အမောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/amaung Covering Burma and Southeast Asia Fri, 14 Aug 2026 01:23:17 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အမောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/amaung 32 32 WFP ကူညီမှုတွေ ဝ ဒေသမှာ ရပ်တန့်လိုက်ပြီ https://burma.irrawaddy.com/article/2026/08/07/415328.html Fri, 07 Aug 2026 03:02:35 +0000 https://burma.irrawaddy.com/?p=415328 WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဝနယ်ပြည်သူတွေကို နှစ်ပေါင်းများစွာ ကူညီခဲ့တဲ့ အစီအစဉ်တခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ရပ်တန့်လိုက်ရပါတယ်။ ]]>

WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဝနယ်ပြည်သူတွေကို နှစ်ပေါင်းများစွာ ကူညီခဲ့တဲ့ အစီအစဉ်တခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ရပ်တန့်လိုက်ရပြီလို့ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။

မြန်မာပြည်အခြေစိုက် WFP အနေနဲ့ ဝနယ်ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပေးနေခဲ့တာ နှစ်ပေါင်း ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ WFP ရဲ့ ဝနယ်ကူညီမှုအစီအစဉ်တွေကို ၂၀၀၄ ခုနှစ် မေလမှာ စတင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ UWSA နဲ့ စစ်အစိုးရ အပစ်ရပ်ပြီးနောက် ဝနယ်က အစောဆုံးရခဲ့တဲ့ နိုင်ငံတကာအကူအညီ ဖြစ်ပါတယ်။

WFP ရဲ့ အဓိကအကူအညီက စားနပ်ရိက္ခာဖူလုံရေးခေါင်းစဉ်နဲ့ စာသင်ကျောင်းတွေကို အခြေပြုပြီး ကျောင်းတက်ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဆန်နဲ့ ရိက္ခာဝေပေးတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က စလို့ ၂၀၁၇ အထိ နမ့်တစ်မြို့နယ်ကလွဲလို့ ကျန် ဝနယ် မြို့နယ်အားလုံးမှာရှိတဲ့ စာသင်ကျောင်းပေါင်း ၃၀၀ ကျော်က ကလေး ၃၀,၀၀၀ ကျော်ကို ဦးတည်ပြီး ဆန်နဲ့ ရိက္ခာဝေငှပေးတဲ့ ကူညီမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ထို့ပြင် လယ်သစ်ဖော်တာ၊ ရေမြောင်းဖောက်လုပ်တာ၊ ကျောင်းသစ်ဆောက်လုပ်တာ၊ ရေသွယ်တန်းတာ စတဲ့ စီမံကိန်းငယ်များစွာကိုလည်း ဘတ်ဂျက်ချပေးပြီး နှစ်စဉ် ကူညီမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

၂၀၀၉/၂၀၁၀ ခုနှစ် မြန်မာစစ်တပ်နဲ့ UWSA ကြား တင်းမာမှုတွေ ရှိခဲ့စဉ်ကပင် WFP ရဲ့ ကူညီမှုအစီအစဉ်တွေကို မြန်မာစစ်တပ်က ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာ မရှိပါဘူး။ သို့သော် ၂၀၁၇ ခုနှစ်ခန့်ကစပြီး WFP ရဲ့ ကူညီမှုလုပ်ငန်းတွေကို မြန်မာစစ်တပ်က စတင်ကန့်သတ်လာခဲ့ပါတယ်။

၂၀၁၅/၂၀၁၆ ခုနှစ် UWSA က NCA လက်မှတ်ရေးထိုးဖို့ ငြင်းပယ်ခဲ့ပြီးနောက် မြန်မာစစ်တပ်နဲ့ UWSA ကြား တင်းမာမှုတွေ စတင်ခဲ့ပြီး မြန်မာစစ်တပ်က UWSA ထိန်းချုပ်ရာ ဝနယ်ဆီ WFP ရဲ့ ကူညီပေးမှုတွေကို စတင်ကန့်သတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး WFP ဟာ ဝနယ်ဆီ ပို့ဆောင်မယ့် ဆန်၊ ဆီ၊ ဆား စတဲ့ ရိက္ခာတွေကို လားရှိုးနဲ့ ပြည်မကနေ ဝယ်ယူပြီး ဝနယ် ပန်ဆန်းဆီ ပေးပို့ခဲ့ရတာပါ။ ဒီလိုပေးပို့မှုနဲ့ ပတ်သက်ပြီး WFP ကို မြန်မာအစိုးရ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ရိက္ခာများ သယ်ယူပို့ဆောင်ခွင့်ပြုချက် ထုတ်ပေးခဲ့တာပါ။ ၂၀၁၇ ကစပြီး ဝန်ကြီးဌာနက ထိုခွင့်ပြုချက် ထုတ်ပေးတာကို ရပ်ဆိုင်းခဲ့ပြီး WFP ရဲ့ ဝနယ်ကူညီမှုကို တားမြစ်တာ မရှိပေမဲ့ လားရှိုးကနေ ဝနယ်သို့ ရိက္ခာများ သယ်ယူပို့ဆောင်တာကို မြန်မာစစ်တပ်က တားမြစ်ခဲ့ပါတယ်။

WFP အဖို့ လိုအပ်တဲ့ ရိက္ခာတွေဝယ်ဖို့ တရုတ်ပြည်ဘက်ကို အားကိုးအားထားပြုရတာကြောင့် ကုန်ကျစရိတ် ပိုတိုးလာခဲ့တာမို့ ကူညီနိုင်တဲ့ ပမာဏကို လျှော့ချခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၈ ခန့်ကစပြီး ကျောင်းသားတွေကို ရိက္ခာမဝေနိုင်တော့ဘဲ ကျောင်းမှာတင် နေ့လယ်စာ တနပ်ချက်ကျွေးတဲ့ ပုံစံပြောင်းလဲခဲ့ရပါတယ်။ WFP ကူညီတဲ့ ကျောင်းနဲ့ ကျောင်းသားအရေအတွက်လည်း စာသင်ကျောင်း ၁၂၈ ကျောင်းနဲ့ ကျောင်းသား ၁၆,၀၀၀ အထိ လျှော့ချကူညီခဲ့ရပါတယ်။

ဝနယ်ဟာ ဆန်ရှားပါးပါတယ်။ မြန်မာပြည်ကနေ တိုက်ရိုက်ဝယ်ယူခွင့်ရရင် ဈေးသက်သာမှာ ဖြစ်ပေမဲ့ တရုတ်ပြည်ကတဆင့်သာ ဝယ်ယူရတဲ့အခါ ဈေးမြင့်သွားပါတယ်။ တရုတ်ပြည်က ကုန်သည်တွေက မူဆယ်ကနေ မြန်မာဆန် တင်သွင်းပြီး ဝနယ်ဆီ လိုအပ်တဲ့ဆန် ပြန်ရောင်းပေးရတဲ့အခါ သယ်ယူစရိတ်နဲ့ အမြတ်အစွန်းယူမှုကြောင့် ဈေးမြင့်တက်သွားပါတယ်။ မြန်မာစစ်တပ်ရဲ့ ပိတ်ဆို့မှုကြောင့် WFP ရဲ့ ဝနယ်ကူညီမှုမှာ ငွေကြေးပမာဏ လျော့ကျမသွားပေမဲ့ ရိက္ခာသယ်ယူမှု လမ်းကြောင်းဖြတ်တောက်ခံရတာကြောင့် WFP က ကူညီနိုင်တဲ့ အရေအတွက် တဝက်ခန့် လျော့ကျသွားရပါတယ်။ WFP ရဲ့ ဝနယ်ကူညီမှုအစီအစဉ်မှာလည်း ၂၀၁၇ ခုနှစ် မတိုင်မီက ဝန်ထမ်း ၃၀ ကျော်ခန့် ရှိရာကနေ ၁၅ ယောက်အောက် တဝက်ကျော် လျှော့ချခဲ့ရပါတယ်။ မည်သို့ဆိုစေ ၂၀၀၄ ခုနှစ်ကနေ ၂၀၂၆ အထိ နှစ်စဉ် ဒေါ်လာတသန်းနဲ့အထက် အသုံးပြုပြီး WFP ဟာ ဝနယ်မှာရှိတဲ့ ကလေးသူငယ်တွေကို ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီလို အကူအညီပေးနိုင်မှုတွေဟာ ၂၀၀၄ ခုနှစ်ကနေ ၂၂ နှစ် ကြာမြင့်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်မှာ အပြီးတိုင် ရပ်တန့်ခဲ့ပါတယ်။ WFP ရဲ့ ရန်ပုံငွေပြဿနာက အနည်းအကျဉ်း ပါနိုင်တယ်လို့ တွက်ဆရပေမဲ့ တကယ့်ပြဿနာက စစ်အုပ်စုရဲ့ ပိတ်ပင်တားဆီးမှုကြောင့် ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ WFP ရဲ့ ဌာနေတာဝန်ခံအရာရှိတွေဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ စစ်အုပ်စုက နိုင်ငံခြားသားတွေ ဝနယ် သွားလာခွင့်ကို ပိတ်ပင်တားဆီးပါတယ်။ ၂၀၂၅/၂၀၂၆ အတွင်း WFP တာဝန်ခံအရာရှိတွေ ဝနယ်သို့ ခရီးသွားလာခွင့် သုံးကြိမ်တိုင် စစ်အုပ်စုထံ တင်ပြခဲ့ပေမဲ့ စစ်အုပ်စုက အကြိမ်တိုင်း ပယ်ချခဲ့ပါတယ်။

UWSA ခေါင်းဆောင်တွေက ဝနယ်ကို ကူညီဖို့ လာကြတဲ့ WFP တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေကို နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ ကြိုဆိုခဲ့ကြပြီး တတ်စွမ်းသမျှ ကူညီခဲ့ကြပါတယ်။ သို့သော်လည်း စစ်အုပ်စုကတော့ WFP ဝန်ထမ်းတွေဟာ နိုင်ငံခြားသားတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝနယ် အကူအညီပေးရေးလုပ်ငန်းတွေကို ဟန့်တားနေပါတယ်။ UN, WFP စတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေမှာ နိုင်ငံပေါင်းစုံက ဝန်ထမ်းတွေ ရှိနေတာဟာ အထူးအဆန်း မဟုတ်ပါဘူး။

သို့သော် မြန်မာစစ်အုပ်စုက ဒီအချက်ကို အကြောင်းပြချက်တခုအဖြစ် အသုံးပြုပြီး WFP တာဝန်ရှိ ဝန်ထမ်းတွေ ဝနယ်သို့ သွားလာတာကို ကန့်သတ်တားမြစ် ပိတ်ပင်ခဲ့တာကြောင့် WFP ရဲ့ ၂၂ နှစ်ကြာ ဝနယ်သို့ အကူအညီပေးရေး အစီအစဉ်ဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်မှာ ရပ်တန့်ခဲ့ရတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။

ဝနယ်သို့ နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းလိုက်ရတဲ့ အဖြစ်အပျက်ဟာ ယခုကာလမှာ အရေးပါတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်ဟာ

၁။ မတည်ငြိမ်ဘဲ စစ်မက်ဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည် သန်းပေါင်းများစွာ ရှိနေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
၂။ ဝနယ်ကဲ့သို့ပင် မြန်မာပြည် ဒေသအများစုကို စစ်အုပ်စုက ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။

မြန်မာပြည်ဟာ စစ်ဘေးကြောင့် အကူအညီ လိုအပ်နေသလို တဖက်မှာလည်း ဒေသအတော်များများကို စစ်တပ်က ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက မြန်မာပြည်ကို ကူညီဖို့ လိုအပ်တယ်ဆိုတာကို ဝိုင်းပြောနေကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုကတဆင့်သာ ကူညီv မြန်မာပြည်သူတွေလက်ထဲ အကူအညီတွေ မရောက်နိုင်ဘူးဆိုတဲ့ အချက်ဟာ လက်တွေ့မြေပြင်မှာ ငြင်းပယ်လို့ မရပါဘူး။

လူဦးရေ ၅ သိန်းကနေ ၆ သိန်းခန့်အထိ ရှိတဲ့ ဝနယ်ဟာ လက်ရှိ တိုက်ပွဲတွေ မဖြစ်ပွားတာ ၃၇ နှစ် ရှိပြီဖြစ်ပေမဲ့ စစ်အစိုးရ ဒါမှမဟုတ် မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ သို့သော် တည်ငြိမ်တဲ့ ဒေသဖြစ်ပါတယ်။ ဒီလိုမျိုး တည်ငြိမ်တဲ့ ဒေသမှာရှိတဲ့ လူထုဆီကိုတောင် စစ်အုပ်စုက နိုင်ငံခြားအကူအညီတွေ မရောက်အောင် နည်းမျိုးစုံနဲ့ တားဆီးနေတာကြောင့် စစ်မက်ဖြစ်ပွားပြီး အတိဒုက္ခရောက်နေတဲ့ ဒေသက လူထုဆီ စစ်အုပ်စုကတဆင့်သာ အကူအညီပေးရရင် ဘာမှမရောက်နိုင်ဘူးဆိုတာကို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သဘောပေါက်ကြဖို့ လိုပါတယ်။

စစ်အုပ်စုဟာ စစ်ဘေးဒုက္ခသည်များ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးဆိုတာတွေကို လူကြားကောင်းအောင် ပြောဆိုကြွေးကြော်လေ့ ရှိပေမဲ့ လက်တွေ့မြေပြင်မှာ အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ထိရောက်တဲ့အကူအညီ မပေးရုံတင်မက လက်တွေ့ကူညီနေတဲ့ လူထုအကူအညီတွေ၊ နိုင်ငံတကာ အကူအညီတွေကို နည်းမျိုးစုံနဲ့ ဟန့်တားပိတ်ပင်နေတာကို မြင်တွေ့နေရပါတယ်။ လက်ရှိ ဝနယ်သို့ WFP ရဲ့ အကူအညီတွေ ရပ်တန့်ခဲ့ရတာဟာ ထင်ရှားတဲ့ သက်သေတခု ဖြစ်ပါတယ်။

]]>
သူပုန်ဖြူကို လေ့လာခြင်း https://burma.irrawaddy.com/opinion/viewpoint/2025/05/30/401513.html Fri, 30 May 2025 03:10:24 +0000 https://burma.irrawaddy.com/?p=401513 ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။]]>

(၁)

“သူပုန်ဖြူ” သည် သူပုန်တယောက်၊ တော်လှန်ရေးသမားတယောက် ဖြစ်၏။ သူသည် လူအဖွဲ့အစည်းကို ပြောင်းလဲရန် ထုဆစ်နေသည့် ပန်းပုဆရာတယောက်လည်း ဖြစ်သကဲ့သို့ ခံစားတတ်၊‌ ရေးဖွဲ့သီကုံးတတ်သော ကဗျာဆရာတယောက်လည်း ဖြစ်၏။ ထို့အတူ “သူပုန်ဖြူ” သည် ကဗျာတပုဒ်လည်း ဖြစ်၏။

(၂)

၂၀၀၀ ပြည့်နှစ်က ကျောက်ဖြူမြို့မှ ရခိုင်လူငယ်တဦး အခြေခံပညာ အထက်တန်း စာ‌မေးပွဲကို ထူးချွန်စွာ အောင်မြင်ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၂) သို့ ရောက်ရှိလာခဲ့သည်။ ထိုရခိုင်လူငယ်သည် ဆရာဝန်ဘွဲ့ရပြီးနောက် ရန်ကုန်၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၌ ၂၀၀၉ ခုနှစ်ခန့်တွင် ဆရာဝန်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့၏။ ဤအချိန်ကာလ အပိုင်းအခြားအထိဆိုလျှင် အသက် ၃၀ မပြည့်သေးသည့် ထိုရခိုင်လူငယ်ဆရာဝန်၏ ဘဝသည် သာမန်မျှသာ ဖြစ်ပေလိမ့်မည်။ စိတ်ဝင်စားစရာ ကောင်းလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုရခိုင်ဆရာဝန်လူငယ်သည် သာမန်လူငယ်တယောက် မဟုတ်ခဲ့ပေ။ သူ့တွင် ကြီးမားသော နိုင်ငံရေးရည်မှန်းချက်ရှိ၏။ အိပ်မက်ရှိ၏။ ထိုအိပ်မက်ကို သူတို့က နောက် ၁၀ နှစ်ခန့်အကြာတွင် အာရက္ခအိပ်မက် (Arakan Dream) ဟု ရဲဝံ့စွာ ဖော်ထုတ်လာခဲ့ကြ၏။

လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုကြသည့် ဆရာဝန်လူငယ်တိုင်းတွင် ချေဂွေဗားရား အိပ်မက်လည်းရှိကြ၏။ ဆေးကုသ၍ လူ့အသက်ကယ်သည်ထက် လူ့အဖွဲ့အစည်းတရပ်လုံးကို ကုသကယ်တင်လိုကြသည်။ ပြောင်းလဲလိုကြ၏။ ထိုသို့ပြောင်းလဲလိုကြသူ ဆရာဝန်လူငယ်များထဲတွင် ကျောက်ဖြူမှ ဆရာဝန်လူငယ်တဦးဖြစ်သည့် “ဒေါက်တာ ညိုထွန်းအောင်” လည်း ပါခဲ့သည်။

လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုကြသည့် ဆရာဝန်လူငယ်တိုင်းတွင် ချေဂွေဗားရား အိပ်မက်လည်းရှိကြ၏။ ဆေးကုသ၍ လူ့အသက်ကယ်သည်ထက် လူ့အဖွဲ့အစည်းတရပ်လုံးကို ကုသကယ်တင်လိုကြသည်။ ပြောင်းလဲလိုကြ၏။ ထိုသို့ပြောင်းလဲလိုကြသူ ဆရာဝန်လူငယ်များထဲတွင် ကျောက်ဖြူမှ ဆရာဝန်လူငယ်တဦးဖြစ်သည့် “ဒေါက်တာ ညိုထွန်းအောင်” လည်း ပါခဲ့သည်။

မူလက မြို့ပေါ်တွင် မြေအောက်စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ရန် ကျန်ရစ်နေခဲ့သည့် ဆရာဝန်လေးသည် သတင်းပေါက်ကြား၍ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) များ လိုက်လံဖမ်းဆီးမှုကြောင့် ရန်ကုန်ကို စွန့်ခွာခဲ့ရ၏။ ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရာရှိရာ လိုင်ဇာတွင် ဖွင့်လှစ်နေသည့် ရက္ခိုင့်တပ်တော် (AA) စစ်သင်တန်း ပထမပတ်သို့ နောက်ကျသင်တန်းသားအဖြစ် ရောက်ရှိသွားခဲ့၏။

၂၀၀၉ ခုနှစ် ပထမပတ် စစ်သင်တန်းတွင် လူ ၃၀ ပင် မပြည့်တတ်သည့် AA တပ်ဖွဲ့၏ ဒုခေါင်းဆောင်၊ ဒုစစ်ဦးစီးချုပ်တာဝန်ယူခဲ့သည်။ သေနတ်အစုတ် တလက်၊ လူအင်အား ၂၆ ယောက်နှင် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် စတင်ခဲ့သော ခရီးရှည်သည် ယခုတော့ အတော်ခရီးပေါက်ခဲ့ပြီဖြစ်၏။ AA အား “ဓာတ်ခဲပါကွာ” ဟု အထင်သေးအမြင်သေးခဲ့သူများ ပါးစပ်ပိတ်ထားကြရပြီဖြစ်၏။

သူပုန်ဖြူ ကဗျာများစုစည်မှု စာအုပ်မျက်နှာဖုံး

လူ ၃၀ မပြည့်သည့်အပြင် အသက် ၃၀ တန်း လူငယ်နှစ်ဦး ခေါင်းဆောင်သည့် အာရက္ခတပ်တော် တဖြစ်လဲ AA သည် ယခုမူ မြန်မာပြည်တွင် အားအကောင်းဆုံး၊ တိုက်ရည်ခိုက်ရည်အရှိဆုံး၊ စစ်မျက်နှာအကျယ်ပြန့်ဆုံး တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တခုဖြစ်ခဲ့ပြီဖြစ်၏။

သက်တမ်း ၁၆ နှစ်ရှိခဲ့ပြီဖြစ်သော AA သည် ရခိုင်ပြည်တွင် မြို့အများစုကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်၏။ ထို့ပြင် နွေဦးတော်လှန်ရေး၏ စစ်မျက်နှာအများအပြားတွင် ဖြန့်ခွဲတိုက်ပွဲဝင်လျက်ရှိသည်။ ရန်သူတကာအား ကြောက်ဒူးတုန်စေခဲ့၏။

ရခိုင်တွင် တာဝန်ယူခဲ့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ထင်လတ်ဦး အကြိတ်ခံလိုက်ရ၍ ပြုတ်သွားပြီး နောက်ရောက်လာသည့် နပခ တိုင်းမှူးဆိုလျှင် လူလုံးပင် မပြဝံ့တော့ဘဲ ငြိမ်သက်နေသည်ကို တွေ့ရ၏။

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။ ဤသည်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်မှုများကြောင့် ဖြစ်သကဲ့သို့ AA ၏ အဓိကခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်တွဲဖက်၍ အတိုင်အဖောက်ညီညီ တာဝန်ယူခဲ့သည် ဒုတိယ ခေါင်းဆောင် ရခိုင်ဆရာဝန်လူငယ်၏ အားထုတ်မှုများကြောင့်လည်း ဖြစ်သည်ဟု ဆိုရမည်။

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။ ဤသည်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်မှုများကြောင့် ဖြစ်သကဲ့သို့ AA ၏ အဓိကခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်တွဲဖက်၍ အတိုင်အဖောက်ညီညီ တာဝန်ယူခဲ့သည် ဒုတိယ ခေါင်းဆောင် ရခိုင်ဆရာဝန်လူငယ်၏ အားထုတ်မှုများကြောင့်လည်း ဖြစ်သည်ဟု ဆိုရမည်။

(၃)

စစ်ကောင်စီ၏ တိုင်း၊ တပ်မ၊ တပ်ရင်း စစ်ဌာနချုပ်များစွာကို ချေမှုန်းခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်များအပါအဝင် စစ်ကောင်စီ၏ အရာရှိစစ်သည်များစွာကို ချေမှုန်းသုတ်သင်ခြင်း၊ စစ်သုံ့ပန်းများစွာကို ဖမ်းဆီးခြင်း ပြုလုပ်နိုင်ခဲ့သည့် AA ၏ ဒုစစ်ဦးစီးချုပ်သည် ကြမ်းတမ်းခက်ထန်မည်ဟု ယူဆရသော်လည်း သူသည် လက်နက်ကိုင်တော်လှန်ရေးသမားတယောက် ဖြစ်သကဲ့သို့ နူးညံသည့်၊ ခံစားတတ်သည့် ကဗျာဆရာ “သူပုန်ဖြူ” လည်း ဖြစ်နေသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း လူတွေကို ချစ်တတ်သည့်၊ ခံစားတတ်သည့် နှလုံးသားရှိ၍ တော်လှန်ရေးသမားဖြစ်လာသည်ဟု ဆိုကြခြင်းဖြစ်သည်။

သူပုန်ဖြူ၏ ကဗျာစာအုပ်ကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး အခက်အခဲများစွာအောက်တွင် ဧပြီ၊ မေလထဲ၌ စာဖတ်ပရိသတ်ကြား ဖြန့်ချိလာသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းခြင်းသည် လူထုကို လက်နက်ကိုင်တော်လှန်ရေးတွင်းသို့တွန်းပို့ပြီး စစ်ကောင်စီသည် ကိုယ့်သေတွင်းကို ကိုယ်တူးခဲ့၏။ စစ်အာဏာရှင်များ၏ အာဏာရမက် ငမ်းငမ်းတက်မှုကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်အဟုန် မြင့်ခဲ့ရသကဲ့သို့ မလွဲမရှောင်သာ လက်နက်ကိုင်ခဲ့ကြရသည့်၊ လက်နက်ကိုင်လမ်းကြောင်းကို လျှောက်လမ်းကြရသည့် သူပုန်များဖြစ်လာခဲ့ကြသည့် အချင်းအရာကို သူပုန်ဖြူက ဤသို့ရေးဖွဲ့၏။

“အဲဒီနေ့မှာ
စစ်တပ်က အာဏာမသိမ်းခဲ့ဘူးဆို
ဒီကဗျာတွေဟာ
ရေးထွက်လာမှာ မဟုတ်သလို
သူပုန်ဖြူလည်း ဖြစ်လာခဲ့မှာမဟုတ်
အညာမြေလည်း မီးလောင်ပြင် ဖြစ်မှာမဟုတ်
တေဇာဆန်းလည်း ကျနော့်အိမ်ဘေး ရောက်လာမှာမဟုတ်
၆၁၁ တိုင်းရင်းသား တပ်မဟာလည်း ဖြစ်လာမှာမဟုတ်
R ဇာနည်လည်း ဆူရှီလိပ်နေမှာမဟုတ်
ဒီစာအုပ်ပါ သရုပ်ဖော်ပန်းချီဆရာတွေလည်း
ဒီစာအုပ်မှာ သရုပ်ဖော်ပုံဆွဲခွင့်ရမှာမဟုတ်
မငြိမ်းကိုလည်း
Zoom ကနေ ကန်တော့ခွင့်ရမှာမဟုတ်
လက်သုံးချောင်း ပုံရိပ်တွေလည်း တွေ့ရမှာ မဟုတ်” ဟု သူပုန်ဖြူ၏ သူပုန်ဖြူကဗျာတွင် ရေးဖွဲ့ထားသည်ကို တွေ့ရ၏။

(၄)

အာရက္ခတပ်တော်၏ ဒုစစ်ဦးစီးချုပ်တယောက်၊ ရက္ခိတလမ်းစဉ်နှင့် ရက္ခိုင့်အိပ်မက်အတွက် အကောင်အထည်ဖော်နေသည့် ခေါင်းဆောင်တယောက်၏ ကဗျာစာအုပ်တွင် အမှာစာရေးကြသူများမှာ ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်၊ တောင်ကြီး ဆေးတက္ကသိုလ်တို့မှ ယာယီတက္ကသိုလ်ကောင်စီ စသည့် ဒီမိုကရက်တစ်အင်အားစုများ ဖြစ်၏။

သူပုန်ဖြူ၏ ကဗျာစာအုပ်ကို ဒီမိုကရက်တစ်အင်အားစုများက ဝိုင်းဝန်းထားသကဲ့သို့ သူပုန်ဖြူ၏ ကဗျာများတွင် အမျိုးသားရေးအမြင်၊ အယူအဆသက်သက်ကို မတွေ့ရပေ။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် နွေဦးအင်အားစုများကို အသိအမှတ်ပြုသည့်၊ အလေးထားသည့် အမြင်များကို သူ၏ကဗျာများတွင် တွေ့မြင်ရ၏။ တိုးတက်သော အမျိုးသားရေးသားရေးဝါဒနှင့်အတူ ဒီမိုကရက်တစ်အယူအဆကို တွေ့ရ၏။

အားကောင်းမောင်းသန်အရှိဆုံးဟု သတ်မှတ်ထားကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် AA အဓိကခေါင်းဆောင်တဦး၏ သဘောထားသည် နွေဦးတော်လှန်ရေးနှင့်အတူ ရှိနေသည်မှာ သူတို့ အမြော်အမြင်ကြီးမားမှုကိုလည်း ဖော်ပြခြင်းဖြစ်သည်ဟု ဆိုရမည်။

သူပုန်ဖြူ၏ ကဗျာများထဲတွင် ရှေ့ဆုံးတန်းက Gen Z သူပုန်ပေါက်စများလည်းပါသည်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) လည်းပါသည်။ ဆေးတက္ကသိုလ်က ရောဂါဗေဒဆရာမ အသက် ၆၀ ကျော်မှ နွေဦးတော်လှန်ရေးထဲတွင် တပည့်တွေနှင့်အတူ ပါဝင်နေသည့် သူပုန်ဖြူ၏ဆရာမ မမငြိမ်းအကြောင်းလည်း ပါ၏။ Gen Lxx တွေအကြောင်း ပါသကဲ့သို့ ကတိကဝတ်တွေ တည်ဖို့၊ အာဏာမှာ မရစ်မူးကြဖို့လည်း ပါသည်။

အိမ်ကိုလွမ်းသည့် အကြောင်းလည်းပါသကဲ့သို့ အိမ်ကို အရောက်ပြန်ကြမည့်အကြောင်းလည်းပါ၏။ ချစ်သူအကြောင်းပါသကဲ့သို့ ချစ်ဇနီးအကြောင်းလည်း ပါသည်။ ဖခင်၊ မိခင်တို့အကြောင်းလည်း ပါသည်။ ပေးဆပ်မှု၊ စွန့်လွှတ်မှုအကြောင်းများ ပါသကဲ့သို့ အောင်ပွဲလည်းပါ၏။ ရန်သူကို ရန်-ငါ ပြတ်သားဖို့ ပါသကဲ့သို့ ပြတ်ပြတ်သားသား ချေမှုန်းသုတ်သင်ကြဖို့လည်းပါသည်။ နွေဦးအောင်ပွဲပါသကဲ့သို့ အမျိုးသားလွတ်မြောက်ရေးလည်း ပါ၏။

သူပုန်ဖြူ၏ ကဗျာများသည် အာရက္ခအိပ်မက် သက်သက်သာ မဟုတ်ပေ။ အာရက္ခအိပ်မက်နှင့် နွေဦးတော်လှန်ရေးကို ပေါင်းစပ်ကြည့်မြင် ခံစားထားခြင်းဖြစ်သည်ကို ရှင်းလင်းစွာမြင်ရ၏။ အာရက္ခအိပ်မက်နှင့်‌ နွေဦးတော်လှန်ရေးသည် တလှေတည်းစီး၍ တခရီးတည်းသွားများဖြစ်ကြသည်ကို မြင်နိုင်၏။ ရင်ဘတ်ကျယ်သည့် ကဗျာဆရာသူပုန်ဖြူကို မြင်ရ၏။

သူပုန်ဖြူ၏ ကဗျာများသည် အာရက္ခအိပ်မက် သက်သက်သာ မဟုတ်ပေ။ အာရက္ခအိပ်မက်နှင့် နွေဦးတော်လှန်ရေးကို ပေါင်းစပ်ကြည့်မြင် ခံစားထားခြင်းဖြစ်သည်ကို ရှင်းလင်းစွာမြင်ရ၏။ အာရက္ခအိပ်မက်နှင့်‌ နွေဦးတော်လှန်ရေးသည် တလှေတည်းစီး၍ တခရီးတည်းသွားများဖြစ်ကြသည်ကို မြင်နိုင်၏။ ရင်ဘတ်ကျယ်သည့် ကဗျာဆရာသူပုန်ဖြူကို မြင်ရ၏။

“လာမဲ့ နွေဦးဟာ ငါတို့အောင်ပွဲ” ဆိုသည် ကဗျာစာအုပ်၏ အဖွင့်ကဗျာအား ကဗျာဆရာ သူပုန်ဖြူက အောက်ပါအပိုဒ်ဖြင့် အဆုံးသတ်ထားသည်ကို‌တော့ သတိပြုရန် လိုအပ်ပါမည်။

“နွေဦးအလွန်
ပြန်ဆုံကြတဲ့အခါ
အချစ်တွေ ပြိုင်တာထက်
တော်လှန်ရေးမှာ
ငါဘာလုပ်ခဲ့တယ်ဆိုတာ
ပြိုင်ကြရအောင် … ချစ်သူ”။

(၅)

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် ကရင်၊ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နီ၊ တအာင်း ပလောင်၊ မွန်၊ ကိုးကန့်စသည့် တိုင်းရင်းသားတပ်ဖွဲ့များသည် နွေဦးတော်လှန်ရေးနှင့် အနည်းနှင့်အများ ပေါင်းစပ်ခဲ့ကြသည်။ ထိုအထဲတွင် KIA, ကရင်အမျိုးသားအစည်းအရုံး (KNU)၊ AA တပ်ဖွဲ့သုံးဖွဲ့ကမူ ရှေ့တန်းရောက်သည်ဟု ဆိုနိုင်သည်။ ထို့သုံးဖွဲ့ထဲတွင် AA က ရှေ့အရောက်ဆုံးဖြစ်၏။ လက်တွေ့မြေပြင်တွင် လုပ်နိုင်စွမ်းအရှိဆုံးဟု ဆိုရမည်။

ဒေါက်တာ ညိုထွန်းအောင်နှင့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်/AFP

AA ၏ တိုက်ပွဲဝင်မှုများကို ရခိုင်၌သာမက ကချင်၊ ကရင်၊ ရှမ်းမြောက်၊ ချင်းတို့တွင်လည်း တွေ့ရ၏။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင်လည်း တွေ့ရ၏။ ပြည်နယ်နှင့်တိုင်း ကိုးခုတွင် ဖြန့်ခွဲ တိုက်ပွဲဝင်နေသည့်အချက်သည် သူပုန်ဖြူတို့ AA ၏ ထူးခြားချက်ဖြစ်၏။ အခြား တိုင်းရင်းသားတပ်ဖွဲ့များ မလုပ်နိုင်သေးသည့်အချက်လည်းဖြစ်၏။

ရခိုင်ပြည်တွင်သာမက ကျန်တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် တိုက်ခိုက်နိုင်ခြင်းသည် သူတို့၏ တပ်ဖွဲ့အင်အား၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်ခြင်းသာမက အဆိုပါတိုင်းနှင့်ပြည်နယ်ရှိ အခြားလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦးအင်အားစုများနှင့် လက်တွဲနိုင်ခြင်း၊ ဒေသခံလူထု၏ ထောက်ခံမှု ရရှိခြင်းတို့ကြောင့်လည်း ဖြစ်သည်။ ထို့ပြင် AA ၏ နိုင်ငံရေး၊ စစ်ရေးအရ အမြင်ကျယ်မှု၊ ခြေလှမ်းကျယ်မှုကိုလည်း ဖော်ပြခြင်းလည်းဖြစ်၏။ ဤအချက်ကိုအကြောင်းပြု၍ သူပုန်ဖြူက “ပတ်တီး” ဟု ရေးဖွဲ့သည်ကို တွေ့ရ၏။


“ပတ်တီးဆို
ပတ်တီးအဖြစ်ပဲ ပြေးမြင်ကြပေမယ့်
ဒီခေတ်ထဲမှာတော့
ပတ်တီးဆိုတာ
မင်းတို့အချစ်တော် AA ပါပဲ
တနိုင်ငံလုံးအနှံ့က ရန်သူဆီ
လှည့်ပတ်ခါ မွှေပတ်တိုက်
နီးစပ်သူ မဟာမိတ်နှင့်တွဲကာ ပတ်တီးသလို
သူ့တာ ကိုယ့်တာ နေရာမရွေး
စနေ၊ တနင်္ဂနွေ၊ ရက်ရာဇာ၊ ပြဿဒါးမရွေး
ဂါထာမန္တန် ရွတ်ဖတ်မနေဘဲ လှည့်ပတ်တီးနေသူကြီး”

“ပတ်တီးဆို
ပတ်တီးအဖြစ်ပဲ ပြေးမြင်ကြပေမယ့်
ဒီခေတ်ထဲမှာတော့
ပတ်တီးဆိုတာ
မင်းတို့အချစ်တော် AA ပါပဲ
တနိုင်ငံလုံးအနှံ့က ရန်သူဆီ
လှည့်ပတ်ခါ မွှေပတ်တိုက်
နီးစပ်သူ မဟာမိတ်နှင့်တွဲကာ ပတ်တီးသလို
သူ့တာ ကိုယ့်တာ နေရာမရွေး
စနေ၊ တနင်္ဂနွေ၊ ရက်ရာဇာ၊ ပြဿဒါးမရွေး
ဂါထာမန္တန် ရွတ်ဖတ်မနေဘဲ လှည့်ပတ်တီးနေသူကြီး”။

လက်ရှိကာလ ညီညွတ်ရေး၊ ဘုံရန်သူ ဦးတည်တိုက်ရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေး ဆိုသည်များနှင့် ပတ်သက်၍ လက်တွေ့ကျကျ လုပ်ဆောင်နေသည်ကို ရှင်းလင်းစွာ ဖော်ပြနေသည်ကို တွေ့မြင်နိုင်၏။

(၆)

သူပုန်ဖြူ၏ ကဗျာစာအုပ်တွင် ရဲအိမ် (မြောက်ဦး) (ခေါ်) ကွယ်လွန်သူ ရခိုင်ဝါရင့်နိုင်ငံရေးသမား၊ ULA/AA ၏ နိုင်ငံရေးမှူးတဦးဖြစ်သူ ဦးဦးလှစော (ခေါ်) မောင်ခိုင်အောင် စစ်တွေက အမှာရေးသားထားသကဲ့သို့ပင် –

“မြောက်ဦး နန်းတော်ရာကုန်းပေါ်တွင်
စစ်တွေ ဝင်္ကဘာကွင်းတွင်
ကျောက်ဖြူ ရထားဆွဲပွဲကွင်းတွင်
သူ့ကဗျာရွတ်သံကို
အာရက္ခပြည်သူများ နားထောင်ရမည့် နံနက်ခင်းများ
မဝေးသောကာလတွင် မုချရောက်လာမည်ဟု
ကျနော် ယုံကြည်နေမိပါသည်”။

(၇)

သူပုန်ဖြူသည် ကဗျာဆရာသာမက နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်များကို စီမံကိန်းရှိရှိ အကောင်အထည်ဖော်နေသည့် အင်အားကြီး‌ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတခု၏ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တဦးလည်း ဖြစ်သည်။

ထိုသို့သော သူပုန်ဖြူက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက ရေးသားခဲ့သည့် “နိုင်ငံတော်လုပွဲ” ကဗျာကမူ သူ၏ကဗျာစာအုပ်ထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံး ကဗျာတပုဒ်ဖြစ်သည်။

“မက်ဆီရေ
ဒီရက်တွေကစ လေးနှစ်ကြာမှာ
ရောက်လာမယ့် ကမ္ဘာ့ဖလား
ကျနော်တို့အတွက်
သိပ်အဆန်းအပြား မဟုတ်ပေမဲ့
နောက်တခါလာမယ့်
၂၀၂၆ ကမ္ဘာ့ဖလား
အနားမရောက်ခင် အတွင်းမှာ
ခင်ဗျား မသေသေးဘူးဆို
ဒီတိုင်းပြည်ရဲ့ ဗိုလ်လုပွဲ
မြင်တွေ့သွားရလိမ့်မယ်
ကျနော်တို့ရဲ့ပွဲ အပါအဝင်ပေါ့”။

ပြီးပါပြီ။

(အမောင်သည် ဝါရင့် ကလောင်ရှင်တဦးဖြစ်သည်။)

You may also like these stories:

ရခိုင်စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးအရွေ့များ

လေးမျက်နှာမြို့နယ်မှ ရွာတချို့ AA တို့ ထိန်းချုပ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ဘင်္ဂလားဒေ့ရှ်က AA နဲ့ မဖြစ်မနေ ဆက်ဆံရမယ့် သဘောရှိတယ် (ရုပ်/သံ)

ဝေဝါးနေသေးသော ရခိုင်ပြည် အနာဂတ်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

]]>