ညိုမြ, Author at ဧရာဝတီ https://burma.irrawaddy.com/author/nyomya Covering Burma and Southeast Asia Tue, 07 Jul 2026 08:27:08 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ညိုမြ, Author at ဧရာဝတီ https://burma.irrawaddy.com/author/nyomya 32 32 ရုပ်တုသစ် ပြောင်းချိန်တန်ပြီ https://burma.irrawaddy.com/cartoon/2026/07/07/414601.html Tue, 07 Jul 2026 08:27:08 +0000 https://burma.irrawaddy.com/?p=414601 ကာတွန်း]]>

ကာတွန်း

ရုပ်တုသစ် ပြောင်းချိန်တန်ပြီ (ကာတွန်း – ညိုမြ/ဧရာဝတီ)

#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>
အပေးအယူ https://burma.irrawaddy.com/cartoon/2026/06/18/414126.html Thu, 18 Jun 2026 02:43:34 +0000 https://burma.irrawaddy.com/?p=414126 ကာတွန်း]]>

ကာတွန်း

အပေးအယူ (ကာတွန်း – ညိုမြ/ဧရာဝတီ)

#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>
ခွေးပါးစပ်က နတ်စကားထွက် https://burma.irrawaddy.com/cartoon/2026/06/05/413806.html Fri, 05 Jun 2026 06:39:17 +0000 https://burma.irrawaddy.com/?p=413806 (ကာတွန်း-ညိုမြ/ဧရာဝတီ)]]>

ကာတွန်း

ခွေးပါးစပ်က နတ်စကားထွက် (ကာတွန်း-ညိုမြ/ဧရာဝတီ)

#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ပြည်သူ့သမ္မတ https://burma.irrawaddy.com/cartoon/2026/04/18/412663.html Sat, 18 Apr 2026 06:44:38 +0000 https://burma.irrawaddy.com/?p=412663 (ကာတွန်း-ညိုမြ/ဧရာဝတီ)]]>

ကာတွန်း
ပြည်သူ့သမ္မတ (ကာတွန်း-ညိုမြ/ဧရာဝတီ)

]]>
နေပြည်တော်သင်္ကြန်ဆုတောင်း https://burma.irrawaddy.com/cartoon/2026/04/15/412599.html Wed, 15 Apr 2026 08:02:58 +0000 https://burma.irrawaddy.com/?p=412599 (ကာတွန်း-ညိုမြ/ဧရာဝတီ)]]>

ကာတွန်း

နေပြည်တော်သင်္ကြန်ဆုတောင်း (ကာတွန်း-ညိုမြ/ဧရာဝတီ)

———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
သာဓုမခေါ်သူများ https://burma.irrawaddy.com/cartoon/2026/02/12/410936.html Thu, 12 Feb 2026 06:19:42 +0000 https://burma.irrawaddy.com/?p=410936 ကာတွန်း]]>

ကာတွန်း

သာဓုမခေါ်သူများ (ကာတွန်း-ညိုမြ/ဧရာဝတီ)

#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ပေါက်ဖော်ဝမ်စွေ့ ချစ်ကြည်ငွေ့ (၂) https://burma.irrawaddy.com/article/2025/10/11/406684.html Sat, 11 Oct 2025 01:00:19 +0000 https://burma.irrawaddy.com/?p=406684 တရုတ်-မြန်မာ စာပေးစာယူခန်း၏ နှစ်လိုဖွယ်ရာ အချက်မှာ အာရှ တိုက်သားများ အဖြစ် အတွေးအခေါ် အသုံးအနှုန်း တို့မှာ အရှေ့တိုင်း ထုံးတမ်းစဉ်လာ ဖြစ်၏…အကယ်ပင် ညီအစ်ကို အချင်းချင်း ပေးစာ-ပြန်စာများ ကဲ့သို့ ပရိယာယ် ဝေဝုစ်ကင်းမဲ့လျက် ရှင်းလင်း ရိုးသားလှပေသည်…]]>

(ယခင်အပတ်မှ အဆက်)

တရုတ်-မြန်မာ စာပေးစာယူ

ကုန်းဘောင်ခေတ် အတွင်း တရုတ်နှင့် မြန်မာ ဘုရင်များသည် ညီတော်-နောင်တော် အဖြစ် ချစ်ကြည်စွာ ဆက်ဆံခဲ့ကြရာ ကလောင်ရှင် (ရှေးဟောင်း သုတေသီ တဦး) ဆိုသူက ထိုရာဇသံ စာများကို ရနိုင်သရွေ့ စုဆောင်း ထုတ်ဝေခဲ့ပေသည်။

ထို တရုတ်-မြန်မာ စာပေးစာယူခန်း၏ နှစ်လိုဖွယ်ရာ အချက်မှာ အာရှ တိုက်သားများ အဖြစ် အတွေးအခေါ် အသုံးအနှုန်း တို့မှာ အရှေ့တိုင်း ထုံးတမ်းစဉ်လာ ဖြစ်၏။

အကယ်ပင် ညီအစ်ကို အချင်းချင်း ပေးစာ-ပြန်စာများ ကဲ့သို့ ပရိယာယ် ဝေဝုစ်ကင်းမဲ့လျက် ရှင်းလင်း ရိုးသားလှပေသည်။ တတ်နိုင်သရွေ့ အကျဉ်းချုံး ဖော်ပြပါသည်။

(က) ၁၁၁၁ တရုတ်ထံမှ

အရှ့မျက်နှာ တိုင်းကြီး ပြည်ကြီး၊ ထီးဆောင်း နန်းနေ၊ မင်းအပေါင်းတို့ကို အစိုးရတော် မူသော နောင်တော် ဥတည်မင်း ချစ်ကြည်စွာ ကြားရောက်အပ်သည်။

အနောက် မျက်နှာ တိုင်းကြီး ပြည်ကြီး ထီးဆောင်းမင်း အပေါင်းကို အစိုးရသော ဆင်ဖြူ ဆင်နီ ရတနာတွင်းများ ပိုင်သည့် သခင် ညီတော် ရွှေနန်းရှင်။

နောင်တော်ပြည် နှင့် ညီတော် ပြည်သည် ကာလအရှည် ရွှေလမ်း ငွေလမ်း မပေါက်မရောက်ရသည်မှာ နှစ်ပေါင်း ၁၂၀ ရှိလေသည်။

ပြည်ကြီး နှစ်ပြည်ကို တပြည်တည်း၊ ရွှေ နှစ်ပြားကို တပြားတည်း၊ ကိုယ် နှစ်ကိုယ်ကို တကိုယ်တည်း ကဲ့သို့ မရှိကြရ။ ကာလ လွန်လေသည်ကို နောင်တော်မှ စ၍ သားတော် သမီးတော်၊ မင်းညီမင်းသား၊ မှူးကြီးမတ်ကြီး၊ စစ်သူကြီး အပေါင်းတို့ ယူကျုံးမရ ရှိရတော့သည်။

ရာဇာ မဟာမိတ် ဖြစ်ပါမည့် အကြောင်းကို လဝမြို့၏ နယ်စား အေးသူရဲအမတ် နှင့် ဘွန်တားရေး တို့ကို ခန့်ထား၍ ရာဇသံ ကောင်းမွန် ရိုသေစွာ ညီတော်သို့ ပို့ဆက်ပါစေသည်။

ညီတော် တိုင်းနိုင်ငံမှာ-
၁။ အရှ့မျက်နှာ၌ ယိုးဒယား၊ လင်းဇင်း၊ အကြော်၊ လဝိုက်၊ မျက်နှာမြည်း၊ ပင်လယ်ကျ။
၂။ အနောက်မျက်နှာ၌ သမုဒ္ဒရာနားထိ။
၃။ ထီးဆောင်းမင်း အပေါင်းကား ပုဂံ၊ မိုးဗြဲ၊ ပခန်း၊ မုတ္တမ၊ ဟံသာဝတီ၊ သန်လျင်၊ တောင်ငူ၊ ဇင်းမယ်၊ ကလေး၊ သောင်သွပ်၊ သိန္နီ၊ ထားဝယ်၊ ပြည်။
၄။ တောင်တွင် ရာကြိုင်း ၉ စော်ဘွားမှ စ၍ ယခုတိုင် ညီတော် ဘေးလောင်းတော် အဆက်ဆက် တိုင်းနိုင်ငံတော် ဖြစ်ပေသည်။
ရှေးဘေးလောင်းတော်တို့ လက်ထက်က ကဲ့သို့ နိုင်ငံတော် အတွင်း ပြည်ရွာ စည်ပင်သာယာ ငြိမ်ဝပ်သည်ကို သိလိုသည်။ မငြိမ်မဝပ် ညီတော်မှာ ရှိလျှင် နောင်တော်၏ ရန်သူပင် ဖြစ်တော့သည်။

နောင်တို့ ဘုန်းအာဏာနှင့် မငြိမ်မဝပ် ရှိသည်တို့ကို နှိပ်ကွပ် ရှင်းလင်းရမည်၊ ညီတော် နေထွက်ဘုရင် ရွှေနန်းရှင်။

(ခ) ၁၁၄၉ ခု မြန်မာမင်း၏ တုံ့ပြန်စာ

ကမ္ဘာတည်ဦးစကပင် အရှေ့မျက်နှာ၊ အနောက်မျက်နှာ ပြည်ကြီး နှစ်ပြည်မှာ ရန်မရှိ။ ရွှေထီးရွှေနန်း အဆက်ဆက် ထီးဆောင်းမင်း အပေါင်းတို့ ရှိခိုးခံရသော ဧကရာဇ်မင်းများ ဖြစ်ကြသည်။

အကြည်တော် ကိုင်းမား စော်ဘွားသားကို စေ၍ သက္ကရာဇ် ၁၁၄၉ ခု နယုန်လဆန်း ၁၀ ရက်နေ့တွင် အမရပူရ ရွှေပြည်တော်ကြီးသို့ ရောက်၍ အာဘဿရ ဗြဟ္မာရုပ် ၈၊ ကမ္ပလာ ၈၊ ရွှေဖျင် ၁၀၊ လက်ဆောင်တော်များကို ရွှေနန်းဥကင် ရာဇပလ္လင်တော် ရှေ့တွင် ခင်းကျင်းပြီးလျှင် အိမ်ရှေ့မင်း၊ ဆွေတော်မျိုးတော်၊ မှူးတော် မတ်တော် ခြံရံလျက် ထွက်စံတော် မူ၍ ရာဇသံ ရွှေပေစာကို ဖတ်လျှောက်စေသည်။

ပြည်ထောင်ချင်း မင်းနှစ်ပါး ဘဝ အဆက်ဆက် မဟာမိတ် ဖြစ်ဖူးကြ၍ ယခု မဟာမိတ် ဖြစ်ကြရသည်။ မဟာမိတ် ဖြစ်ကြလျှင် တဦးကျေးဇူးကို တဦး ခံကြရမည် ဖြစ်သည်။

အကြည်တော်က ကိုးကွယ်စေလို၍ ဆက်လိုက်သည့် အာဘဿရ ဗြဟ္မာရုပ် ကိုလည်း ရွှေနန်းတော် ဦးကင်၌ တန်ဆောင်း ပြသာဒ်များ နှင့် ရွှေငွေ ခြယ်လှယ်၍ ကောင်းမွန် လျောက်ပတ်အောင် ထားပါသည်။

လောက သုံးပါးတွင် အတု မရှိသော ဗုဒ္ဓ သာသနာတော်ကို မြန်မာမင်းက မပြတ်ချီးမြှင့် ပြုစုတော်မူသည့် အကျိုးဆက် ကိုလည်း နောင်တော် ဦးတည်မင်းက သာဓု ခေါ်စေချင်သည်။

ကိုင်းမား စော်ဘွားသားသည် တရုတ် သံကြီး အဖြစ် ပီကင်း မြို့တော်သို့ ပြန်ချိန်တွင် မြန်မာသံဖက် အဖြစ် အမတ် နေမျိုး ရွှေတောင် နှင့် ဝေလုသာရ တို့ကို ခန့်အပ်လိုက်ပါစေသည်။

ဆင်လေးစီး၊ ဆင်စွယ် အချိန် ၁၀၀၊ ပတ္တမြားစီ ဆင်စွယ်ခမောက် ၁၊ ပတ္တမြား လက်စွပ် ၃၊ မိုးပြေးကျောက်ချိန် ၁၊ သက္ကလတ်ကပ် ရောင်စုံ ၃၊ သရက်ထည်အုပ် ၁၀၊ နံ့သာဖြူနီချိန် ၂၀၊ ကွမ်းအစ်ကြီး ၄၊ ကွမ်းအစ်ငယ် ၅၀၊ ရွှေဆိုင်း ၁၀၀၊ ငွေဆိုင်း ၁၀၀၊ လက်ဆောင်တော်များ နှင့် စေလိုက်သည်။

သံတို့ မရှည်မကြာ ပြန်လာပါစေ။ သံတို့ရောက်လျှင် အကြည်တော်နှင့် တွေ့သကဲ့သို့ ရှိပါမည်။

(ဂ) ၁၁၅၈ ခု ဥတည်ဘွား ထံမှ

အမွှေးနံ့သာတို့ဖြင့် ထုံသော ဆီမီး ၁၀၀၀ ကြောင့် မှိတ်မှောင်ပြောင် သကဲ့သို့-

ညဉ့်သုံးယံမှ လွန်၍ နံနက် မိုးသောက် ရောင်ဖြူ လာအချိန်၌ အလင်းကို ရသကဲ့သို့-

တိုင်းပြည် သတ္တဝါတို့၏ အရေးကို မျှော်တွေး၍ ကောင်းသော အကြံဖြင့် ချင့်မျှော်မိသည်မှာ-

ကမ္ဘာဦးက အစ ရှေးဥတည်မင်းတို့ အသက်အရွယ် ကြီးရင့်လျှင် သားကို ထီးနန်း လွှဲမည် အကြံ ရှိပါသည်။

ဘိုးဘေး အဆက်အနွယ်တွင်လည်း အဘ မရှိသည့်နောက် မင်းပြုထိုက်သော သားကို ရေးသား၍ မျက်နှာကြက် ပေါ်တွင် ထားခဲ့သည်။

ထိုစနစ် အရ အဘိုး ခံရှိန်မင်း၊ နန်းစံ ၁၆ နှစ်။ အဘ (ရုံးစည်းမင်း) နန်းစံ ၁၃ နှစ် နေရသည်။

ကျွန်ုပ်မှာ သိကြား အစရှိသော နတ်အပေါင်းတို့ ညီညာ စောင်မသောကြောင့် နန်းစံ ၁၆ နှစ်၊ အသက် ၈၆ နှစ် ရှိချေပြီ။ မျက်စိ သီခြင်း၊ နားပင်းခြင်း အလျင်း မရှိဘဲ ပကတိ ခွန်အားနှင့် ပြည့်စုံပေသည်။

သို့သော် အိုမင်းပြီ ဖြစ်၍ သားကြီး “လူရဲ” ကို မင်းပြုစိမ့်မည် မှန်းထားသည်တွင် ထိုသား ဘဝ ပြောင်းလဲသည်။

ထို့ကြောင့် သားလတ် “ရှီဝူရဲ” ကို တပေါင်း လဆန်း ၁ ရက်နေ့ နဂါး နေ့ရက်အခါ ဗေဒင်ကျမ်း အရ “ကြားစည်” မင်းဘွဲ့နှင့် မင်းပြုစိမ့်မည်။

ရှီဝူရဲ လည်း သာမည မဟုတ်ပါ။ တိုင်းရေး ပြည်ရေး အမှု ကြီးငယ်ကို ရွက်ဆောင်နိုင်ပါသည်။

ပြည်ကြီး ၂ ပြည်၊ ရွှေ ၂ ပြားကို ၁ ပြားတည်း ကဲ့သို့ သားစဉ်မြေးဆက် ရာဇ မဟာမိတ်ဖွဲ့ ရှိကြပါသည်။ သို့ပါ၍ နန်းတက်သူ ရှီဝူရဲ ကို ညီရင်းသားတို့ ကဲ့သို့ မှတ်ထင်တော်မူ၍ စောင် မ စ ကြည့်ရှုတော်မူပါ။

(ဃ) ၁၁၈၅ ခု မြန်မာမင်း၏ ပြန်ကြားလွှာ

မြန်မာပြည် နှင့် ဥတည်ဘွား ပြည်သည် ဂင်္ဂါရေ နှင့် ယမုံနာရေ ကဲ့သို့ မင်းဧကရာဇ်ချင်း ရာဇ မဟာမိတ် ဖြစ်ကြ၍ မခြားမနား ဖြစ်သည်။

သံသရာ အဆက်ဆက်၌လည်း ယခုဘဝ ကဲ့သို့ မေတ္တာမပျက်၊ ကျေးဇူး ပြုကြမည်ဟု နေ့ည မပြတ် ဆုပတ္ထနာသည်။

သဘာဝ ဓမ္မတာအားဖြင့် မင်းဧကရာဇ်တို့ အသက်အရွယ် တန်၍ သတော် ရှီဝူရဲ ကို ထီးနန်း လွှဲအပ်မည် ရှိရာ မဟာမိတ် ဖြစ်ကြသည့် အတိုင်း ညီရင်း သားရင်း ကဲ့သို့ ကြည့်ရှု မ စ မည် ဖြစ်ကြောင်း ဆွေမျိုးရင်းချာ ဖြစ်သည်နှင့် အညီ ပြန်ကြား အပ်ပါသည်။ ။

(သောင်းပြောင်းထွေလာ၊ ဧပြီ၊ ၁၉၈၅)
(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါးကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ရာပြည့် စာပေက ထုတ်ဝေသော “သောင်းပြောင်းထွေလာ ညိုမြ စာများ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)

]]>
မဲရုံကို သွားကြစို့ https://burma.irrawaddy.com/cartoon/2025/10/06/406504.html Mon, 06 Oct 2025 03:26:42 +0000 https://burma.irrawaddy.com/?p=406504 ကာတွန်း]]>

ကာတွန်း

မဲရုံကို သွားကြစို့ (ကာတွန်း-ညိုမြ/ဧရာဝတီ)

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ပေါက်ဖော်ဝမ်စွေ့ ချစ်ကြည်ငွေ့ https://burma.irrawaddy.com/article/2025/10/04/406435.html Sat, 04 Oct 2025 01:30:45 +0000 https://burma.irrawaddy.com/?p=406435 နှစ်နိုင်ငံ ဆက်ဆံရေးမှာ မိမိနိုင်ငံကချည်း အပေါ်စီး ရရေးကို ရှေးမရှုဘဲ မဟာမိတ်ကောင်း ပီသစွာ အကျိုးတူ ပေါင်းသင်း ဆက်ဆံ၍ နှစ်ကိုယ့် တစိတ်လို သဘောထားသင့်ကြောင်းလည်း…]]>

တရုတ် မြန်မာ၊ မိတ်မဟာဖြင့်
တက္ခာသီချင်း၊ မင်းနှင့် ထီးစည်
“နှစ်ပြည့် တကိုယ်” ၊ ကြံ့ချို ငေါက်လောက်
မပေါက်ထွေပြား၊ ရွှေတံတားဟု…

နဝဒေး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါးက ကုန်းဘောင်ခေတ်၊ ဘကြီးတော်မင်း လက်ထက်မှာ တရုတ် သံရောက် မော်ကွန်း ကို နဝဒေး ဘွဲ့ရ အမတ်ကြီး ဆားတောင် ဦးနု က ဖွဲ့ဆိုပေတယ်။

သူ့မော်ကွန်းလာ အထက်ပါ အဖွဲ့အနွဲ့များဟာ အမြဲတမ်း စိမ်းစို လတ်ဆတ်နေသလို ရှိပေတယ်။

ယခု မတ်လဆန်းမှာ မြန်မာပြည်သို့ ချစ်ကြည်ရေး အလည်အပတ် ရောက်ရှိခဲ့တဲ့ တရုတ်ပြည် သမ္မတကြီး လီရှင်နင့်ကို ခေတ်သစ် မြန်မာ ကဗျာဆရာ တဦးက လက်ငင်း ကြိုဆို ဂုဏ်ပြုတာများလို့ အောက်မေ့ မှတ်ထင်ရပါတယ်။

တရုတ်နှင့် မြန်မာတို့ မဟာမိတ် အဖြစ်နှင့် ရွှေလမ်း ငွေလမ်း ဖောက်ကြပုံများဟာ ယခုမှ မဟုတ်ဘဲ ခေတ် အဆက်ဆက် ဖြစ်ခဲ့ပေတယ်။

ကျက်သရေ မင်္ဂလာ အပေါင်းတို့နှင့် ပြည့်စုံတဲ့ “တရုတ်စကား” ပန်းပင်ကြီးကို ဝေဝေဆာဆာ ဖူးပွင့်စေဖို့ မြန်မာတို့ သွန်းလောင်းတဲ့ မေတ္တာရေနဲ့ လုံ့လ စေတနာတို့ကို ပညာရှိ နဝဒေး က သူ့ခေတ် အတွက်သာ မက ယခုခေတ်မှာ ပေါက်ဖွားတဲ့ မြန်မာ တိုင်းရင်းသား အားလုံးပဲ ထောက်ခံ အားပေးနိုင်လောက်အောင် ဖော်ပြ သီကုံးနိုင်စွမ်း ရှိပါပေတယ်။

မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်မှာ တရုတ်ပြည်ကြီးမှ “တောက်ကွန်” ဥတည်မင်း ရဲ့ သံတမန်များ ရတနာပူရ အင်းဝမြို့သို့ ဆိုက်ရောက်ခဲ့ကြတယ်။

မြန်မာ သေနာပတိကြီး တဦးဖြစ်တဲ့ ဝက်မစွပ်မြို့စား နဝဒေးကြီးဟာ သံတမန်ကြီးများကို ကြိုဆိုရာမှာရော၊ ဧည့်ခံရာမှာရော၊ တိုင်ပင် နှီးနှောကြရာမှာရော အတွင်းကျကျ ပါဝင်ခဲ့သူ ဖြစ်တယ်။

နောက်ပြီး အင်းဝ နန်းတော်မှာလည်း သူက တော်ဝင် စာဆိုတော်ကြီး (Poet Laureate) ဖြစ်နေပေတယ်။

ဒါကြောင့်ပဲ “မင်္ဂလာဇေယျံ” အစချီတဲ့ “တရုတ် သံရောက် မော်ကွန်း” မှာ တရုတ်နှင့် မြန်မာတို့ နှစ်ပြည့် တပြည် ရွှေလမ်း ငွေလမ်း ဖောက်ရာ အောင်မြင်ခဲ့ပုံများကို သူကိုယ်တိုင် မှတ်တမ်းတင်ထားခဲ့ခြင်း ပေပဲ။

နဝဒေးကြီးဟာ ငယ်စဉ် ဘုန်းကြီးကျောင်းသား ဘဝမှ စပြီး စာပေ အစွမ်းအစများ ထင်ရှားခဲ့တယ်။

အဲဒါကို တွင်းသင်းမင်းကြီး ဦးထွန်းညို က မြေတောင် မြှောက်ပေးခဲ့လို့ ဘိုးတော်မင်းတရားကြီးက သူ့ကို ခေါ်ယူ သူကောင်းပြုခဲ့ပေတယ်။

တွင်းသင်းမင်းကြီး အိုမင်း မစွမ်း ရှိချိန်မှာ ဘိုးတော်ဘုရားက များစွာ စိုးရိမ်သောက ဖြစ်ရှာတယ်။

“ဆရာကြီး မျက်နှာလွှဲခဲ့သော် မည်သူ့ကို အားကိုးရမည်လဲ” လို့ ရှင်ဘုရင်ကိုယ်တိုင် အားငယ်ပုံကို မြည်တမ်း မိတယ်။

ဒီတော့ တွင်းသင်းမင်းကြီးက “ဆားတောင် ဆားလည်း ငန်ပါတယ်” လို့ ပညာရှိ စကားကို မှတ်လောက် သားလောက် မှာကြားခဲ့ပေတယ်။

ဒါကြောင့်လည်း ဝက်ပစွပ် မင်းကြီး ဦးနု ဟာ မင်းအဆက်ဆက် သီပေါမင်း ပါတော်မူသည် အထိ နန်းတွင်း စာဆိုတော်ကြီး အဖြစ် အသုံးတော် ခံခဲ့ပေတယ်။

မိတ်ဆွေဇမ္ဗူ၊ စဉ်စူစိုးအုပ်
တရုတ် မြန်မာ၊ မင်းတို့မှာလျှင်
ကမ္ဘာရှည်မြေ့၊ မြေမရွေ့သို့
နှုတ်တွေ့ခွန်းသေ၊ ထွန်းစိမ့်စေဟု
ကျက်သရေသွင်းနိုး၊ စာရင်းထိုးသည်
ဆွေမျိုးဆက်စဉ် နိဒါန်းတည်း…။

နဝဒေးကြီးက တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ရေး အဓိဌာန်ပြုရာမှာ အထက်ပါ အတိုင်း မဟာပထဝီ မြေကြီးကို တိုင်တည်သလို ဖြစ်ပါတယ်။

ဗုဒ္ဓ ယဉ်ကျေးမှုကို အမွေခံယူသူ တရုတ်ကြီးများ အနေနှင့် ဝသုန္ဒြေ ရဲ့ သစ္စာပြုခန်းကို သတိရရှိမည် မလွဲပါ။

တရုတ် နှင့် မြန်မာနိုင်ငံ တို့ဟာ ကျောခိုင်းနံစပ် တည်ရှိနေကြလို့မို့ နယ်ခြား အရေးအခင်းများ ပေါ်ပေါက်ချိန်မှာ နှစ်နိုင်ငံ တိုင်ပင်ပြီး တရုတ်-မြန်မာ လက်တွဲ ဆောင်ရွက်ခဲ့ပုံများကို မော်ကွန်း အပိုဒ် (၄၃) မှာ အောက်ပါ အတိုင်း ဖော်ပြထား ပါတယ်။

ပြည်ကြီးနှစ်တိုင်း၊ နယ်ကျောခိုင်းဘိ
ခြားပိုင်းစိုးသီး၊ ဆက်စဉ်မှီးသား
ကျိုင်းရုံးကြီးစား၊ သေဉ်ဝီဘွားတို့
မြောသားမျိုးရင်း၊ မဟာဝင်းကို
နှုန်းတွင်းထွေငေါ်၊ ရွှေဉာဏ်မြော်၍
ဘိုးတော်ဘုရား၊ ဖဝါးတော်ကျွန်
မှန်မလွန်ဟု၊ ပြည်စွန်ပိုင်အုပ်
ပြိုင်တချုပ်ဖြင့်၊ တရုတ် လက်ယာ
မြန်မာ လက်ဝဲ၊ တွဲစေလက်ငင်
ဟော်နန်းတင်၏။

မြန်မာ ဘုရင်များ လက်ထက်မှာ တရုတ်-မြန်မာ နယ်စပ်ရှိ ကျိုင်းရုံးကြီး နှင့် ကျိုင်းရုံးကလေး နယ်ပယ်များဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာပိုင်နက်များ ဖြစ်ခဲ့ပေတယ်။

အဲဒီ နယ်ပယ်များကို မြန်မာတို့က “လူး ၁၂ ပန္နားနယ်” လို့ ခေါ်ဆိုလေ့ ရှိတယ်။

ရှမ်း နှင့် ယိုးဒယား တို့ကတော့ “စပ်စုံ ပန္နား” လို့ ခေါ်ကြတယ်။

အဓိပ္ပာယ်ကတော့ မြန်မာ ပြည်တွင်းမှာ ကျောက်ဆည်နယ်ကို “လယ်တွင်း ၉ ခရိုင်” လို့ ခေါ်ဆိုသလိုပါပဲ။ “လယ်တွင်း ၁၂ ခရိုင်” နယ်မြေပေါ့။

အင်္ဂလိပ်မင်းများ လက်ထက်မှာ ကျိုင်းရုံးကြီးကို တရုတ်သို့ လက်ဆောင် အဖြစ် လွှဲပြောင်းပေးတယ်။ ကျိုင်းရုံးကလေး ကိုတော့ ယိုးဒယားကို ပေးတယ်။

နဝဒေးကြီးက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပတ်သက်လို့ ထုံးဟောင်း သာဓက တခု အနေနှင့် သူ့မော်ကွန်းမှာ တင်ပြချက်ကတော့ နယ်စပ် နယ်မြေမှာ နေထိုင်သူများ တည်ငြိမ်အေးချမ်း ရှိစေအောင် ကျိုင်းရုံးကြီးဟာ မြန်မာနယ် ဖြစ်သော်လည်း အဲဒီနယ်စား စော်ဘွားကို ဟော်နန်း တင်ရာမှာ တရုတ်နှင့် မြန်မာတို့ လက်တွဲ ရွက်ဆောင် ပေးခဲ့ကြ ပါသတဲ့။

အိမ်နီးချင်း အနေနှင့် မြန်မာက အဲသလို လိုက်လျောခဲ့တယ်။

ဝက်မစွပ် မြို့စား စာဆို နဝဒေး / Wikipedia

အင်းဝ နေပြည်တော်မှာ တရုတ် သံများ ရောက်ရှိချိန်မှာ မြန်မာ သံမှူး “နေမျိုးမင်းလှ” က နယ်စပ်မှာ တို့မီး ရှို့မီး လုပ်နေတဲ့ “မဟာနွဲ့” ကိစ္စကိုလည်း ဆွေးနွေးပွဲမှာ တင်ပြဟန် ရှိပါတယ်။

နဝဒေးက မော်ကွန်း အပိုဒ် ၆ မှာ ဖော်ပြပုံက-

မဟာနွဲ့ငယ်၊ ပျက်ပြယ်ချောစား
ပျားမျှတပေါက်၊ ပြည်မရှောက်ဟု
မအောက်မေ့တန်၊ အကြောင်းဟန်ကို
တဖန်ကျွန်ယုံ၊ ဆိုမောလွန်စွ…

ပြည်ထဲရေးမှာ မီးနှယ် မွှေးခဲ့သော မဟာနွဲ့ အရေးမှာ ပျားတစက်နှင့် တူတဲ့ မဟာနွဲ့ကြောင့် ပြည်ထဲရေး မပျက်သင့်ကြောင်း ဆိုလိုပါတယ်။

အခါကာလ အားလျော်စွာ နယ်စပ်မှာ နှစ်ပြည်ထောင် ချစ်ကြည်ရေး ပျက်ပြားအောင် တို့မီး ရှို့မီး လုပ်တတ်တဲ့ လူဆိုး လူရှုပ်များလည်း ရှိတတ်တာကို သတိပြုဖို့ လိုပါတယ်တဲ့။

နှစ်နိုင်ငံ ဆက်ဆံရေးမှာ မိမိနိုင်ငံကချည်း အပေါ်စီး ရရေးကို ရှေးမရှုဘဲ မဟာမိတ်ကောင်း ပီသစွာ အကျိုးတူ ပေါင်းသင်း ဆက်ဆံ၍ နှစ်ကိုယ့် တစိတ်လို သဘောထားသင့်ကြောင်းလည်း တင်ပြတယ်။

သူ့မှာစီးပွား၊ သီးခြားမချွတ်
တို့မှညွှတ်လျက်၊ မင်းဝတ်စိုးလို
နှစ်ကိုယ့်တစိတ်၊ ဆွေမိတ်ဖွဲ့နှောင်
ကျော်အောင်ပြည်ထဲ၊ မည်မစဲလိမ့်…

မြန်မာ သဘောထားကိုသာ မက တရုတ်ဘက်မှ ထားရှိတဲ့ စိတ်ထားကိုလည်း နဝဒေး က ဖွဲ့ဆို ဖော်ပြပါတယ်။

စည်ပြီးဖြီးခိုင်၊ ခရိုင်တွက်ဖွဲ့
တဆယ့်သုံးသိန်း၊ အကိန်းရေတွက်
မြို့ကျေးလက်ဖြင့်၊ တရက်သနင်း
တရုတ်မင်းလျှင်၊ ထီးစင်းနှစ်ပြည်
မကြည်ရေမြေ၊ မီးမသေသည့်
မိတ်ဆွေတော်ချစ်၊ ဖြစ်၍ဆက်ကာ
စကြာဘက်ယမ်း၊ မှုတော်ထမ်းအံ့…

နှစ်ပြည်ထောင် ဆက်ဆံရေး ကောင်းမွန်စေရာ၌ “မီးမသေ ရေမနောက်” ဟူသော ရှေးထုံးအရလည်း တရုတ်တို့က ကျင့်သုံး လိုသည်။

မြန်မာတို့ ဘက်မှလည်း-

ရွှေလမ်းငွေလမ်း၊ ဆိပ်ကမ်းဘဏ္ဍာ
ကလျာဏဆွေ၊ ရေမကြည်မိတ်
မီးမဆိတ်တည့်…
ဟူ၍ လည်းကောင်း။
ကြွယ်ဝချမ်းကြည်၊ နေ့တိုင်းစည်၍
မြန်ပြည်သပြေ၊ မိုးစိမ့်စေ…

ဟူ၍ လည်းကောင်း တိုင်းပြည် ငြိမ်းချမ်းသာယာရေးများကို ရှေးရှုကြောင်း ထင်ရှားစေပေတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရေးကို သရုပ်ဖော်ရာမှာ “နဝဒေးမူ” ဟာ အထက်ပါ အတိုင်းပါပဲ။ အင်မတန် ရှင်းလင်း သိမ်မွေ့ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးမှာ ယခုတိုင် မှတ်သား အတုယူလောက် ပါပေတယ်။

“တရုတ် သံရောက် မော်ကွန်း” ကို ရေးရာမှာ နဝဒေး က ရာဇဝင် သမိုင်းကို နောက်ကျောခံထားတယ်။

ထုံးစံအတိုင်း မြန်မာ ဘုရင် ဘုန်းတော်ဘွဲ့လည်း ပါရှိရမည် ဖြစ်ရာ၊ နဝဒေး က မင်းခမ်းမင်းနားများ ကြီးကျယ် ခမ်းနားပုံကို ထုတ်ဖော် အမွှမ်းတင်ပေးခြင်း အားဖြင့် အိန္ဒြေရသည်ဟု ဆိုရပေမယ်။

မဟာမိတ်ကောင်း သဖွယ် မြန်မာဘုရင်က ဆက်ဆံပုံကိုလည်း ထင်ရှားစေတယ်။

မြန်မာ ဘုရင်က တရုတ် သံများ အတွက် အင်မတန် ကြီးကျယ်တဲ့ လှေပြိုင်ပွဲကြီးကို ဧရာဝတီ မြစ်ထဲမှာ ခင်းကျင်း ဧည့်ခံတယ်။

နေပြည်တော်မှာ တလကြာ ပြုစုပြီး သူတို့ အပြန်မှာ နေမျိုးမင်းလှ ခေါင်းဆောင်တဲ့ မြန်မာအဖွဲ့ကို သံဘက် ခန့်အပ်ပြီး ပီကင်း မြို့တော်ကို လိုက်ပါစေတယ်။

၁၁၈၅ ခုမှာ တရုတ် နေပြည်တော်ကို ဆိုက်ရောက်တယ်။ တရုတ် ဧကရာဇ် တောက်ကွန် ဥတည်ဘွား က မြန်မာ သံများကို တနှစ်နီးပါး ဧည့်ခံပြုစုပြီး အဆန်းတကျယ် မီးရှှုးမီးပန်းပွဲကြီး ရှိှု့လွှတ် ပြသပေးတယ်။

ဘကြီးတော်မင်း ခေတ်မှာ နဝဒေးကြီးက မော်ကွန်း ၁၂ ဆူ ရေးသား သီကုံးခဲ့တယ်။

“တရုတ် သံရောက် မော်ကွန်း” ကို ၁၁၆၈ ခုနှစ်မှာ ရေးဖွဲ့ ပြီးစီးပါတယ်။ ။

ဆက်လက် ဖော်ပြပါမယ်။

(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါးကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ရာပြည့် စာပေက ထုတ်ဝေသော “သောင်းပြောင်းထွေလာ ညိုမြ စာများ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)

]]>
ကယ်တင်ရှင် နတ်သမီး https://burma.irrawaddy.com/cartoon/2025/09/01/405195.html Mon, 01 Sep 2025 02:20:40 +0000 https://burma.irrawaddy.com/?p=405195 ကာတွန်း]]>

ကာတွန်း

ကယ်တင်ရှင် နတ်သမီး (ကာတွန်း-ညိုမြ/ဧရာဝတီ)

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
ဆက်ရန် ရှိသည်၊ မျှော် https://burma.irrawaddy.com/cartoon/2025/07/31/404026.html Thu, 31 Jul 2025 08:19:20 +0000 https://burma.irrawaddy.com/?p=404026 ကာတွန်း]]>

ကာတွန်း

ဆက်ရန် ရှိသည်၊ မျှော် (ကာတွန်း-ညိုမြ/ဧရာဝတီ)

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
မေးခွန်းသတ်ပြီ https://burma.irrawaddy.com/cartoon/2025/06/12/402075.html Thu, 12 Jun 2025 05:36:27 +0000 https://burma.irrawaddy.com/?p=402075 ကာတွန်း]]>

ကာတွန်း

မေးခွန်းသတ်ပြီ (ကာတွန်း-ညိုမြ/ဧရာဝတီ)

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

]]>
မဲမပေးနိုင်မှာ စိုးရိမ်ရတယ် https://burma.irrawaddy.com/cartoon/2025/05/23/401247.html Fri, 23 May 2025 03:23:10 +0000 https://burma.irrawaddy.com/?p=401247 (ကာတွန်း - ညိုမြ/ဧရာဝတီ)]]>

ကာတွန်း

မဲမပေးနိုင်မှာ စိုးရိမ်ရတယ် (ကာတွန်း – ညိုမြ/ဧရာဝတီ)

———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>
သိကြားမင်း ပြန်တက် https://burma.irrawaddy.com/cartoon/2025/04/17/399931.html Thu, 17 Apr 2025 01:53:49 +0000 https://burma.irrawaddy.com/?p=399931 (ကာတွန်း- ညိုမြ/ဧရာဝတီ)]]>

ကာတွန်း

သိကြားမင်း ပြန်တက် (ကာတွန်း- ညိုမြ/ဧရာဝတီ)
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>
အာစရိယဂုဏော အနန္တော https://burma.irrawaddy.com/cartoon/2025/03/27/399047.html Thu, 27 Mar 2025 05:29:31 +0000 https://burma.irrawaddy.com/?p=399047 (ကာတွန်း-ညိုမြ/ဧရာဝတီ)]]>

ကာတွန်း

အာစရိယဂုဏော အနန္တော (ကာတွန်း-ညိုမြ/ဧရာဝတီ)

———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>