• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော

by အောင်သက်ဝိုင်း
16 July 2012
in စီးပွားရေး
A A
ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော

ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson (ဓာတ်ပုံ - Reuters)

4.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အခြေခံအဆောက်အဦ လိုအပ်ချက်နှင့် ပြင်ဆင်ရမည့် စိန်ခေါ်မှုများစွာရှိနေကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson က
ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သည့် အမေရိကန် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက
အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
874
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိသော အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီသည် အမေရိကန် ထိပ်တန်းစီးပွားရေး ကုမ္ပဏီ ၃၈ ခုကို ခေါ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လေ့လာ နေကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခြေခံလိုအပ်ချက်များစွာ ရှိနေကြောင်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံက အမေရိကန်ကုမ္ပဏီတွေအတွက် ပတ်ဝန်းကျင်အသစ်ပါ။ လေ့လာရမှာတွေက အများကြီးရှိပါတယ်။ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လမ်းပန်းဆက်သွယ်ရေး အပါအဝင် အခြေခံအဆောက်အဦ လိုအပ်ချက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီလိုပြောတာက ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်း လိုမျိုး ရုပ်ဝတ္တူဆိုင်ရာ လိုအပ်ချက်တွေကို ပြောတာမဟုတ်ဘဲ သတင်းအချက်တွေကို လျင်လျင်မြန်မြန် ရယူနိုင်တဲ့ ခေတ်ပေါ် ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်တွေလည်း ပါဝင်ပါတယ်။ ဒါတွေက စိန်ခေါ်မှုတွေပါပဲ။ ဒါ့အပြင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုပြီး လူတွေ ငွေကြေးကို အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ အကြွေးကတ်၊ ဘဏ်ကတ်တွေကိုလည်း အသုံးပြုခွင့်ပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘဏ်စနစ်နဲ့ ငွေကြေးပိုင်းဆိုင်ရာတွေမှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်နေပြီဆိုပေမယ့် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ထင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် မြန်မာနိုင်ငံအနေနဲ့ ပြင်ဆင်စရာတွေ အများကြီး ရှိပါသေးတယ်” ဟု Mr. Anthony Nelson က ပြောသည်။

အမေရိကန်ကုမ္ပဏီများ၏ မြန်မာခရီးစဉ်အတွင်း အစိုးရအပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်းစုံနှင့် တွေ့ဆုံပြီး တာဝန်သိသော
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ အနေနဲ့ အမေရိကန်အစိုးရ၊ မြန်မာအစိုးရ၊ မြန်မာစီးပွားရေး အသိုင်းအဝိုင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊
လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဆုံပြီး သူတို့ရဲ့အမြင်နဲ့ သုံးသပ်ချက်တွေကို ရယူနေပါတယ်။ အဲဒါတွေအပေါ်မှာ မူတည်ပြီးတော့ အနာဂတ်မှာ ဘာတွေစလုပ်နိုင်မယ်၊ ဘယ်လိုအပ်ချက်တွေ ရှိတယ်ဆိုတာ သုံးသပ်ပြီး
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တွေကို စတင်ပါမယ်။ ကျနော်တို့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ချက်ချင်း မြန်မြန်ဆန်ဆန်ကြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘဲ ရေရှည်သုံးသပ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်သွားမယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံကို လေ့လာနေဆဲဖြစ်ပါတယ်” ဟု Mr. Anthony Nelson က ရှင်းပြသည်။

လတ်တလောတွင် အမေရိကန် General Electric (GE) ကုမ္ပဏီအနေနှင့် ဆေးရုံသုံးပစ္စည်းတချို့ အရောင်းအဝယ် စတင်နေပြီး ကိုကာကိုလာ ကုမ္ပဏီအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန် ဆွေးနွေးမှုများရှိနေပြီဟု သိရှိရသည်။

စီးပွားရေး ပိတ်ဆို့အရေးယူမှု၊ ကန့်သတ်ချက် စသည်တို့ စပ်လျဉ်း၍ Mr. Anthony Nelson က “စီးပွားရေး ပိတ်ဆို့မှုက ခေတ္တဆိုင်းငံ့ရုံပဲ ရှိပါသေးတယ်။ မရုပ်သိမ်းသေးပါဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ကန့်သတ်ထားတွေ ရှိနေပါသေးတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ဆိုတာလည်း အမေရိကန်တွေ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတဲ့ကဏ္ဍလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဆိုတာက ရင်းနှီးမြှုပ်နှံမှုကြီးပြီးတော့ အချိန်ယူရပြီးတော့ ရေရည် ရင်းနှီးမြှုပ်နှံရတာပါ။ နေ့ချင်းညချင်း လုပ်လို့မရပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် စီးပွားရေးကုမ္ပဏီများတွင် ငွေကြေးဆိုင်ရာ ကုမ္ပဏီများ၊ စွမ်းအင်ကုမ္ပဏီ၊ အတိုင်ပင်ခံကုမ္ပဏီ၊ ထုတ်လုပ်ရေးကုမ္ပဏီ၊ လေကြောင်းကုမ္ပဏီ၊ မော်တော်ကားကုမ္ပဏီများ ပါဝင်ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော အာဆီယံ စီးပွားရေး ညီလာခံ၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် သမ္မတ ဦးသိန်းစိန်တို့ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်သည် မစ္စ ကလင်တန်နှင့် အတူ ကိုကာကိုလာ၊ Ford Motor Co., General Electric, General Motors, Goldman Sachs နှင့် Google အပါအဝင် အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ဇူလိုင်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ခြင်းဖြင့်
စီးပွားရေးပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းပေးခဲ့သည်။

Your Thoughts …
Tags: EconomyInvestment
အောင်သက်ဝိုင်း

အောင်သက်ဝိုင်း

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း

NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း

အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်

အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate