ထက်နိုင်ဇော် – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Thu, 05 Dec 2019 09:32:38 +0000 en-US hourly 1 https://wordpress.org/?v=5.2.4 နိုင်ငံ့အကြီးအကဲများ စီးရန် ကျည်ကာကားများ ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ပြုပေးဖို့ တောင်းဆို https://burma.irrawaddy.com/news/2019/12/05/209975.html Thu, 05 Dec 2019 09:10:43 +0000 https://burma.irrawaddy.com/?p=209975 အားသာချက်ကတော့ လုံခြုံစိတ်ချရတယ်။ အကြမ်း အတမ်းခံတယ်။ အင်ဂျင်ပါဝါရော၊ Body ရော ကြီးတဲ့အတွက်ကြောင့် Speed ရော ဘာရော ပြောစရာ မလိုဘူး။ Safety အရပဲ ပြောပြော၊ Speed အရပဲ ပြောပြော အားသာချက်တွေ မြင့်မားတဲ့ကားပါ

The post နိုင်ငံ့အကြီးအကဲများ စီးရန် ကျည်ကာကားများ ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ပြုပေးဖို့ တောင်းဆို appeared first on ဧရာဝတီ.

]]>
နိုင်ငံတော် အကြီးအကဲများ၏ ပြည်တွင်း ခရီးစဉ်များတွင် စီးနင်းနိုင်ရန် အနည်းဆုံး အမေရိကန် ဒေါ်လာ ၇ သိန်းကျော် တန်ဖိုးရှိသော တိုယိုတာ လင့်ခရူဇာ (ကျည်ကာကား) ၆ စီးကို အထူး ကုန်စည်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်များ ရရှိနိုင်  ရေး အစိုးရက လွှတ်တော်သို့ တင်ပြတောင်းခံလိုက်သည်။

၎င်းမော်တော်ယာဉ် ၆ စင်းအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁၂၄၉ ဒဿမ ၉၈၈ သန်း ခွင့်ပြုထားရာ ယင်းကား ၆ စီး တင်သွင်းရာ တွင် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုပေးရန် ယင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခြင်း ဖြစ်သည်။

“ဒီလို ဝယ်ယူခြင်းအားဖြင့် နိုင်ငံတော် အကြီးအကဲတွေရဲ့ ပြည်တွင်း ခရီးစဉ်များ သွားလာရာတွင် လုံခြုံစိတ်ချမှု ရှိစွာနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည် တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော် ဧည့်သည်တော်ယာဉ်အဖြစ် အသုံးပြုခြင်းစသည့် အကျိုးကျေးဇူး ရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

နိုင်ငံတကာအမြင်အရ အရေးကြီးပုဂ္ဂိုလ်များအတွက် ၎င်းတို့ လုပ်ဆောင်ရသည့် လုပ်ငန်း တာဝန်ပေါ် မူတည်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြင့်တင်ရာတွင် ယခုလို ကားမျိုး လိုအပ်သော်လည်း ယခုအစိုးရသည် သက်တမ်း ပြည့်ကာနီး အချိန်ရောက်မှ ကျည်ကာကား ဝယ်ယူရန် စဉ်းစားသည်မှာ ဝေဖန်စရာ ဖြစ်နေကြောင်း သေနင်္ဂ အင်စတီကျူမှ ဒါရိုက် တာ ဦးသိန်းထွန်းဦးက ပြောသည်။

“လက်ရှိ အခြေအနေအရ ကျနော်တို့နိုင်ငံမှာ အကြီးအကဲတွေကို ကျည်ကာကားနဲ့ Cover ပေးပြီးတော့ သွားရ  လောက်တဲ့အထိ အခြေအနေဆိုးနေသလား၊ အဲဒီလိုချည်းတော့ မဟုတ်ဘူး။ လုံခြုံရေးအမြင်အရ ကြည့်ရင် ဒီလောက်အထိ ဆိုးဆိုးဝါးဝါး အခြေအနေကြီး မဟုတ်တဲ့အတွက်ကြောင့် ဘဏ္ဍာရေးဘက်က ကြည့်မယ်ဆိုရင် လော  လောဆယ် မလိုသေးဘူး”ဟု ၎င်းက ပြောသည်။

နိုင်ငံတော် အကြီးအကဲများ၏ လုံခြုံရေးသည် အထူး ဂရုစိုက်ရမည့် ကိစ္စတခု ဖြစ်ပြီး နိုင်ငံတော်အဆင့်ရှိ နိုင်ငံတကာမှ ပုဂ္ဂိုလ်များ လာရောက်ပါကလည်း ယင်းပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တတ်နိုင်သလောက် တာဝန်ယူပေးရမည် ဖြစ်၍ ကျည်ကာကားမှာ လိုအပ်ကြောင်း အာဏာရပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

“လုံခြုံရေးဆိုတာက ဘယ်လိုခေတ်၊ ဘယ်လို အခြေအနေမျိုးမှာ မဆို ရှိကို ရှိရမယ့် ကိစ္စပါ။ နည်းနည်းလေး ပိုဂရုစိုက် ရမှာက ဒီမိုကရေစီ အသွင်ကူးပြောင်းနေစ နိုင်ငံတွေမှာ တခါတခါမှာ အစွန်းရောက် နိုင်ငံရေးကိစ္စမျိုးတွေ ရှိတတ် တယ်။ အစွန်းရောက် လူမျိုးရေးကိစ္စတွေ ခေါင်းထောင်ထတာမျိုးတွေ ရှိတတ်တယ်။ ပြည်သူက ရွေးချယ်ထားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးဟာ ပိုပြီးတော့ ဂရုစိုက်ရမယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကမူ“အရေးတကြီး အလေးထားရမှာက ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေရဲ့ လုံခြုံရေး ဖြစ်ပါတယ်။ ခေါင်းဆောင်တွေထက် သီးသန့်လုံခြုံရေး ဆိုတာထက် နိုင်ငံ့ လုံခြုံရေးကို ဦးစားပေးပြီးတော့ အဲဒီလိုနေရာတွေမှာ နိုင်ငံ့ဘတ်ဂျက်ကို သုံးတာက ပိုပြီးတော့ ပြည်သူ့ဘက်က ရွေး ချယ်ထားတဲ့ ပြည်သူ့အစိုးရ ပီသမယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။

ရန်ကုန်မြို့မှ ကား Show Room ပိုင်ရှင် ၁ ဦးကမူ ယခုလို ကျည်ကာကားများသည် တန်ဖိုးကြီးလွန်းသဖြင့် အများ ပြည်သူ ဝယ်မစီးကြကြောင်း၊ ထို့ကြောင့် ဈေးကွက်ထဲတွင် အရောင်းအဝယ် မရှိသလောက် ရှားပါးကြောင်း၊ ယခုကား သည် အထူးတလည် ပြုလုပ်ထားသည့် ကားအမျိုးအစား ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီကားက အထူးတလည် ပြုလုပ်ထားတဲ့ ကားမျိုး ဖြစ်နေတယ်။ အားသာချက်ကတော့ လုံခြုံစိတ်ချရတယ်။ အကြမ်း အတမ်းခံတယ်။ အင်ဂျင်ပါဝါရော၊ Body ရော ကြီးတဲ့အတွက်ကြောင့် Speed ရော ဘာရော ပြောစရာ မလိုဘူး။ Safety အရပဲ ပြောပြော၊ Speed အရပဲ ပြောပြော အားသာချက်တွေ မြင့်မားတဲ့ကားပါ”ဟု အဆိုပါ ကားနှင့် ပတ်သက်ပြီး နားလည် ကျွမ်းကျင်သူက ပြောသည်။

ယခု ကျည်ကာမော်တော်ယာဉ် ၆ စီးကို ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး ဈေးနှုန်းဖြင့် တိုက်ရိုက်မှာယူခြင်း ဖြစ်ကြောင်း၊ ဆိပ်ကမ်းအရောက် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်ပြချက်အရ သိရသည်။

ယင်းကား ၆ စီးအတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ၄.၂၃၁၅ သိန်း ကျသင့်မည် ဖြစ်သဖြင့် ယင်းအခွန်ငွေများကို ကင်းလွတ်ခွင့် ရရှိရန် အစိုးရက လွှတ်တော်သို့ တင်ပြပြီး ခွင့်ပြုချက် တောင်းခံခြင်း  ဖြစ်သည်။

အကြီးအကဲများအတွက် ဝယ်ယူမယ့် ကားများမှာ တိုရိုတာ လင့်ခရူဇာ အမျိုးအစားများ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထုတ် မော်ဒယ် ၄ စီးနှင့် ၂၀၂၀ ခုနှစ်ထုတ် မော်ဒယ် ၂ စီး ဖြစ်ကြောင်း သိရသည်။

ယခင် သမ္မတ ဦးသိန်းစိန်း အစိုးရ လက်ထက်က ကျည်ကာကားများ ဝယ်ယူခဲ့ဖူးကြောင်း သိရှိရသော်လည်း ကားအမျိုးအစားနှင့် အသေးစိတ်ကိုမူ မသိရှိရပါ။

“နိုင်ငံတော်က ဝယ်တဲ့ ပစ္စည်းတွေအတွက် ပုံမှန်အားဖြင့် အခွန်ဆောင်ရတယ်။ ဒါကို အခွန်လျော့ဖို့အတွက်ကို အစိုးရ က ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက် တောင်းရတယ်။ လွှတ်တော်က သဘော တူရင် ဆောင်ရွက်လို့ရတဲ့အတွက် ဝန်ကြီးဌာနက အခွန်ကင်းလွတ် ခွင့်တောင်းတာလို့ ထင်ပါတယ်”ဟု သံလျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များ တောင်းခံထားပြီး လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဆွေးနွေးကြမည် ဟု သိရသည်။

You may also like these stories:

နိုင်ငံ့အကြီးအကဲများ နိုင်ငံအပေါ်သစ္စာစောင့်သိရန် ဖွဲ့စည်းပုံတွင် အချက်တချို့ဖြည့်မည်ဟု တပ်မတော်ပြော

လိင်အကြမ်းဖက်ခံရသူ ကလေးငယ်အမှု နိုင်ငံ့အကြီးအကဲများ စောင့်ကြည့်နေ

The post နိုင်ငံ့အကြီးအကဲများ စီးရန် ကျည်ကာကားများ ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ပြုပေးဖို့ တောင်းဆို appeared first on ဧရာဝတီ.

]]>
ကချင်ဒေသ တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ထိန်းချုပ်ရေးအဆို လွှတ်တော် လက်ခံ https://burma.irrawaddy.com/news/2019/12/04/209932.html Wed, 04 Dec 2019 14:25:01 +0000 https://burma.irrawaddy.com/?p=209932 ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ကချင်ဒေသ၌ တရုတ် တစ်သျှူးငှက်ပျောများကို စည်းကမ်းတကျ ထိန်းချုပ်နိုင်ရန်၊ ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန်၊ ရသင့်သည့် အခွန်ဘဏ္ဍာများ ရရှိစေနိုင်ရန် ဌာနဆိုင်ရာ အားလုံး ဟန်ချက်ညီညီ ပါဝင်ရေး အစိုးရကို တိုက်တွန်းကြောင်းအဆိုတခုကို ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက တင်သွင်းခဲ့သည်။

The post ကချင်ဒေသ တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ထိန်းချုပ်ရေးအဆို လွှတ်တော် လက်ခံ appeared first on ဧရာဝတီ.

]]>
တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ ကျောထောက်နောက်ခံပြုထားသည့် တစ်သျှူးငှက်ပျောစိုက်ခင်း လုပ်ငန်းများ ကချင် ပြည်နယ်တွင် အလွန်များပြားလာပြီး ဒေသခံများ၏ လူမှုဘဝ လုံခြုံမှုကိုပါ ခြိမ်းခြောက်လာသဖြင့် ယင်းလုပ်ငန်းများ အား ထိန်းချုပ်နိုင်ရေး အဆိုတခုကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘော တူသည်။

ကချင်ဒေသတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိခြင်း၊ မြေယာပြဿနာများ၊ အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း၊ တရုတ်ကုမ္ပဏီများ လက်အောက်သို့ မြေဧက ထောင်ချီ၍ ကျရောက် သွားခြင်း စသည့် ဆိုးကျိုးများ ရှိနေကြောင်း ဒေသခံများ ပြောဆိုလာသည်မှာ ကြာပြီ ဖြစ်သလို ဒေသဆိုင်ရာ အာဏာ ပိုင်များကလည်း ယခုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် နောက်ပိုင်းတွင် ကြိုးစားလာသည်။

ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ကချင်ဒေသ၌ တရုတ် တစ်သျှူးငှက်ပျောများကို စည်းကမ်းတကျ ထိန်းချုပ်နိုင်ရန်၊ ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန်၊ ရသင့်သည့် အခွန်ဘဏ္ဍာများ ရရှိစေနိုင်ရန် ဌာနဆိုင်ရာ အားလုံး ဟန်ချက်ညီညီ ပါဝင်ရေး အစိုးရကို တိုက်တွန်းကြောင်းအဆိုတခုကို ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက တင်သွင်းခဲ့သည်။

ဒေါက်တာ ခွန်ဝင်းသောင်း “ဒီအဆိုကို မဲခွဲလို့ နိုင်ခဲ့ရင် အခုလောလောဆယ်မှာ တစ်သျှူးငှက်ပျော ဆက်မစိုက်ရဘူးလို့ တားမြစ်ထားပေးမယ့် ဆက်မစိုက်ဘဲ အဟောင်းတွေကို အစားထိုး စိုက်နေတာ ရှိတယ်။ အဲဒါကြောင့် အောက်ခြေ မှာ လယ်သမားတွေ ခံနေရတာတွေ ရှိနေတယ်။ အဲဒါကြောင့် လွှတ်တော်ကနေ ဖိအားလေးပေးလိုက်ရင် ဌာနဆိုင်ရာ တွေက ကြပ်ကြပ်မတ်မတ်လေး လုပ်ခဲ့ရင် အောက်ခြေမှာ ခံစားနေရတာတွေ လျော့သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံ တနိုင်ငံလုံး၏ ငှက်ပျောသီး စားသုံးမှု ပြည့်မီရန် ငှက်ပျောစိုက်ဧက ၁၂ သိန်းခန့် လိုအပ်ပြီး ယခုအခါ တ ရုတ်နိုင်ငံအတွက် ပြည်တွင်းပြည်ပတွင် စိုက်ဧကပေါင်း ၅ သိန်းဝန်းကျင်သာ ရှိသေးရာ ယင်းလိုအပ်ချက်ကို ဖြည့် ဆည်းရန် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်မှု လုပ်ထားရန် ဒေါက်တာ ခွန်ဝင်းသောင်းက အမျိုးသား လွှတ်တော်တွင် အကြံပြုသည်။

ထို့ပြင် တရုတ်လိုင်စင် မှတ်ပုံတင်ထားသည့် တစ်သျှူးငှက်ပျောတင် ကားကြီးများသည် နှစ်စဉ် အစီးရေ ထောင်၊ သောင်း ချီ၍ နယ်စပ်ထွက်ပေါက်မှ သယ်ပို့နေကြသဖြင့် တံတားများ၏ ပျက်စီးမှု အန္တရာယ်၊ ရသင့်သည့် ဘဏ္ဍာ အခွန်များ မှန်မှန်ကန်ကန် ရရှိရန်အတွက် ဥပဒေနှင့်အညီ ရင်းနှီးမြုပ်နှံလာရန် ဆောင်ရွက်ရမည်ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

“အခုက အရပ်သားစကားနဲ့ ပြောမယ်ဆိုရင် နောက်ဖေးပေါက်ကနေ ဝင်နှိုက်သလို ဖြစ်နေတယ်။ တရုတ်တွေ လုပ်တယ် ပြောပေမယ့် နာမည်က ဒီဘက်က လူတွေက ခံထားတာ။ နောက်လည်း ထပ်လာဦးမှာဆိုတော့ ကိုယ်တွေ လက်မခံလို့ မောင်းထုတ်လိုက်ရင် သူများတိုင်းပြည်က Welcome လုပ်နေတာကိုး။ လာအိုက အရမ်း ဖိတ်ခေါ်နေတာ” ဟု ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။

တချို့သော လုပ်ငန်းရှင်များသည် ဒေသခံ တောင်သူများ၏ လယ်ယာမြေများကို ငှားရမ်းခြင်း၊ ကျူး ကျော်ခြင်း၊ နည်းလမ်းမျိုးစုံသုံး၍ စိုက်ပျိုးလာခဲ့သည်မှာ ဆယ်စုနှစ် တခုမက ကျော်လွန်လာခဲ့ပြီဟု ဆိုကြသည်။

ကချင်ပြည်နယ် ဝိုင်းမော်ဒေသခံ ဦးဒေါ့တန်ဂွန်းက“တစ်သျှူးငှက်ပျောတွေက ကိုယ့်မြေ မလုပ်စားနိုင်တဲ့ မြေလွတ် မြေရိုင်းတွေကို ငှားတာပေါ့။ ဒါကြောင့် ထိခိုက်တာလည်း ရှိမှာပေါ့။ ဘယ်လောက်ထိခိုက်လဲဆိုတာတော့ မသိနိုင်ဖူး ပေါ့။ ဒီလို လုပ်ငန်းမျိုးကို သူတို့ လာလုပ်တဲ့အတွက် တချို့လည်း အဆင်ပြေတာပေါ့။ လမ်းပန်း ဆက်သွယ်ရေး ကောင်းသွားတာ ရှိတယ်။ တချို့က ဝင်ငွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခုကိစ္စတွင် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိပြီး ဆိုးကျိုးမှာ သုံးသည့် ပိုးသတ်ဆေး အာနိသင်မှာ အလွန်ပြင်းသဖြင့် ငါးမျိုးများ သေဆုံးကြောင်း၊ ယင်းပိုးသတ်ဆေးမှာ မြန်မာပြည်တွင် စစ်ဆေးမည့်သူ မရှိသဖြင့် မှောင်ခိုများစွာ ဝင်နေကြောင်း ၎င်းက ရှင်းပြသည်။

“ကျနော်တို့က ကိုယ်တိုင် မလုပ်နိုင်တဲ့ သက်ကယ်တောကိုတော့ ၃၊ ၄ ဧကတော့ ပေးထားတယ်။ စိုက်တာက ကျနော်တို့ ဝိုင်းမော်မြို့နယ်ထဲမှာ အများဆုံးပဲ။ ဈေးကွက်ကလည်း ကျနော်တို့လည်း မသိဘူး။ တရုတ်တွေ လာစိုက်ပြီးတော့ တရုတ်ပြည်ကိုပဲ နေ့ည လာသယ်သွားတာ ရှိတာပေါ့။ တခါတည်း ဒီမှာ ထုတ်ပိုးပြီးတော့ သယ်သွားကြတာ”ဟု ဦးဒေါ့ တန်းဂွန်က ပြောသည်။

တရုတ်များသည် မြေများကို အနည်းဆုံး ၆ နှစ်စာချုပ်ဖြင့် ငှားရမ်းကြပြီး တနှစ်၊ ၂ နှစ်စာ ငွေချေကြောင်း၊ တနှစ်လုံး ငှားရမ်းပါက တောထဲမှာ မြေဆိုလျှင် တဧက ကျပ် တသိန်းရှစ်သောင်း ရပြီး လက်ရှိ လုပ်ကိုင် စားသောက် နေသည့် မြေဖြစ်ပါက တဧက ကျပ် ၄ သိန်း အထိ ရကြောင်း ဒေသခံများက ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက “ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတာပေါ့။ လက်မခံလို့လည်း မရဘူး။ အခုလတ်တလောမှာ ဌာနဆိုင်ရာ မြေစာရင်းတွေက မြေလွတ်မြေလပ်တွေဆိုပြီး ချပေးနေ တာပဲ။ လယ်သမားတွေက ကိုယ့်ခြံ၊ ကိုယ့်မြေတွေ ပါသွားတာ မသိကြဘူး။ စာရင်းအရ ကြည့်မယ် ဆိုရင် မြေလွတ်မြေရိုင်း တွေပဲ။ အဲလိုသာ ဆက်ဖြစ်နေရင် ဒီပြဿနာတွေက ပြီးမှာမဟုတ်ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလကလည်း ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့တွင် ဥပဒေနှင့်မညီဘဲ တစ်သျှူးငှက်ပျောများ စိုက်ပျိုးနေသည့် ပုဂ္ဂလိကကုမ္ပဏီတခုကို အရေးမယူဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနှင့်အညီ တရားဝင် မြေလျှောက်ခွင့် ပြုခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။

ဒေသခံတချို့ကမူ ကချင်ဒေသတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းကိုလည်း လက်မခံကြဘဲ ယင်းစိုက်ခင်များကြောင့် အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်ခြင်း၊ ၎င်းတို့သုံးစွဲသည့် တရုတ်နိုင်ငံထုတ် ဆေးများကို ကြောက်လန့်ခြင်းနှင့် မြေဆီလွှာများ ပျက်စီးမည်ကို စိုးရိမ်လျက်ရှိသည်။

ကချင်ပြည်နယ်တွင် စတင်ခဲ့သည့် တရုတ်တစ်သျှူး ငှက်ပျော စိုက်ပျိုးသည့် လုပ်ငန်းများသည် တစနှင့်တစ ပိုမို ကျယ်ပြန့်လာနေပြီး ယခုအခါ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များအထိ ယင်းငှက်ပျောများ စိုက်ပျိုးနိုင် ရေး ကြိုးပမ်းမှုများ ရှိလာကြောင်း သတင်းရရှိသည်။

ဆက်စပ်ဖတ်ရှု့ရန်

ဗန်းမော်ခရိုင်ရှိ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေများ ပြန်လည်စစ်ဆေးတော့မည်

ဥပဒေ ချိုးဖောက်သည့် ငှက်ပျောစိုက် ကုမ္ပဏီကို အရေးမယူဘဲ တရားဝင် မြေလျှောက်ခွင့်ပြု

The post ကချင်ဒေသ တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ထိန်းချုပ်ရေးအဆို လွှတ်တော် လက်ခံ appeared first on ဧရာဝတီ.

]]>
နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်သူကို ဖမ်းမိရန် မလွယ်ဟု တမူး လွှတ်တော်အမတ် ပြော https://burma.irrawaddy.com/news/2019/12/04/209912.html Wed, 04 Dec 2019 10:40:28 +0000 https://burma.irrawaddy.com/?p=209912 အခုဖြစ်တဲ့ ကိစ္စမှာတော့ လက်ပစ်ဗုံးနဲ့ ပစ်ပြီးတော့ ပြေးတာပေါ့။ လက်ပစ်ဗုံးကတော့ ဒီပြင် တနိုင်ငံက လုပ်တဲ့ လက်ပစ်ဗုံးပဲ။ ၉၁ အမျိုးအစားလို့ သိရတယ်

The post နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်သူကို ဖမ်းမိရန် မလွယ်ဟု တမူး လွှတ်တော်အမတ် ပြော appeared first on ဧရာဝတီ.

]]>
စစ်ကိုင်းတိုင်း တမူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ရှာဖွေနေသော်လည်း နယ်စပ်ဒေသ ဖြစ်၍ တရားခံအား ဖမ်းမိရန် မလွယ်ကူဟု ကာယကံရှင်ဖြစ်သူက လွှတ်တော်ကိုယ်စားလှယ်က ဧရာဝတီသို့ပြောသည်။

NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သည် ၎င်း၏ မဲဆန္ဒနယ် တမူးမြို့နယ်တွင် အိန္ဒိယ အစိုးရကို တော်လှန်တိုက်ခိုက်နေသည့် ကသည်းသူပုန်များ တည်ရှိမှုသည် ဒေသ၏ တည်ငြိမ်မှုကို ထိခိုက်စေသဖြင့် ဖယ်ရှား ပေးရန် နေပြည်တော် အမျိုးသား လွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက မေးခွန်း ထုတ်ခဲ့ဖူးသူဖြစ်သည်။

“တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့တို့ မြန်မာ့တပ်မတော်တို့ဘက်ကလည်း အပူတပြင်း လိုက်ရှာ ဖမ်းဆီးကြမှာပါ။ ဒါပေမယ့် မမိဖို့ကတော့ ရာခိုင်နှုန်း ပိုများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နယ်စပ်လည်း ဖြစ်နေတဲ့အတွက် အခြေအနေတွေက ရှုပ်ထွေးနေတဲ့ အတွက်ကြောင့်ပါ”ဟု ဦးမောင်မောင်လတ်က ပြောသည်။

လက်ပစ်ဗုံးနှင့် အပစ်ခံရသည့် ယမန်နေ့ ည ၇ နာရီခန့်က ၎င်း၏ နေအိမ်တွင် ညီမဖြစ်သူနှင့် အမေတို့သာ ရှိကြောင်း၊ ၎င်းမှာ နေပြည်တော်သို့ လွှတ်တော်တက်ရန် ရောက်နေကြောင်း၊ ဆိုင်ကယ်စီးလာသည့် လူနှစ်ဦး လက်ပစ်ဗုံး ၁လုံး အိမ်ခြံဝင်း အတွင်းသို့ ပစ်သွင်းခဲ့သည်ကို သိလျှင်သိခြင်း တမူးခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သူက ရှင်းပြသည်။

လက်ပစ်ဗုံးမှာ စနက်တံ ပြုတ်နေခဲ့သော်လည်း သံချေးတက်နေသဖြင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်း၊ ဗုံးရှိနေသည့် နေရာသို့ သက်ဆိုင်ရာများ ညတွင်းချင်း ရောက်ရှိခဲ့ကြောင်း၊ တရားခံများကို ဖမ်းဆီး ရမိရေး လိုက်လံဆောင်ရွက်နေကြောင်း လည်း ဆိုသည်။

၎င်းက“အားလုံးလည်း ရှင်းသွားပြီ စိတ်မပူပါနဲ့လို့ ပြောတယ်။ တရားခံကို ဖမ်းဆီးရမိဖို့လည်း တာဝန်ရှိသူတွေက အပူ တပြင်း လိုက်လံ ဆောင်ရွက်နေပါတယ်လို့ ပြောတယ်။ တမူးမြို့မှာက ပေါက်ကွဲမှုတွေက မကြာခဏ ဆိုသလို ဖြစ်တတ်ပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်တိုင်းလည်း တရားခံကို ဖမ်းဆီးရမိမှု မရှိပါဘူး။ ဒါကြောင့် ဘယ်လိုတွေ ဆက်စပ် နေသလဲ ဆိုတာလည်း အင်မတန် ပြောရခက်ပါတယ်”ဟု ပြောသည်။

တမူးဒေသတွင် လုံခြုံရေးအရ တည်ငြိမ်မှု မရှိဖြစ်နေခြင်းမှာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ စတင်၍ ဝင်ရောက်လာသည့် လက်နက်ကိုင်များကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့ ရောက်လာသည့် အချိန်မှစ၍ ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က တာဝန်ယူရမည် ဖြစ်ကြောင်း ဦးမောင်မောင်လတ်က ပြောသည်။

“ဒါတွေကို ထိန်းသိမ်း ဖယ်ရှားပေးဖို့ အမျိုးသား လွှတ်တော်မှာ မေးခဲ့တာ ရှိပါတယ်။ တမူးမှာ အခြေစိုက်တဲ့ ကသည်း လက်နက်ကိုင် အရေအတွက် နည်းသွားတယ်လို့ ယူဆရပေမယ့် သူတို့နေတဲ့ အိမ်တွေမှာတော့ အစောင့်တယောက်၊ ၂ ယောက်နေတာလေးတွေ ရှိပါတယ်။ အဲဒီအိမ်မှာလည်း ပေါက်ကွဲမှု ဖြစ်တာဆိုရင် ၂၀၁၉ မှာကို ၂ ကြိမ်ဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက “အခုဖြစ်တဲ့ ကိစ္စမှာ တော့ လက်ပစ်ဗုံးနဲ့ ပစ်ပြီးတော့ ပြေးတာပေါ့။ လက်ပစ်ဗုံးကတော့ ဒီပြင် တနိုင်ငံက လုပ်တဲ့ လက်ပစ်ဗုံးပဲ။ ၉၁ အမျိုးအစားလို့ သိရတယ်”ဟု ပြောသည်။

တပ်မတော်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကား ကျေးရွာရှိ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ္ပလန် NSCN-K ၏ ဗဟိုဌာနချုပ် တကား စခန်း ကို တပ်ရင်း ၆ ရင်း အင်အား ၄၀၀ ကျော်ဖြင့် ဝင်ရောက်၍ ထိန်းချုပ်ခဲ့ပြီး ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ သူပုန်များကို လက်ခံထားသဖြင့် နာဂတို့၏ ဌာနချုပ်ကို ထိန်းချုပ်ရခြင်း ဖြစ်ကြောင်း တပ်မတော်က အကြောင်းပြခဲ့သည်။

NSCN-K အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ချုပ်ဆိုခဲ့သည့် ငြိမ်း ချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက်အရ နာဂဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီကြသည့် တကားဒေသ၌ ခေတ္တ အခြေပြု နေထိုင်ခွင့် ပေးထားသည့် အဖွဲ့ တခု ဖြစ်သည်။

“ဒီအဖွဲ့ တွေအနေနဲ့က သူတို့ရဲ့ စခန်းတွေ နေရာတွေကို တပ်မတော်က ထိန်းချုပ်လိုက်တဲ့အတွက်ကြောင့် သူတို့ ရတဲ့နေရာတွေမှာ ခိုအောင်းနေတဲ့ သဘောရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပြောလိုတာက ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှု အရေးကြီးပါတယ်။ မသင်္ကာတာ တွေ့ရင် တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ၊ နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ကသည်း လက်နက်ကိုင်များသည် မြန်မာအစိုးရကို ခုခံ တိုက်ခိုက်နေသူများ မဟုတ်သော်လည်း အိန္ဒိယ စစ်တပ် နှင့် မြန်မာ့ တပ်မတော်ကြား တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်နေရသည့် လုပ်ငန်းများ ရှိကြောင်း၊ မြန်မာ့ တပ် မတော်၏ မူဝါဒအရ အိမ်နီးချင်းနိုင်ငံကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့ကိုမဆို လက်ခံမည် မဟုတ်ကြောင်း တပ်မတော်က ပြောသည်။

“ဟိုဘက်နိုင်ငံကနေ ဒီဘက်ကို ကူးပြီးနေတာမျိုးတွေ ရှိတယ်။ တောတောင်ထူထပ်တဲ့ နေရာမျိုးတွေလည်း ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဖော်ထုတ်တွေ့ရှိရတဲ့အတွက် ကျနော်တို့ အနေနဲ့ ပြန်လည်ပြီးတော့ ထိန်းချုပ်တာတွေ လုပ်နေတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အိန္ဒိယ အစိုးရကို တော်လှန်နေသည့် ကသည်းသူပုန်များသည် အိန္ဒိယ-မြန်မာ နယ်စပ်အနီး ချင်းပြည် နယ် တမူးနှင့် တွန်းဇန်မြို့နယ်များရှိ ကျေးရွာများတွင် အတားအဆီးမရှိ ဝင်ထွက်သွားလာနေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့်လည်း မထိန်းကွပ်နိုင်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှု ဝန်ကြီး ဦးစိုးထက်က ထုတ်ဖော်ပြောဆိုဖူးသည်။

အလားတူ ချင်းပြည်နယ် တွန်းဇံမြို့ တွီးဗျာလ်ဇန် ကျေးရွာမှ မူလတန်းပြ ဆရာမတဦးကို မဏိပူရ် ကသည်းလူမျိုး ဘိနော့ဆိုသူက သေနတ်ဖြင် ပစ်သတ်ခြင်းက အစပြုခဲ့ပြီး၊ ချင်းပြည်နယ်တွင် လာရောက်အခြေချနေသည့် ကသည်းသူပုန်များကို ဖယ်ရှားပေးရန် ချင်းတိုင်းရင်းသားများက ဒီဇင်ဘာ ၁ရက်နေ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အခြေစိုက်လှုပ်ရှား၍ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသည့် အာသံနှင့် ကသည်း သူပုန်အဖွဲ့ဝင် ၂၄ ဦးကို ခန္တီးခရိုင်တရားရုံးက ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ဖူးသည်။

ဆက်စပ်ဖတ်ရှု့ရန်

ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

တွန်းဇံ၌ ကျောင်းဆရာမတဦးကို ပစ်သတ်သွားသည့် တရားခံအား လိုက်လံ ဖမ်းဆီးနေ

The post နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်သူကို ဖမ်းမိရန် မလွယ်ဟု တမူး လွှတ်တော်အမတ် ပြော appeared first on ဧရာဝတီ.

]]>
၃ ဦး သေဆုံးခဲ့သည့် မြောက်ဦးပေါက်ကွဲမှု ဖြစ်စဉ် ဘယ်သူ့မှာ တာဝန်ရှိသလဲ https://burma.irrawaddy.com/news/2019/12/03/209785.html Tue, 03 Dec 2019 09:10:50 +0000 https://burma.irrawaddy.com/?p=209785 သို့သော် မြောက်ဦး အခြေစိုက် အမှတ် ၅၄၀ တပ်ရင်းကနေ ပစ်သည် ဆိုပြီး စွပ်စွဲခံနေရသော်လည်း ယင်း ၅၄၀ တပ်ရင်းက လက်နက်ကြီး ပစ်ခဲ့ခြင်း လုံးဝ မရှိကြောင်း၊ ယင်းဒေသတွင် မိုင်းနင်းမိ၍ ဖြစ်စေ၊ လက်ပစ်ဗုံး တခုခု ဆော့ကစားရင်း ကျကွဲသည် ဖြစ်စေ အများစုက လက်နက်ကြီး ပစ်သည်ဟု ပြောဆိုလေ့ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

The post ၃ ဦး သေဆုံးခဲ့သည့် မြောက်ဦးပေါက်ကွဲမှု ဖြစ်စဉ် ဘယ်သူ့မှာ တာဝန်ရှိသလဲ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ် မြောက်ဦးမြို့  အလယ်ဈေးရပ်ကွက် ချင်းပျံတောလူနေအစုတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က ပေါက် ကွဲမှုတခု ဖြစ်ပွားခဲ့ရာ မြို့ခံ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးသွားသူများကို ယနေ့ သဂြိုဟ်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးတွင်လည်း ၂ ဦးမှာ ခြေ  ပြတ်လက်ပြတ် ပြင်းထန်စွာ ဒဏ်ရာရ၍ လူနာများကို ဆေးရုံသို့ အမြန်ရောက်ရှိရန် ပို့ဆောင်ရာတွင် မြင်ရသည် မှာ တခုခု ပေါက်ကွဲသဖြင့် ဒဏ်ရာရသည့် ပုံစံဖြစ်ကြောင်း မြောက်ဦးမြို့ သွေးလှူရှင် အသင်း ဥက္ကဌ ဦးအောင်သန်း ထွန်း က ဧရာဝတီသို့ ပြောသည်။

“ဒီနေ့က အသုဘချမှာ။ ဒဏ်ရာရတဲ့အထဲမှာ ၅ ယောက်ရှိတာ မနေ့ညနေက တယောက်ဆုံးသွားတယ်။ ၄ ယောက် ကျန်တယ်။ ၄ ယောက်မှာက ၂ ယောက်က ဒဏ်ရာ တော်တာ်ပြင်းတယ်။ ခြေလက်ပြတ်တာမျိုးတွေ ရှိတယ်”ဟု ဦးအောင်သန်းထွန်းက ပြောသည်။

၎င်းကဆက်၍ “မြင်တာကတော့ ပေါက်ကွဲသွားတဲ့ပုံစံပဲ။ ကလေးတယောက် ပြောတာက တပ်မတော်က ကျန်ခဲ့တဲ့ ဗုံး တလုံးကို လက်လွှဲပစ်လိုက်တဲ့အချိန် ပေါက်ကွဲသွားတာလို့ ပြောတယ်။ အဲဒီဗုံးကို လွှင့်ပစ်လိုက်တဲ့ အချိန်မှာ လူနေ အိမ်နားမှာ ကျတာပေါ့။ ကလေးက ဆော့တဲ့သဘောပေါ့။ တိတိ ကျကျတော့ မစပ်စုတော့ဘူး။ ကိုယ့်အလုပ်က လူနာ အမြန်ကောက်ပြီး ဆေးရုံကို အမြန်ရောက်ဖို့ပဲ”ဟု ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ “လွှတ်တော်ထဲရောက်နေလို့ အသေးစိတ် မသိဘူး။ ကျနော်သိတာက ကျည်ထိပြီးတော့ ပေါက်ကွဲမှုတခုဖြစ်တယ်။ ကျည်ထိပြီးတော့ ၇ ယောက် ဆေးရုံကို တက်လာတယ်။ ၃ ယောက်သေတယ်။ ၄ ယောက်က ဆေးရုံတက်နေတုန်းပဲ။ အဲလောက်ပဲ သိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

တပ်မတော်က ယင်းဖြစ်စဉ်ကို စိစစ်ရာတွင် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ သည်ဆိုသော သတင်းများအရ သက်သေအားလုံးကို ခေါ်စစ်ဆေးခဲ့ကြောင်း၊ ယင်းအချိန်တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိ သလို တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုမျိုးလည်း မရှိကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“နယ်မြေခံ လုံခြုံရေးတပ်တွေရဲ့ သုံးသပ်ချက်အရ ပေါက်ကွဲမှု ဖြစ်ပွားတယ်။ ပေါက်ကွဲမှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး  ပြောနိုင်တာကတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်ကွဲတာ မဟုတ်ဘူး။ ဖြစ်နိုင်ခြေရှိတာက ပေါက်ကွဲ  စေတတ်တဲ့ ပစ္စည်းတခုခုကို သွားထိမိလို့ ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

၎င်းက ဆက်၍ “အဲဒီဒေသတွေမှာ ဖြစ်နေတာက ဒေသန္တရမိုင်းနဲ့ ပတ်သက်ပြီး လုပ်နေတဲ့လူတွေ ရှိတယ်။ အဲဒီလို ဒေသန္တရမိုင်း ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်။ ပြောနိုင်တာကတော့ အဲဒီအချိန်မှာ ဘယ်တပ်ကမှ လက်နက်ကြီး၊ လက် နက်ငယ်နဲ့ ပစ်ခဲ့တာ လည်း မရှိဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း မရှိဘူး”ဟု ပြောသည်။

သို့သော် မြောက်ဦး အခြေစိုက် အမှတ် ၅၄၀ တပ်ရင်းကနေ ပစ်သည် ဆိုပြီး စွပ်စွဲခံနေရသော်လည်း ယင်း ၅၄၀ တပ်ရင်းက လက်နက်ကြီး ပစ်ခဲ့ခြင်း လုံးဝ မရှိကြောင်း၊ ယင်းဒေသတွင် မိုင်းနင်းမိ၍ ဖြစ်စေ၊ လက်ပစ်ဗုံး တခုခု  ဆော့ကစားရင်း ကျကွဲသည် ဖြစ်စေ အများစုက လက်နက်ကြီး ပစ်သည်ဟု ပြောဆိုလေ့ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့က မြောက်ဦးမြို့နယ်အတွင်းက ရှာရှည်ပြင်ကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်မှာလည်း ကလေးငယ်တဦးက ဗုံးသီးကို ဆော့ကစား ရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရက္ခိုင့် တပ်မတော် (AA) ဘက်မှ ခိုင်သုခကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး တိုက်ပွဲနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ အရပ်သား များ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြည်နယ် လွှတ်တော်တွင် အဆိုတခု တင်သွင်း ခဲ့ဖူးသည်။

၎င်း၏ အဆိုအရ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိုခိုက်ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ရခိုင် ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည့် ယင်းအဆိုကို အစိုးရက ယနေ့အချိန်အထိ အကောင်အထည်ဖော်မပေးခဲ့ပါ။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့များပြားလျက်ရှိသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့သည့် တိုက်ပွဲများကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် စစ်ရှောင် ဒုက္ခသည် ဦးရေမှာ တိုးလာနေပြီး ယခုအခါတွင် ဒုက္ခသည် ၈ သောင်း ဝန်းကျင်အထိ ရှိနေ    ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (REC) အဖွဲ့ ထံမှ သိရသည်။

You may also like these stories :

ရခိုင်ပြည်နယ် အခြေအနေ မင်းမဲ့စရိုက်ဆန်နေပြီဟု တပ်မတော် ပြော

ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ

ရခိုင်အရေး ပြည်ထောင်စု အတွက်ပါ စိုးရိမ်စရာ ဖြစ်လာဟု သမ္မတရုံး ပြော

The post ၃ ဦး သေဆုံးခဲ့သည့် မြောက်ဦးပေါက်ကွဲမှု ဖြစ်စဉ် ဘယ်သူ့မှာ တာဝန်ရှိသလဲ appeared first on ဧရာဝတီ.

]]>
“ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာ ပြင်ဆင်ရမည်”ဟု တပ်ချုပ်ဆို https://burma.irrawaddy.com/news/2019/12/02/209632.html Mon, 02 Dec 2019 01:30:48 +0000 https://burma.irrawaddy.com/?p=209632 လက်ရှိ အခြေအနေတွင် နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်းရန် တပ်မတော် အနေဖြင့် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရခြင်း ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

The post “ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာ ပြင်ဆင်ရမည်”ဟု တပ်ချုပ်ဆို appeared first on ဧရာဝတီ.

]]>
လက်ရှိ အခြေအနေတွင် နိုင်ငံရေးအရ တည်ငြိမ်မှှုနှင့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်းရန် တပ်မတော် အနေဖြင့် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရခြင်း ဖြစ်ပြီး မိမိတို့အနေဖြင့် ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းရမည်ဖြစ်ပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် စနေနေ့က နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းခန်းမ၌ တပ်မတော် အရာရှိကြီးများ၊ နည်းပြ အရာရှိကြီးများ၊ သင်တန်းသား အရာရှိများအား တွေ့ ဆုံအမှာစကား ပြောကြားရာတွင် ၎င်းက ဥပမာ မြန်မာ့ရိုးရာတွင်ဧည့်သည်လာပါက ကွမ်း၊ ဆေး၊ လက်ဖက် ဖြင့် ဧည့်ခံသည်မှာ ရှေးယခင်ကတည်းက အစဉ်အလာဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် ကွမ်း၊ ဆေးလိပ် တို့သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ကို တွေ့ရှိရသဖြင့် ရိုးရာ အစဉ်အလာများကို ခေတ်ကာလနှင့်လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောသည်။

ယင်းဥပမာသည် မည်သည်ကို ရည်ညွှန်းကြောင်း မရှင်းလင်းလှသော်လည်း နိုင်ငံတော်အဆင့် မူဝါဒများ ချမှတ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး အမြင်များနှင့် နိုင်ငံတကာအမြင်များ အမြင် ၄ ရပ် ပေါင်းစပ် တွေးခေါ်၍ တိုင်းပြည်၏ ပကတိ အခြေအနေမှန်ကို သိရှိကာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အချက်များကို ဂရုပြုကြရန် လိုကြောင်း တပ်ချုပ်၏ ပြောဆိုချက်သည် လတ်တလော ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုခံရချိန်နှင့် တိုက်ဆိုင်နေသောကြောင့် နိုင်ငံရေးစောင့်ကြည့်ဝေဖန်သူများကြား စိတ်ဝင်စားနေကြသည်။

“သူ ဒီလိုတွေ ပြောလာရတဲ့အကြောင်းက နံပတ် တစ်က သူကိုယ်တိုင်ကလည်း အနာဂတ်မှာ နိုင်ငံဥသျှောင် သမ္မတအဖြစ်နဲ့ ရည်ရွယ်ထားတာလည်း ရှိနိုင်တယ်။ နံပါတ် နှစ်ကတော့ ဒါတွေကို သိနေတဲ့ လူတယောက်က အားမရတဲ့အခါမှာ ပြောထွက်လာတာ။ ဒါတော့ ကျနော်တို့လည်း ဒီလိုမျိုး တခါတခါ ခံစားရပါတယ်”ဟု သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။ ယခု အာဏာရပါတီမှ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် လက်ရှိ အခြေအနေတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုလိုသည့် အမြင် ၄ မြင်ကို ပေါင်းစပ်ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ ရကြောင်း၊ နိုင်ငံခေါင်းဆောင်များသည် ဘက်ပေါင်းစုံ အခြေအနေများကို သုံးသပ်ပြီး မှန်ကန်သည့် လမ်းကြောင်းနှင့် တိုင်းပြည်ကို ချီတက်ရမည် ဖြစ်ကြောင်း ပြောပြီး “တကယ်လို့သာ တပ်မတော်က တကယ့် အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တကယ်ကို ရှိနေတယ်ဆိုရင်တော့ ဒါတွေက သူပြောရဲမှာ မဟုတ်ဘူး။ ပြောမယ်ဆိုရင်လည်း အတွင်းပိုင်းမှာပဲ တိုးတိုးတိတ်တိတ် ပြောမှာပေါ့နော်”ဟုလည်း ဦးရဲထွန်းက ဆိုသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောဆိုသည့် အမြင် ၄ ခု ဆိုသည်မှာ တပ်မတော်တွင် နဂိုကတည်းက ရှိပြီးသားဖြစ်သည့် မူဝါဒများ ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးပိုင်း သင်ကြားလျက်ရှိကြောင်း ပြောသည်။

“ဒါတွေက ပုံမှန်ပြောနေကြဟာတွေပါပဲ။ တပ်မတော်နေ့ မိန့်ခွန်းတွေမှာ ကြည့်ရင်လည်း ဒါတွေ တွေ့နိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ သင်တန်းသားကြီးတွေနဲ့ တွေ့ဆုံပြီး တနှစ်ကို အနည်းဆုံး တကြိမ်၊ နှစ်ကြိမ်လောက်တော့ ပြောဆိုလေ့ရှိပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင် ပါတီနိုင်ငံရေးများပါသော အုပ်ချုပ်ရေး စနစ်ဖြစ်ပါက အဆင်မပြေကြောင်း၊ ဒီမိုကရေစီတွင် ယှဉ်ပြိုင်ဘက် အတိုက်အခံ ပါတီများလည်း ရှိမည် ဖြစ်ကြောင်း၊ အာဏာရပါတီကလည်း အာဏာရရှိရေး၊ အာဏာ တည်မြဲရေးကို ကြိုးစားမည်သာ ဖြစ်၍ မည်သို့မျှ သဟဇာတ မဖြစ်နိုင်ကြောင်း ပြောသော်လည်း ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို သွားနေသည့်အတွက် တည်ငြိမ် အေးချမ်းပြီး ညီညွှတ်မျှတသည့် အုပ်ချုပ်ရေး စနစ်ဖြစ်ရန် လိုကြောင်း၊ လွတ်လပ် မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ရန် လိုပြီး ဆင်ခြေတုံတရားဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ရန် လိုကြောင်း ပြောသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးရန် တပ်မတော်အနေဖြင့် လိုလားကြောင်း သက်သေပြမှုတခု ဖြစ်မည်။

နိုင်ငံခေါင်းဆောင်များ အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရေးဆိုသည့် မူဝါဒ အပေါ်တွင် ရပ်တည်ပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရန် လက်ရှိ အချိန်တွင် အရေးတကြီး လိုအပ်နေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင် ၄ ခုတွင် အရေးကြီးဆုံးမှာ နိုင်ငံရေးအမြင် ဖြစ်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း ဆွေးနွေးဝေဖန်သည်။

“နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီးတော့ သဘောတူညီချက်တွေ ရအောင် မလုပ်နိုင်သရွေ့ အုပ်ချုပ်ရေးတို့ စီးပွားရေးတို့ ကာကွယ်ရေးတို့မှာလည်းပဲ အဖြေရှာနိုင်ဖို့ ခက်မယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။ ဆက်၍ “အဲဒီအတွက်ကြောင့်မိုလို့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ ရအောင် လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ တချိန်တည်းမှာပဲ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေးပိုင်းတွေကိုလည်း ဟန်ချက် ညီညီနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်”ဟုလည်း ပြောဆိုသည်။

NLD အစိုးရ အာဏာရလာပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကြား ၂ ဦးတည်း တွေ့ဆုံမှုများ ရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သဖြင့် ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းမှ စ၍ သီးသန့် ထပ်မံတွေ့ ဆုံခြင်းမျိုး နေပြည်တော်တွင် မပြုလုပ်တော့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ၏ ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို တပ်မတော်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေခြင်းသည် စစ်ဘက်-အရပ်ဘက် အဆင်မပြေကြောင်း ပြသသည့် အချက်တခုဟု နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

သို့သော် လာမည့် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ခုခံကာကွယ်ရန် နိုင်ငံတော်အတိုင်ပင်ခံ နယ်သာလန်နိုင်ငံ သဟိဂ်မြို့သို့ သွားရောက်ရန် ရှိသည်ဟု ကြေညာခဲ့ချိန်တွင် မြန်မာ့တပ်မတော်က အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ပြောဆိုကာ နိုင်ငံတကာရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာ အထူးအဖွဲ့ တွင် အရာရှိ ၂ ဦး ပါဝင်စေလွှတ်ခြင်းကမူ အစိုးရနှင့် တပ်မတော်ကြား နီးကပ်သွားမှုကို ပြသည်။

ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲခံရမှုအား ပြည်တွင်းပြည်ပ၌ အမျိုးမျိုးသော သဘောထားအမြင်များ ကွဲပြားလျက် ရှိသည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က လုံခြုံရေးတပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့သော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့အား တန်ပြန်ထိုးစစ်ဆင်မှုသည် လူ ၇ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးမှုကို ဖြစ်စေခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးကို စာရွက်ပေါ်တွင် သဘောတူညီထားကြပြီးဖြစ်သော်လည်း လက်တွေ့တွင် ဒုက္ခသည်များ ပြန်လည်အခြေချရန် အလားအလာ မရှိသလောက် သို့မဟုတ် အနည်းငယ်သာ ရှိနေသည်။ ပြဿနာမှာ ရိုဟင်ဂျာများအဖြစ် တရားဝင် အသိအမှတ်ပြုရန် တဘက်က တောင်းဆိုနေပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ မရှိကြောင်း ပယ်ချကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်စေမည်ဟု ရပ်ခံထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကိုလိုနီခေတ်တွင် အလုပ်သမားများ၊ ကူလီများအဖြစ် အင်္ဂလိပ်တို့က ခေါ်သွင်းလာသော ချစ်တီးများ၊ ဘင်္ဂါလီများ ရောက်ရှိလာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ယင်းနှစ်တွင်ပင် ICJ တွင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုအချိန်က မြန်မာနိုင်ငံ၏ တိုင်းရင်းသားများတွင် ရိုဟင်ဂျာဟု လည်းကောင်း၊ ဘင်္ဂါလီဟုလည်းကောင်း ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ၁၉၇၄-၁၉၇၅ ခုနှစ်တွင် ဟင်္သာ စီမံချက်ဆောင်ရွက်ခဲ့ရာတွင်လည်း သတင်းစာ၊ ဆောင်းပါးများ အားလုံးက ဘင်္ဂါလီဟုသာ သုံးစွဲဖော်ပြခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုအချိန် ကာလကပင် လူဝင်မှုဆိုင်ရာ အပါအဝင်ပြဿနာပေါင်းစုံရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

You may also like these stories:

ICJ အရေး အစိုးရဖြေရှင်းမှု “ဝ” နှင့် မိုင်းလား ထောက်ခံ

ICJ အရေး မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ဆို

ဘုရင့်နောင်ပွဲရုံတန်းမြေနေရာ သက်တမ်းတိုးပေးရန် တပ်ချုပ်ထံ တင်ပြမည်

The post “ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာ ပြင်ဆင်ရမည်”ဟု တပ်ချုပ်ဆို appeared first on ဧရာဝတီ.

]]>
ICJ အရေး မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ဆို https://burma.irrawaddy.com/news/2019/11/30/209543.html Sat, 30 Nov 2019 01:30:03 +0000 https://burma.irrawaddy.com/?p=209543 မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် သဘောဖြင့် ဝင်ရောက် ထောက်ခံခြင်း ဖြစ်ကြောင်း လူ့ အခွင့်အရေး လှုပ်ရှားသူတချို့က ဝေဖန် ပြောဆိုသည်။

The post ICJ အရေး မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ဆို appeared first on ဧရာဝတီ.

]]>
တပ်မတော်အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၏ အရေးယူမှုကို ထောက်ခံကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် သဘောဖြင့် ဝင်ရောက် ထောက်ခံခြင်း ဖြစ်ကြောင်း လူ့ အခွင့်အရေး လှုပ်ရှားသူတချို့က ဝေဖန် ပြောဆိုသည်။

မြန်မာ့ တပ်မတော်၏ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအပေါ် ICJ ၏ အရေးယူရန် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့က နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် မိမိကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုပြီး မြန်မာနိုင်ငံသား အများစုက ဘင်္ဂါလီဟု ခေါ်ဆိုသူများအရေး ဆောင်ရွက်လှုပ်ရှားနေသော အမေရိကန် နိုင်ငံ အခြေစိုက် တန်းတူ ညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ Civil Right Movement (CRM) မှ ဦးဌေးလွင်ဦးက မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့သည် “ရိုဟင်ဂျာများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နှင့် ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်ခံရမှုများ” ကို အသိအမှတ် မပြုလိုဘဲ “ရေပေါ်ဆီစုပ် အမြတ်ထုတ်လိုသည့် သဘောဖြင့် သံယောင်လိုက်”ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

“ရိုဟင်ဂျာတို့အား ဘင်္ဂါလီဟု ခေါ်သော မည်သူသည်မဆို ဂျီနိုဆိုက် တရားခံဖြစ်သည်ဟူသော ဥပဒေနှင့်အညီ MND AA, TNLA, AA တို့၏ ICJ , ICC တို့အား ထောက်ခံခြင်းအား လုံးဝ ပယ်ချလိုက်ပါသည်”ဟု CRM တာဝန်ခံ ဦးဌေးလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

လာမည့် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက “လူမျိုးတုန်း သတ်ဖြတ်မှု”ဖြင့် မြန်မာနိုင်ငံကို စွပ်စွဲထားခြင်းကို တရားဥပဒေလမ်းကြောင်းအတိုင်း ခုခံကာကွယ်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆန်းစုကြည် နယ်သာလန်နိုင်ငံ သဟိဂ်မြို့သို့ သွားရောက်ရန် ရှိသည်။ မြန်မာ့တပ်မတော်ကလည်း အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ပြောဆိုကာ နိုင်ငံတကာရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာ အထူးအဖွဲ့ တွင် အရာရှိ ၂ ဦး ပါဝင်စေလွှတ်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က လုံခြုံရေးတပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့သော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့အား တန်ပြန်ထိုးစစ်ဆင်မှုသည် လူ ၇ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးမှုကို ဖြစ်စေခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးကို အနည်းဆုံး စာရွက်ပေါ်တွင် သဘောတူညီထားကြပြီးဖြစ်သော်လည်း လက်တွေ့တွင် ဒုက္ခသည်များ ပြန်လည်အခြေချရန် အလားအလာ မရှိသလောက် သို့မဟုတ် အနည်းငယ်သာ ရှိနေသည်။ ပြဿနာ၏ ရင်းမြစ်မှာ ရိုဟင်ဂျာများအဖြစ် တရားဝင် အသိအမှတ်ပြုရန် တဘက်က တောင်းဆိုနေပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ မရှိကြောင်း ပယ်ချကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်စေမည်ဟု ရပ်ခံထားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က “ဒီ ၃ ဖွဲ့က တကယ့်တကယ်တော့ သုံးသင့်တာ ကတော့ ၂ မျိုးစလုံး သုံးလည်း ရတယ်။ နိုင်ငံတကာကတော့ ရိုဟင်ဂျာလို့ လက်ခံထားတော့ ရိုဟင်ဂျာ-ဘင်္ဂါလီလို့ လည်း သုံးလို့ရတာပဲ”ဟု ပြောသည်။

ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဦးအေးလွင်က လူမျိုးတမျိုး၊ လူတစုသည် မိမိမည်သူဖြစ်ခြင်းကို ထုတ်ဖော်ခွင့် ရှိသော်လည်း ပြဿနာ ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစေရန် “ဘင်္ဂါလီ” နှင့် “ရိုဟင်ဂျာ” စကားလုံးတို့ကို မသုံး တော့ဘဲ ယင်းဒေသမှ အစ္စလမ် ဘာသာဝင်များ ဆိုသည့် စကားလုံးသည် အကောင်းဆုံး ဖြစ်ကြောင်း ပြော သည်။

“ဘင်္ဂါလီလို့ သုံးခြင်းသည် သူတို့ရဲ့ နဂိုအနေအထား အရှိ အခြေအနေမှန်တခုကို လက်မခံတဲ့သဘော ဖြစ်နေတဲ့ အတွက် ဘင်္ဂါလီလို့လည်း မသုံးဘူး။ ရိုဟင်ဂျာဆိုတာကလည်း သူတို့မှာ ရွေးချယ်ခွင့်ရှိသော်လည်းပဲ ပြဿနာကို ဖြေရှင်းတဲ့ နေရာ မှာ ဦးစားမပေးဘူးဆိုတဲ့ အတွက်ကြောင့် အဲဒီစကားလုံး ၂ ခုလုံးကို ရှောင်ရှားပါတယ်”ဟု ဦးအေးလွင်က ပြောဆိုသည်။

AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက“နာမည် အသုံးအနှုန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ စကားပြောနေလည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး နည်းပညာ တွေ တိုးတက်ပြီးတော့ DNA (မျိုးဗီဇ) စစ်လို့ ရနေတဲ့ ခေတ်မှာ ဒီနာမည် အသုံးအနှုန်းကိစ္စ စကားပြောနေလို့က လည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းတို့ ထုတ်ပြန်ချက်၏ ရည်ရွယ်ချက်သည် တပ်မတော်က တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းများစွာ လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းအား နိုင်ငံတကာက အရေးယူမည် ဆိုသည်ကို ထောက်ခံကြောင်း ပြောဆိုလိုခြင်း ဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့သည် အစိုးရနှင့် တပ်မတော် အပေါ်တွင် ယခုလို ပုံမှန် ပြောဆိုနေကြ ဖြစ်သဖြင့် အထွေအထူး ပြောစရာ မရှိကြောင်း ပြောသည်။

“လက်ရှိ နိုင်ငံတော် အစိုးရနဲ့ တပ်မတော် အပေါ်မှာ လက်နက်စွဲကိုင် တော်လှန်နေတဲ့ သောင်းကျန်းသူ အုပ်စု အတွက် ကတော့ ဒီလိုပဲ ထွက်မှာပေါ့။ ကျန်တဲ့ဟာ ထွက်စရာလည်း မရှိဘူး။ အဲဒါကြောင့် ထူးပြီး တုံ့ပြန် ပြောနေစရာလည်း အကြောင်း မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

The post ICJ အရေး မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ဆို appeared first on ဧရာဝတီ.

]]>
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ https://burma.irrawaddy.com/news/2019/11/28/209429.html Thu, 28 Nov 2019 10:51:29 +0000 https://burma.irrawaddy.com/?p=209429 ယခုရက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများသည် ရဟတ်ယာဉ်သုံး တိုက်ခိုက်ရသည့်အထိ ပိုပြင်းထန်လျက် ရှိကြောင်း သိရသည်။

The post ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ယခုရက်ပိုင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများသည် ရဟတ်ယာဉ်သုံး တိုက်ခိုက်ရသည့်အထိ ပိုပြင်းထန်လျက် ရှိကြောင်း သိရသည်။

မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် နိုဝင်ဘာ ၂၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် အနည်းဆုံး ၄ နာရီ အထိ ကြာမြင့်ခဲ့ပြီး ၂ ဖက်စလုံးတွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ တိုက်ပွဲများသည် ပုံမှန်ထက် ပိုပြင်းထန်သည်ဟု ပြောနိုင်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်တာ ကြာတယ်။ ပြင်းထန်တယ်လို့ ပြောလို့ ရတယ်။ ၄ နာရီလောက်တောင် ကြာတယ်။ ပန်းမြောင်းကျေးရွာ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ လောက်မှာ ဖြစ်တာ။ တို့ဘက် ထိခိုက် ဒဏ်ရာရမှုတွေလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းနေရာတွင် လုံခြုံရေး ယူနေသည့် တပ်မတော် စစ်ကြောင်းကို AA ဘက်မှ စတင် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲ ပြင်းထန်သဖြင့် တပ်မတော်ဘက်မှ ရဟတ်ယာဉ်သုံး၍ တိုက်ခိုက်ရခြင်းမျိုး ရှိကြောင်း၊ သောင်းကျန်းသူ နှိမ်နင်းရေးစစ်တွင် ရဟတ်ယာဉ်သုံးခွင့်ရှိကြောင်း တပ်မတော်ဘက်က ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အောက်ခြေမှာ သူတို့ဘက်က သတင်းပေးတွေ များတယ်။ ပြီးတော့ ယူနီဖောင်းနဲ့ တိုက်ခိုက်တာထက် အရပ်ဝတ်နဲ့ တိုက်ခိုက်တာ များတယ်။ ချက်ချင်း မတုန့်ပြန်နိုင်ဘူးဆိုရင် သူတို့က ရွာထဲကို ပြန်ဝင်သွားပြီးရင် ရွာသား ဖြစ်သွားရော အချိန်တိုအတွင်း လိုက်ပြီး နှိမ်နင်းဖို့က ရဟတ်ယာဉ်ပဲ ရှိတယ်”ဟု ပြောသည်။

ထို့ပြင် AA ဘက်က စစ်သုံ့ပန်း လဲလှယ်လိုကြောင်း ထုတ်ပြန်လာသည့် တပ်မတော်သား ၁၃ ဦး ကိစ္စကိုလည်း တပ် မတော်က လိုအပ်သည့် သတင်း အချက်အလက် ရရှိရန်နှင့် နယ်မြေပြန်စိုးမိုးနိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော် ဘက်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ရွားအနီးရှိ နွားခြံသို့ သွားသည့် ဒေသခံတဦးဖြစ်သူ ဦးသိန်းထွန်းကျော်မှာလည်း ကျည်မှန်၍ မြောက်ဦးဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ယင်းကျောင်းတောင်ကျေးရွာသားများမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးနေရကြောင်းလည်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လက်ရှိ မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသဖြင့် စစ်ရှောင်ဦးရေလည်း တိုးလာနေကြောင်း၊ ရွာသားထိခိုက်၊ သေဆုံးမှုများလည်း များလာနေကြောင်း ပြောသည်။

ဦးထွန်းသားစိန် က “မြောက်ဦးမြို့နယ်မှာ ဒုက္ခသည်ဦးရေ တိုးလာတာ ရှိတယ်။ ရွာသားတွေကလည်း လုပ်ကိုင် စားသောက်ဖို့ အပြင် မထွက်ရဲကြတော့ဘူး။ တချို့ ရွာက နေအိမ်တွေဆိုရင်လည်း လက်နက်ကြီးတွေကျပြီး ပျက်စီးသွားတာမျိုးတွေ ရှိတယ်။ နောက်တခါ တော်တော်ဒုက္ခဖြစ်နေတာက ကျောင်းသားတွေလည်း ကျောင်းမတက်ကြရဘူး” ဟု ပြောသည်။

၎င်းအပြင် မွေးလူနာများ အပါအဝင် ကျန်းမာရေး မကောင်းသူများသည်လည်း ညဘက်တွင် အပြင်သို့ ထွက်မရသဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့များပြားလျက်ရှိသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တနှစ်နီးပါး ကြာမြင့်လာရာ နှစ်ဘက် ထိခိုက် ကျဆုံး မှုများမှာလည်း ပိုမို များပြားလာလျက်ရှိသလို စစ်ဘေးရှောင် အရေအတွက်မှာလည်း ၈၀၀၀၀ ကျော်အထိ ရှိကြောင်း
ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး အဖွဲ့ (REC) ၏ စာရင်းများအရ သိရှိရသည်။

REC ဥက္ကဋ္ဌ ဦးရွေဖော်စိန် က “တချို့စခန်းတွေက ၁ နှစ်လောက် ရှိနေပြီ စစ်ဘေးဒုက္ခသည်အနေနဲ့ နေထိုင်ကြရတာ။ ရိက္ခာ ထောက်ပံ့မှုတွေ ကလည်း ရတဲ့အချိန်ရတယ်။ မရတဲ့ အချိန်မရဘူး။ မသေရုံတမယ် အဲလို ကြုံနေရတဲ့ စခန်း တွေလည်း ရှိတယ်။ အဆိုးဆုံးက အခု ရက်ပိုင်းအတွင်း ရက်ပိုင်း အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရ သူတွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတိုက်ပွဲများကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် စစ်ရှောင် ဒုက္ခ သည် ဦးရေမှာ တိုးလာနေပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကန်ပိုင်ချောင်းတရွာလုံး ထွက်ပြေးခဲ့ရကြောင်း၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဍားကျွန်း မြို့နယ်များတွင်လည်း ဒုက္ခသည်များမှာ ရိက္ခာ ပြတ်လတ် နေပြီ ဖြစ်ကြောင်း REC အဖွဲ့ ထံမှ သိရသည်။

၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တပတ်ကျော်ကြာ ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်အတွင်းက ဗုဒ္ဓေါရွာ အနောက်ဘက် တောင်တန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်းလည်း တပ်မတော်က ဂျက်ဖိုက်တာ အပါအဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်ပါ နေ့ည ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က မြောက်ဦးမြို့နယ် ကိုးသောင်းဘုရာအနီးရှိ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေးရှိ တပ်မတော် လက်နက်ကြီး ယာယီစခန်းကို AA က လာရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင်လည်း တပ်မတော်က ဂျက်ဖိုက်တာများနှင့် တိုက်ခိုက်ရေး ရဟတ်များဖြင့် အသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

သတင်းထောက် မင်းအောင်ခိုင် ပူးပေါင်း ရေးသားသည်။

You may also like these stories:

TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို

AA က အားကစား ဝတ်စုံဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ခွဲရခက်လာဟု တပ်မတော် ပြော

The post ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ appeared first on ဧရာဝတီ.

]]>
မွန်ပြည်သစ်နှင့် တိုက်ပွဲမှာ နားလည်မှု လွဲ၍ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော် ပြော https://burma.irrawaddy.com/news/2019/11/27/209334.html Wed, 27 Nov 2019 13:06:52 +0000 https://burma.irrawaddy.com/?p=209334 မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသတွင် ယနေ့ ဖြစ်ပွားသည့် မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲ ဖြစ်ပွားမှုမှာ အဖွဲ့အစည်း ပြဿနာ မဟုတ်ဘဲ နားလည်မှု လွဲမှား၍ ယခုလို ဖြစ်ပွားရခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

The post မွန်ပြည်သစ်နှင့် တိုက်ပွဲမှာ နားလည်မှု လွဲ၍ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော် ပြော appeared first on ဧရာဝတီ.

]]>
ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသတွင် ယနေ့ ဖြစ်ပွားသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် တိုက်ပွဲ ဖြစ်ပွားမှုမှာ အဖွဲ့ အစည်း ပြဿနာ မဟုတ်ဘဲ နားလည်မှု လွဲမှား၍ ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဘုရား ၃ ဆူမှာရှိတဲ့ တပ်မတော် စစ်ကြောင်းတခုက နယ်စပ်မှာရှိတဲ့ စခန်းတွေကို လိုက် စစ်တာပေါ့။ စခန်းတွေကို လိုက်စစ်ရင်းနဲ့ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ဂျပန်ရေတွင်းနားလောက်မှာ တောင်ဘက် မှာ မွန်အဖွဲ့ကနေ စတင် ပစ်ခတ်တာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

စတင် ပစ်ခတ်စဉ်က အချိန် ၅ မိနစ်သာ ကြာသည့် တိုက်ပွဲ ဖြစ်ပွားကြောင်း၊ နေ့လယ် ၁၁ နာရီတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားပြီး ၃၅ မိနစ်ခန့် ကြာမြင့်ကြောင်း၊ တပ်မတော် စစ်ကြောင်းနှင့် ပါလာသည့် အရပ်သား စကားပြန်တဦးတွင် ထိ ခိုက်မှု ရှိခဲ့ကြောင်း တပ်မတော်ဘက်မှ ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီနေရာကို တပ်မတော်ကနေ သွားကြည့်တဲ့အခါမှာ အဆောက်အဦတခုနဲ့ ကျင်းတ ကျင်းတော့ တွေ့တယ်။ ထိခိုက် ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ ဒီဘက်က တပ်မတော် စစ်ကြောင်းနဲ့ လိုက်ပါသွားတဲ့ အရပ်သား တယောက်ကတော့ ထိခိုက်မှု နည်းနည်း ဖြစ်သွားတယ်။ ဒါပါပဲ။ အဲဒီတယောက် အရပ်သား စကားပြန် တယောက်ပဲ ထိသွားတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “အခု ပြီးသွားပြီ။ ခဏပါပဲ။ ဒါက အဖွဲ့အစည်း ပြဿနာ မဟုတ်ပါဘူး။ မွန်အဖွဲ့ကလည်း တခုခု လုပ်နေတာ ဖြစ်မှာပေါ့။ အဲဒီမှာ တပ်မတော်စစ်ကြောင်းကို တွေ့တော့ စပြီး ပစ်ခတ်တာပေါ့။ နားလည်မှုလွဲတဲ့ အခြေ အနေ မျိုးပါပဲ” ဟု ပြောသည်။

မွန်ပြည်သစ် ပါတီကို နေ့လယ် ၁၂ နာရီခန့် က ဆက်သွယ် မေးမြန်းသည့်အခါ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်စခန်းတခုကို တပ်မတော်က သိမ်းပိုက်လိုက်ကြောင်း ဆိုသည်။

မွန်ပြည်သစ်ပါတီမှ ဗိုလ်ကြီး နိုင်ဘွတ်မွန်က “တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ကျနော်တို့ တပ်စခန်းကို အခု သူတို့ သိမ်း ထားတယ်။ ကျနော်တို့က ရွာထဲမှာ သူတို့ကို ပြန်ပစ်နေကြတယ်။ သူတို့ တပ်ရင်းမှူး တယောက် ကျသွားတယ်လို့ သိ ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မွန်ညီညွတ်ရေးပါတီမှ မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နိုင်သီဟမွန်က ယခု တိုက်ပွဲဖြစ်ရသည့် အကြောင်းမှာ ဘုရား ၃ ဆူ ဒေသတွင် နယ်မြေပိုင်းခြားရေး အစည်းအဝေး တခုကို အရပ်ဝတ်နှင့် လာတက်ရမည် ဖြစ်သော်လည်း ယူနီဖောင်းဖြင့် တက်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဟု ရှင်းပြသည်။

“အဲဒီမှာ အထင်အမြင် လွဲမှားမှုများ ဖြစ်ပြီး တိုက်ပွဲဖြစ်တာပေါ့။ မွန်ပြည်သစ်ပါတီကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ထိုးထားပြီးသားလေ။ အခုလိုဖြစ်တော့ နားလည်မှု လွဲစရာ နည်းနည်း ဖြစ်တယ်။ ရေရှည်မှာကျတော့ ပြန်ပြီးတော့ တွေ့ဆုံညှိနှိုင်းပြီးတော့ ပြေလည်သွားလိမ့်မယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းမွန်ဒေသတွင် မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့များသည် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၁၉၈၈ ခုနှစ်ကတည်းက နယ်မြေ အငြင်းပွားမှုများ စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မွန်ပြည်သစ် ပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် NCA လက် မှတ် ရေးထိုးခဲ့သည့် အဖွဲ့အစည်း တခု ဖြစ်သည်။

ဆက်စပ်ဖတ်ရှုန်

ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့တွင် မွန်နှင့် လားဟူတို့ ပါဝင်လာ

The post မွန်ပြည်သစ်နှင့် တိုက်ပွဲမှာ နားလည်မှု လွဲ၍ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော် ပြော appeared first on ဧရာဝတီ.

]]>
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထူးအဖွဲ့တွင် တပ်မတော် အရာရှိ ၂ ဦး ပါဝင်ဟု ဆို https://burma.irrawaddy.com/news/short-news/2019/11/27/209234.html Wed, 27 Nov 2019 03:43:48 +0000 https://burma.irrawaddy.com/?p=209234 နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ယင်းအထူးအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးဆောင်မည်ဟု ဖော်ပြထားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာ ရှင်များ နှင့် ဖွဲ့စည်းထားကြောင်း ဆိုသည်။

The post နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထူးအဖွဲ့တွင် တပ်မတော် အရာရှိ ၂ ဦး ပါဝင်ဟု ဆို appeared first on ဧရာဝတီ.

]]>
အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဖွဲ့စည်းရသည့် နိုင်ငံတကာရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာအထူးအဖွဲ့ တွင် တပ်မတော်မှ အရာရှိ ၂ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

“နိုင်ငံတော် အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာပါ။ အဲဒီ အထူးအဖွဲ့မှာတော့ တပ်မတော်က နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်တဲ့ အရာရှိကြီး တဦး၊ နောက် တပ်မတော် အရာရှိကြီး တဦး၊ နှစ်ဦး ပါဝင်ထားပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ယင်းအထူးအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးဆောင်မည်ဟု ဖော်ပြထားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာ ရှင်များ နှင့် ဖွဲ့စည်းထားကြောင်း ဆိုသည်။

ယခု အထူးအဖွဲ့ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် နိုင်ရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာများသို့ ဥပဒေကြောင်းအရ အကြံပြုနိုင် ရန်တို့အတွက် ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာ အစိုးရနှင့် တပ်မတော် အပေါ်တွင် နိုင်ငံတကာ ဖိအားများ တိုးလာနေချိန် ယခုလို စစ်ဘက်-အရက်ဘက် ပုဂ္ဂိုလ်များ ပါဝင်သည့် အထူးအဖွဲ့တခုကို ဖွဲ့စည်းလာခြင်း ဖြစ်သည်။

You may also like these stories:

မြန်မာကို စစ်ဆေးရန် ICC အတည်ပြု

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်

နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ

The post နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထူးအဖွဲ့တွင် တပ်မတော် အရာရှိ ၂ ဦး ပါဝင်ဟု ဆို appeared first on ဧရာဝတီ.

]]>
ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တောင် မရှိလို့ တပ်မတော် ပြော https://burma.irrawaddy.com/news/2019/11/26/209210.html Tue, 26 Nov 2019 11:22:46 +0000 https://burma.irrawaddy.com/?p=209210 မြန်မာသည် ဓာတုလက်နက်များ ပိုင်ဆိုင်မှု ရှိနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များကို မြန်မာ့ တပ်မတော်က ငြင်းဆိုလိုက်သည်။

The post ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တောင် မရှိလို့ တပ်မတော် ပြော appeared first on ဧရာဝတီ.

]]>
မြန်မာသည် ဓာတုလက်နက်များ ပိုင်ဆိုင်မှု ရှိနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များကို မြန်မာ့ တပ်မတော်က ငြင်းဆိုလိုက်ပြီး ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်ပင် မရှိကြောင်း တုန့်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်သော ဓာတုလက်နက် သဘောတူညီချက် (CWC) တွင် ၂၀၁၅ ခုနှစ်က ပါဝင်လက်မှတ်ထိုးထားသဖြင့် ယင်းလက်မှတ်ထိုးပြီးနှင့် မထိုး ခင်ကတည်းက မည်သည့် ဆောင်ရွက်ချက်မှ တပ်မတော်ထံတွင် မရှိကြောင်း တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ခုနကပြောတဲ့ Chemical တင် မကပါဘူး။ ညူကလီးယား ဓာတု၊ ဇီဝလက်နက်တွေနဲ့ ပတ်သက်ပြီးတော့မှ ထုတ်လုပ်ဖို့ ရည်ရွယ်တာတို့ စမ်းသပ်တာတို့ သိုလှောင်ထားတာတို့ မရှိပါဘူး။ ရှိစရာလည်း အကြောင်း မရှိပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက်တားမြစ်ရေး တကမာ္ဘလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ထားပြီး ၁၉၈၀ ခု နှစ်များမှစ၍ ဓာတုလက်နက်များ သိုလှောင်ထားဖွယ် ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ သောမတ်စ်ဒီနန်နိုက နိုဝင်ဘာ ၂၅ ရက်၌ ပြောသည်။

မြန်မာနိုင်ငံတွင် အရေပြားကို လောင်ကျွမ်းစေတတ်သော ဓာတ်ငွေ့များ ထုတ်လုပ်ရာ သမိုင်းဝင် အဆောက်အအုံနေရာတခု၌ ဓာတုလက်နက်များ ဆက်လက်ရှိနေဆဲ ဖြစ်ဖွယ်ရှိသည်ဟု ဓာတုလက်နက် တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် အမေရိကန်က အထက်ပါအတိုင်း စွပ်စွဲ ပြောဆိုခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဓာတုလက်နက် ထားသိုတဲ့ နေရာမှာ ဓာတုလက်နက်တွေ ဆက်လက်သိမ်းဆည်းထား သိုထားနိုင်တယ်လို့ အမေရိကန်နိုင်ငံဟာ တော်တော်လေး ပူပန်နေပါတယ်”ဟု မစ္စတာ သောမတ်စ်ဒီနန်နို က ပြောသည်။

မြန်မာနိုင်ငံသည် အရေပြားကို လောင်ကျွမ်းစေသော ဆာလဖျူရစ်အက်စစ် ဓာတ်ငွေ့စီမံကိန်းနှင့် ဓာတု လက်နက် ထုတ်လုပ်ရေး အဆောက်အအုံအပါအဝင် ၁၉၈၀ ခုနှစ်များ၌ ဓာတုလက်နက်စီမံကိန်းတရပ် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်က သတင်းရရှိထားကြောင်းလည်း အမေရိကန်က ဆိုသည်။

တပ်မတော်ကမူ ၎င်းတို့အနေဖြင့် ၁၉၈၀ ခုနှစ်က အကြောင်းကိစ္စကိုမူ မသိကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ကြား ပဋိပက္ခတွင် ရဲက အသုံးပြုခဲ့သည်မှာ နိုင်ငံတကာတွင် အသုံးပြုနေသည့် မျက်ရည်ယိုဗုံးသာ ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ဒါတွေကိုပဲ တချို့ လူတွေက ရေးပါတယ်။ မီးလောင်ဗုံးဆိုပြီးတော့ . . . အဲဒါ မဟုတ်ဘူး။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ မျက်ရည်ယိုဗုံးပါပဲ။ ရေနဲ့ ထိတွေ့ လို့သာ မီးလောင်ဒဏ်ရာ ရသွားခဲ့တာပါ။ အဲဒါကြောင့် စွပ်စွဲချက် သက်သက်သာ ဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့ က အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် သံဃာတော်နှင့် ပြည်သူ ၁၀ ဦးခန့်အထိ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ဖူးသည်။ ရဲတပ်ဖွဲ့က ဖော့စဖရတ် မီးစုန်းဓာတ် အသုံးပြုပြီး ဖြိုခွင်းခဲ့ခြင်းကြောင်း အသားအရေ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် မှတ်တမ်းတင်ထားခဲ့ဖူးသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်က ယူနတီဂျာနယ် သတင်းထောက်များ ရေးသားဖော်ထုတ်ခဲ့သည့် ပခုက္ကူမြို့နယ် ပေါက်ဒေသမှ ဓါတုလက်နက်စက်ရုံဆိုသည့် ကိစ္စကို တပ်မတော်က အရေးယူခဲ့သည်မှာလည်း လက်နက်စက်ရုံအကြောင်း ရေးသား၍ မဟုတ်ဘဲ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေအရ စက်ရုံနယ်မြေကို ကျူးကျော် ဝင်ရောက်၍ ဓါတ်ပုံရိုက်ယူခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက် ၄ ဦးတို့ကို နောက်ပိုင်းတွင် မကွေးတိုင်း တရားလွှတ်တော်က ထောင်ဒဏ် ၃ နှစ် လျှော့ချပေးခဲ့သည်။

ယခုလို အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များကို ၎င်းအနေဖြင့် ယခုသတင်း မှန်ကန်မှု မရှိကြောင်း အထောက်အထားများနှင့် ဆက်သွယ်လာသည့် မီဒီယာများကို ရှင်းပြလျက်ရှိပြီး အစိုးရ၊ သမ္မတရုံးသို့ ရှင်းလင်းမည့် ရုံးပိုင်းဆိုင်ရာ ကိစ္စများကိုမူ သက်ဆိုင်ရာဌာနများက ဆောင်ရွက်လိမ့်မည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဓါတုလက်နက်အပြင် တခြား နူကလီးယား၊ ဖျက်အားပြင်း လက်နက်တွေလို့ သတ်မှတ် ထားတဲ့ နူကလီးယား လက်နက်၊ ဘိုင်အိုလော်ဂျီကယ် လက်နက်၊ ဘိုင်အိုလော်ဂျီကယ် လက်နက်ဆိုတာတော့ ဇီဝလက်နက် ဒါနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်တာတွေ၊ သိုလှောင်တာတွေ၊ ထုတ်လုပ်တာတွေ၊ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် ရှိတာတွေ လုံးဝ မရှိပါဘူး။ ရှိလည်း မရှိခဲ့ဖူးပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက်ကဲ့သို့ လက်နက်များ အသုံးပြုခြင်းနှင့် သိုလှောင်ခြင်းများ ရှိနေသည်ဟု ယခင်က စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

You may also like these stories:

ဂူတာပြင် ဖြစ်စဉ် သံသယ ရှိသူများကို စစ်တရားရုံးဖြင့် စတင် စစ်ဆေးတော့မည်

TNLA ထံမှ ဖမ်းမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးများ ပါဝင်ဟုဆို

တိုင်းပြည်ဝင်ငွေတိုးရန် လက်နက်များ ရောင်းချပေးနိုင် ဟု တပ်မတော် ပြော

The post ဓာတုလက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တောင် မရှိလို့ တပ်မတော် ပြော appeared first on ဧရာဝတီ.

]]>
ဂူတာပြင် ဖြစ်စဉ် သံသယ ရှိသူများကို စစ်တရားရုံးဖြင့် စတင် စစ်ဆေးတော့မည် https://burma.irrawaddy.com/news/2019/11/25/209095.html Mon, 25 Nov 2019 10:28:04 +0000 https://burma.irrawaddy.com/?p=209095 ဂူတင်ပြင်ကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံးက တွေ့ရှိချက်များ အရ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများအား စစ်တရားရုံးဖြင့် ရုံးထိုင် စစ်ဆေးမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့ တွင် စတင်မည်ဟု

The post ဂူတာပြင် ဖြစ်စဉ် သံသယ ရှိသူများကို စစ်တရားရုံးဖြင့် စတင် စစ်ဆေးတော့မည် appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတင်ပြင်ကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံးက တွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများအား စစ်တရားရုံးဖြင့် ရုံးထိုင် စစ်ဆေးမှုကို
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်မည်ဟု သတင်း ရရှိသည်။

“နက်ဖြန်မှာ ဘူးသီးတောင် နယ်မြေခံတပ်က စစ်တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ အကျဉ်းစစ် တရားရုံး ပေါ့။ Summary General Court-Martial နဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။ တရားရုံးကတော့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ နယ်မြေ ခံ တပ်မှာရှိတဲ့ အရာရှိကြီးတွေက ဦးဆောင်ပြီးတော့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပြသည်။

၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေအရ တပ်မတော်သားများသည် နယ်ဘက် ဥပဒေများကို ကျူးလွန်ပါက စစ်တရား ရုံး ဖြင့်သာ စစ်ဆေးရမည် ဖြစ်သော်လည်း လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှုများကို နယ်ဘက်တရားရုံးသို့ လွှဲပြောင်း ပေးရ မည် ဖြစ်ကြောင်း၊ သို့သော် ယင်းအမှု ၃ မျိုးကို တန်းပြည့် စစ်မှုထမ်းချိန်တွင် ကျူးလွန်ပါက စစ်တရားရုံးဖြင့် စစ်ဆေးခွင့် ရှိကြောင်း စစ်ဥပဒေချုပ် ရုံးမှ ဗိုလ်မှူးကြီး အောင်ခင်သိန်းက ပြောသည်။

“Summary General Court-Martial ဆိုရင် ၃ ဦး ရုံးထိုင် စစ်ဆေးရပါတယ်။ Summary General Court-Martial စစ်တရားရုံးက သေဒဏ်အထိ အပြစ်ပေးလို့ ရပါတယ်”ဟု ဗိုလ်မှူးကြီး အောင်ခင်သိန်းက ယမန်နေ့တွင် နေပြည်တော် ၌ သတင်းထောက်များကို ပြောပြသည်။

တပ်မတော်၏ အရေးယူ ဆောင်ရွက်မှုသည် ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားသည့် ဘူးသီးတောင် မောင်တော ဒေသ ဂူတာပြင် ကျေးရွာအနီး အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံး၏ စစ်ဆေး တွေ့ရှိချက်ကို စစ်တရားရုံး ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲဖြစ်စဉ်တွင် ဂူတာပြင်ကျေးရွာမှ အကြမ်းဖက် ရွာသားတချို့လည်း ပါဝင်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် သောင်းကျန်းသူ ၁၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတချို့လည်း ရှိခဲ့ကြောင်း တပ်မတော်က ပြောဆို ထားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဂူတာပြင် ကျေးရွာဖြစ်စဉ်မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့ လို့ အရေးယူရန် အခြေအနေ ပေါ်ပေါက်လာတယ်။ ဒါကြောင့်မို့လို့ သက်သေခံ အကျဉ်းချုပ်တွေ ဆက်လက်ပြီးတော့ ရေးမှတ်ယူတယ်။ အဲဒါတွေ ပြီးတဲ့အခါမှာ ကျနော်တို့က စစ်ဘက်တရားစီရင်ရေး လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက် ရင်းကနေ ပြစ်မှု ကျူးလွန်သည်ဟု အကျဉ်းတွေ့ရှိသူများကို စစ်တရားရုံးနဲ့ ရုံးထိုင် စစ်ဆေးမှာ”ဟု ပြောသည်။

ဂူတာပြင် ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက ARSA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော် စစ်သည် များသည် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rule of Engagement) အတိုင်း ဆောင်ရွက်မှု မရှိသည်ကို ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သည့် တပ်မတော် စုံစမ်း စစ်ဆေးရေး ခုံရုံးက စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စတခုကို ၂၀၁၉ ခုနှစ်ရောက်မှ စစ်ဆေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင် သော်လည်း မစစ်ဆေးဘဲ နေသည်ထက် စစ်ဆေးခြင်းက ကောင်းသည်ဟု ပြောနိုင်ကြောင်း၊ သို့သော် ယခုလို ဖြစ် ရပ်မျိုး အင်းဒင်ကျေးရွာ ဖြစ်စဉ် ရှိခဲ့ဖူးပြီး အရေးယူခဲ့သော်လည်း မြန်မြန်ဆန်ဆန် ပြန်လွှတ်လိုက်ခြင်းကြောင့် နိုင်ငံ တကာ၏ ဝေဖန်မှုကို ခံခဲ့ရကြောင်း ရခိုင်အရေး စောင့်ကြည်သူ ဦးမောင်မောင်စိုးက ပြောသည်။

“စစ်ဆေးမှု ရှိသလို ဒီစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အပြစ်ပေးမယ်ဆိုရင်လည်း လုံလောက်တဲ့ အပြစ်ပေးမှု၊ ဆိုလိုတာ က နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ အပြစ်ပေးမှုမျိုး လိုအပ်မယ်လို့ ထင်ပါတယ်။ လက်ရှိ အနေအထားမှာတော့ ဘယ်လိုပဲ ငြင်းပယ်သည် ဖြစ်စေ၊ ဖိအားတွေကြောင့် ဆောင်ရွက်တယ်လို့ပဲ နိုင်ငံတကာကတော့ ပြောကြမှာပါပဲ”ဟု လည်း ဦးမောင်မောင်စိုးက ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် အရေးယူထားသည့် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦးနှင့် စစ်သည် ၃ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် ဂူတာပြင် ကျေးရွာအနီးတွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ ခုတွင် အစုလိုက် အပြုံလိုက် မြှုပ်နှံ ကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားသဖြင့် ရုပ်ပျက် ဆင်းဖျက် ဖြစ်နေကြောင်း AP သတင်း ဌာန၏ ဖော်ပြချက်ကို သမ္မတရုံးက မှန်ကန်မှု မရှိကြောင်း ၂၀၁၈ ဖော်ဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်ကမူ ယင်းဖြစ်စဉ်နှင့် ယခု စုံစမ်း စစ်ဆေးနေသည့် ဖြစ်စဉ်သည် မတူကြောင်း တုံ့ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ ARSA က ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များလည်း ထွက်ပေါ်လာ ခဲ့သည်။

ယင်း စစ်ဆင်ရေးများတွင် တပ်မတော်သည် အင်အားအလွန်အကျွံ သုံးခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။

ယခုလည်း အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုခြင်း၊ မြန်မာ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်းများ အာဂျင် တီးနား တရားရုံးတွင် တရားစွဲခံရခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) က မြန်မာကို စုံစမ်း စစ်ဆေးရန် သဘောတူသည့် ဖြစ်ရပ်များသည် နိုင်ငံတကာ ဖိအားများ တိုးလာနေကြောင်း သက်သေပြလျက် ရှိသည်။

မြန်မာကမူ ICC နှင့် အာဂျင်တီးနား ကိစ္စရပ်များကို လက်ခံစဉ်းစားမည် မဟုတ်သော်လည်း ICJ အရေးနှင့် ပတ်သက် ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ဖြေရှင်းမည် ဟု အစိုးရက ထုတ်ပြန်ထားသည်။

You may also like these stories:

ဂူတင်ပြင်တွင် တပ်မတော်၏ တွေ့ရှိချက် AP သတင်းဖော်ပြမှုနှင့် မသက်ဆိုင်ဟုဆို

ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်

The post ဂူတာပြင် ဖြစ်စဉ် သံသယ ရှိသူများကို စစ်တရားရုံးဖြင့် စတင် စစ်ဆေးတော့မည် appeared first on ဧရာဝတီ.

]]>
နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ https://burma.irrawaddy.com/opinion/interview/2019/11/23/208901.html Sat, 23 Nov 2019 03:31:47 +0000 https://burma.irrawaddy.com/?p=208901 နိုင်ငံနဲ့လူမျိုးအတွက် ဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ရဲ့ သဘောထားကွဲလွဲမှုတွေက ဘာမှ မဟုတ် တော့ဘူး။ ကျနော်တို့ စည်းလုံး ညီညွတ်ရမယ်။ ညီညီညွတ်ညွတ်နဲ့ ဒါကို မရင်ဆိုင်နိုင်ဘူးဆိုရင် ကျနော်တို့ တိုင်းပြည် အခက်အခဲ အများကြီး ရှိတယ်။

The post နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံသည် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူ စာချုပ် ဖောက်ဖျက်သည်ဟု အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ (OIC) များ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည်။

ထိုအမှုအတွက် ပထမ အကြိမ် ကြားနာမှုကို ဒီဇင်ဘာလတွင် ပြုလုပ်မည် ဖြစ်ပြီး ယင်းသို့ တရားစွဲဆိုထားမှုကို ဖြေရှင်း ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင် သွားရောက် ဖြေရှင်းမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

တပ်မတော် ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုလာသည်။ ICJ ကိစ္စတွင် မြန်မာ အစိုးရက သေချာ စွာ တုံ့ပြန်နိုင်ပါက အခြား နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ၊ အာဂျင်တီးနားနှင့် အခြား နိုင်ငံတကာ ဖိအားများပါ လျော့ကျသွားနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသဖြင့် နိုင်ငံရေး အသိုင်းအဝိုင်း အပါအဝင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားပါသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း 

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ

အခုကိစ္စမှာ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ လိုအပ်တဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကလည်း ICOE (ရခိုင်ပြည်နယ် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော် မရှင်) ပေါ့။ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်တုန်းကလည်း အချက်အလက်တွေ ပေးအပ်ခဲ့တာ ရှိတယ်။ အခုလည်း ကျနော်တို့နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ပူးပေါင်းရှာဖွေ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲဒီလို ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာ ရှိပါတယ်။

တပ်မတော်ဘက်မှာလည်း စစ် ဥပဒေပိုင်းနဲ့ ပတ်သက်တာတွေလည်း တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါ တယ်။ အတိုင်ပင်ခံ ခရီးစဉ်မှာ တပ်မတော်ဘက်က ပါမပါ ဆိုတာ အစိုးရရဲ့ ညွှန်ကြားချက်အပေါ်မှာပဲ မူတည်ပါလိမ့် မယ်။ ကျနော် အဲဒါတော့ မသိသေးပါဘူး။

အခုလိုတွေ ဖြစ်လာတာ ၂ မျိုးပေါ့။ စိန်ခေါ်မှုလည်း ဖြစ်တယ်။ အခွင့်အလမ်းလည်း ဖြစ်တယ်။ သို့သော် ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တင်ပြ ရေးသားနေတာတွေကို ကြည့်လိုက်ရင် ဒီဖြစ်စဉ်တွေ ၂၀၁၂ ရော၊ ၂၀၁၆ ရော ၂၀၁၇ ရော ကြည့်လိုက်တဲ့အတွက် အမှန်တကယ်ကတော့ အဲဒီဖြစ်စဉ်ကို စခဲ့တဲ့သူတွေက တိုင်းရင်းသားတွေလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် လုံခြုံရေး တပ်ဖွဲ့တွေလည်း မဟုတ်ဘူး။

အဲဒီမှာ နေထိုင်တဲ့ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက စခဲ့တာပဲ။ ဒီဟာတွေကျတော့ မှေးမှိန်ပျောက်ကွယ်နေပြီး အ ခု နောက်ပိုင်းကျတော့ ဟိုဘက်ကို ထွက်ပြေးတာတွေကိုပဲ ပုံဖော်နေကြတာပေါ့။ ဒီလိုမျိုး ရှင်းလင်းခြင်းအားဖြင့်တော့ ယခင် ဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေကို ကျနော်တို့ တရားဝင် နိုင်ငံတကာ ICJ မှာ ဖော်ထုတ်လို့ ရမယ့် အခွင့်အရေးလည်း ရရှိနိုင်မယ်လို့ ကျနော် အနေနဲ့ မြင်ပါတယ်။

ဦးရဲထွဋ် 

ပြန်ကြားရေး ဝန်ကြီးဟောင်း

နိုင်ငံရေး အရ အစိုးရရဲ့ အခိုင်အမာ ရပ်တည်မှုကို ပြသနိုင်ဖို့၊ လူထုအနေနဲ့ အစိုးရနဲ့ နိုင်ငံတော်ဘက်က စုစုစည်းစည်း ရပ်တည်နိုင်အောင် စည်းရုံးနိုင်ဖို့ အတွက်ပါ။ တရားစီရင်ရေးကတော့ နိုင်ငံတကာ တရားရုံး တရားသူကြီးတွေ အနေနဲ့ သက်သေ အထောက်အထားတွေ အပေါ်မှာပဲ စဉ်းစားမှာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခြင်း၊ ဦး မဆောင်ခြင်းက ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။

ပြီးတော့ ဒီအမှုက တပ်မတော် ခေါင်းဆောင် တဦးချင်းအပေါ် ဒါမှမဟုတ် တပ်မတော် တခုလုံး အပေါ်မှာ စွဲဆိုတာ မ ဟုတ်ပါဘူး။ နိုင်ငံတော်အပေါ် စွဲဆိုတဲ့ အမှု ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်ကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်း ကြောင့် မဟုတ်ပါဘူး။ တပ်မတော်ကို စည်းရုံးတဲ့ သဘောအတွက်ဆိုရင် ICC ကိစ္စမှာ သူကိုယ်တိုင် ထွက်ပြောတာ၊ ရှင်းတာမျိုး လုပ်မှာပေါ့။

ဒေါက်တာ မျိုးညွန့် 

ပြောရေးဆိုခွင့်ရှိသူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အတွက်ကြောင့် တာဝန်ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြား ရေးဝန်ကြီး တာဝန်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းမယ် ဆိုတာကို တရားဝင် ထုတ်ပြန်ထားတာပါ။ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ သိတာနဲ့ နိုင်ငံတကာမှာ သိနေတဲ့ အသိတွေက တော်တော် ကွာပါတယ်။ နိုင်ငံတကာမှာ ပြည်တွင်းမှာ အမှန်တကယ် ဘာဖြစ်ပျက်နေတယ် ဆိုတာကို မသိကြပါဘူး။ အဲဒီတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ကိုယ်တိုင် အခုလို သွားရောက် ဖြေရှင်းမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

ကျနော်တို့ကတော့ ကိစ္စကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်တဲ့ ကိစ္စဆိုရင် ထိထိရောက် ရောက် ဖြေရှင်းတာကို အားပေးပါတယ် ခင်ဗျ။ အခုလို ထိထိရောက်ရောက်နဲ့ နိုင်ငံတကာကို အဖြစ်မှန်တွေကို တင်ပြ နိုင်မယ့် အခွင့်အရေးလို့တော့ ကျနော်မြင်ပါတယ်။

ICJ က ဘယ်လောက် လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်လဲ ဆိုတာ မူတည်ပါလိမ့်မယ်။ အခု ICJ ကနေ လက်ခံ လိုက်တာ ICJ ကနေ မြန်မာနိုင်ငံတွင်း စုံစမ်းစစ်ဆေးဖို့ ပြောတာ။ အာဂျင်တီးနား နိုင်ငံမှာ တရားစွဲဆိုတာ အားလုံးဟာ ရက် အနည်းငယ် အတွင်းမှာ ဖြစ်လာတော့ ဒီလိုအမှုတွေ ဖြစ်အောင်လို့ နောက်ကွယ်ကနေ ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေရဲ့ အင်အားနဲ့ လက်တံကိုလည်း လျှော့တွက်လို့ မရဘူးလို့ ပြောချင်ပါတယ်။

ကျနော်တို့က အစိုးရနဲ့ တပ်မတော် ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတဲ့အခါကျတော့ တပ်မတော်ကတော့ အခုလည်း ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားတာပါပဲ ခင်ဗျ။ ကျနော်တို့က ရည်ရွယ်တာကတော့ ဒီမိုကရေစီနိုင်ငံတခုမှာ လူထုက ရွေးချယ်တဲ့ အစိုးရရဲ့ လက်အောက်မှာ တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်း တရပ်အနေနဲ့ တာဝန် ထမ်းဆောင်တာမျိုးက ပိုပြီး သင့်တော်တယ်လို့ ထင်ပါတယ်။ စင်ပြိုင် အဖွဲ့အစည်း နှစ်ရပ်အနေနဲ့ ပူးပေါင်း ဆောင် ရွက်တာမျိုးနဲ့တော့ ရခိုင်ပြည် မြောက်ပိုင်း အရေးအခင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

တပ်မတော် အနေနဲ့ကတော့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောနေတာပါပဲ ခင်ဗျ။ ဒါပေမယ့် လုံခြုံရေးနဲ့ ပတ်သက် လာရင် သက်ဆိုင်ရာ အရပ်သား အစိုးရ အနေနဲ့ ဘယ်လောက် ဆောင်ရွက်နိုင်လဲ။ တိုက်ရိုက် ကိုင်တွယ်နိုင်လဲ ဆို တာကတော့ မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးက ချိတ်ဆက်နေပါ တယ်။ အားလုံးဟာ နိုင်ငံရေးမှာပဲ အခြေခံပါတယ်။ နိုင်ငံအတွင်းမှာ အုပ်ချုပ်ရေး စနစ်ကောင်းကို ပီပီပြင်ပြင် ဆောင် ရွက်ဖို့ အားလုံးသော အဖွဲ့အစည်းက ပါဝင်ဖို့ လိုတယ်လို့ ထပ်လောင်း သတိပေးချင်ပါတယ်။

Dr. Nikolay Listopadov 

မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်မှု မလုပ်ဘူး။ ဒါကြောင့် နိုင်ငံရေး ရှုပ်ထွေးတဲ့ ပြဿနာ၊ အခက်အခဲ စိန်ခေါ်မှုတွေကို မြန်မြန် ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံက နိုင်ငံတကာ ဇာတ်ခုံအပေါ်မှာ အကူအညီ ပေးပါတယ်။ မြန်မာနိုင်ငံ အပေါ် အရေးယူမှု၊ ဒဏ်ခတ်မှု၊ ရှုတ်ချမှုကို ကျနော်တို့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေက အပြု သဘော မဆောင်ဘူး။ ကောင်းတဲ့ ရလဒ်တွေကို မပေးနိုင်ဘူး။

နိုင်ငံတကာ ဆိုတာ မြန်မာနိုင်ငံကို အကူအညီ ပေးရမယ်။ ကောင်းတဲ့ အကြံဉာဏ်ပေးဖို့ ရှိရမယ်။ ဒါပေမယ့် နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောတာက မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မြန်မာ ပြည်သူ၊ ပြည်သားတွေ၊ မြန်မာ အစိုးရတွေက ဖြေရှင်းဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည် ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ သူ ကောင်းကောင်းသိတယ်။

ဒါပေမယ့် နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ရဲရင့်ပြီး သတ္တိရှိတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်က ထောက်ခံပါတယ်။ ချီးကျူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အကျိုးစီး ပွားကို ကောင်းကောင်း ကာကွယ်နိုင်မယ်လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ကျနော် ဒါကိုလည်း ပြောချင်ပါ တယ်။

ဒါကြောင့်မို့ နိုင်ငံတကာက မြန်မာနိုင်ငံကို ဒဏ်ခတ်မှု မပေးဘဲ၊ ကူညီမှုပေးတဲ့ အပြုသဘောဆောင်မှု ပေးတဲ့ ရပ် တည်ချက်ကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေက အင်မတန် ရှုပ်ထွေးတယ်။ ထိလွယ်၊ ရှလွယ်တဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာ ပြည်သူ၊ ပြည်သားတွေ မြန်မာ အစိုးရက အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရင် အကောင်းဆုံး ဆိုတာကိုလည်း သိ ပါတယ်။

အခု ဒုက္ခသည်တွေ ပြဿနာနဲ့ ပတ်သက်ပြီး တချို့က အပြုသဘောဆောင်တဲ့ အချက်အလက်တွေ ရှိပါတယ်။ တချို့ ဒုက္ခသည်တွေဆိုရင် ကိုယ့်ရဲ့ ဆန္ဒအရ ပြန်ရောက်ခဲ့တယ်။ အနာဂတ်မှာ များများ ပြန်ရောက်နိုင်မယ်လို့ ကျနော်ယူဆ မိပါတယ်။ အဲဒီ ပြဿနာကို မြန်မြန်ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ ရုရှားနိုင်ငံအတွက်လည်း အရေးကြီး ပါတယ်။ ဘာလို့လဲဆိုတော့ ရုရှားနိုင်ငံမှာလည်း မွတ်စလင်တွေလည်း တော်တော်များများ နေထိုင်နေကြပါတယ်။ ရုရှားနိုင်ငံမှာ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ဖြစ်ဖြစ်၊ ဘယ်ဘာသာကို ကိုးကွယ်တာမဆို ကိုယ့်ရဲ့ လိုအပ်တဲ့အရေးကို ထိန်းသိမ်း ကာကွယ် ဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံ အစိုးရက တိုင်းရင်းသား အားလုံး အခွင့်အရေး ရရှိဖို့ များစွာ ကြိုးစားပါတယ်။ အခု ကာကွယ်ရေး စစ်ဦးစီး ချုပ်က အဲဒါကို ဦးစားပေးပါတယ်။ မကြာခင်က သူက ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ၊ မွတ်ဆလင်တွေနဲ့လည်း တွေ့ခဲ့ပါ တယ်။ အဲဒါလည်း အပြုသဘောဆောင်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ကျနော်က ယူဆမိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး ကျနော်က အကောင်းမြင် ဝါဒီ ဖြစ်ပါတယ်။

ဦးခင်မောင်ဇော် 

တရားလွှတ်တော် ရှေ့နေ

ICJ အနေနဲ့က နိုင်ငံတခု ကနေ နိုင်ငံတခုကို တရားစွဲတယ်ဆိုတာက ဒါက ပဏာမ ကြားနာခြင်း ဖြစ်တဲ့ အတွက် ကျနော်တို့ အမှုတွေလို အရောက်တော့ ပြရမှာပေါ့လေ။ နိုင်ငံရဲ့ အစိုးရ အဖွဲ့ အုပ်ချုပ်ရေးထဲမှာ ဘယ်သူမဆို သွားလို့ ရပါတယ်။

အဲဒီလို သွားလို့ရတဲ့ နေရာမှာ နိုင်ငံတော် အတိုင်ပင်ခံက နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ သွားတာပေါ့နော်။ သူ မသွား လည်း ရတဲ့ ကိစ္စကို ဒါကိုသွားမယ်ဆိုတော့ တခြားကိစ္စတွေ မပါဘဲ ဒီတခုတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်က ဒါကို သူတာဝန်ယူလိုက်တယ် ဆိုတာကို သဘောကျပါတယ်။ နိုင်ငံတကာမှာ သူ့ရဲ့ ရပ်တည်ချက် တဖြည်းဖြည်းနဲ့ လူ မျိုးရေး ခွဲခြားမှုမှာ ဘက်လိုက်တယ် ဆိုတာလည်း သူက တပ်နဲ့ တပေါင်းတည်းလို ဖြစ်နေတယ်ဆိုတဲ့ ကိစ္စတွေ ဖြစ် နေတဲ့အချိန် ဒီလို သွားလိုက်တာဟာ ၂ မျိုးပေါ့။

တမျိုးက ပိုပြီးတော့ အမြင် ရှင်းသွားနိုင်တယ်။ နောက်တခါသူ့ရဲ့ တာဝန်ယူမှု အပေါ်မှာ နိုင်ငံတကာ ကလည်းပဲ လေး စားနိုင်တာ ရှိတာပေါ့။ တဖက်ကလည်း ဆိုးဝါးနိုင်တာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို သူယူတယ်ဆိုတာ ဟာ တော်ရုံတန်ရုံ လူဆို မယူဘူး။ ကျနော်ကတော့ အဲဒါကို သဘောကျပါတယ်။ အရေးယူမှု ဆိုတာက နိုင်ငံတကာ ဥပဒေ ဆိုတာက နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ၊ နိုင်ငံတကာ ဥပဒေဆိုတာ တိုက်ရိုက် အပြစ်ပေးတဲ့ ကိစ္စမျိုးတွေက မရှိနိုင် ဘူးဗျ။

သို့သော် နိုင်ငံတကာ ဥပဒေအရ ပြစ်တင် စွပ်စွဲလိုက်လို့ အဲဒီဟာကို မဖြေရှင်းနိုင်ရင် နိုင်ငံရဲ့သိက္ခာ၊ ပုံရိပ်ကျတယ်ပေ့ါ ဗျာ။ ဟိုဘက် ရှာဖွေတွေ့ရှိချက်က ဟုတ်တယ်။ ဒီနိုင်ငံမှာ စစ်တပ်ကပဲ ဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ်၊ စစ်တပ်က လုပ် ရင်လည်း အဲဒါကို မတားဆီးရင် အစိုးရရဲ့ တာဝန်ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရဲ့ ပုံရိပ်ကတော့ ကျဆင်းနိုင်တာပေါ့။ သူတော့ ဖြေရှင်းနိုင်ဖို့ ကြိုးစားတယ်။

ဖြေရှင်းနိုင်တယ်၊ မဖြေရှင်းနိုင်ဘူးဆိုတာ ဟိုရောက်တဲ့အခါ သို့မဟုတ် နိုင်ငံတကာနဲ့ ရပ်တည်တဲ့အခါမှာ သူဟာ နိုင်ငံ တကာက တကယ့် တရားခံတွေက ဘယ်သူလို့ ထင်နေလဲ။ အဲဒီ တရားခံတွေနဲ့ တအားကြီး တွဲလိုက်မိရင်တော့ သူ့ပုံ ရိပ်ပါ ကျဆင်းသွားမှာပေါ့။ ခွဲပြီး ရပ်တည်နိုင်ရင်လည်း သူ့ရဲ့ရပ်တည်ချက်က ကောင်းသွားမှာပေါ့ဗျာ။

ဦးဖေသန်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ရခိုင်အမျိုးသား ပါတီ

သူကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ သွားတယ်လို့ မြင်တယ်။ နိုင်ငံတကာကလည်း သူလာဖြေရှင်းတာ ကို အသိအမှတ်ပြု ကျေနပ်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော့်အမြင် ပြောရရင်တော့ နိုင်ငံတော်ရဲ့ တကယ့် အကြီးအကဲ တယောက်က ဒီလို ရာဇဝတ်ခုံရုံးကို သွားပြီးတော့ ရှင်းတယ် ဆိုတာမျိုးကိုတော့ သိပ်ပြီး ဘဝင်မကျဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးသမားဟာ နိုင်ငံရေးကိုပဲ လုပ်သင့်တယ်။ ဒါက ဒီ ဖြေရှင်းရမယ့် တာဝန်က ဥပဒေ ပညာရှင်တွေရဲ့ အလုပ်ဖြစ်တယ်။

နိုင်ငံတကာက ဥပဒေ ပညာရှင်ပဲ ဖြစ်ဖြစ် အဲဒီတော့ ပြည်တွင်း ဥပဒေပညာရှင်ပဲ ဖြစ်ဖြစ် အဲဒီလို လွှတ်ပြီး နောက် ကွယ်ကပဲ နေသင့်တယ်လို့ မြင်ပါတယ်။ အဓိက ကတော့ ဖိအားပေးတာပဲ။ တကယ်တမ်း အရေးယူဖို့ကျတော့ ICJ က အရေးယူလို့ မရဘူး။ ကုလသမဂ္ဂကို ပြန်ပြီးတော့ အစီရင်ခံစာ တင်ရမယ်၊ လွန်ရောကျွံရော ရောက်သွားရင် လုံခြုံရေး ကောင်စီပေါ့။ ICJ နဲ့ အကျုံးမဝင်ဘူးဆိုတော့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ပိုင်ခွင့် ထဲကို ရောက်သွားမယ်။

လုံခြုံရေး ကောင်စီက ဘယ်လို ဆုံးဖြတ်မလဲ၊ အဲဒီအပေါ်မှာ တရုတ်တို့၊ ဆိုဗီယက် ရုရှားတို့က အမြဲတမ်း ဗီတို အာ ဏာနဲ့ ပယ်ချနေကျ ရှိတော့ အဲဒီမှာလည်း လမ်းကြောင်းက အရေးယူနိုင်တဲ့ အခြေအနေထိ ရောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို လုပ်လိုက်တဲ့ အတွက် နိုင်ငံတကာမှာ ပုံရိပ် ကျသွားမယ်။ Sanction ဝင်လာနိုင်တယ်။ ဖိအားတွေ ဝင်လာနိုင်တယ်။ အဲဒါက နိုင်ငံရဲ့ စီးပွားရေးနဲ့ ဂုဏ်သိက္ခာတော့ ထိခိုက်တာပေါ့။

အဓိက ကတော့ ဒါက လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဆိုတဲ့ ပုံစံမျိုးတော့ ကျနော်တို့ ဘက်က မခံယူဘူး။ ဒါပေ မယ့် အလွန်အကျွံ အင်အား သုံးခဲ့တဲ့ အဆင့်တော့ ရောက်ခဲ့တာပေါ့။ ဒါကတော့ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့ အခါ မှာ အကြမ်းဖက်မှုကို ချေမှုန်းတဲ့ အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပဲ။ အဲဒါမှာ သူတို့ ၇ သိန်းကျော် ပြေးသွားတယ် ဆို တာလည်း သူတို့ (ARSA) ဘက်က ခြိမ်းခြောက်မှုတွေလည်း ပါတယ်။ ကြောက်ရွံ့မှုတွေလည်း ပါတယ်။ မဖြစ်မနေ ပြေးရမယ့် အခြေအနေမျိုး တဖက် (ARSA) က ခြိမ်းခြောက်တာလည်း ပါတယ်။

ဒီအပေါ်မှာ မူတည်ပြီး Genocide ဖြစ်တယ်လို့ ပြင်းထန်တဲ့ ဆောင်ရွက်မှုမျိုးလို့ အဲဒီလိုမျိုး မသတ်မှတ်ဘူး။ သူတို့ ကို ပြေးအောင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ မမြင်ဘူး။ အကြောင်းကြောင်းကြောင့် ဒီလိုပြေးတယ်။ ဒီအပေါ်မှာ တကယ်တမ်း အရေးယူရမယ် ဆိုရင်လည်း ကျနော်တို့နိုင်ငံက ဘယ်လို ခုခံကာကွယ်မလဲ။ ဒီဖိအားတွေကို ကျွတ် အောင် ဘယ်လို လုပ်မလဲ ဆိုရင် အဓိက အစိုးရနဲ့ တပ်မတော် ညီညွတ်ဖို့ လိုတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လိုတယ်။ အဲဒီ အခြေခံ အကြောင်းတရားတွေက ညီညွတ်မှုကို ပျက်ပြားစေတယ်။ ညီ ညွတ်မှုကို တည်ဆောက်ရမယ်။ တနိုင်ငံလုံး ညီညွတ်နေရင် ဘယ်လို အခြေအနေမျိုး ရောက်ရောက် ကြံ့ကြံ့ခံလို့ ရတာပေါ့။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ တကယ့်ကို လိုအပ်တယ်။ အမျိုးသား ရင်ကြားစေ့ရေးဟာလည်း တကယ့်ကို လိုအပ်တဲ့ အခြေအနေကို ရောက်နေပြီလို့ မြင်ပါတယ်။

ဦးမောင်မောင်စိုး 

ရခိုင်အရေး လေ့လာစောင့်ကြည်သူ

နိုင်ငံတကာမှာ သူက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  (OIC) နိုင်ငံတွေက အင်အား ကောင်းကောင်းနဲ့ ငွေရေးကြေးရေး ပြည့်ပြည့်စုံစုံနဲ့ ဝါဒ ဖြန့်ချီခွင့် ရထားတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ ICJ မှာ မြန်မာ နိုင်ငံဟာ ပြောဆိုခွင့်ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ချေပခွင့်ရတယ် ဆိုတာ ဈေးသက်သက်သာသာနဲ့ ကိုယ့်ရဲ့ သဘောထားကို ချပြခွင့် ရတယ်လို့ ယူဆရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဒါကတော့ OIC နိုင်ငံတွေ အနေနဲ့ ကတော့ ဒီဘင်္ဂါလီ ဒုက္ခသည်တွေ ပြန်ပို့ရေးဆိုတဲ့ဟာကို ရိုးရိုး ပြန်ပို့တာကို လက်ခံ ချင်ပုံ မရပါဘူး။ ဒီလူတွေအတွက်နေရာ တခု၊ ဘူးသီးတောင်၊ မောင်တော နေရာမှာ နေရာတခုရဖို့ ဆိုတဲ့ ရည်ရွယ် ချက်က နောက်မှာ ကပ်ပါတယ်လို့ ထင်ပါတယ်။ ရှုပ်ထွေးတဲ့ ပြဿနာကို ကျနော်တို့ အနေနဲ့ မှန်မှန်ကန်ကန် ကိုင် တွယ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်နဲ့ ပတ်သက်တဲ့ ဘယ်အမှုမဆို ICJ မှာ တရား ရင်ဆိုင်ဖို့ လိုတာကို။ အခုဟာက OIC နိုင်ငံတွေ ကိုယ်စား တရားရင်ဆိုင်ဖို့ပဲ ဖြစ်တာပေါ့။ ICJ က အရေးယူတယ်၊ အရေးမယူ ဘူး ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ICJ မှာ ကျနော်တို့က တရားရင်ဆိုင်တဲ့ အဆင့်ပါပဲ။ ဒါက နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားမှာ ဖြစ်တဲ့ ပြဿနာပါပဲ။

ကုလသမဂ္ဂ ပဋိဉာဉ် စာချုပ်ပါ အတိုင်း ကုလသမဂ္ဂ ကမ္ဘာ့ခုံရုံးပေါ့ဗျာ။ ICJ မှာ တရားရင်ဆိုတာပါပဲ။ ၁၈၂၅ ခုနှစ် အင်္ဂလိပ်တွေ ရခိုင်ကို သိမ်းပြီးတဲ့အခါမှာ ဈေးပေါတဲ့ လုပ်သားတွေန့ စစ်တကောင်းတွေ အများကြီး ခေါ်သွင်း လာ တယ်။ လူဦးရေ များပြားလာတဲ့ အခါမှာ ပြဿနာတွေ ဖြစ်ကြတယ်။ ၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ်မှာ ရခိုင်နဲ့ ကုလား အရေး အခင်းဖြစ်ပြီးတော့ ရခိုင်တော်တော်များများ အသတ်ခံရတယ်။ ဘင်္ဂါလီ တချို့လည်း သေဆုံးမှုတွေ ရှိတယ်။

ဒီလို အဖြစ်ပျက်ကြောင့် လူ့အဖွဲ့အစည်း ၂ ခုကြားထဲမှာ အမုန်းတရားတွေ ကြီးထွားလာခဲ့တယ်ဆိုတဲ့ အကြောင်း တရားတွေက စလို့ ဒီပုန်ကန်မှုတွေ၊ သတ်ဖြတ်မှုတွေ နောက်ပြီး ဒီကိစ္စတွေ စတင်ခဲ့တဲ့ အကြောင်းအရာတွေ အား လုံးကို သမိုင်းကြောင်းနဲ့ ချီပြီး ရှင်းပြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ဦးခွန်ဝင်းသောင်း 

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)

ဒီပြဿနာကို ရှောင်လွဲလို့ မရဘူး။ ဖြေရှင်းမှ ရမှာလေ။ တိုင်းပြည် အကြပ်အတည်း တခု ဖြစ်လာတဲ့အချိန်မှာ မိသားစု တွေလိုပဲပေါ့။ ကိုယ့်အိမ်မှာ ပြဿနာ တခုဖြစ်ပြီ ဆိုရင် ရှောင်လို့ မရဘူးလေ။ ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ ၊ မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် တာဝန်ယူပြီးတော့ သွားမယ်ဆိုတော့ အားလည်း အားရပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။

ဒီအချိန်မှာ ပြဿနာတခုဖြစ်လာပြီဆိုရင် မင်းကြောင့်၊ ကိုယ့်ကြောင့် ဆိုတာ မဟုတ်ဘဲနဲ့ အပြစ်ပြောရင် ပိုပြီးမှ ကောင်းတဲ့ အချက်ဆီကို မရောက်ဘူးလေ။ အဲဒီတော့ အပြစ်မပြောဘဲနဲ့ ကောင်းတဲ့ဘက်ဆီကို ရောက်အောင် ဘယ် လို ဖြေရှင်းမလဲ ဆိုတာကို ပြင်ဆင်တာကတော့ ဒါ နည်းမှန်လမ်းမှန်ပဲလို့ အဲဒီလိုပဲ မှတ်ချက် ပေးချင်ပါတယ်။ ပြဿနာ တွေ ဖြစ်ပြီဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါတွေက ကိုယ့်တိုင်းပြည် အားနည်းချက်တွေလည်း ပါပါတယ်။ ဒီဟာဖြစ်စဉ် က မီဒီယာနဲ့ ပတ်သက်လို့ ကမ္ဘာကို မထိုးဖောက်နိုင်ခဲ့ဘူး။ အမှန်ကို မထိုးဖောက်နိုင်ခဲ့ဘူးလေ။

မဆိုင်သလိုပဲ နေခဲ့ကြတော့ အိမ်တအိမ်မှာ မီးလောင်နေတဲ့ အိမ်ကို ကြိတ်ပြီးမှ မီးလောင်သလို ဖြစ်နေတာကိုး။ မီး သတ်ဆေးဗူး သုံးသင့်ရင် သုံးမယ်။ အကူအညီ တောင်းသင့်ရင် တောင်းရမှာပေါ့။ အဲဒီ အချိန်အခါတုန်းက အပြင်ကို သတင်း ပေါက်ရောက်အောင် မဖြန့်နိုင်ဘူးလေ။ ကိုယ်မှန်နေတဲ့ဟာ အမှား ဖြစ်သွားတာပေါ့။ ဒါကြောင့် အဓိကတော့ ကိုယ့်အချင်းချင်း သင့်မြတ်ရင် ပိုကောင်းပါတယ်။ ခက်တာက ကိုယ့်တိုင်းပြည်မှာ တိုးတက်ရာ တိုးတက်ကြောင်းတွေ ကို မလုပ်နိုင်ဘဲနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနေလို့ကို မဆုံးသေးဘူး။

နောက်တခုက ဆင့်ပွား၊ ဆင့်ပွားတွေ ဖြစ်လာတော့ မကောင်းတဲ့ အလားအလာပေါ့။ ငါက ဘာလူမျိုး၊ သူက ဘာလူ မျိုးဆိုပြီး ပြဿနာတွေ တက်နေတာလည်း ရှိတယ်။ သူများ တိုင်းပြည်မှာ ဒါမျိုးတွေ မရှိပါဘူး။ အဓိက လုပ်ရမှာက ကိုယ်တွေ စည်းရုံးဖို့ လိုတယ်။ နားလည်ဖို့ လိုတယ်။ ဒါ ခေါင်းဆောင် တယောက်တည်း လုပ်နေလို့လည်း မရဘူး။

ဦးထွန်းကြည် (အစ္စလာမ် ဘာသာဝင်)

နိုင်ငံရေး အကျဉ်းသားဟောင်း

ခေါင်းဆောင်ကောင်း တယောက်ရဲ့ တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်နဲ့ အခုလိုမျိုး ဖြေရှင်းတာကို ပထမဆုံး ကြိုဆို တယ် ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်နဲ့ သွားရောက် ဖြေရှင်းမှာ ဖြစ် တဲ့အတွက် ပြည်သူတရပ်လုံး အနေနဲ့ ဝန်းရံသင့်တယ်၊ ကြိုဆိုထောက်ခံသင့်တယ်လို့ ပြောချင်ပါတယ်။

လောလောဆယ် ဒီလိုစွဲတဲ့ အတွက် တို့ တိုင်းပြည်ရဲ့ ပုံရိပ်ထိခိုက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တကြိမ်တခါမှ မရှိခဲ့ဘူး။ တိုင်းပြည်အတွက်ရော နိုင်ငံသားတွေ အတွက်ရော နစ်နာတယ်။ အဲဒီအတွက် ဒီဟာတွေကို ဘယ်သူတွေ လုပ်ခဲ့ ကျူးလွန်ခဲ့သလဲ။ အခု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘူးခံ ငြင်းပယ် လို့တော့ မရဘူးပေါ့။ ဘာပဲပြောပြော ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သွားမယ့် အပေါ်မှာ နိုင်ငံကိုလည်း ကိုယ်စားပြုပြီး သွားမယ်လို့ ယုံကြည်တယ်။

အမှုစွဲလိုက်တဲ့ နောက်ဆက်တွဲက အခက်အခဲ စိန်ခေါ်မှုပဲ။ ဒါကို ဘယ်လို ကျော်ဖြတ်မလဲ။ ဒီအပေါ်မှာ မြင်ရသ လောက်က အပြစ် ကျူးလွန်တဲ့သူတွေကို အကာအကွယ်ပေးဖို့ သွားမယ်လို့တော့ မယုံကြည်ဘူး။ ထင်လည်း မထင် ထားဘူး။

အဓိက ဒေါ်အောင်ဆန်းစုကြည် သွားတာသည် အမှန်တရားကို ရှာဖွေဖို့ သွားတယ်လို့ပဲ အလေးအနက် ယုံကြည်တဲ့ အတွက် နောက်တချက်က အမှန်တရား၊ တရားမျှတမှုနဲ့ ပတ်သက်လာရင် အပြစ်ရှိတဲ့သူ ဘယ်သူ့ကိုမှ ကာကွယ်လို့ မရဘူး။ ဒါကတော့ ဥပဒေကြောင်း အရပဲ လုပ်တဲ့သူ လေးလေးနက်နက်ခံယူပါ။ ကျေကျေနပ်နပ် ခံယူပါ။

ဒါမှသာလျှင် တရားစွဲဆိုထားတဲ့ ကိစ္စတွေက ပြီးပြတ် ပြေလည်သွားမယ်။ ပိတ်ဆို့ အရေးယူမှုတွေ ကဲ့ရဲ့ အပြစ်တင်မှု တွေကို အချိန်မီ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတယောက်အနေနဲ့ သွားရောက် ဖြေရှင်းမှာဖြစ်တဲ့ အတွက် တိုင်းပြည် ဂုဏ်သိက္ခာ၊ ပုံရိပ်ကျဆင်းနေတာတွေကို ပြေလျော့စေမယ်လို့တော့ ရှုမြင် သုံးသပ်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည် အပေါ်မှာ မြင်နေတာတွေ၊ သဘောထား မပြောင်းတာတွေ လက်ညိုးထိုး အပြစ်တင်နေတာတွေ ပိတ်ဆို့ အရေးယူတာတွေတော့ အခုလို သွားရောက် ဖြေရှင်းတဲ့အပေါ်မှာအတိုင်း အတာတခု အထိ ဖြေလျှော့မှု ပြေလည်မှုတွေ ရင်ဆိုင်ရမယ်လို့ မျှော်လင့်တယ်။ သို့သော်လည်း အစိုးရအနေနဲ့တော့ အရင်ပုံစံအတိုင်း သွားလို့ မရဘူး။

ရခိုင်မြောက်ပိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ပေါ်လစီတွေ ချမှတ်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေ ပြည်တွင်းက ကိုယ်စားပြု ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး သင့်မြတ်ရေးကို ဦးထိပ်ပန်တဲ့သူတွေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာမယ်ဆိုရင် ပြည် တွင်းရော နိုင်ငံတကာ ကပါ အမြင်လွဲမှားမှုတွေကို ပြေလည်စေမယ်လို့ ရှုမြင် သုံးသပ်ပါတယ်။

အနှစ်ချုပ် ပြောချင်တာကတော့ ဘယ်သူတွေ ဒီပြစ်မှုတွေ ကျုးလွန်ထားသလဲ၊ လုပ်ရဲရင်တော့ ခံရဲရမယ်။ အဲဒါက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ ပုံရိပ် အဲဒါကို ကာကွယ်ဖို့ လိုတယ်။ အဲဒီလို မဟုတ်ဘဲ အပြစ် ကျူးလွန်ထားသူတွေက ဘူးခံ နေသမျှ ကာလပတ်လုံး တိုင်းပြည်အပေါ်မှာတော့ နိုင်ငံတကာ ဖိအားတွေက လျော့သွားမှာတော့ မဟုတ်ဘူး။

ဒေါက်တာ စိုးထွန်း 

စီးပွားရေး လုပ်ငန်းရှင်

ဒီကိစ္စမှာ အတိုင်ပင်ခံ ကိုယ်တိုင် ဖြေရှင်းမယ် ဆိုတော့ အတိုင်အပင်ခံဆိုတာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် ဖြစ် တယ်။ အင်္ဂလိပ်စာလည်း ကြွယ်ဝပြီး၊ သူကိုယ်တိုင် ဖြေရှင်းတာ ဖြစ်တဲ့အတွက်  ကျနော်တို့ တိုင်းပြည်အတွက်  အကျိုးရှိပါတယ်။

ဖြစ်နေတဲ့ ဘင်္ဂါလီအရေးမှာ ဆိုရင်လည်း ကျန်တဲ့ UN တို့ ဘာတို့ အဖွဲ့အစည်းမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ကျန် တဲ့ အစိုးရ အဖွဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်ကနေပြီးတော့ စွပ်စွဲ အပြစ်တင်နေတာပေါ့နော်။ အဲဒီမှာ တောက် လျှောက် နိုင်ငံခြားရေး ဝန်ကြီးက သွားတာ မရှိဘူး။ အခု သွားမယ်ဆိုတော့ ပိုပြီး ကောင်းပါတယ်။

ကိစ္စတခု ပေါ့ပေါ့ထားလို့တော့ မရဘူးပေါ့နော်။ လက်ရှိ  အခြေအနေကတော့ နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ နိုင်ငံ ရေးဝန်ကြီးပါ  ပူးတွဲ တာဝန်ယူထားတဲ့ အတွက်ကြောင့်မို့လို့ အခုလိုဆောင်ရွက်တာတော့ သင့်တော်တယ်လို့ မြင်ပါ တယ်။

ဒီလို ပြုလုပ်ခံရတဲ့ အတွက်က အဓိကတော့ သိက္ခာ ကျတယ်ပေါ့ဗျာ။ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်ပေါ့နော်။ အရင်တုန်းက ကျနော်တို့ မြန်မာလူမျိုးရဲ့ အလေ့အထ အရပေါ့။ ရိုင်းပင်းတယ်၊ ကူညီတယ်။ ဖော်ရွေတယ်။ ဒါမျိုးတွေ မြင်တာပေါ့။ အခု ကိစ္စဖြစ်ပြီးတဲ့ အချိန်မှာ နောက်ပိုင်းမှာ ကျနော်တို့ အပေါ်မှာ အမြင်တမျိုး ဖြစ်လာတာပေါ့နော်။ ဒါကတော့ ဖြေ ရှင်းရမယ့် အရာတခုတော့ ဖြစ်လာတာပေါ့။ စီးပွားရေး အရ၊ လူမှုရေး အရ၊ ဂုဏ်သိက္ခာ အရရော ထိခိုက်လာနိုင်တာ ပေါ့။

အစတည်းက အလေးအနက်ထားပြီး ကိုင်တွယ်သင့်တာပေါ့။ အစက ပေါ့ပေါ့ပဲ သဘောထားတယ်လို့ ကျနော် မြင် တယ်။ ခုနကလိုUN တို့ ဆွေးနွေးတဲ့ ပွဲမှာ ထိထိရောက်ရောက်  ပြန်လည် ချေပတာမျိုး မတွေ့ဘူးပေါ့နော်။

လက်ရှိ ဖြစ်နေတာက Software  ပြဿနာပေါ့။ လူတွေရဲ့ စိတ်နဲ့ ပိုပြီး ဆိုင်တာပေ့ါနော်။

ဥပမာ ဘင်္ဂါလီနဲ့ ရခိုင်နဲ့  ဗမာ အစိုးရ အမျိုးသားရေး ကိစ္စတွေမှာ ဖြေရှင်းဖို့ ဒီဘက်ကတော့ ပြန်လာဖို့ Hardware တွေ  ပြင်နေတာ တွေ့ရ တယ်။ အဆောက်အဦးတွေ ဆောက်တာ ဘာတွေ တွေ့ရတယ်။ ကျနော့် အမြင်ကတော့ တွေ့ဆုံ ဆွေးနွေးတဲ့ ပွဲတွဲ လုပ်ပေးရမယ် ထင်တယ်။

ဟိုဘက်က ဘင်္ဂါလီဘက်က ကိုယ်စားလှယ်၊ ဒီဘက်က ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အစိုးရအဖွဲ့ အနေ နဲ့ တွေ့ဆုံပွဲတွေ လုပ်ပေးရမယ်။ နိုင်ငံတကာ Express  ဆိုတဲ့ သူတွေကို ဖိတ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါ တယ်။ အခုဖြစ်နေတာက ဟိုဘက်က တောင်းဆိုတာက လွတ်လပ်စွာ တောင်းဆိုခွင့်ကို တောင်းဆိုတယ်။ လူအခွင့် အရေး ဆိုတာ ဒီဥစ္စာကို ပြောတာလေ။

ကျနော်တို့ ဒီဘက်မှာက ဘင်္ဂါလီတွေကို မိရင် သတင်းစာထဲမှာ ဘယ်နှယောက် မိတယ်တို့ ဘာတို့က ဒါ ကျနော်တို့ အတွက်က ဒါ ဂုဏ်ယူစရာ ဖြစ်နေတာပေါ့နော်။ အဲဒီ ၂ ခုက လွဲနေတယ်လို့တော့ မြင်ပါတယ်။ ကျန်တဲ့ တိုင်းပြည်မှာ ဂျပန်တို့ ဘာတို့မှာနေခဲ့ဖူးတုန်းက အိုဘာစတီးလို့ ခေါ်တဲ့ ဗမာလူမျိုးတွေ ရှိတယ်။

သူတို့ကိုလည်း လွတ်လပ်စွာ သွားလာခွင့် ပေးရတာပေါ့နော်။ ဆေးကုသခွင့်၊ ပညာသင်ကြားခွင့် တို့ အဲဒီလို ရှိတယ်။  လူမျိုးရေးအရ ကြည့်ရင်တော့ ကျနော်တို့က ဒီဘက်ကို ဘင်္ဂါလီ ဝင်လာရင် ဖမ်းရမလို ဖြစ်နေတာပေါ့နော်။ အဲဒါတွေ က နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်ရင်တော့ လွဲနေတာပေါ့။

မောင်ဆောင်းခ

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံမှာ အကြီးအကဲ ဖြစ်တယ်။ နိုင်ငံခြားရေး ဝန်ကြီးနေရာမှာ တာဝန်ယူထားတာလဲ ဖြစ်တဲ့ အတွက် ဒီကိစ္စမှာ ကိုယ်တိုင် တာဝန်ယူ စီစဉ်တာ ကောင်းတယ် ဆိုတဲ့ စဉ်းစားချက် ရှိပုံရပါတယ်။ နောက်တခု က ဒီကိစ္စမှာ တပ်မတော်နဲ့ အပေးအယူတွေ ရှိကောင်း ရှိနိုင်ပါသေးတယ်။

ကျနော်တို့က မေတ္တာရပ်ခံချင်တာကတော့ ဖြေရှင်းကြတဲ့ အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိခဲ့ဘူး ဆိုတာ မျိုးသွားပြီး ခုခံကာကွယ်တာထက်စာရင် လက်ရှိဖြစ်နေတာတွေက ဘယ်က ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ ပြော တာမျိုး၊ နိုင်ငံရဲ့ အခြေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးထားတဲ့ အခွင့်အာဏာအကြောင်း ပြောဆို ရှင်းလင်း တာမျိုး ဖြစ်စေချင်ပါတယ်။

အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ တကမ္ဘာလုံး သိအောင် ပြောတာမျိုး၊ ဒီလိုတွေ ထပ် မဖြစ်အောင် ပြင်ဆင်နိုင်ဖို့ အတွက် အကူအညီ တောင်းခံတာမျိုးတွေ ပိုပြီး ဖြစ်စေချင်ပါတယ်။ တရားစွဲခံရမှုကို ဖြေ ရှင်းတာကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အတွက် တရားမျှတမှုတွေ ရလာမယ်လို့လည်း ယုံကြည်ပါတယ်။ တပ်မတော်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်နေသူတွေကတော့ ဒီကိစ္စမှာ နိုင်ငံတော်ကို တရားစွဲတယ် ဆိုတာမျိုး ပြောဆိုကြတာပေါ့။

ဖဒိုမန်းငြိမ်းမောင် 

(ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အမြဲတမ်း ဗဟိုကော်မတီဝင်)

တရားစွဲခံရတာက ကျနော်တို့ တိုင်းပြည်ကို မတရား သက်သက် ဖိအားပေးတာပဲဗျ၊ သူတို့ မွတ်စလင် အသိုင်းအဝိုင်း က ယနေ့ကမ္ဘာမှာ အားကြီးတဲ့ အခါကျတော့ သြဇာကို ငွေကြေးနဲ့ ထူထောင်ပြီး ကျနော်တို့ တိုင်းပြည်ကို သက်သက် ဖိအားပေးတာပါပဲ။ အစိုးရက တင်ပြတာတွေ ရှိတာပဲ။ နောက်ပြီး ဟိန္ဒူတွေ ရာနဲ့ချီပြီးတော့  အသတ်ခံရတုန်းက ကျ တော့ ကမ္ဘာကြီးက မျက်ကွယ်ပြုပြီးတော့ စကားထဲ ထည့်မပြောကြဘူး။ ဟိန္ဒူ အခု ပြန်လာချင်တယ်၊ ပြန်ခွင့်မပေး ဘူး။ ဓားစာခံတွေလို လုပ်ထားတယ်။ အဲဒါတွေကျတော့ ထည့်သွင်း မစဉ်းစားဘူး။

တရားစွဲချင် စွဲပါ၊ ဒါပေမယ့် တရားမျှတမှု ရှိရမယ်လေ။ အခုက တရားမျှတမှု မရှိဘူးလို့ မြင်တယ်။ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ရှေ့ထွက်ပြီး ရပ်တည်ပြတာကို ကျနော်တို့ ထောက်ခံတယ်။ ကျေနပ် တယ်။ နိုင်ငံနဲ့လူမျိုးအတွက် ဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ရဲ့ သဘောထားကွဲလွဲမှုတွေက ဘာမှမဟုတ်တော့ ဘူး။ ကျနော်တို့ စည်းလုံး ညီညွတ်ရမယ်။ ညီညီညွတ်ညွတ်နဲ့ ဒါကို မရင်ဆိုင်နိုင်ဘူး ဆိုရင် ကျနော်တို့ တိုင်းပြည် အခက်အခဲ အများကြီး ရှိတယ်။

အစိုးရနဲ့ တပ်မတော်က အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုချိန်မှာ ညီညွတ်ဖို့ လိုတယ်။ ရှေ့ထွက်တဲ့ ခေါင်းဆောင် နောက်ကို တညီတညွတ်တည်း ရပ်ဖို့လိုတယ်။ ဒီချိန်မှာ တယောက်နဲ့တယောက် လက်ညှိုးထိုး အပြစ်ပြောနေလို့ မရ တော့ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကို ကျနော် ပြောချင်တယ်။ ကျနော်တို့ရဲ့ ဆန္ဒတွေကို ရှေ့တန်း မတင်ပါနဲ့။ တိုင်းပြည် ဒုက္ခရောက်ရင် အားလုံး ဒုက္ခရောက်မှာ။ တိုင်းရင်းသားတွေကို ကွက်ချန်ထားမှာ မဟုတ်ဘူး။

ဒီနေ့ ပါဝင်ပတ်သက်နေတဲ့ ခေါင်းဆောင်တွေ၊ အင်အားစုတွေ အားလုံးက တိုင်းပြည်မျက်နှာ၊ ပြည်သူ့ မျက်နှာကို ထောက်ထားပြီးတော့ မရှိသင့်တဲ့ မာန်မာနတွေကို ခဝါချပြီးတော့ စည်းလုံးစွာ အန္တရာယ်ကို ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ICJ ရဲ့အန္တရာယ်ကို ချပြပြီးတော့ အမျိုးသားရေး စိတ်ဓာတ်ကို လှုံ့ဆော်ရမယ်။ လိုအပ်ရင် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းတာမျိုး လုပ်ကြရမှာပဲ။ ကျနော်တို့ မညီညွတ်ရင် သူများ တက်နင်းမှာပဲ။

ဗိုလ်မှူးကြီး စိုင်းငင်း 

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ အတွင်းရေးမှူး-၂

ပြည်ထောင်စုအရေးဟာ မိမိတို့ အရေးဖြစ်တယ်ဆိုတဲ့ အတိုင်း ပြည်ထောင်စု ပုံရိပ်ကို ထိခိုက် ကျဆင်းစေမယ့် ပြည် တွင်း၊ ပြည်ပကနေ သာသာထိုးထိုး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ထိုးနှက်မှုတွေကို မိမိတို့အနေနဲ့ တဖက်တလမ်းက လိုအပ်သလို တန်ပြန်ပြီး ပြန်လည် အဖတ်ဆယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ နိုဝင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေး အပြီးတွင် ပြောဆိုထားသည်။

ဦးသိန်းသန်းဦး 

တရားလွှတ်တော် ရှေ့နေ

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း အထွေထွေ အတွင်းရေးမှူး

ဒေါ်အောင်ဆန်းစုကြည်က အခု ကိစ္စမှာ နိုင်ငံခြားရေးဝန်ကြီး တယောက်အနေနဲ့ တာဝန်ခံ ဆောင်ရွက်ဖို့ တာဝန်ရှိပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ တရားစွဲတာက တိုင်းပြည်ကို တရားစွဲတာလေ။ ICJ စွဲတာက နိုင်ငံချင်းပဲ စွဲခွင့်ရှိတာ၊ အဖွဲ့ဝင် နိုင်ငံချင်း တရားစွဲဆိုတာတော့ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတာဆိုတော့ မြန်မာနိုင်ငံ တာဝန်ရှိသူ အနေနဲ့ ခုခံဖို့ တာဝန်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရေး ဝန်ကြီးဆိုတော့ နိုင်ငံတကာ ဆက်ဆံရေးကို ပိုပြီတော့ ကျွမ်းကျင်တယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ထုချေ ဖြေရှင်းတာ မှန်တယ်။

နောက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကိုလည်း လေးစားရာ ရောက်ပါတယ်။ ဒီလို ကိစ္စဖြစ်ခဲ့ရတာဟာ ကုလသမဂ္ဂကနေ လွှတ်လိုက်တဲ့ အချက်အလက် ရှာဖွေရေး ကော်မရှင်ကို မြန်မာနိုင်ငံက လက်မခံခဲ့တဲ့ အကျိုးဆက်အဖြစ် နောက်ဆက် တွဲ လောင်မီးကျတာပဲ။ အဲဒီတော့ အခုက စပြီးတော့  လေးလေး စားစားနဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ စနစ်တကျ မခု ခံရင် နောက်မှာ ကိုယ်ကျိုးနည်းစရာ ရှိတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖြေရှင်းတာကို ထောက်ခံတယ်။

ဥပဒေရှုထောင့် အမြင်အရ ပြောရမယ်ဆိုရင် ဂမ်ဘီယာနိုင်ငံက အချက်အလက် အထောက်အထားတွေနဲ့ တင်မှာ၊ ပြီး တော့ ဂမ်ဘီယာနိုင်ငံက ငှားရမ်းထားတဲ့ ရှေ့နေအဖွဲ့ကြီးက ကမ္ဘာကျော် ရှေ့နေအဖွဲ့ကြီး ဖြစ်တယ်။ ကမ္ဘာကျော် ရှေ့ နေကြီးတွေ ပါဝင်ပြီး ၁၉၄၃ ခုနှစ်လောက်က စပြီး တည်ထောင်လာတာ ICJ ထက် စောတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးက ၁၉၄၆ မှ စတာ။

အဲဒီတော့ အတွေ့အကြုံတွေက အများကြီး ရှိနေတယ်။ ပြီးတော့ ဂမ်ဘီယာနိုင်ငံကလည်း ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ မပါဘဲနဲ့တော့ နိုင်ငံတကာ တရားရုံးကို လာမယ် မထင်ဘူး။ ဒါကြောင့် ကိုယ့်ဘက်က လေး လေးနက်နက်နဲ့ ကြိုတင် ပြင်ဆင်ထားရမယ်။

ကိုယ့်နိုင်ငံ အနေနဲ့ အရင်က ပူးပေါင်း ပါဝင်မှု မရှိခဲ့ဘူး။ မြန်မာနိုင်ငံကို စွပ်စွဲတဲ့ ကိစ္စကို အရင်က ငြင်းခဲ့ကြတာလေ။ အစိုးရကလည်း ငြင်းတယ်၊ စစ်တပ်ကလည်း ငြင်းတယ်။ အဲဒီလို ငြင်းနေပါလျက်နဲ့ ဘာကြောင့် စုံစမ်း စစ်ဆေးဖို့ လုပ် ပါရစေ ဆိုပြီး ဝင်လာတဲ့သူတွေကို လက်မခံခဲ့ကြတာလဲ ဆိုတဲ့ ပြဿနာရှိတာပေါ့နော်။

အဲဒီတော့ ဥပဒေအမြင် အရ ပြောရမယ်ဆိုရင် ကိုယ်က နိမ့်နေပြီ၊ အခုက ပူးပေါင်းဆောင်ရွက်ဖို့ပဲ ရှိတယ်။ ကိုယ့်မှာ အပြစ်မရှိရင် မရှိတဲ့ အကြောင်းပေါ့နော်၊ အပြစ်ရှိရင် အပြစ်ရှိတဲ့သူကို အရေးယူလိမ့်မယ်၊ အပြစ်ရှိကြောင်း ပေါ်ပေါက် ခဲ့ရင်လည်း အပြစ်ရှိသူကို ကာကွယ်မပေးဖို့ လိုတယ်၊ တိုင်းပြည်နဲ့လည်း မဆိုင်ဘူး၊ တပ်မတော် တခုလုံးနဲ့လည်း မဆိုင်ဘူး၊ ကျုးလွန်တဲ့ အစိတ်အပိုင်းကိုပဲ အရေးယူဖို့ လိုတယ်၊ ဒါကို ကိုယ့်နိုင်ငံက လုပ်တာပဲ ဆိုပြီး ကာကွယ်ရင် တော့ မှားမှာပဲ၊ အမှန်တရား အတိုင်း ရပ်တည်ဖို့ လိုတယ်။

ကုလသမဂ္ဂကနေ အချက်အလက် ရှာဖွေရေး ကော်မရှင် (UN Fact finding Mission) လာတုန်းက ဒေါ်စုနဲ့ အစိုးရ အဖွဲ့က မလိုဘူး ဆိုပြီး လက်မခံဘူး၊ အဝင်မခံဘူး၊ မလိုဘူး ဆိုပြီး ပြောလွှတ်လိုက်တာ၊ အဲဒီလိုငြင်းလိုက်တာရဲ့ အကျိုးဆက်ကို မြန်မာနိုင်ငံက တာဝန်ခံရပါလိမ့်မယ် ဆိုပြီး အဲဒီကော်မရှင်က တခါတည်း ပြောသွားတာ။ အခုအဲဒီ အကျိုးဆက်ကို ICJ မှာ ပေါ်လာတာ။ ဒါကြောင့်မို့ အဆင့်တိုင်း အဆင့်တိုင်းမှာ လေးလေးစားစားနဲ့ အမှန်တရား ပေါ်ပေါက်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်ပြီးတော့ အပြစ်မရှိရင်လည်း မရှိသလို အပြစ်ရှိရင်လည်း ရှိတဲ့သူကို အရေးယူပေးလိုက်ရင် ကျေနပ်သွားလိမ့်မယ် ဒါပါပဲ။

ဧရာဝတီသတင်းထောက်များဖြစ်သည့် မိုးမိုး၊ ကျော်မျိုး၊ ထွန်းထွန်း၊ ဒီလှိုင်းဝင်း တို့ ပူးပေါင်းရေးသားသည်

You may also like these stories:

မြန်မာကို စစ်ဆေးရန် ICC အတည်ပြု

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ

The post နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ appeared first on ဧရာဝတီ.

]]>
မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည် https://burma.irrawaddy.com/news/2019/11/22/208892.html Fri, 22 Nov 2019 11:51:57 +0000 https://burma.irrawaddy.com/?p=208892 နိုင်ငံတကာ ရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဦးဆောင်မည့် ရှင်းလင်းပွဲတခုကို နိုဝင်ဘာ ၂၃ ရက်တွင် သမ္မတ အိမ်တော်၌ ပြုလုပ်သွားရန် ရှိ

The post မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည် appeared first on ဧရာဝတီ.

]]>
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံတကာ ရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဦးဆောင်မည့် ရှင်းလင်းပွဲတခုကို နိုဝင်ဘာ ၂၃ ရက်တွင် သမ္မတ အိမ်တော်၌ ပြုလုပ်သွားရန် ရှိကြောင်း သတင်း ရရှိသည်။

ယင်းရှင်းလင်းပွဲသို့ တပ်မတော်ခေါင်းဆောင်များ ဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များပါ ဖိတ်ကြားထားကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။

ယင်းအခမ်းအနားကို ပုဂ္ဂလိက မီဒီယာများကိုလည်း သတင်းရယူခွင့် ပြုမည် မဟုတ်ဘဲ နိုင်ငံပိုင် မီဒီယာများပင်လျှင် လူဦးရေ အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်ပြုကြောင်း သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သမ္မတကိုယ်တိုင် ရှင်းပြမည့် ကိစ္စမှာ လတ်တလော မြန်မာနိုင်ငံကို နိုင်ငံတကာ တရားရုံး (ICJ) က တရားစွဲဆိုထား သည့် ကိစ္စရပ်များအပါအဝင် ရခိုင်အရေးနှင့်ဆက်နွယ်သော ကိစ္စရပ်များ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ဒီလိုကိစ္စမျိုးကို မြန်မာနိုင်ငံက နိုင်ငံအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီထဲမှာ ရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးလည်း ပါတယ်လေ။ ဦးဆောင်မှုတခုအောက်မှာ အကုန်ညှိနှိုင်းဆောင်ရွက်တယ်ဆိုရင် ကောင်းတယ်လို့ပဲ သုံးသပ်ရမှာပါ”ဟု နေပြည်တော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

ယခုလို ICJ က မြန်မာနိုင်ငံကို အရေးယူမှုတွင်လည်း ၎င်းတို့ စွပ်စွဲထားသလို တနိုင်ငံလုံးက ကျူးလွန်ဖောက်ဖျက်သည် ဆိုသည်မှာ မဖြစ်နိုင်သဖြင့် ထိုစွပ်စွဲချက်များကို အချက်အလက်နှင့် တုံ့ပြန်နိုင်မည့် အခွင့်အရေး တရားဝင် ရရှိသွား၍ အခွင့်အလမ်းတခုလည်း ဖြစ်လာကြောင်း ဒေါ်ပြုံးကေသီနိုင်က ဆက်ပြောသည်။

မနက်ဖြန် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အစည်းအဝေးနှင့် ပတ်သက်၍ သဘောထားမှတ်ချက် မပေးလိုသော်လည်း တပ်မတော်က ယခုကိစ္စတွင် အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အခုလည်း ကျနော်တို့နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ပူးပေါင်း ရှာဖွေဆောင်ရွက် နေတာတွေ ရှိတယ်။ အဲဒီလို ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အကယ်၍ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်မည် ဆိုပါက ၎င်း၏ ခရီးစဉ်တွင် တပ်မတော်ဘက်မှ လိုက်ပါ၊ မပါ ဆိုသည်မှာလည်း အစိုးရ၏ ညွှန်ကြားချက်ပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောဆိုသည်။

အစိုးရက တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုထားသဖြင့် တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း၊ သို့သော် ဒီမိုကရေစီနိုင်ငံတခုတွင် လူထုက ရွေးချယ်ထားသည့် အစိုးရ၏ လက်အောက်တွင် တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်း တရပ်အနေဖြင့် တာဝန် ထမ်းဆောင်ခြင်းက ပိုပြီးသင့်လျော်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က ပြောသည်။

“စင်ပြိုင် အဖွဲ့အစည်းနှစ်ရပ် အနေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးနဲ့တော့ ရခိုင်ပြည်မြောက်ပိုင်းအရေးအခင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး”ဟု ဒေါက်တာ မျိုးညွှန့် က ပြောဆိုသည်။

၎င်းက ဆက်၍ “တပ်မတော်အနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောနေတာပါပဲခင်ဗျ။ ဒါပေမယ့် လုံခြုံရေးနဲ့ ပတ်သက်လာရင် သက်ဆိုင်ရာ အရပ်သား အစိုးရအနေနဲ့ ဘယ်လောက် ဆာင်ရွက်နိုင်လဲ။ တိုက်ရိုက် ကိုင်တွယ်နိုင်လဲ ဆိုတာကတော့ မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်”ဟုလည်း ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အရေး ဆိုင်ရာ အထူးအစည်းအဝေး တခုကို နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမတွင် ပြုလုပ်ရာ ထိုစဉ်က တပ်မတော်ဘက်မှ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသာ တက်ရောက်သဖြင့် ယခုအကြိမ်တွင်လည်း ထို ဒုတပ်ချုပ်သာ တက်ရောက်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။

ထိုစဉ်က အစည်းအဝေးသို့ သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ၂ ဦး၊ လွှတ်တော် ဥက္ကဌများ၊ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဦးကျော်တင့်ဆွေ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

You may also like these stories:

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာစိတ်မွေးပြီး နိုင်ငံကို သစ္စာစောင့်သိရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် ပညာရေးမဟာဗျူဟာနှင့်ကျောင်းဆရာများ လိုနေပြီ

The post မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည် appeared first on ဧရာဝတီ.

]]>
ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ARSA တို့ တိုက်ပွဲ ဖြစ် https://burma.irrawaddy.com/news/short-news/2019/11/22/208884.html Fri, 22 Nov 2019 11:21:37 +0000 https://burma.irrawaddy.com/?p=208884 ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်မှ ထိခိုက်မှု မရှိကြောင်း၊ ပြီးခဲ့သည့်လကလည်း ယင်းနေရာ အနီးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

The post ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ARSA တို့ တိုက်ပွဲ ဖြစ် appeared first on ဧရာဝတီ.

]]>
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာ အနီးတွင် ယမန်နေ့ မနက် ၉ နာရီခန့်က တပ်မတော်နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ ARSA ဘက်မှ အလောင်း ၂ လောင်းနှင့် အရှင် ဖမ်းမိသူ ၃ ဦး ရှိကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တိုက်ပွဲများ ဖြစ်ပွားနေစဉ် အကြမ်းဖက်အဖွဲ့ ARSA ကပါ လှုပ်ရှားလာပြီး ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က ၉ နာရီ ဝန်းကျင်မှာ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာ အနောက်ဘက် မီတာ ၄၅၀၀ လောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ နီးနေပါပြီ။ ARSA ၈ ယောက် တွေ့ရှိရတယ်။ သူတို့ကတော့ သေနတ်နဲ့ စပြီး ပစ်တာပေါ့။ ဒီဖက်ကလည်း ပစ်ခတ် ဖမ်းဆီးတာပေါ့။ အဲဒီမှာ ARSA အလောင်း ၂ လောင်း ရလိုက်တာ ရှိတယ်။ ၃ ယောက် ဖမ်းမိတယ်”ဟု ပြောသည်။

ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်မှ ထိခိုက်မှု မရှိကြောင်း၊ ပြီးခဲ့သည့်လကလည်း ယင်းနေရာ အနီးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

“ဖမ်းမိတာက လက်နက်က ၁ လုံးထိုး သေနတ်တလက်၊ တူမီး သေနတ် ၁ လက်၊ ကျည် ၄ တောင့်၊ ဆွဲမိုင်းတလုံး၊ ဆွဲမိုင်းဆိုတာ လက်လုပ်မိုင်း၊ ဖုန်း ၁ လုံး ရရှိခဲ့တာ ရှိတယ်။ သူတို့ကို နယ်ခြားစောင့် ရဲစခန်းဖြစ်တဲ့ အောင်သူနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ် ခတ်မှုတွင် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် နယ်စပ်ခြံစည်းရိုး ကာရန်နေသည့် တပ်မတော်အင်ဂျင်နီယာတပ် (GE) မှ ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ဖူးသည်။

ARSA သည် မြန်မာ-ဘင်္ဂလားဒေ့ရှိ နယ်စပ်တွင် လှုပ်ရှားနေသည့် အဖွဲ့ ၁ ခု ဖြစ်ပြီး အစိုးရက ၎င်းတို့ အဖွဲ့ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားသည်။

You may also like these stories:

ဘင်္ဂလားဒေ့ရ်ှမှ ပြန်လာသူ ၂၆ ဦးတွင် ARSA အဖွဲ့ဝင် ၁ ဦးပါလာ

မောင်တော မြောက်ပိုင်း၌ ခိုးဝင် ဘင်္ဂါလီ ၃ ဦ ဖမ်းမိ၊ ရဲတပ်ဖွဲ့ စစ်ဆေးနေ

The post ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ARSA တို့ တိုက်ပွဲ ဖြစ် appeared first on ဧရာဝတီ.

]]>
ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ https://burma.irrawaddy.com/news/short-news/2019/11/20/208766.html Wed, 20 Nov 2019 14:00:44 +0000 https://burma.irrawaddy.com/?p=208766 တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ဒုက္ခသည်များအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစု က အလှူငွေ ကျပ် သိန်း ၅၀၀၀ ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထံသို့ ယနေ့ ပေးအပ် လိုက်ကြောင်း

The post ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ဒုက္ခသည်များအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက အလှူငွေ ကျပ် သိန်း ၅၀၀၀ ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထံသို့ ယနေ့ ပေးအပ် လိုက် ကြောင်း သိရသည်။

ယင်းအလှူငွေ ပေးအပ်ပွဲကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် ကျင်းပပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပေးအပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူများက လက်ခံခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“အလှူငွေ သိန်း ၅၀၀၀ ကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် ဝန်ကြီးတွေ ဖြစ်တဲ့ ဦးကျော်အေး သိန်း၊ ဦးဝင်းမြင့်နဲ့ ဦးကျော်လွင်တို့က လက်ခံရယူပါတယ်။ ဘဏ္ဍာအခွန် ဝန်ကြီး ဦးကျော်အေးသိန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားတာ ရှိပါတယ်”ဟု ၎င်းက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားနေသော်လည်း AA နှင့် တိုင်းရင်းသား ပြည်သူလူထုကို အမြဲတမ်း ခွဲခြားပြီး မြင်ကြောင်း၊ တဖက်တွင် နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်  နေသော်လည်း တဖက်တွင် ပြည်သူကို ကြည့်ရှုစောင့်ရှာက်ရမည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်း ဖြစ်သည် ဟု ဆိုသည်။

“ဒါက ရခိုင်မှာ ပထမဆုံး အကြိမ်ပါ။ တပ်မတော်အနေနဲ့ တခြားနေရာတွေမှာ လှူဖူးပါတယ်။ ကျန်တဲ့တိုင်းတွေမှာ တိုင်း စစ်ဌာနချုပ် အလိုက် ကူညီထောက်ပံ့တာတွေ ရှိပါလိ့မ်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်၏ အလှူကို ကြိုဆိုကြောင်း၊ ကောင်းသောလုပ်ရပ်၊ ကောင်းသော လက္ခဏာတရပ်ဖြစ်ကြောင်း၊ သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ယခုပုံစံဆိုလျှင် လှူ၍ပြီးမည် မဟုတ်ကြောင်း၊ နောက်ဆုံး အကြံပြုချင်သည် မှာ တိုက်ပွဲများ အဆုံးသတ်စေလိုကြောင်း ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးဖေသန်းက ပြောဆိုသည်။

“ရခိုင်ပြည်နယ် အခြေအနေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်ရုံလောက်နဲ့တော့ ပြီးမှာ မဟုတ်ဘူး။ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စဲမှ ရမယ်။ တပ်မတော်က လှူတယ်ဆိုတော့ တပ်မတော်အနေနဲ့ AA နဲ့ ဆွေးနွေး ဖို့ နဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးစေချင်တယ်”ဟုလည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ရှောင်ဒုက္ခသည်များလည်း ပိုမိုများပြားလာနေကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုသည် တနှစ်နီးပါး အထိ ကြာမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုလည်း ပိုမို များပြားလာလျက် ရှိသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများသည် အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများလည်း တနေ့ထက်တနေ့ များပြားလျက်ရှိကာ စစ်ပွဲဧရိယာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

စစ်ရှောင် ဒုက္ခသည်များသည်လည်း ရခိုင်ပြည်နယ်တခုလုံးတွင် တသိန်းနီးပါး ရှိလာပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်း အချက်အလက်များ အရ သိရသည်။

You may also like these stories:

AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော

အပစ်ရပ်ဆွေးနွေးနေသော်လည်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး သေဆုံး 

AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော

The post ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ appeared first on ဧရာဝတီ.

]]>