နေ့သစ်, Author at ဧရာဝတီ https://burma.irrawaddy.com/author/nt Covering Burma and Southeast Asia Thu, 06 Aug 2026 07:51:55 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နေ့သစ်, Author at ဧရာဝတီ https://burma.irrawaddy.com/author/nt 32 32 ဒေါ်အောင်ဆန်းစုကြည်ကို ICRC နှင့် တွေ့ခွင့် မင်းအောင်လှိုင် ဘာကြောင့် ပေးသလဲ https://burma.irrawaddy.com/article/2026/08/06/415305.html Thu, 06 Aug 2026 07:51:55 +0000 https://burma.irrawaddy.com/?p=415305 အဆိုပါတွေ့ဆုံမှုသည် မင်းအောင်လှိုင်၏ ခရီးစဉ်မတိုင်မီ ထိုင်းနိုင်ငံကို ကျေနပ်အောင် အဓိက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။]]>

နိုင်ငံတကာ၏ ဖိအားပေးမှုများကို နှစ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပြီးနောက် မြန်မာစစ်အုပ်စုသည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခွင့်ကို တနင်္လာနေ့တွင် နောက်ဆုံး၌ ခွင့်ပြုပေးခဲ့သည်။

ယင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ ကိုယ်စားလှယ်တဦးနှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီသည် ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝိနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ကို လျှို့ဝှက်ခွင့်ပြုခဲ့သော်လည်း ဓာတ်ပုံ သို့မဟုတ် အခြား သက်သေအထောက်အထားများ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

တနင်္လာနေ့၏ တွေ့ဆုံမှုကြောင့် “ဘာကြောင့် အခုမှလဲ” နှင့် “ဘာကြောင့် ကြက်ခြေနီအဖွဲ့ ဖြစ်ရတာလဲ” ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် အာဆီယံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် နေပြည်တော်၏ ကြိုးပမ်းမှုများကို ကူညီပေးနေသည့် ထိုင်းနိုင်ငံသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရားဝင် မသွားရောက်မီ ရက်ပိုင်းအလိုတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်က အာဆီယံက သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် စစ်အုပ်စု ခေါင်းဆောင်ပိုင်းအား အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

ထိုင်းနိုင်ငံကမူ မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြား “တံတား” သဖွယ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းဖွင့်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က မြန်မာနိုင်ငံနှင့် “ထိန်းညှိပြီး ပြန်လည်ထိတွေ့ဆက်ဆံရေး” ကို ပြုလုပ်ရန် ထိုင်းအစိုးရ၏ တောင်းဆိုချက်များကို အင်္ဂါနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။ ယင်းမှာ စကားဝိုင်းများကို လမ်းဖွင့်ပေးထားပြီး လက်တွေ့ကျသည့် တိုးတက်မှုများကို တွန်းအားပေးရင်း မြေပြင်က အရှိန်အဟုန်အတိုင်း တုံ့ပြန်သည့် ချဉ်းကပ်မှုတခု ဖြစ်သည်။

“မနေ့က ICRC ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး သူ့ကို ကြည့်ရတာ ကျန်းမာရေးကောင်းတဲ့ ပုံပေါ်တာကြောင့် ဒီချဉ်းကပ်မှုဟာ လမ်းကြောင်းမှန်ဆီ ဦးတည်နေပုံရပါတယ်။ ဒါဟာ ထိုင်းနိုင်ငံက အစအဆုံး တိုက်တွန်းတောင်းဆိုခဲ့တဲ့ အရာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းမတိုင်မီ တရက်ကလည်း ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ကတ်ကဲယိုးက အဆိုပါတွေ့ဆုံမှုကို ကြိုဆိုကြောင်း ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် နေပြည်တော်အနေဖြင့် “နောက်ထပ် အပြုသဘောဆောင်သည့် ခြေလှမ်းများ” လှမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ယင်းအချက်က အဆိုပါတွေ့ဆုံမှုသည် မင်းအောင်လှိုင်၏ ခရီးစဉ်မတိုင်မီ ထိုင်းနိုင်ငံကို ကျေနပ်အောင် အဓိက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ ဘန်ကောက်သည်လည်း လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် အာဏာရှင်ကို ဖိတ်ကြားခဲ့သည့်အတွက် ဝေဖန်ခံနေရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယခုတွေ့ဆုံမှုကို စီစဉ်ပေးခြင်းဖြင့် ၎င်းအပေါ် ကျရောက်နေသည့် ဖိအားများကို အတိုင်းအတာတခုအထိ လျှော့ချရန်နှင့် ထိုင်းနိုင်ငံကိုလည်း ဝေဖန်မှုများမှ ကာကွယ်ပေးရန် မျှော်လင့်ခဲ့သည်။

Alternative ASEAN Network on Burma မှ ဒက်ဘီ စတော့ဟာဒ် က “မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို ကျေနပ်အောင် လုပ်ချင်ခဲ့တာ ရှင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ICRC ကို အသုံးပြုခြင်းမှာ လိမ္မာပါးနပ်သည့် ပရိယာယ်တခုဖြစ်ပြီး၊ အကြောင်းမှာ အဆိုပါအဖွဲ့အစည်းသည် စေ့စပ်သေချာစွာ နိုင်ငံရေးမပါဘဲ သီးခြားရပ်တည်သည့် အဖွဲ့ဖြစ်သည့်အပြင် ယင်း၏ စည်းမျဉ်းများအရ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုသည့် မည်သည့်သတင်းစကားကိုမျှ ပြင်ပကမ္ဘာသို့ လက်ဆင့်ကမ်း ပေးပို့ခွင့်မရှိသောကြောင့် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

“သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခွင့် ပေးခဲ့ရမှာပါ။ ဒါပေမဲ့ သူက အန္တရာယ်ကို ရှောင်ထွက်သွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

“ဒါဟာ စစ်မှန်တဲ့ လိုက်လျောမှု တခုမဟုတ်ပါဘူး။ ထိုင်းနဲ့ ဖိလစ်ပိုင်တို့အနေနဲ့ မင်းအောင်လှိုင်ရဲ့ ဒီလို လှည့်ကွက်နောက်ကို လိုက်ပြီး အလိမ်မခံသင့်ပါဘူး” ဟု ဒက်ဘီ စတော့ဟာဒ် က သတိပေးခဲ့သည်။

အခြားသော အခွင့်အရေး လှုပ်ရှားသူများကလည်း ယင်းကို သဘောတူညီကြသည်။

“စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေတုန်းပါပဲ။ အဲဒီအစား ICRC ကို တွေ့ဆုံခွင့်ပေးဖို့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားတဦးအဖြစ် ဆက်လက်ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် “မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်ပြီး၊ နိုင်ငံကို နောက်တကြိမ် ပြန်လည်ဦးဆောင်နိုင်ဖို့ သူ့ရဲ့ ထိုက်တန်တဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုရပါမယ်” ဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။

အသက် ၈၀ ကျော်ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က တနင်္လာနေ့ တွေ့ဆုံမှုကို လွန်ခဲ့သည့် ၅ နှစ်ကျော်အတွင်း မိခင်ဖြစ်သူ၏ အမှုတွင် “ပထမဆုံး အပြုသဘောဆောင်သည့် တိုးတက်မှု” ဟု ခေါ်ဆိုခဲ့သည်။

မိခင်ဖြစ်သူ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံထားရပြီးနောက် သတင်းအဆက်အသွယ်ပြတ်တောက်နေသောကြောင့် မိခင် သက်ရှိထင်ရှား ရှိကြောင်း အထောက်အထား တောင်းဆိုသည့် နိုင်ငံတကာ လှုပ်ရှားမှုကို အဲရစ်က ဦးဆောင် ဆောင်ရွက်ခဲ့သည်။

“သူတို့ရဲ့ ရွေးကောက်ပွဲဆိုတာကို ကျင်းပပြီးတဲ့နောက် စစ်အုပ်စုဟာ သူတို့ကိုယ်သူတို့ တရားဝင်မှုရအောင် ကြိုးပမ်းနေကြတာပါ။ အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် မေမေ သက်ရှိထင်ရှား ရှိနေပြီး ကျန်းမာတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်” ဟု အဲရစ်က တနင်္လာနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။

နိုင်ငံတကာ၏ တုံ့ပြန်မှုမှာမူ ခပ်အေးအေးပင် ရှိနေသည်။ ဗြိတိန်နိုင်ငံက အင်္ဂါနေ့တွင် ယခုတွေ့ဆုံမှုသည် “သက်ရှိထင်ရှား ရှိကြောင်း နောက်ကျမှ ရရှိသည့် အထောက်အထား” ဖြစ်သော်လည်း “လုံလောက်မှု မရှိသေးပါ” ဟု ပြောကြားခဲ့သည်။

ယင်းအပြင် လန်ဒန်အနေဖြင့် “ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားမှုအပေါ် ပြင်းထန်စွာ စိုးရိမ်ပူပန်ဆဲဖြစ်ပြီး ၎င်းနှင့်တကွ စစ်ကောင်စီက မတရား ထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးရန် တောင်းဆိုမှုကို ထပ်လောင်းပြောကြားသည်” ဟုလည်း ဖြည့်စွက်ထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Why Myanmar Regime Let ICRC See Daw Aung San Suu Kyi Now ကို ဘာသာပြန်ဆိုသည်။)

]]>
အင်အားချည့်နဲ့လာသည့် မြန်မာစစ်တပ်က ကျောင်းသူကျောင်းသားများကို ပစ်မှတ်ထား စည်းရုံးနေ https://burma.irrawaddy.com/article/2026/07/07/414592.html Tue, 07 Jul 2026 06:31:04 +0000 https://burma.irrawaddy.com/?p=414592 "ဒီကျောင်းတွေဆီ ကလေးတွေကို ပို့တာဟာ စစ်တပ်ထဲကို ကလေးအပ်လိုက်တာနဲ့ အတူတူပါပဲ။ စစ်ယူနီဖောင်းအပါအဝင် လိုအပ်တာမှန်သမျှ အလကားပေးတယ်။ ဒါဟာ ပညာရေးသက်သက်ပဲ ဖြစ်စရာအကြောင်းမရှိဘူး"]]>

စစ်တပ်က ဖွင့်လှစ်သည့် ကျောင်းများနှင့် နွေရာသီ သင်တန်းများကို တိုးချဲ့ကာ ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် အင်အားလျော့နည်းလာသည့် မြန်မာစစ်တပ်သည် နောက်ထပ် စစ်သည်တော် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ဆယ်ကျော်သက်လူငယ်များကို ပစ်မှတ်ထားလျက်ရှိသည်။

၂၀၂၁ ခုနှစ် အစောပိုင်းတွင် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် လူထုကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခဲ့ပြီးနောက်၊ စစ်တပ်အတွင်း၌ ချက်ချင်းလက်ငင်း ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်တခုကို ရင်ဆိုင်ခဲ့ရသည်။ ယင်းမှာ စစ်တက္ကသိုလ်များသို့ တက်ရောက်မည့် ဗိုလ်လောင်းအသစ် အရေအတွက် ထိုးဆင်းသွားခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့သည့် ဗိုလ်ကြီးဟောင်း ဇင်ယော်၏ အဆိုအရ၊ နောက်ဆုံးအပတ်စဉ်ဖြစ်သော ၂၀၂၅ ခုနှစ် စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၇၁) တွင် ဗိုလ်လောင်းအသစ် ၇၀ ခန့်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဤအကျပ်အတည်းကို ဖြေရှင်းရန်နှင့် နောင်တချိန်တွင် စစ်သည်အင်အား အမြဲမပြတ် ရရှိနေစေရန်အတွက် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်မှစ၍ နိုင်ငံတဝန်းရှိ လေတပ်နှင့် ရေတပ်စခန်းများ၌ နွေရာသီ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းများကို ပြန်လည်တိုးမြှင့် ဖွင့်လှစ်လာခဲ့ပြီး၊ အထက်တန်းကျောင်းသား ထောင်ပေါင်းများစွာကို အခြေခံမှသည် အဆင့်မြင့်အထိ သင်တန်းများ ပေးလျက်ရှိကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ နွေရာသီသင်တန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ လေးနှစ်ကြာ ဆိုင်းငံ့ထားခဲ့ရသည်။ စစ်ကောင်စီသည် ယင်းသင်တန်းများကို ၂၀၂၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် ကျောင်းသား ၁,၅၀၀ ခန့်ကို လက်ခံသင်တန်းပေးလျက် ရှိသည်။

ယခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော နောက်ဆုံးအပတ်စဉ် ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်း ဆင်းပွဲအခမ်းအနား၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသည့် လူယုံတဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်သစ် ရဲဝင်းဦးက တပ်မတော်၏ အနာဂတ်အတွက် လူငယ်များသည် မည်မျှအရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်က လူငယ်လေကြောင်းလေ့ကျင့်ရေးသင်တန်း တက်ရောက်နေသည့် ဆယ်ကျော်သက်လူငယ်များ တိုက်လေယာဉ်၏ မောင်းနှင်ခန်း (Cockpit) ကို ကြည့်ရှုနေစဉ်။ / MOI

၎င်းက နွေရာသီသင်တန်းများသည် နိုင်ငံတော်ကာကွယ်ရေးကို အထောက်အကူပြုရန်နှင့် စစ်တပ်အတွက် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် သင်တန်းသားများသည် မိမိတို့နိုင်ငံ၏ ရေ၊ မြေ၊ လေပိုင်နက်တို့၏ အရေးပါမှုကို နားလည်ထားကြရမည်ဖြစ်ပြီး၊ ၎င်းတို့သည် နောင်တချိန်တွင် နိုင်ငံတော်ကို ကာကွယ်ရန် တာဝန်ပေးအပ်ခြင်းခံရမည့် မျိုးဆက်သစ်များ ဖြစ်လာကြမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လေကြောင်းနှင့် ရေကြောင်းလူငယ် သင်တန်းများသို့ တက်ရောက်ခွင့်ရရှိသူအများစုမှာ ထူးချွန်ကျောင်းသားများဖြစ်ကြပြီး၊ ချမ်းသာကြွယ်ဝသော မိသားစုများ သို့မဟုတ် စစ်တပ်နှင့် ပတ်သက်နေသည့် မိသားစုများမှ ကလေးများဖြစ်ကြကြောင်း စစ်တပ်မှ ခွဲထွက်လာသူ CDM များ ထံမှ သိရသည်။

စစ်တပ်သည် လက်တွေ့လေ့ကျင့်ခန်းများနှင့် လေ့လာရေးခရီးစဉ်များအပါအဝင် စိတ်ဝင်စားဖွယ် လှုပ်ရှားမှုများကို ကမ်းလှမ်းခြင်းဖြင့် အထက်တန်းပညာ ပြီးဆုံးပါက လေတပ်နှင့် ရေတပ်သို့ ဝင်ရောက်လိုစိတ်ရှိလာစေရန် ထူးချွန်ကျောင်းသားများကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။

၂၀၂၃ ခုနှစ်က ရေကြောင်းလူငယ်လေ့ကျင့်ရေးသင်တန်းသားများ စစ်ရေယာဉ်ပေါ်တွင် လမ်းညွှန်သင်ကြားမှုများ ခံယူနေစဉ်။ / MOI

ဗိုလ်ကြီးဟောင်း ဇင်ယော်ကမူ နွေရာသီလူငယ်သင်တန်းများသည် စစ်တပ်၏ လေတပ်နှင့် ရေတပ်သို့ ဝင်ရောက်ရန် ဝါသနာပါပြီး အရည်အချင်းပြည့်မီသည့် ထူးချွန်ကျောင်းသားများကို ငယ်ရွယ်စဉ်ကတည်းက ကြိုတင်ရွေးချယ် စည်းရုံးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောသည်။

ပုံမှန်အားဖြင့် စစ်တပ်သည် စစ်တက္ကသိုလ်မှ အထူးချွန်ဆုံးနှင့် ရုပ်ပိုင်းဆိုင်ရာ အကြံ့ခိုင်ဆုံး ဗိုလ်လောင်းများကို လေတပ်နှင့် ရေတပ်အတွက် ရွေးချယ်လေ့ရှိပြီး၊ ၎င်းသည် ခြေလျင်တပ်နှင့် အခြားမြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့များအတွက် လူအင်အားကို လျော့နည်းစေသည်။

“စစ်တက္ကသိုလ်ရောက်မှ ရေတပ်နဲ့ လေတပ်အတွက် လူအင်အား ရှာဖွေတာထက်၊ အရည်အချင်းပြည့်မီတဲ့ ကျောင်းသားတွေကို အစကတည်းက ကြိုတင်ရွေးချယ်ပြီး စည်းရုံးထားဖို့ ရည်ရွယ်တာပါ” ဟု ဗိုလ်ကြီးဟောင်း ဇင်ယော်က ဆိုသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေခြင်းကြောင့် စစ်တပ်သည် ပြည်တွင်း၌ရော ပြည်ပတွင်ပါ အကြမ်းဖက်အဖွဲ့အစည်း၊ ပြည်သူ့ရန်သူနှင့် အမျိုးသားအရှက်ရစရာအဖြစ် ပြင်းထန်စွာ ရှုတ်ချခြင်း ခံထားရသည်။

၂၀၂၆ ခုနှစ် မေလအတွင်း နေပြည်တော်၌ တပ်ချုပ်သစ် ရဲဝင်းဦး တက်ရောက်ခဲ့သည့် အခမ်းအနားတခုတွင် ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းသားများကို တွေ့ရစဉ်။ / CINCDS

လက်ရှိတွင် CDM လှုပ်ရှားမှု၌ ပါဝင်နေသည့် စစ်တပ်မှ ဗိုလ်မှူးဟောင်း စွယ်တော်က စစ်တပ်၏ နွေရာသီသင်တန်းများသည် အနာဂတ်မျိုးဆက်သစ်များအကြား ၎င်းတို့၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် သေချာတွက်ချက်ထားသည့် ကြိုးပမ်းမှုတခုဖြစ်ကြောင်း ထောက်ပြသည်။

လူငယ်များကို အခြေခံ စစ်တပ်ဖွဲ့စည်းပုံများနှင့် ရင်းနှီးကျွမ်းဝင်စေခြင်းဖြင့် ၎င်းတို့အား လက်နက်ကိုင်တပ်ဖွဲ့များအတွင်းသို့ တဖြည်းဖြည်း ဆွဲသွင်းရန် စစ်ကောင်စီက ရည်ရွယ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦး၏ လက်အောက်တွင် စစ်တပ်သည် ၂၀၂၆-၂၇ ပညာသင်နှစ်မှ စတင်ကာ စစ်တပ်ပိုင် လူငယ်ပညာရေးလေ့ကျင့်ရေးကျောင်း (Youth Education Training Schools) များကို စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး နှစ်ကျောင်းကို နေပြည်တော်နှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်မြို့တွင် ဖွင့်လှစ်ထားပြီး ကျောင်းသားများကို လက်ခံသင်ကြားပေးလျက် ရှိသည်။

အဆိုပါ ကျောင်းသစ်များသည် အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်းရှိ Grade 10 မှ Grade 12 (၁၀ တန်းမှ ၁၂ တန်း) အရပ်သား အထက်တန်းကျောင်းသားများကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ဖြစ်သည်။ လျှောက်ထားသူများသည် ဆေးစစ်ချက်အပါအဝင် တင်းကျပ်သော စိစစ်မှုများကို ဖြတ်သန်းရမည်ဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်း လျှောက်ထားရသည့် စည်းကမ်းချက်များနှင့် အလားတူ လျှောက်ထားရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်က အဆင့်မြင့်လူငယ်လေကြောင်းလေ့ကျင့်ရေးသင်တန်းအတွင်း ဆယ်ကျော်သက်လူငယ်တဦးအား လေသူရဲတဦးနှင့်အတူ တွေ့ရစဉ်။ / MOI

ကျောင်းအပ်နှံမှု ကြေညာချက်များနှင့် စစ်တပ်ဝါဒဖြန့် မီဒီယာများ၏ အဆိုအရ ကျောင်းသားများသည် အခမဲ့ နေထိုင်စားသောက်ခွင့်၊ ဆေးဝါးကုသခွင့်၊ ကျောင်းဝတ်စုံနှင့် စစ်ယူနီဖောင်းများကို ရရှိမည်ဖြစ်သည်။ ထို့အပြင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ အပါအဝင် အခြေခံ လိုအပ်ချက်များကိုလည်း ပံ့ပိုးပေးမည် ဖြစ်သည်။

၎င်းအပြင် ကျောင်းသားများသည် ၎င်းတို့တက်ရောက်နေသည့် အတန်းအလိုက် စစ်သားသစ်တဦး အခြေခံလစာ၏ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ လစဉ် ထောက်ပံ့ကြေးကိုလည်း ရရှိကြမည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း (စာမေးပွဲ) အောင်မြင်ပြီး သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသော ကျောင်းသားများသည် စစ်တက္ကသိုလ် (DSA)၊ စစ်တက္ကသိုလ်နည်းပညာတက္ကသိုလ် (DSTA) နှင့် စစ်ဆေးတက္ကသိုလ် (DSMA) ကဲ့သို့သော စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များသို့ လျှောက်ထားခွင့်ရှိကြောင်း စစ်တပ်က ကြေညာထားသည်။

စာမေးပွဲအောင်မြင်သော်လည်း သတ်မှတ်ထားသည့် အမှတ်စံနှုန်း မပြည့်မီသူများသည် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကျောင်းများရှိ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်/စာရေး သင်တန်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ လက်ထောက်သင်တန်းများသို့ လျှောက်ထားခွင့် ရရှိမည်ဖြစ်သည်။

စစ်ကောင်စီလိုလားသော ဝါဒဖြန့် ဗလော့ဂါ ချစ်သဲနှင့် စကားပြောဆိုရာတွင် ရဲမွန်ရှိ စစ်တပ်ကျောင်းမှ တာဝန်ခံစစ်အရာရှိက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပညာသင်ကြားခွင့်ရရှိသည့် ကျောင်းသားများသည် လက်နက်ကိုင်တပ်ဖွဲ့များသို့ မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ စစ်တပ်ကဖွင့်လှစ်ထားသော လူငယ်လေ့ကျင့်ရေးကျောင်းသို့ တက်ရောက်နေသည့် ကျောင်းသားများကို စစ်ဝတ်စုံများ ပေးအပ်နေစဉ်။ / Chit Thae Vlog

ကျောင်းအပ်နှံမှု အရေအတွက်မှာ သတ်မှတ်ထားသည်အောက် လျော့နည်းနေသော်လည်း ကျောင်းများကို စတင်လည်ပတ်နေပြီဖြစ်ပြီး ကျောင်းသားအများစုမှာ လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်များ၏ သားသမီးများဖြစ်ကြောင်း စစ်တပ် CDM များက ဆိုသည်။

ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တခုဖြစ်သည့် Scout Yangon ၏ အဆိုအရ သတ်မှတ်ထားသည့် ကျောင်းသားဦးရေ ပြည့်မီစေရန်အတွက် ဒေသခံအုပ်ချုပ်ရေးမှူးများသည် ဆင်းရဲနွမ်းပါးသော မိသားစုများ၊ ကျူးကျော်ရပ်ကွက်များနှင့် အပယ်ခံလူထုကြားရှိ ကလေးငယ်များကို နိုင်ငံတော်က အခမဲ့ ပညာသင်ကြားပေးမည်ဟု ကတိပြုကာ စည်းရုံးရန် အမိန့်ပေးထားကြောင်း သိရသည်။

“ဒီကျောင်းတွေဆီ ကလေးတွေကို ပို့တာဟာ စစ်တပ်ထဲကို ကလေးအပ်လိုက်တာနဲ့ အတူတူပါပဲ။ စစ်ယူနီဖောင်းအပါအဝင် လိုအပ်တာမှန်သမျှ အလကားပေးတယ်။ ဒါဟာ ပညာရေးသက်သက်ပဲ ဖြစ်စရာအကြောင်းမရှိဘူး” ဟု မိဘတဦးက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Grade 12 ကျောင်းသားများကို သင်ကြားနေသည့် ဆရာတဦးက စစ်တပ်သည် အဓမ္မစစ်မှုထမ်းဥပဒေဖြင့် လူနေရပ်ကွက်များမှ အသက် ၁၈ နှစ်အရွယ် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်နေချိန်မှာပင်၊ အစိုးရစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသားများကိုပါ လက်နက်ကိုင်တပ်ဖွဲ့များအတွင်းသို့ တရားဝင် စည်းရုံးသိမ်းသွင်းနေခြင်းဖြစ်ကြောင်း ပြောသည်။

၂၀၂၆ ခုနှစ် ဇွန်လအတွင်း နေပြည်တော်ရှိ စစ်တပ်ကဖွင့်လှစ်ထားသော လူငယ်လေ့ကျင့်ရေးကျောင်း၌ ကျောင်းသားများနှင့် တပ်ချုပ်သစ် ရဲဝင်းဦး တွေ့ဆုံစဉ်။ / CINCDS

“ဒီကျောင်းတွေဟာ ကလေးတွေကို စစ်တပ်ထဲ သွတ်သွင်းဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းဆရာက ဆက်လက်၍ “ကျနော်ကတော့ ကလေးတွေကို လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်တွေ ရှိစေချင်တယ်။ ဒါပေမဲ့ ဒီကျောင်းတွေကတော့ ကလေးတွေကို စစ်တပ်အတွက် ပုံသွင်းထားတဲ့ ပုံစံခွက်ထဲကို အတင်းအဓမ္မ မောင်းသွင်းတဲ့ စနစ်မျိုး ဖြစ်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဗိုလ်ကြီးဟောင်း ဇင်ယော်က စစ်တပ်က ဖွင့်လှစ်ထားသော ကျောင်းများနှင့် နွေရာသီသင်တန်းများ၏ နောက်ဆုံးပန်းတိုင်မှာ စစ်တပ်အတွက် ပင်မစစ်သည်အင်အား အမြဲမပြတ် ရရှိနေစေရန်သာ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

အာဏာသိမ်းပြီးပြီးချင်း လူငယ်မျိုးဆက် (Generation Z) ၏ တော်လှန်တိုက်ခိုက်မှု စွမ်းအားကြောင့် စစ်တပ်ယန္တရားတခုလုံး ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်ကို စစ်ကောင်စီက သိရှိနားလည်သွားပြီးနောက်၊ ယခုအစီအစဉ်များအားလုံးသည် စစ်မြေပြင်တွင် လူငယ်အချင်းချင်း ပြန်လည်တိုက်ခိုက်ခိုင်းရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်ကြောင်း ဇင်ယော်က ဆိုသည်။

“စစ်တပ်အနေနဲ့ တော်လှန်ရေးလူငယ်တွေကို ခုခံဖို့ အလွန်ခက်ခဲခဲ့တာကို သိသွားတယ်။ ဒါကြောင့် သူတို့ဘက်က ရည်ရွယ်ချက်ကတော့ လူငယ်တွေကို သူတို့ဘက်ပါအောင် ဆွဲဆောင်ပြီး၊ အဲဒီလူငယ်အင်အားကို သုံးလို့ တဖက်က တော်လှန်ရေးလူငယ်တွေကို ပြန်လည်တိုက်ခိုက်ခိုင်းဖို့ ဖြစ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How Myanmar’s Depleted Military Is Targeting Schoolchildren to Ensure Its Future ကို ဘာသာပြန်သည်။)

]]>
စစ်အုပ်စု နယ်မြေပြန်စိုးမိုးလာ၍ အလှည့်အပြောင်းနှင့် ရင်ဆိုင်နေရသည့် မြန်မာ့တော်လှန်ရေး https://burma.irrawaddy.com/article/2026/05/19/413388.html Tue, 19 May 2026 04:35:32 +0000 https://burma.irrawaddy.com/?p=413388 "စစ်ရေးအရ အကျပ်ရိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မဟာဗျူဟာအသစ်တခုကို မလွဲမသွေ ကျင့်သုံးရပါလိမ့်မယ်" ဟု ဗိုလ်ကြီးဇင်ယော်က သတိပေးသည်။]]>

ပြီးခဲ့သည့်လက မြန်မာစစ်အုပ်စု၏ အရပ်သားအသွင်ပြောင်း အစိုးရသစ်သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို လက်နက်စွန့်ရန် ဖိတ်ခေါ်ခဲ့သည်။ တချိန်တည်းမှာပင် စစ်တပ်သည် အကြီးအကျယ် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး PDF များ စိုးမိုးထားသည့် ဗဟိုချက်မ မြေပြန့်ဒေသများအပြင် ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်ပါ သိသာထင်ရှားသည့် နယ်မြေစိုးမိုးမှုများ ရရှိခဲ့သည်။

အစိုးရသစ်သည် ဗဟိုချက်မဒေသရှိ PDF အမာခံနယ်မြေများနှင့် ကချင်ပြည်နယ်တို့ကို ဆက်သွယ်ပေးထားသည့် မရှိမဖြစ်လိုအပ်သော အဓိက ထောက်ပို့လမ်းကြောင်းတခုအပြင် ချင်းပြည်နယ်၏ တခုတည်းသော လေဆိပ်ရှိရာ မြို့ကိုပါ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ တပြိုင်နက်တည်းမှာပင် စစ်ကြောင်းအမြောက်အမြားသည် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးအင်အားစု နယ်မြေများထဲသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။

ချင်းပြည်နယ်တွင် ခြောက်လကြာ အသည်းအသန် ခုခံကာကွယ်ခဲ့ပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များသည် ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရသည်။ ဗဟိုချက်မဒေသတွင်လည်း တော်လှန်ရေးအင်အားစုများသည် မတ်လကတည်းက စတင်ခဲ့သည့် စစ်အုပ်စု၏ အကြီးအကျယ် ထိုးစစ်ဆင်မှုများကြောင့် အနည်းဆုံး မြို့သုံးမြို့အပြင် နယ်မြေအချို့နှင့် မဟာဗျူဟာမြောက် လမ်းကြောင်းတခုကိုပါ ဆုံးရှုံးခဲ့ရသည်။

မြောက်ပိုင်းတိုက်ပွဲအတွင်း မန္တလေး-မြစ်ကြီးနားလမ်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့

မေလအစောပိုင်းတွင် စစ်အုပ်စုသည် မဟာဗျူဟာမြောက် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်မီးတောက်နေသည့် ကချင်ပြည်နယ်သို့ ဦးတည်မည့် အဓိက ထောက်ပို့လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

မတ်လမှ မေလအစောပိုင်းအကြား တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် အဓိကလမ်းပိုင်းအချက်အချာများဖြစ်သော တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နှင့် မော်လူးမြို့တို့ကို စစ်အုပ်စုတပ်များက မြောက်ဘက်သို့ ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်ပြီးနောက် ယခုလမ်းကြောင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF များနှင့် မဟာမိတ်အဖွဲ့များ ပူးတွဲထိန်းချုပ်ထားခဲ့သည့် ယခင် တော်လှန်ရေးအမာခံနယ်မြေများဖြစ်သော အဆိုပါ မြို့များသည် ကချင်ပြည်နယ်သို့ ဝင်ရောက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခဲ့သည်။

စစ်အုပ်စုဘက်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းထားသူ အမြောက်အမြားအပြင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းများကိုပါ အသုံးပြုခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များသည် ဆုတ်ခွာခဲ့ကြရသည်။

အလျား ၅၄၁ ကီလိုမီတာရှိသော ဤလမ်းမကြီးကို အခြေခိုင်အောင် လုပ်ဆောင်ပြီး ရက်ပိုင်းအတွင်းမှာပင် ယာဉ်အစီးရေ ၄၀၀ ပါဝင်သည့် စစ်အုပ်စု၏ ထောက်ပို့စစ်ကြောင်းသည် မန္တလေးမှ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ ခရီးနှင်ခဲ့သည်။

ယခင်က စစ်အုပ်စုသည် ကချင်ပြည်နယ်ရှိ ၎င်းတို့၏ တပ်စခန်းများကို ထောက်ပို့ရန် ဧရာဝတီမြစ်ကြောင်းကိုသာ အားကိုးခဲ့ရပြီး လမ်းခရီးတလျှောက်တွင်လည်း မကြာခဏ ဖြတ်တောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

မန္တလေး-မြစ်ကြီးနားလမ်း လက်လွှတ်လိုက်ရခြင်းသည် လက်နက်ကိုင်တော်လှန်ရေးအတွက် ကြီးမားသော အခက်အခဲတခုဖြစ်ကြောင်း၊ အကြောင်းမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ရခိုင်ရှိ အနောက်ဘက်ခြမ်း တော်လှန်ရေးအမာခံနယ်မြေများဆို့ စစ်ရေးထောက်ပို့မှု စီးဆင်းရာ မရှိမဖြစ်လိုအပ်သော အသက်သွေးကြောကို ဖြတ်တောက်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည့် စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီးဇင်ယော်က ယခုကဲ့သို့ အဓိကလမ်းကြောင်းကို ပြန်လည်ရရှိသွားခြင်းကြောင့် စစ်အုပ်စုအနေဖြင့် KIA ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်ရန် မန္တလေးမှ ကချင်ပြည်နယ်သို့ စစ်ရေးထောက်ပို့မှုများကို သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်အုပ်စု၏ စစ်ကူတပ်များသည် KIA ၏ အဓိက ထောက်ပို့လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် ဆယ်ဇင်းမှတဆင့် ဖားကန့် ကျောက်စိမ်းတွင်းဒေသဘက်သို့ မြောက်ဘက်မှ ထိုးတက်လာနေပြီ ဖြစ်သည်။

ရှေ့တန်းတော်လှန်ရေး သတင်းမြစ်တခုက ဧရာဝတီသို့ ပြောကြားရာတွင် စစ်အုပ်စု၏ နောက်ထပ်ပစ်မှတ်မှာ ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင်ရှိ KIA စခန်းများ ဖြစ်လိမ့်မည်ဟု ဆိုသည်။

“ဒီလမ်းကို ပြန်သိမ်းလိုက်နိုင်တာကြောင့် စစ်အုပ်စုဟာ တော်လှန်ရေးအဖွဲ့တွေ စစ်ကိုင်းတိုင်းကတဆင့် ရွှေကူနဲ့ ဗန်းမော်ဘက်ကို သွားလာနိုင်မယ့်လမ်းကို ထိရောက်စွာ ပိတ်ဆို့လိုက်နိုင်ပြီ။ အဲဒီကနေတစ်ဆင့် ဗန်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ ထိုးစစ်တွေ ဆက်လုပ်လာလိမ့်မယ်” ဟု အဆိုပါ သတင်းမြစ်က ပြောသည်။

ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှတဆင့် ယာဉ်အစီးရေ ၃၀၀ ခန့်ပါဝင်သော စစ်ဘက်ဆိုင်ရာ ထောက်ပို့စစ်ကြောင်းတခု ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ် / စစ်အုပ်စုလိုလားသော တယ်လီဂရမ်ချန်နယ်များ

ရခိုင်သို့ သွားရာ တံခါးပေါက် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ခြင်း

ချင်းတိုက်ပွဲဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို ခြောက်လကြာ ထိုးစစ်ဆင်ခဲ့စဉ်အတွင်း တပ်ဖွဲ့ဝင် ရာဂဏန်းခန့် ဆုံးရှုံးခဲ့ရပြီးနောက် စစ်အုပ်စုသည် ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဖလမ်းမြို့ကို ဧပြီလနှောင်းပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ချင်းတောင်တန်းမြောက်ပိုင်း အမြင့်ပိုင်းတွင် တည်ရှိသည့် ဖလမ်းမြို့သည် ချင်းပြည်နယ်၏ တခုတည်းသော လေဆိပ်တည်ရှိရာ မြို့ ဖြစ်သည်။

ဤမဟာဗျူဟာမြောက်မြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများ အကူအညီဖြင့် တပ်ရင်း ၉ ခုမှ စစ်သည်အင်အား ၁,၀၀၀ ကျော်ကို အသုံးပြုခဲ့ကြောင်း ထိုဒေသကို ခုခံကာကွယ်ရာတွင် ကူညီပေးခဲ့သည့် ချင်းလန်းကာကွယ်ရေးဝန်ကြီးဌာန (Chinland MoD) အရ သိရသည်။

ထိုအချိန်မှစ၍ စစ်အုပ်စုသည် မြို့၏ အုပ်ချုပ်ရေးယန္တရားကို လွှဲပြောင်းရယူခဲ့ပြီး တပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်ဒေသများသို့ စစ်ရေးအရ တိုးချဲ့ထိုးစစ်ဆင်လျက် ရှိသည်။

ဤကိစ္စနှင့် ပတ်သက်၍ ချင်းလန်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်သွယ်ခဲ့သော်လည်း မှတ်ချက် တစုံတရာ မရရှိခဲ့ပေ။

စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီးဇင်ယော်က စစ်အုပ်စုသည် ဖလမ်းမြို့ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ ချင်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာကို ပြန်လည်သိမ်းပိုက်ရန် လုပ်ဆောင်လိမ့်မည်ဟု ပြောသည်။

ချင်းတော်လှန်ရေးအဖွဲ့များနှင့် အိမ်နီးချင်း ရခိုင်ပြည်နယ်မှ အာရက္ခတပ်တော် (AA) တို့သည် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အနက် ၅ မြို့နယ်နှင့် ကျေးလက်နယ်မြေအများစုကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ စစ်အုပ်စုမှာမူ ပြည်နယ်မြို့တော် ဟားခါးအပါအဝင် မြို့ပေါ်ဒေသအချို့တွင်သာ ပိတ်မိနေပြီး အဆိုပါနေရာများတွင်ပင် စစ်အုပ်စုတာဝန်ရှိသူများသည် တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရသည်။

စစ်အုပ်စုတပ်များသည် အိမ်နီးချင်း မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိပြီး ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

စစ်အုပ်စုက မြို့၏အုပ်ချုပ်ရေးယန္တရားကို လွှဲပြောင်းရယူပြီးနောက် စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းများ ဖလမ်းမြို့သို့ ရောက်ရှိလာစဉ်။ / စစ်အုပ်စုလိုလားသော တယ်လီဂရမ်ချန်နယ်များ

ချင်းပြည်နယ်တောင်ပိုင်းသည် တိုင်းရင်းသားလက်နက်ကိုင် AA က မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရာ မဟာဗျူဟာမြောက် တံခါးပေါက်တခု ဖြစ်သည်။ ထို့အပြင် AA သည် ချင်းပြည်နယ်တောင်ဘက်အကျဆုံး ပလက်ဝမြို့နယ်ကိုလည်း ထိန်းချုပ်ထားပြီး ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းတို့မှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။

စစ်ရေးလေ့လာသူများက စစ်အုပ်စုသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရန် အစားထိုးလမ်းကြောင်းတခုအဖြစ် ချင်းပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြသည်။

“စစ်အုပ်စုတပ်တွေဟာ AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ဖို့ တံခါးပေါက် ရှာနေကြတာ။ မကွေးတိုင်းမြောက်ပိုင်း ယောဒေသကနေ ချင်းပြည်နယ်တောင်ပိုင်းထဲကို စစ်ကြောင်းတွေ ထိုးလာလိမ့်မယ်။ အဲဒီနေရာမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

သို့သော်လည်း စစ်အုပ်စု၏ ဖလမ်းထိုးစစ်ကို အထောက်အကူပြုခဲ့သည့် အောက်တိုဘာမှ မေလအထိ ခြောက်သွေ့သော ရာသီဥတုအခြေအနေမျိုး မဟုတ်တော့ဘဲ ယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မရင်းနှီးသည့် တောင်တန်းဒေသများတွင် တိုက်ပွဲဝင်နေရသည့် စစ်အုပ်စုတပ်များအတွက် အဆိုးရွားဆုံး ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

တချိန်တည်းမှာပင် AA ၏ မဟာမိတ်ဖြစ်သော ချင်းလူမျိုးစုတပ်မတော် (CPA) က ၎င်းတို့အနေဖြင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ခုခံကာကွယ်မည့် အစီအမံများကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြေညာထားသည်။

အာဏာမသိမ်းမီက ဤဒေသသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းများအတွက် အဓိက ထောက်ပို့လမ်းကြောင်းတခု ဖြစ်ခဲ့ကြောင်း အခြားပြည်သူ့ရင်ခွင်ခိုလှုံသူတစ်ဦးဖြစ်သည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဆွေတင့်က ပြောသည်။

“ချင်းပြည်နယ်ဟာ စစ်အုပ်စုအတွက် ရခိုင်ပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အလွန်အရေးကြီးတဲ့ တံခါးပေါက်တခုပါ။ ချင်းပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်နိုင်ရင် ရခိုင်ပြည်နယ်ထဲကို ဝင်မယ့်လမ်းကြောင်းကို ရရုံတင်မကဘဲ ချင်းမြောက်ပိုင်းကို ပြန်သိမ်းဖို့ ထိုးစစ်တွေအတွက်ပါ အခြေစိုက်စခန်းတစ်ခု ရရှိသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို ကြာသပတေးနေ့ညက စစ်အုပ်စုစစ်သားများ စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေကြစဉ် / NNO

အညာက ဖြတ်လေးဖြတ် မြေလှန်စနစ် ကမ်ပိန်း

မတ်လတွင် အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် အမည်ပြောင်းလဲပြီးနောက်၊ စစ်အုပ်စုသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ PDF အမာခံနယ်မြေများကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များကို နောက်ဆုတ်သွားစေခဲ့သည်။

လေကြောင်းမှ အရပ်သားပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုများ အကူအညီဖြင့် စစ်သည်အင်အား ရာနှင့်ချီကာ မန္တလေးတိုင်း မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်နှင့် မကွေးတိုင်း ပခုက္ကူခရိုင်တို့ကို စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဤမြေလှန်စနစ် ကမ်ပိန်းအတွင်း အိုးအိမ်ပိုင်ဆိုင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုယက်ဖျက်ဆီးခြင်း၊ ကျေးရွာလူထုတရပ်လုံးကို မီးရှို့ဖျက်ဆီးခြင်းနှင့် ရွာသားများကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဒေသခံတော်လှန်ရေးအဖွဲ့များက ပြောက်ကျားစနစ်ဖြင့် မကြာခဏ ဖြတ်တောက်တိုက်ခိုက်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုများကို မတားဆီးနိုင်ခဲ့ပေ။

နည်းပညာမြင့်ဒရုန်းများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အကူအညီဖြင့် စစ်အုပ်စုတပ်သား ၃၀၀ ခန့်က နွားထိုးကြီးမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များကို ဆုတ်ခွာသွားစေရန် ဖိအားပေးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“အရင်ကတော့ စစ်အုပ်စုတပ်တွေဟာ ကျနော်တို့ ကျေးလက်ဒေသတွေထဲကို စစ်ကြောင်းထိုးဖို့ လုံးဝမရဲကြဘူး။ ဘာလို့လဲဆိုတော့ တော်လှန်ရေးအဖွဲ့တွေဆီမှာ ရှုံးမယ်ဆိုတာ သူတို့ သိလို့ပဲ” ဟု ၎င်းက ဆိုသည်။

“ဒါပေမဲ့ အခုက တိုက်ပွဲပုံစံက ကုန်းကြောင်းတိုက်ပွဲကနေ ဒရုန်းစစ်ပွဲဘက်ကို ကူးပြောင်းသွားပြီ။ တော်လှန်ရေးအဖွဲ့တွေဆီမှာ လုပ်ငန်းသုံးဒရုန်း အနည်းငယ်ပဲ ရှိနိုင်ပေမယ့် စစ်အုပ်စုဘက်မှာတော့ နည်းပညာမြင့် စစ်သုံးဒရုန်းအုပ်စုကြီးတွေ ရှိနေတာ။ အခုဆို စစ်တပ်ရဲ့ ကင်းထောက်ဒရုန်းတွေ နာရီပေါင်းများစွာ ပျံသန်းနေတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေအပြင် စစ်လေယာဉ်တွေ နိမ့်နိမ့်လေး ပျံသန်းနေတာတွေကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သိသာထင်ရှားတဲ့ လှုပ်ရှားမှုမျိုး ဘာမှမလုပ်နိုင်တော့ဘူး” ဟု အဆိုပါဒေသခံက ရှင်းပြသည်။

ဗိုလ်မှူးဆွေတင့်ကလည်း ဒေသခံတော်လှန်ရေးအဖွဲ့များသည် ခဲယမ်းမီးကျောက်နှင့် အင်အား ကန့်သတ်ချက်များနှင့်လည်း ရင်ဆိုင်နေရကြောင်း ထောက်ပြခဲ့သည်။ “ဒါကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပေးနေရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုတပ်များက လုယက်ဖျက်ဆီးနေစဉ် တော်လှန်ရေးရဲဘော်များက ဖြတ်တောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘက်ဆိုင်ရာယာဉ်များ မီးလောင်ပျက်စီးနေသည်ကို ဧပြီလနှောင်းပိုင်းက တွေ့ရစဉ်။ / နွားထိုးကြီး PDF

တော်လှန်ရေး မဟာဗျူဟာအသစ် လိုအပ်နေပြီလား

စစ်မြေပြင် သတင်းပေးပို့ချက်များအရ စစ်အုပ်စုတပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မဟာဗျူဟာမြောက် စခန်းများကို ဆက်တိုက် ပြန်လည်သိမ်းပိုက်လာနေပြီး၊ ERO အချို့အပါအဝင် တော်လှန်ရေးအဖွဲ့များမှာမူ ထိုးစစ်ဆင်သည့် အနေအထားမှ ခုခံကာကွယ်သည့် အနေအထားသို့ ကူးပြောင်းသွားကြသဖြင့် စစ်ရေးအရှိန်အဟုန်သည် ပြောင်းလဲလာနေကြောင်း ညွှန်ပြနေသည်။

နိုင်ငံရေးလေ့လာသူ ဝါရင့်တဦးက ဧရာဝတီသို့ ပြောကြားရာတွင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်အုပ်စု၏ အဓိကထိုးစစ်ဆင်ခြင်းခံရသည့် နယ်မြေများကို ပုံသေခုခံကာကွယ်မည့်အစား ပြောက်ကျားဗျူဟာဘက်သို့ ကူးပြောင်းနေကြကြောင်း ဆိုသည်။ ယင်းတွင် ပတ်ဝန်းကျင်ဒေသများသို့ ဆုတ်ခွာပြီးမှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်များကို လှုပ်ရှားပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းများ ပါဝင်သည်။

သို့သော်လည်း ပဋိပက္ခအခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဗိုလ်ကြီးဇင်ယော်ကမူ လက်နက်ကိုင်တော်လှန်ရေးသည် ငါးနှစ်တာ ရုန်းကန်ခဲ့ပြီးနောက်ပိုင်း အရှိန်အဟုန် လျော့ကျလာသည့် အဆင့်သို့ ရောက်ရှိနေပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်အုပ်စု၏ လက်နက်အင်အား၊ လူအင်အားနှင့် ရန်ပုံငွေပမာဏကို မယှဉ်ပြိုင်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ စစ်မှုထမ်းဥပဒေကြောင့် စစ်အုပ်စုသည် ၎င်းတို့လိုအပ်သလောက် စစ်သည်အင်အားအသစ်များကို ရရှိနေပြီး၊ နိုင်ငံတော်ရန်ပုံငွေနှင့် ပြည်တွင်း ကပစ လက်နက်စက်ရုံ များကြောင့် လက်နက်ခဲယမ်းများကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်စွမ်း ရှိနေကြောင်း ၎င်းက ထောက်ပြသည်။ ဆန့်ကျင်ဘက်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များသည် ရန်ပုံငွေ၊ လူအင်အားနှင့် ခဲယမ်းမီးကျောက် ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။

“စစ်ရေးအရ အကျပ်ရိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မဟာဗျူဟာအသစ်တခုကို မလွဲမသွေ ကျင့်သုံးရပါလိမ့်မယ်” ဟု ဗိုလ်ကြီးဇင်ယော်က သတိပေးသည်။

“နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေးနဲ့ နိုင်ငံတကာနည်းလမ်းတွေအပါအဝင် အခြားသော နည်းလမ်းပေါင်းစုံကနေ ဖိအားပေးပြီး စစ်အုပ်စုရဲ့ အမြစ်ကို စနစ်တကျနဲ့ ဟန်ချက်ညီညီ တိုက်ခိုက်ရပါလိမ့်မယ်။”

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Myanmar’s Revolution at Crossroads as Regime Gains Ground in Heartland and North ကို ဘာသာပြန်သည်။)

]]>
ဂုဏ်ယူစရာမရှိသော NCA ဆယ်နှစ်ပြည့် https://burma.irrawaddy.com/article/2025/10/20/407080.html Mon, 20 Oct 2025 08:58:54 +0000 https://burma.irrawaddy.com/?p=407080 ယနေ့အပစ်အခတ်ရပ်စဲရေးသည် စာရွက်ပေါ်တွင်သာ ရှိသည်။]]>

တနိုင်ငံလုံးတွင် ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် စစ်အုပ်စုသည် ၎င်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆယ်နှစ်ပြည့် အခမ်းအနား ပြုလုပ်သည်။

သို့သော် ယနေ့အပစ်အခတ်ရပ်စဲရေးသည် စာရွက်ပေါ်တွင်သာ ရှိသည်။

ထိုစာချုပ်လက်မှတ်ရေးထိုးသည့် အဖွဲ့ ဆယ်ဖွဲ့တွင် ၆ ဖွဲ့သည် ယခုအခါ စစ်အုပ်စုကို တိုက်ခိုက်ခြင်းမရှိဘဲ အခြားအဖွဲ့ဝင် ၄ ဖွဲ့အနက် ၃ ဖွဲ့တွင် ထိရောက်သော လက်နက်ကိုင်တပ် လုံးဝမရှိပေ။

လက်ရှိအချိန်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့် အင်အားကြီးမားဆုံး တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများသည် ထိုအပစ်အခတ်ရပ်စဲရေးကို မည်သည့်အခါကမျှ လက်မှတ်ရေးထိုးခြင်းမရှိသလို အလယ်ပိုင်းဒေသ ဗမာများ၏ ထင်ရှားကျော်ကြားသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မရှိသေးပေ။

ထို့အပြင် လက်ရှိအချိန်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့် အင်အားကြီးမားဆုံး တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများသည် ထိုအပစ်အခတ်ရပ်စဲရေးကို မည်သည့်အခါကမျှ လက်မှတ်ရေးထိုးခြင်းမရှိသလို အလယ်ပိုင်းဒေသ ဗမာများ၏ ထင်ရှားကျော်ကြားသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မရှိသေးပေ။

NCA ၏ ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းကို ဧရာဝတီက အောက်တွင်ဖေါ်ပြထားသည်။

မည်သည့်အဖွဲ့များ လက်မှတ်ထိုးသနည်း

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြန်မာစစ်တပ်၊ ဗိုလ်ချုပ်ဟောင်း သိန်းစိန်ခေါင်းဆောင်သည့် အရပ်သား အစိုးရအတုနှင့် EAOs ၈ ဖွဲ့အကြား လက်မှတ်ရေးထိုးသည်။ ထို EAOs ၈ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ပါဝင်သည်။

၂၀၁၈ ခုနှစ်တွင် နောက်ထပ် EAOs နှစ်ခုဖြစ်သော လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ လက်မှတ်ရေး ထိုးကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မန္တလေး တပ်ဖွဲ့များ / MDY-PDF

NCA ကို စွန့်လွှတ်ခြင်း

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သား အစိုးရကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချပြီးနောက် KNU, CNF နှင့် ABSDF တို့သည် စစ်အုပ်စုကို တိုက်ခိုက်မှုပြန်လည်စတင်ကြပြီး ထိုစစ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သည်ဟု ပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် PNLO သည်လည်း ငြိမ်းချမ်းရေးသဘောတူစာချုပ်မှ တရားဝင်နုတ်ထွက်ပြီး စစ်အုပ်စုကို တိုက်ခိုက်သည်။ NMSP တွင်လည်း ဝါရင့်အဖွဲ့ဝင်အများအပြားသည်ခွဲထွက်ပြီး ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဖွဲ့စည်းပြီး စစ်အုပ်စုကို တိုက်ခိုက်ရေးတွင် ပူးပေါင်းသည်။

LDU သည် စစ်အုပ်စု စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် အပစ်အခတ်ရပ်စဲရေးနှစ်ပတ်လည်ကို ရှုတ်ချကာ NCA မှ ထွက်သည့် အခြား EAOs များကို မကြာသေးမီက ပူးပေါင်းသည်။

KNU ဥက္ကဌဟောင်း မူတူးစေးဖိုးသည် စစ်အုပ်စုနှင့် ဆက်လက်ချစ်ကြည်ရင်းနှီးဆဲဖြစ်သော်လည်း KNU သည် သူနှင့် လူသိရှင်ကြား ကင်းကင်းနေကာ စစ်အုပ်စုကို ပဲခူးနှင့် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဆက်လက် တိုက်ခိုက်သည်။

KNU ဥက္ကဌဟောင်း မူတူးစေးဖိုးသည် စစ်အုပ်စုနှင့် ဆက်လက်ချစ်ကြည်ရင်းနှီးဆဲဖြစ်သော်လည်း KNU သည် သူနှင့် လူသိရှင်ကြား ကင်းကင်းနေကာ စစ်အုပ်စုကို ပဲခူးနှင့် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဆက်လက် တိုက်ခိုက်သည်။

PNLO ပူးတွဲခေါင်းဆောင်ဟောင်း သို့မဟုတ် နာယက ခွန်ဥက္ကာသည်လည်း စစ်အုပ်စုနှင့် ချစ်ကြည်ရင်းနှီးသော်လည်း သူ့ကို ပအိုဝ်း တော်လှန်ရေးသမားများက ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပယ်ပြီး ယခုအခါ စစ်အုပ်စုလိုလားသော ခွဲထွက်အဖွဲ့တခုကို ဦးဆောင်နေသည်။

စစ်အုပ်စုနှင့် မည်သည့် EAO များ ဆက်လက်ဆက်ဆံနေသနည်း

RCSS, DKBA, KNU/KNLA-PC နှင့် ALP တို့သည် စစ်အုပ်စုနှင့် ငြိမ်းချမ်းသော ဆက်ဆံရေး ဆက်လက်ရှိနေသော်လည်း RCSS တွင်သာ ၎င်းတို့နယ်မြေတွင် တစုံတရာသော အုပ်ချုပ်ရေး ထူထောင်သည့် လက်နက်ကိုင်အဖွဲ့မှအပ စစ်မှန်သော စစ်တပ်ရှိသည်။

NCA အဖွဲ့ဝင် ကရင်အုပ်စု ၂ ခုသည်လည်း တခုတည်းသော ရင်းမြစ်မှလာသည်။ DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်သည်။ ထိုနောက် ၂၀၀၉ ခုနှစ်တွင် ထိုအဖွဲ့ဝင် အချို့သည် ကရင်နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသည်။ KNU/KNLA-PC သည် KNU မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်သည်။

ယခုအခါ ALP သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်အုပ်စုအောက်မှ လက်နက်ကိုင်အဖြစ်သာရှိနေသည်။

စစ်အုပ်စုကို မည်သူတို့ တိုက်ခိုက်နေသနည်း

NCA မှနုတ်ထွက်သော လက်မှတ်ရေးခဲ့သူ ၆ ဖွဲ့နှင့်အတူ အခြား EAOs များနှင့် စစ်အုပ်စုကိုတော်လှန်သည့် အုပ်စုများ စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နေသည်။ ထိုအဖွဲ့များတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၊ အာရက္ခတပ်တော် (AA) ၊ ချင်းအမျိုးသား တော်လှန်ရေး အဖွဲ့ ၆ ဖွဲ့ မဟာမိတ် ချင်းညီနောင်မဟာမိတ်နှင့် နိုင်ငံအလယ်ပိုင်းမှ အမျိုးမျိုးသော PDFs များ၊ ခေတ်ဟောင်း ကွန်မြူနစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် အခြားလူမျိုးစု သို့မဟုတ် ဒေသဆိုင်ရာတော်လှန်ရေး အင်အားစုများ ပါဝင်သည်။

NCA ဆက်လက်တည်တံ့နေလား

မကြာသေးမီက ပူးတွဲကြေညာချက်တစောင်တွင် NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ ၆ ဖွဲ့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် NCA အနှစ်သာရ၊ အုတ်မြစ်နှင့် ဦးတည်ချက်များကို ထိခိုက် သို့မဟုတ် ဖျက်ဆီးလိုက်ပြီး ထို့ကြောင့် ပျက်ပျယ်သည်ဟု ပြောသည်။

စစ်အုပ်စုသည် နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး အရပ်သားများကို ဖမ်းဆီး၊ နှိပ်စက်၊ ဖိနှိပ်ရန် အင်အားအသုံးပြုနေသောကြောင့် NCA မူများကို လုံး၀ ဂရုမစိုက်ဟု စွပ်စွဲသည်။

စစ်အုပ်စုသည် နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး အရပ်သားများကို ဖမ်းဆီး၊ နှိပ်စက်၊ ဖိနှိပ်ရန် အင်အားအသုံးပြုနေသောကြောင့် NCA မူများကို လုံး၀ ဂရုမစိုက်ဟု စွပ်စွဲသည်။

NCA ကိုလက်မှတ်ရေးထိုးပြီး များပြားလှသော သဘောတူညီချက်များ ရရှိပြီးချိန်မှစတင်ပြီး ဆယ်စုနှစ်တခုကြာသော်လည်း မည်သည့်အချက်ကိုမျှ အကောင်အထည်မဖေါ်ကြောင်း နိုင်ငံရေးသုတေသီ ဝေမင်းထွန်းက ဧရာဝတီ အတွေးအမြင် ဆောင်းပါးတွင် ရေးသားသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ရပ်ကွက်တခုကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အပြီး/ TNLA

ခွဲထွက်အုပ်စု ၆ ခုကလည်း စစ်အုပ်စုကိုယ်တိုင် ချိုးဖေါက်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် စစ်အုပ်စုစီစဉ်သည့် ရွေးကောက်ပွဲသည် ပဋိပက္ခကို ရှည်ကြာရုံသာဖြစ်နိုင်သည့် အာဏာဆက်လက်ထိန်းချုပ်မှုကို တရားဝင်စေရန် ကြိုးစားမှုအဖြစ် ရှုတ်ချသည်။

ထိုအဖွဲ့များက NCA ဆယ်နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် စစ်အုပ်စုကို တရားဝင်မှု သို့မဟုတ် ထောက်ခံမှု မပေးရန် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် မြန်မာမှ သံတမန် အသိုက်အဝန်းကို တိုက်တွန်းသည်။

NCA အစုပ်အပြတ်ကို စစ်အုပ်စုက မည်သည့်အတွက် ဖက်တွယ်နေသနည်း

တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ EAOs အချို့နှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများ အပါအဝင် ပြည်ပသံအမတ် ၁၁ ဦး၊ သံရုံးအရရှိ ၃၀ သည် နေပြည်တာ်တွင်ပြုလုပ်သည့် နှစ်ပတ်လည် အခမ်းအနားများ တက်ရောက်သည်ဟု စစ်အုပ်စု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရှီကျွင်းနှင့် အိန္ဒိယ သံအမတ်တို့ ထိုအခမ်းအနားတွင် မိန့်ခွန်းများ ပြောကြသည်။

ထိုသို့သော လုပ်ရပ်များသည် ဆိုးကျိုးဖြစ်စေသည်ဟု KNU ပြောခွင့်ရသူ ပဒို စောတောနီး ပြောသည်။

“ဒီအခမ်းအနားကိုတက်တာ ကျင့်ဝတ်အရ ထိခိုက်လွယ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ သူပြောသည်။ “အခမ်းအနားတက်ဖို့ ရွေးတဲ့သူတွေ သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့တက်တာဖြစ်ပေမဲ့ ဒါဟာ သူတို့တန်ဖိုးတွေကို သူတို့ စွန်လွှတ်တာပဲ” ဟု ပဒို စောတောနီး ပြောသည်။

“ဒီအခမ်းအနားကိုတက်တာ ကျင့်ဝတ်အရ ထိခိုက်လွယ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ သူပြောသည်။ “အခမ်းအနားတက်ဖို့ ရွေးတဲ့သူတွေ သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့တက်တာဖြစ်ပေမဲ့ ဒါဟာ သူတို့တန်ဖိုးတွေကို သူတို့ စွန်လွှတ်တာပဲ” ဟု ပဒို စောတောနီး ပြောသည်။

စစ်အုပ်စုကို ထောက်ခံအားပေးသူများအတွက် နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်၏ စကားများက ပိုမိုပြင်းထန်သည်။

တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများသည် အမှန်တကယ်တွင် လက်နက်ခဲယမ်းရောင်းသော အဖွဲ့အစည်းများသာ ဖြစ်သောကြောင့် ပြည်သူများကို သတ်ဖြတ်ခြင်းသည် ၎င်းတို့အတွက် မည်သည့်အံ့သြစရာမျှ မဟုတ်ကြောင်း သူပြောသည်။

ထိုကိစ္စက အင်အားကြီးနိုင်ငံများသည် လူသတ်သမားများကို ထောက်ခံရုံသာမက အရပ်သားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရသော နိုင်ငံများကို စီးပွားရေးအရလည်း အကျိုးအမြတ်ရှာသော ခေတ်သစ် ပထဝီနိုင်ငံရေး ပကတိအခြေအနေကိုထင်ဟပ်သည်ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ “Nothing to Celebrate”: Myanmar’s Abortive Nationwide Ceasefire Agreement Marks 10th Birthday ကို ဘာသာပြန်သည်။)

You may also like these stories:

၁၀ နှစ်ပြည့် NCA နှင့် အပစ်မရပ်နိုင်သည့် အကြောင်းရင်းများ

NCA နှစ်ပတ်လည် ဖွင့်ပွဲသာ တက်မည်ဟု FPNCC အဖွဲ့ဝင်တချို့ ပြော

လက်မခံသူများရှိသော်လည်း NCA ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

မြန်မာစစ်ပွဲမှာ ၂ ဖက်လုံး ဝင်ပါသည့် တရုတ်က ကြားဝင်မစွက်ဖက်ရေး ပြော

ငြိမ်းချမ်းရေးအတွက် အရေးကြီးတာက ယုံကြည်မှုပဲ (ရုပ်/သံ)

အာဏာရှင်တွေရဲ့ အဓိကဒေါက်တိုင် MI

]]>
တော်လှန်ရေးဒီရေကို စစ်တပ်က မည်သို့တွန်းလှန်သနည်း https://burma.irrawaddy.com/article/2025/10/02/406365.html Thu, 02 Oct 2025 02:24:34 +0000 https://burma.irrawaddy.com/?p=406365 စစ်ကောင်စီ၏ ထိုးစစ်များနှင့် အောင်ပွဲများ၏ နောက်ကွယ်မှ အဓိကအချက်များသည် လူအင်အားနှင့် ငွေကြေးထောက်ပံ့မှုဖြစ်သည်ဟု စစ်ရေးသုတေသီများက ပြောသည်။]]>

မြန်မာစစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုသည် နှစ်ပေါင်းများစွာ အရှိန်အဟုန်တည်ဆောက်ပြီး စစ်အုပ်စုကို ယခင်မကြုံဖူးသည့် စစ်မြေပြင်ဆုံးရှုံးမှုများ ဖြစ်စေပြီးနောက် စစ်တပ်သည် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရန် တန်ပြန်ထိုးစစ် အရှိန်မြှင့်တင်သောကြောင့် ထိုလှုပ်ရှားမှုသည် ခံစစ်အနေအထား ရောက်နေသည်ဟု စစ်ရေးသုတေသီများက ပြောသည်။

မကြာသေးမီကာလတွင် စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုထံ ဆုံးရှုံးထားသည့် နယ်မြေအများအပြားကို ပြန်လည် ထိန်းချုပ်နေသည်။

နိုင်ငံတဝန်း ညှိနှိုင်းတိုက်ခိုက်သည့် တိုက်ခိုက်မှုများပါဝင်ပြီး ညီနောင်မဟာမိတ်အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ်များက ပြုလုပ်သည့် စစ်ကောင်စီဆန့်ကျင်ရေးတွင် အဓိကကျသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် အကြီးအကျယ်ရှုံးနိမ့်ပြီး မြို့နှင့်မြို့နယ်များ၊ ကွပ်ကဲရေးဌာနချုပ်များအပါအဝင် တပ်ရင်းအများအပြားနှင့် စစ်သား ထောင်ပေါင်းများစွာ ဆုံးရှုံးပြီး ဗိုလ်ချုပ်များပါ သေဆုံး၊ ဖမ်းဆီးခံရသည်။

ထိုအချိန်တွင် စစ်အုပ်စုသည် တရုတ်အစိုးရထံမှ အကူအညီ အရေးပေါ်တောင်းဆိုပြီး တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားတပ်မတော်များ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးသို့ မချီတက်ဘဲ စစ်ဆင်ရေးများရပ်ရန် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဖိအားပေးသည်။

ထိုစစ်ဆင်ရေးများအတွင်း စစ်အုပ်စုသည် အဖိုးတန်သောသင်ခန်းစာများ လေ့လာပြီး အထူးသဖြင့် ဒရုန်းများ ဖြန့်ကြက်ခြင်းကြောင့်ရသည့် အကျိုးကျေးဇူးကို လေ့လာသည်။ ဒရုန်းများဖြန့်ကြက်ခြင်းသည် တော်လှန်ရေးအင်အားစုက စတင်အသုံးပြုသည့် နည်းဗျူဟာဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် စစ်အုပ်စုသည် တရုတ်ထံမှ ဒရုန်းအများအပြား ဝယ်ယူပြီး စစ်တပ်အတွင်း ဒရုန်းအသုံးပြုသည့် အထူးတပ်ဖွဲ့တခု ထူထောင်ကာ ဒရုန်းစွမ်းရည်ကို အကြီးအကျယ် မြှင့်တင်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် စစ်အုပ်စုသည် တရုတ်ထံမှ ဒရုန်းအများအပြား ဝယ်ယူပြီး စစ်တပ်အတွင်း ဒရုန်းအသုံးပြုသည့် အထူးတပ်ဖွဲ့တခု ထူထောင်ကာ ဒရုန်းစွမ်းရည်ကို အကြီးအကျယ် မြှင့်တင်သည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်များကို ဒရုန်းသင်တန်းပေးနေစဉ်

စစ်သား မလုံလောက်မှုကို ဖြေရှင်းရန် စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရဥပဒေကို အလျင်အမြန် အသက်သွင်းပြီး စစ်သင်တန်းတပတ်လျှင် လူသစ် ၅,၀၀၀ စုဆောင်းသည်။ လက်ရှိအချိန်အထိ အပတ်စဉ် ၁၇ အထိ လေ့ကျင့်ထားပြီး စစ်သားသစ် ၈၅,၀၀၀ လေ့ကျင့်ထားသည်ဟု ခန့်မှန်းရသည်။

လေကြောင်းအားသာမှုနှင့် ပစ်အားသာမှုအပြင် လူအင်အားကို အသုံးပြုပြီး စစ်အုပ်စုသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူရန် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ တနိုင်ငံလုံးတွင် တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ဆင်ရေးအများအပြားတွင် အောင်ပွဲများရသည်။

တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးသွားသောနယ်မြေများသို့ ၎င်း၏မြေပြင်တပ်များ မရောက်နိုင်သည့် နေရာများတွင် စစ်အုပ်စုသည် နိုင်ငံတဝန်းမှ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့များနှင့်ရွာများကို လေယာဉ်များနှင့် ဒရုန်းများအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲကာ နေ့စဉ်နီးပါး အရပ်သားသေဆုံးမှု ဒါဇင်ပေါင်းများစွာ ဖြစ်စေသည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်တမြို့လုံးနီးပါး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် ၎င်း၏ မဟာမိတ်များလက်သို့ ကျရောက်လုဖြစ်နေစဉ် တနှစ်နီးပါး ထိုးစစ်ဆင်ပြီးနောက် တပ်ရင်းဌာနချုပ်များနှင့် စခန်းအများအပြားကို စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထားသည်။

ယခုနှစ်တွင် စစ်အုပ်စုတပ်များသည် နိုင်ငံ၏ ကျောက်စိမ်း အချက်အချာဒေသ ဖားကန့်ကို KIA သိမ်းပိုက်မှုကိုလည်း ချိုးဖျက်ရန် လုပ်ဆောင်နိုင်ခဲ့ပြီး ယခင်က တိုင်းရင်းသားတပ်များသို့ ဆုံးရှုံးခဲ့သည့် နယ်မြေအများအပြားကို ပြန်လည် သိမ်းယူသည်။

ထို့ပြင် စစ်အုပ်စုနှင့် ၎င်း၏ မဟာမိတ် လက်နက်ကိုင်များသည် နယ်စပ်ကုန်သွယ်ရေး အချက်အချာနှင့် တွင်းထွက် အချက်အချာဒေသကို KIA နှင့် မဟာမိတ်များထံမှ ပြန်လည် သိမ်းပိုက်ရန် ရည်ရွယ်ပြီး ဝိုင်းမော်နှင့် ဆော့လော်မြို့နယ်များတွင် တန်ပြန်ထိုးစစ်များ ပြုလုပ်နေပြီး ပြင်းထန်သောပဋိပက္ခများ ဖြစ်သည်။

KIA သည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာနေရာများအပါအဝင် မြို့ပေါင်း ၁၄ မြို့ကို အစောပိုင်းက သိမ်းပိုက်ထားသည်။

စစ်ကိုင်းတိုင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်အုပ်စုသည် စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစု အမာခံဒေသများရှိ မြို့များပြင်ပတွင် ထိုးစစ်များရပ်ဆိုင်းပြီး စခန်းများကို ဆုတ်ခွာသည်။ စစ်ကိုင်းတိုင်းတွင် PDF နှင့် ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားသည်။

သို့သော် ဒီဇင်ဘာလနှောင်းပိုင်းတွင် ပထမဆင့် စီစဉ်ထားသည့် ရွေးကောက်ပွဲများမတိုင်မီ စစ်အုပ်စုသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ကျေးလက်ဒေသများကို ထိုးစစ်ဆင်ပြီး ကျေးရွာများကို စီးနင်း၊ လုယက်၊ ရွာများကို မီးရှို့ကာ လက်နက်ကိုင်များကိုသာမက အရပ်သားများကိုပါ အငြင်းပွားဖွယ် သတ်ဖြတ်နေသည်။ စစ်အုပ်စုသည် ဆုံးရှုံးခဲ့သောနယ်မြေများကို ပြန်လည် ထိန်းချုပ်သော်လည်း အချို့ စစ်ကြောင်းများသည် တော်လှန်ရေးအင်အားစုများ၏ ခြုံခိုတိုက်ခိုက်မှုများတွင် သားကောင်ဖြစ်ရသည်။

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များကို စစ်တပ်မိသားစုဝင်များက ကြိုဆိုနေစဉ် / People’s Militia Group

မကြာသေးမီက PDF အဖွဲ့များသည် ထိုးစစ်သစ်တခုဖြင့် စစ်ကိုင်းတိုင်းမြောက်ပိုင်း ဗန်းမောက်မြို့ကို အပြည့်အဝ သိမ်းပိုက်သည်။

စစ်ကိုင်းတိုင်း ၃၇ မြို့နယ်အနက် ၁၀ ခုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟု စစ်အုပ်စုက ကြေညာထားသည်။

ရှမ်းပြည်နယ်

လပေါင်းများစွာကြာသည့် ထိုးစစ်ပြီးနောက် စစ်အုပ်စုသည် ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ ဇူလိုင်လတွင် ပြန်လည်သိမ်းယူသည်။ တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် လွတ်မြောက်သွားသည့် မြို့များကို စစ်အုပ်စုသို့ ပြန်လည်ပေးရန် TNLA ကို တရုတ်က ဖိအားပေးနေသည်။

လပေါင်းများစွာကြာသည့် ထိုးစစ်ပြီးနောက် စစ်အုပ်စုသည် ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ ဇူလိုင်လတွင် ပြန်လည်သိမ်းယူသည်။ တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် လွတ်မြောက်သွားသည့် မြို့များကို စစ်အုပ်စုသို့ ပြန်လည်ပေးရန် TNLA ကို တရုတ်က ဖိအားပေးနေသည်။

နောင်ချိုကို သိမ်းပိုက်ချိန်မှစတင်ပြီး စစ်အုပ်စုသည် အနီးရှိ ရှမ်းပြည်နယ်ရှိ ကျောက်မဲနှင့် မန္တလေးတိုင်းမှ ပတ္တမြားမြေ မိုးကုတ်ကို ပစ်မှတ်ထားလာသည်။ ကျောက်မဲကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီး မိုးကုတ်ကမူ TNLA ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ သို့သော် စစ်ကောင်စီ၏ စစ်ကြောင်းများကို TNLA နှင့် ၎င်းတို့မဟာမိတ်များ ဟန့်တားနိုင်ပုံ မပေါ်ပေ။

စစ်အုပ်စုက မြေပြင်တပ်များ မချထားနိုင်သည့် TNLA ထိန်းချုပ် အခြားမြို့များတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးကာ အခြေခံအဆောက်အအုံများ ပျက်စီးနေသည်။

မန္တလေးတိုင်း

ဇူလိုင်လတွင် စစ်အုပ်စုသည် မန္တလေးတိုင်းမြောက်ပိုင်းမှ သပိတ်ကျင်းမြို့ကို PDF အဖွဲ့များထံမှ ပြန်လည် သိမ်းယူသော်လည်း ပြင်းထန်သည့် တော်လှန်ရေး ခုခံကာကွယ်မှုအကြား ကျေးလက်ဒေသများကို ပြန်လည် ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

မကြာသေးမီကာလတွင် စစ်အုပ်စုသည် မန္တလေးမြို့နှင့်ကပ်လျက် ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ ၎င်း၏စခန်းဟောင်းများကို မန္တလေး PDF ထံမှ ပြန်လည်သိမ်းယူနေသည်။

မန္တလေးတိုင်းတောင်ပိုင်းတွင် စစ်အုပ်စုသည် မြင်းခြံခရိုင်၌ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များမှ ကျေးရွာများကို ဝင်ရောက်စီးနင်း၊ မီးရှို့ကာ အရပ်သားများကို သတ်ဖြတ်သည်။

မကွေးတိုင်း

စက်တင်ဘာလ အစောပိုင်းတွင် စစ်အုပ်စုသည် မကွေးတိုင်းရှိ ပေါက်မြို့နယ် အနောက်တောင်ဘက် ၁၆ ကီလိုမီတာခန့်အကွာရှိ အမှတ် (၂၄) စစ်လက်နက်ပစ္စည်းစက်ရုံသို့ သွားသည့်လမ်းကို စောင့်ကြပ်သည့် သေနင်္ဂဗျူဟာကျသော စခန်းတခုကို ပြန်လည်သိမ်းယူသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် စစ်သား ၁,၀၀၀၊ ရိက္ခာ၊ လက်နက်၊ ခဲယမ်းများ တင်ဆောင်လာသည့် ကားအစီး ၁၄၀ ပခုက္ကူမှ ရောက်လာပြီးနောက် ထိုသို့ ပြန်လည် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ပခုက္ကူသည် ပေါက်မှ ၇၅ ကီလိုမီတာသာ ဝေးသော်လည်း ထိုယာဉ်တန်းသည် တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် ခြုံခိုတိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်းများ၊ ဒရုန်းများနှင့် တိုက်ခိုက်ခြင်းကြောင့် ထိုခရီးကို သုံးလနီးပါးကြာမှ ရောက်အောင်သွားနိုင်သည်။

ထိုသို့ချီတက်လာရာတွင် ထိုယာဉ်တန်းသည် လေကြောင်းအကူများ အသုံးပြုပြီး ကျေးရွာများကို ဝင်ရောက် စီးနင်းကာ အရပ်သားများကို ဖမ်းဆီးသည်။ စစ်အုပ်စုသည် ထိုယာဉ်တန်း ဆုတ်ခွာနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စီးနင်းမှုများကိုလည်း ပြုလုပ်ပြီး ကျေးရွာများကို မီးရှို့သောကြောင့် ဒေသခံများ နေရပ်စွန့်ခွာရသည်။

ရခိုင်ပြည်နယ်မှ AA နှင့် တိုက်ပွဲများ

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) သည် စစ်ဆင်ရေးများကို ပြည်နယ်ကျော်ပြီး တိုးချဲ့ကာ ဇန်နဝါရီလမှစတင်ပြီး မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများမှ စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်သည်။

တုံ့ပြန်သည့်အနေဖြင့် စစ်အုပ်စုသည် အတင်းအကျပ်စုဆောင်းထားပြီး နှစ်လသာ လေ့ကျင့်ပေးထားသည့် စစ်သားသစ်များဖြင့် ရခိုင်နယ်စပ်အနီးမှ ဆုံးရှုံးသွားသောစခန်းများကို ပြန်လည်သိမ်းယူရန် တန်ပြန်ထိုးစစ်များ ပြုလုပ်ပြီး ဧရာဝတီတိုင်းရှိ လေးမျက်နှာ၊ ပဲခူးတိုင်းရှိ ပန်းတောင်းနှင့် မကွေးတိုင်းရှိ ငဖဲမြို့နယ်များတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်သည်။

အနီရောင်-တိုက်ပွဲဖြစ်ပွားနေသည့် နေရာများ။ ကြယ်ဘက်တံဆိပ်-စစ်တပ်က ထိုးစစ်ဆင်နေသည့်နေရာများ

ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်း အများအပြားကို ချေမှုန်းခဲ့ကြောင်း AA က မကြာသေးမီတွင် ကြေညာပြီး စစ်သားစုဆောင်းခံရသူ အများအပြား စွန့်ခွာထွက်ပြေးကြောင်း၊ AA သို့ ဘက်ပြောင်းလာနေကြောင်း ပြောသည်။ စစ်အုပ်စုသည် ဆုံးရှုံးသွားသော စခန်းများကို ပြန်လည်သိမ်းယူရန် ၎င်းတို့၏ စစ်ဆင်ရေးများတွင် အတင်းအကျပ်စစ်သားစုဆောင်းခံရသူများကို အသေခံခိုင်းနေသည်ဟု စစ်တပ်မှ ဘက်ပြောင်းလာသူများက ပြောသည်။

စစ်အုပ်စုသည် AA ဝိုင်းပတ်ထားသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်နေပြီး တရုတ်စီမံကိန်းကြီးများ အများအပြားရှိရာ ကျောက်ဖြူမြို့ကို အပြင်းအထန် ကာကွယ်ထားသည်။ စစ်အုပ်စုသည် ကျောက်ဖြူတွင် ခံစစ်စည်းကို ဆက်လက် တောင့်တင်းအောင် လုပ်နေသည်ဟု စစ်ရေးသုတေသီများက ပြောသည်။

စစ်အုပ်စုသည် AA ဝိုင်းပတ်ထားသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို အင်အားတောင့်တင်းအောင် လုပ်ဆောင်နေပြီး တရုတ်စီမံကိန်းကြီးများ အများအပြားရှိရာ ကျောက်ဖြူမြို့ကို အပြင်းအထန် ကာကွယ်ထားသည်။ စစ်အုပ်စုသည် ကျောက်ဖြူတွင် ခံစစ်စည်းကို ဆက်လက် တောင့်တင်းအောင် လုပ်နေသည်ဟု စစ်ရေးသုတေသီများက ပြောသည်။

ကရင်နီပြည်နယ်

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ် နယ်စပ် မိုးဗြဲကို ဇူလိုင်တွင် ပြန်လည် သိမ်းပိုက်ပြီးနောက် စစ်အုပ်စုသည် ကရင်နီပြည်နယ်မှ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့များကို ကရင်နီတော်လှန်ရေးအုပ်စုများထံမှ မကြာသေးမီက သိမ်းပိုက်လိုက်သည်။

စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဘောလခဲမြို့သို့ ချီတက်ရန် ပြင်ဆင်နေပြီး တော်လှန်ရေးအင်အားစုများက လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းကို လွန်ခဲ့သောအပတ်တွင် အကန့်အသတ်မရှိ ပိတ်လိုက်ရသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း

စစ်ကောင်စီသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားပြီး လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် အမှတ် ၈ ပြည်ထောင်စုအဝေးပြေးလမ်းကို ပြန်လည် ထိန်းချုပ်ရန် တန်ပြန်ထိုးစစ်ဆင်နေသောကြောင့် ပြင်းထန်သောတိုက်ပွဲများ ဖြစ်နေသည်။

မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းရှိ ထားဝယ်ခရိုင်တွင် တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီတပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထံမှ ထီးခီးနယ်စပ်ကုန်သွယ်ရေး အချက်အချာဒေသကို ပြန်လည် သိမ်းယူရန် ကြိုးစားနေသောကြောင့် ထီးခီး-ထားဝယ်လမ်းတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်နေသည်။

ကရင်ပြည်နယ်မှ စစ်အုပ်စုထိုးစစ်

စက်တင်ဘာလအစောပိုင်းတွင် စစ်အုပ်စုသည် လပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် ထိုင်းနယ်စပ်ကုန်သွယ်ရေး အချက်အချာဒေသ မြဝတီနှင့် ကရင်ပြည်နယ်ရှိ ကော့ကရိတ်အကြား အာရှအဝေးပြေးလမ်း ၁ ၏ အဓိကျသော အစိတ်အပိုင်းတခု၊ သင်္ကန်းညီနောင်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တခုနှင့် တပ်ရင်းဌာနချုပ် သုံးခုကို ပြန်လည် ထိန်းချုပ်လိုက်သည်။

KNU ၏ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ၎င်း၏မဟာမိတ် တော်လှန်ရေးအင်အားစုများသည် ထိုလမ်းနှင့် စစ်အုပ်စုစခန်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက စတင်ထိန်းချုပ်ထားသည်။

ယခင်စခန်းဟောင်းများကို ပြန်လည် သိမ်းပိုက်ပြီးနောက် စစ်အုပ်စုသည် မြဝတီမြို့နယ်တောင်ပိုင်း ပိုင်နက်များကို ပြန်လည် သိမ်းယူရန် နောက်ထပ် ထိုးစစ်များ စတင်နေသောကြောင့် ကရင်တော်လှန်ရေးအင်အားစုများနှင့် ပြင်းထန်သော တိုက်ပွဲများဖြစ်နေသည်။

စစ်အုပ်စုသည် KNU တပ်မဟာ ၅ နှင့် ၆ ဒေသများကို အဆက်မပြတ် တိုက်ခိုက်နေပြီး အတင်းအကျပ်စုဆောင်းထားသည့် စစ်သားအများအပြားကို ရှေ့တန်းတွင် ဖြန့်ကြက်ထားကာ ဒရုန်းများကို ပိုမိုအားကိုးလာနေသည်။

စစ်သားသစ် အများအပြားသည် မူးယစ်ဆေးဝါး သုံးစွဲထားကြသူများဖြစ်သည်ဟု Force for Federal Democracy မှ အရာရှိ ကိုအောင်အောင်က ပြောသည်။ ထိုအဖွဲ့သည် KNU ၏ လက်နက်ကိုင်အဖွဲ့များနှင့်အတူ တိုက်ခိုက်နေသော အဖွဲ့အစည်းဖြစ်သည်။

စစ်အုပ်စု မည်သည့်အတွက် အောင်မြင်နေသနည်း

စစ်ကောင်စီ၏ ထိုးစစ်များနှင့် အောင်ပွဲများ၏ နောက်ကွယ်မှ အဓိကအချက်များသည် လူအင်အားနှင့် ငွေကြေးထောက်ပံ့မှုဖြစ်သည်ဟု စစ်ရေးသုတေသီများက ပြောသည်။

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များ / People’s Militia Group

စစ်အုပ်စုသည် ယခင်က စစ်အင်အား မလုံလောက်သော်လည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်အသက်သွင်းသည့် အတင်းအကျပ်စစ်သားစုဆောင်းသောကြောင့် လိုအပ်သော စစ်သားများအားလုံး ရနေပုံရှိကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဘက်ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

လူအင်အား၊ နိုင်ငံတော်ဝင်ငွေများနှင့် ကိုယ်ပိုင်လက်နက်စက်ရုံများ ရှိနေသောကြောင့် စစ်အုပ်စုသည် ခဲယမ်း၊ ဒရုန်း၊ လေကြောင်းအင်အားနှင့် အမြောက်များအရ အားသာချက်များ ရှိနေသည်။

လူအင်အား၊ နိုင်ငံတော်ဝင်ငွေများနှင့် ကိုယ်ပိုင်လက်နက်စက်ရုံများ ရှိနေသောကြောင့် စစ်အုပ်စုသည် ခဲယမ်း၊ ဒရုန်း၊ လေကြောင်းအင်အားနှင့် အမြောက်များအရ အားသာချက်များ ရှိနေသည်။

“တော်လှန်ရေးအင်အားစုတွေဘက်မှာ တော်လှန်တိုက်ခိုက်ရေးသမားတဦးဟာ စစ်အုပ်စုစစ်သား ၁၀ ယောက်စာလောက် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ရင်တောင်မှ ရှည်ကြာတဲ့တိုက်ပွဲတွေအတွက် ခဲယမ်းနဲ့ အသုံးစရိတ်အရ မယှဉ်နိုင်ဘူး” ဟု ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

စစ်အုပ်စု၏ နောက်ထပ် အားသာချက်တခုမှာ စစ်အုပ်စု တပ်များသည် တခုတည်းသော အမိန့်ပေးကွပ်ကဲမှု ကွင်းဆက်အောက်မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် စစ်အုပ်စုနှင့် လမ်းခွဲပြီးနောက် စစ်ရေးစစ်ရာများကို လေ့လာစောင့်ကြည့်နေသည့် ဗိုလ်မှူးဟောင်း စွယ်တော်က ပြောသည်။

“စစ်ဆင်ရေးတခု မအောင်မြင်ရင် စစ်အုပ်စုမှာ တင်းကျပ်တဲ့ တာဝန်ခံမှုလုပ်တယ်။ တာဝန်တွေကို အောင်မြင်ဖို့ မျှော်မှန်းချက်နဲ့ တာဝန်ပေးပြီး စစ်ဆင်ရေး ပြီးမြောက်အောင်မြင်မှုမရှိရင် တာဝန်ရှိသူတွေကို အပြစ်ပေးတယ်” ဟု ၎င်းကပြောသည်။

ထိုအခြေအနေနှင့် မတူသည်မှာ တော်လှန်ရေးအင်အားစုဘက်တွင် ညီညွတ်သော အမိန့်ပေးကွပ်ကဲမှုမရှိဘဲ ထိုသို့ တင်းကျပ်သောစနစ်လည်း မရှိကြောင်း စွယ်တော်က ပြောသည်။

နိုင်ငံတွင် အဓိက စိန်ခေါ်မှုသည် တိုင်းရင်းသားအုပ်စုများ ကွဲပြားနေခြင်းဖြစ်ကြောင်းနှင့် ထိုကိစ္စသည် ညီညွတ်ရေးကို အဟန့်အတားဖြစ်စေကြောင်း သူက ထောက်ပြသည်။ ဗဟိုတခုတည်းက ညှိနှိုင်းပေးခြင်းကို အများအပြားက ဆန့်ကျင်ကြပြီး အုပ်စုကွဲ အများအပြားဖြစ်စေကာ PDF များအကြားတွင်ပင် အုပ်စုကွဲများဖြစ်စေသည်။

PDF အချို့သည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်ဖြစ်သော်လည်း အများအပြားသည် မဟာမိတ် မဟုတ်ပေ။ ထိုသို့ အစိတ်စိတ်အမွှာမွှာ ကွဲနေခြင်းသည် ရန်ပုံငွေရှာဖွေခြင်းနှင့် စီမံအုပ်ချုပ်ရေးတွင် အဓိကကျသည့် စိန်ခေါ်မှုဖြစ်စေသည်ဟု စွယ်တော်က ဆက်လက်ပြောကြားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ How the Myanmar Junta Turned the Tide Against the Resistance ကို ဘာသာပြန်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

ဗန်းမောက်မြို့ပေါ် တော်လှန်ရေးတပ်များ ထိန်းချုပ်

မြို့သိမ်းစစ်ဆင်ရေးများ မြန်မာစစ်တပ် ဆက်လက်တောင့်ခံနိုင်

နွေဦးလက်နက်ကိုင်တော်လှန်ရေးနှင့် PDF များ၏ နေရာ

နွေဦးတော်လှန်ရေး စစ်ပွဲအတွင်းက ဓားစာခံများ

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

]]>
ရွေးကောက်ပွဲ မတိုင်မီ အရပ်သားများကို ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်နေ https://burma.irrawaddy.com/article/2025/09/05/405357.html Fri, 05 Sep 2025 04:07:39 +0000 https://burma.irrawaddy.com/?p=405357 မကြာသေးမီက တနိုင်ငံလုံးမှ ထိုးစစ်များတွင် အရပ်သားများကို အငြင်းပွားဖွယ် သတ်ဖြတ်သည့် ကျယ်ပြန့်သော သတင်းများ ထွက်ပေါ်နေသည်။]]>

နိုင်ငံ၏ ဒေသအများအပြားသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်မှုအောက်တွင် ကျရောက်နေ၊ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲများ ပြုလုပ်ရန် အစီအစဉ်ကို စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ထို့ကြောင့် နိုင်ငံတဝန်းကျယ်ပြန့်သည့် ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်နိုင်မည်လားဟု မေးစရာရှိလာသည်။

ရည်မှန်းချက်အောင်မြင်စေရန် စစ်အုပ်စုသည် ဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်ရမည်ဖြစ်သည်။ လက်တွေ့တွင်လည်း စစ်အုပ်စုသည် ထိုသို့လုပ်ရန် အားထုတ်မှု အပြင်းအထန်လုပ်ပြီး တိုက်ခိုက်မှု အရှိန်မြှင့်တင်ကာ နယ်မြေများကို တတ်နိုင်သမျှသိမ်းပိုက်ရန် နည်းဗျူဟာသစ်များ ချမှတ်သည်။

ရွေးကောက်ပွဲကို အဆင့်လိုက် ပြုလုပ်မည်ဖြစ်ပြီး ပထမအဆင့်ကို မြို့နယ် ၁၀၂ ခုတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ပြုလုပ်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ အခြားအဆင့်များအတွက် ရက်စွဲကို မကြေညာသေးပေ။

စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု မျက်နှာဖုံးအောက်တွင် စစ်အုပ်ချုပ်ရေး ခိုင်မာစေရန် ရည်ရွယ်သည့် နိုင်ငံရေးကစားကွက်ဖြစ်သည်ဟု ပြည်တွင်းပြည်ပက ရှုတ်ချသည်။

(အနီရောင်) တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် မြို့များ၊ (အစိမ်းရောင်) စစ်အုပ်စုက ပြန်လည် သိမ်းပိုက်လိုက်သည့် မြို့များ

မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၄ မြို့နယ်သည် တော်လှန်ရေးအင်အားစု ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ၇၉ မြို့နယ်တွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည်။

စစ်အုပ်စုသည် မန္တလေးတိုင်းမှ သပိတ်ကျင်း၊ ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချို၊ ရှမ်းပြည်တောင်ပိုင်းမှ မိုးဗြဲနှင့် ကရင်နီ (ကယား) ပြည်နယ်မှ ဒီးမော့ဆိုတို့ကို စစ်ကောင်စီက တော်လှန်ရေးအင်အားစုများထံမှ မကြာသေးမီက ပြန်လည် သိမ်းယူခဲ့သည်။

စစ်အုပ်စုသည် ရွေးကောက်ပွဲမတိုင်မီ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းများနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်များမှ ဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်မှု မြှင့်တင်နေပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များ၊ ဒေသများကို ဗုံးကြဲတိုက်ခိုက်ကာ တပ်အင်အားအများအပြား ချထားသည်။

ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စု၏ ထိုးစစ်များသည် တော်လှန်ရေးအင်အားစုများ အင်အားချိနဲ့စေရန် ရည်ရွယ်သည်ဟု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်ထားပြီး လက်နက်ခဲယမ်းနှင့် လူအင်အား ကုန်ခန်းစေခြင်းဖြင့် ရွေးကောက်ပွဲကာလအတွင်း တော်လှန်ရေးအင်အားစုက ကြီးမားသော အနှောင့်အယှက်ပေးသည့် တိုက်ခိုက်မှု မလုပ်နိုင်စေရန် စစ်အုပ်စု ကြိုးစားနေကြောင်း သူက ဆက်လက်ပြောသည်။

နယ်မြေများ ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုသည် စစ်လေယာဉ်များနှင့် အမြောက်တပ်များ ဖြန့်ကြက်ကာ အရပ်သားဒေသများကို သိမ်းကြုံးတိုက်ခိုက်ပြီး တော်လှန်ရေအင်အားစုများနှင့် တိုက်ပွဲများဖြစ်အောင် လုပ်နေသည်။ ထိုသို့ လုပ်ခြင်းကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အစုလိုက်အပြုံလိုက် ဘေးလွတ်ရာသို့ ထွက်ပြေးမှုများ သိသိသာသာ မြင့်မားစေသည်။

နယ်မြေများ ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုသည် စစ်လေယာဉ်များနှင့် အမြောက်တပ်များ ဖြန့်ကြက်ကာ အရပ်သားဒေသများကို သိမ်းကြုံးတိုက်ခိုက်ပြီး တော်လှန်ရေအင်အားစုများနှင့် တိုက်ပွဲများဖြစ်အောင် လုပ်နေသည်။ ထိုသို့ လုပ်ခြင်းကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အစုလိုက်အပြုံလိုက် ဘေးလွတ်ရာသို့ ထွက်ပြေးမှုများ သိသိသာသာ မြင့်မားစေသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-ရွှေဘို လမ်းမကြီးကို စစ်အုပ်စုက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျေးရွာနေအိမ်များကို မီးတင်ရှို့စဉ် / CJ

စစ်အုပ်စု၏ အလုံးစုံ သေနင်္ဂဗျူဟာမှာ အောင်ပွဲရရန် မဟုတ်ဘဲ ရွေးကောက်ပွဲအတု ကျင်းပရန် လိုအပ်သော တည်ငြိမ်မှုပုံစံမျိုး ဖန်တီးရန်ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။ ပိုင်နက်နယ်မြေများကို အပြည့်အဝ မသိမ်းပိုက်နိုင်လျှင်ပင် ဟန်ဆောင် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အခြေအနေကို ဖန်တီးရန် ထိုးစစ်များကို ပြုလုပ်နေပုံရသည်။ ထို့ကြောင့် စစ်အုပ်စု၏ စစ်ဆင်ရေးများသည် အပြသဘော နယ်မြေသိမ်းရန် ရည်ရွယ်သည့် ယာယီ ကာလတို ထိုးစစ်များဖြစ်ပုံရသည်ဟု ၎င်းက ပြောသည်။

စစ်အုပ်စုသည် စီစဉ်ထားသော ရွေကောက်ပွဲ ဆက်လုပ်ရန် တွန်းအားပေးရေးအတွက် ထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေး ပြန်လည် ထူထောင်ရန် ကြိုးစားနေသည်ဟု မြန်မာနိုင်ငံအထက်ပိုင်းရှိ မြောင်ဒရုန်းတပ်ဖွဲ့မှ အမျိုးသမီးစစ်သည် ကျားခင်စိန်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ယခင်က စစ်အုပ်စုတပ်များသည် အရပ်သားများကို မြင်ပါက သတ်ဖြတ်သော်လည်း မကြာသေးမီက စစ်ဆင်ရေး အချို့တွင် အရပ်သားများကို စည်းရုံးလာပြီး ရွာသားများ ထွက်မပြေးရန် တိုက်တွန်းကာ ယုံကြည်မှုရရန်အတွက် ၎င်းတို့၏ လုံခြုံရေးကို အာမခံရန် ကြိုးစားသည်ဟု သူကပြောသည်။

“ရွေးကောက်ပွဲ ကျင်းပနိုင်အောင် သူတို့လုပ်ချင်ကြတယ်။ ဒီဒေသတွေကို သူတို့ ထိန်းချုပ်ထားကြောင်း နိုင်ငံတကာအသိုက်အဝန်းကို သူတို့ပြနိုင်ရင် သူတို့ တရားဝင်မှုတောင်းဆိုလို့ရတယ်။ ဒါကြောင့် ဒီထိုးစစ်တွေဟာ ရွေးကောက်ပွဲ အစီအစဉ်နဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ကျမ ထင်တယ်” ဟု ကျားခင်စိန်က ပြောသည်။

သို့သော် မကြာသေးမီက တနိုင်ငံလုံးမှ ထိုးစစ်များတွင် အရပ်သားများကို အငြင်းပွားဖွယ် သတ်ဖြတ်သည့် ကျယ်ပြန့်သော သတင်းများ ထွက်ပေါ်နေသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လနှောင်းပိုင်းက မန္တလေးတိုင်းအတွင်း တအာင်းအမျိုးသား လွတ်လပ်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့သည် / CJ

မန္တလေးတိုင်း မြင်းခြံခရိုင်မှ မကြာသေးမီက စစ်ဆင်ရေးတခုတွင် စစ်အုပ်စုတပ်များသည် ကျေးရွာများကို ဝင်ရောက် စီးနင်းစဉ် အရပ်သား ၁၀ ဦးခန့်ကို သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံမြို့ပေါ်ကိုသာ စစ်အုပ်စု ထိန်းချုပ်နိုင်ပြီး ကျေးလက်ဒေသအများစုနှင့် နွားထိုးကြီးကဲ့သို့သော ခရိုင်မြို့များကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားကာ တောင်သာနှင့် ငါန်းဇွန်သည် မကြာခဏ တိုက်ခိုက်ခံနေရသောကြောင့် ထိုဒေသတွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယခုအခါ စစ်အုပ်စုသည် မြင်းခြံခရိုင်မှ ဆုံးရှုံးနယ်မြေများကို ပြန်လည် သိမ်းယူရန် ကြိုးစားနေပြီး စစ်သားအင်အား အများအပြားပါသည့် စစ်ကြောင်းများ ဖြန့်ကြက်ထားသည်။

မြေပြင်တပ်များ မစေလွှတ်နိုင်သည့်ဒေသများတွင် စစ်အုပ်စုသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့များနှင့်ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု၊ အမြောက်များဖြင့် ပစ်ခတ်မှု ပြုလုပ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ နေ့စဉ်ဖြစ်သည်။

မြေပြင်တပ်များ မစေလွှတ်နိုင်သည့်ဒေသများတွင် စစ်အုပ်စုသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့များနှင့်ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု၊ အမြောက်များဖြင့် ပစ်ခတ်မှု ပြုလုပ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ နေ့စဉ်ဖြစ်သည်။

စစ်အုပ်စု၏ ယခင်က စီးနင်းတိုက်ခိုက်မှုများတွင် ထုံးစံအားဖြင့် စစ်သား ၁၀၀ မှ ၁၅၀ အထိသာ ပါဝင်ကြောင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ တော်လှန်ရေးအင်အားစုခေါင်းဆောင် ကိုနွေဦးက ပြောသည်။

စစ်သား ၂၀ ခန့် သေဆုံးလျှင် ထုံးစံအားဖြင့် နောက်ပြန်ဆုတ်သွားကြောင်း၊ သို့သော် ယခုအခါတွင် စစ်ကောင်စီသည် အင်အား အများအပြားသုံးပြီး စီးနင်းတိုက်ခိုက်မှုတခုလျှင် စစ်သား ၂၀၀ မှ ၃၀၀ အထိ အသုံးပြုလာကြောင်း၊ စစ်အုပ်စုသည် ၎င်း၏တပ်များ မည်သို့ ရင်ဆိုင်ရသည်ဖြစ်စေ နောက်မဆုတ်ခိုင်းဘဲ ရှေ့ဆက်တက်ခိုင်းကာ အသေခံတပ်များအဖြစ် တိုက်ခိုက်စေပုံရကြောင်း ကိုနွေဦးက ပြောသည်။

“အဲဒီလို မဆုတ်တမ်းတိုက်တဲ့ ပုံစံကြောင့် ရေရှည်မှာ ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်မှာ ခဲယမ်း မလုံလောက်တာတွေ ရင်ဆိုင်ရပြီး နောက်ဆုံးကျတော့ ဆုတ်ခွာရတယ်” ဟု ၎င်းကပြောသည်။

စစ်အုပ်စုသည် မြေပြင်စစ်ဆင်ရေးများ ပြန်လည်စီစဉ်ပြီး တပ်များကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် နည်းဗျူဟာကို အကြီးအကျယ် ပြောင်းလဲလိုက်သည်ဟု အခြား CDM အဖွဲ့ဝင်တဦးဖြစ်သူ ဗိုလ်မှူးဟောင်း နောင်ရိုးက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးနည်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက သရုပ်ပြနေစဉ် / MOI

ယခုအခါ စစ်အုပ်စုသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသတခုလုံး ပျက်စီးစေရန် ရည်ရွယ်သည့် အတိုင်းအတာကြီးမားသော ဝိုင်းရံပိတ်ဆို့မှုစစ်ဆင်ရေးများတွင် မြေပြင်ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပေါင်းစပ်လိုက်သည်။

“ဒီနည်းဗျူဟာသစ်တွေက ကာလတိုမှာ စစ်ရေးအောင်မြင်မှု ရနိုင်ပုံရှိပေမဲ့ ရေရှည်မှာ စစ်အုပ်စုဟာ ပြင်းထန်တဲ့ အကျိုးဆက်ရှိတဲ့ စုပေါင်းဆန့်ကျင်မှု ခံရနိုင်တယ်” ဟု ဗိုလ်မှူးဟောင်း နောင်ရိုးက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို စစ်သားများနှင့် စစ်တပ်မိသားစုများသာ မဲပေးပြီး နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တွင် ကန့်သတ်ထားကာ အောင်မြင်သော ရွေးကောက်ပွဲဖြစ်မည့် အခြေအနေကို ဖန်တီးနေသည်ဟု ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

“နိုင်ငံတဝန်း သူ့ခရီးတွေမှာ စစ်ခေါင်းဆောင်က စစ်သားတွေ၊ သူတို့မိသားစုတွေနဲ့ အတွင်းစည်းကလူတွေ မဲပေးရင်တောင် စစ်အုပ်စုက ရွေးကောက်ပွဲဟာ အောင်မြင်ပြီး တရားဝင်တယ်လို့ ပြောခဲ့တယ်”

“နိုင်ငံတဝန်း သူ့ခရီးတွေမှာ စစ်ခေါင်းဆောင်က စစ်သားတွေ၊ သူတို့မိသားစုတွေနဲ့ အတွင်းစည်းကလူတွေ မဲပေးရင်တောင် စစ်အုပ်စုက ရွေးကောက်ပွဲဟာ အောင်မြင်ပြီး တရားဝင်တယ်လို့ ပြောခဲ့တယ်” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးတပ် အများအပြားနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်အုပ်စု၏ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုတ်ချထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ Myanmar Junta’s Pre-Poll Military Push Projects Strength at Heavy Civilian Cost ကို ဘာသာပြန်သည်။)

You may also like these stories:

ကြံ့ခိုင်ရေးပါတီအနိုင်ရဖို့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

တိုင်းပြည်ပျက်နေချိန် ကျင်းပမယ့် ရွေးကောက်ပွဲ

ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင် တိုင်း ၃ တိုင်း ခရီးထွက်

ကိုယ့်ဖဲကိုယ်ချိုးမယ့် စစ်တပ်ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေပြော (ရုပ်/သံ)

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

ဆယ်ပြားရွေးကောက်ပွဲနဲ့ တက်လာမယ့်ဆယ်ပြားအစိုးရ (ရုပ်/သံ)

တော်လှန်ရေးနယ်မြေတွေမှာပါ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာ (ရုပ်/သံ)

]]>
သပိတ်ကျင်းနဲ့ နောင်ချို ပြန်သိမ်းပြီး စစ်ကောင်စီ ဘယ်ဆက်တိုက်မလဲ https://burma.irrawaddy.com/article/2025/07/30/403968.html Wed, 30 Jul 2025 02:32:54 +0000 https://burma.irrawaddy.com/?p=403968 တော်လှန်ရေးအင်အားစုများသည် သပိတ်ကျင်းမြို့နယ်မှ ရွှေတူးဖော်သောနေရာများ အပါအဝင် ကျေးလက်ဒေသအများအပြားကို ထိန်းချုပ်ထားဆဲဖြစ်သည်။]]>

စစ်ကောင်စီသည် မန္တလေးတိုင်းမြောက်ပိုင်းမှ သပိတ်ကျင်းမြို့နှင့် ရှမ်းပြည်မြောက်ပိုင်းမှ သေနင်္ဂဗျူဟာအရ အရေးပါသည့်မြို့ နောင်ချိုကို ယခုလအတွင်း ပြန်လည် ထိန်းချုပ်လိုက်သည်။

ထို နှစ်မြို့လုံးကို အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်အဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက တော်လှန်ရေးမဟာမိတ်များ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့်အတူ လွန်ခဲ့သောနှစ် ဇွန်လတွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ၎င်းနှင့် ဆက်စပ်နေသည့် ရှမ်း-မန်းစစ်ဆင်ရေးအတွင်းက သိမ်းယူခဲ့သည်။

ထိုမြို့များ ကျသွားသောကြောင့် တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မန္တလေးတိုင်းမြောက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်တွင် မည်သည့်မြို့များသည် နောက်လာမည့်ပစ်မှတ်များ ဖြစ်လာမည်နည်းဆိုသည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

သပိတ်ကျင်းကို ပြန်လည် မသိမ်းပိုက်မီက စဉ့်ကူမြို့နယ်တခုလုံး၊ မတ္တရာ၏ ကျယ်ပြန့်သော အစိတ်အပိုင်းများ အပါအဝင် မန္တလေးတိုင်းမြောက်ပိုင်း အများစုသည် PDF နှင့် မဟာမိတ်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ အမာခံစခန်း လေးခုသာရှိပြီး ထိုစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများ ဝိုင်းပတ်ထားသည်။ ထိုစခန်းများသို့ စစ်ကောင်စီက လေကြောင်းမှသာ ရောက်ရှိနိုင်သည်။

ထိုစခန်းများသို့ လေကြောင်းမှ လူအင်အားနှင့်ခဲယမ်း ဖြည့်တင်းပြီးနောက် လွန်ခဲ့သော ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှ သပိတ်ကျင်းမြို့ကို PDF ထံမှ ပြန်လည်သိမ်းယူသည်။ ထိုမြို့ကျခြင်းကြောင့် စစ်ကောင်စီသည် အမာခံဒေသများကို ပြန်လည်ဖြည့်တင်းရန် ဧရာဝတီမြစ်ကို အသုံးပြုနိုင်သွားသည်။

သို့သော် တော်လှန်ရေးအင်အားစုများသည် သပိတ်ကျင်းမြို့နယ်မှ ရွှေတူးဖော်သောနေရာများ အပါအဝင် ကျေးလက်ဒေသအများအပြားကို ထိန်းချုပ်ထားဆဲဖြစ်သည်။ သပိတ်ကျင်းမြို့နယ်မှ စစ်တပ်အမာခံစခန်းများသည် TNLA သိမ်းပိုက်ထားသည့် ပတ္တမြားမြေ မိုးကုတ်မြို့ အနောက်ဘက် ၆၃ ကီလိုမီတာ အဝေးတွင်ရှိသည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ အစောပိုင်းက မန္တလေးမြောက်ပိုင်း မိုးကုတ်နယ်မြေအများစုကို TNLA က တိုက်ခိုက် ထိန်းချုပ်စဉ် / Mai A Hein

သပိတ်ကျင်းကို လက်လွှတ်ရသောကြောင့် TNLA ထိန်းချုပ်သည့် ပတ္တမြားထွက်ရာဒေသသည် စစ်ရေးအရ ထပ်မံ ထိုးစစ်ဆင်ရခံဖွယ်ရှိလာခဲ့သည်။

ထို့ကြောင့် မိုးကုတ်မြို့သည် စစ်ကောင်စီ၏ နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ပါသလား။

PDF တပ်များသည် ပတ်ဝန်းကျင် ကျေးလက်ဒေသအများစုကို လွှမ်းမိုးထားဆဲဖြစ်သောကြောင့် သပိတ်ကျင်းမြို့ကို စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်မည်မဟုတ်ဟု ထိုပဋိပက္ခကို အနီးကပ် စောင့်ကြည့်နေသည့် စစ်ရေးသုတေသီတဦးက ပြောသည်။

PDF တပ်များသည် ပတ်ဝန်းကျင် ကျေးလက်ဒေသအများစုကို လွှမ်းမိုးထားဆဲဖြစ်သောကြောင့် သပိတ်ကျင်းမြို့ကို စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်မည်မဟုတ်ဟု ထိုပဋိပက္ခကို အနီးကပ် စောင့်ကြည့်နေသည့် စစ်ရေးသုတေသီတဦးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီသည် မိုးကုတ်သို့ ပိုမိုကျယ်ပြန့်သည့် ထိုးစစ်မဆင်မီ ထိုမြို့နယ်အတွင်းမှ အမာခံစခန်းများကို ဝိုင်းထားသည့် တော်လှန်ရေးအင်အားစုများကို ရှင်းလင်းရန် ဦးစွာလိုအပ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်သည့် ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီသည် မိုးကုတ် သို့မဟုတ် သပိတ်ကျင်းမှ PDF ထိန်းချုပ်ထားသော ရွှေတူးဖော်သည့် ဒေသများကို ထိုးစစ်ဆင်နိုင်သည်ဟု ပြောသည်။

“စစ်ကောင်စီက သပိတ်ကျင်းက PDF တွေကို အရင်မတိုက်ဘဲ မိုးကုတ်ကို ချီတက်ဖို့ ကြိုးစားနိုင်တယ်။ နောက်တနည်း ကြည့်ရင်လည်း စစ်ကောင်စီက မိုးကုတ်ဘက်ကို အာရုံမစိုက်မီ သပိတ်ကျင်းက PDF တပ်တွေကို ရှင်းလင်းဖို့ ကြိုးစားနိုင်တယ်။ နောက်ဖြစ်နိုင်ခြေတခုက စစ်မျက်နှာနှစ်ခု သေနင်္ဂဗျူဟာဖြစ်ပြီး နှစ်နေရာလုံးမှာ ထိုးစစ်ဆင်ပြီး အာရုံလွှဲဖို့အတွက် ပိုမိုအားနည်းတဲ့ နေရာကို တိုက်ခိုက်ဟန်ဆောင်ပြီး တဖက်ကနေ ပင်မတိုက်ခိုက်မှု လုပ်နိုင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

သပိတ်ကျင်းမှ ရွှေတွင်းများနှင့် မိုးကုတ်မှ ပတ္တမြားတွင်းများသည် လက်နက်ကိုင်လှုပ်ရှားမှုအတွက် အဓိက ဘဏ္ဍာရေးရင်းမြစ်များဖြစ်သောကြောင့် ထိုမြို့ နှစ်မြို့မှ PDF ထိန်းချုပ်ဒေသများသည် တော်လှန်ရေးအင်အားစုများအတွက် အရေးပါသည်။

မန္တလေးတိုင်းတွင် PDF တပ်များသည် သပိတ်ကျင်းမြို့ကို ထိန်းချုပ်မှု ဆုံးရှုံးသော်လည်း အခြားနေရာများတွင် ရှေ့သို့ချီတက်နေပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှ မန္တလေး-မြစ်ကြီးနားလမ်းတလျှောက် မြကန်သာနှင့် သရက်ကိုင်းကျေးရွာရှိ စစ်ကောင်စီစခန်း နောက်ထပ် နှစ်ခုကို သိမ်းပိုက်သည်။ မန္တလေးသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့နှင့် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ရှိသော မြို့ဖြစ်သောကြောင့် ထိုကိစ္စသည် အရေးပါသည်။

ထိုသိမ်းပိုက်လိုက်သည့် စခန်းများသည် အထက်ပါစစ်ဌာနချုပ် မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်သာ ဝေးသည်။ သတိပြုစရာမှာ စစ်ကောင်စီစခန်းများမှ တရုတ်နိုင်ငံပိုင် ကာကွယ်ရေးကော်ပိုရေးရှင်း NORINCO က ပံ့ပိုးထားသည့် ခဲယမ်းသေတ္တာများ အပါအဝင် လက်နက်ခဲယမ်းများနှင့် ဒရုန်းအများအပြားကို မန္တလေး PDF အဖွဲ့က သိမ်းဆည်းမိခြင်းဖြစ်သည်။

တချိန်တည်းတွင် ရှမ်းပြည်မြောက်ပိုင်း၌ အရေးပါသောမေးခွန်းတခု ဆက်လက်ရှိနေသည်။ သေနင်္ဂဗျူဟာကျသည့် နောင်ချိုမြို့ကို မကြာသေးမီက ပြန်လည်သိမ်းယူပြီးနောက် မည်သည့်မြို့သည် စစ်ကောင်စီ၏ နောက်ထပ်ပစ်မှတ်ဖြစ်လာမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။

လားရှိုးမြို့ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းအများစုကို TNLA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) ပါဝင်သည့် တိုင်းရင်းသားတပ်မတော် သုံးခု၏ ညီနောင်မဟာမိတ် သုံးဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် သိမ်းပိုက်ခဲ့သည်။

သို့သော် တရုတ်အစိုးရ၏ ဖိအားအောက်တွင် MNDAA သည် တော်လှန်ရေးအင်အားစု အများအပြား၏ အကူအညီဖြင့် ၎င်းတို့လွတ်မြောက်စေခဲ့သည့် လားရှိုးကို ထိန်းချုပ်မှုအား စစ်ကောင်စီထံ ဧပြီလက ပြန်လည် လွှဲပြောင်းခဲ့သည်။

လားရှိုးနှင့် TNLA သိမ်းပိုက်ထားသည့် အခြားမြို့များဖြစ်သော နောင်ချို၊ ကျောက်မဲနှင့် သီပေါတို့သည် တရုတ်နှင့်မြန်မာကို ဆက်သွယ်ပေးသည့် စင်္ကြံဖြစ်သော မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်တွင် တည်ရှိသောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါသည်။ အထူးသဖြင့် နောင်ချိုသည် မန္တလေးနှင့် ရှမ်းပြည်တောင်ပိုင်းကို ပြည်နယ်မြောက်ပိုင်းနှင့် ချိတ်ဆက်ပေးသည့် ဝင်ပေါက်ဖြစ်သည်။

တည်နေရာနှင့် စီးပွားရေး အရေးပါမှုအရ ကျောက်မဲနှင့် သီပေါသည် နောင်ချိုကို ကျော်လွန် တည်ရှိသောကြောင့် စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းနှင့် အကျိုးအမြတ်များသည့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်မှု ပြန်လည်ရယူရန် ကြိုးစားရာတွင် နောက်ထပ်ပစ်မှတ်များ ဖြစ်နိုင်သည်။

တည်နေရာနှင့် စီးပွားရေး အရေးပါမှုအရ ကျောက်မဲနှင့် သီပေါသည် နောင်ချိုကို ကျော်လွန် တည်ရှိသောကြောင့် စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းနှင့် အကျိုးအမြတ်များသည့် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်မှု ပြန်လည်ရယူရန် ကြိုးစားရာတွင် နောက်ထပ်ပစ်မှတ်များ ဖြစ်နိုင်သည်။

စစ်ကောင်စီသည် နောက်ဆုံးတွင် ကျောက်မဲနှင့် သီပေါကို တိုက်ခိုက်မည်မှာ သေချာသလောက်ဖြစ်ပြီး လက်ရှိအချိန်တွင် နောင်ချိုကို ကြားခံဇုန် သို့မဟုတ် စစ်ဆင်ရေး ရှေ့ဆက်မည့်နယ်မြေအဖြစ် ထူထောင်ရန် လုပ်ကိုင်နေသည့်သဘောဖြစ်သည်။

နောင်ချိုကို ပြန်လည် သိမ်းပိုက်ရန် စစ်ဆင်ရေးစတင်ချိန် နောက်ပိုင်းတွင် စစ်ကောင်စီသည် ကျောက်မဲနှင့် သီပေါကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်သောကြောင့် ဒေသခံများသေဆုံးကာ အများအပြား ထွက်ပြေးရသည်။

PDF အဖွဲ့များနှင့် ညီနောင်မဟာမိတ်များ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သောအခါ မန္တလေးကို တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည့် ခန့်မှန်းချက်များ ပျံ့နှံ့လာသည်။ သို့သော် MNDAA နှင့် TNLA တို့ ထိန်းချုပ်ပိုင်နက်များနှင့် နယ်စပ်များကို ပိတ်ထားလိုက်သည့် တရုတ်နိုင်ငံထံမှ ခြိမ်းခြောက်မှု၊ ပြင်းထန်သောဖိအားနှင့် ရင်ဆိုင်ရသောအခါ ထိုတပ်ဖွဲ့ နှစ်ခုသည် ၎င်းတို့၏ စစ်ဆင်ရေးများကို လွန်ခဲ့သောနှစ် နှောင်းပိုင်းတွင် အရှိန်လျှော့ချရသည်။

ထိုအချိန်မှစတင်ပြီး အတင့်ရဲလာသော စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းမှုဥပဒေအရ စုဆောင်းထားသည့် စစ်သားအများအပြားနှင့် ဒရုန်းများအပါအဝင် ကြီးမာသော ပစ်အားနှင့် တရုတ်နှင့် ရုရှားက ထောက်ပံ့သည်ဟု ဖော်ပြသည့် ပိုမိုအဆင့်မြင့်သော နည်းပညာများနှင့် လက်နက်ကိရိယာများကို အသုံးပြုကာ တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ် စတင်သည်။

ရှမ်းမြောက် ကျောက်မဲမှ TNLA တပ်ဖွဲ့ဝင်တဦးကို ၂၀၂၄၊ ဇူလိုင်လ ၃ ရက်က တွေ့ရစဉ် / AFP

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီသည် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့၏ မဟာမိတ်များ ထိန်းချုပ်ထားသည့် မိုးဗြဲကို ဇူလိုင်လ အစောပိုင်းတွင် ပြန်လည်ထိန်းချုပ်လိုက်သည်။

တော်လှန်ရေးအင်အားစုများ၏ အဓိက အားနည်းချက်သည် လက်နက်ခဲယမ်း မလုံလောက်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူ အများစုက ပြောသည်။ ထို့ကြောင့် စစ်ကောင်စီက ရှည်ကြာသော ထိုးစစ်ဆင်သောအခါ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများသည် လွတ်မြောက်ပြီးမြို့များကို နောက်ထပ် စွန့်လွှတ်ရနိုင်သည်ဟု ၎င်းတို့က ပြောသည်။

တော်လှန်ရေးအင်အားစုများ၏ အဓိက အားနည်းချက်သည် လက်နက်ခဲယမ်း မလုံလောက်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူ အများစုက ပြောသည်။ ထို့ကြောင့် စစ်ကောင်စီက ရှည်ကြာသော ထိုးစစ်ဆင်သောအခါ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများသည် လွတ်မြောက်ပြီးမြို့များကို နောက်ထပ် စွန့်လွှတ်ရနိုင်သည်ဟု ၎င်းတို့က ပြောသည်။

“မြို့တမြို့ကို စွန့်လွှတ်တယ်ဆိုတာဟာ တော်လှန်ရေး အားနည်းသွားတယ်လို့ အဓိပ္ပာယ် မသက်ရောက်သလို မြို့တမြို့ကို သိမ်းပိုက်တာကလည်း တော်လှန်ရေးကို နိုင်တယ်လို့ အဓိပ္ပာယ် မသက်ရောက်ဘူး။ စစ်မှန်တဲ့အောင်ပွဲက ရန်သူဌာနချုပ်နဲ့ အဓိက အမာခံဒေသတွေ ကျဆုံးမှသာ စစ်မှန်တဲ့အောင်ပွဲရတယ်” ဟု စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်လာသည့် ဗိုလ်ကြီးဟောင်း အောင်မျိုးသက်က ဧရာဝတီသို့ ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ After Retaking Thabeikkyin and Nawnghkio, Where Will Myanmar Junta Strike Next? ကို ဘာသာပြန်သည်။)

You may also like these stories:

သပိတ်ကျင်းသိမ်းအပြီး ၇ မိုင်၌ စစ်တပ် အင်အားပြန်စု

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းမှ လက်တွေ့ရလဒ်များ

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

အခိုင်အမာပြင်ထားသည့် ပျူစောထီး ထုံးကြီးစခန်း မန္တလေး PDF ရ

]]>
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား https://burma.irrawaddy.com/article/2025/06/16/402295.html Mon, 16 Jun 2025 02:51:01 +0000 https://burma.irrawaddy.com/?p=402295 တရုတ်ဖိအားကြောင့် TNLA သည် တချိန်က ၎င်းတို့ လွတ်မြောက်စေခဲ့သည့် နောင်ချိုကို စစ်ကောင်စီထံ လက်လွှတ်ရမည်လား။]]>

စစ်ကောင်စီ စစ်ကြောင်းများသည် ၁၀ ကီလိုမီတာအတွင်းသို့ ချီတက်လာပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်လာသောကြောင့် နောင်ချိုမှ ဒေသခံအများစု မြို့မှထွက်ပြေးကြသည်။

နောင်ချိုသည် တရုတ်နှင့် မြန်မာကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးတွင် သေနင်္ဂဗျူဟာကျကျ တည်ရှိပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းကို ရှမ်းပြည်မြောက်ပိုင်းနှင့် ချိတ်ဆက်ပေးသည့် တံခါးဝ ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် အများအားဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့ ထိန်းချုပ်မှုအောက်ရောက်နေသည့် ဒေသဖြစ်သည်။ TNLA သည် အင်အားကြီးမားသည့် အခြား တိုင်းရင်းသားတပ်မတော် နှစ်ဖွဲ့နှင့်အတူ ထိုမဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။

ထိုစစ်ဆင်ရေး၏ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယဆင့်တွင် TNLA နှင့် ၎င်း၏မဟာမိတ် တော်လှန်ရေးအင်အားစုများသည် နောင်ချိုနှင့် နောင်ချို၏ကျေးလက်ဒေသများ အပါအဝင် မြို့ ငါးမြို့ကို အလျင်အမြန် သိမ်းပိုက်သည်။ နောင်ချိုသည် ရှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းမှ အဓိကကျသည့် တပ်မြို့ဖြစ်သော ပြင်ဦးလွင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

TNLA နှင့် ၎င်း၏မဟာမိတ် အမျိုးသားညီညွတ်ရေအစိုးရ (NUG) ၏ လက်နက်ကိုင်တပ် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး PDF) သည် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးနှင့် ကပ်လျက်ရှိသည့် မတ္တရာမှ စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်နိုင်ကြသည်။ မန္တလေးတွင် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ရှိသည်။

အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး နောင်ချိုမြို့နယ် ရှေ့တန်းတနေရာတွင် လာရောက် စစ်ဆေးစဉ် / ခိုင်ဇော်

TNLA နှင့် ၎င်း၏မဟာမိတ် တော်လှန်ရေးအင်အားစုသည် မန္တလေးကို အလျင်အမြန် သိမ်းပိုက်တော့မည်ဟု လေ့လာသူများ ထိုစဉ်က ခန့်မှန်းခဲ့ကြသည်။

သို့သော် TNLA နှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သည် တရုတ်အစိုးရထံမှ ပြင်းထန်သောဖိအားကြောင့် ၎င်းတို့၏ စစ်ဆင်ရေးများကို အရှိန်လျှော့ချရသည်။ တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်းမှ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပိုင်နက်များသို့ နယ်စပ်ဂိတ်များကို ပိတ်ထားသည်။

သို့သော် TNLA နှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သည် တရုတ်အစိုးရထံမှ ပြင်းထန်သောဖိအားကြောင့် ၎င်းတို့၏ စစ်ဆင်ရေးများကို အရှိန်လျှော့ချရသည်။ တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်းမှ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပိုင်နက်များသို့ နယ်စပ်ဂိတ်များကို ပိတ်ထားသည်။

ယခုနှစ် ဧပြီလတွင် အဓိကအားဖြင့် ကိုးကန့်လူမျိုးစု လက်နက်ကိုင်တပ် လွှမ်းမိုးသော MNDAA သည် PDF များ အပါအဝင် အခြားတော်လှန်ရေးအင်အားစု အများအပြား၏ အကူအညီဖြင့် သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးကို တရုတ်က ကြားဝင်သည့် အပစ်အခတ်ရပ်စဲရေးအရ စစ်ကောင်စီသို့ ပြန်ပေးရန် တရုတ်အစိုးရထံမှ ဖိအားပေးခံရသည်။

တချိန်တည်းတွင် TNLA သည် စစ်ကောင်စီကို ထိုးစစ်ရပ်ရန် တရုတ်၏ ဖိအားပေးခံရသည်။ ဧပြီလ နှောင်းပိုင်းက ယူနန်ပြည်နယ်၊ ကူမင်းတွင် ကျင်းပသည့် တရုတ်ကြားဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တော်လှန်ရေးအင်အားစုများ၏ အကူအညီဖြင့် လွတ်မြောက်စေခဲ့သည့် မြို့များကို စစ်ကောင်စီသို့ ပြန်ပေးရန် TNLA ကို စစ်ကောင်စီက ဖိအားပေးသည်။

ဇွန်လကုန်အထိ ငလျင် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း စစ်ကောင်စီက တချိန်တည်းတွင်ပင် နောင်ချိုမြို့နယ်ကို ပြန်လည် ထိန်းချုပ်ရေး ထိုးစစ်အရှိန်မြှင့်တင်ပြီး TNLA ရှေ့တန်းစခန်းများကို သိမ်းပိုက်ကာ နောင်ချိုအနီးသို့ ချဉ်းကပ်လာသည်။

ယခုအခါ စစ်ကောင်စီတပ်များသည် နောင်ချိုမြို့ဆီသို့ မှန်မှန်ချီတက်လာနေပုံရပြီး TNLA နှင့် ၎င်း၏ မဟာမိတ်များထံမှ ခုခံမှုအနည်းငယ်သာ ရင်ဆိုင်ရသည်။

ထိုအခြေအနေကြောင့် အရေးပါသော မေးခွန်းများ မေးစရာရှိလာသည်။ မြို့ ငါးမြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်သည့် အင်အားကြီးမားသော TNLA သည် စစ်ကောင်စီတပ်များ နောင်ချိုအနီး ရောက်လာခြင်းကို ရပ်တန့်အောင်လုပ်ရန် မည်သည့်အတွက် ရုန်းကန်နေရသနည်းဆိုသည့် မေးခွန်းဖြစ်သည်။

နောင်ချိုမြို့ တောင်ဘက် ၁၁ ကီလိုမီတာခန့်အကွာရှိ ရွှေမုဋ္ဌောကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်စဉ် / ကိုသက်

တရုတ်ဖိအားကြောင့် TNLA သည် တချိန်က ၎င်းတို့ လွတ်မြောက်စေခဲ့သည့် နောင်ချိုကို စစ်ကောင်စီထံ လက်လွှတ်ရမည်လားဆိုသည့် မေးခွန်းလည်း ရှိနေသည်။

တချိန်တည်းတွင် TNLA သည် မဟာမိတ် PDF တပ်များ ယခင်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ရှိ ကျေးရွာများမှ ဆုတ်ခွာရန် ညွှန်ကြားသည့်သဘော မီဒီယာသတင်းများက PDF အုပ်စုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။

TNLA က နောင်ချိုကို စစ်တပ်လက်သို့ ပြန်အပ်ရန် ပြင်ဆင်နေမည်ကို ဒေသခံများ စိုးရိမ်ကြသည်။

ထိုဆုတ်ခွာမှုအကြောင်း ဇွန်လ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ပြောခွင့်ရသူ လွေးယေဦးကို မေးသောအခါ မှတ်ချက်ပေးရန် ငြင်းဆန်ပြီး ထိုကိစ္စသည် စစ်သေနင်္ဂဗျူဟာဆိုင်ရာ ပြဿနာဖြစ်ကြောင်း ပြောသည်။

ထိုဆုတ်ခွာမှုအကြောင်း ဇွန်လ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ပြောခွင့်ရသူ လွေးယေဦးကို မေးသောအခါ မှတ်ချက်ပေးရန် ငြင်းဆန်ပြီး ထိုကိစ္စသည် စစ်သေနင်္ဂဗျူဟာဆိုင်ရာ ပြဿနာဖြစ်ကြောင်း ပြောသည်။

“ကျမတို့က နောင်ချိုမြို့လုံခြုံရေးအတွက် တတ်နိုင်သမျှ လုပ်နေတယ်။ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကျမတို့ စိတ်မပူဘူး” ဟု ၎င်းကပြောသည်။

နောင်ချိုမြို့တောင်ဘက် ၁၀ ကီလိုမီတာအကွာရှိ ကံကြီးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေကြောင်း TNLA က ဇွန်လ ၉ ရက်နေ့တွင် ပြောသည်။ ကံကြီးကျေးရွာသည် ရပ်စောက်-ကျောက်ဂူ-နောင်ချိုလမ်းတွင် တည်ရှိသောရွာ ဖြစ်သည်။

စစ်ကောင်စီတပ်များ နောင်ချိုမြို့အနီး မချဉ်းကပ်နိုင်ရေးတားဆီးရန် TNLA သည် ကံကြီးကျေးရွာတွင် အခိုင်အမာ ခံစစ်ဆင်နေသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

ဧပြီလက နောင်ချိုမြို့နယ် ရှေ့တန်းရှိ TNLA ထိန်းချုပ်ရာ တောင်ကုန်းတခုကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းယူစဉ် / ခိုင်ဇော်

မကြာသေးမီက တိုက်ပွဲတွင် TNLA နှင့် တော်လှန်ရေးတပ်များသည် ရွှေမုဋ္ဌောကျေးရွာအနီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို လိုက်လံတိုက်ခိုက်နေသည့် သတင်းများလည်း ရှိသည်။

TNLA သည် ကံကြီးကျေးရွာတွင် စစ်ကောင်စီထိုးစစ်ကို ပြန်လည်ချေမှုန်းနိုင်ပါက နောင်ချိုမြို့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိကြောင်း မြောက်ပိုင်းမှ တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်နေသည့် စစ်ရေးလေ့လာသူတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

TNLA ညီနောင်မဟာမိတ်က ကြေညာထားသည့် ဇွန်လကုန်အထိ ငလျင်အပစ်အခတ်ရပ်စဲရေးကို လိုက်နာပြီး ခံစစ်အနေအထားရောက်နေကာ နောင်ချိုမြို့နယ်တွင် နယ်မြေဆုံးရှုံးနေကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘက်ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

“စစ်သေနင်္ဂဗျူဟာအရ ခံစစ်အနေအထားရောက်နေတဲ့ဘက်က ရေရှည်မှာ အပေါ်စီးရတယ်။ TNLA ရဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ကောင်စီတပ်တွေ နောင်ချိုနားကို လာလို့ရသွားတာ ဖြစ်နိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

“စစ်သေနင်္ဂဗျူဟာအရ တိုက်စစ်ဆင်တဲ့ဘက်က ရေရှည်မှာ အသာစီးရလေ့ရှိတတယ်။ TNLA ရဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ကောင်စီတပ်တွေ နောင်ချိုနားကို လာလို့ရသွားတာ ဖြစ်နိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

သို့သော် TNLA နှင့် မဟာမိတ်များသည် ထိုမြို့ကို ကာကွယ်ရန် ထိုးစစ်အသွင်ရှိ ခံစစ်သေနင်္ဂဗျူဟာကို ပြန်လည် စတင်နေသည်ဟုလည်း ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

နောင်ချိုသည် ရှမ်းပြည်တောင်ပိုင်းသို့ တံခါးဝဖြစ်သောကြောင့် စစ်ကောင်စီနှင့် TNLA နှစ်ဖက်လုံးအတွက် အရေးပါပြီး ရှမ်းပြည်မြောက်ပိုင်းမှ စစ်ဆင်ရေးများအတွက်လည်း အရေးပါသည်။

“လက်ရှိအခြေအနေအရ TNLA က ငလျင် အပစ်အခတ်ရပ်စဲရေး ဆက်လုပ်နေရင် နောင်ချိုကို စစ်ကောင်စီလက် အပ်ရမယ်” ဟုလည်း ဗိုလ်ကြီးဟောင်း ဇင်ယော်ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ Is TNLA, Under Chinese Pressure, Conceding Northern Shan Gateway to the Regime? ကို ဘာသာပြန်သည်။)

You may also like these stories:

နောင်ချိုနဲ့ တောင်ခမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA ပြော (ရုပ်/သံ)

တအာင်းအစိုးရဖွဲ့ရန် စီစဉ်နေချိန် စစ်တပ်က နောင်ချိုကို သိမ်းရန်ပြင်

တရုတ်ဖိအားကြောင့် TNLA မြို့တွေ ပြန်ပေးရနိုင်လား (ရုပ်/သံ)

နောင်ချိုမြို့ပေါ်က ဘဏ်တွေကို TNLA ချိတ်ပိတ် (ရုပ်/သံ)

နောင်ချိုမြို့ကို TNLA သိမ်းပိုက် (ရုပ်/သံ)

နောင်ချိုရှိ နောက်ဆုံးကျန်သည့် ၆၀၆ ဒုံးတပ်ရင်း TNLA သိမ်း

]]>
ထိုင်းက ပြည်နှင်ဒဏ်ပေးခြင်းဖြင့် မြန်မာစစ်ကောင်စီကို အင်အားဖြည့်တင်းပေးနေ https://burma.irrawaddy.com/article/2025/02/22/397677.html Sat, 22 Feb 2025 06:45:54 +0000 https://burma.irrawaddy.com/?p=397677 "စစ်ကောင်စီက စစ်တပ်အတွင်းသို့ လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် ထိုလူငယ်များကို ပြန်ပို့ခြင်းသည် သေဒဏ်ပေးခြင်းနှင့်တူသည်" ဟုလည်း NUCC က ဖော်ပြသည်။]]>

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းခံရပြီးနောက် ကိုစိုးသည် စစ်ကောင်စီတပ်တွင် ထမ်းဆောင်မည့်အစား ဘဝကို စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သော ကိုစိုးသည် တနင်္သာရီတိုင်း၊ ပုလောမှ အတင်းအကျပ်စစ်သား စုဆောင်းခံရသူ ၂၇၀ ခန့်အနက် ရဲရင့်စွာ ထွက်ပြေးလာသော လူငယ် ၃၀ တွင် ပါဝင်သည်။ မြိတ်မှ ပုလောရှိ စစ်သင်တန်းစခန်းသို့ ၎င်းတို့ကို ရွှေ့ပြောင်းစဉ် စစ်ကောင်စီစစ်သား အစောင့်နှစ်ဦးကို လူအင်အားဖြင့် တိုက်ခိုက် ထွက်ပြေးလာခြင်း ဖြစ်သည်။

ထိုသို့ ထွက်ပြေးလာစဉ် အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦး ပစ်သတ်ခံရသည်။ ဧရာဝတီ သတင်းဌာနသည် ထိုရှင်ကျန်လွတ်မြောက်လာသူ ၂၉ ဦးအနက် သုံးဦးကို တွေ့ဆုံမေးမြန်းခွင့်ရပြီး စစ်ကောင်စီ၏လက်မှ လွတ်မြောက်အောင် မလုပ်နိုင်မီ ၎င်းတို့ကို မည်သို့ အတင်းအကျပ် စစ်သားစုဆောင်းသည်ဆိုသည့် အသေးစိတ်များကို ဖော်ထုတ်နိုင်ခဲ့သည်။

မူလက တနင်္သာရီတိုင်း၊ ထားဝယ်တွင်နေသော ကိုစိုးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပွားသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်။ စစ်တပ်ဆန့်ကျင်မှုကို ဖြိုခွဲမှု မြင့်မားလာခြင်းနှင့် နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ရပြီး တရားဝင် စာရွက်စာတမ်း မရှိဘဲ ရနောင်းတွင် လေးနှစ်နီးပါး အလုပ်လုပ်သည်။

သို့သော် ပြည်ပတွင် နေထိုင်ရသောဘဝသည် အန္တရာယ်များသည်။ ၂၀၂၃ ခုနှစ် ရောက်လာသောအခါ ထိုင်းအာဏာပိုင်များသည် စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းလာသူများကို ဖမ်းဆီးမှု အရှိန်မြှင့်တင်ပြီး ကိုစိုးကဲ့သို့သော အလုပ်သမားများကို ပစ်မှတ်ထားသည်။ နောက်ဆုံးတွင် သူ ကံမကောင်းပေ။ ၂၀၂၄ ခုနှစ်တွင် သူ့ကို ဖမ်းဆီးပြီး ထောင် နှစ်လချကာ ရနောင်းမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းပေးလိုက်သည်။

ထိုထိန်းသိမ်းရေးစခန်းမှတဆင့် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများနှင့် အခြား ပြစ်မှုကျူးလွန်သူ မြန်မာများကို ပြန်ပို့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရဥပဒေကို အသက်မသွင်းမီက ထိုသို့ ဖမ်းဆီးထားသူများ ပြန်လည် ပို့ဆောင်ခြင်းကို စစ်ကောင်စီက အများအားဖြင့် လျစ်လျူရှုထားသည်။

ရနောင်း ထိန်းသိမ်းရေးစခန်းတွင် တလခန့်ကြာပြီးနောက် လွန်ခဲ့သောနှစ် သြဂုတ်လတွင် ကိုစိုးသည် တနင်္သာရီတိုင်း၊ ကော့သောင်းသို့ ပြည်နှင်ခံရသူ ၁၀၀ ကျော်တွင် ပါဝင်သွားသည်။

ကော့သောင်းသို့ ရောက်သောအခါ ကိုစိုးကို စစ်ကောင်စီက ‌ရွေးချယ်ထားသည့် အသက် ၁၈ နှစ်မှ ၃၈ နှစ်ကြား အခြားလူ ၃၆ ယောက်နှင့်အတူ အမှတ် ၂၆၂ ခြေလျင်တပ်ရင်းဌာနချုပ်သို့ ခေါ်ဆောင်သွားသည်။

စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းခံရသူများ / စစ်ကောင်စီ ပြည်သူ့စစ် Telegram

အာဏာပိုင်များက ထိုသို့ ထိန်းသိမ်းထားခြင်းသည် “ယာယီ ကျန်းမာရေးစစ်ဆေးရန်သာ” ဖြစ်ပြီး ၎င်းတို့ကို တပတ်အတွင်း ပြန်လွှတ်ပေးမည်ဟု အာမခံသည်။ သို့သော် စစ်ကောင်စီအရာရှိများ၏ ရည်ရွယ်ချက်မှန် မကြာမီ ပေါ်လာသည်။ စစ်တပ်သို့ နှစ်နှစ်နှင့် လေးလ အတင်းအကျပ် စစ်သားစုဆောင်းခြင်း ဖြစ်သည်။

“ကျနော် ပြန်လွတ်ဖို့ မိသားစုက အရာရာ ကြိုးစားခဲ့တယ်” ဟု ကိုစိုးက ပြန်ပြောပြသည်။

“ကျနော့်မိသားစုက ငွေကျပ် သိန်း ၈၀ အထိ လာဘ်ထိုးဖို့ စီစဉ်ခဲ့ပေမယ့် စစ်အရာရှိတွေက စစ်မှုထမ်းဖို့ဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် တချို့လူတွေ အခြေအနေအမျိုးမျိုနဲ့ လွတ်သွားတာ ကျနော်တွေ့တယ်။ ကျနော်တို့ အများစုကတော့ ငွေသုံးပြီး ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ကြဘူး” ဟု ကိုစိုးက ပြောသည်။

“ကျနော့်မိသားစုက ငွေကျပ် သိန်း ၈၀ အထိ လာဘ်ထိုးဖို့ စီစဉ်ခဲ့ပေမယ့် စစ်အရာရှိတွေက စစ်မှုထမ်းဖို့ဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် တချို့လူတွေ အခြေအနေအမျိုးမျိုနဲ့ လွတ်သွားတာ ကျနော်တွေ့တယ်။ ကျနော်တို့ အများစုကတော့ ငွေသုံးပြီး ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ကြဘူး” ဟု ကိုစိုးက ပြောသည်။

စစ်တပ်တွင် ထမ်းဆောင်သောကြောင့် လစာရပြီး စစ်မှုထမ်းကာလ ကုန်ဆုံးသောအခါ လွတ်လပ်ခွင့်ရမည်ဟု စစ်ကောင်စီအရာရှိများက ၎င်းတို့ကို ပြောကြောင်းလည်း ကိုစိုးက ပြန်ပြောပြသည်။

အခြား ထွက်ပြေးလွတ်မြောက်လာသူ တဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ကိုသန့်ဇင်သည် ရနောင်းတွင် ၂၈ နှစ် နေထိုင်ခဲ့ပြီး အလုပ်လုပ်ကာ ဇနီး၊ ကလေးတို့ရှိသည်။ သူကလည်း အလားတူဇာတ်လမ်းကိုပင် ပြန်ပြောပြသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ရန် လိုအပ်သော တရားဝင် စာရွက်စာတမ်းများ ရှိသော်လည်း သူသည် အခြား မြန်မာအိမ်နီးချင်း လေးဦးနှင့်အတူ ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရသည်။ မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ငန်းစဉ်အရ ဆီးစစ်ခြင်းကို လိုက်နာရန် ပျက်ကွက်သောကြောင့် သူ့ကိုဖမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အမိန့်ပေးခြင်း ဖြစ်သည်။

ရနောင်း လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ၄၅ ရက်နေရပြီး သူ၏ သက်သေခံ လက်မှတ် (CI) ကို လူဝင်မှုကြီးကြပ်ရေး အရာရှိများက သိမ်းလိုက်သည်။

အမျိုးသား ၇၀ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်နှင့်အတူ ကော့သောင်းသို့ သြဂုတ်လတွင် အပို့မခံရမီ စစ်ကောင်စီ အရာရှိတဦးက ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေးစခန်းသို့လာပြီး သူအပါအဝင် အမျိုးသားများကို စစ်သားစုဆောင်းရန် ကြိုတင် ရွေးချယ်ခဲ့သည်ကို သူကိုယ်တိုင် တွေ့ခဲ့သည်။

ပုလောမြို့နယ်တွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၃၀ ကျော်ကို သယ်ဆောင်လာသော လှေပေါ်တွင် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမှု သရုပ်ဖော်ပုံ / ဧရာဝတီ

ကော့သောင်းသို့ ရောက်သောအခါ အမျိုးသားအများစုကို စစ်ကောင်စီ၏ အမှတ် (၂၆၂) ခြေလျင်တပ်ရင်း ဌာနချုပ်သို့ ပို့ပြီး အမျိုးသမီးများနှင့် ကလေးများကို ပြန်လွှတ်သည်။ ထိုစစ်တပ်ဌာနချုပ်တွင် စစ်သားစုဆောင်းခံရသူများကို ထားသည့်အခန်း နှစ်ခန်း၊ သုံးခန်း သူတွေ့ခဲ့သည်။ ကိုသန့်ဇင်သည် အခြား စစ်သားစုဆောင်ခံရသူ ၄၂ ဦးနှင့်အတူ ထိုအခန်းများအနက် တခန်းတွင် နေထိုင်ခဲ့ရသည်။ ဆေးစစ်ဆေးမှု လုပ်သော်လည်း ရလဒ်ကို စစ်ကောင်စီ အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“အဲဒီအချိန်အတွင်းမှာ ကျနော့်ဇနီးကို ဆက်သွယ်နိုင်ခဲ့ပေမယ့် ကျနော် ပြန်လွတ်အောင်လုပ်ဖို့ နည်းလမ်း မရှိတော့ဘူး” ဟု ၎င်းကပြောသည်။

“လွတ်မြောက်ဖို့နည်းလမ်း မရှိတော့ဘူး။ စစ်တပ်မှာ ကျနော်တို့ အမှုထမ်းရမယ်။ လစာပေးမယ်လို့ သူတို့က ကျနော်တို့ကို ပြောတယ်။ ငြင်းပယ်လို့ မရဘူး။ စစ်မှုထမ်းကာလ သိပ်မကြာဘူးလို့ ပြောပေမယ့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း မပြောဘူး” ဟု ကိုသန့်ဇင်က ပြောသည်။

သူ၏ကံကြမ္မာနှင့်တူသည့် အခြားသူတဦးမှာ ထိုင်းတွင်မွေးပြီး ထိုင်းတွင်ပင် လူလားမြောက်ကာ ကိုသန့်ဇင်နှင့်အတူ အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကိုကျော်ထွေး ဖြစ်သည်။

နောက်ရက်အနည်းငယ် ကြာသောအခါ ကိုစိုး၊ ကိုသန့်ဇင်နှင့် ကိုကျော်ထွေး အပါအဝင် အမျိုးသား ၆၀ နီးပါးကို မြိတ်မြို့နယ်တွင် စစ်တပ်က စီမံသည့် သင်တန်းဌာနတခုသို့ ကုန်သင်္ဘောဖြင့် ပို့လိုက်သည်။ ထိုနေရာတွင် ထိုင်းမှ ပြန်ပို့ခံရသူ အများအပြား၊ ဘတ်စ်ကားများမှ ဖမ်းထားသူအချို့ အပါအဝင် လူ ၂၀၀ ခန့်ကို စစ်သားစုဆောင်းရန် ဖမ်းထားသည်။ ၎င်းတို့၏ ဖုန်းများ အားလုံးကို စစ်အရာရှိများက သိမ်းယူထားသည်။

စစ်ကောင်စီထံမှ လွတ်မြောက်ခြင်း၊ တော်လှန်ရေးနှင့် ပူးပေါင်းခြင်း

ထိုစစ်စခန်းတွင် ရက်သတ္တပတ်အနည်းငယ် နေထိုင်ပြီးနောက် စက်တင်ဘာလ အစောပိုင်းတွင် ကိုစိုး၊ ကိုသန့်ဇင်နှင့် ကိုကျော်ထွေးတို့သည် ပုလောမြို့နယ်မှ စစ်သင်တန်းကျောင်းသို့ မြိတ်မှ ရေတပ်သင်္ဘော နှစ်စီးဖြင့် ပို့ခံရသူ ၂၇၀ တွင် ပါဝင်လာသည်။

ပုလောကမ်းခြေသို့ ရောက်သောအခါ ၎င်းတို့ကို ထပ်မံ လွှဲပြောင်းပြီး ယခုအကြိမ်တွင်မူ ကျဉ်းမြောင်းသော မြစ်ကြောင်းအတိုင်း ဆက်လက်သွားရန် စစ်ကောင်စီစစ်သားများ ချောဆွဲထားသည့် ဒေသခံ ငါးဖမ်းလှေများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။

ငါးဖမ်းလှေတစီးလျှင် လူ ၃၀ မှ ၅၀ အထိနှင့် စစ်သားအစောင့် သုံးဦးကို တင်ဆောင်သည်။ ကိုစိုး၊ ကိုသန့်ဇင်နှင့် ကိုကျော်ထွေး အပါအဝင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၃၀ ကျော်ကို သယ်ဆောင်လာသော လှေကို စစ်သား နှစ်ဦးသာ စောင့်ကြပ်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် ပုလောမြို့နယ်၌ လှေပေါ်တွင် အစောင့်လိုက်ပါလာသော စစ်သား နှစ်ဦးကို တိုက်ခိုက်ပြီးနောက် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၂၉ ဦးသည် သေနတ် နှစ်လက်ဖြင့် KNDO တွင် ခိုလှုံခွင့်တောင်းခံသည်။

၎င်းတို့မုန်းတီးသော စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမည့် အလားအလာကြောင့် ကိုစိုးနှင့် ဘဝတူ စစ်သားစုဆောင်းခံရသူ ခြောက်ဦးခန့်သည် စွန့်စားလွတ်မြောက်စေရန် လျှို့ဝှက်စီစဉ်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီစစ်သား နှစ်ဦးကို လက်နက်မဲ့အောင်လုပ်ပြီး ဖမ်းဆီးကာ စစ်ကောင်စီကို တိုက်နေသည့် ပုလောအခြေစိုက် တော်လှန်ရေးအင်အားစုများထံ လွှဲပြောင်းပေးရန် ဖြစ်သည်။

“ကျနော်တို့ သူတို့ကိုသတ်ဖို့ မရည်ရွယ်ဘူး။ ကျနော်တို့က လူငယ်တွေ။ လူသတ်သမားတွေ မဟုတ်ဘူး” ဟု ကိုစိုးက ရှင်းပြသည်။

“ဒါပေမယ့် လွတ်မြောက်ဖို့ ရုန်းကန်တဲ့အခါ အခြေအနေ တင်းမာလာတယ်။ ကျနော်တို့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦး ပစ်သတ်ခံရတယ်။ စစ်သား နှစ်ယောက်လည်း မတော်တဆ သေဆုံးတယ်။ ကျနော်တို့က အဲဒီလို ဖြစ်ချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်သွားပြီ” ဟု ကိုစိုးက ပြောသည်။

“ဒါပေမယ့် လွတ်မြောက်ဖို့ ရုန်းကန်တဲ့အခါ အခြေအနေ တင်းမာလာတယ်။ ကျနော်တို့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦး ပစ်သတ်ခံရတယ်။ စစ်သား နှစ်ယောက်လည်း မတော်တဆ သေဆုံးတယ်။ ကျနော်တို့က အဲဒီလို ဖြစ်ချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်သွားပြီ” ဟု ကိုစိုးက ပြောသည်။

သတ်ဖြတ်ခံရသူမှာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းဇာတိ အသက် ၁၉ နှစ်အရွယ် ကိုထက်နေမျိုး ဖြစ်သည်။ သူသည်လည်း ရနောင်း လူဝင်မှုကြီးကြပ်ရေးစခန်းမှ ပြန်ပို့ခံရပြီးနောက် အတင်းအကျပ် စစ်သာစုဆောင်းခံရသူ ဖြစ်သည်။

“ကျနော်တို့က လက်နက်မဲ့တွေဖြစ်ပြီး သူတို့မှာ သေနတ်တွေပါတယ်။ သေနိုင်တဲ့အန္တရာယ် တကယ်ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီစစ်တပ်မှာ လုပ်တာထက် ခုခံရင်းသေမယ်လို့ပဲ ကျနော် ဆုံးဖြတ်ထားပြီးပြီ” ဟု ကိုစိုးက ပြောသည်။

လွတ်မြောက်လာသူများတွင်ပါသည့် ကိုသန့်ဇင်သည် ကိုစိုးကဲ့သို့ပင် အလားတူခံစားမှုရှိပြီး အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို သင်တန်းမပေးဘဲ ရှေ့တန်းသို့လွှတ်ကာ တော်လှန်ရေးအင်အားစုများနှင့် စစ်ပွဲများတွင် သေဆုံးကုန်သည့်သတင်းများကို သူဖတ်ရကြောင်း ပြောသည်။

“အဲဒီလို ကံကြမ္မာမျိုးကို ကျနော်တို့ ကြောက်တယ်၊ ကျနော်တို့အားလုံး ရှေ့တန်းမှာ သေသွားနိုင်တယ်” ဟု ၎င်းကပြောသည်။

“ကျနော် စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ စစ်တပ်မှာ လုပ်ဖို့ငြင်းဆန်တယ်။ ကျနော်နဲ့ ဘဝတူ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေလည်း ဒုက္ခလည်း မရောက်စေချင်ဘူး။ တယောက်ယောက် သေရမယ်ဆိုရင် ကျနော်တို့ထဲက တယောက်၊ နှစ်ယောက်ပဲ သေရမယ်။ လူတိုင်း မသေစေရဘူး။ အခွင့်အရေးရရင် လှေပေါ်ကလူတွေ အားလုံး လွတ်မြောက်စေမယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ ပြန်ချပြီး လှေပေါ်ကလူတိုင်း လွတ်မြောက်စေဖို့ ဆုံးဖြတ်ထားကြတယ်” ဟု ကိုသန့်ဇင်က ပြန်ပြောပြသည်။

စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသည့် တပ်သားသစ်များကို စစ်ကောင်စီ အရာရှိများ စစ်ဆေးနေစဉ် / စစ်ကောင်စီ ပြည်သူ့စစ် Telegram

ထိုစစ်သား နှစ်ယောက်ကို လူအင်အားဖြင့် အနိုင်ယူကာ ၎င်းတို့၏လက်နက်များကို သိမ်းပိုက်ပြီးနောက် ငါးဖမ်းသမားများက ထိုအတင်းအကျပ် စစ်သားစုဆောင်းခံရသူ ၂၉ ဦးကို အနီးဆုံးကျေးရွာသို့ ပို့ဆောင်ခဲ့ပြီး ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်မဟာ ၅ တွင် ခိုလှုံခွင့်တောင်းခံသည်။ KNDO သည် နိုင်ငံတွင် သက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် ဖြစ်သည်။

အခွင့်အရေးရပါက ရနောင်းရှိ သူ၏ဇနီး၊ ကလေးတို့နှင့် ပြန်လည် ပေါင်းစည်းလိုသည်ဟု ကိုသန့်ဇင်က ပြောသည်။

“ဒါပေမယ့် အခုအချိန်မှာ မိသားစုဆီ ပြန်ဖို့ဆိုတာ မလွယ်ဘူး။ ကျနော်က ဆက်လက် ခုခံပြီး တော်လှန်ရေးမှာ ပါဝင်ရမယ်” ဟု ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်ဖြစ်နေသည့် ကိုသန့်ဇင်က ပြောသည်။ ပုလော PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်တပ် ဖြစ်သည်။

စစ်ကောင်စီစစ်သား နှစ်ဦးကို တိုက်ခိုက်စဉ် မသေဘဲ လွတ်မြောက်လာသူ ကိုကျော်ထွေးကလည်း သူသည် စစ်ကောင်စီဆန့်ကျင်သည့် တော်လှန်ရေးတွင် ပါဝင်ရန် စီစဉ်ထားကြောင်း ပြောသည်။

အတင်းအကျပ် စစ်သားစုဆောင်းရေးကို အားကိုးနေ

၂၀၂၃ ခုနှစ်က စတင်သည့် စစ်ကောင်စီဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးအတွင်း အဆင့်မြင့်အရာရှိများနှင့် စစ်ကောင်စီစစ်သား၊ စစ်တပ်မိသားစုများ အပါအဝင်၊ သေဆုံး၊ ဖမ်းဆီးခံရ၊ လက်နက်ချသည့် ခန့်မှန်းခြေ ၇,၀၀၀ ကျော်ရှိသည့် စစ်မြေပြင်ဆုံးရှုံးမှုများ ခံစားရပြီးနောက် စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည်။

ထိုစဉ်က စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းသည် အတင်းအကျပ် စစ်သားစုဆောင်းရေး ကြီးကြပ်သည့် အမျိုးသားကော်မတီကို ဦးဆောင်သည်။

နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး စစ်သားဟောင်းများကို ပြန်ခေါ်ကာ ရပ်ကွက်နှင့် ကျေးရွာများကို ကာကွယ်ရန် အသက် ၃၅ နှစ်အထက် အမျိုးသားများကို လူသစ်စုဆောင်း လက်နက်တပ်ဆင်ပေးရန် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းသည်။

အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် စစ်တပ်တွင် နှစ်နှစ်မှ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရန် လိုအပ်သည်။ ထိုဥပဒေသည် လူငယ်များ နိုင်ငံမှ အလုံးအရင်း ထွက်ပြေးအောင်လုပ်ပြီး စစ်ကောင်စီကလည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်ကြား လူငယ်များ ပြည်ပတွင် အလုပ်လုပ်ခြင်းကို တားမြစ်ခိုင်းကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြည်သူများကို နိုင်ငံလေဆိပ်မှ ထွက်ခွာခွင့် မပြုတော့ပေ။

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း

စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းမှု ကိုးကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်ချိန်နောက်ပိုင်း လူအင်အား ၃၀,၀၀၀ ကျော် စုဆောင်းထားသည်။

လူအင်အား အပြင်းအထန် ပြုန်းတီးခြင်းကို ရုန်းကန်နေရပြီး စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးပြကြီးရှိ နေအိမ်များ၊ လမ်းသွားလမ်းလာများနှင့် ဘတ်စ်ကားများပေါ်မှပါမကျန် ကျန်းမာသန်စွမ်းသူများကို ဖမ်းဆီးကာ စစ်မှုမထမ်းမနေရ ဥပဒေတွင် ဖော်ပြထားသည့် တရားဝင် လုပ်ထုံးလုပ်နည်းများကို စည်းကျော်သည်။

ပြည်တွင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းရာ၌ အခက်အခဲများ ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို အားကိုးရပြီး ဖမ်းဆီးထားသော မြန်မာ အမျိုးသားများကို စစ်သားစုဆောင်းရန် အချက်အချာနေရာအဖြစ် သုံးရသည်။

ပြည်တွင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းရာ၌ အခက်အခဲများ ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို အားကိုးရပြီး ဖမ်းဆီးထားသော မြန်မာ အမျိုးသားများကို စစ်သားစုဆောင်းရန် အချက်အချာနေရာအဖြစ် သုံးရသည်။

ရင်ကွဲရသော ဖခင်

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တွင် ဆယ်စုနှစ်တခုနီးပါး လုပ်ကိုင်ခဲ့သူ ဦးမဟာကျော်သည် ကော့သောင်းတွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် အသက် ၂၆ နှစ်အရွယ် သားကြီး ကိုငြိမ်းချမ်း လွတ်မြောက်ရေးအတွက် မစွမ်းဆောင်နိုင်ခဲ့ပေ။

IOM အတွက် အလုပ်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ၎င်းတို့နေအိမ်နှင့် လယ်ယာမြေများကို သိမ်းယူလိုက်ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သူနှင့် သူ့မိသားစု သုံးဦးသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည်။

ထိုင်းနိုင်ငံတွင် မွေးဖွား လူလားမြောက်ခဲ့သည့် သူ၏ သားကြီးသည် နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးသွားသောကြောင့် စက်တင်ဘာလတွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုခံရသည်။ သူ့ကို ကော့သောင်းသို့ မပို့မီ ရနောင်းမှ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းထားသည်။ ကော့သောင်းတွင် သူ့ကို စစ်ကောင်စီ၏ ၂၆၂ ခြေလျင်တပ်သို့ ပို့ဆောင်ကာ စစ်သားစုဆောင်းရေးထဲ ထည့်သည်။

ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် မြန်မာဘက် ကော့သောင်းသို့ ပြန်ပို့ခံရမည့်သူများကို တွေ့ရစဉ် / Ranong Immigration Office Facebook

ရနောင်းတွင် ဖမ်းဆီးခံရစဉ်အတွင်း သူနှင့်သူ့သားကို တွေ့ခွင့်မပေးကြောင်း ဦးမဟာကျော်က ပြောသည်။ အချို့မိသားစုများသည် ရနောင်းမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် လာဘ်ပေးပြီး ၎င်းတို့ဆွေမျိုးများကို လွတ်မြောက်အောင် လုပ်ပေးနိုင်သော်လည်း သူ့ကိစ္စတွင် ထိုသို့ ရွေးချယ်ခွင့်မရကြောင်း ပြောသည်။

ကော့သောင်းသို့ ကိုယ်တိုင် ပြန်မသွားနိုင်သောကြောင့် ကော့သောင်းမှ ဆွေမျိုးများကို အကူအညီတောင်းကာ သားဖြစ်သူ လွတ်မြောက်ရေးအတွက် စစ်အရာရှိတဦးကို လာဘ်ငွေ သိန်း ၁၄၀ ပေးသော်လည်း သူ၏ကြိုးစားမှု အရာမထင်ပေ။

ဘုတ်ပြင်းမြို့နယ်တွင် စစ်သင်တန်း သုံးလ အပေးခံရပြီးနောက် သူ၏သားကို စစ်ကောင်စီ အကြီးအကျယ် စစ်ရှုံးနေသည့် ရခိုင်ပြည်နယ်မှ ရှေ့တန်းစစ်မျက်နှာသို့ ပို့သည်။ ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည်။

“ဒီဇင်ဘာလ နောက်ဆုံး အပတ်တုန်းက ကျနော့်သားက (မွန်ပြည်နယ်) မော်လမြိုင်မှာ ရောက်နေပြီး သူ့ကို ရခိုင်ပြည်နယ်က ရှေ့တန်းပို့ဖို့ အမိန့်ချထားတယ်လို့ ဖုန်းဆက်တယ်” ဟု ဦးမဟာကျော်က ပြောသည်။

“သားအကြောင်း စဉ်းစားမိရင် စိတ်နှလုံးကြေကွဲရတယ်။ ငိုမိတယ်” ဟု ၎င်းကပြောသည်။

သားကို ကယ်တင်ရေး မိခင်တဦး၏ တိုက်ပွဲ

အခြား မြန်မာရွှေ့ပြောင်းအခြေချ သားသမီး ခြောက်ဦး မိခင် ဒေါ်မိုးမိုးသည် သူ၏သားကို စစ်ကောင်စီက ဖမ်းဆီးသွားသောအခါ မတူညီသည့် ကံကြမ္မာကို ရင်ဆိုင်ရသည်။ မူလက ကော့သောင်းမှ သူ၏မိသားစု ရှစ်ဦးသည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ရနောင်းသို့ ထွက်ပြေးရွှေ့ပြောင်းရသည်။ ကော့သောင်းမှ ၎င်းတို့နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်း သိမ်းဆည်းလိုက်သည်။

သူ၏ အသက် ၂၂ နှစ်အရွယ် သားသည် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်မှုဖြင့် ဇွန်လတွင် ဖမ်းဆီးခံရပြီး ဇူလိုင်လတွင် အခြားမြန်မာနိုင်ငံသား ၁၀၀ ကျော်နှင့်အတူ ကော့သောင်းသို့ ပြည်နှင်ဒဏ်ပေးခံရသည်။ သို့သော် ကံကောင်းသည်မှာ သူ၏သားသည် ဆိုင်ကယ် မတော်တဆမှုတခုတွင် ဒဏ်ရာရပြီး မသန်စွမ်းသောကြောင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ရသည်။ သို့သော် သူ၏အဖွဲ့မှ လူငယ် ၂၈ ဦးကို စစ်ကောင်စီ ခြေလျင်တပ် ၂၆၂ သို့ စစ်မှုထမ်းရန် ပို့ဆောင်သည်။

စစ်မှုထမ်းရန် မသင့်လျော်ဟု ကြေညာထားသော်လည်း သားဖြစ်သူ ကော့သောင်းရှိ စစ်ကောင်စီထံမှ လွတ်မြောက်ရေးအတွက် ဒေါ်မိုးမိုးသည် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဘတ် ၆,၀၀၀ (ထိုစဉ်က ပေါက်ဈေး ဒေါ်လာ ၁၇၀ ခန့်) လာဘ်ထိုးရသည်။ သူ၏အိမ်နီးချင်းများအနက် တဦးသည် ကော့သောင်းတွင် စစ်သားစုဆောင်းခံရသည့် မိသားစုဝင် နှစ်ဦး လွတ်မြောက်ရေးအတွက် တဦးလျှင် ဘတ် ၁၇,၀၀၀ အထိ ၂၆၂ ခြေလျင်တပ်သို့ ပေးရသည်။

ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားများကို သတ်ဖြတ်သည့် စစ်ကောင်စီတပ်တွင် သူ၏သားများကို အမှုမထမ်းစေလိုကြောင်း ဒေါ်မိုးမိုးက ပြောသည်။

“သူတို့ကို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းရင် သေမယ်ဆိုရင်တောင် လွတ်အောင်ပြေးဖို့ ကြိုးစားလို့ ကျမ သားတွေကို မှာထားတယ်။ စစ်သားစုဆောင်းခံရရင် ပြန်လမ်းမရှိဘူး။ ဒါပေမယ့် နိုင်ငံနဲ့ PDF အတွက်ဆိုရင် သူတို့က တိုက်ခိုက်ချင်ကြတယ်” ဟု ဒေါ်မိုးမိုးက ပြောသည်။

“သူတို့ကို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းရင် သေမယ်ဆိုရင်တောင် လွတ်အောင်ပြေးဖို့ ကြိုးစားလို့ ကျမ သားတွေကို မှာထားတယ်။ စစ်သားစုဆောင်းခံရရင် ပြန်လမ်းမရှိဘူး။ ဒါပေမယ့် နိုင်ငံနဲ့ PDF အတွက်ဆိုရင် သူတို့က တိုက်ခိုက်ချင်ကြတယ်” ဟု ဒေါ်မိုးမိုးက ပြောသည်။

ထိုင်းမှမြန်မာသို့ ပြည်နှင်ဒဏ်ပေးခံရသူများကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းအတွက် စစ်ကောင်စီခန့် တနင်္သာရီတိုင်း စစ်သားစုဆောင်းမှု ကြီးကြပ်ရေးကော်မတီကို ဧရာဝတီက ဆက်သွယ်သော်လည်း မည်သူမှ ဖုန်းမကိုင်ပေ။

စစ်လေ့ကျင့်ရေးကျောင်း၌ တပ်သားသစ် စုဆောင်းခံရသူများကို စစ်အသုံးအဆောင်ပစ္စည်း ပေးနေစဉ် / စစ်ကောင်စီ ပြည်သူ့စစ် Telegram

ပြည်နှင်ဒဏ်ပေးခံရသူများကို ကော့သောင်းတွင် မည်သို့ စစ်သားစုဆောင်းသနည်း

ရနောင်းမှ ကော့သောင်းဆိပ်ကမ်းသို့ ရောက်သောအခါ ပြည်နှင်ဒဏ်ပေးခံရသူများကို မိုးလုံလေလုံ အားကစားကွင်းသို့ ခေါ်သွားသည်။ ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သော သတင်းရင်းမြစ်များအဆိုအရ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ သန်စွမ်းသူ အားလုံးကို စစ်မှုထမ်းရန် ခြေလျင်တပ်ရင်း ၂၆၂ သို့ ပို့ဆောင်သည်။

ယခင်က စစ်သားစုဆောင်းခံရသူများသည် လာဘ်ငွေ အကြီးအကျယ်ပေးပြီး လွတ်မြောက်ကြသော်လည်း ထိုကိစ္စသည် အများစုအတွက် ရွေးချယ်စရာ လွတ်လမ်း မဟုတ်တော့ပေ။ အချို့သူများသည် အဆက်အသွယ်၊ သြဇာ သို့မဟုတ် လာဘ်အကြီးအကျယ် ပေးနိုင်လျှင် စစ်မှုထမ်းခြင်းမှ လွတ်မြောက်နိုင်ကြသည်။ စစ်တပ်အတွက် အသုံးမဝင်သည့် အသက်ကြီးသူများနှင့် မသန်စွမ်းသူများသည်လည်း လွတ်မြောက်ရေးအတွက် လာဘ်ပေးကြရသည်။

စစ်ကောင်စီသည် ရနောင်းမှ ပြည်နှင်ဒဏ်ပေးခံရသူများကို ဇူလိုင်လမှ စတင်ပြီး ပေါ်ပေါ်တင်တင် စစ်သားစုဆောင်းနေကြောင်းနှင့် စစ်ကောင်စီအရာရှိများသည် စစ်သင်တန်း တပတ်စီအတွက် လျာထားသည့် အရေအတွက်ရရန် ရုန်းကန်နေရသောကြောင့် စစ်တပ်နှင့် အဆက်အသွယ်ရှိသူများသည်ပင်လျှင် ကင်းလွတ်ခွင့် မရတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပြောခွင့်ရသူ ကိုကျားက ဧရာဝတီသို့ ပြောသည်။

ထိုင်း ထိန်းသိမ်းရေးစခန်းက စစ်ကောင်စီ စစ်သားစုဆောင်းမှုကို မည်သို့ကူညီသနည်း

မြန်မာရွှေ့ပြောင်းအခြေချများ ပြည်နှင်ဒဏ်ပေးခံရပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရကာ ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်စေသည့် ရနောင်းမှ ကော့သောင်းသို့ ပြန်လည် ပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန် လျှို့ဝှက်စနစ်တခု တိတ်တဆိတ် ပေါ်ပေါက်လာနေသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိခိုက်သည့် မိသားစုများကို တွေ့ဆုံမေးမြန်းမှုများအရ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖုံးလွှမ်းနေသည့် စနစ်တကျ လုပ်ဆောင်မှုတခုကို ဖော်ပြနေသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကာင်စီသည် ပြည်နှင်ဒဏ်ပေးခံရသူများကို ပြန်လည်လက်ခံမှု နှေးကွေးသဖြင့် ကာလကြာရှည် နေရသောကြောင့် ရနောင်းမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ဆန္ဒပြမှုများ ပုံမှန်ဖြစ်ပေါ်လာသည်ဟု ဧရာဝတီနှင့် စကားပြောခဲ့သည့် ရွှေ့ပြောင်းအခြေချသူများအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုသားကျော်က ပြောသည်။

သူ၏ အဖွဲ့အစည်း မိတ္တသဟာယ ကိုယ့်အားကိုယ်ကိုး နာရေးကူညီမှုအသင်းသည် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို စစ်အာဏာမသိမ်းမီက ကူညီခွင့်ရသည်။ စစ်အာဏာသိမ်းပြီးနောက် ကာလအနည်းငယ်အထိ ကိုသားကျော်သည် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ တောင်းဆိုမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ ဆန္ဒပြပွဲများတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ၌ အတင်းအကျပ် စစ်သားစုဆောင်းမှု အကောင်အထည် ဖော်ပြီးနောက် အခြေအနေ ပြောင်းလဲသွားသည်။ စစ်ကောင်စီသည် စစ်သားစုဆောင်းရေးအတွက် အဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို ဇူလိုင်လမှစတင်ပြီး ပစ်မှတ်ထားလာသည်။ ထို့ကြောင့် ပြည်နှင်ဒဏ်ပေးခြင်း အရှိန်မြင့်လာပြီး ယခုအခါ တလလျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိ ပြည်နှင်ဒဏ်ပေးလာသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းမှတဆင့် စစ်ကောင်စီထံသို့ လွှဲပြောင်းပေးနေစဉ် / Ranong Immigration Office Facebook

ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံး၏ Facebook စာမျက်နှာမှ သတင်းများကို ဧရာဝတီက လေ့လာချက်အရ ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်ပြီး ပြည်နှင်ဒဏ်ပေးခြင်း တလလျှင် သုံးကြိမ်အထိ များလာကြောင်း သိရသည်။ ယမန်နှစ် ဇွန်လနှင့် ဒီဇင်ဘာလအတွင်း အမျိုးသားအများစု ပါဝင်သော မြန်မာနိုင်ငံသား ၁,၅၅၆ ဦးကို ကော့သောင်းရှိ မြန်မာစစ်ကောင်စီ အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။

နှိုင်းယှဉ်ချက်အားဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လူ ၈၉၀ ဦးသာ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။

ထိုင်းအာဏာပိုင်များသို့ လာဘ်ပေးပြီး ရနောင်း လူဝင်မှုကြီးကြပ်ရေးစခန်းမှ လွတ်မြောက်ရန် ယခင်က ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ သို့သော် မြန်မာတွင် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေ အသက်သွင်းပြီးနောက် ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။

ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည့် နောက်ထပ် သတင်းရင်းမြစ်များအဆိုအရ မြန်မာစစ်ကောင်စီ အာဏာပိုင်များသည် ယခုအခါ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ မကြာခဏ လာရောက်ပြီး မြန်မာအကျဉ်းသား မည်မျှရှိသည်ကို ကြည့်ကာ ကျန်းမာသူများကို စစ်သားစုဆောင်းရန် လုပ်ဆောင်ကြောင်း သိရသည်။

ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည့် နောက်ထပ် သတင်းရင်းမြစ်များအဆိုအရ မြန်မာစစ်ကောင်စီ အာဏာပိုင်များသည် ယခုအခါ ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ မကြာခဏ လာရောက်ပြီး မြန်မာအကျဉ်းသား မည်မျှရှိသည်ကို ကြည့်ကာ ကျန်းမာသူများကို စစ်သားစုဆောင်းရန် လုပ်ဆောင်ကြောင်း သိရသည်။

ဇူလိုင်လနောက်ပိုင်းတွင် ရနောင်းမှ ပြည်နှင်ဒဏ်ပေးခံရသူ လူငယ် ၃၀၀ ကျော်ကို စစ်တပ်က စစ်သားစုဆောင်းသည်ဟု အချို့က ခန့်မှန်းသည်။ ဧရာဝတီအနေဖြင့် ထိုအရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ပြည်နှင်ဒဏ်ပေးခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းလုပ်ငန်းကို ရနောင်းမှ လူဝင်မှုကြီးကြပ်ရေးစခန်း အရာရှိများနှင့် မြန်မာစစ်ကောင်စီ အာဏာပိုင်များ ညှိနှိုင်းဆောင်ရွက်နေပုံရကြောင်း ကိုသားကျော် အပါအဝင် မြန်မာရွှေ့ပြောင်းအခြေချအရေး တက်ကြွလှုပ်ရှားသူများနှင့် အတင်းအကျပ် စစ်သားစုဆောင်းခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် မြန်မာအလုပ်သမားများကို စစ်ကောင်စီက တပ်သားသစ်အဖြစ် စုဆောင်းပြီး တနင်္သာရီတိုင်းရှိ စစ်လေ့ကျင့်ရေးစခန်းသို့ ပို့ဆောင်သည့် လမ်းကြောင်းပြ မြေပုံ / ဧရာဝတီ

ထိုင်းနိုင်ငံသည် ပြည်နှင်ဒဏ်ပေးခံရသူများ မြန်မာသို့ရောက်လျှင် အတင်းအကျပ် စစ်သားစုဆောင်းခံရမည်ကို သေချာသိလျက်နှင့် မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးနေကြောင်း ၎င်းတို့က ပြောသည်။

“ဒီလို ပြည်နှင်ဒဏ်ပေးတာကို ဘာကြောင့် မဟန့်တားနိုင်ရတာလဲလို့ ထိုင်းအာဏာပိုင်တချို့ကို ကျနော်မေးတော့ ဒါဟာ အစိုးရ နှစ်ခုအကြား ဥပဒေတာဝန်ကြောင့်လို့ပဲ ဖြေတယ်” ဟု ကိုသားကျော်က ပြောသည်။

“စစ်ကောင်စီက တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် လူ့အခွင့်အရေးကို လေးစားမှုမရှိလို့ စစ်ကောင်စီကို မေးစရာအကြောင်း မရှိဘူး။ ဒါဟာ ကျနော်တို့အားလုံး နားလည်ထားတဲ့ ပကတိအခြေအနေပဲ” ဟု ၎င်းကပြောသည်။

“ဒါပေမယ့် ထိုင်းနိုင်ငံက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အလေးထားတယ်လို့ ပြောတယ်။ ဒါဆို ဖမ်းဆီးထားသူတွေကို ဘာကြောင့် သိသိကြီးနဲ့ စစ်ကောင်စီလက်ကို အပ်နေတာလဲ။ အဲဒီလို ပြည်နှင်ဒဏ်ပေးတာကို ရပ်အောင်လုပ်နိုင်ရင် ကျနော်တို့ နိုင်ငံသားတွေ ကြီးမားတဲ့ ဒုက္ခတွေ မခံစားရတော့ဘူး” ဟုလည်း ကိုသားကျော်က ပြောသည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ ၎င်း၏ Facebook စာမျက်နှာမှတဆင့် ဆက်သွယ်ခဲ့သော်လည်း ယခု ဆောင်းပါးရေးသားချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံတွင် ဖမ်းမိသော ရွှေ့ပြောင်းလုပ်သားများကို ကိုင်တွယ်ရာတွင် ထိုင်းအစိုးရအနေဖြင့် လူသားဆန်မှု အဆင့်တခု အရေးတကြီး လိုအပ်ကြောင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ဦးစားပေးနေသော မြန်မာအာဏာပိုင်များကြောင့် ပြည်နှင်ဒဏ်ပေးခံရသူများ ရင်ဆိုင်ရသည့် ပြင်းထန်သော အန္တရာယ်ကို အသိအမှတ်ပြုသင့်ကြောင်း အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) အာရှဌာနခွဲ ဒုတိယ ဒါရိုက်တာဟောင်း ဖီးလ် ရောဘတ်ဆန်က ပြောသည်။

“ထိုင်းလူဝင်မှုကြီးကြပ်ရေး အထူးသဖြင့် ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးအနေနဲ့ ပြည်နှင်ဒဏ်ပေးခံရသူတွေကို စစ်ကောင်စီ စစ်တပ်နဲ့ရဲ စောင့်နေတဲ့ ကော့သောင်းဆိပ်ကမ်းကို သင်္ဘောနဲ့ပို့တာ ချက်ချင်းရပ်သင့်တယ်” ဟု ရောဘတ်ဆန်က ပြောသည်။

ထိုင်းအာဏာပိုင်များနှင့် မြန်မာစစ်ကောင်စီ အရာရှိများက ရနောင်းတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြည်နှင်ဒဏ်ပေးရေး ဆွေးနွေးနေစဉ် / Ranong Immigration Office Facebook

ပြည်နှင်ဒဏ်ပေးခံရသူများကို စစ်ကောင်စီလက်သို့အပ်ခြင်းအားဖြင့် ထိုင်းနိုင်ငံသည် ပြည်နှင်ဒဏ်ပေးခံရသူများကို ငွေအမြောက်အများ ခြိမ်းခြောက်တောင်းခြင်းနှင့် မပေးနိုင်သူများကို စစ်သားစုဆောင်းရေးစခန်းများသို့ ပို့ဆောင်ခြင်း အပါအဝင် မြန်မာအာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ကြံရာပါဖြစ်နေကြောင်း ၎င်းကပြောသည်။ ပြည်နှင်ဒဏ်ပေးခံရသူများသည် စစ်သားစုဆောင်းရေး စခန်းများတွင် “အရှေ့တောင်အာရှမှ လူ့အခွင့်အရေး အချိုးဖောက်ဆုံး စစ်တပ်” သို့ သွတ်သွင်းခံကြရသည်။

ဧရာဝတီသတင်းဌာနသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အာရှရေးရာဌာနနှင့် ပြန်ကြားရေးဌာနသို့ မှတ်ချက်တောင်းခဲ့ပြီး ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာများလုံခြုံရေးအတွက် မည်သည်တို့ လုပ်ဆောင်နေသနည်းဟု မေးခဲ့သော်လည်း ယခု ဆောင်းပါးဖော်ပြသည့် အချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိပေ။

ပြည်နှင်ဒဏ်ပေးခံရသူများကို စစ်သားစုဆောင်းခြင်းမှ တားဆီးရေး

စာရွက်စာတမ်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီလက်သို့ ပြည်နှင်ဒဏ်ပေးခြင်းနှင့် ပတ်သက်ပြီး အမျိုသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာလ နှောင်းပိုင်းတွင် ကြေညာချက်တစောင်ထုတ်ပြန်ကာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှ ထွက်ပြေးလာသော မြန်မာပြည်သူများကို စာနာရန် ထိုင်းအစိုးရကို တိုက်တွန်းသည်။ NUCC သည် စစ်ကောင်စီကို ဆန့်ကျင်သည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှ ထွက်ပြေးလာသော ပြည်သူများကို ကူညီကယ်ဆယ်ရန်နှင့် ထိုင်းပိုင်နက်မှ အထောက်အထားမဲ့ မြန်မာပြည်သူများကို ယာယီနေထိုင်ခွင့်ပေးသည့် အစီအစဉ်များ ချမှတ်ရန် အထက်ပါအဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်းသည်။

“စစ်ကောင်စီက စစ်တပ်အတွင်းသို့ လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် ထိုလူငယ်များကို ပြန်ပို့ခြင်းသည် သေဒဏ်ပေးခြင်းနှင့်တူသည်” ဟုလည်း NUCC က ဖော်ပြသည်။

ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ပြည်နှင်ဒဏ်ပေးသည့် မြန်မာနိုင်ငံသားများ အရေအတွက် အချိန်လိုက်ပြ ဇယား / အချက်အလက် – Ranong Immigration Office Facebook

NUG သည် သံတမန်လမ်းကြောင်းမှ ထိုင်းနိုင်ငံကို ဆက်သွယ်ပြီး စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုမှ ထွက်ပြေးလာသည့် လူငယ်များ၏ လုံခြုံရေးကို အာမခံပေးရန် ပြောခဲ့ကြောင်း NUG အစိုးရ ပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။

“စာရွက်စာတမ်း အထောက်အထားမဲ့သူတွေကို ပြည်နှင်ဒဏ်ပေးတာ သူတို့ဥပဒေမူဘောင်နဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် လူသားချင်းစာနာမှု ရှုထောင့်ကနေကြည့်ရင် အဲဒီလိုလုပ်ရပ်ဟာ အပြစ်မဲ့လူငယ်တွေကို စစ်ကောင်စီလက်ကိုအပ်တဲ့ အန္တရာယ်ရှိတယ်။ စစ်ကောင်စီလက်မှာ လူငယ်တွေရဲ့ ဘဝတွေအတွက် ပြင်းထန်တဲ့အန္တရာယ် ရှိတယ်” ဟု ဦးကျော်ဇော်ကပြောသည်။

“စာရွက်စာတမ်း အထောက်အထားမဲ့သူတွေကို ပြည်နှင်ဒဏ်ပေးတာ သူတို့ဥပဒေမူဘောင်နဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် လူသားချင်းစာနာမှု ရှုထောင့်ကနေကြည့်ရင် အဲဒီလိုလုပ်ရပ်ဟာ အပြစ်မဲ့လူငယ်တွေကို စစ်ကောင်စီလက်ကိုအပ်တဲ့ အန္တရာယ်ရှိတယ်။ စစ်ကောင်စီလက်မှာ လူငယ်တွေရဲ့ ဘဝတွေအတွက် ပြင်းထန်တဲ့အန္တရာယ် ရှိတယ်” ဟု ဦးကျော်ဇော်ကပြောသည်။

သက်ဆိုင်သူ အားလုံးအနေဖြင့် နိုင်ငံတကာ စံနှုန်းနှင့်အညီ လုပ်ကိုင်ရန်နှင့် လူငယ်များကို အသက်အန္တရာယ်ရှိသည့် ပြည်နှင်ဒဏ် မပေးရန်လည်း ဦးကျော်ဇော်က တိုက်တွန်းသည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိများအနေဖြင့် မြန်မာများကို နယ်စပ်မှ ဝေးကွာသော နေရာများသို့ ပို့ဆောင်ပြီး စစ်ကောင်စီဖမ်းဆီးမှု မခံရစေရန် “သိမ်မွေ့သော ပြည်နှင်ဒဏ်ပေးခြင်း” နည်းလမ်းကို သုံးသင့်ကြောင်း မစ္စတာ ရောဘတ်ဆန်က အကြံပြုသည်။

တပ်သားသစ် စုဆောင်းခံရသူများကို စစ်သင်တန်းပေးနေစဉ် / စစ်ကောင်စီ ပြည်သူ့စစ် Telegram

ကန်ချနာဘူရီ ပြည်နယ်၊ ဆန်ခလဘူရီခရိုင်မှ ထိုင်းလူဝင်မှုကြီးကြပ်ရေးစခန်းသည် ထိုသို့သော အလေ့အထကို ကျင့်သုံးပြီး ဖမ်းဆီးထားသည့် မြန်မာများကို စစ်ကောင်စီအာဏာပိုင်များ မရှိသည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူအနီး နယ်စပ်ဒေသသို့ ပြန်ပို့သည်ဟု ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သည့် သတင်းရင်းမြစ်တခုက ပြောသည်။

မြန်မာသို့ ပြန်ပို့ခံရသူ အများစုသည် စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကဲ့သို့ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ရကြောင်း ထိုင်းအစိုးရ အသိအမှတ်ပြုရမည်ဟု မစ္စတာ ရောဘတ်ဆန်က ဧရာဝတီသို့ ပြောသည်။ ဘန်ကောက်မှ ခေါင်းဆောင်များ စစ်ကောင်စီနှင့် ကြံရာပါလုပ်မှု အဆုံးမသတ်မီ ပြည်နှင်ဒဏ်ပေးခံရသူ ထောင်ပေါင်းမည်မျှ အတင်းအကျပ် စစ်သားစုဆောင်းခံရဦးမည်နည်း။

ထိုင်းနိုင်ငံ၏ ပြည်နှင်ဒဏ်ပေးသည့် အလေ့အထများကို ဘန်ကောက်အခြေစိုက် သံရုံးများက “လူသိရှင်ကြား အပြင်းအထန် ကန့်ကွက်ရှုတ်ချရန်” နှင့် သိမ်မွေ့သော ပြည်နှင်ဒဏ်ပေးရေးအတွက် ထိုင်းအရာရှိများကို ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်က ညွှန်ကြားရန်လည်း ၎င်းကတိုက်တွန်းသည်။

“မြန်မာက စစ်ကောင်စီကို လူတိုင်းနီးပါး မုန်းတီးတယ်။ ကျနော် သေမယ်ဆိုရင် စစ်ကောင်စီ ဖိနှိပ်မှုကို ခုခံရင်း သေချင်တယ်။ စစ်ကောင်စီစစ်တပ်မှာ လုပ်ရင်း မသေချင်ဘူး။ ကျနော့်အမေက ဝမ်းနည်းရင် ဝမ်းနည်းမယ်။ ဒါပေမယ့် ကျနော့်နာမည် မပျက်စီးဘူး။ နောက်ဆုံးတနေ့မှာ လူတိုင်းသေတာပဲ။ ဒါပေမယ့် ဂုဏ်သိက္ခာနဲ့ သေချင်တယ်” ဟု အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် အခြားသူ ၂၉ နှင့် စစ်ကောင်စီလက်မှ ရဲရင့်စွာ စွန့်စားလွတ်မြောက်လာသူ ကိုစိုးက ပြောသည်။

မှတ်ချက် ။ ။ အတင်းအကျပ် စစ်သားစုဆောင်းခံရသူများ၏ အမည်များကို လုံခြုံရေးအတွက် ယခုဆောင်းပါးတွင် ပြောင်းလဲ အသုံးပြုထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ Thai Immigration Officials Feed Myanmar Deportees Into Junta’s War Machine ကို ဘာသာပြန်သည်။)

You may also like these stories:

Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၁)

Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၂)

အလုပ်ပေးမယ်ဆိုပြီး စစ်မှုထမ်းဖို့ ပို့လိုက်ကြတယ် (ရုပ်/သံ)

စစ်မှုထမ်း အပတ်စဉ် ၁၀ အထိ လူငယ် ၁ သောင်းကျော် ဖမ်းဆီး

လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ (ရုပ်/သံ)

စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ

]]>
ယာဂီမုန်တိုင်း ရေဘေးက စစ်ကောင်စီ သဘောထားမှန်ကို ထုတ်ဖော် https://burma.irrawaddy.com/opinion/viewpoint/2024/09/28/391143.html Sat, 28 Sep 2024 12:12:33 +0000 https://burma.irrawaddy.com/?p=391143 စစ်ကောင်စီဟာ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ဒုက္ခတွေကို စိတ်မပူဘူး။ သူတို့က သန်းခေါင်စာရင်း ကောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ ]]>

စစ်ကောင်စီသည် နိုင်ငံတဝန်းမှ ရေလွှမ်းမိုးသော ဒေသများတွင် စနစ်ကျသော ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ရမည့်အစား အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲမှု အရှိန်မြှင့်တင်ပြီး မြန်မာပြည်သူများအပေါ် ထားသည့် ၎င်းတို့၏သဘောထားမှန်ကို ထပ်မံပြသလိုက်သည်။

စက်တင်ဘာလ ဒုယတိပတ်တွင် ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထွန်စွာရွာပြီး မြန်မာမှ ပြည်နယ်နှင့်တိုင်း ၁၅ ခုအနက် ကိုးခုသည် ပြင်းထန်သော ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကို ခံစားရသည်။

ထို သဘာဝ ဘေးအန္တရာယ်ကြောင့် တရားဝင်သေဆုံးမှုနှုန်းသည် ယခုအပတ်တွင် ၄၁၉ ဦးအထိ ရှိလာသည်။

ထိုမျှပြင်းထန်သည့် မိုးရေချိန်ကို စစ်ကောင်စီ မျှော်လင့်မထားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံသည်။

မိုးရေကြီးမည့် သတိပေးချက်များကို ထုတ်ပြန်ခဲ့သော်လည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ မည်သည့်စီမံချက်မှ ရှိပုံမရကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ဝန်ခံသည်။

ထိုသို့ အငိုက်မိသွားသော်လည်း နိုင်ငံထက်ဝက်ကျော်တွင် အသေအပျောက်များသည့် ရေလွှမ်းမှုနှင့် မြေပြိုမှုများ ဖြစ်နေသည့်တိုင် စစ်ခေါင်းဆောင်သည် တော်လှန်ရေးတပ်များထံ ဆုံးရှုံးသွားသည့် အရပ်သားပိုင်နက်များကို ဆက်လက် ဗုံးကြဲသည်။

ထိုသို့ အငိုက်မိသွားသော်လည်း နိုင်ငံထက်ဝက်ကျော်တွင် အသေအပျောက်များသည့် ရေလွှမ်းမှုနှင့် မြေပြိုမှုများ ဖြစ်နေသည့်တိုင် စစ်ခေါင်းဆောင်သည် တော်လှန်ရေးတပ်များထံ ဆုံးရှုံးသွားသည့် အရပ်သားပိုင်နက်များကို ဆက်လက် ဗုံးကြဲသည်။

စစ်ကောင်စီသည် စက်တင်ဘာလ ၁ ရက်နေ့နောက်ပိုင်း ရက်ပေါင်း ၂၇ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ပြုလုပ်ပြီး လူ ၁၈၀ ကို သတ်ဖြတ်ကြောင်း ဧရာဝတီသတင်းဌာန၏ မှတ်တမ်းများက ဖော်ပြနေသည်။ သေဆုံးသူများတွင် ဒါဇင်ပေါင်းများစွာသော ကလေးများနှင့် တော်လှန်ရေတပ်များက ဖမ်းထားသည့် စစ်ကောင်စီစစ်သား သုံ့ပန်းများလည်း ပါဝင်သည်။

(ဝဲ) စက်တင်ဘာလ ၁ ရက်မှ ၂၇ ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီက လေကြောင်းတိုက်သည့် အကြိမ်ရေနှင့် သေဆုံးသူ အရေအတွက် / ရင်းမြစ် – ဒေသခံသတင်းများနှင့် တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်
(ယာ) ပြည်နယ်နှင့်တိုင်း ၉ ခုတွင် စက်တင်ဘာလ ၂၁ ရက်အထိ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက် / ရင်းမြစ် – စစ်ကောင်စီ

တော်လှန်ရေးအင်အားစုများက လွတ်မြောက်စေသည့် နယ်မြေများကို ပြန်လည်သိမ်းယူမည်ဟု မင်းအောင်လှိုင် ကြိမ်းဝါးသည့် စက်တင်ဘာလ အစောပိုင်းမှ စတင်ပြီး စစ်ကောင်စီ၏ စစ်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ မြို့များ၊ ကျောင်းများ၊ ကယ်ဆယ်ရေးစခန်းများ၊ ကျေးရွာများနှင့် ဖမ်းဆီးထိန်းသိမ်းရေးစခန်းများ အပါအဝင် အရပ်သားပစ်မှတ်များကို နေ့စဉ်နီးပါး ဗုံးကြဲနေသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ကြီးမြို့ငယ်များနှင့် ကျေးရွာများမှ အရပ်သားနေရာများကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲပြီး ဗြောင်ကျကျ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်မှ ဘက်ပြောင်းလာသော ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုများသည် တော်လှန်ရေးအင်အားစုများ၏ ပြန်လည် ထူထောင်ရေးနှင့် အုပ်ချုပ်ရေး အားထုတ်မှုများကို ဖြတ်တောက်ရန် ရည်ရွယ်သည်။ စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် နယ်မြေများကို လူနေထိုင်၍ မရတော့သည့် မည်သူမှ မပိုင်သော နယ်မြေများဖြစ်အောင် လုပ်ရန်လည်း ရည်ရွယ်ကြောင်း ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

“စစ်ရေးအရပြောရရင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားတဲ့နယ်မြေကို ပြန်မရနိုင်ဘူး။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးက အဖျက်လုပ်ငန်းနဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသာ ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

“စစ်ရေးအရပြောရရင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားတဲ့နယ်မြေကို ပြန်မရနိုင်ဘူး။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုက အဖျက်လုပ်ငန်းနဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာသာ ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများမှ အရပ်သားများစွာ သေဆုံးစေကာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့က ကျင်းပသည့် ၅၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ဒုတိယ ကော်မရှင်နာ နာဒါ အယ်လ် နာရှစ်က ပြောသည်။

တချိန်တည်းတွင် နယ်စပ်တဖက်မှ ထိုင်းတော်ဝင်လေတပ် (RTAF) ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့် ဒရုန်းများကို ဖြန့်ကြက်ကာ ထိုင်းနိုင်ငံတဝန်းမှ ရေဘေးသင့် လူမှုအသိုက်အဝန်းများသို့ အစားအစာနှင့် ဆေးဝါးများ ချပေးနေသည်။ ထိုင်းလေတပ် ရဟတ်ယာဉ်များသည် နယ်စပ်တဖက် မြန်မာနိုင်ငံ၊ တာချီလိတ်မှ ခေါင်မိုးတခုတွင် ပိတ်မိနေသူများအတွက် အစားအသောက်များပင် ချပေးလိုက်သေးသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က လားရှိုးမြို့ရှိဈေးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် / Lashio Construction

ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ စစ်ကောင်စီအရာရှိများသည် တော်လှန်ရေး ထိန်းချုပ်ဒေသများသို့ အကူအညီများ ရောက်သွားမည်ကို စိုးရိမ်ပြီး ရေဘေးသင့်သူများကို အကူအညီပေးနေသည့် ပရဟိတ အဖွဲ့အစည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ခြိမ်းခြောက်သည်။

ရေဘေးရှောင်စခန်းများနှင့် ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေသော သိန်းနှင့်ချီသည့် ရေဘေးသင့်သူများ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ စီစဉ်ထားသည့် သန်းခေါင်စာရင်းအတွက် အချိန်မီ ပြန်ရန်ပင် မင်းအောင်လှိုင်က တောင်းဆိုလိုက်သေးသည်။ ထိုသန်းခေါင်စာရင်းကို လာမည့်နှစ်တွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် အသုံးပြုမည်ဟု ဆိုသည်။ ထိုရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေး ခိုင်မာအောင်လုပ်ပေးမည့် အတုအယောင် ရွေးကောက်ပွဲသာဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပယ်ချကြသည်။

မြန်မာသည် နိုင်ငံတော်အဆင့် အရေးပေါ်တုံ့ပြန်မှုစီမံချက် မရှိခြင်းကြောင်း သေဆုံးသူ ၄၀၀ ကျော်ပြီး တိုင်ဖွန်းဒဏ် တိုက်ရိုက်ခံရသောကြောင့် လူ ၂၆၀ သေဆုံးသည့် ဗီယက်နမ်ကိုပင် ကျော်တက်သွားသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရေဘေးကြောင့် သေဆုံးမှု ၄၂ ခုသာရှိပြီး လာအိုတွင် လေးခုသာရှိသည်။ ထို နှစ်နိုင်ငံလုံးသည် တိုင်ဖွန်းမိုးများ မြန်မာသို့ မဝင်ရောက်မီ အပြင်းအထန်ခံရသော နိုင်ငံများ ဖြစ်သည်။

ယာဂီတိုင်ဖုန်းမုန်တိုင်းကြောင့်ရွာသွန်းသောမိုးသည် မြန်မာတွင် လူ ၈ သိန်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေသည်။

ယာဂီတိုင်ဖုန်းမုန်တိုင်းကြောင့် ရွာသွန်းသောမိုးသည် မြန်မာတွင် လူ ၈ သိန်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေသည်။

ကလောမြို့နယ်တွင် အပြင်းအထန် ရေကြီးလာမှုကြောင့် အိမ်ခေါင်မိုးထိပ်တွင် တက်နေရသည့် ဒေသခံများကို စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် / ဇာခြည်

မုတ်သုန်မိုးများ ဆက်လက် ရွာသွန်းနေသောကြောင့် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် နောက်ဆက်တွဲ ရေကြီးမှုများ ဖြစ်နေသည်။ ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များသည် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ရေဘေးသင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။ ရေလွှမ်းမိုးမှုကြောင့် သေဆုံးမှုအရေအတွက် ထပ်မံ မြင့်တက်လာမည်ဟု ကယ်ဆယ်ရေးအဖွဲ့များက မျှော်မှန်းထားသည်။

“စစ်ကောင်စီဟာ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ဒုက္ခတွေကို စိတ်မပူဘူး။ သူတို့က သန်းခေါင်စာရင်း ကောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ဗြောင်ကျကျ လုံးဝ လျစ်လျူရှုထားတယ်” ဟု ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Nayt Thit ၏ Airstrikes Trump Aid: Floods Expose Junta’s Attitude to Myanmar Populace ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ

သဘာဝတရား၏ ဒေါသနှင့် ကျဆုံးနေသော မြန်မာ့စစ်အုပ်ချုပ်ရေး

ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ

ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား

]]>
တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား https://burma.irrawaddy.com/opinion/viewpoint/2024/09/05/390055.html Thu, 05 Sep 2024 03:00:46 +0000 https://burma.irrawaddy.com/?p=390055 မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊ စစ်ကောင်စီအုပ်ချုပ်ရေးကို စိန်ခေါ်ဖို့ အဓိကကျတယ်။]]>

စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေက မန္တလေးတိုင်း မြောက်ပိုင်းက ပိုင်နက်တွေကို သိမ်းပိုက်ပြီး တောင်ဘက်ကို ဆက်လက် ချီတက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဟာ တော်လှန်ရေး အင်အားစုများတွေရဲ့ အဓိကပစ်မှတ် ဖြစ်လာပါတယ်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဟာ မြို့ကို ဝိုင်းထားပြီး မြို့ထဲကို ထိုးဖောက် ဝင်ရောက်သလို ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်နေတယ်။

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ခံရတယ်။ မန္တလေးကို သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာချိန်မှာပဲ စစ်ကောင်စီဟာ ခံစစ်တွေ တောင့်တင်းအောင် ကမန်းကတမ်း လုပ်ရတယ်။

မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊ စစ်ကောင်စီအုပ်ချုပ်ရေးကို စိန်ခေါ်ဖို့ အဓိကကျတယ်။ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဟာ အလယ်ပိုင်းတိုင်းက စစ်ဆင်ရေးတွေနဲ့ အထက်မြန်မာနိုင်ငံကို အင်အားဖြည့်တင်း ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပါတယ်။

ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေဟာ တပ်မြို့ ပြင်ဦးလွင်ကို အရင်သိမ်းပိုက်ရမယ်လို့ စစ်ရေးသုတေသီတွေက ပြောပါတယ်။ အဲဒီတောင်ပေါ် ခံတပ်မြို့ဟာ မန္တလေးကနေ ၇၄ ကီလိုမီတာ (၄၅ မိုင်ကျော်ခန့်) ဝေးပြီး စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းကျောင်းတွေ အများအပြားရှိတဲ့မြို့ ဖြစ်ပါတယ်။

ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေဟာ တပ်မြို့ ပြင်ဦးလွင်ကို အရင်သိမ်းပိုက်ရမယ်လို့ စစ်ရေးသုတေသီတွေက ပြောပါတယ်။ အဲဒီတောင်ပေါ် ခံတပ်မြို့ဟာ မန္တလေးကနေ ၇၄ ကီလိုမီတာ (၄၅ မိုင်ကျော်သာ) ဝေးပြီး စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းကျောင်းတွေ အများအပြားရှိတဲ့မြို့ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုများ တိုက်ခိုက်ရန် ကြိုးစားနေသည့် မန္တလေးနှင့် ပြင်ဦးလွင်ပြ မြေပုံ / ဧရာဝတီ

“ပြင်ဦးလွင်က မန္တလေးကို မိုးနေတယ်။ အဲဒီ ခံတပ်မြို့ကို အရင် မသိမ်းရင် တော်လှန်ရေးတပ်တွေ ထောင်ချောက်မိနိုင်တယ်” လို့ တော်လှန်ရေးတပ်တွေ ချီတက်လာတာကို လေ့လာနေတဲ့ စစ်ရေးသုတေသီတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေးကို ပြင်ဦးလွင်က တပ်တွေ လမ်းကြောင်း အမျိုးမျိုးနဲ့ ဖြန့်ကြက်လို့ ရတယ်လို့ သူက ရှင်းပြပါတယ်။

ပြင်ဦးလွင်ဟာ တိုင်းရင်းသားညီနောင် မဟာမိတ်တပ်တွေက ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးအပါအဝင် မြို့ပေါင်း ၂၅ မြို့ကို ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းနယ်စပ်မှာ ရှိတယ်။

လွန်ခဲ့တဲ့လမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) အပါအဝင် မဟာမိတ်အဖွဲ့ဟာ ပြင်ဦးလွင်က တနာရီကျော်ခရီးသာရှိတဲ့ နောင်ချိုနှင့် ကျောက်မဲကို သိမ်းပိုက်တယ်။ အဲဒီ စစ်ရေးရှုံးနိမ့်မှုကြောင့် ပြင်ဦးလွင်တပ်မြို့က စစ်တပ်မိသားစု အပါအဝင် ဒေသခံတွေ အလုံးအရင်း ထွက်ပြေးစေတယ်။

မန္တလေးတိုင်းမြောက်ပိုင်းတွင် မန္တလေး PDF များကို ကြိုဆိုနေသည့် ပြည်သူများ / မန္တလေး PDF

TNLA တပ်တွေက နောင်ချို-ရပ်စောက်လမ်းအပြင် ပြင်ဦးလွင် အရှေ့ဘက် တောင်ခမ်းကျေးရွာမှ တပ်ရင်း နှစ်ခုကိုလည်း သိမ်းပိုက်လိုက်တယ်။

စစ်တပ်ကနေ ပြည်သူ့ဘက်ကို ခိုလှုံပြီး ဘက်ပြောင်းလာတဲ့ ဗိုလ်ကြီးဟောင်း ဇင်ယော်က တော်လှန်ရေးတပ်တွေ မေမြို့ကို မချီတက်မီ တောင်ခမ်းကို သိမ်းပိုက်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။ တောင်ခမ်းက အောင်ပွဲဟာ နောင်ချိုကို ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီက နောင်ချို-ရပ်စောက် လမ်းကနေ ရှမ်းပြည်တောင်ပိုင်းက တပ်ကူပို့တာကို တားဆီးနိုင်ပါတယ်။

“တော်လှန်ရေးတပ်တွေ ပြင်ဦးလွင်ကို သိမ်းနိုင်ရင် မန္တလေးက အလွယ်တကူ ကျဆုံးမယ်”

“တော်လှန်ရေးတပ်တွေ ပြင်ဦးလွင်ကို သိမ်းနိုင်ရင် မန္တလေးက အလွယ်တကူ ကျဆုံးမယ်” လို့ သူကပြောပါတယ်။

ဒါပေမယ့် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းဖို့ တော်လှန်ရေးတပ်တွေဟာ မြို့မြောက်ဘက်က အဓိက စစ်တပ်အမာခံ စခန်းတခုအပါအဝင် တပ်ရင်းဌာနချုပ် အများအပြားကို သိမ်းပိုက်ရပါမယ်လို့ ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီဟာ မန္တလေးနန်းတွင်းနဲ့ အခြားနေရာတွေမှာ ကာကွယ်ရေးအင်အားစုပြီး တိုက်ခိုက်မှုကို ခံစစ်ပြင် စောင့်နေပါတယ်။

တော်လှန်ရေးတပ်တွေက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ဒုံးကျည် ဒါဇင်ပေါင်းများစွာနဲ့ အင်္ဂါနေ့နံနက်မှာ တိုက်ခိုက်တယ်။ ဒုံးကျည် ခုနစ်လုံးက ပစ်မှတ်ကိုထိမှန်ပြီး စစ်ကောင်စီစစ်သား အများအပြားသေတယ်လို့ သူတို့က ပြောတယ်။

မန္တလေးတိုင်း တောင်ပိုင်းရှိ နွားထိုးကြီးမြို့နယ်တွင် PDF များက လုံခြုံရေးစစ်ဆေးနေစဉ် / နွားထိုးကြီး PDF

မန္တလေး PDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေဟာ မန္တလေးမြို့ မြောက်ဘက်က လေကြောင်းကာကွယ်ရေးတပ်နဲ့ အရှေ့ပိုင်း မြို့စွန်က စခန်းတွေ အပါအဝင် စစ်ကောင်စီစခန်း အနည်းဆုံး ၃၅ ခုကို သိမ်းပိုက်ထားပါတယ်။

မန္တလေး PDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေဟာ မန္တလေးမြို့ မြောက်ဘက်က လေကြောင်းကာကွယ်ရေးတပ်နဲ့ အရှေ့ပိုင်း မြို့စွန်က စခန်းတွေ အပါအဝင် စစ်ကောင်စီစခန်း အနည်းဆုံး ၃၅ ခုကို သိမ်းပိုက်ထားပါတယ်။

တချိန်တည်းမှာပဲ PDF တပ်အများအပြားဟာ မန္တလေးရဲ့တောင်ဘက် မြို့နယ် လေးခုမှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ညှိနှိုင်းစစ်ဆင်ရေးကို ပြုလုပ်နေပါတယ်။

ဒါပေမယ့် မန္တလေးကို သိမ်းပိုက်ဖို့ PDF တပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်တပ်ကို တိုက်ခဲ့တဲ့ အတွေ့အကြုံ ဆယ်စုနှစ်ပေါင်းများစွာကို အသုံးပြုဖို့ လိုတယ်လို့ ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ As Resistance Enters Mandalay, is Myanmar’s Second City on Brink of Falling? ဘာသာပြန်သည်။)

You may also like these stories:

တောင်ခမ်း အမြောက်တပ်ဌာနချုပ် မကျရေး အပြင်းအထန် ခုခံနေရ

တောင်ခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက်စာပို့

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၁

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

]]>
ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့ https://burma.irrawaddy.com/article/2024/05/22/383989.html Wed, 22 May 2024 04:04:50 +0000 https://burma.irrawaddy.com/?p=383989 "စစ်ကောင်စီဟာ AA ကို မချေမှုန်းနိုင်တော့လို့ မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေအကြား အမုန်းတရား လှုံဆော်တဲ့နည်းကို သုံးနေတာ သေချာတယ်"]]>

အာရက္ခတပ်တော် (AA) ၏ ရခိုင်ပြည်မှထိုးစစ်တွင် ဂုဏ်သိက္ခာကျဆင်းသည့် ရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုကို ရင်ဆိုင်ရပြီးနောက် စစ်ကောင်စီသည် ပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ၎င်းတို့၏ နည်းလမ်းဟောင်းဖြစ်သော မွတ်စလင်နှင့် မွတ်စလင် မဟုတ်သော ဒေသခံများအကြား လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများ လှုံ့ဆော်သည့်နည်းကို ထပ်မံအသုံးပြုနေကြောင်း စစ်ရေးသုတေသီများနှင့် AA က ပြောသည်။

ရခိုင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာများနှင့် ရခိုင်ဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခကို ရင်ဆိုင်ရပြီး နိုင်ငံအစိတ်အပိုင်း အများအပြားတွင်လည်း မွတ်စလင်နှင့် အခြားဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းများအကြား မတည်ငြိမ်မှုကို ဖြစ်စေခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် မြင့်မားလာပြီး နောင်နှစ်အနည်းငယ် ကြာသောအခါ စစ်တပ်က ရိုဟင်ဂျာများကို ဖြိုခွဲမှုဖြစ်ကာ ထိုဖြစ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။ ထိုဖြစ်ရပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ ၇ သိန်းကျော် ထွက်ပြေးခဲ့ရသည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်သည့် AA ထိုးစစ်တွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် မြို့နယ် ၆ ခုနှင့် အခြားမြို့ ၃ မြို့ကို ဆုံးရှုံးပြီးနောက် စစ်ကောင်စီသည် ထိုပြည်နယ်တွင် သွေးခွဲအုပ်ချုပ်ရေးကို ထပ်မံကျင့်သုံးနေကြောင်း ဧရာဝတီက သိရသည်။

AA တပ်များသည် ပြည်နယ်မြို့တော် စစ်တွေသို့ နီးကပ်လာပြီး ပြည်နယ်မြောက်ပိုင်းမှ အဓိကကျသည့် စစ်ကောင်စီ စခန်းများကို တိုက်ခိုက်လာသောအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးရေး သွေးကွဲမှု ဖြစ်စေရန် AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာ ဆန္ဒပြပွဲများကို ပြုလုပ်စေသည်။

AA တပ်များသည် ပြည်နယ်မြို့တော် စစ်တွေသို့ နီးကပ်လာပြီး ပြည်နယ်မြောက်ပိုင်းမှ အဓိကကျသည့် စစ်ကောင်စီ စခန်းများကို တိုက်ခိုက်လာသောအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးရေး သွေးကွဲမှု ဖြစ်စေရန် AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာ ဆန္ဒပြပွဲများကို ပြုလုပ်စေသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ရိုဟင်ဂျာ ဆန္ဒပြပွဲများကို စစ်တွေနှင့် ဘူးသီးတောင်တွင် ပြုလုပ်ကြပြီး ဆန္ဒပြသူများသည် AA အလိုမရှိ၊ စစ်အလိုမရှိ စသည်ဖြင့် ရေးသားထားသည့် စာတန်းများ ကိုင်ဆောင်ထားကြသည်။ စစ်ကောင်စီထိန်းချုပ် မီဒီယာနှင့် တယ်လီဂရမ်မှ စစ်ကောင်စီ လိုလားသော ဝါဒဖြန့်ချိရေး ချယ်နယ်များက ရိုဟင်ဂျာ ဆန္ဒပြပွဲနှင့် ပတ်သက်သည့် သတင်းများကို ဖြန့်ချိကြသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများကို စစ်သားစုဆောင်း လေ့ကျင့်ပေးကာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်ဌာနချုပ်များကို AA တိုက်ခိုက်မှုမှ ကာကွယ်ရန် ၎င်းတို့ကို အသုံးပြုသည်။

၂၀၂၄ ခုနှစ်၊ မတ်လက စစ်တွေမြို့တွင် စစ်ကောင်စီ ကျောထောက်နောက်ခံပြု ရိုဟင်ဂျာများ AA ကို ဆန္ဒပြနေကြစဉ်

စစ်ကောင်စီသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ကဲ့သို့သော ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည်ဟုလည်း အပြောခံရသည်။

စစ်ကောင်စီစစ်သားများ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း ထွက်ပေါ်လာသည်။

ဘူးသီးတောင်မြို့နယ်မှ စစ်ကောင်စီစစ်ဌာနချုပ်ကို AA က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီထိန်းချုပ် ဘူးသီးတောင်မှ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရုံးခန်း အပါအဝင် မွတ်စလင် မဟုတ်သူများ ပိုင်ဆိုင်သည့် ထောင်နှင့်ချီသော အရပ်ဘက် အဆောက်အအုံများ ဧပြီလ ၁၂ ရက်နေ့တွင် မီးရှို့ တိုက်ခိုက်ခံရသည်။

ထိုမြို့မှ ရခိုင်၊ ဟိန္ဒူနှင့် မွတ်စလင် မဟုတ်သည့် အခြားအရပ်သားများ၏ နေအိမ်များသာ မီးရှို့ခံရကြောင်း၊ စစ်ကောင်စီ ကျောထောက်နောက်ခံပြု ရိုဟင်ဂျာ အကြမ်းဖက် အုပ်စုများဖြစ်သည့် ARSA, ARA, RSO နှင့် စစ်ကောင်စီက မကြာသေးမီက လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ရိုဟင်ဂျာများသည် ထိုမီးရှို့မှုများအတွက် တာဝန်ရှိကြောင်း ဒေသခံများနှင့် AA က ပြောသည်။

ထိုမြို့နယ်များမှ ရိုဟင်ဂျာကျေးရွာများကို AA က အမြောက်ဖြင့် ပစ်သောကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်းလည်း စစ်ကောင်စီက စွပ်စွဲသည်။

မောင်တောမြို့နယ်မှ ရိုဟင်ဂျာ အရပ်သားများကို AA က ဖမ်းဆီးသတ်ဖြတ်သည်ဟု ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတဦးက ဧပြီလတွင် စွပ်စွဲသော်လည်း ထိုစွပ်စွဲချက်ကို AA က ပယ်ချသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းပြီး တိုက်ခိုက်စေကာ စစ်မြေပြင်တွင် သတ်ဖြတ်ခံရအောင်လုပ်ပြီး AA ၏ နိုင်ငံတကာ ဂုဏ်သတင်း ထိခိုက်စေရန် ကြိုးစားနေသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းပြီး တိုက်ခိုက်စေကာ စစ်မြေပြင်တွင် သတ်ဖြတ်ခံရအောင်လုပ်ပြီး AA ၏ နိုင်ငံတကာ ဂုဏ်သတင်း ထိခိုက်စေရန် ကြိုးစားနေသည်။

ပြင်ပကမ္ဘာသည် ရိုဟင်ဂျာ ပြဿနာကို အရေးစိုက်လွန်းပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် မည်သည့် ရိုဟင်ဂျာမဆို AA တိုက်ခိုက်မှုကြောင့် သေဆုံးလျှင်ပင် AA အပေါ် နိုင်ငံတကာအမြင် ထိခိုက်စေကြောင်း ဆွီဒင်သတင်းစာဆရာနှင့် မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ပြင်ပကမ္ဘာက လူအများစုက ရိုဟင်ဂျာတွေကို လက်နက်တပ်ဆင်ပေးနေတာကို သတိမထားမိဘူးလို့ ယူဆနိုင်တယ်” ဟု ၎င်းကပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလက ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်က နေရပ်စွန့်ခွာ ရိုဟင်ဂျာများကို ဆန်အိတ်ဝေပေးနေကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် ဓာတ်ပုံ

သွေးခွဲအုပ်ချုပ်ရေးကို ကျင့်သုံးခြင်းဖြင့် စစ်ကောင်စီသည် ရခိုင်တွင် လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခ လှုံဆော်ပြီးနောက် ငြိမ်ဝပ်ပိပြားရေးနှင့် လူမှုသဟဇာတဖြစ်ရေးအတွက် ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြမည် ဖြစ်ကြောင်း လစ်တနာက ပြောသည်။

ရခိုင်ပြည်နယ်တခုလုံးသည် မကြာမီ AA လက်သို့ ကျရောက်နိုင်ကြောင်း ရခိုင်ပြည်နယ်၏ လက်ရှိ စစ်ရေးအခြေအနေကို သုံးသပ်ပြီး သုတေသီများက ခန့်မှန်းသည်။

“ဒါဟာဖြစ်နိုင်ပုံရပြီး ဒါကြောင့်မို့လည်း စစ်ကောင်စီက လူမျိုးဘာသာ ဝှက်ဖဲကိုသုံးပြီး ရခိုင်ပြည်နယ်က လူတွေကို သွေးခွဲနေတာ” ဟု သတင်းစာဆရာ လစ်တနာက ပြောသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကို ပုံမှန် စောင့်ကြည့် ရေးသားနေသည့် အခြား မြန်မာစစ်ရေးသုတေသီ တဦးကလည်း လစ်တနာ၏အမြင်နှင့် သဘောတူသည်။

“စစ်ကောင်စီဟာ AA ကို မချေမှုန်းနိုင်တော့လို့ မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေအကြား အမုန်းတရား လှုံဆော်တဲ့နည်းကို သုံးနေတာ သေချာတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ပြည်နယ်အတွင်းမှ လူမှု အသိုက်အဝန်း အမျိုးမျိုးအကြား ပဋိပက္ခကို လှုံဆော်ပြီး ဘာသာ၊ လူမျိုး ကွဲပြားမှုကို အမြတ်ထုတ်နေသည်ဟု AA ၏ နိုင်ငံရေးအဖွဲ့အစည်း ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ဧပြီလ နှောင်းပိုင်းတွင် ပြောသည်။ စစ်ကောင်စီသည် ပြည်နယ်မြောက်ပိုင်းတွင် လူမှုအသိုက်အဝန်းများအကြား တင်းမာမှု လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရိုဟင်ဂျာ အစွန်းရောက်များကို လေ့ကျင့်ပေးကာ မွတ်စလင်အသိုက်အဝန်းမှ အကြမ်းဖက်အုပ်စုများကို လက်နက်တပ်ဆင်ပေးနေသည်ဟု ထိုအဖွဲ့က ပြောသည်။

သီးခြားလွတ်လပ်စွာ လှုပ်ရှား၍ဖြစ်စေ၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ဖြစ်စေ မွတ်စလင် လက်နက်ကိုင်အုပ်စုများသည် AA ကို တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည်။ ထို့အပြင် ထိုအုပ်စုများသည် မွတ်စလင် မဟုတ်သူများ၏ ပိုင်ဆိုင်မှုများကို လုယူဖျက်ဆီးခြင်းဖြင့်လည်း ရာဇဝတ်မှုများ လုပ်ဆောင်ကြပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဒေသခံများ၏ အသက်နှင့် လုံခြုံရေးကို ထိခိုက်စေသည်ဟုလည်း ULA က ဖော်ပြသည်။

စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းထားသည့် ရိုဟင်ဂျာများကို ရှေ့တန်းစစ်မျက်နှာတွင် အသုံးပြုကာ လူမှုအသိုက်အဝန်းများအကြား မုန်းတီးမှု လှုံ့ဆော်နေကြောင်း ထင်ရှားသော ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောသည်။

စစ်ကောင်စီက လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ပြည်သူစစ်များက မောင်တောမြို့နယ်၊ ရွှေရင်အေး ရခိုင်ကျေးရွာကို မီးရှို့သည့် ဗီဒီယိုတခု လူမှုကွန်ရပ်တွင် မေလ ၁၃ ရက်နေ့က ပျံ့နှံ့လာသည်။ ရွှေရင်အေးကျေးရွာကို စီးနင်းတိုက်ခိုက်မီးရှို့မှု လွန်ခဲ့သော မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရခိုင်မီဒီယာများက ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်တွင် အတင်းအကျပ် စစ်သားစုဆောင်းထားသည့် ရိုဟင်ဂျာများကို စစ်ကောင်စီတပ်က သင်တန်းပေးနေစဉ်

ထိုရိုဟင်ဂျာ ပြည်သူ့စစ်အုပ်စုသည် မောင်တောမြို့နယ်မှ ဝေသာလီကျေးရွာအနီးရှိ အိမ်များကိုလည်း မီးရှို့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုလက်နက်ကိုင်အုပ်စုတွင် စစ်ကောင်စီက လေ့ကျင့်ပေးထားသည့် ရိုဟင်ဂျာစစ်သားသစ်များ ပါဝင်သည်ဟု ယုံကြည်ရကြောင်း ရိုနေဆန်းလွင်က သူ၏ Facebook တွင် ရေးသားသည်။

၎င်းတို့သည် မည်သူများဖြစ်သည်ဖြစ်စေ၊ အတင်းအကျပ်စေခိုင်းခံရသည်ဖြစ်စေ၊ အခြားတနည်းနည်း အသုံးချခံရသည်ဖြစ်စေ ရိုဟင်ဂျာတဦးအနေဖြင့် ထိုလုပ်ရပ်များကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ၎င်းကပြောသည်။

အခြားထင်ရှားသော ရိုဟင်ဂျာတဦးဖြစ်သူ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း စစ်ကောင်စီမဟာမိတ် ရိုဟင်ဂျာ ပြည်သူ့စစ်များ ထိုသို့ မီးရှို့ တိုက်ခိုက်ခြင်းကို ရှုတ်ချသည်။

အခြားထင်ရှားသော ရိုဟင်ဂျာတဦးဖြစ်သူ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း စစ်ကောင်စီမဟာမိတ် ရိုဟင်ဂျာ ပြည်သူ့စစ်များ ထိုသို့ မီးရှို့ တိုက်ခိုက်ခြင်းကို ရှုတ်ချသည်။

ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအတွင် စစ်ကောင်စီတွက် အလုပ်လုပ်နေသည့် မသမာသူများ အများအပြား ရှိကြောင်း ၎င်းကပြောသည်။

“မသမာသူတွေနဲ့ သာမန် အရပ်သားတွေအကြား ကျနော်တို့ ခွဲခြားရှုမြင်ဖို့ လိုတယ်။ သိမ်းကြုံး အပြစ်တင်တာဟာ ပဋိပက္ခကိုသာ တိုးပွားစေတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆန္ဒက လူမျိုး နှစ်ခုအကြား ပဋိပက္ခ ဖန်တီးဖို့ဖြစ်တယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်နယ်တခုလုံးကို AA ထံ လက်မလွှတ်ရမီ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိက္ခ ဖန်တီးထားခဲ့ရန် ကြိုးစားနေကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီ၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် ဖြစ်နိုင်ခြေရှိသည့် ရလဒ်အကြောင်း မေးသောအခါ သတင်းစာဆရာ လစ်တနာက “ပြောဖို့စောနေသေးတယ်။ ဒါပေမယ့် စစ်ကောင်စီက AA ကို ဆန့်ကျင်ဖို့ ရိုဟင်ဂျာတွေကို အသုံးချနေတာမှာ ဗုဒ္ဓဘာသာ ရခိုင်အသိုက်အဝန်းက ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အချက်အပေါ် မူတည်နေတယ်” ဟု ၎င်းကပြောသည်။

ပြည်နယ်တခုလုံးမှ ရိုဟင်ဂျာ အသိုက်အဝန်းအများစုသည် AA အပေါ် ယုံကြည်မှုရှိသောကြောင့် စစ်ကောင်စီ၏ နည်းလမ်းသည် အလုပ်ဖြစ်မည်မဟုတ်ဟု ဧရာဝတီက မေးမြန်းခဲ့သော အထက်ပါ စစ်ရေးသုတေသီက ပြောသည်။ စစ်ကောင်စီသည် AA က ယုံကြည်မှု မတည်ဆောက်ရသေးသည့် မောင်တောနှင့် ဘူးသီးတောင်ရှိ မွတ်စလင် အသိုက်အဝန်းများမှ စစ်သားသစ်များကိုသာ အသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ As It Loses Control of Rakhine, Myanmar Junta Resorts to Stoking Religious Hatred ကို ဘာသာပြန်သည်။)

You may also like these stories:

မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

]]>
တော်လှန်ရေးအင်အားစုများ စစ်သုံ့ပန်းဥပဒေ လိုက်နာသော်လည်း စစ်ကောင်စီ ချိုးဖောက် https://burma.irrawaddy.com/article/2024/02/15/379743.html Thu, 15 Feb 2024 03:30:08 +0000 https://burma.irrawaddy.com/?p=379743 အရပ်သားများကို သတ်ဖြတ်ခြင်း သို့မဟုတ် ဓားစာခံအဖြစ် ဖမ်းဆီးခြင်းနှင့် ပညာရေး အဆောက်အအုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းသည်လည်း စစ်ရာဇဝတ်မှုများပင်။ ]]>

နိုင်ငံတဝန်းမှ စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်မတော်များက ၎င်းတို့ဖမ်းမိသည့် စစ်သုံ့ပန်းများကို လူသားဆန်စွာ ပြုမူဆက်ဆံသော်လည်း မြန်မာ စစ်ကောင်စီတပ်များသည် ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုမြောက်သော ပြစ်မှုများအဖြစ် ဖမ်းမိသော တော်လှန်ရေအင်အားစုများကိုသာမက ကလေးများနှင့် အမျိုးသမီးများအပါအဝင် အရပ်သားများအပေါ် အငြင်းပွားဖွယ်ရာ သတ်ဖြတ်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေသည်။

မကြာသေးမီက အရေးပါသည့် စစ်ကောင်စီဆန့်ကျင်ရေး စစ်ဆင်ရေးများအတွင်း တိုင်းရင်းသား တပ်မတော်များနှင့် တော်လှန်ရေး အင်အားစုများသည် ဖမ်းမိသော စစ်ကောင်စီစစ်သားနှင့် ၎င်းတို့ မိသားစုဝင် ထောင်ပေါင်းများစွာကို လူသားချင်းစာနာပြီး အသက်ချမ်းသာခွင့်ပေးခဲ့သည်။

တော်လှန်ရေး အင်အားစုများသည် ဒဏ်ရာရနေသည့် ဖမ်းမိ စစ်ကောင်စီနောက်လိုက်များကို နိုင်ငံတကာ ဥပဒေနှင့်အညီ စနစ်တကျ ကုသမှုပေးသည်။

သို့သော် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့က ထိရောက်သည့် အရေးယူမှု ပြုလုပ်ရန် အကြိမ်ကြိမ် ပျက်ကွက်သောကြောင့် ရိုင်းစိုင်းယုတ်မာသော စစ်ကောင်စီနှင့် စစ်ကောင်စီတပ်များသည် ဖမ်းမိသည့် တိုက်ပွဲဝင်သူများနှင့် အရပ်သားများကို ခေါင်းဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ဖြတ်ခြင်းတို့ အပါအဝင် အရက်စက်ဆုံးနည်းလမ်းများဖြင့် ဆက်လက် သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်နေသည်။

မကြာသေးမီက ဖြစ်ရပ်တခုတွင် ယောကာကွယ်ရေးတပ်ဖွဲ့များ (YDF) မှ လူငယ်တိုက်ခိုက်ရေးသမား နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ခါးပိုက်ဆောင် ပျူစောထီးတပ်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ စစ်ကောင်စီထောက်ခံသည့် ကျေးရွာ၌ အများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်သည်။

လွန်ခဲ့သော သုံးလခန့်က ဖြစ်ပွားသည့် ထိုအမှု၏ ဗီဒီယိုသည် မကြာသေးမီက လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး တနိုင်ငံလုံးမှ ပြည်သူများအကြား ဒေါသနှင့် ဝမ်းနည်းကြေကွဲမှုများ ဖြစ်စေသည်။

တော်လှန်ရေး အင်အားစုများသည် ဒဏ်ရာရနေသည့် ဖမ်းမိ စစ်ကောင်စီနောက်လိုက်များကို နိုင်ငံတကာ ဥပဒေနှင့်အညီ စနစ်တကျ ကုသမှုပေးသည်။ ရိုင်းစိုင်းယုတ်မာသော စစ်ကောင်စီနှင့် စစ်ကောင်စီတပ်များသည် ဖမ်းမိသည့် တိုက်ပွဲဝင်သူများနှင့် အရပ်သားများကို ခေါင်းဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ဖြတ်ခြင်းတို့ အပါအဝင် အရက်စက်ဆုံးနည်းလမ်းများဖြင့် ဆက်လက် သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်နေသည်။

ထိုဗီဒီယိုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်က ထိုတော်လှန်ရေးသမား နှစ်ဦးကို ဝိုင်းထားပြီး ၎င်းတို့သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ခွေးများဖြစ်ကြောင်း အတင်းအကျပ်ဝန်ခံခိုင်းသည်။ ၎င်းတို့ နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ထားကြောင်းလည်း တွေ့ရသည်။ ၎င်းတို့ကို သစ်ပင်တပင်ဆီသို့ ဒရွတ်တိုက်ဆွဲသွားချိန်တွင် ၎င်းတို့၏ခြေ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားသည်။

ယောကာကွယ်ရေးတပ်ဖွဲ့များ (YDF) မှ လူငယ်တိုက်ခိုက်ရေးသမား နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ခါးပိုက်ဆောင် ပျူစောထီးတပ်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ စစ်ကောင်စီထောက်ခံသည့် ကျေးရွာ၌ အများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်သည်

၎င်းတို့နှစ်ဦးကို သစ်ပင်တပင်တွင် တွဲလောင်းချပြီးနောက် ကျေးရွာမှ လူအုပ်ရှေ့တွင် အရှင်လတ်လတ် မီးရှို့သတ်လိုက်သည်။ မကြာသေးမီက အခြားဖြစ်ရပ်တခုတွင်လည်း အလားတူ ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီ၏ အခြားတပ်တခုသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီ (ကယား) ပြည်နယ်မှ ရှားတောမြို့နယ်သို့ ချဉ်းကပ်လာစဉ် ဖမ်းဆီးထားသော အမျိုးသမီး သုံးဦးနှင့် ကလေး သုံးဦးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်လိုက်သည်။ အမျိုးသမီး သုံးဦးအနက် တဦးသည် ကိုယ်ဝန်ဆောင်ထားသူဖြစ်ပြီး ကလေး သုံးဦးမှာ အသက် ၃ နှစ်၊ ၅ နှစ်နှင့် ၇ နှစ်အရွယ်များ ဖြစ်သည်။

ထိုနေ့တွင်ပင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် နှစ်စင်းသည် တကမ္ဘာလုံးတွင် ပိတ်ပင်ထားသည့် ပစ်မှတ်ဖြစ်သော စာသင်ကျောင်းတကျောင်းအပေါ် ဗုံး နှစ်လုံးကြဲချပြီးနောက် စက်သေနတ်ဖြင့် ပစ်သည်။ ထိုသို့ တိုက်ခိုက်စဉ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါဆီးအီကျေးရွာမှ ထိုကျောင်းတွင် ကျောင်းသားအများအပြား ပညာသင်ယူနေကြသည်။ ကလေး လေးဦးသေဆုံးပြီး အခြားသူအများအပြား ဒဏ်ရာရသည်။ ကျောင်း၏ အဆောက်အအုံများ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားသည်။

ဂျနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းများကို ဖမ်းဆီးထားစဉ်အတွင်း ပြင်းထန်သော ကျန်းမာရေး အန္တရာယ် ကျရောက်စေခြင်း မရှိဘဲ လူဆန်စွာ ဆက်ဆံရမည်ဖြစ်သည်။ လက်နက်ချသည့် သို့မဟုတ် ခုခံကာကွယ်ရန် နည်းလမ်းမရှိသည့် တိုက်ခိုက်ရေးသမားကို သတ်ဖြတ်ခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းသည် ထိုကွန်ဗင်းရှင်းအရ စစ်ရာဇဝတ်မှု ဖြစ်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီပြည်နယ်မှ ရှားတောမြို့နယ်သို့ ချဉ်းကပ်လာစဉ် ဖမ်းဆီးထားသော အမျိုးသမီး သုံးဦးနှင့် ကလေး သုံးဦးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်လိုက်သည်

အရပ်သားများကို သတ်ဖြတ်ခြင်း သို့မဟုတ် ဓားစာခံအဖြစ် ဖမ်းဆီးခြင်းနှင့် ပညာရေး အဆောက်အအုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းသည်လည်း စစ်ရာဇဝတ်မှုများပင် ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားသော တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ တနိုင်ငံလုံးမှ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သားနေရာများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများကို ဗုံးကြဲခြင်းများ အပါအဝင် များပြားလှသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတကာဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်သည်။

ဂျနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းများကို ဖမ်းဆီးထားစဉ်အတွင်း ပြင်းထန်သော ကျန်းမာရေး အန္တရာယ် ကျရောက်စေခြင်း မရှိဘဲ လူဆန်စွာ ဆက်ဆံရမည်ဖြစ်သည်။ လက်နက်ချသည့် သို့မဟုတ် ခုခံကာကွယ်ရန် နည်းလမ်းမရှိသည့် တိုက်ခိုက်ရေးသမားကို သတ်ဖြတ်ခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းသည် ထိုကွန်ဗင်းရှင်းအရ စစ်ရာဇဝတ်မှု ဖြစ်သည်။

စစ်ကောင်စီစစ်သားများကို ဖမ်းမိသောအခါ တော်လှန်ရေးအင်အားစုများက ဆက်ဆံပုံသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းပိုက်ရန် ကြိုးစားသည့် မကြာသေးမီက စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDF) သည် နိုဝင်ဘာလ ၁၃ ရက်နေ့က လွိုင်ကော်တက္ကသိုလ် အဆောက်အအုံတခုတွင် ပိတ်မိနေပြီး အင်အားမျှတော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်၏ အသက်များကို ချမ်းသာခွင့်ပေးခဲ့သည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါစီးအီကျေးရွာမှ စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေး လေးဦးသေဆုံးပြီး အခြားသူအများအပြား ဒဏ်ရာရသည် / Karenni Human Rights Group

KNDF က ထုတ်ပြန်သည့် ဗီဒီယိုတခုတွင် KNDF ၏ ဒုစစ်ဦးစီးချုပ် မာဝီနှင့် တော်လှန်ရေးရဲဘော်များသည် ပိတ်မိနေပြီး ဒဏ်ရာရနေသည့် စစ်ကောင်စီစစ်သားများကို အလံဖြူထောင်ရန် အခွင့်အလမ်းပေးကာ သတ်ဖြတ်ခြင်း မရှိပေ။ ထို့နောက်တွင် KNDF သည် စစ်ကောင်စီအမြောက်တပ်များက လက်နက်ကြီးဖြင့် ပစ်နေသည့် ထိုနေရာမှ စစ်ကောင်စီစစ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး ဒဏ်ရာရစစ်သားများကို ဆေးကုသပေးသည်။

“ကျနော်တို့က သဘောထားကြီးကြောင်း ပြခဲ့တယ်။ သူတို့မှာ အသက်ရှင်သန်ခွင့်ရှိတယ်” ဟု ဒုစစ်ဦးစီးချုပ် မာဝီက လွန်ခဲ့သောနှစ် နိုဝင်ဘာလက ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပြောခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတခွင်တွင် ညီနောင်မဟာမိတ် တိုင်းရင်းသားတပ်မတော်များက ပြုလုပ်ခဲ့သည့် အောင်မြင်ပြီး အဓိကျသော စစ်ကောင်စီဆန့်ကျင်ရေး ထိုးစစ်ဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်များသည် အမိန့်ပေးကွပ်ကဲရေး ဌာနချုပ်များ အပါအဝင် စစ်စခန်းအများအပြားမှ စစ်ကောင်စီတပ်များကို အလံဖြူထောင်ခွင့်ပေးပြီး ဗိုလ်မှူးချုပ် ခုနစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အသက်ချမ်းသာခွင့် ပေးခဲ့သည်။

ထိုတိုင်းရင်းသားတပ်များသည် ဖမ်းထားသော စစ်ကောင်စီစစ်သားများကို အိမ်ပြန်နိုင်ရန် လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင်တွင် ကြီးမားသော ထိုးစစ်ဆင်နေသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီစခန်းအားလုံးကို မချေမှုန်းမီ အလံဖြူထောင်ရန် အခွင့်အရေးပေးခဲ့သည်။

AA သည် ၎င်း၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာကိုလည်း အသက်ချမ်းသာခွင့် ပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်များသည် အမိန့်ပေးကွပ်ကဲရေး ဌာနချုပ်များ အပါအဝင် စစ်စခန်းအများအပြားမှ စစ်ကောင်စီတပ်များကို အလံဖြူထောင်ခွင့်ပေးပြီး ဗိုလ်မှူးချုပ် ခုနစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အသက်ချမ်းသာခွင့် ပေးခဲ့သည်။

စစ်ကောင်စီ၏ မကြာသေးမီက ရက်စက်ကြမ်းကြုတ်မှုများ (ဖမ်းမိထားသော တော်လှန်ရေးသမား နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ ကရင်ပြည်နယ်မှ ကျောင်းကို ဗုံးကြဲခြင်းနှင့် နေရပ်စွန့်ခွာ ကရင်နီ အရပ်သား ခြောက်ဦးကို သတ်ဖြတ်ခြင်း) ကို တုန့်ပြန်သည့်အနေဖြင့် KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ၏ Facebook စာမျက်နှာတွင် မိမိတို့၏ လူသားပီသမှုကို မည်သည့်အရာအတွက်မျှ ထိခိုက်မခံရန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရေးသားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် KNDF က ထုတ်ပြန်သည့် ဗီဒီယိုတခု၌ KNDF က ဒဏ်ရာရစစ်သားများကို ဆေးကုသပေးသည် / KNDF

အကြမ်းဖက်စစ်တပ်ကို မိမိတို့မုန်းတီးကြောင်း၊ ထိုအကြမ်းဖက်အဖွဲ့ကြောင့် နာကျည်းကြောင်း၊ ၎င်းတို့ကို တစစီဆုတ်ဖြဲချင်ကြောင်း၊ ၎င်းတို့ရက်စက်မှုနှင့် ထိုက်တန်သလို မိမိတို့လုပ်နိုင်ကြောင်း၊ ယခုအခါ မိမိတို့တွင် ၎င်းတို့ကဲ့သို့ လုပ်နိုင်စွမ်းရှိကြောင်း ရေးထားသည်။ သို့သော် မိမိတို့သည် ၎င်းတို့ (စစ်ကောင်စီ) နှင့် မတူသောကြောင့် ထိုသို့ လုပ်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ရေးသားသည်။

ပကတိအခြေအနေတွင် စစ်ကောင်စီတပ်သည် ပြည်သူလူထုအပေါ် နေ့စဉ် မညှာတာသည့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် အကြမ်းဖက် အဖွဲ့အစည်းမှတပါး အခြားမည်သည့်အရာမှ မဟုတ်ကြောင်း ပြသနေသည်။

မိမိတို့တွင် မိမိတို့ဥပဒေ၊ မိမိတို့၏ လမ်းကြောင်းနှင့် မိမိတို့၏ ယုံကြည်မှုများ ရှိသည်ဟုလည်း ရေးထားသည်။

ပကတိအခြေအနေတွင် စစ်ကောင်စီတပ်သည် ပြည်သူလူထုအပေါ် နေ့စဉ် မညှာတာသည့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် အကြမ်းဖက် အဖွဲ့အစည်းမှတပါး အခြားမည်သည့်အရာမှ မဟုတ်ကြောင်း ပြသနေသည်။ တနိုင်ငံလုံးမှ စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ စစ်မြေပြင် ထိတွေ့ဆက်မှု စည်းမျဉ်းများနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာပြီး စစ်တပ်ပီသသည့် စစ်တပ်များကဲ့သို့ ပြုမူလာကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ While Resistance Forces Follow Int’l Law, Myanmar Junta’s Atrocities Continue ကို ဘာသာပြန်သည်။)

You may also like these stories:

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ

မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

]]>
ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ https://burma.irrawaddy.com/news/2024/01/16/378505.html Tue, 16 Jan 2024 07:27:41 +0000 https://burma.irrawaddy.com/?p=378505 ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။ ]]>

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထွက်သွားရန် အချိန်ကျရောက်ပြီ။

ထိုစကားကို သူ့အား အင်တိုက်အားတိုက် အထောက်ခံဆုံးသူ အချို့က လူသိရှင်ကြား ပြောနေကြခြင်း ဖြစ်သည်။

ထိုသူများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မကျွမ်းကျင်မှု၊ အတ္တကြီးမှုနှင့် အားမာန်ကင်းမဲ့မှုများကို ကိုးကားပြီး သူသည် တချိန်က ဖြိုခွဲမရနိုင်ဟုထင်ရသည့် စစ်တပ်ကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်သည်ဟု စွပ်စွဲကြသည်။

စစ်ကောင်စီ ထောက်ခံသူများအနက် ကျော်ကြားသူ မောင်မောင်သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လေသံပြောင်းသွားပြီးနောက် အခြားသူများလည်း အလားတူ လုပ်ဆောင်လာကြသည်။ “သုံးနှစ်ဆိုရင် တော်လောက်ပြီ ဦးမင်းအောင်လှိုင်” ဟု မောင်မောင်က သူ၏ YouTube တွင် ကြေညာသည်။

လွန်ခဲ့သော သုံးနှစ်အတွင်း မင်းအောင်လှိုင်သည် မည်သည့် စွမ်းရည်မှ မပြသနိုင်ဘဲ နိုင်ငံကို သမိုင်းဝင် အရှက်ကွဲ အကျိုးနည်းစေသည်ဟု ၎င်းကပြောသည်။ သူသည် နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင် မည်သည့် ကဏ္ဍတွင်မှ စွမ်းရည် မပြနိုင်ကြောင်း မောင်မောင်က ဆက်လက်ပြောကြားပြီး တာဝန်ယူမှုရှိရှိ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည်။

ဗိုလ်မှူးချုပ် ခြောက်ဦးနှင့် စစ်အရာရှိ ၂၀၀ ကျော်အပါအဝင် စစ်သား ၂,၄၀၀ နီးပါး မကြာသေးမီက လက်နက်ချခြင်းသည် အပြောင်းအလဲမှတ် ဖြစ်နိုင်သည်။ ထိုသို့လက်နက်ချခြင်းကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုလုံးကို တိုင်းရင်းသား မဟာမိတ်များလက်သို့ ပေးအပ်လိုက်ရသည်။ စစ်ကောင်စီ ထောက်ခံသူများကို လွန်စွာ တုန်လှုပ်စေသောကြောင့် သူ၏အပြစ်များနှင့် မှားယွင်းသော ဆုံးဖြတ်ချက်များအတွက် အခြားသူများကိုသာ မရပ်မနား အပြစ်တင်သော မင်းအောင်လှိုင်ကို လူသိရှင်ကြား အပြင်းအထန် ဝေဖန်ကြသည်။

လွန်ခဲ့သော သုံးနှစ်အတွင်း ဦးမင်းအောင်လှိုင်သည် မည်သည့် စွမ်းရည်မှ မပြသနိုင်ဘဲ နိုင်ငံကို သမိုင်းဝင် အရှက်ကွဲ အကျိုးနည်းစေသည်ဟု ၎င်းကပြောသည်။ သူသည် နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင် မည်သည့် ကဏ္ဍတွင်မှ စွမ်းရည် မပြနိုင်ကြောင်း မောင်မောင်က ဆက်လက်ပြောကြားပြီး တာဝန်ယူမှုရှိရှိ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည်။

စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေး သုံးလမပြည့်မီ မြို့ပေါင်း ၃၀ ကျော်၊ ဌာနချုပ်များ အပါအဝင် အခြေစိုက်စခန်းနှင့် စခန်း ရာပေါင်းများစွာကို တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးခဲ့သည်။

မောင်မောင်က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုသို့ပြောပြီးနောက် စစ်ကောင်စီ ထောက်ခံသည့် အခြားသူများကလည်း မင်းအောင်လှိုင် နုတ်ထွက်ရန် အလားတူ တောင်းဆိုကြသည်။

လက်ရှိအချိန်အထိ အကြီးမားဆုံး စစ်ဌာနချုပ်၊ ထောင်ပေါင်းများစွာသော လက်နက်ခဲယမ်းများ၊ လက်နက်တပ်ဆင်ထားသော ယာဉ်များကို ဆုံးရှုံးခြင်းအပြင် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင် မရှုမလှ ရှုံးနိမ့်ခြင်းကို ၎င်းတို့က ကိုးကားပြောဆိုကြသည်။

စစ်ကောင်စီတပ်များသည် ပြန်လည်တိုက်ခိုက်ရန်ပင် ကြိုးစားခြင်း မရှိပေ။

‘လက်နက်ချသည်’ ဆိုသည့် စကားကို သုံးရသောကြောင့် ရှက်ကြောင်း၊ စစ်သား ၂,၀၀၀ ကျော်နှင့် မိသားစုဝင် ၁,၀၀၀ ကျော် လက်နက်ချသောကြောင့် မကျေနပ်ကြောင်း စစ်ကောင်စီ ထောက်ခံသူ ကျော်မျိုးမင်းက သူ၏ NP News တယ်လီဂရမ်တွင် ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် လောက်ကိုင်ကို တိုင်းရင်းသားတပ်များနှင့် မဟာမိတ် တော်လှန်ရေးတပ်များထံ ဆုံးရှုံးရခြင်းကို မဖြေရှင်းဘဲ စစ်ကောင်စီခေါင်းဆောင်နှင့် စစ်ကောင်စီထိန်းချုပ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထားသော နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံခြင်းကိုလည်း ၎င်းက ဝေဖန်သည်။

‘လက်နက်ချသည်’ ဆိုသည့် စကားကို သုံးရသောကြောင့် ရှက်ကြောင်း၊ စစ်သား ၂,၀၀၀ ကျော်နှင့် မိသားစုဝင် ၁,၀၀၀ ကျော် လက်နက်ချသောကြောင့် မကျေနပ်ကြောင်း စစ်ကောင်စီ ထောက်ခံသူ ကျော်မျိုးမင်းက သူ၏ NP News တယ်လီဂရမ်တွင် ပြောသည်။

မင်းအောင်လှိုင်သည် တနိုင်ငံလုံးတွင် အရှိန်မြင့်မားလာနေသည့် ပုန်ကန်မှုများကို ကိုင်တွယ်မရလောက်အောင် ပျော့ညံ့သူဖြစ်သည်ဟု စစ်ကောင်စီဘက်တော်သား အများအပြားက ပြောသည်။ သို့သော် သူသည် သူ၏ အာဏာတည်မြဲရေးအတွက် လူထောင်ပေါင်းများစွာအား သတ်ဖြတ်သည်ကို ကွပ်ကဲနိုင်လောက်အောင် သွေးအေးသူဖြစ်သည်။

သူသည် ဒါဇင်ပေါင်းများစွာသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အငြင်းပွားဖွယ် သတ်ဖြတ်မှုများ၊ အရပ်သားများကို ရက်ရက်စက်စက် ဗုံးကြဲမှုများ၊ ဘာသာရေးအဆောက်အအုံများ၊ ကျောင်းများ၊ ဆေးရုံများနှင့် သမိုင်းဝင်နေရာများ အပါအဝင် အရပ်သား အဆောက်အအုံ ထောင်ပေါင်းများစွာကို ဖျက်ဆီးမှုများအတွက် တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ တာဝန်ရှိသည်။ မင်းအောင်လှိုင်၏ ကိုယ်ရေးအကျဉ်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများလည်း ပါဝင်သည်။

သူပြောခဲ့သည့်အတိုင်း သူ မချိုးဖောက်ရဲသည့် နိုင်ငံတကာဥပဒေ တခုမှ မရှိပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အမျိုးသမီးနှင့်ကလေး ရာပေါင်းများစွာ အပါအဝင် အရပ်သား ၄,၃၃၅ ဦးကို သတ်ဖြတ်မှုများသာမက ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် ခေါင်းဆောင်များ အပါအဝင် လူပေါင်း ၂၅,၈၀၀ နီးပါးကို ဖမ်းဆီးမှုများအား ကွပ်ကဲသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်ရင်းတခုကို သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ် / TNLA

သူ၏ မဆုတ်နစ်သော ရက်စက်ကြမ်းကြုတ်သည့် ဗီဇသည် သူ၏ အုပ်ချုပ်နိုင်စွမ်းကို အတားအဆီး ဖြစ်စေပြီး စစ်ကောင်စီအုပ်ချုပ်ရေး ဆန့်ကျင်တော်လှန်ရေးကို ပိုမိုမီးထိုးပေးသည်။ သေချာထင်ရှားသည့် အချက်တခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို ဦးဆောင်နိုင်သည့် စွမ်းရည်မရှိ ဆိုသည့်အချက်ဖြစ်သည်။

ဒီမိုကရေစီလှုပ်ရှားသူ ဟန်ဆောင်ခဲ့ပြီး စစ်တပ်ထောက်ခံသူဖြစ်လာသည့် မိုးဟိန်းကပင် ဘက်ထပ်ပြောင်းလာသည်။

သူသည် စစ်ကောင်စီတပ်များ အလံဖြူထောင်သည်ကို ကြည့်နေရသည်။ လောက်ကိုင်တွင် လက်နက်ချမှု နောက်ပိုင်း မိုးဟိန်းက စစ်ခေါင်းဆောင်များ နိုင်ငံရေးမှ ထွက်ရန် တောင်းဆိုနေသည်။ သူသည် စစ်ကောင်စီလိုလားသည့် သတင်းစာမျက်နှာဖြစ်သော သူရိယနေဝန်းကို စီမံသူဖြစ်ပြီး စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်ရုပ်သံ MRTV တွင် မကြာခဏ ဝါဒဖြန့်သူ ဖြစ်သည်။

ဗိုလ်ချုပ်များသည် ကိုယ်ကျိုးကိုသာ အာရုံစိုက်နေပါက ကာလကြာရှည်စွာ စစ်သင်တန်းပေးထားသော်လည်း စစ်သားများသည် စစ်မြေပြင်တွင် ပိုမိုသေဆုံးနေမည်ဟု မိုးဟိန်းက သူ၏ Facebook စာမျက်နှာတွင် ရေးသည်။

စစ်ကောင်စီခေါင်းဆောင် အပါအဝင် စစ်ခေါင်းဆောင်အားလုံး ကိုယ်ကျိုးစီးပွားကိုသာ စဉ်းစားပါက ကိုယ့်စီးပွားရေး ကိုယ်လုပ်ရန် ပြောချင်သည်ဟု ၎င်းက ပြောသည်။ စစ်တပ်တာဝန်နှင့် ၎င်းတို့မိသားစု တာဝန်များ ပိနေသည့် စစ်သားများကို ဝန်ထုတ်ဝန်ပိုး မပေးရန်လည်း စစ်တပ်ခေါင်းဆောင်များကို ဒီမိုကရေစီ ဘက်တော်သား ဖြစ်ဖူးသူ မိုးဟိန်းက ပြောသည်။

စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များသည် ဇိမ်ကျပြီး အကြီးအကျယ် အစောင့်ချထားသည့် ခြံဝန်းကြီးများအတွင်း အပမ်းဖြေရင်း အလုပ်ရှုပ်နေစဉ် စစ်သားများသည် တော်လှန်ရေး ဒရုန်း တိုက်ခိုက်ခံရမည့် အန္တရာယ်ကြောင့် စစ်မြေပြင်တွင် အိပ်မပျော်ဟု မိုးဟိန်းက ပြောသည်။

လွန်ခဲ့သည့် နှစ်များအတွင်းက သူချီးကျူးခဲ့သည့် ဗိုလ်ချုပ်များကို ပြန်ဝေဖန်မှုသည် စစ်ကောင်စီတပ်များ ထိုင်း၊ တရုတ်နှင့် အိန္ဒိယ ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းများကို ဆုံးရှုံးမှုအပါအဝင် အကြီးအကျယ် ဆုံးရှုံးမှုများ ရင်ဆိုင်ရချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များသည် ဇိမ်ကျပြီး အကြီးအကျယ် အစောင့်ချထားသည့် ခြံဝန်းကြီးများအတွင်း အပမ်းဖြေရင်း အလုပ်ရှုပ်နေစဉ် စစ်သားများသည် တော်လှန်ရေး ဒရုန်း တိုက်ခိုက်ခံရမည့် အန္တရာယ်ကြောင့် စစ်မြေပြင်တွင် အိပ်မပျော်ဟု မိုးဟိန်းက ပြောသည်။

အခြားအဆင့်များသာမက ဗိုလ်ချုပ်များလည်း မတိုက်ခိုက်တော့ဘဲ အလံဖြူထောင်ပြနေကြသည်။

စစ်တပ်တွင် သိက္ခာမရှိတော့ကြောင်း၊ မြေပြင်မှ စစ်ကောင်စီ စစ်သားများ မျှော်လင့်ချက် ကင်းမဲ့နေကြောင်း မောင်မောင်က YouTube တွင် ပြောသည်။ မင်းအောင်လှိုင်ကို အစားထိုးရမည်၊ သူ့အတွက် ရှေ့ဆက်ရမည့်လမ်း မရှိဟုလည်း ပြောသည်။

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ Myanmar’s Dictator is Facing Calls to Resign From Some of His Most Ardent Supporters ကို ဘာသာပြန်သည်။)

You may also like these stories:

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော https://burma.irrawaddy.com/news/2024/01/04/378006.html

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

]]>
မြောက်ပိုင်းတွင် ခုခံမှုမြင့်တက်သောကြောင့် စစ်ကောင်စီတပ် ရှေ့မတိုးနိုင် https://burma.irrawaddy.com/article/2023/10/03/375005.html Tue, 03 Oct 2023 11:20:18 +0000 https://burma.irrawaddy.com/?p=375005 KIA သည် စစ်ကောင်စီစခန်း အများအပြားကိုလည်း စီးနင်းတိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ် ထိခိုက်သေဆုံးနေသည်။ ]]>

စစ်ကောင်စီသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စက်တင်ဘာလအတွင်း တိုက်ခိုက်ခံရမှု တိုးလာပြီး တနိုင်ငံလုံးတွင် ခုခံတော်လှန်မှု မြင့်မားခြင်းကို ရင်ဆိုင်နေရသောကြောင့် ခံစစ်နည်းဗျူဟာသို့ ပြောင်းရသလို အထက်ပါပြည်နယ် နှစ်ခုတွင် စခန်းများသာမက စစ်သားများကိုပါ အကြီးအကျယ် ဆုံးရှုံးနေသည်။

နိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များ (EAOs) အနက် တခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အခြားအင်အားကြီး EAO ဖြစ်သော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီက ထိုးစစ်ဆင်နေသည်မှာ သုံးလ ကြာပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၏ လက်နက်ကိုင်အဖွဲ့အစည်း KIA ကို စစ်ကောင်စီက တိုက်ခိုက်ခြင်းသည် အနီးရှိ စစ်ကိုင်းနှင့် မကွေးတိုင်းများမှ စစ်ကောင်စီကို လက်နက်ကိုင်ပုန်ကန်မှုများအား KIA က ကူညီနေသည်ကို တားဆီးရန် ရည်ရွယ်သည်ဟု လေ့လာသူများက ပြောသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် KIA သည် စစ်ကောင်စီဆန့်ကျင်ရေး လူငယ်ထောင်ပေါင်းများစွာကို လေ့ကျင့်သင်တန်းပေးနေသည်။

KIA သည် မကွေးနှင့် စစ်ကိုင်းတိုင်းများမှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) စစ်ကောင်စီကို တိုက်ခိုက်ရာတွင်လည်း ကူညီနေသည်။ PDF များသည် အာဏာသိမ်းပြီးနောက် ဖြုတ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

ကျေးရွာ ရာပေါင်းများစွာကို မီးရှို့ခြင်း၊ အရပ်သားများနှင့် ခုခံတော်လှန်ရေးအဖွဲ့ဝင်များကို တရားလက်လွတ် သတ်ဖြတ်ခြင်း အပါအဝင် ရက်စက်ကြမ်းကြမ်းမှုများ ဆက်လက် ပြုလုပ်နေသော်လည်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမှ နယ်မြေအများစုနှင့် မကွေးတိုင်းမှ မြို့နယ်အများအပြားကို လက်လွတ်ဆုံးရှုံးနေသည်။

ကျေးရွာ ရာပေါင်းများစွာကို မီးရှို့ခြင်း၊ အရပ်သားများနှင့် ခုခံတော်လှန်ရေးအဖွဲ့ဝင်များကို တရားလက်လွတ် သတ်ဖြတ်ခြင်း အပါအဝင် ရက်စက်ကြမ်းကြမ်းမှုများ ဆက်လက် ပြုလုပ်နေသော်လည်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမှ နယ်မြေအများစုနှင့် မကွေးတိုင်းမှ မြို့နယ်အများအပြားကို လက်လွတ်ဆုံးရှုံးနေသည်။

ပလောင် ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော TNLA သည်လည်း စစ်ကောင်စီ ဆန်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို စစ်သင်တန်းပေးသည်။ ထိုအဖွဲ့သည် စစ်ကောင်စီ ပစ်မှတ်များကို မန္တလေးတိုင်း အထက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ အနီးရှိ မြို့နယ်များတွင် PDFs များနှင့်အတူ တိုက်ခိုက်နေသည်။

TNLA သည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နယ်မြေများ ထိန်းချုပ်ထားပြီး တရုတ်သို့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် မန္တလေး-မူဆယ် အဝေးပြေးလမ်းအပေါ် စစ်ကောင်စီ ထိန်းချုပ်မှုကို ခြိမ်းခြောက်နေသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီရှေ့မတိုးနိုင်

ဇူလိုင်လအစောပိုင်းတွင် စစ်ကောင်စီက ကချင်ပြည်နယ်သို့ နောက်ထပ် တပ်ရင်း ၁၀ ရင်း စေလွှတ်လိုက်သောအခါ တိုက်ပွဲများ စတင်ဖြစ်ပွားသည်။ ထိုတပ်များသည် KIA ဌာနချုပ် လိုင်ဇာ အနောက်မြောက်ဘက် ၁၉ ကီလိုမီတာသာ ဝေးသည့် နန်ဆန်ယန် ကျေးရွာအနီးတဝိုက် နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားနေသည်မှာ သုံးလကြာပြီဖြစ်သည်။

KIA ၏ တုံ့ပြန်မှုမှာ ပုံသေနေရာယူပြီး ခုခံကာကွယ်ခြင်း မဟုတ်ဘဲ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ဝိုင်းမော်နှင့် ဗန်းမော်မှ မြို့သစ်သို့ ဦးတည်ဘက် နှစ်ခုမှ ချီတက်လာသော စစ်ကောင်စီတပ်များနှင့် ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်နေကြောင်း စစ်ရေးသုတေသီတဦးက ပြောသည်။ ထိုသို့ ခြုံခိုတိုက်ခိုက်မှုများကြောင့် အရပ်သားများသည် မြစ်ကြီးနား-ဗန်းမော် အဝေးပြေးလမ်းကို အသုံးမပြုနိုင်တော့ပေ။

ကချင်ပြည်နယ်၊ လိုင်ဇာတွင် ကင်းလှည့်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ကောင်စီတပ်များသည် KIA ဌာနချုပ်ကို ခြိမ်းခြောက်နေစဉ် ကချင်ပြည်နယ် အခြားဒေသများတွင် တပ်အင်အား မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။ KIA သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီ လစ်ဟာနေသောနေရာများကို တိုက်ခိုက်သိမ်းယူသည်။

စက်တင်ဘာလအတွင်း ကချင်ပြည်နယ်တဝန်း ကသာ၊ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်၊ ရွှေဂူမြို့နယ်များနှင့် အနီးရှိ စစ်ကိုင်းတိုင်းမှ မြို့နယ်များနှင့် နမ်ဆန်ယန်သို့ သွားသည့်လမ်းများတွင် စက်တင်ဘာလအတွင်း တိုက်ပွဲတဒါဇင်ကျော် ဖြစ်ပွားသည်။

KIA သည် စစ်ကောင်စီစခန်း အများအပြားကိုလည်း စီးနင်းတိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ် ထိခိုက်သေဆုံးနေသည်။ စက်တင်ဘာလ နှောင်းပိုင်းတွင် KIA သည် မြစ်ကြီးနားမှ စစ်တပ်လေတပ်စခန်းများကို ဒုံးကျည်များ အသုံးပြုတိုက်ခိုက်ပြီး ကျောက်စိမ်းဒေသ ဖားကန့်မှ စစ်ထောက်လှမ်းရေးရုံးကိုလည်း တိုက်ခိုက်သိမ်းယူသည်။

စက်တင်ဘာလ နှောင်းပိုင်းတွင် KIA သည် မြစ်ကြီးနားမှ စစ်တပ်လေတပ်စခန်းများကို ဒုံးကျည်များ အသုံးပြုတိုက်ခိုက်ပြီး ကျောက်စိမ်းဒေသ ဖားကန့်မှ စစ်ထောက်လှမ်းရေးရုံးကိုလည်း တိုက်ခိုက်သိမ်းယူသည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် တောင်ကုန်းတခုတွင် နေရာယူကာ တရုတ်နယ်စပ်အနီး KIA ဌာနချုပ်ကို ၁၂၀ မမဖြင့် ပစ်သောကြောင့် ထိုဒေသမှ ရက္ခိုင့်တပ်တော် (AA) စခန်းတခုကိုထိကာ ဗိုလ်ကြီးတဦး ကျဆုံးသည်။

ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်

စစ်ကောင်စီသည် တရုတ်နယ်စပ်အနီး မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များမှ TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် ပြင်းထန်သော လေကြောင်းအင်အားကိုသာမက စစ်တပ်လိုလားသည့် ခါးပိုက်ဆောင်တပ်များကို ၎င်းတို့တပ်များနှင့်အတူ အသုံးချသောကြောင့် ပြင်းထန်သောတိုက်ပွဲများ ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက် ဖြစ်ပွားနေသည်။

ဒေသခံ ထောင်ပေါင်းများစွာသည် နေအိမ်များမှ ထွက်ပြေးရပြီး စစ်ကောင်စီတပ်များက ရမ်းသမ်း ပစ်ခတ်နေသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်စေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

စက်တင်ဘာလလယ်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ရှမ်းပြည်မြောက်ပိုင်းမှ ပြည်သူ့စစ်အဖွဲ့ အများအပြားကို စစ်ကောင်စီတပ်များနှင့်အတူ TNLA ကို တိုက်ရန် စည်းရုံးသိမ်းသွင်းသည်။ နောက်ပိုင်းတွင် စစ်ကောင်စီသည် ထိုပြည်သူ့စစ်အုပ်စုများကို လက်နက်၊ ရိက္ခာနှင့် အခြားခွင့်ပြုငွေများ ထုတ်ပေးသည်။

စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီသည် မူဆယ်နှင့် ကွတ်ခိုင်မှ TNLA နယ်မြေမှ လေကြောင်းတိုက်ခိုက်မှုတခုတွင် ပေါင် ၅၀၀ ဗုံးများကိုပင် အသုံးပြုသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ / TNLA

တချိန်တည်းတွင် TNLA နှင့် မန္တလေး PDF များသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲ၊ နောင်ချိုမြို့နယ်များနှင့် မန္တလေးတိုင်း အထက်ပိုင်းမှ မိုးကုတ်နှင့် မတ္တရာမြို့နယ်များတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည်။

စက်တင်ဘာ တလတည်းတွင်ပင် စစ်ကောင်စီတပ်နှင့် TNLA အကြား တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ပွားကြောင်း TNLA က ပြောသည်။

ခုခံတော်လှန်မှု မြင့်မားလာ

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူထားသည့် ရခိုင်ပြည်နယ်မှအပ ကျန်နေရာများတွင် စစ်ကောင်စီသည် ဒရုန်းတိုက်ခိုက်မှုများနှင့် မြို့ပြတိုက်ပွဲများ အပါအဝင် ခုခံတော်လှန်ရေး အင်အားစုများနှင့် EAOs များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။ ထိုတိုက်ခိုက်မှုများသည် စစ်ကောင်စီကို အကြီးအကျယ် ထိခိုက်သေဆုံးစေပြီး တနိုင်ငံလုံးမှ စစ်ကောင်စီတပ်များကို ခြိမ်းခြောက်နေသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ခုခံတော်လှန်ရေး အင်အားစုများ ပူးပေါင်းပြင်ဆင်နေစဉ် / Federal Wings

စက်တင်ဘာလ အစောပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့မှ မြဝတီခရိုင် ထွေအုပ်ရုံးကို ခုခံတော်လှန်ရေး အင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်သောအခါ စစ်ကောင်စီ တုန်လှုပ်ခြောက်ခြားသွားသည်။ စစ်ကောင်စီခန့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်းမှူးတဦး အပါအဝင် စစ်ကောင်စီ အရာရှိ ငါးဦး ထိုဒရုန်းတိုက်ခိုက်မှုတွင် သေဆုံးပြီး ရဲမှူးတဦးအပါအဝင် ရဲ ၁၁ ဦး ဒဏ်ရာရသည်။

စက်တင်ဘာလလယ်တွင် လက်လုပ်အဝေးထိန်း တောင်ပံတပ်ဒရုန်းတခုက စစ်ကောင်စီမြို့တော်မှ နေပြည်တော် နိုင်ငံတကာ လေဆိပ်အနီးရှိ ဧလာ လေတပ်စခန်းတွင်းသို့ လက်လုပ်ဗုံးများ ပစ်ချသောအခါ စစ်ကောင်စီ ထပ်မံ တုန်လှုပ်ရသည်။

စက်တင်ဘာလလယ်တွင် လက်လုပ်အဝေးထိန်း တောင်ပံတပ်ဒရုန်းတခုက စစ်ကောင်စီမြို့တော်မှ နေပြည်တော် နိုင်ငံတကာ လေဆိပ်အနီးရှိ ဧလာ လေတပ်စခန်းတွင်းသို့ လက်လုပ်ဗုံးများ ပစ်ချသောအခါ စစ်ကောင်စီ ထပ်မံ တုန်လှုပ်ရသည်။

စက်တင်ဘာလအတွင်းတွင် မကွေးနှင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်မှ စစ်ကောင်စီမြို့များကို သိမ်းပိုက်ရန် ခုခံတော်လှန်ရေး အင်အားစုများက စီးနင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည်။

နှစ်ဘက်လုံးတွင် တွေ့ဆုံဆွေးနွေးရန် စမှတ် မရှိသောကြောင့် အနာဂတ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Nayt Thit ၏ Myanmar’s Military Bogged Down in North as Resistance Rises ကို ဘာသာပြန်သည်။)

You may also like these stories:

အာဏာသိမ်း စစ်ခေါင်းဆောင် အရူးမီးဝိုင်း ဖြစ်တော့မည်

KIA၊ TNLA နဲ့ အာဏာသိမ်း စစ်တပ် တိုက်ပွဲဖြစ်

KIA နှင့် TNLA ထိပ်သီးတွေ ဘာကြောင့် တွေ့ဆုံဆွေးနွေးတာလဲ

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်

Federal Wings ဒရုန်းတပ်ဖွဲ့၏ သတိပေးချက် မြဝတီမြို့ခံများ စိုးရိမ်

]]>