Friday, April 19, 2024
27 °c
Yangon
Kenneth Wong

Kenneth Wong

ကက်နက်ဝေါင်းသည် မြန်မာ-အမေရိကန် စာရေးဆရာ၊ ဘာသာပြန်ဆရာနှင့် ဘာသာစကားသင်ဆရာ ဖြစ်သည်။ ရန်ကုန်တွင် မွေးဖွားလူလားမြောက်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် လက်ရှိနေထိုင်နေကာ ကယ်လီဖိုးနီးယား တက္ကသိုလ်-ဘာကလေတွင် မြန်မာဘာသာစကား သင်ကြားပေးသည်။ သူ၏ ရသစာတမ်းများ၊ ဝတ္တုတိုများ၊ ဆောင်းပါးများနှင့် ကဗျာဘာသာပြန်များကို San Francisco Chronicle, AGNI, Grain, The Irrawaddy, Myanmar Times, Two Lines Press နှင့် The Journal of Burma Studies အပါအဝင် အခြားစာစောင်အများအပြားတွင် ဖော်ပြခဲ့သည်။

Recommended