Erica Yokoyama, Author at ဧရာဝတီ https://burma.irrawaddy.com/author/erica-y Covering Burma and Southeast Asia Mon, 22 Sep 2025 04:56:50 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Erica Yokoyama, Author at ဧရာဝတီ https://burma.irrawaddy.com/author/erica-y 32 32 ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင် https://burma.irrawaddy.com/article/2025/09/22/406021.html Mon, 22 Sep 2025 04:54:51 +0000 https://burma.irrawaddy.com/?p=406021 မစ္စ တာကိုင်ချီသည် ပါတီနှင့် ပါလီမန်မဲများ အနိုင်ရပါက ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။]]>

အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်မှု ပြိုင်ပွဲမှ ရှေ့ဆုံးပြေးနေသူများတွင် မစ္စ ဆာနာအဲ တာကိုင်ချီ ပါဝင်နေပြီး ဂျပန်နိုင်ငံသည် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ကို မကြာမီတွေ့မြင်ရနိုင်သောကြောင့် အမျိုးသမီးခေါင်းဆောင် ရှားပါးသောနိုင်ငံတွင် အရေးပါသော တိုးတက်မှုဖြစ်သည်။

LDP ပါတီ ခေါင်းဆောင်မှု ရွေးကောက်ပွဲ အောက်တိုဘာလ ၄ ရက်နေ့ မတိုင်မီ သဘောထားတင်းမာသော ကွန်ဆာဗေးတစ် တာကိုင်ချီသည် စိုက်ပျိုးရေးဝန်ကြီး မစ္စတာ ရှင်ဂျီရို ကိုအိဇုမိနှင့်အတူ အများပြည်သူ အကြိုက်ဆုံး ဖြစ်နေသည်။ လွန်ခဲ့သောနှစ်က LDP ခေါင်းဆောင်မှုရွေးပွဲတွင် တာကိုင်ချီသည် နုတ်ထွက်တော့မည့် ဝန်ကြီးချုပ် မစ္စတာ ရှီဂဲရု အီရှီဘာကို ပွတ်ကာသီကာ ရှုံးနိမ့်သည်။

မစ္စ တာကိုင်ချီသည် ပါတီနှင့် ပါလီမန်မဲများ အနိုင်ရပါက ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။ လိင်တန်းတူညီမျှမှု အကန့်အသတ်ဖြင့်သာ တိုးတက်မှုရှိသော၊ အထူးသဖြင့် နိုင်ငံရေးတွင် အကန့်အသတ်ရှိသော နိုင်ငံတနိုင်ငံအတွက် ထိုကိစ္စသည် အရေးပါသော အပြောင်းအလဲကာလ ဖြစ်နိုင်သည်။

မစ္စ တာကိုင်ချီသည် ပါတီနှင့် ပါလီမန်မဲများ အနိုင်ရပါက ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။ လိင်တန်းတူညီမျှမှု အကန့်အသတ်ဖြင့်သာ တိုးတက်မှုရှိသော၊ အထူးသဖြင့် နိုင်ငံရေးတွင် အကန့်အသတ်ရှိသော နိုင်ငံတနိုင်ငံအတွက် ထိုကိစ္စသည် အရေးပါသော အပြောင်းအလဲကာလ ဖြစ်နိုင်သည်။

“အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတာ ကမ္ဘာက ဂျပန်ကို အမြင် အမှန်တကယ် ပြောင်းစေနိုင်တယ်” ဟု နာဂိုယာတက္ကသိုလ်၊ ဥပဒေကျောင်းမှ နိုင်ငံရေးနှင့် လိင်တန်းတူမှု လေ့လာသူ ပါမောက္ခ ဟီရိုကို တာကေဒါက ပြောသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ လိင်တန်းတူမှုကွာဟမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၄၈ နိုင်ငံအနက် အဆင့် ၁၁၈ တွင် ရှိနေပြီး ဆီနီဂေါနှင့် အင်ဂိုလာနိုင်ငံတို့ကဲ့သို့ နိုင်ငံများနောက်တွင် ရှိနေသည်။ ဂျပန်နိုင်ငံသည် အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်မှု၌ အထူးသဖြင့် နောက်ကျနေပြီး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်စေ၊ ဘဏ္ဍာရေးဝန်ကြီးဖြစ်စေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်စေ မရှိခဲ့ဖူးပေ။

ပါလီမန်တွင် အမျိုးသမီးပါဝင်မှုလည်း အကန့်အသတ်ရှိသည်။ ပိုမို သြဇာကြီးမားသည့် ဂျပန် အောက်လွှတ်တော်တွင် သြဂုတ်လအထိ အမျိုးသမီး ၁၅.၇ ရာခိုင်နှုန်းသာ ပါဝင်ပြီး ကမ္ဘာ့ပျမ်းမျှ ၂၇.၁ ရာခိုင်နှုန်းနှင့် အာရှဒေသ ပျမ်းမျှ ၂၂.၁ ရာခိုင်နှုန်းအောက် များစွာနိမ့်ကျနေကြောင်း ပါလီမန်များသမဂ္ဂ အဆိုအရ သိရသည်။

နာရာခရိုင် ဇာတိ မစ္စ တာကိုင်ချီက ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စ မာဂရက် သက်ချာသည် သူ့ကို အဓိက စိတ်ဓာတ်တက်ကြွစေသူတဦး ဖြစ်သည်ဟု ပြောသည်။

အမျိုးသမီးရေးရာများတွင် ခိုင်မာသည့် ထောက်ခံသူဟု ယခင်က အမြင်မခံရသော်လည်း မစ္စ တာကိုင်ချီ၏ ရပ်တည်မှုသည် ပြောင်းလဲလာနေသည်။ ကလေးထိန်းများ၏ လုပ်အားခကို တစိတ်တပိုင်း အခွန်လျှော့ပေါ့ရန်နှင့် ဌာနတွင်း ကလေးထိန်းဝန်ဆောင်မှုပေးသော ကုမ္ပဏီများအတွက် အခွန်ဆိုင်းငံ့မှုများကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် သူက အဆိုပြုသည်။

“ကျမဘဝမှာ ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို ကိုယ်တိုင် သုံးကြိမ်လုပ်ဖူးတယ်။ ဒါကြောင့် ကျမရဲ့ ဆုံးဖြတ်ချက်က စောင့်ရှောက်မှုပေးရလို့၊ ကလေးပြုစုပျိုးထောင်ရလို့ ဒါမှမဟုတ် ကလေးတွေ ကျောင်းတက်ဖို့ ငြင်းဆန်လို့ အလုပ်ထွက်ရတဲ့သူ အရေအတွက် လျှော့ချဖို့ပဲ” ဟု မစ္စ တာကိုင်ချီက ပြောသည်။ “ပြည်သူတွေ အသက်မွေးဝမ်းကြောင်း မစွန့်လွှတ်ရတဲ့ လူ့အဖွဲ့အစည်းကို ကျမ ဖန်တီးချင်တယ်” ဟု သူက ဆက်ပြောသည်။

သွေးဆုံးချိန်နှင့် ရုန်းကန်နေရသည့် သူ၏အတွေ့အကြုံကို အခြေခံပြီး မစ္စ တာကိုင်ချီက အမျိုးသမီးများ ကျန်းမာရေး ပြဿနာများကို နိုးကြားမှုမြှင့်တင်ရန်လည်း ကတိပြုသည်။

သွေးဆုံးချိန်နှင့် ရုန်းကန်နေရသည့် သူ၏အတွေ့အကြုံကို အခြေခံပြီး မစ္စ တာကိုင်ချီက အမျိုးသမီးများ ကျန်းမာရေး ပြဿနာများကို နိုးကြားမှုမြှင့်တင်ရန်လည်း ကတိပြုသည်။

တာကိုင်ချီ၏ မျှော်လင့်မထားသည့် ကရုဏာလေသံသည် ကွဲပြားစုံလင်မှုနှင့် လိင်တန်းတူမှု ထောက်ခံသူ လူငယ်ပြုပြင်ပြောင်းလဲရေးသမားဟု မြင်ကြသည့် မစ္စတာ ကိုအိဇုမိအတွက် စိန်ခေါ်မှုဖြစ်နိုင်သည်။ လွန်ခဲ့သောနှစ်တွင် ဇနီးမောင်နှံများ သီးခြားမျိုးရိုးအမည် ဆက်လက် ထိန်းသိမ်းခွင့်ကို ခွင့်ပြုသည့် အဆိုပြုချက်ကို ထောက်ခံသည်။ ထိုကိစ္စသည် လိင်တန်းတူမှုကို ထောက်ခံမှု စမ်းသပ်ချက်ဖြစ်သည်ဟု မြင်ကြသည်။

မစ္စ တာကိုင်ချီသည် ထိုသီးခြားမျိုးရိုးအမည်ကို ခွင့်ပြုသည့်ဥပဒေကို ပြောင်းလဲရန် မည်သည့်ကျိုးစားမှုမဆိုကို ဆန့်ကျင်သော်လည်း ထိုအကြောင်းအရာကို စက်တင်ဘာလ ၁၉ ရက်နေ့က မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း မရှိပေ။

သို့သော် သူ့ကို ခန့်အပ်ပါက ကျဆုံးမည့် အန္တရာယ် မြင့်မားချိန် အကျပ်အတည်းအတွင်း အမျိုးသမီးများကို ခေါင်းဆောင်မှုအခန်းသို့ မြှင့်တင်ပေးသည့် “glass cliff” ဟုခေါ်သော ဖြစ်ရပ် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ရွေးကောက်ပွဲ မအောင်မြင်မှု နှစ်ခုကြောင့် LDP သည် မည်သည့် လွှတ်တော်တွင်မှ အများစုအနေအထား မရဘဲ အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ရုန်းကန်နေရသည်။ နောက်တက်လာမည့် ခေါင်းဆောင်သည် အက်ကြောင်းပေါ်နေသည့် လွှတ်တော်ကို အမွေရမည်ဖြစ်ပြီး အမျိုးသားအသုံးစရိတ်နှင့် စီးပွားရေး အကူအညီ အပါအဝင် အရေးပါသောဥပဒေများ အတည်ပြုရန် အတိုက်အခံပါတီများနှင့် ညှိနှိုင်းရသည့် စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်တက်မည့်အစိုးရသည် သက်တမ်းတိုပြီး အယုံအကြည်မရှိ အဆိုတင်သွင်းခံရမည့် အန္တရာယ်ရှိသည်ဟု သုတေသီများက ပြောသည်။

“သူ မအောင်မြင်ရင် လူတွေက “ကျနော်တို့ အသစ်အဆန်းလုပ်ကြည့်ပြီး အလုပ်မဖြစ်ဘူး” လို့ပဲပြောပြီး သူ့ကို တောင်စောင်းကနေ တွန်းချပြီး ပြန်တက်မလာနိုင်အောင် လုပ်ကြမယ်” ဟု ပါမောက္ခ တာကေဒါက ပြောသည်။

“သူ မအောင်မြင်ရင် လူတွေက “ကျနော်တို့ အသစ်အဆန်းလုပ်ကြည့်ပြီး အလုပ်မဖြစ်ဘူး” လို့ပဲပြောပြီး သူ့ကို တောင်စောင်းကနေ တွန်းချပြီး ပြန်တက်မလာနိုင်အောင် လုပ်ကြမယ်” ဟု ပါမောက္ခ တာကေဒါက ပြောသည်။

ထိုပုံစံသည် အခြားအဆင့်မြင့် ဒီမိုကရေစီနိုင်ငံများတွင် မကြာသေးမီက ဖြစ်ရပ်များကို ထင်ဟပ်သည်။ ဗြိတိန်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာအပြီး ၂၀၁၆ ခုနှစ်တွင် မစ္စ ထရီဇာမေ ဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၂၂ ခုနှစ်က ငွေကြေးဖောင်းပွမှု မြင့်မားကာ ပြည်တွင်းမကျေနပ်မှုများ ဖြစ်လာသောအခါ မစ္စ လစ်ဇ် ထရပ်စ် ဝန်ကြီးချုပ် ဖြစ်လာသည်။

ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ပြီးနောက် ဩစတြေးလျ၏ လစ်ဘရယ်ပါတီတွင် ၂၀၂၅ ခုနှစ်က မစ္စ ဆက်ဆန် လေသည် ပထမဆုံး အမျိုးသမီးခေါင်းဆောင်အဖြစ် ရွေးကောက်ခံရသည်။

မစ္စတာ ကိုအိဇုမိကို သူ့ဖခင် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂျူနီချီရို ကိုအိဇုမိက ထောက်ခံသော်လည်း မစ္စ တာကိုင်ချီသည် ထိုသို့သော မျိုးရိုးထောက်ခံမှု ကင်းမဲ့နေပြီး LDP က ၎င်း၏ အလားအလာရှိသော ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ကို အချိန်တိုအတွင်း ဘေးဖယ်လိုက်ရနိုင်သည်ဟု ပါမောက္ခ တာကေဒါက ပြောသည်။

( Japan Times သတင်း Japan may see its first female PM despite limited progress on gender gap ကို ဘာသာပြန်သည်။)

You may also like these stories:

နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲပြင်နေတဲ့အပေါ် ဂျပန်သတိပေး (ရုပ်/သံ)

ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

ပညာခေတ် နဲ့ အမျိုးသမီးတို့ ကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ဟာ အတုယူစရာပါဆိုတဲ့ ထိုင်းအလှမယ်နှင့် မေးမြန်းခြင်း

“စုန်းဖမ်းပွဲ” မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ

]]>