အောင်ဇော် – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Sun, 10 May 2020 05:46:26 +0000 en-US hourly 1 https://wordpress.org/?v=5.3.3 ရောဂါနှင့် ဝါဒဖြန့်ချိရေး မြန်မာနိုင်ငံတွင် ရှည်လျားသော သမိုင်းရှိသည် https://burma.irrawaddy.com/opinion/viewpoint/2020/05/10/222304.html Sun, 10 May 2020 05:43:32 +0000 https://burma.irrawaddy.com/?p=222304 ဓာတ်ပုံများသည် လွဲမှားသော ကောက်ချက်ချမှုကို ဖြစ်စေနိုင်ကြောင်း သုတေသီများက ပြောသည်။

The post ရောဂါနှင့် ဝါဒဖြန့်ချိရေး မြန်မာနိုင်ငံတွင် ရှည်လျားသော သမိုင်းရှိသည် appeared first on ဧရာဝတီ.

]]>
မြန်မာနှင့် ကူးစက်ရောဂါများသည် တစိမ်းတရံမဟုတ်ပါ။ ကိုဗစ်-၁၉ သည် အစိုးရအတွက်သာမက ပြည်သူလူထုအတွက်လည်း ပြင်းထန်သော စိန်ခေါ်မှုဖြစ်သည်။ ထိုအတွေးနှင့်အတူ “ငါတို့ ဒီကူးစက်ရောဂါကို ကျော်လွှားနိုင်ရမယ်” ဟု မိမိကိုယ်မိမိ ပြောမိသည်။ ကျနော့်အနေဖြင့် အစိုးရ၏ သတင်းစာများ သက်သက်ကိုသာ ဖတ်နေပါက ထိုကူးစက်ရောဂါနှင့် တိုက်ပွဲတွင် မိမိတို့သည် အောင်ပွဲနှင့် လက်တကမ်း အကွာတွင် ရောက်နေပြီဟု အလွယ်တကူ ယုံကြည်မည်သာ ဖြစ်သည်။

ရောဂါကူးစက်မှု အတည်ပြုလူနာများ မှန်မှန်များလာခြင်းနှင့်အတူ ထိုဗိုင်းရပ်စ်နှင့် ပတ်သက်သည့် လူထုအသိ နိုးကြားမှုနှင့် စူးစမ်းလိုစိတ်လည်း မြင့်မားလာသည်။ တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင်ကဲ့သို့ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အကြီးအကျယ်မဖြစ်စေရန် ဆုတောင်းနေသူလည်း အများအပြား ရှိနေခဲ့သည်။

“ဥရောပနဲ့အမေရိကမှာလို ကူးစက်မှုတွေ ကျနော်တို့ဆီမှာ အကြီးအကျယ်ဖြစ်လာရင် အားလုံးသေကုန်မှာပဲ” ဟု မိတ်ဆွေတဦးကပြောသည်။ ထိုသို့ မျှော်လင့်ချက်ကင်းမဲ့သည့် ကြိုတင်ခန့်မှန်းမှုမျိုးကို မြန်မာနိုင်ငံမှ လူအများအပြား လက်ခံကြသည်။

အစိုးရသတင်းစာများ ဝါဒဖြန့်ချိမှုများနှင့် လူမှုကွန်ရက်မှ သတင်းတုများသည် မိမိတို့ကို နေ့စဉ် မည်မျှ ဖိအားပေးနေစေကာမူ မြန်မာနိုင်ငံ၏ ဆေးဖက်ဆိုင်ရာ ကိရိယာနှင့် အဆောက်အအုံများသည် အမှန်တကယ်ပင် စိန်ခေါ်မှု ပြဿနာတရပ် ဖြစ်နေသည်။ အချို့က ပို၍ စိုးရိမ်လာကြပြီး “ငါတို့သေကုန်တော့မှာလား” ဟူသည့် မေးသင့်မေးထိုက်သော မေးခွန်းကို မေးကြသည်။ မြန်မာနိုင်ငံမှ လူအများအပြားသည် ညစဉ် အိပ်ရာမဝင်မီ လဲလျောင်းလိုက်သောအခါ ထိုမေးခွန်းကို ၎င်းတို့ကိုယ်၎င်းတို့ မေးခဲ့ကြသည်။

ထို့ကြောင့် ကျနော်တို့၏ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ကိုလိုနီနယ်ချဲ့ ဟောင်း ဗြိတိန်နိုင်ငံသည် ၎င်းတို့ နိုင်ငံသားများကို မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် တိုက်တွန်းခဲ့ခြင်းသည် ဆင်ခြင်တုံတရား ပြည့်၀သော ဆုံးဖြတ်ချက် လုပ်ရပ်ဖြစ်သည်ဟု ကျနော်ထင်မိသည်။

မြန်မာနိုင်ငံမှ ပြည်တွင်း ဆေးဖက်ဆိုင်ရာ ကိရိယာနှင့် အဆောက်အအုံများသည် ကိုဗစ်-၁၉ ကြောင့် မလုံမလောက် ဖြစ်ခံရနိုင်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းမည့် အန္တရာယ်ကြောင့် ဖြစ်နိုင်သည်ဆိုလျှင် မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားအားလုံး မြန်မာနိုင်ငံမှထွက်ခွာရန် ရန်ကုန်ရှိ ဗြိတိန်သံရုံးက အကြံပြုသည့် သတင်းကို မတ်လက မိမိတို့ဖတ်ခဲ့ရသည်။

“ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် မြန်မာနိုင်ငံမှ ဆေးဖက်ဆိုင်ရာ ကိရိယာများနှင့် အဆောက်အအုံများကို ကြီးမားသော ဖိအားပေးမည်ဟု မျှော်လင့်ရပြီး ၎င်းတို့သည် ပုံမှန်စောင့်ရှောက်မှုကို ပေးရန် မဖြစ်နိုင်လောက်ပေ” ဗြိတိန်သံရုံးက ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုအချက်သည် အခြေအမြစ်ရှိသည့် ပူပန်မှုဖြစ်သည်။ ဗြိတိန်သံရုံး၏ ကြေညာချက်နှင့်ပတ်သက်ပြီး အချို့အာရှ သံတမန်များက ကြိတ်ပြီး ပြုံးနေကြသော်လည်း ဗြိတိန်နိုင်ငံ၏ အကြံအစည်သည် မှန်နေပုံရတော့သည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု အကြီအကျယ် ဖြစ်ပွားခဲ့ပြီး အရေးပေါ်လေကြောင်းလိုင်းများ မရရှိနိုင်ပါက မြန်မာနိုင်ငံ၏ ဆေးဝါးကိရိယာ မပြည့်စုံသော လူနာဆောင်များတွင် သို့မဟုတ် Quarantine Centre များတွင် သွားလာမှု ကန့်သတ်ခံရမည်ကို မည်သူမျှ လိုလားမည်မဟုတ်ပေ။ (သို့သော် မျှမျှတတပြောရပါက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ သံသယလူနာများကို ထားရန် ထူထောင်ထားသော အချို့အဆောင်များသည် မြန်မာနိုင်ငံမှ အခြားအဆောင်များနှင့် ဧည့်ဂေဟာများထက် များစွာ ကောင်းမွန်လှသည်ကိုတော့ တွေ့ရသည်။)

အနောက်တိုင်း သံတမန်များအနေဖြင့် ၎င်းတို့ မိခင်နိုင်ငံ၊ ဇာတိမြို့များ အထူးသဖြင့် လန်ဒန်၊ နယူးယောက်၊ ပါရီနှင့် အီတလီမြောက်ပိုင်းသို့ ပြန်သွားသည်ထက် ပိုမိုလုံခြုံနိုင်ဖွယ်ရှိသော အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မတူဘဲ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းသည် ကျိုးကြောင်းဆီလျှော်သည်။

တလွဲတချော်ဖြစ်နေသော ပြုံးစရာလေး တချက်ကတော့ ဗြိတိသျှတို့ကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံမှ ကူးစက်ရောဂါများနှင့် တစိမ်းတရံ မဟုတ်ခြင်းပင် ဖြစ်သည်။ ၂၀ ရာစုအစောပိုင်းတွင် မြန်မာနိုင်ငံကို ၎င်းတို့အုပ်ချုပ်စဉ်က ကာကွယ်ဆေးများထိုးခြင်း၊ သန့်ရှင်းရေး၊ အာဟာရနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်ရေးအတွက် လုပ်ဆောင်ခဲ့ဖူးသည်။

၎င်းတို့ရောက်ရှိလာချိန်တွင် ဗြိတိသျှတို့သည် ထိုစဉ်က ဘားမား (Burma) ဟု လူသိများသော မြန်မာနိုင်ငံတွင် သေဆုံးမှုနှုန်း မြင့်မားသည်ကို သတိထားမိကြသည်။ ထို့ကြောင့် သေချာသည်မှာ ဗြိတိသျှတို့သည် တခါတရံမှာတော့ လက်မခံနိုင် အငြင်းပွားဖွယ်ဖြစ်သည့် ထိရောက်သော ကာကွယ်ဆေးနှင့် သန့်ရှင်းရေးမူဝါဒများကို အခက်အခဲများကြားမှ လုပ်ဆောင်ခဲ့မည်ဖြစ်သည်ဟု ဂျုဒစ် ရစ်ချယ် Judith Richell ၏ ကိုလိုခေတ်မြန်မာနိုင်ငံမှ ရောဂါနှင့် လူမှုအခြေအနေအပြောင်းအလဲများ Disease and Demography in Colonial Burma စာအုပ်တွင် ဖေါ်ပြထားသည်။

သို့သော် အနောက်တိုင်းဆေးများနှင့် ကာကွယ်ဆေးများကို စတင်အသုံးမပြုနိုင်မီ မြန်မာနိုင်ငံ “လွတ်မြောက်ရေး” အတွက် သိမ်းယူခဲ့သူများသည် ၎င်းတို့၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား နှိမ်နင်းရန် ဆယ်စုနှစ်တခုမျှ အချိန်ယူခဲ့ကြရသည်။ ထိုအချိန်သည် ကုန်းဘောင်မင်းဆက်အောက်မှ ရှေးရိုးစဉ်လာ မြန်မာနိုင်ငံသည် ပြည်ပအုပ်ချုပ်မှုအောက်တွင် အားမတန်မာန်လျှော့ပြီး လူ့အဖွဲ့အစည်း ပြိုကွဲရသော အချိန်လည်းဖြစ်သည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ဂုဏ်သိက္ခာကြီးမြတ်သည့် မဏ္ဍိုင်အင်အားစုများဖြစ်သော သက်ဦးဆံပိုင် ဘုရင်စနစ်၊ ဗုဒ္ဓဘာသာ သာသနာနှင့် မြို့သူကြီးများကို ကိုလိုနီအာဏာဖြင့် အစားထိုးခဲ့ကြသည်။

၁၉၀၆ ခုနှစ် ပလိပ်ရောဂါကူးစက်နေသော မန္တလေးရှိ အိမ်တအိမ်အား ပိုးသတ်ဆေးဖြန်းစဉ်/ Wellcome Collection

ရှေ့ဆက်ဖြစ်ပျက်ခဲ့သည်များကို အများအသိပင်ဖြစ်သည်။ မင်းမဲ့ဝါဒ စိုးမိုးလာသည်။ ဖရိုဖရဲဖြစ်နေသော မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဗြိတိသျှတပ်များသည် “ဓါးပြ” ဆိုသူများ၏ နောက်သို့လိုက်ပြီး နိုင်ငံခြားနယ်ချဲ့ ကျူးကျော်မှုကို လက်နက်ကိုင်ပုန်ကန်သူများကို ဖိနှိပ်ကာ အလုပ်များနေကြသည်။ မြန်မာနိုင်ငံသည် ထိုကာလအတွင်း ဗြိတိသျှတို့ထံမှ အများအပြားကို လေ့လာမိခဲ့ကြသည်။ အထူးသဖြင့် မိမိအားဆန့်ကျင်သူများကို မည်ကဲ့သို့ စနစ်တကျ ခေါင်းဖြတ်ရမည်နှင့် အမည်ဆိုးဖြင့် ကျော်ကြားလှသော “ဖြတ်လေးဖြတ်” ဟု ခေါ်သည့် သူပုန်နှိမ်နင်းရေး သေနင်္ဂဗျူဟာကို လေ့လာမိခဲ့ကြသည်။ (မြန်မာ့တပ်မတော်သည် “ဖြတ်လေးဖြတ်” ကို ယနေ့တိုင် ဆက်လက်အသုံးပြုနေပြီး သက်ဆိုးအရှည်ဆုံး ကိုလိုနီအမွေအနှစ် ဖြစ်သည်။)

ထိုပုန်ကန်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကိုလိုနီအာဏာပိုင်များသည် ရန်သူသစ်ဖြစ်သော ကူးစက်ရောဂါကို အောင်နိုင်ရန် လုပ်ဆောင်ကြရတော့သည်။ စီမံကိန်းများ ဆွဲရတော့သည်။

၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းကာလများတွင် ပလိပ်၊ ကာလဝမ်းရောဂါ၊ တီဘီအဆုပ်ရောဂါ၊ ကျောက်ရောဂါနှင့် တုပ်ကွေးရောဂါများသည် မြန်မာနိုင်ငံတွင် အဓိက အသေအပျောက်များသော ရောဂါများ ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၁၈ ခုနှစ်က ဖြစ်ပွားသည့် စပိန်တုပ်ကွေးဟု ခေါ်သည့် ကမ္ဘာတဝှမ်း ကူးစက်ရောဂါဘေးမှလည်း လွတ်မြောက်ခဲ့ခြင်းမရှိပေ။ ရစ်ချယ်၏ အဆိုအရ ထိုစဉ်က လူဦးရေ ၁၂ သန်းမှ ၁၃ သန်းသာရှိသောနိုင်ငံတွင် လူ ၄ သိန်းသေဆုံးစေသော ထိုရောဂါကို ကိုင်တွယ်ရန် ဗြိတိသျှတို့ဘက်မှ ကြိုတင်ပြင်ဆင်မှု မရှိသလောက်ပင် ဖြစ်သည်။

အကျိုးဆက်မှာ ဆိုးရွားလှပြီး မြို့ပြတွင် နေထိုင်သူများဖြစ်သည့် အိန္ဒိယစစ်သားများနှင့် တောနေရွာသူ ရွာသားများကို ဗိုင်းရပ်စ်ပိုးကူးပြီး ဆိုးရွားစွာ ထိခိုက်စေကာ တိုင်းပြည်ကို ချိနဲ့သွားစေသည်။

ထိုရောဂါမတိုင်မီ ၁၉၀၅-၀၆ တွင်ဖြစ်ပွားသည့် ပလိပ်ရောဂါကြောင့်လည်း မြန်မာနိုင်ငံတွင် လူအများအပြား သေဆုံးခဲ့သေးသည်။ ရောဂါကူးစက်ခံနေရပြီးဖြစ်သည့် အိန္ဒိယမှ ပင်လယ်ရေကြောင်းမှ တဆင့် ထိုရောဂါသည် မြန်မာနိုင်ငံသို့ ရောက်လာသည်ဟု အများကယူဆကြသည်။

အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရသောကြောင့် ကိုလိုနီအစိုးရသည် ပလိပ်ကောင်စီ တခုကို ထူထောင်ပြီး အိန္ဒိယမှ ဝင်ရောက်အခြေချသူများ အပါအဝင် အများပြည်သူကို စစ်ဆေးစောင့်ကြည်သောလုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ပေးအပ်သည်။

ကာလကတ္တားမှ ဝင်ရောက်လာသော သင်္ဘောများကို ဆေးဖက်ဆိုင်ရာအရာရှိများက စစ်ဆေးကြပြီး ဆယ်ရက်ကြာ သွားလာမှုကန့်သတ်စောင့်ကြည့် Quarantine လုပ်ကြောင်း ရစ်ချယ်က သူ၏ ကိုလိုနီခေတ်မြန်မာနိုင်ငံ ရောဂါနှင့် လူမှုအခြေအနေပြောင်းလဲမှု စာအုပ်တွင် ရေးသားသည်။ နိုင်ငံကူးလက်မှတ်ပါရှိသော ပထမတန်းနှင့် ဒုတိယတန်း ခရီးသည်များကို ဆယ်ရက်ကြာ သွားလာမှုကန့်သတ်စောင့်ကြည့်သည်။ ပလိပ် ကမ္ဘာတဝှမ်းကူးစက်ရောဂါ ကြီးထွားလာသောအခါ ဗြိတိသျှ အုပ်ချုပ်ရေးအောက်တွင် မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြသော အိန္ဒိယသားများသည် ရောဂါပျံ့နှံ့မှုအတွက် မကြာခဏဆိုသလို အပြစ်တင်ခံရပြီး ဓားစာခံ ဖြစ်ကြရသည်။

နိုင်ငံအတွင်း ခရီးသွားလာသူများ ပလိပ်ခရီးသွားလက်မှက်ကို ကိုင်ဆောင်ရန် လိုအပ်သည်။ လူအများအပြားသည် ရောဂါအပြင်းအထန်ဖြစ်ပွားသော မြို့များမှ ထွက်ပြေးကြပြီး ကိုလိုနီအာဏာပိုင်များသည် ကြီးမားသော ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးအစီအစဉ်များနှင့် ပြင်းထန်သော ကာကွယ်ဆေးထိုးခြင်းနှင့် စောင့်ကြည့်ရေးမူဝါဒများကို ချမှတ်ခဲ့ရသည်။

ရိုးရာဆေးပညာနှင့်သာ အကျွမ်းတဝင်ရှိသော ဒေသခံပြည်သူများနှင့် ဆေးဆရာများကို ခရိုင်အရာရှိများထံ သွားရောက်ခိုင်းကာ ဗြိတိန်ဆေးပညာကို လက်ခံစေခဲ့သည်။ အရာရှိများ၏ မိသားစုဝင်များနှင့် ဇနီးများသည် ဒေသခံပြည်သူများ ကာကွယ်ဆေးကို ယုံကြည်လက်ခံလာစေရေး ရှေ့ဆုံးမှ ပါဝင်စေခဲ့သည်ဟုဆိုသည်။

ရန်ကုန်အခြေစိုက် ဓါတ်ပုံဆရာများဖြစ်သော Criouleansky နှင့် Marshall တို့ ၁၉၀၅-၀၆ ကရိုက်ကူးထားသော ဓာတ်ပုံများသည် အထက်မြန်မာနိုင်ငံ မန္တလေးမြို့ဖြစ်နိုင်ခြေရှိသော နေရာတခုတွင် ကိုလိုနီအရာရှိများက ပလိပ်ရောဂါကို ပိုင်နိုင်စွာ ထိန်းချုပ်နေသည်ကို ပြနေပြီး ထိုဓာတ်ပုံများကို ၁၉၀၆ ခုနှစ် ဇွန်လတွင် ထုတ်ဝေသည့် The Graphic က ဖေါ်ပြခဲ့သည်။

သို့သော် ထိုဓာတ်ပုံများသည် လွဲမှားသော ကောက်ချက်ချမှုကို ဖြစ်စေနိုင်ကြောင်း ထိုခေတ်နှင့်ပတ်သက်ပြီး လေ့လာသော သုတေသီများက ပြောသည်။

၂၀၁၃ ခုနှစ်က ထုတ်ဝေသည့် ဗြိတိသျှကိုလိုနီခေတ် ဓာတ်ပုံပညာနှင့်ပတ်သက်သော ဆောင်းပါးတပုဒ်တွင် မြန်မာ့သမိုင်းပညာရှင် Jonathan Saha ဂျိုနသန်ဆာဟာက “ပလိပ်ရောဂါတိုက်ဖျက်ရေး အစီအစဉ်များသည် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး အငြင်းပွားဖွယ်ဖြစ်ကာ တကယ်တော့ ထိရောက်မှု မရှိပေ။ ထို့အပြင် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ထားသော အိန္ဒိယ အင်ပါယာအတွင်း သွတ်သွင်းပြီး ကမ္ဘာ့ကုန်သွယ်ရေးကွန်ရက်အတွင်းသို့ ထည့်သွင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပလိပ်ရောဂါ ရောက်ရှိလာခြင်းဖြစ်နိုင်သည်” ဟု ရေးသားခဲ့သည်။

“ထိုအစောပိုင်းက ပုံများတွင် မြန်မာနိုင်ငံကို အာဏာရှင် ပဒေသရာဇ်ထံမှ လွတ်မြောက်စေခဲ့သည့်ပုံမျိုး ကနဦးတွင် ပုံဖေါ်ခဲ့ကြပြီး နောင်တွင် ဗြိတိသျှတို့ကို ခုခံသည့် ပျောက်ကြားလှုပ်ရှားမှုများ ပြင်းထန်လာသောအခါ အကြမ်းဖက် နိမ့်ကျသော ဓါးပြများလက်တွင် ခံစားနေရသော နိုင်ငံအဖြစ် သရုပ်ဖေါ်သည်” ဟု သူ ဆက်လက်ဝေဖန် ရေးသားခဲ့သည်။

“နောင်နှစ် ၂၀ ကြာသောအခါ အကြမ်းဖက်ပြီး တန်ဖိုးများစွာ ပေးဆပ်ရသော ကိုလိုနီအုပ်ချုပ်ရေး ထူထောင်ခြင်းသည် ပေးဆပ်ရကျိုးနပ်သည်ဟု The Graphic ၏ စာဖတ်ပရိသတ်များကို ဖေါ်ပြရန် ကျရှုံး ကုန်းဘောင်မင်းဆက်၏ အချက်အခြာနေရာများတွင် ရိုက်ကူးထားသော ပလိပ်ရောဂါ တိုက်ဖျက်ရေး အစီအမံများနှင့် ပတ်သက်သည့် ထိုဓာတ်ပုံများကို အသုံးချရေး ရည်ရွယ်ခဲ့သည်ကို သံသယဖြစ်စရာ မလိုပေ။ စစ်အတွင်းကပုံများသည် နယ်ချဲ့စနစ် တခုလိုအပ်ကြောင်း သရုပ်ဖေါ်လျှင် ထိုပလိပ်ရောဂါနှင့် ပတ်သက်သောပုံများက ထူထောင်ထားသော စနစ်သစ်သည် အောင်မြင်စွာ လည်ပတ်နေကြောင်း သရုပ်ဖေါ်ထားသည်” ဟု ထိုသမိုင်းပညာရှင်က စူးရှစွာ ထောက်ပြခဲ့သည်။

ထိုအတိုင်းမှန်သည်ဆိုလျင် ကျနော်တို့သည်လည်း ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ရင်ဆိုင်ရပြီး တိုက်ဖျက်ရန်ပြင်ဆင်နေချိန်တွင် ထိုကဲ့သို့သောစနစ်တခု ချမှတ် အသုံးပြုနိုင်သည်မှာ သေချာသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဗြိတိသျှတို့ မတ်လတွင် ပြန်သွားခဲ့ကြသည်။

ပြည်သူလူထုသည် ဘေးအန္တရာယ် ကင်းရှင်းအောင် လုပ်ဆောင်ပေးနေသူများ လက်တွင် ရောက်ရှိနေပြီဟူသည့် မျှော်လင့်ချက်နှင့် ခံစားချက်မျိုး ဖြစ်ပေါ်စေရန် ရောဂါတိုက်ဖျက်ရန် လုပ်ကိုင်နေသော ဗြိတိသျှ အရာရှိများ၏ ဓါတ်ပုံများကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးသည်ဟုပင် ဆာဟာက ဆက်လက်ရေးသားခဲ့သည်။ သူ တင်ပြသည့်အတိုင်းဆိုပါက ၎င်းတို့၏ ရည်မှန်းချက်မှာ “ကမ္ဘာတဝှမ်းကူးစက်သော ပလိပ်ရောဂါနှင့်ပတ်သက်ပြီး ကျိုးကြောင်းဆီလျှော် စနစ်ကျသည့် အစိုးရ အုပ်ချုပ်ရေး ယန္တရားရှိခဲ့သည်” ဟူသော အဓိပ္ပါယ် သက်ရောက်စေသည်ဟုလည်း သူ ရေးသားခဲ့သည်။

ရစ်ချယ်၏ ကိုလိုနီခေတ်မြန်မာနိုင်ငံ လူမှုအခြေအနေပြောင်းလဲမှုကို ကိုးကားပြီး ဆာဟာက “၁၉၀၆ ခုနှစ်က ထိုကိုလိုနီဒေသတွင် ပလိပ်ရောဂါကြောင့် လူ ၉၀၀၀ နီးပါးသေဆုံးသည်။ လက်တွေ့တွင် ဒေသခံများသည် နယ်ချဲ့အစိုးရ၏ အတင်းအကျပ် လုပ်ဆောင်သော ပလိပ်ရောဂါတိုက်ဖျက်ရေးမူဝါဒများမှ လွတ်မြောက်ရေးအတွက် ရောဂါခံစားရသူများကို ဝှက်ထားရန် ကြိုးစားကြသောကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ထိုထက်ပင် ပိုနိုင်သေးသည်။ ပလိပ်ရောဂါ ကူးစက်မှုများကို တွေ့ရှိသောအခါ ကူးစက်ခံရသူ၏ အဝတ်များကို မီးရှို့ပစ်ကြပြီး ရောဂါကူးစက်ခံရသူ၏ မိသားစုများကို အခြားသူများနှင့် ခွဲထားကာ ၎င်းတို့၏နေအိမ်များကို ဓါတုဗေဒနည်းဖြင့် ပိုးသတ်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကြီမားသော ဆောင်ရွက်ချက်ဖြစ်သော်လည်း ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင်မူ ထိရောက်ခြင်း မရှိ” ဟု သူဆက်လက်ဝေဖန် ရေးသားသည်။

ထိုသို့သောအချက်များကို ဖတ်ရသည်မှာ ကျနော့်အတွက်တော့ စိတ်ဖိစီးစရာ ကောင်းလှသည်။ ထို့ကြောင့် ဤနေရာမှာရပ်ပြီး ကိုလိုနီခေတ်သည် အပြုသဘောဆောင်သော အမွေအနှစ် တစုံတခု ပေးခဲ့ခြင်း ရှိမရှိ မိမိဘာသာမေးခွန်းထုတ်မိသည်။

တချက် သမ်းဝေရင်း နိုင်ငံပိုင် သတင်းစာ The Global New Light of Myanmar ကို ကောက်ကိုင်လိုက်လာ ပိုမိုစိတ်ဝင်စားစရာကောင်းသည့် သတင်းကို ရှာမိသည်။ ယနေ့ခေတ် နိုင်ငံပိုင် သတင်းစာများကို ဖတ်ရခြင်းသည် ယခင်စစ်အစိုးရခေတ်များက နိုင်ငံပိုင် သတင်းစာများကို ဖတ်ရခြင်းကဲ့သို့ပင် ထူးထူးခြားခြား ကွဲပြားခြားနားခြင်း မရှိလှသော်လည်း ထိုအကျင့်ကို သစ္စာရှိစွာ ကျနော် ဆက်လက်ထိန်းသိမ်းထားခဲ့ပါသည်။

သွားလာမှု ပိတ်ပင်ထားခံရပြီး နေအိမ်မှ အလုပ်လုပ်နေရသောကြောင့် မိမိကဲ့သို့ပင် စာဖတ်သူလည်း ပိုမိုမျှော်လင့်ချက် ရှိမည့် သတင်းများကို ဆာလောင်မွတ်သိပ်နေမည်ကို မိမိသေချာပေါက်သိနေသည်။ “လာမည့်အပတ်တွင် ဘားဆိုင်များသို့ ပြန်လည်သွားရောက်ခွင့်ပြုမည်” ဟူသည့် သတင်းခေါင်းစဉ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

The Global New Light of Myanmar သတင်းစာတွင် မရည်ရွယ်ဘဲ မိမိ ဖတ်မိသောခေါင်းစဉ်မှာ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာလတွင် စက်ရုံအလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စများနှင့် စပ်လျှဉ်း၍ ပါဝင်ဆောင်ရွက်နေကြသူများနှင့် လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေး” ဟု ဖြစ်သည်။ ခေါင်းတချက်ညှိတ်လိုက်ပြီး ဆက်ဖတ်သောအခါ ဗိုင်းရပ်စ်အခြေအနေသည် ထိန်းချုပ်နိုင်သည့် အနေအထားအောက်တွင် ရှိသည့်သဘော ဖေါ်ပြသည့် သတင်းများကြောင့် စိတ်သက်သာရာ ရရှိခဲ့သည်။

အခြားသတင်းခေါင်းစဉ်များနှင့် ဓါတ်ပုံများသည် နောက်ထပ် မျှော်လင့်ချက်များကိုပင် ပေးသည်။ “ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတြ်ပည်သူ့သမ္မတနိုင်ငံက အသက်ရှူစက် အလုံး ၂၀ လှူဒါန်း” ဟု တွေ့ရသည်။ ဓါတ်ပုံတပုံတွင် တရုတ်သံအမတ်ကြီးနှင့် မြန်မာအရာရှိများသည် ချစ်ကြည်ရေးအထိမ်းအမှတ် စာတမ်းကိုကိုင်ကာ နေပူကျဲကျဲတွင် ရပ်ပြီးကိုင်ထားကြသည်ကို တွေ့ရသည်။

ထိုဓါတ်ပုံမှ အရာရှိများသည် နှာခေါင်းစည်းများ ဝတ်ဆင်ထားသော်လည်း Social Distancing ခပ်ခွာခွာနေထိုင်ခြင်းမပြုပဲ အုပ်စုလိုက် ပူးပူးကပ်ကပ်ဖြစ်နေသည်ကို မိမိ သတိမထားမိဘဲ မနေနိုင်အောင်ဖြစ်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့ နှစ်နိုင်ငံအကြား သွေစည်းညီညွတ်မှုနှင့် အဓွန့်ရှည်သော ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းဖြစ်သည်ဟု ရုတ်တရက် တောင်တွေးမြောက်တွေး ယူဆမိတော့သည်။

အမှန်ဆိုရလျှင် ထိုသတင်းစာများတွင် တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး မိမိတို့ကို အကူအညီများ – ပိုမိုများပြားသည့် နှာခေါင်းစီးများ၊ ပိုမိုများပြားသည့် စမ်းသပ်ရေး ပစ္စည်းများနှင့် ပိုမိုများပြားသည့် ဤအရာ ထိုအရာများ – ပေးသည့် သတင်းများ ထင်ထင်ရှားရှား ပါဝင်ပြည့်နှက်နေသည်။ ထို့အပြင် သတင်းများသည် နှစ်ခွလည်း ဖြစ်နေသည်။

ဖေဖေါ်ဝါရီလခန့်ကပင် တပ်မတော်သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသို့ ကာကွယ်ရေး ဝတ်စုံများကို လှူဒါန်းလိုက်သေးသည်။ ယခုအပတ်တွင်မူ တရုတ်နိုင်ငံသည် အပြန်အလှန်ယုံကြည်မှုနှင့် ရင်းနှီး ချစ်ကြည်မှုကို ဖေါ်ပြသည့် အနေဖြင့် ပါကစ္စတန်၊ လာအိုနှင့် မြန်မာအပါအဝင် နိုင်ငံပေါင်းများစွာသို့ စစ်ဖက်ဆေးဝါးပညာရှင်အဖွဲ့များကို စေလွှတ်နေသည်ဟု တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ် Global Times သတင်းစာ၏ အဆိုအရ သိရသည်။ “ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဆေးဖက်ဆိုင်ရာအဖွဲ့များသည် တရုတ်နိုင်ငံမှ ပြည်သူ့ကျန်းမာရေးအကျပ်အတည်းကို ကိုင်တွယ်ရာတွင် အတွေ့အကြုံအရှိဆုံး အင်အားစုများဖြစ်သည်” ဟု ပင် ထိုသတင်းစာက ဆိုလိုက်သေးသည်။

ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် နောက်ဆုံးသတင်းများကို ဖလှယ်ရန် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အရေးပေါ်ဖုန်းလိုင်း ဖွင့်ထားသည်ဟုပင် မိမိ၏ လုပ်ဖေါ်ကိုင်ဖက်များက တိုးတိုးတမျိုး သဖန်းပိုးလုပ် ပြောကြသည်။ အထူးလျှို့ဝှက်သော ကြိုတင်ကာကွယ်ရေး အစီအမံမှာ နေ့စဉ်ရေနွေးသောက်ပြီး ပလုပ်ကျင်းရန်ဖြစ်ကြောင်း မိမိ၏မိတ်ဆွေ သတင်းသမားက နိုင်ငံတော် လျှို့ဝှက်ချက်ကို ထုတ်ဖေါ်ပြောကြားနေသည့် ပုံစံမျိုးဖြင့် ဖုန်းမှတဆင့် အသံကို နှိမ့်ပြီးပြောသည်။ “ဒီအကြံပြုချက်က တရုတ်နိုင်ငံက ဝါရင့်ဗိုလ်ချုပ်ကြီးတွေဆီက လာတာ” ဟုလည်း သူပြောသည်။ သြော် … သြော် …။

ခြုံကြည့်မည်ဆိုပါက ၁၉၀၀ ခုနှစ်များအစောပိုင်း ဗြိတိသျှ မြန်မာနိုင်ငံတွင် ပလိပ်ရောဂါဖြစ်ပွားစဉ်က ရိုက်ကူးထားသည့် ဓါတ်ပုံများနှင့် ယခုတလော နိုင်ငံပိုင် သတင်းစာမှ ဓါတ်ပုံများသည် သမိုင်းထိုးဇာတ်တခုကို ပြသနေသည်။ ယခုတကြိမ်တွင်မူ ဗြိတိသျှတို့သည့် အခွင့်ကောင်းတခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု သံသယဖြင့် မိမိ သရော်တွေး တွေးမိသည်။

သတင်းစာကို ချထားလိုက်ပြီး လန်ဒန်မှ နောက်ဆုံးသတင်းများရရန် အင်တာနက်ကို ဖွင့်လိုက်သည်။ “ဗြိတိန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအတွင်း တုန်လှုပ်ခြောက်ခြားစရာ ပျက်ကွက်မှုများအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများကို ဘောရစ်ဂျွန်ဆင် ရင်ဆိုင်နေရ” ဟူသောသတင်းခေါင်းစဉ်က မိမိကို ကြိုဆိုနေသည်။ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၂၁၀၀၀၀ ကျော်ရှိပြီး သေဆုံးမှုနှုန်း ၃၁၅၀၀ ကျော်ဖြင့် ဥရောပတွင် သေဆုံးမှုနှုန်း အများဆုံး ဖြစ်နေပေပြီ။

ကိုယ်တိုင်လည်း မကြာသေးမီကမှ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ခဲ့ရသည့် သနားစရာကောင်းသော ဘောရစ် ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် ခေါင်းဆောင်မှု ပြသရန် ပျက်ကွက်သောကြောင့် အကြီးအကျယ် ဝေဖန်ခံနေရသည်။

“အကန့်အသတ်ဖြင့်သာ ရောဂါရှာဖွေစစ်ဆေးခြင်း သို့မဟုတ် ဆေးရုံများတွင် ကိရိယာ တန်ဆာပလာ မရှိခြင်း နှင့် သေဆုံးမှု အချက်အလက် တစိတ်တပိုင်းနှင့်ပတ်သက်ပြီး အပြည့်အဝရှင်းပြရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့်ပတ်သက်ပြီး သူ၏ အစိုးရ ကိုင်တွယ်ပုံကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရင်ဆိုင်နေရသည်” ဟု ထိုသတင်းဆောင်းပါးကဖေါ်ပြသည်။

ကျန်းမာရေး အကျပ်အတည်း တခုကို မည်သို့ကိုင်တွယ်မည်ကိုသာမက မည်သို့အသုံးချရမည်ကို ဗြိတိသျှတို့က မိမိတို့အားသင်ကြားပေးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း ထိုဆောင်းပါးကိုဖတ်ရင်း မိမိတွေးမိသည်။ ယခု တကြိမ်တွင်မူ ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ များစွာလေ့လာသင်ယူရမည့် အခြေအနေမျိုး ဖြစ်နေတော့သည်ဟု ကျနော် အတွေးခေါင်မိတော့သည်။

(အောင်ဇော်သည် ဧရာဝတီသတင်းဌာနကို တည်ထောင်သူ၊ အယ်ဒီတာချုပ် ဖြစ်သည်။ ၎င်း၏ Back to the Future: In Myanmar, Disease and Propaganda Have a Long History အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်လင့်

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ

ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း

The post ရောဂါနှင့် ဝါဒဖြန့်ချိရေး မြန်မာနိုင်ငံတွင် ရှည်လျားသော သမိုင်းရှိသည် appeared first on ဧရာဝတီ.

]]>
အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ https://burma.irrawaddy.com/article/2020/04/13/220589.html Mon, 13 Apr 2020 09:27:36 +0000 https://burma.irrawaddy.com/?p=220589 ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရန် သေနတ်များ၊ အဆင့်မြင့်အမြောက်ကြီးများသာမက ဂျက်တိုက်လေယာဉ်များသည်ပင် အသုံးမဝင်ပေ။

The post အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ appeared first on ဧရာဝတီ.

]]>
မြန်မာ့တပ်မတော် စစ်သားများနှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ဝေးကွာသော ရွာများတွင် မတ်လနှောင်းပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်မျာအတွင်း နှစ်ဖက်တပ်များသည် ဘုံရန်သူသစ် ဖြစ်သော ကှိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ထံသို့ အာရုံစိုက်လာကြသည်။

“တိုက်ခိုက်နေမယ့်အစား ကိုဗစ်-၁၉ ကို ကျနော်တို့ အာရုံစိုက်သင့်တယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  နိုင်ငံခြားရေးရာဌာနမှ စိုင်း ရွက်မန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ထိုင်းနယ်စပ်ရှိ RCSS ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျံကို ပိတ်ထားပြီး လူတိုင်းလူတိုင်း အိမ်တွင်နေရန် ရှမ်းခေါင်းဆောင်များက အမိန့်ထုတ်ထားသည်။

လတ်တလောတွင် RCSS တပ်များသည် ထိုင်းနယ်စပ်မှ မိသားစုများကို လွယ်တိုင်းလျံသို့ လာရောက်ခွင့် မပေးကြပေ။ ရှည်ကြာသော အားလပ်ရက်ရာသီအတွင်း ရှမ်းရွှေ့ပြောင်းလုပ်သားများနှင် အခြားဆွေမျိုးများသည် ပုံမှန်အားဖြင့် လွယ်တိုင်းလျံသို့ သွားရောက်လည်ပတ်ရန် အိမ်ပြန်လာလေ့ရှိကြသည်။ ယခုနှစ်တွင် ထိုသို့လုပ်ဆောင်ခြင်းကို ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲကအစည်းက ခွင့်မပြုပေ။

“သူတို့ဟာသူတို့ သီးခြားခွဲနေဖို့ ကျနော်တို့ ပြောထားနယ်။ အပြင်ဖက် ဝါးတဲတွေမှာပေါ့” ဟု သူပြောသည်။

KNU ဂိတ်နဲ့ ကိုဗစ်-၁၉ ရောဂါအကြောင်း ကျန်းမာရေးပညာပေး ပိုစတာ/KNU

ထိုကမ္ဘာ့ကူးစက်ရောဂါကြောင့် RCSS သည် လွန်ခဲ့သောလက စီစဉ်ထားသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း ရွှေ့ဆိုင်းလိုက်ရသည်။

ယခုအပတ်အတွင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် အများပြည်သူသို့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ရှမ်းပြည်နယ်တွင် ရောဂါဖြစ်ပွားမှု တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းသည်။

ရန်ပုံငွေနည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် RCSS သည် ကိုယ်အပူချိန်တိုင်းခြင်း၊ ရောဂါဖြစ်ပွားနိုင်သူများကို စောင့်ကြည့်ခြင်းနှင့် ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက် ဖြန့်ချိခြင်းတို့ကိုသာဆောင်ရွက်နိုင်သည်။

သူ၏အကြီးအကဲပြောသည့်အတိုင်း RCSS ဆေးအဖွဲ့များသည် ရှမ်းပြည်ကျေးရွားများသို့ သွားရောက်ပြီး ရွာသားများကိုကူညီနေကြောင်း စိုင်းရွက်မန် ပြောသည်။

သူ၏ကြေညာချက်တွင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် မြန်မာအစိုးရ၏ အားထုတ်မှုများကို အကျဉ်းဖေါ်ပြသော်လည်း ကမ္ဘာတဝန်းမှ အစိုးရများကဲ့သို့ပင် မြန်မာအစိုးရသည်လည်း ထိထိရောက်ရောက် လုပ်နိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

ရှမ်းပြည်သူများအနေဖြင့် လက်ဆေးရန်နှင့် လူမှုခွဲခွာနေထိုင်ခြင်းလုပ်ရန်  RCSS ကတိုက်တွန်းပြီး နှာခေါင်းစီးမျက်နှာဖုံးများ ဝတ်ဆင်ရန် အားပေးသည်။ ကိုရိုနာဗိုင်းရပ်အကြောင်း သတင်းစကားများကိုလည် ရွာသူကြီးများသို့ လူမှုကွန်ရက်မှတဆင့်လည်း သတိပေးနေသည်။

KIA တပ်သားတဦးကို ဆေးတပ်ဖွဲ့ဝင်တဦးက အပူချိန်တိုင်းနေစဉ်/ KIA

အယ်လ်ကိုဟောလ် အခြေခံသော လက်သန့်ဆေးရည် မရနိုင်သောနေရာများတွင် ဒေသထွက် ဆန်ချက်အရက်ကို ရေနွေးဖြင့်ရောပြီး ဆေးရန် RCSS က အကြံပြုထားသည်။ ကျေးရွာအများအပြားတွင် လက်သန့်ဆေးရည်နှင့် ဆပ်ပြာရရှိရန် မဖြစ်နိုင်ပေ။

ရှမ်းပြည်နယ်တွင်ပေါများပြီး ကျန်းမာရေးနှင့် ညီညွတ်သည်ဟု သတ်မှတ်ထားသည့် သစ်ဥသစ်ဖုများ စုဆောင်းခြင်း ကဲ့သို့သော လက်တွေ့ကျသည့် အကြံဥဏ်များကိုလည်း RCSS ကပေးသည်။ ထို့အပြင် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ထန်းလျှက်ကို ကြိုချက်သောက်ရန် ရိုးရာဆေးနည်းကိုလည်း အများပြည်သူနှင့် ပတ်သက်သောကြေညာချက်တွင် ဖေါ်ပြထားသည်။

မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာသော ဆေးနည်းဖြစ်သည့် ရေနွေးနှင့် သံပုရာရည်သောက်ရန်လည်း ထိုကြေညာချက်ကပြောသည်။ ဆင်းရဲ ဝေးကွာလှသော ရှမ်းပြည်နယ်မှ ကျေးရွာများတွင် RCSS ၏ အကြံဉာဏ်များသည် အဓိပ္ပါယ်ရှိသည့် သဘောဖြစ်နေသည်။

ရှမ်းပြည်နယ် ၀ဒေသတွင်လည်း အာဏာပိုင်များသည် စည်ကားသော သားရိုင်းတိရစာ္ဆန်ဈေးကွက်နှင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကို ပိတ်လိုက်သည်။ ၀ အာဏာပိုင်များနှင့် မြန်မာအစိုးရအကြား ကမ္ဘာ့ကူးစက် ရောဂါနှင့်ပတ်သက်ပြီး သတင်းအချက်အလက် မည်သည့်အတိုင်းအတာအထိ ဖလှယ်သည်ကို ရှင်းရှင်း လင်းလင်းမသိရသေးသော်လည်း မြန်မာနိုင်ငံအခြားဒေသများမှ သူနာပြုများသည် ၀ ဒေသရှိ ဆေးခန်းများနှင့် ဆေးရုံများတွင် လုပ်ကိုင်နေကြသည်။

အိမ်မှာနေရေး ရှမ်းကန်ပိန်း/RCSS

တရုတ်နယ်စပ်ရှိ အထူးဒေသ (၄) ဟု သိကြသည့် မိုင်းလားမှ အာဏာပိုင်များသည်လည်း ပိတ်ဆို့မှုများ ချမှတ်ထားသည်။

မိုင်းလားကို အမျိုးသာဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- ရှမ်းပြည်အရှေ့ပိုင်း (NDAA) က စီမံအုပ်ချုပ်နေပြီး မိုင်းလားသည် ကာစီနိုများ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ မူးယစ်ဆေးနှင့် ညပိုင်း သွားလာလည်ပတ်စရာများကြောင့် ကျော်ကြားသည်။

ရွှေတြိဂံဒေသ၏ အချက်အခြာတွင်တည်ရှိသောကြောင့် မိုင်းလားကို ကမ္ဘာ့သားရိုင်းတိရစာ္ဆန်မှောင်ခိုမြို့တော်အဖြစ် မီဒီယာများက မကြာခဏ ဖေါ်ပြကြသည်။ မိုင်းလားခေါင်းဆောင်များကမူ ထိုသို့ကျော်ကြားနေခြင်းမှာ အနည်းငယ်ပုံကြီးချဲ့ခြင်းဟု တုံ့ပြန်သည်။ ယခုအခါ ထိုမြို့တွင်လည်း စီးပွားရေးလုပ်ငန်များကို ပိတ်ထားလိုက်ပြီဖြစ်သည်။

သို့သော် အလုပ်ပြုတ်သွားသူများ အလုံးအရင်းဖြင့်  ဝင်လာသည်ကို ကြုံတွေ့ခဲ့ရကြောင်း NDAA ခေါင်းဆောင်များပြောသည်။ NDAA သည် မြန်မာနိုင်ငံအနှံ့အပြားနှင့် တရုတ်နိုင်ငံမှ ထိုအလုပ်လက်မဲ့များကို နေ့လယ်စာနှင့် ညစာအခမဲ့ကျွေးနေသော်လည်း မည်မျှကြာကြာ ဆက်လက်ကျွေးထားနိုင်မည်ကို မသိပေ။

သို့သော် နေပြည်တော်အစိုးရနှင့် NDAA ဌာနချုပ်အကြား ညှိနှိုင်းမှုများရှိနေသည်။

RCSS ထိန်းချုပ်နယ်မြေရှိ ရွာတရွာတွင် အပူချိန်တိုင်းနေသော RCSS တပ်သားတဦး/ RCSS

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC) မှ အဖွဲ့ဝင်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိတွေ့ပြီး ၎င်းတို့ဒေသ အသီးသီးမှ နောက်ဆုံး အခြေအနေများကို သိရှိအောင် လုပ်ဆောင်နေသည်။ NPRC တွင် အစိုးရ အရာရှိများနှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အများအပြားပါဝင်သည်။

ကချင်ပြည်နယ်တွင်လည်း ကိုဗစ်-၁၉ အကြောင်း လူထုကို ပညာပေးရန် လူမှုအသိုင်းအဝန်းအဆင့် အစီအမံမျိုးစုံကို အကောင်အထည်ဖေါ်နေပြီး  ရောဂါပိုးနှင့် ထိတွေ့ခဲ့နိုင်ခြေရှိသူများကို သီးခြားခွဲထားရန် ဆောင်ရွက်ထားသည်။ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) နှင့် မြန်မာ့တပ်မတော်သည်လည်း  KBC ရုံးများနှင့် မြစ်ကြီးနားရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန်နှင့် ပိုးသတ်ဆေးဖြန်း သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ပူပန်နေချိန်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏အရာရှိများသည်လည်း ထိုကူးစက်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်။ တပ်မတော်အရာရှိများသည် ကိုဗစ်-၁၉ တားဆီး၊ ထိန်းချုပ်၊ ကုသရန်အတွက် ကျပ်ငွေ ၂.၂၄၅ ဘီလျှံ (အမေရိကန်ဒေါ်လာ ၁.၆ သန်း) လှူဒါန်းထားပြီးလည်း ဖြစ်သည်။

ကွာရန်တင်းယာယီတဲများအနီး အစောင့်ကျနေသော KNU တပ်သားတဦး/ KNU

တပ်မတော်သည် လူ ၁၀၀၀ ကို သီးခြားခွဲထားစောင့်ကြည့်ရန်အတွက် စခန်းတခုကို ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် ပြင်ဆင်ထားပြီး နေပြည်တော်တွင်လည်း နောက်ထပ် ၁၅၀၀၀ ကိုစောင့်ကြည့်နိုင်မည့် နေရာတခုကိုလည်း စီစဉ်ထားသည်။

ကချင်ပြည်နယ်အခြေအနေကို ပြန်ကြည့်ရမည်ဆိုပါက ဒေသခံများသည် ၎င်းတို့ဒေသတွင် လာရောက်နေထိုင်လုပ်ကိုင်နေသည့် တရုတ်ရွှေ့ပြောင်းလုပ်သားများကြောင့် စိုးရိမ်ပူပန်နေကြသည်။ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ လူနာများသည် ဆေးခန်းများနှင့် ဆေးရုံများတွင် လာရောက်ပုန်းအောင်း နေထိုင်နေသည်ဟူသည့် ကောလာဟလ သတင်းများရှိသော်လည်း ထိုအချက်ကို ဒေသဆိုင်ရာအရာရှိများက ငြင်းဆိုသည်။

ကချင်ပြည်နယ် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကွန်ရက်သည်လည်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အပူချိန် စစ်ဆေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို တက်တက်ကြွကြွ ဆောင်ရွက်နေသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရောဂါဖြစ်ပွားမှုလက္ခဏာများကို ရှာဖွေရန် ၎င်းတို့၏ တပ်များနှင့် ၎င်းတို့ ထိန်းချုပ်ဒေသမှ ပြည်သူများကို စောင့်ကြည့်ကြီးကြပ်နေသော်လည်း လက်သန့်စင်ဆေးရည်၊ ဆပ်ပြာ၊ မျက်နှာဖုံးနှင့် ဆေးဝါးများလိုအပ်နေကြောင်း အရာရှိများပြောသည်။

ကချင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် ရပ်ရွာအသိုင်းအဝန်းနှင့် ဘာသာရေးခေါင်းဆောင်များသည် ကိုဗစ်-၁၉ ကမ္ဘာတဝန်း ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အာရုံစိုက်ရန် ခက်ခဲသော နိုင်ငံရေးပြဿနာများနှင့် စစ်ရေး ပဋိပက္ခများကို ဖယ်ထုတ်ထားနိုင်ပုံရသည်။

အလားတူစွာပင် ထိုင်းနယ်စပ်တလျှောက်မှ ကရင်ပြည်နယ်တွင်လည်း ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လက်ကမ်းစာစောင်များ ဝေငှခြင်းဖြင့် ကျေးရွာသားများ ကိုဗစ်-၁၉ အကြောင်းသိရှိစေရန် ပညာပေးလှုပ်ရှားမှုများကို လုပ်ဆောင်နေကြသည်။ ၎င်းတို့သည့် လူများကို သီးခြားခွဲထားမည့် နေရာများကိုလည်း ပြင်ဆင်ထားပြီး ထိုင်းနိုင်ငံမှပြန်လာသူများနှင် ဧည့်သည်များကို စစ်ဆေးမှုများ ဆောင်ရွက်နေသည်။

သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း တွင်မူ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ပွဲများ နေ့စဉ်ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများ အကြီးအကျယ် ထိခိုက်သေဆုံးနေသည်။ ချင်းပြည်နယ် ပလက်၀ မြို့နယ်မှ ကျေးရွာ ၄ ခုကို တပ်မတော် ဂျက်တိုက်လေယာဉ်က ပစ်ခတ်သောကြောင့် ကျေးရွာသား ၂၁ ဦးသေဆုံးပြီး အခြားလူ ၂ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရသည့် သတင်းကို ဧရာဝတီ သတင်းဌာနက ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များကို ကိုးကား ဖေါ်ပြခဲ့သည်။

KNU ထိန်းချုပ်နယ်မြေထဲက ကွာရန်တင်းယာယီတဲများ/ KNU

ပလက်ဝတွင် လူ ၄၅ ဦးကို သီးခြားထားရှိစောင့်ကြည့်နေရသည်။ ထိုသူများ၏ အများစုမှာ တရုတ်၊ စင်္ကာပူနှင့် ကာတာမှ ပြန်လာသူများဖြစ်သည်။ ထိုသူများတွင် ရောဂါပိုးတွေ့ရှိပါက သို့မဟုတ် ထိုဒေသတွင် ရောဂါဖြစ်ပွားမှု ရှိပါက  ကျန်းမာရေးအရာရှိများအနေဖြင့် ၎င်းတို့ ဦးခေါင်းများပေါ်တွင် ဖြတ်သန်းနေသည့် ကျည်ဆံများကြားမှ မည်သို့ ရောဂါထိန်းချုပ်ပြီး လူနာများကို ကုသပေးမည်ကို စဉ်းစားကြည့်ရန်ပင် လွန်စွာခက်ခဲနေသည်။

အဓိပ္ပါယ်ကင်းမဲ့သော စစ်ပွဲဖြစ်ပွားနေပြီး အသက်များ ဆက်လက်ဆုံးရှုံးနေရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်မှ အခြေအနေသည် အမှန်တကယ်ပင် စိတ်ဖိစီးစရာကောင်းလှသည်။

စစ်ဖြစ်နေသော အဖွဲ့အစည်းတိုင်းအတွက် လွယ်တိုင်းလျံမှ စိုင်းရွက်မန်၏ သတင်းစကားမှာ ပဋိပက္ခကို ဘေးဖယ်ထားပြီး တိုက်ခိုက်မှုရပ်ရန်ဖြစ်သည်။ “အခုအချိန်က ကိုဗစ်-၁၉ ကို အာရုံစိုက်ရမယ့် အချိန်ပဲ” ဟု သူပြောသည်။

“ကျနော်တို့က ရွာသားတွေကို နေ့စဉ်စစ်ဆေးမယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အတူလုပ်မယ်” ဟု သူပြောသည်။ သို့သော် ရောဂါအပြင်အထန်ကူးစက်လာပါက ကိုဗစ်-၁၉ လူနာများအတွက် RCSS ဆေးအဖွဲ့က လုပ်ဆောင်ပေးနိုင်သောအရာ အနည်းငယ်သာရှိကြောင်း သူသိနေသည်။

ယခုတိုက်ပွဲတွင် အလျှင်အမြန်ကူးစက်နေသော ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရန် သေနတ်များ၊ အဆင့်မြင့်အမြောက်ကြီးများသာမက ဂျက်တိုက်လေယာဉ်များသည်ပင် အသုံးမဝင်ပေ။  ကမ္ဘာတဝန်း ကူးစက်ရောဂါသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသ အသီးသီးသို့ ရောက်ရှိလာပါက တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမကနိုင်ငံတွင် အင်အားအကြီးမားဆုံးဖြစ်သောတပ်မတော်သည်ပင် အလားတူ အကာအကွယ်ကင်းမဲ့နေမည်ဖြစ်ပေသည်။

(အောင်ဇော်သည် ဧရာဝတီကို တည်ထောင်သူနှင့် အယ်ဒီတာချုပ်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ၎င်း၏ In Myanmar, It’s Time to Stop the Senseless War and Fight COVID-19 ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

သင်္ကြန်ကာလ Covid-19 ရောဂါ ပျံ့ပွားနှုန်း အလားအလာ

ကိုဗစ်-၁၉ ကာလ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး

The post အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ appeared first on ဧရာဝတီ.

]]>
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ https://burma.irrawaddy.com/article/2020/04/02/219815.html Thu, 02 Apr 2020 07:02:26 +0000 https://burma.irrawaddy.com/?p=219815 လွန်ခဲ့သော နှစ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အသက်ပေါင်းများစွာကို သေကြေစေခဲ့သည်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် မဟုတ်

The post Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ appeared first on ဧရာဝတီ.

]]>
ကိုဗစ်-၁၉ ရောဂါသည် တကမ္ဘာလုံးသို့ ကူးစက်လာချိန်တွင် မြန်မာနိုင်ငံမှ သံတမန်များ၊ အလှူရှင်များ၊ ကုလသမဂ္ဂအရာရှိအချို့နှင့် ငြိမ်းချမ်းရေး အထူးကျွမ်းကျင်သူများသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ မြန်မာ့တပ်မတော်သားများနှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များအကြား သွေးထွက်သံယိုများသည့် တိုက်ပွဲများ တလတာ ဖြစ်ပွားနေခဲ့သည်။ လွန်ခဲ့သော နှစ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အသက်ပေါင်းများစွာကို သေကြေစေခဲ့သည်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် မဟုတ်ဘဲ နှစ်ဖက်အကြား ပဋိပက္ခကြောင့်သာ ဖြစ်လေတော့သည်။

ပလက်ဝအနီးတွင် ဖြစ်ခဲ့သော ရက် ၄၀ ကျော်ကြာသော တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေမည့် သဘောရှိသော်လည်း လွန်ခဲ့သောအပတ်ကမူ မြန်မာဗိုလ်ချုပ်ကြီးများက ၎င်းတို့သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝအနီးမှ နယ်မြေများကို သိမ်းယူရန်ပြင်ဆင်နေသော ရက္ခိုင့်တပ်မတော် (AA) တပ်များကို အောင်မြင်စွာ မောင်းထုတ်လိုက်ကြောင်း ကြေညာသည်။

ပလက်၀မြို့အနီး သေနင်္ဂဗျူုဟာကျသည့် တောင်ကုန်းတခုဖြစ်သော မီးဝစခန်းကို သိမ်းယူရန် ကြိုးစားနေသော AA တပ်များကို မောင်းထုတ်လိုက်ကြောင်း မြန်မာ့တပ်မတော် ပြောခွင့်ရသူတဦးက ရက်များအတွင်း ပြောခဲ့သည်။

ပလက်၀ကျောက်တော်လမ်းတွင် သေနင်္ဂဗျူဟာကျသည့် ထိုတောင်ကုန်းကို သိမ်းပိုက်ရန် ကြိုးစားသည့် ထိုးစစ်တွင် AA စစ်သား ၃၀၀၀ ကျော်ပါဝင်သည်ဟု ယူဆရသည်။ တပ်မတော်သည် လေတပ်၊ ရေတပ်များနှင့် ပူးပေါင်းပြီး ထိုဒေသကို ကာကွယ်ကာ နောက်ဆုံးတွင် AA တပ်များကို မောင်းထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

လေကြောင်းပစ်ကူမပါလျှင် မြန်မာ့တပ်မတော်၏ မြေပြင်တပ်များသည် ထိုတောင်ကုန်းကို ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူကြောင်း အချို့သော ဝါရင့်တပ်မှူးများက ဝန်ခံကြသည်။ မတ်လအစောပိုင်းတွင် AA တပ်များက ထိုတောင်ကုန်းကို ဝိုင်းထားသောကြောင့် စစ်တပ်ရဟတ်ယာဉ်နှင့် လေယာဉ်များသည် စစ်သားများအတွက် ရိက္ခာနှင့်လက်နက်ခဲယမ်းများ ချပေးရသည်။ လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များကလည်း AA တပ်များကို တိုက်ခိုက်နေပြီး တိုက်ပွဲများအတွင်း ရွာသားများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးရသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

မတ်လ ၁၉ ရက် ကျောက်တော်မြို့တွင် တွေ့ရသော ဒဏ်ရာရ စစ်ရှောင်တဦး/ မင်းအောင်ခိုင်/ဧရာဝတီ

လွန်ခဲ့သော နှစ်လအတွင်း စစ်လေယာဉ်များသည် ဒဏ်ရာရတပ်သားများကို အပြည့်သယ်ဆောင်ပြီး ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှ ထွက်ခွာသွားသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေများကလည်း ပြောသည်။

မီးဝကို သိမ်းပိုက်ရန် AA ၏ ရည်မှန်းချက်မှာ ၎င်းတို့ ထိန်းချုပ်နယ်မြေကို ချဲ့ထွင်ရန်နှင့် ပလက်ဝကိုသာမက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးနှင့် ကျောက်တော်မြို့များကို ထိန်းချုပ်ရန်လည်း ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွင်း မြောက်ဦးဒေသတွင် အခြေစိုက်စခန်းထူထောင်ရန် ရည်ရွယ်ကြောင်း AA ခေါင်းဆောင်များက ပြောခဲ့သည်။ AA ၏ ရက္ခိတလမ်းစဉ် လှုပ်ရှားမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စစ်ပွဲသည် ပြည်တွင်းပြည်ပရှိ ရခိုင်အသိုင်းအဝန်းမှ ထောက်ခံသူ အများအပြားကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သည်။ AA သည် ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲနွမ်းပါးပြီး ဆင်းရဲချမ်းသာကွာဟနေသော ထိုဒေသတွင်းမှ လူငယ်များကို စည်းရုံးနိုင်ခဲ့သည်။

ကုလားတန်မြစ်ပေါ်မှ ပလက်ဝသည် တောများ၊ တောင်များနှင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်တည်ရှိသည့် ဆင်းရဲနွမ်းပါးသော မြို့နယ်တခုဖြစ်ပြီး AA အနေဖြင့် ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကို ထိန်းချုပ်ရန် အခြေစိုက်စခန်း ဖြစ်လာနိုင်သည်။

သို့သော် AA သည် ချင်းတိုင်းရင်းသားများ၏ ထောက်ခံမှုကို မရခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က ချင်းအမျိုးသားတပ်ဦး (CNF) က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ချင်းပြည်နယ်ကို စစ်အခြေစိုက်စခန်းအဖြစ် မသုံးရန်နှင့် တိုက်ပွဲများရပ်ရန် AA ကို တောင်းဆိုသည်။ ချင်းတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသား လူမှုအသိုင်းအဝန်းများအကြား တင်းမာမှု မြင့်မားလာမည်ကို ချင်းခေါင်းဆောင်များက စိုးရိမ်နေသည်။ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားချိန်မှစတင်ပြီး ချင်းနှင့် ထိုဒေသမှ အခြားတိုင်းရင်းသားများသည် စစ်ဒဏ်ကို ခံကြရသည်။ ချင်းတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုမြင့်မားနေပြီး AA အပေါ် ဒေသခံများ ယုံကြည်မှုကင်းမဲ့နေကြောင်း ချင်းပြည်နယ် သို့ သွားရောက်ခဲ့သော ဧရာဝတီ သတင်းထောက်များက တွေ့မြင်ခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်း တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး အရပ်သား ၁၅ ဦး ဒဏ်ရာရသည်။

ချင်းတိုင်းရင်းသား အများစုနေထိုင်သော ချီတောင်ရွာအတွင်း ဗုံးကျပေါက်ကွဲသောကြောင့် ထိုကလေးငယ်သေဆုံးပြီး လူအများအပြား ဒဏ်ရာရကြောင်း ဒေသခံများပြောသည်။ AA တပ်များကို တိုက်ခိုက်ရန် ရဟတ်ယာဉ်များသုံးကြောင်း တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောသော်လည်း ရွာကို ပစ်ခတ်ခြင်းနှင့် ဗုံးများအသုံးပြုခြင်းကို သူကငြင်းဆိုခဲ့သည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်း ကြေညာ

ပြီးခဲ့သည့်အပတ်က ဝန်ကြီးသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်မှုအောက်မှ ပြည်ထဲရေး ဝန်ကြီးဌာနက AA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အဖွဲ့အစည်း မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။

“ULA နှင့် AA တို့၏ အကြမ်းဖက်လုပ်ရပ်များသည် အများပြည်သူ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ ပုဂ္ဂလိကနှင့် အများပြည်သူပိုင် အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်အဆောက်အအုံများ၊ ယာဉ်များ၊ ကိရိယာနှင့် ပစ္စည်းများကို ဆုံးရှုံးမှုဖြစ်စေသည်” ဟု ထိုအမိန့်တွင် ဖေါ်ပြထားသည်။ ဒေသခံ ကျေးရွာသားများ ၎င်းတို့၏ မိသားစုများနှင့် မီဒီယာများအပါအဝင် ရခိုင်ပြည်နယ်မှ လူအများအပြားသည် ယခုအခါတွင် မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရမည့် အန္တရာယ်ကျရောက်လာနိုင်သည်။  ထို့အပြင် ပြည်တွင်းပြည်ပမှ AA ကို ထောက်ခံသူများသည်လည်း အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံသူများဖြစ်လာပြီး AA ကို ငွေကြေးထောက်ပံ့သူများနှင့် တိုင်းရင်းသားမဟာမိတ်များကို ခြိမ်းခြောက်ရန်အတွက်လည်း ထိုဥပဒေကို ကျင့်သုံးမည်ဖြစ်သည်ဟု ယူဆရသည်။

မတ်လ ၁၉ ရက် ကျောက်တော်တွင် တွေ့ရသော ပလက်ဝမြို့နယ်အတွင်းမှ စစ်ရှောင်လာသူများ/ မင်းအောင်ခိုင်/ဧရာဝတီ

မကြာသေးမီအချိန်အထိ နေပြည်တော်ရှိ မြန်မာထိပ်တန်း စစ်ဖက်ခေါင်းဆောင်များအကြားတွင် ရခိုင်ပြည်နယ်မှ စစ်သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှု စိတ်ပျက်မှုများ ဖြစ်ပေါ်နေခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် AA တို့ ထိုးဖေါက်ဝင်ရောက်လာခြင်း၊ အကြိမ်ကြိမ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းတို့ကို မည်သို့ ရပ်တန့်လုပ်ဆောင်မည်နှင့် ပတ်သက်ပြီး စစ်ဖက်ထိပ်တန်းခေါင်းဆောင်များ၏ မပြတ်သားမှုများကို အချို့သော အဆင့်မြင့် စစ်ခေါင်းဆောင်များက နှုတ်ဆိတ်နေကြသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရခိုင်ပြည်နယ်တွင် အဓိကကျသော ထိုးစစ်ဆင်နွဲလိုသော်လည်း သူသည် ထိပ်တန်းတပ်မှူးများနှင့် တိုင်ပင်ရမည်ဖြစ်ပြီး သူ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အမိန့်ကိုလည်း နားထောင်ရမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ကုန်အထိ ထိပ်ဆုံးမှလာသော အမိန့်များမှာ မပြတ်မသားဖြစ်နေသည်ဟု သတင်းများက ဆိုသည်။

ထိုသို့ ရှုပ်ထွေး စိတ်ပျက်မှုများရှိသော်လည်း မကြာသေးမီကမူ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မီးကုန်ယမ်းကုန်  ထိုးစစ်ဆင်ရန်နှင့် AA ၏ ထောက်ပံ့ရေးနှင့် ဘဏ္ဍာရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ထိပ်ဆုံးမှ ဆုံးဖြတ်လိုက်ပုံရသည်။ ထိုသို့သော နောက်ဆုံးဆုံးဖြတ်ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း ပေးပို့လိုက်သည်ဟု ဆိုသည်။

AA ထောက်ခံသူများနှင့် မြေအောက်ကွန်ရက်ကို နှိမ်နှင်းခြင်း

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် AA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ညီအကိုတော်သူ အောင်မြတ်ကျော်နှင့် သူ၏မိတ်ဆွေ ၅ ဦးကို စင်္ကာပူတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်များကို ထောက်ပံ့နေသည့် အကူအညီပေးရေးအဖွဲ့ဖြစ်သော ရခိုင်အသင်း (စင်္ကာပူ) (AAS) အဖွဲ့ဝင်များဖြစ်သည်။

ထိုသူများသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုခံကြရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အနည်းဆုံး ထောင် ၃ နှစ်မှ အများဆုံး ၇ နှစ်အထိကျပြီး ဒဏ်ငွေလည်း ရိုက်ခံရနိုင်သည်။ ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များသည် အရပ်သားများ၊ အရာရှိများနှင့် AA လိုလားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုနေကြသည်။

အောက်တိုဘာလကလည်း မြန်မာရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှ ပြန်လာသော ဦးကျော်နိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်။ သူသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သည်။

သူ့ကိုကြိုဆိုရန် လေဆိပ်သို့ရောက်နေသည့် သူ၏ဇနီး မယမင်းမြတ် (ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အမ မိုးနှင်းဖြူ) ကိုလည်း ဖမ်းဆီးလိုက်သည်။

မတ်လ ၂၅ ရက် စစ်တွေဆေးရုံတွင် တွေ့ရသော ဒဏ်ရာရသူတဦး/ မင်းအောင်ခိုင်/ဧရာဝတီ

၂၀၁၉ ခုနှစ် စက်တင်ဘာလကလည်း AA အဖွဲ့ဝင်အများအပြားကို ယမ်းမှုန့် ၂၈ ထုပ်၊ ဒီတိုနေတာ ဖေါက်ခွဲရေးကိရိယာနှင့် ဆက်စပ်ပစ္စည်း ၁၀၀၀၊ ဂြိုလ်တုဖုန်း ၄၀၊ မှန်ပြောင်း ၃၀၊ ဂျီပီအက်စ် ၂၅ ခုနှင့်အတူ မန္တလေးရှိအိမ်တအိမ်တွင် ဖမ်းဆီးလိုက်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်သို့ အသွားလမ်းတွင် အဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒီဇင်ဘာလ အစောပိုင်းကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီး ဒေါ်နှင်းဇာဖြူနှင့် သူတို့၏ ကလေးနှစ်ယောက်တို့ ချင်းမိုင်တွင် ဗီဇာသက်တမ်းတိုးရန် လူဝင်မှုကြီးကြပ်ရေးရုံးသို့အသွားတွင် ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြည်နှင်ခြင်း မပြုလုပ်ခဲ့ပေ။ ဖေဖေါ်ဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံက လက်ခံရန်သဘောတူခဲ့ပြီး ထွက်ခွာသွားခဲ့သည်။

လက်နက်ခဲယမ်းအများအပြားသည် မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ကို ဖြတ်ပြီး ရခိုင်ပြည်နယ်သို့ ရောက်သွားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်များသည် လွန်ခဲ့သော ၅ နှစ်အတွင်း မန္တလေးနှင့် စစ်ကိုင်းတိုင်းကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်သို့ လက်နက်ခဲယမ်းများစွာ ပို့ဆောင်ထားကြောင်း အချို့သော စစ်ဖက်ထိပ်တန်းခေါင်းဆောင်များက ယုံကြည်ကြသည်။

၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရခိုင်အမျိုးသားနှစ်ဦးကို ရန်ကုန်တွင် ရော့ကက်လောင်ချာများ၊ ဒီတိုနေတာများနှင့် ဖေါက်ခွဲပစ္စည်းများနှင့်အတူ ရန်ကုန်တွင် ဖမ်းမိသည်။ ထိုသူနှစ်ဦးအနက်တဦးသည် AA မှ ဒုတိယ ဗိုလ်မှူးကြီးဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက မြန်မာစစ်ဖက်နှင့်ထောက်လှမ်းရေးလုပ်ငန်းများသည်  ပြည်ပရင်းမြစ်များနှင့် မူးယစ်ဆေးမှောင်ခိုမှုများအပါအဝင် AA လှုပ်ရှားမှုများနှင့် ဘဏ္ဍာငွေရင်းမြစ်များကို အကြီးအကျယ်စောင့်ကြည့်လာကြသည်။ AA သည် မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်နေသည်ဟု မြန်မာစစ်ဖက်က အကြိမ်ကြိမ်စွပ်စွဲသည်။

AA ထိပ်တန်းခေါင်းဆောင်တဦးကို မြန်မာ့တပ်မတော်က ကံကောင်းထောက်မစွာနှင့် ရခိုုင်ပြည်နယ် မြောက်ပိုင်းတွင် ဖမ်းမိခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လတွင် မြောက်ဦးမြို့နယ် အိုးထိမ်းရွာမှ ဆရာတော်တပါးနှင့် ရွာသားနှစ်ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးပြီး လင်းမြွေတောင်သို့ ခေါ်ဆောင်သွားပြီး ဖမ်းဆီးစစ်ဆေးသည်။ ထိုသို့စစ်ဆေးနေချိန်အတွင်း ရွာသားနှစ်ဦးအနက်တဦးသည် AA ကိုတည်ထောင်သော အဖွဲ့ဝင်ခေါင်းဆောင်ဖြစ်ကြောင်း နောင်တွင်သိလာရသည်။

သူ၏ဖုန်းမှ အရေးပါသောသတင်းအချက်အလက်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်မည့် ထိုးစစ်များနှင့် အခြားအရေးပါသော သတင်းနှင့် ဗီဒီယိုများကို တပ်မတော်က ရရှိသွားသည်။

ထိုဖမ်းဆီးမှုအပြီးတွင် AA က လင်းမြေတောင်ကို လာတိုက်ခိုက်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

AA အဖွဲ့သည် အိုးထိမ်းရွာ ဆရာတော်အပါအဝင် အဖမ်းခံထားရသူများကို ကယ်ဆယ်လိုသည်ဟု ယူဆရသည်။ ထိုတိုက်ပွဲအတွင်း စစ်ဖက်ရဟတ်ယာဉ်တစင်းသည် ဖမ်းဆီးထားသူများကို ဆက်လက်စစ်ဆေးရန် လာရောက်ခေါ်ဆောင်သွားသည်။ မြန်မာ့တပ်မတော်သည် ထို AA တည်ထောင်သူ အဖွဲ့ဝင်ထံမှ အဖိုးတန်သော သတင်းအချက်အလက်များ ရရှိကြောင်း နေပြည်တော်ရှိ စစ်ဖက်အဆင့်မြင့်အရာရှိ တဦး၏ အဆိုအရ သိရသည်။ ထိုဆရာတော်နှင့် ရွာသားတဦးကို အမှုစွဲဆိုပြီး ဖြစ်သော်လည်း တဦးကိုမူ စစ်ဖက်က ဖမ်းဆီးထားဆဲဖြစ်သည်။

တိုင်းရင်းသားမဟာမိတ်များထံမှ ဖိအား

AA သည် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းလေးခုပါသည့် မဟာမိတ်အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့တွင် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် AA တို့ပါဝင်သည်။

၎င်းတို့အကြားတွင် KIA သည် အင်အားအကြီးမားဆုံးဖြစ်ပြီး KIA ဌာနချုပ်ရှိရာ လိုင်ဇာတွင် AA တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။

KIA သည် AA စစ်သားများကို လေ့ကျင့်၊ လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပံ့နေဆဲဖြစ်သော်လည်း နှစ်ဖွဲ့အကြား တင်းမာမှုရှိနေပြီး AA တပ်များလိုင်ဇာမှ ထွက်ခွာရန်ပြောနေကြောင်း ကောလာဟလ များလည်း ထွက်ပေါ်နေသည်။ တရားမဝင် ကုန်သွယ်မှုများကို ရပ်ဆိုင်းရန် တိုင်းရင်းသားခေါင်းဆောင်အချို့က AA ကို ပြောနေကြောင်း သတင်းများကဆိုသည်။

မတ်လအစောပိုင်း AA ကိုတိုက်ခိုက်နှိမ်နင်းရာတွင် ပါဝင်ခဲ့သော တပ်မတော်ရဟတ်ယာဉ်/ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဒီဇင်ဘာလက ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတခုတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြည်တွင်းစစ်ကို နှစ်ပေါင်း ၇၀ ကြာအောင်တိုက်နေသော တိုင်းရင်းသားခေါင်းဆောင်အချို့ကို ဝေဖန်သည်။

“တကယ်ဆိုရင် တော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တကယ် သူတို့ နှစ်ပေါင်း ၇၀ မတိုက်ပါဘူး။ သူတို့ အလုပ်မကြိုးစားဘူး။ ကျနော်သေချာပြောရဲတယ်။ ခဏနေ အပစ်ရပ်လိုက် လူကြီးတွေက ဝိုင်သောက်လိုက်နဲ့ ဇိမ်ခံနေကြတာများတယ်။ အောက်ခြေ ရဲဘော်တွေပဲ လစာမရဘူး။ ဒုက္ခတွေခံပြီး သူတို့ဘဝ အချိန်တွေကို လောင်ကျွမ်းပေးဆပ်နေရရင်း အဘိုးကြီးတွေဖြစ်သွားကြတာ များတယ်။ တကယ်လည်း ဒါမျိုး တိုက်နေတာ မဟုတ်ဘူးလေ။ ဟိုဘက်မှာ ၁၅ နှစ်လောက် အပစ်ရပ်ထားတယ်။ ၁၅ နှစ်လောက် လူကြီးတွေက ချမ်းသာနေတယ်။ ရဲဘော်တွေက အချိန်တွေလောင်ကျွမ်းပြီး ဘဝတွေ ပျက်စီးသွားတယ်။ တကယ်တိုက်တာမှ မဟုတ်တာ။ ပြီးရင် ကောင်းကောင်းလည်း မတည်ဆောက်ကြဘူး။”

ထိုသို့ဝေဖန်လိုက်သောကြောင့် တိုင်းရင်းသာခေါင်းဆောင်အများအပြား ဒေါသထွက်ကြပြီး တရားဝင်တောင်းပန်ရန် ပြောခဲ့သည်။ နောက်ဆုံးတွင် သူအလျှော့ပေး တောင်းပန်ရသော်လည်း ထိုခေါင်းဆောင်များနှင့် AA အကြား မဟာမိတ်ဖွဲ့စည်းမှု ပျက်စီးသည့် တန်ဖိုးကို ပေးဆပ်လိုက်ရသည်။

မည်သို့ဆိုစေကာမူ AA အပေါ် ဖိအားသည် ဆက်လက်မြင့်မားနေမည်ဖြစ်သည်။ ယခုအခါ AA သည် မြန်မာဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်လာသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရနှင့် စစ်ဖက်တို့၏ ထိခိုက်လွယ်သော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများအတွက် အခက်အခဲ ပိုမိုများပြားလာမည်ကို တိုင်းရင်းသားခေါင်းဆောင်အချို့ စိုးရိမ်လာနေကြသည်။

(အောင်ဇော်သည် ဧရာဝတီကို တည်ထောင်သူဖြစ်ပြီး အယ်ဒီတာချုပ်လည်း ဖြစ်သည်။ ၎င်း၏ A Fierce Battle in Western Myanmar Has Killed Hundreds as the Country Braces for COVID ကို ဘာသာပြန်သည်။)

You may also like these stories:

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)

ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)

AA ကို လက်ခံထားပါက KIA ၏ မြို့ ၂ မြို့တိုက်ခိုက်ခံရမည် ဟု တပ်မတော်ပြော

ကိုရိုနာဗိုင်းရပ်စ် သတင်းများ သိနိုင်ရန် ရခိုင် အင်တာနက် ပြန်ဖွင့်ပေးရေး တောင်းဆို

The post Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ appeared first on ဧရာဝတီ.

]]>
၀ ဒေသက မူးယစ်ရာဇာ ဝေရှောက်ခန်း၏ သြဇာ https://burma.irrawaddy.com/article/2020/03/18/218291.html Wed, 18 Mar 2020 01:30:11 +0000 https://burma.irrawaddy.com/?p=218291 မူးယစ်ရာဇာ ဝေရှောက်ခန်း၏ သြဇာလွှမ်းမိုးမှုသည် ပန်ဆန်းကို ကျော်လွန်နေသည်။

The post ၀ ဒေသက မူးယစ်ရာဇာ ဝေရှောက်ခန်း၏ သြဇာ appeared first on ဧရာဝတီ.

]]>
သူ၏မြန်မာအမည်မှာ ဦးစိန်ဝင်းဖြစ်သော်လည်း သူသည် မြန်မာစကားမတတ်ပေ။ သူ၏ မိခင်ဘာသာစကားမှာ တရုတ်ဘာသာစကား သို့မဟုတ် ချောမွေ့ခြင်းမရှိသည့် အရပ်သုံး ယူနန် ဒေသိယစကားဖြစ်သည်။

အရှေ့တောင်အာရှတွင် အမည်ဆိုးနှင့်ကျော်ကြားသော ခေါင်းဆောင်များအနက်တဦးဖြစ်သော သူသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် ခပ်လျှိုလျှိုနေခဲ့သည်။ မကြာသေးမီကတော့ သူသည် မြန်မာအရာရှိများနှင့် တရုတ်နိုင်ငံ ကူမင်းတွင် အစည်းအဝေးတွင် တွေ့ဆုံခဲ့သည်။

ဝေရှောက်ခန်းသည် (သူ့ကို ထိုအမည်ဖြင့် လူသိများသည်) ယခုအခါ အသက် ၇၀ ကျော်အတွင်းရောက်ရှိနေပြီး ခပ်လျှိုလျှိုနေသော်လည်း မြန်မာနှင့် အရှေ့တောင်အာရှမှ အာဏာရှိသူများက သူ့ကိုမသိကြသည်မဟုတ်ပေ။ စကားပြန်မှတဆင့် စကားပြောပြီး ကြီးမားလှသော စီးပွာရေးအင်ပါယာ တခုကို ထိန်းချုပ်ထားသည့် ထိုဝရမ်းပြေး မူးယစ်ရာဇာကြီးသည် ရှမ်းပြည်မြောက်ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်ရေး ဖိတ်ကြားကြောင်း မြန်မာငြိမ်းချမ်းရေးအရာရှိများကို ဒီဇင်ဘာလက ပြောခဲ့လေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုဖိတ်ကြားမှုကို လက်ခံပြီး ၀ဒေသသို့ လာရောက်လည်ပတ်ပါက ဗဟိုအစိုးရနှင့် ၀ ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရနိုင်ကြောင်းလည်း မြန်မာကိုယ်စားလှယ်များကို သူကတိပြုသည်။ အခြားသော ၀ ထိပ်တန်းခေါင်းဆောင်များနှင့်အတူ အခန်းတခုအတွင်း အတူထိုင်နေသည်ကို တွေ့ရသောကြောင့် အံ့သြပြီး အစည်းအဝေးတွင် သူရှိနေသောကြောင့် အနေမတတ်သလို ဖြစ်ရကြောင်း မြန်မာငြိမ်းချမ်းရေး ညှိနှိုင်းသူများပြောဆိုပြီး တချိန်တည်းမှာပင် ထိုအခန်းတွင်းတွင် သူ၏ သြဇာသက်ရောက်မှုကို ခံစားရကြောင်းလည်းပြောသည်။ UWSA ခေါင်းဆောင်ပိုင်းတွင် နံပါတ် ၂ ခေါင်းဆောင်ဖြစ်သော ပေါက်ယူရိသည် ယဉ်ကျေးစွာဖြင့် ဝေရှောက်ခန်းအတွက် ထိုင်ခုံနေရာချပေးသည်မှာလည်း UWSA နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အဖြစ် သူ၏ အဆင့်အတန်းနှင့် သြဇာကို ဖေါ်ပြလိုက်သောလက္ခဏာလည်း ဖြစ်သည်။

နေပြည်တော်မှ အရာရှိများအနက် တဦးက ဝေရှောက်ခန်းသည် ၀ဒေသတွင် သော့ချက်ဖြစ်ကြောင်း နောင်တွင် မှတ်ချက်ချခဲ့သည်။ ဝေရှောက်ခန်းသည် မြန်မာပြည်၏ စီးပွားရေးပြဿနာများကို နောက်ဆုံးအခြေအနေအထိ သိနေကြောင်း မြန်မာကိုယ်စားလှယ်များ သိလိုက်ကြရသည်။ သူသည် လွန်ခဲ့သောနှစ်က မြန်မာငွေကြေး အကျပ်အတည်းအကြောင်းသာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ပြောဆိုဆွေးနွေးသည်။

မြန်မာအရာရှိများ ထိုအစည်းအဝေးခန်းမှ ထွက်ခွာသောအခါ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခြင်းကို သူက ထပ်မံပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရနိုင်ကြောင်း သူက ကတိပေးသည်။

UWSA အပေါ် ဝေရှောက်ခန်း၏ သြဇာနှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားရာတွင် ရှမ်းတိုင်းရင်းသား ဝါရင့် လေ့လာသူတဦးက တိတ်ဆိတ်စွာပြုံးပြီး “သူ့မှာ အဝေးထိန်း Remote Control စနစ်ရှိတယ်လေဗျာ” ဟု မှတ်ချက်ပေးသည်။

ဝ ကိုယ်စားလှယ်အဖွဲ့,မိုင်းလားကိုယ်စားလှယ်အဖွဲ့
၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း နေပြည်တော်၌ ဝ ကိုယ်စားလှယ်အဖွဲ့၊ မိုင်းလားကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြစဉ်/ Myanmar News Agency

၀ တို့သည် နေပြည်တော်မှ အစိုးရ၊ တပ်မတော်တို့နှင့် နှစ်ဖက်ငြိမ်းချမ်းရေး သဘောတူညီမှုရလိုကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိခဲ့သည်။ ထိုသို့သော စိတ်ကူးသည် မြောက်ပိုင်းနယ်စပ်တလျှောက်မှ ၀ တို့၏ မဟာမိတ်များကိုသာမက ပြိုင်ဖက်များကိုလည်း အလားတူ စိတ်ပူပန်စေသော စိတ်ကူးတခုဖြစ်သည်။

၀ နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့သည် မြောက်ပိုင်းတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲအစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကအခန်းမှ ပါဝင်သူများဖြစ်သော်လည်း တဖက်နှင့်တဖက် သံသယဖြင့် ဆက်ဆံကြသည်။

၀ တို့သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါက မြောက်ပိုင်းမှ တိုင်းရင်းသား မဟာမိတ်အဖွဲ့ ပြိုကွဲသွားနိုင်လေသည်။ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် အဖွဲ့ဝင် ၇ ဖွဲ့ပါဝင်သည်။ UWSA, KIA ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့သည် FPNCC အဖွဲ့ကြီးတွင် ပါဝင်ကြသည်။

ဝေညီအကိုများ

ညီအကို ၃ ဦးအနက် ဝေရှောက်ခန်းသည် အထင်ရှားဆုံးဖြစ်သည်။ အကြီးဆုံးဖြစ်သော ဝေရှောက်လောင်မှာ အငြိမ်းစားယူသွားပြီဟု ယူဆရပြီး ဝေရှောက်ခန်းနှင့် ဝေရှောက်ရင်တို့သာ ဆက်လက်လှုပ်ရှားနေဆဲသည်။

မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်မှ တရားမဝင်ကုန်သွယ်မှုများအကြောင်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့သော ဝါရင့်သတင်းစာဆရာကြီး ဘာတေး လင့်တနာ၏ အဆိုအရ ဝေညီအကိုများသည် သူလျှိုလုပ်ငန်းနှင့် ဘိန်းကုန်ကူးရာတွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။

ဗမာကွန်မြူနစ်များက ကူမင်တန်များကို ၁၉၇၀ ခုနှစ်များတွင် မောင်းထုတ်လိုက်သည်အထိ ဝေ ညီအကိုများသည် ယူနန်နယ်စက် ကူမင်တန်-အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) စီအိုင်အေ သူလျှိုကွန်ရက်နှင့် အဆက်အသွယ်ရှိကြောင်း လင့်တနာက သူ၏စာအုပ်ဖြစ်သော “မြန်မာ့ပုန်ကုန်မှု-၁၉၄၈ ခုနှစ်နောက်ပိုင်း ဘိန်းနှင့် ပုန်ကန်မှု (Burma In Revolt: Opium and Insurgency Since 1948)” ဟူသည့် စာအုပ်တွင် မှတ်ချက်ချခဲ့သည်။

နောင်တွင် ဝေရှောက်ခန်းသည် ကွယ်လွန်သူ ဘိန်းဘုရင်ဟောင်းခွန်ဆာ၏ မောင်တိုင်းတပ်မတော် (MTA) သို့ ဝင်ရောက်ကြပြီး ခွန်ဆာ၏ ဘဏ္ဍာရေးမှူးဖြစ်လာသော်လည်း နောင်တွင် ခွန်ဆာက ဝေရှောက်ခန်းကို ခေတ္တထိန်းသိမ်းခဲ့သည်။

ခွန်ဆာက ပြန်လွှတ်ပေးပြီးနောက် ဝေရှောက်ခန်းသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး ထိုင်ဝမ်သို့ သွားရောက်သည်။ ခွန်ဆာနှင့် ခွဲထွက်ပြီးနောက် ဝေညီအကိုများသည် ထိုင်းတွင်နေပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဘိန်းဖြူအင်ပါယာ ထူထောင်ပြီး ကြီးပွားချမ်းသာလာကြသည်။ ခွန်ဆာလက်မှ လွတ်ပြီးနောက်ပိုင်း လက်စားခြေသည့်အနေဖြင့် ခွန်ဆာ၏လူများကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင် သတ်ဖြတ်ရာတွင်လည်း သူပါဝင်သည်ဟု စွပ်စွဲခံရသည်။

၁၉၈၆ ခုနှစ်တွင် ဝေရှောက်ခန်းသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည်။ သူ့ကို သေဒဏ်ပေးခဲ့သော်လည်း လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက်ခြင်း မရှိခဲ့ပေ။ ထိုင်းနိုင်ငံတွင် သူ့ကို ပရာဆစ် ချီဝင်နစ်တီပန်ယာ ဟု ထိုင်းမှတ်ပုံတင်အရ သိကြသော်လည်း သူ၏ ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ ၁၉၉၃ ခုနှစ်မှစတင်ပြီး အမေရိကန်ပြည်ထောင်စုက သူ့ကို မူးယစ်ရာဇာအဖြစ် ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ဦးတည်သည့် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၂ သန်း (ယနေ့နှုန်းအရ ဆိုပါက ကျပ်ငွေ ၂.၇ ဘီလျံ) ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ၀ သူပုန်များနှင့် ထိုစဉ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ဟုခေါ်သော မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူသောအခါ ဝေသည် ပန်ဆန်းသို့ပြန်သည်။ သူသည် ထိုစဉ်က ၀ဒေသနှင့် ၎င်းတို့တပ်များကို ပြန်လည်တည်ဆောက်ရန် ငွေကြေးအကူအညီလိုနေသော ၀ ခေါင်းဆောင်များကို ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သည်ဟု သိရသည်။

လက်တွေ့တွင်လည်း ဝေရှောက်ခန်းသည် UWSA ကို တည်ထောင်သူများအနက် တဦးဖြစ်ပြီး အထင်ရှားဆုံး နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သည်။ ဝါရင့်လေ့လာသုံးသပ်သူတဦးက ဝေသည် UWSA ၏ (ATM) ငွေထုတ်စက်ဖြစ်သည်ဟု တင်စားပြောဆိုမှုများ ရှိခဲ့သည်။

ဝေရှောက်ခန်းကို အလိုရှိကြောင်း ထုတ်ပြန်ချက်
၂၀၀၉ ခုနှစ် အမေရိကန်က ဝေရှောက်ခန်းကို အလိုရှိကြောင်း ထုတ်ပြန်ချက်

တချိန်က ဝေရှောက်ခန်းသည် UWSA တပ်မှူးတဦးဖြစ်ပြီး ခွန်ဆာ၏ အခြေစိုက်ဒေသကို တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်ကို ကူညီခဲ့ပြီး နောက်ဆုံးတွင် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာသည် စစ်အစိုးရထံ လက်နက်ချခဲ့သည်။ MTA ဒေသကိုလည်း ဝေရှောက်ခန်းအား ထိန်းချုပ်ခွင့်ပေးခဲ့သည်။

မည်သို့ဆိုစေကာမူ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲလိုက်သောကြောင့် ထိုဒေသတွင် လှုပ်ရှားနေသော ၀ နှင့် အခြား တိုင်းရင်းသားပြည်သူစစ်များသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ခွင့်ရသည်။

မြန်မာစစ်ထောက်လှမ်းရေးက ၀ ခေါင်းဆောင်များအတွက် မှတ်ပုံတင်များ ထုတ်ပေးခဲ့ရုံသာမက ဘိန်းဘုရင်များ အတွက်လည်းအကာအကွယ်ပေးခဲ့သည်။ “အရှေ့မြောက်ပိုင်းမှ ဘိန်းဘုရင်များသည် အကျင့်ပျက်ခြစားသည့် ဒေသခံ မြန်မာတပ်မှူးများထံမှသာမက မြန်မာစစ်ဖက်မှ ရာထူးအမြင့်ဆုံးသူများ၏ အကာအကွယ်ကိုလည်း ရနေကြောင်းမှာ ထင်ရှားသည်”ဟု လင့်တနာ ရေးသားခဲ့သည်။

စီးပွားရေး အင်ပါယာ

အာဏာသိမ်း နဝတစစ်ကောင်စီ SLORC နှင့် ၀ ခေါင်းဆောင်များအကြား အပစ်အခတ်ရပ်စဲပြီး ၉ နှစ်အကြာ မူးယစ်ဆေးကုန်သွယ်ရာမှ ရသည့်ငွေများဖြင့် ဟုန်ပန်း စီးပွားရေးအုပ်စုကို ပန်ဆန်းတွင် ထူထောင်သည်။

ထိုကုမ္ပဏီသည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကျောက်မျက်၊ တွင်းထွက်ပစ္စည်းများ၊ အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး၊ အရက်ချက်လုပ်ငန်းများနှင့် ကုန်တိုက်လုပ်ငန်းများ လုပ်ကိုင်သည်။ ဟုန်ပန်းအုပ်စုသည် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တာချီလိတ်နှင့် မော်လမြိုင်မြို့များတွင် ရုံးခန်းများဖွင့်ထားခဲ့သည်။ ဟုန်ပန်းသည် UWSA ၏ စီးပွားရေးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးမားဆုံးလုပ်ငန်းစုကြီး ဖြစ်လာရုံသာမက အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငွေကြေးခဝါချသော လုပ်ငန်းလည်းဖြစ်လာသည်။

ဟုန်ပန်း၏ လုပ်ငန်းခွဲများသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နှင့် ပြည်ပ အထူးသဖြင့် ဟောင်ကောင်တွင် ကျောက်မျက်ရတနာနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ဟုန်ပန်း သတ္တုတူးဖေါ်ရေး ကုမ္ပဏီသည် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အထူးသတ်မှတ်ထားသော မူးယစ်ဆေးမှောင်ခိုများစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ထိုအုပ်စုကို သော်တာဝင်း ကုမ္ပဏီအဖြစ် အမည်ပြောင်းလိုက်ပြီး မြန်မာနိုင်ငံမှ စီမံကိန်းအများအပြားတွင် ပါဝင်ပတ်သက်နေဆဲဖြစ်သည်။ ထိုကုမ္ပဏီ၏ ဝင်ငွေသည် ပန်ဆန်းမှ UWSA တို့၏ လုပ်ငန်းများကို အထောက်အပံ့ပေးသည်။ ထိုကုမ္ပဏီက လက်ရှိလုပ်ကိုင်နေသော စီမံကိန်းတခုကတော့ တောင်ကြီး-မိတ္ထီလာ-တာချီလိတ် အဝေးပြေးလမ်း ဖြစ်သည်။

၀ ခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များစီမံသော လုပ်ငန်းများတွင် ဘဏ်လုပ်ငန်းများနှင့် လေကြောင်းလိုင်းများလည်း ပါဝင်သည်။ ၁၉၉၄ ခုနှစ်က တည်ထောင်သည့် မြန်မာမေဖလားဝါးဘဏ်ကို ငွေကြေးခဝါချမှုအတွက် တည်ထောင်ခဲ့သော လုပ်ငန်းအဖြစ် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက သတ်မှတ်လိုက်သောကြောင့် အစိုးရ အာဏာပိုင်များက ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးပြီး ၂၀၀၅ ခုနှစ်တွင် လိုင်စင်ပြန်လည်ရုတ်သိမ်းလိုက်ရသည်။ UWSA နှင့် နီးစပ်သူများသည် ရန်ကုန်လေကြောင်းလိုင်းကိုလည်း ဝယ်ယူထားသည်။ ထိုလေကြောင်းလိုင်းကို အမေရိကန်ဘဏ္ဍာရေးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက အထူးသတ်မှတ်ထားသော နိုင်ငံသားများနှင့် ပိတ်ဆို့ရမည့်သူများ စာရင်းတွင် ထည့်သွင်းထားခဲ့လေသည်။

ယခင်အာဏာရှင်များနှင့် ယခင်အစိုးရများမှ ဝန်ကြီးများအပါအဝင် အမည်ဆိုးဖြင့် ကျော်ကြားသည့် မိသားစုများသည် ကျောက်စိမ်းလုပ်ငန်းတွင် အရေးပါသော အခန်းမှ မည်သို့ပါဝင်နေသည်ကို ၂၀၁၅ ခုနှစ်က ထုတ်ပြန်သည့် Global Witness စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက ဖေါ်ပြခဲ့သည်။

Global Witness အစီရင်ခံစာအရ “အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ထားသော ဘိန်းဘုရင် ဝေရှောက်ခန်းသည် ရုပ်ပြကုမ္ပဏီ အများအပြားမှတဆင့် ကျောက်စိမ်းလုပ်ငန်းတွင် အရေးပါသောအခန်းမှ ပါဝင်နေပြီး တပ်မတော်သည်လည်း လုပ်ငန်းစုကြီးနှစ်ခုနှင့် ကချင်ပြည်နယ်မှ အရာရှိများ လုပ်ဆောင်နေသည့် လုပ်ငန်းတို့မှ တဆင့် ကြီးမားသောဝေစုကို ရယူထားသည်”ဟု ဖော်ပြခဲ့သည်။

ပန်ဆန်း စစ်ရေးပြပွဲ
UWSA ဖွဲ့စည်းခြင်း နှစ် ၃၀ ပြည့် ပန်ဆန်း စစ်ရေးပြပွဲ/ မျိုးမင်းစိုး

မြန်မာနိုင်ငံမှ ကျောက်စိမ်းထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ် တနှစ်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလျှံဖိုးရှိကြောင်း Global Witness က သတ်မှတ်သည်။ ထိုငွေသည် တနိုင်ငံလုံးအမျိုးသားထုတ်လုပ်မှု ထက်ဝက်နီးပါးရှိပြီး နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ် ၄၆ ဆရှိသော်လည်း ဒေသခံပြည်သူများမှာ အကျိုးခံစားရခြင်း မရှိသလောက်ဖြစ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

“ဝေရှောက်ခန်းသည် အရှေ့တောင်အာရှဒေသကို အကြီးအကျယ် ထိခ်ိုက်စေသည့် မက်သာဖက်တမင်း ဖြန့်ချိရေးလုပ်ငန်း၏ ထူထောင်သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အရေးယူမှုနှင့် ဆုငွေ ဒေါ်လာ ၂ သန်း ထုတ်ခံထားရသူဖြစ်သည်” ဟု ထိုအစီရင်ခံစာက ဖေါ်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့က အလိုရှိနေကြောင်းကို သိသောကြောင့် ဝေရှောက်ခန်းသည် အများအားဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနယ်စပ်တို့တွင်သာ ကျက်စားနေထိုင်သည်။ သူ၏ဓါတ်ပုံကို ထုတ်ဝေခွင့်မပေးသောကြောင့် ၀ တို့ လွန်ခဲ့သောနှစ်က ကျင်းပသည့် နှစ် ၃၀ ပြည့်အခမ်းအနားအတွက် ထုတ်ဝေသော စာအုပ်တွင် သူ၏ဓါတ်ပုံ ပါဝင်ခြင်းမရှိပေ။

UWSA ဥက္ကဌ ပေါက်ယူချန်းအပါအဝင် ၀ ခေါင်းဆောင်များသည် ဝေရှောက်ခန်းနှင့် နွေးထွေးသော ဆက်ဆံရေးရှိကြသော်လည်း မြောက်ပိုင်းမှ ၀ တပ်မှူးများက သူ့ကို နှစ်ခြိုက်ခြင်းမရှိဟု ဆိုကြသည်။ ထိုကြောင့်သူသည် ၀ ဌာနချုပ်တွင် သိပ်ကြာကြာနေလေ့မရှိပေ။

သို့သော် သူ၏ သြဇာလွှမ်းမိုးမှုသည် ပန်ဆန်းကို ကျော်လွန်နေသည်။ ဝေရှောက်ခန်းသည် တရုတ်နိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းများ ထူထောင်ထားပြီး ဘေ့ဂျင်းတွင်လည်း နိုင်ငံရေးအရ ဆက်သွယ်မှု တစုံတရာရှိသည်။ ဝေရှောက်ခန်းသည် တရုတ်ထိပ်တန်းအရာရှိများနှင့် အဆက်အသွယ်ရှိကြောင်း ပန်ဆန်းမှ သတင်းရင်းမြစ်များက ဧရာဝတီသို့ပြောသည်။ ထိုသို့ သူနှင့်အဆက်အသွယ်ရှိသော အဆင့်မြင့်အရာရှိများတွင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာအလွဲသုံးမှုများကြောင့် ၂၀၁၅ ခုနှစ်တွင် ထုတ်ပယ်ပြီး သေဒဏ်စီရင်ခြင်းခံရသူ ကျောက်ယွန်ကန်း Zhou Yongkang လည်း ပါဝင်သည်။ ကျောက်ယွန်ကန်းသည် ဝေရှောက်ခန်းနှင့် သိကျွမ်းသည့် တရုတ်နိုင်ငံမှ ရဲ၊ ပြည်သူ့စစ်နှင့် ထောက်လှမ်းရေး စသည်တို့ပါဝင်သည့် လုံခြုံရေးအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ခေတ်ကောင်းစဉ်က ဝေရှောက်ခန်းသည် ရင်းနှီးသည့် တရုတ်ရင်းမြစ်များထံမှ လက်နက်ခဲယမ်းများကို ဝယ်ယူနိုင်ခဲ့သည်။ ကျောက်ယွန်ကန်း ရာထူးမှ ဖယ်ရှားခံရသည့် လွန်ခဲ့သော ၅ နှစ်ကအထိ တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်း ထရပ်ကား အစီး ၂၀၀၀ ပန်ဆိုင်းဌာနချုပ်မှ ရရှိခဲ့ကြောင်း ခိုင်မာသော သတင်းရင်းမြစ်များက ဆိုသည်။

တရားမဝင်လုပ်ငန်းများနှင့် အခြားလုပ်ငန်းမှ သူ ဝင်ငွေမည်မျှရရှိထားသည်ကို တိကျစွာ ခန့်မှန်းပြောဆိုရန် မဖြစ်နိုင်သော်လည်း သူသည် အရှေ့တောင်အာရှမှ တရားဝင် ထုတ်ဖေါ်ကြေညာခြင်း မရှိသော ဘိန်းဘုရင်လုပ်ငန်းရှင် ဘီလျံနာများ စာရင်းတွင်တော့ ပါဝင်မည်ဖြစ်သည်။

(အောင်ဇော်သည် ဧရာဝတီကို တည်ထောင်သူလည်း ဖြစ်၊ အယ်ဒီတာချုပ်လည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ၎င်း၏ Shadowy Drug Lord Wei Hsueh-kang’s Influence Still Felt in Myanmar’s Wa Region and Beyond ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရဟတ်ယာဉ်ဝယ်ပြီး UWSA ဘယ်ခြေလှမ်းကို ဆက်လှမ်းမလဲ

ထိခိုက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မမျှော်လင့်သော အလှည့်အပြောင်း

အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း

The post ၀ ဒေသက မူးယစ်ရာဇာ ဝေရှောက်ခန်း၏ သြဇာ appeared first on ဧရာဝတီ.

]]>
ရဟတ်ယာဉ်ဝယ်ပြီး UWSA ဘယ်ခြေလှမ်းကို ဆက်လှမ်းမလဲ https://burma.irrawaddy.com/opinion/viewpoint/2020/03/09/217394.html Mon, 09 Mar 2020 02:30:46 +0000 https://burma.irrawaddy.com/?p=217394 ထိုရဟတ်ယာဉ်ကို မဲခေါင်မြစ်မှ သယ်ဆောင်လာပြီး ဒီဇင်ဘာလမှ စတင်ပျံသန်းနေကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အဆင့်မြင့်အရာရှိများပြောသည်။

The post ရဟတ်ယာဉ်ဝယ်ပြီး UWSA ဘယ်ခြေလှမ်းကို ဆက်လှမ်းမလဲ appeared first on ဧရာဝတီ.

]]>
အရပ်ဖက်သုံး ရဟတ်ယာဉ်တစင်း ဝယ်ယူထားကြောင်း မြန်မာနိုင်ငံမှ ၀ တပ်ဖွဲ့က ယခုအပတ်အတွင်း အတည်ပြုပြောကြားလိုက်သဖြင့် တရုတ်နယ်စပ်တွင် အခြေစိုက်သည့် ထိုစစ်အင်အားတောင့်တင်းသောအဖွဲ့သည် မြန်မာနိုင်ငံ လက်နက်ကိုင်များအကြားတွင် ပထမဆုံးရဟတ်ယာဉ် ပိုင်ဆိုင်သော အဖွဲ့ဖြစ်လာသည်။ ထို့ကြောင့် မည်သည့် ခြေလှမ်း ဆက်လှမ်းသည်ကို ကြည့်ရမည်ဖြစ်သည်။

ထိုရဟတ်ယာဉ်ကို မဲခေါင်မြစ်မှ သယ်ဆောင်လာပြီး ဒီဇင်ဘာလမှ စတင်ပျံသန်းနေကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အဆင့်မြင့်အရာရှိများပြောသည်။

ထိုရဟတ်ယာဉ်ကို မည်သည့်နေရာမှ ဝယ်သည်နှင့်ပတ်သက်ပြီး ၀ခေါင်းဆောင်များ နှုတ်ဆိတ်နေကြသော်လည်း တရုတ်နိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သတင်းများက ညွန်ပြနေသည်။

တရုတ်နိုင်ငံသည် ၀ အဖွဲ့အတွက် လက်နက်နှင့်ခဲယမ်း အဓိကထောက်ပံ့နေသော နိုင်ငံဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ထိုရဟတ်ယာဉ်ကို တရုတ်နိုင်ငံထံမှ ဝယ်ယူခြင်း ဟုတ်မဟုတ် မေးခြင်းကို ဝါရင့်လေ့လာသူတဦးက သွယ်ဝိုက်ဖြေဆိုသည်။ “လာအို ဒါမှမဟုတ် တခြားတနိုင်ငံလည်း ဖြစ်နိုင်တယ်။ ထိုင်းဈေးကွက်ကတောင် ဖြစ်နိုင်တယ်” ဟု ထိုသူဖြေသည်။ မည်သို့ဆိုစေ ဝ တို့လက်ထဲ ရဟတ်ယာဉ် ရောက်လာခြင်းက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှသည်။

ထိုရဟတ်ယာဉ်ရောက်ရှိလာသည်နှင့် ၀ အရာရှိများသည် ရဟတ်ယာဉ်ကို ၀ဒေသ ပန်ဆန်းရှိ ဌာနချုပ်နှင့် တောင်ပိုင်းရှိ မိုင်းပေါက်အကြား စတင်ပျံသန်းဟု သိရသည်။ ထိုရဟတ်ယာဉ်ကို တရုတ်နိုင်ငံနှင့် ၀ ဒေသအကြား ၀ ခေါင်းဆောင်များကို သယ်ယူပို့ဆောင်ရာတွင်လည်း သုံးသည် ဟုဆိုသည်။ အပေါ့စား၊ လေးယောက်စီး ရဟတ်ယာဉ်သည် ဘယ်လ်ဂျီယံနိုင်ငံအရွယ်မျှရှိသော ၀ဒေသတွင် ခရီးသွားလာရသည့် ကြာချိန်ကို အကြီးအကျယ် လျှော့ချပေးမည်ဖြစ်သည်။ ပန်ဆန်းတွင် ရဟတ်ယာဉ်ကွင်း ၃ ခုရှိသည်ဟု သတင်းများက ဆိုသည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်း ပန်ဆန်းတွင် ကျင်းပသော UWSA တည်ထောင်သော နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြပွဲ/ ဧရာဝတီ

စစ်သုံးရဟတ်ယာဉ်များ ဝယ်ယူထားသည်ဟူသော ခန့်မှန်းပြောဆိုမှုများအကြားတွင် ဝတပ်ဖွဲ့ UWSA သည် တရုတ်နိုင်ငံတွင် လေကြောင်းနှင့် လေယာဉ်မောင်း သင်တန်းတက်ရန် အရာရှိ ၃၀ ကိုစေလွှတ်ခဲ့ကြောင်း ၂၀၁၄ ခုနှစ်တွင် ဧရာဝတီ သတင်းဌာနက အဦးဆုံးဖေါ်ပြခဲ့သည်။ ယခု ရဟတ်ယာဉ်သစ်ကို တရုတ်နိုင်ငံမှ မှာယူ ရရှိထားခြင်းဖြစ်သည်ဆိုလျှင် မမှားနိုင်ပေ။

ထို လေးယောက်စီး ရဟတ်ယာဉ်ကို ဝယ်ယူထားကြောင်း UWSA ၏ ဆက်သွယ်ရေးအရာရှိ ဦးညီရမ်းက အတည်ပြုပြောကြားပြီး လွန်ခဲ့သော နှစ်ကုန်က ဝယ်ယူပြီး လက်ရှိအသုံးပြုနေကြောင်း ပြောသည်။ ထိုနောက်ဆုံးဝယ်ယူသည့် ရဟတ်ယာဉ်ကို စစ်ရေးကိစ္စများတွင် သုံးမည်ဟူသော ခန့်မှန်းပြောဆိုချက်များကို သူငြင်းဆိုပြီး ကိုယ်ရေးအပမ်းဖြေရန် အသုံးပြုရန် ဝယ်ယူခြင်းဖြစ်ကြောင်း သူကပြောသည်။ ၀ ခေါင်းဆောင်များသည် ချမ်းသာကြောင်း သိထားကြသည်။ ၀ခေါင်းဆောင်တဦးဆိုလျှင် ပန်ဆန်းရှိ သူ အိမ်ကြီးတွင် အမေရိကန်ဒေါ်လာများထည့် ထားသည့် သေတ္တာ ဒါဇင်ပေါင်းများစွာရှိကြောင်းကို သူ့အိမ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုသေတ္တာများကို ပြသခံရသူတဦးက ပြန်လည်ပြောပြခဲ့သည်။ “နောက်ထပ် အများကြီးရှိသေးတယ်” ဟုလည်း ထို ၀ခေါင်းဆောင်က တရုတ်စကားဖြင့် ကြွားလုံးထုတ်ခဲ့သည်ဟု ဆိုသည်။

၀ ခေါင်းဆောင်များသည် ရဟတ်ယာဉ်ကိုစီးပြီး ပန်ဆန်း၏ ကောင်းကင်ကို အထက်စီးမှ ကြည့်နိုင်ပြီဖြစ်သောကြောင့် ၎င်းတို့အမြတ်တနိုးထားသည့် SUVs ကားများကို ဂိုဒေါင်တွင် ပစ်ထားကြတော့မည့် ပုံပေါက်နေပြီလားဟု ဆိုရမည်။

ထိုဖြစ်ရပ်များအားလုံးကြောင့် မေးခွန်းတခုမေးစရာရှိလာသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာစစ်ဖက်ခေါင်းဆောင်များက မည်သို့ပြောမည်နည်းဟူသော မေးခွန်းဖြစ်သည်။

၀ ပိုင်နက်သို့ ရဟတ်ယာဉ်ရောက်လာသည်ကို စစ်ဖက်ခေါင်းဆောင်များ သိရှိပြီးဖြစ်မည်ဟု ယူဆရသည်။ ထိုသတင်းကြောင့် သူတို့စိတ်အနှောင့်အယှက်ဖြစ်ကြပြီး ထိုဝယ်ယူမှုကို ကြားဝင်ဟန့်တားရန်လည်း သူတို့တွင် အကန့်အသတ်များ ရှိနေသည်။ မည်သို့ဆိုစေကာမူ ၀ တို့က ထိုရဟတ်ယာဉ်သည် အရပ်ဖက်သုံး ရဟတ်ယာဉ်ဖြစ်ကြောင်း ပြောကြသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့နယ်တွင်းရှိ လက်ဘက်စိုက်ခင်းတခင်း/ ဧရာဝတီ

မြန်မာ့တပ်မတော်သည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစတင်ပြီး ကြိုတင်သတိပေး ရေဒါများ၊ လေယာဉ်ပစ်လက်နက်စနစ်များကို တနိုင်ငံလုံးတွင် ဖြည့်တင်းပြီး လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အဆင့်မြှင့်တင်နေပြီး အရှေ့မြောက်ပိုင်းတွင်လည်း ကာကွယ်ရေး အဆင့်မြှင်တင်နေသည်ဟု သိရသည်။

မြန်မာလေပိုင်နက်အတွင်းသို့ ခွင့်ပြုချက်မရ၊ မှတ်ပုံတင်ထားခြင်းမရှိသော လေယာဉ်များဝင်ရောက်လာပါက တပ်မတော်တွင် ပစ်ချနိုင်သည့် စွမ်းရည်ရှိကြောင်း အဆင့်မြင့်တပ်မတော်အရာရှိများက ဆိုခဲ့ဖူးသည်။ ထို့ကြောင့် ယခုရဟတ်ယာဉ်ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပါသလားဟု မေးရမည်ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားလျှင် မည်သည့်နေရာတွင် မှတ်ပုံတင်ထားသနည်း။

တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ဘယ်မှာလဲ

သေချာသည်မှာ တရုတ်နိုင်ငံမှ အုပ်စုများသည် (ဘေ့ဂျင်းရှိ ဗဟိုအစိုးရဟု မဆိုလို) ၀ သူပုန်များကို တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရောင်းချလိုက်သည်ဟူသော သတင်းကို ထောက်လှမ်းရေးသတင်းစောင့်ကြည်သူ Jane’s Information Group နှင့် ဧရာဝတီ သတင်းဌာနတို့က ယခင်က ဖေါ်ပြပြီးဖြစ်သည်။

“ဒုံးကျည်တွေ ဝယ်ရင် ဖွက်ထားလို့ရတယ်။ ရဟတ်ယာဉ်တို့ လေယာဉ်တို့ ဝယ်ရင်တော့ သူတို့ကို ထုတ်ပြီး ပျံရမှာ” ဟု ၀ဒေသနှင့် ထိုဒေသမှ စစ်ရေးစစ်ရာကို အကျွမ်းတဝင်ရှိသော လေ့လာသူတဦးက မှတ်ချက်ချပြီး ယခင်က ရဟတ်ယာဉ် ဝယ်ယူသည်ဟူသော သတင်းများသည့် ခန့်မှန်းပြောဆိုချက်သာဖြစ်ကြောင်း စိတ်ကူးယဉ်နေခြင်းသာဖြစ်ကြောင်း ပြောသည်။

UWSA အနေဖြင့် ပုဂ္ဂလိက ရဟတ်ယာဉ်ဝယ်ယူသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဦးညီရန်းပြောပြီးနောက်ပိုင်း ယခင်သတင်းများနှင့် ကွဲလွဲနေသည်။ တရုတ်နိုင်ငံသည် TY-90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်တပ်ဆင်ထားသော Mil Mi-17 “Hip” အများအပြားကို ၀ သူပုန်များထံ ပေးပို့ခဲ့ကြောင်း ၂၀၁၃ ခုနှစ်ခန့်ကပင် Jane’s Information Group က ဖေါ်ပြခဲ့သည်။

ထို Mi-17s များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်မလာဘဲ လာအိုမှ မဲခေါင်မြစ်ကို ဖြတ်ပျံကာ ၀ အုပ်ချုပ်ရေးဒေသသို့လာသည်ဟု Jane’s က ဖေါ်ပြခဲ့သည်။ ထိုသတင်းမှန်လျှင် ၎င်းတို့ မြန်မာလေပိုင်နက်အတွင်း ရောက်သောအခါ မြန်မာစစ်တပ်က မည်သည့်အတွက် ပစ်မချခဲ့သနည်း။

၂၀၁၅ ခုနှစ်က ၀ ပြောခွင့်ရသူဦးအောင်မြင့်ကလည်း ပြည်ပမီဒီယာများအနေဖြင့် ၎င်းတို့တွင် မည်သည့် လက်နက်ရှိသည်ကို သတင်းမဖေါ်ပြမီ သေချာစွာ စိစစ်ရန် သတင်းသမားများကို ဝေဖန်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်း ပန်ဆန်းတွင် ကျင်းပသော UWSA တည်ထောင်သော နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြပွဲပါ ဝစစ်သားများ/ ဧရာဝတီ

“ဟုတ်တယ်။ ကျနော်တို့ လေယာဉ်နဲ့ ရေငုတ်သင်္ဘောနှစ်စင်း ဝယ်ထားတယ်။ ဒါပေမယ့်အင်ဂျင်မပါဘူး။ အဲဒါတွေကို လမ်းဘေးမှာထားပြီး အထဲမှာ ပန်းခြံတွေလုပ်ထားတယ်” ဟု ပန်ဆန်းသို့ရောက်ရှိနေသော ဧရာဝတီသတင်းထောက်ကို စိတ်အချဉ်ပေါက်ပြီး သူပြောသည်။

တချိန်က ခေါင်းဖြတ်သူများဟု သိခဲ့ကြသော ၀ တိုင်းရင်းသားမျိုးနွယ်စုက ထိုယာဉ်များသည် ပြတိုက်သာဖြစ်ကြောင်း ပျက်ဆီးနေသော ရဟတ်ယာဉ်နှင့် သင်္ဘောများကို ပြသထားသည့် ပြတိုက်များသာဖြစ်ကြောင်း ပြောသည်။ “ကျနော်တို့ ၀ ကလေးတွေကို ပြသဖို့ ပြတိုက်တခု တည်ဆောက်ခဲ့တာပါ” ဟု သူပြောသည်။

ထိုယာဉ်အပျက်များကို ကြည့်ရှုရန်အတွက် သတင်းထောက်များကို မိုင်းပေါက်လွင်ပြင်သို့ သွားရောက်ခွင့် ကြည့်ရှုသတင်းယူခွင့်ပေးခဲ့သည်။ ထိုနေရာသည် စနေ တနင်္ဂနွေရက်များတွင် မိသားစုများသည် ကလေးများကို ခေါ်ဆောင်ကာ သွားရောက်လည်ပတ်သည့် နေရာဖြစ်နေတော့သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဝယ်ယူထားသည်ဆိုသည့် မီဒီယာသတင်းများကို တန်ပြန်ရန် လိမ္မာပါးနပ်သည့် သေနင်္ဂဗျူဟာဖြစ်သည်။

သို့သော် ထိုစဉ်မှစပြီး နှစ်များအတွင်း ၀ တို့ ရဟတ်ယာဉ် ဝယ်ယူရန် ကြံစည်နေဆဲဖြစ်သည်ကို မည်သူသိနိုင်သနည်း။

လေယာဉ်ကွင်းငယ်များ

၀ တို့သည် မိုင်းမောနှင့် ပန်ဆန်းအကြားတွှင် လေယာဉ်ကွင်းငယ်တခု တည်ဆောက်နေကြောင်း လွန်ခဲ့သောနှစ်မှစတင်ပြီး ထောက်လှမ်းရေး သတင်းများတွင် ဖေါ်ပြလာသည်။ မိုင်းမောသည် ၀ နယ်မြေတွင် ဒုတိယ အကြီးမားဆုံးမြို့ဖြစ်သည်။ ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေပြီး ဧည်သည့် အနည်းငယ်ကိုသာ ထိုနေရာ သို့သွားခွင့်ပြုသည်။

ချင်းမိုင်မှ ချင်းဒေါင်းခရိုင် ထိုင်းနယ်စပ်နှင့် မျက်နှာချင်းဆိုင် နယ်ခြားမှ တိုင်အမှတ် (၁) BP-1 အနီး ၀ ဒေသတောင်ပိုင်းတွင်လည်း လေယာဉ်ကွင်းငယ်တခု တည်ဆောက်နေသည်ဟု ယုံကြည်ရသည်။

သို့သော် လွန်ခဲ့သောနှစ်တွင်မူ ကြီးမားသော မြေသယ်ယာဉ်များနှင့် ရှည်လျားဖြောင့်တန်း ညီညာသော မြေလမ်းကို တွေ့ရသောကြောင့် သွားရောက်ခဲ့သော ဧည့်သည်များ အံ့သြကြသည်။ ထိုစီမံကိန်းသည် အိမ်ရာစီမံကိန်းဖြစ်ကြောင်း ၀ အရာရှိများကပြောခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်း မြင်ရသည့် ပန်ဆန်းမြို့လယ်တနေရာ/ ဧရာဝတီ

ထိုစီမံကိန်းကို သိရှိပြီးနောက် မြန်မာစစ်အရာရှိများသည် ၀ခေါင်းဆောင်များကို သွားရောက်တွေ့ဆုံပြီး လုပ်ငန်းရပ်ရန် တောင်းဆိုသည်။ ယခင်ကလည်း ၀ တို့သည် ၎င်းတို့ဒေသတွင် လေယာဉ်ကွင်း တည်ဆောက်နေသည်ဟု သံသယရှိတိုင်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သောအရာရှိများက ထိုလုပ်ငန်းများရပ်ရန် ချက်ခြင်းတောင်းဆိုခဲ့သည်။

UWSA တွင် အမြဲတမ်း တပ်ဖွဲ့ဝင် ၃ သောင်းနှင့် အရန်တပ်ဖွဲ့ဝင် ၂ သောင်းရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။ တချိန်က အရှေ့တောင်အာရှတွင် အကြီးမားဆုံး မူးယစ်ဆေးနှင့် မက်သာဖက်တမင်း လုပ်ငန်းများအနက် တခုကို လုပ်ကိုင်ခဲ့သော ၀ ခေါင်းဆောင်များသည် ငွေကြေးချို့တဲ့ခြင်း မရှိပေ။

၀ ခေါင်းဆောင်များသည် ၎င်းတို့၏ တပ်ဖွဲ့များကို ပိုမိုအဆင့်မြင့်သော လက်နက်များ တပ်ဆင်လိုကြသည်။ ၎င်းတို့သည် ပြည်တွင်း လက်နက်ဈေးကွက်မှလည်း အကျိုးအမြတ်များ ရနေကြသည်။ တိုင်းရင်းသားဒေသများတွင် ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခနှင့် ဖရိုဖရဲအခြေအနေများ ဖြစ်ပေါ်နေသောကြောင့် ပြည်တွင်း လက်နက်ဈေးကွက်သည်လည်း ကြီးထွားလာနေသည်။

လက်နက်ကိုင် အင်အားစုအများအပြားသည် ၀ တို့ထံမှ လက်နက်ခဲယမ်းများကို ဝယ်ယူနေကြသည်။

၀ တို့၏ ဌာနချုပ် ပန်ဆန်းတွင် ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် အခြား အဆင့်မြင့်လက်နက်မျိုးစုံပါဝင်သော နှစ်စဉ် စစ်အင်အားပြသခြင်းသည် စစ်အင်အားပြခြင်း သက်သက်သာမက ပြည်တွင်း လက်နက်ဈေးကွက်တွင် အရောင်းမြှင့်တင်သည့် ပစ္စည်းထုတ်ပြသည့် Marketing လုပ်သည့် အစီအစဉ်လည်းဖြစ်ကြောင်း အင်အားကြီးမားသည့် တိုင်းရင်းသားတပ်ဖွဲ့တဖွဲကို ထိန်းချုပ်ထားသည့် ဝါရင့် တိုင်းရင်းသားခေါင်းဆောင်တဦးက တခါက ပြောခဲ့သည်။

“ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ လက်ဖြောင့်တပ်သားတွေကိုင်တဲ့ ရိုင်ဖယ်တွေဆိုတာ ကျနော်တို့အားလုံး ဝယ်ချင်နေတာတွေပဲ” ဟု သူပြောသည်။ “အကြွေးနဲ့တောင် ဝယ်လို့ရတယ်” ဟု လည်းဆိုသည်။

“လက်နက်ကိုင် ပဋိပက္ခများလေလေ၊ သူတို့ ပိုချမ်းသာလေလေပဲ” ဟုလည်း သူ ရယ်မောကာ ပြောသည်။

တရုတ်ပညာရှင်တွေ စစ်အကြံပေးတွေကို ကြိုဆိုပါတယ်

လွန်ခဲ့သောနှစ်က သတင်းသမားများနှင့်ဧည်သည်များ ၀ ဌာနချုပ်သို့ သွားရောက်သောအခါ ၀ ဒေသရှိ စစ်စခန်းများသို့ သွားရောက်ခွင့်မရခဲ့ပေ။ ထိုနေရာများသို့ သွားရောက်ရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့သည်။ သို့သော် တရုတ်ပညာရှင်များနှင့် စစ်ဖက်အကြံပေး အများအပြားကို ၀ ဌာနချုပ်တွင် တွေ့ရသည်။ ထိုကိစ္စသည် အသစ်အဆန်းမဟုတ်ပေ။ ၁၉၇၀ ခုနှစ်များကလည်း တရုတ်နိုင်ငံသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရကို ဖြုတ်ချရေးအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့်အတူ တွဲလုပ်ရန်အတွက် စစ်ဖက်အကြံပေးများကို စေလွှတ်ခဲ့ဖူးသည်။

CPB သည် ၁၉၇၀ ခုနှစ်များအစောပိုင်းက ၀ ဒေသတွင် ဌာနချုပ်ထူထောင်ပြီး ထိုဒေသရှိ တိုင်းရင်းသား ၀ လူမျိုးစုများကို တပ်သားသစ်စုဆောင်းခဲ့ပြီး ၎င်းတို့သည် CPB ၏ အဓိက တိုက်ခိုက်ရေးအင်အားစုဖြစ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ၀ တို့သည် CPB ကို ပုန်ကန်ပြီးနောက် ၀ မျိုးနွယ်စုသည် ၎င်းတို့ပိုင်နက်တွင် အရှင်သခင် ပြန်ဖြစ်လာသည်။

CPB မရှိတော့သော်လည်း တရုတ်နိုင်ငံ ဆက်လက်ရှိနေပြီး ၀ တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သည်။

အပမ်းဖြေ ကစားရန် လေယာဉ်ပျက်နှင့် သင်္ဘောပျက်များကို UWSA က ပြသထားသည်ဟု ဆို/Facebook

ယခုအခါ အမြောက်များနှင့် အခြားလက်နက်များ ထုတ်လုပ်ရာတွင် အဆင့်မြင့်သင်တန်းပေးရန် တရုတ်ပညာရှင်များကို ဖိတ်ခေါ်သည်။ တရုတ်စစ်ဖက် မောင်းသူမဲ့လေယာဉ် Drones ကျွမ်းကျင်သူများကို ငှားသည်။ ယခုအခါမှာတော့ ၀ တို့သည် တရုတ်နိုင်ငံမှ လေကြောင်း ကျွမ်းကျင်သူများကို လိုအပ်နေသည်မှာ အမှန်။

မကြာသေးမီနှစ်များအတွင်း ၀ တို့၏ကြွယ်ဝချမ်းသာမှုသည် တိုးလာပြီး ၀ ခေါင်းဆောင်များသည် အဆင့်မြင့်စစ်ဖက်သုံး မောင်းသူမဲ့လေယာဉ်များနှင့် ရဟတ်ယာဉ်များကို ဝယ်ယူရန် စဉ်းစားလာကြသည်။

Asia Times ၏ အဆိုအရ UWSA ၏ လက်နက်တိုက်တွင် CPB ခေတ်က စတင်အသုံးပြုခဲ့သည့် ခြေလျှင်တပ်သုံးလက်နက်များဖြစ်သော အသေးစားနှင့် အကြီးစား စက်သေနတ်များ၊ ဗုံးသယ်ဆောင်သည့် ဒုံးကျည်များ၊ မော်တာများနှင့် ပြောင်းချောရိုင်ဖယ်များပါဝင်ကြောင်း သိရသည်။ သို့သော် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တခုတည်းကသာ ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် အလုံးအရင်းနှင့် ကိုင်သည့် လုံး၀ သစ်လွင် ခေတ်မီသည့် တရုတ် လက်နက်စနစ်များဖြစ်သည့် QBZ-95 တိုက်ခိုက်ရေး ရိုင်ဖယ်များလည်း ပါဝင်သည်။ ၀ တို့ ပြည်တွင်းတွင် ထုတ်လုပ်သည့် တရုတ် T-81 တိုက်ခိုက်ရေးရိုင်ဖယ်များထက် ပိုမိုကောင်းမွန်စေရန် QBZ-95 အသစ်များကို ဝယ်ယူသည်။ ခေတ်မီ တရုတ် CS/LS06 9mm စက်သေနတ်များနှင့် M-99 12.7mm ဖျက်ဆီးရေး ရိုင်ဖယ်တို့သည်လည်း ၀ လက်နက်တိုက်အတွက် လက်နက်သစ်များဖြစ်သည်ဟု Asia Times က ဖေါ်ပြသည်။ ၀ တို့တွင် ၁၂၂ မီလီမီတာ ဟော်ဝစ်ဇာ အမြောက်များလည်း ရှိကြသည်။

UWSA သည် ရေဒါစနစ်နှင့် လူဖြင့် သယ်ဆောင်နိုင်သောလေကြောင်းကာကွယ်ရေး စနစ် (MANPADS) နှင့် ရေဒါစနစ်ပါဝင်သော လေကြောင်းကာကွယ်ရေး စနစ်လည်းရှိပြီး တင့်ကားဖျက်ဒုံးကျည်များလည်း ဝယ်ယူထားသည်။ လွန်ခဲ့သော နှစ်က Asia Times မှ ဆောင်းပါးတပုဒ်၏ အဆိုအရ “နည်းဗျူဟာ တပ်ဆင် ထရပ်ကားများနှင့် ပိုမိုအံ့သြစရာကောင်းသည့် တရုတ်လုပ် ရှင်းရှင့် (ကြယ်သစ်) ဘီးတပ်သံချပ်ကာ တပ်ဖွဲ့သယ်ယူပို့ဆောင်ရေးယာဉ် (APCs) များသည် ခြေလျင်တပ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်” ဟု သိရသည်။

UWSA သည် အငြိမ်းစား ကာကွယ်ရေး ပစ္စည်းထုတ်လုပ်သည့် ပညာရှင် အများအပြားပါဝင်သော တရုတ်စစ်ဖက်အကြံပေးများကို ငှားသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ၀ဒေသတွင် ရင်းနှီးမြှုပ်နှံသည့် တရုတ်ရင်းနှီးမြှုပ်နှံသူ အများအပြားလည်း ရှိနေသည်။

မြန်မာ့တပ်မတော်ကမူ ၀ တို့အင်အားပြသနေခြင်းကို ငြိမ်းချမ်းရေးအတွက် သည်းခံနေကြောင်း ပြောခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်ကြောင့် ထွက်ပြေးလာသော တရုတ်အရာရှိဟောင်းများသည် ၀ ဒေသတွင် ခိုလှုံနေသည်ဟု ယုံကြည်ရသည်။ ၎င်းတို့သည် စီးပွားရေးလုပ်ငန်းသစ်များ ထူထောင်ထားပြီး ဒေသခံ ၀ နှင့် တရုတ်များနှင့် စီးပွားရေး ဆက်ဆံမှုများ ထူထောင်ထားကြသည်။ ရုရှားလက်နက်ပွဲစားများလည်း ၀ ဒေသသို့ မကြာခဏလာကြောင်း လေ့လာစောင့်ကြည့်နေသည့် သတင်းရင်းမြစ်များက ဆိုသည်။

အပမ်းဖြေရန်ဖြစ်စေ တပ်ဖွဲ့များသယ်ဆောင်ရန်ဖြစ်စေ ရဟတ်ယာဉ် ပန်ဆန်းတွင် ရောက်လာသောကြောင့် ၀ ခေါင်းဆောင်များတွင် အစီအစဉ်သစ် အများအပြားရှိနေမည်ဖြစ်ပြီး ၎င်းတို့၏ SUVs ကားများကို ထိန်းသိမ်းပြင်ဆင်ရန် အခွင့်အလမ်း အချိန်အခါများ ရကြတော့မည်ဖြစ်သည်။

လေးယောက်စီး အရပ်ဖက်သုံး ရဟတ်ယာဉ်ဖြင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၀ခေါင်းဆောင်များ ပျံသန်းလှည့်လည်နေသည်ကို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လေးစားအားကျနေမည်လား … သဝန်တိုကြမလား။ မြန်မာဗိုလ်ချုပ်ကြီးများကတော့ အထူးစောင့်ကြည့်နေတော့မည်ဖြစ်သည်။

(ဧရာဝတီ အယ်ဒီတာချုပ် Aung Zaw ၏ Myanmar’s Wa Rebels Procure a Helicopter: What’s Next?  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

“ဝ” ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် လာလည်ရန် UWSP ထပ်မံဖိတ်ခေါ်

စစ်ဘက်သုံး ရဟတ်ယာဉ် မဟုတ်ဟု UWSA ပြော

လက်နက်ကိုင် အဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ် အရေး ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး

ရခိုင်စစ်မြေပြင်တွင် တပ်မတော် ရေ အရေးပါလာ

The post ရဟတ်ယာဉ်ဝယ်ပြီး UWSA ဘယ်ခြေလှမ်းကို ဆက်လှမ်းမလဲ appeared first on ဧရာဝတီ.

]]>
ထိခိုက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မမျှော်လင့်သော အလှည့်အပြောင်း https://burma.irrawaddy.com/opinion/viewpoint/2020/03/03/216921.html Tue, 03 Mar 2020 11:21:19 +0000 https://burma.irrawaddy.com/?p=216921 “အတူတူသောက်ရတာ တဖက်နဲ့တဖက် ပစ်ခတ်နေရတာထက်တော့ ပိုကောင်းတာပေါ့”

The post ထိခိုက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မမျှော်လင့်သော အလှည့်အပြောင်း appeared first on ဧရာဝတီ.

]]>
ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ် မြန်မာနိုင်ငံဖက်ခြမ်း ရှမ်းပြည်နယ် တောင်ပေါ်ဒေသ လွယ်တိုင်းလျံ သို့မဟုတ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) ဌာနချုုပ်ရှိ သူ၏ နေအိမ်တွင် စာရေးသူတို့နှင့်အတူထိုင်ရင်း ဗိုလ်ချုပ်ကြီးရွက်စစ်သည် စိတ်လှုပ်ရှားတက်ကြွနေပုံရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလတွင်းက နေပြည်တော်သို့ သွားရောက်ခဲ့ပြီးနောက် သူသည် ရွှင်လန်းအားရ ယုံကြည်မှုအပြည့် ဖြစ်လာနေခဲ့သည်။ နေပြည်တော်တွင် သူသည် အစိုးရခေါင်းဆောင်များနှင့်သာမက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း ကျယ်ပြန့်သော ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးများမှ ထွက်ပေါ်လာသောရလဒ်ကို သူကျေနပ်ကြောင်းမှာ ထင်ရှားလှပြီး မြို့တော် နေပြည်တော်တွင် သူရရှိခဲ့သောကြိုဆိုမှုကို ကျေနပ်နေပုံရသည်။

“တပ်မတော်အကြီးအကဲနဲ့ တဦးချင်းတွေ့ဆုံရတာမျိုး အရင်က တခါမှမရှိခဲ့ဘူး။ ကျနော်တို့ရဲ့ ဆွေးနွေးပွဲအတွင်းမှာ နားလည်မှု လွှဲမှားတာတွေ၊ ကောက်ယူမှု လွဲမှားတာတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ နိုင်ငံကောင်းစားရေးအတွက် လိုအပ်တဲ့အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ကျနော်တို့အမြင်တွေဟာ တကယ်တော့ သိပ်ပြီးကွဲလွဲမှု မရှိကြဘူး။ တပ်မတော်အကြီးအကဲက နည်းလမ်းပြောင်းသွားတယ်။ ဒါပေမယ့် အမြင်နဲ့ဆန္ဒတွေ အလားတူဖြစ်နေလို့ ကျနော်တို့အကြားမှာ ကွဲလွဲမှုအသေးအမွှားတွေပဲ ရှိတယ်” ဟု ဒီဂရီမျက်မှန်ဝတ်ထားသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်က အားရပါးရ ပြုံးရွှင်စွာ ပြောသည်။

ထိုသို့သောစိတ်ခံစားမှုသည် လွန်ခဲ့သော အောက်တိုဘာလက အခြေအနေနှင့် ဆန့်ကျင်ဖက်ဖြစ်နေပြီး ထိုစဉ်က နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံအခမ်းအနားကို တက်ရောက်ရန် ဗိုလ်ချုပ်ကြီးရွက်စစ်စီစဉ်ထားသည့် ကုန်းလမ်းခရီးကို တပ်မတော်အရှေ့ပိုင်းတိုင်းက ခွင့်မပြုဘဲ လေကြောင်းမှလာရန် ပြောသောကြောင့် ထိုခရီးစဉ်ကို နောက်ဆုံးအချိန်ကျမှ ဖျက်သိမ်းလိုက်ရသည်။

ဗိုလ်ချုပ်ကြီးရွက်စစ် (ဝဲမှ ၇ ယောက်မြောက်) နှင့် RCSS ဗဟိုကော်မတီဝင်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ဦးထွန်းထွန်းဦး (ဝဲမှ ၈ ယောက်မြောက်) နှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ဝဲမှ ၆ ယောက်မြောက်) ဦးစီးသော တပ်မတော်အရာရှိများ အတူ မှတ်တမ်းဓာတ်ပုံရိုက်ကြစဉ်/ငြိမ်းငြိမ်း

ထိုအချိန်မှစတင်ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် အားထုတ်သည့်အနေဖြင့် တပ်မတော်သည် ရှမ်းခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တော်တွင်တွေ့ဆုံရန် တပ်မတော်အဆင့်မြင့်အရာရှိအများအပြားကို စေလွှတ်ခဲ့ရသည်။

ရလဒ်မှာ ယခုအချိန်အထိ အပြုသဘောဆောင်နေသေးသည်။

လွန်စွာ အပြုသဘောဆောင်သည်ဟု အားလုံးကပြောသော ဇန်နဝါရီလအစောပိုင်းက ကျင်းပသည့် ၎င်းတို့၏ အစည်းအဝေးအတွင်း ဗိုလ်ချုပ်ကြီးရွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် စကားပြန်မှတဆင့် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အစိုးရခေါင်းဆောင်များနှင့် သူ၏အစည်းအဝေးများသည်လည်း နှစ်ဖက်နားလည်မှုကို ပိုမိုတိုးတက်စေသည်ဟု ဗိုလ်ချုပ်ကြီးရွက်စစ်ပြောသည်။ မှတ်သားစရာကောင်းသည်မှာ ရှမ်းခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများအကြောင်း သိပ်မပြောဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူတို့၏ ဆွေးနွေးပွဲမှ အပြုသဘောဆောင်သော ရလဒ်ကို ပိုမိုပြောဆိုရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးရွက်စစ်သည် မြန်မာစကား အနည်းငယ်သာပြောတတ်သောကြောင့် စကားပြန် လိုအပ်သည်။ သို့သော် သူ့ကို ကာလကြာမြင့်စွာသိရှိနေသည့် လေ့လာသူများက ဗိုလ်ချုပ်ကြီးရွက်စစ်သည် ယခုတလော သူ အလေးထားလိုသောအချက်ကို ပြောဆိုလိုသောအခါ မြန်မာစကားများကို မကြာခဏ ရောနှောသုံးတတ်သည့် အလေ့အထ ဖြစ်လာကြောင်း ပြောကြသည်။ စာရေးသူတို့ တွေ့ဆုံမေးမြန်းစဉ်ကလည်း ဗိုလ်ချုပ်ကြီးရွက်စစ်သည် ထိုသို့အကြိမ်ကြိမ်ပြောဆိုသည်မှာလည်း အမှန်ပင်ဖြစ်သည်။

သူတို့တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူသည် ဖက်ဒရယ်ပြည်ထောင်စုအယူအဆကို လက်ခံယုံကြည်ကြောင်းပြောပြီး ဆွဲဆောင်မှုထိုးစစ်ကို သံတမန်နည်းအရ ဆင်နွဲခဲ့ပုံရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုကြောင်း သို့သော် တဖြည်းဖြည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှမ်းခေါင်းဆောင်များကို ပြောပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ကို အံ့အားသင့်စေခဲ့သည်။ (တပ်မတော်က ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များသည် အာဏာရပါတီက အဆိုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်များကို ဆက်လက် ဆန့်ကျင်နေကြဆဲ ဖြစ်သည်။) ရှမ်းခေါင်းဆောင်များကို အံ့အားသင့်စေသော အခြားအချက်တခုမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်စေရန် ဗိုလ်ချုပ်ကြီးရွက်စစ်အနေဖြင့် အကူအညီပေးရန် မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

ညစာစားပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ဝဲ) ကို ဝခေါင်းဆောင်တဦးနှင့် ဗိုလ်ချုပ်ကြီး ရွက်စစ်က မိတ်ဆက်ပေးနေစဉ်/ငြိမ်းငြိမ်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စကားများကြောင့် အံ့သြကြောင်း ဗိုလ်ချုပ်ကြီးရွက်စစ်ပြောသည်။

“အရင်တုန်းက ဒီလိုမျိုး တခါမှ မဆွေးနွေးဖူးဘူး။ သူ့စကားကို နားထောင်ရင်း ကျနော်အံ့သြနေတယ်။ ဒါကြောင့် သူ့ရဲ့ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ကျနော် ပိုမိုနားလည်လာတယ်။ တပ်မတော်အကြီးအကဲက မိန့်ခွန်းတွေမှာ သူပြောရင်တမျိုး (ခပ်ပြတ်ပြတ်) ပြောပြီး ကျနော်တို့စကားဝိုင်းမှာ ပြောပုံကတမျိုး ဖြစ်နေတယ်။ ဒီတော့အခြေအနေကို ကျနော် နှစ်မျိုး မြင်လာတယ်။ ကျနော်တို့နဲ့ ဆွေးနွေးပွဲမှာပြောတဲ့ပုံစံနဲ့ မိန့်ခွန်းတွေမှာ ကျနော်မြင်တဲ့ပုံစံပေါ့။ သူ့ရဲ့လုပ်ဆောင်မှုတွေကို စောင့်ကြည့်ရမှာပဲ” ဟု မကြာသေးမီက လွယ်တိုင်းလျံ ဌာနချုပ်တွင် အအေးပိုသည့် နေ့တနေ့က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် စာရေးသူတို့ကို ပြောသည်။

နေပြည်တော်ဆွေးနွေးပွဲမှ စတင်ပြီး မြန်မာခေါင်းဆောင်များသည် အပြုသဘောဆောင်သောလုပ်ရပ်များကို ဆက်လက်အရှိန်အဟုန်ထိန်းပြီး လုပ်ဆောင်နေသည်။

ဖေဖေါ်ဝါရီလအစောပိုင်းက ရှမ်းအမျိုးသားနေ့ကို လွယ်တိုင်းလျံတွင် RCSS က ကျင်းပသောအခါ မြန်မာအစိုးရနှင့် တပ်မတော်နှစ်ဖက်စလုံးက ဗိုလ်ချုပ်ကြီးရွက်စစ်၏ဖိတ်ကြားချက်ကို ဂုဏ်ပြုသောအားဖြင့် ထိုအခမ်းအနားကို တက်ရောက်ရန် အဆင့်မြင့်ခေါင်းဆောင်များကို စေလွှတ်ခဲ့ကြသည်။

ပြည်ထောင်စု ရှေ့နေချုပ်ဦးထွန်းထွန်းဦးနှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းတို့သည် RCSS ဌာနချုပ်သို့ သွားရောက်ခဲ့သောအဖွဲ့ဝင် ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ကြသည်။

ထူးခြားသည့်အချက်မှာ နေပြည်တော်မှ အဆင့်အမြင့်ဆုံးအရာရှိများ RCSS ဌာနချုပ်တွင် ပထမဆုံးအကြိမ် ခြေချခဲ့ခြင်းဖြစ်သည်။ အပြုံးများနှင့် ခိုင်မာသော လက်ဆွဲနှုတ်ဆက်မှုများကို ဖလှယ်ကာ ဝီစကီခွက်များကို အကြိမ်ကြိမ်တိုက်ကြသည်။ အနည်းဆုံး ထိုညနေခင်းအတွက် ငြိမ်းချမ်းရေးကတိကို ဆုပ်ကိုင်ထားပြီး ထိုကာလအတွင်း ပစ်ခတ်တာတွေ မလုပ်ခြင်းအား သေချာစေခဲ့သည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် လွယ်တိုင်းလျံဌာနချုပ်တွင် ရှမ်းပြည်နယ် အမျိုးသားနေ့ ကျင်းပရာ စစ်ရေးပြနေသော ရှမ်းစစ်သားများ/ငြိမ်းငြိမ်း

ပင်မအခမ်းအနားမကျင်းပမီ ညစာစားပွဲအတွင်း ဗိုလ်ချုပ်ကြီးရွက်စစ်သည် တက်ရောက်လာသော အဖွဲ့အစည်းအားလုံး ပါဝင်သည့်အခြေအနေကို ဖန်တီးပေးသည်။

အိမ်ရှင်အနေဖြင့် သူသည် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအားလုံးကို စင်မြင့်သို့ဖိတ်ကြားပြီး သီချင်းများသီဆိုကခုန်စေခဲ့သည်။ အစိုးရကိုယ်စားလှယ်များနှင့် တပ်မတော်အရာရှိကြီးများ၊ အခြားအရာရှိများမှာ အနည်းငယ် ရှိုးတန်းရှန်းတန်း ဖြစ်နေကြသော်လည်း အနည်းဆုံးတော့ ပြုံးရွှင်နေကြသည်။

တင်းမာမှုကို လျှော့ချရန် အရေးပါသောအခွင့်အလမ်းဖြစ်ခဲ့သည် ဆိုပါစို့။

“အတူတူသောက်ရတာ တဖက်နဲ့တဖက် ပစ်ခတ်နေရတာထက်တော့ ပိုကောင်းတာပေါ့”ဟု ဝီစကီများ ထပ်မံရောက်ရှိလာသောအခါ ရှမ်းဗိုလ်မှူးကြီးတဦးကပြောပြီး ငြိမ်းချမ်းရေးမှာ အနည်းဆုံး ထိုကာလအတွင်း ပိုမိုနီးကပ်လာပုံရသည်။

“ဒါပေမယ့် ကျနော်တို့ မဆွေးနွေးတာကောင်းတယ်။ ဆွေးနွေးပွဲ စလိုက်တာနဲ့ စတင်အငြင်းပွားပြီး တိုက်ခိုက်မှုတွေ ဖြစ်လာတာပဲ” ဟု ရှေ့တန်းတိုက်ခိုက်ရေးတွင် ကျော်ကြားသော ရှမ်းတပ်မှူးတဦးကပြောသည်။ သူ၏သုံးသပ်ချက်သည် စာရေးသူအမြင်တွင် ဆီလျော်လုံလောက်ပါသည်။ ဝီစကီများကို ထပ်မံ မှာယူလိုက်ကြပြန်သည်။

ပြည်ပမှ ငြိမ်းချမ်းရေးအတိုင်ပင်ခံ နိုင်ငံခြားသားတဦးသည် စာရေးသူတို့အနီးမှ ဖြတ်လျှောက်သွားရင်း ပြုံးပြသွားသည်။ ရှမ်းတပ်မှူးက စာရေးသူကို အပေါ်ယံဆဲပြီး ပြောသည့်အချက်ကို သူမကြားနိုင်သော်လည်း ထိုသို့ စုစုဝေးဝေး တွေ့မြင်ရခြင်းသည်ပင် အတုအယောင်ပင် ဖြစ်နေဦးတော့ မျှော်လင့်ချက်တစုံတရာကို ပေးသည်။ မှားယွင်းသောမျှော်လင့်ချက်နှင့် ပြဇာတ်ဆန်ကောင်းဆန်နေနိုင်သော်လည်း မျှော်လင့်ချက်ပင် ဖြစ်သည်။

တိုင်းရင်းသားခေါင်းဆောင်အများအပြားက ယခင်သမ္မတ ဦးသိန်းစိန်လက်အောက်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအကြောင်းကို အမှတ်တရ ပြန်ပြောခဲ့ကြသည်။ ထိုဆွေးနွေးပွဲများတွင် ဝီစကီနှင့် အခြားအရက်များကို စိတ်ကြိုက်သောက်ကြပြီး နောက်ပြောင် ရယ်မောခဲ့ကြသည်။

လွယ်တိုင်းလျံရှိ ရှမ်းပြည်နယ် အမျိုးသားနေ့ ကျင်းပရာ ကွင်းပြင်တွင် စိုက်ထူထားသော မုဒ်ဦး/ငြိမ်းငြိမ်း

နေပြည်တော်တွင်ဖြစ်စေ၊ ရန်ကုန်တွင်ဖြစ်စေ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဌာနချုပ်များတွင် ကျင်းပသော ထိုဆွေးနွေးပွဲများ သည် ဘက်အသီးသီးမှ တင်းမာမှုများကို လျှော့ချပေးသည်ဟု သူတို့က ပြောကြသည်။ (ထိုကဲ့သို့သော ဆွေးနွေးပွဲများ ကျင်းပတိုင်း ဈေးကြီးသောဝီစကီများသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး အလှူရှင်များကို ထိုကုန်ကျစရိတ်ကိုပေးရန် လက်မတွန့်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြသည်။)

ယခင်က သမ္မတရုံးဝန်ကြီးနှင့် ပိုမိုအရေးပါသောရာထူးဖြစ်သည့် မြန်မာငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌအဖြစ် တာဝန်ယူခဲ့သော ဦးအောင်မင်းကို သတိရကြောင်း သူတို့ပြောသည်။ အဓိကငြိမ်းချမ်းရေးညှိနှိုင်းသူအဖြစ် သတ်မှတ်ခံခဲ့ရသော ဦးအောင်မင်းသည် ညနက်အောင် အရက်သောက်တတ်သည့် တိုင်းရင်းသားခေါင်းဆောင် အများအပြားနှင့် အဆင်ပြေသူဖြစ်သည်။ ထိုခေါင်းဆောင်အများအပြားသည် “ကြွက်တွင်းများ”ဟု ဂုဏ်သတင်းကြီးပြီး အရက်ကို များများနှင့် မြန်မြန်သောက်နိုင်သူများ ဖြစ်သည်။

သို့သော် ထိုသို့သောယဉ်ကျေးမှုသည် လက်ရှိအစိုးရအောက်တွင် တိမ်ကောပျောက်ကွယ်သွားသည်။ မြေပြင်တွင် တိုက်ခိုက်မှုများ ပြင်းထန်လာသည်။ အသက်များဆုံးရှုံးကြပြီး ငြိမ်းချမ်းရေးသည် အလှမ်းကွာလာပုံရသည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျောက်သားသဖွယ် မာကြောသောမျက်နှာများ၊ ဆန့်ကျင်သောစကားများ၊ တင်းမာမှုများနှင့် စိတ်ဖိစီးမှုများဖြင့် သရုပ်ဖေါ်လာကြသည်။ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂလိကဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၏ အဓိကရာထူးတခုတွင် ခန့်အပ်ခဲ့သည်။

NRPC ၏ ဒုတိယဥက္ကဌဖြစ်သော ဒေါက်တာတင်မျိုးဝင်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခပြဿနာ၊ တိုင်းရင်းသားနိုင်ငံရေးတို့နှင့် အကျွမ်းတဝင်ရှိပုံမရပေ။ သူ့ကို ထိုရာထူးတွင် ခန့်အပ်ခဲ့သောကြောင့် တိုင်းရင်းသားခေါင်းဆောင် အများအပြား စိတ်ပျက်ကြခဲ့သည်။

ထို့ကြောင့် ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ပျော်ရွှင်မှုများနှင့် ဝီစကိကို ၎င်းတို့တမ်းတသည်ကို အံ့သြစရာမဟုတ်တော့ပေ။ လက်တွေ့တွင် ၎င်းတို့ပြောသည်ကို နားထောင်ရသည်မှာ ငြိမ်းချမ်းရေးနှင့် ဝီစကီကို ခွဲခြားထားရန် မဖြစ်နိုင်သည့်သဘော။

လွယ်တိုင်းလျံရှိ ရှမ်းပြည်နယ် အမျိုးသားနေ့ အခမ်းအနားလာ ရှမ်းစစ်သားများနှင့် အရပ်သားများ/ငြိမ်းငြိမ်း

လွယ်တိုင်းလျံတွင် မိမိတို့ စုံဆည်းသည့်ညတွင် ထိုင်းနိုင်ငံမှ ဝီစကီနှင့် ဘီယာများကို အလုံအလောက်တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီးရွက်စစ် ကိုယ်တိုင်ထုတ်လုပ်သည့် ချက်အရက်အပါအဝင် အခြားချက်အရက်များကို ထည့်ပြောရန်ပင် မလိုတော့ဘဲ လူတိုင်းနီးပါးမူးကြသည်။

အချို့တိုင်းရင်းသားခေါင်းဆောင်များက ဖန်ခွက်မြှောက်လိုက်ပြီး မြန်မာ့တပ်မတော်၏ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးမူဝါဒအကြောင်း ဆက်လက် နားမထောင်ချင်တော့ကြောင်း ပြောကြသည်။ ထိုမူဝါဒများက တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး လက်နက်ဖြုတ်ချစေလိုသည်။

“အဲဒီအချက် ၆ ချက်အကြောင်း သူတို့ စပြောတာနဲ့ ကျနော်တို့လုပ်နေတာတွေ ဘယ်မှခရီးမရောက်ဘူးလို့ ခံစားရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်း အများစုက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူးဆိုတာ ရှင်းနေတာပဲ” ဟု တိုင်းရင်းသားခေါင်းဆောင်တဦး ပြောသည်။

“သူတို့က DDR ပဲ ဆက်ပြောနေရင်တော့ ကျနော်တို့ ရှေ့ခရီးဆက်နိုင်မှာ မဟုတ်ဘူး” ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ ကိုယ်စားလှယ်တဦးက ပြောသည်။ DDR နှင့် SSR ဆိုသည်မှာ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ဆိုလိုခြင်းဖြစ်သည်။

သူ အရက်ကို စုတ်သောက်လိုက်ပြီးနောက်”ကျနော်တို့ရဲ့ နိုင်ငံရေးနယ်ပယ် ပိုမိုကျယ်ပြန့်လာလေလေ၊ လက်နက်ကိုင်ပဋိပက္ခ နည်းလေလေပဲ” ဟု သူပြောသည်။ သို့သော် အခုဖြစ်နေတာက လုံးဝဆန့်ကျင်ဖက်ပဲဟုလည်း သူဆိုသည်။

“လက်နက်ကိုင်ပဋိပက္ခ နိဂုံးချုပ်စေချင်ရင် နိုင်ငံရေးနယ်ပယ်ကို ပိုမိုဖန်တီးချဲ့ထွင်ပေးရမယ်။ ဒီလိုမှမဟုတ်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူး” ဟု သူပြောသည်။

ညနက်လာပြီး စင်မြင့်ပေါ်သို့ လေအေးများ တိုက်ခိုက်နေချိန်တွင် ဝီစကီများ ဆက်လက်ရောက်ရှိနေဆဲဖြစ်သည်။

ကရင်နီတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဘီးထူးက တပ်မတော်ဗိုလ်ချုပ်တဦးကို (တပ်မတော်မှ တက်ရောက်သူအားလုံးသည် ဗိုလ်ချုပ်များသာ ဖြစ်သည်) ခပ်ပြတ်ပြတ်ပြောလိုက်သည်။ “အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကျနော်တို့ကိုမပြောခင် NCA လက်မှတ်ရေးထိုးထားတဲ့သူတွေ ဘာဖြစ်နေလဲဆိုတာကို အရင်ကြည့်လိုက်ပါ” ဟု သူပြောသဖြင့် NCA သည် ဖရိုဖရဲဖြစ်နေသည့်သဘောမျိုး သူကပြောသည်။

သူပြောနေသည့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းမှာ ခပ်အေးအေးပင်နေပြီး သူ၏မျက်နှာမှ အပြုံးမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။ (ထိုသို့တည်ငြိမ်သော စိတ်ထားကြောင့် သူ့ကို SSA-S ဌာနချုပ်သို့ စေလွှတ်ခြင်းဖြစ်နိုင်သည်။ ကရင်နီတပ်မှူးများသည် သံခင်းတမန်ခင်းမရှိသောကြောင့် ယခုကဲ့သို့သော အခမ်းအနားများတွင် ရယ်မောစရာများ မကြာခဏ ကြုံရတတ်သည်။) ယခင်က အခမ်းအနားတခုတွင် ကရင်နီတပ်မှူးတဦးက သူနှင့် သူ့ရဲဘော်များသည် ကယားပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းကို ဆက်သွယ်သည့် အဓိကဓါတ်အားလိုင်းတခုကို မည်သို့ဖေါက်ခွဲပစ်ခဲ့သည်နှင့်ပတ်သက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ မြန်မာဗိုလ်ချုပ်တဦးကို ပြောသည်။ ထိုသို့ စကားဝိုင်းတွင် ပြောဆိုခြင်းကြောင့် ရယ်မောစရာဖြစ်ရသကဲ့သို့ စိတ်ကသိကအောက်ဖြစ်စရာလည်း ဖြစ်ရသည်။ သို့သော် ထိုသို့သောပြောဆိုမှုများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ သဘောသဘာ၀ ဖြစ်ပြီး ကာလရှည်ကြာပြီဖြစ်သော မြန်မာပြည်တွင်းစစ်ကြောင့် လူများစွာ သေဆုံးဒဏ်ရာရရှိပြီးလည်း ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ထိန်းချုပ်ထားသည့် ကရင်နီတပ်မတော်သည် လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်နှင့် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားခြင်း မရှိသကဲ့သို့ နှစ်ဖက်အတွေးအခေါ်အားဖြင့်လည်း အပြင်းအထန်ကွဲလွဲခြင်း မရှိသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ ကရင်နီခေါင်းဆောင်အများအပြားသည် ထိုင်းနိုင်ငံဖက်နယ်စပ် မဲဟောင်ဆောင်ပြည်နယ်တွင် နေထိုင်ကြသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ပြီး ပင်မနိုင်ငံရေး လက်တွေ့အရှိတရားနှင့် ကင်းကွာပုံရသည်။

လွယ်တိုင်းလျံ နေအိမ်တွင် ဗိုလ်ချုပ်ကြီး ရွက်စစ်က ဧရာဝတီ သတင်းအဖွဲ့ကို အင်တာဗျူးဖြေစဉ်/ဧရာဝတီ

KNPP မှ အရပ်သားခေါင်းဆောင်များသည် ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခြင်းမရှိဘဲ လွယ်တိုင်းလျံသည် အေးလွန်းသည်ဟူသည့် ခိုင်လုံမှုမရှိသောဆင်ခြေကို ပေးသည်။

အကြောင်းရင်းမှန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် တွေ့ဆုံတိုင်း မြန်မာစစ်ဖက်ခေါင်းဆောင်များက ၎င်းတို့အပေါ် လေးစားမှုမရှိဟု ခံစားရသောကြောင့် ယခုအခမ်းအနားကို ရှောင်နေကြခြင်းပင်ဖြစ်တော့သည်။

“သူတို့က ကျနော်တို့အမည်တွေ၊ သတ်မှတ်ချက်တွေ၊ ရာထူးတွေကို မလေးမစားလုပ်တယ်။ အပြန်အလှန်လေးစားမှုဆိုတာ ရှိသင့်တယ်” ဟု KNPP ခေါင်းဆောင်ပိုင်းက ပြောဖူးသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်ပါဝင်သည့် မြန်မာဗိုလ်ချုပ်များသည် အထက်စီးဆန်ပြီး မလေးမစားလုပ်တတ်သည်ဟူသည့်အမြင်သည် တိုင်းရင်းသားခေါင်းဆောင်အများအပြားထံတွင် ရှိနေသည်။ ”ကျနော်က ဗိုလ်ချုပ်ဆိုရင် ကျနော့်ကို ရာထူးနဲ့အမည် စနစ်တကျတွဲခေါ် ပြောဆို ဆက်ဆံသင့်တယ်။ လေးစားမှုပြသပြီး ဆွေးနွေးရင်ပိုကောင်းတာပေါ့” ဟု ရှမ်းတပ်မှူးတဦးက ပြောသည်။

ညနက်လာသောအခါ တောင်ပေါ်တွင် အပူချိန်သည် အကြီးအကျယ် ကျဆင်းသွားသည်။ ထိုစုဝေးပွဲနှင့် ၇၃ ကြိမ်မြောက် ရှမ်းပြည်နယ်အမျိုးသားနေ့အခမ်းအနားကို စောင့်ကြပ်နေသည့် ရှမ်းစစ်သားများကြောင့် ပွဲတော်မှာ ဘေးအန္တရာယ်ကင်းရှင်းနေသော်လည်း ယခုကဲ့သို့ အေးချမ်းလွန်းသောညအပေါ် ရစ်ဝဲနေသည့် မယုံကြည်မှုများအား မခံစားမိဘဲနေရန် မဖြစ်နိုင်ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် ဆွေးနွေးမှုများ အားလုံး၏ နောက်ကွယ်တွင် သတိထားနေကြပြီး ရယ်မောနေခြင်းသာ ဖြစ်သည်။

နောက်တနေ့သို့ ရောက်သောအခါ ယမန်နေ့ညက ညနက်အောင် သောက်ထားသောကြောင့် အရက်နာကျ သက်သာအောင်လုပ်ရင်း အားလုံးတို့သည် နံနက် ၆ နာရီတွင် စတင်သည့်အခမ်းအနားသို့ ပုံစံတကျ ဝတ်စားဆင်ယင် တက်ရောက်ကြသည်။

ဗိုလ်ချုပ်ကြီးရွက်စစ်၏ မိန့်ခွန်းသည် အထူးသတိထားပြီး နွေးထွေးကြောင်း ပြသည်။ လက်ရှိ သူတို့ချုပ်ကိုင်ထားသည့် အာဏာကို ဆုံးရှုံးမည်ကို စိုးရိမ်ပြီး ဆွေးနွေးပွဲများတွင် ပါဝင်နေသော်လည်း ယုံကြည်မှု မရှိသလောက် ဖြစ်နေကြောင်း ပြောသော်လည်း ယုံကြည်မှုတည်ဆောက်ရာတွင်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ၌ ပါဝင်ရာတွင် စိတ်ရှည်ရန်သူက တိုက်တွန်းသည်။

သမ္မတဦးဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံမှ ပေးပို့သောသဝဏ်လွှာများတွင်လည်း ထိုသို့သောသတင်းစကားများ ပါဝင်သည်။ ၎င်းတို့၏သဝဏ်လွှာများကို အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များက အခမ်းအနားတွင် ဖတ်ကြားကြသည်။ ရှမ်းရွာသားများ ထောင်နှင့်ချီပါဝင်သည့်ပရိသတ်များထံသို့ ဖက်ဒရယ်ပြည်ထောင်စုဟူသော စကားလုံးသည် အကြိမ်များစွာ ပါဝင်သော်လည်း အများအပြားမှာ မြန်မာစကားဖြင့် ပြောသောမိန့်ခွန်းများကို နားလည်ပုံမရပေ။ သို့သော် ၎င်းတို့သည် စင်မြင့်ပေါ်တွင် ရှမ်းခေါင်းဆောင်များနှင့် အခြားဂုဏ်သရေရှိဧည့်သည်များကို တွေ့ရသောကြောင့် စူးစမ်းလိုနေကြသည်။ ညနေခင်းတွင် နောက်ထပ် ရှမ်းရိုးရာအကများနှင့် မီးရှူးမီးပန်းများပစ်ဖေါက်သည်ကို သူတို့ ပိုမိုမျှော်လင့်နေကြောင်းကို သံသယဖြစ်ရန် မလိုပေ။

မိန့်ခွန်းများတွင် အချက် ၆ ချက်ပါသော ငြိမ်းချမ်းရေးမူဝါဒ သို့မဟုတ် လက်နက်ချပြီး တပ်ဖျက်ရန်ကို ဖေါ်ပြထားခြင်းမရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက်ကို ဘေးတွင်ချထားပြီး ငြိမ်းချမ်းရေးလုပ်ရန် တိုက်တွန်းသည်။

အခမ်းအနားတွင် အချို့တက်ရောက်သူများသည် သမ်းဝေနေကြပြီး အချို့မှာမူ ဓါတ်ပုံရိုက်ခြင်းဖြင့် အလုပ်ရှုပ်နေသလို အချိုက နေရောင်ရှိရာဖက်သို့ ရွှေ့ပြီး အချမ်းသက်သာအောင် လုပ်နေကြသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ယခုနှစ် စစ်ရေးချီတက်ရာတွင် ရှမ်းစစ်သားများသည် ၎င်းတို့၏လက်နက်များ၊ လက်နက်ကြီးများကိုမပြဘဲ ချီတက်မှုစည်းကမ်းနှင့် သိုင်းပညာကိုသာ သရုပ်ပြခြင်းဖြစ်သည်။ ထိုသို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခြင်းမှာ နေပြည်တော်မှ ဂုဏ်သရေရှိ ဧည့်သည်တော်များကို လေးစားကြောင်းပြသရန်ဖြစ်ကြောင်း လေ့လာသူများက ကောက်ချက်ချသည်။

လွယ်တိုင်းလျံသို့ တပ်မတော်မှအဆင့်မြင့်အရာရှိတယောက် စေလွှတ်ခြင်းသည် ထူးခြားပြီး ရှမ်းနိုင်ငံရေးတွင် စစ်မှန်သောစိတ်ဝင်စားမှုနှင့် တုံ့ဆိုင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဗိုလ်ချုပ်ကြီးရွက်စစ်ကို ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်စေလိုသည့်ဆန္ဒတို့ကို ပြသနေကြောင်း အချို့လေ့လာသူများပြောသည်။

လွန်ခဲ့သော ၈ နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထူးခြားသောအခန်းမှ ပါဝင်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထံမှ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ရယူတော့မည်ဟု အချက်ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

အဘယ့်ကြောင့်ဆိုသော် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းအကြား ဆက်ဆံရေးမှာ မကြာသေးမီက ထိခိုက်ပျက်စီးလွယ်လာပြီး ပြင်းထန်သောတိုက်ပွဲ အချိန်မရွေးဖြစ်နိုင်သည်။

၂၀၂၀ ဇန်နဝါရီ ၈ ရက် နေပြည်တော်တွင် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ တွေ့ဆုံပွဲတခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီး ရွက်စစ်တို့ တွေ့ဆုံနှုတ်ဆက်စဉ်/ နိုင်ငံတော် အတိုင်ပင်ခံ ရုံး

ကရင်နှင့် မြန်မာတပ်များအကြား တင်းမာမှုများသည် လွန်ခဲ့သောနှစ်က စတင်မြင့်မားလာသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၏ တပ်မဟာ ၅ ထိန်းချုပ်သော ဒေသများတွင် မကြာသေးမီက ဖြစ်ပွားသောတိုက်ပွဲများသည် NCA ထိခိုက်ပျက်စီးလွယ်မှုကို ပြသနေသည်။

ထိုဒေသတွင် ပြင်းထန်သောတိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင့် မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်တဦးကလည်း စာရေးသူကို လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က ပြောကြားခဲ့သည်။

“ခင်ဗျားတို့ ကျနော်တို့နဲ့ တိုက်ချင်သလားလို့ ကျနော်တို့က သူတို့ (KNU) ကို မေးခဲ့တယ်။ တိုက်ချင်ရင်တော့ နေရာသတ်မှတ်လို့ ပြောထားတယ်” ဟု ထိုဗိုလ်ချုပ်က ပြောသည်။ တပ်မတော်သည် တိုက်ပွဲများကို တပ်မဟာ ၅ နယ်မြေအတွင်းတွင်မှာသာ ကန့်သတ်ဖြစ်ပွားစေချင်သည်။ ထိုဒေသကို ကရင်ထိပ်တန်းခေါင်းဆောင်များက ထိန်းချုပ်မှု အနည်းငယ်သာရှိသည်ဟု ယုံကြည်ရသည်။

ကရင်ခေါင်းဆောင်များသည် အုပ်စု ၂ စုကွဲနေသည်။ အသက် ၈၀ များနှောင်းပိုင်း ရောက်နေပြီဖြစ်သော စောမူထူးဆေးဖေါသည် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး KNU ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူနေသည်။ သူ၏အုပ်စုသည် အပစ်အခတ်ရပ်စဲရေးကို လိုလားပြီး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်ဆံရေးကောင်းမွန်နေသေးသည်။ အခြားအုပ်စုတခုမှာမူ တိုက်ပွဲပြန်စလိုသော အမာခံကရင်တပ်မှူးများနှင့် မဟာမိတ်ဖွဲ့ထားသည်။ ထိုပဋိပက္ခကို စောင့်ကြည့်နေသော မြန်မာစစ်ဖက်ခေါင်းဆောင်များသည် စောမူတူဆေးဖေါအုပ်စု အာဏာဆုံးရှုံးပြီး ဖယ်ရှားပစ်ခံရမည့် အလားအလာကြောင့် စိုးရိမ်မကင်း ဖြစ်နေကြသည်။

KNLA တပ်မဟာ ၅ နယ်မြေတွင် သြဇာကြီးမားသောခေါင်းဆောင်မှာ ဗိုလ်ချုပ် ဘောကျော်ဟဲ ဖြစ်ပြီး သူသည် သဘောထားတင်းမာသော တပ်မှူးကောင်းတယောက်ဖြစ်သည်ဟု ကျော်ကြားသည်။ တပ်မဟာ ၅ နယ်မြေအတွင်းတွင် တပ်မတော်က လမ်းတခုဖေါက်လုပ်သောအခါ ပြဿနာစတင်ပေါ်ပေါက်ပြီး ပြင်းထန်သောဆန့်ကျင်မှုကို ခံရသည်။ ထိုလမ်းသည် ငြိမ်းချမ်းရေးကို ဆောင်ယူလာမည်မဟုတ်ဘဲ ထိုနေရာတွင် စခန်းချထားသည့် မြန်မာ့တပ်မတော်အတွက် လက်နက်နှင့် ရိက္ခာယူဆောင်ပေးမည့် လမ်းဖြစ်သည်ဟု ဒေသခံများပြောသည်။ ထိုစီမံကိန်းကို ရပ်တန့်ရန် ၎င်းတို့က တောင်းဆိုကြပြီး တပ်မတော်က ငြင်းဆန်နေသည်။

နှစ်ဖက်အကြား တိုက်ပွဲငယ်များ ပုံမှန်ဖြစ်နေပြီး ဇန်နဝါရီလနှောင်းပိုင်းက KNU တပ်မဟာ ၅ ထိန်းချုပ်သော နယ်မြေအတွင်း တပ်မတော်အရာရှိတဦး မြေမြှုပ်မိုင်းထိပြီးနောက် အခြေအနေ သိသိသာသာဆိုးရွားလာသည်။

ထိုနေရာတွင် တပ်မတော်က မောင်းသူမဲ့လေယာဉ် အသုံးပြုနေခြင်းကို ကရင်ခေါင်းဆောင်များက ကန့်ကွက်ကြသည်။ တပ်ဖြန့်ချခြင်း၊ ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အင်အားဖြည့်တင်းခြင်း၊ လက်နက်ကိုင်တိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ အခြားပုံစံအကြမ်းဖက်မှုများနှင့် အပစ်အခပ်ရပ်စဲနယ်မြေတွင် ရုပ်ဝတ္တုများထိခိုက်ခြင်းတို့ကို NCA စာချုပ်အရ တပ်များဖြန့်ထားခြင်း တားမြစ်ထားသည်။

သို့သော် တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများကပါ ထိုပြဋ္ဌာန်းချက်များကို လိုက်နာခြင်း မရှိကြပေ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ၂ ဖက်စလုံးတို့သည် နယ်မြေများတိုးချဲ့၊ တပ်များကို ဖြန့်ချပြီး တိုင်းရင်းသားကျေးရွာများတွင် လူသစ်စုဆောင်းကြသည်။

တပ်မဟာ ၅ မှ ကရင်ခေါင်းဆောင်များသည် နိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများကို လက်နက်ရောင်းချပေးနေသည့် အင်အားကြီးမားလှသည့် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) နှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ထားသည်ဟု မြန်မာစစ်ခေါင်းဆောင်များက သံသယဝင်ကြသည်။

တပ်မဟာ ၅ မှနယ်မြေအတွင်း ရွှေတူးဖေါ်ခြင်း မိုင်းတွင်းလုပ်ငန်းများသည် အကျိုးအမြတ်များသော လုပ်ငန်းဖြစ်ပြီး လက်နက်ဝယ်ရန် ငွေအလျှံပါယ်ရှိနေသည်။ သဘောထားတင်းမာသော ကရင်တပ်မှူးများသည် ပဋိပက္ခ ပြန်လည်စတင်ရမည်ကို မတွန့်ဆုတ်ကြပေ။

တပ်မတော် ခေါင်းဆောင်များသည် ပဋိပက္ခပြန်လည်စတင်လာမည်ကို ခံစားမိသောကြောင့် KNU ၏အတွင်းပဋိပက္ခကို ဖြေရှင်းနေချိန်တွင် ကရင်နှင့်ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ရန် လိုအပ်သည်ဟု ယူဆကြသည်။ မြန်မာနိုင်ငံအနောက်ဖက်နယ်စပ် ရခိုုင်ပြည်နယ် ပဋိပက္ခဒေသတွင် ခြေမြန်တပ်မ အများအပြား ဖြန့်ချထားရသော်လည်း မြန်မာတပ်များသည် KNU တပ်မှူးများက တိုက်ခိုက်လိုပါက တိုက်ခိုက်နိုင်စွမ်းရှိကြသည်ဟု တပ်မတော်မှ ဗိုလ်ချုပ်တဦးက ဆိုသည်။ “တိုက်ခိုက်ဖို့အတွက် ကျနော်တို့ဘက်က စ မထွက်ရသေးဘူး။ ဒါပေမယ့် မိုင်းပေါက်ကွဲမှုမှာ အရာရှိတဦးကျပြီးနောက်မှာတော့ ကျနော်တို့စစ်သားတွေက သွားတိုက်ချင်လွန်းလို့ လက်ယားနေတာ” ဟု ၎င်းကပြောသည်။

ထို့ကြောင့် ရှမ်းနှင့် ငြိမ်းချမ်းရေးယူခြင်းသည် ကြိုမြင်နိုင်သော အနာဂတ်ကာလအတွက် ကျိုးကြောင်းဆီလျော်သောကိစ္စ ဖြစ်နေသည်။

ဗဟိုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် တရုတ်အရာရှိများသည်လည်း မကြာသေးမီက ဗိုလ်ချုပ်ကြီးရွက်စစ်ကို အာရုံစိုက်လာကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဗိုလ်ချုပ်ကြီးရွက်စစ်ထံ မကြာခဏသွားကြသည်။ ၎င်းတို့သည် မြောက်ပိုင်းမဟာမိတ်ဖက်မှ ရပ်တည်ရုံသာမက SSA-South နှင့်လည်း ဆက်ဆံလိုကြောင်း ဗိုလ်ချုပ်ကြီးရွက်စစ် ယုံကြည်အောင် လုပ်ချင်နေခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများပြောသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် လွယ်တိုင်းလျံဌာနချုပ်တွင် ရှမ်းပြည်နယ် အမျိုးသားနေ့ ကျင်းပရာ စစ်ရေးပြနေသော ရှမ်းစစ်သားများ/ကျော်ခ

တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရှမ်းပြည်နယ်ကို ဖြတ်သန်းသွားပြီး လမ်းများ၊ တံတားများနှင့် တည်ဆောက်ရေး လုပ်ငန်းများအပါအဝင် ရပ်ဝန်းနှင့် လမ်းအစီအစဉ်(BRI) စီမံကိန်းများသည် ထိုဒေသကို ဖြတ်သန်းရမည်ဖြစ်သည်။

စီမံကိန်းများကို ဆန့်ကျင်သော ဒေသခံအုပ်စုများနှင့် ညှိနှိုင်းတိုင်ပင်ရန် လိုအပ်ကြောင်း တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွက်စစ် ပြောသည်။

“ဥပမာအားဖြင့်ပြောရရင် ရခိုင်ပြည်နယ်က ဓါတ်ငွေ့ပိုက်လိုင်းက ရှမ်းပြည်နယ်ကိုဖြတ်သွားပြီး ရှမ်းပြည်နယ်အစိုးရက ၅ ရာခိုင်နှုန်း လျှော်ကြေးရတယ်လို့ ယူဆရတယ်။ ဒါပေမယ့် အဲဒီအကြောင်းကို ကျနော်တို့ ဘာမှမသိရဘူး။ ဒီလျှော်ကြေးကို ဘယ်သူလက်ခံတာလဲ။ ဘယ်သူလက်မှတ်ရေးထိုးတာလဲ။ ဒေသခံတွေကို ဘယ်လောက်လျှော်ပေးပြီးပြီလဲ။ တခုမှ မသိရသေးဘူး” ဟု သူပြောသည်။

“ဒီပိုက်လိုင်းကြောင့် ကျနော်တို့ ပြည်သူတွေမှာ အရာများစွာဆုံးရှုံးရပေမယ့် သူတို့မှာ ဘာအခွင့်အရေးမှ မရဘူး။ ပိုက်လိုင်းတည်ဆောက်သူတွေကို ကျနော်တို့မေးတော့လည်း သူတို့ ဘာမှမသိဘူး” ဟုလည်း သူပြောသည်။

ဘေဂျင်းမှ အထူးသံတမန်တဦးဖြစ်သူ ဆွန်ကော့ရှန်သည်လည်း ဗိုလ်ချုပ်ကြီးရွက်စစ်ကို တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များနှင့် KNPP တို့ ထိုသဘောတူညီချက် လက်မှတ်ရေးထိုးအောင်ဖျောင်းဖျပေးရန် ထိုတရုတ်သံတမန်က ဗိုလ်ချုပ်ကြီးရွက်စစ်ကို ပြောသည်။ ထို့ကြောင့် တရုတ်နှင့် မြန်မာတို့သည် ထိခိုက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး သူသည် အဓိကခေါင်းဆောင်ဖြစ်သည်ဟု မြင်ခြင်းဖြစ်နိုင်သည်။

သို့သော် လွယ်တိုင်းလျံတွင် ကျင်းပသည့်အခမ်းအနားတွင် အားရပါးရပြုံးရွှင်စွာ တက်ရောက်လာသော ရှမ်းတပ်မှူးများက ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်စတင်မည်ကို တိတ်တဆိတ် စိုးရိမ်နေကြသည်။ ထိုသို့စိုးရိမ်ခြင်းမှာ မြေပြင်ရှိတပ်များကို ထိန်းချုပ်ရာတွင် ၂ ဖက်လုံးအတွက် အခက်အခဲ ရှိသောကြောင့်ဖြစ်သည်။ ထိုအမြင်သည် ဗိုလ်ချုပ်ရွက်စစ်၏ စိတ်အားတက်ကြွနေသောအမြင်နှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။

“ကျနော်တို့ စိုးရိမ်တယ်” ဟု ရှမ်းတပ်မှူးတဦးက စာရေးသူကိုပြောသဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းများနှင့် အပြုံးများရှိသော်လည်း မြေပြင်အခြေအနေ အာမခံချက်မရှိသကဲ့သို့ ဖြစ်နေသည်။

လွယ်တိုင်းလျံတွင်တွေ့ခဲ့ရသော ရှမ်းတိုင်းရင်းသားများသည် အအေးဒဏ်ကို အံတုပြီး ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အများအပြားမှာ အခမ်းအနားတက်ရန် ရှမ်းပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ လာရောက်ကြခြင်းဖြစ်သည်။

အသက် ၆၀ နှစ်များ အစောပိုင်းအရွယ် အမျိုးသမီးတဦးက သူမ၏ရွာမှ တပ်သားစုဆောင်းခြင်းအကြောင်းပြောပြီး သူ၏သားသည် အလုပ်ရှာရန် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ထွက်ခွာသွားကြောင်းပြောသည်။ သို့သော် အဆင်ပြေကြောင်းလည်း သူပြောသည်။ “ကျမတို့ဆီကို ဘယ်သူပဲလာလာ ချက်ပြုတ်ကျွေးလိုက်တာပဲ” ဟု ပဋိပက္ခကြားက ဘဝကို ထင်ဟပ်စကား ဆိုသည်။

ရိုးရာရှမ်းဝတ်စုံ ဝတ်ဆင်ထားသည့် အသက်၃၀ နှစ်များနှောင်းပိုင်း ရွာသားတဦးဖြစ်သူ စိုင်းမောင်က လားရှိုုးအနီး သူနေထိုင်ရာဒေသမှ မလုံခြုံမှုနှင့် တိုက်ပွဲငယ်များအကြောင်းပြောသည်။

“စစ်သားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေအစုံရှိတယ်” ဟု ရယ်ရယ်မောမော ပြောသည်။ မည်သူက ဒုက္ခပေးမည်ကို မသိနိုင်ဘဲ ဖြစ်နေသည်။ သူက ဦးခေါင်းကို ခါလိုက်ရင်း “ကျနော် မသိဘူး။ အဲဒီသတင်းကို ကျနော်ဖတ်တယ်။ သူတို့က ငြိမ်းချမ်းရေးရမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က ကြောက်နေတယ်” ဟု သူပြောသည်။

မည်သူက အမြောက်ဖြင့် ပစ်နေသည်ကို သူတို့မသိကြ။ သူတို့သည် သူတို့ပေးရမည့်အခွန်များကို ပေးနေရပြီး ရွာသို့ မည်သူလာသည်ဖြစ်စေ ရိက္ခာပေးနေရသည်။ “ဒါပေမယ့် ငြိမ်းချမ်းရေးမရှိလို့ ကျနော်တို့ရိုးရာပွဲတွေ မလုပ်နိုင်တာ တနှစ်ကျော်နေပြီ။ ဒါပေမယ့် ဒီကိုလာရလို့ ပျော်ပါတယ်” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ  ၏ At Shan Army HQ, Another Twist in The Tale of Myanmar’s Fragile Peace Process ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

လက်နက်ကိုင် အဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ် အရေး ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး

မိုင်းကိုင်တွင် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများ ဖြစ်ပွားနေ

ဖက်ဒရယ်မူ ဘုံသဘောထားရရှိရေး လက်နက်ကိုင် ၁၂ ဖွဲ့ဆွေးနွေး

The post ထိခိုက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မမျှော်လင့်သော အလှည့်အပြောင်း appeared first on ဧရာဝတီ.

]]>
မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား https://burma.irrawaddy.com/opinion/viewpoint/2020/01/18/213322.html Sat, 18 Jan 2020 07:37:19 +0000 https://burma.irrawaddy.com/?p=213322 မေးစရာရှိလာသည်မှာ တရုတ်က မြန်မာကို မည်သို့သော နိုင်ငံမျိုး ဖြစ်စေချင်စေချင်ပါ သနည်း။ Xi Jinping ၏ ခရီးစဉ်၏ အရေးပါမှုက ထိုမေးခွန်းအတွက် သူ၏ အဖြေပေါ်တွင် မူတည်၍ နေပါသည်။

The post မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား appeared first on ဧရာဝတီ.

]]>
တရုတ်သမ္မတ Xi Jinping ရောက်ရှိလာသည့်အချိန်တွင် စိတ်လှုပ်ရှားနေရသော မြန်မာနိုင်ငံသား တဦးချင်းစီ အနေဖြင့် ထိုနိုင်ငံတော်အဆင့် ခရီးစဉ်အပေါ် အကောင်းဘက်ရော အဆိုဘက်ကပါ တုံ့ပြန်မှု အမျိုးမျိုးရှိကြလိမ့်မည်ဖြစ်သည်။ သို့သော် ထိုခရီးစဉ်၏ ထူးခြားအရေးပါမှုကို မြန်မာနိုင်ငံရှိ မည်သူကမျှ သံသယရှိနိုင်မည် မဟုတ်ပါ။ ကျနော်တို့၏ မြောက်ဘက်မှ မဟာအိမ်နီးချင်းသည် လျစ်လျူရှုရန် အတွက် ချမ်းသာလွန်း အလွန်အင်အားကြီးမားလွန်းပါသည်။

Xi Jinping ၏အလည်အပတ် ခရီးစဉ်က အခွင့်အလမ်းနှင့် အန္တရာယ် မျိုးလုံး ရှိနေတာကတော့ အမှန်ပင်။ မြန်မာနိုင်ငံ က အခွင့်အလမ်း မှန်သမျှကို အကျိုးရှိရှိအသုံးချနိုင်ရေးကို သေချာအောင် ပြုလုပ်ရင်း အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရှောင်ရှားရ ပါလိမ့် မည်။ တနည်းဆိုရသော် ကျနော်တို့ လက်တွေ့ကျရမည်။ ကျနော်တို့ သတိထားဂရု စိုက်ကြရမည်။ 

ဇန်နဝါရီလ ၁၆ ရက်နေ့က အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည့် (သူကိုယ်တိုင်ရေးသားသော) တရုတ်မြန်မာ ချစ်ကြည်ရေး ဆောင်းပါးတွင် တရုတ်သမ္မတ Xi Jinping  က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ ချစ်ကြည်ရေးတွင် စာမျက်နှာသစ် ရေးသားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာအပေါ်ထားသော ပထဝီနိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများမှာ လက်ရှိ အချိန်တွင် ဆွေးနွေးငြင်းခုံမှုများစွာ၏ အဓိကအကြောင်းအရာများဖြစ်နေသည်။ မြန်မာနိုင်ငံ က တရုတ်နိုင်ငံ၏ စက်ကွင်း အတွင်းသို့ ပြန်လည်ရွေ့လျားနေပြီ သို့မဟုတ် မြန်မာနိုင်ငံက ၎င်း၏ ဘက်မလိုက်မှုနှင့် အမှီအခိုကင်းမှုကို ထိန်းသိမ်း ထားရန် ခက်ခဲစွာ ရင်ဆိုင်နေရသည်ဟုပင် ဝေဖန်သူများက ပြောနေကြသည်။

သေချာသည့်အချက်တခုမှာ စစ်ဗိုလ်ချုပ်ကြီးများပင် ပါဝင်သော မြန်မာပြည်သူ ပြည်သားအများစုတွင် တရုတ်နိုင်ငံ အပေါ်စိုးရိမ် ကြောက်ရွံ့မှုကိုက နက်ရှိုင်းလာနေသည်။ အမှန်တကယ်အားဖြင့်လည်း ၎င်းကို  တရုတ်ကြောက်ရောဂါ (Sino phobia) တမျိုးအဖြစ် ဖော်ပြပါက ချဲ့ကားပြောဆိုခြင်း ဖြစ်လိမ့်မည် မဟုတ်ပါ။ 

အတိတ်ကာလတွင် မြန်မာနိုင်ငံရှိ ဖိနှိပ်ခံ ပြည်သူအများစုက သူတို့၏တိုင်းပြည်ကို သံလက်သီးဖြင့်အုပ်ချုပ်သော ရက် စက်ကြမ်းကြုတ်သည့် စစ်အစိုးရကိုတရုတ်က ထောက်ခံမှုပေးခဲ့ခြင်းကို မနှစ်မျို့ခြင်းများ ခံစားခဲ့ကြရသည်။  သို့သော် လည်း ယနေ့ အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအသိုင်းအဝိုင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမို၍ပင် များပြားလာခြင်းကို မြင်တွေ့ရသည့်အတွက် အလွန် ဝမ်းသာမိပါလိမ့်မည်။ တဖက်တွင်မူ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းက တိုင်းပြည်အတွင်းမှ အငြင်းပွားဖွယ်ရာ စီမံကိန်းများကို တကြိမ်တည်းနှင့် အပြီးရပ်ဆိုင်းလိုက်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် Xi Jinping က  အခန်းကဏ္ဍသစ်ကို ရေးသားနေစဉ်တွင် တရုတ်နိုင်ငံက မည်သည့်အသံများကို နားထောင်မည်နည်း။။

မည်သို့ပင်ဖြစ်စေ ရှင်းနေသည့် အချက်မှာ တရုတ်နှင့် မြန်မာတို့၏ ကံကြမ္မာများက ခွဲခြား၍ မရပါ။

တရုတ်အာဏာပိုင်များက မြန်မာနှင့်တရုတ်သည် ကွာရှင်းပြတ်စဲရန် မဖြစ်နိုင်ကြောင်း နောက်ပြောင်ပြောဆို ကြသည်။ သို့မဟုတ် အမှန်တကယ်တွင် ၎င်းတို့က မွေးချင်း ဦး သို့မဟုတ်ဆွေမျိုးပေါက်ဖော်များနှင့် ပို၍ တူကြသည်။ 

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ၏ မဟာဗျူဟာအရ အရေးပါ သောအနေအထားအရ တရုတ် အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို လျစ်လျူရှုရန်မတတ်နိုင်ပါ။ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရမည်  ဖြစ်သည်။ ယခုနှစ်အတွင်းတွင် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အခမ်း အနားကို ကျင်းပခဲ့သော အိမ်နီးချင်းများ အနေဖြင့် တရုတ် အစိုးရက ပိုမိုနီးကပ်သော ဆက်ဆံရေးကို မြှင့်တင်ရန် စိတ်အားထက်သန်နေသည်။

Xi Jinping အလည်အပတ်ခရီးတိုက ထိရောက်မှုသဘောထက်စာလျှင်  သင်္ကေတသဘော ပို၍ဆောင်လိမ့် မည်ဟု တာဝန်ရှိသူများက ပြောကြသည်။ အငြင်းပွားဖွယ်ဖြစ်သော မြစ်ဆုံစီမံကိန်း အပါအဝင် မည်သည့် အရေးကိစ္စကမှ တရုတ်မြန်မာ ဆက်ဆံရေးတွင် ဓားစာခံအဖြစ်ထားခြင်း ခံရလိမ့်မည်မဟုတ်ဟု တရုတ်ဘက်က အခိုင်အမာပြောဆိုခဲ့ကြသည်။ 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ရှီကျင့်ဖျင် (Nyein Chan Naing ( EPA POOL)

ဒေါ်အောင်ဆန်းစုကြည်အတွက် ကျောထောက် နောက်ခံ

ယခု အချိန်တွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သူမ အတိုက်အခံခေါင်းဆောင် အဖြစ်ရှိနေခဲ့သော ၂၀၁၅ ခုနှစ်တွင် တရုတ် နိုင်ငံက ဖိတ်ဖေါ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ပါတီက အပြတ် အသတ်အနိုင်ရခဲ့သည် ရွေးကောက်ပွဲ မတိုင်မီ လများအတွင်းတွင် Xi Jinping က သူ့ကို လက်ခံတွေ့ဆုံခဲ့သည်။ 

မြန်မြန်ဆန်ဆန်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် မိမိ၏ နေရာ ခိုင်မာရေးအတွက် တွက်ချက် ထားသည့် တရုတ်အစိုးရ၏ လုပ်ရပ်တခု အဖြစ်၎င်းလုပ်ရပ်ကို မြင်ခဲ့ကြသည်။ ယခုအခါတွင် တရုတ်နိုင်ငံ က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ခိုင်ခိုင်မာမာ  ကျောထောက်နောက်ခံပေးထားပြီး နိုဝင်ဘာလတွင်  ကျင်းပရန်  ရှိနေသော ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရှိသည်ကို မြင်တွေ့ရရန် ဆန္ဒရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်က ကတိ တည်သည်၊ သူဒုတိယ သက်တမ်း အနိုင်ရရှိခဲ့လျှင် မြန်မာနိုင်ငံ အကျိုးရှိလိမ့်မည်ဟု တရုတ် အစိုးရက  ယုံကြည်ထားသည်။ 

Xi Jinping က မြန်မာနိုင်ငံနှင့် စိမ်းသူတဦး မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ် သည့် ၂၀၀၉ ခုနှစ်တွင် ဒုတိယသမ္မတ အနေဖြင့် လာရောက်ခဲ့ဖူးသည်။ 

အာဏာရလာသည့် အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ကော်ဇောနီခင်း၍ ကြိုဆိုခြင်း ခံခဲ့ရသည်။ ဘေဂျင်း၏အမြင်တွင် ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံတွင် လူကြိုက်များနေဆဲဖြစ်ပြီး ယုံကြည်အားထား၍ ရနိုင်သည်။ သဘောတူညီချက်များ ပြုလုပ်ရန် အခွင့်အာဏာ ရှိနေသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အတူတွေ့ရသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (ဓာတ်ပုံ – Myanmar President Office)

ဆိုးရွားသော ပုံရိပ် 

သို့သော်လည်း တရုတ်နိုင်ငံ အနေဖြင့် ခက်ခဲစွာ လုပ်ဆောင်ရမည့် ကိစ္စကတော့ သူ၏ပုံရိပ် ဖြစ်သည်။ မြန်မာနိုင်ငံမှ ၎င်းတို့၏ ပုံရိပ်ကို ပြန်လည် ပြုပြင်ရန်လိုအပ်နေသည်။ ဂျပန်နှင့်မတူသည်မှာ မြန်မာပြည်နိုင်ငံသားများ၏ စိတ်နှလုံးသားကို ဆွဲဆောင် နိုင်ရန် soft power ကို တရုတ်နိုင်ငံက အားကိုးအားထားပြု၍ မရနိုင်ပါ။ 

မြန်မာနိုင်ငံတွင် ကျနော်တို့၏ ဧရာမအိမ်နီးချင်းနှင့် ပတ်သက်၍  ပြောဆိုမှုများတွင် ရည်မှန်းချက် ကြီးမားသော သူတဦး၏ လောဘကြီးသော လှုပ်ရှားမှုများ အဖြစ် ယူဆခြင်းခံရသည့် ခေတ်သစ် ပိုးလမ်းမ (BRI) စီမံကိန်းများ၊ အောင်မြင်နေသော စူပါ ပါဝါ ဖြစ်သလို အရင်းအမြစ်များကို ခေါင်းပုံဖြတ်ခြင်း၊ တရုတ်မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် တရုတ် အစိုးရ၏ ထောက်ပံ့ကူညီမှုနှင့် အတိတ်ကာလက နယ်စပ်တလျှောက်တွင် တိုက်ခိုက်ခဲ့သည့် တဆင့်ခံ လက်နက်ကိုင်တိုက်ပွဲများ အစရှိသည်တို့တွင်သာ ပတ်ချာလည်နေလေ့ရှိတတ်သည်။ 

သူ၏ အတွေးအမြင်ဆောင်းပါးတွင် Xi Jinping က တရုတ်မြန်မာစီးပွါးရေးစြင်္ကံ၊ တရုတ်မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ် စီမံကိန်းများ အပါအဝင် အဓိကစီမံကိန်း အများအပြားက အကျိုးရှိစေလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံက ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက်လုပ်ဆောင်သည်ကို မြင်တွေ့ရရန် စိတ်အားထက်သန်နေသည်။ သို့သော်လည်း မြန်မာဘက်က တွန့်ဆုတ်နေဆဲဖြစ်သည် ဆိုသော ကောလာဟလများ ထွက်ပေါ်နေသည်။ မည်သို့ပင် ဖြစ်စေ စစ်တမ်း တခု ကောက်ယူရန် ဘက်လုံးက သဘောတူထားကြပြီး တရားဝင်သဘောတူထားကြပြီး တရုတ် နိုင်ငံမှ အဆင့်မြင့် အဖွဲ့တဖွဲ့က နေပြည်တော်တွင် မြန်မာ တာဝန် ရှိသူများနှင့် တွေ့ဆုံ သည့် အချိန်တွင် အချို့သော မဟာ စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရေးကို တွန်းအားပေးခဲ့သည်။ ယခုအချိန်အထိ ထိုစီမံကိန်းကြီးများသည် ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူနှင့် ဆိုင်သော သတင်းအချက်အလက်များထုတ်ပြန်ပေးမှု အားနည်းနေ ဆဲဖြစ်ပြီး လက်တွေ့အောက်ခြေတွင် မေးခွန်းများ၊ ခုခံမှုများနှင့် ရင်ဆိုင်နေရသည်။

စစ်ရေးမျက်နှာစာတွင် မြန်မာစစ်ဗိုလ်ချုပ်များက တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကို သတိထားနေကြသည်။ မြောက်ပိုင်းနယ်စပ်တလျှောက်ရှိ လက်နက်ကိုင် အဖွဲ့များ အတွက် လက်နက် ရောင်းချမှု ပုံစံမျိုး ဖြင့် တရုတ်နိုင်၏ ထောက်ပံ့မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တရုတ်၏အိတ်ကပ်ထဲတွင် ရှိနေသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သူတို့ ထုတ်ပြန်ခဲ့သော Xi Jinping ခရီးစဉ်ကိုကြိုဆိုသည့် မြောက်မြားစွာသော ထုတ်ပြန်ချက်များတွင် သက်သေ အထောက် အထားများကိုတွေ့နိုင်ပါသည်။ ထို့ပြင် အရပ်သားအစိုးရအပေါ် တရုတ်နိုင်ငံ၏ နွေးထွေးမှုက မြန်မာ စစ်ခေါင်းဆောင်များ အတွက် စိတ်မသက်သာစရာတခု ဖြစ်ပြီး ၎င်းက ပြည်တွင်း နိုင်ငံရေးတွင် အရွေ့ အသစ်တခုကို ဖန်တီးပေးနေသည်ဟု သုံးသပ်ရမည်။ ကျနော်တို့ သိသလော က်ဆိုလျှင် ယနေ့ မြန်မာနိုင်ငံကို အင်အားစု ခုက ပူးတွဲ အုပ်ချုပ်နေသည်။ အရပ်သားအစိုးရတခု နှင့် တပ်မတော်ဖြစ်သည်။ 

တရုတ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံမှ ၎င်း၏ အခြေခံအဆောက်အဦး စီမံကိန်းများကြောင့် တရုတ်နိုင်ငံ အပေါ် ပြင်းထန် သော မကျေနပ်မှုများ ဆက်လက်ကြီးထွားလာမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အထောက်အပံ့ ရရှိနေသော တိုင်းရင်း သား လက်နက်ကိုင်များ အပေါ်မကျေနပ်မှုများ ကို တားဆီးရပ်တန့်၍ မရနိုင်ကြောင်း သိထားသင့်ပါသည်။ 

သို့သော်လည်း အနောက်နိုင်ငံများမှ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုနှင့် အရေးယူဒဏ်ခတ်မှုများ ခံနေရချိန်တွင် အလွန် လိုအပ်နေသော ကျောထောက်နောက်ခံနှင့် ထောက်ခံမှု ပေးခဲ့ခြင်းအတွက် တရုတ်နိုင်ငံကို မြန်မာနိုင်ငံက အသိအ မှတ်ပြုခဲ့ပါသည်။ နေပြည်တော်က ထိုထောက်ခံမှုအတွက် တရုတ်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ဖြစ်သည်။ အကျပ်အတည်းအချိန် တခုတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အပြစ်မတင်ဘဲ ကျောထောက်နောက်ခံပေးသည့် အတွက် တိုင်းပြည်မှလူအများစုကလည်း အသိအမှတ်ပြုခဲ့ကြသည်။ 

သို့သော် ကျနော်တို့ နှင့် တရုတ်အကြား မည်သည့်တန်ဖိုးများကို မျှဝေခံစားပါသလဲ။ ဤသည်မှာလည်း မြန်မာနိုင်ငံသား များ ကြားတွင် ကာလကြာရှည်စွာ တည်ရှိနေသော မေးခွန်းတခုဖြစ်ပါသည်။

ခပ်ထန်ထန်မေးရမည့် မေးခွန်းတခုမှာအောက်ပါအတိုင်းဖြစ်သည်။ တရုတ်သည် အားကိုးနိုင်သော ယုံကြည်စိတ်ချရသော အိမ်နီးချင်းဖြစ်ပါလား။ နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၀ မြောက် အခမ်းအနားကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် မြန်မာပြည်သူများက ထိုမေးခွန်းကို ဆက်လက်၍မေးနေကြဆဲဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူတွေ့ရသည့် သမ္မတ ရှီကျင့်ဖျင် (ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မိတ်ဆွေသစ်များ 

တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံက အသစ်ရှာဖွေတွေ့ရှိခဲ့သော မိတ်ဆွေများနှင့် ယှဉ်တွဲ တည်ရှိရခြင်း အပေါ်တွင် ကျေနပ်ရောင့်ရဲနိုင်မည်လော။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တချိန်က သိခဲ့သော အထီးကျန် နိုင်ငံမဟုတ်တော့ပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို အကောင်အထည်ဖော်နေပြီး တံခါးများလည်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ တဦး တည်းသော မိတ်ဆွေမဟုတ်တော့ပါ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ ကဏ္ဍ အများအပြား တွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည့် ထိုင်ဝမ်ကဲ့သို့သော အာရှစီးပွားရေး အင်အားကြီးနိုင်ငံများ နှင့် နီးကပ်သောဆက်ဆံရေးများ ထူထောင်ခဲ့ပြီးဖြစ်သည်။ ထိုင်ဝမ်မှလွဲ၍ ထိုနိုင်ငံအားလုံးမှ ခေါင်းဆောင်များ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ကြပြီး ဖြစ်သည်။ စင်ကာပူက လည်း မြန်မာနိုင်ငံတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူများထဲမှ တဦး ဖြစ်သည်။

အမေရိကန်နှင့်လည်း အလားတူ ဆက်ဆံရေးများ ထူထောင်ခဲ့သည်။ အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး လက်ရှိသမ္မတ Donald Trump ကလည်း မတ်လတွင် အမေရိကန်၌ ကျင်းပမည့် အာဆီယံအမေရိကန် ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး David Stilwell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ကြရာတွင် ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည်။ ရက် ကြာမြင့်ခဲ့သည့် David Stilwell  ခရီးစဉ် အတွင်းတွင် အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်း ရေး နှင့် စီးပွားရေး အသွင်ကူးပြောင်းမှု အတွက် ၎င်းတို့၏ ကာလရှည် ကတိကဝတ် ကိုထပ်မံအတည်ပြုသည်။ မြန်မာနိုင်ငံ ကိုမိတ်ဖက်နှင့် မိတ်ဆွေတဦး အဖြစ် ရည်ညွှန်းခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ရက်က ပေးပို့ခဲ့သည့် သဝဏ်လွှာတွင်အမေရိကန် ပြည်ထောင်စုသည် ကျွန်ုပ်တို့ ဆယ်စုနှစ်များစွာ ပြုလုပ်ခဲ့ပြီး ဖြစ် သည့်အတိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် စီးပွားရေးအသွင် ကူးပြောင်းမှုကို အားပေးသည့်အနေဖြင့် မြန်မာပြည်သူများနှင့် လက်တွဲပူးပေါင်းရန် ဆက်လက် ကတိပြုထားဆဲဖြစ်သည်ဟုပြောကြားခဲ့သည်။ 

 “လူအားလုံး၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးများကိုလေးစား၍ ငြိမ်းချမ်းသော၊ ဒီမိုကရေစီ နည်းလမ်းတကျဖြစ်သော အောင် မြင် ကြွယ်ဝသောမြန်မာနိုင်ငံ ဖြစ်စေရေးအတွက် ကျွနု်ပ်တို့က သင်တို့အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်များ နှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ထပ်ပြောသည်။ 

ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွင် မြန်မာနိုင်ငံက ကစားကွင်း တခုဖြစ်သည်ဟု  လေ့လာဆန်းစစ်သူများ က  ထောက်ပြ ကြသည်။ ဤပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုက မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ပေးနိုင်ပါသည်။ သို့ သော်လည်း မြန်မာ နိုင်ငံအနေဖြင့်  သတိပြု၍ လျှောက်လှမ်းရလိမ့်မည်။ ပါဝင်ပတ်သက် နေသည့် ပလေယာ အမျိုးမျိုး ကြားတွင် လုံခြုံအောင် ကစားရလိမ့်မည် ဖြစ်သည်။ 

မြန်မာခေါင်းဆောင်များနှင့် အတူတွေ့မြင်ရသည့် သမ္မတရှီကျင့်ဖျင်နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – Myanmar President Office)

အင်အားနည်းသော၊ မတည်ငြိမ်သော မြန်မာ

မကြာသေးမီနှစ်များအတွင်း အများသိရှိထားပြီး ဖြစ်သည့်အတိုင်း အနောက်နိုင်ငံများကို ဖက်တွယ်ရန် မြန်မာနိုင်ငံ၏ သိ သိသာသာပြောင်းလဲမှုက တရုတ်နယ်စပ်တလျှောက်တွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားစေခဲ့ပြီး တရုတ် အစိုးရကို အလွန် ဒေါသ ထွက်စေခဲ့သည်။ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရေးအတွက် နယ်စပ် လျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်များ မထိုးဖို့အတွက် တရုတ်နိုင်ငံက ပြောခဲ့သည်ဟု သံသယဖြစ်စေခဲ့သည်။ 

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည်ဟု တရုတ်နိုင်ငံက ကတိပြုထားသော်လည်း အနာဂါတ်၌ နယ်စပ် တလျှောက်တွင် ပိုမို အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပဋိပက္ခများ ပိုမို များပြား လာမည် ဟုသာ ကျနော်တို့ မျှော်လင့်နိုင်ပါသည်။ အဆိုပါအခြေအနေများကြောင့် တရုတ်သည်ယုံကြည်စိတ်ချရသော၊ အားကိုး အားထားပြုနိုင်သော မိတ်ဆွေ တဦးအဖြစ် ကျနော်တို့ လက်ခံလာအောင်မလုပ်နိုင်ခဲ့ပါ။ 

အင်အားနည်းသော မတည်ငြိမ်သော မြန်မာနိုင်ငံက ဂုဏ်ယူဝံ့ကြွားစွာ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစွာ ရပ်တည်၍ ရနိုင်လိမ့်မည် မဟုတ်ပါ။ ပရမ်းပတာ အဖြစ်များ၊ ပဋိပက္ခနှင့် မငြိမ်မသက်မှုများကိုသာ တွေ့ကြုံရလိမ့်မည် ဖြစ်သည်။ အဆိုးဘက်က ကြည့်မည်ဆိုလျှင် တိုင်းပြည်အပေါ် ထိန်းချုပ်မှုနှင့်လွှမ်းမိုးနိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တရုတ်နိုင်ငံ က အားနည်းသော၊ မတည်ငြိမ်သော မြန်မာနိုင်ငံကို မြင်တွေ့လိုသော ဆန္ဒရှိသည်ဟု မှတ်ချက်ချရမည် ဖြစ်သည်။

သို့သော်လည်း ခိုင်မာပြီး တည်ငြိမ်သော အမှီအခိုကင်းလွတ်လပ်သော မြန်မာနိုင်ငံက သာလျှင် ဒေသတွင်း၌ ပါဝင် နိုင်လိမ့်မည်ဖြစ်သည်။ အားလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် အခြေအနေတခုလည်း ဖြစ်ပါသည်။ 

ထို့ကြောင့် မေးစရာရှိလာသည်မှာ တရုတ်က မြန်မာကို မည်သို့သော နိုင်ငံမျိုး ဖြစ်စေချင်စေချင်ပါ သနည်း။ Xi Jinping   ခရီးစဉ်၏ အရေးပါမှုက ထိုမေးခွန်းအတွက် သူ၏ အဖြေပေါ်တွင် မူတည်၍ နေပါသည်။ 

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော An Unstable, Weak Myanmar: China’s Strategic Goal? ကို ဘာသာပြန်၍ ဖော်ပြခြင်း ဖြစ်သည်။

You may also like these stories:

တရုတ် သမ္မတ ခရီးစဉ်တွင် နားလည်မှု စာချွန်လွှာ ၃၃ ချက် လက်မှတ်ရေးထိုး

တရုတ်သမ္မတ နေပြည်တော်ကို လာတဲ့အခါ

The post မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား appeared first on ဧရာဝတီ.

]]>
နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ https://burma.irrawaddy.com/opinion/viewpoint/2019/12/05/209951.html Thu, 05 Dec 2019 06:07:51 +0000 https://burma.irrawaddy.com/?p=209951 မြစ်ဆုံဆည်ကို ဆိုင်းငံ့ခြင်း၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လာခြင်း၊ မြန်မာ နိုင်ငံမြောက်ပိုင်း တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသစ်များ ပေါ်ပေါက်လာခြင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် လက်နက်ကိုင် ပဋိပက္ခပြင်းထန်လာခြင်းသည် မတော်တဆ တိုက်ဆိုင်မှု ဖြစ်ရပ်များ မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်းက သူ၏ စာအုပ်တွင် ရေးသားထားသည်။

The post နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ appeared first on ဧရာဝတီ.

]]>
လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များထံမှ တရုတ်လုပ် လက်နက်အများ အပြား ဖမ်းဆီးမိသည်ဟု တပ်မတော်က တနင်္ဂနွေနေ့တွင် ကြေညာပြီး အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပတ် သက်သည့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် အချစ်နှင့် အမုန်း သဘော သဘာဝကို အပြည့်အဝပြသလိုက်သည်။

ဒုံးလောင်ချာ (RPG) နှင့် FN6 လေယာဉ်ပစ်လောင်ချာများ အပါအဝင် တအန်းအမျိုးသားလွတ်မြောက် ရေး တပ်မ တော် (TNLA) ထံမှ သိမ်းဆည်းရမိသော လက်နက်များ၏ အများစုမှာ တရုတ်နိုင်ငံလုပ် လက်နက်များ ဖြစ်နေကြောင်း တပ်မတော်ပြောခွင့်ရသူ၏ အဆိုအရသိရသည်။

TNLA သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် တခုဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်အနီးတွင် လှုပ်ရှားနေသည်။

ရှမ်းပြည်မြောက်ပိုင်းမှ မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း FN-6 လောင်ချာများ ဖမ်းမိသောကြောင့် တပ်မ တော်က ဂုဏ်ယူနေသည်။ ပုခုံးထမ်း ဒုံးကျည်တလက်လျှင် တန်ဖိုး အမေရိကန် ဒေါ်လာ ၇သောင်း (မြန်မာကျပ် ၁၀၅သန်းကျော်)မှ အမေရိကန် ဒေါ်လာ ၉ သောင်း အထိရှိသော ထိုအဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များသည် အနိမ့်ပျံ ပစ်မှတ် များကို ပစ်ခတ်နိုင်ပြီး နိုင်ငံတကာဈေးကွက်တွင် သာမက မှောင်ခိုဈေးကွက်တွင်လည်း ရနိုင်သော လက်နက်များဖြစ် သည်။

တရုတ်နိုင်ငံလုပ် ထိုဒုံးကျည်များကို မလေးရှား၊ ကမ္ဘောဒီးယား၊ ဆူဒန်နှင့် ပါကစ္စတန်တို့သို့ တင်ပို့ သည်ဟု ယူဆရ သည်။

တပ်မတော်သည် မြန်မာနိုင်ငံတွင်းနှင့် ပြည်ပမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများအတွက် အထောက် အပံ့များကို ဖြတ်တောက်ပစ်ရန် ကြိုးစားနေသည်။

TNLA က ၎င်းတို့တွင် လက်နက်ကောင်းစွာ တပ်ဆင်ထားသော စစ်သား ၇၀၀၀ ရှိသည်ဟု ဆိုသည်။

မကြာသေးမီက ထိုလက်နက်အများအပြားဖမ်းမိခြင်းသည် ဒေသတွင်း အခွန်ကောက်ခြင်း၊ မူးယစ်ဆေးဝါး၊ ငွေညစ်ခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် တရုတ်လုပ်ငန်းများ အပါအဝင် ပြည်တွင်းပြည်ပကုမ္ပဏီများမှ ပုံမှန် ဝင်ငွေ အများအပြား ရရှိနေသော လက်နက်ကိုင်များအတွက် ထိုးနှက်ချက်တခုဖြစ်သည်။

သိမ်းဆည်းမိသည့် လက်နက်များ၏ တန်ဖိုးကြောင့် တပ်မတော်က ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၏ ဘာဏ္ဍာရေး ရင်းမြစ်ကိုပင် မေးခွန်းထုတ်သည်။

“ဒီလက်နက်တွေ ဝယ်ဖို့ သူတို့ ဘယ်ကနေ ငွေရလဲ။ သူတို့မှာ စီးပွားရေးလုပ်ငန်းတွေ ရှိနေတာလား။ မူးယစ်ဆေးဝါးနဲ့ သဘာဝသယံဇာတတွေ ထုတ်ယူပြီး ငွေတွေရနေတာ ဖြစ်နိုင်တယ်”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက နေပြည်တော်တွင် တနင်္ဂနွေနေ့က ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

TNLA သည် ထိုလက်နက်များကို ဝနှင့် ကချင်တပ်ဖွဲ့များထံမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ထိုအဖွဲနှင့် နီးစပ်သော သတင်းရင်းမြစ်များကဆိုသည်။ ထိုအဖွဲ့များသည် တရုတ်နိုင်ငံမှ ဝယ်ယူထားသော လက်နက်စက်ရုံများရှိသည် ဆိုသော စွပ်စွဲမှုများရှိနေသည်။ ထိုစက်ရုံများကိုလည်ပတ်ရန် တရုတ်ပညာရှင်များကို ငှားရမ်းထားသည်ဟု လည်း ဆိုသည်။

နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် တရုတ်နိုင်ငံမှ လက်နက်များ ဝယ်ယူနေကြောင်း မကြာသေးမီက အာရှရေးရာ တရုတ် အထူးသံတမန်နှင့် တွေ့ဆုံစဉ်အတွင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။

၂၀၁၉ ဧပြီလက ဝအထူးဒေသ ပန်ဆန်းတွင် ပြုလုပ်သည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှစ် ၃၀ပြည့် အခမ်းအနားတွင် စစ်ရေးပြ ပြုလုပ်စဉ်(မျိုးမင်းစိုး၊ ဧရာဝတီ)

မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်နိုင်ငံမှ လက်နက်များကို သွယ်ဝိုက် ရယူနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွန်ခဲ့သော နှစ်ပတ်က ပြုလုပ်သည့် ယူမီယူရီရှင်ဘွန်း သတင်းစာနှင့် ပြုလုပ်သည့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောခဲ့သော်လည် အသေး စိတ်ပြောကြားခြင်း မပြုပေ။

တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပတ်သက်သည့် အစာမကျေမှုများသည် လွန်ခဲ့သော ဧပြီလက ပြန်လည်ပေါ်ပေါက်လာသည်။

ထိုစဉ်က ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးသည့် နှစ်ပေါင်း ၃၀ပြည့် စစ်ရေးပြအခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းတွင် ကျင်းပပြီး မောင်းသူမဲ့ လေယာဉ်များနှင့် လေယာဉ်ပစ်ဒုံးကျည်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ပြသခဲ့သည်။

UWSA တွင် တပ်ဖွဲ့ဝင် ၃၀၀၀၀ ရှိပြီး အရန်တပ်ဖွဲ့ဝင် ၂၀၀၀၀ ရှိသောကြောင့် ၎င်းတို့သည် မြန်မာနိုင်ငံတွင် အင်အား အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ပါဝင်သည်။ UWSA သည် အဆင့်မြင့် လက်နက်စနစ်များ တပ်ဆင်ထားပြီး ထိုစနစ်များအတွက် တရုတ်နိုင်ငံက လက်နက်၊ ခဲယမ်းနှင့် နည်းပညာအကူအညီ ပေးသည်။

UWSA သည် ဒေသတွင်းမှ TNLA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းငယ်များကို လက်နက်၊ စစ်ဝတ်စုံနှင့် ပို့ဆောင်ရေး အထောက်အကူများအပြင် လိုအပ်သည်များကို ဆက်လက်ထောက်ပံ့နေသည်။

ယခုနှစ် ဧပြီလက ကျင်းပသည့် UWSA ၏ ခမ်းနားသော စစ်ရေးပြပွဲနှင့် ပတ်သက်ပြီး မနှစ်မြို့ကြောင်း မြန်မာ တပ်မတော် ပြောခွင်ရသူတဦးက ဇွန်လတွင် ပထမဆုံးအကြိမ် ဖေါ်ပြခဲ့သည်။

“UWSA က လက်နက်နဲ့ စစ်ရေးပြပွဲလုပ်တယ်။ သူတို့က စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်လို လုပ်နေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်က တော်တော်လေး သည်းခံနေရတာ”ဟု ဗိုလ်ချုပ်စိုးနိုင်ဦး က နေပြည်တွင် သတင်းထောက်များကိုပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်အောက်တွင် တပ်မတော်သည် ပြည်ပရင်းမြစ်နှင့် မဟာမိတ်များကို ခွဲဝေဖြန့် ကျက်လာခဲ့သည်။

လက်ရှိအချိန်တွင် တပ်မတော်သည် ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယူကရိန်းနှင့် တရုတ်တို့ထံမှလက် နက်များ ဝယ်ယူ နေသည်။ အနောက်နိုင်ငံများက မြန်မာ့တပ်မတော်အပေါ် အရေးယူမှုများ ချမှတ်ထားကြသော်လည်း ယခင်က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမဏီ၊ ဆွစ်ဇာလန် နှင့် ဆွီဒင် အပါအဝင် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံသို့ လက်နက်၊ ကြီးမားသော စစ်လက်နက်ပစ္စည်း ကိရိယာများနှင့် ဂျက်လေယာဉ်များကိုပင် ရောင်းချခဲ့ကြသည်။

၁၉၉၀ ခုနှစ်များက တရုတ်သည် မြန်မာနိုင်ငံသို့ အဓိက လက်နက်ထောက်ပံ့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း တရုတ်နိုင်ငံအပေါ် အကြီးအကျယ်မှီခိုရခြင်း အလယ်အလတ်တန်းအရာရှိများ အကြား မကျေမနပ်ဖြစ်လာကြသည်။ တရုတ်လုပ် စစ်လက်နက်ပစ္စည်းကိရိယာများ၏ အရည်အသွေးကို ၎င်းတို့နှစ်သက်ခြင်းမရှိပေ။ ထိုစဉ်က ငယ်ရွယ်သော အရာရှိဖြစ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ချွင်းချက်မဟုတ်ပေ။

ရှမ်းပြည်မြောက်ပိုင်းတွင် တွေ့ရသည့် TNLA တပ်ဖွဲ့များ(ဇော်ဇော်၊ ဧရာဝတီ)

မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဖက် အကျအဆုံး များ ရှိနေသည့်တိုင် တရုတ်နိုင်ငံသည် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအတွက် လက်နက်များကို ထောက်ပံ့နေသည်ကို ထိုငယ်ရွယ်သော အရာရှိများ မြင်တွေ့ခဲ့ရသည်။

၁၉၉၀ ခုနှစ်များက ထိုလူငယ်အရာရှိ မျိုးဆက်သည် ယခုအခါ မြန်မာတပ်မတော်ကို ဦးဆောင်နေပြီး တရုတ် တနိုင်ငံ တည်းကို အားမကိုးဘဲ အခြားနိုင်ငံများမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ကြိုးစားကြသည်။

သို့သော် ဥရောပသမဂ္ဂက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းကို ယခုနှစ်အတွင်း ပိတ်ပင်လိုက်သောကြောင့် ထိုသို့ နိုင်ငံများမှ လက်နက်ဝယ်ယူရေးအိပ်မက်မှ အလှမ်းကွာသွားခဲ့ရသည်။ မြန်မာနိုင်ငံ၏ လက်နက်အမျာစုသည် ရုရှား နှင့် တရုတ်မှဖြစ်ပြီး ဥရောပသမဂ္ဂမှ မဟုတ်ကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧပြီလတွင် မီဒီယာများအားပြောကြားခဲ့သည်။

မြန်မာအစိုးရသည် တရုတ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆက်စပ်ထောက်ပံ့မှုများနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်း မပြုသေးသကဲ့သို့ ထိုဖမ်းဆီးမိသည့် လက်နက်များနှင့် ပတ်သက်ပြီးလည်း ပြောဆိုခြင်းမရှိသေးပေ။

တရုတ်နိုင်ငံ၏ စီမံကိန်းကြီး အများအပြားကို လျှော့ချ ဖြတ်တောက်ခဲ့သောကြောင့် မြန်မာအရပ်သားအစိုးရနှင့် တရုတ် နိုင်ငံတို့၏ ဆက်ဆံရေး အတက်အကျများကိုလည်း စစ်ခေါင်းဆောင်များ မြင်တွေ့ခဲ့ကြသည်။

ဥပမာအားဖြင့်ဆိုရပါက ရခိုင်ပြည်နယ်မှ ရေနက်ဆိပ်ကမ်းအတွက် ခန့်မှန်းအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇.၅ ဘီလျှံ (ကျပ် ၁၁.၃၃ ထရီလျှံ) ကို စီမံကိန်း ပထမဆင့်အတွက် ဒေါ်လာ ၁.၃ ဘီလျှံအထိ လျှော့ချခဲ့သည်။ ထိုစီမံကိန်း ကို လျှော့ချဖြတ်တောက်သောကြောင့် တရုတ်နိုင်ငံက မကျေနပ်ကြောင်းမှာ ထင်ရှားလှပေသည်။

ရေးဆွဲထားပြီးသော စီမံကိန်းကြီးများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက အင်အားကြီးအိမ်နီးချင်း တရုတ်ကို စိတ်ပျက် အောင်လုပ်ဆောင်သည်မှာ ထိုတကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။

၂၀၁၁ ခုနှစ် စက်တင်ဘာလက ထိုစဉ်က သမ္မတဦးသိန်းစိန်အစိုးရသည် ကချင်ပြည်နယ်မှ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးထိခိုက်ခဲ့ရသည်။ “ထိုသို့ဆိုင်းငံ့ခြင်းသည် သေနင်္ဂဗျူဟာ ကျသော နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း အနောက်နိုင်ငံများက ပြောသည်။ အစိုးရသည် အခြေအနေကို ရှင်းပြရန် ကြိုးစားခြင်းမပြုလုပ်ခဲ့ပေ။

“မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ဆုံးရှုံးရသည့် တခုတည်းသော နိုင်ငံမှာ ၎င်းတို့နိုင်ငံသာဖြစ်သည်ဟု တရုတ်တို့က ထင်ကြသည်”ဟု ဦးသိန်းစိန်အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဦရဲထွဋ်က မကြာသေးမီက ထုတ်ဝေသည့် သူ၏ “မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ဆုံးရှုံးသွားသော အခွင့်အလမ်းများ” စာအုပ်တွင်ရေးသားခဲ့သည်။

မြစ်ဆုံဆည်ကို ဆိုင်းငံ့ခြင်း၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လာခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသစ်များ ပေါ်ပေါက်လာခြင်း၊ ရှမ်းနှင့် ကချင်ပြည် နယ်များ တွင် လက်နက်ကိုင် ပဋိပက္ခပြင်းထန်လာခြင်းသည် မတော်တဆ တိုက်ဆိုင်မှု ဖြစ်ရပ်များ မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဟောင်းက သူ၏ စာအုပ်တွင် ရေးသားထားသည်။

“နောင်သုံးနှစ်ကြာသောအခါ တရုတ်နယ်စပ်မှ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမျှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) တွင်လက်မှတ်ရေးထိုးခြင်းမရှိသည်မှာလည်း မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပေ” ဟု ဦး ရဲထွဋ်ရေးသားခဲ့သည်။

တပ်မတော်မှ သိမ်းဆည်းရမိသည့် TNLA အဖွဲ့၏ လက်နက်များ(ဧရာဝတီ)

TNLA သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရက္ခိုင့်တပ်မတော် (AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့်အတူ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးသော အဖွဲ့ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားသော စစ်ရေးမတည်ငြိမ်မှုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေး ခြိမ်းခြောက်မှု ကြီးထွားလာခြင်းသည် နိုင်ငံတွင်းမှ တရုတ်စီမံကိန်းကြီးများကို လျှော့ချဖြတ်တောက်ခြင်း၏ ရလဒ်ဖြစ်သည်ဟူသော စွပ်စွဲချက်များလည်း ရှိနေသည်။ မြန်မာတပ်မတော်သည် အစိုးရ၏ ဆုံးဖြတ်ချက်ကို သဘောတူပါမည်လား။ အမှန်တကယ်တော့ ထိုအတွင်းပိုင်းဆက်စပ်မှုစနစ်သည် နိုင်ငံရေးလေ့လာသူများ ဆက်လက်စောင့်ကြည့် ရမည့် အရာဖြစ်သည်။

မည်သို့ ဆိုစေကာမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုထံမှ တရုတ်နိုင်ငံလုပ်လက်နက်များ ဖမ်းမိသည်ဟု မြန်မာတပ်မတော်က ကြေညာခြင်းသည် ဘေဂျင်းအနေဖြင့် မီးလောင်ရာလေပင့်ခြင်း ရပ်ဆိုင်းရန် အချိန်ကျနေပြီ ဖြစ်ကြောင်း သတင်းစကားသာဖြစ်ပေသည်။

ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်ရေးသားသည့် Myanmar’s Generals Make a Show of Displeasure at China’s Arming of Rebels ကို ဘာသာပြန်ဆိုသည်။

ဆက်စပ်ဖတ်ရှု့ရန် –

TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို

TNLA ထံမှ ဖမ်းမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးများ ပါဝင်ဟုဆို

တရုတ်လက်နက် ဝင်ရောက်မှု အတိုင်းအတာက ပြည်တွင်းစစ် သက်ဆိုးရှည်ဖို့လား

မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ

The post နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ appeared first on ဧရာဝတီ.

]]>
သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ https://burma.irrawaddy.com/opinion/viewpoint/2019/11/25/209063.html Mon, 25 Nov 2019 07:48:24 +0000 https://burma.irrawaddy.com/?p=209063 တပ်မတော်၏ လုပ်ရပ်များကိုကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားခြင်းကို မယုံနိုင်အောင် ဖြစ်ကြသည်။

The post သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ appeared first on ဧရာဝတီ.

]]>
ဒေါ်အောင်ဆန်းစုကြည်သည် သဟိဂ်ရှိ နိုင်ငံတကာတရားရုံး (ICJ) သို့ သွားရောက်ပြီး လူမျိုးတုန်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ကို ခုခံကာကွယ်မည့် အဖွဲ့ကို ဦးဆောင်မည်ဆိုသည့် သတင်းသည် မြန်မာပြည်သူများအကြား အံ့သြမှုလှိုင်းဂယက် ဖြစ်စေခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို လူမှုကွန်ရက်အသုံးပြုသူများက စိတ်လှုပ်ရှားစွာ ကြိုဆိုကြသည်။ လူအများအပြားမှာ ထိုလုပ်ရပ်သည် မည်သို့အဓိပ္ပာယ် သက်ရောက်သည် ဆိုသည်နှင့် ICJ က ပေးနိုင်ခြေရှိသော အန္တရာယ်ကို သေသေချာချာ မသိကြသော်လည်း ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ သိမ်းကြုံးထောက်ခံပြီး ကရုဏာသက်ကြသည်။

တချိန်တည်းတွင် တချို့သော ထောက်ခံသူများက ထိုဆုံးဖြတ်ချက် မှားယွင်းသည်ဟု ဆိုကြသည်။  မည်သည့်အတွက် အန္တရာယ်ကို ရင်ဆိုင်ပြီး အရှက်တကွဲ အကျိုးနည်းမည်ကို လုပ်သနည်းဟု မေးကြသည်။ တပ်မတော်၏ လုပ်ရပ်များကို ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားခြင်းကို မယုံနိုင်အောင်ဖြစ်ကြကြောင်း ထိုသူများက ပြောသည်။

ICJ အမှုသည် ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို တရားဥပဒေရှေ့မှောက်သို့ ဆောင်ယူရန် နိုင်ငံတကာဥပဒေကြောင်းအရ အားထုတ်မှု အများအပြားအနက် ပထမဆုံးအမှုဖြစ်သည်။

၀၁၉ ဇွန်လ ဘန်ကောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်/Reuters

နိုင်ငံတော်အတိုင်ပင်ခံ၏ ကြိုတင်ပြင်ဆင်မှု အသေးစိတ်များကို မသိရသေးသလို၊ လာမည့်လတွင် သူနှင့်မည်သူများ လိုက်ပါမည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ သို့သော် အစိုးရက ထင်ရှားသောနိုင်ငံတကာရှေ့နေများ ငှားရန်းထားသည်ဟု မကြာသေးမီက ကြေညာသောကြောင့် သူနှင့်အတူ နိုင်ငံတကာဥပဒေ ကျွမ်းကျင်သူအဖွဲ့တခု ပါဝင်မည်ဟု မျှော်လင့်ရသည်။

ယခုအမှုတွင် ဥပဒေကျွမ်းကျင်သူ အဖွဲ့တဖွဲ့ အမှန်တကယ် လိုမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ပညာရပ်နှင့် ပတ်သက်သည့် မည်သည့်နောက်ခံမျှ မရှိပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကျပ်အတည်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချခံရပြီး သူ၏ ကျင့်ဝတ်ဆိုင်ရာ သြဇာက ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးစေသည့် စစ်ရေးနှိမ်နင်းမှုကို  ရှုတ်ချရန် နှုတ်ဆိတ်နေခြင်းအား မေးခွန်းထုတ်နေသည်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ အကြမ်းဖက်သမားများက ရဲစခန်းများကို တိုက်ခိုက်ပြီး အရပ်သားအများအပြားကို သတ်ဖြတ်ပြီးနောက် ၎င်းတို့ကိုပြုလုပ်သည့်  စစ်ဆင်ရေးများတွင် တပ်မတော် ပါဝင်ပတ်သက်ခဲ့သည်။ ထိုစစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများအဖြစ် မြန်မာနိုင်ငံတွင် သိကြသော ရိုဟင်ဂျာတို့ ဘင်္ဂလားဒေ့ရှ့်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးကြသည်။ မြန်မာနိုင်ငံမှ လူအများစုက ရိုဟင်ဂျာများသည် အိမ်နီးခြင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများဟု သတ်မှတ်သည်။

တပ်မတော်၏တုန့်ပြန်မှု

သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်သတင်းသည် ထိပ်တန်း တပ်မတော်ခေါင်းဆောင်များ အတွက်လည်း အံ့သြစရာသတင်း ဖြစ်ခဲ့သည်။ တပ်မတော် ဗိုလ်ချုပ်ကြီးများသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကိုကြိုဆိုကြသည်။

သို့သော် ဥပဒေအဖွဲ့ကို တပ်မတော်က မည်သို့အကူအညီ ပေးရန် ပြင်ဆင်ထားသည်ကို မသိရပေ။

မည်သို့ဆိုစေကာမူ တပ်မတော်ဗိုလ်ချုပ်ကြီးများသည် ICJ တွင် အမှုကိုကာကွယ်ရန် မည်သည့်စွမ်းရည်မျှ မရှိသောကြောင့် ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ထိုဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ရမည် ဖြစ်သည်။ တပ်မတော်ကို ခုခံကာကွယ်ရန် လုပ်ဆောင်ခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်ရာတွင် တပ်မတော် ခေါင်းဆောင်များနှင့် အပေးအယူလုပ်နိုင်စွမ်း ဒေါ်အောင်ဆန်းစုကြည်တွင် ပိုမို ရှိလာမည်ဟူသော မျှော်လင့်ချက်ကိုလည်း ဖြစ်စေသည်။

အရပ်သားအစိုးရနှင့် တပ်မတော်တို့ အဆင်မပြေသောကြောင့် မြန်မာနိုင်ငံတွင် သွေးကွဲနေကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ဂူတဂူထဲတွင် ခြင်္သေ့နှစ်ကောင်မအောင်း ဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုနှင့် တရားစွဲဆိုမှုများကို ခံနေရသောကြောင့် အစိုးရနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များအကြား ပိုမိုညှိနှိုင်းသည်ကို လက်နက်ကိုင်တပ်များအတွင်းရှိ နိုင်ငံရေးနှင့် အကျွမ်းတဝင်ရှိသော တပ်မတော်အရာရှိ အများအပြားက မြင်လိုကြသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်များကို ရှင်းပြရန် နိုင်ငံတကာ ဇာတ်ကောင်များနှင့် မီဒီယာများ အနေဖြင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များနှင့် ပိုမိုထိတွေ့သည်ကို ရခိုင်အကျပ်အတည်းနှင့် အကျွမ်းတဝင်ရှိသော တပ်မတော် အလယ်အလတ်တန်း အရာရှိ အများအပြားက လိုလားကြသည်။ တချိန်တည်းတွင် ၎င်းတို့သည် မြန်မာနိုင်ငံအပေါ် တဖက်သတ် စွပ်စွဲနေသည်ကို စိတ်ပျက်ကြပြီး မြန်မာနှင့် နိုင်ငံတကာအသိုင်းအဝန်း အကြားတွင် ဖြစ်ရပ်များအပေါ် ရှုမြင်မှု အကြီးအကျယ် ကွာဟနေသည်ကိုလည်း ဝန်ခံကြသည်။

ခိုင်မာပြီး စည်းကမ်းရှိသော နိုင်ငံရေးသမားဟု ၎င်းတို့မြင်ကြသော ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်အတွင်း လေးစားမှု ရှိနေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်သည် တွက်ချက်လုပ်ဆောင်သော ဆုံးဖြတ်ချက်ဖြစ်သည်ကို သံသယရှိရန် မလိုဘဲ၊ အတွင်းစည်းလူများနှင့် လက်အောက်အရာရှိများကိုပင် အံ့သြသွားစေခဲ့သည်။

ဗုဒ္ဓဘာသာအများစုဖြစ်သော ဗမာများ သူ၏ နောက်တွင်ရှိသည်ကို ဒေါ်အောင်ဆန်းကြည်သိသည်။ တပ်မတော်၏ ထောက်ခံမှုကို လိုကြောင်းလည်း သူက သိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလူမျိုး အများအပြား၏ ထောက်ခံမှုနှင့် ပြည်တွင်းတွင် တည်ရှိ လည်ပတ်နေသော အဖွဲ့အစည်းများ၏ ထောက်ခံမှု လိုသည်ကိုလည်း သူက သိသည်။

လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံနှင့် အစိုးရ၏ အမည်မခံသော ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း မျက်စပစ်နေသည်။

သို့သော် ထို ICJ အမှု ဖြစ်သည့် နိုင်ငံကို ကုလသမဂ္ဂ၏ ထိပ်ဆုံးတရားရုံးတွင် လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်တွင် နိုင်ငံကို ခုခံကာကွယ်ရန် ကျရောက်လာသော တာဝန်သည် အပေါ်ယံအားဖြင့် မမြင်နိုင်သော အခွင့်အရေးကောင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့အောင်မြင်အောင် လုပ်မည်နည်း။

သူ၏ လူ့သက်တမ်းအတွင်း နိုင်ငံတွင် ငြိမ်းချမ်းရေး အခြေ ခိုင်မာသည်ကို တွေ့လိုကြောင်း မကြာသေးမီက ရှမ်းပြည်နယ်ခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများကို ပြောခဲ့သည်။

ငြိမ်းချမ်းရေးမရမီ ဒေါ်အောင်ဆန်းစုကြည်သည် သဟိဂ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်ကား တိုင်းပြည်၏ ကံကြမ္မာပင်ဖြစ်သည်။

(Aung Zaw ၏ Daw Aung San Suu Kyi’s Mission to The Hague: Defending the Indefensible? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

 

ဆက်စပ်ဖတ်ရှုရန် –

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ

နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဦးရဲထွဋ်ပြောတဲ့ ဦးသန်းရွှေ

 

The post သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ appeared first on ဧရာဝတီ.

]]>
ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ နောက်ထပ် မကြိုးစားပါနဲ့တော့ https://burma.irrawaddy.com/opinion/interview/2019/10/31/207373.html Thu, 31 Oct 2019 06:23:28 +0000 https://burma.irrawaddy.com/?p=207373 အပစ်ရပ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်နိုင်မည့် အလားအလာတို့နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ - ၁ ဆလိုင်းလျန်မုန်းဆာခေါင်း ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။

The post ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ နောက်ထပ် မကြိုးစားပါနဲ့တော့ appeared first on ဧရာဝတီ.

]]>
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးထိုးထားသော်လည်း လက်တွေ့အခြေအနေတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ရှေ့မဆက်နိုင်ဘဲ ဇာတ်မျောကြီး ဖြစ်နေသည်ကို တွေ့ရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီးတွင် လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် လူထုရွေးချယ်တင်မြောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မှုများ ထားရှိခဲ့ကြသည်။

သို့သော်လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှုတ် လက္ခဏာပင် ပြလာလျှက်ရှိနေသည်။ အပစ်ရပ်အဖွဲ့များပင်လျှင် NCA စာချုပ်ပါအတိုင်း ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ၆ လတကြိမ်ပြုလုပ်ရမည်ဖြစ်သော ၂၁ ပင်လုံ ညီလာခံကိုပင် ပုံမှန် မကျင်းပနိုင်တော့ဘဲ ဖြစ်နေသည်။

ထို့ကြောင့် အပစ်ရပ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်နိုင်မည့် အလားအလာတို့နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်း ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ကြည့်ပြန်ရင်လည်း ဝေဖန်စရာတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ self Interest တွေရယ်၊ သူတို့ရဲ့ အကျိုးစီးပွားရေးတွေကလည်း အများကြီး ရှိပါတယ်။ တကယ်ကို ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ယုံကြည်ပြီး လိုချင်တဲ့ အုပ်စုတွေလည်း ရှိတယ်။ လက်မှတ် ထိုးခဲ့တဲ့သူတွေလည်းရှိတယ်။ ဆလိုင်းလျန်မုန်း အနေနဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကစပြီး Process တခုလုံးမှာ ပါခဲ့တာဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျနော် တို့ကို နည်းနည်းလေး ရှင်းပြပါလား။

ဖြေ ။ ။ အဲဒီမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ပေါ့နော်။ အခုလို ကျနော်တို့ အနေနဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရှိတယ်။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ရှိတယ်။ ရှေ့တိုးချင်တဲ့သူ ရှိတယ်။ နောက်ဆုတ်ချင်တဲ့သူ ရှိတယ်ဆိုတဲ့ ဟာမျိုးက ဘယ်အပေါ်မှာ အခြေခံလဲဆိုတော့ ကျနော်တို့ရဲ့ ခံယူချက် ပေါ်လစီပေါ်မှာ အများကြီး မူတည်တည်လို့ ကျနော် မြင်ပါတယ်။

အဲဒီ ခံယူချက်ပေါ်လစီဆိုတဲ့အပေါ်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ နှစ်ပေါင်း ၇၀ အချိန်ကြာပြီ ဖြစ်တဲ့ပြည်တွင်း စစ်ကို ဘယ်နည်းနဲ့ ချုပ်ငြိမ်းစေမလဲ။ အဲဒါ ရွေးချယ်မှု ဖြစ်ပါတယ်။ ဒီပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ ကျနော်တို့ ရွေးချယ်ရမဲ့လမ်းကြောင်းကတော့ နှစ်ခုပဲ ရှိမယ်လို့ ကျနော် မြင်တယ်။ နံပါတ် ၁ လမ်းကြောင်းက နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက် နိုင်ငံရေး စားပွဲခုံပေါ်မှာ ဖြေရှင်းရမယ့် လမ်းကြောင်းက တခု၊ ကျနော်တို့ အခု NCA လမ်းကြောင်းလို့ ပြောနေတာက ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ စားပွဲခုံပေါ်မှာ မျက်နှာချင်း ဆိုင်ပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လမ်းစဉ်ဖြစ်တယ်။ အဲဒီလမ်းစဉ်ကို လိုက်မလား။ အဲဒီ လမ်းစဉ်ကို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ လမ်းစဉ်ကို လိုက်မယ်ဆိုရင် အဲဒီလမ်းစဉ် က NCA လမ်းကြောင်းဖြစ်တယ်။

သို့သော် တခြားနည်း ရှိပါတယ်။ ဒီတိုင်းပြည် ပြဿနာကို ဖြေရှင်းဖို့က။ အဲနည်းက ဘာလဲဆိုတော့ စစ်ရေးနဲ့ ဖြေရှင်းတဲ့ ပြဿနာ။ ဟုတ်ပြီ ကျနော်တို့ တိုင်းပြည်ကို စစ်ရေးနဲ့ မဖြေရှင်းနိုင်ဘူးလား။ ဖြေရှင်းနိုင်ကောင်း ဖြေရှင်းမယ်။ သို့သော် ကျနော်တို့ တိုင်းပြည်ရဲ့ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ အတွေ့အကြုံအရ စစ်ရေးနဲ့ ဖြေရှင်းတာ မလွယ်ပါဘူး။ ဖြစ်လဲမဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနဲ့ ဖြေရှင်းလို့ နှစ်ပေါင်း ၇၀ တိုင် ကျနော်တို့ တိုင်းပြည်ဟာ စစ်ဒဏ်ကို ခံစားခဲ့ရပြီးပြီ။

ထို့အတွက်ကြောင့် ကျနော်တို့ ထဲမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေမှာပဲဖြစ်ဖြစ်၊ တခြား အဖွဲ့ အစည်းတွေထဲမှာပဲ ဖြစ်ဖြစ် အခြားအဖွဲ့အစည်းဆိုတဲ့ နေရာမှာ လက်နက်မကိုင် သော်လည်းပဲ အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ စစ်ရေး လမ်းကြောင်းကို ရွေးချယ်ချင်တဲ့ သူတွေ ဒီတိုင်းပြည်မှာ အများကြီးရှိတယ်။ ကျနော်အနေနဲ့ကတော့ ကျနော် တောင်းပန် ချင်ပါတယ်။ ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့တော့ နောက်ထပ် မကြိုးစားပါနဲ့တော့။ ကျနော်တို့ တိုင်းပြည် နစ်နာလွန်းနေပြီ။ ငြိမ်းချမ်းတဲ့ နည်းနဲ့ NCA လမ်းကြောင်းအတိုင်းပဲ ဖြေရှင်းရအောင်လို့ ကျနော် ဖိတ်ခေါ်ချင်ပါတယ်။

မေး ။ ။ တိုင်းရင်းသား အဖွဲ့တွေကရော သူတို့ရဲ့ တိုင်းရင်းသားအပေါ် အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သြဇာရှိလဲ။ ဘယ်လောက်ထိ Transparent ဖြစ်ဖြစ်၊ Accountable ဖြစ်ဖြစ်နဲ့ ပြန်ပြီးရှင်းပြတာတွေ ရှိသလဲ။ အဲဒါလည်း စိတ်ဝင်စားဖို့ ကောင်းမယ် ထင်တယ်။ တချို့ ကိစ္စတွေမှာ ကျနော် အထဲမှာ သူတို့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားချက် တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ထင်မြင်ချက်တွေက အများကြီး ကွဲလွဲမှု ရှိနေ မယ်လို့ ကျနော်ထင်တယ်။

ဖြေ ။ ။ ဒီကွဲလွဲမှုတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအတွက် အခက်အခဲ ရှိတယ်ဆိုတာ ကလည်း ကျနော် ထည့်ပြီး ပြောချင်တာပေါ့နော်။ ဘာလဲဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆောင်ရွက်တော့မယ်ဆိုရင် ကိစ္စ ၂ ခုကို ပြိုင်တူ တပြိုင်နက်တည်း ဖြေရှင်းရတဲ့ ပြဿနာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာ နှစ်ခုဆိုတဲ့နေရာမှာ တခုကတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာကို စပြီး ဖန်တီးလိုက်တဲ့ နိုင်ငံရေး ပြဿနာ၊ အဲဒီနိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့၊ နိုင်ငံရေး ရလဒ်ကို ရရှိအောင် ကျနော်တို့ လုပ်ရမယ်ဆိုတဲ့ ပြဿနာ အဲဒါတခု ဖြစ်ပါတယ်။

အဲဒီ နိုင်ငံရေး ရလဒ် တခုကို ရအောင်လုပ်ဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်တယ်။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တယ်။ လုပ်ငန်း ကော်မတီ အစည်းအဝေးတွေ လုပ်တယ်။ တိုင်ပင်မှုတွေ လုပ်တယ်။ ဒီ Process တွေ လုပ်နေ လုပ်နေရင်းနဲ့ ဒီညီလာခံကြီးတွေ လုပ်ရင်း လုပ်ရင်းနဲ့ ဒီအစည်းအဝေးတွေကို လုပ်ရင်း လုပ်ရင်းနဲ့ ဒီကော်မတီတွေ တွေ့ရင်း တွေ့ရင်းနဲ့ ကျနော်တို့ တကယ်ဖြေရှင်းချင်တဲ့ နိုင်ငံရေး ရလာဒ်ကို မေ့သွားတယ်။ အဲဒါနဲ့ ဘာဖြစ်သွားလဲ ဆိုတော့ ကျနော်တို့က ဒီဖြစ်စဉ်ကြီးမှာ လုံးလည်လိုက်ပြီးတော့ ရှေ့ကိုမတိုးဘဲနဲ့ အဲဒီမှာ ငုပ်နေ တယ်လို့ ကျနော် မြင်တယ်။

ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်းနှင့် ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် (ဓာတ်ပုံ – ဧရာဝတီ)

မေး ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် အမြဲတွေးမိတာလေး တခုရှိတယ်။ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို တိုင်းရင်းသား တွေကရော၊ တပ်မတော်ကရော အစိုးရကရော ပါဝင်နေတဲ့ သူတွေကရော ဘယ်လို အဓိပ္ပာယ်ဖော် သလဲဆိုတာရယ်၊ အဲ့ဒီငြိမ်းချမ်းရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေး မဲ့နေတဲ့နေရာတွေမှာ နှစ်ပေါင်း များစွာ နေခဲ့ရတဲ့၊ နေရဆဲ့ဖြစ်တဲ့ တိုင်းရင်းသားတွေကရော ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ပြီး ဘယ်လိုနားလည်လဲဆိုတာ ကျနော် အမြဲစဉ်းစားတာပေါ့။

ဖြေ ။ ။ အဲဒါ အင်မတန်မှ အရေးကြီးတဲ့ စကားဖြစ်တယ်။ ဖြေဖို့လဲ အင်မတန်မှ ခက်တယ်။ ကျနော် အနေနဲ့ ဒဿနိက ရှု့ထောင့်အနေကနေ ဖြေမလား။ နိုင်ငံရေး ရှုထောင့်ကနေ ဖြေမလား၊ စစ်ရေးရှုထောင့်ကနေ ဖြေမလား ဘက်ပေါင်းစုံကနေ ဖြေလို့ရတယ်လေ။ ထို့အတွက်ကြောင့် ကျနော်အနေနဲ့ နိုင်ငံရေးရှုထောင့် တခုတည်းကနေပဲ ဖြစ်ချင်တယ်။ ဆိုတော့ ငြိမ်းချမ်းရေးကို ရဖို့အတွက် ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ ပြဿနာကို အရင်ဖြေရှင်းဖို့လိုတယ်။ အဲဒီ ပြဿနာက ဘာလဲဆိုရင် နိုင်ငံရေး ပြဿနာ။

ဒီနိုင်ငံရေး ပြဿနာကို ပြေလည်နိုင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား ဘက်ကနေ ကြည့်ပြီးတော့ ပြောမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အနာဂတ်က နိုင်ငံရေးအရ အာမခံချက် ပေးနိုင်သော၊ နိုင်ငံရေး အာမခံချက် တစုံတရာ ရရှိနိုင် တယ်ဆိုရင် ငြိမ်းချမ်းရေး လမ်းစပွင့်ပြီ။ ငြိမ်းချမ်းရေး ရတယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဲဒီ လမ်းစပွင့်ဖို့အတွက် ကျနော်တို့ ကြိုးစားနေတာ ဖြစ်တယ်။ ထိုလမ်းစ ပွင့်ဖို့အတွက် ပင်လုံ ညီလာခံက တောင်းဆိုခဲ့တဲ့ ၁၉၆၁ – ၆၂ ကာလက နေပြီးတော့ တိုင်းရင်းသားတွေ တောင်းဆို ခဲ့တယ်။ ဒီတောင်းဆိုမှုတွေ အားလုံးက အခု NCA စာချုပ် အပိုဒ်တွေထဲမှာ ထည့်ထားတဲ့ ဟာတွေ ပဲဖြစ်ပါတယ်။

ဒါတွေကို ကျနော့် အကောင်အထည်ဖော်မယ် ဒီမိုကရေစီ အမျိုးသား တန်းတူ ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးတွေကို ကျနော်တို့ တိုင်းရင်းသားတွေကို အာမခံ ချက် အပြည့်အ၀ ပေးနိုင်မယ် ဆိုရင် ကျနော်တို့ အတွက် နိုင်ငံရေး အာမခံချက်ရှိပြီလို့ ကျနော် တို့ ပြောလို့ရပြီ။ နိုင်ငံရေးအာမခံချက် ရှိပြီ ဆိုရင်တော့ ငြိမ်းချမ်းရေးက လမ်းစပွင့်ပြီ။ ဆက်ဖန်တီးလို့ရပြီ။ စစ်ပွဲတွေ ရပ်လို့ ရပြီ။ စစ်ပွဲတွေ ရပ်လို့ ရပြီဆိုရင် ငြိမ်းချမ်းရေးက နီးစပ်လာပြီ။ ပြီးတော့ ပြန်လည်သင့်မြတ်ရေး ဆက်လက် ဆောင်ရွက်မယ်။ ငြိမ်ချမ်းရေးကို ဆက်လက် ဆောင်ရွက်မယ်။

ကျနော်တို့ တဆင့်ပြီး တဆင့် Peace Making (ငြိမ်းချမ်းရေးကို ဖန်တီးတာ) Peace Building (ငြိမ်းချမ်းရေးကိုတည်ဆောက်တာ) ကျနော်တို့ တဆင့်ပြီးတဆင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျနော် အခု ဧရာဝတီကနေ ပြည်သူလူထုကို မေတ္တာရပ်ခံ ချင်တာက အခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ ကြိုးစားပြီး ဆောင်ရွက်နေတာကတော့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့် ကနေ စပြီးဆောင်ရွက်နေတာ ငြိမ်းချမ်းရေး ကို ဖျက်ဆီးလိုက်တဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ အဆင့်မှာဘဲ ရှိသေးတယ်။ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၇၀ ကျော် ငြိမ်းချမ်းရေးက ပျက်ဆီးနေတယ်။

အဲဒီလို ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ်။ ကျနော်တို့ တိုင်းရင်းသားတွေက ကျနော်တို့ အနာဂတ်မှာ နိုင်ငံရေးအရ အာမခံချက် ရှိမယ်ဆိုရင် ကျနော်တို့ ဘာလို့ လက်နက် ကိုင်ရတော့မှာလဲ။ ဆိုတော့ လက်နိုင်ကိုင်ဖို့ မလိုတော့ဘူး။ ပြည်တွင်းစစ်ကို ရပ်ပြီဆိုရင် ငြိမ်းချမ်းရေး လမ်းစကြီးက ပွင့်နေပြီ။

မေး ။ ။ ဒီနေရာမှာ ကျနော်တခု မရှင်းတာ အခု ငြိမ်းချမ်းရေး Process ကို ကြည့်ရင်းနဲ့ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ရွာလည်သွားတယ်ပေါ့နော်။ ရှေ့ကို မတိုးနိုင်ဘူးဖြစ်နေတယ်။ အထူးသဖြင့် NLD အစိုးရလက်ထက်မှာပေါ့။ တိုင်းရင်းသား လူထူက ဘာကို လိုချင်တာလဲဆိုတဲ့ ကိစ္စ။ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့မှာ ခေါင်းဆောင် တွေကရော၊ နိုင်ငံရေးသမားတွေကရော ဒီ Peace Process မှာ ပါဝင်တဲ့ အကြောင်း အရာကို သေချာဆွေးနွေးမှု မရှိတာက Economic Development ကို သေချာ မဆွေးနွေးတဲ့ ကိစ္စပဲ။ အဲဒါက ငြိမ်းချမ်းရေးမှာ ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်မလဲလို့ ဆလိုင်းလျန်မုန်း ထင်လဲ။

တကယ်လို့ ကျနော်တို့ Economic Development ကို စပြောကြရင်၊ သူတို့ တိုင်းနဲ့ ပြည်နယ်မှာ စပြီး လုပ်ကြမယ်ဆိုရင်ရော ဒါသည် ကျွဲကူး ရေပါလို့ မြန်မာတွေ ပြောကြတဲ့ စကားအတိုင်းဆိုရင် ဒါကရော ဘယ်လောက်အထိ ကျနော်တို့က စကားလုံးတွေနဲ့ ရန်ဖြစ်နေ တာတွေရှိမယ်။ ကျနော်တို့ အိုင်ဒီယာ လော်ဂျီအရ ရန်ဖြစ်တာထက်စာရင် Wording အပြန်အလှန် ပြောနေရတာတွေ ရှိတယ်။ အဲအထဲမှာ လွတ်နေတာ တခုရှိတာက Economic Development နဲ့ ပတ်သက်ပြီး ပြောတာတွေ အားနည်းတယ်လို့ ကျနော်တော့ မြင်တယ်။ အဲဒါကို ဆလိုင်းလျန်မုန်း ဘယ်လိုထင်လဲ။

ဖြေ ။ ။ အဲဒါက သိပ်မှန်တဲ့ စကားပဲ။ ယနေ့အထိ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ခုနက ဆရာပြောခဲ့တဲ့ အထဲမှာပေါ့နော်။ ဒီဟာကြီး ကြာလာလို့ရှိရင် ရှေ့မတိုးဘဲနဲ့ အထူး သဖြင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေပေါ်မှာ ပြည်သူလူထူရဲ့ ယုံကြည်မှုတွေ လျော့နည်းမယ်ဆိုတဲ့ စိုးရိမ်စိတ်ကလည်း အဲဒီအပေါ်မှာ အများကြီး မူတည်တယ်။

ထို့အတွက်ကြောင့် ကျနော်တို့ NCA စာချုပ်ကို စပြီးလုပ်ကတည်းက ဒီလိုဟာမျိုး ပြဿနာတွေ မကြုံရလေအောင် ကျနော်တို့ ထည့်ထားတာရှိပါတယ်။ NCA စာချုပ် အခန်း ၆ မှာ ပါပါတယ်။ အဲဒီ အခန်း ၆ မှာ ဘာပါလဲဆိုတော့ ကြားကလမှာ ဆောင်ရွက်ရမယ့်ကိစ္စများ၊ အဲတာက တိုင်းရင်း သားဒေသမှာ NCA စာချုပ် လက်မှတ်ရေးထိုးလိုက်တာနဲ့ တပြိုင်နက် ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ ဖွံ့ဖြိုးရေး ဆိုတဲ့ အရာတွေကို လုပ်နိုင်အောင် ဒါလေးတွေ ထည့်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက ဆွေးနွေးတယ်။ ဒါပေမယ့် ကျနော်တို့ သဘောတူတဲ့ အဆင့်ပဲ ရှိတယ်။ အောက်တိုဘာ လမှာ လက်မှတ်ထိုးတယ်။ နိုဝင်ဘာလမှာ သူတို့ ရပ်သွားတယ်။ ကျနော်တို့ ပြန်အကောင်အထည်ဖော်မယ် ဆိုတော့ ကျနော်တို့ JICM (NCA အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး) မှာ ကျနော် ကိုယ်တိုင် တင်ဖူးတယ်။

ဒါက ကော်မတီက အရေးကြီးတာဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးပါ။ အဲမှာလည်းပဲ ကျနော်တို့ ဘယ်လောက် သဘောတူလဲဆိုရင် ဥပမာအားဖြင့် ကျနော်တို့ CNF ရယ် ချင်းပြည်နယ်အစိုးရရယ်။ နိုင်ငံတကာ Donor တွေနဲ့ ပေါင်းပြီးတော့ ချင်းပြည်နယ် တိုးတက်ရေး လုပ်မယ်။ ဒါဆို ဆွေးနွေးမှုကိုလဲ အားပေးမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတာလဲ ကောင်းမယ်။ ပြည်သူလူထုလဲ အကျိုးရှိမယ်။ အဲဒါမျိုး လုပ်သင့်တယ်ဆိုတဲ့ဟာ ယနေ့အထိ ကျနော်တို့ ကော်မတီတောင် မဖွဲ့နိုင်သေးဘူး ဆရာ။

အဲဒီ ကြားကလ ကော်မတီ ယနေ့အထိ မဖွဲ့ နိုင်သေးဘူး။ ပြီးတော့ အဲကြားကာလ ကော်မတီ မပြောနဲ့ ကျနော် တို့ တဖွဲ့ချင်း အစိုးရနဲ့ လက်မှတ်ထိုးတုန်းက ကျနော်တို့ CNF နဲ့ ချင်းပြည်နယ် အစိုးရ၊ ခုတော့ CNF နဲ့ ပြည်ထောင်စု အစိုးရ ပြည်ထောင်စု အဆင့် လက်မှတ် သုံးခါ ထိုးတယ်။ အဲအထဲမှာ ပါတဲ့ အချက်ပေါင်း ၁၅၀ ကျော်လောက်ရှိတယ်။ အဲဒါလေးသာ ကျနော်တို့ အကောင် အထည် ဖော်နိုင်တယ်ဆိုရင်လေ ချင်းပြည်က တော်တော်လေး ပြောင်းလဲမှာ ဖြစ်တယ်။

ခုနက ဆရာ ပြောနေတဲ့ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှုလေးတွေကို လူထုက မြင်မှာဖြစ်တယ်။ ဒါဆိုရင် ငြိမ်းချမ်း ရေးဆိုတဲ့ လမ်းကြောင်းကြီးက ခရီးရှည်ကြီး အဲဒီမှာ သူတို့ ယုံကြည်မှုတွေ ရှိလာမယ်။ အဲဒါမဆောင်ရွက်နိုင်တာ ကျနော်တို့ရဲ့ အားနည်းချက် တခုပဲဖြစ်တယ်တယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ ကျနော် ပြောချင်တာက ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကတော့ ဒဿနိက ဆန်တာ ပေါ့နော်။ ပြောကြမယ်ဆိုရင် ကျနော်တို့ အခု ဒေသတည်ငြိမ်ရေး ကိစ္စပေါ့နော်။ အဲမှာ ချင်း ပြည်တင် မဟုတ်ဘဲနဲ့ ရခိုင်ပြည်ပါမယ် ရှမ်းပြည်ပါမယ်။ ကရင်လဲ ပါမယ်။ မွန်လဲ ပါမယ်။ အဲဒီကမှ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို Economic Development ကျနော် တို့ တိုင်းပြည်က သံယဇာတ အရရော တကယ်လည်း Potential လဲရှိ၊ တကယ်လဲချမ်းသာ ကြွယ်ဝတဲ့ တကယ့် မြေပေါ် မြေအောက် သယံဇာတတွေနဲ့ အလွန်ချမ်းသာ ကြွယ်ဝသွားနိုင်တဲ့ နိုင်ငံတနိုင်ငံ၊ ကျနော်တို့ နိုင်ငံကို ဘေးပတ်ဝန်းကျင် နိုင်ငံက လာကြည်ပြီးတော့ တကယ်ကို အားကျတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကို သွားကြည်မယ်ဆိုရင် ပေါ့လေ့။ ဒါနဲ့ ပတ်သက်ရင် အဲနေရာမှာ Peace Process ဆိုပြောရင် Economic Development နဲ့ ပတ်သတ်ပြီး ပြောတာ အရမ်းကိုနည်းတယ်လို့ ခံစားရလို့ ခုနက မေးဖြစ်တာ။

ဖြေ ။ ။ ကျနော်တို့ NCA ဒီဇိုင်း စလုပ်ကတည်းက NCA စာချုပ်ချုပ်ပြီးလို့ ရှိရင် အနည်းဆုံး ဖြစ်စဉ် အလုပ်သုံးခုကို ကျနော်တို့ တပြိုင်နက်တည်း ဆောင်ရွက်မယ်လို့ မျှော်မှန်ထားခဲ့တယ်။

နံပါတ် ၁ ကတော့ ခုနက ကြားကာလ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးလေးတွေလုပ်မယ်။ Development for Peace ပေ့ါ။ အဲဒါလေး ဆောင်ရွက်မယ်၊ နောက်တခု တဖက်မှာတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ရေရှည်ပြဿနာ၊ ရေတိုပြဿနာ ငြိမ်းချမ်းရေးဆွေးနွေးရေး UPDJC ကနေ ဒါလေး ဆွေးနွေးမယ်။ ပြီးတော့ တဖက်မှာလည်းပဲ တိုက်ပွဲတွေ မဖြစ်အောင်၊ စစ်ပွဲတွေ မဖြစ်အောင် JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ) ဆိုတာလေးနဲ့ ထိန်းမယ်ဆိုပြီး လုပ်ငန်း သုံးခု လုပ်ဖို့ ကျနော်တို့ ဒီဇိုင်း လုပ်ထား တာဖြစ်ပါတယ်။

အဲဒီတော့ သုံးခုလုပ်တဲ့အထဲမှာ ခုနက ကျနော်တို့ Development နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ် ဆိုတာ မဖြည့်ဆည်းနိုင်သေးတာ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါတယ်။ လက်ရှိအစိုးရကိုရော တပ်မတော်ဘက်ကိုရော ကျနော်တို့ တင်ပြတယ်။ ဒါတွေ မဆောင်ရွက် နိုင်ဘူး ဆိုရင် ကျနော်တို့ ဘာဖြစ်သွားမလဲဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ ကြာလေ ကြာလေ လူထူရဲ့ ယုံကြည်မှု နည်းတဲ့အပြင် ဘာဖြစ်သွား နိုင်သေးလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တော်တော်များများ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရကနေ ကျနော်တို့ကို တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ပုံစံမဟုတ်ပဲနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ လက်နက်ချခိုင်းတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်လာရင် ကျနော်တို့ရေရှည်အတွက် မကောင်းဘူး။ ထို့အတွက်ကြောင့် ဒါကို ကျနော်တို့ အနေနဲ့ ဒီသုံးခုလုံးကို တပြိုင်တည်း လုပ်သင့်တယ်လို့ ကျနော်ထင်တယ်။

ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်းနှင့် ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် (ဓာတ်ပုံ – ဧရာဝတီ)

မေး။ ။ ကျနော်ထပ်ပြီး မေးချင်တာက တိုင်းရင်းသားခေါင်းဆောင်တွေ ခုတလော အသံတွေ ကြားနေရတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီနိုင်ငံခြားသားတွေနဲ့ ဒီ Peace Process မှာ နိုင်ငံခြား သားတွေ ပါနေတဲ့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတယ်ဆိုတာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတာကအစ ပြည် ပက အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ Consultant လုပ်တာတွေ ရှိသလိုမျိုးပဲ၊ တိုင်းရင်း သားတွေထဲမှာလည်း လာပြီးတော့ အကြံဉာဏ်ပေးတဲ့ နိုင်ငံခြားသားတွေ ရှိတယ်။ သူတို့တွေနဲ့ ပတ်သက်ပြီး အခုဆိုရင် ဝေဖန်ပြောဆိုတဲ့ အသံတွေ ကြားလာရတယ်။ နောက်ပြီးတော့ ဘယ်သူ က Agenda ကို Control လုပ်တာလဲ ဆိုတဲ့ကိစ္စတွေပေါ့။ နိုင်ငံတကာကလည်း Peace Process နဲ့ ပတ်သက်ပြီးတော့ ပိုက်ဆံတွေ နှစ်စဉ် သုံးပေးနေတာတွေ၊ Technical Advisor ပဲဖြစ်ဖြစ်၊ Logistic ပိုင်းပဲဖြစ်ဖြစ် Meeting တွေ၊ Conference တွေ၊ Avenues တွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာက ပေးနေတဲ့ Budget တွေ၊ Grant တွေလည်း မနည်းပါဘူးဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျရင် ကျနော်တို့ အသံပိုပြီးကြားလာတာတွေ့တယ်။ ဆလိုင်းလျန်းမုန်း ဆိုလဲ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ ထိတွေ့ဆက်ဆံနေရတယ်ဆိုတော့ ဆလိုင်းလျန်မုန်း ရဲ့ အမြင် လေးလဲကြားချင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ တိုင်းပြည် ဒီလို ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရတယ်၊ လက်နက်ကိုင် ပဋိပက္ခနဲ့ ရင်ဆိုင်ရတယ်ဆိုတဲ့ တိုင်းပြည်မှာ ကမ္ဘာ့ကုလသမဂ္ဂ UN ပဲဖြစ်ဖြစ်၊ နိုင်ငံတကာ NGO တွေပဲဖြစ်ဖြစ် အစိုးရတွေပဲ ဖြစ်ဖြစ် ဝင်ပြီးကူညီပေးရမယ် ပံ့ပိုးပေးရမယ်၊ အကြံဉာဏ်ပေးရမယ်၊ နည်းပညာ အထောက်အကူ ပေးရမယ်ဆိုတာ တကယ့်ကို သဘာ၀ ကျတယ်။ လိုလဲ လိုအပ်တယ်။ ဘာလို့ လဲဆိုရင် ကျနော်တို့ ကမ္ဘာကြီးက Global Village ဖြစ်နေပြီ။ အချင်းချင်း ပြန်လှန် ကူညီရတဲ့ အဆင့်ရောက်နေပြီ။ နိုင်ငံတကာရဲ့ အကူအညီကို ရံပုံငွေဖြစ်ဖြစ် ကျနော်တို့ လိုအပ်တယ်။

ပြီးတော့ နည်းပညာအနေနဲ့ လည်း ကျနော်တို့ လိုအပ်တယ်။ ပြီးတော့ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက်နဲ့ အကြံပေးဖို့ အနေနဲ့လည်း လိုအပ်ပါတယ်။ သို့သော် နိုင်ငံခြား ပညာရှင်တွေ သတိထား ဖို့လိုအပ်နေတာက ဘာလဲဆိုတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာကို နားလည်တာ ဒီတိုင်းသူ ပြည်သား တွေဖြစ်တယ်။ ကျနော်တို့ ဒီတိုင်းသူပြည်သားတွေက ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ကျနော်တို့အနေနဲ့သိတယ်။ ယနေ့အထိ မဖြေရှင်းနိုင်သေးတာက လွန်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် မတိုင်ခင်ကပေါ့ဗျာ ယခုလို တွေ့ဆုံဖို့ မျက်နှာချင်းဆိုင် ဆွေးနွေးဖု့ိ တွေ့ဆုံမှု မရှိခဲ့ဘူး။

ခုပေါ်လာတဲ့ အခွင့်အရေးကို ယူပြီးတော့ ကျနော်တို့အနေနဲ့ တွေ့ဆုံမယ် ဆွေးနွေးမယ်၊ အဖြေရှာမယ်ဆိုရင်၊ ကျနော်တို့မှာ အဖြေရှိတယ်။ သို့သော် ကျနော့်မှာ ရှိတဲ့ အဖြေကို ပိုပြီးတော့ ကောင်းမွန်အောင် ပိုပြီးတော့ လျင်မြန်အောင် နိုင်ငံခြား ပညာရှင်ရဲ့အကူအညီတွေ လုပ်နည်း လုပ်ဟန်တွေကို ကျနော်တို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အကူအညီနဲ့ အကြံဉာဏ်ကိုပဲ ကျနော်တို့ လိုချင်တာပါ။ သူတို့ရဲ့ အဖြေကို လိုချင်တာ မဟုတ်ပါဘူး။

နိုင်ငံခြား သားတွေက ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို လာဖြေရှင်းပေးဖို့ မလိုဘူး။ အကြံဉာဏ်ပဲ လိုချင်တယ်။ အထောက်အကူပဲ လိုချင်တယ်။ သို့သော် ကျနော်တို့ ကြားနေရတာတွေက တချို့ဟာတွေက ဘာလဲဆိုတော့ ကျနော် စိုးရိမ်တာပေါ့နော်။ တချို့ဟာတွေက Agenda Control လုပ်ချင်တာ။ တချို့ဟာတွေက ကျနော်တို့ သွားမယ့် လမ်းကြောင်းကိုပါ Control လုပ်ချင်တာ။ ကျနော်တို့ ကြားနေရတယ်။

မေး ။ ။ ခုနောက်ပိုင်း သွားနေတဲ့ လမ်းကြောင်းကိုပါ သွေဖယ်အောင် လုပ်နေတယ်ဆိုတဲ့ အသံတွေပါ ကျနော်တို့ ကြားလာရတယ်။

ဖြေ ။ ။ အဲဒါလေး ကျနော်တို့က ကြုံနေရတာပေါ့။ ဆရာတို့က ကြားနေတယ်။ ဥပမာအားဖြင့် ကျနော်တို့ NCA လမ်းကြောင်းလေး အတိုင်းပဲသွားတယ်။ NCA လမ်းကြောင်းလေး အတိုင်းပဲ ဖြေရှင်းနေတာ ကျနော်တို့အတွက် ကောင်းတယ်။ အခုနောက်ပိုင်း ကျနော်တို့ ကြားနေရတဲ့ ဟာတွေက NCA လမ်းကြောင်းဆိုတဲ့ နေရာမှာ NCA မှာပါတဲ့နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၅ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ Principal Agreement လုပ်တယ်ဆိုတာ မှားတယ် လို့ ဝေဖန်တဲ့သူမျိုး ရှိတယ်။ ပြီးတော့ အဲဒီအစား Fertilization Process ဆိုတဲ့ အကြံဉာဏ် ပေးထားတယ်။ အဲဒီ Fertilization Process ဘယ်အပေါ်မှာ အခြေခံတာလဲ။ ဖက်ဒရယ် ပြည်ထောင်စုအတွက် တဆင့်ပြီးတဆင့် သွားမယ်ဆိုတာ ကျနော် လက်ခံတယ်။

သို့သော် ဘယ်အပေါ်မှာလဲ။ NCA အပေါ်မှာလား။ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ်မှာလား။ သို့မဟုတ် ဘယ်အပေါ်မှာလဲ။ အခုက ကျနော် စိုးရိမ်နေတာတာက NCA လမ်းကြောင်းပေါ်မှာ အခြေမခံပဲ တခြားတခုခုပေါ်မှာ သူတို့ ကျနော်တို့သွားမဲ့ လမ်းကြောင်းကို ရွေးချယ်ပေးမယ် ဆိုရင် သူတို့ ဘယ်လောက်အထိ အန္တရာယ်ကြီးလဲဆိုတာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနဲ့ ဖြေရှင်းပါဆိုတဲ့အထိ ဖြစ်လာမှာကို ကျနော် ကြောက်တယ်။ အဲဒီ နိုင်ငံ ခြားသား ပညာရှင်တွေရဲ့ အကြံဉာဏ် ကျနော်တို့ အနေနဲ့ လိုအပ်တယ်။

ကျနော် မှာလည်း မိတ်ဆွေတွေ အများကြီးရှိတယ်။ သူတိုရဲ့ စေတနာကို ကျနော်တို့ အနေနဲ့လည်း နားလည်တယ်။ တချို့ဟာတွေက သူတို့လုပ်ရမယ့်ကဏ္ဍထက် နည်းနည်းကျော်ပြီး Agenda Control လုပ်ချင်တယ်။ သူတို့ လိုချင်တဲ့ ပုံစံကို လာချပေးတယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်ဆိုရင်တော့ အဲဒါဟာ မဖြစ်သင့်ဖူးလို့ ကျနော် ရိုးရိုးသားနဲ့ မြင်တယ်။

မေး ။ ။ ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်တိုင်က နိုင်ငံခြားသားတွေကို အထင်ကြီးတဲ့ စိတ်ရှိ တယ်လေ။ Peace Process မှာ ဦးသိန်းစိန် လက်ထက်မှာကော၊ ခုအစိုးရ လက်ထက်မှာကော နိုင်ငံခြားသားတွေ အများကြီး UN အပါအဝင်၊ INGO တွေအပါအဝင် ရန်ပုံငွေ ပေးတာတင် မဟုတ်တော့ပဲ ပါဝင်လာတာ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အသံ တွေက တော်တော်ကို ထွက်လာကြတာပေါ့။

ဖြေ ။ ။ ပါဝင်လာတာ ကောင်းပါတယ်။ အကြံဉာဏ်ပေးတာ ကောင်းပါတယ်။ ရန်ပုံငွေ အနေနဲ့ ကူညီ တာလဲကောင်းပါတယ်။ ကျနော့် အနေနဲ့ နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရတယ်။ စစ်အာဏာရှင် စနစ်အောက်မှာ နေရတယ်ဆိုတော့ ကျနော်တို့ အနေနဲ့ နိုင်ငံတကာ အတွေ့ အကြုံတွေ အများကြီးလိုအပ်ပါတယ်။ သို့သော် ခုနက ကျနော်ပြောသလိုပေါ့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာဖြေရှင်းတဲ့ နေရာမှာ ခင်ဗျားတို့ ဒီအတိုင်း သွားပါ။ ဒီလမ်းကြောင်း သွားပါဆိုတဲ့ဟာအထိကိုတော့ ကျနော်တို့ ပြဿနာကို သူတို့က လာပြီး ဖြေရှင်း ပေးပါမယ်ဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ စေတနာ မဟုတ်တော့ဘဲနဲ့ ကိုလိုနီခေတ်က အတွေးအခေါ်များ ဖြစ်သွားမှာကို ကျနော်စိုးရိမ်းပါတယ်။ ဒါလေးပါပဲ။

မေး ။ ။ ဆလိုင်းလျန်မိုး အခုပြောနေတဲ့ ပြဿနာတွေ အခုဖြစ်နေတဲ့ အောက်ခြေက အနေအထားတွေကိုရော ခုဆိုရင် Peace Process မှာ ထိပ်ကနေပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ကကော ဘယ်လောက် အထိ ထဲထဲဝင်ဝင် သိတယ်လို့ ခံစားရလဲ။

ဖြေ။ ။ ကျနော် ဒေါ်အောင်ဆန်း စုကြည်ကို ယုံတယ်။ ကောင်းကောင်းယုံကြည်တယ်။ သူအနေနဲ့ စေတနာ အပြည့်အ၀ ရှိတယ်။ ဒေါ်အောင်ဆန်း စုကြည်က တော်တော် တော်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ အနေနဲ့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်အနေနဲ့ ဖြစ်စေချင်တာက သူ့ကို အထောက်အကူ ပေးမဲ့ ဝန်ကြီးဌာနလိုဟာမျိုး Team ကောင်းကောင်း ရှိဖို့လိုမယ်လို့ ထင်ပါတယ်။

မေး ။ ။ တပ်ချုပ်ကိုကော ဘယ်လို မြင်လဲ။

ဖြေ ။ ။ တူတူပါပဲ။ တပ်ချုပ်မှာလည်း စေတနာ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ တွေ့ဆုံ ဆွေးနွေး စကားတွေ အများကြီး ပြောဖို့ လိုပါတယ်။ သူတို့ရဲ့ တဖက်သတ် အမြင်မျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လေသံကို သူအနေနဲ့ နားထောင်ပေးစေချင်ပါတယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဒီအချိန်မှာ ဖြေရှင်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ ဒီအခွင့်အရေးက နှစ်ပေါင်း ၇၀ ကြာမှ တခါပေါ်တာ။ ဒီအခွင့်အရေးကို တပ်ချုပ်ကြီးရော၊ ဒေါ်အောင်ဆန်း စုကြည် ရော၊ သမ္မတကြီးရော အားလုံး တာဝန်အပြည့်အ၀ အသုံးချပြီးတော့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖန်တီး ပေးစေချင်ပါတယ်။ သူတို့ လက်ထဲမှာရှိပါတယ်။ သူတို့ လုပ်နိုင်ပါတယ်။ သူတို့ စေတနာ ရှိရှိ နဲ့ တိုင်းပြည်အပေါ်မှာ၊ လူထူအပေါ်မှာ လက်ရှိတိုင်းပြည်နဲ့ လက်ရှိ လူထူသာမက ကျနော့် တိုင်းပြည်အနာဂတ် တခုလုံး၊ ကံကြမ္မာတခုလုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဆုံးဖြတ်မှုမျိုးမှာ လုပ်နိုင်တဲ့ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး သူတို့မှာရှိပါတယ်။ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချပေးဖို့ ကျနော်ကတော့ မေတ္တာရပ်ခံချင်ပါတယ်။

မေး ။ ။ အခုနောက်ဆုံး မေးချင်တာက ကျနော်တို့ တိုင်းပြည်မှာ အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေး နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို ညီးညူတဲ့ အသံတွေ ကျနော်တို့ ပိုကြားလာရတယ်။ ဒါကိုလဲ နိုင်ငံကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေက သိမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါကို ကျနော်တို့ တိုင်းပြည်မှာ တွေနေတဲ့ အနေအထား ကိုမေးတဲ့အခါကျရင် တချို့ ပြောကြတာရှိတယ်။ ကံကြမ္မာဆိုတာကို ပုံချကြတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာပဲလို့ ပြောကြတာရှိတယ်။ တခါတလေ ကျရင် ကျနော်က စဉ်းစားတာက တိုင်းပြည်ရဲ့ ကံကြမ္မာလား၊ ကျနော်တို့မှာ ရှိနေတဲ့ အတ္တတွေ၊ မာနတွေကို မခွာနိုင်ကြတာလားလို့ မေးမိတယ်။ အဲဒီတော့ အတ္တနဲ့ မာနကလည်း Peace Process မှာ တော်တော် ကိုအရေးကြီးတဲ့ ကဏ္ဍကနေ ပါနေသလားလို့။ အဲဒါလေးကိုကော ဆလိုင်းလျန်မုန်း ဘယ်လို ထင်သလဲ။

ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ၊ ကျနော်ကတော့ ခရစ်ယာန်ပါ။ ဗုဒ္ဓတရားတော်ရဲ့ အဆုံးအမ အရဆိုရင် ကံဆိုတာ လူက ဖန်တီးတာပဲဆိုတော့ ကျနော်တို့အနေနဲ့ ဒီကံကြမ္မာကို ကျနော်တို့ ဖန်တီးပိုင်ခွင့် လက်ထဲမှာရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့် ကျနော်တို့ လက်ထဲမှာ ရှိပါတယ်။ လူထုလက်ထဲမှာ ရှိပါတယ်။ ခေါင်းဆောင်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ ဒါကို သတ္တိ ရှိရှိနဲ့ လုပ်ဖို့လိုတယ်။မှန်တယ်ဆိုတာကို ယုံကြည်တယ်ဆိုရင် ဒီယုံကြည်မှုအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်။ ဒါအမှန်တရားပါ။ ကျနော်တို့ ခရစ်ယာန် ကျမ်းစာထဲမှာ ရှိတယ်။ အမှန်တရားက သင်တို့ကို လွတ်မြောက်စေလိမ့်မည်။ အမှန်တရားပေါ်မှာ ကျနော်တို့ ရဲရဲရပ်တည် ရဲတယ်ဆိုရင် ဒီကံကြမ္မာကိုလဲ ကျနော်တို့ ဖြေရှင်းနိုင်မယ်။ ဒီငြိမ်းချမ်းရေးကိုလဲ တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

You may also like these stories:

ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်

The post ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ နောက်ထပ် မကြိုးစားပါနဲ့တော့ appeared first on ဧရာဝတီ.

]]>
ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး https://burma.irrawaddy.com/opinion/interview/2019/10/30/207288.html Wed, 30 Oct 2019 09:43:29 +0000 https://burma.irrawaddy.com/?p=207288 အပစ်ရပ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်နိုင်မည့် အလားအလာတို့နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ - ၁ ဆလိုင်းလျန်မုန်းဆာခေါင်း ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။

The post ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး appeared first on ဧရာဝတီ.

]]>
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးထိုးထားသော်လည်း လက်တွေ့အခြေအနေတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ရှေ့မဆက်နိုင်ဘဲ ဇာတ်မျောကြီး ဖြစ်နေသည်ကို တွေ့ရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီးတွင် လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် လူထုရွေးချယ်တင်မြောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မှုများ ထားရှိခဲ့ကြသည်။

သို့သော်လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အနှုတ် လက္ခဏာပင် ပြလာလျှက်ရှိနေသည်။ အပစ်ရပ်အဖွဲ့များပင်လျှင် NCA စာချုပ်ပါအတိုင်း ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် ၆ လတကြိမ်ပြုလုပ်ရမည်ဖြစ်သော ၂၁ ပင်လုံ ညီလာခံကိုပင် ပုံမှန် မကျင်းပနိုင်တော့ဘဲ ဖြစ်နေသည်။

ထို့ကြောင့် အပစ်ရပ်အဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ ရှေ့ဆက်နိုင်မည့် အလားအလာတို့နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်း ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ NLD အစိုးရ ဦးဆောင်တဲ့ ဒီဘက် ခေတ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် တွေ အများကြီး ရှိနေကြတယ်။ ဒါပေမဲ့ အခုဆိုရင် ငြိမ်းချမ်းရေးကလည်း ဇာတ်မျောကြီး ဖြစ်နေတယ်လို့ အားလုံးက မြင်နေကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆလိုင်းလျန်မုန်းရဲ့ အမြင်လေးကို စပြီး ပြောပြပေးပါလား။

ဖြေ ။ ။ ကျနော်တို့လက်ရှိဆင်နွှဲနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးပေါ့နော် အခက်အခဲရှိတယ်။ တချို့ နေရာမှာ တစ်ဆို့မှုတွေရှိတယ် ဆိုတာတော့ ကျနော်တို့ အားလုံး ဝန်ခံရမှာ ဖြစ်ပါတယ်။ ဘာလို့ လဲဆို ကျနော်တို့အားလုံးက ထဲထဲဝင်ဝင် ပါတဲ့သူတွေနဲ့ ဘာကြောင့် ဘယ်နေရာမှာ ဘယ်လို အခက်အခဲတွေရှိတယ်ဆိုတာ ကျနော်တို့ နားလည်တဲ့အပေါ်မှာ တဆို့မူလေးတွေ ရှိတယ် ဆိုတာ ကျနော်တို့ ဝန်ခံပါတယ်။

အဲဒီ တဆို့မူတွေက ကျနော်တို့ ကျော်လွှားလို့ မရတဲ့ တဆို့မှု မဟုတ်ဘူး။ ကျနော်တို့ ဖြေရှင်းလို့ မရတဲ့ ပြဿနာမဟုတ်ဘူး။ အခက်အခဲရှိတယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီးဆိုတာ နှစ်ပေါင်း ၇၀ ကြာပြီ။ အဲနှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြဿနာကြီးကို ဖြေရှင်းဖို့အတွက်ဆိုရင် တခါတလေ ကြတော့ ကျနော်တို့ ဒီလိုပုံစံလေးမျိုးနဲ့ အစည်းအဝေး တခါလောက် ထိုင်ပြီးတော့ ဒီအကြံ ဉာဏ် လေးတွေ ဆွေးနွေးပြီးတော့ ဒီပြဿနာလေးတွေ ဖြေရှင်းလိုက်ရင် ပြေလည်မယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒါလေးကို ဆွေးနွေးရင်းနဲ့ ကျနော်တို့ မမျှော်လင့်ဘဲနဲ့ ကျနော်တို့ ဖြေရှင်းချင်တဲ့ ပြဿနာအောက်မှာ ငုတ်နေတဲ့ တခြား ပြဿာနာ ဘွားခနဲပေါ်လာတာလေးတွေ ကျနော်တို့ ကြုံပါတယ်။

မေး ။ ။ ခုနက ပြောသွားတဲ့ အထဲမှာ ဘွားခနဲ ပေါ်လာတဲ့ မျှော်လင့်မထားတဲ့ ပြဿနာတွေဆိုတာ ရှိတယ်။ အဲဒါလေးကိုကော ကျနော် တို့ကို ရှင်းပြလို့ ရမလား။

ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်တို့ အနေနဲ့ စပြီး ဖြေရှင်းချင်တဲ့ ပြဿာနာက ပြည်ထောင်စု စပြီး ထူထောင် တုန်းက ပင်လုံစာချုပ်မှာ ပါပြီးတော့ အကောင်အထည် မဖော်နိုင်သေးတဲ့ ပြဿနာတွေ ပေါ့နော်။ ဥပမာအားဖြင့် ပင်လုံစာချုပ်လို့ ပြောလိုက်ရင် ခုချိန်ထိ ပင်လုံစာချုပ်မှာ ယနေ့အထိ အကောင် အထည် မဖော် နိုင်သေးတဲ့ အခု ၂၁ ပင်လုံမှာ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ပြဿနာ ၂ ခု တည်းပါ။ အဲဒါ ဘာလဲဆိုတော့ ပင်လုံစာချုပ် အပိုဒ် ၅ မှာ ပါတဲ့ တိုင်းရင်းသား လူမျိုးများကို တနည်းအားဖြင့် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များတွေကို နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင် ပြဌာန်းခွင့် ပေးရမယ်ဆိုတာ ကျနော်တို့ အကောင်အထည် မဖော်နိုင်သေးဘူး။

ပြီးတော့ ကျနော်တို့ ပင်လုံစာချုပ် အပိုဒ် ၇ မှာ ဒီမိုကရေစီစနစ် ကျင့်သုံးရမယ်ဆိုတာ ကျနော် တို့ အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်လို့ ပြောလိုက်ရင် အပိုဒ် ၅ နဲ့ အပိုဒ် ၇ ကိစ္စဖြစ်တယ်။ ကျနော်တို့ အနေနဲ့ စဉ်းစားထားတာ ကတော့ ပင်လုံစာချုပ် အနေနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် ပင်လုံစာချုပ်မှာလည်းဘဲ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတဲ့ ဟာလေးတွေကလည်း ပါနေတယ်။ NCA စာချုပ်မှာလဲ ဆွေးနွေးတုန်း က ဒီစကားလုံးတွေက ပါလာတယ်။ သို့သော် အဲဒါကို အသေးစိတ် ဆွေးနွေးတဲ့အခါကြတော့ အချင်းချင်းကြားမှာ ယုံကြည်မူ၊ ခိုင်မာမှု မရှိတာပေါ့နော်။ သံသယ ရှိတာလေးတွေ အဲဒါလေးတွေ ပါလာပြီးတော့ လုံးဝမမျှော်လင့်ပဲနဲ့ ခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုတဲ့ ပြဿနာလို ဟာမျိုး ပေါ်လာတာမျိုး ကျနော်ပြောချင်တာဖြစ်တယ်။

ဥပမာအားဖြင့် ခွဲထွက်ရေး၊ မခွဲထွက်ရေး ဆိုတဲ့ဟာမျိုးဟာ ခွဲထွက်ရေးဆိုတာလဲ အခု ကျနော်တို့ သွားချင်နေတာက ရှင်းရှင်း ပြောရရင် NCA မှာ သွားချင်နေတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ် နှစ်ရပ်လုံး ထူထောင်မယ်ဒါပဲ။ ဒီမိုကရေစီ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အ၀ အာမခံချက် ပေးနိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ NCA စာချုပ်ရဲ့ ဦးတည်ချက်။ NCA စာချုပ် အပိုဒ် ၁ အဲဒီအတိုင်း ဖော်ပြတယ်။

ဆိုတော့ အဲ့အထဲမှာ ကိုယ်ပိုင် ပြဌာန်းခွင့်က ပါပြီ။ ပင်လုံစာချုပ်မှာလဲ ပါပြီဆိုတော့ အဲဒါကြီးက ဒီအတိုင်းသွားလိုရှိရင် ကျနော်တို့ အဆင်ပြေပြီလို့ ကျနော်တို့ ထင်နေတာ။ သို့သော် အဲဒီမှာ ခွဲမထွက်ရေး ဆိုတဲ့ဟာမျိုး ကိစ္စက ပေါ်လာတယ်ဆိုတော့ ခွဲမထွက်ရေးနဲ့ ခွဲထွက်ရေးဟာ ကျနော်တို့ တိုင်းပြည်ကို အင်မတန်မှ ဒုက္ခပေးတဲ့ စကားလုံး နှစ်လုံးဖြစ်တယ်။ ခွဲထွက်ခွင့် ကလည်း ဒုက္ခပေးခဲ့တယ်။ ခွဲမထွက်ရေးကလည်း ငြိမ်းချမ်းရေးကို တစ်ဆို့စေတယ်။

ဘာလဲဆိုတော့ ဒါက ဒီမိုကရေစီ Principal လည်းမဟုတ်ဘူး။ ခွဲထွက်ရမယ် မခွဲထွက်ရဖူးဆိုတာ ဒီမို ကရေစီ Principal လည်း မဟုတ်ဘူး။ ဖက်ဒရယ် Principal လည်းမဟုတ်ဘူး။ နိုင်ငံရေးအရ အပေး အယူ လုပ်ရမယ့် ကိစ္စပဲဖြစ်တယ်။ ထို့အတွက်ကြောင့် ကျနော်တို့ နိုင်ငံရေးအရ ဒီလို အပေးအယူ လုပ်ရမယ့် ကိစ္စမျိုးကို ကျနော်တို့ ဒီမိုကရေစီ Principal၊ ဖက်ဒရယ် Principal လို နည်းပညာနဲ့ ဖြေရှင်းလို့မရဘူး။ ဒါမျိုးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံမှာ နိုင်ငံရေးအရ ဖြေရှင်းသလိုပေါ့ဗျာ။ အဲလိုပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ကျနော် ပြောချင်တာ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက နေပြီးတော့ ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ခွဲထွက်ခွင့် ပါရမယ်လို့ ကျနော်တို့ကို တိုင်းရင်းသားတွေ တောင်းဆိုချက် ကို လိုက်လျောခဲ့တာ ဒီမိုကရေစီ အခြေခံမူကြောင့် မဟုတ်ဘူး။ ပင်လုံစာချုပ် အပိုဒ် ၇ ကြောင့် လည်း မဟုတ်ဘူး။ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ် အခြေခံမူကြောင့်လည်း မဟုတ်ဘူး။

ဒါက ချင်း၊ ကရင်၊ ရှမ်း နှင့် ဗမာပြည် အရပ်ဘက်အစိုးရ အတူတကွ လွတ်လပ်ရေး ရဖို့အတွက် ဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်တခု အနေနဲ့ သွားတာဖြစ်တယ်။ ထိုအတွက်ကြောင့် ဒီအချိန်မှာ ခုနက ဘွားခနဲ ပေါ်လာတယ်ဆိုတဲ့ အဲလို ပြဿနာဟာ ကျနော်တို့ UPDJC တို့ အတွင်းရေး မှူးအဖွဲ့တို့ လုပ်ငန်းကော်မတီတွေမှာ ဆွေးနွေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ တကယ့် နိုင်ငံ ခေါင်းဆောင်တွေ ကနေပြီးတော့ အမျှော်အမြင် ကြီးကြီးနဲ့ ကျနော်တို့ တိုင်းပြည် အနာဂတ်ကို မျှော်မှန်းပြီးတော့မှ အပေးအယူလုပ်ပြီး ဒါလေးတော့ ထည့်သင့်တယ်ဆိုရင်လည်း အားလုံး သဘောတူ ထည့်၊ ဒါကတော့ ကျနော်တို့ တိုင်းပြည်ကို ဒုက္ခပေးတယ်။ ပြည်တွင်းစစ်ကိုလဲ ဖန်တီးခဲ့တယ်။ ဒါဆို မထည့်နဲ့ဆိုလဲ မထည့်နဲ့ အဲလိုဟာမျိုးလေးတွေကို ကျနော်တို့ အနေနဲ့ ခေါင်းဆောင်တွေက သတ္တိရှိရှိနဲ့ လုပ်ပေးဖို့လိုတယ်။

ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌ – ၁ ဆလိုင်းလျန်မုန်းဆာခေါင်းနှင့် ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် (ဓာတ်ပုံ – ဧရာဝတီ)

မေး။ ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာတုန်းက ခေါ်ခဲ့တာက ငြိမ်းချမ်းရေး ညီလာခံလို့ ခေါ်ခဲ့တယ်။ ဒီ NLD အစိုးရ လက်ထက်မှာ ခေါ်ခဲ့တာက ၂၁ ရာစု ပင်လုံညီလာခံ လို့ ပြောခဲ့တယ်။ ပင်လုံဆိုတဲ့ စကားလုံး တလုံး ပါလာတယ်ပေ့ါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ခုလိုမျိုး ခွဲထွက်ရေး၊ မခွဲထွက် ရေးဆိုတဲ့ ကိစ္စတွေ အသံတွေ ညံလာတာပေါ့။ ပင်လုံစိတ်ဓာတ်ဆိုတာက တပိုင်း၊ ဒါပေမယ့် ပင်လုံညီလာခံလို့ ခေါ်လိုက်တဲ့အခါမှာ တိုင်းရင်းသားတွေ ဘက်က ထပ်ပြီး ဆွဲဖွင့်ရမယ့် တံခါးချပ်တွေ ပိုပေါ်လာတာပေါ့။ ကျနော်တော့ အဲဒီလို သုံးသပ်မိတယ်။ နောက်တခု ကတော့ ထပ်ပြီး တွေးမိတာကတော့ ဆွေးနွေးပွဲရဲ့ အနှစ်သာရပေါ့။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ဆိုရင် ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေက အရှိန်အဟုန် တော်တော် ကောင်းတာကို တွေ့ရတယ်။ နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ သတင်းကောင်းတွေ ကျနော်တို့မှာ ရှိတယ်။ ဒါပေမယ့် ဒီဘက်မှာ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တို့၊ စိတ်လှုပ်ရှားမှုတို့က အတော်ကို ကျ သွားတာကို တွေ့ ရတယ်။ အဲနှစ်ခုကို နှိုင်းယှဉ်ပြီး ပြောပြပေးပါလား။

ဖြေ ။ ။ နံပါတ် ၁ က ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတဲ့ဟာက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ အဆိုပြုတဲ့ NCA စာချုပ် မူကြမ်း ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတဲ့ နာမည်ကို ကျနော်တို့ သုံးချင်တယ်။ အဲဒီ တုန်းက သမ္မတ ဦးသိန်းစိန် ကတော့ အမျိုးသား ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီးတော့ သုံးချင်တယ်။ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာ ကျနော်တို့ သဘောတူလိုက်တယ်။

NLD အစိုးရ တက်လာတဲ့ အခါကျတော့ သူတို့က ၂၁ ရာစု ပင်လုံဆိုတဲ့ဟာကို ထည့်လိုက်တယ်။ ပင်လုံဆိုတဲ့ဟာ ပါလာတယ်။ ဒါကို ဆွေးနွေးရင်းနဲ့ အဲဒီ ကာလတုန်းက ကျနော် UPDJC (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှု ကော်မတီ) တွေရဲ့ နိုင်ငံရေးကဏ္ဍ အတွင်းရေးမှူး တယောက်အနေနဲ့ အများကြီး ဝင်ဆွေးနွေးခဲ့တယ်။ ကျနော် တို့က လက်ခံပေးလိုက်တယ်။

လက်ခံပေးရတဲ့ အကြောင်းအရင်းထဲမှာ ဘာပါလဲဆိုတော့ ကျနော် စောစောက တင်ပြလိုက်တဲ့ ပင်လုံချုပ်စာချုပ် အပိုဒ် ၅ နဲ့ အပိုဒ် ၇ ကို အကောင်အထည် မဖော်နိုင်သေးဘူး။ ထို့အတွက်ကြောင့် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျနော် တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ မျှော်မှန်းတဲ့ မျှော်မှန်းချက်လေးကို ဒီညီလာခံမှာ ပြီးပြည့်စုံအောင် ဆောင်ရွက်မယ်။ ပြည်စုံစေရမယ် ဆိုတဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးနဲ့ ကျနော်တို့လုပ်တာ ဖြစ်ပါတယ်။ ခုနက ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး။ ဆန္ဒလဲမရှိဘူး။ ဖြေရှင်းရမယ်ဆိုရင်တော့ သမိုင်းရဲ့ တောင်းဆိုချက်အရ ဖြေရှင်းကောင်း ဖြေရှင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပြဿနာတွေက ကျနော်တို့ ကိုင်တွယ်လေ ပိုရှုပ်လာလေလေ ဖြစ်တဲ့အတွက် ကျနော် ကတော့ ထားခဲ့ချင်တယ်။

ဆရာ့ရဲ့ ဒုတိယ မေးခွန်းကတော့ သမ္မတ ဦးသိန်းစိန် ခေတ်နဲ့ ကျနော် တို့ NLD အစိုးရခေတ်၊ တချို့ က သမ္မတ ဦးသိန်းစိန် ခေတ်ကို လုံး၀ ကောင်းခဲ့သလိုတော့ ပြောကြတာပေါ့။ သို့သော် ပြန်ကြည့်မယ် ဆိုရင် အချိန်ကာလအနေနဲ့ မပိုင်းပြတ်ဘူး။ သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်တယ်။ ပြီးတော့ အစိုးရ ဖြစ်လာတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်ကနေ ဆွေးနွေးလိုက်တာ တကယ့် တရားဝင် စပြီးတော့ ဖိတ်နိုင်တာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာပဲ စဖြစ်တယ်။ ၂၀၁၃ ကနေပြီးတော့ အားလုံးတောင် မဟုတ်ဘူး။ တနိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးဆိုတဲ့ NCA တခုတည်းကို ဆွေးနွေးတာ လပေါင်း ၂၀ ကြာတယ်။ လက်မှတ်သွားထိုးလိုက်တာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ဖြစ်တယ်။

၂၀၁၅ နိုဝင်ဘာလမှ ရွေးကောက်ပွဲ လုပ်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၁ လမှာပဲ ဒါကို ကျနော်တို့ ဆောင်ရွက်လိုက်တယ်။ ဒါကြောင့် အဲဒါကို နှိုင်းယှဉ်ပြီးတော့ ပြောမယ်ဆိုရင် NLD အနေနဲ့လည်း အားလျော့စရာ၊ စိတ်ပျက်စရာ မရှိပါဘူး။ အချိန် အများကြီး ရှိပါသေးတယ်။ နိုင်ငံရေးမှာ တနှစ် ခွဲဆိုတာ အချိန်အများကြီးပဲ။ သမ္မတ ဦးသိန်းစိန်လို ကြိုးစားပြီးတော့ လုပ်မယ်ဆိုလျှင် သူတို့လဲ လုပ်နိုင်ပါသေးတယ် ဆိုပြီးတော့ ကျနော် တင်ပြချင်တယ်။

မေး ။ ။ အဲကြိုးစားပြီး လုပ်မယ်ဆိုတဲ့ ကိစ္စကိုပဲ ထပ်ပြီး ဆွေးနွေးကြရအောင်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ၂၄ နာရီ နီးပါး လုပ်နေတဲ့ လူတွေရှိ ပါတယ်။ Team လဲ ကောင်းကောင်း ရှိပါတယ်။ အဲဒီတုန်းက ဝန်ကြီး ဦးအောင်မင်းလည်း ကိုယ်တိုင် ကြပ်မတ်ပြီး လုပ်တာရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရနဲ့ တပ်မတော် ကြားထဲမှာ ပိုပြီးတော့ တွေ့ဆုံမူတွေ Formal ဆန်တဲ့ Setting တွေ မဟုတ်တော့ဘဲနဲ့ ဒီထက် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ပိုရအောင် တချို့ကတော့ အကြောလျော့တယ်လိုပြောတာပေါ့။ ညဘက်တွေ့တာတွေရော၊ နေ့လည်ဘက် တွေ့တာတွေရော အသေအချာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရအောင် ယူကြတာ တွေ့ရတယ်။ ဒါမှသာ စကား တကယ့်တကယ့် ပြောတဲ့အခါကျရင် ပိုပြီး ချောမွေ့ သွားတာ ရှိတယ်ဆိုပြီးတော့ ပြောကြတယ်။ ဒါမျိုးကို ဒီအစိုးရ လက်ထပ်မှာ ကျနော်တို့ မတွေ့ရဘူး။ အဲဒါကို ဆလိုင်းလျန်မုန်း ဘယ်လိုထင်လဲ။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အနေနဲ့ နှစ်ပိုင်းကြည့်ရမယ်ထင်တယ်။ နံပါတ် (၁) ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်လမ်းညွှန် ကြီးကြပ်ဖို့အတွက် ကျနော်တို့ ဆောင် ရွက်နေတဲ့ ဒီဇိုင်းပေါ့နော်။ အဲဒီ ဒီဇိုင်းနဲ့ ပက်သတ်ပြီးတော့ ကျနော်တို့ NLD အစိုးရ နဲ့ သမ္မတ ဦးသိန်းစိန် မတူတဲ့ အချက်တချက်တော့ ရှိတယ်။ သို့သော် တဘက်မှာ informal လို့ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ ပိုပြီးတော့ လုပ်ရမယ်ဆိုတဲ့ ဟာမျိုး (၂) ပိုင်းရှိတာပေါ့နော်။ အဲဒီ နှစ်ခုကို ကျနော် နှိုင်းပြီးတော့ ပြောမယ်ဆိုရင် နံပါတ် (၁) က ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ ဒီဇိုင်းပေါ်မှာ အများကြီးမူတည်တယ်။

အဲဒီဇိုင်းမှာ ဘာဖြစ်လဲဆိုတော့ သမ္မတ ဦးသိန်းစိန် ခေတ်တုန်းက UPCC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) ဆိုတဲ့ ဗဟိုကော်မတီရှိတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်တယ်။ တပ်ချုပ်ကြီး ပါတယ်။ လွှတ်တော် နာယကများ ပါတယ်။ လွှတ်တော် Speaker တွေ အားလုံးပါတာပေါ့။ အဲဒီ အောက်မှာ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) ဆိုတာရှိတယ်။ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ဥက္ကဋ္ဌ လုပ်တယ်။ အဓိက လာဆွေးနွေးတာကတော့ ဦးအောင်မင်း ဖြစ်တယ်။ သူတို့ အနေနဲ့က ကျနော်တို့နဲ့ လာဆွေးနွေးမယ်ဆိုရင် ဦးအောင်မင်းက ကျနော်တို့ကို သဘောတူပြီဆိုရင် ချက်ချင်း နားလည်လို့ ရတာက သမ္မတကြီးလဲ သဘောတူတယ်။ တပ်ချုပ်ကြီးလဲ သဘောတူတယ်။ လွှတ်တော် ကလည်း သဘောတူတယ်။ အားလုံး သဘောတူတယ်ဆိုပြီးတော့ ကျနော်တို့ အစိုးရ တရပ်နဲ့ သေချာဆွေးနွေးတဲ့ပုံစံဖြစ်သွားတယ်။ အဲဒါက ပိုမိုအားကောင်းခဲ့တယ်လို့ ကျနော်မြင်တယ်။

ပြီးတော့ သူတို့ရဲ့ Supporting Meninism (အထောက်အကူပြု ယန္တာရား) အဲဒီ MPC (မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန) ဆိုတာ ရှိတယ်။ အဲဒီမှာ Ph.D ဘွဲ့ရတွေ၊ ပါရဂူ ဘွဲ့ရတွေ ဝန်ထမ်း (၁၀) ဦးကျော်ရှိတယ်။ ဝန်ထမ်း ၁၄၀ လောက်ရှိတယ်။ အချိန်ပြည့် အလုပ် လုပ်တယ်။ ကျနော်တို့ လိုချင်သမျှ အစည်းအဝေး လုပ်တော့မယ်ဆိုရင် ဘယ်မှာလုပ်မလဲ၊ ဘယ်လို လုပ်မလဲ အဲဒါကအစ လိုလေသေးမရှိအောင် Logistic Support, Technician Support, Policy Support အားလုံးရှိတယ်။ အဲဒါလေးက ကောင်းတယ်လို့ ကျနော် မြင်တယ်။

အခုလက်ရှိ NLD အစိုးရရဲ့ ဆောင်ရွက်မှုမှာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ ကျနော် ပိုပြီးတော့ ဖြစ်စေချင်တာက NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) ဖွဲ့စည်းဖို့ ရှိမယ်ဆိုရင် NRPC မှာ ဥက္ကဋ္ဌကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တယ်။ ပြီးတော့ တပ်ဘက်က ကိုယ်စားလှယ်ထဲမှာ တပ်ချုပ်ကြီး မပါဘူး။

မေး ။ ။ ဆလိုင်းလျန်းမုန်း ပြောတာက အရင်အစိုးရလက်ထက်မှာတုန်းက တသားတည်း ဖြစ်တယ်။ တပ်ချုပ်ကိုယ်တိုင်ကလည်း Peace နဲ့ ပတ်သက်တဲ့ ကော်မတီထဲမှာ ပါပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NPRC မှာ တပ်ချုပ်က မပါဖူး ဖြစ်နေတယ်။

ဖြေ ။ ။ ထို့အတွက်ကြောင့် ကျနော်တို့က ဘာဖြစ်လဲဆိုတော့ သူတို့ရဲ့ ယန္တာရားထဲမှာ အစိုးရနဲ့ တပ်နဲ့ တသားတည်းဖြစ်တယ်ဆိုရင် ဆွေးနွေးတဲ့အခါ အစိုးရတရပ်ထဲကို ဆွေးနွေးတာမျိုး ဖြစ်တယ်။ အခုကတော့ ကျနော်တို့ အစိုးရ နှစ်ရပ်ကို ဆွေးနွေးတာမျိုး ဖြစ်တယ်။ NLD အစိုးရ တရပ်၊ တပ်မတော်က တခု အဲလိုဖြစ်နေတော့ ကျနော်တို့မှာ အခက်အခဲရှိတယ်။

အဲဒီအတွက်ကြောင့် ဒီ ဒီဇိုင်းလေးထဲမှာ အစိုးရနဲ့ တပ်နဲ့က တသားတည်းဖြစ်ပြီးတော့ ပုံစံ တခုတည်းနဲ့ လာဆွေးနွေးနိုင်တဲ့ အခင်းအကျင်း ရှိရင်ကောင်းမယ်လို့ ကျနော် မြင်တယ်။ ဒုတိယ တချက်က NRPC မှာ အင်မတန်မှ ဝန်ထမ်းအင်အား လူ အင်အား အားနည်းပါတယ်။ အမြဲတမ်း ၂၄ နာရီ အလုပ်လုပ်နိုင်ဖို့ ဝန်ထမ်းတွေမရှိဘူး။ လက်ရှိ အစိုးရမှာ ပါဝင်တဲ့ ဝန်ကြီး တယောက်က ကျနော်တို့ကို ပြောတာ ဘာလဲဆိုတော့ ဥပမာအား ဖြင့် ကျနော်တို့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ UPDJC နိုင်ငံရေး ဆွေးနွေးမှု တခုလုံးကို ဦးဆောင် လမ်းညွှန်ကြီးကြပ်ရမယ်ဆိုတာ ပါတယ်။

အဲဒီ ဦးဆောင် လမ်းညွှန် ကြီးကြပ်ရမဲ့ ဆိုတဲ့ UPDJC ဆိုတာ ယနေ့အထိ ရုံးတောင်မရှိဘူး။ ဒါပေမဲ့ အဲဒီ ဝန်ကြီးက ဘာပြောလဲဆိုတော့ UPDJC ဆိုတာ အစည်းအဝေးပဲတဲ့။ အဲဒါ အစည်းအဝေး မဟုတ်ဘူူး။ ကော်မတီ။ အခိုင်အမာ လုပ်ရမှာ။ ပွင့်ပွင့်လင်းလင်း ကျနော် တင်ပြမယ်ဆိုရင် NLD အစိုးရ အချိန်မနှောင်း သေးဘူး။ အခုချိန်မှာ ဝန်ကြီးဌာန တခုလို ဝန်ကြီးတပါး ခန့်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဝန်ကြီးဌာန အလုပ်တခုလို အခိုင်အမာ ကိုင်တွယ်မယ်။ အခိုင်အမာ အလုပ်လုပ်မယ်ဆိုရင် အချိန် အများကြီး ရှိသေးတယ်။ လုပ်နိုင်သေးတယ်။
မေး ။ ။ ဆလိုင်းလျန်မုန်း ပြောတာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ (၂၄) နာရီ အလုပ်လုပ်မဲ့ ဝန်ကြီး ဌာန တခုလိုတယ်လို့ ပြောချင်တာလား။

ဖြေ ။ ။ ဟုတ်တယ်။ ကျနော်ကတော့ အဲလို လုပ်စေချင်တယ်။ ဒါပေမဲ့ အခု သူတို့အနေနဲ့ ကြည့်မယ် ဆိုလျှင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ဝန်ကြီးဖြစ်တယ်။ ဒေါက်တာ တင်မျိုးဝင်း က ဝန်ကြီးမဟုတ်သော်လည်းပဲ Peace Commission ဝန်ကြီး Level ဖြစ်တယ်။ ဒါပေမဲ့ ဥပမာအားဖြင့် ဥက္ကဋ္ဌကြီး ဒေါက်တာ တင်မျိုးဝင်း ရဲ့ ဟာကို ဝန်ကြီး Level ဖြစ်ပြီဆိုရင်တော့ တခါ တည်း ဝန်ကြီးခန့်ပေ့ါ။ ဝန်ကြီးခန့်ပြီဆိုရင်တော့ သူရဲ့အောက်မှာ ဝန်ကြီးဌာန တခုရဲ့ ယန္တရားကြီး ပါလာမှာဖြစ်တယ်။ အလုပ်လုပ်မဲ့သူတွေ ပါလာမှာ ဖြစ်တယ်။ နည်းပညာအရ၊ Logistic အရ၊ Policy အရ အလုပ်လုပ်မဲ့ သူတွေပါမှာ ဖြစ်တယ်။ အဲဒီဝန်ကြီးဌာနကလည်း ခုနက ကျနော်တို့ ပြောသလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့သော်လည်းကောင်း၊ သမ္မတနဲ့သော်လည်းကောင်း၊ တပ်ချုပ်ကြီး နဲ့သော်လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ နာယကကြီးများနဲ့ သော်လည်းကောင်း တချိန်လုံး ဆက်သွယ်မယ်ဆိုရင် ငြိမ်းချမ်းရေး ပွဲကြီးဟာ ပိုပြီးတော့ မြန်ဆန် ထိရောက်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ကျနော် တခု ထပ်မေးချင်တာက ကျနော်တို့ မြန်မာတွေပြောတဲ့ စကား အမြဲတမ်း ရှိပါတယ်။ လူမှန်၊ နေရာမှန်ပေါ့။ အခု ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်ပြီးတော့ အားမရတဲ့ လူတွေ အနေနဲ့ပေါ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အခုလိုမျိုး ဇာတ်မျောကြီး ဖြစ်နေတဲ့ ကိစ္စမှာဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခန့်ထားတဲ့ ဒေါက်တာ တင်မျိုးဝင်း က အစ ဒီနေရာမှာ ရှိသင့်၊ မရှိသင့်၊ ဒီနေရာမှာ တကယ် တာဝန်ထမ်းဆောင်နိုင်မယ့်သူ မဟုတ်ဘူး ဆိုတာလည်း မေးခွန်းတွေ အများကြီး ထွက်နေတာ ကျနော်တို့ တွေ့နေရတယ်လေ။ ဒါနဲ့ ပတ်သက်ပြီးတော့ရော။

ဖြေ ။ ။ အစိုးရဘက်ပိုင်း ကိစ္စကိုတော့ ကျနော်အနေနဲ့ ဝေဖန်ဖို့၊ သုံးသပ်ဖို့၊ မှတ်ချက်ပေးဖို့ ကျနော် အနေနဲ့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါ အစိုးရ ဘက်ကနေ ပြီးတော့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်မှာ မွေးဖွားတယ်။ ဒီ တိုင်းပြည်ကြီးအတွက် တသက်လုံး အလုပ်လုပ်လာတဲ့ ၈၈၈၈ လေးလုံး အရေးတော်ပုံကနေ ဒီကနေ့အထိ အလုပ်လုပ် လာတဲ့ ကျနော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအတွက် အစိုးရ ရော၊ တပ်မတော်ရော၊ ပြည်သူလူထူရော၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေရော အားလုံးက ဒီထက်အောင်မြင်အောင်တော့ ဘက်ပေါင်းစုံကနေ ကြိုးစားသင့်တယ်။

ကျနော်တို့ တိုင်းပြည်လို နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲနေတဲ့ နိုင်ငံ တော်တော်များများမှာ ဒီလိုဆွေးနွေးပွဲလုပ်တော့မယ် ဆိုရင် ငြိမ်းချမ်းရေး ဝန်ကြီးဆိုတာ အမြဲ တမ်းလုပ်ပါတယ်။ လုပ်တဲ့နိုင်ငံတွေ အများကြီး ရှိပါတယ်။ အဲလိုလုပ်ပြီးတော့ အောင်မြင်အောင် လုပ်တဲ့သူတွေ အများကြီးလဲ ရှိပါတယ်။ ထို့အတွက်ကြောင့် ဒါလေးကို အစိုးရဘက်နေပြီးတော့ ဖိဖိစီးစီးလေး ဆောင်ရွက်ပေးဖို့ ကျနော်ကတော့ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ နှစ်ပါင်း ၇၀ ကြာဖြစ်တဲ့ သက်တမ်း တလျှောက်လုံးမှာ ဒီလောက် ငြိမ်းချမ်းရေး ရဖို့အခွင့်အရေး၊ ဒီလောက်ကောင်းတဲ့ အခွင့်အရေး တခါမှ မကြုံဖူးဘူး။

ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုလည်း ကျနော်တို့ အနေနဲ့ လက်မလွှတ်သင့်ဘူး။ ဇာတ်မျောကြီး မဖြစ်စေချင်ဘူး။ အင်မတန်မှ အောင်မြင်ပြီးတော့မှာ ကျနော်တို့ တိုင်းပြည်က မျှော်မှန်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေက မျှော်မှန်းတဲ့ ဟာမျိုးကို ကျနော်တို့ အောင်မြင်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိရဲ့သားနဲ့ ကျနော်တို့ မဖန်တီးနိုင်ဘူး ဆိုရင် မဖြစ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။

မေး ။ ။ DDR တို့ SSR တို့ ကိစ္စမှာ တပ်ချုပ်ကလည်း ပြီးခဲ့တဲ့ ညီလာခံ မိန့်ခွန်း ထဲမှာ ပြောသွားတာတွေ ရှိပါတယ်။ သူကိုယ်တိုင်ကလည်း NCA ထိုးရမယ်။ NCA လိုချင်တယ်။ ငြိမ်းချမ်းရေး ရကို ရရမယ်ဆိုတဲ့ပြောဆိုချက်တွေ ကျနော်တို့ ကြားခဲ့ရပါတယ်။ NCA ကိစ္စမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အနေနဲ့ကလည်း အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဆလိုင်းလျန်မုန်း အနေနဲ့ ဘယ်လိုဝေဖန် ပြောဆိုချင်တာ ရှိပါသလဲ။

ဖြေ ။ ။ တပ်ချုပ်ကြီးအနေနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလားရှိတယ်။ အမြန်ဆုံး အကောင် အထည် ဖော်ချင်တယ်။ ၂၀၂၀ မှာတောင်မှ ငြိမ်းချမ်းရေးကို ရရှိတော့ ပြည်သူ လူထူထဲ အပ်ချင်တယ်ဆိုတဲ့ဆန္ဒကို အင်မတန်မှ လေးစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်း စစ်ကြီးကို အမြန်ဆုံး ချုပ်ငြိမ်းစေချင်တယ်ဆိုတဲ့ နိုင်ငံတော် အကြီးအကဲ တယောက်ကနေ တပ်ချုပ်ကြီးအနေနဲ့ပြောတာ အင်မတန်မှ ဝမ်းသာဖို့ ကောင်းတဲ့ စကား ဖြစ်ပါတယ်။

သို့သော် ကျနော်တို့ လက်တွေ့အနေနဲ့ ပြန်သုံးသပ်မယ်ဆိုရင် ၂၀၂၀ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအားလုံး အောင်မြင်အောင် လုပ်ဖို့အတွက်ဆိုရင် အခု ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး NCA အရ ဆောင်ရွက်တာဖြစ်တယ်။ NCA လို့ ပြောလိုက်ရင် လမ်းကြောင်း ဆိုတာရှိတယ်။ ယန္တရားလို့ ပြောတာရှိတယ်။ NCA လမ်းကြောင်းလို့ ကျနော်တို့ ပြောချင်တဲ့ စကားက NCA စာချုပ်မှာပါတဲ့ အဆင့် ၇ ဆင့်ပါတဲ့ နိုင်ငံရေး လမ်းပြ မြေပုံကို ဖော်ဆောင်ခြင်း ဖြစ်တယ်။

နိုင်ငံရေး လမ်းပြ မြေပုံအရက ၁ ကျနော်တို့ လက်မှတ်ရေးထိုးရမယ်။ ၂ မူဘောင်ရေးဆွဲရမယ်။ ၃ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးရမယ်။ ၄ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရမယ်။ ၅ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုရမယ်။ ၆ လွှတ်တော်က အတည်ပြုရမယ်။ ၇ အကောင် အထည်ဖော်ရမယ်။ တပ်ချုပ်ကြီး ဖြစ်စေချင်တဲ့ ဆန္ဒ ၂၀၂၀ မှာဆောင်ရွက်ရမယ့် ခုနက ကျနော် ရွတ်ပြလိုက်တဲ့ အဆင့် ၇ မှာ သွားတစ်နေတယ်။

အဲဒီအဆင့် ၇ ကိုရောက်ဖို့က အဆင့် ၃ နဲ့ အဆင့် ၄ မှာ အများကြီး ဆောင်ရွက်စရာ ရှိပါသေးတယ်။ အဲဒါကို ဆောင်ရွက်နိုင်မှ အဆင့် ၅ မှာ ပြည်ထောင်စု သတောတူ စာချုပ် ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ပြည်ထောင်စု သဘောတူ စာချုပ်မှာ ဒီမို ကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံမူတွေကို ကျနော်တို့ သဘောတူညီဖို့ လိုပါတယ်။ ဒီသဘောတူညီချက် အတိုင်း တပ်ချုပ်ကြီး ပြောနေတဲ့ ၂၀၂၀ မတိုင်ခင်မှာ ဆောင်ရွက်ရမယ်ဆိုတဲ့ နံပါတ် ၇ ကို ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ဝမ်းနည်းဖို့ ကောင်းတာက ကျနော်တို့ က ၃ နဲ့ ၄ မှာ အပြီးအစီး မဆောင်ရွက် နိုင်သေးဘူး။ ပြည့်ပြည့်စုံစုံ မလုပ်နိုင်တဲ့အတွက်လည်း ပြည်ထောင်စု သဘောတူ စာချုပ် အပြည့်အစုံ မချုပ်နိုင်သေးဘူး။ ပြည်ထောင်စု သဘောတူ စာချုပ်ကို NCA စာချုပ် အပိုဒ် ၁ မှာ ပါတဲ့အတိုင်း အပြည့်အစုံ ချုပ်နိုင်တယ်ဆိုရင် တပ်ချုပ်ကြီး ပြောနေတဲ့ နံပါတ် ၇ ကို ကျနော်တို့ အနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်လို့ ရပါတယ်။ သို့သော် အဲ နံပါတ် ၇ ကို အကောင် အထည်ဖော်ဖို့ အတွက် ပထမ ၄ နဲ့ ၅ က အရေးကြီးဆုံး ဖြစ်ပါတယ်။

You may also like these stories:

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်

The post ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး appeared first on ဧရာဝတီ.

]]>
ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား https://burma.irrawaddy.com/opinion/viewpoint/2019/10/30/207203.html Wed, 30 Oct 2019 01:30:57 +0000 https://burma.irrawaddy.com/?p=207203 ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရခေတ်မှာ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို လိုက်နာနေပါသလား။ သို့မဟုတ် လက်ရှိမူဝါဒဟာ ယခင်အစိုးရအဆက်ဆက်ကနေ လမ်းခွဲထွက်လိုက်တာလား။

The post ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား appeared first on ဧရာဝတီ.

]]>
ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရခေတ်မှာ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို လိုက်နာနေပါသလား။ သို့မဟုတ် လက်ရှိမူဝါဒဟာ ယခင်အစိုးရအဆက်ဆက်ကနေ လမ်းခွဲထွက်လိုက်တာလား။

မကြာသေးမီက Nikkei Asian Review နဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျမတို့နိုင်ငံဟာ အရမ်းကို ကြားနေတဲ့ အရမ်းကို ယထာဘူတကျတဲ့ နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်ရေးရကတည်းက ကျင့်သုံးခဲ့တယ်။ ကျမတို့ဟာ နိုင်ငံငယ်လေးဖြစ်ပြီး မဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့် ထိန်းချုပ်လွှမ်းမိုးတဲ့ အဆင့်ကို အရင်ကလိုဘဲ ဘယ်တုန်းကမှ မရောက်ခဲ့ဘူး” လို့ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးခြင်းလားလို့ တချို့က ပဟေဠိ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီကိစ္စဟာ တကယ်ကော မှန်ရဲ့လား။

ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ဖြစ်ပေမယ့် ဗြိတိန်က မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေနဲ့ စစ်အေးတိုက်ပွဲအတွင်း နိုင်ငံရဲ့ အတက်အကျတွေကို ကိုယ်တွေ့ကြုံခဲ့ပြီး ပါးနပ်ထက်မြက်တဲ့ နိုင်ငံရေးသမား ဘဝကို လဲယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။

ဂျပန်နိုင်ငံရဲ့ လေ့ကျင့်ပေးမှုနဲ့ သူဟာ အမျိုးသားလွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းပြည်လွတ်လပ်ရေး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ကြတယ်။

အောက်တိုဘာ ၂၁ ရက် တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်/ နိုင်ငံတော်အတိုင်ပင်ခံရုံး

 

ဗိုလ်ချုပ်ကြီးနေဝင်းသည် ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒရဲ့ သေနင်္ဂဗျူဟာရှင်လား

သူဟာ အစိုးရ အကြီးအကဲဖြစ်လာတဲ့အခါ အရှေ့တောင်အာရှ ပဋိပက္ခတွေကနေ နိုင်ငံကိုဆွဲထုတ်ပြီး အမေရိကန်အကူအညီကို ငြင်းပယ်ကာ ဘက်မလိုက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပေမယ့် နောင်မှာ အဲဒီလှုပ်ရှားမှုက နုတ်ထွက်လိုက်ပြန်ပါတယ်။ သူရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ကာကွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုထားတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ငါးနိုင်ငံ ဖွဲ့စည်းထားတဲ့ အာဆီယံ ASEAN နဲ့ ခပ်ကင်းကင်း နေခဲ့ပြန်တယ်။

စစ်အေးတိုက်ပွဲအတွင်းက ဗိုလ်ချုပ်ကြီးနေဝင်းကို “တရုတ်ကျွမ်းကျင်သူ” အဖြစ် အသိများပြီး အနောက်နိုင်ငံ ခေါင်းဆောင်တွေကတောင် မော်စီတုန်းလက်ထက်က တရုတ်နိုင်ငံကို ပိုမိုနားလည်ဖို့ သူ့ကို မြန်မာနိုင်ငံမှာ လာရောက်တွေ့ဆုံပြီး သူရဲ့ တရုတ်နိုင်ငံအပေါ် နားလည်ထားတဲ့အမြင်တွေကို လေ့လာရတယ်လို့ ဆိုပါတယ်။

၁၉၆၇ ခုနှစ်က မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အဓိကရုဏ်းပြီးတဲ့အခါ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာလာပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အဆင်ပြေအောင် ပြန်လည်ဆောင်ရွက်ခဲ့တယ်။

၁၉၆၀ ခုနှစ်တွေ၊ ၁၉၇၀ ခုနှစ်တွေနဲ့ ၁၉၈၀ ခုနှစ်တွေမှာတောင် သူဟာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေဖြစ်ခဲ့ကြတဲ့ မော်စီတုန်း၊ ချုအင်လိုင်းနဲ့ တိန့်ရှောင်ဖိန်တို့ကို တွေ့ဆုံဖို့ ဘေ့ဂျင်းကို သွားရောက်လည်ပတ်နေပေမယ့် သူ၏လက်အောက်ငယ်သားတွေ တိုင်းမှူးတွေကတော့ တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီကို မြန်မာနိုင်ငံမြောက်ပိုင်းမှာ အသေအလဲ တိုက်ခိုက်ခဲ့ကြရတယ်။ တရုတ်နိုင်ငံဟာ “နေဝင်းစစ်အစိုးရ”ကို ဖြုတ်ချနိုင်ဖို့အတွက် ဗမာကွန်မြူနစ် သူပုန်တွေကို အကြီးအကျယ်ထောက်ခံခဲ့တယ်။

၂၀၁၅ ခုနှစ် ဇွန်လအတွင်း ဘေ့ဂျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်/Reuters

ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဝိနည်းကြီးတဲ့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့တယ်လို့ အချို့သောပညာရှင်တွေက ဆိုပါတယ်။ အချို့ကတော့ သဘောမတူဘဲ သူဟာ ၁၉၆၈ ခုနှစ်က ချက်ကိုဆလိုဗက်ကီးယားကို ဆိုဗီယက် ယူနီယံက ကျူးကျော်တာကို ဆန့်ကျင်ခဲ့တဲ့ ဥပမာအဖြစ် ထောက်ပြကြတယ်။

ဒါပေမယ့် ခြုံပြီးပြောရရင်တော့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ မြန်မာနိုင်ငံကို ဒေသတွင်းနဲ့ ကမာ္ဘ့ ပဋိပက္ခတွေထဲ ပါမသွားအောင် ဆွဲထုတ်ထားခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် ဆိုဗီယက်ယူနီယံနဲ့ တရုတ်က အကူအညီတွေကို ယူခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန်နဲ့ (CIA) ကို ကြောက်လန့် စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူတို့ကို ခပ်ဝေးဝေးမှာထားပြီး ဆက်ဆံတယ်။

CIA က တရုတ်ကူမင်တန် ( KMT) အမျိုးသားရေးဝါဒီတွေကို ရှမ်းပြည်အရှေ့ပိုင်းမှာ အထောက်အပံ့ပေးတာနဲ့ ဗီယက်နမ်စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေကိုလည်း သူဟာ အမြဲစိုးရိမ်နေခဲ့တယ်။

ဘက်မလိုက်မှုဝါဒကို ဆက်လက်ထိန်းသိမ်းထားပေမယ့် ၁၉၆၀ ခုနှစ်တွေနှာင်းပိုင်းမှာ သူဟာ တရုတ်ကွန်မြူနစ် ခြိမ်းခြောက်မှုကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက စစ်ရေးအကူအညီ ရရှိရေးတွက် ကြိုးစားဖို့ ပြင်ဆင်ထားတယ်။

သူရဲ့ လက်အောက်ငယ်သားများတွေနဲ့ ပြည်တွင်းပြည်ပ လေ့လာသူတွေကတော့ စစ်အေးတိုက်ပွဲအတွင်း အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ဆိုဗီယက် ပြည်ထောင်စုအကြား ချိန်ခွင်လျှာညှိတဲ့ ဘက်မလိုက်ကြိုးတန်းပေါ် လျှောက်တဲ့ ကြားနေ အနေအထား ထ်ိန်းသိမ်းထားခြင်းအတွက် သူ့ကို ချီးကျုးကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အိမ်နီးချင်းကောင်း မူဝါဒ

NLD အစိုးရအောက်မှာ မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ ရည်မှန်းချက်ပန်းတိုင်က အိမ်နီးချင်းနိုင်ငံတွေနဲ့သာမက တခြားဝေးကွာတဲ့ နိုင်ငံတွေနဲ့ပါ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်ဖို့ ဖြစ်တယ်။ “အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ တခြားဝေးကွာတဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေထက်ပိုပြီး သိမ်မွေ့နက်နဲတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဖူးတယ်။

ဒီအချက်ကလည်း ဒီနေ့အထိ မှန်ကန်နေတယ်။ သူရဲ့ ခေါင်းဆောင်မှုအောက်မှာ တရုတ်နိုင်ငံရဲ့ အရိပ်လွမ်းမိုး သြဇာကြီးမားလာခြင်းနဲ့ ဖြစ်ပေါ်လာတဲ့ နိုင်ငံအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေနဲ့အတူ မြန်မာ့နိုင်ငံခြားဆက်ဆံရေးဟာ ဘယ်လောက်အထိ သိမ်မွေ့နက်နဲ အန္တရာယ်ရှိနေတယ်ဆိုတာကို မြင်တွေ့ရတယ်။ ဒီနေရာမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပတ်သက်လာတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်နိုင်ငံအပေါ် မှီခိုမှုကို ဂျပန်က ဘယ်လို ချိန်ခွင်လျှာ ပြန်လည်ညှိနိုင်မှာလဲ။

တချိန်က ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်းတို့ တရုတ်ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

ချိန်ခွင်လျှာ ညှိခြင်းလား

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ စီးပွားရေးသြဇာ ကြီးထွားလာခြင်းနဲ့ပတ်သက်ပြီး သတင်းသမားကမေးမြန်းတဲ့အခါ (နိုင်ငံရေး သြဇာလွှမ်းမိုးမှုအကြောင်းကို ထိုသတင်းသမားက မေးမြန်းခြင်းမရှိပါချေ) ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က ဂျပန်လည်းမိတ်ဆွေ တရုတ်လည်း မိတ်ဆွေလို့ မြင်တယ်။ မိတ်ဆွေတွေကြားမှာ ဘယ်သူ့ကိုရွေးချယ်ခိုင်းတာ မှန်တဲ့ကိစ္စလို့ ကျမမထင်ဘူး” လို့ ပြန်လည်ဖြေကြားခဲ့တယ်။

ဒီလိုပြောလိုက်တာဟာ အင်အားကြီးမားတဲ့ နိုင်ငံကြီးများနဲ့ စီးပွားရေးတွေကြားမှာ ချိန်ခွင်လျှာညှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်တယ်လို့ ယူဆရမလား။ ဒါမှမဟုတ် သူဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးရုပ်မဟုတ်ကြောင်း ပြသလိုတာလား။

သူဟာ တရုတ်နိုင်ငံ စိတ်ဆိုးအောင် လုပ်မှာ မဟုတ်တာတော့ သေချာတယ်။ ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတိတ်က ဘယ်လို သဘောထားရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ယူဆစေကာမူ ပထဝီနိုင်ငံရေး စစ်တုရင်ကစားပွဲမှာ အရေးပါတယ်လို့ သဘောပေါက်မှာဖြစ်တယ်။ ဒါတောင်မှ တရုတ်ဟာ ရည်မှန်းချက်ကြီးမားတဲ့ ရပ်ဝန်းနဲ့ လမ်း (BRI) အစီအစဉ်အရ ရေနက်ဆိပ်ကမ်းတခု၊ မြို့သစ်တွေ၊ စက်မှုဇုန်တွေ၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေ၊ မြန်နှုန်းမြင့် ရထားလမ်းတွေ အပါအဝင် ဒေါ်လာဘီလီယံ များစွာတန်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖေါ်ပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်တယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြျုပ်နှံတဲ့ ထိပ်တန်း ၁၀ နိုင်ငံထဲက တနိုင်ငံမျှသာဖြစ်ပြီး တရုတ်နိုင်ငံရဲ့နောက် ခပ်လှမ်းလှမ်းမှာ ကျန်နေရစ်တယ်။

သြဂုတ်လက ရန်ကုန်က ဂျပန်နဲ့ အမေရိကန်သံရုံးတွေက ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ပြီး မြန်မာပြည်သူတွေရဲ့ အကျိုးနဲ့ နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် တာဝန်သိ၊ အရည်အသွေးမီ၊ ကျင့်ဝတ်ညီတဲ့ ရင်းနှီးမြျုပ်နှံမှုတွေကို အားပေးဖို့ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြောကြားခဲ့တယ်။ သံရုံးတွေ ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့တယ်။

သူရဲ့ပါတီ အာဏာရလာတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံက တရုတ်နိုင်ငံ အကူအညီနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ အားထားပုံရတယ်လို့ စောင့်ကြည့်သူ အတော်များများက မြင်ခဲ့ကြပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့ကို ဖွဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုကို မသွားရောက်မီ ဘေ့ဂျင်းသို့ သွားရောက်ခဲ့တာလဲ မှန်ကန်တယ်လို့ အချို့သောလေ့လာသူတွေက မြင်ကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရလာပြီး ရက်အနည်းငယ်အကြာမှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာကနေ ဆောင်းပါးတစောင်ထုတ်ဝေပြီး တရုတ်နိုင်ငံရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို ထိခိုက်ခံပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုနီးကပ်စွာဆက်ဆံခြင်းဟာ မြန်မာနိုင်ငံအတွက်ရေရှည်အကျိုးစီးပွားကို အကျိုးမပြုဘူးလို့ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အစိုးရအတွက် သတိပေးတဲ့ တရုတ်ရဲ့ သတင်းစကားကတော့ ရှင်းလင်းလှပါတယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်လာရင် မရှုပ်နဲ့ ကောင်းကောင်းနေ ပြဿနာမရှာနဲ့လို့ ပြောလိုက်ခြင်းသာဖြစ်ပါတယ်။

သတင်းစာတချို့က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံဘက်သားအဖြစ် ပုံဖေါ်ခဲ့ကြတယ်။ အလားတူစွာပဲ တရုတ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတယ်။ မေးစရာရှိတာကတော့ သူဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ် စီးပွားရေး၊ မဟာဗျူဟာနဲ့ အမျိုးသားအကျိုးစီးပွားကို ဘယ်အတိုင်းအတာအထိ လေးစားလိုက်နာမယ်၊ အရင်အစိုးရလက်ထက်က ဆိုင်းငံ့ထားတဲ့ စီမံကိန်းတွေကို ဘယ်အတိုင်းအတာအထိ ပြန်လည်အသက်သွင်းပေးမလဲဆိုတဲ့ မေးခွန်းပဲဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒရှိတယ်ဆိုရင်တောင်မှ အဲဒီမူဝါဒကို ဖေါ်ထုတ်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းလို အခြေအနေနဲ့ အချိန်များများမရခဲ့တာကို တချို့လေ့လာသူတွေက် ထောက်ပြတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်ရဲ့ ထောက်ခံမှုရရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်ရဲ့ ထောက်ခံမှုကို မရဘူး ။ အတွင်းရန် အပြင်ရန်တွေကိုလည်း ချက်ခြင်းဆိုသလို ရင်ဆိုင်ရတယ်။ ရခိုင်အကျပ်အတည်းနဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေ စတင်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံဟာ တရုတ်နဲ့ ပိုမိုနီးကပ်လာတယ်လို့ မြင်ကြတယ်။ မကြာမီအချိန်အတွင်း သူဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာမယ်လို့ ပြောခဲ့တဲ့ ဝေဖန်သူများ မှားယွင်းသွားကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့တယ်။ သူမနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးတက်ခြင်းမရှိခဲ့ပါဘူး။

ပိုမိုအရေးကြီးတဲ့ အချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံဟာ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေရဲ့ သြဇာကို ဘယ်အတိုင်းအတာအထိ လက်ခံမယ်ဆိုတာကို တရုတ်က စောင့်ကြည့်နေတာပဲဖြစ်တယ်။ ကော်ဇောနီနဲ့ ကြိုဆိုတာတွေ လက်ရှိအစိုးရနဲ့ ဘေ့ဂျင်းတို့အကြား အပေါ်ယံ ခင်မင်မှုများပြသနေတာတွေ ရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က သူမရဲ့ အနောက်နိုင်ငံသား အကြံပေးတွေကို ဘေ့ဂျင်းက ဘယ်အတိုင်းအတာအထိ ယုံကြည်မှုရှိတယ်ဆိုတာကို မေးဖို့လိုပါတယ်။

အခြားစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်တခုကတော့ အရင်သမ္မတဦးသိန်းစိန်နဲ့ သူ့အဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လက်ရှိအစိုးရရဲ့ မူဝါဒထက် ပိုမိုကောင်းမွန်သလားဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဦးသိန်းစိန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အနောက်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး၊ နိုင်ငံတကာအသိုင်းအဝန်းကို ပြန်လည်ဝင်ရောက်ရေးနဲ့ အပစ်ပယ်ခံအဆင့်ကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းပြီး သူ့အရင် စစ်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကွဲပြားခြားနားတယ်။

မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ပြီး အနောက်နိုင်ငံအစိုးရတွေအနေနဲ့ ပိတ်စို့အရေးယူမှုတွေ ရုတ်သိမ်းဖို့ အချက်ပြခဲ့တဲ့ ဦးသိန်းစိန်အစိုးရဆီကနေ တရုတ်နိုင်ငံဟာ ကြီးမားတဲ့ သင်ခန်းစာတခုကို သင်ယူခဲ့ရတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းအပါအဝင် အရေးပါတဲ့ နိုင်ငံအများအပြားကိုလည်း သွားရောက်ခဲ့တယ်/Reuters

နိုင်ငံခြားရေးမူဝါဒကို ဘယ်သူပုံဖေါ်နေလဲ

ဒါဆိုရင် မြန်မာနိုင်ငံခြားရေးမူဝါဒကို ဘယ်သူက အမှန်တကယ်ပုံဖေါ်လဲလို့မေးစရာဖြစ်တယ်။

ပြည်တွင်းအနေအထားအရကြည့်မယ်ဆိုရင် တပ်မတော်က မြန်မာနိုင်ငံခြားရေးမူဝါဒကို တဖက်ကနေ ပုံဖေါ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုကျိုကို မသွားခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်သို့သွားရောက်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ဂုဏ်သရေရှိ ခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံခဲ့တယ်။ ဒီအချက်က မြန်မာ့တပ်မတော်ဟာ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်သြဇာလွှမ်းမိုးရေးအတွက် ပြည်ပအစိုးရတွေ၊ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြောင်းပြသနေတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းအပါအဝင် နိုင်ငံအများအပြားကိုလည်း သွားရောက်ခဲ့တယ်။ လုံခြုံရေးနဲ့ ပြည်တွင်းရေးပြဿနာတွေဆွေးနွေးခြင်းကိုလည်း ဘယ်အခါကမှ သူ မရှောင်ရှားခဲ့ဘူး။

ဒီနေ့ မြန်မာနိုင်ငံဟာ ဘက်မလိုက် ကြားနေသော နိုင်ငံခြားရေးမူဝါဒကို အမှန်တကယ်ပင် ကျင့်သုံးတယ်။ သေချာတာကတော့ ဒီလိုလုပ်နေတာဟာ ကိုယ်ခံအားကောင်းလို့ အင်အားရှိလို့ ကျင့်သုံးနေတာတော့ မဟုတ်ဘူး။ ဒီအခြေအနေသည် အန္တရာယ်များတဲ့ အနေအထားဖြစ်တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံဟာ ကြားနေပြီးလွတ်လပ်တဲ့ မူဝါဒကို ကျင့်သုံးတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာ့ရေးရာများမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အကြိမ်ပေါင်းဘယ်လောက် စွက်ဖက်ခဲ့သလဲဆိုတာလည်း မေးစရာပါ။

နောက် အရေးကြီးတဲ့ အချက်တခုကတော့ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို လိုက်နာဖို့ သဘောတူထားတာဖြစ်တယ်။ ဒီအချက်များတွေမှာ တနိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာပိုင်မှုကို အခြားတနိုင်ငံကလေးစားရေး၊ အပြန်အလှန်မကျူးကျော်ရေး၊ တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေး၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးစီးပွားနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ပါဝင်တယ်။

ဒါပေမယ့် ဒီနေ့မှာ နယ်မြေ၊ အချုပ်အခြာနဲ့ ပတ်သက်ရင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးလို့ခေါ်နေကြတဲ့ မူကို ဘယ်သူချိုးဖေါက်နေလဲလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်းပြင်ဦးလွင်က စစ်တက္ကသိုလ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မကြာသေးမီက တိုက်ခိုက်ခဲ့တာမှာ တရုတ်လက်ဝေခံတွေလို့ သတ်မှတ်ထားတဲ့ သူပုန်တွေနဲ့ စစ်ဘုရင်တွေ ပါဝင်ပတ်သက်နေတာကြောင့် အဲဒီတိုက်ခိုက်မှုဟာ ပြဿနာကို လှုပ်နှိုးလိုက်တဲ့ သတိပေးချက်ဖြစ်တယ်လို့ လူအများအပြားကမြင်ကြတယ်။ သူတို့ပေးလိုတဲ့ သတင်းစကားကတော့ သူတို့ဟာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်သလို စစ်ကိုလည်း ဖန်တီးနိုင်ပြိး စီးပွားရေးကိုလည်း ထိခိုက်အောင် လုပ်နိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။

မြန်မာနိုင်ငံဟာ အင်အားချိနဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၅၀ ခုနှစ်များက စတင်ပြီး ဘက်မလိုက်လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းကျင့်သုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာသာမက ဘယ်ခေါင်းဆောင်ကမှ အဲဒီမူဝါဒကနေ သိသိသာသာ လမ်းခွဲထွက်ခြင်းမရှိကြဘူးလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်ပဲ နိုင်ငံတော်အတိုင်ပင်ခံက “ကျမတို့ရဲ့နိုင်ငံခြားရေးမူဝါဒဟာ လွတ်လပ်တက်ကြွအောင် ကျမတို့ အမြဲတမ်းထိန်းသိမ်းခဲ့ပြီး နိုင်ငံအားလုံးနဲ့ ချစ်ကြည်မှုကိုပဲ အခြေခံတယ်။ ဒါကြောင့် ကျမတို့က ကျမတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ထက်သန်တဲ့ မိတ်ဆွေအားလုံးကို ကြိုဆိုတယ်။ ကျမတို့ဟာ ကျမတို့နိုင်ငံကို အခြားဘယ်နိုင်ငံအုပ်စုအတွက်မှ အငြင်းအခုန်ဖြစ်၊ သဘောထားကွဲစရာအဖြစ် အမြင်မခံနိုင်ဘူး”လို့ ပြောခဲ့တယ်။

ဒါကြောင့် မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ အတိတ်ကနေ လမ်းခွဲထွက်ခြင်းမရှိဘဲ ကြိုးညှိပြီး ခပ်ပါးပါးပဲ အပြောင်းအလဲရှိတယ်လို့ အချို့ကပြောကြတယ်။ တကယ်တော့ မြန်မာနိုင်ငံခြားရေး မူဝါဒဟာ ကြိုးတန်းပေါ်မှာ ဆက်လက်လမ်းလျှောက်နေဦးမယ်ဆိုတဲ့ အဖြေသာ ထွက်လာနေတော့တယ်။

( Aung Zaw ၏ Does Daw Aung San Suu Kyi Follow Ne Win’s ‘Neutrality’? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည်

အမေရိကန် ပြည်ဝင်ခွင့်ပိတ်သောကြောင့် တပ်မတော် လမ်းကြောင်း မပြောင်းနိုင်

The post ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား appeared first on ဧရာဝတီ.

]]>
နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည် https://burma.irrawaddy.com/opinion/viewpoint/2019/09/23/204661.html Mon, 23 Sep 2019 08:00:18 +0000 https://burma.irrawaddy.com/?p=204661 လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲခံရသော ဗိုလ်ချုပ်ကြီးတဦးသည် ဗလီတခုသို့ သွားရောက်ခဲ့သည်။ ထိုအချက်သည် မျက်နှာဖုံးသတင်းဖြစ်သည်။

The post နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည် appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံ၏ ထိပ်ဆုံး ဗိုလ်ချုပ်ကြီးတဦး ဗလီများနှင့် ခရစ်ယာန်ဘုရားကျောင်းများသို့ သွားရောက်လှူဒါန်းပြီး ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံသည်ကို မြင်ရသည်မှာ ထူးဆန်းပါသလား။

အဖြေမှာ ထူးဆန်းကောင်း ထူးဆန်းနိုင်သည်ဟုသာ ဖြစ်သည်။ သို့သော် ကြုံဖူးနေကျလည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏အဖွဲ့သည် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာမဟုတ်သော လူမှုအသိုင်းအဝန်းများကို ဆွဲဆောင်ရန် ပြည်သူ့ဆက်ဆံရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီဖြစ်သည်။

စစ်ဆင်ရေးအတွက် ပြင်ဆင်သော တပ်မှူးတဦးပီသစွာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်အနီး ပျဉ်းမနားရှိ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေးအဖွဲ့များကို စည်းရုံးရန် ပထမဆုံး လုပ်ဆောင်ချက်ကို လွန်ခဲ့သောအပတ်က ရုတ်တရက် ပြုလုပ်ခဲ့သည်။ ထိုသို့ ပထမဆုံး သွားရောက်ခြင်းအား တုံ့ပြန်မှုသည် အပြုသဘောဆောင်ပုံပေါ်ခဲ့သည်။ (တပ်မတော်သည် ပြည်တွင်းလူမှုကွန်ရက်မီဒီယာ၏ တုံ့ပြန်မှုကို တီးခေါက်ကြည့်တတ်သည့် ထုံးစံရှိသည်။)

ထိုနောက် ဒုတိယအကြိမ် လှုပ်ရှားမှု ထပ်မံပြုလုပ်ပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများသို့သွားကာ ထိုဘာသာရေးအဖွဲ့အစည်းများကို လှူဒါန်းသည်။ ရန်ကုန်တွင် သူသည်  မြန်မာနိုင်ငံတွင် အဝေးရောက်ဘ၀ဖြင့် ၁၈၆၂ ခုနှစ်က ကွယ်လွန်သွားသော နောက်ဆုံး  မဂိုလ်ဘုရင်ဖြစ်သော ဗဟာဒါး ရှား ဇဖား၏ ဂူဗိမ္မန်သို့ သွားရောက်လှူဒါန်းသည်။

တပ်ချုပ်နှင့် ဇနီးသည် အခြားဗိုလ်ချုပ်များ ခြံရံကာ ဗုဒ္ဒဘာသာဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနတခု၊ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံတရုံနှင့် ဟိန္ဒူ ဘုရားကျောင်းတခု သို့လည်း သွားရောက်ခဲ့သည်။

ဘာသာရေး ခွဲခြားဆက်ဆံမှုရှိသည်ဟူသော ပြည်တွင်းနှင့် နိုင်ငံတကာ စွပ်စွဲချက်များကို တန်ပြန်ရန် ရည်ရွယ်သည့် ထိုလူထုဆက်ဆံရေး လှုပ်ရှားမှုကို မြန်မာနိုင်ငံရှိ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေး အသိုင်းအဝန်းအချို့က ကြိုဆိုကြသည်။

“အခုအချိန်ဟာ တိုင်းပြည်အတွက် ညီညွတ်မှု လိုအပ်နေချိန်ဖြစ်တယ်။ အထူးသဖြင့် ဒီနေ့မှာ နိုင်ငံရေးအရ ညီညွတ်မှု လိုတယ်၊ လူမှုရေးအရ ညီညွတ်မှုလိုတယ်၊ ဘာသာရေးအရ ညီညွတ်မှုလိုတယ်။ အဲဒါတွေအတွက် လိုအပ်တာတွေကို တပ်မတော်က ဆောင်ရွက်နေပါတယ်” ဟု တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗုဒ္ဓဘာသာမဟုတ်သည့် ဘာသာရေးအဖွဲ့အစည်းများသို့ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဝေဖန်သူများကမူ ထိုသို့စေတနာကောင်းပြနေခြင်းသည် ဘာသာရေး ခွဲခြားဆက်ဆံသည်ဟူသည့် နိုင်ငံတကာစွပ်စွဲချက်များနှင့် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကို တန်ပြန်ရန် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ၂၀၂၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲနီးလာသောကြောင့် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဗလီများနှင့် ခရစ်ယာန် ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ခြင်းတွင် သူနှင့် နီးစပ်သော ထိပ်တန်းဗိုလ်ချုပ်ကြီးများက ဖော်ဆောင်သည့် ပိုမိုလေးနက်သည့် “တန်ပြန်ထိုးစစ်” ရှိကောင်းရှိနိုင်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူသည် ကစားပွဲ၏ ထိပ်ဆုံးတွင်ရောက်နေပြီး ဝေဖန်သူများနှင့် ဆန့်ကျင်သူများကို စစ်မြှူရန် ကြိုးစားနေပုံပေါ်သည်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲခံရသော ဗိုလ်ချုပ်ကြီးတဦးသည် ဗလီတခုသို့ သွားရောက်ခဲ့သည်။ ထိုအချက်သည် မျက်နှာဖုံးသတင်းဖြစ်ရုံသာမက မြန်မာနိုင်ငံ အပြစ်ပေးခံရခြင်းကို မြင်လိုသော တက်ကြွလှုပ်ရှားသူ အမျာအပြားကို ဒေါသဖြစ်စေမည့် သတင်းဖြစ်မည်ကို သံသယဖြစ်ရန် မလိုပေ။

ထိုသို့ရဲတင်းသောလုပ်ရပ်ဖြင့် တပ်မတော်သည်  မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ရှိသည်ဟု ပြည်တွင်းပြည်ပမှ ဝေဖန်သူများကို ပြသပြီး ထိုလုပ်ရပ်သည် အာဏာရ ပါတီနှင့် အစိုးရကို  နိုင်ငံရေးအရ “အတိုက်အခံ” ပုံစံ ပြုလိုက်လေသလားဟုပင် ထင်မှတ်မှားနိုင်သည်။

၂၀၁၇ ခုနှစ် မွတ်ဆလင် ပုန်ကန်မှုက ရဲကင်းစခန်းများကို တိုက်ခိုက်မှုအပြီး တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ယခု ဘင်္ဂလားဒေ့ရှ်သို့ရောက်နေသော ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းခန့် အပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) တွင် အရေးယူရန် နိုင်ငံတကာဖိအား ကြီးမားလာနေသည်။

မကြာသေးမီကဆိုလျှင် အမေရိကန်ပြည်ထောင်စုသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်းစစ်အရာရှိများအပေါ် ၎င်းတို့နှင့် မိသားစုဝင်များ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းဖြင့် အရေးယူခဲ့သည်။ အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် ဗိုလ်ကျခြင်းသာဖြစ်သည်ဟု မြန်မာ့တပ်မတော်က တုံ့ပြန်ပြောဆိုခဲ့သည်။

ဗုဒ္ဒဘာသာမဟုတ်သော လူမှုအသိုင်းအဝန်းများသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခြင်းသည် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့က အစီရင်ခံစာထုတ်ပြန်ချိန်နှင့် တိုက်ဆိုင်နေသည်မှာလည်း အံ့သြဖွယ် မဟုတ်ပေ။ ထိုအစီရင်ခံစာက ဗိုလ်ချုပ်ကြီးများအနေဖြင့် တရားခွင်ကို ရင်ဆိုင်ရန်သာ ထပ်မံတောင်းဆိုသည်။ “မြန်မာနိုင်ငံတွင် ဆက်လက်ရှိနေသော ရိုဟင်ဂျာများသည် လူမျိုးတုန်းသတ်ဖြတ်မှု ခြိမ်းခြောက်မှုကို ဆက်လက်ရင်ဆိုင်နေရသည်” ဟု သြစတြေးလျ လူ့အခွင့်အရေးရှေ့နေနှင့် ကော်မရှင်အဖွဲ့ဝင် ခရစ်စတိုဖာ ဆီဒေါ့တီ က ဂျနီဗာတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောသည်။ မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် အရေးယူရန် ပျက်ကွက်ကြောင်းလည်း သူပြောသည်။

ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ကို ဝေဖန်သူများအပေါ် တစုံတရာ ပိုမိုပျော့ပျောင်းသော ရပ်တည်ချက်ကို ယူလိုက်ပုံရသည်။

လွန်ခဲ့သောရက်များအတွင်းက တပ်မတော်သည် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဘာသာရေး လွတ်လပ်ခွင့်အကြောင်း ဆွေးနွေးပြီး မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီ အကူးအပြောင်းနှင့် ဖက်ဒရယ်စနစ်ကို ထောက်ခံရန် ပြောသော ကချင်ဘာသာရေးခေါင်းဆောင်ကို တရားစွဲသည်။ ထိုအမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ထိုအမှုကို ရုပ်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင်နှစ်ချင်း ခရစ်ယာန် အသင်းတော်၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို မန္တလေးတွင် တွေ့ဆုံခဲ့သည်။

တပ်မတော်ပြောရေးဆိုခွင့်ရသူတဦး၏ အဆိုအရမူ တပ်မတော်သည် မိမိဆန္ဒအလျှောက် ထိုအမှုကို ရုတ်သိမ်းခြင်းဖြစ်ပြီး ထိုဆုံးဖြတ်ချက်သည် မည်သည့်ပြင်ပ ဖိအားကြောင့်မျှ မဟုတ်ကြောင်း ပြောသည်။ ယင်းသည် တပ်မတော်၏ ထုံးစံအတိုင်း တုံ့ပြန်မှုသာဖြစ်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါက်တာ ခလမ်ဆမ်ဆွန်အကြား တွေ့ဆုံမှုသည် ကောင်းမွန်သော ရလဒ် ထွက်ပေါ်စေခဲ့ပုံရသည်။

ကချင်ဘာသာရေးခေါင်းဆောင်အပေါ် အရေးယူမှုသည် မြန်မာနိုင်ငံပြင်ပမှ တက်ကြွလှုပ်ရှားသူများအတွက် “ခဲယမ်းမီးကျောက်” ပိုမိုစုဆောင်းပေးသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း တပ်မတော်ခေါင်းဆောင်များ သဘောပေါက်သည်ဟု အတွင်းသတင်းသိသော သတင်းရင်းမြစ်များက ဆိုသည်။ ပြည်ပမှ တက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံကို ဆက်လက်အထီးကျန်ပြီး ပိုမိုပြင်းထန်သော အရေးယူမှုများကို လိုလားသူများဖြစ်သည်။ ယင်းသည် မြန်မာဗိုလ်ချုပ်များ၏ အကျိုးစီးပွား မဟုတ်သကဲ့သို့ သာမန်ပြည်သူများ၏ အကျိုးစီးပွားလည်း မဟုတ်ပေ။

မည်သို့ဆိုစေကာမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားရေး ဗုဒ္ဒဝါဒီဆိုသူများနှင့် ပူးပေါင်းခြင်းနှင့် ရိုဟင်ဂျာနှင့် ပတ်သက်သည့် ပျက်ဆီးသွားသော သူ၏ရုပ်ပုံလွှာကို မည်သို့ ပြန်လည်တည်ဆောက်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ဇွန်လက ရန်ကုန်အခြေစိုက် စစ်တိုင်းမှူးသည် မြန်မာနိုင်ငံ၏ ထိပ်တန်း ဗုဒ္ဒဘာသာ အမျိုးသားရေးအဖွဲ့သို့ ကျပ် သိန်း ၃၀၀ လှူဒါန်းသည်။ ထိုအဖွဲ့သည် အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး ဦးဝီရသူအား အရေးယူမှုအတွက် အစိုးရကို ရှုတ်ချသောအဖွဲ့ဖြစ်သည်။ ထွက်ပြေးပုန်းအောင်းနေသော ထိုဝရမ်းပြေး ဘုန်းတော်ကြီးကို အစိုးရက အလိုရှိနေသည်။

လွန်ခဲ့သော လအနည်းငယ်ကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကြီးမားသောဓာတ်ပုံများကို အမျိုးသားရေး ဆန္ဒပြသူများက ရန်ကုန်လမ်းမများပေါ်တွင် ဂုဏ်ယူဝံ့ကြွားစွာ ကိုင်ဆောင် ချီတက်ကြသည်။ ထိုသူများသည် နောက်တကြိမ် ဆန္ဒပြလျှင် ဗိုလ်ချုပ်မှူးကြီး၏ ဓာတ်ပုံကို ဆက်လက် ကိုင်ဆောင် ချီတက်ကြမည်လော သို့မဟုတ် ရှုတ်ချကြမည်လော။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမျိုးကွဲပြားမှုကို အသိအမှတ်ပြုခြင်း၊ ငြိမ်းချမ်းရေးနှင့် ဘာသာရေး သည်းခံမှုကို မတွန့်မဆုတ် အားပေးသော်လည်း  ဗလီတခုသို့ သွားရောက်ခဲ့ပါက ဘက်အများအပြားမှ အထူးသဖြင့် စစ်တပ်လိုလားသောသူများမှ ဆန့်ကျင်မှုနှင့် ဝေဖန်တိုက်ခိုက်မှုများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားမည်ကို စဉ်းစားကြည့်လျှင် ထိုဖြစ်ရပ်သည် စိတ်ဝင်စားစရာ ကောင်းလှသည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည်  မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက် “မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေးဖြစ်မည်။ ထိုငြိမ်းချမ်းရေးသည် လူ့အဖွဲ့အစည်းဝင်တိုင်း၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို လေးစားသော ငြိမ်းချမ်းရေးဖြစ်မည်။  လူမျိုးစုတခုနှင့် ၎င်းတို့၏ ဝိသေသလက္ခဏာကို လေးစားသော ငြိမ်းချမ်းရေးဖြစ်မည်” ဟု ပြောကြားခဲ့သည်။

“ကိုးကွယ်ရာ ဘာသာကွဲပြားမှုဟာ သွေးကွဲမှု၊ အယုံအကြည်ကင်းမဲ့မှုရဲ့ ရင်းမြစ်ဖြစ်စရာမလိုဘဲ ညီညွတ်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုနဲ့ ပညာမြင့်မားတဲ့ နိုင်ငံတည်ဆောက်ရေးအတွက်သာ ဖြစ်ပါတယ်” ဟုလည်း သူ ဆက်ပြောသည်။

ထိုခရီးစဉ်အတွင်း အသက် ၈၂ နှစ်ရှိပြီဖြစ်သော ပုပ်ရဟန်းမင်းကြီးက အစီအစဉ်တွင် မပါဝင်ဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်တွေ့ဆုံခြင်းကို လက်ခံခဲ့ပြီး မည်သည့်သတင်းဓာတ်ပုံကိုမျှ အများပြည်သူသို့ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

“မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှု လုံးဝမရှိဘူး။ အလားတူစွာပဲ ကျနော်တို့ တပ်မတော်လည်းပဲ နိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးအတွက် ဆောင်ရွက်နေတာပါ” ဟု တပ်မတော်အကြီးအကဲက ပြောကြောင်း ထိုတွေ့ဆုံမှုအပြီးတွင် ရေးသားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ “မြန်မာနိုင်ငံတွင် လူမျိုးစု ခွဲခြား ဆက်ဆံမှု မရှိ” ဟုပင် ဆက်လက်ပြောကြားသည်။

သို့သော် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်း ဘာသာရေးကိုးကွယ်မှုအရ အရာရှိများကို ထိပ်တန်းရာထူးမပေးသည့် ရေးသားထားခြင်း မရှိသော်လည်း စနစ်ကျသည့် မူဝါဒ ရှိနေသောကြောင့် ဗုဒ္ဒဘာသာမဟုတ်ဘဲ ခရစ်ယာန်ဖြစ်နေသည့် အရာရှိများအပါအဝင် လူအများအပြားသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည်ကို ယုံကြည်ချင်သော်လည်း ယုံကြည်ရန် ခက်ခဲမည်ဖြစ်သည်။

မည်သည့်ကိစ္စမဟူ ဒေါ်အောင်ဆန်းစုကြည်သည်သာ သူမ၏ မူဝါဒအတိုင်းသာ ရပ်တည်ပြီး မပြောင်းမလဲ ရှိနေသည်။

ငြိမ်းချမ်းရေးအတွက် ဘာသာတရားအမည်ရှိ အဖွဲ့(RfP) က မေလတွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအနေဖြင့် နိုင်ငံတွင်းရှိ မတူညီသော ဘာသာတရားများကို လေးစားရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာတရား အမျိုးမျိုးကိုးကွယ်သော လူမျိုးစုအမျိုးမျိုးနေထိုင်သည့် နိုင်ငံဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောပြီး “ဘာသာလူမျိုး အမျိုးမျိုးအကြား အပြန်အလှန်လေးစားမှုသည် ငြိမ်းချမ်းတည်ငြိမ်သော အသက်မွေးဝမ်းကြောင်းမှုကို တိုးတက်စေပြီး ဘာသာရေးပဋိပက္ခများကို တားဆီးပေးမည်” ဟု ရှင်းပြသည်။

ကံကြမ္မာ၏ လှည့်ကွက်ဟု ဆိုရမည်။ ဗလီများနှင့် ခရစ်ယာန် ဘုရားကျောင်းများသို့ မကြာသေးမီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခြင်းသည် အစွန်းရောက် အမျိုးသားရေးဝါဒီများနှင့် အာဏာကြီးမားဆဲ တပ်မတော်အကြား ကြားညပ်နေပြီး အကျပ်အတည်းတွေ့နေသော ဒေါ်အောင်ဆန်းစုကြည်ကို သက်သောင့်သက်သာ ဖြစ်သွားစေခြင်းပင်။

ယခုပေါ်ပေါက်လာသည့်မေးခွန်းမှာ ၎င်းတို့ ၂ ဦးအကြား ဘာကွာသနည်း၊ ၎င်းတို့အကြား ကွာဟချက် ကျဉ်းမြောင်းလာသလား သို့မဟုတ် ထိုဖြစ်ရပ်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များကို မဲဆွယ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်ကစားပွဲလော။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတ လုပ်ရန် ရည်မှန်းချက်ရှိသော်လည်း သေနင်္ဂဗျူဟာနှင့် အတွေးအခေါ်ကို သူနှင့် သူ့လက်ထောက် အနည်းငယ်သာ သိကြသည်။

အစွန်းရောက် အမျိုးသားရေးဝါဒီများနှင့် သက်တောင့်သက်သာ မဖြစ်သော၊ ၎င်းတို့ကို ရိုဟင်ဂျာမွတ်ဆလင်များနှင့် ရောထွေးနေသည်ဟု မမြင်စေလိုသော ပြည်တွင်းနေ မြန်မာမွတ်ဆလင်များသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗလီများသို့ လာရောက်ခြင်းအား အပေါ်ယံသက်သက်ပင်ဖြစ်ပါစေဦး ကြိုဆိုကြမည်သာဖြစ်သည်။

သို့သော် တပ်မတော်က ယခု တရားဝင်ပေးပို့လိုက်သော သတင်းစကားမှာမူ တိုင်းပြည်ညီညွတ်ရန် လိုကြောင်းနှင့် နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးညီညွတ်မှု လိုကြောင်းသာလျှင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ ကတိကို သူ လေးစားလိုက်နာရတော့မည် ဖြစ်သည်။

( Aung ZawIn New Charm Offensive, Myanmar’s Military Chief Shows Political Skills ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

အမေရိကန်-အာဆီယံ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာ မြန်မာ ဘာကြောင့်ပါသင့်သနည်း

The post နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည် appeared first on ဧရာဝတီ.

]]>
ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ https://burma.irrawaddy.com/opinion/viewpoint/2019/08/31/202580.html Sat, 31 Aug 2019 00:30:52 +0000 https://burma.irrawaddy.com/?p=202580 နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများသည် နှုတ်ဆိတ်နေကြသော်လည်း သူတို့အကြားတွင် တရုတ်နိုင်ငံအပေါ် မနှစ်မြို့မှုနှင့် မယုံကြည်မှုကြီးထွားနေကြောင်း လူတိုင်းသိနိုင်သည်။

The post ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ appeared first on ဧရာဝတီ.

]]>
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် မည်မျှသြဇာလွှမ်းမိုးနေသနည်းဟူသော မေးခွန်းကို မကြာခဏ မေးကြသည်။ သံတမန်ဆန်ဆန် ဖြေရလျှင် “တစုံတရာသော အတိုင်းအတာအထိ” ဟု သာဖြစ်သည်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်များက ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိုးစစ်သည် ထိုအိမ်နီးချင်းနိုင်ငံကြီး၏ မြန်မာအပေါ် ရှိသော အရိပ်အာဝါသကို အမြင်သစ်ဖြင့် စဉ်းစားစရာဖြစ်လာသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသော်လည်း သြဂုတ်လ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ၏ မဟာမိတ်အဖွဲ့က အလစ်အငိုက် တိုက်ခိုက်ခြင်းကို လအတန်ကြာ ကြိုတင်စီစဉ်ထားကြောင်းမှာ ထင်ရှားလှသည်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) စသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မဟာမိတ်အဖွဲ့က မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်များမှ နေရာ ၅ ခုကို ချိန်ကိုက်တိုက်ခိုက်မှုများကြောင့် စစ်သား၊ ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးသည်။

ညီအကို မဟာမိတ်များဟု ၎င်းတို့ကို ၎င်းတို့ခေါ်သော ထိုအဖွဲများသည် မြန်မာနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ထားသော အခြေခံလမ်းကြောင်းနှစ်ခုတွင် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အကြီးအကျယ် ပြတ်တောက်စေရန် ကြိုးစားနေကြောင်း ထင်ရှားသည်။ လွန်ခဲ့သော နှစ်ပတ်အတွင်းတွင် ၎င်းတို့သည်  တရုတ်-မြန်မာနယ်စပ် အရေးအပါဆုံး ကုန်သွယ်ရေး အချက်အခြာဒေသနှစ်ခုသို့ ဦးတည်သည့် ထိုအဓိကလမ်းမကြီးမှ တံတားလေးခုကို ဖေါက်ခွဲခဲ့ကြသည်။

ထိုတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်ရှိ အဓိက နယ်စပ်ဂိတ် နှစ်ခုဖြစ်သော တရုတ်နိုင်ငံယူန်ပြည်နယ် ရွှေလီတဖက်ခြမ်းရှိ မူဆယ်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော်တို့ကို ပိတ်လိုက်ကြကြောင်း ဧရာဝတီ သတင်းဌာနက လွန်ခဲ့သောအပတ်က ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် ရပ်ဝန်းနှင့် လမ်းအစီအစဉ်(BRI) ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) အကောင်အထည်ဖေါ်ရန် အလားအလာနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏ တွန်းအားပေးမှုအပေါ် ပူပန်မှုများကို ဖြစ်စေခဲ့သည်။ နေပြည်တော်နှင့် ထိုဒေသတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမရမီ အထက်ပါစီမံကိန်းကို ရှေ့ဆက်လုပ်ရန် တရုတ်နှင့်မြန်မာအစိုးရများ၏ သေနင်္ဂဗျူဟာ၏ စဉ်းစားတွေးခေါ်မှုကိုလည်း မေးခွန်းထုတ်စရာဖြစ်လာသည်။

“ CMEC ကို အကောင်အထည်ဖေါ်ခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းသို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ဆောင်ယူလာပေးမည်ဟု တရုတ်နှင့် မြန်မာနှစ်နိုင်ငံလုံးတို့က ပြောဆိုကြသည်။ CMEC သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ကတိကဝတ်များအနက်တခုဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေမည်ဟု တရုတ်နိုင်ငံမှ အကြံပေးလုပ်ငန်းများက မြန်မာပြည်သူများကို ဖျောင်းဖြဆွဲဆောင်ကြသည်” ဟု ဧရာဝတီ သတင်းထောက် မနန်းလွင် ရေးသားခဲ့သည်။

သို့သော် ထိုအလစ်အငိုက်တိုက်ခိုက်မှုများသည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန် နေပြည်တော်မှ ထိပ်တန်းခေါင်းဆောင်များအတွက် အခါလွန် သတိပေးချက် ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

တရုတ်က ကြားဝင်သော်လည်း မယုံကြည်ရ

အထက်ပါတိုက်ခိုက်မှုများအပြီး တပတ်အကြာတွင် တရုတ်သံအမတ် ချန်ဟိုင်သည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးသည်။

တရုတ်သံအမတ် ချန်ဟိုင်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ် ၂၂ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်/ Office of the Commander-in-Chief

ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်း ပြင်ဦးလွင် တပ်မြို့မှ မကြာသေးမီက တိုက်ခိုက်မှုများကို တရုတ်နိုင်ငံက အပြင်းအထန် ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးတက်ရန် ဖြစ်နိုင်သော နည်းလမ်းများကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ချန်ကပြောသည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အဆိုအရ သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများအတွက် နေရာအများအပြားကိုလည်း တရုတ်သံအမတ်က အဆိုပြုခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း ကျိုင်းတုံကို ရွေးချယ်ထားပြီး ထိုနေရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံသည်ဟု ယုံကြည်ရသည်။

ယခင်က ဗြိတိန်ကိုလိုနီအစိုးရ၏ တောင်ပေါ်စခန်းမြို့ကလေးဖြစ်သည့် မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကို အဖြူရောင်ဒေသ ဖြစ်သည်ဟု တရားဝင် သတ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုမှ ဘေးကင်းလုံခြုံသောနေရာအဖြစ် သတ်မှတ်ကြသည်။ အထက်ပါ တိုက်ခိုက်မှုများကြောင့် အငိုက်မိသွားကြောင်းကိုလည်း တပ်မတော်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံခဲ့သည်။

အထက်ပါ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်များက ဆွေးနွေးပွဲများကို တက်ရောက်မည်ဟု အတည်ပြုပြောဆိုခြင်း မရှိသေးသော်လည်း တပ်မတော်ကမူ ဆွေးနွေးပွဲကျင်းပရန် စိတ်အားထက်သန်နေပုံရသည်။ ဆက်လက်တိုက်ခိုက်မည် သို့မဟုတ် ဆွေးနွေးမည်ကို စဉ်းစားရန်မှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ကြောင်း ထိုသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောခွင့်ရသူတဦးက ပြတ်ပြတ်သားသားပြောသည်။

အထက်ပါ တိုက်ခိုက်မှုအပြီး တပ်မတော်သည် မြောက်ပိုင်းသို့ တပ်များထပ်မံစေလွှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များကို ပိုမိုဝေးကွာသော မြောက်ဖက် တောတွင်းသို့ ပြန်လည်တွန်းလှန်ထုတ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်ကို ချေမှုန်းရန် ယခင်က နေပြည်တော်တွင် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်ပေးသည်။

အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ သုံးဖွဲ့၏ ထိုးစစ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို ရှုတ်ချကြောင်း ချန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ သြဂုတ်လ ၁၉ ရက်နေ့ အစည်းအဝေးမတိုင်မီတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

သို့သော် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံရရှိထားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)သည် အထက်ပါ တိုက်ခိုက်မှုများ၏နောက်ကွယ်တွင် ပတ်သက်နေသည်ဟု တပ်မတော်က ယုံကြည်နေသောကြောင့် နေပြည်တော်ရှိ တပ်မတော်ဌာနချုပ်မှ တရုတ်နိုင်ငံသို့ ပေးပို့သော သတင်းစကားမှာ ပြည့်စုံလုံလောက်ခြင်း မရှိသေးပေ။

ထိုအချိန်တွင် ချန်သည် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ချန်၏ နေပြည်တော် အစည်းအဝေး မတိုင်မီတွင် အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်သည် မြန်မာခေါင်းဆောင်များ၏ အမြင်များကို သိရှိသောကြောင့် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းမှုကော်မတီ (FPNCC) မှ အရာရှိများကို ကူမင်းသို့ ဖိတ်ခေါ်ခဲ့သည်။

TNLA, AA နှင့် MNDAA တို့သည် FPNCC အဖွဲ့ဝင်များဖြစ်သည်။ (FPNCC ၏ အခြားအဖွဲ့ဝင်တဦးဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မကြာသေးမီက တိုက်ခိုက်မှုများမှ ခပ်ခွာခွာနေကြောင်း၊ ကချင်နှင့် ၀ သည် မြောက်ပိုင်းတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သော်လည်း အဆင်မပြေကြကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြောင်း ကျွမ်းဝင်သည့် လေ့လာသူများ၏ အဆိုအရ သိရသည်။)

လားရှိုးမြို့ပေါ်ရောက် စစ်ပြေးဒုက္ခသည်များ/ ဇော်ဇော်

ကူမင်းအစည်းအဝေးသို့ ဆုံးဖြတ်ချက်ချနိုင်သည့် ထိပ်တန်းခေါင်းဆောင်များကိုသာ စေလွှတ်ရန် တိုင်းရင်းသားလက်နက်ကိုင်များအား တရုတ်အထူးသံတမန်က ပြောကြားခဲ့သည်ဟု သတင်းများက ဆိုသည်။ ဝ၊ ကချင်၊ ကိုးကန့်၊ ရခိုင် နှင့် တအန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲများသည် ဆွန် နှင့်တွေ့ရန် ထိပ်တန်းခေါင်းဆောင်များကို စေလွှတ်ခဲ့သည်။ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း တိုက်ခိုက်မှုများရပ်ဆိုင်းရန် ၎င်းတို့ကို တရုတ်နိုင်ငံက ဖိအားပေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်များက နောက်ပိုင်းတွင်ပြောကြားခဲ့သည်။ ထိုအချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်နိုင်ငံ၏ ပြောဆိုမှုကို နားမထောင်သည့် လက္ခဏာဖြစ်နေသည်လားဟု မေးစရာရှိလာသည်။

အထက်ပါတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူရှိနေသည်နှင့်ပတ်သက်သော မပြီးဆုံးသေးသည့် သံသယများလည်း ရှိနေသည်။

ထိုတိုက်ခိုက်မှုတွင် TNLA တပ် အများစုပါဝင်ပြီး စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အင်အား ၂၀၀ မှ ၄၀၀ အထိ ပါဝင်သည်ဟု အချို့သတင်းများက ဆိုသည်။

တိုက်ခိုက်မှုအတွင်း တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခဲ့ပြီး တိုက်ခိုက်သူအများအပြားသည် တရုတ်စကားပြောသည်ကို ကြားခဲ့ရသည်။ MNDAA နှင့် ၀ တို့ကဲ့သို့သော အချို့အဖွဲ့များသည် တရုတ်စကားဖြင့် ဆက်သွယ်ကြသည်။

ထိုတိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသားများလည်း ပါကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများသည် နှုတ်ဆိတ်နေကြသော်လည်း မြန်မာဗိုလ်ချုပ်များအကြားတွင် တရုတ်နိုင်ငံအပေါ် မနှစ်မြို့မှုနှင့် မယုံကြည်မှုကြီးထွားနေကြောင်း လူတိုင်းသိနိုင်သည်။

၂၀၁၅ ခုနှစ်ဖေဖေါ်ဝါရီလက မြန်မာ့တပ်မတော်နှင့် MNDAA မှ ကိုးကန့်လက်နက်ကိုင်များသည် တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသ၏ အုပ်ချုပ်ရေးမြို့တော် လောက်ကိုင်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားကြသည်။ ထိုတိုက်ပွဲများသည် နှစ်ပတ်ခန့်ကြာသည်။ တပ်မတော်က နောက်ဆုံးတွင် တိုင်းရင်းသားလက်နက်ကိုင်များကို ပြန်လည်တွန်းလှန်နိုင်သော်လည်း နှစ်ဖက်စလုံးတွင် အကျအဆုံးများခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များက တရုတ်နယ်စပ်သို့ ပြန်လည်ထွက်ခွာရသည်။

လောက်ကိုင်တိုက်ပွဲများးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ပြည်တွင်း ပြည်ပ မီဒီယာများက ဖေါ်ပြခဲ့သည်။

တရုတ်ကြေးစားစစ်သားများသည် MNDAA ဖက်မှ ဝင်ရောက်တိုက်ခိုက်ကြောင်း ယခု စစ်ဦးစီးအရာရှိချုပ် ဖြစ်နေသော ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး က ထိုစဉ်ကပြောခဲ့သော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းသူအကြီးအကဲ ဦးအောင်မင်းက ထိုတိုက်ခိုက်မှုသည် တရုတ်နိုင်ငံနှင့် မပတ်သက်ကြောင်း ပြောသည်။

မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သည့် ယခုနောက်ဆုံးတိုက်ပွဲများအပြီး တပ်မတော်ထိပ်တန်းခေါင်းဆောင်များအပါအဝင်  မြန်မာအရာရှိများသည် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် သြဇာသက်ရောက်မှုကို စိုးရိမ်ပူပန်နေကြသည်။

စစ်ပွဲကြား ထိခိုက်ဒဏ်ရာရသူတဦး ကွတ်ခိုင်ဆေးရုံသို့  ဩဂုတ်လ ၂၅ ရက်နေ့က ရောက်လာစဉ်/ ဇော်ဇော်

တရုတ်နိုင်ငံ၏ ဦးစားပေးမှာ BRI ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံနှင့် တည်ဆောက်မည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအောင်မြင်ရေးသာဖြစ်သည်။ သို့သော် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များက ၎င်းတို့မပါလျှင် ထိုစီမံကိန်းများရှေ့မဆက်နိုင်ကြောင်း ပြသလိုက်ကြသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုက်ခိုက်မှုများကို ချေမှုန်းရန် အချိန်ရလိမ့်မည်ဟု တပ်မတော်ခေါင်းဆောင်များက မျှော်လင့်ကောင်းမျှော်လင့်ခဲ့မည်။ သို့သော် ထိုသို့ဖြစ်ရန်မလွယ်ကူတော့ပေ။ တပ်မတော်သည် မြောက်ပိုင်းရှမ်းပြည်နယ်သို့ တပ်များ စေလွှတ်ရသောကြောင့် အင်အားများပြန့်ကျဲနေနိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင်များသည် ရခိုင်မြောက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း စစ်မျက်နှာနှစ်ခုလုံးတွင် ဖိအားပေးနေမည့်သဘော ရှိသည်။ တရုတ်နိုင်ငံသည် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များကို ထိန်းချုပ်ထားပေးလိမ့်မည်ဟု တပ်မတော်က ထင်ကောင်းထင်ခဲ့နိုင်သည်။ ၂၀၁၅ ခုနှစ်က လောက်ကိုင်တိုက်ပွဲနှင့်မတူဘဲ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်နယ်စပ်မှအဝေး ရှမ်းပြည်နယ်အတွင်းပိုင်း ပိုမိုကျသောနေရာသို့ ဝင်ရောက်ပြီး တပ်မတော်ကို တိုက်ခိုက်နိုင်ခဲ့သည်။

ယခင်က ဆွန်နှင့် အစည်းအဝေးတခုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများအတွင်း သိမ်းမိသော ဗုံးပစ်လောင်ချာများ၊ မိုင်းများနှင့် အခြားလက်နက်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဓာတ်ပုံနှင့်တကွ ပေးအပ်ခဲ့သည်ဟု သတင်းများက ဆိုကြသည်။ ထိုလက်နက်များ တရုတ်နိုင်ငံက ထောက်ပံ့ခြင်း သို့မဟုတ် တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်သည်ဟု ယူဆရသည်။

ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ များပြားလှသော အကျိုးစီးပွားများကြောင့် တပ်မတော်ဖက်တွင် မယုံကြည်မှုများ တိုးပွားနေပြီး မြန်မာ့ပဋိပက္ခတွင် တရုတ်နိုင်ငံက ကြားဝင်ရန် ကမ်းလှမ်းခြင်းကို ပိုမိုရှုတ်ထွေးစေနိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ China’s Shadow Looms over Recent Attacks in Myanmar’s Shan State  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန် –

လင်းမြွေတောင် တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်များကျ ဟု တပ်မတော်ပြော

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

တိုက်ပွဲများ ဆက်တိုက်လိုပါက အသင့်ရှိဟု တပ်မတော်ပြော

The post ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ appeared first on ဧရာဝတီ.

]]>
အမေရိကန် ပြည်ဝင်ခွင့်ပိတ်သောကြောင့် တပ်မတော် လမ်းကြောင်း မပြောင်းနိုင် https://burma.irrawaddy.com/article/2019/07/30/199294.html Tue, 30 Jul 2019 01:30:40 +0000 https://burma.irrawaddy.com/?p=199294 ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် လက်တွေ့တွင် သက်ရောက်မှု အနည်းငယ်သာရှိမည်ဟု မြန်မာ့အရေးစောင့်ကြည့်သူ အများအပြားက ဆိုသည်။

The post အမေရိကန် ပြည်ဝင်ခွင့်ပိတ်သောကြောင့် တပ်မတော် လမ်းကြောင်း မပြောင်းနိုင် appeared first on ဧရာဝတီ.

]]>
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို ဖြိုခွင်းနှိမ်နင်းမှုကို စီစဉ်သည့်အခန်းမှ ပါဝင်သောကြောင့် မြန်မာထိပ်တန်း ဗိုလ်ချုပ်ကြီးများကို လွန်ခဲ့သော ရက်များအတွင်း ထရမ့်အစိုးရက အရေးယူသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်သည်။

ထိုသို့ ပိတ်ပင်ခြင်းသည် မြန်မာထိပ်တန်း တပ်မတော်ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူ၏လက်ထောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အခြားအဆင့်မြင့် ဗိုလ်ချုပ်နှစ်ဦးနှင့် ၎င်းတို့၏ မိသားစုများအပေါ် သက်ရောက်မည်ဖြစ်သည်။ “ထရမ့်အစိုးရသည် မြန်မာ့တပ်မတော်၏ အဆင့်အမြင့်ဆုံးခေါင်းဆောင်များနှင့်ပတ်သက်ပြီး ပထမဆုံး လူသိရှင်ကြား အရေးယူသည့် အစိုးရဖြစ်သည်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုက ပြောသည်။

ပြည်ဝင်ခွင့်ပိတ်ပင်မှု စာရင်းဝင် ဗိုလ်ချုပ်ကြီးများသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ဖူးသည်ဟု မကြားဖူးသလို ၎င်းတို့သည် နီးကပ်သောအနာဂတ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန်လည်း ကြံရွယ်ပုံ မရှိပေ။ ဒီမိုကရေစီလိုလားသော အရေးတော်ပုံကို တပ်မတော်က ရက်စက်စွာ နှိမ်နင်းပြီးနောက် ၁၉၈၈ ခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းစစ်အရာရှိများ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားဖူးသည်။

သို့သော် ၎င်းတို့သည် ဒေသတွင်းနှင့်ပြင်ပတွင် မြန်မာ့တပ်မတော်၏ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးတွင် အရေးပါသော တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားအရှေ့ဥပရောပနိုင်ငံ အများအပြားသို့ သွားရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ တက်ရောက်စဉ်/ ထက်ဝေ

အချို့လူ့အခွင့်အရေးအုပ်စုများနှင့် တပ်မတော်ကို ဝေဖန်သူများက ထရမ့်အစိုးရကချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် မြေပြင်တွင်ဖြစ်ပေါ်နေသော ဖြစ်ပေါ်တိုးတက်မှုများကို တုံ့ပြန်အရေးယူရန် အစိုးရ၏ စိတ်ထက်သန်မှုကို ပြသသည့်နည်းလမ်းဖြစ်သည်ဟု ဆိုကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ချီးကျူးကြသည်။

အမေရိကန်ပြည်ထောင်စုသည် ရခိုင်ပြည်နယ်မှ ပဋိပက္ခ သို့မဟုတ် ၂၀၁၇ ခုနှစ်က ပြည်နယ်မြောက်ပိုင်းတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) ကို တပ်မတော်က လက်စားချေခြင်း သို့မဟုတ် မွတ်ဆလင် အရပ်သားများကို အပေါ် အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဖေါ်ပြရတွင် “လူမျိုးတုန်းသတ်ဖြတ်မှု” ဟူသော စကားလုံးကို သုံးစွဲခြင်း မရှိပေ။ ထိုသို့ သုံးစွဲမည့်အစား ထိုကြေညာချက်တွင် “အစီအစဉ်ကျကျ အကွက်ချ လုပ်ကိုင်သော” အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများဟုသာ သုံးစွဲသည်။ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ပွမ်ပီယို၏ ကြေညာချက်တွင် “ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်းအပါအဝင် ဗြောင်ကျသော လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များ” ဟုသာ ဖေါ်ပြသည်။

အမေရိကန်နိုင်ငံ၏ မူဝါဒများသည် မြန်မာတပ်မတော်၏ အပြုအမူပြောင်းလဲရေးနှင့် တာဝန်ခံမှုမြှင့်တင်ရေးကို အလေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။

ထို့ကြောင့် ထိုသို့လုပ်ဆောင်ခြင်းသည် လက်တွေတွင် တပ်မတော်၏ အပြုအမူ အမှန်တကယ် ပြောင်း မပြောင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ၂၀၁၂ ခုနှစ်ကမှ ပုံမှန်ပြည်လည်ထားရှိခဲ့သော ဝါရှင်တန်နှင့် နေပြည်တော်ဆက်ဆံရေးအပေါ် မည်သို့ရိုက်ခတ်သည်ကို မေးခွန်းထုတ်ရန် လိုသည်။

သင်္ကေတသဘောဆောင်သည့် အရေးယူမှု

ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် လက်တွေ့တွင် သက်ရောက်မှုအနည်းငယ်သာရှိမည်ဟု သုတေသီနှင့် ဝါရင့်မြန်မာ့အရေးစောင့်ကြည်သူ အများအပြား၏ အဆိုအရ သိရသည်။

ပိတ်ပင်မှုနှင့် ပတ်သက်ပြီးမေးသောအခါ မြန်မာ့တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ အဖြေမှာ မျှော်လင့်ထားသောအဖြေဖြစ်သည်။ “ ဒီခေါင်းဆောင်တွေက အမေရိကန်ကို မသွားဘူး။ သွားစရာလည်း မလိုဘူး။ ဒါကြောင့် ပိတ်ပင်မှုရဲ့ သက်ရောက်မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မေးရမယ့်မေးခွန်းတွေ ရှိနေတယ်။ ဒါပေမယ့်ဒ ါဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်” ဟု သူပြောသည်။

အစိုးရကလည်း ကြေညာချက်တို တစောင်ထုတ်ပြန်ပြီး စွပ်စွဲထားသော ရခိုင်မြောက်ပိုင်းမှ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဖြေရှင်းရန် တပ်မတော်က ဖွဲ့စည်းထားသော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) မှတဆင့်တာဝန်ခံမှုပြဿနာကို ဖြေရှင်းနေကြောင်းပြောသည်။

“ICOE က ယုံကြည်လက်ခံနိုင်တဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ကျနော်တို့ကို အချိန်နဲ့နေရာပေးသင့်တယ်။ အခုလို လုပ်ရပ်တွေဟာ ရခိုင်ပြဿနာဖြေရှင်းရေးကို အကျိုးပြုမှာ မဟုတ်ဘဲ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားစေမှာသာဖြစ်ပါတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အစိုးရ၏ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ခန့်အပ်ခြင်းဖြစ်သောကြောင့် ၎င်းတို့ကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်းသည် မြန်မာ့ပြည်တွင်းရေးတွင် အမေရိကန်ပြည်ထောင်စုက ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်မတော်၊ အစိုးရနှင့် မြန်မာပြည်သူများကို အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုအတွင်းတွင် တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ထွန်းထွန်းညီက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်မှုက အဓိကအားဖြင့်တော့ သင်္ကေတ အထိမ်းအမှတ်သဘောပဲ။ ဘာ ဘာဏ္ဍာရေးပိတ်စို့မှုမှ မပါဘူး၊ ဒါပေမယ့် ထိပ်ဆုံးတပ်မှူးနှစ်ဦးကို နာမည်တပ်ပြီး လူပုဂ္ဂိုလ်အရ ပစ်မှတ်ထားအရေးယူတာ ဒါပထမဆုံး အကြိမ်ပဲ။ ဒီလုပ်ရပ်ဟာ တခြားနိုင်ငံတွေလည်း အလားတူလုပ်ဖို့ စံနမူနာဖြစ်သွားနိုင်တယ်” ဟု ရန်ကုန် အခြေစိုက် သုတေသီ ရစ်ချတ် ဟိုဆေးပြောသည်။

အကြမ်းဖက်မှုများဖြစ်ပွားပြီး ရခိုင်မြောက်ပိုင်း အကျပ်အတည်းပြီးနောက် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းနှင့် အကျပ်အတည်းတွင် ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် အဆင့်မြင့်စစ်အရာရှိများအား အရေးယူခြင်းကို သက်တမ်းတိုးခဲ့သည်။

သတ်ဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် စွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် စစ်တပ်နှင့် နယ်ခြားစောင့်တပ်မှ ထိပ်တန်းအရာရှိ ၁၄ ဦးခန့်တို့ကို ဥရောပသမဂ္ဂက လူပုဂ္ဂိုလ်အရ အရေးယူခဲ့ပြီး ၎င်းတို့ ဥရောပအုပ်စု နိုင်ငံများသို့ သွားလာခြင်း၊ ဖြတ်သန်းခြင်းကို ပိတ်ပင်ခဲ့ကာ ဥရောပတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများရှိပါက ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုက အရေးယူမှုများ လုပ်ဆောင်ပြီးပါက ထိုအရေးယူမှုများကို ထုံးစံအားဖြင့် အုပ်ချုပ်ရေးပိုင်း သို့မဟုတ် လွှတ်တော် သို့မဟုတ် ၎င်းတို့ နှစ်ခုလုံးက ချမှတ်ခြင်းဖြစ်သောကြောင့် ပြန်ရုတ်သိမ်းပေးရန် ခက်ခဲကြောင်း မြန်မာနိုင်ငံအကြောင်း စာအုပ်များစွာ ရေးသားခဲ့သူ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိန်းဗက် ကပြောသည်။ “မြန်မာနိုင်ငံကိစ္စမှာ အရင်ကလည်း ဒါမျိုးတွေတွေ့ခဲ့ပြီးသားပါ။ ရုရှားက ခရိုင်းမီးယားကို ယူကရိန်းကို ပြန်ပေးမလား။ အီရန်ဆိုရင်ကော ဘယ်လိုလဲ” ဟု သူပြောသည်။

“ဒါတွေအားလုံးက အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုကို ပိုမိုခက်ခဲစေမယ်။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာရင် ဘာဖြစ်မလဲ” ဟု သူပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတဖြစ်ရန် ရည်မှန်းထားသည်ဟု လူသိများပြီး ထိုရည်မှန်းချက်အပေါ် အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းက မည်သို့ သက်ရောက်မည်ကို ဝေဖန်သူများ ခန့်မှန်းနေကြသည်။

မြန်မာဗိုလ်ချုပ်ကြီးများသည် အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်သောကြောင့် စိတ်အနှောက်အယှက်ဖြစ်နေကြကြောင်း အမည်မဖေါ်လိုသော မြန်မာ့တပ်မတော်ကို လေ့လာသူတဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတရည်မှန်းချက်များအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းက သက်ရောက်မှု ရှိ မရှိနှင့်ပတ်သက်ပြီး သူက သတိထားပြောဆို မှတ်ချက်ပေးသည်။ “ဒီအချက်က ပြည်တွင်းဥပဒေတွေအပေါ်မှာပဲ မူတည်တယ်” ဟု သူပြောသည်။

ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် အနည်းငယ်သာ သက်ရောက်မှုရှိလိမ့်မည်ဟူသည့် မြန်မာနိုင်ငံမှ လူအများအပြားက မြင်သောအမြင်ကို “The River of Lost Footsteps” အပါအဝင် မြန်မာနိုင်ငံအကြောင်း စာအုပ်အများအပြားကို ရေးသားခဲ့သူ သမိုင်းပညာရှင် ဦး သန့်မြင့်ဦးကလည်း လက်ခံသည်။

“ပြည်ဝင်ခွင့်ပိတ်ပင်တာဟာ ဝါရှင်တန်မှာတော့ ဘာမှအရေးပါတဲ့ သင်္ကေတဆိုင်ရာ အရေးပါမှုရှိပေမယ့် ရခိုင်ပြည်သူတွေရဲ့ ဘဝတွေကိုတော့ သက်ရောက်မှု ရှိမှာမဟုတ်ဘူး” ဟု သူပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ကံကြမ္မာကို တိုးတက်အောင် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ အထောက်အကူပြုအောင်လုပ်ဖို့ ဘယ်သူ့မှာမှ အစီအစဉ် အကြံအစည်ကောင်းကောင်း ရှိပုံ မရပါဘူး။ ကမ္ဘာရဲ့အခြားဖက်တခြမ်းက အပြောင်းအလဲကို အမေရိကန်အနေနဲ့ အသေးစိတ်ဝင် စီမံတဲ့ ခေတ်က ကုန်သွားပြီ” ဟုလည်း သူပြောသည်။

“ဘင်္ဂလီတိုက်ခိုက်မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြောသည်။ ဘင်္ဂါလီဆိုသည်မှာ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုနေသူများကို မြန်မာနိုင်ငံသား အများအပြားက ကျယ်ကျယ်ပြန့်ပြန့်ခေါ်ဝေါ်သော အမည်ဖြစ်သည်။

“ဒါဟာ ပြည်တွင်းရေးပဲဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အကြမ်းဖက်သမားတွေအပေါ် တပ်မတော်ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ မဆန့်ကျင်ပေမယ့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိရင်တော့ အပြစ်ပေးနိုင်တယ်လို့ လူတိုင်းမြင်ကြတယ်” ဟု သူပြောသည်။

အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် မည်သည့်သက်ရောက်မှုမျှ မရှိသော်လည်း နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးမှုဖြစ်ပြီး နိုင်ငံကို တမင်ဖိအားပေးခြင်း သက်သက်သာဖြစ်ကြောင်း သူပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာအတွင်း အမေရိကန် ရေတပ် သင်္ဘော USS Bonhomme Richard သို့ မြန်မာ ရေတပ် အရာရှိများ သွားရောက်လည်ပတ်စဉ်/US Navy

စံနှုန်းနှစ်ခု ကျင့်သုံးခြင်းလား

မြန်မာဗိုလ်ချုပ်ကြီးများကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းသည် ဝါရှင်တန်အတွက် ပေးဆပ်ရမှု အနည်းငယ်သာဖြစ်စေပြီး ထိရောက်မည်ကို သံသယရှိကြောင်း စင်္ကာပူရှီ ISEAS-Yusof Ishak Institute (ယခင်အရှေ့တောင်အာရှလေ့လာရေးသိပ္ပံ) မှ တွဲဖက်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။ မြန်မာ တပ်မတော်ခေါင်းဆောာင်များသည် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး သိပ်ဂရုစိုက်မည် မထင်ကြောင်း သူပြောသည်။

“ဖိလစ်ပိုင် သမ္မတ ဒူတာတေကိုဆိုရင် ဘယ်လိုလုပ်မလဲ” ဟူသောမေးခွန်းကို သူကမေးသည်။

ဖိလစ်ပိုင်သမ္မတက ဆင်နွှဲခဲ့သော ပြည်တွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုသည် လူထောင်ချီသေဆုံးသောကြောင့် အပြစ်တင်ခံနေခဲ့ရသည်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ၎င်းတို့သည် စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် ပဏာမ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖေဖေါ်ဝါရီလက ကြေညာခဲ့သည်။

ဒူတာတေက တရုတ်ဘက်ကို ယိမ်းသလိုလို ဖြစ်နေသော်လည်း အမေရိကန်နှင့် ဖိလစ်ပိုင်တို့တွင်လည်း သမိုင်းဝင်ရှည်ကြာသော ဆက်ဆံရေးရှိကြသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏အင်အားပြ ချုပ်ကိုင်မှုကြီးထွားလာခြင်းနှင့် ဒူတာတေ၏ တရုတ်ဖက်သို့ယိမ်းသည့် သစ္စာခံမှုပြောင်းလဲလာခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် သူ၏လက်အောက်တွင် ကျူးလွန်သည့် တရားစီရင်မှုမဲ့ တိုက်ခိုက်မှုများကို ဆက်လက်နှုတ်ဆိတ်နေသည်။

ပွမ်ပီယိုသည် မနီလာသို့ မတ်လတွင် သွားရောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်သင်္ဘောများ သို့မဟုတ် တပ်ဖွဲ့များကို တိုက်ခိုက်လာခဲ့ပါက အမေရိကန်ပြည်ထောင်စုသည် ဖိလစ်ပိုင်ကို ကူညီမည်ဖြစ်ကြောင်း ထပ်မံ ကတိပြုပြောကြားသည်။

သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ တံခါးဖွင့်ချိန် ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် လည်ပတ်ခဲ့သော်လည်း ထိုင်း၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့နှင့် မတူဘဲ မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ထူးခြားသည့် ဆက်ဆံရေး မရှိပေ။ ထိုစဉ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ပြီးနောက် အိုဘားမားအစိုးရလက်အောက်တွင် မြန်မာနိုင်ငံနှင့် အမေရိကန်အကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သည်။

ဒီမိုကရေစီ ဖူးပွင့်ခြင်း မရှိ

အခြားသောပြဿနာတခုတွင်မူ မြန်မာနိုင်ငံ၏ ရင်သပ်ရှုမောဖွယ် အပြောင်းအလဲဟု အနောက်က ချီးမွမ်းပြောဆိုသော မြန်မာပြည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး လူတိုင်းက အမှတ်ယူလိုသော်လည်း အိုဘားမားက အရေးယူပိတ်စို့မှုများ ရုတ်သိမ်းပြီးနောက် နိုင်ငံ၏ ပြဿနာအများအပြားသည် ပိုမိုနက်ရှိုင်းရှုပ်ထွေးလာသည် ဆိုသည့် အချက်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အိုအားမားအစိုးရ၏ ပေါ်လစီသည် ထွေးပွေ့လက်ကမ်းခဲ့သည့် မြန်မာနိုင်ငံအပေါ် အခြေခံအားနည်းကြောင်း ပြသသည့်ဖြစ်ရပ်ဟု ဆိုကြသည်။

“ ကလင်တန်-ဘုရှ် အစိုးရတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာပြဿနာက အစိုးရဖြုတ်ချရေး ပြောင်းလဲရေးလို့ သူတို့ခေါ်တဲ့ကိစ္စပဲ” ဟု ပြောရင်း စတိန်းဗက်က အိုဘားမားမူဝါဒကို ဝေဖန်သည်။ အိုဘားမားသည် အစိုးရစနစ် ပြုပြင်မွမ်းမံ ဖန်တီးခြင်းဟု စတိန်းဗက်ခေါ်သည့် မူဝါဒအတွက် ပြဿနာ ရင်ဆိုင်ခဲ့ရကြောင်း ဆိုသည်။

“ဒီတော့ သူတို့အပေါ် အရေးယူပိတ်ဆို့ပြီး ပူပန်တာ၊ မနှစ်မြို့တာ၊ သဘောထားကွဲလွဲတာတွေကို ပြသရတာ လွယ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရိုဟင်ဂျာကိစ္စမှာ တပ်မတော်က ဘယ်လောက်ပဲ ဆိုးရွားဆိုးရွား၊ ဘယ်လောက်ပဲ ကျက်သရေမဲ့မဲ့၊ ဘယ်လောက်ပဲ အသိဉာဏ် ကင်းမဲ့ ကင်းမဲ့၊ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်၊ တန်းတူညီမျှမှုတွေ ပေးမှာလား။ ကွန်ဂရက်က တောင်းဆိုမှာကရော ဒါတွေလား” ဟု သူပြောသည်။

အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့်ပတ်သက်သောပြဿနာမှာ မြန်မာနိုင်ငံ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော တိုင်းရင်းသားပဋိပက္ခကို နားလည်မှုနှင့် သိမြင်မှု အားနည်းခြင်းဟု ဝေဖန်သူများက ယခုဆိုကြသည်။ ထိုပြဿနာသည် အမြင်ကျဉ်းမြောင်းခြင်း သို့မဟုတ် ရေရှည်ရည်မှန်းချက် ကင်းမဲ့ခြင်းဟု ဆိုကောင်းဆိုနိုင်သည်။

အိုဘားမားမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းနောက်တွင် နိုင်ငံတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲခံရသော ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူပိတ်ဆို့မှုများ အားလုံးကို သိသိသာသာလျှော့ချခြင်းနှင့် နောက်ဆုံးတွင် ရုပ်သိမ်းခြင်းသို့ အလျှင်အမြန် ဦးတည်စေခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ နိုင်ငံရေးအရ တံခါးဖွင့်လာသည်ကို သဘောကျနေကြသော အိုဘားမား အစိုးရနှင့် အနောက်နိုင်ငံအစိုးရများသည် တပ်မတော်နှင့် စစ်ဖက်ဆက်ဆံရေးကို အငြင်းပွားဖွယ်ရာဖြစ်သော စစ်တပ်အချင်းချင်း ဆက်ဆံရေးကို စတင်ခဲ့ကြသည်။

မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းသည် မြန်မာပြည်သူများ စီးပွားရေးလုပ်ငန်းသစ်နှင့် အစိုးရသစ် ရရှိရေးဆုကို မြင်နိုင်ရေးအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု အိုဘားမားက ၂၀၁၆ ခုနှစ်တွင်ပြောသည်။ ဆိုးသွမ်းသော အစိုးရများ၏ အပြုအမူများပြောင်းရန် မျှော်လင့်ချက်ဖြင့် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသင့်သည်ဟု ယူဆသော နိုင်ငံရေးအတိုင်ပင်ခံများဘက်မှ အိုဘားမား ရပ်တည်ခဲ့သည်မှာ ထင်ရှားကြောင်း Politico မှ ၂၀၁၈ ခုနှစ် ဆောင်းပါးတစောင်က ရေးသားသည်။

အထက်မှလာသော အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော အခြေအနေကို နားမလည်သလောက်ပင်ဖြစ်ကြောင်း ပြသနေသည်။ ထို့အပြင် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းခြင်းကို ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ သဘောတူ မတူ ဆိုသည်ကိုလည်း မေးခွန်းထုတ်ရန် ရှိနေသည်။

ဗိုလ်ချုပ်ကြီးများနှင့်အပေါင်းပါများ ပိတ်ဆို့ဒဏ်ခတ်မှုမှ လွတ်မြောက်သွားချိန်တွင် မြန်မာနိုင်ငံသည် ပိုမိုနက်ရှိုင်းသော ငရဲသို့ ကျဆင်းသွားသည်။

နိုင်ငံသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အောင်မြင်ဖူးပွင့်ခြင်းကို မကြုံတွေ့ရဘဲ ဖရိုဖရဲဖြစ်ကာ အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းအသစ်အဟောင်းများပါဝင်သည့် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ကြီးထွားခြင်း၊ စစ်ရေး၊ လူမျိုးစုရေးနှင့် ဘာသာရေး ပဋိပက္ခများ ပိုမိုပွားများလာခြင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှု အကြီးအကျယ်ဖြစ်ပွားခြင်းတို့ကို တွေ့ကြုံခဲ့ရတော့သည်။

အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီး သုံးနှစ်အကြာတွင် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်သည့် အမေရိကန်အရာရှိနှင့် သံတမန်အများအပြားသည် အပြစ်မကင်းကြောင်း ခံစားခဲ့ကြရမည်ဖြစ်သည်။ ယခုအခါ ထရမ့်အစိုးရသည် တပ်မတော်ကို အပြစ်ပေးရန် ခြေလှမ်းငယ်များ စတင်လှမ်းလာပြီ ဖြစ်သော်လည်း ထိုခြေလှမ်းများသည် မပြောပလောက်သောကြောင့် တပ်မတော်ကို သတိပေးရာရောက်မည် မဟုတ်ပေ။

အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် ၂၀၂၀ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရပ်သားအစိုးရနှင့် တပ်မတော်အကြား ထိပ်တိုက်တွေ့မှု မြင့်မားလာချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုလုပ်ရပ်ကြောင့် နှစ်ဖက်အကြားနားလည်မှု လွဲမှားခြင်းကိုသာ ဖြစ်စေမည်ဟု သုတေသီအချို့က သတိပေးသည်။

၂၀၂၀ ရွေးကောက်ပွဲကို မျှော်မှန်းထားသည်ထက် များစွာစောပြီး ကျင်းပရန် အလားအလာရှိသည်။ ( မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပပြီး ၁၉၉၀ ရွေးကောက်ပွဲကို မေလတွင် ကျင်းပသည်။) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို လာမည့်နှစ်အစောပိုင်းတွင် ကျင်းပပြီး မကြာမီ ရွေးကောက်ပွဲ ကျင်းပမည်ကို တပ်မတော် ခေါင်းဆောင်များ စိုးရိမ်နေသည်။

သို့သော် တပ်မတော်ကို ပစ်မှတ်ထားသော အရေးယူပိတ်စို့မှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မယုံကြည်မှုကို နက်ရှိုင်းတိုးပွားစေသည်။

“အရင်က ဒေါ်အောင်ဆန်းစုကြည်ပြောရင် ဝါရှင်တန်က နားထောင်တယ်ဆိုတဲ့ သံသယက တပ်မတော်ထဲမှာ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း သူ သဘောတူတယ်၊ အားပေးတယ်ဆိုတဲ့ သံသယရှိနိုင်ပါတယ်။ ဒီလိုသံသယ အကြွင်းအကျန်တွေ ရှိနေနိုင်တယ်။ ဒါပေမယ့် တကယ့်အဖြစ်မှန်ကတော့ ဝါရှင်တန်က သူ့နိုင်ငံရေးတွက်ကိန်းနဲ့သူ လုပ်တဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်။ ရှေ့နှစ်မြန်မာနိုင်ငံရွေးကောက်ပွဲ နီးလာတဲ့အခါ အရပ်သားအစိုးရနဲ့ တပ်မတော်အကြား တင်းမာစရာအချက်တွေ ပိုများလာမှာပဲ။ အခု ဒါကလည်း အချက်တချက်ဖြစ်နိုင်တယ်။ ကြီးမားတဲ့အချက် မဖြစ်လောက်ဘူးလို့ ကျနော်ထင်တယ်” ဟု ဟိုဆေးက ပြောခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံစဉ်/Reuter

ရဲဘော်ရဲဖက် အိမ်နီးချင်းများ

ပြည်ဝင်ခွင့်ပိတ်ဆို့မှုအပြီးတွင် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေကြသည်။ အဓိက ရင်းနှီးမြှုပ်နှံသူနှင့် အလှူရှင် နိုင်ငံများအဖြစ် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့သည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစေပြီး ပြည်ဝင်မှုပိတ်ပင်ခြင်း သို့မဟုတ် ထပ်မံအရေးယူပိတ်စို့ခြင်းကို သဘောတူပုံ မရပေ။

အနောက်တိုင်းအရေးယူပိတ်ဆို့မှုများသည် လုံးဝ အဓိပ္ပါယ်ကင်းမဲ့ကြောင်းနှင့် ဂျပန်နိုင်ငံသည် မြန်မာအပေါ် အရေးယူမှု သို့မဟုတ် ကုန်သွယ်ရေးပိတ်ဆို့မှုများကို သဘောမတူကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီရို မာရူရာမက ဧရာဝတီ သတင်းဌာနသို့ ၂၀၁၈ ခုနှစ်ကပြောသည်။

သို့သော် ဥရောပ သမဂ္ဂက မည်သို့သဘောထားသနည်း။ ဘရပ်ဆဲလ်က အမေရိကန်ခြေရာ နင်း၊ မနင်းကို မိမိတို့ မကြာမီ သိကြရမည်ဖြစ်သည်။ တပ်မတော်အပေါ် စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားသော ကနေဒါနှင့် သြစတြေးလျကဲ့သို့ အခြားနိုင်ငံများလည်း ရှိသေးသည်။ သူ့ခြေရာနင်းရန် သူ့မိတ်ဆွေနိုင်ငံများကို အမေရိကန်ကပြောပါက ထိုနိုင်ငံများသည် မလွှဲရှောင်သာ လုပ်ဆောင်ကြမည်ဖြစ်သည်။

သို့သော် ယခုပြည်ဝင်ခွင့်ပိတ်ခြင်းနှင့် နောက်ထပ်အရေးယူမှုများသည် မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်ပါမည်လော။

“ အရင်က အရေးယူပိတ်ဆို့မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးတံခါးပွင့်လာတယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင် ယုံတမ်းစကားကတော့ ရှိတယ်။ ကျနော့် ပုဂ္ဂလိကအမြင်ပြောရရင် တပ်မတော်က အများအပြားနဲ့ စီးပွားရေးလောကက သူတို့မိတ်ဆွေတွေဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းထက် အရင်အရေးယူပိတ်ဆို့မှုအောက်မှာ ပိုပြီး အခြေအနေကောင်းခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီးတွေအမြင်မှာ ကျန်ကမ္ဘာနဲ့ ပိုမိုပေါင်းစည်းတဲ့ မြန်မာနိုင်ငံဆိုတာ အန္တရာယ်များတဲ့ သဘောဖြစ်ပြီး ပိုမိုအထီးကျန်ခြင်းဟာ ပြဿနာမရှိဘူး” ဟု ဦးသန့်မြင့်ဦးက ထောက်ပြသည်။ ထိုအချက်သည် မှန်ကန်သည်။ တပ်မတော်ခေါင်းဆောင်များနှင့် လုပ်ငန်းရှင်သူဌေးကြီးများသည် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းကြုံးအရေးယူ ပိတ်ဆို့ထားချိန်တွင် ရွှေခေတ်တခေတ်ကို ဖြတ်သန်းခဲ့ကြသည်။

အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ ပတ်လမ်းအတွင်း တွန်းပို့သလို ဖြစ်လိမ့်မည်ဟူသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

“ ဒီပိတ်ပင်မှုဟာ မြန်မာနိုင်ငံကို တရုတ်လက်ထဲ တွန်းပို့တာကလွဲလို့ ဘာသက်ရောက်မှုမှ မရှိဘူး။ နိုင်ငံကို ပိုပြီး ဒီမိုကရေစီနည်းလမ်းကျအောင် အစိုးရက ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားနေချိန်မှာ အစိုးရနဲ့ တပ်မတော်ကြားက ထိခိုက်လွယ်တဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေတယ်” ဟု ဝါရင့်သတင်းစာဆရာနှင့် မြန်မာ့အရေးလေ့လာသူ ဘာတေးလ်လစ်တနာ ပြောသည်။ တရုတ်ကိစ္စကို ထည့်မတွက်လျှင်ပင် အရပ်သားအစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေးမှာ ပိုမို၍သာ ထိခိုက်လွယ်လာသည်မှာ အမှန်ပင်ဖြစ်သည်။

အမေရိကန်ကို ကိုင်တွယ်ပုံ ဘာတွေလိုခဲ့သလဲ

ထိုင်းနိုင်ငံသည် မြန်မာအရပ်သား အစိုးရနှင့် တပ်မတော်နှစ်ခုလုံးနှင့် ဆက်လက် ထိတွေ့ဆက်ဆံနေမည်ဖြစ်ကြောင်းနှင့် ထိုဆက်ဆံရေးများ ပိုမိုခိုင်မာလာနေကြောင်း မြန်မာသတင်းထောက် အများအပြားကို လေ့ကျင့်ပေးခဲ့သော ဝါရင့်ထိုင်းသတင်းစာဆရာကြီး ကဗွီ ချောင်ကစ်တာဘွန် ကပြောသည်။

“ မြန်မာနိုင်ငံကိစ္စက ခက်ခဲတယ်။ ဒါပေမယ့် ကျနော်တို့မှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ နယ်ပယ်များစွ ာရှိတယ်” ဟု သူပြောသည်။

သို့သော် မြန်မာ စစ်ဖက်အရပ်ဖက်ခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်း အမေရိကန်နိုင်ငံကို သေသေချာချာ ကိုင်တွယ်ဆက်ဆံဖို့ စီမံရန် ပျက်ကွက်ခဲ့ကြောင်းကိုမူ သူသဘောတူသည်။

ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းသောကြောင့် ကနဦးက ပျက်စီးသွားသည့် ဘန်ကောက်-ဝါရှင်တန် ဆက်ဆံရေးသည် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရန် ဝါရင့်ထိုင်းသံတမန်များ၏ ပြင်းထန်သော အားထုတ်မှုကြောင့် ပြန်လည်နွေးထွေးစပြုလာခဲ့သည်။

အာဏာသိမ်းပြီးစကာလတွင် အမေရိကန်နိုင်ငံသည် ထိုင်းနှင့်နှစ်စဉ်ကျင်းပသည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အဆင့်လျှော့ချလိုက်ပြီး ထိုင်းနိုင်ငံသို့ လုံခြုံရေးနှင့်ပတ်သက်သည့် အကူအညီများကို ပိတ်ဆို့လိုက်သည်။ သို့သော် ထုံးတမ်းစဉ်လာမဟာမိတ်အဖြစ် သတ်မှတ်ခံရသော အမေရိကန်နှင့် ထိုင်းနှစ်နိုင်ငံတို့အကြား နွေးထွေးသော ဆက်ဆံရေးများ မကြာမီသေးမီက တည်ဆောက်လာကြသည်။

ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်တွင် ၂၀၁၇ ခုနှစ်ကသွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြားဆက်ဆံရေး အဆင့်မြင့်လာကြောင်းပြသလိုက်သည်။ ပွမ်ပီယိုသည် ယခုလကုန်တွင် ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည်။

“ အမေရိကန်နဲ့ အနောက်တိုင်းအစိုးရတွေက ထိုင်းနိုင်ငံကို လျစ်လျူရှုလို့ မရဘူးဆိုတာ သဘောပေါက်ကြတယ်” ဟု ကဗွီ ပြောသည်။ သို့သော် မြန်မာနိုင်ငံအတွက် အရေးပါသောအမေရိကန်နှင့် အခြားအနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် မြန်မာက အရေးပါမှုက မည်မျှရှိသနည်း။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံမှ သင်ခန်းစာတခု ယူခဲ့ကြောင်း မြန်မာစစ်ရေးလေ့လာသူတဦးကပြောသည်။ ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ဝါရှင်တန်နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်လာသောအခါ ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး ထူထောင်ပြုလုပ်ထားရန် ကြိုးစားအားထုတ်ရသည်။

“ ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့ထားတယ်။ ကျနော်တို့နဲ့ သူတို့ဆက်ဆံရေးက အရင်ခေတ်အဆက်ဆက်ထက် ပိုကောင်းတယ်” ဟု ထိုစစ်ရေးလေ့လာသူကပြောပြီး မြန်မာနိုင်ငံသည် အားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိလိုသည်ဟု ဆိုသည်။ ဤနေရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းပါများသည် အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်မှုဒဏ်ကို ခိုးလုခုလု ခံနေရသည်ဟု သူပြောသည်။

မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များသည် အသိတရားအရ၊ လူပုဂ္ဂိုလ်အရနှင့် ရေရှည်ရည်မှန်းချက်အရ အမေရိကန်နှင့် အနောက်ကို မည်သို့ ထိတွေ့ဆက်ဆံမည်၊ ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်ပြီး သြဇာလွှမ်းမိုးရန် မည်သို့ ကြိုးစားမည်ကို ခန့်မှန်းရန် ခက်ခဲနေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်က ပဋိပက္ခ အကျပ်အတည်းပေါ်ပေါက်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံသည် မြေပြင်တွင်ဖြစ်ပေါ်နေသည့် ရှည်ကြာသော ပဋိပက္ခ အပေါ် မမြင်သာသော ကွဲလွဲနားလည်မှုများကို ရှင်းပြရန် အနောက်တိုင်းမြို့တော်များသို့ အထူးသံတမန်များ၊ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ရန် အားထုတ်မှု မရှိသလောက်ပင်ဖြစ်သည်။ နောက်ဆုံးသုံးသပ်ချက်မှာ အမေရိကန်ပြည်ဝင်ခွင့်ပိတ်သောကြောင့် မြန်မာနိုင်ငံသည် အချို့သုတေသီများ ခန့်မှန်းသကဲ့သို့ တရုတ်နိုင်ငံ၏ လက်ဝေခံ ဖြစ်လာမလားဟူသောအချက်ဖြစ်သည်။ ထိုအချက်မှာ မသေချာလှပေ။

“ အနောက်နိုင်ငံတွေနဲ့ ပိုမိုအေးစက်လာတဲ့ဆက်ဆံရေးဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိစေပုံ ရတယ်။ ဒါပေမယ့် ဒီကိစ္စက အရှုံးအနိုင် အပြတ်ပြောလို့ရတဲ့ကစားပွဲ မဟုတ်ဘူး။ ဒီကြားထဲမှာ ရှိနေတာက ပြင်းထန်တဲ့ မြန်မာအမျိုးသားရေးစိတ်ဓါတ်နဲ့ ခေါင်းမာတာကို တန်ဖိုးထားတဲ့ ပြည်တွင်းနိုင်ငံရေးပဲ။ အနောက်တိုင်းအရေးယူမှုကြောင့် တရုတ်နိုင်ငံကို ပိုမိုမှီခိုရမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် နေပြည်တော်ရဲ့ တွေးခေါ်မှုအပေါ် အခြားအစိုးရတခုခုက သြဇာကြီးကြီးမားမားလွှမ်းမိုးတယ်လို့ ယူဆဖို့ အရမ်းဝေးပါသေးတယ်” ဟု ဦးသန့်မြင့်ဦးက ဝေဖန်ထောက်ပြခဲ့သည်။

( Aung Zaw ၏ US Visa Ban Unlikely to See Military Change Course ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

ဝက်ဝံနဲ့ နဂါးကြား ဘေးကင်းအောင် သတိထားနေ

တပ်တွင်းရာထူး အပြောင်းအလဲ၏ နောက်ကွယ်

The post အမေရိကန် ပြည်ဝင်ခွင့်ပိတ်သောကြောင့် တပ်မတော် လမ်းကြောင်း မပြောင်းနိုင် appeared first on ဧရာဝတီ.

]]>