စီးပွားရေး

ဘန်ကောက် စီးပွွားရေးဖိုရမ် ဒေါ်အောင်ဆန်းစုကြည် တက်မည်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၄ နှစ်အတွင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မေလ ၂၈ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်း-မြန်မာ နယ်စပ်ရှိဒုက္ခသည်များကလည်း တွေ့ချင်နေကြသည်။ (ဓာတ်ပုံ- Reuters)

ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ စီးပွားရေးဖိုရမ် တက်ဖို့ သွားမှာပါ”ဟုဆိုသည်။

အဆိုပါ စီးပွားရေးဖိုရမ်ကို မေလ ၃၀ရက်နေ့မှစတင်ကာ နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ရန် ရှိကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းအစိုးရအသိုင်းအဝန်းနှင့်သာမက အတိုက်အခံခေါင်း ဆောင် မစ္စတာ အဖိဆစ် ဝေ့ချာချီဝနှင့် လည်း တွေ့ဆုံရန်ရှိကြောင်း၊ ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ရှိဒုက္ခသည်များကိုလည်း သွားရောက်တွေ့ဆုံမည်ဟု အတည်မပြုနိုင် သေးသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

လာမည့် ဇွန်လတွင်လည်း ဥရောပခရီးစဉ်အဖြစ် နော်ဝေ၊ အင်္ဂလန်နှင့် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့သို့ သွားရောက်ကာ ကမ္ဘာအလုပ် သမားအဖွဲ့ (ILO) ညီလာခံကိုလည်း တက်ရောက်မည်ဖြစ်ပြီး အင်္ဂလန်ပါလီမန်တွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီသည့် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်သုံးရပ်တွင် ၄၃နေရာ အနိုင်ရရှိထားသည်။

Loading