• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အမေရိကန်ကုမ္ပဏီများ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်တော့မည်

by ဧရာဝတီ
11 July 2012
in စီးပွားရေး
A A
အမေရိကန်ကုမ္ပဏီများ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်တော့မည်

ယခုနှစ် ဖေဖော်ဝါရီလက ရခိုင်ပြည်နယ် မဒေးကျွန်းရှိ ရေနံပိုက်လိုင်း အလုပ်သမားများကို နှုတ်ဆက်နေသော ဒု သမ္မတဟောင်း ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - yn.xinhuanet.com)

2.5k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ကုမ္ပဏီတွေ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခွင့်ကို သမ္မတ အိုဘားမား အစိုးရအဖွဲ့က ခွင့်ပြုတော့မယ်လို့ ဝါရှင်တန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုသဘောတူညီမှုတွေနဲ့ ဘယ်ပုံ ရင်းနှီးမြှုပ်နှံမယ်ဆိုတာတွေကို အသေးစိတ် ထုတ်ပြန်ဖို့ လိုမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လိုင်စင် ၂ မျိုး ထုတ်ပေးမှာဖြစ်ပြီး တမျိုးက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံခွင့်နဲ့ နောက်တမျိုးက ကုမ္ပဏီတွေရဲ့ ငွေကြေး မြန်မာပြည်ကို စီးဆင်းလည်ပတ်ခွင့်တွေလို့ ရိုက်တာသတင်းတပုဒ်က ဆိုပါတယ်။ ဒီလို သတ်မှတ်ချက် စည်းမျဉ်းတွေဟာ  ခြစားမှုတွေ ပိုကြီးထွားလာတာမျိုး မဖြစ်ရအောင်နဲ့ စစ်တပ်နဲ့ အချိတ်အဆက်ရှိတဲ့ အခွင့်ထူးခံ စီးပွားရေးအသိုင်းအဝိုင်းကို ပိုပြီး လက်ဝါးကြီး မအုပ်ရအောင် တားဆီးကာကွယ်ထားတာလို့ သတင်းတွေက ဆိုပါတယ်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

မြန်မာအစိုးရနဲ့ စီးပွားရေး ဆက်စပ်လုပ်ကိုင်ကြမယ့် နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ မြန်မာနိုင်ငံ အခြေအနေ၊ အစိုးရပိုင် သဘာဝဓာတ်ငွေ့လုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်းမှာ သတိပေးခဲ့ပေမယ့် အမေရိကန်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရပါတယ်။

အမေရိကန်ရဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းတွေအတွက်တော့ အချိန်က အဓိကကျတဲ့အရာ ဖြစ်ပါတယ်။ ဥရောပကုမ္ပဏီတွေက မြန်မာပြည်မှာ လုပ်ငန်းလည်ပတ်ဖို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ကြပြီ ဖြစ်တဲ့အပြင် သူတို့အစိုးရတွေကလည်း ၂ လ ဒါမှမဟုတ် ၃ လအတွင်းမှာ မြန်မာပြည်က ကုန်းတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်း ၁၈ တွင်းကို လေလံဆွဲကြပါတော့မယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းကြီးတွေ အနေနဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေက လက်ရှိချုပ်ကိုင်ထားတဲ့ အကျိုးအမြတ်များတဲ့ ကဏ္ဍထဲကို ဝင်ရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းကို ရှာဖွေနေတာပါ။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု တားမြစ်ရေးဥပဒကို “ပစ်မှတ်ထား” လျှော့ချလိုက်တယ်လို့ ဧပြီလအစောပိုင်းက ကြေညာတဲ့အခါမှာ စိုက်ပျိုးရေး၊ Telecommunications (ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗေးရှင်း စတာတွေနဲ့ ဆက်သွယ်ခြင်း) နဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍမျိုးတွေမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အစိုးရအရာရှိတွေက ကနဦး အားပေးကြတာပါ။ သဘာဝသယံဇာတအရင်းခံ လုပ်ငန်းမျိုးတွေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက် ၆ ပတ်အကြာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာချက်နဲ့ပတ်သက်ပြီး အသေးစိတ် ပြောတဲ့အခါမှာတော့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူးဖော်တာ အပါအဝင် ကဏ္ဍအားလုံးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့ အမေရိကန်ကုမ္ပဏီတွေကို ဆော်ဩခဲ့ပါတယ်။

ဟီလာရီ ကလင်တန် အနေနဲ့ အာရှဒေသအတွင်း ခရီးလှည့်နေပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်လို့ အဓိကထားပြောမယ့် မိန့်ခွန်းတရပ်ကိုလည်း မွန်ဂိုလီယားနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆွေးနွေးပွဲမှာ ပြောဖို့ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အကြီးတန်း အရာရှိတဦး အဆိုအရ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဖြစ်လာသူ မစ္စတာ ဒဲရက် မစ်ချယ်လ်လည်း ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာ သွားပေးဖို့ ရှိနေပါတယ်။

တချိန်တည်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အဆင့်မြင့် အရာရှိ နှစ်ဦး မြန်မာနိုင်ငံကို သွားဖို့ ပြင်နေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရောဘတ်ဟော်မတ်စ် နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖရန်စစ်ကိုစန်ချက်ဇ် တို့နှစ်ဦး လာမယ့် စနေ၊ တနင်္ဂနွေမှာ မြန်မာပြည်ရောက်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနဲ့ စီးပွားရေးမြှင့်တင်မှုအတွက် ကူညီ ထောက်ပံ့ဖို့လို့ ဆိုပါတယ်။

Your Thoughts …
Tags: EconomyInvestment
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ

ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ

ကချင်ဒုက္ခသည် စခန်း ၂ ခုကို တရုတ်အာဏာပိုင်များ ဖယ်ခိုင်းနေ

ကချင်ဒုက္ခသည် စခန်း ၂ ခုကို တရုတ်အာဏာပိုင်များ ဖယ်ခိုင်းနေ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate