ခွန်ဘီလီ, Author at ဧရာဝတီ https://burma.irrawaddy.com/author/bl Covering Burma and Southeast Asia Wed, 10 Jan 2024 06:54:08 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ခွန်ဘီလီ, Author at ဧရာဝတီ https://burma.irrawaddy.com/author/bl 32 32 မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ https://burma.irrawaddy.com/opinion/viewpoint/2023/11/16/376476.html Thu, 16 Nov 2023 03:32:02 +0000 https://burma.irrawaddy.com/?p=376476 တကယ့် ပြဿနာက အိန္ဒိယဟာ သူစီးနေတဲ့မြင်းဟာ အထီးလား၊ အမလား မသိသလို ရှုံးမယ့်မြင်းကို ပုံအောလောင်းနေတာပဲဖြစ်ပါတယ်။ ]]>

အခုတလော နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပြည်တွင်း ပြည်ပက လူတွေ အများဆုံး ပြောဖြစ်တာကတော့ မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီတို့ရဲ့ ၁၁၀၇ စစ်ဆင်ရေး၊ ခရိုင်မြို့ကြီးဖြစ်တဲ့ ကောလင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်မယ်ထင်ပါတယ်။

ဒီသတင်းတွေနဲ့အတူ အိန္ဒိယနယ်စပ်တနေရာဖြစ်တဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းတခုကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဒီလို အောင်မြင်မှုဟာ CNA နှင့် အတူ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှုကြောင့်သာလို့ ဆိုလို့ရပါမယ်။ အထူးသဖြင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ CNA နည်းဗျူဟာ ကျစ်လစ်မှုကြောင့်လို့ ဆိုလို့ရပါတယ်။

ချင်းအမျိုးသားတွေ အနေနဲ့ရော၊ CNA အနေနဲ့ပါ တချိန်က မြန်မာနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောခဲ့ဖူးတဲ့ “ဓားပြအဆင့်သာရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNF ကို ငြိမ်းချမ်းရေးစကားဝိုင်းထဲ ခေါ်လာခဲ့ရတယ်လို့” ပြောခဲ့ဖူးတဲ့ သမိုင်းကို ချေဖျက်ခဲ့တဲ့နေ့လည်း ဖြစ်လာတယ်။

ဒီလိုပဲ စခန်းသိမ်းတိုက်ပွဲမှာ အသက်စွန့်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တိုင်းကို သမိုင်းရေးထိုးပေးခဲ့တဲ့ သူရဲကောင်းတွေအနေနဲ့ ချင်းပြည်သူတွေ အမြဲအမှတ်ရနေမှာပါ။

ချင်းအမျိုးသားတွေ အနေနဲ့ရော၊ CNA အနေနဲ့ပါ တချိန်က မြန်မာနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောခဲ့ဖူးတဲ့ “ဓားပြအဆင့်သာရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNF ကို ငြိမ်းချမ်းရေးစကားဝိုင်းထဲ ခေါ်လာခဲ့ရတယ်လို့” ပြောခဲ့ဖူးတဲ့ သမိုင်းကို ချေဖျက်ခဲ့တဲ့နေ့လည်း ဖြစ်လာတယ်။

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ကို သိမ်းနိုင်တဲ့အချက်ဟာ မဟာဗျူဟာ အချက်ပေးသံလို့လည်း ဆိုနိုင်ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ မိုဒီ အစိုးရကို သတိပေးခေါင်းလောင်း ထိုးနေတယ်လို့ဆိုရပါမယ်။

မိုဒီ အစိုးရဟာ မြန်မာနိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အစဉ်တစိုက် ဆက်ဆံတဲ့ အမျိုးသားရေးဝါဒီအစိုးရ ဖြစ်ပါတယ်။ မြန်မာလူထုရဲ့ သဘောထားကို ဆန့်ကျင်ပြီး အာဏာသိမ်းခေါင်းဆောင်အတွက် လက်နက်ပွဲစား လုပ်ဆောင်ပေးနေသလို တရုတ်ရဲ့ အာဏာသိမ်းစစ်တပ်အပေါ် လွှမ်းမိုးမှုကို လျှော့ချဖိုဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာသိမ်းစစ်တပ်ကို ရေငုပ်သင်္ဘော လက်ဆောင်ပေးတဲ့အဆင့်အထိ မိုက်ရူးရဲဆန်ခဲ့တာကို တွေ့မြင်ခဲ့ရပြန်တယ်။

မိုဒီ အစိုးရအနေနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေကိုတော့ သူ့ရဲ့ ဘန်ကာသဖွယ် မြင်သလို တော်လှန်ရေး အင်အားစုတိုင်းဟာလည်း တရုတ်ရဲ့ လက်နက်အထောက်အပံ့နဲ့ သူပုန်ထတယ်လို့ မြင်လေ့ရှိပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယမှ အမျိုးသားလုံခြုံရေး (NSA) ဒုတိယ အကြံပေး ဗီခရမ် မီဆရီတို့အဖွဲ့ကို နေပြည်တော်တွင် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် / Cincds

ဒီအခင်းအကျင်းမှာ မြန်မာပြည်ရဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့အချိန် သူ့ရဲ့နယ်စပ် တလျှောက် နယ်ခြားစောင့်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ် (Assam Rifles) ကို တပ်စွဲထားစေပြီး လုံခြုံရေးတံတိုင်း ခိုင်မာအောင် တည်ဆောက်တာကို မြင်ရပြန်တယ်။ သူ့အနေနဲ့ မြန်မာ့တော်လှန်ရေး အင်အားစုတွေကို အထင်သေးသလို တရုတ်ရဲ့ လက်ကိုင်တုတ်သဖွယ် ရှုမြင်ပြန်တယ်။

အခုချိန်မှာ အိန္ဒိယအနေနဲ့ သူ့ရဲ့ အရှေ့မျှော်မူဝါဒအရ ကုန်သွယ်ရေးလမ်းကြောင်း သုံးခုလုံးကို အာဏာသိမ်း စစ်အုပ်စုအနေနဲ့ ထိန်းချုပ်လို့ မရတာကို လက်ခံဖို့လိုသလို တော်လှန်ရေးအင်အားစုတွေ အပေါ်ကို ဆက်ဆံရမယ့်အဆင့်ဆိုတာ နားလည်ထားဖို့လိုအပ်လာပါပြီ။

သူ့ရဲ့မဟာစီမံကိန်းတည်ရှိရာ ကုလားတန်မြစ်ကြောင်း စီမံကိန်း၊ ရိဒ်ခေါဒါရ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်၊ မိုးရေး ကုန်သွယ်ရေးဂိတ်ဆိုတာ သူ့အနေနဲ့ တရုတ်နဲ့အပြိုင် ကုန်သွယ်လို့ရအောင် ဆောင်ရွက်နေတဲ့ စီးပွားရေးလမ်းကြောင်း ဖြစ်ခဲ့ပေမဲ့ လက်ရှိ ချိန်မှာ အဲဒီသုံးနေရာလုံးဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ နေရာဖြစ်လာပါတယ်။

ကလေး-တမူးမြို့ကြားက ခါမ်းပါတ်အခြေစိုက် စစ်စခန်းတွေ လက်လွတ် လိုက်ရသလို ကလေး-တမူးလမ်းကြောင်းတလျှောက်ကိုတော်လှန်ရေးအင်အားစုတွေက ထိန်းထားနိုင်တာဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒကို စိန်ခေါ်လိုက်သလို ဖြစ်နေပြန်တယ်။

အခုချိန်မှာ အိန္ဒိယအနေနဲ့ သူ့ရဲ့ အရှေ့မျှော်မူဝါဒအရ ကုန်သွယ်ရေးလမ်းကြောင်း သုံးခုလုံးကို အာဏာသိမ်း စစ်အုပ်စုအနေနဲ့ ထိန်းချုပ်လို့ မရတာကို လက်ခံဖို့လိုသလို တော်လှန်ရေးအင်အားစုတွေ အပေါ်ကို ဆက်ဆံရမယ့်အဆင့်ဆိုတာ နားလည်ထားဖို့လိုအပ်လာပါပြီ။

ဒီနေရာမှာ အိန္ဒိယအနေနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ သူတို့အပေါ် တိုက်ရိုက်အချိုးကျတယ်ဆိုတာ သိဖို့လိုသလို နယ်စပ်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုရဲ့ အင်အားဟာ တရုတ်က လာတာမဟုတ်ဘဲ လူထုအတွင်းက စီးဆင်းတယ်ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။

မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်

ဒါကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်တာဟာ မိုဒီအစိုးရအတွက် သတိပြုရမည့် မြန်မာ့ နိုင်ငံရေးအခင်းအကျင်းတခု ဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။

တကယ့် ပြဿနာက အိန္ဒိယဟာ သူစီးနေတဲ့မြင်းဟာ အထီးလား၊ အမလား မသိသလို ရှုံးမယ့်မြင်းကို ပုံအောလောင်းနေတာပဲဖြစ်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီဘက်က အင်အား ၄၀ ကျော် အိန္ဒိယနယ်စပ်ကျော်ပြီး ထွက်ပြေးထားတာကို လက်ခံတဲ့အပြင် သူ့ရဲ့ ရဟတ်ယာဉ်နဲ့ မဏိပူရ မြန်မာနယ်စပ် မိုရေးဘက်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြန်တယ်။ အိန္ဒိယအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ်မှာ အစွမ်းတမံ ကူညီပေးနေတာတွေဟာ အံသြဖို့ကောင်းတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး NCA နှစ်ပတ်လည်နေ့မှာ အိန္ဒိယအနေနဲ့ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့သလို့ သူ့ရဲ့ ရပ်တည်ချက်ကိုလည်း ပြသခဲ့ပြန်တယ်။ ဒါဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူသားမျိုးနွယ်စုတွေအပေါ်မှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာကို ထောက်ခံခဲ့တဲ့သဘော ဆောင်ခဲ့တဲ့အပြင် တဖက်တလမ်းကလည်း လက်နက်အင်အား၊ နည်းပညာ အင်အား ကူညီခဲ့တာတွေဟာ သူ့ရဲ့သမိုင်းကို ရေးနေတယ်လို့ဆိုရမှာ ဖြစ်တယ်။

တကယ့် ပြဿနာက အိန္ဒိယဟာ သူစီးနေတဲ့မြင်းဟာ အထီးလား၊ အမလား မသိသလို ရှုံးမယ့်မြင်းကို ပုံအောလောင်းနေတာပဲဖြစ်ပါတယ်။

အခုချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျရှုံးမှုကို အိန္ဒိယအနေနဲ့ မျက်လုံးစုံမှိတ် ဆက်ပြီး ကူညီနေမလား၊ ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတွေအပေါ်ကို ထိတွေ့ဆက်ဆံလာမလားဆိုတာ ရွေးချယ်ရတော့မယ့် အချိန်တန်ပြီ ဖြစ်ပါတယ်။

You may also like these stories:

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး

မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ

မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်တပ်စခန်း ၄ ခု ပူးပေါင်းတပ်များ သိမ်းပိုက်ထား

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

]]>
မီဇိုရမ် ရွေးကောက်ပွဲ ချင်းဒုက္ခသည်များရဲ့ မျှော်လင့်ချက်လား https://burma.irrawaddy.com/article/2023/11/07/376143.html Tue, 07 Nov 2023 10:12:16 +0000 https://burma.irrawaddy.com/?p=376143 မီဇိုရမ်ပြည်နယ်ဆိုတာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်ခုနှစ်ခုထဲက မြန်မာပြည်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ပြည်နယ် ဖြစ်ပါတယ်။ ]]>

မီဇိုရမ်ပြည်နယ်ဆိုတာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်ခုနှစ်ခုထဲက မြန်မာပြည်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ပြည်နယ် ဖြစ်ပါတယ်။ တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်းဒေသတို့နဲ့ ထိစပ်နေတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် ၂၀၂၁ မြန်မာပြည် အာဏာသိမ်းမှုကြောင့် ချင်းစစ်ဘေးဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူကီး (ချင်း) စစ်ဘေးဒုက္ခသည်တွေအပြင် မဏိပူရပြည်နယ်က ကူကီး (ချင်း) ဒုက္ခသည် အများဆုံး လက်ခံပေးတဲ့ ပြည်နယ်တခုဆိုရင် မမှားပါဘူး။

ဒါကိုကြည့်မယ်ဆိုရင် နိုင်ငံရေးအရ ပြည်နယ်အစိုးရရဲ့ မူဝါဒတွေ၊ နည်းစနစ်တွေက အရမ်းအရေးကြီးပါတယ်။ ဥပမာ တခုအနေနဲ့ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရရဲ့ လွှမ်းမိုးမှုနဲ့ နိုင်ငံရေးအာဏာ ခွဲဝေမှုတွေက အဓိကကျ နေပြန်တယ်။ လက်ရှိချိန်မှာ မီဇိုရမ်အစိုးရကို ဦးဆောင်နေတာကတော့ မီဇိုအမျိုးသားတပ်ဦး (MNF) ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပူးဇိုရမ်ထန်းအာက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၀ မှာ ၂၆ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်နယ်အစိုးရကို ဖွဲ့နိုင်ခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကတော့ ချင်း၊ မီးဇို၊ ကူကီးတို့ရဲ့ ခေတ်သစ်မောရှေအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ရလာခဲ့တယ်။ သူ့ရဲ့ ဦးဆောင်မှုကနေ ချင်းစစ်ဘေးဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူကီး (ချင်း) စစ်ဘေးဒုက္ခသည်တွေအပြင် မဏိပူရပြည်နယ်က ကူကီး (ချင်း) ဒုက္ခသည်တွေကို မီဇိုရမ်မှာ လက်ခံကာကွယ်ပေးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။

ပြည်နယ်ဝန်ကြီးချုပ်ကတော့ ချင်း၊ မီးဇို၊ ကူကီးတို့ရဲ့ ခေတ်သစ်မောရှေအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ရလာခဲ့တယ်။ သူ့ရဲ့ ဦးဆောင်မှုကနေ ချင်းစစ်ဘေးဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူကီး (ချင်း) စစ်ဘေးဒုက္ခသည်တွေအပြင် မဏိပူရပြည်နယ်က ကူကီး (ချင်း) ဒုက္ခသည်တွေကို မီဇိုရမ်မှာ လက်ခံကာကွယ်ပေးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။

၂၀၂၁ နှစ်ဆန်းပိုင်းက အိန္ဒိယဗဟို အစိုးရ အနေနဲ့ ပြည်ပနိုင်ငံက စစ်ဘေးဒုက္ခသည်တွေ လက်မခံဖို့ အမိန့်ညွှန်ကြားချက် ထုတ်ခဲ့ပေမဲ့ ဗဟိုအစိုးရရဲ့အမိန့်ကို ဖီဆန်နိုင်တဲ့ ရဲစွမ်းသတ္တိပြခဲ့တာကို အမှတ်ရမိကြမှာပါ။

သူ့ရဲ့မှတ်ချက်စကားကတော့ “မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၅၁၀ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေပြီး နေ့စဉ်နှင့်အမျှ ထိတ်လန့်နေသော ချင်းညီအစ်ကိုတွေဟာ မီဇိုရမ်ပြည်နယ်သို့ ပြေးလာရပြီး သူတို့ စိတ်ချလုံခြုံတဲ့နေရာကို ရှာဖွေနေရတယ်။ တကယ်တော့ သူတို့ဟာ မိမိတို့ လူမျိုးနွယ်စုတခုဖြစ်ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးမရမီကပင် နှစ်ရှည်လများစွာ အတူတကွ အနီးကပ် ထိတွေ့ ဆက်ဆံလာခဲ့ကြတဲ့ မိသားစုဝင်တွေဖြစ်တယ်။ ဒါကြောင့် မီဇိုရမ်ပြည်နယ်အနေနဲ့ ကိုယ့်ရဲ့ အိမ်နောက်ဖေးမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ခံစားနေရတဲ့ သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ မျက်ကွယ်မပြုနိုင်ဘူး” လို့ ဆိုခဲ့တဲ့ သူ့စကားဟာ သမိုင်းဝင်တခု ဖြစ်ခဲ့ရပါတယ်။

မီဇိုရမ်ပြည်နယ်နှင့် မြန်မာ့နယ်စပ်တလျှောက် တည်ရှိသော အိန္ဒိယနိုင်ငံ၏ ပြည်နယ်များပြမြေပုံ

ဒီလိုဖြစ်စဉ်တွေရဲ့ အဓိကအချက်ကတော့ နိုင်ငံရေးအရ အာဏာတည်မြဲမှုဟာ အားသာမှုတခုဖြစ်တယ်ဆို သိသာစေတယ်။ အထူးသဖြင့် အိန္ဒိယဗဟို အစိုးရဖြစ်တဲ့ BJP ပါတီကသာ ဒီပြည်နယ်မှာ အစိုးရဖြစ်ခဲ့ရင် ဒုက္ခသည်တွေအရေးမှာ ဗဟိုရဲ့ အမိန့်ကို နာခံမှာဖြစ်တဲ့အတွက် မြန်မာဒုက္ခသည်တွေအတွက် ထွက်ပြေးခိုလှုံရမယ့်မြေ မရှိသလို ဖြစ်နေပါလိမ့်မယ်။

တနည်းဆိုရလျှင် မဏိပူရပြည်နယ်မှာ ထွက်ပြေးခိုလှုံကြတဲ့ မြန်မာဒုက္ခသည်တွေဟာ အလွန်ဒုက္ခရောက်နေရတာကို မြင်နေရတယ်။ မြန်မာဒုက္ခသည်တွေကြောင့် သူတို့ပြည်နယ်ဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ မဏိပူရအစိုးရက တရားဝင်ထုတ်ပြောလေ့ရှိတဲ့အပြင် ဖမ်းဆီးထောင်ကျတဲ့အထိ မြန်မာဒုက္ခသည်တွေ ကြုံနေရတယ်။

ဒါကိုကြည့်လိုက်ရင် မဏိပူရပြည်နယ်ကို ဘယ်သူတွေဦးဆောင်သလဲဆိုရင် BJP ပါတီအစိုးရဖြစ်ပြီး ဗဟိုအစိုးရရဲ့ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာနေရတယ်။ အထူးသဖြင့် မီဇိုရမ်အစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့အချိန် မဏိပူရအစိုးရကတော့ ဖမ်းဆီးပြန်ပို့၊ ထောင်ချတဲ့အပြင် မြန်မာဒုက္ခသည်တွေကို ပြဿနာတရပ်လို့ မြင်နေတာက မြန်မာနဲ့ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ၊ နာဂပြည်နယ်တွေရဲ့ ပြည်နယ် ရွေးကောက်ပွဲနဲ့ အစိုးရတရပ်ကို မျက်ခြေမပြတ်လေ့လာဖို့ အရေးကြီးပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပူးဇိုရမ်ထန်းအာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့တွင် မဲထည့်အပြီး

ဒါကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပတဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်အတွက် ရွေးကောက်ပွဲဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ လက်ရှိအာဏာရ မီဇိုအမျိုးသားတပ်ဦးနဲ့ အတိုက်အခံပါတီတွေဖြစ်တဲ့ ကွန်ဂရက်ပါတီ၊ ဒေသခံ ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ (ZPF) တို့ရဲ့ အားပြိုင်မှုဟာ ပိုမိုကြီးမားလာတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ၊ နာဂပြည်နယ်တွေရဲ့ ပြည်နယ် ရွေးကောက်ပွဲနဲ့ အစိုးရတရပ်ကို မျက်ခြေမပြတ်လေ့လာဖို့ အရေးကြီးပါတယ်။

မီဇိုရမ်ပြည်နယ်တခွင် မြို့ချင်းဆက် လမ်းမကြီးတွေမှာတော့ ပါတီရဲ့ အလံတွေကို ဝဲ၊ ယာနှစ်ဖက်ရှိ သစ်ငုတ်၊ သစ်ပင်တွေပေါ်မှာ စိုက်ထူထားကြတာကို တွေ့မြင်ရတယ်။ မကြာသေးမီကလည်း ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ကိုယ်တိုင် မီဇိုရမ်ကို လာရောက်ပြီး မဲဆွယ်စည်းရုံးပွဲများ ပြုလုပ်နေတာကို တွေ့ရပြီ။

ဒီလို နိုင်ငံရေးအရ စည်းရုံးရေးဆင်းတဲ့ အခြေအနေကို လက်တွေ့မြင်ခဲ့ရင်း၊ မိမိအနေနဲ့ ခရီးသွားဖော် စီးပွားရေးလုပ်ငန်းရှင်တဦးနဲ့ လက်လုပ်လက်စား မီဇိုတွေနဲ့ တွေ့ဆုံဆွေးနွေးရင်း သူတို့ရဲ့ မှတ်ချက်စကားကို အခြေခံပြီး ဆောင်းပါးလေးတပုဒ်အဖြစ်ရေးဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ အထူးသဖြင့် မီဇိုတွေကိုယ်တိုင် မြင်ချင်တဲ့ လာမယ့်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလည်း ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတဲ့ ဒီရွေးကောက်ပွဲရလဒ်ဟာ မီဇိုရမ်ရောက်နေတဲ့ ဒုက္ခသည်များအားလုံးနဲ့ တိုက်ရိုက်အချိုးကျနေလို့ပါ။

လက်ရှိချိန်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်အတွက် လက်ရှိအာဏာရ မီဇိုအမျိုးသားတပ်ဦးနဲ့ အတိုက်အခံပါတီတွေဖြစ်တဲ့ ကွန်ဂရက်ပါတီ၊ ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ (ZPF) တို့က အမတ်နေရာ ၄၀ အတွက် တင်းပြည့်ယှဉ်ပြိုင်ကြဖို့ရှိနေသလို BJP ကတော့ အမတ်နေရာ ၄၀ အနက် ၂၃ နေရာအတွက်သာ ပြင်ဆင်နေတာကို တွေ့ရတယ်။ ဒီနိုင်ငံရေး အခင်းအကျင်းမှာတော့ မြန်မာဒုက္ခသည်တွေထက်စာရင် မီဇိုရမ် မဲဆန္ဒရှင်တွေရဲ့ သဘောထားကတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားမှု နည်းတာကို တွေ့နေရတယ်။

နယ်စပ်နေ တောင်တန်းသားများ၏ လိုလားချက်များနှင့် ဆန္ဒများက ရွေးကောက်ပွဲတွင် ထင်ဟပ်ပေါ်လွင်သည်

၂၀၁၈ ကတည်းက မီဇိုအမျိုးသားတပ်ဦး အစိုးရအနေနဲ့ အစိုးရလုပ်ခဲ့တဲ့သက်တမ်းမှာ ပြည်နယ်ရဲ့ ဗဟို ရန်ပုံငွေသုံးစွဲမှုဟာ ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်မှာပဲ အများဆုံးဆိုတဲ့ ကိစ္စဟာ အကြီးမားဆုံး မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ယူဆကြပါတယ်။ အထူးသဖြင့် ၂၀၂၀ ကိုဗစ်နိုင်တင်း ကာကွယ်ရေး အစီအမံမှာ ရန်ပုံငွေတွေအများဆုံးကို မြို့တော်နဲ့ ၎င်းနဲ့ ဆက်စပ်နေတဲ့ မြို့တွေမှာပဲ သုံးစွဲနေသလို ကုန်းလမ်းကိုသာ ဦးစားပေးနေရတဲ့ ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး အသုံးစရိတ်ဟာလည်း မြို့တော်မှာပဲ အများဆုံး သုံးစွဲတဲ့အတွက် ပါတီရဲ့ နောက်လာမယ့်လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ရမည့် ကိစ္စတခုဖြစ်လာပါတယ်။

ပါတီအများစု အမြဲငြင်းခုန်နေတာကတော့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်နယ်ရန်ပုံငွေတွေအပေါ် အကျင့်ပျက်ခြစားမှုတွေကြောင့်သာ မြို့၊ ခရိုင်တွေအကြား ရန်ပုံငွေ မညီမျှမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့ ယူဆကြပေမဲ့ ပါတီတွေ ပြောပြောနေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဟာ လက်တွေ့မှာ တကယ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပြန်တယ်။

အချုပ်ဆိုရသော် မီဇို မဲဆန္ဒရှင်များ အနေနဲ့ လာမည့်အစိုးရကို မြင်ချင်တဲ့အရာကတော့ ပြည်နယ်က လူတွေအတွက် စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းပေးတဲ့ တပွဲတိုး စနစ်တွေထက် တရားမျှတမှုကို စွမ်းဆောင်ပေးနိုင်တဲ့ အစိုးရမျိုးကို ပိုပြီး လိုအပ်နေတာကို တွေ့ရပြန်တယ်။ ဘယ်ပါတီက ဖော်ဆောင်နိုင်မလဲဆိုတာတော့ လက်ရှိချိန်အထိ စည်းရုံးရေးကာလမှာ စောင့်ကြည့်နေကြတဲ့ အနေအထားကို တွေ့ရပါတယ်။

အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်ပြီး မီဇိုးအစိုးရက ချင်းဒုက္စသည်များအား လက်ခံနေရာပေးထားသည်

မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်ရင်တော့ ပြည်နယ်ဒေသခံပါတီ နှစ်ခုလုံးဖြစ်တဲ့ မီဇိုအမျိုးသားတပ်ဦးနဲ့ အတိုက်အခံပါတီဖြစ်တဲ့ ZPF ကတော့ ချင်း၊ မီဇိုး၊ ကူကီး ညီအစ်ကိုသွေးချင်းဆိုတဲ့ အမြင်တော့ရှိကြပေမဲ့ မြန်မာဒုက္ခသည်အရေးမှာ ဘယ်လိုတွေ စီမံခန့်ခွဲမယ်ဆိုတဲ့ သဘောထားကိုတော့ တိတိကျကျ မဖော်ပြကြပါဘူး။ ဒါပေမဲ့ အိန္ဒိယရဲ့ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ကွန်ဂရက်ပါတီနဲ့ BJP ကတော့ ဗဟိုရဲ့ သြဇာခံမယ့် သဘောမှာရှိနေတဲ့ အတွက် မြန်မာဒုက္ခသည်အရေးမှာ စိုးရိမ်ရတယ်လို့ မြန်မာဒုက္ခသည်တွေက ဆိုကြတယ်။

မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်ရင်တော့ ပြည်နယ်ဒေသခံပါတီ နှစ်ခုလုံးဖြစ်တဲ့ မီဇိုအမျိုးသားတပ်ဦးနဲ့ အတိုက်အခံပါတီဖြစ်တဲ့ ZPF ကတော့ ချင်း၊ မီဇိုး၊ ကူကီး ညီအစ်ကိုသွေးချင်းဆိုတဲ့ အမြင်တော့ရှိကြပေမဲ့ မြန်မာဒုက္ခသည်အရေးမှာ ဘယ်လိုတွေ စီမံခန့်ခွဲမယ်ဆိုတဲ့ သဘောထားကိုတော့ တိတိကျကျ မဖော်ပြကြပါဘူး။

ဒါကြောင့် လာမယ့် ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးတွေကို ကိုင်တွယ် ဖြေရှင်းရမယ့်အပြင် ပြည်နယ်တွင်း ရောက်ရှိပြီးဖြစ်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး၊ မဏိပူရပြည်နယ်က ကူကီးဒုက္ခသည်အရေးတွေဟာ လက်တွေ့ကျကျ ကိုင်တွယ်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။

တဖက်မှာလည်း မြန်မာဒုက္ခသည်အရေးမှာ တက်ကြွတဲ့ လက်ရှိ ပြည်နယ်အစိုးရဝန်ကြီးချုပ် ပူးဇိုရမ်ထန်းအာ အနေနဲ့ မီဇိုလူမျိုးစု (ချင်း၊ မီဇို၊ ကူကီး) – အမျိုးသားရေးဝါဒကို ဗဟိုပုံရိပ်တခုအနေနဲ့ ကိုင်စွဲထားပြီး သူ့ရဲ့ပါတီအာဏာကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

အိန္ဒိယ မီဇိုရမ်နှင့် မြန်မာ ချင်းတို့၏ တရားဝင်နယ်စပ်ဂိတ် ရီခေါဒါ

သူ့အစိုးရကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာလည်း သူ့အနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေရဲ့ ဇီဝဖြစ်စဉ် အသေးစိတ် အချက်အလက်များ စုဆောင်းခြင်းကို ငြင်းပယ်ခဲ့ပြီး “ဒီလုပ်ရပ်ဟာ ဇီဝဗေဒဆိုင်ရာ အချက်အလက်တွေနဲ့ အတ္ထုပ္ပတ္တိ အချက်အလက်တွေကို စုဆောင်းတာက ကျွန်ုပ်တို့ရဲ့ သွေးရင်းသားရင်းဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေအပေါ် ခွဲခြားဆက်ဆံမှု ဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့ဖူးတယ်။

မီဇိုရမ်ရဲ့ ရွေးကောက်ပွဲတိုင်းမှာ အစိုးရတရပ်ကို သက်တမ်းနှစ်ကြိမ်အထိ ရွေးချယ်လေ့ရှိကြပြီး ၂၀၁၈ နောက်ပိုင်း သက်တမ်းတခုသာရှိသေးတဲ့ မီဇိုအမျိုးသားတပ်ဦး (MNF) ကိုသာ ဆက်ပြီး ရွေးချယ်ကြမလားဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တဖက်မှာ အိန္ဒိယရဲ့ ပြည်မကြီးပါတီတွေဖြစ်တဲ့ ကွန်ဂရက်ပါတီနဲ့ BJP တွေအပေါ်တော့ ယုံကြည်မှုထက် ဗဟိုအစိုးရရဲ့ လွှမ်းမိုးမှုတွေကို ပိုပြီး စောင့်ကြည့်နေကြတာကို တွေ့နေရတယ်။ အထူးသဖြင့် BJP အစိုးရအနေနဲ့ မဏိပူရမှာ အာဏာရထားပြီး အဲဒီပြည်နယ်ရဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး လျစ်လျူရှုခံထားရလို့ သွေးချင်း ကူကီးမျိုးနွယ်စု အရေးမှာ မီဇိုရမ်လူထုအနေနဲ့ မကျေမနပ်ဖြစ်နေတာကြောင့် BJP ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ ထောက်ခံမှု မရရှိနိုင်ဘူးလို့ သုံးသပ်ကြတယ်။

မီဇိုအမျိုးသားတပ်ဦး (MNF) ထောက်ခံသူများ

သို့သော်လည်း မီဇိုရမ်ပြည်နယ်ရှိ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပြောင်းလဲမှုမှာ မဲဆန္ဒရှင်များရဲ့ အစဉ်တစိုက် ရွေးချယ်မှုပုံစံကလည်း သာဓက အနေနဲ့ ရှိနေပြန်ပါတယ်။ မီဇိုရမ်ရဲ့ ရွေးကောက်ပွဲတိုင်းမှာ အစိုးရတရပ်ကို သက်တမ်းနှစ်ကြိမ်အထိ ရွေးချယ်လေ့ရှိကြပြီး ၂၀၁၈ နောက်ပိုင်း သက်တမ်းတခုသာရှိသေးတဲ့ မီဇိုအမျိုးသားတပ်ဦး (MNF) ကိုသာ ဆက်ပြီး ရွေးချယ်ကြမလားဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်နယ်တွင်းအခြေစိုက် Zoram People’s Movement (ZPM) ဟာ လူငယ်ခြေတက် နိုင်ငံရေးသမား အများစုနဲ့ ချီတက်လာပြီး သူတို့အနေနဲ့လည်း ဒုတိယသက်တမ်းမှာ မီဇိုရမ်ရဲ့ အစိုးရဖြစ်ခွင့် သမိုင်းဖြစ်စဉ်ကို အစားထိုးပြီး MNF ထက် ၂၀၂၃ ခုနှစ်မှာ အစိုးရသစ်ဖွဲ့နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို တွေ့နေရပါတယ်။ ရွေးကောက်ပွဲအဖြေ အတိအကျကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့ မဲစာရင်းက အဖြေပေးမှာဖြစ်ပြီး မြန်မာဒုက္ခသည်များ အနေနဲ့လည်း ရင်တထိတ်ထိတ် စောင့်ကြည့်နေကြပါတယ်။

(ခွန်ဘီလီသည် ချင်းမိုင်တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူစာတမ်းရေးသားနေသူ ကျောင်းသားတဦးဖြစ်သည်။)

You may also like these stories:

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်

စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ရှောင် ၂ သောင်းကျော်ထိရှိလာ

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် သဘောထားအမြင်များ

မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး

]]>