိန်း စတင် ဆောင်ရွက်ရပါက ပြောင်းရွှေ့ပေးရမည့် ဒေသခံ ၃၅၀၀ရှိပြီး ၎င်းတို့မှာ ဘော်တွင်းကျေးရွာ အုပ်စု၊ ကျားစခန်းတို့မှ ဒေသခံများ ဖြစ်သည်ဟု ပြောဆိုကြောင်း၊ ပြောင်းရွှေ့ ပြီးနောက် နေရာသစ် တခုတွင် ၎င်းတို့မှ ပြန်လည် နေရာချထားပေးမည်ဟု ပြောဆိုသော်လည်း နေရာ အတိ အကျ၊ အစီအစဉ် အတိအကျကို ချပြသွားခြင်း မရှိပါဟု ဒေသခံများက ပြောသည်။

ဒေသခံ ဦးမြင့်ဦးက “ကျနော်တို့က ဒီအရပ်ဒေသကနေ ပြောင်းမပေးချင်ဘူး။ ပြောင်းလည်း မပြောင်းနိုင်ဘူး။ ဒါပေမယ့် နိုင်ငံတော်၊ ပြည်သူ၊ အစိုးရ၊ ကုမ္ဗဏီ အကျိုးရှိမယ်ဆိုရင် ပြောင်းပေးမယ်။ ဒါပေမယ့် ကျနော်တို့ကို နေစရာ အိမ်၊ နေစရာ အရပ်ဒေသ ဖန်တီးပေးမယ်ဆိုရင် ကျနော်တို့ တောင်းလိုတဲ့ အချက်တွေ လိုချင်တယ်။ ဒါတွေမှ မလုပ်ပေးနိုင်ဘူးဆိုရင် တော့ ကျနော်တို့က ပြောင်းဖို့ရွှေ့ဖို့အတွက် လုပ်မပေးနိုင်ဘူးလို့ သူတို့ကို ပြောထားတယ်” ဟု ဆိုသည်။

ဘော်တွင်းကျေးရွာအုပ်စု အတွင်းရှိ ဓမ္မိကာရာမကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးဣန္ဒာစရိယ က ဘုန်းကြီး ကျောင်းသည်လည်း ရွှေ့ပြောင်းရမည့်ထဲတွင် ပါဝင်သည်ဟု မိန့်သည်။

ဦးဣန္ဒာစရိယ က “ဘုန်းကြီးတို့ မှီရာတွေ ပြောင်းရမှာဖြစ်တဲ့အတွက် သူတို့စိတ်မကောင်းသလို ဘုန်းဘုန်းတို့လည်း စိတ် မကောင်းတာ ရှိတယ်။ ကျန်တာကတော့ နားမလည်ပါဘူး။ ဒီမှာနေတာ နှစ် ၄၀ ရှိပြီ။ နံပါတ် ၁ က တော့ အခြေတော့ ပျက်သွားမှာပေါ့။ သဘောထားအနေနဲ့ ဆိုရင်တော့ စိတ်မကောင်းတာပဲ ရှိတယ်။ ကျန်တဲ့ အပိုင်းက ပြောပိုင်ခွင့်၊ တား ပိုင်ခွင့် မရှိပါဘူး” ဟု မိန့်သည်။

၃၁ဆက်မြောက် အမေရိကန် သမ္မတ ဟူးဗတ်ဟူးဘားတွေ့ရှိခဲ့သည့် နာမည်ကျော် ကျားစခန်း(ဧရာဝတီ)

ကျေးရွာ၏ မြေအောက်တွင် သတ္တုသိုက် ရှိနေသည်ဟု စီမံကိန်း ကိုယ်စားလှယ်များက ပြောဆိုထားပြီး၂၀၂၃ ခုနှစ်တွင် ပြောင်းရွှေ့ရမည်ဟု သိထားသည်ဟုလည်း ဦးဣန္ဒာစရိယက မိန့်သည်။

ဆက်လက်ပြီး ဦးဣန္ဒာစရိယ က “သိမ်၊ ဘုရားက ဘာသာရေးအရ အထူးသဖြင့် သိမ်ဆိုတာ မပြောင်းကောင်းဘူး။ ပြောင်း လို့ မကောင်းတာ မဟုတ်ဘူး။ ပြောင်းကို မပြောင်းကောင်းတာလို့ မပြောင်းနဲ့လည်း ပြောတာ မဟုတ်ဘူးလို့ ပြောင်းကို မပြောင်းကောင်းတာလို့ ပြောလိုက်တယ်။ သူတို့ကတော့ အကုန်ပြောသွားတာ အကောင်းတွေချည်းပဲ။ မက်လုံးတွေချည်း ပဲ။ ဘုန်းဘုန်းက ရယ်စရာ ပြောလိုက်ပါတယ်။ အခုပြောသွားတာ အကောင်းတွေချည်းပဲလို့ တကယ်ရွှေ့ပြီဆိုမှ အပြော တွေချည်း ကောင်းနေရင် ခက်နေဦးမယ်လို့ ပြောလိုက်တယ်” ဟုလည်း မိန့်သည်။

နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက BJV မှ ကိုယ်စားလှယ်များက စီမံကိန်း အတွက် ၎င်းထံသို့လည်း လာရောက်တွေ့ဆုံပြီး စီမံကိန်းအကြောင်း ပြောဆိုသည်မှာ ၃ ကြိမ် ရှိပြီဟု ဆိုသည်။

စီမံကိန်း လုပ်ဆောင်မည် ဆိုပါက ဒေသခံများကို နစ်နာမှု မရှိစေဘဲ နေရာရွှေ့ပြောင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ စီမံကိန်းကြောင့် လေထုနှင့် ရေထုအတွင်း အကျိုးသက်ရောက်မှု တို့ကိုလည်း တာဝန်ယူစေလိုသည်ဟု ပြော သည်။

ဒေါ်နန်းခမ်းအေးက “ပြည်သူတွေရဲ့ကျန်းမာရေးအတွက်ဆိုရင်တော့ အဲဒီနေရာကနေ ပြောင်းသင့်တယ်။ ပြောင်းတယ်ဆို တဲ့ နေရာမှာလည်း သူတို့ကို အခုလက်ရှိနေရတဲ့ နေရာထက် မြင့်ပြီးတော့ အပူအပင်မရှိတဲ့ အပူအပင်မရှိစွာနဲ့ စားဝတ်နေ ရေး၊ နေထိုင်ရေး အားလုံးပေါ့နော်၊ အဲဒီလိုအခြေအနေတွေကို ဖန်တီးပေးစေချင်တယ်” ဟု ပြောသည်။

နမ္မတူမြို့နယ်တွင်း သတ္တုအကြီးစား တူးဖော်ခွင့်၊ ဘော်တွင်း ဖက်စပ်စီမံကိန်းကို လုပ်ပိုင်ခွင့်ရရန် ဆောင်ရွက်နေသည့် BJV ကုမ္ပဏီသည် ၎င်းတို့၏ website တွင်လည်း စီမံကိန်း ဆောင်ရွက်မည့် အခြေအနေ အဆင့်ဆင့်၊ ၎င်းတို့၏ မြေပြင် ကွင်း ဆင်းကာ စစ်တမ်းကောက်ယူထားမှုများကို လူအများ ဖတ်ရှုနိုင်ရန် ဖော်ပြထားသည်။

မာမီယံရှပ်စနစ်ဖြင့် တူးဖော်သည့် မြေစိုက်တွင်း(ဧရာဝတီ)

၎င်းတို့၏ ဖော်ပြထားချက်များအရ ၂၀၁၈-၂၀၂၁ ခုနှစ်အတွင်း အစိုးရ၏ ခွင့်ပြုမိန့် ရရှိနိုင်ရန်ဆောင်ရွက်ခြင်းနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း၊၂၀၂၁-၂၀၂၂ ခုနှစ်တွင် လုပ်ငန်းအတွက် အသေးစိတ် ဒီဇိုင်း၊ အကြို ပြင်ဆင်ရမည့် လုပ် ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူခြင်း၊ ၂၀၂၂-၂၀၂၃ တွင် ဒေသခံများကို ပြန်လည် နေရာ ချထားပေးရေး လုပ်ဆောင်ခြင်းနှင့် စီမံကိန်း၏ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း ပြုလုပ်ကာ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပထမအဆင့် သန့်စင်ပြီး သတ္တုထုတ်ကုန်ထွက် ရှိစေရန် မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

သတ္တုတွင်း တူးဖော်မည့် သက်တမ်းကို ၁၃ နှစ် လျာထားပြီး သတ္တုတူးဖော်ရာတွင် မြေသားများကို ဖောက်ခွဲခြင်း၊ ဟင်း လင်းပြင် ဖွင့်ချကာ သတ္တုရိုင်း တူးဖော်မည် ဖြစ်သည်။

ဟင်းလင်းပွင့် တူးဖော်မည့် တွင်းကို အနည်းဆုံး ၂၄၃ ဧက အထိ ချဲ့မည်ဟု ခန့်မှန့်ကြောင်း BJV ၏ အစီရင်ခံစာတွင် ရေး သားထားပြီး ၎င်းတို့၏ စီမံကိန်း ဧက စုစုပေါင်းမှာ ၉၄၀၀ ဧကထိ ကျယ်ပြန့်မည် ဖြစ်သည်။

ဘော်တွင်းကျေးရွာအုပ်စု၏ အောက်တွင် သတ္တုသိုက် ရှိနေသဖြင့် စီမံကိန်း စတင်ပါက ထိုနေရာကို ဖောက်ခွဲရေး ပြုလုပ် မည်ဖြစ်သည့်အပြင် ကျားစခန်းတွင် စီမံကိန်းကို အထောက်အပံ့ပေးမည့် ရုံးခန်းများ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ လူဦး ရေ ၁၄၀၀ ဆန့် အလုပ်သမားတန်းလျား၊ လျှပ်စစ်ဓာတ်အား ပံ့ပိုးနိုင်မည့် ဓာတ်အားခွဲရုံတခုနှင့် သတ္တုသန့်စင် စက်ရုံတခု တို့ကို တည်ဆောက်မည် ဟုလည်း BJV ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

BJV မှ မြေပြင်တွင် ကွင်းဆင်း ဆောင်ရွက်နေမှုများ၊ ဒေသခံများ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ အနာဂတ် အလား အလာ မည်သို့ရှိမည်ကို မေးမြန်းရန် ဧရာဝတီမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်း ဦးစီးဌာနသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။

ရှမ်းပြည်နယ် နမ္မတူ မြို့နှင့် ၁၄မိုင် ကွာဝေးသည့် ဘော်တွင်း သတ္တုတွင်း သည် ယခင်က ကမ္ဘာ ဒုတိယအကြီးဆုံး သတ္တု မိုင်းအဖြစ် တည်ရှိခဲ့ပြီး၊ ထွက်ရှိသည့် သတ္တုရိုင်းများ နမ္မတူ စက်ရုံသို့ ရထားတွဲများဖြင့် ပို့ဆောင်ကာ ဘော်(ငွေစင်) ချက်လုပ်သည်။

ဘော်တွင်းသတ္တုမိုင်းကို ၁၄၁၂ ခုနှစ်မှ ၁၈၅၀ခုနှစ်ခန့်အထိ စတင်ကာ အထိ တရုတ်တို့ ဝင်ရောက်၍ လိုဏ်ခေါင်းများ တူးဖော်ပြီး ငွေစင် သီးသန့် ချက်လုပ်သည်၊ ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ လက်ထက်တွင် ဘားမားမိုင်းလီမိတက် (Burma Mine Co.ltd)ကို တည်ထောင်ကာ ဘော်တွင်းတွင် မာမီယံရှပ်ခေါ် မြေစိုက်တွင်းစနစ်ဖြင့် မြေအောက်အနက် ပေပေါင်း ၁၂၀၀ ကျော်အထိ အခန်းများဖွဲ့ကာ တူးဖော်ရာ အထပ် ၁၂ထပ်ရှိသည့် သတ္တုမိုင်းကြီး ဖြစ်လာသည်။

အမေရိကန်နိုင်ငံ၏ ၃၁ ဆက်မြောက် သမ္မတ ဟားဗတ်ဟူးဗားသည်လည်း မိုင်းချုပ်အဖြစ် ဘော်တွင်းမိုင်း တာဝန်ထမ်း ဆောင်ခဲ့ရာ သတ္တုသိုက်များကို လိုက်လံရှာဖွေရင်း သတ္တုတွင်းဟောင်း တခုတွင် ကျားတကောင်ကို တွေ့သဖြင့် သုတ်သင် ရင်း ယင်းနေရာမှာ ကျားစခန်းဟု နာမည်ကျော်ခဲ့သည်။

You may also like these story:

ပဋိပက္ခကြားက ရှမ်းပြည်နယ်ကို ဩစတြေးလျ သတ္တုလုပ်ငန်း မျက်စိကျနေ

]]>
RCSS က ဖမ်းသွားသည့် လက်ဖက်သင်တန်းဆရာအား ပြန်လွှတ်ရန် တောင်းဆို https://burma.irrawaddy.com/news/2021/01/26/237088.html Tue, 26 Jan 2021 09:59:22 +0000 https://burma.irrawaddy.com/lytbox/?p=237088 ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် (တအန်း) ကျေးရွာတရွာ  / ကျော်ခ / ဧရာဝတီအောက်ခြေတပ်ဖွဲ့များမှ တင်ပြလာခြင်း မရှိသဖြင့် ၎င်းတို့ တပ်ဖွဲ့များ ဖမ်းဆီးထားခြင်း မဖြစ်နိုင်ပါဟု ငြင်း ဆိုခြင်း ဖြစ်သည် ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။ ]]> ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် (တအန်း) ကျေးရွာတရွာ  / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖမ်းဆီးသွားသည့် လက်ဖက်သင်တန်းဆရာကို ပြန်လွှတ်ပေးရန် ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းက ကြေညာချက် တစောင် ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

ဖမ်းဆီးခံရသူမှာ ကျောက်မဲမြို့နယ် တော့စန်ကျေးရွာအုပ်စု တောင်ပလို့ ကျေးရွာတွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဦးကောလီဖြစ်ပြီး ၎င်းမှာ လက်ဖက်လုပ်ငန်းကို လုပ်ကိုင်နေသည့် တောင်သူတဦးဖြစ်ကာ ၎င်းတို့၏ အသင်းဝင်တဦးလည်း ဖြစ်သည်ဟု ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း၏ ဇန်နဝါရီ ၂၅ ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

ပလောင် လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း၏ အတွင်းရေးမှူး ဦးဇော်ညွန့်က “အဓိကတော့ ကျနော်တို့ သင်တန်းဆရာကို ပြန်လွှတ်ပေးစေချင်တယ်။ တခြားဘာမှ ပြောချင်တာ မရှိပါဘူး။ ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါ တယ်” ဟု ပြောသည်။

ဦးကောလီသည် နိုင်ငံရေးကိစ္စများ လုပ်ကိုင်ခြင်း မရှိသူဖြစ်ပြီး လက်ဖက်လုပ်ငန်းနှင့်သာ အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်သည့်အပြင် လက်ဖက်တောင်သူများကို ဈေးကွက်ဝင် လက်ဖက်ခြောက်များ ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် လိုက်လံ သင်တန်းပေးနေသည့် သင်တန်းဆရာတဦးလည်း ဖြစ်သည်ဟု ဦးဇော်ညွန့်က ဆိုသည်။

၎င်းက “၂၀ ရက်နေ့တုန်းက RCSS က မသင်္ကာမှုနဲ့ ဖမ်းဆီးသွားပါတယ်။ အခုချိန်ထိကို ဆက်သွယ်လို့လည်း မရဘူး။ ပြန်လွတ်လာတာလည်း မရှိသေးတော့ မိသားစုရော၊ ကျနော်တို့ ပလောင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းအနေနဲ့ရော စိုးရိမ်နေပါတယ်” ဟုလည်း ပြောသည်။

ဦးကောလီကို ဇန်နဝါရီ ၂၀ ရက်က နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် မသင်္ကာသဖြင့် စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဖမ်း ဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ဦးကောလီကို ဖမ်းဆီးရာတွင် စာပို့ရွာမှ အမျိုးသမီး ၂ ဦးကိုလည်း အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ထိုအမျိုးသမီး ၂ ဦးမှာ ယခု နေအိမ်သို့ ပြန်ရောက်လာပြီဖြစ်သော်လည်း ဦးကောလီနှင့် ပတ်သတ်၍ သတင်းတစုံတရာ မရရှိဘဲ ဖြစ်နေ သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ညွန့်က ဆိုသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကတော့ ဦးကောလီ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အောက်ခြေက သတင်း မပို့သလို သိရှိခြင်းလည်း မရှိကြောင်း ပြောသည်။

ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “မကြားသိရဘူး။ မဖမ်းထားဘူး ထင်တယ်။ သိလည်း မသိဘူး။ ဖမ်းတယ်လို့လည်း မထင်ဘူး။ RCSS က လူတွေကို ဘာမှ မဟုတ်ဘဲ လျှောက်ဖမ်းတာ လုပ်ခွင့် မရှိပါဘူး။ အကယ်၍ ဖမ်းထားတယ်ဆိုရင် အထက်ကို သူတို့က တင်ပြရတယ်။ အဲဒါဆို ကြားသိရမှာပါ” ဟု ပြော သည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စုဝန်းကျင်သည် RCSS နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လှုပ်ရှားကာ ၎င်းတို့ နှစ်ဖွဲ့သည်လည်း နယ်မြေ အငြင်းပွားမှုများကြောင့် စစ်ရေးအရ ပြေလည်ကြခြင်း မရှိပါ။

RCSS သည်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး အစိုးရ ဦးဆောင် ပြုလုပ်နေသည့် နိုင်ငံ ရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည်။

You may also like these stories:

TNLA နှင့် RCSS စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားများ အိုးအိမ်စွန့်၍ ထွက်ပြေးနေရ

စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲဒေသခံများ ထွက်ပြေးနေရ

လက်ဖက်မြို့တော်သို့ အလည်တခေါက်

]]>
“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ https://burma.irrawaddy.com/article/2021/01/25/237048.html Mon, 25 Jan 2021 13:42:40 +0000 https://burma.irrawaddy.com/lytbox/?p=237048 UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း  / ဧရာဝတီ “ဝ” ခေါင်းဆောင်များ အနေနဲ့ ပြည်နယ်ရရင် အနာဂတ်မှာ နိုင်ငံတကာနဲ့ တိုက်ရိုက် ကူးလူးဆက်ဆံဖို့၊ ပြည်နယ်နဲ့ နိုင်ငံ တကာကြား တိုက်ရိုက် ဆက်ဆံခွင့်ရဖို့ မျှော်မှန်းထားသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွား လာရေး လုပ်ငန်းတွေကို တိုးချဲ့ဖို့ကိုလည်း မျှော်မှန်းချက်တွေ ရှိပါတယ် ]]> UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း  / ဧရာဝတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြို၊ ကမ်းပြို အနိုင်ရရှိပြီးတဲ့နောက် ဒေသခံ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှု ပါဝင်မယ့် “အမျိုးသား ညီညွတ်ရေး အစိုးရ” တရပ် ဖွဲ့စည်းဖို့ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို လိုက်လံစုစည်းနေပါတယ်။

NLD ပါတီက ဒီလိုလိုက်လံ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားပါတီအသီးသီးက ပြည်ထောင်စုနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ တာဝန်ယူနိုင်ကြောင်း တင်ပြခဲ့ကြပေမယ့် “ဝ” အမျိုးသားပါတီ (WNP) ကတော့ အခြား ပါတီတွေနဲ့ ကွဲပြားတဲ့ အကြောင်းအရာ တခုကို ဆွေးနွေးခဲ့ပါတယ်။

အဲဒါကတော့ “ဝ” လူမျိုးတွေအတွက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းကို “ပြည်နယ်” အဆင့် တိုးမြှင့်ပေးဖို့ပဲ ဖြစ်ပါတယ်။

NLD ပါတီ က အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားတွေကို ရယူနိုင်ဖို့အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ကို တာဝန်ပေးထားတာပါ။

သူတို့ ၃ ဦးရဲ့ တောင်ကြီး ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ ၇ ပါတီနဲ့ တွေ့ဆုံခဲ့ရာမှာ WNP တပါတီတည်းက NLD ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးခရီးမှာ သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးဖို့ကို ဦးတည် ပြောဆိုခဲ့တာပါ။

“ဝ” အမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဆမ်ဆောင်ကားက “NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါမှာ ယခင်က ရှိပြီးဖြစ်တဲ့ ဝ ပြည်နယ်ကို ပြည်ထောင်စုရဲ့ပြည်နယ်တခုအနေနဲ့ ပြန်လည်ပြီးတော့ သတ် မှတ်ပေးဖို့ တောင်းဆိုထားတယ်” လို့ ပြောပါတယ်။

အခုလို “ဝ” ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုမှုက WNP ပါတီတခုတည်းက မဟုတ်ဘဲ တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက်ထားတဲ့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ/ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ဆိုရင် ပြည်နယ် ရရှိရေး ပြောဆိုနေတာ ဆယ်စုနှစ် ချီလာခဲ့ပြီ ဖြစ်ပါတယ်။

ပြည်နယ် တောင်းဆိုမှု အစ

“ဝ” သမိုင်းကြောင်း တလျှောက် နောက်ကြောင်း ပြန်ကြည့်မယ်ဆိုရင် UWSA က ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ထံက ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုပြီးချိန်က စလို့ “ဝ” လူမျိုးတွေကို သီးခြား ပြည်နယ်တခု ပေးဖို့ ဆွေးနွေးလာခဲ့တာပါ။

၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာ UWSA ထိပ်သီး ခေါင်းဆောင် ဦးကျောက်ညီလိုင်နဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ အတွင်းရေးမှူး (၁) ဗိုလ်မှူး ချုပ် ခင်ညွှန့်တို့ တွေ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးစဉ်ကလည်း ပြည်နယ် သတ်မှတ်ပေးဖို့ ဦးကျောက်ညီလိုင်က တောင်းဆိုပါတယ်။

ဦးကျောက်ညီလိုင်နဲ့ ဗိုလ်မှူးချုပ် ခင်ညွှန့်ကြား ဆွေးနွေးချက် အသေးစိတ်ကို UWSA ခေါင်းဆောင်တွေ ဦးစီး ထုတ်ဝေ ထားတဲ့ ဝ သမိုင်းမှတ်တမ်း စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

ထိုစဉ်က ဗိုလ်မှူးချုပ် ခင်ညွှန့်က ဝ ပြည်နယ် တောင်းဆိုတာကို အသိအမှတ်ပြုပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ် အစိုးရမှာ ပြည်နယ်သတ်မှတ်ပေးပိုင်ခွင့် မရှိတာကြောင့် နောင်ရွေးကောက်ပွဲကတဆင့် တက်လာမယ့် အစိုးရ လက်ထဲကို ဦးကျောက်ညီလိုင်နဲ့ ဆွေးနွေးထားတာတွေကို လွှဲပေးမယ်လို့ ပြန်လည် ဖြေဆိုကြောင်း မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

UWSA တပ်ဖွဲ့တွေ လှုပ်ရှားပြီး ဝ တောင်တန်းဒေသ တကြောဖြစ်တဲ့၊ မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသက မိုင်းမော၊ ပန်ဆန်း (ပန်ခမ်း)၊ ပန်ဝိုင်၊ နားဖန်းမြို့နယ်တွေကိုတော့ UWSA အုပ်ချုပ်ခွင့်ရတဲ့ အထူးဒေသ (၂) နယ် မြေအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တခုကို အတည်ပြု ပြဋ္ဌာန်း လိုက်ပါတယ်။

စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဆိုပေမယ့် ဝ ကိုတော့ ပြည်နယ် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရဲ့လက်အောက်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း တခုအဖြစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။

ဝ နယ်မြေများ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံ၊ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ (စ) အရ ရှမ်းပြည်နယ် မြောက်ပိုင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း မြို့နယ် ၆ ခုကို ခရိုင်၂ ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရတိုင်းအဖြစ် အသိအမှတ်ပြုကြောင်း ပြဋ္ဌာန်းထားပါတယ်။

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲမှာ ပါဝင်တဲ့ နယ်မြေအားလုံးကို အစိုးရက အားလုံး အုပ်ချုပ်ခွင့် မရပါဘူး။
မိုင်းမော၊ ပန်ဆန်း၊ ပန်ဝိုင်နဲ့ နားဖန်းမြို့နယ် ၄ ခုဟာ UWSA ရဲ့ လက်အောက်ထဲမှာ ထိန်းချုပ်ထားတာပါ။

ကျန် မြို့နယ်၂ ခုဖြစ်တဲ့ ဟိုပန်နဲ့ မက်မန်းမြို့နယ်တွေက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဒေသ ဦးစီးအဖွဲ့က အုပ်ချုပ်တဲ့ မြို့နယ်တွေ ဆိုပေမယ့် ဟိုပန်နဲ့ မက်မန်းရဲ့နယ်မြေဒေသ အစိတ်အပိုင်းအချို့ဟာလည်း UWSA ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတာပါ။

UWSA အုပ်ချုပ်တဲ့ နယ်မြေထဲကို အစိုးရ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ခွင့်နဲ့ အာဏာ သက်ရောက်မှုမရှိဘဲ အစိုးရနယ်မြေနဲ့ UWSA ထိန်းချုပ်တဲ့ နယ်မြေအစပ်မှာ နှစ်ဖက်နယ်စပ်လို လုံခြုံရေးတပ်တွေ ဂိတ်စခန်းတွေ အခိုင်အမာ စည်းချထားပါတယ်။

အထက်မှာပြောခဲ့တဲ့ နယ်မြေတွေကတော့ အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဥပဒေနဲ့ တရားဝင် သတ်မှတ်ပေး ထားတဲ့ နယ်မြေတွေပါ။

ဝ ခေါင်းဆောင်တွေ တောင်းဆိုနေတဲ့ ဝ ပြည်နယ်ကတော့ အဲဒီနယ်မြေတွေတင် မကပါဘူး။

UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်ခံထားရတဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအပြင် ရှမ်းပြည်နယ် တောင်ပိုင်းမှာ UWSA ထိန်းချုပ်ထားတဲ့ မိုင်းဆတ် ခရိုင်ထဲက ပုံပါကျင်၊ နားကောင်းမူ၊ ဟွေ့အော် ဒေသတွေကိုပါ စုပေါင်းပြီး ပြည်နယ် အဖြစ် သတ်မှတ်ပေးစေချင်တာ ဖြစ်ပါတယ်။

အများစုကတော့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတာကြောင့် ဝ မြောက်ပိုင်းဒေသလို့ ခေါ်ဝေါ်သလို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ UWSA ထိန်းချုပ်ရာ နယ်မြေကိုတော့ ဝ တောင်ပိုင်းဒေသလို့ ခေါ်ဆိုကြပါ တယ်။

ဝ ခေါင်းဆောင်တွေက စစ်အစိုးရ လက်ထက်မှာ မအောင်မြင်ခဲ့တဲ့ ပြည်နယ် တောင်းဆိုမှုကို သမ္မတ ဦးသိန်းစိန် လက် ထက်၂၀၁၅ ခုနှစ်မှာ လူသိရှင်ကြား တောင်းဆိုမှုတွေ စတင် ပြုလုပ်လာခဲ့ပါတယ်။

၎င်းတို့ရဲ့ မြို့တော်ပန်ဆန်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂၀ နီးပါးလောက်က ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်အစည်းအဝေးပြုလုပ်ရင်း ဝ ပြည်နယ် တောင်းဆိုရာမှာ ထောက်ခံ ပေးကြဖို့အတွက် UWSP/UWSA ရဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်က စည်းရုံးပြောဆိုခဲ့ပါတယ်။

အစိုးရက ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာလည်း ပြည်နယ်တောင်းဆိုတဲ့ စာတမ်းတွေကို တင်သွင်းလာ ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီမှာတော့ ဝ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နှစ် ၃၀ ပြည့် အခမ်းအနားကို ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေ သတင်းမီဒီယာတွေရှေ့မှာ အကြီးအကျယ် ကျင်းပခဲ့ပြီး ဦးပေါက်ယူချန်က ဝ ကို ပြည်နယ်အဆင့် တိုးပေး ဖို့ ထပ်မံ တောင်းဆိုခဲ့ပြန်ပါသေးတယ်။

အဲဒီအခမ်းအနား မကျင်းပခင်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဖိတ်ကြားခဲ့ပေမယ့် ဝ က ပြည်နယ်တခု အသွင်သဏ္ဍာန်နဲ့ ဖိတ်ကြားပြောဆိုတာ စစ်ရေးပြ အခမ်းအနားမှာ လက်နက်ခဲယမ်းနဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းအချို့ပိုင်ဆိုင်ထားတာ တွေကို ထုတ်ပြမယ့် အစီအစဉ်တွေကြောင့် နိုင်ငံတော်အကြီးအကဲတွေက တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ဝ ခေါင်းဆောင်တွေရဲ့မျှော်မှန်းချက်

ဝ ခေါင်းဆောင်များက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လက်အောက်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်နဲ့တင် မတင်း တိမ်နိုင်ပါဘူး။ ရှမ်းပြည် လက်အောက်ခံ မဟုတ်ဘဲ ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆက်ဆံခွင့်ရမယ့် ဝ ပြည်နယ်တခု ထူထောင်နိုင်ဖို့က ဝ ခေါင်းဆောင်တွေရဲ့ အိပ်မက်တခုလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက ဝ ခေါင်းဆောင်များ အနေနဲ့ ဗဟိုအစိုးရနဲ့ ညှိနှိုင်းဖို့ ပထမဦးစားပေး အချက်က ပြည်နယ်ရရှိရေးပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ပြည်နယ် ရရှိရေးမှာ ဝ ခေါင်းဆောင်တွေက ပြည်နယ် တောင်းဆိုရေး တခုတည်းကိုသာ ဗဟိုအစိုးရနဲ့ ညှိနှိုင်းရမှာ မဟုတ် ဘဲ ပြည်နယ် သတ်မှတ်ပေးမယ်ဆိုရင် UWSA ကို စီမံခန့်ခွဲမှု အာဏာဘယ်လောက် အတိုင်းအတာအထိပေးမယ် ဆို တာနဲ့ UWSA တပ်ကိုလည်း နိုင်ငံရဲ့ တရားဝင်တပ် တခုဖြစ်ဖို့ ညှိနှိုင်းရမှာတွေ ရှိတယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

“သူတို့က ဖက်ဒရယ်ထက် မြင့်တဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံ ဖြစ်နေတယ်။ ဒီတော့ ဘောင်ဝင်အောင် ဘယ်လို ညှိကြမလဲ ဆို တဲ့ ပြဿနာ၊ နိုင်ငံရေးအရ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ ပြဿနာပါ။ နိုင်ငံရေးအရ မဖြေရှင်းဘဲ ဒီအတိုင်း ပဲ ထားရင်လည်း အချိန်ကြာလေ ဖြေရှင်းရ ခက်လေပဲ ဖြစ်မယ်” လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

ဝ အရေးကိစ္စက အစိုးရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာ လူအများကြား ဆွေးနွေးရင် ပိုရှုပ်ထွေးနိုင်တယ် လို့ ဦးမောင်မောင်စိုးက ရှုမြင်ပြီး ဝ ခေါင်းဆောင်တွေနဲ့ ဗဟိုအစိုးရကြား သီးခြားညှိနှိုင်းသင့်တယ်လို့ သူက သုံးသပ်ပါ တယ်။

ဝ ခေါင်းဆောင်တွေက အစိုးရနဲ့ ညှိနှိုင်းနေရတဲ့ သူတို့ရဲ့ အိပ်မက်နဲ့ မျှော်မှန်းချက်တွေကို အသေးစိတ် ရေးဆွဲထားတဲ့ အရေးကြီး စာတမ်းတစောင်ကို ၂၀၁၆ ခုနှစ်တုန်းက လူသိရှင်ကြား ထုတ်ဖော်ခဲ့ဖူးပါတယ်။

UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

အဲဒီစာတမ်းထဲမှာဆိုရင် ပြည်နယ်တွေကို ဗဟိုအစိုးရရဲ့ စွက်ဖက်မှုမပါဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက် ကူးလူး ဆက်ဆံပိုင်ခွင့် အာဏာ ပေးဖို့၊ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ဝင်ရောက်လာသူတွေရဲ့ လူဝင်မှုကြီးကြပ်ရေးကိုလည်း ပြည်နယ် အစိုးရက စီရင်ပိုင်ခွင့်ပေးဖို့ စတဲ့ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်အာဏာများစွာ ခွဲဝေပေးဖို့ ပြောထားတဲ့အပြင် ပြည်နယ် အစိုးရထံမှာ ပြည်ထောင်စု တပ်မတော်ရဲ့တိုက်ရိုက် ညွှန်ကြား အုပ်ချုပ်ပိုင်ခွင့် မရှိတဲ့ တိုင်းရင်းသား တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တပ်မတော်တရပ် သီးခြားထားဖို့ အရေးတွေလည်း ပါဝင်ပါတယ်။

“ဝ” ခေါင်းဆောင်များ အနေနဲ့ ပြည်နယ်ရရင် အနာဂတ်မှာ နိုင်ငံတကာနဲ့ တိုက်ရိုက် ကူးလူးဆက်ဆံဖို့၊ ပြည်နယ်နဲ့ နိုင်ငံ တကာကြား တိုက်ရိုက် ဆက်ဆံခွင့်ရဖို့ မျှော်မှန်းထားသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားလာရေး လုပ်ငန်း တွေကို တိုးချဲ့ဖို့ကိုလည်း မျှော်မှန်းချက်တွေ ရှိပါတယ်။

လက်ရှိမှာတော့ “ဝ” ဒေသဟာ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ အုပ်ချုပ်တဲ့ ဒေသအဖြစ်သာ တည်ရှိနေတာကြောင့် “ဝ” ရဲ့ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စတဲ့ လူမှုဘဝနေထိုင်ရေး၊ ဝင်ငွေ ရရှိရေး အားလုံးတို့ဟာ အိမ်နီးချင်း တရုတ် နိုင်ငံ အပေါ်မှာ မှီတည်ထားရတာ ဖြစ်ပါတယ်။

ဒေသတွင်း ထွက်ရှိတဲ့ ရာဘာ၊ ခဲမဖြူ၊ သံသတ္တု၊ လက်ဖက် စတာတွေကို တရုတ်နိုင်ငံကို တင်ပို့တဲ့အပြင် တရုတ်နိုင်ငံက စီးပွားရေး သမားတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး ဝ ဒေသထဲ ကာစီနိုရုံနဲ့ လောင်းကစားဝိုင်း၊ အပျော်မယ်ရုံနဲ့ ဟိုတယ် လုပ်ငန်းတွေကနေလည်း ဝင်ငွေ ရှာဖွေနေတာပါ။

ဝ ဒေသဟာ ပြည်ထောင်စုရဲ့နယ်မြေ အစိတ်အပိုင်းဖြစ်ပေမယ့် အစိုးရအာဏာ သက်ရောက်ခြင်း မရှိတာကြောင့် နိုင်ငံ တကာက လာရောက်တဲ့ ခရီးသွားတွေ စီးပွားရေး လုပ်ငန်းရှင်တွေက ဝ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်ဆံနိုင်ခြင်း မရှိသလို ဝ ဒေသဟာလည်း တားမြစ် ဧရိယာအဖြစ် အစိုးရက သတ်မှတ်ထားတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဘိန်းရာဇာ၊ မူးယစ်ရာဇာအဖြစ် နိုင်ငံတကာမှာ ရာဇဝတ်မှတ်တမ်း ရှိခဲ့တဲ့ ဝ ခေါင်း ဆောင်ရဲ့ဒေသက စီးပွားရေးလုပ်ငန်း၊ ဝင်ငွေအများစုနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်က တရုတ်ကိုပဲ မှီတည် ထားရတာ ဖြစ်ပါတယ်။

မည်သို့ဆိုစေ ဝ ဒေသကတော့ အစိုးရ၊ တပ်မတော်တို့ရဲ့စွက်ဖက်မှု မရှိ၊ ဝ ခေါင်းဆောင်တွေပဲ တိုက်ရိုက်အုပ်ချုပ်၊ ဝတပ် ကပဲ ဒေသကို အပြည့်အဝ လုံခြုံရေးယူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ ရရှိနေတဲ့ အခြေအနေပါ။

ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အရံအတားများ

ဝ အနေနဲ့ ပြည်နယ် မျှော်မှန်းချက်ကိုရရှိဖို့ နိုင်ငံတော် အကြီးအကဲတွေဆီမှာ တိုက်ရိုက်တောင်းခံတာ၊ ညှိနှိုင်းတာတွေ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့် တကယ်တမ်းတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ထဲက နယ်နိမိတ်တချို့ကို ခွဲ ထုတ်လိုက်ပြီး ပြည်နယ် အသစ်တခုကို တည်ထောင်ပေးဖို့ ဆိုတာက နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး ရ ယူနိုင်လောက်အောင် မရိုးရှင်းလှပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း(၂)၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၅၃ ပါ အပိုဒ်ခွဲများအရ ပြည်နယ် တနယ်ရဲ့နယ်နိမိတ်ကို ပြင်ဆင်ဖို့ အကြောင်းရှိလာရင် အဲဒီ နယ်နိမိတ်ထဲက အကျုံးဝင်တဲ့ မြို့နယ်တွေမှာ နေထိုင်သူ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတို့ရဲ့ ဆန္ဒသဘောထားကို ပထမဆုံး ကောက်ယူရမှာ ဖြစ်ပါတယ်။

မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ပြည်နယ် တနယ်ရဲ့ နယ်နိမိတ်ပြင်ဆင်ဖို့ကို ထောက်ခံခြင်း မပြုရင် နယ်နိမိတ်ပြင်ဆင် သတ်မှတ်တာတွေ လုံးဝ မပြုရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

အကယ်၍ ဒေသခံ မဲပေးပိုင်ခွင့်ရှိသူ အားလုံးထဲကမှ ၅၀ ရာနှုန်းကျော်ရဲ့ ထောက်ခံမဲတွေ ရရှိခဲ့တယ်ဆိုရင် ဒုတိယ အဆင့် အနေနဲ့ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ဆန္ဒကို ထပ်မံ ရယူရမှာပါ။

သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့လေးပုံသုံးပုံနဲ့ အထက်က ထောက်ခံ ဆန္ဒမဲပေးတယ်ဆိုရင် တော့ ပြည်ထောင်စု လွှတ်တော်ရဲ့သဘောတူညီချက်ရယူပြီး ပြည်နယ် နယ်နိမိတ်ကို ပြင်ဆင်ပေးဖို့ နိုင်ငံတော် သမ္မတထံ ကို တင်ပြကာ ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

ဒီ့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အခွင့်အရေး ထပ်မံပေးထားတဲ့ တချက်ကတော့ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်က ကိုယ်စားလှယ်တွေထံမှာ ထောက်ခံဆန္ဒမဲ မရခဲ့ရင်တောင် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ထပ်မံ ရယူနိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ဦးရေရဲ့ လေးပုံသုံးပုံနဲ့ အထက်က နယ်နိမိတ် ပြင်ဆင်သင့်တယ်လို့ ထောက်ခံရင်လည်း နိုင်ငံတော် သမ္မတက ပြည်နယ် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။

ပုဒ်မ ၅၅ မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း တခုခုရဲ့ အမည်ကို ပြောင်းလဲမယ်ဆိုရင် ပြည်နယ်ဝန်ကြီး ချုပ်က သမ္မတထံ ထောက်ခံ တင်ပြပေးရမှာ ဖြစ်သလို တင်ပြစာကို သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းက လက္ဘက်ခင်းများ (ဓာတ်ပုံ – ဧရာဝတီ)

လက်ရှိ ဖွဲ့စည်းပုံအရ ပြည်နယ် ရပိုင်ခွင့်ကို ဆောင်ရွက်မယ်ဆိုရင်တော့ ရှမ်းပြည်နယ် နယ်နိမိတ်ကို ပြင်ဆင်ပြီး ပြည်နယ် သစ်တခု ရဖို့ဆိုတာ လွယ်ကူလှတဲ့ လမ်းမဟုတ်ပါဘူး။ ဝ ခေါင်းဆောင်တွေ အနေနဲ့လည်း သဘောပေါက်ပုံ ရပါတယ်။ သူတို့က လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေ ပြည်နယ်သစ် သတ်မှတ်ပေးဖို့ကို တောင်းဆိုနေတာ မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာမှာ ဝ ကို ပြည်နယ်ပေးဖို့ ထည့်သွင်း စဉ်းစားပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝ ရဲ့ တောင်းဆိုချက် အသေးစိတ် ရေးသားထားတဲ့ စာတမ်းထဲမှာဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ရေးဆွဲဖို့ ဒါမှ မဟုတ် ပြင်ဆင်ရေးဆွဲဖို့ဆိုတဲ့ တောင်းဆိုချက်တွေလည်း ပါဝင်ပါတယ်။ တောင်ကြီးမြို့မှာ NLD ကိုယ်စားလှယ်တွေကို ပြည်နယ်အရေး တောင်းဆိုခဲ့တဲ့ ဝ အမျိုးသား ပါတီဟာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရင်း ပြည်နယ်အဆင့် တိုးပေးဖို့ ပြောဆိုခဲ့တာပါ။

ဝ ဒေသက တရုတ်နဲ့ပဲ အဓိက ဆက်ဆံရေးပြုလုပ်နေတာကြောင့် ဒေသတွင်းမှာ မြန်မာစာ၊ မြန်မာစကားထက် တရုတ်စာ၊ တရုတ်စကားက ပိုပြီး အသုံးဝင်သလို ဝ ဒေသ အာဏာပိုင်တွေရဲ့ ရုံးသုံးစာ၊ ဘုံသုံးစကားကလည်း တရုတ်စကား ပါပဲ။ ဝ စာပေနဲ့ ဝ စကားကိုလည်း အသုံးပြုကြပေမယ့် တရုတ်စာ၊ တရုတ်စကားကတော့ ပိုပြီး အသုံးပြုတာကို တွေ့ရပါတယ်။

ဝ ဒေသက အာဏာပိုင်တွေဟာ သူတို့ ဒေသတွင်း ရှာဖွေလို့ရတဲ့ ငွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး တွေကို တိုးတက်အောင် လုပ်ထားတာကြောင့် UWSA ထိန်းချုပ်ရာ မြို့တွေက အစိုးရ ထိန်းချုပ်ရာ နယ်မြို့ငယ်လေးတွေ ထက်တော့ ဖွံ့ဖြိုးနေတာပါ။

သို့ပေမယ့် ပြည်မနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေမှာ နေထိုင်ကြသူတွေ အတွက်ကတော့ ဝ ဒေသဟာ ဝင်လို့ မလွယ်ကူတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ ဝ ဒေသတွင်း လည်ပတ်စရာ လက်ဖက်ခင်းတွေ ကာစီနိုရုံတွေ ပျော်စံရာ ဟိုတယ်တွေဟာ တရုတ်နိုင်ငံသားတွေပဲ အလာများတဲ့ နေရာတွေပါ။

ဝ ဒေသက မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကတော့ ဝ ဒေသတွင်း ဝင်ရောက်နေထိုင်တာ၊ စီးပွားရေးလုပ်ကိုင်တာ ရှိပေ မယ့် လူနည်းစုသာ ဖြစ်ပါတယ်။

အစိုးရသစ်အတွက် စောင့်ကြိုနေတဲ့ ပြဿနာ

အကယ်၍ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ရှမ်းပြည်နယ်ထဲက ဖယ်ထုတ်ပြီး သီးခြား ပြည်နယ်သစ်တခုအဖြစ် ထူထောင် ခွင့် ရဖို့ဆိုရင် ဝ ခေါင်းဆောင်တွေနဲ့ ဝ လူမျိုးတွေရဲ့ စိတ်ဆန္ဒအပြင် လက်ရှိ ရှမ်းပြည်နယ်ထဲမှာ အတူယှဉ်တွဲနေထိုင် နေ ကြတဲ့ ရှမ်း၊ တအန်း၊ ပအို့ဝ် စတဲ့ ခေါင်းဆောင်တွေနဲ့ ဒေသခံတွေရဲ့ သဘောထားကလည်း အရေးပါနေပါတယ်။

အနာဂတ်မှာ ဘယ်လို အတူယှဉ်တွဲနေထိုင်မလဲ ဒါမှမဟုတ် ရှမ်းပြည်နယ်ရဲ့ နယ်နိမိတ်ကို ဖဲ့ထုတ်ပြီး ပြည်နယ် အသစ် တွေကို တည်ထောင်မလားဆိုတာကတော့ ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးအလိုက် ခေါင်း ဆောင်တွေ အားလုံးက ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

ဝ လိုမျိုးပဲ ရှမ်းပြည်နယ်တွင်းမှာ စုစည်းနေထိုင်တဲ့ တအန်း(ပလောင်)၊ ပအို့ဝ် လူမျိုးတွေဟာဆိုရင်လည်း ရှမ်းပြည်နယ် နယ်နိမိတ်ကို အသစ်ပြန်ဆွဲပြီး သူတို့အတွက် သီးခြားပြည်နယ်တွေ သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ရှမ်းခေါင်းဆောင်တွေထဲမှာ ရှမ်းပြည်နယ်ကို မခွဲခြမ်းဘဲ အနာဂတ်မှာ လူမျိုးအားလုံးရဲ့ အမျိုးသားရေး လက္ခဏာပါတဲ့ အမည်တခု ပြောင်းလဲတာမျိုး ဆွေးနွေးဖို့ လုပ်သင့်ကြောင်း ပြောဆိုကြသူတွေလည်း ရှိပါတယ်။

ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ အာဏာခွဲဝေမှုှ မညီမျှတာ၊ ပြည်နယ်သူ/သား၊ တိုင်းရင်းသားလူမျိုးတွေ တန်းတူညီ မျှခြင်း မရှိတာတွေကို ညှိနှိုင်းနေရချိန်မှာ ဝ ဟာ ကိုယ့်အာဏာ ကိုယ်ကိုင်စွဲပြီး သူ့ဒေသကို အပြည့်အဝ အုပ်ချုပ်ပိုင်ခွင့် ရှိနေတာကြောင့် ဝ အရေးကိစ္စကို ဦးစားပေးရင်လည်း အခြားလူမျိုးတွေအပေါ် အစိုးရက မညီမမျှ ပိုမိုပြုလုပ်သလို ဖြစ်မယ်လို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းက လက္ဘက်ခင်းများ (ဓာတ်ပုံ – ဧရာဝတီ)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ရဲ့ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက RCSS အနေနဲ့ ပြည်နယ်တခုလုံးကို ကိုယ်စားမပြုတာကြောင့် ရှမ်းပြည်နယ် ကိုယ်စားပြုအနေနဲ့ မပြောလိုတဲ့အပြင် ဝ အနေနဲ့ ပြည်နယ်တောင်းတဲ့ ကိစ္စမှာ မှတ်ချက်ပြုလိုခြင်း မရှိဘူးလို့ ပြောပါတယ်။

ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “နံပါတ် ၁ က ရှမ်းပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒကို ခံယူရမှာပါ။ နံပါတ်၂ က ပြည်ထောင်စု အစိုးရရဲ့ လွှတ်တော်မှာ ဆွေးနွေးညှိနှိုင်းသဘောထားတွေ ယူကြရမှာပါ။ ရှမ်းပါတီ၊ ရှမ်းအဖွဲ့အစည်းတွေ ကျန်တဲ့တိုင်းရင်းသားတွေကတော့ ကန့်ကွက် ဟန့်တားမယ့် ဆန္ဒ မရှိပါဘူး” လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်တွင်းက အင်အားကြီး နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ ပြည်နယ်ဆိုတဲ့ အမည်နာမ ရထားပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်း တူညီမျှရေးမှာ ဝ လောက် အခွင့်အရေး မရတဲ့ တိုင်းရင်းသားတွေ အရေးကလည်း တဖက်မှာ ရှိနေတယ်လို့ ပြောပါတယ်။

ဦးစိုင်းလိတ်က “တကယ်လို့ ဝ က တောင်းနေတဲ့ အတိုင်း ပြည်နယ်ပေးလိုက်တယ်ဆိုရင် အရင်ကတည်းက ပြည်နယ် ဆိုတဲ့ နာမ ဝိသေသနတွေ ရှိထားပြီးသားက ဝ လိုမျိုး ကိုယ်ပိုင်ခံစားခွင့်တွေ မရှိဘူး။ အဲဒီလိုဆိုရင် အစိုးရအနေနဲ့လည်း တော်တော် စဉ်းစားရ ကျပ်မှာပဲ။ ဘယ်ဥစ္စာကို အရင် ဖြေရှင်းမလဲဆိုတာ အစိုးရရဲ့ စဉ်းစားချက်ပေါ်မှာ မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။

“ဝ လူမျိုးမှ မဟုတ်ဘူး။ ဘယ်လူမျိုးမဆို တန်းတူရည်တူ ဆက်ဆံပြီး တန်းတူရည်တူ ဆွေးနွေး နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကွက်ကြား တွေ့ဆုံဆွေးနွေး၊ နည်းနည်း အတောင်းကြမ်းတဲ့ သူကိုပေးလိုက်၊ မတောင်းတတ်တဲ့လူကျ နို့မတိုက်ဘဲနေလိုက်ဆိုရင် ကျနော်တို့ ပြည်ထောင်စု ဝါး အစည်း ပြေသွားလိမ့်မယ် ထင်တယ်”

ရှမ်းပြည်နယ်ရဲ့ နယ်နိမိတ်ထဲကနေ ခွဲထွက်ပြီး ပြည်နယ်သစ် ထူထောင်ချင်နေတဲ့ ဝ ရဲ့ တောင်းဆိုချက်အပေါ် လက်ခံခြင်း ရှိ မရှိ သဘောထားကိုတော့ ဦးစိုင်းလိတ်က တစုံတရာ မှတ်ချက်မပြုပါဘူး။

ဗဟိုအစိုးရအနေနဲ့ အနာဂတ် ပြည်ထောင်စုအရေးအတွက် ဆွေးနွေးရာတွင် ဆွေးနွေးမှုပုံစံတခုကို အတည်ပြု ချမှတ်ပြီး ထိုပုံစံအတိုင်း လူမျိုးအားလုံးနှင့် ဆွေးနွေးစေလိုတဲ့အပြင် နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုတယ်လို့ ပြောပါတယ်။

ပွင့်လင်းမြင်သာမှ လူထုကလည်း တဖက်က တောင်းဆိုချက် များနေသလား၊ တဖက်က သိပ်တင်းကြပ်နေသလား ဆို တာတွေကို မြင်ရမှာ ဖြစ်တယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

ဆက်ပြီး ဦးစိုင်းလိတ်က “ဝ လူမျိုးမှ မဟုတ်ဘူး။ ဘယ်လူမျိုးမဆို တန်းတူရည်တူ ဆက်ဆံပြီး တန်းတူရည်တူ ဆွေးနွေး နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကွက်ကြား တွေ့ဆုံဆွေးနွေး၊ နည်းနည်း အတောင်းကြမ်းတဲ့ သူကိုပေးလိုက်၊ မတောင်းတတ်တဲ့လူကျ နို့မတိုက်ဘဲနေလိုက်ဆိုရင် ကျနော်တို့ ပြည်ထောင်စု ဝါး အစည်း ပြေသွားလိမ့်မယ် ထင်တယ်” လို့လည်း သုံးသပ်ပါတယ်။

ဝ ရဲ့ ပြည်နယ် တောင်းဆိုတဲ့အရေးက အနာဂတ်မှာ ဆွေးနွေးကြရမယ့် အကြောင်းအရာတခု အဖြစ် ရှိနေပါတယ်။

ပြည်ထောင်စုအတွင်း အနာဂတ်မှာ ဆွေးနွေးရမယ့်ကိစ္စ ဆိုပေမယ့် UWSA ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွန်ဆန် ပြီး ၎င်းတို့ ဒေသကို ဝ ပြည်နယ်လို့ ၎င်းတို့ဘာသာ သတ်မှတ်ထားပါတယ်။

ဝ ဒေသတွင်း ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသတွင်း ဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းထားတဲ့ အာဏာပိုင် အဖွဲ့တွေကိုလည်း ဝ ပြည်နယ် အစိုးရအဖွဲ့၊ ဝ ပြည်နယ် ရဲတပ်ဖွဲ့၊ ဝ ပြည်နယ် တရားစီရင်ရေးအဖွဲ့ စသဖြင့် ဒေသတွင်းသုံး ဆိုင်းဘုတ်တွေနဲ့ ရုံးစာတွေမှာပါ အသုံးပြုနေတာပါ။

ဗဟိုအစိုးရနဲ့ တပ်မတော်က တရားဝင် အသိအမှတ် မပြုသလို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း တရားဝင် ပြဋ္ဌာန်း အတည်ပြုထားတာ မဟုတ်တာကြောင့် ဝ ဒေသရဲ့ပြဿနာကတော့ လာမယ့် အစိုးရသစ် လက်ထက်မှာ စတင် ကိုင်တွယ်မယ် ဆိုရင်တောင် ဖြေရှင်းရခက်တဲ့ ပုစ္ဆာတပုဒ် ဖြစ်မှာ အသေအချာပါပဲ။

You may also like these stories:

ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်

‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

]]>
‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို https://burma.irrawaddy.com/news/2021/01/16/236518.html Sat, 16 Jan 2021 01:30:17 +0000 https://burma.irrawaddy.com/lytbox/?p=236518 တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် NLD နှင့် WNP ကိုယ်စားလှယ်များ  / NLD – Shan Stateအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးရန် ‘ဝ’ အမျိုးသားပါတီ (WNP) က တောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။ ]]> တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် NLD နှင့် WNP ကိုယ်စားလှယ်များ  / NLD – Shan State

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးရန် ‘ဝ’ အမျိုးသားပါတီ (WNP) က တောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

အမျိုးသားညီညွတ်ရေးဖွဲ့စည်းရေးအတွက် ဒေသခံတိုင်းရင်းသားပါတီများ၏ သဘောထားများကို လိုက်လံ စုဆောင်းနေသည့် NLD ၏ ကိုယ်စားလှယ်အဖွဲ့နှင့် WNP ပါတီခေါင်းဆောင်များ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်က တောင်ကြီးမြို့၌ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ထိုသို့ ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် WNP ၏ အထွေထွေအတွင်းရေးမှူး ဦးဆမ်ဆောင်ကားက “အခု NLD အစိုးရရဲ့ မူဝါဒထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်တဲ့အခါမှာ အရင်က ‘ဝ’ ကို ပြည်နယ် တခုအနေနဲ့ ပြန်လည် ပြင်ဆင်သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်။ ပြည်နယ်အသစ်တွေ တိုးချဲ့ပေးဖို့ ကိစ္စမှာ ပိတ်တာမဟုတ်ဘဲ ဖွင့်ပေးဖို့ တင်ပြတောင်းဆိုထားပါတယ်” ဟု ပြောသည်။

‘ဝ’ လူမျိုးများအနေဖြင့် ၎င်းတို့ကို ပြည်နယ်ပေးရေးမှာ ယခုမှ တောင်းဆိုခြင်း မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်၊ တပ်မတော်အစိုးရလက်ထက် ကျင်းပသည့် အမျိုးသားညီလာခံများတွင်လည်း တစိုက်မတ်မတ် တောင်းဆိုခဲ့သည်ဟု ဦးဆမ်ဆောင်ကားက ဆိုသည်။

ထို့ပြင် အစိုးရသစ်ကို NLD က ဖွဲ့စည်းရာ၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းများ၏ ဥက္ကဋ္ဌ များကို ရွေးချယ်ရာတွင် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွက် ဥက္ကဋ္ဌကို WNP ပါတီထဲမှ တဦးအား ရွေးချယ်ပေးရန် ပွင့်ပွင့်လင်းလင်း တောင်းဆို ခဲ့သည်ဟုလည်း ဦးဆမ်ဆောင်ကားက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (၁)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တို့အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ ဥက္ကဋ္ဌ တဦးကို ခန့်အပ်မည်ဆိုပါက သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံသို့ အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတက သက်ဆိုင်ရာပြည်နယ် ဝန်ကြီးချုပ်၏ အမည်စာရင်းတင်သွင်းလာသူကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း အတည်ပြုကြေငြာပိုင်ခွင့်ရှိသည်။

ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်စုစုပေါင်း ၄၇၆ ဦးရှိသည့် အနက် NLD က ၃၉၆ နေရာ အနိုင်ရရှိထားသဖြင့် အစိုးရသစ်ကို အပြည့်အဝ ပြန်လည်ဖွဲ့စည်းနိုင်ခွင့် ရရှိထားသည်။

ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီအတွင်း ခေါ်ယူကာ လွှတ်တော်မှ သမ္မတရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းကာ သမ္မတရွေးချယ်ပြီးနောက် အသစ်တတ်လာမည့် သမ္မတက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များကို ရွေးချယ်မည်ဖြစ်သည်။

ဦးဆမ်ဆောင်ကားက “ကျနော်တို့က ခေတ်အဆက်ဆက် ပစ်ပယ်ခံရတဲ့ ဒေသတွေဖြစ်လို့ ဖွံ့ဖြိုးရေး နောက်ကျတယ်။ ဒေသမှာ ၉၀ ရာနှုန်းက စာမတတ်ဘူး။ နောက်မသေသင့်သူတွေ သေနေတာရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးကို ကျနော်တို့ လုပ်ချင်တယ်။ ကျနော်တို့ ဒေသကို ကျနော်တို့ကိုယ်တိုင်လုပ်မှရမယ်။ ဒါ့ကြောင့် ကျနော်တို့ကို လုပ်ပိုင်ခွင့် အပ်နှင်းပေးဖို့ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။

တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် NLD နှင့် WNP ကိုယ်စားလှယ်များ (ဓာတ်ပုံ – NLD – Shan State)

WNP သည် ပြည်သူ့လွှတ်တော်တွင် ၁ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂ နေရာ အနိုင်ရရှိထားသည်။

NLD ၏ ကိုယ်စားလှယ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လည်း WNP က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးလိုကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဒေါက်တာအောင်မိုးညိုက “ဖက်ဒရယ်က အရင်လာလာ ဒီမိုကရေစီက အရင်လာလာ ငြင်းမနေပါဘူးတဲ့။ သူတို့ ပြောတဲ့ထဲမှာ ‘ဝ’ ပြည်နယ် သီးသန့်ပြည်နယ်ရဖို့ ဆိုတာ အခုမှ မဟုတ်ဘူး၊ အရင် ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းက ပြောခဲ့သလို အမျိုးသားညီလာခံမှာလည်း ပြောခဲ့ပါတယ်တဲ့ သီးခြား သီးသန့် အမှီအခိုကင်း လွတ်လပ်တဲ့ နိုင်ငံကို တောင်းဆိုတာ မဟုတ်ပါဘူးတဲ့ ပြည်နယ်အဆင့်ရဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်တဲ့” ဟု ပြောသည်။

‘ဝ’ ပါတီ အနေဖြင့် NLD နှင့် အဆက်အသွယ်မပြတ် ရှိလိုပြီး ပြည်ထောင်စု ကောင်းကျိုးအတွက် ဆောင်ရွက်မည့် မည်သည့်ကိစ္စမဆို ပူးပေါင်းပါမည်ဟု ပြောဆိုသည်ဟု ဆိုသည်။

WNP က NLD နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည့်အပြင် NLD ၏ ဦးဆောင်မှုအောက်တွင် ‘ဝ’ ပြည်သူလူထု ကလည်း ပါဝင်လိုကြောင်း၊ သို့သော် ‘ဝ’ လူမျိုး အများစုမှာ စာမတတ်မြောက်၍ ခက်ခဲနေကြောင်း၊ ‘ဝ’ တောင်ပိုင်း ဒေသတွင် ‘ဝ’ လူမျိုးများ မှတ်ပုံတင် မရသည့် ပြဿနာကို ဖြေရှင်းပေးစေလိုသည်ဟုလည်း ပြောဆိုကြောင်း သိရသည်။

ဒေါက်တာအောင်မိုးညိုက “နောက်ထပ် ထပ်ပြောတာကတော့ ‘ဝ’ လူမျိုးနဲ့ ‘ဝ’ ဒေသ အတွက် အကျိုး ရှိမယ်ဆိုရင် ဘယ်ကိစ္စမဆို ပူးပေါင်း ဆောင်ရွက်မယ်တဲ့။ နောက်တခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲမယ်ဆိုရင်လည်း ပြည်ထောင်စုထဲက ပြည်နယ်တခု အဖြစ် သတ်မှတ်ပေးစေချင်ပါတယ်တဲ့” ဟု ဆိုသည်။

WNP နှင့် ပြောဆိုဆွေးနွေးခဲ့သည်များကို ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ထံသို့ ပြန်တင်ပြမည်ဖြစ်သည်။

NLD ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့က တိုင်းရင်းသားပါတီများထံမှ ရယူထားသည့် သဘောထားများ၊ အကြံပြုချက်များ၊ တင်ပြချက်များကို အစိုးရ ဖွဲ့သည့်အခါတွင် ထည့်သွင်းစဉ်းစားခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

NLD ၏ ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့သို့ ဇန်နဝါရီ ၁၃ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် တအန်းအမျိုးသားပါတီ (TNP)၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ (LDP)၊ ‘ဝ’ အမျိုးသားပါတီ (WNP) တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တောင်ကြီးမြို့တွင် NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ပါတီအားလုံးက ရှေ့ဆက်လျှောက်မည့် နိုင်ငံရေး အခင်းအကျင်းတွင် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် NLD နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုထားကြသည်။

You may also like these stories:

အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး SNLD ဆွေးနွေး

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

]]>
တပ်မတော်က အဂတိ လိုက်စားကြောင်း သမ္မတထံစာပို့သည့် NLD အမတ် တရားစွဲခံရ https://burma.irrawaddy.com/news/2021/01/15/236510.html Fri, 15 Jan 2021 13:52:52 +0000 https://burma.irrawaddy.com/lytbox/?p=236510 တရားစွဲခံရသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် / Oo Choဖားကန့်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခဲ့သည့် တရားမဝင် စက်ယန္တရားများအကြောင်းလည်း ပါဝင် သည့်အပြင် ထိုယန္တရားများ ဖားကန့်မြို့နယ်တွင်းသို့ ဝင်ရောက်လာ သည်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တပ်မတော်၊ တပ်ဖွ့ဲဝင်များက အဂတိလိုက်စားမှုများကြောင့် ဖြစ်သည်]]> တရားစွဲခံရသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် / Oo Cho

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်က အဂတိ လိုက်စားမှုရှိဟု စာတစောင် ရေးသားကာ သမ္မတထံ တင်ပြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး သန်းထိုက်က ဇန်နဝါရီ ၈ ရက်တွင် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် ဖားကန့်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ကာ အမှုဖွင့်ထားခြင်းဖြစ်သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက “တပ်က အဂတိလိုက်စားပြီး ဝင်ရောက် လာတဲ့ ပုံစံမျိုးပြီးရင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကချင်က လုပ်လို့ ဝင်ရောက်လာတဲ့ ပုံစံ ရေးသားထားတယ်။ သူ့စာက စွပ်စွဲရေးသားထားတယ်။ ယာဉ်တွေကလည်း တပ်က ဖမ်းလိုက်တာတွေပဲ။ ဒါတွေ ဖမ်းလို့ရှိရင် ကျနော်တို့က ဖမ်းဆီးပြီး အပ်နှံတယ်။ ဒါတွေကို သိမ်းဆည်းဖို့ မသင့်ဘူးလို့ ရေးသားထားတာ ရှိတယ်။ အဓိကတော့ တပ်က ဖမ်းတဲ့ ယာဉ်ယန္တရားတွေက တပ်ခွင့်ပြုချက်နဲ့ တင်သွင်းလာသလို ရေးသားထားတာ ရှိပါတယ်။ ဒီလိုရေးသားထားလို့ ကျနော် တို့က တရားစွဲဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်မတော်မှ တရားစွဲဆိုထားသည့် ဦးခင်မောင်မြင့်သည့် လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် အပြင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော်နေရာတွင် ထပ်မံ အနိုင်ရရှိထားသူ ဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာအတွင်းက တပ်မတော်သည် ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တို့တွင် တရားမဝင် ရွှေမှော်များကို ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့ပြီး စက်ယန္တရားများကိုလည်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စုနှင့် ဆယ်ဇင်းကျေးရွာအုပ်စု အနီးရှိ တရား မဝင် ရွှေမှော်များ၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ မတရားမဝင် ရွှေတူးဖော်မှုများကို ဝင်ဖမ်းဆီးရာ ဘတ်ဟိုး ၅၃ စီး၊ မြေ သယ်ယာဉ် ၁၀ စီး၊ ဆီသယ်ယာဉ်၂ စီး စသည့် စက်ယန္တရားကြီးများကို ဖမ်းမိခဲ့သည်။

ထိုအကြောင်းအရာများ ပါဝင်သည့် အစီရင်ခံစာတစောင်ကို၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ဦးခင်မောင်မြင့်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံသို့ တင်ပြခဲ့သည်ဟု သိရသည်။

ဦးခင်မောင်မြင့် တင်ပြခဲ့သည့်ထဲတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာအတွင်း ဖားကန့်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခဲ့သည့် တရားမဝင် စက်ယန္တရားများအကြောင်းလည်း ပါဝင်သည့်အပြင် ထိုယန္တရားများ ဖားကန့်မြို့နယ်တွင်းသို့ ဝင်ရောက်လာ သည်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တပ်မတော်၊ တပ်ဖွ့ဲဝင်များက အဂတိလိုက်စားမှုများကြောင့် ဖြစ်သည်ဟု ရေး သားထားမှုများ ပါဝင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

တရားစွဲဆိုခံထားရသည့် ဦးခင်မောင်မြင့်ကို ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဦးခင်မောင်မြင့်မှ သမ္မတထံ တင်သည့် စာတွင် ရေးသား ထားသည့် စကားလုံး အသုံးအနှုန်းအပေါ် တရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု ပြောသည်။

ဦးတင့်စိုးက “အမှန်တိုင်း ပြောရရင်တော့ မှန်ရင်းနဲ့မှားတယ်ပေါ့ဗျာ။ ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

တပ်မတော်က ဝင်ရောက်ဖမ်းဆီးမှု မပြုခင်၂၀၁၇ ခုနှစ်၊ မေလကတည်းက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက ကွင်းဆင်း စစ်ဆေးခြင်းများပြုလုပ်ရာ စုစုပေါင်း စက်ယန္တရားမျိုးစုံ တသောင်းကျော်ရှိသည့် အနက် ၄၀၀၀ ကျော်မှာ တရားမဝင် ယာဉ်များ ဖြစ်သည်ဟု တွေ့ရှိထားသည်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများတွင် အသုံးပြုသည့် ယန္တရားကြီး အုပ်စုတွင် ပါဝင် သည့် စက်ယန္တရားကြီးများ ဖြစ်သည်။

ဖားကန့်မြို့နယ်သည် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများ ရှိသည့် ဒေသဖြစ်သည့်အလျောက် ဒေသတွင်း ဝင်ထွက်သည့် နေရာများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း စစ်ဆေးသည့် ဂိတ်များ ရှိသည်။

ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့များအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း လှုပ်ရှား သည်။

You may also like these stories:

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

ဖားကန့်မြေပြိုမှု ကချင်လုံ/နယ် ဝန်ကြီးနှင့် လုံခြုံရေး တပ်မှူးကို တပ်မတော် အရေးယူ

ဖားကန့်တွင် လာဘ်ငွေယူခဲ့ခြင်း မရှိဟု အမျိုးသား လွှတ်တော် ကော်မတီ ပြန်ရှင်း

ဖားကန့်တွင် လာဘ်စားမှုဖြင့် တပ်မတော် အရာရှိကြီးများ တာဝန်မှ ရပ်ဆိုင်း

]]>
အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး SNLD ဆွေးနွေး https://burma.irrawaddy.com/news/2021/01/15/236473.html Fri, 15 Jan 2021 09:08:16 +0000 https://burma.irrawaddy.com/lytbox/?p=236473 ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် SNLD နှင့် NLD ကိုယ်စားလှယ်များ / Shan-NLDအစိုးရသစ်ဖွဲ့စည်းရာ၌ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သည့် နေရာများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အသိပညာရှင်၊ အတတ်ပညာရှင်များကို နေရာပေး စေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။]]> ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် SNLD နှင့် NLD ကိုယ်စားလှယ်များ / Shan-NLD

အစိုးရသစ်ဖွဲ့စည်းရာ၌ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သည့် နေရာများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အသိပညာရှင်၊ အတတ်ပညာရှင်များကို နေရာပေး စေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

NLD သည် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် ဟူသည့် ခေါင်းစဉ်ဖြင့် ပြည်နယ်များရှိ ဒေသခံ တိုင်းရင်းသား ပါတီများကို လိုက်လံတွေ့ဆုံနေရာ ယနေ့မနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ SNLD ၏ ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

NLD ဘက်မှ ကိုယ်စားလှယ်တဦးဖြစ်သည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လုပ်ပိုင်ခွင့် ရှိမှ လုပ်လို့ ရမှာ လုပ်ပိုင်ခွင့်ရှိတဲ့ သြဇာအာဏာရှိမှ လုပ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုမှာပဲ ဖြစ်ဖြစ် ပြည်နယ်မှာပဲ ဖြစ်ဖြစ် ပြည်နယ်ဆိုတာက ပြည်နယ်အစိုးရတို့ ပြည်နယ် လွှတ်တော်တို့ပေါ့။ အဲ့တာမှလည်း သူတို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသိပညာရှင်၊ အတတ်ပညာရှင် တွေကို နေရာပေးစေချင်ပါတယ်တဲ့” ဟု ပြောသည်။

ဒေါက်တာအောင်မိုးညိုက တောင်ကြီးခရီးစဉ်အတွင်း တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့သည့် အကြောင်းကို သတင်းရှင်းလင်းပွဲပြုလုပ်ပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

ယနေ့ အစည်းအဝေးတွင် NLD ဘက်မှ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြစ်ကြီးနား မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့ ပါဝင်တတ်ရောက်ခဲ့သည်။

SNLD ဘက်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်၊ တွဲဖက်အတွင်းရေးမှူး (၂) ဦး စိုင်းဆမ်ဖွဏ်ဆိုင်တို့ တက်ရောက်ကြသည်။

SNLD က ၎င်းတို့သည် ၁၉၉၀ ခုနှစ်ကတည်းက ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ပြီး ယခုအခါလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် နေရာအများအပြား အနိုင်ရထားသည့် ပါတီကြီး တခုဖြစ်သဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရာ၌ အစိုးရတာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် တာဝန်ယူရသည်ဖြစ်စေ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သည့် နေရာကို ပေးရန် ပြောဆိုခြင်း ဖြစ်သည်ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

NLD အနေဖြင့် အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်များ လုပ်ရာတွင် တိုင်းရင်းသားအင်အားစုအားလုံးနှင့် လက်တွဲပူးပေါင်း ပါက အောင်မြင်လိမ့်မည်ဟုလည်း SNLD က အစည်းအဝေးတွင် ပြောကြောင်း ဒေါက်တာအောင်မိုးညိုက ဆိုသည်။

ဒေါက်တာအောင်မိုးညိုက “သူတို့ ခံစားရတာ လက်ရှိ အာဏာရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တပ်မတော်ကို အချိန်ပိုပေးရတဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားထဲမှာ ထိတွေ့ဆက်ဆံမှုက နည်းနည်း နည်းသွားတယ်လို့ ထင်ပါတယ်တဲ့။ သူတို့ခံစားချက် သူတို့ ပြောတာပေါ့။ ဒါ့ကြောင့် ပြန်လည်သင့်မြတ်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းရင်းသားတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးတာကို ဆောင်ရွက်ပေးစေချင်ပါတယ်တဲ့” ဟုလည်း ဆိုသည်။

SNLD သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ကိုယ်စားလှယ် ၁၅ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၂၇ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

SNLD ၏ ကိုယ်စားလှယ် တဦးဖြစ်သည့် တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်က “ယေဘုယျ ဆန်ဆန် ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်တော့ ဒီတိုင်းတော့ ပူးပေါင်း ဆောင်ရွက်လို့ ရမှာ မဟုတ်ဘူး။ တာဝန်တချို့ကို ခွဲဝေပေးတာတို့ဆိုရင် ဒါမှလည်း ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေမှာ ဖြစ်ပါတယ်။ ပိုပြီးတော့ အလုပ်လုပ်တဲ့ အချိန်မှာ အင်နဲ့အားနဲ့ လုပ်နိုင်တဲ့ တာဝန်တွေပေးမှရပါမယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ်တွင် NLD က ပူးပေါင်းရန် ကမ်းလှမ်းခဲ့သော်လည်း SNLD က ပါတီတည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင် နေရသဖြင့် NLD ကို မကူနိုင်ခဲ့ပါဟုလည်း ဦးစိုင်းကျော်ညွှန့်က ဆိုသည်။

ဦးစိုင်းကျော်ညွှန့်က “ဒီတခေါက်ကတော့ သူတို့လိုအပ်လာမယ်ဆိုရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်”ဟု လည်း ပြောသည်။

NLD အနေဖြင့် အစိုးရတာဝန်ကို ယူ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ပြိုင်တူ အကောင် အထည်ဖော်ရန်လည်း SNLD ဘက်မှ ပြောဆိုခဲ့သည်ဟု သိရသည်။

NLD နှင့် SNLD သည် ၁၉၉၀ ခုနှစ်ကတည်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ပြိုင်တူ အကောင်အထည် ဖော်ရန်၊ ဒီမိုကရေစီကို ဦးစွာ တည်ဆောက်ပြီး ဖက်ဒရယ်ကို နောက်ချန်ခဲ့ခြင်း မပြုရန် သဘောတူထားသည်ကိုလည်း SNLD ဘက်မှ ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် အစိုးရသစ်ဖွဲ့စည်းရာတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများအပြင် တိုင်းရင်သားများနှင့် NLD ကြား ယုံကြည်မှုပြန်လည် တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား အင်အားစုများတွင် နိုင်ငံရေးပါတီများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား အခွင့်အရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း NLD ကို တွေ့ဆုံဆွေးနွေးရန် အကြံပြုပြီး လိုအပ်ပါက SNLD က ကူညီပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

SNLD ဘက်မှ ပြောဆိုဆွေးနွေးသည့် အချက်များကို ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ ပြန်လည် တင်ပြမည်ဖြစ်သည်။

ဖေဖော်ဝါရီအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ခေါ်တော့မည်ဖြစ်ကာ ထိုအစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၀ အရ သမ္မတရွေးချယ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းမည်ဖြစ်သည်။

သမ္မတရွေးချယ်ရေးကော်မတီမှ သမ္မတနှင့် ဒုသမ္မတများကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်က တဆင့် တင်မြှောက် ပြီးပါက အစိုးရဖွဲ့စည်းရေးများကို စတင်တော့မည်ဖြစ်သည်။

ထိုအစီအစဉ်များ မစတင်ခင် NLD က အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ရန်နှင့် တိုင်းရင်းသားပါတီများ၏ သဘောထား ကောက်ခံရန် လိုက်လံတွေ့ဆုံမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

NLD နှင့် SNLD သည် ၁၉၉၀ ခုနှစ်ကတည်းက မဟာမိတ်အဖြစ် လက်တွဲလာသည့် နိုင်ငံရေးပါတီများ ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲပြီးသည့် ကာလ ကလည်း သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် NLD သည်အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်ရာ၌ SNLD ၏ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကို ဒုသမ္မတ အဖြစ် တာဝန်ယူပေးရန် ကမ်းလှမ်း ခဲ့ဖူးသည်။

You may also like these stories:

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

NLD နှင့် SNLD ပါတီတို့ တောင်ကြီးမြို့တွင် တွေ့ဆုံရန်သဘောတူ

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

]]>
NLD နှင့် SNLD ပါတီတို့ တောင်ကြီးမြို့တွင် တွေ့ဆုံရန်သဘောတူ https://burma.irrawaddy.com/news/2021/01/14/236444.html Thu, 14 Jan 2021 13:42:30 +0000 https://burma.irrawaddy.com/lytbox/?p=236444 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလံအမျိုးသား ညီညွတ်ရေး အစိုးရ” ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုက စေလွှတ်ထားသည့် ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ တောင်ကြီးမြို့ NLD ရုံးတွင် ဇန်နဝါရီ ၁၅ ရက်နေ့မနက် တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ]]> ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလံ

“အမျိုးသား ညီညွတ်ရေး အစိုးရ” ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုက စေလွှတ်ထားသည့် ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ တောင်ကြီးမြို့ NLD ရုံးတွင် ဇန်နဝါရီ ၁၅ ရက်နေ့မနက် တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲကို NLD ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ တက်မည်ဖြစ်သည်။

SNLD ပါတီကတော့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးစိုင်းဆမ်တို့ တတ်ရောက်မည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် လာမည့် အစိုးရသက်တမ်းအတွင်း အကောင်အထည်ဖော်မည့် အခင်းအကျင်းများအတွက် နို်င်ငံရေးသဘောတူညီမှု တခုရရန် ဆွေးနွေးမည်ဟု SNLD ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။

ဦးစိုင်းလိတ်က “အဓိက ကတော့ နိုင်ငံရေးဆိုင်ရာကိစ္စမှာ NLD နဲ့ SNLD ကြား ဘုံသဘောတူညီချက်လိုမျိုး နှစ်ဖက် လက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ပေါ်ပေါက်ဖို့အတွက် ဦးတည်ပြီး ဆွေးနွေးမှာပါ။ အစိုးရဖွဲ့ရေးဆိုတာ မဟုတ်ဘူး။ နိုင်ငံရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ပါ။ ငြိမ်းချမ်းရေးကိစ္စ၊ ဒီမိုကရေစီ ဖက်ဒရယ်ကိစ္စပဲ ဖြစ်ဖြစ် ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်ဆိုတာ မထားပဲ တစိုက်မတ်မတ် လုပ်မယ်၊ မဖြစ်မနေလုပ်မယ်ဆိုတဲ့ ကိစ္စတွေပေါ့နော်” ဟု ပြောသည်။

နိုင်ငံရေးသဘောတူညီမှု တစုံတရာ မချမှတ်နိုင်ပဲ အခြားကိစ္စရပ်များကို အဆင်ပြေပြေ ဆွေးနွေးနိုင်မည် မဟုတ်ဟု လည်း ဦးစိုင်းလိတ်က ပြောသည်။ SNLD ဆွေးနွေးလိုသည့် နိုင်ငံရေးသဘောတူညီမှုမှာ အမျိုးသားညီညွတ်ရေးကို ဦးတည်သည့် အကြောင်းအရာများ ဖြစ်သည်ဟု ဦးစိုင်းလိတ်က ဆိုသည်။

NLD ၏ ကိုယ်စားလှယ် ၃ ဦးသည် ဇန်နဝါရီ ၁၃ ရက်ကတည်းက တောင်ကြီးမြို့သို့ရောက်ရှိနေပြီး တအန်းအမျိုးသားပါတီ (TNP)၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးကာ ဇန်နဝါရီ ၁၄ ရက်တွင် ကယန်းအမျိုးသားပါတီ (KNP) နှင့်လည်း ဆွေးနွေးထားသည်။

NLD ၏ ခရီးစဉ်နှင့် ပတ်သတ်၍ ဒေါက်တာအောင်မိုးညိုက ပြည်ထောင်စုလွှတ်တော် မခေါ်မီ အချိန်ကာလအတွင်း ပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီများနှင့် လိုက်လံတွေ့ဆုံကာ တိုင်းရင်းသားပါတီများ၏ သဘောထား၊ အစိုးရသစ် ဖွဲ့စည်းမည့်အပေါ် တင်ပြလိုသည့် ကိစ္စရပ်များကို လိုက်လံစုစည်းခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

NLD ၏ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွှန့်ကလည်း “ရည်ရွယ်ချက် ၂ ခုရှိပါတယ်။ ပထမအချက်က အရေးအကြီး ဆုံးက ပြည်ထောင်စုသစ်အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့သဘောထားကို ယူမှာပါ။ ဒါက ရေရှည်အတွက် ပိုလည်း အရေးကြီးပါတယ်။ နောက်တခုက တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က မကြာခင် ဖွဲ့စည်းတော့မယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ သူတို့ ပါဝင်ချင်တဲ့ ဆန္ဒလည်း ရှိကောင်းရှိမှာပေါ့။ ရှိတယ်ဆိုလည်း သူတို့ ရဲ့ တင်ပြချက်ကို ကျနော်တို့က လက်ခံရယူပြီးတော့ လွှတ်တော်နဲ့အစိုးရဖွဲ့တဲ့အခါ ထည့်သွင်းစဉ်းစားစရာတခုအဖြစ် ကျနော်တို့ ရယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

NLD သည် ပြည်နယ်များသို့သွားကာ ဒေသခံတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသည့် ခရီးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်ခဲ့သည်။ ဇန်နဝါရီ ၂ ရက်တွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ဒေသခံ အနိုင်ရ ကချင်ပါတီများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့သည်။

ဇန်နဝါရီ ၄ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မွန်ညီညွတ်ရေးပါတီ (MUP) နှင့်တွေ့ဆုံရန် သွားသော်လည်း NLD ရုံးတွင် အစည်းအဝေးပြုလုပ်ရန် ချိန်းဆိုသဖြင့် MUP ကိုယ်စားလှယ်များ ရောက်မလာသဖြင့် ဆွေးနွေးမှုပျက်ခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် တွေ့ရန် ချိန်းဆိုရာ KySDP က ပါတီရုံးမဟုတ်သည့် နေရာတွင် တွေ့လိုသော်လည်း NLD က ၎င်းတို့ ရုံးတွင်သာ ချိန်းဆို သဖြင့် အစည်းအဝေး အထမမြောက်ခဲ့ပါ။

SNLD နှင့် NLD တို့ တွေ့ဆုံမည့် အစည်းအဝေးတွင်လည်း ထိုအကြောင်းအရာများကို ထည့်သွင်း ပြောမည်ဖြစ်ပြီး တိုင်းရင်းသားများနှင့် ရှေ့လျှောက် နိုင်ငံရေးအခင်းအကျင်းများတွင် မည်သို့ မည်ပုံ လက်တွဲမည်ကိုလည်း ဆွေးနွေး မည်ဟု သိရသည်။

SNLD နှင့် NLD ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့တွင် တကြိမ်၊ ဇန်နဝါရီ ၁၄ ရက်က တောင်ကြီးမြို့တွင် တကြိမ် ကြိုတင် တွေ့ဆုံမှုများ ပြုလုပ်ထားသည်။

ဇန်နဝါရီ ၇ ရက်က NLD ၏ အဆင့်မြင့်ကိုယ်စားလှယ်က SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်တို့ကို လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်တွင် SNLD ဒုဥက္ကဋ္ဌ ဦးစိုင်းခမ်းပိုင်ဖ နှင့် တောင်ကြီးသို့ ရောက်ရှိနေသည့် NLD ကိုယ်စားလှယ် ၃ ဦးတို့က တွေ့ဆုံထားကြသည်။

NLD သည် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အစိုးရဖွဲ့စည်းရန် ပြင်ဆင်ချိန်ကလည်း SNLD ပါတီ၏ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံကာ ဒုတိယသမ္မတ တာဝန်ယူပေးရန် ကမ်းလှမ်းမှု၊ ညှိနှိုင်းမှုများရှိခဲ့သည်။

ထိုစဉ်က အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး မပြေလည်ခြင်းများကြောင့် ညှိနှိုင်းမှုများ ပျက်ပြယ်ပြီး SNLD သည်လည်း ပြည်ထောင်စု အစိုးရအဖွဲ့တွင် ပါဝင်ခြင်း မရှိခဲ့ပါ။

]]>
ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို https://burma.irrawaddy.com/news/2021/01/14/236411.html Thu, 14 Jan 2021 08:24:55 +0000 https://burma.irrawaddy.com/lytbox/?p=236411 တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်နယ်ရုံးတွင် TNP ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။  / National League for Democracy - Shan State၎င်းတို့ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်များ စတင် ရွေးချယ်စဉ်ကတည်းက အရည်အချင်း ပြည့်မီသည့် သူများကိုသာ ရွေးချယ်ထားသဖြင့် အစိုးရအဖွဲ့တွင် ပါဝင်တာဝန်ထမ်းဆောင်ရမည် ဆိုပါကလည်း လုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိ ]]> တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်နယ်ရုံးတွင် TNP ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။  / National League for Democracy - Shan State

အစိုးရသစ် ဖွဲ့စည်းရာ၌ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရအဖွဲ့တို့တွင် နေရာပေးရန် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ပလောင် (တအန်း) အမျိုးသားပါတီ (TNP) တို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောဆိုခဲ့သည်ဟု သတင်း ရရှိသည်။

NLD က အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းရင်းသားပါတီများကို ပြည်နယ်များ၌ လိုက်လံ တွေ့ ဆုံနေရာ ဇန်နဝါရီ ၁၃ ရက်က PNO နှင့်TNP ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

တိုင်းရင်းသား ပါတီများကို လိုက်လံတွေ့ဆုံရာတွင် ကိုယ်စားလှယ်တဦး ဖြစ်သည့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက “တိုင်းရင်းသားပါတီ ညီအစ်ကိုတွေ တောင်းဆိုတဲ့အထဲမှာ သူတို့ကို ပြည်နယ်အဆင့် လွှတ် တော်၊ ပြည်နယ်အဆင့် အစိုးရမှာသာမက ပြည်ထောင်စုအဆင့်မှာပါ နေရာပေးစေချင်တယ်” ဟု ပြောသည်။

ဒေါက်တာ အောင်မိုးညိုက PNO နှင့် TNP ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအပြီးတွင် သတင်းမီဒီယာများကို ပြော ဆိုခြင်း ဖြစ်သည်။

ပအို့ဝ်အမျိုးသားတဦး ဖြစ်သည့် ဦးထွန်းရင်လောသည် ၁၉၈၈ ခုနှစ် မတိုင်ခင်က ပြည်ထောင်စုအဆင့်၊ နိုင်ငံတော် ကောင် စီဝင်တဦးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် ပအို့ဝ်လူမျိုးများ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် နေရာမရတော့သဖြင့် ယခုအခါ အစိုးရသစ် ဖွဲ့စည်းရာတွင် ပြည်ထောင်စုအဆင့်၌ ထည့်သွင်း စဉ်းစားပေးစေချင်ကြောင်း PNO ပါတီက ပြောဆိုသည်ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

NLD ကိုယ်စားလှယ်များကလည်း PNO ဘက်မှ ပြောဆိုချက်များကို ပြန်တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

PNO သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်အတွက် ၄ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၇ နေရာ အနိုင်ရရှိထားသည်။

ထို့ပြင် TNP ကလည်း ပြည်နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် ဖွဲ့စည်းရာတွင် NLD ပါတီဝင်များထက် ဒေသခံ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များကို နေရာပေးသင့်ကြောင်း ပြောဆိုသည် ဟု ဒေါက်တာ အောင်မိုးညိုက ဆိုသည်။

ဒေါက်တာ အောင်မိုးညိုက “မဖြစ်မနေ နေရာပေးပါလို့ By force တောင်းဆိုတာ မရှိဘူး။ ကျနာ်တို့ကလည်း သူတို့ကို ဒါ မတောင်းဆိုနဲ့၊ ဒါပဲ တောင်း ဆိုသင့်တယ်၊ ဒါ မဆွေးနွေးနဲ့၊ ဒါပဲ ဆွေးနွေးသင့်တယ်လို့ ကန့်သတ်ထားတာလည်း မရှိဘူး။ လာတာကိုက တိုင်းရင်းသား ညီအစ်ကိုပါတီတွေကို သူတို့ ဘာပြောချင်တုန်း၊ သူတို့ ဘာခံစားရတုန်း၊ သူတို့ ဘာတွေ ဆန္ဒရှိတုန်း အဲဒါတွေကို ကျနော်တို့ မှတ်မယ်၊ ပြီးရင် ဗဟိုအလုပ်မှုဆောင်ကို ပြန်တင်ပြမယ်” ဟု ဆိုသည်။

NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေး သာမကဘဲ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကိုပါ ကောင်းမွန် အောင် လုပ်ဆောင်ပေးရန်၊ တိုင်းရင်းသားများ အနေဖြင့် ပြည်နယ်တွင် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များနှင့် အတူ ယှဉ်တွဲနေထိုင်ရသဖြင့် အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကောင်းမွန်မှ ပြည်ထောင်စု အေးချမ်းမည် ဟုလည်း ပြောဆိုသည်ဟု သိရသည်။

TNP ဥက္ကဋ္ဌ ဦးအိုက်မုန်းက ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ဒေသခံ တိုင်းရင်းသားပါတီများကို ထည့်သွင်းစဉ်းစားပေးရန် ပြောဆိုဖြစ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဟုတ်မှန်ကြောင်း ဧရာဝတီသို့ အတည်ပြုသည်။

ဦးအိုက်မုန်း က “လာမယ့် အစိုးရသစ်မှာ သူတို့ ကမ်းလှမ်းထားတဲ့အတိုင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးမှာ တိုင်းရင်း သားပါတီတွေ ပါဝင်ပေးဖို့ ဆိုတာလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။ ဘယ်လို ကဏ္ဍမျိုး၊ ဘယ်လို နေရာမျိုး ပါဝင်ရမလဲ ဆိုတာလည်း သိချင်ပါတယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်” ဟု ဆိုသည်။

တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်နယ်ရုံးတွင် PNO ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ – National League for Democracy – Shan State)

၎င်းတို့ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်များ စတင် ရွေးချယ်စဉ်ကတည်းက အရည်အချင်း ပြည့်မီသည့် သူများကိုသာ ရွေးချယ်ထားသဖြင့် အစိုးရအဖွဲ့တွင် ပါဝင် တာဝန်ထမ်းဆောင်ရမည် ဆိုပါကလည်း လုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိပါသည် ဟုလည်း ဦးအိုက်မုန်းက ပြောသည်။

TNP သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်အတွက် ၅ နေရာ၊ ပြည်နယ်လွှတ်တော် အတွက် ၇ နေရာ အနိုင်ရရှိထားသည်။

ဇန်နဝါရီ ၁၃ ရက်က တောင်ကြီးမြို့ရှိ NLD ရုံးတွင်သာ အစည်းအဝေးများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး TNP နှင့် PNO တို့ကို NLD က တပါတီချင်းစီ သီးခြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

TNP ဘက်မှ ဒု ဥက္ကဋ္ဌ ဦးညီစိန်နှင့် အထွေထွေ အတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်၊ PNO ဘက် ပါတီ၏ ဥက္ကဋ္ဌ ဦးခွန်စံလွင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးခွန်သိန်းဖေတို့ တက်ရောက်ခဲ့သည်။

NLD ဘက်မှ တိုင်းရင်းသားပါတီများကို လိုက်လံတွေ့ဆုံရန် တာဝန်ပေးခံထားရသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအင်ထုံးခါးနော်ဆန် အပြင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်တို့ ပါဝင် တွေ့ဆုံခဲ့သည်။

NLD သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် အစီအ စဉ် ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် စတင်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များ ထွက်လာရာ NLD သည် အစိုးရသစ် ပြန်ဖွဲ့စည်းနိုင်သည့် ပမာဏထက် ကျော်လွန်ပြီး အနိုင်ရ ရှိခဲ့သည်။

သို့သော် တိုင်းရင်းသား ပါတီများကို အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် ပူးပေါင်းကြရန် NLD ဗဟိုက ဖိတ်ခေါ်စာ ပို့ပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦး ဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာ အောင်မိုးညိုနှင့် ဦးအင်ထုံး ခါးနော်ဆန် တို့ကို တာဝန်ပေးကာ ပြည်နယ်များတွင် အနိုင်ရ တိုင်းရင်းသားပါတီများ၊ ကိုယ်စားလှယ်များကို လိုက်လံ တွေ့ ဆုံခိုင်းထားသည်။

၎င်းတို့ ၃ ဦးသည် ဇန်နဝါရီ ၂ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ကာ အနိုင်ရ ကချင်ပါတီများ၊ ကိုယ် စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ဇန်နဝါရီ ၄ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌  မွန်ညီညွတ်ရေးပါတီ နှင့် တွေ့ဆုံရန် သွားသော်လည်း NLD ရုံးသို့ လာမတွေ့လိုသည် ဟုဆိုကာ မွန်ညီညွတ်ရေးပါတီ ဘက်က ရောက်မလာသဖြင့် အစည်းအဝေးပျက်ခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်တွင်လည်း ကယားပြည်နယ် လွိုင်ကော်မြို့၌ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် တွေ့ ဆုံရန် NLD ကိုယ်စားလှယ် ၃ ဦး ရောက်လာသော်လည်း မွန်ကဲ့သို့ပင် နေရာညှိနှိုင်း မရသဖြင့် အစည်းအဝေး ပျက်ခဲ့ သည်။

မွန်ညီညွတ်ရေးပါတီ နှင့် KySDP သည် နှစ်ဖက် ပါတီရုံးများ၌ မဟုတ်ဘဲ တတိယနေရာတခုတွင် တွေ့လိုကြောင်း ပြောဆိုခဲ့ကြပြီး NLD ၏ ကိုယ်စားလှယ် ၃ ဦးက ၎င်းတို့ ဗဟိုက NLD ပြည်နယ်ရုံးများတွင်သာ အစည်းအဝေးပြုလုပ်ရန် ညွှန်ကြားထားသဖြင့် ရုံး တွင်သာ ချိန်းဆိုရခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

You may also like these stories:

ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်

NLD နှင့် KySDP တို့ နေရာညှိမရ၍ ဆွေးနွေးပွဲပျက်

]]>