Will Jackson, Author at ဧရာဝတီ https://burma.irrawaddy.com/author/will-jackson Covering Burma and Southeast Asia Mon, 29 Sep 2025 03:01:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Will Jackson, Author at ဧရာဝတီ https://burma.irrawaddy.com/author/will-jackson 32 32 မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ https://burma.irrawaddy.com/article/2025/09/27/406205.html Sat, 27 Sep 2025 06:47:45 +0000 https://burma.irrawaddy.com/?p=406205 နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။]]>

မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် အထင်ကရ သရုပ်ဆောင်အဖြစ် အသိအမှတ်ပြုထားသူ ဇင်ဝိုင်းသည် ယခုတလော ပြင်ပသို့ သွားခဲလှသည်။

စစ်အုပ်စုကို နှစ်ပေါင်းများစွာ ဝေဖန်ခဲ့သူ ဇင်ဝိုင်းသည် သူ၏လှုပ်ရှားမှုများအတွက် ထောင် နှစ်ကြိမ်ကျဖူးပြီး ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတွင် မြန်မာစစ်အုပ်စုက သူ၏ နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းခဲ့သောကြောင့် သူသည် နိုင်ငံမဲ့ ဖြစ်နေသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် သူ့ကို သိရှိပြီး အာဏာပိုင်များသို့ သတင်းပို့မည့် စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်ရသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် သူ့ကို သိရှိပြီး အာဏာပိုင်များသို့ သတင်းပို့မည့် စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်ရသည်။

“မကြာသေးခင်က မြန်မာတွေ ဒီပတ်ဝန်းကျင်ကို အများကြီးရောက်လာလို့ ဘယ်သူက ဘယ်သူလဲဆိုတာ သိဖို့ မဖြစ်နိုင်တော့ဘူး” ဟု ABC သတင်းဌာနသို့ သူကပြောသည်။

“လုံးဝ လိုအပ်မှ ကျနော် အပြင်ထွက်တယ်။ ဒါပေမဲ့ အိမ်မှာနေတာတောင် လုံခြုံတယ်လို့ မခံစားရဘူး” ဟု ဇင်ဝိုင်းက ပြောသည်။

ဇင်ဝိုင်းသည် ၁၉၈၀ ကာလများမှစ၍ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းများတွင် သရုပ်ဆောင်ခဲ့သည်

နိုင်ငံသားဖြစ်ခွင့်ကို လက်နက်အဖြစ် အသုံးပြုခြင်း

မြန်မာဗိုလ်ချုပ်များသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချခဲ့ပြီး နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး စစ်အုပ်စုသည် လူထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ သောင်းနှင့်ချီ ထောင်ချပြီး နိုင်ငံရေး အတိုက်အခံများကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်သည်။

နိုင်ငံသားဖြစ်ခွင့်သည် ၎င်းတို့၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

နိုင်ငံသားဖြစ်ခွင့်သည် ၎င်းတို့၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ထိုသူများသည် လက်ရှိဥပဒေများကို ချိုးဖောက်ကာ နိုင်ငံမှ တရားမဝင် ထွက်ခွာပြီး မြန်မာ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် လုပ်ရပ်များ ကျူးလွန်သည်ဟု စစ်အုပ်စုက အကြောင်းပြသည်။

စစ်အုပ်စုသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မတခုကို အသုံးပြုနေသည်ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာနိုင်ငံဆိုင်ရာဝါရင့်အကြံပေး ရစ်ချတ်ဟော်ဆေးက ပြောသည်။

“ပစ်မှတ်ထားခံရတဲ့သူတွေက ပြည်ပကို ထွက်ပြေးပြီး သူတို့ရဲ့ မြန်မာစာရွက်စာတမ်း အထောက်အထားတွေက ဖျက်သိမ်းခံရလို့ ခရီးသွားလာဖို့ တတိယနိုင်ငံကူးလက်မှတ်ကိုပဲ အားကိုးရတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတွင် လူသိအများဆုံး သရုပ်ဆောင်၊ တေးသံရှင်နှင့် အနုပညာသမား ၁၃ ဦးအနက် တဦးဖြစ်သော ဇင်ဝိုင်းသည် ယခုနှစ် ဇွန်လ ထိုစာရင်းတွင် ပါဝင်လာသည်။

ထပ်ဆင့်အကယ်ဒမီရပြီး မြန်မာရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှစ်ကြိမ်လုပ်ခဲ့သူ ဇင်ဝိုင်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကတည်းက စစ်တပ်ကို ဝေဖန်သူဖြစ်ပြီး ထိုစဉ်က ထောင်တနှစ်ချခံရသည်။

ထပ်ဆင့်အကယ်ဒမီရပြီး မြန်မာရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှစ်ကြိမ်လုပ်ခဲ့သူ ဇင်ဝိုင်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကတည်းက စစ်တပ်ကို ဝေဖန်သူဖြစ်ပြီး ထိုစဉ်က ထောင်တနှစ်ချခံရသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများကြောင့် ထောင်ထပ်မံချခံရပြီးနောက် ထပ်မံဆန္ဒမပြရန် ကတိလက်မှတ်ရေးထိုးရပြီး နေအိမ်တွင် အကျယ်ချုပ်ခံရသည်။

သူ၏ သားဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်း၏ နိုင်ငံရေးလှုပ်ရှားမှုများအတွက် သူနှင့်သူ့မိသားစုကို စစ်အုပ်စုက ဆက်လက်ခြိမ်းခြောက်ပြီး ဇနီး ဒေါ်ခင်နွယ်နွယ်ထွန်းနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကာ သူ့သားနှင့် ဒီမိုကရေစီကွန်ရက်၏ ထောက်ပံ့မှုကို မှီခိုရသည်။

မြန်မာသို့ အတင်းအကျပ် ပြန်ပို့ခံရပါက သူ့အတွက် အကောင်းဆုံး မျှော်လင့်နိုင်သည့် အရာမှာ ထောင်နှစ်ပေါင်းများစွာနှင့် ညှဉ်းပန်းနှိပ်စက်မှုများသာဖြစ်သည်ဟု ဇင်ဝိုင်းက ပြောသည်။

“ဖြစ်နိုင်ခြေအများဆုံးက ကျနော် အသတ်ခံမှာပဲ။ ပြည်တွင်းမှာ နေတုန်းကတောင် ကျနော်တို့ တမိသားစုလုံးကို အန္တရာယ်ပေးမယ်လို့ သူတို့ ခြိမ်းခြောက်တယ်” ဟု သူက ပြောသည်။

စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကပင် နိုင်ငံရေးအတိုက်အခံများကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းသည့် သမိုင်းရှိသည်။

စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကပင် နိုင်ငံရေးအတိုက်အခံများကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းသည့် သမိုင်းရှိသည်။

ရိုဟင်ဂျာ လူနည်းစုသည်လည်း နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသည်မှာ ကာလကြာမြင့်ပြီး ထိုသူများကို မြန်မာနိုင်ငံတွင်ပင် နိုင်ငံမဲ့ ဖြစ်စေသည်။

ဝေဖန်သူများကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းမှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်သူများအား အထီးကျန်ထား ဖိနှိပ်ရန် စစ်အုပ်စု၏ ကြိုးစားမှုဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ အာရှသုတေသီ မစ္စ ရှေနာ ဘော့ချနာက ပြောသည်။

“လူတွေအများကြီး နိုင်ငံက ထွက်ပြေးတာနဲ့အတူ စစ်အုပ်စုဟာ မြန်မာ ပြင်ပက အတိုက်အခံ လှုပ်ရှားမှုကို ဖြိုခွဲဖို့ နည်းလမ်းတွေ ပိုမိုရှာနေတယ်” ဟု မစ္စ ဘော့ချနာက ပြောသည်။

“လွတ်လပ်စွာပြောဆိုခွင့် ဒါမှမဟုတ် နိုင်ငံရေးကြောင့် နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ပစ်မှတ်ထားခံရသူတွေဟာ နိုင်ငံမဲ့ဖြစ်ပြီး အလုပ်မလုပ်နိုင်၊ ပညာမသင်နိုင် ဒါမှမဟုတ် လွတ်လွတ်လပ်လပ် မသွားနိုင်တဲ့အန္တရာယ် ကျရောက်စေတယ်” ဟုလည်း ၎င်းကပြောသည်။

“သူတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်မှုရှိပေမဲ့ သန်းပေါင်းများစွာဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လွတ်လပ်ဒီမိုကရေစီရှိတဲ့ မြန်မာ့ အနာဂတ်အတွက် စစ်အုပ်စုကို ဆက်လက် ဆန့်ကျင်နေကြတယ်” ဟု မစ္စ ဘော့ချနာက ပြောသည်။

စစ်အုပ်စုက နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်း သို့မဟုတ် သက်တမ်းတိုးမပေးခြင်းသည် ပိုမို ကျယ်ပြန့်လာကြောင်း မစ္စတာ ဟော်ဆေးက ထောက်ပြသည်။

“ဒီလိုလုပ်တာဟာ မြန်မာက ထွက်ပြေးလာသူ အများအပြား ဒါမှမဟုတ် စစ်အာဏာသိမ်းတဲ့အချိန် ပြည်ပမှာ ရောက်နေသူတွေကို အန္တရာယ်ဖြစ်စေတယ်။ ခရီးသွားလို့ မရတော့ဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု ဖြစ်စေပြီး တခါတခါ မြန်မာကို ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ပြီး မြန်မာမှာ ပြင်းထန်တဲ့ လက်စားချေမှု ခံရစေတယ်”

“ဒီလိုလုပ်တာဟာ မြန်မာက ထွက်ပြေးလာသူ အများအပြား ဒါမှမဟုတ် စစ်အာဏာသိမ်းတဲ့အချိန် ပြည်ပမှာ ရောက်နေသူတွေကို အန္တရာယ်ဖြစ်စေတယ်။ ခရီးသွားလို့ မရတော့ဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု ဖြစ်စေပြီး တခါတခါ မြန်မာကို ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ပြီး မြန်မာမှာ ပြင်းထန်တဲ့ လက်စားချေမှု ခံရစေတယ်” ဟု ၎င်းကပြောသည်။

အဆိုတော်နှင့် တက်ကြွလှုပ်ရှားသူ ဖြူဖြူကျော်သိန်း

မြန်မာ လေဒီဂါဂါ

အဆိုတော် ဖြူဖြူကျော်သိန်းသည် ဇွန်လတွင် နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရသည့် ထင်ရှားကျော်ကြားသူ ၁၃ ဦးအနက် တဦးဖြစ်သည်။

သူ၏ ထူးဆန်းသော စင်ပေါ်ဝတ်စုံများနှင့် မျက်နှာဖုံးများကြောင့် လူသိများပြီး သူသည် မြန်မာလေဒီဂါဂါဟု အချို့က ဖော်ပြကြသည်။

ဖြူဖြူကျော်သိန်းသည် နိုင်ငံရေးနှင့် လူမှုရေး ပြဿနာများကို ဝေဖန်ပြောကြားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး စစ်အာဏာမသိမ်းမီကပင် စစ်အုပ်စုက ပစ်မှတ်ထားခံရသူဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်နီးပါးခန့် စစ်အာဏာသိမ်းပြီး နိုင်ငံတွင် သွေးချောင်းစီးသည့် ပြည်တွင်းစစ်ဖြစ်ကာ စစ်အုပ်စုကို နိုင်ငံတကာတွင် အထီးကျန်ဖြစ်စေသည်။ ယခုအခါ ထိုပဋိပက္ခ၏ နိဂုံးကို မမြင်နိုင်ဘဲ မြန်မာတွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်နီးပါးခန့် စစ်အာဏာသိမ်းပြီး နိုင်ငံတွင် သွေးချောင်းစီးသည့် ပြည်တွင်းစစ်ဖြစ်ကာ စစ်အုပ်စုကို နိုင်ငံတကာတွင် အထီးကျန်ဖြစ်စေသည်။ ယခုအခါ ထိုပဋိပက္ခ၏ နိဂုံးကို မမြင်နိုင်ဘဲ မြန်မာတွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများကို သွေးချောင်းစီး ဖြိုခွဲမှုများကို သရုပ်ဖော်သည့် သူ၏ “မျက်ရည်” သီချင်း ပျံ့နှံ့သွားပြီးနောက် ၂၀၂၁ ခုနှစ်တွင် စစ်အုပ်စုက သူ့ကို ဖမ်းဝရမ်းထုတ်သည်။

သူသည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းကို တခုခု ရွေးချယ်နိုင်ကြောင်း ပြောသည်။

“ကျမရဲ့ ပရိသတ်တွေနဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်တဲ့ စစ်အုပ်စုရဲ့ သွေးစွန်းလက်တွေနဲ့ လက်ဆွဲ မနှုတ်ဆက်နိုင်ဘူး” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

အန္တရာယ်များသော လွတ်မြောက်ထွက်ပြေးမှု မတိုင်ခင် သူဟာ လများစွာ မြန်မာပြည်ထဲတွင် ပုန်းအောင်း နေထိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် အစောပိုင်းက ရန်ပုံငွေပွဲအတွက် ဩစတြေးလျသို့ ရောက်လာသည့် ဖြူဖြူကျော်သိန်း

“မိုးတွေရွာနေတဲ့ ညတညမှာ သတ္တိတွေ စုစည်းပြီး နယ်စပ်ကို တရားမဝင် လမ်းကြောင်းကနေ ဖြတ်လာခဲ့တယ်” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

“ထိုင်းနိုင်ငံမှာ လအနည်းငယ် ပုန်းနေပြီးနောက် ပြင်သစ်နိုင်ငံက အကာအကွယ်ရတယ်” ဟု သူပြောသည်။

နိုင်ငံမှ အဝေးသို့ရောက်ချိန်တွင် စတင်ပြီး ဖြူဖြူကျော်သိန်းသည် ပြည်တွင်းနေရပ်စွန့်ခွာများအတွက် ရန်ပုံငွေရှာရန်နှင့် မြန်မာ့တိုက်ပွဲကို ကမ္ဘာက အာရုံစိုက်စေရန် ဖျော်ဖြေမှုများ ဆက်လက်ပြုလုပ်သည်။

နိုင်ငံမှ အဝေးသို့ရောက်ချိန်တွင် စတင်ပြီး ဖြူဖြူကျော်သိန်းသည် ပြည်တွင်းနေရပ်စွန့်ခွာများအတွက် ရန်ပုံငွေရှာရန်နှင့် မြန်မာ့တိုက်ပွဲကို ကမ္ဘာက အာရုံစိုက်စေရန် ဖျော်ဖြေမှုများ ဆက်လက်ပြုလုပ်သည်။

ယခုနှစ် အစောပိုင်းတွင် သူသည် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီနှင့် မဲလ်ဘုန်းသို့ သွားရောက်ပြီး နယူးဆော့သ်ဝေးလ် ပါလီမန်တွင် စကားပြောသည်။

သူ၏ ရန်ပုံငွေရှာပွဲ အောင်မြင်မှုသည် စစ်တပ်က သူ့ကို ပစ်မှတ်ထားသောကြောင့် တစိတ်တပိုင်းဖြစ်သည်ဟု ယုံကြည်သော်လည်း စစ်အုပ်စု၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်မှာ ပြည်သူ့စိတ်ဓာတ်ကို ချေမှုန်းရန်ဖြစ်သည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

“ကျမတို့ လူ့အဖွဲ့အစည်းမှာ ထင်ရှားကျော်ကြားတဲ့ အနုပညာသမားတွေကို အရမ်းသဘောကျကြတယ်။ ကျမတို့က သိမ်မွေ့တဲ့ ကစားနည်း စစ်တုရင်ဘုတ်ပေါ်က ဘိရှော့တွေပဲ” ဟု ၎င်းကပြောသည်။

“ကျမတို့ အဖမ်းခံရတာ ဒါမှမဟုတ် နာကျင်ရရင် လူအများ စိတ်ဖိစီး စေတယ်။ ဒါဟာ တော်လှန်ရေး အင်အားစုတခုလုံးရဲ့ ညီညွတ်ရေးကို ဖြိုချနိုင်တယ်လို့ စစ်အုပ်စုက ထင်နေတယ်” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

ရန်ပုံငွေရှာပွဲအတွက် မဲလ်ဘုန်းသို့ စက်တင်ဘာလအတွင်း ရောက်ရှိလာသည့် သရုပ်‌ဆောင် ဒေါင်း

နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးသည့် အန္တရာယ်များ

သရုပ်ဆောင် ‘ဒေါင်း’ ဟု ကျော်ကြားသူ သူရအောင်သည် စစ်အုပ်စုကို ဝေဖန်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရသည့် ပထမဆုံး အနုပညာသမားများတွင် ပါဝင်သည်။

ယခင်က ကြေးစားဘောလုံးသမားမှ ရုပ်မြင်သံကြားနှင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသော ဒေါင်းသည် စစ်အာဏာသိမ်းမှုဖြစ်ပွားစဉ်က ထိုင်းနိုင်ငံတွင် ရိုက်ကူးရေးလုပ်နေသည်။

သူသည် ထိုင်းနိုင်ငံတွင် ဆက်လက်ရှိနေပြီး ချက်သမ္မတနိုင်ငံမှ လူသားချင်းစာနာမှု နိုင်ငံကူးလက်မှတ် ရရှိထားသည်။

သို့တိုင် နိုင်ငံသားဖြစ်ခွင့် မရှိဘဲ ဘဝသည် အန္တရာယ်များသည်ဟု ဒေါင်းက ပြောသည်။

“ကျနော့်မှာ ခရီးသွား စာရွက်စာတမ်းရှိပေမဲ့ အဲဒါတွေက နိုင်ငံကူးလက်မှတ်လောက် ခိုင်မာမှု မရှိဘူး” ဟု သူက ပြောသည်။

စိန်ခေါ်မှုများ ရင်ဆိုင်ရလျှင် ကျနော် အကူအညီတောင်းစရာ သံရုံး မရှိဘူးဟု သရုပ်‌ဆောင် ဒေါင်းက ပြောသည်။

“ကျနော်ခရီးသွားရင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ကျနော့်ကို မေးခွန်းတွေမေးတယ်။ ကျနော်က ဘယ်နိုင်ငံရဲ့ နိုင်ငံသားမှ မဟုတ်လို့ ရဲကို ကြောက်ရတယ်” ဟု ဒေါင်းက ပြောသည်။

“ကျနော်ခရီးသွားရင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ကျနော့်ကို မေးခွန်းတွေမေးတယ်။ ကျနော်က ဘယ်နိုင်ငံရဲ့ နိုင်ငံသားမှ မဟုတ်လို့ ရဲကို ကြောက်ရတယ်” ဟု ဒေါင်းက ပြောသည်။

ဇင်ဝိုင်း၊ ဇနီးဖြစ်သူ ဒေါ်ခင်နွယ်နွယ်ထွန်းနှင့် သားဖြစ်သူ မင်းမော်ကွန်းတို့ကို ဩစတြေးလျတွင် တွေ့ရစဉ်

ပြိုကွဲသွားသော မိသားစုတစု

ရုပ်ရှင်မင်းသား ဇင်ဝိုင်းအတွက် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခြင်းသည် လုံခြုံရေးကိစ္စသာမကဘဲ မိသားစုကိစ္စလည်း ဖြစ်သည်။

သူ့တွင် ၂၀၂၁ ခုနှစ်က သြစတြေးလျတွင် ခိုလှုံခွင့်ရခဲ့သည့် သားဖြစ်သူ သရုပ်ဆောင်၊ ဂီတသမား မင်းမော်ကွန်း အပါအဝင် ဆစ်ဒနီတွင် သားနှစ်ယောက်ရှိသည်။

ဇင်ဝိုင်းသည် သြစတြေးလျ လူသားချင်းစာနာမှုဗီဇာ နှစ်ကြိမ်လျှောက်ထားပြီး ၂၀၂၁ ခုနှစ်က ပထမအကြိမ်တွင် ပယ်ချခံရသည်။

သူသည် ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ် လျှောက်ထားမှုအတွက် အစိုးရ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းသည်။

သရုပ်ဆောင်နှင့် တက်ကြွလှုပ်ရှားသူ မင်းမော်ကွန်းက သူ့ဖခင် အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း ပြောသည်။

“သူ့ရဲ့ ကျော်ကြားတဲ့အဆင့်ကြောင့် သူတို့ ထိုင်းနိုင်ငံမှာ နေထိုင်ရတဲ့ အခြေအနေက အခြားသူတွေနဲ့ ယှဉ်လိုက်ရင် အရမ်း အကန့်အသတ်များတယ်” ဟု သူကပြောသည်။

သူ၏ သားများသည် သြစတြေးလျတွင် နေထိုင်နေပြီး ထိုနိုင်ငံသည် သူ ဂုဏ်သိက္ခာရှိရှိ နေနိုင်သည့် နိုင်ငံဖြစ်သည်ဟု မြင်သောကြောင့် သြစတြေးလျသည် နောက်ဆုံးတွင် သူ့ကို လက်ခံမည်ဟု ဇင်ဝိုင်းက မျှော်လင့်သည်။

သူ၏ သားများသည် သြစတြေးလျတွင် နေထိုင်နေပြီး ထိုနိုင်ငံသည် သူ ဂုဏ်သိက္ခာရှိရှိ နေနိုင်သည့် နိုင်ငံဖြစ်သည်ဟု မြင်သောကြောင့် သြစတြေးလျသည် နောက်ဆုံးတွင် သူ့ကို လက်ခံမည်ဟု ဇင်ဝိုင်းက မျှော်လင့်သည်။

“ကျနော့်အသက်အရွယ်နဲ့ ကျနော်နဲ့ ကျနော့်ဇနီးဟာ မိသားစုအထောက်အပံ့ မရှိရင် နေဖို့အရမ်း ခက်တယ်။ သူတို့နဲ့ အနီးကပ်နေရတာဟာ အရာရာပဲ” ဟု ဇင်ဝိုင်းက ပြောသည်။

“အကြောက်တရားနဲ့နေရတာ အဆုံးသတ်ပြီး ကျနော် ချစ်တဲ့သူတွေရဲ နွေးထွေးမှု၊ ထောက်ပံ့မှုနဲ့ ဝန်းရံထားဖို့ အခွင့်အရေးကို အရာရာထက် ပိုလိုချင်တယ်” ဟု သူကပြောသည်။

(ABC ပါ Will Jackson ၏ Myanmar junta revoking citizenship of actors, singers and other celebrities ကို ဘာသာပြန်သည်။)

You may also like these stories:

ကြံ့ခိုင်ရေးပါတီ အနုပညာရှင်တွေကို ဘာ့ကြောင့်တွေ့လဲ (ရုပ်/သံ)

ပြည်ပရောက်အနုပညာရှင်များရဲ့ ရုပ်ရှင်တွေ နိုင်ငံတကာမှာ ပြသလာ

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ

]]>
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း https://burma.irrawaddy.com/article/2024/02/15/379761.html Thu, 15 Feb 2024 09:28:33 +0000 https://burma.irrawaddy.com/?p=379761 စစ်ကောင်စီ၏ ဆုံးဖြတ်ချက်သည် နိုင်ငံမှ လူငယ်များကို တိုက်ခိုက်မှု သို့မဟုတ် စိတ္တဇဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြေညာခြင်း ဖြစ်ပြီး မရည်ရွယ်သော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောသည်။]]>

လွန်ခဲ့သော ၁၄ နှစ်က ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကို စတင် အကောင်အထည်ဖော်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်သည် နိုင်ငံမှ လူငယ်များကို တိုက်ခိုက်မှု သို့မဟုတ် စိတ္တဇဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြေညာခြင်း ဖြစ်ပြီး မရည်ရွယ်သော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောသည်။

စစ်ကောင်စီက ထိုကြေညာချက်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၎င်းတို့မီဒီယာများမှ ထုတ်ပြန်ကြေညာသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား အားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အားလုံးသည် နှစ်နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၄၅ နှစ်အထိ ဆရာဝန်များကဲ့သို့သော ပညာရှင်များသည် သုံးနှစ်အထိ အမှုထမ်းရမည်ဖြစ်သည်။

အရေးပေါ်အခြေအနေ ဆက်လက် ဖြစ်ပေါ်နေပါက စစ်မှုထမ်းသက်ကို ငါးနှစ်အထိ တိုးချဲ့နိုင်သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား အားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အားလုံးသည် နှစ်နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၄၅ နှစ်အထိ ဆရာဝန်များကဲ့သို့သော ပညာရှင်များသည် သုံးနှစ်အထိ အမှုထမ်းရမည်ဖြစ်သည်။

နိုင်ငံကို ကာကွယ်ရန် တာဝန်သည် စစ်သားများတွင်သာမက နိုင်ငံသားအားလုံးတွင်လည်း တာဝန်ရှိကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း

ထို့ကြောင့် အားလုံးအနေဖြင့် စစ်မှုထမ်းဥပဒေကို ဂုဏ်ယူလိုက်နာရမည်ဟုလည်း ၎င်းက ပြောသည်။

လိုက်နာရန် ပျက်ကွက်သူများသည် ထောင်ဒဏ် ငါးနှစ်အထိ ကျခံရမည်ဟု ထိုဥပဒေတွင် ဖော်ပြထားသည်။

အတင်းအကျပ်လုပ်လျှင် ထွက်ပြေးမည်

စစ်တပ်တွင် အမှုထမ်းမည့်အစား နိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ရန်ကုန်မှ အသက် ၃၁ နှစ်အရွယ် ဆရာဝန်တဦးက Reuters သို့ ပြောသည်။

“သူတို့ အချိန်မရွေး ရောက်လာနိုင်လို့ ကျနော်နိုင်ငံမှာ ဆက်မနေနိုင်တော့ဘူး” ဟု ၎င်းကပြောသည်။

“သူတို့ အတင်းအကျပ်လုပ်ရင် ထွက်ပြေးရုံပဲ။ သူတို့အတွက် ကျနော့်အသက်ကို စတေးစရာ အကြောင်းမရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဆရာဝန်က ပြောသည်။

စစ်တပ်က သူ့ကို ‘ပညာရှင်’ အဖြစ် သတ်မှတ်ပြီး စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်ကြောင်း အသက် ၃၁ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီးက ပြောသည်။

“သူတို့ဆီမှာ လုပ်မယ့်အစား နိုင်ငံက ထွက်ရင်ထွက်မယ်။ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းမယ်” ဟု အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။

အထိနာနေသော စစ်ကောင်စီ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် ဖရိုဖရဲ ဖြစ်နေသည်။

အောက်တိုဘာလတွင် တိုင်းရင်းသားမဟာမိတ် သုံးဖွဲ့နှင့် ဒီမိုကရေစီလိုလားသည့် တိုက်ခိုက်ရေးသမားများ ရှမ်းပြည်မြောက်ပိုင်းတွင် ညှိနှိုင်းထိုးစစ် စတင်ပြီး ထိုထိုးစစ်ကြောင့် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲပြီး ကိုးကန့်ဒေသကို လက်လွှတ်ဆုံးရှုံးရသည်။

“သူတို့ဆီမှာ လုပ်မယ့်အစား နိုင်ငံက ထွက်ရင်ထွက်မယ်။ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းမယ်”

ထိုအချိန်မှစတင်ပြီး စစ်တပ်သည် တနိုင်ငံလုံးမှ အခြား တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၊ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများနှင့် တိုက်ပွဲများတွင်လည်း အထိနာနေသည်။

ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် စစ်အာဏာသိမ်းချိန်နောက်ပိုင်း ယခု ရင်ဆိုင်နေရသည့် အခက်အခဲများသည် စစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။

စစ်တပ်သည် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် အထိနာနေကြောင်း နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့မှ နိုင်ငံရေးသုတေသီနှင့် မြန်မာဆိုင်ရာအကြံပေး မစ္စတာ ရစ်ချတ် ဟော်ဆီက ပြောသည်။

“လွန်ခဲ့တဲ့ သုံးလအတွင်း စစ်တပ်ဟာ ရှမ်းပြည်နယ်မှာ သမိုင်းဝင် ဆုံးရှုံးမှုတွေ ဖြစ်နေပြီး အခု ရခိုင်ပြည်နယ်မှာလည်း အလားတူဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

စစ်သားစုဆောင်းသည့် ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသော်လည်း အကောင်အထည်ဖော်ခြင်း မရှိခဲ့ပေ / AFP

စစ်သားများ စိတ်ဓာတ်ကျဆင်းနေပြီး တပ်များသည် ပြန့်ကျဲနေကာ အရှိန်အဟုန်ရနေပြီး ဆုံးဖြတ်ချက် ပြတ်သားသည့် အတိုက်အခံများနှင့် ရင်ဆိုင်နေရကြောင်း၊ စစ်ကောင်စီတွင် စစ်သားအများအပြား ရှိသော်လည်း တိုက်ခိုက်ရေးအင်အား ကျဆင်းနေကြောင်း မစ္စတာ ရစ်ချတ် ဟော်ဆီက ပြောသည်။

“စစ်တပ်မှာ စစ်သားအများအပြား ရှိတယ်။ ဒါပေမယ့် အရေးပါတဲ့နေရာတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့ ပုံသေတပ်စွဲ ထားရတယ်။ တိုက်ခိုက်ခံနေရတဲ့ တပ်တွေကို စစ်ကူပို့ဖို့ တန်ပြန်ထိုးစစ်ဆင်ဖို့ လိုအပ်တဲ့ အတွေ့အကြုံရှိ အလျင်အမြန် ဖြန့်ကြက်နိုင်တဲ့တပ်တွေ စစ်တပ်မှာ လိုအပ်နေတယ် ” ဟု ၎င်းကပြောသည်။

မည်သည့်အတွက် အကောင်အထည် ထဖော်သနည်း

စစ်သားစုဆောင်းသည့် ဥပဒေကို ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသော်လည်း အကောင်အထည်ဖော်ခြင်း မရှိခဲ့ပေ။

ထိုဥပဒေကို အသုံးပြုခြင်းက စစ်ကောင်စီသည် ဆိုးရွားသည့် စစ်သား မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အထင်အရှား ပြသလိုက်သည့် အထောက်အထားဖြစ်ကြောင်း လွတ်လပ်သော မြန်မာ့ရေးရာလေ့လာသူ မစ္စတာ ဒေးဗစ် မက်သီဆန်က ပြောသည်။

“ဒီစစ်မှုထမ်း ဥပဒေက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ၊ အသွင်းကူးပြောင်းရေးကာလ မတိုင်မီက ထူထောင်ထားတဲ့ စစ်တပ်အတွက် အာမခံချက်ရှိရေးမူဝါဒတွေထဲက တခုဖြစ်တယ်” ဟု မြန်မာမှ တစိတ်တပိုင်း ယာယီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ရည်ညွှန်းပြီး ၎င်းကပြောသည်။

ထိုဥပဒေကို အသုံးပြုခြင်းက စစ်ကောင်စီသည် ဆိုးရွားသည့် စစ်သား မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အထင်အရှား ပြသလိုက်သည့် အထောက်အထားဖြစ်ကြောင်း လွတ်လပ်သော မြန်မာ့ရေးရာလေ့လာသူ မစ္စတာ ဒေးဗစ် မက်သီဆန်က ပြောသည်။

“ဒါပေမယ့် အရာရှိတွေ စစ်သားတွေ စုဆောင်းရတာ ပုံမှန်ဖြစ်နေပြီး ပဋိပက္ခကြောင့် ထိခိုက်သေဆုံးတာတွေကို ပြန်ဖြည့်နိုင်တော့ အဲဒီဥပဒေကို မလိုအပ်ခဲ့ဘူး” ဟု ၎င်းကရှင်းပြသည်။

“စစ်ကောင်စီဟာ သေလုမျောပါး ကျဆုံးနေတာနဲ့ အခြေခံလူထုကြားမှာတောင်မှ ထောက်ခံမှု မရတာကို ကောင်းကောင်း သဘောပေါက်တယ်။ အာဏာသိမ်းမှုနဲ့ အရပ်သားတွေကို ပြင်းထန်ရက်စက်မှုတွေကြောင့် မြန်မာပြည်သူအများစုက စစ်တပ်ကို မုန်းတီးကြတယ်” ဟုလည်း ၎င်းကပြောသည်။

“အခြေခံအားဖြင့် တရားမဝင်တဲ့ စစ်ကောင်စီကို ကျားကန်ပေးမယ့်လူ များများ မရှိတော့ဘဲ ဒါကြောင့်မို့လည်း ကံမကောင်း အကြောင်းမလှသူတွေကို စစ်တပ်ထဲ အတင်းဆွဲသွင်းတာဖြစ်တယ်” ဟု မစ္စတာ ဒေးဗစ် မက်သီဆန်က ပြောသည်။

စစ်တပ်သည် စစ်မြေပြင် ထိခိုက်သေဆုံးမှုများ၊ လက်နက်ချမှုများ၊ တပ်ပြေးများကြောင့် အင်အား ပြုန်းတီးမှု မြင့်မားနေပြီး တချိန်တည်းတွင် စစ်သားစုဆောင်ရာတွင် အခက်အခဲရင်ဆိုင်နေရကြောင်း မစ္စတာ ဟော်ဆီက ပြောသည်။

“ပြည်သူအများစုက စစ်ကောင်စီအတွက် စစ်မတိုက်ချင်ကြဘူး။ အခုလို ရှုံးနိမ့်နေချိန်မှာ ပိုလို့တောင် ဆိုးသေးတယ်” ဟု ၎င်းကပြောသည်။

ယခင်ကလည်း အတင်းအကျပ် စစ်သားစုဆောင်းမှုများရှိသော်လည်း ထိုသို့လုပ်ခြင်းသည် ကြုံသလိုလုပ်ခြင်းဖြစ်ပြီး ဥပဒေအရ လုပ်ခြင်းမဟုတ်ကြောင်း မစ္စတာ ဟော်ဆီက ပြောသည်။

“အခု စုဆောင်းတဲ့သူတွေဟာ အတွေ့အကြုံမရှိ စိတ်အားထက်သန်မှု မရှိပေမယ့် ရည်ရွယ်ချက်က ပိုမို အတွေ့အကြုံရှိတဲ့တပ်တွေကို ရှေ့တန်းလွှတ်ဖို့ ရှေ့တန်းလွှတ်နိုင်အောင် လုပ်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

တပ်အင်အား တိုးချဲ့ရန်သာမဟုတ်

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ယခုကျင့်သုံးရန် ဆုံးဖြတ်ခြင်းသည် တော်လှန်ရေးကို ဦးဆောင်နေသည့် လူငယ်များကို ပြည်သူလူထုအကြားမှ ဖယ်ရှားပြီး အသက်သေဆုံးနိုင်သည့် အနေအထားသို့ ရောက်အောင် လုပ်ခြင်းဖြစ်သည်ဟု ဒိန်းမတ် နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ဂျပ်စတင် ချိန်ဘာက ပြောသည်။

အတင်းအကျပ် စုဆောင်းထားသည့် စစ်သားများကို စစ်အုပ်စု ယခင်က လုပ်ခဲ့သည့်အတိုင်း လူသားဒိုင်းများနှင့် အထမ်းသမား ပေါ်တာများအဖြစ်သုံးရန် ဖြစ်နိုင်ပြီး ရှေ့တန်းသို့မပို့မီ လေ့ကျင့်မှု အနည်းသာ ပေးနိုင်ကြောင်း ၎င်းကပြောသည်။

“ဒါက သူတို့ကို ဖျက်ဆီးဖို့၊ သူတို့ဘဝတွေကို ဖျက်ဆီးဖို့၊ သူတို့ကိုရှေ့တန်းပို့ပြီး အချင်းချင်း တိုက်ခိုင်းဖို့ လုပ်တာ။ လာမယ့်နှစ်မှာ စစ်တပ်ကို မထောက်ခံတဲ့ပြည်သူတွေ၊ စစ်သားမဟုတ်သူတွေ အသက်ဆုံးရှုံးမှု အကြီးအကျယ် တွေ့ရတော့မယ်” ဟု ပြောသည်။

ထိုကြေညာချက်ကြောင့် မိမိပြည်သူကို ပြန်တိုက်ရန် အတင်းအကျပ် စစ်သားစုဆောင်းခံရမည်ကို လူငယ်များ၏ နှလုံးသားတွင် ကြောက်လန့်မှုများ ဖြစ်ပွားနေစေပြီ ဖြစ်ကြောင်း ဒေါက်တာ ချိန်ဘာက ပြောသည်။

“ဒါက သူတို့ကို ဖျက်ဆီးဖို့၊ သူတို့ဘဝတွေကို ဖျက်ဆီးဖို့၊ သူတို့ကိုရှေ့တန်းပို့ပြီး အချင်းချင်း တိုက်ခိုင်းဖို့ လုပ်တာ။ လာမယ့်နှစ်မှာ စစ်တပ်ကို မထောက်ခံတဲ့ပြည်သူတွေ၊ စစ်သားမဟုတ်သူတွေ အသက်ဆုံးရှုံးမှု အကြီးအကျယ် တွေ့ရတော့မယ်”

“ကျမမှာ အရမ်းကို တုန်လှုပ်နေတဲ့၊ စစ်မှုထမ်းသက် အကြုံးဝင်တဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်။ ကျမနဲ့ စကားပြောခဲ့သူ နှစ်ယောက်က သူတို့အိပ်လို့တောင် မပျော်ဘူးလို့ ပြောတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

“သူတို့ကို စစ်တပ်က ဘယ်အချိန်လာခေါ်မယ်ဆိုတာ လူငယ်တွေ မသိကြဘူး။ ဒီတပတ်ထဲမှာ လာခေါ်မှာလား၊ နောက် ခြောက်လအတွင်း လာခေါ်မှာလား” ဟု ပြောသည်။

သြစတြေးလျ အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထိုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချရန် ဒေါက်တာ ချိန်ဘာက တောင်းဆိုသည်။

“ဒါပေမယ့် ကျမတို့က ရှုတ်ချတာထက်မက လုပ်ဖို့လိုတယ်။ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုတယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

မရည်ရွယ်သော အကျိုးဆက်များ

မြန်မာစစ်တပ်သည် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နိုင်သည့် စွမ်းအား ရှိသေးကြောင်း မစ္စတာ မက်သီဆန်က ပြောသည်။

“ဒါပေမယ့် ဆိုးကျိုးနှစ်ခုက စစ်ဆင်ရေးအရ အားကိုးနိုင်မှုနဲ့ ပိုမိုကျယ်ပြန်တဲ့ လူထုဆန့်ကျင်မှုပဲ” ဟု ၎င်းက ပြောသည်။

“လူသောင်းနဲ့ချီပြီး စစ်သားစုဆောင်းမယ်။ စစ်ဝတ်စုံနဲ့ လက်နက်ပေးမယ်။ ဒါပေမယ့် သူတို့က ထိထိရောက်ရောက် တိုက်လိမ့်မယ်၊ စစ်တပ်ဘက်ကို သေနတ်ပြောင်း မလှည့်ဘူးလို့ အာမ မခံနိုင်ဘူး” ဟု မစ္စတာ မက်သီဆန်က ပြောသည်။

အတင်းအကျပ် စစ်သားစုဆောင်းသည့် မည်သည့်စနစ်မဆိုသည် လွန်စွာပြဿနာရှိသည်

“စစ်တပ်ကို မုန်းတီးပေမယ့် လက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံသေးတဲ့ အရပ်သားတွေက သူတို့ရဲ့လူငယ်တွေ အရပ်သား အသက်အရွယ်မရွေးကို စစ်မှုထမ်းဖို့ ကျွန်ပြုတာကို ဘယ်လိုခံစားရမလဲ” ဟုလည်း ပြောသည်။

အတင်းအကျပ် စစ်သားစုဆောင်းသည့် မည်သည့်စနစ်မဆိုသည် လွန်စွာပြဿနာရှိပြီး မရည်ရွယ်သော အကျိုးဆက်များ ဖြစ်တတ်ကြောင်း မစ္စတာ ဟော်ဆီက ပြောသည်။

“ဒီဥပဒေက အတင်းအကျပ် စစ်သားစုဆောင်းတဲ့ အလေ့အထအတွက် ဥပဒေ အကာအကွယ်ပေးတယ်။ ဥပမာအားဖြင့် ပြောရရင် အသက်မပြည့်သေးတဲ့လူငယ်တွေ အပါအဝင် ဆင်းရဲတဲ့လူငယ်တွေကို ဘတ်စ်ကားဂိတ်မှာ ဖမ်းတာမျိုးပေါ့” ဟု ၎င်းကပြောသည်။

“ဒီစနစ်ကို စီစဉ်သူတွေအတွက် အကျင့်ပျက်ခြစားဖို့ အခွင့်အလမ်းတွေလည်း အများကြီး ဖြစ်စေတယ်။ လိုအပ်တဲ့ အတိုင်းအတာအတိုင်း အကောင်အထည်ဖော်လိုက်ရင် စည်းကမ်းထိန်းကြောင်းမှုမဲ့ပြီး အန္တရာယ်များတဲ့ လုပ်အား ရွှေ့ပြောင်းအခြေချမှု ဖြစ်စေမယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ပူးပေါင်းဖို့ ပိုမိုများပြားတဲ့လူတွေကို တွန်းပို့နိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

“ဒီဥပဒေက အတင်းအကျပ် စစ်သားစုဆောင်းတဲ့ အလေ့အထအတွက် ဥပဒေ အကာအကွယ်ပေးတယ်။ ဥပမာအားဖြင့် ပြောရရင် အသက်မပြည့်သေးတဲ့လူငယ်တွေ အပါအဝင် ဆင်းရဲတဲ့လူငယ်တွေကို ဘတ်စ်ကားဂိတ်မှာ ဖမ်းတာမျိုးပေါ့”

“စစ်တပ်ဟာ အောက်ခြေစစ်သားတွေကြားက စိတ်ဓာတ်မြင့်မားမှုကို အားမကိုးတဲ့ စစ်တပ်ဖြစ်ပေမယ့် စစ်သားတွေကြားမှာ ပိုမိုစိတ်ဓာတ်ကျဆင်းစေမယ်” ဟု ဆက်ပြောသည်။

သေလုမျောပါးကျဆုံးနေသော စစ်ကောင်စီ

စစ်တပ်သည် ပစ်အားအသာရနေဆဲ ဖြစ်သော်လည်း အရေးပါသည့် စစ်မြေပြင်တွင် စစ်သားများကို ဆုံးရှုံးနေသည်ဟု မစ္စတာ မက်သီဆန်က ပြောသည်။

“အာဏာကို တွယ်ဖက်ဖို့ နည်းလမ်းအနေနဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို ဒဏ်ခတ်ဖို့ လေကြောင်းနဲ့ အမြောက်တွေနဲ့ပစ်တယ်။ အရပ်သားတွေ စိတ်ဓာတ်ပျက်ပြားအောင် ပစ်မှတ်ထားတိုက်တယ်။ အတင်းအကျပ် စစ်သားစုဆောင်းပြီး မြေပြင်တပ်ကို ပြန်ဖြည့်ဖို့ ကြံစည်နေတယ်ဆိုတာ ထင်ရှားတယ်” ဟု ၎င်းကပြောသည်။

စစ်တပ်သည် ရှုံးနိမ့်နေသော်လည်း စစ်သား၊ စစ်စခန်း၊ လက်နက်ကိရိယာကွန်ရက် ကြီးမားစွာ ရှိနေသေးပြီး အချိုးမမျှသော လေကြောင်းအားသာချက် ရှိနေသေးကြောင်း၊ နိုင်ငံ၏ အဓိကကျသည့် နေရာများကို ဆက်လက်ထိန်းချုပ်ဖို့ သေနင်္ဂဗျူဟာဖြစ်ကြောင်း ပြောသည်။

“ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ သေလုမျောပါး ကျဆုံးနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ရှည်လျားတဲ့ပွဲသိမ်းဟာ ပိုမိုသွေးထွက်သံယိုများမယ်၊ ပိုမို ရက်စက်ကြမ်းကြုတ်မယ်၊ အခုထက် ပိုမို ဖျက်အားပြင်းမယ် ဆိုတာကို ပြသနေတယ်” ဟု ၎င်းက မှတ်ချက်ချသည်။

“ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ သေလုမျောပါး ကျဆုံးနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ရှည်လျားတဲ့ပွဲသိမ်းဟာ ပိုမိုသွေးထွက်သံယိုများမယ်၊ ပိုမို ရက်စက်ကြမ်းကြုတ်မယ်၊ အခုထက် ပိုမို ဖျက်အားပြင်းမယ် ဆိုတာကို ပြသနေတယ်”

“ဒီအတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကြေညာချက်ကို မျှော်လင့်ချက် ကင်းမဲ့တဲ့ လက္ခဏာလို့ မမြင်သင့်ဘူး။ တနိုင်ငံလုံးကို သူတို့နဲ့အတူ ဆွဲချသွားမယ့် စိတ္တဇ ဆုံးဖြတ်ချက်လို့ မြင်သင့်တယ်” ဟု မစ္စတာ မက်သီဆန်က ပြောသည်။

“ဒါဟာ နီးကပ်လာတဲ့ ပြိုကွဲမှုကို ပြသတဲ့လက္ခဏာ မဟုတ်ဘူး။ ပဋိပက္ခက တနိုင်ငံလုံးကို ဝါးမြိုဖျက်ဆီးနိုင်တယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

(ABC/Reuters ပါ Will Jackson ၏ Why Myanmar is only now enforcing a conscription law it’s had on the books since 2010 ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်

အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်

]]>