• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စီးပွားရေး ဦးမော့ဖို့ မျိုးဆက်နဲ့ချီ လုပ်ရမယ်လို့ ADB ပြော

by ဧရာဝတီ
3 July 2012
in စီးပွားရေး
A A
စီးပွားရေး ဦးမော့ဖို့ မျိုးဆက်နဲ့ချီ လုပ်ရမယ်လို့ ADB ပြော

တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ပျက်စီးဟောင်းနွမ်းနေတဲ့ လမ်းတံတားနဲ့ ပို့ဆောင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ၊ အားနည်းချိနဲ့နေတဲ့ လူမှုအဖွဲ့အစည်းစတဲ့ အဓိကကျတဲ့ စိန်ခေါ်မှုတွေကို အမြန်ဖြေရှင်းဖို့က အရေးကြီးတယ် (ဓာတ်ပုံ- Reuters)

3.3k
VIEWS
Share on FacebookShare on Twitter

မြန်မာ့စီးပွားရေး ပြန်လည်ခေါင်းထောင်ပြီး အရှေ့တောင်အာရှဒေသတွင်း အောင်မြင်နေတဲ့ တခြားနိုင်ငံများကို မှီဖို့ မျိုးဆက်နဲ့ချီ အလုပ်လုပ်ရဦးမယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank – ADB) ဒု ဥက္ကဋ္ဌ မစ္စတာ စတိဗ်ဂရော့ဖ်က ပြောဆိုလိုက်ပါတယ်။

ADB က မကြာသေးမီက မြန်မာပြည်မှာ စီးပွားရေးလေ့လာမှု ပြုလုပ်ခဲ့ပြီး စစ်တမ်းထုတ်ပြန်ချိန်မှာ သူက ဒီလို ပြောဆိုတာပါ။

RelatedPosts

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.4k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.5k
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

10 May 2025
2.5k

သမ္မတ ဦးသိန်းစိန်လက်ထက် စီးပွားရေးကဏ္ဍတွေကို ကနဦး လေ့လာဆန်းစစ်ချက်များ ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ADB က မြန်မာ့စီးပွားရေးမှာ အခရာကျတဲ့ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေမှာ အားကောင်းမောင်းသန် ဥပဒေများ အတည်ပြု စိုးမိုးရေးနဲ့ ကဏ္ဍအလိုက် အကောင်အထည်ဖော်မယ့် နည်းဗျူဟာ အကြမ်းဖျဉ်းကို ရေးဆွဲဖို့ တိုက်တွန်းထားပါတယ်။

ဒီတိုက်တွန်းပြောဆိုချက်ဟာ ယခုအပတ်မှာ ပြန်စတဲ့ လွှတ်တော်ညီလာခံများနဲ့ တိုက်ဆိုင်နေပြီး သုံးနှစ်အတွင်း စီးပွားရေးတိုးတက်နှုန်း သုံးဆမြှင့်မယ်လို့ မကြာခင်က သမ္မတဦးသိန်းစိန် ပြောကြားချက်ရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

“နှစ်စဉ် ပုံမှန် ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနဲ့ တက်ခဲ့မယ်ဆိုရင်တောင် အခု ထိုင်းနိုင်ငံ ရောက်နေတဲ့နေရာကို နှစ် ၃၀ လောက် မြန်မာက လုပ်ရဦးမှာ” လို့ စတိဗ်ဂရော့ဖ်က The Wall Street Journal သတင်းစာကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လေးရက်ကြာ သွားခဲ့တဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် မြန်မာအစိုးရရဲ့ “စိတ်ဆုံးဖြတ်ချက်” နဲ့ “အရေးထားမှု” ကြောင့် အားတက်ရတယ်လို့ မစ္စတာ စတိဗ်ဂရော့ဖ်က ဆိုပါသေးတယ်။

ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ပျက်စီးဟောင်းနွမ်းနေတဲ့ လမ်း တံတားနဲ့ ပို့ဆောင်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ၊ အားနည်းချိနဲ့နေတဲ့ လူမှုအဖွဲ့အစည်းစတဲ့ အဓိကကျတဲ့ စိန်ခေါ်မှုတွေကို အမြန်ဖြေရှင်းဖို့က အရေးကြီးတယ်လို့ မစ္စတာ စတိဗ်ဂရော့ဖ်က ပြောပါတယ်။

မစ္စတာ စတိဗ်ဂရော့ဖ်ရဲ့ ခရီးစဉ်ဟာ ၁၉၈၈ နောက်ပိုင်း ဘဏ်အကြီးအကဲ တယောက်အနေနဲ့ ပထမဦးဆုံးဖြစ်ပြီး မြန်မာက တင်နေတဲ့ ချေးငွေများ ပြန်ဆပ်ရေးနဲ့ ချေးငွေသစ် ပြန်ထုတ်နိုင်ရေးဦးတည်စေမယ့် မြန်မာ့စီးပွားရေး ကဏ္ဍတွေကို ကနဦး လေ့လာသုံးသပ်မှုရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်ထဲမှာ မြန်မာပြည်ရဲ့ မြို့ပြဝန်ဆောင်မှုလုပ်ငန်းတွေဟာ “လက်ခံနိုင်မှု အဆင့်အတန်းထက် အကြိမ်ကြိမ် နိမ့်ကျ” နေပြီး ပြည့်စုံကောင်းမွန်တဲ့ သုံးရေ ဖြန့်ဖြူးရေး၊ ရေဆိုးနုတ်ယူရေး၊ အမှိုက်သိမ်းယူရေးနဲ့ မိလ္လာစနစ်တွေ မရှိဘူးလို့ ဆိုပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးလည်း ဒေသတလွှား ပျမ်းမျှနှုန်း လူတထောင်၊ လမ်း ၁၁ ကီလိုမှာ မြန်မာက ၂ ကီလိုနှုန်းပဲ အရှည်ရှိပါတယ်။ ကားသုံးစွဲမှုနှုန်းမှာလည်း လူတထောင်မှာ အင်ဒိုနီးရှားက ၂၅၀၊ ထိုင်းက ၃၇၀ နဲ့ မြန်မာက ၁၈ ပါ။

“(မြန်မာပြည်က) အရှေ့တောင်အာရှနိုင်ငံတွေလို မြို့ပြယဉ်ကျေးမှု ထွန်းကားတဲ့နိုင်ငံ မဟုတ်သေးဘူး။ ဝန်ဆောင်မှု လုပ်ငန်းတွေ ပိုတိုးတက်ခေတ်မီလာအောင် ရင်းနှီးမြှုပ်နှံသူတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေက လုပ်ရမှာဖြစ်သလို အစိုးရမှာလည်း တာဝန်ရှိပါတယ်” လို့ မစ္စတာ စတိဗ်ဂရော့ဖ်က ပြောပါတယ်။

ဆင်းရဲမွဲတေမှုနှုန်းဟာ တိုင်းရင်းသားနယ်မြေများမှာ အထူးမြင့်မားနေတာကြောင့် မငြိမ်မသက်မှုတွေ ဖြစ်နေရပြီး ပြုပြင်ပြောင်းလဲရေးကို နောက်ကဆွဲထားသလို ဖြစ်နေတယ်လို့ ဘဏ်အစီအရင်ခံစာက ဆိုပါသေးတယ်။ အလုပ်လက်မဲ့နှုန်းနဲ့ လယ်ယာထွက်ကုန် နိမ့်ကျမှုတို့ကြောင့် ချင်းပြည်မှာ လူဦးရေ ၃ ပုံ ၂ ပုံ၊ ရခိုင်မှာ ၂ ပုံ ၁ ပုံ၊ ရှမ်းပြည်မှာ ၃ ပုံ ၁ ပုံဟာ အလွန်အမင်း ဆင်းရဲမွဲတေနေရတယ်လို့လည်း သတိပေးထားပါတယ်။

“တိုင်းနဲ့ပြည်နယ်တွေမှာ စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှု မညီမျှမှုတွေကို ပြောကြရမှာပါ။ တခြားနိုင်ငံတွေမှာလိုပဲ မညီမျှမှုတွေက လူမျိုးရေးနဲ့ လူမှုရေး အဓိကရုဏ်းတွေဆီ ဦးလှည့်သွားပြီး တိုင်းပြည်တိုးတက်ရေး နောက်ကြောင်းပြန်သွားနိုင်ပါတယ်” လို့ စတိဗ်ဂရော့ဖ်က ပြောပါတယ်။

လက်ရှိ ADB ဘဏ်ရဲ့ အနေအထားက ၁၉၈၈ ကတည်းက တင်နေတဲ့ ကြွေးကျန် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပြန်ဆပ်နိုင်ရေး၊ မြန်မာ့စီးပွားရေး ပြန်လည်တည်ဆောက်ရေးမှာ ချေးငွေသစ် ထည့်ဝင်ရေးတို့အထိ မရောက်သေးဘဲ ကနဦးအဆင့်သာ ရှိသေးကြောင်း စတိဗ်ဂရော့ဖ်က ဆိုပါတယ်။

ဒါပေမယ့် ဘဏ်က နောက်ဆက်တွဲ ထောက်ပံ့မယ့် စီမံကိန်းတွေအတွက် ပိုမိုတိကျတဲ့ စာချုပ်စာတမ်းတွေ ချုပ်ဆိုတာတွေနဲ့ နောက်ဆုံး ငွေထုတ်ချေးတာတွေ လိုက်လာပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဘဏ်က ငွေထည့်ဝင်ဖို့ စိတ်ဝင်စားနေတာ လမ်းတံတား အခြေခံအဆောက်အအုံတွေမက ပညာရေးနဲ့ ကျန်းမာရေးမှာပါဖြစ်တယ်လို့ စတိဗ်ဂရော့ဖ်က ဆိုပါသေးတယ်။

ယခုထုတ်ပြန်တဲ့စာတမ်းမှာ လုပ်သားတွေရဲ့ ရပိုင်ခွင့် အကာအကွယ်မဲ့ ဖြစ်နေရတဲ့ သတ္တုတွင်းနဲ့ ကျောက်မျက်တွင်းတူးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ နည်းဥပဒေ လုပ်ထုံးလုပ်နည်း အတိအကျကို ရေးဆွဲအတည်ပြုရေးကိုလည်း ADB က တိုက်တွန်းထားကြောင်း လန်ဒန်ထုတ် Financial Times သတင်းစာက ဆိုပါတယ်။

သတင်းစာအဆိုအရ ဂျပန်က အကြွေး ဒေါ်လာ ၃.၇ ဘီလီယံ လျှော်ပေးလိုက်သလို ADB နဲ့ ကမ္ဘာ့ဘဏ်မှာ တင်နေတဲ့ ဒေါ်လာ သန်း ၈၀၀ ကိုလည်း လျှော်နိုင်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။ ဒါပေမယ့် ကြွေးကျန်ကိစ္စ အမြန် ပြေလည်ရင်တောင် ငွေသစ် ထုတ်ချေးနိုင်ဖို့ တနှစ်အချိန် ယူရလိမ့်မယ်လို့ စတိဗ်ဂရော့ဖ်က ပြောပါတယ်။

ADB အနေနဲ့ ရန်ကုန်မှာ ရုံးတရုံးဖွင့်ထားပြီး ဩဂုတ်လမှာလည်း ဘဏ်ရဲ့ ကမ္ဘောဒီးယားနိုင်ငံ ဌာနေ ဒါရိုက်တာ မစ္စတာ ဖုတုကာမာယန ဦးစီးမယ့်ရုံးကို နေပြည်တော်မှာ ဖွင့်ပါလိမ့်မယ်။

Your Thoughts …
Tags: Economy
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် လွတ်မြောက်

နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် လွတ်မြောက်

သစ်ခိုးခုတ်သူများနှင့် ထိုင်းအာဏာပိုင်များ ပစ်ခတ်မှု ၂ ဦး ဒဏ်ရာရ

သစ်ခိုးခုတ်သူများနှင့် ထိုင်းအာဏာပိုင်များ ပစ်ခတ်မှု ၂ ဦး ဒဏ်ရာရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate