နန်းလွင်နှင်းပွင့် – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Wed, 08 Jul 2020 13:54:07 +0000 en-US hourly 1 https://wordpress.org/?v=5.3.4 ပညာရေး၊ ကျန်းမာရေးမှာ မြို့နဲ့ တောင်ပေါ် မခွဲဘဲ အကုန် တန်းတူ ရချင်တယ် https://burma.irrawaddy.com/opinion/interview/2020/07/08/225962.html Wed, 08 Jul 2020 13:44:14 +0000 https://burma.irrawaddy.com/?p=225962 တကယ်လို့ အစိုးရတွေက ကိုယ့်တိုင်းရင်းသားတွေလို့ ယူဆရင် တော့ စစ်မတိုက်ဘဲနဲ့ ကောင်းကောင်းမွန်မွန် ပေးမှာပေါ့။ ကောင်းကောင်းမွန်မွန် ဆွေးနွေးပွဲနဲ့ ပေးရင်တော့ ရမယ်လို့ ကျမ မျှော်လင့်ပါတယ်။

The post ပညာရေး၊ ကျန်းမာရေးမှာ မြို့နဲ့ တောင်ပေါ် မခွဲဘဲ အကုန် တန်းတူ ရချင်တယ် appeared first on ဧရာဝတီ.

]]>
လမ်းပန်း ဆက်သွယ်ရေးကောင်းတဲ့ မြေပြန့်ဒေသတွေမှာ ကျောင်းဖွင့်ချိန်ဆိုရင် မူလတန်းကနေ အထက်တန်းအထိ ကလေးတွေက စာသင်ခန်းတွေကို အရောက်သွားပြီး အခမဲ့ ပညာရေးကို သင်ယူနိုင်ကြပေမယ့် ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ် ဒေသတွေမှာတော့ ကျောင်းတက်ဖို့ကို ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက တအန်း (ပလောင်) လူမျိုးတွေဆိုရင် တောင်ပေါ်တွေမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ကြတာကြောင့် မြေ ပြန့်မြို့တွေနဲ့ အလှမ်းဝေးပြီး သူတို့ရွာတွေမှာ မူလတန်းကျောင်းတက်ဖို့တောင် ၁ နာရီကနေ၂ နာရီခန့် လမ်းလျှောက်ပြီး ကျောင်းတက်ကြရပါတယ်။

ပညာရေးမှာ အခြေခံ မူလတန်းကို တတ်ဖို့ ရုန်းကန်ရသလို ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကလည်း တောင်ပေါ်ဒေသ တွေမှာ မရှိသလောက်ပါပဲ။ အချို့ကတော့ သူတို့ရဲ့ ဘဝပေးကံနဲ့ တောင်ပေါ်မှာနေတာကြောင့် ပညာရေး၊ ကျန်းမာရေး အခွင့်အရေးတွေ မရတာလို့ ယူဆကြပါတယ်။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ဘေးရှောင်စခန်းက တာဝန်ခံ တဦးဖြစ်တဲ့ တအန်းလူမျိုး ဒေါ်အေးအို ကတော့ ပညာရေး၊ ကျန်းမာရေး အခြေခံ ရပိုင်ခွင့်တွေ မရတာက တန်းတူညီမျှတဲ့ စနစ်မရှိလို့ ဆိုပြီး ပြောဆိုပါတယ်။

ဒေါ်အေးအိုတို့ ဒေသမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာကို ဧရာဝတီ အကြီး တန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ စစ်ဘေးရှောင်နေရတာ ၅ နှစ် ရှိပြီဆိုတော့ လက်ရှိအခြေအနေက ဘယ်လို ရှိကြပါသလဲ။

ဖြေ။ ။ ကျမတို့ စပြောင်းလာကတည်းက NGO တွေ INGO တွေက စားဝတ်နေရေး အားလုံးကို အရပ်ဘက်အဖွဲ့တွေရော က ကူညီတယ်။ အခုထိတော့ အထောက်အပံ့ ရနေတုန်းပဲ။ လူကယ်ပြန်ကတော့ တလကို လူတဦး ဆန် ၆ ပြည် ပေးပါ တယ်။ အဲဒါက လောက်တဲ့အချိန်လည်း လောက်တယ်။ တခါတလေလည်း မလောက်ငှပါဘူး။ တောင်ပေါ်ကလူတွေဆို တော့ သရေစာ မစားဘူး။ ထမင်းပဲ အားထားစားတော့ ထမင်းက စားနိုင်ကြတော့ မလောက်ပါဘူး။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

နိုင်ငံရေး အခြေအနေ နည်းနည်းအေးရင်တော့ ရွာကို ပြန်ကြည့်ဖြစ်တယ်။ အခုက ပြန်ပြီး ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဖြစ်နေတာ ဆိုတော့ မသွားဖြစ်တာ ၁ လလောက် ရှိပါပြီ။ ရွာကို တချို့လူတွေက ပြန်ချင်တယ်။ ကိုယ့်စားဝတ်နေရေး၊ ခြံဝင်းနဲ့ လုပ် စားမယ့် နေရာတွေက အဲဒီမှာပဲရှိတာဆိုတော့ ပြန်ချင်ကြတယ်။ တချို့တွေကလည်း မပြန်ချင်တော့ဘူး။ ဘာလို့လဲဆို တော့ နိုင်ငံရေးက မတည်ငြိမ်ရင် အဲဒီဘက်က တိုက်ပွဲက ခဏခဏ ဖြစ်တယ်။ အသက်အန္တရာယ်ကို စိုးရိမ်တဲ့ လူတွေက တော့ သိပ်မပြန်ချင်ကြဘူး။

ဒီမှာ နေတာက အစစ အရာအရာ အဆင်ပြေပေမယ့် စားဝတ်နေရေးက အဆင်မပြေဘူး။ ကိုယ်လုပ်ကိုင်စားမယ့် နေရာက မရှိဘူး။ အဖွဲ့အစည်းတွေက ထောက်ပံ့မှုနဲ့ စားနေရတယ်။ အဖွဲ့အစည်းက ရပ်ပြီ၊ မထောက်ပံ့တော့ဘူး ဆိုရင် ကျမတို့မှာ ဒီနေရာမှာ လုပ်ကိုင်စားရမယ့် နေရာ မရှိပါဘူး။

မေး။ ။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ တိုက်နေကြတဲ့အပေါ် အစ်မတို့ ဘယ် လို နားလည်လဲ။

ဖြေ။ ။ ကျမတို့က နိုင်ငံရေးသမား မဟုတ်တော့ သိပ်နားမလည်ဘူး။ ဘာကြောင့် ဖြစ်တာလဲပေါ့။ သူတို့ ပြောတာကတော့ တရားမျှတမှု မရှိတာ၊ တန်းတူညီမျှရေးတို့ တန်းတူအခွင့်အရေးတို့ မခံစားရလို့ ဆိုပြီး ပြောတာပါပဲ။

မေး။ ။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက တန်းတူညီမျှရေးတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့အပေါ် အစိုးရနဲ့ ညှိနှိုင်းချင်တဲ့အကြောင်း ပြောလာတာ နှစ်တွေကြာပါပြီ။ အစ်မတို့လို ကြားမှာ စစ်ဘေးဒဏ် ခံနေရသူ တဦးအနေနဲ့ရော တန်းတူညီမျှရေးတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ ဆိုတာကို ဘယ်လို နားလည်လဲ။

ဖြေ။ ။ ကျမ အရင်က ဒါတွေမသိဘူး။ ကျမက တောင်ပေါ်မှာပဲ နေတော့ အရင်က ဗမာစကားတောင် မတတ်ဘူး။ ဒီဘက် ကို ပြောင်းလာမှ ဗမာစကား တတ်တာ။ အရင်က တောင်ပေါ်မှာနေတုန်းကဆို သူများရဲ့ ဖိနှိပ်ခံထားရမှန်းလည်း ကျမ မသိ ဘူး။ အရင်တုန်းကဆို လူ့အခွင့်အရေးတို့၊ တန်းတူညီမျှရေးတို့ ဆိုတာ မသိဘူး။ တောင်ပေါ်မှာ လမ်းပန်း ဆက်သွယ်ရေး လည်း မရှိ၊ ပညာရေး၊ ကျန်းမာရေး မရှိနဲ့ နေခဲ့ရတာ။ ကိုယ် ဒီလောက် နစ်နာခဲ့တာလည်း ကိုယ့်အခွင့်အရေးကိုယ် နစ်နာ နေမှန်းလည်း နားမလည်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဘာတို့ကတော့ ခေါင်းဆောင်တွေ ပြောတာတော့ ဟုတ်မှာပါ။ ကျမ တို့ကတော့ သိပ်နားမလည်ဘူး။

ကျမတို့ ဒီဘက်ကို ပြောင်းလာတော့ သိလာတာက မြို့မှာကျတော့ ရန်ကုန်၊ မန္တလေးတို့ကျတော့ ရေတွေ မီးတွေ တိုက် တွေနဲ့ ဆေးပေးခန်းတွေ ဆေးရုံဆေးခန်းတွေလည်း အလွယ်တကူ ရနိုင်တယ်။ ပညာရေးလည်း အလွယ်တကူ ရနိုင်တယ်။ ကျမတို့ တောင်ပေါ်မှာကျတော့ ကျမတို့ ဒီနိုင်ငံမှာ မွေးတာပဲ။ ဒီတိုင်းရင်းသားတွေပဲ။ ဒါပေမယ့် အခွင့်အရေး မရတော့ ပညာရေးလည်း မရှိဘူး။ ကျမတို့မှာ စာသင်ကျောင်းလည်း မရှိဘူး။ ကျမတို့ ငယ်ငယ်ကတည်းက ပညာ မသင်ရတာ လည်း စာသင်ကျောင်း မရှိလို့ပဲ။

ကျန်းမာရေး ဆေးပေးခန်းလည်း မရှိဘူး။ ကျေးလက်မှာ ဘာမှ မရှိဘူး။ ဒီလို မွေးဖွားပြီး အသက်ဆုံးရှုံးတဲ့ မိခင်တွေလည်း အများကြီးပဲ။ ကျမ ဒီဒုက္ခသည် စခန်းကို ရောက်တော့ ပြန်စဉ်းစားမိတာ ကျမတို့က အခွင့်အရေးတွေ မသိလို့ မရှိလို့။ သိခဲ့ ရင် တောင်းလို့ ရမယ်လေ။ မသိလို့ မတောင်းခဲ့ရဘူး။ တကယ်ဆို ကျန်းမာရေး ဆေးပေးခန်းတွေ ရှိရမယ်။ ဒါက ကိုယ်ရ သင့် ရထိုက်တဲ့ အခွင့်အရေး ဆိုတာ အခုမှပဲ သိတယ်။ ကလေးတွေဆိုလည်း ကျောင်းထားရတာ အခမဲ့ ဆိုတာ အခုမှ သိ တယ်။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ တောင်ပေါ်မှာ ကလေးတယောက်က စာသင်ဖို့ ဘယ်လို အခြေအနေတွေ ရှိလို့လဲ။

ဖြေ။ ။ ကျမတို့ ရွာမှာ အသက် ၄၀ နဲ့ ၃၅ နှစ် အထက်ကို ကြည့်ကြည့်ပါ။ တယောက်မှ စာမတက်ဘူး။ မြန်မာလိုက စာရော စကားရော မတက်ဘူး။ ကျမတို့ စာတတ်ချင်ကြတယ်။ ကျမဆို တအား နောင်တ ရပါတယ်။ ကျမ ကျောင်း အရမ်းတက် ချင်လို့ ပညာတက်ချင်လို့ ကျမ စစ်ကိုင်းမှာ မယ်သီလရှင် သွားလုပ်ရပါတယ်။ အဲဒါနဲ့မှ ရေးတတ်၊ ဖတ်တတ် ကျမ တက် တာပါ။ အခုထိလည်း ကျမတို့ ကလေးတွေကို လွှတ်နေရတုန်းပါပဲ။ ဒီမှာက သိပ်အဆင်မပြေလို့ပါ။ အောက်ပြည်က ပရဟိတ ကျောင်းမှာပဲ တော်တော်များများ သွားတက်ကြတာပါ။

အတန်းငယ်တဲ့ ၅ တန်းကနေ ၇ တန်းထိက ကျောင်းနဲ့ ဝေးတယ်။ သွားသွားလာလာ အဆင်မပြေပါဘူး။ နေ့ချင်းပြန် ရ မယ်ဆိုရင် မြို့ပေါ်သွားတက်ရင်လည်း အဆင်မပြေပါဘူး။ ဝေးတယ်။ ကျမတို့နားက မူလတန်းတွေပဲ ရှိတယ်။ အတန်း ကြီးလာတော့ ငွေရေးကြေးရေး မတတ်နိုင်တော့ ၉ တန်းနဲ့ ကျောင်းထုတ်ရတာ အများကြီးပဲ။ ၉ တန်း တယောက်ထားဖို့ ဆို အနည်းဆုံး ၄ သိန်း၊ ၅ သိန်းရှိမှ ထားလို့ ရမယ်လေ။ မတတ်နိုင်ကြလို့ မထားကြတာပါ။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ အဲဒီတော့ အစ်မတို့ ကလေးတွေ ရွာက ကလေးတွေကို အခု ကျောင်းဘယ်လို ထားသလဲ။

ဖြေ။ ။ ကျမတို့ စစ်ဘေးရှောင်စခန်းက ကလေး အယောက် ၁၀၀ ကျော်လုံးက စစ်ကိုင်း၊ ပြင်ဦးလွင်နဲ့ မန္တလေးက ပရဟိ တ ကျောင်းတွေမှာ သီလရှင်ဝတ်၊ ကိုရင်ဝတ်ပြီး ကျောင်းတက်ကြပါတယ်။ ဘယ်လို အဆက်အသွယ်ရလဲ ဆိုတော့ ကျမ တို့ ရွာကို သီလရှင် ဆရာလေး တပါးက အလှူလာခံတယ်။ သူက ကျမတို့ကို သနားတယ်။ သူကလည်း တအန်းလူမျိုးပဲ။ ကလေးတွေက ရွာမှာ ၄ တန်း အောင်ရင် ၅ တန်း ဆက်မတက်ကြတော့ ဘာလို့ ဆက်မတက်ကြတာလဲလို့ မေးရင်း တောင်ပေါ်မှာက ခက်ခဲတယ်။ ကျောင်းတက်ဖို့ ၄ နာရီ လမ်းလျှောက်ရတယ်။

ရွာမှာ ကျောင်းမရှိလို့ တောင်ပေါ်ရွာကနေ ကွတ်ခိုင်မြို့ထိ သွားတက်ရတာပါ။ နေ့ချင်းပြန် ကျောင်းတက်ရတော့ ဆက် မတက်နိုင်ကြတော့ဘူး။ အဲဒါနဲ့ ဆရာလေး လာတော့ အချိတ်အဆက်ရပြီး ဆရာလေးကို ပို့ပေးပါဆိုတော့ ကျမက ရွာထဲ က မိဘတွေနဲ့ ခေါ်ပြီး မိတ်ဆက်ပေးတယ်။ အဲဒီလိုနဲ့ ပို့ကြတာပါ။

အစကဆို ကျမတို့ရွာမှာ မူလတန်းတောင် မရှိဘူး။ ကျမတို့ ကျောင်းတောင်းတယ် အစိုးရမှာ။ မရတော့ မရမကကို တောင်း တယ်။ ပညာရေးရုံးနဲ့ ထွေအုပ်ရုံးကို မျက်စိနောက်လောက်အောင်ကို သွားပြီး တောင်းခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ အစိုးရက ကျောင်းချပေးတော့ မူလတန်းကျောင်း ရပါတယ်။

မူလတန်းကျော်တဲ့ ကလေးတွေဆို ကွတ်ခိုင်မှာပဲ တက်ရတယ်။ ဆိုင်ကယ်ရော ကားလမ်းရော မပေါက်လို့ ရွာကနေ ကျောင်းကို ရောက်ဖို့ ခြေလျင်ပဲ ၄ နာရီ သွားရပါတယ်။ မိန်းကလေးတွေဆိုရင် စိတ်မချတော့ ကျောင်းမတက်တော့ဘူး။ ကျမတို့ ရွာမှာ အရင်က ၄ တန်းအောင်ရင် ကျောင်းထွက်ကြတာပဲ။

ပရဟိတကျောင်းတွေနဲ့ အချိတ်အဆက်ရတော့ ကျမ ပထမဆုံး ၂၀၁၃ မှာ ပို့တာ ကလေး အယောက်၂၀ ပို့ပါတယ်။ အဲဒါ က ပထမဦးဆုံး စပို့တာပါ။ ကျမတို့ရွာမှာ ကျမတို့ ငယ်ငယ်တုန်းကဆိုရင်တော့ ပထမဆုံးအနေနဲ့ စစ်ကိုင်းမှာ ကျောင်း သွား တက်တာဆိုရင် ကျမတု့ိ အသုတ်ပဲ၊ ကျမနဲ့ အတူ ၁၇ ယောက် သွားတက်ကြတယ်။ တခြားသူတွေ ဘယ်သူမှ ကျောင်းမတက်ဖူးဘူး။ နောက် ဒီရွာရဲ့ ဒုတိယ အသုတ်အဖြစ် ပို့တာက ၂၀၁၃ မှာ ကျမတို့ ကလေးတွေ အယောက် ၂၀ ကို ပြန်စပို့တာပါ။ ကျမ အမျိုးသား (ပန်ကူရွာ အုပ်ချုပ်ရေးမှူး) ဆိုရင်လည်း ကိုရင်ဝတ်ပြီး မိထ္ထီလာမှာ ကျောင်းတက် တာပါ။

မေး။ ။ မြို့ပေါ်က သီလရှင်ဝတ်၊ ကိုရင်ဝတ်နဲ့ဆိုလည်း ကလေးတွေက အရမ်းကြီး ပြည့်ပြည့်စုံစုံနေရတာ မဟုတ်ဘူးနော်။ အပတ်စဉ် အလှူခံထွက်ရတာနဲ့ တချို့ဆိုလည်း ဆင်းဆင်းရဲရဲပဲ ဖြတ်သန်းရတာပဲလေ။ ဘာလို့ အဝေးကြီး မြို့မှာ သွား ထားရတာလဲ။ ကိုယ့် တောင်ပေါ်ဒေသနဲ့ ဘာကွာလို့လဲ။

ဖြေ။ ။ ဘယ်သူမဆို ဘယ်မိဘမဆို ကိုယ့်သားသမီးကို မခွဲချင်ပါဘူး။ ကိုယ့်အနီးအနားမှာ ထားရင် ပညာမတက်ဘူး။ ခွဲရမှာတော့ ဘယ်သူမဆို ဝမ်းနည်းတာပေါ့။ အများထဲ သွားထားတော့ သိပ်အဆင်မပြေပါဘူး။ ဖျားနာရင်တောင် မိဘ ကိုယ်တိုင် စောင့်ရှောက်လို့ မရဘူး။ ဒါပေမယ့် ကျမတို့ ပညာရေး အရမ်း ခက်ခဲနေလို့ သွားထားရတာပါ။ ဒီမှာ ထားရင် လည်း ပညာမတက်ဘူး။ ဟိုမှာထားတော့လည်း မိဘတွေက စိတ်ဆင်းရဲရတယ်။ ဒါပေမယ့် သူတို့အတွက် ပညာရေးကို ဦးစားပေးတဲ့ သဘောနဲ့ ထားကြတာပါ။

တချို့ကျတော့လည်း ကိုယ့်ဒေသမှာ စစ်ပွဲက အရမ်းဖြစ်နေတော့ ဟိုမှာ ဘာဖြစ်ဖြစ် ဆိုပြီး အသက် ၅ နှစ်၊ ၇ နှစ်ကတည်း က ကလေးတွေကို ပို့လိုက်ကြတယ်။ မြို့မှာက ဆေးရုံဆေးခန်းလည်း နီးတယ်။ ဖျားနာလည်း ကုရ လွယ်တယ်။ ဟိုပြေး ဒီပြေးလည်း မပြေးရဘူး။ အသက်အန္တရာယ် ကင်းရှင်းမယ်လို့ ယူဆပြီး ထားတာလည်း ရှိပါတယ်။ ပညာရေးအတွက် တွေးပြီးထားတာလည်း ရှိပါတယ်။ ဟိုမှာ ဆိုရင်တော့ ပညာလည်း သင်ရမယ်။ ကျန်းမာရေးလည်း တခုခုဖြစ်ရင် လွယ် တာကြောင့် ထားကြတာပါ။

ကျမဆိုရင် သားသမီးတွေကို ၂၀၁၃ မှာ အကြီးမကို စပို့တယ်။ ကျမ မပို့တာက အကြီးဆုံး ကောင်လေးက၂၀၀၇ မှာ ၁၀ တန်း တက်တယ်။ စစ်ကိုင်းက ပရဟိတကျောင်းကို အဆက်အသွယ် မရလို့ မထားလိုက်ရတာ။ ဒုတိယ သမီးကျတော့ ၈ တန်းတည်းက ထားတယ်။ အခု ဘွဲ့ယူတော့လည်း စစ်ကိုင်းမှာပဲ ယူတာပါ။ သူက ၉ တန်းထိ သီလရှင်ဝတ်နဲ့ပေါ့။ ၁၀ တန်း ကျတော့ လူထွက်တယ်။ လူဝတ်နဲ့ ကျောင်းတက်တယ်။ ဘွဲ့ရတဲ့အထိပဲ။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

သီလရှင်ဆရာလေး အဆောင်မှာပဲ နေရင်း တက်တာပါ။ အခုတော့ သမီးကြီးက ဓာတုဗေဒနဲ့ ဘွဲ့ရထားပါပြီ။ ၃ ယောက် မြောက် ယောက်ျားလေးကလည်း စစ်ကိုင်းကိုပဲ ပို့ပါတယ်။ တတိယတန်းကတည်းက ပို့တာ အခုဆိုရင် သူက တက္ကသိုလ် တတိယနှစ်တောင် ရောက်နေပါပြီ။ သူလည်း အခု စစ်ကိုင်းမှာပါပဲ။

ကျမ သားသမီးတွေက စ ပို့ပို့ချင်းတုန်းကတော့ နားမလည်ကြဘူး။ သူတို့ကို ခွဲနိုင်တယ်ဆိုပြီး ထင်ကြတယ်။ နောက်တော့ မှ ရွာမှာ နေရင် စာမတက်မှာ စိုးလို့ ပို့လိုက်တယ် ဆိုတာကို သိလာကြတယ်။ ပရဟိတကျောင်း ထားပေမယ့်လည်း ကျမ က စာဝိုင်းတွေ ဆရာတွေ ထပ်ငှားပေးပါသေးတယ်။ ကလေးတွေ စိတ်ချမ်းသာအောင် မုန့်ဖိုးတွေလည်း ပို့ရတာပေါ့။ ကျမ ပထမ သမီးကြီးကို စစ်ကိုင်း စပို့တုန်းကဆို ၇ ရက်လောက် ကျမ ထမင်း မစားနိုင်ဘူး။ အစာအိမ်ရောဂါဖြစ်ပြီး ကွတ်ခိုင် ဆေးရုံမှာ ဆေးရုံ တင်လိုက်ရတယ်။ အဲဒီလို ဆေးရုံတက်ရင်းနဲ့မှလည်း စစ်ကိုင်းက ဆေးရုံနဲ့ ကွတ်ခိုင်က ဆေးရုံ ဘယ်လို ကွာတယ် ဆိုတာကို သိရတာ။

သမီးကြီးကို ပို့လိုက်တုန်းက ဘယ်လို ခံစားရတယ် ဆိုတာတောင် မပြောတတ်တော့ဘူး။ သူက ၈ တန်း တက်တုန်းက ပို့ တာလေ။ ကျမ သီတင်းကျွတ်မှာ သွားတွေ့တယ်။ ဆရာလေးတွေကလည်း ဂရုစိုက်တယ်။ တိုင်းရင်းသား ကလေးတွေ ကိုလည်း ချစ်တယ်လေ။ ဒီရွာကနေဆိုရင် ကျမ ပို့ထားတာ အယောက် ၄၀ တောင် ရှိပါတယ်။ မယ်သီလရှင်ကျောင်းကို ပို့ ထားတာလေ။ စစ်ကိုင်းမှာ အယောက် ၄၀၊ ပြင်ဦးလွင်မှာ ယောကျ်ားလေးရော မိန်းကလေးရော အယောက် ၅၀ ပို့ထား တယ်။

ပြင်ဦးလွင်မှာ ပို့ထားတဲ့ ထဲက နည်းနည်း ငယ်တဲ့ ကလေးတွေကျ အလှူခံလည်း မထွက်နိုင်ဘူးလေ။ သူတို့ကတော့ လူ ဝတ်နဲ့ပဲ တက်တယ်။ ပြင်ဦးလွင်ကျတော့ သီလရှင်ကျောင်း၊ မိဘမဲ့ကျောင်းပါ။ နောက် ယောက်ျားလေးတွေ မန္တလေး၊ ဖောင်တော်ဦးကျောင်းမှာ ပို့ထားတာလည်း အယောက် ၂၀ လောက် ရှိပါတယ်။ အကုန် ဒီဒုက္ခသည်စခန်းက ချည်းပဲပါ။ အားလုံး စုစုပေါင်းဆို ပရဟိတကျောင်းမှာ လက်ရှိ တက်နေတာ ၁၀၀ ကျော် ပါတယ်။

၂၀၁၃ ကနေ ၂၀၂၀ ထိ ပရဟိတကျောင်းမှာ သွားတက်ပြီး ၁၀ တန်းအောင်တာ မိန်းကလေး ၄ ယောက် ရှိပါတယ်။ ယောက်ျားလေးက ၆ ယောက် ရှိပါတယ်။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ တောင်ပေါ်ဒေသနဲ့ ပတ်သက်ရင် ဒေသဖွံ့ဖြိုးရေးနဲ့ အခြေခံ ရပိုင်ခွင့်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးတွေကို မလုပ်ပေးနိုင်တာက တိုက်ပွဲတွေ ဖြစ်နေလို့ ဒေသ မအေးချမ်းလို့ ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ ဒါကို လက်ခံပါသလား။

ဖြေ။ ။ သူတို့ အခု စစ်ဖြစ်နေလို့ မဖွံ့ဖြိုးဘူးဆိုရင် ထားပါတော့။ အရင်ကရော စစ်မဖြစ်ခင်တုန်းကရော ဒီပုံစံက ဒီပုံစံပါပဲ။ ပိုတောင်မှ ဖိနှိပ်ခံရသလိုပဲ။ စစ်မဖြစ်ခင် ကျမတို့ မတိမ်းရှောင်ခင်ကတည်းက ပညာရေးမှာ အရမ်း ခက်ခဲတယ်။ ကျန်းမာ ရေးမှာလည်း အခက်အခဲ ရှိတယ်။ စားဝတ်နေရေးရော အခက်အခဲရှိတယ်။ အခုမှပဲ စစ်ဘေးရှောင်စခန်း ရောက်ပြီး နောက်မှ သူများက ကူညီလို့ ဆွေးနွေးပွဲတွေ သွားရင်းက ကျမတို့ နားလည်လာတယ်။ အရင်က စစ်မဖြစ်ဘူးလေ။ ဘာလို့ ကျမတို့ ဒေသ မဖွံ့ဖြိုးတာလဲ။

အခုကတော့ ထားပါတော့ စစ်ဖြစ်လို့ပေါ့။ ကျမ ငယ်ငယ်ကတည်းက ဒီပုံစံက ဒီပုံစံပါပဲ။ ကျမတို့ ငယ်ငယ်တုန်းကဆို ဘယ် လက်နက်ကိုင်မှ မရှိဘူး။ KIA ကိုပဲ ကြားဖူးတယ်။ သူတို့ကလည်း တနှစ်တခါလောက်ပဲ လာပြီး အစည်းအဝေး လုပ်တာ။ ဘာတိုက်ပွဲမှလည်း မရှိခဲ့ဘူး။ ၂၀၁၅ မှာ တိုက်ပွဲစဖြစ်မှ ကျမတို့ ရှောင်လာတာပါ။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ နေပြည်တော်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပတယ်။ အနာဂတ်မှာ တိုင်းရင်းသား လူမျိုးတွေ တောင်းဆိုတဲ့ တန်းတူညီမျှရေးနဲ့ တိုင်းပြည်ကို ဘယ်လို ပြန်လည် တည်ဆောက်မယ် ဆိုတာတွေပေါ့။ ဒါကတော့ ထိပ်ပိုင်း ခေါင်းဆောင် တွေ ဆွေးနွေးတာပေါ့။ အစ်မ အနေနဲ့ ဆိုရင်တော့ အရပ်သားတဦးအနေနဲ့ အစ်မနေတဲ့ ပတ်ဝန်းကျင်၊ ဒီရှမ်းပြည်နယ်ကို ဘယ်လို ဖြစ်စေချင်တဲ့ ဆန္ဒရှိပါသလဲ။

ဖြေ။ ။ ကျမ အနေနဲ့တော့ အားလုံးရဲ့အခွင့်အရေး၊ တန်းတူညီမျှရေးကို ရစေချင်ပါတယ်။ နေပြည်တော်တို့ ရန်ကုန်တို့ မန္တ လေးတို့ ဘယ်လိုနေသလဲ။ မြို့ကြီးတွေနေသလိုပဲ မြို့ငယ်ကိုလည်း ဖြစ်စေချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာ ရေးတို့မှာပါ။ အခုက ကွာဟပါတယ်။ မြို့ကြီးနဲ့ မြို့ငယ်ဆိုတာ ကျန်းမာရေး၊ပညာရေးမှာ အရမ်းကွာဟ ပါတယ်။ ကျမက တော့ တန်းတူညီမျှရေး ဖြစ်စေချင်ပါတယ်။

ကျန်းမာရေးမှာလည်း နှိုင်းယှဉ်မယ်ဆိုရင် အများကြီး ကွာဟပါတယ်။ ကျမ ငယ်ငယ်က မယ်သီလရှင် စာသင်ကျောင်း၊ စစ်ကိုင်းမှာ ဆေးရုံတက်ရတော့ အဲဒီမှာ သူနာပြုက ဆက်ဆံရေးလည်း ကောင်းတယ်။ လာပြီဆို ဆရာလေး ဘာဖြစ်လဲဆို တော့ ကျမ ရောဂါတောင် ပျောက်သွားသလိုပဲ။ ကြိုဆိုနေတာ။ အားပေးစကား ပြောတယ်။ ဆေးရုံရောက်တာနဲ့ ကျမက ရောဂါတောင် ပျောက်နေပြီ။ ကျမ အခု ကွတ်ခိုင်မှာလည်း ဆေးရုံသွားဖူးတယ်။ ကျမက အစာအိမ်ရောဂါ ရှိတယ်။

ဆေးရုံကို ရောက်တော့ ကျမက ကြောက်လို့ ပိုတောင် နာလာတယ်။ ဆေးမရှိတာနဲ့ ဆေးစောင့်နေရတာနဲ့။ နာက နာနေ ပြီ။ ဆေးက မရှိ။ စာလေး ရေးပေးတာကို သွားဝယ်ရတယ်။ ပိုက်ဆံကလည်း ခက်ခဲတယ်။ မရှိတော့ ပိုက်ဆံက လိုက်ချေး ရသေးတယ်။ ရန်ကုန်မှာ ကျမ ဆေးရုံတက်ဖူးတယ်။ ဝယ်ရမယ်ဆိုတာ မပြောဘူး။ လာတာနဲ့ တခါတည်း တန်းကုပေး တယ်။ ကျမတို့ ကွတ်ခိုင်မှာက ဆေးက ပြေးဝယ်ရတယ်။ လူနာက မတတ်နိုင်၊ ပိုက်ဆံ အခက်အခဲရှိရင် ဟိုမှာ ချေးရ၊ ဒီမှာ ချေးရနဲ့ အကြွေးလည်း ဝယ်မရ။ ဒါက မြို့ပေါ် အခြေအနေပါ။

ကျမတို့ ကျေးရွာဆို ပိုဆိုးတာပေါ့။ ဆေးရုံဆေးခန်း ရှိမှန်းကို မသိတာပါ။ ကျေးလက်မှ ကျန်းမာရေး စောင့်ရှောက်မှု ရသင့် တယ် ဆိုတာကို နားမလည်ကြတာပါ။ ကျေးလက်မှာ လူနာရှိရင် အကုန် အရေးပေါ် ကားခေါ်ပြီးပဲ ကွတ်ခိုင်မြို့ပေါ်ကို ပို့ရ တာပါ။ ဘာမှ မရှိဘူး။ ကျမတို့ ဘာမှ မရပါဘူး။ ကလေး အပူကျဆေးလောက် လိုချင်ရင်တောင် ကွတ်ခိုင်မြို့ပေါ်ကို ပြေးရ ပါတယ်။ ကျေးလက်ဆေးခန်း ဆရာမကို သွားပြရင် အပူလောက် တိုင်းပေးပြီး ဆေးမရှိဘူး။ အားနာတယ်။ ဘယ်လိုလုပ်ရ မလဲ ဆိုပြီး ပရာစီတမော့ လောက် တိုက်ပြီး မြို့ပေါ် ပြေးရတာပါ။ အခုလည်း ဒီလိုပါပဲ။ ကျမကတော့ ပညာရေး၊ ကျန်းမာ ရေးမှာ မြို့နဲ့ တောင်ပေါ် မခွဲပဲ အကုန် တန်းတူ ရချင်တယ်။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ အစ်မ အခု ပြောတဲ့ ပညာရေး၊ ကျန်းမာရေးတွေ တန်းတူ ရဖို့ဆိုရင် ဘယ်လိုဖြစ်စေချင်တဲ့ ဆန္ဒရှိလဲ။

ဖြေ။ ။ ကျမတို့က တန်းတူညီမျှ အခွင့်အရေးသာ ပေးမယ်ဆိုရင် ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်တာက ပိုအဆင်ပြေပါမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာက ကိုယ့်လူမျိုးက ကိုယ့်ကို အုပ်ချုပ်တာ ပိုအဆင်ပြေပါတယ်။ အဲဒီလိုပဲ ကျမ ထင်တာပါ။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ အစ်မပြောတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရင် အခုနဲ့ ဘာတွေ ပြောင်းလဲမယ်လို့ ထင်လို့လဲ။

ဖြေ။ ။ ပြောင်းလဲမယ်လို့ ထင်တယ်။ ပြည်သူတွေက ဖိနှိပ် မခံရတော့ဘူး။ ကျမတို့ တောရွာမှာ ဘယ်လောက်ပဲ မြို့နဲ့ ဝေးဝေး၊ စာသင်ကျောင်းလေးတော့ ရှိမယ်လို့ ထင်တာပဲ။ အခုလည်း တော်တော်များများက အစိုးရတွေ မဖွင့်ပေးတဲ့ နေ ရာမှာ ကိုယ်ထူကိုယ်ထ ကျောင်းတွေ တအန်းပညာရေး အင်စတီကျူ့က လိုက်ဖွင့်တာ ရှိတယ်။ ဆရာမတွေ ချပေးထား တာလည်း ရှိတယ်။ ကိုယ့်လူမျိုး ကိုယ်ဆိုတော့ နားလည်တဲ့သူက နားမလည်တဲ့ လူအပေါ် ကိုယ်ချင်းစာစိတ် ရှိတယ်။ ပရဟိစိတ်လည်း ရှိတာပေါ့။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ ဒါဆိုရင် ကိုယ့်တိုင်းရင်းသား လူမျိုးအလိုက် ခေါင်းဆောင်တွေက အုပ်ချုပ်တဲ့ အစိုးရအာဏာ ပိုင်တွေဖြစ်လာရင် ပညာရေး၊ ကျန်းမာရေး အကုန် လွယ်လွယ်ကူကူ ရလာမယ်လို့ အစ်မက ဆိုလိုတာလား။

ဖြေ။ ။ ဟုတ်တယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရင် ပညာရေး၊ ကျန်းမာရေးမှာ လွယ်လွယ်ကူကူ ရလာမယ်လို့ ယုံကြည်တယ်။ အခု ကျမ အမြင်ဆိုရင် ကိုယ့်လူမျိုး အချင်းချင်း ကျောင်းလိုက်ဖွင့်ပေးတာ ရှိတယ်။ အစိုးရတွေ လက်လှမ်းမမီတဲ့ နေရာ တွေမှာလေ။ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်ဘာသာ ဖွင့်နေတာ ကျောင်းက ၁၀၀ ကျော် ရှိတယ်။ အခုဆို၂၀၀ ကျော် လောက် တောင် ရှိပြီ ထင်တယ်။

ပညာရေး အခက်အခဲများကြားက တအန်း (ပလောင်) ကလေးငယ်များ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မေး။ ။ အခုလို တိုက်ပွဲတွေ ဖြစ်နေတာကရော တိုင်းရင်းသားလူမျိုးတွေ ရချင်တဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ မယ်လို့ ထင်ပါသလား။

ဖြေ။ ။ အဲဒါတော့ ကျမက မပြောတတ်ပါဘူး။ တကယ်လို့ အစိုးရတွေက ကိုယ့်တိုင်းရင်းသားတွေလို့ ယူဆရင် တော့ စစ်မတိုက်ဘဲနဲ့ ကောင်းကောင်းမွန်မွန် ပေးမှာပေါ့။ ကောင်းကောင်းမွန်မွန် ဆွေးနွေးပွဲနဲ့ ပေးရင်တော့ ရမယ်လို့ ကျမ မျှော်လင့်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ

‘ဝ’ လူမျိုးများ လူသားစားသည့် ဓလေ့ မရှိဟု ‘ဝ’အမျိုးသား ပါတီပြော

ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး

COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည်

The post ပညာရေး၊ ကျန်းမာရေးမှာ မြို့နဲ့ တောင်ပေါ် မခွဲဘဲ အကုန် တန်းတူ ရချင်တယ် appeared first on ဧရာဝတီ.

]]>
မန်စီမြို့နယ် ၅ လောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ ၃ ဦး KIA ဖမ်းဆီး စစ်ဆေး https://burma.irrawaddy.com/news/2020/07/06/225833.html Mon, 06 Jul 2020 12:15:07 +0000 https://burma.irrawaddy.com/?p=225833 ဇူလိုင် ၃ ရက် မနက်၂ နာရီဝန်းကျင်က ဗန်းမော်ခရိုင် မန်စီမြို့နယ် အင်ဘာပါမြို့နယ်ခွဲ ဂိုင်ဒေါ့ကျေးရွာတွင် အသက် ၇၀ အရွယ် အဘွား၊ အသက် ၃၀ ကျော် အမျိုးသားနှင့် အမျိုးသမီး၊ အသက် ၁၀ နှစ်အောက် ကလေးငယ်၂ ဦးတို့ အသတ်ခံ ခဲ့ရသည်။

The post မန်စီမြို့နယ် ၅ လောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ ၃ ဦး KIA ဖမ်းဆီး စစ်ဆေး appeared first on ဧရာဝတီ.

]]>
ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားသည့် ငါးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသား ၃ဦးကို KIAက ဖမ်းဆီးကာ ခုံရုံးတွင် စစ်ဆေး နေကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် မနက်၂ နာရီခန့်က ဗန်းမော်ခရိုင် မန်စီမြို့နယ် အင်ဘာပါမြို့နယ်ခွဲ ဂိုင်ဒေါ့ကျေးရွာတွင် အသက် ၇၀ အရွယ် အဘွားတဦး၊ အသက် ၃၀ ကျော် အမျိုးသားနှင့် အမျိုးသမီး၊ အသက် ၁၀ နှစ်အောက် ကလေးငယ်၂ ဦး အပါအဝင် မိသားစုဝင် ၅ဦးကို ဓားဖြင့် နေအိမ်၌ ခုတ်သတ်သွားခြင်း ဖြစ်ပြီး၊ မိသားစုဝင်တဦးဖြစ်သည့် ၁၃နှစ်အရွယ် သားကြီးမှာ လွတ်မြောက်သွားခဲ့သည်။

လွတ်မြောက်လာသူ မျက်မြင်သက်သေ ၁၃နှစ်အရွယ် သားအကြီးဆုံးအား KIO က စုံစမ်း မေးမြန်းပြီး ပြစ်မှု ကျူးလွန်သူ များ ကို ဖမ်းဆီးကာ KIO ၏ တရားရေး ဌာနက ခုံရုံးတင်ကာ စစ်ဆေးနေခြင်း ဖြစ်သည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “တရားခံလို့ သံသယရှိတဲ့သူ၂ ယောက်ကို ဇူလိုင် ၃ ရက်မှာ ဖမ်းထားတာ ရှိပါတယ်။ ဇူလိုင် ၄ ရက်မှာ နောက်တဦးကို စစ်ဆေးပြီး ဖမ်းထားတယ်။ အခုထိတော့ လူသတ်တဲ့ တရားခံ ၃ယောက် ရှိပါတယ်။ ကျနော်တို့ စစ်ဆေးတဲ့ အဖွဲ့က ဘာကြောင့် အခုလို ဖြစ်ရတယ် ဆိုတာကို အဖြစ် မှန်တွေကို စိစစ်နေတုန်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

လူသတ်မှု ဖြစ်ပွားသည့် ဂိုင်ဒေါ့ကျေးရွာမှာ အစိုးရ အုပ်ချုပ်မှု အာဏာ သက်ရောက်မှု မရှိဘဲ KIO/KIA ၏ ထိန်းချုပ် နယ်မြေ အတွင်းမှ ရွာ ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “တရားစီရင်တဲ့ အပိုင်းမှာ ကျူးလွန်တာနဲ့ ပတ်သက်ပြီး အမြင့်ဆုံး ချမှတ်တဲ့ ကျနော်တို့ တရားရုံးမှာ လည်း လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အမြင့်ဆုံး ဆိုတာကတော့ သေဒဏ် ပေးတာကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

လက်ရှိတွင် မည်သည့်အကြောင်းကြောင့် မိသားစုဝင် ၅ ဦးလုံးအား သတ်ဖြတ်သည်ကို မပြောနိုင်သေးကြောင်းနှင့် အမှုကို စစ်ဆေးနေဆဲသာ ဖြစ်ပါသည်ဟုလည်း ၎င်းက ဆိုသည်။

KIO ၏ ခုံရုံးသည် နိုင်ငံတော်၏ တရားစီရင်ရေး ဆိုင်ရာ တရားရုံးများကဲ့သို့ အမှုကို အပတ်စဉ် ရုံးချိန်းများ ချိန်း၍ စစ် ဆေးခြင်း မဟုတ်ဘဲ နေ့စဉ် ရုံးချိန်း ခေါ်ကာ စစ်ဆေးနေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအမှု၌ ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးသည် ရှေ့နေ ငှားရမ်းခြင်းမျိုး ရှိမည် မဟုတ်ဘဲ ၎င်းတို့ ကိုယ်တိုင် တရားရုံးတွင် အမှုဖြစ်စဉ်ကို ထွက်ဆိုချက်များ ပေးရမည်ဟု သိရသည်။

KIO/ KIA မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအရ ပြစ်မှု ပြစ်ဒဏ်အလိုက် ထောင်ဒဏ်များ ရှိပြီး အမြင့်ဆုံးမှာ သေဒဏ်ဖြစ်သော်လည်း အယူခံဝင်ပြီး ထောင်ဒဏ်အဖြစ် ပြောင်းလဲ ကျခံစေသည့် အမှုများလည်းရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

KIA မှ သေဒဏ်ချသည့် အမှုများကိုမူ အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကဲ့သို့ လူမြင်ကွင်းတွင် တရားခံကို ပြသကာ သေဒဏ်ပေးခြင်း မဟုတ်ဘဲ တရားရုံးက စီရင်ပြီး အရပ်သားများကို ပြသခြင်း မပြုလုပ်ဘဲ အရပ် သားများ မျက်ကွယ်တွင် သေဒဏ်စီရင်လိုက်ခြင်း ဖြစ်သည်။

မန်စီမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ငါးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားသည့် ဂိုင်ဒေါ့ကျေးရွာ သည် အစိုးရအုပ်ချုုပ်မှု အာဏာသက်ရောက်မှု မရှိဘဲ KIA ထိန်းချုပ်သည့် နယ်မြေ ဖြစ်သဖြင့် လူသတ်မှုနှင့် ပတ်သက်၍ မန်စီမြို့ရှိ ရဲစခန်းသို့လည်း လာရောက် တိုင်ကြားခြင်း၊ အမှုဖွင့်ခြင်း မရှိပါဟု ပြောသည်။

ဦးမင်းမင်းက “ရဲတွေကလည်း အဲဒီဘက်ကို သွားဖို့လည်း ခက်ခဲပါတယ်။ မန်စီနဲ့ဆိုလည်း တော်တော် ဝေးပါတယ်။ အဲဒီ ဘက်ကလည်း KIA/ KIO နယ်မြေပါ။ အမှုနဲ့ ပတ်သက်လို့လည်း မကြားပါဘူး။ အဲဒီဘက်က ကျနော်တို့ သွားလို့ မရတဲ့ ကန့်သတ်နယ်မြေပါ။ အဲဒီဘက်က တောင်ပေါ်ရွာတွေလို့ ခေါ်တာပေါ့။ မန်စီမြို့နဲ့ဆို ၅ မိုင်လောက်ပဲ သွားလို့ ရပါတယ်။ ဟိုဘက်ဆို ကန့်သတ် နယ်မြေဖြစ်သွားတာပါ”ဟု ပြောသည်။

ဂိုင်ဒေါ့ကျေးရွာသည် မန်စီမြို့နှင့် မိုင်၂၀ ခန့်ဝေးသည့် တောင်ပေါ်ကျေးရွာတခုဖြစ်သည်ဟုသိရသည်။

ဆက်လက်ပြီး ဦးမင်းမင်းက “အဲဒီဒေသက ဒီဘက်နဲ့ကျတော့ သိပ်ဆက်သွယ်တာ၊ သွားလာတာ မရှိဘူးဗျ။ ကျနော့် အထင်ပေါ့လေ။ နောက်တခုက ကိုဗစ်ကာလမှာ တောင်ပေါ်က လူတွေလည်း မြေပြန့်ကို မဆင်းခိုင်းဘူး။ မြေပြန့်က လူ တွေလည်း တောင်ပေါ်ကို မသွားဘူးလို့ ကန့်သတ်ထားတယ်။ ပိတ်ပင်ထားတယ်။ COVID-19 ကြောင့်ပါ” ဟု ပြောသည်။

မန်စီမြို့နယ်တွင်း တပ်မတော်နှင့် KIA သည်၂၀၁၂ ခုနှစ်မှ၂၀၁၈ ခုနှစ်အထိ တိုက်ပွဲများ ဖြစ်ပွားထားပြီး မန်စီမြို့အနီး တဝိုက်မှ ကျေးရွာ ၁၀ ရွာခန့်မှ ရွာလုံးကျွတ် ထွက်ပြေးကာ မန်စီမြို့ပေါ် စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ် သည်။

မန်စီမြို့နယ်တွင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် မဟုတ်ဘဲ KIA ၏ ခွင့်ပြုချက်ဖြင့် သစ်ထုတ်လုပ်သည့် အဖွဲ့များ သစ်ထုတ် သည့် နယ်မြေဖြစ်ပြီး တပ်မတော်က KIA ၏ သစ်မှောင်ခိုလုပ်ငန်းများကို သိမ်းရန်ဟု ဆိုကာ ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်သည့် နယ်မြေလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရောက်နေသည့် KIA ကိုဗစ် စစ်ဆေးရေးဂိတ် ပြောင်းရွှေ့

The post မန်စီမြို့နယ် ၅ လောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ ၃ ဦး KIA ဖမ်းဆီး စစ်ဆေး appeared first on ဧရာဝတီ.

]]>
ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ် https://burma.irrawaddy.com/opinion/interview/2020/07/02/225661.html Thu, 02 Jul 2020 11:34:09 +0000 https://burma.irrawaddy.com/?p=225661 ပြောင်းဖူး၊ စပါးနှင့် သီးနှံများလည်း စိုက်ပျိုးထားကြသည့် ကာလတွင် ထွက်ပြေးရသဖြင့် စစ်ရေး တင်းမာမှုများ လျော့ကျရန် မျှော်လင့်နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံကာ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို တွေ့ဆုံ မေးမြန်းထားပါသည်။

The post ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ် appeared first on ဧရာဝတီ.

]]>
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မေ ၁၀ ရက်မှ သြဂုတ် ၃၀ ရက်အထိ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေငြာ ထားသည့် နယ်မြေထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကျုံးဝင်သော်လည်း ဇွန်လအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ရာချီသည့် အရပ်သားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကျောက်မဲမြို့နယ်တွင်း ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြား တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာသဖြင့် အရပ်သား ၇၀၀ ကျော်မှာ ၎င်းတို့ နေထိုင်သည့် ကျေးရွာ ၁၀ ရွာကျော်မှ ထွက်ပြေးလာကြရသည်။

ဇွန်လ ၂၈ ရက်နေ့က ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာနေ လုံးဆုနှင့် ဒေါ်နန်းဆိုင်တို့ ၂ ဦးအား တပ်မတော်က ပစ်ခတ်ခဲ့သဖြင့် အသက် ၆၀ အရွယ် လုံးဆုမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်နန်းဆိုင်မှာ တင်ပါးဆုံ ကျည်ထိမှန် ဒဏ်ရာဖြင့် နောင်ပိန် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ရှမ်းလွှတ်တော် အမတ်များက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြထားသည်ကိုတွေ့ရသည်။

ထွက်ပြေးလာကြသည့် အရပ်သားများ အနေဖြင့် တောင်ယာလုပ်ငန်းခွင် စတင်သည့် မိုးရာသီ ဖြစ်သည့် အပြင် ပြောင်းဖူး၊ စပါးနှင့် သီးနှံများလည်း စိုက်ပျိုးထားကြသည့် ကာလတွင် ထွက်ပြေးရသဖြင့် စစ်ရေး တင်းမာမှုများ လျော့ကျရန် မျှော်လင့်နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံကာ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို တွေ့ဆုံ မေးမြန်းထားပါသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။

ဦးစိုင်းထွန်းဝင်း (ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)

တိုက်ပွဲက ဇွန်၂၇ ရက်မှာ စဖြစ်တာ။ ၂၈ ရက်မှာ ဒုက္ခသည်တွေက စပြေးလာကြတာပါ။ ကျနော်ထင်တာတော့ RCSS ရဲ့ မူးယစ်တိုက်ဖျက်ရေးကနေ စပြီး ပြဿနာ ဖြစ်တယ်လို့ မြင်ပါတယ်။ အရပ်သားတွေကတော့ တိုက်ပွဲ ဖြစ်ပြီဆိုရင် စိုးရိမ် ကြတယ်။ ၂၀၁၆ မှာလည်း ကြုံခဲ့ဖူးတာတွေကလည်း ရှိတော့ အခုဆိုရင် တတိယအကြိမ်လောက် ရှိပြီ။ အခု စစ်ဘေး ရှောင်တွေက ပန်လော့ဘုန်းကြီးကျောင်းမှာ ၂၀၀ ကျော် ရှိတယ်။ နောင်ပိန်က အောင်ဓမ္မာရုံမှာ ၄၀၀ နီးနီး ရှိပြီ။ အစိုးရ ဘက်က လက်လှမ်းမမီနိုင်တဲ့နေရာမှာ ၄၀ ကျော် ရှိပါတယ်။ အခုကတော့ ဆက်ပြီး ဒီမှာ ခိုလှုံနေရဦးမှာ။ ဒါပေမယ့် မကြာ လောက်ဘူး။ ၄ ရက်၊ ၅ ရက်လောက်ဆိုရင် သူတို့ပြန်နိုင်မှာပါ။

တိုက်ပွဲကြားမှာ သေဆုံးသွားတဲ့သူတွေ ကိစ္စကတော့ ရွာသားတွေ ပြောပြလို့ သိရတာက တပ်မတော်စစ်ကြောင်း က ဝင်လာတယ်။ တံခါးကို ဖွင့်တယ်။ သေနတ်နဲ့ပစ်တယ်။ တယောက်ကတော့ တင်ပါးမှာ ထိမှန်သွားတယ်။ အဲဒါက အမျိုး သမီး၊ နောက်တယောက်ကတော့ တခါတည်း ပွဲချင်းပြီးပါပဲ။ ပန်ကန်စာသင်ကျောင်းမှာ ပြေးခိုနေတုန်း ဖြစ်သွားတာ။

နောက်တယောက် ရိုက်ခံရတာက သူက ပိုးစာခြံထဲမှာ ပိုးမွေးတုန်း ခြံထဲမှာနေတယ်။ နောက်ပြီး သူက ကျွဲကျောင်းတယ်။ ရွာက လူတွေ ထွက်ပြေးသွားတာကို သူမသိလိုက်ဘူး။ နောက်ဆုံး ကျန်ခဲ့တယ်။ တပ်မတော်စစ်ကြောင်းနဲ့တွေ့တော့ သူ့ကို လမ်းပြအနေနဲ့ ခေါ်တယ်။ သူ့ကိုရိုက်နှက်တာ ရှိတယ်။ ဇွန် ၂၉ မှာတော့ ပန်လော့ဘုန်းကြီးကျောင်းကို ရောက်လာ တယ်။ ဘုန်းကြီးကျောင်းမှာ ခဏ ခိုလှုံပြီး ပရဟိတ အသင်းက ကြိုပြီးတော့ ကျောက်မဲ ဆေးရုံကို ပို့ထားတာပေါ့။

ဇွန် ၂၈ ရက် နေ့လည်ပိုင်းမှာ ဆိုရင်လည်း ရွာသားတွေက အကူအညီတောင်းလာတာ ရှိတယ်။ ဟဲကွီက လူ ၂ ယောက်နဲ့ ကား ၁ စီးကို လမ်းခုလတ်မှာ ခေါ်ဆောင်ပြီး လိုက်ပို့ခိုင်းတာ။ ရွာသားတွေက ကျနော်တို့ကို အကြောင်းကြားလာတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုစိုင်းထွန်းဉာဏ်က စကခ ကို လှမ်းအကြောင်းကြားတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းကိုလည်း လှမ်းအကြောင်းကြားတယ်။ အကြောင်းကြားတဲ့ အချိန်မှာ ပါသွားတဲ့သူကို ပြန်စိစစ်ပေးမယ်လို့ ပြောတယ်။ ဇွန် ၂၉ ရက် မနက်မှာတော့ ပြန်လွတ်လာကြပါတယ်။

အရိုက်ခံရတဲ့ သူတွေရဲ့ကိစ္စကတော့ တခါတည်း လုပ်ငန်းက ပြီးပြတ်သွားတာ မဟုတ်ဘူး။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ညှိနှိုင်းဖို့ရှိပါတယ်။ ဒါက လူ့အခွင့်အရေးချိုးဖောက်တာတွေ ပါလာနိုငိတယ်။ အဲဒါတွေကို ကျနော်တို့ ပြန်ဆွေးနွေးရဦးမှာပါ။ ပြည်သူတွေ ထိခိုက်တဲ့ ကိစ္စကို ဖော်ပြသွားဖို့ တင်ပြသွားဖို့ ရှိပါတယ်။

တကယ်ဆိုရင် RCSS နဲ့က NCA လက်မှတ်လည်း ထိုးထားတယ်။ တပ်မတော်ကလည်း အပစ်ရပ်ကြေငြာ ထားတယ်။ အောက်ခြေနဲ့ အပေါ်က နားလည်မှု လွဲတယ်လို့ ကျနော်မြင်တယ်။ အခုဖြစ်နေတာကလည်း အောက်ခြေက ဖြစ်နေ ကြတာ။ အပေါ်ကတော့ ဒါမျိုးဖြစ်လာရင် ဆွေးနွေးရုံပဲရှိတာ။ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဆွေးနွေးမယ်။ အောက်ခြေ ကတော့ ထုံးစံအတိုင်း ဖြစ်နေတာလို့ လေ့လာ သုံးသပ်ရတယ်။ ကျနော်တို့ကတော့ ဘယ်အဖွဲ့အစည်းမဆို အပေါ်နဲ့ အောက်ကို နားလည်မှု မလွဲစေချင်ဘူး။ ဖြစ်လာရင် ပြည်သူတွေက အရမ်းထိခိုက်နစ်နာတာ။

နောက်တခုက အားပြိုင်မှုလို့ ကျနော်က မြင်တယ်။ တဖက်နဲ့ တဖက် အဖွဲ့အစည်းတွေကြားမှာ အားပြိုင်တာတွေနဲ့ ဒီဘက်ကလည်း ငါ့အဖွဲ့ငါရှိတယ်။ တဖက်ကလည်း ငါ့အဖွဲ့ ငါရှိတယ် ဆိုတာမျိုးက နားလည်မှုတွေ လွဲကြတယ်လို့ပဲ သုံးသပ်ချင်ပါတယ်။ တဖက်က ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့ သွားနေတဲ့ အချိန်မှာ အောက်မှာက နားလည်မှု လွဲပြီး အပစ်အခတ်တွေဖြစ်နေတယ်လို့ပဲ ပြောချင်ပါတယ်။

စစ်ဘေးရှောင်တွေကတော့ ချက်ခြင်းရောက်လာရတော့ စီစဉ်ထားနိုင်တာ မရှိတော့ နီးစပ်ရာ ပြည်သူတွေက ဆန်၊ ဆီတွေပို့ပေးတာနဲ့ စားကြတယ်။ ဝိုင်းပြီး ကူညီဆောင်ရွက်ကြတာပေါ့။ အဓိက ကတော့ လိုအပ်တာက စားဖို့ သောက်ဖို့က အခက်အခဲရှိပါတယ်။

ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေး (ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) )

ဇွန် ၃၀ မှာတော့ ငြိမ်သွားပြီ။ ညှိနှိုင်းမှုကတော့ လောလောဆယ်တော့ ကျောက်မဲ ဆက်ဆံရေးရုံး တာဝန်ခံ ကနေပြီးတော့ ဖုန်းနဲ့ပဲ လှမ်းညှိတာပဲ ရှိလိမ့်မယ်။ တပ်မတော်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရောပေါ့။ တခြားညှိနှိုင်းမှုတော့ လောလောဆယ်တော့ မရှိသေးဘူး။

တိုက်ပွဲဖြစ်ရတာက ၂၄ ရက်နေ့တုန်းက ကျောက်မဲ ဆက်ဆံရေးရုံး တာဝန်ခံကနေပြီးတော့ သက်ဆိုင်ရာ တပ်မတော် ဘက်ကို လှမ်းပြီး အကြောင်းကြားထားတယ်။ ဇွန် ၂၆ ရက်မှာ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကျနော်တို့ RCSS ထိန်းချုပ်ရာ နယ်မြေနှင့် ဖမ်းဆီး ရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးဖို့ အခမ်းအနား ဆောင်ရွက်မယ်။

အဲဒါ ကြောင့် ၂၅ ရက်နေ့မှာ RCSS တပ်ဖွဲ့တွေ လုံခြုံရေး ယူပေးဖို့ ရောက်ရှိနေပါတယ်ဆိုတဲ့ အကြောင်းကို တပ်မတော်ကို လှမ်းပြီး အကြောင်းကြားထားတာပေါ့။ တပ်မတော်ကနေ လှုပ်ရှားမှုတွေ ရှိရင် ထိတွေ့မှုတွေ တိုက်ပွဲတွေ ဖြစ်မှာစိုးလို့ ကြိုတင် အကြောင်းကြားထားတာပေါ့လေ။ ၂၄ ရက်မှာ အကြောင်းကြားထားတာနဲ့ ၂၅ ရက်ကျတော့ ခလရ ၂၅၆ နဲ့ လှုပ်ရှားသွားလာရင်းနဲ့ RCSS နဲ့ တိုးမိရော။ ခဏတဖြုတ် တိုက်ပွဲငယ်လေး ဖြစ်သွားတာပေါ့။ သိပ်မကြာဘူး။ ၅ မိနစ်လောက်ပဲ။

၂၅ ရက်နေ့ ညနေပိုင်းကျတော့ ကျောက်မဲဆက်ဆံရေးရုံး တာဝန်ခံကနေ နောက်ထပ်တခါ တပ်မတော်ဘက်ကို လှမ်းပြီး အကြောင်းကြားပြန်တယ်။ လှုပ်ရှားမှုတွေ နည်းနည်းလျော့ပေးပါ။ ကျမတို့ အကြောင်းကြားထားသလို RCSS တပ်ဖွဲ့ဝင် တွေ မူးယစ်ဆေးဝါး မီးရှို့ ဖျက်ဆီးရေး အခမ်းအနားကို လုံခြုံရေးယူပေးဖို့ ရောက်ရှိနေတာမို့ အခမ်းအနားကို ပြန်ဖျက် ဖို့လည်း မဖြစ်နိုင်ဘူး။

ခင်ဗျားတို့ ဆက်လက် တောနင်းနေမယ်ဆိုရင် မလွှဲမရှောင်သာ တိုက်ပွဲဖြစ်နိုင်တယ်လို့ နောက်ထပ် တခါ အကြောင်း ပြန်ကြားတယ်။ အဲဒါက ၂၅ ရက် ညနေနော်။ ၂၆ ရက်နေ့ရောက်တော့ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး တွေကို မီးရှို့ ဖျက်ဆီးတဲ့ အခမ်းအနားကို အောင်အောင်မြင်မြင်ပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ ပြည်သူလူထုတွေလည်း အများ ကြီး လာတယ်။ အဲဒီတော့ ၂၆ ရက် က တိုက်ပွဲလည်း မဖြစ်ဘူး။ ပြဿနာလည်း မဖြစ်ဘူး။

၂၇ ရက်နေ့ကျတော့ အခမ်းအနားလည်း ပြီးသွားတာကို လုံခြုံရေး ယူပေးတဲ့ တပ်ဖွဲ့ဝင်တွေက ကိုယ့်နေရာကိုယ်၊ ကိုယ်စီ ပြန်သွားကြတာပေါ့။ ပြန်သွားတော့ တပ်မတော်ဘက်က နောက်ထပ် တောနင်းလှုပ်ရှားတော့ တိုက်ပွဲ နောက်တခါ ပြန်ဖြစ် တယ်။ ဒါပေမယ့် တိုက်ပွဲငယ်လေးတွေပဲ ခဏလေးတွေပဲ။ ပြီးသွားရော။

၂၈ ရက်နေ့ကျတော့ ခလရ ၁၀၁၊ ခလရ ၂၅၆၊ ခလရ ၁၄၇၊ ခလရ ၂၂ နဲ့ ခလရ ၂၃ ဆိုတဲ့ ပူးပေါင်း တပ်ရင်းတွေ အင်အား ၁၀၀ ကျော်ခန့်က ဆက်လက်လှုပ်ရှားတာပေါ့။ အဲဒီမှာ RCSS နဲ့ ၃ ကြိမ်လောက် တိုက်ပွဲငယ် ဖြစ်ခဲ့တယ်။ အဲဒီတော့ ၂၇ ရက်တုန်းက ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲငယ်က တပ်မတော်ကနေပြီးတော့ ရွာသားတွေကို ဖမ်းဆီးပြီးတော့ လမ်းပြခိုင်း၊ ရိုက်နှက်တာ ရှိတော့ ထွက်ပြေးကြတာ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

JMC ကနေပဲ တဆင့် ညှိနှိုင်းရမှာပေါ့။ တိုက်ပွဲ ဖြစ်တာ ထိတွေ့မှု ဖြစ်ပွားတိုင်းကတော့ အဲဒီကနေ တဆင့် လုပ်ပါတယ်။ ကျောက်မဲဘက်မှာတော့ အရပ်သား သေဆုံးတာတော့ မသိဘူး။ မနေ့က (ဇွန် ၃၀) တော့ နေ့လည် ၁ နာရီခွဲမှာ ၁၅ မိနစ်လောက် RCSS အင်အား ၂၅ ယောက်လောက်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ သူတို့ဆီက ခဲယမ်းတချို့ သိမ်းဆည်း ရမိတာ ရှိတယ်။ ဖြစ်စဉ်ကတော့ ဒီလောက်ပဲရှိတယ်။

( လမ်းပြအဖြစ်ခေါ်သွားပြီး ရိုက်ခံရတာလည်း) မသိဘူး။ မသိဘူးဆိုတာ ဒါနဲ့ ပတ်သက်ပြီး အောက်ခြေက မတင်ပြ တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နယ်မြေကျော်လွန်တာကို လက်မခံဘူးဆိုတာကတော့ ဒီဟာတော့ မမှန်ပါဘူး။ သိတာကတော့ RCSS/SSA နဲ့က တချို့ဟာတွေက ပြောပြီးသား ရှိတယ်ဆိုတာ သိရတယ်။ သူတို့ရဲ့ နယ်မြေက ရှမ်း တောင်ပိုင်းမှာပဲရှိတာကိုး။ အခု သူတို့က ရှမ်းမြောက်ပိုင်းထိ ရောက်လာတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါကြောင့် သူတို့ SSPP နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာတွေ ဖြစ်ခဲ့တာပေါ့။ RCSS နဲ့ ကျနော်တို့ ညှိနှိုင်းမှုတွေကလည်း ရှိပါတယ်။ ကျနော် နောက်မှ ပြောပါမယ်။

ဦးစိုင်းမောင် (တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်ခံရသူ)

ကျနော်က ကျွဲကျောင်းနေတာ ဆန်ကုန်တော့ ရွာထဲကို ဆန်လာယူရင်း ပေါ်တာ ဆွဲခံရတာ။ ကျနော့်ကို လမ်းပြ ဆိုပြီး ခေါ်သွားတာ။ ဘာမှ မဖြစ်ဘူးဆိုပြီး ခေါ်သွားပြီး ပန်ကန်ကို ရောက်တော့ လူ ၂ ယောက်ကို ပစ်ချလိုက်တယ်။ သူတို့ ပစ်တာ ရွာကို ပစ်တာ။ ကျနော်လည်း မသိဘူး။ သူတို့က ခေါ်သွားလို့ သွားပို့တာ။ ဟိုမှာ ရောက်တော့ သူတို့ ပစ်လိုက်လို့ လူသေသွားပြီ။ အဲဒီမှာ ကျနော့်ကို ရိုက်တာပဲ။ ကျနော်လည်း အရိုက်ခံရပြီး မေ့သွားတယ်။ ကျနော်ထလာတော့ သူတို့ မရှိတော့ဘူး။

ကျနော့်ကို ဟဲကွီရွာထဲကနေ ခေါ်သွားတာ။ ကျနော်လည်း သူတို့ကို ကောင်းကောင်းပြောတယ်။ ကျနော်က ကျွဲ ကျောင်းသူပါ ။ ထမင်းဆာလို့ ဆန်ကုန်လို့ အိမ်မှာ လာယူတာပါ။ မင်းတို့အိမ်က လူတွေ ဘယ်ရောက်သွားလဲ ဆိုတော့ ကျနော်လည်း မသိဘူး။ ကျနော်က တောထဲမှာပဲ နေတာ။ ရွာက လူတွေ ကြောက်ပြီး ထွက်ပြေးသွားတာလည်း ကျနော် မသိဘူး။ သူတို့က မင်းမသွားနဲ့ ဆိုပြီး ခေါ်ထားတယ်။

နောက်ပြီး ကျနော့်ကို လမ်းပြ လိုက်ပို့ဆိုတော့ လိုက်ပို့တာ ပန်ကန် ရောက်တော့ သူတို့က လူကို ပစ်လိုက်တာ။ ပစ်ပြီး သူတို့က ပုန်းတယ်။ အဲဒီမှာ ဟိုဘက်က စစ်သားက မရှိပါဘူး။ သူတို့က လူ(အရပ်သား)အိမ်ကို ပစ်တာပါ။ သေပြီ ဆိုတော့ ကျနော့်ကို ပြောတယ်။ မင်းပြောတော့ လူမရှိဘူးဆိုတဲ့။ ကျနော်လည်း မသိဘူး။ ကျွဲကျောင်းတာ။ ကျနော့်ကို ရိုက်တယ်။ ကျနော့်လက်ကို နောက်ပြန်ကြိုးတုပ်ထားတာ။ ချည်ထားပြီး ရိုက်တာ။ ကျနော့်ကို စပြီး လမ်းပြလုပ်ဖို့ ခေါ်လာတည်းက ကြိုးက တုပ်ထားတာ။ နောက်ပြီး ရိုက်လို့ ကျနော် မေ့ပြီး ကျန်နေခဲ့တာ နိုးလာတော့ ဘုန်းကြီးကို တွေ့တယ်။ ဘုန်းကြီးက ကျနော့်ကို ခေါ်လာလို့ ကျနော် ဆေးရုံရောက်လာတာ။

သူတို့က ကျနော့်ကို ဘာလို့ ရိုက်လဲ မသိဘူး။ ကျနော်က လမ်းမပြရင်လည်း တမျိုးပေါ့။ အခုက လမ်းလည်း ပြတယ်။ ကျနော့်ကို ပြန်လွှတ်ရမှာလေ။ မလွှတ်ပေးဘဲ ကြိုးတုပ်ပြီး ရိုက်တာ။ ဘာနဲ့ ရိုက်လဲ ဘယ်လို လုပ်ကြလဲ မသိဘူး။ ရိုက်ခံ ရတာနဲ့ ကျနော်က မေ့သွားတာပဲ။ ကျနော်နိုးလာတော့ စစ်ကြောင်းတွေ ဘယ်သူ့ကိုမှ မတွေ့တော့ဘူး။ ကျနော့် ကိုလည်း ကြိုးဖြည်ပေးခဲ့တယ်။ အဲဒီမှာ ဘုန်းကြီးနဲ့တွေ့တော့ ပစ်ခံရတဲ့ လုံးဆု ဆိုတဲ့သူက သေပြီတဲ့။ ဦးစိုင်းမောင်မလား။ လာဆိုပြီး ခေါ်လာခဲ့တာ။ ကျနော်အခု ခေါင်းတွေ ပါးတွေ တအားနာတယ်။ မတ်တပ်ထရင်လည်း မူးနေတာ။ ကျနော် ဘာမှလည်း မသိတော့ဘူး။

အရိုက်ခံရတဲ့အပေါ်လည်း ကျနော် ဘာမှ မပြောလိုတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ဖြစ်တာပဲ နေပါစေတော့။ သူတို့ မလုပ် သင့်ဘူး။ စဉ်းစားကြည့်ပါ။ လမ်းပြဆိုလို့ ပြတာကို ရိုက်တယ်။ အဓိပ္ပာယ်မရှိဘူး။ ဘာလို့ အပြစ်မရှိပဲ ရိုက်တာလဲ။ သူတို့ ပစ်လိုက်လို့ သေသွားတာကလည်း ကျနော့် ဦးလေးတော်တယ်။ ကျနော့်အမျိုးတွေပဲ။ သူတို့က မလုပ်သင့်တာကို လုပ် တယ်။ ဒီမှာ စစ်သားရှိလား မေးတယ်။ ကျနော်တို့က စစ်သားကို လိုက်ရှာနေတာလည်း မဟုတ်ဘူး။ တောင်သူတွေမို့ ထမင်းစားဖို့ အလုပ်လုပ်နေရတာ။ လမ်းပြခေါ်လို့ ပြတာပါပဲ။ ကျနော် မပြောတတ်တော့ဘူး။ သူတို့က သေနတ် ကိုင်တာ ကိုး။ ကျနော့်ကို ရိုက်တော့လည်း ကျနော်ပဲ ခံရတာပေါ့။

ဒေါ်နန်းမွမ်းဆိုင် (ကျည်ဆန်ထိမှန်ထားသည့် စစ်ဘေးရှောင်ဒုက္ခသည်)

ကျမက မမြင်ဘူး။ သူများတွေ ပြောတာ စစ်ကြောင်းတွေ လာပြီတဲ့။ အဲဒီမှာ သူတို့က လှမ်းပစ်တာ။ ကိုယ့်အိမ်မှာ ကိုယ်နေ နေတာကို ပစ်ခံရတာ။ ကျမလည်း ထွက်ပြေးတာပဲ အဝေးကို။ စစပြေးတုန်းက ပစ်ခံရတာကို မသိဘူး။ အဝေးကို ရောက်မှ ပစ်ခံရမှန်း သိတာ။ အခု ရွာကို ပြန်ရမယ်ဆိုလည်း ကြောက်တယ်။ ဒါပေမယ့် မပြန်ရင်လည်း အိမ်က ဇာတိက ရွာဆိုတော့ ဘယ်လိုမှ မပြောတတ်ဘူး။

အခုလို ပစ်ခံရလို့လည်း စစ်သားတွေကို ဘယ်လိုမှ မမြင်ရဲပါဘူး။ ဘာမှလည်း မပြောချင်ပါဘူး။ သူတို့က သေနတ်နဲ့ ဆိုတော့ နိုင်လည်း မနိုင်ဘူး။ ကြောက်တာ တခုပဲ သိတယ်။ သူတို့ကို မုန်းလည်း မမုန်းပါဘူး။ ကျမတို့မှာ အခု ပြေးလာ ရတော့ အခက်အခဲ ဖြစ်တယ်။ ကျည်ထိတော့ ဆေးဖိုးဝါးခလည်း ကုန်တာပေါ့။ ကျမတို့က အေးအေးဆေးဆေးပဲ နေချင် ပါတယ်။

ဦးစိုင်းသန်းမောင် (ဟဲကွီကျေးရွာ အုပ်ချုပ်ရေးမှူး)

စဖြစ်တာက ကျနော်တို့ ရွာထဲကို တပ်တွေက ဝင်လာတယ်။ အဲဒီတုန်းက ဇွန် ၂၆ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဆိုပြီး တော့ မူးယစ်ဆေးဝါးတွေကို မီးရှို့တာ RCSS ဘက်က။ အဲဒီမှာ တပ်က ဝင်လာတာ တောထဲတောင်ထဲမှာ သေနတ်တွေ ပစ်ပြီး တက်လာတာ။ သူတို့ တက်လာတော့ ရွာသားတွေက ကြောက်ပြီး ပြေးကြတာပေါ့။ နောက်ပြီး သူတို့က ပန်လော့ ဘက်က တဖွဲ့ဝင်လာတယ်။ နောက်ပြီး တောင်ခြေဘက်ကလည်း တဖွဲ့ ဝင်လာတယ်။ RC လူတွေကလည်း များနေတယ် ဆိုတော့ ကျနော်တို့လည်း ကြောက်ကြတာ။ သေနတ်သံတွေလည်း ကြားတယ်။ လမ်းရှင်းပြီး ဝင်လာတော့ ပိုပြီး ကြောက် ကြတာ။

သူတို့ ပြောတာတော့ တောထဲမှာ တိုက်ပွဲဖြစ်နေကြတာတဲ့။ ဟိုက ပစ်၊ ဒီက ပစ်နဲ့။ ကျနော်တို့ကတော့ နောင်ပိန်ကို ရောက်လာကြတာ။ ကျနော့်အုပ်စုထဲ ပါတဲ့ ပန်ကျင်ဆို ပစ်ခံရတာ ရွာထဲ။ ပစ်တာလည်း ရွာသားတွေပြောတာတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲနဲ့ တဖက်သတ် လာပစ်တာတဲ့။ သူတို့ပန်ကျင်ရွာမှာ သေနတ်သံကြားတော့ ကြောက်တာပေါ့။ ပြေးပြီး စာသင်ကျောင်းထဲ သွားပုန်းတာ ပစ်ခံရတာ။ ဖြစ်တာကတော့ ဇွန် ၂၈ ရက်၊ မနက် ၈ နာရီလောက်မှာ အဲဒီလို ဖြစ်တာပါ။

အစိုးရကို ပြောချင်တာက မြန်မြန်လေး နှစ်ဖက်လုံး ငြိမ်းချမ်းရေး ရအောင် လုပ်ပေးပါလို့ ပြောချင်တယ်။ ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ်။ RCSS နဲ့က အပစ်ရပ် လက်မှတ်တွေ ထိုးထားတာလည်း ကျနော်တို့သိပါတယ်။ အခုလို ပြန်ဖြစ်နေတာတွေက တဖက်လုပ်တာကို တဖက်က မကြိုက်လို့ အခုလို ဖြစ်ကြတာလား။ မသိဘူး။

ကျနော်တို့က အခုလည်း ရွာကို ပြန်ချင်တယ်။ ဒီက ဧည့်ခံကျွေးမွေးတဲ့ တာဝန်ခံတွေက စောင့်ဦး၊ နောက်ရက်မှ ပြန်တဲ့။

ကျနော်တို့က တိုက်ပွဲကြောင့် အခုလို တခါတခါ ပြေးလာရရင် ဒုက္ခက များတယ်။ အခက်အခဲကလည်း များတယ်။ ကျွဲ၊ နွား၊ ကြက်တွေက နောက်မှာ ကျန်ခဲ့တာ။ ဝက်တွေ ဘဲတွေ ထားခဲ့ရတာ။ ဒီအချိန်ကလည်း စိုက်ပျိုးချိန်ဆိုတော့ ခက်ခဲတယ်။ ၂၀၁၆ တုန်းကလည်း တိုက်ပွဲဖြစ်တုန်းကလည်း စိုက်ပျိုးချိန်ပဲ။ အခုလည်း ဒီအချိန်ပဲ ဖြစ်နေတယ်။ ခက်ခဲတယ်။

ဦးမောင် (စစ်ဘေးရှောင်ဒုက္ခသည်၊ ဟဲကွီရွာ၏ ရပ်မိရပ်ဖ)

ကျနော်တို့ရွာက လူတွေ ပြေးလာတာက ပြိန်းနင်မှာ စစ်သားတွေ လာပြီတဲ့။ ဟိုဘက်ကလည်း လာတော့ မတတ်နိုင်တော့ ဘူး ပြေးကြရတာပဲ။ သေနတ်ဖောက်သံကလည်း ကြားပြီဆိုတော့ ကျနော်တို့လန့်တယ်။ တချို့လည်း တုန်ပြီး ကားပေါ် တက်တာ။ ကျနော်က ဇွန် ၂၉ ရက်မှ ဒီကို ရောက်လာတာ။ ဘုန်းကြီးက ကားနဲ့ လာကြိုမှ လိုက်လာတာပါ။ ကျနော်က ရွာကလူတွေကို ပြေးဖို့ ပြောပြီး ရွာမှာ ကျနော်တယောက်တည်း ရွာစောင့် အဖြစ် ကျန်ခဲ့တာ။

ကျနော်က တယောက် တည်း ကျန်ခဲ့တာ။ ရွာကို အာမခံရမယ်လေ။ လူလုံးဝ မရှိရင် မကောင်းလို့လေ။ တချို့ကလည်း ဗမာစကား မပေါက်ဘူး ဆိုတော့ ပြောမှားရင် မကောင်းလို့။ ဟိုရွာမှာလည်း သေတာ ဆိုတော့ ဘယ်လောက် နစ်နာလဲ။ ကျနော်က ကြောက်တော့ ကြောက်ပေမယ့် ဗမာစကား ပေါက်တော့ နေခဲ့တာ။ ကလေးတွေ ဘာတွေ စကားပြောမှားရင် တရွာလုံး နာမှာ ကြောက်လို့ လေ။ သူတို့က ရွာထဲ ဝင်လာတော့ ကောင်းကောင်းမွန်မွန်တော့ ပြောပါတယ်။ ဗမာစစ်သားတွေကလေ။ သူတို့က ဇွန် ၂၉ ရက်၊ မနက် ၇ နာရီမှာ အကုန် ပြန်ထွက်သွားကြတယ်။

ကျနော်တို့က ရှမ်းစစ်သားတွေ အပစ်ရပ်ထားတာလည်း မသိပါဘူး။ ကျနော်တို့က အိမ်ဝိုင်းထဲပဲ နေတော့ စစ်သားတွေ သွားလာတာလည်း မသိပါဘူး။

ကျနော်တို့က တိုက်ပွဲကို မဖြစ်စေချင်ဘူး။ တောင်းပန်လို့မှ မရတာကိုး။ မတတ်နိုင်တော့ သူတို့ ဖြစ်ရင် ကျနော်တို့က ကိုယ့်ဘာသာကိုယ် ရှောင်ထွက်သွားရုံပဲပေါ့။ ဘာမှ မတတ်နိုင်ဘူး။ တိုက်ပွဲကို မဖြစ်စေချင်ဘူး လုံးဝကို မဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်တာကို ကျနော်တို့ မကြိုက်ဘူး။ တိုက်ပွဲဖြစ်ရင် ကျနော်တို့ တော်တော်ကို ဒုက္ခဖြစ်လို့ပါ။

စပါးကျိတ်ချင်လည်း မကျိတ်ရ။ ပြောင်းစိုက်ချင်လည်း မစိုက်ရနဲ့ စပါးမျိုးတွေ ကျဲထားတာလည်း ရေလောင်း ရမလား။ ရေရှိသေးရဲ့လားဆိုတာတောင် သွားကို မကြည့်ရဲတော့တာ။ အဲဒါကြောင့် တိုက်ပွဲဖြစ်တာ မကြိုက်ဘူး။ အခုလည်း ဘယ် နေ့ ပြန်ရမလဲဆိုတာ မသိဘူး။ သူများကိုလည်း ပြောထားတယ်။ ဘယ်သူမှ မပြန်နဲ့ဦး။ အစိုးရရဲ့ ကယ်ဆယ်ရေး မှာလည်း ရွာသားတွေက ဘယ်လောက် ရှိတယ်ဆိုတဲ့ စာရင်းရော နာမည်ရောက ဟိုမှာ အကုန်ရောက်နေပြီ။ အဲဒီဘက်က ပြန်လို့ ရပြီဆိုမှ ပြန်ကြလို့ ပြောထားတယ်။

ကျနော်တို့ပြေးလာတော့လေ ဘာမှ မသယ်လာနိုင်ဘူး။ ကျနော်ဆိုလည်း ဒီကို လာတော့ တံခါးတွေပါ မပိတ်ဘူး။ အကုန် ဖွင့်ထားခဲ့တာ။ အသက်ကပဲ အရေးကြီးတယ်ဆိုပြီး လာတာ။ သူများက ဝင်လာပြီး ကျနော်တို့ ပစ္စည်းယူရင်လည်း နှမြော လည်း မတတ်နိုင်ဘူး။

ဦးစိုင်းလျန်း (နောင်ပိန် စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ဝင်)

အမှန်ဆို မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေးကာလလေ။ NCA လက်မှတ်လည်း ထိုးထားတဲ့ အဖွဲ့လည်း ဖြစ်တယ်။ နိုင်ငံတော် ကလည်း ထိုးထားတာပဲ။ လက်နက်ကိုင် တဖွဲ့တည်းက ထိုးထားတာလည်း မဟုတ်ဘူး။ နှစ်ဖက်လုံးက ထိုးပြီးမှ ငြိမ်းချမ်း ရေး ဖြစ်လာတာလေ။ သူတို့ မူ သူတို့ စည်းကမ်းတွေ ရှိတာပဲ။ ဘယ်သူချိုးဖောက်တယ်ဆိုတာ ကာယကံရှင်တွေက သိမှာ ပေါ့။ ကျနော်တို့ လူထုကတော့ ဘယ်ဖြစ်စေချင်မလဲ။ အခုချိန်က စိုက်ပျိုးတဲ့ အချိန်လေ။ တကယ်လို့ စိုက်ပျိုးတဲ့ အချိန်မှာ မစိုက်ဖြစ်ရင် တနှစ်လုံး ဒုက္ခရောက်ပြီ။ တောင်သူတွေမှာ ဘာစီးပွားမှ မရှိဘူး။ စိုက်မှ စားရမယ့် သူတွေ။ အခုလို တိုက်ပွဲ ဖြစ်တော့ ဒုက္ခရောက်တာပေါ့။

အခုတော့ အခြေအနေငြိမ်စ ပြုလာပြီလို့တော့ ကြားတယ်။ ရှင်းရှင်းပြောမယ်ဗျာ။ တပ်မတော် မရှိရင် ဘာမှ ပြေးစရာ မလိုဘူး။ တပ်မတော်ကို ကြောက်လို့ ပြေးတာပဲ။ ရှမ်းက ရှမ်းနဲ့ နေနေတာပဲ။ တပ်မတော်သာ အကုန်ထွက်ရင် အိမ်ကို ပြန်လို့ရပြီ။ ဒါပွင့်ပွင့်လင်းလင်း ပြောတာဗျာ။ အစိုးရကို ပြောချင်တာ အခုဖြစ်တဲ့ ပုံစံ၊ NCA ထိုးထားတဲ့ အဖွဲ့နဲ့ သွားဖြစ် တယ်။ သူတို့ NCA စာချုပ်ထဲမှာ ပါထားတဲ့ ကတိတွေ အမျိုးမျိုးရှိမှာပဲ။ ဘယ်သူက ချိုးဖောက်တယ်၊ မချိုးဖောက်ဘူး ဆိုတာ နိုင်ငံတော်က သိတယ်။

အခုလို ချိုးဖောက်မှုမျိုး မဖြစ်အောင် ရှောင်သင့်တာပေါ့။ ရှောင်စေချင်ပါတယ်။ အဲဒါမှ ပြည်သူလူထုကို ကူညီရာရောက်မှာပါ။ မဟုတ်ဘဲ တောထဲ ဝင်ချင်သလို ဝင်လာ၊ တောထဲ လာတိုက်။ တောထဲက လူက လည်း မြို့ပေါ် ဝင်တိုက်ရင် အချိန်မရွေး အခါမရွေးဆို လူထုကို ဒုက္ခပေးတာပဲ။ သူတို့လည်း ဘာမှ အကျိုးမထူးဘူးလေ။ အောက်လက်ငယ်သားတွေပဲ ဒုက္ခရောက်ကြတာပဲ။ အဲဒါပဲ ပြောချင်ပါတယ်။

You may also like these stories:

ပြည်ထောင်စု စိတ်ဓာတ် ဖြစ်စေမယ့် သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်တယ်

လိင်အမြတ်ထုတ်ကြောင်း တိုင်ကြားခံရတဲ့ ရဲရာထူးခန့်ချုပ် ဖြစ်ရပ်အပေါ် အမြင်များ

စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်ဖို့ အချိန်ယူရပါတယ်

The post ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ် appeared first on ဧရာဝတီ.

]]>
တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး https://burma.irrawaddy.com/news/2020/07/01/225602.html Wed, 01 Jul 2020 14:36:19 +0000 https://burma.irrawaddy.com/?p=225602 အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် အကြားတွင် အရပ်သားများ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသည်။

The post တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး appeared first on ဧရာဝတီ.

]]>
အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် အကြားတွင် အရပ်သားများ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်ဖက် တင်းမာမှုကြားတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီး တဦး ဒဏ်ရာ ရကာ၊ လမ်းပြအဖြစ်ခေါ်ဆောင်ခံရသူ အမျိုးသားတဦးလည်း ရိုက်နှက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် RCSS သည် ဇွန် ၂၅ ရက်တွင် တကြိမ်၊ ဇွန် ၂၇ နှင့် ဇွန် ၂၉ ရက်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားထားသည်။

စစ်ရေးတင်းမာနေချိန် ဇွန် ၂၈ ရက်၊ မနက် ၈ နာရီခန့်က အက်ကီးကျေးရွာသို့ တပ်မတော်စစ်ကြောင်းများ ဝင်လာပြီး အသက် ၆၇ နှစ်အရွယ် ဦးစိုင်းမောင်ကို လမ်းပြအဖြစ် ဖမ်းဆီးသွားပြီး ပန်ကန်ကျေးရွာသို့ အရောက် တွင် အရပ်သားများ နေထိုင်သည့် နေအိမ်တလုံးကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်နန်းမွမ်းဆိုင်၏ တင်ပါးတွင် ကျည်ဖောက်ဝင်ကာ ဒဏ်ရာ ရရှိခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျောက်မဲဘက်မှာ အရပ်သား သေဆုံးတာတော့ မသိဘူး။ မနေ့က နေ့လည် ၁နာရီခွဲမှာ ၁၅ မိနစ်လောက် RCSS အင်အား ၂၅ ယောက်လောက်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ သူတို့ဆီက ခဲယမ်းတချို့ သိမ်းဆည်းရမိတာ ရှိတယ်။ ဖြစ်စဉ်ကတော့ ဒီလောက်ပဲရှိတယ်” ဟု ဇွန်လ ၃၀ ရက်နေ့က ပြောသည်။

လမ်းပြအဖြစ်ခေါ်ဆောင်သွားခံရသူ ဦးစိုင်းမောင်ကိုလည်း တပ်မတော်စစ်ကြောင်းက ရိုက်နှက်ပြီး ပန်ကန် ရွာနားတွင် ထားခဲ့သည်ဟု ကာကယံရှင်က ပြောသည်။

လက်ရှိတွင် ဒဏ်ရာ ရရှိထားသည့် ဒေါ်နန်းမွမ်းဆိုင်နှင့် ဦးစိုင်းမောင်တို့မှာ နောင်ပိန်တိုက်နယ် ဆေးရုံနှင့် ကျောက်မဲမြို့ ဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေရသည်။

ဒေါ်နန်းမွမ်းဆိုင်က “စစ်ကြောင်းက ဝင်လာလာချင်း မြင်တာနဲ့ ချက်ချင်း ပစ်တာပဲ။ ကိုယ့်အိမ်မှာ ကိုယ်နေနေ တာကို ပစ်တာပါ။ ကျမက ဒဏ်ရာနဲ့ပဲ အဝေးကြီးကို ထွက်ပြေးတာ။ စစချင်းက ပစ်ခံရလို့ ထိတာ မသိဘူး။ အဝေးကို ရောက်မှ သိတာ”ဟု ပြောသည်။

ဦးစိုင်းမောင်ကလည်း ၎င်းကို တပ်မတော်စစ်ကြောင်းများက စတင်ဖမ်းဆီးစဉ်က လမ်းပြပေးရန် ပြောပြီး လက်ပြန်ကြိုးတုတ်ကာ ခေါ်ဆောင်သွားကြောင်း၊ ၎င်းကလည်း လမ်းပြပေးရာ လမ်းတွင် ရိုက်နှက်ပြီး မေ့နေချိန်တွင် ထားခဲ့ခြင်း ဖြစ်ပါသည်ဟု ပြောသည်။

ပန်လော့ကျေးရွာဘုန်းတော်ကြီးမှ မေ့လဲနေသည့် ဦးစိုင်းမောင်ကို ခေါ်လာပြီး ဆေးရုံသို့ ပို့ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးစိုင်းမောင်က “တအားနာနေတယ်။ ထရင်လည်း မူးနေတယ်။ တကယ်ဆို သူတို့ မလုပ်သင့်ဘူးလေ။ လမ်းပြဆိုလို့ ကျနော် ပြတယ်လေ။ ဘာလို့ ရိုက်တာလဲ။ အဓိပ္ပာယ်မရှိဘူး။ ကျနော်ပြောတယ်။ ကျနော်က ကျွဲကျောင်း တဲ့ သူ ၊ ထမင်းကုန်လို့ ဆန်ကုန်လို့ လာယူတာ။ အပြစ်မရှိပဲ ရိုက်တာ။ သူ (တပ်မတော်) တို့ ပစ်လို့ သေသွား တာကလည်း ကျနော့်ရဲ့ ဦးလေးတော်ပါတယ်”ဟု ပြောသည်။

ဦးစိုင်းမောင်သည် ရိုက်နှက်ခံထားရသဖြင့် မျက်နှာနှင့် လည်ပင်းများတွင် ဒဏ်ရာများရရှိထားသည်။

တပ်မတော်က လမ်းပြ အဖြစ်ခေါ်ဆောင်သွားရင်း ရိုက်နှက်ခဲ့သည်ဟု ဆိုသော ဦးစိုင်းမောင်၏ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “အဲ့တာလည်း မသိဘူး။ မသိဘူးဆိုတာ ဒါနဲ့ ပတ်သတ်ပြီး အောက်ခြေက မတင်ပြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ဇွန် ၂၇ ရက်မှ ၂၉ ရက်ကြား တွင် တပ်မတော်က အရပ်သား အမျိုးသား အချို့ကိုလည်း ပေါ်တာဆွဲပြီး လွှတ်တော် အမတ်များက ပြန်လွှတ်ပေးရန် ဆက်သွယ်ပြောဆိုမှသာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

အရပ်သား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာ ရရှိထားသည့် ဖြစ်စဉ်ကိုလည်း ပစ်ထားမည် မဟုတ်ဘဲ အရပ်သားများ ၏ ထိခိုက်နစ်နာမှုအတွက် ကျောက်မဲမြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ ကြား ဆွေးနွေး သွားရန် ရှိသည်ဟုလည်း ဦးစိုင်းထွန်းဝင်းက ဆိုသည်။

ဦးစိုင်းဝင်းထွန်း က “ဒါနဲ့ ပတ်သတ်လို့ လုပ်ငန်းက တခါတည်း ပြီးပြတ်သွားတာ မဟုတ်တော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြန်ပြီး ညှိနှိုင်းဖို့ ရှိပါတယ်။ ဒါကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါလာ နိုင်ပါတယ်။ ထိခိုက်တဲ့ ကိစ္စနဲ့ ပတ်သတ်လို့ ကျနော်တို့ တင်ပြသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

RCSS သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေး ဆွေးနွေးမှုလည်း လုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါထိန်းချုပ်ရေးနှင့် ကုသကာကွယ်ရေးတို့ကို ပိုမိုလုပ်ဆောင်ရန်ဟု ဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၀ ရက်အထိ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေငြာထားပြီး ရှမ်းပြည်နယ်မြာက်ပို ုင်း သည် အပစ်ရပ်နယ်မြေထဲတွင် အကျုံးဝင်သည်။

ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သတ်၍ RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဇွန် ၂၆ ရက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပရန်အတွက် လုံခြုံရေး လာယူပေးသည့် RCSS တပ်ဖွဲ့ဝင်များကို တပ်မတော်စစ်ကြောင်းမျာ းက တိုက်ခိုက်ရာမှ စပြီး တိုက်ပွဲဖြစ်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

RCSS ဘက်မှ မူးယစ်ဆေးတိုက်ဖျက်ရေး အခမ်းအနားအတွက် လုံခြုံရေးယူမည့် တပ်ဖွဲ့ဝင်များ လာမည့် အကြောင်းကို တပ်မတော်ဘက်သို့ ကြိုတင်အကြောင်းကြားခဲ့ပြီး ဇွန် ၂၅ ရက် ၊ မနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်သည်ကိုလည်း တပ်မတော်ကို အကြောင်းကြားပြီး တောတွင်းလှုပ်ရှားမှုကို လျော့ပေးရန် ၊ မလျော့ပါက တိုက်ပွဲများ ဖြစ်နိုင်သည်ဟု ုလည်း အကြောင်းကြားကာ ညှိနှိုင်းခဲ့ပါသည်ဟု ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဆိုသည်။

ဇွန် ၂၇ ရက်တွင် ၎င်းတို့ လုံခြုံရေးတပ်ဖွဲ့များ တပ်စခန်းအသီးသီးသို့ ပြန်ရာ လမ်းတွင်လည်း တပ်မတော်က တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲငယ်တခု ဖြစ်ခဲ့ပြီး ဇွန် ၂၈ ရက်တွင် တပ်မတော်က ခြေလျင်တပ်ရင်း ၅ ရင်း၊ အင်အား ၁၀၀ ကျော်ဖြင့် ဝင်လာသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ပြောသည်။

တိုက်ပွဲကာလတွင်း အရပ်သား ၁ဦး သေဆုံးခြင်းနှင့် ၂ ဦး ထိခိုက်ဒဏ်ရာ ရခြင်းမှာလည်း RCSS နှင့် တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် မဟုတ်ပဲ ပန်ကန်ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခြင်းနှင့် လမ်းပြခေါ်လာသူကို ရိုက်နှက်သွားခြင်းသာ ဖြစ်သဖြင့် တပ်မတော်နှင့် အစိုးရတွင် တာဝန်ရှိပါသည်ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်အပေါ်တွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်း တွင် အခြေစိုက်သည့် အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းသို့ နယ်မြေကျော်လွန်ကာ လာနေထိုင်ခြင်း ဖြစ် သည်ဟု ပြောဆို သည်။

ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးက “ တပ်နေရာချထားရေးနဲ့ သက်ဆိုင်တာက NCA ထဲမှာ တခုမှ မပါရှိသေးဘူး ။ နယ်မြေကျော်လွန်တယ် ဆိုတာတွေကလည်း အခြေအမြစ်မရှိတဲ့ ပြောဆိုချက်ပဲ။ အမြဲတမ်း တပ်မတော်ဘက်က သုံးနှုန်းနေတဲ့ စကားရပ်ပဲလေ။ သိပ်အဆင်မပြေဘူးပေါ့နော်”ဟု ပြောသည်။

တပ်မတော်နှင့် RCSS ကြား ငြင်းခုန်မှုများရှိနေသော်လည်း ကျောက်မဲမြို့နယ်တွင် ပစ်ခတ်မှုများနှင့် ပတ်သတ်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်တွင် ညှိနှိုင်း ဖြေရှင်းသွားပါမည်ဟု နှစ်ဖက်လုံးက ပြောဆိုသည်။

လက်ရှိတွင် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ကျေးရွာ ၁၀ ရွာ ကျော်မှ အရပ်သား ၇၀၀ ကျော် ထွက်ပြေးလာပြီး ကျောက်မဲမြို့နယ်တွင်းရှိ ပန်လော့ကျေးရွာ ဘုန်းကြီးကျောင်း၊ နောင်ပိန် တိုက်နယ်ရှိ အောင်ဓမ္မာရုံ နှင့် နောင်ကန်ကျေးရွာတို့တွင် ခိုလှုံ နေကြသည်။

ဇွန် ၃၀ ရက်တွင် တိုက်ပွဲများ မရှိကြောင်း နှစ်ဖက်တပ်များမှ ပြောသော်လည်း နေရပ်သို့ မပြန်ရဲ သေးသဖြင့် စစ်ဘေးရှောင်စခန်းများတွင်သာ ခိုလှုံနေမည်ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာပိုင်များမှ နယ်မြေ အေးချမ်းပြီဟု အတည်ပြုပေးမှသာ နေရပ်ပြန်မည်ဟု စစ်ဘေးရှောင်ဒုက္ခသည်များက ပြောသည်။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

RCSS ထိန်းချုပ် နယ်မြေတွင် COVID-19 ကာကွယ်ရေး မဆောင်ရွက်နိုင်သေး

The post တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး appeared first on ဧရာဝတီ.

]]>
အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရောက်နေသည့် KIA ကိုဗစ် စစ်ဆေးရေးဂိတ် ပြောင်းရွှေ့ https://burma.irrawaddy.com/news/2020/06/23/225147.html Tue, 23 Jun 2020 12:53:15 +0000 https://burma.irrawaddy.com/?p=225147 တပ်မတော်ဘက်မှ အကြံပြုစာ ပို့လာသဖြင့် KIA ၏ အုပ်ချုပ်ရေးအဖွဲ့များက COVID-19 စစ်ဆေးရေးဂိတ်ကို နောက်ဆုတ်ကြရန် ကျန်းမာရေးအဖွဲ့ကို ညွှန်ကြားလိုက်ပြီးနောက် ဇွန် ၂၁ ရက်တွင် နေရာ ရွှေ့ပြောင်းလိုက်ကြခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

The post အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရောက်နေသည့် KIA ကိုဗစ် စစ်ဆေးရေးဂိတ် ပြောင်းရွှေ့ appeared first on ဧရာဝတီ.

]]>
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၏ COVID-19 စစ်ဆေးရေးဂိတ်မှာ အစိုးရထိန်းချုပ်နယ်မြေ ဧရိယာအတွင်း ရောက်နေသဖြင့် ရွှေ့ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မြန်မာ့တပ်မတော်က ကျနော်တို့ တပ်နဲ့ တော်တော် လေး နီးနေတယ်။ အစိုးရ အုပ်ချုပ်နယ်မြေလည်း ဖြစ်နေလို့ Check Point ထားတာ မသင့်ဘူး။ ပြည်သူလူထုနဲ့လည်း ရောရောထွေးထွေးဖြစ်နေတော့ မဖြစ်သင့်တာ ဖြစ်မှာကိုလည်း စိုးရိမ်နေပါတယ်။ ဒါကြောင့် Check Point ကို ရုတ်ရင် ကောင်းတယ်လို့ အကြံပြုပြောလာတာ ရှိပါတယ်”ဟု ပြောသည်။

ဇွန် ၂၂ ရက်နေ့က KIA ၏ ကျန်းမာရေးအဖွဲ့ စခန်းထိုင်သည့် ဂိတ်ကို တပ်မတော်က လာရောက် ဖျက်ဆီးသွားကြောင်း လူမှုကွန်ယက်တွင် သတင်းများ ပြန့်နှံ့လာခဲ့ရာ ယင်းမှာ မှားယွင်းနေပြီး တပ်မတော်နှင့် ၎င်းတို့ကြား အငြင်းပွားမှုများ၊ ပဋိပက္ခဖြစ်ခဲ့ခြင်းများ မရှိကြောင်း၊ တပ်မတော်ဘက်မှ အကြံပြုစာ ပို့လာသဖြင့် KIA ၏ အုပ်ချုပ်ရေးအဖွဲ့များက COVID-19 စစ်ဆေးရေးဂိတ်ကို နောက်ဆုတ်ကြရန် ကျန်းမာရေးအဖွဲ့ကို ညွှန်ကြားလိုက်ပြီးနောက် ဇွန် ၂၁ ရက်တွင် နေရာ ရွှေ့ပြောင်းလိုက်ကြခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လွယ်ဂျယ်မြို့နယ်အတွင်းရှိ KIA ၏ COVID-19 စစ်ဆေးရေးဂိတ်ကို ဇွန် ၁၅ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်နက် များဖြင့် စခန်းထိုင်ခြင်း မဟုတ်ဘဲ ကျန်းမာရေးအဖွဲ့ကသာ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် သွားလာသည့် နေရာများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

ယခင်က KIA ၏ COVID-19 စစ်ဆေးရေးဂိတ်သည် KIA ထိန်းချုပ်နယ်မြေအတွင်းတွင် ရှိပြီး ဒေသခံများက မှောင်ခို လမ်း များမှ ဝင်ထွက်နေသူများကို တားဆီးရန် လမ်းဆုံလမ်းခွ အချက်အခြာကျသည့် နေရာသို့ ရွှေ့ပြီး စစ်ဆေးရန် အကြံပြု သဖြင့် စစ်ဆေးရေးဂိတ်ကို ဇွန် ၁၅ ရက်တွင် ရွှေ့ပြောင်းရာ တပ်မတော်၏ စခန်းနှင့် နီးကပ်သည့် နေရာသို့ ရောက်သွား ခြင်း ဖြစ်သည်ဟု သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “ကျန်းမာရေးဝန်ထမ်းတွေက တဲပုတ်ကို ဖြုတ်မပစ်ဘဲ ထားခဲ့တယ်။ ၂၂ရက်၊ နေ့လည် ၁နာရီခွဲမှာ တပ်မတော်က ဘယ်သူမှမရှိတဲ့ တဲပုတ်ကို ဒေသခံတွေကို ဖြုတ်ခိုင်းတာပါ။ တိုက်ပွဲ ဖြစ်တာ လည်း မရှိပါဘူး။ ကျနော်တို့ နောက်ဆုတ်ထားတဲ့ Check Point ဖြစ်ပါတယ်။ တပ်မတော်နဲ့လည်း တော်တော်နီးတဲ့ နေရာ ဖြစ်နေလို့ မဖြစ်သင့်တာ ဖြစ်မှာကို စိုးရိမ်လို့ ဆုတ်ထားတာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ်များနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ငြင်းခုန်မှုများ ဖြစ်ခြင်း၊ ကျန်းမာရေး စစ်ဆေးသည့် ဂိတ်များ ဖျက်ဆီးခံရသည်ဟု ပြောဆို ချက်များနှင့် ပတ်သက်၍ မေးမြန်းရာ COVID-19 ကို အကြောင်းပြပြီး စစ်အင်အားတိုးချဲ့ခြင်း၊ နယ်မြေတိုး ချဲ့ခြင်းများ မပြုလုပ်စေရန် တပ်မတော်ဘက်က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဒီဟာကို အကြောင်းပြပြီး ယခင် မရှိခဲ့ဖူးတဲ့နေရာမှာ လမ်းမကြီးပေါ်အထိ တက်လုပ်တာက တခါတလေ လက်နက်မပါဘူး။ တခါတလေ ယူနီဖောင်းနဲ့ တက်လုပ်တာရှိရင် ရှိမယ်။ အရပ်ဝတ်နဲ့ပဲ လုပ်တာလို့ ပြောချင် ပြောမှာပေါ့။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာက ပထမတော့ အရပ်ဝတ်နဲ့၊ နောင်ယူနီဖောင်းနဲ့ နောင်လက်နက်ပါ ယူလာမယ်။ မဖြစ်ခင်ကတည်းက ကြိုတင် ဖြေရှင်းထားသင့်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

KIA နှင့် တပ်မတော်သည် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းလျက် ရှိပြီး ကချင်ပြည်နယ် တွင်း တိုက်ပွဲများ ပြန်မဖြစ်စေရန် နှစ်ဖက်စလုံးက ထိန်းသိမ်းလျက် ရှိသည်။ သို့သော်လည်း လတ်တလောတွင် တပ်မတော်နှင့် KIA သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာလျက် ရှိသည်။

COVID-19 ရောဂါကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်တို့က လုပ်ဆောင်နေသည့် အပြင် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေများ နှင့် လှုပ်ရှားသည့် ဒေသများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ COVID-19 ထိန်းချုပ်ရေး၊ ကာကွယ်ရေး နှင့် ကုသရေးများကို လုပ်ဆောင်လျက် ရှိသည်။

အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS ) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ်များကိုမူ တပ်မတော်က ဖျက်သိမ်းခဲ့သည်။

တပ်မတော်သည် ဇွန် ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ RCSS ၏ COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ် ၁ ခုကို ခွင့်ပြုချုက်မရှိဘဲ လုပ်ဆောင်သည်ဟုဆိုကာ ဖျက်သိမ်းခြင်း၊ ဧပြီ ၇ ရက်က မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုတွင် RCSS တပ်ဖွဲ့ဝင်များက ဒေသခံများနှင့် တွေ့ဆုံကာ ကျန်းမာရေး အသိပညာ ပေးခြင်းများ ပြုလုပ်မှုတွင် တပ်မတော်ဘက်က RCSS နှင့် ပတ်သက်ပါက အရေးယူမည်ဟုလည်းကောင်း ပြောဆိုလုပ်ဆောင်ခဲ့သည်။

ထို့ပြင် ဇွန် ၁၈ ရက်ကလည်း မိုးနဲမြို့နယ်၊ လွယ်ဝပ်ကျေးရွာတွင် RCSS တပ်ဖွဲ့ဝင်များက COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဒေသခံများကို တွေ့ဆုံ ပြောဆိုနေစဉ် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင်လည်း KNU ၏ COVID-19 ကျန်းမာရေး စစ်ဆေးရေး ဂိတ်ကို တပ်မတော်က ဖျက်သွားသဖြင့် တပ်မတော်၏ လုပ်ဆောင်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း KNU က ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး

ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ

အရပ်ဝတ်ဖြင့် လက်နက်မပါဘဲ ဗိုင်းရပ်စ် စစ်ဆေးရန် KNU နှင့် အစိုးရ သဘောတူ

The post အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရောက်နေသည့် KIA ကိုဗစ် စစ်ဆေးရေးဂိတ် ပြောင်းရွှေ့ appeared first on ဧရာဝတီ.

]]>
ရခိုင်စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်ကြုံနေရ https://burma.irrawaddy.com/news/2020/06/20/224985.html Sat, 20 Jun 2020 05:38:29 +0000 https://burma.irrawaddy.com/?p=224985 ရေကြီးသည့် စခန်းများအနက် မြေပုံမြို့နယ်အတွင်းရှိ ရပ်ချောင်း စစ်ဘေးရှောင်စခန်းမှာ ၃ ပေအထိ ရေဝင်ပြီး ရေဘေး သင့်မှုဒဏ်ကို အဆိုးဆုံး ကြုံတွေ့နေရသည့် စခန်း ဖြစ်သည်။

The post ရခိုင်စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်ကြုံနေရ appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင် စခန်းအချို့၌ ရေကြီးပြီး ဒုက္ခသည် ၇၀၀၀ ခန့် ရေဘေးသင့်နေသည်ဟု ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ဧရာဝတီကို ပြောသည်။

REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျနော်တို့ အကြမ်းဖျင်း သိတာကတော့ စခန်း ၁၂ ခု လောက်မှာ ရေကြီးနေ တယ်လို့ သိရတယ်။ နေရာတွေကတော့ မြောက်ဦးမြို့နယ်မှာ ရှိတယ်။ နောက်ပြီးတော့ မြေပုံမြို့နယ်မှာ ရှိတယ်။ မင်းပြား၊ ရသေ့တောင်မှာလည်း ရှိပါတယ်။ လူဦးရေ အားဖြင့်တော့ ၇၀၀၀ လောက် ရှိနေပါတယ်” ဟု ပြောသည်။

မိုးရွာပြီး ရေဝပ်သည့်အပြင် စစ်ဘေးရှောင်စခန်းများရှိသည့် အနီးအနားမှ ချောင်းများမှာ ဒီရေတက်သဖြင့် စစ်ဘေးရှောင် စခန်းအချို့တွင် ရေဝင်ပြီး ရေဘေးသင့်နေခြင်း ဖြစ်သည်။

ဦးဇော်ဇော်ထွန်းက “မြေပုံမှာ ဆိုရင်တော့ တဲထဲအထိကို ရေက တက်လာတာ။ တချို့စခန်းတွေမှာကျတော့ အမိုးတွေ လန်သွားတာ ရှိတယ်။ အမိုးတွေ ကွဲထွက်သွားပြီးတော့ မိုးရေစိမ့်ဝင်တာတွေလည်း ရှိတယ်။ လောလောဆယ်ကတော့ မိုးစိုထဲမှာ နေရတဲ့ အနေအထားတော့ ဖြစ်နေတာပါ” ဟုလည်း ပြောသည်။

ရေကြီးသည့် စခန်းများအနက် မြေပုံမြို့နယ်အတွင်းရှိ ရပ်ချောင်း စစ်ဘေးရှောင်စခန်းမှာ ၃ ပေအထိ ရေဝင်ပြီး ရေဘေး သင့်မှုဒဏ်ကို အဆိုးဆုံး ကြုံတွေ့နေရသည့် စခန်း ဖြစ်သည်။

ရခိုင်စစ်ရှောင်စခန်း ရေကြီးမှု (ဓာတ်ပုံ – May Yu Htar Nay)

ရပ်ချောင်း စစ်ဘေးရှောင်စခန်းတွင် ဇွန် ၁၈ ရက် မနက်ပိုင်းမှစ၍ ရေကြီးလာရာ ၃ ပေခန့်အထိ မြင့်တတ်လာသဖြင့် စခန်း အတွင်းမှ စစ်ဘေးရှောင် ဒုက္ခသည်များကို စခန်းနှင့် နီးသည့် ရေဘေးလွတ်ရာ ကျေးရွာသို့ ခေတ္တ ပြောင်းရွှေ့ထားရသည် ဟု သိရသည်။

ရေဘေးသင့်နေသည့် ရပ်ချောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၄၁၇ ဦး ရှိသည်။

ရပ်ချောင်း စစ်ဘေးရှောင်စခန်းကို ကြီးကြပ်နေသည့် မြတန်ဆောင် ဆရာတော်က “ရေအခြေအနေကို စောင့်ကြည့်တယ်။ ဒီနေ့ နည်းနည်း ရေပြန်ကျတယ်။ မိုးကလည်း နည်းနည်း ထပ်ရွာဦးမယ်။ ဒီရေကလည်း မကျဘူးဆိုရင်တော့ ထပ်ပြီးတော့ ရေတက်လာမှာပေါ့။ ဒီထက် ပိုဆိုးလာရင်တော့ ဒုက္ခသည် စခန်းဆောက်ထားတဲ့ တဲအိမ်လေးတွေ ပြိုသွားတာတို့ တခြား နေရာကို ရွှေ့ပြောင်းရတာတို့ လုပ်ရမယ် ထင်ပါတယ်” ဟု မိန့်သည်။

မြတန်ဆောင် ဆရာတော် ကြီးကြပ်သည့် ဒုက္ခသည်စခန်းတခု ဖြစ်သည့် မြောက်ဦးမြို့နယ်ထဲမှ ဒုက္ခသည် ၁၀၀၀ ကျော် နေထိုင်သည့် မြတန်ဆောင်စခန်းတွင်လည်း ရေဘေးသင့်နေသည် ဟု သိရသည်။

မြတန်ဆောင် ဆရာတော်က ၎င်းကြီးကြပ်သည့် စစ်ဘေးရှောင်စခန်းများတွင် ရေဘေးအပြင် စားနပ်ရိက္ခာ အခက်အခဲ လည်း ကြုံတွေ့နေရပါသည် ဟုလည်း မိန့်သည်။

ရခိုင်စစ်ရှောင်စခန်း ရေကြီးမှု (ဓာတ်ပုံ – May Yu Htar Nay)

အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စားနပ်ရိက္ခာ ထောက်ပံ့ပေးမှု ရှိသော်လည်း ပုံမှန် ထောက်ပံ့ခြင်း မရှိသည့် အတွက် ရိက္ခာများ လုံလောက်ခြင်း မရှိသောကြောင့် လစဉ် ဖူလုံရန် ဒုက္ခသည်စခန်းကို ကြီးကြပ်နေသူများက အလှူခံပြီး ရှာဖွေ နေရကြောင်းလည်း သိရသည်။

ဆက်လက်ပြီး မြတန်ဆောင် ဆရာတော်က “ဒုက္ခသည်တွေကို ခွင့်မပြုဘူး။ အကူအညီမပေးဘူး ဆိုတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါက တရားနည်းလမ်းကျတဲ့ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ ဦးပဉ္ဇင်းတို့ ထင်တယ်။ ဒါမျိုးတွေ လုပ်နေမယ့်အစား ဒုက္ခသည်တွေ ပို ဒုက္ခမရောက်ရအောင် အစိုးရဘက်က ခွင့်ပြုပေးသင့်တာတွေကို ခွင့်ပြုပေးပါလို့ ပြောချင်ပါတယ်”ဟု မိန့် ဆိုသည်။

စစ်ဘေးရှောင်ဒုက္ခသည်များ ရေဘေးသင့်နေသည်ကို အစိုးရဘက်မှ လာရောက် ကူညီခြင်း မရှိကြောင်းနှင့် မိုးတွင်းကာလ တွင် ရေဘေးကို ထပ်မံ ရင်ဆိုင်ရပါက နောက်ဆက်တွဲ ဖြစ်သည့် ဝမ်းပျက်ဝမ်းလျော ရောဂါနှင့် ဖျားနာခြင်းများ ဖြစ်လာပါ က ဒုက္ခသည် အားလုံး ကူးစက်မည်ကို စိုးရိမ်ရပါသည် ဟုလည်း မြတန်ဆောင် ဆရာတော်က ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က “အဲဒီမှာ မြုပ်နေတယ်။ အခက်အခဲ ဖြစ်နေတာကို အထက် ကို တင်ပြပေးရမှာပေါ့။ ကျနော်တို့က Facebook မှာ ပြောနေတာလောက်ပဲ မြင်ရတာပေါ့။ ဌာနအကြီးအကဲတွေ အုပ်ချုပ် ရေး အဖွဲ့အစည်းတွေကို အခက်အခဲ ဖြစ်နေတာတွေ ရှိပါတယ်လို့ တင်ပြလာမှ ကျနော်တို့က လုပ်ပေးလို့ ရမယ်လေ။ အဲဒီ သတင်းကို အခုချိန်ထိ မရသေးပါဘူးခင်ဗျ” ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အကူအညီ လိုအပ်ပါသည်ဟု ပြောဆို ဆက်သွယ်လာသူ အားလုံးကို ရိက္ခာထောက်ပံ့ ပေးခြင်း၊ နေရာထိုင်ခင်း စီစဉ်ပေးခြင်းများကို အမြဲ ဆောင်ရွက်ပေးပါသည်ဟု ဦးဝင်းမြင့်က ဆိုသည်။

ရခိုင်စစ်ရှောင်စခန်း ရေကြီးမှု (ဓာတ်ပုံ – May Yu Htar Nay)

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့၏ ၁ နှစ်ကျော်ကြာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရ သည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၆၀၀၀၀ ကျော် ရှိသည်။

ထို ၁၆၀၀၀၀ ကျော်အနက် ၆၀၀၀၀ ခန့်မှာ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြပြီး ကျန်၁၀၀၀၀၀ ကျော်မှာ နီးစပ်ရာ ကျေးရွာများ၊ ဆွေမျိုးများ၏ အိမ်များ၊ ယာယီ အမိုးအကာများတွင် ခိုလှုံနေရသည်။

မေလအတွင်းကလည်း ဘင်္ဂလား ပင်လယ်အော်တွင် အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း သို့ မုန်တိုင်း တိုက်ခတ်စဉ်က ရခိုင် ကမ်းရိုးကမ်းတလျှောက် အဖျားခတ်ပြီး မိုးရွာသွန်းသဖြင့် စစ်ဘေးရှောင် ဒုက္ခသည် များမှာ အမိုးအကာ အတွက် စိုးရိမ်ခဲ့ကြရသည်။

ထိုစဉ်ကလည်း ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀ ကျော်မှာ မြေကြီးတွင် အခင်းမရှိဘဲ ပလစ်စတစ် အမိုးအကာများဖြင့် နေထိုင်နေရသဖြင့် ရသေ့တောင်မြို့နယ်မှ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့များက ပူးပေါင်းကာ အမိုးအကာ လုံခြုံသည့် နေရာကို ပြောင်းရွှေ့ပေးခဲ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင် စစ်ရှောင်စခန်းများ မုန်တိုင်းနှင့် ရာသီဥတုဒဏ် စိုးရိမ်နေ

ဆမီးစစ်ဘေးရှောင် စခန်းများ အကူအညီလိုအပ်နေ

ရခိုင် စစ်ဘေးရှောင် အကူအညီကို တပ်က ပိတ်ပင်သောကြောင့် စိုးရိမ်မှုမြင့်တက်

The post ရခိုင်စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်ကြုံနေရ appeared first on ဧရာဝတီ.

]]>
ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး https://burma.irrawaddy.com/news/2020/06/18/224905.html Thu, 18 Jun 2020 13:54:33 +0000 https://burma.irrawaddy.com/?p=224905 တပ်မတော်နှင့် KIA သည် ဇွန် ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကွတ်ခိုင်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားသဖြင့် အရပ်သားများ စိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

The post ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး appeared first on ဧရာဝတီ.

]]>
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တဝိုက်တွင် စစ်ရေး အခြေအနေ တည်ငြိမ်ခြင်း မရှိသည့်အပြင် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်သဖြင့် အရပ်သားများ သတိကြီးစွာ နေထိုင်ရန် လိုအပ်သည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ဇွန်လအတွင်း ကွတ်ခိုင်မြို့နယ်၌ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားသည်မှာ ၄ ကြိမ်ခန့် ရှိပြီ ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ သတိကြီးစွာ ထားဖို့ လိုအပ်နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်မတော်နှင့် KIA သည် ဇွန် ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကွတ်ခိုင်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားသဖြင့် အရပ်သားများ စိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များသည်လည်း COVID-19 ရောဂါကြောင့် စားဝတ်နေရေး ခက်ခဲနေသဖြင့် ၎င်းတို့ စွန့်ခွာလာသည့် နေရပ်ရင်းရွာများသို့ ပြန်ဝင်ကာ ဟင်းသီးဟင်းရွက် ရှာဖွေခြင်း၊ စိုက်ပျိုးရေးများ လုပ်ကိုင်ခြင်းရှိရာ တိုက်ပွဲ ဖြစ်သဖြင့် ဒုက္ခသည်ဦးရေ ၃၀ ခန့်မှာ ဇွန် ၁၇ ရက်က ပြန်လည် ထွက်ပြေးလာခဲ့ကြရသည်။

ဇွန် ၁၈ ရက် မနက်ပိုင်းကလည်း ပစ်ခတ်သံများ ကြားရပြီးနောက် တပ်မတော် စစ်ကြောင်းတခုက ကွတ်ခိုင်မြို့နယ် အတွင်းမှ အမျိုးသား ၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှ ပြန်လွှတ်ပေးခဲ့သည်။

COVID-19 ရောဂါ ရင်ဆိုင်နေရသည့် အချိန်တွင် ရောဂါ တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ရန် အတွက်ဟု ဆိုကာ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ အပစ်ရပ်ဆိုင်းပေးပါကြောင်း ကြေညာထား သော်လည်း တိုက်ပွဲများ ပြန်ဖြစ်ကာ ကွတ်ခိုင်မြို့နယ်တွင် မတည်မငြိမ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်တွင်း အခြေအနေနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဒီနေ့ မနက် သိန္နီ-ကွတ်ခိုင်၊ အနောက်ဘက်ခြမ်း နမ့်ဟူးရွာရဲ့ မီတာ ၂၅၀၀ လောက်မှာ ၉ နာရီလောက်က ဖြစ်တာ ရှိတယ်။ KIA နဲ့ ဖြစ်တာလို့ သိရပါတယ်” ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ KIA ဘက်က တပ်မတော်နှင့် သဘောတူ သတ်မှတ်ထားသည့် အချက်များကို ချိုးဖောက်ပြီး နယ်မြေ ကျော်လွန် လှုပ်ရှားသဖြင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်ဟု ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သူတို့ (KIA) အသိဆုံးပါပဲ။ ကွတ်ခိုင်၊ သိန္နီဘက်က ရှမ်းမြောက်ဒေသပဲ ဖြစ်တယ်။ ယခင်ကလည်း ခဏခဏ ပြောတယ်။ သဘောတူစာချုပ်တွေ Bilateral ထိုးတာ ရှိတယ်။ ၂၀၁၂၊ ၂၀၁၃ မှာ ထိုးခဲ့တာ ရှိတယ်။ အဲဒါမှာ ဘယ်နယ်မြေတွေ ဘယ်တပ်တွေက ဆိုတာ သတ်မှတ်ထားပြီး ဖြစ်ပါတယ်” ဟု ထပ်မံ ပြောဆိုသည်။

KIA ဘက်မှ ၎င်းတို့သည် အစိုးရ၊ တပ်မတော် တို့နှင့် ယခုမှ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ထိုးရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး သဘောတူစာချုပ် တစောင်မှ လက်မှတ် ရေးထိုးထားခြင်း မရှိသည့်အပြင် တပ်နေရာ ချထားရေးလည်း သဘောတူ ထားခြင်း မရှိပါဟု ပြောဆိုသည်။

KIA ဘက်မှ ဗိုလ်မှူးကြီး နော်ဘူက “ကျူးကျော်တဲ့ ဝေါဟာရကို သုံးတာကတော့ ကျနော်တို့လည်း နားမလည်ဘူး။ ကျနော်တို့လည်း ဘာမှ လှုပ်ရှားတာ မရှိဘူး။ ကျနော်တို့ ကြားမှာ တပ်နေရာ သတ်မှတ်ထားတာလည်း မရှိဘူး။ သူတို့ ဘက်က လာပြီး တိုက်တဲ့ ဖြစ်စဉ်အားလုံးကို ကျနော်တို့ကို ကျူးကျော်တယ်လို့ ပြောနေတာတော့ ကျနော်တို့လည်း နားမလည်ဘူး” ဟု ပြောသည်။

KIA အနေဖြင့် Bilateral ဆွေးနွေးနေစဉ် ကာလတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် မဖြစ်ပွားရန်အတွက် ၎င်းတို့၏ တပ်ဖွဲ့ များကို မြို့ပေါ် ဧရိယာများတွင် လှုပ်ရှားခြင်း၊ လမ်းမပေါ်သို့ ထွက်သွား ထွက်လာလုပ်ခြင်းနှင့် တပ်မတော်၊ စစ်ကြောင်း များကို လိုက်လံ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု သိရသည်။

ဇွန် ၆ ရက်နှင့် ၇ ရက်က ကွတ်ခိုင်မြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း KIA စစ်သားများ နယ်မြေကျော်လွန် လှုပ် ရှားနေသဖြင့် တိုက်ပွဲဖြစ်ရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသော်လည်း KIA ဘက်က ၎င်းတို့၏ တပ် မဟာ (၆) လက်အောက်ခံ တပ်ရင်း ၉ ၏ ရှေ့တန်း ဌာနချုပ် တောင်ကုန်းကို တပ်မတော်က စစ်ကြောင်း ၃ ကြောင်းဖြင့် လာတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

တပ်မတော်နှင့် ငြင်းခုံမှုများ ရှိနေပြီး စစ်ရေးအခြေနေကလည်း မတည်ငြိမ်သည့် အပြင် တိုင်းရင်းသား တပ်ဖွဲ့များလည်း ၄ ဖွဲ့ခန့် လှုပ်ရှားနေသည့် နယ်မြေ ဖြစ်သဖြင့် ကွတ်ခိုင်မြို့နယ်တွင်း အရပ်သားများမှာ စစ်ရေး၊ နိုင်ငံရေး အခြေအနေကို နား စွင့်ပြီး နေထိုင်ကြရမည်ဟု ဗိုလ်မှူးကြီး နော်ဘူက ထပ်မံ ပြောဆိုသည်။

ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ဘေးရှောင်စခန်း ကော်မတီ၏ အကြံပေး ကော်မတီဝင် ဦးနောင်လတ်က ၎င်းတို့ စခန်းရှိ စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀ ကျော်မှာ စားဝတ်နေရေးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် အလုပ် များ မရှိကြသဖြင့် တောတောင်များတွင် ရှာဖွေ စားသောက်နေရပါသည်ဟု ပြောသည်။

ဇွန်လအတွင်း ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်က KIA၊ TNLA တု့ိနှင့် တိုက်ပွဲ ဖြစ်ပွားနေသည် မှာ ၉ ကြိမ်ခန့်ရှိပါပြီဟု လည်း ဦးနောင်လတ်က ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကိုဗစ်ကာလမှာ အပစ်အခတ်ကို ရပ်စဲစေချင်ပါတယ်။ ပြည်သူပြည်သားတွေရဲ့ ဝမ်းရေးက အစိုးရ လည်း တာဝန်မယူနိုင်သလို ဘယ်သူမှလည်း တာဝန်မယူနိုင်ပါဘူး။ ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်နေရတာ ရှာစား နေရတာပါ။ ဝမ်းစာအတွက် လုပ်နေရတဲ့ ဒေသတွေမှာ ကိုဗစ်-၁၉ က တဖက် တောတောင်တွေမှာ ရှာစားတော့ တိုက် ပွဲက ပြန်ဖြစ်လာတော့ ကျနော်တို့ အရမ်း အခက်အခဲ ရှိလာပါတယ်” ဟုလည်း ဆိုသည်။

ကွတ်ခိုင်မြို့နယ်သည် တပ်မတော်အပြင် KIA ၊TNLA တို့အပြင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့လည်း လှုပ်ရှားမှုများ ရှိသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် TNLA ၊ MNDAA ၊ AA တို့သည် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ တဖက်သတ် အပစ်ရပ်ဆိုင်းပါကြောင်း ကြေညာထားသည်။

သို့သော် တပ်မတော်နှင့် TNLA တို့သည် ဇွန်လထဲတွင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားသည်မှာ ၅ ကြိမ်ခန့် ရှိပြီ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

KNU ထိပ်သီးအစည်းအဝေး သတိပေးခံရ

COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည်

KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ ၂လအတွင်း တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ဟုဆို

The post ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး appeared first on ဧရာဝတီ.

]]>
မိုင်းကြောင့် ဒဏ်ရာရ သေဆုံးသူ အများဆုံးမှာ ရခိုင်ပြည်နယ်မှဖြစ် https://burma.irrawaddy.com/news/2020/06/17/224831.html Wed, 17 Jun 2020 13:15:55 +0000 https://burma.irrawaddy.com/?p=224831 ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲများ ပြင်းထန်လာချိန်တွင် မိုင်းအန္တရာယ် ပိုများလာပြီး တောတွင်း ဟင်းသီးဟင်း ရွက် ရှာဖွေခြင်း၊ ဝါးရှာဖွေခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်သည့် အရပ်သားများလည်း ထိခိုက်သေ ဆုံးမှု ပိုများလာခြင်း ဖြစ်

The post မိုင်းကြောင့် ဒဏ်ရာရ သေဆုံးသူ အများဆုံးမှာ ရခိုင်ပြည်နယ်မှဖြစ် appeared first on ဧရာဝတီ.

]]>
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများ၌ ၅ လအတွင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ အရပ် သား ဦးရေ ၁၃၀ ရှိပြီး အများဆုံးမှာ ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု သတင်း ရရှိသည်။

အဆိုပါ သတင်းအချက်အလက်ကို မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်သည့် ဒေသများတွင် မိုင်းနင်းမိခြင်း၊ ကြွင်းကျန်လက် နက်ခဲယမ်းများ ပေါက်ကွဲခြင်းတို့ကြောင့် ထိခိုက် သေဆုံးသူများ၏ စာရင်းအား လစဉ် စုဆောင်းနေသည့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့က ဧရာဝတီကို ပြောဆိုခြင်း ဖြစ်သည်။

မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်း အဖွဲ့မှ ဦးကျော်ဝင်းဦးက “၂၀၂၀ မှာ မေလ အထိကို ဦးရေ ၁၃၀ ပါ။ ထိခိုက်ဒဏ်ရာ ရသူ အားလုံးပေါ့။ အဲဒီထဲက သေဆုံးတာက၂၆ ဦး၊ ဒဏ်ရာ ရတာက ၁၀၄ ဦးပါ။ အများဆုံးကတော့ ရခိုင်ကပါ။ ရခိုင်ပြီး ရင် ရှမ်းနဲ့ ကချင်ပါ။ ထိခိုက်ပြီး သေဆုံးသူ အများဆုံးကလည်း ရခိုင်ပြည်နယ်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းသည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားကာ စစ်ရေး တင်းတင်းမာမာ ရှိနေသည့်ဒေသ ဖြစ်သည်။

၂၀၂၀ ဇန်နဝါရီလမှ မေလအတွင်း တနိုင်ငံလုံးတွင် မိုင်းနင်းမိခြင်းနှင့် လက်နက်အကြွင်းအကျန်များ ထိခိုက် ပေါက်ကွဲခြင်း ကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် သေဆုံးသူဦးရေ ၁၃၀ ထဲမှ ၅၆ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်ထဲမှ ဖြစ်သည်ဟုလည်း ဦးကျော်ဝင်းဦးက ဆိုသည်။

မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ ရခိုင်ပြည် နယ်သည် ၂၀၁၇ ခုနှစ်အထိ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှလွဲ၍ ကျန်မြို့နယ်များတွင် မိုင်းအန္တရာယ် စိုးရိမ်ရသည့် စာရင်း ထဲတွင် မရှိခဲ့ပါ။

၂၀၁၈ ခုနှစ်တွင် တပ်မတော်နှင့် AA ကြား စစ်ရေး တင်းမာလာပြီး စစ်ရှိန် အမြင့်ဆုံး ဖြစ်ခဲ့သည့်၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ နှစ် ဦးပိုင်းတို့တွင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သားဦးရေလည်း ပိုတိုးလာခြင်း ဖြစ်သည်။

မိုင်းနင်းမိခြင်းနှင့် အကြွင်းအကျန် လက်နက်များ ထိခိုက်ပေါက်ကွဲခြင်းတို့ကြောင့် ဒဏ်ရာရသူများ၊ သေဆုံးသူများမှာ ၎င်း တို့ လုပ်ကိုင်ရှာဖွေ စားသောက်နေကြ တောတောင်များအတွင်း သွားရင်း ထိခိုက်ကြခြင်း ဖြစ်ပြီး အချို့မှာလည်း နှစ်ဖက် တပ်များ ပဋိပက္ခဖြစ်နေသည့် ဧရိယာအတွင်း နေထိုင်နေရသဖြင့် သွားလာရင်း ထိခိုက်ကြခြင်း ဖြစ်သည်ဟု ဦးကျော်ဝင်း ဦးက ပြောသည်။

ဆက်လက်ပြီး ဦးကျော်ဝင်းဦးက “လက်နက်ကိုင် ပဋိပက္ခ Active ဖြစ်နေတဲ့ ဘယ်နေရာမဆို မိုင်းအန္တရာယ်ကတော့ ရှိနေ တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှမ်းနဲ့ ရခိုင်ပေါ့။ ချင်းအနေနဲ့ ပြောရင် ပလက်ဝပေါ့။ AA နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ မိုင်းအန္တရာယ်က ရှိပါတယ်။ အခု လက်ရှိမှာလည်း Accident ဖြစ်တာတွေ ရှိတယ်။ ဒါပေမယ့် ရခိုင်နဲ့ ယှဉ်ရင်တော့ နည်း တယ်လို့ ပြောလို့ ရပါတယ် ခင်ဗျ” ဟု ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အရပ်သားများကို မိုင်းအန္တရာယ် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ပေးနေသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (RCE) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ရခိုင်လူထုမှာ ကြွင်းကျန်စစ်လက် နက် ပစ္စည်းများ၊ မိုင်းများနှင့် ပတ်သက်၍ သိနားလည်မှု လွဲမှားနေသည်များ ရှိသည်ဟု ပြောသည်။

နားလည်မှု လွဲမှားနေသည်များမှာ မိုင်းနှင့် မပေါက်ကွဲဘဲ ကျန်ခဲ့သည့် လက်နက် အကြွင်းအကျန်များတွေ့ပါက အရပ်သား များက ဝိုင်းဝန်းရှင်းလင်းရန် ကြိုးစားခြင်း၊ အကြွင်းအကျန် လက်နက်ပစ္စည်းများ ပေါက်ကွဲနိုင်သည်ကို မသိဘဲ ကောက်ယူ သိမ်းဆည်းခြင်း၊ အိမ်သို့ ယူဆောင်လာခြင်းများကြောင့် ပေါက်ကွဲ သေဆုံးသည်များက ပိုများသည်ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

ဦးဇော်ဇော်ထွန်းက “ဘယ်လက်နက် ပစ္စည်းတွေက ဘယ်လောက် ပြင်းထန်တယ်၊ ဘယ်လောက်ထိ ပေါက်ကွဲနိုင်တယ် ဆိုတာမျိုးကို မသိတော့ သူတို့က ထိခိုက်မှုတွေ ပိုများတာပေါ့။ မိုင်းကို သူ့နည်းသူ့ဟန်နဲ့ ရှင်းကြတာလည်း ရှိတယ်။ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ပစ္စည်း သော်လည်းကောင်း၊ မိုင်းသော်လည်းကောင်း အဲဒီနေရာကို တွေ့ပြီဆိုရင် အမှိုက် တွေနဲ့ ဖုံးပြီး မီးရှို့ပစ်လိုက်တယ်။ အဲဒီလို လုပ်လိုက်ရင် မိုင်းက ရှင်းသွားမယ်လို့သူတို့က ထင်နေကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်၂၀၁၈ ခုနှစ်အထိ မိုင်းအန္တရာယ်ကို စိုးရိမ်ရန် မရှိခဲ့ဘဲ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲများ ပြင်း ထန်လာချိန်တွင် မိုင်းအန္တရာယ် ပိုများလာပြီး တောတွင်း ဟင်းသီးဟင်းရွက် ရှာဖွေခြင်း၊ ဝါးရှာဖွေခြင်းနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်သည့် အရပ်သားများလည်း ထိခိုက် သေဆုံးမှု ပိုများလာခြင်း ဖြစ်ပါသည်ဟု ဦးဇော်ဇော် ထွန်း က ပြောသည်။

ရခိုင်ပြည်နယ်တွင်း မိုင်းကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများ အပေါ်တွင် တပ်မတော်နှင့် AA တို့က ၎င်းတို့ မိုင်း များ မဟုတ်ကြောင်း ငြင်းဆိုကာ အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိသည်။

၎င်းတို့ ထောင်သည့် မိုင်းများကို စနစ်တကျ မြေပုံညွှန်းများဖြင့် မှတ်တမ်း ပြုစုပြီး တပ်ဖွဲ့ဝင်များ ထွက်ခွာပါက ထောင်ထား သည့် မိုင်းများကို ပြန်ဖြုတ်ကြောင်း တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးက ပြောဆိုထားကြသည်။

၂၀၂၀ ခုနှစ်၊ ၅ လတာအတွင်း ရခိုင်ပြည်နယ်ကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားသည့် ရှမ်းပြည်နယ် တွင်လည်း အရပ်သား ထိခိုက်မှု ဦးရေမှာ ၅၀ ကျော်ပြီ ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ အခြေစိုက် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် စစ်တမ်း ကောက်ခြင်းများ ပြုလုပ်နေသည့် ဦးစန်းဝင်းမောင်က နှစ်ဖက်တပ်ဖွဲ့များက မိုင်းနှင့် ပတ်သက်ပါက ၎င်းတို့ မိုင်းများ မဟုတ်ကြောင်း ငြင်းဆိုနေကြသော် လည်း တပ်စခန်း အနီးနားမဟုတ်ဘဲ ရန်သူလာနိုင်သည့် လမ်းတလျှောက်တွင် ထောင်သည့် မိုင်းများမှာ ပြန်လည် ရှင်း လင်းခြင်း မရှိသဖြင့် အရပ်သားများ နင်းမိကြခြင်း ဖြစ်သည်ဟု ပြောသည်။

ဦးစန်းဝင်းမောင်က “သူတို့ ပြန်ဖြုတ်တယ်ဆိုတဲ့ မိုင်းက လာတိုက်တဲ့သူကို ကာကွယ်ရအောင် ထောင်ထားတာ၊ သီအိုရီအ ရ ပြောရင် တပ်ပြောင်း တပ်လွှဲရင် ဒါကို ဖယ်ထုတ်သွားရတယ်။ နောက်တခုကတော့ မဟုတ်ပါဘူး။ ရန်သူလာမယ့်လမ်းမှာ အချက်ပေးတဲ့ သဘော၊ ရည်ရွယ်ချက်ရှိရှိ ထောင်ထားမယ်။ ဖြုတ်မယ်ဆိုရင် လက်လုပ်မိုင်းတွေများတော့ မဖြုတ်ဘဲ ထားခဲ့ကြပါတယ်” ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်တွင် အရပ်သားများ ထိခိုက်သည့် မိုင်းများ၏ ၆၀ ရာခိုင်နှုန်းမှာ လက်လုပ်မိုင်းများ ဖြစ်ပြီး လက်လုပ်မိုင်းများမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက အများဆုံး အသုံးပြုပါသည်ဟုလည်း ဦးစန်းဝင်းမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင်း မိုင်းနှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူနေသူများ၊ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို အကူအညီ ပေးနေသူများ၏ ပြောဆိုချက်အရ မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူများ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူများမှာ ပြန်လည် ကျန်း မာလာလျှင်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် စားဝတ်နေရေးအတွက် ရုန်းကန် ရှာဖွေနိုင်ခြင်း အခွင့်အလမ်း နည်းပါး သွားသည်ဟု သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်း မိုင်းထိသူတဦး ဆိုလျှင် မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းပြီးနောက် စိတ်မူမမှန်ဖြစ် သွားသည် ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ခိုက်မှုများ ရှိနေသော်လည်း မြေမြှုပ် မိုင်းကို အသုံးမပြုရန် နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်သည့် အဖွဲ့များက တိုက်တွန်းလျက် ရှိသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘောတူ စာချုပ်၊ ထပ်ဆင့် ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးထားခြင်း မရှိပါ။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့ဘက်မှ မြန်မာနိုင်ငံကို အထက်ပါ စာချုပ်များအား လက်မှတ်ထိုးရန် တိုက်တွန်းနေသော်လည်း ပြည်တွင်းစစ် ချုပ်ငြိမ်းမှသာ လက်မှတ်ရေးထိုး နိုင်မည်ဟု မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ် မေက အကြောင်းပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ရသေ့တောင်က မြေမြှုပ်မိုင်းနင်းမိသူ ၃ ဦးတွင် ၂ ဦးခြေပြတ်

ရခိုင်တွင် အရပ်သားများ မိုင်းနင်းမိသည့်ကိစ္စ တပ်မတော်နှင့် AA ငြင်းဆို

ရခိုင်တိုက်ပွဲကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှု စာရင်း၌ ၄မြို့နယ် ထပ်တိုးလာ

The post မိုင်းကြောင့် ဒဏ်ရာရ သေဆုံးသူ အများဆုံးမှာ ရခိုင်ပြည်နယ်မှဖြစ် appeared first on ဧရာဝတီ.

]]>
ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ https://burma.irrawaddy.com/article/2020/06/17/224732.html Wed, 17 Jun 2020 01:30:23 +0000 https://burma.irrawaddy.com/?p=224732 ကချင်ပြည်နယ်တွင်းမှာ ပါတီကြီးတွေအပြင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလျန်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဆိုရင်လည်း သက်ဆိုင်ရာမျိုးနွယ်စုနဲ့ သူ့ နယ်မြေအလိုက် ထောက်ခံမှုတွေလည်း ရှိကြပါတယ်။

The post ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ appeared first on ဧရာဝတီ.

]]>
ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကို ရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် အထွေထွေရွေးကောက်ပွဲကို မဆိုင်းငံ့ဘဲ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာအပြီးမှာတော့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် လောင်း ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေကြပါပြီ။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတုန်းကတော့ အရပ်သားအစိုးရကို ရွေးချယ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကို တခဲနက် ထောက်ခံ အားပေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှ ကချင်နိုင်ငံရေးသမားတွေက သူတို့သာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ကချင်ပြည်နယ် အရေး၊ ပဋိပက္ခ ဖြေလျော့ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူတွေ စိတ်ကျေနပ်နိုင်ရေးကို NLD ထက် ပိုပြီး ဆောင်ရွက်ပေးနိုင် မယ်လို့ ယုံကြည်နေပါတယ်။ဘာကြောင့်လဲဆိုတော့ NLD ဦးဆောင်တဲ့ အစိုးရက တာဝန်ယူထားတဲ့ ကာလတလျှောက် ပြည်နယ်တွေမှာ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ရင် ဖြေရှင်း ဆောင်ရွက်ပေးတဲ့အပေါ် မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုတွေ ကလည်း ရှိနေလို့ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ကချင် ၄ ပါတီဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင် ဒီမိုကရက်တစ်ပါတီ (KDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမို ကရေစီပါတီ (UNFDP) တို့က ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အဖြစ် ပူးပေါင်းလိုက်ပြီး အင်အားကြီး ပါတီတွေနဲ့ တန်းတူ တပြည်နယ်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံဖို့ ပြင်ဆင်နေပါပြီ။

KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက “နယ်မြေလူထုရဲ့သဘောထားနဲ့ ကိုယ်စားလှယ်လောင်းကို ရွေးနေပါတယ်။ နယ်မြေ လူထုကို ကိုယ်စားပြုတဲ့ မြို့နယ်ကော်မတီက မြို့မိမြို့ဖ၊ ရပ်မိရပ်ဖနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး ဘယ် ပုဂ္ဂိုလ်က သင့်တော်တယ်ဆိုပြီး ဝိုင်းရွေးနေပါတယ်” လို့ ပြောပါတယ်။

KSPP ပါတီဝင်များ။/KSPP

KSPP အနေနဲ့ မြို့နယ်ကော်မတီတွေက ရွေးချယ်ပေးပို့တာရှိသလို ဗဟိုကနေ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေလည်း ရှိပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ မြို့နယ်တွေမှာတော့ ကိုယ်စားလှယ်လောင်းတွေကို မြို့မိမြို့ဖ၊ ဘာသာရေးခေါင်းဆောင် တွေနဲ့ ဒေသခံလူနည်းစု ဌာနေတိုင်းရင်းသားတွေ စုပေါင်းပြီး သဘောတူတဲ့သူကို ရွေးချယ်နေပါတယ်။

အဲဒီအပြင် ကချင်လူမျိုး၊ လူဦးရေ နည်းပြီး ဗမာ၊ ရှမ်းနီ၊ ရှမ်း စတဲ့ အခြားလူမျိုးတွေ ပိုများတဲ့ မြို့နယ်တွေမှာလည်း မြို့ရဲ့ လူဦးရေ အချိုးအစားအရ အများ လက်ခံနိုင်တဲ့ ကိုယ်စားလှယ်လောင်း၊ အများကို ကိုယ်စားပြုနိုင်တဲ့ မဲ၊ လူမျိုးကို ထည့်သွင်းစဉ်းစားနေတာပါ။

မိုးမောက်နဲ့ မန်စီမြို့နယ်တွေမှာဆိုရင် ရှမ်းနီလူမျိုး လူဦးရေ များတာကြောင့် KSPP ရဲ့ကိုယ်စားလှယ်လောင်းတွေက ရှမ်းနီလူမျိုးတွေကို ရွေးချယ်ထားပြီး ဇွန်လကုန်ပိုင်းမှာ KSPP ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို အပြီးသတ် အတည်ပြုမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်က ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၆ နေရာ၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၄ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ် နေရာ ၇၀ ကို ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

KSPP ပါတီထဲမှာ ကချင်အသိုင်းအဝိုင်းကြား ပုံရိပ်ရှိတဲ့ နိုင်ငံရေးသမားတွေ၊ ဝါရင့်ကချင်နိုင်ငံရေး ဆောင်ရွက်သူတွေ ပါဝင် ပြီး မြို့နယ် ၁၈ မြို့နယ်လုံးရဲ့ ကိုယ်စားလှယ်လောင်းနေရာ အနည်းဆုံး ၆၅ ဦးနှင့် အထက် ဝင်ရောက် ယှဉ်ပြိုင်မှာပါ။

KSPP ပါတီရဲ့ အဓိက အလေးထားဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၃ ရပ်က ပြည်တွင်းငြိမ်းချမ်း ရေး ရရှိရန် ကြိုးပမ်းရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်ရေး ကြိုးပမ်းရေးနဲ့ ကချင်ပြည်နယ် ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးမှာ ကချင်ပြည်နယ်တွင်းက ပြည်သူတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတို့ ဖြစ်တယ် လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

KSPP ၏ ဥက္ကဌ ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဒုဥက္ကဌဟောင်း တဦးဖြစ်ပြီး ဝါရင့်ကချင်နိုင်ငံရေး သမားတဦး ဖြစ်သည်။ / KSPP

ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးတခု ပေါ်ပေါက်အောင် ကြိုးစားပြီး ၉ နှစ်ကျော်ကြာ စစ်ဘေးရှောင် စခန်းတွေမှာ စားဝတ်နေရေး ကျပ်တည်းနေရတဲ့ ဒုက္ခသည်တွေ လုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ရေးကိုလည်း ကြိုးစားမယ်လို့လည်း သူက ဆိုပါတယ်။

KSPP ပါတီဝင်တွေက ကချင်လူထုအားလုံးကို ကိုယ်စားပြုတဲ့ ဘာသာရေးခေါင်းဆောင်တွေ ရပ်မိရပ်ဖ တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းထားတဲ့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ မှာလည်း ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်နေကြသူတွေပါ။

ကချင်ပြည်နယ်အတွင်းမှာ KSPP က အဓိက ယှဉ်ပြိုင်ရမှာကတော့ NLD ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဖြစ်ပါတယ်။

NLD ပါတီ အနေနဲ့ကတော့ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ်ရဲ့ ကိုယ်စားလှယ် နေရာ ၄၈ နေရာမှာ အနိုင်ရရှိခဲ့ပြီး USDP ကတော့ မဲအရေအတွက် ဒုတိယအများဆုံး ရရှိခဲ့ပါတယ်။ ဒေသခံ ကချင်ပါတီတွေကတော့ ကချင်တပြည်နယ်လုံးမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရွေးကောက်ပွဲတွေမှာ အငြင်းပွားမှု ဖြစ်လေ့ရှိတဲ့ တပ်မတော်ရဲ့ ကြိုတင်မဲပုံးတွေနဲ့ ပတ်သက်ပြီး KSPP က စိုးရိမ်မှု ရှိနေ ပါတယ်။ အင်အားကြီး ပါတီ NLD နဲ့ ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုအတွက် စိုးရိမ်မှု ရှိ၊ မရှိ မေးရာ မှာတော့ ဒေါက်တာ တူးဂျာက “ပြည်သူတွေက အတွေ့အကြုံရနေပါပြီ။ ဒီအတွေ့အကြုံတွေနဲ့ အနာဂတ်မှာ ဘယ်လိုလုပ် ရမယ်ဆိုတာလည်း သူတို့က သင်ခန်းစာတွေ ရနေပြီ”လို့ သူက ပြောပြပါတယ်။

ဒေါက်တာတူးဂျာက NLD အစိုးရလက်ထက်တလျှောက် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲတွေ လျှော့ချရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လုပ်ဆောင်မှု အားနည်း တာကို ဒေသခံတွေရော ကချင်နိုင်ငံရေး သမားတွေပါက မြင်တွေ့တယ်လို့ ဆိုပါတယ်။

ဆက်ပြီး ဒေါက်တာတူးဂျာက “လူထုက ဒေသ ပါတီ၊ ကိုယ့်သားသမီးတွေနဲ့ ဖွဲ့စည်းတဲ့ ဒေသပါတီကို ပိုအလေးထား လာပါပြီ။ ကချင်ပါတီကို ဝိုင်းဝန်း မဲထည့်မယ်လို့ အသံလည်း ကျယ်ကျယ် ထွက်နေပါပြီ။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဘယ်လို နည်းနဲ့မှ တူနိုင်မှာ မဟုတ်ပါဘူး”လို့လည်း ပြောပါတယ်။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူထုတွေ ဘယ်ပါတီကို မဲပေး ရွေးချယ် ရမယ်ဆိုတာကို ကချင်အသိုင်းအဝိုင်းကြားက ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အသိုင်းအဝိုင်း အသီးသီးကြားမှာ ပြောဆိုဆွေးနွေးတာတွေ အစပြုနေပါပြီ။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေအကြား ယှဉ်ပြိုင်မှု ပြင်းထန်ဖွယ် ရှိနေပါတယ်။ ပြည်သူလူထုကလည်း ပါတီကို မကြည့်ဘဲ လူကိုသာကြည့်ပြီး မဲပေးကြမယ့် သဘောထားများ ထုတ်ဖော်ပြောဆိုနေကြပါပြီ။

ကချင်အသိုင်းအဝိုင်းမှာ နိုင်ငံရေးအရရော လူမှုရေး၊ ဘာသာရေး အရပါ သြဇာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၊ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကတော့ ကချင်လူထုအနေနဲ့ NLD အစိုးရကို အားရခဲ့တာ ရှိသလို အားမရခဲ့တာ တွေလည်း ရှိပေမယ့် တတ်နိုင်တဲ့ အခန်းကဏ္ဍတိုင်းမှာ တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေတဲ့ NLD အစိုးရကို ချီးကျူးပါတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသားအတိုင်ပင်ခံ အဖွဲ့ကလည်း ရွေးကောက်ပွဲအတွက် လူထုကို အသိပညာပေးတာတွေ စတင် လုပ်ဆောင် နေပြီလို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

အသိပညာပေးတယ်ဆိုတာကတော့ ဘယ်ပါတီကို မဲပေးရင်တော့ ဘယ်လိုအကျိုးဆက်တွေ ရမယ်၊ ဘယ်ပါတီ ကတော့ ဘာတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုတာတွေကို ကချင်အသိုင်းအဝိုင်း အချင်းချင်းကြားထဲမှာ အရပ်သားတွေ နားလည် အောင် ပြောပြတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

KBC ဟာ ၂၀၁၅ ခုနှစ်တုန်းကတော့ တိုင်းပြည်ကို တိုးတတ်အောင် လုပ်နိုင်မယ့် ခေါင်းဆောင်ကို မဲပေးဖို့ ကချင်လူထု ကြားမှာ အကြံပြုခဲ့ဖူးပါတယ်။

အခုချိန်မှာတော့ KSPP လို ပူးပေါင်းပါတီကြီးတခုလည်း ကချင် ပြည်နယ်အနှံ့ ဝင်ပြိုင်မှာ ဖြစ်တာကြောင့် KBC အနေနဲ့ ကတော့ ပြည်နယ်အခြေစိုက် ကချင်ပါတီတွေနဲ့ NLD ကြားမှာ ပူးပေါင်းလုပ်ဆောင်စေချင်တယ်လို့ ပြောပါတယ်။

ဆက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်က “မြန်မာပြည်မှာ စစ်အစိုးရ၊ စစ်အုပ်ချုပ်ရေး ပပျောက်ဖို့ အဓိကကို NLD ဦးဆောင် နေတယ်ဆိုတော့ သူ့ကို ပိုပြီး မဲပေးတာ ဒီအချက်ကြောင့်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကိုယ့်ပြည်နယ်ပါတီကလည်း ကိုယ့်အမျိုးသားများအတွက် လှုပ်ရှားရမှာ ဖြစ်တဲ့အတွက်သူလည်း အရေးကြီးပါတယ်။ ကျနော်တို့က အားလုံးကို ညီညီမျှမျှ တာဝန်ခွဲဝေပြီး ပန်းတိုင်ကို သွားစေချင်တဲ့ သဘောရှိပါတယ်”လို့လည်း KBC ရဲ့သဘောထားကို ပြောပြပါတယ်။

ကချင်ပါတီတွေဘက်ကို စုံစမ်းမေးမြန်းကြည့်ရာမှာတော့ NLD ပါတီအနေနဲ့ ကချင်ပါတီတွေနဲ့ မဟာမိတ် ဖွဲ့ဖို့ ညှိနှိုင်း ဆွေးနွေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

KSPP အနေနဲ့ကလည်း ရည်မှန်းချက်ချင်းတူတဲ့ ပါတီကြီးတွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲပြီးနောက် ကချင်ပြည်နယ် အတွက် အစိုးရဖွဲ့ရင်လည်း ညွှန့်ပေါင်းလုပ်ချင်တဲ့ သဘောထား ရှိကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်စုကြည် နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲချုပ် တွေ့ဆုံ ၂၀၁၇/ဧရာဝတီ

NLD က ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းတာ မရှိသေးပေမယ့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတုန်း ကတော့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ ကို ရှေ့လုပ်ငန်းစဉ် တွေအဖြစ် ချမှတ်ခဲ့သလို တိုင်းရင်းသားရေးရာ ကော်မတီတခုကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကလည်း ကော်မတီ မှာ ပါဝင်ကြပါတယ်။

NLD ရဲ့တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းတဲ့ အချိန်ဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် လိုက်လံ ထားရှိနေတာတွေကြောင့် တိုင်းရင်းသား ပြည်နယ်တွေမှာ ဝေဖန်မှုနဲ့ ကန့်ကွက် တားမြစ်မှုတွေ ပြင်းထန်နေတဲ့ အ ချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။

ပြည်တွင်းစစ်နဲ့ ပတ်သက်ရင်လည်း နှုတ်ဆိတ်နေတယ်လို့ ဝေဖန်ခံနေရပေမယ့် NLD က တိုင်းရင်းသား ရေးရာ ကော်မတီ ကနေ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်း တိုင်ပင်တာတွေ၊ နီးစပ်တဲ့ ဆက်ဆံရေး ထူထောင်တာတွေ လုပ်မယ်လို့ ပြောဆိုထားပါတယ်။

ဧရာဝတီအနေနဲ့ လက်လှမ်းမီသလောက် စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ သဘောထားကို ဆက်သွယ်မေးမြန်းရာမှာ ကချင်ဒုက္ခသည်တွေကတော့ NLD ကို မဲထပ်မပေးချင်တော့ဘူးလို့ ပြောဆို ကြပေမယ့် သာမာန် အရပ်သားဒေသခံတွေကတော့ NLD ကို မဲပေးမယ်လို့ ဖြေဆိုတဲ့သူ ရှိသလို ဒေသခံ ကချင်ပါတီ တွေကို မဲပေးမယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

အဲဒီထဲကမှ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော်ကို ကြီးကြပ်နေတဲ့ စခန်းတာဝခံ ဦးနော်မိုင်ကတော့ “NLD အစိုးရလက်ထက်မှာလည်း ကျနော်တို့က စားဝတ်နေရေးက ကျပ်တည်းတာပဲ။ ဘာမှလည်း သိပ်ထိထိရောက်ရောက် အကူအညီမရပါဘူး။ ဒီတခေါက် ရွေးကောက်ပွဲကျရင် ကျနော်တို့က ပါတီကို မကြည့်တော့ဘူး။ လူကိုပဲ ကြည့်ပြီး မဲပေးတော့မယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ပါတီကြီးတွေအပြင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလျန်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဆိုရင်လည်း သက်ဆိုင်ရာမျိုးနွယ်စုနဲ့ သူ့ နယ်မြေအလိုက် ထောက်ခံမှုတွေလည်း ရှိကြပါတယ်။

မြစ်ကြီးနားမြို့နယ် NLD ပါတီရဲ့ မြို့နယ် အတွင်းရေးမှူး ဦးကျော်ကျော်ဦးကတော့ NLD အစိုးရ လက်ထက်မှာ ကချင် ပြည်နယ်အရေးနဲ့ ပတ်သက်ရင် လုပ်နိုင်တာတွေကို လုပ်ဆောင်ပေးနေတာ ဖြစ်ပြီး အားလုံးရဲ့ စိတ်ဆန္ဒအတိုင်း တထပ်တည်း ကျအောင်တော့ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြေးရတဲ့ IDPs တွေကို ဆိုရင်လည်း အစိုးရဘက်က ကြည့်ရှု စောင့်ရှောက်သလို NLD ဘက်ကလည်း NLD ပါတီ ခေါင်းစဉ်နဲ့ ဖြစ်စေ၊ ပါတီအမည် မတပ်ပဲ ဖြစ်စေ ထောက်ပံ့ ကူညီပေးတာတွေ ရှိခဲ့ပါတယ်လို့ ဦးကျော်ကျော်ဦးက ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် NLD ကလည်း ကိုယ်စားလှယ်လျှောက်လွှာတွေကို လက်ခံနေပါတယ်။ မြို့နယ်ကနေ ပြည်နယ်၊ ပြည်နယ်ကနေ ဗဟိုကို တင်ပြပြီး ဇွန်လကုန်ပိုင်းမှာ ကိုယ်စားလှယ်လောင်းစာရင်းတွေကို သိရမှာပါ။

ဦးကျော်ကျော်ဦးကတော့ သူ့ရဲ့ NLD ပါတီက ကချင်ပြည်နယ်၊ ၁၈ မြို့နယ်လုံးမှာ အနိုင်ရအောင် ပြိုင်မှာ ဖြစ်ကြောင်း၊
ကချင် အသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ကချင်ပြည်နယ်မှာ NLD ကို ထောက်ခံတဲ့ အင်အားက ကျဆင်းသွားခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

ကချင်အထူးဒေသ ၁ တွင်တွေ့ရသော ကချင်တိုင်းရင်းသူများ/ဧရာဝတီ

တဖက်မှာလည်း KSPP လို ပူးပေါင်းထားတဲ့ ကချင်ပါတီကြီး အပြင် USDP နဲ့ အခြားမျိုးနွယ်စု အလိုက် တည်ထောင် ထားတဲ့ လီဆူပါတီ၊ ရှမ်းနီပါတီတို့ ရှိနေပေမယ့်လည်း NLD က ထောက်ခံမှု ကျဆင်းတာမရှိဘဲ ပါတီဝင်တွေတောင် ပိုများလာတာကြောင့် ၁၈ မြို့နယ်လုံးမှာ အနိုင်ရဖို့ အပြည့်အဝ ယုံကြည်ထားပြီလို့လည်း ဦးကျော်ကျော်ဦးက ပြောပါတယ်။

ဆက်ပြီး ဦးကျော်ကျော်ဦးက “တချို့ဟာတွေမှာ ကချင်ပါတီတွေ မမျှော်မှန်းထားတဲ့ ကိစ္စတွေ ဖြစ်လာမှာပါ။ ကျနော်တို့က ၁၈ မြို့နယ်လုံးမှာ အနိုင်ရမယ်လို့ပဲယုံကြည်ထားတယ်” လို့လည်း ထပ်လောင်း ပြောဆိုပါတယ်။

သို့ပေမယ့် အနီးစပ်ဆုံး ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ကို ပြန်ကြည့်ရင် NLD က ဒေသခံ ကချင်ပါတီ ထက်တောင် မဲရတာ နည်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ မြစ်ကြီးနားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အတွက် ရွေးကောက်ခံတဲ့အခါ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က မဲလက်မှတ်ပေါင်း ၂၃၈၈၆ မဲနဲ့ အနိုင်ရရှိခဲ့ပြီး ကချင်ဒီမိုကရက်တစ်ပါတီ (KDP) က ဆန္ဒမဲ ၁၉၁၁၂ မဲနဲ့ ဒုတိယမဲအများ ဆုံးရရှိခဲ့ပါတယ်။

NLD ကတော့ KDP ထက် ဆန္ဒမဲ ၁၀၀ ကျော် နည်းပြီး တတိယမဲအများဆုံး နေရာကိုပဲ ရရှိခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ထက် မဲအရေအတွက် များခဲ့တဲ့ KDP ရဲ့ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်း က လက်ရှိမှာတော့ KSPP နဲ့ ပူးပေါင်းလိုက်တာကြောင့် KSPP ဒုဥက္ကဋ္ဌ ၁ ဦးအဖြစ် တာဝန်ယူထားပါတယ်။

NLD ဘက်က လာမယ့် ရွေးကောက်ပွဲမှာ မြို့နယ် ၁၈ မြို့နယ်လုံးမှာ သူတို့ပဲ အနိုင်ရမယ်လို့ ယုံကြည်နေသလို KSPP ကလည်း သူတို့က နေရာတိုင်းမှာ အနိုင်ရအောင် ဆောင်ရွက်မှာလို့ ပြောဆိုနေကြပါတယ်။

KSPP ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ USDP၊ ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ NLD တို့က ၅ နှစ်စီ အစိုးရတာဝန်ယူခဲ့တာကြောင့် ကချင်လူထုတွေက အစိုးရ နှစ်ဆက်လုံးရဲ့ ရပ်တည် ချက်၊ ကချင်လူထုအပေါ် သဘောထားတွေကို သိရှိနားလည်ပြီးကြပြီလို့ ပြောပါတယ်။

ကချင်မနေားပွဲးတွင် တွေ့ရသော ကချင် တိုင်းရင်းသူများ/ဧရာဝတီ

လူထုတွေရဲ့ဖြတ်သန်းလာရတဲ့ အတွေ့အကြုံကြောင့် ဒေသခံပါတီတွေ နိုင်မှ ကိုယ့်ပြည်နယ်အရေး၊ တိုက်ပွဲတွေ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတို့ကို စကားပြောနိုင်မှာ ဖြစ်တာကိုလည်း နားလည်နေ ကြပါပြီလို့ ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုပါတယ်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော်တို့အနေနဲ့ ကိုယ့်ပြည်နယ် ပြည်သူလူထုကို အကျိုးပြုနိုင်မယ်လို့ မြင်ပါတယ်။ ဒီထက် ကျော်လွန်ပြီး ပြည်ထောင်စုအစိုးရမှာ တစုံတခု ပါဝင်ပြီး ပြည်ထောင်စုအတွက် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု အတွက် တစုံတခု လုပ်ဆောင်နိုင်မယ်လို့ ခံယူထားပါတယ်” လို့လည်း ပြောဆိုပါတယ်။

ဆက်ပြီး ဦးကွမ်ဂေါင်အောင်ခမ်းက လာမယ့် ရွေးကောက်ပွဲသာ သူတို့ပါတီ အနိုင်ရရင် အခြား ပါတီကြီးတွေထက် ကချင်ပြည်နယ်အရေးကို ပိုကောင်းအောင် လုပ်နိုင်ကြောင်း မြင်တွေ့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

You may also like these stories:

ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော

ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ကိုယ်စားလှယ်လောင်း မတင်သော်လည်း မြို့နယ်က ရွေးထား

၂၀၂၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဟု မန္တလေးမြို့တော်ဝန် ပြော

The post ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ appeared first on ဧရာဝတီ.

]]>
COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည် https://burma.irrawaddy.com/news/2020/06/15/224695.html Mon, 15 Jun 2020 13:53:40 +0000 https://burma.irrawaddy.com/?p=224695 အစိုးရဘက်မှ ယခု ဇွန်အတွင်း Bilateral ဆွေးနွေးရန် ကမ်းလှမ်းစဉ်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သို့မဟုတ် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် တွေ့ရန်၊ လူချင်း မတွေ့နိုင်ပါက အွန်လိုင်းမှ တဆင့် Video Conferencing ပြုလုပ်ကာ ဆွေးနွေးကြရန်

The post COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည် appeared first on ဧရာဝတီ.

]]>
COVID-19 ရောဂါအခြေအနေ တည်ငြိမ်မှသာ အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ဆွေးနွေးရန် တွေ့ဆုံမည်ဟု သတင်း ရရှိသည်။

ဇွန် ၅ ရက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့် မြောက်ပိုင်း မဟာမိတ်တို့ကြား အပစ်ရပ်စာချုပ် (Bilateral) ဆွေးနွေးရန် နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကမ်းလှမ်းရာ COVID-19 ရောဂါ အခြေအနေတည်ငြိမ်မှသာ တွေ့ဆုံကြရန် မြောက်ပိုင်း မဟာမိတ်ဘက်က အကြောင်းပြန်ခြင်း ဖြစ်သည်။

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကြားတွင် ကြားခံ ဆက်သွယ်ပေးသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန် ရက် (PCG) မှ ဦးလမိုင်ဂွမ်ဂျာက “သူတို့က မတွေ့ချင်တာ မဟုတ်ဘူး။ တွေ့ချင်တယ်။ တွေ့ဖို့ကလည်း Ready ပဲ။ ရောဂါ ကြောင့် စိုးရိမ်ရတော့ သွားရေးလာရေးရော နည်းနည်း အခက်အခဲရှိလို့ နည်းနည်း ကင်းစင်မှပဲ တွေ့ဆုံမယ်လို့ ပြောထား တာပါ။ ဦးဇော်ဌေးတို့ဘက်ကို ဇွန် ၈ ရက်လောက်မှာ အကြောင်းပြန်ထားပါတယ်” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့နှင့် အစိုးရ သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် နောက်ဆုံး တွေ့ဆုံ ဆွေးနွေးထားပြီး COVID-19 ရောဂါကြောင့် ၂၀၂၀ အတွင်း ထပ်မံ တွေ့ဆုံနိုင်ခြင်း မရှိသေးပါ။

အစိုးရဘက်မှ ယခု ဇွန်အတွင်း Bilateral ဆွေးနွေးရန် ကမ်းလှမ်းစဉ်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့မဟုတ် ရှမ်း ပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် တွေ့ရန်၊ လူချင်း မတွေ့နိုင်ပါက အွန်လိုင်းမှ တဆင့် Video Conferencing ပြုလုပ် ကာ ဆွေးနွေးကြရန် ပြောဆိုခြင်း ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ ကိုယ်စားလှယ်များအနေဖြင့် မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံတွင် ဆွေးနွေးမည်ဆိုပါက အစည်းအဝေး ကျင်းပမည့်နေရာသို့ လာရန် တရုတ်နိုင်ငံကို ဖြတ်သန်းပြီး လာရမည် ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြော သည်။

ကျိုင်းတုံမြို့တွင် တွေ့ဆုံမည်ဆိုပါက KIA၊ AA မှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံကို ဖြတ်ကာ မြန်မာနိုင်ငံ နယ်နိမိတ်၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ထိန်းချုပ်နယ်မြေ၊ မိုင်းလားမြို့မှ တဆင့် ကျိုင်းတုံမြို့သို့ လာကြရ မည် ဖြစ်သည်။

မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည် ဆိုပါက MNDAA၊ TNLA ခေါင်းဆောင်များသည် ပြည်တွင်းမှ မြို့များကို အဆင့်ဆင့် ဖြတ် သန်းကာ လာရမည် ဖြစ်ပြီး ပြည်တွင်းမှ မလာလိုပါက တရုတ်နိုင်ငံတွင်းမှ ဖြတ်သန်းကာ ကချင်ပြည်နယ်ဘက်သို့ ပြန်ဝင် ပြီး အစည်းအဝေး တက်ကြရမည် ဖြစ်သည်။

ဦးလမိုင်ဂွမ်ဂျာ က “Quarantine ဝင်ရမှာတို့၊ တရုတ်ဘက်ကနေ ဖြတ်ကျော်ရမှာတို့ကျတော့ အခက်အခဲလေး ပြန်ရှိနေ တယ်။ နောက်တချက်က အွန်လိုင်းကနေ တွေ့ဖို့ကျတော့လည်း သူတို့ ၄ ဖွဲ့က တနေရာတည်းမှာ ရှိတာ မဟုတ်ဘူး။ တယောက် တနေရာစီ ရှိနေတော့ တွေ့ဖို့လည်း နည်းနည်း အခက်အခဲ ရှိတာကြောင့်ပါ” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် Bilateral စာချုပ်ကို မိမိသက်ဆိုင်ရာ အဖွဲ့ တဖွဲ့ချင်းစီနှင့် အစိုးရ၊ တပ်မတော် ကြား ၁ စောင်စီ ချုပ်ဆိုမည် ဖြစ်သော်လည်း ဆွေးနွေးရာတွင် အပစ်အခတ် ရပ်စဲရေးအတွက် အခြေခံ တောင်းဆိုချက်များ၊ တိုက်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုချက်၊ ရပ်တည်ချက်များ၊ နိုင်ငံရေး ဆွေးနွေးလိုသည့် ရပ်တည်ချက်များမှာ တူညီ သဖြင့် ဆွေးနွေးရာတွင် ၄ ဖွဲ့ တစုတစည်းတည်း ဆွေးနွေးရန်၊ သဘောတူညီရေးနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုရေးတို့တွင် လည်း ၄ ဖွဲ့ တစုတစည်းတည်း လုပ်ဆောင်ရန် ရပ်တည်ထားကြသည်။

အစိုးရ၊ တပ်မတော်တို့သည် Bilateral အတွက် ဆွေးနွေးနေသော်လည်း မတ် ၂၃ ရက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် AA ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာထားသည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသဖြင့် လာမည့် ဆွေးနွေးပွဲများတွင် ဆွေးနွေးမှုများ၊ တွေ့ဆုံမှုများ၏ အခြေအ နေ မည်သို့ ဖြစ်နိုင်သည်ကို မေးမြန်းရာ ငြိမ်းချမ်းရေး ကော်မရှင် (PC) ၊ အဖွဲ့ဝင် ဦးလှမောင်ရွှေက “နဂို ဦးသိန်းစိန် လက်ထက်တုန်းကလည်း ဆွေးနွေးရင်းမှ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့ တို့ကို ဖြုတ်ပေးလိုက်တာ တွေ့တယ်။ အခုကတော့ ဘယ်လိုဖြစ်မလဲဆိုတာ ကြိုပြောဖို့တော့ ခက်ပါတယ်” ဟု ပြောသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ဆွေးနွေးမည်ဟု ကမ်းလှမ်းပြီး ငြိမ်းချမ်း ရေး ဆက်ဆွေးနွေးရန်လည်း ပြောဆိုထားသဖြင့် AA နှင့် စေ့စပ်ဆွေးနွေးရန် လမ်းကြောင်းမှာ ပိတ်ဆို့နေခြင်း မရှိပါ ဟု လည်း ဦးလှမောင်ရွှေက ဆိုသည်။

နိုင်ငံတော် သမ္မတရုံးဘက်မှ ပြန်လည် တွေ့ဆုံဆွေးနွေးကြရန် ကမ်းလှမ်းရာတွင် AA နှင့် ပတ်သက်၍ တစုံတရာ ပြောဆို ခြင်း မရှိကြောင်း သိရပြီး လူချင်း တွေ့ဆုံဆွေးနွေးပွဲကို တေ့တေ့ဆိုင်ဆိုင် ပြန်ဆွေးနွေးပါက အစည်းအဝေး လာတက်မည့် AA ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ အစိုးရနှင့် တပ်မတော်တို့၏ သဘောထားများကို အသေးစိတ်ထည့်သွင်း ဆွေးနွေးရ မည်ဟု PCG ထံမှ သိရသည်။

အစိုးရ၊ တပ်မတော်တို့က မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာ ချုပ် (NCA) တွင် လက်မှတ်ထိုးရန် ပြောဆိုနေသော်လည်း မဟာမိတ် ၄ ဖွဲ့လုံးက လက်ရှိ NCA စာချုပ်ကို သဘောမကျ ကြောင်း ငြင်းဆိုထားကြသည်။

လက်ရှိတွင် ညှိနှိုင်းနေဆဲ ဖြစ်သည့် Bilateral သည် အပစ်ရပ် စာချုပ်ကြီး မချုပ်ခင် ပဏာမ အပစ်ရပ် ဆိုင်းထားနိုင်ကြရန် ရှေ့ပြေး ချုပ်ဆိုမည့် စာချုပ် ဖြစ်ပြီး ထိုစာချုပ်ထဲတွင် နှစ်ဖက်တပ်များ နယ်မြေ မကျော်လွန်ရန် တပ်နေရာချထားရေး သတ်မှတ်ချက်များ ထည့်သွင်း ချုပ်ဆိုမည် ဖြစ်သည်။

သို့သော် တပ်မတော်ဘက်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင်း လှုပ်ရှားသည့် KIA ၏ တပ်မဟာများ၊ TNLA နှင့် MNDAA တို့၏ ဖြန့်ကျက် လှုပ်ရှားနေသည့် နယ်မြေများ၊ AA လှုပ်ရှား အခြေစိုက်ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည် နယ် တောင်ပိုင်းတို့တွင် မြောက်ပိုင်း မဟာမိတ်တပ်များ ရှိကြောင်း အတည်မပြု အသိအမှတ်မပြုလိုသဖြင့် တပ်နေရာ ချထားရေးတွင် ညှိနှိုင်း၍ မရသေးပါ။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဝင် TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူး မိုင်းအိုက်ကျော် က ဆွေးနွေးမှုတွင် တပ်နေရာချထားရေးအပြင် ညှိနှိုင်း၍ မရဖြစ်နေသည့် တချက်မှာ အပစ်ရပ်ပြီးနောက် ပြန်လည် မပစ်ခတ်ကြရန် စောင့် ကြည့်ရေးအဖွဲ့ တဖွဲ့ ဖွဲ့စည်းရေး ကိစ္စ ဖြစ်သည်ဟု ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “တိုက်ပွဲဖြစ်လာရင် ဘယ်သူက ဖြေရှင်းပေးမလဲပေါ့။ ကျနော်တို့ နှစ်ဖက် ညှိရင် သူမှားတယ်၊ ကိုယ်မှန်တယ် ငြင်းခုံနေမှာပဲလေ။ ကြားက ဘယ်သူ ညှိနှိုင်းပေးမလဲဆိုတာကို ဆွေးနွေးနေတာ မပြေလည်သေးတာပါ။ အဓိကတော့ တပ်က လက်မခံတာပါ။ တိုက်ပွဲဖြစ်ရင် တပ်နဲ့ပဲ ရှင်းမယ်။ ကျန်တဲ့သူ ပါစရာ မလိုဘူးလို့ ပြောတာပါ” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ်ဘက်မှ ဖွဲ့စည်းလိုသည့် စောင့်ကြည့်ရေး အဖွဲ့မှာ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC)၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကြားခံ လူမှုအဖွဲ့အစည်းများကို ထည့်သွင်းပြီး ဖွဲ့လိုခြင်း ဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

၂၀၁၉ ခုနှစ်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကြား မူဆယ်၊ မိုင်းလား၊ ကျိုင်းတုံနှင့် တရုတ်နိုင်ငံတို့တွင် ၆ ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးထားသော်လည်း အပစ်ရပ်နိုင်ရန် ခိုင်မာသည့် သဘောတူညီ ချက် တစုံတရာ ရရှိခြင်း မရှိခဲ့ပါ။

တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များသည် ဆွေးနွေးနေစဉ် မပစ်ခတ်ကြရန် ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ စ၍ နှစ်ဖက် အပြန်အလှန် တဖက်သတ် အပစ်ရပ်ဆိုင်းပေးကြောင်း ၆ ကြိမ်ခန့် အသီးသီး ထုတ်ပြန်ကြသည်။

နှစ်ဖက် အပစ်ရပ်ဆိုင်းပါကြောင်း ထုတ်ပြန်သော်လည်း တပ်မတော်သည် KIA ၊ MNDAA ၊TNLA တို့နှင့် ရံဖန်ရံခါ တိုက်ပွဲ များ ပြန်ဖြစ်ပွားသည်။

ထို့ပြင် တပ်မတော်၏ အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်များတွင် AA လှုပ်ရှားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်း ပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့ကို ချန်လှပ်ထားသဖြင့် တပ်မတော်နှင့် AA သည်လည်း တိုက်ပွဲများ ရပ်တန့် ခြင်း မရှိပါ။

ဆက်စပ်ဖတ်ရှုရန်

ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ်

KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ ၂လအတွင်း တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ဟုဆို

တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း

The post COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည် appeared first on ဧရာဝတီ.

]]>
ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ https://burma.irrawaddy.com/news/2020/06/10/224419.html Wed, 10 Jun 2020 12:03:36 +0000 https://burma.irrawaddy.com/?p=224419 ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဆန်သွားသယ်သည့် စစ်ဘေးရှောင်ဒုက္ခသည်များ လမ်းခုလတ်တွင် ပစ်ခတ်ခံရပြီး အမျိုးသား တဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

The post ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ appeared first on ဧရာဝတီ.

]]>
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဆန်သွားသယ်သည့် စစ်ဘေးရှောင်ဒုက္ခသည်များ လမ်းခုလတ်တွင် ပစ်ခတ်ခံရပြီး အမျိုးသား တဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေး ကူညီရေးအဖွဲ့၏ အတွင်းရေးမှူး ဦးကျော်အောင် က “အသွားမှာ လမ်းမှာ တောထဲ တနေရာက ပစ်တယ်လို့သိရပါတယ်။ အပစ်ခံရတဲ့ သူက ဦးမျိုးသန့်၊ အသက် ၄၆ နှစ်ပါ။ သူက ပွဲချင်းပြီး ဆုံးသွားပါတယ်။ ကျန်တဲ့ သူတွေ ဘယ်လို ဒဏ်ရာရတယ်။ ဘာဖြစ်တယ်ဆိုတာ ကျနော်တို့ မသိရသေးပါဘူး”ဟု ပြောသည်။

ဦးမျိုးသန့်သည် စိမ့်စင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်တဦး ဖြစ်သည်။

သေဆုံးသွားသူတွင် ဇနီး၊ ၈ နှစ်အရွယ်နှင့် လသားအရွယ် သားသမီး ၂ ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယနေ့ မနက်ပိုင်းက ဦးမျိုးသန့်အပါအဝင် စိမ့်စင်းဝ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၂၀ က နေရပ်ရင်း နန်းချောင်းဝကျေးရွာသို့ ပြန်ပြီး ကားဖြင့် ဆန်သွား သယ်ကြခြင်း ဖြစ်သည်။

နန်းချောင်းဝကျေးရွာသည် ဧပြီ ၇ ရက်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သည့် ဧရိယာထဲတွင် ပါဝင်ပြီး ဒေသခံ ၇ ဦး သေဆုံးကာ ရွာရှိ နေအိမ်များလည်း မီးလောင်ထားသည့် ရွာဖြစ်သည်။

စိမ့်စင်းကျေးရွာနှင့် နန်းချောင်းဝကျေးရွာသည် ၃ မိုင်ခန့်သာ ကွာဝေးသည်။

ဆန်သွားသယ်သည့် လမ်းခုလတ်၊ နန်းချောင်းဝကျေးရွာသို့မရောက်မီ တောတွင်းတနေရာမှ လှမ်းပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည့် ဒေသတခုဖြစ်သည်။

ဦးကျော်အောင်က မျက်မြင်မတွေ့ရသဖြင့် မည်သည့်ဘက်မှ ပစ်ခတ်သည်ကို မပြောနိုင်ပါ ဟု ပြောသည်။

ဦးကျော်အောင် က “ပလက်ဝမှာ မြန်မာ့တပ်မတော်ရယ် AA ရယ် ၂ ဖွဲ့ပဲရှိတယ်။ ဒီ ၂ ဖွဲ့ပဲ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲကတော့ ဖြစ်မှာပဲ။ ဒါပေမယ့် အရပ်သားကို နည်းနည်းတော့ ကြည့်ရှု ကာကွယ်ဖို့ လိုတယ်လို့ ထင်တယ်။ အခုက တွေ့တဲ့ နေရာ၊ လူထုလား၊ AA လား၊ မြန်မာ့ တပ်မတော်လား မခွဲခြားပဲ ဒီလိုလုပ်တာက လူထု အနေနဲ့က တော်တော်လေးကို စိုးရိမ်နေပါတယ်။ ရွာကနေ အပြင်ထွက်ဖို့တောင် ကြောက်နေရပါပြီ” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့ ဘက်မှ အခြေခံစားနပ်ရိက္ခာများကို ဝယ်ယူ သုံးစွဲနေရသည့် မြို့နယ်ဖြစ်ပြီး တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်းလမ်းသည်လည်း လုံခြုံမှု မရှိပါ။

မတူပီမြို့ဘက်သို့ ထွက်သည့် ပလက်ဝ-ဆမီး လမ်းသည်လည်း အရပ်သားများ ဖြတ်သန်း သွားလာရန် မလုံခြုံဘဲ လုံခြုံရေးအရ တားမြစ်ထားသဖြင့် သွားလာ၍ မရဖြစ်နေသည်။

ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီကတည်းက တိုက်ပွဲများ ပြင်းထန်ပြီး စစ်ရေးတင်းမာ နေသဖြင့် အရပ်သားများ နှင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံနေရ သည်ဟု သိရသည်။

ယနေ့ မနက်ပိုင်းတွင် ပစ်ခတ်ခံရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရဘက်မှ ထောက်ပံ့သည့် ဆန်များမှာလည်း လုံလောက်မှု မရှိသဖြင့် နေရပ်ရင်းရွာသို့ ဆန်သွားသယ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေက ယနေ့မနက်ပိုင်းတွင် ပစ်ခတ်ခံရသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် တပ်မတော်၊ တပ်စခန်းများကို အကြောင်းကြားပြီး ခွင့်ပြုချက်ယူကာ နန်းချောင်းဝ ကျေးရွာသို့ ဆန်သွားသယ်ကြခြင်း ဖြစ်သည်ဟု ပြောသည်။

သို့သော်လည်း ထိုပစ်ခတ်မှုမှာ တပ်မတော်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောကြောင်း မမိုင်နန်းဝေက ပြောသည်။ ဧရာဝတီက ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်များနှင့် တိုက်ရိုက် ဆက်သွယ်မှု မရခဲ့သလို သီးခြား အတည်ပြုနိုင်ခြင်းလည်း မရှိပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စိမ့်စင်းဝကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်များ ပစ်ခတ်ခံရသည့် သတင်းကို မသိရှိသေးကြောင်း နှင့် တပ်မတော် ဘက်မှ ပစ်ခတ်စရာ အကြောင်းမရှိပါဟု ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က“စိမ့်စမ်းဝ နဲ့ အဲ့ဘက်ကြားမှာ WFP ယာဉ်တန်းတက် လာတုန်းကလည်း ပစ်ခံရတာမျိုးရှိတယ်။ အဲ့ကနေ ဆန်သယ်တာတို့ လုပ်ပေးနေတာ ဟိုဘက်ကမ်းက လူမှုအဖွဲ့အစည်း တွေနဲ့ ဒီဘက်နဲ့ တပ်နဲ့လည်း လုပ်ပေးနေတာပဲလေ”ဟု ပြောသည်။

ဧပြီ ၃၀ ရက်က ဒုက္ခသည်များအတွက် ဆန်ရိက္ခာ လာပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၏ ယာဉ် ဆမီးမြို့မှ ပလက်ဝမြို့သို့သွားသည့် လမ်းတွင် ပစ်ခတ်ခံရသည်။

ထိုပစ်ခတ်မှုတွင် တပ်မတော်က AA ပစ်ခတ်သည်ဟု ပြောပြီး AA က ၎င်းတို့ မဟုတ်ပဲ တပ်မတော်က ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ပြန်လည်ငြင်းဆိုထားသည်။

အရပ်သားများ၏ စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် ပစ်ခတ်ခံရခြင်း၊ မလုံခြုံခြင်းမှာ နှစ်ဖက်တပ်များတွင် တာဝန်ရှိပြီး အရပ်သားများ၏ စားနပ်ရိက္ခာလမ်းကြောင်းကို နှောင့်ယှက်ခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာ ဖြစ်သည်ဟု မမိုင်နန်းဝေက ဆိုသည်။

၎င်းကဆက်၍ “ကျမတို့ လူထုက ခွင့်ပြုချက်တောင်းရင် ခွင့်ပြုတယ်လို့ ပြောလို့ ခွင့်ပြုချက်နဲ့ သွားတာ ဖြစ်တယ်။ ဘယ်ဘက်ကဖြစ်ဖြစ် ခွင့်ပြုတယ်ဆိုရင် စစ်တပ်က လုံခြုံရေးအနေနဲ့ လိုက်ပေးရင် ကောင်းတယ်။ မလိုက်ပေးရင်လည်း လမ်းမှာ အချင်းချင်း လုံခြုံအောင် လုပ်ပေးရမှာ သူတို့တာဝန်ဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကို လုပ်ပေးရမှာက စစ်တပ်ရဲ့ တာဝန်လို့ ကျမတို့က နားလည်ပါတယ်” ဟုလည်း ပြောသည်။

ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ ရရှိသည့် ငွေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းပြည်နယ် အစိုးရ အဖွဲ့တို့မှ ဆန်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့သော်လည်း ပလက်ဝမှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ လုံလုံလောက်လောက် ရရှိခြင်း မရှိပါ။

မေ ၂၆ ရက်ကလည်း ပလက်ဝမြို့နှင့် ကုလားတန်မြစ်သာ ခြားသည့် မျက်နှာချင်းဆိုင်တဖက်ကမ်းရှိ အောက်မီးလက်ဝ ကျေးရွာ မီးရှို့ခံခဲ့ရသည်။

အောက်မီးလက်ဝကျေးရွာသည် မတ် ၈ ရက်မှ စ၍ ဒေသခံများ ထွက်ပြေးသွားသဖြင့် လူမရှိသည့် ရွာ ဖြစ်သည်။

မေ ၃၀ ရက်တွင် ပလက်ဝမြို့ဘက်မှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ ထမင်းဟင်းချက်ရန် ထင်းလိုအပ် နေသဖြင့် နေရပ်ရင်းရွာ၊ အောက်မီးလက်ဝကျေးရွာသို့ ပြန်သွားယူရန် လှေဖြင့် ကူးစဉ် ပစ်ခတ်ခံရပြီး ဒုက္ခသည်အမျိုးသမီးတဦး သေဆုံးထားသည်။

အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရခြင်းနှင့် ချင်းအမျိုးသမီးတဦး ပစ်ခတ်ခံရပြီး သေဆုံး သည့် ဖြစ်စဉ်များတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးက ၎င်းတို့ မလုပ်ကြောင်း ငြင်းဆိုကြကာ အပြန်အလှန် စွပ်စွဲ ငြင်းခုန်နေကြသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ခိုက်မှုများကြားတွင် ပလက်ဝမြို့နယ်တွင်း ဇန်နဝါရီမှ ယနေ့ထိ အရပ်သား သေဆုံးသူ ၄၁ ဦး ရှိပြီဖြစ်သည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ပလက်ဝမြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်း ၄ခုတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၁၀၀၀ ကျော် ရှိသည်။

ပလက်ဝမြို့နယ်မှ ထွက်ပြေးလာပြီး ရန်ကုန်မြို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၃၀ ကျော် ရှိသည်။

You may also like these stories:

ပုဂံ လောကထိပ်ပန်ဘုရား အဝင်တံခါး မီးရှို့ခံရ

ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ

ပလက်ဝက စစ်ဘေးရှောင် ၃ ထောင်ကျော် ဆန်ပြတ်နေပြီ

The post ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ appeared first on ဧရာဝတီ.

]]>
ပူတာအိုက စစ်ဘေးရှောင်များကို ပြန်လည်နေရာချထားရန် စီစဉ် https://burma.irrawaddy.com/news/2020/06/10/224362.html Wed, 10 Jun 2020 06:29:28 +0000 https://burma.irrawaddy.com/?p=224362 ပူတာအိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ ကျော်ကို မြေနေရာများ အပိုင်ပေးပြီး ပြန် လည် နေရာချထားရေး လုပ်ပေးသည်မှာ ကချင်ပြည်နယ်တွင်း တိုက်ပွဲကာလ ၉ နှစ်တာအတွင်း ပထမဦးဆုံး တရားဝင် လုပ်ဆောင်ခြင်း ဖြစ်သည်

The post ပူတာအိုက စစ်ဘေးရှောင်များကို ပြန်လည်နေရာချထားရန် စီစဉ် appeared first on ဧရာဝတီ.

]]>
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှ စစ်ဘေးရှောင် ဒုက္ခသည် အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၃၀၀ ကျော်ကို ပြန် လည် နေရာချထားရေးလုပ်ပေးရန် မြေနေရာများ စီစဉ်ထားပြီဟု ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီကို ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က “သူတို့က မူလနေရာက လုံခြုံမှု မရှိတော့ မပြန်ရဲတော့ဘူး။ ဒီတော့ ပူတာအိုဘေးနား၊ မြို့နားက မြေလွတ်မြေရိုင်းမှာ နေရာချထားပေးဖို့ စီစဉ်နေပါတယ်။ ဒါက ပထမအဆင့်ပါ” ဟု ဆိုသည်။

ပြန်လည် နေရာချထားရေးလုပ်ဆောင်မည့် မြေကွက်တွင် ဒုက္ခသည်များကို မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ထုတ်ပေးရန်၊ စာသင်ကျောင်းနှင့် ကျန်းမာရေး ဆေးပေးခန်းများ ချပေးရန်လည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပူတာအိုမြို့နယ် အုပ် ချုပ်ရေးမှူးများကို အကြောင်းကြားထားသည်ဟု သိရသည်။

KHCC သည် ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ ပါဝင်ကာ ဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်သည်။

စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်လည်နေရာချထားရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ဒေါက်တာ ခလမ် ဆမ်ဆွန်၊ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ကို ဒေါ်လာ ၅ သန်း လှူဒါန်းထားသည်။

ပူတာအိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀ ကျော်၏ ပြန်လည် နေရာချထားရေးအတွက် နေအိမ်များ တည် ဆောက်ရေး၊ အသက်မွေးဝမ်းကျောင်းအတွက် မြေနေရာများ ဝယ်ယူရေးတို့ကို ဒေါ်လာ ၅ သန်း အလှူငွေထဲမှ သုံးစွဲခြင်း ဖြစ်သည်ဟု သိရသည်။

ပူတာအိုမြို့နယ် အတွင်းရှိ လုံးစွတ် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် တပ် မတော်နှင့် KIA တို့ကြား ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် နေရပ်ရင်း ရွာများကို စွန့်ခွာပြီး ထွက်ပြေး လာကြသူများ ဖြစ်သည်။

စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေရပ်ရင်းများမှာ မချမ်းဘော၊ ပူတာအို၊ ခေါင်လန်ဖူးမြို့နယ် တို့အတွင်းရှိ ကျေးရွာများ ဖြစ်သည်။

လုံးစွတ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များသည် ဖေဖော်ဝါရီလအတွင်းကလည်း ၎င်းတို့ကို ပြန်လည် နေရာချထားရေး လုပ်ပေးရန်နှင့် တိုက်ပွဲများ ပြန်ဖြစ်မည်ကို မစိုးရိမ်ရသည့် မြေနေရာတခု စီစဉ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ တဆင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ တို့ကို စာပို့ တောင်းဆို ထားသူများ ဖြစ်သည်။

ယခုအခါ ပူတာအိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ ကျော်ကို မြေနေရာများ အပိုင်ပေးပြီး ပြန်လည် နေရာ ချထားရေး လုပ်ပေးသည်မှာ ကချင်ပြည်နယ်တွင်း တိုက်ပွဲကာလ ၉ နှစ်တာအတွင်း ပထမဦးဆုံး တရားဝင် လုပ်ဆောင် ခြင်း ဖြစ်သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြန်လည် နေရာချထားရေးအတွက် နေအိမ်များအပြင် စိုက်ပျိုး မွေးမြူရေးလုပ်ရန်လည်း မြေ ဧက ၇၀ကို စီစဉ်ထားသည်ဟု ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်က “မြေကတော့ ပိုင်ဆိုင်မှုတွေ ရှိတယ်။ ဇီဒန်းရွာဘက်က လူတွေရော အဲဒီ ပတ် ဝန်းကျင်က လူတွေရော ပိုင်ဆိုင်ကြတယ်။ ကျနော်တို့က ရန်ပုံငွေအနေနဲ့ တန်ရာတန်ကြေး နည်းနည်း ပေးရတာပေါ့။ သူတို့လည်း ကျေနပ်အောင် အတင်းအဓမ္မ ယူတာလည်း မဖြစ်အောင် ညှိနှိုင်းပြီး လုပ်ဆောင် ရပါတယ်” ဟု ပြောသည်။

တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကြား ၁၇ နှစ်တာ အပစ်ရပ် စာချုပ် ကျိုးပျက်ပြီး၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ စ၍ တိုက်ပွဲများ ပြန်ဖြစ်ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရာချီသည့် ကျေးရွာများမှ အရပ် သား ၁ သိန်းကျော် ရွာလုံးကျွတ် ထွက်ပြေးရပြီး စစ်ဘေးရှောင် ဒုက္ခသည် စခန်း ၁၆၀ ကျော်တွင် ခိုလှုံနေရသည်။

တပ်မတော်နှင့် KIA ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ထိုးပြီးပါက နှစ်ဖက်တပ်များ၏ သဘောတူညီမှုဖြင့် ဒုက္ခ သည်များကို ပြန်လည် နေရာချထားရေး လုပ်ပေးရန် စီစဉ်ကြသော်လည်း အပစ်ရပ် ဆွေးနွေးမှုများမှာ သဘောတူညီမှု တစုံတရာ ရရှိခြင်း မရှိသေးပါ။

ထို့ကြောင့် KHCC က တိုက်ပွဲ ပြန်မဖြစ်နိုင်သည့် နေရာများ၊ တိုက်ပွဲပြန်ဖြစ်လျှင် ထွက်မပြေးရနိုင်သော နေရာများ၊ အန္တရာယ်ကင်းသည်ဟု ယူဆရသည့် နေရာများကို ပြုစုထားပြီး ပြန်လည်နေရာချထားရေးအတွက် စတင် ဆောင်ရွက် နေခြင်း ဖြစ်သည်။

KHCC မှ လတ်တလော ကောက်ယူထားသည့် စာရင်းအရ တိုက်ပွဲများ ပြန်မဖြစ်နိုင်သည့် ဧရိယာများတွင် ရှိသည့် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ အိမ်ထောင်စု ၅၀၀ ကျော် ရှိပြီး ၎င်းတို့ကို ပြန်လည် နေရာချထားရေး လုပ်ပေး မည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။

KHCC မှ ပြန်လည်နေရာချထားရေး လုပ်ပေးမည့်ထဲတွင် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်သည့် နေရာများ၊ တိုက်ပွဲဖြစ်ပါက အရပ်သားများ ပြန်လည် ထွက်ပြေးရန် မလုံခြုံသည့် နေရာများ၊ ကျေးရွာများ ပါဝင်မည် မဟုတ် ဟု သိရသည်။

မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာမှ စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးနော်မိုင်ကလည်း စခန်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ မှာ နေရပ်ကို ပြန်ချင်နေကြပြီ ဖြစ်သော်လည်း နှစ်ဖက်တပ်များက ဘေးကင်းကြောင်း အာမခံပေးမှ သာ နေရပ်ကို လုံလုံခြုံ ခြုံ ပြန်နိုင်မည်ဟု ပြောသည်။

ဦးနော်မိုင်က “မိုင်းခေါင်မှာ အိမ်ခြေ ၇၀ လောက်ကတော့ ပြန်လည် နေရာချထားရေးအတွက် လုပ်ဖို့ ရှိပါတယ်။ အကောင် အထည်တော့ မဖော်ရသေးဘူး။ အစိုးရနဲ့ ညှိနှိုင်းနေတုန်းပါ”ဟု ဆိုသည်။

လက်ရှိတွင် မိုင်းခေါင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် ရွာ ၁၀ရွာကျော်မှ လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင်များ ရှိပြီး ထိုထဲမှ မိုင်းခေါင်ကျေးရွာ တရွာတည်းသာ နေရပ်ပြန်ရန် လုံခြုံသည်ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ဦးနော်မိုင်က “အစက ကျနော်တို့က Lockdown လုပ်ထားတာ။ အခု ကိုဗစ်ကာလမှာ နေ့စား မသွားနိုင်၊ ဟင်းလည်း မရှာရဆိုတော့ စားဝတ်နေရေး တအားခက်ခဲလာတယ်။ ကျနော်တို့လည်း မကျွေးနိုင်ဘူး။ အစိုးရလည်း ကျွေး တာ မဟုတ်၊ KIO ကလည်း ကျွေးတာ မဟုတ်တော့ ကျနော်တို့က စခန်းကို Lockdown ပြန်ဖြုတ်လိုက်တယ်။ အခုတော့ နေ့စား အလုပ်တွေ ပြန်လုပ်နေကြပြီ” ဟုလည်း ပြောဆိုသည်။

လက်ရှိတွင် ကချင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများကို ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ထောက်ပံ့နေပြီး တလ အတွက် ဒုက္ခသည် တဦးလျှင် ငွေကျပ် ၁၁၀၀၀ ရရှိသည်။

အဆိုပါ ၁၁၀၀၀ ကျပ်သည် လူတဦးကို တရက်လျှင် ၃၆၆ ကျပ်သာ သုံးစွဲနိုင်မည် ဖြစ်သည်။

ဝိုင်းမော်မြို့နယ်အတွင်းမှ မိုင်းနားစစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်ငွါးမသားကလည်း စစ်ဘေးရှောင် ဒုက္ခသည်များမှာ ထောက်ပံ့ငွေဖြင့် မလုံလောက်သဖြင့် နေ့စားအလုပ်များဖြင့် ဝင်ငွေ ရှာဖွေနေရကြောင်း၊ COVID-19 ရောဂါကြောင့် အလုပ် များလည်း မရှိသဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါသည် ဟုလည်း ပြော သည်။

ဒေါ်ငွါးမသားက “ကျမတို့ အနေနဲ့က နှစ်ဖက် စစ်တပ်က ညှိနှိုင်းကြပြီး ငြိမ်းချမ်းရေးကို အမြန်လိုချင်ပါပြီ” ဟုလည်း ဆို သည်။

မိုင်းနား စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေကြသူများမှာ မြစ်ကြီးနား- ဗန်းမော် ကားလမ်းမ တလျှောက်ရှိ နမ်ဆန်ယန်ကျေး ရွာကြီးမှ ဒေသခံများ ဖြစ်သည်။

နမ်ဆန်ယန် ကျေးရွာကြီးသည် ရွာလုံးကျွတ် ထွက်ပြေးလာသည့် နေရာဖြစ်ပြီး လက်ရှိတွင် ခြုံနွယ်များ အပြည့်ဖြင့် မိုင်း အန္တရာယ် စိုးရိမ်ရသည့် နေရာလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း နှစ်ဖက်တပ်များ၏ သဘောတူညီမှု တစုံတရာမရဘဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က မိမိ သဘော ဆန္ဒဖြင့် ပြန်လိုသည့် ဒုက္ခသည် ၅၀၀ ကျော်ကို မိုင်းရှင်းလင်းပြီး နမ်ဆန်ယန်ကျေးရွာသို့ ပြန်ပို့ပေးခဲ့သည်။

သို့သော် နေအိမ်အနီးတွင်သာ မိုင်းရှင်းပေးပြီး တောင်ယာလုပ်ငန်းခွင်နှင့် ကျေးရွာတဝိုက်၌ မိုင်းမရှင်းပေးသဖြင့် နေရပ်ပြန် သူများက ၎င်းတို့ကို မိုင်းရှင်းပေးရန် ယနေ့ထိ တောင်းဆိုနေဆဲ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာ-တရုတ်နယ်စပ်ရှိ ကချင် ဒုက္ခသည် ၄ သောင်းကျော်အတွက် Mask များ အလှူခံ

တခါသေဖူး ပျဉ်ဖိုးနားလည်သူ ကချင်စစ်ဘေးရှောင်များ

အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ

The post ပူတာအိုက စစ်ဘေးရှောင်များကို ပြန်လည်နေရာချထားရန် စီစဉ် appeared first on ဧရာဝတီ.

]]>
ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ် https://burma.irrawaddy.com/news/2020/06/09/224301.html Tue, 09 Jun 2020 08:45:02 +0000 https://burma.irrawaddy.com/?p=224301 အပစ်ရပ်ကြောင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသီးသီးကြေညာထားသော်လည်း တိုက်ပွဲများ ပြန်ဖြစ်ပွားနေသည်။

The post ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ် appeared first on ဧရာဝတီ.

]]>
အပစ်ရပ်ကြောင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသီးသီးကြေညာထားသော်လည်း ဇွန်လအတွင်း တိုက်ပွဲများ ပြန်ဖြစ်ပွားနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကမေ ၁၀ ရက်မှ စ၍ ၃ လတာ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မန်တုံမြို့နယ် တို့၌ KIA၊ TNLA တို့နှင့် ဇွန်လအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာမှုများဖြစ်ပွားနေသည်။

တိုက်ပွဲများမှာ တပ်မတော်ဘက်မှ ၎င်းတို့ တပ်စခန်းများရှိရာ နေရာသို့ လာရောက် ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ပစ်ခတ်ကြရခြင်း ဖြစ်သည်ဟု KIA နှင့် TNLA တို့က ပြောနေကြသည်။

အပစ်ရပ်ဆိုင်းထားသည့်ကာလတွင် KIA၊ TNLA တို့နှင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေသည့် အပေါ် သဘောထား တောင်းခံရန်ဆက်သွယ်သောအခါ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန် ၇ ရက်တွင် ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်သည်မှာ မှန်ကန် ကြောင်း အတည်ပြုပြီး တိုက်ပွဲဖြစ်ရခြင်းမှာ KIA က နယ်မြေကျော်လွန် လှုပ်ရှားခြင်း ကြောင့်ဟု ပြောသည်။

ဇွန် ၇ ရက် မနက်ပိုင်းတွင် KIA တပ်ဖွဲ့ အင်အား ၁၅ ဦးခန့်နှင့် ပစ်ခတ်မှုဖြစ်ပြီး နေ့လည် ၁၂ နာရီ ခန့်တွင် KIA တပ်ဖွဲ့အင်အား ၅၀၊ ၆၀ ခန့်ဖြင့် တိုက်ပွဲဖြစ်ကြောင်း၊ KIA ဆီမှ လက်နက်အချို့ ရရှိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူအချို့ရှိခဲ့ပါသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

KIA ကမူ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၊ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ညှိနှိုင်းနေဆဲကာလတွင် အောက်ခြေတပ်များအားမြေပြင်သို့ ထွက်ကာ လှုပ်ရှားသွားလာခြင်း၊ လမ်းမပေါ် ထွက်ခြင်း၊ မြို့ပေါ်နှင့် တပ်မတော်တပ်စခန်းချထားသည့် နေရာများသို့ သွားရောက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင်လည်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေး တင်းမာနေသည်ဟု TNLA ဘက်က ပြောဆိုသော်လည်း တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက TNLA နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဟု ငြင်းဆိုသည်။

TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA ) တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ သည် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပြီး တပ်မတော်နှင့် အပစ်ရပ်ဆိုင်း မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ထားသည်။

တပ်မတော်သည်လည်း COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက်ဟူသည့် အကြောင်းပြချက်ဖြင့် မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တနိုင်ငံလုံးတွင် အပစ်ရပ်ဆိုင်းပေးပါမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြေငြာထားသည်။

TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဓိက ကတော့ ထိုးစစ်တက်လာတော့ ကျနော် တို့လည်း မလွဲမရှောင်သာ ပြန်လည် ခုခံရတာပါ။ ခုခံရင်း တိုက်ပွဲ ဖြစ်တာပါ။ ထိုးစစ်က တော်တော်လေး ပြင်းထန်တယ်။ တောက်လျှောက် ဇွန်လထဲမှာ တိုက်ပွဲ ဖြစ်တာ အကုန်လုံးကကျနော်တို့ ရှိတဲ့ နေရာကို လာရောက် ထိုးစစ်ဆင် တိုက်ခိုက် လို့ တိုက်ပွဲဖြစ်တာပါ”ဟုပြောသည်။

သို့ရာတွင် မေလ ၂၉ ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာအနီးဝန်းကျင်တွင် မူဆယ်မှ ဆင်းလာသည့် တပ်မတော်ယာဉ်တန်းကို TNLA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

တပ်မတော်က အပစ်ရပ်ဆိုင်းပေးပါသည်ဟု ဆိုထားသော်လည်း ခြွင်းချက်မရှိ ရပ်ဆိုင်းပေးခြင်း မဟုတ်ဘဲတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူ ၆ ချက်ထဲတွင် ပါဝင်သည့် သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် တည်ဆဲ ဥပဒေများကို လိုက်နာရန် ဟူသည့် အချက်များကို မလိုက်နာပါက လိုအပ်သလို အရေးယူပါမည်ဟု ထည့်သွင်းရေးသားထားသည်။

KIA ၊TNLA၊MNDAA ၊ AA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral)ရေးထိုးနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး လက်ရှိတွင် စာချုပ်အတွက် သဘောတူညီချက် တစုံတရာရရှိခြင်း၊ ညှိနှိုင်းမှု ပြေလည်ခြင်း မရှိသေးပါ။ COVID-19ရောဂါရင်ဆိုင်နေရသည့် မတ်မှ ယခု ဇွန်အထိ Bilateral ကိစ္စ ညှိနှိုင်းရန်၊ တွေ့ဆုံရန်ဆွေးနွေးမှုများလည်း ရပ်ဆိုင်းနေပြီး ထပ်မံတွေ့ဆုံကြရန်လည်း ညှိနှိုင်းနိုင်ခြင်း မရှိသေးပါ။

You may also like these stories:

တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း

တပ်မတော် ယာဉ်တန်းကို TNLA ကြားဖြတ်တိုက်ခိုက်

နယ်ခြားစောင့် ရဲစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင်များ ပျောက်ဆုံး

The post ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ် appeared first on ဧရာဝတီ.

]]>
ချင်းအမျိုးသမီး သေဆုံးမှု ၎င်းတို့လက်ချက်မဟုတ်ဟု AA ငြင်းချက်ထုတ် https://burma.irrawaddy.com/news/2020/06/05/224109.html Fri, 05 Jun 2020 12:57:05 +0000 https://burma.irrawaddy.com/?p=224109 ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်ရှိ တပ်မတော် စစ်သင်္ဘောထံ ရိက္ခာပို့မှုဖြင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားသည့် ချင်းအမျိုးသမီး ကိစ္စမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ရက္ခိုင်စစ်တပ် (ULA/AA) က ဇွန် ၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

The post ချင်းအမျိုးသမီး သေဆုံးမှု ၎င်းတို့လက်ချက်မဟုတ်ဟု AA ငြင်းချက်ထုတ် appeared first on ဧရာဝတီ.

]]>
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်ရှိ တပ်မတော် စစ်သင်္ဘောထံ ရိက္ခာပို့မှုဖြင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားသည့် ချင်းအမျိုးသမီး ကိစ္စမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ရက္ခိုင်စစ်တပ် (ULA/AA) က ဇွန် ၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

AA က “မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး အသက် ၅၁ နှစ်၊ မင်းပြား ပြည်သူ့ဆေးရုံ၌ ကွယ်လွန်ရခြင်းနှင့် ပတ်သတ်၍အသိပေးထုတ်ပြန်ချက်” ဟူသည့် စာတစောင် ထုတ်ပြန်ပြီး ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦးသည် AA တပ်ဖွဲ့ဝင်များ၏ ၁ လကျော်ကြာ ဖမ်းဆီးမှု ခံရကာ အမည်မသိ လူပုဂ္ဂိုလ် အချို့က ဆေးရုံသို့ လာရောက် ပို့ဆောင်သွားပြီး ၃ ရက်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ဒေါ်စိန်မြဦးသည် AA က လွှတ်ပေးပြီးနောက် အသက်ရှုကြပ်ခြင်း၊ စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း နှင့် ကြောက်လန့်ခြင်းတို့ဖြစ်ကာ ဆေးရုံတွင် သေဆုံးသွားသဖြင့် ချင်းအရပ်ဘက်အဖွဲ့အစည်း များက ဝေဖန်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ကလည်း လူ့အခွင့်အရေး အဖွဲ့များထံ အကြောင်းကြားသွားမည်ဟု ပြောဆိုပြီးနောက် AA ဘက်မှ ထုတ်ပြန်ချက် ထုတ်လာခြင်း ဖြစ်သည်။

CUSR၊ ဥက္ကဌ ဆလိုင်းထွန်းလှကျော်က AA ၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်ပါဟု ပြောသည်။

ဆလိုင်းထွန်းလှကျော်က “သူ့ရဲ့ လက်ကောက်ဝတ်နှစ်ဖက်မှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာ ၂ ခု စီရှိပါတယ်။ ကျနော်တို့သိသလောက်က ကျောဘက်မှာလည်း ဒဏ်ရာရှိတယ်။ ခြေထောက် တဖက်စီ မှာလည်း ဒဏ်ရာရှိပါတယ်။ ညိုမဲစွဲနေတာတွေပါ” ဟု ပြောသည်။

သေဆုံးသူ ဒေါ်စိန်မြဦး၏ မိသားစုများ ပြောဆိုချက်အရ ဒေါ်စိန်မြဦးမှာ အဖမ်းမခံရခင် ကျန်းမာရေး ကောင်းမွန်သူဖြစ်သော်လည်း AA ၏ ထုတ်ပြန်ချက်တွင် နှလုံးရောဂါအခံရှိပြီး စိတ်ကျန်းမာရေး အားနည်းသူဖြစ်ကြောင်း ရေးသားထားသည်ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

AA က ဒေါ်စိန်မြဦးကို ဖမ်းထားစဉ် နှလုံးရောဂါနှင့် စိတ်ကျန်းမာရေးအားနည်းခြင်းတို့ကြောင့် ၎င်းတို့၏ ဆေးတပ်ဖွ့ဲက ဆေးကုသမှု ၂ကြိမ် ပြုလုပ်ပေးခဲ့ရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ဖမ်းဆီးထားစဉ် နှိပ်စက်ညှင်းပန်းခြင်းများ မပြုလုပ်သည်ကို ကာကယကံရှင်များက အသိဖြစ်ပါသည်ဟု ဆိုပြီး ၎င်းတို့ကို ဖမ်းရခြင်းမှာ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်ရှိ တပ်မတော်၊ စစ်သင်္ဘောကို ရိက္ခာပို့ခြင်းများ ပြုလုပ်ခြင်းကြောင့် ဖြစ်ပါသည်ဟု AA က ပြောဆိုသည်။

စစ်ရေးအခြေအနေကြောင့် လွတ်ပေးရန် ကြန့်ကြာ သွားခြင်းဖြစ်ပြီး ဒေါ်စိန်မြဦး သေဆုံးမှုကြောင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ရပါသည်ဟု AA က ထုတ်ပြန်ထားသည်။

ဆေးစစ်ချက်မှတ်တမ်းများ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မိမိတို့ကို အပြစ်ပုံချနေပါသည်ဟုလည်း AA က ဆိုသည်။

ဆက်လက်ပြီး AA က “မိမိတို့အဖွဲ့အစည်းအား အပြစ်ပုံချလိုသော ရည်ရွယ်ချက်များဖြင့် ဇောင်းပေး ထားသော အကြောင်းအရာများကိုသာ ချဲ့ကားပြောဆိုနေသည်။ ဤသည်မှာ အမှန်တရားကို ဖျောက်ဖျက်ရာ ရောက်သည်။ မိမိတို့ အဖွဲ့အစည်းအား နိုင်ငံတကာမှ အထင်အမြင်မှားစေရန် ၊ အမဲစက် ပုံရိပ်စွန်းစေရန် ပြုလုပ်ခြင်းနှင့် တူပါသည်”ဟုလည်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ဒေသခံများထံမှ သိရှိချက်အရ ဒေါ်စိန်မြဦး အပါအဝင် ၄ ဦးကို မေ ၃ ရက်က စတင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ပြောဆိုကြပြီး AA ၏ ထုတ်ပြန်ချက်တွင် ဒေါ်စိန်မြဦးတို့ကို ဧပြီ ၂၇ ရက်က စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

AA က ဒေါ်စိန်မြဦးနှင့် အခြား အမျိုးသား ၃ ဦး၊ စုစုပေါင်း ၄ ဦးကို မေ ၃၁ ရက်တွင် ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။ ဇွန် ၃ ရက်၊ မနက်ပိုင်းတွင် ဒေါ်စိန်မြဦး သေဆုံးသွားသည်။

ဒေါ်စိန်မြဦးသည် AA က လွှတ်ပေးလိုက်သည့်အချိန်တွင် နေအိမ်ရှိရာ ကျေးရွာသို့ ပြန်ရောက် မလာဘဲ ဆေးရုံသို့ ရောက်နေပြီး ဆေးရုံက အကြောင်းကြားမှသာ မိသားစုဝင်များက သိရှိရခြင်း ဖြစ်သည်။

ဆလိုင်းထွန်းလှကျော်က “ဖမ်းတဲ့သူတွေက တကယ်ပဲ လူ့အခွင့်အရေးကို လေးစားလိုက်နာ တယ်ဆိုရင် ဘာလို့ တလလုံးလုံး သူတို့တပ်ထဲမှာ ထားလဲ။ အဲ့ဒီ့အမျိုးသမီး သေဆုံးခါနီးကျမှ ဘာလို့ ဆေးရုံကို ပို့ပေးလဲ ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ သူက အိမ်ကို လုံးဝရောက် မလာပဲ ဆေးရုံကို တန်းပို့လိုက် ကြတာပါ။ ဆေးရုံကနေ မိသားစုကို အကြောင်းကြားလာတာပါ။ မိသားစုဝင်တွေ သွားတော့ သူက မှတ်တောင် မမှတ်မိတော့ပါဘူး” ဟု ပြောသည်။

ဒေါ်စိန်မြဦး သေဆုံးပြီးနောက် AA တပ်ဖွဲ့ဝင်များဟု ဆိုသူ ၁၀ ဦးတို့ ရွာကို ရောက်လာပြီး ဒေါ်စိန်မြဦး နှင့်အတူ ဖမ်းခံရပြီး လွတ်လာသည့် အမျိုးသား ၃ ဦးကို လာတွေ့ကြောင်း၊ တဦးချင်းစီ ခေါ်ယူတွေ့ဆုံ သွားသည်ဟုလည်း သိရသည်။

ဆလိုင်းထွန်းလှကျော် က “ကျနော်တို့ ယူဆတာ AA က လုပ်တာပါဆိုတဲ့ သတင်းက မဟုတ်ပါဘူးလို့ ဖုံးဖိချင်တဲ့ သဘော ဖြစ်နေပါတယ်ခင်ဗျ။ အဖမ်းခံရတဲ့ လူတွေက ကျနော်တို့ ဆက်သွယ်တဲ့ အခါမှာလည်း ရှောင်ပြေးနေ ပါတယ်။ ရခိုင် (AA) လက်နက်ကိုင်အဖွဲ့ဘက်က အန္တရာယ် ပေးလာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ သူတို့ လုံခြုံရေးအတွက် ကျနော်တို့စိုးရိမ်ပါတယ်”ဟု ပြောသည်။

CUSR အနေဖြင့် AA၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်သဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံ ရသူများ စာရင်းတွင် ဒေါ်စိန်မြဦး၏ ဖြစ်စဉ်ကို ထည့်သွင်းထားမည်ဖြစ်ပြီး ချင်းလူ့အခွင့်အရေး အဖွဲ့ ( CHRO) ထံ ဆက်လက်ပေးပို့သွားမည်ဟု ပြောသည်။

AAနှင့် ပတ်သတ်သည့် ကိစ္စကိုသာ စွပ်စွဲနေခြင်း မဟုတ်ဘဲ တပ်မတော်ဘက်မှ အရပ်သားများအပေါ် ကျူးလွန်မှုများကို လည်း လူ့အခွင့်အရေးစံချိန်စံညွှန်းအတိုင်း စောင့်ကြည့် မှတ်တမ်းယူ ပါသည်ဟုလည်း CUSR က ပြောသည်။

CUSR သည် ပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ချင်းလူမျိုးများ အပေါ် နှစ်ဖက်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ကာ မှတ်တမ်းရယူ နေပြီး လက်ရှိတွင် တိုက်ပွဲများကြား ဖမ်းဆီးခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း ခံရသည့် လူဦးရေ ၁၂၀ ကျော် ၏ မှတ်တမ်းများကို စုဆောင်းထားသည်ဟု သိရသည်။

ဧရာဝတီမှ တောင်ရှည်ပြင်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံ ၃ ဦးကို ဆက်သွယ် မေးမြန်းရာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ၄ ဦးကို သိသော်လည်း AA နှင့် ပတ်သတ်၍ မမေးမြန်းရန် ပြောဆိုသည်။

ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသည့် ဒေသခံအမျိုးသားတဦးက “ဘာမှ မပြောချင်ပါဘူး။ ကျနော်တို့က ကြားမှာ နေရတဲ့ အရပ်သားပါ။ မသင်္ကာရင် ဘယ်သူမေးမေး ဘယ်သူရိုက်ရိုက် ခံရမှာပဲ။ တပ်ကလုပ်လည်း ခံရမယ်။ တဖက် (AA) က လုပ်လည်း ခံရမယ်။ ဒါပါပဲ။ ဘာမှမပြောချင်ပါဘူး” ဟု ပြောသည်။

မင်းပြားမြို့နယ်၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က သိုင်းကျပ်ကျေးရွာတွင် ချင်းအမျိုးသမီး သေဆုံးမှုကို ဒေသခံများဘက်မှလည်း အကြောင်းကြားလာခြင်း မရှိသဖြင့် မသိရှိပါဟု ပြောသည်။

ဦးလှသိန်းအောင်က ပဋိပက္ခအတွင်း အရပ်သားများကို မည့်သည့်တပ်ဖွဲ့က ဖမ်းဖမ်း၊ လွှတ်တော် ကိုယ်စားလှယ်များကို လာပြောဆိုတိုင်ကြားခြင်း၊ အသိပေးခြင်းများ ရှိပါက အမှန်တရား နှင့် တရားမျှတမှု အတွက် နစ်နာသူဘက်မှ ရပ်တည်ပေးမည်ဖြစ်သဖြင့် အရပ်သားများကလည်း လာရောက် ပြောဆိုကြရန် လိုပါသည်ဟု ပြောသည်။

The post ချင်းအမျိုးသမီး သေဆုံးမှု ၎င်းတို့လက်ချက်မဟုတ်ဟု AA ငြင်းချက်ထုတ် appeared first on ဧရာဝတီ.

]]>
ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော https://burma.irrawaddy.com/news/2020/06/05/224080.html Fri, 05 Jun 2020 09:07:19 +0000 https://burma.irrawaddy.com/?p=224080 ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ၌ အရပ်သားများ အပေါ် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို စုဆောင်းရာတွင် အခက်အခဲ၊ အတားအဆီးများ ရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။

The post ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော appeared first on ဧရာဝတီ.

]]>
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ၌ အရပ်သားများ အပေါ် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို စုဆောင်းရာတွင် အခက်အခဲ၊ အတားအဆီးများ ရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။

CHRO အနေဖြင့် မှတ်တမ်းများ ပြုစုရာတွင် အခက်အခဲဆုံးမှာ ပလက်ဝတွင် အင်တာနက် ဖြတ်တောက် ခံထားရ သဖြင့် အချက်အလက်များ ပြင်ပသို့ ထုတ်ရန် ခက်ခဲနေခြင်း ဖြစ်သည်ဟု CHRO ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းလျန်က ပြောသည်။

ဆလိုင်းလျန်က “ဖျက်ခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ ရွာတွေပေါ် Helicopter Gunship တွေ ပျံနေတာ။ သေနတ်တွေ ပစ်တာ၊ ဗုံးကျဲခံရလို့ မီးလောင်နေတဲ့ ပုံတွေပါ။ ဧပြီလတွင်းက ပလက်ဝဘဏ် မှာ ဗုံးထိတော့ တပ်မတော်ကရော AA ကရော ငြင်းတယ်။ ကျနော်တို့ တတ်နိုင်တာ ဗုံးကျတဲ့ နေရာမှာ အစအနတွေကို ရှာပြီး ဓာတ်ပုံစုဆောင်းခိုင်းတာ ရှိတယ်။ ဒါပေမယ့် ပလက်ဝမြို့ကနေ မထွက်နိုင်ဘူး ဖြစ်နေတာ”ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင်း လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ စုဆောင်းနေသည့် CHRO သည် ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နှင့် ကနေဒါတွင် တရားဝင် မှတ်ပုံတင် ထားသည်။

ကုလသမဂ္ဂလူမှုစီးပွားရေးကောင်စီ (ECOSOC) က အထူးအကြံပေးအဆင့်အဖြစ် ၂၀၁၈ ခုနှစ်မှ စတင် သတ်မှတ် ခံရသည့် CHRO သည် မြန်မာနိုင်ငံတွင်း ချင်းလူမျိုးများ၏ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့် လေ့လာ ခြင်း၊ မှတ်တမ်းပြုလုပ်ခြင်းများ နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များသို့ ပေးပို့ခြင်းများ ဆောင်ရွက်နေသည်။

ပလက်ဝသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တခုဖြစ်သဖြင့် ဒေသတွင်း တပ်မတော် နှင့် ရက္ခိုင် စစ်တပ် (AA)တို့၏ တိုက်ပွဲကြား အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် မှတ်တမ်း၊ အချက်အလက် များကို အပြင်သို့ ထုတ်ရန် CHRO ၏ မြေပြင်မှ တာဝန်ခံသည် မိုင် ၁၀၀ ကျော်ဝေးသည့် မတူပီမြို့သို့ လူကိုယ်တိုင် ခရီးသွားပြီး အချက်အလက်များကို လာရောက်ပို့ဆောင်ရသည်။

ဧပြီအတွင်းက CHRO ၏ မြေပြင်တာဝန်ခံတဦးက အချက်အလက်များ စုဆောင်းလာရာ ပလက်ဝမြို့နှင့် မိုင် ၄၀ ကျော်အကွာ ဆမီးမြို့၊ တပ်မတော်စစ်ဆေးရေးဂိတ်စခန်းတခု အရောက်တွင် စစ်ဆေးခံရပြီး အချက်အလက်များ ဖျက်ဆီး ခံလိုက်ရသည်ဟု သိရသည်။

စိန်ခေါ်မှု နောက်တခုမှာ တပ်မတော်မှ အရပ်သားများကို ပေါ်တာခေါ်ခြင်း၊ လမ်းပြ ခေါ်ရာမှ မိုင်းနင်းမိခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်းများကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ အတွင်း စုဆောင်းပြီး သတင်းထုတ်ပြန်ချက်များ ထုတ်ရာ ချင်းလူထု ဘက်မှ CHRO ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

ဆလိုင်းလျန်က “တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုရှယ်မီဒီယာမှာ တင်တော့ ရွာသားတွေ ကိုယ်တိုင်က ကျနော်တို့ကို ပြောတာ ရှိတယ်။ တပ်မတော်က ကျနော်တို့ကို ကာကွယ် ပေးနေတာ။ ဘာလို့ တပ်မတော်ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောလည်း ဆိုပြီးတော့မှ ဆိုရှယ်မီဒီယာမှာ အသားကုန် ချတာ ရှိခဲ့တယ်”ဟု ပြောသည်။

ဒေသခံများက နှစ်ဖက်တပ်၏ ပဋိပက္ခကြားတွင် နေထိုင်နေရသော်လည်း ၎င်းတို့ ဒေသတွင်း AA ဝင်ရောက်လာမှသာ တိုက်ပွဲများ ဖြစ်ရခြင်းဖြစ်သည်ဟု ယူဆပြီး AA ကိုသာ ဒေသမှ ထွက်သွားရန် နှင့် AAကြောင့် တိုက်ပွဲများ ဖြစ်ရသည် ဟု ပြစ်တင်ပြောဆိုမှုများ ရှိသည်။

ဒေသခံများ၏ ဝေဖန်မှုများ များပြားလာသဖြင့် CHRO အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်တော့ဘဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများထံသို့သာ အချက်အလက်များ ပေးပု့ိခြင်းသာ လုပ်ဆောင်တော့သည်ဟု သိရသည်။

CHRO က ၎င်းတို့ပြုစုထားသည့် မှတ်တမ်းအချက်အလက်များအရ ပလက်ဝတွင် တပ်မတော်နှင့် AA တို့ နှစ်ဖွဲ့လုံးက အရပ်သားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ပြောသည်။

တပ်မတော်ဘက်မှ CHRO ၏ မြေပြင်တာဝန်ခံအချို့ကို သတင်းမီဒီယာ မဟုတ်ပဲ မည်သည့်အတွက်ကြောင့် အချက် အလက်များ လိုက်လံစုဆောင်းနေရသနည်းဟု မေးမြန်းမှုများ ရှိခဲ့ပြီး အမည်မသိသူများ ကလည်း ဖုန်းခေါ်ကာ CHRO ၏ ပြောရေးဆိုခွင့်ရှိသူကို ခြိမ်းခြောက်ပြောဆိုခြင်းများရှိသည်ဟု သိရသည်။

AA ဘက်မှ အရပ်သားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သည့် သတင်းအချက်အလက်များကို ထုတ်ပြောရာတွင်လည်း CHRO သည် တပ်မတော်၏ ကျောနောက်ထောက်ခံပြု အဖွဲ့အစည်းဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆိုခြင်းများလည်း ၂၀၁၉ ခုနှစ်အတွင်းက ရှိခဲ့သည်။

CHRO ၏ ပြောရေးဆိုခွင့်ရှိသူအချို့မှာ ခြိမ်းခြောက်ခံရသဖြင့် နေအိမ်များ ရွှေ့ပြောင်းရခြင်းများရှိခဲ့သည့် အပြင် မြေပြင်မှသတင်းအချက်အလက် စုဆောင်းပေးသူများသည်လည်း ပလက်ဝတွင် အမည်မသိသူများ၏ ခြိမ်းခြောက်ခံမှု ခံရခြင်းကြောင့် မိသားစုလိုက် အခြားဒေသများသို့ ရွှေ့ပြောင်းပေးလိုက်ရသည်များလည်း ရှိသည်ဟု သိရသည်။

၎င်းတို့၏ လုံခြုံရေးအရဟုဆိုကာ ခြိမ်းခြောက်ခံရသူများနှင့် ရွှေ့ပြောင်းနေထိုင်သွားသူများ၏ အကြောင်းကို CHRO က အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ ယနေ့ထိ ပဋိပက္ခကာလအတွင်း AA က ရွာသားများကို အဓမ္မ ခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက် ခြင်း၊ ရိက္ခာများ တောင်းယူခြင်း၊ ဖမ်းဆီးခြင်းများ ရှိသည့်အပြင် တပ်မတော်ဘက်ကလည်း ဒေသခံများကို လမ်းပြ အဖြစ် ခေါ်ဆောင်ခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်း၊ လမ်းပြခိုင်းသဖြင့် အရပ်သား မိုင်းထိ သေဆုံးမှုများ၊ ကျေးရွာများကို ဗုံးကျဲခြင်းများ ပြုလုပ်သည်ဟု CHRO က ဆိုသည်။

ဆက်လက်ပြီး ဆလိုင်းလျန်က “နှစ်ဖွဲ့လုံးက နိုင်ငံတကာမှာကျတော့ မျက်နှာသာ ရချင်ကြတယ်။ အဲဒီလို မဖြစ်သင့် ပါဘူး။ အခုလက်ရှိ လိုနေတာက အစိုးရအာဏာပိုင်တွေက ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အဖြစ်မှန်ကို အကုန် လုံး သိအောင် စစ်မှန်တဲ့ သတင်းအချက်အလက်တွေ သိအောင် သတင်းထောက်တွေ လူ့အခွင့်အရေး စောင့်ကြည့်သူ တွေကို နှစ်ဖွဲ့လုံးက ဖွင့်ပေးသင့်တယ်။ အစိုးရဘက်ကလည်း အင်တာနက် ပိတ်တာကို အမြန်ဆုံး ပြန်ဖွင့်ဖို့ အရေးကြီး ပါတယ်”ဟု ပြောသည်။

ဧရာဝတီမှ ပလက်ဝဒေသတွင်း အရပ်သားများအပေါ် နှစ်ဖက်တပ်များ၏ ပြုမူဆက်ဆံမှုများနှင့် ပတ်သက်၍ မေးမြန်းရာ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေ က မဝေဖန်လိုကြောင်း ငြင်းဆိုသည်။

မမိုင်နန်းဝေက မြေပြင်တွင် နှစ်ဖက်လုံးက လူ့အခွင့်အရေး ချိုးဖောက်မှု များရှိနေသော်လည်း လက်ရှိတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် အရေးပေါ်ဆောင်ရွက်နေရသဖြင့် ရိက္ခာသယ်ယူရာတွင် အနှောင့်အယှက် မဖြစ်ရန်၊ ပိတ်ဆို့မှုများ မရှိရန် အတွက် ကောင်းသည်၊ ဆိုးသည်ကို မပြောဆိုလိုခြင်း ဖြစ်ပါသည်ဟု ဆိုသည်။

CHRO မှ မှတ်တမ်းများ စုဆောင်းရာတွင် လမ်း၌ တပ်မတော်စစ်ဆေးရေးဂိတ်စခန်းတွင် အချက်အလက်များ ဖျက်ဆီးခံရသည့် အကြောင်းကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အား မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မသိပါဘူးဗျာ။ သူ့ဘာသာ လုံခြုံရေးအရ ရှိရင်ရှိမှာပေါ့။ ကောက်တာလည်း မသိဘူး။ အဲဒီလိုလုပ်တာလည်း မသိဘူး။ သို့သော် လုံခြုံရေးအရ ရှိရင် ရှိလိမ့်မယ်”ဟု ပြောသည်။

ပလက်ဝသည် တည်ငြိမ်သည့် ဒေသမဟုတ်သဖြင့် တပ်မတော်၊ ဂိတ်စခန်းမှ အချက်အလက်များ ဖျက်ခဲ့ သည် ဆိုပါကလည်း လုံခြုံရေးအရ လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်း နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “အင်တာနက်ရှိမယ်ဆိုရင် အရမ်းကောင်းမယ်။ ဒီမှာ ဘာဖြစ်နေလဲဆိုတာ ကိုယ့်အိမ်ထဲ နေရင်း လုံခြုံတဲ့ နေရာနေရင်း ပြောလို့ ရတာပေါ့။ အခုက ဘယ်သွားသွား အချိန်မရွေး စစ်ဆေးခံရနိုင်တော့ ဖုန်းထဲလည်း ဘာမှ မထားရဲဘူး။ မသင်္ကာတခုခုဖြစ်ရင် ကျနော်တို့က အသက်ဆုံး ရမှာ”ဟု ပြောသည်။

ပလက်ဝသည် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၄ လခန့်ရှိပြီ ဖြစ်သည်။

ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆက်သွယ်ရေးအော်ပရေတာ အားလုံးသည် ၂၀၁၉ ခုနှစ်၊ ဇွန် ၂၁ ရက်က အရပ်သားများကို ကြိုတင် အသိမပေးဘဲ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့တို့ကို အင်တာနက်သုံးစွဲခွင့် ပိတ်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နှင့် မြေပုံမြို့နယ်တို့ကို အင်တာနက် ပြန်ဖွင့်ပေးပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် အင်တာနက် ပြန်ဖြတ်တောက်လိုက်သည်မှာ ယနေ့ထိ ဖြစ်သည်။

You may also like these stories:

ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ

AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်

ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး

The post ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော appeared first on ဧရာဝတီ.

]]>