ဇူးဇူး – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Wed, 18 Sep 2019 07:30:36 +0000 en-US hourly 1 https://wordpress.org/?v=5.2.3 စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ https://burma.irrawaddy.com/article/2019/09/18/204185.html Wed, 18 Sep 2019 02:30:21 +0000 https://burma.irrawaddy.com/?p=204185 ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၁) တည်ရှိရာ သထုံမြို့နယ် ပိန္နဲတော အလယ် ရွာသည် နော်နန်းသဇင်၏ မွေးရပ်ဇာတိ ဖြစ်သည်။

The post စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ appeared first on ဧရာဝတီ.

]]>
“အနောလို ဘဝမျိုး မဖြစ်စေချင်ဘူး။ တိုက်ပွဲတွေ ဖြစ်သွားပြီဆိုရင် မုဆိုးမတွေ ဖြစ်ကြမယ်။ အနော သူငယ်ချင်းတွေ လည်း များလာမယ်။ မကြိုက်ဘူး။ ဘာနဲ့ပဲ စားရစားရ မိသားစုဆိုတာ အကောင်းဆုံးပဲ” ဟု ဖွင့်ဟ ပြောလာသူက ကရင်တိုင်းရင်းသူ နော်နန်းသဇင် ဖြစ်သည်။

အင်္ကျီအဖြူ လုံချည်အပြာရောင် သားဖွားဆရာမ ယူနီဖောင်း ဝတ်ဆင်ထားသည့် နော်နန်းသဇင်က မြိုင်ကြီးငူ အထူး ဒေသ အတွင်းရှိ အေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ အမည်ရှိ တိုက်ပွဲရှောင်စခန်းသို့ ဦးဆောင်ခေါ်သွားပြီး လိုက် လံပြသ ရှင်းပြနေရင်း ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အသားဖြူဖြူ အရပ်အမောင်း ကောင်းကောင်း၊ မျက်နှာပြင်ထက် အပြုံးပန်းကို အမြဲဆင်ထားသူ၊ စကားပြောရာတွင် လည်း သူ့ကိုယ်သူ အနော(အစ်မ)ဟု နာမ်စားသုံးတတ်သည့် သူက တိုက်ပွဲရှောင်စခန်း၏ အခြေအနေများနှင့် ပတ် သက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

သူသည် အမျိုးသမီး ကျန်းမာရေး ဆရာမအဖြစ် မြိုင်ကြီးငူ အထူးဒေသ ကျန်းမာရေးဌာနသို့ ၂၀၀၈ တွင် ရောက်ရှိ လာခဲ့ပြီး တိုက်ပွဲရှောင်စခန်း စတင်ဖွင့်ခဲ့သည့် ၂၀၁၆ စက်တင်ဘာ ၉ ရက်မှ ယနေ့အချိန်ထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA – ခွဲထွက်အဖွဲ့)နှင့် တပ်မတော် – ကရင် နယ်ခြား စောင့်တပ်(BGF)တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ် မဲ့သဝေါဒေသမှ ပြည်သူများသည် နေရပ်စွန့်ခွာပြီး စစ်ဘေး လွတ်ကင်းရာ မြိုင်ကြီးငူဒေသကို ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

စတင်ပြေးလာစဉ်က စခန်းတွင် လူပေါင်း ၆၀၀၀ ကျော်ရှိပြီး ၂၀၁၈ ၌ တချို့ နေရပ်ကို ပြန်သွားကြရာ လက်ရှိ ရွာ ပေါင်း ၂၈ ရွာမှ လူဦးရေ ၅၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၁) တည်ရှိရာ သထုံမြို့နယ် ပိန္နဲတော အလယ် ရွာသည် နော်နန်းသဇင်၏ မွေးရပ်ဇာတိ ဖြစ်သည်။

အနက်ရောင် နယ်မြေဖြစ်သည့် သူ့မွေးရပ်ဇာတိ ရွာတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အလှမ်းဝေးခဲ့ရသဖြင့် အစာအိမ် သွေးယို ဝေဒနာဖြင့် အသက် ၂၅ နှစ်အရွယ် ဦးလေးဖြစ်သူသည် သူ့ မျက်စိရှေ့၌ပင် ဆုံးပါးသွားခဲ့ရခြင်းက သူ့ကို ဆေးဆရာမ ဖြစ်စေသည့် အဓိက တွန်းအားဖြစ်ကြောင်း ရှင်းပြသည်။

“ဦးလေးက ဆေးရုံ ပို့ပါ၊ ပို့ပါနဲ့ သူ့အမျိုးတွေကို ပြောတယ်။ နင်တို့ ငါ့ကို မကယ်နိုင်ဘူးလားဆိုတဲ့ အဲဒီ အသံတွေ။ မျက်လုံးထဲမှာ အမြဲမြင်ယောင်တယ်” ဟု သူက ပြောသည်။

ထိုအချိန်မှစ၍ သူသည် လူ့အသက်ပေါင်းများစွာကို ကယ်နိုင်မည့် ဆေးဆရာမ ဖြစ်ချင်ခဲ့ရာ ယခုအခါ ဆန္ဒနှင့်ဘဝ တထပ်တည်း ကျနေပြီဟု ဆိုနိုင်ပေသည်။

“ငါ တနေ့မှာ တောမှာကျ ဆေးဆရာမပဲ သိတယ်လေ။ သားဖွားဆရာမ လုပ်မယ်။ လုပ်လို့ရှိရင် သူများ အသက်ကို ကယ်မယ်။ လူနာတွေကို လိုက်ကြည့်မှာ။ အဲဒီလို စိတ်မျိုးနဲ့ လုပ်ဖြစ်တာ” ဟု ထိုစဉ်က သူ့အတွေး ကို ပြောပြသည်။

မိဘများက တိုက်ပွဲများကြားမှပင် ခက်ခက်ခဲခဲဖြင့် သူ့ကို အတန်းပညာ ဆုံးခန်းတိုင်အောင် ထားပေးခဲ့ကြသည်။ ရွာတွင် ၈ တန်းထိ တက်ပြီးနောက် ဘားအံတွင် အထက်တန်းပညာ ဆက်လက် သင်ယူခဲ့သည်။

သူ ဆယ်တန်းစာမေးပွဲ ဖြေဆို အပြီး ၁၉၉၅ တွင် သားဖွားသင်တန်းကျောင်း တက်ခဲ့ပြီးနောက် ပထမဆုံး တာဝန်ဖြင့် ရွှေဂွန်းမြို့နယ် သာယာကုန်းရွာသို့ သွားရောက်ပြီး ၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။

“အဲဒီတုန်းက ရွာ ၉ ရွာ ကိုင်ရတယ်။ မနည်းဘူး။ တရွာလာမခေါ် တရွာလာခေါ်တာ မီးတုတ်ကြီးနဲ့ မွေးလူနာတွေ လိုက်ကြည့်ပေးရတာ။ အလုပ်လုပ်ရတာ အရမ်းပျော်ခဲ့တယ်” ဟု သူက ပြောပြသည်။

ထို့နောက် ရန်ကုန်တွင် အမျိုးသမီးကျန်းမာရေး ဆရာမ သင်တန်း သွားတက်ပြီးနောက် ရာထူးတိုးဖြင့် ထမီ အပြာဝတ် ဆရာမအဖြစ် ဖာပွန်မြို့နယ် ကမမောင်းဘက် တိုက်နယ်ဆေးရုံ၌ ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ တွင် ထိုရာထူးဖြင့်ပင် မြိုင်ကြီးငူသို့ ပြောင်းရွှေ့လာကာ ရွာပေါင်း ၆၀ ကိုတာဝန်ယူရသူ ဖြစ်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က သူ့လုပ်သက် ၂၂ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း သူ့ဘဝ၌ အနိမ့် အမြင့် အတက်အကျ များစွာဖြင့် လောကဓံ၏ ရိုက်ပုတ်မှုများကို ခံခဲ့ရသည် ဟု သူက ရှင်းပြသည်။

သူ့အသက် ၂၁ နှစ်တွင် အိမ်ထောင်ကျပြီး သမီး တယောက် ထွန်းကားခဲ့သည်။ အိမ်ထောင်သက် ၁၀ နှစ်ကျော်တွင် အမျိုးသားဖြစ်သူ ဆုံးပါးသွားသဖြင့် မထင်မှတ်ဘဲ မုဆိုးမဘဝသို့ ရောက်သွားသည်ဟုလည်း သိရသည်။

“အသုဘ ပို့တဲ့နေ့က လွတ်လပ်ရေးနေ့မှာပေါ့။ အက်ဆီးဒင့်လို့ ပြောရမှာပေါ့။ သူက တောင်ပေါ်မှာ သစ်တောထဲမှာ ဆိုတော့ ကျောက်ကမ်းပါးပေါ်ကနေ လိမ့်ကျတယ်လို့ ပြောတာပဲ။ တကယ်တမ်းကျတော့လည်း ဒါကတော့” ဟုဆိုကာ ထို အဖြစ်အပျက်ကို သူ ဆက်မပြောနိုင်တော့ဘဲ အချိန် ခဏမျှ အသံတိတ်သွားသည်။

ထို့နောက် သူက ရိုးသားပြီး အေးဆေးသော၊ အများတကာကို ကူညီတတ်သော သူ့အမျိုးသား ဆုံးပါးသွားချိန်၌ အလုပ်ကိစ္စဖြင့် ယူထားသည့် အကြွေး သိန်း ၅၀၀ ဆပ်ရန် ကျန်ခဲ့ရာ တခြားသော မုဆိုးမများထက် ပိုပြီးရုန်းကန်ခဲ့ရ သည်ဟု ပြောပြသည်။

ထိုအချိန်က ၃ တန်းအရွယ် သမီးတယောက်၊ မိဘနှစ်ပါး၊ ရှစ်တန်းအရွယ် မောင်လေး၊ ညီမလေး နှစ်ယောက် တို့နှင့်အတူ သူ့လစာ သောင်းဂဏန်းဖြင့် အတော်လေး ရုန်းကန်လှုပ်ရှားခဲ့ရပြီး ထိုအကြွေး သိန်း ၅၀၀ ကျပ်ကို ၇ နှစ် ခန့် ဆပ်ခဲ့ရသည်ဟု ဆိုသည်။

သူက “မုဆိုးမဖြစ်ပြီးမှပဲ ဘဝဆိုတာ ဘာလဲ။ အခက်အခဲဆိုတာ ဘာလဲ။ အဲဒီမှာ စသိရတာ” ဟု ပြောဆိုသည်။ ယခုတော့ သူ့အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး သမီးဖြစ်သူသည်ပင် ဆယ်တန်းကျောင်းသူ ဖြစ်နေပြီဟု သိရသည်။

သူ့ အတိတ်အကြောင်းများကို ပြန်လည် ပြောပြရင်း “ငယ်ငယ်တုန်းက စစ်သား(တပ်မတော်သား)ဆို အရမ်းမုန်းတာ။ ဘယ်လို မုန်းမှန်း တောင် ပြောမတတ်ဘူး” ဟု ဖွင့်ဟလာသည်။

ထို့အတူပင် ရဲများကိုလည်း ကြည့်မရခဲ့။ သူ့အဖေသည် အရက်မသောက်တတ်သူ ဖြစ်သော်လည်း ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များနှင့် အရက်တွဲ သောက်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အဖမ်းခံရပြီး ထောင်ထဲ၌ ၆ လ နေခဲ့ရဖူးသည်။

စစ်သားများ ရွာထဲဝင်လာပြီ ဆိုသည်နှင့် ဟိုဒီပစ်လိုက်၊ ပေါ်တာ ထမ်းခိုင်းလိုက်နှင့် အဒေါ်အပျိုကြီး တယောက် ဆိုလျှင် အမြဲသွားကာ ထမ်းပေးခဲ့ရကြောင်း၊ ကလေးအရွယ် သူ့အနေဖြင့် ကျောင်းပိတ်ရက်ဆိုလျှင် လမ်းတွင် ပိတ်ဆို့ ရေး သွားစောင့်ပေးရကြောင်း၊ ရွာသားများသည် အလှည့်ကျ ကင်းစောင့်ပေးခဲ့ရကြောင်း ထိုခေတ်က အခြေအနေကို သူက ပြောပြသည်။

“နွေပေါက်လာပြီဆို ရိက္ခာ ကားနဲ့တင်လာတယ်။ စစ်ကားကြီးတွေ တင်လာတယ်။ စစ်ကား မရောက်ခင်မှာ အနော တို့က ကင်းစောင့်ရတော့ အရှေ့မှာ လမ်းတွေကို ကလော်ရတယ်။ ဗုံးရှိလို့ရှိရင် အနောတို့ကို အရင်ထိမှာပေါ့။ ရွာသားတွေက အလှည့်ကျ ကင်းစောင့်ရတာပေါ့။ တပ်မဟာ(၁)က နာမည်ကြီးပဲလေ” ဟု သူက ရှင်းပြသည်။

ထိုအရာကပဲ သူ့ကို စစ်သားနှင့် ရဲများအပေါ် မုန်းတီးစေခဲ့ပြီး ဝမ်းကွဲမောင် တော်စပ်သူ ဗိုလ်လောင်းသင်တန်း (DSA) ကျောင်းဆင်းပွဲကိုပင် သွားမတက်ရောက်ခဲ့သည်အထိ သူ ပြတ်သားခဲ့သော်လည်းပဲ ဖြစ်ရပ်တခု အခြေပြု၍ စစ်သား များအပေါ် သူ့ အမြင်သဘောထားများ ပြောင်းလဲမှု ဖြစ်ခဲ့သည်။

ထိုစဉ်က မြိုင်ကြီးငူ လက်အောက်ခံ ရှမ်းရွာသစ် မြို့နယ်ခွဲ၏ ကျန်းမာရေးဌာန ဖွင့်ပွဲအတွက် ဌာနဆိုင်ရာပေါင်းစုံ ဝန်ထမ်းများ အကုန်တက်ရောက်ရမည်ဖြစ်ပြီး လာကြိုမည့် စစ်ကားများနှင့်သာ သွားရမည်ဟု အမိန့်ကျလာသည်။

သွားသည့်နေ့ လမ်းတဝက်ကျော်တွင် ကားမိုင်းဆွဲခံရရာ ၆ စီးမြောက်၌ ရှိနေသည့် သူတို့ကားကို မထိသော်လည်း တစုံတခုဖြစ်လျှင် ကားပေါ်မှ ခုန်ချပြီး ကားအောက်တွင် ဝပ်ရန် ဌာနမှ မထွက်လာခင်ကတည်းက မှာလိုက်သည်မို့ ဘာကိုကြည့်မနေတော့ဘဲ ကားပေါ်မှ ခုန်ချလိုက်သည်။

ခုန်ချသည့် အရှိန်ဖြင့် ခြေထောက် တဖက် ကျိုးသွားခဲ့သော်လည်း ဇောနှင့်မို့ သတိမထားဘဲ ခြေထောက် အကြော မျက်ခြင်းဟုသာ ထင်ပြီး ဆရာတပည့်နှစ်ဦး တွဲပြီး ပြေးကြရာ အခြေအနေများ ငြိမ်သက်သွားချိန်တွင် မိုးကလည်းချုပ်၊ အချိန်မရွေး ပစ်ခတ်မှုများလည်း ရှိနိုင်သည်မို့ ရှမ်းရွာသစ် ဗျူဟာတွင် နေရတော့သည် ဟု သူက ပြောပြသည်။

ထိုစခန်းရှေ့က တဲတလုံးအတွင်း ထိုင်နေချိန် ကျိုးသွားသည့် ခြေထောက်က မခံ မရပ်နိုင်အောင် နာလာသော်လည်း ဆေးသတ္တာ မပါလာသဖြင့် “ဒီလောက် နာကျင်ပြီး ဝေဒနာခံစားနေရချိန်မှာ အခြေအနေကြောင့် ဘာဆေးတလုံးမှ မထိုးနိုင်တဲ့ ဘဝဖြစ်ရတယ်” ဟု ထိုအချိန်က နာကျင်မှုအား ကြိတ်မှိတ်ခံစားခဲ့ရပုံကို သူက ပြောပြသည်။

သူနေသည့် တဲ၏တဖက်ခြမ်းသို့ လှမ်းကြည့်လိုက်သောအခါ ခြေထောက်ပြတ်နေသည့် စစ်သားများကို တွေ့ရပြီး ပတ်တီးနှင့် ပတ်ထားသည့်ကြားမှ မသိမသာ ပေါ်ထွက်နေသည့် နေရာများတွင် ညိုမဲသည့် အဆင့်ကို ကျော်လွန်၍ အစိမ်းရောင် ဖြစ်နေသည်ကိုပင် တွေ့လိုက်ရသည် ဟု ဆိုသည်။

သုံးလေးငါးယောက် တန်းစီ အိပ်နေကြခြင်းဖြစ်ပြီး ၎င်းတို့ ပုခုံးပေါ်မှ အပွင့်အခက်များကို ကျော်ပြီး ကြည့်ရင်းက အရာရှိ တချို့ ပါဝင်ကြောင်း သူတွေ့ရသည်ဟုလည်း ရှင်းပြသည်။

ထိုအချိန်တွင် သူ့အတွေးထဲ၌ “ငါတောင် ခြေထောက်ကျိုးတာ ဒီလောက်အော်နေတာ။ သူတို့က ဒီလောက်တောင် ပြတ်နေတဲ့သူဆိုရင် တော်တော်ကြီး ခံစားရမှာပေါ့နော်။ အဲဒီကတည်းက အနော စစ်သားတွေကို နည်းနည်းလေး စာနာတတ်လာတယ်” ဟု သူက ပြောသည်။

လက်ရှိ သူ့ဘဝသည် ဖြစ်ချင်သည့် စိတ်ဆန္ဒနှင့် ထပ်တူ ကျနေပြီ ဖြစ်သော်လည်း အေးလင်းမြတ်ရှင်နှင့် မြတ်ပန်း ဝတ်မှံှု ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ယခုထက်ပိုသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရန် ကြိုးပမ်းရအုံးမည် ဟု သူ့ခံယူချက်ကို ပြောပြသည်။

စခန်းတွင်း တိုက်ပွဲရှောင်ပြည်သူတို့၏ ကျန်းမာရေးအတွက် မြိုင်ကြီးငူ ကျန်းမာရေးဌာန ဦးဆောင်မှုဖြင့် လှိုင်းဘွဲ့၊ ဘားအံမြို့နယ်တို့မှ ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းကာ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။

အခက်အခဲများကြားက မွေးလူနာပေါင်းများစွာ မွေးပေးခဲ့ရပြီး တချို့လူနာများကို မြိုင်ကြီးငူ ဆေးရုံသို့ အချိန်မီ လွှဲပေးခဲ့ရသည်များ ရှိကြောင်း၊ ကိုယ်ဝန်ဆောင်များကိုလည်း လစဉ် လိုက်ကြည့်ပေးလေ့ ရှိကြောင်း သူက ပြောပြသည်။

စခန်းရှိ ကလေးငယ်မှအစ ကိုယ်ဝန်ဆောင်အမျိုးသမီး သက်ကြီးရွယ်အိုများအဆုံး သူ့ကို ယုံကြည်အားကိုးကြပြီး အပျိုအရွယ် မိန်းကလေးများဆိုလျှင် မိဘများကို မပြောသည့် ကိစ္စများ၌ပင် သူ့ကို ရင်ဖွင့် တိုင်ပင်လေ့ရှိသည်။

ထိုသူတို့၏ ယုံကြည်အားကိုးမှုကို လွယ်လွယ်နှင့် ရရှိခဲ့ခြင်းတော့ မဟုတ်ကြောင်း သက်သေထူသည့် အနေဖြင့် ဖြစ်ရပ် တခုကို သူက ရှင်းပြပါသည်။

ထိုအချိန်က စစ်ကြောင့် စတင် ပြေးလာကြသည့် ရွာသူရွာသားများမှာ မြိုင်ကြီးငူ အထူးဒေသသို့ ကားနှင့်လည်း လာ၍မရ၊ စက်လှေ လမ်းကြောင်းကလည်း ပိတ်ထားသဖြင့် သူ့မှာ စိုးရိမ်ခဲ့ရသည်။ “မုဆိုးမ ဖြစ်တာတောင် အဲဒီလောက်ထိ မခံစားရဘူး” ဟု သူက ထို ခံစားချက်ကို နှိုင်းယှဉ်ပြောဆိုသည်။

အသက်ပေါင်း များစွာအနက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများလည်း ပါသည်ဖြစ်ရာ ထို လူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိရေးအတွက် တပ်မတော်၊ BGF, DKBA, KNU တို့ အားလုံးကို နည်းမျိုး စုံဖြင့် အကြောင်းကြားထားကာ ၃ ရက် အချိန်ပေးရန် သူ ခွင့်တောင်းခဲ့သည်။

“အနောဘဝမှာ အရမ်းကြီးတဲ့ စိန်ခေါ်မှုလို့ ပြောရမယ်။ မိန်းကလေးတယောက် အနေနဲ့ ပိုစွန့်စားရတာပေါ့။ ဒါပေမယ့် ကျေးဇူးတင်ပါတယ် သူတို့ကို အဲဒီသုံးရက်အတွင်း တိုက်ပွဲမဖြစ်လို့။ အဲဒီလူတွေကိုလည်း အချိန်မီ ဒီဘက်ကို ပို့ပေးနိုင်ခဲ့တယ်” ဟု သူက ပြောရင်း ထိုစဉ်က လုပ်ရပ်အတွက် အားရကျေနပ်နေသည်။

ထိုသူများ စခန်းသို့ စရောက်လာစဉ်က သူ့အနေဖြင့် စိတ် အရမ်းရှုပ်ခဲ့ရကြောင်း၊ ရှောင်ပြေးလာသူများထဲ၌ အရပ်သား ရော၊ DKBA တပ်ဖွဲ့ဝင်များ၏ အမျိုးသမီးများရော ပေါင်းစုံဖြစ်ကြောင်း၊ သူ့အနေဖြင့် အားလုံးကို တန်းတူ ကြည့်ပေး ခဲ့သော်လည်း ရွာသားများ၏ အထင်အမြင် လွဲမှားမှု ခံခဲ့ရသည်ဟု သူက ရှင်းပြသည်။

“ကိုယ်ကတော့ စိတ်ထဲ ဘာမှမဟုတ်ပါဘူး။ DKBA မိန်းမ ဘယ်လောက်ရှိလဲ။ ရွာသားတွေက ဘယ်လောက်ရှိလဲ သိချင်လို့ပါ။ အဲဒီလို မေးရကောင်းလားဆိုပြီး ဆရာမနားကို ဘယ်သူမှ မကပ်တော့ဘူး။ ဆရာမ တပ်တွေနဲ့ ပေါင်းနေ တာဆိုပြီး။ ကိုယ်က ပြန်ခံစားရတာပေါ့။ တကယ်တမ်း ကိုယ်လုပ်တဲ့ အလုပ်က မခွဲခြားဘဲ လုပ်ခဲ့တာ” ဟု သူက ပြောသည်။

သို့သော် စေတနာကောင်းလျှင် ကံကောင်းမည်ဟု ယုံကြည်ထားသူပီပီ အလုပ်တခုလုပ်တိုင်း စေတနာထားပြီး လုပ်ဆောင်ခဲ့သည့် သူ့ကို တိုက်ပွဲရှောင်ပြည်သူများက နားလည်သွားကြသကဲ့သို့ သူ့ကို မိသားစုသဖွယ် ယုံကြည် အားကိုးလာကြသည်။

သူ့အနေဖြင့် ဒီစခန်းနှင့် ဒီလူများကို မည်သည့်အခါမျှ စွန့်ခွာသွားမည်မဟုတ်။ သူ့ကို ရာထူး တိုးပေးသော်လည်း ပြောင်းရွှေ့ရမည် စိုးသဖြင့် “ရာထူးတိုး မယူဘူး”ဟုလည်း သူက ဆိုသည်။

“အနောကတော့ ပီတိကိုပဲ စားနေရတာပေါ့။ ဒီကနေ ဘယ်ကိုမှ မသွားချင်တော့ဘူး။ အနောဘဝမှာ ရာထူးထက် နေရာက ပိုအရေးကြီးတယ်လို့ ထင်တယ်။ ကိုယ့်ကို အားကိုးလာတဲ့အပေါ် မူတည်ပြီး သူတို့ကို မထားရက်နိုင်တာ လည်း ပါတယ်။ ဒီမှာပဲ သူတို့လေးတွေနဲ့ လုပ်နိုင်တဲ့အချိန် အတိုင်းအတာထိ ဆက်ပြီးစောင့်ရှောက်ဖို့ စဉ်းစားထား တယ်” ဟု သူက ပြောသည်။

သူနှင့် သုံးနှစ်ကြာ အလုပ်အတူတွဲလုပ်နေသည့် ကျန်းမာရေးကြီးကြပ်(၂) စောပါဖိုးထူးက အနောသည် စကားပြောရာ တွင် ပွင့်ပွင့်လင်းလင်းဖြင့် တုတ်ထိုးအိုးပေါက် ပြောတတ်သော်လည်း စိတ်ထားကောင်းသူ တဦးမို့ လူချစ်လူခင်ပေါပြီး အများ၏ ယုံကြည်မှုကို ရရှိထားသူ တဦးဖြစ်ကြောင်း မှတ်ချက်ပြုသည်။

လက်ရှိ စခန်းတွင် DKBA – ခွဲထွက်အဖွဲ့မှ အမျိုးသမီး များစွာရှိရာ ၎င်းတို့ကို ကိုယ်ချင်းစာစိတ်ဖြင့် အားပေးဖြစ်ပြီး အချိန် ကာလအားဖြင့် သုံးနှစ်ပြည့်ပြီဖြစ်ရာ ပြန်လာသင့်ပြီဟု နော်နန်းသဇင်က သူ့ရင်တွင်းခံစားချက်ကိုု ပြောပြသည်။

“သူတို့လည်း မုဆိုးမ ဟုတ်သည့်တိုင်အောင် တခုလပ် ဖြစ်နေပြီလေ။ နောက်ပြီး ကလေးတွေ တိုးလိုးတွဲလောင်းနဲ့။ အနောက နွေးထွေးတဲ့ မိသားစုပဲ လိုချင်တဲ့အတွက် အချိန်တန်ပြီလို့ ထင်တယ်။ သုံးနှစ်လည်း ပြည့်ပြီဖြစ် တဲ့အတွက် ပြန်လာသင့်ပြီလို့ ထင်တယ်” ဟု သူက ပြောသည်။

DKBA – ခွဲထွက်အဖွဲ့သည် ယခင်က ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) နှုတ်ခမ်းမွှေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA ကလို့ထူးဘောအဖွဲ့)၏ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၂၀၁၅ ဇူလိုင်လဆန်းပိုင်းက မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ပွားမှုကို အခြေခံကာ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၆ ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ သီးသန့်အဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ရပ်တည်နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။

“အနောတို့ဆီမှာ ဒီတဖွဲ့ ပြန်လာပြီဆို အေးဆေးပဲ။ အရမ်းလည်း အေးချမ်းသွားပြီ။ လွတ်လွတ်လပ်လပ်နဲ့ သွားချင်တာ သွားလို့ရ။ အလုပ်လည်း အေးဆေး လုပ်စားလို့ရပြီ။ သူတို့မိသားစုလေးတွေနဲ့ အေးအေးချမ်းချမ်း မခွဲမခွာ ပြန်နေလို့ ရတာပေါ့။ သူတို့ ပြန်လာမယ်လို့လည်း အပြည့်အဝ ယုံကြည်ထားတယ်” ဟု သူက ပြောသည်။

ထို့ပြင် တနေ့နေ့ တချိန်ချိန်တွင် ကရင်ပြည်နယ်သည် ငြိမ်းချမ်းပြီး ဒေသခံ ပြည်သူလူထုကို ကိုယ်စားပြုသော၊ အကျိုး စီးပွားကို ရှေးရှုသော ကရင်တိုင်းရင်းသား ခေါင်းဆောင်များ အုပ်ချုပ်သည့် ပြည်နယ်တခုဖြစ်လာရန် ယုံကြည်မျှော်လင့် ထားသကဲ့သို့ သူ့အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ပြင်ဆင်ထားသည်ဟု သူက ဆိုသည်။ ။

You may also like these stories:

အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ

လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ

ရှေးရိုးစွဲ အစဉ်အလာများက အမျိုးသမီးတွေကို ချုပ်နှောင်ထားသလား

The post စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ appeared first on ဧရာဝတီ.

]]>
အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ https://burma.irrawaddy.com/article/2019/09/14/203726.html Sat, 14 Sep 2019 03:30:37 +0000 https://burma.irrawaddy.com/?p=203726 နှစ်ပေါင်း ၇၀ အတွင်း အမျိုးသမီးများ စားပွဲဝိုင်းပေါ် ပါလာပြီး ၎င်းတို့၏ အသံများ ဖော်ထုတ်နိုင်ရေး အမြင် ရှုထောင့်များကို ပြောနိုင်ရေးအတွက် မည်မျှအတိုင်းအတာထိ ပံ့ပိုးပေးထားသလဲ 

The post အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ appeared first on ဧရာဝတီ.

]]>
ညသန်းခေါင်ကျော်အချိန် ဟိုပုံးမှ ပင်လုံသို့ သွားသည့် လမ်းမပေါ်တွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို တင်ဆောင်လာသော ကားတစီးသည် ချိုင့်ခွက်များကို ရှောင်ရှားရင်း ဖြည်းဖြည်းမှန်မှန် သွားနေသည်။

တဦးနှင့်တဦး ယခုမှ တွေ့မြင်ဖူးကြခြင်းဖြစ်ရာ အမျိုးသား ၃ ဦးတို့အကြား လိုက်ပါလာသည် ့အမျိုးသမီးသည် သူ၏ ၁၃ လအရွယ် သမီးငယ်လေးကို ပထမဆုံးအကြိမ် ချန်ထားပြီး နို့ဖြတ်ထားခဲ့ခြင်း ဖြစ်ရာ သားသည်မိခင် ထိုအမျိုးသမီးအတွက် အတော်လေး အခက်ကြုံနေလေသည်။

“လမ်းမှာ နို့ညှစ်လို့ မရဘူး။ နို့က တအားရောင်ပြီး ကိုက်နေပြီ။ တောက်လျှောက်လေ။ ကျမ ဒီကသွား လေယာဉ် စီး။ လေဆိပ်ရဲ့ rest room (နားနေခန်း) တွေကလည်း အဆင်မပြေဘူး။ ကားပေါ်မှာ ယောကျ်ားလေး သုံးယောက်။ ပိုဆိုး တာက ညကြီး သန်းခေါင် ဘယ်မှာဆင်းပြီး နို့ညှစ်ရမလဲပေါ့” ဟု လွန်ခဲ့သည့် ၂ နှစ်ခွဲအချိန်က ကြုံဆုံခဲ့ရသည်များကို နန်းမြသီတာက  ပြန်လည် ပြောပြနေခြင်း ဖြစ်သည်။

ကရင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည့် ကရင်တိုင်းရင်းသူ နန်းမြသီတာသည် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ကျင်းပမည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ)နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ၏ “ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း(Panglong Peace Talk)” ကို ပါဝင်ဆွေးနွေးရန် အလျင်စလို သွားရောက်ခဲ့ရသည်။

အသက် ၄၀ အရွယ် ကလေး ၃ ယောက် မိခင်ဖြစ်သူ နန်းမြသီတာသည်  မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ၂၀၁၄ ဇန်နဝါရီ လော်ခီးလာ(လိုင်ဇာ)၌ ကျင်းပသည့် ဆွေးနွေးပွဲ  ကတည်းက စတင် ပါဝင်လာခဲ့ပြီး ကရင်အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၌လည်း တောက်လျှောက် ပါဝင်လာခဲ့သည်။

လက်ရှိတွင် ဘားအံမြို့နယ် အခြေစိုက် လူမှုရေးရာသုတေသနအဖွဲ့ (RISE) တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နည်းပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးနေသူလည်း ဖြစ်သည်။

၂၀၁၇ ဖေဖော်ဝါရီ ၁၂ ရက် တွင် ပြုလုပ်မည့် ထိုဆွေးနွေးပွဲ တက်ရောက်ရန် ၂ ရက် အလိုမှ အကြောင်းကြားသဖြင့် ဘားအံမှ ရန်ကုန်သို့ ကားဖြင့်၊ ရန်ကုန်မှ ဟဲဟိုးသို့ လေယာဉ် ဖြင့် ထိုမှတဆင့် ပင်လုံသို့ ကားဖြင့် အဆင့်ဆင့် သွားခဲ့ရခြင်း ဖြစ်သည်။

လမ်းခရီး ဝေးလွန်းခြင်း၊ ကြိုတင်ပြင်ဆင်ချိန် မရခြင်း၊ ဆွေးနွေးပွဲတက်နေချိန် ကလေး ကူထိန်းပေးမည့်သူ မရှိခြင်း တို့ကြောင့် သမီးငယ်ကလေးကို ချန်ထားခဲ့ရသည်ဟုလည်း နန်းမြသီတာက ဆိုသည်။

ထိုကဲ့သို့သော အချင်းအရာများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး စသည့် အခန်းကဏ္ဍ အသီးသီး၏ ဦးဆောင်မှုပိုင်းနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် အမျိုးသမီးများ ကြုံကြရသော အခက်အခဲများထဲမှ တခုဖြစ်သည်။

“ဆရာမကို ကျနော်တို့ ပြန်ပေးဆွဲသလို ခံစားရတယ်။ ကားတစီးမှာ မိန်းကလေး တယောက် ယောကျ်ား သုံးယောက်နဲ့။ ဆရာမ မကြောက်ဘူးလားတဲ့” ဟု ထိုချိန်က လာကြိုရာတွင် ပါဝင်သည့် အမျိုးသားများထဲမှ ပင်လုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ အမေးစကားကိုလည်း သူက ရယ်မောရင်း ပြန်လည်ပြောပြသည်။

ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှုဟု ပြောရာတွင် ၁၉၄၇ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့စဉ်က မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်လိုက်သည့် အထဲတွင် အမျိုးသမီးတယောက်မှ မပါခဲ့ခြင်းက  သမိုင်းကြောင်း  ပြန်လှန်ရမည်ဟု သူက ပြောသည်။

ထို့ပြင် နှစ်ပေါင်း ၇၀ အတွင်း အမျိုးသမီးများ စားပွဲဝိုင်းပေါ် ပါလာပြီး ၎င်းတို့၏ အသံများ ဖော်ထုတ်နိုင်ရေး အမြင် ရှုထောင့်များကို ပြောနိုင်ရေးအတွက် မည်မျှအတိုင်းအတာထိ ပံ့ပိုးပေးထားသလဲ ဟူသည်ကလည်း မေးခွန်းထုတ် စရာ ဖြစ်နေသည်ဟု ဆိုသည်။

သူက “နှစ်ပေါင်း ၇၀ အမျိုးသမီးတွေကို ဘယ်လောက်ထိ ထည့်သွင်းပြီးမှ အမျိုးသားကို ၁ ဆ အမျိုးသမီးကိုဆို ၂ ဆ ပံ့ပိုး ပေးထားခဲ့ရဲ့လား။ မပေးထားဘဲနဲ့ ဒီအချိန်မှာမှ အမျိုးသမီးနဲ့ အမျိုးသား တန်းတူညီမျှ ပေးထားပါတယ်။ လာ ငါတို့ စားပွဲဝိုင်းပေါ်မှာ အတူတကွ ဆွေးနွေးရအောင်လို့ပြောရင် အမျိုးသမီးတွေ ဘယ်လို ထွက်လာမှာလဲ” ဟု ပြောသည်။

ငြိမ်းချမ်းရေး အပါအဝင် ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရန် တဦးချင်းဖြစ်စေ၊ အမျိုးသမီး အဖွဲ့အစည်းများကဖြစ်စေ အသိပညာပေးမှုများ၊ တောင်းဆိုမှုများ ပြုလုပ်ကာ  ဆယ်စုနှစ်မက  တွန်းတိုက်ခဲ့သော်လည်း  အဟန့်အတားနှင့် စိန်ခေါ်မှုများစွာ ရှိနေဆဲဟု အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူများက ပြောသည်။

ထို့ပြင် အမျိုးသမီးများ၏ ပါဝင်မှုကို အားပေးသော မူဝါဒ၊ ဘတ်ဂျက်၊ နည်းဗျူဟာ၊ စီမံကိန်းများ စနစ်တကျ မရှိသေးခြင်းကလည်း အဟန့်အတားတခု ဖြစ်နေသည်ဟု ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) မှ နည်းပညာအကြံပေး နန်းဖြူဖြူလင်းက ထောက်ပြသည်။

ကျန်းမာရေး၊ ပညာရေး၊ လူကုန်ကူး၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေး လုပ်ပေးရမည့် ကိစ္စများတွင် အမျိုး သမီးတို့ အသံကို များများယူသော်လည်း အုပ်ချုပ်ရေးအာဏာခွဲဝေမှု၊ ရွေးကောက်ပွဲစနစ်၊ ငြိမ်းချမ်းရေး စသဖြင့် အရေးကြီးသည့် အခန်းကဏ္ဍများ ဆွေးနွေးသည့်အခါ အမျိုးသမီးပါဝင်မှု သုည ရာခိုင်နှုန်းသာ ဖြစ်ကြောင်း သူက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPDJC) လုပ်ငန်းအဖွဲ့တွင် လူမှုရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍ၌ အမျိုးသမီးပါဝင်မှု ၃၃ ရာခိုင်နှုန်းက အထက်ပါ ပြောဆိုချက်ကို သက်သေထူနေသည်။

နန်းဖြူဖြူလင်း၏ ၂၀၁၇ အချက်အလက်များ ကိုးကားပြောဆိုချက်အရ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်မှု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၌ သုညရာခိုင်နှုန်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(JICM)၌ ၄ ရာခိုင်နှုန်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး၌ သုညရာခိုင်နှုန်း၊ UPDJC ၌ ၈ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမအကြိမ်(၂၀၁၆)တွင် အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်(၂၀၁၇)တွင် ၁၇ ရာခိုင်နှုန်း၊ တတိယအကြိမ်(၂၀၁၈)တွင် ၂၂ ရာခိုင်နှုန်း ပါဝင်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် မြင့်တက်လာသည်ဟု ဆိုနိုင်သော်လည်း ဆုံးဖြတ်ချက်ချသည့် နေရာများ၌ မဟုတ်ဘဲ အခမ်းအနား ပြင်ဆင်ရေး၊ စားရေးသောက်ရေး အတွက် တာန်ဝန်ယူပေးရသည့် နေရာများ၌သာ များနေခြင်း ဖြစ်ကြောင်း သူက မှတ်ချက်ပြုသည်။

နိုင်ငံရေးတွင် အမျိုးသမီး ပါဝင်မှုကို ကြည့်လျှင်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်အသီးသီးတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်မှု အလွန်နည်းပါးကာ အုပ်ချုပ်ရေးကဏ္ဍ အကြီးအကဲများအဖြစ် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးသာ ပါဝင်လာကြောင်း တွေ့ရှိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းတွင် စစ်ရေးစစ်ရာပိုင်း ဦးဆောင်လုပ်သူများကို အခြေခံခြင်းဖြစ်ရာ စစ်ရေးစစ်ရာပိုင်း၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ နည်းပါးသည့် အခါ အမျိုးသမီများ အလိုအလျောက် မပါလာသည့် သဘောဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS)၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း တထောင့်တနေရာမှ ပါဝင်ဆောင်ရွက်နေသူ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။

အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်မှုအပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်း၊ အမျိုးသမီးများပါဝင်သည့် အခါ အရေအတွက် ဖြည့်ရုံသာလုပ်ပြီး  ဆွေးနွေးခြင်း မပြုလုပ်နိုင်ပါက အမျိုးသမီးများ၏ အမြင်ရှုထောင့်ကို ရမည်မဟုတ်ကြောင်း သူက ထောက်ပြသည်။

“အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တော်တော်များများမှာ တွေ့တာက အမျိုးသမီးတွေ ထိုင်တော့ ထိုင်နေတယ်။ ဝင်တော့ မဆွေးနွေးဘူး။ အဲဒီအခါကျရင် အမျိုးသမီးတွေရဲ့ အသံ အမြင်ကို မရဘူး။ အမျိုးသမီးတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို လာသလို တက်တက်ကြွကြွ ဝင်ဆွေးနွေးဖို့လည်း လိုတယ်” ဟု သူ့အမြင်ကို ပြောဆိုသည်။

ငြိမ်းချမ်းရေး အပါအဝင် ဦးဆောင်မှု အခန်းကဏ္ဍ အသီးသီးတွင် “အမျိုးသမီး ဖြစ်လို့ဆိုပြီး ဖယ်ထားတာ နှိမ်ထားတာမျိုး မရှိဘူး” ၊ “အရည်အချင်း ရှိရင် ရှိသလို နေရာရလာမှာပေါ့” ဟူ၍ အမျိုးသား အများစုက ပြောလေ့ရှိကြသည်။

သို့သော် တကယ်တမ်း ပါဝင်မည်ဆိုလျှင် ထိုအမျိုးသမီးတို့၏ စွမ်းရည်၊ အရည်အချင်း၊ အတွေ့အကြုံများအား မေးခွန်းထုတ်ခြင်းမျိုး ယနေ့ထိတိုင် ရှိနေဆဲဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများကပြောသည်။

သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ယိင်းလောဝ်က အမျိုးသမီးများ အဘယ်ကြောင့် ပါသင့်သည် ဆိုခြင်းကို တချိန်လုံး မေးနေသော်လည်း အမျိုးသားများကိုမူ မည်သူမျှ မေးခွန်းထုတ်လေ့ မရှိကြောင်း မှတ်ချက်ပြုသည်။

“လူတွေရဲ့ အတွေးမှာ အဲဒီနေရာတွေကို ယောကျ်ားတွေရဲ့ နေရာလို့ သတ်မှတ်ထားတာ။ အဲဒီတော့ သူ့နေရာ ဝင်ယူ တာ ဝင်နေတာ ဘာမှ မေးခွန်းထုတ်စရာ အကြောင်းမရှိဘူးလို့ တွေးတာ။ မိန်းမတွေကို ကျတော့ မေးတယ်” ဟု သူ့ အမြင်ကို ပြောပြသည်။

“အဲဒီလို မေးတဲ့လူရဲ့ သိစိတ် မသိစိတ်က အဲဒါ နင်တို့နေရာမှ မဟုတ်တာ။ ပါချင်တယ်ဆို ငါ့ကို ရှင်းပြ။ ဘာကြောင့် ပါသင့်တယ်လို့ ယူဆသလဲ။ နင်တို့ မပါဘဲနဲ့လည်း ကမ္ဘာကြီးက လည်နေတာပဲ။ ပါလာတော့ရော ဘာအကျိုးရှိမှာမို့လဲ။ ပိုတောင်ရှုပ်သေးတယ်” ဟုလည်း အမျိုးသမီး ပါဝင်ရေးအပေါ် မေးခွန်းထုတ်လေ့ရှိသည့် အမျိုးသားများနှင့် ပတ်သက်ပြီး သူ၏ ယူဆချက်ကို ပြောသည်။

အမျိုးသမီးများ ပါလာလျှင် ကလေးများလည်း ပါလာမည်ဖြစ်ရာ ကလေးစရိတ်၊ ကလေးထိန်းစရိတ်များ ထည့် တွက်ရတော့မည် ဟူသည့် စိုးရိမ်မှုများ ရှိကြကြောင်း သူက ပြောသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးစင်တာ(CPR) ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာ ဦးလှမောင်ရွှေက တချို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရန်ပုံငွေ/ထောက်ပံ့မှုနှင့် ပွဲများ၊ အစည်းအဝေးများ ပြုလုပ်သည့်အခါ အမျိုးသမီး ၃၀ ရာခိုင်နှုန်း မပါဘူးဆိုပါက ထိုပွဲ၏ ကုန်ကျစရိတ်ကို မပေးဘူးဆိုသည်မျိုး ချမှတ်ထားရာ အမျိုးသမီးများ ပါဝင်ရေးအတွက် တွန်းအားတခု ဖြစ်စေသည်ဟု ထောက်ပြသည်။

သူက “အမျိုးသမီးတွေ ပါဝင်ဖို့ လိုမယ်လို့တော့ ထင်တယ်။ သို့ပေမယ့် သူတို့ကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်က ဒီထက်မြင့် လို့ရှိရင် သူတို့ပါဝင်မှု နည်းခြင်းများခြင်းနဲ့ သူတို့ဖြစ်ချင်တာ ရွှေ့ချင်တာ ပိုပြီးဖြစ်လာမယ် ထင်တယ်” ဟု ပြောသည်။

နန်းမြသီတာကတော့ “စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးဖို့ လိုတယ် မှန်ပေမယ့် အထောက်အပံ့တွေလည်း လိုနေသေးတယ်” ဟု ယူဆသည်။

ရပ်ရွာထဲတွင် ပြောနိုင်ဆိုနိုင်၊ လုပ်ကိုင်နိုင်သည့် အမျိုးသမီး ခေါင်းဆောင်များသည်ပင်လျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသည့်အခါ ဗမာစကားတောင် ရေရေလည်လည် နားမလည် သောကြောင့် ပါဝင် မဆွေးနွေးနိုင်သည့် ကရင်အမျိုးသမီးကို မြင်တွေ့ဖူးရာ သူ အလွန် စိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။

“နှစ်ပေါင်း ၇၀ ခြေထောက် ရိုက်ချိုးခဲ့ပြီးကာမှ။ အမျိုးသမီးတွေကို ပံ့ပိုးမှုတွေ မပေးခဲ့ဘူး။ ဒီရဲ့ နိုင်ငံရေးမှာလည်း ပါဝင်လာဖို့ အခက်ခဲတွေ များစွာရှိခဲ့တဲ့ အခြေအနေ။ အခု ၂၁ ရာစုပင်လုံမှာမှ အမျိုးသားနဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းဆိုပြီး တရွတ် တိုက်ဆွဲလို့ မရဘူး” ဟု သူက ရှင်းပြသည်။

၂၀၀၉ လောက်ကတည်းက အမျိုးသမီးအရေး ကိစ္စများကို ဆောင်ရွက်ခဲ့သူ၊ လက်ရှိတွင် ကရင်ပြည်နယ် အခြေစိုက် အမျိုးသမီး အဖွဲ့အစည်းတခုတွင် ပါဝင်ဆောင်ရွက်နေသူ နော်စင်သီယာဝင်းမှာလည်း ထိုကဲ့သို့ အမြင်ရှိသည်။

တကယ့် မြေပြင်အခြေအနေတွင် ယခုအချိန်ထိ (လုံးဝ) အပြင်ခေါ်ထုတ်၍ မရသော ကရင်တိုင်းရင်းသား အမျိုးသမီး များစွာ ရှိနေသေးသည်ဟုလည်း သူက ပြောပြသည်။

နှစ်ပေါင်းကြာရှည် ပဋိပက္ခဒေသတွင် ကြီးပြင်းလာရခြင်း၊ ဓလေ့ထုံးထမ်းအရ အမျိုးသမီးများ၏ ပညာရေးကို ဦး စားပေးမခံရခြင်း၊ အုပ်ချုပ်ရေး ဦးဆောင်မှု အခန်းကဏ္ဍထဲ၌ ပါဝင်မှုနည်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းအပြင် နေရာပေးမခံရခြင်းတို့ကြောင့်လည်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အဟန့်အတားများ ဖြစ်နေစေကြောင်း သူက မှတ်ချက်ပြုသည်။

“ကျမတို့ တိုင်းရင်းသားပါတီမှာ အမျိုးသားကြီးစိုးရေး ဝါဒတွေ နည်းနည်းတော့ ရှိတယ်။ ပြီးတော့ သူတိုရဲ့ ဟိုးအရင်က အတွေးအခေါ်လေးတွေ ရှိသေးတဲ့အတွက်ကြောင့် အမျိုးသမီးကို ဦးစားမပေးတာလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

အမျိုးသမီးအဖွဲ့အစည်းများ တောက်လျှောက် တောင်းဆိုနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး ကိုတာစနစ်သည် ယနေ့ချိန်ထိ မပြည့်မီသေးသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေး မူအရ သဘောတူညီချက်များတော့ ရရှိခဲ့ပြီ ဖြစ်သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း(၅)ပါ အပိုဒ် ၂၃ တွင် နိုင်ငံရေး ဆွေးနွေးပွဲများ၌ သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်ဟု ဖော်ပြပါရှိသည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အခန်း(၂) အပိုဒ်ခွဲ (ည)တွင်လည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဟု ရေးသားထားသည်။

စာရွက်ပေါ်က မူအရ သဘောတူညီချက်များမှသည် လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးမှုအပိုင်း အားကောင်း လာစေရန်အတွက် ဆက်လက် ကြိုးပမ်းသွားရအုံးမည်ဟု နန်းဖြူဖြူလင်းက ပြောသည်။

ကိုတာစနစ် တောင်းဆိုခြင်းသည် အခွင့်ထူးခံဖြစ်ရန် တောင်းဆိုခြင်း မဟုတ်ဘဲ မူဝါဒ ယန္တရားပိုင်းဆိုင်ရာ အားနည်း မှုများကြောင့် ဖြစ်ပေါ်လာသည့် မမြင်ရသော အတားအဆီးများ ကျော်လွှားနိုင်ရေးအတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။

ကိုတာစနစ်မှတဆင့် အမျိုးသမီးများကို နေရာပေးရင်း တပြိုင်နက်တည်း စွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်း ဖြင့် ဦးဆောင်မှု အခန်းကဏ္ဍသို့ တဖြည်းဖြည်း ရောက်ရှိလာမည်ဟုလည်း ၎င်းတို့က ယုံကြည်ထားသည်။

“အထူးသဖြင့် စစ်ရဲ့ပဋိပက္ခကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အများဆုံး ခံရတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးကို ပိုလိုတဲ့သူတွေ အလိုချင်ဆုံး သူတွေလို့ဆိုရင် ကျမ မမှားဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယ်ကြဉ်ခံနေရတုန်းပဲ ဖြစ်ပါတယ် ။ တကယ် ခံစားရတဲ့သူတွေရဲ့ အသံတွေ ကိုယ်စားပြုမှုတွေ မပါဝင်ဘဲရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ သွားလို့မရပါဘူး” ဟု မြန်မာနိုင်ငံ ကျား-မ ရေးရာ လေ့လာရေး သိပ္ဗံ (MIGS)မှ program officer မယ်စိုးစိုးနွယ်က ထောက်ပြသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများ ဖြစ်နေခြင်း၊ စစ်၏ပဋိပက္ခဒဏ်ကို အမျိုးသမီးနှင့် ကလေးငယ်များက အများဆုံး ခံနေရခြင်းတို့က အမျိုးသမီးများ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တို့တွင် ပိုမို ပါဝင်သင့်ကြောင်း ဝေဖန်ထောက်ပြမှုကို ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်း ကလည်း ထောက်ခံသည်။

သူက “အမျိုးသမီးပါဝင်မှု များလာလေလေ အခြေအနေ ပိုကောင်းလာလေလေ။ ကျနော်တို့ ယောကျ်ားတွေ မြင်လို့ မရတဲ့ ရှုဒေါင့်ကနေ သူတို့မြင်တာတွေလည်း ရှိတယ်။ မိခင်စိတ်ဆိုတာ စာနာစိတ် သနားစိတ် ပါလာတယ်။ သားသမီး ပိုပြီး ချစ်တတ်တဲ့ စိတ်တွေ ပါလာတယ်။ အဲဒါမျိုးက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် အမျိုးသမီး အခန်းကဏ္ဍ မြှင့်လေလေ ကောင်းလေလေလို့ပဲ မြင်တယ်” ဟု မှတ်ချက်ပြုသည်။

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မတရားအသင်းမှ ပယ်ဖျက်ပြီး ဖြစ်သဖြင့် မည်သူမဆို ပါဝင်၍ရပြီး အန္တရာယ် မရှိကြောင်း၊ NCA ယန္တရားလမ်းကြောင်းကို အသုံးချကာ အမျိုးသမီးများ ပါဝင်ရေးကို ကြိုးစား ဆောင်ရွက်နိုင်ပါကြောင်းလည်း သူက သတင်းစကားပါးသည်။

“အိမ်တအိမ်မှာ အမျိုးသမီး မရှိဘဲ အဆင်ပြေလား။ အမျိုးသမီး မရှိဘဲနဲ့ အဆင်မပြေဘူးဆိုရင် ဒီနိုင်ငံရဲ့ တည်ဆောက်မှု ဖြစ်စဉ်မှာရော အမျိုးသမီးမပါဘဲ အဆင်ပြေမလားပေါ့” ဟု နန်းမြသီတာက ဥပမာပေးပြီး ပြောသည်။

အမျိုးသမီးနှင့် အမျိုးသားတို့၏ အားသာချက် မတူညီသလို နိုင်ငံ၏ လိုအပ်ချက် ကဏ္ဍစုံတွင်လည်း အမျိုးသမီး ပါဝင်ဆုံးဖြတ်မှ အမျိုးသားပါဝင် ဆုံးဖြတ်မှ ထောင့်စုံမည့် အရာများလည်း ရှိရာ သဘာဝအရ ပေးလာသည့် အမျိုးသမီးများ၏ အားသာသည့် စွမ်းရည်ကတဆင့် ဆုံးဖြတ်ချက်ချသည့် နေရာများ၌ ဦးဆောင်ပါဝင်ရေး၊ နိုင်ငံ့အကျိုး ဆောင်ရွက်မည့် နေရာများ၌ ပါဝင်ရေးတို့အတွက် မည်သို့ စဉ်းစားရမည်ကို သုတေသနပြုလုပ် သင့်သည်ဟု ဆိုသည်။

“ခု ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုလို့ နိုင်ငံရေး သဘောတူညီချက် ရထားတဲ့အပေါ်မှာ အဲဒီအိမ်ကို ကျမတို့ တည်ဆောက်မယ်ဆိုရင် လိုအပ်နေတဲ့ ကဏ္ဍပေါင်းစုံက အမျိုးသမီး အမျိုးသား ပါဝင်ရမယ့် အခန်းကဏ္ဍ အဲဒါကြီးက ဟန်ချက်ညီမှ ဒီအိမ်ကြီးက ရှေ့ဆက်ပြီး ဟန်ချက်ညီညီ သွားနိုင်မယ်လို့ မြင်တယ်” ဟု သူက သုံးသပ်သည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နေသည့် မြန်မာနိုင်ငံတွင် တနိုင်ငံလုံး လူဦးရေ၏ ထက်ဝက် ကျော်ဖြစ်သော အမျိုးသမီးများအား ဦးဆောင်မှု အခန်းကဏ္ဍတွင် ထည့်သွင်းခြင်း ပါဝင်ခြင်း မရှိပါဘဲ နိုင်ငံကို ဘက်စုံထောင့်စုံမှ ဖွံ့ဖြိုးတိုးတက်နိုင်ရေး မည်သို့ ရှေ့ဆက်သွားပါမည်လဲဟုလည်း သူက မေးခွန်းထုတ်လိုက်သည်။

The post အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ appeared first on ဧရာဝတီ.

]]>
အောင်ရဲထွေးအမှု လူသတ်မှုစွဲချက် ပယ်ဖျက်ပေးရန် စွဲချက်တင်ခံရသူများ လျှောက်ထား https://burma.irrawaddy.com/news/2019/08/30/202480.html Fri, 30 Aug 2019 09:53:04 +0000 https://burma.irrawaddy.com/?p=202480 ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ လူသတ်မှုဖြင့် စွဲချက်တင်ထားခြင်းကို ပယ် ဖျက်ပေးရန် စွဲချက်တင် ခံထားရသူများ၏ တရားလွှတ်တော် ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သို့ ယနေ့ လျှောက်ထားကြောင်း

The post အောင်ရဲထွေးအမှု လူသတ်မှုစွဲချက် ပယ်ဖျက်ပေးရန် စွဲချက်တင်ခံရသူများ လျှောက်ထား appeared first on ဧရာဝတီ.

]]>
ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် စွဲချက်တင်ထားခြင်းကို ပယ်ဖျက်ပေးရန် စွဲချက်တင် ခံထားရသူများ၏ တရားလွှတ်တော် ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ယနေ့ လျှောက်ထားကြောင်း သိရသည်။

လူသတ်မှုဖြင့် စွဲချက်တင်ခံရသူ ၃ ဦးက ကျေနပ်မှုမရှိဟုဆိုကာ တိုင်းတရားလွှတ်တော်သို့ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယ ပတ် အတွင်းက ပြင်ဆင်မှု လျှောက်လွှာတင်ခဲ့ရာ ယနေ့ နှစ်ဖက်ကြားနာမှု ပြုလုပ်ချိန်တွင် လျှောက်ထား ပြောဆိုခြင်း ဖြစ်သည်။

သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ)အောင်လေးတို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့် ကန်ခြင်း၊ ဗော်ကာ ပုလင်းခွံဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် သေဆုံးစေသည် ဟုဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့်လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ၎င်းတို့ နှစ်ဦး ပြစ်မှုကျူးလွန်ရန် အားပေး ကူညီသည်ဟု ဆိုကာ လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့်လည်းကောင်း ၂၀၁၉ ခု ဇန်နဝါရီ ၇ ရက်က အရှေ့ပိုင်း ခရိုင် တရားရုံး၌ စွဲချက်တင်ခဲ့သည်။

စွဲချက်တင်ထားသည့် ပြစ်မှုများ ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယနေ့ကြားနာမှုတွင် အမှတ် (၁) (၂) စွပ်စွဲခံရသူတို့ ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးစိုးမြင့်နှင့် အမှတ်(၃) စွပ်စွဲ ခံရသူ ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုတို့က မူလတရားရုံး (အရှေ့ပိုင်းခရိုင်တရားရုံး)၏ စွဲချက် အမိန့် အပေါ် ပြင်ဆင်မှု လျှောက်လွှာတင်ရခြင်းနှင့် ပတ်သက်ပြီး ရုံးတော်သို့ အသီးသီး တင်ပြခဲ့ကြသည်။

တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက သက်သေအားလုံး၏ ထွက်ချက်အရ အမှတ်(၃) စွပ်စွဲခံရသူ ကျော်ဇောဟန် နှင့် ငြိစွန်းသည့်အချက် တချက်မှ မပါဝင်ကြောင်း၊ လူစီတန်း ပြသရာနှင့် ဓာတ်ပုံ မှတ်တမ်းများတွင်လည်း မပါဝင်ရာ ကျော်ဇောဟန်ကို သက်သေခံချက် မပေါ်ပေါက်ဘဲ သံသယဖြင့် စွဲချက်တင်ထားသည့် အနေအထား ဖြစ်နေကြောင်း၊ အရှေ့ပိုင်းခရိုင် တရားရုံး၏ စွဲချက် မှားယွင်းနေသည့်အတွက် ပယ်ဖျက်ပေးရန် တရားခွင်၌ ပြောဆိုခဲ့သည်။

တရားသူကြီးအနေဖြင့် အမှုသည် လူသိများ ကျော်ဇောနေခြင်းကြောင့် အပြစ်ကင်းလွတ်ရန် ယခုကဲ့သို့ စွဲချက် တင်လိုက်ခြင်း ဖြစ်နေလျှင် အဂတိတရားများ ပါဝင်နေကြောင်းလည်း ၎င်းက လျှောက်ထားခဲ့သည်။

ဦးချစ်ကိုကိုက“လူသက်သေခံချက်ရော စာရွက်စာတမ်း ပတ်ဝန်းကျင် သက်သေခံချက် ပစ္စည်းတွေပေါ့၊ ဘာမှ ငြိစွန်း တာ မရှိဘူး။ ဒီသုံးချက်လုံးနဲ့ မငြိစွန်းလို့ လွှတ်ပေးပါ”ဟု ဧရာဝတီကို တရားခွင်အပြီး၌ ပြောသည်။

မည်သည့် သက်သေမျှ မရှိသောကြောင့် ပထမအကြိမ်တွင် ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မျက်မြင်သက်သေ၊ စာ သက်သေမရှိဘဲ ယခုလို လူသတ်မှု စွဲချက်တင်ခံရရာ စွပ်စွဲခံရသူများ အနေဖြင့် အလွန်နစ်နာကြောင်း စွပ်စွဲခံရသူတို့၏ ရှေ့နေများက လျှောက်ထားပြောဆိုသည်။

အမှတ်(၁)(၂) စွပ်စွဲခံရသူတို့၏ တရားလွှတ်တော်ရှေ့နေ ဦးစိုးမြင့်ကလည်း“သူတို့ ရိုက်သွားတယ် ဆိုတာလည်း ဘယ်သူ မှ မပြောဘူး။ အဓိက မျက်မြင်သက်သေဖြစ်တဲ့ တရားလိုပြသက်သေ ပိုးပိုး (သေဆုံးသူ အောင်ရဲထွေး၏ ချစ်သူ) က လည်း အဲဒီညက အောင်ရဲထွေးနဲ့ တွဲကနေတာ။ သူကိုယ်တိုင်ကလည်း မမြင်ပါဘူးလို့ ထွက်ဆိုထားတယ်” ဟု တရား ခွင်တွင် ရှင်းလင်း တင်ပြခဲ့သည်။

၎င်းတို့၏ လျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ရန် ရက်သတ္တ ၂ ပတ်မှ ၁ လ သို့ မဟုတ် ၁ လခွဲခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည် ကြီးလာသည့် အောင် ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစု က ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ်မှု ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးကို စွဲချက် မတင်ခင် ပြန်လွှတ်ပေးခဲ့ရာ လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။

သမ္မတ ဦးဝင်းမြင့်ကလည်း အောင်ရဲထွေး အမှုနှင့် ပတ်သက်၍ နောက်ခံအကြောင်းရင်းများ၊ တခြားဆက်နွယ် ပတ် သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပါဝင်လာ ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်ရဲထွေးအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၈ အောက်တိုဘာ ၉ ရက်မှ စတင်ကာ နောက်တကြိမ် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိ အရှေ့ပိုင်းခရိုင် တရားရုံး၌ အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူ ၃ ဦးစလုံးကို လူသတ်မှု ပုဒ်မများဖြင့် စွဲချက် တင်ပြီးနောက် ပြန်ခေါ်သက်သေ ၁၀ ဦးကို ပြန်လည် စစ်မေးမှုများ ပြုလုပ်လျက်ရှိရာ ၂ ဦးသာ ကျန်ရှိတော့ကြောင်း၊ ယခုအခါ အမှုတွဲသည် တိုင်းတရား လွှတ်တော်သို့ ရောက်ရှိနေသဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

တဖက်တွင်လည်း အမှုရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု ရှိသည်ဆိုကာ တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းရဲတပ်ဖွဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကိုတို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားရာ တိုင်းတရား လွှတ်တော်တွင် အမှု ရင်ဆိုင်ရလျက် ရှိသည်။

You may also like these stories:

အောင်ရဲထွေး အမှုတွင် လူသတ်မှုစွဲချက် ပြင်ဆင်ခြင်း တိုင်းတရား လွှတ်တော် လက်ခံ

အောင်ရဲထွေး အမှု စွပ်စွဲခံရသူ တဦးက သမ္မတထံ အသနားခံစာ ပို့ထားရာ အကြောင်းမပြန်သေး

အောင်ရဲထွေး သေဆုံးမှု လူသတ်မှုဖြင့် စွဲချက်တင်ခံရခြင်း အပေါ် တရားခံဘက်က မကျေနပ်

The post အောင်ရဲထွေးအမှု လူသတ်မှုစွဲချက် ပယ်ဖျက်ပေးရန် စွဲချက်တင်ခံရသူများ လျှောက်ထား appeared first on ဧရာဝတီ.

]]>
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်ဂုဏ်ပုဒ် သုံးစွဲမှု ရွေးကောက်ပွဲကော်မရှင် သတိပေး https://burma.irrawaddy.com/news/2019/08/29/202395.html Thu, 29 Aug 2019 10:23:57 +0000 https://burma.irrawaddy.com/?p=202395 ရွေးကောက်ပွဲကာလ မဟုတ်သည့်အချိန်တွင် သတ်မှတ်ကိစ္စရပ်များမှအပ လွှတ်တော် ကိုယ်စားလှယ် လောင်း ဟူသော အမည်ဂုဏ်ပုဒ် သုံးစွဲ ဖော်ပြခြင်း မပြုရန်

The post လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်ဂုဏ်ပုဒ် သုံးစွဲမှု ရွေးကောက်ပွဲကော်မရှင် သတိပေး appeared first on ဧရာဝတီ.

]]>
ရွေးကောက်ပွဲကာလ မဟုတ်သည့် အချိန်တွင် သတ်မှတ်ကိစ္စရပ်များမှအပ လွှတ်တော် ကိုယ်စားလှယ်လောင်းဟူ သော အမည်ဂုဏ်ပုဒ် သုံးစွဲဖော်ပြခြင်း မပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က သြဂုတ်၂၇ ရက်နေ့ ရက်စွဲ ဖြင့် သတိပေး ထုတ်ပြန်ကြေညာသည်။ 

UEC မှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက“လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်ဂုဏ်ပုဒ်နဲ့ ပတ်သက်လို့ သုံးစွဲတာမှာ မမှားမယွင်းအောင် ကျနော်တို့ ထုတ်တာ။ မှားယွင်းမှုတွေ၊ ပြဿနာတွေ မရှိအောင် ဘယ်လိုသုံးရမယ် ဆိုတာ ထုတ်ပြန်တာပါ။ အကြောင်းပေါ်ပေါက်လို့ ဒါလေးတွေ မမှားယွင်းအောင် ထုတ်ပြန်တာပါ”ဟု ဧရာဝတီကို ပြော သည်။ 

သုံးစွဲဖော်ပြပါက ယင်းပုဂ္ဂိုလ်၏ ပြုမူဆောင်ရွက်သည့် အကြောင်းအရာအပေါ် မူတည်ပြီး တည်ဆဲဥပဒေတရပ်ရပ်နှင့် ငြိစွန်းနိုင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားချက်နှင့် ပတ်သက်၍ မည်သို့သော ဥပဒေပုဒ်မများဖြင့် အရေး ယူခံရနိုင်ပါ သလဲဟု ဧရာဝတီက ဦးခင်မောင်ဦးအား မေးမြန်းရာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို မေးမြန်းလျှင် ပိုကောင်းမည်ဟု ဆိုသဖြင့် ဦးမြင့်နိုင်အား ဆက်သွယ်သော်လည်း မရခဲ့ပါ။

ထိုသို့ သုံးစွဲသောသူသည် တည်ဆဲဖြစ်နေသော (မဖျက်သိမ်းရသေးသော) ဥပဒေများ အားလုံးထဲက ပြဋ္ဌာန်းချက် တခုခုဖြင့် အရေးယူခံရနိုင်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ တဦးက သုံးသပ်သည်။ 

ကော်မရှင်၏ ထုတ်ပြန်ကြေညာမှုသည် သြဂုတ်၂၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ မေးမြန်းချက်အပြီး ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ 

ထိုနေ့က အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ရွေးကောက်ပွဲကာလ မဟုတ် သည့်အချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ရေးသားကြေညာခြင်းသည် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ မရှိ မေးမြန်းမှု အပေါ် ကော်မရှင်အဖွဲ့ဝင် ဦးသန်း ဌေးက ဖြေကြားခဲ့သည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း၏ မဲဆန္ဒနယ်ဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ရွာငံ-တောင်ကြီး-မန္တလေးသွား ပြည်ထောင်စုလမ်းမကြီး၏ဘေး မိုင်တိုင် ၁၉ အနီးတွင် ဒေါက်တာ သန်းထိုက်ဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)ဟု ရေးသားထားပြီး မြေလွတ်မြေရိုင်း လုပ်ပိုင် ခွင့် ရရှိကြောင်း ဗီနိုင်း ဆိုင်းဘုတ်ထောင်၍ ကြော်ငြာထားသည်ဟု ဦးအောင်စိုးမင်းက ဧရာဝတီကို ပြောသည်။ 

အဆိုပါ ဆိုင်းဘုတ်ကို ၂၀၁၉ ဇူလိုင် ၇ ရက်တွင် စတင် တွေ့ရှိခဲ့ပြီးနောက် လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကြော်ငြာဘုတ်ထောင်ထားသူသည် မည်သူမည်ဝါ၊ မည်သည့်ပါတီကမှန်း မသိကြောင်း၊ ၎င်းအနေဖြင့် ပုဂ္ဂိုလ်ရေး ဆို သည် ထက် ၂၀၂၀ ရွေးကောက်ပွဲ နီးလာသည့်အခါ ရှုပ်ထွေးမှုများ ဖြစ်ပေါ်မည် စိုးရိမ်သဖြင့် ရွေးကောက်ပွဲ ဥပဒေနှင့် ညီ မညီ မေးမြန်းခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဦးအောင်စိုးမင်းက“ပြည်သူ့လွှတ်တော်ရဲ့ ကိုယ်စားလှယ်လောင်းဆိုတော့ ကျနော်တယောက်တည်း မဟုတ်ဘူး။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အားလုံး အတွက်ကို ထိခိုက်တယ် ဒါကြီးက။ ဒီအချိန်မှာ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်း ဆိုတာ သုံးခွင့်မှ မရှိတာ။ ကျနော့် တဦးတယောက်တည်း အနေနဲ့ဆိုရင်တော့ အထင်မြင် မှားခံရ တာပေါ့။ ကျနော်ကပဲ မြေလွတ်မြေရိုင်းတွေ ယူထားသလိုလို ဖြစ်နေတယ်”ဟုလည်း ပြောဆိုသည်။ 

ရွေးကောက်ပွဲ ကာလ မဟုတ်သည့်အချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟု ရေးသားကြေညာ ထား ခြင်းသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် ညီညွတ်မှု မရှိသော်လည်း ထိုကဲ့သို့ ရေးသား ကြေညာ ထားပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ရမည်ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထား ခြင်း မရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။ 

ဆက်လက်၍ ၎င်းက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်သုံးစွဲကာ ၎င်း၏ ပြုမူဆောင်ရွက်ချက်များ အပေါ် အခြေပြု၍ သင်ဆိုင်ရာ တည်ဆဲ ဥပဒေတရပ်ရပ်အရသာ ဆက်လက် ဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့ပြီး ထိုသို့ သုံးစွဲထားခြင်းသည် မသင့်လျော်ကြောင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို အကြောင်းကြားပြီး တားမြစ်သွားမည် ဟုလည်း ဖြေကြားခဲ့သည်။ 

အဆိုပါ ဖြေကြားချက်နှင့် ပတ်သက်၍ ဦးအောင်စိုးမင်းက အားရကျေနပ်မှု မရှိသော်လည်း ရွေးကောက်ပွဲဥပဒေ၏ အားနည်းချက်ဖြစ်နေ၍ ပြင်ဆင်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုသည်။ 

“လမ်းဘေးကြီးမှာ ဒီလို ဆိုင်းဘုတ်ကြီး ထောင်နေတယ်။ တတိုင်းပြည်လုံးက ဥပမာ လွှတ်တော်ရွေးကောက်ပွဲ တကြိမ် ဝင်ဖူးတာနဲ့ သူ့ကိုယ်သူ ကိုယ်စားလှယ်လောင်းပါလို့ ကြေညာနေရင် ဘယ်လိုလုပ်မလဲ။၂၀၂၀ ရွေးကောက်ပွဲ နီးလာ တဲ့အခါ ဟိုက ကိုယ်စားလှယ် ဒီက ကိုယ်စားလှယ်လောင်းတွေ ပေါ်လာရင် ရှုပ်ထွေးကုန်မှာ စိုးတယ်”ဟု ၎င်းက ပြော သည်။ 

ဆက်လက်၍ ၎င်းက“ကိုယ်စားလှယ်လောင်းလို့ သုံးတာက သုံးတဲ့အပေါ်မှာလည်း မူတည်သေးတယ်။ တချို့က အယောင်ဆောင် သုံးသလား။ တချို့က ဒီကိုယ်စားလှယ်လောင်းဆိုပြီး ပြောပြီးတော့ လိမ်တာလား။ ဒါမျိုး သူ့ရဲ့ ပုံစံပေါ်မှာ မူတည်ပြီးမှ တရားစွဲမယ့် သဘောပေ့ါ”ဟုလည်း ဆိုသည်။ 

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ၂၆ ပုဒ်မခွဲ (က)အရ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသူ ဖြစ်ကြောင်း သတ်မှတ်ကြေညာသည့်နေ့မှစ၍ ရွေးကောက် တင်မြှောက်ပြီး သည် အထိ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် တရားဝင် သုံးစွဲခွင့် ရှိကြောင်း၊ ရွေးကောက်တင်မြှောက်ခြင်း မခံရသူသည် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဆက်လက် သုံးစွဲခွင့် မရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပပြီးနောက် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသူအား ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း၊ ပြင်ဆင်မှုနှင့် အယူခံမှုများ တင်သွင်းခြင်း၊ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းခြင်း၊ ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၃) ပါ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ ဥပဒေနှင့် အညီ တိုင်တန်းလျှောက်ထားခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များတွင်သာ သုံးစွဲခွင့်ရှိပြီး အခြားကိစ္စရပ်များတွင် သုံးစွဲခွင့် မရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

You may also like these stories:

“အာဏာရ ဗမာခေါင်းဆောင်” ဆိုသည့် စကားရပ် လွှတ်တော်တွင် ကန့်ကွက်

မန္တလေးတိုင်း ဝန်ကြီးဌာနသစ် ဝန်ကြီးနေရာ ကျောက်ဆည် အမတ်ကို အမည်စာရင်းသွင်း

ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ရသေ့တောင် ALD ပါတီ ကိုယ်စားလှယ် ကန့်ကွက်ခံရ

The post လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်ဂုဏ်ပုဒ် သုံးစွဲမှု ရွေးကောက်ပွဲကော်မရှင် သတိပေး appeared first on ဧရာဝတီ.

]]>
ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် ထိန်ချန်မှုရှိ ဟုဆို https://burma.irrawaddy.com/news/2019/08/27/202112.html Tue, 27 Aug 2019 07:16:52 +0000 https://burma.irrawaddy.com/?p=202112 ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင် ၏ တွေ့ရှိချက် အစီရင်ခံစာတွင် ထိန်ချန်မှုများ ရှိနေကြောင်း LGBT အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

The post ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် ထိန်ချန်မှုရှိ ဟုဆို appeared first on ဧရာဝတီ.

]]>
ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ၏ တွေ့ရှိချက် အစီရင်ခံစာတွင် ထိန်ချန်မှုများ ရှိနေကြောင်း LGBT (လိင်စိတ်ခံယူကွဲပြားသူများ) အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ် ရှားသူများက ပြောဆိုလိုက်သည်။

Myanmar Imperial University (MIU) ကျောင်းတွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ဆဲ ကာလ အတွင်း မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ကျော်ဇင်ဝင်းသေဆုံးမှုနှင့် ပတ်သက်သည့် နောက်ဆုံး အခြေအနေ ရှင်း လင်းပွဲကို ရန်ကုန်မြို့မြေနုလမ်း လမိုင်းကွန်ဒို၌ သြဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။

MNHRC အနေဖြင့် ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်သည့် အစီရင်ခံစာကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မီဒီယာများသို့ တရားဝင် ပြောဆိုထားမှုများနှင့် ပတ်သက်၍ ထိုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်းလည်း ဖြစ်သည်။

ကျော်ဇင်ဝင်းသည် အများဝိုင်း၍ စွပ်စွဲပြောဆိုနေသကဲ့သို့ လိင်ဝိသေသ ကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက် စီးနင်း ပြုကျင့်ခံရမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဟူသော အထောက်အထားများ မတွေ့ကြောင်း၊ ၎င်း ၏ ပင်ကိုယ်အနေအထားကိုယ်၌က စိတ်အားငယ်တတ်သူ ဖြစ်သည်ဟု သုံးသပ်ကြောင်း MNHRC အဖွဲ့ဝင် ဦးယုလွင် အောင်က သြဂုတ် ၁၅ ရက်တွင် ဧရာဝတီကို ပြောဆိုထားသည်။

ထို့ပြင် ၎င်းတို့၏ တွေ့ရှိချက် အစီရင်ခံစာကို လတ်တလော ထုတ်ပြန်ရန်မရှိသေးကြောင်း ပြောဆိုထားသကဲ့သို့ ဝေဖန် မှုများနှင့် ပတ်သက်၍လည်း “ကျေနပ်တဲ့ သူလည်း ရှိမယ်။ မကျေနပ်တဲ့ သူလည်း ရှိမယ်။ လောကသဘာဝ ရှိတတ် တာပေါ့။ အန်ကယ်တို့ကတော့ သံခမောက်ဆောင်းပြီး ခံဖို့ အဆင်သင့်ပါပဲ” ဟုလည်း ဆိုသည်။

ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဒီအစီရင်ခံစာရဲ့အားနည်းချက်က ထိန်ချန်မှုတွေ ရှိနေတယ်။ ကော်မ ရှင်ရဲ့ သုံးသပ်ချက်ထဲမှာ LGBT ကြောင့် သေဆုံးတယ်ဆိုတဲ့ အချက်ကို လုံးဝ ချန်ထားပါတယ်။ လုပ်ငန်း ဖိအားတွေ လုပ်ငန်းနဲ့ ပတ်သက်လို့ တာဝန်မကျေမှုကြောင့်ပဲ သေဆုံးသွား၊ သတ်သေသွားတယ် ဆိုတာ တွေ့ရတယ်” ဟု ပြော သည်။

ထို့ပြင် Channel News Asia နှင့် အင်တာဗျူးတွင် ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ပြောဆို သုံးနှုန်းသွားသည့် မောင်ကျော်ဇင်ဝင်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းသူ (Mentally weak) ဟူသော အသုံးအနှုန်းသည် လူတယောက် ကျပ်မပြည့်ဘူး ဆိုသည်မှ စိတ်ဝေဒနာ ခံစားရသည့် အဓိပ္ပာယ်ထိ သက်ရောက်သွားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေးသူသည် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြစ်နေ၍ ဆေးပညာပိုင်းဆိုင်ရာ အတွေ့အကြုံအရ Mentally weak ဟု ကောက်ချက်ချ သုံးသပ်လျှင် လက်ခံသော်လည်း ဆေးပညာအရရော စိတ် ပညာအရပါ မည်သည့် အတွေ့အကြုံမျှ မရှိသူက ယခုကဲ့သို့ ကောက်ချက်ချခြင်းသည် လွဲမှားနေသည်ဟု ဆိုသည်။

ဦးအောင်မျိုးမင်းက “မောင်ကျော်ဇင်ဝင်း သေဆုံးတာက စိတ်ဝေဒနာကြောင့် သေဆုံးတာဖြစ်တယ်လို့ အဓိပ္ပာယ် ပေါက်ရုံမကဘူး။ LGBT များကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားရသော ဝေဒနာရှင်များ ဖြစ်ပါတယ်လို့ သတင်းမှားပေးရာ ရောက်သွားနိုင်ပါတယ်။ LGBT များက စိတ်ဝေဒနာခံစားရသော၊ စိတ်ပိုင်းဆိုင်ရာ အားနည်းသောသူများလို့ မြင်နေကြ တဲ့ အမြင်ကို ထပ်ပြီး အားကောင်းအောင် ဖန်တီးပေးလိုက်သလို ဖြစ်တဲ့အတွက် ဒီစကားလုံးကို လုံးဝ ဆန့်ကျင်ပါ တယ်” ဟု ပြောသည်။

ကော်မရှင်အနေဖြင့် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုစကားလုံးကို ပြန်လည် ရုပ်သိမ်းပြီး တောင်းပန် ရန် အတွက်လည်း ၎င်းက တောင်းဆိုလိုက်သည်။

ထို့ပြင် လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာတွင် ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ရဲလုပ်ငန်း တာဝန် မကျေပွန်မှုများအား ဖော်ပြထားခြင်း မတွေ့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ထောက်ပြသည်။

ရဲများက သေမှုသေခင်း အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရပြီး အစီရင်ခံစာ ထုတ်ပေးရကြောင်း၊ ထိုအစီရင်ခံစာနှင့် ပတ်သက်၍ ထုတ်ဖော် ပြောခြင်း မပြောခြင်းက ရဲအပိုင်းဖြစ်သော်လည်း ထိုအစီရင်ခံစာကို တရားရုံးသို့ပို့ကာ အဆုံး အဖြတ်ရယူရမည် ဖြစ်ကြောင်း၊ ကျော်ဇင်ဝင်း ကိစ္စတွင် ထိုလုပ်ငန်းစဉ်များ မတွေ့ရကြောင်း ၎င်းက ရှင်းပြသည်။

“လူတယောက် သေသွားပြီ။ ဘယ်သူ့ ပယောဂမှ မပါဘဲနဲ့ သေသွားတယ်ဆိုရင်တောင် သေသွားတယ်ဆိုတာနဲ့တင် မပြီးပါဘူး။ ဘာဖြစ်လို့လဲဆို နိုင်ငံတော်ဟာ လူတဦးတယောက်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်က သူ့ဆီမှာ ရှိတာဖြစ်လု့ိ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သွေးရိုးသားရိုး သေဆုံးမှု ရှိမရှိကို အမှုဖော်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကိုယ်စား ရဲတွေက လုပ်ပေးရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကျော်ဇင်ဝင်း မသေဆုံးခင်အချိန်၌ သူသည် လိင်စိတ်ကွဲပြားမှု အပေါ် အခြေခံ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံ ခံရကြောင်း၊ ၎င်းအား အုပ်စုဖွဲ့ အနိုင်ကျင့်ပြောဆိုမှုများ ပြုလုပ်သည်ဟူသော Screen shot များကို ၎င်း၏ လူမှုကွန် ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ Screen shot များသည် ကျော်ဇင်ဝင်းကို ပြောဆိုခြင်း မဟုတ်ကြောင်း ဒေါ်မြအိမ်သူ (MIU ကျောင်း၏မန်နေ ဂျာ) က ငြင်းဆိုထားသကဲ့သို့ MNHRC အနေဖြင့်လည်း ကျော်ဇင်ဝင်းနှင့် မပတ်သက်ကြောင်း တွေ့ရှိရသည်ဟု ပြော ဆိုထားသည်။

“ကျော်ဇင်ဝင်းက ဘယ်လောက်ထိတောင် ချန်ခဲ့လဲဆိုရင် သူ့ဖုန်း လျှို့ဝှက်နံပါတ်ကို ဖြည်ထားပေးခဲ့တယ်။ ဖုန်းနံပါတ် တခုပဲ ချန်ထားပေးခဲ့တယ်။ ဖုန်းထဲမှာ သူပြချင်တဲ့ အချက်အလက်တွေကိုပဲ ထည့်ပေးထားခဲ့တယ်။ ကျန်တဲ့အချက် တွေကို အကုန်လုံး ဖျက်ထားပြီးသားပါ” ဟု LGBT အဖွဲ့တဖွဲ့ ဖြစ်သည့် Kings N Queens အဖွဲ့ ပရိုဂရမ် မန်နေဂျာ ကို တင်ကိုကိုက ပြောသည်။

အဆိုပါ အချက်အလက်များသည် ကျော်ဇင်ဝင်း အဘယ်ကြောင့် မိမိကိုယ်ကိုယ် သတ်သေသွားခြင်းဖြစ်သည် ဟူ သော မေးခွန်းအတွက် သက်သေများပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဦးအောင်မျိုးမင်းက “ဒီအချက်တွေက သေဆုံးမှုရဲ့ အဓိက အကြောင်းရင်းများ မဟုတ်သည့်တိုင်အောင် သေဆုံးမှု အတွက် ပံ့ပိုးပေးသော တခြား တခြားသော အကြောင်းအရာများ ဖြစ်တယ်” ဟုလည်း သုံးသပ်သည်။

ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်အရှိဆုံးဟု လူပြောများနေသည့် ဒေါ်မြအိမ်သူ (MIU ကျောင်း မန်နေ ဂျာ)သည် တရားဝင် အလုပ်ထွက်စာ တင်ထားကြောင်း၊ ၎င်း၏ တာဝန်ယူမှု တာဝန်ခံမှုများနှင့် နုတ်ထွက်သွားခြင်း အပေါ် မှတ်ချက်မပြုလိုသော်လည်း ကျောင်းဘက်မှ ရပ်နားလိုက်သည် ဟူသော စာကို ထုတ်ပေးစေချင်ကြောင်း ကိုတင်ကိုကိုက ပြောသည်။

“သူ့ဘာသာ နုတ်ထွက်သွားပါတယ် ဆိုတာနဲ့ ကျောင်းက ထုတ်နုတ်လိုက်ပါသည် ဆိုတဲ့ စကားလုံး မတူဘူး။ ကျောင်း အနေနဲ့ ပြောချင်တာက သူတို့မှာ တာဝန်မရှိဘူး။ တာဝန်ရှိတာ သူ့မှာ တာဝန်ရှိတယ်။ ဒါကြောင့် နုတ်ထွက်သွားတဲ့ ပုံစံ မျိုး လုပ်သွားတာ။ ဖြစ်စေချင်တာက ကျောင်းမှာ ဖြစ်သွားတဲ့ ပြဿနာတခု ဖြစ်တဲ့အတွက် ကျောင်းဘက်ကနေ ရပ် နား လိုက်ပါတယ်ဆိုတဲ့စာ ထုတ်ကိုထုတ်ပေးရမယ်” ၎င်းက ဆိုသည်။

LGBT အရေး တက်ကြွလှုပ်ရှားသူများက လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကျော်ဇင်ဝင်းနှင့် ပတ်သက်သည့် ၎င်း တို့၏ တွေ့ရှိချက်များ၊ သုံးသပ်ချက်များ ပါဝင်သော အစီရင်ခံစာ အကျဉ်းချုပ်ကို အများပြည်သူ သိရှိနိုင်စေရန်အတွက် တရားဝင် ထုတ်ပြန်ပေးရန် ထပ်မံ တောင်းဆိုလိုက်သည်။

ထို့ပြင် ကော်မရှင်၏ အစီရင်ခံစာတွင် ကျန်နေခဲ့သည့် အချက်အလက်များ၊ ကျော်ဇင်ဝင်း သေဆုံးမှု အတွက် ခိုင်လုံ သည့် အချက်အလက်များ၊ ကျော်ဇင်ဝင်း မသေဆုံးခင် ပြောဆို ပြုမူနေထိုင်ပုံများနှင့် မိသားစုဝင်များ၏ သူ့အပေါ် သဘောထား အမြင်များကို သုတေသနပြု တွေ့ရှိချက်များ ပါဝင်မည့် “သမ္မတကြီးထံ ပေးစာ” တစောင်ကို မကြာခင် ပေးပို့ သွားရန် ရှိကြောင်းလည်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

နိုင်ငံတကာက သတင်းမီဒီယာတွေမှာပါ အကျယ်တဝံ့ ဖော်ပြခြင်းခံရတဲ့ ကိုကျော်ဇင်ဝင်းရဲ့ သတင်း 

ကျော်ဇင်ဝင်းသေဆုံးမှု နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် မဟုတ်ဟု MNHRC ပြော

The post ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် ထိန်ချန်မှုရှိ ဟုဆို appeared first on ဧရာဝတီ.

]]>
လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ https://burma.irrawaddy.com/opinion/interview/2019/08/24/201808.html Sat, 24 Aug 2019 05:20:47 +0000 https://burma.irrawaddy.com/?p=201808 ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင် ဒေါ်ရည်မွန်ဦးကို ဧရာဝတီ သတင်းထောက် ဇူးဇူးက တွေ့ဆုံ မေးမြန်းထားပါသည်။

The post လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ appeared first on ဧရာဝတီ.

]]>
ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network – GEN) မှ တနှစ်ခန့် အချိန်ယူ ရေးဆွဲ ထားသော လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှု၊ အလွဲသုံးစားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ မူဝါဒ (Prevention of Sexual Harassment, Exploitation and Abuse Policy – PSHEA) မိတ်ဆက်ပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

GEN သည် မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝ ရရှိရေး အတွက် လုပ်ဆောင်နေကြသော အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဝင်ပေါင်း ၁၂၀ ကျော်တို့ဖြင့် ဖွဲ့စည်းထားသော ကွန်ရက်တခု ဖြစ်သည်။

GEN က မိတ်ဆက် ထုတ်ပြန်လိုက်သည့် PSHEA မူဝါဒ၏ ရည်ရွယ်ချက်၊ ယင်းမူဝါဒတွင် မည်သို့သော အချက် အလက်၊ လုပ်ထုံးလုပ်နည်းများ ပါဝင်သည်ကို အသေးစိတ် သိရှိနိုင်ရန် ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင် ဒေါ်ရည်မွန်ဦးကို ဧရာဝတီ သတင်းထောက် ဇူးဇူးက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။ ။ အခု GEN က မိတ်ဆက်လိုက်တဲ့ PSHEA မူဝါဒ ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ ဒီမူဝါဒက ဘယ်သူတွေအတွက် အကျုံးဝင်ပါသလဲ။

ဖြေ ။ ။ PSHEA ဆိုတာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှုနဲ့ အလွဲသုံးစားမှုပေါ့။ အဓိက အဲဒီ ၃ ခုကနေ ကာကွယ်တားဆီးဖို့အတွက် ပြုလုပ်တဲ့ မူဝါဒပါ။

GEN က မြန်မာနိုင်ငံမှာ ကျားမရေးရာ တန်းတူညီမျှရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တတ်သိကျွမ်းကျင် ပညာရှင်တွေ ပူးပေါင်းထားတဲ့ ကွန်ရက်ကြီးတခု ဖြစ်တယ်။ အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ရှိတယ်။ ဒီအဖွဲ့ဝင်တွေ အနေနဲ့ရော GEN ရဲ့ Coordination Unit က ဝန်ထမ်းတွေ အနေနဲ့ရော ဒီကွန်ရက်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဆက်စပ် ပတ်သက်နေတဲ့ အဖွဲ့အစည်းတိုင်း ဆိုလိုတာက ဟိုတယ်တွေလည်း ပါမယ်။ ကျမတို့ စာအုပ်ထုတ်ဝေနေတဲ့ printing house တွေလည်း ပါမယ်။ ကျမတို့နဲ့ ပတ်သက် ဆက်စပ်နေတဲ့ supplier တွေပေါ့။ သူတို့ကိုပါ ဒီမူဝါဒက အကျုံးဝင်မှာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ ဒီလိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုတွေ အမြတ်ထုတ်မှုတွေ အလွဲသုံးစားမှုတွေကို လုပ်ဆောင် မယ်ဆိုရင် Gender Equality Network အနေနဲ့ ဒါကို လက်သင့်မခံဘူး။ ဒီအတွက်ကို အရေးယူမှုတွေ ရှိမယ်။ အရေးယူမှုတွေ လုပ်နိုင်ဖို့အတွက်ကို ဒီမူဝါဒကို လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက်နဲ့ ဆက်စပ်နေတဲ့ နေရာတိုင်းမှာ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်တခု ဖြစ်ပေါ်လာဖို့အတွက်ကို ရည်ရွယ်တာပါ။

မေး ။ ။ မူဝါဒထဲမှာ အဓိက ဘယ်လိုအချက်တွေ ပါဝင်ပါသလဲ။

ဖြေ ။ ။ PSHEA ထဲမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ထိပါးနှောင့်ယှက်မှုတွေ အနိုင်ကျင့် စော်ကားမှုတွေ မဖြစ်ဖို့ အတွက် GEN အနေနဲ့ ဘယ်လို ကြိုတင်ကာကွယ်မလဲ။ ဝန်ထမ်းတွေကို ခန့်အပ်တဲ့အခါမှာ ဘယ်လို save recruitment (စိတ်ချရသော ဝန်ထမ်းခန့်အပ်ရေး) လုပ်မလဲဆိုတာရယ်။ အဲဒီမှာ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေ က တဆင့် ဒီလူဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ အမြတ်ထုတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူလား စသဖြင့် နောက်ခံအကြောင်းတွေကနေ save recruitment လုပ်မယ်။ နောက်တခါ ပရိုဂရမ်တွေ လုပ်တဲ့အခါမှာလည်း အမျိုးသမီးတွေနဲ့ ထိခိုက်လွယ်တဲ့သူတွေ အပေါ်မှာ ကာကွယ်ပေးနိုင်မယ့် အစီအစဉ်တွေ လုပ်ဆောင်မယ်။ ဝန်ထမ်း သစ်တွေ ခန့်အပ်ပြီးတဲ့အခါ ဒီဝန်ထမ်းသစ်တွေကို စတင် မိတ်ဆက်တဲ့ နေရာမှာကတည်းက ဒီ PSHEA မူဝါဒ အကြောင်းကို ပြောမယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုဆိုတာ ဘာလဲ။ ဘာတွေကိုလုပ်ရင် ကျူးလွန် တာလဲ။ ကျူးလွန်တဲ့အခါ GEN အနေနဲ့ ဘယ်လိုအရေးယူနိုင်တယ် ဆိုတာတွေကို အသေးစိတ် ထည့်ပြောကြားမယ်။

ပြဿနာဖြစ်လာပြီဆိုရင် တိုင်ကြားတဲ့နည်းလမ်းတွေ ဘယ်လို တိုင်ကြားမလဲ။ တိုင်ကြားမယ့် focal person (သတ် မှတ်ထားတဲ့ အဓိကဝန်ထမ်း) တွေကို ရွေးချယ်တာက အစ အသေးစိတ် ဒီမူဝါဒထဲမှာ ထည့်သွင်းထားပါတယ်။ တိုင်ကြားမှုကို လက်ခံ ရရှိတဲ့အခါမှာလည်း အချိန်ကာလ ၇၂ နာရီ အတွင်းမှာ ချက်ချင်း တုန့်ပြန်မယ်။ တကယ်တော့ ဖြစ်သင့်တာ ၂၄ နာရီအတွင်းမှာ လုပ်မယ်ဆိုရင်တော့ အများကြီး ပိုပြီး ကောင်းနိုင်ပေမယ့် ၂၄ နာရီ ဆိုတာ မြန်မာနိုင်ငံရဲ့ တကယ့် အခြေအနေအရ ဖြစ်ဖို့က အရမ်းခဲယဉ်းတဲ့အတွက် အချိန်ကိုတော့ ၇၂ နာရီ သတ်မှတ်တယ်။ ဒါပေမယ့် ကြားသိရတာနဲ့ ကျမတို့ရဲ့ focal person က ချက်ချင်း တုန့်ပြန်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်မျိုးလည်း ထည့်သွင်းထားပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စုံစမ်း စစ်ဆေးမှုတွေ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်။ စုံစမ်းစစ်ဆေးမှု လုပ်တဲ့အခါမှာလည်း ဘယ်လို ပရိုစီဂျာနဲ့ ဘယ်သူတွေက စုံစမ်းစစ်ဆေးမှု ကော်မတီထဲမှာ ပါဝင်မလဲဆိုတာတွေ အသေးစိတ် ဒီမူဝါဒထဲမှာ ပါတယ်။

နောက်တခုက ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့သူက တကယ် ကျူးလွန်တယ်ဆိုတာကို ကျမတို့ရှာဖွေ တွေ့ရှိတယ်ဆိုရင် ဘယ်လိုမျိုး သူ့ကို အရေးယူမလဲဆိုတာမျိုးတွေလည်း မူဝါဒထဲမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။

မေး ။ ။ ဒီတော့ ကျူးလွန်တဲ့သူတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ ဘယ်လောက် အတိုင်းအတာထိ အရေးယူ ဆောင်ရွက်မှု ပြုသွားမှာပါလဲ။

ဖြေ ။ ။ ကျမတို့ တွေ့ရှိချက် serious ဘယ်လောက် ရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သွားမယ်။ တချို့ အခြေအနေတွေမှာ ခံဝန်ကတိ လက်မှတ်ထိုးရတာ ဖြစ်နိုင်တယ်။ နောက်ကို ဒီလို ပြစ်မှုမျိုး ကျူးလွန်ရင် ဘယ်လို ဖြစ်ပါမယ်။ သူဟာ ဘယ်လောက် ကာလအတွင်းမှာ စသဖြင့် ကာလ သတ်မှတ်ပြီးတော့ ဖြစ်ဖြစ် စံပြအနေနဲ့ ကောင်းမွန်အောင် ကြိုးစားပြီး နေထိုင်ရမယ်ဆိုတာမျိုး သတိပေးတာမျိုးတွေ ဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ သူ့ရဲ့ကျူးလွန်မှု အခြေအနေက အရမ်းကို ဘယ်လိုမှ နောက်တကြိမ်ဆိုတဲ့ အခွင့်အရေး ပေးလို့မရတော့တဲ့ ဟာမျိုး စုံစမ်းဖော်ထုတ် တွေ့ရှိပြီ ဆိုရင်တော့ ချက်ချင်း အလုပ်ကနေ ရပ်နားမှာ ဖြစ်ပါတယ်။

တချို့အခြေအနေမှာတော့ ဥပမာ အသက် ၁၈ နှစ်အောက် ကလေးနဲ့ အိမ်ထောင်ပြုတယ်။ ဒါမှမဟုတ် အသက် ၁၈ နှစ်အောက် ကလေးနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်စပ်မှုတွေ ရှိတယ်လို့ ဖော်ထုတ် တွေ့ရှိတယ်ဆိုရင် သိရှိတာနဲ့ပဲ ချက်ချင်း အလုပ်က ရပ်နားခံရမှာ ဖြစ်ပါတယ်။ ဒီမှာဆို ဘာတွေ လွှမ်းခြုံထားလဲဆို အသက် ၁၈ နှစ်အောက် တွေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ မရှိရဘူးဆိုတာ ပြောထားတယ်။ သဘောတူ ခွင့်ပြုချက်မရှိဘဲ မည်သူ တဦး တယောက်နဲ့မျှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ မရှိရဘူးလို့ ပြောထားတယ်။ လိင်ပိုင်းဆိုင်ရာလို့ ပြောတဲ့အခါမှာ ကိုယ်မနှစ်သက်တဲ့အရာကို လက်နဲ့ကိုင်လိုက်တာ၊ ပါးစပ်နဲ့ ပြောလိုက်တာပဲဖြစ်ဖြစ် ဥပမာ ဖုန်းထဲကနေ မက်ဆေ့ ပို့တာ၊ ညစ်ညမ်းတဲ့ပုံတွေ ပို့တာ အဲဒါတွေ အကုန်လုံး ပါဝင်မှာ ဖြစ်ပါတယ်။

ဥပဒေပိုင်းဆိုင်ရာ ဆိုရင်လည်း အကယ်၍ ဒါ မုဒိမ်းမှု ဖြစ်နေတယ်။ အမြတ်ထုတ်ပြီး ကျူးလွန်တဲ့ဟာဆိုရင် ဥပဒေအရ အရေးယူမယ် တရားစွဲမယ်ဆိုတဲ့ အခါမျိုးမှာ ကျမတို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ဥပဒေပိုင်းဆိုင်ရာ ဥပဒေ အထောက်အကူပြု အဖွဲ့တွေ ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီးတော့ ခံရတဲ့သူ ဆက်လက်ပြီး သွားမယ့် ဥပဒေပိုင်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်တွေကို ထောက်ပံ့ပေးသွားမယ်။

ပြီးတဲ့အခါ ဆေးကုသမှုပေါ့။ မုဒိမ်းကျင့်မှုဆိုရင် ဆေးကုသမှုပိုင်းဆိုင်ရာ ချက်ချင်း လိုအပ်တယ်။ သူ့အတွက် ကိုယ်ဝန် မရှိအောင် တခြားရောဂါတွေကနေ ကူးစက်မှု ကာကွယ်နိုင်အောင် ချက်ချင်းလုပ်နိုင်တဲ့ အတိုင်းအတာတွေ အားလုံး ကိုလည်း ထောက်ပံ့မှုတွေ ပေးသွားမယ်။ အဲဒီအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အနိုင်ကျင့်စော်ကား ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှု ရှိပါတယ်။ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးထောက်ပံ့မှု ဥပဒေ ပိုင်းဆိုင်ရာ ထောက်ပံ့မှု ပေးသလို တဖက်မှာလည်းပဲ လူမှု စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတာမျိုး အဲဒီလို လုပ်ပေးတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာမျိုးတွေလည်း လုပ်သွားမှာပါ။

မေး ။ ။ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်မယ့်သူတွေကို လွတ်လပ် အမှီခိုကင်းပြီး တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ဖို့ ဘယ်လောက် ရာခိုင်နှုန်းထိ ယုံကြည်လို့ရမလဲ။ ဒီအတွက်ရော မူဝါဒထဲမှာ ထည့်သွင်းထားတာမျိုးရှိလား။

ဖြေ ။ ။ တိုင်ကြားတာကို လက်ခံရရှိမယ့် focal ကို တဦးတည်း ထားမှာ မဟုတ်ဘူး။ focal တွေ သတ်မှတ်ထားတာတွေ ရှိမယ်။ အဲဒီ focal တွေကနေ ပဲ့ကိုင်ကော်မတီဝင်တွေကို တိုင်ကြားရမယ်။ ဒါပေမယ့် သူ့ကို စပြီး focal အဖြစ် ရွေးချယ်ကတည်းက သူပြန်ပြီး တိုင်ကြားတဲ့အခါမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရထားရသူက ပဲ့ကိုင်ကော်မတီထဲမှာ ပါတယ်ဆိုရင် အဲဒီလူကို မတိုင်ကြားဘူး။

GEN မှာဆို အကြီးတန်း အရာရှိ ၄ ယောက်ထဲက ၁ ယောက်ယောက်ကသာ ကျူးလွန်သူလို့ စွပ်စွဲခံရရင်လည်း အဲဒီတိုင်ကြားမှုက သူ့ဆီ ရောက်မှာ မဟုတ်ဘူး။ သူစပြီး ပြောတဲ့အချိန်ကတည်းက တွဲဘက်သဘာပတိ နှစ်ယောက်ရှိတယ်။ သူတို့ဆီကို သော်လည်းကောင်း senior management team ထဲက ယုံကြည် စိတ်ချရမယ့်သူကို သော်လည်းကောင်း တိုင်ကြားမယ်။ ပြီးတဲ့အခါ လက်ခံ ရရှိသူတွေ အနေနဲ့ ဒါကို ချက်ချင်း ကော်မတီဖွဲ့မယ်။ ဖွဲ့တဲ့အခါ ကျူးလွန်တဲ့သူလို့ စွပ်စွဲခံရတဲ့သူ လုံးဝ မပါဘူး။

မပါရတဲ့အတွက် ဒီကော်မတီဟာ အတတ်နိုင်ဆုံး ၁၀၀ ရာခိုင်နှုန်း လုံးဝ confidential ရှိရှိနဲ့ ဒီ တိုင်ကြားတဲ့သူကိုရော ဒီကိစ္စ စုံစမ်းစစ်ဆေးမှု တခုလုံးကိုရော confidential ရှိဖို့ရယ်။ အဓိကအားဖြင့် ခံရတဲ့သူအတွက် ကာကွယ် စောင့်ရှောက်မှုတွေ အပြည့်အဝ ပေးနိုင်အောင် လုပ်ဆောင်နိုင်မယ့် ကော်မတီမျိုးကိုပဲ ဖြစ်စဉ်ဖြစ်လာတဲ့အခါ ဖွဲ့စည်းသွားမှာပါ။

မေး ။ ။ ဒီမူဝါဒက အမျိုးသမီးတွေချည်း အတွက်ပဲလား။ ဒါမှမဟုတ် အမျိုးသား အပါအဝင် တခြားသော လိင်စိတ် ခံယူကွဲပြားသူတွေ (LGBT) တွေအတွက်ရော အကျုံးဝင်ပါသလား။

ဖြေ ။ ။ GEN က ဒီနေ့ မိတ်ဆက်လိုက်တဲ့ မူဝါဒမှာ အားလုံး အကျုံးဝင်ပါတယ်။ ဒါဟာ ဘယ်သူ့ကို ဘယ်သူကပဲ ကျူးလွန် ကျူးလွန်။ အမျိုးသမီးကို အမျိုးသားကပဲ ကျူးလွန်တာ၊ အမျိုးသားကို အမျိုးသမီးက ကျူးလွန်တာ။ အမျိုးသားအချင်းချင်း အမျိုးသမီးအချင်းချင်း ကျူးလွန်တာ။ ဘယ်သူကနေ ဘယ်သူ့ကိုပဲ ကျူးလွန်တာဖြစ်ဖြစ် ဒီမူဝါဒက အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဘယ်သူကပဲ ကျူးလွန် ခံရ၊ ခံရ တိုင်ကြားနိုင်ပါတယ်။

မေး ။ ။ ဒီလို တိုင်ကြားမှုတွေ လုပ်တဲ့အခါ လုပ်ကြံတိုင်တန်းမှုတွေ ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ထားတာမျိုး ရှိပါသလား။

ဖြေ ။ ။ အခု လက်ရှိ အခြေအနေမှာတော့ တိုင်ကြားဖို့အတွက်ကို တိုက်တွန်းအားပေးရတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် ကျူးလွန်ခံရတဲ့သူတွေက ကျူးလွန်ခံရတဲ့ ကိစ္စတိုင်းကို တကယ် မတိုင်ကြားနေဘူး။ ကျမတို့ အတွေ့အကြုံအရဆို ရှက်လို့ ဒါမှမဟုတ် ခံရတဲ့သူကို အပြစ်တင်တာပေါ့။ နင်က အနေအထိုင်မှ မတတ်တာ။ နင်က စကတ်တိုတိုလေး ဝတ်တယ်။ နင်က ဘယ်လိုပုံစံမျိုး နေတာ စသဖြင့် ခံရတဲ့သူအပေါ်မှာ အပြစ်တင်မှုတွေက ကြီးနေတဲ့အတွက် တိုင်ကြားတဲ့ သိတ္တိကို ရှိဖို့တောင် တော်တော်ကြီးကို ခက်ခဲပါတယ်။ အဲဒီလို တိုင်ကြားလာပြီ ဆိုရင်လည်း ကျူးလွန်ခံရသူက ဖြစ်ဖြစ်၊ မြင်ရတွေ့ရတဲ့သူက ဖြစ်ဖြစ် တိုင်ကြားတဲ့အပေါ်မှာ တိုင်ကြားတဲ့ကိစ္စတိုင်းကို ကျမတို့ ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးပါမယ်။

စုံစမ်းစစ်ဆေးမှုမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူက သူ ကျူးလွန်တာ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အလျောက် သူ့အတွက်ကို သံသယရှင်းသွားအောင်လို့ ကျမတို့ စုံစမ်းစစ်ဆေးမှုကနေ ဖော်ထုတ်ပေးမယ်။ အဲဒီလိုမှ မဟုတ်ဘဲ သူက တကယ်ကျူးလွန်တယ်။ သူဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ အလွဲသုံးစားမှုတွေ လုပ်နေတဲ့သူဆိုရင် စုံစမ်းစစ်ဆေးမှုကနေ ဖော်ထုတ် တွေ့ရှိပြီဆိုရင် သူ ကျူးလွန်တဲ့အလျောက် အရေးယူခံရမယ်။ အဲဒီပုံစံမျိုးနဲ့ သွားမှာပါ။ တိုင်ကြားတဲ့သူအပေါ်မှာ သက်ရောက်မှုတော့ လောလောဆယ်မှာ မရှိပါဘူး။

မေး ။ ။ အတွေ့အကြုံအရ လုပ်ငန်းခွင်အတွင်းက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် စော်ကားမှုတွေ အမြတ်ထုတ်မှုတွေကို ဘယ်လိုပုံစံမျိုးတွေ တွေ့ရတတ်ပါသလဲ။ ဘယ်သူတွေက အများဆုံး ကျူးလွန်လေ့ရှိကြသလဲ။

ဖြေ ။ ။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပုံစံတွေကတော့ များတယ်။ ဟိုကောင်မလေး ဒီနေ့ လှနေပါလားဆိုပြီး အမူအရာနဲ့ ပြုမူ လေသံက တဖက်လူအတွက် သက်တောင့်သက်သာမဖြစ်တဲ့ စကားမျိုးတွေ ပြောနေတာဆိုလည်း အများကြီးရှိနေတယ်။ နောက်ပြီး ထိတယ် ကိုင်တယ်ပေါ့။ ဥပမာ ပုခုံးလေး ပုတ်လိုက်တာ၊ လက်ကလေး ထိလိုက်တာ ဘာဖြစ်သွားမှာလဲ စသဖြင့် ဒါ သူ့ကိုကိုင်ရင် သူမကြိုက်ဘူးလို့ သိနေသည့်တိုင်အောင် ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်တဲ့ ဟာကို ဆတ်ဆတ်ထိမခံ ဖြစ်လွန်းတယ် ဆိုတဲ့ အပြုအမူတွေလည်း တွေ့မြင်ရပါတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် မှု၊ အလွဲသုံးစားမှုတွေကလည်း ရှိနေပါတယ်။ အတိုင်းအတာအားဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုက ပိုများ တယ်။ GEN အနေနဲ့ ဒီမူဝါဒကို ဆွဲတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ကိုပါ ထည့်သွင်း ရေးဆွဲခဲ့တယ်။ အရမ်းအဖြစ်များနေပြီး ကာကွယ်တားဆီးရမယ့်အရာ ဖြစ်နေလို့ပါ။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကတော့ အခြေအနေ ဘယ်လိုမှာမဆို ဖြစ်နိုင်တယ်။ လက်အောက်ငယ်သားက အထက်အရာရှိကို ကျူးလွန်တာ ဖြစ်နိုင်သလို အထက်အရာရှိက လက်အောက်ငယ်သားကို သို့မဟုတ် လုပ်ငန်းခွင် အတွင်းမှာ အနေအထား အတူတူ အချင်းချင်းကလည်း ကျူးလွန်နိုင်တယ်။ ဘယ်လို အခြေအနေမျိုးမှာမဆို ဖြစ်နိုင်တယ်။

အမြတ်ထုတ်မှုနဲ့ အလွဲသုံးစားမှုဆိုရင်တော့ အာဏာပိုရှိတဲ့သူက အာဏာမရှိတဲ့သူအပေါ်မှာ လုပ်ဆောင်တာများ တယ်။ အပေါ်က ကြီးကြပ်သူ မန်နေဂျာနဲ့ အဲဒီမန်နေဂျာအောက်မှာ အလုပ်လုပ်တဲ့ လက်အောက်ငယ်သားကို ကျူးလွန်တာ ဖြစ်နိုင်တယ်။ သူဌေးတို့ စီအီးအိုတို့လို ရာထူးအကြီးဆုံး ဖြစ်တဲ့သူတွေကနေ လက်အောက်ငယ်သား အောက်ခြေဝန်ထမ်းတွေကို ကျူးလွန်တာ များတယ်။ အဓိကကတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ အလွဲသုံးစားမှုတွေမှာ ထိခိုက်လွယ်မှုနဲ့ အာဏာရှိမှုက အဓိက အကြောင်းရင်း ဖြစ်တယ်။

မေး ။ ။ GEN အနေနဲ့ ကိုယ့်ရဲ့ မိတ်ဖက်အဖွဲ့တွေ တင်မကဘဲ တနိုင်ငံလုံးက လုပ်ငန်းခွင်တွေ အတွက်ပါ လွှမ်းခြုံနိုင်ဖို့ ရှေ့ဆက် လုပ်ဆောင်သွားဖို့ ရှိပါသလား။

ဖြေ ။ ။ GEN ကတော့ လောလောဆယ်မှာ ပထမဦးဆုံး ခြေလှမ်းအနေနဲ့ ကျမတို့ရဲ့ Nonprofit sector မှာ ကျမတို့ အဖွဲ့ဝင် members တွေ ကျမတို့ရဲ့မိတ်ဖက် ပတ်သက် ဆက်စပ်နေတဲ့သူ အားလုံးအတွက် ဒီမူဝါဒကို စပြီး ရေးဆွဲတာပါ။ ရှေ့ဆက်ပြီးတော့လည်း national level (အမျိုးသားအဆင့်) မှာ advocacy (အသိပညာပေးမှု) လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ဆက်စပ် လုပ်ဆောင်သွားမှာတွေ ရှိတယ်။ ထင်ထင်ရှားရှား ဖြစ်နိုင်ခြေတခုက အခုလုပ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဆိုရင်တော့ တော်တော်များများ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှုနဲ့ အလွဲသုံးစားမှုတွေဟာ အဖွဲ့အစည်း တခုချင်းစီကနေ တိုက်ဖျက်ရုံနဲ့ မပြီးပါဘူး။ ကျူးလွန်တဲ့သူတွေဟာ ဒီနေရာ ဒီအဖွဲ့အစည်းကနေ ဟိုအဖွဲ့အစည်း ကို ပြောင်းသွားတာလည်း ရှိနိုင်တယ်။ nonprofit sector ကသူတွေ အားလုံး ပူးပေါင်းပါဝင်ပြီး တိုက်ဖျက်ရမယ့်ဟာ တခုဖြစ်တယ်။

နိုင်ငံအနေနဲ့လည်း ဒါကို လျစ်လျူရှုပြီး ထားလို့မရဘူး။ မြန်မာနိုင်ငံမှာ sexual harassment exploitation and abuse က ဘယ်လောက်ထိ ဆိုးရွားနေလဲဆိုတာကို ကျမတို့ နေ့စဉ်သတင်းတွေ ကြည့်ခြင်း အားဖြင့်လည်း တွေ့နိုင်သလို ဖေ့စ်ဘုတ်ပေါ်မှာတောင် အမျိုးသမီးတွေအပေါ် LGBT တွေအပေါ်မှာ ထိပါးနှောင့်ယှက် အနိုင်ကျင့်တဲ့ သဘောတရားတွေပါတဲ့ မက်ဆေ့တွေ ဖြန့်နေတာကို တွေ့ရလိမ့်မယ်။ နိုင်ငံတော်အနေနဲ့လည်း ဒီကိစ္စကို အရေးတယူနဲ့ ဆောင်ရွက်ဖို့လိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပပျောက်ဖို့ အလွဲသုံးစားမှုတွေ ပပျောက်ဖို့အတွက်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးတယူ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်လို့ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

ဆက်စပ်ဖတ်ရှုရန်

မုဒိမ်းမှုတွေ လျော့ပါးအောင် ဘယ်လို အဖြေရှာမလဲ

အိမ်ထောင်ဦးစီး အမျိုးသားများတွင်လည်း ဝန်ထုပ်ဝန်ပိုး ရှိသည်

လုပ်ငန်းခွင် အတွင်း ကလေး နို့တိုက်ခန်းများ ထားရှိပေးရေး မူဝါဒ ရေးဆွဲမည်

အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာသတဲ့လား

The post လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ appeared first on ဧရာဝတီ.

]]>
ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဂတိမှုဖြင့် အရေးယူခံရ https://burma.irrawaddy.com/news/short-news/2019/08/23/201774.html Fri, 23 Aug 2019 12:41:38 +0000 https://burma.irrawaddy.com/?p=201774 ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။

The post ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဂတိမှုဖြင့် အရေးယူခံရ appeared first on ဧရာဝတီ.

]]>
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်စိုးက “အခုပဲ အဲဒါလေး ကို ကျနော်တို့ သတင်းထုတ်ပြန်ချက် တင်လိုက်ပါတယ်။ ကော်မရှင်ကို ဒါနဲ့ပတ်သက်ပြီး တိုင်ကြား ချက်ရောက်လို့ စစ်ဆေးပြီးတော့မှ စစ်ဆေးတွေ့ရှိချက်အရ ကျူး လွန်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ သူ့ကို တရားစွဲဖို့ကိစ္စ ဆောင်ရွက်တာပါ” ဟု ဧရာဝတီကို အတည်ပြုပြောဆိုသည်။

ကော်မရှင် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် ယခုကဲ့သို့ တရားစွဲခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ် အတွင်းရှိ အင်းသားကြီး ၉ ဦးအား နောက်ထပ် အင်းသက်တမ်း ၃ နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများ တောင်းယူပြီး ကိုယ် ကျိုးအလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးရန် ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်၌် ဖော်ပြထားသည်။

ဦးကျော်မျိုးမင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တဦး ဖြစ်ပြီး ဒေသဖွံံဖြိုးရေးလုပ်ငန်းကို စီမံခန့်ခွဲရေးတာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ မတ် လအတွင်းက ၃ နှစ်ကာ ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့် ပတ်သက်၍ အင်းသားကြီး များထံမှ ငွေကျပ် ၃၅ သိန်းနှင့် ငွေကျပ် ၃၂ သိန်းတို့ကို နှစ်ကြိမ် တောင်းခံရယူခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စား မှု ကျူးလွန်ခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မိုးညိုမြို့မ ရဲစခန်းတွင် ယနေ့တွင် ပထမ သတင်း ပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့် အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ကော်မရှင်၏ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ NLD ပါတီ၏ တာဝန်ရှိသူများကို ဧရာဝတီက စုံစမ်းမေးမြန်းရန် ဆက် သွယ်ခဲ့သော်လည်း ဖုန်းအဆက်သွယ်မရခဲ့ပါ။

You may also like these stories:

အဂတိမှုများကို အစိုးရ အရာရှိကြီးများ ကိုယ်တိုင် ဖုံးဖိပေးနေဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ဆို

FDA ညွှန်ချုပ်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စွဲချက်တင်

The post ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဂတိမှုဖြင့် အရေးယူခံရ appeared first on ဧရာဝတီ.

]]>
ကမ္ဘာ့အမွေအနှစ် ပုဂံသို့ မျှော်ကြည့်ခြင်း https://burma.irrawaddy.com/article/2019/08/22/201488.html Thu, 22 Aug 2019 02:00:16 +0000 https://burma.irrawaddy.com/?p=201488 ထိုအစီစဉ်ကို လိုက်နာမည်လားဟု ဟီလ်တန်ပုဂံ၏ ပြည်တွင်း မိတ်ဖက် ဧဒင်အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ဧရာဝတီက မေးမြန်းရာ ၎င်း၏ စီမံကိန်းသည် ငွေအများအပြား ရင်းနှီးထားရ သော ကြောင့် ဟိုတယ်ကို ဆက်လက် လုပ်ကိုင်ချင် သော်လည်း ပုဂံရှိ ဟိုတယ်တိုင်း ရွှေ့ပြောင်းပေးလျှင် သူလည်း လိုက်နာမည်ဟု ရှင်းပြသည်။

The post ကမ္ဘာ့အမွေအနှစ် ပုဂံသို့ မျှော်ကြည့်ခြင်း appeared first on ဧရာဝတီ.

]]>
နံနက်ခင်း ဝေလီဝေလင်း ကတည်းက နေအိမ်များ ဖြိုဖျက်ရာမှ ထုသံရိုက်သံများ၊ ဖြိုဖျက်လိုက်သည့် ပစ္စည်းများအား တနေရာမှ တနေရာ သယ်ယူနေကြသူများထံမှ အော်ဟစ် စကားပြောဆိုသံများဖြင့် ပတ်ဝန်းကျင် တခုလုံး ပွက်ပွက် ညံနေသည်။

ထိုအထဲက အသက် ၁၄ နှစ်အရွယ် ကောင်လေးတဦးလည်း ကန်တော့ပလ္လင်ဘုရား အနောက်ဘက်က သူတို့ အိမ်ကို ရွှေ့ပြောင်းရန် ဖြိုဖျက်နေသည့် မိသားစုကို ဝိုင်းကူလိုက်၊ အပြို အပျက်ပစ္စည်းများကို အနီးနားရှိ စစ်ကားကြီးပေါ် တင် လိုက်နှင့် အလုပ်များနေသည်။

“အစ်ကိုတွေ အစ်မတွေနဲ့ ဖျက်ရတယ်။ ကိုယ့်ပစ္စည်း ကိုယ်သယ်ရတာပေါ့။ ကားပဲ ပို့ပေးတယ်။ အတင်အချ ကိုယ့် ဘာသာ လုပ်ရတာ” ဟု ယခုအခါ အသက် ၄၃ နှစ်ရှိ ပုဂံဒေသခံ ဦးနိုင်နိုင်ထွန်း တယောက် ၁၉၉၀ ခုနှစ်က သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တချို့ကို ပြန်လည် ပြောပြနေခြင်း ဖြစ်၏။

ထိုစဉ်က ဖြိုဖျက်လိုက်ရသည့် သူတို့အိမ်လေးသည် ပေ ၂၀ ခန့် ကျယ်ဝန်းသည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်းအိမ် လေး ဖြစ်သည်ဟု သူက ဆိုသည်။

၁၉၉၀ ခုနှစ်တွင် ပုဂံမြို့ဟောင်းအတွင်း ဘုရား၊ စေတီပုထိုး၊ အုတ်ကျောင်းများ သီးသန့်ရှိနေစေရန် လူနေအိမ် တိုက်တာအဆောက်အအုံ၊ စီးပွားရေး အဆောက်အအုံများအားလုံး မရှိစေရ၊ ပြောင်းရွှေ့ပေး ရမည် ဟူသော အမိန့် ကြောင့် ပြောင်းရွှေ့ချင်သည့် ဆန္ဒ(လုံးဝ) မရှိသော်လည်းပဲ လက်ရှိနေထိုင်ရာ ပုဂံမြို့သစ်သို့ ပြောင်းရွှေ့ခဲ့ကြရသည်။

ထိုအချိန်က ပုဂံမြို့သစ်နေရာတွင် တိကျခိုင်မာသည့် မြေကွက် ရိုက်ထားပေးမှု မရှိသကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးက အစ ရေ မီးအဆုံး ဘာမှ မရှိသေးပေ။

“နေရာ အကွက်တော့ ရိုက်ပေးတာပေါ့။ ကျနော်တို့ ရွှေ့စဉ်ကာလက လမ်းတွေ မဖောက်ပေးသေးဘူး။ မီးလည်း မရှိသေးဘူး။ ရေလည်း မရှိသေးဘူး။ ကျနော်ကိုယ်တိုင် မြစ်ဆိပ်ကိုသွားပြီး ထမ်းရတယ်။ မြစ်ဆိပ်ကို လမ်းလျှောက်ရင် ၄၅ မိနစ်လောက်တော့ ကြာတယ်” ဟု ဦးနိုင်နိုင်ထွန်းက သူကြုံတွေ့ ခဲ့ရသည်များကို ပြန်လည်ပြောပြသည်။

သူ့အနေဖြင့် ထိုစဉ်က ပုဂံ၊ ညောင်ဦးအတွင်းရှိ ဘုရားများနှင့် အိမ်များ နီးကပ်နေသည်ဟုဆိုကာ ရွှေ့ရသည်ဟု သိရှိခဲ့ ပြီး သူမှတ်မိသလောက် အိမ်ခြေ ၂၀၀ ခန့် ရှိမည်ဟုလည်း သူက ခန့်မှန်းပြော ဆိုသည်။

အမျိုးသားအမွေအနှစ် ပုဂံမှ ကမ္ဘာ့အမွေအနှစ်ဆီသို့

ထိုအဖြစ်အပျက်များအပြီး နှစ်ပေါင်း ၃၀ ခန့် အကြာမှာတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်မှသည် ကမ္ဘာကပါ အသိအမှတ်ပြုရသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ် ပြုခံရလေသည်။

မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် ဒေသတခုဖြစ်သည့် ပုဂံယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် (World Heritage List) အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)က ပြီးခဲ့ သည့် ဇူလိုင် ၆ ရက်တွင် ကြေညာခဲ့သည်။

အာဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တွင် ဇွန် ၃၀ မှ ဇူလိုင် ၁၀ ရက်ထိ ကျင်းပခဲ့သည့် အဖွဲ့ဝင် နိုင်ငံ ၂၁ နိုင်ငံ ပါဝင်သော ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကော်မတီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် သတ်မှတ် ကြေညာခဲ့ခြင်း ဖြစ်သည်။

၁၉၉၆ ခုနှစ် စစ်အစိုးရ လက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းခဲ့ဖူးသည်၊ ယူနက်စကိုမှ စည်းမျဉ်းစည်းကမ်းများနှင့် ညီအောင် ပြုလုပ်၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆိုသော်လည်း စစ်အစိုးရမှ ကြိုးစားခြင်း မရှိတော့ပေ။

၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှ စ၍ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာရေး ယူနက်စကို စည်းမျဉ်း စည်းကမ်းများနှင့် အညီပြင်ဆင် ဆောင်ရွက်ခဲ့ရာမှ ၂၀၁၉ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံရခြင်းဖြစ်သည်။

၂၀၁၄ တွင် ပျူ၃ မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်အဖြစ် အသိ အမှတ်ပြုခံရရာ ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လေသည်။

ပုဂံဒေသရှိ ရိုးရာ ယွန်းထည်လုပ်ငန်း(အောင်ကျော်ထက်/ဧရာဝတီ)

ကမ္ဘာ့တန်ဖိုးထားချက်များနှင့် ပုဂံဒေသ

မြန်မာနိုင်ငံက ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ ၁၉၇၂ ခုနှစ် ပဋိညာဉ်စာချုပ်ကို ၁၉၉၄ ခု ဧပြီ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းပါက ထို ပဋိညာဉ်စာချုပ်ပါ ကမ္ဘာ့တန်ဖိုးထားချက်များ (Outstanding Universal Value) အဖြစ် သတ်မှတ်ထားသည့် စံချိန်/စံညွှန်း ၁၀ ချက် အနက် အနည်းဆုံး စံ(၂)ချက်နှင့် ကိုက်ညီ ရမည်ဖြစ်သည်။

ကမ္ဘာ့တန်ဖိုးထားချက် စံချိန်/စံညွှန်း (၃)တွင် မျက်မှောက်ကာလတိုင် တည်ရှိနေသော (သို့) ပျောက် ကွယ်သွားသော မြို့ပြယဉ်ကျေးမှုတခု (သို့) ရိုးရာယဉ်ကျေးမှု ဓလေ့တခုတို့သည် အတုမရှိ ပြိုင်ဘက်ကင်း၍ သော်လည်းကောင်း၊ ထူးခြားထင်ရှား၍ သော်လည်းကောင်း ယုတ္တိဗေဒအားဖြင့် သက်သေပြနိုင်ရမည်ဟု ဖော်ပြထားသည်။

ထိုအချက်အရ ပုဂံဒေသသည် အေဒီ ၁၁ – ၁၃ ရာစုအတွင်း ပုဂံမြို့ပြ ယဉ်ကျေးမှု၏ အထွတ်အထိပ်သို့ ရောက်ရှိ ခဲ့ ခြင်း၊ ဗုဒ္ဓဘာသာ ကုသိုလ်ကောင်းမှု ဓလေ့နှင့် ထူးခြားထင်ရှားသည့် ယဉ်ကျေးမှု တန်ဖိုး ပြယုဂ်များဖြင့် သက်သေ ပြနိုင်ခဲ့ သည်။

စံချိန်/စံညွန်း ၄ အရ လူ့ဘောင်သမိုင်းတွင် ပြောင်းလဲမှု အဆင့်ဆင့်ကို ဖော်ပြပေးသည့် ထူးခြား ထင်ရှားသော အဆောက်အဦ၊ ဗိသုကာနှင့် နည်းပညာတို့ ပေါင်းစည်းထားသည့် အဆောက်အဦတို့နှင့် မြေယာရှုခင်း ပုံဖော်ထားမှုတို့ အဖြစ် အေဒီ ၁၁ – ၁၃ ရာစုရှိ ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာ လက်ရာ များဖြင့် တည်ရှိမှုများက ထင်ရှားစွာ ကိုက်ညီနေသည်။

စံချိန်/စံညွှန်း ၆ အရ တိတိကျကျ (သို့) သေချာမှုရှိသည့် အထောက်အထားများ ပြနိုင်ပြီး ထူးခြား ထင် ရှားသော ရိုးရာဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှုများ၊ အနုပညာလက်ရာများနှင့် စာပေ ဆိုင် ရာ လက်ရာများအဖြစ် ဗုဒ္ဓဘာသာ၏ အလေ့အထများဖြစ်သော ကုသိုလ်ပြုမှု၊ လှူဒါန်း မှု(ဒါနပြုမှု) တို့သည် ယနေ့တိုင် ရှင်သန်နေခြင်း၊ ရှိနေခြင်းတို့က သက်သေထူနေသည်။

ထို့ကြောင့် ပုဂံဒေသည် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး သတ်မှတ် စံချိန်/စံညွှန်း ၁၀ ချက် အနက် စံချိန်/စံညွှန်း ၃၊ ၄၊ ၆ တို့နှင့် သက်သေပြနိုင်ကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ထိုက်တန် စွာ အသိအမှတ်ပြုခံရခြင်း ဖြစ်သည်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာမလဲ

မြန်မာနိုင်ငံ၏ အမျိုးသားဆင့် ယဉ်ကျေးမှု အမွေအနှစ်မှသည် ကမ္ဘာ့အဆင့် အသိအမှတ်ပြုသည့် အမွေအနှစ် စာရင်း ဝင် ဖြစ်လာပြီဖြစ်ရာ ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့ နိုင်ရေးအတွက် အမြင့်ဆုံး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်မှုကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်လာခြင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာမှုကြောင့် ပုဂံ ဒေသခံ ပြည်သူတို့အတွက် စီးပွားရေး အခွင့် အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးပညာရှင်များက ပြောသည်။

ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက “အနည်းဆုံးတော့ သူ့ရဲ့ ကာကွယ် စောင့်ရှောက်မှု ထိန်းသိမ်းမှုမှာ အမြင့်ဆုံး ကမ္ဘာ့အဆင့် ဖြစ်သွားတာပေါ့။ ပုဂံမှာ တခုခု ဖြစ်တယ်ဆို ဥပမာ ထိခိုက်တဲ့ကိစ္စတွေ ဖြစ်လာတယ်ဆိုရင် မြန်မာနိုင်ငံ တခုတည်းသာမက ကမ္ဘာကပါ စိုးရိမ်ပူပန်မှုတွေ ရှိလာမယ်။ ပိုပြီး ထိန်းသိမ်းလာနိုင် မယ်။ စောင့်ရှောက်လာနိုင်မယ်လို့ ယူဆတယ်” ဟု မှတ်ချက်ပြုသည်။

ထို့ပြင် စစ်ပွဲကြီးများ ဖြစ်လာပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသများကို လုံးဝ မထိရောက်စေခြင်း၊ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးခြင်းတို့ကြောင့် ကမ္ဘာ့အမွေအနှစ် ဖြစ်သွားသော ပုဂံဒေသကို စစ်မက်ဘေးမှ ကာကွယ်နိုင်မည် လည်း ဖြစ်သည်။

“ယူနက်စကို ဝင်သွားတဲ့အတွက် ကျေနပ်တယ်။ ခရီးသွားလုပ်ငန်းတွေ ပိုပြီး အောင်မြင်မယ်လို့လည်း မျှော်လင့်တယ်” ဟု အာနန္ဒာဘုရား စောင်းတန်းတွင် ယွန်းထည်ပစ္စည်းဆိုင် ဖွင့်ထားသည့် ဦးကျော်မြင့် က သူ့မျှော်လင့်ချက်ကို ပြောပြ သည်။

ဒွိဟဖြစ်နေသည့် ဒေသခံများ

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရသည့် သတင်းကို ကြားသိရချိန်တွင် ပုဂံသူ/သား များ အပါအဝင် မြန်မာနိုင်ငံသူ/သား အားလုံး ဂုဏ်ယူမဆုံး တပြုံးပြုံးဖြင့် ကြည်နူးဝမ်းသာကြရသည်။
သို့သော် ခဲမှန်ဖူးသည့် စာသူငယ်ကဲ့သို့ ပုဂံသူ/သားတို့၏ ရင်ထဲမှာတော့ အပျော်တဝက် စိုးရိမ်စိတ် တဝက်ဖြင့် ဒွိဟဖြစ်ကာ မေ့ချင်ယောင် ဆောင်ထားသော ဒဏ်ရာဟောင်းများ ပြန်လည် ထွက်ပေါ်လာ ခဲ့သည် ဆိုလျှင်လည်း မှားမည်မထင်။

“ကျနော့်အနေနဲ့ ပျော်ပါတယ်။ ဒါပေမယ့် ယူနက်စကို ဝင်တာ တချို့ကလည်း ကြိုက်သလို တချို့က လည်း ပြီးခဲ့တဲ့ ၁၉၉၀ တုန်းကလိုပဲ။ ကျနော်တို့ ရွှေ့ခဲ့ရတာကိုး။ ဇုန်မလွတ်လို့မို့ နောက်တခါ ထပ်များ ရွှေ့ခိုင်းမလားဆိုပြီးတော့ ဒွိဟဖြစ်နေကြတယ်” ဟု ပုဂံဒေသခံ ဦးနိုင်နိုင်ထွန်းက ပြောသည်။

အော်ရီယန်ပဲလေ့စ် ဟိုတယ်(ဇော်ဇော်/ဧရာဝတီ)

ထိုခေတ်က စစ်အစိုးရ အုပ်ချုပ်နေသည့် ကာလဖြစ်ရာ ကြောက်ရသည့်အတွက် အမိန့်ကို မလွန်ဆန် နိုင်ဘဲ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း Bagan Heritage Trust ၏ တွဲဖက်အတွင်းရေးမှူး (၁) ဦးညွန့်အောင်ကလည်း ပြောပြသည်။

သူက “ကျနော်ဆို နှစ်ခါ ရှိပြီ။ ရွှေ့ရတာ။ ဝက်ကြီးအင်းဘက် တခါ သွားရတယ်။ တောင်ဘက်ခြမ်း သမားတွေ အရင်ရွှေ့ ဆိုတော့ ဝက်ကြီးအင်းဘက် ရွှေ့လိုက်ရတယ်။ အဲဒီမှာနေရင်းက တမြို့လုံး ဖြစ်သွားတာ။ ဒီဘက်ကို (မြို့သစ်) တမြို့လုံး ရွှေ့လာရတာ” ဟုရှင်းပြသည်။

ထိုသို့ ကြုံတွေ့ခဲ့ရသည့် သူ့အနေဖြင့် ပုဂံဒေသ ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရသည့် အပေါ် အတိုင်းထက်အလွန် ဝမ်းသာပြီး ကြိုဆိုသကဲ့သို့ ဒေသခံတို့၏ စိုးရိမ်မှုကိုလည်း ကိုယ်ချင်းစာ နားလည်သည်ဟု ဆိုသည်။

“ဒီလို ခံစားချက်တွေ ရှိတဲ့အတွက် ကျနော်တို့မှာ နောက်ထပ်ပြောင်းဖို့ ဘယ်နေရာမှ မပြောင်းချင် တော့ဘူး” ဟုလည်း သူက ပြောသည်။

ထို့ပြင် ပုဂံ ဘုရားပုထိုးစေတီများ၌ ဈေးရောင်းချနေသော ဒေသခံများကလည်း ၎င်းတို့ ဆိုင်ခန်းနေရာများ ဖယ်ရှား ပေးရမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

ဓမ္မရာဇက စေတီတော် အနီး ဆိုင်ခန်းတွင် ပုဂံ အမှတ်တရ ပစ္စည်းများ ရောင်းချနေသည့် မခင်နှင်းရွှေကတော့ နှစ် ၂၀ ကျော် လုပ်ကိုင်လာသည့် စီးပွားရေးလုပ်ငန်းလေး အခြေပျက်သွားမှာကို စိုးရိမ်မိကြောင်း၊ ဖြစ်ပေါ်လာမည့် အပြောင်းအလဲကို အကောင်းဆုံး အခြေအနေ ဖြစ်လာစေချင် ကြောင်း ဖွင့်ဟပြောဆိုသည်။

မခင်နှင်းရွှေက “ကမ္ဘာ့အဆင့် ဝင်တယ်ဆိုတော့ ဝမ်းသာတယ်။ ဧည့်သည်တွေ ပိုပြီး များလာမယ်လို့ လည်း မျှော်လင့် တယ်။ ကျမတို့ စိုးရိမ်နေတာတွေကို ဟိုဘက်ဒီဘက် မျှမျှတတလေး စဉ်းစားပြီး လုပ်ပေးရင်တော့ အဆင်ပြေတာပေါ့။ ဒါကတော့ အများရဲ့ ဆန္ဒသဘောထားပါပဲ” ဟုလည်း သူက ပြောပြသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားခြင်းကြောင့် မြို့ ရွာများ ဖယ်စရာ ရွှေ့ပြောင်းစရာ မလိုပါ ဘူးဟု တာဝန်ရှိ သူများဘက်က သတင်းမီဒီယာများတွင် ပြောဆိုမှုများ ရှိနေသော်လည်း ဒေသခံများ ၏ စိတ်ထဲ၌ စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။

ဒေသခံများ အနေဖြင့် မှန်ကန်သည့် သတင်း အချက်အလက်များကို လက်လှမ်းမမီ၍လား၊ ထိရောက် သည့် အသိပေး မှုများ မရှိ၍လား၊ မည်သို့သော အားနည်းချက် လစ်ဟချက်များကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံအချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စုံစမ်းမေးမြန်း ကြည့်ခဲ့ ရာ ဒေသ အာဏာပိုင်ကသော်လည်းကောင်း၊ အစိုးရပိုင်းကသော်လည်းကောင်း တစုံတရာ ချပြခြင်း မရှိသေးသည့်အတွက် စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

လူနေထိုင်ရန် သတ်မှတ်ထားသည့် မြို့ပြနှင့် ကျေးရွာများ၌ ရှိပြီးသား လူများအနေဖြင့် ဖယ်စရာ၊ ရွှေ့ပြောင်းစရာ မလိုဘဲ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ရှင်းပြသည်။

ထို့ပြင် ဈေးသည်များ၏ စိုးရိမ်မှုနှင့် ပတ်သက်၍လည်း ဘုရားရှေ့ ဈေးဆိုင်များ မရောင်းရတော့ဘူးဟု ပြောခြင်း မဟုတ်ကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်ခြင်းမျိုး မဖြစ်စေရေး စည်းကမ်းတကျ ရောင်းချရန်သာ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးအောင်အောင်ကျော်က “သတ်မှတ်တဲ့ စည်းကမ်းလေးအတိုင်း လိုက်နာဖို့ပဲ လိုပါတယ်။ ဒါတွေက လည်း သူတို့ မလိုက်နာနိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားတာ မရှိပါဘူး။ ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်အောင် ဆောင်ရွက်မယ်ဆိုရင် အားလုံး ဆောင်ရွက်လို့ ရပါတယ်” ဟု ပြောဆိုသည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ် မဖြစ်ခင်ကတည်းက ကြိမ်ဖန်များစွာ ရှင်းပြပြီးဖြစ်ကြောင်း နှင့် နောင်တွင်လည်း ဆက်လက်၍ အသိပညာပေးမှုများ ပြုလုပ်သွားမည်ဟု ဆိုပါသည်။

အမွေအနှစ်ဇုန်ထဲက ဟိုတယ်တို့၏ အလားအလာ

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားသည်နှင့် တပြိုင်နက် အမွေအနှစ်ဇုန် (Property Zone) အတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းပေးရတော့မည်လား ဆိုသည်ကလည်း သို့လောသို့လော ဖြစ်နေကြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပုဂံဌာနခွဲ၏ စာရင်းအရ ပုဂံတွင် လိုင်စင်ရ ဟိုတယ် ၈၅ လုံး ရှိကြောင်း သိရှိရသည်။

အဆိုပါ ဟိုတယ် အားလုံးနီးပါးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း ရှိနေပြီး တချို့ ဟိုတယ်ဝန်းများ အတွင်း၌ ရှေးဟောင်း ဘုရားပုထိုး စေတီများပင် ရှိနေသည်။

ဟီလ်တန်ပုဂံ၊ အော်ရီယန်ပဲလေ့စ် ဟိုတယ်ဝင်းအတွင်းရှိ နန်းမြင့်မျှော်စင်၊ ပုဂံသံတဲဟိုတယ်၊ ပုဂံဟိုတယ်၊ ပုဂံသီရိပစ္စယာ ဟိုတယ်၊ ဟိုတယ်သရပါဂိတ်နှင့် ဧရာဟိုတယ်တို့သည် ထိပ်ဆုံးမှ စာရင်းဝင်နေသည်။

ပုဂံဒေသခံများ အတွက်မူ ၎င်းတို့ နေထိုင်ခဲ့ရာ နေရာများ၌ ဟိုတယ်များ အလျှိုလျှို ပေါ်ပေါက် လာသည်ကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ရသည်။

၎င်းတို့သည် မိမိတို့၏ နေအိမ်နှင့် အဆောက်အအုံများ တည်ဆောက်ရာတွင်ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းငယ်များ လုပ်ကိုင်ရာတွင်ဖြစ်စေ ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မည်စိုး၍ အစိုးရ၏ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာခဲ့ကြရသည်။

သို့သော် ကြီးမားသော ဟိုတယ်ကြီးများသည် ရာစုနှစ်များစွာ သက်တမ်းရှိသည့် ရှေးဟောင်း ဘုရားကျောင်းကန် များနှင့် ဘေးချင်းယှဉ် ပေါ်ပေါက်လာသည်မှာ ပုဂံဒေသခံတို့အတွက် မခံချိ မခံသာ ဖြစ်စေသည်။

“ကျနော်တို့ကျ လူနေအိမ်တွေနဲ့ နီးလို့ ရွှေ့တယ်။ အခု ဒီဒေသခံ မဟုတ်တဲ့ လုပ်ငန်းရှင် စီးပွားရေး သမားတွေ ကျတော့ ဘုရားတွေနားမှာ ဘတ်ဟိုးတွေနဲ့ နေရာချဲ့တယ်။ ယူတယ်။ ဆောက်တယ်။ ဒါကြောင့် ကျနော်တို့တွေက ကန့်ကွက်နေတာ။ ဒါပေမယ့် မရပ်ဘူး။ ဆက်လုပ်နေတာပဲ” ဟု ဦးနိုင်နိုင်ထွန်းက ဖွင့်ဟပြောဆိုသည်။

သရပါတံခါး (ဇော်ဇော်/ဧရာဝတီ)

ထိုဟိုတယ်များသည် ယခင် အစိုးရအဆက်ဆက်က အမှားများ၏ ဆိုးမွေဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

“အရင်တုန်းက ဆောက်လုပ်ခဲ့တဲ့ဟာတွေကို အခုအချိန်မှာ ဒီဥပဒေအရ မကိုက်ညီတော့လို့ ဒါတွေကို ဖယ်ကြပါဆိုပြီး ဘူဒိုဇာနဲ့ ထိုးပစ်လို့လည်း မရပါဘူး။ အခု စည်းမျဉ်းစည်းကမ်းအရ ဒါတွေက ခွင့်ပြု လို့မရဘူး။ သို့သော် ဒါတွေ အရင်တုန်းက တရားဝင် တည်ရှိခဲ့တဲ့ဟာ။ အဲဒီတော့ ဒါတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ဟာ ကျနော်တို့က စီမံကိန်း ပြန်ဆွဲရပါမယ်” ဟု သူက ရှင်းလင်း ပြောဆိုသည်။

သူပြောသည့် ဥပဒေမှာ ၂၀၁၉ ဖေဖော်ဝါရီတွင် ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

ထိုဥပဒေအရ ရှေးဟောင်း အမွေအနှစ်များကို ထိခိုက်စေသည့် မည်သည့် တည်ဆောက်ရေး လုပ်ငန်း ကိုမဆို သက်ဆိုင်ရာက တားမြစ်နိုင်သည်ဟု ဆိုထားသည်။

ဟိုတယ်နှင့် ခြံဝန်းများထဲရှိ ဘုရားများကို အများပြည်သူ လွတ်လပ်စွာ သွားရောက်ဖူးမြော်နိုင်ရန်၊ ကြည်ညိုနိုင်ရန် သွားရောက် သုတေသန လုပ်နိုင်ကြောင်း၊ ထို့အတွက် စေတီ၊ ပုထိုးများရှိသည် ဟူသော ဟိုတယ်များအား အကြောင်းကြားစာ ပေးပို့ထားကြောင်း ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

အမွေအနှစ် ဇုန်အတွင်းရှိ ဟိုတယ်များနှင့် ပတ်သက်၍ Heritage Impact Assessment (HIA) ဟုခေါ်သော အမွေ အနှစ်ကို မည်မျှ အတိုင်းအတာထိ ထိခိုက်မှု ရှိမရှိကို ပြန်လည် ဆန်းစစ်လေ့လာ ရမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အဖြေများကို ပညာရှင်များနှင့်အတူ အဆင့်လိုက် စီမံခန့်ခွဲသွား ရမည်ဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ဆိုသည်။

ဟိုတယ်များကို ၂၀၂၈ တွင် နောက်ဆုံးထား ရွှေ့ပြောင်းရမည် ဟူသည့် စီမံခန့်ခွဲရေး စီမံချက်တွင် ပါဝင်သော အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ “HIA လုပ်ရမယ်။ HIA အဖြေပေါ်မှာ ယူနက်စကို က ပညာရှင်ရယ်၊ စီမံခန့်ခွဲတဲ့ ဦးစီးအဖွဲ့ရယ်၊ လုပ်ငန်းရှင်ရယ် သုံးဘက် ညှိနှိုင်းပြီး ထိခိုက်တာတွေကို ဘယ်လောက် လျှော့ချလို့ရမလဲ ဆိုတာတွေကို ညှိရမှာ။ ကျနော့် အမြင်ကတော့ ဒီအတိုင်းပဲ။ ဒီကြား ထဲတော့ ဘာမှမပြောနိုင်သေးဘူး” ဟု သူက ပြောသည်။

ထိုအစီစဉ်ကို လိုက်နာမည်လားဟု ဟီလ်တန်ပုဂံ၏ ပြည်တွင်း မိတ်ဖက် ဧဒင်အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင် ကို ဧရာဝတီက မေးမြန်းရာ ၎င်း၏ စီမံကိန်းသည် ငွေအများအပြား ရင်းနှီးထားရသောကြောင့် ဟိုတယ်ကို ဆက်လက် လုပ်ကိုင်ချင် သော်လည်း ပုဂံရှိ ဟိုတယ်တိုင်း ရွှေ့ပြောင်းပေးလျှင် သူလည်း လိုက်နာမည်ဟု ရှင်းပြသည်။

“အခုအချိန်ထိတော့ ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရဆီက ဘာညွှန်ကြားချက်မှ မရသေးဘူး။ အခု ကျနော်တို့က အခြေအနေကို စောင့်ကြည့်နေရတာ” ဟု သူက ပြောသည်။

လက်ရှိ တည်ဆောက်နေသော စီမံကိန်းများအပါအဝင် ဟိုတယ်များသည် ပုဂံကို ထိခိုက်စေကြောင်း နိုင်ငံတကာ အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS) ၏ မြန်မာနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ ဦးဆန်းဦးက မှတ်ချက်ပြုသည်။

“ပုဂံရဲ့ တခြားနဲ့ မတူ ထူးခြားချက်က ဘုရားတင်မဟုတ်ဘူး။ အဲဒီ ဘုရားတွေရှိတဲ့ ဘေးပတ်ဝန်းကျင် (Archaeological Landscape) ပါ ပါတယ်။ အဲဒီတော့ ဟိုတယ်တွေ ဆောက်တာက Archaeological Landscape ကိုပါ ထိခိုက်စေတာကို ဘယ်သူမှ မငြင်းနိုင်ဘူး” ဟု သူက ဆိုသည်။

ပုဂံအတွက် စီမံခန့်ခွဲရေး စီမံချက်

မြန်မာအစိုးရသည် ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် အဆိုပြု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ပုဂံအတွက် စီမံခန့်ခွဲရေး စီမံချက် (Management Plan) ကို ယူနက်စကိုသို့ ၂၀၁၈ ဇန်နဝါရီတွင် တင်သွင်းခဲ့သည်။

ထိုစီမံချက်တွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၏ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ပြဿနာများနှင့် သဘာဝဘေးအန္တရာယ်များ စသည့် အခြား ပြဿနာများကို မည်သို့ ဖြေရှင်းမည်ကို တင်ပြထားသည်။

ဧည့်သည်များ တည်းခိုနေထိုင်ရေး ပြဿနာကို ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်ပြီး အမွေအနှစ်များကို မထိခိုက်ရေးအတွက် ဇုန်အတွင်း လက်ရှိ ဟိုတယ်များနှင့် တည်းခို ခန်းများကို ပြန်လည် စိစစ်မည်ဟု စီမံခန့်ခွဲရေး စီမံချက်တွင် အစိုးရက ကတိပြုထားသည်။

ယခု အငြင်းပွားဖွယ် ဖြစ်နေသော ဟိုတယ်များနှင့် ဟိုတယ်စီမံကိန်း အများစုကို ယခင် စစ်အစိုးရနှင့် သမ္မတ ဦးသိန်းစိန် လက်ထက်က ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်များ ပြဿနာသည် အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုတခု လည်း ဖြစ်နေသည်။

ပုဂံဒေသရှိ ဘုရားပုထိုးများ(ဇော်ဇော်/ဧရာဝတီ)

၂၀၁၆ မတ်လက သက်တမ်းကုန်ခါနီး ဦးသိန်းစိန် အစိုးရသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဟိုတယ် တည်ဆောက်ရေး စီမံကိန်း ၄၂ ခုကို ခွင့်ပြုခဲ့ကြောင်း လက်ရှိ အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ အဆိုအရ သိရသည်။

ထို စီမံကိန်း ၄၂ ခုအနက် ၂၅ ခုမှာ တည်ဆောက်ပြီးလုနီး ဖြစ်သောကြောင့် ယခု အစိုးရက ပြန်လည် ခွင့်ပြုခဲ့ရပြီး မစတင်ရသေးသည့် ၁၇ ခုကို ခွင့်မပြုခဲ့ကြောင်း သူရဦးအောင်ကိုက ၂၀၁၆ စက်တင်ဘာက ပြောသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပြီးနောက် ယဉ်ကျေးမှု အမွေအနှစ် နယ်မြေအတွင်းရှိ ဟိုတယ်များနှင့် ဆောက်လက်စ ဟိုတယ်များ ဖယ်ရှားပေးရမည် မဟုတ်ကြောင်း သူရဦးအောင်ကိုက 7Day News ဂျာနယ်အား ပြောကြားခဲ့သည်ကို တွေ့ရသည်။

“ပုဂံ ယူနက်စကို ဝင်သွားလို့ ဟိုတယ်တွေကို ဖျက်ရမှာလား။ ဒါမှမဟုတ် အမွေအနှစ်ကို ထိခိုက်မှာ စိုးလို့ ဟိုတယ်တွေ ကို ဆက်ပြီး မရှိစေသင့်တာလား ဆိုတာက ပြန်စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်” ဟု ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောသည်။

ဆက်လက်၍ သူက အမွေအနှစ်ဇုန်ဟု သတ်မှတ်ထားသည့် နေရာတွင် ရှိသော ဟိုတယ်များ၊ အမွေအနှစ်ကို ထိခိုက်နေသည့် ဟိုတယ်များ အထူးသဖြင့် မြေအောက်တွင် အမွေအနှစ်များ ရှိသည့်အပေါ် ဟိုတယ်ကြီးများ တပ်ဆေက်ထားသည့် နေရာများသည် အနှေးနှင့် အမြန်ပင် ဖယ်ပေးရန် လိုအပ်သည် ဟု ထောက်ပြသည်။

ဒေါ်ဥမ္မာမျိုးက “ဒါတွေကိုလည်း Management Plan မှာ တင်ပြထားတာကတော့ အနှစ် ၂၀ လောက် ပေါ့။ ဟိုတယ် လုပ်ငန်းရှင်တွေ လည်း မနစ်နာအောင်ဆိုပြီး။ ကြာလို့ရှိရင်တော့ အပြင်ကို ရွှေ့ပေးဖို့ ဆိုတဲ့ အချက်ကလည်း ပါပါတယ်။ ဒါကိုလည်း ဒီ အစိုးရဘက်က သဘောတူပြီး တင်ပြထားတာ။ အဲဒီအတိုင်း ဆက်လုပ်ဖို့ လိုပါတယ်” ဟု အကြံပြုသည်။

မြို့တွင်းနေသူများ၊ ရွာတွင်းမှ ပုဂံဒေသခံများ၏ တပိုင်တနိုင် စီးပွားရေးလုပ်သည့် ဟိုတယ်၊ ဘေးပတ်ဝန်းကျင်နှင့် မြေအောက်တွင် အမွေအနှစ်များ မရှိသည့် ဟိုတယ် လုပ်ငန်း အသေးစားလေး များကို စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ဆက်လက် ဖွင့်လှစ်၍ရကြောင်း၊ ထို့အတွက်လည်း အဆောက်အအုံ တည်ဆောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ (Building Guidelines) စီမံခန့်ခွဲမှု စီမံချက်တွင် ပါကြောင်း သူက ရှင်းပြသည်။

“Management Plan မှာပါတဲ့ အချက်တွေအတိုင်း စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်စေဖို့ အကြံပြုချင်ပါ တယ်” ဟု သူက ထပ်လောင်း ပြောဆိုသည်။

စိန်ခေါ်မှုများနှင့် ကမ္ဘာ့အမွေအနှစ် ပုဂံ

ပုဂံသည် မကြာသေးမီက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့သော်လည်း စိန်ခေါ်မှုများကတော့ ရှိနေဆဲဖြစ်သည်။

စီမံခန့်ခွဲရေး စီမံချက်ပါ ကတိကဝတ်များကို အစိုးရက ဖြည့်ဆည်းရမည်ဖြစ်ပြီး ဟိုတယ်များနှင့် ပတ်သက်သည်များ အပါအဝင် ICOMOS ၏ အခြား နောက်ထပ် အကြံပြုချက် ၂၀ ကိုလည်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ကျူးကျော်ဝင်ရောက်လာသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများကို ဖယ်ရှားရေးနှင့် ပုဂံဒေသရှိ ဟို တယ်များအတွက် အဆင့်လိုက် ချဉ်းကပ်ခြင်းနှင့် နှစ်ရှည် နည်းဗျူဟာများအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်း စားရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

ထိုအကြံပြုချက်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရသည် ကမ္ဘာ့အမွေ အနှစ်ဌာနသို့ ၂၀၂၁ ဒီဇင်ဘာတွင် နောက်ဆုံးထားပြီး အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

ကတိကဝတ်နှင့် အကြံပြုချက်များကို တိကျစွာ လိုက်နာခြင်း မရှိပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရခြင်း အနေအထားကို ထိခိုက်နိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက “စနစ်ကျတဲ့ စီမံခန့်ခွဲမှု တခုကို ယူနက်စကိုက ပညာရှင်တွေနဲ့ လုပ်ထားပေးပြီးသားပါ။ Management Plan က ရှိပြီးသားပါ။ အဲဒါကို လိုက်ပြီး တော့မှ အကောင်အထည်ဖော်ဖို့ ကတော့ အားလုံးဝိုင်းဝန်းပြီးတော့ ကူညီကြပါ။ အကောင်အထည် လည်း အမြန်ဆုံး ဖော်ပေးပါလို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု ဆိုသည်။

ကမ္ဘာ့အမွေအနှစ် (World Heritage) ဟူသည် ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များကို မျက်မှောက် ကာလမှ နောင် မျိုးဆက်သစ်များတို့ ထိတိုင်အောင် တည်တံ့စေရေး နိုင်ငံတကာ ပူးပေါင်းပြီး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်သည်။

စတုရန်း ကီလိုမီတာ ၅၀ ခန့်ရှိသည့် ပုဂံသည် ၉ ရာစုမှ စတင်ကာ ၁၃ ရာစုတိုင်အောင် ပထမ မြန်မာနိုင်ငံတော်အဖြစ် တည်တံ့ခဲ့ပြီး ရာဇဝင်သည်ကား ရှည်လျားလှ၏။

လက်ရှိတွင် ရှင်သန်ဆဲ ရှေးဟောင်း အဆောက်အအုံ ၃၅၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာ ဓလေ့ ကုသိုလ်ကောင်းမှု ပြုလုပ်သော အလေ့အထများကို ဖော်ညွှန်းသည့် ပွဲတော်များ၊ အထိမ်းအမှတ် ပွဲတော်များနှင့် ပုံမှန် ကျင်းပဆင်နွှဲလေ့ရှိသော ပွဲတော်များ စသည့် ဒြပ်မဲ့ အမွေအနှစ်များလည်း ရှိနေသေးသည်။

ရှည်လျားသော သမိုင်းကြောင်း၊ အနုပညာလက်ရာများနှင့် ပြည့်နှက်နေသည့် ပုဂံကို မလိုလား အပ် သော စီမံခန့်ခွဲမှု အမှားများမှတဆင့် အန္တရာယ်ရှိသည့် အမွေအနှစ် (World Heritage in Danger) အဖြစ် မင်နီအတားမခံရဖို့ အစိုးရ အပါအဝင် မြန်မာနိုင်ငံသူ/သား အားလုံးတွင် တာဝန်ရှိပေသည်။

ယူနက်စကိုကလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံကို ၎င်းတို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ခြင်း ရှိမရှိကို စောင့်ကြည့်နေမည် ဖြစ်သည်။

You may also like these stories:

ကမ္ဘာ့အမွေအနှစ် ဖြစ်သော်လည်း ပုဂံ အနာဂတ် မရေရာသေ

ပုဂံကို ခရီးသွားမြှင့်တင်ရေး ယဉ်ကျေးမှု နှင့် ဟန်ချက်ညီရန် လုပ်ဆောင်မည်ဟု ဆို

ယူနက်စကို စာရင်းဝင်သော်လည်း ပုဂံအတွက် စိန်ခေါ်မှုများရှိနေဆဲ

ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ

၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီး

The post ကမ္ဘာ့အမွေအနှစ် ပုဂံသို့ မျှော်ကြည့်ခြင်း appeared first on ဧရာဝတီ.

]]>
အသက်အငယ်ဆုံး စက်မှုဒုဝန်ကြီးနှင့် လူငယ်တို့အတွက် အလားအလာ https://burma.irrawaddy.com/opinion/interview/2019/08/20/201358.html Tue, 20 Aug 2019 08:15:29 +0000 https://burma.irrawaddy.com/?p=201358 ဆုံးဖြတ်ချက်သည့် နေရာများတွင် လူငယ်များ ပိုမိုပါဝင်လာခြင်းဖြင့် မည်သို့သော အကျိုး သက်ရောက်မှုများ ရှိနိုင်မည်လဲ ဆိုသည်ကို နယ်ပယ်အသီးသီးတွင် ပါဝင် လုပ်ကိုင်နေသူများ၏ အမြင်ကို ဧရာဝတီ သတင်းထောက် ဇူးဇူး က ဆက်သွယ်မေးမြန်းထားသည်။

The post အသက်အငယ်ဆုံး စက်မှုဒုဝန်ကြီးနှင့် လူငယ်တို့အတွက် အလားအလာ appeared first on ဧရာဝတီ.

]]>
ကမ္ဘာ့ဘဏ် စီးပွားရေး ပညာရှင်နှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သြဂုတ် ၁၅ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် တက္ကသိုလ် တခုမှ ပါရဂူဘွဲ့ ရရှိခဲ့သည့် အသက် ၄၁ နှစ်အရွယ် ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးအောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင် အသက်အငယ်ဆုံး ဝန်ကြီး ဖြစ်လာသည်ဟုလည်း ဆိုနိုင်သည်။ ထို့အတွက်လည်း တော်တော်များများက ကြိုဆို ထောက်ခံလျက်ရှိသည်။

ယခုလို ခန့်အပ်လိုက်ခြင်းက အနာဂတ်တွင် လူငယ်/လူလတ် ပညာတတ်များကို ပိုမို နေရာပေးရန် လမ်းစ ဖြစ်လာမလား၊ NLD အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်/လူလတ် ပညာတတ်များဖြင့် ပိုမို ပွဲထုတ်လာနိုင်သလား၊ ဆုံးဖြတ်ချက်သည့် နေရာများတွင် လူငယ်များ ပိုမိုပါဝင်လာခြင်းဖြင့် မည်သို့သော အကျိုး သက်ရောက်မှုများ ရှိနိုင်မည်လဲ ဆိုသည်ကို နယ်ပယ်အသီးသီးတွင် ပါဝင် လုပ်ကိုင်နေသူများ၏ အမြင်ကို ဧရာဝတီ သတင်းထောက် ဇူးဇူး က ဆက်သွယ်မေးမြန်းထားသည်။

ကိုဇော်သူရိန်ထွန်း 

မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီ အဖွဲ့ဝင်

ကျနော်တို့ နိုင်ငံမှာ လူငယ်ပညာတတ်တွေ နောက်ထပ်လည်း အများကြီး ကျန်သေးတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေမှာ အခုလိုမျိုး ၇၀ ကျော် ၈၀ ကျော်တွေအစား အနည်းဆုံး ၃၀ ကျော် ၄၀ ကျော် လူငယ်တွေ နေရာပေးပြီးခန့်မှ ဒီအစိုးရ အဖွဲ့ရဲ့ စွမ်းဆောင်ရည် ပိုပြီးတက်လာမယ်လို့ ယုံကြည်တယ်။ အခု လူငယ် ပညာတတ်တဦးကို ဒုဝန်ကြီးအဆင့် ထိ နေရာပေးတာကို ကြိုဆိုတယ်။ နောက်ထပ်လည်း နောက်ရွေးကောက်ပွဲ ကာလမှာ အစိုးရသစ်ပြန်ဖွဲ့တဲ့ အခါမှာလည်း လူငယ်ရာခိုင်နှုန်း ဒီထက်ပိုပြီး များများခန့်ပေးဖို့ အစိုးရအဖွဲ့ကို အကြံပြုလိုပါတယ်။

အခု NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ(ခြေ/ဥ) ပြင်ဆင်ရေးမှာ NLD က ပြင်ထားတဲ့ ၉၉ ချက်ထဲမှာ ဝန်ကြီးတွေရဲ့ အသက်ကို လက်ရှိထက် ၅ နှစ် လျှော့ထားတာ တွေ့တယ်။ NLD မှာ သူတို့အနေနဲ့ စဉ်းစားချက် ရှိနေပြီလို့ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သုံးသပ်လို့ရတယ်။ လူငယ်တွေကို ကြိုဆိုချင်လို့ အခုဆိုရင် ခြေ/ဥ ပြင်ဆင်ရေးထဲမှာ အသက်ကန့်သတ်ချက်တွေ လျှော့တာ တွေ့ရတယ်။ ၂၀၂၀ မှာ ၂၀၁၅ ထက်တော့ လူငယ်ရာခိုင်နှုန်း ပိုပါလာနိုင်တယ်လို့ မှန်းဆလို့ရတယ်။

ဒါပေမယ့် တခုရှိတာက NLD ရဲ့ ခြေ/ဥ ပြင်ဆင်ရေးမှာ တိုင်းအဆင့် အသက် ကန့်သတ်ချက် လျှော့တာကျ မပါဘူး။ ဒီတော့ တိုင်းအဆင့်မှာ မျှော်မှန်းလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်။ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရက လူထုနဲ့ထိတွေ့မှု အများဆုံး။ လူထုရဲ့ လိုလားချက်ကို ဖော်ဆောင်ပေးဖို့ အဓိက တာဝန်ရှိတာကလည်း တိုင်း/ပြည်နယ် အဆင့်က။ တိုင်း/ပြည်နယ်အဆင့်မှာ ရာထူးကြီးကြီး ယူပြီး အသက်ကြီးကြီးတွေအစား လူငယ်တွေကို ပိုပြီးနေရာပေးနိုင်မှ ပိုပြီး ခြေစွမ်းတက်မှာပေါ့။ ဥပမာ ကျနော်တို့ စစ်ကိုင်း အစိုးရဆိုရင် အငယ်ဆုံးဆိုရင် စီမံ/ဘဏ္ဍာဝန်ကြီး။ အဲဒီတော့  ကျနော်တို့တိုင်းအစိုးရအဖွဲ့ထဲမှာ ခြေစွမ်းအပြနိုင်ဆုံးဆို သူပဲပေါ့။

လူငယ်ဖြစ်ခြင်းဟာ လုပ်နိုင်ကိုင်နိုင်တယ်။ ပြောရဲဆိုရဲတယ်။ မဟုတ်မခံ စိတ်တွေရှိကြတယ်။ လူငယ်တွေက တိုင်းအဆင့်မှာရော ပြည်ထောင်စုအဆင့်မှာရော အများကြီး ပါဝင်ဖို့ လိုပါတယ်။ NLD အနေနဲ့လည်း တိုင်းအဆင့်ကိုပါ စဉ်းစားဖို့ လိုပါတယ်။

လူငယ်တွေမှာ အတွေးအခေါ်သစ်တွေ ရှိတယ်။ ပြုပြင်ပြောင်းလဲလိုစိတ်က လူငယ်မှာ ပိုပြီးတော့ ကြီးမားတယ်။ လူကြီးတွေက သူတို့ရဲ့ စနစ်တခုထဲကို ရောက်သွားပြီဆိုရင် အဲဒီစနစ်ထဲမှာပဲ မျောပါသွားတာ များတယ်။ လူငယ်တွေကကျတော့ ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိတယ်ဆို ဒီစနစ်ရဲ့ အားနည်းချက် အားသာချက်တွေကို သုံးသပ်နိုင်မယ်။ ပြုပြင်ပြောင်းလဲရဲတဲ့ စိတ်ကကျ လူငယ်မှာ ပိုရှိတယ်။ လူကြီးတွေမှာ အဲဒီလောက် မရှိဘူး။ ဘာလို့ဆို လူကြီးတွေက comfort zone ထဲမှာ ရောက်သွားတာ များတယ်။

နောက်တခုက အင်္ဂလိပ်စာ တတ်ကျွမ်းမှု။ လူကြီးတွေထဲမှာ အင်္ဂလိပ်စာ အရမ်းတော်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် နောက်မျိုးဆက် လူငယ်တွေကကျတော့ အခုဆို ပုဂ္ဂလိက ပညာရေးစနစ်တွေ ဘာတွေ ရှိတယ်။ ပညာရေးစနစ် ကောင်းကောင်းနဲ့ ကြီးပြင်းလာတဲ့ လူငယ်တွေများလာတယ်။ အင်္ဂလိပ်စာ အထူးသဖြင့် နည်းပညာ သုံးစွဲမှုတွေ လူငယ်တွေမှာ အရန်သင့်ရှိနေပြီ။ တခုခု အချက်အလက်ဆို လူငယ်တွေက ရှာနိုင်တယ်။ ဖွေနိုင်တယ်။ ကိုးကားနိုင်တယ်။ အခု လူကြီးတွေမှာဆို ဖေ့စ်ဘုတ်မသုံးတဲ့ လူကြီးတွေတောင် အများကြီးရှိတယ်။ လူငယ်တွေက အင်္ဂလိပ်စာလည်း အားကောင်းနေသလို နည်းပညာလည်း ထိတွေ့ သုံးစွဲ နိုင်တယ်ဆိုတော့ လူငယ်တွေကို ဆုံးဖြတ်ချက်ချခွင့် ပေးလိုက်မယ်ဆိုရင် အဲဒီ ဝန်ကြီးဌာနဖြစ်စေ သက်ဆိုင်ရာ အစိုးရအဖွဲ့ဖြစ်စေ တော်တော်ကြီး ပါဖောမန့် စွမ်းဆောင်ရည် ကောင်းသွားမယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာမျိုးညွန့် 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ

လူငယ်တွေကို ထိုက်တန်တဲ့ နေရာတွေမှာတာဝန်ပေးဖို့ အမြဲတမ်း မူဝါဒ ထားရှိပါတယ်။ ဒါပေမယ့် ဒီ တာဝန်ပေးခြင်းနဲ့ ပတ်သက်လို့တော့ အတိအကျကတော့ အုပ်ချုပ်ရေးပိုင်းကပဲ သိမှာပါ။ ကျနော်တို့ကတော့ ထောက်ခံပါတယ်။ ဒါပေမယ့် ဘယ်လို အချက်တွေကြောင့် ပိုပြီး သင့်လျော်တယ်ဆိုတာကတော့ အုပ်ချုပ်ရေးပိုင်းကပဲ သိနိုင်မယ့်ကိစ္စလို့ ပြောချင်ပါတယ်။

ကျနော်တို့ရဲ့ မူဝါဒအရ လူငယ် အမျိုးသမီး တိုင်းရင်းသားတွေဟာ အရည်အချင်းချင်း တူလို့ရှိရင် သူတို့က ဦးစားပေး ရွေးချယ်ရမယ်။ တာဝန်ပေးရမယ်ဆိုတာ မူဝါဒ ရှိပြီးသားပါ။ ကျနော်တို့က တိုက်တွန်းချင်ကတော့ လူငယ်တွေဟာ အများအားဖြင့် အတတ်ပညာပိုင်းမှာ ရှေ့လူကြီးတွေထက်ကို အများကြီး ပိုထူး ချွန်လာတယ်ဆိုတာ ကျနော်တို့ ငြင်းကွယ်စရာ မရှိပါဘူး။ သို့သော် ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ အရေးကြီးတဲ့ ဌာနလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာတော့ နိုင်ငံရေး ခံယူချက်ကလည်း အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံရေး ခံယူချက်ကို သင်ကြားမှာကတော့ ပြည်သူတွေ အောက်ခြေ ပါတီဝင်တွေ ဖြစ်ပါတယ်။ အဲဒီတော့ အောက်ခြေပါတီဝင်နဲ့ ပြည်သူနဲ့ ထိစပ်မှုရှိအောင် နိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝအောင် တချိန်တည်းမှာပဲ လုပ်ရင်း သူတို့ကို ပိုမိုပြီး တာဝန်ပေးအပ် လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လူငယ်တွေဟာ တက်ကြွတယ်။ သူတို့မှာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတယ်။ နောက်ပြီး ခေတ်ပေါ်နည်းပညာတွေ သူတို့က ကြွယ်ဝကြပါတယ်။ ဒါပေမယ့် အရာရာမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိပါတယ်။ သူတို့တွေက အလျင်စလို လုပ်မိတတ်တာ။ နှိုင်းယှဉ် ချင့်ချိန်ရမယ့်နေရာတွေမှာ စိတ်လိုက်မာန်ပါ ပြုမိတတ်တာ။ ဒီလို အားနည်းချက်တွေလည်း ရှိတတ်ပါတယ်။ အဲဒီတော့ အားသာချက်ကို ပိုကောင်းအောင်လုပ်မယ်။ အားနည်းချက်ကို ကျော်လွှားနိုင်အောင် လုပ်မယ်ဆိုရင် လူငယ်တွေအတွက် အများကြီး ကောင်းမွန်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ကျနော်တို့ မူဝါဒကို ချထားပါတယ်။ အရည်အချင်းလည်းရှိတယ်။ ပြည်သူနဲ့လည်း နီးစပ်မှုရှိပြီး ပါတီမူဝါဒများကို အကောင်အထည်ဖော်နိုင်မယ့် လူငယ်များကို ကျနော်တို့ အမြဲတမ်း မျှော်လင့်နေပါတယ်။ ကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည် 

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ စည်းရုံးလှုံ့ဆော်ရေးမှူး

အခုဆိုရင် နောက်တော့ကျနေပြီ။ တနှစ်ပဲကျန်တော့တဲ့ အချိန်မှာ တရားဝင် ရာထူးနဲ့ လုပ်ရမယ်ဆိုတော့ သူကြုံရမယ့် ဖိအားနဲ့ အချိန်ကလည်း မရှိတဲ့အခါမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်ပိုင်းတွေ ပြည်သူလူထုက ကြည့်မယ့်အခါမှာ သူ့မှာ စိန်ခေါ်မှုတွေ အများကြီး ကြုံလာရနိုင်တယ်။ ဒါပေမယ့် ဒီလိုမျိုး ခန့်လိုက်တာဟာ ဘာပဲပြောပြော မရှိတာထက် စာရင် ကောင်းတယ်။ ကျမတို့က ကြိုဆိုတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးတော့ပဲ အခြားသော လူငယ် ပညာတတ် လူငယ် လူလတ်တွေ အများကြီးရှိနေတယ်။ အသက် ၄၀ ကျော်ရင်တော့ လူငယ်လို့ပြောလို့မရဘူးပေါ့။ ဒါပေမယ့် လူလတ်ပိုင်းတွေမှာ တကယ့်ပညာတတ်တွေ လုပ်နိုင်တဲ့ လူတွေ အများကြီးရှိတယ်ဆိုတာကို အစိုးရအနေနဲ့ မမေ့ထားဖို့ လိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘယ်သူတွေ အာဏာရလာမလဲတော့ မသိဘူး။ ဒါပေမယ့် လက်ရှိ အာဏာရ ပါတီဖြစ်စေ လက်ရှိ နိုင်ငံရေးပါတီ တော်တော်များများမှာ အခုနောက်ပိုင်း ကြုံလာရ ကြားလာရတာက လူငယ် ဆိုတဲ့ဟာကို ကျယ်ကျယ်လောင်လောင် ပြောလာကြတယ်။ လူငယ်တွေရဲ့ အသံဆိုတာမျိုး၊ လူငယ်တွေကို ထည့်သွင်း စဉ်းစားရမယ် ဆိုတာမျိုး ပိုပြီး ပြောလာတာ မြင်ရတော့ ကျမတို့ ကြိုဆိုတယ်။ လူငယ် လူလတ်တွေ အများကြီး လက်တွေ့နယ်ပယ်မှာ တကယ်ကို ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့သူတွေ အများကြီးရှိတယ်။ တကယ်ကို ပံ့ပိုးတဲ့နေရာတွေမှာ ပါနေတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ပြီးတော့ ဆုံးဖြတ် ချက်ချတဲ့ နေရာတွေမှာတော့ လူငယ်တွေ မရှိဘူး။

နောက်ထပ် ကြုံရတဲ့ တခုက ဥပဒေတွေရဲ့ ကန့်သတ်ချက်တွေ။ အသက်အရွယ် ဘယ်လောက်ဖြစ်မှ ဝန်ကြီးဖြစ်ရမယ်။ သမ္မတဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေက လူငယ်တွေကို တိတိပပကို ကန့်သတ်ထားတယ်။ ကော်မရှင်တွေမှာ ဖြစ်ဖြစ် ကော်မတီတွေမှာ ဖြစ်ဖြစ် ပါဝင်ဖို့ဆိုရင် အသက်အရွယ်က အရင်ဆုံး ကန့်သတ်ထားတော့ အကယ်၍ တကယ့်လူငယ်တွေကို ထဲထဲဝင်ဝင် နေရာပေးချင်တယ်ဆိုရင် ဒီလို ဥပဒေ ကန့်သတ်ချက်တွေကို အရင်ဆုံး ပယ်ဖျက်ရမယ်။

လူငယ်တွေကို မဲပေးခွင့်ပေးရမယ်။ အခြေခံ ရပ်ကျေးရွေးကောက်ပွဲတွေမှာ တအိမ်တယောက်ပဲ မဲပေးခွင့်ရှိတယ်။ လူငယ်တိုင်းက မဲပေးလို့မရဘူး။ စည်ပင်ဆိုလည်း ရန်ကုန်မှာပဲ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတယ်။ ကျန်တဲ့နေရာတွေမှာ မဲပေးလို့မရဘူး။ လူငယ်တွေက အခြေခံဖြစ်တဲ့ မဲပေးခွင့်တောင် မရနေဘူး။ ဒီတော့ ဝင်ရောက်ယှဉ်ပြိုင်တာမျိုး ဆုံးဖြတ်ချက်ချတဲ့ နေရာမျိုးမှာ ပါဝင်လာဖို့ဆိုတာ တော်တော်တော့ ဝေးသေးတယ် လို့ထင်တယ်။ တကယ် လူငယ်တွေကို နေရာပေးတယ်ဆိုရင်တော့ နေရာပေးတဲ့ ပါတီ ဖြစ်ခဲ့လျှင်တော့ ဒီဥပဒေတွေကို အရင်ဆုံး ပယ်ဖျက်ဖို့ သူတို့ စိတ်ဝင်စားမယ်လို့ မြင်တယ်။

လူငယ်တွေက အခုနောက်ပိုင်း သူတို့မွေးဖွားလာ ရှင်သန်လာတဲ့ အသိုင်းအဝိုင်းက လုံးဝ မတူတော့ပါဘူး။ နည်းပညာတွေ ဖွံ့ဖြိုးမှုရဲ့နောက်ဆက်တွဲမှာ မွေးဖွားလာတဲ့ အတွက်ကြောင့် သူတို့ရဲ့ အတွေးအခေါ် အယူအဆ အမြင်တွေ ဆန်းသစ်မှုတွေက ရှေ့က မျိုးဆက် စီနီယာတွေထက်စာရင် အများကြီး ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ထိတွေ့မှု ကမ္ဘာကြီးကို ပိုမြင်သာလာတဲ့ မျိုးဆက်တွေဖြစ်တယ်။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ အမြဲစဉ်ဆက်မပြတ် သိနေကြတဲ့ မျိုးဆက်ဖြစ်နေတာ တခု ရှိတယ်။ နောက်တခုက ခွန်အားအပြည့်ဖြစ်တဲ့ လူငယ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဘယ်နေရာမဆို အချိန်မရွေး ထသွားထလာနိုင်တဲ့ ခွန်အားရော သတ္တိရော လုပ်နိုင်ကိုင်နိုင် လုပ်ရဲကိုင်ရဲဆိုတဲ့ အနေအထားမျိုးတွေလည်း အများကြီး ကြုံရတယ်။ သတ္တိအားဖြင့်ရော ရဲရင့်မှုအားဖြင့်ရော ခွန်အားအားဖြင့်ရော ဆန်းသစ်မှုအားဖြင့်ရော လူငယ်တွေက အများကြီး အားသာချက်ရှိတယ်။

ကျမတို့ နိုင်ငံမှာ လူငယ်က ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်။ ဒီထဲက လူငယ် တဦးတယောက်သည် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ပါဝင်သွားတယ်ဆိုရင် မြန်မာပြည်ရဲ့ပြည်သူ တဝက်လောက်နီးပါးကို ကိုယ်စားပြုပြီး ပြောနေ ဆိုနေတယ်လို့ ယေဘူယျ သတ်မှတ်လို့ရတယ်။ ဒီအကြောင်းရာတွေကြောင့် လူငယ်တွေကို နေရာ ပိုပေးသင့်တယ်လို့ မြင်တယ်။

စိုင်းအောင်မြင့်ဦး 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှမ်းတိုင်းရင်းသား လူငယ်တဦး

ဒါတောင်မှ တော်တော် နောက်ကျနေပြီ။ အမှန်ဆို NLD စတက်ကတည်းကမှ သူတို့ပြောနေတဲ့ ပြောင်းလဲချိန်တန် ပြီဆိုတာ အဲဒီကတည်း စတင်ပြီးတော့ ခန့်သင့်တယ်။ နည်းနည်းတောင် နောက်ကျနေပြီ။ ကျန်ရှိသက်တမ်း နည်း သွားပြီ။ အခုက အလားအလာတော့ ကောင်းပါတယ်။ ဘယ်ပါတီပဲ တက်တက် လူငယ်တွေကတော့ အမြဲတမ်း ပိုပြီး ထည့်ထားသင့်တယ်။ အခုဆို ဒီမိုကရေစီပါတီ ဘက်တော်သားတွေဆို တော်တော်လေး သဘောပေါက်ကြတယ်။ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေဟာ တဟုန်ထိုးနဲ့ လုပ်ခဲ့တော့ သူတို့တွေ နားလည်ကြတယ်။

ကျနော်တို့ တိုင်းပြည်က လူငယ်တွေ တော်တော်များများက နိုင်ငံတော်တည်ဆောက်ရေး (State Building) တအား လုပ်ချင်ကြတယ်။ ဒါကြောင့် အခုလို ခန့်အပ်ခြင်းက ကောင်းပါတယ်။ ဒါပေမယ့် လူကြီးတွေနဲ့ ကွာဟမှုတော့ နည်းနည်းများမယ်။ လူကြီးတွေရဲ့ လက်ခံမှုက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ စကားပြောမယ်။ ဖွဲ့စည်းပုံအရ ပြောရရင် သူ့ရဲ့ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်မှာ တော်တော်အားနည်းမယ်လို့ ကျနော် မြင်တယ်။ ဒုဝန်ကြီးလောက်ထိ လုပ်ပိုင်ခွင့် ပေးထားမယ့် ဒီအောက်ခြေမှာ ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲပေါ့။ သူတို့ရဲ့ဗြူရိုကရေစီမှာ အရင်က တည်းကိုက ရှိနေပြီးသားက အဲဒီလောက်ထိ ပြောင်းလဲတာ မရှိဘူးလေ။ အချိန်တော့ ယူရမှာပေါ့။ လူငယ်တွေကို ထည့်တာတော့ အခုကတည်းက စထည့်ရင် ကောင်းတယ်။ ဒါကို အားပေးတယ်။ ထောက်ခံတယ်။ ဒီထက်မက လုပ်ဖို့ လည်း လိုတယ်လို့ မြင်ပါတယ်။

ရှမ်းပြည်မှာဆိုလည်း ရှမ်းပြည်က လူငယ်ဝန်ကြီးတွေ အများကြီး ပေါ်လာစေချင်တယ်။ ဘယ်သူပဲတက်တက်ပါ။ လူငယ်ဝန်ကြီးတွေကို ထည့်စေချင်တယ်။ ပြောင်းလဲချင်တဲ့၊ တိုင်းပြည်တည်ဆောက်မယ့် လူငယ်တွေ အများကြီး ရှိတာမို့ လူငယ်တွေကို ပိုမို ပါဝင်စေချင်တယ်။ ဥပမာ ရှမ်းပြည်နယ်ဆိုလည်း ရှမ်းပြည်နယ်ဖွား ဝန်ကြီးတွေ ပြည်နယ်သားဆို ပိုပြီး ခံစားချက် ပြင်းထန်မယ်။ ပိုပြီးတော့လည်း သူတို့ လုပ်ပိုင်ခွင့်ကို အကောင်းဆုံး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တာပေါ့။

ဘယ်နေရာမဆို လောလောဆယ် ဖြစ်နေတာ လူငယ်နဲ့ လူကြီးကြား သဟဇာတဖြစ်ရေးပေါ့။ ပြီးတော့ အောက်ခြေက လက်ခံတဲ့အပေါ်လည်း အများကြီး မူတည်တယ်။ ဥပမာ ကျနော်တို့ ဒီက လူငယ်တွေ တခုခုလုပ်ပြီဆို ငယ်ပါသေး တယ်ဆိုတာ ပြောကြတယ်။ ဒီလိုမျိုး ကွာဟမှုတွေအတွက် လူငယ် လူကြီး ထိတွေ့မှုကို အမြဲတမ်းလုပ်နိုင်တဲ့ နေရာလေးတခု လိုအပ်တယ်။ လူငယ် ပညာတတ်၊ အမြော်မြင်လည်းကြီးနေတယ်။ လူကြီးအနေနဲ့ လက်ခံနိုင်ဖို့ ဆိုတာလည်း သူ့ရဲ့ သမိုင်းကြောင်းအရပဲ အခက်အခဲရှိတယ်။ မဖြစ်နိုင်ပါဘူးဆိုတာတွေပဲ များတယ်။

ကျနော်တို့ လုပ်တဲ့မှန်သမျှမှာ ကြည့်လို့ရှိရင် ငယ်ပါသေးတယ်။ စီနီယာတွေ အများကြီး ကျန်ပါသေးတယ်။ စီနီယာတွေ ကို နေရာပေးပါ ဆိုတာမျိုးပေါ့။ ပြောင်းလဲလို့သာ အော်နေတာ မပြောင်းလဲချင်ကြဘူး။ လက်မခံချင်ကြဘူး။ လက်ခံရဖို့ ခက်နေတယ်။ ဒါကို အသိပညာပေးမှုဖြစ်ဖြစ်၊ တွေ့ဆုံမှုဖြစ်ဖြစ် မီဒီယာတွေမှာ လူငယ်လူကြီးရဲ့ ကွာဟမှုတွေ ကို ထောက်ပြ ဖြေလျှော့နိုင်မယ်ဆိုရင် ပိုပြီး နီးစပ်လာမယ်လို့မြင်တယ်။

လူကြီးတွေကလည်း သူ့ရဲ့ ဖြတ်သန်းမှု အများ ကြီးရှိတော့ သူ့ရဲ့တန်ဖိုးရှိသလို လူငယ်တွေကလည်း အနာဂတ်အတွက် ခြေလှမ်းလှမ်းထား ရမှာ ဖြစ်တယ်လို့ မြင်တယ်။ လူငယ်တွေဟာ ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူရဲတယ်။ ဖြေရှင်းရဲတယ်။ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့ လူငယ်တွေဖြစ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ လူငယ်တွေ ပါဝင်ခွင့် ရာခိုင်နှုန်း မြင့်မြင့် ပေးစေချင်တယ်။

မကြည်ပြာ 

ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

တချို့ဝန်ကြီးဌာနတွေက နည်းနည်းလေး နှေးနှေးကွေးကွေး လေးလေးလံလံ ဖြစ်နေတယ်လို့ ကိုယ့်စိတ်ထဲ မြင်တာပေါ့နော်။ ဘာကြောင့်ဆို ဝန်ကြီးတပါးက သူ့လက်အောက်မှာ တာဝန်ယူထားရတဲ့ ဦးစီးဌာနတွေ တအားများတယ်။ တချို့  အသက်အရမ်းကြီးတဲ့ အခါကျတော့ ဒီဟာတွေ အကုန်လုံးကို လိုက်ပြီး ကိုင်တွယ်နိုင်ဖို့ရန် သူတို့မှာ အခက်အခဲ ရှိနိုင်တယ်။ အခုလိုမျိုး ဒုဝန်ကြီးကို ပညာလည်းတတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်နိုင် ကိုင်နိုင်မယ့် ခေတ်အမြင်လည်းရှိမယ့် လူတယောက် ဒီလိုမျိုးဖြစ်လာတာ ကျမတို့ကတော့ အင်မတန် ကြိုဆိုပါတယ်။

သူနဲ့ ရင်းနှီးတယ် မဟုတ်သော်ငြားလည်း ပွဲတွေမှာ သူ့ရဲ့ ဆွေးနွေးချက်တွေ နားထောင် ပြောဆိုနေရတဲ့အပေါ်မှာ သူ့ရဲ့  စေတနာ တစိတ်တပိုင်းပေါ့ အကုန်လုံးတော့ မပြောတတ်သေးဘူး။ သူ့ရဲ့ တကယ်ကို လုပ်ချင်ကိုင်ချင်တဲ့ စေတနာ တစိတ်တပိုင်းလည်း မြင်ဖူးတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်။

ဖြစ်သင့်တဲ့အပိုင်းက ကြည့်ရင် လူကြီးတွေက ထိန်းကြောင်းတဲ့အပိုင်းက သွားပြီး ဘောလုံးပွဲလိုပေါ့ လူကြီးတွေက မန်နေဂျာတွေအနေနဲ့ တကယ့် ရှေ့တန်းက ကန်မယ့်သူတွေကိုတော့ ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက် ခေတ်အမြင်လည်း ရှိမယ်။ ခေတ်အမြင်ရှိရုံနဲ့လည်း မရသေးဘူး။ နိုင်ငံရေးဆိုတာ တကယ့်ကို ပြည်သူကို ချစ်တတ်တဲ့ နိုင်ငံသူ/သား ကောင်းစေချင်တဲ့ စိတ်နှလုံးပါလာဖို့လည်း အရေးကြီးသေးတယ်။ အဲလိုမျိုး လူမျိုးလေးတွေနဲ့ တွဲတွဲပြီး အလုပ်လုပ်သွားမယ်ဆိုရင် အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ပိုပြီး လျင်လျင်မြန်မြန် သွားနိုင်မှာပေါ့။

အခုလည်း မလုပ်နိုင်ဘူးတော့ မဟုတ်ပေမယ့် အတိုင်းအတာတခုထိတော့ ဝန်ကြီးဌာနတွေ ပေါင်းလိုက်တာ ရှိတယ်။ ဒုဝန်ကြီးတွေ မရှိတဲ့အပေါ်မှာ တချို့ဝန်ကြီးဌာနတွေမှာ နည်းနည်း လိုအပ်တာလေးတွေ ရှိတာပေါ့။ အခု လေးငါးနှစ်ဆို ဘယ်လူငယ်တွေ လူငယ်တွေမဟုတ်ဘဲ လူကြီးထဲမှာလည်း ဘယ်သူတွေ လုပ်နိုင်တယ်ဆိုတာတော့ ပါတီကလည်း အထိုက်အလျောက် သိပြီးသား ဖြစ်မှာပါ။ ဒါမျိုးလေးတွေနဲ့အတူ ၂၀၂၀ ကျလို့ရှိရင် ပွဲထုတ်နိုင်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။

ကျမတို့ နိုင်ငံမှာက တကယ် ပြောရမယ်ဆိုရင် အသက် ၃၀ ကျော်တွေဆိုတာ နိုင်ငံရေးနဲ့ တော်တော်ဝေးနေတဲ့ အခြေအနေထဲမှာ ရှိနေသေးတာ။ ဒီ ၃၀ နဲ့ ၄၀ ကြားက  မျိုးဆက်တခုက ဟသွားတာ။ ဒီတော့ လူကြီးတွေ အနေနဲ့ကလည်း မြန်မာ့ နိုင်ငံရေးက အခုအချိန်ထိ ကောင်းနေပြီလားလို့ ပြောလို့ရှိရင် အခုချိန်ထိ ဖက်ဒရယ်ဖြစ်ဖို့ ကြိုးစားနေရတဲ့ အချိန်မှာ သူတို့တွေ အနေနဲ့က အတွေ့အကြုံပိုင်းပေါ့ အဲဒီတော့ သူတို့က စိတ်ပူပြီး နိုင်ငံရေးရဲ့ ဖက်ဒရယ် မဖြစ်သေးတဲ့ အပေါ်မှာ မြန်မာ့နိုင်ငံရေးထဲမှာ ပိုပြီး ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူကြီးတွေက ပိုပြီး အတွေ့အကြုံ အားဖြင့် ပိုအားကောင်းမယ် ဆိုတဲ့ အမြင်တခု ရှိတာပေါ့လေ။ ဒါကြောင့် ပါတီ တော်တော်များများမှာလည်း ကြည့်လိုက် ခေါင်းဆောင်တွေက လူကြီးတွေ အများကြီး ရှိနေတယ်။

လူငယ်တွေဆိုတဲ့ အခါမှာလည်း ၃၀၊ ၄၀ နဲ့ ၅၀ ပေါ့။ တချို့ကျတော့လည်း တောက်လျှောက် နိုင်ငံရေးမှာ ပါလာတဲ့သူ ရှိတယ်။ တချို့ကျတော့ နိုင်ငံတကာက ပညာတွေသင်ပြီး ပြန်လာတယ်။ နိုင်ငံအတွက် လုပ်ပေးချင်တယ်ဆိုတဲ့ လူမျိုးတွေ ရှိတယ်။ ပြည်သူအပေါ် တကယ် ချစ်တတ်တဲ့သူမှလည်း နိုင်ငံရေးက လုပ်ရတာ အဆင်ပြေတာ။ ဒီတိုင်း ဆို တော်တော်လေး ဖိအားများတဲ့ နေရာတွေဖြစ်တယ်။

အဲဒီအခါကျတော့ တော်ရုံ လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်နဲ့ လည်း မရဘူး။ တကယ့်ကို ပြည်သူ လုပ်ပေးချင်တဲ့ စိတ်ရယ်။ ပညာအရည်အချင်းလေး တွေရယ် ပူးပေါင်းလာပြီး တက်တက်ကြွကြွနဲ့ ဆိုရင် ပိုပြီးအရွေ့က မြန်မြန် သွားနိုင်မယ်။ လူငယ် လူလတ်ပိုင်း တွေ စောစောက ပြောသလို နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတဲ့သူတွေရော နိုင်ငံရေးမှာ တောက်လျှောက် ပါလာပြီး တစိုက်မတ်မတ် သစ္စာရှိရှိနဲ့ လှုပ်ရှားခဲ့တဲ့သူတွေရော အကုန်လုံးက အတွဲညီညီနဲ့ သွားနိုင်မယ်ဆိုရင် ပိုအဆင်ပြေပါတယ်။

ဦးအောင်မျိုးမင်း 

ညီမျှခြင်းမြန်မာ ဒါရိုက်တာ

အစိုးရအပိုင်းမှာ လူငယ်အရွယ်လေးတွေ ပါလာတာ ဝမ်းသာကြိုဆိုတယ်။ လူငယ်ဆိုတာက တချိန်ကျမှ တိုင်းပြည် အပ်ရမှာ မဟုတ်ဘူး။ အခုကတည်းက တိုင်းပြည်မှာ စီမံခန့်ခွဲတဲ့ နေရာတွေ ပေးဖို့ လိုအပ်တာ။ ရန်ကုန်တိုင်း စည်ပင် တုန်းကလည်း ကျနော်တို့ မျှော်လင့်ပေမယ့် မပါခဲ့ဘူး။ ဒါပေမယ့် အခုတယောက် ပါလာတဲ့အထဲမှာ လူငယ်တင် မကဘဲ သူ့ရဲ့ ပညာအရည်အချင်းနဲ့ အတွေ့အကြုံက တော်တော် အားကောင်းတာ ရှိတယ်။ နိုင်ငံတကာ ဝင်တိုးနိုင်မယ့် အနေအထားမျိုး ရှိနေတာ တွေ့တဲ့အတွက် ဝမ်းသာတယ်။ ဒါပေမယ့် လုပ်နိုင်တဲ့ နေရာမျိုးမှာ လူငယ်တယောက်တည်း နဲ့တော့ အစိုးရ ကောင်းမှာ မဟုတ်ဘူး။ လူကြီးတွေ ကိုယ်တိုင်က လူငယ်တွေ နေရာပေးဖို့ရယ်။ လူငယ်တွေရဲ့ အတွေးအမြင် အသိတွေက တခါတလေ လူကြီးတွေနဲ့ မတူဘူး။ အဲဒါကိုလည်း သူတို့အနေနဲ့ နားလည်သဘောပေါက်ပြီး တိုင်းပြည်ကောင်းကျိုးကို လုပ်ဆောင်ပေးမယ်ဆိုရင် လူငယ် များများ ပါလာလေ ကောင်းလေ ဖြစ်မှာပါ။

လူငယ်တွေ ပါလာရင်တော့ လူငယ်တွေ ကိုယ်တိုင်က ကြိုးစားချင်စိတ်ရှိမယ်။ ကျနော်တို့ တိုင်းပြည်မှာက အလုပ်လုပ်ချင်တဲ့စိတ်က တော်တော်အားနည်းတယ်။ အထူးသဖြင့် လူငယ်တွေကြားထဲမှာပေါ့ လုပ်ပေမယ့် လည်း နေရာပေးခံမထိဘူး။ အသိအမှတ်ပြုခံ မထိဘူးဆိုတဲ့ လူငယ်တွေရဲ့အသံကို အမြဲတမ်း ကြားရတယ်။ အဲဒီတော့ လူငယ်တယောက်အနေနဲ့ အခုလို နေရာတွေ ရလာတယ်ဆိုရင် ကြိုးစားချင်တဲ့ လူငယ်တွေက ကြိုးစားကြမှာပဲ။ နောက်ပြီး လူငယ်တွေက တယောက်ကိုတယောက် အတုယူပြီး လေ့လာကြတဲ့အတွက် အခုလိုမျိုး လူငယ်တွေ ပါလာရင် ရွေးကောက်ပွဲမှာ လူငယ်တွေ ပိုပြီးစိတ်ဝင်စားလာမှာ သေချာပါတယ်။

လူငယ်တွေ ပါလာခြင်းအားဖြင့် ခါးမပြတ်ဘူး။ အခု ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အမေစုဆိုလည်း အသက်တော်တော်ကြီးပြီ။ အစိုးရ ဝန်ကြီးအဖွဲ့မှာဆို အသက် ၇၀ ကျော် ၈၀ လောက်ထိတောင် ပါနေတာ ရှိတယ်။ အဲဒီတော့ သူတို့မှာ တိုင်းပြည်ကို လုပ်ပေးချင်တဲ့ ချစ်မြတ်နိုးတဲ့စိတ်က သံသယမရှိဘူး။ ဒါပေမယ့် တခါတလေ အတွေးအခေါ်ဟောင်းနဲ့ စနစ်ဟောင်းရဲ့ ဆွဲဆောင်မှုလို့ ပြောမလား။ အဲဒီရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ အခါမှာ လူငယ်တွေက တခါတလေ ပိုပြီး တွေးမြင် လုပ်ကိုင်နိုင်တဲ့ဟာမျိုး အယူအဆ အသစ်တွေ ရှိလာနိုင်တဲ့ အတွက် လူငယ်တွေ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်လာခြင်းအားဖြင့် ပိုမို ကောင်းမွန်မှာပါ။

You may also like these stories:

အသစ်ခန့် ဒုဝန်ကြီး အသက်အငယ်ဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာ

The post အသက်အငယ်ဆုံး စက်မှုဒုဝန်ကြီးနှင့် လူငယ်တို့အတွက် အလားအလာ appeared first on ဧရာဝတီ.

]]>
ကျော်ဇင်ဝင်းသေဆုံးမှု နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် မဟုတ်ဟု MNHRC ပြော https://burma.irrawaddy.com/news/2019/08/16/200996.html Fri, 16 Aug 2019 07:06:43 +0000 https://burma.irrawaddy.com/?p=200996 ကျော်ဇင်ဝင်း သေဆုံးမှုတွင် လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟူသော အထောက်အထားများ မတွေ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)က သိရှိရသည်။

The post ကျော်ဇင်ဝင်းသေဆုံးမှု နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် မဟုတ်ဟု MNHRC ပြော appeared first on ဧရာဝတီ.

]]>
ကျော်ဇင်ဝင်း သေဆုံးမှုတွင် လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟူသော အထောက်အထားများ မတွေ့ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)မှ ဦးယုလွင်အောင်က ဆိုသည်။

“အများဝိုင်းပြီးတော့ စွပ်စွဲပြောဆိုနေကြသလို သူ့ကို LGBT ဖြစ်တယ်။ Gay ဖြစ်တယ်ဆိုပြီး ဖိနှိပ်ပြောဆို အနိုင်ကျင့် (Bully) လုပ်တယ်ဆိုတဲ့ အဲဒါမျိုး အထောက်အထားတွေကတော့ မတွေ့ဘူး။ လူအုပ်စုနဲ့ဝိုင်းပြီး သူ့ကို သိက္ခာကျ အောင်၊ စိတ်ဓာတ်ကျအောင် ဝိုင်းပြောတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ ဘူး” ဟု သြဂုတ် ၁၅ ရက် ညနေပိုင်းတွင် သူက ဧရာဝတီကို ပြောသည်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် အသက် ၂၆ နှစ်အရွယ် ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန် ၂၄ ရက် နေ့ လယ် ၁ နာရီတွင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။

ကျော်ဇင်ဝင်း မသေဆုံးခင်အချိန်၌ သူသည် လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံ ခံရကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် LGBT အသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ် ၂ ဦးက MNHRC သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့အတွက် ကော်မရှင်သည် ဇွန် ၂၈ ရက်မှ စတင်ကာ MIU ကျောင်း တည်ထောင်သူ အပါအဝင် ဝန်ထမ်း ၁၅ ဦး၊ ကျော်ဇင်ဝင်း၏ မိသားစုဆွေမျိုး ၄ ဦး၊ သေဆုံးမှုအား စစ်ဆေးပေးခဲ့သည့် ဆရာဝန် ၁ ဦး၊ တိုင်ကြားသည့် LGBT ၂ ဦးနှင့် ကျော်ဇင်ဝင်း၏ သူငယ်ချင်း အမျိုးသမီး ၁ ဦး တို့ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သြဂုတ် ၇ ရက်တွင် အပြီးသတ်ခဲ့ကြောင်း ဦးယုလွင်အောင်က ပြောသည်။

ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း ကျောင်း၏ အခြေအနေအမှန်ကို သိရှိနိုင်ရန် MIU တွင် တက်ရောက်နေသည့် ကျောင်းသူ/သား ၂၁ ဦးနှင့် ဝန်ထမ်း ၄၁ ဦးကို စစ်တမ်းကောက်ယူခဲ့မှုလည်း ပြုလုပ်ခဲ့သည်ဟု လည်း ဆိုသည်။

ထိုစစ်တမ်းအရလည်း ကျော်ဇင်ဝင်းကို ဖိနှိပ် အနိုင်ကျင့်သည်ဟူသော အဖြေ မထွက်လာသကဲ့သို့ ဒေါ်မြအိမ်သူ (MIU ကျောင်း၏ မန်နေဂျာ)က ကျော်ဇင်ဝင်းကို ခွဲခြား ဖိနှိပ်ဆက်ဆံသည်ဟူသော အထောက် အထားလည်း မတွေ့ရ ကြောင်း ဦးယုလွင်အောင်က ရှင်းပြသည်။

ဦးယုလွင်အောင်က “ဒေါ်မြအိမ်သူကတော့ သူ့ကို မိတ္တူကူးမပေးတဲ့ ကိစ္စနဲ့ အဆင့်ကျော်ပြီးတော့ မေးလ်ပို့တဲ့ ကိစ္စ ခေါ်ပြီး ဆူတယ်။ သူ့ကိုကျော်ပြီး ဒါရိုက်တာအဆင့်ကို မေးလ်ပို့လိုက်တာ မင်း မှားတယ် တောင်းပန်သင့်တယ်လို့ ပြောတယ်။ အဲဒီလို ပြောလိုက်တာကြောင့် ဒီကလေးက စိတ်ထိခိုက်ခံစားရပြီး ဖြစ်သွားတယ်လို့ပဲ တွေ့ရတယ်” ဟု ဆိုသည်။

ထို့ပြင် ကျော်ဇင်ဝင်းသည် ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွဲသွားသည့် ပြဿနာရှိပြီး မိခင်ရင်ခွင်နှင့် ကင်းကွာသည့် ကလေးသည် အလိုလိုနေရင်း စိတ်အားငယ်တတ်သည့် သဘောရှိရာ ၎င်း၏ ပင်ကိုယ် အနေအထားကိုယ်၌က စိတ် အားငယ်တတ်သူ ဖြစ်ကြောင်း သုံးသပ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက ကျော်ဇင်ဝင်း မသေဆုံးခင် ၎င်းအား အုပ်စုဖွဲ့ အနိုင်ကျင့် ပြောဆိုမှုများ ပြုလုပ်သည်ဟူသော Screen Shot များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ ထိုအရာများသည် ဧပြီလက ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကျော်ဇင်ဝင်းနှင့် လည်း မပတ်သက်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ကော်မရှင်၏ တွေ့ရှိချက်နှင့် ပတ်သက်၍ ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အကြောင်း အရာ ပေါင်းစုံ ကြောင့် ဖြစ်နိုင်တယ်ဆိုတာ လက်ခံပေးနိုင်ပေမယ့် LGBT ဖြစ်လို့ ဝန်ထမ်းဂရုမေးလ်တွေထဲမှာ သူ့ကို လှောင်ပြောင် လို့ စိတ်ထိခိုက်ရတယ်လို့ သေသွားသူက ရေးထားတာကို တွေ့ရတဲ့အခါ ဒီအချက်ကရော တွန်းအားတခုအနေနဲ့ ဖြစ် တယ်လို့ ပြောလို့ရပါတယ်” ဟု မှတ်ချက်ပြုသည်။

ဆက်လက်၍ ၎င်းက “အဲဒီအချက်ကို ချန်ပြီး ကျန်တဲ့အချက်တွက်ကြောင့် သေတယ်ဆိုတာကို ဘယ်လိုသုံးသပ်သလဲ စဉ်းစားမရ ဖြစ်မိတယ်” ဟုလည်း ပြောသည်။

ဦးအောင်မျိုးမင်းက ကော်မရှင်အနေဖြင့် အစီရင်ခံစာကို လူအများသိအောင် မထုတ်ပြန်သည့် အပေါ်လည်း မေးခွန်း ထုတ်လိုက်ပြီး တွေ့ဆုံမေးမြန်းခဲ့သူများအား ကာကွယ်ပေးချင်၍ဟုဆိုလျှင်လည်း ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် အကြံ ပြုချက်များကို တရားဝင် ထုတ်ပြန်သင့်ကြောင်း ထောက်ပြသည်။

ကော်မရှင်အနေဖြင့် ၎င်းတို့၏ တွေ့ရှိချက်၊ အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို လတ်တလော ထုတ်ပြန်ရန် အစီအစဉ် မရှိသေးကြောင်း ဦးယုလွင်အောင်က ပြောပြသည်။

“သူ့ရဲ့ ပင်ကိုယ် စိတ်အားငယ်မှုရယ်၊ ဆရာမလုပ်တဲ့သူက ဆူမိပြောမိတာရယ်၊ ကျောင်းသားလေးတယောက်က သူ့ကို Gay ပါဆိုပြီး စွပ်စွဲတဲ့ feedback တခုရယ်။ သူ့ သူငယ်ချင်းဖြစ်တဲ့ ညီညီထွေးကို အပြန်အလှန်နောက်တဲ့ အခါမှာ သူ့စိတ်ထဲမှာ သူ့ကို စောင်းပြောတယ်လို့ ယူဆတာရယ်။ အဲဒါတွေ အကုန်လုံး ပေါင်းစပ်လိုက်တဲ့အခါမှာ ဒီပြဿနာ ဖြစ်သွားတယ်လို့ ယူဆတယ်” ဟု ၎င်းက သုံးသပ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တိုးတက်သင့်သည့် လူငယ်တဦး သေဆုံးသွားခြင်းအတွက် စိတ်မကောင်းကြောင်း၊ LGBT အသိုင်းအဝိုင်းက အထင်မြင်လွဲနေသလို ဖြစ်နေသည့် အချက်များ မတွေ့ကြောင်း၊ အဆိုပါ ကျောင်းအနေဖြင့် LGBT များအပေါ် ဖိနှိပ်ချုပ်ခြယ် ပြောဆိုခြင်း၊ ရာထူးကြီးငယ် ဖိနှိပ်ဆက်ဆံမှု ရှိခြင်း မရှိခြင်း တို့ကို ကိုယ်တိုင်လည်း သွား လေ့လာစေချင်ကြောင်း ၎င်းက ပြောဆိုသည်။

ကော်မရှင်၏ အစီရင်ခံစာတွင် အဓိက တာဝန်ရှိသည့် MIU ကျောင်းကို အကြံပြုချက်ထားချက်များ ပါဝင်ကြောင်း ဦးယုလွင်အောင်၏ ပြောပြချက်အရ သိရှိရသည်။

ကျော်ဇင်ဝင်းကို Gay ဟု လူအုပ်စုဖြင့် ဖိနှိပ်ပြောဆိုခြင်း၊ အနိုင်ကျင့်ခြင်း ဟူသည့် အထောက်အထား မတွေ့ရ သော်လည်း ဒေါ်မြအိမ်သူက ဆူလိုက်၍ စိတ်ထိခိုက်ပြီး သေဆုံးခြင်းမှာ မှန်ကန်ကြောင်း၊ အလားတူ ပြဿနာမျိုး ထပ်မဖြစ်စေရန် ကျောင်းအနေဖြင့် စီမံခန့်ခွဲမှု စနစ်ကို ပြန်လည် ဆွေးနွေးပြီး ပြင်ဆင်ရန်ဟု MNHRC ကအကြံပြုထား သည်။

ထို့ပြင် ကျောင်းသားတဦးက ကျော်ဇင်ဝင်းအား feedback ပေးရာတွင် Gay ဟု ပြောဆိုသည့်အပေါ် စိတ်ခံစားမှု ဖြစ်ခဲ့ခြင်းကို တွေ့ရှိရရာ အလားတူ နောက်ထပ် မဖြစ်စေရန် LGBT အခွင့်အရေးဆိုင်ရာနှင့် သိမှတ်ဖွယ်ရာများကို ကျောင်းသူ/သားများ ပိုမို သိရှိနားလည်လာစေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ရန်လည်း ပါရှိ သည်။

ကျော်ဇင်ဝင်းသည် စိတ်အားငယ်တတ်သည့် ကလေးဖြစ်ခြင်းကြောင့် ယခုလို အဆုံးစီရင်သွားသည်ဟု ကော်မရှင်က သုံးသပ်ရာ ကျောင်းအနေဖြင့် နောက်နောင် ဝန်ထမ်းများ ခန့်မည်ဆိုပါက စိတ်ပညာရှင်များဖြင့် စစ်ဆေးပြီးမှ လက်ခံ ရန်၊ စိတ်တက်ကြွသူဖြစ်စေ၊ စိတ်အားငယ်တတ်သူများကို ဖြစ်စေ ထိန်းထိန်းသိမ်းသမ်း ဆက်ဆံရန်နှင့် ပုံမှန် ဆေးစစ် မှုများ ပြုလုပ်ပေးရန်ဟုလည်း အကြံပြုထားသည်။

ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များနှင့် ပတ်သက်၍ MIU ဘက်မှ တစုံတရာ တရားဝင် ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါ။

သို့သော် ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ အစီရင်ခံစာကို စောင့်ပေးရန်နှင့် ယင်းအစီရင်ခံစာ ထွက်လာလျှင် အပြစ်ရှိပါကလည်း အပြစ်ရှိသည့်အတိုင်း အဖြေမှန် ဖြစ်လာမည်ဟု MIU ကျောင်းတည်ထောင်သူ ဒေါ်ပို့ပို့ကြည်က ၂၀၁၉ ဇွန် ၂၉ ရက်တွင် ဧရာဝတီသို့ ပြောဆိုထားသည်။

You May Also Like These Stories:

ကျော်ဇင်ဝင်း သေဆုံးမှု အစီရင်ခံစာ သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်

MIU တည်ထောင်သူ ဒေါ်ပို့ပို့ကြည်နှင့် တွေ့ဆုံခြင်း

The post ကျော်ဇင်ဝင်းသေဆုံးမှု နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် မဟုတ်ဟု MNHRC ပြော appeared first on ဧရာဝတီ.

]]>
တနင်္သာရီတိုင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူပေါင်း ၇၀၀၀ ကျော် ဘေးသင့် https://burma.irrawaddy.com/news/2019/08/14/200791.html Wed, 14 Aug 2019 08:48:36 +0000 https://burma.irrawaddy.com/?p=200791 တနင်္သာရီတိုင်းဒေသကြီး အတွင်း မိုးဆက်တိုက်ရွာသွန်းရာမှ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရပြီး လူပေါင်း ၇၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရှိ ရသည်။

The post တနင်္သာရီတိုင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူပေါင်း ၇၀၀၀ ကျော် ဘေးသင့် appeared first on ဧရာဝတီ.

]]>
တနင်္သာရီတိုင်းဒေသကြီး အတွင်း မိုးဆက်တိုက်ရွာသွန်းရာမှ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရပြီး လူပေါင်း ၇၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရှိရသည်။ 

တိုင်းအစိုးရ အဖွဲ့က ထုတ်ပြန်ထားသည့် သြဂုတ် ၁၂ ရက်အထိ စာရင်းတွင် ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ လောင်းလုံး၊ မြိတ်ခရိုင် မြိတ်မြို့နယ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တို့၌ ယာယီ ကယ် ဆယ်ရေး စခန်း ၂၆ ခု ဖွင့်လှစ်ထားရပြီး အိမ်ခြေ ၂၇၀ မှ လူဦးရေ ၄၁၂၇ ရွှေ့ပြောင်းနေထိုင်ရကြောင်း ဖော်ပြထား သည်။ 

ထို့ပြင် နီးစပ်ရာဆွေမျိုး နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်သော ဘေးသင့်ပြည်သူပေါင်း ၃၇၁၄ ဦး ရှိသည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ 

တနင်္သာရီမြို့ မြို့မ အားကစားကွင်း (ဓာတ်ပုံ – Aung Kyaw Hein/FB)

ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးများ ဆောင်ရွက်နေသူ ကိုအောင်လွင်ကရေဖြူ ကန်ပေါက်ဘက်မှာ အဓိက က မြေပြိုတာ။ ခြံတွေ အိမ်တွေ ထိတယ်။ သောက်သုံးရေ ပြတ်လပ်သွားတယ်။ ကလိန်အောင် မြို့ပေါ်က စာသင် ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ပြီးတော့ အစားအသောက်တွေ ထောက်ပံ့ထားတာရှိတယ်ဟု ဧရာဝတီကို ပြောသည်။ 

ဆက်လက်၍ ၎င်းက မြေပြိုမှုကြောင့် လူသေဆုံးမှု မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ ကုန် သွယ်စီးဆင်းမှု ဒုက္ခရောက်ခြင်းတို့ အပြင် ဒေသခံတို့၏ ကွမ်းသီး၊ ရာဘာ အစရှိသည့် ဥယျာဉ်စိုက်ခင်းများ ထိခိုက် ပျက်စီးကုန်ကြောင်း ရှင်းပြသည်။ 

ယခုအခါ ပျက်စီးသွားသည့် ရေပိုက်များကို ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေပြီး အရေးပေါ် သောက်ရေအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများက စုပေါင်းလှူဒါန်းနေသည်ဟုလည်း ကိုအောင်လွင်က ပြောသည်။ 

ကိုအောင်လွင်ကဒီတခေါက်က ဆိုးတယ်။ တောင်ပြိုပြီး ဒလဟော စီးလာပြီး ကျေးရွာချင်းဆက်လမ်းတွေ၊ တံ တားတွေ တော်တော်များများ ပျက်သွားတယ်။ သဘာဝဘေးက အကြီးအကျယ်ကို အာရုံစိုက်ပြီး လုပ်ရမယ့် အလုပ် ဖြစ်နေပြီဆိုတာကို အကုန်လုံးကို သတိပေးလိုက်တာပဲဟု ဆိုသည်။ 

 

ရေဖြူမြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ကားလမ်းမြေပြိုသဖြင့် သဲချောင်းကျေးရွာအုပ်စု ကျေးရွာ ရွာမှ အိမ်ထောင်စုပေါင်း ၄၀၀ ကျော် ပိတ်မိနေကြောင်း၊ အိမ်ထောင်စု စု၏ နေအိမ်များ လုံးဝ ပျက်စီးသွားပြီး အိမ် ထောင်စု ၁၅ စုမှာ ပြောင်းရွှေ့နေရကြောင်း ရေဖြူမြို့နယ် ပြန်ကြားရေးမှ သိရှိရသည်။ 

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းကလည်း ထားဝယ်ရန်ကုန် အမှတ် () ပြည်ထောင်စုလမ်းမ၏ ထားဝယ်ရေး လမ်းပိုင်း မလွှဲတောင်တွင် မြေပြိုခြင်း၊ လမ်းသားကျွံကျခြင်း တို့ကြောင့် လမ်းပြတ်တောက်သွားခဲ့သည်။ 

ထားဝယ်ရေး လမ်းပိုင်း မိုင်တိုင် ၈၁ တွင် လုံးဝ ပြိုကျသွားရာ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားသကဲ့သို့ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများလည်း ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန် ဘေလီတံတား တပ်ဆင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ဧရာဝတီကို ယမန်နေ့ နေ့လယ်ပိုင်းက ပြောသည်။ 

ဒီလမ်းက အဓိကလည်း ကျတယ်။ ဒီလမ်းကြီး ပြီးသွားမှပဲ ခရီးသွားပြည်သူတွေလည်း သွားလာနိုင်မှာပါ။ ကုန်စည် စီးဆင်းမှုလည်း ပုံမှန်ပြန်ဖြစ်လာမယ်ဆိုတော့ ဒီလမ်းကို အာရုံစိုက်ပြီး သက်ဆိုင်ရာ လမ်းဦးစီးဌာနတို့ကလည်း အဓိက ကြိုးစားပမ်းစား လုပ်နေကြတယ်ဟု ၎င်းက ဆိုသည်။ 

ဆက်လက်၍ ၎င်းက ဘေလီဘောင်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် သြဂုတ် ၁၃ ရက် နံနက်ပိုင်း တွင် မိုင်တိုင် ၇၂ သို့ရောက်ရှိပြီဖြစ်ရာ ယင်းနေ့ ညနေပိုင်းတွင် မိုင်တိုင် ၈၁ သို့ ရောက်ရှိပြီး ဘေလီတံတား တပ်ဆင်မှု များ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ မကြာခင်ရက်ပိုင်းအတွင်း ပြန်လည် ဖြတ်သန်းသွားလာမှု ပြုလုပ်နိုင်မည်ဟု ဆိုသည်။  

ဝန်ကြီးချုပ် ဦးမြင့်မောင်ကအဲဒီနေရာ ရောက်ဖို့အတွက်ကို တော်တော် ခက်ခက်ခဲခဲ သွားနေရတယ်။ ကြားထဲမှာပဲ အကြီးစားမြေပြိုမှုတွေက နေရာလောက် ရှိတယ်။ အဲဒီနေရာတွေကို အရင်ရှင်းထုတ်နေရတယ်။ တချို့နေရာတွေဆို နေရာလောက် လမ်းက ပဲ့ပြီးပါသွားတယ်။ လမ်း လုံးဝ ပျောက်သွားတယ်။ အဲဒီနေရာတွေလည်း ပြန်ပြီးသွားလို့ရ အောင် ဆောင်ရွက်နေတယ်ဟု ပြောသည်။ 

အဆိုပါ လမ်းပိုင်းရှိ တောင်ပြိုမြေများ ဖယ်ရှားရှင်းလင်းခြင်းကို မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ လမ်းအဖွဲ့များက ဆောင် ရွက်လျက် ရှိပြီး ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို သြဂုတ် ၁၆ တွင် ပြီးစီး နိုင်ရေးနှင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် သြဂုတ် ၁၈ တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။  

တနင်္သာရီမြို့နယ် အတွင်း မိုးသည်ထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် သြဂုတ် ၁၂ ရက် ညနေပိုင်းအထိ စာရင်းများအရ ရေဘေးသင့်ပြည်သူ ၂၃၀၀၀ ကျော် ရှိပြီး ရေဘေးသင့်၍ ဆွေမျိုး၊ နီးစပ်ရာနှင့် ကယ်ဆယ်ရေး စခန်း များသို့ ပြောင်းရွှေ့နေထိုင်သူ ၆၈၀၀ ကျော်ရှိကြောင်း၊ စာသင်ကျောင်း ၃၆ ကျောင်း ပိတ်ထားရကြောင်း တနင်္သာရီ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရှိရသည်။ 

ဦးအောင်ကျော်ဟိန်းကတနင်္သာရီမြို့နယ်အနေနဲ့ ရေကြီးတယ်ဆိုတာ အရင်က နှစ်စဉ်နှစ်တိုင်းတော့ ကြီးလေ့ကြီးထ ရှိတယ်။ ဒါကလည်း သစ်တောတွေ အဆမတန် ထုတ်ခဲ့တဲ့ ဆိုးကျိုးတွေလည်း ပါမှာပေါ့။ နောက်တခုက တနင်္သာရီ မြစ်ကြောင်း တိမ်ကောလာတာကလည်း ပြဿနာတရပ်လို့ မြင်ပါတယ်ဟု ဆိုသည်။ 

ဆက်လက်၍ ၎င်းက လတ်တလောတွင် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားသော်လည်း ကုန်ဈေးနှုန်း တက်လာ ခြင်း မရှိသေးကြောင်း၊ ကုန်းလမ်းခရီး ပြတ်တောက်သွားသော်လည်း ရေလမ်းခရီးမှ သွား၍ရကြောင်း၊ ရေပြန်ကျသည့် အချိန်တွင် ပျက်စီးသွားသည့် ရေတွင်းရေကန်များကို ပြန်လည် ပြင်ဆင်ခြင်း၊ ဆေးထည့်ခြင်းတို့ ပြုလုပ်ရမည် ဖြစ် ကြောင်း ရှင်းပြသည်။

ယနေ့ နံနက် ၁၀ နာရီ တနင်္သာရီ မြစ်ရေ တိုင်းတာချက်အရ ၂၄ ပေ၊ ၁၀ လက်မ ရှိကြောင်း၊ တနင်္သာရီမြို့နယ်၏ စိုး ရိမ်ရေအမှတ်သည် ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေ အမှတ်သည် ၂၄ ပေ ဖြစ်ကြောင်း သိရှိရသည်။ 

သဘာဝဘေးဒဏ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်တဲ့အချိန်မှာ ခိုင်မာတိကျတဲ့ မူဝါဒတွေ ရှိဖို့ လိုတယ်။ အခု ကျနော် သိရသလောက်ဆို ချက်ချင်း မတုံ့ပြန်နိုင်ဘူး။ မလုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ အစိုးရ က သူလုပ်နေပါတယ်။ လုပ်တယ်ပေါ့။ ဒါပေမယ့် ဒီထက်ပိုပြီး တိကျတဲ့ မူဝါဒ။ ချက်ချင်းဘယ်လိုတုံ့ပြန်မလဲဟု ကိုအောင်လွင်က မှတ်ချက်ပြုသည်။ 

ထို့ပြင် အစိုးရအပါအဝင် သဘာဝဘေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ၊ လူမှုအဖွဲ့အစည်းများ အနေဖြင့် သဘာဝ ဘေးနှင့် ပတ်သက်၍ ဖြစ်မှမဟုတ်ဘဲ ရေရှည်အတွက် အာရုံစိုက်ကာ စဉ်းစားပြီး ဆောင်ရွက်ရမည့် အခြေအနေ ဖြစ် နေပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ရန်ပုံငွေ များများသုံးကာ သက်ဆိုင်ရာ ကျေးရွာများအထိ ရောက်အောင် အမြန်ဆုံး ဆောင်ရွက်ပေးချင်ကြောင်းလည်း ၎င်းက တိုက်တွန်းသည်။ 

ပြီးခဲ့သည့် တပတ်အတွင်း မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တဝှမ်းရှိ တိုင်းဒေသကြီး ပြည်နယ် အများစု၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ ဒေသတချို့တွင် ရေများ ပြန်လည် ကျဆင်းပြီဖြစ်သော်လည်း ပဲခူး၊ ကရင်၊ မွန်၊ ရန်ကုန်နှင့် တနင်္သာရီတို့တွင် ရေဘေးရှောင်စခန်း ၁၆၆ ခု၊ လူဦးရေ ၇၉၃၈၉ ကျန်ရှိနေသေးကြောင်း လူမှု ဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ 

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၃ ရက်ထိ ရုပ်အလောင်း ၆၅ ဦး ရှာဖွေတွေ့ရှိထားပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။  

သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေမှာ တောင်ပိုင်းဒေသများတွင် ရွာသွန်းမြဲခန့်နှင့် ကျန်တပြည်လုံးတွင် ရွာသွန်းမြဲအောက် လျော့မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

You may also like these stories:

ပေါင်မြို့ရှိ တောင်ရိုးတလျှောက် မြေသားစမ်းသပ်မှုများ အမြန်ဆုံးလုပ်မည်ဟု ဒုသမ္မတပြော

မိုးကြိုးပစ်၊ ကမ်းပြို၊ မြေပြို နှင့် ငလျင် ၁ နှစ်ပတ်လုံး ဖြစ်နိုင်ခြေ အများဆုံးရှိဟု ဆို

သဘာဝ ဘေးအန္တရာယ် ပြီးဆုံးပြီးနောက် အရေးကြီးတဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်း

The post တနင်္သာရီတိုင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူပေါင်း ၇၀၀၀ ကျော် ဘေးသင့် appeared first on ဧရာဝတီ.

]]>
လုပ်ငန်းခွင် အတွင်း ကလေး နို့တိုက်ခန်းများ ထားရှိပေးရေး မူဝါဒ ရေးဆွဲမည် https://burma.irrawaddy.com/women-in-media/2019/08/07/200207.html Wed, 07 Aug 2019 11:04:27 +0000 https://burma.irrawaddy.com/?p=200207 အလုပ်လုပ်နေသည့် မိခင်များ အဆင်ပြေစေရန် လုပ်ငန်းခွင် အတွင်း ကလေးနို့တိုက်ခန်းများ သီးသန့် ထားရှိပေးရေး မူဝါဒတရပ် ရေးဆွဲ ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း

The post လုပ်ငန်းခွင် အတွင်း ကလေး နို့တိုက်ခန်းများ ထားရှိပေးရေး မူဝါဒ ရေးဆွဲမည် appeared first on ဧရာဝတီ.

]]>
အလုပ်လုပ်နေသည့် မိခင်များ အဆင်ပြေစေရန် လုပ်ငန်းခွင် အတွင်း ကလေးနို့တိုက်ခန်းများ သီးသန့် ထားရှိပေးရေး မူဝါဒ တရပ် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သိရသည်။

အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်း အမျိုးသမီးများသည် မီးဖွားခွင့် ၆ လ (၂၄ ပတ်) ရရှိသော်လည်း ပုဂ္ဂလိက လုပ်ငန်း များတွင် ရက်သတ္တပတ် ၁၄ ပတ်သာ ရရှိရာ မွေးကင်းစမှ ၆ လ အရွယ်ထိ မိခင်နို့ တိုက်ကျွေးနိုင်ရေး အခက်အခဲ ရှိ သည့်အတွက် ထိုကဲ့သို့ မူဝါဒ ရေးဆွဲရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုး ရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ လွင်မာလှိုင်က ဧရာဝတီကို ပြောသည်။

“တချို့တွေကျတော့ ကလေး ခေါ်လာလို့ ရတယ်။ ရုံးမှာ နို့တိုက်ခန်းတွေ ထားပေးထားတယ်။ တချို့ကျတော့ အဲဒီလို မျိုး မရှိသေးတော့ အခက်အခဲတွေ ရှိနေသေးတယ်။ လုပ်ငန်းခွင်တိုင်းလည်း ကလေးခေါ်သွားဖို့ သိပ်အဆင်မပြေဘူး လေ။ အဲဒီအတွက် အခု လုပ်ငန်းခွင်အတွင်းမှာ မိခင်နို့ တိုက်ကျွေးတဲ့ အခန်းတွေ လုပ်ဖို့ဆိုပြီး မူဝါဒအတွက် ပြင်ဆင် နေတာတွေ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက ဌာနအနေဖြင့် မွေးကင်းစမှ ၆ လထိ မိခင်နို့ တမျိုးတည်း တိုက်ကျွေးရန် တွန်းအားပေးခြင်း၊ လှုံ့ ဆော် ပညာပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း တဖက်တွင် အလုပ်ပြန်ဝင်ရသည့် မိခင်များအတွက် အဆင်မပြေသည် ကို တွေ့ရသည်ဟု ဆိုသည်။

ထို့အတွက် ဝန်ကြီးဌာနက ၂၀၁၄ တွင် မိခင်နို့ တမျိုးတည်း တိုက်သည့် အလေ့အကျင့်ကောင်းကို အားပေးခြင်း၊ နို့မှုန့် နို့ဘူးများကို မလိုအပ်ဘဲ တိုက်ခြင်းမှ ကလေးငယ်ကို မလိုလားအပ်သည့် အန္တရာယ်မဖြစ်စေရန် ကာကွယ်ပေးသည့် အပိုင်းများ ပါဝင်သော အမိန့်ကြော်ငြာစာနှင့် အတူ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများ မီးဖွားခွင့် ၆ လထိ တိုး မြှင့် ခံစားခွင့်ပြုခဲ့ကြောင်း ဒေါက်တာ လွင်မာလှိုင်က ပြောသည်။

“တချိန်ကျရင်တော့ အစိုးရ ဝန်ထမ်းပဲဖြစ်ဖြစ် ပုဂ္ဂလိက ဝန်ထမ်းပဲဖြစ်ဖြစ် ၆ လ မီးဖွားခွင့် ဆိုတဲ့ဟာကိုတော့ ကျမတို့ က တသတ်မှတ်တည်း ဖြစ်စေချင်တယ်။ အကုန်လုံး မိခင်ဆိုတာ အတူတူပဲလေ။ ကိုယ့်ကလေးကို နို့တိုက်ရမှာပဲ”ဟု ၎င်းက ဆိုသည်။

ထို ၆ လသည် လစာ အပြည့်ဖြင့် မီးဖွားခွင့် ပေးထားခြင်း ဖြစ်ပြီး ဝန်ထမ်းလစာကို မထိခိုက်စေကြောင်း၊ သို့သော် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ထိုကဲ့သို့ မပံ့ပိုးပေးနိုင်သည့် အပိုင်းများ ရှိနေရာ ထိုသို့ မဖြစ်လာခင် ကြားကာလ၌ လုပ်ငန်းခွင် အတွင်း ကလေး နို့တိုက်နိုင်ရန် မိခင်နို့တိုက်ကျွေးသည့် အခန်းများထားပေးရန်၊ ထိုအခန်းသည် မည်သည့် အနေအထားမျိုး ရှိရမည်ဟူသည့် ကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်နေပြီ ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

ဒေါက်တာ လွင်မာလှိုင်က“မူဝါဒ တရပ် ချမှတ်တယ်ဆိုတာ အချိန်တော့ ယူတာပေါ့။ ဒါပေမယ့် အဆင့်ဆင့် ဆောင် ရွက်သွားဖို့ အခုကစ ပြင်ဆင်နေပြီ။ အခုက ဝန်ကြီးဌာနက အရင်ဆုံး စံပြအနေနဲ့ ဝန်ကြီးဌာနတွေမှာ မိခင်နို့ တိုက် ကျွေးတဲ့ အခန်းတွေ ထားမယ်။ နောက်ပြီး ဒီ Nursing room တွေ ထားပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိတယ် ဆိုတာ အဓိက ပုဂ္ဂလိက ကဏ္ဍအကြီးတွေမှာ အသိပညာပေးမှုတွေ လုပ်ဖို့ စနေပြီ”ဟု ဆိုသည်။

မီဒီယာလုပ်ငန်း တခုတွင် အလုပ်လုပ်နေသည့် တာမွေမြို့နယ်နေ မပပက ၎င်းအနေဖြင့် မီးဖွားခွင့် ၃ လခွဲ ရရှိခဲ့ပြီး ကလေး ၂ လကျော်အရွယ်တွင် ရုံးပြန်တက်ခဲ့ကြောင်း၊ ရုံးတက်ရက်များတွင် ကလေးအတွက် မနက်ပိုင်း နို့ညှစ်ပေးခဲ့ ပြီး နေ့လယ်အတွက် နို့မှုန့်ဖြင့် တိုက်ကျွေးရကြောင်း ပြောပြသည်။

“ခြောက်လထိ မိခင်နို့ တမျိုးတည်း တိုက်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် အလုပ်က ပြန်လုပ်မှ ရမှာလေ။ အဲဒီတော့ ကလေး ဆရာဝန်ကို နို့မှုန့် ဘယ်ဟာ ပိုကောင်းလည်း မေးကြည့်ရတယ်။ အဆင်ပြေမယ့်ဟာ မေးပြီးမှ တိုက်တာ။ ဆရာဝန်ကတော့ မတိုက်စေချင်ဘူး။ အလုပ်က ပြန်လုပ်မှ ဖြစ်မှာဆိုတော့၊ အမှန်တော့ ကလေးနဲ့ပဲ နေချင်တာ”ဟု လည်း ၎င်းက ပြောသည်။

လုပ်ငန်းခွင် အတွင်း ကလေးခေါ်လာ၍ ရသည့် အခြေအနေမျိုး၊ ကလေးများအား မိခင်နို့တိုက်ကျွေးနိုင်သည့် အခန်း များ ကုမ္ပဏီဘက်မှ စီစဉ်ပေးမည်ဆိုပါက မိခင်များအတွက် ပိုမို အဆင်ပြေမည်ဖြစ်ပြီး အလုပ်ထွက်မှုများလည်း လျော့ နည်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျန်းမာရေး ဦးစီးဌာန အနေဖြင့် မွေးကင်းစမှ ၆ လထိ မိခင်နို့ တမျိုးတည်း တိုက်ကျွေးရေး ပညာပေးမှုများ တောက် လျှောက် ဆောင်ရွက်လာရာ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှု ရှိလာကြောင်း ဌာန၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

ထိုစစ်တမ်းများ၌ ၂၀၀၉-၂၀၁၀ တွင် မွေးကင်းစမှ ၆ လထိ မိခင်နို့ တမျိုးတည်း တိုက်ကျွေးမှုနှုန်း ၂၄ ရာခိုင်နှုန်း (ကလေး ၄ ယောက်တွင် ၁ ယောက်) သာရှိရာမှ ၂၀၁၅-၁၆ တွင် ၅၁ ရာခိုင်နှုန်းထိ ၂ ဆခန့် တိုးတက်လာကြောင်း တွေ့ရှိရသည်။

ဒေါက်တာ လွင်မာလှိုင်က“သူက အမူအကျင့်နဲ့ ဆိုင်တယ်။ အမေနို့ တမျိုးတည်း တိုက်ဆိုတာ ရုတ်တရက် နားထောင် ကြည့်လိုက်ရင် နို့တိုက်တာ ဘာထူးဆန်းတဲ့ ကိစ္စလဲ။ မြန်မာပြည်အနေအထားအရ ပြောစရာရှိတယ်။ နို့ တိုက်တဲ့နှုန်း က များတယ်။ ဒါပေမယ့် ကျမတို့ သတ်မှတ်ထားတဲ့ စနစ်တကျ ဆိုတာ မွေးစကနေ ၆ လထိ အမေနို့ တမျိုးတည်းပဲ တိုက်။ ကျန်တဲ့ အရည်တွေ အစာတွေ ဘာမှ မကျွေးရဘူး။ အဲဒီလို တိတိကျကျ လိုက်နာတာကျတော့ အားနည်း တယ်”ဟု ရှင်းပြသည်။

မွေးကင်းစမှ ၆ လထိ မိခင်နို့ တမျိုးတည်း တိုက်ကျွေးခြင်းအားဖြင့် ကလေး၏ အသက်အရွယ် အလိုက် ခန္ဓာကိုယ် ကြီး ထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ရောဂါ ခုခံနိုင်စွမ်းတို့တွင် မိခင်နို့ အပြည့်အဝ မစို့ရသည့် ကလေးငယ်များနှင့် သိသိ သာသာ ကွာခြားသွားသည် ဟုလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက ဖော်မြူလာ ကောင်းကောင်းနှင့် ဈေးနှုန်းကြီးမြင့်သည့် နို့မှုန့်များစွာ ရှိသော်လည်းပဲ ရောဂါ ခုခံ ကာကွယ်နိုင်မှု အပိုင်းတွင် မိခင်နို့ကို ယှဉ်၍မရကြောင်း၊ ရောဂါခုခံနိုင်စွမ်း ပါဝင်သည့် နို့မှုန့်ဟူ၍လည်း မရှိသေး ကြောင်း ပြောဆိုသည်။

ဒေါက်တာ လွင်မာလှိုင်က“ဘာလို့ဆို အမေနို့သည် သဘာဝကနေ ဖြစ်လာပြီး သွေးသားနဲ့ တည်ဆောက်ထားတဲ့ ပစ္စည်း ဖြစ်တယ်။ ဒီဟာနဲ့တူအောင် လိုက်ပြီးလည်း မထုတ်နိုင်သေးပါဘူး။ ဒီတော့ နို့မှုန့် ဘယ်လောက် ကောင်းတယ် ပြောပြော အမေနို့ တမျိုးတည်း စို့ရတဲ့ ကလေးနဲ့ နို့ဘူးတွေ တိုက်တဲ့ကလေး ဉာဏ်ရည်ဖွံ့ဖြိုးမှု အပိုင်း ကွာပါတယ်။ ရောဂါ ခုခံနိုင်စွမ်းနဲ့ ကလေးကျန်းမာ ဖွံ့ဖြိုးတဲ့ အပိုင်းတွေရော ကွာပါတယ်”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ သြဂုတ် ၁ လလုံးကို ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက် သတ္တပတ်များ လူထုလှုပ်ရှားမှု ကာလအဖြစ် သတ်မှတ်ထားပြီး ၆ လအောက် ကလေးငယ်များအား မိခင်နို့ တမျိုး တည်း တိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် ပညာပေးမှုများ၊ လူထုလှုပ်ရှားမှုများ၊ နို့တိုက်မိခင်များ အတွက် ပြိုင်ပွဲများ ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

The post လုပ်ငန်းခွင် အတွင်း ကလေး နို့တိုက်ခန်းများ ထားရှိပေးရေး မူဝါဒ ရေးဆွဲမည် appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး ၄ ဦး၌ ၁ ဦး ပုညှက်ဟု ဆို https://burma.irrawaddy.com/news/2019/08/07/200115.html Wed, 07 Aug 2019 01:12:36 +0000 https://burma.irrawaddy.com/?p=200115 မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးငယ်များတွင် အာဟာရ ချို့တဲ့မှုကြောင့် ကလေး ၄ ဦး၌ ၁ ဦး (၂၇ ရာ ခိုင်နှုန်း) သည် ပုညှက်နေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

The post မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး ၄ ဦး၌ ၁ ဦး ပုညှက်ဟု ဆို appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးငယ်များတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး ၄ ဦး၌ ၁ ဦး (၂၇ ရာခိုင် နှုန်း) သည် ပုညှက်နေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ၂၀၀၉-၂၀၁၀ တွင် ၃၅ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ တွင် ၂၉ ရာခိုင်နှုန်း၊ ၂၀၁၇-၁၈ တွင် ၂၆.၇ ရာခိုင်နှုန်းဖြစ်ရာ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလနှင့် နှိုင်းယှဉ်ပါက အသက် ၅ နှစ်အောက် ကလေး ငယ်များတွင် အာဟာရချို့တဲ့မှုနှုန်း တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ လွင်မာလှိုင်က ဧရာဝတီကို ပြောသည်။

“အာဟာရ ချို့တဲ့တဲ့ ပုံစံတွေကတော့ အများကြီးရှိတယ်။ ဒါက ကာလတာရှည် အာဟာရချို့တဲ့လို့ ပုညှက်တာ။ ပုညှက်ခြင်း ဆိုတဲ့ ချို့တဲ့မှု အမျိုးအစားတခုကိုပဲ ပြောနေသေးတာ။ ဒါကို ကြည့်လိုက်ခြင်းအားဖြင့် အတိုင်းအတာ တခုထိ ကျမတို့ ဆောင်ရွက်ပေးနေတဲ့ အာဟာရ စောင့်ရှောက်မှုတွေ ပေးနေတာတွေရဲ့ အကျိုးကျေးဇူးကိုတော့ ခံစားနေရပြီ။ လျော့လာပြီ”ဟု ၎င်းက ဆိုသည်။

သို့သော် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က သတ်မှတ်ထားသည့် နိုင်ငံတနိုင်ငံတွင် ၅ နှစ်အောက် ကလေးများ ပု ညှက် ခြင်း ၂၀ ရာခိုင်နှုန်းကျော်လျှင် များနေသေးသည် ဟူသော စံနှုန်းနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအနေဖြင့် များ နေသေးသည့် အနေအထား ဖြစ်ကြောင်း ဒေါက်တာ လွင်မာလှိုင်က ရှင်းပြသည်။

၎င်းက“နှစ်အလိုက် တိုးတက် ပြောင်းလဲမှုတွေကတော့ မြင်နေရပြီ။ ဒါပေမယ့် ဆက်တော့ လုပ်ရဦးမယ်”ဟု ဆိုသည်။

အစားအစာများ လုံလောက်စွာ စားသုံးမှု မရှိခြင်း၊ မကြာခဏ ဖျားနာခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ပတ် ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိပညာဗဟုသုတ နည်းပါးခြင်းနှင့် ကျန်းမာရေး စောင့် ရှောက် မှုများ လက်လှမ်း မမီနိုင်ခြင်း စသည်တို့သည် အာဟာရချို့တဲ့မှုနှုန်း မြင့်မားရခြင်း၏ အကြောင်းရင်းခံများ ဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် “အာဟာရတွင် မြှုပ်နှံကာ လက်တွဲ တူညီဆောင်ရွက်ပါ၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှာ” ဟူသည့် ဆောင်ပုဒ်ဖြင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ၂၀၁၉ ကို သြဂုတ်လ ၁ လလုံး ကျင်းပသွားမည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် ထုတ် ပြန် ကြေညာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက“အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေ မှာ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ရုံသာမက အာဟာ ရ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တဒေါ်လာ ရင်းနှီးခြင်းဖြင့် ၁၆ ဆ အထိ အကျိုးအမြတ် ပြန်ရနိုင်ပါတယ်”ဟုလည်း ပြော ကြားခဲ့သည်။

ကလေးသေဆုံးခြင်းနှင့် ကလေးငယ်၏ ဖွံ့ဖြိုးမှုများကို ရာသက်ပန် ထိခိုက်စေသော အကြောင်းရင်းများတွင် အာဟာရ ချို့တဲ့ခြင်းသည် အဓိကကျသော အကြောင်းရင်းတခု ဖြစ်နေဆဲ ဖြစ်ကြောင်း သြဂုတ် ၄ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကလေးငယ် ၁ ဦး၏ ဘဝအစ ပထမရက် ၁၀၀၀ ဟု ဆိုရမည့် ကိုယ်ဝန်ဆောင်ချိန်မှ ကလေး၏ ၂ နှစ်ပြည့် မွေး နေ့ အထိ အချိန်ကာလသည် ကလေးအတွက် အရေးကြီးဆုံးသော ကာလတခု ဖြစ်ပြီး ယင်းကာလတွင် သင့်လျော် သည့် အာဟာရ ရရှိရေးမှာ ကလေးငယ်၏ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် အလွန်အရေးကြီးသော ကာလ ဖြစ်သကဲ့သို့ ကလေးငယ်များ၏ အနာဂတ် အလားအလာ အတွက် အခြေခံအုတ်မြစ်ဟု ဆိုနိုင်ကြောင်းလည်း ပါရှိ သည်။

ဒေါက်တာ လွင်မာလှိုင်က“မွေးစကနေ ၆ လထိ မိခင်နို့ တမျိုးတည်း တိုက်ရမယ်။ ၆ လပြည့်ရင် အမေနို့နဲ့အတူ အာ ဟာရပြည့်တဲ့ အစာအုပ်စု စုံလင်တဲ့ သန့်ရှင်းမှုရှိတဲ့ ဖြည့်စွက်စာကို ကလေး အသက်၂ နှစ်ထိ အမေနို့နဲ့အတူ ဖြည့်စွက် စာကို ကျွေးမယ်။ ဒီလို အလေ့အထကောင်းတွေ ကျမတို့ တိုးမြှင့်ရမယ်။ ဒီလို အလေ့အကျင့်တွေ ကောင်းလာပြီဆို ရင် ပုညှက်မှုနှုန်းက လျော့လာမယ်”ဟု ဆိုသည်။

နိုင်ငံတနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သကဲ့သို့ မိခင်နို့ စနစ်တကျ တိုက်ရန် ပညာပေးရေး လုပ်ငန်းများ၊ ကိုယ်ဝန်ဆောင် မိခင်များကို သံဓာတ်အားဆေး တိုက်ကျွေးသည့် နေရာတွင် ရန်ပုံငွေ (ဘတ်ဂျက်) ပိုမို သုံးစွဲခြင်းဖြင့် အာဟာရအပေါ် အကျိုးသက်ရောက်မှု ရှိသည့် လုပ်ငန်းများ အပေါ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု များများ လုပ်ရန် ၎င်းက တိုက်တွန်းသည်။

ဒေါက်တာ လွင်မာလှိုင်က “၁ ဒေါ်လာ ရင်းနှီးမြှုပ်နှံလိုက်ရင် ဒီကလေးတွေ ကျန်းမာသန်စွမ်းလာတယ်။ ဉာဏ်ရည် ဖွံ့ဖြိုးလာတယ်။ ပညာတတ်တဲ့ နိုင်ငံသားတွေ များများပေါ်ထွက်လာမယ်။ နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအား ကောင်းမယ်။ အဲဒီလိုနည်းနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုး တက်မှု အပေါ်မှာ သွားပြီး သက်ရောက်မှု ရှိတယ်။ ၁ ဒေါ်လာ ရင်းနှီးမြှုပ်နှံရင် ၁၆ ဒေါ်လာ ပြန်ရတယ်ဆိုပြီးတော့ ဖော်ပြချက်တွေမှာ အခိုင်အမာ ရှိပြီးသား။ ဒါကြောင့် ရင်းနှီးမြှုပ်နှံပါလို့ တွန်းအားပေး တာ” ဟု ရှင်းပြသည်။

၂၀၁၉ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အဖြစ် သြဂုတ်လ ပထမပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက် သတ္တပတ်၊ ဒုတိယပတ်ကို ၅ နှစ်အောက် ကလေးများ ကျောင်းနေအရွယ် ကလေးများနှင့် လူငယ်များ အာဟာရ ဖွံ့ဖြိုး ရေး ရက်သတ္တပတ်၊ တတိယပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထ ပတ်ကို အိုင်အိုဒင်း ချို့တဲ့မှု ရောဂါများ ပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရ ဖြည့်စွက်ရေး ရက်သတ္တပတ် အဖြစ်လည်းကောင်း သတ်မှတ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကျန်း မာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund)၊ LIFT နှင့် ပြည်တွင်း ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များမှ မိတ်ဖက် အဖွဲ့အစည်းပေါင်း ၃၀ ကျော်တို့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့ပြင် အာဟာရ ချို့တဲ့မှုနှင့် လွန်ကဲမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၈ မှ ၂၀၂၂ ထိ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသား အာဟာရ ဖွံ့ဖြိုးမှု ဆိုင်ရာ ၅ နှစ် စီမံကိန်း တခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

You may also like these stories:

 

The post မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး ၄ ဦး၌ ၁ ဦး ပုညှက်ဟု ဆို appeared first on ဧရာဝတီ.

]]>
၂၀၁၉ ရေမွန် မက်ဆေးဆေး ဆု ကိုဆွေဝင်း ရရှိ https://burma.irrawaddy.com/news/2019/08/02/199828.html Fri, 02 Aug 2019 11:48:04 +0000 https://burma.irrawaddy.com/?p=199828 အာရှဒေသ၏ အမြင့်ဆုံး ဆုတဆုဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် ရေမွန် မက်ဆေးဆေးဆု (Ramon Magsaysay Award) ကို Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း ရရှိကြောင်း

The post ၂၀၁၉ ရေမွန် မက်ဆေးဆေး ဆု ကိုဆွေဝင်း ရရှိ appeared first on ဧရာဝတီ.

]]>
အာရှဒေသ၏ အမြင့်ဆုံး ဆုတဆုဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် အတွက် ရေမွန် မက်ဆေးဆေး ဆု (Ramon Magsaysay Award) ကို မြန်မာနိုင်ငံမှ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ရရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မက်ဆေးဆေးဆုကို ကိုဆွေဝင်းနှင့်အတူ တောင်ကိုရီးယားမှ Kim Jong-ki ၊ အိန္ဒိယမှ Ravish Kumar ၊ ထိုင်းနိုင်ငံမှ Angkhana Neelapaijit ၊ ဖိလစ်ပိုင်နိုင်ငံမှ Raymundo Pujante Cayabyab တို့လည်း ရရှိသည်။

ကိုဆွေဝင်းက“ဆုရတဲ့အပေါ် တအားကြီးတော့ ထူးထူးခြားခြား မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့ လူ့ အဖွဲ့ အစည်းမှာ ဒုက္ခ ဆင်းရဲတွေချည်းပဲလေ။ ဒုက္ခဆင်းရဲတွေနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်နေတဲ့ သူတွေ ရှိကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူမသိသူမသိရတဲ့ အနေအထားပဲ ရှိတယ်။ အဲဒီလို အလုပ်လုပ်နေ ကြတဲ့သူတွေ အများကြီးထဲကနေ ရွေးပြီး ဆုချီးမြှင့်ခံရတယ်ဆိုတော့ စိတ်ထဲ တအားကြီး ပျော်ရွှင်စရာ တော့ မဟုတ် ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၉ ခုနှစ် ရေမွန် မက်ဆေးဆေး ဆုရှင်များ (ဓာတ်ပုံ – Ramon Magsaysay Award/FB)

သတင်းစာပညာ လုပ်ငန်းမှတဆင့် ပြည်သူလူထုကို အကျိုးပြုခြင်း၊ လူတို့၏ ဒုက္ခရောက်နေသည့် အခြေအနေ၊ မတရား မှုများနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရန်၊ ဆင်းရဲဒုက္ခ အခြေအနေများမှ လွတ်မြောက်ရန် ကြိုးပမ်းဆောင်ရွက် မှုများ ကြောင့် အဆိုပါဆု ပေးအပ်သည်ဟု သိရကြောင်းလည်း ၎င်းက ပြောပြသည်။

အဆိုပါ ဆုက ၎င်းလုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် အရာများအတွက် တွန်းအားဖြစ်စေ မလားဟု မေးမြန်းရာတွင် ကိုယ်လုပ်သည့် အလုပ်ကို အသိအမှတ်ပြု ခံရသူတိုင်း ဝမ်းသာကြကြောင်း၊ ကောင်းမွန် သည့် စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ဖြစ်ပေါ်စေကြောင်း ကိုဆွေဝင်းက ပြန်လည် ဖြေကြားသည်။

သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ မဇာခြည်ညိမ်းက“ဆုနဲ့ ထိုက်တန်တဲ့အပြင် ပိုပြီး အားထုတ်ဖို့ တွန်းအား ဖြစ်မယ်လို့လည်း ယုံကြည်တယ်။ မြန်မာနိုင်ငံအတွက်ရော မြန်မာမီဒီယာအတွက်ရော မြန်မာသတင်းထောက်တွေ အတွက်ရော မှတ်တိုင်တခု ဖြစ်တယ်။ အဲဒီအတွက် အတိုင်းမသိ ဝမ်းမြောက် ဂုဏ်ယူပါတယ်”ဟု ပြောဆိုသည်။

ဖိလစ်ပိုင် သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၇ ခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်သည့် အဆိုပါ ဆုကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်တွင် လူမှုဝန်ထမ်းဂေဟာ တည်ထောင်သူ ဒေါ်တီတီလုစ်နှင့် နေးရှင်း သတင်းစာ တိုက် တည်ထောင်သူ ဦးလောရုံ၊ ၂၀၀၂ တွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၊ ၂၀၀၉ တွင် လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကာဆောဝါး၊ ၂၀၁၃ တွင် ကချင်တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်လဖိုင် ဆိုင်းရော် နှင့် ၂၀၁၅ တွင် ရန်ကုန်နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကျော်သူတို့လည်း ရရှိထားသည်။

You may also like these stories:

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု စွဲချက် မတင်မီ ပယ်ချ

ကိုဆွေဝင်းအမှု မြို့နယ် သံဃနာယက ဥက္ကဋ္ဌက တရားလိုပြ သက်သေ အဖြစ်မှ ပယ်ပေးရန် တင်ပြ

အမျိုးသားရေးဝါဒီများ၏ တရားစွဲမှု သတင်းသမား ဘဝပျက်နိုင်

၁ နှစ်ပြည့် Reuters သတင်းထောက် ၂ ဦး အမှုအပေါ် အမြင်များ

The post ၂၀၁၉ ရေမွန် မက်ဆေးဆေး ဆု ကိုဆွေဝင်း ရရှိ appeared first on ဧရာဝတီ.

]]>
အိမ်ထောင်ဦးစီး အမျိုးသားများတွင်လည်း ဝန်ထုပ်ဝန်ပိုး ရှိသည် https://burma.irrawaddy.com/news/2019/07/31/199559.html Wed, 31 Jul 2019 14:33:34 +0000 https://burma.irrawaddy.com/?p=199559 မိသားစုတခု၌ အမျိုးသားများအား ဝင်ငွေရှာရန်နှင့် ဦးဆောင်ဦးရွက်ပြုရန် တာဝန်ယူခိုင်းခြင်းက ၎င်းတို့ မထမ်းဆောင် နိုင်သည့်အခါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သုတေသနပြုချက်များ အရ သိရသည်။

The post အိမ်ထောင်ဦးစီး အမျိုးသားများတွင်လည်း ဝန်ထုပ်ဝန်ပိုး ရှိသည် appeared first on ဧရာဝတီ.

]]>
မိသားစုတခု၌ အမျိုးသားများအား ဝင်ငွေရှာရန်နှင့် ဦးဆောင်ဦးရွက်ပြုရန် တာဝန်ယူခိုင်းခြင်းက ၎င်းတို့ မထမ်းဆောင် နိုင်သည့်အခါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သုတေသနပြုချက်များ အရ သိရသည်။

ကျား၊ မ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေသော အေးချမ်းမြန်မာ အင်စတီကျူ့ (GDI) နှင့် သာ သည့်မြေဖောင်ဒေးရှင်းက ပြုလုပ်သည့် ကျွနု်ပ်တို့၏ ဖြစ်တည်မှုနှင့် ကျွနု်ပ်တို့၏အမြင်- အမျိုးသားဖြစ်ခြင်းနှင့် ဖိုဆန် ခြင်းအပေါ် အမျိုးသားများ၏ အတွေ့ကြုံနှင့် ထင်ဟပ်ချက်များ ဟူသည့် သုတေသန စာတမ်းတွင် တွေ့ရှိရခြင်း ဖြစ် သည်။

အဆိုပါ သုတေသနစာတမ်း မိတ်ဆက်ပွဲကို ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ Goethe Institute Myanmar တွင် ပြုလုပ်ခဲ့သည်။

GDI ၏ နည်းပညာအကြံပေး ဆလိုင်းအောင်လိန်း က “ယောကျ်ားဖြစ်လို့ အိမ်ထောင်ဦးစီး တာဝန်ယူရမယ်။ အိမ် ထောင်ဦးစီး တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အချိန်မှာ သူတို့ ကျေနပ်နေတယ်။ ဂုဏ်ယူနေတယ်လို့ ပြောပါတယ်။ သို့ သော်လည်း သူတို့ မနိုင်တဲ့အခါကျရင် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

သုတေသနတွင် ပါဝင်သည့် အမျိုးသားများက အမျိုးသား(ခင်ပွန်း)သည် ဝင်ငွေရှာရမည်ကို လက်ခံထားသကဲ့သို့ အလုပ်ရှိရမည်ဟုလည်း ခံယူထားကြကြောင်း၊ အမျိုးသမီး(ဇနီး)တဦး အလုပ်မရှိသည့်အခါ ပတ်ဝန်းကျင်၏ ပြောဆိုမှု နည်းသော်လည်း အမျိုးသား အလုပ်မရှိသည့်အခါ ဇနီးသည်က လက်ခံလျှင်တောင်မှ ဆွေမျိုး အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်၏ ဖိအားများရှိကြောင်း ပြောဆိုကြသည် ဟုလည်း ၎င်းက ရှင်းပြသည်။

ဆလိုင်းအောင်လိန်း က “ဒီလို ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတဲ့အခါ ဒုက္ခတွေ ဖိအားတွေများလာပေမယ့် သူတို့က ထုတ် မပြောဘူး။ ယောကျ်ားဆိုတဲ့ မာနကို သူတို့က မချချင်ဘူး။ တခါတလေ သူတို့မှာ မိသားစုကို မလုပ်ကျွေးနိုင်မှာ မကာ ကွယ်နိုင်မှာ အရမ်းကြောက်တယ်။ ဒါပေမယ့် အဲဒါတွေကို မဖော်ပြရဲဘူး။ ဝမ်းနည်းရင်တောင် မငိုပြဘူး။ မိသားစုကို မပြချင်ဘူး။ သူတို့ ခံစားချက်တွေကို သိမ်းထားတတ်တယ်” ဟု ဆိုသည်။

ယင်း သုတေသန စာတမ်းပါ ဖော်ပြချက်များသည် GDI ၏ ရပ်တည်ချက် မဟုတ်ဘဲ တွေ့ရှိချက်များသာ ဖြစ်ကြောင်း လည်း ဆလိုင်းအောင်လိန်းက ရှင်းပြသည်။

သုတေသန စာတမ်း မိတ်ဆက်ပွဲသို့ တက်ရောက်လာသူ ဒေါက်တာပြည့်ဖြိုးဝေက “ကျား၊ မ မညီမျှမှုကို (Gender Inequality) ကို အမျိုးသားတွေလည်း ခံရတယ်ဆိုတဲ့ သဘောပါပဲ။ တချို့ အိမ်ထောင်တွေမှာ အမျိုးသမီးက ဦး ဆောင်တယ်။ သူတို့အချင်းချင်းလည်း အဆင်ပြေတယ်။ ဒါကို ဘေးပတ်ဝန်းကျင်က ယောကျ်ားပဲ ခေါင်းဆောင်ဖို့ ဝေဖန်လာရင် ခက်ခဲမှုတွေရှိလာတာပေါ့” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက စာတမ်း တွေ့ရှိချက်ဖြစ်ရာ မှန်/မှားကို အလွယ်ဝေဖန်၍ မရကြောင်း၊ စာတမ်းပါ တွေ့ရှိချက်များ မည်မျှခိုင်မာသနည်း၊ စာတမ်းပြုစုသည့်နေရာတွင် ဟာကွက် ရှိသလား၊ အကြံပြုချက်များက လက်တွေ့ ကျမကျ ဖြစ်နိုင်ခြေ ရှိမရှိဆိုသည်ကိုပင် ထောက်ပြပြောပြ၍ ရမည်ဟု မှတ်ချက်ပြုသည်။

အဆိုပါ သုတေသန စာတမ်းကို အမျိုးသားများ အဖြစ် တည်ဆောက်ခံရသော ၎င်းတို့၏ ဘဝဖြစ်တည်မှုနှင့် လုပ်ငန်း ခွင် အတွေ့အကြုံများကို အခြေခံကာ ၎င်းတို့၏ ကျား၊ မ လူမှုအမြင်နှင့် သဘောထား ခံယူချက်များကို လေ့လာရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

ဆလိုင်းအောင်လိန်းက “အကုန်လုံးက အမျိုးသမီး အမျိုးသမီးဖြစ်နေ၊ ပြောနေတဲ့ အချိန်မှာ ကျနော်တို့က အမျိုးသား အကြောင်း ပြောရတာ အတော်လေး ကြောက်ပါတယ်။ ဒါပေမယ့်လည်း ဂျန်ဒါလို့ ပြောတဲ့အခါ Feminism လို့ပြောတဲ့ အခါ အမျိုးသား ပါဝင်မှု အရမ်းနည်းတယ်။ Feminism ဆို လူတွေမပြောရဲ မဆိုရဲတဲ့ စကားလုံးလို ဖြစ်နေတယ်။ အမျိုး သားတွေက ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာကို နားလည်ချင်တာ။ သူတို့ ဘယ်လိုတွေးသလဲ သိခြင်းအားဖြင့် ဂျန်ဒါ လုပ် တဲ့အခါ အမျိုးသားတွေကို ဘယ်လို ချဉ်းကပ်လို့ရမလဲဆိုတာကို သိချင်တဲ့အတွက် လုပ်တာပါ” ဟု ရှင်းပြသည်။

ယင်း သုတေသန စာတမ်းအတွက် အချိန် တနှစ်ခန့်ယူခဲ့ပြီး အချက်အလက်များ ရယူနိုင်ရန် အပြန်အလှန် ဆွေးနွေး ဝိုင်း နည်းလမ်းကို အသုံးပြုခဲ့ကြောင်း သိရသည်။

ဆွေးနွေးသူများထဲတွင် နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီများတွင် ပါဝင် လှုပ်ရှားဆောင်ရွက်နေသူ၊ သတင်း မီဒီယာ နယ် ပယ်မှ ပုဂ္ဂိုလ်များ၊ စာပေ/ပန်းချီ/ရုပ်ရှင်နှင့် အခြားအနုပညာရှင်များ၊ ကိုယ်ပိုင် စီးပွားရေးသမားနှင့် အခြေခံ အလုပ် သမားများ၊ NGO ဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား စုစုပေါင်း ၁၄၇ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

ပါဝင် ဆွေးနွေးသူ အားလုံးမှာ အမျိုးသားများဖြစ်ပြီး ရန်ကုန်မြို့ပေါ်တွင် လက်ရှိ နေထိုင်သူများဖြစ်ပြီး ယင်းတို့အနက် ရန်ကုန်သား ၅၀ ရာခိုင်နှုန်းနှင့် နယ်မှ ရန်ကုန်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေထိုင်သူ ၅၀ ရာခိုင်နှုန်း ပါဝင်ကြောင်း တွေ့ရှိရသည်။

အမျိုးသားတို့ မိမိကိုယ်ကိုယ် ဘယ်လိုမြင်ပါသလဲ၊ မိမိကိုယ်ကိုယ် ဘယ်လိုတည်ဆောက်ကြသလဲ၊ အမျိုးသားများ ဖြစ်စေချင်သော တန်းတူညီမျှရေး လှုပ်ရှားမှု ဟူ၍ အပိုင်း ၃ ပိုင်းကို အဓိက လေ့လာခဲ့ကြောင်း သုတေသနပြုသူများ က ရှင်းပြသည်။

GDI ၏ အမှုဆောင် ဒါရိုက်တာ ဒေါ်လဖိုင်ဂျာရာက “ဒီစာတမ်းထဲမှာ ကျမတို့ ထင်မြင်တာမဟုတ်ဘဲနဲ့ အမှန်တကယ် အားကြီးသူများလို့ ကျမတို့ သတ်မှတ်ကြတဲ့ အမျိုး သားတွေရဲ့ အားနည်းမှုတွေ သူတို့ဘာသာ သူတို့ ဖော်ပြကြတာ ကိုလည်း တွေ့ရသလို အားနွဲ့ပါတယ်ဆိုတဲ့ အမျိုးသမီးတွေရဲ့ ခြိမ်းခြောက်နိုင်မှုတွေ အများကြီးကိုလည်း ဖော်ပြကြတာ တွေ့ရပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယခု စာတမ်းမှတဆင့် အမျိုးသားတို့၏ အမြင်နှင့် သုံးသပ်ချက်များကို နားထောင်ပြီးသည့်အခါ အမှန်တကယ်လိုအပ်သည့် ကျား၊ မ တန်းတူညီမျှရေး (Gender Equality) ကို မည်သို့ မည်ပုံ ချဉ်းကပ်သင့်သလဲ ဆိုသည်ကို သိရှိလာမည် ဟုလည်း ဆိုသည်။

“တခါတခါ ကျမတို့ Gender Equality ရဲ့အောက်မှာ အမျိုးသမီးတွေကို အများကြီး တွန်းအားပေးရင်းနဲ့ စွမ်းဆောင် ရည် ရှိလာအောင် ထက်မြက်တဲ့ အမျိုးသမီးတွေ ဖြစ်လာဖို့ လုပ်နေရင်းနဲ့ သူတို့တွေရဲ့ ထက်မြက်မှုတွေဟာ တစုံတဦး အတွက် ထိရှမှုတွေ ထိခိုက်မလားဆိုတဲ့ အများကြီး ပြန်စဉ်စားစရာဖြစ်မယ့် သုတေသန ဖြစ်မယ်လို့ မြင်ပါတယ်” ဟု ဒေါ်လဖိုင်ဂျာရာက ပြောသည်။

ထိုသုတေသန စာတမ်းတွင် ယောကျ်ားဖြစ်ခြင်းသည် အမျိုးသားများ အတွက် ဂုဏ်ယူ ကျေနပ်စရာဖြစ်ကြောင်း၊ ယော ကျ်ားဖြစ်ခြင်းကြောင့် လူမှုအသိုင်းအဝိုင်းက ပေးအပ်တောင်းဆိုသော ဖိုဆန်ခြင်း လက္ခဏာများကိုပါ လွယ်လင့်တကူ လက်ခံပြုမိရက်သား ဖြစ်ကာ ထိုအရာများကိုလည်း အနည်းနှင့်အများ ကျေနပ်နှစ်သက်မှု ရှိကြောင်း ဖော်ပြထားသည်။

မိသားစုနှင့် ပတ်ဝန်းကျင်သည် အမျိုးသားတဦးအား အမျိုးသား ဖြစ်ခြင်းထဲသို့ ပုံသွင်းပေးသူများ ဖြစ်သည်ဟုလည်း ဆိုထားသည်။

အမျိုးသမီးများသာ အကြမ်းဖက်ခံရသည်မဟုတ် အမျိုးသားများလည်း အကြမ်းဖက်ခံရကြောင်း၊ သို့သော် အမျိုးသား များ အကြမ်းဖက်ခံရခြင်းများကိုမူ လူမှုအသိုင်းအဝိုင်းက အများအားဖြင့် အသိအမှတ်ပြုမှု နည်းပါးပြီး လွယ်လင့်တကူ လျစ်လျူရှုတတ်ကြသည်ဟု ဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

ကျား၊ မ တန်းတူညီမျှရေး အသိအမြင် သဘောတရာများ ရှိသော်လည်း လက်တွေ့ဘဝတွင် ကျင့်သုံးသည့်အခါ လူမှု အဖွဲ့အစည်း၏ သမားရိုးကျ တောင်းဆိုသတ်မှတ်ချက်များကို ကျော်လွန်နိုင်ခြင်း မရှိသေးကြောင်း၊ ကျား/မ တန်း တူညီ မျှရေးကို လက်ခံသော်လည်း ၃၀ ရာခိုင်နှုန်း ခွဲတမ်းစနစ်ကို လက်ခံရန်ခက်ခဲသည်ဟုလည်း ဆွေးနွေးထားကြသည်။

စာတမ်း၏ နောက်ဆုံးအပိုင်းတွင် အကြံပြုချက်နှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အချက် ၇ ချက်ကို ဖော်ပြကာ အဆုံးသတ်ထားသည်။

ယခု လေ့လာသည့် ရည်ရွယ်ချက်များနှင့် ထပ်တူညှိနှိုင်းကာ အမျိုးသမီများ၏ အမျိုးသမီးဖြစ်ခြင်းနှင့် မဆန်ခြင်း ဆိုင်ရာ တည်ဆောက်မှုများကိုလည်း ဆက်လက် လေ့လာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

You may also like these stories:

အမျိုးသားများ အမျိုးသမီးများကို လေးစားရန် ကျန်းမာရေးဝန်ကြီး ပြောကြား

အင်ဒိုနီးရှားနိုင်ငံဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုနှင့် ကျားမရေးရာ အခန်းကဏ္ဍ

The post အိမ်ထောင်ဦးစီး အမျိုးသားများတွင်လည်း ဝန်ထုပ်ဝန်ပိုး ရှိသည် appeared first on ဧရာဝတီ.

]]>