သဇင်လှိုင် – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Wed, 18 Sep 2019 12:05:54 +0000 en-US hourly 1 https://wordpress.org/?v=5.2.3 သန်လျင်တွင် ကုန်သေတ္တာယာဉ် ရပ်နားကွင်း တည်ဆောက်ရန် စီစဉ် https://burma.irrawaddy.com/news/short-news/2019/09/18/204298.html Wed, 18 Sep 2019 12:02:53 +0000 https://burma.irrawaddy.com/?p=204298 သန်လျင်မြို့နယ် အတွင်း၌ ၂၄ ဧက ကျော် ကျယ်ဝန်းသည့် ကုန်သေတ္တာယာဉ် ရပ်နားကွင်း တည် ဆောက်ရန် အတွက် စီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

The post သန်လျင်တွင် ကုန်သေတ္တာယာဉ် ရပ်နားကွင်း တည်ဆောက်ရန် စီစဉ် appeared first on ဧရာဝတီ.

]]>
သန်လျင်မြို့နယ် အတွင်း၌ ၂၄ ဧက ကျော် ကျယ်ဝန်းသည့် ကုန်သေတ္တာယာဉ် ရပ်နားကွင်း တည်ဆောက်ရန် အတွက် စီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

ကုန်သေတ္တာတင်ယာဉ် ရပ်နားရေး အတွက် ယာဉ်ရပ်နားကွင်း တည်ဆောက်ရန် သံလျင်မြို့နယ်တွင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဌာနက စီမံခန့်ခွဲသည့် မြေဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ် အသင်းသို့ ငှားရမ်းပေးနိုင်ရန် စီစဉ် ဆောင် ရွက်လျက် ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့ ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင် ရပ်နားထားသည့် ကွန်တိန်နာယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ် ပေါ်နေသဖြင့် ကုန်သေတ္တာယာဉ်ရပ်နားသည့် နေရာသစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိကို ဗိုလ်တထောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးက လွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင် ရပ်နားထားသော ကွန်တိန်နာများနှင့် စပ်လျဉ်း၍ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်း ရေးအတွက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေသော်လည်း ကွန်တိန်နာ အစီးရေ အနေအထား ကြောင့် လည်းကောင်း၊ ယာဉ်များ၏ တည်ဆောက်မှု ပုံစံ အနေအထားအရ လည်းကောင်း ရပ်နားမှုကို ဖြေရှင်းရန် အခက်အခဲ ဖြစ်နေရကြောင်း ဒေါ်နီလာကျော်က ပြောဆိုသွားသည်။

You may also like these stories:

ရန်ကုန်ရှိ ကုန်သေတ္တာတင်ယာဉ်များကို အများပိုင် ကုမ္ပဏီအောက် ထားရှိရန် စီစဉ်

ကွန်တိန်နာ ယာဉ်မောင်းများ၏ တောင်းဆိုချက်များ ညိုနှိုင်းနေ

The post သန်လျင်တွင် ကုန်သေတ္တာယာဉ် ရပ်နားကွင်း တည်ဆောက်ရန် စီစဉ် appeared first on ဧရာဝတီ.

]]>
မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ https://burma.irrawaddy.com/news/2019/09/17/204200.html Tue, 17 Sep 2019 12:01:25 +0000 https://burma.irrawaddy.com/?p=204200 အိမ်အကူ မကရင်မသည် လေအေးပေးစက် သယ်ဆောင်ရင်း လှေကားပေါ်မှ ပြုတ်ကျကာ ဒဏ်ရာများ ရရှိကြောင်း ပါဝင် သည့် ဗီဒီယိုဖိုင် သက်သေခံကို စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု ဘက်က တင်သွင်းထားရာ

The post မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ appeared first on ဧရာဝတီ.

]]>
အိမ်အကူ မကရင်မသည် လေအေးပေးစက် သယ်ဆောင်ရင်း လှေကားပေါ်မှ ပြုတ်ကျကာ ဒဏ်ရာများ ရရှိကြောင်း ပါဝင် သည့် ဗီဒီယိုဖိုင် သက်သေခံကို စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု ဘက်က တင်သွင်းထားရာ ယနေ့ ရုံးချိန်းတွင် ရန်ကုန် တောင်ပိုင်း ခရိုင် တရားရုံးက လက်ခံလိုက်သည်။

မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးထားသည့် အဆိုပါ ဗီဒီယိုဖိုင်တွင် မကရင်မသည် လေအေးပေးစက်နှင့် အတူ ပြုတ်ကျသဖြင့် ဦးခေါင်းပေါက်ပြီး ရင်ဘတ်တွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟုဆိုကာ ၎င်းပြသသည့် ဆေးမှူးအား ရှင်းပြနေသည် ကို မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက တရားခံဘက်က နေပြီးတော့ ရိုက်ထားတဲ့ကင်မရာရယ် ထုတ်ထားတဲ့ CD ရယ် အဲဒီကနေမှ ပြန် ကူးယူဖော်ပြထားတဲ့ စာတမ်းတွေရယ် အဲဒီ ၃ မျိုးကို သက်သေခံသွင်းတယ်။ သက်သေခံသွင်းတော့ ဥပဒေအရာရှိက ကန့် ကွက်တယ်။ မူရင်းတွေဆိုတာ ပေါ်လွင်ထင်ရှားတဲ့အတွက်ကြောင့် သက်သေပြရန် တရားခံဘက်မှာ တာဝန်ရှိတဲ့ အကြောင်း မှတ်သားပြီးတော့ သက်သေခံ သွင်းတာကို လက်ခံလိုက်ပါတယ်”ဟု  တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြော သည်။

သေဆုံးသူ မကရင်မသည် တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေခဲ့ရာမှ တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန်က သက်သေ ထွက်ဆိုထားခြင်းဖြစ်သည်။

အဆိုပါဒဏ်ရာများနှင့် ပတ်သက်ပြီး ဒေါ်သိင်္ဂီစုက ငြင်းဆိုထားကာ လေအေးပေးစက် ပြုတ်ကျရာမှ ရရှိသည့် ဒဏ်ရာ များဖြစ်ကြောင်း သက်သေ ပြန်လည် တင်သွင်းခြင်း ဖြစ်သည်။

“တရားလိုဘက်က သက်သေခံ ဥပဒေနဲ့ ဘယ်လောက်အထိ ညီညွတ်လဲဆိုတာ မေးခွန်းမေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် တရား ရုံးကတော့ မျှတတဲ့ အခွင့်အရေးတွေ ပေးထားတာပေါ့။ အပြန်အလှန်မေးခွန်း မေးတဲ့နေရာမှာ ဘယ်လောက်အထိ ဥပဒေနဲ့ အကျုံးဝင်အောင် မေးနိုင်လဲဆိုတာတော့ အဲဒါတော့ စောင့်ကြည့်ရမှာပေါ့။ သက်သေခံအဖြစ် လက်ခံ လိုက်တာ တော့ တရားခံ အတွက်တော့ အတိုင်းအတာ တခုအထိ အထောက်အကူ ဖြစ်သွားပါတယ်”ဟု တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြော သည်။

အဆိုပါ အိမ်အကူ မကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ် ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားခြင်း ဖြစ်သည်။

You may also like these stories:

မကရင်မအမှု သက်သေခံဗီဒီယိုဖိုင် သံသယတရားခံမှ တင်သွင်း

အိမ်အကူ မကရင်မ အမှု သံသယ တရားခံဘက်မှ ထုချေ တင်ပြခွင့် အသနားခံစာတင်

မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ

မကရင်မ လှေကားပေါ်က ပြုတ်ကျ ဒဏ်ရာရခြင်း ဖြစ်ကြောင်း သံသယ တရားခံ ထွက်ဆို

အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ

အိမ်အကူ မကရင်မ သေဆုံးမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို စတင် စစ်ဆေး

အိမ်အကူ မကရင်မ အမှု ရုပ်သိမ်းလွှာ တရားရုံးသို့ မရောက်၍ အမိန့်ချမှတ်ရန် မရှိဟု ဆို

The post မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ appeared first on ဧရာဝတီ.

]]>
ဝန်ထမ်းမသမာမှုများကြောင့် ဓာတ်အားခ ဆုံံးရှုံးမှုများရှိဟု YESC ဥက္ကဋ္ဌ ပြော https://burma.irrawaddy.com/news/2019/09/11/203517.html Wed, 11 Sep 2019 08:16:30 +0000 https://burma.irrawaddy.com/?p=203517 ဝန်ထမ်း မသမာမှုများကြောင့်လည်းကောင်း၊ မီးခိုးသုံးခြင်း များကို စစ်ဆေးတွေ့ရှိပါက စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့ကာ ယင်းအဖွဲ့၏ အစီရင်ခံစာပေါ် မူတည်ကာ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး အဖွဲ့ စီမံခန့်ခွဲရေး ကော် မတီ သို့ တင်ပြကြောင်း သိရသည်။

The post ဝန်ထမ်းမသမာမှုများကြောင့် ဓာတ်အားခ ဆုံံးရှုံးမှုများရှိဟု YESC ဥက္ကဋ္ဌ ပြော appeared first on ဧရာဝတီ.

]]>
လျှပ်စစ်ဓာတ်အား ဓာတ်အားဆုံးရှုံးမှုတွင် နည်းပညာအရ ဆုံးရှုံးမှု အပြင် မီတာခိုးယူသုံးစွဲမှုများ၊ လျှပ်စစ်ဝန်ထမ်းအချို့၏ မသမာမှုများကြောင့် ဇူလိုင်လ အတွင်း ငွေကျပ် ၁၁ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။

YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က “Losses က ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး ဓာတ်အား ပျောက်ဆုံးမှုဟာ ၁၄ ရာခိုင်နှုန်း ပျောက်ဆုံးနေတာ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ လျှော့ချဖို့ လုပ်နေပါတယ်။ non-technical ပေါ့။ လူတွေကြောင့်ပေါ့။ တချို့ မီတာတွေကို နည်းအမျိုးမျိုးနဲ့ မသမာမှု လုပ်တယ်။ မီတာ မတက်အောင် လုပ်တဲ့နည်းကတော့ မျိုးစုံရှိပါတယ်။ နောက်တခုက မီးခိုးပြီးတော့ ချိတ်တာ ရှိပါတယ်။ အရင်တုန်းကဆိုရင် ပိုဆိုးပါတယ်။ မီတာခ စာရေး တွေမှာလည်း မသမာတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ သွားပြီး ဖတ်ရမှာကို မဖတ်ဘဲနဲ့ မှန်းရေးတာ တွေကလည်း losses ကျတာပဲဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး စက်တင်ဘာလ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းကဆက်၍ “Technical Losses နဲ့ Non-Technical Losses  ဆိုပြီး ရှိတယ်။ Technical Losses ကတော့ ဓာတ်အားလိုင်းတွေ ရှည်လျားတယ် ခွဲရုံတွေနဲ့ ဝေးကွာတဲ့ အခါမှာ Technical Losses ဖြစ်ပါတယ်။ voltage ကျတဲ့ အခါမှာလည်း losses က ဖြစ်ပါတယ်ဟု ရှင်းပြသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့တွင် ဒစ်ဂျစ်တယ် မီတာများကို နည်းပညာ အသုံးပြုကာ အလိုအလျောက် မီတာဖတ်သည့် စနစ်ကို ကျင့်သုံးပြီး လျှပ်စစ် ဓာတ်အား ပျောက်ဆုံးမှုကို လျှော့ချရန်နှင့် မသမာမှုများ လျှော့ချရန် ဆောင်ရွက်နေကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

ထို့ပြင် နည်းပညာအရ ဆုံးရှုံးမှု မဖြစ်ပေါ်ရန်အတွက်  ထရန်စဖော်မာများအား Multi Transformer များဖြင့် တိုးချဲ့ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ ပြောင်းလဲ တပ်ဆင်ခြင်း နှင့် ရှုပ်ထွေး ဆားဗစ်များ ရှင်းလင်းခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း YESC မှသိရသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF-Myanmar)မှ စွမ်းအင်ကဏ္ဍဆိုင်ရာ မန်နေဂျာ ဦးရွှန်းစိုဦး ကအခုလောလောဆယ်မှာ ဘယ်လောက်ရာခိုင်နှုန်းက system lose ဖြစ်တာလဲပေါ့။ ဒါဆို အစိုးရက ပြင်လို့ရပြီ။ နောက်တချက်က မီးခိုးသုံးတာပေါ့ ဓာတ်အားခ မပေးဘဲ သုံးတာက ဘယ်လောက်လဲ။ နောက်တခုက ရန်ကုန် တမြို့လုံးမှာ ဆိုရင် မီတာ တော်တော်များများက ခေတ်ဟောင်းမီတာတွေ ဆိုတော့  စပြီးတော့ လဲလာတော့ ရှိတယ်။ ခေတ်ဟောင်းမီတာတွေ အကုန်လုံးက အလုပ် လုပ်သေးရဲ့လား။ မီတာဟောင်းတွေက သုံးသလောက် မလည်တာတွေ ဘာတွေ ရှိတယ်။ ပစ္စည်းတွေ ပုံမှန်အလုပ် မလုပ်လေ အစိုးရက ပိုက်ဆံတွေ ဆုံးရှုံးလေပေါ့ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ဒီလိုပိုက်ဆံတွေကတော့ နှမြောဖို့ ကောင်းတယ်။ ဒါက တခါတည်း ရှုံးသွားတာ မဟုတ်ဘူးလေ နှစ်တိုင်း နှစ်တိုင်းရှုံးတာ။ အစိုးရကလည်း ပြောနေတာ အမြဲတမ်း ဘတ်ဂျက် မလောက်တာ ရှိတယ်။ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံချင်တဲ့ နေရာတွေ ရှိတယ်။ ဒီလို lose ဖြစ်လေ အစိုးရအတွက်က ပိုပြီးတော့ ခက်ခဲလာလေပေါ့ဟု သုံးသပ်သည်။

ဝန်ထမ်း မသမာမှုများကြောင့်လည်းကောင်း၊ မီးခိုးသုံးခြင်း များကို စစ်ဆေးတွေ့ရှိပါက စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့ကာ ယင်းအဖွဲ့၏ အစီရင်ခံစာပေါ် မူတည်ကာ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး အဖွဲ့ စီမံခန့်ခွဲရေး ကော် မတီ သို့ တင်ပြကြောင်း သိရသည်။

ထို ထင်မြင်ယူဆချက်များနှင့် အတူ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ကော်မတီကို တင်ပြကာ ထိုကော်မတီမှ ဆုံးဖြတ်ချက် ချမှတ် သည့်အတိုင်း အရေးယူကြောင်း YESC မှ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ အချက်အလက်များအရ ဇူလိုင်လအတွင်း လျှပ်စစ် ဓာတ် အား ပျောက်ဆုံးမှု ယူနစ် ၁၀၆ ဒသမ သန်းရှိပြီး ငွေကြေးအားဖြင့် ၁၁ ဘီလီယံ တန်ဖိုးရှိကာ ဇွန်လအတွင်းက ၈၈ ဒသမ သန်း သာ ပျောက်ဆုံးခဲ့သည်။ 

ဇွန်လတွင် လျှပ်စစ်မီတာ သုံးစွဲခ ငွေကျပ် ၅၅ ဘီလီယံရရှိခဲ့ပြီး ဇူလိုင်လတွင်  ၉၁ ဘီလီယံ ရရှိခဲ့ခြင်းဖြစ်ကာ ၃၆ ဘီလီယံ ပိုမို ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို

The post ဝန်ထမ်းမသမာမှုများကြောင့် ဓာတ်အားခ ဆုံံးရှုံးမှုများရှိဟု YESC ဥက္ကဋ္ဌ ပြော appeared first on ဧရာဝတီ.

]]>
လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို https://burma.irrawaddy.com/news/2019/09/10/203369.html Tue, 10 Sep 2019 00:30:01 +0000 https://burma.irrawaddy.com/?p=203369 လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ ဇူလိုင်လအတွင်း လျှစ်စစ်ဓာတ်အား သုံး စွဲမှုယူနစ်ပေါင်း၂၁ ဒသမ ၉ သန်း လျော့နည်းသွားခဲ့ပြီး မီတာခမှာမူ ယခင်လ ထက် ငွေကျပ် ၃၆ ဒသမ ၈ ဘီလီယံကျော် ကောက်ခံရရှိခဲ့ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က သိရသည်။

The post လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို appeared first on ဧရာဝတီ.

]]>
လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ ဇူလိုင်လအတွင်း လျှစ်စစ်ဓာတ် အားသုံးစွဲမှု ယူနစ် ပေါင်း၂၁ ဒသမ ၉ သန်း လျော့နည်းသွားခဲ့ပြီး မီတာခမှာမူ ယခင်လထက် ငွေကျပ် ၃၆ ဒဿမ ၈ ဘီလီယံကျော် ကောက်ခံ ရရှိခဲ့ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း (YESC) က သိရသည်။ 

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ YESC မှ အထွေထွေ မန်နေဂျာ ဒေါ်စိုးစိုးနွယ်က ပြောသည်။

ဒေါ်စိုးစိုးနွယ်က ကျမတို့ မီတာခတွေ မတိုးခင်မှာ ဇွန်လပိုင်းမှာ ဆိုရင် ငွေကျပ် ၅၅ ဘီလီယံ ရှိပြီး တော့ အခု ဇူလိုင်လ ပိုင်းမှာ ၉၁ ဘီလီယံပေါ့။ ၃၆ ဘီလီယံ တိုးပြီးတော့ ရရှိပါတယ်ဟု ပြောသည်။

ထိုသို့ တိုး၍ရရှိသည့် ဓာတ်အားခများသည် အိမ်သုံးမဟုတ်သည့် အမျိုးအစားများမှ အများစု ဖြစ် သည့်အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲသူများသည် ဓာတ်အားခပေးဆောင်ရာ တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်ကြောင်းလည်း YESC က အချက်အလက် ထုတ်ပြန်မှုတွင် ထည့်သွင်း ထုတ်ပြောဆိုခဲ့သည်။ 

YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က စက်မှုလုပ်ငန်းသုံးတွေကတော့ လုပ်အားခတို့ ဘာတို့ သူတို့ ကုန်ထုတ်လုပ်မှုအပေါ် အဲဒါတွေပေါ် မူတည်ပြီးတော့ နည်းနည်း အကျိုးသက်ရောက်မှုတော့ ရှိမှာပေါ့။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ကတော့ ဒါကို ဆိုးဆိုးရွားရွား မရှိပါဘူး။ သေသေချာချာ ချွေတာပြီး တော့မှ သုံးမယ်ဆိုရင် အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်ဆိုသည်။

မီတာခများ ကောက်ခံရာတွင် နေအိမ်သုံးစွဲမှုမှ ယခင်လထက် ငွေကျပ် ၁၂ ဘီလီယံ ပိုမိုရရှိခြင်းဖြစ်ပြီး အိမ်သုံးမဟုတ် သည့် အမျိုးအစားမှ ကျပ်၂၄ ဘီလီယံ ပိုမိုရရှိလာခြင်း ဖြစ်ကြောင်း YESC က သိရသည်။

YESC မှ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်ဦးက နည်းနည်းဈေးပိုပေးရလို့ ထိခိုက်မှုတွေ ရှိပါတယ်။ သို့သော်လည်း ဆင်းရဲတဲ့သူ အတွက် ထိခိုက်တဲ့ ပိုက်ဆံငွေ ပမာဏက နည်းပါတယ်ဟု ပြောသည်။

ရန်ကင်းမြို့နယ်နေ ဦးသူရိန်က လူတွေ ယူနစ်ပေါင်း သန်းနဲ့ချီ လျှော့သုံးတာတောင် ဘီလီယံနဲ့ချီ ဝင်ငွေတွေ ပိုလာတာ လေ။ ဒါကိုတောင် လူတွေ ဝန်ထုတ်ဝန်ပိုး မဖြစ်ပါဘူးဆိုတာက အဓိပ္ပာယ်မရှိ ဘူး။ ဝန်ထုတ်ဝန်ပိုး မဖြစ်ဘဲ ဘယ်သူကမှ လျှော့မသုံးဘူး။ ဖြစ်လို့ လျှော့သုံးတာပေါ့ဟု ပြောဆို သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနကို ၁ ယူနစ်လျှင် ၁၁၀ ကျပ် နှုန်း ပြန်လည်ပေးသွင်းရခြင်းဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားခ ပိုမိုကောက်ခံခြင်း ကြောင့် ပိုမိုမြတ်စွန်းလာခြင်း မရှိကြောင်း YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။

အရင်တုန်းက ကျနော်တို့က ၁ ယူနစ်ကို ၆၀ ကျပ်နဲ့ ဝယ်ရပါတယ်။ အခုက ၁၁၀ နဲ့ ဝယ်ရပါတယ်။ အဓိက စိုက်ထုတ်သုံး စွဲနေရတာက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက တ နှစ် တနှစ်ကို ဘီလီယံပေါင်းများစွာ စိုက်ထုတ် သုံးစွဲနေရတဲ့ အတွက်ကို ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှု ထည့်ရတဲ့အခါမှာ နည်း သွားတဲ့ အနေအထား ဖြစ်ပါတယ်ဟု ၎င်းက ဆိုသည်။

လျှပ်စစ်မီတာခ မပြောင်းလဲမီ ဇွန်လက ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသုံးစွဲသူဦးရေ ၁ ဒသမ ၃၈ သန်းရှိရာ ယူနစ် ပေါင်း ၇၁၇ သန်း သုံးစွဲခဲ့ပြီး၊ မီတာခ ပြောင်းလဲသတ်မှတ်လိုက်သည့် ဇူလိုင်လတွင်မူ သုံးစွဲယူနစ်ပေါင်း ၆၉၅ သန်း ယူနစ် သို့ လျော့နည်း သုံးစွဲခဲ့ကြောင်း YESC က သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

မီတာခ တိုးမြှင့် ကောက်ခံမှု အမြတ်ရရန် မဟုတ်ဟု ဆို

မီတာခ နှုန်းထားသစ်ကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အကျိုးအမြတ် စရမည်ဟု ဆို

ယူနစ်ကွဲလွဲမှု မရှိရန် အိမ်တိုင်ရာရောက် လိုက်လံ မီတာဖတ်မှုများ ပြလုပ်နေ

လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

The post လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို appeared first on ဧရာဝတီ.

]]>
လမ်းဘေးဈေးသည်အား အခွန်မကောက်နိုင်၍ နိုင်ငံ့ဘဏ္ဍာ ဘီလျံ ချီဆုံးရှုံးနေဟု ဆို https://burma.irrawaddy.com/news/2019/09/06/203061.html Fri, 06 Sep 2019 00:30:14 +0000 https://burma.irrawaddy.com/?p=203061 ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ပြုလုပ်မည့် စမတ်ကားပါကင်စနစ်ကိုလည်း တင်ဒါခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှသိရသည်။

The post လမ်းဘေးဈေးသည်အား အခွန်မကောက်နိုင်၍ နိုင်ငံ့ဘဏ္ဍာ ဘီလျံ ချီဆုံးရှုံးနေဟု ဆို appeared first on ဧရာဝတီ.

]]>
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် လမ်းဘေးကျူးကျော်ဈေးသည်နှင့် ကား ပါကင် ကြေးကို ကောက်ခံရခြင်း မရှိသည့်အတွက် ဘဏ္ဍာငွေ ကျပ် ဘီလျံချီ ဆုံးရှုံးနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

“ဘဏ္ဍာငွေ အလေအလွင့်ဖြစ်နေတာ ၂ ခုရှိတယ်။ အဲဒီဝင်ငွေတွေက ဘီလျံလောက်ရှိတယ်။ နိုင်ငံတော် ကို မဝင်ဘူး။ မဝင်တဲ့အတွက် ကားပါကင်ကြေး ကောက်မယ်ဆိုတော့လည်း ဝိုင်းကန့်ကွက်ကြလို့ အကောင်အထည် မဖော်နိုင်သေးပါ ဘူး” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

ဆက်လက်ပြီး ၎င်းက “လမ်းဘေးကျူးကျော်ဈေးသည်တွေ YCDC ကလည်း ဈေးကောက် မကောက် ဘူး။ သို့သော်လည်း လမ်းပေါ်တက်ရောင်းနေတဲ့ ဈေးသည်တွေကို တစ်ယောက်ချင်း လိုက်မေးကြည့် ဈေးကောက်မပေးရဘူးလားဆိုတော့ ပေးနေရတယ်။ နောက်ပြီး ကျနော်တို့ အခုထိ ကားပါကင်ကြေး မကောက်သေးဘူး သို့သော်လည်း ကားပါကင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူပြီးတော့ ကောက်နေကြ တယ်”ဟု ဆိုသည်။

လမ်းဘေးဈေးသည်အချို့ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီယူနီဖောင်းနှင့် မဟုတ်သော်လည်း စည်ပင်သာယာရေးကော်မတီမှဟု ပြောဆိုကာ ငွေကောက်ခံမှု ရှိကြောင်း ပြောဆိုကြသည်။

ကျောက်တံတားမြို့နယ်တွင် ဈေးရောင်းချသည့် ဦးဝေဖြိုးက “တစ်ရက် ၂၀၀ လိုင်းကြေးဆိုပြီး လာ ကောက်တယ်။ ယူနီဖောင်းနဲ့တော့ မဟုတ်ဘူး အပြင်အဝတ်အစားနဲ့ပဲ စည်ပင်ကလို့ ပြောပြီးကောက် တာ လာကောက်တဲ့သူက ၃ လတခါ ပြောင်းပြောင်းကောက်တယ်။ မပြောင်းခင် ဂျူတီချိန်းပြီးဆိုပြီး မိတ်ဆက်ပေးသွားတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က လမ်းဘေး ဈေးသည်များကြောင့် ရန်ကုန်မြို့တွင်း ယာဉ် အသွားအလာ၊ လူ အသွားအလာများ အနှောင့်အယှက် မဖြစ်စေရန် ရည်ရွယ်ကာ ကမ်းနားလမ်း တလျှောက်တွင် ညဈေးတန်းအဖြစ် ၂၀၁၇ ခုနှစ်မှ စတင်၍ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် မြို့နယ်ရှိ ဈေးသည်များကို ဈေးဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် နေရာချထားပေးခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ပြုလုပ်မည့် စမတ်ကားပါကင်စနစ်ကိုလည်း တင်ဒါခေါ်ယူ နိုင်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှသိရသည်။

You may also like these stories:

ရန်ကုန်စည်ပင် ဝန်ထမ်းစရိတ် လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးဟုဆို

အသွင်သစ်နှင့် ပြန်ပေါ်လာနိုင်မလား ရန်ကုန် ညဈေးတန်း

စည်ပင်ဥပဒေသစ် အသက်မဝင်သေးတဲ့ အကျင့်ဟောင်းများနဲ့ မြို့တော်

The post လမ်းဘေးဈေးသည်အား အခွန်မကောက်နိုင်၍ နိုင်ငံ့ဘဏ္ဍာ ဘီလျံ ချီဆုံးရှုံးနေဟု ဆို appeared first on ဧရာဝတီ.

]]>
ရန်ကုန်စည်ပင် ဝန်ထမ်းစရိတ် လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးဟုဆို https://burma.irrawaddy.com/news/2019/09/05/202966.html Thu, 05 Sep 2019 01:30:15 +0000 https://burma.irrawaddy.com/?p=202966 မန္တလေးတွင် မြို့တော် စည်ပင် သန့်ရှင်းရေး ဝန်ထမ်း အားလုံးကို လက်ဗွေဖတ်စက်ဖြင့် fingerprint scan လုပ်ခဲ့ရာတွင် “လူတူ နာမည်ကွဲ” သန့်ရှင်းရေး ဝန်ထမ်းအတု အယောက် ၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ပြည်သူ့ဘဏ္ဍာငွေ တစ်နှစ် သိန်း ၇၂၀၀ ခန့် ဆုံးရှုံးနေမှုကို လျော့ချနိုင်ခဲ့ကြောင်း

The post ရန်ကုန်စည်ပင် ဝန်ထမ်းစရိတ် လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးဟုဆို appeared first on ဧရာဝတီ.

]]>
ရန်ကုန်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဝန်ထမ်းစရိတ်များ လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတဦးက “အမြဲတမ်း နှစ်တိုင်း Audit တွေ စစ်ဆေးတာ ဖြစ်တဲ့ အတွက်ကြောင့် လစဉ် လတိုင်း၊ နေ့စဉ်နေ့တိုင်း Finger print များကို ဂရုတစိုက်နဲ့ ပြည်သူ့ဘဏ္ဍာများကို လေလွင့်ဆုံးရှုံးမှု နည်းပါးအောင် စစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိပါတယ်” ဟု ပြောသည်။

ပြည်သူ့ဘဏ္ဍာ ထိန်းသိမ်းရသည့် ဌာနဖြစ်သည့်အတွက် Internal, External Audit လည်း အစစ် ခံရကြောင်း၊ စစ်ဆေး စဉ်တွင် ရုံးတွင်း စာရွက်စာတမ်းများ သာမက မြေပြင်တွင် ဝန်ထမ်းအင်အား အမှန်တကယ် ရှိ၊ မရှိကိုပါ စစ်ဆေးကြောင်း သိရသည်။

သန့်ရှင်းရေး အပါအဝင် အခြေခံလုပ်သားမှာ အလွန်ရှားပါးသဖြင့် နေစရာပေး စုစည်းထားရခြင်း ဖြစ်သဖြင့် လူစာရင်း ပိုပြသည့် အကျင့်ပျက်ခြစားမှုမျိုး YCDC တွင် မရှိကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ပြောသည်။

“နေ့စား လပေးဝန်ထမ်းတွေက နေ့စား ဖြစ်တဲ့အတွက် အပြောင်းအလဲတော့ ရှိမှာပဲ။ သို့သော်လည်း ဒီအပြောင်းအလဲက သိပ်မများဖို့ အရေးကြီးတယ်။ အပြောင်းအလဲ သိပ်များသွားရင် Corruption out မယ်” ဟု ဦးမောင်မောင်စိုးက ပြော သည်။

ဆက်လက်ပြီး ၎င်းက “ ပြောမယ့်သာ ပြောရတာ အလုပ်သမား အတော်ရှားတယ်။ အလုပ်သမားကို ပိုးမွေးသလို မွေးရ တာ။ YCDC ရဲ့ သန့်ရှင်းရေး ဝန်ထမ်းတို့၊ ပန်းဥယျာဉ်ဝန်ထမ်းတို့၊ လမ်းတံတား ဝန်ထမ်းတို့ ဆိုတာ လုပ်မယ်ဆိုမှ လူစုမယ် ဆိုရင် တသက်လုံး မပြီးတော့ဘူး။ အဲဒီတော့ သူ့အတွက် ဘာတာလို နေရာမျိုးမှာ နေရာ သပ်သပ်ထားပြီး၊ အုံနဲ့ ကျင်းနဲ့ ထားပြီးတော့မှ စုပြီး လုပ်ရတာဖြစ်တဲ့ အတွက် YCDC မှာ မရှိပါဘူး” ဟု ပြောသည်။

မကြာသေးမီက မန္တလေးတွင် မြို့တော် စည်ပင် သန့်ရှင်းရေး ဝန်ထမ်း အားလုံးကို လက်ဗွေဖတ်စက် ဖြင့် Fingerprint Scan လုပ်ခဲ့ရာတွင် “လူတူ နာမည်ကွဲ” သန့်ရှင်းရေး ဝန်ထမ်းအတု အယောက် ၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ပြည်သူ့ဘဏ္ဍာငွေ တစ်နှစ် သိန်း ၇၂၀၀ ခန့် ဆုံးရှုံးနေမှုကို လျော့ချနိုင်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကိစ္စအပေါ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှူး ဦးမောင်မောင်မြင့်က “မြို့တော်ဝန် ကြီး တာဝန်ယူတဲ့ အစကတည်းက တဖြည်းဖြည်းနဲ့ စိစစ်တာတို့ကို Finger print နဲ့ လုပ်တာ အခုမှ လုပ်တာ မဟုတ်ဘူး။ ၆၀၀ ကျော် ဟုတ်တယ်။ တယောက်ကို အကြမ်းဖျင်း အခြေခံ လစာ ၁ သိန်း ၄သောင်းပေါ့။ တနေ့ ၄၈၀၀ နှုန်းနဲ့ အကြမ်း ဖျင်း တွက်တာပေါ့။ အခုမှချက်ချင်း လက်ငင်းလုပ်တာ မဟုတ်ဘူး။ အစကတည်းက လုပ်တာကို မြို့တော်ဝန်ကြီးက စာရင်းချုပ်ကို ပြောပြတာ။ တခါတည်း စိစစ်ပြီး ၆၀၀ ဖြစ်လာတာလည်း မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန် 

စည်ပင်ဝန်ထမ်းများ အဂတိကင်းရန် အရေးကြီး ဟုဆို 

The post ရန်ကုန်စည်ပင် ဝန်ထမ်းစရိတ် လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးဟုဆို appeared first on ဧရာဝတီ.

]]>
အမြင်အာရုံ ချို့တဲ့သူများ သုံးနိုင်မည့် မြန်မာအသံထွက်စနစ် ဆော့ဖ်ဝဲ ဖြန့်ချိ https://burma.irrawaddy.com/news/2019/09/04/202859.html Wed, 04 Sep 2019 00:30:52 +0000 https://burma.irrawaddy.com/?p=202859 ယင်းဆော့ဝဲလ်ကို google Play-store တွင် SM Myanmar TTS ဟုရိုက်ကာ ရှာဖွေနိုင်ပြီး Play-store တွင် ဒေါင်းကာ အသုံးပြုနေသူ ၅၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း MATRD (Myanmar Assistive Technology Research and Development Team မှ သိရသည်။

The post အမြင်အာရုံ ချို့တဲ့သူများ သုံးနိုင်မည့် မြန်မာအသံထွက်စနစ် ဆော့ဖ်ဝဲ ဖြန့်ချိ appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံမှ အမြင်အာရုံ ချို့တဲ့ကြရသူများ အနေဖြင့် မိုဘိုင်းလ်ဖုန်းများကို မြန်မာဘာသာ အသံ ထွက်စနစ်ဖြင့် အသုံးပြုနိုင်ရန်အတွက် ဆော့ဖ်ဝဲကို ပြုလုပ်ခဲ့ပြီး စတင် ဖြန့်ချိနေပြီဖြစ်ကြောင်း သိရ သည်။

မြန်မာနှင့် ဗီယက်နမ်နိုင်ငံမှ နည်းပညာကျွမ်းကျင်သူများ ပူးပေါင်းပြီး ဖုန်းနှင့် ကွန်ပျူတာတွင် မြန်မာဘာသာဖြင့် ရေးထား သောစာများအား ဖတ်နိုင်သည့်အပြင် ကိုယ်တိုင်လည်း ရေးနိုင်သော Myanmar Text To Speech Engine Software ကို ရေးသားထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း MATRD (Myanmar Assistive  Technology Research and Development Team မှ သိရသည်။

MATRD Team မှ Developer ဦးဝင်းရွှေ က “အရင်က အင်္ဂလိပ်လိုပဲ ရှိတာ မြန်မာစာဖတ်ဖို့က မရှိဘူး။ ရှိရင်လည်း အသေးစိတ်မဟုတ်ဘဲ နည်းနည်း စမ်းထားတဲ့ ပရိုဂရမ်တွေတော့ ရှိတယ်။ အခုလို Web ပေါ်မှာပဲဖြစ်ဖြစ် မက်ဆေ့ချ်တွေပဲ ဖြစ်ဖြစ် အဲဒီလို ဖတ်လို့ရတာ မရှိဘူး။ ယူနီကုဒ်သာ စစ်မယ် ဆိုရင် ဘယ်ကပဲ ဝင်လာဝင်လာ ဘယ် App တွေကပဲဖြစ်ဖြစ် ကိုယ်ဖတ်ချင်တဲ့ ပုံစံနဲ့ ပြန်ဖတ်လို့ရ တယ်” ဟု ရှင်းပြသည်။

Myanmar TTS Windows Version အား 2017 တွင်စတင်လုပ်ဆောင်ခဲ့ပြီး၊ Android version အား 2019 နှစ်စတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ Myanmar Assistive Technology Research and Development Team (MATRD) မှ နည်းပညာရှင်များ နှင့်အတူ ဗီယက်နမ်နိုင်ငံ Sao Mai Technology Center မှ နည်းပညာရှင်များ ပူးပေါင်း ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အမြင်အာရုံမသန်စွမ်းသူများသည် အင်္ဂလိပ် ဘာသာစကား  တတ်ကျွမ်းမှု အားနည်းခြင်း၊ နည်းပညာ တတ်ကျွမ်းမှု အားနည်းခြင်းတို့ကြောင့် လူနည်းစု ကသာ Smart Phone အသုံးပြုနိုင်ကြခြင်းဖြစ်ပြီး  အဆိုပါ အတားအဆီးများ ကျော်လွှား နိုင်ရန် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းရွှေက ဆိုသည်။

“စာတွေဖတ်လို့ရသွားရင် Communication အဓိက ကောင်းလာမယ်။ ကိုယ်လေ့လာချင်တာတွေ လေ့လာလို့ရမယ်” ဟု ၎င်းကပြောသည်။

အမြင်အာရုံ ချို့ယွင်းသူများ အနေဖြင့် အဆိုပါ ဆော့ဖ်ဝဲကို အသုံးပြုပါက ဖုန်းဖန်သားပြင်ပေါ်မှ စကားလုံးများကို အသံထွက် ဖတ်ပြခြင်း ဖြစ်ပြီး မြန်မာစာ အက္ခရာများနှင့် စကားလုံးပေါင်း ၃၀၀၀၀ ကျော်ခန့်အား ခြောက်လခန့် အသံသွင်း အသုံးပြု ထားခြင်း ဖြစ်ကြောင်း MATRD (Myanmar Assistive  Technology Research and Development Team မှ သိရ သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ကိုစောမနိုင်း က “အရင်က အင်္ဂလိပ်လို Icon တွေကတော့ ဖတ်လို့ရ တယ်။ မြန်မာစာကျတော့ မရဘူး။  အဓိကကတော့ သတင်းတို့ အွန်လိုင်းမှာ မြန်မာလို တင်ထားတဲ့ တော်တော်များများကို ဖတ်လို့ရလာနိုင်တယ်။ Social media  သုံးတဲ့အခါမှာ လက်လှမ်းမီစွာ ဖတ်လာနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစကားလုံးများအား ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်း နှင့် မြန်မာအဘိဓာန်မှ ကိုးကား ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆော့ဝဲလ်ကို Google Play-Store တွင် SM Myanmar TTS ဟုရိုက်ကာရှာဖွေနိုင်ပြီး Play-Store တွင် ဒေါင်းကာ အသုံးပြုနေသူ ၅၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း MATRD (Myanmar Assistive  Technology Research and Development Team မှ သိရသည်။

You may also like these stories:

မြွေကိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ဖို့ Application တီထွင်လိုက်တဲ့ အမျိုးသား

မိဘတွေကို စာပြန်မှ ဖုန်း Unblock ဖြုတ်လို့ရမယ့် App ကို တီထွင်လိုက်တဲ့ ဖခင်

BBC က “Beeb” အမည်ရ ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခု ထုတ်ပေးမည်

The post အမြင်အာရုံ ချို့တဲ့သူများ သုံးနိုင်မည့် မြန်မာအသံထွက်စနစ် ဆော့ဖ်ဝဲ ဖြန့်ချိ appeared first on ဧရာဝတီ.

]]>
YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော https://burma.irrawaddy.com/news/2019/09/03/202827.html Tue, 03 Sep 2019 08:50:35 +0000 https://burma.irrawaddy.com/?p=202827 အဆိုပါ ဈေးဆိုင်ခန်းများကို ဘတ်စ်ကားမှတ်တိုင်များ ဘေးရှိ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ်မည် ဖြစ်ပြီး ၅ ပေပတ်လည် အကျယ်ရှိ ဆိုင်ခန်း ၁ ခန်း တည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ကျော်ရှိ

The post YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော appeared first on ဧရာဝတီ.

]]>
ရန်ကုန်မြို့အနှံ့ရှိ မှတ်တိုင်ဘေးများတွင် စည်ပင်က ဆောက်လုပ်ပြီး ငှားရမ်းမည့် ဈေးဆိုင်ခန်းများသည် YBS ဘတ်စ်ကား များတွင် အသုံးပြုမည့် ကတ်စနစ်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

“ဒီဟာသည် လက်မှတ်ရောင်းဖို့ အတွက်ကို အဲဒီ လက်မှတ်ရောင်းတာ အသားကျသွားပြီဆိုရင် Use to ဖြစ်သွားတာပေါ့။ မော်တော်ကားတွေမှာ top up ကို အလွယ်တကူ ရအောင်အတွက် ဘေးနားမှာ ကပ်ပြီးထားတဲ့ booth က ရှိကို ရှိရမယ်။ မရှိမဖြစ် ရှိကိုရှိရမယ်။ အများပြည်သူပိုင် လမ်းပေါ်မှာ ဈေးဆိုင်တွေကို ဖယ်ပြီး ဈေးဆိုင်တွေကို ပြန်ချတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒီလောက်ထိလည်း မိုက်လုံး မကြီးပါဘူး။ ဒီကျူးကျော်ဈေးဆိုင် သဘောမျိုးနဲ့ မှတ်တိုင်ဘေးနားမှာ ဆိုင်ဖွင့်ခိုင်းတယ်ဆိုတဲ့ အတွေးမျိုးဟာ တော်တော်ကို သိမ်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမှာ ပြည်သူလူထုကို ပံ့ပိုးရန်အတွက် ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

မြို့တော်ဝန်ကပင် ဆက်လက်ပြီး “စနစ်တစ်ခုကို ပြောင်းတော့မယ်ဆိုရင် အဲဒီစနစ်နဲ့ လိုက်လျော ညီထွေအောင် လူထုကို သက်သာအောင် ပံ့ပိုးပေးရတဲ့ အလုပ်ကို လုပ်ရတယ်။ စနစ်တစ်ခုပြောင်းတဲ့ အတွက်ကြောင့် လူထုက မရမက ပြောင်းပြီး တော့ စိတ်ဆင်းရဲစွာနဲ့ လုပ်ရင် ဒီစနစ်က မအောင်မြင် ပါဘူး”ဟု ပြောသည်။

လာမည့် ၃၊ ၄ လအတွင်း YBS ဘတ်စ်ကားလိုင်းများ အတွက် ငွေအကြွေ သုံးစွဲသည့် စနစ်အစား ကတ်စနစ်ကို အကောင်အထည် ဖော်မည် ဖြစ်သဖြင့် အဆိုပါ ဆိုင်ခန်းများကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မေသွယ်ကလည်း ပြောသည်။

“စိတ်ဝင်စားတဲ့သူတွေကို ဆိုင်ခန်းကို ငှားပါမယ်။ သူတို့ဘာသာ သူတို့ Investment လုပ်ချင်လည်း ရပါတယ်။ ကျမတို့ စည်ပင်ကိုတော့ မြေငှားခ ပေးရပါမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဈေးဆိုင်ခန်းများကို ဘတ်စ်ကားမှတ်တိုင်များ ဘေးရှိ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ် မည် ဖြစ်ပြီး ၅ ပေ ပတ်လည် အကျယ်ရှိ ဆိုင်ခန်း ၁ ခန်း တည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါဈေးဆိုင်ခန်းများ ပြုလုပ်မှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က သဘောမတူ ကန့်ကွက်မှုများလည်း ရှိသည်။

ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “သူ ပထမက ပြောတုန်းက ကွမ်းယာနဲ့ ဆေးလိပ် မရောင်းဘဲ ကျန်တာတွေ ရောင်းခွင့်ပေးမယ် ပြောတာလေ။ ကတ်စနစ်ကလည်း ရမယ်ရမယ်နဲ့ ကြာနေပြီ ကတ်စနစ် ရောင်းမယ် ဆိုတာကလည်း အဲဒီလို ဆိုင်ခန်းတွေ မလိုပါဘူး။ ဖုန်းကတ်လိုပဲ ဖြန်ချိရေး လုပ်ပြီးတော့ ချပေးလိုက်ပါ” ဟု သုံးသပ်သည်။

You may also like these stories:

YBS ယာဉ်လိုင်းများ ကတ်စနစ် ငွေပေးချေမှု ၆ လ အတွင်း အသုံးပြုနိုင်မည်

၂ နှစ်သား YBS ဘယ်လောက်ခရီးပေါက်ခဲ့သလဲ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

The post YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော appeared first on ဧရာဝတီ.

]]>
စက်တင်ဘာလဆန်း၌ ရန်ကုန်မြို့ထူးကဲဒီရေ ပေ ၂၀ ကျော် ရောက်မည် ဟုဆို https://burma.irrawaddy.com/news/2019/08/30/202569.html Fri, 30 Aug 2019 12:52:19 +0000 https://burma.irrawaddy.com/?p=202569 ဦးဝေဇွန်အောင်က “ပုံမှန်ကတော့ ၁၈ ပေ ၁၉ ပေ ကတော့ ရောက်နေကျပဲ။ အဲဒီလို ရောက်နေကျမှာမှ နောက်ထက် ၁ ပေ ၂ ပေလောက် ထက်ကျော်တဲ့ အခါ ပေ ၂၀ ကျော်လာပြီဆို ကြေညာထုတ်ပြန်တာပေါ့။ ရေအကျဆုံး နေရာကနေ အပေါ်ကို တက်လာမယ့် ရေသည် ၂၁ ဒသမ ၇၂ ပေ အထိ ရောက်လာနိုင်တယ်”

The post စက်တင်ဘာလဆန်း၌ ရန်ကုန်မြို့ထူးကဲဒီရေ ပေ ၂၀ ကျော် ရောက်မည် ဟုဆို appeared first on ဧရာဝတီ.

]]>
ရန်ကုန်မြို့ အတွင်း စက်တင်ဘာလဆန်းပိုင်း၌ ထူးကဲဒီရေ မြင့်တက်မှုမှာ ပေ၂၀ ကျော်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်မြစ်တွင် ပုံမှန်ရှိသည့် ၁၈ ပေ အထက်သို့ တက်လာမည် ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း မိုးရွာလျှင် ခန့်မှန်းသည် ထက် ပိုတက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်းတာရေးဌာနခွဲ ဌာနမှူး ဦးဝေဇွန် အောင်က ဧရာဝတီသို့ ပြောသည်။

သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက် အထိ ၂၀ ဒသမ ၃၀ ပေခန့်မှ ၂၁ ဒသမ ၇၂ ပေအထိ ရောက်လာနိုင် ကြောင်းလည်း ကြေညာ၌ ပါရှိသည်။

ဦးဝေဇွန်အောင်က “ပုံမှန်ကတော့ ၁၈ ပေ ၁၉ ပေ ကတော့ ရောက်နေကျပဲ။ အဲဒီလိုရောက်နေကျမှာမှ နောက်ထက် ၁ ပေ ၂ ပေလောက် ထက်ကျော်တဲ့ အခါ ပေ ၂၀ ကျော်လာပြီဆို ကြေညာထုတ်ပြန်တာပေါ့။ ရေအကျဆုံး နေရာကနေ အပေါ်ကို တက်လာမယ့် ရေသည် ၂၁ ဒသမ ၇၂ ပေ အထိ ရောက်လာနိုင်တယ်” ဟု ပြောသည်။

ဆက်လက်ပြီး “ဒီလို ထူးကဲဒီရေ ကြေညာတဲ့ရက်မှာ မိုးသာ နေ့ညမပြတ် ဆက်တိုက်ရွာရင် ကမ်းနားဒေသတွေ မြေအနိမ့် ပိုင်းဒေသတွေ မြစ်ကမ်းပါးဒေသတွေမှာ မိုးရွာတဲ့ ရေတွေက အပြင်မထွက်တော့ဘဲ အိုင်နေတာပေါ့။ မိုးရွာခြင်း မရွာခြင်း ပေါ်မှာလည်း အများကြီး သက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ထူးကဲဒီရေ တက်နေချိန် အတွင်း ဗီယက်နမ်မှ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ မြန်မာနိုင်ငံကို စတင် ဖြတ်သန်းမှု ကြောင့် လာမည့် ရက်ပိုင်းအတွင်း မိုးများနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

“မိုးကတော့ ရန်ကုန်မှာ ဒီနေ့ကစပြီး နောက်၂ ရက် ၃ ရက်လောက်အထိကတော့ မိုးများနေဦးမယ်။ ဗီယက်နမ်က တိုင်ဖွန်း မုန်တိုင်းအကြွင်းအကျန်တွေက မြန်မာနိုင်ငံကို စဖြတ်နေပြီ။ သူရဲ့အကြွင်းအကျန်တွေက နောက် ၂ ရက် ၃ ရက်လောက် အထိရှိဦးမယ်။ အဲဒီအရှိန်ကြောင့်မို့လို့ မုတ်သုန်လေ အားကောင်းလာတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှ ၁၄ ရက်အထိတွင်း ထူးကဲဒီရေသည်၂၀ ဒသမ ၂ ကနေ ၂၁ ဒသမ ၄ ပေအထိ တက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က သိရသည်။

ဒီရေမှာ တရက်ကို၂ ကြိမ် အတက်အကျ ရှိသဖြင့် ရေကြီးသကဲ့ သို့မဟုတ်ဘဲ ချက်ခြင်း ပြန်လည် ကျဆင်းနိုင်သော်လည်း အမြင့်ဆုံး ရောက်ချိန်တွင် ရေအနည်းငယ် ဝင်ရောက်နိုင်သဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ဦးကျော်မိုးဦးက အကြံ ပြုသည်။

ဦးကျော်မိုးဦးက “အမြင့်ဆုံးရောက်တဲ့ အချိန်မှာတော့ ရေအနည်းငယ် ဝင်ရောက်မှု ရှိမယ်။ စိုးရိမ်စရာ မရှိဘူးလို့ ပြောလို့ တော့ မရဘူး။ ကြိုတင်ပြင်ဆင်ထားရမယ် သတိထားရမယ်” ဟု ပြောသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အချက်အလက်အရ ၂၀၁၄ ခုနှစ်တွင် အမြင့်ဆုံး အဖြစ် ၂၂ ပေအထိ တက်ခဲ့ကြောင်း လည်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်ရန်ကုန်မြို့၌ စက်တင်ဘာလ အတွင်း ထူးကဲဒီရေ တက်ဦးမည်

The post စက်တင်ဘာလဆန်း၌ ရန်ကုန်မြို့ထူးကဲဒီရေ ပေ ၂၀ ကျော် ရောက်မည် ဟုဆို appeared first on ဧရာဝတီ.

]]>
တရားသူကြီးများ တရားခွင်တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် ညွှန်ကြား https://burma.irrawaddy.com/news/2019/08/29/202410.html Thu, 29 Aug 2019 11:04:08 +0000 https://burma.irrawaddy.com/?p=202410 တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်တိုင်းတွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း သို့မဟုတ် ကတိသစ္စာ ပြုခြင်း ပြုလုပ်ရမည်ဟု

The post တရားသူကြီးများ တရားခွင်တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် ညွှန်ကြား appeared first on ဧရာဝတီ.

]]>
တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်တိုင်းတွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း သို့မဟုတ် ကတိသစ္စာပြုခြင်း ပြုလုပ်ရ မည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦးက သြဂုတ် ၂၂ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။

ကျမ်းသစ္စာ ကျိန်ဆိုရမည့် ဥပဒေ ပါဝင်သော စတုတ္ထ အကြိမ် ပြင်ဆင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်း ခဲ့ပြီးနောက် အထက်ပါ အတိုင်း ညွှန်ကြား ချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဦးညိုလွင်ဦးက“ဥပဒေက တာဝန်ပေးတဲ့ အတိုင်း ပြည်ထောင် စု တရားလွှတ်တော်ချုပ်ကနေပြီး အဲဒီ ညွှန်ကြားချက်ကို ထုတ်တာ။ မနက် တရားခွင် မစခင် လူစုံတဲ့အချိန်မှာ ကျမ်းကျိန်တာပေါ့။ ကျမ်းသစ္စာထုပ်ကို ကိုင်ပြီးတော့ ကျိန်ရတာပါပဲ။ တရားခွင်မထိုင်ခင် ကျိန်ပြီးတော့မှ တရားခွင် ထိုင်တာ ပေါ့။ လွှတ်တော်ကြီးက ဥပဒေအရ ပြဋ္ဌာန်းထားတော့ လိုက်နာပြီးတော့ ဆောင်ရွက်ရတာပေါ့”ဟု ဧရာဝတီသို့ပြောသည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင် ပြည်သူများ ယုံကြည် ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန် မျှတသည့် တရား စီရင်ရေး ဖြစ်ထွန်းစေရန် အတွက် အမှုများ စစ်ဆေးစီရင်ရာတွင် အမှန်ကို ဖော်ထုတ် စစ်ဆေး၍ စီရင်ဆုံးဖြတ်ရန် တာဝန် ရှိသူဖြစ်ရာ တရားသူကြီး၊ အမှုသည်နှင့် သက်သေများသည် တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရန် လိုအပ်သည်ဟု ဆိုကာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တရားစီရင်ပေးသည့် တရားရုံးများတွင်ပင် အဂတိလိုက်စားမှုများဖြင့် မမှန်မကန် ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ပြုလုပ် ခြင်းသည် မှန်ကန်အောင် တည့်မတ်သည့် နည်းလမ်းတခု ဖြစ်ကြောင်း ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“သိက္ခာရှိအောင် သတိပေးတာပေါ့။ ကျမ်းကျိန်တယ်ဆိုရင် နံပါတ်တစ်က ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းရတော့မယ်။ တိုင်းပြည်က လိုလားနေတဲ့ အတိုင်းပဲ ဆုံးဖြတ်ပေးလိုက်တာ။ တရားရုံးတွေက အဂတိတွေ များနေတယ်၊ မမှန်မကန် ဖြစ်နေတယ်ဆိုတာကို မှန်အောင် တနည်းနည်းနဲ့ တည့်ပေးတဲ့ သဘောပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။

ကျမ်းသစ္စာ ကျိန်ဆိုခြင်း သို့မဟုတ် ကတိသစ္စာပြုပြီးကြောင်း တရားခွင် နေ့စဉ် မှတ်တမ်းတင်ရန်ကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးကမူ“ဘာမှမဟုတ်ဘူး ကြောင် ရေချိုးတာပဲ။ ကျမ်းကျိန်ပြီးတော့ မဟုတ်တာလုပ်လည်း ရတာပဲ။ ကျမ်းမကျိန်ဘဲနဲ့ အမှန်အတိုင်း လုပ်လည်းရတာပဲ။ ကျမ်းကျိန်တာ၊ မကျိန်တာနဲ့ သိပ်မသက်ဆိုင်ပါဘူး။ တရားရုံးမှာ သက်သေတွေကို ကျမ်းကျိန်ခိုင်းတာပဲ၊ သက်သေတွေ လည်း မမှန်တာ ထွက်ချင် ထွက်တာပဲ၊ For show သက်သက်ပါပဲ”ဟု ပြောဆိုသည်။

လက်ရှိတွင်မူ ထိုညွှန်ကြားချက်အရ တရားသူကြီးများသည် တရားခွင်တက်တိုင်း၊ အမှုစစ်တိုင်း ကျမ်းကျိန်ရန် မလိုအပ် သော်လည်း နေ့စဉ် တရားခွင် စတင်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရတော့မည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

တရားခွင်တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိမ်ဆိုရေး လွှတ်တော်တွင် ဆွေးနွေးမည်

တရားသူကြီးများ ကျမ်းကျိန်ရမည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု

The post တရားသူကြီးများ တရားခွင်တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် ညွှန်ကြား appeared first on ဧရာဝတီ.

]]>
မကရင်မအမှု သက်သေခံဗီဒီယိုဖိုင် သံသယတရားခံမှ တင်သွင်း https://burma.irrawaddy.com/news/2019/08/28/202220.html Wed, 28 Aug 2019 04:43:50 +0000 https://burma.irrawaddy.com/?p=202220 အဆိုပါ သက်သေခံ တင်သွင်းမှုကို နောက်တပတ်ရုံးချိန်းတွင် လက်ခံမှု ရှိ၊ မရှိ တရားရုံးမှ အမိန့် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

The post မကရင်မအမှု သက်သေခံဗီဒီယိုဖိုင် သံသယတရားခံမှ တင်သွင်း appeared first on ဧရာဝတီ.

]]>
အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး သေဆုံးခဲ့သည့် မကရင်မကို လှေကားပေါ်မှ ပြုတ်ကျခဲ့စဉ်က ရသည့် ဒဏ်ရာများကို ဆေးကုသပေးခဲ့ကြောင်း ပါဝင်သည့် ရုပ်သံဖိုင်တခုကို သက်သေခံအဖြစ် သံသယတရားခံ ဒေါ်သိင်္ဂီစုက ယမန်နေ့ သြဂုတ် ၂၇ နေ့ရုံးချိန်းတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

သံသယတရားခံ ဒေါ်သိင်္ဂီစု၏ ခင်ပွန်းက “မကရင်မကို ဆေးကုပေးတဲ့ အချိန်မှာ မကရင်မနဲ့ ဒေါ်သိင်္ဂီစုတို့ ဒေါ်ခင်ခင်ဦးတို့ ဆေးကုပေးတဲ့ ဗွီဒီယိုရုပ်သံဖိုင် ၁ ဖိုင်ရှိပါတယ်။ မကရင်မက လှေကားပေါ်က ပြုတ်ကျလို့ ဒဏ်ရာတွေ ရခဲ့တယ်ဆိုတဲ့ အကြောင်း သူကိုယ်တိုင် ဆရာဝန်ကို ရှင်းပြနေတဲ့ ဗွီဒီယို မှတ်တမ်းဖိုင်လေးပါ ဒါကို သက်သေခံတရပ်အဖြစ် တင်ပြလျှောက်ထားပါတယ်” ဟု ပြောသည်။

အဆိုပါ သက်သေခံ တင်သွင်းမှုကို နောက်တပတ်ရုံးချိန်းတွင် လက်ခံမှု ရှိ၊ မရှိ တရားရုံးမှ အမိန့် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အိမ်အကူ မကရင်မသည် လေအေးပေးစက်ပုံးကို မခဲ့ရာမှ လှေကားပေါ်က ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာ ဒဏ်ချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် နာတာရှည် ရောဂါများ ရှိကြောင်းကို ဒေါ်သိင်္ဂီစုက ယခင်ရုံးချိန်းများတွင် ထွက်ဆိုခဲ့ဖူးသည်။

ထို့ပြင်  ဒေါ်သိင်္ဂီစုက သေဆုံးသူ အိမ်အကူ မကရင်မနှင့် အတူနေထိုင်ခြင်း မရှိသဖြင့် ကိုယ်ထိ လက်ရောက် ရန်ဖြစ်ခြင်း၊ စကားများခြင်းများ၊ ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပျဉ်နှင့် ထုခြင်းများ မရှိကြောင်း သြဂုတ် ၆ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုထားသည်။

ဒေါ်သိင်္ဂီစုသည် ၎င်း၏ ရှေ့နေများကို ပြီးခဲ့သည့် ရုံးချိန်းတွင် ပါဝါရုပ်သိမ်းလိုက်သည့် အတွက် စစ်ဆေး မေးမြန်းမှုကို မလုပ်နိုင်ခဲ့ဘဲ ယနေ့ရုံးချိန်းတွင်မှ ရှေ့နေ့အသစ် ပါဝါတင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က”သူ့ရှေ့နေကို ပါဝါ တင်တယ်။ သူ့ရှေ့နေကလည်း စစ်ပေးတယ်။ နောက်တချိန်းကိုလည်း သူ့ကိုပဲ ဆက်စစ်မှာပေါ့။ တရားရုံးက နောက်တစ်ချိန်း သက်သေခံ လက်ခံမယ် လက်မခံဘူးဆိုတာ အမိန့်ချပေးမယ်လို့ ပြန်ချိန်းတယ်” ဟုပြောသည်။

သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှု၌ တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက်သေ ၉ ဦး ကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် တရားခံပြ သက်သေအဖြစ် ၁၈ ဦး တင်သွင်းထားကြောင်းလည်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် –

မကရင်မ အမှု သံသယ တရားခံကို တသက်တကျွန်း ပုဒ်မနှင့် စွဲချက်တင်

မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ

မကရင်မ လှေကားပေါ်က ပြုတ်ကျ ဒဏ်ရာရခြင်း ဖြစ်ကြောင်း သံသယ တရားခံ ထွက်ဆို

အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ

The post မကရင်မအမှု သက်သေခံဗီဒီယိုဖိုင် သံသယတရားခံမှ တင်သွင်း appeared first on ဧရာဝတီ.

]]>
မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ ဆက်တက်နိုင်ခြေ ရှိ https://burma.irrawaddy.com/news/short-news/2019/08/23/201782.html Fri, 23 Aug 2019 13:02:46 +0000 https://burma.irrawaddy.com/?p=201782 ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် မဒေါက်တွင် စစ်တောင်းမြစ်သည် စိုးရိမ်ရေမှတ် အထက်တွင် ၂ ပေခွဲခန့် ရှိနေပြီး ဆက်လက်မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သိရသည်။

The post မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ ဆက်တက်နိုင်ခြေ ရှိ appeared first on ဧရာဝတီ.

]]>
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် မဒေါက်တွင် စစ်တောင်းမြစ်သည် စိုးရိမ်ရေမှတ် အထက်တွင် ၂ ပေခွဲခန့် ရှိနေပြီး ဆက်လက်မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သိရသည်။

မဒေါက်မြို့တွင် နောက် ၃ ရက်ခန့်အထိ စိုးရိမ်ရေမှတ် အထက်တွင် ရှိနေမည့်အပြင် မုတ်သုံလေ အားကောင်းနေသဖြင့် မိုးပိုမိုရွာသွန်းမှုကြောင့် မြစ်ရေ ထပ်မံမြင့်တက်လာမည့် အခြေအနေရှိကြောင်း  မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

ဦးကျော်မိုးဦး က“မဒေါက်ကတော့ စိုးရိမ်ရေအမှတ် အထက်မှာ ၂ ပေခွဲလောက် ရှိသေးတယ်။ နောက် ၃ ရက်အထိတော့ စိုးရိမ်ရေအမှတ် အထက်မှာ ရှိနေဦးမယ်။ ထပ်တိုး လာနိုင်တယ်။ နောက်ရက်တွေက မိုးလည်းရှိတော့ အကျမပေးထားဘူး။ မိုးကတော့ နောက်ရက်တွေကျရင် များလာမယ်”ဟု ပြောဆိုသည်။ 

ပဲခူးတိုင်းအတွင်းရှိ ရွှေကျင်မြို့တွင်မူ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အထိ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း မိုး/ဇလ မှ သိရသည်။

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာၤရီတိုင်း နှင့် ရခိုင်ပြည်နယ် တို့တွင် လာမည့် ၄ ရက်အထိ မိုး ပိုနေဦးမည် ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

သြဂုတ်လ လလယ်ပိုင်းတွင် မုတ်သုံလေ အားပျော့သဖြင့် မိုးရွာသွန်းမှု လျော့ကျသွားပြီးနောက် ယခုရက်ပိုင်းတွင် မိုး ပြန်လည် ပိုလာခြင်း ဖြစ်ကြောင်း သိရသည်။ 

ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးက“စိုးရိမ်ရေအမှတ်ကတော့ ကျော်တယ်။ ဒါပေမယ့် မြို့ထဲမှာ အိမ်တွေဘာတွေ မြုပ်တာတော့ မရှိဘူး။ ရှေ့ရက်တွေက ရပ်ကွက်ထဲတော့ ရေဝင်တယ်၊ ဒါက ကျနော် တို့ ဒေသရဲ့ ဖြစ်ရိုးဖြစ်စဉ်ပဲ နှစ်တိုင်းဖြစ်တာ။ ဒီနှစ်ကတော့ မိုးအများကြီးရွာပြီး ရေကြီးရေဘေးဖြစ်တာတော့ မဟုတ်ဘူး။ ရေကတော့ အနိမ့်ပိုင်းလမ်းလေးတွေ ဘာတွေတော့ မြုပ်တယ်”ဟု ပြောသည်။ 

သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၆၉ လောင်းနှင့် ဆေးရုံတွင် သေဆုံးခဲ့သူ ၁ ဦး ရှိခဲ့ပြီး သြဂုတ်လ ၁၈ ရက်တွင် သေဆုံးသူများ၏ ရုပ်အလောင်း ရှာဖွေမှု ရပ်ဆိုင်းခဲ့သည်။

မွန်ပြည်နယ်အပြင် တနသာင်္ရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

You may also like these stories:

ဘားအံနှင့် မဒေါက်တွင် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် ကျော်နိုင်

The post မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ ဆက်တက်နိုင်ခြေ ရှိ appeared first on ဧရာဝတီ.

]]>
ကျောင်းသားများ ဆန္ဒထုတ်ဖော်ခွင့် ညွှန်ကြားချက် ပြန်လည် ပယ်ဖျက်ပေး https://burma.irrawaddy.com/news/2019/08/21/201470.html Wed, 21 Aug 2019 07:12:47 +0000 https://burma.irrawaddy.com/?p=201470 ကျောင်းသား ကျောင်းသူများ ဆန္ဒထုတ်ဖော်မည်ဆိုပါက အစိုးရနှင့် ဦးစီးဌာနတို့ထံတင်ပြရန် အဆင့်မြင့် ပညာဦးစီးဌာန၏ ညွှန်ကြားချက်ကို ပြန်လည် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

The post ကျောင်းသားများ ဆန္ဒထုတ်ဖော်ခွင့် ညွှန်ကြားချက် ပြန်လည် ပယ်ဖျက်ပေး appeared first on ဧရာဝတီ.

]]>
ကျောင်းသား ကျောင်းသူများ ဆန္ဒထုတ်ဖော်မည်ဆိုပါက အစိုးရနှင့် ဦးစီးဌာနတို့ထံ တင်ပြရန် အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားချက်ကို ပြန်လည် ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း က “ပယ်ဖျက်တာက အများက သဘောမတူတော့ ပြန် ဖျက်ရတာပေါ့။ ပထမက သူတို့ကို Information ပေးတာကို ဒါမဆိုင်ဘူး၊ ဒါမလုပ်သင့်ဘူးဆိုတော့ ကျနော် ထုတ်လိုက်တဲ့ စာကိုပဲ ပယ်ဖျက်လိုက်တာ။ အရင်မူကတော့ အရင်အတိုင်းပဲ ရှိမယ်” ဟု ပြောသည်။

သြဂုတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်သည် တက္ကသိုလ်၊ ဒီကရီကောလိပ်နှင့် ကောလိပ်အသီးသီးရှိ ကျောင်းသား/သူများ အနေဖြင့် ဆန္ဒထုတ်ဖော်လိုသည့် အကြောင်းအရာ၊ နေ့ရက်၊ အချိန်၊ နေရာတို့ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးဝန်ကြီး၊ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ထံ တင်ပြ ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကြေညာပြီးသည့်နောက်တွင် ကျောင်းသား သမဂ္ဂများနှင့် ဆရာအချို့က ကန့်ကွက်ကြောင်း သြဂုတ်လ ၁၆ ရက် က ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့ရာ အဆင့်မြင့် ပညာဦးစီးဌာနက သြဂုတ်လ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစောင် ထပ်မံ ထုတ်ကာ ပြန်လည် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ကြိုတင် အကြောင်းကြားတင်ပြရန် ကန့်သတ်ချက်သည် ဒီမိုကရေစီစံနှုန်းနှင့် မညီဘဲ ကျောင်းသားများ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်သဖြင့် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ)များ အဖွဲ့ချုပ်မှ မအိသီရိကျော်က ပြောသည်။

“ပညာရေးဝန်ကြီး ဌာနက ဒါကိုထုတ်သင့်လား မထုတ်သင့်လား ဆိုတာ ပိုပြီးတော့ သိသင့်တယ်။ ဒီမိုကရေစီစနစ်ကို သွား နေတဲ့ အစိုးရလက်ထက်မှာ ဒါမျိုးတွေက မရှိသင့်တော့ဘူး။ အခု သွားနေတဲ့ ဒီမိုကရေစီစနစ်မှာ ဒါမျိုး ရှိသင့်လား မရှိသင့် လား ဆိုတာ သိသင့်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် 7 july အခမ်းအနား အဖြစ် ရန်ကုန်တက္ကသိုလ်သို့ လမ်းလျှောက် ချီတက်ခဲ့သည့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ကျောင်းသား နှစ်ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် လှိုင်မြို့နယ်တရားရုံး သြဂုတ်လ ၂၀ ရက် ရုံးချိန်း၌ ထောင် ဒဏ် ၇ ရက်စီ ချမှတ်ခဲ့သည်။

ထိုသို့ တရားစွဲဆိုထားမှုကို အာမခံ မယူသောကြောင့် အင်းစိန်ထောင်တွင် ထိမ်းသိမ်းခံထားရသည့် ချုပ်ရက်ကို ပြန်လည် ခံစားခွင့်ပေးသည့် အတွက် တကသ ကျောင်းသား နှစ်ဦးမှာ ယင်းနေ့တွင်ပင် ပြန်လည် လွတ်မြောက်ခဲ့သည်။

You may also like these stories:

တံတားနီနေ့

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ အကြို လှုပ်ရှားမှုများ တနှစ်ပတ်လုံး လုပ်မည်

The post ကျောင်းသားများ ဆန္ဒထုတ်ဖော်ခွင့် ညွှန်ကြားချက် ပြန်လည် ပယ်ဖျက်ပေး appeared first on ဧရာဝတီ.

]]>
မုတ်သုံလေလျော့၍ မိုးရွာသွန်းမှု လျော့ကျနိုင်ဟု မိုးဇလပြော https://burma.irrawaddy.com/news/2019/08/14/200836.html Wed, 14 Aug 2019 11:11:20 +0000 https://burma.irrawaddy.com/?p=200836 မုတ်သုံလေ အားပျော့လာသဖြင့် ယခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု လျော့ကျသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

The post မုတ်သုံလေလျော့၍ မိုးရွာသွန်းမှု လျော့ကျနိုင်ဟု မိုးဇလပြော appeared first on ဧရာဝတီ.

]]>
မုတ်သုံလေ အားပျော့လာသဖြင့် ယခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု လျော့ကျသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

လက်တလောတွင် လေထုအတွင်း အစိုဓာတ်ရှိနေဆဲဖြစ်သဖြင့် မိုးရွာသွန်းနေခြင်းဖြစ်ပြီး မုတ်သုံလေမှာမူ အားလျော့သွားပြီ ဖြစ်ကြောင်း သိရသည်။

ဦးကျော်မိုးဦးက “ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယ ကုန်းတွင်းပိုင်းကို ဝင်သွားတဲ့ အခါကျတော့ ကျနော့်တို့ဘက်ထဲမှာ မုတ်သုံလေက အားလျော့လာတယ်ပေါ့။ ဒါပေမယ့် မိုးကတော့ နည်းနည်းလေး ရွာနေသေးတယ်။ ရထားတဲ့ အစိုဓာတ် (Moisture) နည်းနည်းကျန်သေးတဲ့ အတွက်ကြောင့် ရွာနေတာ မိုးကတော့ ပြန်လျော့သွားမယ့် အနေအထားရှိတယ်” ဟု ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မိုးလျော့မည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မုတ်သုံ ပြန်တက်လာမည် ဆိုပါက တောင်ပိုင်းဒေသများတွင် မိုးပြန်လည် ရွာသွန်းဦးမည်ဖြစ်သော်လည်း မိုးရေချိန်ကမူ လျော့ကျသွားမည်ဖြစ်ကြောင်း  မိုး/ဇလက ခန့်မှန်းထားသည်။

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း သြဂုတ်လ ၁၄ ရက်နေ့မှ၂၀ ရက် အတွင်းတွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ များတွင် ရွာသွန်းမြဲခန့်နှင့် ကျန်တပြည်လုံးတွင် ရွာသွန်းမြဲအောက် ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦးထိ ရှာဖွေတွေ့ရှိထားပြီး ရှာဖွေမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဧရာဝတီသို့ပြောသည်။

ဦးဇော်မိုးအောင် က “ရှာဖွေမှုကတော့ ဒီနေ့လည်း ဆက်လက်ရှာဖွေနေပါတယ်။ အပေါ်ကထက်ပြိုလာရင် အန္တရာယ် ကင်းအောင်လို့ အရပ်အလွယ်စကားနဲ့ပြောရရင်တော့ လှေကားထစ်ပုံပေါ့နော် မြေပြင်လှေကားထစ်ပုံစံ ဆောင်ရွက် ထားပါတယ်။ အောက်ဘက်ကို ရေစီးကြောင်းတွေဘာတွေ ဖောက်ထားတယ်။ လူတရပ်ခွဲလောက်ရှိတဲ့ မြေစာပုံကြီးက အခုဆို မူလမြေအနေအထားအတိုင်း ပြန်ဖြစ်သွားပြီ ရှာဖွေရေးတွေကတော့ ဆောင်ရွက်နေပါတယ် နောက်ရက်တွေလည်း ဆက်ဆောင်ရွက်ဦးမှာပါ” ဟုဆိုသည်။

မွန်ပြည်နယ်အပြင် တနသာၤရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင်  ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

The post မုတ်သုံလေလျော့၍ မိုးရွာသွန်းမှု လျော့ကျနိုင်ဟု မိုးဇလပြော appeared first on ဧရာဝတီ.

]]>
အိမ်အကူ မကရင်မ အမှု သံသယ တရားခံဘက်မှ ထုချေ တင်ပြခွင့် အသနားခံစာတင် https://burma.irrawaddy.com/news/2019/08/13/200744.html Tue, 13 Aug 2019 12:50:05 +0000 https://burma.irrawaddy.com/?p=200744 အိမ်အကူ မကရင်မအမှုမှ သံသယ တရားခံ ဒေါ်သိင်္ဂီစုကို တရားခွင်တွင်း ပြည့်ပြည့်စုံစုံ ထုချေ တင်ပြခွင့် ပေးရန် ၎င်း၏ခင်ပွန်းဖြစ်သူ တပ်မတော် အရာရှိက အသနားခံစာ တင်ပြကြောင်း

The post အိမ်အကူ မကရင်မ အမှု သံသယ တရားခံဘက်မှ ထုချေ တင်ပြခွင့် အသနားခံစာတင် appeared first on ဧရာဝတီ.

]]>
နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးခဲ့သည်ဟု ယူဆကာ တရားစွဲဆိုထားသည့် အိမ်အကူ မကရင်မအမှုမှ သံသယ တရားခံ ဒေါ်သိင်္ဂီစုကို တရားခွင်တွင်း ပြည့်ပြည့်စုံစုံ ထုချေ တင်ပြခွင့်ပေးရန် ၎င်း၏ခင်ပွန်းဖြစ်သူ တပ်မတော် အရာရှိ က အသနားခံစာ တင်ပြကြောင်း ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံးမှ တရားသူကြီး ဦးအောင်မြင့်က ပြောသည်။

အဆိုပါ အသနားခံစာ မူရင်းကို ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင်တရားရုံးမှ သိရ သည်။

တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က“သူ့ဇနီးက ၁ နှစ်နဲ့ ၂ လ အချုပ်ခံထားရတဲ့ အပေါ်မှာ သူမကြည့်ရက်တော့တဲ့ အတွက်ကြောင့် ဒီအမှုကို ပြည့်ပြည့်စုံစုံ ထုချေခွင့်ပြုစေချင်ပါတယ်လို့ ပြောတယ်။ ပြည့်စုံစွာ ထုချေ တင်ပြခွင့်ပြုပါလို့ လျှောက်လွှာ တင်တယ်ပေါ့”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက“တရားရုံးမှာ သူ့ကို ၃၀၂ (၂) နဲ့ စွဲချက်တင်ထားတဲ့ အချက်အလက်တွေကို ခုခံချေပတာတွေ တင် မကတော့ဘူး။ သူ တင်ပြချင်တဲ့ ကိစ္စမှန်သမျှ နောက်ဆုံးပိတ် မကရင်မနဲ့ သူနဲ့ ဘုရားဖူးသွားတာတွေ ပင်လယ် ကမ်းခြေ ကို သွားတာတွေ ဆယ်လ်ဖီ ရိုက်တာတွေက အစ အမှုနဲ့ မပတ်သက်တဲ့ ကိစ္စတွေကအစ တင်ပြခွင့် ပေးထားတယ်။ ဒါကိုလည်းပဲ တရားခံရှေ့နေလည်း သိတယ်။ တရားခွင်မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံးသိကြတယ်”ဟု ရှင်းပြ သည်။

ယနေ့ရုံးချိန်းတွင် ဒေါ်သိင်္ဂီစုသည် ၎င်း၏ ရှေ့နေများကို ပါဝါရုပ်သိမ်းလိုက်သည့် အတွက် စစ်ဆေး မေးမြန်းမှုကို မလုပ်နိုင်ခဲ့ဘဲ လာမည့်ရုံးချိန်းကို သြဂုတ်လ ၂၇ ရက်သို့ ချိန်းဆိုခဲ့သည်။

ဒေါ်စန်းစန်းမြင့်က“ပါဝါ ရုပ်တာ ၄ ယောက် မြောက်ပေါ့။ အမှုသည်နဲ့ ရှေ့နေကြားမှာတော့ ရှေ့နေတွေကလည်း အမှု သည်တွေ အပေါ်မှာ ကျေနပ်မှု မရှိရင် ရုပ်မှာပဲ။ အမှုသည်တွေကလည်း ကျေနပ်မှု မရှိရင် ရုပ်မှာပဲ။ ဒါကတော့ သူတို့ အခွင့်အရေး အရ ရုပ်တာပေါ့”ဟု ဆိုသည်။

အိမ်အကူ မကရင်မ သေဆုံးမှုတွင် တပ်မတော် အရာရှိ၏ ဇနီး အိမ်ရှင် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ယခုနှစ် ဇန်နဝါရီလ၂၃ ရက်မှ စပြီး စွဲချက်တင်ထားခြင်း ဖြစ် သည်။

ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ် အထိ အလုပ် ကြမ်း နှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သံသယ တရားခံ ဒေါ်သိင်္ဂီစုက သေဆုံးခဲ့သည့် အိမ်အကူ မကရင်မနှင့် အတူနေထိုင်ခြင်း မရှိသဖြင့် ကိုယ်ထိ လက် ရောက် ရန်ဖြစ်ခြင်း၊ စကားများခြင်းများ၊ ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပျဉ်နှင့် ထုခြင်းများ မရှိကြောင်း သြဂုတ် ၆ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုထွားသည်။

သေဆုံးသူ အိမ်အကူ မကရင်မသည် လေအေးပေးစက်ပုံးကို မခဲ့ရာမှ လှေကားပေါ်က ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာ ဒဏ် ချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် နာတာရှည် ရောဂါများ ရှိကြောင်းကိုလည်း ထွက်ဆိုခဲ့ဖူးသည်။

အိမ်အကူ မကရင်မသည် ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် သက်သေ ထွက်ဆိုထားသည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှု၌ တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက်သေ ၉ ဦး ကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် တရားခံပြ သက်သေအဖြစ် ၁၈ ဦး တင်သွင်းထားကြောင်းလည်း သိရသည်။

သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန်

မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ 

ဥပဒေအကာအကွယ်လိုအပ်ဆဲ အိမ်အကူအလုပ်သမများ 

The post အိမ်အကူ မကရင်မ အမှု သံသယ တရားခံဘက်မှ ထုချေ တင်ပြခွင့် အသနားခံစာတင် appeared first on ဧရာဝတီ.

]]>