• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အာဆီယံ သွင်းကုန် ၇၅၀၀ ကျော် အခွန်ကင်းလွတ်ခွင့်ပြုမည်

by သန့်စင်ငြိမ်းချမ်း
6 July 2012
in စီးပွားရေး
A A
အာဆီယံ သွင်းကုန် ၇၅၀၀ ကျော် အခွန်ကင်းလွတ်ခွင့်ပြုမည်
4.7k
VIEWS
Share on FacebookShare on Twitter

အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ(AFTA) ထူထောင်ရေးသဘောတူညီချက်အရ အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ သွင်း ကုန်ပစ္စည်း အမျိုးအစားပေါင်း ၇၅၀၀ ကျော် အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

AFTA ထူထောင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့တင်သွင်းသည့် ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်း အား အခွန်မကောက်ရန် သတ်မှတ်ထားရာ အခွန်ကင်းလွတ်ခွင့်ပြုမည့် ပစ္စည်းအမျိုးအစားများကို အာဆီယံအတွင်းရေးမှူးချုပ် ရုံး သို့ တင်ပြထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြော သည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
1.2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
2.3k

“အာဆီယံနိုင်ငံတွေက သွင်းကုန် ၈၀ ရာခိုင်နှုန်းကို အကောက်ခွန် သုည ရာခိုင်နှုန်းလျှော့ချဖို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို ပေး ပို့ထားပါတယ်။ အဲဒီမှာ ဆွေးနွေးပြီးတဲ့အခါ ဝန်ကြီးကနေတဆင့် အစိုးရအဖွဲ့ဆီ တင်ပါမယ်။ အစိုးရအဖွဲ့က သဘောတူတာနဲ့ အမိန့်ထုတ်ပြန်ပါမယ်”ဟု ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ယမန်နေ့က ကျင်းပသည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးကျော်ဝင်းက ပြောဆိုသည်။

သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာပစ္စည်းများ အပါအဝင် ၂၀၁၂ ခုနှစ်အတွက် အာဆီယံဒေသမှ တင်သွင်းသည့် ပစ္စည်းအမျိုးအစားပေါင်း ၉၅၅၈ မျိုးရှိနေပြီး ၎င်းတို့အနက်မှ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ကုန်ပစ္စည်းအမျိုးအစားပေါင်း အနည်းဆုံး ၇၅၀၀ ကျော်မှာ အခွန်ကင်းလွတ်ခွင့် ပေးရမည်ဖြစ်သည်။

AFTA ထူထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်က လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ကာ အာဆီယံဒေသမှ သွင်းကုန် ၆၀ ရာခိုင်နှုန်းရှိ ပစ္စည်းအမျိုးပေါင်း ၄၉၄၂ မျိုးကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည်။

AFTA သတ်မှတ်ချက်အရ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများမှာ အာဆီယံနိုင်ငံများမှ သွင်းကုန်များအား ၂၀၀၈ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ တွင် ၁၀၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးရမည် ဖြစ်သည်။

“ကျနော်တို့ ၄ နိုင်ငံစလုံးကတော့ အခွန်ကင်းလွတ်ခွင့်ကို ၈၀ ပဲ ပေးမယ်လို့ တင်းခံနေကြတာဗျ။ မရရင်တော့ ၁၀၀ ရာခိုင်နှုန်း ပေး ရမှာပေါ့။ ပေးရင်တော့လည်း လုပ်ငန်းရှင်တွေအတွက် ပိုကောင်းမယ့် အနေအထား၊ ပိုပြီးယှဉ်ပြိုင်မှုတွေ များလာမယ့် အနေအထား ဖြစ်လာမှာပါ”ဟု အကောက်ခွန်ဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ဈေးကွက်ပြိုင်ဆိုင်မှု ပိုများလာမည်ကို အကောက်ခွန် ညွှန်မှူးက အကောင်းဘက်က ရှုမြင်နေသော်လည်း ပြည်တွင်း လုပ်ငန်းရှင် အများစုက AFTA ကြောင့် အခွန်မပေးရဘဲ ဈေးနှုန်းသက်သာလာမည့် အာဆီယံကုန်ပစ္စည်းများနှင့် မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်နေကြ ကြောင်း ပြောဆိုကြသည်။

Your Thoughts …
Tags: Economy
သန့်စင်ငြိမ်းချမ်း

သန့်စင်ငြိမ်းချမ်း

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
နေပြည်တော် စီမံကိန်းနဲ့ မလွတ်တဲ့ ဘုန်းကြီးကျောင်းတွေ ဖျက်

နေပြည်တော် စီမံကိန်းနဲ့ မလွတ်တဲ့ ဘုန်းကြီးကျောင်းတွေ ဖျက်

ရခိုင်၌ နိုင်ငံတကာ အကူအညီပေးရေး ဝန်ထမ်း ၁၀ ဦး ဖမ်းဆီးခံထားရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate