မြတ်ပြည့်ဖြိုး – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Wed, 27 Nov 2019 11:06:11 +0000 en-US hourly 1 https://wordpress.org/?v=5.2.4 တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး လှုပ်ရှားမှု မန္တလေးတွင် လုပ်မည် https://burma.irrawaddy.com/news/environment/2019/11/27/209317.html Wed, 27 Nov 2019 11:06:11 +0000 https://burma.irrawaddy.com/?p=209317 အဆိုပါကမ်ပိန်းကို လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်းပြုလုပ်ရန်လျာထားပြီး တောကောင် များ၏ ပုံစံဖြင့် တီထွင်ဖန်တီးထားသော သရုပ်ပြယာဉ်အမျိုးမျိုးဖြင့် မြို့တွင်းသို့ လှည့်လည်ပြသသွားမည့်အစီအစဉ် ဖြစ်သည်ဟု သိရသည်။

The post တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး လှုပ်ရှားမှု မန္တလေးတွင် လုပ်မည် appeared first on ဧရာဝတီ.

]]>
တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်နေမှုတိုက်ဖျက်ရေး“Voices for Wildlife” အမည်ရှိ ကမ်ပိန်းကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည်ဟု သိရသည်။

Voices for Wildlife အဖွဲ့ဝင် မမေမိုးဝါက “တောရိုင်တိရစ္ဆာန်ထွက်ပစ္စည်းတွေဟာ ဈေးကွက်ရှိနေလို့ ရောင်းချမှု တွေက ရှိနေတာဖြစ်တယ်။ ဒါတွေဟာ တရားမဝင်ဖြစ်တယ်၊ ထိန်းသိမ်းရမယ်ဆိုတာ ပြည်သူတွေသိအောင် ပြောကို ပြောရမှာ ဖြစ်သလို ရောင်းဝယ်နေတဲ့ဈေးကွက်ကို ပိတ်သိမ်းနိုင်ဖို့ကလဲ အရေးကြီးပါတယ်”ဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူမက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကမ်ပိန်းကို လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်းပြုလုပ်ရန်လျာထားပြီး တောကောင်များ၏ ပုံစံဖြင့် တီထွင်ဖန်တီးထားသော သရုပ်ပြယာဉ်အမျိုးမျိုးဖြင့် မြို့တွင်းသို့ လှည့်လည်ပြသသွားမည့်အစီအစဉ် ဖြစ်သည်ဟု သိရ သည်။

“မန္တလေးက ရိုးရာယဉ်ကျေးမှု အားကောင်းတဲ့ အစဉ်အလာကြီးတဲ့ မြို့တမြို့ဖြစ်သလို တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားတဲ့ Illegal Crime တွေနဲ့ ဆက်စပ်တဲ့ နယ်စပ်မြို့တွေကို သွားတဲ့ လမ်းကြောင်းတွေနဲ့လည်း နီးတဲ့အတွက် ကြောင့် ကမ်ပိန်းလုပ်ဖို့ ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်” ဟု မမေမိုးဝါက ရှင်းပြသည်။

ထို့အတွက် သရုပ်ပြယာဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်လိုသူများလည်း ဖိတ်ခေါ်ကာ ဆုချီးမြှင့်မည့်အစီအစဉ်လည်း ပါဝင်မည် ဖြစ်ကာ အဆိုပါအစီအစဉ်အား စိတ်ပါဝင်စားသည့် မန္တလေးအခြေစိုက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အရပ်ဖက် အဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များအား ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်သွားမည်ဟု သိရသည်။

Rare pangolins are seen in cages at public square market of Mong La in eastern part of Shan State, border of China.( Photo – Nang Seng Nom / The Irrawaddy )

မန္တလေးတိုင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးဇော်ဝင်းမြင့်က “ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့ ရှားပါးတိရစ္ဆာန် မျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ဖို့လိုပါတယ်။ ဒီလိုကာကွယ်တဲ့နေရာမှာလည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုက အရမ်း အရေးကြီးပါတယ်။ အခုဆို ပြည်တွင်းကို နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေများ လာတာ နိုင်ငံ့ဝင်ငွေတိုးတာမှန်ပေမယ့် တောရိုင်းတိရစ္ဆာန်တွေ ဆုံးရှုံးနိုင်ခြေလည်း ပိုများလာပါတယ်။ ဒါကြောင့် အသိပညာပေးရေးကို ဒီထက်ပိုလုပ်သင့်လာပါပြီ” ဟု ပြောသည်။

Voices for Wildlife ကမ်ပိန်းအစီအစဉ်ကို ၂၀၁၇ ခုနှစ်က မြန်မာ့တောဆင်ရိုင်းများ အမဲလိုက်သတ်ဖြတ်ခံရမှု မြှင့်တက် လာသည့် အပေါ် တုံ့ပြန်ဖြေရှင်းရန် “Voices for Momos” ဆိုသည့် ကမ်ပိန်းအမည်ဖြင့် စတင်ခဲ့ပြီး ယခုအစီအစဉ်သည် အဆိုပါကမ်ပိန်း၏ ဒုတိယခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

Voices for Momos ကမ်ပိန်းအား ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်ဆန်းအထိ ဆောင်ရွက်ခဲ့ရာ ကမ်ပိန်း ပြုလုပ်ခဲ့သော တနှစ်ကျော်ကာလအတွင်း ရန်ကုန်တိုင်းအတွင်း ဆင်သတ်ဖြတ်ခံရမှု မရှိခဲ့သဖြင့် ရန်ကုန်တိုင်းအစိုးရ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်ဟု အဆိုပါကမ်ပိန်းအဖွဲ့ဝင် မမေမိုးဝါက ဆိုသည်။

You may also like these stories:

ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ဒုတိယမြောက်မှန်တံတား

ဂျပန်နိုင်ငံ နာဟာမြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Shuri ရဲတိုက် မီးလောင်

The post တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး လှုပ်ရှားမှု မန္တလေးတွင် လုပ်မည် appeared first on ဧရာဝတီ.

]]>
မန္တလေးတိုင်းအတွင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဖွဲ့စည်း https://burma.irrawaddy.com/news/2019/11/27/209183.html Wed, 27 Nov 2019 01:30:21 +0000 https://burma.irrawaddy.com/?p=209183 မန္တလေးတိုင်းအတွင်း မှောင်ခို ကုန်စည်များ ဝင်ရောက်နေမှုကို စစ်ဆေးနိုင်ရန်အတွက် တိုင်းအဆင့် တရားမဝင် ကုန် သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

The post မန္တလေးတိုင်းအတွင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဖွဲ့စည်း appeared first on ဧရာဝတီ.

]]>
မန္တလေးတိုင်းအတွင်း မှောင်ခို ကုန်စည်များ ဝင်ရောက်နေမှုကို စစ်ဆေးနိုင်ရန်အတွက် တိုင်းအဆင့် တရားမဝင် ကုန် သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်းအဖွဲ့၏ ဒု ဥက္ကဋ္ဌ တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက “အရင်ကတော့ နယ်စပ်ကနေ မန္တလေးကို ဝင် လာတဲ့ ကုန်စည်တွေကို ၁၆ မိုင်ဂိတ်က အကောက်ခွန်ကပဲ အဓိက စစ်တယ်။ အခုကတော့ အဖွဲ့စုံနဲ့ ပူးပေါင်းပြီး ဖိဖိစီးစီး စလုပ်ဖို့ ဖွဲ့စည်းလိုက်တာ” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို နိုဝင်ဘာ ၆ ရက်က တရားမဝင် ကုန်သွယ်မှု စစ်ဆေးရေး အတွက် သက်ဆိုင်သော ဌာနများဖြင့် ဖွဲ့စည်းပြီး ဖြစ်သော်လည်း လက်ရှိတွင် လုပ်ငန်းတာဝန်များ၊ စီမံချက်များအား ရေး ဆွဲလျက် ရှိကြောင်း သိရသည်။

ယင်းအဖွဲ့တွင် တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး က ဒု ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တိုင်း ရဲတပ်ဖွဲ့မှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်းလမ်း ပို့ဆောင်ရေး၊ မြန်မာ့ ကျောက် မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ သစ်တော၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ ပြည်တွင်း အခွန်၊ ကုန်သွယ် ရေး၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေး၊ သတ္တုတွင်း၊ စားသုံးသူရေးရာ၊ အကောက်ခွန် ဦးစီးဌာနတို့က အဖွဲ့ဝင် အဖြစ် ပါဝင် ကြောင်း သိရသည်။

မန္တလေးတိုင်းသည် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်ရေးတွင် အရေးပါသော လမ်းကြောင်း၌ တည်ရှိ နေကာ ကုန်သွယ်မှု အများဆုံး ဖြစ်သော တရုတ်နိုင်ငံမှ တရားမဝင် ကုန်စည်များ ဝင်ရောက်မှုမှာလည်း အများဆုံး ဖြစ် သည်ဟု နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်နေသော မြို့ခံ ကုန်သည်များက ပြောသည်။

မန္တလေးမြို့ခံ သကြားပို့ကုန် လုပ်ငန်းရှင် ဦးဝင်းဌေးက “တကယ် တင်းတင်းကြပ်ကြပ် လုပ်ချင်ရင် တောကြိုအုံကြား၊ ဒါမှ မဟုတ် ဂိတ်တွေမှာ စောင့်စစ်နေတာထက် ဈေးကွက်ထဲမှာ ဒီပစ္စည်း ဘယ်က ဝယ်တယ်၊ သွင်းကုန် လိုင်စင် ရှိမရှိ၊ ဂျုတီ ဆောင်မဆောင် စစ်လိုက်တာနဲ့ တရားဝင်လား မဝင်လား သိရတယ်။ အဲဒီလို စစ်လိုက်တာနဲ့ အရင်းအမြစ်က ဘယ်က မြစ်ဖျားခံလာတယ် ဆိုတာ တန်းသိနိုင်တာပဲ” ဟု ဧရာဝတီကို ပြောသည်။

တရားမဝင် ကုန်စည် တားဆီးနှိမ်နင်းရေး အတွက် မန္တလေးတိုင်း သာမက တရုတ်၊ အိန္ဒိယ၊ ထိုင်းနယ်စပ်တို့နှင့် ထိစပ်နေ သော သက်ဆိုင်ရာ တိုင်းပြည်နယ်များ ဖြစ်သော ရှမ်း၊ စစ်ကိုင်း၊ ကရင်ပြည်နယ် အစိုးရ အဖွ့ဲတို့နှင့် ချိတ်ဆက် ဆောင် ရွက်မှသာ အောင်မြင်လိမ့်မည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါ အထူးအဖွဲ့က ဖမ်းဆီးရမိသော ကုန်စည်များကို ဒဏ်ရိုက် အရေးယူခြင်း စသည့် သတင်း အချက်အလက် များအပြင် တရားမဝင် ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးမှုများ မီဒီယာများတွင် ပုံမှန် သတင်းထုတ် ပြန်ပေး ခြင်းဖြင့် ပြည်သူများလည်း တရားမဝင် ကုန်သွယ်မှု၏ အကျိုးအပြစ်များ သိရှိနိုင်သလို စစ်ဆေးသော အဖွဲ့ကိုလည်း အပြန် အလှန် ထိန်းကျောင်းမှု ရှိလိမ့်မည်ဟု ဆန်ပို့ကုန် လုပ်ငန်းရှင် ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။

အဆိုပါ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကို သက်ဆိုင်ရာတိုင်း၊ ပြည်နယ်များ အလိုက် ဖွဲ့စည်းသွားမည် ဟု သိရှိပြီး ယခင် အစိုးရ လက်ထက်က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားမဝင် ကုန်စည် တား ဆီး စစ်ဆေးရေး (Mobile Team) ဟု ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အဓိက အခြေစိုက်ကာ ဖွဲ့စည်းခဲ့ပြီး နောက် နှစ် အနည်းငယ်အတွင်း လာဘ်ပေးလာဘ်ယူ ပြဿနာများကြောင့် ယင်းအဖွဲ့အား ပြည်ထောင်စုအဆင့်က ပြန်လည် ဖျက် သိမ်းခဲ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

တရုတ် လက်ဖက်ခြောက် မှောင်ခိုသွင်းနေမှုများ တားဆီးပေးရန် တောင်းဆို

တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရေး ထိရောက်စွာ မလုပ်နိုင်ဟု ဒုသမ္မတပြော

The post မန္တလေးတိုင်းအတွင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဖွဲ့စည်း appeared first on ဧရာဝတီ.

]]>
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို https://burma.irrawaddy.com/news/2019/11/22/208841.html Fri, 22 Nov 2019 07:08:50 +0000 https://burma.irrawaddy.com/?p=208841 နယ်မြေ မငြိမ်းချမ်းခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာခြင်း၊ ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင် သည့် ယာဉ်များလျော့ကျလာသဖြင့် တန်ဆာခများ ဈေးတက်လာခြင်း၊ ဈေးကွက် ဝယ်လိုအားရှိသော်လည်း နယ်မြေ အခြေအနေအရ တင်ပို့မှု မပြုလုပ်နိုင်ခြင်း စသည့် အခက်အခဲများလည်း ကြုံတွေ့ရ

The post တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို appeared first on ဧရာဝတီ.

]]>
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍသည် အခက်အခဲ ပိုများလာကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာနမှ နယ်စပ် ကုန်သွယ်ရေး စခန်းများ၏ ညှိနှိုင်းကွပ် ကဲရေးမှူး ဦးသိန်းထွန်းဦးက ပြောသည်။

ဦးသိန်းထွန်းဦးက “တရုတ်ဘက်က မြန်မာနိုင်ငံရဲ့တချို့လယ်ယာထွက်ကုန်တွေကို အရည်အသွေးအရ၊ အခွန်အရသော် လည်း၊ ခွဲတမ်းစနစ် အရ သော်လည်းကောင်း ကန့်သတ် ပိတ်ထားတာတွေ ရှိနေတယ်။ အဲဒါအပြင် တရုတ်ဘက် နယ်စပ် ဂိတ်တွေမှာ ယာဉ်တွေကို လိုအပ်တာထက် ပိုပြီး စစ်ဆေးနေလို့ ယာဉ်ကြောပိတ်ဆို့မှုတွေ အရမ်း ဖြစ်တယ်။ လူဝင်လူ ထွက်တွေကို ပိုပြီး စိစစ်တယ်။ အဲဒီတော့ ကုန်စည်ဝင်ထွက်မှုမှာ အခက်အခဲတွေ အများကြီး ရှိတယ်” ဟု ၎င်းက ဧရာဝတီ ကို ပြောသည်။

တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် တရုတ်ဘက်ခြမ်း၌ အဆိုပါ အခက်အခဲများ ရှိသကဲ့သို့ မြန်မာဘက်တွင်လည်း ယခုနှစ် သြဂုတ်လမှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မဟာမိတ်တပ်များနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ လားရှိုးမြို့အထက် ကွတ်ခိုင်၊ နမ့်ဖက်ကာတို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက် ရှိသည်။

မူဆယ်-မန္တလေး လမ်းကြောင်းသည် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အဓိကဖြစ်ရာ ထိုသို့ နယ်မြေ မငြိမ်း ချမ်းခြင်းကြောင့် လမ်းပန်း ဆက်သွယ်ရေး ကြန့်ကြာခြင်း၊ ကုန်စည် ပို့ဆောင်ရေး လုပ်ဆောင်သည့် ယာဉ်များလျော့ကျ လာသဖြင့် တန်ဆာခများ ဈေးတက်လာခြင်း၊ ဈေးကွက် ဝယ်လိုအားရှိသော်လည်း နယ်မြေ အခြေအနေအရ တင်ပို့မှု မပြု လုပ်နိုင်ခြင်း စသည့် အခက်အခဲများလည်း ကြုံတွေ့ရသည်ဟု တရုတ်သို့ ကုန်စည်တင်ပို့နေသော ပို့ကုန်လုပ်ငန်းရှင်များ က ပြောဆိုသည်။

တရုတ်သို့ ဖရဲ၊ သခွား တင်ပို့နေသော စိုက်ပျိုးရေးလုပ်ငန်းရှင် ကိုစိုင်းမင်းသူနိုင်က “အခုဆို မူဆယ်လမ်းကြောက ပစ်ခတ် နေကြတော့ တော်ရုံ ကားသမားတွေက ကြောက်ပြီး မသွားကြတော့ဘူး။ တန်ဆာခက အရင်လက ဖရဲသီး ၁၂ ဘီး ကား ၁ စီးကို ငွေကျပ် ၆ သိန်း ရှိတာ၊ အခုဆို ၉ သိန်းကျပ် ဖြစ်သွားပြီ” ဟု ဧရာဝတီကို ပြောသည်။

ပုံမှန်အားဖြင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် ၁ ရက်လျှင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ သန်း ရှိခဲ့ရာ လက်ရှိ နယ်မြေ မငြိမ်းချမ်းမှုကြောင့် ၁ ရက်လျှင် ဒေါ်လာ ၁၀ သန်းခန့်သာ ကုန်သွယ်နိုင်သည့် အခြေအနေ ဖြစ်လာသည် ဟု ကုန်သွယ်ရေး ဦးစီးဌာနက သိရသည်။

ဦးသိန်းထွန်းဦး က “ကုန်သွယ်ရေး လမ်းကြောင်း သွားလို့ ရနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး သွားကြတယ်။ မူဆယ်လမ်း က မရရင် ကန်ပိုက်တီး၊ လွယ်ဂျယ် ဘက်ကနေ ထွက်ကြတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံဘက် အခြမ်းကနေ သွားလို့ရတာနဲ့ စစ်ဆေးမှုကို မြန်မြန်လုပ်၊ မြန်မြန်သယ်၊ မြန်မြန် သွားခိုင်းတယ်” ဟု ဧရာဝတီကို ပြောသည်။
နယ်စပ်ကုန်သွယ်ရေး၌ နယ်မြေ ငြိမ်းချမ်းရေး အဟန့်အတားများ အပြင် ဝယ်သူလိုအပ်ချက်နှင့် အရည်အသွေးကို စိုက် ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသူများက သိရှိ နားလည်မှု အားနည်းခြင်းသည်ကလည်း ကုန်သွယ်မှုတွင် ပို၍ နှောင့်နှေး စေနိုင်သည်ဟု ပို့ကုန်လုပ်ငန်းရှင် တချို့က ဆိုသည်။

မန္တလေးမြို့ခံ ဆန်ပို့ကုန် လုပ်ငန်းရှင် ဦးလှအောင်က “ဆန်ဆိုရင် ကျနော်တို့ တောင်သူတွေက ကိုယ်စိုက်ချင်တာကို စိုက် ကြတယ်။ ဈေးကွက် လိုအပ်ချက်အတိုင်း လိုက်မလုပ်ကြဘူး။ အဲဒီတော့ သူတို့လိုချင်တဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ဘူး ဆိုပြီး နယ်စပ်မှာ ကျနော်တို့ ဆန်တွေက ပိတ်ရော”ဟု ပြောသည်။

ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် အာဆီယံ သုတေသန စင်တာမှ နည်းပြ Dr. Xiongbin က တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဖွံ့ဖြိုးလာပါက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာမှု၊ ဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှု၊ နှစ်နိုင်ငံ စီးပွား ရေး ပေါင်းစပ်ဆောင်ရွက်သော လုပ်ငန်းများလည်း တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို

တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်စည်ဒိုင်များ နေရာပြောင်းရွှေ့ရန် စီးပွား ကူးသန်း စီစဉ်

The post တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို appeared first on ဧရာဝတီ.

]]>
အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ် https://burma.irrawaddy.com/opinion/interview/2019/11/21/208778.html Thu, 21 Nov 2019 04:00:10 +0000 https://burma.irrawaddy.com/?p=208778 အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိမှု ရှိ၊ မရှိ အစရှိသော လုပ်သားရေးရာ ဆိုင်ရာ ကိစ္စရပ်များ၊ လုပ်သားရေးရာ ကဏ္ဍတွင် အစိုးရ၏ ပူးပေါင်း ပါဝင်မှု ကိစ္စတို့အား အလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဦးစောလှအောင်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါသည်။

The post အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ် appeared first on ဧရာဝတီ.

]]>
လူဦးရေ ထူထပ်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုဇုန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာ ရှိသည့် မန္တလေး တိုင်း ဒေသကြီး အတွင်း က မျက်မှောက် ဖြစ်ပျက်နေသော အလုပ်သမား ရေးရာကိစ္စများ၊ အငြင်းပွားမှုများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တွင် ဝင်ရောက်လုပ်ကိုင်နေသော ပြည်တွင်းလုပ်သား များ၏ ဥပဒေပြဌာန်းချက်ပါ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိမှု ရှိ၊ မရှိ အစရှိသော လုပ်သားရေးရာဆိုင်ရာ ကိစ္စရပ်များ၊ လုပ်သားရေးရာ ကဏ္ဍတွင် အစိုးရ၏ ပူးပေါင်း ပါဝင်မှု ကိစ္စတို့အား အလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဦးစောလှအောင်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့် ဖြိုးက တွေ့ဆုံမေးမြန်းထားပါသည်။

ဦးစောလှအောင်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အလုပ်သမားရေးရာကိစ္စများ ဆက်တိုက် ဆောင်ရွက်နေသလို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ(CCTU) တွင် အထက်မြန်မာပြည် တာဝန်ခံအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သူ တဦး ဖြစ်သည်။

မေး။ ။ မန္တလေးတိုင်းဒေသကြီးထဲမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားနှုန်းက ဘယ်လို လုပ်ငန်းပိုင်းတွေမှာ အဖြစ်များတာ တွေ့ရပါသလဲရှင်။

ဖြေ။ ။ စက်မှုလုပ်ငန်းတွေမှာ ဖြစ်တာများတယ်။ ဘယ်လိုပြဿနာမျိုးလည်း ဆိုရင်တော့ အနည်းဆုံး လုပ်ခလစာ၊ အချိန်ပို အလုပ်ဆင်းရရင်လည်း ဥပဒေပါ ပြဌာန်းချက်အတိုင်း အချိန်ပိုကြေး မရတာ၊ မပေးတာ၊ ခွင့်ရက်ကိစ္စ၊ အစိုးရ တရားဝင် သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေမှာ အလုပ်နားခွင့် မပေးဘဲ အလုပ်လုပ်ခိုင်းတာ၊ နောက်တခုက လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှုကိစ္စတွေ အဖြစ်များတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းက မန္တလေးစက်မှုဇုန်က သစ်အချောထည်စက်ရုံ ၁ရုံမှာ အနည်းဆုံး လုပ်ခလစာ မရလို့ အလုပ်သမားတွေ တောင်းဆိုကြတယ်။ နောက်ဆုံးမှာ အလုပ်ရှင်ဘက်က လိုက်လျောလိုက်တယ်။ ဒါပေမဲ့ အနည်းဆုံးလုပ်ခလစာတော့ ရ သွားတယ်။ အလုပ်ကိုလည်း မူလကထက် ၂ ဆနီးပါး အခိုင်းခံရတာမျိုးတွေ ကြုံရတယ်။ တရားဝင်ရုံးပိတ်ရက်မှာ အလုပ် လုပ်ဖို့ ငြင်းလို့ အလုပ်ထုတ်ခံရတာမျိုး ကိစ္စတွေ ရှိခဲ့တယ်။

မေး။ ။ အဲဒီလိုပြသနာတက်တဲ့ အထဲမှာ ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်း ဘယ်ဟာက ပိုများပါသလဲ။

ဖြေ။ ။ ကျနော် လိုက်ပြီး ဆောင်ရွက်ပေးခဲ့တဲ့ အမှုတွေထဲမှာ အများစုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်ရုံတွေ အထူး သဖြင့် တရုတ်၊ ထိုင်းစက်ရုံတွေက များတယ်။ ပြဿနာတွေက ခုနက ပြောတဲ့ ပြဿနာတွေပဲ ရောက်လာကြတာ များတယ်။

မေး။ ။ အဲဒီလို FDI စက်ရုံတွေမှာ ဖြစ်တဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာတွေမှာ ဖြေရှင်းမှု ယန္တရားကရော အားကောင်းရဲ့လား။

ဖြေ။ ။ စစ်ကိုင်းတိုင်းထဲက တကောင်းနီကယ်စက်ရုံကိုပဲ ဥပမာပေးပြောပါမယ်။ တကောင်းနီကယ် စက်ရုံက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်၊ တိုင်းအတွင်းမှာ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဖြစ်တယ်။ ဒါပေမယ့် အဲဒီ တကောင်း နီကယ် မှာ အလုပ်လုပ်နေတဲ့ ကိုယ့်နိုင်ငံသား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ကိုကြတော့ အစိုးရပိုင်းကရော၊ သက်ဆိုင် ရာ နယ်မြေလွှတ်တော် ကိုယ်စားလှယ် အပိုင်းကရော ထိတွေ့မှု အရမ်းအားနည်းပါတယ်။ စက်ရုံမှာ ပြသနာ တခုခုဖြစ် တယ်၊ အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ပေါင်းပြီး လက်တလုံးခြားလုပ်၊ ပွဲပြီး မီးသေလုပ်ခံရတယ်။

စားဖိုဆောင်မှာအလုပ်လုပ်တဲ့ မြန်မာအမျိုးသမီး ဝန်ထမ်းတွေက ညနေ အလုပ်ပြီးချိန်တောင် တရုတ်လူမျိုး ဝန်ထမ်းတွေ ထမင်းစားတဲ့အချိန်မှာ ဘေးကနေ အရက်ငဲ့ပေးရ၊ ထမင်းဟင်း ခူးခတ်ပေးရတာမျိုး လုပ်ရတယ်လို့ သိရတယ်။ ဒါတွေက စားဖိုဆောင်တာဝန်နဲ့ ဘာမှမဆိုင်တဲ့ အရာမျိုး လုပ်ပေးရတယ်။

နောက်ဆုံးအဆင့် လုပ်ငန်းခွင် လုံခြုံရေး လာစစ်ဆေးတဲ့ ပုဂ္ဂိုလ်အများစုကလည်း စက်ရုံကိုလာ စစ်တော့ စစ်နေတယ်၊ ဘာစစ်သွားလို့ စစ်သွားသလဲ ဆိုတာ ကာယကံရှင် အလုပ်သမားတွေတောင် မသိလိုက်တဲ့ အခြေအနေမျိုးတွေ များတယ်။ အဲဒီတော့ မြန်မာပြည်က သက်ဆိုင်ရာနဲ့ အဆင်ပြေရင်၊ နားလည်မှုလိုရင် ဘာဥပဒေမှ မလိုဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒါတွေကို သေချာကြပ်မတ် စစ်ဆေးဖို့ တိမ်းစောင်းနေတာတွေကို တည့်မတ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင် ပထဝီနိုင်ငံရေး၊ တိုင်းပြည်ရဲ့ ရေခံမြေခံအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ ကိုယ့်နိင်ငံသားတွေ အကျိုးခံစားခွင့်က ဘာမှ ရေရေရာရာ ရလိုက်မှာ မဟုတ်ဘူး ဖြစ်သွားမယ်။

မေး။ ။ အဲဒါဆိုရင် အလုပ်သမားရေးရာဆိုင်ရာ အငြင်းပွားမှုတွေမှာ မန္တလေးတိုင်း အစိုးရရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။ ။ ဒီမှာက တခါတလေကျတော့လည်း အစိုးရပိုင်းက စာအုပ်ကြီးအတိုင်း လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့် စာအုပ် ကြီးက နဂိုကတည်းက လွဲနေတာလေ။ တခါတလေကျတော့လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်တာ မျိုးကို လည်း တွေ့ရတယ်။

ဥပမာ – မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ဆီကို အငြင်းပွားမှု ၁ ခု ရောက်လာတယ်။ မြို့နယ်အဆင့်က ဆုံး ဖြတ်ရမယ့် ကိစ္စမျိုးကို မြို့နယ်မှာပဲ အပြီးသတ်လုပ်လိုက်ပါ။ အဲဒီက ရလဒ်ကို မကျေနပ်မှသာ ခရိုင်၊ တိုင်း နောက်ဆုံး အဆင့် စာချွန်လွှာအထိ တက်လို့ရတဲ့ အခြေအနေမျိုးတွေ ဆုံးဖြတ်လိုက်ရင် ရနေတာကို တိုင်း၊ ခရိုင်တို့က ဝင်ပါလာတဲ့ အခါကျတော့ မြို့နယ်အဆင့်ကို တော်တော်များများက လူရာမသွင်းကြတော့သလို ယုံကြည်မှု လည်း နည်းလာကြတယ်။

ထစ်ခနဲရှိ တိုင်းအဆင့်ကို တက်မယ်၊ အစိုးရရုံးရှေ့မှာ ဆန္ဒပြမယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။

မေး။ ။ အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ရဲ့ အခန်းကဏ္ဍကရော မန္တလေးတိုင်းမှာ ဘယ်လို ရှိနေလဲ။

ဖြေ။ ။ တဦးတည်း အမြင်အရ ပြောရရင် အလုပ်သမားရေးရာ ကူညီတဲ့ အပိုင်းတွေက အကျင့်ပျက်မှုတွေ ဖြစ်လာတယ်။ အလုပ်သမားအရေး အတွက် ရပ်တည်တဲ့သူတွေ၊ ကူညီတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိကြတယ်။ ဒါပေမယ့် အဲဒီထဲမှာ တချို့လူတွေ၊ အဖွဲ့အစည်းတွေကလည်း တကယ့်အလုပ် သမားအရေး၊ အလုပ်သမားတွေ သူတို့အခွင့်အရေးတွေ ရရှိဖို့ ဆိုတဲ့ ရည်မှန်းချက်ထက် မိမိအကျိုး၊ မိမိအဖွဲ့အစည်း အကျိုးစီးပွားတွေပါ ပါလာကြတာတွေ ပိုတွေ့လာရတယ်။

အဲဒါကြောင့်လည်း ဒီနေ့အထိ အလုပ်သမား အခွင့်အရေးတွေ ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖြစ်မလာသေးဘူး။ ဒါက လည်း တဖက်တည်းကို ပြောမရတော့ဘူး။ သက်ဆိုင်ရာ တာဝန်ရှိဌာနက တဖက်၊ အလုပ်ရှင်က တဖက်နဲ့ ကာယကံရှင် အလုပ်သမားတွေက တဖက် ၃ ဖက်စလုံး ပြောမှရတော့မယ်။ တချို့ဆို အလုပ်သမား အငြင်းပွားမှု ပြသနာ တခုကို ဖြေရှင်းဖို့အတွက် အမှုလာအပ်ရင် အနည်းဆုံး သိန်းဆယ်ဂဏန်း မရဘဲ ကူညီဖြေရှင်းပေးတာမျိုး မလုပ်တော့ဘူး။ ကြာလာတော့ အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားတွေကို ဗန်းပြတဲ့ လုပ်စားတာ ဖြစ်လာတယ်လို့ မြင်တယ်။

မေး။ ။ အဲဒီလို ကိုယ်ကျိုးစီးပွား ပြဿနာတွေ အကျင့်ပျက် ခြစားမှုတွေကို တိုင်ကြားတာမျိုး ရှိလား။

ဖြေ။ ။ အဲဒီလိုမျိုး တိုင်တန်းမှုတွေတော့ ကျနော် မကြားမိဘူး။ ကျနော့်အနေနဲ့ အလုပ်သမားတွေဘက်ကို ပြောချင်တာ ရှိ တယ်။ တခါတလေ ကျနော်တို့ အလုပ်သမားတွေကလည်း ကိုယ့်အခွင့်အရေး ကိုယ်သိအောင် မလုပ်ကြဘူး။ မကြိုးစားကြ ဘူး။

ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ တောင်းဆိုခွင့်ရှိတယ်၊ ရပိုင်ခွင့် ရှိတယ်ဆိုတာ သိမှ ချက်ကျလက် ကျ အလုပ်ရှင်ကို တောင်းဆိုနိုင်မယ်၊ ညှိနှိုင်းနိုင်မယ်။ အဲဒီလို မဟုတ်ဘဲ ငွေပေးတာနဲ့ ကျေအေးနေရင်တော့ ဒီသံသရာထဲက ထွက်နိုင်မှာ မဟုတ်သလို ကိုယ့်နားရွက်ကို တံတွေးဆွတ်ကို ကိုယ်က ပျော်ပြနေသလို ဖြစ်နေမယ်။

ကြာတော့ကျတော့ အလုပ်သမားရေးဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အဖွဲ့အစည်းအချို့က မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်လာတယ်။

မေး။ ။ အဲဒီတော့ လက်ရှိအခြေအနေအရ အလုပ်သမားတွေက ပြသနာတစုံတရာ ကြုံတွေ့လာရင် ဘယ်သူကို အားကိုး ကြ၊ အကူအညီ တောင်းကြသလဲ။

ဖြေ။ ။ လက်ရှိ အခြေအနေအရ အလုပ်သမားတွေက သူတို့ပြသနာတွေ၊ အခက်အခဲ ကြုံလာရင် အရပ်ဖက် အဖွဲ့အစည်း တွေကိုပဲ အကူအညီ တောင်းကြတာ များတယ်။ အဓိက က သက်ဆိုင်ရာမှာ တာဝန်ရှိပေမယ့် သက်ဆိုင်ရာ တုံ့ပြန်မှုတွေ က အားရစရာ မကောင်းတော့ သူတို့အတွက် အကူအညီရနိုင်မယ့်၊ ပေးနိုင်မယ့် အလုပ်သမား ရေးရာ လုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အကူအညီ တောင်းကြတာ များပါတယ်။

မေး။ ။ အငြင်းပွားမှုတွေ ဖြစ်ပေါ်တဲ့အခါ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ပါဝင်တဲ့ သုံးပွင့်ဆိုင် “Social Dialogue” ပုံစံ အဖွဲ့အစည်းမျိုး ပြည်ထောင်စုအဆင့်မှာတော့ စတင်လုပ်ဆောင်နေပြီလို့ သိထားပါတယ်။ တိုင်းအဆင့်မှာကော အဲဒီအဖွဲ့ အစည်းမျိုး ထွက်လာဖို့ ရှိမလား။

ဖြေ။ ။ မန္တလေးမှာတော့ အဲဒီလိုမျိုးဖွဲ့မယ်လို့ ဒီနေ့အထိ မကြားမိသေးဘူး။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ အစိုးရဆိုတာထက် သက်ဆိုင်ရာလို့ပဲပြောချင်ပါတယ်။ အစိုးရမှာ တာဝန်အရှိဆုံးဆိုတာ မှန်ပေမယ့် ဒီကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရတဲ့ သက်ဆိုင်ရာဌာနနဲ့ အလုပ်ရှင်တို့ လက်သင့်ရာတွေနဲ့ လုပ်သွားတဲ့ သာဓက တွေပဲ ရှိတယ်။

အလုပ်ရှင်ပိုင်းကတော့ ငွေကြေးအင်အား တောင့်တင်းတယ်။ ပစ္စည်းရှိ လူတန်းစားတွေဖြစ်တယ်။ အလုပ်သမားတွေ ထက်စာရင် သက်ဆိုင်ရာနဲ့ ပိုနီးစပ်နိုင်တဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ ဒါကြောင့်လည်း အလုပ်သမားရေးရာ ပြသနာအများစုမှာ လက်သင့်ရာနဲ့ လုပ်သွားတဲ့ သက်ဆိုင်ရာရဲ့လုပ်ရပ်တွေပဲ ကြုံဖူး၊ မြင်ဖူးတယ်။

မေး။ ။ လက်ရှိအစိုးရလက်ထက်မှာ အလုပ်သမားရေးရာနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေရှိမလဲ ပြောပြပေးပါဦး။

ဖြေ။ ။ အခုချိန်ထိတော့ ကျနော်တို့ မျှော်လင့်ချက်တွေက မြူမှုန်တမှုန်လောက်အထိတောင် မမြင်ရဘူးလို့ ပြောချင်တယ်။ အလုပ်သမားဆိုတာကလည်း တိုင်းပြည်ရဲ့ အသက်သွေးကြော ၁ ခုပဲလေ။ ဒီအသက်သွေးကြောတွေရဲ့ အားတွေတော့ ယူခဲ့ကြတယ်။

ဒါပေမယ့် ပြန်ပြီးတော့ သူတို့စကားတွေနဲ့အညီ လက်တွေ့ အကောင်အထည် မဖော်ပေးနိုင်ခဲ့ဘူး။ မဖော်ပေးနိုင်တာလား၊ မဖော်ပေးတတ်တာလား၊ ဖော်ပေးဖို့ကို နဂိုကတည်းက အစီအစဉ် မရှိတာလား ဆိုတာက မေးခွန်းထုတ်ရမဲ့ကိစ္စ ဖြစ်နေပြီ။

မေး။ ။ အရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တုန်းကရော ဘာတွေပြောင်းလဲမှုတွေ လုပ်ခဲ့လဲ။

ဖြေ။ ။ ဦးသိန်းစိန် အစိုးရလက်ထက်က ပြုပြင်ပြောင်းလဲမှု အနည်းအကျဉ်း ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ စစ်အစိုးရ လက်ထက်နဲ့ ယှဉ်လိုက်လို့။ ၂၀၁၂ ခုနှစ်မှာ အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပြဌာန်းခဲ့တယ်။ အတိုင်းအတာ တခုအထိ ဖြေလျှော့မှုတွေ လုပ်ခဲ့သလို အရေးမှုတွေလည်း ရှိခဲ့တယ်။

မေး။ ။ နောက်တခု မေးချင်တာက အစိုးရရဲ့ လူမှုဖူလုံရေး အစီအမံတွေကရော အလုပ်သမားတွေအတွက် တကယ် လက်တွေ့မှာ အလုပ်ဖြစ်လား။ ဘယ်လိုမျိုးတွေ ရှိနေလဲ။

ဖြေ။ ။ ကျနော်တို့ သိသလောက် လူမှုဖူလုံရေးကို ဝင်တယ် ဆိုတာ အလုပ်ရှင်က အလုပ်သမားကိုမေးပြီး အဲဒီအလုပ်သမား ရဲ့ မှတ်ပုံတင်နံပတ်နဲ့ မြို့နယ် လူမှုဖူလုံရေးရုံးကို ၁၀ ရက် အတွင်း အကြောင်းကြား ပေးရတယ်။ တကယ်လို့ ၁၀ ရက်ကျော် သွားရင် လူမှုဖူလုံရေးဥပဒေအရ ပြစ်ဒဏ်ချလို့ရတယ်။

အဲဒီလိုဝင်ပြီးရင် အလုပ်သမားအတွက် လူမှုဖူလုံရေး ကိုယ်ပိုင်နံပတ်တခုကို မြို့နယ်လူမှုဖူလုံရေးက ပေးတယ်။ အခုက လူမှုဖူလုံရေး ရံပုံငွေဆိုတာက ထင်သာမြင်သာမရှိဘူး။ ဒါတွေကို ဘာလုပ်နေကြလဲဆိုတာ မေးဖို့ အချိန်တန်နေပါပြီ။

ကိစ္စ တခုကို နမူနာအနေနဲ့ ပြောပြမယ်။ မန္တလေးစက်မှုထဲက ပီနံအိတ်စက်ရုံတခုမှာ အလုပ်လုပ်နေရင်း အလုပ်သမား ကောင်လေးတယောက် လက်ထိခိုက်မိပြီး လက်ဖြတ်လိုက်ရတယ်။ အဲဒါနဲ့ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ပြဿနာ တက်ကြတော့ ပြသနာဖြေရှင်းချိန်ကျ အဲဒီမှာ လက်ဖြတ်လိုက်ရတဲ့ ကောင်လေးတောင် မသိထားဘဲ လူမှုဖူလုံရေး နံပါတ် တခုက အဲဒီကလေး နာမည်နဲ့ ရှိနေတယ်။

အဲဒါကိုပဲ အခြေအနေကိုပဲကြည့်လိုက်ရင် လူမှုဖူလုံရေးနဲ့ ပေါင်းပြီး ဥပဒေကို လက်တလုံးခြားလုပ်တယ်ဆိုတာ ထင်သာ မြင်သာရှိသလို ဥပဒေအရ အလုပ်သမားအခွင့်အရေးတွေကို လုပ်ပေးရမှာ သိရက်နဲ့ အလုပ်ရှင်ဘက်က နေလို့ရ သလောက်နေကြတယ်၊ ဒါကိုလည်း လူမှုဖူလုံရေးဘက်က ထိရောက်တဲ့ စစ်ဆေး အရေးယူမှုတွေ မရှိဘူး။

မေး။ ။ အလုပ်သမားရေးရာကိစ္စ၊ အလုပ်သမားတွေ အခွင့်အရေး အပြည့်အဝရဖို့ အစိုးရမှာ ဘယ်လိုတာဝန်တွေ ရှိလဲ။

ဖြေ။ ။ အစိုးရဆိုတာမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတာ ရှိတယ်။ အဲဒီ ၃ ရပ်စလုံးက တာဝန်ရှိပါတယ်။ အဲဒီထဲမှာ ဥပဒေပြုရေးကို ပြောချင်ပါတယ်။ ဥပဒေပြုရေးက ပုဂ္ဂိုလ်များက မိမိတို့ ပြုခဲ့တဲ့ အလုပ်သမားရေးရာ ဆိုင်ရာ ဥပဒေတွေက တကယ် တရားမျှတမှုရှိလား။ မြေပြင်မှာ အလုပ်ဖြစ်လား ဆိုတာမျိုး၊ ဥပဒေဆိုတာ မျှတမှုရှိတဲ့ စာအုပ် ဖြစ်ရမယ်။

အမှန်တကယ် မျှတမှု ရှိလား ဆိုတဲ့ သူတို့ကိုယ်တိုင် သုတေသနပြုမှုတွေ လုပ်ဖို့ လိုအပ်တယ်။ ကိုယ်တို့လို အခြေခံ လူတန်းစားတွေတောင် ထောက်ပြနိုင်၊ ခံစားရနိုင်တဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေတွေမျိုးတွေကိုတော့ ဥပဒေပြုရေးမှာရှိတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီး သိကိုသိသင့်တယ်။

မေး။ ။ လက်ရှိ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု ယန္တရားကရော ဘယ်လိုပုံစံမျိုး ရှိပါသလဲ။

ဖြေ။ ။ ၂၀၁၂ ခုနှစ် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေ ၉ ပုံစံ ၃ နဲ့ သွားတယ်။ မြို့နယ် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ၃ ရက်အတွင်း ပြသနာကို ညှိနှိုင်း ဖြေရှင်းတယ်။ အဲဒါမှ မရဘူး။ ၃ ရက်ကျော်ရင် တိုင်းခုံသမာဓိကို တင်ပေးရတယ်။

တိုင်းက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အလုပ်ရှင် ဒါမှမဟုတ် အလုပ်သမားက မကျေနပ်ရင် နေပြည်တော် ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီကို ဆက်တက်ခွင့် ရှိတယ်။ ဒါပေမယ့် ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံး အပြီးအပြတ် ဖြစ်တယ်။ ဒါကို မဖြစ်မနေ လိုက်နာရတယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ ။ တကယ် ဒုက္ခတွေ့နေကြတဲ့ အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ်လို့ ပြောချင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာ တကယ်နစ်နာသူရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ လိုပါတယ်။

The post အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ် appeared first on ဧရာဝတီ.

]]>
အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို https://burma.irrawaddy.com/news/2019/11/20/208745.html Wed, 20 Nov 2019 10:26:30 +0000 https://burma.irrawaddy.com/?p=208745 မြန်မာနိုင်ငံရှိ အခြေခံလူတန်းစား စားဝတ်နေရေး ပြေလည်စေရေးအတွက် တရုတ်- မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ရုံး (မန္တလေး)မှ ဒုတိယ ကောင်စစ်ဝန်ချုပ် Mrs. Li libei က ပြောသည်။

The post အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို appeared first on ဧရာဝတီ.

]]>
တရုတ်- မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို အကောင်အထည်ဖော်ခြင်းမှာ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစား စားဝတ်နေ ရေး ပြေလည်စေရေးအတွက် ဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ရုံး (မန္တလေး) မှ ဒုတိယ ကောင်စစ်ဝန်ချုပ် Mrs. Li libei က ပြောသည်။

နိုဝင်ဘာ ၁၇ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mrs. Li libei က “တရုတ်နိုင်ငံက တဦးတည်း တိုးတက် ကောင်းမွန်နေလို့ မရပါဘူး။ တကမ္ဘာလုံးက နိုင်ငံတွေ တိုးတက် မှသာ တရုတ်နိုင်ငံကလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လာမည့် ၂၀၂၀ တွင် တရုတ်အစိုးရသည် ၎င်းနိုင်ငံရှိ နိုင်ငံသား အခြေခံ လူတန်းစားတရပ်၏ စီးပွား ရေး ပြေလည်သည့် အခြေအနေအထိ ရောက်အောင် ဆောင်ရွက်မည်ဟု ရည်မှန်းချက် ချမှတ်ထားသလို ၎င်းတို့ နိုင်ငံကဲ့သို့ မြန်မာနိုင်ငံကို လည်း တိုးတက်မှု ဖြစ်စေလိုသည့် ဆန္ဒများစွာ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

၁၉၇၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ နှစ် ၄၀ ကာလအတွင်း တရုတ်စီးပွားရေးသည် အရှိန်နှင့် တိုးတက်လာခဲ့ကြောင်း၊ အဆိုပါ တိုးတက်မှုအား အိမ်နီးချင်း ဖြစ်သော မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ် စီးပွားရေး၊ ကုန်သွယ်ရေးများ ယခုထက် ပိုမို ပူး ပေါင်းကာ နှစ်နိုင်ငံ အကျိုးရလဒ်များ ခံစားနိုင်အောင် ဆောင်ရွက်လိုကြောင်း Mrs. Li libei က ပြောသည်။

တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း (BRI) တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိ ပြီး အဆိုပါ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သော တရုတ်-မြန်မာစီးပွားရေး စင်္ကြန်အား အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ် စက်တင်ဘာက နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ဖြစ်သည်။

အဆိုပါ စင်္ကြန်တွင် နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေသော နယ်စပ်ဒေသတို့၌ စီးပွားရေးဇုန်များ တည်ဆောက်ခြင်း၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှ မြန်မာနိုင်ငံ မန္တလေးမြို့အထိ ဆက်စပ်မည့် လျှပ်စစ်ရထားစီမံကိန်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ရန်ကုန်မြို့သစ် ဆိပ်ကမ်း စသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများ ပါဝင်မည်ဟု အကြမ်းဖျင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သလို သယံဇာတ ပေါကြွယ်ဝသဖြင့် နိုင်ငံတကာ လုပ်ငန်းရှင်များအတွက် ရင်းနှီး မြှုပ်နှံရန် ရေခံမြေခံကောင်းများ ရှိသော နိုင်ငံတခု ဖြစ်သလို အဆိုပါ အခွင့် အလမ်းကောင်းများအား အမိအရ ဖမ်းဆုပ်ကာ မိမိတို့နိုင်ငံ အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ လိုအပ်သည်ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းကလည်း အဆိုပါ တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲတွင် ပြောသည်။

တရုတ်နိုင်ငံ၏ ကမ္ဘာအနှံ့အပြား ကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းသည် “မလက္ကာ ရေလက်ကြား”မှ တဆင့်ဖြတ်ကျော် ပို့ဆောင် နေရာ ထိုသယ်ယူ ပို့ဆောင်ရေး စနစ်သည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခဲ့လျှင် မြန်မာအတွက် ကုန်ပစ္စည်း ဖြတ်သန်းခ၊ သို လှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ အခွန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စက်မှု လုပ်ငန်းအသစ်များ ဖွံ့ဖြိုးလာမည့် အလားအလာများ ရှိသည်ဟု အရှေ့တောင်အာရှ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီ၏ ဒု ဥက္ကဌ Mr. CHEN Xiangqiu က ပြောဆိုသည်။

တရုတ်နိုင်ငံ၏ One Belt One Road (OBOR) စီမံကိန်းတွင် ပါဝင်မည့် နိုင်ငံများ အနေဖြင့် အခြေခံ အဆောက်အအုံ ဖြစ် သော လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးလာမည် ဖြစ်သော်လည်း ကောင်းမွန်သော မူဝါဒများ၊ ပြင်ဆင်မှုများ မပြုလုပ်နိုင်ပါက ကြွေးမြီ ထောင်ချောက်မိနိုင်ခြင်း၊ ကိုလိုနီ လက်သစ်ဝါဒ သက်ရောက်ခံရနိုင်ခြင်း၊ လူမှုရေးနှင့် ဂေဟဗေဒ သက်ရောက်မှု များ ရှိလာနိုင်ခြင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သလို အစိုးရ၏ သတင်းအချက် အလက် ထုတ်ပြန်မှု အားနည်းခြင်းသည်လည်း ပြည်သူများအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များအပေါ် သက်ရောက်မှု ရှိလာမည်ဟု ပညာရှင်တချို့၏ ဝေဖန် သုံးသပ်မှုများလည်း ရှိနေသည်။

နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက“အခြေခံလူတန်းစားတွေ အတွက် အကျိုးရှိစေချင်ရင် တရုတ်နိုင်ငံကို မြန်မာကပို့တဲ့ လယ်ယာထွက်ကုန်သီးနှံတွေကို မပိတ်ဆို့ဖို့လိုပါတယ်။ အဲဒါမှ အခြေခံလူတန်းစား လယ်သမားတွေ အတွက် သင့်တင့်လျောက်ပတ်တဲ့ အကျိုးတခုဖြစ်ထွန်းမယ်။ အစိုးရအနေနဲ့ကလည်း ပြည်သူတွေ အကျိုး စီးပွားရှိဖို့ ကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေးအစရှိတဲ့ကဏ္ဍတွေနဲ့ပတ်သတ်ပြီး ခိုင်မာတဲ့မူဝါဒတွေ တိတိကျကျချဖို့ လိုပါ မယ်” ဟု ဧရာဝတီကိုပြောသည်။

တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းကို တရုတ်-မြန်မာစီးပွားရေး စင်္ကြန် တည် ဆောက်မှုအား အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် အာဆီယံ သုတေသန စင်တာနှင့် မြန် မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၇ မှ ၁၉ ရက် အထိ ကျင်းပခဲ့ပြီး အဓိက အားဖြင့် တရုတ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအား နှစ်နိုင်ငံ ကုန်သွယ် ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး အမြင်ဖလှယ်ကြသည့် သင်တန်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဒေါ်အောင်ဆန်းစုကြည် တရုတ် ခရီးစဉ်တွင် မန္တလေး စီမံကိန်း ၂ ခု လက်မှတ် ထိုးရန် ရှိ 

အဖိုးတန်သယံဇာတ တွေ့ရင် ဒေသအာဏာပိုင်ကတဆင့် အပ်နှံဖို့ စာချုပ်မှာ ထည့်သင့်တယ် 

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ 

The post အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို appeared first on ဧရာဝတီ.

]]>
အနောက်ဥရောပ ခရီးသွားအဖွဲ့ မြန်မာနိုင်ငံ၏ မြို့ ၉ မြို့သို့ ကားဖြင့် လည်ပတ်မည် https://burma.irrawaddy.com/news/2019/11/09/208036.html Sat, 09 Nov 2019 01:53:21 +0000 https://burma.irrawaddy.com/?p=208036 အဆိုပါ ခရီးသွားအဖွဲ့ ၂ ဖွဲ့တွင် ပြင်သစ်နိုင်ငံသား အများဆုံးဖြစ်ပြီး ဘယ်ဂျီယံ၊ ဟော်လန်၊ ပေါ်တူဂီ၊ အီ တလီ၊ ဘရာဇီး နိုင်ငံသားများ ဖြစ်ကြကာ စုစုပေါင်း ဦးရေ ၆၀ ကျော် ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို တာ ဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ပြောသည်။

The post အနောက်ဥရောပ ခရီးသွားအဖွဲ့ မြန်မာနိုင်ငံ၏ မြို့ ၉ မြို့သို့ ကားဖြင့် လည်ပတ်မည် appeared first on ဧရာဝတီ.

]]>
ယခုလအတွင်း အနောက် ဥရောပမှ ခရီးသွား အဖွဲ့ ၂ ဖွဲ့သည် မန္တလေးအပါအဝင် မြို့ ၉ မြို့သို့ ကားများဖြင့် လှည့်လည် သွားရောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

အဆိုပါ ခရီးသွားအဖွဲ့ ၂ ဖွဲ့တွင် ပြင်သစ်နိုင်ငံသား အများဆုံး ဖြစ်ပြီး ဘယ်ဂျီယံ၊ ဟော်လန်၊ ပေါ်တူဂီ၊ အီတလီ၊ ဘရာဇီး နိုင်ငံသားများ ဖြစ်ကြကာ စုစုပေါင်း ဦးရေ ၆၀ ကျော် ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို တာဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

ဦးမြတ်သူက “အဓိကကတော့ သူတို့ မန္တလေးလာတဲ့အခါ လုံခြုံရေးကိစ္စ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးကိစ္စလိုအပ်တာ ကူညီပံ့ပိုးပေးဖို့ ပြည်ထောင်စု ဟိုတယ်/ခရီးက အစိုးရ အဖွဲ့ကို အကြောင်းကြားတာပါ” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ခရီးသွားအဖွဲ့အနက် ပထမ အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၂ ရက်မှ စတင်ရောက်ရှိ ခဲ့ပြီး ရန်ကုန်မှ ငပလီ၊ ပြည်၊ မကွေး၊ ချင်းပြည်နယ် ကန်ပက်လက်၊ ပုဂံ၊ အင်းလေး၊ ကလောနှင့် မန္တလေးမြို့များသို့ မော် တော်ယာဉ်များ ငှားရမ်း၍ ၂ ပတ်ကြာ လည်ပတ်မည် ဖြစ်သည်။

ဒုတိယ အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်တွင် မန္တလေးသို့ လေယာဉ်ဖြင့် ရောက်ရှိကာ မန္တလေးမှ အင်းလေး၊ ပင်းတယ၊ က လော၊ ပုဂံ၊ ကန်ပက်လက်၊ မကွေး၊ ပြည်၊ ငပလီနှင့် ရန်ကုန်မြို့သို့ သွားရောက်ကြမည်ဟု အကြမ်းဖျင်း သိရသည်။

ရခိုင်ပဋိပက္ခများကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းမှ စကာ အနောက် ဥရောပနိုင်ငံများမှ ခရီးသွား ဝင်ရောက်မှု သိသိသာ သာ ကျဆင်းသွားခဲ့မှာ ယနေ့အထိ ဖြစ်ကြောင်း ပြည်တွင်းရှိ ခရီးသွားကဏ္ဍ လုပ်ကိုင်နေသူများထံက သိရသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “အခုထိ မြန်မာ့ခရီးသွားကဏ္ဍက ထင်သ လောက် တက်မလာသေးဘူး။ အထူးသဖြင့် အနောက်ဥရောပ ခရီးသွား ဝင်ရောက်မှုက ကျနေတုန်းပဲ။ အဲဒီလိုအချိန်မှာ အခုလို အစီအစဉ်မျိုးနဲ့ ကိုယ့်နိုင်ငံကို ရက်ရှည် လာလည်ကြတာ ကောင်းတဲ့ လက္ခဏာတခုပါပဲ” ဟု ဧရာဝတီကို ပြော သည်။

ထို့ပြင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက မြန်မာနိုင်ငံအကြောင်းအား အနောက် ဥရောပ နိုင်ငံများ အထိ သွားရောက်ကာ ဈေးကွက်မြှင့်တင်ခြင်းများ လုပ်ဆောင်ရန် လိုအပ်နေပြီး ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ထိုသို့ လုပ်ကိုင်ရန်အတွက်မူ အကန့်အသတ်များ ရှိနေသည်ဟု ၎င်းက အကြံပြုသည်။

ထို့အတွက် သက်ဆိုင်ရာ နိုင်ငံများ၏ သံရုံးများနှင့် ချိတ်ဆက်ကာ အဆိုပါ နိုင်ငံများသို့ ခရီးသွားလာရေး မြှင့်တင်ရေးပွဲများ ပြုလုပ်ခြင်း၊ ကြေညာ ဆိုင်းဘုတ်များ၊ မီဒီယာ၊ ဝက်ဘ်ဆိုက်များတွင် ကြေညာခြင်း၊ Public Awarness များ ပြုလုပ်သင့် သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်က အနောက်ဥရောပ ခရီးသွားအရေအတွက် ၂ သိန်းခွဲနီးပါး ဝင်ရောက်ခဲ့သော်လည်း ရခိုင် အရေးကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ခရီးသည်ဦးရေ ၁ သိန်း ၈ သောင်းကျော် ဝင်ရောက်ခဲ့ရာ အနောက်ဥရောပ ခရီး သွား ဝင်ရောက်မှုသည် ၂ နှစ် အတွင်း ခရီးသည် အရေအတွက် ၇ သောင်းခန့် ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

The post အနောက်ဥရောပ ခရီးသွားအဖွဲ့ မြန်မာနိုင်ငံ၏ မြို့ ၉ မြို့သို့ ကားဖြင့် လည်ပတ်မည် appeared first on ဧရာဝတီ.

]]>
အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက် https://burma.irrawaddy.com/business/2019/11/07/207841.html Thu, 07 Nov 2019 03:30:32 +0000 https://burma.irrawaddy.com/?p=207841 အိန္ဒိယမှ ပဲဝယ်လိုအား မြင့်လာသဖြင့် ရက်ပိုင်းအတွင်း မတ်ပဲ ၁ အိတ်လျှင် ငွေကျပ် ၃ သောင်းကျော် ဈေးမြင့်လာ ကြောင်း မန္တလေး ပဲနှမ်းကုန်စည်ဒိုင်က သိရသည်။

The post အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက် appeared first on ဧရာဝတီ.

]]>
အိန္ဒိယမှ ပဲဝယ်လိုအား မြင့်လာသဖြင့် ရက်ပိုင်းအတွင်း မတ်ပဲ ၃တင်းဝင် ၁ အိတ်လျှင် ငွေကျပ် ၃ သောင်းကျော် ဈေးမြင့် လာ ကြောင်း မန္တလေး ပဲနှမ်းကုန်စည်ဒိုင်က သိရသည်။

မန္တလေး ပဲနှမ်းဈေးကွက် အတွင်းက ပဲကုန်သည် ဦးမျိုးဆွေက “အခုက ခွဲတမ်းစနစ်နဲ့ ဝယ်တာက အရင်လက ပြီးသွားပြီ။ ဒါပေမယ့် အိန္ဒိယက ပြည်နယ် အစိုးရတွေရဲ့ဒေသဆိုင်ရာ အမိန့်နဲ့ သူ့ဒေသအလိုက် လိုအပ်ချက်ရှိလို့ ပြန်ဝယ်လာတဲ့ အတွက် ဈေးက ထိုးတက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံမှ မတ်ပဲ အပါအဝင် ပဲစင်းငုံနှင့် ပဲတီစိမ်းတို့အား အိန္ဒိယနိုင်ငံမှ ကိုတာ(ခွဲတမ်း)စနစ်နှင့် မေလမှ စတင်ကာ ၆ လတာကို ပဲဝယ်ယူမည့် ကာလအဖြစ် သတ်မှတ်ခဲ့ပြီး ထိုလများအတွင်း ပြည့်မှီအောင် ရောင်းချပြီး ဖြစ်သည်ဟု ပဲကုန်သည် များထံက သိရသည်။

အိန္ဒိယနိုင်ငံ၏ ကိုတာ သတ်မှတ်ချက်အရ ၆ လအတွင်း မတ်ပဲ တန်ချိန် ၁ သိန်းခွဲ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲနှင့် ပဲစင်းငုံ တန်ချိန်၂ သိန်းတို့အား ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သု့ိရာတွင် အိန္ဒိယရှိ ပြည်နယ်အချို့၌ မိုးများသည့်အတွက် မတ်ပဲ စိုက်ခင်းများ ပျက်စီးခဲ့၍ ပဲလိုအပ်ချက် ရှိလာသဖြင့် မြန်မာ့မတ်ပဲအား ကိုတာ ပြည့်သွားသော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ အမိန့်နှင့် တရားရုံးက ဝယ်ယူခွင့်ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။

အောက်တိုဘာလကုန်ပိုင်းမှ စ၍ ၃ တင်းဝင် ၁ အိတ်လျှင် ငွေကျပ် ၈ သောင်းရှိရာမှ လက်ရှိ မန္တလေး ဈေးကွက်အတွင်း မတ်ပဲ ၁ အိတ်လျှင် ၁ သိန်း ၁ သောင်းကျော်အထိ ဈေးတက်သွားခဲ့ကာ လက်ရှိ အချိန်အထိ ဝယ်လိုအား ကောင်းနေဆဲ ဖြစ်သည်ကြောင်း ပဲကုန်သည်များက ပြောသည်။

လက်ရှိ ဈေးကွက်အတွင်း မတ်ပဲသည် နယ်အသီးသီးမှ ဝင်ရောက်ခြင်း မရှိတော့ဘဲ လှောင်လက် ကုန် သည်များ လက်ထဲ တွင်သာ ရှိသလို ဝယ်လိုအားကောင်း လာသဖြင့် ပစ္စည်းလက်ကျန်လည်း နည်းလာပြီ ဖြစ်ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်က အိန္ဒိယ၏ ပဲဝယ်လိုအားကျခဲ့သဖြင့် ယခုနှစ်တွင် တောင်သူအများစုမှာ မတ်ပဲ စိုက်ပျိုးမှုကို လျှော့ချခဲ့ရာ ယခင်နှစ်ကထက် ပဲအဝင် နည်းကြောင်းလည်း ကုန်သည်များက ပြောဆိုသည်။

မန္တလေးရှိ ရွှေစင်သိန်း ပဲပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က “ဈေးကွက် အလားအလာက အခု အခြေအနေအရကတော့ မှန်းမရ အောင်ပါပဲ။ ပစ္စည်းလက်ကျန်ကလည်း နည်းနေသလို အိန္ဒိယဘက်က ဝယ်လိုအား ကောင်းရင် ကောင်းသလောက် ဈေး က လိုက်မြောက်သွားမှာပဲ” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် မတ်ပဲအသစ် ရာသီသည် လာမည့် ဖေဖော်ဝါရီလမှ ပေါ်မည်ဖြစ်ကာ လက်ရှိ ကြားကာလတွင် အပြောင်းအလဲ မရှိ ဘဲ ဝယ်လိုအားနှင့် ရောင်းလိုအားမမျှပါက မတ်ပဲ ဆက်လက်၍ ဈေးကောင်းနေဦးမည်ဟု ပဲကုန်သည်များက ခန့်မှန်းကြ သည်။

ပြီးခဲ့သည့် နှစ်ပိုင်းက အိန္ဒိယ၏ သွင်းကုန် ပေါ်လစီ အပြောင်းအလဲအရ မြန်မာ့ပဲ ဝယ်ယူခြင်း မပြုခဲ့သဖြင့် မတ်ပဲ တအိတ် လျှင် ၇ သောင်းဝန်းကျင်အထိ ဈေးကျခဲ့ပြီးနောက် မတ်ပဲသည် အိန္ဒိယဝယ်လိုအားကိုသာ မှီခိုနေသည့် စိုက်ပျိုးသီးနှံတခု လည်း ဖြစ်သည်။

မန္တလေး ပဲနှမ်းဈေးကွက် အတွင်း အိန္ဒိယလိုင်း ပို့ကုန်ပဲများအနက် မတ်ပဲတခုသာ အရောင်းအဝယ် သွက်လျက်ရှိပြီး ပဲစင်း ငုံ၊ ပဲတီစိမ်း အစရှိသည့် ပဲများသည် အရောင်းအဝယ် ပုံမှန်သာ ရှိကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှု့ရန်

ကုလားပဲနှင့် စားတော်ပဲ ပြည်ပမှ တင်သွင်းမည်

ပြည်ပ ဝယ်လိုအားများလာ၍ မတ်ပဲ နှင့် ပဲစင်းငုံ ဈေးမြင့်တက် 

ဒေါ်လာဈေး ပြောင်းလဲ၊ ပြည်ပပို့ ပဲဈေးကွက် အေးစက် 

The post အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက် appeared first on ဧရာဝတီ.

]]>
ဆေးကုသခံနေသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ဝန်ကြီးဦးဇာနည်အောင် ခေတ္တ တာဝန်ယူ https://burma.irrawaddy.com/news/2019/11/01/207478.html Fri, 01 Nov 2019 07:47:04 +0000 https://burma.irrawaddy.com/?p=207478 မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေး အခြေ အနေကြောင့် ဆေး ကုသမှု ခံယူနေရသဖြင့် တိုင်းလျှပ်စစ်ဝန်ကြီးအား ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးအပ်ထားကြောင်း သိရ သည်။

The post ဆေးကုသခံနေသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ဝန်ကြီးဦးဇာနည်အောင် ခေတ္တ တာဝန်ယူ appeared first on ဧရာဝတီ.

]]>
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူ နေရသဖြင့် တိုင်းလျှပ်စစ်ဝန်ကြီးအား ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် တိုင်းလျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က “ဝန်ကြီးချုပ်က ကျန်းမာရေးအရ ဘန်ကောက်မှာ ဆေးစစ်နေတာ ဟုတ်တယ်။ ဒါကြောင့် သူ့တာဝန်တွေကို ကျနော့်ကို ယာယီ လွှဲပေးခဲ့တာပါ။ တာဝန် တွေက ပုံမှန် ရုံးလုပ်ငန်း တာဝန်တွေပါပဲ။ ဘာမှထွေထွေထူးထူး မရှိပါဘူး” ဟု ဧရာဝတီကို ပြောပြသည်။

ခေတ္တဝန်ကြီးချုပ်အဖြစ် မည်မျှကြာ တာဝန်ထမ်းဆောင်ရမည် ဆိုသည်ကိုမူ ၎င်းက အသေးစိတ်ပြောကြားခြင်း မရှိပေ။

တိုင်းအစိုးရအဖွဲ့ အတွင်း မူအားဖြင့် ဝန်ကြီးချုပ်သည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့ကို အဓိက တာဝန်ယူသလို အရေးတကြီး ဆုံးဖြတ်ရန်ကိစ္စရပ်များ၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအား အစိုးရအဖွဲ့ အစည်းအဝေး (Cabinet) ဆုံးဖြတ် ချက်ဖြင့် ဆောင်ရွက်လေ့ ရှိကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးချုပ်က တိုင်းအစိုးရ အဖွဲ့အတွင်း ဌာနအလိုက် ဝန်ကြီးများအား သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ပေးထားပြီး ဖြစ် သဖြင့် ယခုလို ဝန်ကြီးချုပ် ကျန်းမာရေးအရ ခေတ္တတာဝန်မှ အနားယူထားစဉ် တာဝန်ထပ်ပိုလာခြင်း မရှိကြောင်း အမည် မဖော်လိုသော တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးက ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ်သည် အောက်တိုဘာ၂၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပါတီ၊ အစိုးရနှင့် လွှတ်တော်တို့ တွေ့ဆုံပွဲသို့ တက်ရောက်မှု အပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် ကျန်းမာရေး စစ်ဆေးမှုခံ ယူနေသည်မှာ ယနေ့ အချိန်ထိ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

တိုင်းဝန်ကြီးချုပ်နှင့် နီးစပ်သည့် ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က “ဘာမှ သေ ချာ မသိရသေးဘူး။ ထောင်ထဲမှာ ရခဲ့တဲ့ ရောဂါလို့ပဲ ပြောတယ်။ အခု လောလောဆယ် အခြေအနေကတော့ ဆေးစစ်နေ တုန်းပဲလို့ သိရသေးတယ်။ ဆရာက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက နေမကောင်း ဖြစ်နေတာ။ သူနိုင်ငံခြား မသွား ခင် ဖုန်းရတော့ ထိုင်းခဏ သွားပြီး ဆေးစစ်လိုက်ဦးမယ် ဆိုတာလောက်ပဲ ပြောပြသွားတာ” ဟု ဧရာဝတီကို ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း အရွေးချယ်ခံခဲ့ရသလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရ မြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒ နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတဦး ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်၄ ဦး ဦးဆောင်မည်

လူထုက ပါတီတခုတည်း ကြည့်၍ မဲပေးမည် မဟုတ်တော့ကြောင်း NLD သတိပေး

The post ဆေးကုသခံနေသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ဝန်ကြီးဦးဇာနည်အောင် ခေတ္တ တာဝန်ယူ appeared first on ဧရာဝတီ.

]]>
စိုက်တိုင်း ရှုံးနေ၍ တောင်သူများ စိုက်ပျိုးရေး မလုပ်ကြတော့ဟု မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော https://burma.irrawaddy.com/news/2019/10/30/207356.html Wed, 30 Oct 2019 15:45:38 +0000 https://burma.irrawaddy.com/?p=207356 အခုက စိုက်စရိတ် ကြီးလာပေမယ့် ပြန်ရတဲ့ အကျိုးအမြတ်ကျ ထင်သလောက် မဟုတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ စိုက်စရိတ် ချေးငွေက ကာလတိုလွန်းတယ်။ အဲဒီအပေါ် တောင်သူက ဖြစ်ဖြစ်မြောက်မြောက် အားကိုးလို့မရဘူး ဖြစ်နေတယ်။

The post စိုက်တိုင်း ရှုံးနေ၍ တောင်သူများ စိုက်ပျိုးရေး မလုပ်ကြတော့ဟု မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော appeared first on ဧရာဝတီ.

]]>
မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမြေများစွာ ရှိသော်လည်း စိုက်တိုင်း အရှုံးပေါ်နေသဖြင့် တောင်သူ အများစုမှာ စိုက်ပျိုးရန် မဝံ့တော့ကြောင်း မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက် မန္တလေးတိုင်းလွှတ်တော်၌ ကျင်းပသော စိုက်ပျိုးရေးနှင့် မွေးမြူ ရေး လုပ်ငန်း လုပ်ကိုင်သူများ မျိုးကောင်းမျိုးသန့်နှင့် သတင်းအချက်အလက်များ ရရှိရေးဆွေးနွေးပွဲတွင် တိုင်းလွှတ်တော် ဥက္ကဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ တိုင်းအတွင်း လူထုတွေ့ဆုံပွဲတွေ သွားရင် ဒေသခံအများစုက စိုက်ပျိုးရေး မလုပ်ကြဘူးလို့ ပြောတယ်။ ဘာလို့လဲ မေးတော့ စိုက်လိုက်တိုင်း ရှုံးလို့ မစိုက်တာမှ တော်သေးတယ် ဆိုပြီး မစိုက်ကြတာလို့ ပြန်ဖြေကြတယ်” ဟု တိုင်းလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောပြသည်။

၂ ရက်ကြာ ပြုလုပ်လျက်ရှိသော ဆွေးနွေးပွဲတွင် မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသော အခက်အခဲများအား တိုင်းလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီဝင်များ၊ စိုက်ပျိုးရေးဆိုင်ရာ အရပ်ဖက် အဖွဲ့ အစည်းများနှင့် တောင်သူများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြပြီး ဆွေးနွေးချက်များ အပေါ် ရေတိုစီမံချက် တရပ် ရေးဆွဲကာ အကောင်အထည် ဖော်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ရာသီဥတု(သို့မဟုတ်) ဈေးကွက်အရ တောင်သူတို့မှာ အထိနာရခြင်း၊ နည်းပညာနှင့် ငွေကြေး ပံ့ပိုးမှုများ လိုအပ်ခြင်းတို့ကြောင့် ရသင့်ရထိုက်သည့် အကျိုးအမြတ် မရှိဘဲ အရှုံး ပေါ်ခြင်းက ပိုများနေကြောင်း တောင်သူ များက ပြောကြသည်။

“အစိုးရအနေနဲ့ ဈေးကွက် ဖော်ဆောင်ပေးဖို့ပေါ့။ အခုက စိုက်စရိတ် ကြီးလာပေမယ့် ပြန်ရတဲ့ အကျိုး အမြတ်က ထင်သလောက် မဟုတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ စိုက်စရိတ် ချေးငွေက ကာလတိုလွန်းတယ်။ အဲဒီအပေါ် တောင်သူက ဖြစ်ဖြစ်မြောက်မြောက် အားကိုးလို့မရဘူး ဖြစ်နေတယ်” ဟု ဝမ်းတွင်းမြို့နယ်မှ စပါးစိုက် တောင်သူ ဦးလှသိန်းက ဧရာဝတီ ကို ပြောသည်။

ထို့အတူ ဝမ်းတွင်းမြို့နယ်အတွင်း စပါးစိုက်ပျိုးရေးတွင် လွန်ခဲ့တဲ့ ၁၀ နှစ်ကဖြင့် နှိုင်းယှဉ်ပါက အထွက်နှုန်းမှာ ၃ ပုံ ၁ ပုံခန့် လျော့ကျလာပြီး မျိုးကောင်းမျိုးသန့်နှင့် အထွက်နှုန်းကောင်းရေးမှာလည်း လက်ရှိ တောင်သူအများစု ကြုံတွေ့နေရသည့် အခက်အခဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းနံဘေးရှိ စိုက်ခင်းများ( ဇော်ဇော်၊ ဧရာဝတီ)

ဝမ်းတွင်းမြို့နယ်မှ တောင်သူဦးမောင်ဆန်းကလည်း “ဒီမှာက နေ့စားကောက်စိုက်ပျိုးနှုတ် လုပ်တဲ့သူကိုလည်း တရက် ၅၀၀၀ လောက်ပေးရတယ်။ အရင်က လုပ်ခက အဲဒီလောက် ဈေးမကြီးဘူး။ အခုကျတော့ လုပ်သားရှားလာတာလည်း ပါတော့ စရိတ်တွေက တက်လာတယ်။ စပါး ၁ တင်း ရောင်းရလို့ ပြန်ရတာနဲ့ ကုန်တာနဲ့က မကာမိဘူး။ ပြီးတော့ စပါးက ဆည်ရေသောက်ဆိုရင် ဆည်ရေက ငန်တော့ ရေရှည်က မြေဆီအပြောင်းအလဲကြောင့် အထွက်နှုန်းလည်း ကျလာတယ်” ဟု ရှင်းပြသည်။

မန္တလေးတိုင်းလွှတ်တော်ဥက္ကဌက ယူနန်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့စဉ်က ရရှိခဲ့သော အတွေ့အကြုံအရ ယင်း ပြည်နယ်တွင်မူ စိုက်ပျိုးရေးကဏ္ဍကို အားပေးသည့် အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအား မျိုးစေ့နှင့် နည်းပညာများအား ပံ့ပိုးပေးရုံသာမက စိုက်ပျိုးရေးကို စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ကန်ထရိုက်လယ်ယာ စနစ်ကို အကောင်အထည်ဖော်ပေးကြောင်း တွေ့ရသည်ဟု ရှင်းပြသည်

ထိုသို့ ရရှိသည့် အကျိုးအမြတ် အပေါ် တောင်သူက ၇၀ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၃၀ ရာခိုင်နှုန်း ခွဲဝေသဖြင့် စိုက်ပျိုး တောင်သူ အနေဖြင့် လုပ်ငန်းအပေါ် စိတ်ပျက် အားလျော့ခြင်း မရှိသလို စိုက်ပျိုးရေးကဏ္ဍသည်လည်း ပိုမိုဖွံ့ဖြိုးလာသည်ဟု သူက ပြောသည်။

သို့သော် မန္တလေးတိုင်းဒေသကြီးမှ တောင်သူများဘက်ကမူ ထိုစနစ်သည် ပြည်တွင်းတွင် စိတ်ဝင်စားမှု အားနည်းကြောင်း ထောက်ပြကြသည်။

မန္တလေးတိုင်း တောင်သာမြို့နယ်က တောင်သူ ကိုမောင်တူး ကလည်း “ကုန်သည် အများစုကလည်း တောင်သူနဲ့ အရောင်း အဝယ် သဘောက လွဲပြီး ကန်ထရိုက်လယ်ယာ ပုံစံမျိုးလုပ်ဖို့ စိတ်ဝင်စားမှုနည်းတယ်။ ဒီအပေါ်မှာ တာဝန်ရှိသူ တွေက ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ မူ၊ ပုံစံလေးချပေးရင်တော့ ကောင်းတာပေါ့”ဟု ပြောသည်။

မန္တလေးတိုင်းအတွင်း စုစုပေါင်း မြေဧရိယာ၏ ၄၄ ရာခိုင်နှုန်းသည် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်သော မြေများ ဖြစ်ပြီး ဧကအားဖြင့် ၃၃ သိန်းကျော်ရှိရာ အများအားဖြင့် စပါး၊ ဆီထွက်သီးနှံ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ တို့ကို အများဆုံး စိုက်ပျိုး ကြကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး စီးပွားရေး အခြေအနေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်နေရာ ယင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တောင်သူများ အကျိုးရှိမည့် ရေတိုစီမံကိန်းများအား တိုင်းအစိုးရအနေဖြင့် ၎င်းတို့ တာဝန် ယူထားသည့် သက်တမ်း အတွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီက သက်ဆိုင်ရာမြို့နယ်များသို့ ကွင်းဆင်းကာ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အကြံဉာဏ်များ ရယူခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The post စိုက်တိုင်း ရှုံးနေ၍ တောင်သူများ စိုက်ပျိုးရေး မလုပ်ကြတော့ဟု မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော appeared first on ဧရာဝတီ.

]]>
မန္တလေး ကျောက်မျက်ပြပွဲ ကျောက်စိမ်းတွဲ ရောင်းချရငွေ ကျပ်သိန်းပေါင်း ၃ သိန်းကျော် ရရှိ https://burma.irrawaddy.com/business/2019/10/30/207263.html Wed, 30 Oct 2019 07:14:45 +0000 https://burma.irrawaddy.com/?p=207263 ပြပွဲမှ ရောင်းချပြီးသော လေလံအောင် ကျောက်များအား ပြပွဲပြီးသည့်နေ့မှ တလအတွင်း လေလံအောင် ကုန်သည်မှ လာ ရောက် ထုတ်ယူရမည်ဖြစ်ပြီး တလကျော်ပါက ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို အာမခံ တင်ထား သည့် ငွေ အဆုံးဟု သတ်မှတ်ထားကြောင်း သိရသည်။

The post မန္တလေး ကျောက်မျက်ပြပွဲ ကျောက်စိမ်းတွဲ ရောင်းချရငွေ ကျပ်သိန်းပေါင်း ၃ သိန်းကျော် ရရှိ appeared first on ဧရာဝတီ.

]]>
မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ကျောက်မျက်ပြပွဲ၌ ကျောက်စိမ်းတွဲ ရောင်းရငွေ ကျပ် သိန်းပေါင်း ၃ သိန်း ကျော် ရရှိခဲ့ကြောင်း အဆိုပါ ပြပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင်က ဧရာဝတီကို ပြောသည်။

“မန္တလေးမှာ ပထမဆုံး လုပ်တဲ့ပွဲ ဖြစ်ပေမယ့် ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ မမှန်းခဲ့တာပါ။ ဈေးကွက်နဲ့ အရင်း အမြစ်ရှိတဲ့နေရာမှာ သေချာ ချပြနိုင်လို့ အောင်မြင်ခဲ့တာလို့ ယူဆပါတယ်။ အခု ပွဲရဲ့အားနည်းချက်၊ အားသာချက်တွေကို နမူနာယူပြီး နောင်နှစ်ပွဲတွေမှာ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေး ကွန်ဗင်းရှင်း စင်တာတွင် အောက်တိုဘာလ၂၃ မှ ၂၉ ရက် အထိ ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက် မျက်ရတနာ ကျပ်ငွေဖြင့် ရောင်းချပွဲကို တပတ်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြပွဲတွင် ကျောက်စိမ်း အရိုင်းထည်များအား အဓိကထား လေလံစနစ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း ကျောက်ကုန်သည် ၆၀၀၀ ခန့်နှင့် ပြည်ပ ကုန်သည် ၅၀၀ ခန့် လာရောက် လေ့လာခဲ့ကြသလို ကျောက်စိမ်း အရိုင်းထည် အတွဲပေါင်း ၁၈၇၆ တွဲ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃ သိန်းကျော် ရရှိခဲ့သည်ဟု ပြပွဲ ကျင်းပရေး ကော်မတီက သိရ သည်။

ပြပွဲမှ ရောင်းချပြီးသော လေလံအောင် ကျောက်များအား ပြပွဲပြီးသည့်နေ့မှ တလအတွင်း လေလံအောင် ကုန်သည်မှ လာ ရောက် ထုတ်ယူရမည်ဖြစ်ပြီး တလကျော်ပါက ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို အာမခံ တင်ထားသည့် ငွေ အဆုံးဟု သတ်မှတ်ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ကျောက်မျက်ပြပွဲ (ဓာတ်ပုံ-မြတ်ပြည့်ဖြိုး/ဧရာဝတီ)

ယခုပြပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေး တိုင်း) က ဦးစီးကာ ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပွဲရလဒ်၊ ကုန်သည်များ၏ အရောင်းအဝယ် အခြေအနေအပေါ် မူတည်ကာ နှစ်တိုင်း ကျင်းပနိုင်ရန် အစီအစဉ် ရှိကြောင်း ပြပွဲ ပထမနေ့က မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ယခု ပြပွဲတွင် နည်းပညာဆိုင်ရာ အခက်အခဲအချို့ကြောင့် ဝင်ခွင့်ကတ် ကိစ္စတွင် အဆင်မပြေမှုများ ကြုံခဲ့သည်ဟု ပြပွဲသို့ တက်ရောက်ခဲ့သော ကုန်သည်အချို့ပြောကြပြီး နောင်နှစ်ပြပွဲများတွင် ထိုသို့ အခက်အခဲမျိုး မရှိရန် အကောင်းဆုံး ပြင်ဆင် သွားမည်ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေးတိုင်း) ဥက္ကဋ္ဌ ဦးသန်းဝင်းက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ အနေနဲ့ ကျောက်သမားဆိုတော့ ကျောက်အကြောင်းပဲ ကောင်းကောင်း နားလည်တယ်။ ပြပွဲ စီစဉ်တာမျိုးမှာ ကျတော့လည်း အားလုံး အဆင်ပြေအောင် လုပ်ခဲ့ပေမယ့် အတွေ့အကြုံနုသေးတော့ အဆင်မပြေတာလေးတွေ ရှိခဲ့တဲ့ အတွက်လည်း ကိုယ့်ကျောက် လောကသားတွေကို တောင်းပန်ပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေး ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၀၀၀ ခန့်ကို ခင်းကျင်းပြသခဲ့ပြီး ကျောက်စိမ်း အချောထည် အပါ အဝင် ကျောက်မျက် ရတနာဆိုင်ခန်းပေါင်း ၅၀ ခန့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

မန္တလေးကို နိုင်ငံ၏ အဓိက ကျောက်စိမ်းဈေးကွက်ဖြစ်ရေး ဝန်ကြီးချုပ် တိုက်တွန်း

မန္တလေး ကျောက်မျက်ပြပွဲ We Chat ဖြင့် ရောင်းဝယ်ခြင်း၊ လုံးဝခွင့်ပြုမည်မဟုတ်

တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက်

The post မန္တလေး ကျောက်မျက်ပြပွဲ ကျောက်စိမ်းတွဲ ရောင်းချရငွေ ကျပ်သိန်းပေါင်း ၃ သိန်းကျော် ရရှိ appeared first on ဧရာဝတီ.

]]>
အဖိုးတန်သယံဇာတ တွေ့ရင် ဒေသအာဏာပိုင်ကတဆင့် အပ်နှံဖို့ စာချုပ်မှာ ထည့်သင့်တယ် https://burma.irrawaddy.com/opinion/interview/2019/10/30/207224.html Wed, 30 Oct 2019 03:30:25 +0000 https://burma.irrawaddy.com/?p=207224 အဓိကကတော့ နယ်မြေ လုံခြုံရေးပေါ့။ တချို့နေရာတွေက မငြိမ်းချမ်းသေးတဲ့ အညိုရောင် နယ်မြေတွေ ဖြစ်နေ တယ်။ တချို့နေရာတွေက သုတေသန လုပ်ဖို့ လိုပေမယ့် နယ်မြေ အခြေအနေအရ လုပ်ခွင့် မသာတာတွေ ရှိခဲ့ တယ်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း နယ်မြေလုံခြုံရေး သိပ်မကောင်းတဲ့ နေရာတွေဆို ခွင့်ပြုချက် မပေးဘူး။ အရင်ကတော့ တော်သေးတယ်။ အခုက ပဋိပက္ခ ဖြစ်နေတော့ ပိုဆိုးသွားတယ်။

The post အဖိုးတန်သယံဇာတ တွေ့ရင် ဒေသအာဏာပိုင်ကတဆင့် အပ်နှံဖို့ စာချုပ်မှာ ထည့်သင့်တယ် appeared first on ဧရာဝတီ.

]]>
တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် တရုတ်-မြန်မာစီးပွားရေး စင်္ကြန် စီမံကိန်း ခေါင်းစဉ်အောက်တွင် တခု အပါအဝင် ဖြစ်သော မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု အစီအစဉ် စတင်နိုင်ရန် တရုတ်နိုင်ငံပိုင် လုပ်ငန်း တခုဖြစ်သော China Railway Eryuan Engineering Group (CREEG) နှင့် မြန်မာအစိုးရ က ၂၀၁၈ ခုနှစ် အောက်တိုဘာက နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့သည်။

နှစ်နိုင်ငံ အစိုးရ၏ ကနဦး သဘောတူညီချက်များအရ အဆိုပါ ရထားလမ်း စီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူ မင်းမြို့မှ စတင်ကာ မြန်မာနိုင်ငံ မန္တလေးမြို့တွင် အဆုံးသတ်မည် ဖြစ်ပြီး မိုင်ပေါင်း ၂၅၀ ကျော် ရှိသည့် အထက်ပါ ခရီး လမ်းကြောင်းအား ၃ နာရီဖြင့် ခုတ်မောင်းမည့် လျှပ်စစ် အမြန်ရထား စီမံကိန်းလည်း ဖြစ်သည်။

အမေရိကန် ဒေါ်လာ ၉ ဘီလီယံ နီးပါး ကုန်ကျမည့် တရုတ် ရင်းနှီးမြှုပ်နှံမှု ဖြစ်သော ယင်းစီမံကိန်း အတွက် ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်နိုင်ရန် မြေပြင် လေ့လာရေးကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့သည်ဟု သိရသည်။

ထိုသို့ ဖြစ်နိုင်ခြေ လေ့လာမှု (Feasibility Study -FS Report) အတွက် ပြည်တွင်းမှ Ever Green Tech Environmental Services & Training ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ အဖွဲ့အစည်း အနေဖြင့် စီမံကိန်းနှင့် ပတ်သက်သော သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုစီးပွားနှင့် ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍတို့တွင် ထိခိုက်နိုင်ခြေ အလားအလာများ၊ အကျိုး အပြစ်များအား လေ့လာ သုံးသပ်ကာ အစိုးရသို့ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

ဒေါက်တာ တင်အောင်မြင့်သည် အဆိုပါ ဖြစ်နိုင်ခြေ လေ့လာမှု တာဝန်ယူထားသော အဖွဲ့၏ အဖွဲ့ဝင်တဦး ဖြစ်ပြီး ရထား လမ်းပိုင်းအတွင်း ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အတွက် တာဝန်ယူထားသူလည်း ဖြစ်သည်။

မူဆယ်-မန္တလေးရထားလမ်းသစ် စီမံကိန်းနှင့် ပတ်သက်သော မြေပြင်ကွင်းဆင်း လေ့လာမှု အခြေအနေ ၊ ဒေသခံများ၏ သဘောထား အစရှိသော အကြောင်းအရာများအား မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ် မြောက်နိုင်ခြေ လေ့လာမှု(Feasibility Study- FS) တာဝန်ယူဆောင်ရွက်နေသော Third Party ပညာရှင် အဖွဲ့မှ အဖွဲ့ဝင် လည်း ဖြစ်သည့်၊ မန္တလေး တက္ကသိုလ်၊ ဘူမိဗေဒဌာန၏ တွဲဖက် ပါမောက္ခ ဒေါက်တာ တင်အောင်မြင့်အား ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ ဆရာတို့ အဖွဲ့အနေနဲ့ မြေပြင် ကွင်းဆင်းလေ့လာမှုတွေ ဘယ်တုန်းက စခဲ့ပါသလဲ။ ဆရာအနေနဲ့ ဘယ်လို အပိုင်းတွေကို အဓိက တာဝန်ယူခဲ့သလဲ ဆိုတာ သိပါရစေ။

ဖြေ။ ။ ပြီးခဲ့တဲ့ဇွန်လကနေ စပြီး မြေပြင်ကွင်းဆင်းလေ့လာမှုမှာ စတင် ပါဝင်ခဲ့တယ်။ ဆရာက ဘူမိဗေဒနဲ့ ပတ်သက်တဲ့ ရထားလမ်း ဖောက်လုပ်မယ့် လမ်းတလျှောက်က အောက်ခံမြေသား ကျောက်သားတွေ အခြေအနေ၊ ပြတ်ရွေ့တွေ၊ တွန့်ခေါက်ကျောက်သား အခြေအနေတွေ၊ ရထားလမ်း အူကြောင်း ကောင်းမကောင်း မြေသား စစ်ဆေးမှုတွေ ကို အဓိက တာဝန်ယူ လေ့လာခဲ့တယ်။

ဆရာက မန္တလေးတက္ကသိုလ်မှာ တာဝန်ကျတာဖြစ်တဲ့ အတွက် မန္တလေးအထက် လားရှိုးလောက်အထိ ဒီစီမံကိန်းမတိုင်ခင် ကလည်း အထပ်ထပ်အခါခါ ကွင်းဆင်းဖူးတဲ့ အတွေ့အကြုံတွေကတော့ ရှိနေပြီးသား ဖြစ်တယ်။

မေး။ ။ အဲဒါဆိုရင် မြေပြင်ကွင်းဆင်း လေ့လာခဲ့သလောက် ဘယ်လို အခြေအနေတွေ အဓိက တွေ့ရသလဲ။ ဘာထူးခြား ချက်တွေ လေ့လာ တွေ့ရှိခဲ့ရသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ၄ လတာ ကာလအတွင်းမှာ မန္တလေးကနေ နမ့်ဖတ်ကာ မရောက်ခင်အထိ ကွင်းဆင်းပြီးပြီ။ အဲဒီ အထက် ပိုင်းကတော့ လုံခြုံရေး အခြေအနေအရ ကွင်းဆင်းဖို့ အခုထိ အခွင့်မသာသေးဘူးပေါ့နော်။ လေ့လာ တွေ့ရှိရ သလောက် မှာ ရထားလမ်းပိုင်း တလျှောက် အောက်ခံကျောက်တွေက ထုံး ကျောက်တွေ များတယ်။ အဲဒီမှာမှ သက်တမ်း အမျိုးမျိုး ရှိ တယ်။ နှစ်သန်းပေါင်း ၂၇၀ ကနေ ၄၀၀ လောက် အထိ ရှိတဲ့ကျောက်တွေ ရှိတယ်။

ပြီးတော့ အဲဒီတလျှောက်မှာ ပြတ်ရွေ့ကြောတွေ ဖြတ်သွားခဲ့လို့ တွန့်ခေါက်သွားတဲ့၊ ပြတ်ရွေ့သွားတဲ့ ကျောက်လွှာတွေ လည်း တွေ့ရတယ်။ ဥပမာ – နောင်ချိုမြို့ အနီးက ကျောက်ကြမ်းရွာနားမှာဆို ကျောက်ကြမ်းပြတ်ရွေ့ ဆိုတာ တွေ့ရတယ်။ ပြီးတော့ ဂုတ်ထိပ်နားမှာ တခုပေါ့။

ဒါပေမယ့် ဂုတ်ထိပ်နားက ပြတ်ရွေ့ကတော့ Active သိပ်မဖြစ်တော့ဘူး။ သိပ်စိတ်ပူစ ရာ မလိုတဲ့ အနေအထားပေါ့။ ဒါပေမယ့် ကျောက်ကြမ်းရွာနားက ပြတ်ရွေ့ကတော့ နည်းနည်းသတိထားဖို့ လိုပါမယ်။

သူက အရင်လှုပ်ခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ၁၉၁၂ ခုနှစ်လောက်က အဲဒီပြတ်ရွေ့က လှုပ်ခဲ့တဲ့ ငလျင်ပမာဏက ရစ်ချ်တာစကေး ၈ လောက် အထိ ရှိခဲ့တယ်။

အဲဒါကြောင့် သူ့ကို သတိထားဖို့တော့ လိုမယ်။ အဲဒီတော့ ရထားလမ်းဖောက် လုပ်တဲ့အခါမှာ အဲဒီ ငလျင်ဒဏ် စကေးကို ခံနိုင်မယ့် Infrastructure တွေ ထည့်သွင်း ဖောက်လုပ်မှ အဆင်ပြေမယ်။

မဟုတ်ရင်တော့ အကျိုး သိပ်မရှိဘူး။ အဲဒါကို ဆရာ အစီရင်ခံစာမှာ ထည့်ရေးမှာပါ။ ဘူမိဗေဒနဲ့ ပတ်သက်ပြီး တွေ့တာ ကတော့ အများကြီးပေါ့။

တချို့ကျောက်လွှာတွေဆို ယိုပေါက်တွေ ရှိတယ်။ ရေလာတယ်။ မြေအောက် ရေစီးဆင်းမှုကနေ ယိုစိမ့်သွားတာ ရှိတယ်။ လိုဏ်တွေ ဖောက်တဲ့အခါ ဖောက်မယ့်ကျောက်တွေရဲ့ ခံနိုင်ရည်နဲ့ ဒီဇိုင်းက အရေးကြီးတယ်။ အဲဒီလို မဟုတ်ရင်တော့ တောင်ပြို မြေပြိုမှုတွေ ဖြစ်ဖို့ အလားအလာ ရှိပါတယ်။

အထူးသဖြင့် နမ့်ဖတ်ကာနဲ့ မူဆယ်တကြောပေါ့။ အမှန်က တောင်ပြိုမြေပြိုတယ် ဆိုတာက အတွင်းမြေသားထဲမှာ ရေစိမ့် ထွက်စရာ လမ်းကြောင်း မရှိဘဲ ရေဝပြီး မြေသားတွေ ပြိုကျလာတာ။

အဲဒီတော့ မြေသားအတွင်းပိုင်း ရေစိမ့်ဝင်တာကို ဘယ်လို ထုတ်မလဲပေါ့။ အဲဒါကို ထုတ်နိုင်ရင် ရေမအောင်းတော့ရင် ပြဿနာ မရှိဘူး။ အဲဒီရေတွေ ထွက်အောင် လုပ်မယ့် စနစ်ပေါ့။

အဲဒါက အင်ဂျင်နီယာ နည်းပညာက အရေးပါသွားတာ ပေါ့။ အဲဒါကိုလဲ အကြံပြုချက်ထဲမှာလည်း ထည့်ရေးသွားမှာ ဖြစ်ပါတယ်။ ဖောက်မယ့်ကုမ္ပဏီက အတွေ့အကြုံရှိပြီးသားပါ။ ဒါပေမယ့် ကိုယ့်ဘက်က လိုအပ်မယ် ထင်တာတွေကို အကုန်ခြုံမိအောင် ထည့်ပြောဖို့တော့ လိုတာပေါ့။

မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု(Feasibility Study- FS) အဖွဲ့၏ အဖွဲ့ဝင် ဒေါက်တာ တင်အောင်မြင့်

မေး။ ။ မြေပြင်ကွင်းဆင်းမှုမှာ ဆရာတို့ အဖွဲ့အပြင် တခြား ဘယ်အဖွဲ့အစည်းတွေ ပါဝင်သေးလဲ။

ဖြေ။ ။ ဆရာတို့ကတော့ ကိုယ့်အဖွဲ့နဲ့ပဲ သွားတာပဲ။ တခြား ဘယ်အဖွဲ့မှ မပါဘူး။ တရုတ်ဘက်ကလည်း သူ့ဘာသူတော့ ကွင်းဆင်းတယ် လို့တော့ ကြားတယ်။

မေး။ ။ ကွင်းဆင်းစစ်ဆေးတဲ့ အခါမှာ ဘယ်လို အခက်အခဲမျိုးတွေ ကြုံခဲ့ရပါသလဲ။

ဖြေ။ ။ အဓိကကတော့ နယ်မြေ လုံခြုံရေးပေါ့။ တချို့နေရာတွေက မငြိမ်းချမ်းသေးတဲ့ အညိုရောင် နယ်မြေတွေ ဖြစ်နေ တယ်။ တချို့နေရာတွေက သုတေသန လုပ်ဖို့ လိုပေမယ့် နယ်မြေ အခြေအနေအရ လုပ်ခွင့် မသာတာတွေ ရှိခဲ့တယ်။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း နယ်မြေလုံခြုံရေး သိပ်မကောင်းတဲ့ နေရာတွေဆို ခွင့်ပြုချက် မပေးဘူး။ အရင် ကတော့ တော်သေးတယ်။ အခုက ပဋိပက္ခ ဖြစ်နေတော့ ပိုဆိုးသွားတယ်။

အထူးသဖြင့် နမ့်ဖတ်ကာတို့လို နေရာမျိုးပေါ့လေ။ ဒါပေမယ့် အဲဒီလိုမဆင်းနိုင်တဲ့ နေရာမျိုးမှာ ကျနော်တို့ဘက်က GPS ကလည်း ကြည့်တာမျိုး လုပ်သလို သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာ တခြား ဂြိုလ်တု မြေပုံတွေကနေလည်း ကြည့်တာမျိုး တော့ လုပ်တယ်။

မေး။ ။ အဲဒီလို အခက်အခဲတွေ ရှိတယ်ဆိုတော့ လက်ရှိ ကွင်းဆင်းခဲ့ရတဲ့ အခြေအနေအပေါ်မှာ စိတ်ကျေနပ်မှု အပြည့် အ၀ ရှိပါလား။

ဖြေ။ ။ ရာနှုန်းပြည့်တော့ အားမရဘူး။ ဘာလို့လဲ ဆိုတော့ ကွင်းဆင်းတာကလဲ တကြိမ်နဲ့ တကြိမ် မတူဘူးလေ။ များများ မြင်ရလေ များများယုံလေပဲ ဆိုတော့ ရာခိုင်နှုန်းအားဖြင့် ပြောရရင်တော့ ၇၀ ရာခိုင်နှုန်းလောက်တော့ စိတ်ကျေနပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နမ့်ဖတ်ကာ ဘက်ကိုတော့ တက်ဖို့ စီစဉ်နေတယ်။ လုံခြုံရေး အခြေအနေ တချက်ကြည့်ပြီးတော့ပေါ့။ အဲဒါပြီး သွားရင်တော့ ကျနော် တာဝန်ယူထားတဲ့ ဘူမိဗေဒနဲ့ ဆိုင်တဲ့ Report ကို စရေးမယ်။

မေး။ ။ ဆရာတို့ FS report ကိုကျ ဘယ်တော့လောက် အပြီးတင်ရမယ်လို့ အချိန် သတ်မှတ်ထားလဲ။
ဖြေ။ ။ အဲဒီလိုတော့ မရှိပါဘူး။ တဖက်ကျတော့လည်း မြန်မြန် အစီရင်ခံစာ တင်ဖို့ လောတာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော့် တဦးတည်း အမြင်ကျတော့လည်း ပြီးပြည့်စုံမှု မရှိဘဲ ရီပို့ကို မတင်ချင်ဘူး။ မြန်တိုင်းလည်း မကောင်းဘူးလေ။

ကိုယ်တာဝန်ယူပြီး ပြောတဲ့အရာက တချိန်ကျမှ လိုအပ်ချက်တွေ ရှိလာမှာကို စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ အစိုးရက ကိုယ့်ရဲ့ အစီရင်ခံစာကို အခြေခံပြီး စီမံကိန်း အကောင်အထည်ဖော်မယ်၊ မဖော်ဘူး ဆိုတာကို စဉ်းစားဆုံးဖြတ်မှာ ဆိုတော့ ကျနော်တို့ အတွက် လည်း တာဝန်ကြီးပါတယ်။

မေး။ ။ ဒီစီမံကိန်းအပေါ် စောင့်ကြည့်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တချို့ကလည်း ဝေဖန်တာမျိုး ရှိတယ်။ စီမံကိန်း ဖြစ် နိုင်ခြေ လေ့လာရတဲ့ Third Party အဖွဲ့ကိုလည်း စီမံကိန်း အကောင်အထည်ဖော်မယ့် တဖက်နိုင်ငံ ကုမ္ပဏီက ငွေကြေးနဲ့ ငှားရမ်းတာဆိုတော့ Third Party က တင်လာမယ့် အစီရင်ခံစာက တဖက်ကို ယိမ်းမဲ့ အနေအထားမျိုး ရှိလာနိုင်မယ်ဆို တာမျိုး သုံးသပ် ဝေဖန်ကြတဲ့ အပေါ်ကော ဘယ်လို ဖြေကြားချင်ပါသလဲ။

ဖြေ။ ။ အစီရင်ခံစာက သူ့ကဏ္ဍ အလိုက်၊ အပိုင်းလိုက် ပညာရှင်တွေ ပါဝင်လုပ်ကြတယ်။ အဲဒီအပေါ်မှာ အစီရင်ခံစာ တခု လုံးကို ခြုံငုံပြောဖို့ ဆိုတာထက် ကိုယ့်တာဝန်ယူတဲ့ အပိုင်းမှာတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးစီးပွားအတွက်ပဲ ရှေးရှု လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ သမိုင်းတရားခံ မဖြစ်လိုပါဘူး။

မေး။ ။ ဆရာတို့ အနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် အသီးသီး မြေပြင်ကွင်းဆင်းမှုတွေ လုပ်ကြတယ်။ ဒေသခံတွေနဲ့ တွေ့တာမျိုးတွေ ရှိတယ်။ အဲဒီတော့ ဒီရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဘုံတူညီတဲ့သဘောထား ဒါမှ မဟုတ် အဓိကစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရပါသလဲ။

ဖြေ။ ။ ဒေသခံ အများစုသဘောထားကတော့ မြေလျော်ကြေးတွေ တောင်းသလောက် မရဘဲ ကာလပေါက်ဈေးထက် နည်းမှာ မျိုးတွေ၊ သူတို့မြေယာတွေမှာ ထွန်ယက် စားသောက်ဖို့ အခွင့်အလမ်း မရတော့မှာတွေကို ဓာတ်ငွေ့ပိုက်လိုင်းတုန်း က ကြုံခဲ့ရတယ်ပေါ့။

အဲဒီတော့ အခု ဒီရထားလမ်း စီမံကိန်းမှာလည်း အဲဒီလို အလားတူ ပြဿနာတွေ ကြုံရမှာကို စိုးရိမ် တယ်။ အဲဒီတော့ ဒီရထားလမ်းဖောက်ခြင်း အားဖြင့် သူတို့ လူနေမှု အဆင့်အတန်းတွေ မြင့်မလာနိုင်ဘူးလို့ ပြောတာမျိုး လည်း ရှိတယ်။

တချို့ကျလည်း ဘာလို့ တရုတ်နဲ့ ဖောက်မှာလဲ။ လက်ရှိသုံးနေတဲ့ မန္တလေး-လားရှိုး ရထားလမ်းကို မူဆယ် အထိ ကိုယ့်ဘာ ကိုယ် အဆင့်မြှင့်ရင် မဖြစ်နိုင်ဘူးလား။ သူများနိုင်ငံနဲ့ ဘာလို့ ပူးပေါင်းချင်တာလဲ ဆိုတာမျိုးတွေ မေးတာမျိုးလည်း ရှိတယ်။ တကယ်လည်း အဲဒီလမ်းပိုင်းမှာ ရထားလမ်းအဟောင်းကို သုံးနေတဲ့ ရွာတွေ ရှိတယ်။ ကားလမ်းလည်း မပေါက်ဘူး။

အဲဒီတော့ လမ်းသစ်ဖောက်ပြီးရင် ရထားလမ်းအဟောင်းကို ဘာလုပ်မှာလဲ။ မြန်မာ့မီးရထားကတော့ အဟောင်းကိုလဲ ဆက်သုံးမယ်လို့ ပြောတယ်။ တချို့ကျတော့လဲ ဒီရထားလမ်းဖောက်ခြင်းက ဒေသဖွံ့ဖြိုးမှု အတွက် လိုအပ်တယ်။ နောင်မှာ လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး အတွက် လိုအပ်တယ်လို့ မြင်တဲ့ အမြင်တွေလည်း ရှိတယ်။

မေး။ ။ ပုသိမ်ကြီးမှာ လုပ်သွားတဲ့ Public Meeting မှာ မူဆယ်-မန္တလေးရထားလမ်းပိုင်းမှာ အဖိုးတန် သယံဇာတတွေ ရှိ တဲ့ အနေအထားမျိုး ရှိတယ်။ ဒါတွေကို ရထားလမ်းဖောက်မယ့် တဖက်နိုင်ငံ ကုမ္ပဏီက သူတို့နိုင်ငံတွင်း သယ်ယူသွား တာမျိုး၊ Processing လုပ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ လိုတယ်လို့ ဆရာပြောခဲ့တယ်။ အဲဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ ကာကွယ်သင့်တယ်၊ ဘယ်လိုလုပ်သင့်လဲ ဆိုတာ အကြံပြုလိုပါသလဲ။

ဖြေ။ ။ အရင် စီမံကိန်းတွေမှာ ဒီလိုကိစ္စမျိုးတွေက ကြားနေရ ကြုံနေရတယ်လို့ သိရပါတယ်။ ဒီရထားလမ်းသွားရာ လမ်း တလျှောက်မှာလည်း အဖိုးတန် သယံဇာတတွေက ရှိနေတယ်။

အကယ်၍ ဥမင်ဖောက်တဲ့အခါ တွေ့မသွားနိုင်ဘူးလို့ ဘယ် သူမှ အတပ် မပြောနိုင်ဘူး။ အဲဒီအပေါ်မှာ အစိုးရက မူဝါဒချမှတ်တာဖြစ်ဖြစ်၊ စီမံကိန်း စာချုပ်မှာ အကယ်၍ စီမံကိန်း နယ် မြေမှာ အဖိုးတန် သယံဇာတ တစုံတရာ တွေ့ရှိခဲ့ရင် ဒေသဆိုင်ရာ အာဏာပိုင်က တဆင့် အပ်နှံဖို့၊ သတင်း အချက် အလက်ပေးဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့ ဆိုတာမျိုးတွေ ထည့်သွင်း ချုပ်ဆိုသင့်ပါတယ်။

အဲဒီလို မဟုတ်ရင်တော့ ကိုယ့်နိုင်ငံ ရဲ့ရတနာတွေ တဖက်နိုင်ငံကို လွယ်လင့်တကူ ပါသွားနိုင်ပါတယ်။

မေး။ ။ ဆရာလည်း အထိုက်အလျှောက် ကွင်းဆင်းလေ့လာမှုတွေ လုပ်ခဲ့ပြီးပြီ ဆိုတော့ ဆရာ တာဝန်ယူထားတဲ့ ဘူမိဗေဒ ရှုထောင့်အရ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ရှိပါသလဲ။ ပြီးတော့ လေ့လာဆန်းစစ်မှု တွေကို အခြေခံပြီး အစိုးရကို ဘယ်လို အကြံပြုချင်ပါသလဲ။

ဖြေ။ ။ ကျနော်တာဝန်ယူတဲ့ ဘူမိဗေဒပညာရှုထောင့် တခုတည်းအရ ဆိုရင်တော့ ရထားလမ်းစီမံကိန်းက ဖြစ်နိုင်ဖို့ အခြေ အနေကတော့ ရှိတယ်။

ဒါပေမယ့် တခြားကဏ္ဍတွေဘက်က အခြေအနေတွေ ထည့်သွင်းစဉ်းစားမယ် ဆိုရင်တော့ ဒေသခံ တွေရဲ့သဘောထား၊ သူတို့ရဲ့တရုတ် အပေါ်မြင်နေတဲ့ အမြင်၊ လက်ရှိ ကိုယ့်နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေး၊ ပထဝီ နိုင်ငံရေး စတဲ့ အခြေအနေတွေ ပေါ်မှာလည်း ဖြစ်နိုင်ခြေ ရှိ မရှိက မူတည်သွားမှာပါ။

စီမံကိန်းကလည်း ကြီးတဲ့အတွက် အလောတကြီးနဲ့ လုပ်တာထက် အချိန်ယူပြီး လုပ်မှ အဆင်ပြေမယ်။ အချိန်ယူဖို့ဆိုတာ အရမ်း တွန့်ဆုတ်နေတာမျိုး မဟုတ်ဘဲ ပြည်သူလူထု ကျေနပ်မယ့် စီမံကိန်းမျိုး အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။

အဲဒီတော့ ဘာပြဿနာမှ မရှိဘူး အကောင်အထည် ဖော်ဖြစ်ရင်တော့ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ်။ ဒါပေမယ့် ကိုယ့် နိုင်ငံက သူတို့နဲ့ယှဉ်ရင် အဘက်ဘက်က နိမ့်ကျနေသေးတော့ ကိုယ့်နိုင်ငံဘက်က အကျိုးစီးပွား အသာရခြင်း၊ မရခြင်း ထက်ကို Safe Side ဖြစ်အောင် လုပ်သင့်တယ်။

ကမ္ဘာမှာ ပြောင်းလဲနေတဲ့ Political Trend ကို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ဖို့လိုပါတယ်။ ပြီးတော့ စီမံကိန်းပါ တချို့ စာချုပ် အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း နှစ်ဖက်ဆွေးနွေးပြီး သဘောတူညီမှုရမှ စီမံကိန်းကို စသင့်တယ်။ စီမံကိန်း အကောင်အထည် ဖော်တဲ့အချိန် နိုင်ငံတကာ တင်ဒါတွေ ခေါ်တဲ့အခါ ကျရင်လည်း ရထားလမ်းပိုင်းကြီး တခုလုံး ကို တင်ဒါပေးတာထက် လမ်းပိုင်းအလိုက် မြန်မာ့မီးရထားက အပိုင်းခွဲပြီး တင်ဒါပေးတာက ပိုပြီး အဆင်ပြေမယ်။

ဒါမှ Quality Control ကို ထိန်းပြီးသား ဖြစ်နိုင်သလို အချင်းချင်းလည်း စောင့်ကြည့်ပြီးသား ဖြစ်မယ်။ နောက်တခုက ဒါက ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်သလို နိုင်ငံ ၂ နိုင်ငံကို ချိတ်ဆက်မယ့် စီမံကိန်း ဖြစ်တာကြောင့် နိုင်ငံတကာ ပညာရှင်တွေရဲ့ အကြံဉာဏ်ကိုလည်း ယူသင့်ပါတယ်။

မေး။ ။ ဒေသခံတွေကိုရော စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာများ အကြံပြုချင်ပါသလဲ။

ဖြေ။ ။ ဒီစီမံကိန်းဟာ တရုတ်-မြန်မာ စီးပွားရေး စြင်္ကံရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ကိုယ့်တိုင်းပြည် အတွက် ကောင်း တာလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိလာနိုင်မယ်။

အဲဒီတော့ ဒေသခံတွေ၊ ကိုယ့်လူမျိုးတွေက အမြင်ကျယ် ဖို့လိုပါ တယ်။ တခါတရံ အခွင့်အလမ်းတွေက နိုင်ငံရေးနဲ့ နွယ်ပြီး ရောက်လာတတ်သလို အဲဒီအပေါ်မှာ အကောင်းဆုံး ကစားနိုင် ဖို့ လိုအပ်ပါတယ်။ လက်ရှိ အနေအထား တခုထက်ကို ရှေ့အနာဂတ်၊ ကိုယ့်မျိုးဆက် အတွက်ပါ ထည့်သွင်း စဉ်းစားဖို့လို ပါတယ်။

ဆက်စပ် ဖတ်ရှုရန်စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

The post အဖိုးတန်သယံဇာတ တွေ့ရင် ဒေသအာဏာပိုင်ကတဆင့် အပ်နှံဖို့ စာချုပ်မှာ ထည့်သင့်တယ် appeared first on ဧရာဝတီ.

]]>
မန္တလေးကို နိုင်ငံ၏ အဓိက ကျောက်စိမ်းဈေးကွက်ဖြစ်ရေး ဝန်ကြီးချုပ် တိုက်တွန်း https://burma.irrawaddy.com/news/2019/10/23/206711.html Wed, 23 Oct 2019 10:43:15 +0000 https://burma.irrawaddy.com/?p=206711 မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက “မန္တလေးရဲ့စီးပွားရေးက ကျောက်စိမ်း နဲ့ အဓိက ဆက်စပ်နေတယ်။ ကျောက်စိမ်းလုပ်ငန်း မကောင်းရင် အိမ်ခြံမြေ၊ ရွှေ၊ ဟိုတယ်စတဲ့ လုပ်ငန်းတွေ ပါ လိုက်ကျ ဆင်းသွားတယ်” ဟု ပြောသည်။

The post မန္တလေးကို နိုင်ငံ၏ အဓိက ကျောက်စိမ်းဈေးကွက်ဖြစ်ရေး ဝန်ကြီးချုပ် တိုက်တွန်း appeared first on ဧရာဝတီ.

]]>
မန္တလေးသည် ကျောက်စိမ်းထွက်ရှိသော ဒေသ မဟုတ်သော်လည်း နိုင်ငံ၏ အဓိက ကျောက်စိမ်း ဈေးကွက် တည်ရှိရာ ဒေသတခု ဖြစ်လာရေး ပိုမိုအားထုတ်ရန် လိုအပ်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ကျောက်လုပ် ငန်းရှင်များအား တိုက်တွန်းပြောဆိုသည်။

မန္တလေးမြို့တွင် ယနေ့ စတင်ကျင်းပသည့် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာရောင်းချပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော တိုင်းဝန်ကြီးချုပ်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“မန္တလေးက ကျောက်စိမ်း မထွက်ပေမယ့် ကျောက်စိမ်းဈေးကွက်ကိုတော့ မန္တလေးမှာ ရှိစေ ချင်တယ်။ ကျနော်တို့လည်း တချိန်က ကျောက်စိမ်းကနေ လောပန်း အိပ်မက်တွေ မက်ခဲ့ကြသေးတာပဲ။ အဲဒီအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့တွေ ပိုမို အားထုတ်ဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒီလို ပြပွဲမျိုးတွေကို ပုံမှန် အချိန် ဇယားအလိုက် လုပ်ပေးဖို့ လိုသလို နောင်မှာ ကျပ်ငွေသာမက တခြားငွေကြေးနဲ့ ရောင်းချလို့ရတဲ့ အဆင့်အထိ လုပ်စေ ချင်တယ်” ဟု ဆိုသည်။

မန္တလေးမြို့တွင် ၁၉၇၀ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြပြီး အထူး သဖြင့် ကချင်ပြည်နယ် ဖားကန့်မှော်မှ ထွက်ရှိသော ကျောက်စိမ်းများကို အဓိက အရောင်းအဝယ် ပြုလုပ်ကြကာ ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းကို စည်ပင်မှ တည်ဆောက်ပေးခဲ့ပြီး ကျောက်အရောင်းအဝယ် ပြုလုပ်လိုသော ပြည်တွင်း၊ ပြည်ပကုန်သည်များက ယင်းကျောက်ဝိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက “မန္တလေးရဲ့စီးပွားရေးက ကျောက်စိမ်း နဲ့ အဓိက ဆက်စပ်နေတယ်။ ကျောက်စိမ်းလုပ်ငန်း မကောင်းရင် အိမ်ခြံမြေ၊ ရွှေ၊ ဟိုတယ်စတဲ့ လုပ်ငန်းတွေပါ လိုက်ကျ ဆင်း သွားတယ်” ဟု ပြောသည်။

အဆိုပါ အသင်း၏ စစ်တမ်းအရ မြန်မာ တနိုင်ငံလုံးရှိ ကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်သူအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် မန္တလေးမြို့တွင် အခြေစိုက် လုပ်ကိုင်သူများ ဖြစ်သည်ဟု သိရသည်။

ယခင်က ကျပ်ငွေဖြင့် အဆင့်နိမ့် ကျောက်မျက်ပြပွဲများအား နေပြည်တော်တွင်သာ ကျင်းပခဲ့သော်လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းမှ စတင်ကာ မန္တလေး အပါအဝင် ကချင်၊ စစ်ကိုင်း အစရှိသော ဒေသတို့၌ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် အစိုးရ တို့က ကြီးမှူး ကျင်းပလာကြသည်။

မန္တလေး ကျောက်မျက်ပြပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင်က “ဈေးကွက် ကျယ်ပြန့်ဖို့ လိုအပ်လာသလို နေပြည်တော် ပြပွဲ တခုတည်းနဲ့လည်း မလုံလောက်တော့ဘူး။ ပြီးတော့ အဲဒီ ပြပွဲမှာက Log အရေအတွက် ကန့်သတ်မှု တွေရှိသလို ပြပွဲအကြိမ်ရေ ကန့်သတ်မှုတွေလည်း ရှိတာကြောင့် ရောင်းသူဝယ်သူတွေ အတွက် အခက်အခဲ ရှိတဲ့အတွက် အခုလို မန္တလေးမှာ ပြပွဲ ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

မန္တလေးမြို့၌ ပထမဆုံးအကြိမ်အဖြစ် ကျောက်မျက်ပြပွဲကို မန္တလေးကွန်ဗင်းရှင်းစင်တာ၌ အောက်တိုဘာ ၂၃ ရက်မှစ၍ အောက်တိုဘာ၂၉ ရက်အထိ တပတ်ကြာ ကျင်းပခြင်း ဖြစ်ကာ ကျောက်မျက်ပြပွဲ၌ ကျောက်စိမ်းအရိုင်းထည် Log အတွဲ ပေါင်း ၃၀၀၀ နီးပါးကို လေလံစနစ်ဖြင့် ပြည်တွင်း ကျောက်ကုန်သည်များကိုသာ ကျပ်ငွေဖြင့် ရောင်းချသွားမည်ဟု ပြပွဲ ကျင်းပရေး ကော်မတီက သိရသည်။

ပြပွဲတွင် ကျောက်စိမ်း အရိုင်းထည် Log ၁၀ တွဲ ခင်းကျင်း ရောင်းချမည့် ကျောက်ကုန်သည် ဦးသက်က “ကျောက်တွေ ရောင်းရမယ်လို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ကျပ်ငွေပွဲ ဖြစ်သလို ပြည်တွင်း ကိုယ့်ကုန်သည် အချင်းအချင်းပဲ ရောင်းတဲ့ ပွဲမို့ပါ” ဟု ဧရာဝတီကို ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန်

မန္တလေး ကျောက်မျက်ပြပွဲ We Chat ဖြင့် ရောင်းဝယ်ခြင်း၊ လုံးဝခွင့်ပြုမည်မဟုတ်

တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက်

The post မန္တလေးကို နိုင်ငံ၏ အဓိက ကျောက်စိမ်းဈေးကွက်ဖြစ်ရေး ဝန်ကြီးချုပ် တိုက်တွန်း appeared first on ဧရာဝတီ.

]]>
မန္တလေး ကျောက်မျက်ပြပွဲ We Chat ဖြင့် ရောင်းဝယ်ခြင်း၊ လုံးဝခွင့်ပြုမည်မဟုတ် https://burma.irrawaddy.com/business/2019/10/18/206347.html Fri, 18 Oct 2019 01:33:53 +0000 https://burma.irrawaddy.com/?p=206347 ပြပွဲသို့ ပြသရောင်းချမည့် ကျောက်အရိုင်းထည်များအား ကြမ်းခင်းဈေး ငွေကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး၊ ကျောက် လေလံဆွဲမည့်ကုန်သည်များက မိမိဝယ်ယူမည့် ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအား အာမခံ(စပေါ်ငွေ) တင်ထားရမည် ဖြစ်ကာ ပြပွဲအပြီး ၁ လပြည့်သည်အထိ လေလံအောင်ကျောက်အား လာရောက်မရွေးပါက အဆိုပါစပေါ်ငွေကို အဆုံးခံရမည်ဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

The post မန္တလေး ကျောက်မျက်ပြပွဲ We Chat ဖြင့် ရောင်းဝယ်ခြင်း၊ လုံးဝခွင့်ပြုမည်မဟုတ် appeared first on ဧရာဝတီ.

]]>
လာမည့်တပတ်တွင် ကျင်းပမည့် ပထမအကြိမ် မန္တလေး ကျောက်မျက်ရတနာပြပွဲတွင် We Chat ဖြင့် ကျောက် အရောင်း အဝယ်ပြုလုပ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ပြပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ဇောအောင်က ပြောသည်။

အောက်တိုဘာ ၂၃ မှ ၂၉ ရက်အထိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည့် မန္တလေးကျောက်မျက် ရတနာ ပြပွဲသည် ပြည်တွင်းကျပ်ငွေဖြင့် C ၊ Dအဆင့်ရှိ (အလယ်အလတ်နှင့် အဆင့်နိမ့်) ကျောက်စိမ်းအရိုင်းထည်များအား ပြည်တွင်း ကုန်သည်များကိုသာ ရောင်းချရန် စီစဉ်လျက်ရှိသည်။

“ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေ စိတ်ပူပန်မှုမဖြစ်အောင် နိုင်ငံတော်အစိုးရမူအတိုင်း ရောင်းချသွားမှာပါ။ We Chat နဲ့ အရောင်းအဝယ်လုပ်တာကို တရားဝင်တားမြစ်ထားပါတယ်” ဟု ဦးကျော်ဇောအောင်ကဆိုသည်။

ယခင်က ထိုကဲ့သို့ပြပွဲမျိုးသည် နေပြည်တော်တွင်သာ ကျင်းပပြုလုပ်ခဲ့ရာ ယခုသည် မန္တလေးတွင် ပထမဆုံး အကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး၊ ပြည်တွင်းကျောက်သမားများအတွက် ရည်ရွယ်ကာ မြန်မာကျပ်ငွေဖြင့် ရောင်းချမည့်ပြပွဲဖြစ်သော ကြောင့် ကျောက်စိမ်းအရိုင်းထည်များအား နိုင်ငံခြားသားကုန်သည်အား ရောင်းချခွင့်မပြုသလို ပြည်တွင်းကုန်သည် အချင်းချင်းလည်း We Chat ဖြင့် အရောင်း အဝယ်ပြုလုပ်ခြင်းကို တားမြစ်ထားသည်ဟု ဆိုသည်။

မြန်မာကျောက်စိမ်း၏ အဓိကဝယ်လက်မှာ တရုတ်နိုင်ငံဖြစ်သလို ၂၀၁၆ ခုနှစ်နောက် ပိုင်းမှ စတင်ကာ မန္တလေးမြို့တွင် ကျောက်အရောင်းအဝယ်ပြုလုပ်သည့် တရုတ်ကုန်သည်များက တရုတ်နိုင်ငံ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း တခုဖြစ်သော We Chat application ကိုအသုံးပြုကာ အွန်လိုင်းမှတဆင့် တဘက် တရုတ်ပြည်မကြီးရှိ ကုန်သည်များနှင့် ချိတ်ဆက်ကာ ကျောက်အရောင်းအဝယ်ပြုလုပ်လာကြသည်မှာ ယနေ့ အထိ ဖြစ်သည်။

ထိုသို့ ရောင်းဝယ်မှုသည် တဖြေးဖြေးတွင်ကျယ်လာကာ ဈေးကွက်မှီခိုမှုရာခိုင်နှုန်းသည်လည်း ၅၀ ရာနှုန်း အထက်ဖြစ်လာ သည်ဟု မန္တလေးကျောက်ဈေးကွက်အတွင်းမှ ကုန်သည်များက ပြောသည်။

သို့ရာတွင် We Chat ဖြင့်အရောင်းအဝယ်ပြုလုပ်ပါက တန်ဖိုးမြင့်ကျောက်များ ဈေးနှိမ်ခံရခြင်း၊ မတန်တဆ ဈေးဆစ်ခံ ရခြင်းများ မကြာခဏကြုံရသဖြင့် ယခုနောက်ပိုင်းတွင် တန်ဖိုးမြင့်ကျောက်များအား We Chat မှ တဆင့် ရောင်းဝယ်ခြင်း ကို မပြုလုပ်တော့ဟု မန္တလေးကျောက်ဝိုင်းအတွင်းမှ ကျောက်ကုန်သည် ဦးအောင်ဝင်းက ဧရာဝတီကို ပြောသည်။

အဆိုပါကိစ္စများကြောင့် မန္တလေးကျောက်မျက်ပြပွဲတွင် We Chat ဖြင့် ကျောက်အရောင်းအဝယ်ပြုလုပ်ခြင်း ကို တားမြစ် ခြင်းဖြစ်ပြီး နိုင်ငံခြားသားကုန်သည်များအနေဖြင့်လည်း လေ့လာခွင့်ပြုထားသော်လည်း ကျောက်အရိုင်းထည်များ ဝယ်ယူခွင့်မရှိဟု ပြပွဲကျင်းပရေးကော်မတီမှ သိရသည်။

ပြပွဲသို့ ပြသရောင်းချမည့် ကျောက်အရိုင်းထည်များအား ကြမ်းခင်းဈေး ငွေကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး၊ ကျောက် လေလံဆွဲမည့်ကုန်သည်များက မိမိဝယ်ယူမည့် ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအား အာမခံ(စပေါ်ငွေ) တင်ထားရမည် ဖြစ်ကာ ပြပွဲအပြီး ၁ လပြည့်သည်အထိ လေလံအောင်ကျောက်အား လာရောက်မရွေးပါက အဆိုပါစပေါ်ငွေကို အဆုံးခံရမည်ဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

ပြပွဲတွင် ကျောက်စိမ်းအရိုင်းထည် Log အတွဲပေါင်း ၃၀၀၀ ခန့်လက်ခံသွားမည်ဖြစ်ကြောင်း၊ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ ယနေ့ အောက်တိုဘာ ၁၇ ရက်အထိ ပြပွဲကျင်းပရေးကော်မတီထံ ရောင်းချရန် ရောက်ရှိပြီး ကျောက်အတွဲပေါင်း ၂၆၀၀ ကျော်ရှိပြီဖြစ်ကြောင်းနှင့် ကျောက်မျက်ရတနာ အချောထည်ဆိုင်ပေါင်း ၅၀ ခန့် ခင်းကျင်းပြသမည်ဟု အဆိုပါကော်မတီမှ ဦးအေးလွင်က ပြောသည်။

ပြပွဲသို့ လာရောက်လေ့လာပြီး ကျောက်ဝယ်ယူမည့် ပြည်တွင်းကုန်သည်များအတွက် ဝင်ကြေး တစ်ဦးလျှင် ၂ သောင်းကျပ် သတ်မှတ်ထားကာ လေ့လာမည့် ပြည်ပကုန်သည်များအတွက် တစ်ဦးလျှင် ၁ သိန်းကျပ် သတ်မှတ်ထားသည်ဟုလည်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက် 

The post မန္တလေး ကျောက်မျက်ပြပွဲ We Chat ဖြင့် ရောင်းဝယ်ခြင်း၊ လုံးဝခွင့်ပြုမည်မဟုတ် appeared first on ဧရာဝတီ.

]]>
တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက် https://burma.irrawaddy.com/article/2019/10/13/206129.html Sun, 13 Oct 2019 02:30:22 +0000 https://burma.irrawaddy.com/?p=206129 ကိုနေမျိုးကဲ့သို့ပင် မန္တလေးရှိ ကျောက်ဝိုင်းတွင် တရုတ်နိုင်ငံ၏ ဆိုရှယ် မီဒီယာ တခု ဖြ စ်သော “WeChat” application ကို အသုံးပြုကာ ကျောက်စိမ်း အရောင်းအဝယ်လုပ် နေသူများစွာ ရှိ သည်။

The post တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက် appeared first on ဧရာဝတီ.

]]>
နေမွန်းတည့်ချိန် ရောက်ပြီ ဖြစ်သော်လည်း ဈေးကွဲမသွားသေးဘဲ မန္တလေးကျောက်ဝိုင်းအတွင်း ရောင်းသူ ဝယ်သူများနှင့် ပြည့်နှက် စည်ကားနေသည်။

ထိုသူများထဲတွင် တရုတ်ကျောက်ကုန်သည် များစွာလည်း အပါအဝင် ဖြစ်သည်။ ၂၀၁၆ ခုနှစ် ရှေ့ပိုင်း နှစ်များက မွန်းလွဲပိုင်းရောက်ပြီဆိုသည်နှင့် ကျောက်ဝိုင်းသည် တဖြည်းဖြည်း တိတ်ဆိတ်ခြောက်ကပ် သွားသော်လည်း ယခုမူ WeChat အသုံးပြုသူများကြောင့် ညနေအထိ ပွဲစား၊ ဝယ်ရောင်းများနှင့် ကြိတ်ကြိတ်တိုးနေဆဲ ဖြစ်သည်။

၂ ပေခန့်ကျယ်သည့် စားပွဲရှည်ပေါ်တွင် အစီအရီ တင်ထားသော ကျောက်စိမ်း လက်ကောက်၊ လက်စွပ်တို့ကို ဖုန်း ကင်မရာမှတဆင့် တခုချင်း အသေအချာ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်၊ တရုတ်ဘာသာစကားဖြင့် ဖုန်းပြောလိုက်၊ စိတ်ကြိုက် မဖြစ်လျှင် အနီးတွင် ရပ်စောင့်နေသော မြန်မာကျောက်ပွဲစားကို ခေါင်းတခါခါဖြင့် စကားပြောလိုက် လုပ်နေ သော တရုတ်ကျောက်ကုန်သည်များကို မန္တလေးကျောက်ဝိုင်းအတွင်း လက်ညှိုးထိုးမလွဲတွေ့ရမှာ ဖြစ်သည်။

“ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတဲ့ဈေးကို မပြောရသေးဘူး။ ဟိုဘက်(တရုတ်ပြည်ရှိကုန်သည်)ကိုပြတော့ ကျောက်က သိပ်မလှလို့ မကြိုက်ဘူးဆိုပြီး ငြင်းလို့ပြန်သိမ်းလာတာ” ဟု ကျောက်ဝိုင်းအတွင်းမှ တရုတ်ကျောက်ပွဲစား ၏ We Chat အကောင့်မှ တဆင့် ကျောက်ရောင်းရန် ပြခဲ့သော်လည်း အရောင်း အဝယ် မဖြစ်ခဲ့သော ကျောက်ပွဲစား ကိုနေမျိုးက ဧရာဝတီကို ပြောသည်။

ကိုနေမျိုးကဲ့သို့ပင် မန္တလေးရှိ ကျောက်ဝိုင်းတွင် တရုတ်နိုင်ငံ၏ ဆိုရှယ် မီဒီယာ တခု ဖြ စ်သော “WeChat” Application ကို အသုံးပြုကာ ကျောက်စိမ်း အရောင်းအဝယ်လုပ် နေသူများစွာ ရှိ သည်။

We Chat ဆိုသည်က မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ သုံးနေသည့် သည့် ဖေ့ဘုတ်စ် Messenger ကဲ့သို့ပင် အကောင့်ဖွင့်ထားပါက အင်တာနက်ကို အသုံးပြုကာ မည်သူမဆို မိတ်ဆွေမိသားစုများနှင့် အပြန် အလှန် စကားပြောနိုင်၊ ဗီဒီယိုဖုန်း ခေါ်ဆိုနိုင်သော ဆိုရှယ်မီဒီယာ Application တမျိုးဖြစ်သည်။

Facebook အသုံးပြုခွင့် ပိတ်ထားသော တရုတ်နိုင်ငံအတွင်း ဖေ့ဘုတ်ကဲ့သို့ တွင်ကျယ်သည့် Application ဖြစ်ကာ လက်ရှိ အသုံးပြုသူဦးရေ ၁ ဘီလျှံကျော်ရှိသည့် တရုတ် ဆိုရှယ်မီဒီယာတခု ဖြစ်၏။

မန္တလေးကျောက်ဝိုင်းဟု အလွယ်ခေါ်ကြသည် မန္တလေးမြို့၏ ပင်မကျောက်စိမ်းဈေးကွက် “မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း” ကို ၂၀၀၀ ခုနှစ် နှစ်ဆန်းက စတင်ဖွင့်လှစ်ခဲ့ တာ ယနေ့ဆို နှစ် ၂၀ နီးပါး သက် တမ်း ရောက် ရှိတော့မည်။

ဆယ်စုနှစ် ၂ခုနီးပါး သက်တမ်း ဖြတ်သန်းလာပြီးဖြစ်သည့် မန္တလေးကျောက်ဝိုင်းတွင် We Chat ကိုသုံးပြီး အရောင်း အဝယ်လုပ်သည့် ဓလေ့က ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည် ဟုမန္တလေးကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှုး ဦးမျိုးမြင့်နိုင်က ဧရာဝတီကို ပြောသည်။

“We Chat ကို ကျောက်သမားတွေ အရင်ကမကြိုက်တာ နားမလည်လို့ မကြိုက်ကြတာ။ အခုတော့ ခေတ်ရေစီး ကြောင်းအလိုက် ဖုန်းတလုံးနဲ့ ဘာမဆို ဝယ်လို့ရတဲ့ခေတ် ရောက်သွားပြီ” ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။

ကျောက်ဝိုင်းအတွင်း နေ့စဉ်ဝင်ထွက် အရောင်းအဝယ်လုပ်နေသူ ပြည်တွင်းပြည်ပ ကျောက်ကုန်သည် ၂ သိန်းဝန်း ကျင် ရှိသည့်အနက် ပြည်ပကုန်သည်အရေအတွက်မှာ ၁ ထောင်ကျော်ခန့်ဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။

၂၀၁၄ ခုနှစ်အလွန်ကာလများမှ စတင်ကာ တရုတ်ဝယ်လိုအား ကျဆင်းလာသလို တရုတ်ဝယ်လက်သာ အဓိကဖြစ် သော မန္တလေးကျောက်စိမ်း ဈေးကွက်လည်း ဈေးကွက် ပျက်လာသလို အရောင်းအဝယ်များ အေးစက်ခဲ့ပြီး ကျောက် တန်ဖိုးများလည်း မူလထက် ၄၀ ရာခိုင်နှုန်းခန့် တဖြေးဖြေး ကျဆင်းခဲ့သည့် အခြေအနေ သို့ရောက်ရှိခဲ့သည်။

“လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင့် တက်လာကတည်းက မြန်မာ့ကျောက်စိမ်းဈေးကွက်က မကောင်းတော့တာ” ဟု “သူ့စေတနာထိုက်”ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးအောင်ဝင်းက ဧရာဝတီကို ပြော သည်။

၂၀၁၃ ခုနှစ် မတ်လမှ တရုတ်နိုင်ငံသမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော မစ္စတာရှီကျင့်ဖျင့်သည် ၎င်း တက်လာပြီး မကြာခင် အစိုးရအဖွဲ့အတွင်း အဂတိတိုက်ဖျက်မှုအစီအမံကို အကောင်အထည်ဖော်ခဲ့သည်။

တရုတ်လူမျိုးများ၏ ယုံကြည်မှုရိုးရာအရ ကျောက်စိမ်းသည် ကံကောင်းစေသောရတနာ တပါးအဖြစ် ခံယူထားသလို တံစိုးလက်ဆောင်များ ပေးရာတွင် ငွေကြေးအစား တန်ဖိုးကြီးသည့် ကျောက်စိမ်း အဆင်တန်ဆာ များကိုသာ အဓိက ပေးကြသည့် အတွက်ဖြစ်သည်။

ထိုသို့ အဓိက ဝယ်လက်နိုင်ငံ၏ မူဝါဒအပြောင်းအလဲကြောင့် မြန်မာကျောက်စိမ်းကုန်သည်များ ဈေးကောင်း မရ၊ ကျောက်မရောင်းရသဖြင့် လက်ထဲငွေအောင်း၊ အိမ်ပေါင် တိုက်ပေါင်စသည့် ကိစ္စများလည်း အလျှိုလျှိုဖြစ်ခဲ့ကြ သည်ဟု မန္တလေးကျောက်စိမ်းဈေးကွက်ရှိ ကုန်သည်များက ၂၀၁၄ ခုနှစ်နောက်ပိုင်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံတို့ကို ပြန်ပြောင်းပြောပြကြသည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် တရုတ်ကုန်သည်များ၏ WeChat Application မှတဆင့် ကျောက်အရောင်း အဝယ် လုပ်သည့်စနစ် မန္တလေးကျောက်ဝိုင်းတွင် ခေတ်စားလာခဲ့ရာ အနိမ်ပိုင်းကျောက်များ We Chat ဖြင့် အရောင်းအဝယ် လုပ်ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

လက်ရှိအခြေအနေအရ We Chat ကိုအသုံးပြုကာ ကျောက်အရောင်းအဝယ် လုပ်နေသူအရေအတွက်သည် ကျောက်သမားများ၏ ၅၀ ရာခိုင်နှုန်း အထက်သို့ ရောက်လာပြီဖြစ်ကြောင်း ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

“We Chat ကြောင့် ဈေးကွက်သွက်လာတာ။ ဘာပဲပြောပြော ခါးပိုင်း(တန်ဖိုးနိမ့်ကျောက်) ကျောက်သမား အများစု ကတော့ သူ(We Chat)ကြောင့်မို့ အသက်ရှုချောင်လာကြတာ” ဟု We Chat App အသုံးပြုကာ အရောင်းအဝယ် လုပ်သူ တဦးလည်း ဖြစ်သူ သူ့စေတနာထိုက် ကျောက်မျက်ကုမ္ပဏီမှ ဦးအောင်ဝင်းက ပြောသည်။

ပြီးခဲ့သောစက်တင်ဘာနှင့် ယခုလဆန်းပိုင်းက We Chat Application က ၎င်းတို့နည်းပညာနှင့် လုံခြုံရေးပိုင်း ဆိုင်ရာ အဆင့်မြှင့်ရန် ယင်းစနစ်အား ၃ ရက်ခန့် ရပ်နားခဲ့ရာ ကျောက်ဝိုင်းအတွင်း အရောင်းအဝယ် ၅၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း ခဲ့သည်ဟု ကျောက်သမားများက ပြောပြသည်။

ထိုမျှ အထိ We Chat App က မန္တလေးကျောက်ဝိုင်း အတွင်း အရေးပါတွင်ကျယ်လျက် ရှိသည်။

သို့သော် We Chat ဖြင့် အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးကိစ္စ အ၀၀နှင့် ပတ်သက်၍မူ မန္တလေးကျောက်ဝိုင်းတွင် အထိုင်လုပ်ကာ We Chat ဖြင့် ကျောက်အရောင်းအဝယ်လုပ်ကြသော တရုတ် ကုန်သည် အပါအဝင် တဖက် တရုတ်နိုင်ငံမှပင် အထိုင်ချကာ App မှ တဆင့် ကျောက်ဝယ်ယူရန် ပြုလုပ်ကြသော တရုတ်ကုန်သည် တို့အား လက်ခံထားသော မြန်မာဆိုင်ရှင်များက တာဝန်အပြည့်အဝယူရမည်ဟု ကျောက်ဝိုင်း အကျိုးတော် ဆောင် ကော်မတီက စည်းကမ်းချက်ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ရခြင်းမှာလည်း We Chat ဖြင့် အရောင်းအဝယ် စခဲ့သောကာလများက တဖက် တရုတ်ကုန်သည် သည် အရောင်းအဝယ်မလုပ်လိုသည့်အခါ၊ ပွဲဖျက်လိုသည့်အခါ အွန်လိုင်းမှ ကျောက်ကြည့်နေရင်း အင်တာနက် လိုင်းပြတ်တောက်သည့် ပုံစံဖန်တီးကာ ပွဲဖျက်သဖြင့် မကြာခဏ အရောင်း အဝယ် ဖျက်ခံရသည့်အတွက် ထိုသို့ စည်းကမ်းချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်နိုင်က ရှင်းပြသည်။

WeChat ကိုအသုံးပြုကာ ကျောက်အရောင်းအဝယ် ပြုလုပ်ခြင်း၌ အဓိက အားနည်းချက်နှစ်ခု ရှိနေသေးသည်။

ပထမအချက်မှာ တိုက်ရိုက်ဝယ်သူနှင့် ထိတွေ့ခြင်း မဟုတ်ဘဲ ဆိုရှယ်မီဒီယာတခုကို ကြားခံအသုံးပြု၍ မိမိ ကုန်ပစ္စည်း (ကျောက်)အား ပြသကာ ဈေးပေး ရောင်းချရခြင်း ဖြစ်၍ ယင်းဆိုရှယ်မီဒီယာကို အသုံးပြုနေသူတိုင်း ယင်းကုန်ပစ္စည်း တန်ဖိုးကို အလိုအလျောက် သိရှိကြပြီး ဝယ်သူတဦးနှင့် အလုပ်မဖြစ်ပါက အခြားဝယ်သူများက ဈေးနှိမ်မှုကို ခံရခြင်း ဖြစ်သည်။

ကျောက်မျက်လုပ်ငန်းကို နှစ် ၂၀ ကျော်လုပ်ကိုင်လာသူ သဇင်ပန်း ကျောက်မျက်အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်လေးမြင့်က “အန်တီက We Chat နဲ့ တခါမှကျောက်မရောင်းဖူးဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကျောက်ကို ဟိုအော်ဒီအော်နဲ့ မတန်တဆ ဈေးဆစ်တဲ့ဒဏ်မခံချင်လို့” ဟု ဧရာဝတီကို ပြောသည်။

ထိုကြောင့် မြန်မာကျောက်သမား အများစုသည် We Chat ပေါ်တွင် သိန်းထောင် သောင်းချီ တန်သော ကျောက်များ ထက် များသောအားဖြင့် ကျပ်သိန်းရာဂဏန်း၊ ဆယ်ဂဏန်းတန်ကျောက်များကိုသာ အရောင်းအဝယ် ပြုလုပ်လေ့ရှိ သည်ဟု သိရသည်။

ဒုတိယအချက်မှာ ပိုအရေးကြီးပါသည်။ We Chat သည် ဆိုရှယ်မီဒီယာ တခုအဖြစ်သာမက WeChat Pay ဝန်ဆောင်မှုအဖြစ် ပြည်တွင်းပြည်ပအွန်လိုင်း ငွေပေးချေမှု ဝန်ဆောင်မှုကိုပါ ရရှိနိုင်သော Application တခုဖြစ်ရာ ကျောက်အရောင်းအဝယ်လုပ်သော တရုတ်ကုန်သည်နှင့် မြန်မာကျောက်ပွဲစားတို့အကြား အများစုသည် ပြည်တွင်း ဘဏ်များမှ ငွေကြေးလွှဲပြောင်းခြင်း စီးဆင်းမှုထက် အွန်လိုင်းငွေပေးချေမှုကို အသုံးပြုကြသဖြင့် မြန်မာနိုင်ငံအတွက် ရသ့င်ရထိုက်သော အခွန်အခများ ဆုံးရှုံးနေခြင်းဖြစ်သည်။

ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ကျောက်မျက် ရတနာရောင်းချခွင့်နှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင် ၃မျိုး ခွင့်ပြုပေး ထားရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက် ရတနာ အချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်းအချောများ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်တို့ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရ ရောင်းဝယ်ရေးလုပ်ငန်း (မန္တလေး တိုင်း)မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးမောင်မောင်ရှိန်က ဆိုသည်။

ယင်းလိုင်စင် ၃ ခုအနက် We Chat Pay အရောင်းအဝယ်ဖြင့် အများဆုံးသက်ဆိုင်သော ကျောက်မျက် ရတနာ အချော ထည်နှင့် လက်ဝတ် ရတနာရောင်းဝယ်ခြင်း လိုင်စင်တွင် နိုင်ငံခြားသို့ ရောင်းချမည်ဆိုပါက အခွန်ပြေစာ ဖြတ်ပိုင်း (Cash Memo) တွင် ရောင်းချသည့် ပစ္စည်းအရေအတွက်၊ တန်ဖိုးတို့ကို မှတ်သားကာ သတ်မှတ်အခွန်အခများ ဖြစ် သော အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်တို့ကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးဆောင်ရခြင်းဖြစ် သည်။

အဆိုပါ ပြေစာပါရှိမှသာ ဝယ်ယူထားသောကျောက်များအား ပြည်ပသို့ သယ်ဆောင်ခွင့်ရှိမည်လည်း ဖြစ်သည်။

သို့ရာတွင် မြန်မာကျောက်ကုန်သည်များ၏ ခန့်မှန်းချက်အရ We Chat Pay ဖြင့် ပြုလုပ်သော ကျောက် အရောင်းအဝယ်များ၏ ၄၀ ရာခိုင်နှုန်းခန့်သည် Cash Memo ဖြင့် မဖြတ်ဘဲ အရောင်းအဝယ် ပြုလုပ်ကြသလို ကျောက်ဝယ်ယူ သွားသော တရုတ်ကုန်သည်များ ဘက်ကလည်း နိုင်ငံခြားသို့ ကျောက်မျက်အချောထည်များ တင်ပို့လိုပါက မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ဖွင့်လှစ် ထားသော One Stop Service စနစ်ကို မသုံးကြဘဲ လက်ရှိ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော တရုတ်အမြန်ချောပို့ ပုဂ္ဂလိက ကုမ္ပဏီများဖြင့်သာ တရုတ်ပြည်သို့ ပို့ဆောင်နေကြသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းက ပြဌာန်းခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေ၏ နည်းဥပဒေအား ဆက်လက် ပြဌာန်း နိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပြီးခဲ့သောစက်တင်ဘာလက ပေးပို့ခဲ့ပြီး ဖြစ်သည် ။

အဆိုပါနည်းဥပဒေတွင် ကျောက်စိမ်း အပါအဝင် ကျောက်မျက်အချောထည် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျောက်မျက်ပြပွဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရများအား လုပ်ပိုင်ခွင့် အချို့ ခွဲဝေပေးထားခြင်း အချက်တို့ ထည့်သွင်းပါရှိ လာသော်လည်း ပြည်ပအွန်လိုင်း ငွေပေးချေမှုဖြင့် ကျောက်မျက် အချော ထည် အရောင်းအဝယ်လုပ်ခြင်း ကဏ္ဍအတွက် သီးခြား ထည့် သွင်း ရေးဆွဲထားခြင်း မရှိဟု မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဧရာဝတီကို ပြောသည်။

မန္တလေးမြို့ခံ ကျောက်ကုန်သည် ကိုဖြိုးက “ဥပဒေ၊ နည်းဥပဒေ ဘယ်လောက်ပြည့်စုံပါတယ် ဆိုဦးတော့ ကိုယ့်နိုင်ငံက ဌာနကရာ၊ ကုန်သည်ပါ လက်တလုံးခြား လုပ်တတ်တဲ့အကျင့်တွေနဲ့က ခုထိ ယဉ်ပါး နေတုန်းပဲလေ” ဟု ပြောသည်။

ပြည်ပနိုင်ငံတခု၏ အွန်လိုင်း ငွေကြေးဝန်ဆောင်မှု တခုကို မိမိနိုင်ငံအတွင်း အသုံးပြုမည် ဆိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ခြင်း၊ ထိုငွေကြေးဝန်ဆောင်မှုကြောင့် နှစ်ဦးနှစ်ဖက်ညီမျှသော အကျိုးခံစားခွင့်တို့ ရရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၏ အငြိမ်းစားဒုဥက္ကဌ ဦးသန်းလွင်က သုံးသပ်ရှင်းပြသည်။

လက်ရှိတွင်လည်း ဘဏ်ဆိုင်ရာစီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ဦးသန်းလွင်က “နိုင်ငံခြားက Online Payment တခုကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဆီမှာ လက်ခံသုံးစွဲနေတာ ရေရှည်ကျရင် ထိန်းချုပ်ရ ခက်လာလိမ့်မယ်။ အဲဒီအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူများက တစုံတရာမရိပ်စားမိရင်တော့ IQ နိမ့်လို့ပဲနေမှာပါ” ဟု ထောက်ပြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပမှ အွန်လိုင်းငွေပေးဆောင်မှု စနစ်တစ်ခုအား ပြည်တွင်း၌ ခွင့်ပြုချက် မရှိ တွင်ကျယ်စွာ အသုံးပြုနေခြင်းအပေါ် တစုံတရာ ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်သလို ထိုသို့သော ဝန်ဆောင်မှုများအား ပြည်တွင်းဘဏ်များအား ဆောင်ရွက်ခွင့်ပေးရန် ဖြေလျှော့ပေးသင့်ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် လက်ရှိအနေအထားအရ ပြည်တွင်းဘဏ်များအနေဖြင့် ထိုသို့သောဝန်ဆောင်မှုမျိုး ဆောင်ရွက်ရန် အကန့်အသတ်နှင့် စိန်ခေါ်မှုများ ရှိနေသေးသလို အဓိကအားဖြင့် နည်းပညာနှင့် အခြေခံ အဆောက်အအုံ မပြည့်စုံခြင်းတို့ ဖြစ်သည်ဟု ၎င်းက သုံးသပ်ပြသည်။

ထို့အတူ တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အစဉ်အလာအရ နိုင်ငံရေးနှင့်စီးပွားရေးအပေါ် သီးခြားစီ ခွဲထား မှုအားနည်းကြောင်း၊ အကယ်၍ နိုင်ငံရေးအရ စဉ်းစားစရာများ ဖြစ်လာပါက စီးပွားရေးအပေါ် တွင်လည်း မူဝါဒ အပြောင်းအလဲ မကြာခဏ ပြုလုပ်လေ့ရှိသည့် နိုင်ငံဖြစ်သောကြောင့် ထိုအချက်ကိုလည်း ထည့်သွင်း စဉ်းစားကာ မိမိနိုင်ငံအကျိုးစီးပွားအတွက် တင်ကြိုကာကွယ်မှုများ လုပ်ထားရန် လိုအပ်လိမ့်မည်ဟု ဦးသန်းလွင်က ပြောသည်။

ကျောက်စိမ်း၏ အဓိကဝယ်လက်ဖြစ်သော တရုတ်၏ ဝယ်လိုအား ကျသွားသောအချိန်၌ ဈေးကွက်ပျက်ခဲ့ရ သော မြန်မာကျောက်စိမ်းကဏ္ဍသို့ We Chat စနစ်က အခြေခံကျောက်သမား အများစုအတွက် ပြန်လည်အသက်ရှုချောင် စေခဲ့သော်လည်း We Chat Pay ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများလည်း ဆုံးရှုံးနေ ဆဲဖြစ်သည်။

၃ နှစ်ကာလအတွင်း မန္တလေးကျောက်စိမ်းဈေးကွက်၏ ၅၀ ရာခိုင်နှုန်းကျော် မှီခိုလာရသည့် အထိ WeChat သည် မြန်မာကျောက်မျက်လောကအတွင်း အမြစ်တွယ်လာသလို ထိုအရောင်းအဝယ်မှတဆင့် နိုင်ငံအတွက် ရသင့် ရထိုက် သောအခွန်အခများဝင်လာရန် သက်ဆိုင်ရာတာဝန်ရှိဌာနများက ခိုင်မာသောမူဝါဒများ ချမှတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

The post တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက် appeared first on ဧရာဝတီ.

]]>
ခေတ်လိုအပ်ချက်အရ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တယ်ဆိုတဲ့ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း https://burma.irrawaddy.com/opinion/interview/2019/10/03/205467.html Thu, 03 Oct 2019 03:01:20 +0000 https://burma.irrawaddy.com/?p=205467 ကျနော်က KTV မှာ ဇော်ဂျီနဲ့ပဲ သီချင်းဆိုတယ် ဆိုပြီးရေးထားတယ်။ ဟုတ်တယ်လေ။ ကေတီဗွီမှာရှိတဲ့စက် တွေ အကုန် လုံးက ဇော်ဂျီတွေနဲ့ ရေးထားတာလေ။ ယူနီကုဒ်ကိုပြောင်းပါ အလကားပြောင်းပေးမယ်ဆိုရင်လဲ ဘယ် သူဌေးမှ အပြောင်းခံ မှာ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ ပြောင်းပြီးမှ Stable မဖြစ်ရင် ပိုက်ဆံတော့ ပိုရလာမှာမဟုတ်ဘဲ သူဒုက္ခရောက်မှာလေ။ ဒါက ဟာသသဘောပြောတာပါ။

The post ခေတ်လိုအပ်ချက်အရ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တယ်ဆိုတဲ့ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.

]]>
အောက်တိုဘာ ၁ ရက်မှ စတင်ကာ မြန်မာယူနီကုဒ်ဖောင့်အား ပြည်ထောင်စုဖောင့်အဖြစ် သတ်မှတ်၍ စတင် အသုံး ပြုရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့က ပြည်သူများကို တိုက်တွန်းခဲ့သည်

အစိုးရဆိုင်ရာ ရုံးလုပ်ငန်းများအတွက် တရားဝင်ပြောင်းလဲ အသုံးပြုမည့် ယူနီကုဒ်ဖောင့် ကို ပြည်သူအများစုလည်း စတင် ပြောင်းလဲအသုံးပြုနေပြီဖြစ်သော်လည်း ၁၅နှစ်ကျော် လူအများ အကျွမ်းတဝင်အသုံးပြုခဲ့သည့် ဇော်ဂျီဖောင့်မှ ရုတ်တရက် ယူနီကုဒ်သို့ ပြောင်းလဲသုံးရသည့်အခါ အမြင်အမျိုးမျိုးဖြစ်ပေါ်၍ လူမှုကွန်ယက်၌ ယခုရက်ပိုင်း ပွဲအဆူဆုံး အကြောင်း အရာတခု ဖြစ်ခဲ့သည်။

ယင်းနှင့် ပတ်သက်၍ မြန်မာအများစု အသုံးပြုခဲ့ကြသည့် ဇော်ဂျီဖောင့်ကို တီထွင်ဖန်တီးခဲ့သူ ဦးရဲမြတ်သူနှင့် မန္တလေး အခြေစိုက် ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်း ခဲ့သည်။

မေး။ ။ ဇော်ဂျီဖောင့်ကို ဘယ်လိုကြောင့် တီထွင်ဖြစ်ခဲ့ပါသလဲ

ဖြေ။ ။ အမှန်က ဇော်ဂျီကို သီးသန့်ကြီးထွင်ခဲ့တာမဟုတ်ဘူး၊ ဇော်ဂျီဖောင့်ပရော့ဂျက်အနေနဲ့ လုပ်ခဲ့တာတော့မဟုတ်ခဲ့ဘူး။ ကျနော် ကွန်ပျုတာနဲ့ ပတ်သက်တဲ့ အလုပ်ကိုလုပ်ခဲ့တာကြာပြီ။ ကျနော်အနေနဲ့ Alpha Computer ဆိုပြီးလုပ်ခဲ့တာ ဆိုရင် အခု အနှစ် ၂၀ ကျော်ပြီ။

Software တွေ Hardware တွေ ရေးခဲ့ရုံမက Solution တွေ Network တွေပါ အလုပ်လုပ် ခဲ့ တယ်။ အဲဒီခေတ်ကလည်း မန္တလေးမှာ နည်းပညာနဲ့ ပတ်သက်ရင် ကျနော်တို့ပဲ ရှိခဲ့တဲ့ခေတ် ပေ့ါ။ အဲဒီတုန်းက နိုဗိုတယ်လို ဟိုတယ်က နိုင်ငံခြား သားက အလုပ်အပ်ဖို့ ကျနော်ကို အသိအမှတ်ပြု လက်မှတ်ရှိလားလို့ မေးတယ်။

ကျနော်က မရှိဘူးဆိုတော့ မရှိရင် အလုပ်မအပ်နိုင်ဘူးလို့ ပြောတယ်။ နောက်တော့ ကျနော်ဆီပဲ ရောက်လာတယ်။ ဆိုလိုတာက Y2K မပေါ်ခင်ခေတ်ကတည်းက ကျနော်ဒီလောကကို ရောက် နေတယ်။ အဲဒီအချိန်မှာ ကျနော် ပရော့ဂျက် တခုလုပ်ခွင့်ရခဲ့တယ်။

အဲဒါဘာလဲဆိုတော့ ကုသိုလ်တော် ဘုရားက ကျောက်စာတွေကို Digitalize လုပ်ရတာ။ တကယ် က အဲဒီပရော့ဂျက်ကို မန္တလေး မဟာဂန္ဓာရုံက ဆရာတော်တွေက အဓိကလုပ်တာ။ ကျနော်က နည်းပညာပိုင်း ကူပေးရင်းနဲ့ ဝင်လုပ်ဖြစ်ခဲ့တယ်။ ကုသိုလ်တော် ကျောက်စာတွေက စံအဆင့်တခု ရှိသလို သင်္ဂါယန တင်တဲ့ စာတွေလည်း ဖြစ်တယ်၊ အရေးပါတာပေါ့။

နောက်တချက်က အဲဒီစာပေတွေနဲ့ ပတ်သက်ပြီး စာအုပ်တွေထဲမှာ ရှိနေတာတွေက ဘယ်ဟာ အမှန်ဖြစ်တယ်၊ အမှားဖြစ်တယ်ဆိုတဲ့ကိစ္စ အဖြေရှာဖို့ ကျောက်စာကို သွားသွားကြည့်ရတယ်။ မန္တလေးက လူတွေအတွက် မခက်ခဲပေမယ့်၊ တခြား ဒေသက လူတွေ ကြည့်ဖို့ အတွက် ဒါတွေကို ဓာတ်ပုံရိုက်ထားသင့်တယ် လို့ ကျနော်အတွေးရလာတယ်။

လိုက်လေ့လာကြည့်တော့ ဒီကျောက်စာတွေ အားလုံးကို ကော်ပီကူး ထားတဲ့ စာအုပ်တအုပ်ကို သွားတွေ့တယ်။ ဒါပေမဲ့ အဲဒါက ဝိနည်းတော်နဲ့ လုပ်ထားတာပဲ တွေ့တယ်။ ကျန်တဲ့ အဘိဓမ္မာ၊ သုတ္တန် စတာတွေလုပ်ထားတာမျိုးမရှိဘူး။ ဒီတော့ ကျနော်တို့ အဲဒီစာတွေကို တနေရာရာမှာ ထည့်မယ်ပေါ့။

ဒါပေမဲ့ ထည့်ပြီးသမျှတွေကို ဘယ်လိုပြန်ရှာမလဲပေါ့။ ဒီပြသနာကို အဖြေရှာဖို့ လိုလာရော။ အဲဒီမှာ ဘုန်းကြီးတွေက သူတို့ ပိဋကတ်တွေကို စာရိုက်ပေးမယ်။ ကျနော်တို့က ရှာပြီး ဘယ် ကျောက်စာက ဘယ်လိုဆိုတာ ပြန်ထုတ်ရမလဲဆိုပြီး လုပ်ကြ တယ်။ အဲဒီလိုလုပ်လာရင်းနဲ့ ပရော့ဂျက်က အရမ်းစိတ်ဝင် စားဖို့ ကောင်းလာတယ်။

အဲဒီလိုနဲ့ ၂၀၀၆ ခု စင်ကာပူမှာ လုပ်ခဲ့တဲ့ Burma Study Conference ကို ကျနော် သွားတက်ပြီး ကျနော်လုပ်ထားတာ တွေကို ပြခဲ့တယ်။ တော်တော်များများလည်း စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ပြသနာတခုက မြန်မာစာတွေ ထည့်ထားတဲ့ Database တွေက စာတွေ အရမ်းများလာတဲ့ အခါ ရှာဖို့ကိစ္စ က အရမ်းခက်ခဲလာတယ်။

နောက်တခုက ခွဲခြမ်းစိတ်ဖြှာဖို့ ခက်လာတယ်။ အဲဒါကို ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အဖြေ ထပ်ရှာတယ်။ ဒီအဖြေ အတွက် ၁၉၉၈ လောက်က ICT Park ဆိုတာတွေ မပေါ် သေးခင် ရန်ကုန် အင်းလျားကန်စောင်းက IBC ဆိုတဲ့စင်တာမှာ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခု ကျနော်တက်ခဲ့တယ်။

အဲဒီ မတိုင်ခင်ကလည်း ယူနီကုဒ်နဲ့ ဒီလိုစာတွေကို လုပ်လို့ရတယ် ဆိုတာ ကြားဖူးထားတာ ရှိသလို၊ ဆရာဦးသောင်းတင် တို့နဲ့လည်း ပြောဖူးတာမျိုး ရှိခဲ့တယ်။ ဒါ့အပြင် စင်ကာပူမှာရှိတဲ့ ကျနော်မိတ်ဆွေတယောက်ကလည်း အဲဒီကိစ္စနဲ့ ပတ်သက် Thesis လုပ်နေတာကို ကျနော်သွား ကူခွင့်ရခဲ့တယ်။

သူကိုကူပေးရင်းနဲ့ စင်ကာပူစာကြည့်တိုက်ကနေ နိုင်ငံတကာနဲ့ ပတ်သတ်တဲ့ Resource တော် တော်များများ လေ့လာခွင့် ရခဲ့တယ်။ Resource ဆိုတာက မြန်မာစာနဲ့ ပတ်သက်တာ မဟုတ်ဘဲ ကိုးရီးယား၊ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတွေမှာ ဘာသာ စကားနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်နေတယ် ဆိုတဲ့ စနစ်တွေကို လေ့လာခွင့်ရခဲ့တယ်။

အဲဒါတွေကို လေ့လာပြီးနောက်မှာ မြန်မာမှာလည်း အဲဒီလို လုပ်သင့်တယ်ဆိုတဲ့ အတွေးမျိုး ဖြစ်လာရင်း အဲဒီဘက်ကို ရောက်ခဲ့တယ်။ အဲဒီနောက်မှာမြန်မာစာကို ယူနီကုဒ်ထဲထည့်ဖို့ ကွန်ပျုတာအသင်းက လူတွေလဲ လုပ်ကြတယ်။

ဒါပေမဲ့ ပြသနာက အဲဒီအချိန်က ယူနီကုဒ် 4.1 version မှာ “ပင့်၊ယင့်၊ ဆွဲ၊ ထိုး” ထည့်လုပ်ခွင့် မရ တဲ့ အခြေအနေမျိုး ကြုံခဲ့ တယ်။ အဲဒီတော့ ယူနီကုဒ်ကို သုံးပြီး တကယ်ရေးတဲ့ အခါကျ ပြဿနာ တွေတက်ရော။ ဒါကြောင့် ယူနီကုဒ် 4.1 version က ထွက်တော့လာတယ်။ သုံးမရ ခဲ့ဘူး။ အဲဒါ ကြောင့် ကျနော်က ဇော်ဂျီမှာ လွတ်နေတဲ့နေရာတွေမှာ “ပင့်၊ယင့်၊ ဆွဲ၊ ထိုး” ထပ်ထည့်နိုင်အောင် လုပ်ခဲ့တယ်။

အဲဒီခေတ်ရဲ့လိုအပ်ချက်အရ ကျနော် ဇော်ဂျီကို ရအောင်လုပ်ခဲ့တယ်။ အဲဒါပြီးတော့ ၂၀၀၇ ခုနှစ် မှာ ကျနော်နဲ့ ကိုသောင်းစုငြိမ်းနဲ့ ပေါင်းပြီး ဘလော့ဂါနေ့ “Blogger Day” ဆိုပြီး ပွဲတစ်ခုလုပ် ခဲ့ တယ်။ အဓိက ကတော့ လူတိုင်း အင်တာနက်ပေါ်မှာ ဝက်ဘ်ဆိုဒ်ထောင်စရာမလိုဘဲ စာတွေရေး လို့ရတယ်၊ အပြန်အလှန်စ ကားပြောလို့ ရတယ်၊ ပုံတွေ၊ ဗီဒီယိုတွေတင်လို့ရတယ်ဆိုတဲ့ Blog ကိုကျနော်တို့ ပရိုမိုးရှင်းစလုပ်ခဲ့ကြတယ်။

အဲဒါ လုပ်ပြီး သိပ်မကြာပါဘူး၊ ရွှေဝါရောင်တော်လှန်ရေးဖြစ်တယ်။ အဲဒီအချိန်မှာ နိုင်ငံတကာ ကလည်း မြန်မာနဲ့ ပတ်သက် တဲ့ သတင်းတွေ စိတ်ဝင်စားကြသလို အခုလို ဆိုရှယ်မီဒီယာတွေ အားမကောင်းသေးတော့ သတင်းအချက်အလက်က တော်ရုံနဲ့ မပြန့်နိုင်ဘူးဖြစ်တယ်။

အဲဒီမှာ လူတွေက သတင်းတွေသိချင်တော့ ဘလော့တွေမှာ ဇော်ဂျီဖောင့်ကို Install လုပ်ပြီး ကြည့်လာကြတယ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ လူတော်တော် များများရဲ့ စက်တွေမှာ ဇော်ဂျီက ရောက်လာပြီး ဇော်ဂျီကို ဘယ်လိုသုံးရမယ်၊ ရှာရမယ်ဆိုတာ မျိုး လုပ်တတ် လာကြရင်း Wave တခုထဲကို ဇော်ဂျီက ရောက်သွားခဲ့ပါတယ်။ ဒါကတော့ ဇော်ဂျီဘယ်လိုစဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေပါပဲ။

မေး။ ။ ဇော်ဂျီဖောင့်အတွက် ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲဆိုတာလဲ ပြောပြပါဦး

ဖြေ။ ။ ဇော်ဂျီစပေါ်ခဲ့တာ ၂၀၀၄၊ ၂၀၀၅ လောက်ကနေ စတွက်မယ်ဆိုရင် အခုဆို ၁၅ နှစ်ကျော် ရှိပြီလေ။ ဆိုလိုတာက ဆယ်စုနှစ်တစ်ခုခွဲကျော်တောင် ရှိလာပြီဆိုမှတော့ ပြသနာတွေကလဲ အစုံပဲပေါ့ဗျာ။

မေး။ ။ လူအများ ဆယ်စုနှစ်ကျော်သုံးလာတဲ့ ဇော်ဂျီဖောင့်က ဘာလို့ စံ စနစ်ဖောင့် တခုမဖြစ်လာ ခဲ့တာလဲ ဆရာ။

ဖြေ။ ။ နဂိုကတည်းကလည်း ကျနော်က ဇော်ဂျီကို စံစနစ်ဖောင့်အနေနဲ့ လုပ်ခဲ့တာမဟုတ်ဘူး လေ။ စံစနစ်ဖောင့် တခု ကောင်းကောင်းမွန်မွန်ထွက်လာပြီး သုံးလို့ရတဲ့ အချိန်အထိကို သုံးမယ် ဆိုပြီး ဒါကို သုံးရင်းကျနော်တို့ စောင့်နေခဲ့ကြတာလေ။

မေး။ ။ နည်းပညာပိုင်းအရ ယူနီကုတ်နဲ့ ဇော်ဂျီ အဓိကဘာကွာခြားချက်တွေရှိပါသလဲဆရာ။

ဖြေ။ ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပေါ်ခဲ့တဲ့ဟာနဲ့ ယှဉ်ရင်တော့ ကွာတာတွေရှိတာပေါ့။ လွန်ခဲ့တဲ့ ၁၅ နှစ်က ပစ္စည်း တခုက အခုပေါ်တဲ့ ပစ္စည်းလောက်တော့ ဘယ်ကောင်းမလဲ။ လွန်ခဲ့တဲ့ ၁၅ နှစ် က ပေါ်ခဲ့တဲ့ လက်ကိုင်ဖုန်းတလုံးက အခု ခေတ်ပေါ်လက်ကိုင်ဖုန်းနဲ့ဘယ်လိုကွာသလဲဆိုတဲ့ နမူနာ ကိုကြည့်ကြည့်လေ။ ဒါက ဇော်ဂျီမှ မဟုတ်ဘူးလေ။

မေး။ ။ အခု အများစုက ဇော်ဂျီကနေ ယူနီကုဒ်ကို ပြောင်းသုံးနေကြပြီ။ အဆင်မပြေတဲ့ အသံတွေ ကြားရတယ်။ ဒီအပေါ် မှာ နည်းပညာသမားတဦး အနေနဲ့ ဘယ်လို အကြံပြုချင်ပါသလဲ။ ယူနီကုဒ် မပြောင်းလိုသူတွေ အတွက် ဘာတွေအကျိုးမဲ့ပြီး ပြောင်းတဲ့သူတွေက ဘယ်လို အကျိုး ရှိ နိုင်မလဲ။

ဖြေ။ ။ ဒါက ယူနီကုဒ်သမားတွေနဲ့ အမြဲတမ်းငြင်းပြီး သူတို့ မကျေနပ်တဲ့ ကိစ္စပဲ။ ကျနော်ကလည်း အဲဒီမှာ လုံး၀ လက်မခံ တဲ့ကိစ္စက ဘာလဲဆိုတော့ ဥပမာ ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းတခုက မြန်မာ မီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို ဇော်ဂျီ နဲ့ ဒေတာယူ ဂျပန်လိုဘာသာပြန်ပြီး Database မှာ သိမ်းတယ်။

ဒီလိုပဲ တခြားနိုင်ငံတွေကလည်း ဒီလို ဒေတာတွေကို ဇော်ဂျီကတဆင့် ဆာဗာမှာ သိမ်းပြီး သုံးဖို့ ကျနော်က လက်မှတ် ထိုးပေးရတဲ့အတွက် ဇော်ဂျီကနေသာ ကျနော် တပြားတချပ် ပိုက်ဆံမရ တာ ဂျပန်၊ အင်္ဂလန်တို့လို အဖွဲ့အစည်းတွေ၊ NGO အဖွဲ့တွေအပြင် ဟွာဝေး၊ ဆမ်ဆောင်း၊ ဗီဗိုစတဲ့ ကုမ္ပဏီတွေကိုပါ ကျနော်က လက်မှတ် ထိုးပေးခဲ့ရတယ်။

ဆိုလိုတာက အဲဒီလို အဖွဲ့အစည်းတွေတောင် ဒါကို စနစ်တကျနဲ့ သုံးနေကြတယ်။ ဒါကို ကျနော် သိရတွေ့ရတ ဲ့အတွက် ဇော်ဂျီကြောင့် မြန်မာကို နားမလည်ဘူး၊ မသိကြဘူးဆိုတဲ့ဟာက ကျနော် လက်ခံလို့ကိုမရဘူးဖြစ်နေတယ်။ ဇော်ဂျီမို့ မရဘူးဆိုတဲ့ ကိစ္စမရှိပါဘူး။ ဇော်ဂျီမို့ လုပ်ရကိုင်ရ ခက်တယ်လို့ ဆိုရင် သူတို့ရဲ့ Programming Skill အဆင့်မမီလို့ပဲဖြစ်မှာ ပဲ။

တကယ်တော့ အဲဒါတွေက ဒီလောက်ခက်ခဲတဲ့ဟာ မဟုတ်ဘူးလေ။ ဥပမာ ရေးသမျှ ဇော်ဂျီဖောင့် အားလုံးကို ဖေ့ဘုတ်က Real Time ဘာသာပြန်ပြီး ယူနီကုဒ် အနေနဲ့ ပြပေးနေနိုင်သေးတာ ဘာဖြစ် လို့ မြန်မာလို နားမလည်တာလို့ ပြောနေကြ တာကို စဉ်းစားလို့ကို မရဘူး။

နည်းပညာပိုင်းအရ ဒါဟာ တူတူပဲလေ။ ဇော်ဂျီနဲ့ ရေးထားတဲ့စာကို ဂူဂယ်က ဘာသာပြန်မပေး ဘူးလို့ လူတွေက ဆိုနေ ကြရင် အဲဒါဟာတကယ်ဟုတ်၊ မဟုတ်သိဖို့ ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ စာကို ကော်ပီကူးပြီး Google Translator မှာ တချက် စမ်းကြည့်ရုံနဲ့ အဖြေသိနိုင်တဲ့ကိစ္စလေ။ ဒါပေမဲ့ သွားမစမ်းဘူး။ ဒီတိုင်းယုံလိုက်ကြတယ်။ ဒါက ကျနော်တို့နိုင်ငံ၊ လူမျိုးရဲ့ ပညာရေးပဲ လေ။ ကျနော်တို့ပညာရေးက သုတေသနကို ဘယ်လောက်အထိ အားမပေးဘူးဆိုတာ ပြနေတာ ပဲလေ။

ဒါပေမဲ့ ယူနီကုဒ်ကို စံသတ်မှတ်ချက်အနေနဲ့သုံးကြပါလို့ အစိုးရကပြောတဲ့ကိစ္စကို ကျနော်လက်ခံ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အားလုံး ဖောင့်တခုထဲကို တူတူသုံးချင်တယ်။ အဲဒီတူတူ သုံးတဲ့ဖောင့်ကလည်း Standard ဖောင့်ဆို ပိုကောင်းတယ်။ အဲဒါကြောင့် လက်ခံတယ်လို့ ပြောတာပါ။

ဒါပေမဲ့ ဒါသည် Standard ဖြစ်လို့သုံးတာပဲ ဖြစ်တယ်။ ဘာမှပိုကောင်းလို့ သုံးတာတော့ မဟုတ် သလို ပိုကောင်းတယ်လို့လဲ ကျနော်ဘယ်လိုမှ ခံစားမရဘူး။ အဲဒီလိုပဲ ဖြစ်စေချင်တာက အစိုးရ သည် စံသတ်မှတ်ချက် ဒေတာကိုပဲ လက်ခံမယ် ဆိုတဲ့ နေရာမှာ လူတွေက ဘယ်လိုဖောင့်သုံး ပြီးရိုက်ရိုက် သူဆီကို ဒေတာဝင်သွားဖို့ပဲ လိုတယ်လေ။ ဒါကို ဟိုလိုရိုက်မှ၊ ဒီလိုရိုက် မှဆိုတာမျိုး ဝင်ပြောစရာမှ မလိုတာ။ အခုကျ ဇော်ဂျီသုံးလို့ မြန်မာစာကြီး ပျက်စီးသွားတာမျိုး၊ ဇော်ဂျီသုံး တဲ့သူတွေကပဲ မျိုးဖျက်၊ စာပေဖျက်သလို ဖြစ်ကုန်ရော။

ဆိုလိုတာကတော့ ဒါက Customer Service ပဲလေ။ ဘယ်လို့ လူတွေကို ရှုပ်ထွေးပြီး ဒုက္ခရောက် အောင် လုပ်နေမလဲ။ သူတို့ ရိုက်နေကျ ကီးဘုတ်နဲ့ ရိုက်၊ ပြီးရင် ယူနီကုတ်ကို ပြောင်းလိုက်လို့ ရနေတာပဲလေ။ အခု စည်ပင်မှာဆို ဒေတာတွေ ကို ယူနီကုဒ် နဲ့ပဲ သိမ်းတယ်။

အဲဒီလိုသိမ်းတဲ့အတွက် ကျနော်တို့ ဝန်ထမ်းတွေ ယူနီကုဒ်နဲ့ ရိုက်စရာမလိုဘူး။ သူတို့ သုံးနေတဲ့ ဖုန်းမှာ သူတို့ သုံးနေကျ ကီးဘုတ်နဲ့ ရိုက်ပြီး Post လုပ်တဲ့အချိန်မှ Converter နဲ့ ယူနီကုဒ် ပြောင်းပြီးသွင်းခိုင်းလိုက်တယ်။

သူတို့လဲ ဦးနှောက် မခြောက်တော့သလို ကျနော်တို့လည်း ဘာမှသင်ပေးစရာမလိုဘူးလေ။ ကျနော်တို့ လိုချင်တာလည်းရတယ်လေ။ ဒါကြောင့် ကီးဘုတ်ကို ကျနော်တို့ Standard လုပ်စရာအကြောင်းမရှိဘူးလို့ ပြောတာပါ။

အခု ကျနော်ကိုယ်တိုင်လည်း အစိုးရ ရုံးလုပ်ငန်းနဲ့ဆိုင်တဲ့ စာတွေမှာ ယူနီကုဒ်သုံးတယ်။ ဒါပေမဲ့ ကျနော်သူငယ်ချင်း မိတ်ဆွေတွေနဲ့ Chatting လုပ်ရင်တော့ ဇော်ဂျီပဲသုံးတယ်။ ဒါက ကျနော်တို့ ရွေးချယ်ခွင့်ပဲလေ။ အဲဒါကြောင့် ကျနော် Facebook မှာတောင် ပြောင်ပြီးရေးထားမိတာ တစ်ခုရှိတယ်။

ကျနော်က KTV မှာ ဇော်ဂျီနဲ့ပဲ သီချင်းဆိုတယ် ဆိုပြီးရေးထားတယ်။ ဟုတ်တယ်လေ။ ကေတီဗွီမှာရှိတဲ့စက်တွေ အကုန် လုံးက ဇော်ဂျီတွေနဲ့ ရေးထားတာလေ။ ယူနီကုဒ်ကိုပြောင်းပါ အလကားပြောင်းပေးမယ်ဆိုရင်လဲ ဘယ်သူဌေးမှ အပြောင်းခံ မှာ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ ပြောင်းပြီးမှ Stable မဖြစ်ရင် ပိုက်ဆံတော့ ပိုရလာမှာမဟုတ်ဘဲ သူဒုက္ခရောက်မှာလေ။ ဒါက ဟာသသဘောပြောတာပါ။

မေး။ ။ ကြားမိတာတခုက ဇော်ဂျီဖောင့်ပရိုဂရမ်က ဆရာကိုယ်တိုင်ဖန်တီးခဲ့တာမဟုတ်ဘဲ နည်းပညာကျောင်းသား တဦးဆီက ဝယ်ခဲ့တာ ဆိုတဲ့အပေါ်မှာကော ဘယ်လိုဖြေကြားချင် ပါသလဲ

ဖြေ။ ။ အဲဒါ လုံးဝမဟုတ်ပါဘူး။ ဇော်ဂျီဟာ ကျနော်တယောက်တည်းပဲ ဒီဇီုင်းလုပ်၊ လေ့လာခဲ့ပြီး ကိုယ်တိုင် ထွင်ခဲ့တဲ့ ပရိုဂရမ်တခုပါ။ ကျနော်လိုချင်တဲ့ ဒီဇိုင်းကို ဒီဇိုင်နာ ဆီအပ်ပြီး အခကြေးငွေနဲ့ ဆွဲခိုင်းတာတော့ဟုတ်တယ်။ ဒါပေမဲ့ ဒါက ကျနော်ကိုယ်တိုင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဒီဇိုင်း မျိုးကို ကိုယ်တိုင်ပေးပြီးလုပ်ခဲ့တဲ့ ကျနော်မူပိုင်တခုပါ။

ဒါပေမဲ့ ကျနော်သူငယ်ချင်းတွေက ဝိုင်းစစ်ဆေးပေးတာ၊ အကြံပေးတာတွေ၊ ပြင်ပေးကြတာတွေ တော့ရှိခဲ့တယ်။ ခက်တာက အဲဒီသူငယ်ချင်းတွေ ကိုယ်တိုင်က အခုချိန်ကျမှ သူတို့ ကိုယ်တိုင်ပါခဲ့ တယ်လို့ ပြောပေမဲ့ အဲဒီစလုပ်တုန်းက အပြင်တောင်မထွက် ရဲကြဘူး။

ကျနော်တယောက်ပဲ မိုက်မိုက်ကန်းကန်း ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ခဲ့တာ။ သူတို့တွေက Gentlemen တွေဆိုတော့ အပြင်မထွက်ခဲ့ကြဘူးလေ။ ဒါပေမဲ့ သူတို့အကူအညီတွေကြောင့် ဇော်ဂျီ ဒီလောက် အထိ အောင်မြင်ခဲ့တာပါ။

ကျနော်တယောက်တည်းနဲ့ ဆိုရင်လည်း ဒီလောက် အောင်မြင်အောင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ တကယ်တမ်း ပြန်တွေး ကြည့်ရင် အဲဒီခေတ်ကာလက ဒါက အန္တရာယ်များတဲ့အလုပ်တခု ဖြစ်ခဲ့တာ။ ဘုန်းတော်ကြီးတွေနဲ့ ပတ်သက်ခဲ့ရတယ်။ ဘလော့ဂါတွေနဲ့ ပတ်သက်ခဲ့တယ်ဆိုပြီး ကျနော် ထောင်ထဲ မရောက်ခဲ့တာတောင် တော်တော် ကံကောင်း တယ်ပြောရ မယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဆရာ..နောက်ဆုံးအနေနဲ့ ဆယ်စုနှစ်ကျော်သုံးလာတဲ့ ဇော်ဂျီကို လူအများက Goodbye လုပ် ကြတဲ့အပေါ် ဆရာခံစားချက်လေးသိပါရစေ။

ဖြေ။ ။ ဒါကတော့ ကိုယ်ညံ့လို့ပဲ သဘောထားပါတယ်။ ဘယ်ထုတ်ကုန်မဆို သူသက်တမ်းဆို တာရှိတယ်လေ။ ပြီးတော့ ကျနော်တို့ အရွေ့တွေကိုနားလည်ဖို့လိုပါတယ်။ နောင်မှာ ကျနော်က အခုထက်ကောင်းတဲ့ဖောင့် ထပ်မထုတ်နိုင်ဘူးလို့လဲ မပြောနိုင်ဘူးလေ၊ ဘာလို့လဲဆိုတော့ ကျနော်တို့က Brand ရှိပြီးသွားပြီလေ. ပိုကောင်းတဲ့ Product ကို user တွေဆီပို့ပေး နိုင်ဖို့ပဲ လိုတာပါ။ ။

The post ခေတ်လိုအပ်ချက်အရ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တယ်ဆိုတဲ့ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.

]]>