ထွန်းထွန်း – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Mon, 26 Oct 2020 12:19:45 +0000 en-US hourly 1 https://wordpress.org/?v=5.3.4 နှင်းဆီပါတီ ဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် အပြီးသတ်အမိန့်ချတော့မည် https://burma.irrawaddy.com/news/2020/10/26/232322.html Mon, 26 Oct 2020 12:19:45 +0000 https://burma.irrawaddy.com/?p=232322 ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား ယနေ့ ရုံးထုတ်ရာတွင် ပုဒ်မ-၂၂၄ အမှုအတွက် တရားခံပြသက်သေ တဦးကိုသာ စစ်ဆေးခဲ့ပြီး ကျန် ၅ ဦးအား ဦးကျော်မြင့် တို့ဘက်က ပြန်လည် ပယ်ဖျက်ခဲ့သည့် အတွက် အမှုမှာ ပိုမိုမြန် ဆန်လာခြင်း ဖြစ်သည်။

The post နှင်းဆီပါတီ ဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် အပြီးသတ်အမိန့်ချတော့မည် appeared first on ဧရာဝတီ.

]]>
ထောင်ပြေးမှု ပုဒ်မ၂၂၄ ဖြင့် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမှုအပေါ် နိုဝင်ဘာ ၃ ရက်တွင် နှစ်ဖက် လျှောက်လဲချက် ကြားနာမည် ဖြစ်သည့်အတွက် မကြာမီ အပြီးသတ်အမိန့် ချနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား ယနေ့ ရုံးထုတ်ရာတွင် ပုဒ်မ-၂၂၄ အမှုအတွက် တရားခံပြ သက်သေ တဦးကိုသာ စစ်ဆေးခဲ့ပြီး ကျန် ၅ ဦးအား ဦးကျော်မြင့် တို့ဘက်က ပြန်လည် ပယ်ဖျက်ခဲ့သည့်အတွက် အမှုမှာ ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်က “ပုဒ်မ-၂၂၄ အရ အမှုကတော့ လျှောက်လဲချက်ဆိုတော့ အမိန့်ချဖို့ က နီးစပ်ပါတယ်” ဟု ပြောသည်။

ပုဒ်မ-၂၂၄ အမှုတွင် တရားခံပြ သက်သေများ ပြန်လည် ပယ်ဖျက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း “သက်သေတွေ ပယ်လိုက် တာကတော့ ဥက္ကဋ္ဌ (ဦးကျော်မြင့်)ရဲ့ ဆန္ဒပါ၊ ကျနော်တို့ သူ့ကို တင်ပြတယ်။ သူကနေမှ ပယ်လိုက်တော့မယ် ဆိုတော့ ပယ်ပေးလိုက်တဲ့ သဘောပါပဲ” ဟု ဦးကျော်မြင့်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းက ဆိုသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၂၄ ဖြင့် ပြစ်မှုထင်ရှားပါက ကျူးလွန်သူအား၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ဟု ပြဋ္ဌာန်းထားပြီး ကျူးလွန်သူအနေဖြင့် ပြစ်မှု ကြွေးကျန်များလည်း ကျခံ ရမည် ဖြစ်သည်။

ယင်းပြင် ဦးကျော်မြင့်အား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ-၁၃(၁)ဖြင့် ထပ်မံ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍လည်း ယနေ့ရုံးထုတ်တွင်ပင် တရားလိုပြသက်သေ ၅ ဦးအား စစ်ဆေးခဲ့ပြီး လာမည့် နိုဝင်ဘာ ၃ ရက်တွင် လ.ဝ.က အရာရှိ နှစ် ဦး၊ အမှုစစ်ရဲနှင့် ရှာဖွေသက်သေ တဦးတို့ကို ဆက်လက် စစ်ဆေးမည် ဖြစ်သည်။

ယနေ့ စစ်ဆေးခဲ့သည့် တရားလိုပြ သက်သေ ၅ ဦးသည် တရားလို ဒုရဲမှူး အောင်မင်း၊ ဒုရဲမှူး ကျော်သီဟ၊ ဦးအောင်လွင် ချစ်၊ ဦးအောင်မင်းကြည်၊ ဦးကျော်ခိုင် တို့ဖြစ်ကြောင်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။

ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ တဆင့် မူဆယ်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပါတီ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)ထံသို့ တင်ပြရာတွင် ၎င်း၏ မှတ်ပုံ တင်အား တင်ပြခဲ့ခြင်း မဟုတ်ဘဲ ကွတ်ခိုင်မြို့နယ်ရှိ အမျိုးသားတဦး၏ မှတ်ပုံတင်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦး‌ဇော်ဌေးက ထုတ်ဖော် ပြောကြားထားသည်။

ယင်းအတွက် လ.ဝ.က အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေတွင် မူဆယ်နယ်စပ်ဂိတ်နှင့် ၎င်းထောင်မှထွက်ပြေးစဉ် က ထွက်ခွာခဲ့သည့် မြဝတီနယ်စပ်ဂိတ်မှ လ.ဝ.က အရာရှိနှစ်ဦးအား သက်သေအဖြစ် ခေါ်ယူထားကြောင်းလည်း သိရ သည်။

ဦးကျော်မြင့်သည် မြန်မာကျုံယွမ် ကုမ္ပဏီအား တည်ထောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယင်းကုမ္ပဏီအား ၁၉၉၇ ခုနှစ်တွင် အစိုးရ က အမည်ပျက် စာရင်းသွင်းခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ၎င်းအား ပုဒ်မ-၅(ည)၊ ပုဒ်မ-၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချ မှတ်ခဲ့သည်။

ယင်းနောက် ၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးထောင်မှ အပြင် ဆေးရုံကြီးသို့ ဆေးကုသရန် သွားရောက်ပြသစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ထောင်မှထွက်ပြေးပြီးနောက် နော်ဝေနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါ နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် နေထိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်၍ နှင်းဆီပါတီ ဥက္ကဋ္ဌ တဦးဖြစ်လာခဲ့ပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ပါတီရုံးစိုက်ကာ ဆောင်ရွက်ခဲ့သည်။

ယင်းနောက်တွင် ထောင်ပြေးတဦးဖြစ်သူ ဦးကျော်မြင့်အား အစိုးရက စုံစမ်းစစ်ဆေးပြီးနောက် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ရာရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့ကာ ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် မန္တလေးမြို့၊ ချမ်း အေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ

နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ

The post နှင်းဆီပါတီ ဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် အပြီးသတ်အမိန့်ချတော့မည် appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ https://burma.irrawaddy.com/election-2020/2020/10/23/232212.html Fri, 23 Oct 2020 12:00:39 +0000 https://burma.irrawaddy.com/?p=232212 နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ပုဒ်မ-၂၂၄ အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ ထပ်တိုးတရားစွဲအရေးယူထားကြောင်း

The post နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ပုဒ်မ-၂၂၄ အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ ထပ်တိုးတရားစွဲအရေးယူထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ယင်းအပြင် ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအဖြစ် ၁၈ ဘီလီယံအား ထပ်မံတွေ့ရှိထားပြီး ငွေလွှဲပြောင်းမှုအနေဖြင့်လည်း ၁၁ ဘီလီယံထပ်မံတွေ့ထားသည့်အတွက် စုစုပေါင်း ပိုင်ဆိုင်မှုမှာ ၄၁ ဘီလီယံကျော်ရှိပြီး ငွေလွှဲပြောင်းမှုအနေဖြင့် ၂၇ ဘီလီယံကျော်ရှိပြီဖြစ်သည်။

ယင်းငွေများနှင့် ပတ်သက်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအရ ၎င်းပိုင်ဆိုင်သည့် နေအိမ်ခြံဝန်း သုံးခုကိုလည်း ယာယီသိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။

ဦးဇော်ဌေးက “စုံစမ်းစစ်ဆေးအရေအဖွဲ့မှာ ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌဖြစ်တယ်။ အဖွဲ့က ဖော်ထုတ်တွေ့ရှိ ထားတာတွေကို တရားစွဲဖို့ သူက သဘောတူရင် ကျနော်တို့ဆက်ပြီးတော့ တရားစွဲဖို့ရှိတယ်။ အခု လ.ဝ.က အက် ဥပဒေနဲ့ ထပ်စွဲထားတယ်။ ဒီနှစ်ခု ပြစ်ဒဏ်ချပြီးတာနဲ့ ခုနက ပြောထားတဲ့ ပိုင်ဆိုင်မှုငွေကြေးကိစ္စတွေ ဆက်ပြီး တော့လုပ်မယ်။ အခုတော့ ယာယီသိမ်းထားတာပေါ့။ တရားရုံးက ဒါကတွေကို နိုင်ငံပိုင်သိမ်းဖို့ စီရင်ချက်ချရင် နိုင်ငံပိုင်သိမ်းမှာဖြစ်တယ်။ လတ်တလောမှာတော့  စုံစမ်းဖော်ထုတ်ဆဲကိစ္စလို့ ပြောလို့ရတယ်” ဟု ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် PPE ဝတ်စုံဖြင့် ရုံးထုတ်လာသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ဓာတ်ပုံ – ဇော်ဇော်၊ဧရာဝတီ)

ဦးကျော်မြင့်အနေဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်မရရှိမီ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်အဖြစ်ရှိခဲ့ပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေစဉ် နိုင်ငံရေးခိုလှုံခွင့်ဖြင့် နေထိုင်ခဲ့ခြင်းသာဖြစ်ပြီး ပြည်ပနိုင်ငံတခု၏ ပတ်စ်ပို့စ် ကိုင်ဆောင်ထားခြင်းမရှိသည်ကို လတ်တလောစုံစမ်းမှုများအရ သိထားရကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

ဦးကျော်မြင့်အနေဖြင့် တရုတ်နိုင်ငံဘက်မှ တရားမဝင်ငွေလွှဲများတဆင့် ဝင်ရောက်လာသည့် တရားမဝင် ငွေကြေးများအား ရယူပြီး လက်ဝယ်ထားကာ အသုံးပြုခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၄၃ ဖြင့် ငြိစွန်းပါက ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံ ရမည့် အခြေအနေလည်း ဖြစ်သည်။

လက်ရှိ ယာယီသိမ်းဆည်းထားသည့် ဦးကျော်မြင့်ပိုင် နေအိမ်ခြံဝန်းသုံးခုမှာ ရန်ကုန်မြို့၊ ပန်းလှိုင်ဂေါက်ကွင်းအိမ် ရာမှ နေအိမ်သည် ၂၀၁၈ ခုနှစ်တွင် ကျပ်သိန်း ၁၀၁၃၂ ဖြင့် ဝယ်ယူထားကြောင်း၊ မန္တလေတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ၄.၃၇ ဧကအကျယ် ခြံဝန်းနှင့်အိမ်မှာ ၂၀၁၆ ခုနှစ်တွင် ကျပ်သိန်း ၁၈၀၀ ဖြင့် ဝယ်ယူခဲ့ ခြင်းဖြစ်ကြောင်းနှင့် မှော်ဘီမြို့နယ်၊ ရင်းတိုက်ပင်ကျေးရွာအုပ်စု၊ ကျွန်းတောတောင်ကွင်းရှိ ၁၆၄.၃၁ ဧကအကျယ် အဆောက်အဦးနှင့် ခြံဝန်းအား ၂၀၁၅-၂၀၁၇ ခုနှစ်အတွင်း ကျပ်သိန်း ၈၈၁၃၁ သိန်းကျော်ဖြင့် ဝယ် ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် PPE ဝတ်စုံဖြင့် ရုံးထုတ်လာသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ဓာတ်ပုံ – ဇော်ဇော်၊ဧရာဝတီ)

ယင်းအပြင် ဦးကျော်မြင့်အား ရန်ကုန်မြို့တွင် ဖမ်းဆီးသည့် တပြိုင်တည်းမှာပင် ၎င်း၏ အနီးကပ်လူယုံတဦး ဖြစ် သူ ဦးကျော်မိုးကိုလည်း တနင်္သာရီတိုင်းဒေသအတွင်း ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း သမ္မတရုံးက ထုတ်ဖော်ပြောကြားသည်။

ဦးကျော်မိုးသည် ဦးကျော်မြင့်ပိုင် ကုမ္ပဏီအချို့တွင် ပါဝင်ပတ်သက်ခဲ့သည့် အထောက်အထားများ ထွက်ပေါ် လျှက်ရှိပြီး လတ်တလောတွင်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းအပန်းဖြေစခန်းနှင့် ခရီးသွားလုပ်ငန်း များ လုပ်ကိုင်လျှက်ရှိနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဦးဇော်ဌေးက “ထူးဆန်းတာက ဦးကျော်မြင့်ရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီးတော့ ဦးကျော်မိုးနဲ့ပတ်သက်တဲ့ စီး ပွားရေးလုပ်ငန်းတွေကိုတော့ မတွေ့ရဘူးလို့ သိရတယ်၊ သူက (ဦးကျော်မိုး) ကနေဒါပတ်စပို့စ်ကိုင်ထားတယ်၊ သို့သော် ဆက်ပြီးတော့ စုံစမ်းစစ်ဆေးရမယ်ပေါ့နော်။ အဲ့ဒါကတော့ သီးခြားကိစ္စရပ် ပေါ့နော်” ဟု ရှင်းပြသည်။

လက်ရှိတွင် ဦးကျော်မြင့်အား ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် ယနေ့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင်း ရုံးထုတ် ကာ စစ်ဆေးခဲ့ပြီး ၎င်း၏အမှုမှာ စစ်အစိုးရလက်ထက်တွင် ဖြစ်ခဲ့သည့်အတွက် ယခု ဒီမိုကရေစီအစိုးရ လက်ထက်တွင် တရားမဝင်တော့ကြောင်း တရားခွင်အတွင်း ပြောဆိုခဲ့သည်။

၎င်းထောင်မှ ထွက်ပြေးစဉ် မန္တလေးမှ ဦးဇင်းတပါးက ထိုင်းနိုင်ငံအထိ လိုက်ပို့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသမားတဦးနှင့်တွေ့ဆုံ ၎င်း၏ ဆောင်ရွက်ပေးမှုဖြင့် နော်ဝေနိုင်သို့ သွားခဲ့ရကြောင်း၊ ယင်းမှတဆင့် အမေရိကန်နိုင်ငံသို့ ပြောင်း ရွေ့ကာ တနှစ်ခန့်အကြာတွင် ကနေဒါနိုင်ငံသို့ ထပ်မံပြောင်းရွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း တရားခွင့်တွင် ထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် PPE ဝတ်စုံဖြင့် ရုံးထုတ်လာသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ဓာတ်ပုံ – ဇော်ဇော်၊ဧရာဝတီ)

ယင်းအပြင် နိုင်ငံခြားတွင်ရှိနေစဉ် ၂၀၀၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ မြန်မာစစ်သံမှူးကြီး နှင့်တွေ့ ဆုံခဲ့ပြီး မြန်မာပြည်တွင် ပါတီဖွဲ့နိုင်ကြောင်း၊ ယင်းအပြင် ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့ မြန်မာကောင် စစ်ဝန်ချုပ်နှင့်တွေ့ဆုံမေးမြန်ရာ၌ Black List စာရင်းတွင် မပါသဖြင့် ပြည် ဝင်ခွင့်ရကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ နေပြည်‌တော်တွင် ပါတီရုံးဖွင့်လှစ်ခဲ့ကြောင်း လည်း ထွက်ဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ၂၀၁၄ ခုနှစ်တွင် အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံကာ ထောင်ဒဏ်နှင့်ပတ်သက်၍ ဖြေရှင်းရန် မေးမြန်ခဲ့သော်လည်း စာရွက်စာတမ်းများ မရှိ တော့ကြောင်းနှင့် တရားစွဲဆိုခဲ့သည့် ထောက်လှမ်းရေးအဖွဲ့မှာလည်း ဖျက်သိမ်းပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မည့် သည့်အဖွဲ့ကမှလည်း မဖမ်းခဲ့ကြောင်း ဦးကျော်မြင့်က ထွက်ဆိုသည်။

ယင်းသို့ ထွက်ဆိုမှုများနှင့်ပတ်သက်ပြီး ဦးဇော်ဌေးက “တရားရုံးမှာ ပြောတာဆိုတာတွေက ဥပဒေနဲ့ ညီဖို့လိုတယ်၊ သူဘယ်သူနဲ့ တွေ့တွေ့၊ အဲ့ဒီတွေ့တဲ့သူက သူ့ကို ဥပဒေနဲ့အညီ လုပ်ထားလားပေါ့။ လုပ်မထားရင်တော့ ဥပဒေနဲ့အညီအရေးယူ ခံရမှာပဲ။ သူ့ဟာသူ ဘယ်သူနဲ့တွေ့တွေ့၊ တွေ့တာက တပိုင်းပေါ့နော်။ စိစစ်၊ စစ်ဆေးတဲ့ အပိုင်းက အပိုင်းလိုက် လုပ်နေတာပေါ့နော်” ဟု ပြောသည်။

လတ်တလော ရင်ဆိုင်နေရသည့် ထောင်ပြေးမှုနှင့် ပတ်သက်ပြီး ဦးကျော်မြင့်ဘက်ကလည်း တရားခံပြသက်သေ အနေဖြင့် ၆ ဦးတင်ပြထားပြီး လာမည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ချမ်း အေးသာစံမြို့နယ်တရားရုံးက သိရသည်။

You may also like these stories:

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စိစစ်မှု အားနည်းခဲ့ကြောင်း UEC ဝန်ခံ

နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ

ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ

 

The post နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ appeared first on ဧရာဝတီ.

]]>
မဲစာအိတ်ပွင့်နေသည့် တပ်ကြိုတင်မဲ ထည့်မရေရန် မြို့နယ် ရွေး/ကော်ဆုံးဖြတ် https://burma.irrawaddy.com/news/2020/10/23/232195.html Fri, 23 Oct 2020 09:22:30 +0000 https://burma.irrawaddy.com/?p=232195 ဆန္ဒမဲလက်မှတ်ပါတဲ့ အိတ်တိုင်းက ပိတ် မထားဘူး။ ဒါက လုံခြုံစွာပိတ်ရမယ့်ကိစ္စ၊ နည်းဥပဒေမှာ ပါပြီးသား။ ဒါမှားယွင်းနေတယ်။ လုပ်ဆောင်မှု တော်တော်ကြီးကို လွန်လွန်ကဲကဲ မှားယွင်းနေတယ်ပေါ့နော်။ ကျနော်တို့အနေနဲ့ ဒါကို လက်မခံနိုင်တော့ဘူး၊ ကန့်ကွက်တယ်ပေါ့။

The post မဲစာအိတ်ပွင့်နေသည့် တပ်ကြိုတင်မဲ ထည့်မရေရန် မြို့နယ် ရွေး/ကော်ဆုံးဖြတ် appeared first on ဧရာဝတီ.

]]>
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမှတ် ၉၀၅ အင်ဂျင်နီယာတပ်မှ ကြိုတင်မဲ ၅၈ မဲမှာ မဲလက်မှတ်ထည့်သည့် စာအိတ်ငယ်များ ပွင့်နေသည့်အတွက် ထည့်သွင်းရေတွက်ခြင်း မပြုတော့ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဆုံးဖြတ်လိုက်ကြောင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ထံက သိရသည်။

အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက “ထည့်မရေဘူးဆိုပြီးတော့ မြို့နယ်က ဆုံးဖြတ်တယ်။ ဒါကမြို့နယ်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့အတွက် မြို့နယ်ရဲ့ဆုံးဖြတ်ချက်ကို ကျနော်တို့က ဝင်ရောက် မစွက် ဖက်ဘူး၊ မြို့နယ်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ရှိနေတယ်။ နောင်မှာ ရွေးကောက်ပွဲတွေမှာ အခုလိုပြဿနာမျိုးတွေ မဖြစ် အောင် သုံးသပ်ချက်တွေ တိုင်းကို တင်ပါမယ်၊ တိုင်းကနေ ပြည်ထောင်စုကိုဆက်တင်မှာပေါ့။ UEC ကမှ တဆင့် တခုခု ညွှန်ကြားရင်တော့လည်း ညွှန်ကြားတဲ့အတိုင်း ဖြစ်လာမှာပေါ့”ဟု ပြောသည်။

ဒုတိယအကြိမ် မဲစာရင်းမထုတ်ပြန်မီအထိ အနောက်ပိုင်းခရိုင်တခုလုံး အနေဖြင့် ကြိုတင်မဲပေးမည့် တပ်မတော်သားနှင့် မိသားစုဝင်အရေအတွက်မှာ ၁၀၂၀၂ ဦးရှိပြီး ဆန္ဒမဲပေးပြီး ကြိုတင်မဲများ စတင်ကော်မရှင်အသီးသီးသို့ ပေးပို့လျက် ရှိရာတွင် ယခုကဲ့သို့ မဲလက်မှတ်ပါ စာအိတ်ငယ်များ ပွင့်နေသည့်ဖြစ်စဉ်မျိုး အခြားမြို့နယ်များတွင် မကြားရသေး ကြောင်းလည်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

အင်ဂျင်နီယာတပ်မှ ပေးပို့လာသည့် ကြိုတင်မဲစာအိတ်များအတွင်း အများအရှေ့၌ ဖွင့်ဖောက်စစ်ဆေးရာမှ အတွင်းရှိ မဲလက်မှတ်များ ထည့်ထားသည့် စာအိတ်အားလုံး ပွင့်နေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး ယင်းအချက်သည် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကန့်ကွက်ခဲ့သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ-၆၀(က)(၁) တွင် တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များသည် ကြိုတင်မဲပေးပြီးသည့်အခါ မဲလက်မှတ်များအား စာအိတ်အတွင်းထည့်သွင်းပြီး လုံခြုံစွာပိတ်ကာ တာဝန်ရှိသူထံ အပ်နှံ ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကြိုတင်မဲပုံးများအား ချိတ်ပိတ်စဉ်/IPRD Dagon

ယင်းအပြင် မဲလက်မှတ်များ ပေးပို့စဉ်ကလည်း လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား တပါတည်း ထည့်သွင်း ပေးပို့ခဲ့ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောသည်။

NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်းက “ဆန္ဒမဲလက်မှတ်ပါတဲ့ အိတ်တိုင်းက ပိတ် မထားဘူး။ ဒါက လုံခြုံစွာပိတ်ရမယ့်ကိစ္စ၊ နည်းဥပဒေမှာ ပါပြီးသား။ ဒါမှားယွင်းနေတယ်။ လုပ်ဆောင်မှု တော်တော်ကြီးကို လွန်လွန်ကဲကဲ မှားယွင်းနေတယ်ပေါ့နော်။ ကျနော်တို့အနေနဲ့ ဒါကို လက်မခံနိုင်တော့ဘူး၊ ကန့်ကွက်တယ်ပေါ့။ ဒါနဲ့ ၉၀၅ အင်ဂျင်နီယာတပ်ရင်းက လာတဲ့ကြိုတင်မဲတွေကို ထည့်သွင်းရေတွက်ခြင်းမပြုတဲ့ အကြောင်းကို မြို့နယ်ကော်မရှင်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးတယ်”ဟု ပြောသည်။

ယင်းအပြင် ကုတင် ၅၀၀ စစ်ဆေးရုံးက ပေးပို့လာသည့် မဲစာအိတ်များတွင်လည်း မဲလက်မှတ် ထည့်သွင်းထားသည့် စာအိတ်ငယ် ၆ ခုမှာ ပွင့်နေသည်ကို ထပ်မံတွေ့ရှိခဲ့သော်လည်း အနည်းအကျဉ်းသာဖြစ်၍ မတော်တဆ မေ့လျော့မှု ပုံစံသာဖြစ်သည့်အတွက် ကန့်ကွက်မှုမရှိဘဲ ခွင့်ပြုပေးခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ ဒဂုံမြို့နယ်အတွင်း တပ်မတော်မှ ကြိုတင်မဲအနေဖြင့် အဆင့်မြင့်ဆက်သွယ်ရေး တပ်မှ ၁၀၇ မဲ၊ ကုတင် ၅၀၀ စစ်ဆေးရုံမှ ၁၂၁ မဲနှင့် အမှတ် ၉၀၅ အင်ဂျင်နီယာတပ်မှ ၅၈ မဲရောက်ရှိခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ဒဂုံမြို့နယ်အတွင်း NLD ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲဆန္ဒနယ်အလိုက် ယှဉ်ပြိုင်မည့် ကိုယ်စားလောင်း အနေဖြင့် ပြည်သူ့လွှတ်တော် ၄ ဦး၊ အမျိုးသားလွှတ်တော်အမှတ် ၁၁ နေရာတွင် ၄ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)နှင့် အမှတ်(၂) တို့တွင် ၄ ဦးစီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဒဂုံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ(ခ)ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)အား ပါတီဖျက်သိမ်းကာ ပါတီကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု‌ ရွေးကောက်ပွဲ ကော်မရှင် (UEC)က အောက်တိုဘာ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည့်အတွက် ယှဉ်ပြိုင်မရှိတော့ဘဲ ပါတီ ၄ ခုသာ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

You may also like these stories:

ANP ပါတီ အောင်နိုင်ရေး မာန်အောင်တွင် အင်အားပြပြန်

AA ဖမ်းထားသည့် ကိုယ်စားလှယ် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD တောင်းဆို

မြို့နယ် ၆ ခုကို ပြန်သုံးသပ်ပေးရန် TNP ပါတီက UEC ထံတင်ပြ

The post မဲစာအိတ်ပွင့်နေသည့် တပ်ကြိုတင်မဲ ထည့်မရေရန် မြို့နယ် ရွေး/ကော်ဆုံးဖြတ် appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စိစစ်မှု အားနည်းခဲ့ကြောင်း UEC ဝန်ခံ https://burma.irrawaddy.com/news/2020/10/20/232042.html Tue, 20 Oct 2020 12:19:31 +0000 https://burma.irrawaddy.com/?p=232042 ဦးကျော်မြင့်အနေဖြင့် ပါတီဥက္ကဋ္ဌ အဖြစ် တင်ပြလာစဉ် သက်ဆိုင်ရာ ဝန်ကြီးဌာနအား စိစစ်ခိုင်းခဲ့သော်လည်း နိုင်ငံခြား ရောက်နေသည့် အကြောင်းပြချက်ဖြင့် မစစ်ဆေးနိုင်ခဲ့ဘဲ ၎င်းတို့ဖြည့်သွင်းပေးသည့် မှတ်ပုံတင်နံပါတ်ဖြင့်သာ ခွင့်ပြုခဲ့ကြခြင်း ဖြစ်သည်။

The post နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စိစစ်မှု အားနည်းခဲ့ကြောင်း UEC ဝန်ခံ appeared first on ဧရာဝတီ.

]]>
ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ အနေဖြင့် နှင်းဆီပါတီ ဥက္ကဋ္ဌ အဖြစ် လျှောက်ထားချိန်တွင် စိစစ်မှု အားနည်းခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြား လိုက်သည်။

ဦးမြင့်နိုင်က “အဲဒီအချိန်ကတော့ စိစစ်မှုကောင်းကောင်း မပြုလုပ်နိုင်ပါဘူး။ ကျနော်တို့ ဒီဘက်ကလည်းပဲ ချို့ယွင်းချက်ရှိ တယ်လို့ပဲ ပြောရမှာပေါ့နော်။ လုပ်ဆောင်စရာ ရှိတာလေးတွေ အားနည်ခဲ့တယ် ပြောရမှာပေါ့။ သက်ဆိုင်ရာက စိစစ်မှုက လည်းပဲ လိုအပ်ခဲ့တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။

နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) အား ကနေဒါနိုင်ငံတွင်၂၀၀၇ ခုနှစ်က စတင်တည်ထောင်ပြီး နောက်၂၀၁၀ တွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဦးလှမြင့် ဆိုသူအား ဥက္ကဋ္ဌ တင်မြှောက်ကာ မှတ်ပုံတင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လျှောက်ထားရာတွင် အမှတ်စဉ် ၁၆ ဖြင့် ပါတီ မှတ်ပုံတင်ရရှိခဲ့ပြီးနောက်၂၀၁၄ ခုနှစ်ခန့်မှသာ ဦးကျော်မြင့် ကိုယ် တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက တာဝန်ယူထားသည်။

ဦးကျော်မြင့် အနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် တင်ပြလာစဉ် သက်ဆိုင်ရာ ဝန်ကြီးဌာနအား စိစစ်ခိုင်းခဲ့သော်လည်း နိုင်ငံခြား ရောက်နေသည့် အကြောင်းပြချက်ဖြင့် မစစ်ဆေးနိုင်ခဲ့ဘဲ ၎င်းတို့ ဖြည့်သွင်းပေးသည့် မှတ်ပုံတင်နံပါတ်ဖြင့်သာ ခွင့်ပြုခဲ့ ကြခြင်း ဖြစ်သည်။

“အမှန်တော့ ဒီဘက်ကလည်း ဆက်ပြီးလုပ်ဖို့ ကောင်းတာပေါ့။ ဒီအချိန် ရောက်ပြီလား၊ ဒီအချိန်‌ ရောက်ပြီလား ဆိုပြီး မေး လိုက်ရင်တော့ ကောင်းတယ်။ အဲဒီလို မမေးဖြစ်လိုက်ဘူး။ နောက်ပြီးတော့ မှတ်ပုံတင်နံပါတ် ပြောပါဆိုတဲ့ အခါကျတော့၊ ကျနော်တို့က မှတ်ပုံတင် မိတ္တူတွေ၊ ဘာတွေ တင်ပြဆိုရင် ပိုကောင်းတာပေါ့။ နောင်ဆိုရင် မှတ်ပုံတင်နံပါတ် ပြောရုံနဲ့ မရ ဘူး၊ မှတ်ပုံတင် မိတ္တူတွေကို ကြည့်မယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

ပါတီဥက္ကဋ္ဌ အဖြစ် တင်ပြစဉ်က ဦးကျော်မြင့်၏ မှတ်ပုံတင်အဖြစ် ဖြည့်သွင်းခဲ့သည့် မှတ်ပုံတင် နံပါတ်သည်လည်း ၎င်း၏ မှတ်ပုံတင် မဟုတ်ဘဲ ကွတ်ခိုင်မြို့နယ်မှ အမျိုးသားတဦး၏ မှတ်ပုံတင် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ထုတ်ဖော် ပြောထားသည်။

ယင်းပြင် ဦးကျော်မြင့် အမည်ဖြင့် ကိုင်ဆောင်ထားသည့် မှတ်ပုံတင်မှာလည်း စစ်အစိုးရ လက်ထက်က ထောက်လှမ်းရေး အဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်ပေးထားခြင်းလည်း ဖြစ်သည်။

ထောင်ပြေးတဦး ဖြစ်သည့် ဦးကျော်မြင့်သည် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တဆင့်၂၀၁၄ ခုနှစ်တွင် စတင်ဝင် ရောက် လာချိန်မှ စ၍ အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ပါတီရုံးစိုက်ကာ ဖွင့်လှစ်ခဲ့သကဲ့သို့ စီးပွားရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ချက်များတွင် ၎င်းနှင့်ဆက်နွယ်ခဲ့မှုအား အစိုးရက သီးသန့်အဖွဲ့ ဖွဲ့စည်းကာ စိစစ်လျက်ရှိသော်လည်း ၎င်းပြန်လည် ဝင်ရောက် နေထိုင်နိုင်ရန် ဆောင်ရွက်ပေးခဲ့မှုများ၊ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့မှုများ နှင့် ပတ်သက်ပြီး တစုံတရာ သီးခြား အရေးယူမှု မတွေ့ရသေးပေ။

လက်ရှိတွင် ဦးကျော်မြင့် ပိုင်ဆိုင်သည့် ငွေကြေးများမှာ တရုတ်နိုင်ငံ ရွှေလီနှင့် ကြယ်ဂေါင်မြို့ရှိ တရားမဝင်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းများမှ တရားမဝင် ရောက်ရှိလာသည့် ငွေများ ဖြစ်ကြောင်းလည်း စုံစမ်းရေးအဖွဲ့က ဖော်ထုတ်ထားသည်။

ဦးကျော်မြင့် အနေဖြင့် တရားမဝင် ငွေများ လက်ခံရယူခဲ့ခြင်းနှင့် ယင်းငွေများဖြင့် ပါတီအား ထောက်ပံ့သုံးစွဲခဲ့သည့် အတွက် နှင်းဆီပါတီအား ဖျက်သိမ်းကာ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိတော့ကြောင်း UEC က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

ပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ရန် UEC က အစိုးရသို့ တင်ပြ ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၁၉ အရ ဖျက်သိမ်းပြီးသည့် ပါတီပိုင်ပစ္စည်းများအား အစိုးရ စီမံခန့်ခွဲ မှုအောက်သို့ အပ်နှံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

နှင်းဆီပါတီသည့်၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် တနေရာမျှ အနိုင်ရခြင်း မရှိခဲ့သော်လည်း ယခု၂၀၂၀ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပြီး အာဏာရပါတီ NLD ပြီးနောက် ဒုတိယမြောက် ကိုယ်စားလှယ်လောင်း အများဆုံး ပါတီဖြစ်သည်။

ယင်းအတွက် လာမည့် ရွေးကောက်ပွဲတွင် နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းများအား မဲပေးရန် မလိုအပ်တော့ကြောင်း နှင့် မဲပေးမည် ဆိုပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည ်ဖြစ်ကြောင်း UEC က ယနေ့ ပြောကြားခဲ့သည်။

လက်ရှိတွင် ဦးကျော်မြင့်အား စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာရှိ နေအိမ်မှ ဖမ်းဆီးခဲ့ကာ ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့သည်။

ဦးကျော်မြင့်သည် မြန်မာကျုံယွမ် ကုမ္ပဏီအား တည်ထောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယင်းကုမ္ပဏီအား ၁၉၉၇ ခုနှစ်တွင် အစိုးရက အမည်ပျက် စာရင်းသွင်းခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ၎င်းအား ပုဒ်မ-၅(ည)၊ ပုဒ်မ-၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။

ယင်းနောက် ၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးထောင်မှ အပြင်ဆေးရုံကြီးသို့ ဆေးကုသရန် သွားရောက်ပြသစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် ချမ်းအေးသာဇံမြို့နယ် တရားရုံးတွင် ဦးကျော်မြင့် ထွက်ပြေးမှု ဖြစ်စဉ်ကြောင့် ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံရ သည့် ထောင်မှူးဟောင်း ဦးဣန္ဒြောဘာသ(ခ) ဦးအေးချမ်းတို့ အပါအဝင် ၅ ဦးကို စစ်ဆေးခဲ့ပြီး၊ ဦးကျော်မြင့်အား ပုဒ်မ-၂၂၄ ဖြင့် စွဲချက်တင်ခဲ့သည်။

အမှုနှင့် ပတ်သက်ပြီး နောက်ရုံးချိန်းအား အောက်တိုဘာ ၂၃ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး ဦးကျော်မြင့်အား စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်

You may also like these stories:

နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ

The post နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စိစစ်မှု အားနည်းခဲ့ကြောင်း UEC ဝန်ခံ appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ https://burma.irrawaddy.com/news/2020/10/19/231967.html Mon, 19 Oct 2020 13:11:18 +0000 https://burma.irrawaddy.com/?p=231967 လက်ရှိတွင် UDP ကိုယ်စားလှယ်လောင်းများ ပါဝင်နေသည့် မဲလက်မှတ်များမှာလည်း ပြည်တွင်းရှိ ကော်မ ရှင် အဖွဲ့ခွဲများသို့ ဖြန့်ဝေပြီးပြီ ဖြစ်သည့်အတွက် မဲလက်မှတ်များ အသစ်ရိုက်နှိပ်ရန် မဖြစ်နိုင်တော့ဘဲ မဲလက်မှတ်တွင် ပါ ဝင်သည့် UDP ကိုယ်စားလှယ်လောင်းများ နေရာအား အမှတ်အသားဖြင့် ပယ်ဖျက်မည် ဖြစ်

The post နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ် ပါတီ(UDP) အား ဖျက်သိမ်းကြောင်းနှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းများသည်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးပြီဖြစ်ကြောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

UDP အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၁၂(က)(၄)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ ဒေ ပုဒ်မ- ၁၅(ခ)(ဂ)(စ) တို့အရ ငြိစွန်းကြောင်း UEC က ဆိုထားသည်။

အဓိက အားဖြင့် နည်းဥပဒေ ပုဒ်မ ၁၅(ခ) တွင် “တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ပြု လုပ်မှု တရပ်ရပ်ကို ပြုလုပ်ခြင်း” ၊ ပုဒ်မ ၁၅(ဂ) တွင် “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာမှု မရှိခြင်း”၊ ပုဒ်မ ၁၅(စ) တွင် “နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ(သို့) ဘာ သာရေး အဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု(သို့) ပုဂ္ဂိုလ် တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့တို့ ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့၏ ဩဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း” အချက်များ ပြဋ္ဌာန်းထားသည်။

ယင်းဖော်ပြချက်အရ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ထောင်ပြေးတဦးဖြစ်ခြင်း၊ ပိုင်ဆိုင်သည့် ငွေကြေးများမှာ တရုတ်နိုင်ငံ ဘက်မှ တရားမဝင် ငွေလွှဲလုပ်ငန်းများကတဆင့် တရားမဝင် ရောက်လာသည့် ငွေကြေးများဖြစ်ခြင်းနှင့် ပါတီအား ထောက် ပံ့နေသည့် မြန်မာကျော် ကုမ္ပဏီမှာလည်း တရားဝင်ခွင့်ပြု လိုင်စင်များဖြင့် လုပ်ကိုင်မှု မဟုတ်ခြင်းတို့အား နိုင်ငံတော် သမ္မတရုံး၏ ဖော်ထုတ် တွေ့ရှိချက်များနှင့် ဆက်စပ်လျက် ရှိသည်။

ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၁၀(ဇ) နှင့် ငြိစွန်းကြောင်း လည်း UEC က ဆိုထားပြီး ပုဒ်မ-၁၀(ဇ) တွင် “ နိုင်ငံခြားတိုင်းပြည် တခုခု၏ အစိုးရ(သို့) ဘာသာရေးအဖွဲ့ အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု(သို့) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ အိမ်၊ မြေ၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အထောက်အပံ့ ရယူသုံးစွဲသူ (သို့) ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲ သည့် အဖွဲ့အစည်းဝင် ဖြစ်သူ” ပြဋ္ဌာန်းချက်နှင့် ငြိစွန်းပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

သို့သော် ယင်း ပုဒ်မ၏ ပြဋ္ဌာန်းချက်အရ အငြင်းပွားဖွယ် တခုရှိနေသည်မှာ ပါတီဥက္ကဌဖြစ်သူ ဦးကျော်မြင့်အား မဖမ်းဆီး ခင်က တည်းက ပါတီက နုတ်ထွက်ခဲ့ပြီး ဖြစ်ကာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေဖြင့် ရပ်တည်ရန် ကြိုးပမ်းခဲ့ သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ် ကိစ္စပင် ဖြစ်သည်။

ဦးဂဲနက်စ် အနေဖြင့် ပါတီက နုတ်ထွက်စဉ်ကပင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အသိပေးခဲ့ပြီး လက်ရှိတွင် ပါတီဝင် မဟုတ်တော့သည့်အတွက် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၁၀(ဇ)နှင့် ငြိစွန်းမှု မရှိကြောင်းနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက် ယှဉ်ပြိုင်ခွင့်ပြုရေး အောက်တိုဘာ ၁၈ ရက်က သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များထံ စာပေးပို့ထားသည်။

ဦးဂဲနက်စ်က “ကိုယ်စားလှယ်လောင်းတဦးရဲ့ အခွင့်အရေးကို ဒီလိုပုံစံနဲ့ လွယ်လွယ်ကူကူ ဆုံးဖြတ်မယ်ဆိုရင်တော့ ကိုယ်စားလှယ်လောင်းတွေရဲ့ နစ်နာမှုက ကြိုတင်မဲတွေလဲ အများကြီး ရထားပြီးပြီ။ ကျနော် နစ်နာဆုံးရှုံးတာတင် မဟုတ်ဘဲ ကျနော့်အပေါ်မှာ ယုံကြည်တဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုလို့လည်း ပြောလို့ရတယ်။ ပါတီဖျက်ဖျက် ကိုယ်စားလှယ်လောင်း ဖျက်ဖျက် ကျနော် စိတ်မဝင်စားဘူး။ စိတ်ဝင်စားတာက ကျနော့ရဲ့ ကိုယ်စားလှယ်လောင်း အခန်း ကဏ္ဍကို ပျက်ဖို့ရာ အတွက်ကို ဥပဒေကြောင်းအရ ကျနော့်ဘက်က လုံးဝ ခွင့်မပြုနိုင်ဘူး” ဟု ပြောသည်။

နောက်တချက် အနေဖြင့် UDP ပါတီ ကိုယ်စားလှယ်လောင်းများ ပါဝင်သည့် မဲလက်မှတ်များဖြင့် ပြည်ပမှ ကြိုတင်မဲများ ပေးပြီးပြီ ဖြစ်သည့်အတွက် UDP ကိုယ်စားလှယ်လောင်းများ ရရှိခဲ့သည့် မဲများမှာ ပယ်မဲအဖြစ် သတ်မှတ်ရမည်ဖြစ် ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများက ဆိုသည်။

လက်ရှိတွင် UDP ကိုယ်စားလှယ်လောင်းများ ပါဝင်နေသည့် မဲလက်မှတ်များမှာလည်း ပြည်တွင်းရှိ ကော်မရှင်အဖွဲ့ခွဲများသို့ ဖြန့်ဝေပြီးပြီ ဖြစ်သည့်အတွက် မဲလက်မှတ်များ အသစ်ရိုက်နှိပ်ရန် မဖြစ်နိုင်တော့ဘဲ မဲလက်မှတ်တွင် ပါဝင်သည့် UDP ကိုယ်စားလှယ်လောင်းများ နေရာအား အမှတ်အသားဖြင့် ပယ်ဖျက်မည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄၊ ကန့်ဘလူခရိုင်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးအောင်မောင်း ကို နိုင်ငံဝန်ထမ်း ဖြစ်နေသေးသည့် အတွက် အတည်ပြု ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခဲ့ရာတွင် မဲလက်မှတ်ပေါ်ရှိ ၎င်း၏နေရာအား ကြက်ခြေ ခတ်ခြစ်ကာ ပယ်ဖျက်ခဲ့သည်။

လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ-၃၇ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထား သူ ပယ်ချခံရခြင်း၊ ကွယ်လွန်ခြင်းနှင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းခြင်းတို့ ရှိပါက ရွေးကောက်ပွဲ အာမခံငွေ ကျပ်သုံးသိန်းအား ပြန်လည် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက “အရင် အစဉ်အလာအရ မဲလက်မှတ်ပေါ်မှာ သူ့နာမည်ကို ကြက်ခြေခတ် လိုက်ရတာပေါ့။ မဲတွေက ပို့ပြီးကုန်ပြီ။ ပြန်ရိုက်ဖို့လည်း အချိန်မရတော့ဘူး။ ပြီးခဲ့တဲ့ ကန့်ဘလူ က တယောက်တုန်းကတော့ မဲလက်မှတ်ပေါ်မှာ သူ့ရဲ့နေရာကို ကြက်ခြေခတ်ဖို့ ညွှန်ကြားစာ လာတယ်။ အခုက ဘယ်လို လုပ်ရမလဲ ညွှန်ကြားချက်တော့ မလာသေးပေမယ့် ဒီလိုပဲ လုပ်မယ် ထင်ပါတယ်။ UDP က တနိုင်ငံလုံး ပြိုင်တဲ့ပါတီ ဆို တော့ လုပ်ရမှာ တော်တော်တော့ များတယ်” ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအား ပယ်ဖျက်ပြီးပါက ကျန်ရှိသည့် ကိုယ်စားလှယ်လောင်းများဖြင့် ရွေးကောက်ပွဲ ဆက်လက် ကျင်းပရမည် ဖြစ်ပြီး အကယ်၍ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း တဦးတည်း ကျန်ရှိပါက ၎င်းအား လွှတ် တော် ကိုယ်စားလှယ်အဖြစ် ကြေညာရန် တိုင်း(သို့) ပြည်နယ် ကော်မရှင်သို့ အမြန်ဆုံးတင်ပြရမည် ဟု လွှတ်တော် ရွေး ကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ ပုဒ်မ -၃၆၊ နည်းဥပဒေခွဲ (ဂ)၊ (ဃ)၊ (င) တို့တွင် ပြဋ္ဌာန်းထားသည်။

လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ-၃၇ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထား သူ ပယ်ချခံရခြင်း၊ ကွယ်လွန်ခြင်းနှင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းခြင်းတို့ ရှိပါက ရွေးကောက်ပွဲ အာမခံငွေ ကျပ်သုံးသိန်းအား ပြန်လည် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းသည်။

သို့သော် ကိုယ်စားလှယ်လောင်းများအတွက် ထောက်ပံ့ခဲ့သည့် ဦးကျော်မြင့်ပိုင် ငွေကြေးနှင့် မြန်မာကျော်ကုမ္ပဏီ ပိုင် ငွေကြေးများသည် တရားမဝင် နည်းလမ်းများမှ ရရှိသည့်ငွေများ ဖြစ်ကြောင်း သမ္မတရုံးက ပြောဆိုထားသည့် အတွက် ဥပဒေဆိုင်ရာ အမှုအခင်းများ ရှိလာနိုင်ပြီး ပြန်လည် ထုတ်ယူခွင့် ရ မရအား ရှင်းလင်းစွာ မသိရသေးပေ။

သမ္မတရုံး၏ ဖော်ထုတ်ချက်အရ ဦးကျော်မြင့်ပိုင် Myanmar Kyaw Investment Group ကုမ္ပဏီလီမိတက်မှ UDP ပါတီ နှင့် ကိုယ်စားလှယ်လောင်းများအား ထောက်ပံ့ လှူဒါန်းသုံးစွဲငွေ ကျပ် ၁၃ ဒသမ ၈၉ ဘီလီယံကျော် ရှိခဲ့ပြီး ယင်းငွေထဲတွင် ကိုယ်စားလှယ်‌လောင်း ၇၁၆ ဦးအတွက် တဦးလျှင် သုံးသိန်းစီဖြင့် UEC ထံသို့ အာမခံကြေးအဖြစ် ထောက်ပံ့ပေးသွင်းမှုများ လည်း ပါဝင်ကြောင်း သိရသည်။

ယင်းပြင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၁၉ အရ ပါတီတခုသည် မိမိဆန္ဒအလျှောက် ဖျက်သိမ်းလျှင်ဖြစ် စေ၊ ဥပဒေအရ ဖျက်သိမ်းခံရလျှင်ဖြစ်စေ ပါတီပိုင် ပစ္စည်းများအား နိုင်ငံတော် အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့ အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည် ဖြစ်ပြီး ယင်းပစ္စည်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းသည် အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပါတီပိုင်ဆိုင်မှုများ အစိုးရထံ အပ်နှံရမည် ဖြစ်သည်။

သမ္မတရုံး၏ ဖော်ထုတ်မှုအရ UDP ပါတီ၏ ရုံးနေရာများ၊ မော်တော်ယာဉ်များနှင့် အခြားပစ္စည်းများမှ ပါတီပိုင်စာရင်းတွင် ပါဝင်ခြင်း ရှိမရှိ မရှင်းလင်းသော်လည်း UDP Educational Foundation အမည်ဖြင့် ငွေစာရင်း၂ ခု၊ United Democratic Party’s Fund+ ဒေါ်ဌေးဌေးဝင်း+ ဒေါ်မျိုးဟေမာန် အမည်ဖြင့် ငွေစာရင်း၂ ခု ဖွင့်လှစ်ထားသည်ကို တွေ့ရှိထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၀၂ နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများ ပုဒ်မ-၁၁ တွင် “ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းများ”၊ “ရွေးကောက်ပွဲခုံ အဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင် ဆင်မှုများ”၊ “နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ”တွင် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ် ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းပြင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၂၀ တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြဋ္ဌာန်းချက် များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းပြီး ရွေးကောက်ပွဲ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီး အပြတ် ဖြစ်စေရမည် ဖြစ်ပြီး မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရကြောင်း ပြဋ္ဌာန်းထားသည်။

သို့သော် နှင်းဆီပါတီ တာဝန်ရှိသူတဦးကမူ ကော်မရှင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ကန့်ကွက်စာ ပေးပို့မည်ဖြစ် ကြောင်း ထုတ်ဖော် ပြောကြားထားသည်။

You may also like these stories:

ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ

နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

The post နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ appeared first on ဧရာဝတီ.

]]>
ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ https://burma.irrawaddy.com/news/2020/10/15/231696.html Thu, 15 Oct 2020 11:25:36 +0000 https://burma.irrawaddy.com/?p=231696 ကနဦးစိစစ်ဖော်ထုတ်ချက်များအရ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအနေဖြင့် ငွေကျပ် ၂၃ ဘီလီယံကျော်အား ဖော်ထုတ် တွေ့ရှိ ထားသော်လည်း လက်တွေ့တွင် ပိုမိုများပြားစွာရှိနိုင်ပြီး ၎င်းနှင့် ပတ်သက်ဆက်နွယ်မှုများအား ဆက်လက် ဖော်ထုတ် သွားမည်

The post ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ appeared first on ဧရာဝတီ.

]]>
ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ၏ ငွေကြေးနှင့် လူဝင်မှုဆိုင်ရာ အရှုပ်အထွေးများကြောင့် နှင်းဆီပါတီ (ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) အနေဖြင့် ပါတီ ဖျက်သိမ်းခြင်း ခံရနိုင်သည့် အခြေအနေ ကြုံတွေ့ရလျှက် ရှိနေသည်။

ပါတီငွေကြေးသုံးစွဲမှုများအား ထောက်ပံ့နေသည့် ဦးကျော်မြင့်ပိုင် ငွေကြေးများသည် တရုတ်နိုင်ငံဘက်မှ တရားမဝင် ငွေလွှဲလုပ်ငန်း (ဟွန်ဒီ) များက အဆင့်ဆင့်ဝင်လာခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် Myanmar Kyaw Investment Group အပါအဝင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ငန်းများသည် တရားဝင် လုပ်ကိုင်ခွင့် ခွင့်ပြုချက်လိုင်စင်များ ရယူကာ လုပ်ကိုင်ခဲ့ခြင်း မဟုတ်သည့်အတွက် ပိုင်ဆိုင်မှုငွေကြေးများအား ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေများအဖြစ် သတ်မှတ် နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “ကျနော်တင်ပြခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(စ)ပေါ့နော်၊ ၆(စ)အရ ငြိစွန်းခြင်း ရှိ၊ မရှိပေါ့နော်။ နောက်တခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄၊ ၅ ။ ဒါတွေနဲ့ ကိုက်ညီသလား၊ မကိုက်ညီ ဘူးလားပေါ့နော်။ ကျနော်တို့ တွေ့ရှိချက်တွေကတော့ မကိုက်ညီဘူး။ မကိုက်ညီတဲ့ဟာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်ကြားထားတယ်။ ပြန်ကြားထားတဲ့ ဒီအထောက်အထားတွေ၊ စိစစ်ချက်တွေအပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။

ဦးကျော်မြင့်ပိုင် မြန်မာကျော်ကုမ္ပဏီမှ ပါတီအတွက် ထောက်ပံ့၊ လှူဒါန်းခြင်း၊ ပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းများ အား ထောက်ပံ့ခြင်းများ အပါအဝင် စုစုပေါင်း ကျပ် ၁၃.၈၉ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်းလည်း စိစစ် တွေ့ရှိထားကြောင်း သိရသည်။

ယင်းအပြင် ဦးကျော်မြင့်သည် မှတ်ပုံတင် ၂ ခုအား ရရှိသုံးစွဲနေသူဖြစ်ပြီး ၎င်းအမည်နှင့်တခုသည် လားရှိုးမြို့နယ် လိပ်စာနှင့်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည် မှတ်ပုံတင်သည် ၎င်းအမည်နှင့် မဟုတ်ဘဲ ကွတ်ခိုင် မြို့နယ်နေသူတဦး၏ မှတ်ပုံတင်ဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိသည်ဟု ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “သူ့နာမည်နဲ့ မှတ်ပုံတင်က ယခင်အစိုးရခေတ် ကတည်းက တရားဝင်ရထားတာဖြစ်တယ်။ ထောက် လှမ်းရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ထုတ်ပေးထားတာဖြစ်တယ်” ဟု ရှင်းပြသည်။

ယင်းအပြင် ဦးကျော်မြင့်သည် ထောင်ဒဏ်ပြစ်ဒဏ် ကျခံနေရစဉ် ထောင်မှ ထွက်ပြေးသွားသူဖြစ်သည့်အတွက် အကျဉ်းကျနေဆဲ လူအဖြစ်သာ သတ်မှတ်ရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင်ပါရှိသည့် ပါတီတည်ထောင်လိုသူသည် ထောင်ဒဏ်ကျခံနေရဆဲ လူမဖြစ်ရဆိုသည့် အချက်နှင့်လည်း ငြိစွန်းနေကြောင်း ဦးဇော်ဌေးက ထောက်ပြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ-၄ တွင် ပါတီတည်ထောင်လိုသူသည် နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြားသား(သို့)နိုင်ငံခြားသားအဖြစ် ခံယူထားသူမဖြစ်ရဟု ပြဌာန်းထားသည်။

ယင်းအပြင် ပုဒ်မ-၆(စ)တွင် ပါတီတည်ထောက်လိုသူ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် “နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်းတခုခု(သို့) လူပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ၏ ဩဇာခံယူခြင်းမပြုရေး” ဟု ပြဌာန်းထားသည်။

လက်ရှိ စိစစ်တွေ့ရှိထားချက်များအား ရွေးကောက်ပွဲနှင့် နီးကပ်နေသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့နေခြင်းဖြစ်ပြီး ပါတီ၏ ရပ်တည်ခွင့်နှင့် ပတ်သက်ပြီး မည်သို့ဆုံးဖြတ်ဆောင်ရွက်မည်ကို ကော်မရှင်ကသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ဦးကျော်မြင့်နှင့် နှင်းဆီပါတီတို့၏ ဖော်ထုတ်တွေ့ရှိချက်များအရ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ဦးဇော်ဌေး၏ ထုတ်ဖော်ပြောကြားချက်များနှင့် ပတ်သက်ပြီး ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က “ဦး ဇော်ဌေးက ပြည်ထောင်စုအစိုးရ ကိုယ်စားဖြစ်တော့ UEC ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို စောင့်ထိန်းသွားတာပေါ့။ UEC အနေနဲ့ တည်ဆဲဥပဒေအရပဲ ဆုံးဖြတ်ရမှာပေါ့နော်၊ ဒီလိုစိစစ်ပေါ်ပေါက်ချက်တွေအရ ပါတီကို မှတ်ပုံတင် ထားရာ ကနေ ဖျက်သိမ်းဖို့ အမိန့်တခုပဲ ရှိပါတော့တယ်။ ဥပဒေအရ အခြားနည်းမရှိနိုင်ပါဘူး” ဟု သုံးသပ်ပြောကြားသည်။

နှင်းဆီပါတီ(ခ) UDP ပါတီအား ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ရွေးကောက် ပွဲကော်မရှင်ဥက္ကဌ၊ ဦးသိန်းစိုးလက်တွင် ကော်မရှင်ထံသို့ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ရာ အမှတ်စဉ် ၁၆ ဖြင့် ပါတီမှတ်ပုံတင်ရရှိခဲ့သည်။

နှင်းဆီးပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကိုယ်စားလှယ် တဦးမျှ အနိုင်ရခြင်းမရှိသော်လည်း ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် အာဏာရ NLD ပါတီပြီးနောက် ဒုတိယကိုယ်စားလှယ်လောင်း အများဆုံးပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။

ပိုင်ဆိုင်မှုငွေကြေးများနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် ကနေဒါနိုင်ငံတွင် နေထိုင်စဉ် ကနေဒါ ဒေါ်လာ ၃၃ သန်းစုဆောင်းရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၁၅ သန်းအား ထုတ်ယူကာ ကျန်ငွေများအား မိသားစုထံ ပေးခဲ့ကြောင်း၊ ယင်း နောက်တွင် တရုတ်သို့ လာရောက်ခဲ့ပြီး ယင်းငွေများဖြင့် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး၊ လူသုံးကုန်ပစ္စည်းများ တင်ပို့ခြင်း လုပ်ကိုင်ခဲ့ကြောင်း၊ ငွေများအား ရွှေလီ၊ ကြယ်ဂေါင်မြို့တို့ရှိ ငွေလွှဲလုပ်ငန်းများမှ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ဘက်တွင် ကျပ်ငွေ ၃၀ ဘီလီယံခန့် မြှုပ်နှံခဲ့ပြီး ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ မြန်မာကျော် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

၎င်း၏ ငွေကြေးများနှင့် ပတ်သက်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေချေးလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အတွက် ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေစသည့် ဥပဒေများဖြင့်လည်း ဆက်လက်အရေးယူ ခံနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ကနဦးစိစစ်ဖော်ထုတ်ချက်များအရ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအနေဖြင့် ငွေကျပ် ၂၃ ဘီလီယံကျော်အား ဖော်ထုတ် တွေ့ရှိ ထားသော်လည်း လက်တွေ့တွင် ပိုမိုများပြားစွာရှိနိုင်ပြီး ၎င်းနှင့် ပတ်သက်ဆက်နွယ်မှုများအား ဆက်လက် ဖော်ထုတ် သွားမည် ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောခဲ့သည်။

၁၉၉၇ ခုနှစ် ဦးကျော်မြင့်ပိုင် မြန်မာကျုံယွမ်ကုမ္ပဏီမှာ အမည်ပျက်စာရင်းသွင်းကာ ဖျက်သိမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ၎င်းအား ပုဒ်မ-၅(ည)၊ ပုဒ်မ-၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့သည်။ ယင်နောက် ၁၉၉၉ ခုနှစ်တွင် ၎င်းသည် မန္တလေးထောင်မှ အပြင်ဆေးရုံကြီးသို့ ဆေးကုရန်သွားရောက်စဉ် ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံမှတဆင့် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ရွေ့ပြောင်းနေထိုင်ခဲ့သည်။

ယင်းနောက်တွင် တရုတ်နိုင်ငံမှတဆင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ကာ လုပ်ငန်းများ လုပ်ကိုင်နေခဲ့ပြီး ထောင်မှထွက်ပြေးပြီးနောက် နှစ်ပေါင်း ၂၀ ကျော်အကြာ ယခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ညတွင် ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခံရပြီး လက်ရှိတွင် မန္တလေး ချမ်းအေးသာစံတရားရုံးတွင် ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် တရားစွဲခံထားရသည်။

You may also like these stories:

ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ

နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

The post ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ appeared first on ဧရာဝတီ.

]]>
ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ https://burma.irrawaddy.com/news/short-news/2020/10/15/231668.html Thu, 15 Oct 2020 07:19:54 +0000 https://burma.irrawaddy.com/?p=231668 နှင်းဆီးပါတီ(ခ) ညီညွတ်သောဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ၏ ငွေကြေးပိုင်ဆိုင်မှု များမှာ တရုတ်နိုင်ငံဘက်မှ တရားမဝင်ငွေလွှဲများမှတဆင့် လွှဲပြောင်းခဲ့သည့် ငွေများဖြစ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ရှင်းလင်းပွဲတွင်ပြောသည်။

The post ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ appeared first on ဧရာဝတီ.

]]>
နှင်းဆီးပါတီ(ခ) ညီညွတ်သောဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ၏ ငွေကြေးပိုင်ဆိုင်မှု များမှာ တရုတ်နိုင်ငံဘက်မှ တရားမဝင်ငွေလွှဲများမှတဆင့် လွှဲပြောင်းခဲ့သည့် ငွေများဖြစ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ရှင်းလင်းပွဲတွင်ပြောသည်။

ဦးဇော်ဌေး က “ ဦးကျော်မြင့်ရဲ့ ငွေစာရင်းတွေကို တရုတ်နိုင်ငံမှ တရားမဝင်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းတွေကနေ ငွေ ကြေးလွှဲပြောင်းလာတဲ့အခြေအနေဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကနေ အဆင့်ဆင့် လွှဲပြောင်းပေးပို့ထားတာ ဖြစ်ပါ တယ်” ဟု ပြောသည်။

ဦးကျော်မြင့်နာမည်ဖြင့် ပြည်တွင်းဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်တို့တွင် ဦးကျော်မြင့်အမည်ဖြင့် ငွေစာရင်း ၇ ခုရှိပြီး အခြားဘဏ်များတွင်လည်း ၎င်း၏ လုပ်ငန်းများနှင့် ပတ်သက်သည့် ငွေစာရင်း ၂၅ ခု၊ ၎င်း၏ ကုမ္ပဏီဝန်ထမ်းများနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူအမည်များဖြင့် ငွေစာရင်းမှာ ၃၄ ခုရှိကြောင်း သိရသည်။

အဆိုပါ ငွေစာရင်းများသို့ တရုတ်နိုင်ငံဘက်မှ လွှဲပို့ခဲ့သည့် ငွေပမာဏ စုစုပေါင်းမှာ ၂၀၁၅ ခုနှစ်အတွင်းမှာပင် ကျပ် ၁၆.၃၂၅ ဘီလီယံခန့်ရှိပြီး ယင်းငွေများ၏လည်ပတ်လုပ်ကိုင်မှုများမှလည်း အတိုး၊ အမြတ်များ ရရှိခံစားနေရကြောင်း သိရသည်။

ယင်းအပြင် ၎င်းပိုင်ဆိုင်တဲ့ ကုမ္ပဏီအချို့မှာလည်း ကုမ္ပဏီမှတ်ပုံတင်သာရရှိထားပြီး ငွေထုတ်ချေးခြင်း၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းကဲ့သို့သော ဆက်စပ်လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် လိုင်စင်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထုတ်ပေးထားခြင်းမရှိကြောင်းလည်း သိရသည်။

You may also like these stories:

လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ်

နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

သက်သေ အရှာခက်နေ၍ နှင်းဆီပါတီ ဥက္ကဋ္ဌကို ရုံးမထုတ်ဖြစ်

The post ဦးကျော်မြင့် ပိုင်ဆိုင်မှုများ တရုတ်မှ တရားမဝင် ငွေများဖြစ်နေ appeared first on ဧရာဝတီ.

]]>
လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ် https://burma.irrawaddy.com/opinion/interview/2020/10/14/231615.html Wed, 14 Oct 2020 13:03:50 +0000 https://burma.irrawaddy.com/?p=231615 ထောင်မှူးကြီးဟောင်း ၁ ဦးဖြစ်သလို လက်ရှိမှာလည်း ဥပဒေဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာနက အကြီးတန်း သတင်းထောက် ထွန်းထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

The post လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ် appeared first on ဧရာဝတီ.

]]>
အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်ကြာမှာ ပြန်လည်ဖမ်းဆီးခံရတဲ့ နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ထောင်ပြေးမှု ပုဒ် မ-၂၂၄ နဲ့ တရားစွဲတင်ထားပါတယ်။

ပုဒ်မ-၅(ည)၊ ပုဒ်မ -၁၈၉ တို့နဲ့ ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁၉၉၉ ခုနှစ်မှာ ထွက်ပြေးခဲ့တဲ့ ဦးကျော်မြင့်ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာပဲ သူ့ရဲ့ ပါတီရုံးချုပ်ကို ဖွင့်လှစ်ပြီး နေထိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လက်နက်ကိုင်အရေးတို့မှာ ရှုပ်ထွေးတဲ့ နောက်ခံဖြစ်ရပ်တွေနဲ့ ဦးကျော်မြင့်ဟာ ဖမ်းဆီးခံရတဲ့ စက်တင်ဘာ ၂၉ ရက်နေ့ ညမတိုင်မီအထိ အာဏာပိုင်တွေအကြား ရပ်တည်နိုင်ခဲ့တာ ဖြစ်ပေမယ့် ၂၀၂၀ ရွေး ကောက်ပွဲ မှာ အာဏာရပါတီ NLD ပြီးနောက် ဒုတိယကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်ခဲ့တာ ကစပြီး ၎င်းနဲ့ ၎င်းရဲ့ နှင်းဆီပါတီဟာ လူတွေအာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။

လက်ရှိမှာလည်း ၎င်းနဲ့ပတ်သက်မှုတွေကို သီးသန့်အဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ သမ္မတရုံးဘက်က ထုတ်ဖော်ပြောကြား ထားပြီး ကနဦးတွေ့ရှိချက်တွေမှာတော့ မှတ်ပုံတင် လွဲမှားမှု၊ ပိုင်ဆိုင်မှု ငွေကြေး ကျပ် ၂၃ ဘီလီယံ ကျော်ဟာ တရားဝင် ငွေကြေးဟုတ်၊ မဟုတ်၊ မြန်မာနိုင်ငံအတွင်း ပြန်လာပြီး ရပ်တည်နေထိုင်ခွင့်ရအောင် လုပ်ဆောင်ခဲ့တာတွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းအရ ထပ်မံအရေးယူမှုတွေ၊ တာဝန်ယူ/တာဝန်ခံရမယ့် ဌာနနဲ့ လူပုဂ္ဂိုလ်တွေ၊ ပါတီရဲ့ ဆက်လက်ရပ်တည်နိုင်ခွင့်စတာတွေနဲ့ ပတ်သက်လို့ ထောင်မှူးကြီးဟောင်း ၁ ဦးဖြစ်သလို လက်ရှိမှာလည်း ဥပဒေဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာနက အကြီးတန်း သတင်းထောက် ထွန်းထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဥပဒေဆိုင်ရာ အကြံပေး ဦးခင်မောင်မြင့်/ဧရာဝတီ

မေး ။        ။ ဦးကျော်မြင့်အမှုမှာ သက်သေမပြည့်စုံတဲ့ အကြောင်းပြချက်နဲ့ မစစ်ဆေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒီလိုထောင်ပြေးမှုတွေကို ယခင်က ဘယ်လိုမျိုး စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေရှိပါသလဲ။

ဖြေ ။        ။ ဒီရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၂၄ ပေါ့၊ ထောင်ပြေးမှု(သို့) ရဲဘက်ပြေးမှုပေါ့။ ဒါတွေက ကျနော်ကိုယ် တိုင် အကျဉ်းဦးစီးဌာနမှာ ထောင်မှူးကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့အတွက် အခြားရာဇဝတ်မှုကြီးတွေဖြစ်တဲ့ လူသတ်မှုတို့၊ ဓားပြမှုတို့လို၊ မုဒိန်းမှုတို့လို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးစရာမလိုဘူး။ ရှိနေတဲ့ ထောင်မှတ်တမ်းတွေ အရဆိုရင် အကျဉ်း သားတဦး ထွက်ပြေးသွားတယ်ဆို ၂၄ နာရီအတွင်းမှာ ထွက်ပြေးတာနဲ့ပတ်သက်တဲ့ သတင်းပို့ တင်ပြတဲ့ပုံစံ၊ ထောင်ပုံစံ- ၅ ဆိုတာရှိတယ်။

အဲဒါက ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးအပါအဝင် သက်ဆိုင်ရာ ညွှန်ချုပ်ရုံး၊ ညွှန်မှူးရုံး၊ ရဲစခန်းတွေ၊ ထွက်ပြေးတဲ့ အကျဉ်းသား နေထိုင်တဲ့ရပ်ကွက်အထိ အားလုံး မိတ္တူ ၁၂ စောင် လောက်ဖြန့်ဝေရတယ်။ အဲဒါက ၂၄ နာရီ အတွင်းမှာ ဖြန့်ဝေရတာဆိုတော့ ဒီထောင်ပြေးမှုတွေစစ်ဆေးတယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ပေးလိုက်တဲ့ ထောင်အရာရှိ က ဒီအကျဉ်းသား ထွက်ပြေးတာနဲ့ ပတ်သက်တဲ့ ထောင်မှတ်တမ်း၊ အဓိကအားဖြင့် ထောင်ပုံစံ-၅ ပေါ့၊ ဒါကိုတင်ပြလိုက် တာနဲ့ တပြိုင်နက် သူ့ကိုစစ်ဆေးပြီးတော့မှ စွဲချက် တင်လိုက်လို့ရတယ်။ ဒါကို သက်ဆိုင်ရာ အကျဉ်းသားက သူဟာ ထောင်ပြေး ဖြစ်တဲ့ အကြောင်းကို ဝန်ခံတယ်ဆိုရင် တရားရုံးက သင့်လျှော်တဲ့ပြစ်ဒဏ်တခုခုပေးတာပေါ့။ အင်မတန် လွယ်ကူရိုးရှင်း ပါတယ်။

ဒီအမှုကလည်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အမှု။ ဦးကျော်မြင့်ဆိုတာလည်း မြန်မာကျုံယွမ်းကုမ္ပဏီနဲ့ ပတ်သက်ပြီး တနိုင်ငံလုံးမှာ အားလုံးသိကြသလို သူထွက်ပြေးတဲ့ကိစ္စကလည်း မန္တလေးမှာ နာမည်ကြီး အမှုကြီးဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ပုဒ်မ-၂၂၄ အမှုတွေ စစ်ဆေးခဲ့တဲ့ အတွေ့အကြုံအရတော့ အဲဒီလောက်ကြီးမလိုအပ်ပါဘူး။ အဲဒီတုန်းက ရှိခဲ့တဲ့ ထောင်အရာရှိတို့၊ ရဲအရာရှိတို့ကို လိုက်လံစုံစမ်းပြီး သူတို့စုံတော့မှ စစ်ဆေးရမယ့် အမှုမျိုးလည်း မဟုတ်ပါဘူး။ လက်ရှိတာဝန်ထမ်းထောင်နေတဲ့ ရဲအရာရှိနဲ့ အကျဉ်းထောင်က တာဝန်ပေးတဲ့ ထောင်ဝန်ထမ်း၊ ဒီနှစ်ယောက်လောက်နဲ့ သူ့ရဲ့ထောင်ပြေးတဲ့မှတ်တမ်းတွေ တင်ပြရုံနဲ့ စွဲချက်တင်ပြီးတော့ စစ်ဆေးနိုင်တဲ့ အမှုပါပဲ။

မေး ။        ။ သမ္မတရုံးရဲ့ ပြောကြားမှုအရ သူ့ရဲ့မှတ်ပုံတင်က မှားယွင်းမှုရှိနေတယ်ပေါ့၊ ဒါနဲ့ပတ်သက်လို့ ဥပဒေ အရ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ။

ဖြေ ။        ။ ဒီနေရာမှာ ပေါ်ပေါက်နေတာက ဦးကျော်မြင့်က မြန်မာနိုင်ငံသားမဟုတ်ဘူး။ တရုတ်ပတ်စပို့စ် ကိုင် ဆောင်ပြီး၊ ကနေဒါကနေ တရုတ်ကိုလာတယ်။ အဲဒီကနေမှ မူဆယ်ဝင်ပေါက်ကနေ ဝင်လာတယ်လို့ သိရတာပေါ့။ နိုင်ငံခြားသားလို့ သူ့ကို မှတ်ယူမယ်ဆိုလို့ရှိရင် နိုင်ငံခြားသားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဥပဒေရော၊ နည်းဥပ ဒေတွေရော တော်တော်လေး တိတိကျကျ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိပါတယ်။

နိုင်ငံခြားသားရော၊ နိုင်ငံသားတွေနဲ့ရော ပတ်သက်ပြီး အရေးကြီးတဲ့ တည်ဆဲဥပဒေ ၃ ခုရှိပါတယ်။ တခုက ၁၉၄၀ ပြည်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ။ နောက်တခုက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ နောက်တခုက ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေဆိုပြီး ဒီဥပဒေတွေ က လူဝင်မှုကြီးကြပ် ရေးနဲ့ ပတ်သက်ပြီး အားလုံးလိုက်နာရမယ့် ဥပဒေပြဋ္ဌာန်းပေးထားတာ။ သံတမန်တွေနဲ့ အစိုးရက ခွင့်ပြုထားတဲ့ ကျွမ်းကျင် ပညာရှင်တွေ မပါဘဲနဲ့ အခြားမည်သည့်လမ်းကြောင်းကမဆို ဝင်လာတဲ့ နိုင်ငံခြားသားမဆို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းတွေကို သတင်းပို့ပြီးတော့မှ အဲဒီက ခွင့်ပြုချက်မရဘဲ ဝင်ရောက် လာလို့မရဘူး။ ဒီဥပဒေမှာပဲ ဝင်ရောက်လာတဲ့ မည်သည့် နိုင်ငံခြားသားမဆို သင်္ကာမကင်းရှိတယ်ဆိုရင် တရားသူ ကြီးရဲ့ ဖမ်းဝရမ်းမပါဘဲနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိ က သော်လည်းကောင်း၊ ရဲတရာရှိ တဦးဦးက သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်စစ်ဆေးနိုင်တဲ့ အခွင့်အာဏာ ပေးထားပါတယ်။

နောက်တခုက နိုင်ငံခြားသားမှန်ရင် သူတည်းခိုနေထိုင်တဲ့ နေရာကနေ သတင်းပို့ရတယ်။ ဒါကို ပျက်ကွက်ခဲ့တယ် ဆိုရင် နိုင်ငံခြားသားရော၊ သူတည်းခိုတာကို သတင်းပို့ဖို့ အသိပေးဖို့၊ ထိမ်ချန်ထားခဲ့တဲ့သူတွေပါ ၃ နှစ်အထိ ထောင်ဒဏ်(သို့) ငွေဒဏ်(သို့) ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါက သူ့ကိုနိုင်ငံခြားသားလို့ သတ်မှတ်ရင် သူကျခံရနိုင်တဲ့ ပြစ်ဒဏ်ပေါ့။

လူဝင်မှုကြီးကြပ်ရေး ဥပဒေအရကျတော့ သူ့မှာ မှတ်ပုံတင်ကိုင်ထားတယ်လို့ ပေါ်ပေါက်နေတာပေါ့။ မှတ်ပုံတင်လွဲ နေ တယ်၊ ဒီအလွဲကြီးနဲ့ပဲ UEC( ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) က ခွင့်ပြုပေးထားတယ်။ ဒါလဲ ပေါ်တာပဲ။ မြန်မာ နိုင်ငံသားစိစစ်ရေးကဒ်ကို ကိုင်ဆောင်ထားတယ်ဆိုရင် သူသည် မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ရေး ဥပဒေအရ ငြိစွန်း ပြန်တယ်။ အဲဒီမှာ သူက မမှန်မကန်အချက်အလက်တွေ၊ အရေးကြီးတဲ့အကြောင်းအရာတွေကို လိမ်လည်ဖော်ပြပြီး တော့မှ မှတ်ပုံတင်ကို ထုတ်ယူထားတယ်ဆိုခဲ့ရင် ဒါက နှစ်နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးလည်း ကျခံရ နိုင်တယ်။

ဒါကြောင့် ဘယ်သူ့မှာ တာဝန်ရှိသလဲပြောရရင် အဓိကတော့ ၂၀၁၃-၁၄ မှာ တာဝန်ယူခဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ ဒါတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင်စိစစ်ပြီးတော့ ပြည်သူ ကို ရှင်းလင်းပေးဖို့ ကောင်းတာပေါ့။ 

ပြီးတော့မှ သူ့ကို အဲဒီမှတ်ပုံတင်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ သူတွေဟာလည်း နှစ်နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးလည်း ကျခံရနိုင်တယ်။ ထို့အတူပဲ သူအဲ့ဒီလို ဆောင် ရွက်နေတာကို သိပါလျှက်နဲ့ သတင်း ထိမ်ချန် ထားတယ်၊ သတင်းမပို့သူတွေက ၆ လအထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးကျခံရနိုင်တယ်။

မေး ။      ။ သူနဲ့ပတ်သက်လို့ သီးသန့်အဖွဲ့နဲ့ ဆက်စပ်မှုအားလုံး စစ်နေပြီဆိုတော့ ဘယ်သူတွေမှာ တာဝန်အရှိ ဆုံး ဖြစ်မလဲ။

ဖြေ ။      ။ သူနဲ့ပတ်သက်ပြီး နှစ်ပိုင်းခွဲပြောရမှာပေါ့။ တပိုင်းက ၁၉၆၇-၆၈ လောက်က မြန်မာနိုင်ငံကို ဗကပ အနေနဲ့ ဝင်လာတယ်၊ နောက်ပိုင်း ၁၉၈၉ ငြိမ်းချမ်းရေး ကာလတွေကို ကျော်ဖြတ်ပြီးတော့မှ ရန်ကုန်မှာရောက်တယ်။ မြန်မာ ကျုံယွမ်းကုမ္ပဏီအနေနဲ့ တည်ထောင်ခဲ့တယ်။ ပြီးမှ ၁၉၉၈ မှာ ထောင်ကျသွားတယ်ဆိုတော့ ၁၉၉၈ ရဲ့ ရှေ့ပိုင်းမှာ ရပ်တည်ခဲ့တဲ့ အပိုင်းတပိုင်းပေါ့။ ပြီးတော့မှ တခါ ၂၀၁၃ မှာ တရားမဝင် ဝင်ရောက်လာပြီးတော့ တရုတ်နိုင်ငံ သံအမတ် ကြီးနဲ့ တွေ့ဆုံတယ်။ ၂၀၁၄ ကျ တော့ မြန်မာနိုင်ငံထဲကိုဝင်လာပြီး နေပြည်တော်မှာပဲ အခြေစိုက်ပြီးတော့ အခုထိ ရပ်တည်နေတယ်ပေါ့။ အဲဒီတော့ ၂၀၁၄ ရဲ့နောက်ပိုင်း၊ နှစ်ပိုင်းခွဲပြောရမှာပေါ့။

ပထမကာလမှာ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ ပြောမယ့်ဆိုရင် နအဖ၊ နဝတ တို့ခေတ်ဖြစ်တဲ့အတွက် အဲဒီအစိုးရတွေမှာ တာဝန်ရှိမှာပေါ့။ ဒီဘက်နောက်ပိုင်း ၂၀၁၃-၁၄ မှာ ဝင်လာတယ်ဆိုတော့ လက်ရှိဖြစ်ပေါ်မှုတွေသည် တိုက်ရိုက် သက်ဆိုင် တာ ကတော့ ၂၀၁၃-၁၄ နောက်ပိုင်း သူ့ကိုဖမ်းဆီးမိတဲ့အထိ တာဝန်ယူခဲ့တဲ့ အစိုးရနှစ်ရပ်ပေါ့။ ဦးသိန်းစိန်တာဝန်ယူခဲ့တဲ့ USDP အစိုးရနဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ တာဝန်ယူထားတဲ့ NLD အစိုးရပေါ့။ ဒီအစိုးရနှစ်ရပ်လုံးကတော့ အသီးသီး တာဝန်ရှိမှာပေါ့။ သို့သော် ပိုပြီးအဓိက တာဝန်အရှိဆုံးသူကတော့ သူဝင်လာတုန်းက ရှိခဲ့တဲ့ ဦးသိန်းစိန်အစိုးရပေါ့။

ဘာကြောင့်လဲဆို ကျနော်တို့နိုင်ငံက နိုင်ငံသားဖြစ်မှုရော၊ နိုင်ငံခြားသားတွေ ဝင်ရောက်မှုမှာရော အင်မတန်တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းထားတဲ့ နိုင်ငံတွေထဲမှာပါပါတယ်။ ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေကလည်း ဘယ်နိုင်ငံခြား သားမှ နိုင်ငံအတွင်းမှာ ခိုအောင်းပြီးတော့ နေလို့မရအောင် စေ့စေ့စပ်စပ်ဆောင်ရွက်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ် တယောက် ၂၀၁၃ မှာ ဝင်လာခဲ့တယ်။ မြန်မာနိုင်ငံမှာ တရားဝင်ရုံးစိုက်နေတဲ့ တရုတ်နိုင်ငံသံအမတ်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရတယ်ဆိုတာသည် အဲဒီကာလက နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြည်ထဲရေးဝန်ကြီးဌာနတို့၊ သမ္မတရုံးတို့၊ လူဝင်မှု ကြီးကြပ်ရေးတို့ ဒါတွေက မစိစစ်ခဲ့ကြဘူးလား၊ မသိခဲ့ကြဘူးလား။ သတင်းတပ်ဖွဲ့တို့၊ စရဖ တို့ကရော ဘာလုပ်နေ ခဲ့ ကြသလဲ မေးစရာမေးခွန်းတွေ ပေါ်လာတာပေါ့။

အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအရ အရေးကြီးတယ်လို့ သတ်မှတ်ထားရတဲ့ နိုင်ငံကြီးတွေရဲ့ သံတမန်ကြီးတွေနဲ့ တွေ့ဆုံ မယ်ဆိုရင် ဘယ်သူပဲ တွေ့ဆုံတွေ့ဆုံ အရေးကြီးသော ကိစ္စတရပ်အနေနဲ့ ဖော်ထုတ်ရတဲ့ကိစ္စ၊ ဘာကြောင့် တွေ့ဆုံတာလဲ၊ သူက ဘယ်ကလဲ၊ ဘယ်အကြောင်းအရာတွေ ဆွေးနွေးသလဲ၊ ဒါကနိုင်ငံမှာအရေးကြီးတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ရမှာတွေကို ဘာကြောင့် လစ်ဟင်းခဲ့ကြတာလဲ။ ဒါကတချက်။

သမ္မတရုံးရဲ့ ရှင်းလင်းချက်တွေအရ သူသည်ထောင်ပြေးတယောက်ဖြစ်တယ်။ ထောင်ပြေးတယောက်က နိုင်ငံသား အဖြစ်နဲ့ဖြစ်စေ သူပြန်ဝင်လာရင် နည်းလမ်းနှစ်မျိုးပဲရှိတယ်။ တမျိုးက သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ နောက်တခုက အမည်မဲစာရင်းကနေ ပယ်ဖျက်ပေးတာ။ ဒါပေမယ့် သူသည် ထောင်ကနေ ထွက်ပြေးတဲ့သူဖြစ်တဲ့ အတွက် အဲဒီအချိန်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တို့၊ အမည်မဲစာရင်းကနေ ပယ်ဖျက်ပေးတာတို့ကို ခံစားပိုင်ခွင့်မရှိဘူး။ ဒါကြောင့်မလို့ ဖော်ထုတ် တွေ့ရှိချက်တွေအရ တရားမဝင်လမ်းကြောင်းကနေ ဝင်လာတယ်လို့ တွေ့ရှိရတာပေါ့။ ဒါဖြင့်ရင် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးဥပဒေတို့၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများရဲ့ မှတ်ပုံတင်ရေးဥပဒေတို့လို တင်းကြပ်တဲ့ဥပဒေတွေအရ သူဟာ အထင်ကရမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ဘာကြောင့်နေခွင့်ရသလဲ။ ဘာကြောင့် မှတ်ပုံတင်တွေ ကိုင်ဆောင်ထားခွင့်ရသလဲ။

နောက်တခုက ပါတီပေါ့နော်၊ တိုင်းပြည်ရဲ့ အာဏာသုံးရပ်ထဲက အရေးကြီးဆုံးဖြစ်တဲ့ ဥပဒေပြုရေးအာဏာကို ကိုင်တွယ် အသုံးပြုနိုင်တဲ့၊ တနည်းအားဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်တဲ့ ပါတီတခုကို ဘာကြောင့် ဥက္ကဋ္ဌအဖြစ် တည် ထောင်နိုင် တာလဲ။ သူသည် နိုင်ငံခြားသားဖြစ်နေခဲ့သော် ဒီကိစ္စသည် အင်မတန်ကို အရေးကြီးတဲ့ နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးမှုဖြစ်တဲ့အတွက် ဘာကြောင့် မစိစစ်ခဲ့ကြတာလဲ။

ဒါကြောင့် ဘယ်သူ့မှာ တာဝန်ရှိသလဲပြောရရင် အဓိကတော့ ၂၀၁၃-၁၄ မှာ တာဝန်ယူခဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ ဒါတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင်စိစစ်ပြီးတော့ ပြည်သူ ကို ရှင်းလင်းပေးဖို့ ကောင်းတာပေါ့။ ထို့အတူပဲ တချိန်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ အရင်ကလည်း ရဲချုပ် လုပ်ခဲ့တဲ့သူတို့နဲ့ တောက်လျှောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့က ထဲထဲဝင်ဝင် ရှင်းလင်းဖို့သင့်တာပေါ့။ ဘယ်အပိုင်း၊ ဘယ်သူ့မှာ တာဝန်ရှိသွားတယ်ဆိုတာပေါ့။

နိုင်ငံတော် သမ္မတ က တစုံ တယောက်ကို သူ့ရဲ့အထူးအခွင့် အာဏာအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ဆောင်ရွက်ပေးလို့ ရတယ်ဆိုတဲ့ ပြဌာန်းချက် တခုတော့ ပါတယ်။

အခုက ပါတီထောင်ထားတာဆိုတော့ တော်တော်များများက UEC ကိုမြင်ကြတယ်၊ မစိစစ်ဖူးလားပေါ့။ အရင် UEC တွေမှာ ဦးသိန်းစိုးရှိတယ်၊ ဦးတင်အေးရှိတယ်။ UEC ကတော့ ဝန်ထမ်းအင်အားလည်း မလုံလောက်ဘူး၊ စိစစ်နိုင်တဲ့ အင်အား လည်း မရှိဘူး။ စိစစ်ဖို့အတွက် ပြည်ထဲရေးပဲတာဝန်ပေးရတာ။ ပြည်ထဲရေးကနေမှ သတင်းတပ်ဖွဲ့တို့၊ CID တို့ ကတဆင့် စိစစ်လာတာကိုပဲ UEC ကအတည်ပြုပြီးတော့မှ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တကယ်တမ်းပြောရရင် UEC မှာ တိုက်ရိုက် တာဝန်မရှိဘူး။ ဦးဇော်ဌေးရဲ့ ရှင်းလင်းပွဲမှာတော့ UEC ကနေ ဒါနဲ့ ပတ်သက်ပြီး စိစစ်ပြီးတော့ ပေးပါလို့ သမ္မတ ရုံးကို တင်ပြတယ်ဆိုတဲ့အတွက် ဘာမှ ဆက်မလုပ်ဘူးဆိုရင်တော့ သူလည်း တာဝန်တော့ ရှိလာမှာပေါ့။

သူကိုယ်တိုင်က တင်ပြလို့ စိစစ်မှုတွေ လုပ်ရတယ်ဆိုတဲ့အတွက် ဥပဒေအမြင်မှာပေါ့ UEC အနေနဲ့ သူ့အပိုင်းသူ သေသေ ချာချာ ဆောင်ရွက် သွားတဲ့အတွက် UEC မှာတော့ တာဝန်မရှိဘူး။ ခုနတုန်းကပြောတဲ့ ၂၀၁၅ ရှေ့ပိုင်းမှာ တာဝန်ယူခဲ့တဲ့ USDP အစိုးရမှာ တာဝန်ရှိတယ်။ အဲဒီနောက် သူ့ကိုဖမ်းမိတဲ့အထိ တာဝန်ယူခဲ့တဲ့ ရဲချုပ်တို့၊ သတင်းတပ်ဖွဲ့တို့၊ စရဖ တို့ ၊ ပြည်ထဲရေးတို့မှာတော့ တာဝန်ရှိတာပေါ့။ ဒါတွေက ဖြေးဖြေးချင်း စိစစ် ဖော်ထုတ်တဲ့အခါမှာတော့ ပေါ်ပေါက်လာမှာပါ။

မေး ။        ။ ၂၀၁၄ ခုနှစ်မှာ ပြန်ဝင်လာတုန်းကလည်း ဦးကျော်မြင့် တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့်(Border Pass)နဲ့ ဝင်လာတာလို့ပြောပါတယ်။ ဒါကလည်း ဌာနတခုကနေ တရားဝင်ထုတ်ပေးခဲ့တဲ့ အထောက်အထားတခု ပေါ့။

ဖြေ ။        ။ ခုနကပြောတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမှာပါတယ်။ ဥပဒေမှာတော့ အခွင့်အာဏာပိုင်တဲ့သူတွေက ဥပဒေနဲ့ အညီ မဟုတ်ဘဲနဲ့တော့ ထုတ်ပေးလို့မရဘူး။ ဒါပေမယ့် သူ့အထဲမှာ ပြဌာန်းချက်တခုပါတယ်။ နိုင်ငံတော် သမ္မတ က တစုံ တယောက်ကို သူ့ရဲ့အထူးအခွင့် အာဏာအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ဆောင်ရွက်ပေးလို့ ရတယ်ဆိုတဲ့ ပြဌာန်းချက် တခုတော့ ပါတယ်။

သို့သော်လည်း ဦးဇော်ဌေးရဲ့ ရှင်းလင်းချက်အရ သမ္မတကလည်း ဒါတွေကို ဆောင်ရွက်ထားတာ မရှိဘူးလို့ ပြောထားတဲ့အတွက် သူဘယ်လိုကျော်ဖြတ်လာခဲ့လဲ။ ဘယ်သူက သူ့ကို ခွင့်ပြုလိုက်သလဲ။ ဒါတွေကတော့ အဲဒီ ကာလမှာ တာဝန်ယူခဲ့တဲ့ ဦးခင်ရီလို ပုဂ္ဂိုလ်တွေနဲ့ လက်ရှိတာဝန်ယူထားတဲ့သူတွေ သေသေချာချာ စနစ်တကျ ဖော်ထုတ် ရင် ပေါ်မယ်လို့ ထင်ပါတယ်။

အဖမ်းမခံရခင် UDP ပါတီ ရုံးချုပ်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ

ပြောမယ်ဆိုရင်တော့ လက်ရှိ အခြေအနေတွေအရ ဥပဒေမဲ့ ဝင်ရောက်လာတယ်လို့ပဲ ကျနော် တို့က ပြောနိုင်တာပေါ့၊ ဥပဒေနဲ့ အညီတော့ မဟုတ်ဘူး။ ဒါကို ဝင်ရောက်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း အဆင့်ဆင့်ကတော့ သင့်လျော်တဲ့ ပြစ်မှုအလိုက် ပြစ်ဒဏ်တွေ ကျခံကြရမှာပေါ့။

မေး ။        ။ ဦးကျော်မြင့် ထောင်ကထွက်ပြေစဉ်ကလည်း လုံခြုံရေးစည်း ကျိုးပေါက်မှုအဖြစ် သုံးသပ်ချက်တွေရှိ ထားတော့ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေမှာ အားနည်းချက်ရှိခဲ့တာလား။

ဖြေ ။        ။ ထွက်ပြေးစဉ်ကတော့ အပိုင်းခွဲပြောရရင် သူက ထောင်ကိုရောက်လာခဲ့တယ်၊ ထောင်ကနေမှ မန္တလေး ဆေးရုံကြီးကို ရောဂါတခုကုသဖို့ တက်သွားတယ်ပေါ့။ အဲဒီတုန်းကတော့ ထောင်ရဲ့ဆေးရုံ တာဝန်ခံ ဆေးရုံအုပ်ကြီး ကတော့ ဒေါက်တာဦးအောင်သန်းပေါ့။ ဒုတိယဆေးရုံအုပ်ကြီးကတော့ ဒေါက်တာမျိုးဆွေပေါ့။ ထောင်ပိုင်ကြီးက ဦးထွန်း အောင်ကျော်၊ ဒုထောင်တာဝန်ခံ အရာရှိကတော့ ဦးထွန်းလတ်စိန်ပေါ့။ မြို့နယ်(သို့) တိုင်းအဆင့် ဆေးရုံကြီးတွေရှိတဲ့ နေရာတိုင်းမှာ ဆေးရုံကို သွားရပြီဆိုရင် ဆေးရုံမှာရှိနေတဲ့ ရဲတပ်ဖွဲ့ ထိန်းသိမ်းအုပ်ချုပ်မှု အောက်မှာရှိနေတဲ့ ရဲအချုပ်ကို လွှဲပေးရတယ်။ လွှဲပေးပြီးရင် သူ့ရဲ့ လုံခြုံရေးသည် ရဲက အပြည့်အဝတာဝန်ယူရ တယ်။

အကျဉ်းဦးစီးအနေနဲ့ကျတော့ မိမိဆီမှာ ချုပ်နှောင်ထားတဲ့ အကျဉ်းသားတယောက်ဖြစ်တဲ့အတွက် တနေ့ကို အ နည်းဆုံး ၂ ကြိမ်၊ ကျန်းမာရေး၊ လုံခြုံရေးအခြေအနေကို သွားစစ်ပြီးတော့မှ အစီအရင်ခံ တင်ပြရတာပေါ့။ အခု လုံခြုံရေး ကျိုးပေါက် သွားတာက အကျဉ်းထောင်အပိုင်းက မဟုတ်ဘူး။ တာဝန်ကျတဲ့ ရဲတပ်ဖွဲကို စည်းရုံးသိမ်းသွင်းပြီးတော့ သူနဲ့အတူ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပါ ထွက်ပြေးသွားတာ။ ပြောမယ်ဆိုရင် အဲဒီကာလကရှိတဲ့ ရဲဌာနနဲ့လည်း ဆိုင်သလား၊ ရဲတပ်ဖွဲ့နဲ့ ဆိုင်သ လား ဆိုရင် ရဲတပ်ဖွဲ့နဲ့လည်း မဆိုင်ဘူး။ တဦးချင်းရဲ့ တာဝန်မဲ့မှု ၊ သစ္စာမဲ့မှုပေါ့နော်။ ဒီပုဂ္ဂိုလ်တွေကိုလည်း အရေးယူ အပြစ်ပေးခဲ့ပြီဖြစ်ပါတယ်။

အကျဉ်းထောင်အနေနဲ့ကျတော့ ကိုအေးချမ်းက သူကအဲဒီနေ့မှာ တာဝန်မှူးကျတယ်။ သွားတော့စစ်တယ်။ မနက်ပိုင်း သွားစစ်တဲ့အချိန်မှာတွေ့တယ်။ ညနေပိုင်း သူမစစ်ဆေးခင်မှာ ထွက်ပြေးသွားတယ်။ သူမစစ်ဆေးခင်မှာ ထွက်ပြေးသွား တယ်ဆိုတာကို ရဲတပ်ဖွဲ့က သိသွားတဲ့အတွက် သူကတော့ တာဝန်ပေါ့လျော့တယ်ဆိုပြီးတော့မှ သူလည်း ၉ နှစ်ကျ ခံခဲ့ရတာပေါ့။

မေး ။        ။ နောက်တခုကတော့ သူ့ရဲ့ငွေကြေးပိုင်ဆိုင်မှု အပိုင်းပေါ့၊ ဒီမှာ ပါတီအတွက် တော်တော်သုံးထားပြီး စုစုပေါင်း ကလည်း ကျပ် ၂၃ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီငွေတွေကို စုံစမ်းစစ်ဆေးရာမှာ တရားမဝင်မှု တွေ ပေါ်ပေါက်ခဲ့ ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။

ဖြေ ။        ။ သူ့ရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ဘာနဲ့ချိတ်ဆက်နေသလဲဆိုတော့ သူ့ရဲ့နှင်းဆီပါတီပေါ့။ ပါတီတရပ် တည် ထောင် မယ်ဆိုရင် အသုံးစရိတ်တွေအတွက် ရန်ပုံငွေတွေရှိရမယ်။ ဒါတွေဘယ်ကနေ ရှာကြံမလဲဆိုတာသည် ပါတီတွေမှာ ရှိရမှာပေါ့။ နှင်းဆီပါတီကတော့ မီဒီယာတွေမှာ ဖော်ပြထားချက်အရ ပါတီဆိုတာသည် သူ့ကိုယ်ပိုင် တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခု သဘောမျိုးပဲ ဖြစ်နေတာပေါ့။ နိုင်ငံရေးအစုအဖွဲ့၊ အင်အားစုတခုလို မဟုတ်ဘဲနဲ့ ကုမ္ပဏီတခုလို သူ့ငွေနဲ့ ပဲ လည်ပတ်တယ်၊ သူ့ငွေနဲ့ပဲ အလုပ်တွေလုပ်တယ်ဆိုတဲ့အခါကျတော့ နှစ်ချက်ပေါ့။ တချက်က ဒီငွေတွေ ဘယ်လို စီးဝင်လာသလဲ၊ ဝင်ငွေရလမ်း ဘယ်လိုဖော်ပြနိုင်သလဲ အသေးစိတ်စိစစ်ဖို့ လိုတာပေါ့။

ဝင်ငွေရလမ်းကတော့ ပထမပိုင်းကြည့်မယ်ဆိုရင် ၁၉၉-၉၈ ကာလတုန်းက မြန်မာကျုံယွမ်၊ ငွေကြေးလုပ်ငန်း သူ လုပ် တယ်။ အဲဒီကာလမှာ မှီခဲ့တဲ့ အနုပညာရှင်တွေ၊ အလတ်တန်းစား ဝန်ထမ်းတွေ၊ ရဟန်းတွေ၊ သီလရှင်တွေ အကုန်လုံး နီးပါးလောက် မြန်မာကျုံယွမ်ကြောင့် ပျက်စီးသွားတယ်။ နည်းတာနဲ့ များတာပဲရှိတယ်။ တော်တော်များများ ပါသွားတယ်။ နောက်ပိုင်း ကုမ္ပဏီကို ဖျက်သိမ်းပြီးတော့ တချို့လည်း မြေကွက်တွေ ပေးတာတို့ရှိပေမယ့် တကယ်တမ်း မရလိုက်ကြဘူး။ တော်တော်များများကဖြစ်သွားတော့။ အဲဒီတုန်းက ငွေကြေးရှင်းလင်းမှုကရော ဘယ်လောက်ပမာဏ သူ့မှာ ရရှိသွား သလဲ။ဒါလေးတချက်ရှိမယ်။

အဲဒီနောက်ပိုင်းကျတော့ အခုဖော်ထုတ်ရရှိထားတဲ့ အချက်တွေအရ သူ့ရဲ့ လည်ပတ်နေတဲ့ မြန်မာကျော် ကုမ္ပဏီဆို တာ တကယ်တမ်းပြောရရင် စီးပွားရေးအင်အား ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတွေလို မဟုတ်ဘူး။ မြန်မာကျော် ဆိုတာက သူ့ရဲ့ အမှုဖြစ်စဉ် ပေါ်ပေါက်လာတော့မှပဲ တချို့က သိကြတာ။ သူနဲ့ ဆက်စပ်နေတဲ့ အသိုင်းအဝိုင်းလောက်ပဲ သိတော့ ဒီကုမ္ပဏီတွေက ဒီလောက်ငွေပမာဏတွေ၊ အရောင်းအဝယ်တွေ ဖြစ်နိုင်သလား။ ကုမ္ပဏီများ နည်းဥပဒေအရ လည်း ပြန်စိစစ်ဖို့လိုတာပေါ့။ ကုမ္ပဏီတည်ထောင်ထားတယ်ဆိုရင် ၃ လတကြိမ် ငွေ အဝင်အထွက် မှတ်တမ်းတွေကို ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို တင်ပြပေးရတယ်။ ဒါတွေက အသေးစိတ် လုပ်ရတဲ့ လုပ်ငန်းတွေဖြစ်ပြီး အဲဒါတွေ မှာရော အရင်က ပေါ်ပေါက်ခဲ့သလား။ ဒါမျိုးတွေ စိစစ်လိုက်မယ်ဆိုရင် တော့ ပေါ်ပေါက်လာမယ်လို့ ကျနော်မြင်ပါတယ်။

သို့သော် ငွေပမာဏကတော့ ခန့်မှန်းထားတာ၊ ဖြစ်သင့်ဖြစ် ထိုက်တာထက် များနေတဲ့အတွက် သာမန်ကုမ္ပဏီတခုရဲ့ လည်ပတ်မှုနဲ့စာရင် များလွန်းနေတဲ့အတွက် ဝင်ငွေရ လမ်း ဖော်ထုတ်နိုင်ဖို့ လိုတယ်။ သူ့ရဲ့ ဝင်ငွေရလမ်းသည် ငွေဖြူ မဟုတ်ဘဲ အခြားဝင်ပေါက်တခုခုက ဆိုခဲ့ရင်တော့ သူတည်ထောင်ထားတဲ့ UDP ပါတီရဲ့ ရပ်တည်မှုကို သွားပြီးတော့ ထိခိုက်နိုင်စရာ အကြောင်းရှိပါတယ်။

မေး ။      ။ ပိုင်ဆိုင်မှုတွေ၊ ပါတီအတွက်သုံးစွဲမှုတွေက ဝင်ငွေရလမ်း မဖော်နိုင်ရင် ပါတီရဲ့ ရပ်တည်မှုကို ထိခိုက် နိုင်တဲ့ အခြေအနေရှိသလား။

ဖြေ ။      ။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နောက်တခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ အခြေခံဥပဒေတို့မှာလည်း ပြဌာန်းထားတယ်။ ပါတီ(သို့) လွှတ်တော်ကိုယ်စားလှယ် တဦး ဦးဟာ နိုင်ငံခြားက ပုဂ္ဂိုလ်တဦးဦး၊ အဖွဲ့အစည်းတခုခု၊ ဘာသာရေးအဖွဲ့အစည်းတခုခုရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေသည် အရည်အချင်းမမီတဲ့အတွက် ပါတီကို ဖျက်သိမ်းရမယ်ဆိုပြီး တော့ ပြဌာန်းချက်တွေ ရှိတယ်။ အခု UDP ပါတီရဲ့ ထူးခြားချက်ကျတော့ သူသည် ပါတီလို့သာ မှတ်ပုံတင်ထားတာ၊ တကယ်တမ်းက ကုမ္ပဏီ ဆန်ဆန် လုပ်ငန်းမျိုးပဲရှိတယ်။

သူ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ စည်းဝေးဆုံး ဖြတ်ကြတာ၊ ပါတီလုပ်ငန်းတွေ ညှိနှိုင်း ဆောင်ရွက်ကြတာ သိပ်မတွေ့ ရဘဲ တဦးတည်းရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ပဲ ဆောင်ရွက်တာမျိုး ဆိုတဲ့အတွက် သူပိုင်ဆိုင်တဲ့ ငွေတွေက တရားဝင် ငွေဖြူမဟုတ်ဘဲနဲ့ ငွေမဲတွေ ဖြစ်ခဲ့မယ် ဆိုရင်တော့ UDP ပါတီရဲ့ ရပ်တည်ချက် အတွက် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးရမယ့် အနေအထား တော့ ရှိပါတယ်။ ဒါကြောင့်လည်းပဲ UEC ကနေ နိုင်ငံတော်သမ္မတရုံးကို ဒါတွေ စိစစ်ပေးဖို့ တင်ပြတာလို့ မြင်ပါတယ်။

မန္တလေးမြို့တွင် တရားရုံးထုတ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မေး ။        ။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော ဘယ်လောက်အထိ ဆောင်ရွက်မယ်လို့ ထင်မြင်ပါသလဲ။

ဖြေ ။        ။ ရွေးကောက်ပွဲ အင်မတန်နီးကပ်နေတဲ့အချိန်မှာ နိုင်ငံသားတွေရော၊ ယှဉ်ပြိုင်မယ့် ပါတီအသီးသီးရော ဒီအပေါ်မှာ စိုးရိမ်မှုရှိတယ်။ ဒါဟာ မှန်မှန်ကန်ကန်ရပ်တည်တဲ့ နိုင်ငံသားတွေနဲ့ စုဖွဲ့ထားတဲ့ပါတီလား၊ တခြား နိုင်ငံ တခုခုရဲ့ ပရောဂနဲ့ ဩဇာလွှမ်းမိုးမှုနဲ့ အထောက်အပံ့ခံပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ကြံရွယ် ချက်နဲ့ ဖွဲ့စည်းထားတဲ့ ပါတီတခုလားဆိုတာ အင်မတန် စိုးရိမ်သောက ရှိပါတယ်။

တပြိုင်နက်ထဲမှာ ထောင်ပြေးမှုနဲ့ ပါတီ ဥက္ကဋ္ဌက အကျဉ်းထောင်ထဲ ရောက်နေပေမယ့် UDP ပါတီက ရပ်ဆိုင်းမသွားသေးဘဲနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေကို မြင်တွေ့နေရတာကိုပဲ မဲဆန္ဒရှင်တွေအနေနဲ့ တော်တော်လေး စိုးရိမ်ကြောင့်ကြမှုရှိတယ်။ UEC အနေနဲ့ရော ဘာဆက်လုပ်မလဲ။ လက်ရှိအခြေအနေမှာ ဘယ်လောက်ပေါ်ပေါက်နေပြီလဲ၊ ဘာတွေဆက်လုပ်နေလဲ ရှင်းပြဖို့ လိုသလို၊ နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးကလည်း ရှင်းပြဖို့ လိုပါတယ်။

လိုတယ်ဆိုတာက UDP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်ရမှာလား၊ မရဘူးလား။ သူတို့ပါတီရဲ့ ကိုယ် စားလှယ်တွေရော၊ ပါတီဝင်တွေရော ဒီအပေါ်မှာ အများကြီးမျှော်လင့်မှုရှိမှာပေါ့နော်။ စည်းရုံးလှုပ်ရှားခွင့်တွေ ပေးခဲ့ပြီးမှ ကပ်ပြီးတော့မှ ပါတီဖျက်သိမ်းလိုက်တယ်ဆိုရင် ကိုယ်စားလှယ်တွေရော၊ ပါတီဝင်တွေရော နစ်နာမှုရှိသလို ရှင်းရှင်း လင်းလင်း မပေါ်ပေါက်သေးဘဲ ဝင်ပြိုင်ခွင့်ပေးလိုက်မယ်ဆိုရင် သူတို့က အတိုင်းအတာတရပ်အထိ ရွေး ချယ်ခံရပြီးတဲ့ နောက်မှ စစ်ဆေးပေါ်ပေါက်ချက်တွေ ပေါ်လာပြီးမှ ပါတီဖျက်သိမ်းမယ်ဆိုရင် အခြားဝင်ရွေးမယ့် ပါတီတွေအတွက် ရမယ့် မဲတွေ ဆုံးရှုံးမှုဖြစ်မယ်။ အကျိုးသက်ရောက်မှုတွေ အများကြီးဖြစ်မယ်။ ဒါကြောင့် UEC အနေနဲ့ ဒီအချိန်ပေါ့။

ရွေးကောက်ပွဲမစခင် ၁၅ ရက်လောက်မှာ UDP ပါတီနဲ့ ပတ်သက်တဲ့ စိစစ်ပေါ်ပေါက်ချက်တွေ၊ ဆောင်ရွက်နေတာတွေ၊ ရှေ့ဆက်ပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာတွေကို မဲဆန္ဒရှင်တွေကိုရော ဝင်ပြိုင် ကြမယ့် ပါတီအသီးသီးကိုရော ရှင်းလင်း အသိပေးဖို့ လိုအပ်ပါတယ်။

မေး ။        ။ မြန်မာကျုံယွမ် ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး သိရှိ၊ ကြုံတွေ့ခဲ့ရတာ ရှိသလဲ။

ဖြေ ။        ။ ပြောရရင် မြန်မာကျုံယွမ်ကုမ္ပဏီကြောင့် ကျနော်တို့တောင် နစ်နာခဲ့တယ်၊ ကျနော်က အဲဒီတုန်းက မန္တလေး မှာ ထောင်မှူးကြီးပေါ့။ သူကလည်ပတ်ပြီးတော့ ၃ လလောက်နေတဲ့အခါမှာ အခြားအရာရှိတွေရော၊ အခြားမိတ်ဆွေ တွေရော ဒီအပေါ်မှာ အကျိုးအမြတ်တွေရကြတယ်။

သူက ငွေ ၁၀၀ အပေါ်မှာ ၇ ရာခိုင်နှုန်းနဲ့ အတိုးနှုန်း ပေးတယ်။ ပြီးရင် လစဉ် လဆန်း ၅ ရက်နေ့တိုင်းမှာ အတိုးကို မပျက်မကွက်ထည့်ပေးတယ်။ သူက တစု ကို ၂ သိန်း၊ အနည်းဆုံး တစုဝင်ရ မယ်ပေါ့။ ဝင်ပြီးလို့ တနှစ်ပြည့်ရင် ကိုယ့်အစုတွေ ကိုပြန်ထုတ်လို့ရတယ်။ မထုတ်မချင်းက အတိုးနှုန်း အနည်းဆုံး ၁၄၀၀၀ ကို သူ့ရုံးခွဲတွေမှာ သွားပြီးထုတ်လို့ရတယ်။ ကျနော်တို့ဆို အရာရှိ ဖြစ်တဲ့အတွက် ရုံးခွဲက တိုက်ရိုက် ဆိုင်ကယ်နဲ့ လာပြီး ပေးတယ်။ ကျနော်က အဲဒီတုန်းက တချို့အစုလေးတွေထည့်ထားတယ်။ သတ်မှတ်တဲ့နှုန်းထား အတိုင်းလည်း ရခဲ့တယ်။ ပြဿနာမပေါ်ခင် အစောပိုင်းမှာ ထည့်ခဲ့တဲ့အတွက် ကိုယ့်ထည့်တဲ့ အစုနီးပါးလောက် အတိုးပြန်ရခဲ့တဲ့အတွက် အများကြီး မဆုံးရှုံးခဲ့ဘူး။

တချို့ကျတော့ တော်တော်များများ စထည့်တဲ့အချိန်မှာ ဒါကြီးပျက်သွားတော့ ဆုံးရှုံးခဲ့ကြတာရှိတယ်။ ပြောရင်တော့ မြန်မာ နိုင်ငံမှာ လူလတ်တန်းစား ဝန်ထမ်းတွေအတွက် ဝင်ငွေရပေါက်တခုအနေနဲ့ ဆွဲဆောင်နိုင်ခဲ့တဲ့အထဲမှာ မြန်မာ ကျုံယွမ် အစောဆုံးပဲ။ လူထုရဲ့စိတ်ဝင်စားမှုလည်း အများကြီးရှိတယ်။ ထည့်ဝင်ကြတဲ့ ငွေပမာဏတွေလည်း တော်တော်ကို များ တယ်။ ကျနော့် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ငွေပိုငွေလျှံရှိတဲ့သူ မှန်သမျှ မြန်မာကျုံယွမ် ကို ထည့်တယ်။ ဆယ်စု လောက် ထည့်ထားတဲ့သူက တလ တသိန်းလေးသောင်းလောက်ရတယ်၊ အဲဒီအချိန်တုန်း က ကိုယ့်လစာငွေရဲ့  ၃ ဆလောက် ရနေတာ ဖြစ်တဲ့အတွက် တော်တော်များများထည့်ကြတယ်။ အဲဒီမှာ ပင်စင်စား တွေရော တော်တော်များများ ထိခိုက်ခဲ့ ကြရတာကိုတော့ ကိုယ်တိုင်ကြုံခဲ့ရပါတယ်။

မန္တလေးမြို့တွင် တရားရုံးထုတ်ခဲ့သည့် နှင်းဆီ ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မေး ။        ။ ဦးကျော်မြင့် အမှုကိစ္စနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ ။        ။ လက်ရှိကတော့ ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းတွေလုပ်နေတယ်။ အရင်ကတော့ အကျဉ်းထောင်အရာရှိ အနေနဲ့ လုပ်ခဲ့တဲ့အခါကျတော့ အများမမြင်တဲ့ စိုးရိမ်ပူပန်မှုလေးတခုတော့ရှိတယ်။ အကယ်၍ ဦးကျော်မြင့်က သာမန်ပုဂ္ဂိုလ် တယောက်၊ တဦးတည်းရဲ့ ဆောင်ရွက်ချက်ကြောင့် ဒီဖြစ်စဉ်တွေ ဖြစ်လာခဲ့တယ်ဆိုရင် စိုးရိမ်စရာ မရှိဘူး။

သို့သော် သူသည် နိုင်ငံရေးရည်ရွယ်ချက် တရပ်ရပ်အရ၊ နိုင်ငံခြားတိုင်းပြည်တခုရဲ့ သူလျှိုအနေနဲ့ မြန်မာနိုင်ငံရဲ့ အ ချုပ်အခြာ အာဏာကို တနည်းနည်းနဲ့ ထိပါးဖို့၊ နှောက်ယှက်ဖို့၊ ဒီပါတီကြီးတည်ထောင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်များ ဆိုခဲ့ရင် ခုချိန်မှာ သူက နောက်ထပ်ထောင်ပြေးမှုနဲ့ကျမယ်။ အရင်ပြစ်မှုလက်ကျန်တွေလည်း ကျခံရမယ်ဆိုတဲ့အတွက် သူ့ကို ဆက်လက်သုံးစွဲနိုင်မယ့်လမ်းက မရှိတော့ဘူး။ ဒါဆိုရင် သွားမယ့်လမ်းက လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ အနီးကပ်ထိန်းသိမ်းခဲ့ရတဲ့ နိုင်ငံခြားက အဲဒီလိုပုဂ္ဂိုလ်တွေရှိခဲ့တယ်။ ဥပမာအားဖြင့် ချန်ဒူးဝမ်ကို လုပ်ကြံခဲ့တဲ့ ကိုရီးယားတွေပေါ့။ ဘိန်းနဲ့ပတ်သက်လို့ အင်မတန်နာမည်ကြီးခဲ့တဲ့ သူတွေရှိတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေက ထောင်ထဲရောက်ရင် သူတို့လုပ်ကြံခံရမှာ အကြောက်ဆုံးပဲ။ အစားအစာ ဆိုလည်း သူတို့ကို တာဝန်မှူးတွေကိုယ်တိုင် စစ်ဆေးပြီးမှ ကျွေးရတယ်။ သူတို့ကိုယ်တိုင်ကလည်း တောင်းဆိုတယ်။ သူတို့အိမ်တွေကလည်း ဘာပို့ပို့ သူတို့ လက်မခံဘူး။

ဒါကြောင့် ပထမရုံးထုတ်တုန်းကဆို ကျနော့်ရဲ့ ထောင်အတွေ့အကြုံအရ တော်တော်လေးစိုးရိမ်ပါတယ်။ ဒုတိယ အကြိမ် မှာတော့ အင်တာနက် ဗီဒီယိုဖုန်းခေါ်ပြီး ပုံမှန်နဲ့ပဲ ပြောင်းလဲလိုက်တာ တော်တော်လေး ဝမ်းသာတယ်။ ဆိုလိုတာက သူနဲ့ပတ်သက်သမျှ ဖြစ်စဉ်တွေအကုန်လုံးကို အမှန်အတိုင်း မဖော်ထုတ်နိုင်ခင်အထိပေါ့၊ ဖော်ထုတ် နိုင်ခဲ့လို သာမန် ဖြစ်ရိုးဖြစ်စဉ်ဆိုရင်တော့ ကိစ္စမရှိဘူး၊ အခြား ပရောဂတွေပါနေတယ်ဆိုရင်တော့ သူ့အတွက် လုံခြုံရေးပိုင်းဆိုင်ရာကို တော်တော်လေး ဂရုတစိုက်လုပ်ဖို့ လိုလိမ့်မယ်လို့မြင်ပါတယ်။

You may also like these stories:

နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

The post လုပ်ကြံခံရနိုင်တဲ့ လမ်းပဲရှိတော့တယ် appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား https://burma.irrawaddy.com/news/2020/10/10/231373.html Sat, 10 Oct 2020 08:03:57 +0000 https://burma.irrawaddy.com/?p=231373 နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ထံမှ နံပတ်နှင့်အမည် မှားယွင်းနေသည့် မှတ်ပုံတင်နှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံရှိနေသည်ကို ကနဦးတွေ့ရှိထား

The post နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား appeared first on ဧရာဝတီ.

]]>
နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွာဟူထံမှ နံပတ်နှင့် အမည် မှားယွင်းနေသည့် မှတ်ပုံတင်နှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံရှိနေသည်ကို ကနဦးတွေ့ရှိထားကြောင်း သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးကျော်မြင့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်ထုတ်ပေးထားမှု၊ ငွေကြေးပိုင်ဆိုင်လည်ပတ်မှုနှင့် လှုပ်ရှားမှုများအား သီးသန့်အဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ၎င်းအားဖမ်းဆီးသည့် ညပိုင်းတွင်ပင် ကျပ်သိန်းတသောင်းကျော် ချက်လက်မှတ်ဖြင့် ထုတ်ယူမှုအား အချိန်မီသိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဦးဇော်ဌေးက “တွေ့ရှိတဲ့အထဲမှာ အမေရိကန်ဒေါ်လာ အတော်များများ ပါနေတာတွေ့ရတယ်။ ပါတီအတွက် သုံး နေတဲ့ငွေကြေးတွေက အများကြီးဖြစ်နေတယ်၊ အဲ့တော့ ဒီဟာတွေရဲ့ ဝင်ငွေရလမ်းက ဘယ်ကရလဲ၊ သူ့ရဲ့တရား ဝင်ဖော်ပြထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီလိုတွေဝင်သလား၊ ဝင်တဲ့အခါမှာလည်း ဘယ်ကဝင်လာတဲ့ ငွေတွေလဲ၊ ငွေဖြူလား။ သူ့ရဲ့စီးပွားရေးဆောင်ရွက်ချက်အရ ရရှိလာတဲ့ငွေလား။ ဗဟိုဘဏ်ကနေ စိစစ်နေတယ်”ဟု ပြောသည်။

ဦးကျော်မြင့်သည် ယခင်အစိုးရလက်ထက် ပြစ်ဒဏ်လွတ်ငြိမ်းပေးသူနှင့် Black List မှ ပြုတ်ပယ်ပေးသူစာရင်းတွင် ပါဝင်ခဲ့သူမဟုတ်ဘဲ ၂၀၁၂ ခုနှစ်တွင် ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ရောက်ရှိလာကာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၄ ခုနှစ်တွင် မူဆယ်နယ်စပ်ဂိတ်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်း၏ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း မြန်မာကျော် ငွေရေးကြေးရေး ကုမ္ပဏီလီမိတက်၊ မြန်မာကျော် ရင်းနှီးမြုပ်နှံမှုအဖွဲ့ ကုမ္ပဏီလီမိတက်၊ မြန်မာကျော် အဆင့်မြင့်နည်းပညာ ကုမ္ပဏီလီမိတက် ၊ မြန်မာကျော် ထရိတ်ဒင်း ကုမ္ပဏီလီမိတက်တို့ကို စိစစ်တွေ့ရှိထားသည်။

ဦးကျော်မြင့်သည် ယခင်အစိုးရလက်ထက် ပြစ်ဒဏ်လွတ်ငြိမ်းပေးသူနှင့် Black List မှ ပြုတ်ပယ်ပေးသူစာရင်းတွင် ပါဝင်ခဲ့သူမဟုတ်ဘဲ ၂၀၁၂ ခုနှစ်တွင် ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ရောက်ရှိလာကာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၄ ခုနှစ်တွင် မူဆယ်နယ်စပ်ဂိတ်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့မဝင်ရောက်မီ ၎င်းအနေဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေးနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းခဲ့သည့် လုပ်ငန်းလုပ်ကိုင်ခဲ့ကြောင်းလည်း သိရသည်။

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်နှင့် ပတ်သက်ပြီး သတင်းနှင့်ဆိုရှယ်မီဒီယာများတွင် ဖော်ပြလာသည့်အခါ ရွေးကောက်ပွဲကော်မရှင်ဘက်က အစိုးရထံသို့ စိစစ်ဖော်ထုတ်ပေးရန် စတင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လတ်တလော ကနဦးဖော်ထုတ်တွေ့ရှိချက်များကိုလည်း ကော်မရှင်ထံ ပြန်လည်အသိပေးထားကြောင်း ဦးဇော်ဌေးက ပြောသည်။

ဆက်လက်၍လည်း ၎င်းအား မှတ်ပုံတင်ထုတ်ပေးမှု၊ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်ထုတ်ပေးမှု၊ စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးစီးဆင်းလှည်ပတ်မှုများ၊ ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဆိုသည့်အချက်များအား ဖော်ထုတ်လျှက်ရှိနေပြီး ၎င်းကိုလည်း စစ်မေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ဦးဇော်ဌေးက “ခုလောလောဆယ်မှာတော့ အားလုံးဖော်ထုတ်လို့ မပြီးသေးဘူး။ စိစစ်ဖော်ထုတ်ပြီးတဲ့အခါ ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဦးကျော်မြင့်အား ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ယာရှိ ၎င်း၏နေအိမ်တွင် ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် စက်တင်ဘာ ၂၉ ရက်နေ့ညပိုင်းက ဖမ်းဆီးပြီးနောက် မန္တလေးထောင်သို့ လွှဲပြောင်းခဲ့ပြီး ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် အောက်တိုဘာ ၈ ရက်နေ့က ဒုတိယအကြိမ် ရုံးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အမှုတွင် တရားလိုပြသက်သေအနေဖြင့် ၎င်းထွက်ပြေးစဉ်က အကျဉ်းထောင်တာဝန်ရှိသူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၁၀ ဦး တင်သွင်းထားပြီး တရားလိုများ၏ နေရပ်လိပ်စာများအား အတည်ပြုနိုင်မှု မရှိသေးသည့်အတွက် ပြီးခဲ့သည့် ရုံးချိန်းတွင် ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ အောက်တိုဘာ ၂၀ ရက်အား ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ သည်။

၁၉၉၇ ခုနှစ်တွင် ဦးကျော်မြင့် တည်ထောင်ခဲ့သည့် မြန်မာကျုံယွမ်းကုမ္ပဏီအား အစိုးရက အမည်ပျက်စာရင်းသွင်း ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် ၎င်းအား ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့ပြီး တနှစ်ခန့်အကြာ ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မန္တလေးအကျဉ်းထောင်မှ ကျန်းမာရေးအကြောင်းပြချက် ဖြင့် အပြင်ဆေးရုံကြီးသို့ သွားရောက်ပြသစဉ် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

ယင်းသို့ ကနေဒါနိုင်ငံတွင် ရှိနေစဉ် ၎င်းအနေဖြင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)အား ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်ခဲ့ရာ အမှတ်စဉ် ၁၆ ဖြင့် ပါတီမှတ်ပုံတင် ရရှိခဲ့သည်။

ထွက်ပြေးလွှတ်မြောက်ပြီးနောက် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် နေထိုင်ခဲ့ပြီး ကုမ္ပဏီပိုင်းဆိုင်ရာ အမှု ဖြစ်ပွားခဲ့ရာတွင် ကနေဒါတရားရုံးတခုက ၎င်းအား ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယင်းသို့ ကနေဒါနိုင်ငံတွင် ရှိနေစဉ် ၎င်းအနေဖြင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)အား ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်ခဲ့ရာ အမှတ်စဉ် ၁၆ ဖြင့် ပါတီမှတ်ပုံတင် ရရှိခဲ့သည်။

နှင်းဆီပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနောက် ကိုယ်စားလှယ်လောင်း ဒုတိယအများ ဆုံး ဝင်ပြိုင်သည့် ပါတီတခုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် UDP ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။

You may also like these stories:

သက်သေ အရှာခက်နေ၍ နှင်းဆီပါတီ ဥက္ကဋ္ဌကို ရုံးမထုတ်ဖြစ်

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

The post နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား appeared first on ဧရာဝတီ.

]]>
မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင် https://burma.irrawaddy.com/election-2020/2020/10/09/231338.html Fri, 09 Oct 2020 12:48:38 +0000 https://burma.irrawaddy.com/?p=231338 ပုံစံ-၃(က)ဖြင့် လျှောက်ထားပါက မူလမဲစာရင်းရှိ မိမိအမည်အား ပယ်ဖျက်ကာ လက်ရှိ လျှောက်ထားသည့် မြို့နယ် မဲစာရင်းတွင် ထည့်သွင်းပေးမည် ဖြစ်ပြီး လက်ရှိနေထိုင်သည့် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးခွင့် ရရှိမည် ဖြစ်သည်။

The post မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင် appeared first on ဧရာဝတီ.

]]>
မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ အနေဖြင့် နေရပ်ပြန်၍ မဲပေးရန် အခက်အခဲရှိပါက လက်ရှိ နေထိုင်သည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွင် ပုံစံ-၁၅ လျှောက်ထားကာ ကြိုတင်မဲ ပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်(UEC) က အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ကြေညာလိုက်သည်။

ပုံစံ-၁၅ ဖြင့် လျှောက်ထားသူသည် မိမိ၏ မူလ မဲစာရင်း တည်ရှိရာ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများအား မဲပေး နိုင်မည် ဖြစ်သည်။

ယင်း အစီအစဉ်အား Covid-19 ကပ်ရောဂါ ကာလအတွင်း အကန့်အသတ်များကြောင့် နေရပ်ပြန်ရန် အခက်တွေ့နေ သူ များ မဲပေးခွင့် မဆုံးရှုံးစေရန် အထူးကိစ္စရပ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း လျှောက်ထားနိုင်သည့် ရက်အကန့် အသတ်နှင့် မည်သည့် ရက်တွင် မဲပေးရမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဒေါ်အိအိမာက “ရက်ကတော့ ကန့်သတ်ထားတာ မပါဘူး။ ပုံစံ-၁၅ လာလျှောက်ရင်တော့ အမြန်ဆုံး အကြောင်းကြားပေးမယ်။ မဲလက်မှတ်တွေ ပြန်ရောက်လာပြီဆိုရင်လည်း လျှောက်ထားသူကို အကြောင်းကြားပေးမယ်။ အဲဒီအခါကျရင် မဲပေးလို့ရပြီပေါ့” ဟု ပြောသည်။

လျှောက်လွှာတင်ရန် ရက်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကတော့ အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အတွင်း ပုံစံ-၁၅ လျှောက်ထားနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

ကြိုတင်မဲအဖြစ် ပုံစံ-၁၅ လျှောက်ထားသည့် လုပ်ငန်းစဉ် အသေးစိတ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းပြန်ကြာရေး အဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသည့်အတွက် ကော် မရှင်အောက်ရှိ ရွေးကောက်ပွဲ ဌာနထံသို့ ထပ်မံ ဆက်သွယ်ခဲ့ရာတွင် ဖြေဆိုခွင့် မပေးထား၍ ဖြေကြားနိုင်ခြင်း မရှိကြောင်း နှင့် သတင်း ပြန်ကြားရေး အဖွဲ့ကိုသာ မေးမြန်ရန် အကြောင်းပြန်ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပတွင် ရက်ပေါင်း ၉၀ နှင့်အထက် ရောက်ရှိနေသူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး မူလက ပုံစံ-၃(က) ဖြင့် လျှောက်ထားရန် UEC က သတ်မှတ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၀ ရက် နောက်ဆုံး လျှောက်ထားရမည် ဖြစ်သည်။

ပုံစံ-၃(က)ဖြင့် လျှောက်ထားပါက မူလမဲစာရင်းရှိ မိမိအမည်အား ပယ်ဖျက်ကာ လက်ရှိ လျှောက်ထားသည့် မြို့နယ် မဲစာ ရင်းတွင် ထည့်သွင်းပေးမည် ဖြစ်ပြီး လက်ရှိနေထိုင်သည့် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးခွင့် ရရှိမည် ဖြစ်သည်။

ယင်းအတွက် နေရပ်ပြန်ရန် အခက်အခဲရှိသူ အချို့အနေဖြင့် မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် ပုံစံ-၃(က)ဖြင့် လျှောက် ထားခဲ့ပြီးသော်လည်း ယခုကဲ့သို့ ပုံစံ-၁၅ ဖြင့် မိမိ မူလ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများအား မဲပေးခွင့် အခွင့်အရေး ထပ်မံပေါ်ပေါက်လာသည့် အတွက် ပုံစံ-၃(က)ဖြင့် လျှောက်ထားခဲ့မှုအား ပယ်ဖျက်ကာ ပုံစံ-၁၅ ဖြင့် ပြန်လည် လျှောက် ထားလိုကြောင်း ပြောကြားမှုများလည်း ရှိလာကြသည်။

“ကျမတို့ မရမ်းကုန်းမှာတော့ ပုံစံ-၃(က)နဲ့ ရပ်ကျေး အဆင့်မှာ လျှောက်ပြီးပေမယ့် မြို့နယ်အဆင့်မှာ စာရင်း မသွင်းရသေး ဘူး။ မူလမဲစာရင်းက မပယ်ဖျက်ရသေးဘူး ဆိုရင် ပုံစံ-၁၅ ပြန်ပြောင်းပြီး လျှောက်လို့ရအောင် ဆောင်ရွက်ပေးပါတယ်၊ ဒါ က ကျမတို့မြို့နယ် တခုတည်း အတွက်ပဲ ပြောတာပါ” ဟု ဒေါ်အိအိမာက ပြောသည်။

လက်ရှိတွင်လည်း မရမ်းကုန်းမြို့နယ်တွင် ကြိုတင်မဲ ပေးရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားရန် လျှောက်လွှာထုတ်ယူထားသူ မှာ ၂၀ ကျော်ရှိနေပြီး ၁၀ ကျော်မှာ ဖောင်များ ပြန်လည် တင်ပြထားပြီ ဖြစ်ကြောင်းလည်း သိရသည်။

UEC အနေဖြင့် ပြည်တွင်း ကြိုတင်မဲများနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ညနေ့ ၄ နာရီထက် နောက် မကျဘဲ သက်ဆိုင်ရာမဲရုံးသို့ ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီး နောက်ကျပါက ပယ်မဲ အဖြစ် သတ်မှတ် ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Covid-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြို့နယ် ၁၁ မြို့ တို့တွင် Stay at Home အဖြစ် သတ်မှတ်ထားပြီး နယ်မြေ ကျော်သွားလာမှုများကိုလည်း ကန့်သတ်ထားသည်။

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၃၀ သာ လိုတော့သည်။

You may also like these stories:

ကိုဗစ်ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲပေးသူ လျော့နည်းနိုင်ဟုဆို

တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို

ကိုရီးယားရောက် မြန်မာများ ကြိုတင်မဲပေးရာ၌ အခက်အခဲများကြောင့် လှည့်ပြန်ရ

The post မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင် appeared first on ဧရာဝတီ.

]]>
သက်သေ အရှာခက်နေ၍ နှင်းဆီပါတီ ဥက္ကဋ္ဌကို ရုံးမထုတ်ဖြစ် https://burma.irrawaddy.com/news/short-news/2020/10/08/231234.html Thu, 08 Oct 2020 06:24:21 +0000 https://burma.irrawaddy.com/?p=231234 ရုံးချိန်းတွင် တရားရုံးနှင့် အကျဉ်းထောင် တာဝန်ရှိသူများက အွန်လိုင်း ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုကာ ချုပ်ရမန် အားပေးခဲ့ခြင်း ဖြစ်ပြီး နောက်တပတ် ရုံးချိန်းအား အောက်တိုဘာ၂၀ ရက်သို့ ပြန်လည် ချိန်းဆိုထား

The post သက်သေ အရှာခက်နေ၍ နှင်းဆီပါတီ ဥက္ကဋ္ဌကို ရုံးမထုတ်ဖြစ် appeared first on ဧရာဝတီ.

]]>
နှစ်ပေါင်း၂၀ ကျော်ကြာမှ ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည့် အကျဉ်းထောင်ပြေး နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) မိုက်ကယ် ဟွားဟူနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေများ ရှာဖွေရာတွင် အခက်အခဲ ရှိသည့်အတွက် ယနေ့ အောက်တိုဘာ ၈ ရက် ရုံးချိန်တွင် ရုံးမထုတ်နိုင်ဘဲ ချုပ်ရမန်သာ ထပ်ပေးခဲ့သည်။

အမှု၌ တရားလိုသက်သေ ၁၀ ဦးစာရင်းတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သူအချို့နှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲသူများ ပါဝင်လျှက်ရှိပြီး ၎င်းတို့၏နေရပ်လိပ်စာများ အတည်ပြုစုံစမ်းမရသေးသည့်အတွက် ချုပ်ရီမန်ထပ်မံ တိုးမြှင့်ပေးရန် ရဲတပ်ဖွဲ့ဘက်က တင်ပြခဲ့ခြင်းဖြစ်သည်။

“ယေဘုယျသဘောလေးပြောရင်တော့ ထောင်ကပြေးသွားရင် ပြေးသွားကြောင်း အထောက်အထားလေး တရပ်တော့ရှိမယ်လေ။ သူပြေးခဲ့ကြောင်း မျက်မြင်သက်သေတွေ တယောက်နှစ်ယောက်တော့ ရှိဦးမှာပါ။ အကုန်လုံးတော့ ပျောက်ဆုံးကွယ်လွန်တော့ မဟုတ်လောက်ပါဘူး။ သူပြေးသွားတယ်ဆိုတာ မှန်ကန်ကြောင်း သက်သေတယောက်ကထောက်ခံတယ်ဆိုရင် ဒါလည်း မြင်သာတဲ့အချက်ပဲလေ” ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။

ဦးကျော်မြင့်နှင့် ပတ်သက်ပြီး လူစားထိုးထားကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍လည်း “အင်တာနက်မှာ မြင်နေရတဲ့ ဦးကျော်မြင့်ဓာတ်ပုံနဲ့ ရုံးရှေ့ရောက်လာတဲ့ ဦးကျော်မြင့်ကတော့ တူတယ်။ ဒါကတော့ ကျနော့ အမြင်ပဲ၊ ” ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။

ရုံးချိန်းတွင် တရားရုံးနှင့် အကျဉ်းထောင် တာဝန်ရှိသူများက အွန်လိုင်း ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုကာ ချုပ်ရမန်အားပေးခဲ့ခြင်း ဖြစ်ပြီး နောက်တပတ် ရုံးချိန်းအား အောက်တိုဘာ၂၀ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်းလည်း ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။

နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား စက်တင်ဘာ ၂၉  ရက် ညပိုင်းက ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ရာရှိ ၎င်း၏ နေအိမ်တွင် မူလ အမှုတွဲဖြစ်သည့် ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အမှုတွဲရှိရာ မန္တလေးသို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

၎င်း တည်ထောင်ခဲ့သည့် မြန်မာကျုံယွမ်း ကုမ္ပဏီအား ၁၉၉၇ ခုနှစ်တွင် မြန်မာအစိုးရက အမည်ပျက်စာရင်းသွင်း၍  ၎င်း အား ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ပြီး တနှစ်ခန့်အကြာ ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်၌ မန္တလေး အကျဉ်းထောင်မှ ကျန်းမာရေး အကြောင်းပြချက်ဖြင့် ပြင်ပဆေးရုံကြီးသို့ သွားရောက်ပြသစဉ် ထွက်ပြေး လွတ် မြောက်သွားခြင်း ဖြစ်သည်။

You may also like these stories:

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

The post သက်သေ အရှာခက်နေ၍ နှင်းဆီပါတီ ဥက္ကဋ္ဌကို ရုံးမထုတ်ဖြစ် appeared first on ဧရာဝတီ.

]]>
လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ် https://burma.irrawaddy.com/opinion/interview/2020/10/08/231220.html Thu, 08 Oct 2020 05:32:32 +0000 https://burma.irrawaddy.com/?p=231220 သံရုံးကို ကူညီဆောင်ရွက်ပေးနေသည့် ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီ-ကိုရီယားအဖွဲ့က ဦးဆောင်သူ ဦးဝင်းပေါ်မောင်နှင့် ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

The post လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ် appeared first on ဧရာဝတီ.

]]>
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ပေးလျှက်ရှိရာတွင် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးတွင်လည်း အောက်တိုဘာ ၂ ရက်မှ စတင်ကာ ၁၂ ရက်နေ့အထိ မဲရုံ ဖွင့်လှစ် ဆောင်ရွက်လျှက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာ ပထမဆုံး မဲပေးရသည့် အောက်တိုဘာ ၂ ရက်နေ့တွင် မဲဆန္ဒရှင် အများအပြား လာရောက်ခဲ့ရာ၌ သံရုံးဘက်က စီစဉ်ဆောင်ရွက်မှု အားနည်းချက်များကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ရပြီး မဲမပေးဘဲ ပြန်ခဲ့ကြရသူ များစွာ ရှိခဲ့သည်။

ကြိုတင်မဲအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ၉၈၁၀ ဦး မဲပေးခွင့် ရရှိထားရာတွင်လည်း အောက်တိုဘာ ၆ ရက်နေ့အထိ ၄၅၉၁ ဦး မဲပေးပြီးပြီဖြစ်ပြီး ကျန်ရှိသူ ငါးထောင်ကျော်မှာ ဆက်လက်မဲပေးလျှက်ရှိသည်။

ယနေ့ကဲ့သို့ အလုပ်ဖွင့်ရက် ကြားရက်များတွင် မဲလာပေးသူနည်းသော်လည်း လာမည့် သောကြာ၊စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် မဲပေးသူများလာနိုင်သည့်အတွက် လူစုလူဝေး ထပ်မံမဖြစ်ပေါ်စေရေး မဲပေးမည့် နေ့ရက်အလိုက် ကြိုတင်ကာ နံပါတ်စဉ်ရယူရေးအတွက် သက်ဆိုင်သည့် ဖုန်းနံပါတ်များကိုလည်း သံရုံးဘက်က ထုတ်ပြန်ကြေညာ ထားသည်ကိုတွေ့ရသည်။

လတ်တလော မဲပေးနေသည့် အခြေအနေများ၊ ပိတ်ရက်တွင် လူစုလူဝေး ထပ်မဖြစ်ရေးနှင့် သံရုံး၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများအား သံရုံးကို ကူညီဆောင်ရွက်ပေးနေသည့် ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီ-ကိုရီးယားအဖွဲ့က ဦးဆောင်သူ ဦးဝင်းပေါ်မောင်နှင့် ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြု ကော်မတီအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် သံရုံး နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါသလဲ။

ဖြေ ။ ။ မဲလုပ်ငန်းစဉ်တွေကို ဆုံးဖြတ်တာတော့ သံရုံးက ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက် တာပေါ့နော်။ ကျနော်တို့က ဒီမှာအခြေအနေတွေ ဘယ်လိုရှိတယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာတွေကို ဝိုင်းဝန်းပြီးတော့ အကြံ ပေးတယ်၊ ပါဝင်ပြီးတော့လည်း ကူညီတယ်။

ပုံစံ-၁၅ တွေ လက်ခံဆောင်ရွက်တဲ့ အပိုင်းတွေမှာဆိုရင် ကျနော်တို့တွေ သံရုံးရဲ့ ကိုယ်စားလိုမျိုး အများကြီးလုပ်ခဲ့ပါတယ်။ နောက်တခါ ဒီမှာရှိတဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတာပေါ့၊ ကြိုတင် မဲကိစ္စတွေကို သတင်းတွေ ဖြန့်ဝေပေးတဲ့ အပိုင်း တွေ၊ ကူညီပေးတဲ့အပိုင်းတွေ လုပ်ပေးခဲ့ပါတယ်။အခုလက်ရှိမှာကျတော့ မဲရုံဖွင့်ထားပြီဆိုတော့ မဲရုံမှာ မဲပေးတဲ့ လုပ်ငန်းစဉ် တွေမှာ အတွင်း အပြင်ပေါ့လေ ကျနော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ ကူညီ ဆောင်ရွက်ပေးနေပါတယ်။

မေး ။ ။ ကိုရီးယားမှာ ကြိုတင်မဲ ပေးခွင့်ရှိသူ ဘယ်လောက်ရှိသလဲ၊ လက်ရှိမှာ ဘယ်နှစ်ဦး ပေးပြီးပြီးလဲ။

ဖြေ ။ ။ ကြိုတင်မဲလက်မှတ် ပြန်ရထားတာက ၉၈၁၀ ပြန်ရပါတယ်။ အဲဒီအထဲကနေ ဒီကနေ့(အောက်တိုဘာ ၂ ရက်နေ့ ၆ ရက်နေ့) အထိ မဲပေးလိုက်တဲ့အားလုံးဆိုရင် ၄၅၉၁ ဦး ပေးထားပါတယ်။

မေး ။ ။ မဲစပေးတဲ့ ပထမရက်တွေမှာ လူစုလူဝေးနဲ့ အဆင်မပြေတာတွေရှိခဲ့ကြတာ၊ ဘာကြောင့်ပါလဲ။ သံရုံး က ကြိုတင်စီစဉ်မှု အားနည်းခဲ့တယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကြိုတင်စီစဉ်ဆိုတာကတော့ သံရုံးနဲ့ ကျနော်တို့နဲ့ ပူးတွဲပြီးတော့ စီစဉ်ထားတာပေါ့နော်။ အဓိက ဘာ လဲဆိုတော့ ကျနော်တို့ ရည်ရွယ်တဲ့ပုံစံနဲ့ တကယ်ဖြစ်ပေါ်လာတဲ့ပုံစံနဲ့ ကွဲလွဲသွားတာပေါ့။ ကျနော်တို့တွက်ဆချက် လွဲသွားတာ။ ကျနော်တို့က ကိုဗစ်-၁၉ ရဲ့ အခြေအနေကြောင့် လူစုလူဝေး မဖြစ်စေချင်တဲ့အတွက် အစုလိုက်ပေါ့နော်၊ ကျနော်တို့ဆီကို ကြိုတင်ပြီးတော့ ဆက်သွယ်ပါ။ အစုလိုက်ပဲလာကြပါ။

တကယ်လို့ လိုအပ်တယ်ဆိုရင် ကျနော်တို့က နေရာထိုင်ခင်း ကျဉ်းတဲ့အခါကျတော့ ကားတွေနဲ့ အစုလိုက် အရွေ့အပြောင်း တွေ လုပ်မယ်ဆိုပြီး ပြင်ဆင်ထားတာ။ တဦးချင်းလာတဲ့ ပမာဏကိုတော့ သိပ်များများ မလာစေချင်လို့ပေါ့နော်။ အဲဒီလို မျှော်မှန်းပြီး အုပ်စုလိုက်ရွေ့လို့၊ ပြောင်းလို့ရအောင် စီစဉ်ထားတယ်။

ဒါပေမယ့် တကယ်လက်တွေ့ဖြစ်သွားတဲ့ အခြေအနေကျတော့ ကျနော်တို့ကို ကြိုတင် အကြောင်းမကြားဘဲနဲ့ ဆက်သွယ်မှု မလုပ်ဘဲနဲ့ မဲပေးချင်တဲ့ ဆန္ဒတက်ကြွစွာနဲ့ တဦးချင်းလာတဲ့ ပမာဏက ကျနော်တို့ မှန်းထားတဲ့ ပမာဏထက်ကို ၄ ဆ၊ ၅ ဆ လောက်များသွားတယ်။ အဲဒီအခါကျတော့ လူစုလူဝေး ဖြစ်သွားတာပေါ့။

၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီ-ကိုရီယားအဖွဲ့က ဦးဆောင်သူ ဦးဝင်းပေါ်မောင်

ကျနော်တို့က လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ်။ အဲဒီအခါကျတော့ ကျနော်တို့ ဆွဲထားတဲ့ အစီအစဉ်က လုပ်လို့ မရတော့ဘူး ပေါ့ နော်။ ကျနော်တို့ လုပ်ထားတဲ့ အစုတွေကိုက ခဏဖယ်ထုတ်ပြီး ခွဲထားလို့ရတယ်။ တဦးချင်း ရောက်လာတဲ့သူတွေကို ကျတော့ ခွဲထုတ်လို့မရတော့ဘူး။ မှန်းထားတဲ့ ပမာဏဆိုရင် ထိန်းလို့ရပေမယ့် များသွားတဲ့အခါကျတော့ ထိန်းရတဲ့ အချိန်က ပိုကြာသွားတယ်။

မေး။ ။ အဲဒီလိုဖြစ်သွားတဲ့အခါက ကြုံခဲ့ရတဲ့ အခက်အခဲက ဘာဖြစ်သွားခဲ့လဲ။

ဖြေ။ ။ အခက်အခဲကတော့ လူစုလူဝေးနဲ့ ဖြစ်သွားတာပါ။ အဲဒါကို ကျနော်တို့ တော်တော်လေး ခဲခဲယဉ်းယဉ်းနဲ့ လျော့ချရ တယ်။ လူစုမြန်မြန်ကွဲအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ရတယ်။ ဒါပေမယ့် မဲပေးတဲ့နေရာမှာ အဆင်မပြေမှုဖြစ်တယ် ဆိုတာ ကတော့ မဟုတ်ဘူးဗျ။ အဲဒါတော့ ကျနော်ငြင်းရဲတယ်၊ ဘာကြောင့်လဲဆိုတော့ မဲရုံဝကို ရောက်သွားပြီးတော့ မဲပေးပြီး ပြန်ထွက်လာတဲ့အထိ လုပ်ငန်းစဉ်ကတော့ ချောတယ်။ အဲဒီနေရာမှာ ဘာအခက်အခဲမှမရှိဘူး။ အဲဒီနေ့(အောက်တိုဘာ ၂ )က မဲလက်မှတ်ပေါင်း ၁၆၂၈ စောင်ရတယ်။ အဲဒီပမာဏက မဲပေးတဲ့လုပ်ငန်းစဉ်မှာ ဘာမှ အထစ်အငေါ့ မရှိဘူးဆိုတာကို သက်သေပြတယ်။ မဲပေးတဲ့နေရာမှာ အခက်အခဲတွေရှိတယ်ဆိုတာကတော့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ ရုံးဖွင့်ရက်မှာ မဲလာပေးသူနည်းပေမယ့် နောက်လာမယ့် ပိတ်ရက်တွေမှာ များလာဦးမယ့် အနေ အထားကို အဆင်ပြေအောင် သံရုံးက ဘယ်လိုစီစဉ်ထားတာ တွေ့ရပါသလဲ။

ဖြေ ။ ။ ပြင်ဆင်ထားပါတယ်။ ဒီတပတ်ကတော့ အဲဒီလောက်ကြီး ဖြစ်စရာအကြောင်း မရှိတော့ဘူးဗျ။ ဘာကြောင့်လဲ ဆိုတော့ အရင်အပတ်က ဖြစ်ရတာကလည်း ရုံးပိတ်ရက်တင် မကဘူး။ ကိုရီးယားနိုင်ငံရဲ့ ရိုးရာပိတ်ရက် ဖြစ်တဲ့အခါ ကျတော့ အားလုံးပိတ်သွားပြီးတော့ တနိုင်ငံလုံးမှာရှိတဲ့ လူတွေအကုန်လုံးရဲ့ အားလပ်ရက်က စုံသွားတဲ့အခါကျတော့ အကုန်လုံးက ဒီနေရာမှာလာပြီးတော့ စုသွားတဲ့ ပုံစံဖြစ်သွားပါတယ်။

အခုတခါကျတော့ ရုံးပိတ်ရက်က ၃ ရက် ဆက်တိုက် ပါပဲ။ သောကြာ၊စနေ၊ တနင်္ဂနွေဖြစ်တယ်။ ရုံးပိတ်ရက်ဖြစ်သော် လည်းပဲ ကိုရီးယားမှာ လုပ်ငန်းခွင်တွေရဲ့ ပိတ်လေ့ပိတ်ထ ရှိတဲ့ သဘော သဘာဝအရ အားလုံးစုံပြီးတော့ ပိတ်မှာ မဟုတ်ဘူး။ တချို့လူတွေက အလုပ်ဖွင့်တာ ရှိနေဦးမယ်။ ကျန်တဲ့သူကလည်း ၄၅၀၀ ဦးလောက်ပဲ ကျန်တာဆိုတော့ တရက်အတွင်းမှာ အများကြီး စုပြုံလာစရာ အကြောင်း မရှိတော့ပါဘူး။ ရှိလာခဲ့တယ်ဆိုရင်လည်း ကျနော်တို့ ထိန်းလို့ရပါတယ်။

အခုလည်း ကျနော်တို့ဆီမှာ ကြိုတင်ပြီးတော့ ဘယ်သူတွေ ဘယ်နေ့လာနိုင်မလဲဆိုတာကို စာရင်းတွေကောက်ပြီး တော့ တွက်ချက်ပြီးတော့ ထားပါတယ်။ အဲဒီအတွက်လည်းပဲ ကြိုတင်ပြီးတော့ ပြင်ဆင်ထားပါတယ်။

မေး ။ ။ မဲဆန္ဒရှင်များတဲ့ ကိုရီးယားသံရုံးအနေနဲ့ အရင်ကတည်းက မဲရုံခွဲထားပေးဖို့ကို မစီစဉ်ခဲ့တာလား၊ စီစဉ် ခဲ့တာရှိခဲ့ရင် ဘယ်လိုကြောင့် မထားဖြစ်တာလို့ ထင်ပါသလဲ။ သက်ဆိုင်ရာနိုင်ငံနဲ့ ဆွေးနွေးမှု ဘယ်လိုအခြေအနေ ရှိခဲ့ တယ်ဆိုတာ သိထားပါသလား။

ဖြေ ။ ။ ဒီကိစ္စကတော့ ကျနော်တို့တတွေ ၂၀၁၅ မှာလည်း ဆွေးနွေးခဲ့ကြတယ်။ ၂၀၂၀ မှာလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီသံရုံးတွေအားလုံးနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးကြတဲ့အထဲမှာလည်း ဒီကိစ္စတွေ ပါဝင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ သို့သော် မဲရုံခွဲလို့မရပါဘူး။ မရဘူးဆိုတာက လောလောဆယ်မှာရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ကိုရီးယားမှာ ရှိနေတဲ့ ဥပဒေ အခြေအနေတွေအရ မဲရုံခွဲလို့ ရနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဒါကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီးတော့ လုပ်ဆောင်မှရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ သံရုံး၊ သံတမန် အဆင့်နဲ့တော့ မဲရုံခွဲတဲ့လုပ်ငန်းက မဖြစ်နိုင်သေးပါဘူး ခင်ဗျ။

မေး ။ ။ ကြိုတင်မဲပေးဖို့အတွက် ပုံစံ-၁၅ တင်ပြီး မဲပေးခွင့်မရသူ အရေအတွက် ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ ဒီမှာတော့ သိပ်မရှိဘူးခင်ဗျ။ ကျနော်တို့ တင်လိုက်တာ ၁၀၁၆၉ ဦး။ မဲလက်မှတ်ပြန်ရတာက ၉၈၁၀ ဆိုတော့ လူ ၄၀၀ မပြည့်တပြည့်လေးပဲ ကျန်တာပေါ့။ အဲဒီထဲက သံရုံးကို ပြန်ပြီးတော့ တင်ပြတဲ့လူပမာဏက အလွန်နည်းပါတယ်။ ကျနော်သိသလောက် ဆယ်ဂဏန်းလောက်ပဲရှိတယ်။ အဲဒါကိုလည်း သံရုံးကနေ ရွေးကောက်ပွဲ ကော်မရှင်ကို ပို့မှာပေါ့ နော်။

အဲဒါကို ဒုတိယအကြိမ် ပြန်စစ်ဆေးလို့မှ မဲပေးခွင့်ရှိတယ်ဆိုရင် သူတို့မဲလက်မှတ်တွေ ပြန်ရမှာပေါ့။ အဲဒီလို ရှိပါ တယ်။ မဲလက်မှတ် ပြန်ပေးလာတယ်ဆိုရင် သံရုံးအနေနဲ့ လုပ်ပေးရပါလိမ့်မယ်။ မဲရုံးကြီး မဖွင့်ရင်တောင်မှ ဒီနေ့ ဒီရက်မှာ လာရောက်ပြီး မဲပေးနိုင်ပါတယ်ဆိုတာ လုပ်ပေးရပါမယ်။

မေး ။ ။ နောက်တချက်က တချို့နိုင်ငံတွေမှာ မဲလက်မှတ်တွေ တခြားနိုင်ငံကို မှားပြီး ပါသွားတာမျိုး ရှိပါတယ်။ ကိုရီးယားသံရုံးမှာရော ဒီလိုဖြစ်စဉ်ရှိပါသလား၊ ရှိတယ်ဆိုရင် ဦးရေဘယ်လောက်ရှိတယ်လို့ သိထားပါသလဲ။

ဖြေ ။ ။ ရှိပါတယ်။ မဲလက်မှတ်တွေက စက်တင်ဘာ ၂၉ ရက်နေ့ကပဲရောက်တယ်။ အဲဒီနေ့မှာပဲ မဲလက်မှတ်တွေနဲ့ မဲစာရင်းတွေ တိုက်ဆိုင်စစ်ဆေးရတာ ၃၀ ရက်နေ့မှာ အပြတ်လုပ်ရပါတယ်။ ဒီမဲလက်မှတ် ၉ ထောင်ကျော်ကို လုပ်တဲ့ အခါမှာ အခြားနိုင်ငံက မဲလက်မှတ်တွေ ကျနော်တို့ဆီ ပါလာတာတွေ့ပါတယ်။ မဲစာရင်းထုပ်တွေမှာလည်း တခြား မဲစာရင်း ထုပ်တွေ ကျနော်တို့ဆီပါလာတာ ရှိပါတယ်။

အဲ့ဒါတွေကတော့ အကုန်လုံး စာရင်းဇယားတွေနဲ့ ပြန်လည်လွှဲပြောင်း ပြီးတော့ ပြေလည်အောင် ဖြေရှင်းရပါတယ်။ အရေအတွက်ကတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ စစ်ဆေးမှုတွေပဲ ဦးစားပေးလုပ်ရတော့ အဲဒီအပိုင်းအထိ ကျနော်တို့ မသိတော့ပါဘူး။

မေး ။ ။ မဲပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေရဲ့ အခက်အခဲတွေ ဘာတွေရှိခဲ့လဲ။ ဥပမာ- မဲလက်မှတ်မှာ ကော်မရှင် တံဆိပ်မပါတာ၊ စွန်းရာ၊ ခြစ်ရာပါတာမျိုးတွေပေါ့။

ဖြေ ။ ။ အခုထိတော့ ကျနော်တို့ အဲဒီလိုမျိုး မကြားသေးဘူး။ သိရသလောက်တော့ မဲလက်မှတ်တွေမှာ တံဆိပ်တွေ၊ အကုန်လုံး ပြည့်ပြည့်စုံစုံ ပါပါတယ်။ နောက်တခုက တိုင်းရင်းသားမဲလည်း မပါဘူးဆိုတာ မကြားသေးဘူး။ ကျနော်လည်း ဒါကို အမြဲတမ်း နားစွင့်နေပါတယ်။ အမြဲလည်းမေးပါတယ်။ ကျနော်တို့ဆီတော့ အဲဒီလိုပြဿနာ မတွေ့သေးပါဘူး။

မေး ။ ။ ရွေးကောက်ပွဲအထောက်အကူပြု ကော်မတီအနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ယခုရွေးကောက်ပွဲ အကြား ဘာတွေ ကွာခြားသွားတယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကွာခြားမှု ပြောမယ်ဆိုရင်တော့ မဲဆန္ဒရှင်တွေဘက်က မဲပေးဖို့အတွက် တက်ကြွမှုကတော့ တော်တော်ကြီး ကို မြင့်တက်လာပါတယ်။ အရေအတွက်တွေတော့ မပြောတော့ဘူး။ တော်တော်ကို မြင့်တက်လာတယ်။ ပုံစံ-၁၅ တွေကို လည်း တင်တယ်။ တကယ်လည်း လာပြီးတော့ မဲပေးတယ်။ ဒါက အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် မကွာခြားတာက ဘာလဲဆိုတော့ ကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံတွေကတော့ မကွာခြားပါဘူး။

၂၀၁၅ မှာတုန်းက ကျနော်တို့ တွေ့ကြုံခဲ့တဲ့ဟာတွေကို Report လုပ်ပြီးတော့ ကျနော်တို့ ပို့ပါတယ်။ ဒီအချက်၊ ဒီ အချက် တွေဟာ ပြုပြင်သင့်ပါတယ်ဆိုပြီးတော့ ကျနော်တို့ပြောပါတယ်။ နောက်ပြီးတော့ ပုံစံ-၁၅ ဖြည့်ရတဲ့ စနစ်တွေကအစ ပြုပြင်ဖို့ ကောင်းပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမထူးခြားပါဘူး။ မဲစာရင်းတွေဆိုရင်လည်း ၂၀၁၅ တုန်းက ရှုပ်ပွနေတဲ့ ပုံစံတွေက အခုလည်းပဲ ခပ်ရှုပ်ရှုပ်ပါပဲ။

၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုရီးယားတွင် ကြိုတင်မဲပေးကြသူများ/facebook

ကျနော်တို့မှာ တော်တော်ကြီးကို ခက်ခက်ခဲခဲနဲ့ အချိန်ကိုလုပြီး လုပ်ရပါတယ်။ အဲဒါတွေကတော့ ကော်မရှင်ဘက်က ဘာမှထူးခြားမှု သိပ်ပြီးမရှိလာဘူး လို့ ကျနော်တို့က ပြောချင်ပါတယ်။ လုပ်ထုံးလုပ်နည်းမှာ ဘာမှ ထူးထူးခြားခြားမရှိဘူး။

အခုလို ကိုဗစ်-၁၉ ကာလနဲ့သွားကြုံတဲ့အခါကျတော့ လေယာဉ်တွေက နေ့တိုင်းမရှိဘူး။ အဲဒီတော့ ပုံမှန်အချိန်ဇယား ဆွဲထားတဲ့အထဲမှာပဲ ကိုဗစ်-၁၉ ကိုလည်း ကျော်ဖြတ်ရတဲ့အခါကျတော့ အချိန်အခက်အခဲလည်း အင်မတန် ကြုံပါတယ်။

နောက်ပြီးတော့ ဒီစာရင်းဇယားကိစ္စတွေမှာလည်း တိုးတက်လာသင့်တဲ့ Soft Copy တွေ၊ စနစ်တကျ ဖြစ်သင့်တဲ့ ဟာတွေ က မဖြစ်ဘဲနဲ့ အကုန်လုံးက ထိုနည်းလည်းကောင်းပဲ ပြန်လုပ်ရတယ်။ မဲစာရင်းတွေကို အင်တာနက် ကနေ၊ Facebook တွေကနေ တွေ့ပါလိမ့်မယ်။

အကုန်လုံးက ကိုယ့်ရဲ့အချက်အလက်တွေကို ဖွင့်ပြီးတော့ ကြေညာပေးနေရတယ်။ တကယ် ဆိုရင် ကျနော်တို့ ရည်ရွယ်ချက်က အဲဒီလိုလုပ်ဖို့မဟုတ်ဘူး။ မဲစာရင်းအမှတ်စဉ် လူနာမည်နဲ့ မှတ်ပုံတင်အမှတ်လောက် ကိုပဲ ချုံ့ပြီးတော့ ကြေညာချင်တာ။ ဖြစ်နိုင်ရင်။

မလိုအပ်တဲ့ဟာတွေကို လျော့နိုင်သမျှ လျော့ထားခဲ့မယ်၊ ဒီလိုရည်ရွယ်ထားတာ။ တကယ်တမ်းကျတော့ မလုပ်နိုင်ဘူး။ သူတို့လုပ်ထားတဲ့စနစ်တွေက မလုပ်နိုင်တဲ့အခါကျတော့ ရှိတာတွေအကုန်လုံးကို ဖွင့်ချပေးလိုက်ရတယ်။ အဲဒီလိုမျိုးတွေ။ ဒါတွေက မဖြစ်သင့်ဘူး။ သံရုံးဘက်ဆိုရင်လည်း ဝန်ထမ်းက ၁၀ ဦးပဲရှိတယ်။ ကျန်တဲ့ အလုပ်တွေလည်း ရှိသေးတော့ မနိုင်ဘူး။ ဖြစ်သင့်တာက ကော်မရှင်ကနေ ဒီဟာတွေကို ကျွမ်းကျင်တဲ့သူ ၁ ဦးလောက် ဒီမှာ လာပြီး တာဝန်ချထား ပေးမယ်ဆိုရင် အဆင်ပြေနိုင်တာပေါ့။ အဲဒီလိုမဟုတ်ရင် လုပ်ရကိုင်ရတာက အဲဒီလိုအခက်အခဲတွေကတော့ အများကြီး ပါပဲ။

မေး ။ ။ ကြိုတင်မဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ကျနော်တို့ခန့်မှန်းထားတာက ကြိုတင်မဲ ၇၀၀၀ ထောင်ကျော်လောက် ရမယ်လို့ ခန့်မှန်းထားပါတယ်။ သဘာဝ ကျစွာနဲ့ ပုံစံ-၁၅ တင်ထားကြပေမယ့် လာမပေးဖြစ်မယ့် သူတွေလည်းရှိနိုင်သေးတာကိုး။ ဒါပေမယ့် အားလုံးရဲ့ တက်ကြွနေ တဲ့ ဆန္ဒတွေကို ပြည့်ဝစေဖို့ အတွက်ကိုလည်း ကျနော်တို့က အဖက်ဖက်က အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက် ပေးနေတာ ဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေကလည်း လာပေးကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

ဒီပိတ်ရက်တွေမှာ ကြိုတင်မဲလုပ်ငန်းတွေက အောင်အောင်မြင်မြင် ဖြစ်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ အခက်အခဲကာလကို ကျော်ဖြတ်ခဲ့ပြီလို့ သတ်မှတ်နိုင်ပါတယ်ခင်ဗျာ။

You may also like these stories:

မြန်မာ့ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှု တိုးတက်လာသည့် လက္ခဏာများ တွေ့နေရ

ဒီမိုက​ရေစီအတွက် မြန်မာပြည်သူ​တွေရဲ့ ဒုတိယ​ခြေလှမ်း သို့မဟုတ် ၂၀၂၀​ရွေး​ကောက်ပွဲ

ကိုရီးယားရောက် မြန်မာများ ကြိုတင်မဲပေးရာ၌ အခက်အခဲများကြောင့် လှည့်ပြန်ရ

စနစ်တကျ မဲပေးခွင့်ရလာတဲ့ စင်ကာပူရောက် မြန်မာတွေရဲ့ ကြိုတင်မဲ

The post လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ် appeared first on ဧရာဝတီ.

]]>
မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးပြောပြသည့် အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်စဉ် https://burma.irrawaddy.com/opinion/interview/2020/10/06/231125.html Tue, 06 Oct 2020 12:11:03 +0000 https://burma.irrawaddy.com/?p=231125 အခင်းဖြစ်ပွားတဲ့ညက ကိုယ်တိုင်သွားရောက် ဖြေရှင်းခဲ့တဲ့ မြိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးသန့်စင်ခိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း က ဆက်သွယ်ခဲ့ပြီး ဖြစ်စဉ်အခြေအနေတွေ၊ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

The post မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးပြောပြသည့် အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်စဉ် appeared first on ဧရာဝတီ.

]]>
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင် ရဲ့ နေအိမ်ကို လူအုပ်စုနဲ့ ဝိုင်းဝန်းဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ နိုင်ငံရေးအရ တိုက်ခိုက်မှုအဖြစ် ထုတ်ဖော်ပြောကြားသူတွေရှိသလို တဖက်ကလည်း ဦးမြင့်နိုင် အနေနဲ့ ညအချိန် ပါတီအောင်နိုင်ရေးသီချင်းတွေ ကျယ်လောင်စွာဖွင့်ရာက သွားရောက်တားမြစ်ရင်း ရန်ဖြစ် ပြဿနာ တက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဖြစ်စဉ်အတွင်းမှာ ပြဿနာစတင်ဖြစ်ပွားသူ ကိုနေဝင်းဘက်မှ လူဦးရေ ၁၀၀ ဝန်ကျင်ပါဝင်တဲ့ လူအုပ်စုနဲ့ ဦးမြင့်နိုင်ရဲ့ နေအိမ်နဲ့ မော်တော်ယာဉ်တွေကို ဖျက်ဆီးခဲ့ကြသလို အခင်းဖြစ်ပွားခဲ့တဲ့ညမှာ လာရောက်ဖြေရှင်းပေးတဲ့ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကားတွေကို ခဲတွေနဲ့ ဝိုင်းထုခဲ့ကြလို့လည်း ယာဉ်တွေပျက်စီးမှု ရှိခဲ့ပါတယ်။

ဒီအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ခဲနဲ့ဝိုင်းထုရာမှာ ပါဝင်ခဲ့တဲ့ ၃၂ ဦးကို အမှုဖွင့်ခဲ့ပြီး လတ်တလော ၁၉ ဦးဖမ်းမိကာ ပခုက္ကူထောင်အချုပ်မှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်စဉ်မှာလည်း ဒဏ်ရာရရှိခဲ့တဲ့ ကိုနေဝင်းအား လက်ယက်မတိုက်နယ်ဆေးရုံကတဆင့် ပခုက္ကူခ ရိုင်ဆေးရုံးမှာ လွှဲပြောင်းကုသလျှက်ရှိတယ်လို့ သိရပြီး နှစ်ဖက်စလုံးကလည်း အပြန်အလှန်အမှုဖွင့် လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။

လောင်စာဆီထည့်၍ ပစ်ခဲ့ကြသည့် ပုလင်းတချို့

ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ အခင်းဖြစ်ပွားတဲ့ညက ကိုယ်တိုင်သွားရောက် ဖြေရှင်းခဲ့တဲ့ မြိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးသန့်စင်ခိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း က ဆက်သွယ်ခဲ့ပြီး ဖြစ်စဉ်အခြေအနေတွေ၊ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

မေး ။       ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိ အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေလေး ရှင်းပြပေးပါဦး။

ဖြေ ။       ။ ဖြစ်စဉ်မှာ (ပခုက္ကူ) ခရိုင်ရဲတပ်ဖွဲ့မှူးကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကားပေါ့။ ခဲတွေနဲ့ပစ်ပေါက်တော့ ပျက်စီးမှုတွေ ရှိသွားတယ်။ နောက်တခု လမ်းမီး နှစ်လုံးလည်း ဖျက်စီးခံရတယ်ပေါ့။ အဲ့ဒါကြောင့် ကျနော်တို့ ပြည် သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်တယ်။ အားလုံး ၃၂ ဦးကို အမှုဖွင့်တဲ့ အ ခြေအနေမှာ ၁၉ ဦးကတော့ ဖမ်းဆီးရမိပါပြီ။ ကျန်တဲ့ ၁၃ ဦး ကျန်သေးတာပေါ့။ သူတို့ကိုလည်း ဆက်လက်ပြီးတော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျနော်ကတော့ နိုင်ငံတော်အစိုးရကိုယ်စားအမှုဖွင့်တာပေါ့။ ကျန်တဲ့လုပ်ငန်းစဉ်တွေကို ရဲတပ်ဖွဲ့က ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်လို့ ကျနော့်အနေနဲ့ ပြောလို့တော့ မရသေးပါဘူး။

လောင်စာဆီထည့်၍ ပစ်ခဲ့ကြသည့် ပုလင်းတချို့

လက်ရှိဖမ်းဆီးထားတဲ့ ၁၉ ဦးကိုလည်း မြိုင်မြို့နယ်တရားရုံးမှာ ချုပ်ရီမန် ရယူပြီး အချုပ်နဲ့ ထိန်းသိမ်းထားတာ ပေါ့၊ ဒါပေမယ့် မြိုင်မြို့မရဲစခန်းက အချုပ်ခန်းကလည်း နေရာအခက်အခဲရှိတဲ့အတွက် အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ပခုက္ကူထောင်အချုပ်ကို ပို့ဆောင်ပြီး ထိန်းသိမ်းထားပါတယ်။

မေး ။       ။ အိမ်ရှင်ဖြစ်တဲ့ ဦးမြင့်နိုင်ကလည်း အမှုဖွင့်ထားတယ်လို့သိရတယ်။ ဘာပုဒ်မတွေနဲ့ ဖွင့်ထားလဲ သိပါသလား။

ဖြေ ။       ။ ကာယကံရှင်ဘက်လည်း ပုဒ်မလေးခုနဲ့ အမှုဖွင့်တယ်လို့သိရတယ်။ အကျိုးဖျက်စီးမှုတို့၊ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှုတို့ စတဲ့ ဒီလိုပုဒ်မတွေနဲ့ပေါ့။ တဖက်က ကိုနေဝင်းတို့ ဘက်ကလည်း အမှုပြန်ဖွင့် မယ်လို့ ကြားထားပါတယ်။ အခုထိတော့ ကျနော့်ဆီ တိတိကျကျ မရောက်သေးတော့ ဘာတွေနဲ့ဖွင့်မလဲ မသိသေးပါဘူး။

မေး ။       ။ ဖြစ်စဉ်ကို ဘယ်အချိန်မှာ စပြီးတော့ သိခဲ့လဲ။ ရောက်သွားတဲ့အချိန်မှာရော ဘယ်လို အခြေအနေမျိုး တွေ့ခဲ့ရလဲ။

ဖြေ ။       ။ ကျနော် ည ၈ နာရီလောက်မှာစသိတယ်။ သိတော့ အခြေအနေမေးတော့ ဝင်ပြီးဓားနဲ့ခုတ်တဲ့ ကောင်လေးက ကိုမြင့်နိုင်ရဲ့ အိမ်ထဲမှာရောက်နေတယ်။ ရဲတပ်ဖွဲ့ဝင် ၄ ဦးကလည်းရှိတယ်။ ကျနော့်ရဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်း ရှိတယ်ပေါ့နော်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကာယကံရှင်နဲ့ ဒီကောင်လေးနဲ့ကို ခေါ်ပြီး တော့ ရဲစခန်းမှာရှင်းဖို့၊ လင်းကတော ရဲစခန်းမှာရှင်းဖို့ လုပ်နေတဲ့အချိန်မှာ လူအုပ်စု ၂၀ လောက်က ဒီကောင်လေးကို ထုတ်ပေးဖို့ဆိုပြီး အိမ်အပြင်ဘက်က ဝိုင်ဝန်းအော်ဟစ်ပြီးတော့ ခဲတွေဘာတွေနဲ့ ထုတယ်ပေါ့။

အခင်းဖြစ်ပွားခဲ့သည့်ညက လူအုပ်စု

ထုတဲ့အခါကျတော့ လူအုပ်စုက တဖြေးဖြေး များများလာတော့ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်ပြီးတော့ ဖြည့်ဖို့ လိုမယ် ဆိုပြီးတော့ မြိုင်စခန်းရဲအင်အားတွေနဲ့ ထပ်ဖြည့်တယ်။ ကျနော်တို့ အဲ့ဒီအချိန် ၈ နာရီခွဲလောက် ရောက်သွားတယ်။ ရောက်သွားတော့ ဒီကောင်လေး (ကိုနေဝင်း) ကိုတော့ ကန်နီရွာကပဲ နာရေးကူညီမှုအသင်းကားနဲ့ လက်ယက်မ တိုက်နယ်ဆေးရုံးကို ခေါ်သွားမယ့်အချိန်ပေါ့။ ကျနော်တို့ရောက်သွားတယ်။

အဲ့ဒီမှာ လူအုပ်စုကလည်း ၁၀၀၊ ၁၂၀ လောက်ဖြစ်နေတော့ ဒီလူအုပ်စုကို ရဲတပ်ဖွဲ့ဝင် အင်အားနဲ့တား။ တားပြီးတော့ လူအုပ်စုထဲက ခေါင်းဆောင် တယောက် နှစ်ယောက်နဲ့ ကျနော်တို့ ညှိနှိုင်းတယ်။ သူတို့က ပြောတာကျတော့ ကိုမြင့်နိုင်ကို ဖမ်းပေးပါပေါ့။ ဟုတ်ပြီ- အဲဒါဆိုရင်လည်း ကိုမြင့်နိုင်ကို ဖမ်းပြီး ကျနော်တို့နဲ့ခေါ်သွားမယ်ပေါ့။ အဲ့မှာ ကိုမြင့်နိုင်ဆီသွားတာပေါ့။ အဲ့ဒီမှာ လမ်းကြားလေးက ပေ ၂၀၀ လောက်ရှိတယ်။ ဒီလမ်းကြားထဲကို ခင်ဗျားတို့ တယောက်မှ မဝင်နဲ့ပေါ့။ ရတယ်- သူကလည်း ဝင်မလာဘူးပေါ့။

အဲ့ဒီလိုနဲ့ ကျနော်တို့ ကိုမြင့်နိုင်တို့ မိသားစုကိုခေါ်တယ်။ သူတို့မိသားစု ၅ ဦးကို ကျနော့်ကားပေါ်ကို တင်ပေါ့။ ဒီအ ချိန်မှာ ဒီလူအုပ်စုက လမ်းကြားထဲကို ဝင်လာတယ်။ သူတို့ကို ပြန်တားထားတဲ့အချိန်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးကားက ရောက်လာရော။ အဲ့မှာ လူ(ရဲ)အင်အားလဲထပ်ဖြည့်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကားက ကျနော့ကားရှေ့ကို ထိုးရပ်ပြီးတော့ လူအုပ်စုကို တားထားပြီးတော့ ကျနော်တို့ ကားနှစ်စီးထွက်တာပေါ့။ အဲ့ဒီအချိန်မှာပဲ လူအုပ်စုက ခဲနဲ့ဝိုင်းထု တာပဲ။ ထုတော့ ကားတွေ ပျက်စီးမှုတွေဖြစ်တာပေါ့။

မေး ။       ။ ရောက်သွားတဲ့အချိန်မှာ ကိုနေဝင်းရဲ့ ဒဏ်ရာအခြေအနေကို ဘယ်လိုတွေ့ရလဲ။ စကားပြောနိုင်သေးလား။

ဖြေ ။       ။ မဟုတ်ဘူးဗျ၊ ဘယ်လိုပြောမလဲ။ လူသာမန်ပဲ။ စကားပြောနိုင်တယ်။ နာမည်လဲ မမေ့ဘူး၊ အကောင်း ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုနေဝင်းက ကိုမြင့်နိုင်ရဲ့ အိမ်ဝိုင်းထဲကနေ အပြင်ဘက်ကို ထွက်ပြေးတာ။ ကျနော်မ ရောက်ခင်မှာ ဖြစ်တာပေါ့။ မြေပြင်စုံစမ်းမေးမြန်လို့ သိရတာပေါ့။ ပြေးတော့ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်က လိုက်ပြီးတော့ မပြေးနဲ့၊ လက်ယက်မမှာ ဆေးစာနဲ့ဘာနဲ့ လုပ်ဖို့ပေါ့နော်။ သို့သော်လည်း သူကထွက်ပြေးတော့ သူ့ ကိုပြန်ခေါ်၊ ခေါ်ပြီးတော့ ဆေးရုံသွားဖို့ ကန်နီက နာရေးကူညီမှုကားပေါ်တင်။ တင်တော့ အဲ့ဒီ ကားပေါ်ကနေပဲ ထပ်ပြီးတော့ ဆင်းသေးတယ်၊ အဲ့ကောင်လေးက။ အဲ့တော့ မဟုတ်ဘူး-ရဲဆေးစာနဲ့ ဆေးရုံမှာ ဆေးကုရမှာပေါ့၊ ပြောပြတယ်။ အဲ့ဒီကား ထွက်မယ့်အချိန်မှာပဲ ကျနော်တို့က ရောက်တာ။ အဲ့အချိန်က ပုံမှန်ပဲပေါ့၊ ဒီကောင်လေး ကောင်းပါတယ်။ ပြောနိုင်ဆိုနိုင်ပါတယ်။

ဖျက်ဆီးခံလိုက်ရသည့် NLD ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင် ရဲ့ နေအိမ်

မေး ။       ။ ဒီဖြစ်စဉ်ဟာ ပါတီအောင်နိုင်ရေးသီချင်းတွေကို ညအချိန်မတော် အသံချဲ့စက်တွေနဲ့ ဖွင့်ရာကနေ တားမြစ်ရင်း ဖြစ်ကြတာလို့ ပြောကြတယ်။ ဒါကို အုပ်ချုပ်ရေးပိုင်းဘက်က ဘယ်လိုသိထားလဲ။

ဖြေ ။       ။ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်တဲ့ဖြစ်စဉ်ကတော့ ဓားနဲ့ဝင်ခုတ်တယ်၊ ပြီးတော့ လူအုပ် စုနဲ့ ဒီလိုတွေ ဆက်ဖြစ်ကြတယ်ပေါ့နော်။ အဲ့လောက်သိထားတာပေါ့။ သူက(ကိုမြင့်နိုင်) ပါတီ (NLD) ရဲ့ မြို့နယ် အ လုပ်အမှုဆောင်လည်း ဖြစ်တယ်၊ စည်းရုံးရေးတာဝန်ခံလည်းဖြစ်တော့ ပါတီသီချင်းတွေဖွင့်တာက ရှိကောင်းရှိမှာပါ။ ဒါကိုမူတည်ပြီးဖြစ်တယ်လို့တော့ ဆိုလိုလို့ မရဘူးပေါ့။

ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ မဲဆွယ်စည်းရုံးရေး ကာလဆိုတော့ ပါတီတိုင်း၊ ပါတီတိုင်းက မဲဆွယ်စည်းရုံးကြတာဆိုတော့ သီချင်းဖွင့်တာတွေက အကုန်လုံး ရှိကြမှာပဲပေါ့။ ဥပဒေနဲ့အညီ အသံချဲ့စက်တွေ ဖွင့်ဖို့ပဲ လိုတာပေါ့။ အဲ့ဒီတော့ ဒီကိစ္စအပေါ်မှာ မူတည်ပြီးဖြစ်တယ်လို့တော့ တပ်အပ်ကြီး ပြောလို့မရဘူးပေါ့။ နောက်တခုက ဘာလို့လဲဆိုတော့ လူအုပ်စုက စနစ်တကျဖြစ်တဲ့ ပုံစံမျိုး ဖြစ်လာတော့ အဖျက်အမှောင့်ကို ကြိုတင်ကြံစည်တဲ့ ပုံစံမျိုးဖြစ်လာတာပေါ့နော်။

မေး ။       ။ စနစ်တကျ လုပ်တဲ့ပုံစံမျိုးဆိုတာ ဘယ်အချက်တွေကြောင့် ပြောနိုင်တာပါလဲ။

ဖြေ ။       ။ ဘာလို့လဲဆိုတော့ ဘီယာပုလင်းထဲ ဓာတ်ဆီထည့်၊ မီးစာထည့်ပြီးတော့ မီးရှို့ပြီး ကိုမြင့်နိုင်ရဲ့ အိမ် ခေါင်မိုးပေါ်ကို ပစ်တင်တယ်။ မီးလောင်တာပေါ့။ သို့သော်လည်း အိမ်က RC တိုက်ဖြစ်ပြီးတော့ ခေါင်မိုးကလည်း သွပ်ပြားတွေဖြစ်လို့ မီးကူးစက်လောင်ကျွမ်းမှုတော့ မရှိဘူးပေါ့။ ပစ်တင်တဲ့ဟာပဲ မီးလောင်တာပေါ့။

NLD ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင် ရဲ့ နေအိမ်ခြံဝန်းအတွင်း ဖျက်ဆီးခံထားရသည့် မြင်ကွင်း

မေး ။       ။ အခုလက်ရှိ ပြဿနာဖြစ်တဲ့ ကိုနေဝင်းကပဲ ၂၀၁၅ ခုနှစ်တုန်းက ဦးမြင့်နိုင်ကို လှံနဲ့ထိုးဖူးတယ်လို့ သိရတယ်။ ဒါကိုရော ဘယ်လိုသိထားတာများရှိသေးလဲ။

ဖြေ ။       ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ သိထားတာကတော့ ဒီကောင်လေး (ကိုနေဝင်း) က ကိုမြင့်နိုင်ကို ၂၀၁၅ တုန်းကလည်း လှံနဲ့ထိုးဖူးတယ်။ သို့သော်လည်း ပြောပလောက်တဲ့ ဒဏ်ရာမရတဲ့အတွက် တစုံတရာအမှု ဖွင့် အရေးယူခဲ့တာမျိုးတော့ မရှိဘူးပေါ့နော်။ တိုင်ကြားမှုလည်း မရှိခဲ့ဘူးပေါ့။

မေး ။       ။ ကန်နီရွာရဲ့ အိမ်ခြေနဲ့ လူဦးရေးကရော ဘယ်လောက်ရှိလဲ။ ဖြစ်စဉ်မှာပါဝင်ခဲ့တာက တရွားလုံးလား၊ အုပ်စုတခုအနေနဲ့ပဲလား။ ဘယ်လိုမြင်ခဲ့လဲ။

ဖြေ ။       ။ အိမ်ခြေက စုစုပေါင်း ၄၅၀ ကျော်ပေါ့။ လူဦးရေ ၁၇၀၀၊ ၁၈၀၀ လောက်ရှိတဲ့ ရွာကြီးပါ။ တရွားလုံး အ တိုင်းအတာနဲ့တော့ မဟုတ်ဘူး။ လူတစုကပဲ အမြန်၊ စနစ်တကျဆောင်ရွက်တဲ့ ပုံစံမျိုးဖြစ်တာပေါ့။ ဘာကြောင့် တုန်း ဆိုတော့၊ ဘာတွေထပ်ဆင့်ပြီး သိရလဲဆိုတော့ ခုနပြောသလို မီးလောင်စေတဲ့ဗုံးလိုဟာ နှစ်လုံးလောက် ပစ်တယ်၊ နောက်ဆူပူအကြမ်းဖက်မှု၊ အိမ်ကိုဖျက်ဆီးတဲ့အချိန်မှာ ပထမဦးဆုံး လုပ်တဲ့အလုပ်တွေက လမ်းမီးတိုင် တွေကို ဖျက်ဆီးတယ်။

ကိုမြင့်နိုင် အိမ်ရှေ့မှာ လမ်းမီးတခုရှိတယ်။ နောက်ပြီး ကတ္တရာလမ်းပေါ်မှာလည်း လမ်းမီး တခုရှိတယ်။ ကိုမြင့်နိုင်အိမ်နဲ့ ကတ္တရာလမ်းကြားမှာလည်း လမ်းမီတိုင် ၂ တိုင်ပေါ့။ စုစုပေါင်း လမ်းမီးတိုင် ၃ တိုင် ရှိတယ်ပဲဆိုကြပါဆို့။ အဲ့ထဲက အရေးကြီးတဲ့ ကတ္တရာလမ်းပေါ်က လမ်းမီးကို ဖျက်ဆီးတယ်။ အိမ်ရှေ့က လမ်းမီး ကို ဖျက်ဆီးတယ်။ အိမ်ထဲကို ဝင်တဲ့အခါကျတော့ အိမ်ကလျှပ်စစ်မီးတွေ ထွန်းထားတော့ မီတာ မိန်းခလုတ်ကို အရင်ဖျက်ဆီးတယ်။ မီးမှောင်အောင် လုပ်လိုက်ပြီးတော့ ခုနကလို ဖျက်ဆီးတာတွေ၊ ပြုတာတွေ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒါဟာ စနစ်တကျ ဆောင်ရွက်တယ်လို့ ကျနော်တို့က ယူဆတယ်။ ကြိုတင်ကြံစည်တယ်လို့လည်း ယူဆတယ်။

NLD ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင် ရဲ့ နေအိမ်ခြံဝန်းအတွင်း ဖျက်ဆီးခံထားရသည့် မြင်ကွင်း

မေး ။       ။ ဒီလိုဖျက်ဆီးတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုတော့ ဘာကြောင့် မတားခဲ့သလဲ။ ဘယ်လို အခြေအနေကြောင့်လဲ။

ဖြေ ။       ။ ဘယ်လိုအခြေအနေလဲဆိုတော့ ကိုမြင့်နိုင် မိသားစုကို ကျနော့်ကားနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးကားနဲ့က မြိုင် ကိုခေါ်သွားတာပေါ့။ လမ်းကြားကနေ ကတ္တရာလမ်းပေါ်ရောက်တော့ ဒီလူအုပ်စုက တားတယ်။ တားတော့ လူအုပ်စုကို ခွဲထွက်ပြီးတော့ မြိုင်မြို့ပေါ်ကို ခေါ်သွားတာပေါ့။ ခေါ်သွားတဲ့အချိန်မှာ ဒီလူလုပ်စုက လမ်းကြားထဲကနေ ဝင်ပြီးတော့ ဖျက်ဆီးတာပေါ့။ အဲ့တော့ ရဲတပ်ဖွဲ့ဝင်တွေက နောက်ကနေလိုက်ပြီး ဖျက်ဆီးတဲ့သူတွေကို ကာကွယ်တားဆီးတာတွေ လုပ်ခဲ့ပါတယ်။

မေး ။       ။ ဆိုလိုတဲ့ သဘောက ရဲတပ်ဖွဲ့အင်အားနဲ့ မထိန်းနိုင်ခဲ့တာလား။ ပျက်စီးမှုက အများကြီးတွေ့ရပါတယ်။

ဖြေ ။       ။ ဒါက ကိုမြင့်နိုင်တို့ မိသားစုကို ခေါ်ထုတ်တဲ့အချိန်မှာ သူတို့လဲပါတော့ လုံခြုံရေးတွေ လုပ်နေရတဲ့အ ချိန်မှာ လမ်းကြားထဲကို လူအုပ်စု ဝင်သွားတဲ့သဘောပေါ့။

မေး ။       ။ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုနေဝင်းရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိပါသေးလဲ။

ဖြေ ။       ။ ကိုနေဝင်းက အောက်တိုဘာ ၃ ရက်နေ့ ညတုန်းက လက်ယက်မဆေးရုံကို ရောက်တယ်။ အဲ့ဒီမှာ ကု နေတုန်း ၄ ရက်နေ့ နေ့လည်ပိုင်းမှာ ကာယကံရှင်တွေဘက်က ပခုက္ကူခရိုင်ဆေးရုံးမှာ သွားရောက်ကုချင်ပါတယ်လို့ တောင်းဆိုလို့ လက်ယက်မဆေးရုံက တာဝန်ခံဆေးရုံးအုပ်ကိုပြောတော့ ဒီမှာလည်း ကုလို့ရတယ်လို့ ပြောတယ်။ ဆန္ဒရှိလို့ သွားကုချင်တယ်ဆိုရင်လည်း လွှဲစာရေးပေးပါ့မယ်ဆိုပြီး လွှဲစာရေးပေးတဲ့အတွက် ညနေပိုင်းမှာ ပခုက္ကူခရိုင်ဆေးရုံးကို သွားကုကြတယ်ပေါ့။ ကိုနေဝင်းရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကတော့ ကျနော်လည်း မစုံစမ်းရသေးပါဘူး။

မေး ။       ။ ဒီဖြစ်ကို နိုင်ငံရေးတိုက်ခိုက်မှုအဖြစ် ပြောကြတာရှိသလို နှစ်ဖက်စလုံးကလည်း သူ့အမြင်၊ ကိုယ့်အမြင် ပြောနေကြတာတွေအပေါ်မှာ အုပ်ချုပ်ရေး တာဝန်ရှိသူအနေနဲ့ရော ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ ။       ။ ကျနော့အမြင်ကတော့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်တဲ့နေရာမှာ ဒီလို ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာပေါ့နော်။ ဒီလိုဖြစ်စဉ်မျိုးလဲ ကျနော်တို့ မဖြစ်အောင် ကာကွယ်ရမှာပေါ့။ ကာကွယ်ဖို့ကလည်း ပြည်သူတွေ ပူးပေါင်းဆောင် ရွက်မှ ဖြစ်မယ့်အတွက် ပြည်သူတဦးချင်းစီက ဝိုင်းဝန်ကာကွယ်ပေးကြပါလို့ပဲ ကျနော့အနေနဲ့ တောင်းဆိုချင်ပါ တယ်။

NLD ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင် ရဲ့ နေအိမ်ခြံဝန်းအတွင်း ဖျက်ဆီးခံထားရသည့် မြင်ကွင်း

မေး ။       ။ ဒီဖြစ်စဉ်ရဲ့ အကြောင်းအရာတခုအနေနဲ့ ဖြစ်နေတဲ့ အသံချဲ့စက်ဖွင့်တဲ့ကိစ္စပေါ့၊ ဒီအတွက် ဦးမြင့်နိုင် က အသံချဲ့စက်တွေ ဘာတွေဖွင့်ဖို့ ခွင့်ပြုချက်ယူထားသလား၊ အုပ်ချုပ်ရေးဘက်ရော ဘယ်လိုခွင့်ပြုထားသလဲ။

ဖြေ ။       ။ ဟုတ်ပါတယ်။ သူမှမဟုတ်ပါဘူး၊ နိုင်ငံရေးပါတီတွေက စည်းရုံးမယ့် စည်းရုံးရေးမှူး အားလုံးက ဖွင့်မယ်ဆိုရင် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဆီမှာ လျှောက်လွှာတင်ရပါတယ်။ အုပ်ချုပ်ရေးမှူး တွေက မှတ်ချက်နဲ့ ခွင့်ပြုမိန့်ကို ပေးပါတယ်။ ကိုမြင့်နိုင်လည်း အုပ်ချုပ်ရေးမှူးဆီမှာ ဥပဒေနဲ့အညီ ခွင့်ပြုချက် တင်တယ်။ ခွင့်ပြုချက်ထုတ်ပေးထားတယ်ပေါ့။

မေး ။       ။ ခွင့်ပြုချက်ကို ဘယ်လိုစည်းကမ်းချက်တွေနဲ့ ထုတ်ပေးသလဲ။

ဖြေ ။       ။ ပုံမှန်အားဖြင့် ကျနော်တို့က မနက် ၆ နာရီကနေ ည ၉ နာရီအတွင်းပေါ့။ အဲ့ဒီမှာ လိုအပ်လို့ သက်ဆိုင် ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးက၊ တာဝန်ရှိသူက လိုအပ်လို့ ပိတ်ခိုင်းတယ်ဆိုရင် ပိတ်ရမယ်ပေါ့။ မနာခံဘူးဆိုရင် ကျနော်တို့ တရားစွဲမယ်။ နောက်တခုက ဆဲရေးတိုင်းထွာ ညစ်ညမ်းမယ်၊ တဦးနဲ့တဦး ပုတ်ခတ်တဲ့ စကားလုံး အသုံးအနှုန်းတွေ မပြောရဘူး၊ မလုပ်ရဘူးဆိုပြီးတော့ စည်းကမ်းချက်တွေထဲ ထည့်ထားပါတယ်။

You may also like these stories:

မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား

တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို

The post မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးပြောပြသည့် အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်စဉ် appeared first on ဧရာဝတီ.

]]>
မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား https://burma.irrawaddy.com/news/2020/10/05/231073.html Mon, 05 Oct 2020 13:03:00 +0000 https://burma.irrawaddy.com/?p=231073 ဦးမြင့်နိုင်၏ နေအိမ်အား လူအုပ်စုဖြင့် ဖျက်ဆီးတိုက်မှုနှင့် ဆက်စပ်ပြီး ပါဝင်သူများထဲက ၁၉ ဦးအား ဖမ်း ဆီးမိထားပြီးဖြစ်ကြောင်း မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ပြောသည်။

The post မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား appeared first on ဧရာဝတီ.

]]>
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အလုပ်မှုဆောင် ဦးမြင့်နိုင်၏ နေအိမ်အား လူအုပ်စုဖြင့် ဖျက်ဆီးတိုက်မှုနှင့် ဆက်စပ်ပြီး ပါဝင်သူများထဲက ၁၉ ဦးအား ဖမ်း ဆီးမိထားပြီးဖြစ်ကြောင်း မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ပြောသည်။

မြိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က “ခရိုင်ရဲတပ်ဖွဲ့မှူးကားနဲ့ အုပ်ချုပ်ရေးမှူးကားကို ခဲတွေနဲ့ ပစ်ပေါက်လို့ ပျက်စီးမှုတွေရှိခဲ့။ လမ်းမီးတိုင် ၂ လုံးလဲ ဖျက်ဆီးခံရတယ်။ ပါဝင်တဲ့ ၃၂ ဦးကိုအမှုဖွင့်ထားတာ ၁၉ ဦး ဖမ်းဆီးရမိပြီ၊ ကျန်တဲ့ ၁၃ ဦးကိုလည်း ဥပဒေအရ ထိထိရောက် အရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

အောက်တိုဘာ ၃ ရက်နေ့ညပိုင်းက ဦးမြင့်နိုင်အိမ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး သီးချင်းဖွင့်သည့်အပေါ် ည ၇ နာရီခွဲခန့်တွင် တရွာတည်းနေ ကိုနေဝင်းဆိုသူက သွားရောက်တားမြစ်ရာက ဦးမြင့်နိုင်နှင့် အပြန်အလှန်ရန်ဖြစ်ခဲ့ပြီး ကိုနေဝင်း၏ မိသားစုဝင်များနှင့် ဒေသခံအချို့ပါဝင်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်အပေါ် သွားရောက်ထိန်းသိမ်းခဲ့ပြီး ဦးမြင့်နိုင်မိသားစုအား ခေါ်ထုတ်ခဲ့သည့် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးကားနှင့် မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးကား တို့အား နေအိမ်မှအထွက်တွင် လမ်းပေါ်ရှိနေသည့် လူအုပ်စုက ခဲများနှင့် ဝိုင်းဝန်းပစ် ပေါက်ခဲ့ပြီး ယာဉ်များပျက်စီးမှုရှိခဲ့သည့်အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက လင်းကတော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ ကိုနေဝင်းမှ သီချင်းဖွင့်ထားမှုအား လာရောက်တားမြစ်စဉ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ရယူ ထားသည့် အထောက်အထားပြသရှင်းပြရာက စကားများခဲ့ပြီး ကိုနေဝင်းမှ ဓားဖြင့်ခုတ်ခဲ့သဖြင့် ပြန်လည်ခုခံခဲ့ပြီး လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များထံ ဆက်သွယ်ကာ အပ်နှံရေးဆောင် ရွက်ရာတွင် လူအုပ်စုဖြင့် ရောက်ရှိလာကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောထားသည်။

ကန်နီကျေးရွာ ဒေသခံအချို့ကတော့ ရန်ဖြစ်စကားများစဉ် ကိုနေဝင်းအား ဦးမြင့်နိုင်အပါအဝင် လူ ၃ ဦးခန့်က ဝိုင်း ဝန်းရိုက်နှက်ခဲ့သည့်အတွက် မခံမရပ်နိုင်ဖြစ်သည့် မိသားစုများက ပါလာခြင်းဖြစ်ပြီး ဦးမြင့်နိုင်အား ဖမ်းဆီးပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ ရဲတပ်ဖွဲ့မှ ဦးမြင့်နိုင်အား ခေါ်ဆောင်သွားသည့်အတွက် နေအိမ်အား ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင်လည်း ရန်ဖြစ်ထိုးကြိတ်သည့် ဒဏ်ရာရရှိသည့် ကိုနေဝင်းအား အောက်တိုဘာ ၃ ရက်နေ့ည လက် ယက်မတိုက်နယ်ဆေးရုံးတွင် တင်ပို့ကုသခဲ့ပြီး နောက်နေ့ အောက်တိုဘာ ၄ ရက်နေ့တွင် မိသားစု၏ တောင်းဆိုမှု ကြောင့် တရားဝင်လွှဲစာဖြင့် ပခုက္ကူခရိုင်ဆေးရုံကြီးကို လွှဲပြောင်းကုသစေလျှက်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်ညတွင် ဦးမြင့်နိုင်နေအိမ်၌ ရှိနေသူ၏ ပြောပြချက်အရ ရဲတပ်ဖွဲ့ ၄ ဦးရှိနေချိန်တွင် ကိုနေဝင်းမှာ နေ အိမ်အတွင်းမှ ထွက်ပြေးခဲ့သည့်အတွက် လိုက်လံခေါ်ဆောင်ခဲ့ပြီး တရားဝင်ရဲဆေးစာဖြင့် ဆက်လက်ဆောင်ရွက် နိုင်ရေး ဖျောင်းဖျခဲ့ကြောင်း၊ ကျေးရွာမှ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးရန် ဆောင်ရွက်စဉ်မှာလည်း ပြန်ဆင်းမှု တကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းပြသည်။လတ်တလော ၎င်း၏ ကျန်းမာရေး အခြေအနေကိုတော့ အတည်ပြုချက်မရရှိသေးပေ။

အချင်းဖြစ်ရပ် အကြောင်းအရာတခုဖြစ်သည့် အသံချဲ့စက်ဖွင့်ခြင်းနှင့် ပတ်သက်၍လည်း ကာယကံရှင် ဦးမြင့်နိုင် အနေဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးထံက တရားဝင် ခွင့်ပြုချက်ရယူထားခဲ့ကြောင်း အုပ်ချုပ်ရေးဌာနက အတည် ပြုထားသည်။

ဖြစ်စဉ်အတွင်း နေအိမ်နှင့် ပစ္စည်းများ ဖျက်ဆီးခံရခြင်းအတွက် ကာယကံရှင်ဖြစ်သူ ဦးမြင့်နိုင်က နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်ဆီးတို့အပါအဝင် ပုဒ်မလေးခုဖြင့်လည်း ကိုနေဝင်းအပေါ် အောက်တို ဘာ ၄ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

လူစုဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ပြီး NLD ပါတီ၏ ရွေးကောက်ပွဲအောင် နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများအပေါ် မကျေနပ်၍ဖြစ်နိုင်ကြောင်း၊ တိုက်ခိုက်သူမှာလည်း ကြံ့ခိုင်ရေးပါတီက ဖြစ်ကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ထုတ်ဖော်ပြောဆိုထားသည်။

ယင်းသို့ ပြောဆိုမှုနှင့် ပတ်သက်၍ ကိုနေဝင်းသည် ပါတီဝင်တယောက်မဟုတ်သည့် စွပ်စွဲပြောဆိုမှုအပေါ် တာဝန်ယူရမည်ဖြစ်ပြီး တရားဝင်အဖွဲ့အစည်းများ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ပါတီနှစ်ခုအကြား ပဋိပက္ခဖြစ်စေသည့် စကားအသုံးအနှုန်းအား တမင်ရည်ရွယ်ပြောခြင်းဟုတ်မဟုတ်နှင့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုကဲ့သို့သော ဥပဒေအား ချိုးဖောက်သည့် အချက်များ ပေါ်ပေါက်လာပါက ပါတီအနေဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီမှ မကွေးတိုင်းဒေသကြီး၊ ပါတီအတွင်းရေးမှူး ကိုဆန်းညွှန့်အောင်က ပြောသည်။

ကိုဆန်းညွှန့်အောင်က “သူတို့ပြောထားသလို နိုင်ငံရေးတိုက်ခိုက်မှုကြောင့် မဟုတ်ဘူးဆိုတာကို ပြောချင်တယ်၊ ရွာနဲ့ပတ်သက်တာကိုတော့ ဘာမှမပြောလိုဘူး။ ကျနော်တို့ ပါတီဝင်ကနေ သူတို့မဲဆွယ်စည်းရုံးတာကို မကျေနပ် လို့ နိုင်ငံရေးအရ တိုက်ခိုက်တယ်ဆိုတာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ပါတီမှာလည်း ဒီကောင်လေးက ဘာတာဝန်မှမရှိဘူး။ ပါတီချင်းဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်ကို အတပ်မခံချင်ဘူး။ ဒီလိုဖြစ်စဉ်ကို အားလည်းမပေးဘူး။ ဒါမျိုးလည်း ကျနော်တို့ပါတီမှာ တခါမှမရှိခဲ့ဖူးဘူး” ဟု ပြောသည်။

ကန်နီကျေးရွာသည် အိမ်ခြေ ၄၅၀ ကျော်၊ လူဦးရေ ၁၇၀၀ ကျော်ရှိသည့် ကျေးရွာကြီးတရွာဖြစ်ပြီး လူအုပ်စုဖြင့် တိုက်ခိုက်မှုဖြစ်စဉ်တွင် ရောက်ရှိလာသူ လူဦးရေမှာ ၁၀၀ ခန့်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြုံတွေ့ခဲ့ သည့် မျက်မြင်အခြေအနေကို ပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်နီကျေးရွာသို့ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်နှင့် အနုပညာရှင် အချို့ NLD အောင်နိုင်ရေးလာရောက်စဉ် ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရဖူးသကဲ့သို့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲကာလတွင်လည်း ယခုဖြစ်စဉ်တွင် ပါဝင်သူ ကိုနေဝင်းက ဦးမြင့်နိုင်အား လှံဖြင့်ထိုးခဲ့ဖူးပြီး ဒဏ်ရာ ရရှိမှု မရှိခဲ့သည့်အတွက် ကြေအေးထားခဲ့ကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲစည်းရုံးကာလ အသံချဲ့စက်များ အသုံးပြုမှုနှင့် ပတ်သက်ပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီ များ အား မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ခွင့်ပြုပေးကြောင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် ညစ်ညမ်းသည့်စကားများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအား တားမြစ်ထားပြီး အကြောင်းတစုံတရာကြောင့် အုပ်ချုပ်ရေးမှူးက ပိတ်ခိုင်းသည့် အခါ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု သတိပေးထားကြောင်း အုပ်ချုပ်ရေးဌာန က ရှင်းပြသည်။

You may also like these stories:

မှော်ဘီတပ်ရှေ့တွင် NLD ပါတီ ဆိုင်းဘုတ် စိုက်ထူမှု ပြန်ဖြုတ်ချပေးမည်

ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား

မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

The post မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား appeared first on ဧရာဝတီ.

]]>
ကိုဗစ် အကျပ်အတည်းကြား မဲပေးရမည့် စည်းကမ်းများ UEC ကြေညာ https://burma.irrawaddy.com/news/2020/10/02/230939.html Fri, 02 Oct 2020 11:26:21 +0000 https://burma.irrawaddy.com/?p=230939 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ တို့ အပါအဝင် ပါတီအချို့၏ ထောက်ခံ စည်းရုံးပွဲများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် မကိုက်ညီဘဲ လူစုလူ ဝေးဖြင့် ပြုလုပ်မှုများ ဖြစ်ပေါ်

The post ကိုဗစ် အကျပ်အတည်းကြား မဲပေးရမည့် စည်းကမ်းများ UEC ကြေညာ appeared first on ဧရာဝတီ.

]]>
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ရှိသူများနှင့် မဲပေးမည့်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)မှ အောက် တိုဘာ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

မဲလာပေးသူများ အနေဖြင့် အဖျားနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ရှိပါက ကြိုတင်အသိပေးရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင်လာရန်၊ ၆ ပေခြား တန်းစီပြီး အပူချိန် တိုင်းခြင်း၊ လက်သန့်စင်ခြင်း ဆောင်ရွက်ရန်၊ မှတ်ပုံ တင်အား ပလတ်စတစ်အကြည်ဖြင့် ထည့်၍ပြသရန်၊ မဲပေးပြီး လက်သန်းကို မှင်တို့ရာတွင် ခွက်နှင့် မထိစေရေး အထူး သတိထား ဆောင်ရွက်ရန်နှင့် မဲရုံမှ ပြန်ထွက်ချိန်တွင် လက်သန့်ဆေးဖြင့် ထပ်မံ သန့်စင်ဆေးကြောရန်တို့ ဖြစ်သည်။

မဲပေးသူများတွင် အသက်အရွယ် ကြီးရင့်သူများ၊ မကျန်းမာသူများ၊ ကလေးသူငယ်နှင့် လာသူများ၊ မသန်စွမ်းသူများ အတွက် ဦးစားပေး စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ရမည် ဖြစ်သည်။

မဲလာပေးသူ တဦးဦးတွင် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်နေပါက အရိပ်ရသည့်နေရာတွင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီး အဖျားပြန်လည် တိုင်းတာနိုင်ရန် သီးသန့်နေရာ ပြင်ဆင်ထားရှိခြင်း၊ အဖျားရှိသူ တွေ့ရှိပါက ကျန်းမာရေး ဌာနသို့ သတင်းပို့ အကြောင်းကြားရန် ချိတ်ဆက်ထားရမည် ဖြစ်သည်။

ထိုသူသည် အပူချိန် ဆက်လက် မြင့်တက်နေပါက သီးခြားခွဲ၍ မဲပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ၎င်း၏ ကျန်းမာရေး လက္ခဏာနှင့် ခရီးသွား ရာဇဝင်များ၊ ထိတွေ့သူ စာရင်းအားများ ပြုစုထားကာ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။

Quarantine စင်တာရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူများ ကြိုတင် မဲပေးရေးအတွက် စင်တာရှိ လေဝင်လေ ထွက်ကောင်းပြီး ကျယ်ဝန်းသည့် နေရာတွင် သတ်မှတ်ပြီး ဖြစ်နိုင်ပါက တဦးစီ အလှည့်ကျ ဝင်ရောက် မဲပေးစေရန် ဆောင် ရွက်ရမည်ဖြစ်ပြီး မဟုတ်ပါက ၆ ပေစီခြားရန်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ တာဝန်ယူ ဆောင်ရွက်ရန် သင့်တော်သူ တဦးအား ထားရှိ ဆောင်ရွက်ရမည် ဖြစ်သည်။

Covid-19 အတည်ပြု လူနာများ ကြိုတင်မဲပေးရာတွင် Isolation Room များနှင့် ICU ခန်းများတွင် ဆောင်ရွက်ရမည် ဖြစ် ပြီး ဝန်ထမ်းများအနေဖြင့် PPE အပြည့်အစုံ ဝတ်ဆင်ခြင်း၊ မဲမပေးမီ လူနာအား လက်သန့်ဆေးရည်ဖြင့် ဆေးစေခြင်၊ N 95 mask နှင့် Glove ဝတ်ဆင်စေခြင်း၊ ဘောပင်(သို့) တံဆိပ်တုံးအား တခါသုံး အသုံးပြုခြင်း၊ မဲစာအိတ်အား ပိုးသန့်စင်ခြင်း နှင့် ဆောင်ရွက်သည့် ဝန်ထမ်းများအား၂၁ ရက်အတွင်း အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိ/မရှိ စောင့်ကြည့်ခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

မဲရုံများ ဆောင်ရွက်ရာတွင်လည်း လေဝင်/လေထွက် ကောင်းပြီး ကျယ်ဝန်းသည့်နေရာတွင် သတ်မှတ်ရန်၊ မဲရုံ ပြင်ပနှင့် အတွင်း၌ တဦးနှင့်တဦး ၆ ပေခြား အမှတ်အသားများ ထားရှိရန်၊ အဝင်တလမ်း အထွက်အလမ်း သတ်မှန်ရန်၊ မဲရုံနှင့် မဲရုံ သုံး ပစ္စည်းများအား ရွေးကောက်ပွဲ မကျင်းပမီ ၁ ရက်အလိုနှင့် ကျင်းပပြီးနောက်နေ့တွင် ပိုးသန့်စင်ခြင်း ဆောင်ရွက်ရန် ဖြစ်သည်။

ယင်းပြင် မဲရုံ ပရဝုဏ်အတွင်း လက်ဆေးရန်နေရာ၊ မဲရုံအတွင်း လက်သန့်ဆေးရည်များ ထားရှိခြင်း၊ အဖုံးပါသည့် အမှိုက် ပုံး ထားရှိခြင်းနှင့် ကျန်းမာရေး ကိစ္စများအား သီးသန့် တာဝန်ယူ ဆောင်ရွက်မည့် ဒုတိယ မဲရုံမှူး(သို့) သင့်တော်သူ တဦး ဦးကိုလည်း ထားရှိရမည် ဖြစ်သည်။

မဲရုံဝန်ထမ်းများနှင့် လုပ်အားပေးများ အနေဖြင့်လည်း တာဝန်ထမ်းဆောင်စဉ် Mask၊ Face Shield၊ Glove များ အဖြစ်မနေ တပ်ဆင်ထားရမည်ဖြစ်ပြီး မဲရေတွက်ရာတွင်လည်း တာဝန်ရှိသူများက ၆ ပေခြားကာ လက်သန့်ဆေးရည်ဖြင့် မကြာခဏ သန့်စင်ကာ ဆောင်ရွက်ရမည် ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မဲရေတွက်ရာသို့ လာရောက်သူများ၊ လေ့လာသူများ၊ သတင်းမီဒီယာများ အနေဖြင့်လည်း လူစုလူဝေး မဖြစ်စေရေးအတွက် ၆ ပေစီ ခြားကာ ဆောင်ရွက်သွားရမည် ဖြစ်သည်။

UEC အနေဖြင့် မဲဆွယ် စည်းရုံးရေး ကာလများအတွင်း လူစုလူဝေး မဖြစ်စေရေး လိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ခဲ့သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ တို့ အပါအဝင် ပါတီအချို့၏ ထောက်ခံစည်းရုံးပွဲများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် မကိုက်ညီဘဲ လူစုလူ ဝေးဖြင့် ပြုလုပ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

ယင်းသို့ လူစုလူဝေးဖြင့် လှည့်လည်မှုများနှင့် ပတ်သက်ပြီး ပြည်သူများကြား ဝေဖန်အပြစ်တင်မှုများ ပြုလုပ်လျက် ရှိကြ သော်လည်း တာဝန်ရှိသူများက တစုံတရာ အရေးယူ ထိန်းချုပ်မှုများ ဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ ၁၄၃၈၃ ဦး ရှိပြီ ဖြစ်ပြီး ပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ ၄၁၅၆ ဦးနှင့် သေဆုံးသူ ၃၂၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ကိုဗစ်-၁၉ ကူးစက်မှု ၁ သောင်းကျော်လာပြီး ကျန်းမာရေးဝန်ထမ်းများ မဲဆွယ်ပွဲများကို သတိပေး

ကပ်ရောဂါကာလ လူစုလူဝေးဖြင့် ထောက်ခံလှည့်လည်ပွဲများ ဝေဖန်ခံရ

ပြည်သူကို လှည့်ဖျားပြီး မဲဆွယ်စည်းရုံးမှုမလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား

The post ကိုဗစ် အကျပ်အတည်းကြား မဲပေးရမည့် စည်းကမ်းများ UEC ကြေညာ appeared first on ဧရာဝတီ.

]]>