Bangkok Post, Author at ဧရာဝတီ https://burma.irrawaddy.com/author/bangkok-post Covering Burma and Southeast Asia Thu, 11 Sep 2025 02:16:36 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Bangkok Post, Author at ဧရာဝတီ https://burma.irrawaddy.com/author/bangkok-post 32 32 ဒုက္ခသည်စခန်းများမှသည် လုပ်ငန်းခွင်ဆီသို့ https://burma.irrawaddy.com/opinion/viewpoint/2025/09/11/405589.html Thu, 11 Sep 2025 02:16:36 +0000 https://burma.irrawaddy.com/?p=405589 ထိုလုပ်ထုံးလုပ်နည်းသည် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒကို ဂုဏ်သိက္ခာတက်စေသည်။]]>

ဖွေထိုင်းပါတီအစိုးရသည် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်။ သို့သော် ထိုင်း-မြန်မာ နယ်စပ်တလျှောက် စခန်း ကိုးခုတွင် နေထိုင်ကြသော ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများကို အလုပ်လုပ်ခွင့်ပေးသော အလုပ်သမားမူဝါဒကို အတည်ပြုသည့် ဩဂုတ်လ ၂၆ ရက်နေ့က ဆုံးဖြတ်ချက်အတွက် ထိုအစိုးရကို အမှတ်ရနေသင့်သည်။

ထိုအလုပ်သမားလုပ်ထုံးလုပ်နည်းသည် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒကို ဂုဏ်သိက္ခာတက်စေသည်။

ထိုင်းနိုင်ငံသည် အရှေ့နှင့် အနောက် နယ်စပ်ဒေသများတွင် ဒုက္ခသည်များကို လက်ခံထားသည်မှာ ဆယ်စုနှစ် ငါးခုရှိပြီဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒသည် လှူဒါန်းမှုများနှင့် ယာယီခိုလှုံရာပေးခြင်းကို မှီခိုသည့် လှုပ်ရှားမှုကင်းမဲ့သော မူဝါဒဖြစ်ပြီး ထိုယာယီခိုလှုံရာနေရာများတွင် ဒုက္ခသည် ထောင်ပေါင်းများစွာတို့သည် တတိယနိုင်ငံက လက်ခံမည့်အချိန်ကို အချည်းနှီး စောင့်ဆိုင်းနေရသည်။

ထိုင်းနိုင်ငံသည် အရှေ့နှင့် အနောက် နယ်စပ်ဒေသများတွင် ဒုက္ခသည်များကို လက်ခံထားသည်မှာ ဆယ်စုနှစ် ငါးခုရှိပြီဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒသည် လှူဒါန်းမှုများနှင့် ယာယီခိုလှုံရာပေးခြင်းကို မှီခိုသည့် လှုပ်ရှားမှုကင်းမဲ့သော မူဝါဒဖြစ်ပြီး ထိုယာယီခိုလှုံရာနေရာများတွင် ဒုက္ခသည် ထောင်ပေါင်းများစွာတို့သည် တတိယနိုင်ငံက လက်ခံမည့်အချိန်ကို အချည်းနှီး စောင့်ဆိုင်းနေရသည်။

အနောက်နိုင်ငံများတွင် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေးမူဝါဒများ ခေါင်းထောင်ထလာခြင်းနှင့် လျော့နည်းလာသော အသုံးစရိတ်နှင့်အတူ တတိယနိုင်ငံများတွင် အခြေချရေး ၎င်းတို့၏ မျှော်လင့်ချက်သည် ဝေးကွာသောအိပ်မက် ဖြစ်လာသည်။

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ၏ အဆိုအရ ထိုင်း-မြန်မာ နယ်စပ်လျှောက် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီနှင့် ရတ်ချာဘူရီ ပြည်နယ်များမှ ယာယီစခန်းများတွင် လက်ခံထားသည့် နေရပ်စွန့်ခွာသူ ၈၁,၀၀၀ ရှိသည်။

ထိုယာယီစခန်းများမှ လူဦးရေ၏ ၄၇ ရာခိုင်နှုန်းခန့်သည် ထိုနေရများတွင် မွေးဖွားသူများဖြစ်သည်။ တရားဝင် စကားအရ ထိုနေရာများကို ဒုက္ခသည်စခန်းများဟု ခေါ်သည်။

လက်တွေ့တွင် ထိုစခန်းများသည် လှောင်အိမ်များဖြစ်သည်။ ထိုသူများကို ပိတ်လှောင်ထားပြီး အလုပ်လုပ်ခွင့် ပိတ်ပင်ကာ ထွက်ခွာခွင့်လည်း မပေးပေ။

ထိုဒုက္ခသည်များအနက် အနည်းဆုံး ၄၂,၀၀၀ သည် လုပ်အားဈေးကွက်သို့ ဝင်ရောက်လာမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက မျှော်လင့်သည်။

ထိုဒုက္ခသည်များအနက် အနည်းဆုံး ၄၂,၀၀၀ သည် လုပ်အားဈေးကွက်သို့ ဝင်ရောက်လာမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက မျှော်လင့်သည်။

လူသားချင်းစာနာမှုအကူအညီကို မှီခိုနေမည့်အစား ထိုအလုပ်သမားများသည် သူတို့ကိုယ်တိုင်နှင့် မိသားစုများကို ထောက်ပံ့ပြီး ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူမှုအသိုက်အဝန်းများကို အကျိုးပြုနိုင်မည်ဖြစ်သည်။

အလုပ်အကိုင်ဌာန (DOE) ၏ ပြည်ပလုပ်သားငှားရမ်းမှု စည်းကမ်းချက်များအရ ထိုဒုက္ခသည်များသည် အလုပ်ကြမ်းနှင့် လက်လီအရောင်းလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

၎င်းတို့ကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တနှစ်အထိနေထိုင်ရန် အထူးခွင့်ပြုချက်ပေးမည်ဖြစ်သည်။ ၎င်းတို့ကို ထိန်းချုပ်ထားသည့်နေရာမှ ထွက်ခွာခွင့်နှင့် အလုပ်လုပ်ခွင့် လျှောက်ထားရမည်ဖြစ်သည်။

သို့သော် ထိုဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးခြင်းသက်သက်မျှသည် လုံလောက်ခြင်း မရှိပေ။ အစိုးရသည် လက်ရှိ စခန်း ကိုးခုနှင့် ထိုစခန်းများတွင် ထိန်းသိမ်းထားသည့် ဒုက္ခသည် သောင်းပေါင်းများစွာကို လည်ပတ်ထိန်းကြောင်းရသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။

အမေရိကန်အစိုးရနှင့် နိုင်ငံတကာအေဂျင်စီများက အသုံးစရိတ် ဖြတ်တောက်ပြီးနေက် ထိုဒုက္ခသည်စခန်း ကိုးခု စီမံမှုသည် ထိုင်းအစိုးရထံသို့ မလွဲမသွေ ရောက်လာမည်ဖြစ်သည်။

အမေရိကန်အစိုးရနှင့် နိုင်ငံတကာအေဂျင်စီများက အသုံးစရိတ် ဖြတ်တောက်ပြီးနေက် ထိုဒုက္ခသည်စခန်း ကိုးခု စီမံမှုသည် ထိုင်းအစိုးရထံသို့ မလွဲမသွေ ရောက်လာမည်ဖြစ်သည်။

ထိုသို့ဖြစ်လာသောအခါ ထိုင်းအစိုးရသည် ထိုနေရာများတွင် အရာရှိများ၊ အများပြည်သူဝန်ဆောင်မှုများနှင့် ထိုင်းဥပဒေများ နေရာတကျရှိရန် လိုအပ်သည်။ ထိုစခန်းများအတွင်း အကြမ်းဖက်မှုနှင့် အငြင်းပွားမှုများရှိသည့် သတင်းများရှိနေသောကြောင့် ၎င်းတို့ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ထိုင်းဥပဒေကို လိုက်နာစေရန် ရဲတပ်ဖွဲ့ကို ခေါ်ယူရမည်ဖြစ်သည်။

ထိုစခန်းများမှ လူများအား လူကုန်ကူးမှုဖြင့် အမြတ်ထုတ်ခြင်းကို ထိုင်းအစိုးရက တားဆီးရန် ကြီးကြပ်စောင့်ကြည့်သည့် စနစ်အား တိုးတက်အောင် လုပ်ရမည်ဖြစ်သည်။

ကြိုတင်စီစဉ်မှု၊ ထောက်ပံ့မှုနှင့် လက်တွေ့ဆောင်ရွက်မှုဖြင့် တချိန်က ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်ခဲ့ကြသည့် ဒုက္ခသည်များသည် နိုင်ငံအတွက် အပြုသဘောအကျိုးဆောင်မှုများ ပြုလုပ်ပေးနိုင်သည်။

ထိုင်းအစိုးရက ၎င်းတို့ကို စောင့်ကြည့်လေ့လာပြီး ကိုယ်ရေးအချက်အလက် ခိုးယူခြင်းအပါအဝင် အလားအလာရှိသည့် မည်သည့်ဥပဒေပြဿနာကိုမဆို တားဆီးရန် ပြည်ထဲရေးဝန်ကြီးဌာနက ဒုက္ခသည်ကတ်ကဲ့သို့ စနစ်ကျသည့် စာရွက်စာတမ်းများ ထုတ်ပေးရေးကို စဉ်းစားသင့်သည်။

ပညာရေးဝန်ကြီးဌာနသည် ထိုဒုက္ခသည်များ ထိုင်းလူ့အဖွဲ့အစည်းကို နားလည်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အကျိုးဆောင်မှု လုပ်နိုင်စေရန်အတွက် ထိုင်းပညာရေးကို ပံ့ပိုးပေးရမည်ဖြစ်သည်။

ကြိုတင်စီစဉ်မှု၊ ထောက်ပံ့မှုနှင့် လက်တွေ့ဆောင်ရွက်မှုဖြင့် တချိန်က ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်ခဲ့ကြသည့် ဒုက္ခသည်များသည် နိုင်ငံအတွက် အပြုသဘောအကျိုးဆောင်မှုများ ပြုလုပ်ပေးနိုင်သည်။

(Bangkok Post ၏ အယ်ဒီတာ့အာဘော် From Camps to Jobs ကို ဘာသာပြန်သည်။)

You may also like these stories:

ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးခြင်းသည် “သမိုင်းဝင်ခြေလှမ်း”

မြန်မာဒုက္ခသည်တွေကို ထိုင်းမှာ အလုပ်လုပ်ခွင့်ပြုမယ် (ရုပ်/သံ)

အခွင့်အရေးလို့ ပြောမကောင်းပေမယ့် မြန်မာတွေ အလုပ်အကိုင် ပိုရလာမှာ သေချာတယ်

မြန်မာဒုက္ခသည်တွေ ထိုင်းအစိုးရ တရားဝင် အလုပ်လုပ်ခွင့် ပြု

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ ရိက္ခာပြတ်

ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်

]]>
သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ https://burma.irrawaddy.com/opinion/viewpoint/2025/05/20/401124.html Tue, 20 May 2025 03:12:44 +0000 https://burma.irrawaddy.com/?p=401124 ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်း ပိုင်ဆိုင်မှုများနှင့် ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှုများအကြား၊ အထူးသဖြင့် ဆရာတော်ကြီးများ၏ ပုဂ္ဂလိက ကြွယ်ဝချမ်းသာမှုအကြား ရှင်းလင်းပြတ်သားသည့် စည်းထားခွဲခြားပေးရမည်။ ]]>

အွန်လိုင်းလောင်းကစား စွဲနေသောကြောင့် ဘတ် သန်း ၃၀၀ ကျော် အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ကျော်ကြားသော ဝပ်ရိုင်ခင်းဘုန်းကြီးကျောင်းမှ ထိုင်းဆရာတော် ပါဝင်ပတ်သည့် မကြာသေးမီက အရှုပ်တော်ပုံသည် အလွန် စိတ်ပျက်စရာကောင်းသော်လည်း အံ့သြစရာ မဟုတ်ပေ။

လက်တွေ့ကျပြီး အခြေခံကျသည့် ပြုပြင်ပြောင်းလဲရေး မလုပ်ပါက ထိုကိစ္စသည် ထိုင်းသံဃာများအပေါ် အများပြည်သူ အကြည်ညိုပျက်မှုအတွက် နောက်ဆုံး ဂယက်မဟုတ်ပေ။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ငွေပမာဏသည် ဘတ်သန်း ၈၅၀ အထိ ရှိနိုင်ကြောင်း ပြသနေပြီး ထိုဆရာတော်ဟောင်းနှင့် နီးကပ်စွာ ပတ်သက်သည့် အမျိုးသမီးတဦးမှပေးခဲ့သည့် ငွေစာရင်းများမှတဆင့် သိရသည်။

ပြည်သူလူထုသည် မသမာသည့်လုပ်ရပ်များ၊ အထူးသဖြင့် နာမည်ကျော်ကြားသည့် ဘုန်းကြီးများက အလှူငွေများကို အလွဲသုံးစားလုပ်မှုများ အများစုပါသော မသမာသည့် လုပ်ရပ်သတင်း အများအပြားကို ကြုံတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ပြည်သူလူထုသည် မသမာသည့်လုပ်ရပ်များ၊ အထူးသဖြင့် နာမည်ကျော်ကြားသည့် ဘုန်းကြီးများက အလှူငွေများကို အလွဲသုံးစားလုပ်မှုများ အများစုပါသော မသမာသည့် လုပ်ရပ်သတင်း အများအပြားကို ကြုံတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

အရေးယူဆောင်ရွက်ပေးရန် အကြိမ်ကြိမ် တောင်းဆိုမှုများရှိသော်လည်း ဘုရားကျောင်းကန်များ၊ ဘုန်းကြီးကျောင်းများနှင့် ဘုန်းကြီးများကို ကြီးကြပ်သည့် သံဃာ့နာယကကောင်စီသည် ဘုရားကျောင်းများအတွင်း ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အကောင်အထည်ဖော်နိုင်သော အကာအကွယ် အတားအဆီးများ မထုတ်ပြန်နိုင်သေးပေ။

ဘုရားကျောင်းကန်ရန်ပုံငွေသည် ပုဂ္ဂလိက လှူဒါန်းမှုများဖြစ်ပြီး အများပြည်သူပိုင်ငွေ မဟုတ်ဟု အချို့က စောဒကတက်ကြသည်။ ထိုသို့ စောဒကတက်ခြင်းသည် အဓိကကျသည့် အချက်များကို လျစ်လျူရှုသည်။

ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်းများသည် တရားဝင်အဖွဲ့အစည်းများဖြစ်ပြီး သံဃာ့အက်ဥပဒေ ပုဒ်မ ၄၅ အရ ဆရာတော်များသည် အများပြည်သူဆိုင်ရာ တာဝန်ရှိသူများ ဖြစ်ကြသည်။ ဝပ်ရိုင်ခင်းကဲ့သို့ အဓိက ဘုန်းကြီးကျောင်းများ အပါအဝင် ကျောင်းအများအပြားသည် ပညာသင်ဆုများနှင့် ပြုပြင်ထိန်းသိမ်းရေး ထောက်ပံ့ငွေများမှတဆင့် နိုင်ငံတော်ရန်ပုံငွေ ထောက်ပံ့မှု ရရှိကြသည်။

ဘာသာရေး အဖွဲ့အစည်းများသည် အများပြည်သူဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုများကို မှီခိုကြပြီး နိုင်ငံတခု၏ ကျင့်ဝတ်ကို ကိုယ်စားပြုသောအခါ ဘဏ္ဍာရေး တာဝန်ခံမှုသည် လက်တလုံးခြားကိစ္စ မဟုတ်ဘဲ မရှိမဖြစ် လိုက်နာရမည့်ကိစ္စ ဖြစ်သည်။

လုပ်ထုံးလုပ်နည်း အားနည်းခြင်းကြောင့် ထိခိုက်ရမှုမှာ သိသာထင်ရှားသည်။ စိတ်ပျက်လက်ပျက် ဖြစ်သွားသော ကိုးကွယ်သူများ၏ ယုံကြည်မှုသဒ္ဓါတရား ဆုံးရှုံးကုန်ပြီး ယခုအခါ အများအပြားသည် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းရန် သို့မဟုတ် ထောက်ပံ့ရန် သဒ္ဓါထက်သန်ခြင်း မရှိတော့ပေ။

ထိုသို့ သဒ္ဓါတရား အားနည်းခြင်းသည် ဘာသာရေးလောကကိုသာမက ဗုဒ္ဓဘာသာ၏ ညီညွတ်စည်းလုံးမှုကိုလည်း ခြိမ်းခြောက်နေသည်။ ထိုင်းနိုင်ငံမှ သံဃာ ၃ သိန်းနီးပါးနှင့် ဘုန်းကြီးကျောင်း ၄၃,၀၀၀ သည် ဝိနည်းစည်းကမ်း လိုက်နာသော်လည်း ထိုင်းစကားပုံဖြစ်သော “ငါးပုပ်တကောင်ကြောင့် ခြင်းတောင်းတခုလုံး ပျက်စီးစေသည်” (မြန်မာစကားပုံအားဖြင့် ‘ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်’) ဆိုသည့်အတိုင်း အနည်းငယ်မျှသော ကျော်ကြားသည့် အရှုပ်တော်ပုံများသည် အရိပ်မည်း ထိုးစေသည်။

ဘုန်းကြီးကျောင်းများသည် ဖြစ်ပေါ်တိုးတက်နေသည့် စီးပွားရေး အချက်အချာ နေရာများလည်းဖြစ်ပြီး အချို့သည် အလှူငွေရှာရန် လူမှုကွန်ရက်နှင့် ဈေးကွက်ရှာဖွေရေး နည်းဗျူဟာများကို အမြတ်ထုတ် အသုံးချကြသည်။ လူစိတ်ဝင်စားမှုရရေးအတွက် ဗုဒ္ဓ၏ စစ်မှန်သော ဟောကြားမှုများကို လိုသလို တလွဲသုံးကြပြီး သင်္ကန်းအရေခြုံ ငွေရှာမှုဖြင့် လွှမ်းမိုးကြသည်။

ယခုအချိန်သည် ပြတ်ပြတ်သားသား ပြုပြင်ပြောင်းလဲရေး လုပ်ရမည့် အချိန်ဖြစ်သည်။ ဥပဒေ မူဘောင်သစ် ချမှတ်ပြီး လုပ်ပိုင်ခွင့်ပေးကာ အသိအမှတ်ပြု ပညာရှင်များဖြင့် စာရင်းပုံမှန်စစ်ဆေးခြင်းနှင့် စာရင်း မပို့မနေရ သတ်မှတ်ခြင်း အပါအဝင် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုကို အကောင်အထည်ဖော်ရမည်။

ယခုအချိန်သည် ပြတ်ပြတ်သားသား ပြုပြင်ပြောင်းလဲရေး လုပ်ရမည့် အချိန်ဖြစ်သည်။ ဥပဒေ မူဘောင်သစ် ချမှတ်ပြီး လုပ်ပိုင်ခွင့်ပေးကာ အသိအမှတ်ပြု ပညာရှင်များဖြင့် စာရင်းပုံမှန်စစ်ဆေးခြင်းနှင့် စာရင်း မပို့မနေရ သတ်မှတ်ခြင်း အပါအဝင် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုကို အကောင်အထည်ဖော်ရမည်။

ဘုရားကျောင်းကန်များ၏ အသုံးစရိတ်သည် ဘာသာရေးနှင့် ရပ်ရွာလူမှုအသိုက်အဝန်း ဦးတည်ချက်များနှင့် ကိုက်ညီစေရေးအတွက် လွတ်လပ်သော အဖွဲ့အစည်းတခုက ကြီးကြပ်သင့်သည်။ ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်း ပိုင်ဆိုင်မှုများနှင့် ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှုများအကြား၊ အထူးသဖြင့် ဆရာတော်ကြီးများ၏ ပုဂ္ဂလိက ကြွယ်ဝချမ်းသာမှုအကြား ရှင်းလင်းပြတ်သားသည့် စည်းထားခွဲခြားပေးရမည်။

ထို့ပြင် ဘုန်းကြီးများသည် ဘုန်းကြီးဘဝအတွင်း ရရှိထားသည့် ပိုင်ဆိုင်မှုများကို မည်သို့ ခွဲခြမ်းသင့်သည်ဆိုသည့် ဆွေးနွေးငြင်းခုံမှုသည် လွန်စွာ နောက်ကျနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ အလှူရှင် အများအပြားသည် ပုဂ္ဂလိက ကြည်ညိုကိုးကွယ်မှုအရ ဘုန်းကြီးတပါးချင်းကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလိုကြသော်လည်း ထိုသို့သော အလေ့အထများကို လောကီစည်းစိမ်မှ ကင်းလွတ်ရေး ဘုန်းကြီးဘဝ ဝိနည်းနှင့် ကိုက်ညီရန် ခက်ခဲသည်။

ထိုပြဿနာသည် ဘာသာရေးခေါင်းဆောင်များ၊ ဥပဒေပြုအမတ်များနှင့် အများပြည်သူအကြား စဉ်းစားချင့်ချိန်ပြီး အားလုံး အကျုံးဝင်သည့် ဆွေးနွေးမှု လိုအပ်စေမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် အမျိုးသားလက္ခဏာနှင့် အစဉ်အလာအရ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၉၃ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ သို့သော် အမျိုးသား လက္ခဏာတခုတည်းဖြင့် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်အခြေခံကို မထိန်းသိမ်းနိုင်ပေ။ ဗုဒ္ဓဘာသာ၏ မဏ္ဍိုင်ကြီး သုံးခုဖြစ်သော ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတို့သည် သဟဇာတဖြစ်စွာ ရပ်တည်ရမည်ဖြစ်သည်။ တခု ကြေပျက်ပါက အားလုံး အားနည်းသွားမည် ဖြစ်သည်။

ယခုနောက်ဆုံး ပေါ်ပေါက်လာသည့် အရှုပ်တော်ပုံသည် ချက်ချင်း ဖြေရှင်းရမည့် သတိပေးချက်ဖြစ်သည်။ မည်သို့မှ မလုပ်ဘဲနေခြင်းသည် ဘဏ္ဍာရေးမျှသာ မဟုတ်ဘဲ ကုသိုလ်တရားအတွက် အလေးထားလိုက်နာရန် ရည်ရွယ်သည့် အဖွဲ့အစည်းတိုင်းတွင် ယုံကြည်မှု သဒ္ဓါတရားကို ဆက်လက် ပပျောက်စေမည်ဖြစ်သည်။

(Bangkok Post ၏ အယ်ဒီတာ့အာဘော် Bad monks erode trust ကို ဘာသာပြန်သည်။)

You may also like these stories:

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ဘတ် ၇ သန်းတန် ဇိမ်ခံကားကို လက်ခံသောကြောင့် ထိုင်းဘုန်းကြီး ဝေဖန်ခံနေရ

ကိုရင်ငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထိုင်းဘုန်းကြီးတပါး ဖမ်းဆီးခံရ

ဒေးဗစ်ဘက်ခမ်းကျောင်းအပါအဝင် ထိုင်းနိုင်ငံက ထင်ရှားတဲ့ ဘုန်းကြီးကျောင်းများ

]]>