• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြည်ပရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းပြည့် ခွင့်ပြုပါက ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နိုင်

by ဂျူးအယ်
7 July 2012
in စီးပွားရေး
A A
ပြည်ပရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းပြည့် ခွင့်ပြုပါက ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နိုင်

ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ တင်ပြနေစဉ် (ဓာတ်ပုံ - ဂျူးအယ် / ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်ကုမ္မဏီများကို ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းပေးပါက ပြည်တွင်းတိုင်းရင်းသား လုပ်ငန်ရှင်များ ယှဉ်ပြိုင်မှုတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရပြီး အခွင့်အလမ်းများ ပျောက်ပျက်သွားနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တင်ပြခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် MICT ခန်းမ၌ ဇွန်လ ၃၀ ရက်နေ့က တင်ပြသော အစည်းအဝေး၌ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဒုဥက္ကဋ္ဌ ဦးဝေဖြိုးက “နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပင်ကိုငွေကြေး အလွန်တောင့်တင်းပြီး နေရာမျိုးစုံမှ ချေးငွေ၊ ထောက်ပံ့ငွေများကို ဈေးနှုန်း အလွန်ချိုသာစွာဖြင့် ရရှိနိုင်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ငွေကြေကဏ္ဍတွင် အလွန်နည်းပါတယ်” ဟု ပြောသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.7k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.3k

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တခြားနိုင်ငံများတွင်လည်း လုပ်ငန်းများရှိသည့်အတွက် ဈေးကွက်တခုတည်း အားကိုးရန် မလိုအပ်သည့် ထုတ်ကုန်များအား ကမ္ဘာတဝှမ်း ဖြန့်ချိရောင်းချနိုင်စွမ်းရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များသည် ပြည်တွင်းဈေးကွက်ကိုသာ အဓိက အသက်သွေးကြောအနေဖြင့် အားကိုးရှင်သန်နေရကြောင်း အစည်းအဝေးတွင် တင်ပြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ လက်ရှိကြုံတွေနေရသည့် အခက်အခဲများကို မြန်မာနိုင်ငံ SMEs မှ ဦးခင်ဇော်က “ကျနော်တို SMEs တွေဟာ အားငယ်ပြီးတော့ သိမ်ငယ်နေစရာ မလိုပါဘူး။ SMEs အတွက် မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်ကတည်းက စခဲ့တဲ့အတွက် ကျနော်တို့လူမျိုးတွေသည် စက်မှုလက်မှုနှင့် ပတ်သက်တဲ့နေရာမှာ နောက်မကျဘူး။ မြန်မာနိုင်ငံသည် SMEs နဲ့ ပတ်သက်ရင် ရေခံမြေခံကောင်းတဲ့ နိုင်ငံတစ်ခုလို့ နှိုးဆော်လို့ရပါတယ်။ ကျနော်တို့ SMEs တွေဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုအတွက် မီးရထားစက်ခေါင်းပါ” ဟု ဦးရွှေမန်းသို့ တင်ပြခဲ့သည်။

မြန်မာနိုင်ငံရှိ SMEs များ လက်ရှိကြုံတွေနေရသည့် မှုဝါဒအခတ်အခဲသည် လုပ်ထုံးလုပ်နည်း များနေခြင်း၊ စိစစ်ခွင့်ပြုချိန် ကြာသည့်အတွက် အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ မလိုအပ်သော ကုန်ကျစရိတ်များနေခြင်း၊ မှုဝါဒများ မကြာခဏပြောင်းလဲခြင်း တို့ဖြစ်ကြောင်း ဦးခင်ဇော်က ပြောသည်။

ပြည်ပနိုင်ငံများမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) များ ဝင်ရောက်လာပါက ရရှိနိုင်သည့်အားသာချက်များမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၊ ပြည်တွင်းထုတ် ကုန်ပစ္စည်းအမယ် ပိုမိုများပြားလာနိုင်ခြင်း၊ ပြည်တွင်းကုန်ကြမ်းများ ပိုမိုအသုံးချလာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု နည်းပညာအသစ်များ ရရှိလာနိုင်ခြင်း၊ ပို့ကုန်များ တိုးတက်လာနိုင်ခြင်း၊ နိုင်ငံတော် အနေဖြင့် အခွန်အခများ ပိုမိုရရှိနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ခြင်းတို့ဖြစ်ကြောင်း ဦးဝေဖြိုးက  တင်ပြသည်။

ထို့အပြင် အားနည်းချက်များမှာ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးသည် ပြည်တွင်းလုပ်ငန်းရှင်များထက် ပိုမိုသာလွန်ပါက ယှဉ်ပြိုင်သည့်အခါတွင် ပြည်တွင်းလုပ်ငန်းများ ရှုံးနိမ့်ပပျောက်သွာနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ ပြည်ပမှ ကုန်ကြမ်းများကို အများစု တင်သွင်းအသုံးချဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အရေးများ မတိုးတက်လာခြင်း၊ လူအား အစား စက်များအသုံးချခြင်းဖြင့် ပြည်သူမျာအတွက် အလုပ်အကိုင်အခွင့်အရေး ဆုတ်ယုတ်သွာနိုင်ခြင်း၊ ရာနှုန်းပြည့် နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပြုခြင်းနှင့် စီပွာရေးကဏ္ဍတွင် အကန့်အသတ်မရှိ ပါဝင်လုပ်ဆောင် ခွင့်ပြုပါက ယှဉ်ပြိုင်မှု သဘောသဘာဝအရ ခွန်အားနည်းသည့် ပြည်တွင်းစားသောက်ကုန် လုပ်ငန်းအများစု ပပျောက်သွား နိုင်မည်ဖြစ်ကြောင်းလည်း ဦးဝေဖြိုးက အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု သိရသည်။

ဦးရွှေမန်းက ပြန်လည်ဆွေးနွေးရာတွင် “လုပ်ငန်းရှင် စီးပွားရေးသမားတွေ အခုလောက် အမြော်အမြင် ရှိလောက်ပြီဆိုရင်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးအသင်းအောက်မှာ ရှိနေတဲ့အတွက် ပိုကောင်းအောင်လုပ်မယ်ဆိုရင် အကျိုးသက်ရောက်မှု ရှိပါတယ်။ ကိုယ့်အလုပ်က ဘာလဲဆိုရင် အသင်းကို တာဝန်ခံထားရင် အသင်း ဥက္ကဋ္ဌတွေ၊ အမှုဆောင်တွေက ပြောရမှာ ကိုယ့်အလုပ်။ ကျန်တဲ့ ဌာနတွေမှာရှိတဲ့ ပုဂ္ဂိုလ်များဟာလည်း ကိုယ်နဲ့ သက်ဆိုင်ရာကို ပြောရမှာကိုယ့်အလုပ်။ နားထောင်တာ နားမထောင်တာ သူ့အလုပ်။ လုပ်ငန်းရှင်တွေ ဘက်ကလည်း အမှန်တရားကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် တင်ပြဖို့လိုတယ်” ဟု ပြောသည်။

တိုင်းဒေသကြီးလက်အောက်တွင် ဖြေရှင်းနိုင်သည်များကို တိုင်းဒေသကြီးအဆင့်တွင် ဖြေရှင်းသင့်ကြောင်း၊ ပင်လယ်စာလုပ်ငန်း အအေးခန်းများ မီးမရသည့် ကိစ္စမျိုးကို တိုင်းအဆင့်တွင် ဖြေရှင်း၍ ရနိုင်ကြောင်း၊ လွှတ်တော်အထိ တက်ရန် မလိုကြောင်း၊ လွှတ်တော်တွင် ဖြေရှင်းရမည့် ကိစ္စများကို လွှတ်တော်တွင် တင်ပေးမည်ဖြစ်ကြောင်း ဦးရွှေမန်းက ဆက်လက်ပြောသည်။

ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်း ၄၄၀၀၀ ခန့်ရှိပြီး အကြီးစာလုပ်ငန်း ၉ ရာခိုင်နှုန်း၊ အလတ်စား လုပ်ငန်း ၁၆ ရာခိုင်နှုန်း၊ အသေးစားလုပ်ငန်း ၇၅ ရာခိုင်နှုန်းကြောင်း၊ စုစုပေါင်း စက်မှုလုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းသည် စားသောက်ကုန်လုပ်ငန်းများ ဖြစ်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ လိုအပ်ချက် အသင့်အတင့်သာရှိခြင်းနှင့် ပြည်တွင်းမှကုန်ကြမ်းများ အလွယ်တကူ ရရှိနိုင်ခြင်းတို့ကြောင့် အနာဂတ်တွင် အလားအလာ အလွန်ကောင်းသည့် ကဏ္ဍတခုဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: Economy
ဂျူးအယ်

ဂျူးအယ်

Contributor

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ပညာရေး ပြုပြင်ပြောင်းလဲရန် အမြန်လိုအပ်နေ

ပညာရေး ပြုပြင်ပြောင်းလဲရန် အမြန်လိုအပ်နေ

အတားအဆီးများကြားမှ ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပ

အတားအဆီးများကြားမှ ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပ

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate