ငြိမ်းငြိမ်း – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Tue, 20 Oct 2020 08:19:08 +0000 en-US hourly 1 https://wordpress.org/?v=5.3.6 ဖက်ဒရယ်စနစ် ဖြစ်ဖို့ ဝေါဟာရ အကျပ်အတည်းက ကန့်လန့်ခံနေ https://burma.irrawaddy.com/article/2020/10/20/232013.html Tue, 20 Oct 2020 08:18:00 +0000 https://burma.irrawaddy.com/?p=232013 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်နှင့်တိုင်းများ၏ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ကို ဖေါ်ပြထားခြင်း မရှိပါ။

The post ဖက်ဒရယ်စနစ် ဖြစ်ဖို့ ဝေါဟာရ အကျပ်အတည်းက ကန့်လန့်ခံနေ appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ကြမယ် ဆိုကာ ညှိနှိုင်းနေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်းမှာ ဝေါဟာရအပေါ် အငြင်းပွားမှုက မကြာခဏ ကြားရတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်အထိ ငြင်းနေခဲ့ကြတဲ့ စကားရပ်က အင်္ဂလိပ်စာလုံး စတိတ်ကွန်စတီကျူးရှင်း State constitution ကို မြန်မာမှုပြုရာမှ “ပြည်နယ်အခြေခံဥပဒေ” ဟု ခေါ်ဝေါ်မည်လား နှင့် “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဟု သုံးမည်လားအပေါ် ညှိနှိုင်းရင်း ငြင်းခုံကြတာ ဖြစ်ပါတယ်။ ဒီစကားရပ်အပေါ် ငြင်းခုံမှုက အခု လတ်တလော ကိုဗစ်ကပ်ရောဂါကာလနဲ့ အထွေထွေရွေးကောက်ပွဲကာလ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ဆိုင်းထားချိန်မို့ ကျယ်ကျယ်လောင်လောင်တော့ ဆက် မကြားရသေးပါဘူး။

သို့ပေမယ့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲခွင့် လိုအပ်တယ်ဆိုတာကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စားပြု ညှိနှိုင်းသူများက မူအားဖြင့် သဘောတူထားကြပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြီးပါက ထိုဥပဒေက ပြည်နယ် (သို့မဟုတ်) တိုင်းတခု၏ သဘာဝသယံဇာတ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ အဆုံးအဖြတ်၊ ဥပဒေပြုလွှတ်တော် ဖွဲ့စည်းတည်ဆောက်ပုံ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်များကို အာမခံရမှာ ဖြစ်ပါတယ်။

ဒါက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ် (သို့မဟုတ်) တိုင်းတခုစီက ယင်းဖက်ဒရယ်ယူနစ်တခုစီတွင်းနေထိုင်သူများ လက်ခံနိုင်တဲ့ သီးခြား ဥပဒေ ရေးဆွဲဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ပြည်နယ်/တိုင်းတခုစီဟာ ၎င်းတို့ ဒေသတွင်း လိုအပ်ချက်တွေအပေါ် အခြေခံပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမှာဖြစ်တဲ့အတွက် ယင်းအခြေခံဥပဒေတွေကလည်း ပြည်နယ်တခုနှင့်တခု ကွဲပြားနေနိုင်ပါတယ်။

ပြည်နယ်/တိုင်းတခုစီဟာ ၎င်းတို့ ဒေသတွင်း လိုအပ်ချက်တွေအပေါ် အခြေခံပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမှာဖြစ်တဲ့အတွက် ယင်းအခြေခံဥပဒေတွေကလည်း ပြည်နယ်တခုနှင့်တခု ကွဲပြားနေနိုင်ပါတယ်။

လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံက အဓိက တိုင်းရင်းသား အုပ်စုများကို အစွဲပြုခေါ်ဝေါ်တဲ့ ပြည်နယ် ၇ ခုနဲ့ တိုင်း ၇ ခု၊ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ စသဖြင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတွေက ၎င်းတို့ဒေသကို အုပ်ချုပ်ကြပေမယ့် ပြည်ထောင်စုအစိုးရမှာ ဗဟိုချုပ်ကိုင်မှုအာဏာ ရှိပါတယ်။

ထိုဥပဒေရေးဆွဲရေးကိစ္စရပ်ကို ဆက်လက်ဆွေးနွေးဖို့ ပြင်ဆင်ထားကြပေမယ့်လည်း တကယ့်တကယ်က စစ်တပ်ကျောထောက်နောက်ခံပြု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။

သြဂုတ်လအစောပိုင်း ဆွေးနွေးပွဲတွေမှာ အကြိတ်အနယ်ညှိနှိုင်းကြပေမယ့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ မြန်မာစကားရပ်အပေါ် ညှိနှိုင်းသူများ သဘောတူညီမှုမရတာမို့ ယင်းဆွေးနွေးမှုကို နောက်ဆုတ်ထားခဲ့ကာ ဆက်လက်ဆွေးနွေးရန်ဟု သတ်မှတ်ထားလိုက်ကြတာပါ။ ဒါကြောင့် သြဂုတ်လက တပ်မတော်၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲရေးကို မူတရပ်အဖြစ် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

သို့သော် စေ့စပ်ညှိနှိုင်းသူများ သဘောတူညီမှု တခု ရှိထားသည်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲသောအခါ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ စံ တန်ဖိုးများကို အာမခံသည့် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ မဆန့်ကျင်ဘဲ သို့မဟုတ် ကျော်လွန်ခြင်းမရှိဘဲ ရေးဆွဲရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သြဂုတ်လက မိန့်ခွန်းမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ရေးှဆွဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်မှ ပေါ်ပေါက်လာသည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ မဆန့်ကျင်သမျှ ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက်ရမည် ဟု ဆိုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်နှင့်တိုင်းများ၏ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ကို ဖေါ်ပြထားခြင်း မရှိပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်နှင့်တိုင်းများ၏ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ကို ဖေါ်ပြထားခြင်း မရှိပါ။

NLD နှင့် တိုင်းရင်းသားပါတီများ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းချက်များလည်း မအောင်မြင်သေးပါ။ မတ်လအတွင်း လွှတ်တော်မှာ ဆုံးဖြတ်ကြတဲ့အခါ ၂၀၀၈ ခြေဥ ပြင်ဆင်ချက်တွေကို တပ်မတော်က ခန့်အပ်တဲ့ ကိုယ်စားလှယ်များနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပါတယ်။

နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လက်ရှိအချိန်အထိ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ချဉ်းကပ်တဲ့နည်းလမ်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မများကို ပြင်ဆင်ဖို့ ကြိုးပမ်းတာသာ ဖြစ်ပြီး၊ ဖက်ဒရယ်မူများရရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုသည်ကို ဆွေးနွေးနိုင်ခြင်းမရှိဘဲ စကားလုံးများ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အငြင်းပွားခြင်းဖြင့််သာ အကျပ်အတည်းဖြစ်နေကြောင်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူ တဦးဖြစ်တဲ့ ဦးခွန်ဥက္ကာ ရှင်းပြပါတယ်။ ဦးခွန်ဥက္ကာက NCA လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် နာယက ဖြစ်ပါတယ်။

ယခုအခါ ဝေါဟာရ အကျပ်အတည်းဟု ပြောဆိုနေကြစေကာမူ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူသောစကားရပ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်လောက်ကတည်းက ပြည်သူလူထုအများစုနှင့် ရင်းနှီးကျွမ်းဝင်နေတာ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်များမှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များနှင့် တိုင်းရင်းသား နိုင်ငံရေးသမားများ အပါအဝင် တိုင်းရင်းသားအဖွဲ့များက မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲနိုင်ရေး ရည်မှန်းပြီး ဆွေးနွေးမှုတွေ စတင်ခဲ့ကြပါတယ်။

ယခင်နှစ်အနည်းငယ်ကစပြီး ထိုကိစ္စကို အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်းဆီ ယူဆောင်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုးထားသူတွေသာမက လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကလည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မည်သည့်အခြေခံမူများ ပါဝင်သင့်သည် ဟူသော စဉ်းစားချက်များ မျှဝေထားတာလည်း ရှိပါတယ်။

အချုပ်အခြာအာဏာပိုင် ပြည်ထောင်(ပြည်နယ်)အများစုစည်းမှု အပေါ် အခြေခံပြီး ၁၉၄၇ ခုနှစ်တွင် ပေါင်းစုခဲ့တဲ့အတွက် မြန်မာနိုင်ငံက ပြည်ထောင်စုနိုင်ငံ ဖြစ်လာတာဖြစ်ပြီး၊ နောက်ခံသမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ဘာသာစကား စတာတွေ မတူညီတဲ့ ပြည်ထောင်အများက လာရောက် ပေါင်းစုထားတာကြောင့် ယင်းပြည်ထောင်များရဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရေးက အရေးပါတယ်လို့ ၎င်းတို့က ဆိုပါတယ်။

ယင်းအချက်ကြောင့်ပင် စကားရပ်အခေါ်အဝေါ်အပေါ် အငြင်းပွားနေစေကာမူ နေပြည်တော်အစိုးရနှင့် တပ်မတော်တို့က ပြည်နယ်ဥပဒေ ရေးဆွဲရေးကိစ္စရပ်အား မူအားဖြင့် သဘောတူလာရခြင်း ဖြစ်တယ်လို့ ဝါရင့်ရှမ်းနိုင်ငံရေး လေ့လာသူ ဦးခွန်ဆိုင်းက ပြောပါတယ်။

တပ်မတော်က ထိုစကားရပ်ကို ပြည်နယ်အခြေခံဥပဒေဟု ခေါ်ဝေါ်လိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိုစကားရပ်ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟု သတ်မှတ်သည်။

တပ်မတော်က ထိုစကားရပ်ကို ပြည်နယ်အခြေခံဥပဒေဟု ခေါ်ဝေါ်လိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိုစကားရပ်ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟု သတ်မှတ်သည်။

လက်ရှိအချိန်အထိ ယာယီပြဋ္ဌာန်းချက်များ သို့မဟုတ် လမ်းညွှန်မူများ မရှိသေးသော်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါသင့်တဲ့ အခြေခံမူဝါဒ အချို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ တဆင့် ပြုစုသင့်တယ်လို့ အချို့က ယူဆကြပါတယ်။

အခြေခံမူများနှင့်ပတ်သက်ပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် “ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် အခွန်အကောက် ခွဲဝေမှုရှိရမယ်။ ဖက်ဒရယ် ယူနစ်တွေအားလုံး တန်းတူရည်တူရှိရမယ်။ ပြည်နယ်တွေ (ဖက်ဒရယ်ယူနစ်များ) မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေတွေ ရှိရမယ်။ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ် အောက်တိုဘာလက ပြောခဲ့ဖူးပါတယ်။

ထို့အတူ လေ့လာသူများကလည်း ဖက်ဒရယ်ယူနစ် (ပြည်နယ်တွေ) တွေမှာ နေထိုင်သူတိုင်း မည်သည့် တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားအုပ်စု၏ အရေအတွက် မည်မျှရှိသည်ဖြစ်စေ မြေ၊ လူမှု ဝန်ဆောင်မှု၊ မိခင်ဘာသာစကား၊ စာပေ၊ အုပ်ချုပ်ရေးတို့မှာ တန်းတူအခွင့်အရေး ရရှိရေး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများက အာမခံရမှာဖြစ်တယ်လို့ အလေးထားပြောကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရေး အစီအမံများ လိုက်နာရတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား မူဝါဒများနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်ရေး ဆွေးနွေးမှုတွေ မပြုလုပ်နိုင်သေးပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီး အစိုးရသစ် ဖွဲ့စည်းမယ့် ဧပြီလနောက်ပိုင်းအထိ ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောပြင်နိုင်မယ့် အခြေအနေမရှိတာကြောင့်လည်း အစိုးရသစ်အောက်မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲနိုင်ရေး အကောင်အထည်ဖေါ် ဖို့က အချိန်ပိုကြာမယ့် အလားအလာ ရှိနေပါတယ်။

(Nyein Nyein ၏ Vocabulary Crisis’ Creates Yet Another Hurdle for Myanmar’s Federalism  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

အပေးအယူလုပ်မှ NLD ကိုယ်စားလှယ် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု AA ခြိမ်းခြောက်

ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံး

The post ဖက်ဒရယ်စနစ် ဖြစ်ဖို့ ဝေါဟာရ အကျပ်အတည်းက ကန့်လန့်ခံနေ appeared first on ဧရာဝတီ.

]]>
ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင် https://burma.irrawaddy.com/election-2020/2020/10/18/231868.html Sun, 18 Oct 2020 06:05:34 +0000 https://burma.irrawaddy.com/?p=231868 ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်ခွဲများသည် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

The post ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင် appeared first on ဧရာဝတီ.

]]>
ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေးအတွက် အိမ်တွင်းတွင်သာ နေထိုင်ရန် အမိန့်ထုတ်ပြန်ထားသော မြို့နယ်များ သို့မဟုတ် လူဦးရေများပြားသော မြို့နယ်များမှ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်ခွဲများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အနည်းဆုံးဖြစ်စေရန် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ယခင်ရွေးကောက်ပွဲများတွင် အသက်အရွယ်ကြီးသော မဲဆန္ဒရှင်များသည် မဲရုံတွင်မဲပေးခြင်းနှင့် ကော်မရှင်ခွဲရုံးများတွင် ကြိုတင်မဲပေးခြင်းကို ရွေးချယ်နိုင်သည်။ သွားလာခြင်း မပြုနိုင်သူများအတွက် ကော်မရှင်ခွဲများက ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ပြီး ဆန္ဒမဲများ ကောက်ခံသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်းအနက် အသက် ၆၀ နှင့်အထက် ရှိသူမှာ ၄ ဒဿမ ၅ သန်းခန့်ရှိပြီး လာမည့် နိုဝင်ဘာရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်နှင့်အထက် မဲပေးနိုင်သူပေါင်း ၃၈ သန်းရှိသည်။

“ဒီအစီအစဉ်ရဲ့ ဒုတိယအကျိုးကျေးဇူးကတော့ ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ မဲပေးသူအရေအတွက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်”

အသက် ၆၀ နှင့်အထက်များသည် ကိုဗစ်-၁၉ ကူးစက်လျှင် အန္တရာယ် ပိုမိုများပြားသောကြောင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ၎င်းတို့အတွက် ကြိုတင်မဲပေးရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်က လူထုသို့ ပြောကြားထားသည်။

ထိုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်သည် မဲဆန္ဒရှင်များ အန္တရာယ် ကင်းရှင်းရေးနှင့် စိတ်ကျေနပ်မှုကို ဖြစ်စေမည်ဟု ပြောသည်။

၎င်းတို့သည် အခြားအသက်အပိုင်းအခြားများထက် ကိုဗစ်-၁၉ အန္တရာယ် ပိုမိုခံစားရနိုင်သောကြောင့် အသက် ၆၀ နှင့် အထက်များ အတွက် ကြိုတင်မဲပေးခြင်းသည် အကျိုးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီအစီအစဉ်ရဲ့ ဒုတိယအကျိုးကျေးဇူးကတော့ ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ မဲပေးသူအရေအတွက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်”

ဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီး နိုဝင်ဘာလ ၈ ရက်နေ့ မဲရုံများတွင် မဲပေးသူ ပိုမိုနည်းပါးသောကြောင့် လူခြင်းခွဲခြားနေထိုင်မှု ပိုမိုပြုလုပ်နိုင်မည်ဟု ဆက်လက် ပြောပြသည်။

ထို့အပြင် “ဒါက အားလုံးအတွက် ဘေးကင်းတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားပြီး အစိုးရသည် မဲဆန္ဒရှင်များ အတွက် နှာခေါင်းစည်းနှင့် မျက်နှာအကာအကွယ်များ ဖြန့်ချိပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

နိုင်ငံတော်အတိုင်ပင်ခံသည်လည်း အသက် ၇၅ နှစ်ရှိပြီဖြစ်သောကြောင့် ကြိုတင်မဲပေးမည်ဖြစ်သည်။

စစ်တပ်လိုလားသော ပါတီများနှင့် အခြားပါတီများက ရွေးကောက်ပွဲ ဆိုင်းငံ့ရန် တောင်းဆိုမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့သောလက ပယ်ချခဲ့သည်။ မဲရုံများတွင် ရောဂါကူးစက်မှု တားဆီးရေးအတွက် ကျယ်ပြန့်သော အစီအမံများ ချမှတ်မည်ဖြစ်ကြောင်း ထိုကော်မရှင်က ပြောထားသည်။

ရန်ကုန်တိုင်းမှ မြို့နယ်ပေါင်း ၂၉ ခုနှင့် မန္တလေးတိုင်းမှ မြို့နယ် ၅ ခုသည် တကီလိုမီတာလျှင် လူဦးရေ ၅၀၀၀ ကျော်ပြီး လူဦးရေများပြားသော မြို့နယ်များဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မဲဆန္ဒနယ်ပြင်ပရောက်နေသူများအနေဖြင့်လည်း ၎င်းတို့ရောက်ရှိနေသော နေရာများတွင် ကြိုတင်မဲပေးရန် လျှောက်ထား နိုင်ကြောင်း နှင့် ကော်မရှင်ခွဲများသည် မဲပေးရန်နှင့် မဲရေတွက်ရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

အခြားနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ နိုင်ငံများရှိ သံရုံးနှင့်ကောင်စစ်ဝန်ရုံး ၄၅ ခုတွင် အောက်တိုဘာလ ၁ ရက်နေ့မှ မဲပေးနေပြီဖြစ်သည်။

ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးနှင့် ရခိုင်ပြည်နယ်တခုလုံးတွင် အိမ်တွင်းတွင်သာ နေထိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။ သြဂုတ်လအလယ်က ရခိုင်ပြည်နယ် စစ်တွေတွင် ကိုဗစ်-၁၉ ကူးစက်မှု စတင်ပြီးနောက် ဒုတိယလှိုင်းကူးစက်မှုဖြစ်လာပြီး ကူးစက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်သည်။

မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက အိမ်တွင်းတွင်သာနေထိုင်ရန် အမိန့်များကို စက်တင်ဘာလ နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၆ ရက်နေ့ ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်မှု ၃၃၄၈၈ ဦး၊ သေဆုံးသူ ၇၉၉ ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၅၄၇၇ ဦးရှိသည်။

(Nyein Nyein ၏ Over-60s in COVID-19 Hotspots to Vote in Advance in Myanmar’s Election ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ

တောင်ကုတ် NLD အမတ်လောင်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခု က ဖမ်းဆီးသွား

ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ

The post ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားရာနေ အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးနိုင် appeared first on ဧရာဝတီ.

]]>
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ https://burma.irrawaddy.com/opinion/viewpoint/2020/09/30/230749.html Wed, 30 Sep 2020 05:33:47 +0000 https://burma.irrawaddy.com/?p=230749 ရွေးကောက်ပွဲလွန်ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် မည်သည့်အသွင်ဆောင်မည်နည်း။

The post ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ appeared first on ဧရာဝတီ.

]]>
ယခုနှစ် အစောပိုင်း၌ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အချို့ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း အကြိတ်အနယ်ဆွေးနွေးပြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအသံများ တိတ်ဆိတ်သွားခဲ့သည်။ အကြောင်းမှာ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံရေးသမားများ အာရုံစိုက်နေရခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုတိတ်ဆိတ်မှုသည် ခဏသာဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း တစတစ ပြန်ပေါ်လာသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းနေသော နိုင်ငံရေးပါတီကြီးများသည် ယခုလအစောပိုင်း မဲဆွယ်စည်းရုံးမှု စချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အဆိုပြုချက်ကို ၎င်းတို့၏ မူဝါဒများတွင် ထည့်သွင်းဖော်ပြလာကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ဒီမိုကရေစီမဆန်သည့် ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးသည် အဓိကကျသောကြောင့် ထိုပြင်ဆင်ရေးအတွက် ဆက်လက် အားထုတ် ဆောင်ရွက်ရမည် ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲလွန်ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် မည်သည့်အသွင်ဆောင်မည်နည်း ဆိုသည့် မေးခွန်းတော့ ရှိသည်။

စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် NLD ရွေးကောက်ပွဲကြေညာစာတမ်းတွင် တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်ပုံအခြေခံဥပဒေတခု ပေါ်ပေါက်ရေးကိုလည်း ရည်ရွယ်ကြောင်း ဖေါ်ပြထားသည်။

နှစ်ကာလကြာရှည် ကြိုးပမ်းနေသည့် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်သည် မအောင်မြင်သေးပါ။

နှစ်ကာလကြာရှည် ကြိုးပမ်းနေသည့် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်သည် မအောင်မြင်သေးပါ။

အကြောင်းရင်းတခုတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ မည်သည့်ပုဒ်မပြင်ဆင်ချက်ကိုမဆို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုလိုအပ်ပြီး လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကိုလည်း စစ်တပ်က ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။

မတ်လတွင် လွှတ်တော်ကိုယ်စားလှယ်များသည် NLD အဆိုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၁၄ ချက်အနက် ၄ ခုကို အတည်ပြုခဲ့သည်။ လွှတ်တော်တွင် ၉ ရက်ကြာ ဆွေးနွေးမဲခွဲပြီးနောက် ရလာသည်မှာ ပြဋ္ဌာန်းချက် ၃ ခုနှင့် ပုဒ်မတခုပါ စကားအသုံးအနှုန်းများကို ပြင်ဆင်ခြင်းသာ ဖြစ်သည်။

အစိုးရ မဏ္ဍိုင်အားလုံးတွင် တပ်မတော်နှင့် စစ်ဖက်အကြီးအကဲကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အထူးလုပ်ပိုင်ခွင့်များနှင့် အခွင့်ထူးများကို လျှော့ချမည့် အဓိက ပြင်ဆင်ချက်များကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ်တော်ကိုယ်စားလှယ်များက ပယ်ချခဲ့သည်။ ၎င်းတို့အုပ်စုနှစ်စုက လွှတ်တော်နေရာအားလုံး၏ ၃၁ ရာခိုင်နှုန်း ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတားအဆီးများကို ကိုးကားဖော်ပြပြီး NLD ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်များအနေဖြင့် NLD ကို မဲပေးရန် စက်တင်ဘာ ၁၇ ရက် မဲဆွယ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲတွင် အရပ်သားကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်နေရာ ၇၅ ရာခိုင်နှုန်းအနက် ၆၇ ရာခိုင်နှုန်းကို သူမ၏ ပါတီက လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စက်တင်ဘာ ၁၅ ရက်၌ USDP ပါတီကိုယ်စား ရုပ်မြင်သံကြားမှ ပြောကြားသည့် မဲဆွယ်မိန့်ခွန်းတွင် ဥက္ကဌ ဦးသန်းဌေးကလည်း အချို့သော ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မအချို့ကို ပြင်ဆင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ၎င်းတို့၏ ဦးစားပေးအဆင့်ဖြစ်ကြောင်းနှင့် USDP ပါတီ၏ အားထုတ်မှုများသည် ဖက်ဒရယ်စနစ်၊ ပြည်ထောင်စုနှင့် ဒီမိုကရေစီ အနှစ်သာရများကို ချက်ချင်း ထင်ဟပ်မည့် ပြောင်းလဲ ပြင်ဆင်မှုကို ဆောင်ရွက်မည်ဟု ကတိပြုသွားသည်။

USDP က ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ရန် ထုတ်နှုတ်ပြောကြားခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ပြည်နယ်နှင့် တိုင်းလွှတ်တော်နေရာ အများစုအနိုင်ရသည့်ပါတီက ခန့်အပ်ရနိုင်ရေး ၎င်းတို့၏ အဆိုပြုချက်သည် ယေဘူယျအားဖြင့် လူနည်းစု တိုင်းရင်းသားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီငယ်များ၏ အာရုံကို ဖမ်းစားနိုင်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်း နိုင်ငံရေးကို ထိန်းချုပ်ရန် မျှော်လင့်ချက်ဖြင့် USDP က ထိုအချက်ကို မောင်ပိုင်စီးခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်း နိုင်ငံရေးကို ထိန်းချုပ်ရန် မျှော်လင့်ချက်ဖြင့် USDP က ထိုအချက်ကို မောင်ပိုင်စီးခြင်းဖြစ်သည်။

ထိုသို့ ပြင်ဆင်ရေး ပြောဆိုချက်သည် အပေါ်ယံလား စေတနာအရိုးခံဖြင့် ဆောင်ရွက်လိုသည်လား ဆိုသည်ကို မသိနိုင်သော်လည်း မကြာသေးသောအတိတ်ကို လမ်းညွှန်အဖြစ် လေ့လာနိုင်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် USDP သည် ရှမ်းပြည်နယ်လွှတ်တော်တွင် နေရာအများစုရသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရကို ဦးဆောင်ခွင့်မရ။ NLD သည် တနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များအားလုံးကို ခန့်အပ်ခွင့်ရသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ USDP အနိုင်ရခဲ့သည့် သမ္မတဦးသိန်းစိန်ခေတ် တွင်လည်း အလားတူပင် ထိုအခွင့်အရေးရခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံကို ရယူထားခြင်းနှင့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ချုပ်ကိုင်ထားခြင်း စသည့် စစ်ဖက်၏ နိုင်ငံရေးအခွင့်ထူးများကို လျှော့ချမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ချက်ကို ဗိုလ်ချုပ်ဟောင်းတပိုင်း USDP ခေါင်းဆောင်များ သဘောတူ လက်ခံခြင်း လိုလားခြင်း ရှိ မရှိ မေးခွန်း ရှိနေသည်။

ပါတီကြီးနှစ်ခုအကြား ကွဲလွဲချက်များကို ဖယ်ထားပြီး ရွေးကောက်ပွဲအလွန် မည်သည့်အစိုးရသစ်အောက်တွင်မဆို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်နိုင်ခြေ ရှိ မရှိကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် NLD က အများစုအနိုင်ရရှိမည် ဆိုစေကာမူ စစ်ဖက်၏ အာဏာကိုလျှော့ချမည့် အလားအလာမရှိလျှင် ၂၀၀၈ ဖွဲ့စည်းပုံမှ လက်ရှိအဆိုပြုထားသည့် ပုဒ်မ ပြင်ဆင်ချက်များကို ထပ်မံတင်သွင်းပါကလည်း မတ်လက မိမိတို့တွေ့ရသည့် စိတ်ပျက်ဖွယ် ရလဒ်ဖြင့်သာ ထပ်မံအဆုံးသတ်ရနိုင်သည်။

ယင်းအကျပ်အတည်းကို ရှောင်ရှားရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းတခုမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အစိုးရ၊ စစ်ဖက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) က သဘောတူ ချုပ်ဆိုထားသော ပြည်ထောင်စု သဘောတူစာချုပ်ကို အကောင်အထည်ဖေါ်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အာရုံစိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ သြဂုတ်လ ၁၉ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အပိတ်မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အားထုတ်မှုများ ဆက်လက်ဆောင်ရွက်သွားရန် အသားပေးပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများသည် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေး အဆင့်လိုက်လုပ်ငန်းစဉ်များဆောင်ရွက်ရန် အုတ်မြစ်ချထားပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ထို လုပ်ငန်းစဉ်များတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစသည့် လုပ်ငန်းစဉ် ၅ ရပ် ပါဝင်သည်ဟု သူက ဆိုထားသည်။

ပြည်ထောင်စုသဘောတူစာချုပ်သည် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြင်ဆင်ထားသော သဘောတူစာချုပ်ဖြစ်သည်။

ပြည်ထောင်စုသဘောတူစာချုပ်သည် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြင်ဆင်ထားသော သဘောတူစာချုပ်ဖြစ်သည်။

ပြည်ထောင်စုသဘောတူစာချုပ်တွင် ဖယ်ဒရယ်အခြေခံမူများကို အာမခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ရှိလာရေးအတွက် EAOs အဖွဲ့များ၊ စစ်တပ်နှင့် နိုင်ငံရေးပါတီများ အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများအားလုံး ညှိနှိုင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် EAOs ၁၀ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပါဝင်သည်။

ငြိမ်းချမ်းရေးရယူပြီး အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မတူညီသည့် နည်းလမ်းနှစ်သွယ်ဖြင့် လုပ်ဆောင်နိုင်ကြောင်း ပြောဆိုထားသည်။ တနည်းမှာ လွှတ်တော်လမ်းကြောင်းမှဖြစ်ပြီး အခြားတနည်းမှာ လွှတ်တော်ပြင်ပ NCA လမ်းကြောင်းမှ ပြောင်းလဲရေး ဖြစ်သည်။

ဖြစ်ရပ်များ ပြန်လည်လေ့လာပါက NLD သည် ကနဦးတွင် NCA လမ်းကြောင်းဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးစားခဲ့ကြောင်း တွေ့ရသည်။

သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲလိုပါက ပြည်ထောင်စုမှ မခွဲထွက်ဟု EAOs များကတိပြုရမည်ဆိုသည့် တပ်မတော်၏ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲများ ၂၀၁၇ ခုနှစ်တွင် လမ်းကြောင်းလွဲပြီး အကျပ်အတည်းဖြစ်ကာ နောက်ဆက်တွဲအဖြစ် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ရွှေ့ဆိုင်းသွားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်းမှ ပြင်ဆင်ရေးကို စတင်ခဲ့သည်။ ထိုပြင်ဆင်ရေးကြိုးပမ်းမှုသည် တနှစ်ကျော်ကြာခဲ့သော်လည်း အတိုက်အခံ USDP ပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဆန့်ကျင်မှုနှင့် ကြုံရသည်။

ဖက်ဒရယ်မူများကို ဆွေးနွေးရာတွင် ညှိနှိုင်းဆွေးနွေးသူများ အဓိကရင်ဆိုင်ရသည့် စိန်ခေါ်မှုများ အနက်တခုမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ကိစ္စဖြစ်ပြီး ယခုနှစ် ငြိမ်းချမ်ရေးဆွေးနွေးပွဲများတွင် သဘောတူနိုင်ခြင်း မရှိသေးဘဲ ဆက်လက် ဆွေးနွေးရန် လျာထားကြသည်။

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲတွေက အခုမှ အစပဲရှိသေးတာ။ အများကြီးလုပ်စရာလိုသေးတယ်”

“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲတွေက အခုမှ အစပဲရှိသေးတာ။ အများကြီးလုပ်စရာလိုသေးတယ်”ဟု ငြိမ်းချမ်းရေး ညှိနှိုင်းမှုများတွင် ပါဝင်သူ KNU အမြဲတမ်းကော်မတီဝင် ပဒို စောတောနီးက ဆိုသည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရရှိရေးကို ပြင်ဆင်ရေးလုပ်ငန်းစဉ်တွင် ဦးစားပေးလုပ်ဆောင်ရန် လိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တောင်းဆိုမှုလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့်ပင် တိုင်းရင်းသားအုပ်စုများအား ၎င်းတို့၏ ပြည်နယ်ဖွဲ့စည်းပုံများကို ၎င်းတို့ကိုယ်တိုင် ရေးဆွဲခွင့် ပြုခြင်းဖြင့် စတင်ရမည်ဟု ဆိုသည်။

ပြည်ထောင်စု သဘောတူစာချုပ်တွင် ဖေါ်ပြထားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဘုံဖက်ဒရယ်မူများ ရရှိစေရန် ရွေးကောက်ပွဲလွန်ကာလတွင် တပ်မတော်သားကိုယ်စားလှယ်များသည် EAOs များနှင့် အစိုးရသစ်နှင့်လက်တွဲဆောင်ရွက်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။

You may also like these stories:

( ငြိမ်းငြိမ်းသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ တွဲဘက်အယ်ဒီတာဖြစ်သည်။ ၎င်း၏ Amending Myanmar’s Constitution: an Issue That Will Not Go Away ကို ဘာသာပြန်သည်။)

ဂျုံမှုန့် ပြည်သူ၊ မရှိမဖြစ် တဆေးနဲ့ ဒီမိုကရေစီ ပေါင်မုန့်

မြန်မာ့ဒီမိုကရေစီ ခရီးရှည်တွင် ၈၈ စက်တင်ဘာ စွန့်လွတ်မှုများကို မမေ့နိုင်

ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့

The post ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ appeared first on ဧရာဝတီ.

]]>
သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ https://burma.irrawaddy.com/news/2020/09/28/230609.html Mon, 28 Sep 2020 05:17:59 +0000 https://burma.irrawaddy.com/?p=230609 ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတွင်သာ ကြိုတင်မဲပေးကြရမည် ဖြစ်သည်။

The post သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ appeared first on ဧရာဝတီ.

]]>
အောက်တိုဘာလ ကြိုတင်မဲပေးရမည့်ကာလတွင် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ရှိသော နေရာများ၌ မဲရုံခွဲများဖွင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကျန်းမာရေးအရ စိုးရိမ်ပူပန်ရမှုများကြောင့် မဲရုံခွဲများ ဖွင့်နိုင်မည်မဟုတ်ဘဲ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတွင်သာ ကြိုတင်မဲပေးကြရမည် ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် မဲ ဆန္ဒနယ်ပြင်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲများကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ မဲပေးနိုင်မည် ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက် (သောကြာနေ့)က ထုတ်ပြန်သည့် သံရုံး၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။ ထိုထုတ်ပြန်ချက်မတိုင်မီ ကြာသပတေးနေ့က မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် ကြိုတင်မဲကိစ္စအတွက် ဘန်ကောက်မြို့တွင် စေတနာ့ဝန်ထမ်းကူညီနေသူများနှင့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ၁၇ ဦးတို့နှင့် တွေ့ဆုံပြီး အခြေအနေကို ရှင်းပြခဲ့သည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ ကြိုတင်မဲနဲ့ပတ်သက်ပြီး သံအမတ်ကြီးနဲ့ဆွေးနွေးတဲ့ပွဲမှာ တောင်းထားတာက ထိုင်းနိုင်ငံမှာ အင်မတန်နေရာ ကျယ်ပြန့်တယ်။ မြန်မာအလုပ်သမားတွေ ဘန်ကောက်သံရုံးကို သွားလာဖို့ မလွယ်ကူတော့ အလုပ်သမား အများဆုံး ရှိတဲ့နေရာ-ဥပမာ မဟာချိုင်လို ဒေသမျိုးလို မဲရုံခွဲ ဖွင့်ပေးပါလို့ တောင်းဆိုခဲ့တယ်။ အလုပ်သမားတော်တော်များများက တပါတ်ကို နားရက် ၁ ရက်ပဲရတာရယ် ဘန်ကောက်ကို သွားဖို့ ခက်တာရယ်မို့ တောင်းဆိုခဲ့တာ။ သံအမတ်ကြီးကလည်း သူတို့အနေနဲ့ အတတ်နိုင်ဆုံး ရအောင် ကြိုးစားပြီး ဖွင့်ပေးပါမယ်လို့ ပြောသော်ငြားလည်း ထိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေတွေကြောင့် အခြားဒေသတွေမှာ လုံခြုံရေး မပေးနိုင်လို့ မရဘူးဆိုပြီး မရခဲ့ဘူး” ဟု မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဌ ဦးအောင်ကျော်က ဆိုသည်။

“သံအမတ်ကြီးက မဲပေးပိုင်ခွင့်ရှိသူ အားလုံး တယောက်မကျန် မဲပေးလို့ရအောင် သူ့အနေနဲ့ တာဝန်ယူပါတယ်ဆိုတာ ပြောသလို စနစ်တကျ စီမံ မွမ်းမံမှုတွေလည်း လုပ်ထားတယ်။ အကယ်၍ ၁၃ ရက်နေ့ နဲ့ မလောက်ဖူးဆိုရင် နောက်ထပ် ရက်တွေ ထပ်မံ တိုးမြှင့်ပေးမယ်လို့ ပြောထားပါတယ်” ဟု ဦးအောင်ကျော်က ဧရာဝတီ သတင်းဌာနသို့ သောကြာနေ့တွင် ပြောသည်။

ရနောင်းရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ရာ ငါးဒိုင်တဒိုင်/ငြိမ်းငြိမ်း/ဧရာဝတီ

ဘန်ကောက်ရှိ မြန်မာသံရုံးပရဝဏ်အတွင်း သံရုံးဟောင်းနေရာနှင့် သံရုံးသစ်နေရာတို့တွင် မဲရုံ ၃ ရုံ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သံရုံး၏ ဖေ့ဘုတ်စာမျက်နှာတွင် ကြေငြာထား သည်။ ထိုင်းနိုင်ငံရှိ ပြည်နယ်ပေါင်း ၇၇ ခုနှစ်အနက် ပြည်နယ် ၆၈ ခုမှ လျှောက်ထားသည့် မြန်မာနိုင်ငံသား မဲပေးခွင့်ရသူများစာရင်းကို သံရုံး၏ အင်တာနက်စာမျက်နှာနှင့် ဖေ့ဘွတ်မှတဆင့် စက်တင်ဘာ ၂၈ ရက် တွင်ကြေညာမည်ဖြစ်ပြီး မဲပေးခြင်းဆိုင်ရာ လိုအပ်သော သတင်းအချက်အလက်များကို မဲဆန္ဒရှင်များအား ဆက်လက် အသိပေးမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးခွင့်လျှောက်ထားသူ ၃၉၀၀၀ ကျော်ရှိကြောင်း မြန်မာသံရုံးမှ သိရသည်။ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၁၅ သန်း ရှိသည်။ ထို့အပြင် ကျောင်းသားများ၊ ပညာရှင်များနှင့် သံတမန်များလည်း ရှိနေသည်။ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်မထားသော မြန်မာရွှေ့ပြောင်းလုပ်သားများလည်း ရှိနေပြီး ၎င်းတို့သည် နိုဝင်ဘာလရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခွင့် မရကြပေ။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရှိ မြန်မာမဲဆန္ဒရှင် ၅၆၁ ဦးသာ ကြိုတင်မဲပေးခွင့်ရပြီး ၎င်းတို့အနက် မဲပေးခဲ့သည့် ရွှေ့ပြောင်းလုပ်သားဦးရေ ၁၀၀ ခန့်သာ ရှိခဲ့သည်။ ယခုနှစ်တွင်မူ စေတနာ့ဝန်ထမ်းများက ရွှေပြောင်းလုပ်သားများ မဲစာရင်းမှတ်ပုံတင်ရန် ကူညီမှုများ ရှိခဲ့သည်။ မဲပေးမည့်သူများအနက် အချို့မှာ ပထမဆုံးအကြိမ် မဲပေးရမည့်သူများ ဖြစ်သည်။

သံအမတ်ကြီး ဦးမျိုးမြင့်သန်းကလည်း သံရုံးအနေဖြင့် လုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးကို ထည့်သွင်းစဉ်းစားရသဖြင့် သံရုံးပရဝဏ်ပြင်ပတွင် မဲရုံခွဲ ဖွင့်ရန် မဖြစ်နိုင်သော်လည်း မဲပေးခွင့်ရှိသူ အရေအတွက်အပေါ် မူတည်ပြီး မဲပေးကာလကို အတိုးအလျော့ လုပ်မည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်မဲစာရင်းလျှောက်လွှာများ စိစစ် အတည်ပြုပြီးနောက် ပြန်ပို့လာသည့် စာရင်းကို စောင့်ဆိုင်းဆဲဖြစ်ပြီး ထိုစာရင်းတွင် မပါဝင်သူများရှိပါက ပြန်လည် လျှောက်ထားနိုင်မည့် တိုင်ကြားရမည့် ဖောင်ပုံစံများကိုလည်း သံရုံးက ပြင်ဆင်ထားကြောင်းလည်း သူက ပြောသည်။

“သူဌေး (အလုပ်ရှင်)ဆီက ခွင့်ယူလို့ အဆင်ပြေပါ့မလား တွေးနေရတယ်။ ဘန်ကောက်ကို မဲ သွားပေးဖို့က အလုပ်နဲ့တော့ ချိန်တော့ ချိန်ကြည့်ရမယ်။ ၂-၃ ရက်တောင် အချိန်ယူရမယ်။ သွားရမယ်ဆိုလည်း အလုပ်ပျက်ဦးမယ်လေ။ သူဌေးခွင့်ပြုမှသာ သွားဖြစ်မယ်”

သို့သော် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလလည်းဖြစ်နေသည့်အတွက် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများက ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့ မဲပေးခွင့် မရနိုင်တော့သည့် အခြေအနေဟု ပြောကြသည်။

“သူဌေး (အလုပ်ရှင်)ဆီက ခွင့်ယူလို့ အဆင်ပြေပါ့မလား တွေးနေရတယ်။ ဘန်ကောက်ကို မဲ သွားပေးဖို့က အလုပ်နဲ့တော့ ချိန်တော့ ချိန်ကြည့်ရမယ်။ ၂-၃ ရက်တောင် အချိန်ယူရမယ်။ သွားရမယ်ဆိုလည်း အလုပ်ပျက်ဦးမယ်လေ။ သူဌေးခွင့်ပြုမှသာ သွားဖြစ်မယ်”ဟု ရနောင်းမှ ရွှေ့ပြောင်းလုပ်သား ဦးသန်းစိုးက ပြောသည်။

ဦးသန်းစိုးသည် တနင်္သာရီတိုင်း မြိတ်မြို့မှ ရနောင်းသို့ လာရောက်အလုပ်လုပ်နေသူဖြစ်ပြီး။ သြဂုတ်လက ကြိုတင်မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် အခြားရွှေ့ပြောင်းလုပ်သားများကို စေတနာ့ဝန်ထမ်း ကူညီပေးခဲ့သူလည်း ဖြစ်သည်။ မဲပေးလိုသူအများအပြားရှိပါက ရနောင်းတွင် မဲရုံခွဲ လာဖွင့်မည်လားဟု မျှော်လင့်နေခဲ့သူလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဖန်င၊ ကရဘီနှင့် စူရတ်ဌာနီ ပြည်နယ်များရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ကြိုတင်မဲလျှောက်လွှာပေါင်း ၆၀၀၀ ခန့် ရှိသည်ဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားအချို့၏ နိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က သိမ်းထားလေ့ ရှိသည့်အတွက် ထိုသူများအနေဖြင့်လည်း ဘန်ကောက်သို့သွားရောက်နိုင်မည်မဟုတ်ဘဲ မဲပေးခွင့် ဆုံးရှုံး နိုင်ကြောင်း သူကပြောသည်။

“အခု ကျနော်မဲပေးခွင့်ရဖို့ မသေချာဘူး။ မဲတော့ သွားပေးချင်တယ်။ ဘန်ကောက်ကို သွားဖို့ အခက်အခဲရှိမယ်” ဟု ရနောင်းတွင်နေထိုင်သည့် အခြားရွှေ့ပြောင်းလုပ်သား တဦးဖြစ်သူ ဦးကျော်မိုးကလည်း ဆိုသည်။

“တောင်ပိုင်းက ရွှေ့ပြောင်းလုပ်သားတွေ မဲပေးဖို့ နည်းလိမ့်မယ်။ ကျိန်းသေတယ်။ ဘန်ကောက်ကို သွားဖို့ဆိုတာ အနည်းဆုံး ခွင့်နှစ်ရက်လောက်လိုတယ်။ တချို့ဆိုရင် ဒီထက်မကတောင် လိုလိမ့်မယ်။ အလုပ်ရှင်တွေက ဒါကို နားလည်ပြီး လိုလိုလားလား ခွင့်ပြုဦးမှ။ နောက် ကိုဗစ်-၁၉ အခြေအနေကလည်း ရှိသေးတယ်”

ဘန်ကောက်သို့ သွားရန်အတွက် ခရီးစရိတ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များ အပါအဝင် အခြားအခက်အခဲများကြောင့် တောင်ပိုင်းပြည်နယ်များမှ မြန်မာရွှေ့ပြောင်း လုပ်သား အနည်ငယ်သာ မဲပေးနိုင်လိမ့်မည်ဟု ယူဆကြောင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (FED) မှ ရွှေ့ပြောင်းလုပ်သားအရေး တာဝန်ခံ ဦးမင်းဦးကလည်း ဆိုသည်။

“တောင်ပိုင်းက ရွှေ့ပြောင်းလုပ်သားတွေ မဲပေးဖို့ နည်းလိမ့်မယ်။ ကျိန်းသေတယ်။ ဘန်ကောက်ကို သွားဖို့ဆိုတာ အနည်းဆုံး ခွင့်နှစ်ရက်လောက်လိုတယ်။ တချို့ဆိုရင် ဒီထက်မကတောင် လိုလိမ့်မယ်။ အလုပ်ရှင်တွေက ဒါကို နားလည်ပြီး လိုလိုလားလား ခွင့်ပြုဦးမှ။ နောက် ကိုဗစ်-၁၉ အခြေအနေကလည်း ရှိသေးတယ်”ဟု ၎င်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် ကြိုတင်မဲပေးမည့် မြန်မာနိုင်ငံသား တထောင်ကျော် အတွက် ကြိုတင်မဲပေးရမည့် ရက်ကို သတ်မှတ်ရခြင်းမရှိသေးကြောင်း ကောင်စစ်ဝန်ချုပ်ရုံးမှ သံမှူး ပထမ အတွင်းဝန် ဦးဇော်မျိုးထက်က ပြောသည်။

ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၉ ခုမှ ကြိုတင်မဲပေးခွင့် လျှောက်လွှာ ၁၀၅၄ ခု ရှိခဲ့ပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာမည့် မဲပေးခွင့်ရသူစာရင်းနှင့် မဲလက်မှတ်များကို စောင့်နေဆဲဖြစ်ကြောင်း ဦးဇော်မျိုးထက်က ဧရာဝတီသို့ ပြောသည်။

ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ကြိုတင်မဲပေးရမည့်သူများအတွက် မဲထည့်ရမည့်ရက်ကို ပဏာမအားဖြင့် ၃ ရက် ခန့် သတ်မှတ်ထားကြောင်း ဦးဇော်မျိုးထက် က ဆိုသည်။ မဲပေးရမည့် ရက်များကို လာမည့် ရက်ပိုင်းအတွင်း (စက်တင်ဘာလမကုန်ခင်) ကြေညာမည်ဟု ဆိုသည်။

ဇူလိုင်နှင့်သြဂုတ်လအတွင်း ပြည်ပနိုင်ငံအသီးသီးတွင် နေထိုင်သော မြန်မာနိုင်ငံသား ၄ သန်းအနက် လူ ၁ သိန်းခန့်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲလျှောက်လွှာများ တင်ခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။ ထိုအရေအတွက်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကထက် ပိုလာသည်။ ၂၀၁၅ ခုနှစ်တွင် တကမာ္ဘလုံးရှိ ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များမှမဲပေးသူ ၃၀၀၀၀ ခန့် သာ ရှိခဲ့သည်။

စက်တင်လာလ ၂၄ ရက်နေ့အထိ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူနှင့် ဆိုးလ်မြို့တို့တွင် ကြိုတင်မဲပေးခွင့်ရသူ ၆၄၀၀၀ ကျော်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

သို့သော် ထိုစာရင်းမှာ ပြည်နယ်နှင့်တိုင်း ၈ ခုမှသာ ဖြစ်ပြီး မဲပေးခွင့်ရသူ စာရင်းအပြည့်အစုံကို စီစစ်နေဆဲ ဖြစ်သည်။

ကြိုတင်မဲပေးခွင့်လျှောက်ထားသူ ၃၇၀၀၀ ရှိသော စင်္ကာပူမှ မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးရမည့်နေ့ကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ သတ်မှတ်ထားကြောင်း စင်္ကာပူရှိ မြန်မာသံရုံး၏ အင်တာနက် စာမျက်နှာအရ သိရသည်။

တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရမည့် ရက်ကို အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက်အတွင်းနှင့် အောက်တိုဘာလ ၉ ရက်မှ ၁၂ ရက်အတွင်း သတ်မှတ်ထားပြီး မလေးရှားမှ မြန်မာနိုင်ငံသားများမှာမူ အောက်တိုဘာလ ၉ ရက်မှ ၁၁ ရက်အတွင်း ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့်မလေးရှားရှိ မြန်မာသံရုံး ဖေ့ဘွတ် စာမျက်နှာများအရ သိရသည်။

(Nyein Nyein ၏ Many Myanmar Migrants in Thailand To Be Denied Vote as Extra Polling Stations Ruled Out ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများ လက်ရှိ မိမိနေထိုင်ရာနေရာ၌ တာဝန်ထမ်းရမည်

ပါတီကို ဝန်းရံသူများကို တားမရဟု NLD ဆို

ကိုဗစ်ရောဂါနဲ့ လက်နက်ကိုင်တွေကြား မဲဆွယ်ရေး ခက်နေတဲ့ တအန်း (ပလောင်) အမျိုးသားပါတီ

The post သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ appeared first on ဧရာဝတီ.

]]>
ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးခွင့်ရရေး အင်တိုက်အားတိုက် ကူညီသူ စေတနာ့ဝန်ထမ်းများ https://burma.irrawaddy.com/article/2020/09/24/230457.html Thu, 24 Sep 2020 08:57:23 +0000 https://burma.irrawaddy.com/?p=230457 နေရာအတော်များများတွင် စေတနာ့ဝန်ထမ်းများသည် ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးခွင့်ရရေးအတွက် အဓိကအခန်းမှ ပါဝင်နေကြသည်။

The post ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးခွင့်ရရေး အင်တိုက်အားတိုက် ကူညီသူ စေတနာ့ဝန်ထမ်းများ appeared first on ဧရာဝတီ.

]]>
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ကြိုတင်မဲပေးခွင့်ရရေး လိုအပ်သော လျွှောက်လွှာပုံစံများ ဖြည့်စွက်မှုကို သတ်မှတ်ကာလမတိုင်ခင် ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လအစောပိုင်း အထိ စေတနာ့ဝန်ထမ်းလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက အင်တိုက်အားတိုက် ကူညီပေးခဲ့ကြသည်။ ထိုအထဲတွင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ ဘန်ဘွန်ခရိုင်မှ မယမင်းလည်း အပါအဝင် ဖြစ်သည်။

သူမ နေအိမ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကြိုဆိုလက်ခံ၊ ပုံစံများကို အချက်အလက် မှန်ကန်စွာဖြည့်ပြီး နိုင်ငံကူးလက်မှတ်များကို မိတ္တူကူးကာ လျှောက်လွှာများနှင့် ချိတ်တွဲပေးသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ပုံမှန် အလုပ်ဆင်းချိန်အတိုင်း လုပ်ရသူရှိသကဲ့သို အချိန်ပိုဆင်းရသူများလည်း ရှိသဖြင့် ညဦးပိုင်းမှ ည ၁၀ နာရီပတ်ဝန်ကျင်းအထိ သူမ နေအိမ်တွင် လူအများ စုရုံးနေလေ့ရှိသည်။

ဘန်ဘွန်ခရိုင်ရှိ နေအိမ်တွင် ကြိုတင်မဲထည့်ရန် လျှောက်လွှာ ပုံစံ-၁၅ ဖောင်ဖြည့်ခြင်းကို မယမင်းက ကူညီပေးသည်/ငြိမ်းငြိမ်း

စေတနာ့ဝန်ထမ်းအများအပြားအနက် သူမကဲ့သို့ ကူညီနေသူအချို့မှာ တသီးပုဂ္ဂလများ၊ အချို့မှာ စမွတ်စခွန်ခရိုင် မဟာချိုင်တွင် အခြေစိုက်သည့် ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်ကဲ့သို့သော အဖွဲ့အစည်းများဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်ရက်ဖြစ်သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေငြာထားသည်။ ယခင်နှင့်မတူသည့်အချက်မှာ ပြည်ပရောက် နိုင်ငံသားများအနေဖြင့် ကြိုတင်မဲပေးရန် မှတ်ပုံတင်နိုင်သည်ဟု (UEC) က ကြေညာပြီးချိန် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာ သည် ကြိုတင်မဲစာရင်း မှတ်ပုံတင်ရန် စည်းရုံးလှုပ်ရှားလာခြင်းဖြစ်သည်။

ထိုသို့မှတ်ပုံတင်ရန်အတွက် မိမိတို့၏ မဲဆန္ဒနယ် ပြင်ပရောက်နေသော မဲပေးခွင့်ရှိသူများသည် ကနဦးတွင် ဇူလိုင်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၅ ရက်အတွင်း ကြိုတင်မဲဖောင် (ပုံစံ ၁၅) တင်သွင်းရန်လိုသည်။ (နောက်ပိုင်း ပုံစံ ၁၅ တင်လိုသူ များပြားသည့်အတွက် မဲပေးခွင့်မဆုံးရှုံးစေရန်ဟုဆိုကာ UEC က သြဂုတ်လလယ်အထိ ရက်တိုးပေးခဲ့သည်။)

“ထိုင်းနိုင်ငံက ကျမတို့ မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားက ကြိုတင်မဲပေးဖို့ စိတ်ဝင်စားကြတယ်။ ဒါပေမယ့် ဘာလုပ်ရမယ်၊ ပုံစံတွေကို ဘယ်မှာယူရမယ်ဆိုတာကို သူတို့မသိကြဘူး။ သတင်းအချက်အလက်တွေကိုတော့ မိုဘိုင်းဖုန်းတွေကနေ ရနေကြတယ်။ ဒါကြောင့် လျှောက်လွှာတင်နိုင်ဖို့ ကျမ သူတို့ကို ကူညီနေတာ” ဟု သူကူညီနေရသောအကြောင်းကို မယမင်းက ရှင်းပြသည်။

“နောက်ဆုံးမှာ ကိုယ့်မိသားစုအတွက် ကိုယ်ပဲလုပ်ရမှာမို့ ဘယ်သူတွေအာဏာရနေတယ်၊ ဘယ်လို အစိုးရမျိုးဖြစ်တယ်ဆိုတာကို သူတို့စိတ်မဝင်စားဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်စွာမဲပေးဖို့ ကျမတို့ရဲ့ အခွင့်အရေးကို ရအောင်ယူရမယ်လို့ သူတို့ကိုပြောရတယ်”

သို့သော် ရွှေ့ပြောင်းလုပ်သားတိုင်း မဲပေးရန် စိတ်ဝင်စားကြသည် မဟုတ်ပေ။ “တချို့ကျတော့လည်း စိတ်မဝင်စားကြဘူး” ဟု သူပြောသည်။

“နောက်ဆုံးမှာ ကိုယ့်မိသားစုအတွက် ကိုယ်ပဲလုပ်ရမှာမို့ ဘယ်သူတွေအာဏာရနေတယ်၊ ဘယ်လို အစိုးရမျိုးဖြစ်တယ်ဆိုတာကို သူတို့စိတ်မဝင်စားဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်စွာမဲပေးဖို့ ကျမတို့ရဲ့ အခွင့်အရေးကို ရအောင်ယူရမယ်လို့ သူတို့ကိုပြောရတယ်”ဟု သူမက ပြောသည်။

မယမင်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ကြိုတင်မဲပေးခဲ့သည်။ ထိုစဉ်က ကြိုတင်မဲ လျှောက်လွှာတင်စဉ်နှင့် ကြိုတင်မဲပေးသည့်နေ့တွင် အခက်အခဲများရှိခဲ့ကြောင်း သူမက ဆိုသည်။ ယခုအချိန်တွင် မြန်မာသံရုံးသည် လိုအပ်သော သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ မျှဝေနေသောကြောင့် အခြေအနေမှာ ၂၀၂၀ တွင် လွန်စွာ ပြောင်းလဲသွားကြောင်း သူပြောသည်။

သံရုံး၏ အခန်းကဏ္ဍ

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၅၆၁ ဦး ကြိုတင်မဲပေးခဲ့ကြပြီး ထိုသူများတွင် ရွှေ့ပြောင်းလုပ်သား အနည်းငယ်သာပါကြောင်း UEC ၏ မှတ်တမ်းအရ သိရသည်။ ဘန်ကောက်ရှိ သံရုံးတွင် ကြိုတင်မဲပေးရန် အချိန်တရက်သာ ရသည်။

၂၀၁၅ ခုနှစ်က နိုင်ငံပေါင်း ၃၇ နိုင်ငံရောက်မြန်မာနိုင်ငံသား သုံးသောင်းခန့် ကြိုတင်မဲပေးရန် မှတ်ပုံတင်ခဲ့ပြီး စင်္ကာပူတွင် ကြိုတင်မဲပေးသူ အများဆုံးဖြစ်သည်။ (ယခုနှစ်အတွက် နိုင်ငံရပ်ခြားမှ ကြိုတင်မဲ လျှောက်လွှာ တသိန်းကျော် ရရှိထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သော နှစ်ပတ်ခန့်က ထုတ်ပြန်ထားသည်။) ၂၀၁၅ တွင် ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံအများအပြားတွင် မဲပေးလိုသူများသည် မဲမပေးနိုင်ဘဲ ဖြစ်ခဲ့သည်။

ထိုစဉ်က ရွှေ့ပြောင်းလုပ်သားအချို့က ကြိုတင်မဲပေးနိုင်ကြောင်းကို ထိုသို့ကြိုတင်မဲပေးရသည့်နေ့ ဖြစ်သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ ရောက်မှသာ သိရှိကြရပြီး ကြိုတင်မဲပေးရန် မည်သည့်နေရာတွင် မည်သို့ တောင်းဆိုရမည်ကို မသိကြဟု ပြောဆိုခဲ့ဖူးသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သံရုံးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများကို အသိပေးရန်၊ မဲပေးရမည့် ကြိုတင်မဲရုံနေရာများ သတ်မှတ်ရန် ပျက်ကွက်ခဲ့ပြီး၊ မဲပေးလိုသူများ ပါဝင်ခွင့် အတားအဆီးဖြစ်ခဲ့သည်။

လာမည့်နိုဝင်ဘာရွေးကောက်ပွဲအတွက် မြန်မာသံရုံး၏ ဆောင်ရွက်ချက်များ ပြောင်းလဲလာသည်။ သာမန်နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့်ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (CI) ကဲ့သို့သော တရားဝင် စာရွက်စာတမ်းကိုင်ဆောင်သော မည်သည့် မြန်မာနိုင်ငံသားမဆို ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ကြောင်း ထိုင်းနိုင်ငံမှ မြန်မာမဲဆန္ဒရှင်များကို သံရုံးက ဇူလိုင်လ ၃ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။

မြန်မာသံရုံးသည် သတင်းအချက်အလက်များကို မျှဝေရန် မြန်မာပြည်သူများအကြား ရေပမ်းအစားဆုံးနှင့် အကျယ်ပြန့်ဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့ဘွတ်ကို အသုံးပြုသည်။ ဖေ့ဘွတ်၏ ကျေးဇူးကြောင့် မိုဘိုင်းဖုန်းဖြင့် အင်တာနက် 3G/4G ချိတ်ဆက်ကာ ဖေ့ဘွတ်အသုံးပြုသူ ရွှေ့ပြောင်းလုပ်သားအများအပြားသည် မဲပေးခြင်းဆိုင်ရာ အကြောင်းအရာနှင့် မြန်မာနိုင်ငံရှိ မိမိဒေသတွင် မဲစာရင်းစစ်ရန် လိုအပ်ခြင်းကို သိရှိလာကြသည်။

ဘန်ဘွန်ခရိုင်ရှိ နေအိမ်တွင် ကြိုတင်မဲထည့်ရန် လျှောက်လွှာ ပုံစံ-၁၅ ဖောင်ဖြည့်ခြင်းကို မယမင်းက ကူညီပေးသည်/ငြိမ်းငြိမ်း

ကြိုတင်မဲပေးရာတွင် ပါဝင်နိုင်ရန် ထိုင်းနိုင်ငံမှ မြန်မာပြည်သူများသည် ဘန်ကောက်ရှိ သံရုံး သို့မဟုတ် ချင်းမိုင်ရှိ ကောင်စစ်ဝန်ချုပ်ရုံးသို့ အွန်လိုင်းမှဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ သွားရောက်ပြီး မှတ်ပုံတင်နိုင်ခဲ့သည်။

မှတ်ပုံတင်မှုများအားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စစ်ဆေးအတည်ပြုပြီးသောအခါ ထိုင်းနိုင်ငံတွင် ကြိုတင်မဲပေးရန် မှတ်ပုံတင်သည့် မြန်မာနိုင်ငံသား အရေအတွက်အပေါ် မူတည်ပြီး ကြိုတင်မဲပေးရက်များနှင့် နေရာများကို ကြေညာမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲပေးနိုင်ရေး မှတ်ပုံတင်ရန် တိုက်တွန်းပြီး မဲပေးခြင်းသည် ၎င်းတို့၏ တာဝန်နှင့် အခွင့်အရေးဖြစ်ကြောင်း သတိပေးသည်။ ကြိုတင်မဲပေးရန် တောင်းဆိုမှုကို မှန်ကန်စွာ လက်ခံရရှိကြောင်းနှင့် ထပ်မံ ပြင်ဆင်ဖြည့်စွက် ရမည်များရှိသည့် စာရင်းကိုလည်း သံရုံးက ထုတ်ပြန်ပြီး မှားယွင်းသောလျှောက်လွှာကို အချိန်မီ ပြန်လည်တင်သွင်းစေခဲ့သည်။

ပထမဆုံးအကြိမ် မဲပေးမည့်သူများ စိတ်လှုပ်ရှားနေ

ဘန်ကောက်နှင့် အနီးတဝိုက် စမွတ်ပရာကန်၊ စမွတ်စခွန်တို့တွင် ၁၀ နှစ်ကျော် အလုပ်လုပ်နေသော အချို့ ရွှေ့ပြောင်းလုပ်သားများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးမည့်သူများ ဖြစ်သည်။

၂၀၁၅ တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကြိုတင်မသိရှိသောကြောင့် ၎င်းတို့ မဲပေးခွင့်မရခဲ့ပေ။

အသက်အရွယ်အားဖြင့် ၂၀ မှ ၅၀ နှစ်အတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများထဲ ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၁၀ နှစ်မှ ၃၀ အထိ နေထိုင် အလုပ်လုပ်နေသူများ ပါဝင်ပြီး သူတို့အားလုံး ယခုရွေးကောက်ပွဲတွင် ပါဝင် ဆန္ဒပြုနိုင်မည်ဖြစ်သည်။

အများစုမှာ စက်ရုံလုပ်သားများဖြစ်ပြီး ၎င်းတို့နားရက်သည်လည်း တနင်္ဂနွေနေ့ ဖြစ်သောကြောင့် လျှောက်လွှာများကို ၎င်းတို့ကိုယ်တိုင်တင်ရန် ခက်ခဲကြသည်။ စေတနာ့ဝန်ထမ်းများနှင့် အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းများ၏ ကျေးဇူးကြောင့် ကြိုတင်မဲပေးရန် ခွင့်ပြုချက်တောင်းခံသော ပုံစံများကို စေတနာ့ဝန်ထမ်းများထံမှ ရရှိနိုင်ခဲ့ကြသည်။

ထိုင်းနိုင်ငံအလုပ်အကိုင်ဌာန၏ အဆိုအရ ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်သြဂုတ်လအထိ မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၁၅ သန်းရှိသည်။ စာရွက်စာတမ်း အထောက်အထားမဲ့ လုပ်သား မည်မျှရှိကြောင်းကို မသိရပေ။ ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်ပိုး (COVID-19) ရောဂါ ဖြစ်ပွားနေမှုကြောင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ထိခိုက်ရပြီး ပိတ်သိမ်းမှုများရှိသဖြင့် ရွှေ့ပြောင်းလုပ်သား တသိန်း (၁၀၀၀၀၀) ကျော် မြန်မာနိုင်ငံသို့ ပြန်သွားကြသည်။ အစောပိုင်းအုပ်စုသည် မတ်လတွင်ပြန်ကြခြင်းဖြစ်ပြီး မေလ ၂၃ ရက်နေ့မှ စတင်ပြီး ဆက်တိုက်ပြန်နေကြဆဲ ဖြစ်သည်။

“ဒီမဲပေးဖို့ အခွင့်အရေးကို ကျနော်တို့က ၅ နှစ် တကြိမ်ရတယ်။ ဒါက ကျနော့်အတွက် ပထမဆုံး မဲပေးရမယ့် အကြိမ်ဖြစ်လို့ စိတ်လှုပ်ရှားနေတယ်”

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂.၇၉ သန်း ရှိခဲ့သည်။ (COVID-19) ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ လူ သုံးသိန်းကျော် (၃၁၀၀၀၀ ကျော်) သည် ၎င်းတို့ နိုင်ငံအသီးသီးသို့ မတ်လမှ စတင်ကာ ပြန်သွားသဖြင့် ယခုနှစ် ဇွန်လအထိ ဆိုပါက ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍ အမျိုးမျိုးတွင် ရွှေ့ပြောင်းလုပ်သား ၂.၅၈၉ သန်း ကျန်နေသေးကြောင်း ထိုင်းအလုပ်အကိုင်ဌာနက ထုတ်ပြန်ထားသည်။

“ဒီမဲပေးဖို့ အခွင့်အရေးကို ကျနော်တို့က ၅ နှစ် တကြိမ်ရတယ်။ ဒါက ကျနော့်အတွက် ပထမဆုံး မဲပေးရမယ့် အကြိမ်ဖြစ်လို့ စိတ်လှုပ်ရှားနေတယ်”ဟု အသက် ၂၄ နှစ်အရွယ် ကိုဝင်းကိုဦးက ပြောသည်။

သူသည် အခြားသူများ၏ ကြိုတင်မဲ လျှောက်လွှာတင်နိုင်ရေး စေတနာ့ဝန်ထမ်းအဖြစ် ကူညီကာ သြဂုတ်လ ၄ ရက်တွင် စမွတ်စခွန် ပြည်နယ် မဟာချိုင်ရှိ ၎င်း၏အလုပ်မှ ခွင့်ယူခဲ့သည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများအပြား နေထိုင် မဟာချိုင်တွင် တနင်္ဂနွေ အားလပ်ရက်၌ အလုပ်နားကြရပြီး ဈေးဝယ်ထွက်လေ့ရှိသည်/ ငြိမ်းငြိမ်း

အလုပ်ပျက်မရသည့် သို့မဟုတ် ခွင့်မယူနိုင်သည့် အခြားသူများကို ကူညီရန် စေတနာ့ဝန်ထမ်း ကူညီပေးနေသူ ကိုဝင်းကိုဦးသည် သံရုံးသို့ လျှောက်လွှာ တဒါဇင်ကျော်ကို ပို့ဆောင်ပေးခဲ့သည်။ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ပြီး လျှောက်လွှာများ တင်ပေးနေသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း ပဲခူးတိုင်း တောင်ငူမှ ဖြစ်သော ကိုဝင်းကိုဦးက ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိသောကြောင့် ကိုဝင်းကိုဦး မဲမပေးနိုင်ခဲ့ပေ။ သံရုံးက နိုင်ငံသားဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ် (CI) ထုတ်ပေးပြီးသောအခါတွင် မြန်မာနိုင်ငံသို့ ပြန်ပြီး မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ကာ ထိုင်းနိုင်ငံတွင်း ပြန်လည် လာရောက်အလုပ်လုပ်နေသူ ဖြစ်သည်။

စေတနာ့ဝန်ထမ်းများ၏ အကူအညီမယူဘဲ သံရုံးသို့ ကိုယ်တိုင်သွားရောက်ကာ ကြိုတင်မဲဖောင် တင်ခဲ့သူအနည်းငယ်ကိုလည်း ဧရာဝတီ သတင်းဌာနက တွေ့ခဲ့သည်။

အသက် ၄၆ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုအောင်နိုင်ဝင်းသည် ပုံစံ ၁၅ (နိုင်ငံပြင်ပရောက်နေသူများ ကြိုတင်မဲပေးခွင့် လျှောက်လွှာ) တင်ရန်အတွက် သြဂုတ်လ ၄ ရက် (အင်္ဂါနေ့) က စမွတ်ပရာကန်ရှိ သူ၏ အလုပ်မှ ခွင့်တရက် ယူခဲ့သည်။

မွန်ပြည်နယ် သံဖြူဇရပ်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဖြစ်သည့် ကိုအောင်နိုင်ဝင်းသည် ရွေးကောက်ပွဲတွင် တကြိမ်မျှ မဲပေးဖူးခြင်း မရှိပေ။ ကြိုတင်မဲ လျှောက်လွှာတင်အပြီး သံရုံးမှ ပြန်ထွက်လာချိန်တွင် ယခုနှစ်ရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရရန် သူမျှော်လင့်နေကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ကိုအောင်နိုင်ဝင်းက ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ခံရရန်နှင့် ပြည်သူ ကောင်းကျိုး ဆောင်ရွက်ပေးမည့် အစိုးရကို ရွေးချယ်ရန် ဆန္ဒရှိကြောင်း ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအများစု၏ သဘောထားဖြစ်သည့် ၎င်းတို့ ဘဝ၊ ၎င်းတို့မျိုးဆက်များ၏ ဘဝကို ပြောင်းလဲပေးနိုင်သော ခေါင်းဆောင်များကို ရွေးချယ်လိုသည့် အမြင်မျိုးကိုလည်း သူ့တွင် တွေ့ရသည်။

မဟာချိုင်ရှိ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကြိုတင်မဲလျှောက်လွှာဖောင်များကို ပြန်လည်စိစစ်နေစဉ်/ ငြိမ်းငြိမ်း

သြဂုတ်လ ၃ ရက်အထိ လျှောက်လွှာပေါင်း တသောင်းကျော်ကို လက်ခံရရှိထားကြောင်း မြန်မာသံရုံး၏ အဆိုအရ သိရသည်။ မည်သူ၏လျှောက်လွှာများကို ရရှိထားပြီး အချက်အလက် ထပ်မံဖြည့်စွက်ရန် လိုသည့် လျှောက်လွှာများကို သံရုံးက ၎င်းတို့၏ ဖေ့ဘွတ်စာမျက်နှာတွင် ဇူလိုင်လနှောင်းပိုင်းက စတင်ဖေါ်ပြထားသည်။

ဘန်ကောက်မြို့တောင်ပိုင်း ဘန်ခဲမှ ရွှေ့ပြောင်းလုပ်သားတဦးဖြစ်သူ မညိုညိုဝင်းသည်လည်း ပထမဆုံးအကြိမ် မဲပေးမည့်သူတဦးဖြစ်သည်။

သြဂုတ်လ ၂ ရက် တနင်္ဂနွေနေ့တွင် ဘန်ကောက်ရှိသံရုံးသို့ ကြိုတင်မဲလျှောက်လွှာများ ကူညီပေးပို့ပေးနေသော မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက်မှ စေတနာ့ဝန်ထမ်းများထံ သူမ သွားရောက်ကာ လျှောက်လွှာတင်နိုင်ရေး အချက်အလက်ဖြည့်ခဲ့သည်။

ရွေးကောက်ပွဲကို စိတ်မဝင်စား

ရွေးကောက်ပွဲတွင် ပါဝင်ရန် အချို့က ၎င်းတို့၏ တနေ့တည်းသော အားလပ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် စိတ်အားထက်သန်စွာ ပါဝင်ကြသော်လည်း အချို့သော ရွှေ့ပြောင်းလုပ်သားများ အထူးသဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်နယ်များမှ လူများက ၎င်းတို့သည် ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း ပြောဆိုကြသည်။

“နိုင်ငံရေးသမားတွေက မဲလိုချင်ရင် ရောက်လာပေမယ့် ပြီးရင် ကျနော်တို့ကို ဂရုစိုက်တာမဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားလူနည်းစုတွေ ဘာတိုးတက်မှုမှ မရှိဘူး”

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မည်သည်ကိုမျှ မသိကြောင်းနှင့် မဲပေးရန် စိတ်မဝင်စားကြောင်း မွန်ပြည်နယ် သထုံမြို့နယ်မှ အသက် ၃၃ နှစ်အရွယ် စိုင်းချစ်ကိုကိုက ပြောသည်။

ပအို့ဝ် တိုင်းရင်းသား စိုင်းချစ်ကိုကို ရွေးကောက်ပွဲတွင် စိတ်မဝင်စားရခြင်း အကြောင်းရင်းများအနက် တခုက“နိုင်ငံရေးသမားတွေက မဲလိုချင်ရင် ရောက်လာပေမယ့် ပြီးရင် ကျနော်တို့ကို ဂရုစိုက်တာမဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားလူနည်းစုတွေ ဘာတိုးတက်မှုမှ မရှိဘူး”ဟု ခံစားရသောကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော် နေထိုင်အလုပ်လုပ်နေသည့် စိုင်းချစ်ကိုကိုသည် ကိုဗစ်-၁၉ ကြောင့် ၃ လခန့် အလုပ်ပြုတ်ခဲ့ရသေးသည်။ ထိုင်းစီးပွားရေးလုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်နိုင်သောအခါ အလုပ်သစ်ရခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း မရှိသောကြောင့် အခြားသူများကဲ့သို့ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်မည်ဟုလည်း သူက ဆိုသည်။

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်မှ ကရင်တ်ိုင်းရင်းသား ကိုကျော်ဦးက “ကျနော်က မဲပေးချင်တယ်။ ဒါပေမယ့် ကျနော်နိုင်ငံရေး နားမလည်တော့ ခက်ခဲတယ်” ဟု ဆိုသည်။ အတန်းပညာကျောင်းမနေခဲ့ဖူးသလို နိုင်ငံရေးဆိုသည်မှာ သူ့အတွက် အလှမ်းဝေးပြီး မိသားစု ရှင်သန်ရပ်တည်နိုင်ရေးသည်သာ သူ့အတွက် ဦးစားပေးဖြစ်ကြောင်း ကိုကျော်ဦးက ဆိုသည်။

“ကျနော်က နိုင်ငံကို ကောင်းစေချင်တယ်။ အစိုးရက လျှပ်စစ်မီးပေးတာတို့ တခြားနိုင်ငံတွေလို လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်တာတို့လို ကောင်းတာတွေလုပ်ရင် ကောင်းပါတယ်” ဟု သူ့အမြင်ကို ပြောဆိုသည်။

စမွတ်စခွန်ပြည်နယ်အစွန်ရှိ မဟာချိုင်မှ သူ၏ နေအိမ်တန်းလျားသို့ ရောက်ခဲ့စဉ် အချို့သောသူများသည် ရွေးကောက်ပွဲနှင့် မဲပေးရန် စိတ်ဝင်စားသော်လည်း အချိန်နှင့် ဗဟုသုတ အကန့်အသတ်ရှိသောကြောင့် ကြိုတင်မဲလျှောက်လွှာ မည်သို့တင်ရမည်ကို မသိရှိကြကြောင်း ဧရာဝတီက ကြားသိရသည်။ ဖေ့ဘွတ်မှ သတင်းအချက်အလက်များကို ၎င်းတို့ သိရသော်လည်း လက်တွေ့လုပ်ဆောင်ရန် နည်းပညာ ဗဟုသုတမရှိ၊ ထိုလျှောက်လွှာများကို ပရင့်ထုတ် ကူးယူနိုင်မှုမရှိသလို အများအပြားမှာ ထိုပုံစံများကို မှန်ကန်စွာ ဖြည့်စွက်ပြီး သံရုံးသို့ပို့ရမည့် ဗဟုသုတမရှိ ဖြစ်နေသည်။

“ရွှေ့ပြောင်းလုပ်သားတွေက သတင်းအချက်အလက် သိပ်မရကြဘူး။ သူတို့ရဲ့ အချိန်အများစုကို အလုပ်မှာနဲ့ အိမ်မှာပဲ ကုန်ကြရတာ များတယ်။ ကျမတို့ကလည်း ကျမတို့မှာရှိတဲ့ ဗဟုသုတ နည်းနည်းလေးနဲ့ဘဲ စေတနာ့ဝန်ထမ်းလုပ်နေကြတာ။ မဲဆွယ်ကာလမှ သတင်းအချက်အလက်တွေ ပိုမို မျှဝေပေးရင် ပိုကောင်းတယ်”

ရွှေ့ပြောင်းလုပ်သားများအကြားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု ရှိသော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို သိရှိမှု အကန့်အသတ်ဖြင့်သာ ရှိနေသည်။ သို့သော် အနည်းငယ်မှာ ရွေးကောက်ပွဲ အကြောင်း ကောင်းစွာသိပြီး စေတနာ့ဝန်ထမ်းအဖြစ် တက်ကြွစွာ လုပ်ဆောင်နေကြသည်။

ကြိုတင်မဲပေးရန် လျှောက်လွှာတင်ပြီးသူအချို့က ထိုသို့ မဲပေးခွင့်မှတ်ပုံတင်သည်ကို ဆန္ဒမဲပေးပြီးသည်ဟု မှားယွင်းယူဆနေခြင်းများလည်း ရှိသည်။

“ရွှေ့ပြောင်းလုပ်သားတွေက သတင်းအချက်အလက် သိပ်မရကြဘူး။ သူတို့ရဲ့ အချိန်အများစုကို အလုပ်မှာနဲ့ အိမ်မှာပဲ ကုန်ကြရတာ များတယ်။ ကျမတို့ကလည်း ကျမတို့မှာရှိတဲ့ ဗဟုသုတ နည်းနည်းလေးနဲ့ဘဲ စေတနာ့ဝန်ထမ်းလုပ်နေကြတာ။ မဲဆွယ်ကာလမှ သတင်းအချက်အလက်တွေ ပိုမို မျှဝေပေးရင် ပိုကောင်းတယ်”ဟု မယမင်းက ပြောသည်။

ဘန်ကောက်တွင်သာမက မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်သည့် ချင်းမိုင်၊ ရနောင်း၊ မဲဆောက်နှင့် စမွတ်စခွန် အပါအဝင် နေရာအတော်များများတွင် စေတနာ့ဝန်ထမ်းများသည် ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးခွင့်ရရေးအတွက် အဓိကအခန်းမှ ပါဝင်နေကြသည်။

မဟာချိုင်ရှိ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကြိုတင်မဲပေးလိုသူ မြန်မာအလုပ်သမားများကို ကူညီပေးသည်/ငြိမ်းငြိမ်း

မဟာချိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ လေးသိန်း (၄၀၀၀၀၀) ခန့် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေပြီး အများအပြားမှာ ပင်လယ်စာ ထုတ်လုပ်ရေးကဏ္ဍတွင် အလုပ်လုပ်ကြသည်။ သို့သော် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် စိတ်ဝင်စားသူ အရေအတွက်မှာ လူဦးရေနှင့်ယှဉ်လျှင် နည်းပါးကြောင်း ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက် ဥက္ကဌ ဦးအောင်ကျော်က ဆိုသည်။

ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် ကြိုတင်မဲလျှောက်လွှာဖောင်များကို ဖြန့်ချိပြီး မဲပေးရန် စိတ်ဝင်စားသောသူများအနေဖြင့် လျှောက်လွှာပုံစံကို မှန်ကန်စွာဖြည့်ရန်နှင့် ၎င်းတို့ကိုယ်စား ထိုလျှောက်လွှာများကို တင်ရန်ကူညီခဲ့သည်မှာ ကြိုတင်မဲ လျှောက်လွှာတင်ရန် သတ်မှတ်ထားသည့် ကာလ တလျှောက်လုံးတွင် ဖြစ်သည်။

မဟာချိုင်တွင် ရွှေ့ပြောင်းလုပ်သားများစွာရှိကြောင်းနှင့် ၎င်းတို့မဲပေးခွင့်ရရန် လျှောက်လွှာ တထောင်ကျော်ကို သူ၏အဖွဲ့က တင်ပေးထားကြောင်း ဦးအောင်ကျော်က ဆိုသည်။ သူကိုယ်တိုင်လည်း ပထမဆုံး မဲပေးရမည့်သူ ဖြစ်သည်။

လာမည့်ကြိုတင်မဲပေးကာလတွင် ကြိုတင်မဲရုံသည် ဘန်ကောက်သံရုံး တနေရာတည်း မဟုတ်ဘဲ မဟာချိုင်ရှိ ရွှေ့ပြောင်းလုပ်သားများ အလွယ်တကူ မဲပေးနိုင်ရန် မဟာချိုင်တွင် ကြိုတင်မဲပေးရုံဖွင့်ပေးလျှင် ကောင်းမည် ဟု သူက ယူဆသည်။

သို့သော် သံရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုကိစ္စကို မည်သို့ ဆုံးဖြတ်မည်ကို မသိရသေးပေ။ လျှောက်လွှာများ အတည်ပြုပြီးပါက ကြိုတင်မဲပေးခွင့်ရ မဲဆန္ဒရှင်များသည် သံရုံး သို့မဟုတ် ချင်းမိုင်ရှိ ကောင်စစ်ဝန်ရုံးတွင်သာ မဲပေးရမည် (သို့မဟုတ်) သံရုံးအနေဖြင့် ရွေ့လျားမဲရုံများကို ကြိုတင်မဲပေးခွင့်စာရင်းဝင်သော ရွှေ့ပြောင်းလုပ်သားမဲပေးသူ များပြားသောနေရာများတွင် စီစဉ်ပေးမည် မပေးမည်ကို မသိရသေးပေ။

Nyein Nyein ၏ Volunteers Help Myanmar Migrant Workers Register to Vote in Thailand ကို ဘာသာပြန်ဆိုပြီး အချက်အလက်အချို့ ဖြည့်စွက်ထားပါသည်။

You may also like these stories:

ကိုဗစ်ကပ်ရောဂါကာလ အလုပ်သမားအခွင့်အရေး ပိုကာကွယ်ရန် လိုအပ်

ဖားကန့်မှာ မြေပြိုပြီး လူသေတာ ရေမဆေးသမားတွေက တရားခံတဲ့လား

မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းနှင့် ထိုင်းထောင်ထဲက မြန်မာများ

The post ရွှေ့ပြောင်းလုပ်သားများ ကြိုတင်မဲပေးခွင့်ရရေး အင်တိုက်အားတိုက် ကူညီသူ စေတနာ့ဝန်ထမ်းများ appeared first on ဧရာဝတီ.

]]>
မြန်မာအကျဉ်းသား ၈၄ ဦးကို ထိုင်းကပြန်ပို့ https://burma.irrawaddy.com/news/2020/09/07/229429.html Mon, 07 Sep 2020 11:14:19 +0000 https://burma.irrawaddy.com/?p=229429 အချုပ်ခံနေရသူ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့် အနက် ၈၄ ဦးကို ယနေ့တွင် မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းသို့ လွှဲပေးလိုက်သည်။

The post မြန်မာအကျဉ်းသား ၈၄ ဦးကို ထိုင်းကပြန်ပို့ appeared first on ဧရာဝတီ.

]]>
တရားမဝင်လာရောက်နေထိုင်မှုအပါအဝင် ပြစ်မှုအမျိုးမျိုးဖြင့် ထိုင်းအကျဉ်းထောင်များတွင် အကျဉ်းကျခံပြီးနောက် နေရပ်ပြန်ရန်စောင့်ဆိုင်းရင်း ထိုင်းလဝက (ရနောင်း) တွင် အချုပ်ခံနေရသူ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့် အနက် ၈၄ ဦးကို ယနေ့တွင် မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းသို့ လွှဲပေးလိုက်သည်။

ကူးစက်မြန် ကိုရိုနာဗိုင်းရပ် ရောဂါ ကာကွယ်သည့်အနေဖြင့် ရနောင်း နယ်စပ်ဂိတ်ကို မတ်လနှောင်းပိုင်းကတည်းက တရားဝင်ဖြတ်ကျော်ခွင့်ပိတ်ထားသဖြင့် ယခင်ကဲ့သို့ နှစ်နိုင်ငံ လူအဝင်အထွက် ပြုလုပ်နိုင်ခြင်း မရှိပေ။

နေရပ်ပြန်မြန်မာနိုင်ငံသားများကို ကော့သောင်းတွင် လက်ခံပြီး အသွားအလာကန့်သတ် (ကွာရင်တင်းစင်တာများတွင်) ထားကာ ကိုဗစ် ရောဂါပိုး စစ်ဆေးပြီးမှ ၎င်းတို့ သက်ဆိုင်ရာ နေရပ်သို့အသီးသီး ပြန်ရမည် ဖြစ်သည်။

ရနောင်ခရိုင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ဒုရဲချုပ် နေတီခန်ဘွန် (Neti Khanboon) က အချုပ်သားများအနေဖြင့် လဝက (တောမော) အချုပ်တွင် အများစုမှ တလမှ ရက်ပေါင်း ၁၀၀ ကျော်အထိ နေထိုင်ခဲ့သူများဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူများ ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါအတွက် စိုးရိမ်စရာ မရှိကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်သည့် အကျဉ်းသားများ / ငြိမ်းငြိမ်း / ဧရာဝတီ

ဖြစ်နိုင်ပါက အချုပ်သားများကို မြန်မာပြည်သို့ အမြန် ပြန်ပို့ချင်ကြောင်း ထိုကဲ့သို့ အချုပ်သားလွှဲပေးမှုကို ဧပြီလမှ စတင်ကာ သုံးကြိမ်အထိ ပြုလုပ်ပြီးပြီဖြစ်ပြီး တကြိမ်လျှင် လူဦးရေ ၈၀ ဝန်းကျင် ပါဝင်ကြောင်း သိရသည်။

ယခုလက်ရှိ ထိုင်းနိုင်ငံ ရနောင်းရှိ အချုပ်ထောင်ထဲတွင် မြန်မာနိုင်ငံသား ၂၀၀ နီးပါးခန့် ကျန်ရှိနေသေးပြီး၊ နေရာလွတ်ပါက ကျန်ထိုင်း တောင်ပိုင်းရှိ ဆူရတ်၊ ချွန်ဖွန်၊ ကရဘီ (Krabi) ရှိ အကျဉ်းသားများကိုလည်း ထပ်မံလွှဲပြောင်းသွားမည်ဟု ထိုင်းအရာရှိက ဆိုသည်။

ယခုလက်ရှိတွင် ရနောင်းနှင့် အနီးတဝိုက်မှ နေရပ်ပြန်ရန် စာရင်းရှိ အချုပ်သား ၆၅၀ ကျော်ရှိကြောင်း မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေကလည်း ဧရာဝတီသို့ ပြောဆိုသည်။

ဦးကျော်စိုးဝေက ယနေ့ အချုပ်ထောင်မှ လူ ၈၀ ကျော်သာပြန်ပို့ရခြင်းနှင့်ပတ်သက်၍ ကော့သောင်းဘက်ခြမ်း ကွာရင်တင်းစင်တာများတွင် နေရပ်ပြန်များ ထားရန် နေရာလွတ်ရှိသလောက်အပေါ် မူတည်ကာ ပြန်ပို့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

သံရုံးတွင် နေရပ်ပြန်လိုကြောင်း အကြောင်းကြားထားသည့် အခက်အခဲဖြစ်နေသော သာမာန် အလုပ်သမားများ ပြန်နိုင်ရေးနှင့် အကျဉ်းကျခံပြီးနောက် နေရပ်ပြန်ရမည်ဖြစ်သော်လည်း ထိုင်းတောမော (လဝက) ရုံးတွင် ဆက်လက်အချုပ်ခံနေရသူများ ပြန်ပို့ရေးတို့ကိုလည်း အလှည့်ဖြင့် စောင့်ဆိုင်းနေရသည်ဟု ဆိုသည်။

ဦးကျော်စိုးဝေ က“ကျနော်တို့ဆီကထက် ဒီ ကော့သောင်းဘက်ခြမ်းမှာ အခက်အခဲရှိနေတာ။ ကွာရင်တင်း နေရာမလွတ်တာလေ။ ကွာရင်တင်းနေရာ မလောက်တာပေါ့။ မလောက်ဘူးဆိုတာ ကျနော်တို့ ဒီဘက်က ပို့တာရှိတယ်။ နောက် နိုင်ငံခြား သင်္ဘောသားတွေ crew ချိန်းတဲ့ဟာ ရှိတယ်။ ပြီးတော့ မလေးဘက်က ခိုးဝင်တဲ့ အဖွဲ့တွေရှိတယ်။ အဲဒီတော့ သူတို့ဘက်က ကွာရင်တင်းနေရာတွေ မရှိတော့ဘူး” ဟု ဆိုသည်။

ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်သည့် အကျဉ်းသားများ / ငြိမ်းငြိမ်း / ဧရာဝတီ

၎င်းက ဆက်၍ “အရင်ကတော့ တောက်လျှောက် ပြန်ပို့နိုင်တယ်။ ၃ ရက်တကြိမ်လောက်ကို ပို့နိုင်တယ်။ နောက်ပိုင်းကျတော့ မြန်မာနိုင်ငံဘက်ခြမ်းမှာ စာသင်ကျောင်းကလည်း ပြန်ဖွင့်လာတယ်။ အဲဒီ ကွာရင်တင်းနေရာတွေက မရှိတော့ဘူး။ အဲဒီ လက်ခံတဲ့ဟာကို သူတို့ဘက်က အဆင်မပြေတော့ဘူး။ ကျနော်တို့ဘက်ကလည်း ထိန်းပေးရတာပေါ့” ဟု ရှင်းပြသည်။

အချုပ်သားများအပြင် ရနောင်းနှင့် ရနောင်းအနီးတဝိုက်မြို့များမှ နေရပ်ပြန်လိုသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ စာရင်းပေးထားသူ တထောင်နီးပါးသည်လည်း ကော့သောင်းဘက် ပြန်ခွင့်ရရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်မှသာ တရားဝင်နေရပ်ပြန်နိုင်ပြီး၊ ကျန်နယ်စပ်ဂိတ်အားလုံးကို ပိတ်ထားခြင်း ဖြစ်သည်။

ရနောင်းရှိ ထိုင်း-မြန်မာနယ်ခြားကော်မတီမှ တာဝန်ခံ မစ္စတာ ကန်တာပွန် (Kanta Pong) ကလည်း နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေး အလွန် လျော့ကျသွားပြီး ပြန်ဖွင့်စေချင်သော်လည်း မြန်မာဘက်ခြမ်းတွင် ကိုဗစ်ပိုးတွေ့ လူနာ တိုးလာနေသဖြင့် ထိုင်းဘက်ခြမ်းမှလည်း ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှု ရှိနေသည်ဟု ဆိုသည်။

ထိုအတွက် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပြန်ဖွင့်မည့် ကာလ ကြာမြင့်နိုင်သည်ဟု ပြောဆိုသည်။

You may also like these stories:

ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော

ကော့ကရိတ်တွင် တပ်မတော် အရာရှိနှင့်စစ်သည်များ လုပ်ကြံခံရမှု လက်သည်မပေါ်သေး

ရန်ကုန်မှ တိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းထက်ဝက်ကျော် ရပ်နား

The post မြန်မာအကျဉ်းသား ၈၄ ဦးကို ထိုင်းကပြန်ပို့ appeared first on ဧရာဝတီ.

]]>
ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်မှာ ဒုက္ခသည်များ စားနပ်ရိက္ခာ ပိုခက်မည်ကို စိုးရိမ်ရ https://burma.irrawaddy.com/news/2020/09/02/229132.html Wed, 02 Sep 2020 06:41:31 +0000 https://burma.irrawaddy.com/?p=229132 ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဒုက္ခသည်စခန်းများ၌ COVID-19 ရောဂါကူးစက်ခံရသူ မရှိသေးကြောင်း ပြောသည်။

The post ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်မှာ ဒုက္ခသည်များ စားနပ်ရိက္ခာ ပိုခက်မည်ကို စိုးရိမ်ရ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ်တွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) က ဆက်လက်ပျံ့နှံ့နေသည့်အတွက် ပြည်ထောင်စုအစိုးရက ပြည်နယ်တခုလုံးကို နေအိမ်တွင်သာ နေထိုင်ရန် အမိန့်ထုတ်ထားပြီး နိုင်ငံတကာနှင့် ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs/NGOs) ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းအချို့ကို ဆိုင်းငံ့ထားရခြင်းကြောင့် လက်ရှိတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ရခိုင်တိုင်းရင်းသားများနှင့် ယခင် ပဋ္ဋိပက္ခများနောက်ပိုင်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည့် မွတ်ဆလင်များ ဘဝရပ်တည်နိုင်ရေး စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

သြဂုတ်လ ၃၁ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု စုစုပေါင်း ၈၈၂ ဦး ရှိကာ ၎င်းတို့ထဲမှ တဝက်နီးပါးမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ သြဂုတ်လလယ်က စတင်သော ဒေသတွင်းကူးစက်မှုများ ရုတ်တရက် မြင့်တက်ကာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ကူးစက်မှု အများဆုံးဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန် အစိုးရက ပြီးခဲ့သည့် အပတ်ကစ၍ ပြည်နယ်တခုလုံးတွင် တစိတ်တပိုင်း ပိတ်ဆို့မှု ပြုလုပ်ထားခဲ့ပြီး ပြည်နယ်တွင်း နေထိုင်သူ ၃ သန်းကျော်ကို အိမ်တွင်သာ နေရန်နှင့် မရှိမဖြစ် ဖွင့်လှစ်ရန် လိုအပ်သော စီးပွားရေးလုပ်ငန်းများကိုသာ ဖွင့်လှစ်ခွင့်ပြုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နှစ်သိန်း (၂၀၀,၀၀၀) နီးပါးလည်း ရှိနေကြောင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒုက္ခသည်များကို ကူညီနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သော ရခိုင်တိုင်းရင်းသားများကွန်ဂရက်၏ အဆိုအရ သိရှိရသည်။ ၎င်းတို့အနက် ၆၂၀၀၀ ကျော်မှာ စစ်ရှောင်ဒုက္ခသည်စခန်း ၁၅၀ ခန့် တွင် ယာယီခိုလှုံနေကြရပြီး ကျန်သူများမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်း ပြား၊ မြောက်ဦး၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောနှင့် အမ်း မြို့နယ်များရှိ စစ်ပဋိပက္ခဒဏ်ခံနေရသူများ ဖြစ်သည်။ ၎င်းတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဟန့်အတား ဖြစ်ရခြင်းနှင့်အတူ ဆက်လက် ရှင်သန်ရပ်တည်ရေး အကူအညီ လိုအပ်နေသူများ ဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူမှုအသိုင်းအဝိုင်း ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် မွတ်ဆလင် ဒုက္ခသည် တသိန်း (၁၀၀၀၀၀) ကျော်တို့ သည်လည်း စစ်တွေရှိ ဒုက္ခသည်စခန်း ၁၀ ခုကျော်တွင် ခိုလှုံနေကြဆဲ ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က ရုပ်မြင်သံကြားမှ တဆင့် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်မှ COVID-19 တိုက်ဖျက်ရေးတွင် ဘာသာရေးနှင့် လူမျိုးရေး အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မရှိကြောင်း ပြောကြားခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အွန်လိုင်းအစည်းအဝေး တခု ပြုလုပ်စဉ် အတွင်းတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့် ဘဏ္ဍာရေး အထောက်အပံ့များ ပေးမည် ဖြစ်ကြောင်း သူက ကတိပေးခဲ့သည်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့များ စစ်တွေပြင်ပသို့ တပတ်ခန့် သွားလာနိုင်ခြင်းမရှိသဖြင့် အခြားမြို့နယ်များရှိ IDP စခန်းများမှ စစ်ရှောင်ဒုက္ခသည်များအတွက် အခြေခံ စားသောက်ကုန် အထောက်အပံ့များ လိုအပ်နေကြောင်း ရခိုင် IDP စခန်းများ အတွက် အထောက်အပံ့များ ပေးနေသည့် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။

ထို့အပြင် မင်းပြားမြို့နယ် စင်းပြွန်းကိုင်း ရခိုင် IDP စခန်းတွင် လက်ရှိအချိန်၌ ရေလွှမ်းမိုးမှု ကြုံနေရပြီး ရသေ့တောင်မြို့နယ် စေတီပြင် IDP စခန်းတွင် လုံလောက်သော အမိုးအကာများ မရှိကြောင်း စစ်တွေ အခြေစိုက် ရခိုင်အမျိုးသမီး ကွန်ယက်၏ ဒါရိုက်တာ ဒေါ်ညိုအေးက ပြောသည်။

“မြောက်ဦး မြို့နယ်က ဝေးလံတဲ့ ဧရိယာမှာ ရှိတဲ့ ပုစွန်ဖေ စခန်းက IDP တွေဆီ အခြေခံ စားသောက်ကုန်တွေ ပို့ပေးဖို့ ကျမတို့က စီစဉ်ခဲ့ပေမယ့် COVID-19 ကန့်သတ်ချက်တွေကြောင့် သူတို့ဆီကို (ထောက်ပံ့ရေးပစ္စည်းတွေ) မပို့နိုင်ခဲ့ပါဘူး” ဟု သူကပြောသည်။

NGO ဝန်ထမ်းတဦးတွင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ ရှိခဲ့ရပြီးနောက် ပြီးခဲ့သည့်အပတ်က မြောက်ဦးရှိ ရခိုင် IDP စခန်း ၄ ခုမှ လူ ၃၀ ကျော်ကို ကိုရိုနာဗိုင်းရပ်ကူးစက်ခံရရန် ဖြစ်နိုင်ချေရှိသောသူများအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အဆိုအရ NGO ဝန်ထမ်းနှင့် နီးကပ်စွာ ထိတွေ့မှုရှိခဲ့သည့် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ အားလုံးတွင် ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ဒုက္ခသည်စခန်းများ (ရခိုင်နှင့် မွတ်ဆလင် စခန်း ၂ မျိုး လုံးကို ရည်ညွှန်း၍) ၌ COVID-19 ရောဂါကူးစက်ခံရသူ ယခုအချိန်အထိ မရှိသေးကြောင်း သြဂုတ်လ ၃၁ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မွတ်ဆလင် ဒုက္ခသည်စခန်းများအတွင်းမှ ရောဂါပိုးကူးစက်ခံထားရကြောင်း အတည်ပြုပြီးသော သူများနှင့် အနီးကပ် တွေ့ထိမှုရှိခဲ့သူ အားလုံးကို အသွားအလာ ကန့်သတ် ထိန်းချုပ်ထားကာ ဆေးစစ်ခဲ့ပြီး ယခုအချိန်အထိ ကူးစက်ခံရမှု မရှိသေးပါ။

သို့သော် သြဂုတ်လလယ်ပိုင်း ရောဂါကူးစက်မှု စတင်ဖြစ်ပွားခဲ့သည့် အချိန်မှ စ၍ စစ်တွေမြို့ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းများတွင် နေထိုင်သူများမှာ စခန်းများပြင်ပသို့ ထွက်၍ ငါးဖမ်းလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတွင် နေ့စား အလုပ်သမားများ အဖြစ် လုပ်ကိုင်ခွင့် မရတော့သောကြောင့် ဘဝရပ်တည်ရေး ခက်ခဲလာခဲ့သည်။ ရလဒ် အနေဖြင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာများ ရရှိရန် ခက်ခဲနေသည်ဟု နေရပ်စွန့်ခွာ မွတ်ဆလင်များ နေထိုင်သော အုန်းတောတောင် IDP စခန်းမှ ဦးအိုစမန် က ပြောသည်။

စခန်းတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပေးသော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်သော Mercy Malaysia မှ ဖွင့်လှစ်ထားသည့် ဆေးခန်းကို ပြီးခဲ့သည့် အပတ်က စ၍ ပိတ်ထားခဲ့သည်ဟု သူကပြောသည်။

ကိုဗစ်ကာလ ကျန်းမာရေးဝန်ထမ်း အကန့်အသတ်ရှိခြင်းကြောင့် ပြည်နယ်မှ သက်ဆိုင်ရာ ကျန်းမာရေးဌာနများအနေဖြင့် အဆိုပါစခန်းများကို အလှည့်ကျ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောသည်။

IDP စခန်းများသို့ ဝန်ဆောင်မှုပေးနေသော NGO ဝန်ထမ်းများ အနေဖြင့် ကူညီထောက်ပံ့မှု ဝန်ဆောင်မှုများ ဆက်မပေးခင် ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း သေချာစေရန် COVID-19 ရောဂါပိုးစမ်းသပ် စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်ဟု သူကပြောသည်။ ကျန်းမာရေး ဌာနက ယခုအပတ်အတွင်း စစ်ဆေးပေးနေပြီး ရောဂါပိုး မရှိကြောင်း တွေ့ရှိရမှသာ ၎င်းတို့လုပ်ငန်းများ ပြန်လည် စတင်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့်အပတ်တွင် ရခိုင်ပြည်နယ်အစိုးရက စစ်တွေမြို့မှ ပုံမှန်ဝင်ငွေမရှိသည့် ဆင်းရဲနွမ်းပါးသောမိသားစု ၂၉၀၀၀ ကျော် အတွက် မိသားစုတစုလျှင် ကျပ် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၅) ထောက်ပံ့ခဲ့ကြောင်း ပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့် ၏ အဆိုအရ သိရသည်။

သို့သော်လည်း စစ်တွေရှိ အုန်းတောမြောက် IDP စခန်းတွင် နေထိုင်သော မွတ်ဆလင်များ က ၎င်းတို့ ငွေကြေး အကူအညီ ယခုထိ မရရှိသေး ဟု ပြောကြသည်။

အုန်းတောမြောက် စခန်းမှ ဦးအောင်ကျော်ဦးက ကမာ္ဘ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဆန်ထောက်ပံ့မှုများ ပြီးခဲ့သည့်အပတ်က ရောက်ရှိခဲ့သော်လည်း စခန်းတွင် နေထိုင်သူအချို့မှာ ထောက်ပံ့မှု ရခွင့်ရှိသူများ စာရင်းတွင် မပါဝင်ကြောင်း ပြောသည်။

“စစ်တွေမြို့ပေါ်က အိမ်ထောင်စုတွေက ကျပ် နှစ်သောင်း (၂၀၀၀၀) စီရတယ် ဆိုတာ ကျနော်တို့ ကြားရပါတယ်၊ ဒါပေမယ့် အဲ့ဒီ အထောက်အပံ့ကို ကျနော်တို့ မရသေးဘူး”

ဟု အုန်းတောမြောက်စခန်းမှ ဦးအာရာဖတ်က ပြောသည်။

ဧရာဝတီနှင့် စကားပြောခဲ့သော အခြား မွတ်ဆလင်များက သြဂုတ်လ ၂၇ ရက် နေ့တွင် တာဝန်ရှိသူများ နှာခေါင်းစည်းနှင့် ဆပ်ပြာများ လာရောက်ဝေငှခဲ့ကြသည် ဟု ပြောသည်။

အရေးပေါ်ငွေကြေး ထောက်ပံ့မှုသည် COVID-19 ကန့်သတ်ချက်များကြောင့် အလုပ်များ ရပ်တန့်ထားခဲ့ရပြီး ဝင်ငွေ ဆုံးရှုံးခဲ့ရသည့် မြို့နယ် ကျေးရွာများမှ လူမျိုး ဘာသာမရွေး ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် ဖြစ်သည်ဟု ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာရင်းပြုစုပေးထားသည့် စစ်တွေမြို့နယ်ရှိ လက်လုပ်လက်စား စာရင်းဝင်သူ အားလုံးကို အစိုးရက ငွေကြေး ထောက်ပံ့ခဲ့သည်။ “IDP ဒုက္ခသည် စခန်းတွေ အတွက်ကတော့ သီးခြား INGO တွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကယ်ဆယ်ရေးနဲ့ အခြေခံ အစားအစာ အထောက်အပံ့တာ ဖြစ်ပါတယ်” ဟု IDP စခန်းများရှိ မွတ်ဆလင်များကို ရည်ညွန်းကာ သူက ပြောသည်။

IDP စခန်းမဟုတ်သော မွတ်ဆလင်ကျေးရွာများသည်လည်း ပြည်နယ်အတွင်းမှ အခြားသူများကဲ့သို့ အထောက်အပံ့များ ရရှိလိမ့်မည်ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်နေရာ အားလုံးတွင် နေအိမ်၌သာနေထိုင်ရန် အမိန့်ထုတ်ထားသည့် အတွက် ပြည်နယ်တလွှားမှ ပုံမှန် ဝင်ငွေမရှိသော ဆင်းရဲနွမ်းပါးသည့် မိသားစုများကို အထောက်အပံ့ပေးရန် ပြည်နယ်အစိုးရက စီစဉ်နေသည် ဟု ဝန်ကြီးက ထပ် ပြောသည်။ ပြည်နယ်အစိုးရက ဗဟိုအစိုးရထံမှ အရေးပေါ်ရန်ပုံငွေ ကျပ်ငွေ ၁ ဘီလီယံတောင်းခံခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွက် ဘဏ္ဍာရေးအထောက်အပံ့နှင့် စားနပ်ရိက္ခာ အထောက်အပံ့များ ရရှိရန် ကတိပြုထားသည်။

ရခိုင်ပြည်နယ်ရှိ အနည်းဆုံး INGO ၅ ခု နှင့် ကုလသမဂ္ဂ အေဂျင်စီ ၂ ခု မှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ထမ်း ၁၀ ဦးကျော်တွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ ရှိခဲ့ရပြီးနောက် ကုလသမဂ္ဂအေဂျင်စီများနှင့် INGO များက ဝန်ဆောင်မှုအချို့ကို ယာယီ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၀ ရက်နေ့ အထိ IDP စခန်းများတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေခဲ့ပြီး ၎င်း၏ ဝန်ထမ်းများထဲမှ တဦးတွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရသည့် Mercy Malaysia က ၎င်းတို့ ဝန်ဆောင်မှုများကို ခေတ္တဆိုင်းငံ့ထားသည်။

Mercy Malaysia အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်မန်နေဂျာ Yao Rachel က ဧရာဝတီသို့ အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားရာတွင်

“စခန်းတွင်းနေထိုင်သူများအနေနဲ့ ကျမတို့ရဲ့ ၂၄ နာရီ အချိန်ပြည့် တုတ်တုတ် (၃ ဘီးဆိုင်ကယ်) နဲ့ အရေးပေါ် လူနာလွှဲပြောင်း ဝန်ဆောင်မှုကနေတဆင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို ရယူနိုင်ဆဲ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုနဲ့ လူနာတွေက သက်ကယ်ပြင် ဆေးရုံကို သွားရောက်ကုသနိုင်တယ်” ဟု ဆိုသည်။

နေရပ် စွန့်ခွာ နေထိုင်နေရသည့် ရခိုင်လူမျိုးများသည်လည်း စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်သည်ဟု သူက ဆိုသည်။ သို့သော်လည်း IDP များ၏ သက်သာချောင်ချိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများက ဆက်လက်ရှိနေသည်။

“ကျနော်တို့ ဒုက္ခသည်စခန်းတွေထဲမှာ လူအများစုပြုံပြီး နေကြရတယ်။ ပြည့်ကျပ်နေပါတယ်။ ဒီရောဂါအတွက် ကျနော်တို့လည်း စိုးရိမ်တယ်။ Mercy Malaysia ဆေးခန်းပိတ်သွားတာ တပတ်လောက် ရှိပြီ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာ မရှိပါဘူး။ အဲဒါက တကယ်ကို စိုးရိမ်စရာဖြစ်ပါတယ်။ တကယ်လို့ ဒီ ဗိုင်းရပ်စ်က စခန်းတွေထဲမှာ ပျံ့နှံ့သွားရင် အခြေအနေကို ကျနော်တို့ ထိန်းနိုင်မှာ မဟုတ်ပါဘူး” ဟု အုန်းတောမြောက် စခန်းမှ ဦးအောင်ကျော်ဦးက ပြောသည်။

မိသားစု တခုစီက ၁၀ ပေ ပတ်လည်သာ ရှိသော အခန်းတခန်းတွင် နေထိုင်ရပြီး အဆောက်အဦး တခုတွင် အခြား အခန်း ၇ ခန်းနှင့် တွဲထားသည့် အဆောင်ဟု ခေါ်သော အခန်းများတွင် ၎င်းတို့ နေကြခြင်း ဖြစ်သည်။ အုန်းတောမြောက် စခန်းတွင် အဆောက်အဦး ၃၄၁ ခုဖြင့် အိမ်ထောင်စု ၂၅၀၀ ကျော် နေထိုင်ကြောင်း ၎င်းက ရှင်းပြသည်။

အုန်းတောတောင်နှင့် အုန်းတောမြောက် IDP စခန်းများသည် စုစုပေါင်းလူဦးရေ ၃၀၀၀၀ နီးပါးရှိပြီး လူဦးရေ အထူထပ်ဆုံးဖြစ်သည်။ စခန်းတွင်းနေထိုင်သူများသည် ၂၀၁၂ ခုနှစ် စစ်တွေမြို့ တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် နှစ်ဘက်လူမှုအသိုင်းအဝိုင်း ပဋိပက္ခ၌ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများ ဖြစ်သည်။

ရခိုင်ပြည်နယ်မှ အကူအညီ လိုအပ်နေသော ကလေး ၂၆၀၀၀၀ ကျော်ကို ကူညီပံ့ပိုးပေးနေသော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က COVID-19 သည် မြန်မာနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ အတွက် အထူးအလေးထားစရာ အန္တရာယ်ဖြစ်နေပြီဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

၎င်း၏ ဝန်ထမ်းများထဲမှ တဦးတွင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပြီးနောက် UNICEF ကိုယ်တိုင်လည်း ၎င်းတို့ ဆောင်ရွက်ပေးနေသည့် တကိုယ်ရေသန့်ရှင်းမှု၊ ရေနှင့် မိလ္လာရေးစနစ် ဆိုင်ရာ ထောက်ပံ့မှုများကို ယာယီ ရပ်ဆိုင်းထားရသည်။

“ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အနေနဲ့ ပုံမှန် ဝန်ဆောင်မှုတွေနဲ့ COVID-19 အန္တရာယ် လျှော့ချရေး အစီအစဉ်တွေ၊ ဝန်ဆောင်မှုတွေ နှစ်မျိုးစလုံးကို ဆက်လက်ရရှိ ဖို့ အရေးကြီးပါတယ်” ဟု UNICEF က ဆိုသည်။

(Nyein Nyein ၏ Fears Grow for IDPs in Myanmar’s Rakhine as COVID-19 Outbreak Disrupts Food, Health Services ကို ဘာသာပြန်သည်။)\

You may also like these stories:

ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်

ကိုဗစ်လှိုင်းကြားမှာ ဈေးကွက်ပျက်နေတဲ့ သင်ဖြူးဖျာလုပ်ငန်း

The post ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်မှာ ဒုက္ခသည်များ စားနပ်ရိက္ခာ ပိုခက်မည်ကို စိုးရိမ်ရ appeared first on ဧရာဝတီ.

]]>
နာဂ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး တာဝန်မှ ထုတ်ပယ်ခံရ https://burma.irrawaddy.com/news/2020/07/30/227210.html Thu, 30 Jul 2020 13:08:13 +0000 https://burma.irrawaddy.com/?p=227210 ထိပ်တန်း ခေါင်းဆောင် ၃ ဦးသည် ကောင်စီကို မထီမဲ့မြင်ပြုကာ အဖွဲ့မှ ခွဲထွက်သည်ဟု ကြေငြာခဲ့သည့်အတွက် ၎င်းတို့ ၃ ဦးကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ပြောဆိုသည်။

The post နာဂ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး တာဝန်မှ ထုတ်ပယ်ခံရ appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်-NSCN-K) အဖွဲ့က ၎င်း၏ ထိပ်တန်း ခေါင်းဆောင် ၃ ဦးသည် ကောင်စီကို မထီမဲ့မြင်ပြုကာ အဖွဲ့မှ ခွဲထွက်သည်ဟု ကြေငြာခဲ့သည့်အတွက် ၎င်းတို့ ၃ ဦးကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ပြောဆိုသည်။

NSCN-K အဖွဲ့၏ ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်တွင် ၎င်းတို့ နာဂ စစ်တပ်၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီဂေဆူမီ၊ စစ်ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်ချုပ်ကြီး ညမ်လန် နှင့် နာဂဝန်ကြီး စတားဆန် တို့ အား ထုတ်ပယ်လိုက်ကြောင်း ဖော်ပြသည်။

၎င်းတို့ ၃ ဦးသည် ပါတီခွင့်ပြုချက်မရဘဲ အစည်းအဝေးပြုလုပ်ခြင်း၊ ကောင်စီ ခေါင်းဆောင်များ၏ ဆက်သွယ်မှုအား အကြိမ်ကြိမ် ငြင်းပယ်ခြင်း၊ ပါတီရံပုံငွေများအား အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပါတီအတွင်း သွေးကွဲစေသော မူဝါဒနှင့် အယူဝါဒများ ဖြန့်ခြင်း စသည့်တို့ကြောင့် ထုတ်ပယ်ရခြင်း ဖြစ်သည်ဟု NSCN ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဂျူလိုင်ထောင်းက ထုတ်ပြန်ချက်အား ရှင်းပြသည်။

ဗိုလ်မှူး ဂျူလိုင်ထောင်း က “သူတို့ကျတော့ ချွန်ထွက်ပီးမှပေါ့ အခုလိုမျိုး နိုင်ငံရေးပိုင်းမှာ သော်လည်းကောင်း သွေးကွဲမှုတွေ လုပ်ဆောင်မှုတွေ လုပ်လာတဲ့အတွက် ထုတ်ပယ်ရခြင်း ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

NSCN-K သတင်းပြန်ကြားရေးဌာန ထုတ်ပြန်ချက်ထဲတွင်လည်း “ဖော်ပြပါ အကြောင်းအချက်များကြောင့် ပါတီကယ်တင်ရန် နှင့် အမျိုးသားရေးလှုပ်ရှားမှု ယခုထက် ပိုမဆိုးစေရန် ၎င်းတို့အား ယနေ့ (ဇူလိုင် ၂၉) တွင် ထုတ်ပယ်ရခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။ ထုတ်ပယ်ထားခြင်းခံရသူ ၃ ဦးနှင့် ပတ်သက်ဆက်နွယ်သူ ပါတီဝင် မည်သူကိုမဆို အဖွဲ့ဝင်အဖြစ်မှ အပြီးတိုင် ရုတ်သိမ်းသွားမည် ဟုလည်း ဖော်ပြထားသည်။

NSCN-K အဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ်အပါအဝင် ထိပ်တန်းခေါင်းဆောင် ၃ ဦးအား ထုတ်ပယ်လိုက်ခြင်းသည် ထို ၃ ဦးက လက်ရှိ NSCN-K ဥက္ကဋ္ဌ အား ဖယ်ထုတ်ပီး အဖွဲ့သစ် ထောင်လိုက်ပီဟု အင်္ဂါနေ့က ထုတ်ပြန်ပြောခဲ့ပြီး နောက်တရက်တွင် ဖြစ်သည်။

လွတ်လပ်သော နာဂနိုင်ငံ တည်ထောင်ရေး ကြိုးပမ်းနေသည့် NSCN သည် နာဂလန်းပြည်သူ့အစိုးရ (NSCN/GPRN) ဟု ၎င်းတို့ကိုယ်တိုင်သတ်မှတ်ပြီး ၎င်းတို့ကို မြန်မာပြည်သူများက NSCN-K အဖြစ်သာ သိရှိကြသည်။ ယခု လက်ရှိ ဥက္ကဋ္ဌ အဖြစ် ဦးယုန်းအောင်က ဦးဆောင်ပြီး ၎င်းသည် NSCN-K တည်ထောင်သူ အက်စ်အက်စ် ကပ်ပလန် ၏ တူတော်စပ်သည်။

နာဂ စစ်တပ် မှ နီဂေဆူမီသည် အိန္ဒိယအစိုးရ အမျိုးသားစုံစမ်းရေးအေဂျင်စီ အလိုအရှိဆုံး ဖမ်းဝရမ်းထုတ်ထားခြင်း ခံရသူဖြစ်ပြီး ၎င်းမည်သည့်နေရာတွင် ရှိသူကို ဖော်ထုတ်နိုင်သူကို ရူပီးငွေ တသန်း ဆုကြေးငွေ ထုတ်ထားခြင်း ခံရသူ ဖြစ်သည်။

NSCN/GPRN ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဂျူလိုင်ထောင်းက “ကျနော်တို့ အဖွဲ့အစည်း ကိုယ်စားပြုအနေနဲ့ ဒီငွေကြေးတွေ အဖွဲ့အစည်းရဲ့ ရံပုံငွေတွေကို သူတို့ကို ကောက်ခံခိုင်းထားတာ ရှိတယ်။ ဒီ အိန္ဒိယ ဘက်ခြမ်းမှာ။ အဲဒီငွေတွေလည်း ဗဟိုကို လုံးဝ မသွင်းဘူး။ ကိုယ့်ပိုက်ဆံလိုပဲ အသုံးပြုတယ်။ ရံပုံငွေက ရူပီးပေ့ါနော် အိန္ဒိယငွေ သိန်းရာနဲ့ချီတယ် အနည်းဆုံး သိန်း ၂၀၀-၃၀၀ လောက်တော့ ရှိမှာပေါ့” ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်းရှိ အစိုးရအသိအမှတ်ပြု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသတွင် အခြေစိုက်ထားသော NSCN-K ဗဟိုဌာနချုပ် တကားသို့ တပ်မတော်က ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ တွင် ဝင်သိမ်းခဲ့ပြီးကတည်းက NSCN-K အဖွဲ့ဝင်များ နယ်စပ်ဒေသသို့ ရွှေ့ပြောင်းသွားကြရသည်။

NSCN-K သည် အိန္ဒိယအစိုးရကို တော်လှန်နေသော ကသည်း နှင့် အာသံ သူပုန်များကို လက်ခံပြီး စစ်သင်တန်းပေးခြင်းများ ပြုလုပ်သည်ဟု ဆိုကာ တပ်မတော်က လုံခြုံရေးအရ ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကသည်းနှင့် အာသံ သူပုန်များကို လက်ခံ ကူညီသည့်အတွက် စစ်ကိုင်းတိုင်းအစိုးရနှင့် NSCN-K တို့အကြား ၂၀၁၂ ခုနှစ်က ချုပ်ဆိုထားသော ပဏာမ အပစ်ခတ်ရပ်ဆဲရေး စာချုပ်ကို ချိုးဖောက်သည်ဟု တပ်မတော်ဘက်က စွပ်စွဲကာ NSCN-K အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးခဲ့သည်။

စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသည့် Naga Army

NSCN-K ၏ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များအပါအဝင် အဖွဲ့ဝင် ၁၁ ဦး ဖမ်းဆီးခံရပြီး၊ တရားစွဲခံရကာ နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးအကျိုးဆောင်များကို ၎င်းတို့သည် ပါတီ၏ နိုင်ငံရေးမူများနှင့် ဆန့်ကျင်ကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးရန် လှုံ့ဆော်မှုများ ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုကာ ယမန်နှစ် နိုဝင်ဘာလက NSCN-K က ထုတ်ပယ်ခဲ့သေးသည်။ NSCN-K က NCA လက်မှတ်မထိုးလိုဘဲ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြားရှိ နာဂလူမျိုးများ စုစည်းကာ လွတ်လပ်သောနာဂနိုင်ငံ ထူထောင်မည်ဟု ပြောဆိုထားသည်။

တကားဒေသသို့ NSCN-K အဖွဲ့ဝင်များ ပြန်လည် နေထိုင်ခွင့်မရသေးဘဲ တပ်မတော်က ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု ဗိုလ်မှူး ဂျူလိုင်ထောင်းက ဆိုသည်။

NSCN-K အဖွဲ့သည် ၎င်း၏ ခေါင်းဆောင် အက်စ်အက်စ် ကပ်ပလန် ကွယ်လွန်ပြီးသည့် ၂၀၁၇ ခုနှစ် ဇွန်လ နောက်ပိုင်း နှစ်စဉ်လိုလို အကွဲအပြဲများ ဖြစ်ပေါ်သည်။ ၂၀၁၈ ခုနှစ်တွင် ယခင်ဥက္ကဋ္ဌဟောင်း အိန္ဒိယနာဂ (ခေါ် )အနောက်နာဂ သား ကန်ဂို ကွန်းညက် (Khango Konyak) ကို ဖြုတ်ချပြီး ဦးယုန်းအောင် က ဥက္ကဋ္ဌ ဖြစ်လာသည်။

ဗိုလ်မှူး ဂျူလိုင်ထောင်း က “ပါတီကတော့ အရှေ့နာဂ၊ အနောက်နာဂလို့ ခွဲခြားဆက်ဆံတာမရှိဘူး။ အရှေ့အနောက် တောင်မြောက်မှာ ကျနော်တို့ လွတ်လပ်ရေးပန်းတိုင်ရောက်အောင် ကြိုးပမ်းနေတဲ့ အဖွဲ့တွေပဲပေါ့။ နာဂအားလုံးလည်း ကျနော်တို့နဲ့ အတူတကွရှိတယ်” ဟု ပြောဆိုသည်။

NSCN-K သည် သမ္မတဦးသိန်းစိန်လက်ထက်က စတင်သည့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်လာပြီးနောက်ပိုင်း NSCN-K အဖွဲ့နာမည်ကို မြန်မာအများစုက ကြားဖူးကြသော်လည်း ၎င်း၏ ခေါင်းဆောင်အများစုကို မသိကြပေ။ ယခု ထုတ်ပယ်ခံရသူ ၃ ဦးသည်လည်း မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့် အဖွဲ့တွင် မပါဝင်ပေ။

You may also like these stories:

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

နာဂ ခေါင်းဆောင်ဟောင်းများက ကိုဗစ်အရေး လိုအပ်လျှင် အစိုးရကို ကူညီမည်ဟု ဆို

နာဂအဖွဲ့ NSCN-K မှ ခေါင်းဆောင်ပိုင်း၅ဦး ထုတ်ပယ်ခံရ

The post နာဂ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး တာဝန်မှ ထုတ်ပယ်ခံရ appeared first on ဧရာဝတီ.

]]>
ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ် https://burma.irrawaddy.com/opinion/interview/2020/07/30/227191.html Thu, 30 Jul 2020 09:10:17 +0000 https://burma.irrawaddy.com/?p=227191 “ဘယ်လိုမျိုး အတားအဆီးကမှ ကျမရဲ့ နိုင်ငံရေး ခံယူချက်၊ ကျမရဲ့ နိုင်ငံရေးကြိုးပမ်းမှုကို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး” ဟု သူမက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

The post ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ် appeared first on ဧရာဝတီ.

]]>
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ဖူးပြီး ANP ထံ နှုတ်ထွက်စာတင်ထားသော်လည်း နှုတ်ထွက်ခွင့်မပြုမချင်း ယင်းလွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်လိုပါက တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်သာ ဆောင်ရွက်ခွင့်ရှိတော့သည်။

ဇူလိုင်လ ၁၃ ရက် ပြည်သူ့လွှတ်တော်တွင် ANP မှ ကျောက်ဖြူမဲဆန္ဒနယ်ဦးဘရှိန်က နိုင်ငံရေးပါတီတခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တဦးဦးသည် အခြားပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်လ ျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ နှင့် ဆန့်ကျင်ပါသလားဟု မေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ပါတီတစ်ခုမှ နှုတ်ထွက်ခွင့်မရသော ပုဂ္ဂိုလ်တဦးသည် အခြားပါတီကို ကိုယ်စားပြုဝင်ပြိုင်ပါက ဥပဒေနှင့် ငြိစွန်းသည့်အတွက် ပါတီတခုခုမှ နှုတ်ထွက်ခွင့်မရသေးသူများသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ဖြေဆိုခဲ့သည်။

ထိုအတွက် ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ (အမ်းနှင့် ရမ်းဗြဲ မြို့နယ်) ကိုယ်စားပြု အမတ် ဒေါ်ထုမေ အနေဖြင့် လက်ရှိ ANP ပါတီမှ နှုတ်ထွက်စာ တင်ထားသော်လည်း နှုတ်ထွက်ခွင့်မပေးသဖြင့် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် မကြာမှီ စာရင်းတင်သွင်းသွားမည်ဖြစ်ပြီး ထိုသို့ ဆုံးဖြတ်ရခြင်းသည် နိုင်ငံရေးအကျပ်အတည်းကြားထဲ ရွေးချယ်ရသည့် ဆုံးဖြတ်ချက်တခု ဖြစ်သည်ဟု သူမက ဆိုသည်။

ANP ပါတီသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ပါတီ တို့ ပေါင်းစည်းထားခြင်း ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ANP ပါတီက တနိုင်ငံလုံး အမတ်နေရာ ၄၇ နေရာ ရရှိပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်အများစုဖြင့် လွှမ်းမိုးထားသည်။

ဒေါ်ထုမေသည် ANP မှ နှုတ်ထွက်စာတင်ကာ ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်းကတည်းက တသီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့ပြီး ANP ပါတီ အရေးများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။ သို့သော် ANP ပါတီက သူမကို တရားဝင် နှုတ်ထွက်ခွင့်လည်း မပေးထားသေးပေ။ သူမ၏ မိခင်ပါတီဖြစ်သည့် ALD ကို ကိုယ်စားပြု ရွေးချယ်ခံချင်သော်လည်း လက်ရှိ အကျပ်အတည်းကြောင့် သူမတွင် ပါတီ နောက်ခံမရှိတော့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူကို ကိုယ်စားပြုရသည့်အတွက် နိုင်ငံရေးသမားဘဝကို နှစ်ခြိုက်သည့် သူမက ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ရခိုင်ပြည်သူလူထုများအကျိုးအတွက် ဆက်လက် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

”ဘယ်လိုမျိုး အတားအဆီးကမှ ကျမရဲ့ နိုင်ငံရေး ခံယူချက်၊ ကျမရဲ့ နိုင်ငံရေးကြိုးပမ်းမှုကို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး” ဟု သူမက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

သူမ၏ ၅ နှစ်တာ နိုင်ငံရေးအတွေ့အကြုံများကို မျှဝေရင်း လူငယ်နှင့် အမျိုးသမီးငယ်များအား နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် လက်ရှိဖြစ်ပျက်နေသည့် စိတ်ပျက်ဖွယ် အခြေအနေများအပေါ် စိတ်မကုန်သွားကြဘဲ ဆက်လက်ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနှင့် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်းနှင့် ဆွေးနွေးထားသည်များမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ်နဲ့ ရွေးချယ်ခံမယ့် မဲဆန္ဒနယ်ကလည်း အခု လက်ရှိ ကိုယ်စားပြုနေတဲ့နေရာမဟုတ်ဘဲ အသစ်ဖြစ်နေတယ်။ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရတာလဲ။

ဖြေ ။ ။ တကယ်တမ်းက ကျမရဲ့ လက်ရှိ မဲဆန္ဒနယ်မှာ ဆက်လက်လုပ်ဆောင်ဖို့အတွက် ကျမ ရည်မှန်းထားတယ်။ ကျမ မဲဆန္ဒနယ်မှာ လိုအပ်တဲ့ ကိစ္စတွေကို နောက် ၅ နှစ်အထိ ဆက်လက်လုပ်သွားဖို့အတွက် ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်သွားလဲဆိုရင် ကျမတို့ နှစ်ပါတီ ပူးပေါင်းရေးမှာ မကျေလည်ခဲ့တဲ့ ပြဿနာတွေက ကျမတို့ ကိုယ်စားလှယ်တွေ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့အတွက်ထိ အခက်အခဲဖြစ်သွားပါတယ်။

ကျမသည် ပါတီနိုင်ငံရေးထဲ ရောက်လာသူ တယောက်အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ အမျိုးသမီးတယောက်အနေနဲ့ ပါတီတွေနဲ့ အလုပ်လုပ်ဖို့ ကျမအနေနဲ့ အများကြီး စိတ်အားထက်သန်မှု ရှိပါတယ်။ ဒါပေမယ့် အခု လက်ရှိ ကျမရဲ့ မဲဆန္ဒနယ် ရမ်းဗြဲနဲ့ အမ်းကနေ ရန်ကုန်ကို ပြောင်းသွားတဲ့အရာသည် နိုင်ငံရေးအကျပ်အတည်းကြားထဲမှာ ရွေးချယ်ရတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။

ကျမ လူမှုကွန်ရက်မှာ ရေးထားတဲ့အတိုင်းပဲ ကျမ နိုင်ငံရေး အဆက်မပြတ်ချင်ဘူး။ ဒီ ငါးနှစ်တာကာလအတောအတွင်းမှာ ကျမသည် ANP က ထွက်ပြီးတဲ့နောက်ပိုင်း နှစ်ပါတီ ကွဲပြီး မိမိပါတီ မိမိ ရပ်တည်တဲ့အချိန် ၂၀၁၆ ခုနှစ်မတ်လက စပြီးတော့ ကျမ တသီးပုဂ္ဂလကဲ့သို့ ဖြစ်သွားပါတယ်။ အဲဒီအချိန်ကစပြီးတော့ ANP သည် ကျမကို အစည်းဝေးဖိတ်ခေါ်ခြင်း မရှိဘူး။ နောက် ပါတီတံဆိပ်ပြောင်းတပ်တဲ့အပေါ်မှာ ဘာမှ concern (စိုးရိမ်ချက်) မရှိခဲ့ပါဘူး။

အခုက ကျမ လက်ရှိမဲဆန္ဒနယ်က ထပ်ပြိုင်မှာစိုးလို့ဆိုတဲ့ သူတို့ရဲ့ စိုးရိမ်ချက်ကြောင့် ကန့်ကွက်တဲ့အပေါ်မှာ ကျမ မဲဆန္ဒနယ် အသစ်တခုကို ယူလိုက်တယ်။ ဒီနေရာကလည်း ရန်ကုန်တိုင်းက ကျမတို့ ရခိုင်ပြည်သူတွေ ဝန်ကြီးဌာန တနေရာ ရရှိတဲ့အထိ ရှိနေတယ်။ ဆိုတော့ ကျမရဲ့ နိုင်ငံရေးကို ဆက်ပြီးတော့ လုပ်ချင်တာရယ်။ ကျမကို ပါတီတွင်းမှာ နေလို့မရအောင် ကန့်ကွက်တာရယ်ကြောင့် ဒီမဲဆန္ဒနယ်ပြောင်းလဲရွေးချယ်ဖို့ ဖြစ်သွားခဲ့တယ်။

မေး ။ ။ အခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၅ နှစ်တာဝန်ထမ်းဆောင် နေတယ်။ နောက် ဝင်ပြိုင်မယ့်နေရာကျတော့ အလုပ်သဘောသဘာ၀ ပြောင်းသွားပြီ။ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ပေါ့နော်။ အဲဒီအတွက် နယ်ပယ် မတူတဲ့အပေါ် ဘယ်လိုစိန်ခေါ်မှုမျိုး ရှိနိုင်မယ်လို့ ယူဆထားလဲ။ ဘယ်လိုပြင်ထားလဲ။

ဖြေ ။ ။ ကျမက တသီးပုဂ္ဂလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပါတီ နောက်ခံရှိတဲ့ ဝန်ကြီး ကိုယ်စားလှယ်လောင်းတွေနဲ့စာရင်တော့ ကျမမှာ စိန်ခေါ်ချက်ရှိနိုင်တယ်။ ကျမအတွက် မဲရုံစောင့်မယ့်လူငယ်တွေ အမျိုးသမီးတွေ။ ပြီးတော့ ကျမကို ထောက်ခံမယ့် တသီးပုဂ္ဂလကို ထောက်ခံမယ့် ပုဂ္ဂိုလ်တွေ။ နောက် ကျမအတွက် ဝိုင်းပြီး မဲဆွယ်စည်းရုံးရေးလုပ်ကြမယ့် ပုဂ္ဂိုလ်တွေ (ရဖို့) ဒါက ကျမအတွက် အင်မတန် စိန်ခေါ်ချက် ဖြစ်ပါတယ်။

နောက်တစ်ချက်က အရှေ့က ဝန်ကြီးဆိုရင် ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ထားတယ်။ ဒီအပေါ်မှာလည်း သူ့ပရိတ်သတ်တွေ ရှိကောင်းရှိကြဦးမယ်။ ကျမအနေနဲ့ ပါတီ backup (နောက်ခံ) မရှိဘဲနဲ့ တသီးပုဂ္ဂလ ပုံစံက တယောက်တည်းပုံစံဖြစ်စေတယ်။ ဒါပေမယ့် ကျမ ယုံကြည်ပါတယ်။ ကျမ ၅ နှစ်တာ ဆောင်ရွက်ခဲ့တဲ့ ပြည်သူကိုယ်စားပြုတဲ့ ဆောင်ရွက်ခဲ့တာတွေ ကြည့်ပြီး ဒီနေရာမှာလည်းပဲ ဒေါ်ထုမေ အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အပြည့်အ၀ အရည်အသွေးရှိတယ်ဆိုတာ ပြည်သူတွေ သိရှိကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျမ အနေနဲ့ကတော့ စိန်ခေါ်ချက်လို့ ပြောပြီဆိုရင် ပါတီနောက်ခံ မရှိတဲ့အတွက် ပါတီရှိတဲ့ ဝန်ကြီးကိုယ်စားလှယ်လောင်းတွေနဲ့စာလို့ရှိရင် ကျမ အလုပ်လုပ်ရတာ ပိုပြီးတော့ ကြိုးစားရမယ့် အခြေအနေမှာ ရှိတယ်။ သူများတွေ တကြိမ်ကြိုးစားရင် ကျမ ဆယ်ကြိမ်လောက် ကြိုးစားရမှာ ရှိတယ်။ သူများ တလှမ်းလှမ်းတဲ့အခါ ကျမ အနေနဲ့က အလှမ်းတရာ လှမ်းရမယ့် အခြေအနေ ရှိတယ်။ ဆိုလိုတာက ကျမပိုပြီး ကြိုးစားရမယ်။ အားထုတ်ရမယ်။ ပုံမှန်ထက်မတူတဲ့ အခြေအနေထက် ပိုပြီးတော့ ကြိုးစားရမယ့် စိန်ခေါ်ချက် ကျမမှာ ရှိမှာပါ။

မေး ။ ။ မထုမေက ၂၀၁၅ တုန်းက ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ANP ပါတီက ထွက်ထားပေမယ့် ANP က ထွက်ခွင့်မပေးမချင်း နောက်ပါတီတခုက ပြိုင်လို့မရဘူးလို့ ထင်ဟပ်တဲ့ လွှတ်တော်မှာ ဖြေဆိုချက်က မှန်ကန် သင့်မြတ်ရဲ့လား။ ဘယ်လိုဖြစ်သင့်တာလဲ။

ဖြေ ။ ။ ကျမအနေနဲ့ကတော့ ဒီဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိပါဘူး။ နိုင်ငံသားတယောက်အတွက် တရားမျှတမှု မရှိသလို ပါတီဝင်တယောက်အတွက်လည်း တရားမျှတမှု မရှိပါဘူး။ ကိုယ်စားလှယ်လုပ်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် နှစ်ပါတီ မဝင်ပါဘူး။ ကျမအနေနဲ့ကတော့ နိုင်ငံရေးကို ဆောင်ရွက်တဲ့အခါ ကိုယ့်ရဲ့ ပြည်သူတွေကို ဦးထိပ်ထားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ပါတီဝင်တဲ့အခါမှာလည်း ဒီနေ့ဒီအချိန်ထိ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့တာ တခုမှ မရှိဘူး။

ကျမတို့ သေသေချာချာ သိထားဖို့တခုက ကျမတို့ ANP က ALD နဲ့ RNDP ပူးပေါင်းထားတဲ့ပါတီ ဖြစ်ပါတယ်။ ပါတီ ပူးပေါင်းစဉ်ကလည်း အခက်အခဲတွေ များစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျမတို့ ရခိုင်ပြည်သူရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို တပါတီတည်းနဲ့ စည်းစည်းရုံးရုံး ဖြေရှင်းကြမယ်ဆိုပြီး ပူးပေါင်းခဲ့ပါတယ်။ ဒီလိုမျိုး ပူးပေါင်းခဲ့တဲ့အခါမှာလည်း ကျမတို့ မူအရ လက်ခံခဲ့ပါတယ်။ မူအရဆိုတာက ဒီပူးပေါင်းကြတဲ့လူကြီးတွေရဲ့ gentlemen agreement လို့ခေါ်တဲ့ လူကြီးလူကောင်း သဘောတူညီမှုပါ။

ဒီလူကြီးလူကောင်းသဘောတူညီမှုကို ညီလာခံမှာ ဆုံးဖြတ်ပြီးတော့မှ ရွေးကောက်ပွဲ ဝင်ခဲ့ကြတာပါ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အုပ်စုတွေကြားမှာ နိုင်ငံရေးအုပ်စုတွေကြားထဲမှာ ကျမတို့ လူငယ်တွေ ညပ်နေသလို ဒီပါတီတွေ ပူးပေါင်းစဉ်ကလည်း တရားမျှတမှု အင်မတန် အားနည်းခဲ့တဲ့ အခြေအနေက အခုထိ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။

RNDP ကနေပြီးတော့ အခု ANP ဖြစ်ပေါ်လာတဲ့အခါမှာ CEC အများဆုံးလည်း ရရှိတယ်။ ညီလာခံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း သူတို့ စာတစ်စောင် ထုတ်ပြီးတော့ ဒါကို ဖောက်ဖျက်တယ်။ ပြီးလို့ရှိရင် ဒီ ALD ဘက်က ပုဂ္ဂိုလ်တွေ CEC တွေကိုလည်းပဲ ညီလာခံ မရှိဘဲနဲ့ သူတို့ သဘောထားနဲ့သူတို့ ထုတ်ပယ်တယ်။

ပါတီ စည်းမျဉ်းစည်းကမ်းကို ကျမ အနေနဲ့ အဖွဲ့ဝင် ဖြစ်ကတည်းကနေ စပြီးတော့ ဘယ်တော့မှ ချိုးဖောက်ခဲ့တာ မရှိပါဘူး။ တကယ်တမ်း ဒါတွေကို ပြန်လည်သုံးသပ် စစ်ဆေးမယ်ဆိုရင် ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့တာ အခု ကျမကို (လာမယ့် ရွေးကောက်ပွဲမှာ) လွှတ်တော်ကိုယ်စားလှယ် ဝင်လို့မရအောင် ကန့်ကွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

အခု ကျမတို့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းတဲ့အခါမှာ ဒီမိုကရေစီ လေ့ကျင့်မှုအားနည်းတဲ့အခါမှာ ကိုယ်သာ အသာစီးရသွားပြီဆိုရင် ဒီလူတွေကို ဒီလိုလုပ်လိုက်မယ်ဆိုတဲ့ အတွေးတွေ အခုထိ ရှိနေကြလို့ ဒီလိုမျိုးကိစ္စတွေ ပေါ်ပေါက်လာတယ်လို့ပဲ ကျမ သုံးသပ်ပါတယ်။

ကျမတို့ ပါတီတွေပေါင်းစည်းရေးဆောင်ရွက်ခဲ့ကြတယ်။ ပါတီတွေ ပြန်ပြီးတော့ မိမိပါတီမိမိ ရပ်တည်ကြတယ်။ အနီးစပ်ဆုံး သာဓက တခုကို ပြမယ်ဆိုရင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ALD ပါတီက ဦးသိန်းမောင်ကို ANP ဘက်က ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းပြည့်မှီတဲ့အတွက်ကြောင့်မို့ ကော်မရှင်က လက်ခံခဲ့တယ်။ ကျမ ဆိုရင်လည်း ဒီကဲ့သို့ပဲ ဖြစ်ရမယ်။ (နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ) ပုဒ်မ ၂၁ အရ ဆိုရင် ကျမ ပါတီဝင်အဖြစ် နှစ်ပါတီဝင်တာ မရှိပါဘူး။ ANP ကို ကျမရဲ့ မဲဆန္ဒနယ် ပြည်သူတွေကိုရော သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီးတော့ ဒီပါတီက ထွက်တယ်ဆိုတာ အတိအလင်း ကျမ ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်မှာ ဦးဘရှိန်မေးတဲ့ မေးခွန်းကို ဖြေသွားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သည် ရှေ့နဲ့နောက် မညီပါဘူး။ ကိုယ်စားလှယ်လောင်းတယောက် အရည်အသွေး ပြည့်မှီတယ်ဆိုရင် သူ့မှာ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိရပါမယ်။ ပါတီဝင်တယောက်နဲ့ ပါတီကြားထဲက ပြဿနာကို ကော်မရှင်က ဖြေရှင်းစရာ မလိုပါဘူး။

တကယ်လို့သာ ကျမနဲ့ ပါတီကြား၊ သို့မဟုတ် ပါတီဝင်တယောက်နဲ့ ပါတီကြားထဲမှာ ပြဿနာဖြစ်တယ်ဆိုရင် တရားစွဲလို့ရပါတယ်။ အတိအလင်းပြဌာန်းထားတဲ့ဥပဒေတွေ ရှိပါတယ်။ တစုံတရာသာ လွဲမှားခဲ့တယ်ဆိုရင် ဒီအတွက် ဥပဒေတွေ ရှိကြမှာပါ။ ဒါကို ကော်မရှင်ကနေ နှစ်ပါတီ ဝင်တယ်ဆိုတဲ့ သဘောထားနဲ့ ဒီလိုမျိုး ဆုံးဖြတ်တာဟာ ကျမတို့တွေအတွက် တရားမ ျှတမှု မရှိပါဘူး။

မေး ။ ။ မထုမေလို လူငယ်တွေက နိုင်ငံရေးအားပြိုင်မှုတွေကြား ပိုပြီးတော့ ရိုက်ခတ်မှုခံရတယ်ဆိုတော့ ဒီလိုမျိုး လူငယ်တွေကို ထိုးနှက်တဲ့သဘောမျိုး လိုက်ပိတ်ပင်တားဆီးနေတာက လူငယ်တွေ နိုင်ငံရေးမှာ ဆက်ပါလာဖို့အတွက် အတားအဆီးဖြစ်နိုင်လား။

ဖြေ ။ ။ လူငယ်တွေအပါအဝင် ကျမတို့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဆိုရင် အမျိုးသမီးငယ်တွေ နိုင်ငံရေးလုပ်ဖို့ သိပ်ကို စိန်ခေါ်ချက်ရှိတယ်ရှင့်။ အဲဒါကဘာလဲဆိုရင် နိုင်ငံရေးထဲ ရောက်လာလို့ရှိရင် ဒီအမျိုးသမီးတွေ လူငယ်တွေကို ကျမတို့ကတော့ နေရာပေးဖို့ မတောင်းဆိုပါဘူး။ ဘယ်တုန်းကမှလည်း မတောင်းဆိုဘူးပါဘူး။ ဒါပေမယ့် သူတို့အတွက် ပါတီအနေနဲ့ မူဝါဒ ချမှတ်ပြီးလို့ရှိရင် ဒီ space တခု နေရာတခု ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

လူငယ်တွေမှာ ငွေရေးကြေးရေးအားနည်းချက် ရှိနိုင်ပေမယ့် သူတို့မှာ စိတ်ပိုင်းဆိုင်ရာ အားသာချက်၊ လေ့လာမှု ဆိုင်ရာအားသာချက်တွေ ပါတီကို ကူညီဖို့ အားသာချက်တွေ အများကြီး ရှိနေပါတယ်။

နိုင်ငံရေးဆိုတာက တဦးတယောက်တည်း လုပ်လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ လူငယ် လူကြီး ရှေ့မှီ နောက်မှီ အတွေ့အကြုံရှိပြီးသားလူကြီးတွေနဲ့ အတွေ့အကြုံ နည်းသေးတဲ့ လူငယ်တွေက သဟဇာတ ဖြစ်ဖို့ လိုပါတယ်။ ဒီလို သဟဇာတဖြစ်ဖို့ ဆောင်ရွက်တဲ့အခါမှာလည်း အုပ်စုဖွဲ့တာတို့ ကိုယ်သာပြီဆိုလို့ရှိရင်လည်း အနိုင်ယူမှာတို့ ဆိုတဲ့ ကျမတို့ အာဏာရှင်စနစ်မှာ ဖြတ်သန်းခဲ့ကြရတဲ့ mindset (စဉ်းစားမှု) တွေကို ထားခဲ့ကြဖို့ လိုပါမယ်။ ရှေ့ဆက်ပြီးတော့ ဘာလုပ်ကြမှာလဲ။ ဒီအခြေအနေကိုလည်း သုံးသပ်ဖို့ လိုပါမယ်။

နောက်တခုက ANP သည် နဂိုမူလ စတည်းက ANP လို့စတည်တာ မဟုတ်ဘူး။ ANP ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးထဲမှာ ပါတီနိုင်ငံရေးထဲမှာ ပါတီတွေ ပူးပေါင်းရေးထဲမှာ အင်မတန် အတုယူဖွယ်ကောင်းတဲ့ နိုင်ငံရေး ပူးပေါင်းမှုပဲ ဖြစ်ပါတယ်။ မူဝါဒ အပေါ်မှာ ရပ်တည်ပြီး နှစ်ပါတီ ပူးပေါင်းတဲ့အခါ gentle agreement ကနေ ပြီးတော့ RNDP ခေတ်တုန်းက ရှိခဲ့တဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့ NBF (ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း)၊ ALD တုန်းက နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့ UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်) ဒီ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေနဲ့ဆက်သွားမယ် လို့ ဆုံးဖြတ်ခဲ့ကြတယ်။

ကျမတို့ ရခိုင်လူမျိုးသည် မြန်မာနိုင်ငံမှာ ၃ သန်းကျော်ပဲ ရှိတဲ့အတွက်ကြောင့် ကျမတို့က majority (အများစု) မဟုတ်ဘူး။ ဒီ အများစု မဟုတ်တဲ့ လူမျိုးတမျိုးအနေနဲ့ ဖယ်ဒရယ်ကို သွားမယ်၊ နောက် ပြည်ထောင်စု စနစ်ထဲမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတဲ့ စနစ်ကို သွားမယ်ဆိုရင် ကျမတို့ ဒီပါတီနိုင်ငံရေးနဲ့ကင်းကွာလို့မရသလို ဒီမျိုးဆက်သစ်တွေကို တွဲခေါ်ဖို့ လိုပါမယ်။

အခုက နှစ်ပါတီ ပူးပေါင်းထားတာကို မေ့သွားပြီးတော့ ကိုယ်အာဏာရသွားတဲ့ အခါမှာတော့ ALD အထဲကလူတွေကို နိုင်ငံရေးမလုပ်ရအောင် နှိပ်ကွပ်မှာတို့ ဒီလူငယ်တွေ နိုင်ငံရေး ဆက်မလုပ်ရအောင် တားဆီးမှာတို့ ရှိတယ်။

ဒီကန့်ကွက်ချက်တွေတော့ ရှိနေတယ်။ ဒါပေမယ့် ကျမတို့ ရပ်တည်ရမယ်။ လူငယ်တွေ ရပ်တည်ရမယ်။ ကျမတို့ အမျိုးသမီးတွေ ရပ်တည်ရမယ်။ နိုင်ငံရေး အကျပ်အတည်း အထူးသဖြင့် ပါတီကြားထဲက အကျပ်အတည်းကို ကျမအနေနဲ့ ရင်ဆိုင်ဖို့ ဆက်ပြီးတော့ ကိုယ်စားလှယ်လုပ်မယ်ဆိုရင် ဒီငါးနှစ်လိုပဲ လာမယ့် ၅ နှစ်မှာ ဒီ့ထက် အကျပ်အတည်းကို ကျမရင်ဆိုင်နိုင်ရဖွယ် ရှိပါတယ်။

နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းအရ မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုနဲ့မသွားဘဲနဲ့ နှစ်ပါတီ ပူးပေါင်းခဲ့တာကို အသိအမှတ်မပြုဘဲနဲ့ အခုလိုမျိုး ဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေ ထွက်လာတဲ့အပေါ်မှာ ကျမတို့ ရခိုင်ပြည်သူ လူငယ်တွေဟာ အမှန်တရားကို သိဖို့ လိုပါမယ်။

မေး ။ ။ ရခိုင်ပါတီနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ဒီလို ညီညွတ်မှု ပျောက်ဆုံးနေတာရဲ့ အကြောင်းရင်းက ဘာလို့ သုံးသပ်မိလဲ။

ဖြေ ။ ။ ညီညွတ်မှုတွေ မရရှိခဲ့တာက မမျှတမှုကြောင့် ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ကြတဲ့အထဲမှာ မမျှတဘူး၊ နောက်တခုက တဦးနဲ့တဦး လေးစားတန်ဖိုးထားမှု အားနည်းတယ်ဆိုလို့ရှိရင် ဒီလိုမျိုး အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်တခုက လူပေါ်မှာ တည်ဆောက်ကြတယ်။ ဒီ institution ပေါ့ ကိုယ့်အဖွဲ့အစည်း ခိုင်မာအောင် ကိုယ့်ပါတီ ခိုင်မာအောင် တည်ဆောက်ဖို့ထက် ကိုယ့်ကို ပံ့ပိုးမယ့် သူ၊ ကိုယ့်နောက်က လိုက်မယ့်သူ ကိုယ်နဲ့အတူတူပဲ လုပ်မယ့်သူ မိမိအပေါ်မှာ ဗဟိုပြုပြီးတော့ ကြိုးပမ်းမှုတွေက ညီညွတ်ဖို့ရာ ခက်ပါတယ်။

ကျမတို့တွေက ဒီမိုကရေစီ စနစ်နဲ့လည်း အများကြီး ဝေးကွာခဲ့တယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးအောက်မှာလည်း အများကြီးနေလာခဲ့တယ်။ ဒီလိုမျိုး အခြေအနေမှာ ကျမတို့က တရားမျှတမှုကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

အခုက ဒီစနစ်နဲ့ ဝေးကွာသွားတဲ့အခါမှာ ကျမတို့တွေက ကိုယ့်ကိုယ်ကို တည်ဆောက်ရမယ်လို့ နားလည်လာကြတယ်။ ကိုယ့်အုပ်စု တည်ဆောက်ရမယ်လို့ နားလည်လာကြတယ်။ အမှန်တကယ်က ကျမတို့ သွားရမယ့်လမ်းက ကိုယ့်ရဲ့ institution ကိုယ့်ရဲ့အဖွဲ့အစည်းကို ခိုင်မာအောင် တည်ဆောက်ရမယ်။ ဒါမှသာ မှန်ကန်တဲ့ တည်ဆောက်ခြင်း၊ ပြည်သူအတွက် အကျိုးရှိမယ့် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ နောက်တချက်က ပါတီက ခိုင်မာသွားပြီ။ ဒီ institution က ခိုင်မာသွားပြီဆိုရင် အရည်အသွေးရှိတဲ့ ပြည်သူပေါ်မှာ တာဝန်ကျေကျေ ထမ်းဆောင်ကြမယ့် သူတွေက ဘယ်သူပဲ ဒီပါတီထဲက ရွေးချယ်ခံခံ ဒီပါတီဟာ အနိုင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျမတို့က ပါတီကို တည်ဆောက်ဖို့ institution ကို တည်ဆောက်ဖို့ ပျက်ကွက်ကြတဲ့အတွက်မို့ အခုလို အခြေအနေကို ရောက်သွားခဲ့တာလို့ ကျမသုံးသပ်တယ်။

နောက်တချက်က ကျမတို့ ပြည်သူတွေဘက်က နိုင်ငံရေးသမားတွေကို မြင်တဲ့အမြင်တွေ ပြောင်းလဲသွားတဲ့ဟာ အင်မတန် စိတ်မချမ်းမြေ့ဖွယ် တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ဒီ နိုင်ငံရေးအာဏာကို အသုံးပြုပြီး မိမိကိုယ်ကျိုးရှာတဲ့အခါ ပြည်သူတွေဟာ နိုင်ငံရေးသမားတွေကို စိတ်ပျက်ကြတယ်ရှင့်။

ကျမအနေနဲ့က နိုင်ငံရေးလောကထဲကို ရောက်ပြီဆိုရင် ဒီ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိန်းဖို့။ ဒါကို ထိန်းမှသာလျှင် ကျမတို့ အချင်းချင်းကြားထဲမှာ ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်လို့ သုံးသပ်တယ်။ ဒီမိုကရေစီ သွားပြီဆိုရင် သေချာတယ်။ တသွေးတသံ တမိန့်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်မှာ ချမှတ်ထားတဲ့ မူဝါဒကို လူကြီးတွေ ကိုယ်၌က လိုက်နာ စောင့်ထိန်းရမှာ ဖြစ်ပါတယ်။

ဥပမာ ANP ပါတီ ပူးပေါင်းခဲ့တုန်းက ညီလာခံမှာ ချမှတ်ခဲ့တဲ့ မူဝါဒကို CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) က ကြေငြာချက်တစောင်နဲ့ ဖောက်ဖျက်လိုက်တာမျိုး၊ ပြီးတော့ ညီလာခံက ရွေးချယ်ထားတဲ့ ALD ခြမ်းက CEC တွေကို စာတစောင်နဲ့ ထုတ်ပယ်တာမျိုးက institution အားကောင်းခိုင်မာအောင် လုပ်တာ မဟုတ်ဘဲနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်သလို ဖြစ်ပေါ်တဲ့အတွက် ဒီကိစ္စအပေါ်မှာ ကျမအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။

ဒါတွေ နောင်မှာ မရှိအောင်လို့ ကျမတို့ လူငယ်တွေ နောက်တက်လာမယ့် လူငယ်တွေ နိုင်ငံရေးသမားတွေ ကြိုးစားအားထုတ်ရမယ်။ ဒါ ကျမအနေနဲ့ တဖက်သားကို ဘယ်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ဘူး။ အခု ဆွေးနွေးတာတွေ အားလုံးက မှန်ကန်ခဲ့တဲ့ အရာတွေကို ပြည်သူကို သိဖို့ လိုအပ်လို့ဆွေးနွေးရခြင်း ဖြစ်တယ်။

မေး ။ ။ နောက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေဟာ ဗမာတွေကြောင့် ဗမာစစ်တပ်ကြောင့် ဗမာအစိုးရကြောင့် ဖြစ်ရတယ်ဆိုပြီး ပြောတာတွေ ကြားရတယ်။ အခု ရခိုင်ပြည်နယ်နိုင်ငံရေး ဒီလို ပြိုကွဲနေတယ်။ မညီညွတ်နေဘူးဆိုရင် ဒါက ဗမာတွေလုပ်လို့ ဖြစ်တာလားလို့ တချို့ မေးကောင်းမေးမယ်။ ရခိုင်နိုင်ငံရေးအခြေအနေ ခုလို ဖြစ်နေတာ ဘယ်သူ့တွေမှာ တာဝန်ရှိတာလဲ။

ဖြေ ။ ။ ကျမ အနေနဲ့ကတော့ လူမျိုးကို အခြေခံပြီးတော့မှ တယောက်နဲ့တယောက် အပြစ်တင်တာမျိုးက နောင်မှာလည်း ကောင်းမယ့် အယူအဆ မဟုတ်သလို ဒီပြဿနာတွေကို အဖြေရှာတဲ့ နည်းလမ်း မှန်ကန်တယ်လို့လည်း ကျမ မယူဆဘူးရှင့်။ အဓိက ကျမတို့ နိုင်ငံရဲ့ အခြေအနေက ဘာကြောင့်ဖြစ်လဲဆိုတာကို တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့ တဦး၊ လူမျိုး တမျိုးနဲ့တမျိုး၊ အပြစ်ဖို့မယ့်အစား စနစ်ကြောင့်ပဲ ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ဖယ်ဒရယ် ကျင့်သုံးရမယ့် စနစ်ကို မကျင့်သုံးတဲ့ အတွက်ကြောင့် ဒီအခြေအနေတွေ ဖြစ်ပေါ်လာတယ်။ လူအများစုက လူနည်းစုကို ဖိနှိပ်တယ်။

ဒီလိုမျိုး အခြေအနေ ဖြစ်လာတဲ့ အကြောင်းရင်းသည် စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်တွေကို လျစ်လျူရှုခဲ့တာ ပြီးလို့ရှိရင် မှန်ကန်တဲ့စနစ်ကို မကျင့်သုံးဘဲနဲ့ လက်နက်အားကိုးနဲ့ အုပ်ချုပ်ခဲ့တာ။ နောက်တခုက နိုင်ငံစနစ်မမှန်လို့သာ အခု မြန်မာနိုင်ငံအခြေအနေ အရပ်ရပ်တွေသည် ကျမတို့ ရခိုင်မှာမှ ပြဿနာ ရှိတာ မဟုတ်ပါဘူး။ တခြားသော ကရင်၊ ကချင်၊ ရှမ်း အစရှိသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းသည် စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။

ကျမကတော့ ဒီအကြောင်းအရာကို ရှုမြင်တဲ့အခါမှာ ကျမ လူမျိုးအနေနဲ့ မရှုမြင်ပါဘူး။ တခုတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစု အများအပြားနေထိုင်တဲ့အတွက် လူနည်းစုလူမျိုးစု၊ လူများစုလူမျိုးစု ဒီလိုမျိုး ပြောဆိုတဲ့အပေါ်မှာတော့ လူများစုရှိတဲ့ နာမည်၊ လူနည်းစုရှိတဲ့နာမည်က ပြောကြမှာပဲ ဖြစ်ပါတယ်။ ကျမအနေနဲ့ကတော့ ဘယ်သူလုပ်တယ်။ ဘယ်လူမျိုး လုပ်တာထက် စာလို့ရှိရင် စနစ်ကို အကောင်အထည်ဖော်တဲ့လူတွေက ဒီလိုမျိုး ပဋိပက္ခတွေဖြစ်အောင် ဒီလိုမျိုး စိတ်ဝမ်းကွဲမှုတွေ ဖြစ်အောင် ဒါ ဖန်တီးတဲ့ အခြေအနေတရပ်ပဲ ဖြစ်တယ်။

နောက်တချက်က ရခိုင်ပြည်နယ်မှာ ဒီလိုမျိုး ဖြစ်ပေါ်နေတဲ့အရာကို သူများကို အပြစ်တင်မလားဆိုရင် ကျမ အနေနဲ့က အခု ကျမ ရင်ဆိုင်နေရတဲ့ ကိစ္စဆိုရင် ကျမ သုံးသပ်တာပဲရှိတယ်။ ဝေဖန်တာပဲ ရှိတယ်။ ကျမ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ သူ့ကြောင့် ကျမ ဒီလိုဖြစ်သွားတယ်။ သူတို့ကြောင့် ကျမ ဒီလိုဖြစ်သွားတယ်ထက် စာလို့ရှိရင် ဖြစ်ပေါ်လာတဲ့ အခြေအနေကတော့ ဒီလို၊ ဒါကို အဖြေရှာဖို့ပဲ ကျမ သုံးသပ်တယ်။ သူတပါးကို အပြစ်ဖို့တာ သိပ်လွယ်ပါတယ်။ ပြဿနာကို ဖြစ်ရတဲ့ အကြောင်းရင်းကို သုံးသပ်ဖို့ လိုပါမယ်။ လေ့လာဖို့ လိုပါမယ်။

မေး ။ ။ လက်ရှိ ကိုယ်စားပြုနေတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် မထုမေ လွှတ်တော်ထဲမှာ အများကြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ပြောဆို ဆွေးနွေးတာ၊ အဆိုတင်တာတွေ တွေ့ရတယ်။ ရခိုင့်နိုင်ငံရေးနဲ့ မြန်မာတပြည်လုံးအရေးမှာ ဒေသခံတွေရဲ့ သိမြင်မှုကို ဘယ်လို တွေ့ခဲ့ရလဲ။ မဲ ဆန္ဒရှင်တွေရဲ့ နိုင်ငံရေးရေချိန်ကို ဘယ်လို သုံးသပ်မိလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလိုအပ်မယ် ဆိုတာတော့ များသောအားဖြင့် သူတို့ လက်ခံတယ်။ ကျမရဲ့ မဲဆန္ဒနယ်က ပြည်သူတွေက ဒီနိုင်ငံရေးကို သုံးသပ်တဲ့အခါ အကောင်းမြင်ဝါဒ ထားရှိကြတယ်။ သူတို့ ပြုပြင်ပြောင်းလဲကြမယ်။ ပြီးရင် ပါတီတွေရော သူတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေရော မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲကြမယ်။ သူတို့လည်း ဒါကို လိုက်ပါပြီးတော့ ပြုပြင်ပြောင်းလဲကြမယ့် အခြေအနေကို ကောင်းကောင်း နားလည်ကြတယ်ရှင့်။

ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ကျရင်တော့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်အခြေအနေကို ကျမ သူတို့ကို တင်ပြတယ်။ ဆွေးနွေးတယ်။ အဲဒီအပေါ်မှာတော့ သူတို့ အားမရဘူး။ ကျမတို့ဆွေးနွေးတဲ့ ဖယ်ဒရယ်စနစ်ပေါ့နော်၊ ကိုယ့်ပြည်နယ်က ထွက်ရှိတဲ့ သယံဇာတ ခွဲဝေရေး ဒါတွေနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုကို လုံး၀ ကျေနပ်ခြင်း မရှိတာတော့ သေချာတယ်ရှင့်။

မေး ။ ။ ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားတွေ အတော်များများရှိပေမယ့် ၂၀၁၅ မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးတဲ့ ရာခိုင်နှုန်းကို ပြန်ကြည့်ရင် ၆၇ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါပေမယ့် ရခိုင်ရွှေ့ပြောင်းလုပ်သားထုများတဲ့ လှိုင်သာယာမှာ တချို့လွှတ်တော်နေရာတွေအတွက် မဲထွက်ပေးသူက ၄၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိတယ်။ မထုမေ ဝင်ပြိုင်မယ့် ဒီမဲဆန္ဒနယ်မှာ မဲထွက်ပေးမယ့်သူ နဲ့ပတ်သက်လို့ ဘယ်လို မှန်းဆမိလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ ပြည်သူတွေ မေ ျှာ်မှန်းထားတဲ့ အခြေအနေတွေကို မရောက်ဘူးဆိုတဲ့ဟာက တနိုင်ငံလုံး အခြေအနေပါ။ ကျမတို့ ရခိုင်လူမျိုးတွေမှ မဟုတ်ပါဘူး။ နောက် မဲပေးမယ့်သူ မဲထွက်ပေးဖို့ရာက ၂၀၁၅ နဲ့ ၂၀၂၀ က အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဒီအကျဘက်ကိုလည်း ပြောလို့ရသလို အခြေအနေက ၂၀၁၅ ထက်ပိုပြီး မဟန်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆို ၂၀၁၅ ကနေ အမှန်တကယ် ရခိုင်ပြည်နယ်မှာ နိုင်ငံရေး ရေချိန်သိပ်မြင့်တဲ့အခြေအနေ၊ နှစ်ပါတီပဲ ရှိတဲ့အတွက်ကြောင့် ပြည်သူတွေ အားရဝမ်းသာ ရှိခဲ့တယ်။ ငါတို့ စည်းလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်။ ဒီလိုအားရဝမ်းသာရှိတဲ့အချိန်မှာတောင်မှ ရာခိုင်နှုန်း နည်းလို့ရှိရင် အခု လက်ရှိမှာ ကိုဗစ်ကြောင့် နယ်ကို ပြန်သွားကြရတဲ့ သူတွေရှိတယ်။ ကိုဗစ်ကြောင့်ပဲ အလုပ်အကိုင် အခွင့်အလမ်း မရှိတော့သူတွေရှိတယ်။ နောက် မိသားစု စားဝတ်နေရေး အဆင်မပြေတာတွေ ရှိတယ်။ ငါတို့ မဲပေးလို့ဘာမှပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်ကြမှာ မဟုတ်ဘူးပေါ့။ ဒီလိုမျိုး ပြည်သူတွေဆီကနေ စိတ်ပျက်အားနည်းသွားတဲ့ပုံစံကိုလည်း ကျမတို့ အများကြီး ကြားရပါတယ်။

ဒါပေမယ့် ပြည်သူတွေ မဲထွက်ပေးလာအောင် ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးတွေရော (လိုက်နာရမယ်)။ နောက် ကိုယ့်ရဲ့မဲဟာ ဘယ်လောက် အရေးကြီးတယ်။ ကိုယ်မလိုချင်တဲ့ အစိုးရတစ်ရပ် ကိုယ်မလိုချင်တဲ့ ဝန်ကြီးတယောက် ထွက်ပေါ်လာအောင်အထိ အရေးပါတယ်ဆိုတဲ့ဟာကို ကျမတို့က ပြည်သူတွေကို ရှင်းပြဖို့ လိုပါတယ်။ ဒီလိုရှင်းပြပြီး ပြည်သူတွေနဲ့ စုစည်းနိုင်တဲ့ အင်အားတခုကို ရပြီဆိုရင် ဒါ မဲထွက်ပေးကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီစနစ်ကို ကျမတို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း (သိဖို့) လွှတ်တော်ကိုယ်စားလှယ်မှာလည်း တာဝန်ရှိတယ်။ နိုင်ငံရေးသမားတွေမှာလည်း တာဝန်ရှိတယ်။

အခု မြန်မာနိုင်ငံမှာ စိတ်ပျက်စရာတွေ အများကြီးရှိတာက ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီစစ်စစ်နိုင်ငံမဟုတ်လို့ ပြည်သူတွေ ထင်သလောက် လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင်ဘူး။ ပြည်သူတွေ မျှော်မှန်းသလောက် နိုင်ငံက ရှေ့မသွားဘူး။ ဒါ ဘာကြောင့်လဲဆိုရင် ကျမတို့နိုင်ငံသည် ဖွဲ့စည်းပုံတွေကအစ ဒီအောက်ခြေအထိ ဗဟိုကနေ ပြည်နယ်အထိ ဒီမိုကရေစီစစ်စစ် မဟုတ်သေးတဲ့အတွက် ဒီလိုမျိုး ပြည်သူ စိတ်ပျက်စရာတွေ ဖြစ်ပေါ်လာတယ်။ ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ်။

ဒီမဲပေးတဲ့ ယဉ်ကျေးမှုတွေကို ကျမတို့ ပြုစုရမယ်။ ပျိုးထောင်ရမယ်။ ဒါမှသာလျှင် ပြည်သူတွေရဲ့ အားနဲ့ ဒီနိုင်ငံကို ဆက်ပြီးတော့ မောင်းနှင်နိုင်မှာ ဖြစ်တယ်။ ဒီအကြောင်းအရာတွေကို မဲပေးမယ့် ပြည်သူတွေကို ကျမတို့ သေသေချာချာ ဂဃဏန ရှင်းပြနိုင်ရင်တော့ သူတို့အနေနဲ့ မဲပေးဖို့အတွက် စိတ်အားထက်သန်ကြမှာ ဖြစ်တယ်ရှင့်။

You may also like these stories:

ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ

မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်

NLD၊ ညွန့်ပေါင်းဂယက်နဲ့ No vote

The post ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ် appeared first on ဧရာဝတီ.

]]>
ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော် https://burma.irrawaddy.com/news/2020/07/30/227173.html Thu, 30 Jul 2020 05:40:52 +0000 https://burma.irrawaddy.com/?p=227173 ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ရွာသူရွာသားပေါင်း ၄၆၅၀ ဦး တို့က ကြွေးကြော်သံများကို ကြွေးကြော်ရင်း ဖာပွန်နှင့် ကမမောင်း မြို့များသို့ ချီတက်ခဲ့ကြသည်။

The post ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော် appeared first on ဧရာဝတီ.

]]>
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသို နှင့်ဒွယ်လိုး မြို့နယ်များမှ ဒေသခံလူထု ၄၆၀၀ ကျော်က ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ဖာပွန်မြို့နှင့် ကမမောင်း မြို့များသို့ ချီတက်ဆန္ဒပြခဲ့ကြပြီး တရားမျှတမှု နှင့် ၎င်းတို့ဒေသတွင် တပ်မတော်က အရပ်သားများအပေါ် သတ်ဖြတ်မှုများ အဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြသည်။

ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ရွာသူရွာသားပေါင်း ၄၆၅၀ ဦး တို့က ကြွေးကြော်သံများကို ကြွေးကြော်ရင်း ဖာပွန်နှင့် ကမမောင်း မြို့များသို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ထို ဆန္ဒပြပွဲသည် တပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျေးရွာ ၃၅ ရွာမှ ဒေသခံ ၁၅၀၀ ကျော်တို့က မြန်မာတပ်မတော် စခန်းများ၏ အပြင်ဘက်၌ ဆန္ဒပြခဲ့ကြသည်။

၎င်းတို့သည် ဇူလိုင် ၁၆ ရက်က မြန်မာ့တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၈) လက်အောက်ခံ တပ်ရင်းခမရ (၄၀၉) မှ စစ်သည် ၂ ဦးက ပိုလိုထာကျေးရွာမှ ကရင်အမျိုးသမီး နော်မုနော်ကို သတ်ဖြတ်ခဲ့ခြင်းအား ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

တပ်သား ၂ ဦးက နော်မုနော်ကို ပစ်သတ်၍ သူ၏ ရွှေဆွဲကြိုးကို ယူခဲ့သည့် ဖြစ်ရပ်သည် ၎င်းတို့အသိုင်းအဝိုင်းများ ရင်ဆိုင်နေရသည့် ရက်စက် ကြမ်းကြုတ်မှုများထဲမှ နောက်ဆုံး ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်တခုဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
၎င်းတို့ ဒေသအတွင်း လာရောက်အခြေစိုက်သော တပ်မတော် တပ်စခန်း ၄ ခု ကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆို ကြသည်။

သူတို့က“ ကျွန်ုပ်တို့လူထုကို လာရောက် သတ်ဖြတ်ခြင်းကို ကျွန်ုပ်တို့ မကျေနပ်ပါ။ ”၊ “ကျွန်ုပ်တို့ ကျေးရွာအပေါ် လွှမ်းမိုး ဖိနှိပ်ခြင်းကို ကျွန်ုပ်တို့ မကျေနပ်ပါ”၊ “ကျွန်ုပ်တို့ လုံခြုံရေးအတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြပါစို့”၊ “ကျွန်ုပ်တို့ ချက်မြှုပ်ရာ ဒေသနှင့် အမွေအနှစ် ကျွန်ုပ်တို့နှင့်ဆိုင်သည်” ဟု အဓိပ္ပါယ်ရသော ကြွေးကြော်သံများကို ကရင် ဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။

ကရင်အမျိုးသမီးအား သတ်ဖြတ်ခဲ့သော တပ်သား ၂ ဦး ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး တပ်မတော်က ၎င်းတို့ ကို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောကြားခဲ့သည်။ စစ်ဘက် တရားရုံးဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှုများကို ထိရောက်စွာနှင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက် သွားမည် ဟု သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

“တပ်မတော်က စစ်တရားရုံးနဲ့ စစ်ဆေးနေပြီ။ စစ်ဆေးနေတာ နှစ်ရက်လောက် ရှိပြီ။ သူ့ကို စွဲထားတဲ့ အမှုတွေကတော့ လူသတ်မှု၊ စစ်ပြေးမှု၊ မူးယစ်မှု၊ လက်နက်မှု အဲဒီ အမှု ၄ မှုနဲ့ စွဲထားတာ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမှုသည် စစ်မှုထမ်းချိန်၌ ကျူးလွန်သော အမှုဖြစ်၍ စစ်တရားရုံးဖြင့်သာ စစ်ဆေးမည် ဖြစ်သော်လည်း ပြစ်ဒဏ်ကို လျှော့ပေါ့ ချမှတ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“အရေးယူတာကတော့ စစ်ပြေးမှုတို့ ဘာတို့ကတော့ တပ်မတော် အက်ဥပဒေအရ အရေးယူတာပေါ့။ လက်နက်မှုတို့၊ လူ သတ်မှုတို့ကတော့ ပြစ်မှုပြစ်ဒဏ် ပြဋ္ဌာန်းချက်မှာ ပါပြီးသားပဲ။ လူသတ်မှုဆိုရင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရပဲ အရေးယူရ မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေကတော့ ရာဇသတ်ကြီးတွေမှာ ပါတဲ့ ပြစ်ဒဏ်တွေထက် လျော့စရာ မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြစ်မှုဖြစ်ပွားရခြင်းမှာ တပ်မတော်သား၏ ပုဂ္ဂလိကဆိုင်ရာ ကျူးလွန်ခြင်းကြောင့် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အလားတူ ဖြစ်ရပ်များ မဖြစ်ပွားရန် စစ်စည်းကမ်းပိုင်း ဆိုင်ရာ ပိုမိုတင်းကြပ်မှုများ ပြုလုပ်၍ စစ်သည်များ တိကျစွာ လိုက်နာရန် ဆောင်ရွက်သွားမည် ဟု ပြောသည်။

ထို့ပြင် တပ်စခန်းများသည် လုံခြုံရေးအရ ထားရှိသည့် စခန်းများ ဖြစ်သည့်အတွက် ပြောင်းရွေ့နိုင်ခြင်း မရှိကြောင်း၊ တပ် စခန်းများ ရုပ်သိမ်းရန် ဆန္ဒပြခြင်းမှာ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ရှိကြောင်း ၎င်းက ပြောဆိုသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ကမမောင်းမြို့နယ် ကတိုင်ထိ ကျေးရွာမှ ဒေသခံ စောဘီကမူ တပ်မတော်က ပြစ်မှုကျူးလွန်သူများကို စစ်ဆေး၍ ပြင်းပြင်းထန်ထန် အရေးယူမည်ဆိုသော်လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မတော်တဆ သေနတ်မှန်သည့် ပုံစံ ရေးသားထားခြင်းကြောင့် မြေပြင် အခြေအနေနှင့် ကွဲလွဲမှုများ ရှိနေ၍ စိတ်ချယုံကြည်နိုင်ခြင်း မရှိဟု ဆိုသည်။

“ကျနော့်အမြင်ကတော့ အပြောတမျိုး အလုပ်တမျိုး ဖြစ်နေတဲ့အတွက် စိတ်ချယုံကြည်မှု မရှိဘူး။ သတင်းမှန်ပြန်ကြားရေးမှာ ပြောထားတာတွေကလည်း ကျနော်တို့ ပြည်သူအတွက် မဟုတ်မမှန်ဘူးပေါ့။ သေနတ်ထုတ်တာကနေ မတော် တဆ ဖြစ်တယ်တို့ ဘာတို့လေ” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး ကလည်း တပ်မတော် အနေဖြင့် ၎င်း၏ အရေးယူ ဆောင်ရွက်မှုတွင် ပွင့်လင်းမြင်သာမှုကို အမှန်တကယ် ပြသရန် လိုကြောင်း ပြောသည်။

“ပွင့်လင်းမြင်သာမှု ဘာမှ မရှိဘူး။ သူတို့ (တပ်မတော်) က အမြဲပြောတာပဲ။ စုံစမ်းစစ်ဆေးမယ်လို့ ပြောပေမယ့် အရင် ဖြစ်ရပ်တွေ နဲ့ ပတ်သက်လို့ ဘာမှမကြားရသေးဘူး” ဟု ၎င်းက တပ်မတော်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့် အဖြစ်အပျက်များကို ရည်ညွှန်း၍ ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့ မှ ဇူလိုင် ၁၆ အတွင်းတွင် မြန်မာ့တပ်မတော်၏ တပ်ရင်း ၅ ရင်းခု လက်အောက် တာဝန် ထမ်းဆောင်နေသော စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဝါသိုးခို၊ ဝါးသိုးထာနှင့် ပိုလိုထာ ကျေးရွာများမှ အရပ်သား ၅ ဦး သေဆုံးရသည်ဟု ဆန္ဒပြသူများက ထုတ်ဖော် ပြောဆိုခဲ့သည်။

KPSN ၏ မှတ်တမ်းများအရ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ် (၈) လက်အောက်ခံ ခမရ (၄၀၅) မှ တပ်သားများ က ဇွန်လ ၂ ရက်နေ့တွင် ဝါသိုးထာရွာသား တဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

မေလ ၉ ရက်နေ့တွင် ခမရ (၄၁၀) မှ တပ်သားများက ကူးဆိပ်ကျေးရွာမှ ရွာသား ၁ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ထို တပ်ရင်းမှပင် မေလ ၇ ရက်တွင် ဝါသိုးခိုကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြသည်။ မတ်လ ၅ ရက်နေ့တွင် မယ်ဝေ ရွာလမ်းပေါ်တွင် တပ်မတော် ၏ ခမရ (၃၃၈) မှ တပ်သားများက ကရင်သစ်တောဌာန (KNU ၏ သစ်တောရေးရာ ဌာန) ဝန်ထမ်း ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး၊ ဇန်နဝါရီလ အစောပိုင်းတွင်လည်း ဝါသိုးခို ရွာသား ၁ ဦး သေဆုံးခဲ့ ရသည်မှာ ခမရ(၄၀၈) မှ တပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူများက အဆိုပါသတ်ဖြတ်မှုများနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်မှုများကို “ကျွန်ုပ်တို့ လက်မခံနိုင်” ဟု ထုတ်ဖော်ပြောဆိုကာ ထိုဖြစ်ရပ်များအတွက် တရားမျှတမှုရရှိရေးကို တောင်းဆိုခဲ့ကြသည်။

၂၀၁၈ ခုနှစ်မှစ၍ မြန်မာ့တပ်မတော်က ဖာပွန်ခရိုင်တွင် လမ်းဖောက်လုပ်ခြင်းကြောင့် တပ်မတော် နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကြားတွင် တင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုဒေသသည် KNU တပ်မဟာ ၅ ၏ ထိန်းချုပ်မှု အောက်တွင်ရှိပြီး ယခင်နှစ်ကတည်းက စစ်ရေးအရ တင်းမာမှုများကို ပုံမှန် မြင်တွေ့နေရသည်။

KNU သည် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ် ရေးထိုးခဲ့သော်လည်း တပ်မတော် နှင့် KNU တပ်ဖွဲ့များ အနေဖြင့် နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်သော ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည်။

(နေပြည်တော်မှ သတင်းထောက် ကျော်မျိုး ပူးပေါင်းရေးသားသည်။)

You may also like these stories:

တပ်မတော်သား ၂ ဦးကို ထိရောက်စွာ အရေးယူရန် ကရင်အဖွဲ့အစည်းများ တိုက်တွန်း

နမ္မတူက အမျိုးသမီး အဓမ္မကျင့်ခံရမှု RCSS အဖွဲ့ကို စစ်ဆေးရန် တောင်းဆို

The post ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော် appeared first on ဧရာဝတီ.

]]>
တိုင်းပြည်တည်ဆောက်ရေးက ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်တခု ဖြစ်တယ် https://burma.irrawaddy.com/opinion/interview/2020/07/21/226668.html Tue, 21 Jul 2020 09:33:38 +0000 https://burma.irrawaddy.com/?p=226668 သံအမတ်ကြီး Kristian Schmidt ပြန်လည်မထွက်ခွာမီ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်းနှင့် ဆွေးနွေးမှုမှ ကောက်နုတ်ချက်များကို ဖော်ပြအပ်ပါသည်။

The post တိုင်းပြည်တည်ဆောက်ရေးက ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်တခု ဖြစ်တယ် appeared first on ဧရာဝတီ.

]]>
ဥရောပသမဂ္ဂ (EU) ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt သည် မြန်မာနိုင်ငံတွင် ၃ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် Brussels ရှိ EU ရုံးချုပ်သို့ မကြာသေးမီက ပြန်သွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံရှိ EU ကိုယ်စားလှယ်အဖွဲ့ ၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး၊ မြန်မာနိုင်ငံနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်ရှိသွားမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့သည် လတ်တလောတွင် မြန်မာ့ ကြွေးမြီများ ပြန်လည် ပေးဆပ်ရေးကို ဆိုင်းငံ့ထားခြင်းမှသည် COVID-19 ကပ်ရောဂါကာလ အလုပ်လက်မဲ့ ဖြစ်သွားရသည့် အထည်ချုပ် လုပ်သားများအတွက် ဘဏ္ဍာရေးအကူအညီများ ပေးခြင်း၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသားဘာသာစကားဖြင့် သင်ကြားရေးများ တိုးတက်ရေး စသည်တို့အပါအဝင် ကဏ္ဍအသီးသီးတွင် အကူအညီများ ထောက်ပံ့ပေးလျက် ရှိသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင်ခဲ့သူများစွာနှင့် ထိတွေ့ ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ချိန် သူ့အတွက် အမှတ်တရများကို ပြန်ပြောင်း ပြောဆိုရင်း သံအမတ်ကြီး Kristian Schmidt က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ရခြင်းက သူ့ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရခြင်း၏ အဓိပ္ပါယ်ကို ပိုမို၍ပင် နားလည်စေခဲ့သည်ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြောကြသူများသည် သီအိုရီအရ ပြောဆိုခြင်း မဟုတ်ကြဘဲ အမှန်တကယ် ထူးခြားသည့် စွန့်လွှတ်အနစ်နာခံမှုများဖြင့် ပြောကြခြင်းဖြစ်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးသည် အကောင်အထည်ဖော်ဆဲ လုပ်ငန်းစဉ်တခု ဖြစ်ပြီး နိုင်ငံ၏ ပြဿနာအားလုံးက ရိုဟင်ဂျာအရေးတခုတည်းနှင့်သာ ဆက်နွယ် နေခြင်း မဟုတ်ကြောင်း အနောက်တိုင်းနှင့် ဥရောပတို့ နားလည်ရန် လိုအပ်သည်ကို ၃ နှစ်ကြာခဲ့ပြီးနောက် သူကောင်းစွာ နားလည်လာခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံသည် အချို့သော ကဏ္ဍများတွင် တိုးတက်မှုရအောင် လုပ်နိုင်ခဲ့သော်လည်း တိုင်းပြည်က ပိုမိုကောင်းမွန်သော ဘဝ၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေး လိုချင်သည့် ဆန္ဒ အာသီသရှိသဖြင့် အခြားသောကဏ္ဍများတွင် တိုးတက်မှုရအောင်ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ၎င်းက ဧရာဝတီသတင်းဌာသို့ ပြောဆိုသည်။

သံအမတ်ကြီး Kristian Schmidt ပြန်လည်မထွက်ခွာမီ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ တွဲဖက်အယ်ဒီတာ ငြိမ်းငြိမ်းနှင့် ဆွေးနွေးမှုမှ ကောက်နုတ်ချက်များကို ဖော်ပြအပ်ပါသည်။

မေး။ ။ မကြာသေးမီ (ဇူလိုင်လ ၂ ရက်) က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် တခုမှာ EU က ဥရောပ အဖွဲ့ရဲ့ တစိတ်တပိုင်း အနေနဲ့ ကြွေးမြီ ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ထားခြင်း အားဖြင့် COVID-19 တိုက်ဖျက်ရေး အတွက်မြန်မာနိုင်ငံကို ကူညီဖို့ ကတိပြုခဲ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံကို ဘယ်လိုပုံစံ ကူညီနိုင်မှာလဲ။

ဖြေ။ ။ ဒီကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရမှာ အရေးတကြီး ဦးစားပေးအစီအစဉ်တွေ ရှိ တယ်လို့ ကျနော်ထင်ပါတယ်။ လစာတွေပေးဖို့ နဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေ အတွက် ပစ္စည်းကိရိယာတွေရရှိဖို့က နံပါတ်တစ်ဦးစားပေး ဖြစ်နိုင်ပါတယ်။ အဲဒီနောက် အသွားအလာကန့်သတ်ထားမည့်လူတွေထားမယ့် အဆောက်အဦးတွေကို စီမံခန့်ခွဲဖို့နဲ့ အလုပ်လက်မဲ့ဖြစ်သွားသူတွေ၊ ပြည်တွင်းပြန်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီဖို့တွေ။ ဒါတွေ အားလုံးက ဘဏ္ဍာငွေလိုအပ်တဲ့ ချက်ချင်း ဦးစားပေးဆောင်ရွက်ရမယ့်အရာတွေ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ရုန်းကန်နေကြတဲ့အချိန်မှာ ဒါတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရက အခွန် ရပ်ဆိုင်းပေးခြင်း၊ ဗဟိုဘတ်ဂျက်သို့ ငွေပေးသွင်းရတာတွေကို လျှော့ပေးတာတွေ လုပ်နေပါတယ်။ အဲဒီဆောက်ရွက်ချက်တွေတိုးလာပြီး ဝင်ငွေကလျော့နည်းလာတာကို ခင်ဗျားတို့ တွေ့မြင်နိုင်ပါတယ်။

မြန်မာနိုင်ငံက သူ့ရဲ့ မိတ်ဆွေတွေဆီကနေ အထောက်အပံ့တွေ မြန်မြန်ဆန်ဆန် မရဘူးဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ငွေအလုံအလောက် မရှိတော့မှာကို ကျနော် စိုးရိမ်ပါတယ်။

အရေးအကြီးဆုံးက အစိုးရရဲ့ လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်စွမ်းကို ကူညီဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ကူညီထောက်ပံ့ပါတယ်။ ကျနော်တို့ ကူညီထောက်ပံ့မှုတွေက ငွေတိုက်တွေဆီ တိုက်ရိုက်သွားနေတာပါ။ အခု ကျနော်တို့က ဒီ ကြွေးမြီရွှေ့ဆိုင်းမှု ဆုံးဖြတ်ချက်ချပြီး ကူညီပါတယ်။ ရိုးရှင်းစွာ ပြောရရင် မြန်မာနိုင်ငံက ဥရောပနိုင်ငံ ၆ နိုင်ငံအပေါ် အကြွေးတင်နေတာကို အဲဒီနိုင်ငံတွေကလည်း သူတို့ စောင့်နိုင်တယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ငွေပြန်ဆပ်မှုကို မြီရှင်နိုင်ငံတွေက စောင့်ဆိုင်းသင့်ပါတယ်။ ရွှေ့ဆိုင်းသင့်ပါတယ်။

ကျနော် ထပ်ပြီးတောင်းဆိုရမယ်ဆိုရင် ဥရောပသမဂ္ဂ ၆ နိုင်ငံရဲ့ ကြွေးမြီပြန်ဆပ်မှုရွှေ့ဆိုင်းပေးတာက အခုနှစ်ကုန်ချိန်မှာ မြန်မာနိုင်ငံက ပေးဆပ်ရမယ့် ငွေ ရဲ့ ၂၀ ရာခိုင်နှုန်းသာ ဖြစ်တဲ့အတွက် ကျန် ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့ အခြားမိတ်ဖက်နိုင်ငံများကလည်း အလားတူ လုပ်ဆောင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ မိတ်ဆွေက ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အချိန်မှာ ခင်ဗျားရဲ့ ငွေကို ပြန်မျှော်လင့်လို့ မရပါဘူး။

မေး။ ။ သံအမတ်ကြီးက မြန်မာနိုင်ငံမှာ ၃ နှစ် နေခဲ့ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အချို့ကို မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတယ်။ မြန်မာနိုင်ငံက နိုဝင်ဘာလမှာ အထွေထွေ ရွေးကောက်ပွဲ တခု ကျင်းပဖို့ ရှိနေပါတယ်။ ဒီအတွက် ဘယ်လို မျှော်လင့်ပါသလဲ။

ဖြေ။ ။ ၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ်မှာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဒေသတွေ ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက အလွန်စိုးရိမ်စရာကောင်းတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ ပြည်သူတွေ မဲပေးခွင့်မရနိုင်ဘူးဆိုရင်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ရတယ်လို့ မခံစားရဘူးဆိုရင် တခြားနည်းလမ်းရှာတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအထဲ အကြမ်းဖက် နည်းလမ်းတွေ ပါလာလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဧရိယာ အားလုံးမှာ မဲပေးနိုင်လိမ့်မယ်လို့ ကျနော် တကယ် ကို မျှော်လင့်ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေက မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘ၀တွေကို ဘယ်လို တိုးတက်စေမယ်ဆိုတဲ့ အကြောင်းတွေနဲ့ စိတ်ကူး အကြံဉာဏ်တွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါကတော့ စီးပွားရေးအတွက်၊ ဒီမိုကရေစီအတွက်၊ တိုင်းရင်းသား ဒေသများ တန်းတူညီမျှ ရှိရေးအတွက် ဘယ်သူ့မှာ အကောင်းဆုံးအကြံဉာဏ်၊ အကောင်းဆုံး အစီအစဉ်ရှိသလဲ ဆိုတာတွေ ပါလိမ့်မယ်။ ပြီးတော့ ခင်ဗျား သိတဲ့အတိုင်း ဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ခံယူသူတိုင်း မြန်မာနိုင်ငံအတွက် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဘယ်သူ့မှာ အကောင်းဆုံး အကြံဉာဏ်ရှိသလဲဆိုတာတွေ ဖြစ်ပါတယ်။

 ရွေးကောက်ပွဲကို လေ့လာဖို့ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က ကျနော်တို့ကို ဖိတ်ကြားထားပါတယ်။ ဒါကြောင့် အလွန်အင်အားကောင်းတဲ့ EU ရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တခု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဘယ်သူပဲ အနိုင်ရရ တကယ်တော့ ကျနော်တို့ ကိစ္စမဟုတ်ပါဘူး။ ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတာက မြန်မာပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်ကို ပြန်လှည့်ကြည့်ပြီး ဒါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နောက်ထပ် ခြေလှမ်းတခုလို့ ပြောနိုင်ဖို့ တကယ့်ကို မျှော်လင့်ပါတယ်။ အကယ်၍ ဒီ ရွေးကောက်ပွဲတွေက ၂၀၁၅ ခုနှစ်ကထက် ပိုကောင်းမယ်၊ ပို ငြိမ်းချမ်းမယ်ဆိုရင် နောက်လာမယ့် အစိုးရက ခိုင်မာသော လုပ်ပိုင်ခွင့် နဲ့အတူ ရှေ့ကို ဆက် သွားနိုင်ပါလိမ့်မယ်။

မေး။ ။ EU က မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ အတွက်လည်း ပံ့ပိုးကူညီမှုတွေပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မှာ EU က ဘယ် အခန်းကဏ္ဍက ပါဝင်မှာလဲ။ ဘယ်လိုမျိုး အကူအညီတွေ ပေးနေပါသလဲ။

ဖြေ။ ။ ကျနော်တို့က STEP Democracy လို့ခေါ်တဲ့ အစီအစဉ်နဲ့ ပံ့ပိုးလုပ်ဆောင်ပါတယ်။ ဒီအစီအစဉ်တွေထဲမှာ မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ၎င်းတို့တာဝန်တွေ အကောင်အထည်ဖော်ရေး မှာ အထောက်အကူပေးရေးနဲ့ ပြည်တွင်းလေ့လာ စောင့်ကြည့်သူများကို ပံ့ပိုးရေးတွေ ပါပါတယ်။ နိုင်ငံခြားလေ့လာစောင့်ကြည့်သူတွေ ရှိဖို့က အလွန် အရေးကြီးသလို မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကို စောင့်ကြည့် လေ့လာရာမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေသည်လည်း ခိုင်မာအားကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ကျနော် ထင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နှစ်တွေအတွင်း သံအမတ်ကြီး အဓိက သုံးသပ်မိတဲ့ အချက်က ဘာလဲ။

ဖြေ။ ။ ကျနော် အစောပိုင်းမှာ ပြောခဲ့တာက ဒီမိုကရေစီနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝအတွက် စိတ်နှစ်ဆောင်ရွက်ကြသူတွေရဲ့ သတ္တိအကြောင်းပေါ့။ သူတို့ဟာ ငြိမ်းချမ်းရေးဆိုတာကိုလည်း နားလည်သဘောပေါက်သူတွေဖြစ်တယ်။ ငြိမ်းချမ်းရေးက လိုအပ်တယ်။ ကျနော့်ရဲ့ အရေးအကြီးဆုံး နားလည်သဘောပေါက်မှုတွေထဲက တခုကတော့ မြန်မာမှာ လုပ်စရာတွေ ကျန်နေသေးတယ် ဆိုတာပါပဲ။ ခင်ဗျားသိတဲ့အတိုင်းပဲ နှစ် ၇၀ ကြာ အထီးကျန်မှုကို ခင်ဗျားတို့ ၃နှစ်ထဲနဲ့ မကျော်လွှားနိုင်ပါဘူး။ ၃ နှစ်ဆိုတာ ဘာမှမပြောပလောက်ဘူး။

ဥပမာပြောရရင် ကချင်ပြည်နယ်က ပဋိပက္ခကို ဖြေရှင်းရာမှာ၊ ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသား အသိုင်းအဝိုင်းဖြစ်စေ၊ ရိုဟင်ဂျာပဲ ဖြစ်စေ အခြေခံကျတဲ့ မကျေနပ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ တိုင်းရင်းသား အုပ်စုတွေကြားထဲက တန်းတူညီမျှမှု ဆိုင်ရာ ကိစ္စရပ်၊ အစိုးရနဲ့ အာဏာပိုင်များ အပေါ် ယုံကြည်မှုဆိုင်ရာ ပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းက ၃ နှစ် ထက် အများကြီး ပိုကြာပါတယ်။

ဒါကြောင့် အနောက်တိုင်းနဲ့ ဥရောပတို့ အနေနဲ့ မြန်မာနိုင်ငံက ပြဿနာတွေက ရိုဟင်ဂျာ ကိစ္စသက်သက်နဲ့သာ ဆက်နွယ်နေခြင်း မဟုတ်တာကို သေသေချာချာ သဘောပေါက်နားလည်ဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။

ဒါက အရေးကြီးတယ်ဆိုပေမယ့် (ဥရောပ အတွက်ကတော့ အဲဒါက အလွန် အရေးကြီးပါတယ်) ကျနော်တို့ နားလည်ဖို့လည်း လိုအပ်ပါတယ်။ ၃ နှစ် ကြာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ တိုင်းပြည်တည်ဆောက်ရေးက ဆောင်ရွက်ဆဲလုပ်ငန်းစဉ်တခု ဖြစ်တယ် ဆိုတာကို ကျနော်ကောင်းကောင်း နားလည်ခဲ့ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ ရခိုင်စစ်တပ်အရေး နဲ့ ရိုဟင်ဂျာအရေး ကိစ္စရပ် နှစ်ခု သီးခြား ရှိပါတယ်။ ဒါပေမယ့် အနောက်တိုင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ရိုဟင်ဂျာအရေးကိုသာ သိကြပါတယ်။ သူတို့ကို ဘယ်လို သတင်းစကား ပေးချင်ပါသလဲ။

ဖြေ။ ။ အနောက်တိုင်းနဲ့ ကုလသမဂ္ဂတို့ က ရိုဟင်ဂျာပြဿနာအပေါ် အလွန် အာရုံစိုက်ရတဲ့ အကြောင်းရင်းတခု ရှိပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကြောင့်ပါ။ ကျနော်ကပဲ ပြောတာ မဟုတ်ပါဘူး။ အခုဆို အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု အပြီးမှာ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှုရှိခဲ့ကြောင်း အစိုးရက သဘောတူပြီလို့ ထင်ပါတယ်။ ၂၀၁၇ ခုနှစ် က ARSA (အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေး တပ်မတော်) ရဲ့ တိုက်ခိုက်မှုကို ဖြေရှင်းရာမှာ မြန်မာ့တပ်မတော်က အင်အား အလွန်အကျွံ အသုံးပြုခဲ့ပြီး၊ လူပေါင်း ၇၀၀၀၀၀ ကို အဓမ္မ နှင်ထုတ်ခြင်းကို ဦးတည်စေတဲ့ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့တယ် ဆိုတာကို အခုဆိုရင် လက်ခံပြီလို့ ကျနော် ထင်ပါတယ်။ အဲဒါက နိုင်ငံတကာက အာရုံစိုက်မှု အထူးတလည်ခံခဲ့ရတဲ့ နိုင်ငံတကာဖြစ်ရပ်ကြီးတခု ဖြစ်ပါတယ်။

နောက်ပြီး ၃ နှစ်ကြာပြီးတဲ့နောက်မှာလည်း သူတို့ (ရိုဟင်ဂျာဒုက္ခသည်တွေ) က အဲဒီ ဒုက္ခသည်စခန်းတွေမှာ နေကြရဆဲ ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ကျနော်ကိုယ်တိုင် (ဘင်္ဂလား ဒေ့ရှ် နိုင်ငံ) ကော့ဘဇားမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ရောက်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်နေချိန်ကာလနဲ့ မုတ်သုန်ရာသီကာလမှာ ခင်ဗျားတို့ သွားချင်မယ့် နေရာမဟုတ်ပါဘူး။ ကျနော် အဲဒါကို သေချာပေါက် ပြောနိုင်ပါတယ်။

 နိုင်ငံမဲ့ခြင်းက အခြေခံပြဿနာပါ။ ဒါက လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ် ဆက်ရှိနေတာပါ။

ဒါကို ဖြေရှင်းဖို့ လိုအပ်ပြီး ရေရှည်တည်တံ့မယ့် အဖြေကို ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်မှုမှာ ပိုပြီးလက်တွေ့ကျတဲ့ လမ်းကြောင်းတခု လိုအပ်ပါတယ်။

ဒါပေမယ့် ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ အနောက်တိုင်း (အထူးသဖြင့် EU) က ရခိုင်ပြည်နယ်က အခြေအနေတွေက ရိုဟင်ဂျာ ပြဿနာထက် ကျော်လွန်နေတယ်ဆိုတာကို နားလည်တယ်။ အခု လက်ရှိတင် ရခိုင် စစ်တပ် (AA) နဲ့ တိုက်ခိုက်နေတာ ကျနော်တို့ တွေ့နိုင်ပါတယ်။

ရခိုင်အသိုင်းအဝိုင်းက သူတို့ရဲ့ အရေးကိစ္စတွေမှာ ပိုမိုကျယ်ပြန့်စွာ ပြောဆိုခွင့်ရရေး ဆန္ဒရှိနေပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က သူတို့ရဲ့ ကိုယ်ပိုင် အရေးကိစ္စတွေကို ပိုမို ပြောဆိုခွင့် လုပ်ခွင့် ရလိုကြတယ်။ အဲဒါက ကျနော်တို့ ဥရောပ မှာလည်း ရှိပါတယ်။ ဥရောပတွင်း ဒေသဆိုင်ရာ အစိုးရတွေက ပိုမိုကျယ်ပြန့်တဲ့ ပြောဆိုခွင့် တောင်းခံကြတယ်။ သဘောတူအောင် ပြောခြင်းအားဖြင့် အဲဒီ မကျေနပ်မှုတွေကို ခင်ဗျား ဖြေရှင်းရပါမယ်။

တကယ်လို့ ခင်ဗျားက ရခိုင်ပြည်နယ်လို ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဆိုရင် ပြည်ထောင်စုအစိုးရက ချမှတ်တဲ့၊ နေပြည်တော်လွှတ်တော်က ချမှတ်တဲ့ ဆုံးဖြတ်ချက် အချို့ကို လက်ခံရပါလိမ့်မယ်။ ဘယ်ဆုံးဖြတ်ချက်တွေကို ဗဟိုက မချမှတ်ရဘူး၊ ဘယ်ဆုံးဖြတ်ချက်တွေကို ပြည်သူတွေနဲ့ ပိုမို နီးကပ်တဲ့ ဒေသဆိုင်ရာ အဆင့်က ချမှတ်သင့်တယ် ဆိုတာကို ဥရောပ သမဂ္ဂမှာလည်း ကျနော်တို့ စဉ်ဆက်မပြတ် ဆွေးနွေးနေရပါတယ်။

ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး နဲ့ အခြားအကြောင်းအရာတွေဟာ ဖက်ဒရယ် ပြည်ထောင်စုတခုတွင်းက ပြည်နယ်ရဲ့ အခွင့်အာဏာ ဖြစ်တယ်ဆိုတာကို ခင်ဗျား သဘောတူရပါမယ်။

ဒါကြောင့် ရခိုင်ပြည်နယ်သာမက ကချင်၊ ရှမ်းနှင့် ၀ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ) တွေမှာလည်း ပြဿနာရဲ့ အဖြေက ဒါတွေ အားလုံးကို ရှင်းလင်းအောင် လုပ်ပေးထားတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တခုကို ရေးဆွဲဖို့ ဖြစ်ပါတယ်။ တိုက်ပွဲတွေက အဲဒီ ဖွဲ့စည်းပုံရအောင်ပို့ပေးမှာ မဟုတ်တာ သေချာပါတယ်။ အကြမ်းဖက်မှုကလည်း အဲဒါတွေကို ရစေလိမ့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းက ကျနော့် အမြင်မှာ ဦးစားပေးဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ EU သံအမတ်ကြီး အနေနဲ့ တာဝန် ထမ်းဆောင်စဉ်အတွင်း မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်မှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ။ မြန်မာက တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးရှိပြီး၊ တရုတ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရ နဲ့ တပ်မတော်ကြားမှာ ငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ EU က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက်လို့ ပိုမိုပြီး လုပ်ပေးနိုင်တာ ဘာတွေ ရှိပါသလဲ။

ဖြေ။ ။ အစိုးရက နိုင်ငံတကာ ထောက်ပံ့မှုကို သူတို့ လက်ခံပေမယ့် အပြည်ပြည်ဆိုင်ရာက ညှိနှိုင်းပံ့ပိုးမှု ဒါမှမဟုတ် ကြားဝင်ဖြန်ဖြေမှုကို လက်မခံဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အဲဒါက တရုတ်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ တခါတရံမှာတော့ တရုတ်က လူတွေကို ဆွေးနွေးပွဲစကားဝိုင်းဆီ ခေါ်ပေးတာ သို့မဟုတ် ဆွေးနွေးဖို့နေရာပေးတာ စတာတွေမှာ အထောက်အကူဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက သူ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူကိုယ်တိုင် ထိန်းချုပ်ထားတယ်။ အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဘယ်သူကမှ ပံ့ပိုးပေးခြင်း သို့မဟုတ် ကြားဝင် ဖြန်ဖြေပေးခြင်း မရှိဘူးဆိုတာ အလွန်ထင်ရှားပါတယ်။ အဲဒါက အမြော်အမြင်ရှိတဲ့ရွေးချယ်မှု လို့ ကျနော်ထင်ပါတယ်။

 ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကမာ္ဘပေါ်မှာ အရှုပ်ထွေးဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲက တခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားတို့နိုင်ငံမှာ ဆွေးနွေပွဲစားပွဲဝိုင်း ပတ်လည်မှာ ကွဲပြားခြားနားတဲ့ အုပ်စုတွေ အများကြီး ရှိနေလို့ ဖြစ်ပါတယ်။

ကျနော်တို့က ဒီဆွေးနွေးပွဲတွေမှာ ကြားဝင်တာ၊ ညှိနှိုင်းပံ့ပိုးတာ သို့မဟုတ် ဖြန်ဖြေပေးတာတွေ မလုပ်ပါဘူး။ ဘယ်သူမှလဲ အဲဒီလို မဟုတ်ပါဘူး။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မြန်မာနိုင်ငံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ အစပိုင်းကတည်းက ကျနော်တို့ ဘာလုပ်သလဲဆိုရင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) ရဲ့ သက်သေတဦး အဖြစ် ကျနော်တို့ လုပ်ဆောင်နေတာက ငြိမ်းချမ်းရေးဗိသုကာဆိုင်ရာအဆောက်အအုံတွေကို ကူညီပေးတာပါ။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကိုဖြစ်စေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(UPC) အမျိုးမျိုးကို ဖြစ်စေ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ကူညီမှုတွေကို ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေ (JPF) ကတဆင့် ဥရောပသမဂ္ဂက ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ကျနော် ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) တွေ (အထူး သဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ) နဲ့ပါ ထိတွေ့နိုင်သမျှ များများထိတွေ့ ဆက်ဆံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုထိတွေ့ဆက်ဆံမှုက စ်ိတ်ချယုံကြည်မှု တည်ဆောက်ပေးနိုင်ပါတယ်။ သူတို့က နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ စကားပြောနိုင်တယ်ဆိုတဲ့ EAO တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးတယ်လို့ ကျနော် ထင်ပါတယ်။

NCA ကို သူတို့ လက်မှတ်ရေးထိုးခဲ့တဲ့အထဲ အကြောင်းရင်းတခုက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုခြင်းနဲ့ အတူတူ လက်တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်တယ်။ ဒါဟာ NCA ကို လက်မှတ်ထိုးခြင်းရဲ့ အကျိုးကျေးဇူးတခုဖြစ်ရမယ်လို့ မျှော်လင့်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ကို စိတ်အနှောက်အယှက် ဖြစ်အောင် မလုပ်ဖို့ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ EAO အဖွဲ့တွေနဲ့ ကျနော့်ရဲ့ ဆွေးနွေးမှုတွေတိုင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ စကားပြောရတာကို သူတို့တကယ် တန်ဖိုးထားတယ် ဆိုတာ အသေအချာ တွေ့ခဲ့ရပါတယ်။ ကျနော်တို့ အဲဒီလိုပဲ ဆက်လုပ်သွားပါမယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရက လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ လိုအပ်တဲ့ အဆင့်တွေကို အမှန်တကယ် အကောင်အထည် ဖော်နိုင်တယ်လို့ ထင်ပါသလား။ မြန်မာနိုင်ငံကို ဒီမိုကရေစီအပြည့်အဝဖြစ်စေဖို့ ဘယ်လိုကဏ္ဍတွေကို အစိုးရက ပိုမိုအာရုံစိုက်ဖို့ သို့မဟုတ် ပိုပြီး အားထုတ်ဆောင်ရွက်ဖို့ လိုအပ်ပါသလဲ။

ဖြေ။ ။ အစိုးရ ဝန်ကြီးတွေနဲ့ စကားပြောရင်း တခါတရံ ကျနော် သဘောပေါက်မိတာက သူတို့ ကိုယ်တိုင်လည်း ဒီထက် ပိုလုပ်ချင်ခဲ့ကြလိမ့်မယ် ဆိုတဲ့ ခံစားချက်ဖြစ်ပါတယ်။ အဲဒါက အစိုးရတိုင်းရဲ့ သဘောသဘာဝလို့ ကျနော် ထင်ပါတယ်။ အစိုးရတဖွဲ့ဟာ အစပိုင်းမှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေ၊ အစီအစဉ်တွေနဲ့ အတူ ရောက်လာတယ်။ နောက်တော့ တကယ့် လက်တွေ အခြေအနေက ဖြစ်လာရော။ ကံမကောင်းစွာနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ရတဲ့ ကိစ္စတခုက ရခိုင်ပြည်နယ်မှာ ARSA ရဲ့ တိုက်ခိုက်မှု နဲ့ အဲဒီနောက်ပိုင်းမှာ တပ်မတော်ရဲ့ အကြမ်းဖက်တုံ့ပြန်မှု ဖြစ်ပါတယ်။ အဲဒါက အစိုးရကို နည်းလမ်းများစွာနဲ့ လွှမ်းမိုးခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ အစီအစဉ်တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ နောက်တော့ ရခိုင်ပြည်နယ်က အာရုံစိုက်မှု အများအပြား ခံလာရတယ်။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး၊ ကလေးသူငယ်အခွင့်အရေး နဲ့ အချို့သော အလုပ်သမား အခွင့်အရေးဆိုင်ရာတွေမှာ ဥပဒေပြုရေးမှာရော အကောင်အထည်ဖော်ရေး မှာပါ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ ကျနော် ထင်ပါတယ်။

များမကြာမီမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးခြင်းနဲ့ အကာအကွယ်ပေးခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီး ခိုင်မာအားကောင်းတဲ့ ဥပဒေ တရပ်အဖြစ် အမျိုးသမီးတွေကို ပိုမို အကာအကွယ် ပေးနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ပြီးတော့ တိုးတက်မှုရှိအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ကျနော် ထင်တဲ့အရာ အတော်များများလည်း ရှိပါတယ်။ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ စာနယ်ဇင်းသမားများကို အကာအကွယ် ပေးရေး ဖြစ်ပါတယ်။ အစိုးရက သိပ်မသုံးပေမယ့် လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ စာနယ်ဇင်းတွေကို ခြိမ်းခြောက်ဖို့ အတွက် အသုံးပြုနေတဲ့ ဥပဒေဟောင်း တချို့ ရှိပါတယ်။ ကျနော့်အနေနဲ့ဆိုရင် ဒီဥပဒေတွေကို ပါလီမန်မှာ နေရာအများစု ရရှိထားတဲ့ ဒီမိုကရေစီအစိုးရက ကိုင်တွယ်နိုင်ခဲ့သင့်တယ်လို့ ယူဆတယ်။ ကျနော်ပြောတဲ့ ဥပဒေတွေထဲမှာပါတာက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၅ နဲ့ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) တို့ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ပိုမိုခိုင်ခိုင်မာမာရရှိစေဖို့ ဒီဥပဒေတွေကို မပြင်ဆင် တာက ကံဆိုးခြင်းပဲလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ ဒီပြဿနာကို ဖြေရှင်းနိုင် လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ကာကွယ်ခြင်းက ဒီမိုကရေစီတိုင်း ရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့အတွက်ပါ။

(Nyein Nyein ၏ Nation Building in Myanmar an ‘Ongoing Process’: Outgoing EU Ambassador ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အံ့ဩဖွယ် ကိုဗစ်ထိန်းချုပ်ရေး ဆက်ထိန်းထားရန် WHO မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် တိုက်တွန်း

စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်ဖို့ အချိန်ယူရပါတယ်

တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ

The post တိုင်းပြည်တည်ဆောက်ရေးက ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်တခု ဖြစ်တယ် appeared first on ဧရာဝတီ.

]]>
အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ https://burma.irrawaddy.com/business/2020/07/06/225817.html Mon, 06 Jul 2020 09:12:26 +0000 https://burma.irrawaddy.com/?p=225817 ယခုအခါ ခရီးသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းလိုက်သောကြောင့် ပြည်တွင်းခရီးသွားများ တစစ ပြန်လည် ခရီးထွက်နေပြီ

The post အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ appeared first on ဧရာဝတီ.

]]>
ဇွန်လတွင် ယာယီရပ်တန့်သွားခဲ့သော မြန်မာနိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်ခဲ့သည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြောင့် အထိအနာဆုံးကဏ္ဍများထဲမှ တခုဖြစ်သော ခရီးသွားလုပ်ငန်းသည် ပြန်လည် ရုန်းထရန် ကြိုးစားနေရသည်။

မတ်လနှောင်းပိုင်းက မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ် ၁၉ ရောဂါကူးစက်မှုကို အတည်ပြုပြီးနောက်ပိုင်း အစိုးရက ခရီးသွားလာမှုများကို ကန့်သတ်ပြီးကတည်းက ခရီးသွားလုပ်ငန်းသည် ဧပြီနှင့် မေလများတွင် ဝင်ငွေ လုံးဝကင်းမဲ့သွားသည်။

မေလနှောင်းပိုင်းကစတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အာဏာပိုင်များက ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု ရှိမရှိ စစ်ဆေးကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံနှုန်းများနှင့် ကိုက်ညီသော လုပ်ငန်းများကို ဘေးကင်းလုံခြုံမှု လက်မှတ်များ ထုတ်ပေးထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေအရ ဒေသန္တရအစိုးရများသည် ၎င်းတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်ခွင့် အခွင့်အာဏာ ရှိသည်။ ထိုဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုင်စင်ထုတ်ပေးနိုင်သည်။

ယခုအခါ ခရီးသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းလိုက်သောကြောင့် ပြည်တွင်းခရီးသွားများ တစစ ပြန်လည် ခရီးထွက်နေပြီသည်ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးမှ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်း ကဆိုသည်။

ဇွန်လ ဒုတိယပတ်အတွင်း ခရီးသွားဧည့်သည်များအကြား ထင်ရှားသော ရှမ်းပြည်တောင်ပိုင်းမှ ကလောမြို့ရှိ ဟိုတယ်များတွင် ပြည်တွင်းခရီးသွားများဖြင့် ပြန်လည်စည်ကားလာသည်။

လွန်ခဲ့သော သုံးပတ်အတွင်း ပြည်တွင်းခရီးသွားများနှင့် နိုင်ငံတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများ ကလောသို့ လာရောက် လည်ပတ်ကြသည်။ သို့သော် ယခင်က လာရောက်လည်ပတ်သူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သာရှိကြောင်း Kalaw Vista Bed & Breakfast ဟိုတယ်ပိုင်ရှင် ဒေါ် ချိုချိုဝင်း ပြောသည်။ ၎င်းက ယခု ပုံမှန်အခြေအနေသစ် (new normal) တွင် ယခင်ကဲ့သို့ ခရီးသွားဝင်ရောက်မှု စံချိန်ကို မမှီသေးသော်လည်း မျှော်လင့်မထားသည့် ပြည်တွင်းခရီးသွား အုပ်စုများ ရှိလာမည်လားဟု မျှော်လင့်နေကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

ရှမ်းပြည်နယ် ကျန်းမားရေးနှင့် ခရီးသွားလုပ်ငန်း အာဏာပိုင်များ၏ လမ်းညွန်ချက်များနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများနဲ့အညီ ဟိုတယ်ပြန်ဖွင့်ရန် ခွင့်ပြုချက်ရပြီးနောက် ကလောရှိ ဟိုတယ် ၅၈ ခုအနက် ၃၄ ခု သည် ဇွန်လတွင် ပြန်လည်လည်ပတ်နေပြီ ဖြစ်သည်။

ပြည်တွင်းခရီးသွားများသည် ကရင်ပြည်နယ် ဘားအံနှင့် ပုဂံအပါအဝင် အခြားနေရာများသို့လည်း ပြန်လည်သွားရောက်လည်ပတ်နေပြီ ဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းအရ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုမှ ဟိုတယ် ၈၀၀ ကျော်သည် ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ထားပြီး ကျန်ဟိုတယ်များသည် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် စစ်ဆေးခံနေကြောင်း သိရသည်။

ဇွန်လနှောင်းပိုင်းတွင် ဘားအံသို့ တနေ့လျှင် လူ ၁၀၀ ခန့်လာရောက်လည်ပတ်ပြီး ယခု ကာလတွင် ထိုနှုန်းကို နည်းသည်ဟု မဆိုနိုင်ဘဲ ခရီးသွားကဏ္ဍအတွက် ကောင်းမွန်ကြောင်း ဒေါ်မေမြတ်မွန်ဝင်း ပြောသည်။

“ကျမတို့လုပ်ငန်းတွေ ဆက်လက်ရှင်သန်ဖို့ အချင်းချင်း ပြန်ကူလို့ပဲရမယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းက ဒီငွေတွေက လတ်တလောမှာ စီးပွားရေးပြန်လည်ပတ်ဖို့ တခုတည်းသောနည်းလမ်းဖြစ်နေတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းကို အားပေးဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကကဏ္ဍက အတူတကွ ပူးပေါင်းဆောင်ရွက်နေကြတယ်” ဟု ဒေါ်မေမြတ်မွန်ဝင်း ကရှင်းပြသည်။

ဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း အကူအညီပေးရေး အစီအစဉ်အရ အစိုးရသည် ခရီးသွား လုပ်ငန်းများ ပြန်လည်ရှင်သန်ရေးအတွက် အဆင့် ၃ ဆင့် ဖော်ဆောင်နေသည်။

ပထမအဆင့်တွင် ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဧပြီလမှ စတင်ကာ ခြောက်လစာပေးဆောင်ရမည့် အခွန်များကို ရွှေ့ဆိုင်းပေးခြင်း၊ လိုင်စင်ကြေးပေးသွင်းမှုများအား တနှစ်ကင်းလွတ်ခွင့်ပြုခြင်း၊ နိုင်ငံပိုင် ငှားရမ်းထားသည့် ဟိုတယ်မြေများအတွက် ငှားရမ်းခ ၆ လစာကို ဆိုင်းငံ့ပေးခြင်းတို့ ပါဝင်သည်။

ကလောအနီးရှိ ချောင်းအတွင်း လှေလှော်နေသော တိုးရစ်များအား ၂၀၁၉ ဒီဇင်ဘာလအတွင်း မြင်ရစဉ်/ ထက်ဝေ

ဒုတိယအနေဖြင့် အစိုးရသည် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး အတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ဇွန်လမှ စတင်ကာ အသွားအလာ ကန့်သတ်မှုများနှင့် အဝင်အထွက်ကန့်သတ် သီးခြားခွဲထားမှုများကို ရုတ်သိမ်းပြီး ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်ရေး အစီအစဉ် အကောင်ထည်ဖော်မှုကို သြဂုတ်လအထိ ဆောင်ရွက်ရန် သတ်မှတ်ထားသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်စဉ်အတွင်း ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းကို မြှင့်တင်မည်ဖြစ်ပြီး ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောသည်။

ခရီးစဉ်ဒေသအသစ်များ ဖန်တီးရခြင်းသည် တနေရာတည်းတွင် လူအများ ပြည့်ကျပ် လည်ပတ်ပါက ရောဂါကူးစက်မှုအန္တရာယ် စိုးရိမ်ရသည့်အတွက် ခရီးသွားများ နေရာအနှံ့ ပြန့်ကျဲသွားစေရန် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ခရီးသွားလုပ်ငန်းကဏ္ဍတခုလုံး ပြန်လည်ဖွင့်လှစ်ရန် ဝန်ကြီးဌာန၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအကူအညီပေးရေးအစီအစဉ် နောက်ဆုံးအဆင့်တွင် သြဂုတ်လနှင့် လာမည့်နှစ် ဇန်နဝါရီအတွင်း ပြည်ပခရီးသွားများ ပြန်လည်ဝင်ရောက် လည်ပတ်လာနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်မည်ဟု သိရသည်။

ကိုဗစ် ၁၉ ကြောင့် ထိခိုက်ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရန် အစိုးရ၏ အကူအညီပေးရေး အစီအစဉ်အောက်တွင် စီးပွားရေးထိခိုက်သော ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများ၏ လုပ်ငန်းကုန်ကျစရိတ်များ ဆက်လက်လည်ပတ်နိုင်ရေးအတွက် တနှစ်ချေးငွေကို ၁ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ချထားပေးသည်။ အစိုးရသည် လက်ရှိအချိန်အထိ ခရီးသွားလုပ်ငန်းများ ရပ်တည်နိုင်ရန် ကိုဗစ်-၁၉ ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံအနက် ကျပ် ၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၁၅ သန်း) ကို ချေးငွေထုတ်ပေးထားပေးပြီးဖြစ်ကြောင်း ဦးအောင်အေးဟန်က ပြောသည်။

ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း မြှင့်တင်သည့် အစီအစဉ်အဖြစ် ဗီဇာစည်းမျဉ်းများ လျော့ပေးခြင်းအပါအဝင် မြန်မာ-မဲခေါင် ဒေသတွင်းခရီးသွားလုပ်ငန်းကို ဦးစားပေး ဖော်ဆောင်ရန် စီစဉ်ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသည် ၄.၃၆ သန်း ဝင်ရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ပြည်ပခရီးသည် ၃.၅၅ သန်းသာ ရရှိခဲ့သဖြင့် ယမန်နှစ်တွင် ခရီးသွား ၂၃ ရာခိုင်နှုန်းတိုးတက်မှု ရှိခဲ့သည်။

သို့သော် ဇန်နဝါရီလမှ မေလအတွင်း ကိုဗစ်-၁၉ ကြောင့် ပြည်ပခရီးသည် ရောက်ရှိမှုမှာ ယခင်နှစ်က အရေအတွက်ထက် ၅၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ပြည်ပခရီးသည် ၁.၈ သန်းလာရောက်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အလားတူ ကာလအတွင်းတွင်မူ မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ၈၃၂၀၉၄ ဦး လာရောက်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၂၃ သန်း ရရှိသည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများ ပျံသန်းမှု ပိတ်ပင်ထားဆဲ ဖြစ်သောကြောင့် လာမည့် ခရီးသွားရာသီဖြစ်သည့် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မြန်မာနိုင်ငံသည် ပြည်ပခရီးသွားများ အများအပြား လက်ခံရလိမ့်လာမည် ဟု မမျှော်လင့်ကြောင်း ဒေါ်ချိုချိုလွင်က ဆိုသည်။

ကိုဗစ်-၁၉ ရောဂါပိုးသည် ပြည်တွင်းနေ ပြည်သူများအကြား ကူးစက်မှုနှုန်း ဆက်လက်နည်းပြီး၊ ပြည်သူများကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညန်ချက်များအတိုင်း လိုက်နာလျှင် ပြည်တွင်းခရီးသွားလာမှု ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ဇွန်လ ၃၀ ရက် အထိ မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ရောဂါကူးစက်မှု ၂၉၉ ဦးရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို လူပေါင်း ၇၄၉၈၇ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး သေဆုံးသူ ၆ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၂၂၁ ဦး ရှိသည်။

ကိုဗစ်ကပ်ရောဂါကာလတွင် ခရီးသွားလုပ်ငန်းဈေးကွက်သည် ပြောင်းလဲနေပြီး ပြည်တွင်းခရီးသွားများလုပ်ငန်းကို အားပေးရန် ဟိုတယ်များသည် ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးနေကြောင်း ဒေါ်ချိုချိုလွင်က ပြောသည်။

ခရီးသွားလုပ်ငန်းများ ပြန်လည်လည်ပတ်သည်နှင့်အတူ အစိုးရသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ ဝန်ထမ်းများနှင့် စီမံခန့်ခွဲသူများ၊ ခရီးသွားများအားလုံး လိုက်နာရမည့် လမ်းညွန်များနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများ ချမှတ်ထားသည်။ ထိုအစီအမံများတွင် နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်ခြင်း၊ ခပ်ခွာခွာနေရမည့် ညွှန်ကြားချက်များ လိုက်နာခြင်း၊ နေရာထိုင်ခင်းများတွင် ပိုးသတ်ခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ခြင်းနှင့် ခရီးသွားရာဇဝင်မှတ်တမ်းတင်ခြင်းတို့ ပါဝင်သည်။

ထိုစည်းမျည်းများသည် ဟိုတယ်ဝန်ထမ်းများနှင့် စီမံခန့်ခွဲသူများ၊ ဟိုတယ်ပိုင်ရှင်များ သာမက လာရောက်တည်းခိုသည့် ဧည့်သည်များပါ လိုက်နာရပါသည်ဟု ဒေါ်ချိုချိုလွင်က ဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသေးပြီး ကိုဗစ်လွန်ကာလ မရောက်သေးဘဲ စီးပွားတိုးတက်ရေးအတွက် ကိုဗစ်နှင့်အတူ လုပ်ငန်းများ လည်ပတ်နေရသည့်အတွက် နောက်ထပ် ကိုရိုနာဗိုင်းရပ် ကူးစက်မှုလှိုင်းများကို ရှောင်ရှားရန် လူတိုင်း ကြိုတင်ကာကွယ်ရေး အစီအမံများကို လိုက်နာရမည် ဟု ဒေါ်မေမြတ်မွန်ဝင်းကလည်း ပြောဆိုသည်။

(Nyein Nyein ၏ As Domestic Tourism Reopens in Myanmar, Businesses Struggle to Get Back on Their Feet ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ခရီးသွားကဏ္ဍ ပြန်လည်ပတ်နိုင်ရေး ဘုရားစေတီများ ဖွင့်လှစ်ရန် လိုအပ်နေ

ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက

ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်

ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ၀ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်ပြော

The post အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ appeared first on ဧရာဝတီ.

]]>
ဒီမြေက ကိုယ့်ခြံ ကိုယ့်ယာ ကိုယ့်မြေ https://burma.irrawaddy.com/article/2020/06/30/225518.html Tue, 30 Jun 2020 09:22:59 +0000 https://burma.irrawaddy.com/?p=225518 အသုံးမပြုဘဲထားသော ထိုမြေများကို ပြန်ပေးရန်နှင့် ၎င်းတို့၏ မြေယာပိုင်ဆိုင်ခွင့်ကို လေးစားရန် တောင်သူများက စစ်တပ်ကို တောင်းဆိုကြသည်။

The post ဒီမြေက ကိုယ့်ခြံ ကိုယ့်ယာ ကိုယ့်မြေ appeared first on ဧရာဝတီ.

]]>
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းဒေသတွင်းရှိ လယ်မြေ ဧက ၂၀၀၀ နီးပါးနှင့် ပတ်သက်ပြီး မြေယာအငြင်းပွားမှုများ ရှိနေသည်။ ဒေသခံတောင်သူတဦးဖြစ်သူ မိုးဘဲ့ကမူ ထိုမြေသည် သူမကဲ့သို့သော တောင်သူများ ပိုင်ဆိုင်ပြီး စစ်တပ်က အာဏာဖြင့် မြေသိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု နားလည်နေသည်။

၁၉၉၀ ခုနှစ်များအစောပိုင်းကပင် ထိုနေရာမှ မြေဧက ၁၉၀၀ ကျော်တွင် သီးနှံများ စိုက်ပျိုးနေခဲ့သည့် လယ်သမား ၂၀၀ ကျော်အနက် အသက် ၅၈ နှစ်ရှိပြီဖြစ်သော တောင်သူ ပအိုဝ်းအမျိုးသမီး မိုးဘဲ့လည်း ပါဝင်သည်။ မေလ အစောပိုင်းအထိ ထိုပအိုဝ်းတိုင်းရင်းသား လယ်သူမကြီးသည် နောင်ကျောကျေးရွာအုပ်စုမှ သူ ပိုင်ဆိုင်သောမြေ ၈ ဧကတွင် ပြောင်းနှင့် စပါးပျိုးခင်းကို စိုက်ပျိုးခဲ့သည်။ သို့သော် မေလ ၁၇ ရက်နေ့တွင်မူ တောင်သူများ စိုက်ပျိုးနေသည့်နေရာသို့ တပ်မတော်သားများ ရောက်ရှိလာပြီး၊ ထိုမြေများသည် တပ်ပိုင်မြေဖြစ်သည့်အတွက် စိုက်ပျိုးခွင့်မပြုဟု ဆိုကာ စိုက်ခင်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ တပ်ပိုင်မြေဟု ဆိုသော ဧက ၂၀၀၀ နီးပါးတွင် အနည်းဆုံး ကျေးရွာ ၆ ရွာ ပါဝင်ပြီး တောင်သူများ၏ ထွန်ယက်စ လုပ်ငန်းများကို ရပ်တန့်ခြင်းလည်း ခံခဲ့ရသည်။

ထို့ပြင် အခက်အခဲဖြစ်နေသော တောင်သူများထံမှ စစ်သားများက လက်တွန်း လယ်ထွန်စက် ၂၉ ခုကို သက်သေအဖြစ် သိမ်းယူလိုက်ပြီး မိုးဘဲ့ အပါအဝင် လယ်သမား ၃၀ နီးပါးကို ကျူးကျော်မှုဖြင့် အမှုဖွင့်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၄၇ ဖြင့် တရားစွဲရန် တိုင်တန်းထားသည်။ ပုဒ်မ ၄၄၇ တွင် ရာဇဝတ်ကြောင်းအရ ကျူးကျော်သူ မည်သူမဆိုကို ထောင်ဒဏ် ၃ လအထိ ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေ ၅၀၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်မျိုးလုံးပေးနိုင်သည်ဟု ဖေါ်ပြထားသည်။

“ဒီမြေကို စစ်တပ်က မတရား သိမ်းဆည်းထားတာ။ တောင်သူတွေက ၂၀၁၈ ကျမှ သိကြတယ်။ အရင်က အကြောင်းကြားခြင်းလည်း မရှိ။ အသိပေးခြင်းလည်း မရှိ။ လျော်ကြေးပေးခြင်းလည်း မရှိ။ အဲဒါကြောင့်မို့ တရားဝင် သိမ်းဆည်းထားခြင်း မရှိဘူးလို့ တောင်သူတွေက သိထားတော့ တောင်သူတွေပဲ စိုက်နေပါတယ်” ဟု မိုးဘဲ့က ဆိုသည်။

သက်ကြီးအမျိုးသမီးများအပါအဝင် အခြားတောင်သူများကလည်း ၎င်းတို့တွင် တောင်ယာစိုက်ပျိုးရန်မှအပ အခြားရွေးချယ်စရာ နည်းလမ်းမရှိသည့်အပြင် မြေမှလွဲပြီး အခြားဘာမှ မရှိသည့်အတွက် ဆက်လက်စိုက်ပျိုးမည်ဖြစ်ပြီး၊ တရားစွဲရင်လည်းခံမည်၊ အမှုရင်ဆိုင်သွားမည်ဟု ဆိုကြသည်။

ခါးသည်းသော ဆိုးမွေ

တပ်မတော်၏ မြေသိမ်းဆည်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင် စနစ်၏ ဆိုးမွေများအနက် တခုဖြစ်သည်။ စစ်အစိုးရသည် အစိုးရဌာနများအတွက်သာမက ၎င်းတို့ ကိုယ်တိုင်အတွက်လည်း မြေများသိမ်းယူခဲ့သည်။ မြေဧကပေါင်းမည်မျှ သိမ်းယူခဲ့သည်ကို အတိအကျ မသိရပေ။ မြေယာအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ယခင်အစိုးရလက်ထက် ကော်မတီစတင်ဖွဲ့စည်းသည့်အချိန်မှ ယမန်နှစ်အထိ အသုံးမပြုသော လယ်မြေနှင့် အခြားမြေဧက ၅ သိန်းကျော် (၅၂၆၀၉၆ ဧက) ကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့အနက် ၅၀၈၈၅၂ ဧကကို ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ပြည်သူ့လွှတ်တော်တွင် မေးခွန်းတခုကို ဖြေကြားရာ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားခဲ့သည်။

တပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံတဝန်း သိမ်းယူထားသည့် မြေများအနက် မြေဧက ၂ သိန်းကျော်ကို ၂၀၁၃ ခုနှစ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းချိန်မှ စတင်ပြီး တစတစ ပြန်လည်ပေးအပ်ခဲ့ကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ အစောပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်တွင်လည်း မြေယာပြဿနာများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ မြေယာဆိုင်ရာတိုင်ကြားမှု အများအပြားသည်လည်း ဖြေရှင်းရန် ကျန်ရှိနေသေးသည်။ မေလအတွင်း ပအိုဝ်းလယ်သမားများနှင့် စစ်တပ်အကြား ထိပ်တိုက်တွေ့မှုသည် နောက်ဆုံးပေါ်ပေါက်လာသော မြေယာအငြင်းပွားမှုဖြစ်ရပ်ဖြစ်သည်။

၁၉၉၂ ခုနှစ်အထိ ၎င်းတို့ဒေသတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ မရှိခဲ့ဟု ဆီဆိုင်ဒေသခံများက ဆိုသည်။ ယင်းမတိုင်မီက ထိုဒေသကို ဦးအောင်ခမ်းထီ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ပအိုဝ်း အမျိုးသားအစည်းအရုံး (PNO) က ထိန်းချုပ်ထားခဲ့သည်။ PNO က ၁၉၉၁ ခုနှစ် ဧပြီလတွင် တပ်မတော်ခေါင်းဆောင်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်သောအခါ တပ်မတော်တပ်ဖွဲ့များ ထိုဒေသသို့ စတင်ရောက်ရှိလာကြသည်။

မေလအတွင်း ပအိုဝ်းရွာသားများ၏ လက်တွန်း လယ်ထွန်စက် ၂၉ ခုကို ရဲစခန်း၌ သက်သေအဖြစ် သိမ်းယူခဲ့သေးသည်/ ပအိုဝ်း လူငယ် အစည်းအရုံး (PYO)

PNO သည် ထိုနောက်တွင် ပအိုဝ်း နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လုံခြုံရေးကိုစီမံသည့် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းလိုက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တပ်မတော် အစိုးရက ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော နယ်မြေတခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ PNO ခေါင်းဆောင်များသည် တပ်မတော်နှင့် တပ်မတော်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူများအဖြစ် ဆက်လက်ရှိနေကြသည်။

၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်းတွင် စစ်တပ်သည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မြို့တော်များကို ဆက်သွယ်သည့် တောင်ကြီး-ဆီဆိုင်-လွိုင်ကော်လမ်း၏ အရှေ့ဖက်နှင့် အနောက်ဖက်မှ မြေဧကပေါင်း ၂၄၀၀ ကျော်ကို သိမ်းဆည်းလိုက်သည်။ ထိုမြေများကို တပ်မတော် ခြေမြန်တပ်ရင်းနှစ်ရင်းဖြစ်သည့် အမှတ် ၄၂၃ နှင့် ၄၂၄ အတွက် အခြေစိုက်စခန်းများ တည်ဆောက်ရန် သိမ်းခြင်း ဖြစ်သည်။ မြေ ၁၅၁ ဧကအတွက် တပ်မတော်က လျော်ကြေးပေးသော်လည်း ကျန်မြေများကိုမူ မြေလွှတ်မြေရိုင်းများအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်က နောက်ထပ်မြေဧက ၂၀၀ ကို ဒေသခံလယ်သမားများထံ ပြန်လည်ပေးအပ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ အဆိုအရ သိရသည်။ ယခုအငြင်းပွားနေသည့် မြေဧက ၁၉၀၀ ကို တပ်က ပြန်လည်စွန့်လွှတ်ခြင်း မရှိသေးပေ။

တပ်မတော်သည် ပြန်လည်ပေးအပ်နိုင်သမျှမြေများကို ပြန်လည်ပေးအပ်ထားပြီး ဖြစ်သောကြောင့် ကျန်မြေများကို ထိုဒေသတွင် တပ်စွဲထားသည့် တပ်ဖွဲ့များအတွက် ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လအစောပိုင်းက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားသည်။

တပ်ရင်းများ၏ လုံခြုံရေး၊ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုဝင်များကို ထားရှိရန် အဆောက်အအုံများအတွက် ထိုမြေကို တပ်မတော်က လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

အစိုးရ၏ မြေယာ မူဝါဒအရ တပ်မတော်သည် ပြန်လည်ပေးအပ်ခြင်းမရှိသည့် မြေများအတွက် ဒေသခံများကို လျော်ကြေးပေးရမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွင် မြေယာလျော်ကြေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ကျပ်ငွေသန်း ၇၀၀ ချထားပေးခဲ့သည်။ မေလနှောင်းပိုင်းက ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေအသုံးစရိတ် ချထားရေးကိစ္စဆွေးနွေးစဉ် ကာကွယ်ရေးဝန်ကြီးဌာနက မြေယာလျော်ကြေးပေးသော အခြားအသုံးစရိတ်ခေါင်းစဉ်အောက်မှ နောက်ထပ် ကျပ်ငွေ ၂၁၄၉.၁၈၇ သန်း တောင်းခံသည်။ သို့သော် ထိုငွေကို တပ်မတော်က မစွန့်လွှတ်သော မြေများအတွက် လျော်ကြေးပေးမည် မပေးမည်ကို တပ်မတော်ပြောခွင့်ရသူက ထည့်သွင်းပြောကြားခြင်းမရှိပေ။

ဆယ်စုနှစ်ပေါင်းများစွာ ထွန်ယက်ခဲ့သော မြေများ

၁၉၉၆ ခုနှစ်ကတည်းက ဒေသခံလယ်သမားများသည် မည်သည့် ပြဿနာမျှမရှိဘဲ ထိုမြေများတွင် သီးနှံများ နှစ်စဉ်စိုက်ပျိုးခဲ့သည်ဟု မိုးဘဲ့က ဆိုသည်။ တပ်မတော်ကလည်း လွန်ခဲ့သောလအထိ ထိုမြေတွင် စိုက်ပျိုးရန် လယ်သမားကို ယာယီအဖြစ် ခွင့်ပြုခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်တွင်မူ တပ်မတော်က ကျေးရွာများ၏ အချို့အစိတ်အပိုင်းများကို ပိတ်ဆို့ပြီး ထိုမြေများကို တပ်မတော်ကပိုင်သည်ဟုဆိုကာ ကျူးကျော်သူများကို တရားစွဲမည်ဟု ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်။ မိုးဘဲ့ အပါအဝင် ဒေသခံ ၇၀ ကျော်သည် ၂၀၁၉ ခုနှစ် သြဂုတ်လမှ စတင်ပြီး ၎င်းတို့ကို စွဲဆိုထားသည့် အမှု ၄ ခုနှင့် ရင်ဆိုင်နေကြရသည်ဟု ဆီဆိုင်မှ လယ်သမားများကို ကူညီနေသော ပအိုဝ်းလူငယ် နန်းဘို၏ အဆိုအရ သိရသည်။ ရဲတပ်ဖွဲ့သည် ထိုအမှုများကို စုံစမ်းစစ်ဆေးနေသော်လည်း မည်သည့်အမှုကိုမျှ တရားရုံးသို့ တင်သွင်းခြင်း မရှိသေးပေ။

နောက်ဆုံးအမှုဖြစ်သည့် မေလ ၁၇ ရက်နေ့တွင် စစ်သား ၃၀ ရောက်လာပြီး သီးနှံများကို ဖျက်ဆီးကာ လယ်ထွန်စက်များကို သိမ်းဆည်းသည်။ လယ်သမားကို တရားစွဲမည်ဟု ခြိမ်းခြောက်သည်။ ထိုမြေများတွင် တောင်သူများ ဆက်လက်စိုက်ပျိုးလုပ်ကိုင်သောအခါ တပ်ပိုင်မြေဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ထောင်လိုက်သည်။

နောက်ထပ်ဆိုင်းဘုတ်များတွင် တောင်သူများသည် ဆီဆိုင်ရဲစခန်းတွင် ပုဒ်မ ၄၄၇ အရ တရားစွဲ တိုင်တန်းထားခံရသူများဖြစ်ပြီး အမှုကို တရားရုံးက ဖြေရှင်းပေးသည်အထိ တပ်ပိုင်မြေတွင် စိုက်ပျိုးခွင့်ကို ခွင့်ပြုမည် မဟုတ်ကြောင်း ရေးသားထားသည်။ ထိုသတိပေးချက်ကို မလိုက်နာသူများကို ကျူးကျော်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်းလည်း ထိုဆိုင်းဘုတ်များတွင် ရေးသားထားသည်။

တောင်သူများက သီးနှံစိုက်ပျိုးခြင်းသည် ၎င်းတို့၏ တခုတည်းသော အသက်မွေးဝမ်းကြောင်းဖြစ်သဖြင့် ထိုသို့ဟန့်တားခြင်းကို လက်မခံကြပေ။   စိုက်ပျိုးရန်လည်း အစိုးရထံမှ စိုက်ပျိုးစရိတ်ချေးငွေ ရယူထားပြီးကြောင်း ပြောသည်။

အသုံးမပြုဘဲထားသော ထိုမြေများကို ပြန်ပေးရန်နှင့် ၎င်းတို့၏ မြေယာပိုင်ဆိုင်ခွင့်ကို လေးစားရန် တောင်သူများက စစ်တပ်ကို တောင်းဆိုကြသည်။

“ကျနော်တို့ တောင်သူတွေက သူတို့မြေကို လိုချင်တယ်။ စိုက်ပျိုးစရာ မြေမရှိလို့ သူတို့မြေကို သူတို့ကို ပြန်ပေးဖို့ တောင်းဆိုကြခြင်း ဖြစ်တယ်” ဟု ဆီဆိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက ပြောသည်။

ဇွန်လ ၂ ရက်နေ့တွင် ထိုအငြင်းပွားနေသော မြေတွင် ပင်စုံကျေးရွာအုပ်စုမှ ထီမန်း၊ နောင်လုံ၊ ကောင်းမှုဘွာ ကျေးရွာများ၊ ဆီဆိုင်မြို့နယ် ဟိုခဲရပ်ကွက်နှင့် နောင်ကျောကျေးရွာအုပ်စုမှ မီးသွေးကန်နှင့် ကောင်းသောင်ရိုးကျေးရွာများမှ တောင်သူ ၁၅၀ ခန့် ပြန်လည် စိုက်ပျိုးရန် ထွန်ယက်ကြသည်။

“တောင်သူတွေက ဒီမြေမှာမှ မစိုက်ရင် အကြွေးနွံနစ်မှာ” ဟု ပအိုဝ်း လူငယ် အစည်းအရုံး (PYO) အကြီးအကဲ ခွန်ဦးက ဆိုသည်။ PYO သည် ဒေသခံတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးများအတွက် ကူညီပေးသော အဖွဲ့လည်း ဖြစ်သည်။

ဇွန်လ ၃ ရက်နေ့တွင်မူ PYO အပါအဝင် လူမှုအခြေပြု အဖွဲ့အစည်း ၁၉၀ ကျော်နှင့် ရွာသားများက ကြေညာချက်တစောင်ထုတ်ပြန်ပြီး ထိုမြေများကို ပြန်ပေးရန် တပ်ကို တောင်းဆိုကြသည်။

တင်းမာမှုများ မြင့်မားလာသည့်အခါ ဇွန် ၄ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။ ထို့နောက် သိမ်းဆည်းထားသော လယ်ထွန်စက်များကို ပြန်လည်ပေးအပ်သည်။ သို့သော် ထိုမြေကို ထပ်မံ ထွန်ယက်ခြင်း မပြုရန် ကတိဝန်ခံချက်ကို တောင်သူများက ရဲတပ်ဖွဲ့ထံတွင် လက်မှတ်ထိုးခဲ့ရသည်ဟု မိုးဘဲ့က ဆိုသည်။

နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်ကျော်နိုင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တွေ့ဆုံအပြီးတွင် သက်သေအဖြစ် သိမ်းထားသော လယ်ထွန်စက်များ ပြန်ပေးမည်ဟု ကတိပြုခဲ့သော်လည်း  တောင်သူများကို မိရိုးဖလာပိုင်မြေတွင် ထွန်ယက်ခွင့်ပေးရန် တောင်းဆိုမှုကို သဘောမတူဘဲ လယ်သမားကို စွဲဆိုထားသည့် အမှုများကို ရုတ်သိမ်းရန်လည်း ကတိပေးခဲ့ခြင်းမရှိဟု ဆိုသည်။

ထို့အပြင် သီးနှံစိုက်ပျိုးခွင့်ရလိုပါက ထိုမြေများကို တပ်ပိုင်မြေအဖြစ် အသိအမှတ်ပြုရန် တိုင်းမှူးက တောင်သူများကို ပြောဆိုသည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဆိုအရ သိရသည်။

ထိုမြေကို ဒေသခံများပိုင်ဆိုင်ကြောင်းနှင့် ထိုမြေသည် ဒေသခံများ ဆက်လက် ရှင်သန်ရေးအတွက် တခုတည်းသော မှီခိုရာဖြစ်ကြောင်းလည်း မိုးဘဲ့နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်။

“မှန်မှန်ကန်ကန် လမ်းပဲ ဆက်လျှောက်နေတယ်။ ကျမတို့ မတရားတာ မဟုတ်ဘူး။ ကိုယ့်ခြံကိုယ့်ယာ ကိုယ့်မြေမို့ ဆက်စိုက်နေတဲ့အတွက်ကြောင့် ကျမတို့ ရင်ဆိုင်ဖို့ပဲ။ တရားစွဲလည်း အစွဲခံမှာပေါ့။ ကျမတို့ မြေဖြစ်တယ်။ ဒါအမှန်တရားပဲ” ဟု မိုးဘဲ့ကလည်း ဆိုသည်။

တချိန်တည်းတွင် ထိုအမှုသည် အစိုးရ၏ လယ်ယာမြေစီမံခန့်ခွဲမှု ဗဟိုကော်မတီထံသို့လည်း ရောက်ရှိနေသည်။

ထိုပြဿနာကို ဖြေရှင်းပေးရန်တောင်းဆိုသော စာတစောင်ကို တောင်သူများက ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အစိုးရသို့ မေလ ၂၅ ရက်နေ့တွင် ပေးပို့ခဲ့သည်။ တရားဝင်ပြန်ကြားချက်ကိုမူ လယ်သမားက ဇွန်လအစောပိုင်းကအထိ ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဗဟိုကော်မတီသည် ထိုအမှုများကို စဉ်းစားသုံးသပ်နေကြောင်းနှင့် မကြာမီ ထိုဒေသသို့ လာရောက်လေ့လာမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆီဆိုင်သို့ ဇွန် ၇ ရက်က သွားရောက်ခဲ့ချိန်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။

တပ်မတော်က စိုက်ထူထားသော ဆိုင်းဘုတ်/ ပအိုဝ်း လူငယ် အစည်းအရုံး (PYO)

မြေပိုင်ဆိုင်ခွင့် ဆုံးရှုံးနေခြင်း

မြေယာ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေစဉ်အတွင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခေါင်းဆောင်များကလည်း တင်းမာမှုများ လျှော့ကျစေရန် တတ်နိုင်သမျှ လုပ်ဆောင်နေသည်။

တောင်သူများ၏ စိုးရိမ်ပူပန်မှုများကို ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် သိမ်းဆည်း လယ်မြေများ စိစစ် စီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြပေးကာ ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအကြီးအကဲ ဦးခွန်စန်းလွင်ပြောသည်။

ဇွန်လ ၃ ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တွေ့ဆုံရာတွင် ယခုနှစ်ရာသီတွင် လယ်သမားကို ထိုမြေတွင် ထွန်ယက်ခွင့်ပေးရန် တပ်မတော်ကို တောင်းဆိုကြောင်း ပအိုဝ်းအမျိုးသား အစည်းအရုံး၏ ဥက္ကဋ္ဌလည်းဖြစ်သော ဦးခွန်စန်းလွင်က ဧရာဝတီသို့ ပြောဆိုသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းမှာ ယာယီဖြေရှင်းမှုသာ ဖြစ်ကြောင်းလည်း သူက ဆိုသည်။

လယ်သမားများ၏ စိုးရိမ်ပူပန်မှုများကို အထက်သို့ တင်ပြပေးမည် ဖြစ်ကြောင်းသာ တိုင်းမှူးက ဆိုခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများသည် ကြီးမားသော ပြဿနာအဖြစ် ဆက်လက်တည်ရှိနေသည်။ သိမ်းဆည်းမြေများသည် မြေလွတ်မြေရိုင်းဟု အာဏာပိုင်များက သတ်မှတ်ပြီး ဒေသခံများ၏ မိရိုးဖလာ မြေအသုံးပြုမှုနှင့် ပိုင်ဆိုင်မှု အလေ့အထများနှင့် ဆန့်ကျင်နေသည်။

ဒေသခံများသည် ထိုမြေကို ရွှေ့ပြောင်းတောင်ယာအဖြစ် စိုက်ပျိုးနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း မြေယာပိုင်ဆိုင်ခွင့်စာရွက်စာတမ်း ပုံစံ ၁၀၅ မရှိသဖြင့် မြေပိုင်ဆိုင်ခွင့် ဆုံးရှုံးရသည်။ မြေယာပိုင်ဆိုင်ခွင့် စာရွက်စာတမ်း မရှိသည့်အတွက် သိမ်းဆည်းမြေများကို စစ်တပ်က မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်ခြင်းကြောင့် ဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ပအိုဝ်းတောင်ပေါ်ဒေသ၌ ကြေးတိုင်နှင့် မြေခွန်ရုံး မရှိသောကြောင့်လည်း မြေပိုင်ဆိုင်ခွင့် ရရှိရေးမှာ ထိုကာလက ခက်ခဲကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက ရှင်းပြသည်။

၎င်းက ဆက်လက်ပြီး “(စစ်အစိုးရလက်ထက်) ၁၉၉၆ တုန်းက တပ်က မြေဧက ၂၂၀၀ ထဲက လျော်ကြေးပေးတာ ဧက ၁၅၀ ကျော်ပဲ။ အဲ့တုန်းက ပုံစံ ၁၀၅ ဆိုတာ လုပ်လို့မရဘူး။ ပုံစံ ၁၀၅ မရှိတော့ စာရင်းမပေါက်ဘူး။ ဒါပေမယ့် စိုက်တဲ့လူက ရှိတယ်။ ရွာကို ရှိတာ။ အဲဒီနောင်လုံရွာဆိုရင် တပ်ဧရိယာပါတော့ ရွာတောင်ရွှေ့ပေးရတယ်။ … ကျန်တာ  တပ်မတော်စစ်အစိုးရလက်ထက်မှာ စာရင်းဇယား မရှိတော့ လျော်ကြေးမရဘူး။ တိုင်းရင်းသားဒေသမှာ မြေဆိုတာ တနေရာမှာပဲ နှစ်တိုင်းစိုက်လို့မရဘူး။ အဲ့တုန်းကတော့ လူကလည်းနည်းသေး။ မြေကလည်း များသေးတယ်။ တနှစ် နှစ်နှစ် စိုက်ပီးရင် ရွေ့တာ။ ရွှေ့ပြောင်းတောင်ယာပေါ့” ဟု  ရှင်းပြသည်။

လယ်သမားများသည် အရပ်သားအစိုးရ၏ မြေယာမူဝါဒသစ်နှင့်အညီ မြေပိုင်ဆိုင်ခွင့်ရယူရန် ကြိုးစားနေကြောင်းလည်း သူကပြောသည်။ ၂၀၁၆ ခုနှစ်က ချမှတ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ မြေယာမူဝါဒသစ်အရ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြေယာအသိမ်းခံရပြီး မြေပိုင်ဆိုင်မှု စာရွက်စာတမ်းမရှိသော လယ်သမားများသည် ရပ်မိရပ်ဖများက အတည်ပြုပေးလျှင် ထိုမြေကို ပိုင်ဆိုင်ခွင့် တောင်းခံနိုင်သည်။ အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုကို ပအိုဝ်းတောင်သူများ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

တချိန်တည်းတွင် ဒေသခံလယ်သမားများသည် မြေယာပိုင်ဆိုင်နိုင်ခွင့် အခွင့်အရေးကို ပိုမိုနားလည်လာသည့်အတွက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖြစ်ပေါ်နေသည့် မြေယာ အငြင်းပွားမှုမျိုး တနိုင်ငံလုံးတွင် ဆက်လက်ဖြစ်ပေါ်မည့် အလားအလာ ရှိနေသည်။

လတ်တလော ဆီဆိုင်တွင်မူ မိုးဘဲ့ ကဲ့သို့သော တောင်သူများမှာ သောင်မတင်ရေမကျ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ ၎င်းတို့၏ တိုင်ကြားမှုများအတွက် ပြည်ထောင်စုအဆင့် မြေယာအငြင်းပွားမှု ဖြေရှင်းရေးကော်မတီထံမှ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း ရဲတပ်ဖွဲ့ က တရားစွဲလာမည့်အရေးကို ရင်ဆိုင်ကာ နောက်ဆက်တွဲ အခြေအနေကို စောင့်ဆိုင်းနေသူများရှိသကဲ့သို့ ယခုအခါ မိုးရာသီ ကျရောက်လာသောကြောင့် ထိုမြေများတွင် စွန့်စား စိုက်ပျိုးလုပ်ကိုင်နေသူ အချို့လည်း ရှိသည်။

“တပ်မလာခင်ကတည်းက ဒီမြေမှာ တောင်သူစိုက်တယ်။ တပ်ရောက်လာပီးလည်း တောင်သူတွေ စိုက်တယ်။ ယနေ့အချိန်ထိလည်း တောင်သူစိုက်တယ်။ တရားစွဲလည်း အစွဲခံမှာပေါ့” ဟု မိုးဘဲ့က ဆိုသည်။

(Nyein Nyein ၏  “This Is Our Land-and That”s the Truth” :Pa-O Farmers Challenge Myanmar Military ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ

တင်းမရွာ ကြမ္မာဆိုးဝင်တဲ့နေ့

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့

The post ဒီမြေက ကိုယ့်ခြံ ကိုယ့်ယာ ကိုယ့်မြေ appeared first on ဧရာဝတီ.

]]>
ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့မည့် နေရာထပ်တိုး https://burma.irrawaddy.com/news/2020/06/25/225298.html Thu, 25 Jun 2020 14:49:52 +0000 https://burma.irrawaddy.com/?p=225298 ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား အစိုးရ၏ ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCCT) အတွက် စာရင်းကောက်ခံခြင်းကို

The post ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့မည့် နေရာထပ်တိုး appeared first on ဧရာဝတီ.

]]>
ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား အစိုးရ၏ ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCCT) အတွက် စာရင်းကောက်ခံခြင်းကို ဇူလိုင်လ ၁ ရက်တွင် စတင်ဆောင်ရွက်ပြီး သြဂုတ်လတွင် ထောက်ပံ့ငွေ လွှဲပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

အားလုံးအကျုံးဝင်သဖြင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်သည့် ဒေသများနှင့် နေရပ်စွန့်ခွာပြီး တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ၎င်းတို့ကလေးငယ်များကိုပါ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် ၂ နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး၊ ထိုစဉ်က ရခိုင်နှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့သာ ပါဝင်ခဲ့သည်။

နောက်တနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကယားနှင့် ကရင်ပြည်နယ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကလေးများ ပါဝင်ခဲ့ပြီး၊ ယခု ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်လာခြင်းဖြစ်သည်။

အစိုးရက လက်ရှိထောက်ပံ့နေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကျိုးခံစားခွင့်ရှိသူ ၆၅၁၀ ဦး၊ ချင်းတွင် ၃၂၆၆၇ ဦး၊ ရခိုင်တွင် ၁၃၈၄၈၆ ဦး၊ ကယားတွင် ၁၁၈၆၂ ဦး နှင့် ကရင်ပြည်နယ် ၅၁၉၉၆ ဦး ဖြင့် စုစုပေါင်း အကျိုးခံစားခွင့်ရှိသူ ၂၄၁၅၂၁ ဦးရှိသည်။

MCCT ထောက်ပံ့မှုအစီအစဉ်တွင် တလလျှင် ကျပ်တသောင်းခွဲနှုန်းဖြင့် သုံးလတကြိမ် ထောက်ပံ့ပေးလျက်ရှိသည်။

ယမန်နှစ်များက အစိုးရဘဏ္ဍာငွေမှ ထောက်ပံ့ခြင်းဖြစ်ပြီး၊ ယခုနှစ် တိုးချဲ့ထောက်ပံ့မှု အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်၏ IDA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိထားသည့် အတွက် အစိုးရဘဏ္ဍာနှင့် ချေးငွေတို့ မျှကာ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ဆိုသည်။

ဒေါ်စန်းစန်းအေး က “ဇူလိုင်လမှာ စာရင်းကောက်မှာမို့ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် အတွင်းရှိ လက်ရှိ ကိုယ်ဝန်ဆောင်ထားသူတွေ အားလုံးပါပါမယ်။ ပြီးတော့ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့နောက်ပိုင်း မွေးဖွားတဲ့ ကလေးတွေပါမယ်။ ဘာကြောင့် ဧပြီလ ဖြစ်လဲဆိုတော့ ကျမတို့ရဲ့ payment (ထောက်ပံ့မှု) သည် ဧပြီ၊ မေ၊ ဇွန် အတွက် သုံးလ တဖြတ်ပေးမယ်။ ပြီးရင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာအတွက် သုံးလတဖြတ်ပေးမယ်။ ဒီ နှစ်ဖြတ်စလုံးကို ရောပြီးတော့ သြဂုတ်လထဲမှာ ပေးဖို့ အစီအစဉ်လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကာလမို့လို့ စီစဉ်ရတဲ့ အခြေအနေတွေကြောင့်ပါ” ဟု ဒေါ်စန်းစန်းအေးက ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ရှင်းပြသည်။

ထောက်ပံ့မှုအကျိုးခံစားခွင့်ရှိသူများအား ပုဂ္ဂလိက ငွေလွှဲဝန်ဆောင်မှုတဆင့် ငွေလွှဲပေးမည် ဖြစ်သည်။

ထိုအတွက် ပြင်ပပုဂ္ဂလိက ငွေကြေးလွှဲပြောင်းသည့် ကုမ္ပဏီများအား တင်ဒါခေါ်ယူထားပြီး လာမည့် ဇွန်လ ၂၉ ရက်တွင် တင်ဒါရရှိသည့် ကုမ္ပဏီအား ရွေးချယ်ကာ တင်ဒါစည်းမျဉ်းအတိုင်း လုပ်ငန်းအပ်နှံသွားမည်ဟု လူမှုကာကွယ်စောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်အတွင်း ဧပြီ ၁ ရက်နောက်ပိုင်း မွေးဖွားသည့် ကလေးမိဘများ အနေဖြင့် ရပ်ကွက်ကျေးရွာ အထွေထွေအုပ်ချုပ်ရေးရုံး စာရေးထံ သွားရောက် စာရင်းသွင်းရာတွင် ကလေးမွေးစာရင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းများ ယူဆောင်သွားရမည် ဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်များအနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်း ပြသရမည် ဖြစ်သည်။

အကျိုးခံစားခွင့်သူရှိများကို ကျန်းမာရေးအသိပညာပေးခြင်းအတွက် ရပ်ကွက်ကျေးရွာ အခြေပြု စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သားဖွား ဆရာမများက ဆောင်ရွက်သွားဟု လူမှုဝန်ထမ်းဦးစီးဌာနက ဆိုသည်။

MCCT အစီအစဉ်သည် ၂၀၁၄ ခုနှစ်က ရေးဆွဲထားသော လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ အဓိကလုပ်ငန်းစဉ် ၈ ခုထဲမှ တခု ဖြစ်သည်။ လူ့ဘ၀ အစ ရက်ပေါင်း ၁ ထောင်အတွင်း အပိုဆောင်း အာဟာရ ထောက်ပံ့ပေးနိုင်ရေး အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များကို ဦးစားပေး ထောက်ပံ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတဝှမ်း လွှမ်းခြုံသော ထောက်ပံ့မှုများတော့ မဟုတ်သေးပေ။

ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက “ကိုယ်ဝန်ဆောင်နဲ့ ၎င်းတို့ကမွေးဖွားလာတဲ့ အသက် ၂ နှစ်အောက်ကလေးတွေကို အာဟာရပိုင်းဆိုင်ရာ ထောက်ပံ့တဲ့အစီအစဉ်က ဒေသပိုင်းဆိုင်ရာ အားလုံးကို ကျမတို့ မသွားနိုင်သေးဘူး။ ဒါပေမယ့် သွားတဲ့ဒေသမှာတော့ အားလုံးအကျုံးဝင်မှုဆိုတဲ့ (universality) ကို ကျမတို့ ဦးစား အမြဲပေးပါတယ်။ ဒါကြောင့်မို့ ကျမတို့ ဆောင်ရွက်တဲ့ နေရာမှာ အစိုးရတွေရော CSOs, CBOs (လူထုအခြေပြုအဖွဲ့အစည်းတွေ) တွေရော ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပါတယ်” ဟု ဆိုသည်။

ယခု ဘဏ္ဍာနှစ်အတွင်း အကျိုးခံစားခွင့်ရှိသူများတွင် ရှမ်းပြည်နယ်အတွင်း ဝ၊ မိုင်းလား၊ ရှမ်းနှင့် တအန်း (ပလောင်) တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်သည့် နေရာများအပါအဝင် နေရာအားလုံးတွင် ငွေကြေးထောက်ပံ့မှုပေးနိုင်ရေးအတွက် စာရင်းကောက်ခံသွားမည် ဖြစ်ကြောင်း လူမှုကာကွယ်စောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဆိုသည်။

ဦးကျော်လင်းထင် က “ကျနော်တို့ရဲ့ အစီစဉ်က ယူနီဗာဆယ် ပရိုဂရမ်ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့နေရာမှာရှိတဲ့ လူတွေအားလုံးကို လွှမ်းခြုံနိုင်ဖို့ ကြိုးစားတာ ကျနော်တို့ရဲ့ မူ ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ပေါ့။ EAOs ဒေသတွေရှိပါတယ်။ NCA ထိုးထားတာရော မထိုးထားတာရော။ ဒါပေမယ့်လည်း ကျနော်တို့ရဲ့ ပရိုဂရမ်က မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာရှိတဲ့ ရှမ်းပြည်နယ်ဆို ရှမ်းပြည်နယ် နယ်နိမိတ်အတွင်းမှာရှိတဲ့ အကျိုးခံစားခွင့်ရှိသူအားလုံး ရရှိရေးသည် ကျနော်တို့ မူ ဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ရော တွေ့ဆုံညှိနှိုင်းခဲ့တာတွေ ရှိပါတယ်။” ဟု ရှင်းပြသည်။

ရှမ်းပြည်နယ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများ အပါအဝင် အပစ်ရပ်လက်မှတ်မထိုးထားသော အဖွဲ့များ ထိန်းချုပ်သည့် ဒေသများလည်း ရှိသည်။

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်သည့် အထူးဒေသ ၂ နှင့် ရှမ်းအရှေ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) က ထိန်းချုပ်သည့် အထူးဒေသ ၄ (မိုင်းလား)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် – ကိုးကန့် (MNDAA) ထိန်းချုပ်သည့် ဒေသများအပါအဝင် နယ်မြေအားလုံးတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအား ထောက်ပံ့သည့်အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ဆိုသည်။

ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး က “ရှမ်းပြည်နယ်အစိုးရအဖွဲ့ရယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးရယ်၊ ကမ္ဘာ့ဘဏ်မှ တာဝန်ယူရှိသူများကနေပီးတော့ အထူးဒေသ ၂ ပန်ဆန်းနဲ့ အထူးဒေသ ၄ မိုင်းလားမြို့မှာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့ ဆက်သွားမယ့် ဒေသတွေမှာ ဥပမာ ဆိုရင် ဟိုမိန်း၊ လွိုင်တိုင်းလျဲန် စတဲ့ ဒေသတွေကို ဆက်သွားဖို့ ဖြစ်ပါတယ်။ ဒီဘက် လင်းခေးဘက်၊ မောက်မယ်ဘက် ဆိုရင်လည်း ကျနော်တို့ ကြိုတင် ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ကိုဗစ်ကာလ လွန်မြောက်တာနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

RCSS ထိန်းချုပ်ဒေသဖြစ်သည့် ဟိုမိန်း၊ လွိုင်တိုင်းလျဲန် ဒေသသို့ ငြိမ်းချမ်းရေးညှိနှိုင်းမှု တွင် ပါဝင်သည့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ခေါင်းဆောင်ကာ သွားရောက်ရန် ပြင်ဆင်ထားခဲ့သော်လည်း မတ်လတွင် ကိုဗစ်နိုင်တင်း ကပ်ရောဂါ ဖြစ်ပွားလာသည့်အတွက် ရပ်နားခဲ့ရခြင်းဖြစ်ပြီး ခရီးသွားလာခွင့်များ ပြန်ရပါက ဆက်လက်သွားရောက်ညှိနှိုင်းနိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးထွန်းဦးက ဆိုသည်။

You may also like these stories:

မူဆယ် နယ်စပ်စီးပွားရေးဇုန်တွင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် တို့ပါဝင်မည်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ

The post ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့မည့် နေရာထပ်တိုး appeared first on ဧရာဝတီ.

]]>
တရားမဝင် မြန်မာ့ကျွန်းသစ်များကို ဥရောပမှ သူဌေးများ ဆက်လက်ဝယ်ယူနေဆဲဟု EIA ဆို https://burma.irrawaddy.com/opinion/interview/2020/06/02/223807.html Tue, 02 Jun 2020 07:14:47 +0000 https://burma.irrawaddy.com/?p=223807 အစီရင်ခံစာပါ အကြေင်းအရာနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနက EIA မှ Alec Dawson ကို အီးမေးလ် မှ တဆင့် မေးမြန်းခဲ့သည်။

The post တရားမဝင် မြန်မာ့ကျွန်းသစ်များကို ဥရောပမှ သူဌေးများ ဆက်လက်ဝယ်ယူနေဆဲဟု EIA ဆို appeared first on ဧရာဝတီ.

]]>
ဥရောပသမဂ္ဂ၏ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း (EUTR) အရ မြန်မာနိုင်ငံမှ တရားမဝင်ကျွန်းသစ်များကို ၂၀၁၃ ခုနှစ်မှ စ၍ ဥရောပသမဂ္ဂတွင် ကုန်သွယ်ခွင့်မပြုပါ။ သို့သော် လန်ဒန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ၏ နောက်ဆုံးအစီရင်ခံစာတွင် ကုန်သည်များသည် မြန်မာနိုင်ငံမှ အဖိုးတန်ကျွန်းသစ်များကို ဥရောပသို့ တရားမဝင်မှောင်ခို လမ်းကြောင်းမှတဆင့် သွင်းကုန်ဥပဒေများကို ရှောင်ကွင်းကာ တင်သွင်းရောင်းချရန် ငွေပေးလုပ်ဆောင်နေပြီး၊ ထိုသစ်များကို ဈေးကောင်းပေးဝယ်သူများထံသို့ ဇ်ိမ်ခံရွက်လှေ ကုန်းပတ်များပြုလုပ်ရန် ရောင်းချလျက်ရှိသည်ဟု ဖော်ပြထားသည်။

EIA ၏ နောက်ဆုံးအစီရင်ခံစာဖြစ်သည့် “The Croatian Connection Exposed – Importing illicit Myanmar teak through Europe’s back door” (ခရိုအေးရှား သစ်မှောင်ခိုလမ်းကြောင်း ဖော်ထုတ်ခြင်း- ဥရောပ မှောင်ခို လမ်းကြောင်းမှ ဥပဒေမဲ့မြန်မာ့ကျွန်းသစ်များ တင်သွင်းခြင်း) တွင် ၎င်းတို့ ရရှိခဲ့သောသွင်းကုန် / ပို့ကုန် စာရွက်စာတမ်းများအရ ၂၀၁၇ မှ ၂၀၁၉ ခုနှစ် အတွင်း ခရိုအေးရှားနိုင်ငံ ရီဂျဲကာ (Rijeka) ဆိပ်ကမ်း သို့ စုစုပေါင်း သစ်တန်ချိန် ၁၄၄ တန် ရှိသည့် တင်ပို့မှု ၁၀ ခု ရောက်ရှိ ခဲ့ကြောင်း ဖော်ပြထားသည်။ ကုန်ပို့လွှာပြေစာအရ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး (ကျပ် ၁.၄ ဘီလီယံ) ရှိသည်ဟု ဖော်ပြထားသော်လည်း သစ်များကို ရွက်လှေ တည်ဆောက်သူများထံ ရောင်းချပါက ဈေးနှုန်းအလွန်မြင့်မားသည်။

မြန်မာ့သစ်နှင့်ပတ်သက်သော EIA အစီရင်ခံစာပါ အကြေင်းအရာအပြင် မြန်မာနိုင်ငံ၏ လျော့နည်းလာနေသော သစ်တောများနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနက EIA မှသစ်တောရေးရာဆောင်ရွက်သူတဦး ဖြစ်သည့် Alec Dawson ကို အီးမေးလ် မှ တဆင့် မေးမြန်းခဲ့သည်။

မေး။ ။ EIA ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဘာကို အဓိက ဖော်ပြထားပါသလဲ။

ဖြေ။ ။ ဥရောပတလွှားမှာ ရှိတဲ့ ကုမ္ပဏီတွေက ဥရောပသမဂ္ဂရဲ့ သစ်တင်သွင်းမှုဆိုင်ရာစည်းမျဉ်းဥပဒေတွေကို ရှောင်ရှားပြီး ခရိုအေးရှားနိုင်မှာ သစ်တွေတင်သွင်းလာတဲ့ အပေါ် EIA က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတခုရဲ့ ရလဒ်တွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဥရောပအာဏာပိုင်တွေက မြန်မာ့ကျွန်းသစ်ကို အီးယူသို့ တင်သွင်းခြင်း နဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်။ ကျွန်းသစ် တိုက်ရိုက်ကုန်သွယ်မှု က ဒီစည်းမျဉ်းတွေကို လိုက်နာကျင့်သုံးတဲ့ နိုင်ငံတွေမှာ သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ခရိုအေးရှား အပါအဝင် အခြားနိုင်ငံတွေမှာ မြန်မာ့သစ်တင်သွင်းမှု မြင့်တက်လာတာကို တွေ့ရပါတယ်။

လွတ်လပ်စွာ သတင်းအချက်အလက်တောင်းခံခွင့် အရ ဖြေကြားလာတဲ့ ခရိုအေးရှားစိုက်ပျိုးရေးဝန်ကြီးဌာန က ပေးတဲ့ စာရွက်စာတမ်းတွေအရ သစ်တွေ တင်သွင်းတာ၊ ရောင်းဝယ် ဖောက်ကားတာတွေကို Viator Pula အမည်ရှိတဲ့ ခရိုအေးရှား ကုမ္ပဏီကို ဥရောပတလွှားမှာ ရှိတဲ့ ကုန်သည်တွေက အသုံးပြုနေတာကို EIA က တွေ့ရှိခဲ့ပါတယ်။ ဖြစ်ရပ် တော်တော်များများ မှာ သစ်သားလက်ခံရရှိတဲ့ ကုမ္ပဏီတွေကို သို့မဟုတ် သူတို့ နိုင်ငံတွင်းက သစ်လုပ်ငန်းတွေကို တိတိပပ သတိပေးချက်တွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ သတိပေးချက်တွေမှာ မြန်မာ့ ကျွန်းသစ်တွေက တရားဝင်ဖြစ်ကြောင်း သူတို့တင်ပြတဲ့ အထောက်အထားတွေက မလုံလောက်ဘူး သို့မဟုတ် မြန်မာ့ကျွန်းသစ်တွေအတွက် ဥရောပမှာ တရားဝင်ဖြစ်ကြောင်း ပြသဖို့ လုံလောက်တဲ့ စစ်ဆေးမှုလုပ်ပေးဖို့ မဖြစ်နိုင်ဘူး လို့ ဖော်ပြထားပါတယ်။ ကုန်သွယ်မှုရပ်တန့်တာမျိုး သို့မဟုတ် သူတို့ ရဲ့ ကိုယ်ပိုင် အထောက်အထားစစ်ဆေးမှု စနစ်တွေကို တိုးတက်အောင် လုပ်ရမယ့် အစား သူတို့ က ခရိုအေးရှားကနေတဆင့် သစ်တွေကို ရယူဖို့ ရွေးချယ်ခဲ့ကြပါတယ်။

မေး။ ။ မြန်မာနိုင်ငံက ကျွန်းသစ် က ဥရောပသမဂ္ဂသစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း (EUTR) နဲ့ ဘာကြောင့် ကိုက်ညီမှု မရှိသေးတာလဲ။ ဘယ်လို ပြုပြင် ပြောင်းလဲမှုတွေ လိုအပ်ပါသလဲ။

ဖြေ။ ။ EUTR နဲ့ ကိုက်ညီဖို့ မြန်မာ့ကျွန်းသစ်တင်သွင်းသူတွေအနေနဲ့ သူတို့ရဲ့ သစ်တွေက တရားဝင် ရင်းမြစ်ကနေ ရရှိ တာ သေချာကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေကို အစစ်ဆေးခံနိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက တရားမဝင် သစ်ထုတ်လုပ်မှုတွေကြောင့် သိသိသာသာထိခိုက်ခဲ့ပြီးပါပြီ။ သစ်တောဦးစီးဌာန က ထုတ်ယူဖို့ ခွင့်ပြု သတ်မှတ်ထား တာထက်ပိုပြီး ခုတ်လှဲနေခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့တာပါ။

မကြာသေးခင်နှစ်အတွင်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အတွက် သိသာတဲ့ ခြေလှမ်းတွေ လှမ်းခဲ့ပါတယ်။ ဥပမာအားဖြင့် နှစ်စဉ် ခုတ်လှဲမှုတွေကို လျှော့ချခြင်းနဲ့ သစ် အလုံးလိုက် တင်ပို့မှုကို တားမြစ်ခြင်းတွေ စတင် ပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီ လတွေအတွင်း သစ်တော ဦးစီးဌာနက တရားမဝင်သစ် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တဲ့ အတွက် တရားမဝင် သစ်ထုတ်တာတွေကို အရေးယူ ဆောင်ရွက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် တရားမဝင်သစ်တွေ နိုင်ငံတကာဈေးကွက်ကို ရောက်ရှိ မသွားရေး သေချာဖို့ လိုအပ်နေတာက ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်။

မေး။ ။ EIA ရဲ့ အစီရင်ခံစာ မှာ ခရိုအေးရှား၊ ဂရိနဲ့ အီတလီ အပါအဝင် အီးယူနိုင်ငံ အများအပြားမှာ မြန်မာနိုင်ငံက သစ် တင်သွင်းမှု သိသိသာသာတိုးပြီးတော့ ဘယ်လ်ဂျီယံ၊ ဂျာမနီ နဲ့ နယ်သာလန် တို့မှာ လျော့ကျသွားခဲ့ တယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံက သစ် အလုံးလိုက် တင်ပို့မှု တားမြစ်ချက် ထုတ်ထားသလို နှစ်စဉ် သစ်ထုတ်လုပ်မှုကို လျှော့ချခဲ့ပေမယ့် မြန်မာ ကျွန်းသစ် သစ်လုံးတွေက EU အတွင်း မှာ တရားမဝင် ရောင်းဝယ်မှု တွေ ရှိနေသေးတယ်ဆိုရင် ဘာကြောင့် အဲဒီလို ဖြစ်ရတာပါလဲ။

ဖြေ။ ။ သစ်တွေက EU ကို သစ်လုံးတွေ အနေနဲ့ ရောက်ရှိလာတာ မဟုတ်ပါဘူး။ ခွဲသား အနေနဲ့ ရောက်လာတာ ဖြစ် တဲ့အတွက် အလုံးလိုက် တင်ပို့မှု တားမြစ်ချက်ကို ရှောင်ရှား နိုင်ပါတယ်။ သစ်ရဲ့ မူလအရင်းအမြစ် အားလုံးရဲ့ တရားဝင်မှုကို အတည်ပြုဖို့ အတွက် လုံလောက်တဲ့ အထောက်အထားတွေ စစ်ဆေးမှု ခံယူခြင်း မရှိဘဲ ဥရောပ ဈေးကွက်ကို သစ်တွေ သယ်ယူလာတာက EU ရဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတာပါ။ EU မှာ ရှိတဲ့ သစ်ကုမ္ပဏီတွေက သူတို့ တင်ပြရမယ့် မှန်ကန်ကြောင်း အထောက်အထား တွေကို လုံလောက် မြင့်မားတဲ့ စံနှုန်းတွေနဲ့ အညီ သက်သေပြနိုင်ခြင်းမရှိပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ် လောက်က EU နိုင်ငံ တွေ (ဥပမာ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ နှင့် နယ်သာလန်) က လုံလောက်တဲ့ မှန်ကန်ကြောင်း အထောက်အထား ပြသနိုင်ခြင်း မရှိဘဲ ကုန်သွယ်နေတဲ့ ဥရောပ ကုမ္ပဏီတွေကို တားဆီးဖို့ အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တချို့သော ကုမ္ပဏီ တွေက ကုန်သွယ်မှု ရပ်တန့်တာမျိုး သို့မဟုတ် သူတို့ရဲ့ အထောက်အထားမှန်ကန်ကြောင်း ပြသနိုင်ဖို့ ပိုမိုဆောင်ရွက်ရမယ့်အစား သစ်တင်ပို့ဖို့ အတွက် ခရိုအေးရှားလို ကြားခံနေရာတွေကို အသုံးပြုဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ခရိုအေးရှားအာဏာပိုင်တွေက အဲဒါကို တားဆီးဖို့အတွက် အရေးယူဆောင်ရွက်ဖို့ ကြိုးစားနေပြီမို့ ခရိုအေးရှားနိုင်ငံအတွင်း တရားမဝင် သစ်ကုန်သွယ်မှုကို လျှော့ချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မေး။ ။ EU အတွင်းမှာ တရားမဝင်ကျွန်းသစ် ရောင်းဝယ်ခြင်း သို့မဟုတ် EUTR ကို ချိုးဖောက်ခြင်းအတွက် အပြစ် ပေးခံရတဲ့ ဒါမှ မဟုတ် အပြစ်ပေးမှုနဲ့ ရင်ဆိုင်နေရတဲ့ EU ကုမ္ပဏီ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အခု လက်ရှိမှာတော့ ဒတ်ချ် ကုမ္ပဏီ ၂ ခု နဲ့ ချက်ကုမ္ပဏီ တခုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီးတော့ Viator Pula အပါအဝင် ခရိုအေးရှား ကုမ္ပဏီ ၂ ခု အပေါ် အရေးယူမှုတွေ ပြုလုပ်နေတာကို EIA က သတိပြုမိ ပါတယ်။

မေး။ ။ EU ကုမ္ပဏီတွေက လုံလောက်တဲ့ မှန်ကန်ကြောင်း အထောက်အထားတွေ ပြသနိုင်ခြင်း မရှိတာကြောင့် သိမ်းဆည်းခံရတဲ့ မြန်မာ့ ကျွန်းသစ် တန်ချိန် ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ကုမ္ပဏီတွေက ခရိုအေးရှား နဲ့ အီတလီလို နေရာတွေကနေ တဆင့် ကူးသန်းရောင်းဝယ်ခြင်းအားဖြင့် စည်း ကမ်း သတ်မှတ်ချက်တွေကို ရှောင်ရှားနေခဲ့ကြတာကြောင့် သိမ်းဆည်းခံထားရတဲ့ ကျွန်းသစ် များများစားစားမရှိပါဘူး။ ၂၀၁၉ ခုနှစ် ဧပြီလ အတွင်းမှာ ဂျာမန်အာဏာပိုင်တွေက မြန်မာ့ကျွန်းသစ် ၂၆ တန်ကို သိမ်းယူပြီး အဲဒါတွေကို တင်ပို့လိုက်တဲ့ နေရာ ကို ပြန်ပို့ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ သစ်တောတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ဘယ်လောက် အထိ ဆိုးဝါးသလဲ။ သစ်တော ပြုန်းတီးမှုက ဆက်ရှိနေတုန်းပဲလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ လတ်တလော သတင်းတွေအရ မန္တလေးမှာ ဖမ်းဆီးရမိတဲ့ တန်ချိန် ၁၄၀၀ နဲ့ ကချင်ပြည်နယ် မှာ ဖမ်းဆီးရမိ တဲ့ တန်ချိန် ၂၈၀၀ အစရှိတဲ့ တရားမဝင်သစ် အမြောက်အများ သိမ်းဆည်းရမိခြင်းတွေကို ကြည့်ခြင်းအားဖြင့် တရားမဝင်သစ်ခုတ်လှဲမှုက မြန်မာနိုင်ငံ ရဲ့ သစ်တောပြုန်းတီးမှုမှာ ပါဝင်နေတုန်းပဲ ဆိုတာကို ဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီလို ဖမ်းဆီးမှုတွေ ပေါ်ပေါက်လာနေတာက မြန်မာနိုင်ငံ မှာ တရားမဝင်သစ်ကုန်သွယ်မှုကို တိုက်ဖျက်ဖို့ အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းနေကြောင်းကို ပြသနေပါတယ်။

မေး။ ။ ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့တဲ့ EIA ရဲ့ “State of Corruption: The top-level conspiracy behind the global trade in Myanmar’s stolen teak ” အစီရင်ခံစာက အချို့သော အချက်အလက် တွေက မှားယွင်းမှု တွေ ရှိ နေတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီစွပ်စွဲမှုနဲ့ပတ်သက်လို့ EIA ရဲ့ ဝက်ဘ်ဆိုဒ် ပေါ် မှာ ပြည့်ပြည့်စုံစုံ တုန့်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

အတိုချုပ်အားဖြင့် ပြောရရင် EIA က ယမန်နှစ်အစီရင်ခံစာမှာပါတဲ့ မြန်မာ့ကျွန်းသစ်တွေကို ကုန်သွယ်မှုမှာ အဓိကပါဝင်သူ Cheng Pui Chee နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေအတွက် သတင်းရင်းမြစ်အများအပြားဆီက ရယူ ရေးသားခဲ့တာပါ။ အစီရင်ခံစာ ဘက်က ရပ်တည်ပါတယ်။ စွပ်စွဲမှုတွေလုပ်ထားတဲ့ ဆောင်းပါးက EIA ရဲ့အစီရင်ခံစာ ကို ဖြစ်စဉ် အများအ ပြားကို မှားယွင်းစွာ ကိုးကားထားတာ ဖြစ်ပါတယ်။

မြန်မာ့သစ်လုပ်ငန်း (MTE) က ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး တွေက ပိုမိုပွင့်လင်းမြင်သာမှုရှိလာတာကို EIA က ကြိုဆိုပေမယ့် PEFC (သစ်တောအသိ အမှတ်ပြုလက်မှတ်အတွက် ထောက်ခံချက် အစီအစဉ်) က မြန်မာ့သစ်တွေကို EU ဈေးကွက်အတွက် အတည်ပြုချက် မှန်သမျှက လက်ရှိအချိန်မှာ မမှန်ကန်ပါဘူး။

( Nyein Nyein ၏ Europe’s Rich Continue to Buy Myanmar’s Illegal Teak: EIA ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရားမဝင် ချိန်းဆော ကိုင်ဆောင်သူများကို စစ်ကိုင်းတိုင်းအစိုးရ အရေးယူမည်

သန္တာကျောက်တန်းတွေ ပျက်စီးရင် အဖိုးတန် ဇီဝမျိုးကွဲတွေ ဆုံးရှုံးနိုင်တယ်

ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း

အာဖရိကန် ကောင်းကင်ကြီး မည်းလာချိန်

The post တရားမဝင် မြန်မာ့ကျွန်းသစ်များကို ဥရောပမှ သူဌေးများ ဆက်လက်ဝယ်ယူနေဆဲဟု EIA ဆို appeared first on ဧရာဝတီ.

]]>