ကျော်ဖြိုးသာ – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Sat, 28 Nov 2020 05:09:51 +0000 en-US hourly 1 https://wordpress.org/?v=5.3.6 NLD ရွေးကောက်ပွဲနိုင်ရခြင်းအကြောင်း အနောက်မီဒီယာများ နားမလည် https://burma.irrawaddy.com/opinion/viewpoint/2020/11/28/234053.html Sat, 28 Nov 2020 05:09:51 +0000 https://burma.irrawaddy.com/?p=234053 မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် ပတ်သက်သည့် အကောင်းမြင်မှုများသည် မှေးမှိန်ပျောက်ကွယ်သွားပြီဟု ၎င်းတို့ အပြိုင်အဆိုင် ညည်းတွားကြသည်။

The post NLD ရွေးကောက်ပွဲနိုင်ရခြင်းအကြောင်း အနောက်မီဒီယာများ နားမလည် appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပြဿနာများကို မှန်ကန်စွာ တင်ပြနိုင်သည့် နိုင်ငံတကာ သတင်းထောက် တဦးကို ရှာဖွေခြင်းသည် မဖြစ်နိုင်သော ကိစ္စကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုပါက ချဲ့ကားပြောဆိုခြင်း မဖြစ်နိုင်ပေ။

မကြာသေးမီနှစ်များအတွင်း အနောက်မီဒီယာများ၏ ဖေါ်ပြချက်များသည် လူဦးရေ ၅၄ သန်းရှိသော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည်များကို မထင်ဟပ်သလောက်ပင်ဖြစ်နေသည်။ လူမျိုးစုကွဲပြားမှုနှင့် အဆိပ်အတောက်ဖြစ်စေသည့် ဗြိတိသျှ ကိုလိုနီအမွေအနှစ်များဖြင့် ပုံဖေါ်ထားခြင်းခံရသော မြန်မာနိုင်ငံ၏ ရှုပ်ထွေးနက်နဲမှုကို နားလည်ရန်မကြိုးစားဘဲ အနောက်နိုင်ငံများမှ သတင်းဌာနများနှင့် မြန်မာ့ရေးရာ ကျွမ်းကျင်သူများဟု ဆိုသူများက မြန်မာနိုင်ငံ၏ ပြဿနာအားလုံးသည် ဗမာ ဗုဒ္ဓဘာသာလူများစုနှင့် လူမျိုးစု လူနည်းစုများအကြား ပြဿနာတခုမှ မြစ်ဖျားခံသည်ဟု ပေါ့ဆစွာ ပုံဖေါ်ကြသည်။

ထိုကဲ့သို့ ပုံဖေါ်ခြင်းသည် မည်သည့် အကျိုးကျေးဇူးကိုမျှ မဖြစ်စေပေ။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် လူမျိုးစု အမျိုးသားရေးဝါဒ မီးမွှေးပြီး ကမ္ဘာတဝှမ်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းဆိုးများကို အားပေးကြသည်။

ပြီးခဲ့သော ရွေးကောက်ပွဲကာလကမူ ၎င်းတို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မှားယွင်းသည့် လုပ်ဇာတ်တခုကို ကမ္ဘာသို့ တင်ပြခဲ့ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အထွေထွေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရစေပြီး ဒုတိယ ရာထူးသက်တမ်းကို ရယူလိုက်သောအခါ ထိုအောင်ပွဲကို အနောက်မီဒီယာများက ဂမူးရှူးထိုး တိုက်ခိုက်ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အထွေထွေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရစေပြီး ဒုတိယ ရာထူးသက်တမ်းကို ရယူလိုက်သောအခါ ထိုအောင်ပွဲကို အနောက်မီဒီယာများက ဂမူးရှူးထိုး တိုက်ခိုက်ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် ပတ်သက်သည့် အကောင်းမြင်မှုများသည် မှေးမှိန်ပျောက်ကွယ်သွားပြီဟု ၎င်းတို့ အပြိုင်အဆိုင် ညည်းတွားကြသည်။ ၎င်းတို့အနက် အများအပြားသည် မိုးခါးရေ သောက်ကြသည်။

ရွေးကောက်ပွဲရလဒ်ကြောင့် မြန်မာနိုင်ငံသည် တစစီပြိုကွဲမည်ဟု တဦးကဆိုပြီး ပြည်သူများက သိမ်းကျုံးမဲပေးခဲ့သော ပါတီခေါင်းဆောင်သည် ဝေဖန်သူများကို ထောင်ချသူနှင့် လူနည်းစုများကို သတ်ဖြတ်မှုများအတွက် ခုခံကာကွယ်နေသူ ဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲရလဒ်သည် တိုင်းရင်းသား လူနည်းစုနှင့် ဗမာဗုဒ္ဓဘာသာ လူများစုအကြား ပိုမိုနက်ရှိုင်းသော သွေးကွဲမှုနှင့် နောက်ထပ် ပဋိပက္ခများကို ဖြစ်စေမည်ဟုပင် အနောက်တိုင်း နိုင်ငံရေး သုတေသီတဦးက အထိတ်တလန့်ပြောသည်။

ထိုကဲ့သို့သော ပြောဆိုချက်များသည် မြန်မာပြည်သူများကို စော်ကားခြင်း သက်သက်ထက်မပိုဘဲ အများစု၏ ဆန္ဒကို မလေးစားရာရောက်သည်။

မြန်မာမဲဆန္ဒရှင်များသည် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ၊ မျက်နှာအကာအရံများနှင် လက်အိပ်များ ဝတ်ဆင်ကာ အပြင်းအထန်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါအကြား ၎င်းတို့ထောက်ခံသောပါတီကို မဲပေးရန် မဲရုံများသို့ အသက်စွန့် သွားရောက်ခဲ့ကြသည်။

မဲပေးခွင့်ရသူ ၃၈ သန်းအနက် ၂၇ သန်း မဲပေးခဲ့သည်။ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲပေးခဲ့သကဲ့သို့ ကျန်သူများကလည်း လွတ်လပ်စွာရွေးချယ်မဲပေးကြသည်။ တနည်းအားဖြင့်ဆိုရပါက နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ထပ် ၅ နှစ် ဆက်လက်လုပ်ကိုင်ရန် ထိုပါတီကို အခွင့်အာဏာပေးကြောင်း ၎င်းတို့၏ ဆန္ဒမဲများမှ တဆင့် ကမ္ဘာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာပြည်သူများက ရွေးချယ်သောအရာကို အခြားသူများက စိုးရိမ်ပူပန်မနေသင့်ပေ။

နောက်ထပ် အပ်ကြောင်းထပ်နေသော စကားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဗမာဖြစ်သောကြောင့် ဗမာဗုဒ္ဓဘာသာ လူများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသည်ဆိုသည့် စကားကို ယုံကြည်လက်ခံရလောက်အောင် မတုံးအပါနှင့်။

နောက်ထပ် အပ်ကြောင်းထပ်နေသော စကားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဗမာဖြစ်သောကြောင့် ဗမာဗုဒ္ဓဘာသာ လူများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသည်ဆိုသည့် စကားကို ယုံကြည်လက်ခံရလောက်အောင် မတုံးအပါနှင့်။

ကချင်၊ ကရင်နှင့် ချင်းပြည်နယ်များကဲ့သို့သော တိုင်းရင်းသားပြည်နယ်များတွင် အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရသည်ဆိုသည့်အချက်ကြောင့် မြန်မာနိုင်ငံ လက်တွေ့ရင်ဆိုင်နေရသော ပြဿနာများကို အကဲဖြတ်သောအခါ တိုင်းရင်းသားလူနည်းစုများနှင့် ဗမာဗုဒ္ဓဘာသာ လူများစုအကြား သွေးကွဲမှုဖြစ်သည်ဆိုသည့် ဂါထာကို အသိမဲ့ ရေရွတ်နေသည့်သူများအနေဖြင့် ထိုသို့သော အယူအဆသည် မှားယွင်းကြောင်း ဝန်ခံသင့်သည်။

မည်သည့်အတွက် ပြည်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်၁၉၉၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့ကထက် အကြီးအကျယ် ပိုပြီး မဲမိုးရွာသည်ကို နားလည်ရန် ကြိုးစားရမည့်အစား အနောက်မီဒီယာများနှင့် လေ့လာသူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအပေါ် မျက်ကန်းယုံကြည်မှုအဖြစ် အလွယ်တကူ သတ်မှတ်လိုက်သည်။

နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကို “နတ်ဘုရားလို” အဆင့်အတန်းကြောင့် အနိုင်ရသည်ဟု ၎င်းတို့က ပေါ့ပေါ့တန်တန်ယူဆပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်၊ စစ်တပ်ကို နိုင်ငံရေးမှ ထုတ်ပယ်ရန်နှင့် စီးပွားရေး တိုးတက်အောင်လုပ်ရန် အစိုးရ၏ မအောင်မြင်သေးသော ကြိုးစားမှုကို မဲဆန္ဒရှင်များက လျစ်လျူရှုနေသည်ဟု လှောင်ပြောင်ကာ ဆရာကြီးလုပ်ကြသည်။

ထို “သတင်းသမားများ”သည် ယခုလောက် အပျင်းမထူပါက ခိုင်မာသော သတင်းတင်ပြမှု ပြုုလုပ်ပြီး မြန်မာနိုင်ငံမှ သာမန်ပြည်သူများနှင့် စတင် စကားပြောနိုင်ခဲ့မည်ဖြစ်သည်။ ထိုသို့သာ လုပ်ဆောင်ခဲ့ပါက သူတို၏ သတင်းများသည် အမှန်တရားနှင့် ပိုမိုနီးစပ်လာမည်ဖြစ်သည်။

“သူမရဲ့ ခေါင်းဆောင်မှု ပုံစံက ဒီမိုကရေစီနဲ့ မကိုက်ညီဘူး ” သို့မဟုတ် “ သူမက ပြည်သူ့အသံကို နားမထောင်ဘူး ” ဟူသည့် စကားများရရန် လက်တဆုပ်စာသော အတိုက်အခံ သတင်းရင်းမြစ်များကို အလုအယက် မေးနေခြင်းသည် မဲဆန္ဒရှင်များ၏ စိတ်ခံစားမှုကို အတိအကျ ဖေါ်ပြနိုင်မည်မဟုတ်သည်ကို မှတ်သားသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အသံကို နားမထောင်ဟုလျှင် ပြည်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မည်သည့်အတွက် ဒုက္ခခံပြီး မဲပေးခဲ့ကြမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အသံကို နားမထောင်ဟုလျှင် ပြည်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မည်သည့်အတွက် ဒုက္ခခံပြီး မဲပေးခဲ့ကြမည်နည်း။

မကြာသေးမီက ရွေးကောက်ပွဲ သောင်ပြိုကမ်းပြို နိုင်စေကာမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို မှားယွင်းမှုများအတွက် ဝေဖန်မှုများသည် ပြည်တွင်းတွင်ပင် ရှိနေသည်။ နောက်ဆုံး ဝေဖန်မှုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လုံခြုံရေး ပူပန်မှုများကြောင့် တိုင်းရင်းသား ဒေသအချို့တွင် ရွေးကောက်ပွဲများ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုနေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲများ မကြာမီ အနာဂတ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကကြေညာထားသည်။

ရခိုင်ပြည်နယ်မှ စစ်ဆန့်ကျင်မှုတွင် ပါဝင်သောကြောင့် ကျောင်းသား ဆန္ဒပြသူများကို ဖမ်းဆီးခြင်းနှင့်လည်း ပတ်သက်ပြီး ပြည်သူများ မကျေနပ်ကြပေ။

အနောက်မီဒီယာများသည် အစိုးရနှင့် ပတ်သက်သည့် ၎င်းတို့၏ ပြောဆိုချက်များ မှန်ကန်ကြောင်း ပြသရန် နိုင်ငံတကာ သတင်းဖေါ်ပြရာတွင် ထိုပြဿနာများကို ရိုဟင်ဂျာများ အခွင့်အရေး ဆုံးရှုံးခြင်းနှင့်အတူ မီးမောင်းထိုးပြသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများနှင့် ရခိုင်ပြည်နယ်မြောက်ဖျားနေ မွတ်ဆလင် အများစုကို မြန်မာနိုင်ငံသားများအဖြစ် အတည်မပြုနိုင်သေးသောကြောင့် ၎င်းတို့သည် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိကြပေ။

မဲဆန္ဒရှင်အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချပ်ကို မည်သည့်အတွက် ရွေးချယ်သည်ကို ရှင်းပြရမည့်အစား အနောက်မီဒီယာများက မြန်မာမဲဆန္ဒရှင်များသည် တုံးအပြီး ၎င်းတို၏ ့ခေါင်းဆောင်ကို မျက်ကန်းထောက်ခံသည် ဆိုသည့် သဘောမျိုး နိုင်ငံတကာ ပရိသတ်ကို ဖေါ်ပြသည်။

မဲဆန္ဒရှင်အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချပ်ကို မည်သည့်အတွက် ရွေးချယ်သည်ကို ရှင်းပြရမည့်အစား အနောက်မီဒီယာများက မြန်မာမဲဆန္ဒရှင်များသည် တုံးအပြီး ၎င်းတို၏ ့ခေါင်းဆောင်ကို မျက်ကန်းထောက်ခံသည် ဆိုသည့် သဘောမျိုး နိုင်ငံတကာ ပရိသတ်ကို ဖေါ်ပြသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်အထိ သူတို့ဘဝတွင် တွေ့မြင်ခဲ့ရသည့် အကျင့်ပျက်ပြီး အတ္တကြီးသော စစ်အစိုးရနှင့် လက်ဝေခံများနှင့် ယှဉ်လိုက်လျှင် န်ိုင်ငံအပေါ် ထိုပါတီနှင့် ပါတီ ခေါင်းဆောင်၏ ရိုးသားမှုကို မြန်မာပြည်သူများတွေ့မြင့်ခဲ့ပြီးဖြစ်သောကြောင့် လှုပ်ခါမရဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရသည် ဆိုသည်အား အနောက်တိုင်းမှ စာဖတ်သူများ သိခွင့်ဆုံးရှုံးကြသည်။

မှန်သည်၊ မကြာသေးမီ နှစ်များအတွင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ချို့ယွင်းချက်များကိုလည်း ပြည်သူများ သိကြပြီး ထိုပါတီသည် ထိုချို့ယွင်းချက်များကို ပြင်ဆင်ပြီး နိုင်ငံကို ရှေ့ဆက်တိုးတက်လုပ်မည်ဟု မဲဆန္ဒရှင်များက ယုံကြည်ကြသည်။

သို့သော် ရိုဟင်ဂျာပြဿနာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အမြင်စောင်းနေသော အနောက်မီဒီယာအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူများမဲပေးရသည့် အကြောင်းရင်းများသည် အရေးပါပုံမရတော့ပေ။

“သတင်းခန်း ယဉ်ကျေးမှုမှာ တကြိမ် (ကောင်းသည့်ဖက်သို့ဖြစ်စေ ဆိုးသည့်ဖက်သို့ဖြစ်စေ) အမြင်စောင်းတာ အရိုးစွဲတတ်ရင် အဲဒီ အမြင်စောင်းမှုဟာ အနာဂတ်မှာ အဲဒီလူအုပ်စုအကြောင်း သတင်းပေးပို့မှုအပေါ် မသိလိုက်ဘာသာ သွားပုံဖော်တတ်တယ်”

“သတင်းခန်း ယဉ်ကျေးမှုမှာ တကြိမ် (ကောင်းသည့်ဖက်သို့ဖြစ်စေ ဆိုးသည့်ဖက်သို့ဖြစ်စေ) အမြင်စောင်းတာ အရိုးစွဲတတ်ရင် အဲဒီ အမြင်စောင်းမှုဟာ အနာဂတ်မှာ အဲဒီလူအုပ်စုအကြောင်း သတင်းပေးပို့မှုအပေါ် မသိလိုက်ဘာသာ သွားပုံဖော်တတ်တယ်”

ဟု University of Queensland မှ School of Communication and Art ၏ တွဲဖက် ပါမောက္ခ Eric Louw ရေးသားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းတင်ပြရာတွင် မျှတမှုကို အနောက်တိုင်းမီဒီယာများသည် သူတို့၏ သတင်းခန်း ပြတင်းပေါက်မှ ကန်ထုတ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် နီးကပ်သော အနာဂါတ်တွင် မြန်မာနိုင်ငံအတွက် မျှတသော သတင်းတင်ပြမှုကို ရနိုင်မည်မဟုတ်ပေ။

(Kyaw Phyo Tha ၏ Western Media Fail to Grasp Meaning of Myanmar Ruling Party’s Election Win  ကို ဘာသာပြန်ဆိုသည်။)

You may aslo like these stories:

အမေရိကန်နှင့် မြန်မာတို့၏ ရွေးကောက်ပွဲ ဇာတ်လမ်း

ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်

ရွေးကောက်ပွဲသတင်း မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် ဖော်ပြမှုအားနည်းဟု ဝေဖန်

The post NLD ရွေးကောက်ပွဲနိုင်ရခြင်းအကြောင်း အနောက်မီဒီယာများ နားမလည် appeared first on ဧရာဝတီ.

]]>
ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖေါ်မည် https://burma.irrawaddy.com/news/2020/08/01/227280.html Sat, 01 Aug 2020 11:35:09 +0000 https://burma.irrawaddy.com/?p=227280 ထိုစက်မှုဇုန်သည် မူလက ရည်ရွယ်ထားသည့် ၁၃ စတုရန်းကီလိုမီတာအကျယ် ရှိသည့် စက်မှုဇုန်၏ အစိတ်အပိုင်းဖြစ်သည်။

The post ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖေါ်မည် appeared first on ဧရာဝတီ.

]]>
ရန်ကုန်တဖက်ကမ်းရှိ ဒေါ်လာဘီလီယံချီကုန်ကျမည့် တရုတ်စီမံကိန်းကြီးဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်လိုက်ပြီး ထိုအပိုင်းလိုက်လုပ်ဆောင်မည့် စီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီကို ရွေးချယ်ရေး ပြည်ပ အတိုင်ပင်ခံကုမ္ပဏီတခုကို ငှားရန် ပြင်ဆင်နေသည်။

ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) အောက်တွင် အကျုံးဝင်သည်။ CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှ တောင်ဖက် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် အနောက်ဖက်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်တို့ကို ဆက်သွယ်မည်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) သည် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ဘေဂျင်းအခြေစိုက် China Communications Construction Company, Ltd. (CCCC) နှင့်  အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ (ကျပ် ၂.၀၃ ထရီလျံ) တန် မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ ဧက ၂ သောင်း (၈၁၀၀ ဟက်တာ) ကျယ်သော ရန်ကုန်မြို့သစ် စီမံကိန်းတွင် ဒေသခံများအတွက်လူနေ ဧရိယာ ၅ ခု၊ တံတား နှစ်စင်း၊ စက်မှုဇုန်တခုနှင့်  စီးပွားရေးနှင့် တခြား လူနေဧရိယာများနှင့် ဆက်စပ် အခြေခံအဆောက်အအုံများ ပါဝင်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း (အပိုင်း ၁) ၏ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံရှိမည်ဟု ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၉ ခုနှစ် စီမံကိန်း လမ်းညွှန်ဖြစ်သည့် Yangon Project Bank က ခန့်မှန်းထားသည်။

သို့သော် ထိုစီမံကိန်းသည် ရေလွှမ်းမိုးမှု ခံရနိုင်သော နေရာတွင် တည်ရှိခြင်းနှင့် CCCC ပါဝင်ပတ်သက်ခြင်းကြောင့် ဝေဖန်စရာ ဖြစ်နေသည်။ ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် တရုတ်နိုင်ငံပိုင် ထိုကုမ္ပဏီသည် အာရှနှင့် အာဖရိက ၁၀ နိုင်ငံထက်မနည်း တည်ဆောက်ရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ပါဝင်ပတ်သက်နေသည်။

CCCC သည် ရန်ကုန်မြို့သစ် စီမံကိန်းတွင် အဦးဆုံးပါဝင်ပတ်သက်နေသော်လည်း  စီမံကိန်း အကောက်အထည်ဖော်မည့် ကုမ္မဏီကို ရွေးချယ်ရာတွင် Swiss Challenge ပုံစံ ဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း စတင်ဖွဲ့စည်းစဉ်ကပင် NYDC ကပြောကြားခဲ့သည်။ Swiss Challenge ဆိုသည်မှာ CCCC ၏ စီမံကိန်းနှင့် ပတ်သက်သည့် အဆိုပြုချက်များကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် တခြား ကုမ္ပဏီများကို ဖိတ်ခေါ်မည့် ပုံစံဖြစ်သည်။ သို့သော် ရန်ကုန်မြို့သစ် စီမံကိန်းအတွက်  လိုအပ်သည့် ကနဦး ရင်းနှီးမြှုပ်နှံမှုသည် လွန်စွာ များပြားသောကြောင့် အခြားရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတားကဲ့သို့ဖြစ်နေသည်။

ထိုသ်ို့ ကနဦးရင်းနှီးမြှုပ်နှံမှု များစွာလိုအပ်သည့်အတွက် ရန်ကုန်မြို့သစ် စီမံကိန်းကို ပြည်ထောင်စုအစိုးရက အပိုင်းလိုက်ခွဲထုတ်ပြီး ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အခြား ကုမ္မဏီများလည်း Swiss Challenge တွင် ပါဝင်လာနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် နီးစပ်သည့် အဆင့်မြင့်အရာရှိတဦးက ဧရာဝတီ သတင်းဌာနကို  ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

 “အခု (ခွဲထုတ်ထားတဲ့) စီမံကိန်း က ဒေါ်လာ သန်း ၈၀၀ ဝန်းကျင်လောက် ရှိမယ်” ဟု ထိုအဆင့်မြင့်အရာရှိကပြောသည်။  

ယခု ခွဲထုတ်ထားသည့် စီမံကိန်းသစ်တွင် ၃ စတုရန်းကီလိုမီတာကျယ်သည့် စက်မှုဇုန်တခု၊ ရန်ကုန်ဖက်ကမ်း ကြည့်မြင်တိုင်နှင့် ရန်ကုန်မြို့သစ်ကို ဆက်သွယ်မည့် တံတားတခုနှင့် ဒေသခံများအတွက် လူနေဧရိယာ ၅ ခု၊ ၉ စတုရန်း ကီလိုမီတာကျယ်သော လူနေနှင့် စီးပွားရေး ဧရိယာများ ပါဝင်မည်ဖြစ်သည်။ ထိုစက်မှုဇုန်သည် မူလက ရည်ရွယ်ထားသည့် ၁၃ စတုရန်းကီလိုမီတာအကျယ် ရှိသည့် စက်မှုဇုန်၏ အစိတ်အပိုင်းဖြစ်သည်။ သို့သော် ထိုနယ်မြေအကျယ်အဝန်းများကို ပြန်ညှိကြရဦးမည်ဖြစ်ကြောင်း အထက်ပါ အရာရှိပြောသည်။

ယခု ၃ စတုရန်းကီလိုမီတာကျယ်သော စက်မှုဇုန်သည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် အစိုးရ၏ အရေးပေါ် စီမံကိန်းဖြစ်သည်။

“ဒီစီမံကိန်းကို ဒီနှစ်အတွင်း စတင်ဖို့မျှော်မှန်းထားတယ်” ဟု ထိုအရာရှိပြောပြီး လုပ်ငန်းဆောင်ရွက်မည့် ကုမ္မဏီကို Swiss Challenge ဖြင့် ရွေးချယ်ပြီးမှသာ စတင်နိုင်မည်ဟု ရှင်းပြသည်။

Swiss Challenge တွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကုမ္ပဏီများက တင်သွင်းသည့် အဆိုပြုချက်များကို စနစ်တကျ စစ်ဆေးရန်အတွက် ပြည်ပမှ အတိုင်ပင်ခံ ကုမ္မဏီ ငှားရန် ပြည်ထောင်စုအဆင့် တင်ဒါကော်မတီမှ နိုင်ငံတကာအတိုင်ပင်ခံလုပ်ငန်း ၆ ခု ကို ဖိတ်ခေါ်စုံစမ်းခဲ့ကြောင်း သိရသည်။

“ကုမ္မဏီ ၃ ခုက အကြောင်းပြန်ထားပြီးပြီ။ အဲဒီ အထဲက တခုကို ရွေးဖို့ လုပ်နေပါပြီ” ဟု အထက်ပါ အရာရှိကပြောသည်။

ယခုနှစ်အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ရန်ကုန်မြို့ဖွံဖြိုးတိုးတက်ရေး (မြို့သစ်စီမံကိန်းအပါအဝင်) နှင့် အခြားကိစ္စရပ်များအတွက် စာချုပ်နှင့် စာချွန်လွှာများ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့သည်။ CMEC ၏ မဏ္ဍိုင်သုံးခုလုံးတွင် တိုးတက်မှုအသစ်များရှိကြောင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်း၏ ကနဦးအစမ်း တည်ဆောက်ခြင်းကို မကြာမီ စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်ဟိုင်က မကြာသေးမီက ပြောသည်။

စီမံကိန်းကို ထိုသို့ အဆင့်လိုက်ဆောင်ရွက်ခြင်းကို Sandhi Governance Institute မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ဝင်းက ကြိုဆိုလိုက်ပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် နစ်နာနိုင်ခြေ နည်းသွားကြောင်း ဆိုသည်။ အနည်းဆုံးတော့ တရုတ် ကုမ္ပဏီတခုတည်းက စီမံကိန်းတခုလုံးကို လက်ဝါးကြီးအုပ်ထားနိုင်ခြေကို လျှော့ချနိုင်ကြောင်း သူပြောသည်။

“BRI စီမံကိန်းတွေနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုရှိအောင်လုပ်မယ်လို့ အစိုးရကပြောထားတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ BRI လမ်းညွှန်ကော်မတီလို သက်ဆိုင်ရာ ကော်မတီတချို့က အခု ကိစ္စနဲ့ ပတ်သက်တာတွေကို အများပြည်သူသိနိုင်အောင် ချပြရင် ပိုကောင်းမယ်” ဟုလည်း သူပြောသည်။

(Kyaw Phyo Tha ၏ Myanmar’s Union Govt Splits Up Huge China-Backed New Yangon City Project ကို ဘာသာပြန်သည်။

You may also like these stories:

ရန်ကုန်နှင့် မွန်ပြည်နယ်၌ စီးပွားရေးဇုန်သစ်များ ထူထောင်ရန် တင်ဒါ ခေါ်မည်

မြန်မာ့စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် အမေရိကန်လုပ်ငန်းရှင်များ စိတ်ဝင်စားဟုဆို

ဓာတ်ငွေ့ စီမံကိန်းအတွက် ဂျပန်ကုမ္ပဏီ ၃ ခု ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဆိုလာလျှပ်စစ်စီမံကိန်းတင်ဒါ တရုတ်ကုမ္ပဏီ အများဆုံး ဝင်ပြိုင်

The post ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖေါ်မည် appeared first on ဧရာဝတီ.

]]>
အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း https://burma.irrawaddy.com/opinion/interview/2020/07/04/225763.html Sat, 04 Jul 2020 08:44:51 +0000 https://burma.irrawaddy.com/?p=225763 ဧရာဝတီနှင့် ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ်တို့၏ အင်တာဗျူးမှ ကောက်နုတ်ချက်များ ဖြစ်ပါသည်။

The post အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း appeared first on ဧရာဝတီ.

]]>
မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုကို ပထမဆုံး အတည်ပြုခဲ့ ပြီးနောက် ၃ လ ကျော်သွားခဲ့ပြီဖြစ်ရာ တကမ္ဘာလုံး အတိုင်းအတာဖြင့် လူပေါင်း သန်း တဝက်ကျော် သေဆုံးခဲ့ရသော ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ရန် သင့်လျော်သော အချိန်တခု ဖြစ်ပါသည်။

ဇူလိုင်လ ၁ ရက် နေ့အထိ တနိုင်ငံလုံးတွင် အတည်ပြုထားပြီး ဖြစ်သော ရောဂါ ကူးစက်ဖြစ်ပွားမှု စုစုပေါင်း ၂၉၉ ခုရှိရာ တွင် ၂၂၂ ဦး မှာ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနှင့် တရုတ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင် ဇူလိုင် ၁ ရက်နေ့ အထိ ထိုင်းနိုင်ငံတွင် ၅၈ ဦးနှင့် တရုတ်နိုင်ငံတွင် ၄၀၀၀ ကျော် သေဆုံးခဲ့ချိန်တွင် မြန်မာနိုင်ငံ၌ သေဆုံးသူ အရေအတွက်က ၆ ဦးသာ ရှိသေးသည်။

မြန်မာနိုင်ငံ၏ COVID-19 တုန့်ပြန်မှုအပေါ် သူ၏အကဲဖြတ်မှုအား မေးမြန်းသည့်အခါ မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကိုယ်စားလှယ် ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ် Stephan Paul Jost က “မြန်မာနိုင်ငံသည် ယခုအချိန်အထိ ထူးထူးခြားခြား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်” ဟု ရိုးရိုးရှင်းရှင်းပင် ပြောကြားခဲ့သည်။

“အခုအချိန်အထိ အတော်လေးအောင်မြင်မှုရနေတဲ့ အကြောင်းရင်းမှာ အကြောင်းပြချက်များစွာ ရှိပါတယ်။ နံပါတ် ၁ ကတော့ မြန်မာနိုင်ငံက အလွန်စောစီးစွာ တကယ်တော့ ဇန်နဝါရီ ၅ ရက်က စပြီးတော့ စတင်ခဲ့ပါတယ်” ဟု သူက ယခု သီ တင်းပတ်အတွင်းတွင် ဧရာဝတီသို့ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက စောင့်ကြည့်ရေး အတွက် ပြင်ဆင်မှုများ စတင်ခဲ့သည့်နေ့ကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။ အထူးသဖြင့် WHO နှင့် အခြားသူများက တရုတ်နိုင်ငံ ဝူဟန်မြို့မှ မရှင်းပြနိုင်သည့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ပြီး နောက်တရက်တွင် နယ်စပ်ဖြတ်ကျော်ရေး စခန်းများတွင် စောင့်ကြည့်ရေးအတွက် ဖြစ်သည်။

မြန်မာနိုင်ငံက အစိုးရဝန်ကြီးဌာနမျိုးစုံ ပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်မှုတခုကို လုပ်ဆောင်ခဲ့သည်ဟု သူက ထောက်ပြခဲ့သည်။ ဝူဟန်မှ လာသည့် လေယာဉ်ခရီးစဉ်များနှင့် တရုတ်မှခရီးသွားများအတွက် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ဆိုက်ရောက် ဗီဇာများကို ခေတ္တရပ်နားခြင်း၊ နောက်ပိုင်းတွင် သင်္ကြန်ပွဲတော်နှင့် လူစုလူဝေး ပြုလုပ်မှုများကို ရပ်ဆိုင်းခြင်းနှင့် ဆိုင်းငံ့ခြင်း၊ တိုင်းပြည်၏ အစိတ်အပိုင်းများအားလုံး (အထူးသဖြင့်ရန်ကုန်တိုင်း) တွင် တစိတ်တပိုင်း ပိတ်ဆို့ ကန့်သတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။ ၎င်းတို့သည် လူထု ကျန်းမာရေး ဆိုင်ရာနှင့် ကြိုတင် ပြင်ဆင်မှုများ၊ တုန့်ပြန်မှုများ ခိုင်မာ အားကောင်းစေရန် တိုင်းပြည်က မည်သို့ အမှန်တကယ် အားကုန်ထုတ်ခဲ့သည် ဆိုခြင်း၏ ဥပမာများဖြစ်သည်ဟု သူက ဆိုသည်။

ထို့ပြင် COVID-19 ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြင်ဆင်ခြင်းများပြုလုပ်ရန် အရပ်ဘက်နှင့် စစ်ဘက် ကဏ္ဍ ၂ ခုလုံးမှ ကိုယ်စားလှယ်များ အပါအဝင် အဓိက ဝန်ကြီးဌာနများ အားလုံး အကျုံးဝင်သော ကော်မတီ တခုကို ဖွဲ့စည်းခြင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြားမှ လက်ဆေး သရုပ်ပြမှု တို့ကလည်း မှန်ကန်သော သတင်းစကားများ ပြည်သူများထံသို့ များနိုင်သမျှ များများ ရောက်ရှိရန် အလွန် အရေးပါခဲ့ကြောင်း WHO ကိုယ်စားလှယ်က ပြောသည်။

“ဒါကြောင့် တိုင်းပြည်က ပြည်သူ့ကျန်းမာရေး၊ ကြိုတင်ပြင်ဆင်ထားမှုတွေနဲ့ တုန့်ပြန်မှုတွေ ခိုင်မာအားကောင်းစေဖို့ တတ်နိုင်တာ အားလုံးကို အမှန်တကယ် လုပ်ခဲ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ကျနော်တို့ ကြိုးစားတဲ့ နေရာမှာ တကယ်ကို အရေးပါခဲ့ပါတယ်” ဟု ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ်က ပြောသည်။

အစိုးရအနေဖြင့် မတ်လမှ စတင်၍ COVID-19 စစ်ဆေးမှုစွမ်းရည်ကို အောင်မြင်စွာ တိုးချဲ့ နိုင်ခဲ့ပြီး လက်တွေ့ကျသော ပြင်ဆင်မှုကို အာရုံစိုက်ရင်း နယ်စပ်ဖြတ်ကျော်သည့် နေရာ အားလုံးတွင် စောင့်ကြည့်စစ်ဆေးခြင်းကို မြှင့်တင်ခြင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ခြင်း (ရောဂါဖြစ်ပွားမှု အရေအတွက်ကို နည်းပါးအောင် ထိန်းထားနိုင်သည့် ခြေလှမ်းများ) စသည်တို့အပြင် ယခုအခါ ကွာရန်တင်း quarantine အစီအမံများ အကောင်အထည်ဖော်မှုမှ တဆင့် ပြည်တွင်းပျံ့နှံ့မှုကို ကာကွယ် စောင့်ကြပ်ခြင်းများ ပြုလုပ်နေသည်။

“မြန်မာနိုင်ငံက ကဏ္ဍအားလုံးမှာ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွားနိုင် ခဲ့တယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ပြောသည်။

အစိုးရအနေဖြင့် အကောင်းဆုံးရရှိနိုင်သည့် နည်းပညာနှင့် ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် စီးဆင်းစေခြင်း သေချာအောင် WHO က ကူညီခဲ့သည် ဟု ဒေါက်တာ စတီဖင်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အသစ် တမျိုးဖြစ်သောကြောင့် အရေးကြီးသည့် အတွက် ရောဂါ၏ သဘောသဘာဝကို စဉ်ဆက်မပြတ် စုဆောင်းရန်လိုအပ် ကြောင်း၊ သို့မှသာလျှင် ကျန်းမာရေးအာဏာပိုင်များက ပြောင်းလဲနေသော အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။

အောက်ပါတို့သည် ဧရာဝတီနှင့် ဒေါက်တာ စတီဖင် ပေါလ်ဂျော့စ်တို့၏ အင်တာဗျူးမှ ကောက်နုတ်ချက်များ ဖြစ်ပါသည်။ WHO ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက မကြာတော့မည့် အနာဂတ်တွင် မြန်မာနိုင်ငံမှ COVID-19 နှင့် ပတ်သက်သည့် သူ၏ မျှော်လင့်ချက်များ၊ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိရသည့် အရေအတွက်နှင့် ပတ်သက်၍ အချို့သူများ၏ သံသယဝင်မှုများ၊ ရခိုင်ပြည်နယ်တွင် အေဂျင်စီ၏ ယာဉ်တစီး တိုက်ခိုက်ခံရစဉ်အတွင်း WHO ဝန်ထမ်းတဦး သေနတ် ထိမှန် သေဆုံးခဲ့ရခြင်း၊ မြန်မာနိုင်ငံအနောက်ပိုင်းတွင် အင်တာနက် ဖြတ်တောက်ခံထားရခြင်းက COVID-19 တုံ့ပြန်မှု အပေါ် မည်သို့ သက်ရောက်မှု ရှိခဲ့ခြင်းနှင့် အခြား အကြောင်းအရာများကို ပြောဆိုခဲ့ပါသည်။

မေး။ ။ မြန်မာနိုင်ငံက ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ အခြား စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ COVID-19 အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်က ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကောင်းပါပြီ၊ ကျနော်တို့ ဆက်လက်ပြီး သတိရှိရှိ စောင့်ကြည့်နေဖို့လိုတယ်။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ သဘောကတော့ COVID-19 အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ခြင်း ဖြစ်ပါတယ်။ အဲဒါတွေ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အထူးသဖြင့် ချောင်းခြောက်ဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ အနည်းငယ် ဖျားနာခြင်းတွေပေါ်မှာ အခြေခံပါတယ်။

အခု ကျနော်တို့က မုတ်သုန်ရာသီထဲကို ဝင်ရောက်လာပါပြီ တုပ်ကွေးကလည်း အရေးကြီးတဲ့ ရောဂါတခုဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တုပ်ကွေးရောဂါနဲ့ COVID-19 ကာကွယ်ရေးတွေက အတူတူပဲ ဖြစ်နေပါတယ်။ လူမှုရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အရ အလှမ်းဝေးဝေး နေမှုများက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ လက်ဆေးခြင်းက ကူညီပေးပါလိမ့်မယ်၊ မျက်နှာဖုံးတပ်ဆင်ထားခြင်းကလည်း ကူညီ ပေးနိုင်ပါတယ်။

ဒါကြောင့် COVID-19 နဲ့ တုပ်ကွေးရောဂါ ၂ မျိုးလုံးအတွက် စောင့်ကြည့်စစ်ဆေးမှုကို မြှင့်တင်ထားသင့်ပါတယ်။ အခု ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန (MOHS) က အဲဒါကို လုပ်နေပါတယ်။ ဒါ့အပြင် တီဘီရောဂါနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အဲဒါကို ဂရုစိုက်ဖို့ လိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတခု ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ ကျန်းမာရေးလုပ်သားတွေကို တကိုယ်ရေ အကာအကွယ်ပေးတဲ့ ကိရိယာတွေနဲ့ ဘေးကင်းအောင် ထားရှိဖို့ လိုအပ်ပါတယ်။ အဲဒါကို တိုင်းပြည်ကလည်း လုပ်နေသလို တခြား မိတ်ဖက် အများအပြားကလည်း ပါဝင်ပေးခဲ့ပါတယ်။ အဲဒါက COVID-19 တုန့်ပြန်မှု အတွက်ရော တီဘီရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက်ပါ အရေးကြီးပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပြန်လည် စတင်ရေးနဲ့ ဆက်လက်လုပ်ဆောင်ရေး တို့အတွက်လည်း အဓိကသော့ချက်ဖြစ် ပါတယ်။ အဲဒါဆို ကာကွယ်ဆေးရှိမှ ကာကွယ်နိုင်တဲ့ ရောဂါဖြစ်မလာနိုင်တော့ဘူး။

ကျနော်တို့က တုပ်ကွေး ကာကွယ်ဆေး ၂၃၀၀၀ လည်း စုဆောင်းထားပြီး ဖြစ်ပါတယ်။ အဲဒါက ရာသီတုပ်ကွေးအတွက် ဖြစ်ပါတယ်။ ဒါမှသာ အဓိက ဆေးရုံများနဲ့ အဓိက ဓာတ်ခွဲခန်းတွေက အရေးပါတဲ့ ကျန်းမာရေးလုပ်သားတွေကို ရာသီတုပ်ကွေးကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါက ဝန်ထုတ်ဝန်ပိုးကို လျှော့ချဖို့နဲ့ COVID-19 နဲ့ တုပ်ကွေး ရောဂါကြားမှာ ဖြစ်နိုင်ခြေ တခုနဲ့ တခု ထပ်နေခြင်းကို လျှော့ချဖို့လည်း ကူညီ ပေးပါတယ်။ ကျနော်တို့ WHO ကလည်း ပြည်သူလူထုကို ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းပါတယ်။

အသက် ၆၅ နှစ်ကျော်သူတိုင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၆ လအထက် ကလေးများအတွက် တိုက်တွန်းထားပါတယ်။ နောက်ပြီးတော့ လှုပ်ရှားနိုင်မှု အားနည်းတဲ့သူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ အန္တရာယ်များတဲ့သူတွေ အတွက်လည်း ဖြစ်ပါတယ်။ ကျနော်တို့ ထောက်ခံချက် ပေးထားတာကို ခင်ဗျားတို့ သိပါတယ်။ အဲဒါက အသုံးဝင်ပါတယ်၊ အထောက်အကူ ဖြစ်စေပါတယ်။ ဘယ် ကာကွယ်ဆေးမှ ၁၀၀ ရာနှုန်း ထိရောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါရဲ့ ပြင်းထန်မှုကို လျှော့ချဖို့ ကူညီပေးပါတယ်။ တုပ်ကွေး ရောဂါဖြစ်ပွားမှု အချို့ကိုလည်း လျှော့ချပေးပါလိမ့်မယ်။ ဒီအချိန်မှာတော့ ဘာမှ မရှိတာထက်စာရင် အဲဒါက အများကြီး ပိုကောင်းပါတယ်။

မေး။ ။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှု အရေအတွက်က ၃၀၀ နီးပါးရှိပြီး တော်တော်လေးကို နည်းနေသေးတယ်။ အခြားတဖက်မှာတော့ တချို့လူတွေ က အဲဒီ အရေအတွက်ကို သံသယဝင်ကြပါတယ်။ အမှန်တကယ် အရေအတွက်က အများကြီး ပိုမိုမြင့်မားတယ်လို့ သူတို့က ဆိုကြပါတယ်။ အဲဒါကို ဘယ်လို သဘောရ ပါသလဲ။

ဖြေ။ ။ တကယ်တော့ မြန်မာနိုင်ငံက အခုအချိန်အထိ ကျနော် ရည်ညွှန်းခဲ့တဲ့ လုပ်ဆောင်မှုများ အားလုံးမှာ အလွန် ကောင်းမွန်ခဲ့ပါတယ်။ ဝန်ကြီးဌာနပေါင်းစုံ အတူ ပါဝင်တဲ့ ချဉ်းကပ်မှု၊ စောစီးစွာ အရေးယူ ဆောင်ရွက်မှု၊ စောင့်ကြည့် ထိန်းချုပ်ခြင်းကို မြင့်မြင့်မားမား ဆက်လက်ထားရှိခြင်း၊ ပြည်သူ့ကျန်းမာရေးအစီအမံများ ခိုင်မာခြင်း၊ သိရှိရတဲ့ ကူးစက်မှုတိုင်းနဲ့ သိရတဲ့ ထိတွေ့မှုတိုင်းကို သီးခြားထားရှိဖို့ ကြိုးစားခြင်း၊ သိရှိရတဲ့ ကူးစက်မှုတိုင်းကို ကုသပေးခြင်း၊ ပြည်ပမှပြန်လာသူတွေ သို့မဟုတ် ကယ်ဆယ်ရေးလေယာဉ်များနဲ့ ပြန်လာသူတွေ သို့မဟုတ် COVID-19 နဲ့ ထိတွေ့မိနိုင်သူတွေကို သီးသန့်ခွဲခြားနေထိုင်စေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအမံ တွေကို ဒီမှာ စနစ်တကျ လိုက်နာကျင့်သုံးခဲ့ပြီး အခြားနိုင်ငံများထက် အလွန် စောစီးစွာ စတင် ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် အဲဒါတွေက ကူးစက်ခံရမှုတွေကို အမှန်တကယ် လျော့ကျစေပါလိမ့်မယ်။ တချိန်တည်းမှာပဲ စမ်းသပ် စစ်ဆေးခြင်းကို တိုးချဲ့ခဲ့ပါတယ်။ ဒါကြောင့် အကယ်၍များ မှားယွင်းတဲ့ ကိစ္စတွေ အများကြီးရှိခဲ့ရင် အဲဒါကို တခြားနည်းလမ်းတွေနဲ့ ကျနော်တို့ တွေ့ရပါလိမ့်မယ်။ ဥပမာ ရောဂါ ဖြစ်ပွားမှု အများအပြားကို ကျနော်တို့ တွေ့ရ ပါလိမ့်မယ်။ အဲဒါတွေကို ကျနော်တို့ တွေ့မနေရပါဘူး။ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေကို ကျနော်တို့ တွေ့မြင်ရပါလိမ့်မယ်။ ဒီလိုမျိုး ရောဂါဖြစ်ပွားမှုတွေကို ခင်ဗျားတို့ အမှန်တကယ် မဖုံးကွယ်နိုင်ပါဘူး။ MOHS က (ဖုံးကွယ်ရန်) ကြိုးစားနေတယ်လို့လည်း ကျနော် မထင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ စောစောစီးစီး ပြီးသွားတာက သူတို့ အတွက် ပိုကောင်းလိမ့်မယ် ဆိုတာကို သူတို့ ကောင်းကောင်းသိကြလို့ ဖြစ်ပါတယ်။

ကျနော့်အတွက် စိုးရိမ်ပူပန်မှု ကတော့ နည်းနည်း ကွဲပြားခြားနားပါတယ်။ အဲဒါကတော့ ဒီလို အလွန်ကောင်းတဲ့ အားထုတ်မှုကို ကျနော်တို့ ဘယ်လောက်ကြာအောင် ထိန်းသိမ်းထားနိုင်မလဲ။ ဘာကြောင့်လဲဆိုတော့ လူတွေက မောနေကြပြီ။ တကယ်လို့ ကျနော်တို့က တနေ့ကို ၂၄ နာရီ၊ တပတ်ကို ၇ ရက် အလုပ်လုပ်မယ်ဆိုရင် ဘာကိုမျှော်လင့်ရမလဲ။ တချိန်ချိန်မှာ ကျနော်တို့ ပင်ပန်းနွမ်းနယ်လာလိမ့်မယ်ကို ခင်ဗျားသိတယ်။ ကျနော့်အတွက်ကတော့ အဲဒါက ရှေ့မှာ ရှိနေနိုင်တဲ့ အန္တရာယ် ပါပဲ။ ကျနော်တို့ အားလုံးက သာမန် လူသားတွေသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အံ့သြစရာ ကောင်းတဲ့ တုံ့ပြန်မှုတွေကို တနည်းနည်းနဲ့ ဆက်လက် ထိန်းသိမ်းထားနိုင်ရေး သေချာအောင် ကျနော်တို့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံ အောင်မြင်ခဲ့တယ်ဆိုတာ ကျနော် သံသယ မဖြစ်ပါဘူး။ မြန်မာနိုင်ငံက ကဏ္ဍများစွာမှာ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးခြင်းအားဖြင့် အောင်မြင်ခဲ့ပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက်ကြားမှာ ပူးပေါင်း ဆောင်ရွက်မှုများမှတဆင့်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီအတွက် လူအများအပြားက ပံ့ပိုးပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဓိကအလုပ်ကိုတော့ အမျိုးသားကျန်းမာရေး အာဏာပိုင်များက ပြုလုပ်ခဲ့ပါတယ်။ ဒီ ကြိုးပမ်းအားထုတ်မှုတွေ ရှေ့တန်းကို ရောက်ဖို့နဲ့ လိုအပ်တဲ့အချိန်မှာ ရှိနေရေး သေချာစေဖို့ ဦးဆောင်ခဲ့ပါတယ်။ နည်းလမ်းများစွာနဲ့ ရုန်းကန်နေရတဲ့၊ အရင်းအမြစ်တွေက အကန့်အသတ်နဲ့သာ ရှိနေတဲ့၊ ဆင်းရဲတဲ့ နိုင်ငံ တနိုင်ငံက ရှိသမျှ အားလုံးကို ထုတ်ပြီး လုပ်ဆောင်ခဲ့တာကို မြင်တွေ့ရခြင်းက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါကို ဆက်လက်ပြီး အပြည့်အဝ ထိန်းချုပ်သွားနိုင်ရေးနဲ့ COVID-19 ကို လက်လျှော့ အရှုံးမပေးရရေး သေချာအောင် ကျနော်တို့ လုပ်ရပါမယ်။

ဟုတ်ပါတယ်၊ ဒီဟာက ခန့်မှန်းရခက်တဲ့ ဗိုင်းရပ်စ်တခုပါ။ ခင်ဗျား မကြည့်ဘဲနဲ့ သို့မဟုတ် မကြိုးစားဘဲနဲ့၊ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်တော့ဘဲနဲ့ ခင်ဗျားကို တိုက်ခိုက်နိုင်ပါတယ်။ ပိုပြီး ခက်ခဲလာမယ့် စိန်ခေါ်မှု ဖြစ်လာမယ့် ဒီ အံ့အားသင့်စရာ အားထုတ်မှုကို တကယ်ကို ထိန်းသိမ်းထားပါတယ်။ ဒါက အောင်မြင်မှုတခု မဟုတ်ဘူးဆိုတာကို မယုံကြည်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အောင်မြင်တခုလို့ ကျနော် ယုံကြည်တယ်၊ ခင်ဗျားတို့ နည်းလမ်းများစွာနဲ့ တွေ့နိုင်ပါတယ်၊ ထပ်ပြောရရင် ကျနော် ရည်ညွှန်းခဲ့ ပြီးတဲ့ တချို့ အပြင် ပြီးခဲ့တဲ့ ၅ ပတ်အတွင်း ကျနော်တို့မှာ ပြည်တွင်းကူးစက် ပျံ့နှံ့မှု မများခဲ့ဘူး၊ ဖြစ်ပွားမှု အားလုံးနီးပါးကလည်း ကယ်ဆယ်ရေး လေကြောင်း ခရီးစဉ်တွေ (အခြားနိုင်ငံများမှ ပြန်လာကြသော မြန်မာနိုင်ငံသားများ) ကနေတဆင့် ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံက ဒါနဲ့ ပတ်သက်ပြီး အလွန်ဂရုစိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက် လာမယ့် လေယာဉ်ခရီးစဉ်များ ကန့်သတ်ချက်တွေကိုလည်း တိုးချဲ့ခဲ့ပါတယ်။ WHO အနေနဲ့ လုပ်ဆောင်ချက်တွေမှာ ဝင် မပါ ပါဘူး။ အထွေထွေ လမ်းညွှန်ချက် တခုကို ကျနော်တို့က ပေးပါတယ်။ ဒါပေမယ့် ကျနော်တို့က ခင်ဗျား ဒါကို လုပ်ရမယ် သို့မဟုတ် ဟိုဟာကို လုပ်ရမယ်လို့ တိုင်းပြည်တွေကို ကျနော်တို့ မပြောပါဘူး။ တိုင်းပြည်တွေက ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်းတွေ နဲ့ ယဉ်ကျေးမှုဆိုင်ရာအ ကြောင်းတွေ၊ နိုင်ငံ အတွင်းမှာ ပျံ့နှံ့နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအချက်များ အတွင်းက သူတို့ရဲ့ ကိုယ်ပိုင် အခြေအနေများနဲ့အညီ မှန်ကန်တဲ့ ဟန်ချက်ညီမျှမှု ရ အောင် လုပ်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံက ဆက်လက်ပြီး သတိထားရင်းနဲ့ ဖြစ်ပွားမှုတွေ ထပ်ဝင်မလာအောင် စောင့်ကြပ်ခြင်း အားဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်တွေ ပြုလုပ်နေတယ်လို့ ကျနော် သေသေချာချာ ယုံကြည်ပါတယ်။

မေး။ ။ ခင်ဗျားဘက်က အကောင်းမြင်မှုတွေ ရှိနေပေမယ့် COVID-19 အပေါ် မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုကို နိုင်ငံပြင်ပမှာ လုံးလုံး မသိရှိကြပုံ ရပါတယ်။ နိုင်ငံတကာ မီဒီယာ သတင်းတွေက ဖြစ်စဉ်တခုလုံးကို အမှန်တကယ် ဖော်ထုတ်ပြခြင်းမျိုး မဟုတ်ဘဲ နိုင်ငံအတွင်းမှာ တချို့သူတွေက ဆေးဝါးမဟုတ်တဲ့ ကုသမှုတွေ လုပ်နေကြတယ်ဆိုတာ အပေါ်မှာပဲ အာရုံစိုက်ခဲ့ကြပါတယ်။

ဖြေ။ ။ ကောင်းပြီ၊ ခင်ဗျားတို့ စောင့်ကြည့်သင့်တယ်လို့ပဲ ကျနော် ပြောရပါလိမ့်မယ်၊ ဒါက မပြီးသေးဘူး။ COVID-19 သည် ပြောင်းလဲနေတဲ့ လမ်းကြောင်းတခုနဲ့ အတူ မာရသွန် ပြေးပွဲတခု ဖြစ်တယ်ဆိုတာကို နားလည်ထားဖို့ အလွန် အရေးကြီးပါတယ်။ ကျနော်တို့ ဘယ်လမ်းကြောင်းကို ကာကွယ်ရမလဲ ဆိုတာကို မသိသေးပါဘူး အဲဒါက ဗိုင်းရပ်စ် အသစ်တမျိုး ဖြစ်ပါတယ်။ အဲဒါရဲ့ တချို့ အခြေခံတွေကို ကျနော်တို့ အခုထိ နားမလည်သေးပါဘူး။ တချိန်တည်းမှာပဲ ခင်ဗျားက သိရှိရတဲ့ ထိတွေ့မှုတိုင်း၊ သိရှိရတဲ့ ကူးစက်မှုတိုင်းကို သီးခြား ခွဲထုတ်ထားမယ်ဆိုရင်၊ သိရှိရတဲ့ ထိတွေ့မှုတိုင်းကို ခြေရာခံပြီးတော့ သူတို့ကို သီးခြား ခွဲထားမယ် ဆိုရင်၊ ဖြစ်နိုင်ချေရှိတဲ့ ထိတွေ့မှုတိုင်း အတွက် ခင်ဗျားတို့မှာ quarantine နေရာတခု ရှိမယ်ဆိုရင်၊ နောက်ပြီးတော့ သူတို့ဟာ ထိတွေမှု ရှိတယ်ဆိုတာကို ခင်ဗျားတို့ အတည်ပြုနိုင်တာနဲ့ တပြိုင်နက် နောက်ပြီး အထူးသဖြင့် တကယ်လို့ သူတို့က ကူးစက်ခံရတယ်လို့ အတည်ပြု ခံရတဲ့အခါ သူတို့ကို သီးခြားခွဲထားမယ်ဆိုရင် ဘယ်လို အလုပ်ဖြစ်သလဲ ဆိုတာ ကျနော်တို့ ကောင်းကောင်း နားလည်ကြပါတယ်။

ဒါကြောင့် ဒီအချက်တွေက အလုပ်ဖြစ်တယ် ဆိုတာကို ကျနော်တို့သိတယ်၊ အဲဒါတွေက နေရာတိုင်းမှာ အလုပ်ဖြစ်တယ်၊ နောက်လာမယ့် အချိန်ကာလမှာလည်း အဲဒါတွေက အခြေခံ အချက်တွေဖြစ်တယ်။ တနေ့မှာ ဒီဇာတ်ကြောင်းကို ပြောကြမယ်ဆိုရင် မြန်မာနိုင်ငံက အောင်မြင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ် လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဒါက ကမာ္ဘလုံးဆိုင်ရာကပ်ရောဂါ ဖြစ်တာကြောင့် ဒါကို ပြောဖို့ စောလွန်းပါသေးတယ်။

ကျနော်တို့မှာ ကာကွယ်ဆေးမရှိဘူး၊ ထိရောက်တဲ့ ကုထုံးတွေ မရှိဘူး၊ အဲဒါ ဖြစ်လာဖို့ အချိန် အတော်အတန် ယူရမယ်။ ဝမ်းနည်းစွာနဲ့ ပဲ ပြောရရင် ပြီးသွားဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါက လူသားမျိုးနွယ်အတွက် အခြေအနေ အသစ်တခု ဖြစ်ပါတယ်။ သို့သော် လက်ရှိချဉ်းကပ်မှု၊ အလေးအနက်ထားမှု၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်မှုနဲ့ ပြသခဲ့ပြီး ဖြစ်တဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုတွေနဲ့ အတူ မြန်မာနိုင်ငံက နောက်ဆုံးမှာ အောင်မြင်တဲ့ နိုင်ငံများထဲမှာ ပါဝင်ဖို့ အခွင့်အလမ်းများ အားလုံး ရှိပေမယ့်လည်း အဲဒီကိုရောက်ဖို့ သတိကြီးမှုနဲ့ ညီညွတ်မှုကို ဆက်လက် အသုံးချ နိုင်ရပါမယ်။ ကျနော်တို့က စောင့်ကြည့် ထိန်းချုပ်ရေးမှာ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့၊ ဖြစ်စဉ် စီမံခန့်ခွဲမှုမှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့နဲ့ ကျန်းမာရေးစနစ်မှာ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

မေး။ ။ ဧပြီလအတွင်းမှာ WHO ကျန်းမာရေးလုပ်သား တယောက် ရန်ကုန်ကို COVID ဓာတ်ခွဲနမူနာများ သယ်ဆောင်စဉ် ရခိုင်ပြည်နယ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အစိုးရက စုံစမ်းစစ်ဆေးရေးကော်မတီ တခု ဖွဲ့စည်းခဲ့ပြီး သူတို့က အခင်းဖြစ်ပွားရာ နေရာကို ၂ ကြိမ် သွားရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ထပ်မံ တစုံတရာ သိရှိရတာ ရှိပါသလား။

ဖြေ။ ။ ဆောင်ရွက်နေဆဲ စုံစမ်းစစ်ဆေးမှု တခုအပေါ် မှတ်ချက်မပေးဘဲ နေဖို့ ကျနော်ကို ခွင့်ပြုပါ။ ကျနော့်အတွက် အဲဒါက သင့်တော်မှာ မဟုတ်ပါဘူး။ ဒါက အစိုးရက စတင်ခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု တခုပါ။ သူတို့ လုပ်ခဲ့တာကို ကျနော်တို့ ကြိုဆိုပါတယ်။ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး၊ ကျနော် ကိုယ်တိုင်နဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေက အစပိုင်းမှာ (စုံစမ်းစစ်ဆေးရေး) အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ကြပြီးပါပြီ။ အဲဒါက အစပိုင်းမှာ ကျနော်တိုရဲ့ အမြင်ကို ရှာဖွေဖို့ သူတို့ ကြိုးစားခြင်းမျိုးပါပဲ။ ဟုတ်ပါတယ်။ ပြုလုပ်နေဆဲ စုံစမ်းစစ်ဆေးမှု တခုအပေါ် ကျနော် နောက်ထပ် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။

စုံစမ်းစစ်ဆေးမှု ပြီးစီးပါစေ။ အဲဒါက ဟုတ်ပါတယ်။ ဝန်ထမ်းတဦးကို ဆုံးရှုံးလိုက်ရခြင်း က WHO နဲ့ ကုလသမဂ္ဂ မိသားစုတခုလုံး အတွက် အလွန် နာကျင်ရတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဂုဏ်သိက္ခာနဲ့ သင့်တင့် လျောက်ပတ်မှု ကို ကျနော်တို့က သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးက အလွန်အရေးကြီးတယ် ဆိုတာကို အဲဒါက ပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မည်သူတဦးတယောက်မျှ ဒုက္ခမခံစား သင့်ပါဘူး။ ငြိမ်းချမ်းရေး မရှိခြင်းရဲ့ ရလဒ်တခု အနေနဲ့ မည်သူ တဦးတယောက်မျှ ဆင်းရဲဒုက္ခ မခံရသင့်ပါဘူး။ ဒါက အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ အကြမ်းမဖက်ခြင်းက ကမာ္ဘကို ကယ်တင်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အကြမ်းဖက်ခြင်းက နည်းလမ်း မဟုတ်ပါဘူး။

မေး။ ။ တချို့လူ့အခွင့်အရေးအဖွဲ့ တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် မှာ အင်တာနက် ဖြတ်တောက် ထားတာနဲ့ ပတ်သက်ပြီး စောဒက တက်နေကြပါတယ်။ ပြည်သူတွေကို COVID-19 နဲ့ ပတ်သက်ပြီး အမှောင်ထုထဲကို ရောက်နေစေတယ် လို့ပြောကြတယ်။ တနှစ်ကြာ အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် “သိန်းနဲ့ ချီတဲ့ ပြည်သူတွေက” ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘာကိုမှ သိရှိနိုင်မှာ မဟုတ်ဘူးလို့ CNN က ဖော်ပြခဲ့ပါတယ်။ အဲဒါ အမှန်ပဲလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။`။ ကောင်းပါပြီ။ မဟုတ်ပါဘူး။ သူတို့ဖော်ပြသလောက်ကြီး မှန်တယ်လို့တော့ ကျနော် မထင်ပါဘူး။ ကျန်းမာရေး အာဏာပိုင်တွေက အဲဒီကို သတင်းစကားတွေ ရောက်ဖို့ အားထုတ်ကြိုးပမ်းမှု အားလုံးကို လုပ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီကို သတင်းစကားတွေ ပေးပို့ရေးအတွက် တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ ရေဒီယိုကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတုန်းပါပဲ။ အဲဒါ မှန်ပါတယ်။ အံ့သြလောက်စရာ သတင်းစကား ပေးပို့မှု အများအပြားက ရေဒီယိုက ထွက်ပေါ်လာ ခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာ အလွန်ကောင်းမွန်သော သတင်းစကားပေးပို့မှု များစွာ ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒါက အလွန်အရေးကြီးပါတယ်။ ကျနော်တို့ WHO မှာလည်း ဒါကို အကူအညီပေးဖို့ နည်းလမ်းငယ်တခု ရှိပါတယ်။ အင်္ဂလိပ်နဲ့ မြန်မာ ၂ ဘာသာ နဲ့ ထုတ်ဝေထားတဲ့ သတင်းလွှာ တွေနဲ့ အထောက်အကူပြုခဲ့ပါတယ်။

မေး။ ။ တကယ်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် COVID-19 ကို တုံ့ပြန် တဲ့ နေရာမှာ မြန်မာနိုင်ငံရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ ပထမဆုံး အနေနဲ့ ပြောရမယ်ဆိုရင် ကျနော် ရည်ညွှန်းပြီး ဖြစ်တဲ့အတိုင်း COVID-19 နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ယူဆောင်လာခဲ့တဲ့ လေးနက်မှု၊ တက်ကြွမှု၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှုတွေအတွက် ကျနော် အလွန်ပျော်ရွှင်မိပါတယ်။ အိုကေ၊ ဒါက တိုင်းပြည်ကို ခုချိန်အထိ ကြံ့ကြံ့ခံနိုင်စေတဲ့ ထူးခြားတဲ့ တုန့်ပြန်မှုတခု ဖြစ်ခဲ့ပါတယ်။ ကျနော်က “အခုအချိန်ထိ” လို့ ဆက်ပြောနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာကို ကျနော် မသိလို့ပါ။ ကျနော် မမျှော်လင့်ပေမယ့်လည်း တနေရာရာမှာ ဖြစ်ပွားမှု အတိုင်းအတာ တစုံတခုက အမြဲတမ်း ရှိနေနိုင်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် စနစ် ထဲမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ကို ကြည့်မယ်ဆို ကူးစက်မှု ၁၂၅၀၀၀ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် တနိုင်ငံ ထဲမှာ ကူးစက်မှုပေါင်း ၁၃၀၀၀၀ နီးပါး ရှိပါတယ်။ ဘေးချင်းကပ်နေတဲ့ အိမ်နီးချင်း နိုင်ငံပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်တဲ့ အနေနဲ့ ဗိုင်းရပ်စ် ရောက်လာနိုင်ချေနဲ့ သူဖြတ်လာမယ့် လမ်းကြောင်းကို ရှာဖွေခြင်း အတွက် ပိုမို ကောင်းမွန်တဲ့ ကိရိယာတွေ တပ်ဆင်ဖို့နဲ့ ကျော်ဖြတ်ရမယ့် နည်းလမ်း ရှာဖွေဖို့ ရခိုင်ပြည်နယ်မှာ၊ ကျန်းမာရေးဌာနများမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ ကျနော် ပြောချင်တာက အဲဒါက အလွန်သေးငယ်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ သူက ဖြတ်သန်းဖို့ လမ်းကို ရှာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ အဲဒီအတွက် အဆင်သင့် ဖြစ်ဖို့ လိုအပ်ပါတယ်။

မေး။ ။ အစိုးရတပ်တွေနဲ့ ရက္ခိုင်စစ်တပ် (AA) ရဲ့ ကြားက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်မှုအပေါ် ဘယ်လို သက်ရောက်မှုရှိခဲ့ပါသလဲ။

ဖြေ။ ။ ကောင်းပြီ၊ ဟုတ်ပါတယ်၊ အဲဒါက ပိုပြီး ခက်ခဲစေခဲ့ပါတယ်။ ကျနော် ပြောချင်တာကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အန်တိုနီယို ဂူတားရတ်စ် António Guterres က စစ်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးကို တိုက်ပွဲတွေရပ်တန့်ပြီး တကမာ္ဘလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတခုနဲ့ COVID-19 ကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့ လူသားမျိုးနွယ်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်မှာ အတူတကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ဒီက ပဋိပက္ခတွေမှာ ပါဝင်နေသူတွေကလည်း တိုက်ပွဲကိုရပ်ပြီး COVID-19 ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုတွေမှာ အာရုံစူးစိုက်ရေးကို လုပ်နိုင်ကြမယ်လို့ ကျနော် စိတ်အားထက်သန်စွာ၊ ရိုးသားစွာ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါကို ဆန့်ကျင် အောင်မြင်ခြင်းက ကြီးကျယ်တဲ့ကိစ္စတခု ဖြစ်ပါတယ်။ ဒါကို အန္တရယ် မဖြစ်ပါစေနဲ့။ တခြား ကိစ္စတွေလည်း အများကြီး ရှိနေပါတယ်။ ကျနော်တို့ရဲ့ ယာဉ်မောင်းကိစ္စမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း၊ ရခိုင်ပြည်နယ်မှာ အရပ်သားများစွာ တွေ့မြင်ခဲ့ရတဲ့ အတိုင်း ပဋိပက္ခရဲ့ အကျိုးဆက်အနေနဲ့ တခြား အကြောင်းအရာ အများအပြားကို အန္တရယ် မဖြစ်ပါစေနဲ့။ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အကြမ်းမဖက်သော နည်းလမ်းများစွာ ရှိပါတယ်။ အဲဒါတွေက အလုပ်လည်း ဖြစ်ပါ တယ်။ ဒါကို တကမာ္ဘလုံးမှာ မြင်တွေ့ခဲ့ရ ပြီးပါပြီ။

( Kyaw Phyo Tha ၏ WHO Country Chief Urges Myanmar to Sustain ‘Amazing’ COVID-19 Response ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )

You may also like these stories:

ကိုဗစ်က ချန်ရစ်ခဲ့မယ့် ယဉ်ကျေးမှုသစ်များ

ကိုဗစ် ကုသမှုအတွက် remdesivir ဆေးကို ဒေါ်လာ ၂၃၄၀ ဖြင့် ရောင်းချမည်

ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက

ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့မည့် နေရာထပ်တိုး

The post အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း appeared first on ဧရာဝတီ.

]]>
ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ https://burma.irrawaddy.com/news/2020/07/03/225732.html Fri, 03 Jul 2020 12:27:54 +0000 https://burma.irrawaddy.com/?p=225732 စစ်ခုံရုံးတင် တရားစီရင်ခဲ့သော တပ်မတော်သား သုံးဦးတို့ကို မည်သို့သော ပြစ်ဒဏ်ပေးသည်နှင့် ထောင်ဒဏ် မည်မျှချသည်ကို တပ်မတော်မှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

The post ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတားပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မွတ်ဆလင် ၁၉ ဦးကို သတ်ဖြတ်မှုအတွက် တပ်ဖွဲ့ဝင် ၃ ဦးကို စစ်ခုံရုံးမှ တရားစီရင်ခဲ့ရာ ပြစ်ဒဏ်ချမှတ်မှုများကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသောကြောင့် တပ်မတော်ကို ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များက ဝေဖန်နေကြသည်။

အဆင့်မြင့်စစ်ဖက်အရာရှိတဦး၊ အခြားအရာရှိတဦးနှင့် အခြားအဆင့် စစ်သည်တဦးတို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်တွင် တိုက်ပွဲ စည်းမျဉ်းများ မလိုက်နာသောကြောင့် စစ်ခုံရုံးတင် တရားစီရင်ခဲ့ကြောင်း တပ်မတော် ပြန်ကြားရေးအဖွဲ့က အင်္ဂါနေ့တွင်ကြေငြာသည်။ သို့သော် ထိုသုံးဦးတို့ကို မည်သို့သော ပြစ်ဒဏ်ပေးသည်နှင့် ထောင်ဒဏ် မည်မျှချသည်ကို တပ်မတော်မှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

ARSA  အဖွဲ့က ထိုဒေသရှိ ရဲကင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင်သူပုန်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများကို အစိုးရက ပြုလုပ်သောအခါ ဂူတားပြင်အပါအဝင် ရွာပေါင်း ၁၂ ရွာတွင် အစိုးရတပ်များနှင့် ARSA တိုက်ခိုက်ရေးသမားများကြား တိုက်ခိုက်မှု အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်  မြန်မာအစိုးရ က ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အဆိုအရ  နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း ဂူတားပြင်အပါအဝင် နေရာပေါင်း ၄ ခုတွင် လူ ၁၀၀၀ နီးပါး အသတ်ခံရသည်ဟု သိရသည်။

ထိုစစ်ဆင်ရေးများကြောင့် ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသည်။ ထိုထွက်ပြေးသူများက ၎င်းတို့သည် လုံခြုံရေးတပ်များ၏ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ၊ တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်းများ၊ လုယက်ခြင်းများနှင့် နေအိမ်များကို မီရှို့ခြင်းများကို ကြုံတွေ့ သိမြင်ရသည် ဟုပြောသည်။ ထို့ကြောင့်ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ထိုစစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသည်ဟု ကောက်ချက်ချခဲ့သောကြောင့် မနှစ်က မြန်မာနိုင်ငံ သည် နိုင်ငံတကာတရားရုံး (ICJ)  တွင် တရားစွဲခံခဲ့ရသည်။ မြန်မာအစိုးရနှင့် တပ်မတော်တို့က ထိုစွပ်စွဲချက်များကို ပယ်ချပြီး ARSA ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် ကြေညာခဲ့သည်။

မွတ်ဆလင်များအပေါ် ပြစ်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် တပ်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့များအားလုံးအတွက် တာဝန်ရှိသော တပ်မတော်က ၂၀၁၇ ခုနှစ်က သူပုန်များကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် တပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေး စစ်ခုံရုံးတင်ခဲ့ကြောင်း တပ်မတော်ကပြောကြားထားသည်။ ထိုသို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ICOE ကလည်း အကြံပြုထားသည်။

တပ်မတော်က ဂူတာပြင်အမှု စစ်ဆေးစီရင်ရန် လွန်ခဲ့သော နှစ် နိုဝင်ဘာလက စစ်ခုံရုံးဖွဲ့ခဲ့ပြီး  ထိုအမှုသည် ဧပြီလတွင် စစ်ဆေး ပြီးစီးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဂူတာပြင်တွင် ARSA အဖွဲ့ဝင်များနှင့် ရွာသားများ၏ အင်အားသုံး တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“လုံခြုံရေးတပ်တွေက ပြန်လည်တိုက်ခိုက်တဲ့အခါ လိုက်နာမှုအားနည်းတာ တချို့ရှိတယ်။ အဲဒါက ရည်ရွယ်ချက်နဲ့ တမင်လုပ်တာ မဟုတ်ဘူး” ဟု သူပြောသည်။

ချမှတ်သည့် ပြစ်ဒဏ်များ ကို မထုတ်ပြန်ရသည့် အကြောင်း မေးသောအခါ ထိုဖြစ်ရပ်သည် လုံခြုံရေးတပ်များသည် နိုင်ငံတော်ကိုကာကွယ်ရေး နှင့် ဒေသ တည်ငြိမ်ရေး တာဝန် ထမ်းဆောင်ရင်း  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူပြောသည်။

“ဒါက တချက်။ နောက်တချက်ကတော့ ရဲဘော်ရဲဖက်စိတ် အရ ပြစ်ဒဏ်တွေကို မဖော်ပြတာပါ” ဟု ပြောသည်။

သို့သော် ထိုသို့သော အကြောင်းပြချက်များသည် ဦးသိန်းသန်းဦးကဲ့သို့သော လူ့အခွင့်အရေး ရှေ့နေများကို ကျေနပ်နိုင်စေခြင်း မရှိပေ။

“ဘာမှ မဆိုင်ဘူး” ဟု ဦးသိန်းသန်းဦးက ပြောသည်။

ထို တပ်ဖွဲ့ဝင် ၃ ဦးကို အပြစ်ပေးခြင်းမှာ  သို့မဟုတ် တပ်မတော်၏ ဂုဏ်သတင်းကို ထိခိုက်စေသော စစ်စည်းကမ်းလိုက်နာရန် ပျက်ကွက်သောကြောင့်ဖြစ်ကြောင်း သူပြောသည်။ ပြစ်ဒဏ်နှင့် ပတ်သက်ပြီး အသေးစိတ်များကို ထုတ်မပြောတာ အကြောင်းရှိနိုင်ကြောင်း ဦးသိန်းသန်းဦး က ပြောသည်။

“လူသိမခံရဲတဲ့ ပြစ်ဒဏ်တွေမို့လို့ နေမှာပေါ့ ” ဟု သူက ပြောသည်။

နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း ဖြစ်ပွားခဲ့သည်ဟု သိရသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ ခုတွင် ဂူတားပြင် အမှုသည် စစ်ခုံရုံးတင် စစ်ဆေးသည့် ပထမဆုံးအမှုဖြစ်သည်။ အခြား ၂ မှုအတွက် စုံစမ်းစစ်ဆေးသည့် ခုံရုံးများဖွဲ့စည်း စစ်ဆေးနေကြောင်း တပ်မတော်ကပြောသည်။

ဂူတာပြင်အတွက် စစ်ခုံရုံးကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ICJ သို့ ဒီဇင်ဘာလတွင် မသွားရောက်မီ နိုဝင်ဘာလ က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုတရားရုံးတွင် ထွက်ဆိုရာ၌ နိုင်ငံတော်အတိုင်ပင်ခံက ARSA ၏ လုံခြုံရေး စခန်းများ တိုက်ခိုက်မှုကို စစ်ရေးအရ တုံ့ပြန်ခဲ့ရာတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် အကြွင်းမဲ့ လက်ခံထားသော တရားမျှတမှုနှင့် တရားဥပဒေ စံနှုန်းများကို ချိုးဖေါက်မှုများ ရှိနိုင်သည်နှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ခြင်း မရှိခဲ့ပေ။  သို့သော် ထိုပြစ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ကြောင်း နှင့် စစ်ရာဇဝတ်မှုများတွင် ပါဝင်သူများကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်တွင်း စစ်ခုံရုံးများတွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ဂူတားပြင်အမှုအတွက် စစ်ခုံရုံးတခု ဖွဲ့စည်းသောကြောင့်ကျေနပ်ကြောင်းနှင့် တရားမျှတမှု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားအပြီး ခြောက်လအကြာတွင် တပ်ဖွဲ့ဝင် ၃ ဦးကို စစ်ဆေးအရေးယူခဲ့ကြောင်း တပ်မတော်က ကြေညာသော်လည်း အခြားမည်သည့် အသေးစိတ်ကိုမျှ ထုတ်ဖေါ်ကြေညာခြင်းမရှိပေ။

စစ်ခုံရုံးနှင့် ပတ်သက်ပြီး အများပြည်သူသို့ အသိပေးမှုမရှိခြင်းသည်  စိုးရိမ်ဖွယ်ရာ အများအပြားဖြစ်စေကြောင်း နိုင်ငံတကာဂျူရီလူကြီးများ ကော်မရှင်၏ ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှု အစီအစဉ် မှ ညှိနှိုင်းရေးမှူး ကင်းစလေ အက်ဘော့က ဧရာဝတီသတင်းဌာနသို့ပြောသည်။ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖေါက်မှုများဖြင့် စွပ်စွဲခံရသော စစ်သားများကို စစ်ခုံရုံးများတွင် မစစ်ဆေးဘဲ အရပ်ဖက်တရားရုံးများတွင် စစ်ဆေးသင့်ကြောင်းလည်း သူပြောသည်။

“ရဲဘော်ရဲဖက်စိတ် ဆိုတာကို စစ်တပ်က ကိုးကားပြောဆိုတာကြောင့် ဒီ တရားစီရင်ရေးဟာ ဘက်လိုက်မှု ရှိပြီး လွတ်လပ်မှု မရှိဘူးဆိုတာကိုပြနေတယ်” ဟုလည်း သူပြောသည်။

ပြင်းထန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို နိုင်ငံတကာဥပဒေစံနှုန်းများနှင့် မညီသောပုံစံဖြင့် မြန်မာနိုင်ငံက ကိုင်တွယ်ဖြေရှင်းနေခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တားဆီးရေး နိုင်ငံတကာသဘောတူညီချက်ပါ အချက်များကို မြန်မာနိုင်ငံက လိုက်နာ ဖြည့်ဆည်းခြင်းရှိမရှိ ကို  ICJ က စဉ်းစားသုံးသပ်ရာတွင် ထည့်သွင်းလာနိုင်ကြောင်းလည်း သူ သတိပေးသည်။

မြန်မာနိုင်ငံမှ တပ်မတော်၏ တရားစီရင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ မှ သံသယဖြစ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင်ဖြစ်ပွားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်သူများကို ၂၀၁၉ ခုနှစ်က ပြစ်ဒဏ် လျော့ပေါ့ပေးခဲ့ခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝန်းတွင် တပ်မတော် စစ်ခုံရုံးများအပေါ် အကြီးအကျယ် အယုံအကြည်ကင်းမဲ့မှုဖြစ်စေခဲ့သည်။ “ဒီကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း အတော်များများက စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ICJ   ကိုပြောသည်။

နိုင်ငံတကာ အာရုံစူးစိုက်မှုခံနေရသော ထိုပြဿနာကို ကိုင်တွယ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် သတိထားသင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ နှင့် Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းပြောသည်။

“ဒါက စစ်သားတွေက အရပ်သားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်လို့ သူတို့ကို ဘယ်လိုအပြစ်ပေးတယ်ဆိုတာ သိရမှသာ တရားမျှတမှု ရှိမရှိ သိရမှာလေ” ဟု ဦးအောင်မျိုးမင်းပြောသည်။

တပ်မတော်အနေဖြင့် ရဲဘော်ရဲဖက်စိတ်ထက်  အဖွဲ့အစည်းတခုလုံး၏ ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားသင့်ကြောင်းနှင့် ၂၀၁၉ ခုနှစ်က အထက်ပါ  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်သည့် တပ်မတော်၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်းလည်း သူပြောသည်။

“အဖွဲအစည်း ဂုဏ်သိက္ခာကို ပိုအလေးထားဖို့ လိုတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင် ၃ ယောက်ကို ဘယ်လိုအပြစ်ပေးတယ်ဆိုတာကို လူသိရှင်ကြား ထုတ်ပြန်သင့်တယ်” ဟု ဦးအောင်မျိုးမင်း က ဆိုသည်။

(Kyaw Phyo Thar ၏ Myanmar Military Faulted for Information Blackout on Massacre Prosecutions ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ

နိုင်ငံရေးတွင် ဝင်နိုင်ခြေ တပ်ချုပ် ရုရှားမီဒီယာတွင် အရိပ်အမြွက်ပြော

မြန်မာနှင့် အိန္ဒိယနိုင်ငံ တပ်မတော်တို့ကြား စစ်ဘက်နှင့် နယ်စပ်လုံခြုံရေး ပိုမို ပူးပေါင်းမည်

The post ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ appeared first on ဧရာဝတီ.

]]>
Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ https://burma.irrawaddy.com/opinion/interview/2020/05/09/222261.html Sat, 09 May 2020 05:02:40 +0000 https://burma.irrawaddy.com/?p=222261 Covid-19 အပေါ် အစိုးရရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ မေးမြန်းသော မေးခွန်းများကို ဦးသန့်မြင့်ဦး ဖြေကြားခဲ့သည်။

The post Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ တွေ့ရှိရကြောင်း  ထုတ်ပြန်ကြေညာခဲ့သည်မှာ တလကျော်ပြီဖြစ်ပြီး တကမ္ဘာလုံးတွင် ဤကူးစက်ရောဂါမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားနေသည်။ ဒီမိုကရေစီနှင့် အရင်းရှင်စနစ်၏ အားသာမှုများမှာ မရေရာတော့ဘဲ ယနေ့ကမ္ဘာသည် အပြောင်းအလဲမှတ် တခုသို့ ရောက်နေပြီး ကမ္ဘာကြီး၏ အနာဂတ်သည် လွန်ခဲ့သော ဆယ်စုနှစ်များကထက် ပိုမို မှုန်ဝါးလာသည်ဟု သမိုင်းပညာရှင်တဦး ဖြစ်သည့် ဦးသန့်မြင့်ဦးက ရှုမြင်သည်။

“ကမ္ဘာကြီးဟာ ဘယ်ပုံဘယ်နည်း ပြောင်းလဲလာနေလဲဆိုတာကို မြန်မာနိုင်ငံအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပြီး အနာဂတ်ရွေးချယ်မှုတွေကို အခြေအမြစ်ကျကျ ပြန်လည်သုံးသပ်ဖို့လိုတယ်” ဟု သူက ဆိုသည်။  ကိုဗစ်-၁၉ အကျပ်အတည်းသည် အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံးသူများ အပါအဝင် ပြည်သူအားလုံးအတွက်  အကျိုးဖြစ်စေမည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် မြန်မာ့စီးပွားရေးကို လုံးဝဥဿုံ ပြောင်းလဲပုံဖော်ရန် အခွင့်အလမ်းဖြစ်ကြောင်း သူပြောသည်။

မကြာသေးမီက မြန်မာနိုင်ငံသည် အဓိက ရည်မှန်းချက်ပန်းတိုင် ၇ ခုပါဝင်သော ကိုဗစ်-၁၉ အတွက် စီးပွားရေး အကူအညီပေးရေးစီမံကိန်းတခုကို ထုတ်ပြန်ကြေညာခဲ့သည်။ အစိုးရ၏ အဆိုအရ ထိုစီမံကိန်းသည် စီးပွားရေးအပေါ် ကိုဗစ်-၁၉ ၏ ထိခိုက်မှုများကိုသာ လျှော့ချရန်မဟုတ်ဘဲ ခိုင်မာသော စီးပွားရေးတိုးတက်မှုသို့ အမြန်ဆုံးပြန်ခုန်တက်သွားစေရန်လည်း ရည်ရွယ်သည်ဟု သိရသည်။

ထိုစီးပွားရေး အကူအညီပေးရေး အစီအစဉ်ကို ထုတ်ပြန်ပြီးမကြာမီ နိုင်ငံစီးပွားရေး အပြည့်အဝနာလန်ထနိုင်ရေး ထိုစီမံကိန်း၏ အထောက်အကူပြုနိုင်သော အလားအလာနှင့် ထိုစီမံကိန်းတွင်ပါဝင်သည့် ကာလတိုလုပ်ငန်းများ အကောင်အထည်ဖေါ်ရာတွင် အစိုးရရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ မေးမြန်းသော မေးခွန်းများကို ဦးသန့်မြင့်ဦး ဖြေကြားခဲ့သည်။

ဦးသန့်မြင့်ဦးသည် သမိုင်းဆရာတဦး ဖြစ်သည့်အပြင်  ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန မူဝါဒစီမံရေးအကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က သူသည် ကမ္ဘာ့ကပ်ရောဂါများနှင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးဆိုင်ရာများ အပါအဝင်  ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို နားလည်ရန် အားထုတ်မှုများကို ဦးဆောင်ခဲ့သည်။ သူ၏နောက်ဆုံးထုတ်စာအုပ်ဖြစ်သော “The Hidden History of Burma” ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

မေး။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေကို ယေဘုယျအားဖြင့် ဘယ်လိုအကဲဖြတ်မလဲ။

ဖြေ။ ခုချိန်ထိတော့ ကျန်းမာရေးအခြေအနေက ကောင်းကောင်းထိန်းချုပ်နိုင်မယ့် အနေအထားပါပဲ။ ဒီဗိုင်းရပ်စ်က အတည်ပြုထားတဲ့ ကူးစက်မှု ၁၇၀ လောက်အပြင် ဘယ်လောက်ကို ကူးစက်ထားတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးဘူး။ ဒါပေမယ့် အကြီးအကျယ် ကူးစက်မှုဖြစ်မယ့် လက္ခဏာတော့ သိပ်မတွေ့ရဘူး။ ဒီလိုပြောလို့ ကျနော်တို့အနေနဲ့ စိတ်ချလက်ချနေနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ရှေ့လာမယ့် ရက်သတ္တပတ်တွေက အဆုံးအဖြတ် ပေးနိုင်သလို မကြာခင် အနာဂတ်မှာ အလွန်တရာမှ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေ အလားအလာတွေလည်း အများကြီးရှိနေတယ်။ ဒါပေမယ့် လောလောဆယ် သာမန်ပြည်သူတွေအပေါ် အဓိက ရိုက်ခတ်မှုကတော့ စီးပွားရေးပါပဲ။

မေး။ သမိုင်းဆရာ တယောက်အနေနဲ့ အခြေအနေက အနာဂတ်မှာ ဘယ်လိုပုံပေါ်လာမယ်လို့ ထင်လဲ။

ဖြေ။ ကမ္ဘာကြီးက အလှည့်အပြောင်း တခုမှာ ရောက်နေတယ်။  ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်နဲ့ပတ်သက်ပြီး အောင်မြင်ခဲ့တဲ့ အတိတ်က ရေရာသေချာမှုတွေဟာ မှုန်ဝါးပျောက်ကွယ်လာပြီး စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်းထက် ပိုမိုကြီးမားတဲ့ မရေရာမှုတွေတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ သိပ္ပံနဲ့နည်းပညာက အရမ်းကို လျင်မြန်စွာ တိုးတက်နေတယ်။ ဒါပေမယ့် ကျနော်တို့မှာ အဲဒီ တီထွင်ဆန်းသစ်မှု အရှိန်အဟုန်ကို စီမံဖို့လိုအပ်တဲ့ နိုင်ငံရေး မဏ္ဍိုင်အဖွဲ့အစည်းနဲ့ တူတာ ဘာမျှမရှိဘူး။  ကျနော်တို့မှာ ရာသီဥတုပြောင်းလဲမှုရဲ့ အရမ်းကြီးမားလုနီးပါး စိန်ခေါ်မှုတွေလည်းရှိနေတယ်။ ဒီကမ္ဘာ့ကပ်ရောဂါက နောက်ထပ်မရေရာမှု အလွှာတခုကို ထပ်ပေါင်းထည့်ပေးလိုက်တယ်။ ကမ္ဘာကြီးပြောင်းလဲနေတဲ့ နည်းလမ်းကို မြန်မာနိုင်ငံအနေနဲ့ ရှင်းလင်းစွာ နားလည်ပြီး အနာဂတ်ရွေးချယ်မှုကို အခြေအမြစ်ကျကျ ပြန်လည်စဉ်းစားဖို့လိုတယ်။

မေး။ မကြာသေးခင်က ဆရာ့ရဲ့ISP ကဆောင်းပါးထဲမှာ မြန်မာနိုင်ငံအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ရုန်းကန်နေရတဲ့ အခြေအနေ ၃ ခုကို တင်ပြထားတယ်။ အခု ကျနော်တို့က ဘယ်အခြေအနေကိုဖြတ်သန်းနေတာလဲ။ တတိယအခြေအနေကတော့ အရမ်းကို ဆိုးရွားတယ်။ အဲဒီလို ဖြစ်လာမယ့်အလားအလာရှိလား။

ဖြေ။ အဲဒါက အတိအကျ ပြောလို့ မရဘူး။ ဒီဗိုင်းရပ်စ်အကြောင်း မသိတာတွေ အများကြီးရှိနေသေးတယ်။ အခုသေချာပေါက်ပြောနိုင်တာကတော့ ဒီရောဂါဟာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဝလွန်သူတွေကို ခွဲခြားကူးစက်တဲ့ရောဂါဖြစ်တယ် ဆိုတာပဲ။ မြန်မာနိုင်ငံမှာ အဝလွန်မှု အဆင့်နည်းတယ်၊ လူငယ်တွေ ရှိနေတယ်။ ကူးစက်ရောဂါအတွက် ကာကွယ်ဆေးက နှစ်နဲ့ချီ ကြာနိုင်သေးပေမယ့် လာမယ့်လတွေမှာ ဆရာဝန်တွေဟာ ဒီရောဂါကို ဘယ်လိုကုရမယ်ဆိုတာကို အများကြီး ပိုမိုနားလည်လာကြမယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ပြည်သူအများစုဟာ စနစ်ကျတဲ့ကျန်းမာရေး စောင့်ရှောက်မှုကိုရရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်တဲ့အလားအလာက အရမ်းကို နည်းသွားမယ်။ ဒါပေမယ့် အသက် ၆၀ ကျော်၊ ၆၅ နှစ် အရွယ်တွေအတွက်ကတော့ အရမ်းကိုကောင်းတဲ့ စစ်ဆေးရေး၊ ခြေရာခံရေးစနစ်တွေနဲ့တောင်မှ ပုံမှန်ဘဝကို ပြန်လည်စတင်ဖို့ အချိန်တော်တော် ယူရလိမ့်ဦးမယ်။

မေး။ အစိုးရက မကြာသေးခင်တုန်းက  စီးပွားရေးကို ကယ်ဆယ်ဖို့နဲ့ သာမန်ပြည်သူတွေကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၁.၅ ကနေ ၂ ဘီလျံလောက် တန်ပြီး အချက် ၇ ချက်ပါတဲ့ ကိုဗစ်-၁၉ စီးပွားရေးအကူအညီပေးရေး စီမံကိန်း (CERP) ကို ထုတ်ဖေါ်ကြေညာခဲ့တယ်။ အစိုးရရဲ့အဆိုအရ ဒီစီမံကိန်းဟာ ကိုဗစ်-၁၉ က စီးပွားရေးအပေါ် သက်ရောက်မှုတွေကို လျှော့ပါးစေရုံသာမက မြန်မာ့စီးပွားရေးတိုးတက်မှုမှာ အမြန်ဆုံး ပြန်ခုန်တက်လာမယ်လို့ သိရတယ်။ အဲဒီစီမံကိန်းကို ဘယ်လိုမြင်လဲ။

ဖြေ။ CERP ကိုကြိုဆိုသင့်တယ်။ အဲဒီထဲမှာ ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်မှုဖြစ်စေမယ့် အရေးပါတဲ့ ခြေလှမ်းတွေ အများကြီးပါတယ်။ အတိုးနှုန်းကို လျှော့ချတာ မှန်ပြီး ထပ်ပြီးလျှော့ချဖို့လည်းလိုတယ်။ အသုံးစရိတ်သစ်တွေကို ထောက်ပံ့ဖို့  အစိုးရက အနည်းဆုံးတော့ ဗဟိုဘဏ်ကနေ ချေးယူဖို့ အားကိုးတာ မှန်တယ်။ အဆိုပြုထားတဲ့ ပိုင်ဆိုင်မှုစီမံခန့်ခွဲ့ရေး ကုမ္ပဏီ Asset Management Company ဟာလည်း အခုလိုအရေးပါတဲ့အချိန်မှာ ဘဏ်တွေကို အကူအညီပေးရေးမှာ အရမ်းကို အရေးပါနိုင်တယ်။ ဒါပေမယ့် CERP ရဲ့အစိတ်အပိုင်းအများအပြားဟာ အသေးစိတ်တွေ မဖေါ်ထုတ်ရသေးတဲ့အတွက် ရည်မှန်းချက်နဲ့ပဲ သက်ဆိုင်နေတယ်။ နောက်ထပ်လှမ်းမယ့် ခြေလှမ်းအနေနဲ့ လက်ရှိအကျပ်အတည်းကို အရေးပေါ်တုံ့ပြန်မှုအတွက်သာမက စီးပွားရေးသစ်အတွက် အုတ်မြစ်ကို ချဖို့အတွက်ပါ ကျပ်ငွေ ထရီလျှံပေါင်းများစွာ ပမာဏရှိ အများပြည်သူဆိုင်ရာ ကဏ္ဍတွေမှာ သုံးစွဲမှု ပါဝင်တဲ့ အသုံးစရိတ် လမ်းကြောင်းပေါ်မှာ ပိုမိုရဲရင့်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

မေး။ CERP မှာ ကာလတို လုပ်ငန်းစီမံချက်တွေလည်း အများအပြားပါဝင်တယ်။ ဒါတွေကို အကောင်အထည်ဖေါ်ရာမှာ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မယ်လို့ထင်လဲ။

ဖြေ။ စိန်ခေါ်မှုက မဏ္ဍိုင်အဖွဲ့အစည်းတွေနဲ့ဆိုင်တယ်။ အစိုးရရဲ့ မဏ္ဍိုင်အဖွဲ့အစည်းတွေဟာ မတူညီတဲ့ခေတ်တွေမှာ ဖြစ်ပေါ်တိုးတက်လာကြတယ်။ ကျနော်တို့တွေဟာ တီထွင်ဆန်းသစ်စွာ စဉ်းစားနိုင်ပြီး များပြားလှတဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ သတင်းအချက်အလက်တွေကို စုပ်ယူ၊ လျင်မြန်တဲ့ ဆုံးဖြတ်ချက်တွေချပြီး ဒီဆုံးဖြတ်ချက်တွေကို လိုအပ်သလိုပြောင်းလဲနိုင်တဲ့ နိုင်ငံတော် မဏ္ဍိုင်အဖွဲ့အစည်းတွေ လိုအပ်နေတယ်။ ဘဏ္ဍာငွေအထောက်အပံ့ရှာဖွေဖို့က ပြဿနာမဟုတ်ဘူး။  မြန်မာနိုင်ငံအနေနဲ့ ရှေးရိုးစွဲ ဘဏ္ဍာရေးနဲ့ ငွေကြေး မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ်။ ကျနော်တို့ဟာ ငွေကြေးကျုံ့တဲ့ ကမ္ဘာထဲကို ချဉ်းနင်းဝင်ရောက်လာနေပြီ။ ဗဟိုဘဏ်အနေနဲ့ ငွေချေးယူခြင်းဟာ ဒီအကျပ်အတည်း မဖြစ်ခင်ကလို ဆိုးကျိုးတွေဖြစ်စေတော့မှာမဟုတ်ဘူး။ အခုကျနော်တို့မှာ အသုံးချလို့ရတဲ့ ထူးခြားတဲ့အခွင့်အလမ်းရှိနေတယ်။ ဆိုလိုတာက အရေးပေါ် အခြေအနေအတွက်သာမက ရေရှည်အနာဂတ်အတွက်ပါ သေနင်္ဂဗျူဟာကျကျ သုံးစွဲဖို့ပါ။

မေး။ ဒီအကျပ်အတည်းဟာ အဆင်းရဲဆုံးနဲ့ အထိခိုက်လွယ်ဆုံးသူတွေ အပါအဝင် ပြည်သူတွေအားလုံးအတွက် ကောင်းတဲ့လမ်းကြောင်းပေါ်မှာ မြန်မာ့စီးပွားရေးကို အခြေအမြစ်ကျကျ ပြန်လည်ပုံသွင်းဖို့ အခွင့်အလမ်းလည်းဖြစ်တယ်လို့ ဆရာပြောခဲ့တယ်။ CERP မှာ ဒီလိုဖြစ်ဖို့ အလားအလာတွေမြင်ပါသလား။

ဖြေ။ ဒါပေါ့ အဲ့ဒီလို မြင်ရပါတယ်။ CERP မှာ သာမန်ပြည်သူတွေကို တိုက်ရိုက်ငွေထုတ်ပေးတာတို့လို အစီအမံတွေ ပါတယ်။ အဲဒါတွေကို ရည်မှန်းချက် ကြီးကြီးမားမားနဲ့ အမြန်ဆုံးအကောင်အထည်ဖေါ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

လူသန်းပေါင်းများစွာဟာ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးနေကြရတယ်။ လူသန်းပေါင်းများစွာဟာ ထိုင်းနဲ့အခြားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဆီက ရမယ့် ဝင်ငွေတွေကို ဆုံးရှုံးနေကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲသား ပြည်သူလူထုတွေဟာ ကြောက်စရာကောင်းတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကို တခုပြီးတခု ခံစားနေရတယ်။ တော်တော်များများမှာ ဘာမှမရှိတော့ဘူး။ သူတို့မိသားစုတွေက သူတို့ရဲ့မြေကို ဆုံးရှုံးသွားကြပြီ။ ရွာရဲ့လူမှုအဆောက်အအုံက ပြိုကျနေပြီ။ လူမှုဖူလုံရေး အာမခံချက်ဆိုတာမရှိဘူး။ သူတို့တွေ အကြွေးတင်နေပြီး သူတို့ကိုယ်သူတို့နဲ့ ကလေးတွေကိုကျွေးဖိုအတွက် ငွေတွေချေးယူနေရတယ်။ (အများစု)က လက်နက်ကိုင်ပဋိပက္ခနဲ့ နီးတဲ့နေရာတွေမှာနေထိုင်နေကြပြီး တနေ့ကို ထောင်ဂဏန်းလောက် ဝင်ငွေရမယ့် အလုပ်မှန်သမျှကိုလည်း ဆုံးရှုံးသွားကြပြီ။ သူတို့တွေ အတွက် အစားအသောက်ဝေပေးတာထက် ပိုမိုမျှတတဲ့ စီးပွားရေးစနစ်သစ်ကို လိုတယ်။

မေး။ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အကျပ်အတည်းဟာ လူမှုဖူလုံရေး နိုင်ငံတော်သစ်နဲ့ စက်မှု မူဝါဒသစ်အတွက် အုတ်မြစ်တွေချပေးမယ့် အခွင့်အလမ်းနှစ်ခုကို ဖန်တီးပေးမယ်လို့ မျှော်လင့်ကြောင်း ဆရာပြောခဲ့တယ်။ အစိုးရက အခုလုပ်နေတာတွေနဲ့ အဲဒီအခွင့်အလမ်းတွေကို အသုံးချနိုင်မယ်လို့ ထင်ပါသလား။

ဖြေ။ အဲဒီလို မျှော်လင့်ရတာပဲလေ။ ဆင်းရဲချမ်းသာ ကွာခြားမှု အလွန်ကြီးမားနေသမျှတော့ ဒီမိုကရေစီဆိုတာ မရှိနိုင်ဘူး။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ပြည်သူတွေရဲ့အတွေ့အကြုံတွေဟာ ကွဲပြားခြားနားလွန်းလို့ တူညီတဲ့ လူမှုအသိုင်းအဝန်းဆိုတဲ့ အသိတောင် မရှိတော့သလောက်ဖြစ်နေပြီ။ အနိမ့်ဆုံးလုပ်အားခ၊ လူတိုင်းအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သင့်တင့်လျှောက်ပတ်တဲ့ ပညာရေးကိုပေးမယ့် လူမှုဖူလုံရေး နိုင်ငံတော်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံတော်က ဦးဆောင်ပြီး  ထုတ်လုပ်မှု အခြေပြုတဲ့ စက်မှုတိုးတက်မှုကို အရှိန်အဟုန်မြှင့်မှသာ လူမှုဖူလုံရေး နိုင်ငံတော်ဆိုတာကို အထောက်အပံ့ ပြုနိုင်မယ်။

ကျနော်တို့အနေနဲ့ (၁) လာမယ့် ၂ နှစ်နဲ့ ၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးဟာ ဘယ်ကိုရောက်နေမယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာသင့်တယ်။ (၂) ပတ်ဝန်းကျင်သစ်မှာ အမြန်ဆုံး ကြီးထွားပြီး သာမန်ပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ကဏ္ဍတွေကို ရှာဖွေ ထောက်ပံ့သင့်တယ်။ (၃) ရာသီဥတုပြောင်းလဲမှုအတွက် နိုင်ငံကို အသင့်ပြင်ပေးမယ့် အခြေခံအဆောက်အအုံတွေအပါအဝင် အများပြည်သူ အခြေခံ အဆောက်အအုံတွေကို အခြေအမြစ်ကျကျ တိုးတက်အောင် ဆောင်ရွက်သင့်တယ်။ (၄) ကျန်းမာရေးနဲ့ ပညာရေးမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံသင့်တယ်။ (၅) ပိုမိုစိမ်းလန်းစိုပြေပြီး နေထိုင်လို့ကောင်းတဲ့ မြို့ကြီးတွေတည်ထောင်ရေး လမ်းကြောင်းမှာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသာ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေကို ယူသင့်တယ်။ နိုင်ငံဟာ သေနင်္ဂဗျူဟာ တရပ်လိုနေပြီ။ လွတ်လပ်တဲ့ဈေးကွက် ထူထောင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတာနဲ့ သေနင်္ဂဗျူဟာကျတဲ့ ရလဒ်ဖြစ်လာမယ်ဆိုတဲ့ စိတ်ကူးကနေ လမ်းခွဲဖို့ လိုနေပြီ။ အခု ကျနော်တို့မှာ ကျပ် ထရီလျှံပေါင်းများစွာ သုံးဖို့အခွင့်အလမ်းရှိနေတယ်။ အရမ်းကို ပြောင်းလဲသွားတော့မယ် ကမ္ဘာမှာ အရမ်းကိုပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံဟာ ဘယ်လိုနေမလဲလို့ စိတ်ကူးကြည့်ဖို့ လိုတယ်။

မေး။ အခု ဆရာမြင်ထားတာတွေအရ ဆိုရင် ကိုဗစ်-၁၉ အလွန်မြန်မာနိုင်ငံအတွက် ဆရာရဲ့ ကြိုတင်မှန်းဆချက်က ဘာဖြစ်မလဲ။

ဖြေ။ ကမ္ဘာ့စီးပွားရေးက လုံးဝနီးပါး ရပ်ဆိုင်းနေပြီး အကြီးအကျယ်ပြောင်းလဲတော့မယ့်အချိန်မှာ ကျနော်တို့မှာ ကျပ်ငွေ ထရီလျှံပေါင်းများစွာ သုံးဖို့ ထူးခြားတဲ့ အခွင့်အလမ်းရှိနေတယ်။ ဒါဟာ အနာဂတ်ကို ပြန်လည်စိတ်ကူးပုံဖေါ်ကြည့်တာကို ဆိုလိုတယ်။ ဒီနိုင်ငံဟာ မဆုံးနိုင်တဲ့ အလားအလာတွေရှိတဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမယ့် အဲဒီအလားအလာကို ဖမ်းဆုပ်ဖို့ ရဲရင့်တဲ့ လုပ်ဆောင်မှုတွေ လိုတယ်။ မြန်မာနိုင်ငံဟာ သမိုင်းမှာ ဒီအချိန်ကာလရဲ့အခွင့်အလမ်းကို ယူလိုက်မယ်ဆိုရင် အလွန်တောက်ပတဲ့ အနာဂတ်တစ်ခု ရရှိနိုင်ပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော COVID-19 Response ‘a Chance to Reimagine Myanmar’s Future’  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

COVID-19 ရိုက်ခတ်မှု အစိုးရ၏ ကုစားရေး အစီအစဉ်အပေါ် အမြင်များ

Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်

ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်

The post Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ appeared first on ဧရာဝတီ.

]]>
ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ https://burma.irrawaddy.com/article/2020/02/17/215666.html Mon, 17 Feb 2020 02:30:52 +0000 https://burma.irrawaddy.com/?p=215666 မြန်မာအစိုးရသည် ICOE အစီရင်ခံစာ အပြည်အစုံကို ယခုအချိန်အထိ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခြင်း မရှိသေးပါ။

The post ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော အစီရင်ခံစာကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ တင်ပြခဲ့သော်လည်း မြန်မာအစိုးရ၏ လွတ်လပ်သော စုံစမ်းရေးကော်မရှင် (ICOE) သည် အစီရင်ခံစာ အပြည်အစုံကို ယခုအချိန်အထိ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခြင်း မရှိသေးပါ။

အစီရင်ခံစာတွင် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သက်ဆိုင်သောကိစ္စများနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) ၏ အခြား နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည်တို့ကို ဖော်ပြထားသည်။

သို့သော်လည်း သမ္မတရုံးမှ မြန်မာဘာသာဖြင့် ထုတ်ပြန်သော ထို ICOE အစီရင်ခံစာ အကျဉ်းချုပ်က ယနေ့အချိန်တွင် မြန်မာနိုင်ငံရင်ဆိုင်နေရသော အငြင်းပွားစရာ အဖြစ်ဆုံး ကိစ္စ၏ ရှုပ်ထွေးနက်နဲမှုကို အရိပ်အမြွက်ဖော်ပြနေသည်။ ရခိုင်အရေးအတွက် တာဝန်ခံမှုရှိစေရေး ရှာဖွေရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေး ဆောင်ရွက်ရန် ရှိသည်များအား အကြံပြုရန် ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း အစိုးရကပြောသည်။

ICOE ဥက္ကဋ္ဌ Rosario Manalo က အစီရင်ခံစာကို သမ္မတဦးဝင်းမြင့်ထံ ပေးအပ်ခဲ့စဉ်/ဧရာဝတီ

မြေပြင်မှ သတင်းအချက်အလက်များ ရယူခြင်း၊ အကြမ်းဖက်မှုတွင် ထိခိုက်နစ်နာခဲ့ရသော အသိုင်းအဝိုင်းများ၊ မျက်မြင်သက်သေများနှင့် အာဏာပိုင်များထံမှ ထွက်ဆိုချက်များကို စုဆောင်းရေးက အလွန်အရေးကြီးသည်ဟု ယူဆကြောင်း ICOE က ပြောသည်။ ICOE ၏ သက်သေခံ အထောက်အထားများ စုဆောင်းရေးနှင့် စိစစ် အတည်ပြုရေး အဖွဲ့(ECVTs) ကို ရခိုင်ပြည်နယ်၊ ရန်ကုန်နှင့် နေပြည်တော်သို့ စေလွှတ်ခဲ့သည်။ ICOE က မွတ်ဆလင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဒိုင်းနက်တိုင်းရင်းသားများနှင့် မြို တိုင်းရင်းသားများ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် မျက်မြင်သက်သေ ၁၅၀၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

နိုင်ငံတကာ၏ စွပ်စွဲချက်များနှင့် ဆန့်ကျင်ကွဲလွဲစွာဖြင့် ICOE အစီရင်ခံစာတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ARSA ကို တိုက်ခိုက်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်” မရှိကြောင်း ငြင်းဆန်ခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ လ ၅ ရက် ကြားတွင် စစ်ရာဇဝတ်မှုများ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ ၎င်းတို့ကို လုံခြုံရေးတပ်ဖွဲ့များ၊ အရပ်သား လူရမ်းကားများ၊ လူစုလူအုပ်များနှင့် ARSA တိုက်ခိုက်ရေးသမားများက ကျူးလွန်ခဲ့ကြောင်း ICOE က တွေ့ရှိခဲ့သည်။

ICOE ဥက္ကဋ္ဌ Rosario Manalo က အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့စဉ်/ဧရာဝတီ

အစီရင်ခံစာတွင်အကြံပြုချက် ၂၂ ခုလည်း ပါ ဝင်သည်။ အထင်ရှားဆုံးမှာ အထက်တွင်ဖော်ပြခဲ့သည့် ရာဇဝတ်မှုများတွင် ပါဝင်သူများအား နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် တရားစွဲဆိုရန် မြန်မာအစိုးရနှင့် တပ်မတော်တို့ကို ICOE က တိုက်တွန်းထားသည်။

ယခု အစီရင်ခံစာအကျဉ်းချုပ်တွင် အများစုမှာ ယခင်က ထုတ်ပြန်ခဲ့ဖူးခြင်း မရှိသေးသော အချက်များ ပါဝင်သည်။

ARSA ၏ အင်အားသာလွန်မှု

သြဂုတ်လ ၂၅ ရက်နံနက်တွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၃၀ နှင့် တပ်မတော် တပ်ရင်းတခုကို တိုက်ခိုက်ခဲ့သည်။

ထိုနေ့တိုက်ခိုက်မှုတွင် ပါဝင်သည့် ARSA အဖွဲ့ဝင်အရေအတွက် ခန့်မှန်းခြေ ၉၀၀၀ ကျော် သည်။

သြဂုတ်လ ၂၅ ရက်နောက်ပိုင်း တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူ (ARSA နှင့် ဒေသခံ မွတ်ဆလင်) အရေအတွက် ခန့်မှန်းခြေ ၁၄၀၀၀ ကျော်သည်။

ထိုအရေအတွက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အင်အား စုစုပေါင်းထက် များစွာကျော်လွန်နေသည်။

ရှေ့တန်းစစ်မျက်နှာရှိ လုံခြုံရေးတပ်ဖွဲ့အရေအတွက် ၃၀၀၀ နှင့် ၃၅၀၀ ကြားရှိသည်။

ထောက်ပံ့ရေးတပ်ဖွဲ့ အင်အားအရေအတွက် ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိသည်။

၂၀၁၇ စက်တင်ဘာလအတွင်း မောင်တောမြို့နယ်တောင်ပိုင်း၌ ရဲတပ်ဖွဲ့က ကင်းလှည့်စဉ်/ဧရာဝတီ

ICOE ၏အစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့များသည် ARSA ဘက်မှ များပြားလှသော အရေအတွက်ကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြကြောင်းနှင့် တပ်မတော်က ထိုကဲ့သို့သော တိုက်ခိုက်မှုကို မမျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ထိုမျှအင်အားကြီးမားသည့် ARSA တိုက်ခိုက်ရေး သမားများနှင့် အရပ်သား လက်နက်ကိုင်များအား မည်သို့ တုန့်ပြန်ရမှန်း မသိခဲ့ကြ” ဟု အစီရင်ခံစာက ဆိုသည်။

ထိခိုက်ပျက်စီးမှု

အဓိက ကုန်သွယ်ရေးလမ်းကြောင်းများပေါ်ရှိ တံတား ၈ စင်း ဖျက်ဆီးခံခဲ့ရသည်။ နောက်ထပ်ရဲစခန်း ၂၆ ခုကို နောက်ရက်များတွင် တိုက်ခိုက်ခဲ့သည်။

အထိအခိုက်၊ အသေအပျောက်နှင့် အပျက်အစီးများ

အစိုးရ၏ အချက်အလက်များအရ ပဋိပက္ခကာလအတွင်း ARSA တိုက်ခိုက်ရေးသမား ၃၇၆ ဦး နှင့် တပ်မတော်သား ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ အစိုးရ ဝန်ထမ်း ၂ ဦး နှင့် ဒေသခံ အရပ်သား ၁၃၃ ဦး တို့ သေဆုံးခဲ့ပြီး ဒေသခံ ၁၈၁ ဦး ပျောက်ဆုံးခဲ့သည်ဟု ICOE ၏အစီရင်ခံစာက ပြောသည်။

နေအိမ်ပျက်စီးမှု ၄၀၀၀၀ ကျော် ရှိသည်။

အိုးအိမ်မဲ့ပြည်သူလူထု ၄၁၀,၀၀၀ ကျော် (အများစုမှာ မွတ်ဆလင်များဖြစ်သည်) ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထိခိုက်သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှု ဆိုင်ရာ ကိန်းဂဏန်းများက အရင်းအမြစ်ပေါ် မူတည်၍ အကြီးအကျယ် ကွဲပြားမှုရှိသည် ဟု ICOE က မှတ်ချက်ပြုသည်။

နယ်မြေရှင်းလင်းရေးအတွင်း လူ ၁၀၀၀ နီးပါးသေဆုံးခဲ့

၂၀၁၇ စက်တင်ဘာ ၂ ရက် အင်းဒင်ကျေးရွာအနီး သတ်ဖြတ်ခံရသော မွတ်ဆလင်ရွာသားများ/Reuters

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ က ရခိုင် ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုမှ ကျေးရွာ ၄ ရွာတွင် အစုအပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ICOE က တွေ့ရှိရသည်။

အစုအပြုံလိုက် သတ်ဖြတ်ခံရသည့် နေရာများ

မောင်တောမြို့နယ် မင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ တို့ ဖြစ်သည်။

သေဆုံးသူ အရေအတွက်

၁။ မင်းကြီးကျေးရွာတွင် အရပ်သား ၅၀၀ မှ ၆၀၀ ကြား။ (သေဆုံးသူ အရေအတွက် အများဆုံး ဖြစ်ဖွယ်ရာ ရှိပါသည်။)

၂။ ချွတ်ပြင် ကျေးရွာတွင် (ARSA တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများအပါအဝင်) ၁၀၀ နီးပါး။

၃။ မောင်နု ကျေးရွာတွင် ၁၀၀ နှင့် ၂၀၀ ကြား (အရပ်သားအများစု) ကြား။

၄။ ဂူတာပြင် ကျေးရွာတွင် ၁၉ ဦးတို့ ဖြစ်သည်။

အခြားဒေသများတွင် လုံခြုံရေးတပ်ဖွဲ့များ နှင့် ARSA အကြား လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ဒေသခံများ၏ ပြောဆိုမှုများရှိနေသော်လည်း အဆိုပါ နေရာများတွင် အရပ်သားများသေဆုံးမှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အတည်မပြုနိုင်ခဲ့ကြောင်း အစီရင်ခံစာက မှတ်ချက်ပေးသည်။

အုပ်စုဖွဲ့၍ အတင်းအဓမ္မ ပြုကျင့်မှု မရှိ

နိုင်ငံတကာသတင်းမီဒီယာများနှင့် ကုလသမဂ္ဂ၏ထုတ်ပြန်ချက်များ အားလုံးတွင် ဖော်ပြခဲ့သော အမျိုးသမီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်ခဲ့သည် ဆိုခြင်းနှင့် ပတ်သက်၍ ICOE က အဆိုပါ ပြောဆိုချက်ကို ထောက်ခံသည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများ မတွေ့ရှိခဲ့ပါ။

“ယင်းပြောဆိုမှုများမှာ ၎င်းတို့၏ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်များ အပေါ် အခြေခံသည့် ပြောဆိုမှုများ မဟုတ်ဘဲ အခြားသူများထံမှ ပြန်လည်ကြားသိရသည့် တဆင့်စကားများအပေါ်တွင် အခြေခံ၍ ပြောဆိုသည့် ပြောဆိုချက်များသာ ဖြစ်ခဲ့ပါသည်”ဟု ကော်မရှင်က ပြောသည်။

သို့သော်လည်း အမျိုးသမီးအချို့သည် လုံခြုံရေးတပ်ဖွဲ့များ၏ ကိုယ်ခန္ဓာကို ထိတွေ့ ကိုင်တွယ်၍ စစ်ဆေးရှာဖွေခြင်း ခံယူခဲ့ရသည် ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အစီရင်ခံစာက “ထိုသို့ ပြုမူခဲ့သည့် အပြုအမူသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ကောင်း မြောက်နိုင်ပါသည်” ဟု ဆိုသည်။

အိုးအိမ်များအား ဖျက်ဆီးမှု

၂၀၁၇ စက်တင်ဘာလအတွင်း မောင်တောတောင်ပိုင်း ရွာတရွာတွင် မီးလောင်နေစဉ်/ဧရာဝတီ

နေအိမ်များ မီးရှို့မှုကို ICOE က အစီရင်ခံစာအတွက် လေ့လာခဲ့သောဒေသ ၁၃ ခုလုံးတွင် လေ့လာတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဆိုးရွားဆုံး အဖြစ်အပျက်ကို မင်းကြီးကျေးရွာတွင် တွေ့ရှိရပြီး ကျေးရွာတွင် မည်သည့် အဆောက်အဦးမျှ မကျန်တော့ကြောင်း သိရသည်။

အခြားဘေးဒဏ်သင့်ဒေသများ

၁။ ချွတ်ပြင်ကျေးရွာတွင် မွတ်ဆလင်နေအိမ် အများစုကို မီးရှို့ခံခဲ့ရသည်။

၂။ ဂူတာပြင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်။

၃။ မော်တူလာနှင့် အင်းဒင်ကျေးရွာများရှိ အိမ်အရေအတွက် စုစုပေါင်း၏ တဝက်ခန့် မီးလောင်ခဲ့သည်။

မည်သူတို့က ကျူးလွန်ခဲ့သနည်း

၂၀၁၇ စက်တင်ဘာလအတွင်း မောင်တောတောင်ပိုင်း ရွာတရွာတွင် မီးလောင်နေစဉ်/ဧရာဝတီ

မျက်မြင်သက်သေများ၏ အဆိုအရ မီးရှို့မှုအများစုကို

၁။ လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ (ရပ်ရွာအတွင်းရှိ ဥပဒေမဲ့ လူရမ်းကားများ)

၂။ ARSA အဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြသည်။

မွတ်ဆလင်ပိုင် အိုးအိမ်များကို ဒေသခံတိုင်းရင်းသားများက ဖျက်ဆီးသည့် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များဘက်မှ ထိထိရောက်ရောက် ကာကွယ်တားဆီးရေးအတွက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း ကော်မရှင်က တွေ့ရှိခဲ့သည်။

ပစ္စည်းခိုးယူမှု

၂၀၁၇ စက်တင်ဘာလအတွင်း မောင်တောတောင်ပိုင်း လူသူကင်းမဲ့နေသော ရွာမှ လုယက်လာသူတဦး /ဧရာဝတီ

မျက်မြင်သက်သေများစွာ၏အဆိုအရ ပစ္စည်းခိုးယူသူ အများစုမှာ မွတ်ဆလင်မဟုတ်သူ ဒေသခံများ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ကလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှဉ်းပန်းနှိပ်စက်မှု

စစ်သားများက မွတ်ဆလင်များအား သူတို့၏အမိန့်များကိုလိုက်နာစေရန် ဖိအားပေးသည့် အနေဖြင့် ရိုက်နှက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြန်လည်ပြောဆိုခဲ့သည်။

အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှု

လုံခြုံရေးတပ်ဖွဲ့များက မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် ဖိအားပေးသည်ဟု ဆိုသော အချက်မှာ ခိုင်လုံသည့် အထောက်အထား နည်းပါးသည်ဟု ICOE အစီရင်ခံစာ က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသော မွတ်ဆလင်မိသားစုတစု/Reuters

သူတို့ ဘာကြောင့်စွန့်ခွာရသနည်း

၁။ လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA ကြား လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားခြင်း အပြင် ARSA ၏ကနဦး တိုက်ခိုက်မှုများ နောက်ပိုင်း ပြည်တွင်းပဋိပက္ခများကို စိုးရိမ်ထိတ်လန့်ခြင်း။

၂။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် အိုးအိမ်စည်းစိမ်များအား ဖျက်ဆီးခံရခြင်း အပါအဝင် အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်းမှု အခက်အခဲများဖြစ်ပေါ်စေပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြခြင်း။

၃။ ARSA အဖွဲ့ဝင်များက ရွာသားများ ထွက်ခွာသွားရန် လှုံ့ဆော်သည့် အနေဖြင့် အိမ်များကို မီးရှို့ခဲ့ခြင်း။ နိုင်ငံတကာအကူအညီများနှင့် တတိယနိုင်ငံတခုတွင် အခြေချနေထိုင်ခွင့်များ ရရှိရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုမီ ပိုင်ဆိုင်မှုများကို မီးရှို့ရန် တွန်းအားပေးခဲ့ခြင်း။

၄။ ARSA က မြိုနှင့် ဒိုင်းနက် အပါအဝင် အခြား လူနည်းစု ဌာနေတိုင်းရင်းသားများ နေထိုင်ရာအိမ်များကိုလည်း မီးရှို့ပြီး သူတို့၏ကျေးရွာများမှ ထွက်ခွာစေခဲ့ခြင်း။

၅။ ARSA က ဟိန္ဒူဘာသာဝင်များကို အစုလ်ိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သလို ဟိန္ဒူ အမျိုးသမီးများကို အစ္စလမ်ဘာသာသို့ ကူးပြောင်းရန် ဖိအားပေးပြီးနောက် ARSA အဖွဲ့ဝင်များနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်ခံရခြင်းများဟု မျက်မြင် သက်သေများက ပြောသည်။

သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူအလောင်းများနှင့် မိသားစုဝင်တဦး/Reuters

လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိ

အစီရင်ခံစာတွင်ဖော်ပြထားသည်မှာ

“လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် သတ်ဖြတ်မှုနှင့် နေရပ်မှ ထွက်ခွာသွားစေမှု စသည့် ရာဇဝတ်များကို ကျူးလွန်ခဲ့သည့်တိုင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင် သို့မဟုတ် အခြား လူ့အဖွဲ့အစည်း တခုခုအား ပျက်သုဉ်းသွားစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဆိုသော အထောက်အထားမျိုး မတွေ့ ရှိခဲ့ရပေ။”

“နိုင်ငံသား အုပ်စုတစု လူမျိုးစုတစု သို့မဟုတ် ဘာသာရေးအုပ်စု တခုအား အလုံးစုံ သော်လည်းကောင်း တစိတ်တပိုင်း သော်လည်းကောင်း ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် ဟူ၍ အခိုင်အမာ ပြောဆိုရန် သို့မဟုတ် ကောက်ချက်ချရန် လုံလောက်သော အထောက်အထား မတွေ့ရပါ။”

” ECVT အဖွဲ့များ၏ တွေ့ ရှိချက်များတွင်လည်း ဖော်ပြပါ ရာဇဝတ်မှုများအား လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သည်ဟူသော ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်သည့် မည်သည့်ကွင်းဆက်မျှ မတွေ့ရှိရပါ။”

“ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အခြားနေရာ ဒေသများမှ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နှင့် စက်တင်ဘာ ၅ ရက် နေ့ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးလုပ်ငန်းစဉ်များ (နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ) အတွင်း ရာဇဝတ်မှုများ၊ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်းတည်ဆဲဥပဒေများအား ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ကောက်ချက် ချလိုပါသည်။”

“အဖွဲ့ပေါင်းစုံသည် ဆိုးရွားသောရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြသော်လည်း ယင်းအဖွဲ့များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်းကို ယုံကြည်ရလောက်သည့် သက်သေအထောက်အထားများအရ လေ့လာတွေ့ရှိရပါသည်။”

“ARSA အနေဖြင့် ဒေသခံ မွတ်ဆလင် ကျေးရွာသူ/သား အမြောက်အမြားအား စည်းရုံး၍ ရဲကင်းစခန်းများကို စတင် တိုက်ခိုက်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အင်အားအလွန်အကျွံ အသုံးပြု၍ တုန့်ပြန် တိုက်ခိုက်ခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။ ထို့အပြင် အဆိုပါကာလအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တချို့သည် အပြစ်မဲ့ ကျေးရွာသူ/သားများအား သတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏အိုးအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့ကြပါသည်။”

(Kyaw Phyo Tha ၏ Highlights From the Summary of Myanmar Report on Human Rights Violations in Rakhine ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ

မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ

The post ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ appeared first on ဧရာဝတီ.

]]>
ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး https://burma.irrawaddy.com/news/2020/01/30/214316.html Thu, 30 Jan 2020 12:41:18 +0000 https://burma.irrawaddy.com/?p=214316 ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်များကို ဆက်ဆံပုံနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားသော လူမျိုးတုံး သတ်ဖြတ်မှုအတွက် ပဏာမ လျှောက်လှဲချက်များ ပေးရန် ရက်ချိန်းကို နိုင်ငံတကာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

The post ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်များကို ဆက်ဆံပုံနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားသော လူမျိုးတုံး သတ်ဖြတ်မှုအတွက် ပဏာမ လျှောက်လှဲချက်များ ပေးရန် ရက်ချိန်းကို နိုင်ငံတကာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) က ရဲကင်းများအား တိုက်ခိုက်မှုကို တု့န်ပြန်သည့် အနေဖြင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်ပြီးနောက် ရခိုင်ပြည်နယ်မှ မွတ်ဆလင် ၇ သိန်းကျော် ထွက်ပြေးခဲ့သည်။

ထိုစစ်ဆင်ရေးများသည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ပါဝင်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောသည်။ မြန်မာ့တပ်မတော်နှင့် အစိုးရတို့က ထိုစွပ်စွဲချက်များကို ငြင်းဆန်သည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲပြီး အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာကို ICJ တွင် နိုဝင်ဘာလက တရားစွဲထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရှိနေဆဲဖြစ်သည့် မွတ်ဆလင်များကို ကာကွယ်ရန် ကြားဖြတ် အစီအမံများ အကောင်အထည်ဖေါ်ရန် ဂမ်ဘီယာနိုင်ငံကတောင်းဆိုသည့်အတိုင်း နိုင်ငံတကာ တရားရုံးက လွန်ခဲ့သောအပါတ်က အမိန့်ချခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် ပင်မ လူမျိုးတုံးသတ်ဖြတ်မှု စီရင်မှုအပေါ် သြဇာသက်ရောက်မှုမရှိကြောင်း နိုင်ငံတကာ တရားရုံးကပြောသည်။ ထိုအမှုအတွက် စီရင်ချက်ချရန် တရားသူကြီးများသည် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။

ထိုသို့ဆုံးဖြတ်ပြီး တပါတ်မပြည့်မီတွင် ဂမ်ဘီယာသည် ပင်မ အမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ လျှောက်လှဲချက်ကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် တင်သွင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြန်လည် လျှောက်လှဲရမည်ဖြစ်ကြောင်း နိုင်ငံတကာ တရားရုံးက အင်္ဂါနေ့တွင်ကြေညာသည်။

လက်တွေ့တွင် ထို ရုံးချိန်း သတ်မှတ်ချက်သည် နှစ်နိုင်ငံလုံးက တောင်းဆိုထားသည်ထက် စောနေသည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလက နိုင်ငံတကာတရားရုံးတွင် အများပြည်သူ ရှေ့မှောက် ကြားနာစဉ်အတွင်း ဂမ်ဘီယာက လျှောက်လှဲချက်တင်ရန် အချိန် ၉ လတောင်းခဲ့ပြီး မြန်မာနိုင်ငံက ပြန်လှန်လျှောက်လှဲရန် အလားတူအချိန်ကို တောင်းခံသည်။

ထို လျှောက်လှဲချက် ရုံးချိန်း အမိန့်သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အသက်ဝင်သည်ဟု နိုင်ငံတကာ တရားရုံးက ကြေငြာသောကြောင့် ဂမ်ဘီယာ အနေဖြင့် ပြင်ဆင်ရန် အချိန် ၆ လ ရမည်ဖြစ်ပြီး ဂမ်ဘီယာ နောက်တွင် ပြန်လည် လျှောက်လှဲရမည့် မြန်မာ အနေဖြင့်လည်း အချိန် ခြောက်လ သာ ရမည်ဖြစ်သည်။

ယခုအမှုနှင့် ၎င်း၏ လေးနက်မှု၏ ထူးခြားသော အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး ယခုကဲ့သို့ ကြေညာဖြစ်ကြောင်း ICJ က ဆိုသည်။

နိုင်ငံတကာတရားရုံးသည် အမှုကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စစ်ဆေးရန် စိတ်ထက်သန်နေပုံ ရကြောင်း နိုင်ငံတကာ ဂျူရီလူကြီးများကောင်စီ၏ ကမ္ဘာ့တာဝန်ခံမှုအစီအစဉ်မှ ကင်းစလေ အက်ဘော့က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ကင်းစလေ အက်ဘော့ က “ယခုအမှုနှင့် ၎င်း၏ လေးနက်မှု၏ ထူးခြားသော အခြေအနေများကို ထောက်ရှုပြီး တရားရုံးက ပါဝင်ပတ်သက်သူတွေကို သူတို့တောင်းဆိုတဲ့အတိုင်း မဟုတ်ဘဲ လျှောက်လှဲချက် တင်သွင်းဖို့အချိန် ၆ လအောက်ပဲပေးတာဟာ ကြားနာစစ်ဆေးမှုကို တတ်နိုင်သမျှ အချိန်မကုန်ဘဲ ဆက်စစ်ချင်တဲ့ သဘောကိုပြနေတယ်” ဟု သူပြောသည်။

ကြားဖြတ်အစီအမံများနှင့် ပတ်သက်သည့် လွန်ခဲ့သောအပါတ်က နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက် အပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထိုဆုံးဖြတ်ချက်ကို မှတ်သားထားကြောင်းနှင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲသကဲ့သို့ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိသည့် မြန်မာနိုင်ငံ၏ အမြင်ကို ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေကလည်း အင်္ဂါနေ့က နိုင်ငံပိုင် မီဒီယာတွင် ထိုအမှုနှင့်ပတ်သက်သည့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိကြောင်း ထပ်မံပြောကြားသည်။

ဦးကျော်တင့်ဆွေ က “ဒီလိုမဖြစ်ခဲ့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ တရားရုံးကို ကျနော်တို့ အထောက်အထား တင်ဖို့လိုတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး အကောင်းဆုံး ဥပဒေပညာရှင်အဖွဲ့ကို ငှားထားတယ်။ သူတို့ကလည်း ကျနော်တို့ လူမျိုးတုံး သတ်ဖြတ်မှု မရှိဘူးဆိုတာကို ယုံကြည်လို့ အမှုကိုလက်ခံထားတယ်” ဟု ပြောသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း တွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ ၏ ICJ Gives The Gambia, Myanmar Just Six Months to Prepare Pleadings in Genocide Case ကို ဘာသာပြန်သည်။ 

You may also like these stories:

ICJ ကြားဖြတ်စီမံချက်ကြောင့် နိုင်ငံ့အချုပ်အခြာအာဏာ ထိခိုက်ခြင်းမရှိဟုဆို

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

ICJ ကြားဖြတ်အစီအမံ အပေါ် အမြင်များ

The post ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး appeared first on ဧရာဝတီ.

]]>
အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ https://burma.irrawaddy.com/news/2020/01/21/213484.html Tue, 21 Jan 2020 05:56:16 +0000 https://burma.irrawaddy.com/?p=213484 ရန်ကုန်တိုင်းအစိုးရ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ အစီရင်ခံစာ အကျဉ်းချုပ်သာ တင်သွင်းခွင့်ရသောကြောင့် ကျေနပ်အားရမှု မရှိ။

The post အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ appeared first on ဧရာဝတီ.

]]>
ရန်ကုန်တိုင်းအစိုးရ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ အစီရင်ခံစာ အကျဉ်းချုပ်သာ တင်သွင်းခွင့်ရသောကြောင့် ကျေနပ်အားရမှုမရှိကြောင်း နှင့် ထိုသို့ အကျဉ်းချုပ်သာ တင်သွင်းခွင့ရသဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရအသုံးစရိတ်ကို စနစ်တကျ စိစစ်ရန် အခက်အခဲတွေ့နိုင်ကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က ပြောကြားသည်။

ဒေါ်ခင်သန်းလှသည် ၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ် ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ်နှင့် ပတ်သက်သည့် သူ၏ တွေ့ရှိချက်များ၏ အကျဉ်းချုပ်ကို ရန်ကုန်တိုင်းလွှတ်တော်သို့ လွန်ခဲ့သောရက်များအတွင်းက တင်သွင်းခဲ့သည်။

ရန်ကုန်စာရင်းစစ်ချုပ်ရုံးသည် နှစ်စဉ် အစီရင်ခံစာပြုစုပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်းလွှတ်တော်သို့ ထိုအစီရင်ခံစာကို တင်သွင်းရသည်။ အစိုးရအသုံးစရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်တွင်းဆွေးနွေးပွဲမတိုင်မီ ကိုယ်စားလှယ်များ လေ့လာရန်အတွက် ထိုအစီရင်ခံစာ အပြည်အစုံကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ပေးပို့သည်။

၂၀၁၈ ခုနှစ်က ပြင်ဆင်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅ (ဃ) အရ ပြည်နယ်နှင့် တိုင်းစာရင်းစစ်ချုပ်များသည် မိမိတို့၏ ဆောင်ရွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးချုပ်များ သို့ အစီရင်ခံတင်ပြသည်နှင့် တပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များသို့ တပြိုင်နက် တင်သွင်းရမည်ဖြစ်သည်။

သို့သော် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းအစိုးရ အသုံးစရိတ်နှင့် ပတ်သက်သည့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပြည့်အစုံကို ရန်ကုန်တိုင်းလွှတ်တော်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကို မပေးဘဲ ရန်ကုန်တိုင်းဝန်ကြီးချုုပ်ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းတို့ထံသာပေးပို့ရန် တိုင်းအစိုးရက မနှစ်က ညွှန်ကြားခဲ့သည်။ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က ထိုအစီရင်ခံစာကို ယခင်နှစ်များကကဲ့သို့ ကြိုတင်သုံးသပ်ရန် လွှတ်တော်ကိုယ်စားလှယ်များထံ မဖြန့်ဝေဘဲ တိုင်းလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ထိုအစီရင်ခံစာကို သုံးသပ်လေ့လာရန် တာဝန်ပေးသည်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရသည် ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူသောကြောင့် ၂၀၁၇-၁၈ ဘာဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ်၏ အစီရင်ခံစာသည် ဦးဖြိုးမင်းသိန်းအစိုးရ၏ ဒုတိယနှစ်အတွင်း ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး အကဲဖြတ်ချက်ဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းကိုယ်စားလှယ်များထံ မဖြန့်ဝေသည်မှာ ပြည်သူ့လွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့် တပြေးညီဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီကပြောသည်။ ပြည်သူ့လွှတ်တော်တွင် စာရင်းစစ်ချုပ်အစီရင်ခံစာကို လွတ်တော်ကိုယ်စားလှယ်များ ကြိုတင်သုံးသပ်လေ့လာခြင်းကို ခွင့်ပြုမထားပေ။ သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကကဲ့သို့ တိုင်းအစိုးရအသုံးစရိတ်များ လုပ်ထုံးလုပ်နည်းနှင့်မညီသောကြောင့် လွှတ်တော်တွင် အပြင်းအထန်ဝေဖန်ဆွေးနွေးမှုများ ထပ်မံမပေါ်ပေါက်စေလိုသောကြောင့် ရန်ကုန်စာရင်းစစ်ချုပ် အစီရင်ခံစာ အပြည်အစုံကို လွှတ်တော်ကိုယ်စားလှယ်များထံ မဖြန့်ဝေခြင်းဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း ရှိနေသည်။

ထိုစဉ်က စာရင်းစစ်ချုပ်အစီရင်ခံစာ အပြည့်အစုံကို အခြေခံပြီး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များသည် မြို့တော်ဘတ်စ်ကား ဝန်ဆောင်မှုအတွက် ပြည်သူ့ဘာဏ္ဍာ အမေရိကန်ဒေါ်လာ ၂.၃ သန်း (ကျပ် ၃.၅ ဘီလျံ) ဆုံးရှုံးခြင်းနှင့် ကျောင်းဘတ်စ်ကားများ ဝယ်ယူရန် ရန်ကုန်တိုင်းအစိုးရက လွှတ်တော်မသိဘဲ ပုဂ္ဂလိက ဘဏ်နှစ်ခုမှ ကျပ် ၁၃.၅ ဘီလျံ ချေးယူခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ကြသည်။ ရန်ကုန်တိုင်းအစိုးရသည် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ကျပ် ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံခြင်းသည် အာဏာအလွဲသုံးစားပြုလပ်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင်မူ စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှသည် တိုင်းလွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် သူမ၏ အစီရင်ခံစာ အကျဉ်းချုပ်ကို တိုင်းလွှတ်တော်တွင် နှစ်နာရီကြာ ဖတ်ကြားပြီး မြေငှားခကြွေးကျန်များနှင့် အခွန်ရှောင်သည့် ကိစ္စများအတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို တိုင်းအစိုးရက ဒဏ်ငွေရိုက်ရန် ပျက်ကွက်ခြင်းနှင့် စရိတ်ကြီးလှသည့် မီးစက်တလုံး ဝယ်ယူခြင်းတို့အပါအဝင် အခြားကိစ္စများကို ထောက်ပြခဲ့သည်။

ယခင်နှစ်များက စာရင်းစစ်ချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များသို့ အစီရင်ခံစာမိတ္တူအပြည့်အစုံကို ပေးထားပြီးဖြစ်သောကြောင့်လွတ်တော်တွင် အစီရင်စာအကျဉ်းချုပ်ကို နှုတ်ဖြင့်သာ တင်သွင်းရန်လိုခဲ့သည်။ ယခုနှစ်တွင်မူ ရန်ကုန်တိုင်းအစိုးရသည် အစီရင်ခံစာအကျဉ်းချုပ်ကိုသာ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခွင့်ပြုခဲ့သောကြောင့် အစီရင်ခံစာအသေးစိတ်များကို လွှတ်တော်ကိုယ်စားလှယ်များ မသိရကြောင်း စာရင်းစစ်ချုပ်၏ အဆိုအရ သိရသည်။

“မူရင်း အစီရင်ခံစာမှာ အပြည်အစုံ တင်ပြထားပါတယ်။။ အကျဉ်းချုပ်ကတော့ မပြည်စုံနိုင်ဘူး ။လွှတ်တော်ကို အကျဉ်းချုပ်တင်ပြရတာမို့ အားမရဘူး” ဟု ဒေါ်ခင်သန်းလှပြောသည်။

အစီရင်ခံစာအပြည့်အစုံကို လွှတ်တော်သို့ တင်ခွင့်မရသောကြောင့် စာရင်းစစ်ချုပ်ရုံး၏ တနှစ်တာ ထောင့်စေ့အောင်အားထုတ်မှုများ အလဟသဖြစ်ရကြောင်း စာရင်းစစ်ချုပ်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ အစီရင်ခံစာ အပြည်အစုံ မရသောကြောင့် အစိုးရအသုံးစရိတ်နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းထုတ်ရာတွင် အခက်အခဲတွေ့နိုင်ကြောင်း ဒေါ်ခင်သန်းလှက ပြော သည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များက အစီရင်ခံစာတင်သွင်းစဉ်က စာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅(ဃ) နှင့်အညီ အစီရင်ခံစာ အပြည့်အစုံကို ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တိုင်းထံသို့ ဖြန်ချိကြောင်း ဒေါ်ခင်သန်းလှပြောသည်။

“အခုတော့ အဲဒီလို မဟုတ်တော့ဘူး” ဟု သူပြောသည်။

စာရင်းစစ်ချုပ်သည် သူ၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သော်လည်း အထက်မှ ဖိအားပေးခံနေရပုံရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြောသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်များကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များအတွက် အသေးစိတ်အချက်အလက်များ မရမည်ကို ဒေါ်ခင်သန်းလှကဲ့သို့ပင် သူလည်း ပူပန်နေသည်။

“ ဟုတ်တယ်၊ အသေးစိတ် မသိရတော့ ကျနော်တို့ဆွေးနွေးတာတွေ အားပျော့သွားနိုင်တယ်” ဟု သူပြောသည်။

( Kyaw Phyo Tha ၏ Auditor-General Raises Concerns That Yangon MPs Can’t Properly Debate Govt Spending Without Her Full Report  ကို ဘာသာပြန်သည်။)

You may also like these stories:

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ

ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင်

ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်

The post အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ appeared first on ဧရာဝတီ.

]]>