Duncan McCargo, Author at ဧရာဝတီ https://burma.irrawaddy.com/author/dmccargo Covering Burma and Southeast Asia Mon, 16 Jun 2025 04:41:42 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Duncan McCargo, Author at ဧရာဝတီ https://burma.irrawaddy.com/author/dmccargo 32 32 ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း https://burma.irrawaddy.com/opinion/viewpoint/2025/06/14/402243.html Sat, 14 Jun 2025 13:38:33 +0000 https://burma.irrawaddy.com/?p=402243 "ဗုဒ္ဓဘာသာဟာ အမျိုးသားရေးဝါဒနဲ့ ဆက်စပ်လိုက်တဲ့အခါ ပြဿနာတွေ စတင်တော့တာပဲ"]]>

လွန်ခဲ့သော ၁၀ နှစ်က စာရေးသူသည် ကွယ်လွန်သူ ကိုလံဘီယာ တက္ကသိုလ် ပါမောက္ခ အဲလ်ဖရက် စီ စတီပန်နှင့် (မထုတ်ဝေရသေးသော) ဆောင်းပါးတပုဒ်ကို ရေးသားခဲ့သည်။ ပါမောက္ခ အဲလ်ဖရက်သည် မြန်မာနှင့် ထိုင်းနိုင်ငံမှ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် သုတေသနလုပ်နေပြီး သီရိလင်္ကာ၊ လာအိုနှင့် ကမ္ဘောဒီးယားအကြောင်း မပါသေးပေ။

ထိုစဉ်က မြန်မာသည် အရပ်သားများကို အစိုးရအကြီးအကဲ ဖြစ်ခွင့်မပြုသေးဘဲ ထိုင်းနိုင်ငံသည် အာဏာသိမ်းမှု နှစ်ခုကို ရင်ဆိုင်ထားရပြီး သီရိလင်္ကာသည် သွေးချောင်းစီးသည့် ပြည်တွင်းစစ်ကို ဖြတ်သန်းထားသည်။

သုတေသနကို လုပ်ဖြစ်စေသည့် အဓိက အကြောင်းရင်းမှာ “ထေရဝါဒ ဗုဒ္ဓဘာသာအများစု နိုင်ငံများအနက် မည်သည့်နိုင်ငံကမှ ဒီမိုကရေစီ အမြစ်တွယ်ရေးတွင် အဘယ်ကြောင့် မအောင်မြင်သနည်း” ဆိုသည့် သုတေသနမေးခွန်း ဖြစ်သည်။

သုတေသနကို လုပ်ဖြစ်စေသည့် အဓိက အကြောင်းရင်းမှာ “ထေရဝါဒ ဗုဒ္ဓဘာသာအများစု နိုင်ငံများအနက် မည်သည့်နိုင်ငံကမှ ဒီမိုကရေစီ အမြစ်တွယ်ရေးတွင် အဘယ်ကြောင့် မအောင်မြင်သနည်း” ဆိုသည့် သုတေသနမေးခွန်း ဖြစ်သည်။

သူ၏ ပညာရှင်ဘဝ နောက်ဆုံးအဆင့်တွင် ပါမောက္ခ အဲလ်ဖရက်သည် ဘာသာရေးကို ဖြစ်နိုင်ခြေရှိသော အဖြေဟု ယူဆပြီး ဘာသာရေးက နိုင်ငံရေးကို မည်သို့ သက်ရောက်သည်ကို အလွန်စိတ်ဝင်စားလာသည်။

ကိုလံဘီယာ တက္ကသိုလ်တွင် သူသည် ဒီမိုကရေစီ၊ ခန္တီတရားနှင့် ဘာသာရေးဌာနကို စီမံညွှန်ကြားပြီး အစ္စလမ်ဘာသာ အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ပြောင်းလဲနေသည့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများ၏ အခြေအနေကို အာရုံကျသည်။

ထို့ပြင် ပါမောက္ခ အဲလ်ဖရက်သည် သီရိလင်္ကာကို စိတ်ဝင်စားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး မြန်မာနှင့်ပတ်သက်သည့် သုတေသန လုပ်ခဲ့သည်။ မြန်မာတွင် ငြိမ်းချမ်းရေးလုပ်ငန်းကို ထောက်ကူရန် သူက မျှော်လင့်ခဲ့သည်။ အခြားသုတေသန မေးခွန်းတခုမှာ “အင်ဒိုနီးရှား၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကဲ့သို့ ထေရဝါဒ ဗုဒ္ဓဘာသာတွင် ယင်းသို့လုပ်ဆောင်မည့်သူ ဘာကြောင့် မရှိသနည်း” ဆိုသည့် မေးခွန်းဖြစ်သည်။

၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပါမောက္ခ အဲလ်ဖရက်သည် မြန်မာသို့ ရောက်ခဲ့သည်။ ထိုစဉ်က စာရေးသူတို့သည် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး ပုန်ကန်မှုဖြစ်နေသည့် မွတ်ဆလင်အများစုရှိရာ ထိုင်းတောင်ပိုင်းနယ်စပ် ပြည်နယ်များဖြစ်သည့် ပတ္တာနီနှင့် ယာလာ ပြည်နယ်များသို့ သွားရောက်ပြီး ဒေသတွင်းမှ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းသည်။

ချိုင်ရာဖန်မှ ထင်ရှားသော ထိုင်းဘုန်းတော်ကြီးနှင့် ပညာရှင် ဝပ်ပစူကာတို ကျောင်းထိုင်ဆရာတော် ဖရာ ပိုင်ဆယ် ဗိစာလော က “ဗုဒ္ဓဘာသာဟာ အမျိုးသားရေးဝါဒနဲ့ ဆက်စပ်လိုက်တဲ့အခါ ပြဿနာတွေ စတင်တော့တာပဲ” ဟု မိန့်သည်။

ချိုင်ရာဖန်မှ ထင်ရှားသော ထိုင်းဘုန်းတော်ကြီးနှင့် ပညာရှင် ဝပ်ပစူကာတို ကျောင်းထိုင်ဆရာတော် ဖရာ ပိုင်ဆယ် ဗိစာလော က “ဗုဒ္ဓဘာသာဟာ အမျိုးသားရေးဝါဒနဲ့ ဆက်စပ်လိုက်တဲ့အခါ ပြဿနာတွေ စတင်တော့တာပဲ” ဟု မိန့်သည်။

ထိုမိန့်ဆိုချက်ကြောင့် ထေရဝါဒဗုဒ္ဓဘာသာတွင် “အမျိုးသားရေးဝါဒ ပြဿနာ” ရှိနေပြီး ထိုပြဿနာသည် သဘောထားကြီးသည့် သည်းခံမှုနှင့် ဒီမိုကရေစီအတွက် အဓိက အတားအဆီးဖြစ်သည်ဟု စောဒကတက်သည့် စာတမ်းကို ပြုစုရန် စာရေးသူတို့ကို ဉာဏ်အလင်းပွင့်စေသည်။

ထေရဝါဒဗုဒ္ဓဘာသာ လူများစုဖြစ်သည့် သီဟိုဠ် (သီရိလင်္ကာ)၊ ဗမာ (မြန်မာ) နှင့် ဆိုင်ယမ် (ထိုင်း) တို့တွင် ကျယ်ပြန့်ပြီး အများအားဖြင့် “ဒီမိုကရေစီကျသည့်” အုပ်ချုပ်ရေးများ ရှိခဲ့ဖူးသည်။ သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ၊ မြန်မာတွင် ၁၉၅၀ ပြည့်နှစ်များနှင့် ထိုင်းနိုင်ငံတွင် ယခုထောင်စုနှစ်သို့ ကူးပြောင်းချိန်ကအထိ ဖြစ်သည်။

သို့သော် အချိန်ကြာလာသောအခါ ထိုနိုင်ငံတော်များသည် ဒီမိုကရေစီအားနည်းသည့် အာဏာရှင်စနစ်များသို့ ကူးပြောင်းကြသည်။ ဘာသာရေး အတွေးအခေါ်များနှင့် အမျိုးသားရေးလက္ခဏာနှင့် ဆက်စပ်သည့် ဘုံအချက်အလက်အချို့ကို စာရေးသူတို့ ဖော်ထုတ်တွေ့ရှိပြီး အခြားအဓိကကျသည့် ဘာသာရေးများကဲ့သို့ပင် ထေရဝါဒဗုဒ္ဓဘာသာသည် အမျိုးမျိုး အနက်အဓိပ္ပာယ် ကောက်ယူနိုင်သည့် သဘောရှိသည်။

ဆိုလိုသည်မှာ ထေရဝါဒဗုဒ္ဓဘာသာသည် သည်းခံမှု ခန္တီတရားနှင့် ဗဟုဝါဒ အတွေးအခေါ်များကို မိမိဘာသာရေးသည်သာ မှန်သည်ဆိုသည့် အတွေးအခေါ်အချို့နှင့် အများစုတွင် ဆုံးဖြတ်ခွင့်ရှိသည်ဆိုသည့် အတွေးအခေါ်အချို့ကို ပေါင်းစပ်ထားသည့်သဘော ဖြစ်သည်။

အဆိုပါ နိုင်ငံတော် သုံးခုလုံးတွင် အမျိုသားရေးဝါဒသည် ၁၉ ရာစု ကိုလိုနီစနစ်နှင့် ၂၀ ရာစု နိုင်ငံတော်တည်ဆောက်ရေးအပြီး အဓိကအားဖြင့် ကြီးထွားလာသည်။

ထိုင်းနိုင်ငံသည် မည်သည့်အခါကမှ ကိုလိုနီအပြုမခံရသော်လည်း ထိုင်းဘုရင်များသည် ဥရောပ ကိုလိုနီအုပ်ချုပ်သူများ၏ မူဝါဒအများအပြားကို လိုက်လံလုပ်ဆောင်သည်။

တချိန်က အရှေ့တောင်အာရှ ပင်မကုန်းမြေ၏ လက္ခဏာဖြစ်သော ‘မဏ္ဍလ’ ဟုခေါ်သည့် အားပြိုင်ပြီး ပိုင်နက်ချင်း ထပ်နေသည့် အာဏာနယ်မြေ အဝန်းအဝိုင်းများ၏ လျော့ရဲသော ကွန်ရက်သည် တဖြည်းဖြည်းနှင့် ပိုမို ဗဟိုချုပ်ကိုင်မှု ရှိလာပြီး ထေရဝါဒဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းကို အခွင့်ထူးပေးသည့် နိုင်ငံတော်တခုစီအတွင်း အခြားသူများကို ဖယ်ထုတ်သည့် တည်ဆောက်ပုံအဖြစ် ခိုင်မာလာသည်။

တချိန်က အရှေ့တောင်အာရှ ပင်မကုန်းမြေ၏ လက္ခဏာဖြစ်သော ‘မဏ္ဍလ’ ဟုခေါ်သည့် အားပြိုင်ပြီး ပိုင်နက်ချင်း ထပ်နေသည့် အာဏာနယ်မြေ အဝန်းအဝိုင်းများ၏ လျော့ရဲသော ကွန်ရက်သည် တဖြည်းဖြည်းနှင့် ပိုမို ဗဟိုချုပ်ကိုင်မှု ရှိလာပြီး ထေရဝါဒဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းကို အခွင့်ထူးပေးသည့် နိုင်ငံတော်တခုစီအတွင်း အခြားသူများကို ဖယ်ထုတ်သည့် တည်ဆောက်ပုံအဖြစ် ခိုင်မာလာသည်။

အတိုချုပ်အားဖြင့်ဆိုပါက ပါမောက္ခ အဲလ်ဖရက်သည် သမိုင်းမှ သို့မဟုတ် ကိုလိုနီခေတ်မြန်မာနှင့် ထိုင်းနိုင်ငံကို ကွဲပြားသည့် “လူမျိုးပေါင်းစုံရှိ နိုင်ငံရေးယူနစ်များ” ဟုခေါ်သော လူမျိုးစုံအဖွဲ့အစည်းများ၏ ဥပမာအဖြစ် မြင်သည်။ ထိုအဖွဲ့အစည်းများသည် မိမိတို့ ယနေ့တွေ့ရသည့် မြန်မာနှင့် ထိုင်း ခေတ်သစ်နိုင်ငံတော်များအဖြစ် ပြောင်းလဲသွားသည်။

အိန္ဒိယကို အာရုံစိုက်မိသော ပါမောက္ခ အဲလ်ဖရက်နှင့် ပူးတွဲစာရေးသူများက “တိုင်း-နိုင်ငံများ” ဟု ခေါ်ဝေါ်သတ်မှတ်ကြသော နိုင်ငံများသည် ဘာသာစကားအများအပြားကို ခွင့်ပြုပြီး နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခြင်းမရှိဘဲ ဗဟိုချုပ်ကိုင်မှု မရှိ၊ အများအားဖြင့် ဖက်ဒရယ်ပုံစံ နိုင်ငံရေးအာဏာကို အသုံးပြုကြသည်ဟု ဆိုသည်။

တဖက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများသည် ထိုသို့သော ဗဟုဝါဒကို ထူးထူးခြားခြား ဆန့်ကျင်ပုံရသည်။ ၎င်းတို့သည် ထုံးစံအားဖြင့် နိုင်ငံတော်ဘာသာစကားတခု၊ နိုင်ငံတော်ဘာသာရေးတခုနှင့် အလွန်မြင့်မားစွာ ဗဟိုချုပ်ကိုင်သည့် အုပ်ချုပ်ရေးကို ပြဋ္ဌာန်းကြသည်။

ထေရဝါဒဗုဒ္ဓဘာသာသည် ကနဦးတွင် ဘုရင်စနစ်နှင့် နီးကပ်စွာပတ်သက်ပြီး နောက်ပိုင်းတွင် ကိုလိုနီခေတ်လွန် အစိုးရများနှင့် နီးကပ်စွာ ပတ်သက်ကာ ၎င်းတို့အနက် အများစုသည် အာဏာရှင်စနစ်များ ဖြစ်သည်။ မြန်မာ့အရေးသည် ခြွင်းချက်ဖြစ်ပြီး သံဃာတော်များသည် သက်ဦးဆံပိုင်စနစ်ကို ဆန့်ကျင်ကြသည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆန့်ကျင်ကြသည်။ သို့သော် အာဏာရသူများသည် စည်းရုံးသိမ်းသွင်းပြီး သံဃာများကို အသုံးချတတ်သည်။

ထိုညီမျှခြင်း၏ တစိတ်တပိုင်းအဖြစ် နိုင်ငံရေးယူနစ်များတွင် တရားဝင်သည်ဖြစ်စေ တရားမဝင်ဖြစ်စေ နိုင်ငံသား အပြည့်အဝ ဖြစ်ခြင်းသည် ဗုဒ္ဓဘာသာလူများစုအတွက် ရနိုင်သောကိစ္စဖြစ်သည်။ ဥပမာအားဖြင့် ၁၉၅၀ ပြည့်နှစ်များ နှောင်းပိုင်းက ထိုင်းအစိုးရသည် တရုတ်နွယ်ဖွား ထိုင်းနိုင်ငံသားများကို မဲပေးခွင့်မပေးဘဲ စစ်မှုထမ်းခွင့်လည်း မပေးပေ။

ထို့နောက်တွင် တရုတ်နွယ်ဖွား ထိုင်းများကို ထိုင်းလူ့အဖွဲ့အစည်းအတွင်း ထည့်သွင်းသော်လည်း ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံများသည် နယ်မြေအရ စုစည်းနေသည့် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုများနှင့် ရုန်းကန်နေရပုံရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသမှ မလေး/မွတ်ဆလင်များသည် ထိုင်းပိုမိုပီသရန်၊ ထိုင်းစကားပြောရန်၊ ထိုင်းဘုရင်စနစ်ကို သစ္စာခံရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်ရပြီး ၎င်းတို့၏ အမျိုးသားလက္ခဏာ ထိန်းသိမ်းရေးအတွက် ရုန်းကန်နေရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသမှ မလေး/မွတ်ဆလင်များသည် ထိုင်းပိုမိုပီသရန်၊ ထိုင်းစကားပြောရန်၊ ထိုင်းဘုရင်စနစ်ကို သစ္စာခံရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်ရပြီး ၎င်းတို့၏ အမျိုးသားလက္ခဏာ ထိန်းသိမ်းရေးအတွက် ရုန်းကန်နေရသည်။

မြန်မာတွင် ရိုဟင်ဂျာ မွတ်ဆလင် ၁ သန်းခန့်သည် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ မောင်းထုတ်ခံရသည်။ ထိုကိစ္စသည် ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး နေရပ်စွန့်ခွာမှုဖြစ်ပြီး ဗုဒ္ဓဘာသာ၏ သဘောထားမကြီးနိုင်သည့် အလွန်အကျွံ ဥပမာတခု ဖြစ်သည်။

မဲပေးခွင့်ဆုံးရှုံးခြင်း၊ ချိုးနှိမ်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း ဇာတ်လမ်းများသည် ထိုဗုဒ္ဓဘာသာအများစု နိုင်ငံများတွင် အကန့်အသတ်ရှိသော ဗဟုဝါဒ၏ စိတ်ဖိစီးစရာ သက်သေအထောက်အထားများ ဖြစ်သည်။

ထိုကိစ္စများတွင် လူနည်းစု ဘာသာစကားများကို အသိအမှတ် မပြုခြင်းနှင့် အာဏာကို ဗဟိုချုပ်ကိုင်မှု လျှော့ချရန် အမြဲတစေ ငြင်းပယ်ခြင်းလည်း ပါဝင်ပြီး ထိုင်းဗဟိုအစိုးရသည် ပြည်နယ် ၇၆ ခုလုံးတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ရန် ခွင့်မပြုပေ။

ထိုစာတမ်းကို မထုတ်ဝေမီ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပါမောက္ခ အဲလ်ဖရက် စတီပန် ကွယ်လွန်သည်။ ထို့နောက်ပိုင်း ဒေသအတွင်း စိတ်ဆင်းရဲစရာ ဖြစ်ပေါ်ပြောင်းလဲမှုများ အထူးသဖြင့် ၂၀၂၁ ခုနှစ် မြန်မာမှ စစ်အာဏာသိမ်းမှုနှင့် ၂၀၂၃ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲ ရလဒ်များကို အလေးမထားခြင်းသည် မိမိတို့ လွန်ခဲ့သော ဆယ်စုနှစ်က စတင်ဆွေးနွေးခဲ့သည့် ပြဿနာများ၏ အရေးပါမှုကို ပြသနေသည်။

ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများသည် ဒီမိုကရေစီအရ ပြဿနာအချို့ ရှိနေဆဲဖြစ်သော်လည်း ထာဝရ အကောင်းမြင်သော ပါမောက္ခ အဲလ်ဖရက်သည် လုံလောက်သော နိုင်ငံရေးဆန္ဒနှင့် အများပြည်သူ ဆွေးနွေးမှုရှိပါက ထိုစိတ်ဖိစီးစရာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အခိုင်အမာ ဆက်လက် ယုံကြည်သွားခဲ့သည်။

ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများသည် ဒီမိုကရေစီအရ ပြဿနာအချို့ ရှိနေဆဲဖြစ်သော်လည်း ထာဝရ အကောင်းမြင်သော ပါမောက္ခ အဲလ်ဖရက်သည် လုံလောက်သော နိုင်ငံရေးဆန္ဒနှင့် အများပြည်သူ ဆွေးနွေးမှုရှိပါက ထိုစိတ်ဖိစီးစရာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အခိုင်အမာ ဆက်လက် ယုံကြည်သွားခဲ့သည်။

(Fulcrum ပါ Duncan McCargo ၏ Why Theravāda Buddhist Nations Struggle with Democracy ကို ဘာသာပြန်သည်။ ဒန်ကန် မက်ကာဂိုသည် စင်ကာပူနိုင်ငံ၊ နန်ယန်းနည်းပညာတက္ကသိုလ်မှ ကမ္ဘာ့ရေးရာဥက္ကဋ္ဌနှင့် ISEAS-Yusof Ishak Institute ၏ ထိုင်းနိုင်ငံလေ့လာရေးအစီအစဉ်မှ တွဲဖက်ဝါရင့်သုတေသီ ဖြစ်သည်။)

You may also like these stories:

စစ်တပ်ရှိတဲ့နေရာမှာပဲ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မီးတောက်နေတယ်

ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ

နိုင်ငံရေးဆိုတာ ဘာသာရေးကို အခြေခံပြီး လုပ်ရတာ မဟုတ်ဘူး (ရုပ်/သံ)

ဘာသာရေးကို နိုင်ငံရေးအလို့ငှာ လှုံဆော်မှုတွေ ရှိနေ (ရုပ်/သံ)

နိုင်ငံရေး၊ ဘာသာရေးနဲ့ ပျောက်ဆုံးနေသော ခန္တီစ

ဘာသာရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးမှာ အသုံးချချင်တဲ့ပုံစံမျိုးလုပ်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူး (ရုပ်/သံ)

]]>