Joah McGee, Author at ဧရာဝတီ https://burma.irrawaddy.com/author/joahmcgee Covering Burma and Southeast Asia Sat, 24 Aug 2024 09:03:24 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Joah McGee, Author at ဧရာဝတီ https://burma.irrawaddy.com/author/joahmcgee 32 32 ဝိပဿနာ ပေါင်းကူးပေးသူ ဖရိုက်ဂတ် လော့တာမိုဆာ (သို့မဟုတ်) ဆရာကြီး ဒေါ်အကိဉ္စန https://burma.irrawaddy.com/article/2024/08/24/389365.html Sat, 24 Aug 2024 04:30:44 +0000 https://burma.irrawaddy.com/?p=389365 သူ၏ နောက်ပိုင်းနှစ်များတွင် ဖရိုက်ဂတ်၏ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စိတ်ပိုင်းဖြတ်မှုသည် ပိုမိုနက်ရှိုင်းလာပြီး သီလရှင်ဝတ်ကာ ပါဠိဘာသာဖြင့် ဒေါ်အကိဉ္စန ဘွဲ့ကိုခံယူသည်။]]>

ဖရိုက်ဂတ် လော့တာမိုဆာ (Friedgard Lottermoser) သည် အသက် ၈၂ နှစ်အရွယ်တွင် ပြင်းထန်သော ကင်ဆာရောဂါဖြင့် ဂျာမနီနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က ကွယ်လွန်သွားသည်။

အနောက်တိုင်းနှင့် အရှေ့တိုင်း ဘာသာရေး အစဉ်အလာများကို ပေါင်းစပ်ပေးရေးအတွက် ဘဝကို မြှုပ်နှံခဲ့သည့် ဖရိုက်ဂတ်၏ ဘဝခရီးသည် နက်ရှိုင်းသော ပုဂ္ဂလိက ဘဝအသွင်ကူးပြောင်းခြင်းနှင့် ကမ္ဘာတဝန်း ဝိပဿနာ ပြန့်ပွားမှုအတွက် ကြီးမားစွာ အကျိုးပြုခြင်းတို့၏ အမှတ်အသား ဖြစ်သည်။ မြန်မာမှ ကြည်ညိုလေးစားခံရဆုံး တရားပြဆရာများအနက် တဦးဖြစ်သည့် ဆရာကြီး ဦးဘခင်၏ လမ်းညွှန်မှုအောက်တွင် သူသည် သမာဓိ စွမ်းအားကို သက်သေပြသူ ဖြစ်လာသည်။

ဖရိုက်ဂတ်ကို ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ဂျာမနီတွင် မွေးဖွားပြီး အလွန်ကြီးမားသည့် အုံကြွမှုနှင့် ပြန်လည် တည်ဆောက်ရေး ကာလတွင် လူလားမြောက်သည်။ သူ၏ ဘဝအစောပိုင်းကို ရက်စက်ကြမ်းကြုတ်သော အာဏာရှင်နှင့် ဒုတိယကမ္ဘာစစ်၏ အပျက်အစီးများ ရုန်းထွက်လာရသည့် လူ့အဖွဲ့အစည်းတွင် နေထိုင်ရခြင်း၏ စိန်ခေါ်မှုများက လမ်းကြောင်းပေးခဲ့သည်။ အခက်အခဲများ ရှိသော်လည်း ထိုဖွံ့ဖြိုးကြီးထွားမှု နှစ်များသည် သူ့ဘဝ သင်္ကေတဖြစ်သည့် ခံနိုင်ရည်၊ အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ခြင်းကို ဖရိုက်ဂတ်တွင် ပါရှိသွားစေသည်။

စစ်ပွဲအပြီး အချိန်တခုတွင် သူ၏ မိခင်သည် ထပ်မံ အိမ်ထောင်ပြုသည်။ မိခင်၏ နောက်အိမ်ထောင် ခင်ပွန်းသည် မြန်မာတွင် လက်နက်စက်ရုံ တည်ထောင်ရာတွင် ပါဝင်ပတ်သက်သည့် ဖရစ်ဝါနာ ကုမ္ပဏီတွင် ရာထူးတခုရပြီး ဖရိုက်ဂတ် အသက် ၁၇ နှစ်အရွယ် ရောက်လာသည့် ၁၉၅၉ ခုနှစ်တွင် သူ့မိသားစုသည် မြန်မာသို့ ရွှေ့ပြောင်းသည်။

ထိုသို့ ရွှေ့ပြောင်းခြင်းသည် သူ၏ဘဝလမ်းကြောင်းကို ထာဝရ ပြောင်းလဲသွားစေသည့် ဖြစ်ရပ်ဖြစ်သည်။ ထိုဖြစ်ရပ်သည် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက် အခြေတည်လာသည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ပြည်သူများနှင့် ဖရိုက်ဂတ်၏ နက်ရှိုင်းသော ဆက်စပ်မှုအစ ဖြစ်သည်။

မိသားစု၏ မြန်မာမှ ကနဦးနှစ်များတွင် ရန်ကုန်၌ နေထိုင်ပြီး အင်းလျားကန် ကျွန်းဆွယ်တခုတွင် တည်ရှိသော စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း သီးသန့်ဖြစ်နေသည့် တရုတ်ပုံစံ စံအိမ်တခုတွင် နေထိုင်ကြသည်။

စိမ်းလန်းစိုပြေ၊ အရောင်အသွေးစုံ၊ အလွန်ကြီးမားသည့် သစ်ပင်အုပ်အတွင်း နေထိုင်ရခြင်းကြောင့် သူ၏ နေအိမ်သစ်သည် မြန်မာနိုင်ငံအကြောင်း စူးစမ်းလိုစိတ် ကြီးကြီးမားမား ဖြစ်စေပြီး ထိုနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ဘာသာရေး အစဉ်အလာများဘက်သို့ သူ့ကို ဆွဲဆောင်လိုက်သည်။

မြန်မာလူနေမှုဘဝ၏ ဆွဲဆောင်မှု ခံရပြီးနောက် ဖရိုက်ဂတ်သည် မြန်မာဘာသာစကားကို လေ့လာပြီး မြန်မာ့လူ့အဖွဲ့အစည်းတွင် သူ့ကိုယ်သူ စိတ်နှစ်လိုက်သောကြောင့် ထိုခေတ်က နိုင်ငံခြားသူတဦးအတွက် အလွန်ရှားပါးသော ဖြစ်ရပ်အဖြစ် နောက်ဆုံးတွင် မြန်မာအမည် ဒေါ်ဥမ္မာခင်ဆိုသည့် အမည်ကို ခံယူလိုက်သည်။

မြန်မာလူနေမှုဘဝ၏ ဆွဲဆောင်မှု ခံရပြီးနောက် ဖရိုက်ဂတ်သည် မြန်မာဘာသာစကားကို လေ့လာပြီး မြန်မာ့လူ့အဖွဲ့အစည်းတွင် သူ့ကိုယ်သူ စိတ်နှစ်လိုက်သောကြောင့် ထိုခေတ်က နိုင်ငံခြားသူတဦးအတွက် အလွန်ရှားပါးသော ဖြစ်ရပ်အဖြစ် နောက်ဆုံးတွင် မြန်မာအမည် ဒေါ်ဥမ္မာခင်ဆိုသည့် အမည်ကို ခံယူလိုက်သည်။

နိုးကြားလာသည့် ဗုဒ္ဓဘာသာအပေါ် စိတ်ဝင်စားမှုသည် သူ့ကို ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာန (IMC) သို့ ဦးတည်သွားစေသည်။ ထိုနေရာတွင် သူသည် ရှေ့ဆောင်လမ်းပြ ဝိပဿနာ ဆရာကြီးနှင့် သူ့မိခင် နောက်ခင်ပွန်း၏ မိတ်ဆွေကောင်း ဆရာကြီး ဦးဘခင်နှင့် တွေ့သည်။

သူ့မိခင်၏ နောက်ခင်ပွန်းသည် ဆရာကြီး ဦးဘခင်၏ ယခင် ဂျာမနီ ခရီးကို စီစဉ်ပေးခဲ့သူဖြစ်သည်။ ထိုကာလသည် သူ၏ဘဝတွင် အရေးအကြီးဆုံးအချိန် ဖြစ်လာသည်။ တရားပြဆရာကြီး ဦးဘခင်၏ လမ်းညွှန်မှုအောက်တွင် ဖရိုက်ဂတ်သည် ဝိပဿနာလေ့ကျင့်မှု၌ သူ့ဘဝကို မြှုပ်နှံပြီး IMC တွင် ဆယ်စုနှစ် တခုကျော်ကြာ ဆရာကြီး ဦးဘခင်၏ စိတ်ပိုင်းဖြတ်မှု ပြတ်သားသည့် ပရိသတ်တဦး ဖြစ်လာသည်။ တရားတော်များကို သွန်သင်ပြသည့် ဆရာကြီး ဦးဘခင်၏ ရိုးရှင်းလေးနက်သော နည်လမ်းကို သူလွန်စွာနှစ်သက်သည်။

ဖရိုက်ဂတ်သည် မြန်မာတွင် နေထိုင်စဉ်အတွင်း ဝေဘူဆရာတော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်တို့ ထံတွင်လည်း အချိန်ကာလကြာမြင့်စွာ ဆည်းပူးသည်။ ရဟန္တာဟု ကျော်ကြားသော ဝေဘူဆရာတော်သည် တရားထိုင်ရှုမှတ်ခြင်းကို မပြတ်အားထုတ်ခြင်းကြောင်း ထင်ရှားပြီး ဖရိုက်ဂတ်၏ ဝိပဿနာရှုမှတ်သည့် ခရီးကို နက်ရှိုင်းစွာ သြဇာသက်ရောက်သည့် သင်ကြားမှုတခုဖြစ်သည်။

ထို့နောက် အမရပူရ၊ တောင်မြို့ရှိ မဟာဂန္ဓာရုံကျောင်း၌ မဟာဂန္ဓာရုံဆရာတော်၏ လမ်းညွှန်မှုအောက်တွင် ဗုဒ္ဓအဘိဓမ္မာ သင်ကြားခွင့်ဆိုသည့် ရှားပါးသော အခွင့်အလမ်းရသည်။ မဟာဂန္ဓာရုံဆရာတော်သည် ဝိနည်းကို တင်းကျပ်စွာ စောင့်ထိန်းခြင်းနှင့် လောကုတ္တရာစာပေအတွက် ဘဝကို မြှုပ်နှံလုပ်ကိုင်ခြင်းကြောင့် ကျော်ကြားသော ဆရာတော်ဖြစ်သည်။

သမာဓိခိုင်သော ဘာသာရေး အလေ့အကျင့် ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်နေသည့် တချိန်တည်းတွင် ဖရိုက်ဂတ်သည် ရန်ကုန်တက္ကသိုလ်နှင့် နောက်ပိုင်း မန္တလေးတက္ကသိုလ်တွင် ပညာရပ်ဆိုင်ရာလေ့လာမှု ဆက်လက် ပြုလုပ်သည့် နိုင်ငံခြားသား အနည်းငယ်တွင် ပါဝင်ပြီး မန္တလေးတက္ကသိုလ်တွင် ပါဠိဘာသာ အရှေ့တိုင်းပညာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရသည်။

သမာဓိခိုင်သော ဘာသာရေး အလေ့အကျင့် ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်နေသည့် တချိန်တည်းတွင် ဖရိုက်ဂတ်သည် ရန်ကုန်တက္ကသိုလ်နှင့် နောက်ပိုင်း မန္တလေးတက္ကသိုလ်တွင် ပညာရပ်ဆိုင်ရာလေ့လာမှု ဆက်လက် ပြုလုပ်သည့် နိုင်ငံခြားသား အနည်းငယ်တွင် ပါဝင်ပြီး မန္တလေးတက္ကသိုလ်တွင် ပါဠိဘာသာ အရှေ့တိုင်းပညာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရသည်။

သူ၏ ၁၉၆၉ ခုနှစ် မဟာဘွဲ့ယူကျမ်းကို ပေါင်းသင်းဆက်ဆံရေး အယူအဆ (The Doctrine of Relationship) ဟု ခေါင်းစဉ်ပေးထားသည်။ သူ၏ ပညာရပ်ဆိုင်ရာ လိုက်စားမှုသည် ဘွဲ့ရရေးအတွက်သာ မဟုတ်ဘဲ သူနေထိုင်နေသော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အခြေအနေကို ပိုမိုနက်ရှိုင်းသော နားလည်မှုရရှိရန် ဖြစ်စေသည်။

ထိုအသိပညာသည် သူ၏ ဘာသာရေး လိုက်စားမှုကို ကြွယ်ဝစေပြီး ဗုဒ္ဓတရားတော်များ၊ ဝိပဿနာ အားထုတ်မှုနှင့် ပိုမိုလေးနက်စွာ ဆက်စပ်ပေးသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ပေါင်းစပ်နိုင်သည့် သူ၏ စွမ်းရည်သည် ဝိပဿနာ ရှုမြင်ပွားများခြင်းအတွက် သမာဓိခိုင်မာမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ကို အခြားသူများနှင့် ကွဲပြားခြားနားသွားစေသည်။ သူ၏ ပညာရပ်ဆိုင်ရာနှင့် ဘာသာရေး လေ့လာလိုက်စားမှု ပေါင်းစပ်ခြင်းသည် ကမ္ဘာ့ဝိပဿနာ ရှုမှတ်ကျင့်ကြံရေး လှုပ်ရှားမှုအတွက် အနာဂတ်အကျိုးဆောင်မှုများကို အုတ်မြစ်ချပေးလိုက်သည်။

သို့သော် သူတက္ကသိုလ်တက်ရောက်သည့် အချိန်သည် မြန်မာတွင် ထူးခြားသော အချိန်နှင့် တိုက်ဆိုင်နေသည်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုသည် မြန်မာတွင် ဆယ်စုနှစ်များစွာကြာသည့် စစ်အုပ်ချုပ်ရေး နိဒါန်းဖြစ်သည်။ ထိုကြီးမားသည့် နိုင်ငံရေး မတည်ငြိမ်မှု ကာလအတွင်း နိုင်ငံခြားသား အများအပြားသည် နိုင်ငံမှ အတင်းအကျပ် ထွက်ခွာရန် ဖိအားပေးခံရသော်လည်း မိသားစုက ဂျာမနီသို့ပြန်ရန် အထုပ်အပိုးပြင်နေသည့် အချိန်တွင်ပင် မြန်မာတွင် ဆက်လက်နေထိုင် တရားအားထုတ်ပြီး ပညာလေ့လာမှုဆက်လုပ်ရန် သူက အခိုင်အမာတောင်းဆိုသည်။ ကံကြမ္မာက မျက်နှာသာပေးသောကြောင့် သူသည် ထိုသို့ ဆက်လက်ပြုလုပ်ရန် ရှားပါးသော ပညာသင်ဆုရသည်။

နောက်ဆယ်စုနှစ် တခုနီးပါးအကြာ ၁၉၇၁ ခုနှစ်တွင် ဖရိုက်ဂတ်သည် ဂျာမနီ၌ ပါဠိဘာသာ ပါရဂူဘွဲ့ယူရန် ဆန္ဒအလျောက် ပြန်သည်။ ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းတွင် ဖရိုက်ဂတ်သည် ဆရာကြီး ဦးဘခင်၏ တရားရှုမှတ်သည့် အမွေကို ကမ္ဘာတဝန်း ပြန့်နှံ့စေရေး လှုပ်ရှားမှုကို အထောက်အကူပေးပြီး ဥရောပတွင် တရားရှုမှတ်ခြင်းကို ခြေကုပ်ရစေသည်။

သူသည် တရားရှုမှတ်သည့် သင်တန်းများကို ရောဘတ် ဟူးဗား (ဆရာကြီး ဦးဘခင်နည်းဖြင့် ဝိပဿနာ တရားပြသူ)၊ ရုသ် ဒန်နီဆင် (အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဓမ္မဒေန ဝိပဿနာရိပ်သာ ထူထောင်သူ) နှင့် ဂျွန် ကိုးလ်မင်း (ဆရာကြီး ဦးဘခင်နည်းဖြင့် ဝိပဿနာ တရားပြသူ) တို့အတွက် အဆင်ပြေချောမွေ့အောင် စီစဉ်ပေးခဲ့ပြီး အက်စ် အင်န် ဂိုအင်ကာအပါအဝင် အခြားသူများနှင့်လည်း စာဖြင့် ဆွေးနွေးသည်။

သူ၏ နောက်ပိုင်းနှစ်များတွင် ဖရိုက်ဂတ်၏ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စိတ်ပိုင်းဖြတ်မှုသည် ပိုမိုနက်ရှိုင်းလာပြီး သီလရှင်ဝတ်ကာ ပါဠိဘာသာဖြင့် ဒေါ်အကိဉ္စန ဘွဲ့ကို ခံယူသည်။

ထိုသို့ သီလရှင်အဖြစ် ခံယူခြင်းသည် သူ၏ဘာသာရေး ခရီးတွင် ထူးခြားသော ခြေလှမ်းဖြစ်ပြီး သူ၏တသက်တာ ဓမ္မတွင် ဘဝမြှုပ်နှံမှုကို ထင်ဟပ်သည်။ ဘိက္ခုနီသာသနာ ပြန်လည်ရှင်သန်ရေးအတွက် ခိုင်မာသော အလားအလာရှိသည်ဟု ယုံကြည်ပြီး ထိုအရေးကို တက်ကြွစွာထောက်ခံကာ ဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းတွင် လိင်တန်းတူညီမျှရေးအတွက် လိုအပ်သော ခြေလှမ်းတခုဟု နားလည်သည်။

ထိုသို့ သီလရှင်အဖြစ် ခံယူခြင်းသည် သူ၏ဘာသာရေး ခရီးတွင် ထူးခြားသော ခြေလှမ်းဖြစ်ပြီး သူ၏ တသက်တာ ဓမ္မတွင် ဘဝမြှုပ်နှံမှုကို ထင်ဟပ်သည်။ ဘိက္ခုနီသာသနာ ပြန်လည်ရှင်သန်ရေးအတွက် ခိုင်မာသော အလားအလာရှိသည်ဟု ယုံကြည်ပြီး ထိုအရေးကို တက်ကြွစွာထောက်ခံကာ ဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းတွင် လိင်တန်းတူညီမျှရေးအတွက် လိုအပ်သော ခြေလှမ်းတခုဟု နားလည်သည်။

ထိုအရေးနှင့် ပတ်သက်သည့် ဖရိုက်ဂတ်၏ အမြင်မှာ မြန်မာနှင့် အခြားနိုင်ငံများတွင် ဘိက္ခုနီသာသနာ ကွယ်ပျောက်ခြင်းသည် ခေတ်ပြိုင်တွေးခေါ်မှုများနှင့် လတ်တလော လူမှုလှုပ်ရှားမှုများကို အခြေမခံဘဲ ဗုဒ္ဓဘာသာခေတ်ဦး၏ တန်းတူညီမျှရေး စိတ်ဓာတ်နှင့်ပတ်သက်ပြီး သူ၏ လက်တွေ့ကျသော သမိုင်းဆိုင်ရာ နားလည်မှုကို အခြေခံသည်။

ထိုကိစ္စကို သူက ပိုပြီး နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် နှိုင်းယှဉ်သည်။ ဗုဒ္ဓကျင့်သုံးခဲ့သည့် ကနဦး ဗုဒ္ဓဘာသာသည် ဘာသာရေး ကျင့်ကြံမှုနှင့် ခေါင်းဆောင်မှုတွင် လိင်ကွဲပြားမှုကို အခြေခံသည့် အကန့်အသတ်များ ချမှတ်မထားဘဲ ထိုအယူအဆများ ပြန်လာခြင်းသည် ခေတ်ပြိုင်ဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းများအတွင်း ပိုမိုကြီးမားသော လိင်တန်းတူမှုကို ဖြစ်စေနိုင်သည့်သဘော သူကပြောသည်။

ဖရိုက်ဂတ်သည် မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ပတ်သတ်ပြီး လေးလေးနက်နက် ဝမ်းနည်းစိတ်ပျက်မှုကို ဖော်ပြခဲ့သည်။ စစ်တပ်၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်သည့် အကြမ်းဖက်မှု၊ ဒုက္ခများနှင့် ပတ်သက်သည် နက်ရှိုင်းသော ဆုံးရှုံးမှုအသိနှင့် ယုံကြည်မှု ကင်းမဲ့စေခြင်းကို ခံစားရပြီး အရပ်သားများအပေါ် ကျူးလွန်သည့် အသိတရားမဲ့သော ရက်စက်ကြမ်းကြုတ်မှုများ၊ ကြွင်းကျန်ရစ်သည့် ဖျောက်ရမလွယ်သော နာကျည်းမှုများနှင့် ပတ်သက်ပြီး ဝမ်းနည်းသည်။

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သည့် သူ၏ သုံးသပ်ချက်များသည် ဗုဒ္ဓဘာသာအပေါ်အမြင်ကို အခြေခံသည်။ စစ်တပ်၏ လုပ်ရပ်များသည် နိုင်ငံရေးအရ ရင်နာစရာအဖြစ်များသာမက ငရဲရမည့်ကိစ္စဖြစ်သည်ဟု မြင်သည်။ ထိုသို့ ချိုးဖောက်မှုများသည် သူ၏အမြင်တွင် တာဝန်ရှိသူများအတွက် ပြင်းထန်သော ကံ၊ ကံ၏အကျိုးဆက်များ ဖြစ်လာမည်ဟု မြင်သည်။

မြန်မာပြည်သူများ ခံစားရသည့် ဒုက္ခများကို ထပ်တူခံစားရမှုရှိပြီး တချိန်တည်းတွင် မြန်မာစစ်တပ် ကျဆုံးခြင်းသည် ငြိမ်းချမ်းရေး၊ တရားမျှမှုနှင့် ဂုဏ်သိက္ခာ ပြန်လည် ထိန်းသိမ်းရေးအတွက် လမ်းဖွင့်ပေးသည်ဟု သူက မြင်သည်။

မြန်မာပြည်သူများအတွက် မေတ္တာတရားနှင့် သဟဇာတရှိသော လူ့အဖွဲ့အစည်းကို အတူတကွ ထူထောင်ပြီး စစ်ကောင်စီက ပြုလုပ်ခဲ့သည့် သဘောထားကွဲလွဲမှုများနှင့် စိတ်ဒဏ်ရာများကို ကျော်လွှားနိုင်မည်ဟု သူက ယုံကြည်သည်။

သူသည် မြန်မာ့တော်လှန်ရေးကို စိတ်အားထက်သန်စွာ ထောက်ခံသူဖြစ်ပြီး လက်ရှိအချိန်သည် မြန်မာများအနေဖြင့် ဆယ်စုနှစ် များစွာကြာသည့် စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ်မှ လွတ်မြောက်ရန် တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်းလည်း ပြောသည်။

သူသည် မြန်မာ့တော်လှန်ရေးကို စိတ်အားထက်သန်စွာ ထောက်ခံသူဖြစ်ပြီး လက်ရှိအချိန်သည် မြန်မာများအနေဖြင့် ဆယ်စုနှစ် များစွာကြာသည့် စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ်မှ လွတ်မြောက်ရန် တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်းလည်း ပြောသည်။

ပြီးပြည့်စုံသည့် ပညာရှင်နှင့် ကျမ်းပြုဆရာမ ဖြစ်သော ဖရိုက်ဂတ်သည် ဗုဒ္ဓဘာသာ သီလရှင်များ၏ ကျင့်ဝတ်စာအုပ်၊ ဝေဖန်ဆန်းစစ်သည့် ပါဠိအဘိဓာန်တို့တွင်လည်း အကျိုးဆောင်ခဲ့ပြီး သူ၏ မထုတ်ဝေရသေးသည့် ကျမ်းကို “ရှင်မဟာ ဗုဒ္ဓဃောသ၏ ဂါထာအနက်များကို ညွှန်းဆိုခြင်း” ဟု အမည်ပေးထားသည်။

ဖရိုက်ဂတ် လော့တာမိုဆာ၏ အတ္တုပ္ပတ္တိမှန်ကို အခြေခံပြီး ဟောလိဝုဒ်ဇာတ်ညွှန်းဆရာတဦးက ရေးသားမည်ဆိုလျှင် လွန်စွာ စိတ်ကူးယဉ်ဆန်သည်ဟုဆိုကာ ငြင်းပယ်ခံရမည် ဖြစ်သည်။

သူမ၏ ဘဝသည် အမှန်တကယ် ထူးခြား ကွဲပြားခြားနားမှုများ ပါဝင်ပြီး လူပုဂ္ဂိုလ်တဦးက ကမ္ဘာအပေါ် ထူးကဲသော သက်ရောက်မှုများ ဖြစ်စေသည်။ ခေတ်သစ်နှင့် ခေတ်ဦး ဝိပဿနာတရား ရှုမြင်မှုကို ကမ္ဘာတဝန်းပြန့်နှံ့စေသည်။ အာဏာရှင်နှင့် ဖိနှိပ်မှုမှ လွတ်မြောက်ရေး လက်ရှိတိုက်ပွဲကို အားပေးသည်။ ကဏ္ဍအမျိုးမျိုးမှ အမျိုးသမီများ အခွင့်အရေးကို အသိအမှတ်ပြုသည်။

သူမ၏ ဘဝဇာတ်လမ်းသည် ဆုံးဖြတ်ချက် ပြတ်သားသော လူပုဂ္ဂိုလ်တဦး၏ လုပ်ဆောင်မှုက သမိုင်း၊ ယဉ်ကျေးမှု၊ လိင်ကွဲပြားမှုနှင့် ဘာသာရေးကို အာခံသည့် ကမ္ဘာတဝန်း မည်မျှသက်ရောက်စေသည်ကို သက်သေခံခဲ့သည်။

လေးနက်သော တန်ဖိုးထားမှုဖြင့် မိတ်ဆွေတဦးက ရေးသားပါသည်။

ဂျိုး မက်ဂီး

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Joah McGee ၏ Friedgard Lottermoser: A Life Bridging Myanmar and the West, Through Buddhist Meditation and the Quest for Freedom ကို ဘာသာပြန်သည်။ ဂျိုး မက်ဂီးသည် မြန်မာ့ လူမှု-နိုင်ငံရေး podcast များကို တင်ပြသူ၊ သုံးသပ်ချက်ပေးသူ၊ ဗုဒ္ဓဘာသာနှင့် လက်ရှိအရေး ဆက်နွယ်မှုများကို အထူးလေ့လာသူ ဖြစ်သည်။)

You may also like these stories:

မြန်မာပြည်ဖွား ဘိက္ခူနီက ထိုင်းနှင့် ထိုင်ဝမ်၌ ဘာသာရေးတန်းတူညီမျှရေး လှုပ်ရှားမှုကို ဦးဆောင်နေ

အသိအမှတ်မပြုလည်း ထိုင်းအမျိုးသမီးတွေ သင်္ကန်းစည်းသည်

နယ်စည်းမခြားသော ဗုဒ္ဓကို ရှာဖွေခြင်း

]]>