Joaquin Camarena, Author at ဧရာဝတီ https://burma.irrawaddy.com/author/joaquin-camarena Covering Burma and Southeast Asia Fri, 07 Jun 2024 10:44:05 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Joaquin Camarena, Author at ဧရာဝတီ https://burma.irrawaddy.com/author/joaquin-camarena 32 32 စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM https://burma.irrawaddy.com/article/2024/06/07/384905.html Fri, 07 Jun 2024 10:43:30 +0000 https://burma.irrawaddy.com/?p=384905 MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။]]>

စစ်ကောင်စီသည် ၎င်းတို့ကို ဝေဖန်သည်ဟု မြင်သည့် သတင်းများကို စောင့်ကြည့် ကန့်သတ်ရန် တရုတ်နိုင်ငံသားများ၏ အကူအညီဖြင့် MySpace ဟုခေါ်သော လူမှုကွန်ရက်ကို စတင်သည်။

စစ်ကောင်စီသည် VPN များအသုံးပြုမှုကို လျှော့ချရန်နှင့် အရေးကြီးသတင်းများကို နိုင်ငံသားများ သိရှိ မျှဝေခြင်းကို တားဆီးရန် Facebook ကို အစားထိုးမည့် လူမှုကွန်ရက်အဖြစ် MySpace အပလီကေးရှင်းကို လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ပြည်သူကာကွယ်ရေးတပ်များ (PDFs) နှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ အစည်းအဝေး ကျင်းပရန်နှင့် သတင်းမျှဝေရန် သုံးသောကြောင့် Facebook ကို အထူးအာရုံစိုက်သည်။

ထိုအပလီကေးရှင်းတွင် Facebook နှင့် အလားတူသည့် မိတ်ဆွေများ၊ အခြားလူများနှင့် ဆက်သွယ်ခြင်း၊ ပို့စ်တင်ခြင်း၊ မျှဝေခြင်းနှင့် အွန်လိုင်းဆွေးနွေးခြင်း စသည့် လုပ်ငန်းဆောင်တာများ ပါဝင်သည်။ သို့သော် MySpace ကို စစ်ကောင်စီက လုံးဝ ထိန်းချုပ်ထားသောကြောင့် Facebook ကဲ့သို့ လူကြိုက်များပြီး ယုံကြည်နိုင်ခြင်း မရှိပေ။

ထိုအပလီကေးရှင်းကို ထုတ်လုပ်သူများသည် မြန်မာနိုင်ငံပြင်ပမှလူများ MySpace[.]mm အသုံးပြုရာတွင် ခက်ခဲစေရန်အတွက် မြေနေရာဒေသ ကန့်သတ်မှုကိုလည်း ပြုလုပ်ထားသည်။

ထိုအပလီကေးရှင်းကို ထုတ်လုပ်သူများသည် မြန်မာနိုင်ငံပြင်ပမှလူများ MySpace အသုံးပြုရာတွင် ခက်ခဲစေရန်အတွက် နေရာဒေသ ကန့်သတ်မှုကိုလည်း ပြုလုပ်ထားသည်။ ထို့အပြင် Apple’s App နှင့် Google Play စတိုးများကလည်း နိုင်ငံနှင့် ဒေသဆိုင်ရာ ကန့်သတ်ချက်များအရ အသုံးပြုသူများ ထိုအပလီကေးရှင်းကို ကြည့်ရှုခြင်း ဒေါင်းလုဒ် လုပ်ခြင်းကို တားမြစ်ထားခဲ့သည်။

ဆိုက်ဘာဥပဒေသစ်အောက်တွင် VPN အသုံးပြုမှု ပိတ်ပင်ခြင်း

MySpace ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။ စစ်ကောင်စီသည် ပြည်သူများ လူမှုကွန်ရက်မှတဆင့် အဆက်အသွယ်လုပ် ကွန်ရက်ဖွဲ့ခြင်းကိုလည်း ဟန့်တားလိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နှစ်များတွင် စစ်ကောင်စီသည် VPN များနှင့် အင်တာနက် အသုံးပြုခြင်းကို အပြင်းအထန် ကန့်သတ်သည်။ အထူးခြားဆုံး ကန့်သတ်ချက်မှာ အင်တာနက်ဝန်ဆောင်မှု ပေးသူများ (ISPs) မှတဆင့် VPNs ကို ပိတ်ပင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေသစ်ကို မေလ ၃၀ ရက်နေ့က ပြဋ္ဌာန်းခြင်း ဖြစ်သည်။

ထို့ပြင် ထိုဥပဒေအရ VPNs များ အသုံးပြုခြင်းကို ရာဇဝတ်မှုဟု သတ်မှတ်ပြီး အသုံးပြုသူများသည် ထောင် ၁ နှစ်မှ ၃ နှစ်နှင့် ဒဏ်ငွေ ကျပ် ၅ သိန်း (အမေရိကန် ဒေါ်လာ ၂၃၈) ရင်ဆိုင်ရနိုင်သည်။

ထို့အပြင် ISPs များသည် အသုံးပြုသူ အချက်အလက်များကို သိုလှောင်ထားရန် လိုအပ်ပြီး စစ်ကောင်စီက တောင်းဆိုသောအခါ ထုတ်ပေးရန်လည်း လိုအပ်သည်။ စစ်ကောင်စီသည် ၎င်းတို့ မသင့်လျော်ဟု ထင်သည့် ဝက်ဘ်ဆိုက်များမှ အကြောင်းအရာများကိုလည်း ဖယ်ရှားနိုင်သည်။

စစ်ကောင်စီသည် လွတ်လပ်သော သတင်းစာများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ရန် အင်တာနက် အသုံးပြုမှု ကန့်သတ်ခြင်း အပါအဝင် အင်တာနက် ကန့်သတ်မှုများလည်း ချမှတ်သည်။

စစ်ကောင်စီသည် လွတ်လပ်သော သတင်းစာများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ရန် အင်တာနက် အသုံးပြုမှု ကန့်သတ်ခြင်း အပါအဝင် အင်တာနက် ကန့်သတ်မှုများလည်း ချမှတ်သည်။ ထို့ပြင် စစ်ကောင်စီသည် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် PDF တိုက်ခိုက်မှုများ ထိုးစစ်များကို ဖော်ထုတ်သည့် သတင်းသမားများကို ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်း ပြုလုပ်သည်။

သုံးသပ်ချက်

MySpace အပလီကေးရှင်း

ဆိုက်ဘာလုံခြုံရေး ဥပဒေနှင့် MySpace အပလီကေးရှင်းတို့က မြန်မာသည် တနိုင်ငံလုံးတွင် သတင်းအချက်အလက် ထိန်းချုပ်ကန့်သတ်မှု တိုးလာကြောင်း ပြသနေသည်။ ထို့အပြင် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက အသုံးပြုခြင်းသည် ပြည်တွင်းတွင် အပလီကေးရှင်း ထုတ်လုပ်သည့် ပညာရှင် ကင်းမဲ့ကြောင်း ပြသနေသည်။

စစ်ကောင်စီသည် မြို့ကြီး မြို့ငယ်များတွင် ဒီမိုကရေစီ လိုလားသူများ ဆန္ဒပြပွဲ ပြုလုပ်ခြင်းကို တားဆီးရန်၊ နိုင်ငံတွင်း သတင်းစီးဆင်းမှုကို ထိန်းချုပ်ရန် လိုသည်။ ထိုကန့်သတ်ချက်များသည် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အခြား လှုပ်ရှားမှုများလုပ်ရန် တက်ကြွလှုပ်ရှားသူများ၏ အခြားအဖွဲ့များနှင့် ဆက်သွယ်နိုင်သည့် လုပ်‌ဆောင်နိုင်မှုကိုလည်း ဟန့်တားမည် ဖြစ်သည်။

PDFs, တိုင်းရင်းသား တပ်မတော်များနှင့် ပတ်သက်ပြီး ထိုကန့်သတ်ချက်များသည် လူမှုကွန်ရက်တွင် စည်းရုံးလှုပ်ရှားရန်နှင့် သတင်းဖြန့်ချိရန် ပိုမိုခက်ခဲစေမည် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရပါက စစ်ကောင်စီသည် ၎င်းတို့ ပိုင်နက်နယ်မြေ အကြီးအကျယ် ဆုံးရှုံးသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ထိုးစစ်အပြီးတွင် သတင်းစီးဆင်းမှုကို ထိန်းချုပ်ရန် ပိုမိုအားထုတ်လာသည်။

ထိုကန့်သတ်ချက်များသည် သတင်းသမားများနှင့် အခြား သတင်းတင်ပြသူများအနေဖြင့် စစ်ကောင်စီကို ဝေဖန်သည့် အကြောင်းအရာများ တင်ပြခြင်းကို တားဆီးသည်။ ထိုသို့သော အကြောင်းအရာများတွင် စစ်မြေပြင် ရှုံးနိမ့်မှုများ၊ စစ်ကောင်စီကို လူထုထောက်ခံမှု မရှိခြင်းမှသည် စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများအထိ ပါဝင်သည်။

ဖေဖော်ဝါရီလက ကျင့်သုံးသည့် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေသည် လုပ်သားဈေးကွက်ကို ဆိုးကျိုး သက်ရောက်စေကြောင်း ထိုအပလီကေးရှင်းကို ထုတ်လုပ်ရန် စစ်ကောင်စီက တရုတ်နိုင်ငံသားများကို အသုံးပြုခြင်းက ပြသနေသည်။

ထိုဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ကျင့်သုံးပြီးနောက် စစ်ကောင်စီသည် လူထောင်နှင့်ချီ၍ အတင်းအကျပ် စစ်သားစုဆောင်းထားသည်။ သို့သော် ရာပေါင်းများစွာသော သူများသည် နိုင်ငံမှ ထွက်ခွာရန်၊ သို့မဟုတ် စစ်ကောင်စီကို တိုက်ခိုက်ရန် စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့များသို့ ဝင်ရောက်ကြသည်။

ထိုအချက်များက မြန်မာတွင် အပလီကေးရှင်း ထုတ်လုပ်ရန် လိုအပ်သော ကွန်ပျူတာ ပရိုဂရမ် ဖန်တီးသူ၊ အရည်အသွေး စိတ်ချရမှုပေးနိုင်သည့် အင်ဂျင်နီယာနှင့် UX/UI ထုတ်လုပ်သူ စသည့် ပြည်တွင်းပညာရှင် မရှိတော့ကြောင်း ပြသနေသည်။

ပြည်တွင်းမှ အတွေ့အကြုံရှိ နိုင်ငံသားများသည် နိုင်ငံရေးအရ မယုံကြည်ရဟု စစ်ကောင်စီက မြင်သောကြောင့်လည်း တရုတ်နိုင်ငံသားများကို ငှားရမ်းခြင်း ဖြစ်နိုင်သည်။

ပြည်တွင်းမှ အတွေ့အကြုံရှိ နိုင်ငံသားများသည် နိုင်ငံရေးအရ မယုံကြည်ရဟု စစ်ကောင်စီက မြင်သောကြောင့်လည်း တရုတ်နိုင်ငံသားများကို ငှာရမ်းခြင်း ဖြစ်နိုင်သည်။

စစ်ကောင်စီသည် အပလီကေးရှင်း ထုတ်လုပ်သည့် အတွေ့အကြုံရှိသူများသည် စစ်ကောင်စီကိုဆန့်ကျင်သည့် အသက်အရွယ် လူမှုစီးပွားအုပ်စုများ ဖြစ်သည်ဟုလည်း မြင်နိုင်သည်။

ထိုသူများသည် စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများက ထိုအပလီကေးရှင်း၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ရန် လုပ်ဆောင်မှုများ ဖန်တီးပေးနိုင်သည်။

လတ်တလော စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများက ဝိုင်းပြီး ရီပို့လုပ်ကြသောကြောင့် Google Play Store နှင့် Apple Store တို့တွင် ကို မတွေ့ရတော့ပေ။

(The Atlas News ပါ Joaquin Camarena ၏ Myanmar Government Unveils New Social Media App Called MySpace MM ကို ဘာသာပြန်သည်။)

You may also like these stories:

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

အင်တာနက်ပိတ်ပင်မှုက နယ်စည်းမခြား ဖြစ်လာတဲ့အခါ

နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး

တော်လှန် လူထုကြား ရေပန်းစားနေတဲ့ The PDF Game

]]>